ကျွန်တော်နှင့် ဘိ

Unicode





ကျွန်တော်နှင့် ဘိ


……………………….

ဘိ ဆိုတာ ဘန်းစကားပါ။

ယဉ်ယဉ်ကျေးကျေးဘာသာပြန်ရရင်တော့ ပြည့်တန်ဆာခန်းပေါ့ဗျာ။

ကျွန်တော်တို့ ငယ်ငယ်က ကျွန်တော်တို့ ပဲခူးမြို့ဟာ ဘိတွေနဲ့ ပတ်သက်ရင် တော်တော်နာမည်ကြီးပါတယ်။

အများအားဖြင့် တည်းခိုခန်းအချို့ဟာ တည်းခိုခန်းခေါင်းစဉ်တပ်ပြီး ဘိထောင်ထားကြတာပါ။

ပဲခူးဘူတာကြီးတဝိုက် နဲ့ နောက်ပိုင်း အရင်ယာဉ်ဝင်း အဟောင်း ပတ်ဝန်းကျင်ဟာ ဘိတွေ အခြေပြုရာပေါ့။

ကျွန်တော် ဘိ ကို ပထမဆုံး စရောက််ဖူးတာ ရှစ်တန်းနွေရာသီကျောင်းပိတ်မှာပါ။

အဲ့ဒီတုန်းက ကျွန်တော့် အသက်က ဆယ့်သုံးလေးနှစ်ဝန်းကျင်ပေါ့။

ကျွန်တော်တို့က ရပ်ကွက်ထဲမှာ လက်ဖက်ရည်ဆိုင်လေးဖွင့်ထားတော့ ကျွန်တော်က ကျောင်းပိတ်ရက်ဆို အဲ့ဒီမှာ အနေများတယ်။

အဲ့ဒီအချိန်က လူငယ်တွေအများဆုံးတွေ့နိုင်တာ အခုလို ဘီယာဆိုင်တွေ မဟုတ်သေးဘူး။ လက်ဖက်ရည်ဆိုင်တွေပဲ။

တိတ်ရက်ကော်ဒါကို ဆောင်းဘောက်စ်နဲ့တွဲပြီး သီချင်းတွေဖွင့်တယ်။

လက်ဖက်ရည်ကြိုက်လို့ လာသောက်သူရှိတယ်။ ဆေးလိပ်တစ်ပွဲနဲ့ လာထိုင်နေသူလည်းရှိတယ်။ အကျရည် တစ်အိုးမှာပြီး ဟိုဆေး ဒီဆေးတွေနဲ့ တွဲပြီး ငြိမ့်နေတဲ့သူလည်းရှိတယ်။

နောက်ပြီး ဖွန်ကြောင်တဲ့ကောင်တွေရော ဘာရော လူစုံပေါ့ဗျာ။

ကျွန်တော်က အသက်ငယ်ပေမယ့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်ရဲ့ သားလည်းဖြစ် ဆိုင်မှာပဲ အနေများတော့ တွဲမိတာက ဆိုင်မှာ လာထိုင်တဲ့ အကြီးတွေနဲ့ချည်းပဲ။

သူတို့ မဟုတ်တာလုပ်သမျှ ကိုယ်က အကုန် မသင်ချင်ပဲ သင်ယူမိနေသလိုဖြစ်နေရတယ်။

ဆေးလိပ်သောက်တယ်။ ၀ိ ကို အတိုင်ရိုက်ပြီး ဖွာတယ်။ ပြီးရင် အကျရည်လေးနဲ့ ငြိမ့်တယ်။ နောက်စီဒယ်လို့ ခေါ်တဲ့ ဆေးပြားတွေချတာရှိသေးတယ်။ သူတို့က ဆိုင်ရှင်ဖြစ်တဲ့ ကျွန်တော့်အဖေတွေ ဦးလေးတွေ မသိအောင် လုပ်ကြပေမယ့် ကျွန်တော့်ကျ ကလေးဆိုတော့ သိပ်ဂရုမစိုက်ကြဘူး။ ဒါတွေက မရိုးတော့တဲ့မြင်ကွင်းတွေ။

ကျွန်တော့်ကို ဘိ စခေါ်သွားတာက အောင်ကောင်း ဆိုတဲ့ကောင်။

ဒီကောင်က ကျွန်တော့်ထက် နှစ်နှစ်လောက်ပဲကြီးတာ။ ဒါပေမယ့်…လက်ဖက်ရည်ဆိုင်တွေဘာတွေထိုင် ပြီး အတော်ဆရာကျနေပြီပေါ့။

တစ်ရက်မှာ ဒီကောင်က ဘိသွားမယ်တဲ့ ကျွန်တော့်ကို အဖော်လိုက်ခဲ့ပေးတဲ့။

ကိုယ်လည်း အဲ့ဒီတုန်းက ဘိ ဆိုတာ ကြားဖူးနားဝပဲ ရှိတာလေ။

ဒါနဲ့ လိုက်သွားရော။

တစ်ယောက်ကို စက်ဘီး တစ်စီးစီနဲ့ပါ။

ပဲခူးဘူတာ နားက တည်းခိုခန်းတစ်ခုပါပဲ။

တည်းခိုခန်းရှေ့မှာ စက်ဘီးရပ်ပြီး ဒီကောင်က ရှေ့က ဝင်သွားတယ်။ ကျွန်တော်လည်း နောက်ကလိုက်ပေါ့။

ကောင်တာမှာ ဘဲကြီးတစ်ပွေထိုင်နေတယ်။

''ဦးလေး..ရှိလား''

ဒီကောင်က လေသံတိုးတိုးနဲ့ မေးတော့ ဘဲကြီးက ခေါင်းဆတ်ပြတယ်။ ပြီးတော့ အထဲကိုလှမ်းအော်တယ််။

''ဧည့်သည်လာတယ်ဟေ့''

ကျွန်တော်တို့ တည််းခိုခန်း အတွင်းဘက်ကို ဝင်သွားရတယ်။ အခန်းက မှောင်၊ အနံ့အသက်တွေက အပေါစားရေမွှေးနံ့တွေနဲ့ တခြားဘာမှန်းမသိတဲ့အနံ့တွေရောနေတယ်။

အထဲက ခုံတန်းလျားမှာ ဒီကောင်နဲ့ ကျွန်တော် ဝင်ထိုင်တဲ့အချိန် ကောင်မလေးတွေတန်းစီထွက်လာတယ်။

ကောင်မလေးတွေသာပြောတာပါ။ အဲ့ဒီအချိန်က ကျွန်တော့်အတွက်တော့ ကောင်မကြီးတွေပါပဲ။

''အောင်မယ်..ဧည့်သည်ဆိုလို့..တကယ့် လူကြီးလူကောင်းကြီးတွေပဲဟ''

အနီဝမ်းဆက် နဲ့ တစ်ယောက်က ကျွန်တော့်ကိုကြည့်ပြီး ခပ်လှောင်လှောင်တောင်ပြောလိုက်သေး။

ကျွန်တော့်မှာ ပါးစပ်အဟောင်းသားနဲ့ သူတို့ကို ကြည့်ပြီး အံ့သြနေတာ။

ဟုတ်တယ်လေ။ အဲ့ဒီတုန်းက မိန်းကလေးတွေ ရင်ညွှန့်လေးပေါ်အောင်ဝတ်တယ်ဆိုတာ အပြင်မှာ ကျွန်တော်မှ မတွေ့ဖူးတာ။

အခုဟာက သူတို့ဝတ်ထားတာတွေက တကယ်ရင်တုန်စရာကြီးရယ်။

နောက်တော့ အောင်ကောင်းက သူကြိုက်တာ တစ်ယောက်ရွေးဝင်သွားတယ်။ ကျွန်တော်က အပြင်မှာ ငုတ်တုတ်။

စော်ကြီးတွေက ကလေးဆိုပြီး စဟယ်နောက်ဟယ်နဲ့ ညစ်ညစ်ပတ်ပတ်တွေပြောသေးတာ။

ဆယ့်ငါးမိနစ်လောက်ကြာတော့ ဒီကောင်ထွက်လာတယ်။

ပြန်မယ်တဲ့။

ပြန်တော့ အောင်ကောင်းကို ကျွန်တော် စပ်စုကြည့်တယ်။

ဘယ်လောက်ပေးရလဲပေါ့။ တစ်ခါသွားရင် ရှစ်ရာတဲ့။

အိုကေ ဟုတ်ပြီပေါ့။

ဒီလိုနဲ့ ကိုးတန်းကျောင်းဖွင့်တယ်။

အခန်းထဲရောက်တော့ ယောက်ျားလေးတွေသဘာဝ စုစည်းမိပြီး ဟိုဟိုဒီဒီတွေ လျှောက်ပြောကြတဲ့အခါ စကားဝိုင်းထဲမှာ ကျွန်တော်က ဆရာကြီးဖြစ်ပြီ။

ဟုတ်တယ်လေ။ ရွယ်တူချင်းထဲမှာ ကျွန်တော်က ဘိ ကို ရောက််ဖူးတယ်။

ဒီကောင်တွေက စိတ်ဝင်တစားမေးတော့ ကိုယ်တိုင် ဝင်ခဲ့သလိုလို ဘာလိုလို ရောတော့ ကြိတ်ရတာပေါ့။

ဘော်ဒါတွေကတော့ ကျွန်တော့်ကို အားကျငေးမောနေကြတာပဲ..ဟဲဟဲ။

အမှန်က ကိုယ်က ဟိုမှာ အနံ့လောက်ရှုပြီး ပြန်လာတာ။

နောက် သီတင်းကျွတ်ကျောင်းပိတ်ခါနီးကျတော့…ကျွန်တော့်သူငယ်ချင်း တီလုံးဆိုတဲ့ ကောင်က အဖော်စပ်တယ်။

''ကျော်စွာ..မင်းက ရောက်ဖူးတာပဲကွာ..ငါ့အမ နိုင်ငံခြားက ပြန်လာတာ မုန့်ဖိုးပေးထားာရှိတယ်..အဲ့ဒီကို ကျောင်းပိတ်ရက်ကျ.မင်းလိုက်ပို့ပါလားတဲ့''

''ဟာ ငါ့မှ ပိုက်ဆံမရှိဘူး''

''ငါ့မှာ ရှိတယ်..မင်းအတွက်ပါ ငါစိုက်မယ်လေ''

အောင်မယ်..ဒါမျိုးကျ ငြင်းမကောင်းတော့ဘူးလေ။ ဘော်ဒါချင်း အားနာစရာ။

ကဲ သွားမယ်ပေါ့။

ဒီလိုနဲ့ သီတင်းကျွတ်ကျောင်းပိတ်ရက်ကျ ဒီကောင်နဲ့ ကျွန်တော် ဘိ သွားဖို့ ပြင်ကြတယ်။

ပထမဆုံး အောင်ကောင်းနဲ့ သွားခဲ့တဲ ့နေရာကို ခေါ်သွားတော့ ကံဆိုးစွာနဲ့ပဲ အဲ့ဒီ တည်းခိုခန်းက ပိတ်ထားလေရဲ့။

ဒါပေမယ့်..တည်းခိုခန်းတွေဆိုတာ ဘိတွေပဲလို့ ကျွန်တော်ကို အောင်ကောင်းက ပြောပြထားတယ်လေ။

နှစ်ယောက်သား မြို့ထဲကနေ တည်းခိုခန်းတွေရှိတဲ့ ယာဉ်ဝင်းဘက်ကို ပင်ပင်ပန်းပန်း စက်ဘီးနင်းလာလိုက်တယ်။

ယာဉ်ဝင်း မရောက်ခင်မှာပဲ တည်းခိုခန်းတစ်ခု တွေ့လိုက်ပါလေရောလား။

ကျွန်တော်က အောင်ကောင်းဆီက သင်ထားတဲ့အတိုုင်း အဲ့ဒီရှေ့မှာ စက်ဘီးရပ်လိုက်တယ်။

တီလုံးက တော့ နောက်ကနေ ကျွန်တော့်ကို အထင်ကြီးအားကိုးတဲ့ ပုံနဲ့ပေါ့။

အိုကေ ကောင်တာမှာ အန်တီကြီး တစ်ယောက်ထိုင်နေတာ တွေ့ပြီ။

ကောင်တာရှေ့ မှာ ဧည့်ခန်းပုံစံလုပ်ထားပြီး တီဗွီတစ်လုံးဖွင့်ထားတယ်။ တီဗွီရှေ့မှာ စက်တီဆိုဖာခုံတွေနဲ့။

အဲ့ဒီပေါ်မှာ ကောင်မလေးတွေ ထိုင်နေတယ်။

အောင်မယ်..ဒီမှာကျ..တမျိုးပါလားပေါ့..ဟိုမှာတုန်းကတော့ မန်နေဂျာ ခေါ်မှာ ထွက်လာတယ်။ ဒီမှာကျ ပေါ်တင်ပဲ ထိုင်နေကြပါလားလို့ ကျွန်တော်တွေးလိုက်တယ်။

နောက်ပြီး ဒါလေးတွေက ဟိုကဟာကြီးတွေလို ဟိုပေါ် ဒီပေါ် မဝတ်ထားဘူး။ လုံလုံခြုံခြုံပဲ။ ဒါမျိုးကို မှ ကျွန်တော်ကလည်း ကြိုက်တာ။

ကောင်တာက အန်တီကြီးဆီ ခပ်တည်တည်ပဲ သွားပြီး အောင်ကောင်းမေးတုန်းကလို ခပ်တိုးတိုးမေးလိုက်တယ်။

''အန်တီ ရှိလား''

''အေး..ရှိတယ်ကွဲ့..သားတို့က ဘယ်နှစ်ယောက်လဲ''

''နှစ်ယောက် အန်တီ''

အိုကေပြီဆိုပြီး ရှေ့မှာ ယောင်လည်လည်ရပ်နေတဲ့ တီလုံးကို ကျွန်တော် လက်ပြပြီး လှမ်းခေါ်လိုက်တယ်။

ဒီကောင်က လည်း အထဲ ဝင်လာတယ်။

''နှစ်ယောက်ခန်း လား၊ တစ်ယောက် တစ်ခန်းလား''

အလို..နှစ်ယောက်လည်း တစ်ပြိုင်တည်း ဝင်လို့ရတယ်လား။ ဒါကိုတော့ ကျွန်တော်မသိဘူး။

ဒါပေမယ့် ဒီကောင် တီလုံးနဲ့ ကျွန်တော် တစ်ခန်းထဲဆို ရှက်စရာကြီးရယ်။ တစ်ယောက်တစ်ခန်းပဲ ကောင်းပါတယ်။

''တစ်ယောက် တစ်ခန်း ပါ အန်တီ''

တီလုံးက ပိုက်ဆံတွေ ဘာတွေတောင် ထုတ်နေပြီ။

''ကဲ..ဒါဆို မှတ်ပုံတင်ပေး''

''ဗျာ''

ကျွန်တော် ကြောင်သွားတယ်။

ဘယ့်နှယ့် ဘိသွားရင် မှတ်ပုံတင်ပါမှ ရတယ်လို့ တစ်ခါမှလည်း မကြားဖူးပါဘူးပေါ့။ အောင်ကောင်းနဲ့ လိုက်သွားတုန်းက ဒီကောင် မှတ်ပုံတင်ထုတ်ပြတာလည်း မတွေ့မိပါဘူး။

အခု ဒီနေရာကျမှ ဘာလို့ မှတ်ပုံတင် လာတောင်းနေပါလိမ့်ဆိုပြီး စဉ်းစားရကြပ်သွားတယ်။

ကျွန်တော်တို့ကို ချာတိတ်ကလေးတွေ ငွေမပါပဲ လာတယ်ထင်လို့ တမင်အစ်နေတာလားလို့ မှတ်လိုက်တယ်။

''သားတို့မှာ မှတ်ပုံတင် မပါဘူး..အန်တီ..ဒါပေမယ့် ပိုက်ဆံတော့ပါတယ်''

''ဟင်..မပါလို့ မရဘူးလေ''

အန်တီကြီးနဲ့ စကားသာပြောနေရတာ ကျွန်တော့် မျက်စိ က တီဗွီရှေ့ထိုင်နေတဲ့ အစ်မကြီးတွေထဲက အလန်းဆုံးကို ကြိတ်ရွေးနေပြီ။

''မှတ်ပုံတင် မပါပဲ..မရဘူး..လို့..ပြောနေတယ်လေ''

''ဟာ..အန်တီကလည်း ကျွန်တော်တို့ က အသက် ဆယ့်ခြောက်နှစ်တောင် မပြည့်သေးဘူး..ဘယ်လိုလုပ် မှတ်ပုံတင်က ရှိမှာလဲ…ထားလိုက်ပါအန်တီရာ..ပိုက်ဆံပိုပေးပါ့မယ်..ကျွန်တော် ဟိုအဖြူလေးနဲ့ ဝင်မယ်''

''ဟမ်..ဘာ''

ကျွန်တော့် စကားဆုံးတော့ အဘွားကြီး မျက်လုံးတွေ ပြူးသွားပြီး အသံအကျယ်ကြီးထွက်လာပါတယ်။

ကျွန်တော်တို့ကို ကလေးဆိုပြီး အထင်သေးတဲ့ အဘွားကြီးကို ကျွန်တော်လည်း တီလုံးလက်ထဲက ငါးရာတန် လေးရွက်ကို ယူပြီး ကောင်တာပေါ်တင်ပေးလိုက်တယ်။

''ကျွန်တော်..အဖြူလေးနဲ့..ဝင်မယ်''

''အောင်မလေး..လူလေးတွေက လက်တောက်လောက်နဲ့..လာကြပါဦးဟဲ့…..ရတနာတို့ နင်တို့ အခုချက်ချင်း အထဲဝင်စမ်း…အဲ့ဒါ..ငါ့သမီးနဲ့ သူ့သူငယ်ချင်းတွေဟဲ့..အောင်မလေး…သေနာလေးတွေ…ဒီမှာ ငါတိို့ကို ဖာတန်းထင်နေတယ်..အခု ရဲခေါ်မယ်..ရဲခေါ်မယ်''

သွားပြီ။

ကျွန်တော် နောက်လှည့်ကြည့်တော့။

မောင်တီလုံးက စက်ဘီးပေါ်တောင် တက်ခွပြီးနေပြီ။

ကျွန်တော်လည်း ကောင်တာပေါ်တင်ထားတဲ့ ငါးရာတန်လေးရွက်ကို ပြန်ယူပြီး အပြင်ကိုပြေးထွက် စက်ဘီးကို သော့ဖွင့်ပြီးတာနဲ့ သုတ်ခြေတင်ရတာပေါ့။

တီလုံးကတော့ ရှေ့ကနေ မှုန်နေအောင် လစ်ပြီ။

အဲ့ဒါ ကျွန်တော့်ရဲ့ ဘိ ပထမအတွေ့အကြုံပါပဲ။

နောက်မှ သိတာက အဲ့ဒီ တည်းခိုခန်းက ဘိ မဟုတ်ပါဘူး။ အမှန်အကန်တည်းခိုခန်းပါ။

အဲ့ဒီနေ့က တွေ့တဲ့ ကောင်မလေးတွေကလည်း တည်းခိုခန်းပိုင်ရှင်ရဲ့ သမီး တက္ကသိုလ်ကျောင်းသူနဲ့ သူ့သူငယ်ချင်းတွေ တီဗွီထိုင်ကြည့်နေတာပါတဲ့။

ကံကောင်းလို့ဗျိုး။

နို့မဟုတ်..ဖမ်းထားပြီး ရဲလက်အပ်လို့ကတော့…အသက် (၁၄)နှစ်လောက်နဲ့ ဂေါင်းဘွဲ့အတပ်ခံရမှာအသေအချာပဲ။

ဟိုကောင်တီလုံး လည်း အခု ပဲခူးမှာ သူ့အိမ်ထောင်နဲ့သူ အေးအေးချမ်းချမ်းပါပဲ။

.သူငယ်ချင်းရေ..ငယ်ကျိုးငယ်နာ ဖော်တယ်မမှတ်ပါနဲ့။

ငယ်ဘဝအမှတ်တရလေးတွေ ပျော်စရာလေးတွေမို့ပါကွာ။



ဗြိတိသျှကိုကိုမောင်












Zawgyi


ကြ်န္ေတာ္နွင့္ ဘိ


……………………….

ဘိ ဆိုတာ ဘန္းစကားပါ။

ယဥ္ယဥ္ေက်းေက်းဘာသာျပန္ရရင္ေတာ့ ျပည့္တန္ဆာခန္းေပါ့ဗ်ာ။

ကြ်န္ေတာ္တို႕ ငယ္ငယ္က ကြ်န္ေတာ္တို႕ ပဲခူးျမိဳ႕ဟာ ဘိေတြနဲ႕ ပတ္သက္ရင္ ေတာ္ေတာ္နာမည္ၾကီးပါတယ္။

အမ်ားအားျဖင့္ တည္းခိုခန္းအခ်ိဳ႕ဟာ တည္းခိုခန္းေခါင္းစဥ္တပ္ျပီး ဘိေထာင္ထားၾကတာပါ။

ပဲခူးဘူတာၾကီးတ၀ိုက္ နဲ႕ ေနာက္ပိုင္း အရင္ယာဥ္၀င္း အေဟာင္း ပတ္၀န္းက်င္ဟာ ဘိေတြ အေျချပဳရာေပါ့။

ကြ်န္ေတာ္ ဘိ ကို ပထမဆံုး စေရာက္္ဖူးတာ ရွစ္တန္းေႏြရာသီေက်ာင္းပိတ္မွာပါ။

အဲ့ဒီတုန္းက ကြ်န္ေတာ့္ အသက္က ဆယ့္သံုးေလးနွစ္၀န္းက်င္ေပါ့။

ကြ်န္ေတာ္တို႕က ရပ္ကြက္ထဲမွာ လက္ဖက္ရည္ဆိုင္ေလးဖြင့္ထားေတာ့ ကြ်န္ေတာ္က ေက်ာင္းပိတ္ရက္ဆို အဲ့ဒီမွာ အေနမ်ားတယ္။

အဲ့ဒီအခ်ိန္က လူငယ္ေတြအမ်ားဆံုးေတြ႕နိုင္တာ အခုလို ဘီယာဆိုင္ေတြ မဟုတ္ေသးဘူး။ လက္ဖက္ရည္ဆိုင္ေတြပဲ။

တိတ္ရက္ေကာ္ဒါကို ေဆာင္းေဘာက္စ္နဲ႕တြဲျပီး သီခ်င္းေတြဖြင့္တယ္။

လက္ဖက္ရည္ၾကိဳက္လို႕ လာေသာက္သူရွိတယ္။ ေဆးလိပ္တစ္ပြဲနဲ႕ လာထိုင္ေနသူလည္းရွိတယ္။ အက်ရည္ တစ္အိုးမွာျပီး ဟိုေဆး ဒီေဆးေတြနဲ႕ တြဲျပီး ျငိမ့္ေနတဲ့သူလည္းရွိတယ္။

ေနာက္ျပီး ဖြန္ေၾကာင္တဲ့ေကာင္ေတြေရာ ဘာေရာ လူစံုေပါ့ဗ်ာ။

ကြ်န္ေတာ္က အသက္ငယ္ေပမယ့္ လက္ဖက္ရည္ဆိုင္ပိုင္ရွင္ရဲ႕ သားလည္းျဖစ္ ဆိုင္မွာပဲ အေနမ်ားေတာ့ တြဲမိတာက ဆိုင္မွာ လာထိုင္တဲ့ အၾကီးေတြနဲ႕ခ်ည္းပဲ။

သူတို႕ မဟုတ္တာလုပ္သမ်ွ ကိုယ္က အကုန္ မသင္ခ်င္ပဲ သင္ယူမိေနသလိုျဖစ္ေနရတယ္။

ေဆးလိပ္ေသာက္တယ္။ ၀ိ ကို အတိုင္ရိုက္ျပီး ဖြာတယ္။ ျပီးရင္ အက်ရည္ေလးနဲ႕ ျငိမ့္တယ္။ ေနာက္စီဒယ္လို႕ ေခၚတဲ့ ေဆးျပားေတြခ်တာရွိေသးတယ္။ သူတို႕က ဆိုင္ရွင္ျဖစ္တဲ့ ကြ်န္ေတာ့္အေဖေတြ ဦးေလးေတြ မသိေအာင္ လုပ္ၾကေပမယ့္ ကြ်န္ေတာ့္က် ကေလးဆိုေတာ့ သိပ္ဂရုမစိုက္ၾကဘူး။ ဒါေတြက မရိုးေတာ့တဲ့ျမင္ကြင္းေတြ။

ကြ်န္ေတာ့္ကို ဘိ စေခၚသြားတာက ေအာင္ေကာင္း ဆိုတဲ့ေကာင္။

ဒီေကာင္က ကြ်န္ေတာ့္ထက္ နွစ္နွစ္ေလာက္ပဲၾကီးတာ။ ဒါေပမယ့္…လက္ဖက္ရည္ဆိုင္ေတြဘာေတြထိုင္ ျပီး အေတာ္ဆရာက်ေနျပီေပါ့။

တစ္ရက္မွာ ဒီေကာင္က ဘိသြားမယ္တဲ့ ကြ်န္ေတာ့္ကို အေဖာ္လိုက္ခဲ့ေပးတဲ့။

ကိုယ္လည္း အဲ့ဒီတုန္းက ဘိ ဆိုတာ ၾကားဖူးနား၀ပဲ ရွိတာေလ။

ဒါနဲ႕ လိုက္သြားေရာ။

တစ္ေယာက္ကို စက္ဘီး တစ္စီးစီနဲ႕ပါ။

ပဲခူးဘူတာ နားက တည္းခိုခန္းတစ္ခုပါပဲ။

တည္းခိုခန္းေရွ႕မွာ စက္ဘီးရပ္ျပီး ဒီေကာင္က ေရွ႕က ၀င္သြားတယ္။ ကြ်န္ေတာ္လည္း ေနာက္ကလိုက္ေပါ့။

ေကာင္တာမွာ ဘဲၾကီးတစ္ေပြထိုင္ေနတယ္။

''ဦးေလး..ရွိလား''

ဒီေကာင္က ေလသံတိုးတိုးနဲ႕ ေမးေတာ့ ဘဲၾကီးက ေခါင္းဆတ္ျပတယ္။ ျပီးေတာ့ အထဲကိုလွမ္းေအာ္တယ္္။

''ဧည့္သည္လာတယ္ေဟ့''

ကြ်န္ေတာ္တို႕ တည္္းခိုခန္း အတြင္းဘက္ကို ၀င္သြားရတယ္။ အခန္းက ေမွာင္၊ အနံ႕အသက္ေတြက အေပါစားေရေမႊးနံ႕ေတြနဲ႕ တျခားဘာမွန္းမသိတဲ့အနံ႕ေတြေရာေနတယ္။

အထဲက ခံုတန္းလ်ားမွာ ဒီေကာင္နဲ႕ ကြ်န္ေတာ္ ၀င္ထိုင္တဲ့အခ်ိန္ ေကာင္မေလးေတြတန္းစီထြက္လာတယ္။

ေကာင္မေလးေတြသာေျပာတာပါ။ အဲ့ဒီအခ်ိန္က ကြ်န္ေတာ့္အတြက္ေတာ့ ေကာင္မၾကီးေတြပါပဲ။

''ေအာင္မယ္..ဧည့္သည္ဆိုလို႕..တကယ့္ လူၾကီးလူေကာင္းၾကီးေတြပဲဟ''

အနီ၀မ္းဆက္ နဲ႕ တစ္ေယာက္က ကြ်န္ေတာ့္ကိုၾကည့္ျပီး ခပ္ေလွာင္ေလွာင္ေတာင္ေျပာလိုက္ေသး။

ကြ်န္ေတာ့္မွာ ပါးစပ္အေဟာင္းသားနဲ႕ သူတို႕ကို ၾကည့္ျပီး အံ့ၾသေနတာ။

ဟုတ္တယ္ေလ။ အဲ့ဒီတုန္းက မိန္းကေလးေတြ ရင္ညႊန္႕ေလးေပၚေအာင္၀တ္တယ္ဆိုတာ အျပင္မွာ ကြ်န္ေတာ္မွ မေတြ႕ဖူးတာ။

အခုဟာက သူတို႕၀တ္ထားတာေတြက တကယ္ရင္တုန္စရာၾကီးရယ္။

ေနာက္ေတာ့ ေအာင္ေကာင္းက သူၾကိဳက္တာ တစ္ေယာက္ေရြး၀င္သြားတယ္။ ကြ်န္ေတာ္က အျပင္မွာ ငုတ္တုတ္။

ေစာ္ၾကီးေတြက ကေလးဆိုျပီး စဟယ္ေနာက္ဟယ္နဲ႕ ညစ္ညစ္ပတ္ပတ္ေတြေျပာေသးတာ။

ဆယ့္ငါးမိနစ္ေလာက္ၾကာေတာ့ ဒီေကာင္ထြက္လာတယ္။

ျပန္မယ္တဲ့။

ျပန္ေတာ့ ေအာင္ေကာင္းကို ကြ်န္ေတာ္ စပ္စုၾကည့္တယ္။

ဘယ္ေလာက္ေပးရလဲေပါ့။ တစ္ခါသြားရင္ ရွစ္ရာတဲ့။

အိုေက ဟုတ္ျပီေပါ့။

ဒီလိုနဲ႕ ကိုးတန္းေက်ာင္းဖြင့္တယ္။

အခန္းထဲေရာက္ေတာ့ ေယာက္်ားေလးေတြသဘာ၀ စုစည္းမိျပီး ဟိုဟိုဒီဒီေတြ ေလ်ွာက္ေျပာၾကတဲ့အခါ စကား၀ိုင္းထဲမွာ ကြ်န္ေတာ္က ဆရာၾကီးျဖစ္ျပီ။

ဟုတ္တယ္ေလ။ ရြယ္တူခ်င္းထဲမွာ ကြ်န္ေတာ္က ဘိ ကို ေရာက္္ဖူးတယ္။

ဒီေကာင္ေတြက စိတ္၀င္တစားေမးေတာ့ ကိုယ္တိုင္ ၀င္ခဲ့သလိုလို ဘာလိုလို ေရာေတာ့ ၾကိတ္ရတာေပါ့။

ေဘာ္ဒါေတြကေတာ့ ကြ်န္ေတာ့္ကို အားက်ေငးေမာေနၾကတာပဲ..ဟဲဟဲ။

အမွန္က ကိုယ္က ဟိုမွာ အနံ႕ေလာက္ရႈျပီး ျပန္လာတာ။

ေနာက္ သီတင္းကြ်တ္ေက်ာင္းပိတ္ခါနီးက်ေတာ့…ကြ်န္ေတာ့္သူငယ္ခ်င္း တီလံုးဆိုတဲ့ ေကာင္က အေဖာ္စပ္တယ္။

''ေက်ာ္စြာ..မင္းက ေရာက္ဖူးတာပဲကြာ..ငါ့အမ နုိင္ငံျခားက ျပန္လာတာ မုန္႕ဖိုးေပးထားာရွိတယ္..အဲ့ဒီကို ေက်ာင္းပိတ္ရက္က်.မင္းလိုက္ပို႕ပါလားတဲ့''

''ဟာ ငါ့မွ ပိုက္ဆံမရွိဘူး''

''ငါ့မွာ ရွိတယ္..မင္းအတြက္ပါ ငါစိုက္မယ္ေလ''

ေအာင္မယ္..ဒါမ်ိဳးက် ျငင္းမေကာင္းေတာ့ဘူးေလ။ ေဘာ္ဒါခ်င္း အားနာစရာ။

ကဲ သြားမယ္ေပါ့။

ဒီလိုနဲ႕ သီတင္းကြ်တ္ေက်ာင္းပိတ္ရက္က် ဒီေကာင္နဲ႕ ကြ်န္ေတာ္ ဘိ သြားဖို႕ ျပင္ၾကတယ္။

ပထမဆံုး ေအာင္ေကာင္းနဲ႕ သြားခဲ့တဲ ့ေနရာကို ေခၚသြားေတာ့ ကံဆိုးစြာနဲ႕ပဲ အဲ့ဒီ တည္းခိုခန္းက ပိတ္ထားေလရဲ႕။

ဒါေပမယ့္..တည္းခိုခန္းေတြဆိုတာ ဘိေတြပဲလို႕ ကြ်န္ေတာ္ကို ေအာင္ေကာင္းက ေျပာျပထားတယ္ေလ။

နွစ္ေယာက္သား ျမိဳ႕ထဲကေန တည္းခိုခန္းေတြရွိတဲ့ ယာဥ္၀င္းဘက္ကို ပင္ပင္ပန္းပန္း စက္ဘီးနင္းလာလိုက္တယ္။

ယာဥ္၀င္း မေရာက္ခင္မွာပဲ တည္းခိုခန္းတစ္ခု ေတြ႕လိုက္ပါေလေရာလား။

ကြ်န္ေတာ္က ေအာင္ေကာင္းဆီက သင္ထားတဲ့အတိုုင္း အဲ့ဒီေရွ႕မွာ စက္ဘီးရပ္လုိက္တယ္။

တီလံုးက ေတာ့ ေနာက္ကေန ကြ်န္ေတာ့္ကို အထင္ၾကီးအားကိုးတဲ့ ပံုနဲ႕ေပါ့။

အိုေက ေကာင္တာမွာ အန္တီၾကီး တစ္ေယာက္ထိုင္ေနတာ ေတြ႕ျပီ။

ေကာင္တာေရွ႕ မွာ ဧည့္ခန္းပံုစံလုပ္ထားျပီး တီဗြီတစ္လံုးဖြင့္ထားတယ္။ တီဗြီေရွ႕မွာ စက္တီဆိုဖာခံုေတြနဲ႕။

အဲ့ဒီေပၚမွာ ေကာင္မေလးေတြ ထိုင္ေနတယ္။

ေအာင္မယ္..ဒီမွာက်..တမ်ိဳးပါလားေပါ့..ဟိုမွာတုန္းကေတာ့ မန္ေနဂ်ာ ေခၚမွာ ထြက္လာတယ္။ ဒီမွာက် ေပၚတင္ပဲ ထိုင္ေနၾကပါလားလို႕ ကြ်န္ေတာ္ေတြးလိုက္တယ္။

ေနာက္ျပီး ဒါေလးေတြက ဟိုကဟာၾကီးေတြလို ဟိုေပၚ ဒီေပၚ မ၀တ္ထားဘူး။ လံုလံုျခံဳျခံဳပဲ။ ဒါမ်ိဳးကို မွ ကြ်န္ေတာ္ကလည္း ၾကိဳက္တာ။

ေကာင္တာက အန္တီၾကီးဆီ ခပ္တည္တည္ပဲ သြားျပီး ေအာင္ေကာင္းေမးတုန္းကလို ခပ္တိုးတိုးေမးလိုက္တယ္။

''အန္တီ ရွိလား''

''ေအး..ရွိတယ္ကြဲ႕..သားတို႕က ဘယ္နွစ္ေယာက္လဲ''

''နွစ္ေယာက္ အန္တီ''

အိုေကျပီဆိုျပီး ေရွ႕မွာ ေယာင္လည္လည္ရပ္ေနတဲ့ တီလံုးကို ကြ်န္ေတာ္ လက္ျပျပီး လွမ္းေခၚလိုက္တယ္။

ဒီေကာင္က လည္း အထဲ ၀င္လာတယ္။

''နွစ္ေယာက္ခန္း လား၊ တစ္ေယာက္ တစ္ခန္းလား''

အလို..နွစ္ေယာက္လည္း တစ္ျပိဳင္တည္း ၀င္လို႕ရတယ္လား။ ဒါကိုေတာ့ ကြ်န္ေတာ္မသိဘူး။

ဒါေပမယ့္ ဒီေကာင္ တီလံုးနဲ႕ ကြ်န္ေတာ္ တစ္ခန္းထဲဆို ရွက္စရာၾကီးရယ္။ တစ္ေယာက္တစ္ခန္းပဲ ေကာင္းပါတယ္။

''တစ္ေယာက္ တစ္ခန္း ပါ အန္တီ''

တီလံုးက ပိုက္ဆံေတြ ဘာေတြေတာင္ ထုတ္ေနျပီ။

''ကဲ..ဒါဆို မွတ္ပံုတင္ေပး''

''ဗ်ာ''

ကြ်န္ေတာ္ ေၾကာင္သြားတယ္။

ဘယ့္နွယ့္ ဘိသြားရင္ မွတ္ပံုတင္ပါမွ ရတယ္လို႕ တစ္ခါမွလည္း မၾကားဖူးပါဘူးေပါ့။ ေအာင္ေကာင္းနဲ႕ လိုက္သြားတုန္းက ဒီေကာင္ မွတ္ပံုတင္ထုတ္ျပတာလည္း မေတြ႕မိပါဘူး။

အခု ဒီေနရာက်မွ ဘာလို႕ မွတ္ပံုတင္ လာေတာင္းေနပါလိမ့္ဆိုျပီး စဥ္းစားရၾကပ္သြားတယ္။

ကြ်န္ေတာ္တို႕ကို ခ်ာတိတ္ကေလးေတြ ေငြမပါပဲ လာတယ္ထင္လို႕ တမင္အစ္ေနတာလားလို႕ မွတ္လုိက္တယ္။

''သားတို႕မွာ မွတ္ပံုတင္ မပါဘူး..အန္တီ..ဒါေပမယ့္ ပိုက္ဆံေတာ့ပါတယ္''

''ဟင္..မပါလို႕ မရဘူးေလ''

အန္တီၾကီးနဲ႕ စကားသာေျပာေနရတာ ကြ်န္ေတာ့္ မ်က္စိ က တီဗြီေရွ႕ထိုင္ေနတဲ့ အစ္မၾကီးေတြထဲက အလန္းဆံုးကို ၾကိတ္ေရြးေနျပီ။

''မွတ္ပံုတင္ မပါပဲ..မရဘူး..လို႕..ေျပာေနတယ္ေလ''

''ဟာ..အန္တီကလည္း ကြ်န္ေတာ္တို႕ က အသက္ ဆယ့္ေျခာက္နွစ္ေတာင္ မျပည့္ေသးဘူး..ဘယ္လိုလုပ္ မွတ္ပံုတင္က ရွိမွာလဲ…ထားလိုက္ပါအန္တီရာ..ပိုက္ဆံပိုေပးပါ့မယ္..ကြ်န္ေတာ္ ဟိုအျဖဴေလးနဲ႕ ၀င္မယ္''

''ဟမ္..ဘာ''

ကြ်န္ေတာ့္ စကားဆံုးေတာ့ အဘြားၾကီး မ်က္လံုးေတြ ျပဴးသြားျပီး အသံအက်ယ္ၾကီးထြက္လာပါတယ္။

ကြ်န္ေတာ္တို႕ကို ကေလးဆိုျပီး အထင္ေသးတဲ့ အဘြားၾကီးကို ကြ်န္ေတာ္လည္း တီလံုးလက္ထဲက ငါးရာတန္ ေလးရြက္ကို ယူျပီး ေကာင္တာေပၚတင္ေပးလိုက္တယ္။

''ကြ်န္ေတာ္..အျဖဴေလးနဲ႔..၀င္မယ္''

''ေအာင္မေလး..လူေလးေတြက လက္ေတာက္ေလာက္နဲ႕..လာၾကပါဦးဟဲ့…..ရတနာတို႕ နင္တို႕ အခုခ်က္ခ်င္း အထဲ၀င္စမ္း…အဲ့ဒါ..ငါ့သမီးနဲ႕ သူ႕သူငယ္ခ်င္းေတြဟဲ့..ေအာင္မေလး…ေသနာေလးေတြ…ဒီမွာ ငါတိို႕ကို ဖာတန္းထင္ေနတယ္..အခု ရဲေခၚမယ္..ရဲေခၚမယ္''

သြားျပီ။

ကြ်န္ေတာ္ ေနာက္လွည့္ၾကည့္ေတာ့။

ေမာင္တီလံုးက စက္ဘီးေပၚေတာင္ တက္ခြျပီးေနျပီ။

ကြ်န္ေတာ္လည္း ေကာင္တာေပၚတင္ထားတဲ့ ငါးရာတန္ေလးရြက္ကို ျပန္ယူျပီး အျပင္ကိုေျပးထြက္ စက္ဘီးကို ေသာ့ဖြင့္ျပီးတာနဲ႕ သုတ္ေျခတင္ရတာေပါ့။

တီလံုးကေတာ့ ေရွ႕ကေန မႈန္ေနေအာင္ လစ္ျပီ။

အဲ့ဒါ ကြ်န္ေတာ့္ရဲ႕ ဘိ ပထမအေတြ႕အၾကံဳပါပဲ။

ေနာက္မွ သိတာက အဲ့ဒီ တည္းခိုခန္းက ဘိ မဟုတ္ပါဘူး။ အမွန္အကန္တည္းခိုခန္းပါ။

အဲ့ဒီေန႕က ေတြ႕တဲ့ ေကာင္မေလးေတြကလည္း တည္းခိုခန္းပိုင္ရွင္ရဲ႕ သမီး တကၠသိုလ္ေက်ာင္းသူနဲ႕ သူ႕သူငယ္ခ်င္းေတြ တီဗြီထိုင္ၾကည့္ေနတာပါတဲ့။

ကံေကာင္းလို႕ဗ်ိဳး။

နို႕မဟုတ္..ဖမ္းထားျပီး ရဲလက္အပ္လို႕ကေတာ့…အသက္ (၁၄)နွစ္ေလာက္နဲ႕ ေဂါင္းဘြဲ႕အတပ္ခံရမွာအေသအခ်ာပဲ။

ဟိုေကာင္တီလံုး လည္း အခု ပဲခူးမွာ သူ႕အိမ္ေထာင္နဲ႕သူ ေအးေအးခ်မ္းခ်မ္းပါပဲ။

.သူငယ္ခ်င္းေရ..ငယ္က်ိဳးငယ္နာ ေဖာ္တယ္မမွတ္ပါနဲ႕။

ငယ္ဘ၀အမွတ္တရေလးေတြ ေပ်ာ္စရာေလးေတြမို႕ပါကြာ။



ျဗိတိသ်ွကိုကိုေမာင္













Comments

Post a Comment