TGOR 1930 (part 5)
The Guys of Yangon,1930 (Part 5)
အခန်း(၆)
……………….
ဖိုးတုတ်က ဟိုတယ်ကောင်တာသို့ တက်သွားပြီး တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။
''ဟယ်လို..ဆရာဦးဟုတ်ဂွမ်..ကျွန်တော် ဖိုးတုတ်ပါ''
''သြော်..အေး..ငါထင်တော့ထင်သားပဲ..ခုန ကင်း ရှေ့မှာ ငါ့ဆာဂျင်တစ်ယောက်ရှိနေတယ်။ အဲ့ဒါ ဆိုင်ထဲကနေ မင်းနဲ့ ချိုင်းနားစတန်းက ကောင်မတစ်ကောင် အတူထွက်လာပြီး ကားမောင်းသွားတယ်လို့ ပြောလို့ မင်း ဒီမှာ ရှိမှာပဲ ထင်ပြီး လှမ်းဆက်ကြည့်လိုက်တာ..ကွက်တိပဲ''
''ဟုတ်တယ်..ဆရာ..ဒီကောင်တွေ ကျွန်တော့်နယ်ထဲဝင်ပြီး ရင့်သွားတာ မခံနိုင်လို့..ဒီကလေးမတွေက ကျွန်တော့် အကာအကွယ်အောက်မှာ ရှိနေတာ သိသိကြီးနဲ့''
''မင်းကတော့ လုပ်လိုက်ရင် အရမ်းကြီးပဲ…အခုဟာက ဒီတိုင်းမပြီးဘူးကွ..ငါပြောမယ်.. မင်းအခုလုပ်ရမှာက ခုန ပြသနာဖြစ်နေချိန်မှာ မင်းဟာ ဂုဏ်သရေရှိမင်းမိတ်ဆွေ တချို့နဲ့ တစ်နေရာမှာ အတူရှိကြောင်း အလီဘိုင် ပြထားမှ ဖြစ်မယ်ကွ.. ပြီးရင် မင်းတပည့်ထဲက တစ်ယောက်ကိုတော့ အချုပ်ထဲ ခဏထည့်မှရမယ်''
''ဟုတ်ပြီ.. ဆရာ..ကျွန်တော်သဘောပေါက်ပြီ…လွန်ခဲ့တဲ့ နှစ်နာရီကတည်းက ကျွန်တော်ဟာ ရန်ကုန်မြစ်ထဲက ပရင့်ဆက်သင်္ဘောပေါ်မှာ ကျွန်တော့်မိတ်ဆွေတွေနဲ့ အရက်သောက်နေတာလို့သာ မှတ်ပေရော့.. ကိစ္စတွေဖြတ်ပြီး ရင် ဆရာ့ဆီ ကျွန်တော်လာတွေ့ပါ့မယ်''
ဖိုးတုတ်က ဖုန်းချလိုက်ပြီး အပေါ်ထပ်သို့ တက်သွားလိုက်သည်။
အပေါ်ထပ်တွင် ဂန္ဓမာ က မသောင်း၊ ချိုက်ဟုန်တို့နှင့်အတူ ထိုင်နေသည်။
''ဂန္ဓမာ မင်း..ခဏနေ အိမ်ကိုပြန်..ဘယ်သူလာမေးမေး..ငါ နေ့ခင်းကတည်းက မင်းသားခင်မောင် ၊ ရွှေကျီးညို တို့နဲ့ ရန်ကုန်မြစ်ထဲက သင်္ဘောပေါ်မှာ အရက်သွားသောက်နေလို့ ဖြေဖို့ ဟိုကောင်တွေကို မှာထား..ခု ငါသွားလိုက်ဦးမယ်''
ဖိုးတုတ်က အောက်ထပ်ဆင်းပြီး ဟိုတယ်ဖုန်းဖြင့် သူကဆက်စရာရှိသည်များကို လိုက်ဆက်လိုက်သည်။
နောက် တစ်နာရီခန့်အကြာတွင် ရန်ကုန်မြစ်ထဲတွင် ရပ်ထားသော ပရင့်ဆက်သင်္ဘောပေါ်တွင် လမ်းမတော်ဖိုးတုတ် နှင့် သူ့မိတ်ဆွေများဖြစ်သော ဓာတ်ရှင်မင်းသားကိုခင်မောင်၊ ဇာတ်မင်းသား ရွှေကျီးညို တို့နှင့်အတူ အရက်ဝိုင်းဖွဲ့နေသည့် အနေအထားဖြစ်သွားလေသည်။
ဓာတ်ရှင်မင်းသားကိုခင်မောင်က နောက်ထပ် သူ့မိတ်ဆွေ တစ်ယောက်ကိုပါ ဖိုးတုတ်နှင့် မိတ်ဆက်ပေးရန် ခေါ်လာလေသည်။
''ကိုဖိုးတုတ်..ဒါ ကျွန်တော့်မိတ်ဆွေကြီး..အမိန့်တော်ရဝတ်လုံမင်း ဦးအေးကို တဲ့ဗျ''
''ကိုဖိုးတုတ် နာမည်တော့ ကြားဖူးပါတယ်..ကျွန်တော် အေးကိုပါ''
''ဟုတ်ကဲ့…ဝတ်လုံတော်ရမင်း..တွေ့ရတာဝမ်းသာပါတယ်''
''ကဲ.အားလုံးဘော်ဒါတွေဖြစ်သွားပြီပဲဗျာ..ဝတ်လုံတော်ရမင်းလို့ ခေါ်မနေပါနဲ့..အေးကို ..အေးကိုပေါ့''
''ကျန်သေးတယ်..ကိုဖိုးတုတ်ရေ..ဒီလူ က ရှေ့နေလောကမှာ နာမည်ရှိသေးတယ်..ပန်ကာအေးကိုတဲ့ဗျ''
'အံမယ်..နာမည်က အဆန်းပါလား ကိုခင်မောင်ရဲ့..ဘာလို့တဲ့တုန်း''
''အောင်မလေး.ကျုပ်မိတ်ဆွေကြီး ကိုအေးကို ဟာ တရားရေးလောကမှာ ဂျင်လို ပန်ကာလို လည်တဲ့လူဗျ.. ရာဇဝတ်တရားသူကြီးတွေ၊ ဟိုက်ကုတ်တရားသူကြီးတွေ ကို ဘယ်လမ်းကြောင်းက ဘယ်လို ဝင်ရမယ် ဆိုတာသိတယ်၊ ဥပဒေကို ဥပဒေနဲ့ ပြန်ချည်ပြီး မျက်လှည့်ပြတတ်တဲ့လူဗျ..ဒီလောက် မွှတ်နေအောင် လည်လို့လည်း ပန်ကာအေးကို လို့ ခေါ်တာ''
''ဟာ..ကြိုက်ပြီဗျိုး..ကျွန်တော့်အလုပ်နဲ့ ဟော့ဒီက ဦးအေးကို နဲ့တော့ တကယ် အကွက်ကျပြီပဲ.. ဦးအေးကို ကို ဒီနေ့ကစပြီး ကျွန်တော့်ရှေ့နေအဖြစ် ငှားလို့ရမလားဗျာ''
''ဟာ..ကိုဖိုးတုတ် လို လူက ကမ်းလှမ်းလာတာ ကျွန်တော်က ဘယ်ငြင်းဝံ့မလဲဗျ''
''အိုကေဗျာ..ဒီလိုဆို ကျွန်တော်က ကိုအေးကိုကို တစ်လကို ရူပီ တစ်ရာ့ငါးဆယ် ဒီအတိုင်းပေးထားမယ်ဗျာ.. ကျွန်တော့်မှာ အမှုအခင်းရှိလာရင်လည်း တစ်မျိုးပေးတာပေါ့..ဘယ်လိုလဲ အဆင်ပြေရဲ့လား..ဝတ်လုံတော်ရမင်းရဲ့''
''ဟာ..ရူပီးတစ်ရာ့ငါးဆယ် တော့ မရဘူးဗျာ..အဲ့ဒီငွေအပြင် ဝီစကီပိုင့်ပုလင်းတစ်လုံးတော့ ထပ်ဆောင်းလိုက်.. ကိုဖိုးတုတ်ရေ''
''ဒါကတော့ ပြောစရာလိုသလား..ကိုအေးကိုရယ်..ဟားဟား''
''ကိုဖိုးတုတ်ရေ..ခင်ဗျား ကိုအေးကို ကို ရှေ့နေအဖြစ် ငှားထားရင်..စိတ်သာချတော့ဗျိုး..ကိုအေးကို လိုက်သမျှ ဓါးပြမှု၊ လူသတ်မှု အကုန်လုံး တစ်မှုမှ ထောင်မကျဘူးဗျ''
''ကွင်းလုံးကျွတ်လွတ်တာချည်းပဲလား''
''မဟုတ်ဘူးဗျ..အကုန် ကြိုးစင်တက်ရတာဗျိုး…ဟားဟား..''
''ဟာ တော်တော်နောက်တဲ့ မင်းသားဗျာ''
မြစ်ပြင်ပေါ်တွင် အမှောင်ထုက နက်သည်ထက် နက်လာသည်။
ဝီစကီ သုံးလုံးမြောက် ကုန်ပြီးနောက်တွင်တော့ သူတို့ လေးယောက်လုံး အတော် အရှိန်ရနေကြပြီဖြစ်သည်။
ထိုညက မင်းသားခင်မောင် ကားဖြင့် လမ်းမတော်ဖိုးတုတ်ကို ပြန်လိုက်ပို့သည်။
အိမ်ရှေ့သို့ ရောက်သောအခါ ညီဖြစ်သူ ဘသိန်း နှင့် ငညွန့် တို့က အမူးလွန်နေသော လမ်းမတော်ဖိုးတုတ်ကို လာ တွဲခေါ်ကြသည်။
''ဟေ့..ငညွန့်..မင်းက ဒီည..မင်း မယားတွေ ဆီ မပြန်ဘူးလားကွ..အေ့''
''မပြန်ဘူး..ဆရာဖိုးတုတ်..ဒီည..ဒီမှာ အိပ်မှာ''
''အေး..တယ်လည်း ထူးနေပါလားကွ..ဒီကောင်''
''ဝင်..ဝင်..ကိုကြီးဖိုးတုတ်''
ဖိုးတုတ်အခန်းထဲ ရောက်သည်နှင့် အပြင်ဘက်မှ တံခါးကို စောင့်ပိတ်လိုက်ကြသည်။
''ဟေ့ကောင်တွေ..ဘာလုပ်တာလဲ..ငါရေသောက်ဦးမယ်ကွ''
ဖိုးတုတ် စကားပင် မဆုံးလိုက် တစ်စုံတစ်ယောက်က ဖိုးတုတ် ကို ခုန်အုပ်ကာ ဆဲဆို ကုပ်ဖဲ့တော့သည်။
မူးနေသော်လည်း သတိအမြဲကပ်ထားသည့် ဖိုးတုတ်က သူ့အပေါ် ခုန်အုပ်လိုက်သောသူကို ချုပ်ပြီး ကုတင်ပေါ် ကိုင်ပေါက်ချလိုက်၏။
''ဟာ..မင်းဘယ်သူတုန်း…ဟင်..မ..မသင်းမြ…မသင်းမြ''
''အယုတ်မာကြီး..ငါ့နာမည် မခေါ်နဲ့''
မသင်းမြ က ငိုနေရင်းမှ ပြန်အော်သည်။
ဖိုးတုတ် အမူူးများပင် ပြေသွားရ၏။
''မသင်းမြ .. ဘယ်ကနေ ဘယ်လို ဒီအခန်းထဲ ရောက်နေတာလဲ''
''ဘယ်က ဘယ်လို ရောက်ရမှာလဲ..ရှင့်ညီ သေချင်းဆိုးနဲ့ ရှင့်တပည့်တွေ ကျွန်မ ပွဲရုံကို လာတုန်း လမ်းမှာ အတင်းဝင်ဖမ်းပြီး ကားတင်ပြေးလာတာ''
''ဟင်..ဘယ်လို..ဟာ..ဒီကောင်တွေ ..ဘာတွေလုပ်ကြတာလဲ''
ဖိုးတုတ်က တံခါးဘက်သို့ ပြန်လှည့်ပြီး တံခါးကို တွန်းဖွင့်ရင်း အော်ပြောသည်။
''ဟေ့ကောင်..ဘသိန်း..မင်းဘာတွေ လျှောက်လုပ်တာလဲ..ဟေ့ကောင်..တံခါးဖွင့်စမ်း''
''မဖွင့်ဘူးဗျာ..မဖွင့်ဘူး..အကိုကြီးပဲ..လိုချင်လှချည်ရဲ့ဆိုလို့ ကျွန်တော်တို့ စီမံပေးလိုက်တာ''
''ဟေ့ကောင်..ဘသိန်း..မင်းမဖွင့်ပေးရင်..မင်းကို ငါသတ်မှာနော်..ဒီမှာ သူ့ကို အချိန်မီ ပြန်ပို့ရမှာကွ''
''သတ်ချင်လည်း မိန်းမယူပြီးမှ သတ်ဗျာ..ဒီအချိန် သွားပြန်ပို့ရင်တော့ ထောင်ကဲတို့က ခင်ဗျားကို စီးသတ်လိမ့်မယ်…လုပ်စမ်းပါဗျာ..ပြောတော့ လူမိုက်ဆို''
''ဟာ..ဒီကောင်တွေ''
''ဝုန်း..ဝုန်း..ဝုန်း''
ဖိုးတုတ်က တံခါးကို သုံးချက်ဆင့် ကန်လိုက်သည်။
ကျွန်းတံခါးဘောင်က တုတ်တုတ်မျှပင်မလှုပ်။
အမူးရှိန်နှင့် ခြေထောက်နာသွားသည့် အရှိန်ရောသွားကာ ဖိုးတုတ် ကုတင်ပေါ် ထိုင်ချလိုက်သည်။
မသင်းမြ ကား တရှုံ့ရှုံ့ ငိုလျက်။
ဖိုးတုတ် သက်ပြင်းချလိုက်သည်။
''ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူး..မသင်းမြရယ်..ဟူး''
နောက်တစ်နေ့ နံနက်တွင် ရှေ့နေ ပန်ကာအေးကို ထံ သို့ ဖိုးတုတ်ထံမှ ဖုန်းဆက်လာသည်။
''ဟုတ်ကဲ့..ကိုဖိုးတုတ်…ဘယ်လိုလဲဗျ..မနေ့ကမှ ကျုပ်ကို ခင်ဗျား ရှေ့နေအဖြစ် ခန့်တယ်.. ဒီနေ့ ဈေးဦးပေါက်ပြီလား''
''ဟုတ်တယ်..ကိုအေးကို ရေ…ဒါပေမယ့် မင်္ဂလာရှိသောဈေးဦးပေါက်ပါဗျ..ဒီလို..ကျွန်တော် ညက မိန်းမ ခိုးထားတယ်..အဲ့ဒါ ဒီတပတ်အတွင်း သွားပြန်အပ်ချင်လို့..ခင်ဗျား ကူညီပေးပါဦး''
''ဟား..ကောင်းပါလေ့ဗျာ..သွက်လှချည်လား..ကိုယ့်ဆရာရဲ့''
………………………………………………………………………………………..
''အိမ်ပေါ်မှာ ဝိုင်းဖွဲ့အရက်မသောက်ရ'
''ကားပေါ် မသင်းမြမှ အပ အခြားမိန်းကလေးခေါ်မတင်ရ''
''ဥပုသ်နေ့တိုင်း ဆွမ်းလောင်းရမည်''
မင်္ဂလာဆောင်ပြီးသည့်နေ့တွင် ပင် တစ်သက်လုံး စည်းမဲ့ကမ်းမဲ့နေထိုင်လာသော လူမိုက်ကြီးသည် မသင်းမြ ၏ အခြေခံဥပဒေသုံးရပ်ကို လိုက်နာပါမည်ဟု ကတိပြုလိုက်ရသည်။
ထိုမျှမကသေး။
မင်္ဂလာဆောင်ပြီး နောက်တစ်နေ့ နံနက်ပိုင်းတွင် မသင်းမြ၏ ဘကြီးဖြစ်သူ ဘုံကျောင်းလူကြီး ဘွန်ရှုကျင်း ထံ သြဝါဒခံ ဝင်ရမည်တဲ့။
မသင်းမြ ကို မခေါ်ခဲ့ရပဲ ဖိုးတုတ်တစ်ယောက်တည်း လာခဲ့ရမည် ဆိုသဖြင့် ဖိုးတုတ်အတွက် ထူးဆန်းနေသည်။
လင်စုံမယားဖက် သြဝါဒပေး ရမည် ကိစ္စ မျိုးတွင် ဖိုးတုတ် အား အဘယ့်ကြောင့် တစ်ယောက်တည်း ခေါ်တွေ့ရသနည်း။
ဘွန်ရှုကျင်းသည့် ပိန်ပိန်ပါးပါးဖြင့် ဖူးကျန့်တရုတ်တို့ ဝတ်လေ့ရှိသည့် လက်ရှည်ဝတ်ရုံကို ဝတ်ထားသည်။
ခေါင်းပေါ်တွင် သက္ကလပ်ဦးထုတ်အဝိုင်းလေး ဆောင်းထား၏။
''မောင်ဖိုးတုတ်…မင်း အတော် ကံကောင်းတဲ့ကောင်လေးပဲ''
''ဗျာ''
''ဟုတ်တယ်..မောင်ဖိုးတုတ်…မင်းသတင်းတွေကိုတော့ ငါတို့က အမြဲနားစွင့်နေခဲ့တာပါ.. အခုတော့ အမျိုးတော်လာကြပြီဆိုတော့ မင်းကံကောင်းတာပဲပေါ့''
''ကျွန်တော်နားမလည်ဘူး..ထောင်ကဲ..ဘာကိုလဲ''
''လွန်ခဲ့တဲ့ မတ်လ (၂၅)ရက်နေ့ ညပိုင်းက မင်းတပည့် ငညွန့် ၊ အုန်းဖေ နဲ့ ထွန်းတင် တို့ လမ်းမတော်ဆိပ်ကမ်း မှာ ဆိုက်နေတဲ့ တရုတ်ရွက်လှေတစ်စင်းကို ဓါးပြဝင်တိုက်ခဲ့ကြတယ်..မဟုတ်လား''
ဖိုးတုတ် မျက်မှောင်ကြုံ့လိုက်သည်။
''ဒီကောင်တွေ လိုချင်တဲ့ငွေကို ရပါလျက်နဲ့ လှေပေါ်က သေတ္တာတစ်လုံးကို ရေထဲ ကန်ချခဲ့တယ်..အဲ့ဒီ သေတ္တာထဲမှာ ရူပီးငွေ သောင်းနဲ့ ချီတန်တဲ့ ပစ္စည်းတွေ ပါတယ်ဆိုတာရော..မင်းသိလား''
''ကျွန်တော်တပည့်တွေ လုပ်ခဲ့တာတွေကများတော့..ကျွန်တော် သေချာတော့မသိဘူး''
''မင်းတပည့်တွေ ဝင်လုခဲ့တဲ့ လှေ က ဖော်မိုဆာကျွန်းကနေ ရန်ကုန်ကို ပစ္စည်းလာပို့တဲ့ လှေပဲ။ အဲ့ဒီလှေကို ရှန်ဟိုင်းအစိမ်းဂိုဏ်းက ပိုင်တယ်''
''ဗျာ''
''မင်း ရှေ့လျှောက် ဒီလောကထဲ ရပ်တည်မယ်ဆို တချို့ ကိစ္စတွေ သိအောင်လုပ်ထားရတယ်၊
ရှန်ဟိုင်းအစိမ်းဂိုဏ်းအကြောင်း မင်းနဲ့ သိတဲ့ တရုတ်တွေကြားမှာ တစ်ချက်လောက် စုံစမ်းစေချင်တယ်..ဖိုးတုတ်''
''ကျွန်တော့် တပည့်တွေ ကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါတယ်''
''ရပါတယ်..မင်းနဲ့ငါက ဆွေမျိုးတွေဖြစ်ပြီပဲ…မင်းတပည့် ငညွန့်က အိုးတန်းထဲမှာ မယားသုံးယောက်ရှိတယ်။ ဒါပေမယ့် ဒီကောင်အချစ်ဆုံးက သူ့မယားကြီး သိန်းမေ နဲ့ သူ့သမီး ညိုတုတ်ပဲ။ နောက် ငညွန့်ဟာ သူ့အမေ ဒေါ်မြသစ်ကို အရမ်းချစ်တာကွ။ သိန်းမေနဲ့ ညိုတုတ်ဟာ အဖိတ်နေ့တိုင်း မနက် (၇)နာရီဆို (၂၁)လမ်းမှာနေတဲ့ ငညွန့်အမေ ဒေါ်မြသစ်အိမ် လာလည်တတ်တဲ့။ သူတို့ သုံးယောက်လုံးစုံတဲ့အချိန်မှာ မနက် (၈)နာရီလောက်မှာ အဲ့ဒီအိမ် မီးလောင်သွားမယ်။ အထဲက သုံးယောက်လုံး သေမယ်ဆိုရင်..မောင်ရင့် တပည့် ငညွန့်တော့ အတော်ခံစားရမှာနော်''
ဖိုးတုတ် မတ်တပ်ထရပ်လိုက်သည်။
''ခင်ဗျား ဘာတွေပြောနေတာလဲ..ကျုပ်ကို ခေါ်ပြီး ဘာတွေ ပြောနေတာလဲ''
''အေး..ငညွန့်မှ မဟုတ်ဘူး။ ရှန်ဟိုင်းအစိမ်းဂိုဏ်း ဟာ သူတို့ စီးပွားရေးကို လာထိခိုက်တဲ့ သူတွေ အကြောင်း အားလုံးသိတယ် ဆိုတာ ပြောပြနေတာ..ဖိုးတုတ်..မင်းစိတ်ကို လျော့ထားစမ်း..ဒေါသနဲ့ လုပ်တဲ့အလုပ်မျိုးဟာ နောင်တက လွဲပြီး ဘာမှ အဖတ်မတင်တတ်ဘူးကွ.. လုပ်စရာရှိတာ သွေးအေးအေးထားပြီးလုပ်ရတယ်''
''ဟုတ်ပါပြီ အဲ့ဒီတော့..ကျွန်တော့်ကို ဘာဖြစ်စေချင်တာလဲ..ဘာပြောစေချင်တာလဲ''
''ရှန်ဟိုင်းအစိမ်းဂိုဏ်း ဆိုတာ တကမ္ဘာလုံးကို ဘိန်းကွန်ယက်ဖြန့်ကျက်ထားတဲ့ ဂိုဏ်းတစ်ခုပဲ ဖိုးတုတ်။ ရှန်ဟိုင်းမြို့မှာ အခြေစိုက်ပြီး ဂိုဏ်းချုပ် နားကားကြီး တူယွဲ့ရှိန်းဟာ မင်းတို့ထက် အများကြီး အကွက်မြင်တယ်၊ ရက်စက်တယ်။ လက်တံခြေတံရှည်တယ်။ ငါ့ညီ က ကောင်းရောင်းကောင်းဝယ်လုပ်စားတဲ့ ကုန်သည်ပါ။ လူကောင်းပါ။ ငါကတော့ ဟော့ဒီ ရန်ကုန်ဆိပ်ကမ်းမှာ အစိမ်းဂိုဏ်းရဲ့ ကိုယ်စားလှယ်ပဲ။ ဒီရန်ကုန်မှာ ငါတို့ဟာ ပေါ်ပေါ်ထင်ထင်မရှိကြပေမယ့်။ စာတစ်စောင် ပါးလိုက်ရုံနဲ့ ရန်ကုန်ဆိပ်ကမ်းပေါ် အင်းဒိုချိုင်းနားက အစိမ်းဂိုဏ်းသားတွေ ရာနဲ့ချီ ရောက်လာနိုင်တယ်။ အဲ့ဒါ မင်းသိစေချင်တယ်''
ဖိုးတုတ်က ပိန်ပိန်ညှပ်ညှပ် ဘိန်းစားရုပ်ပေါက်နေသည့် တရုတ်အဘိုးကြီးကို တအံတသြကြည့်နေသည်။
သွေးအေးအေးနှင့် သူ့ကို ခြိမ်းခြောက်နေသော အဘိုးကြီးလေသံကြောင့် သူ့ကျောထဲပင် စိမ့်လာသည်။
မည်သူကိုမျှ မကြောက်ပဲ ရင်ဆိုင်ခဲ့သော ဖိုးတုတ်သည် လေသံအေးအေးနှင့် သူ့ကို ပြောနေသည့် တရုတ်အဖိုးအိုကိုတော့ နည်းနည်း ရှိန်လာသည်။
''အဲ့ဒီတော့ ကျွန်တော်က ဟိုသေတ္တာကိစ္စ ဘာလုပ်ပေးရမလဲ''
''ဘာမှလုပ်စရာမလိုဘူး။ မင်းက ငါ့ဆွေမျိုးဖြစ်သွားပြီဆိုတော့ အဲ့ဒီသေတ္တာထဲက တန်ဖိုးကို မင်းကို လက်ဖွဲ့တယ်လို့ ငါသဘောထားလိုက်မယ်။ ရှန်ဟိုင်း ကိုလည်း မင်းအကြောင်း ဘာမှ မပို့ဖို့ ငါဆုံးဖြတ် ထားတယ်။ အရေးကြီးတာ တစ်ခုကတော့ မင်းတို့ နောက်ထပ် အစိမ်းဂိုဏ်းရဲ့ လှေတွေကို သွားမထိဖို့ပဲ.''
''အစိမ်းဂိုဏ်းက လှေဟုတ်မဟုတ်..ကျွန်တော်တို့က ဘယ်လိုခွဲရမလဲ''
''ငါတို့ လှေတွေက ခြောက်လမှ တစ်စီးတောင် ဒီကမ်းကို မကပ်ပါဘူး။ ကပ်တဲ့အခါ မင်းဆီကို ငါအကြောင်းကြားပေးမယ်။ မင်းလူတွေ ရှောင်စရာရှိတာရှောင်ပေး။ ကူစရာရှိတာ ကူပေးပေါ့။ အဲ့ဒီလိုဆို နောက်ပိုင်း မင်းတို့ကို ငါ့ဘက်က ကူညီနိုင်တာ ကူညီပေးမယ်..ဒီလောက်ပဲ..ဖိုးတုတ်''
ထိုသို့ဖြင့် အာရှတွင်သာမက ဥရောပတိုက်ဆိပ်ကမ်းမြို့ကြီးများအထိ အာဏာလွှမ်းမိုး ဖြန့်ကျက်ထားသော တရုတ်တို့၏ ရှန်ဟိုင်းအစိမ်းဂိုဏ်း ကို သွားထိမိသည့် လမ်းမတော်ဖိုးတုတ်အတွက် ဇနီးသည်ကို အကြောင်းပြုလျက် အန္တရာယ်မှ သီသီလေးလွတ်သွားစေခဲ့သည်။
…………………………………………………………………………………………
၁၉၂၉ တိုင်ခဲ့ပြီ။
ရန်ကုန် လူမိုက်ဂိုဏ်းများအကြား မုန်တိုင်းမလာမီ အတည်ငြိမ်ဆုံး နှစ်ပင်။
နှစ်ပေါင်းများစွာ ရွှေထီးဆောင်းနေသော ကုလားလူမိုက်ကြီး မတ်စတီးခန်းသည်လည်း ဘာသာရေးဘက်သို့ ဦးလှည့်နေ၏။
မန်မဆာဂိုဏ်းနှင့် လမ်းမတော်ဖိုးတုတ် ကြားတွင် ပုဏ္ဍားဘထွန်းတည်းဟူသော အကွက်တစ်ကွက်က လည်း ခြားနားထား၏။
နိုင်ငံရေးအရလည်း အပြောင်းအလဲများစွာ ဆက်တိုက်ဖြစ်ပေါ်နေသည်။
ဒိုင်အာခီအုပ်ချုပ်ရေးစနစ်အတွင်း မြန်မာလူမျိုးများခေါင်းဆောင်သည့် ပါတီများစွာ ပေါ်လာပြီး ဥပဒေပြုကောင်စီတွင် အရွေးအကောက်ခံကြသည်။
ဂျီစီဘီအေခေါင်းဆောင်များဖြစ်ခဲ့ကြသော ဦးချစ်လှိုင်၊ သာယာဝတီဦးပု တို့က ဟုမ္မရူးပါတီ၊ ဦးဘဖေ တို့အဖွဲ့မှ (၂၁)ဦးပါတီ၊ သူရိယသတင်းစားအယ်ဒီတာ ဦးတုတ်ကြီးက သရာဇပါတီ စသဖြင့် အပြိုင်အဆိုင် ရွေးကောက်ပွဲ ဝင်ခဲ့ကြသည်။
အခြားလွှတ်တော်ပြင်ပတွင် သခင်ဘသောင်း၊ သခင်ဗစိန်၊ သခင်သိန်းမောင်၊ သခင်ထွန်းရွှေ၊ သခင်လှဘော်တို့ လူငယ်နိုင်ငံရေးသမားများ၏ တို့ဗမာအစည်းအရုံးက ထင်ပေါ်လာသည်။
နိုင်ငံရေးလောကတွင်လည်း ကုလားနိုင်ငံရေးသမားများနှင့် မြန်မာနိုင်ငံရေးသမားများက လွှတ်တော်တွင်း အပြိုင်အဆိုင်ဖြစ်လာ၏။
ရန်ကုန်မြို့ ၏ လူဦးရေ (၅၃) ရာခိုင်နှုန်းရှိသည့် မျိုးစုံသော အိန္ဒိယနွယ်များ၏ မဲသည် ကုလားနိုင်ငံရေးသမား များအကြား အရေးပါလာသည်။
တကမ္ဘာလုံးတွင် အလုပ်သမားသပိတ်များ ခေတ်စားသည့် ကာလဖြစ်သဖြင့် နိုင်ငံရေးသမားများမှာ အလုပ်သမား သမဂ္ဂများကို ကျောထောက်နောက်ခံပြုကာ သပိတ်တိုက်ပွဲများ ဖန်တီးကြသည်။
အိန္ဒိယတွင် မဟတ္တမဂန္ဒီကြီး ခေါင်းဆောင်သော လှုပ်ရှားမှုများက အင်္ဂလိပ်အစိုးရကို အကြပ်အတည်း ဖြစ်လာနေသည်။
အိန္ဒိယတွင်ရှိသော နိုင်ငံရေးသမားများကလည်း မြန်မာပြည်ရှိ ကုလားနိုင်ငံရေးသမားများနှင့် ချိတ်ဆက်ကာ ကွန်ရက်တည်ဆောက်လာကြသည်။
ရန်ကုန်မြို့ရှိ လူမိုက်ဂိုဏ်းများတွင် လူမျိုးရေးအရ အားပြိုင်နေမှုများရှိသကဲ့သို့ပင် နိုင်ငံရေးလောကတွင်လည်း လူမျိုးရေးအခြေခံသော အားပြိုင်မှုများဖြစ်ပေါ်နေသည်။
လမ်းမတော်ဖိုးတုတ်မှာလည်း အသစ်စက်စက်ဇနီးလေးနှင့် တပည့်တပန်းများနှင့် သူ့အင်ပါယာထဲတွင် ပျားရည်စမ်းနေရက်များကို တည်ဆောက်နေခဲ့သည်။
………………………………………………………………………….
၁၉၃၀ ဧပြီလ (၂၅)ရက်။
''ကိုဖိုးတုတ်..ဆရာတော်ဦးဝိလာသ က သူ့ကျောင်းကို လာပါဦးတဲ့..ဆရာဖိုးတုတ်ကို တွေ့ချင်တဲ့ ဧည့်သည်တွေ ရောက်နေလို့တဲ့''
ထိုအချိန်တွင် ဇနီးဖြစ်သူ မသင်းမြ က သူကိုးကွယ်သည့် ကြည့်မြင့်တိုင်သာဓုဆရာတော် ကျောင်းရှိ ရဟန်းခံပွဲတစ်ခုသို့ သွားနေသည်။
ဖိုးတုတ် တစ်ယောက်တည်း မော်တော်ကားဖြင့် ဆရာတော်ဦးဝိလာသ ကျောင်းသို့ ထွက်လာခဲ့သည်။
ကျောင်းထဲသို့ ရောက်သည့်နှင့် ဝန်ကြီးများစီးသည့် အကောင်းစားကားတစ်စီးရပ်ထားသည်ကိုလည်း တွေ့ရသည်။
ဖိုးတုတ်ကျောင်းပေါ်တက်လိုက်သည့်အခါ ဆရာတော် ဦးဝိလာသ ရှေ့တွင် ပုလိပ်ဝန်ထောက် ဦးချန်ထွန်းနှင့် မျက်နှာဖြူတစ်ယောက်ကို တွေ့လိုက်ရသည်။
ဆရာတော်ကို ဦးချလိုက်သည်။
''ကဲ ဒကာကြီး ချန်ထွန်းနဲ့ ဒကာကြီး ဖိုးတုတ်..လွတ်လွတ်လပ်လပ် ပြောစရာရှိတာပြော..ဦးဇင်း စာချကိုယ်တော်တွေအဆောင်ကို ကြွဦးမယ်''
ဆရာတော်ကြွသွားပြီးနောက် ကျောင်းထဲတွင် ဖိုးတုတ်တို့ သုံးယောက်သာ ကျန်ရစ်သည်။
''မောင်ဖိုးတုတ်..မတွေ့တာ အတော်ကြာပြီပဲ..နေကောင်းတယ်နော်''
''ကောင်းပါတယ် ဝန်ထောက်မင်းခင်ဗျား..ဝန်ထောက်မင်းရော..ကျန်းမာပါရဲ့လား''
''မာပါရဲ့လေ..ဟုတ်ဂွမ်ဆီကနေတော့ မောင်ဖိုးတုတ် အကြောင်းတွေ ဦး အမြဲတမ်းကြားပါတယ်''
''ဟုတ်ကဲ့..ဝန်ထောက်မင်း..ဝန်ထောက်မင်း ခိုင်းစရာ ဘာများရှိလို့လဲခင်ဗျာ''
''သြော်..ဒါနဲ့..အခု ဦးဘေးမှာ ပါလာတဲ့သူက မစ္စတာတီကူးပါးတဲ့။ ဆိပ်ကမ်းကုန်သွယ်လုပ်ငန်းရှင်ကြီးပေါ့။ အခု သူက နိုင်ငံရေးဘက်မှာလည်း ဥရောပသားထဲ ရွေးကောက်ခံအမတ်ဖြစ်နေပြီ ''
ဖိုးတုတ် နည်းနည်းတော့ ဖြုန်သွားသည်။ သူ့ဘဝတွင် ထိုသို့သော အစိုးရပိုင်းမှရာထူးကြီးကြီး မျက်နှာဖြူနှင့် တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
တစ်ခုခုတော့ ထူးပြီဟု စိတ်ထဲထင်လိုက်သည်။
''မစ္စတာတီကူးပါး က သူ့အတွက် မောင်ဖိုးတုတ် က အလုပ်တစ်ခု လုပ်ပေးစေချင်တယ်''
''ဘာအလုပ်မျိုးလဲ ခင်ဗျာ''
''မောင်ဖိုးတုတ် အနေနဲ့ လမ်းမတော်၊ ကြည့်မြင့်တိုင်၊ ကမာရွတ်တကြောကို ဘယ်လို ပြီးတယ်ဆိုတာ ဦးတို့ သိထားတယ်။ တကယ်လို့များ ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချလုပ်ဖို့ ကူလီလိုတယ် ဆို မောင်ဖိုးတုတ် ရှာပေးနိုင်မလား''
ဖိုးတုတ် စဉ်းစားသွားသည်။ သူလို လူမိုက်ကို ကူလီ လာရှာခိုင်းနေသည်ကော။
''အဲ့ဒါက ဆိပ်ကမ်းက ဂေါ်ရင်ဂျီတွေ ရှိတာပဲ။ ကူလီဆို သူတို့ ရှာခိုင်းတာ ပိုကောင်းမယ်ထင်တယ်''
''မဟုတ်ဘူး..မောင်ဖိုးတုတ်ရဲ့…ဦး ရှင်းပြမယ်..လာမယ် မေလထဲမှာ ရန်ကုန်က ဆိပ်ကမ်း အကုန်လုံးမှာ ပြသနာအကြီးကြီးတစ်ခု တက်လိမ့်မယ်။ ပြီးတာနဲ့ အစိုးရအပြောင်းအလဲဖြစ်မယ်။ ပြောရရင်ကွာ..ဘုရင်ခံ ပြုတ်ကျမယ်။ အခု လက်ရှိဘုရင်ခံ ဆားချားအင်းနစ် ခွင့်ယူပြီး အင်္ဂလန်ပြန်မယ်။ မြန်မာလူမျိုး ထဲက ဘုရင်ခံ တက်ဖြစ်လိမ့်မယ်''
ဖိုးတုတ်မျက်လုံးပြူးသွားသည်။
''ဝန်ထောက်မင်းရယ်..တယ်လည်းသေချာပါလား..ဟုတ်ရဲ့လားဗျာ..မြန်မာလူမျိုးထဲက ဘုရင်ခံဖြစ်မယ်ဆိုတာ''
''ဒီမယ် မောင်ဖိုးတုတ်..မင်းကို ဒီလောက်ထိ ပြောပြတာတောင် လွန်လှပြီ..ဦးတို့ ကမ်းလှမ်းတဲ့ အလုပ်ကို မင်း လုပ်မှာလား။ မလုပ်ဘူးလား။ မင်းလုပ်နိုင်တယ်ဆို ၁၉၃၀ ခုနှစ်မှာ ရန်ကုန် လူမိုက်လောကမှာ မင်းရှင်ဘုရင် ဖြစ်ပြီမှတ်''
ဖိုးတုတ် မျက်လုံးထဲတွင် ပုလိပ်တစ်ဖွဲ့လုံးကို အိတ်ထဲထည့်ထားခဲ့သော မတ်စတီးခန်းကို မြင်ယောင်သည်။ ရန်ကုန်၏ ဘုရင်ဟု သူ့ကိုယ်သူ ပြောခဲ့သူ။ ဖိုးတုတ်ကို ကြိုးစင်ပေါ် တင်ကာ ဒုက္ခပေးခဲ့သူ။
အခု ပလ္လင်ဆီသို့ သွားရာလမ်းသည် ဖိုးတုတ်ရှေ့သို့ ရောက်လာချေပြီ။
''ဝန်ထောက်မင်း ခိုင်းတာဘာမဆို ကျွန်တော် ကူညီပါ့မယ်။ ဘာလုပ်ရမလဲဆိုတာသာပြောပါ''
''မေလရောက်ပြီဆိုတာနဲ့ မောင်ဖိုးတုတ် ဆီမှာ အချိန်မရွေး ကူလီအလုပ်လုပ်နိုင်တဲ့ ဗမာအလုပ်သမား (၂၀၀၀) အသင့်ရှိနေတာလိုချင်တယ်''
''ဗျာ''
''မဗျာ နဲ့….တကယ်ပြောတာ. မေလ ထဲမှာ ရန်ကုန်ဆိပ်ကမ်း က ဂေါ်ရင်ဂျီကူလီတွေ အကုန်လုံး လစာတိုးပေးရေး သပိတ်မှောက်လိမ့်မယ်။ အဲ့ဒီအခါ ဦးတို့ ဆက်သွယ်တာနဲ့ ကုလားလုပ်သားတွေနေရာမှာ မောင်ဖိုးတုတ် ရှာပေးထားတဲ့ ဗမာလုပ်သားတွေ ချက်ချင်းအစားထိုးမယ်''
''လုပ်ခ က ဘယ်လောက်ရမှာလဲ''
''တစ်ရက် တစ်ကျပ်ခွဲ''
''ဟုတ်ပြီ..ကျွန်တော် ရှာပေးထားနိုင်ပါတယ်''
''အဲ့ဒါဆို..ဦးတို့ဘက်က အလုပ်စရမယ့် နေ့မှာ..မောင်ဖိုးတုတ်ကို ဆက်သွယ်လိုက်မယ်..ဒီဦးဝိလာသ ကျောင်းမှာ ပဲ အလုပ်ကိစ္စ ပြောကြတာပေါ့။ အခြားအပြင်နေရာတွေမှာ တို့တွေ တွေ့တာကို ဘယ်သူမှ မသိစေချင်ဘူး၊ နောက်ပြီး ဒီကိစ္စကို မောင်ဖိုးတုတ် အနေနဲ့ အထူး နှုတ်လုံစေချင်တယ်၊ ပေါက်ကြားသွားခဲ့ရင်တော့ မောင်ဖိုးတုတ် ရဲ့ ရှေ့ရေးမကောင်းဘူးပဲ မှတ်''
''စိတ်ချ..ဝန်ထောက်မင်း..ကျွန်တော့်ကို စိတ်ချပါ''
''သြော်..မောင်ဖိုးတုတ်…ပြောစရာတစ်ခုကျန်သွားလို့…အဲ့ဒီကိစ္စတွေ အားလုံးပြီးတဲ့အခါ ဟော့ဒီက မစ္စတာတီကူးပါး က အစိုးရအဖွဲ့မှာ ပြည်ထဲရေးအတွင်းဝန် ဖြစ်လာလိမ့်မယ်။ အဲ့ဒီအခါကျ သူ့ဆီ တိုက်ရိုက်ဆက်လို့ရတဲ့ ဖုန်းနံပါတ် မင်းဆီကို ပေးထားလိမ့်မယ်..ဟုတ်ပြီလား''
နိုင်ငံရေးများအား ဖိုးတုတ် နားမလည်ခဲ့။ ပတ်လည်း မပတ်သတ်ခဲ့။
အခုတော့…………………….ဖိုးတုတ် ဆီ နိုင်ငံရေးက ရောက်လာပြီ။
သူ့ချည်းသာမဟုတ်။
ရန်ကုန်မြို့၏ လူမိုက်သရဖူ ကိုပါ တစ်ပါတည်း ယူလာချေပြီတကား။
…………………………………………….
ခက်ဇော်
အခန်း(၇) ဆက်ရန်
(Zawgyi)
The Guys of Yangon,1930 (Part 5)
အခန္း(၆)
……………….
ဖိုးတုတ္က ဟိုတယ္ေကာင္တာသို႔ တက္သြားၿပီး တယ္လီဖုန္းကို ေကာက္ကိုင္လိုက္သည္။
''ဟယ္လို..ဆရာဦးဟုတ္ဂြမ္..ကြၽန္ေတာ္ ဖိုးတုတ္ပါ''
''ေၾသာ္..ေအး..ငါထင္ေတာ့ထင္သားပဲ..ခုန ကင္း ေရွ႕မွာ ငါ့ဆာဂ်င္တစ္ေယာက္ရွိေနတယ္။ အဲ့ဒါ ဆိုင္ထဲကေန မင္းနဲ႔ ခ်ိဳင္းနားစတန္းက ေကာင္မတစ္ေကာင္ အတူထြက္လာၿပီး ကားေမာင္းသြားတယ္လို႔ ေျပာလို႔ မင္း ဒီမွာ ရွိမွာပဲ ထင္ၿပီး လွမ္းဆက္ၾကည့္လိုက္တာ..ကြက္တိပဲ''
''ဟုတ္တယ္..ဆရာ..ဒီေကာင္ေတြ ကြၽန္ေတာ့္နယ္ထဲဝင္ၿပီး ရင့္သြားတာ မခံႏိုင္လို႔..ဒီကေလးမေတြက ကြၽန္ေတာ့္ အကာအကြယ္ေအာက္မွာ ရွိေနတာ သိသိႀကီးနဲ႔''
''မင္းကေတာ့ လုပ္လိုက္ရင္ အရမ္းႀကီးပဲ…အခုဟာက ဒီတိုင္းမၿပီးဘူးကြ..ငါေျပာမယ္.. မင္းအခုလုပ္ရမွာက ခုန ျပသနာျဖစ္ေနခ်ိန္မွာ မင္းဟာ ဂုဏ္သေရရွိမင္းမိတ္ေဆြ တခ်ိဳ႕နဲ႔ တစ္ေနရာမွာ အတူရွိေၾကာင္း အလီဘိုင္ ျပထားမွ ျဖစ္မယ္ကြ.. ၿပီးရင္ မင္းတပည့္ထဲက တစ္ေယာက္ကိုေတာ့ အခ်ဳပ္ထဲ ခဏထည့္မွရမယ္''
''ဟုတ္ၿပီ.. ဆရာ..ကြၽန္ေတာ္သေဘာေပါက္ၿပီ…လြန္ခဲ့တဲ့ ႏွစ္နာရီကတည္းက ကြၽန္ေတာ္ဟာ ရန္ကုန္ျမစ္ထဲက ပရင့္ဆက္သေဘၤာေပၚမွာ ကြၽန္ေတာ့္မိတ္ေဆြေတြနဲ႔ အရက္ေသာက္ေနတာလို႔သာ မွတ္ေပေရာ့.. ကိစၥေတြျဖတ္ၿပီး ရင္ ဆရာ့ဆီ ကြၽန္ေတာ္လာေတြ႕ပါ့မယ္''
ဖိုးတုတ္က ဖုန္းခ်လိုက္ၿပီး အေပၚထပ္သို႔ တက္သြားလိုက္သည္။
အေပၚထပ္တြင္ ဂႏၶမာ က မေသာင္း၊ ခ်ိဳက္ဟုန္တို႔ႏွင့္အတူ ထိုင္ေနသည္။
''ဂႏၶမာ မင္း..ခဏေန အိမ္ကိုျပန္..ဘယ္သူလာေမးေမး..ငါ ေန႔ခင္းကတည္းက မင္းသားခင္ေမာင္ ၊ ေ႐ႊက်ီးညိဳ တို႔နဲ႔ ရန္ကုန္ျမစ္ထဲက သေဘၤာေပၚမွာ အရက္သြားေသာက္ေနလို႔ ေျဖဖို႔ ဟိုေကာင္ေတြကို မွာထား..ခု ငါသြားလိုက္ဦးမယ္''
ဖိုးတုတ္က ေအာက္ထပ္ဆင္းၿပီး ဟိုတယ္ဖုန္းျဖင့္ သူကဆက္စရာရွိသည္မ်ားကို လိုက္ဆက္လိုက္သည္။
ေနာက္ တစ္နာရီခန႔္အၾကာတြင္ ရန္ကုန္ျမစ္ထဲတြင္ ရပ္ထားေသာ ပရင့္ဆက္သေဘၤာေပၚတြင္ လမ္းမေတာ္ဖိုးတုတ္ ႏွင့္ သူ႔မိတ္ေဆြမ်ားျဖစ္ေသာ ဓာတ္ရွင္မင္းသားကိုခင္ေမာင္၊ ဇာတ္မင္းသား ေ႐ႊက်ီးညိဳ တို႔ႏွင့္အတူ အရက္ဝိုင္းဖြဲ႕ေနသည့္ အေနအထားျဖစ္သြားေလသည္။
ဓာတ္ရွင္မင္းသားကိုခင္ေမာင္က ေနာက္ထပ္ သူ႔မိတ္ေဆြ တစ္ေယာက္ကိုပါ ဖိုးတုတ္ႏွင့္ မိတ္ဆက္ေပးရန္ ေခၚလာေလသည္။
''ကိုဖိုးတုတ္..ဒါ ကြၽန္ေတာ့္မိတ္ေဆြႀကီး..အမိန႔္ေတာ္ရဝတ္လုံမင္း ဦးေအးကို တဲ့ဗ်''
''ကိုဖိုးတုတ္ နာမည္ေတာ့ ၾကားဖူးပါတယ္..ကြၽန္ေတာ္ ေအးကိုပါ''
''ဟုတ္ကဲ့…ဝတ္လုံေတာ္ရမင္း..ေတြ႕ရတာဝမ္းသာပါတယ္''
''ကဲ.အားလုံးေဘာ္ဒါေတြျဖစ္သြားၿပီပဲဗ်ာ..ဝတ္လုံေတာ္ရမင္းလို႔ ေခၚမေနပါနဲ႔..ေအးကို ..ေအးကိုေပါ့''
''က်န္ေသးတယ္..ကိုဖိုးတုတ္ေရ..ဒီလူ က ေရွ႕ေနေလာကမွာ နာမည္ရွိေသးတယ္..ပန္ကာေအးကိုတဲ့ဗ်''
'အံမယ္..နာမည္က အဆန္းပါလား ကိုခင္ေမာင္ရဲ႕..ဘာလို႔တဲ့တုန္း''
''ေအာင္မေလး.က်ဳပ္မိတ္ေဆြႀကီး ကိုေအးကို ဟာ တရားေရးေလာကမွာ ဂ်င္လို ပန္ကာလို လည္တဲ့လူဗ်.. ရာဇဝတ္တရားသူႀကီးေတြ၊ ဟိုက္ကုတ္တရားသူႀကီးေတြ ကို ဘယ္လမ္းေၾကာင္းက ဘယ္လို ဝင္ရမယ္ ဆိုတာသိတယ္၊ ဥပေဒကို ဥပေဒနဲ႔ ျပန္ခ်ည္ၿပီး မ်က္လွည့္ျပတတ္တဲ့လူဗ်..ဒီေလာက္ မႊတ္ေနေအာင္ လည္လို႔လည္း ပန္ကာေအးကို လို႔ ေခၚတာ''
''ဟာ..ႀကိဳက္ၿပီဗ်ိဳး..ကြၽန္ေတာ့္အလုပ္နဲ႔ ေဟာ့ဒီက ဦးေအးကို နဲ႔ေတာ့ တကယ္ အကြက္က်ၿပီပဲ.. ဦးေအးကို ကို ဒီေန႔ကစၿပီး ကြၽန္ေတာ့္ေရွ႕ေနအျဖစ္ ငွားလို႔ရမလားဗ်ာ''
''ဟာ..ကိုဖိုးတုတ္ လို လူက ကမ္းလွမ္းလာတာ ကြၽန္ေတာ္က ဘယ္ျငင္းဝံ့မလဲဗ်''
''အိုေကဗ်ာ..ဒီလိုဆို ကြၽန္ေတာ္က ကိုေအးကိုကို တစ္လကို ႐ူပီ တစ္ရာ့ငါးဆယ္ ဒီအတိုင္းေပးထားမယ္ဗ်ာ.. ကြၽန္ေတာ့္မွာ အမႈအခင္းရွိလာရင္လည္း တစ္မ်ိဳးေပးတာေပါ့..ဘယ္လိုလဲ အဆင္ေျပရဲ႕လား..ဝတ္လုံေတာ္ရမင္းရဲ႕''
''ဟာ..႐ူပီးတစ္ရာ့ငါးဆယ္ ေတာ့ မရဘူးဗ်ာ..အဲ့ဒီေငြအျပင္ ဝီစကီပိုင့္ပုလင္းတစ္လုံးေတာ့ ထပ္ေဆာင္းလိုက္.. ကိုဖိုးတုတ္ေရ''
''ဒါကေတာ့ ေျပာစရာလိုသလား..ကိုေအးကိုရယ္..ဟားဟား''
''ကိုဖိုးတုတ္ေရ..ခင္ဗ်ား ကိုေအးကို ကို ေရွ႕ေနအျဖစ္ ငွားထားရင္..စိတ္သာခ်ေတာ့ဗ်ိဳး..ကိုေအးကို လိုက္သမွ် ဓါးျပမႈ၊ လူသတ္မႈ အကုန္လုံး တစ္မႈမွ ေထာင္မက်ဘူးဗ်''
''ကြင္းလုံးကြၽတ္လြတ္တာခ်ည္းပဲလား''
''မဟုတ္ဘူးဗ်..အကုန္ ႀကိဳးစင္တက္ရတာဗ်ိဳး…ဟားဟား..''
''ဟာ ေတာ္ေတာ္ေနာက္တဲ့ မင္းသားဗ်ာ''
ျမစ္ျပင္ေပၚတြင္ အေမွာင္ထုက နက္သည္ထက္ နက္လာသည္။
ဝီစကီ သုံးလုံးေျမာက္ ကုန္ၿပီးေနာက္တြင္ေတာ့ သူတို႔ ေလးေယာက္လုံး အေတာ္ အရွိန္ရေနၾကၿပီျဖစ္သည္။
ထိုညက မင္းသားခင္ေမာင္ ကားျဖင့္ လမ္းမေတာ္ဖိုးတုတ္ကို ျပန္လိုက္ပို႔သည္။
အိမ္ေရွ႕သို႔ ေရာက္ေသာအခါ ညီျဖစ္သူ ဘသိန္း ႏွင့္ ငၫြန႔္ တို႔က အမူးလြန္ေနေသာ လမ္းမေတာ္ဖိုးတုတ္ကို လာ တြဲေခၚၾကသည္။
''ေဟ့..ငၫြန႔္..မင္းက ဒီည..မင္း မယားေတြ ဆီ မျပန္ဘူးလားကြ..ေအ့''
''မျပန္ဘူး..ဆရာဖိုးတုတ္..ဒီည..ဒီမွာ အိပ္မွာ''
''ေအး..တယ္လည္း ထူးေနပါလားကြ..ဒီေကာင္''
''ဝင္..ဝင္..ကိုႀကီးဖိုးတုတ္''
ဖိုးတုတ္အခန္းထဲ ေရာက္သည္ႏွင့္ အျပင္ဘက္မွ တံခါးကို ေစာင့္ပိတ္လိုက္ၾကသည္။
''ေဟ့ေကာင္ေတြ..ဘာလုပ္တာလဲ..ငါေရေသာက္ဦးမယ္ကြ''
ဖိုးတုတ္ စကားပင္ မဆုံးလိုက္ တစ္စုံတစ္ေယာက္က ဖိုးတုတ္ ကို ခုန္အုပ္ကာ ဆဲဆို ကုပ္ဖဲ့ေတာ့သည္။
မူးေနေသာ္လည္း သတိအၿမဲကပ္ထားသည့္ ဖိုးတုတ္က သူ႔အေပၚ ခုန္အုပ္လိုက္ေသာသူကို ခ်ဳပ္ၿပီး ကုတင္ေပၚ ကိုင္ေပါက္ခ်လိုက္၏။
''ဟာ..မင္းဘယ္သူတုန္း…ဟင္..မ..မသင္းျမ…မသင္းျမ''
''အယုတ္မာႀကီး..ငါ့နာမည္ မေခၚနဲ႔''
မသင္းျမ က ငိုေနရင္းမွ ျပန္ေအာ္သည္။
ဖိုးတုတ္ အမူူးမ်ားပင္ ေျပသြားရ၏။
''မသင္းျမ .. ဘယ္ကေန ဘယ္လို ဒီအခန္းထဲ ေရာက္ေနတာလဲ''
''ဘယ္က ဘယ္လို ေရာက္ရမွာလဲ..ရွင့္ညီ ေသခ်င္းဆိုးနဲ႔ ရွင့္တပည့္ေတြ ကြၽန္မ ပြဲ႐ုံကို လာတုန္း လမ္းမွာ အတင္းဝင္ဖမ္းၿပီး ကားတင္ေျပးလာတာ''
''ဟင္..ဘယ္လို..ဟာ..ဒီေကာင္ေတြ ..ဘာေတြလုပ္ၾကတာလဲ''
ဖိုးတုတ္က တံခါးဘက္သို႔ ျပန္လွည့္ၿပီး တံခါးကို တြန္းဖြင့္ရင္း ေအာ္ေျပာသည္။
''ေဟ့ေကာင္..ဘသိန္း..မင္းဘာေတြ ေလွ်ာက္လုပ္တာလဲ..ေဟ့ေကာင္..တံခါးဖြင့္စမ္း''
''မဖြင့္ဘူးဗ်ာ..မဖြင့္ဘူး..အကိုႀကီးပဲ..လိုခ်င္လွခ်ည္ရဲ႕ဆိုလို႔ ကြၽန္ေတာ္တို႔ စီမံေပးလိုက္တာ''
''ေဟ့ေကာင္..ဘသိန္း..မင္းမဖြင့္ေပးရင္..မင္းကို ငါသတ္မွာေနာ္..ဒီမွာ သူ႔ကို အခ်ိန္မီ ျပန္ပို႔ရမွာကြ''
''သတ္ခ်င္လည္း မိန္းမယူၿပီးမွ သတ္ဗ်ာ..ဒီအခ်ိန္ သြားျပန္ပို႔ရင္ေတာ့ ေထာင္ကဲတို႔က ခင္ဗ်ားကို စီးသတ္လိမ့္မယ္…လုပ္စမ္းပါဗ်ာ..ေျပာေတာ့ လူမိုက္ဆို''
''ဟာ..ဒီေကာင္ေတြ''
''ဝုန္း..ဝုန္း..ဝုန္း''
ဖိုးတုတ္က တံခါးကို သုံးခ်က္ဆင့္ ကန္လိုက္သည္။
ကြၽန္းတံခါးေဘာင္က တုတ္တုတ္မွ်ပင္မလႈပ္။
အမူးရွိန္ႏွင့္ ေျခေထာက္နာသြားသည့္ အရွိန္ေရာသြားကာ ဖိုးတုတ္ ကုတင္ေပၚ ထိုင္ခ်လိုက္သည္။
မသင္းျမ ကား တရႈံ႕ရႈံ႕ ငိုလ်က္။
ဖိုးတုတ္ သက္ျပင္းခ်လိုက္သည္။
''က်ဳပ္လည္း ဘာမွ မတတ္ႏိုင္ဘူး..မသင္းျမရယ္..ဟူး''
ေနာက္တစ္ေန႔ နံနက္တြင္ ေရွ႕ေန ပန္ကာေအးကို ထံ သို႔ ဖိုးတုတ္ထံမွ ဖုန္းဆက္လာသည္။
''ဟုတ္ကဲ့..ကိုဖိုးတုတ္…ဘယ္လိုလဲဗ်..မေန႔ကမွ က်ဳပ္ကို ခင္ဗ်ား ေရွ႕ေနအျဖစ္ ခန႔္တယ္.. ဒီေန႔ ေဈးဦးေပါက္ၿပီလား''
''ဟုတ္တယ္..ကိုေအးကို ေရ…ဒါေပမယ့္ မဂၤလာရွိေသာေဈးဦးေပါက္ပါဗ်..ဒီလို..ကြၽန္ေတာ္ ညက မိန္းမ ခိုးထားတယ္..အဲ့ဒါ ဒီတပတ္အတြင္း သြားျပန္အပ္ခ်င္လို႔..ခင္ဗ်ား ကူညီေပးပါဦး''
''ဟား..ေကာင္းပါေလ့ဗ်ာ..သြက္လွခ်ည္လား..ကိုယ့္ဆရာရဲ႕''
………………………………………………………………………………………..
''အိမ္ေပၚမွာ ဝိုင္းဖြဲ႕အရက္မေသာက္ရ'
''ကားေပၚ မသင္းျမမွ အပ အျခားမိန္းကေလးေခၚမတင္ရ''
''ဥပုသ္ေန႔တိုင္း ဆြမ္းေလာင္းရမည္''
မဂၤလာေဆာင္ၿပီးသည့္ေန႔တြင္ ပင္ တစ္သက္လုံး စည္းမဲ့ကမ္းမဲ့ေနထိုင္လာေသာ လူမိုက္ႀကီးသည္ မသင္းျမ ၏ အေျခခံဥပေဒသုံးရပ္ကို လိုက္နာပါမည္ဟု ကတိျပဳလိုက္ရသည္။
ထိုမွ်မကေသး။
မဂၤလာေဆာင္ၿပီး ေနာက္တစ္ေန႔ နံနက္ပိုင္းတြင္ မသင္းျမ၏ ဘႀကီးျဖစ္သူ ဘုံေက်ာင္းလူႀကီး ဘြန္ရႈက်င္း ထံ ၾသဝါဒခံ ဝင္ရမည္တဲ့။
မသင္းျမ ကို မေခၚခဲ့ရပဲ ဖိုးတုတ္တစ္ေယာက္တည္း လာခဲ့ရမည္ ဆိုသျဖင့္ ဖိုးတုတ္အတြက္ ထူးဆန္းေနသည္။
လင္စုံမယားဖက္ ၾသဝါဒေပး ရမည္ ကိစၥ မ်ိဳးတြင္ ဖိုးတုတ္ အား အဘယ့္ေၾကာင့္ တစ္ေယာက္တည္း ေခၚေတြ႕ရသနည္း။
ဘြန္ရႈက်င္းသည့္ ပိန္ပိန္ပါးပါးျဖင့္ ဖူးက်န႔္တ႐ုတ္တို႔ ဝတ္ေလ့ရွိသည့္ လက္ရွည္ဝတ္႐ုံကို ဝတ္ထားသည္။
ေခါင္းေပၚတြင္ သကၠလပ္ဦးထုတ္အဝိုင္းေလး ေဆာင္းထား၏။
''ေမာင္ဖိုးတုတ္…မင္း အေတာ္ ကံေကာင္းတဲ့ေကာင္ေလးပဲ''
''ဗ်ာ''
''ဟုတ္တယ္..ေမာင္ဖိုးတုတ္…မင္းသတင္းေတြကိုေတာ့ ငါတို႔က အၿမဲနားစြင့္ေနခဲ့တာပါ.. အခုေတာ့ အမ်ိဳးေတာ္လာၾကၿပီဆိုေတာ့ မင္းကံေကာင္းတာပဲေပါ့''
''ကြၽန္ေတာ္နားမလည္ဘူး..ေထာင္ကဲ..ဘာကိုလဲ''
''လြန္ခဲ့တဲ့ မတ္လ (၂၅)ရက္ေန႔ ညပိုင္းက မင္းတပည့္ ငၫြန႔္ ၊ အုန္းေဖ နဲ႔ ထြန္းတင္ တို႔ လမ္းမေတာ္ဆိပ္ကမ္း မွာ ဆိုက္ေနတဲ့ တ႐ုတ္႐ြက္ေလွတစ္စင္းကို ဓါးျပဝင္တိုက္ခဲ့ၾကတယ္..မဟုတ္လား''
ဖိုးတုတ္ မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
''ဒီေကာင္ေတြ လိုခ်င္တဲ့ေငြကို ရပါလ်က္နဲ႔ ေလွေပၚက ေသတၱာတစ္လုံးကို ေရထဲ ကန္ခ်ခဲ့တယ္..အဲ့ဒီ ေသတၱာထဲမွာ ႐ူပီးေငြ ေသာင္းနဲ႔ ခ်ီတန္တဲ့ ပစၥည္းေတြ ပါတယ္ဆိုတာေရာ..မင္းသိလား''
''ကြၽန္ေတာ္တပည့္ေတြ လုပ္ခဲ့တာေတြကမ်ားေတာ့..ကြၽန္ေတာ္ ေသခ်ာေတာ့မသိဘူး''
''မင္းတပည့္ေတြ ဝင္လုခဲ့တဲ့ ေလွ က ေဖာ္မိုဆာကြၽန္းကေန ရန္ကုန္ကို ပစၥည္းလာပို႔တဲ့ ေလွပဲ။ အဲ့ဒီေလွကို ရွန္ဟိုင္းအစိမ္းဂိုဏ္းက ပိုင္တယ္''
''ဗ်ာ''
''မင္း ေရွ႕ေလွ်ာက္ ဒီေလာကထဲ ရပ္တည္မယ္ဆို တခ်ိဳ႕ ကိစၥေတြ သိေအာင္လုပ္ထားရတယ္၊
ရွန္ဟိုင္းအစိမ္းဂိုဏ္းအေၾကာင္း မင္းနဲ႔ သိတဲ့ တ႐ုတ္ေတြၾကားမွာ တစ္ခ်က္ေလာက္ စုံစမ္းေစခ်င္တယ္..ဖိုးတုတ္''
''ကြၽန္ေတာ့္ တပည့္ေတြ ကိုယ္စား ကြၽန္ေတာ္ကပဲ ေတာင္းပန္ပါတယ္''
''ရပါတယ္..မင္းနဲ႔ငါက ေဆြမ်ိဳးေတြျဖစ္ၿပီပဲ…မင္းတပည့္ ငၫြန႔္က အိုးတန္းထဲမွာ မယားသုံးေယာက္ရွိတယ္။ ဒါေပမယ့္ ဒီေကာင္အခ်စ္ဆုံးက သူ႔မယားႀကီး သိန္းေမ နဲ႔ သူ႔သမီး ညိဳတုတ္ပဲ။ ေနာက္ ငၫြန႔္ဟာ သူ႔အေမ ေဒၚျမသစ္ကို အရမ္းခ်စ္တာကြ။ သိန္းေမနဲ႔ ညိဳတုတ္ဟာ အဖိတ္ေန႔တိုင္း မနက္ (၇)နာရီဆို (၂၁)လမ္းမွာေနတဲ့ ငၫြန႔္အေမ ေဒၚျမသစ္အိမ္ လာလည္တတ္တဲ့။ သူတို႔ သုံးေယာက္လုံးစုံတဲ့အခ်ိန္မွာ မနက္ (၈)နာရီေလာက္မွာ အဲ့ဒီအိမ္ မီးေလာင္သြားမယ္။ အထဲက သုံးေယာက္လုံး ေသမယ္ဆိုရင္..ေမာင္ရင့္ တပည့္ ငၫြန႔္ေတာ့ အေတာ္ခံစားရမွာေနာ္''
ဖိုးတုတ္ မတ္တပ္ထရပ္လိုက္သည္။
''ခင္ဗ်ား ဘာေတြေျပာေနတာလဲ..က်ဳပ္ကို ေခၚၿပီး ဘာေတြ ေျပာေနတာလဲ''
''ေအး..ငၫြန႔္မွ မဟုတ္ဘူး။ ရွန္ဟိုင္းအစိမ္းဂိုဏ္း ဟာ သူတို႔ စီးပြားေရးကို လာထိခိုက္တဲ့ သူေတြ အေၾကာင္း အားလုံးသိတယ္ ဆိုတာ ေျပာျပေနတာ..ဖိုးတုတ္..မင္းစိတ္ကို ေလ်ာ့ထားစမ္း..ေဒါသနဲ႔ လုပ္တဲ့အလုပ္မ်ိဳးဟာ ေနာင္တက လြဲၿပီး ဘာမွ အဖတ္မတင္တတ္ဘူးကြ.. လုပ္စရာရွိတာ ေသြးေအးေအးထားၿပီးလုပ္ရတယ္''
''ဟုတ္ပါၿပီ အဲ့ဒီေတာ့..ကြၽန္ေတာ့္ကို ဘာျဖစ္ေစခ်င္တာလဲ..ဘာေျပာေစခ်င္တာလဲ''
''ရွန္ဟိုင္းအစိမ္းဂိုဏ္း ဆိုတာ တကမာၻလုံးကို ဘိန္းကြန္ယက္ျဖန႔္က်က္ထားတဲ့ ဂိုဏ္းတစ္ခုပဲ ဖိုးတုတ္။ ရွန္ဟိုင္းၿမိဳ႕မွာ အေျခစိုက္ၿပီး ဂိုဏ္းခ်ဳပ္ နားကားႀကီး တူယြဲ႕ရွိန္းဟာ မင္းတို႔ထက္ အမ်ားႀကီး အကြက္ျမင္တယ္၊ ရက္စက္တယ္။ လက္တံေျခတံရွည္တယ္။ ငါ့ညီ က ေကာင္းေရာင္းေကာင္းဝယ္လုပ္စားတဲ့ ကုန္သည္ပါ။ လူေကာင္းပါ။ ငါကေတာ့ ေဟာ့ဒီ ရန္ကုန္ဆိပ္ကမ္းမွာ အစိမ္းဂိုဏ္းရဲ႕ ကိုယ္စားလွယ္ပဲ။ ဒီရန္ကုန္မွာ ငါတို႔ဟာ ေပၚေပၚထင္ထင္မရွိၾကေပမယ့္။ စာတစ္ေစာင္ ပါးလိုက္႐ုံနဲ႔ ရန္ကုန္ဆိပ္ကမ္းေပၚ အင္းဒိုခ်ိဳင္းနားက အစိမ္းဂိုဏ္းသားေတြ ရာနဲ႔ခ်ီ ေရာက္လာႏိုင္တယ္။ အဲ့ဒါ မင္းသိေစခ်င္တယ္''
ဖိုးတုတ္က ပိန္ပိန္ညႇပ္ညႇပ္ ဘိန္းစား႐ုပ္ေပါက္ေနသည့္ တ႐ုတ္အဘိုးႀကီးကို တအံတၾသၾကည့္ေနသည္။
ေသြးေအးေအးႏွင့္ သူ႔ကို ၿခိမ္းေျခာက္ေနေသာ အဘိုးႀကီးေလသံေၾကာင့္ သူ႔ေက်ာထဲပင္ စိမ့္လာသည္။
မည္သူကိုမွ် မေၾကာက္ပဲ ရင္ဆိုင္ခဲ့ေသာ ဖိုးတုတ္သည္ ေလသံေအးေအးႏွင့္ သူ႔ကို ေျပာေနသည့္ တ႐ုတ္အဖိုးအိုကိုေတာ့ နည္းနည္း ရွိန္လာသည္။
''အဲ့ဒီေတာ့ ကြၽန္ေတာ္က ဟိုေသတၱာကိစၥ ဘာလုပ္ေပးရမလဲ''
''ဘာမွလုပ္စရာမလိုဘူး။ မင္းက ငါ့ေဆြမ်ိဳးျဖစ္သြားၿပီဆိုေတာ့ အဲ့ဒီေသတၱာထဲက တန္ဖိုးကို မင္းကို လက္ဖြဲ႕တယ္လို႔ ငါသေဘာထားလိုက္မယ္။ ရွန္ဟိုင္း ကိုလည္း မင္းအေၾကာင္း ဘာမွ မပို႔ဖို႔ ငါဆုံးျဖတ္ ထားတယ္။ အေရးႀကီးတာ တစ္ခုကေတာ့ မင္းတို႔ ေနာက္ထပ္ အစိမ္းဂိုဏ္းရဲ႕ ေလွေတြကို သြားမထိဖို႔ပဲ.''
''အစိမ္းဂိုဏ္းက ေလွဟုတ္မဟုတ္..ကြၽန္ေတာ္တို႔က ဘယ္လိုခြဲရမလဲ''
''ငါတို႔ ေလွေတြက ေျခာက္လမွ တစ္စီးေတာင္ ဒီကမ္းကို မကပ္ပါဘူး။ ကပ္တဲ့အခါ မင္းဆီကို ငါအေၾကာင္းၾကားေပးမယ္။ မင္းလူေတြ ေရွာင္စရာရွိတာေရွာင္ေပး။ ကူစရာရွိတာ ကူေပးေပါ့။ အဲ့ဒီလိုဆို ေနာက္ပိုင္း မင္းတို႔ကို ငါ့ဘက္က ကူညီႏိုင္တာ ကူညီေပးမယ္..ဒီေလာက္ပဲ..ဖိုးတုတ္''
ထိုသို႔ျဖင့္ အာရွတြင္သာမက ဥေရာပတိုက္ဆိပ္ကမ္းၿမိဳ႕ႀကီးမ်ားအထိ အာဏာလႊမ္းမိုး ျဖန႔္က်က္ထားေသာ တ႐ုတ္တို႔၏ ရွန္ဟိုင္းအစိမ္းဂိုဏ္း ကို သြားထိမိသည့္ လမ္းမေတာ္ဖိုးတုတ္အတြက္ ဇနီးသည္ကို အေၾကာင္းျပဳလ်က္ အႏၲရာယ္မွ သီသီေလးလြတ္သြားေစခဲ့သည္။
…………………………………………………………………………………………
၁၉၂၉ တိုင္ခဲ့ၿပီ။
ရန္ကုန္ လူမိုက္ဂိုဏ္းမ်ားအၾကား မုန္တိုင္းမလာမီ အတည္ၿငိမ္ဆုံး ႏွစ္ပင္။
ႏွစ္ေပါင္းမ်ားစြာ ေ႐ႊထီးေဆာင္းေနေသာ ကုလားလူမိုက္ႀကီး မတ္စတီးခန္းသည္လည္း ဘာသာေရးဘက္သို႔ ဦးလွည့္ေန၏။
မန္မဆာဂိုဏ္းႏွင့္ လမ္းမေတာ္ဖိုးတုတ္ ၾကားတြင္ ပု႑ားဘထြန္းတည္းဟူေသာ အကြက္တစ္ကြက္က လည္း ျခားနားထား၏။
ႏိုင္ငံေရးအရလည္း အေျပာင္းအလဲမ်ားစြာ ဆက္တိုက္ျဖစ္ေပၚေနသည္။
ဒိုင္အာခီအုပ္ခ်ဳပ္ေရးစနစ္အတြင္း ျမန္မာလူမ်ိဳးမ်ားေခါင္းေဆာင္သည့္ ပါတီမ်ားစြာ ေပၚလာၿပီး ဥပေဒျပဳေကာင္စီတြင္ အေ႐ြးအေကာက္ခံၾကသည္။
ဂ်ီစီဘီေအေခါင္းေဆာင္မ်ားျဖစ္ခဲ့ၾကေသာ ဦးခ်စ္လႈိင္၊ သာယာဝတီဦးပု တို႔က ဟုမၼ႐ူးပါတီ၊ ဦးဘေဖ တို႔အဖြဲ႕မွ (၂၁)ဦးပါတီ၊ သူရိယသတင္းစားအယ္ဒီတာ ဦးတုတ္ႀကီးက သရာဇပါတီ စသျဖင့္ အၿပိဳင္အဆိုင္ ေ႐ြးေကာက္ပြဲ ဝင္ခဲ့ၾကသည္။
အျခားလႊတ္ေတာ္ျပင္ပတြင္ သခင္ဘေသာင္း၊ သခင္ဗစိန္၊ သခင္သိန္းေမာင္၊ သခင္ထြန္းေ႐ႊ၊ သခင္လွေဘာ္တို႔ လူငယ္ႏိုင္ငံေရးသမားမ်ား၏ တို႔ဗမာအစည္းအ႐ုံးက ထင္ေပၚလာသည္။
ႏိုင္ငံေရးေလာကတြင္လည္း ကုလားႏိုင္ငံေရးသမားမ်ားႏွင့္ ျမန္မာႏိုင္ငံေရးသမားမ်ားက လႊတ္ေတာ္တြင္း အၿပိဳင္အဆိုင္ျဖစ္လာ၏။
ရန္ကုန္ၿမိဳ႕ ၏ လူဦးေရ (၅၃) ရာခိုင္ႏႈန္းရွိသည့္ မ်ိဳးစုံေသာ အိႏၵိယႏြယ္မ်ား၏ မဲသည္ ကုလားႏိုင္ငံေရးသမား မ်ားအၾကား အေရးပါလာသည္။
တကမာၻလုံးတြင္ အလုပ္သမားသပိတ္မ်ား ေခတ္စားသည့္ ကာလျဖစ္သျဖင့္ ႏိုင္ငံေရးသမားမ်ားမွာ အလုပ္သမား သမဂၢမ်ားကို ေက်ာေထာက္ေနာက္ခံျပဳကာ သပိတ္တိုက္ပြဲမ်ား ဖန္တီးၾကသည္။
အိႏၵိယတြင္ မဟတၱမဂႏၵီႀကီး ေခါင္းေဆာင္ေသာ လႈပ္ရွားမႈမ်ားက အဂၤလိပ္အစိုးရကို အၾကပ္အတည္း ျဖစ္လာေနသည္။
အိႏၵိယတြင္ရွိေသာ ႏိုင္ငံေရးသမားမ်ားကလည္း ျမန္မာျပည္ရွိ ကုလားႏိုင္ငံေရးသမားမ်ားႏွင့္ ခ်ိတ္ဆက္ကာ ကြန္ရက္တည္ေဆာက္လာၾကသည္။
ရန္ကုန္ၿမိဳ႕ရွိ လူမိုက္ဂိုဏ္းမ်ားတြင္ လူမ်ိဳးေရးအရ အားၿပိဳင္ေနမႈမ်ားရွိသကဲ့သို႔ပင္ ႏိုင္ငံေရးေလာကတြင္လည္း လူမ်ိဳးေရးအေျခခံေသာ အားၿပိဳင္မႈမ်ားျဖစ္ေပၚေနသည္။
လမ္းမေတာ္ဖိုးတုတ္မွာလည္း အသစ္စက္စက္ဇနီးေလးႏွင့္ တပည့္တပန္းမ်ားႏွင့္ သူ႔အင္ပါယာထဲတြင္ ပ်ားရည္စမ္းေနရက္မ်ားကို တည္ေဆာက္ေနခဲ့သည္။
………………………………………………………………………….
၁၉၃၀ ဧၿပီလ (၂၅)ရက္။
''ကိုဖိုးတုတ္..ဆရာေတာ္ဦးဝိလာသ က သူ႔ေက်ာင္းကို လာပါဦးတဲ့..ဆရာဖိုးတုတ္ကို ေတြ႕ခ်င္တဲ့ ဧည့္သည္ေတြ ေရာက္ေနလို႔တဲ့''
ထိုအခ်ိန္တြင္ ဇနီးျဖစ္သူ မသင္းျမ က သူကိုးကြယ္သည့္ ၾကည့္ျမင့္တိုင္သာဓုဆရာေတာ္ ေက်ာင္းရွိ ရဟန္းခံပြဲတစ္ခုသို႔ သြားေနသည္။
ဖိုးတုတ္ တစ္ေယာက္တည္း ေမာ္ေတာ္ကားျဖင့္ ဆရာေတာ္ဦးဝိလာသ ေက်ာင္းသို႔ ထြက္လာခဲ့သည္။
ေက်ာင္းထဲသို႔ ေရာက္သည့္ႏွင့္ ဝန္ႀကီးမ်ားစီးသည့္ အေကာင္းစားကားတစ္စီးရပ္ထားသည္ကိုလည္း ေတြ႕ရသည္။
ဖိုးတုတ္ေက်ာင္းေပၚတက္လိုက္သည့္အခါ ဆရာေတာ္ ဦးဝိလာသ ေရွ႕တြင္ ပုလိပ္ဝန္ေထာက္ ဦးခ်န္ထြန္းႏွင့္ မ်က္ႏွာျဖဴတစ္ေယာက္ကို ေတြ႕လိုက္ရသည္။
ဆရာေတာ္ကို ဦးခ်လိုက္သည္။
''ကဲ ဒကာႀကီး ခ်န္ထြန္းနဲ႔ ဒကာႀကီး ဖိုးတုတ္..လြတ္လြတ္လပ္လပ္ ေျပာစရာရွိတာေျပာ..ဦးဇင္း စာခ်ကိုယ္ေတာ္ေတြအေဆာင္ကို ႂကြဦးမယ္''
ဆရာေတာ္ႂကြသြားၿပီးေနာက္ ေက်ာင္းထဲတြင္ ဖိုးတုတ္တို႔ သုံးေယာက္သာ က်န္ရစ္သည္။
''ေမာင္ဖိုးတုတ္..မေတြ႕တာ အေတာ္ၾကာၿပီပဲ..ေနေကာင္းတယ္ေနာ္''
''ေကာင္းပါတယ္ ဝန္ေထာက္မင္းခင္ဗ်ား..ဝန္ေထာက္မင္းေရာ..က်န္းမာပါရဲ႕လား''
''မာပါရဲ႕ေလ..ဟုတ္ဂြမ္ဆီကေနေတာ့ ေမာင္ဖိုးတုတ္ အေၾကာင္းေတြ ဦး အၿမဲတမ္းၾကားပါတယ္''
''ဟုတ္ကဲ့..ဝန္ေထာက္မင္း..ဝန္ေထာက္မင္း ခိုင္းစရာ ဘာမ်ားရွိလို႔လဲခင္ဗ်ာ''
''ေၾသာ္..ဒါနဲ႔..အခု ဦးေဘးမွာ ပါလာတဲ့သူက မစၥတာတီကူးပါးတဲ့။ ဆိပ္ကမ္းကုန္သြယ္လုပ္ငန္းရွင္ႀကီးေပါ့။ အခု သူက ႏိုင္ငံေရးဘက္မွာလည္း ဥေရာပသားထဲ ေ႐ြးေကာက္ခံအမတ္ျဖစ္ေနၿပီ ''
ဖိုးတုတ္ နည္းနည္းေတာ့ ျဖဳန္သြားသည္။ သူ႔ဘဝတြင္ ထိုသို႔ေသာ အစိုးရပိုင္းမွရာထူးႀကီးႀကီး မ်က္ႏွာျဖဴႏွင့္ ေတြ႕ရသည္မွာ ပထမဆုံးအႀကိမ္ျဖစ္သည္။
တစ္ခုခုေတာ့ ထူးၿပီဟု စိတ္ထဲထင္လိုက္သည္။
''မစၥတာတီကူးပါး က သူ႔အတြက္ ေမာင္ဖိုးတုတ္ က အလုပ္တစ္ခု လုပ္ေပးေစခ်င္တယ္''
''ဘာအလုပ္မ်ိဳးလဲ ခင္ဗ်ာ''
''ေမာင္ဖိုးတုတ္ အေနနဲ႔ လမ္းမေတာ္၊ ၾကည့္ျမင့္တိုင္၊ ကမာ႐ြတ္တေၾကာကို ဘယ္လို ၿပီးတယ္ဆိုတာ ဦးတို႔ သိထားတယ္။ တကယ္လို႔မ်ား ဆိပ္ကမ္းမွာ ကုန္တင္ကုန္ခ်လုပ္ဖို႔ ကူလီလိုတယ္ ဆို ေမာင္ဖိုးတုတ္ ရွာေပးႏိုင္မလား''
ဖိုးတုတ္ စဥ္းစားသြားသည္။ သူလို လူမိုက္ကို ကူလီ လာရွာခိုင္းေနသည္ေကာ။
''အဲ့ဒါက ဆိပ္ကမ္းက ေဂၚရင္ဂ်ီေတြ ရွိတာပဲ။ ကူလီဆို သူတို႔ ရွာခိုင္းတာ ပိုေကာင္းမယ္ထင္တယ္''
''မဟုတ္ဘူး..ေမာင္ဖိုးတုတ္ရဲ႕…ဦး ရွင္းျပမယ္..လာမယ္ ေမလထဲမွာ ရန္ကုန္က ဆိပ္ကမ္း အကုန္လုံးမွာ ျပသနာအႀကီးႀကီးတစ္ခု တက္လိမ့္မယ္။ ၿပီးတာနဲ႔ အစိုးရအေျပာင္းအလဲျဖစ္မယ္။ ေျပာရရင္ကြာ..ဘုရင္ခံ ျပဳတ္က်မယ္။ အခု လက္ရွိဘုရင္ခံ ဆားခ်ားအင္းနစ္ ခြင့္ယူၿပီး အဂၤလန္ျပန္မယ္။ ျမန္မာလူမ်ိဳး ထဲက ဘုရင္ခံ တက္ျဖစ္လိမ့္မယ္''
ဖိုးတုတ္မ်က္လုံးျပဴးသြားသည္။
''ဝန္ေထာက္မင္းရယ္..တယ္လည္းေသခ်ာပါလား..ဟုတ္ရဲ႕လားဗ်ာ..ျမန္မာလူမ်ိဳးထဲက ဘုရင္ခံျဖစ္မယ္ဆိုတာ''
''ဒီမယ္ ေမာင္ဖိုးတုတ္..မင္းကို ဒီေလာက္ထိ ေျပာျပတာေတာင္ လြန္လွၿပီ..ဦးတို႔ ကမ္းလွမ္းတဲ့ အလုပ္ကို မင္း လုပ္မွာလား။ မလုပ္ဘူးလား။ မင္းလုပ္ႏိုင္တယ္ဆို ၁၉၃၀ ခုႏွစ္မွာ ရန္ကုန္ လူမိုက္ေလာကမွာ မင္းရွင္ဘုရင္ ျဖစ္ၿပီမွတ္''
ဖိုးတုတ္ မ်က္လုံးထဲတြင္ ပုလိပ္တစ္ဖြဲ႕လုံးကို အိတ္ထဲထည့္ထားခဲ့ေသာ မတ္စတီးခန္းကို ျမင္ေယာင္သည္။ ရန္ကုန္၏ ဘုရင္ဟု သူ႔ကိုယ္သူ ေျပာခဲ့သူ။ ဖိုးတုတ္ကို ႀကိဳးစင္ေပၚ တင္ကာ ဒုကၡေပးခဲ့သူ။
အခု ပလႅင္ဆီသို႔ သြားရာလမ္းသည္ ဖိုးတုတ္ေရွ႕သို႔ ေရာက္လာေခ်ၿပီ။
''ဝန္ေထာက္မင္း ခိုင္းတာဘာမဆို ကြၽန္ေတာ္ ကူညီပါ့မယ္။ ဘာလုပ္ရမလဲဆိုတာသာေျပာပါ''
''ေမလေရာက္ၿပီဆိုတာနဲ႔ ေမာင္ဖိုးတုတ္ ဆီမွာ အခ်ိန္မေ႐ြး ကူလီအလုပ္လုပ္ႏိုင္တဲ့ ဗမာအလုပ္သမား (၂၀၀၀) အသင့္ရွိေနတာလိုခ်င္တယ္''
''ဗ်ာ''
''မဗ်ာ နဲ႔….တကယ္ေျပာတာ. ေမလ ထဲမွာ ရန္ကုန္ဆိပ္ကမ္း က ေဂၚရင္ဂ်ီကူလီေတြ အကုန္လုံး လစာတိုးေပးေရး သပိတ္ေမွာက္လိမ့္မယ္။ အဲ့ဒီအခါ ဦးတို႔ ဆက္သြယ္တာနဲ႔ ကုလားလုပ္သားေတြေနရာမွာ ေမာင္ဖိုးတုတ္ ရွာေပးထားတဲ့ ဗမာလုပ္သားေတြ ခ်က္ခ်င္းအစားထိုးမယ္''
''လုပ္ခ က ဘယ္ေလာက္ရမွာလဲ''
''တစ္ရက္ တစ္က်ပ္ခြဲ''
''ဟုတ္ၿပီ..ကြၽန္ေတာ္ ရွာေပးထားႏိုင္ပါတယ္''
''အဲ့ဒါဆို..ဦးတို႔ဘက္က အလုပ္စရမယ့္ ေန႔မွာ..ေမာင္ဖိုးတုတ္ကို ဆက္သြယ္လိုက္မယ္..ဒီဦးဝိလာသ ေက်ာင္းမွာ ပဲ အလုပ္ကိစၥ ေျပာၾကတာေပါ့။ အျခားအျပင္ေနရာေတြမွာ တို႔ေတြ ေတြ႕တာကို ဘယ္သူမွ မသိေစခ်င္ဘူး၊ ေနာက္ၿပီး ဒီကိစၥကို ေမာင္ဖိုးတုတ္ အေနနဲ႔ အထူး ႏႈတ္လုံေစခ်င္တယ္၊ ေပါက္ၾကားသြားခဲ့ရင္ေတာ့ ေမာင္ဖိုးတုတ္ ရဲ႕ ေရွ႕ေရးမေကာင္းဘူးပဲ မွတ္''
''စိတ္ခ်..ဝန္ေထာက္မင္း..ကြၽန္ေတာ့္ကို စိတ္ခ်ပါ''
''ေၾသာ္..ေမာင္ဖိုးတုတ္…ေျပာစရာတစ္ခုက်န္သြားလို႔…အဲ့ဒီကိစၥေတြ အားလုံးၿပီးတဲ့အခါ ေဟာ့ဒီက မစၥတာတီကူးပါး က အစိုးရအဖြဲ႕မွာ ျပည္ထဲေရးအတြင္းဝန္ ျဖစ္လာလိမ့္မယ္။ အဲ့ဒီအခါက် သူ႔ဆီ တိုက္႐ိုက္ဆက္လို႔ရတဲ့ ဖုန္းနံပါတ္ မင္းဆီကို ေပးထားလိမ့္မယ္..ဟုတ္ၿပီလား''
ႏိုင္ငံေရးမ်ားအား ဖိုးတုတ္ နားမလည္ခဲ့။ ပတ္လည္း မပတ္သတ္ခဲ့။
အခုေတာ့…………………….ဖိုးတုတ္ ဆီ ႏိုင္ငံေရးက ေရာက္လာၿပီ။
သူ႔ခ်ည္းသာမဟုတ္။
ရန္ကုန္ၿမိဳ႕၏ လူမိုက္သရဖူ ကိုပါ တစ္ပါတည္း ယူလာေခ်ၿပီတကား။
…………………………………………….
ခက္ေဇာ္
အခန္း(၇) ဆက္ရန္
Clicked✅
ReplyDeleteခုတော့ ဖိုးတုတ်ဆီ
ReplyDeleteနိုင်ငံရေးက ရောက်လာပြီ😎
Done 💪
ReplyDeleteDone🤍
ReplyDelete<3
ReplyDelete🍂🍂🍂
ReplyDeleteDone 🍀
ReplyDeleteအဲလိုမှပဲ ရတော့မှာ :D
💙
ReplyDelete🙈
ReplyDeleteDone
ReplyDeleteဖတ်ပြီး
ReplyDeleteDone🐬🐬
ReplyDelete