TGOR (အခန်း 1,2)

The Guys of Yangon,1930
……………………
      အခန်း(၁)
            ………..
၁၉၂၇ ၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့။ နံနက် ၁၀ နာရီ။

လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက လမ်းမတော်(၁၄)လမ်းဈေးသည် ယခုလို မဟုတ်။ 

လူလူသူသူများနှင့် ရှုပ်ထွေးဆူညံနေသေးသည်။

အခုတော့ ရုတ်တရက်ကြီး ငြိမ်သက်သွား၏။
အချို့ လမ်းဘေးဈေးဆိုင်များကလည်း အလျင်အမြန်နေရာရွေ့သွားကြသလို၊ ဆိုင်ခန်းအချို့ကလည်း ဆိုင်တံခါးများကို စေ့ထားလိုက်ကြသည်။

''ပုဏ္ဍားတပည့် မရမ်းသီး နဲ့ ဘစိုး အဆော်ခံလိုက်ရတာ၊ မရမ်းသီးကတော့ မှောက်သွားပြီ၊ ဘစိုးက အပြေးမြန်လို့''

''ဒုက္ခပါပဲ..ဘယ်သူ လုပ်လိုက်တာတုန်း''

''ဘဲဥဆိုင်က မချစ်ပု သားလေ''

''ဘသိန်း လား''

''မဟုတ်ဘူး….အကြီးကောင်လေ..ဘတ်စ်ကားစပယ်ရာလိုက်တဲ့ကောင်လေး.ဖိုးတုတ်..ဖိုးတုတ်''

''ဟယ်..ဒီကောင်လေးကလည်း နောက်ပိုင်း ဇ ကလေးဆိုးဆိုးနဲ့.. ပြသနာတွေတော့ များကုန်တော့မယ်..ဒုက္ခပါပဲ''

ဈေးထဲမှ တီးတိုးအသံများနှင့်အတူ အားလုံး ၏မျက်လုံးများက ဖိုးတုတ်ထံသို့။

ကတုံးဆံတောက်ဆံပင်၊ ပိန်ပိန်ပါးပါး၊ အရပ်မြင့်မြင့်ဖြင့် ထိုလူငယ်သည် သူ့ထံ သို့ အာရုံရောက်နေသော မျက်လုံးများနှင့် တီးတိုးစကားများကို စိတ်မဝင်စား။

လမ်းပေါ်တွင် ပြန့်ကျဲနေသော ကြက်ဥများထဲမှ မကွဲသေးသော အလုံးများကို လိုက်ကောက်ကာ သေချာစီထည့်နေသည်။

သွေးအိုင်ထဲတွင် မှောက်ခုံလဲနေသော မရမ်းသီး ကို ကျော်ခွကာ ကြက်ဥဗန်းကို ယူလျက် ပုဆိုးဖြင့် သုတ်ကာ ဆိုင်အတွင်းသို့ ပြန်ဝင်သွားသည်။

လွန်ခဲ့သော မိနစ်ပိုင်းက လူတစ်ယောက်အား သံပိုက်ဖြင့် သတိလစ်အောင်ရိုက်ခဲ့သူမှ ဟုတ်ပါလေစ ဟု ထင်ရလောက် အောင် သူက တည်ငြိမ်လွန်းနေသည်။
ခဏအကြာတွင် လူငယ်တစ်ယောက် ဆိုင်ရှေ့သို့ ရောက်လာသည်။

''ကိုကြီး ဖိုးတုတ်…ဦးလေးဘိုးသင် က သူ့အိမ်ကို အခုချက်ချင်း လာခဲ့ပါတဲ့''
''အမေရော..ပြန်လာပြီလား..ဒီဆိုင် ဘယ်သူ စောင့်မှာလဲ..မင်းစောင့်မှာလား..ဘသိန်း''
''ကိုကြီးဖိုးတုတ် သတင်းကို အမေလည်း ကြားပြီးလို့ ဦးလေးဘိုးသင်ဆီ ရောက်နေပြီ..အဲ့ဒါ ဆိုင်ကို ပိတ်ပြီး ခုချက်ချင်း လိုက်လာခဲ့ပါတဲ့''

ဖိုးတုတ်က ခေါင်းငြိမ့်ပြလိုက်သည်။ ဆိုင်တံခါးကို ပိတ်၊ သော့ခတ်ပြီး.နောက် ညီဖြစ်သူ ၏ စက်ဘီးနောက်သို့ ခွတက်လိုက်သည်။
………………………………...................
ဦးဘိုးသင် သည်  ဘတ်စ်ကားပိုင်ရှင် မြန်မာလူမျိုးသူဌေးများထဲမှ တစ်ဦးဖြစ်သည်။
ဖိုးတုတ်၏ ဦးလေးတော်စပ်သည်။

သိမ်ကြီးဈေး၊ ရွှေတိဂုံဘုရား၊ ငါးထပ်ကြီး ယာဉ်လိုင်းကို ပြေးဆွဲသည့် ခြင်္သေ့တံဆိပ်ဘတ်စ်ကား (၅)စီးကို ပိုင်ဆိုင်သည်။
ဖိုးတုတ် သည် ယခင်က ဦးဘိုးသင် ၏ ခြင်္သေ့ဘတ်စ်ကားလိုင်းတွင် စပယ်ယာလိုက်ရင်း ကားမောင်းသင်သည်။

စပယ်ရာ သက်တမ်းသုံးနှစ်လောက်အတွင်းမှာပင် ဘတ်စ်ကားလောကတွင် ဖိုးတုတ်ကို မသိသူ မရှိဖြစ်ခဲ့၏။
လူက ငယ်သလို လက်ကယဉ်လွန်းသဖြင့် ထိုသုံးနှစ်အတွင်းမှာပင် လူရိုက်မှု (၆)မှု ဖြစ်ခဲ့သဖြင့် ဦးလေး ဦးဘိုးသင်မှ အကြိမ်ကြိမ်လိုက်ရှင်းခဲ့ရသည်။

ခြသေ့င်္တံဆိပ်လိုင်းဂိတ်စ ရာ နယ်မြေအပိုင်ဖြစ်သော ဗဟန်းရဲစခန်းအချုပ်သည် ဖိုးတုတ် အတွင် ဒုတိယအိမ်ဖြစ်နေခဲ့သည်။

နောက်ဆုံးတော့ ထိလွယ်ရှလွယ်သော စပယ်ယာလိုက်ခြင်းအလုပ်မှ ဖိုးတုတ်ကို နားခိုင်းလိုက်သည်။

မိခင်ဖြစ်သူ ဒေါ်ချစ်ပု နှင့် သားငယ် ဘသိန်း တို့က (၁၄)လမ်းဈေးတွင် ဈေးရောင်းသော်လည်း ဖိုးတုတ်ကမူ ဈေးရောင်းသည်ကို ဝါသနာမပါ။

ထို့ကြောင့် လမ်းမတော်ဖိုးတုတ်သည် လမ်းမတော်တဝိုက်ရှိ ဂျင်ဝိုင်းများ၊ ကြက်ဝိုင်းများတွင် ကြင်လည်သည်။
ပုဏ္ဍားဘထွန်း တည်းဟူသော လမ်းမတော်အပိုင် လူမိုက်ကြီး ၏ နယ်မြေတွင် လက်ရဲဇတ်ရဲ လူမိုက်ပေါက်စ တစ်ယောက်အဖြစ် ဖိုးတုတ် နာမည်ထွက်လာသည်။

ဒီနေ့တော့ ဖိုးတုတ် ပြသနာအကြီးကြီး ရှာခဲ့ပြီ။

''လာ..မောင်တုတ်..လာ''

''အမေ က ဘာလို့ ဆိုင်ကို မလာပဲ…ဦးလေးဆီ ရောက်နေတာလဲ..ကဲ..ဦးလေး ကျွန်တော့်ကို ခေါ်ခိုင်းတယ်ဆို''

''အေးလေ..ဒီမှာ မင်းအမေ က မင်းသတင်းကြားပြီး ငါ့ဆီ ရောက်လာလို့ကွာ..ဘယ်လိုဖြစ်တာလဲကွာ..မင်းလုပ်လိုက်တဲ့ကောင်တွေက ပုဏ္ဍားဘထွန်း လူတွေဆို''

''ဟုတ်တယ်..ဦးလေး...စောစောစီးစီး ကျွန်တော့်တို့ ဆိုင်ရှေ့လာပြီး မိုက်ကြေးခွဲနေတာနဲ့..ထလုပ်ထည့်လိုက်တာပဲ'' 

''မင်းကွယ်..ဒီလူတွေအကြောင်းလည်း သိရဲ့သားနဲ့….''

ဒေါ်ချစ်ပု စကားကြောင့် ဖိုးတုတ် သက်ပြင်းချသည်။

''ကဲ..ချစ်ပု..ညည်းလည်း စိတ်ချလက်ချအိမ်ပြန်တော့..ဒီည ဖိုးတုတ်ကို ငါ့အိမ်မှာ သိပ်လိုက်မယ်..ဒီပြသနာကို ငါရှင်းပေးမယ်..နင်ဘာမှ ပူမနေနဲ့..မနက်ဖြန်လည်း ဆိုင်ခဏနားဦး''

''ဟုတ်ကဲ့ပါ…အကိုရယ်..ကျွန်မမှာလည်း စိတ်ညစ်ပါတယ်..သားကြီးမို့လို့ အားကိုးရမလားမှတ်တယ်..ဒီနေ့ ဆိုင်လေးတစ်ခါလောက် စောင့်ခိုင်း..ဒီနေ့ ဒီလိုပြသနာဖြစ်တယ်…ပုဏ္ဍားလူတွေက ပြသနာရှာလာရင် နောက်နေ့ ဘယ်လို ဈေးရောင်းရမှာလဲ''

ခေါင်းငုံ့ထားသော ဖိုးတုတ်က သူ့အမေ စကားကြောင့် ဆတ်ခနဲ ခေါင်းမော့လာသည်။

''အမေက..ဒီကောင်တွေကို ဘာကြောက်နေတာလဲ..ကျွန်တော် ရှိတယ်..အမေ..မနက်ဖြန် ဈေးဆက်ရောင်း..အမေ့ကို ဘယ်ကောင်လာလုပ်ရဲမလဲ…ကျွန်တော်ကြည့်မယ်''

''ဖိုးတုတ် နင်ဟာလေ..တကယ့် ဗြမ္မာဦးခေါင်းပဲ..ငါ..တယ်''

''ကဲ…ချစ်ပု..နင်ပြန်တော့ဆို..ဘသိန်း မင်းအမေကို ခေါ်သွားတော့..(၁၄)လမ်းဘက်တော့ ခြေဦးမလှည့်နဲ့ဦးနော်..ငါဒီမှာ ဖိုးတုတ်ကို ဆုံးမစရာရှိတာ ဆုံးမထားမယ်..နင်တို့သွားကြတော့''

ဘသိန်းက သူ့အမေကို အတင်းဆွဲပြီး စက်ဘီးပေါ်တင်ကာ နင်းထွက်သွားသည်။
ဦးဘိုးသင် က ဖိုးတုတ် ၏ ပုခုံးကို လက်ဖြင့် ပုတ်လိုက်သည်။

''မင်း..စိတ်လှုပ်ရှားနေတာတွေ ငြိမ်သွားအောင်..ဝီစကီသောက်မလား..ဖိုးတုတ်''

ဖိုးတုတ်က ခေါင်းငြိမ့်ပြလိုက်သည်။

''ကဲလာ…ဒါဆို ထမင်းစားခန်းထဲ လိုက်ခဲ..မင်းသတင်းကြားကတည်းက ငါ အထဲမှာ ဝိုင်းပြင်ထားတယ်''

ထမင်းစားခန်းထဲ ဝင်သွားသည်နှင့် စကော့ဝီစကီတစ်လုံးနှင့် ဖန်ခွက်များက အဆင်သင့်။
ငါးရံခြောက်ဖုတ် နှင့် ဟင်းချိုတစ်ခွက်လည်း ရှိနေသည်။
ဦးဘိုးသင် နှင့် ဖိုးတုတ်တို့ စားပွဲတွင် ဝင်ထိုင်လိုက်ကြသည်။ ဦးဘိုးသင်က ဝီစကီပုလင်းအဖုံးကို ကျင်လည်စွာ ဖွင့်ပြီး ဖန်ခွက်နှစ်ခွက်ထဲသို့ အရက်ငှဲ့ထည့်လိုက်သည်။

''ဒါနဲ့ ကျွန်တော်စိတ်လှုပ်ရှားနေတယ်ဆိုတာကို ဘယ်လိုလုပ်သိတာလဲ..ဦးလေး''

''သိတာပေါ့ကွာ..မင်းချာတိတ်ဘ၀ ရိုက်ပွဲတွေ အားလုံး ငါလိုက်ဖြေရှင်းခဲ့ရတာပဲ..မင်း ဒီလောက် သွေးအေးတဲ့ ပုံစံ ဖမ်းနေတာဆိုရင်တော့ မင်း တကယ် စိတ်လှုပ်ရှားနေတယ်ဆိုတာ ငါခန့်မှန်းမိပါတယ်…အေးလေ..ဒီတစ်ခါ မင်းလုပ်ခဲ့တဲ့ ကောင်တွေက..အရင်ကောင်တွေနဲ့မှ မတူဘဲ''

ဖိုးတုတ်က ဝီစကီခွက်ထဲသို့ ရေခဲတစ်တုံး ကို ညှပ်ဖြင့် ခပ်ထည့်လိုက်သည်။
ဦးဘိုးသင် ကမ်းပေးသော ရေခရားထဲမှ ရေကို ငှဲ့ကာ စပ်လိုက်ပြီး တစ်ဘရိတ်တည်း မော့ချပစ်လိုက်သည်။

''ဟုတ်တယ်..ဦးလေး…ကျွန်တော်ဒီတစ်ခါတော့ တကယ် စိတ်လှုပ်ရှားတယ်။ သူတို့ ဆိုင်ရှေ့လာပြီး ပေစောင်းစောင်းလုပ်နေကတည်းက ပုဏ္ဍားဘထွန်း လူတွေမှန်းသိတယ်။ ကျွန်တော် သည်းညည်းခံဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့်..ဦးလေးရာ..ကျွန်တော့်အမေ မုဆိုးမကြီး တပင်တပန်းဈေးရောင်းတဲ့ထဲက ငွေကို အစိုးရကို အခွန်ပေးရတာထားပါတော့..ဒီကောင်တွေကို ဘာလို့ ပေးရမှာလဲဗျ..ကြက်ဝိုင်းတွေ၊ ဘိန်းခန်းတွေ၊ ဖာတန်းတွေ မို့ ပေးရတယ်ဆို ထားပါတော့..အခုဟာကဗျာ….အဲ့ဒါကို ကျွန်တော် မခံချင်တာနဲ့''

''ဟုတ်ပြီ..ဖိုးတုတ်..ဟုတ်ပြီ..မင်းစိတ်ကို ငါသိတယ်…ဒါပေမယ့် မင်းလည်း သိသားပဲကွာ..ရန်ကုန်မြို့မှာ ဒီကောင်တွေနဲ့ ဘယ်လိုကင်းအောင်နေမလဲ..မင်း စပယ်ရာလိုက်နေတဲ့ကာလတုန်းကလည်း ငါ့ဘတ်စ်တွေ ဘေးကင်းဖို့ မန်မဆာ့လူတွေကို ဆက်ကြေးပေးခဲ့ရတာပဲကွ''

''ကျွန်တော် သိတယ်..ဦးလေး..အဲ့ဒီတုန်းကလည်း ဦးလေးက မန်မဆာကို အရမ်းကြောက်ပြီး ကျွန်တော်တို့ကို တားထားလို့သာ..ကျွန်တော်တို့''

''ခဏနေဦး..ဖိုးတုတ်..ခဏနေဦး..မင်း ပြောတာက ဘာ..ငါက မန်မဆာကို ကြောက်တယ် ဟုတ်လား..ဒီမှာ..မင်းလည်း ပဲခူး ကမာစဲသား၊ ငါလည်း ပဲခူး ကမာစဲသားကွ ။ ကမာစဲသားတွေ ဘယ်တော့မှ သွေးမကြောင်ဘူး။ အေး..မန်မဆာ ကို မထိဖို့ အဲ့ဒီတုန်းက မင်းတို့ကို ငါဘာလို့ တားလဲသိလား။ ငါတို့က မနေ့တစ်နေ့ကမှ ရန်ကုန်မြို့ကို တက်လာတဲ့ တောသားတွေကွ။ ဒီကုလားတွေ က ရန်ကုန်ကို သူတို့ အင်ပါယာ တည်ဆောက်ထားတာ ကြာလှပြီ။ မန်မဆာ နဲ့ ငြိလို့ ငါ တို့ နိုင်ချင်နိုင်မယ်။ မန်မဆာ ဘက်ကနေ မက်စတီးခန်း ပါလာပြီဆိုရင်တော့ ငါတို့တွေအတွက် ဒီရန်ကုန်က သင်္ချိုင်းဖြစ်သွားလိမ့်မယ်.. ''

''ဟုတ်ပြီ..ဦးလေးရဲ့..အဲ့ဒါနဲ့ပဲ ကျွန်တော်တို့ က သူတို့ကို တသက်လုံး ကြောက်နေရတော့မှာလား..သူတို့ တောင်းသမျှပေးရတော့မှာလား..ဟော့ဒီ လမ်းမတော်သံဈေးတစ်ကြောမှာလည်း ကျွန်တော့်လူတွေ ရှိနေပါပြီ''

''ဟုတ်တယ်..ဖိုးတုတ်..ဟုတ်တယ်..ငါပြောချင်တာ..အဲ့ဒါ..ငါတို့ ဒီကောင်တွေကို တသက်လုံး ကြောက်နေဖို့ မလိုဘူး..အခုဆို မင်းမှာလည်း နောက်လိုက်နောက်ပါနည်းနည်းရှိနေပြီ။ ငါ့ဆီမှာလည်း ဘတ်စ်ကားလိုင်းက နည်းနည်းဇရှိတဲ့ ချာတိတ်တွေ မွေးထားတယ်။ ဒါပေမယ့် ငါတို့ အင်အားက သူတို့နဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးဘူး''

''အဲ့ဒီတော့..ကျွန်တော်က ဘာလုပ်ရမှာလဲ..ဦးလေး''

''ငါတို့ ဉာဏ်သုံးရမယ်…ပရိယာယ်သုံးရမယ်..ဖိုးတုတ်''
''ဘယ်လို ဉာဏ်သုံးရမှာလဲ''

''အေး..မိုက်တယ်ဆိုတာ ဉာဏ်နဲ့ ယှဉ်ပြီးမိုက်တာ ဘေးအကင်းဆုံးပဲ..ငါ့တူရ.. ငါက လူမိုက်ဗိုလ် လုပ်ချင်တဲ့ သူတော့မဟုတ်ပါဘူး..ဒါပေမယ့် ငါ့ဆီမှာ လူမိုက်ဗိုလ်ဖြစ်လာနိုင်မယ့် မင်းအတွက် အကြံကောင်းတွေရှိတယ်..အဲ့ဒါတွေ မင်းကို ပေးမယ်…ဒီအကြံအကောင်ထည်ဖော်ပြီးရင်တော့ ပုဏ္ဍားဘထွန်းရဲ့ လမ်းမတော်ကနေ ဖိုးတုတ်ရဲ့ လမ်းမတော် ဖြစ်သွားပြီးပေါ့ကွာ''

''ကျွန်တော် ဘာလုပ်ရမလဲ''

''မင်း မာမွတ် ကို တက်ဖြုတ်ရမယ်''

"ဗျာ..ဘယ်သူ"

''ဟုတ်တယ်..ဘားလမ်းမာမွတ် ကို ပြောတာ…မာမွတ် က မတ်စတီးခန်းရဲ အားအကိုးရဆုံး လူမိုက်ပဲ။ မတ်စတီးခန်း လူမိုက်ဗိုလ်မခံခင်ကတည်းက မာမွတ်က လူမိုက်ပဲ။ မတ်စတီးခန်း က ငွေအားကောင်းကောင်းနဲ့ သိမ်းသွင်းခဲ့တာ။ မတ်စတီးခန်းဆိုတဲ့ကောင်က  စီးပွားရေးသမား၊ ပိုက်ဆံသာရှိတာ ကိုယ်တိုင်မမိုက်ရဲဘူးကွ။ ဒါကြောင့် သူအားအကိုးဆုံး မာမွတ်ကို မင်းဖြုတ်ရမယ်''

''ကျွန်တော်နဲ့ ဖြစ်တာ ပုဏ္ဍားဘထွန်းလေဗျာ..ဘာကိစ္စ..မာမွတ်ကို သွားလုပ်ရမှာလဲ''

''ဒီမှာ ဖိုးတုတ်… မတ်စတီးခန်းနဲ့ ပုဏ္ဍားဘထွန်း အခြေအနေက အခုအချိန်မှာ မသိမသာအားပြိုင်နေကြတာ။ ဒါပေမယ့် ဘယ်လို ပြိုင်ပြိုင် မတ်စတီးခန်းက နိုင်ငံရေးပါဝါရော၊ ငွေအားရော၊ လူမိုက်အားပါ ပုဏ္ဍားထက် အများကြီးသာတယ်။ ပုဏ္ဍားတို့ ဟိန္ဒူအုပ်စု ဟာ မတ်စတီးခန်းတို့ မွတ်ဆလင်အုပ်စုကို ဖြုတ်ပြီး ရန်ကုန်ကို စိုးမိုးမယ်လို့ မတ်စတီးခန်းက သံသယဝင်နေတယ်။ အဲ့ဒါ ငါသိထားတဲ့ သတင်းပဲ''

''ဟုတ်ပြီ..ဦးလေး..ကျွန်တော်သဘောပေါက်ပြီ…ကျွန်တော်က မတ်စတီးခန်းလူ မာမွတ်ကို ဝင်ဖြုတ်မယ်။ လမ်းမတော်ဘက်ကဆိုတော့ ပုဏ္ဍားလူလို့ မက်စတီးခမ်းက ထင်မှာပဲ။ အဲ့ဒီအခါ မက်စတီးခမ်းနဲ့ ပုဏ္ဍား ငြိကြမယ်…အဲ့ဒီလိုလား''

''အင်း..ငြိချင်လည်း ငြိမယ်..မငြိချင်လည်း မငြိဘူးပေါ့ကွာ..ဒါပေမယ့်..သေချာတာတော့ လောလောဆယ်..မာမွတ် ထိထားရင် ပုဏ္ဍားလည်း သူလုပ်တာမဟုတ်ကြောင်း ဖြေရှင်းနေရတာနဲ့တင် မင်းဘက်ကို လှည့်လာဖို့ သတိရမှာမဟုတ်ဘူး။ အဲ့ဒီအချိန်မှာ မင်း က ဆက်လုပ်စရာရှိတာတွေ ဆက်လုပ်နေလို့ ရတယ်။ အရေးကြီးတာက မာမွတ်ကို မင်းလုပ်တာမှန်း လောလောဆယ် ဘယ်သူမှ မသိစေဖို့ပဲကွ''

ဖိုးတုတ်က ပြုံးလိုက်သည်။

''သိသွားတော့လည်း ဘာအရေးလဲ..ဦးလေးရာ''
ဖိုးတုတ် က လေးခွက်မြောက်ဖြစ်သော ဝီစကီကို မော့ချလိုက်သည်။
.........

 အခန်း(၂)
 ………………..

လှပခန့်ညားလှသော မြင်းနှစ်ကောင်ဆွဲ ဒေါက်ကပ်ရထားကြီးက ပန်းဆိုးတန်းလမ်းတွင်းသို့ ကြွကြွရွရွ ဝင်ရောက်လာသည်။

မြင်းရထားကို မောင်းသောသူမှာ အိန္ဒိယမှ မဟာရာဂျာစော်ဘွားကြီးတစ်ယောက်နီးပါး ခမ်းနားစွာ ဝတ်ဆင်ထား၏။
ရထားမောင်းသမားပင် ထိုမျှ ခမ်းနားစွာ ဝတ်ဆင်လာလျှင် ရထားပေါ်တွင် ပါလာသူသည် မည်မျှ ခမ်းနားလိုက်မည်နည်းဟု လူတိုင်းက တွေးနေကြသည်။

ပန်းဆိုးတန်း၊ ဒေါက်တာချန်ဒရာဆင်း ၏ ဆေးခန်းရှေ့အရောက်တွင် မြင်းရထားက ရပ်သွား၏။

ရှေးဦးစွာ ရထားပေါ်မှ ပန်ချာပီခေါင်းပေါင်းဝတ်ထားပြီး နှုတ်ခမ်းမွှေးကော့ကော့ကြီးများနှင့် လူကြီးနှစ်ယောက် ဆင်းလာသည်။

ထို့နောက်တွင်မှ ရွှေအစစ်တို့ကွပ်ထားသော သက္ကလပ်ဦးထုတ် နှင့် ဥရောပဝတ်စုံကို ဝတ်ထားသော သူတစ်ဦး ဆင်းလာလေသည်။

သူကား ရန်ကုန်မြို့ ဒုစရိုက်လောက၏ ဘုရင် မတ်စတီးခန်း။

မတ်စတီးခန်းသည် စတီးဘရားသားကုမ္ပဏီနှင့် ဖက်စပ်အဝယ်တော်အဖြစ် လုပ်ကိုင်ရာမှ ချမ်းသာလာသူဖြစ်သည်။
စပါးသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွင် အဓိကကျသည့် လိုင်စင်များကို နည်းမျိုးစုံဖြင့် ရယူထားနိုင်ခဲ့သည်။

ဘုံဘေမှ အိန္ဒိယလူမိုက်ဂိုဏ်းများနှင့် ဆက်သွယ်ပြီး အိန္ဒိယမှ မြန်မာပြည်အတွင်းသို့ အလုပ်သမားများ ပို့ဆောင်ပေးသည့်ဈေးကွက်ကို လုပ်ကိုင်လာခဲ့သည်။
မြန်မာပြည်၏ အိန္ဒိယအလုပ်သမားဈေးကွက်ကို ချယ်လှယ်နိုင်ခဲ့သူဖြစ်သည်။

ကမာရွတ်တွင် သူ့ပိုင် မတ်စတီးဈေးကြီးကို ထူထောင်သည်။ ကြည့်မြင့်တိုင် စူရတီဘဇားဈေးကြီးတွင် အစုရှယ်ယာများပိုင်ဆိုင်သည်။

မတ်စတီးခန်းသည် သူ၏ စီးပွားရေးအင်ပါယာကို ရန်ကုန်မြို့တွင်း ချဲ့ထွင်လာရမှ သူ့စီးပွားရေးများကို ကာကွယ်ရန် လူမိုက်များကို ငွေအားဖြင့် လက်သပ်မွေးလာရသည်။

လူမိုက်လောကသာမက အစိုးရအသိုင်းအဝိုင်းနှင့်ပါရင်းနှီးပြီး အထူးသဖြင့် ပုလိပ်မင်းကြီး မစ္စတာရှပ်တဲဝပ် နှင့် ရင်းနှီးမှုရှိသဖြင့် လူမိုက်လောက သည် သူ့အား ပြန်လည်မှီခိုလာရသည်။

မက်စတီးခန်း လူမိုက်လောကသို့ မဝင်ခင်က မကျီးသီးဂိုဏ်းခေါ် (Meshidi Gang) ကုလားလူမိုက်ဂိုဏ်းမှာ ရန်ကုန် အရှေ့ပိုင်းတစ်ခွင် ဘုန်းတန်ခိုးထွန်းတောက်ခဲ့သည်။
မကြာမီ သော်မဆင်လမ်းမှ ရထားလုံးသူဌေး မန်မဆာ၏ (Manmasa Gang)မန်မဆာဂိုဏ်းလည်း အရှေ့ပိုင်းတွင် အင်အားကြီးလာပြီး ရန်ကုန်မြို့တွင် မကျီးသီးဂိုဏ်း နှင့် မန်မဆာဂိုဏ်တို့၏ စစ်ပွဲကြီး ပေါ်ပေါက်ခဲ့သည်။

ထိုစစ်ပွဲတွင် မတ်စတီးခန်းက သူနှင့် ဘာသာတူ မန်မဆာဂိုဏ်းဘက်မှ ပါဝင်ကူညီသည်။ ငွေအား လူအားတင်မက ပုလိပ်အဖွဲ့ကိုပါ ခါးပိုက်ဆောင်ထားသော မက်စတီးခန်း၏ အခန်းကဏ္ဍက မန်မဆာဂိုဏ်းအတွက် အလွန်အရေးပါခဲ့သည်။

ရန်ကုန်မြို့အရှေ့ပိုင်းတွင် သွေချောင်းစီးခဲ့သော ဂိုဏ်းနှစ်ဂိုဏ်း၏ တိုက်ပွဲများအပြီးတွင် ဟိန္ဒူဂိုဏ်းဖြစ်သော မကျီးသီးဂိုဏ်းအရေးနိမ့်ကာ ပျောက်ကွယ်သွားခဲ့ရသည်။
ထိုအချိန်မှစပြီး မတ်စတီးခန်းသည်  ရန်ကုန်မြို့၏ သြဇာအကြီးမားဆုံး လူမိုက်ခေါင်းဆောင် သူဌေးကြီး  ဖြစ်လာခဲ့လေသည်။

အင်္ဂလိပ်တို့၏ စစ်ကဲဖြစ်ခဲ့ဖူးပြီး အင်္ဂလိပ်တို့ကိုယ်တိုင် မှည့်ခေါ်ခဲ့သည့် စတင်းမောင်ထော်လေးလမ်းသည်ပင် မတ်စတီးခန်း နေထိုင်ရာလမ်းဖြစ်သဖြင့် မတ်စတီးလမ်း ဟု ခေါ်ရသည် အထိ အရှိန်အဝါတောက်ပလှသည်။
ရွှေအစစ်များချထားသည့် ဦးထုတ်ကို ဆောင်းလျက် ခမ်းနားစွာဝတ်ဆင်လာသော ဂိုဏ်းစတားသူဌေးကြီး မက်စတီးခန်းသည် ဒေါက်တာချန်ဒရာဆင်း ဆေးခန်းအတွင်းသို့ ဝင်လာသည်။

ဆေးခန်းအတွင်းတွင် သူ၏ အားအကိုးရဆုံး လက်ရုံးတပည့်ဖြစ်သူ မာမွတ် ရှိနေသည်။
ယနေ့မနက် ဝေလီဝေလင်းအချိန်တွင် မယားငယ်အိမ်မှ ထပြန်လာသော လူမိုက်မာမွတ် ကို ဒါလဟိုဇီလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် လူငယ်နှစ်ဦးမှ သံခေါင်းမူလီတပ် တုတ်များဖြင့် ဝိုင်းရိုက်ကြသည်။
ပန်းဆိုးတန်းနှင့် မဂိုလမ်းကြားနယ်မြေတစ်လျှောက် အပိုင်စားတော်မူပြီး လူမိုက်အချင်းချင်းပင် ကြောက်ရွံရသော မာမွတ် မှာ သွေးသံတရဲရဲဖြင့် မြောင်းထဲတွင် ကျန်ရစ်ခဲ့ရသည်။

မနက်ခင်း အစောထွက်လာသော ဓာတ်ရထားမှ ဆင်းလာသူအချို့တွေ့သဖြင့်သာ မာမွတ်သွေးထွက်လွန် မသေခြင်းပင်။
ထိုကိစ္စကို ဆေးရုံသို့ ပို့မည်ဆိုသော်လည်း မတ်စတီးခန်းအမိန့်ကြောင့် ဒေါက်တာချန်ဒရာဆင်း ဆေးခန်းတွင်သာ တင်ထားခဲ့ရသည်။

ပုလိပ်ဘက်မှလည်း မက်စတီးခန်းလူ ကိစ္စဖြစ်နေသဖြင့် စကားတစ်ခွန်းမဟရဲ။

ဒေါက်တာချန်ဒရာဆင်း၏ ဆေးခန်းတစ်ခုလုံးကို မာမွတ်၏ လူတွေက လုံခြုံရေးအပြည့်ယူထားကြသည်။

မာမွတ်က ကုတင်ပေါ်တွင် လှဲလျောင်းလျက်။
ခေါင်းတွင်လည်း ပတ်တီးအဖွေးသား။ ညာဘက်မျက်လုံးက ပိတ်နေသည်။
အပေါ်နှုတ်ခမ်းက ဖူးယောင်းနေ၏။ 
မတ်စတီးခန်း ဝင်လာသည့်အခါ မာမွတ်၏ ဇနီးနှင့် သား တို့ အပြင်သို့ ထွက်ပေးကြသည်။
မတ်စတီးခန်းက မာမွတ်၏ ကုတင်ဘေးမှ ခုံလွတ်တွင် ဝင်ထိုင်လိုက်သည်။
မာမွတ်က လှဲနေရမှာ ထပြီး ဆလံပေးရန် ကြိုးစား၏။

''ဆလံမာလေကွန်း..မာမွတ်..အိုး...တော်တော်ဆိုးဆိုးရွားရွားဖြစ်သွားတာပဲ''

မာမွတ်က ခေါင်းငြိမ့်ပြလိုက်သည်။

''မင်းကို…ဘယ်သူလုပ်သွားတာလဲ..ငါအလ္လာ့ နဲ့ တိုင်တည်ပြီး ကြိမ်တယ်..အဲ့ဒီကောင်ကို ငါတို့ ကလဲ့စား မရရအောင် ပြန်ချေမယ်…မင်းကို ဘယ်ကောင်လုပ်သွားတာလဲ''

မတ်စတီးခန်း အသံက ကျယ်လောင်သွားသဖြင့် အခန်းပြင်တွင်ထိုင်နေသော သူများပင် တုန်တက်သွားသည်။

''လမ်းမတော်သားတွေကွ..လို့..ပြော..သွား..တယ်..အ..အ''

''ဘာ..လမ်းမတော်သား..ဟုတ်လား…''

မတ်စတီးခန်း က သူ့ရွှေဦးထုတ်ကြီးကို ချွတ်ကာ ပေါင်ပေါ်တင်လိုက်သည်။
ဦးထုတ်ချွတ်လိုက်သောအခါ ခေါင်းမှချွေးများက နှစ်ပေါင်းများစွာ ဝတ်ပြုထားသဖြင့် အသားမာတက်နေသော နဖူးညိုညိုပေါ် ဆီးကျလာသည်။

မတ်စတီးခန်းက သူ့ဝတ်ထားသော ကုပ်အင်္ကျီအနက်အတွင်းမှ ရိုးတိုက်ထုတ် အကောင်းစား ပိုးလက်ကိုင်ပုဝါကို ထုတ်ကာ ချွေးစများကို တို့သုတ်လိုက်သည်။

''ဟူစိန်..ဘီလား''

အပြင်တွင် အသင့်ရပ်နေသော လူနှစ်ယောက် အခန်းတွင်းသို့ ဝင်လာသည်။

''မင်းတို့ နှစ်ယောက်..အခုပဲ လမ်းမတော်ဂတ် ကို သွား။ ဌာနအုပ် ကိုအုံးဖေ ကို ပြော။ ငါက လွှတ်လိုက်တယ်လို့။ အခုပဲ ပုလိပ်သားတစ်ယောက်ကို ပုဏ္ဍားဘထွန်းအိမ်ကို လွှတ်ပြီး မတ်စတီးခန်းက သူ့ကို တွေ့ချင်နေတယ်။ ချက်ချင်း အိမ်ကို လာခဲ့ပါလို့ သွားပြောခိုင်းလိုက်''

ဟူစိန်ဘိုင် နှင့် ဘီလားဘိုင် တို့ ထွက်သွားပြီးနောက် မတ်စတီးခန်းက မတ်တပ်ထရပ်လိုက်သည်။
သူ့အိတ်ထဲမှ ရူပီးငွေ တစ်လိပ်ထွက်လာသည်။
မာမွတ်၏ ကုတင်ပေါ်သို့ ငွေလိပ်ကို ချပေးလိုက်သည်။

''ခဏနေ ဟူစိန်ဘိုင် ပြန်လာလိမ့်မယ်။ လိုတာရှိရင် သူ့ကိုပြော။ မင်းလဲနေတုန်း မင်းနယ်မြေအတွက် စိတ်မပူနဲ့။ ဟူစိန်ဘိုင်က ခဏကိုင်ပေးထားလိမ့်မယ်။ မင်းလူတွေ ကိုလည်း အဲ့ဒါ ပြောပြလိုက်..ငါ ပြန်မယ်..မာမွတ်.. အခု လောလောဆယ် မင်းကို လုပ်တဲ့ တရားခံကို ငါရှာပြီး စီရင်ပေးမယ်..ဟုတ်ပြီလား…ဆလံမာလေးကွန်း..မာမွတ်''

မာမွတ်က ဆလံပြန်ပေးချိန်တွင် မက်စတီးခန်းက အခန်းထဲက ထွက်ခွာသွားပြီဖြစ်သည်။
………………………………………………………….

''မာမွတ်ဘိုင် ကို ကျုပ် က လုပ်စရာလား..အဘိုင်။ အဘိုင် နဲ့ ကျုပ်နဲ့ကြားမှာ အဲ့ဒီလို သံသယတွေထားတယ်နော်..အဲ့ဒါ ကောင်းတဲ့ကိစ္စမဟုတ်ဘူး..အဘိုင် ''

''ဒီမယ် မာမွတ် က ငါ့ကို သေချာပြောသွားတယ်။ အဲ့ဒီလုပ်တဲ့ကောင်တွေက လမ်းမတော်သားတွေကွ လို့ သူ့ကို ပြောသွားတယ်တဲ့။ မင်းက လမ်းမတော်ရဲ့ ဂေါ့ဖားသားဆိုကွ။ မင်းအပိုင်ထဲကလေ''

''လမ်းမတော်မှာ နောက်ပေါက်လူမိုက်တွေအများကြီးပေါ်နေတယ်..အဘိုင်..ကြည့်မြင်တိုင်ဘက်က ကြက်ကြား တို့ လည်း အခုတလောအင်အားကောင်းနေတာပဲ..နောက်ပြီး..မန်မဆာဂိုဏ်းသားတွေရော..ကြားထဲက ကျုပ်ကို ချောက်တွန်းတာ မဖြစ်နိုင်ဘူးလား''

''မင်းစကားကို ဒီမှာ ရပ်ထားလိုက်ရင် ကောင်းမယ်..ပုဏ္ဍားဘထွန်း၊ မန်မဆာနဲ့ ငါတို့က အရှေ့ပိုင်းသားညီအကိုတွေကွ။ ငါ့ညီက ဘာကိစ္စနဲ့မှ မာမွတ်ကို လုပ်စရာအကြောင်းမရှိဘူး။ ငါညီလူတွေနဲ့ ငါ့လူတွေက တသွေးတသားတည်းပဲ။ အေး..မင်းတို့ အနောက်ပိုင်းသားတွေသာ''

''အဘိုင့်ကို ကျုပ်ကိုးကွယ်တဲ့ ရာမနတ်ဘုရားနဲ့ တိုင်တည်ပြီး ကျိန်ဆိုတယ်။ မာမွတ်ဘိုင် ကိစ္စ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး အဘိုင်.. ဘာမှ မဆိုင်ဘူး''

''အေး..ဟုတ်ပြီ..ငါ အခုလောလောဆယ်တော့ ယုံပေးထားလိုက်မယ်..ဘထွန်း။ ဒါပေမယ့်.. ဒီကိစ္စ မင်းလူတွေ လက်ချက် မဟုတ်ဘူးဆိုရင် ဘယ်သူလုပ်လဲဆိုတာ မင်းသိအောင် လုပ်ပေးရမယ်။ ပြီးရင် အဲ့ဒီကောင်ကို ငါကိုယ်တိုင် အရေခွံနွှာမယ်''

ပုဏ္ဍားဘထွန်း က ဟန်မဆောင်နိုင်ပဲ ပြုံးလိုက်သည်။

''ဒါက ခင်ဗျားကိစ္စလေ..အဘိုင်..ကျုပ် လူတွေ မဟုတ်ဘူးဆိုတာ ကျုပ် အာမခံနေပြီပဲ..တရားခံ စုံစမ်းခိုင်းတာကတော့ ခင်ဗျားမလုပ်နိုင်ရင် ဂတ်တိုင်လေဗျာ။ ပုလိပ်တွေ လုပ်မှာပေါ့..ဟဟ''

ပုဏ္ဍားဘထွန်း၏ လှောင်ပြုံးနှင့် ခနဲ့စကားကြောင့်  မတ်စတီးခန့် မျက်လုံးထဲ တင်းမာမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။

''အေးပါ..ပုဏ္ဍား..ဒီနေ့ပြောခဲ့တဲ့ မင်းစကား..မင်းမှတ်ထားပါ..အဲ့ဒီစကားအတွက် မင်းတစ်ခုခု ပြန်ပေးရလိမ့်မယ်''
…………………………………………………………………
ပထမကမ္ဘာစစ်ပြီးခါစ ရန်ကုန် သည် လူဦးရေ ပိုမိုထူထပ်သိပ်သည်းလာသည်။
ပထမကမ္ဘာစစ်မဖြစ်ပွားခင်ကာလက ရန်ကုန်၏ လူဦးရေ၏ သုံးပုံနှစ်ပုံမှာ ကုလားနှင့် တရုတ် များပင်ဖြစ်ပြီး ဒေသခံဗမာလူမျိုးကားလူနည်းစုဖြစ်နေလေသည်။

ယခုမူ ဗမာလူမျိုးအများစုသည် မြို့ပြင်ဖြစ်သော ရေကျော်၊ ပုဇွန်တောင်၊ ကြည့်မြင့်တိုင်၊ အလုံ၊ ကမာရွတ်တဝိုက်မှတဆင့် လမ်းမတော်အပါအဝင် ရန်ကုန်မြို့အတွင်းဘက်သို့ ဖြန့်ကျက်လာခဲ့ပြီဖြစ်သည်။

သို့သော် စီးပွားရေးလောကတွင် တရုတ်နှင့် ကုလားအများစုက စိုးမိုးထားသကဲ့သို့ ဒုစရိုက်လောကတွင်လည်း တရုတ်နှင့် ကုလားဂိုဏ်းများသာ ကြီးစိုးထား၏။

တရုတ်လျှို့ဝှက်ဂိုဏ်းများဖြစ်သော ဟုန်ပန်းအနီဂိုဏ်း နှင့် ရှန်ဟိုင်းအစိမ်းဂိုဏ်တို့မှာ နိုင်ငံတကာကို ဖြန့်ကျက်ထားသကဲ့သို့ ရန်ကုန်ကိုလည်း ခြေကုပ်ယူထားကြသည်။

အနီဂိုဏ်းမှာ မန်ချူးအစိုးရဆန့်ကျင်ရေးသမားများဖြစ်ပြီး ဂမ္ဘီရဆန်ဆန်ဖွဲ့စည်းထားသည်။
အများစုမှာ ငွေကြေးကြွယ်ဝပြီး ဂိုဏ်းဝင်အချင်းချင်း အပြန်အလှန် ကူညီကြသော စီးပွားရေးသမားများဖြစ်ပြီး တရုတ်ဖရီးမေဆင်ဂိုဏ်း ဟု သူတို့ကိုယ်သူတို့ သမုတ်ထားကြသည်။

အစိမ်းဂိုဏ်းမှာ တရားမဝင်လုပ်ငန်းများ၊ ကုန်သွယ်မှုများကို လုပ်ကိုင်ကြပြီး သူတို့အကျိုးစီးပွားကို ထိလာလျှင် ရက်စက်စွာ စီရင်တတ်ကြသည်။
တရုတ်ဂိုဏ်းအများစုကို ရန်ကုန်ပုလိပ်များက ကြောက်ရွံ့ကြသည်။

သို့သော် တရုတ်ဂိုဏ်းများမှာ အကျိုးအမြတ်များသော ကုန်သွယ်ရေးလုပ်ငန်းကြီးအများစုကို သာ စိတ်ဝင်စားတတ်ပြီး သူအခြေချသော ဒေသမှ ဒေသခံလူမျိုးများအပေါ် တိုက်ရိုက်အနိုင်ပြုကျင့်ခြင်းကို အထူးရှောင်ကြဉ်ကြသည်။

ဘိန်းခန်း၊ ပြည့်တန်ဆာခန်း ၊ အရက်ဆိုင် စသည်တို့ကို ဆက်ကြေးကောက်ခြင်း၊ စောင့်ရှောက်ပေးခြင်းတို့ အလုပ်ကို တရုတ်လျှို့ဝှက်ဂိုဏ်းများက မလုပ်တတ်ကြ။

သူတို့တွင် စီးပွားရေးအပြင် နိုင်ငံရေးရည်ရွယ်ချက်နှင့် ကြီးမားသော ကွန်ယက်အဆင့်ဆင့်ရှိသဖြင့် အလျှို့ဝှက်ဆုံး နေထိုင်ကြသည်။
သူတို့ကို လာမထိလျှင် အရာအားလုံးကို လျှစ်လျှူရှုထားတတ်ကြသည်။

ထိုအခြေအနေတွင် လူဦးရေအများဆုံးဖြစ်သော ကုလားဂိုဏ်းများ က ကြီးစိုးလာတော့သည်။
ရန်ကုန်တွင် မကျည်းသီးဂိုဏ်းလုံး၀ အရေးနိမ့်သွားပြီးသည့်နောက် မတ်စတီးခန်းမိသားစုသည် ရန်ကုန် အနောက်ပိုင်းအထိ သြဇာဖြန့်ကျက်ထားနိုင်ခဲ့သည်။
စပတ်လမ်းမှ သိမ်ကြီးဈေးအထိသည် မတ်စတီးခန်းအာဏာတည်ရာ ဒေသဖြစ်လာသည်။
အရှေ့ပိုင်းတွင်မူ မဟာမိတ်ဖြစ်သည့် မန်မဆာဂိုဏ်း ရှိနေသည်။

မန်မဆာမိသားစု သည် အပိုင်စားသည်မှာ ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးလောက ပင်ဖြစ်သည်။
မန်မဆာ မိသားစု ကို တည်ထောင်သူ မစ္စတာမန်မဆာ သည် တချိန်က ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် ရထားလုံးများနှင့် လန်ချားများ ကို ပိုင်ဆိုင်သူဖြစ်သည်။

နဂိုကပင် လက်ရဲဇတ်ရဲရှိသော မန်မဆာ သည် ရထားလုံးသမား ၊ လန်ချားသမားများထဲမှ လူဆိုးလူမိုက်များကို ရွေးချယ်ကာ မန်မဆာဂိုဏ်းကို စတင်ထူထောင်သည်။
ထို့နောက် ရန်ကုန်၏ သယ်ယူပို့ဆောင်ရေးတွင်အရေးပါလာသော ဘတ်စ်ကားလောကို ထိန်းချုပ်ရန် ကြိုးစားတော့သည်။

ဘတ်စ်ကားပိုင်ရှင်များမှာ မန်မဆာဂိုဏ်းကို လစဉ်ကြေးပေးဆောင်ခဲ့ကြရသည်။
မန်မဆာဂိုဏ်းသည် တဖြည်းဖြည်း အင်အားကြီးမားလာသည်နှင့်အမျှ ရန်ကုန်အရှေ့ပိုင်းမှ အခြား တရားမဝင် လုပ်ငန်းများကိုပါ ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။

ထိုအခါ မူလရှိနှင့်ပြီးသား မကျည်းသီးဂိုဏ်း (ခေါ်) Meshidi တို့နှင့် ထိပ်တိုက်တွေ့ကာ သွေးချောင်းစီးတိုက်ပွဲကြီး ဆင်နွှဲခဲ့ရခြင်းပင်။
သို့သော် မက်စတီးခန်း အကူအညီကြောင့် မန်မဆာတို့ အနိုင်ရခဲ့သည်။
အနိုင်ရပြီးသော်လည်း မန်မဆာတို့မှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့။

သူတို့ မျှော်မှန်းထားသလို ရန်ကုန် ကို အပြီးမသိမ်းနိုင်ခဲ့ပဲ မတ်စတီးခန်း ပေးသလောက်နယ်မြေကိုသာ ယူခဲ့ရသည်။
သို့သော် အပြန်အလှန်အားဖြင့် မတ်စတီးခန်း၏ အရှိန်အဝါဖြင့် မန်မဆာဂိုဏ်းမှာလည်း ရန်ကုန်တွင်မည်သည့် လူမိုက်ဂိုဏ်းမှ မထိရဲသော ဂိုဏ်းတစ်ခုဖြစ်လာသည်။

ပုဏ္ဍားဘထွန်း မှာ ပြိုကွဲသွားသော ဟိန္ဒူမကျည်းသီးဂိုဏ်းကို ပုန်ကန်ခဲ့သည့် ဂိုဏ်းသားဟောင်းတစ်ဦးဖြစ်သည်။
မကျည်းသီး နှင့် မန်မဆာ တို့ အရှေ့ပိုင်းတွင် စစ်ပွဲများပြင်းထန်နေချိန်တွင် လမ်းမတော်တဝိုက်ကို ပုဏ္ဍာဘထွန်းက ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့သည်။
ယခင်ဗမာလူမိုက်ဖြစ်သော သိမ်ကြီးဈေးလှဖေ ကို ဒလတစ်ဖက်ကမ်းသို့ မောင်းထုတ်ပြီး သိမ်ကြီးဈေးကို မတ်စတီးခန်းလက်သို့ ပဏ္ဍာဆက်ခဲ့ကာ လမ်းမတော်ကို အပိုင်စားယူထားခဲ့သည်မှာ ယခုအထိပင်။

ပုဏ္ဍားဘထွန်း၏ နယ်မြေကား ရန်ကုန်တစ်မြို့လုံးတွင် အဆူဖြိုးဆုံး အဆီအနှစ်များရှိသည့်နေရာဖြစ်သည်။
လမ်းမတော်သည် ရန်ကုန် ဒုစရိုက်လောကတွင် ငွေရှာလို့ အကောင်းဆုံးနေရာဖြစ်သည်။

ရွှေဒင်္ဂါးတစ်ပြား တစ်ဆယ့်ခြောက်ကျပ်ခေတ်တွင် တစ်လ တစ်ထောင်ဝင်နေသော ပုဏ္ဍားဘထွန်းသည် လက်ဖျားငွေသီးလာသည်။
ငွေ အင်အားသုံးကာ လူဝင်ဆန့်လာသည်။
ကုလားနိုင်ငံရေးသမားများနှင့် ပေါင်းသင်းလာနိုင်ပြီး တိုင်းပြုပြည်ပြုလွှတ်တော်အထိ ဝင်ဆန့်လာသည်။
ယင်းမှတဆင့် မျက်နှာဖြူအသိုင်းအဝန်းကို ပေါက်ရောက်လာနိုင်ခဲ့သည်။

ပုဏ္ဍားဘထွန်း ကား မတ်စတီးခန်း ၏ အင်ပါယာကို မသိမသာ မျက်စောင်းထိုးလာခဲ့ပြီဖြစ်သည်။
မတ်စတီးခန်းနှင့် မန်မဆာမိသားစု ကလည်း တစ တစ ခြေလှမ်းကြဲလာသော ပုဏ္ဍားဘထွန်း ကို စောင့်ကြည့်နေကြသည်။

ထိုအခြေအနေတွင် မာမွတ်ကိစ္စ ပေါ်လာခြင်းပင်။
တကယ်တော့ မာမွတ်သည် မတ်စတီးခန်း ၏ အရေးအပါဆုံး ခံစစ်ကြောင်းဖြစ်သည်။
အနောက်ပိုင်းသားတို့ ဝင်လာနိုင်သည့် လမ်းကြောင်းတွင် မာမွတ်က ဆီးခံနိုင်သော အင်အားစုရှိသည်။
အခုတော့ မာမွတ်မှာ သေလုမျောပါးဒဏ်ရာများနှင့် ဆေးရုံမှာ။

မတ်စတီးခန်း ကား မာမွတ် အရိုက်ခံရခြင်းမှာ ပုဏ္ဍားဘထွန်း လက်ချက်ဟု သံသယဝင်နေသည်။
ပုဏ္ဍားဘထွန်း ကလည်း သူ့ကို အပြတ်ရှင်းခြင်သဖြင့် အကြောင်းပြချက်ရှာသည်ဟု ယူဆသည်။
သို့သော်…မာမွတ်အရိုက်ခံရမှုမှာ ပုဏ္ဍားဘထွန်း အတွက် ပဟေဠိဖြစ်နေ၏။

မိမိကို ဖြိုချင်ရုံဖြင့် သူတို့ မိသားစုနှစ်စု၏ အဓိက ရှေ့တန်းခံစစ်ဖြစ်သော မာမွတ်ကိုတော့ ထိုးမကြွေးတန်ရာ။

သည်လိုဆို..မာမွတ်ကို မည်သူ ရိုက်သနည်း။

မာမွတ်အရိုက်ခံရပြီးနောက်ပိုင်း အရှေ့ပိုင်းရန်ကုန် နှင့် အနောက်ပိုင်းရန်ကုန် ၏ လူမိုက်အဖွဲ့များအကြား ဆက်ဆံရေးသည် အေးစက်နေခဲ့သည်။

ထိုအေးစက်နေသော ဆက်ဆံရေးသည် အထိမခံသည့်အခြေအနေက တစ်စုံတစ်ရာ အကြီးအကျယ် ပေါက်ကွဲထွက်တော့မည့် အတိတ်နိမိတ်နှယ်။
ထိုအခြေအနေတွင် ရန်ကုန်အနောက်ပိုင်း လမ်းမတော်တဝိုက်မှ လူငယ်များကြားထဲတွင် ဖိုးတုတ် ၏ နာမည်ကား တဖြည်းဖြည်း ကြီးလာနေပေပြီ။ 

မာမွတ်အရိုက်ခံရသည့် မနက် က ဖိုးတုတ် နှင့် သူ့ဘော်ဒါ ဂန္ဒမာသောင်းရီ ကို ဒါလဟိုဇီလမ်းထိပ် ရှိ လန်ချားပေါ်သို့ တက်သွားသည်ကို မြင်လိုက်သည့် သူအချို့ရှိနေသည်။

လမ်းမတော်သည် ဆိပ်ကမ်းပေါင်းများစွာ ရှိသည့်အပြင် ရန်ကုန်မြို့တွင်းသို့ ဝင်ရာတွင် အနီးဆုံးရှိသည့် အတွက် လူတန်းစားပေါင်းစုံ မှီခိုရာဖြစ်သည်။

တရုတ်လူမျိုးတို့၏ ဘိန်းခန်းများ၊ ဂျပန်ပြည့်တန်ဆာများပင် ထားရှိသည့် ပြည့်တန်ဆာခန်းများ၊ ပျော်ပွဲစားရုံများ၊ အရက်ပုန်းဆိုင်များ ဖြင့် ပြည့်နှက်နေသည်။
ထိုနေရာများကို မှီခိုလျက်ရှိသော ပျံကျသမားများ၊ ခြေသလုံးအိမ်တိုင်သမား လူငယ်များ သည် ညအခါတွင် လမ်းမတော်ရပ်ကွက်အတွင်း ပြည့်နှက်နေကြ၏။

ထိုလူငယ်များအားလုံးသည် လူမိုက်ဂိုဏ်းများနှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေကြသူများပင်။ အထူးသဖြင့် ဗမာလူငယ်များသည် လူမျိုးခြားလူမိုက်ဂိုဏ်းများကို စိတ်ကုန်နေကြသည်။

နိုင်ငံရေးအခြေအနေကလည်း YMBA အဖွဲ့ကြီး၏ ဝံသာနုလှုပ်ရှားမှုများ ခေတ်ကောင်းနေချိန်ဖြစ်သဖြင့် ထိုရိုက်ခတ်မှုက လူငယ်များ၊ လူမိုက်များ လောကအထိ ရိုက်ခတ်လာသည်။

လူမိုက်လောကတွင်လည်း ကုလားဂိုဏ်းများကို ဖြိုနိုင်မည့် ဗမာလူမိုက်ဂိုဏ်းတစ်ခုကို မျှော်လင့်နေခဲ့ကြသည်။

ခက်ဇော်

အခန်း(၃) ဆက်ရန်

(ZAWGYI)

The Guys of Yangon,1930
……………………
      အခန္း(၁)
            ………..
၁၉၂၇ ၊ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔။ နံနက္ ၁၀ နာရီ။

လြန္ခဲ့ေသာ မိနစ္ပိုင္းအတြင္းက လမ္းမေတာ္(၁၄)လမ္းေဈးသည္ ယခုလို မဟုတ္။ 

လူလူသူသူမ်ားႏွင့္ ရႈပ္ေထြးဆူညံေနေသးသည္။

အခုေတာ့ ႐ုတ္တရက္ႀကီး ၿငိမ္သက္သြား၏။
အခ်ိဳ႕ လမ္းေဘးေဈးဆိုင္မ်ားကလည္း အလ်င္အျမန္ေနရာေ႐ြ႕သြားၾကသလို၊ ဆိုင္ခန္းအခ်ိဳ႕ကလည္း ဆိုင္တံခါးမ်ားကို ေစ့ထားလိုက္ၾကသည္။

''ပု႑ားတပည့္ မရမ္းသီး နဲ႔ ဘစိုး အေဆာ္ခံလိုက္ရတာ၊ မရမ္းသီးကေတာ့ ေမွာက္သြားၿပီ၊ ဘစိုးက အေျပးျမန္လို႔''

''ဒုကၡပါပဲ..ဘယ္သူ လုပ္လိုက္တာတုန္း''

''ဘဲဥဆိုင္က မခ်စ္ပု သားေလ''

''ဘသိန္း လား''

''မဟုတ္ဘူး….အႀကီးေကာင္ေလ..ဘတ္စ္ကားစပယ္ရာလိုက္တဲ့ေကာင္ေလး.ဖိုးတုတ္..ဖိုးတုတ္''

''ဟယ္..ဒီေကာင္ေလးကလည္း ေနာက္ပိုင္း ဇ ကေလးဆိုးဆိုးနဲ႔.. ျပသနာေတြေတာ့ မ်ားကုန္ေတာ့မယ္..ဒုကၡပါပဲ''

ေဈးထဲမွ တီးတိုးအသံမ်ားႏွင့္အတူ အားလုံး ၏မ်က္လုံးမ်ားက ဖိုးတုတ္ထံသို႔။

ကတုံးဆံေတာက္ဆံပင္၊ ပိန္ပိန္ပါးပါး၊ အရပ္ျမင့္ျမင့္ျဖင့္ ထိုလူငယ္သည္ သူ႔ထံ သို႔ အာ႐ုံေရာက္ေနေသာ မ်က္လုံးမ်ားႏွင့္ တီးတိုးစကားမ်ားကို စိတ္မဝင္စား။

လမ္းေပၚတြင္ ျပန႔္က်ဲေနေသာ ၾကက္ဥမ်ားထဲမွ မကြဲေသးေသာ အလုံးမ်ားကို လိုက္ေကာက္ကာ ေသခ်ာစီထည့္ေနသည္။

ေသြးအိုင္ထဲတြင္ ေမွာက္ခုံလဲေနေသာ မရမ္းသီး ကို ေက်ာ္ခြကာ ၾကက္ဥဗန္းကို ယူလ်က္ ပုဆိုးျဖင့္ သုတ္ကာ ဆိုင္အတြင္းသို႔ ျပန္ဝင္သြားသည္။

လြန္ခဲ့ေသာ မိနစ္ပိုင္းက လူတစ္ေယာက္အား သံပိုက္ျဖင့္ သတိလစ္ေအာင္႐ိုက္ခဲ့သူမွ ဟုတ္ပါေလစ ဟု ထင္ရေလာက္ ေအာင္ သူက တည္ၿငိမ္လြန္းေနသည္။
ခဏအၾကာတြင္ လူငယ္တစ္ေယာက္ ဆိုင္ေရွ႕သို႔ ေရာက္လာသည္။

''ကိုႀကီး ဖိုးတုတ္…ဦးေလးဘိုးသင္ က သူ႔အိမ္ကို အခုခ်က္ခ်င္း လာခဲ့ပါတဲ့''
''အေမေရာ..ျပန္လာၿပီလား..ဒီဆိုင္ ဘယ္သူ ေစာင့္မွာလဲ..မင္းေစာင့္မွာလား..ဘသိန္း''
''ကိုႀကီးဖိုးတုတ္ သတင္းကို အေမလည္း ၾကားၿပီးလို႔ ဦးေလးဘိုးသင္ဆီ ေရာက္ေနၿပီ..အဲ့ဒါ ဆိုင္ကို ပိတ္ၿပီး ခုခ်က္ခ်င္း လိုက္လာခဲ့ပါတဲ့''

ဖိုးတုတ္က ေခါင္းၿငိမ့္ျပလိုက္သည္။ ဆိုင္တံခါးကို ပိတ္၊ ေသာ့ခတ္ၿပီး.ေနာက္ ညီျဖစ္သူ ၏ စက္ဘီးေနာက္သို႔ ခြတက္လိုက္သည္။
………………………………...................
ဦးဘိုးသင္ သည္  ဘတ္စ္ကားပိုင္ရွင္ ျမန္မာလူမ်ိဳးသူေဌးမ်ားထဲမွ တစ္ဦးျဖစ္သည္။
ဖိုးတုတ္၏ ဦးေလးေတာ္စပ္သည္။

သိမ္ႀကီးေဈး၊ ေ႐ႊတိဂုံဘုရား၊ ငါးထပ္ႀကီး ယာဥ္လိုင္းကို ေျပးဆြဲသည့္ ျခေသၤ့တံဆိပ္ဘတ္စ္ကား (၅)စီးကို ပိုင္ဆိုင္သည္။
ဖိုးတုတ္ သည္ ယခင္က ဦးဘိုးသင္ ၏ ျခေသၤ့ဘတ္စ္ကားလိုင္းတြင္ စပယ္ယာလိုက္ရင္း ကားေမာင္းသင္သည္။

စပယ္ရာ သက္တမ္းသုံးႏွစ္ေလာက္အတြင္းမွာပင္ ဘတ္စ္ကားေလာကတြင္ ဖိုးတုတ္ကို မသိသူ မရွိျဖစ္ခဲ့၏။
လူက ငယ္သလို လက္ကယဥ္လြန္းသျဖင့္ ထိုသုံးႏွစ္အတြင္းမွာပင္ လူ႐ိုက္မႈ (၆)မႈ ျဖစ္ခဲ့သျဖင့္ ဦးေလး ဦးဘိုးသင္မွ အႀကိမ္ႀကိမ္လိုက္ရွင္းခဲ့ရသည္။

ျခေသ့တႍဆိပ္လိုင္းဂိတ္စ ရာ နယ္ေျမအပိုင္ျဖစ္ေသာ ဗဟန္းရဲစခန္းအခ်ဳပ္သည္ ဖိုးတုတ္ အတြင္ ဒုတိယအိမ္ျဖစ္ေနခဲ့သည္။

ေနာက္ဆုံးေတာ့ ထိလြယ္ရွလြယ္ေသာ စပယ္ယာလိုက္ျခင္းအလုပ္မွ ဖိုးတုတ္ကို နားခိုင္းလိုက္သည္။

မိခင္ျဖစ္သူ ေဒၚခ်စ္ပု ႏွင့္ သားငယ္ ဘသိန္း တို႔က (၁၄)လမ္းေဈးတြင္ ေဈးေရာင္းေသာ္လည္း ဖိုးတုတ္ကမူ ေဈးေရာင္းသည္ကို ဝါသနာမပါ။

ထို႔ေၾကာင့္ လမ္းမေတာ္ဖိုးတုတ္သည္ လမ္းမေတာ္တဝိုက္ရွိ ဂ်င္ဝိုင္းမ်ား၊ ၾကက္ဝိုင္းမ်ားတြင္ ၾကင္လည္သည္။
ပု႑ားဘထြန္း တည္းဟူေသာ လမ္းမေတာ္အပိုင္ လူမိုက္ႀကီး ၏ နယ္ေျမတြင္ လက္ရဲဇတ္ရဲ လူမိုက္ေပါက္စ တစ္ေယာက္အျဖစ္ ဖိုးတုတ္ နာမည္ထြက္လာသည္။

ဒီေန႔ေတာ့ ဖိုးတုတ္ ျပသနာအႀကီးႀကီး ရွာခဲ့ၿပီ။

''လာ..ေမာင္တုတ္..လာ''

''အေမ က ဘာလို႔ ဆိုင္ကို မလာပဲ…ဦးေလးဆီ ေရာက္ေနတာလဲ..ကဲ..ဦးေလး ကြၽန္ေတာ့္ကို ေခၚခိုင္းတယ္ဆို''

''ေအးေလ..ဒီမွာ မင္းအေမ က မင္းသတင္းၾကားၿပီး ငါ့ဆီ ေရာက္လာလို႔ကြာ..ဘယ္လိုျဖစ္တာလဲကြာ..မင္းလုပ္လိုက္တဲ့ေကာင္ေတြက ပု႑ားဘထြန္း လူေတြဆို''

''ဟုတ္တယ္..ဦးေလး...ေစာေစာစီးစီး ကြၽန္ေတာ့္တို႔ ဆိုင္ေရွ႕လာၿပီး မိုက္ေၾကးခြဲေနတာနဲ႔..ထလုပ္ထည့္လိုက္တာပဲ'' 

''မင္းကြယ္..ဒီလူေတြအေၾကာင္းလည္း သိရဲ႕သားနဲ႔….''

ေဒၚခ်စ္ပု စကားေၾကာင့္ ဖိုးတုတ္ သက္ျပင္းခ်သည္။

''ကဲ..ခ်စ္ပု..ညည္းလည္း စိတ္ခ်လက္ခ်အိမ္ျပန္ေတာ့..ဒီည ဖိုးတုတ္ကို ငါ့အိမ္မွာ သိပ္လိုက္မယ္..ဒီျပသနာကို ငါရွင္းေပးမယ္..နင္ဘာမွ ပူမေနနဲ႔..မနက္ျဖန္လည္း ဆိုင္ခဏနားဦး''

''ဟုတ္ကဲ့ပါ…အကိုရယ္..ကြၽန္မမွာလည္း စိတ္ညစ္ပါတယ္..သားႀကီးမို႔လို႔ အားကိုးရမလားမွတ္တယ္..ဒီေန႔ ဆိုင္ေလးတစ္ခါေလာက္ ေစာင့္ခိုင္း..ဒီေန႔ ဒီလိုျပသနာျဖစ္တယ္…ပု႑ားလူေတြက ျပသနာရွာလာရင္ ေနာက္ေန႔ ဘယ္လို ေဈးေရာင္းရမွာလဲ''

ေခါင္းငုံ႔ထားေသာ ဖိုးတုတ္က သူ႔အေမ စကားေၾကာင့္ ဆတ္ခနဲ ေခါင္းေမာ့လာသည္။

''အေမက..ဒီေကာင္ေတြကို ဘာေၾကာက္ေနတာလဲ..ကြၽန္ေတာ္ ရွိတယ္..အေမ..မနက္ျဖန္ ေဈးဆက္ေရာင္း..အေမ့ကို ဘယ္ေကာင္လာလုပ္ရဲမလဲ…ကြၽန္ေတာ္ၾကည့္မယ္''

''ဖိုးတုတ္ နင္ဟာေလ..တကယ့္ ျဗမၼာဦးေခါင္းပဲ..ငါ..တယ္''

''ကဲ…ခ်စ္ပု..နင္ျပန္ေတာ့ဆို..ဘသိန္း မင္းအေမကို ေခၚသြားေတာ့..(၁၄)လမ္းဘက္ေတာ့ ေျခဦးမလွည့္နဲ႔ဦးေနာ္..ငါဒီမွာ ဖိုးတုတ္ကို ဆုံးမစရာရွိတာ ဆုံးမထားမယ္..နင္တို႔သြားၾကေတာ့''

ဘသိန္းက သူ႔အေမကို အတင္းဆြဲၿပီး စက္ဘီးေပၚတင္ကာ နင္းထြက္သြားသည္။
ဦးဘိုးသင္ က ဖိုးတုတ္ ၏ ပုခုံးကို လက္ျဖင့္ ပုတ္လိုက္သည္။

''မင္း..စိတ္လႈပ္ရွားေနတာေတြ ၿငိမ္သြားေအာင္..ဝီစကီေသာက္မလား..ဖိုးတုတ္''

ဖိုးတုတ္က ေခါင္းၿငိမ့္ျပလိုက္သည္။

''ကဲလာ…ဒါဆို ထမင္းစားခန္းထဲ လိုက္ခဲ..မင္းသတင္းၾကားကတည္းက ငါ အထဲမွာ ဝိုင္းျပင္ထားတယ္''

ထမင္းစားခန္းထဲ ဝင္သြားသည္ႏွင့္ စေကာ့ဝီစကီတစ္လုံးႏွင့္ ဖန္ခြက္မ်ားက အဆင္သင့္။
ငါးရံေျခာက္ဖုတ္ ႏွင့္ ဟင္းခ်ိဳတစ္ခြက္လည္း ရွိေနသည္။
ဦးဘိုးသင္ ႏွင့္ ဖိုးတုတ္တို႔ စားပြဲတြင္ ဝင္ထိုင္လိုက္ၾကသည္။ ဦးဘိုးသင္က ဝီစကီပုလင္းအဖုံးကို က်င္လည္စြာ ဖြင့္ၿပီး ဖန္ခြက္ႏွစ္ခြက္ထဲသို႔ အရက္ငွဲ႔ထည့္လိုက္သည္။

''ဒါနဲ႔ ကြၽန္ေတာ္စိတ္လႈပ္ရွားေနတယ္ဆိုတာကို ဘယ္လိုလုပ္သိတာလဲ..ဦးေလး''

''သိတာေပါ့ကြာ..မင္းခ်ာတိတ္ဘ၀ ႐ိုက္ပြဲေတြ အားလုံး ငါလိုက္ေျဖရွင္းခဲ့ရတာပဲ..မင္း ဒီေလာက္ ေသြးေအးတဲ့ ပုံစံ ဖမ္းေနတာဆိုရင္ေတာ့ မင္း တကယ္ စိတ္လႈပ္ရွားေနတယ္ဆိုတာ ငါခန႔္မွန္းမိပါတယ္…ေအးေလ..ဒီတစ္ခါ မင္းလုပ္ခဲ့တဲ့ ေကာင္ေတြက..အရင္ေကာင္ေတြနဲ႔မွ မတူဘဲ''

ဖိုးတုတ္က ဝီစကီခြက္ထဲသို႔ ေရခဲတစ္တုံး ကို ညႇပ္ျဖင့္ ခပ္ထည့္လိုက္သည္။
ဦးဘိုးသင္ ကမ္းေပးေသာ ေရခရားထဲမွ ေရကို ငွဲ႔ကာ စပ္လိုက္ၿပီး တစ္ဘရိတ္တည္း ေမာ့ခ်ပစ္လိုက္သည္။

''ဟုတ္တယ္..ဦးေလး…ကြၽန္ေတာ္ဒီတစ္ခါေတာ့ တကယ္ စိတ္လႈပ္ရွားတယ္။ သူတို႔ ဆိုင္ေရွ႕လာၿပီး ေပေစာင္းေစာင္းလုပ္ေနကတည္းက ပု႑ားဘထြန္း လူေတြမွန္းသိတယ္။ ကြၽန္ေတာ္ သည္းညည္းခံဖို႔ ႀကိဳးစားေသးတယ္။ ဒါေပမယ့္..ဦးေလးရာ..ကြၽန္ေတာ့္အေမ မုဆိုးမႀကီး တပင္တပန္းေဈးေရာင္းတဲ့ထဲက ေငြကို အစိုးရကို အခြန္ေပးရတာထားပါေတာ့..ဒီေကာင္ေတြကို ဘာလို႔ ေပးရမွာလဲဗ်..ၾကက္ဝိုင္းေတြ၊ ဘိန္းခန္းေတြ၊ ဖာတန္းေတြ မို႔ ေပးရတယ္ဆို ထားပါေတာ့..အခုဟာကဗ်ာ….အဲ့ဒါကို ကြၽန္ေတာ္ မခံခ်င္တာနဲ႔''

''ဟုတ္ၿပီ..ဖိုးတုတ္..ဟုတ္ၿပီ..မင္းစိတ္ကို ငါသိတယ္…ဒါေပမယ့္ မင္းလည္း သိသားပဲကြာ..ရန္ကုန္ၿမိဳ႕မွာ ဒီေကာင္ေတြနဲ႔ ဘယ္လိုကင္းေအာင္ေနမလဲ..မင္း စပယ္ရာလိုက္ေနတဲ့ကာလတုန္းကလည္း ငါ့ဘတ္စ္ေတြ ေဘးကင္းဖို႔ မန္မဆာ့လူေတြကို ဆက္ေၾကးေပးခဲ့ရတာပဲကြ''

''ကြၽန္ေတာ္ သိတယ္..ဦးေလး..အဲ့ဒီတုန္းကလည္း ဦးေလးက မန္မဆာကို အရမ္းေၾကာက္ၿပီး ကြၽန္ေတာ္တို႔ကို တားထားလို႔သာ..ကြၽန္ေတာ္တို႔''

''ခဏေနဦး..ဖိုးတုတ္..ခဏေနဦး..မင္း ေျပာတာက ဘာ..ငါက မန္မဆာကို ေၾကာက္တယ္ ဟုတ္လား..ဒီမွာ..မင္းလည္း ပဲခူး ကမာစဲသား၊ ငါလည္း ပဲခူး ကမာစဲသားကြ ။ ကမာစဲသားေတြ ဘယ္ေတာ့မွ ေသြးမေၾကာင္ဘူး။ ေအး..မန္မဆာ ကို မထိဖို႔ အဲ့ဒီတုန္းက မင္းတို႔ကို ငါဘာလို႔ တားလဲသိလား။ ငါတို႔က မေန႔တစ္ေန႔ကမွ ရန္ကုန္ၿမိဳ႕ကို တက္လာတဲ့ ေတာသားေတြကြ။ ဒီကုလားေတြ က ရန္ကုန္ကို သူတို႔ အင္ပါယာ တည္ေဆာက္ထားတာ ၾကာလွၿပီ။ မန္မဆာ နဲ႔ ၿငိလို႔ ငါ တို႔ ႏိုင္ခ်င္ႏိုင္မယ္။ မန္မဆာ ဘက္ကေန မက္စတီးခန္း ပါလာၿပီဆိုရင္ေတာ့ ငါတို႔ေတြအတြက္ ဒီရန္ကုန္က သခ်ႋဳင္းျဖစ္သြားလိမ့္မယ္.. ''

''ဟုတ္ၿပီ..ဦးေလးရဲ႕..အဲ့ဒါနဲ႔ပဲ ကြၽန္ေတာ္တို႔ က သူတို႔ကို တသက္လုံး ေၾကာက္ေနရေတာ့မွာလား..သူတို႔ ေတာင္းသမွ်ေပးရေတာ့မွာလား..ေဟာ့ဒီ လမ္းမေတာ္သံေဈးတစ္ေၾကာမွာလည္း ကြၽန္ေတာ့္လူေတြ ရွိေနပါၿပီ''

''ဟုတ္တယ္..ဖိုးတုတ္..ဟုတ္တယ္..ငါေျပာခ်င္တာ..အဲ့ဒါ..ငါတို႔ ဒီေကာင္ေတြကို တသက္လုံး ေၾကာက္ေနဖို႔ မလိုဘူး..အခုဆို မင္းမွာလည္း ေနာက္လိုက္ေနာက္ပါနည္းနည္းရွိေနၿပီ။ ငါ့ဆီမွာလည္း ဘတ္စ္ကားလိုင္းက နည္းနည္းဇရွိတဲ့ ခ်ာတိတ္ေတြ ေမြးထားတယ္။ ဒါေပမယ့္ ငါတို႔ အင္အားက သူတို႔နဲ႔ ယွဥ္ရင္ ဘာမွ မဟုတ္ေသးဘူး''

''အဲ့ဒီေတာ့..ကြၽန္ေတာ္က ဘာလုပ္ရမွာလဲ..ဦးေလး''

''ငါတို႔ ဉာဏ္သုံးရမယ္…ပရိယာယ္သုံးရမယ္..ဖိုးတုတ္''
''ဘယ္လို ဉာဏ္သုံးရမွာလဲ''

''ေအး..မိုက္တယ္ဆိုတာ ဉာဏ္နဲ႔ ယွဥ္ၿပီးမိုက္တာ ေဘးအကင္းဆုံးပဲ..ငါ့တူရ.. ငါက လူမိုက္ဗိုလ္ လုပ္ခ်င္တဲ့ သူေတာ့မဟုတ္ပါဘူး..ဒါေပမယ့္ ငါ့ဆီမွာ လူမိုက္ဗိုလ္ျဖစ္လာႏိုင္မယ့္ မင္းအတြက္ အႀကံေကာင္းေတြရွိတယ္..အဲ့ဒါေတြ မင္းကို ေပးမယ္…ဒီအႀကံအေကာင္ထည္ေဖာ္ၿပီးရင္ေတာ့ ပု႑ားဘထြန္းရဲ႕ လမ္းမေတာ္ကေန ဖိုးတုတ္ရဲ႕ လမ္းမေတာ္ ျဖစ္သြားၿပီးေပါ့ကြာ''

''ကြၽန္ေတာ္ ဘာလုပ္ရမလဲ''

''မင္း မာမြတ္ ကို တက္ျဖဳတ္ရမယ္''

"ဗ်ာ..ဘယ္သူ"

''ဟုတ္တယ္..ဘားလမ္းမာမြတ္ ကို ေျပာတာ…မာမြတ္ က မတ္စတီးခန္းရဲ အားအကိုးရဆုံး လူမိုက္ပဲ။ မတ္စတီးခန္း လူမိုက္ဗိုလ္မခံခင္ကတည္းက မာမြတ္က လူမိုက္ပဲ။ မတ္စတီးခန္း က ေငြအားေကာင္းေကာင္းနဲ႔ သိမ္းသြင္းခဲ့တာ။ မတ္စတီးခန္းဆိုတဲ့ေကာင္က  စီးပြားေရးသမား၊ ပိုက္ဆံသာရွိတာ ကိုယ္တိုင္မမိုက္ရဲဘူးကြ။ ဒါေၾကာင့္ သူအားအကိုးဆုံး မာမြတ္ကို မင္းျဖဳတ္ရမယ္''

''ကြၽန္ေတာ္နဲ႔ ျဖစ္တာ ပု႑ားဘထြန္းေလဗ်ာ..ဘာကိစၥ..မာမြတ္ကို သြားလုပ္ရမွာလဲ''

''ဒီမွာ ဖိုးတုတ္… မတ္စတီးခန္းနဲ႔ ပု႑ားဘထြန္း အေျခအေနက အခုအခ်ိန္မွာ မသိမသာအားၿပိဳင္ေနၾကတာ။ ဒါေပမယ့္ ဘယ္လို ၿပိဳင္ၿပိဳင္ မတ္စတီးခန္းက ႏိုင္ငံေရးပါဝါေရာ၊ ေငြအားေရာ၊ လူမိုက္အားပါ ပု႑ားထက္ အမ်ားႀကီးသာတယ္။ ပု႑ားတို႔ ဟိႏၵဴအုပ္စု ဟာ မတ္စတီးခန္းတို႔ မြတ္ဆလင္အုပ္စုကို ျဖဳတ္ၿပီး ရန္ကုန္ကို စိုးမိုးမယ္လို႔ မတ္စတီးခန္းက သံသယဝင္ေနတယ္။ အဲ့ဒါ ငါသိထားတဲ့ သတင္းပဲ''

''ဟုတ္ၿပီ..ဦးေလး..ကြၽန္ေတာ္သေဘာေပါက္ၿပီ…ကြၽန္ေတာ္က မတ္စတီးခန္းလူ မာမြတ္ကို ဝင္ျဖဳတ္မယ္။ လမ္းမေတာ္ဘက္ကဆိုေတာ့ ပု႑ားလူလို႔ မက္စတီးခမ္းက ထင္မွာပဲ။ အဲ့ဒီအခါ မက္စတီးခမ္းနဲ႔ ပု႑ား ၿငိၾကမယ္…အဲ့ဒီလိုလား''

''အင္း..ၿငိခ်င္လည္း ၿငိမယ္..မၿငိခ်င္လည္း မၿငိဘူးေပါ့ကြာ..ဒါေပမယ့္..ေသခ်ာတာေတာ့ ေလာေလာဆယ္..မာမြတ္ ထိထားရင္ ပု႑ားလည္း သူလုပ္တာမဟုတ္ေၾကာင္း ေျဖရွင္းေနရတာနဲ႔တင္ မင္းဘက္ကို လွည့္လာဖို႔ သတိရမွာမဟုတ္ဘူး။ အဲ့ဒီအခ်ိန္မွာ မင္း က ဆက္လုပ္စရာရွိတာေတြ ဆက္လုပ္ေနလို႔ ရတယ္။ အေရးႀကီးတာက မာမြတ္ကို မင္းလုပ္တာမွန္း ေလာေလာဆယ္ ဘယ္သူမွ မသိေစဖို႔ပဲကြ''

ဖိုးတုတ္က ၿပဳံးလိုက္သည္။

''သိသြားေတာ့လည္း ဘာအေရးလဲ..ဦးေလးရာ''
ဖိုးတုတ္ က ေလးခြက္ေျမာက္ျဖစ္ေသာ ဝီစကီကို ေမာ့ခ်လိုက္သည္။
.........

 အခန္း(၂)
 ………………..

လွပခန႔္ညားလွေသာ ျမင္းႏွစ္ေကာင္ဆြဲ ေဒါက္ကပ္ရထားႀကီးက ပန္းဆိုးတန္းလမ္းတြင္းသို႔ ႂကြႂကြ႐ြ႐ြ ဝင္ေရာက္လာသည္။

ျမင္းရထားကို ေမာင္းေသာသူမွာ အိႏၵိယမွ မဟာရာဂ်ာေစာ္ဘြားႀကီးတစ္ေယာက္နီးပါး ခမ္းနားစြာ ဝတ္ဆင္ထား၏။
ရထားေမာင္းသမားပင္ ထိုမွ် ခမ္းနားစြာ ဝတ္ဆင္လာလွ်င္ ရထားေပၚတြင္ ပါလာသူသည္ မည္မွ် ခမ္းနားလိုက္မည္နည္းဟု လူတိုင္းက ေတြးေနၾကသည္။

ပန္းဆိုးတန္း၊ ေဒါက္တာခ်န္ဒရာဆင္း ၏ ေဆးခန္းေရွ႕အေရာက္တြင္ ျမင္းရထားက ရပ္သြား၏။

ေရွးဦးစြာ ရထားေပၚမွ ပန္ခ်ာပီေခါင္းေပါင္းဝတ္ထားၿပီး ႏႈတ္ခမ္းေမႊးေကာ့ေကာ့ႀကီးမ်ားႏွင့္ လူႀကီးႏွစ္ေယာက္ ဆင္းလာသည္။

ထို႔ေနာက္တြင္မွ ေ႐ႊအစစ္တို႔ကြပ္ထားေသာ သကၠလပ္ဦးထုတ္ ႏွင့္ ဥေရာပဝတ္စုံကို ဝတ္ထားေသာ သူတစ္ဦး ဆင္းလာေလသည္။

သူကား ရန္ကုန္ၿမိဳ႕ ဒုစ႐ိုက္ေလာက၏ ဘုရင္ မတ္စတီးခန္း။

မတ္စတီးခန္းသည္ စတီးဘရားသားကုမၸဏီႏွင့္ ဖက္စပ္အဝယ္ေတာ္အျဖစ္ လုပ္ကိုင္ရာမွ ခ်မ္းသာလာသူျဖစ္သည္။
စပါးသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းအတြင္ အဓိကက်သည့္ လိုင္စင္မ်ားကို နည္းမ်ိဳးစုံျဖင့္ ရယူထားႏိုင္ခဲ့သည္။

ဘုံေဘမွ အိႏၵိယလူမိုက္ဂိုဏ္းမ်ားႏွင့္ ဆက္သြယ္ၿပီး အိႏၵိယမွ ျမန္မာျပည္အတြင္းသို႔ အလုပ္သမားမ်ား ပို႔ေဆာင္ေပးသည့္ေဈးကြက္ကို လုပ္ကိုင္လာခဲ့သည္။
ျမန္မာျပည္၏ အိႏၵိယအလုပ္သမားေဈးကြက္ကို ခ်ယ္လွယ္ႏိုင္ခဲ့သူျဖစ္သည္။

ကမာ႐ြတ္တြင္ သူ႔ပိုင္ မတ္စတီးေဈးႀကီးကို ထူေထာင္သည္။ ၾကည့္ျမင့္တိုင္ စူရတီဘဇားေဈးႀကီးတြင္ အစုရွယ္ယာမ်ားပိုင္ဆိုင္သည္။

မတ္စတီးခန္းသည္ သူ၏ စီးပြားေရးအင္ပါယာကို ရန္ကုန္ၿမိဳ႕တြင္း ခ်ဲ႕ထြင္လာရမွ သူ႔စီးပြားေရးမ်ားကို ကာကြယ္ရန္ လူမိုက္မ်ားကို ေငြအားျဖင့္ လက္သပ္ေမြးလာရသည္။

လူမိုက္ေလာကသာမက အစိုးရအသိုင္းအဝိုင္းႏွင့္ပါရင္းႏွီးၿပီး အထူးသျဖင့္ ပုလိပ္မင္းႀကီး မစၥတာရွပ္တဲဝပ္ ႏွင့္ ရင္းႏွီးမႈရွိသျဖင့္ လူမိုက္ေလာက သည္ သူ႔အား ျပန္လည္မွီခိုလာရသည္။

မက္စတီးခန္း လူမိုက္ေလာကသို႔ မဝင္ခင္က မက်ီးသီးဂိုဏ္းေခၚ (Meshidi Gang) ကုလားလူမိုက္ဂိုဏ္းမွာ ရန္ကုန္ အေရွ႕ပိုင္းတစ္ခြင္ ဘုန္းတန္ခိုးထြန္းေတာက္ခဲ့သည္။
မၾကာမီ ေသာ္မဆင္လမ္းမွ ရထားလုံးသူေဌး မန္မဆာ၏ (Manmasa Gang)မန္မဆာဂိုဏ္းလည္း အေရွ႕ပိုင္းတြင္ အင္အားႀကီးလာၿပီး ရန္ကုန္ၿမိဳ႕တြင္ မက်ီးသီးဂိုဏ္း ႏွင့္ မန္မဆာဂိုဏ္တို႔၏ စစ္ပြဲႀကီး ေပၚေပါက္ခဲ့သည္။

ထိုစစ္ပြဲတြင္ မတ္စတီးခန္းက သူႏွင့္ ဘာသာတူ မန္မဆာဂိုဏ္းဘက္မွ ပါဝင္ကူညီသည္။ ေငြအား လူအားတင္မက ပုလိပ္အဖြဲ႕ကိုပါ ခါးပိုက္ေဆာင္ထားေသာ မက္စတီးခန္း၏ အခန္းက႑က မန္မဆာဂိုဏ္းအတြက္ အလြန္အေရးပါခဲ့သည္။

ရန္ကုန္ၿမိဳ႕အေရွ႕ပိုင္းတြင္ ေသြေခ်ာင္းစီးခဲ့ေသာ ဂိုဏ္းႏွစ္ဂိုဏ္း၏ တိုက္ပြဲမ်ားအၿပီးတြင္ ဟိႏၵဴဂိုဏ္းျဖစ္ေသာ မက်ီးသီးဂိုဏ္းအေရးနိမ့္ကာ ေပ်ာက္ကြယ္သြားခဲ့ရသည္။
ထိုအခ်ိန္မွစၿပီး မတ္စတီးခန္းသည္  ရန္ကုန္ၿမိဳ႕၏ ၾသဇာအႀကီးမားဆုံး လူမိုက္ေခါင္းေဆာင္ သူေဌးႀကီး  ျဖစ္လာခဲ့ေလသည္။

အဂၤလိပ္တို႔၏ စစ္ကဲျဖစ္ခဲ့ဖူးၿပီး အဂၤလိပ္တို႔ကိုယ္တိုင္ မွည့္ေခၚခဲ့သည့္ စတင္းေမာင္ေထာ္ေလးလမ္းသည္ပင္ မတ္စတီးခန္း ေနထိုင္ရာလမ္းျဖစ္သျဖင့္ မတ္စတီးလမ္း ဟု ေခၚရသည္ အထိ အရွိန္အဝါေတာက္ပလွသည္။
ေ႐ႊအစစ္မ်ားခ်ထားသည့္ ဦးထုတ္ကို ေဆာင္းလ်က္ ခမ္းနားစြာဝတ္ဆင္လာေသာ ဂိုဏ္းစတားသူေဌးႀကီး မက္စတီးခန္းသည္ ေဒါက္တာခ်န္ဒရာဆင္း ေဆးခန္းအတြင္းသို႔ ဝင္လာသည္။

ေဆးခန္းအတြင္းတြင္ သူ၏ အားအကိုးရဆုံး လက္႐ုံးတပည့္ျဖစ္သူ မာမြတ္ ရွိေနသည္။
ယေန႔မနက္ ေဝလီေဝလင္းအခ်ိန္တြင္ မယားငယ္အိမ္မွ ထျပန္လာေသာ လူမိုက္မာမြတ္ ကို ဒါလဟိုဇီလမ္းႏွင့္ ပန္းဆိုးတန္းလမ္းေထာင့္တြင္ လူငယ္ႏွစ္ဦးမွ သံေခါင္းမူလီတပ္ တုတ္မ်ားျဖင့္ ဝိုင္း႐ိုက္ၾကသည္။
ပန္းဆိုးတန္းႏွင့္ မဂိုလမ္းၾကားနယ္ေျမတစ္ေလွ်ာက္ အပိုင္စားေတာ္မူၿပီး လူမိုက္အခ်င္းခ်င္းပင္ ေၾကာက္႐ြံရေသာ မာမြတ္ မွာ ေသြးသံတရဲရဲျဖင့္ ေျမာင္းထဲတြင္ က်န္ရစ္ခဲ့ရသည္။

မနက္ခင္း အေစာထြက္လာေသာ ဓာတ္ရထားမွ ဆင္းလာသူအခ်ိဳ႕ေတြ႕သျဖင့္သာ မာမြတ္ေသြးထြက္လြန္ မေသျခင္းပင္။
ထိုကိစၥကို ေဆး႐ုံသို႔ ပို႔မည္ဆိုေသာ္လည္း မတ္စတီးခန္းအမိန႔္ေၾကာင့္ ေဒါက္တာခ်န္ဒရာဆင္း ေဆးခန္းတြင္သာ တင္ထားခဲ့ရသည္။

ပုလိပ္ဘက္မွလည္း မက္စတီးခန္းလူ ကိစၥျဖစ္ေနသျဖင့္ စကားတစ္ခြန္းမဟရဲ။

ေဒါက္တာခ်န္ဒရာဆင္း၏ ေဆးခန္းတစ္ခုလုံးကို မာမြတ္၏ လူေတြက လုံၿခဳံေရးအျပည့္ယူထားၾကသည္။

မာမြတ္က ကုတင္ေပၚတြင္ လွဲေလ်ာင္းလ်က္။
ေခါင္းတြင္လည္း ပတ္တီးအေဖြးသား။ ညာဘက္မ်က္လုံးက ပိတ္ေနသည္။
အေပၚႏႈတ္ခမ္းက ဖူးေယာင္းေန၏။ 
မတ္စတီးခန္း ဝင္လာသည့္အခါ မာမြတ္၏ ဇနီးႏွင့္ သား တို႔ အျပင္သို႔ ထြက္ေပးၾကသည္။
မတ္စတီးခန္းက မာမြတ္၏ ကုတင္ေဘးမွ ခုံလြတ္တြင္ ဝင္ထိုင္လိုက္သည္။
မာမြတ္က လွဲေနရမွာ ထၿပီး ဆလံေပးရန္ ႀကိဳးစား၏။

''ဆလံမာေလကြန္း..မာမြတ္..အိုး...ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြားျဖစ္သြားတာပဲ''

မာမြတ္က ေခါင္းၿငိမ့္ျပလိုက္သည္။

''မင္းကို…ဘယ္သူလုပ္သြားတာလဲ..ငါအလႅာ့ နဲ႔ တိုင္တည္ၿပီး ႀကိမ္တယ္..အဲ့ဒီေကာင္ကို ငါတို႔ ကလဲ့စား မရရေအာင္ ျပန္ေခ်မယ္…မင္းကို ဘယ္ေကာင္လုပ္သြားတာလဲ''

မတ္စတီးခန္း အသံက က်ယ္ေလာင္သြားသျဖင့္ အခန္းျပင္တြင္ထိုင္ေနေသာ သူမ်ားပင္ တုန္တက္သြားသည္။

''လမ္းမေတာ္သားေတြကြ..လို႔..ေျပာ..သြား..တယ္..အ..အ''

''ဘာ..လမ္းမေတာ္သား..ဟုတ္လား…''

မတ္စတီးခန္း က သူ႔ေ႐ႊဦးထုတ္ႀကီးကို ခြၽတ္ကာ ေပါင္ေပၚတင္လိုက္သည္။
ဦးထုတ္ခြၽတ္လိုက္ေသာအခါ ေခါင္းမွေခြၽးမ်ားက ႏွစ္ေပါင္းမ်ားစြာ ဝတ္ျပဳထားသျဖင့္ အသားမာတက္ေနေသာ နဖူးညိဳညိဳေပၚ ဆီးက်လာသည္။

မတ္စတီးခန္းက သူ႔ဝတ္ထားေသာ ကုပ္အက်ႌအနက္အတြင္းမွ ႐ိုးတိုက္ထုတ္ အေကာင္းစား ပိုးလက္ကိုင္ပုဝါကို ထုတ္ကာ ေခြၽးစမ်ားကို တို႔သုတ္လိုက္သည္။

''ဟူစိန္..ဘီလား''

အျပင္တြင္ အသင့္ရပ္ေနေသာ လူႏွစ္ေယာက္ အခန္းတြင္းသို႔ ဝင္လာသည္။

''မင္းတို႔ ႏွစ္ေယာက္..အခုပဲ လမ္းမေတာ္ဂတ္ ကို သြား။ ဌာနအုပ္ ကိုအုံးေဖ ကို ေျပာ။ ငါက လႊတ္လိုက္တယ္လို႔။ အခုပဲ ပုလိပ္သားတစ္ေယာက္ကို ပု႑ားဘထြန္းအိမ္ကို လႊတ္ၿပီး မတ္စတီးခန္းက သူ႔ကို ေတြ႕ခ်င္ေနတယ္။ ခ်က္ခ်င္း အိမ္ကို လာခဲ့ပါလို႔ သြားေျပာခိုင္းလိုက္''

ဟူစိန္ဘိုင္ ႏွင့္ ဘီလားဘိုင္ တို႔ ထြက္သြားၿပီးေနာက္ မတ္စတီးခန္းက မတ္တပ္ထရပ္လိုက္သည္။
သူ႔အိတ္ထဲမွ ႐ူပီးေငြ တစ္လိပ္ထြက္လာသည္။
မာမြတ္၏ ကုတင္ေပၚသို႔ ေငြလိပ္ကို ခ်ေပးလိုက္သည္။

''ခဏေန ဟူစိန္ဘိုင္ ျပန္လာလိမ့္မယ္။ လိုတာရွိရင္ သူ႔ကိုေျပာ။ မင္းလဲေနတုန္း မင္းနယ္ေျမအတြက္ စိတ္မပူနဲ႔။ ဟူစိန္ဘိုင္က ခဏကိုင္ေပးထားလိမ့္မယ္။ မင္းလူေတြ ကိုလည္း အဲ့ဒါ ေျပာျပလိုက္..ငါ ျပန္မယ္..မာမြတ္.. အခု ေလာေလာဆယ္ မင္းကို လုပ္တဲ့ တရားခံကို ငါရွာၿပီး စီရင္ေပးမယ္..ဟုတ္ၿပီလား…ဆလံမာေလးကြန္း..မာမြတ္''

မာမြတ္က ဆလံျပန္ေပးခ်ိန္တြင္ မက္စတီးခန္းက အခန္းထဲက ထြက္ခြာသြားၿပီျဖစ္သည္။
………………………………………………………….

''မာမြတ္ဘိုင္ ကို က်ဳပ္ က လုပ္စရာလား..အဘိုင္။ အဘိုင္ နဲ႔ က်ဳပ္နဲ႔ၾကားမွာ အဲ့ဒီလို သံသယေတြထားတယ္ေနာ္..အဲ့ဒါ ေကာင္းတဲ့ကိစၥမဟုတ္ဘူး..အဘိုင္ ''

''ဒီမယ္ မာမြတ္ က ငါ့ကို ေသခ်ာေျပာသြားတယ္။ အဲ့ဒီလုပ္တဲ့ေကာင္ေတြက လမ္းမေတာ္သားေတြကြ လို႔ သူ႔ကို ေျပာသြားတယ္တဲ့။ မင္းက လမ္းမေတာ္ရဲ႕ ေဂါ့ဖားသားဆိုကြ။ မင္းအပိုင္ထဲကေလ''

''လမ္းမေတာ္မွာ ေနာက္ေပါက္လူမိုက္ေတြအမ်ားႀကီးေပၚေနတယ္..အဘိုင္..ၾကည့္ျမင္တိုင္ဘက္က ၾကက္ၾကား တို႔ လည္း အခုတေလာအင္အားေကာင္းေနတာပဲ..ေနာက္ၿပီး..မန္မဆာဂိုဏ္းသားေတြေရာ..ၾကားထဲက က်ဳပ္ကို ေခ်ာက္တြန္းတာ မျဖစ္ႏိုင္ဘူးလား''

''မင္းစကားကို ဒီမွာ ရပ္ထားလိုက္ရင္ ေကာင္းမယ္..ပု႑ားဘထြန္း၊ မန္မဆာနဲ႔ ငါတို႔က အေရွ႕ပိုင္းသားညီအကိုေတြကြ။ ငါ့ညီက ဘာကိစၥနဲ႔မွ မာမြတ္ကို လုပ္စရာအေၾကာင္းမရွိဘူး။ ငါညီလူေတြနဲ႔ ငါ့လူေတြက တေသြးတသားတည္းပဲ။ ေအး..မင္းတို႔ အေနာက္ပိုင္းသားေတြသာ''

''အဘိုင့္ကို က်ဳပ္ကိုးကြယ္တဲ့ ရာမနတ္ဘုရားနဲ႔ တိုင္တည္ၿပီး က်ိန္ဆိုတယ္။ မာမြတ္ဘိုင္ ကိစၥ က်ဳပ္နဲ႔ ဘာမွ မဆိုင္ဘူး အဘိုင္.. ဘာမွ မဆိုင္ဘူး''

''ေအး..ဟုတ္ၿပီ..ငါ အခုေလာေလာဆယ္ေတာ့ ယုံေပးထားလိုက္မယ္..ဘထြန္း။ ဒါေပမယ့္.. ဒီကိစၥ မင္းလူေတြ လက္ခ်က္ မဟုတ္ဘူးဆိုရင္ ဘယ္သူလုပ္လဲဆိုတာ မင္းသိေအာင္ လုပ္ေပးရမယ္။ ၿပီးရင္ အဲ့ဒီေကာင္ကို ငါကိုယ္တိုင္ အေရခြံႏႊာမယ္''

ပု႑ားဘထြန္း က ဟန္မေဆာင္ႏိုင္ပဲ ၿပဳံးလိုက္သည္။

''ဒါက ခင္ဗ်ားကိစၥေလ..အဘိုင္..က်ဳပ္ လူေတြ မဟုတ္ဘူးဆိုတာ က်ဳပ္ အာမခံေနၿပီပဲ..တရားခံ စုံစမ္းခိုင္းတာကေတာ့ ခင္ဗ်ားမလုပ္ႏိုင္ရင္ ဂတ္တိုင္ေလဗ်ာ။ ပုလိပ္ေတြ လုပ္မွာေပါ့..ဟဟ''

ပု႑ားဘထြန္း၏ ေလွာင္ၿပဳံးႏွင့္ ခနဲ႔စကားေၾကာင့္  မတ္စတီးခန႔္ မ်က္လုံးထဲ တင္းမာမႈ အရိပ္အေယာင္တစ္ခု ေပၚလာသည္။

''ေအးပါ..ပု႑ား..ဒီေန႔ေျပာခဲ့တဲ့ မင္းစကား..မင္းမွတ္ထားပါ..အဲ့ဒီစကားအတြက္ မင္းတစ္ခုခု ျပန္ေပးရလိမ့္မယ္''
…………………………………………………………………
ပထမကမာၻစစ္ၿပီးခါစ ရန္ကုန္ သည္ လူဦးေရ ပိုမိုထူထပ္သိပ္သည္းလာသည္။
ပထမကမာၻစစ္မျဖစ္ပြားခင္ကာလက ရန္ကုန္၏ လူဦးေရ၏ သုံးပုံႏွစ္ပုံမွာ ကုလားႏွင့္ တ႐ုတ္ မ်ားပင္ျဖစ္ၿပီး ေဒသခံဗမာလူမ်ိဳးကားလူနည္းစုျဖစ္ေနေလသည္။

ယခုမူ ဗမာလူမ်ိဳးအမ်ားစုသည္ ၿမိဳ႕ျပင္ျဖစ္ေသာ ေရေက်ာ္၊ ပုဇြန္ေတာင္၊ ၾကည့္ျမင့္တိုင္၊ အလုံ၊ ကမာ႐ြတ္တဝိုက္မွတဆင့္ လမ္းမေတာ္အပါအဝင္ ရန္ကုန္ၿမိဳ႕အတြင္းဘက္သို႔ ျဖန႔္က်က္လာခဲ့ၿပီျဖစ္သည္။

သို႔ေသာ္ စီးပြားေရးေလာကတြင္ တ႐ုတ္ႏွင့္ ကုလားအမ်ားစုက စိုးမိုးထားသကဲ့သို႔ ဒုစ႐ိုက္ေလာကတြင္လည္း တ႐ုတ္ႏွင့္ ကုလားဂိုဏ္းမ်ားသာ ႀကီးစိုးထား၏။

တ႐ုတ္လွ်ိဳ႕ဝွက္ဂိုဏ္းမ်ားျဖစ္ေသာ ဟုန္ပန္းအနီဂိုဏ္း ႏွင့္ ရွန္ဟိုင္းအစိမ္းဂိုဏ္တို႔မွာ ႏိုင္ငံတကာကို ျဖန႔္က်က္ထားသကဲ့သို႔ ရန္ကုန္ကိုလည္း ေျခကုပ္ယူထားၾကသည္။

အနီဂိုဏ္းမွာ မန္ခ်ဴးအစိုးရဆန႔္က်င္ေရးသမားမ်ားျဖစ္ၿပီး ဂမၻီရဆန္ဆန္ဖြဲ႕စည္းထားသည္။
အမ်ားစုမွာ ေငြေၾကးႂကြယ္ဝၿပီး ဂိုဏ္းဝင္အခ်င္းခ်င္း အျပန္အလွန္ ကူညီၾကေသာ စီးပြားေရးသမားမ်ားျဖစ္ၿပီး တ႐ုတ္ဖရီးေမဆင္ဂိုဏ္း ဟု သူတို႔ကိုယ္သူတို႔ သမုတ္ထားၾကသည္။

အစိမ္းဂိုဏ္းမွာ တရားမဝင္လုပ္ငန္းမ်ား၊ ကုန္သြယ္မႈမ်ားကို လုပ္ကိုင္ၾကၿပီး သူတို႔အက်ိဳးစီးပြားကို ထိလာလွ်င္ ရက္စက္စြာ စီရင္တတ္ၾကသည္။
တ႐ုတ္ဂိုဏ္းအမ်ားစုကို ရန္ကုန္ပုလိပ္မ်ားက ေၾကာက္႐ြံ႕ၾကသည္။

သို႔ေသာ္ တ႐ုတ္ဂိုဏ္းမ်ားမွာ အက်ိဳးအျမတ္မ်ားေသာ ကုန္သြယ္ေရးလုပ္ငန္းႀကီးအမ်ားစုကို သာ စိတ္ဝင္စားတတ္ၿပီး သူအေျခခ်ေသာ ေဒသမွ ေဒသခံလူမ်ိဳးမ်ားအေပၚ တိုက္႐ိုက္အႏိုင္ျပဳက်င့္ျခင္းကို အထူးေရွာင္ၾကဥ္ၾကသည္။

ဘိန္းခန္း၊ ျပည့္တန္ဆာခန္း ၊ အရက္ဆိုင္ စသည္တို႔ကို ဆက္ေၾကးေကာက္ျခင္း၊ ေစာင့္ေရွာက္ေပးျခင္းတို႔ အလုပ္ကို တ႐ုတ္လွ်ိဳ႕ဝွက္ဂိုဏ္းမ်ားက မလုပ္တတ္ၾက။

သူတို႔တြင္ စီးပြားေရးအျပင္ ႏိုင္ငံေရးရည္႐ြယ္ခ်က္ႏွင့္ ႀကီးမားေသာ ကြန္ယက္အဆင့္ဆင့္ရွိသျဖင့္ အလွ်ိဳ႕ဝွက္ဆုံး ေနထိုင္ၾကသည္။
သူတို႔ကို လာမထိလွ်င္ အရာအားလုံးကို လွ်စ္လွ်ဴရႈထားတတ္ၾကသည္။

ထိုအေျခအေနတြင္ လူဦးေရအမ်ားဆုံးျဖစ္ေသာ ကုလားဂိုဏ္းမ်ား က ႀကီးစိုးလာေတာ့သည္။
ရန္ကုန္တြင္ မက်ည္းသီးဂိုဏ္းလုံး၀ အေရးနိမ့္သြားၿပီးသည့္ေနာက္ မတ္စတီးခန္းမိသားစုသည္ ရန္ကုန္ အေနာက္ပိုင္းအထိ ၾသဇာျဖန႔္က်က္ထားႏိုင္ခဲ့သည္။
စပတ္လမ္းမွ သိမ္ႀကီးေဈးအထိသည္ မတ္စတီးခန္းအာဏာတည္ရာ ေဒသျဖစ္လာသည္။
အေရွ႕ပိုင္းတြင္မူ မဟာမိတ္ျဖစ္သည့္ မန္မဆာဂိုဏ္း ရွိေနသည္။

မန္မဆာမိသားစု သည္ အပိုင္စားသည္မွာ ရန္ကုန္ၿမိဳ႕၏ သယ္ယူပို႔ေဆာင္ေရးေလာက ပင္ျဖစ္သည္။
မန္မဆာ မိသားစု ကို တည္ေထာင္သူ မစၥတာမန္မဆာ သည္ တခ်ိန္က ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲသည့္ ရထားလုံးမ်ားႏွင့္ လန္ခ်ားမ်ား ကို ပိုင္ဆိုင္သူျဖစ္သည္။

နဂိုကပင္ လက္ရဲဇတ္ရဲရွိေသာ မန္မဆာ သည္ ရထားလုံးသမား ၊ လန္ခ်ားသမားမ်ားထဲမွ လူဆိုးလူမိုက္မ်ားကို ေ႐ြးခ်ယ္ကာ မန္မဆာဂိုဏ္းကို စတင္ထူေထာင္သည္။
ထို႔ေနာက္ ရန္ကုန္၏ သယ္ယူပို႔ေဆာင္ေရးတြင္အေရးပါလာေသာ ဘတ္စ္ကားေလာကို ထိန္းခ်ဳပ္ရန္ ႀကိဳးစားေတာ့သည္။

ဘတ္စ္ကားပိုင္ရွင္မ်ားမွာ မန္မဆာဂိုဏ္းကို လစဥ္ေၾကးေပးေဆာင္ခဲ့ၾကရသည္။
မန္မဆာဂိုဏ္းသည္ တျဖည္းျဖည္း အင္အားႀကီးမားလာသည္ႏွင့္အမွ် ရန္ကုန္အေရွ႕ပိုင္းမွ အျခား တရားမဝင္ လုပ္ငန္းမ်ားကိုပါ ထိန္းခ်ဳပ္ရန္ ႀကိဳးစားခဲ့သည္။

ထိုအခါ မူလရွိႏွင့္ၿပီးသား မက်ည္းသီးဂိုဏ္း (ေခၚ) Meshidi တို႔ႏွင့္ ထိပ္တိုက္ေတြ႕ကာ ေသြးေခ်ာင္းစီးတိုက္ပြဲႀကီး ဆင္ႏႊဲခဲ့ရျခင္းပင္။
သို႔ေသာ္ မက္စတီးခန္း အကူအညီေၾကာင့္ မန္မဆာတို႔ အႏိုင္ရခဲ့သည္။
အႏိုင္ရၿပီးေသာ္လည္း မန္မဆာတို႔မွာ မွန္းခ်က္ႏွင့္ ႏွမ္းထြက္မကိုက္ခဲ့။

သူတို႔ ေမွ်ာ္မွန္းထားသလို ရန္ကုန္ ကို အၿပီးမသိမ္းႏိုင္ခဲ့ပဲ မတ္စတီးခန္း ေပးသေလာက္နယ္ေျမကိုသာ ယူခဲ့ရသည္။
သို႔ေသာ္ အျပန္အလွန္အားျဖင့္ မတ္စတီးခန္း၏ အရွိန္အဝါျဖင့္ မန္မဆာဂိုဏ္းမွာလည္း ရန္ကုန္တြင္မည္သည့္ လူမိုက္ဂိုဏ္းမွ မထိရဲေသာ ဂိုဏ္းတစ္ခုျဖစ္လာသည္။

ပု႑ားဘထြန္း မွာ ၿပိဳကြဲသြားေသာ ဟိႏၵဴမက်ည္းသီးဂိုဏ္းကို ပုန္ကန္ခဲ့သည့္ ဂိုဏ္းသားေဟာင္းတစ္ဦးျဖစ္သည္။
မက်ည္းသီး ႏွင့္ မန္မဆာ တို႔ အေရွ႕ပိုင္းတြင္ စစ္ပြဲမ်ားျပင္းထန္ေနခ်ိန္တြင္ လမ္းမေတာ္တဝိုက္ကို ပု႑ာဘထြန္းက ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ခဲ့သည္။
ယခင္ဗမာလူမိုက္ျဖစ္ေသာ သိမ္ႀကီးေဈးလွေဖ ကို ဒလတစ္ဖက္ကမ္းသို႔ ေမာင္းထုတ္ၿပီး သိမ္ႀကီးေဈးကို မတ္စတီးခန္းလက္သို႔ ပ႑ာဆက္ခဲ့ကာ လမ္းမေတာ္ကို အပိုင္စားယူထားခဲ့သည္မွာ ယခုအထိပင္။

ပု႑ားဘထြန္း၏ နယ္ေျမကား ရန္ကုန္တစ္ၿမိဳ႕လုံးတြင္ အဆူၿဖိဳးဆုံး အဆီအႏွစ္မ်ားရွိသည့္ေနရာျဖစ္သည္။
လမ္းမေတာ္သည္ ရန္ကုန္ ဒုစ႐ိုက္ေလာကတြင္ ေငြရွာလို႔ အေကာင္းဆုံးေနရာျဖစ္သည္။

ေ႐ႊဒဂၤါးတစ္ျပား တစ္ဆယ့္ေျခာက္က်ပ္ေခတ္တြင္ တစ္လ တစ္ေထာင္ဝင္ေနေသာ ပု႑ားဘထြန္းသည္ လက္ဖ်ားေငြသီးလာသည္။
ေငြ အင္အားသုံးကာ လူဝင္ဆန႔္လာသည္။
ကုလားႏိုင္ငံေရးသမားမ်ားႏွင့္ ေပါင္းသင္းလာႏိုင္ၿပီး တိုင္းျပဳျပည္ျပဳလႊတ္ေတာ္အထိ ဝင္ဆန႔္လာသည္။
ယင္းမွတဆင့္ မ်က္ႏွာျဖဴအသိုင္းအဝန္းကို ေပါက္ေရာက္လာႏိုင္ခဲ့သည္။

ပု႑ားဘထြန္း ကား မတ္စတီးခန္း ၏ အင္ပါယာကို မသိမသာ မ်က္ေစာင္းထိုးလာခဲ့ၿပီျဖစ္သည္။
မတ္စတီးခန္းႏွင့္ မန္မဆာမိသားစု ကလည္း တစ တစ ေျခလွမ္းႀကဲလာေသာ ပု႑ားဘထြန္း ကို ေစာင့္ၾကည့္ေနၾကသည္။

ထိုအေျခအေနတြင္ မာမြတ္ကိစၥ ေပၚလာျခင္းပင္။
တကယ္ေတာ့ မာမြတ္သည္ မတ္စတီးခန္း ၏ အေရးအပါဆုံး ခံစစ္ေၾကာင္းျဖစ္သည္။
အေနာက္ပိုင္းသားတို႔ ဝင္လာႏိုင္သည့္ လမ္းေၾကာင္းတြင္ မာမြတ္က ဆီးခံႏိုင္ေသာ အင္အားစုရွိသည္။
အခုေတာ့ မာမြတ္မွာ ေသလုေမ်ာပါးဒဏ္ရာမ်ားႏွင့္ ေဆး႐ုံမွာ။

မတ္စတီးခန္း ကား မာမြတ္ အ႐ိုက္ခံရျခင္းမွာ ပု႑ားဘထြန္း လက္ခ်က္ဟု သံသယဝင္ေနသည္။
ပု႑ားဘထြန္း ကလည္း သူ႔ကို အျပတ္ရွင္းျခင္သျဖင့္ အေၾကာင္းျပခ်က္ရွာသည္ဟု ယူဆသည္။
သို႔ေသာ္…မာမြတ္အ႐ိုက္ခံရမႈမွာ ပု႑ားဘထြန္း အတြက္ ပေဟဠိျဖစ္ေန၏။

မိမိကို ၿဖိဳခ်င္႐ုံျဖင့္ သူတို႔ မိသားစုႏွစ္စု၏ အဓိက ေရွ႕တန္းခံစစ္ျဖစ္ေသာ မာမြတ္ကိုေတာ့ ထိုးမေႂကြးတန္ရာ။

သည္လိုဆို..မာမြတ္ကို မည္သူ ႐ိုက္သနည္း။

မာမြတ္အ႐ိုက္ခံရၿပီးေနာက္ပိုင္း အေရွ႕ပိုင္းရန္ကုန္ ႏွင့္ အေနာက္ပိုင္းရန္ကုန္ ၏ လူမိုက္အဖြဲ႕မ်ားအၾကား ဆက္ဆံေရးသည္ ေအးစက္ေနခဲ့သည္။

ထိုေအးစက္ေနေသာ ဆက္ဆံေရးသည္ အထိမခံသည့္အေျခအေနက တစ္စုံတစ္ရာ အႀကီးအက်ယ္ ေပါက္ကြဲထြက္ေတာ့မည့္ အတိတ္နိမိတ္ႏွယ္။
ထိုအေျခအေနတြင္ ရန္ကုန္အေနာက္ပိုင္း လမ္းမေတာ္တဝိုက္မွ လူငယ္မ်ားၾကားထဲတြင္ ဖိုးတုတ္ ၏ နာမည္ကား တျဖည္းျဖည္း ႀကီးလာေနေပၿပီ။ 

မာမြတ္အ႐ိုက္ခံရသည့္ မနက္ က ဖိုးတုတ္ ႏွင့္ သူ႔ေဘာ္ဒါ ဂႏၵမာေသာင္းရီ ကို ဒါလဟိုဇီလမ္းထိပ္ ရွိ လန္ခ်ားေပၚသို႔ တက္သြားသည္ကို ျမင္လိုက္သည့္ သူအခ်ိဳ႕ရွိေနသည္။

လမ္းမေတာ္သည္ ဆိပ္ကမ္းေပါင္းမ်ားစြာ ရွိသည့္အျပင္ ရန္ကုန္ၿမိဳ႕တြင္းသို႔ ဝင္ရာတြင္ အနီးဆုံးရွိသည့္ အတြက္ လူတန္းစားေပါင္းစုံ မွီခိုရာျဖစ္သည္။

တ႐ုတ္လူမ်ိဳးတို႔၏ ဘိန္းခန္းမ်ား၊ ဂ်ပန္ျပည့္တန္ဆာမ်ားပင္ ထားရွိသည့္ ျပည့္တန္ဆာခန္းမ်ား၊ ေပ်ာ္ပြဲစား႐ုံမ်ား၊ အရက္ပုန္းဆိုင္မ်ား ျဖင့္ ျပည့္ႏွက္ေနသည္။
ထိုေနရာမ်ားကို မွီခိုလ်က္ရွိေသာ ပ်ံက်သမားမ်ား၊ ေျခသလုံးအိမ္တိုင္သမား လူငယ္မ်ား သည္ ညအခါတြင္ လမ္းမေတာ္ရပ္ကြက္အတြင္း ျပည့္ႏွက္ေနၾက၏။

ထိုလူငယ္မ်ားအားလုံးသည္ လူမိုက္ဂိုဏ္းမ်ားႏွင့္ တစ္နည္းနည္းျဖင့္ ပတ္သက္ေနၾကသူမ်ားပင္။ အထူးသျဖင့္ ဗမာလူငယ္မ်ားသည္ လူမ်ိဳးျခားလူမိုက္ဂိုဏ္းမ်ားကို စိတ္ကုန္ေနၾကသည္။

ႏိုင္ငံေရးအေျခအေနကလည္း YMBA အဖြဲ႕ႀကီး၏ ဝံသာႏုလႈပ္ရွားမႈမ်ား ေခတ္ေကာင္းေနခ်ိန္ျဖစ္သျဖင့္ ထို႐ိုက္ခတ္မႈက လူငယ္မ်ား၊ လူမိုက္မ်ား ေလာကအထိ ႐ိုက္ခတ္လာသည္။

လူမိုက္ေလာကတြင္လည္း ကုလားဂိုဏ္းမ်ားကို ၿဖိဳႏိုင္မည့္ ဗမာလူမိုက္ဂိုဏ္းတစ္ခုကို ေမွ်ာ္လင့္ေနခဲ့ၾကသည္။

ခက္ေဇာ္

အခန္း(၃) ဆက္ရန္

Comments

  1. ဖတ်ရင်းလှူ click ကို မဖတ်ဘဲ လှူ click ခဲ့ပါတယ်ဗျာ😁😁😁 တခြား click ရမှာတွေလည်း ရှိတေးရို့နော်

    ReplyDelete
  2. We click We donate for Our Future.....

    ReplyDelete
  3. စာအုပ်နဲ့ ဖတ်ပီးပေမဲ့ ပြန်ဖတ်နေပါတယ်နော်

    ReplyDelete
  4. အပိုင်း၁၊၂၊၃ ကို ၃ကြိမ်လောက်ရှိပြီ ဖတ်တာ ရှေ့ဆက်မဖတ်ဖြစ်လို့။ဆက်ဖတ်မယ်ဆိုပြီး ၁ကစလိုက် ၃ယောက်ရင် မဖတ်ဖြစ်လိုက်နဲ့...

    ReplyDelete
  5. ဇာတ်လိုက် ဖိုးတုတ်

    ReplyDelete

Post a Comment