TGOR 1930 (Part 4)
The Guys of Yangon,1930 (Part 4)
..................................................
အခန်း(၅)
……………….
''ကိုကြီးဖိုးတုတ်..ကျွန်တော်တောင်းပန်ပါတယ်ဗျာ..ကျွန်တော့်ကြောင့် ဒီလိုဖြစ်ရတာ''
''နေ နေ ဘသိန်း..ငါဘာမှမဖြစ်ဘူး..အခုချိန်မှာ ငါ့စိတ်ကို ဖြေလျော့ပေးနိုင်တာ ချိုက်ဟုန်ပဲ ရှိတယ်… ဂန္ဓမာ ချိုက်ဟုန် အိမ်ကို မောင်းကွာ။ ပြီးရင် ငါ့ကို ချထားခဲ့။ ပြီးတာနဲ့ ချိုင်းနားစတန်းကို သွားပြီး လောက်ဝီ ကို ပြောလိုက် ဒီည ချိုက်ဟုန် ကို ငါက အလုပ်ပေးမဆင်းဘူးလို့..''
ကားက မော်တင်ကမ်းနားမှ သစ်သားတန်းလျားဆီသို့ ဦးတည်လိုက်သည်။
ထိုသစ်သားတန်းလျားတွင် ချိုက်ဟုန် က သူ့သူငယ်ချင်း မသောင်းနှင့်အတူ အခန်းတစ်ခန်းငှားကာနေထိုင်ခြင်းဖြစ်သည်။
ချိုက်ဟုန်သည် တရုတ်သွေးတဝက်ပါသည့် အစ္စလာမ်ဘာသာဝင် မဂိုမလေးဖြစ်သည်။
ချိုင်းနားစတန်းဟိုတယ်တစ်ခုလုံးတွင် နာမည်အကြီးဆုံးဟိုတယ်မယ် လည်းဖြစ်၏။
အသားဖြူဖြူ၊ နှာတံစင်းစင်း မျက်နှာဝိုင်းဝိုင်းတွင် ဆံပင်မှောင်မှောင်ကောက်ကောက်လေးများ တွဲကျနေသည့် ဆွဲဆောင်မှုရှိသော အလှပိုင်ရှင်ဖြစ်သည်။
ခန္ဒာကိုယ်က အနည်းငယ်၀ဖြိုးသည့်ဘက်ရောက်သော်လည်း ယောက်ျားများအကြိုက်အနေအထားတွင် ရှိနေသည်။
ချိုက်ဟုန်က အပြောအဆို၊ အယုအယတွင် တစ်ဖက်ကမ်းခတ်သည်။
လမ်းမတော်ဖိုးတုတ် ၏ အချစ်တော်ကလေးလည်း ဖြစ်သည်။
လမ်းမတော်ဖိုးတုတ် လာမည့်ညဆိုလျှင် ချိုက်ဟုန်ကို မည်သူမှ မထိရဲ။ ဟိုတယ်ပိုင်ရှင်တရုတ် လောက်ဝီ က ချိုက်ဟုန်ကပ် ချိုက်ဟုန်ကို သီးသန့်အခွင့်အရေးပေးရသည်။
ချိုက်ဟုန်တို့ တန်းလျားရှေ့တွင် မော်တော်ကားရပ်လိုက်သည်။
ဖိုးတုတ် ဆင်းလာသည်ကို တဲတန်းရှေ့ ဘုံဘိုင်ခေါင်းတွင် ရေချိုးနေသော မသောင်းက လှမ်းမြင်လိုက်၏။
''ဟယ်..ကိုဖိုးတုတ်ကြီး.လာတယ်တော့..ဒါဆိုရင်တော့ ဒီနေ့ အသောင်း ဆိုင်ကို စောစောသွားရတော့မယ်ထင်တယ်ရှင့်''
မသောင်း က လှမ်းစနောက်လိုက်သည်။
ဖိုးတုတ်က နောက်သို့လှည့်ကာ ဂန္ဓမာကို လက်ပြလိုက်ရင်း
''ဟေ့..ဂန္ဓမာ..ခဏစောင့်ပေးလိုက်ကွာ..ပြီးရင် မသောင်းကို တစ်ခါတည်း ခေါ်သွားပြီး ချိုင်းနားစတန်းကို ဝင်ပို့ပေးလိုက်''
ဂန္ဓမာသောင်းရီ က ရေစိုထမီရင်လျားဖြင့် စိုပြည်ထင်ရှားနေသော မသောင်းကို တချက်လှမ်းကြည့်ပြီး ခေါင်းညိမ့်ပြလိုက်သည်။
''ကဲ..မသောင်း..ဂန္ဓမာနဲ့ လိုက်သွား..ဒါနဲ့ ရှေ့ခန်းက ထိုင်နော်။ နောက်ကထိုင်ရင် ကျုပ်ညီ ဘသိန်း က ဆိတ်ပါးစပ်၊ မျောက်လက်မို့''
မသောင်းက ခေါင်းခန်းဒရိုင်ဘာနေရာတွင် ထိုင်နေသော ဂန္ဓမာသောင်းရီ ကို လှမ်းကြည့်လိုက်သည်။
ဂန္ဓမာသောင်းရီ သည် လမ်းမတော်ဖိုးတုတ်၏ ငယ်သူငယ်ချင်း လူမိုက်ကြီး ဟု နာမည်ကျော်သူဖြစ်သည်။
သို့သော် ရုပ်ကြည့်ရုံဖြင့် လူမိုက်ဟု ထင်စရာမရှိ။
အသားဖြူဖြူ၊ နှုတ်ခမ်းပါးပါးဖြင့် ဆံပင်ကို နောက်လှန်ဖီးထားလေ့ရှိပြီး ဟောလီးဝုဒ်ကောင်းဘွိုင်ဇာတ်ကားများထဲမှ မင်းသားအလားပင်။
ဂန္ဓမာသောင်းရီ ၏ ထူးခြားချက်မှာ ဖိုးတုတ်အပါအဝင် အခြားလူမိုက်များလို ပြည့်တန်ဆာများနှင့် သိပ်မရှုပ်ထွေးတတ်။
အရက်ဆိုလျှင် ထူးထူးခြားခြား ရမ် ကိုသာ သောက်တတ်လေ့ရှိသူဖြစ်သည်။
တစ်ချိန်က သောင်းရီသည် ရန်ကုန်ကွမ်းခြံဘူတာကြီးမှ ရွှေတိဂုံဘုရားသို့ ဂန္ဓမာပန်းများပို့ပေးရသည့် ချာတိတ် တစ်ယောက်ဖြစ်သည်။
သူ ဂန္ဓမာပန်းများသယ်ကာ တွန်းလာသည့် ချယ်ဂါလီကို ဗိုလ်ကပြားတစ်ဦး၏ လန်ချားနှင့် မတော်တဆ တိုက်မိကြရာ ဗိုလ်ကပြားက သောင်းရီ အား လက်သီးဖြင့် ဝင်ထိုးသည်။
လန်ချားသမားကလည်း တုတ်ဖြင့် ဝင်ရိုက်ရာ သောင်းရင်က တုတ်ကို ပြန်လုပြီး ရိုက်သဖြင့် ဗိုလ်ကပြားမှာ ခေါင်းပေါက်သွားခဲ့ပြီး လန်ချားသမား ပွဲချင်းပြီး သေသွားခဲ့သည်။
ထိုစဉ်က သောင်းရီ အသက်မှာ ၁၅ နှစ်သာရှိသေးရာ ကလေးထောင်ဘော်စတယ်သို့ ပို့ဆောင်ခြင်းခံရသည်။
သုံးနှစ်အကြာတွင် သောင်းရီ ပြန်လွတ်လာပြီး ဦးဘိုးသင် ၏ ခြင်္သေ့ဘတ်စ်ကားများတွင် စပယ်ရာလိုက်ရာမှ ဖိုးတုတ်နှင့် အရင်းနှီးဆုံးငယ်ပေါင်းများဖြစ်လာကြသည်။
ဖိုးတုတ်သည် လမ်းမတော်ဖိုးတုတ် ဟူသော လူမိုက်အဓိပတိဘွဲ့ကို ခံယူခဲ့သည့် လမ်းတစ်လျှောက်တွင် ဂန္ဓမာသောင်းရင် က အဓိက နေရာမှ ပါဝင်ခဲ့သည်ချည်း။
ထိုထိုသော ရုပ်ရည်နှင့် မလိုက်သည့် လူမိုက်ချောလေး မောင်းသည့်ကားကို ဘေးမှ လိုက်စီးရမည်မှာ မသောင်းအဖို့ ရင်ခုန်စရာတမျိုးပင်မဟုတ်လား။
မသောင်း ထမီရင်လျားဖြင့် တန်းလျားအတွင်းသို့ ဝင်သွားချိန်တွင် ချိုက်ဟုန် က အိမ်နေရင်း အဝတ်အစားဖြင့် ထွက်လာသည်။
''အကိုကြီး..လာလာ…ချိုက်ဟုန်က ရေချိုးမလို့..လုပ်နေတာ..အကိုကြီးအသံကြားလို့ အဝတ်အစားပြန်လဲရသေးတယ်''
''ဒါဆိုလည်း အခု ရေမြန်မြန်ချိုး ချိုက်ဟုန်..ပြီးရင် ငါ့အတွက် ဝီစကီတစ်လုံးနဲ့ ဘဲကင်တစ်ခြမ်း ထော်လီဂိတ်နားမှာ သွားဝယ်ပေးဦး..ငါ ဒီည ဒီမှာ အိပ်မှာ''
''ဟုတ်''
.....................................................
မသောင်းက သူ့ဘေးနားတွင် လက်တစ်ဖက်ဖြင့် ကားမောင်းရင်း စီးကရက်ဖွာနေသော ဂန္ဓမာ ကို တချက်တချက် ခိုးခိုးငေးနေသည်။
''အသောင်း…ဟို အကင် ဆိုတဲ့ တရုတ်မလေးက အသောင်းတို့ ဆီ ရောက်တာ မကြာသေးဘူးမဟုတ်လား''
နောက်ခန်းတွင် ပါလာသော ဘသိန်းက စကားစသည်။
''ဟုတ်တယ်..ကိုဘသိန်း..အဆွေ့ က အရင် ယူနီဗာဆယ်ဟိုတယ်ကလေ… ဟိုဘက်မှာ ပုဏ္ဍားဘထွန်း တပည့် သူ့အရင်လင်ဟောင်းက လိုက်လိုက်လာပြီးပြသနာရှာနေလွန်းလို့..ဒီဘက်ပြောင်းလာတယ်ပြောတယ်''
''အော်..သူက လင်နဲ့လား''
''အောင်မလေး..ကိုဘသိန်းရယ်..ယောက်ျားတကာ နဲ့ ပွတ်သပ်ချော့မြူနေရပြီး တခါတခါ ညပါအိပ်ရတဲ့ ကျွန်မတို့ဘဝကို ရှင်က လင်ရှိ မရှိ ခွဲချင်သေးတာလား..ကျွန်မဆို လင်တွေက ပေါလို့ရှင့်.. တညတာ ခဏတာ လင်တွေပေါ့..အဲ့ဒါ ကျွန်မတို့ ဘဝပေးပဲလေ..အထင်သေးတဲ့လူတွေက သေးမှာပေါ့ရှင့်..ဘယ်တတ်နိုင်မလဲ''
မသောင်းက စကားပြောရင်း ကားမောင်းနေသည့် ဂန္ဓမာသောင်းရီကို မျက်စပစ်လိုက်သည်။
ဂန္ဓမာသောင်းရီကတော့ စီးကရက် အဖွာမပျက်ဘဲ ကားကိုသာ ဂရုတစိုက်မောင်းနေ၏။
မားချန့်လမ်းပေါ်မှ လမ်းမတော် ၁၉ လမ်းဘက်သို့ ချိုးအကွေ့တွင် ကားကို အရှိန်လျှော့လိုက်သည်။
ညနေခင်း ပျပျအလင်းအောက်တွင် လမ်းလျှောက်လာသော လူတစ်စုမှ ကားကို လှမ်းထွက်တားလိုက်သဖြင့် ဂန္ဓမာက ရပ်ပေးလိုက်သည်။
အသားဖြူဖြူ ၊ နှားခေါင်းပြားပြား၊ ဆံပင်ဘိုကေအလယ်ခွဲ နှင့် လူတစ်ယောက်က မသောင်းရှိရာ ဘက်သို့ လာပြီး ပြတင်းပေါက်တွင် တင်ထားသော မသောင်း၏ လက်မောင်းသားကို ဖြတ်ခနဲ လှမ်းကိုင်ညှစ်လိုက်သည်။
''အသောင်း..အသောင်း မှတ်တယ်..ကိုယ့်ကို မမှတ်မိတော့ဘူးလား…ကျော်သင်းလေ..ကျော်သင်း''
မသောင်းက လက်ကို ဖြတ်ခနဲ ရုတ်လိုက်သည်။
''ကဲ..မမ…ခင်ဗျား..ဖောက်သည်တွေဆိုရင်လည်း ဆင်းပြီး ဧည့်ခံလိုက်ပါဗျာ..ကျုပ်တို့ မှာ အချိန်မရှိဘူး''
ဂန္ဓမာသောင်းရီ က မသောင်း ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
''အို..မဟုတ်တာရှင်..ဘယ်က ကလေကဝတွေမှန်း မသိ''
''ဘာ..စောက်ဖာသည်မ…နင်က ငါ့ကို ဘာပြောတယ်''
ထိုသူက ပြောပြောဆိုဆိုဖြင့် မသောင်း၏ လည်မြိုကို ညှစ်ကိုင်လိုက်သည်။
''ပြောစမ်း..ဖာသည်မ..ကျော်သင်းကို..နင်က ဒီလိုတောင် ပြန်ပြောရဲတယ်..ဟုတ်လား..အရင်က ငါဟာစုပ်နေတဲ့ကောင်မက ရာရာစစ''
ဂန္ဓမာသောင်းရီက အင်္ကျ ီအောက် ပုခုံးပေါ်တွင် အမြဲတမ်းလွယ်ထားသော ချိန်းကြိုးကို အသာထုတ်ကာ ဘယ်ဘက်လက်တွင် ရစ်ကိုင်လိုက်သည်။
ထို့နောက် ကားတံခါးကို ဖွင့်ပြီး မသောင်းရှိရာဘက်သို့ ဆင်းလာ၏။
''ဟေ့ကောင်…''
ဂန္ဓမာသောင်းရီ က တချက်အော်လိုက်ပြီး မသောင်း၏ လည်ပင်းကို ညှစ်ထားသော ကျော်သင်း ၏ လက်ဖျံကို ချိန်းကြိုးဖြင့် ဖြတ်ရိုက်ချလိုက်သည်။
နှစ်ခေါက်ခေါက်ထားသော ချိန်းကြိုးဖြစ်သဖြင့် လက်ဖျံတွင် ပတ်မသွားဘဲ ပြန်ကန်ထွက်လာချိန်တွင် ကျော်သိန်းက နာကြင်စွာညည်းညူးရင်း နောက်သို့ ခုန်ဆုတ်သွား၏။
ရုတ်တရက်မို့ ကျော်သင်းနှင့်အတူပါလာသည့် လူငါးဦ မှင်သက်နေကြသည်။
အားပါသောရိုက်ချက်ကြောင့် ကျော်သင်း လက်ကို ရုတ်တရက် လွှတ်လိုက်ရပြီး နောက်သို့ ဆုတ်လိုက်သည်။
ဘသိန်းကလည်း ကားပေါ်တွင် အသင့်ပါလာသည့် သံတုတ်ကို ကိုင်ကာ တံခါးဖွင့်ဆင်းလာ၏။
''ဟာ..ဆရာဂန္ဓမာ..ဘာဖြစ်တာလဲ..ဘာဖြစ်တာလဲ''
ထိုစဉ် အနီးအနား လက်ဖက်ရည်ဆိုင်တွင်ထိုင်နေသော လူငယ်များ ပြေးထွက်လာကြသည်။
ထိုလူငယ်များကား ဖိုးတုတ်တို့ အဖွဲ့မှ လူငယ်များပင်။
အခြေအနေမဟန်မှန်းသိသဖြင့် ကျော်သင်းနှင့် သူ့အဖွဲ့မှာ အသာလစ်ပြေးသွားတော့သည်။
''ဒီမှာကွာ..ငါ့ကားပေါ် ပါလာတဲ့ အမျိုးသမီးကို ဒီကောင်တွေ စော်ကားနေလို့..အဲ့ဒါ ဘယ်က ကောင်တွေလဲကွ''
''အဲ့ဒါ တလိုင်းလေးကျော်သင်း တဲ့ ဆရာ..ပုဏ္ဍားဘထွန်းတပည့်လေ..(၂၇)လမ်းထိပ်က ဘားဆိုင် မန်နေဂျာပေါ့…''
''သြော် တလိုင်းလေးကျော်သင်း.ဆိုတာ ဒီကောင်ကိုး''
''ဟုတ်တယ် ဆရာ..ဒီနေရာက ပုဏ္ဍားကြီးနေရာနဲ့ နယ်စပ်ဆိုတော့ ကျွန်တော်တို့နဲ့ သူတို့ ဒီလိုပဲ ခပ်တန်းတန်း နေကြရတာ…အခုတောင် ဆရာထွက်လာမှ ဆရာမှန်းသိလို့..ကျွန်တော်တို့ ဝင်လာတာပဲ''
''ဟုတ်ပြီ..ဟုတ်ပြီ..ညီလေးတို့..Take Care Yourself ဟေ့''
ဂန္ဓမာက လူငယ်များအား ရူပီးငွေ အချို့ မုန့်ဖိုးပေးခဲ့ပြီး ကားပေါ်တက်စက်နှိုးလိုက်သည်။
မသောင်းက ခပ်အေးအေးပုံစံဖြင့် စီးကရက်တစ်လိပ်ကို ထုတ်ကာ ဖွာနေ၏။
''အမိ..မင်းတို့လိုဟာတွေ တယ်ရှုပ်ပါလား..မဆီမဆိုင် ငါတို့ပါ ကွိုင်တော့မလို့''
''အဟက်..ဘယ်သူက ရှင့်ကို ကွိုင်ခိုင်းနေလို့တုန်း..ရှင့်ဟာရှင် အောက်ဆင်းသွားပြီးတော့''
''ဟ..ငါ့မျက်စေ့ရှေ့မှာ..မိန်းမတစ်ယောက်ကို လည်ပင်းညှစ်နေတဲ့ကောင်ကို ငါက ဒီတိုင်းထိုင်ကြည့်နေရမလား''
''သြော်..ရှင့်မှာ ဒီလို ကိုယ်ချင်းစာတတ်တဲ့ နှလုံးသားတော့ ရှိသေးသားနော်..''
''တောက်''
ဂန္ဓမာသောင်းရီ က တောက် တစ်ချက်ခေါက်ပြီး ကားကို ဆက်မောင်းနေ၏။
အနောက်တွင်ပါလာသော ဘသိန်းကတော့ သူတို့နှစ်ယောက် အဖြစ်အပျက်ကို ကြည့်လျက် ပြုံးစိစိ။
…………………………………………………………………………………………
''ကိုကြီးဖိုးတုတ်..ကိုကြီးဖိုးတုတ်''
ဘသိန်းအသံကြောင့် ဖိုးတုတ် မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ အမှောင်အတိ။ ဘာမျှမမြင်ရ။
ဖိုးတုတ်က မျက်နှာပေါ်တွင် အုပ်နေသော ချိုက်ဟုန်၏ ဇာဘော်လီ ကို ဆွဲဖယ်ပြီး ထလိုက်သည်။
ညက ဝတ်လာသည့် ရခိုင်ပုဆိုးကို မွေ့ယာခြေရင်းမှ ယူကာ ခေါင်းမှ စွတ်ချပြီး အခန်းပြင်သို့ ထွက်ရန် ပြင်လိုက်သည်။
အခန်းပြင်သို့ အထွက်တွင် ညက သောက်ထားသော ဝီစကီ ပိုင့်ပုလင်းကို ဝင်တိုက်မိသေးသည်။
တံခါးဂျက်ကို ဖြုတ်ပြီး ဖွင့်လိုက်သည်။
''အေး..ဘသိန်း ဘာတွေ အရေးကြီးနေလဲကွာ..ငါ့ဟာငါ ထပြန်လာမှာပေါ့..ရီးတွေဖြစ်နေတာလား''
ဘသိန်းက လှေကားရင်းတွင် ထိုင်လိုက်ပြီး
''အောင်မယ်လေး..ကိုကြီးဖိုးတုတ်ရယ်…ကျွန်တော်က စေတနာနဲ့ လာတာပါဗျာ..ခင်ဗျားရဲ့ မြှားနတ်မောင်လေး အဖြစ် လာတာပါ''
''ဟေ့ကောင်..ငါ့ကို လေးပဲတန်ဝတ္ထုထဲက စကားတွေ လာပြောမနေနဲ့..ဘာဖြစ်လို့လဲပြော''
''ကျွန်တော် အခုပဲ ဒေါ်ဒေါ်မြ ခေါ်လို့ ကိုကြီးဖိုးတုတ်ရဲ့ အချစ်ကလေး မသင်းမြ အိမ် က ပြန်လာတာ''
''အေး..အဲ့ဒါ ဘာဖြစ်တုန်း''
''အဘွားကြီးက မနေ့က ညနေက အာလူးသီး ကိစ္စ တောင်းပန်ရင်း…ဝါခေါင်လကျရင် မသင်းမြ သူငယ်ချင်းတသိုက် တောင်ပြုန်းပွဲ သွားမယ့် အကြောင်းပြောတယ်''
''လခွမ်းလိုပဲ..အဲ့ဒါနဲ့ ငါ့လာနှိုးစရာလားဟ''
''မဟုတ်ဘူးဗျ..အဲ့ဒါ အဘွားရီးက ကိုကြီးဘိုးတုတ်နဲ့ ကျွန်တော့်ကို အဖော်ထည့်ပေးလိုက်ချင်တယ်တဲ့.. ဟိုပွဲက ကြမ်းကြမ်းရမ်းရမ်းမို့..ကိုကြီးဘိုးတုတ်တို့ပါတယ်ဆိုမှ မသင်းမြ ကို လွှတ်မယ်တဲ့ဗျ''
''ဟာ..ဖြစ်ပါ့မလားကွာ..ဒီဟာမ က မလွယ်ဘူးဟ''
''ဘာလို့ မဖြစ်ရမှာလဲ..အကိုရာ..အကိုလည်း ခရီးတွေဘာတွေ မထွက်ဖြစ်တာကြာပြီပဲ..လုပ်ပါ..လိပ်ဥလေးထွက်တူးကြတာပေါ့''
''အေးပါ..ဘသိန်းရာ..အေးပါ..နောက်သုံးလ ကြာမှ ကိစ္စများ ငါ့ကို အရေးတကြီးလာနှိုးရလားဟ''
''ကိုကြီးဖိုးတုတ်..ဝမ်းသာစေချင်လို့ပါဗျာ''
''အေး..အေး..ဒါဆိုလည်း ငါအင်္ကျ ီသွားဝတ်လိုက်ဦးမယ်..ခဏစောင့်ဦး..တခါတည်း မင်းနဲ့ ပြန်လိုက်ခဲ့မယ်''
ဖိုးတုတ်က မြူးကြွစွာဖြင့် အိမ်ထဲ ပြန်လှည့်ကာ အင်္ကျီကို ယူရန် အခန်းထဲသို့ ဝင်လိုက်လေသည်။
အခန်းထဲတွင် ချိုက်ဟုန်က ငုတ်တုတ်ထိုင်လျက်။
''နင် နိုးနေတာလား..ချိုက်ဟုန်''
''အကိုကြီး ထသွားပြီး ပုလင်းကို ဝင်တိုက်ကတည်းက ချိုက်ဟုန်နိုးနေတာပါ..ရော့..ဒီမှာ အကိုကြီး အင်္ကျ ီ''
ဖိုးတုတ်က ချိုက်ဟုန်ကမ်းပေးသော အင်္ကျ ီကို ကြယ်သီးတပ်လိုက်သည်။ ထို့နောက် အိပ်ကပ်ထဲမှ ပါလာသော ရူပီးငွေ သုံးဆယ်ကို ချိုက်ဟုန်လက်ထဲသို့ ထည့်ပြီး အပြင်တွင် စောင့်နေသော ဘသိန်းထံသို့ ထွက်လာခဲ့သည်။
ချိုက်ဟုန်ကား ဖိုးတုတ်၏ ကျောပြင်အား ငေးလျက်။ လက်ထဲတွင်လည်း သုံးဆယ်သော ရူပီးငွေကို ဆုပ်ကိုင်လျက်။ သို့သော် ချို့ဟုန်၏ မျက်ဝန်းတွင် မျက်ရည်တို့ကား ဝေ့သီမနေပါ။
ချိုက်ဟုန်သည် ချိုက်ဟုန်သာ ဖြစ်နေရမည် မဟုတ်လား။
……………………………………………………………………………………..
၁၉၂၈ သြဂုတ်လ (၃)ရက်၊ မြန်မာ့ပြက္ခဒိန် အလိုအရ ဝါခေါင်လပြည့်ကျော် (၃)ရက်နေ့။
ရန်ကုန်ဘူတာကြီး၊ မန္တလေး - ရန်ကုန် အစုန်ရထားပေါ်မှ လမ်းမတော်ဖိုးတုတ်၊ ညီဖြစ်သူဘသိန်းနှင့် ဂန္ဓာမာသောင်းရီ တို့အား စံဘက ကားဖြင့် လာရောက်ကြိုသည်။
စံဘသည် ကားမောင်းတတ်ခါစဖြစ်သဖြင့် ကားမောင်းရသည်ကို အလွန်တက်ကြွနေ၏။
''ဂန္ဓမာ မင်း..မောင်းပေးလိုက်ကွာ''
ဖိုးတုတ်က ထိုသို့ ပြောလိုက်သဖြင့် စံဘ မကျေမနပ်ဖြစ်သွားသည်။
''ကိုဖိုးတုတ်ရာ..အခု အကိုတို့ကို လာကြိုတာလည်း ကျွန်တော် မောင်းလာတာပါ''
''မင်းက ငါ့ကို ပြန်ပြောနေတာလား..စံဘ''
စံဘ ငြိမ်သွားသည်။
ဂန္ဓမာသောင်းရီက ဒရိုင်ဘာနေရာတွင် ဝင်ထိုင်ပြီး ဘေးတွင် လမ်းမတော်ဖိုးတုတ်က ထိုင်သည်။
နောက်တွင် ဘသိန်းနှင့် စံဘ။
''ဘသိန်း..ဘသိန်း..မင်းလုပ်တာနဲ့ တောင်ပြုန်းပွဲမှာ ဟိုဟာမလေး နဲ့ ငါနဲ့ ထပ်ပြသနာတက်တာပဲ အဖတ်တင်တယ်နော်..ဟေ့ကောင်''
''ကိုကြီးဖိုးတုတ် က လူမိုက်ပဲ လုပ်ရဲတာ။ မြာပိုးတဲ့နည်းကျ..ညံ့ချက်ကိုဗျ''
''ဟူး..ငါ မသင်းမြ ကို ချစ်တယ်။ သဘောကျတယ်ကွာ။ အဲ့ဒါပဲသိတယ်..ဟိုလို ဒီလို တွေ မြာပိုးတာတွေ ငါမလုပ်တတ်ဘူးကွ…ဒီတသက်တော့ သူနဲ့ငါ မဖြစ်နိုင်ဘူးထင်ပါတယ်ကွာ''
''စိတ်ချပါဗျာ..ကိုကြီးဘိုးတုတ်..မသင်းမြ နဲ့ ညားကို ညားရမယ်..ကျွန်တော့် တာဝန်သာထား''
''ဒီ ခွေးကောင်ကတော့ ပြောပြန်ပြီ..ဂန္ဓမာရေ..ငါတော့ ဘယ်အချက် ချောက်ကြမလဲမသိဘူး''
ကားက လမ်းမတော် ဆယ့်ငါးလမ်းထိပ်ရှိ ဖိုးတုတ်သီးသန့် ဝယ်ထားသော အိမ်ရှေ့တွင် ရပ်လိုက်သည်။
''ဝယ်လာတဲ့ လက်ဆောင်တွေ..အမေ့ဆီ ကျွန်တော် သွားပို့လိုက်ဦးမယ်..ကိုကြီးဖိုးတုတ်''
ဘသိန်းက လက်ဆောင်ထုတ်များကို ဆွဲကာ ကားပေါ်မှ ဆင်းသွား၏။
လမ်းမတော်ဖိုးတုတ် ကို သူ့တပည့်များက အသင့်ဆီးကြိုနေကြသည်။
''ဆရာဖိုးတုတ်..ခုနပဲ..ချိုက်ဟုန် ဒီကို လာသွားတယ်..ကိုကြီးပြန်လာရင်..ချိုင်းနားစတန်းကို ခဏလာပါဦးတဲ့..ကောင်မလေး မျက်နှာလည်း သိပ်မကောင်းဘူး''
''ဟ ဘယ်အချိန်ရှိသေးလို့ သူက ဒီလောက်အစောကြီး ချိုင်းနားစတန်းကို ရောက်နေတာတုန်းကွာ..အေးအေး..ခဏနေမှ သွားကြည့်လိုက်မယ်''
တောင်ပြုန်းပွဲတွင် မသင်းမြ နှင့် တစ်ချိန်လုံး ကတောက်ကဆဖြစ်ခဲ့သည့်အတွက် ဖိုးတုတ် စိတ်များ ရှုပ်ထွေးနေသည်။
''ငါ ရေချိုးလိုက်ဦးမယ်.…ပြီးရင်..ငါ ချိုက်ဟုန်ဆီသွားမှဖြစ်မယ်..သူတစ်ခါမှ ဒီလို ငါ့ဆီ လိုက်လာဖူးတာမဟုတ်ဘူး..တစ်ခုခုပြသနာရှိလို့သာ..ဂန္ဓမာ..မင်း ပင်ပန်းလာလို့ မလိုက်ချင်လဲရတယ်..ငါ စံဘကို ခေါ်သွားလိုက်မယ်''
''အေး..ရထားစီးလာရတာ..ပင်ပန်းတယ်ကွ..ငါ ဒီနေ့တော့ နေခဲ့မယ်..ဖိုးတုတ်..မင်း အိုကေတယ်နော်''
ဖိုးတုတ်က ခေါင်းညိမ့်ပြပြီး ရေချိုးရန် အခန်းတွင်သို့ ဝင်လာခဲ့သည်။
တစ်နာရီခန့်အကြာတွင် လမ်းမတော်ဖိုးတုတ် နှင့် စံဘတို့သည့် မော်တော်ကားဖြင့် ချိုင်းနားစတန်းဟိုတယ်သို့ ထွက်ခဲ့ကြသည်။
မန်နေဂျာကြင်မောင်ရော၊ ပိုင်ရှင် လောက်ဝီ ပါ မျက်နှာမကောင်းကြ။
''လောက်ဝီ…ဘာတွေဖြစ်နေကြတာလဲ''
ဟိုတယ်ပိုင်ရှင် လောက်ဝီ ကို ဖိုးတုတ်က မေးလိုက်သည်။
''ဆရာကြီး အချစ်လေး ချိုက်ဟုန် ကိုသာ မေးကြည့်ပါ..ဆရာကြီး..သူအပေါ်ထပ်က အခန်း (၁)မှာ စောင့်နေတယ်''
''စံဘ မင်း အောက်မှာ စောင့်နေခဲ့။ မင်းကြိုက်တာ မှာသောက်ထား''
ဖိုးတုတ် အပေါ်သို့ တက်လာလိုက်သည်။
ချိုက်ဟုန်က အခန်း(၁)ထဲတွင် ဝီစကီသောက်နေသည်။
''ကလေးမ..ညည်း ဒီအချိန်ကြီး မသောက်ဖူးပါဘူး..ဘာတွေဖြစ်နေတာလဲ''
ဖိုးတုတ်က ချိုက်ဟုန် ၏ ဘေးတွင် ဝင်ထိုင်ပြီး မေးလိုက်သည်။
''အကိုကြီးတို့ မရှိတဲ့ ရက်တွေမှာ ဒီမှာ ပြသနာတွေ များကြီးတက်သွားတယ်''
''ဘာဖြစ်တာလဲ ချိုက်ဟုန်..ဒီမှာ အကိုကြီးလူတွေများကြီးကျန်ခဲ့တာပဲ..ချိုက်ဟုန်ကို ဘယ်သူ ထိလဲ။ ဘယ်သူ ဘာလုပ်လဲ..သူတို့ကို ပြောလည်း ရတာပဲကိုး''
''မဟုတ်ဘူး..အကိုကြီး..မဟုတ်ဘူး..ချိုက်ဟုန်ဘာမှမဖြစ်ဘူး..ဖြစ်တာက မသောင်း''
''မသောင်း ဘာဖြစ်လို့လဲ''
''တရက်က မသောင်းကို ပုဏ္ဍားဘထွန်းတပည့် တလိုင်းလေးကျော်သင်းတို့ အုပ်စု ဟိုတယ်အပြန်လမ်းမှာ စောင့်ပြီး (၂၇)လမ်းထိပ်က သူတို့အရက်ဘားမှာ ဘားမယ်လာလုပ်ဖို့ ခေါ်တယ်..အကိုကြီး''
''အဲ့ဒီတော့''
''ရိုးရိုးလာခေါ်တာမဟုတ်ဘူး..အကိုကြီး..မလာရင် ကတ္တရာရည်ပူနဲ့ မျက်နှာကို ပက်မယ်ဆိုပြီး ခြိမ်းခြောက်ကြတာ..အဲ့ဒါနဲ့ မသောင်းလည်း ကြောက်လန့်ပြီး ညဘက် ချိုင်းနာစတန်းကို မသွားတော့ပဲ သူတို့ ဆီသွားပေးရတယ် အကိုကြီး''
''အင်း..အဲ့ဒီတော့''
''ဟိုမှာ တလိုင်းလေးတို့ အုပ်စုက ညတိုင်း မသောင်းကို တစ်ယောက်ပြီး တစ်ယောက် မုဒိန်းဝိုင်းကျင့်ကြတယ်တဲ့..အခု ဒီညလည်း မသောင်းသွားရဦးမယ်..သူ မသွားချင်လို့ ငိုယိုနေတယ်.. အဲ့ဒါနဲ့ ညီမလည်း စိတ်ညစ်လို့ အကိုကြီးအိမ်ကို လာပြောပြီး ဒီမှာ လာသောက်နေတာ..ချိုက်ဟုန် သူငယ်ချင်းတော့ သနားပါတယ်..အကိုကြီးရယ်''
ဖိုးတုတ် က ဝီစကီပုလင်းကိုယူကာ တစ်ခွက်ငှဲ့လိုက်သည်။
''ဒီမယ်..ချိုက်ဟုန်ရဲ့ သူငယ်ချင်းဟာ လမ်းမတော်ဖိုးတုတ်ရဲ့ သူငယ်ချင်းပဲနော်..ဟုတ်ပြီလား.. သူတို့ အရက်ဘားနာမည်က ဘာတဲ့လဲ''
''King တဲ့ အကိုကြီး''
ဖိုးတုတ်က ငှဲ့ထားသောဝီစကီကို တဘရိတ်ထဲ မော့လိုက်ပြီး အခန်းထဲ မှ ထွက်သွားသည်။
အောက်ထပ်တွင် သျှောင်ပေစူးစံဘက ဘီယာတစ်လုံးဖြင့် ငြိမ့်နေ၏။
''စံဘ… လာဟေ့''
ဖိုးတုတ်က ကားပေါ် ခပ်သွက်သွက်တက်ပြီး…စက်နှိုးမောင်းထွက်လိုက်သည်။
ဖိုးတုတ် ဦးတည်ရာကား မော်တင်ကမ်းနားမှ ချိုက်ဟုန်နှင့် မသောင်းတို့ တန်းလျားဆီသို့။
………………………………………………………….
ရုတ်တရက် အိမ်ပေါ် တက်လာသော ဖိုးတုတ်ကိုမြင့်တော့ ပြဲနေသည့် ဖန်ပေါင်းချောင်အင်္ကျီလေးကို ချုပ်သီနေသည့် မသောင်း လန့်သွားသည်။
''လာ..မသောင်း ကျုပ်နဲ့ လိုက်ခဲ့''
ဖိုးတုတ်က မသောင်းလက်ကို စောင့်ဆွဲခေါ်သဖြင့် မသောင်း ယက်ကန်ယက်ကန်ဖြင့် ပါလာသည်။
လက်ထဲတွင်လည်း ချုပ်လက်စ ဖန်ပေါင်းချောင်အင်္ကျီ နှင့်် အပ်ချည်က တွဲလောင်း။
ဖိုးတုတ်က မသောင်းကို ကားရှေ့တံခါးဖွင့်ကာ တွန်းတင်လိုက်သည်။
ထို့နောက် ကားကို စက်နှိုးကာ မောင်းထွက်လိုက်၏။
''ကဲ..မသောင်း..အခု ကင်း ကိုသွားမယ်..ခင်ဗျား ကျုပ်ကို လမ်းညွှန်..''
''ဟုတ်..ဟုတ်''
''ချိုက်ဟုန်ပြောလို့ ကျုပ်အားလုံး သိပြီးပြီ..ငါ-ိုးမသားတွေ..နှမချင်းမစာနာ..လူပါးဝတယ်..ဒါနဲ့ ခင်ဗျားလက်ထဲက အင်္ကျီ က ဘာလဲ''
''ဟို မနေ့ညက အသောင်းကို သူတို့ ဝိုင်းလုပ်ကြတော့ ပြဲသွားတဲ့ အင်္ကျ ီလေး ချုပ်နေရင်းမို့ ပါလာတာပါ''
''အင်း..ကောင်းတယ်…အဲ့ဒါပါ..ယူခဲ့..''
စံဘက အနောက်ခန်းမှ ခပ်ကုပ်ကုပ်ပါလာသည်။
ဖိုးတုတ်၏ ကား က လမ်းမတော်နယ်မြေအပိုင်ကို ကျော်လွန်လျက် ပုဏ္ဍားဘထွန်းအပိုင် သိမ်ကြီးဈေးကို ကျော်လွန်လာပေပြီ။
''ကိုဖိုးတုတ်…ပုဏ္ဍား နယ်ထဲ ရောက်နေပြီနော်''
စံဘက နောက်ခန်းမှ လှမ်းပြောသည်။
''အဲ့ဒီတော့ ဘာဖြစ်လဲ..စံဘ''
''လိုလိုမယ်မယ် ကိုဂန္ဓမာတို့၊ ကိုညွန့်တို့ ကို ကျွန်တော် သွားခေါ်ပေးရမလား''
''ဟေ့ကောင်…စံဘ..မင်း က စောက်ကြောက်လား..အခုက လမ်းမတော်ဖိုးတုတ် ငါ ပုဏ္ဍားနယ်ထဲ နားဝင်ထွင်းမှာကွာ..မင်း မလိုက်ရဲရင်..ဆင်းနေခဲ့''
စံဘ ဆတ်ခနဲဖြစ်သွားသည်။
''တော်ပြီ ကိုဖိုးတုတ်..တော်ပြီ..ဘယ်ကောင်မှ မခေါ်ဘူး..ကျွန်တော်လည်း မဆင်းဘူး..မောင်းသာမောင်း''
………………………………………………………..
''King ပျော်ပွဲစားရုံ'' ရှေ့တွင် ကားကို ရပ်လိုက်သည်။
''မသောင်း..ခင်ဗျားဆင်းပြီး..တံခါးဖွင့်လိုက်ဗျာ..မကြောက်နဲ့..ကျုပ်နောက်က ပါတယ်''
မသောင်းက တုန်တုန်ရီရီဖြင့် အောက်ဆင်းလာသည်။
''သွားပါဗျာ..ဝင်မှာ ဝင်စမ်းပါ''
ဖိုးတုတ်၏ အသံကြောင့် မသောင်းက ပျော်ပွဲရုံ တံခါးကို ဖွင့်ဝင်လိုက်သည်။
နေ့ခင်းကြောင်တောင်ဖြစ်သဖြင့် ဘားအတွင်း သောက်သုံးသူူ တစ်ယောက်မှ မရှိ။
စွပ်ကျယ်ဝတ်ထားသော လူတစ်ယောက်နှင့် အင်္ကျီဗလာကျင်းထားသော လူနှစ်ယောက်သာ ထိုင်နေကြသည်။
''သြော်..ဘယ်သူများလဲလို့…ညည်းကို..ဟဲ..ဖာသည်မ..နင် ညက အလုပ်ခံရတာ မဝလို့ ဒီအချိန်ကြီး ထပ်လာတာလား..သွားစမ်း..ညနေမှ ပြန်လာ''
ထိုအချိန်တွင် တံခါးကို ဂျက်ထိုးကာ နောက်မှ လိုက်ဝင်လာသော ဖိုးတုတ်နှင့် စံဘကို တွေ့သွား၏။
''မင်းတို့ ဘယ်ကကောင်တွေလဲ..ဆိုင်မဖွင့်သေးဘူးကွ''
''ဟိုခွေးမသား ကျော်သင်း ဘယ်မှာလဲ''
''မင်းကများ ရာရာစစ..တို့ဆရာကို..''
အင်္ကျီချွတ်နှင့် လူက ဖိုးတုတ်ဆီသို့ တိုးဝင်လာစဉ် စံဘက တုတ်ဖြင့် စီးရိုက်ပစ်လိုက်သည်။
ပျော်ပွဲစားရုံအဝတွင်ရှိသော သစ်သားမြောင်းကူးတံတားမှ နုတ်လာသည့် တုတ်ဖြစ်သောကြောင့် သံတစ်ချောင်း က တပ်ရပ် ပါလာသဖြင့် သံချောင်းသည် အင်္ကျီချွတ်၏ ပါး ကို စိုက်ဝင်သွားသည်။
လဲကျသွားသော အင်္ကျီချွတ်၏ မျက်နှာကို စံဘက နင်းထားပြီး တုတ်ကို ဆွဲနုတ်၏။
ထိုအချိန်တွင် စွတ်ကျယ်ဝတ်လူက ဘားကောင်တာနောက်တွင် ထားသော ဓါးကို ပြေးဆွဲလေသည်။
သို့သော် ဓါးကို ယူပြီး အလှည့်တွင်ပင် ဖိုးတုတ် ၏ လက်သီးကြောင့် နောက်ပြန်လည်သွား၏။
ဖိုးတုတ်က စွတ်ကျယ်ဝတ်ကို တက်ခွကာ လက်မှ ဓါးရှည်အား လုယူကာ ဓါးနှောင့်ဖြင့် မျက်နှာကို တစ်ချက်ပြီး တစ်ချက် စိမ်ပြေနပြေထုလေသည်။
ထိုအချိန်တွင် စံဘကလည်း အင်္ကျီချွတ်လူ၏ ကိုယ်လုံးတီးအပေါ်ပိုင်း ခန္ဓာကိုယ်အား တုတ်ဖြင့် ဆင့်ကာ ဆင့်ကာရိုက်နေသည်။
မသောင်းကား စားပွဲတစ်ခုတွင် ထိုင်ကာ ကြောင်တောင်တောင်ဖြစ်နေသည်။
''မသောင်း. ဒီနား.လာဦး''
မသောင်းက ကြောက်ကြောက်လန့်လန့်ဖြင့် ထလာသည်။
''တလိုင်းလေး ကျော်သင်း ဆိုတာ ဒီနှစ်ကောင်ထဲက ဘယ်ကောင်လဲ''
''တစ်ကောင်မှ မဟုတ်ဘူး။ ဒါကျော်သင်းတပည့် အေးငွေနဲ့ လက်ကောက်''
''ခင်ဗျားကို ညက မတော်မတရားလုပ်တဲ့အထဲ ဒီနှစ်ကောင်ပါလား''
''အေးငွေတော့ မပါဘူး..လက်ကောက်ပါတယ်''
''လက်ကောက်ဆိုတာ ဘယ်ကောင်လဲ''
''ဟို..ကိုယ်လုံးတီးနဲ့ တစ်ယောက်''
ဖိုးတုတ်က သူ့လက်ထဲရောက်နေသော စွတ်ကျယ်နှင့် အေးငွေ၏ ခေါင်းကို ဘားကောင်တာပေါ်မှ ဘီယာပုလင်းနဲ့ အားကုန်ရိုက်ခွဲလိုက်သည်။
''ဟေ့..စံဘ..မင်းလက်ထဲက ကောင်ကို ဖိထားစမ်း..မသောင်း..ခင်ဗျား ခုနပါလာတဲ့ အင်္ကျီ နဲ့ အပ်ချည်တွေ ဘယ်မှာလဲ''
''ဟို..ဟို ကားပေါ်မှာ''
''သွားယူခဲ့ဗျာ..သွား..အပ်နဲ့ အပ်ချည်ပါ ပါစေ''
မသောင်းက ကားပေါ် မှ ချုပ်လက်စ အင်္ကျီ နှင့် အပ်ချည်ကြိုးတို့ကို ယူလာသည်။
''စံဘ ဒီကောင့်ကိုထူလိုက်''
သတိရတစ်ချက်မရတချက်ဖြင့် သွေးများလူးနေသော လက်ကောက် ကို စံဘ က ထူလိုက်သည်။
''မသောင်း..ဒီကောင့်ကို ခင်ဗျား အင်္ကျီ ဝတ်ပေးလိုက်''
…………………….
''ဟာ ဝတ်ဆို ဝတ်ပေးလိုက်ဗျာ…ခင်ဗျားကို အဲ့ဒီလို အင်္ကျီမျိုး ဆယ်ထည် ကျုပ်ပြန်ဝယ်ပေးမယ်''
မသောင်းက ဖန်ပေါင်းချောင်အင်္ကျီ အပြဲကို ကြောက်ကြောက်လန့်လန့်ဖြင့် လက်ကောက် ထံ ဝတ်ပေးလိုက်သည်။
လက်ကောက်၏ ခန္ဒာကိုယ်ဖြင့် မတော်သဖြင့် မနည်းထိုးထည့်နေရသည်။
ဇာအင်္ကျီဖြစ်သဖြင့် အချို့နေရာများ စုတ်ပြတ်ကုန်သည်ကို မသောင်း မနှမြောနိုင်အား။
''ရပြီ..မသောင်း..ဒီလောက်ဆို..ကဲ..ခင်ဗျားကို သူတို့ ဘယ်နားမှာ မတရားလုပ်ကြတာတုန်း''
မသောင်းက ဘားကောင်တာထောင့်မှ စားပွဲကို လက်ညှိးထိုးပြသည်။
''ကဲ..စံဘ..ဒီကောင့်ကို အဲ့ဒီပေါ် ဆွဲတင်ကြမယ်ကွာ''
စားပွဲပေါ်သို့ သတိလစ်နေသော လက်ကောက်ကို ဆွဲတင်လိုက်ကြသည်။
''မသောင်း..ခင်ဗျားကို နှိပ်စက်ပြီး လုပ်ခဲ့တဲ့ကောင်တွေအကြောင်း ခင်ဗျား..ပြန်စဉ်းစားဗျာ.. ပြီးတော့..ဒီမြင်ကွင်းကို သေချာကြည့်ပြီး အရသာခံပေတော့''
ဖိုးတုတ်သည် လက်ကောက်၏ ခန္ဓာကိုယ်နှင့် ဖန်ပေါင်းချောင်အင်္ကျီကို တွဲကာ အပ်ချည်ဖြင့် တစ်ချက်ချင်း ချုပ်နေ၏။
အပ်ကို အရေပြားထဲသို့ အားဖြင့် ထိုးစိုက်လိုက်သည့်အခါတိုင်း လက်ကောက်မှာ အသံနက်ကြီးဖြင့် အော်ဟစ်ရုန်းကန်လေသည်။
သို့သော် ဖိုးတုတ်နှင် စံဘတို့ ဖိထားသောကြောင့် မည်သို့မှ အကျိုးမထူး။
လက်ကောက်၏ ကိုယ်လုံးတီးအပေါ်ပိုင်းတစ်ခုလုံးသည် မိန်းမဝတ် အင်္ကျီနှင့် တစ်သားတည်း အချုပ်ခံရပြီးသည့်အချိန်တွင်တော့ လက်ကောက် တအီးအီးညည်းညူရင်း ခုံပေါ်တွင် ကျန်ရစ်သည်။
''ကဲ..မသောင်း..ခင်ဗျား ရဲ့ မှိတ်ထားတဲ့ မျက်စိကို ဖွင့်လိုက်ပြီး..ကားပေါ် တက်ထိုင်နေလိုက်ဦး..သူတို့ ဆရာသမားဆိုတဲ့ ဟိုတလိုင်းလား နှစ်လိုင်းလား အဲ့ကောင်ပြန်လာရင် ပျော်သွားအောင် သူ့ဆိုင်ကို နည်းနည်း ဖြိုလိုက်ဦးမယ်''
မသောင်းက ဆိုင်တံခါးကို ဖွင့်လိုက်ချိန်တွင်တော့ ဆိုင်ရှေ့တွင် အုံနေသော လူအုပ်စုကြီး။
မသောင်း ထွက်လာသည့်အခါ အားလုံးရှဲသွားကြသည်။
ဖိုးတုတ်နှင့် စံဘ က ဆိုင်အတွင်း ပစ္စည်းများကို စိတ်ကြိုက် ရိုက်နှက်ပြီး ထွက်လာကြ၏။
ထို့နောက် ကားစက်ကို နှိုးကာ ချိုင်းနားစတန်းဟိုတယ်ဆီသို့ မောင်းထွက်လာကြတော့သည်။
ချိုင်းနားစတန်းဟိုတယ်ရှေ့အရောက်တွင် ကားများတန်းစီပြီး ရပ်ထားသည်ကို တွေ့ရသည်။
ဖိုးတုတ် အဖွဲ့၏ ကားများ။
ကားပေါ်မှ ဖိုးတုတ် ဆင်းလိုက်သောအခါ ဂန္ဓမာသောင်းရီနှင့် လောက်ဝီတို့ ဟိုတယ်ထဲမှ ထွက်လာ၏။
''ဟာ..ဖိုးတုတ်ရာ…ငါအိမ်မှာ ပျင်းလို့ မင်းဆီလိုက်လာတာ..ဒီရောက်မှ အကြောင်းစုံသိတာနဲ့..ငါတို့ လူတွေ ခေါ်စုပြီး အခုပဲ သိမ်ကြီးဈေးဘက်လိုက်တော့မလို့…မပြောမဆိုကွာ..မင်းကလဲ''
''ဟေ့ရောင်..ဂန္ဓမာ..ငါ့အတွက် လူအုပ်စုဆိုတာမလိုပါဘူးကွ..ငါတို့နယ်ကိုကျော်ပြီး လူပါးဝတဲ့ ပုဏ္ဍားတပည့်တွေကို ငါဘယ်လို လုပ်ခဲ့လဲ..မသောင်းကို မင်းမေးကြည့်''
ထိုအခါမှ ဖိုးတုတ်နောက်တွင် ရပ်နေသော မသောင်းကို ဂန္ဓမာသောင်းရီ သတိထားမိသွားသည်။
''ခင်ဗျား..ခင်ဗျား ဘာဖြစ်သွားလဲ..မသောင်း..ဟင်..ဘာဖြစ်သွားသေးလဲ''
ဂန္ဓမာက မသောင်း ပုခုံးကို ဖက်ပြီး စိုးရိမ်တကြီးမေးလိုက်ချိန်တွင် မသောင်း က ဂန္ဓမာရင်ခွင်ထဲ သို့ တိုးဝင်ကာ အိ ခနဲ ငိုချလိုက်သည်။
''ဖိုးတုတ်..မင်း အဲ့ဒီ တလိုင်းလေးကျော်သင်းဆိုတဲ့ ကောင်ကို သတ်ခဲ့လား..ပြောစမ်း..ဟေ့ရောင်''
''တလိုင်းလေးကို ကျွန်တော်တို့ မတွေ့ခဲ့ဘူး…ကိုဂန္ဓမာ..ဒါပေမယ့် သူ့တပည့်နှစ်ယောက်တော့ အလဲအကွဲ ပဲ''
စံဘက ဝင်ပြောသည်။
''အေး..မင်းသွားမသတ်ရင် အဲ့ဒီကောင်ကို ငါသွားသတ်မယ်..ဖိုးတုတ်. ဒီမအေ -ိုး..အသေဆိုးနဲ့ကို သေရမယ်''
ဖိုးတုတ်က ဂန္ဓမာသောင်းရီ ၏ ပုခုံးကို ဖက်လိုက်သည်။
''စိတ်ကိုလျှော့သူငယ်ချင်း..အခု တလိုင်းလေးဘဝက သေတာထက်ဆိုးတဲ့ စောက်ရှက်ခွဲနည်းမျိုးနဲ့ ငါခွဲခဲ့ပြီကွ..သူ့တပည့်တွေ ဖြစ်ပုံပျက်ပုံကို သိမ်ကြီးဈေးထဲက လူတွေအကုန် မြင်ပြီးပြီ..ဖိုးတုတ်ကို လာကြောရင် ဘာဖြစ်တတ်လဲဆိုတာ အခုဆို ဒီကောင်တွေသိနေလောက်ပြီ..စိတ်လျော့ သူငယ်ချင်း..မသောင်း ကို အပေါ်ခေါ်သွားပြီး…မင်း နှစ်သိမ့်လိုက်ပါဦး..သူဒီရက်ပိုင်း ကြောက်စရာတွေ ဆက်တိုက်ကြုံလာရတယ်''
ထိုအချိန်တွင် ချိုုင်းနားစတန်းဟိုတယ် မန်နေဂျာ ကြင်မောင် က ဖိုးတုတ်ရှိရာ ပြေးလာသည်။
''ဆရာကိုဖိုးတုတ်…ဖုန်းလာနေတယ်..အနောက်ပိုင်းခရိုင် ပုလိပ်အိတ်စပက်တာ ဦးဟုတ်ဂွမ် ဆီကတဲ့''
ခက်ဇော်
အခန်း(၆) ဆက်ရန်
(Zawgyi)
The Guys of Yangon,1930 (Part 4)
..................................................
အခန္း(၅)
……………….
''ကိုႀကီးဖိုးတုတ္..ကြၽန္ေတာ္ေတာင္းပန္ပါတယ္ဗ်ာ..ကြၽန္ေတာ့္ေၾကာင့္ ဒီလိုျဖစ္ရတာ''
''ေန ေန ဘသိန္း..ငါဘာမွမျဖစ္ဘူး..အခုခ်ိန္မွာ ငါ့စိတ္ကို ေျဖေလ်ာ့ေပးႏိုင္တာ ခ်ိဳက္ဟုန္ပဲ ရွိတယ္… ဂႏၶမာ ခ်ိဳက္ဟုန္ အိမ္ကို ေမာင္းကြာ။ ၿပီးရင္ ငါ့ကို ခ်ထားခဲ့။ ၿပီးတာနဲ႔ ခ်ိဳင္းနားစတန္းကို သြားၿပီး ေလာက္ဝီ ကို ေျပာလိုက္ ဒီည ခ်ိဳက္ဟုန္ ကို ငါက အလုပ္ေပးမဆင္းဘူးလို႔..''
ကားက ေမာ္တင္ကမ္းနားမွ သစ္သားတန္းလ်ားဆီသို႔ ဦးတည္လိုက္သည္။
ထိုသစ္သားတန္းလ်ားတြင္ ခ်ိဳက္ဟုန္ က သူ႔သူငယ္ခ်င္း မေသာင္းႏွင့္အတူ အခန္းတစ္ခန္းငွားကာေနထိုင္ျခင္းျဖစ္သည္။
ခ်ိဳက္ဟုန္သည္ တ႐ုတ္ေသြးတဝက္ပါသည့္ အစၥလာမ္ဘာသာဝင္ မဂိုမေလးျဖစ္သည္။
ခ်ိဳင္းနားစတန္းဟိုတယ္တစ္ခုလုံးတြင္ နာမည္အႀကီးဆုံးဟိုတယ္မယ္ လည္းျဖစ္၏။
အသားျဖဴျဖဴ၊ ႏွာတံစင္းစင္း မ်က္ႏွာဝိုင္းဝိုင္းတြင္ ဆံပင္ေမွာင္ေမွာင္ေကာက္ေကာက္ေလးမ်ား တြဲက်ေနသည့္ ဆြဲေဆာင္မႈရွိေသာ အလွပိုင္ရွင္ျဖစ္သည္။
ခႏၵာကိုယ္က အနည္းငယ္၀ၿဖိဳးသည့္ဘက္ေရာက္ေသာ္လည္း ေယာက္်ားမ်ားအႀကိဳက္အေနအထားတြင္ ရွိေနသည္။
ခ်ိဳက္ဟုန္က အေျပာအဆို၊ အယုအယတြင္ တစ္ဖက္ကမ္းခတ္သည္။
လမ္းမေတာ္ဖိုးတုတ္ ၏ အခ်စ္ေတာ္ကေလးလည္း ျဖစ္သည္။
လမ္းမေတာ္ဖိုးတုတ္ လာမည့္ညဆိုလွ်င္ ခ်ိဳက္ဟုန္ကို မည္သူမွ မထိရဲ။ ဟိုတယ္ပိုင္ရွင္တ႐ုတ္ ေလာက္ဝီ က ခ်ိဳက္ဟုန္ကပ္ ခ်ိဳက္ဟုန္ကို သီးသန႔္အခြင့္အေရးေပးရသည္။
ခ်ိဳက္ဟုန္တို႔ တန္းလ်ားေရွ႕တြင္ ေမာ္ေတာ္ကားရပ္လိုက္သည္။
ဖိုးတုတ္ ဆင္းလာသည္ကို တဲတန္းေရွ႕ ဘုံဘိုင္ေခါင္းတြင္ ေရခ်ိဳးေနေသာ မေသာင္းက လွမ္းျမင္လိုက္၏။
''ဟယ္..ကိုဖိုးတုတ္ႀကီး.လာတယ္ေတာ့..ဒါဆိုရင္ေတာ့ ဒီေန႔ အေသာင္း ဆိုင္ကို ေစာေစာသြားရေတာ့မယ္ထင္တယ္ရွင့္''
မေသာင္း က လွမ္းစေနာက္လိုက္သည္။
ဖိုးတုတ္က ေနာက္သို႔လွည့္ကာ ဂႏၶမာကို လက္ျပလိုက္ရင္း
''ေဟ့..ဂႏၶမာ..ခဏေစာင့္ေပးလိုက္ကြာ..ၿပီးရင္ မေသာင္းကို တစ္ခါတည္း ေခၚသြားၿပီး ခ်ိဳင္းနားစတန္းကို ဝင္ပို႔ေပးလိုက္''
ဂႏၶမာေသာင္းရီ က ေရစိုထမီရင္လ်ားျဖင့္ စိုျပည္ထင္ရွားေနေသာ မေသာင္းကို တခ်က္လွမ္းၾကည့္ၿပီး ေခါင္းညိမ့္ျပလိုက္သည္။
''ကဲ..မေသာင္း..ဂႏၶမာနဲ႔ လိုက္သြား..ဒါနဲ႔ ေရွ႕ခန္းက ထိုင္ေနာ္။ ေနာက္ကထိုင္ရင္ က်ဳပ္ညီ ဘသိန္း က ဆိတ္ပါးစပ္၊ ေမ်ာက္လက္မို႔''
မေသာင္းက ေခါင္းခန္းဒ႐ိုင္ဘာေနရာတြင္ ထိုင္ေနေသာ ဂႏၶမာေသာင္းရီ ကို လွမ္းၾကည့္လိုက္သည္။
ဂႏၶမာေသာင္းရီ သည္ လမ္းမေတာ္ဖိုးတုတ္၏ ငယ္သူငယ္ခ်င္း လူမိုက္ႀကီး ဟု နာမည္ေက်ာ္သူျဖစ္သည္။
သို႔ေသာ္ ႐ုပ္ၾကည့္႐ုံျဖင့္ လူမိုက္ဟု ထင္စရာမရွိ။
အသားျဖဴျဖဴ၊ ႏႈတ္ခမ္းပါးပါးျဖင့္ ဆံပင္ကို ေနာက္လွန္ဖီးထားေလ့ရွိၿပီး ေဟာလီးဝုဒ္ေကာင္းဘြိဳင္ဇာတ္ကားမ်ားထဲမွ မင္းသားအလားပင္။
ဂႏၶမာေသာင္းရီ ၏ ထူးျခားခ်က္မွာ ဖိုးတုတ္အပါအဝင္ အျခားလူမိုက္မ်ားလို ျပည့္တန္ဆာမ်ားႏွင့္ သိပ္မရႈပ္ေထြးတတ္။
အရက္ဆိုလွ်င္ ထူးထူးျခားျခား ရမ္ ကိုသာ ေသာက္တတ္ေလ့ရွိသူျဖစ္သည္။
တစ္ခ်ိန္က ေသာင္းရီသည္ ရန္ကုန္ကြမ္းၿခံဘူတာႀကီးမွ ေ႐ႊတိဂုံဘုရားသို႔ ဂႏၶမာပန္းမ်ားပို႔ေပးရသည့္ ခ်ာတိတ္ တစ္ေယာက္ျဖစ္သည္။
သူ ဂႏၶမာပန္းမ်ားသယ္ကာ တြန္းလာသည့္ ခ်ယ္ဂါလီကို ဗိုလ္ကျပားတစ္ဦး၏ လန္ခ်ားႏွင့္ မေတာ္တဆ တိုက္မိၾကရာ ဗိုလ္ကျပားက ေသာင္းရီ အား လက္သီးျဖင့္ ဝင္ထိုးသည္။
လန္ခ်ားသမားကလည္း တုတ္ျဖင့္ ဝင္႐ိုက္ရာ ေသာင္းရင္က တုတ္ကို ျပန္လုၿပီး ႐ိုက္သျဖင့္ ဗိုလ္ကျပားမွာ ေခါင္းေပါက္သြားခဲ့ၿပီး လန္ခ်ားသမား ပြဲခ်င္းၿပီး ေသသြားခဲ့သည္။
ထိုစဥ္က ေသာင္းရီ အသက္မွာ ၁၅ ႏွစ္သာရွိေသးရာ ကေလးေထာင္ေဘာ္စတယ္သို႔ ပို႔ေဆာင္ျခင္းခံရသည္။
သုံးႏွစ္အၾကာတြင္ ေသာင္းရီ ျပန္လြတ္လာၿပီး ဦးဘိုးသင္ ၏ ျခေသၤ့ဘတ္စ္ကားမ်ားတြင္ စပယ္ရာလိုက္ရာမွ ဖိုးတုတ္ႏွင့္ အရင္းႏွီးဆုံးငယ္ေပါင္းမ်ားျဖစ္လာၾကသည္။
ဖိုးတုတ္သည္ လမ္းမေတာ္ဖိုးတုတ္ ဟူေသာ လူမိုက္အဓိပတိဘြဲ႕ကို ခံယူခဲ့သည့္ လမ္းတစ္ေလွ်ာက္တြင္ ဂႏၶမာေသာင္းရင္ က အဓိက ေနရာမွ ပါဝင္ခဲ့သည္ခ်ည္း။
ထိုထိုေသာ ႐ုပ္ရည္ႏွင့္ မလိုက္သည့္ လူမိုက္ေခ်ာေလး ေမာင္းသည့္ကားကို ေဘးမွ လိုက္စီးရမည္မွာ မေသာင္းအဖို႔ ရင္ခုန္စရာတမ်ိဳးပင္မဟုတ္လား။
မေသာင္း ထမီရင္လ်ားျဖင့္ တန္းလ်ားအတြင္းသို႔ ဝင္သြားခ်ိန္တြင္ ခ်ိဳက္ဟုန္ က အိမ္ေနရင္း အဝတ္အစားျဖင့္ ထြက္လာသည္။
''အကိုႀကီး..လာလာ…ခ်ိဳက္ဟုန္က ေရခ်ိဳးမလို႔..လုပ္ေနတာ..အကိုႀကီးအသံၾကားလို႔ အဝတ္အစားျပန္လဲရေသးတယ္''
''ဒါဆိုလည္း အခု ေရျမန္ျမန္ခ်ိဳး ခ်ိဳက္ဟုန္..ၿပီးရင္ ငါ့အတြက္ ဝီစကီတစ္လုံးနဲ႔ ဘဲကင္တစ္ျခမ္း ေထာ္လီဂိတ္နားမွာ သြားဝယ္ေပးဦး..ငါ ဒီည ဒီမွာ အိပ္မွာ''
''ဟုတ္''
.....................................................
မေသာင္းက သူ႔ေဘးနားတြင္ လက္တစ္ဖက္ျဖင့္ ကားေမာင္းရင္း စီးကရက္ဖြာေနေသာ ဂႏၶမာ ကို တခ်က္တခ်က္ ခိုးခိုးေငးေနသည္။
''အေသာင္း…ဟို အကင္ ဆိုတဲ့ တ႐ုတ္မေလးက အေသာင္းတို႔ ဆီ ေရာက္တာ မၾကာေသးဘူးမဟုတ္လား''
ေနာက္ခန္းတြင္ ပါလာေသာ ဘသိန္းက စကားစသည္။
''ဟုတ္တယ္..ကိုဘသိန္း..အေဆြ႕ က အရင္ ယူနီဗာဆယ္ဟိုတယ္ကေလ… ဟိုဘက္မွာ ပု႑ားဘထြန္း တပည့္ သူ႔အရင္လင္ေဟာင္းက လိုက္လိုက္လာၿပီးျပသနာရွာေနလြန္းလို႔..ဒီဘက္ေျပာင္းလာတယ္ေျပာတယ္''
''ေအာ္..သူက လင္နဲ႔လား''
''ေအာင္မေလး..ကိုဘသိန္းရယ္..ေယာက္်ားတကာ နဲ႔ ပြတ္သပ္ေခ်ာ့ျမဴေနရၿပီး တခါတခါ ညပါအိပ္ရတဲ့ ကြၽန္မတို႔ဘဝကို ရွင္က လင္ရွိ မရွိ ခြဲခ်င္ေသးတာလား..ကြၽန္မဆို လင္ေတြက ေပါလို႔ရွင့္.. တညတာ ခဏတာ လင္ေတြေပါ့..အဲ့ဒါ ကြၽန္မတို႔ ဘဝေပးပဲေလ..အထင္ေသးတဲ့လူေတြက ေသးမွာေပါ့ရွင့္..ဘယ္တတ္ႏိုင္မလဲ''
မေသာင္းက စကားေျပာရင္း ကားေမာင္းေနသည့္ ဂႏၶမာေသာင္းရီကို မ်က္စပစ္လိုက္သည္။
ဂႏၶမာေသာင္းရီကေတာ့ စီးကရက္ အဖြာမပ်က္ဘဲ ကားကိုသာ ဂ႐ုတစိုက္ေမာင္းေန၏။
မားခ်န႔္လမ္းေပၚမွ လမ္းမေတာ္ ၁၉ လမ္းဘက္သို႔ ခ်ိဳးအေကြ႕တြင္ ကားကို အရွိန္ေလွ်ာ့လိုက္သည္။
ညေနခင္း ပ်ပ်အလင္းေအာက္တြင္ လမ္းေလွ်ာက္လာေသာ လူတစ္စုမွ ကားကို လွမ္းထြက္တားလိုက္သျဖင့္ ဂႏၶမာက ရပ္ေပးလိုက္သည္။
အသားျဖဴျဖဴ ၊ ႏွားေခါင္းျပားျပား၊ ဆံပင္ဘိုေကအလယ္ခြဲ ႏွင့္ လူတစ္ေယာက္က မေသာင္းရွိရာ ဘက္သို႔ လာၿပီး ျပတင္းေပါက္တြင္ တင္ထားေသာ မေသာင္း၏ လက္ေမာင္းသားကို ျဖတ္ခနဲ လွမ္းကိုင္ညႇစ္လိုက္သည္။
''အေသာင္း..အေသာင္း မွတ္တယ္..ကိုယ့္ကို မမွတ္မိေတာ့ဘူးလား…ေက်ာ္သင္းေလ..ေက်ာ္သင္း''
မေသာင္းက လက္ကို ျဖတ္ခနဲ ႐ုတ္လိုက္သည္။
''ကဲ..မမ…ခင္ဗ်ား..ေဖာက္သည္ေတြဆိုရင္လည္း ဆင္းၿပီး ဧည့္ခံလိုက္ပါဗ်ာ..က်ဳပ္တို႔ မွာ အခ်ိန္မရွိဘူး''
ဂႏၶမာေသာင္းရီ က မေသာင္း ကို လွမ္းၾကည့္ၿပီး ေျပာလိုက္သည္။
''အို..မဟုတ္တာရွင္..ဘယ္က ကေလကဝေတြမွန္း မသိ''
''ဘာ..ေစာက္ဖာသည္မ…နင္က ငါ့ကို ဘာေျပာတယ္''
ထိုသူက ေျပာေျပာဆိုဆိုျဖင့္ မေသာင္း၏ လည္ၿမိဳကို ညႇစ္ကိုင္လိုက္သည္။
''ေျပာစမ္း..ဖာသည္မ..ေက်ာ္သင္းကို..နင္က ဒီလိုေတာင္ ျပန္ေျပာရဲတယ္..ဟုတ္လား..အရင္က ငါဟာစုပ္ေနတဲ့ေကာင္မက ရာရာစစ''
ဂႏၶမာေသာင္းရီက အက်ၤ ီေအာက္ ပုခုံးေပၚတြင္ အၿမဲတမ္းလြယ္ထားေသာ ခ်ိန္းႀကိဳးကို အသာထုတ္ကာ ဘယ္ဘက္လက္တြင္ ရစ္ကိုင္လိုက္သည္။
ထို႔ေနာက္ ကားတံခါးကို ဖြင့္ၿပီး မေသာင္းရွိရာဘက္သို႔ ဆင္းလာ၏။
''ေဟ့ေကာင္…''
ဂႏၶမာေသာင္းရီ က တခ်က္ေအာ္လိုက္ၿပီး မေသာင္း၏ လည္ပင္းကို ညႇစ္ထားေသာ ေက်ာ္သင္း ၏ လက္ဖ်ံကို ခ်ိန္းႀကိဳးျဖင့္ ျဖတ္႐ိုက္ခ်လိုက္သည္။
ႏွစ္ေခါက္ေခါက္ထားေသာ ခ်ိန္းႀကိဳးျဖစ္သျဖင့္ လက္ဖ်ံတြင္ ပတ္မသြားဘဲ ျပန္ကန္ထြက္လာခ်ိန္တြင္ ေက်ာ္သိန္းက နာၾကင္စြာညည္းညဴးရင္း ေနာက္သို႔ ခုန္ဆုတ္သြား၏။
႐ုတ္တရက္မို႔ ေက်ာ္သင္းႏွင့္အတူပါလာသည့္ လူငါးဦ မွင္သက္ေနၾကသည္။
အားပါေသာ႐ိုက္ခ်က္ေၾကာင့္ ေက်ာ္သင္း လက္ကို ႐ုတ္တရက္ လႊတ္လိုက္ရၿပီး ေနာက္သို႔ ဆုတ္လိုက္သည္။
ဘသိန္းကလည္း ကားေပၚတြင္ အသင့္ပါလာသည့္ သံတုတ္ကို ကိုင္ကာ တံခါးဖြင့္ဆင္းလာ၏။
''ဟာ..ဆရာဂႏၶမာ..ဘာျဖစ္တာလဲ..ဘာျဖစ္တာလဲ''
ထိုစဥ္ အနီးအနား လက္ဖက္ရည္ဆိုင္တြင္ထိုင္ေနေသာ လူငယ္မ်ား ေျပးထြက္လာၾကသည္။
ထိုလူငယ္မ်ားကား ဖိုးတုတ္တို႔ အဖြဲ႕မွ လူငယ္မ်ားပင္။
အေျခအေနမဟန္မွန္းသိသျဖင့္ ေက်ာ္သင္းႏွင့္ သူ႔အဖြဲ႕မွာ အသာလစ္ေျပးသြားေတာ့သည္။
''ဒီမွာကြာ..ငါ့ကားေပၚ ပါလာတဲ့ အမ်ိဳးသမီးကို ဒီေကာင္ေတြ ေစာ္ကားေနလို႔..အဲ့ဒါ ဘယ္က ေကာင္ေတြလဲကြ''
''အဲ့ဒါ တလိုင္းေလးေက်ာ္သင္း တဲ့ ဆရာ..ပု႑ားဘထြန္းတပည့္ေလ..(၂၇)လမ္းထိပ္က ဘားဆိုင္ မန္ေနဂ်ာေပါ့…''
''ေၾသာ္ တလိုင္းေလးေက်ာ္သင္း.ဆိုတာ ဒီေကာင္ကိုး''
''ဟုတ္တယ္ ဆရာ..ဒီေနရာက ပု႑ားႀကီးေနရာနဲ႔ နယ္စပ္ဆိုေတာ့ ကြၽန္ေတာ္တို႔နဲ႔ သူတို႔ ဒီလိုပဲ ခပ္တန္းတန္း ေနၾကရတာ…အခုေတာင္ ဆရာထြက္လာမွ ဆရာမွန္းသိလို႔..ကြၽန္ေတာ္တို႔ ဝင္လာတာပဲ''
''ဟုတ္ၿပီ..ဟုတ္ၿပီ..ညီေလးတို႔..Take Care Yourself ေဟ့''
ဂႏၶမာက လူငယ္မ်ားအား ႐ူပီးေငြ အခ်ိဳ႕ မုန႔္ဖိုးေပးခဲ့ၿပီး ကားေပၚတက္စက္ႏႈိးလိုက္သည္။
မေသာင္းက ခပ္ေအးေအးပုံစံျဖင့္ စီးကရက္တစ္လိပ္ကို ထုတ္ကာ ဖြာေန၏။
''အမိ..မင္းတို႔လိုဟာေတြ တယ္ရႈပ္ပါလား..မဆီမဆိုင္ ငါတို႔ပါ ကြိဳင္ေတာ့မလို႔''
''အဟက္..ဘယ္သူက ရွင့္ကို ကြိဳင္ခိုင္းေနလို႔တုန္း..ရွင့္ဟာရွင္ ေအာက္ဆင္းသြားၿပီးေတာ့''
''ဟ..ငါ့မ်က္ေစ့ေရွ႕မွာ..မိန္းမတစ္ေယာက္ကို လည္ပင္းညႇစ္ေနတဲ့ေကာင္ကို ငါက ဒီတိုင္းထိုင္ၾကည့္ေနရမလား''
''ေၾသာ္..ရွင့္မွာ ဒီလို ကိုယ္ခ်င္းစာတတ္တဲ့ ႏွလုံးသားေတာ့ ရွိေသးသားေနာ္..''
''ေတာက္''
ဂႏၶမာေသာင္းရီ က ေတာက္ တစ္ခ်က္ေခါက္ၿပီး ကားကို ဆက္ေမာင္းေန၏။
အေနာက္တြင္ပါလာေသာ ဘသိန္းကေတာ့ သူတို႔ႏွစ္ေယာက္ အျဖစ္အပ်က္ကို ၾကည့္လ်က္ ၿပဳံးစိစိ။
…………………………………………………………………………………………
''ကိုႀကီးဖိုးတုတ္..ကိုႀကီးဖိုးတုတ္''
ဘသိန္းအသံေၾကာင့္ ဖိုးတုတ္ မ်က္လုံးကို ဖြင့္ၾကည့္လိုက္သည္။ အေမွာင္အတိ။ ဘာမွ်မျမင္ရ။
ဖိုးတုတ္က မ်က္ႏွာေပၚတြင္ အုပ္ေနေသာ ခ်ိဳက္ဟုန္၏ ဇာေဘာ္လီ ကို ဆြဲဖယ္ၿပီး ထလိုက္သည္။
ညက ဝတ္လာသည့္ ရခိုင္ပုဆိုးကို ေမြ႕ယာေျခရင္းမွ ယူကာ ေခါင္းမွ စြတ္ခ်ၿပီး အခန္းျပင္သို႔ ထြက္ရန္ ျပင္လိုက္သည္။
အခန္းျပင္သို႔ အထြက္တြင္ ညက ေသာက္ထားေသာ ဝီစကီ ပိုင့္ပုလင္းကို ဝင္တိုက္မိေသးသည္။
တံခါးဂ်က္ကို ျဖဳတ္ၿပီး ဖြင့္လိုက္သည္။
''ေအး..ဘသိန္း ဘာေတြ အေရးႀကီးေနလဲကြာ..ငါ့ဟာငါ ထျပန္လာမွာေပါ့..ရီးေတြျဖစ္ေနတာလား''
ဘသိန္းက ေလွကားရင္းတြင္ ထိုင္လိုက္ၿပီး
''ေအာင္မယ္ေလး..ကိုႀကီးဖိုးတုတ္ရယ္…ကြၽန္ေတာ္က ေစတနာနဲ႔ လာတာပါဗ်ာ..ခင္ဗ်ားရဲ႕ ျမႇားနတ္ေမာင္ေလး အျဖစ္ လာတာပါ''
''ေဟ့ေကာင္..ငါ့ကို ေလးပဲတန္ဝတၳဳထဲက စကားေတြ လာေျပာမေနနဲ႔..ဘာျဖစ္လို႔လဲေျပာ''
''ကြၽန္ေတာ္ အခုပဲ ေဒၚေဒၚျမ ေခၚလို႔ ကိုႀကီးဖိုးတုတ္ရဲ႕ အခ်စ္ကေလး မသင္းျမ အိမ္ က ျပန္လာတာ''
''ေအး..အဲ့ဒါ ဘာျဖစ္တုန္း''
''အဘြားႀကီးက မေန႔က ညေနက အာလူးသီး ကိစၥ ေတာင္းပန္ရင္း…ဝါေခါင္လက်ရင္ မသင္းျမ သူငယ္ခ်င္းတသိုက္ ေတာင္ျပဳန္းပြဲ သြားမယ့္ အေၾကာင္းေျပာတယ္''
''လခြမ္းလိုပဲ..အဲ့ဒါနဲ႔ ငါ့လာႏႈိးစရာလားဟ''
''မဟုတ္ဘူးဗ်..အဲ့ဒါ အဘြားရီးက ကိုႀကီးဘိုးတုတ္နဲ႔ ကြၽန္ေတာ့္ကို အေဖာ္ထည့္ေပးလိုက္ခ်င္တယ္တဲ့.. ဟိုပြဲက ၾကမ္းၾကမ္းရမ္းရမ္းမို႔..ကိုႀကီးဘိုးတုတ္တို႔ပါတယ္ဆိုမွ မသင္းျမ ကို လႊတ္မယ္တဲ့ဗ်''
''ဟာ..ျဖစ္ပါ့မလားကြာ..ဒီဟာမ က မလြယ္ဘူးဟ''
''ဘာလို႔ မျဖစ္ရမွာလဲ..အကိုရာ..အကိုလည္း ခရီးေတြဘာေတြ မထြက္ျဖစ္တာၾကာၿပီပဲ..လုပ္ပါ..လိပ္ဥေလးထြက္တူးၾကတာေပါ့''
''ေအးပါ..ဘသိန္းရာ..ေအးပါ..ေနာက္သုံးလ ၾကာမွ ကိစၥမ်ား ငါ့ကို အေရးတႀကီးလာႏႈိးရလားဟ''
''ကိုႀကီးဖိုးတုတ္..ဝမ္းသာေစခ်င္လို႔ပါဗ်ာ''
''ေအး..ေအး..ဒါဆိုလည္း ငါအက်ၤ ီသြားဝတ္လိုက္ဦးမယ္..ခဏေစာင့္ဦး..တခါတည္း မင္းနဲ႔ ျပန္လိုက္ခဲ့မယ္''
ဖိုးတုတ္က ျမဴးႂကြစြာျဖင့္ အိမ္ထဲ ျပန္လွည့္ကာ အက်ႌကို ယူရန္ အခန္းထဲသို႔ ဝင္လိုက္ေလသည္။
အခန္းထဲတြင္ ခ်ိဳက္ဟုန္က ငုတ္တုတ္ထိုင္လ်က္။
''နင္ ႏိုးေနတာလား..ခ်ိဳက္ဟုန္''
''အကိုႀကီး ထသြားၿပီး ပုလင္းကို ဝင္တိုက္ကတည္းက ခ်ိဳက္ဟုန္ႏိုးေနတာပါ..ေရာ့..ဒီမွာ အကိုႀကီး အက်ၤ ီ''
ဖိုးတုတ္က ခ်ိဳက္ဟုန္ကမ္းေပးေသာ အက်ၤ ီကို ၾကယ္သီးတပ္လိုက္သည္။ ထို႔ေနာက္ အိပ္ကပ္ထဲမွ ပါလာေသာ ႐ူပီးေငြ သုံးဆယ္ကို ခ်ိဳက္ဟုန္လက္ထဲသို႔ ထည့္ၿပီး အျပင္တြင္ ေစာင့္ေနေသာ ဘသိန္းထံသို႔ ထြက္လာခဲ့သည္။
ခ်ိဳက္ဟုန္ကား ဖိုးတုတ္၏ ေက်ာျပင္အား ေငးလ်က္။ လက္ထဲတြင္လည္း သုံးဆယ္ေသာ ႐ူပီးေငြကို ဆုပ္ကိုင္လ်က္။ သို႔ေသာ္ ခ်ိဳ႕ဟုန္၏ မ်က္ဝန္းတြင္ မ်က္ရည္တို႔ကား ေဝ့သီမေနပါ။
ခ်ိဳက္ဟုန္သည္ ခ်ိဳက္ဟုန္သာ ျဖစ္ေနရမည္ မဟုတ္လား။
……………………………………………………………………………………..
၁၉၂၈ ၾသဂုတ္လ (၃)ရက္၊ ျမန္မာ့ျပကၡဒိန္ အလိုအရ ဝါေခါင္လျပည့္ေက်ာ္ (၃)ရက္ေန႔။
ရန္ကုန္ဘူတာႀကီး၊ မႏၲေလး - ရန္ကုန္ အစုန္ရထားေပၚမွ လမ္းမေတာ္ဖိုးတုတ္၊ ညီျဖစ္သူဘသိန္းႏွင့္ ဂႏၶာမာေသာင္းရီ တို႔အား စံဘက ကားျဖင့္ လာေရာက္ႀကိဳသည္။
စံဘသည္ ကားေမာင္းတတ္ခါစျဖစ္သျဖင့္ ကားေမာင္းရသည္ကို အလြန္တက္ႂကြေန၏။
''ဂႏၶမာ မင္း..ေမာင္းေပးလိုက္ကြာ''
ဖိုးတုတ္က ထိုသို႔ ေျပာလိုက္သျဖင့္ စံဘ မေက်မနပ္ျဖစ္သြားသည္။
''ကိုဖိုးတုတ္ရာ..အခု အကိုတို႔ကို လာႀကိဳတာလည္း ကြၽန္ေတာ္ ေမာင္းလာတာပါ''
''မင္းက ငါ့ကို ျပန္ေျပာေနတာလား..စံဘ''
စံဘ ၿငိမ္သြားသည္။
ဂႏၶမာေသာင္းရီက ဒ႐ိုင္ဘာေနရာတြင္ ဝင္ထိုင္ၿပီး ေဘးတြင္ လမ္းမေတာ္ဖိုးတုတ္က ထိုင္သည္။
ေနာက္တြင္ ဘသိန္းႏွင့္ စံဘ။
''ဘသိန္း..ဘသိန္း..မင္းလုပ္တာနဲ႔ ေတာင္ျပဳန္းပြဲမွာ ဟိုဟာမေလး နဲ႔ ငါနဲ႔ ထပ္ျပသနာတက္တာပဲ အဖတ္တင္တယ္ေနာ္..ေဟ့ေကာင္''
''ကိုႀကီးဖိုးတုတ္ က လူမိုက္ပဲ လုပ္ရဲတာ။ ျမာပိုးတဲ့နည္းက်..ညံ့ခ်က္ကိုဗ်''
''ဟူး..ငါ မသင္းျမ ကို ခ်စ္တယ္။ သေဘာက်တယ္ကြာ။ အဲ့ဒါပဲသိတယ္..ဟိုလို ဒီလို ေတြ ျမာပိုးတာေတြ ငါမလုပ္တတ္ဘူးကြ…ဒီတသက္ေတာ့ သူနဲ႔ငါ မျဖစ္ႏိုင္ဘူးထင္ပါတယ္ကြာ''
''စိတ္ခ်ပါဗ်ာ..ကိုႀကီးဘိုးတုတ္..မသင္းျမ နဲ႔ ညားကို ညားရမယ္..ကြၽန္ေတာ့္ တာဝန္သာထား''
''ဒီ ေခြးေကာင္ကေတာ့ ေျပာျပန္ၿပီ..ဂႏၶမာေရ..ငါေတာ့ ဘယ္အခ်က္ ေခ်ာက္ၾကမလဲမသိဘူး''
ကားက လမ္းမေတာ္ ဆယ့္ငါးလမ္းထိပ္ရွိ ဖိုးတုတ္သီးသန႔္ ဝယ္ထားေသာ အိမ္ေရွ႕တြင္ ရပ္လိုက္သည္။
''ဝယ္လာတဲ့ လက္ေဆာင္ေတြ..အေမ့ဆီ ကြၽန္ေတာ္ သြားပို႔လိုက္ဦးမယ္..ကိုႀကီးဖိုးတုတ္''
ဘသိန္းက လက္ေဆာင္ထုတ္မ်ားကို ဆြဲကာ ကားေပၚမွ ဆင္းသြား၏။
လမ္းမေတာ္ဖိုးတုတ္ ကို သူ႔တပည့္မ်ားက အသင့္ဆီးႀကိဳေနၾကသည္။
''ဆရာဖိုးတုတ္..ခုနပဲ..ခ်ိဳက္ဟုန္ ဒီကို လာသြားတယ္..ကိုႀကီးျပန္လာရင္..ခ်ိဳင္းနားစတန္းကို ခဏလာပါဦးတဲ့..ေကာင္မေလး မ်က္ႏွာလည္း သိပ္မေကာင္းဘူး''
''ဟ ဘယ္အခ်ိန္ရွိေသးလို႔ သူက ဒီေလာက္အေစာႀကီး ခ်ိဳင္းနားစတန္းကို ေရာက္ေနတာတုန္းကြာ..ေအးေအး..ခဏေနမွ သြားၾကည့္လိုက္မယ္''
ေတာင္ျပဳန္းပြဲတြင္ မသင္းျမ ႏွင့္ တစ္ခ်ိန္လုံး ကေတာက္ကဆျဖစ္ခဲ့သည့္အတြက္ ဖိုးတုတ္ စိတ္မ်ား ရႈပ္ေထြးေနသည္။
''ငါ ေရခ်ိဳးလိုက္ဦးမယ္.…ၿပီးရင္..ငါ ခ်ိဳက္ဟုန္ဆီသြားမွျဖစ္မယ္..သူတစ္ခါမွ ဒီလို ငါ့ဆီ လိုက္လာဖူးတာမဟုတ္ဘူး..တစ္ခုခုျပသနာရွိလို႔သာ..ဂႏၶမာ..မင္း ပင္ပန္းလာလို႔ မလိုက္ခ်င္လဲရတယ္..ငါ စံဘကို ေခၚသြားလိုက္မယ္''
''ေအး..ရထားစီးလာရတာ..ပင္ပန္းတယ္ကြ..ငါ ဒီေန႔ေတာ့ ေနခဲ့မယ္..ဖိုးတုတ္..မင္း အိုေကတယ္ေနာ္''
ဖိုးတုတ္က ေခါင္းညိမ့္ျပၿပီး ေရခ်ိဳးရန္ အခန္းတြင္သို႔ ဝင္လာခဲ့သည္။
တစ္နာရီခန႔္အၾကာတြင္ လမ္းမေတာ္ဖိုးတုတ္ ႏွင့္ စံဘတို႔သည့္ ေမာ္ေတာ္ကားျဖင့္ ခ်ိဳင္းနားစတန္းဟိုတယ္သို႔ ထြက္ခဲ့ၾကသည္။
မန္ေနဂ်ာၾကင္ေမာင္ေရာ၊ ပိုင္ရွင္ ေလာက္ဝီ ပါ မ်က္ႏွာမေကာင္းၾက။
''ေလာက္ဝီ…ဘာေတြျဖစ္ေနၾကတာလဲ''
ဟိုတယ္ပိုင္ရွင္ ေလာက္ဝီ ကို ဖိုးတုတ္က ေမးလိုက္သည္။
''ဆရာႀကီး အခ်စ္ေလး ခ်ိဳက္ဟုန္ ကိုသာ ေမးၾကည့္ပါ..ဆရာႀကီး..သူအေပၚထပ္က အခန္း (၁)မွာ ေစာင့္ေနတယ္''
''စံဘ မင္း ေအာက္မွာ ေစာင့္ေနခဲ့။ မင္းႀကိဳက္တာ မွာေသာက္ထား''
ဖိုးတုတ္ အေပၚသို႔ တက္လာလိုက္သည္။
ခ်ိဳက္ဟုန္က အခန္း(၁)ထဲတြင္ ဝီစကီေသာက္ေနသည္။
''ကေလးမ..ညည္း ဒီအခ်ိန္ႀကီး မေသာက္ဖူးပါဘူး..ဘာေတြျဖစ္ေနတာလဲ''
ဖိုးတုတ္က ခ်ိဳက္ဟုန္ ၏ ေဘးတြင္ ဝင္ထိုင္ၿပီး ေမးလိုက္သည္။
''အကိုႀကီးတို႔ မရွိတဲ့ ရက္ေတြမွာ ဒီမွာ ျပသနာေတြ မ်ားႀကီးတက္သြားတယ္''
''ဘာျဖစ္တာလဲ ခ်ိဳက္ဟုန္..ဒီမွာ အကိုႀကီးလူေတြမ်ားႀကီးက်န္ခဲ့တာပဲ..ခ်ိဳက္ဟုန္ကို ဘယ္သူ ထိလဲ။ ဘယ္သူ ဘာလုပ္လဲ..သူတို႔ကို ေျပာလည္း ရတာပဲကိုး''
''မဟုတ္ဘူး..အကိုႀကီး..မဟုတ္ဘူး..ခ်ိဳက္ဟုန္ဘာမွမျဖစ္ဘူး..ျဖစ္တာက မေသာင္း''
''မေသာင္း ဘာျဖစ္လို႔လဲ''
''တရက္က မေသာင္းကို ပု႑ားဘထြန္းတပည့္ တလိုင္းေလးေက်ာ္သင္းတို႔ အုပ္စု ဟိုတယ္အျပန္လမ္းမွာ ေစာင့္ၿပီး (၂၇)လမ္းထိပ္က သူတို႔အရက္ဘားမွာ ဘားမယ္လာလုပ္ဖို႔ ေခၚတယ္..အကိုႀကီး''
''အဲ့ဒီေတာ့''
''႐ိုး႐ိုးလာေခၚတာမဟုတ္ဘူး..အကိုႀကီး..မလာရင္ ကတၱရာရည္ပူနဲ႔ မ်က္ႏွာကို ပက္မယ္ဆိုၿပီး ၿခိမ္းေျခာက္ၾကတာ..အဲ့ဒါနဲ႔ မေသာင္းလည္း ေၾကာက္လန႔္ၿပီး ညဘက္ ခ်ိဳင္းနာစတန္းကို မသြားေတာ့ပဲ သူတို႔ ဆီသြားေပးရတယ္ အကိုႀကီး''
''အင္း..အဲ့ဒီေတာ့''
''ဟိုမွာ တလိုင္းေလးတို႔ အုပ္စုက ညတိုင္း မေသာင္းကို တစ္ေယာက္ၿပီး တစ္ေယာက္ မုဒိန္းဝိုင္းက်င့္ၾကတယ္တဲ့..အခု ဒီညလည္း မေသာင္းသြားရဦးမယ္..သူ မသြားခ်င္လို႔ ငိုယိုေနတယ္.. အဲ့ဒါနဲ႔ ညီမလည္း စိတ္ညစ္လို႔ အကိုႀကီးအိမ္ကို လာေျပာၿပီး ဒီမွာ လာေသာက္ေနတာ..ခ်ိဳက္ဟုန္ သူငယ္ခ်င္းေတာ့ သနားပါတယ္..အကိုႀကီးရယ္''
ဖိုးတုတ္ က ဝီစကီပုလင္းကိုယူကာ တစ္ခြက္ငွဲ႔လိုက္သည္။
''ဒီမယ္..ခ်ိဳက္ဟုန္ရဲ႕ သူငယ္ခ်င္းဟာ လမ္းမေတာ္ဖိုးတုတ္ရဲ႕ သူငယ္ခ်င္းပဲေနာ္..ဟုတ္ၿပီလား.. သူတို႔ အရက္ဘားနာမည္က ဘာတဲ့လဲ''
''King တဲ့ အကိုႀကီး''
ဖိုးတုတ္က ငွဲ႔ထားေသာဝီစကီကို တဘရိတ္ထဲ ေမာ့လိုက္ၿပီး အခန္းထဲ မွ ထြက္သြားသည္။
ေအာက္ထပ္တြင္ ေသွ်ာင္ေပစူးစံဘက ဘီယာတစ္လုံးျဖင့္ ၿငိမ့္ေန၏။
''စံဘ… လာေဟ့''
ဖိုးတုတ္က ကားေပၚ ခပ္သြက္သြက္တက္ၿပီး…စက္ႏႈိးေမာင္းထြက္လိုက္သည္။
ဖိုးတုတ္ ဦးတည္ရာကား ေမာ္တင္ကမ္းနားမွ ခ်ိဳက္ဟုန္ႏွင့္ မေသာင္းတို႔ တန္းလ်ားဆီသို႔။
………………………………………………………….
႐ုတ္တရက္ အိမ္ေပၚ တက္လာေသာ ဖိုးတုတ္ကိုျမင့္ေတာ့ ၿပဲေနသည့္ ဖန္ေပါင္းေခ်ာင္အက်ႌေလးကို ခ်ဳပ္သီေနသည့္ မေသာင္း လန႔္သြားသည္။
''လာ..မေသာင္း က်ဳပ္နဲ႔ လိုက္ခဲ့''
ဖိုးတုတ္က မေသာင္းလက္ကို ေစာင့္ဆြဲေခၚသျဖင့္ မေသာင္း ယက္ကန္ယက္ကန္ျဖင့္ ပါလာသည္။
လက္ထဲတြင္လည္း ခ်ဳပ္လက္စ ဖန္ေပါင္းေခ်ာင္အက်ႌ ႏွင့္္ အပ္ခ်ည္က တြဲေလာင္း။
ဖိုးတုတ္က မေသာင္းကို ကားေရွ႕တံခါးဖြင့္ကာ တြန္းတင္လိုက္သည္။
ထို႔ေနာက္ ကားကို စက္ႏႈိးကာ ေမာင္းထြက္လိုက္၏။
''ကဲ..မေသာင္း..အခု ကင္း ကိုသြားမယ္..ခင္ဗ်ား က်ဳပ္ကို လမ္းၫႊန္..''
''ဟုတ္..ဟုတ္''
''ခ်ိဳက္ဟုန္ေျပာလို႔ က်ဳပ္အားလုံး သိၿပီးၿပီ..ငါ-ိုးမသားေတြ..ႏွမခ်င္းမစာနာ..လူပါးဝတယ္..ဒါနဲ႔ ခင္ဗ်ားလက္ထဲက အက်ႌ က ဘာလဲ''
''ဟို မေန႔ညက အေသာင္းကို သူတို႔ ဝိုင္းလုပ္ၾကေတာ့ ၿပဲသြားတဲ့ အက်ၤ ီေလး ခ်ဳပ္ေနရင္းမို႔ ပါလာတာပါ''
''အင္း..ေကာင္းတယ္…အဲ့ဒါပါ..ယူခဲ့..''
စံဘက အေနာက္ခန္းမွ ခပ္ကုပ္ကုပ္ပါလာသည္။
ဖိုးတုတ္၏ ကား က လမ္းမေတာ္နယ္ေျမအပိုင္ကို ေက်ာ္လြန္လ်က္ ပု႑ားဘထြန္းအပိုင္ သိမ္ႀကီးေဈးကို ေက်ာ္လြန္လာေပၿပီ။
''ကိုဖိုးတုတ္…ပု႑ား နယ္ထဲ ေရာက္ေနၿပီေနာ္''
စံဘက ေနာက္ခန္းမွ လွမ္းေျပာသည္။
''အဲ့ဒီေတာ့ ဘာျဖစ္လဲ..စံဘ''
''လိုလိုမယ္မယ္ ကိုဂႏၶမာတို႔၊ ကိုၫြန႔္တို႔ ကို ကြၽန္ေတာ္ သြားေခၚေပးရမလား''
''ေဟ့ေကာင္…စံဘ..မင္း က ေစာက္ေၾကာက္လား..အခုက လမ္းမေတာ္ဖိုးတုတ္ ငါ ပု႑ားနယ္ထဲ နားဝင္ထြင္းမွာကြာ..မင္း မလိုက္ရဲရင္..ဆင္းေနခဲ့''
စံဘ ဆတ္ခနဲျဖစ္သြားသည္။
''ေတာ္ၿပီ ကိုဖိုးတုတ္..ေတာ္ၿပီ..ဘယ္ေကာင္မွ မေခၚဘူး..ကြၽန္ေတာ္လည္း မဆင္းဘူး..ေမာင္းသာေမာင္း''
………………………………………………………..
''King ေပ်ာ္ပြဲစား႐ုံ'' ေရွ႕တြင္ ကားကို ရပ္လိုက္သည္။
''မေသာင္း..ခင္ဗ်ားဆင္းၿပီး..တံခါးဖြင့္လိုက္ဗ်ာ..မေၾကာက္နဲ႔..က်ဳပ္ေနာက္က ပါတယ္''
မေသာင္းက တုန္တုန္ရီရီျဖင့္ ေအာက္ဆင္းလာသည္။
''သြားပါဗ်ာ..ဝင္မွာ ဝင္စမ္းပါ''
ဖိုးတုတ္၏ အသံေၾကာင့္ မေသာင္းက ေပ်ာ္ပြဲ႐ုံ တံခါးကို ဖြင့္ဝင္လိုက္သည္။
ေန႔ခင္းေၾကာင္ေတာင္ျဖစ္သျဖင့္ ဘားအတြင္း ေသာက္သုံးသူူ တစ္ေယာက္မွ မရွိ။
စြပ္က်ယ္ဝတ္ထားေသာ လူတစ္ေယာက္ႏွင့္ အက်ႌဗလာက်င္းထားေသာ လူႏွစ္ေယာက္သာ ထိုင္ေနၾကသည္။
''ေၾသာ္..ဘယ္သူမ်ားလဲလို႔…ညည္းကို..ဟဲ..ဖာသည္မ..နင္ ညက အလုပ္ခံရတာ မဝလို႔ ဒီအခ်ိန္ႀကီး ထပ္လာတာလား..သြားစမ္း..ညေနမွ ျပန္လာ''
ထိုအခ်ိန္တြင္ တံခါးကို ဂ်က္ထိုးကာ ေနာက္မွ လိုက္ဝင္လာေသာ ဖိုးတုတ္ႏွင့္ စံဘကို ေတြ႕သြား၏။
''မင္းတို႔ ဘယ္ကေကာင္ေတြလဲ..ဆိုင္မဖြင့္ေသးဘူးကြ''
''ဟိုေခြးမသား ေက်ာ္သင္း ဘယ္မွာလဲ''
''မင္းကမ်ား ရာရာစစ..တို႔ဆရာကို..''
အက်ႌခြၽတ္ႏွင့္ လူက ဖိုးတုတ္ဆီသို႔ တိုးဝင္လာစဥ္ စံဘက တုတ္ျဖင့္ စီး႐ိုက္ပစ္လိုက္သည္။
ေပ်ာ္ပြဲစား႐ုံအဝတြင္ရွိေသာ သစ္သားေျမာင္းကူးတံတားမွ ႏုတ္လာသည့္ တုတ္ျဖစ္ေသာေၾကာင့္ သံတစ္ေခ်ာင္း က တပ္ရပ္ ပါလာသျဖင့္ သံေခ်ာင္းသည္ အက်ႌခြၽတ္၏ ပါး ကို စိုက္ဝင္သြားသည္။
လဲက်သြားေသာ အက်ႌခြၽတ္၏ မ်က္ႏွာကို စံဘက နင္းထားၿပီး တုတ္ကို ဆြဲႏုတ္၏။
ထိုအခ်ိန္တြင္ စြတ္က်ယ္ဝတ္လူက ဘားေကာင္တာေနာက္တြင္ ထားေသာ ဓါးကို ေျပးဆြဲေလသည္။
သို႔ေသာ္ ဓါးကို ယူၿပီး အလွည့္တြင္ပင္ ဖိုးတုတ္ ၏ လက္သီးေၾကာင့္ ေနာက္ျပန္လည္သြား၏။
ဖိုးတုတ္က စြတ္က်ယ္ဝတ္ကို တက္ခြကာ လက္မွ ဓါးရွည္အား လုယူကာ ဓါးေႏွာင့္ျဖင့္ မ်က္ႏွာကို တစ္ခ်က္ၿပီး တစ္ခ်က္ စိမ္ေျပနေျပထုေလသည္။
ထိုအခ်ိန္တြင္ စံဘကလည္း အက်ႌခြၽတ္လူ၏ ကိုယ္လုံးတီးအေပၚပိုင္း ခႏၶာကိုယ္အား တုတ္ျဖင့္ ဆင့္ကာ ဆင့္ကာ႐ိုက္ေနသည္။
မေသာင္းကား စားပြဲတစ္ခုတြင္ ထိုင္ကာ ေၾကာင္ေတာင္ေတာင္ျဖစ္ေနသည္။
''မေသာင္း. ဒီနား.လာဦး''
မေသာင္းက ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ ထလာသည္။
''တလိုင္းေလး ေက်ာ္သင္း ဆိုတာ ဒီႏွစ္ေကာင္ထဲက ဘယ္ေကာင္လဲ''
''တစ္ေကာင္မွ မဟုတ္ဘူး။ ဒါေက်ာ္သင္းတပည့္ ေအးေငြနဲ႔ လက္ေကာက္''
''ခင္ဗ်ားကို ညက မေတာ္မတရားလုပ္တဲ့အထဲ ဒီႏွစ္ေကာင္ပါလား''
''ေအးေငြေတာ့ မပါဘူး..လက္ေကာက္ပါတယ္''
''လက္ေကာက္ဆိုတာ ဘယ္ေကာင္လဲ''
''ဟို..ကိုယ္လုံးတီးနဲ႔ တစ္ေယာက္''
ဖိုးတုတ္က သူ႔လက္ထဲေရာက္ေနေသာ စြတ္က်ယ္ႏွင့္ ေအးေငြ၏ ေခါင္းကို ဘားေကာင္တာေပၚမွ ဘီယာပုလင္းနဲ႔ အားကုန္႐ိုက္ခြဲလိုက္သည္။
''ေဟ့..စံဘ..မင္းလက္ထဲက ေကာင္ကို ဖိထားစမ္း..မေသာင္း..ခင္ဗ်ား ခုနပါလာတဲ့ အက်ႌ နဲ႔ အပ္ခ်ည္ေတြ ဘယ္မွာလဲ''
''ဟို..ဟို ကားေပၚမွာ''
''သြားယူခဲ့ဗ်ာ..သြား..အပ္နဲ႔ အပ္ခ်ည္ပါ ပါေစ''
မေသာင္းက ကားေပၚ မွ ခ်ဳပ္လက္စ အက်ႌ ႏွင့္ အပ္ခ်ည္ႀကိဳးတို႔ကို ယူလာသည္။
''စံဘ ဒီေကာင့္ကိုထူလိုက္''
သတိရတစ္ခ်က္မရတခ်က္ျဖင့္ ေသြးမ်ားလူးေနေသာ လက္ေကာက္ ကို စံဘ က ထူလိုက္သည္။
''မေသာင္း..ဒီေကာင့္ကို ခင္ဗ်ား အက်ႌ ဝတ္ေပးလိုက္''
…………………….
''ဟာ ဝတ္ဆို ဝတ္ေပးလိုက္ဗ်ာ…ခင္ဗ်ားကို အဲ့ဒီလို အက်ႌမ်ိဳး ဆယ္ထည္ က်ဳပ္ျပန္ဝယ္ေပးမယ္''
မေသာင္းက ဖန္ေပါင္းေခ်ာင္အက်ႌ အၿပဲကို ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ လက္ေကာက္ ထံ ဝတ္ေပးလိုက္သည္။
လက္ေကာက္၏ ခႏၵာကိုယ္ျဖင့္ မေတာ္သျဖင့္ မနည္းထိုးထည့္ေနရသည္။
ဇာအက်ႌျဖစ္သျဖင့္ အခ်ိဳ႕ေနရာမ်ား စုတ္ျပတ္ကုန္သည္ကို မေသာင္း မႏွေျမာႏိုင္အား။
''ရၿပီ..မေသာင္း..ဒီေလာက္ဆို..ကဲ..ခင္ဗ်ားကို သူတို႔ ဘယ္နားမွာ မတရားလုပ္ၾကတာတုန္း''
မေသာင္းက ဘားေကာင္တာေထာင့္မွ စားပြဲကို လက္ညႇိးထိုးျပသည္။
''ကဲ..စံဘ..ဒီေကာင့္ကို အဲ့ဒီေပၚ ဆြဲတင္ၾကမယ္ကြာ''
စားပြဲေပၚသို႔ သတိလစ္ေနေသာ လက္ေကာက္ကို ဆြဲတင္လိုက္ၾကသည္။
''မေသာင္း..ခင္ဗ်ားကို ႏွိပ္စက္ၿပီး လုပ္ခဲ့တဲ့ေကာင္ေတြအေၾကာင္း ခင္ဗ်ား..ျပန္စဥ္းစားဗ်ာ.. ၿပီးေတာ့..ဒီျမင္ကြင္းကို ေသခ်ာၾကည့္ၿပီး အရသာခံေပေတာ့''
ဖိုးတုတ္သည္ လက္ေကာက္၏ ခႏၶာကိုယ္ႏွင့္ ဖန္ေပါင္းေခ်ာင္အက်ႌကို တြဲကာ အပ္ခ်ည္ျဖင့္ တစ္ခ်က္ခ်င္း ခ်ဳပ္ေန၏။
အပ္ကို အေရျပားထဲသို႔ အားျဖင့္ ထိုးစိုက္လိုက္သည့္အခါတိုင္း လက္ေကာက္မွာ အသံနက္ႀကီးျဖင့္ ေအာ္ဟစ္႐ုန္းကန္ေလသည္။
သို႔ေသာ္ ဖိုးတုတ္ႏွင္ စံဘတို႔ ဖိထားေသာေၾကာင့္ မည္သို႔မွ အက်ိဳးမထူး။
လက္ေကာက္၏ ကိုယ္လုံးတီးအေပၚပိုင္းတစ္ခုလုံးသည္ မိန္းမဝတ္ အက်ႌႏွင့္ တစ္သားတည္း အခ်ဳပ္ခံရၿပီးသည့္အခ်ိန္တြင္ေတာ့ လက္ေကာက္ တအီးအီးညည္းညဴရင္း ခုံေပၚတြင္ က်န္ရစ္သည္။
''ကဲ..မေသာင္း..ခင္ဗ်ား ရဲ႕ မွိတ္ထားတဲ့ မ်က္စိကို ဖြင့္လိုက္ၿပီး..ကားေပၚ တက္ထိုင္ေနလိုက္ဦး..သူတို႔ ဆရာသမားဆိုတဲ့ ဟိုတလိုင္းလား ႏွစ္လိုင္းလား အဲ့ေကာင္ျပန္လာရင္ ေပ်ာ္သြားေအာင္ သူ႔ဆိုင္ကို နည္းနည္း ၿဖိဳလိုက္ဦးမယ္''
မေသာင္းက ဆိုင္တံခါးကို ဖြင့္လိုက္ခ်ိန္တြင္ေတာ့ ဆိုင္ေရွ႕တြင္ အုံေနေသာ လူအုပ္စုႀကီး။
မေသာင္း ထြက္လာသည့္အခါ အားလုံးရွဲသြားၾကသည္။
ဖိုးတုတ္ႏွင့္ စံဘ က ဆိုင္အတြင္း ပစၥည္းမ်ားကို စိတ္ႀကိဳက္ ႐ိုက္ႏွက္ၿပီး ထြက္လာၾက၏။
ထို႔ေနာက္ ကားစက္ကို ႏႈိးကာ ခ်ိဳင္းနားစတန္းဟိုတယ္ဆီသို႔ ေမာင္းထြက္လာၾကေတာ့သည္။
ခ်ိဳင္းနားစတန္းဟိုတယ္ေရွ႕အေရာက္တြင္ ကားမ်ားတန္းစီၿပီး ရပ္ထားသည္ကို ေတြ႕ရသည္။
ဖိုးတုတ္ အဖြဲ႕၏ ကားမ်ား။
ကားေပၚမွ ဖိုးတုတ္ ဆင္းလိုက္ေသာအခါ ဂႏၶမာေသာင္းရီႏွင့္ ေလာက္ဝီတို႔ ဟိုတယ္ထဲမွ ထြက္လာ၏။
''ဟာ..ဖိုးတုတ္ရာ…ငါအိမ္မွာ ပ်င္းလို႔ မင္းဆီလိုက္လာတာ..ဒီေရာက္မွ အေၾကာင္းစုံသိတာနဲ႔..ငါတို႔ လူေတြ ေခၚစုၿပီး အခုပဲ သိမ္ႀကီးေဈးဘက္လိုက္ေတာ့မလို႔…မေျပာမဆိုကြာ..မင္းကလဲ''
''ေဟ့ေရာင္..ဂႏၶမာ..ငါ့အတြက္ လူအုပ္စုဆိုတာမလိုပါဘူးကြ..ငါတို႔နယ္ကိုေက်ာ္ၿပီး လူပါးဝတဲ့ ပု႑ားတပည့္ေတြကို ငါဘယ္လို လုပ္ခဲ့လဲ..မေသာင္းကို မင္းေမးၾကည့္''
ထိုအခါမွ ဖိုးတုတ္ေနာက္တြင္ ရပ္ေနေသာ မေသာင္းကို ဂႏၶမာေသာင္းရီ သတိထားမိသြားသည္။
''ခင္ဗ်ား..ခင္ဗ်ား ဘာျဖစ္သြားလဲ..မေသာင္း..ဟင္..ဘာျဖစ္သြားေသးလဲ''
ဂႏၶမာက မေသာင္း ပုခုံးကို ဖက္ၿပီး စိုးရိမ္တႀကီးေမးလိုက္ခ်ိန္တြင္ မေသာင္း က ဂႏၶမာရင္ခြင္ထဲ သို႔ တိုးဝင္ကာ အိ ခနဲ ငိုခ်လိုက္သည္။
''ဖိုးတုတ္..မင္း အဲ့ဒီ တလိုင္းေလးေက်ာ္သင္းဆိုတဲ့ ေကာင္ကို သတ္ခဲ့လား..ေျပာစမ္း..ေဟ့ေရာင္''
''တလိုင္းေလးကို ကြၽန္ေတာ္တို႔ မေတြ႕ခဲ့ဘူး…ကိုဂႏၶမာ..ဒါေပမယ့္ သူ႔တပည့္ႏွစ္ေယာက္ေတာ့ အလဲအကြဲ ပဲ''
စံဘက ဝင္ေျပာသည္။
''ေအး..မင္းသြားမသတ္ရင္ အဲ့ဒီေကာင္ကို ငါသြားသတ္မယ္..ဖိုးတုတ္. ဒီမေအ -ိုး..အေသဆိုးနဲ႔ကို ေသရမယ္''
ဖိုးတုတ္က ဂႏၶမာေသာင္းရီ ၏ ပုခုံးကို ဖက္လိုက္သည္။
''စိတ္ကိုေလွ်ာ့သူငယ္ခ်င္း..အခု တလိုင္းေလးဘဝက ေသတာထက္ဆိုးတဲ့ ေစာက္ရွက္ခြဲနည္းမ်ိဳးနဲ႔ ငါခြဲခဲ့ၿပီကြ..သူ႔တပည့္ေတြ ျဖစ္ပုံပ်က္ပုံကို သိမ္ႀကီးေဈးထဲက လူေတြအကုန္ ျမင္ၿပီးၿပီ..ဖိုးတုတ္ကို လာေၾကာရင္ ဘာျဖစ္တတ္လဲဆိုတာ အခုဆို ဒီေကာင္ေတြသိေနေလာက္ၿပီ..စိတ္ေလ်ာ့ သူငယ္ခ်င္း..မေသာင္း ကို အေပၚေခၚသြားၿပီး…မင္း ႏွစ္သိမ့္လိုက္ပါဦး..သူဒီရက္ပိုင္း ေၾကာက္စရာေတြ ဆက္တိုက္ႀကဳံလာရတယ္''
ထိုအခ်ိန္တြင္ ခ်ိဳုင္းနားစတန္းဟိုတယ္ မန္ေနဂ်ာ ၾကင္ေမာင္ က ဖိုးတုတ္ရွိရာ ေျပးလာသည္။
''ဆရာကိုဖိုးတုတ္…ဖုန္းလာေနတယ္..အေနာက္ပိုင္းခ႐ိုင္ ပုလိပ္အိတ္စပက္တာ ဦးဟုတ္ဂြမ္ ဆီကတဲ့''
ခက္ေဇာ္
အခန္း(၆) ဆက္ရန္
Keep fighting everyone. We haven't won yet.
ReplyDeleteDone 💪
ReplyDeleteWe must win
ReplyDelete🍂🍂🍂
ReplyDeleteWe Click We Donate For Our Future .....
ReplyDeleteDone 🤍
ReplyDelete👍👍👍
ReplyDelete💙
ReplyDeleteDone🐬🐬
ReplyDelete