TGOR 1930( Part 3)

The Guys of Yangon,1930 (Part 3)
.............................................................

                      အခန်း(၄)
                      ……………….

ဖိုးတုတ်သည် လမ်းမတော်ကို တစ်လမ်းချင်း၊ တစ်ဘလောက်ချင်း သိမ်းပိုက်လာခဲ့သည်။

ပုဏ္ဍားဘထွန်းနေသည့် (၁၄)လမ်း ထိပ် မှ အရက်ဆိုင်နှင့် ဘိန်းခန်းများသည်ပင်လျင် ဖိုးတုတ်အဖွဲ့၏ လက်လွှဲသိမ်းပိုက်သည်ကို ခံခဲ့ရသည်။

သိမ်ကြီးဈေးတဝိုက်ကိုသာ ပုဏ္ဍားဘထွန်းအပိုင်အဖြစ် ထီးထီးကျန်ရစ်သည်။ 
သိမ်ကြီးဈေးကိုကား ပုဏ္ဍားဘထွန်း၏ မွေးစားသား အာဠာဝကစိန်ကြီး တို့ အဖွဲ့မှ အုပ်ချုပ်နေသဖြင့် ဖိုးတုတ်တို့ တမင်တကာ လက်ရှောင်ထားခြင်းဖြစ်သည်။

အာဠာဝကစိန်ကြီးသည် ဖိုးတုတ်နှင့် သက်တူရွယ်တူဖြစ်ပြီး ကြမ်းတမ်းရက်စက်ရာတွင် နာမည်ကြီးသည်။
အရပ် ခြောက်ပေနီးပါးမြင့်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်တောင့်တင်းသည်။ အနောက်တိုင်းလက်ဝှေ့ကို ကျွမ်းကျင်ပြီး ဂေါ်ရာစစ်တပ်ချန်ပီယံ လက်ဝှေ့သမား နီဂရိုးတစ်ဦးကို အလဲထိုးခဲ့ဖူးသဖြင့် နာမည်ကျော်သည်။
သူ့ရင်ဘတ်တွင် အာဠာဝကဘီလူးပုံဆေးထိုးထားပြီး အာဠာဝကဆေးကြွပါက လူတစ်ယောက် လည်ပင်းကို အစိမ်းကိုက်ပြီး သတ်ပစ်သည်ဟု ပင် ကောလဟလများ ထွက်ခဲ့ဖူး၏။

သားသမီးမရှိသည့် ပုဏ္ဍားဘထွန်းက အာဠာဝကစိန်ကြီးကို သားအရင်းအဖြစ် မွေးစားခဲ့သလို စိန်ကြီးကလည်း ပုဏ္ဍားဘထွန်း အတွက်ဆို သေသေကြေကြေတိုက်မည့်အထိ သံယောဇဉ်ကြီးကြသည်။

အာဠာဝကစိန်ကြီးမှာ ပုဏ္ဍားဘထွန်း၏ အင်အားပင်ဖြစ်သည်။

သို့သော် မတ်စတီးခန်းအုပ်စုနှင့် မိမိအဆင်မပြေသေးသည့် အနေအထားတွင် ဖိုးတုတ်ကို ခဏအလျော့ပေးထားရန် ပုဏ္ဍားဘထွန်းက ဆုံးဖြတ်ထားသည်။

လမ်းမတော်ဖိုးတုတ် ကား ထိုအခြေအနေကို အခွင့်ကောင်းယူကာ နယ်မြေကို ဆက်လက်တိုးချဲ့နေသည်။

လမ်းမတော်တွင် ဂိတ်ထိုးသော Taxi ကားများကို အခွန်ကောက်သည်။ လမ်းမတော်နှင့် ကြည့်မြင့်တိုင်ပြေးဆွဲသော ဘတ်စ်ကားများကိုလည်း အခွန်ကောက်သည်။
ရန်ကုန်၏ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ဆက်ကြေး၊ လိုင်းကြေးများမှာ မန်မဆာမိသားစု အပိုင်ဖြစ်ခဲ့သော်လည်း ဖိုးတုတ်အပိုင် တွင်မူ မက်မဆာမိသားစု နောက်ဆုတ်ပေးခဲ့ရသည်။

မန်မဆာမိသားစုအနေဖြင့်လည်း အနောက်ပိုင်းတွင် ပုဏ္ဍားဘထွန်းအပြင် နောက်ထပ် ရန်စွယ်တစ်ခု ထပ်မပွားစေရန် မက်စတီးခန်းက သတိပေးထားသဖြင့် ဖိုးတုတ်လုပ်သမျှ အသာကြည့်နေရုံမှလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ကြ။

မန်စတီးခန်း မန်မဆာအုပ်စုရော၊ ပုဏ္ဍားဘထွန်းတို့ကပါ ဖိုးတုတ်ကို လျှော့တွက်ခဲ့ကြသည်။
သူတို့ နှစ်ဖွဲ့၏ ရန်ကုန်အရှေ့၊အနောက် ဗိုလ်လုပွဲပြီးလျှင် ဖိုးတုတ်သည် အချိန်မရွေးရှင်းပစ်လို့ရနိုင်မည့် ဗမာချာတိတ်ဟု ယူဆထားခဲ့ကြသည်။

၁၉၂၈ ခုနှစ်သို့ ချည်းနင်းဝင်ရောက်ခဲ့ပြီ။
လမ်းမတော်တွင် ပုဏ္ဍားဘထွန်း၏ အရောင်သည် ခပ်မှိန်မှိန်သာဖြစ်နေပြီး လမ်းမတော်ဖိုးတုတ် က တောက်ပသည်ထက် တောက်ပလာသည်။

ဘုန်းကြီးကျောင်းတွင် ခင်မင်ခဲ့သည့် ရဲဝန်ထောက် ဦးချန်ထွန်းကျေးဇူးဖြင့် အနောက်ပိုင်းခရိုင် ပုလိပ်အက်စပက်တော် ဦးဟုတ်ဂွမ် ကို ဖိုးတုတ်အိပ်ထဲ ထည့်ထားနိုင်ခဲ့သည်။

လမ်းမတော်အပျော်အပါးဌာနများတွင် ညမင်းသားလာလုပ်ကြသော ဓာတ်ရှင်မင်းသား ခင်မောင်၊ ဇာတ်မင်းသား ရွှေကျီးညို တို့သည် ဖိုးတုတ်နှင့် ငယ်ပေါင်းကြီးဖော်လိုဖြစ်လာကြသည်။

သူတို့မှတဆင့် ရုပ်ရှင်အသိုင်းအဝိုင်း၊ ဇာတ်သဘင်အသိုင်းအဝိုင်းအထိ ဖိုးတုတ်နာမည်က ပေါက်ရောက်လာနေပြီဖြစ်သည်။

ခေတ်သစ်ရန်ကုန်မြို့သည် အနောက်တိုင်းဆန်ဆန်တည်ငြိမ်လှပနေသလို လမ်းမတော်သည်လည်း တက်ကြွသော တရုတ်မြို့တော်တစ်ခုအဖြစ် ဖွံ့ဖြိုးနေသည်။

မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပြည့်တန်ဆာ အစုံ ရနိုင်သလို ချမ်းသာကြွယ်ဝသော ကုန်သည်ကြီးများ၏ အိမ်များ၊ တရုတ်ပြည်မ နှင့် ရေလက်ကြားနယ်သစ်များမှ တင်သွင်းသည့် ပစ္စည်းမျိုးစုံကို ရနိုင်သည့် နေရာဖြစ်လာသည်။

ကန်တုံအုပ်စုနှင့် ဖူးကျန့်အုပ်စုကွဲနေသော တရုတ်လူမျိုးဂိုဏ်းများကြားတွင် ရံဖန်ရံခါဖြစ်တတ်သော တိုက်ပွဲလေးများမှ အပ လမ်းမတော်ဖိုးတုတ်၏ အာဏာစက်အောက်တွင် လမ်းမတော်က ငြိမ်ဝပ်လာသည်ဟု ထင်ရသည်။

ထိုအခြေအနေကို ပုလိပ်အဖွဲ့ကလည်း အသိအမှတ်ပြုလာကြသည်။

သို့သော် တကယ်တမ်းက ထိုသို့မဟုတ်။
လမ်းမတော်ကား အကြောက်တရားဖြင့် ငြိမ်ဝပ်နေကြခြင်းပင်။

ဖိုးတုတ်နှင့် သူ့တပည့်များ၏ ရမ်းကားမှု က တဆင့်ပြီး တဆင့်တက်လာကြသည်။

 တရုတ် ရှန်ဟိုင်းအစိမ်းဂိုဏ်း ၏ ဘိန်းကုန်ကူးသော ရွက်လှေကြီးများပေါ်အထိ ဖိုးတုတ်အုပ်စုက ထိပါးလာသည်။

ရှန်ဟိုင်းအစိမ်းဂိုဏ်း၏  ပင်မလုပ်ငန်းမှာ ဘိန်းကုန်ကူးခြင်းပင်။

ထိုအချိန်က တရုတ်ပြည်မတွင် နိုင်ငံရေးသြဇာအကြီးဆုံးမှာ ဟုန်ပန်းအနီဂိုဏ်းဖြစ်ပြီး ထိုဂိုဏ်းတွင် ဒေါက်တာဆွန်ယက်ဆင်၊ ချန်ကေရှိတ်တို့ကဲ့သို့သော သမိုင်းဝင် တရုတ်ခေါင်းဆောင်များ ပေါ်ထွက်ခဲ့ကြသည်။

အနီဂိုဏ်းသည် နိုင်ငံရေးလောကတွင် ပါဝင်သကဲ့သို့ ကမ္ဘာအနှံ့ဒုစရိုက်လုပ်ငန်းများနှင့် ပတ်သက်မှုရှိခဲ့သည်။

ရှန်ဟိုင်းအစိမ်းဂိုဏ်း၏ ခေါင်းဆောင် နားကားကြီး ခေါ် တူယွဲ့ရှိန်း သည်အနီဂိုဏ်းဝင် ဒုစရိုက်ခေါင်းဆောင် ကျောက်ပေါက်မာယွမ်အဖွဲ့မှ အောက်ခြေ ဒုစရိုက်သမားတစ်ဦးဖြစ်ခဲ့ဖူးသည်။

နားကားကြီးတူယွဲ့ရှိန်း ကို ရှန်ဟိုင်းမြို့တစ်ဖက်ကမ်း၊ ကောင်းချောင်ရွာ ဆင်းရဲသားရပ်ကွက်တွင် မွေးဖွားခဲ့သည်။

တူယွဲ့ရှိန်းမှာ နားရွက်ကားကား၊ သွားခေါခေါဖြင့် ကြောက်စရာ ဥပဓိရုပ်ရှိသကဲ့သို့ တရုတ်ပြည်ရှိ ပြင်သစ်အငှားနယ်မြေတွင် အသက် ဆယ့်နှစ်နှစ်ဖြင့် ကြေးစားလူသတ်ပေးခဲ့သူဖြစ်သည်။

တူယွဲ့ရှိန်း အရွယ်ရောက်လာသည်နှင့်အမျှ နောက်လိုက်နောက်ပါများ များပြားလာပြီး အနီဂိုဏ်းမှ ခွဲထွက်ကာ ရှန်ဟိုင်းအစိမ်းဂိုဏ်းကို ထူထောင်ခဲ့သည်။
မကြာမီ အနီဂိုဏ်းမှ ရှန်ဟိုင်းဒုစရိုက်ခေါင်းဆောင် ကျောက်ပေါက်မာဟွမ်၊ အစိမ်းဂိုဏ်းခေါင်းဆောင် နားကားကြီး တူယွဲ့ရှိန်း နှင့် အပြာဂိုဏ်းခေါင်းဆောင် ကျန်းရှောက်လင်းတို့ အကျိုးတူပူးပေါင်းခဲ့ကြသည်။

 သူတို့ သုံးဂိုဏ်းပေါင်းထားသည့်  ချိုကျူးဂိုဏ်း ခေါ် မာဖီးယားအုပ်စုမှာ ကမ္ဘာတွင် အင်အားအကြီးဆုံးလူဆိုးဂိုဏ်းကြီးများထဲမှ တစ်ခုဖြစ်လာခဲ့သည်။

ရန်ဟိုင်းအစိမ်းဂိုဏ်းသည် ဘိန်းကုန်ကူးမှုကို အဓိက လုပ်ဆောင်ပြီး နိုင်ငံတကာဘိန်းဈေးကွက်ကို ထိန်းချုပ်ထားခဲ့သည်။

ယခုတော့ နားကားကြီး တူယွဲ့ရှိန်း၏ ဘိန်းဈေးကွက်များထဲမှ တစ်ခုဖြစ်သော အင်္ဂလိပ်ပိုင် မြန်မာပြည်၊ ရန်ကုန်မြို့၊ လမ်းမတော်ဆိပ်ကမ်းတွင် အသက် (၃၀)ဝန်းကျင် လူငယ်လေးတစ်ဦး ဦးဆောင်သည့် လူမိုက်ဂိုဏ်းကလေးသည် တူယွဲ့ရှိန်း၏ စီးပွားရေးကို ထိပါးစ ပြုလာပေပြီ။

တူယွဲ့ရှိန်း ၏ လက်ထောက်များ သတိထားမိသွားနိုင်သည့် ထိပါးမှုမျိုးဆိုပါက ဖိုးတုတ်တို့ တစ်ဖွဲ့လုံးသာမက ဆွေမျိုးများပါ လက်သည်မပေါ်ပဲ မီးလောင်တိုက်သွင်းခံရဖို့များနေသည်။

ထိုအခြေအနေကို တရုတ်တန်းမှ လျှို့ဝှက်ဂိုဏ်းဝင်များက ရင်တမမ နှင့် ကြည့်နေကြသည်။

သို့သော်..ဖိုးတုတ် ဘက်တွင် ကံကြမ္မာကောင်းက ရှိနေသည်။

ထိုကံကြမ္မာကောင်းသည် ချစ်ခြင်းမေတ္တာ၊ သွေးစက်များ နှင့်အတူ ယှဉ်တွဲဝင်လာခြင်းပင်။
…………………………………………………………………………………………
၁၉၂၈ ဧပရယ်လ ၃ရက်။
လမ်းမတော် (၁၄)လမ်းရှိ ဒေါ်ချစ်ပု ၏ နေအိမ်ရှေ့သို့ မော်တော်ကားတစ်စီး ထိုးဆိုက်လာသည်။
ရပ်ကွက်တစ်ခုလုံး ရုတ်တရက် ငြိမ်သက်ကာ ထိုကားထံသို့ အာရုံစိုက်သွားကြသည်။

ကားပေါ်မှ ဆင်းလာသူက လမ်းမတော်ဖိုးတုတ်။
လမ်းမတော်၏ တောက်ပလာသော အိမ်ရှေ့စံ ဖိုးတုတ်။
ဖိုးတုတ်က ဆေးတံကို ခဲလျက်။ သူ့နံဘေးတွင် ဂန္ဓမာသောင်းရီ နှင့် စံဘတို့ ခြံရံထားသည်။

ဖိုးတုတ် အိမ်ပေါ်လှမ်းတက်လိုက်သည်နှင့် သူ့ကို ကျောပေးထားသော မိခင် ဒေါ်ချစ်ပု ကို တွေ့လိုက်ရသည်။

''အမေ..ဘာဖြစ်နေတာလဲ..ကျွန်တော့်ကို ခေါ်ခိုင်းတယ်ဆို''

ဒေါ်ချစ်ပု က ဖိုးတုတ်ဘက် လှည့်လာသည်။

''နင့်ကောင်တွေကို အိမ်အောက်မှာ နေခဲ့ခိုင်း..ဖိုးတုတ်..နင်နဲ့ငါ နှစ်ယောက်ချင်း ပြောမယ်''

ဂန္ဓာမာသောင်းရီ နှင့် စံဘတို့ က အိမ်အောက်သို့ ပြန်ဆင်းသွားသည်။

''အမေ..ဘာတွေ ဒေါသထွက်နေတာလဲ..အမေ''

''နင် လူပါးဝတာတွေ များနေပြီ ဖိုးတုတ်…တခြား နင် မကောင်းမှုတွေ ဘာလုပ်လုပ် ငါမပြောပါဘူး.. အခုဟာက နင်ဟာ ငါဈေးရောင်းကျွေးတဲ့ ထမင်းကို စားလာပြီး..ငါတို့ကို အပြန်အလှန်ကျေးဇူးရှိတဲ့ ရိုးရိုးသားသား ကုန်သည်တွေပါ အနိုင်ကျင့်စော်ကားနေတာ လွန်လာလို့''

ဖိုးတုတ် မျက်မှောင်ကျုံ့သွားသည်။ ဆေးတံကို ဘေးချလိုက်သည်။

''ကျွန်တော် ဘာလုပ်လို့လဲ..အမေ..အမေပြောတာ နားမလည်ဘူး''

''နင် ဈေးဆိုင်တွေ၊ ကုန်သည်တွေဆီကနေ နယ်ကိုပို့မယ်ဆိုပြီး ကုန်တွေမှာတယ်။ ပြီးရင် ငွေမရှင်းပေးဘဲ လူလည်ကျနေတယ်။ အဲ့ဒီ သတင်းတွေ ငါအကုန်ကြားပြီးသား''
''ဟာ..မဟုတ်တရုတ်.အမေရာ..ကျွန်တော်က ကုန်သည်တွေကို အဲ့ဒီလို လုပ်စရာလား''

''အော်..နင်က ငြင်းချင်သေးတယ်..နင်သိလား..နင်အဲ့ဒီလို လုပ်တဲ့ထဲ ငါ့တို့အပေါ်ကျေးဇူးရှိတဲ့ ထောင်ကဲ ကြီး ဘွန်ရှုကျန်း နဲ့ မမမြ တို့ ဆီကပါ ပါသေးတယ်..သူတို့အားလုံးက နင့်ကို ကြောက်လို့ သာ ဟိုတိုင် ဒီတိုင် မလုပ်ပဲ ကြိတ်မှိတ်ခံနေကြတာ….ခု မခံနိုင်လွန်းလို့ ငါ့ကို ရင်ဖွင့်ရှာတာ..ဟမ်း..နောက်ထပ် ကုန်သည်တွေ လည်း နင်လုပ်တာ ခံနေရတယ်တဲ့..ငါရှက်လိုက်တာ..ဖိုးတုတ်ရယ်..ထမင်းတစ်လုပ်တော့ ငါဈေးရောင်းရှာကျွေးနိုင်ပါတယ်''

''အမေ..တစ်ခုခုတော့ မှားနေပြီ..ကျွန်တော် ရိုးရိုးသားသားကုန်သည်တွေနဲ့ တစ်ခါမှ မပတ်သက်ဘူးနော်''

ထိုအချိန်တွင် အိမ်ထဲသို့ အမျိုးသမီးငယ်တစ်ဦး ဝင်လာသည်။

''ဂျီးတော်ပု..ဂျီးတော် သား ရောက်ပြီလား''

ဂန္ဓမာသောင်းရီ နှင့် စံဘတို့က အိမ်ထဲ ဇိုးဇိုးဇတ်ဇတ်ဖြင့် ဝင်လာသော အမျိုးသမီးငယ်ကို ရုတ်တရက် ကြောင်ကြည့်နေကြသည်။

ဘီအေဆံထုံးကို ထုံးထားပြီး အသားဖြူဖြူ၊ ခန္ဒာကိုယ်အချိုးအဆက်လှလှဖြင့် အသက် (၂၃)နှစ်အရွယ် အမျိုးသမီးက အိမ်ပေါ်သို့ တက်ချလာသည်။

''လာ..မသင်းမြ..ဒီမှာဒါ ဂျီးတော်ပု သားပဲ''

''ကိုဖိုးတုတ်..ဆိုတာကိုး..တစ်ခုပြောမယ်နော်..ရှင့်ကိုယ်ရှင် လူမိုက်ဆိုပြီး အထင်ကြီးမနေနဲ့..ကျွန်မ ရှင့်ကို မကြောက်ဘူး''

ဖိုးတုတ်က မသင်းမြကို ပြုံးပြီး ကြည့်နေသည်။

''ဒါ မင်းတို့ ငယ်ငယ်ကတည်းက အမေငွေလိုတိုင်း ကူညီပေးနေတဲ့ ထောင်ကဲ နဲ့ မမြ တို့ သမီး မသင်းမြတဲ့..  မင်းဘာတွေလုပ်ခဲ့လဲဆိုတာ သူပြောပြလိမ့်မယ်''

မသင်းမြ က အင်္ကျ ီရင်ဘတ်ထဲမှ ကုန်အမှာစာရွက်သုံးရွက်ကို ဖိုးတုတ်ထံ ထိုးပေးလိုက်သည်။

''ဒီမှာ လွန်ခဲ့တဲ့ တစ်လအတွင်း ရှင့်နာမည်နဲ့ ကျွန်မတို့ဆီ မှာခဲ့တဲ့ ကုန်ဖိုးစာရင်းတွေ…ရှင်မှာပြီး တစ်ခါမှ လည်း ပိုက်ဆံလာမရှင်းဘူး..ရှင် က ဂျီးတော်ချစ်ပုသားဆိုတာ သိနေလို့ ကျွန်မ အတယ်တို့က သည်းခံနေတာ..နောက်ထပ် ရှင်လုပ်သွားတဲ့ ကုန်သည်တွေလည်းဈေးထဲမှာ အများကြီးပဲ..သူတို့ ခမြာ ရှင့်ကို ကြောက်လို့ ငြိမ်ခံနေတာ…အဲ့ဒါတွေ ရှင်ဘယ်လိုရှင်းမှာလဲပြော''

ဖိုးတုတ်က ခေါင်းကုတ်လိုက်သည်။ ထို့နောက် ကုန်မှာစာရွက်များကို တစ်ရွက်ချင်းကြည့်လိုက်သည်။

''ရှင်စာဖတ်တတ်တယ် မဟုတ်လား။ ကုန်မှာယူသူ နေရာမှာ နာမည်ရေးထားတာ ဘယ်သူ့နာမည်လဲ..ဘယ်သူ့လက်မှတ်လဲ''

''ဖိုးတုတ် ဆိုတာတော့ ဟုတ်တယ်..ညီမလေး..ဒါပေမယ့်…လက်မှတ်က အကိုကြီး လက်မှတ်မဟုတ်ဘူးနော်''
''ရှင် ကျွန်မကို ညီမလေး မခေါ်ပါနဲ့..ရှင်လိုလူနဲ့ ကျွန်မ လေသံနဲ့တောင် မောင်နှမ အတော်မခံနိုင်ဘူး''

စူပုပ်နေသော မသင်းမြ မျက်နှာရဲရဲလေးကို ကြည့်ကာ ဖိုးတုတ် က ပြုံးနေသည်။

''အိုကေလေ..မြ..ဒီကိစ္စကို သုံးရက်အတွင်း အကိုကြီး အပြီးရှင်းပေးမယ်….ကျန်တဲ့ကုန်သည်တွေ ရဲ့ကုန်စာရင်းတွေရောပဲပေါ့…ဒါဆို မြ ကျေနပ်မှာလား''

''ရှင် ကျွန်မကို မြ လို့ မခေါ်ပါနဲ့''

ဖိုးတုတ်က ဆေးတံကို မီးညှိ့လိုက်သည်။ 

''အမေ…ဒီကိစ္စ ကျွန်တော် မဟုတ်ဘူးဆိုတာ သေချာတယ်။ အမေ ကျွန်တော့်ကို ယုံပါ။ မကြာခင် အဖြေမှန် ပေါ်မှာပါ..ကျွန်တော်သွားပြီ..အမေ''

ဖိုးတုတ်က ဒေါ်ချစ်ပုကို နှုတ်ဆက်ပြီး အိမ်ပေါ်မှ ဆင်းသွားသည်။

မသင်းမြ က အံကို ကြိတ်လျက်။
……………………………………………………………………………..

''ပုဏ္ဍားကျော်ထွန်း က မင်းလူတွေကို ခေါ်.. တရုတ်တန်း၊ လသာဘက်မှာ ရှိသမျှ ဈေးတွေက ပွဲရုံတွေကို လိုက်မေး..ဖိုးတုတ်နာမည်နဲ့ ကုန်ကြွေးယူထားရင် အဲ့ကြွေးစာရင်းစာရွက်တွေ ပေးလိုက်ဖို့ပြော''

''အုန်းဖေ က ဆိပ်ကမ်းမင်းကြီးရုံးကိုသွား… အဲ့ဒီမှာ နယ်ကုန်တွေပို့တဲ့ သဗ္ဗာန်တွေကို စာရင်းလုပ်တဲ့ အကောက်စာရေး အာမေနီးယန်းကြီးရှိတယ်။ သူ့ဆီမှာ ကုန်ပြေစာအခွန်ဆောင်တဲ့အထဲ ဖိုးတုတ် ဆိုတဲ့ နာမည်နဲ့ သူရှိလားဆိုတာ မေး၊ ရှိတယ်ဆို ဘယ်မှာနေလဲဆိုတာ သေချာစုံစမ်း''

''မောင်ညွန့်နဲ့ စံဘက ငါတို့ လူတွေကို လိုက်စုထားလိုက်တော့။ လိုအပ်ရင်ခေါ်သုံးမယ်လို့။ ဂန္ဒမာ က ပုဏ္ဍားလူတွေ ဒီရက်ပိုင်း ဘာတွေလှုပ်ရှားနေလဲဆိုတာ နည်းနည်းကင်းထောက်ထားကွာ..ကဲ..အားလုံး သွားလို့ရပြီ''

အခန်းထဲတွင် လမ်းမတော်ဖိုးတုတ် နှင့် သူ့ညီ ဘသိန်း သာ ကျန်ရစ်သည်။

''ဘသိန်း..မင်း က အမေနဲ့ အတူ ဆိုင်ဖွင့်တာဆိုတော့ မသင်းမြ ကို သိလား''

''သိတယ်လေ..ကိုကြီးဖိုးတုတ်…ထောင်ကဲသမီး တရုတ်ကပြားမလေး''

''ဒီကောင်မလေးက တမျိုးပဲကွနော်''

''ကောင်မလေးက ဇတ်ဇတ်ကြဲလေး။ ဒါပေမယ့် ဘာသာရေးတို့ ဘာတို့တော့ ကိုင်းရှိုင်းပါတယ်။ ခုနှစ်တန်းထိလည်း ခေတ်ပညာတတ်တယ်။ ဟဲ..ဟဲ…ငါ့အကိုကတော့…ဟဲဟဲ''

''အေးကွာ..ဒီနေ့ အမေ့ဆီ သွားရင်းတွေ့ခဲ့တာ..ငါ့ကိုလည်း ကတ်ကတ်လန်အောင် ရန်တွေ့တာပဲဆရာ..မလွယ်တဲ့ဟာလေးပဲ''

''အကို..အဲ့ဒီ မြာလေးကို စွဲနေပြီမဟုတ်လား''

''အေးကွ..ဘသိန်းရ..ငါလည်း မိန်းမတွေအများကြီးနဲ့ ဆုံဖူး၊ အိပ်ဖူးတာပဲ။ ချိုက်ဟုန်နဲ့ဆို တပတ် လေးရက်လောက် နေဖြစ်နေတာ။ ဒါပေမယ့် သူ့ နဲ့ တွေ့တဲ့အခါ ခံစားရတာမျိုးမဖြစ်ဘူးကွ။ တမျိုးတော့ တမျိုးပေါ့''

''ဟာ တစ်မျိုးမကဘူး..ငါ့အကိုရ..အဲ့ဒါ အမျိုးထောင့်ငါးရာလောက်ရှိတယ်..အဲ့ဒါ..အချစ်ဗျ..အချစ်''

''ဟာကွာ..အဲ့ဒီလို အနုအရွတွေအတွက် ငါအချိန်မပေးနိုင်သေးပါဘူး''

''အကို..အချိန်ပေးစရာမလိုပါဘူး..အကိုရဲ့..ကျွန်တော်က အဲ့ဒီအိမ်ကို အဝင်အထွက်ရှိနေတာပဲ..ထောင်ကဲသို့ ဒေါ်ဒေါ်မြ တို့က ကျွန်တော့်ကို ငယ်ငယ်ကတည်းက သိကြတာ…အကို့ညီ ဘသိန်း ကြံစည်ပေးမှာပေါ့''

''အေးကွာ..အမေတို့ မင်းတို့နဲ့ သူတို့မိသားစုဒီလောက်ရင်းကြတာ..ငါမသိဘူး။ ပိုဆိုးတာက ငါ့နာမည်သုံးပြီး သူတို့ ဆီက ကုန်ဖိုးတွေ လိမ်သွားသေးတဲ့။ အားနာလိုက်တာကွာ''

''ဒါကတော့ အကိုရာ..အကိုလုပ်တာမှ မဟုတ်ပဲကိုး။ အကိုနာမည်ကို သူများက သုံးသွားတာပဲ။ ကိစ္စပြီးသွားမှ ထောင်ကဲတို့ဆီသွားပြီး အကျိုးအကြောင်းရှင်းပြတာပေါ့''

ဖိုးတုတ် က ဖွာရှိုက်လက်စ ဆေးတံကြားမှ လွင့်ပျံလာသည့် မီးဖွားမှုန်လေးများကို ငေးကြည့်နေသည်။
…………………………………………………………………………………………
သန်းခေါင်ယံ ရန်ကုန်ည။
လမ်းဘေး မီးတိုင်များမှ အပ အလင်းကမရှိ။

တစ်ကာဂါရီ (ခေါ်) ဆိပ်ကမ်းသုံးမြင်းလှည်းတစ်စီးသည် လမ်းမတော်ဆိပ်ကမ်းမှ ဂိုထောင်တစ်လုံးရှေ့တွင် ရပ်တန့်လိုက်သည်။

မြင်းလှည်းပေါ်မှ လူသုံးဦးဆင်းလာပြီးနောက် အထုတ်တစ်ထုတ် အား သယ်ချကြသည်။

ထို့နောက် အထုတ်ကို ဂိုထောင်ထဲသို့ သယ်သွားပြီး ဂိုထောင်တွင်း ကုလားထိုင်တွင် ထိုင်နေသာ သူ၏ ရှေ့ တမံသလင်းပေါ်သို့ ပစ်ချလိုက်လေသည်။
အထုတ်တွင် ချည်ထားသော ကြိုးကို ဖြည်ချလိုက်သောအခါ အထဲတွင် လက်ပြန်ကြိုးတုပ်ထားသော လူတစ်ယောက်။

ကုလားထိုင်ပေါ်က လူက ခြေချိတ်ထိုင်လျက်က မေးခွန်းထုတ်လိုက်သည်။

''မင်း နာမည် ဘယ်လိုခေါ်လဲ''

''ခင်ဗျားတို့ ကျုပ်ကို ဘာလို့ ခေါ်လာတာလဲ..ဒါက ဘယ်နေရာလဲ..ခင်ဗျားတို့ မှားမယ်နော်..ကျုပ်ကို ဘယ်သူမှတ်လဲ..ဘယ်သူမှတ်နေလဲ"

"ပြောကြည့်ပါဦး..မင်းက ဘယ်သူတုန်း"

''ကျုပ်နာမည် ဖိုးတုတ်..ဖိုးတုတ်ဗျ..''

''သြော်..ဖိုးတုတ်တဲ့လား..ဖိုးတုတ် ဆို ရိုက်တယ်ကွာ''

''ဖြောင်း''

အရှိန်ဖြင့် လွှဲရိုက်လိုက်သော သံခေါင်းမူလီတပ်တုတ် ကြောင့် နဖူးထက်မှ သွေးများ ဖျာခနဲ ထွက်လာသည်။

''ပြန်ပြောစမ်းပါဦး..မင်းနာမည်..ဘယ်သူ''

''…………………………''

တဖက်မှ အသံထွက်မလာ။

''အေး…မင်းက ဖိုးတုတ်ဆိုတော့ ငါကလည်း ငါ့နာမည်ပြောမယ်..ငါလည်း ဖိုးတုတ်ပဲကွ.. အေး.ငါနာမည် လမ်းမတော်ဖိုးတုတ်ကွ''

လက်ပြန်ကြိုးတုပ်ခံထားရသူသည် ဆတ်ခနဲတုန်သွားပြီး လမ်းမတော်ဖိုးတုတ်ကို မော့ကြည့်လိုက်သည်။

''ကလိန်ကကျစ်ပွဲစားကောင် ကများ ငါနဲ့ နာမည်လာတူနေရတယ်လို့ကွာ..ဒီမယ်..လမ်းသုံးဆယ်က ဖိုးတုတ်.. မင်း က ဘာကိစ္စ ငါ့နာမည်သုံးပြီး လိမ်စားနေရတာလဲ..ဖြေစမ်း''

''အ…အ..ကျုပ်ဘယ်မှာ လိမ်လို့လဲ…ကျုပ်နာမည်လဲ ဖိုးတုတ်ပဲလေ…သူတို့ဆီ  က ကုန်မှာတယ်..ငွေမပြေလည်သေးလို့ အကြွေးတွေမပေးသေးတာလေ..ဘာဖြစ်လို့လဲ''

''သြော်.အေးပါ…ဟေဟေး..ဒါဆို မင်းက ငါ့နာမည်နဲ့ လုပ်စားတာမဟုတ်ဘူးပေါ့…မင်းနဲ့ ငါနဲ့ နာမည်တူနေလို့ပေါ့..ဟုတ်လား''

''အဲ့လိုလည်း မဟုတ်ပါဘူး..ဆရာဖိုးတုတ်..‌တောင်းပန်ပါတယ်ဗျာ..အဟီးဟီး..ကျွန်တော့်ကိုမသတ်ပါနဲ့ "

''ငိုမ‌နေနဲ့ ..ခွေးမသား..မင်းကို သတ်တော့ မသတ်ဘူး..ဒါပေမယ့်... ငါနဲ့ နာမည်မတူတောင် ဒီနေ့ကစပြီး နာမည်ပြောင်းပေးလိုက်မယ်..ပြီးတော့ မင်းယူထားတဲ့ ကုန်ကြွေးတွေအားလုံးကို နှစ်ရက်အတွင်း အပြီးလိုက်ဆပ်ရမယ်။ မဟုတ်ရင်တော့ မင်း ဂွေးဥနှစ်လုံးကို အရှင်လတ်လတ်ထုတ်ပြီး ရန်ကုန်မြစ်ထဲမှာ ငါးစာကျွေးပစ်မယ်''

''ဟုတ်..ကဲ့..ဆရာဖိုးတုတ်''

''နေဦးဟ အခုက ပါးစပ်နဲ့ ပြောပြီးပြီဆိုတော့ လက်နဲ့ လုပ်စရာတွေရှိသေးတယ်..မင်းနာမည်ကို ဖိုးတုတ်ကနေ ဖိုးတေ လို့ ငါပြောင်းပေးမယ်..အပေအတေကလိန်ကောင်မို့…ကဲ..နာမည်ပေး ကင်မွန်းတပ်ပွဲစမယ်..ဂန္ဓမာ နဲ့ အုန်းဖေ လာဟေ့''

အုန်းဖေ က သူ့ခါးကြားတွင် အမြဲဆောင်ထားသော ဓါးမြှောင်ကို ဖိုးတုတ်ထံ ကမ်းပေးလိုက်သည်။
ထို့နောက် လမ်း(၃၀)ဖိုးတုတ်ကို မှောက်ခုံမှောက်ကာ ဂန္ဓာမာသောင်းရီက တက်မိထားလိုက်သည်။

အုန်းဖေက လမ်း(၃၀)ဖိုးတုတ်၏ ဘိုကေထိပ်ကို ဆွဲလှန်မော့ပေးထားလိုက်သည်။
လမ်းမတော်ဖိုးတုတ်က ဓါးမြှောင်ထိပ်ဖြင့် လမ်း(၃၀)ဖိုးတုတ်၏ နဖူးကို တေ့ပြီး စာလုံးလေးလုံးရေးထွင်း လိုက်သည်။

''ကလိန် ဖိုးတေ''

နောက်နှစ်ရက်အကြာတွင် လမ်းမတော်ဖိုးတုတ်အယောင်ဆောင်ခဲ့သော လမ်း(၃၀)ဖိုးတုတ် သည် လမ်း(၃၀)ရှိ သူ၏နေအိမ်ကို ရရာဈေးဖြင့် ရောင်းချသွားပြီး လမ်းမတော်ပွဲရုံများတွင် ကျန်ရှိသော ကုန်ဖိုးများအားလုံးကို ရှင်းပေးကာ ရန်ကုန်မြို့မှ ပျောက်ကွယ်သွားတော့သည်။

လမ်း(၃၀) ဖိုးတုတ်၏ နေအိမ်ကို အောက်ဈေးဖြင့် ဝယ်လိုက်သူမှာလည်း လမ်းမတော်ဖိုးတုတ်ပင် ဖြစ်နေတော့သည်။
…………………………………………………………………………………………
''ထောင်ကဲကြီးရော..ဒေါ်ဒေါ်မြ ကိုပါ ဒီက ကျွန်တော့်အကို ကိုဖိုးတုတ်က တောင်းပန်ရအောင်လာတာပါ.. သူ့ကြောင့် ဒီလိုဖြစ်ရတာဆိုပြီး သူစိတ်မကောင်းဖြစ်နေတာ..''

''မဟုတ်တာကွယ်.. ဒီကိစ္စက ဟိုတစ်ဖက်သားက မောင်ဖိုးတုတ် အယောင်ဆောင်ပြီး လုပ်စားသွားတာပဲ.. ဒေါ်ဒေါ်မြတို့လည်း ကိုယ့်ငွေ ကိုယ်ပြန်ရပြီပဲ..မောင်ဖိုးတုတ်ကိုတောင် ကျေးဇူးတင်ရဦးမှာ''

ဒေါ်မြမြ က လမ်းမတော်ဖိုးတုတ်ကို အားတောင့်အားနာဖြင့် ပြုံးပြသည်။

ထောင်ကဲဘွန်းရှုကျန်း က မူ မျက်မှန်ဝိုင်းအသေးလေးထဲမှ မျက်လုံးမှေးများဖြင့် ဖိုးတုတ်ကို အကဲခတ်နေ၏။

''ဒါနဲ့..မသင်းမြ ရော…ဒေါ်ဒေါ်မြ''

''ပွဲရုံမှာလေကွယ်..ပွဲရုံကိစ္စ အခုကစပြီး သူ့ပဲ လက်လွှဲနေရတာ''

''သြော်..ဟုတ် ဒေါ်ဒေါ်မြ..ကောင်းပါတယ်..အားကိုးရတဲ့ သမီးလေးပေါ့..ကျွန်တော်တို့ ကို ပြန်ခွင့်ပြုပါဦးနော်''
……………………………………………………………………
''ကိုဂန္ဓမာ..လမ်းမတော်ဈေးဘက်ကို မောင်းဗျာ''

''ဟေ့ကောင်..ဘသိန်း..မင်း ဘာရှုပ်ဦးမလို့လဲ''

''ဟာ..ကိုကြီးဖိုးတုတ်ကလည်း အ ရန်ကော။ ဒီအချိန်ဆို ကိုယ်ကြီး မြာလေးက ပွဲရုံမှာတစ်ယောက်တည်းလေ။ သူ့ အဘိုးကြီးနဲ့ အဘွားကြီးက သူ့အိမ်မှာ ကျန်ခဲ့ပြီလေ။ ကဲ.ဒီအချိန်မျိုးက.ငါ့ကိုကြီး လှုပ်ရှားဖို့ အခွင့်ကောင်းပဲမဟုတ်လား''

''ဘသိန်း မင်းကတော့ကွာ…ဒါမျိုးဆို တယ်ရှုပ်တဲ့ကောင်''
ဂန္ဓမာသောင်းရီက ကားကို လမ်းမတော်ဈေးဘက်သို့ ဦးတည်လိုက်သည်။

အာလူးကြက်သွန်ပွဲရုံ ရှေ့ စားပွဲတွင် မသင်းမြ တစ်ယောက် ပေသီးတံ တစ်ချပ်ဖြင့် အလုပ်များနေသည်။

''မသင်းမြ''

''အောင်မယ်..သေချင်းဆိုးဘသိန်း..နင် ဘယ်က ဘယ်လို ရောက်လာတာလဲ''

''ဘယ်ကမှ မဟုတ်ဘူး..မရီးရေ..ဒီမှာ ငါ့အကို ကိုဖိုးတုတ်က နင့် အကြွေးစာရင်းတွေ ရှင်းပြီလားလို့ လာမေးတာတဲ့''

မသင်းမြ မျက်နှာ ခပ်တည်တည်ဖြစ်သွားသည်။

''နင် ငါ့ကို ဘယ်လို ခေါ်လိုက်တယ်..ဘသိန်း''

''မရီးလို့ ခေါ်တာလေ..မရီးရဲ့..ဟဲ..ဟဲ..ဟဲ''

''မသာကောင်၊ သူတောင်းစား..အင့်ဟာ''

မသင်းမြ က အနားတွင်ရှိသော အာလူးအိတ်ထဲမှ အာလူးဖြင့် ဘသိန်းကို ကောက်ပစ်လိုက်သည်။

ဘသိန်းက ငုံ့ရှောင်လိုက်ရာ အနောက်တွင် ရပ်နေသော ဖိုးတုတ်၏ မျက်နှာတည့်တည့်သို့ အာလူးသီးက သွားမှန်တော့သည်။

မသင်းမြ ပါးစပ် အဟောင်းသားဖြစ်သွားရသည်။ 

ပွဲရုံတန်းတစ်လျှောက်ရှိ လူအများ၏ မျက်လုံးကလည်း သူတို့ အဖြစ်အပျက်ဆီသို့ အာရုံစိုက်နေကြသည်။

ဖိုးတုတ်က စကားတခွန်းမှ မပြောပဲ မသင်းမြ ကို မီးတောက်မတက်လုံးများဖြင့် စိုက်ကြည့်နေ၏။

ထို့နောက် ချာကနဲ ပြန်လှည့်ထွက်သွားသည်။

ဘသိန်းလည်း အခြေအနေ မဟန်မှန်း သိသဖြင့် ဖိုးတုတ်နောက်မှ အပြေးလိုက်သွားသည်။

မသင်းမြ တစ်ယောက်သာ ရင်တွေ တုန်လျက် ကျန်ရစ်ခဲ့ရလေသည်။

သူသည် နာမည်ကျော်လူမိုက်ခေါင်းဆောင် လမ်းမတော်ဖိုးတုတ်၏ မျက်နှာကို အာလူးဖြင့် ပေါက်ခဲ့မိပြီရော။

ခက်ဇော်
အခန်း(၅) ဆက်ရန်

(အောက်ကတော့ ရှန်ဟိုင်းအစိမ်းဂိုဏ်းက နားကားကြီး ရဲ့ ပုံတွေပါ)
(Zawgyi)

The Guys of Yangon,1930 (Part 3)
.............................................................

                      အခန္း(၄)
                      ……………….

ဖိုးတုတ္သည္ လမ္းမေတာ္ကို တစ္လမ္းခ်င္း၊ တစ္ဘေလာက္ခ်င္း သိမ္းပိုက္လာခဲ့သည္။

ပု႑ားဘထြန္းေနသည့္ (၁၄)လမ္း ထိပ္ မွ အရက္ဆိုင္ႏွင့္ ဘိန္းခန္းမ်ားသည္ပင္လ်င္ ဖိုးတုတ္အဖြဲ႕၏ လက္လႊဲသိမ္းပိုက္သည္ကို ခံခဲ့ရသည္။

သိမ္ႀကီးေဈးတဝိုက္ကိုသာ ပု႑ားဘထြန္းအပိုင္အျဖစ္ ထီးထီးက်န္ရစ္သည္။ 
သိမ္ႀကီးေဈးကိုကား ပု႑ားဘထြန္း၏ ေမြးစားသား အာဠာဝကစိန္ႀကီး တို႔ အဖြဲ႕မွ အုပ္ခ်ဳပ္ေနသျဖင့္ ဖိုးတုတ္တို႔ တမင္တကာ လက္ေရွာင္ထားျခင္းျဖစ္သည္။

အာဠာဝကစိန္ႀကီးသည္ ဖိုးတုတ္ႏွင့္ သက္တူ႐ြယ္တူျဖစ္ၿပီး ၾကမ္းတမ္းရက္စက္ရာတြင္ နာမည္ႀကီးသည္။
အရပ္ ေျခာက္ေပနီးပါးျမင့္ၿပီး ခႏၶာကိုယ္ႀကံ့ခိုင္ေတာင့္တင္းသည္။ အေနာက္တိုင္းလက္ေဝွ႔ကို ကြၽမ္းက်င္ၿပီး ေဂၚရာစစ္တပ္ခ်န္ပီယံ လက္ေဝွ႔သမား နီဂ႐ိုးတစ္ဦးကို အလဲထိုးခဲ့ဖူးသျဖင့္ နာမည္ေက်ာ္သည္။
သူ႔ရင္ဘတ္တြင္ အာဠာဝကဘီလူးပုံေဆးထိုးထားၿပီး အာဠာဝကေဆးႂကြပါက လူတစ္ေယာက္ လည္ပင္းကို အစိမ္းကိုက္ၿပီး သတ္ပစ္သည္ဟု ပင္ ေကာလဟလမ်ား ထြက္ခဲ့ဖူး၏။

သားသမီးမရွိသည့္ ပု႑ားဘထြန္းက အာဠာဝကစိန္ႀကီးကို သားအရင္းအျဖစ္ ေမြးစားခဲ့သလို စိန္ႀကီးကလည္း ပု႑ားဘထြန္း အတြက္ဆို ေသေသေၾကေၾကတိုက္မည့္အထိ သံေယာဇဥ္ႀကီးၾကသည္။

အာဠာဝကစိန္ႀကီးမွာ ပု႑ားဘထြန္း၏ အင္အားပင္ျဖစ္သည္။

သို႔ေသာ္ မတ္စတီးခန္းအုပ္စုႏွင့္ မိမိအဆင္မေျပေသးသည့္ အေနအထားတြင္ ဖိုးတုတ္ကို ခဏအေလ်ာ့ေပးထားရန္ ပု႑ားဘထြန္းက ဆုံးျဖတ္ထားသည္။

လမ္းမေတာ္ဖိုးတုတ္ ကား ထိုအေျခအေနကို အခြင့္ေကာင္းယူကာ နယ္ေျမကို ဆက္လက္တိုးခ်ဲ႕ေနသည္။

လမ္းမေတာ္တြင္ ဂိတ္ထိုးေသာ Taxi ကားမ်ားကို အခြန္ေကာက္သည္။ လမ္းမေတာ္ႏွင့္ ၾကည့္ျမင့္တိုင္ေျပးဆြဲေသာ ဘတ္စ္ကားမ်ားကိုလည္း အခြန္ေကာက္သည္။
ရန္ကုန္၏ ပို႔ေဆာင္ဆက္သြယ္ေရးဆိုင္ရာ ဆက္ေၾကး၊ လိုင္းေၾကးမ်ားမွာ မန္မဆာမိသားစု အပိုင္ျဖစ္ခဲ့ေသာ္လည္း ဖိုးတုတ္အပိုင္ တြင္မူ မက္မဆာမိသားစု ေနာက္ဆုတ္ေပးခဲ့ရသည္။

မန္မဆာမိသားစုအေနျဖင့္လည္း အေနာက္ပိုင္းတြင္ ပု႑ားဘထြန္းအျပင္ ေနာက္ထပ္ ရန္စြယ္တစ္ခု ထပ္မပြားေစရန္ မက္စတီးခန္းက သတိေပးထားသျဖင့္ ဖိုးတုတ္လုပ္သမွ် အသာၾကည့္ေန႐ုံမွလြဲၿပီး ဘာမွ မတတ္ႏိုင္ခဲ့ၾက။

မန္စတီးခန္း မန္မဆာအုပ္စုေရာ၊ ပု႑ားဘထြန္းတို႔ကပါ ဖိုးတုတ္ကို ေလွ်ာ့တြက္ခဲ့ၾကသည္။
သူတို႔ ႏွစ္ဖြဲ႕၏ ရန္ကုန္အေရွ႕၊အေနာက္ ဗိုလ္လုပြဲၿပီးလွ်င္ ဖိုးတုတ္သည္ အခ်ိန္မေ႐ြးရွင္းပစ္လို႔ရႏိုင္မည့္ ဗမာခ်ာတိတ္ဟု ယူဆထားခဲ့ၾကသည္။

၁၉၂၈ ခုႏွစ္သို႔ ခ်ည္းနင္းဝင္ေရာက္ခဲ့ၿပီ။
လမ္းမေတာ္တြင္ ပု႑ားဘထြန္း၏ အေရာင္သည္ ခပ္မွိန္မွိန္သာျဖစ္ေနၿပီး လမ္းမေတာ္ဖိုးတုတ္ က ေတာက္ပသည္ထက္ ေတာက္ပလာသည္။

ဘုန္းႀကီးေက်ာင္းတြင္ ခင္မင္ခဲ့သည့္ ရဲဝန္ေထာက္ ဦးခ်န္ထြန္းေက်းဇူးျဖင့္ အေနာက္ပိုင္းခ႐ိုင္ ပုလိပ္အက္စပက္ေတာ္ ဦးဟုတ္ဂြမ္ ကို ဖိုးတုတ္အိပ္ထဲ ထည့္ထားႏိုင္ခဲ့သည္။

လမ္းမေတာ္အေပ်ာ္အပါးဌာနမ်ားတြင္ ညမင္းသားလာလုပ္ၾကေသာ ဓာတ္ရွင္မင္းသား ခင္ေမာင္၊ ဇာတ္မင္းသား ေ႐ႊက်ီးညိဳ တို႔သည္ ဖိုးတုတ္ႏွင့္ ငယ္ေပါင္းႀကီးေဖာ္လိုျဖစ္လာၾကသည္။

သူတို႔မွတဆင့္ ႐ုပ္ရွင္အသိုင္းအဝိုင္း၊ ဇာတ္သဘင္အသိုင္းအဝိုင္းအထိ ဖိုးတုတ္နာမည္က ေပါက္ေရာက္လာေနၿပီျဖစ္သည္။

ေခတ္သစ္ရန္ကုန္ၿမိဳ႕သည္ အေနာက္တိုင္းဆန္ဆန္တည္ၿငိမ္လွပေနသလို လမ္းမေတာ္သည္လည္း တက္ႂကြေသာ တ႐ုတ္ၿမိဳ႕ေတာ္တစ္ခုအျဖစ္ ဖြံ႕ၿဖိဳးေနသည္။

မူးယစ္ေဆးဝါး၊ ေလာင္းကစား၊ ျပည့္တန္ဆာ အစုံ ရႏိုင္သလို ခ်မ္းသာႂကြယ္ဝေသာ ကုန္သည္ႀကီးမ်ား၏ အိမ္မ်ား၊ တ႐ုတ္ျပည္မ ႏွင့္ ေရလက္ၾကားနယ္သစ္မ်ားမွ တင္သြင္းသည့္ ပစၥည္းမ်ိဳးစုံကို ရႏိုင္သည့္ ေနရာျဖစ္လာသည္။

ကန္တုံအုပ္စုႏွင့္ ဖူးက်န႔္အုပ္စုကြဲေနေသာ တ႐ုတ္လူမ်ိဳးဂိုဏ္းမ်ားၾကားတြင္ ရံဖန္ရံခါျဖစ္တတ္ေသာ တိုက္ပြဲေလးမ်ားမွ အပ လမ္းမေတာ္ဖိုးတုတ္၏ အာဏာစက္ေအာက္တြင္ လမ္းမေတာ္က ၿငိမ္ဝပ္လာသည္ဟု ထင္ရသည္။

ထိုအေျခအေနကို ပုလိပ္အဖြဲ႕ကလည္း အသိအမွတ္ျပဳလာၾကသည္။

သို႔ေသာ္ တကယ္တမ္းက ထိုသို႔မဟုတ္။
လမ္းမေတာ္ကား အေၾကာက္တရားျဖင့္ ၿငိမ္ဝပ္ေနၾကျခင္းပင္။

ဖိုးတုတ္ႏွင့္ သူ႔တပည့္မ်ား၏ ရမ္းကားမႈ က တဆင့္ၿပီး တဆင့္တက္လာၾကသည္။

 တ႐ုတ္ ရွန္ဟိုင္းအစိမ္းဂိုဏ္း ၏ ဘိန္းကုန္ကူးေသာ ႐ြက္ေလွႀကီးမ်ားေပၚအထိ ဖိုးတုတ္အုပ္စုက ထိပါးလာသည္။

ရွန္ဟိုင္းအစိမ္းဂိုဏ္း၏  ပင္မလုပ္ငန္းမွာ ဘိန္းကုန္ကူးျခင္းပင္။

ထိုအခ်ိန္က တ႐ုတ္ျပည္မတြင္ ႏိုင္ငံေရးၾသဇာအႀကီးဆုံးမွာ ဟုန္ပန္းအနီဂိုဏ္းျဖစ္ၿပီး ထိုဂိုဏ္းတြင္ ေဒါက္တာဆြန္ယက္ဆင္၊ ခ်န္ေကရွိတ္တို႔ကဲ့သို႔ေသာ သမိုင္းဝင္ တ႐ုတ္ေခါင္းေဆာင္မ်ား ေပၚထြက္ခဲ့ၾကသည္။

အနီဂိုဏ္းသည္ ႏိုင္ငံေရးေလာကတြင္ ပါဝင္သကဲ့သို႔ ကမာၻအႏွံ႔ဒုစ႐ိုက္လုပ္ငန္းမ်ားႏွင့္ ပတ္သက္မႈရွိခဲ့သည္။

ရွန္ဟိုင္းအစိမ္းဂိုဏ္း၏ ေခါင္းေဆာင္ နားကားႀကီး ေခၚ တူယြဲ႕ရွိန္း သည္အနီဂိုဏ္းဝင္ ဒုစ႐ိုက္ေခါင္းေဆာင္ ေက်ာက္ေပါက္မာယြမ္အဖြဲ႕မွ ေအာက္ေျခ ဒုစ႐ိုက္သမားတစ္ဦးျဖစ္ခဲ့ဖူးသည္။

နားကားႀကီးတူယြဲ႕ရွိန္း ကို ရွန္ဟိုင္းၿမိဳ႕တစ္ဖက္ကမ္း၊ ေကာင္းေခ်ာင္႐ြာ ဆင္းရဲသားရပ္ကြက္တြင္ ေမြးဖြားခဲ့သည္။

တူယြဲ႕ရွိန္းမွာ နား႐ြက္ကားကား၊ သြားေခါေခါျဖင့္ ေၾကာက္စရာ ဥပဓိ႐ုပ္ရွိသကဲ့သို႔ တ႐ုတ္ျပည္ရွိ ျပင္သစ္အငွားနယ္ေျမတြင္ အသက္ ဆယ့္ႏွစ္ႏွစ္ျဖင့္ ေၾကးစားလူသတ္ေပးခဲ့သူျဖစ္သည္။

တူယြဲ႕ရွိန္း အ႐ြယ္ေရာက္လာသည္ႏွင့္အမွ် ေနာက္လိုက္ေနာက္ပါမ်ား မ်ားျပားလာၿပီး အနီဂိုဏ္းမွ ခြဲထြက္ကာ ရွန္ဟိုင္းအစိမ္းဂိုဏ္းကို ထူေထာင္ခဲ့သည္။
မၾကာမီ အနီဂိုဏ္းမွ ရွန္ဟိုင္းဒုစ႐ိုက္ေခါင္းေဆာင္ ေက်ာက္ေပါက္မာဟြမ္၊ အစိမ္းဂိုဏ္းေခါင္းေဆာင္ နားကားႀကီး တူယြဲ႕ရွိန္း ႏွင့္ အျပာဂိုဏ္းေခါင္းေဆာင္ က်န္းေရွာက္လင္းတို႔ အက်ိဳးတူပူးေပါင္းခဲ့ၾကသည္။

 သူတို႔ သုံးဂိုဏ္းေပါင္းထားသည့္  ခ်ိဳက်ဴးဂိုဏ္း ေခၚ မာဖီးယားအုပ္စုမွာ ကမာၻတြင္ အင္အားအႀကီးဆုံးလူဆိုးဂိုဏ္းႀကီးမ်ားထဲမွ တစ္ခုျဖစ္လာခဲ့သည္။

ရန္ဟိုင္းအစိမ္းဂိုဏ္းသည္ ဘိန္းကုန္ကူးမႈကို အဓိက လုပ္ေဆာင္ၿပီး ႏိုင္ငံတကာဘိန္းေဈးကြက္ကို ထိန္းခ်ဳပ္ထားခဲ့သည္။

ယခုေတာ့ နားကားႀကီး တူယြဲ႕ရွိန္း၏ ဘိန္းေဈးကြက္မ်ားထဲမွ တစ္ခုျဖစ္ေသာ အဂၤလိပ္ပိုင္ ျမန္မာျပည္၊ ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ဆိပ္ကမ္းတြင္ အသက္ (၃၀)ဝန္းက်င္ လူငယ္ေလးတစ္ဦး ဦးေဆာင္သည့္ လူမိုက္ဂိုဏ္းကေလးသည္ တူယြဲ႕ရွိန္း၏ စီးပြားေရးကို ထိပါးစ ျပဳလာေပၿပီ။

တူယြဲ႕ရွိန္း ၏ လက္ေထာက္မ်ား သတိထားမိသြားႏိုင္သည့္ ထိပါးမႈမ်ိဳးဆိုပါက ဖိုးတုတ္တို႔ တစ္ဖြဲ႕လုံးသာမက ေဆြမ်ိဳးမ်ားပါ လက္သည္မေပၚပဲ မီးေလာင္တိုက္သြင္းခံရဖို႔မ်ားေနသည္။

ထိုအေျခအေနကို တ႐ုတ္တန္းမွ လွ်ိဳ႕ဝွက္ဂိုဏ္းဝင္မ်ားက ရင္တမမ ႏွင့္ ၾကည့္ေနၾကသည္။

သို႔ေသာ္..ဖိုးတုတ္ ဘက္တြင္ ကံၾကမၼာေကာင္းက ရွိေနသည္။

ထိုကံၾကမၼာေကာင္းသည္ ခ်စ္ျခင္းေမတၱာ၊ ေသြးစက္မ်ား ႏွင့္အတူ ယွဥ္တြဲဝင္လာျခင္းပင္။
…………………………………………………………………………………………
၁၉၂၈ ဧပရယ္လ ၃ရက္။
လမ္းမေတာ္ (၁၄)လမ္းရွိ ေဒၚခ်စ္ပု ၏ ေနအိမ္ေရွ႕သို႔ ေမာ္ေတာ္ကားတစ္စီး ထိုးဆိုက္လာသည္။
ရပ္ကြက္တစ္ခုလုံး ႐ုတ္တရက္ ၿငိမ္သက္ကာ ထိုကားထံသို႔ အာ႐ုံစိုက္သြားၾကသည္။

ကားေပၚမွ ဆင္းလာသူက လမ္းမေတာ္ဖိုးတုတ္။
လမ္းမေတာ္၏ ေတာက္ပလာေသာ အိမ္ေရွ႕စံ ဖိုးတုတ္။
ဖိုးတုတ္က ေဆးတံကို ခဲလ်က္။ သူ႔နံေဘးတြင္ ဂႏၶမာေသာင္းရီ ႏွင့္ စံဘတို႔ ၿခံရံထားသည္။

ဖိုးတုတ္ အိမ္ေပၚလွမ္းတက္လိုက္သည္ႏွင့္ သူ႔ကို ေက်ာေပးထားေသာ မိခင္ ေဒၚခ်စ္ပု ကို ေတြ႕လိုက္ရသည္။

''အေမ..ဘာျဖစ္ေနတာလဲ..ကြၽန္ေတာ့္ကို ေခၚခိုင္းတယ္ဆို''

ေဒၚခ်စ္ပု က ဖိုးတုတ္ဘက္ လွည့္လာသည္။

''နင့္ေကာင္ေတြကို အိမ္ေအာက္မွာ ေနခဲ့ခိုင္း..ဖိုးတုတ္..နင္နဲ႔ငါ ႏွစ္ေယာက္ခ်င္း ေျပာမယ္''

ဂႏၶာမာေသာင္းရီ ႏွင့္ စံဘတို႔ က အိမ္ေအာက္သို႔ ျပန္ဆင္းသြားသည္။

''အေမ..ဘာေတြ ေဒါသထြက္ေနတာလဲ..အေမ''

''နင္ လူပါးဝတာေတြ မ်ားေနၿပီ ဖိုးတုတ္…တျခား နင္ မေကာင္းမႈေတြ ဘာလုပ္လုပ္ ငါမေျပာပါဘူး.. အခုဟာက နင္ဟာ ငါေဈးေရာင္းေကြၽးတဲ့ ထမင္းကို စားလာၿပီး..ငါတို႔ကို အျပန္အလွန္ေက်းဇူးရွိတဲ့ ႐ိုး႐ိုးသားသား ကုန္သည္ေတြပါ အႏိုင္က်င့္ေစာ္ကားေနတာ လြန္လာလို႔''

ဖိုးတုတ္ မ်က္ေမွာင္က်ဳံ႕သြားသည္။ ေဆးတံကို ေဘးခ်လိုက္သည္။

''ကြၽန္ေတာ္ ဘာလုပ္လို႔လဲ..အေမ..အေမေျပာတာ နားမလည္ဘူး''

''နင္ ေဈးဆိုင္ေတြ၊ ကုန္သည္ေတြဆီကေန နယ္ကိုပို႔မယ္ဆိုၿပီး ကုန္ေတြမွာတယ္။ ၿပီးရင္ ေငြမရွင္းေပးဘဲ လူလည္က်ေနတယ္။ အဲ့ဒီ သတင္းေတြ ငါအကုန္ၾကားၿပီးသား''
''ဟာ..မဟုတ္တ႐ုတ္.အေမရာ..ကြၽန္ေတာ္က ကုန္သည္ေတြကို အဲ့ဒီလို လုပ္စရာလား''

''ေအာ္..နင္က ျငင္းခ်င္ေသးတယ္..နင္သိလား..နင္အဲ့ဒီလို လုပ္တဲ့ထဲ ငါ့တို႔အေပၚေက်းဇူးရွိတဲ့ ေထာင္ကဲ ႀကီး ဘြန္ရႈက်န္း နဲ႔ မမျမ တို႔ ဆီကပါ ပါေသးတယ္..သူတို႔အားလုံးက နင့္ကို ေၾကာက္လို႔ သာ ဟိုတိုင္ ဒီတိုင္ မလုပ္ပဲ ႀကိတ္မွိတ္ခံေနၾကတာ….ခု မခံႏိုင္လြန္းလို႔ ငါ့ကို ရင္ဖြင့္ရွာတာ..ဟမ္း..ေနာက္ထပ္ ကုန္သည္ေတြ လည္း နင္လုပ္တာ ခံေနရတယ္တဲ့..ငါရွက္လိုက္တာ..ဖိုးတုတ္ရယ္..ထမင္းတစ္လုပ္ေတာ့ ငါေဈးေရာင္းရွာေကြၽးႏိုင္ပါတယ္''

''အေမ..တစ္ခုခုေတာ့ မွားေနၿပီ..ကြၽန္ေတာ္ ႐ိုး႐ိုးသားသားကုန္သည္ေတြနဲ႔ တစ္ခါမွ မပတ္သက္ဘူးေနာ္''

ထိုအခ်ိန္တြင္ အိမ္ထဲသို႔ အမ်ိဳးသမီးငယ္တစ္ဦး ဝင္လာသည္။

''ဂ်ီးေတာ္ပု..ဂ်ီးေတာ္ သား ေရာက္ၿပီလား''

ဂႏၶမာေသာင္းရီ ႏွင့္ စံဘတို႔က အိမ္ထဲ ဇိုးဇိုးဇတ္ဇတ္ျဖင့္ ဝင္လာေသာ အမ်ိဳးသမီးငယ္ကို ႐ုတ္တရက္ ေၾကာင္ၾကည့္ေနၾကသည္။

ဘီေအဆံထုံးကို ထုံးထားၿပီး အသားျဖဴျဖဴ၊ ခႏၵာကိုယ္အခ်ိဳးအဆက္လွလွျဖင့္ အသက္ (၂၃)ႏွစ္အ႐ြယ္ အမ်ိဳးသမီးက အိမ္ေပၚသို႔ တက္ခ်လာသည္။

''လာ..မသင္းျမ..ဒီမွာဒါ ဂ်ီးေတာ္ပု သားပဲ''

''ကိုဖိုးတုတ္..ဆိုတာကိုး..တစ္ခုေျပာမယ္ေနာ္..ရွင့္ကိုယ္ရွင္ လူမိုက္ဆိုၿပီး အထင္ႀကီးမေနနဲ႔..ကြၽန္မ ရွင့္ကို မေၾကာက္ဘူး''

ဖိုးတုတ္က မသင္းျမကို ၿပဳံးၿပီး ၾကည့္ေနသည္။

''ဒါ မင္းတို႔ ငယ္ငယ္ကတည္းက အေမေငြလိုတိုင္း ကူညီေပးေနတဲ့ ေထာင္ကဲ နဲ႔ မျမ တို႔ သမီး မသင္းျမတဲ့..  မင္းဘာေတြလုပ္ခဲ့လဲဆိုတာ သူေျပာျပလိမ့္မယ္''

မသင္းျမ က အက်ၤ ီရင္ဘတ္ထဲမွ ကုန္အမွာစာ႐ြက္သုံး႐ြက္ကို ဖိုးတုတ္ထံ ထိုးေပးလိုက္သည္။

''ဒီမွာ လြန္ခဲ့တဲ့ တစ္လအတြင္း ရွင့္နာမည္နဲ႔ ကြၽန္မတို႔ဆီ မွာခဲ့တဲ့ ကုန္ဖိုးစာရင္းေတြ…ရွင္မွာၿပီး တစ္ခါမွ လည္း ပိုက္ဆံလာမရွင္းဘူး..ရွင္ က ဂ်ီးေတာ္ခ်စ္ပုသားဆိုတာ သိေနလို႔ ကြၽန္မ အတယ္တို႔က သည္းခံေနတာ..ေနာက္ထပ္ ရွင္လုပ္သြားတဲ့ ကုန္သည္ေတြလည္းေဈးထဲမွာ အမ်ားႀကီးပဲ..သူတို႔ ချမာ ရွင့္ကို ေၾကာက္လို႔ ၿငိမ္ခံေနတာ…အဲ့ဒါေတြ ရွင္ဘယ္လိုရွင္းမွာလဲေျပာ''

ဖိုးတုတ္က ေခါင္းကုတ္လိုက္သည္။ ထို႔ေနာက္ ကုန္မွာစာ႐ြက္မ်ားကို တစ္႐ြက္ခ်င္းၾကည့္လိုက္သည္။

''ရွင္စာဖတ္တတ္တယ္ မဟုတ္လား။ ကုန္မွာယူသူ ေနရာမွာ နာမည္ေရးထားတာ ဘယ္သူ႔နာမည္လဲ..ဘယ္သူ႔လက္မွတ္လဲ''

''ဖိုးတုတ္ ဆိုတာေတာ့ ဟုတ္တယ္..ညီမေလး..ဒါေပမယ့္…လက္မွတ္က အကိုႀကီး လက္မွတ္မဟုတ္ဘူးေနာ္''
''ရွင္ ကြၽန္မကို ညီမေလး မေခၚပါနဲ႔..ရွင္လိုလူနဲ႔ ကြၽန္မ ေလသံနဲ႔ေတာင္ ေမာင္ႏွမ အေတာ္မခံႏိုင္ဘူး''

စူပုပ္ေနေသာ မသင္းျမ မ်က္ႏွာရဲရဲေလးကို ၾကည့္ကာ ဖိုးတုတ္ က ၿပဳံးေနသည္။

''အိုေကေလ..ျမ..ဒီကိစၥကို သုံးရက္အတြင္း အကိုႀကီး အၿပီးရွင္းေပးမယ္….က်န္တဲ့ကုန္သည္ေတြ ရဲ႕ကုန္စာရင္းေတြေရာပဲေပါ့…ဒါဆို ျမ ေက်နပ္မွာလား''

''ရွင္ ကြၽန္မကို ျမ လို႔ မေခၚပါနဲ႔''

ဖိုးတုတ္က ေဆးတံကို မီးညႇိ႔လိုက္သည္။ 

''အေမ…ဒီကိစၥ ကြၽန္ေတာ္ မဟုတ္ဘူးဆိုတာ ေသခ်ာတယ္။ အေမ ကြၽန္ေတာ့္ကို ယုံပါ။ မၾကာခင္ အေျဖမွန္ ေပၚမွာပါ..ကြၽန္ေတာ္သြားၿပီ..အေမ''

ဖိုးတုတ္က ေဒၚခ်စ္ပုကို ႏႈတ္ဆက္ၿပီး အိမ္ေပၚမွ ဆင္းသြားသည္။

မသင္းျမ က အံကို ႀကိတ္လ်က္။
……………………………………………………………………………..

''ပု႑ားေက်ာ္ထြန္း က မင္းလူေတြကို ေခၚ.. တ႐ုတ္တန္း၊ လသာဘက္မွာ ရွိသမွ် ေဈးေတြက ပြဲ႐ုံေတြကို လိုက္ေမး..ဖိုးတုတ္နာမည္နဲ႔ ကုန္ေႂကြးယူထားရင္ အဲ့ေႂကြးစာရင္းစာ႐ြက္ေတြ ေပးလိုက္ဖို႔ေျပာ''

''အုန္းေဖ က ဆိပ္ကမ္းမင္းႀကီး႐ုံးကိုသြား… အဲ့ဒီမွာ နယ္ကုန္ေတြပို႔တဲ့ သဗၺာန္ေတြကို စာရင္းလုပ္တဲ့ အေကာက္စာေရး အာေမနီးယန္းႀကီးရွိတယ္။ သူ႔ဆီမွာ ကုန္ေျပစာအခြန္ေဆာင္တဲ့အထဲ ဖိုးတုတ္ ဆိုတဲ့ နာမည္နဲ႔ သူရွိလားဆိုတာ ေမး၊ ရွိတယ္ဆို ဘယ္မွာေနလဲဆိုတာ ေသခ်ာစုံစမ္း''

''ေမာင္ၫြန႔္နဲ႔ စံဘက ငါတို႔ လူေတြကို လိုက္စုထားလိုက္ေတာ့။ လိုအပ္ရင္ေခၚသုံးမယ္လို႔။ ဂႏၵမာ က ပု႑ားလူေတြ ဒီရက္ပိုင္း ဘာေတြလႈပ္ရွားေနလဲဆိုတာ နည္းနည္းကင္းေထာက္ထားကြာ..ကဲ..အားလုံး သြားလို႔ရၿပီ''

အခန္းထဲတြင္ လမ္းမေတာ္ဖိုးတုတ္ ႏွင့္ သူ႔ညီ ဘသိန္း သာ က်န္ရစ္သည္။

''ဘသိန္း..မင္း က အေမနဲ႔ အတူ ဆိုင္ဖြင့္တာဆိုေတာ့ မသင္းျမ ကို သိလား''

''သိတယ္ေလ..ကိုႀကီးဖိုးတုတ္…ေထာင္ကဲသမီး တ႐ုတ္ကျပားမေလး''

''ဒီေကာင္မေလးက တမ်ိဳးပဲကြေနာ္''

''ေကာင္မေလးက ဇတ္ဇတ္ႀကဲေလး။ ဒါေပမယ့္ ဘာသာေရးတို႔ ဘာတို႔ေတာ့ ကိုင္းရႈိင္းပါတယ္။ ခုႏွစ္တန္းထိလည္း ေခတ္ပညာတတ္တယ္။ ဟဲ..ဟဲ…ငါ့အကိုကေတာ့…ဟဲဟဲ''

''ေအးကြာ..ဒီေန႔ အေမ့ဆီ သြားရင္းေတြ႕ခဲ့တာ..ငါ့ကိုလည္း ကတ္ကတ္လန္ေအာင္ ရန္ေတြ႕တာပဲဆရာ..မလြယ္တဲ့ဟာေလးပဲ''

''အကို..အဲ့ဒီ ျမာေလးကို စြဲေနၿပီမဟုတ္လား''

''ေအးကြ..ဘသိန္းရ..ငါလည္း မိန္းမေတြအမ်ားႀကီးနဲ႔ ဆုံဖူး၊ အိပ္ဖူးတာပဲ။ ခ်ိဳက္ဟုန္နဲ႔ဆို တပတ္ ေလးရက္ေလာက္ ေနျဖစ္ေနတာ။ ဒါေပမယ့္ သူ႔ နဲ႔ ေတြ႕တဲ့အခါ ခံစားရတာမ်ိဳးမျဖစ္ဘူးကြ။ တမ်ိဳးေတာ့ တမ်ိဳးေပါ့''

''ဟာ တစ္မ်ိဳးမကဘူး..ငါ့အကိုရ..အဲ့ဒါ အမ်ိဳးေထာင့္ငါးရာေလာက္ရွိတယ္..အဲ့ဒါ..အခ်စ္ဗ်..အခ်စ္''

''ဟာကြာ..အဲ့ဒီလို အႏုအ႐ြေတြအတြက္ ငါအခ်ိန္မေပးႏိုင္ေသးပါဘူး''

''အကို..အခ်ိန္ေပးစရာမလိုပါဘူး..အကိုရဲ႕..ကြၽန္ေတာ္က အဲ့ဒီအိမ္ကို အဝင္အထြက္ရွိေနတာပဲ..ေထာင္ကဲသို႔ ေဒၚေဒၚျမ တို႔က ကြၽန္ေတာ့္ကို ငယ္ငယ္ကတည္းက သိၾကတာ…အကို႔ညီ ဘသိန္း ႀကံစည္ေပးမွာေပါ့''

''ေအးကြာ..အေမတို႔ မင္းတို႔နဲ႔ သူတို႔မိသားစုဒီေလာက္ရင္းၾကတာ..ငါမသိဘူး။ ပိုဆိုးတာက ငါ့နာမည္သုံးၿပီး သူတို႔ ဆီက ကုန္ဖိုးေတြ လိမ္သြားေသးတဲ့။ အားနာလိုက္တာကြာ''

''ဒါကေတာ့ အကိုရာ..အကိုလုပ္တာမွ မဟုတ္ပဲကိုး။ အကိုနာမည္ကို သူမ်ားက သုံးသြားတာပဲ။ ကိစၥၿပီးသြားမွ ေထာင္ကဲတို႔ဆီသြားၿပီး အက်ိဳးအေၾကာင္းရွင္းျပတာေပါ့''

ဖိုးတုတ္ က ဖြာရႈိက္လက္စ ေဆးတံၾကားမွ လြင့္ပ်ံလာသည့္ မီးဖြားမႈန္ေလးမ်ားကို ေငးၾကည့္ေနသည္။
…………………………………………………………………………………………
သန္းေခါင္ယံ ရန္ကုန္ည။
လမ္းေဘး မီးတိုင္မ်ားမွ အပ အလင္းကမရွိ။

တစ္ကာဂါရီ (ေခၚ) ဆိပ္ကမ္းသုံးျမင္းလွည္းတစ္စီးသည္ လမ္းမေတာ္ဆိပ္ကမ္းမွ ဂိုေထာင္တစ္လုံးေရွ႕တြင္ ရပ္တန႔္လိုက္သည္။

ျမင္းလွည္းေပၚမွ လူသုံးဦးဆင္းလာၿပီးေနာက္ အထုတ္တစ္ထုတ္ အား သယ္ခ်ၾကသည္။

ထို႔ေနာက္ အထုတ္ကို ဂိုေထာင္ထဲသို႔ သယ္သြားၿပီး ဂိုေထာင္တြင္း ကုလားထိုင္တြင္ ထိုင္ေနသာ သူ၏ ေရွ႕ တမံသလင္းေပၚသို႔ ပစ္ခ်လိုက္ေလသည္။
အထုတ္တြင္ ခ်ည္ထားေသာ ႀကိဳးကို ျဖည္ခ်လိုက္ေသာအခါ အထဲတြင္ လက္ျပန္ႀကိဳးတုပ္ထားေသာ လူတစ္ေယာက္။

ကုလားထိုင္ေပၚက လူက ေျခခ်ိတ္ထိုင္လ်က္က ေမးခြန္းထုတ္လိုက္သည္။

''မင္း နာမည္ ဘယ္လိုေခၚလဲ''

''ခင္ဗ်ားတို႔ က်ဳပ္ကို ဘာလို႔ ေခၚလာတာလဲ..ဒါက ဘယ္ေနရာလဲ..ခင္ဗ်ားတို႔ မွားမယ္ေနာ္..က်ဳပ္ကို ဘယ္သူမွတ္လဲ..ဘယ္သူမွတ္ေနလဲ"

"ေျပာၾကည့္ပါဦး..မင္းက ဘယ္သူတုန္း"

''က်ဳပ္နာမည္ ဖိုးတုတ္..ဖိုးတုတ္ဗ်..''

''ေၾသာ္..ဖိုးတုတ္တဲ့လား..ဖိုးတုတ္ ဆို ႐ိုက္တယ္ကြာ''

''ေျဖာင္း''

အရွိန္ျဖင့္ လႊဲ႐ိုက္လိုက္ေသာ သံေခါင္းမူလီတပ္တုတ္ ေၾကာင့္ နဖူးထက္မွ ေသြးမ်ား ဖ်ာခနဲ ထြက္လာသည္။

''ျပန္ေျပာစမ္းပါဦး..မင္းနာမည္..ဘယ္သူ''

''…………………………''

တဖက္မွ အသံထြက္မလာ။

''ေအး…မင္းက ဖိုးတုတ္ဆိုေတာ့ ငါကလည္း ငါ့နာမည္ေျပာမယ္..ငါလည္း ဖိုးတုတ္ပဲကြ.. ေအး.ငါနာမည္ လမ္းမေတာ္ဖိုးတုတ္ကြ''

လက္ျပန္ႀကိဳးတုပ္ခံထားရသူသည္ ဆတ္ခနဲတုန္သြားၿပီး လမ္းမေတာ္ဖိုးတုတ္ကို ေမာ့ၾကည့္လိုက္သည္။

''ကလိန္ကက်စ္ပြဲစားေကာင္ ကမ်ား ငါနဲ႔ နာမည္လာတူေနရတယ္လို႔ကြာ..ဒီမယ္..လမ္းသုံးဆယ္က ဖိုးတုတ္.. မင္း က ဘာကိစၥ ငါ့နာမည္သုံးၿပီး လိမ္စားေနရတာလဲ..ေျဖစမ္း''

''အ…အ..က်ဳပ္ဘယ္မွာ လိမ္လို႔လဲ…က်ဳပ္နာမည္လဲ ဖိုးတုတ္ပဲေလ…သူတို႔ဆီ  က ကုန္မွာတယ္..ေငြမေျပလည္ေသးလို႔ အေႂကြးေတြမေပးေသးတာေလ..ဘာျဖစ္လို႔လဲ''

''ေၾသာ္.ေအးပါ…ေဟေဟး..ဒါဆို မင္းက ငါ့နာမည္နဲ႔ လုပ္စားတာမဟုတ္ဘူးေပါ့…မင္းနဲ႔ ငါနဲ႔ နာမည္တူေနလို႔ေပါ့..ဟုတ္လား''

''အဲ့လိုလည္း မဟုတ္ပါဘူး..ဆရာဖိုးတုတ္..‌ေတာင္းပန္ပါတယ္ဗ်ာ..အဟီးဟီး..ကြၽန္ေတာ့္ကိုမသတ္ပါနဲ႔ "

''ငိုမ‌ေနနဲ႔ ..ေခြးမသား..မင္းကို သတ္ေတာ့ မသတ္ဘူး..ဒါေပမယ့္... ငါနဲ႔ နာမည္မတူေတာင္ ဒီေန႔ကစၿပီး နာမည္ေျပာင္းေပးလိုက္မယ္..ၿပီးေတာ့ မင္းယူထားတဲ့ ကုန္ေႂကြးေတြအားလုံးကို ႏွစ္ရက္အတြင္း အၿပီးလိုက္ဆပ္ရမယ္။ မဟုတ္ရင္ေတာ့ မင္း ေဂြးဥႏွစ္လုံးကို အရွင္လတ္လတ္ထုတ္ၿပီး ရန္ကုန္ျမစ္ထဲမွာ ငါးစာေကြၽးပစ္မယ္''

''ဟုတ္..ကဲ့..ဆရာဖိုးတုတ္''

''ေနဦးဟ အခုက ပါးစပ္နဲ႔ ေျပာၿပီးၿပီဆိုေတာ့ လက္နဲ႔ လုပ္စရာေတြရွိေသးတယ္..မင္းနာမည္ကို ဖိုးတုတ္ကေန ဖိုးေတ လို႔ ငါေျပာင္းေပးမယ္..အေပအေတကလိန္ေကာင္မို႔…ကဲ..နာမည္ေပး ကင္မြန္းတပ္ပြဲစမယ္..ဂႏၶမာ နဲ႔ အုန္းေဖ လာေဟ့''

အုန္းေဖ က သူ႔ခါးၾကားတြင္ အၿမဲေဆာင္ထားေသာ ဓါးေျမႇာင္ကို ဖိုးတုတ္ထံ ကမ္းေပးလိုက္သည္။
ထို႔ေနာက္ လမ္း(၃၀)ဖိုးတုတ္ကို ေမွာက္ခုံေမွာက္ကာ ဂႏၶာမာေသာင္းရီက တက္မိထားလိုက္သည္။

အုန္းေဖက လမ္း(၃၀)ဖိုးတုတ္၏ ဘိုေကထိပ္ကို ဆြဲလွန္ေမာ့ေပးထားလိုက္သည္။
လမ္းမေတာ္ဖိုးတုတ္က ဓါးေျမႇာင္ထိပ္ျဖင့္ လမ္း(၃၀)ဖိုးတုတ္၏ နဖူးကို ေတ့ၿပီး စာလုံးေလးလုံးေရးထြင္း လိုက္သည္။

''ကလိန္ ဖိုးေတ''

ေနာက္ႏွစ္ရက္အၾကာတြင္ လမ္းမေတာ္ဖိုးတုတ္အေယာင္ေဆာင္ခဲ့ေသာ လမ္း(၃၀)ဖိုးတုတ္ သည္ လမ္း(၃၀)ရွိ သူ၏ေနအိမ္ကို ရရာေဈးျဖင့္ ေရာင္းခ်သြားၿပီး လမ္းမေတာ္ပြဲ႐ုံမ်ားတြင္ က်န္ရွိေသာ ကုန္ဖိုးမ်ားအားလုံးကို ရွင္းေပးကာ ရန္ကုန္ၿမိဳ႕မွ ေပ်ာက္ကြယ္သြားေတာ့သည္။

လမ္း(၃၀) ဖိုးတုတ္၏ ေနအိမ္ကို ေအာက္ေဈးျဖင့္ ဝယ္လိုက္သူမွာလည္း လမ္းမေတာ္ဖိုးတုတ္ပင္ ျဖစ္ေနေတာ့သည္။
…………………………………………………………………………………………
''ေထာင္ကဲႀကီးေရာ..ေဒၚေဒၚျမ ကိုပါ ဒီက ကြၽန္ေတာ့္အကို ကိုဖိုးတုတ္က ေတာင္းပန္ရေအာင္လာတာပါ.. သူ႔ေၾကာင့္ ဒီလိုျဖစ္ရတာဆိုၿပီး သူစိတ္မေကာင္းျဖစ္ေနတာ..''

''မဟုတ္တာကြယ္.. ဒီကိစၥက ဟိုတစ္ဖက္သားက ေမာင္ဖိုးတုတ္ အေယာင္ေဆာင္ၿပီး လုပ္စားသြားတာပဲ.. ေဒၚေဒၚျမတို႔လည္း ကိုယ့္ေငြ ကိုယ္ျပန္ရၿပီပဲ..ေမာင္ဖိုးတုတ္ကိုေတာင္ ေက်းဇူးတင္ရဦးမွာ''

ေဒၚျမျမ က လမ္းမေတာ္ဖိုးတုတ္ကို အားေတာင့္အားနာျဖင့္ ၿပဳံးျပသည္။

ေထာင္ကဲဘြန္းရႈက်န္း က မူ မ်က္မွန္ဝိုင္းအေသးေလးထဲမွ မ်က္လုံးေမွးမ်ားျဖင့္ ဖိုးတုတ္ကို အကဲခတ္ေန၏။

''ဒါနဲ႔..မသင္းျမ ေရာ…ေဒၚေဒၚျမ''

''ပြဲ႐ုံမွာေလကြယ္..ပြဲ႐ုံကိစၥ အခုကစၿပီး သူ႔ပဲ လက္လႊဲေနရတာ''

''ေၾသာ္..ဟုတ္ ေဒၚေဒၚျမ..ေကာင္းပါတယ္..အားကိုးရတဲ့ သမီးေလးေပါ့..ကြၽန္ေတာ္တို႔ ကို ျပန္ခြင့္ျပဳပါဦးေနာ္''
……………………………………………………………………
''ကိုဂႏၶမာ..လမ္းမေတာ္ေဈးဘက္ကို ေမာင္းဗ်ာ''

''ေဟ့ေကာင္..ဘသိန္း..မင္း ဘာရႈပ္ဦးမလို႔လဲ''

''ဟာ..ကိုႀကီးဖိုးတုတ္ကလည္း အ ရန္ေကာ။ ဒီအခ်ိန္ဆို ကိုယ္ႀကီး ျမာေလးက ပြဲ႐ုံမွာတစ္ေယာက္တည္းေလ။ သူ႔ အဘိုးႀကီးနဲ႔ အဘြားႀကီးက သူ႔အိမ္မွာ က်န္ခဲ့ၿပီေလ။ ကဲ.ဒီအခ်ိန္မ်ိဳးက.ငါ့ကိုႀကီး လႈပ္ရွားဖို႔ အခြင့္ေကာင္းပဲမဟုတ္လား''

''ဘသိန္း မင္းကေတာ့ကြာ…ဒါမ်ိဳးဆို တယ္ရႈပ္တဲ့ေကာင္''
ဂႏၶမာေသာင္းရီက ကားကို လမ္းမေတာ္ေဈးဘက္သို႔ ဦးတည္လိုက္သည္။

အာလူးၾကက္သြန္ပြဲ႐ုံ ေရွ႕ စားပြဲတြင္ မသင္းျမ တစ္ေယာက္ ေပသီးတံ တစ္ခ်ပ္ျဖင့္ အလုပ္မ်ားေနသည္။

''မသင္းျမ''

''ေအာင္မယ္..ေသခ်င္းဆိုးဘသိန္း..နင္ ဘယ္က ဘယ္လို ေရာက္လာတာလဲ''

''ဘယ္ကမွ မဟုတ္ဘူး..မရီးေရ..ဒီမွာ ငါ့အကို ကိုဖိုးတုတ္က နင့္ အေႂကြးစာရင္းေတြ ရွင္းၿပီလားလို႔ လာေမးတာတဲ့''

မသင္းျမ မ်က္ႏွာ ခပ္တည္တည္ျဖစ္သြားသည္။

''နင္ ငါ့ကို ဘယ္လို ေခၚလိုက္တယ္..ဘသိန္း''

''မရီးလို႔ ေခၚတာေလ..မရီးရဲ႕..ဟဲ..ဟဲ..ဟဲ''

''မသာေကာင္၊ သူေတာင္းစား..အင့္ဟာ''

မသင္းျမ က အနားတြင္ရွိေသာ အာလူးအိတ္ထဲမွ အာလူးျဖင့္ ဘသိန္းကို ေကာက္ပစ္လိုက္သည္။

ဘသိန္းက ငုံ႔ေရွာင္လိုက္ရာ အေနာက္တြင္ ရပ္ေနေသာ ဖိုးတုတ္၏ မ်က္ႏွာတည့္တည့္သို႔ အာလူးသီးက သြားမွန္ေတာ့သည္။

မသင္းျမ ပါးစပ္ အေဟာင္းသားျဖစ္သြားရသည္။ 

ပြဲ႐ုံတန္းတစ္ေလွ်ာက္ရွိ လူအမ်ား၏ မ်က္လုံးကလည္း သူတို႔ အျဖစ္အပ်က္ဆီသို႔ အာ႐ုံစိုက္ေနၾကသည္။

ဖိုးတုတ္က စကားတခြန္းမွ မေျပာပဲ မသင္းျမ ကို မီးေတာက္မတက္လုံးမ်ားျဖင့္ စိုက္ၾကည့္ေန၏။

ထို႔ေနာက္ ခ်ာကနဲ ျပန္လွည့္ထြက္သြားသည္။

ဘသိန္းလည္း အေျခအေန မဟန္မွန္း သိသျဖင့္ ဖိုးတုတ္ေနာက္မွ အေျပးလိုက္သြားသည္။

မသင္းျမ တစ္ေယာက္သာ ရင္ေတြ တုန္လ်က္ က်န္ရစ္ခဲ့ရေလသည္။

သူသည္ နာမည္ေက်ာ္လူမိုက္ေခါင္းေဆာင္ လမ္းမေတာ္ဖိုးတုတ္၏ မ်က္ႏွာကို အာလူးျဖင့္ ေပါက္ခဲ့မိၿပီေရာ။

ခက္ေဇာ္
အခန္း(၅) ဆက္ရန္

(ေအာက္ကေတာ့ ရွန္ဟိုင္းအစိမ္းဂိုဏ္းက နားကားႀကီး ရဲ႕ ပုံေတြပါ)

Comments

Post a Comment