ကျွန်တော် နှင့် ဇယား

Unicode

ကျွန်တော် နှင့် ဇယား
... ... ... .... .... ....
ဇယား ဆိုတာတော့ ကျွန်တော်တို့ခေတ် ဗန်းစကားအရ ပြည့်တန်ဆာကို ခေါ်တာပါ။
ဒီကိစ္စ ကို ရေးသင့် မရေးသင့် ကျွန်တော် တော်တော်စဉ်းစားရပါတယ်။
ဘာလို့လဲဆိုတော့ နံပါတ် တစ် အချက်က ဒီထဲမှာ ကျွန်တော်နဲ့အတူပါဝင်ခဲ့တဲ့ ငယ်သူငယ်ချင်းဟာ အခု သူ့နယ်ပယ်မှာ လူရိုသေရှင်ရိုသေ တစ်ယောက်ဖြစ်နေလို့ပါ။
နောက်တစ်ချက် ''ကျွန်တော်နှင့်..'' စီးရီးတွေ စရေးကတည်းက ဘိ တို့၊ မာဆတ်တို့ ပါနေတော့..တချို့က ဒီကောင် ဒီကိစ္စတွေချည်းရေးနေတယ်ဆိုပြီး ပြောကြမှာလည်း စိုးပါတယ်။
ဒါပေမယ့်လည်း..ကျွန်တော်တို့ လူငယ်ဘဝမှာ ဒါမျိူးတွေက လူတိုင်း မကင်းကြတာ အသေအချာပဲမဟုတ်လား။
အဲ့ဒီထဲကမှ ကျွန်တော်ကြုံရတဲ့ တလွဲအဖြစ်တွေ..ဂွကျရတဲ့..ဒုက္ခတွေက အခုပြန်တွေးတော့ ရယ်စရာတွေဖြစ်နေပြန်တယ်။
ကလေးတွေအတုယူလွဲမယ်ဆိုရအောင်လည်း ကျွန်တော်ရေးသမျှ ပေါက်ကရတွေကို ဘယ်သင်ရိုးညွှန်းတန်းကမှလည်း ပြဌာန်းမှာမှမဟုတ်တာလေ။
ဒီတော့...ငယ်ဘဝ အမှတ်တရအဖြစ် ဒီစာစုလေးကို ရေးဖြစ်ပါတယ်လို့ စာပလ္လင်ခံပါရစေဗျာ။
အဖြစ်က ဒီလိုရယ်။
ကိုးတန်းကျောင်းသားတုန်းကဖြစ်တဲ့ တလွဲဖြစ်ခဲ့တဲ့ ဘိ ကိစ္စ ပြီးတော့ ကျွန်တော် တော်တော်ငြိမ်သွားပါတယ်။
ငြိမ်သွားတယ်ဆိုလို့ စာကြိုးစားနေတယ်မထင်ပါနဲ့။
အရက်ခိုးသောက်တာတို့၊ ဖွန်ကြောင်တာတို့ဘက် လှည့်သွားတာပါ။
ဇယား နဲ့ ပတ်သက်လို့ ကျွန်တော့်ရဲ့
တကယ့် ပထမအတွေ့အကြုံက ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့စောင့်နေတဲ့ ကာလမှ လာတာပါ။
အဲ့ဒီတုန်းက ရပ်ကွက်ထဲမှာ ကျွန်တော်နဲ့ တတွဲတွဲနေတဲ့ ဘော်ဒါတစ်ကောင်ရှိတယ်။
ညနေဆို ဒီကောင်နဲ့ ကျွန်တော်က လမ်းထိပ်အုတ်ခုံမှာ ထိုင်ကြတယ်။
လမ်းထိပ်အုတ်ခုံက ရပ်ကွက်ရဲ့ မိန်းလမ်းမကြီးဘေးမှာ။
ဒီတော့...
ကျူရှင်ပြန် ကောင်မလေးတွေ၊ စက်ရုံပြန်ကောင်မလေးတွေကို စလိုက်နောက်လိုက်၊ တစ်ခါတစ်လေလည်း ဂစ်တာခေါက်လို်က်၊ ခွက်ပုန်းလေးဝယ်ကစ်လိုက်နဲ့ ည ဆယ်နာရီလောက်မှ အိမ်ပြန်ကြတာကိုး။
တညတော့ ခုနှစ်နာရီခွဲလောက်ရှိမယ်။
ဒီကောင်နဲ့ ကျွန်တော် ထိုင်နေတုန်း ကိုမျိုးအောင်ဆိုတဲ့ အကိုကြီးရောက်လာတယ်။
ကိုမျိုးအောင်က အဲ့ဒီတုန်းက အသက် ၂၅ လောက်ရှိမယ်။ အကိုကြီးအရွယ်ပေါ့။
"ညီလေးတို့....ငါ့မှာ ဇယားတပွေပါလာတယ်..မင်းတို့လှုပ်ရှားမလား''
ဇယားဆိုတော့ နှစ်ကောင်လုံး ခေါင်းထောင်သွားတယ်။
အပျံသင်ချင်တဲ့ကောင်တွေလေဗျာ။ အတောင်အလက်လည်းစုံနေပြီ။ ကောင်းကင်မရှိလို့သာ။
"ဘယ်လောက်ပေးရမှာလဲ..ကိုကြီး''
"စော်ကြီးက အိမ်စရိတ်မရှိမှ ရံဖန်ရံခါထွက်လုပ်တာကွ...တစ်ယောက်တစ်ထောင်လောက်ရှိရင်ဖြစ်တယ်''
အဲ့ဒီတုန်းက ဆယ်တန်းအောင်ထားတဲ့သားလိမ္မာလေးတွေဆိုတော့..ငွေတစ်ထောင်လောက်ကတော့ အိတ်ကပ်ထဲ ပါပြီးသား။
"အဲ့လောက်က ရတယ်..အကို''
"အေး..ငါလည်း သူနဲ့အရင်တစ်ခေါက်ကချိတ်မိတာ။ အခုတစ်ခေါက်ကျ ငါလည်း ဘိုင်ပြတ်နေတယ်ကွာ။ သူ့ကိုလည်းကူညီချင်တာနဲ့...အခု မင်းတို့တွေ့တော့ အိုကေတာပေါ့။ ကူညီကောင်းပါတယ်ကွ...သူ့ ..ကလေးတွေ စားဝတ်နေရေးအတွက်..ထွက်လုပ်တာ..မင်းတို့လည်း...ကုသိုလ်ရတယ်''
အောင်မယ်..အဝှါလည်းပြုရသေး၊ ကုသိုလ်လည်းရသေးဆိုမှတော့ ကျွန်တော်တို့နှစ်ကောင်လည်း ပရဟိတစိတ်ဓာတ်တွေ ရင်ထဲ တဖွားဖွား ဖြစ်ပြီး ကိုမျိူးအောင်ကြီးနောက် လိုက်ကြသည်ပေါ့။
မှောင်ရိပ်ထဲမှာ ကျွန်တော်တို့ ငှက်ပေါက်လေးတွေ အပျံသင်ရမယ့် ကောင်းကင်ကြီးက ပါတိတ်ဝမ်းဆက်ခပ်နွမ်းနွမ်းနဲ ့ မတ်တပ်ရပ်နေတယ်။
အသက်ကသုံးဆယ်လောက်။
အသားကဖြူ ဖြူ၊ တောင့်တောင့်ဖြောင့်ဖြောင့်။
ပါးစပ်ကတော့ ကွမ်းတဝါးဝါးနဲ့ရယ်။
ကိုမျိုးအောင် က အတွေ့အကြုံရှိတယ်။
ကျွန်တော်တို့ဆီက ငွေနှစ်ရာတောင်းပြီး ဦးထုတ်ဆောင်းထားတဲ့ ပုတ်သင်ညို တစ်ဗူး ကို ဆေးဆိုင်မှာ ဝင်ဝယ်ပေးသေးတာ။
သူခေါ်သွားတာက ကျွန်တော်တို့ရပ်ကွက်အနောက်က နန်းတော်ရာဝင်း။
အဲ့ဒီတုန်းက ကျွန်တော်တို့ရပ်ကွက်အနောက်မှာ မီးလောင်သွားတဲ့နေရာကို လူတွေကို ပြန်မပေးပဲ ဘဘကြီးခင်ညွန့်က ဘုရင်နောင်မင်းတရားကြီးရဲ့ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး စီမံကိန်းထဲ ဆွဲစိထားတဲ့နေရာလေ။
အုတ်တံတိုင်းတွေကာထားပြီး သူလည်းပြုတ်ရော ခြုံတွေဖုံးကျန်ရစ်တဲ့ နေရာတွေပေါ့။
အဲဒီနေရာမှာ..အတွဲတွေ ဘာတွေက သူ့နေရာနဲ့ သူ ဝပ်ကျင်းတွေလုပ်ထားတာရှိတယ်။
ခဏအကြာမှာတော့...
ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်သူ ဘုရင်နောင်မင်းတရားကြီးရဲ့ နန်းတော်မြေပေါ်မှာ.
.ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းဟာ..ကွမ်းတဝါးဝါး..ရေဆေးငါးကြီးနဲ့အတူ...မဟာသမ္ဘဝ ၊ စူဠာသမ္ဘဝ နဲ့ စန္ဒမုခိဘီလူးမဇာတ် ကကြသတည်းပေါ့ဗျာ။
ကိစ္စဝိစ္စပြီးတော့ အဲ့ဒီအစ်မကြီး က ပြောတယ်။
"ဗုဒ္ဓဟူးနေ့ညလည်း..အမ အလုပ်ထွက်လုပ်ဦးမှာ..မောင်လေးတို့...အဆင်ပြေမလား''
အခုက တနင်္ဂနွေဆိုတော့ နောက်သုံးရက်မှာ တစ်ယောက်တစ်ထောင်ဆို ကျွန်တော်တို့အတွက်က မသေချာဘူးလေ။
အင်းအဲလုပ်နေတော့ စော်ကြီးက ရယ်တယ်။
မသေချာတဲ့..ငမူးငရူးတွေနဲ့ အလုပ်ဖြစ်တာထက် ဒီချာတိတ်တွေနဲ့ ပုံမှန် ဖောက်သည်ဆက်ဆံရေးတည်ဆောက်မယ်လို့ မားကက်တင်းတွက် တွက်လိုက်ပုံလည်းရတယ်။
"နောက်တခေါက်ဆို ငွေက တစ်ယောက်ငါးရာလောက်ပဲပေးပါ ။ ကျန်တာက အမအိမ်က ကလေးတွေနဲ့ အမ အတွက် အဝတ်အစားလေးတွေ ပေးရင်လည်းရပါတယ်။ အဟောင်းလေးတွေပါပဲ''
အဲ့ဒီတုန်းက ဖတ်ကြတဲ့ကာတွန်းတွေထဲကလိုပုံဖော်ရရင် ကျွန်တော်တို့နှစ်ကောင်လုံး ခေါင်းပေါ်မှာ မီးသီးကလေးတွေလင်းသွားတယ်။
အိုကေ။
အဲ့ဒီညက တော်တော်နဲ့ အိပ်မပျော်ဘူး။
ခဏလေးပျံခဲ့ရပေမယ့်..ငါ.ကောင်းကင်ကြီး ထဲ ပျံခဲ့ပါလားဆိုပြီး စားမြုံ. ပြန်တွေးမိနေတာရယ်။
တနင်္လာ၊ အင်္ဂါ။
ကျွန်တော် အမေ့ဝမ်းဆက်ခပ်လတ်လတ်တစ်စုံ ခိုးပြီးပြီ။
ကျွန်တော့်ညီငယ်ငယ်က ဝတ်တာရော။ လက်ရှိဝတ်တာရော အက်ျ ီ၊ဘောင်းဘီ နှစ်စုံလောက် ခိုးပြီးပြီ။
အိမ်ကလူတွေ ပြန်မလာခင် ကျန်ကျောင်းအိတ်နဲ့ထုတ် လမ်းထိပ်ကွမ်းယာဆိုင်မှာ သွားအပ်ထားလိုက်တယ်။
အောင်မယ်...ဟိုနှမဘေးက ကိုယ့်ထက်ဇွဲကောင်းတယ်ဗျာ။
အဝတ်ထုတ်ကို အစောကြီးကတည်းက လာထားသွားသတဲ့။ ကျွန်တော့်လို ကျန်ကျောင်းအိတ်နဲ့တောင်မဟုတ်ဘူး။ ကျောပိုးအိတ်နဲ့။ စေတနာကောင်းလိုက်ပုံများလေ။
ညနေရောက်တော့....ဆုံပါပြီ။
အုတ်ခုံနောက်မှာ အဝတ်ထုတ်တွေထား၊ လက်ထဲ တစ်ယောက် ငါးရာကိုင်ပြီး ကွမ်းတဝါးဝါးကောင်းကင်ကြီး လာရာလမ်းကို စောင့်တယ်။
ရှစ်နာရီလောက်ကျ မှ ဘွားတော်က ကျွန်တော်တို့ ရှေ့က မျက်စပစ်ပြီး ဖြတ်သွားတယ်။
"နောက်ကလိုက်ခဲ့ပေါ့''
နှစ်ကောင်သား အဝတ်ထုတ်ကိုယ်စီနဲ့ အစ်မကြီး နောက်က ခပ်ခွာခွာလိုက်တယ်။
နန်းတော်ရာမှောင်ရိပ်နားကျတော့ ဘေးချင်းကပ်။
မနေ့က နေရာကို ရောက်တော့...အစ်မကြီးလက်ကို အထုတ်တွေအပ်ပြီး ဟိုနေ့ကလို ဇာတ်ကမယ် ပြင်တုန်းဗျာ။
လက်နှိပ်ဓာတ်မီးရောင်တွေ၊ လက်နှိပ်ဓာတ်မီးရောင်တွေ။
"ဟေ့..မပြေးနဲ့ကွ...ငါတို့ ရယက တွေပဲ''
"ထိုင်စမ်း...သုံးယောက်လုံးထိုင်စမ်း..ဒီနေရာမှာ နင်တို့လာသောင်းကျန်းလွန်းလို့..စီမံချက်နဲ့လုပ်နေတာ''
သုံးယောက်သား ငုတ်တုတ်ကလေး။
အရံမီးသတ်တွေကလည်း ဓာတ်မီးတွေနဲ့။ တုတ်တွေနဲ့။
"ဟဲ့...နင်တို့တွေ လွန်လွန်းတယ်။ မှောင်ရိပ်ခိုရော။ ပြည့်တန်ဆာမှုနဲ့ပါ ရဲစခန်းပို့ရမယ်''
ကျွန်တော်နဲ့သူငယ်ချင်းမှာ မျက်လုံးလေးတွေပြူးပြီး ဒူးတွေပါတုန်လို့။
အရံမီးသတ်တွေကို ကြောက်တာလေ။
အဲ့ဒီအခြေအနေမှာ မီးသတ်တွေထက် ကြောက်စရာကောင်းတဲ့ အခြေအနေကိုဖန်တီးလို်က်တာကတော့...ကျေးဇူးရှင်ရေဆေးငါးမကြီးပဲ။
"ရှင်တို့ စကားကို ကြည့်ပြောကြ၊ ကျွန်မဖာသည်မဟုတ်ဘူး။ ဒီက ကျွန်မရည်းစားနဲ့ ခိုးရာလိုက်လာတာ''
ဗုဒ္ဓေါ။
ကျွန်တော်ရော ဟိုကောင်ပါ ခေါင်းမွှေးတွေထောင်သွားတယ်။
လတ်တလောအခြေအနေအရလည်း...ကျွန်တော်တို့လက်ထဲ ထမီထုတ်ကိုယ်စီနဲ့..ယုတ္တိက သွားရှိနေလိုက်ပုံများလေ။
"အေး.လင်နောက်လိုက်လာတာဆိုလည်း..ပေးစားတာပေါ့။ နင့်ရည်းစားက ဘယ်တစ်ယောက်လဲ''
ဂန်းမကြီးက သူ့ ရဲလက်အပ်မှာ ကြောက်တာနဲ့ ငါတို့ကို လင်ကောင်ဖမ်းပြီဟ ဆိုပြီး ကြက်သီးတွေပါ ထလာတာ။
"ပြောလေ...နင့်ကောင်က ဘယ်သူလဲ''
"သူ''
တော်ပါသေးရဲ့ဗျာ။ လက်ညိုးက ဟိုကောင့်ကို ထိုးတာဗျ။
မယ်မင်းကြီးမ...ကျေးဇူးကြီးပါပေ့။ နို့မဟုတ် အခုမှ ဆယ်တန်းအောင်ခါစ ကလေးသုံးယောက်အမေ ဖာသည်ကြီး ကို ခိုးပြေးတဲ့ကောင်ဆိုပြီး တံတွေးခွက်ပက်လက်မျောမယ့်ကိန်း။
"အာ...သား ဟုတ်ဘူး..ဦးလေးတို့...သူ...သူ''
ဟိုကောင်ကလည်း သူငယ်ချင်းကောင်း ပီသစွာနဲ့..ကျွန်တော့်ဘက်လက်ညှိးပြန်ထိုးပါတယ်။
"မင်းတို့ဟာ ဘာတွေလဲကွ..မိန်းမတစ်ယောက်ကိုနှစ်ယောက်ခိုးတာလား..ကြာပါတယ်ကွာ...ရုံးရောက်မှရှင်း''
အဲ့ဒီအချိန်မှာပဲ..ကံကောင်းထောက်မစွာ အုန်းလက်တစ်လက်က မီးသတ်မင်းတွေ ရယကမင်းတွေနောက်ကို ပြုတ်ကျပါတယ်။
"ဝုန်း''
ဝုန်း ဆိုတာနဲ့ ကျွန်တော်လည်း အနောက်ဖက်က ခြုံတောထဲကို ခုန်ချပြီး အသားကုန်သုတ်ချေတင်တော့တာပဲ။
ဒီခြုံတွေ၊ လျိှုတွေက ငယ်ငယ်ကတည်းက ကစားခဲ့တဲ့နေရာတွေ။ ကြီးတော့လည်းအတွဲချောင်းနေကျနေရာတွေဆိုတော့..ဘယ်နေရာကနေ ဘယ်လိုထွက်ရင်ဘယ်ရောက်တယ်ဆိုတာသိနေတာလေ။
နောက်ကလိုက်လာတဲ့အသံကြားလေ..ပြေးလေနဲ့..နောက်ဆုံးရပ်ကွက်ထဲ ပြန်ရောက်သွားတယ်။
အဲဒီတော့မှ ကျွန်တော့်နောက်က ပါလာတာ ဟိုကောင်။
နှစ်ကောင်သား ရင်တွေတုန်၊မောကမောနဲ့ အဲ့ဒီညက တော်တော်နဲ့စကားမပြောနိုင်ကြဘူး။
ဟို ဇယားမမတော့ အဝတ်ထုတ်နှစ်ထုတ်နဲ့ မီးသတ်ရဲဘော်တွေကြား ဘာဖြစ်ကျန်ခဲ့လဲမသိတော့ပါဘူး။
အဲ့ဒီညက...ကံကောင်းလို့ ဇယားလင် မဖြစ်တာပါဗျာ။
နို့မဟုတ်...ဟိုအမကြီး လုပ်စာ ထိုင်စားရင်း ကလေးထိန်းနေရပြီ။

ဗြိတိသျှကိုကိုမောင်




Zawgyi

ကြၽန္ေတာ္ ႏွင့္ ဇယား
... ... ... .... .... ....
ဇယား ဆိုတာေတာ့ ကြၽန္ေတာ္တို႔ေခတ္ ဗန္းစကားအရ ျပည့္တန္ဆာကို ေခၚတာပါ။
ဒီကိစၥ ကို ေရးသင့္ မေရးသင့္ ကြၽန္ေတာ္ ေတာ္ေတာ္စဥ္းစားရပါတယ္။

ဘာလို႔လဲဆိုေတာ့ နံပါတ္ တစ္ အခ်က္က ဒီထဲမွာ ကြၽန္ေတာ္နဲ႔အတူပါဝင္ခဲ့တဲ့ ငယ္သူငယ္ခ်င္းဟာ အခု သူ႔နယ္ပယ္မွာ လူ႐ိုေသ႐ွင္႐ိုေသ တစ္ေယာက္ျဖစ္ေနလို႔ပါ။

ေနာက္တစ္ခ်က္ ''ကြၽန္ေတာ္ႏွင့္..'' စီးရီးေတြ စေရးကတည္းက ဘိ တို႔၊ မာဆတ္တို႔ ပါေနေတာ့..တခ်ိဳ႕က ဒီေကာင္ ဒီကိစၥေတြခ်ည္းေရးေနတယ္ဆိုၿပီး ေျပာၾကမွာလည္း စိုးပါတယ္။

ဒါေပမယ့္လည္း..ကြၽန္ေတာ္တို႔ လူငယ္ဘဝမွာ ဒါမ်ိဴးေတြက လူတိုင္း မကင္းၾကတာ အေသအခ်ာပဲမဟုတ္လား။

အဲ့ဒီထဲကမွ ကြၽန္ေတာ္ၾကံဳရတဲ့ တလြဲအျဖစ္ေတြ..ဂြက်ရတဲ့..ဒုကၡေတြက အခုျပန္ေတြးေတာ့ ရယ္စရာေတြျဖစ္ေနျပန္တယ္။

ကေလးေတြအတုယူလြဲမယ္ဆိုရေအာင္လည္း ကြၽန္ေတာ္ေရးသမ်ွ ေပါက္ကရေတြကို ဘယ္သင္႐ိုးၫႊန္းတန္းကမွလည္း ျပဌာန္းမွာမွမဟုတ္တာေလ။

ဒီေတာ့...ငယ္ဘဝ အမွတ္တရအျဖစ္ ဒီစာစုေလးကို ေရးျဖစ္ပါတယ္လို႔ စာပလႅင္ခံပါရေစဗ်ာ။

အျဖစ္က ဒီလိုရယ္။

ကိုးတန္းေက်ာင္းသားတုန္းကျဖစ္တဲ့ တလြဲျဖစ္ခဲ့တဲ့ ဘိ ကိစၥ ၿပီးေတာ့ ကြၽန္ေတာ္ ေတာ္ေတာ္ၿငိမ္သြားပါတယ္။

ၿငိမ္သြားတယ္ဆိုလို႔ စာႀကိဳးစားေနတယ္မထင္ပါနဲ႔။
အရက္ခိုးေသာက္တာတို႔၊ ဖြန္ေၾကာင္တာတို႔ဘက္ လွည့္သြားတာပါ။

ဇယား နဲ႔ ပတ္သက္လို႔ ကြၽန္ေတာ့္ရဲ႕
တကယ့္ ပထမအေတြ႔အၾကံဳက ဆယ္တန္းေအာင္ၿပီး တကၠသိုလ္တက္ဖို႔ေစာင့္ေနတဲ့ ကာလမွ လာတာပါ။

အဲ့ဒီတုန္းက ရပ္ကြက္ထဲမွာ ကြၽန္ေတာ္နဲ႔ တတြဲတြဲေနတဲ့ ေဘာ္ဒါတစ္ေကာင္႐ွိတယ္။

ညေနဆို ဒီေကာင္နဲ႔ ကြၽန္ေတာ္က လမ္းထိပ္အုတ္ခံုမွာ ထိုင္ၾကတယ္။

လမ္းထိပ္အုတ္ခံုက ရပ္ကြက္ရဲ႕ မိန္းလမ္းမႀကီးေဘးမွာ။

ဒီေတာ့...
က်ဴ႐ွင္ျပန္ ေကာင္မေလးေတြ၊ စက္ရံုျပန္ေကာင္မေလးေတြကို စလိုက္ေနာက္လိုက္၊ တစ္ခါတစ္ေလလည္း ဂစ္တာေခါက္လို္က္၊ ခြက္ပုန္းေလးဝယ္ကစ္လိုက္နဲ႔ ဆယ္နာရီေလာက္မွ အိမ္ျပန္ၾကတာကိုး။

တညေတာ့ ခုႏွစ္နာရီခြဲေလာက္႐ွိမယ္။

ဒီေကာင္နဲ႔ ကြၽန္ေတာ္ ထိုင္ေနတုန္း ကိုမ်ိဳးေအာင္ဆိုတဲ့ အကိုႀကီးေရာက္လာတယ္။

ကိုမ်ိဳးေအာင္က အဲ့ဒီတုန္းက အသက္ ၂၅ ေလာက္႐ွိမယ္။ အကိုႀကီးအရြယ္ေပါ့။

"ညီေလးတို႔....ငါ့မွာ ဇယားတေပြပါလာတယ္..မင္းတို႔လႈပ္႐ွားမလား''

ဇယားဆိုေတာ့ ႏွစ္ေကာင္လံုး ေခါင္းေထာင္သြားတယ္။

အပ်ံသင္ခ်င္တဲ့ေကာင္ေတြေလဗ်ာ။ အေတာင္အလက္လည္းစံုေနၿပီ။ ေကာင္းကင္မ႐ွိလို႔သာ။

"ဘယ္ေလာက္ေပးရမွာလဲ..ကိုႀကီး''

"ေစာ္ႀကီးက အိမ္စရိတ္မ႐ွိမွ ရံဖန္ရံခါထြက္လုပ္တာကြ...တစ္ေယာက္တစ္ေထာင္ေလာက္႐ွိရင္ျဖစ္တယ္''

အဲ့ဒီတုန္းက ဆယ္တန္းေအာင္ထားတဲ့သားလိမၼာေလးေတြဆိုေတာ့..ေငြတစ္ေထာင္ေလာက္ကေတာ့ အိတ္ကပ္ထဲ ပါၿပီးသား။

"အဲ့ေလာက္က ရတယ္..အကို''

"ေအး..ငါလည္း သူနဲ႔အရင္တစ္ေခါက္ကခ်ိတ္မိတာ။ အခုတစ္ေခါက္က် ငါလည္း ဘိုင္ျပတ္ေနတယ္ကြာ။ သူ႔ကိုလည္းကူညီခ်င္တာနဲ႔...အခု မင္းတို႔ေတြ႔ေတာ့ အိုေကတာေပါ့။ ကူညီေကာင္းပါတယ္ကြ...သူ႔ ..ကေလးေတြ စားဝတ္ေနေရးအတြက္..ထြက္လုပ္တာ..မင္းတို႔လည္း...ကုသိုလ္ရတယ္''

ေအာင္မယ္..အဝွါလည္းျပဳရေသး၊ ကုသိုလ္လည္းရေသးဆိုမွေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေကာင္လည္း ပရဟိတစိတ္ဓာတ္ေတြ ရင္ထဲ တဖြားဖြား ျဖစ္ၿပီး ကိုမ်ိဴးေအာင္ႀကီးေနာက္ လိုက္ၾကသည္ေပါ့။

ေမွာင္ရိပ္ထဲမွာ ကြၽန္ေတာ္တို႔ ငွက္ေပါက္ေလးေတြ အပ်ံသင္ရမယ့္ ေကာင္းကင္ႀကီးက ပါတိတ္ဝမ္းဆက္ခပ္ႏြမ္းႏြမ္းနဲ မတ္တပ္ရပ္ေနတယ္။
အသက္ကသံုးဆယ္ေလာက္။
အသားကျဖဴ ျဖဴ၊ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္။
ပါးစပ္ကေတာ့ ကြမ္းတဝါးဝါးနဲ႔ရယ္။

ကိုမ်ိဳးေအာင္ က အေတြ႔အၾကံဳ႐ွိတယ္။
ကြၽန္ေတာ္တို႔ဆီက ေငြႏွစ္ရာေတာင္းၿပီး ဦးထုတ္ေဆာင္းထားတဲ့ ပုတ္သင္ညိဳ တစ္ဗူး ကို ေဆးဆိုင္မွာ ဝင္ဝယ္ေပးေသးတာ။

သူေခၚသြားတာက ကြၽန္ေတာ္တို႔ရပ္ကြက္အေနာက္က နန္းေတာ္ရာဝင္း။

အဲ့ဒီတုန္းက ကြၽန္ေတာ္တို႔ရပ္ကြက္အေနာက္မွာ မီးေလာင္သြားတဲ့ေနရာကို လူေတြကို ျပန္မေပးပဲ ဘဘႀကီးခင္ၫြန္႔က ဘုရင္ေနာင္မင္းတရားႀကီးရဲ႕ ကေမၻာဇသာဒီေရႊနန္းေတာ္ႀကီး စီမံကိန္းထဲ ဆြဲစိထားတဲ့ေနရာေလ။

အုတ္တံတိုင္းေတြကာထားၿပီး သူလည္းျပဳတ္ေရာ ျခံဳေတြဖံုးက်န္ရစ္တဲ့ ေနရာေတြေပါ့။

အဲဒီေနရာမွာ..အတြဲေတြ ဘာေတြက သူ႔ေနရာနဲ႔ သူ ဝပ္က်င္းေတြလုပ္ထားတာ႐ွိတယ္။

ခဏအၾကာမွာေတာ့...
ဒုတိယျမန္မာႏိုင္ငံေတာ္ႀကီးကိုတည္ေထာင္သူ ဘုရင္ေနာင္မင္းတရားႀကီးရဲ႕ နန္းေတာ္ေျမေပၚမွာ.
.ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္သူငယ္ခ်င္းဟာ..ကြမ္းတဝါးဝါး..ေရေဆးငါးႀကီးနဲ႔အတူ...မဟာသမၻဝ စူဠာသမၻဝ နဲ႔ စႏၵမုခိဘီလူးမဇာတ္ ကၾကသတည္းေပါ့ဗ်ာ။

ကိစၥဝိစၥၿပီးေတာ့ အဲ့ဒီအစ္မႀကီး က ေျပာတယ္။

"ဗုဒၶဟူးေန႔ညလည္း..အမ အလုပ္ထြက္လုပ္ဦးမွာ..ေမာင္ေလးတို႔...အဆင္ေျပမလား''

အခုက တနဂၤေႏြဆိုေတာ့ ေနာက္သံုးရက္မွာ တစ္ေယာက္တစ္ေထာင္ဆို ကြၽန္ေတာ္တို႔အတြက္က မေသခ်ာဘူးေလ။

အင္းအဲလုပ္ေနေတာ့ ေစာ္ႀကီးက ရယ္တယ္။

မေသခ်ာတဲ့..ငမူးင႐ူးေတြနဲ႔ အလုပ္ျဖစ္တာထက္ ဒီခ်ာတိတ္ေတြနဲ႔ ပံုမွန္ ေဖာက္သည္ဆက္ဆံေရးတည္ေဆာက္မယ္လို႔ မားကက္တင္းတြက္ တြက္လိုက္ပံုလည္းရတယ္။

"ေနာက္တေခါက္ဆို ေငြက တစ္ေယာက္ငါးရာေလာက္ပဲေပးပါ က်န္တာက အမအိမ္က ကေလးေတြနဲ႔ အမ အတြက္ အဝတ္အစားေလးေတြ ေပးရင္လည္းရပါတယ္။ အေဟာင္းေလးေတြပါပဲ''

အဲ့ဒီတုန္းက ဖတ္ၾကတဲ့ကာတြန္းေတြထဲကလိုပံုေဖာ္ရရင္ ကြၽန္ေတာ္တို႔ႏွစ္ေကာင္လံုး ေခါင္းေပၚမွာ မီးသီးကေလးေတြလင္းသြားတယ္။

အိုေက။

အဲ့ဒီညက ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္ဘူး။

ခဏေလးပ်ံခဲ့ရေပမယ့္..ငါ.ေကာင္းကင္ႀကီး ထဲ ပ်ံခဲ့ပါလားဆိုၿပီး စားျမံဳ. ျပန္ေတြးမိေနတာရယ္။

တနလၤာ၊ အဂၤါ။

ကြၽန္ေတာ္ အေမ့ဝမ္းဆက္ခပ္လတ္လတ္တစ္စံု ခိုးၿပီးၿပီ။
ကြၽန္ေတာ့္ညီငယ္ငယ္က ဝတ္တာေရာ။ လက္႐ွိဝတ္တာေရာ အက္် ီ၊ေဘာင္းဘီ ႏွစ္စံုေလာက္ ခိုးၿပီးၿပီ။

အိမ္ကလူေတြ ျပန္မလာခင္ က်န္ေက်ာင္းအိတ္နဲ႔ထုတ္ လမ္းထိပ္ကြမ္းယာဆိုင္မွာ သြားအပ္ထားလိုက္တယ္။

ေအာင္မယ္...ဟိုႏွမေဘးက ကိုယ့္ထက္ဇြဲေကာင္းတယ္ဗ်ာ။

အဝတ္ထုတ္ကို အေစာႀကီးကတည္းက လာထားသြားသတဲ့။ ကြၽန္ေတာ့္လို က်န္ေက်ာင္းအိတ္နဲ႔ေတာင္မဟုတ္ဘူး။ ေက်ာပိုးအိတ္နဲ႔။ ေစတနာေကာင္းလိုက္ပံုမ်ားေလ။

ညေနေရာက္ေတာ့....ဆံုပါၿပီ။

အုတ္ခံုေနာက္မွာ အဝတ္ထုတ္ေတြထား၊ လက္ထဲ တစ္ေယာက္ ငါးရာကိုင္ၿပီး ကြမ္းတဝါးဝါးေကာင္းကင္ႀကီး လာရာလမ္းကို ေစာင့္တယ္။

႐ွစ္နာရီေလာက္က် မွ ဘြားေတာ္က ကြၽန္ေတာ္တို႔ ေ႐ွ႕က မ်က္စပစ္ၿပီး ျဖတ္သြားတယ္။

"ေနာက္ကလိုက္ခဲ့ေပါ့''

ႏွစ္ေကာင္သား အဝတ္ထုတ္ကိုယ္စီနဲ႔ အစ္မႀကီး ေနာက္က ခပ္ခြာခြာလိုက္တယ္။

နန္းေတာ္ရာေမွာင္ရိပ္နားက်ေတာ့ ေဘးခ်င္းကပ္။

မေန႔က ေနရာကို ေရာက္ေတာ့...အစ္မႀကီးလက္ကို အထုတ္ေတြအပ္ၿပီး ဟိုေန႔ကလို ဇာတ္ကမယ္ ျပင္တုန္းဗ်ာ။

လက္ႏွိပ္ဓာတ္မီးေရာင္ေတြ၊ လက္ႏွိပ္ဓာတ္မီးေရာင္ေတြ။

"ေဟ့..မေျပးနဲ႔ကြ...ငါတို႔ ရယက ေတြပဲ''

"ထိုင္စမ္း...သံုးေယာက္လံုးထိုင္စမ္း..ဒီေနရာမွာ နင္တို႔လာေသာင္းက်န္းလြန္းလို႔..စီမံခ်က္နဲ႔လုပ္ေနတာ''

သံုးေယာက္သား ငုတ္တုတ္ကေလး။

အရံမီးသတ္ေတြကလည္း ဓာတ္မီးေတြနဲ႔။ တုတ္ေတြနဲ႔။

"ဟဲ့...နင္တို႔ေတြ လြန္လြန္းတယ္။ ေမွာင္ရိပ္ခိုေရာ။ ျပည့္တန္ဆာမႈနဲ႔ပါ ရဲစခန္းပို႔ရမယ္''

ကြၽန္ေတာ္နဲ႔သူငယ္ခ်င္းမွာ မ်က္လံုးေလးေတြျပဴးၿပီး ဒူးေတြပါတုန္လို႔။

အရံမီးသတ္ေတြကို ေၾကာက္တာေလ။

အဲ့ဒီအေျခအေနမွာ မီးသတ္ေတြထက္ ေၾကာက္စရာေကာင္းတဲ့ အေျခအေနကိုဖန္တီးလို္က္တာကေတာ့...ေက်းဇူး႐ွင္ေရေဆးငါးမႀကီးပဲ။

"႐ွင္တို႔ စကားကို ၾကည့္ေျပာၾက၊ ကြၽန္မဖာသည္မဟုတ္ဘူး။ ဒီက ကြၽန္မရည္းစားနဲ႔ ခိုးရာလိုက္လာတာ''

ဗုေဒၶါ။

ကြၽန္ေတာ္ေရာ ဟိုေကာင္ပါ ေခါင္းေမႊးေတြေထာင္သြားတယ္။

လတ္တေလာအေျခအေနအရလည္း...ကြၽန္ေတာ္တို႔လက္ထဲ ထမီထုတ္ကိုယ္စီနဲ႔..ယုတၱိက သြား႐ွိေနလိုက္ပံုမ်ားေလ။

"ေအး.လင္ေနာက္လိုက္လာတာဆိုလည္း..ေပးစားတာေပါ့။ နင့္ရည္းစားက ဘယ္တစ္ေယာက္လဲ''

ဂန္းမႀကီးက သူ႔ ရဲလက္အပ္မွာ ေၾကာက္တာနဲ႔ ငါတို႔ကို လင္ေကာင္ဖမ္းၿပီဟ ဆိုၿပီး ၾကက္သီးေတြပါ ထလာတာ။

"ေျပာေလ...နင့္ေကာင္က ဘယ္သူလဲ''
"သူ''

ေတာ္ပါေသးရဲ႕ဗ်ာ။ လက္ညိဳးက ဟိုေကာင့္ကို ထိုးတာဗ်။

မယ္မင္းႀကီးမ...ေက်းဇူးႀကီးပါေပ့။ ႏို႔မဟုတ္ အခုမွ ဆယ္တန္းေအာင္ခါစ ကေလးသံုးေယာက္အေမ ဖာသည္ျကီး ကို ခိုးေျပးတဲ့ေကာင္ဆိုၿပီး တံေတြးခြက္ပက္လက္ေမ်ာမယ့္ကိန္း။

"အာ...သား ဟုတ္ဘူး..ဦးေလးတို႔...သူ...သူ''

ဟိုေကာင္ကလည္း သူငယ္ခ်င္းေကာင္း ပီသစြာနဲ႔..ကြၽန္ေတာ့္ဘက္လက္ညိွးျပန္ထိုးပါတယ္။

"မင္းတို႔ဟာ ဘာေတြလဲကြ..မိန္းမတစ္ေယာက္ကိုႏွစ္ေယာက္ခိုးတာလား..ၾကာပါတယ္ကြာ...ရံုးေရာက္မွ႐ွင္း''

အဲ့ဒီအခ်ိန္မွာပဲ..ကံေကာင္းေထာက္မစြာ အုန္းလက္တစ္လက္က မီးသတ္မင္းေတြ ရယကမင္းေတြေနာက္ကို ျပဳတ္က်ပါတယ္။

"ဝုန္း''

ဝုန္း ဆိုတာနဲ႔ ကြၽန္ေတာ္လည္း အေနာက္ဖက္က ျခံဳေတာထဲကို ခုန္ခ်ျပီး အသားကုန္သုတ္ေခ်တင္ေတာ့တာပဲ။

ဒီျခံဳေတြ၊ လ်ိႈေတြက ငယ္ငယ္ကတည္းက ကစားခဲ့တဲ့ေနရာေတြ။ ႀကီးေတာ့လည္းအတြဲေခ်ာင္းေနက်ေနရာေတြဆိုေတာ့..ဘယ္ေနရာကေန ဘယ္လိုထြက္ရင္ဘယ္ေရာက္တယ္ဆိုတာသိေနတာေလ။

ေနာက္ကလိုက္လာတဲ့အသံၾကားေလ..ေျပးေလနဲ႔..ေနာက္ဆံုးရပ္ကြက္ထဲ ျပန္ေရာက္သြားတယ္။

အဲဒီေတာ့မွ ကြၽန္ေတာ့္ေနာက္က ပါလာတာ ဟိုေကာင္။

ႏွစ္ေကာင္သား ရင္ေတြတုန္၊ေမာကေမာနဲ႔ အဲ့ဒီညက ေတာ္ေတာ္နဲ႔စကားမေျပာႏိုင္ၾကဘူး။

ဟို ဇယားမမေတာ့ အဝတ္ထုတ္ႏွစ္ထုတ္နဲ႔ မီးသတ္ရဲေဘာ္ေတြၾကား ဘာျဖစ္က်န္ခဲ့လဲမသိေတာ့ပါဘူး။

အဲ့ဒီညက...ကံေကာင္းလို႔ ဇယားလင္ မျဖစ္တာပါဗ်ာ။

ႏို႔မဟုတ္...ဟိုအမႀကီး လုပ္စာ ထိုင္စားရင္း ကေလးထိန္းေနရၿပီ။

ၿဗိတိသ်ွကိုကိုေမာင္

 

Comments

  1. ဟားဟား...ဆရာဗြိကတော့ နောက်တစ်ခါကျရင် "ကျွန်တော်နှင့်...."ဘာအဆက်လာဉီးမလဲမသိ😄

    ReplyDelete
  2. Thanks goodness you didn't become a babysitter...

    ReplyDelete
  3. ဖြစ်ရလေခြင်း ဒါဖတ်မှပဲရယ်ဖြစ်တော့တယ် 😂

    ReplyDelete
  4. အုန်းလတ်ကယ်ပေလို့ပေါ့ကွာ😅😅😅

    ReplyDelete
  5. ဆရာဗြိမှဟုတ်ရဲ့လားလို့😆

    ReplyDelete

Post a Comment