ကျွန်တော်နှင့် ခရမ်းချဉ်သီး ငါးဆယ်သား
Unicode
ကျွန်တော်နှင့် ခရမ်းချဉ်သီး ငါးဆယ်သား
……………………………………
(၁)
''ဒီနေ့ ဘယ်သူ ထမင်းချိုင့်မပါဘူးလဲ''
အဖြူအစိမ်းဝတ်စုတ်စုတ်ပြတ်ပြတ်လေးတွေ ကြားမှ လက်ကလေး သုံးလေးချောင်းတက်လာသည်။
ထိုအခါ အတန်းပိုင်ဆရာမ သည် သူ့ထမင်းချိုင့်ထဲမှ တဝက်ကို ဖယ်ပြီး ထိုလက်ကလေး သုံးလေးချောင်းကို မျှကျွေးရသည်။
ထမင်းချိုင့်ပါလာသည့် ကလေးများကလည်း သူတို့ဆီက ထမင်းနည်းနည်း၊ ဟင်းနည်းနည်းဆီ လာမျှကျွေးကြ၏။
လာမျှကျွေးသည့်ကလေးများသည်လည်း ဒီနေ့ ထမင်းချိုင့်ပါသော်လည်း နောက်နေ့များတွင် မသေချာကြသူများ။ ထမင်းချိုင့်နပ်မမှန်သူချင်း ဒီလို ဘုံစနစ်လေးကို ကျင့်သုံးကြသည်။
ဒီလိုပဲ ပါသည်သူက မပါသည့်သူကိုမျှကျွေး၊ မပါသည့်သူက ပါသည့်သူနှင့် မျှစား။
ဒါက တတိယတန်း (က) ၏ အစဉ်အလာကြီးလိုဖြစ်နေသည်။
ရပ်ကွက် က ဆင်းရဲလှသည်။ ကလေးတစ်ယောက်ကို ခိုင်းကောင်းသည့်အရွယ်ရောက်လျှင် ဝင်ငွေရှာခိုင်းသည့် ဒီလိုနေရာတွင် ကျောင်းထားသည်ဆိုသည်ကပင် လွန်လွန်းလှပြီ။
ထမင်းချိုင့် မပါတာလောက်ကိုတော့ စကားထဲ ထည့်မပြောတော့နှင့်။
ခန့်ကျော် ။
မျက်လုံးက ဂျစ်တစ်တစ်၊ ဆံပင်က နီကြောင်ကြောင်၊ နှပ်ချေးတွဲလောင်းနှစ်ခုက နှာခေါင်းနှင့် နှုတ်ခမ်းအထက်တွင် အမြဲတမ်း အတိုအရှည်မညီစွာ နေရာယူထား၏။
ဘုရားစူးအဖြူဟု ပြောရမည်ဖြစ်သော အင်္ကျ ီ နှင့် မတော်တရော် ကျောင်းစိမ်းဘောင်းဘီတိုက အမြဲသေးစော်နံနေသည်။
ထမင်းချိုင့် မပါသူ လက်ထောင်ဆိုလျှင် ခန့်ကျော်က နေ့တိုင်းထောင်သည့် ဖောက်သည်ကြီး။
ဆင်းရဲပါသည်ဆိုသည့် ကလေးတွေထဲတွင် သူက ပိုဆင်းရဲသည်။
အဖေက ဘုရားပွဲများတွင် ဓားခြစ်ပန်းချီလိုက်ရေးသည့် ဆယ့်နှစ်ပွဲပန်းချီဆရာ။ အမေက အဖေ့ လမ်းဘေးပန်းချီရောင်းဖျာလေးပေါ် ကြုံ့ကြုံ့ထိုင်ကာ ဘက်ထရီမီး ဖွင့်ပေးရုံကလွဲလို့ ဘာမှ မလုပ်တတ်။
ခန့်ကျော်အထက်မှာ အမနှစ်ယောက်၊ ခန့်ကျော်အောက်မှာ ညီသုံးယောက်။
ခန့်ကျော်ကို ခုနှစ်နှစ်သားမှ ကျောင်းစထားသည်။
သင်း သုံးတန်းအထိ ကျောင်းတက်နေရသည်ဆိုသည်ကိုက လွန်လှပြီ။
ထမင်းချိုင့် ကတော့..မနက်ကတည်းက အဝစား၊ ညနေ ကျောင်းပြန်မှ တစ်ခေါက်စားပေ့ါ။
အတန်းထဲတွင် အသက်အကြီးဆုံး ခန့်ကျော်သည် သူ့နေ့လည်စာကို လက်ညှိးကလေးထောင်ပြီး ဖြေရှင်းရင်းပင် ကျောင်းကြီးပိတ်သွား၏။
……………………………………
အမေသည် ကျောင်းပိတ်ရက်များတွင် သူ့တပည့်လူလိမ္မာတုံးလေးများအဆက်ဆက်အကြောင်း ကျွန်တော်တို့ကို ပြောပြလေ့ရှိသည်။
အမေ နှစ်ပေါင်းများစွာ မူလတန်းပြလုပ်ခဲ့သည့် ကျောင်း တွင် လူလိမ္မာလေးများအများဆုံးထွက်ပါသည်။
ဘယ်လောက်ထိ လိမ္မာကြသည်လဲဆိုသည်ကို ဥပမာတစ်ခုပြပါမည်။
တစ်ခါက ကျွန်တော်တို့ ရပ်ကွက်ထဲ လူစိမ်းတစ်ယောက် နေ့တိုင်းဖြတ်သွားဖြတ်လာလုပ်သည်။ အိမ်တွေကို သူ သေချာလိုက်ကြည့်သည်။
ဒီလူ ကို အဖေက သတိထားမိသွားသည်။
''ဒီကောင် သူခိုးပဲ..နာမည်ကြီးသူခိုး…တလောကမှ ထောင်က လွတ်လာတာ''
အဖေက အမေ့ကို ပြောပြသည်။
အမေ က ထိုလူစိမ်းကို သေချာကြည့်သည်။
တိုက်တိုက်ဆိုင်ဆိုင် လူစိမ်းကလည်း ကျွန်တော်တို့ အိမ်ပေါ် မျက်စိကစား၏။
အမေ့ကို တွေ့တော့ လူစိမ်းက ကုပ်ကုပ်ကလေးဖြစ်သွားသည်။
အမေက ခပ်ပြုံးပြုံးပင်။
''ဟဲ့..ကြည်စိုး….နင်..ဘယ်တွေပျောက်နေတာလဲ''
''ဟာ..တီချယ်…သား..တခြားမှာ အလုပ်သွားလုပ်နေလို့ပါ…ဒါ တီချယ်တို့ အိမ်လား''
အမေက ခေါင်းငြိမ့်ပြလိုက်သည်။
ဒီလောက်နှင့်ပဲ..ကျွန်တော်တို့ တစ်အိမ်လုံး သူခိုးရန် မပူရပဲ စိတ်ချလက်ချ ခေါင်းပြားအောင် အိပ်ရပါသည်။
သူခိုးကြည်စိုးက အမေ့တပည့်ဟောင်းပေကိုး။
ဒါက အမေ့တပည့် လူလိမ္မာကလေးတွေ၏ အထင်ရှားဆုံးဥပမာ။
အမေ့တပည့်ထဲ ထူးထူးခြားခြား ဆရာဝန်ဖြစ်သွားသူ၊ အင်ဂျင်နီယာဖြစ်သွားသူ သုံးလေးယောက်တော့ရှိသည်။
သို့သော်ငြား..ထိုသုခမြို့တော်ဆင်းရဲသားရပ်ကွက်ကြီးထဲ ရုပ်ရှင်ဆန်ဆန်ကြီး ထွန်းပေါက်သွားသည့် တပည့်တွေက ရှားမှရှား။
အများစုကတော့ ပတ်ဝန်းကျင်နှင့် ဘဝပေးအခြေအနေအရ ဒီဝဲဂယက်ထဲမှာပင်။
အမေ့ တပည့်တွေသည် အဖေမှ သား ၊ သားမှ မြေးအထိ ဆွေစဉ်မျိုးဆက်ကြီးဖြစ်နေတတ်သည်။
တခါကလည်း အိမ်နောက်ဖေး မိလ္လာတွင်းများတူးသော စန်းမွန်အောင်ဆိုသည့် သူက အမေ့တပည့်ဖြစ်နေပြီး တစ်ပြားမှ မယူပဲ လုပ်ပေးသွားတတ်သည်။
အဖေ ဖွင့်ထားသော လက်ဖက်ရည်ဆိုင်တွင် ဖောက်သည်ယောက်ျားတစ်အုပ်တစ်မကြီးနှင့် ကြက်ဥဟက်ဖ်ရိုက် လာသောက်သူ ညဉ့်ငှက်မကလေး ခင်မေမေဇေ သည်လည်း အမေ့တပည့်ဖြစ်နေသဖြင့် အမေ စိတ်ဆိုး မာန်ဆိုးဖြစ်ခဲ့ရဖူးသည်။
ထိုနှစ်က အမေ ပြောပြာသော သူ့အတန်းထဲမှာ လူဆိုးမှာ ခန့်ကျော်ဖြစ်ပါသည်။
ခန့်ကျော်သည် အဆဲသန်သည်။ ရန်ဖြစ်သည်။ သူများမုန့်လုစားသည်။ အမြဲတမ်းလူတွေကို မိုက်ကြည့် ကြည့်သည်။
ဆင်းရဲသော်လည်း စေတနာချမ်းသာကြသည့် အမေ့တပည်လေးများသည် နောက်ဆုံးကျောင်းကြီးပိတ်ချိန်တွင် ဘီစကစ်မုန့်လေးများ၊ ဘာလီပုလင်းလေးများ တတ်နိုင်သမျှ ဝယ်လာကာ အမေ့အား ကန်တော့ကြသည်။
ထိုအခါ ခန့်ကျော်သည် သူ့သူငယ်ချင်းများကို ရန်လိုက်ရှာပြန်သည်။
''ခန့်ကျော် တစ်ကောင် တော်တော်ဆိုးတယ်''
အမေက ဒီလိုပဲ မှတ်ချက်ချသည်။
ဒီလိုနှင့် မေ့မေ့ပျောက်ပျောက်။
………………………………………………………………………………….
(၂)
မတ်လ ကုန်ခါစအချိန်တွင်ပင် မိုးတွေ ရွာနေသည်။
နိုင်ငံခြားရောက်နေသော အဖေ့ဆီမှ ဖုန်းလာသဖြင့် ကျွန်တော်တို့ ဆွေမျိုးအိမ်တစ်ခုတွင် ဖုန်းသွားပြောကြသည်။
အမေ နှင့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် မိုးသဲသဲထဲ စက်ဘီးကို်ယ်စီဖြင့် ပြန်လာကြ၏။
အိမ်ရှေ့ရောက်တော့ အိမ်တံစက်မြိတ်အောက်တွင် မိုးရေတွေစိုးရွှဲနေသော ကလေးတစ်ယောက်။
''ဟယ်..သား..ခန့်ကျော်..ဘယ်တုန်းကတည်းက ရောက်နေတာလဲ''
အမေ ပြောပြောနေသည့် ထိုနှစ် ၏ ဟီးရိုး ခန့်ကျော်မှန်း ကျွန်တော်သိလိုက်ပါသည်။
''လာလာ..အိမ်ပေါ်တက်..မိုးတွေကလည်းရွွှဲလို့.ဖျားနေဦးမယ်..ဒီအကောင်လေးကတော့…''
အမေက ဆူဆူပူပူဖြင့်ပင် သူ့တပည့်ကို တဘက်ပေးပြီး ခေါင်းသုတ်ခိုင်းသည်။
''ကျောင်းပိတ်တုန်းက ဆရာမကို သားမကန်တော့လိုက်ရလို့…အခု လာကန်တော့တာ''
ခန့်ကျော်က သူ့လက်ထဲတွင် ပလက်စတစ်အိတ်ဖြင့် ထည့်လာသော ခရမ်းချဉ်သီးထုတ်ကို အမေ့ရှေ့ချကာ ကုန်းကန်တော့သည်။
ခရမ်းချဉ်သီး။
ကျွန်တော် စိတ်ထဲ..ဒီကောင်ကွာ ဟု ပြောပြီး ရယ်လိုက်မိသည်။
ပဲခူးတွင် နေကြသူများ မှတ်မိကြဦးမည်ထင်ပါသည်။ ထိုနှစ်က ခရမ်းချဉ်သီးများ စံချိန်တင်စျေးကျသော ကာလဖြစ်သည်။
ခရမ်းချဉ်သီးတွေ ပေါလွန်းလှသဖြင့် တစ်ရာဖိုးဝယ်လျှင်ပင် တစ်ပိသာ ရနေသည့်အချိန်။
သူလာကန်တော့သည့် ခရမ်းချဉ်သီးက ငါးဆယ်သားလောက်ရှိရော့မည်။
''ခန့်ကျော်…နောက်မှ လာကန်တော့လည်းရလျက်နဲ့..မိုးထဲလေထဲဟယ်''
''သား..ဒိုက်ဦးက လက်ဖက်ရည်ဆိုင်မှာ အလုပ်သွားလုပ်ရတော့မှာမို့ပါ..ဆရာမ…နောက်နှစ်လည်း အဖေတို့က ကျောင်းဆက်ထားချင်မှ ထားမှာ''
အမေ စိတ်မကောင်းဖြစ်သွားပုံရသည်။
ခရမ်းချဉ်သီးထုတ်ရှေ့က သူ့တပည့်ကို တစိမ့်စိမ့်ကြည့်နေသည်။
ခန့်ကျော် ခေါင်းမော့လာ၏။
''အဲ့ဒါ..ဆရာမ..သား ဒိုက်ဦးသွားဖို့ လမ်းစရိတ်ထဲက ခရမ်းချဉ်သီးဝယ်လာပေးတာ..သားကို လမ်းစရိတ် သုံးရာလောက် ပေးလိုက်ပါဦး''
ဘယ်လိုကောင်တုန်းဟ ။
ကျွန်တော် ဒီကောင့်ကို ပြူးပြီးကြည့်သည်။
အမေကတော့ ပြုံးပြီးသာကြည့်၏။
သူ့ပိုက်ဆံအိတ်ထဲက ငွေသုံးရာထုတ်ပေးသည်။
''မိုးစဲမှ သွားတော့..ခန့်ကျော်..မိုးတွေလေတွေက သဲနေတာ..နင်တစ်ယောက်တည်းမဖြစ်ဘူး''
မိုးတင်မက။ လေကလည်း သဲလာသည်။
နာဂစ်မုန်တိုင်းသည် တဖြည်းဖြည်း အရှိန်ရလာသည်။ သစ်ပင်များလဲကုန်သည်။
ကျွန်တော်တို့ အိမ်ရှေ့ခန်းမှ ဘီဒိုကြီး ဝုန်းခနဲလဲသွားသည်။
နောက်ဖေး မီးဖိုခန်းမှ သွပ်နှစ်ချပ်လန်ထွက်သွားသည်။
''ခန့်ကျော်…ဒီမှာပဲ အိပ်လိုက်တော့…မနက်မိုးစဲမှသာသွားတော့..သား''
တစ်ညလုံး မုန်တိုင်းက ကြောက်မက်ဖွယ်ရာ အသံကြီးနှင့်။
အမေချက်ထားသော ငါးဟင်းနှင့် ကျွန်တော်တို့ ထမင်းစားကြသည်။ ခန့်ကျော်က လူကောင်သေးသေးလေးနှင့် သုံးပန်းကန်လောက်စားသည်။
နောက်တစ်ရက်လည်း မိုးကမစဲ။
အပြင်ဘက်တွင် အပျက်အစီးများစွာဖြင့်။
ဟင်းချက်စရာက ဘာမှမရှိ။
သားနှစ်ယောက် ၊ တပည့်တစ်ယောက် နှင့် အမေသည် မီးသွေးဖြင့် မီးမွှေးကာထမင်းအိုးတည်သည်။
ဟင်းအတွက် ပြသနာရှိပြီ။
ကျွန်တော်တို့ အိမ်အောက်တွင်လည်း ရေတွေ ကြီးနေ၏။ ဘယ်ဆိုင်မှလည်း ထွက်မည်မဟုတ်။
ခုန ကျွန်တော် ရယ်ခဲ့သော ခန့်ကျော် ၏ ခရမ်းချဉ်သီး ငါးဆယ်သားထုတ်ကလေးကို အမေ ဖြည်ရပြီ။
ခရမ်းချဉ်သီးချက်ပြီး ကျွန်တော်တို့ သားအမိနှင့် ခန့်ကျော်တို့ စားကြသည်။
ညနေလည်း ခန့်ကျော်၏ ခရမ်းချဉ်သီး ကိုပဲ ဟင်းလုပ်စားကြရသည်။ မုန်တိုင်းစဲပြီး နောက်တစ်ရက်အကြာမှ ခန့်ကျော် ကျွန်တော်တို့အိမ်က ထွက်သွားပါသည်။
တကယ်တော့ ခန့်ကျော် ၏ သူ့ဆရာမအပေါ်ထားသော စေတနာ ခရမ်းချဉ်သီး ငါးဆယ်သားသည် ထိုစဉ်က ငွေကြေးတန်ဖိုးအရ ဘာမှ မရှိခဲ့။
သို့သော် နာဂစ်မုန်တိုင်းကာလ ကျွန်တော်တို့ မိသားစုအတွက်တော့ ထမင်းနှင့် တွဲဖက်စရာ ဟင်းတစ်ခွက်ဖြစ်ခဲ့သည်။
တန်ဖိုးရှိလွန်းခဲ့ပါသည်။
…………………………………………..
(၃)
နှစ်ပေါင်းများစွာ ကြာပြီ။
ခန့်ကျော် အမေ့ ဆီ ပြန်ရောက်လာသည်။
ယူနီဖောင်းနှင့်။
''သား တပ်ထဲဝင်သွားတာ..ဆရာမ''
လွန်ခဲ့သော ဆယ့်နှစ်က သုံးတန်းကျောင်းသားလေးမဟုတ်တော့။ အရက်နံ့ကလေးကလည်း တထောင်းထောင်း။
''ခွင့်နဲ့ ပြန်လာတာလား''
''မဟုတ်ဘူး…ဆရာမ…သား.ပင်စင်နဲ့ ထွက်လာတာ''
သူ့ ဘယ်ဘက် ဘောင်းဘီကို အပေါ်အထိ မပြသည်။ ခြေတုကြီးနှင့်။
''ကချင်ဘက်မှာ..မိုင်းထိတာ..သေပြီတောင်ထင်တာ..ဆရာမရယ်..တော်သေးလို့''
အမေ့က ငွေသုံးထောင် သူ့ကို မုန့်ဖိုးပေးလိုက်သည်။
ခန့်ကျော်.. အမေ့ကို နှုတ်ဆက်ပြီး ထော့နဲ့ ထော့နဲ့ ဖြင့် ပြန်ထွက်သွားသည်။
ခန့်ကျော်။ ခရမ်းချဉ်သီးငါးဆယ်သား။
ကျွန်တော် မှတ်မှတ်ရရရှိနေသော အမေ့တပည့်ကျော်တွေထဲက..တစ်ယောက်။
ဗြိတိသျှကိုကိုမောင်
Zawgyi
ကြ်န္ေတာ္နွင့္
ခရမ္းခ်ဥ္သီး ငါးဆယ္သား
……………………………………
(၁)
''ဒီေန႕
ဘယ္သူ ထမင္းခ်ိဳင့္မပါဘူးလဲ''
အျဖဴအစိမ္း၀တ္စုတ္စုတ္ျပတ္ျပတ္ေလးေတြ
ၾကားမွ လက္ကေလး သံုးေလးေခ်ာင္းတက္လာသည္။
ထိုအခါ
အတန္းပိုင္ဆရာမ သည္ သူ႕ထမင္းခ်ိဳင့္ထဲမွ တ၀က္ကို ဖယ္ျပီး ထိုလက္ကေလး သံုးေလးေခ်ာင္းကို မ်ွေကြ်းရသည္။
ထမင္းခ်ိဳင့္ပါလာသည့္
ကေလးမ်ားကလည္း သူတို႕ဆီက ထမင္းနည္းနည္း၊ ဟင္းနည္းနည္းဆီ လာမ်ွေကြ်းၾက၏။
လာမ်ွေကြ်းသည့္ကေလးမ်ားသည္လည္း
ဒီေန႕ ထမင္းခ်ိဳင့္ပါေသာ္လည္း ေနာက္ေန႕မ်ားတြင္ မေသခ်ာၾကသူမ်ား။ ထမင္းခ်ိဳင့္နပ္မမွန္သူခ်င္း
ဒီလို ဘံုစနစ္ေလးကို က်င့္သံုးၾကသည္။
ဒီလိုပဲ
ပါသည္သူက မပါသည့္သူကိုမ်ွေကြ်း၊ မပါသည့္သူက ပါသည့္သူနွင့္ မ်ွစား။
ဒါက
တတိယတန္း (က) ၏ အစဥ္အလာၾကီးလိုျဖစ္ေနသည္။
ရပ္ကြက္
က ဆင္းရဲလွသည္။ ကေလးတစ္ေယာက္ကို ခိုင္းေကာင္းသည့္အရြယ္ေရာက္လ်ွင္
၀င္ေငြရွာခိုင္းသည့္ ဒီလိုေနရာတြင္ ေက်ာင္းထားသည္ဆိုသည္ကပင္ လြန္လြန္းလွျပီ။
ထမင္းခ်ိဳင့္
မပါတာေလာက္ကိုေတာ့ စကားထဲ ထည့္မေျပာေတာ့နွင့္။
ခန္႕ေက်ာ္
။
မ်က္လံုးက
ဂ်စ္တစ္တစ္၊ ဆံပင္က နီေၾကာင္ေၾကာင္၊ နွပ္ေခ်းတြဲေလာင္းနွစ္ခုက
နွာေခါင္းနွင့္ နႈတ္ခမ္းအထက္တြင္ အျမဲတမ္း အတိုအရွည္မညီစြာ ေနရာယူထား၏။
ဘုရားစူးအျဖဴဟု
ေျပာရမည္ျဖစ္ေသာ အကၤ် ီ နွင့္ မေတာ္တေရာ္
ေက်ာင္းစိမ္းေဘာင္းဘီတိုက
အျမဲေသးေစာ္နံေနသည္။
ထမင္းခ်ိဳင့္
မပါသူ လက္ေထာင္ဆိုလ်ွင္ ခန္႕ေက်ာ္က ေန႕တိုင္းေထာင္သည့္ ေဖာက္သည္ၾကီး။
ဆင္းရဲပါသည္ဆိုသည့္
ကေလးေတြထဲတြင္ သူက ပိုဆင္းရဲသည္။
အေဖက
ဘုရားပြဲမ်ားတြင္ ဓားျခစ္ပန္းခ်ီလိုက္ေရးသည့္
ဆယ့္နွစ္ပြဲပန္းခ်ီဆရာ။
အေမက အေဖ့ လမ္းေဘးပန္းခ်ီေရာင္းဖ်ာေလးေပၚ
ၾကံဳ႕ၾကံဳ႕ထိုင္ကာ ဘက္ထရီမီး ဖြင့္ေပးရံုကလြဲလို႕ ဘာမွ မလုပ္တတ္။
ခန္႕ေက်ာ္အထက္မွာ
အမနွစ္ေယာက္၊ ခန္႕ေက်ာ္ေအာက္မွာ ညီသံုးေယာက္။
ခန္႕ေက်ာ္ကို
ခုနွစ္နွစ္သားမွ ေက်ာင္းစထားသည္။
သင္း
သံုးတန္းအထိ ေက်ာင္းတက္ေနရသည္ဆိုသည္ကိုက
လြန္လွျပီ။
ထမင္းခ်ိဳင့္
ကေတာ့..မနက္ကတည္းက အ၀စား၊ ညေန ေက်ာင္းျပန္မွ တစ္ေခါက္စားေပ့ါ။
အတန္းထဲတြင္
အသက္အၾကီးဆံုး ခန္႕ေက်ာ္သည္ သူ႕ေန႕လည္စာကို လက္ညိွးကေလးေထာင္ျပီး ေျဖရွင္းရင္းပင္ ေက်ာင္းၾကီးပိတ္သြား၏။
……………………………………
အေမသည္
ေက်ာင္းပိတ္ရက္မ်ားတြင္
သူ႕တပည့္လူလိမၼာတံုးေလးမ်ားအဆက္ဆက္အေၾကာင္း
ကြ်န္ေတာ္တို႕ကို ေျပာျပေလ့ရွိသည္။
အေမ
နွစ္ေပါင္းမ်ားစြာ မူလတန္းျပလုပ္ခဲ့သည့္ ေက်ာင္း တြင္ လူလိမၼာေလးမ်ားအမ်ားဆံုးထြက္ပါသည္။
ဘယ္ေလာက္ထိ
လိမၼာၾကသည္လဲဆိုသည္ကို
ဥပမာတစ္ခုျပပါမည္။
တစ္ခါက
ကြ်န္ေတာ္တို႕ ရပ္ကြက္ထဲ လူစိမ္းတစ္ေယာက္ ေန႕တိုင္းျဖတ္သြားျဖတ္လာလုပ္သည္။
အိမ္ေတြကို သူ ေသခ်ာလိုက္ၾကည့္သည္။
ဒီလူ
ကို အေဖက သတိထားမိသြားသည္။
''ဒီေကာင္
သူခိုးပဲ..နာမည္ၾကီးသူခိုး…တေလာကမွ ေထာင္က လြတ္လာတာ''
အေဖက
အေမ့ကို ေျပာျပသည္။
အေမ
က ထိုလူစိမ္းကို ေသခ်ာၾကည့္သည္။
တိုက္တိုက္ဆိုင္ဆိုင္
လူစိမ္းကလည္း ကြ်န္ေတာ္တို႕ အိမ္ေပၚ မ်က္စိကစား၏။
အေမ့ကို
ေတြ႕ေတာ့ လူစိမ္းက ကုပ္ကုပ္ကေလးျဖစ္သြားသည္။
အေမက
ခပ္ျပံဳးျပံဳးပင္။
''ဟဲ့..ၾကည္စိုး….နင္..ဘယ္ေတြေပ်ာက္ေနတာလဲ''
''ဟာ..တီခ်ယ္…သား..တျခားမွာ အလုပ္သြားလုပ္ေနလို႕ပါ…ဒါ တီခ်ယ္တို႕ အိမ္လား''
အေမက
ေခါင္းျငိမ့္ျပလိုက္သည္။
ဒီေလာက္နွင့္ပဲ..ကြ်န္ေတာ္တို႕ တစ္အိမ္လံုး သူခိုးရန္ မပူရပဲ စိတ္ခ်လက္ခ် ေခါင္းျပားေအာင္ အိပ္ရပါသည္။
သူခိုးၾကည္စိုးက
အေမ့တပည့္ေဟာင္းေပကိုး။
ဒါက
အေမ့တပည့္ လူလိမၼာကေလးေတြ၏ အထင္ရွားဆံုးဥပမာ။
အေမ့တပည့္ထဲ
ထူးထူးျခားျခား ဆရာ၀န္ျဖစ္သြားသူ၊ အင္ဂ်င္နီယာျဖစ္သြားသူ သံုးေလးေယာက္ေတာ့ရွိသည္။
သို႕ေသာ္ျငား..ထိုသုချမိဳ႕ေတာ္ဆင္းရဲသားရပ္ကြက္ၾကီးထဲ
ရုပ္ရွင္ဆန္ဆန္ၾကီး ထြန္းေပါက္သြားသည့္ တပည့္ေတြက ရွားမွရွား။
အမ်ားစုကေတာ့
ပတ္၀န္းက်င္နွင့္ ဘ၀ေပးအေျခအေနအရ ဒီ၀ဲဂယက္ထဲမွာပင္။
အေမ့
တပည့္ေတြသည္ အေဖမွ သား ၊ သားမွ ေျမးအထိ
ေဆြစဥ္မ်ိဳးဆက္ၾကီးျဖစ္ေနတတ္သည္။
တခါကလည္း
အိမ္ေနာက္ေဖး မိလႅာတြင္းမ်ားတူးေသာ စန္းမြန္ေအာင္ဆိုသည့္ သူက အေမ့တပည့္ျဖစ္ေနျပီး တစ္ျပားမွ မယူပဲ လုပ္ေပးသြားတတ္သည္။
အေဖ
ဖြင့္ထားေသာ လက္ဖက္ရည္ဆိုင္တြင္
ေဖာက္သည္ေယာက္်ားတစ္အုပ္တစ္မၾကီးနွင့္
ၾကက္ဥဟက္ဖ္ရိုက္ လာေသာက္သူ ညဥ့္ငွက္မကေလး ခင္ေမေမေဇ သည္လည္း အေမ့တပည့္ျဖစ္ေနသျဖင့္ အေမ စိတ္ဆိုး မာန္ဆိုးျဖစ္ခဲ့ရဖူးသည္။
ထိုနွစ္က
အေမ ေျပာျပာေသာ သူ႕အတန္းထဲမွာ လူဆိုးမွာ ခန္႕ေက်ာ္ျဖစ္ပါသည္။
ခန္႕ေက်ာ္သည္
အဆဲသန္သည္။ ရန္ျဖစ္သည္။ သူမ်ားမုန္႕လုစားသည္။ အျမဲတမ္းလူေတြကို မုိက္ၾကည့္
ၾကည့္သည္။
ဆင္းရဲေသာ္လည္း
ေစတနာခ်မ္းသာၾကသည့္ အေမ့တပည္ေလးမ်ားသည္ ေနာက္ဆံုးေက်ာင္းၾကီးပိတ္ခ်ိန္တြင္
ဘီစကစ္မုန္႕ေလးမ်ား၊ ဘာလီပုလင္းေလးမ်ား တတ္နုိင္သမ်ွ
၀ယ္လာကာ အေမ့အား ကန္ေတာ့ၾကသည္။
ထိုအခါ
ခန္႕ေက်ာ္သည္ သူ႕သူငယ္ခ်င္းမ်ားကို ရန္လုိက္ရွာျပန္သည္။
''ခန္႕ေက်ာ္
တစ္ေကာင္ ေတာ္ေတာ္ဆိုးတယ္''
အေမက
ဒီလိုပဲ မွတ္ခ်က္ခ်သည္။
ဒီလိုနွင့္
ေမ့ေမ့ေပ်ာက္ေပ်ာက္။
………………………………………………………………………………….
(၂)
မတ္လ
ကုန္ခါစအခ်ိန္တြင္ပင္
မိုးေတြ ရြာေနသည္။
နိုင္ငံျခားေရာက္ေနေသာ
အေဖ့ဆီမွ ဖုန္းလာသျဖင့္ ကြ်န္ေတာ္တို႕ ေဆြမ်ိဳးအိမ္တစ္ခုတြင္ ဖုန္းသြားေျပာၾကသည္။
အေမ
နွင့္ ကြ်န္ေတာ္တို႕ ညီအစ္ကိုနွစ္ေယာက္ မိုးသဲသဲထဲ စက္ဘီးကို္ယ္စီျဖင့္ ျပန္လာၾက၏။
အိမ္ေရွ႕ေရာက္ေတာ့
အိမ္တံစက္ျမိတ္ေအာက္တြင္
မိုးေရေတြစိုးရႊဲေနေသာ
ကေလးတစ္ေယာက္။
''ဟယ္..သား..ခန္႕ေက်ာ္..ဘယ္တုန္းကတည္းက ေရာက္ေနတာလဲ''
အေမ
ေျပာေျပာေနသည့္ ထိုနွစ္ ၏ ဟီးရိုး ခန္႕ေက်ာ္မွန္း
ကြ်န္ေတာ္သိလိုက္ပါသည္။
''လာလာ..အိမ္ေပၚတက္..မိုးေတြကလည္းရြႊဲလို႕.ဖ်ားေနဦးမယ္..ဒီအေကာင္ေလးကေတာ့…''
အေမက
ဆူဆူပူပူျဖင့္ပင္ သူ႕တပည့္ကို တဘက္ေပးျပီး ေခါင္းသုတ္ခိုင္းသည္။
''ေက်ာင္းပိတ္တုန္းက
ဆရာမကို သားမကန္ေတာ့လိုက္ရလို႕…အခု လာကန္ေတာ့တာ''
ခန္႕ေက်ာ္က
သူ႕လက္ထဲတြင္ ပလက္စတစ္အိတ္ျဖင့္ ထည့္လာေသာ ခရမ္းခ်ဥ္သီးထုတ္ကို အေမ့ေရွ႕ခ်ကာ ကုန္းကန္ေတာ့သည္။
ခရမ္းခ်ဥ္သီး။
ကြ်န္ေတာ္
စိတ္ထဲ..ဒီေကာင္ကြာ ဟု ေျပာျပီး ရယ္လုိက္မိသည္။
ပဲခူးတြင္
ေနၾကသူမ်ား မွတ္မိၾကဦးမည္ထင္ပါသည္။ ထိုနွစ္က ခရမ္းခ်ဥ္သီးမ်ား စံခ်ိန္တင္ေစ်းက်ေသာ ကာလျဖစ္သည္။
ခရမ္းခ်ဥ္သီးေတြ
ေပါလြန္းလွသျဖင့္ တစ္ရာဖိုး၀ယ္လ်ွင္ပင္ တစ္ပိသာ ရေနသည့္အခ်ိန္။
သူလာကန္ေတာ့သည့္
ခရမ္းခ်ဥ္သီးက ငါးဆယ္သားေလာက္ရွိေရာ့မည္။
''ခန္႕ေက်ာ္…ေနာက္မွ လာကန္ေတာ့လည္းရလ်က္နဲ႕..မိုးထဲေလထဲဟယ္''
''သား..ဒိုက္ဦးက လက္ဖက္ရည္ဆိုင္မွာ အလုပ္သြားလုပ္ရေတာ့မွာမို႕ပါ..ဆရာမ…ေနာက္နွစ္လည္း အေဖတို႕က ေက်ာင္းဆက္ထားခ်င္မွ ထားမွာ''
အေမ
စိတ္မေကာင္းျဖစ္သြားပံုရသည္။
ခရမ္းခ်ဥ္သီးထုတ္ေရွ႕က
သူ႕တပည့္ကို တစိမ့္စိမ့္ၾကည့္ေနသည္။
ခန္႕ေက်ာ္
ေခါင္းေမာ့လာ၏။
''အဲ့ဒါ..ဆရာမ..သား ဒိုက္ဦးသြားဖို႕ လမ္းစရိတ္ထဲက ခရမ္းခ်ဥ္သီး၀ယ္လာေပးတာ..သားကို လမ္းစရိတ္ သံုးရာေလာက္ ေပးလိုက္ပါဦး''
ဘယ္လိုေကာင္တုန္းဟ
။
ကြ်န္ေတာ္
ဒီေကာင့္ကို ျပဴးျပီးၾကည့္သည္။
အေမကေတာ့
ျပံဳးျပီးသာၾကည့္၏။
သူ႕ပိုက္ဆံအိတ္ထဲက
ေငြသံုးရာထုတ္ေပးသည္။
''မိုးစဲမွ
သြားေတာ့..ခန္႕ေက်ာ္..မိုးေတြေလေတြက သဲေနတာ..နင္တစ္ေယာက္တည္းမျဖစ္ဘူး''
မိုးတင္မက။
ေလကလည္း သဲလာသည္။
နာဂစ္မုန္တိုင္းသည္
တျဖည္းျဖည္း အရွိန္ရလာသည္။ သစ္ပင္မ်ားလဲကုန္သည္။
ကြ်န္ေတာ္တို႕
အိမ္ေရွ႕ခန္းမွ ဘီဒိုၾကီး ၀ုန္းခနဲလဲသြားသည္။
ေနာက္ေဖး
မီးဖိုခန္းမွ သြပ္နွစ္ခ်ပ္လန္ထြက္သြားသည္။
''ခန္႕ေက်ာ္…ဒီမွာပဲ အိပ္လုိက္ေတာ့…မနက္မိုးစဲမွသာသြားေတာ့..သား''
တစ္ညလံုး
မုန္တိုင္းက ေၾကာက္မက္ဖြယ္ရာ အသံၾကီးနွင့္။
အေမခ်က္ထားေသာ
ငါးဟင္းနွင့္ ကြ်န္ေတာ္တို႕ ထမင္းစားၾကသည္။ ခန္႕ေက်ာ္က လူေကာင္ေသးေသးေလးနွင့္ သံုးပန္းကန္ေလာက္စားသည္။
ေနာက္တစ္ရက္လည္း
မိုးကမစဲ။
အျပင္ဘက္တြင္
အပ်က္အစီးမ်ားစြာျဖင့္။
ဟင္းခ်က္စရာက
ဘာမွမရွိ။
သားနွစ္ေယာက္
၊ တပည့္တစ္ေယာက္
နွင့္ အေမသည္ မီးေသြးျဖင့္ မီးေမႊးကာထမင္းအိုးတည္သည္။
ဟင္းအတြက္
ျပသနာရွိျပီ။
ကြ်န္ေတာ္တို႕
အိမ္ေအာက္တြင္လည္း ေရေတြ ၾကီးေန၏။ ဘယ္ဆိုင္မွလည္း ထြက္မည္မဟုတ္။
ခုန
ကြ်န္ေတာ္ ရယ္ခဲ့ေသာ ခန္႕ေက်ာ္ ၏ ခရမ္းခ်ဥ္သီး ငါးဆယ္သားထုတ္ကေလးကို
အေမ ျဖည္ရျပီ။
ခရမ္းခ်ဥ္သီးခ်က္ျပီး
ကြ်န္ေတာ္တို႕ သားအမိနွင့္ ခန္႕ေက်ာ္တို႕ စားၾကသည္။
ညေနလည္း
ခန္႕ေက်ာ္၏ ခရမ္းခ်ဥ္သီး ကိုပဲ ဟင္းလုပ္စားၾကရသည္။ မုန္တိုင္းစဲျပီး ေနာက္တစ္ရက္အၾကာမွ ခန္႕ေက်ာ္ ကြ်န္ေတာ္တို႕အိမ္က ထြက္သြားပါသည္။
တကယ္ေတာ့
ခန္႕ေက်ာ္ ၏ သူ႕ဆရာမအေပၚထားေသာ ေစတနာ ခရမ္းခ်ဥ္သီး
ငါးဆယ္သားသည္ ထိုစဥ္က ေငြေၾကးတန္ဖိုးအရ ဘာမွ မရွိခဲ့။
သို႕ေသာ္
နာဂစ္မုန္တိုင္းကာလ ကြ်န္ေတာ္တို႕ မိသားစုအတြက္ေတာ့ ထမင္းနွင့္ တြဲဖက္စရာ ဟင္းတစ္ခြက္ျဖစ္ခဲ့သည္။
တန္ဖိုးရွိလြန္းခဲ့ပါသည္။
…………………………………………..
(၃)
နွစ္ေပါင္းမ်ားစြာ
ၾကာျပီ။
ခန္႕ေက်ာ္
အေမ့ ဆီ ျပန္ေရာက္လာသည္။
ယူနီေဖာင္းနွင့္။
''သား
တပ္ထဲ၀င္သြားတာ..ဆရာမ''
လြန္ခဲ့ေသာ
ဆယ့္နွစ္က သံုးတန္းေက်ာင္းသားေလးမဟုတ္ေတာ့။
အရက္နံ႕ကေလးကလည္း တေထာင္းေထာင္း။
''ခြင့္နဲ႕
ျပန္လာတာလား''
''မဟုတ္ဘူး…ဆရာမ…သား.ပင္စင္နဲ႕ ထြက္လာတာ''
သူ႕
ဘယ္ဘက္ ေဘာင္းဘီကို အေပၚအထိ မျပသည္။
ေျခတုၾကီးနွင့္။
''ကခ်င္ဘက္မွာ..မိုင္းထိတာ..ေသျပီေတာင္ထင္တာ..ဆရာမရယ္..ေတာ္ေသးလို႕''
အေမ့က
ေငြသံုးေထာင္ သူ႕ကို မုန္႕ဖိုးေပးလိုက္သည္။
ခန္႕ေက်ာ္..
အေမ့ကို နႈတ္ဆက္ျပီး ေထာ့နဲ့ ေထာ့နဲ႕ ျဖင့္ ျပန္ထြက္သြားသည္။
ခန္႕ေက်ာ္။
ခရမ္းခ်ဥ္သီးငါးဆယ္သား။
ကြ်န္ေတာ္
မွတ္မွတ္ရရရွိေနေသာ အေမ့တပည့္ေက်ာ္ေတြထဲက..တစ္ေယာက္။
ျဗိတိသ်ွကိုကိုေမာင္
Done 💪
ReplyDeleteအရသာရှိတဲ့ ခရမ်းချဉ်သီးဟင်းလေးတစ်ခွက် ဖြစ်ခဲ့မှာပါ🍅
ReplyDeleteခန့်ကျော်
ReplyDeleteအမေ့တပည့်
မိုင်းထိ
ငွေသုံးထောင် 🤔
Done 🤍
ReplyDelete👍❤
ReplyDeleteဆရာမမှာ ပီတိအပြည့်နဲ့ ဖြစ်နေမှာပါ
ReplyDelete🍂🍂🍂
ReplyDelete🧹🧹🧹
Delete😤😤😤
💯💯
ReplyDeleteDone 🍀
ReplyDelete💙
ReplyDeleteDone🐬🐬
ReplyDelete🍅🍅Done
ReplyDeleteDoneကင်မရာကပိုရယ်ရတယ်😆
ReplyDelete