TGOR 1930 (အခန်း ၇)
The Guys of Yangon,1930 (Part 6)
အခန်း(၇)
……………
၁၉၃၀ ခုနှစ်၊ မေ ၅ ၊ ည ၈ နာရီ ၁၅ မိနစ်။
အိမ်တွင် အရက်ဝိုင်းမဖွဲ့ရ ဆိုသည့် မသင်းမြ ၏ စည်းကမ်းကြောင့် ကီလီလမ်းရှိ တိတ်ဟုတ် ဟိုတယ်တွင် လမ်းမတော်ဖိုးတုတ်၊ စံဘ ၊ ငညွန့်၊ ထွန်းတင် တို့သည် ရန်ကုန်အရှေ့ပိုင်း တာမွေတွင် နာမည်ရခါစလူမိုက်တစ်ဦးဖြစ်သော အောင်ဘ နှင့် အရက်သောက်ရင်း အလုပ်ကိစ္စဆွေးနွေးနေကြသည်။
အောင်ဘ က အရှေ့ပိုင်းတွင် ကုလားလူမိုက်တို့ လွှမ်းမိုးမှုကို အဆုံးသတ်စေချင်ပြီဖြစ်ကြောင်း၊ သူ့ထံတွင် တာမွေ၊ ကျောက်မြောင်း တဝိုက်မှ လက်စလက်နရှိသော ဗမာလူမိုက်ပေါက်စများ အသင့်ရှိနေကြောင်းနှင့် လမ်းမတော်ဖိုးတုတ်၏ သြဇာခံရန်အသင့်ရှိကြောင်း၊ လိုအပ်လျှင် တာမွေတွင် ဗလီလာလာတက်နေသော မက်စတီးခန်းကိုပင် ဝင်ခုတ်ပေးလို့ရကြောင်း ဖိုးတုတ်ထံ လာပြောခြင်းဖြစ်သည်။
''အချိန် နဲ့ အခါကို စောင့်ရတယ်..အောင်ဘ။ မင်းနေရာမှာက မတ်စတီးလူတွေရော၊ မန်မဆင်တွေပါ ပတ်လည်ဝိုင်းထားတာ။တခုခုဆို မင်းတို့ အားလုံးပြေးပေါက်မရှိပဲဖြစ်မယ်။ ငါတို့ အနောက်ပိုင်းက စစ်ကူလာပေးမယ်ဆိုရင်တောင် ပုဏ္ဍားဘထွန်းက ငါ့ကို အမြဲ ချောင်းနေတာ..ဒီတော့ အချိန်မသင့်ပေးဘူးကွ။ ပြီးရင် မတ်စတီးခန်းလို လူကို သတ်ရင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တာပဲ။ ဒီကောင်ကြီးက စီးပွားရေး အသိုက်အဝန်းရော၊ နိုင်ငံရေးမှာပါ ထုနဲ့ထည်နဲ့ တည်ဆောက်ထားပြီးသွားပြီ''
''ဟုတ်ကဲ့ပါ..ဆရာဖိုးတုတ်..ကျွန်တော်တို့ကလည်း ဆရာလိုအပ်ရင် အသင့်ရှိပါတယ်ဆိုတာ..ပြောပြတာပါ.. ဆရာဖိုးတုတ် မညွှန်ကြားပဲ ဘာမှ မလုပ်ပါဘူး''
ထိုစဉ် .အသံကျယ်ကြီးတစ်ခုနှင့်အတူ…စားပွဲဝိုင်းပေါ်မှ ပုလင်းများ ဖန်ခွက်များ လဲကျကုန်ပြီး အဆောက်အဦတစ်ခုလုံး ရမ်းခါသွားသည်။
''ဟာ..ဘာဖြစ်တာလဲ..ဘာဖြစ်တာလဲ''
ဖိုးတုတ်က အလန့်တကြားမတ်တပ်ထရပ်လိုက်သည်။
သို့သော်..အောက်ခံကြမ်းခင်းက ခါယမ်းနေသဖြင့် ယိမ်းယိုင်သွားပြီး နံရံကို လှမ်းကိုင်လိုက်ရ၏။
''ငလျင်ဗျိုး..ငလျင်..အထဲကလူတွေ..လမ်းပေါ်ထွက်ကြ..ထွက်ကြ''
လမ်းမမှ အော်သံတစ်ခုကြောင့် ဖိုးတုတ် သတိဝင်လာပြီး အပြင်ဘက်သို့ အပြေးအလွှားထွက်လိုက်သည်။
သူ့နောက်မှ တပည့်များနှင့် အောင်ဘ လည်း ပြေးလိုက်လာကြသည်။
ကြောက်လန့်တကြားပြေးထွက်လာသူများက ကီလီလမ်းပေါ်တွင် အများအပြား။
ကီလီလမ်းထောင့်မှ တိုက်တစ်လုံး ဝုန်း ခနဲ ပြိုကျသွားသံကိုလည်း ကြားလိုက်ရသည်။
ငလျင် က ကြမ်းလွန်းသဖြင့် မြေပြင်မှာ လှိုင်းထသလိုဖြစ်နေသည်။
လူများအားလုံး လမ်းပေါ်တွင် မတ်တပ်ရပ်မရ။ ထိုင်သူထိုင်၊ မှောက်သူမှောက်နှင့်။
ခဏအကြာတွင်..ငလျင် ရပ်သွား၏။
''စံဘ..စံဘ..မင်းအမ..မသင်းမြ..အိမ်မှာကျန်ရစ်တယ်..လာ..လာ..သွားမယ်..သွားမယ်..''
ဖိုးတုတ် က ကာနယ်လမ်းဘက်သို့ ပြေးထွက်သွားသည်။ ထို့နောက် လမ်းမတော်ဘက်သို့ ကွေ့ကာ အမောတကောပြေးသွား၏။
စံဘက ဖိုးတုတ်နောက်မှ ပြေးလိုက်သည်။
ရောက်ပြီ။
အိမ်ရှေ့တွင် မသင်းမြ နှင့် အိမ်စေမလေးနှစ်ယောက် မှာ ငုတ်တုတ်ကလေး။ တပည့်ဖြစ်သူ အုန်းဖေ တို့ အဖွဲ့က ပြိုကျသွားသော ဝရံတာကို ဖယ်ရှားနေသည်။
''ကိုဖိုးတုတ်..ကိုဖိုးတုတ်''
ဖိုးတုတ်ကို မြင်တော့ မသင်းမြ ဝမ်းသာအားရထလာသည်။
''ဘာဖြစ်သွားသေးလဲ..မသင်းမြ..ဘာဖြစ်သွားသေးလဲ''
''ဘာမှမဖြစ်ဘူး..ကျွန်မ ဘာမှမဖြစ်ဘူး..ဟို..အိမ်ရှေ့ ဝရံတာသာ ပြိုကျသွားတယ်''
''လူဘာမှ မဖြစ်တာပဲ တော်လှပါပြီ မသင်းမြရယ်…ဝရံတာကိစ္စက အုန်းဖေတို့ လူစု လုပ်လိုက်မယ်..ဘာမှ စိတ်မပူနဲ့..''
နောက်တစ်နေ့ နံနက်သတင်းစာထဲတွင် သတင်းထူး နှစ်ခု သာ ကြီးစိုးနေသည်။
အိန္ဒိယတွင် မဟတ္တမဂန္ဒီကြီးကို အင်္ဂလိပ်အစိုးရက ဖမ်းဆီးလိုက်သည့်သင်း နှင့် အင်အား ၇.၂ ရစ်ချ်တာစကေးရှိ ငလျင်ကြီးကြောင့် ရွှေမောဓောဘုရားကြီးအပါအဝင် ၊ ပဲခူးမြို့ သုံးပုံတစ်ပုံပျက်စီးခဲ့ပြီး လူပေါင်း (၅၀၀)ခန့်သေကြေခဲ့သည့်သတင်းပင်။
နောက်ထပ် လေးရက်အကြာ။
''ကိုဖိုးတုတ်..ဆရာတော် ဦးဝိလာသ က သူ့ကျောင်းကို လာခဲ့ပါဦးတဲ့၊ ဧည့်သည်တွေလည်း ရောက်နေတယ်တဲ့''
ထိုအချိန်တွင် ဖိုးတုတ်၏ ဦးလေးဖြစ်သူ ဦးဘိုးသင် လည်း အိမ်တွင် ရောက်နေချိန်ဖြစ်သည်။
''ဖိုးတုတ်.ဆရာတော်ကျောင်းဆို..ငါလည်း လိုက်ခဲ့မယ်ကွာ..နောက်တပတ်ထဲ ငါဆရာတော်ကျောင်းမှာ ဒုလဘ္ဘ စီးချင်တာ..အဲ့ဒါလိုက်လျှောက်ချင်လို့''
''ဟာ..အခုတော့ မလိုက်ပါနဲ့ဦး ဦးလေးရဲ့….ကျွန်တော်တစ်ယောက်တည်း သွားမှဖြစ်မယ်''
''ဖိုးတုတ်..က ငါမသိအောင် အဲ့ဒီကျောင်းမှာ ဘယ်သူတွေနဲ့ တွေ့မှာ မို့လိုလဲ.. မင်းဘာတွေ လုပ်နေတာလဲ''
''ဘာမှ မဟုတ်ပါဘူး..ဦးလေးရာ..တခြားအလုပ်ကိစ္စတွေပေါ့''
''အေးပါ..ဖိုးတုတ်ရာ..မင်းက အခုတော့ အစွယ်ရှည်လာပြီကိုးကွ..ထားပါ..မင်းမသိစေချင်တာကို ငါကလည်း မသိချင်ပါဘူး..ဒါနဲ့..ဟိုရက်က မင်းကောင်တွေ ကူလီအလုပ်သမား လိုက်စုနေတဲ့ သတင်း ငါကြားခဲ့သေးတယ်..ငါ့ဆီမှာ ဘတ်စ်ကားစပယ်ရာလုပ်ဖို့ ပြောထားတဲ့ အညာသားလေးတောင် တစ်ရက် တစ်ကျပ်ခွဲ ရမယ်ဆိုတော့ ကူလီထမ်းတော့မလို့တဲ့..အဲ့ဒါ ကရော ဘာလဲ..မင်းက ကူလီခေါင်းပါ လုပ်တော့မလို့လား''
''အချိန်တန်တော့ ဦးလေး သိရမှာပေါ့..ဦးလေးရာ..ကဲ..ကျွန်တော်သွားဦးမယ်..ဟိုကောင်တွေ ဝရံတာပြန်ပြင် နေတော ဦးလေး ကြည့်ပြီး လိုအပ်တာ ညွှန်ပေးလိုက်ဦး''
ဖိုးတုတ်က မော်တော်ကားပေါ် တက်ကာ မောင်းထွက်လိုက်သည်။
ဦးဝိလာသကျောင်း။
ဒီတစ်ခါတော့ မျက်နှာဖြူ မစ္စတာတီကူးပါး ပါမလာတော့ပဲ ဝန်ထောက်ဦးချန်ထွန်း တစ်ယောက်သာ။
''မောင်ဖိုးတုတ်ရေ……အခြေအနေတွေက ပြောင်းသွားပြီကွ''
''ဘာတွေ ပြောင်းသွားတာလဲ..ဝန်ထောက်မင်း''
''အလုပ်လုပ်ရမယ့် ရက်က ငါတို့ ထင်ထားတာထက် ပိုစောသွားပြီ''
''ကျွန်တော်လည်း သတင်းစာတော့ စောင့်ဖတ်ပါတယ်။ သပိတ်မှောက်မယ့် သတင်းမတွေ့သေးဘူး။ ငလျင်နဲ့ ဂန္ဓီ အဖမ်းခံရတာတွေချည်းပဲ''
''အေး..အဲ့ဒီကိစ္စတွေကြောင့်ပဲ။ အခု ဂန္ဓီကြီး အဖမ်းခံရလို့ ငလျင်ကြီးလှုပ်တာလို့ ဗမာပြည်က ကုလားတွေက ယုံကြည်နေကြတယ်။ ငလျင်နဲ့ ဂန္ဓီကြီးကိစ္စရောထွေးပြီး တချို့ ကုလားရပ်ကွက်တွေမှာ လမ်းပေါ်မှာ တွေ့သမျှ ကုလားမဟုတ်တဲ့ လူမျိုးတွေနဲ့ ခဲနဲ့ လိုက်ပေါက်နေကြတယ်။ အဲ့ဒါ ကုလားနိုင်ငံရေးသမားတွေ စနက်ပဲ။ ငလျင် ကြောင့် အစိုးရက အလုပ်ရှုပ်နေချိန်ကို အခွင့်ကောင်းယူပြီး ဆိပ်ကမ်းသပိတ်ကို စမှောက်တော့မယ်''
''ဘယ်တော့မှောက်မှာလဲ''
''မေလ ၁၀ ရက်နေ့၊ မနက်ဖန်ပဲ..မောင်ဖိုးတုတ်..မင်းလူတွေကို ဒီကျောင်းနားတဝိုက်မှာ အဆင့််သင့်ပြင်ထားပေတော့။ မနက်ဖြန် မနက် ၆ နာရီထိုးအတိကို ဒီဘုန်းကြီးကျောင်းထဲမှာ လော်လီကားဆယ်စီးထိုးပေးထားမယ်။ ဆိပ်ကမ်းအလုပ်သမားရေးရာ စတိဗီရိုဌာန က ဝန်ထမ်း အယောက်နှစ်ဆယ်က အသုတ်လိုက်ခွဲပြီး ဆိပ်ကမ်းတွေ စီ ပို့ပေးလိမ့်မယ်၊ မနက် (၈)နာရီ ဆိပ်ကမ်းအလုပ်တွေစချိန်မှာ ကုလားကူလီတွေက သပိတ်မှောက်ပြီး အလုပ်ဘယ်သူမှ ဆင်းကြမှာ မဟုတ်ဘူး။ အဲ့ဒီအချိန်မှာ မင်းလူတွေက ဆိပ်ကမ်းကူလီအလုပ်သမားတွေအဖြစ် တရားဝင်လုပ်ငန်းခွင် တန်းဝင်ကြရုံပဲ''
ဦးချန်ထွန်း ၏ ပြောစကားများကို နားထောင်ရင်း ဖိုးတုတ် သက်ပြင်းချလိုက်သည်။
''အိုကေပါ..ဝန်ထောက်မင်း..ဒီနေ့ညကတည်းက ကျွန်တော့်လူတွေကို စုခိုင်းထားလိုက်ပါ့မယ်''
ဦးချန်ထွန်းနှင့် လမ်းခွဲပြီးနောက် ဖိုးတုတ် သည် ဂန္ဓမာသောင်းရီ နေထိုင်ရာ စဉ်အိုးတန်း ထဲသို့ ထွက်လာခဲ့သည်။
အိမ်တွင် ဂန္ဓမာ မရှိ။ ဂန္ဓမာ့ တပည့်တွေသာ ရှိနေ၏။
''ကိုဂန္ဓမာ က အခုတလော ချိုင်းနားစတန်း က ဟို ကောင်မလေးတွေ နေတဲ့ အိမ်ဘက် ကို နေ့တိုင်းသွားတတ်တယ်…ဆရာဖိုးတုတ်''
ဖိုးတုတ် က ချိုက်ဟုန် နှင့် မသောင်းတို့ နေထိုင်ရာ ဘက်ဆီသို့ ကားကို ပြန်မောင်းလာခဲ့လိုက်သည်။
ချိုက်ဟုန်က တဲတန်းအပြင်ဘက် မုန့်ဟင်းခါးဆိုင်လေးတွင် ထိုင်နေ၏။
ဖိုးတုတ်က ကားကို ရပ်လိုက်ပြီး
''ချိုက်ဟုန်..ဟိုကောင် ဂန္ဓမာ..ညည်းတို့ အိမ်မှာလား''
ချိုက်ဟုန်က ခေါင်းညိမ့်ပြသည်။
ဖိုးတုတ် မင်္ဂလာဆောင်ပွဲပြီးကတည်းက ချိုက်ဟုန် ဆီ မရောက်ဖြစ်ခဲ့။ ချိုက်ဟုန် သူ့အပေါ် စိတ်ခုနေသလားဟု တွေးမိသေးသည်။
သို့သော် အလုပ်ကိစ္စက အရေးကြီးသဖြင့် ထိုကိစ္စကို ခဏမေ့ထားလိုက်၏။
တန်းလျားရှေ့သို့ ရောက်သောအခါ ကားဟွန်းကို အဆက်မပြတ်တီးလိုက်သည်။
ဂန္ဓမာ ထွက်လာသည်။
''ကိုဖိုးတုတ်ကြီး..အိမ်ထဲ မဝင်တော့ဘူးလား''
မသောင်းက လှမ်းအော်၏။ ဖိုးတုတ်က ခေါင်းခါပြပြီး ဂန္ဓာမာကို လက်ယက်ခေါ်လိုက်သည်။
''ဂန္ဓမာ..ကားပေါ်တက်..အခု အရေးကြီးပြီ..မင်း စုထားတဲ့လူတွေကို ဒီညနေ အပြီး ခေါ်တော့''
''ဟ..ချက်ချင်းကြီးပါလား..ဖိုးတုတ်ရ..ခဏနေဦး..အပေါ်မှာ ငါ့ ကုတ်အင်္ကျ ီ ကျန်ခဲ့သေးတယ်''
''လာစမ်းပါကွာ..နောက်ရက်လည်း..မင်းက ဒီအိမ်ကို မလာမှာ ကျနေတာပဲ..မသောင်းသိမ်းထားပေးပါလိမ့်မယ်''
ဂန္ဓမာသောင်းရီက ကားပေါ် တက်လိုက်သည်။
ဖိုးတုတ်က စီးကရက်ဗူးကို ကမ်းပေးလိုက်ရင်း..
''ဆောရီးကွာ..မင်းတို့ အချိန်ကောင်းကြီးမှာမှ ငါက လာခေါ်သလိုဖြစ်နေမလားပဲ''
ဂန္ဓမာသောင်းရီ ရှက်သွားသဖြင့် မျက်နှာ နီရဲသွား၏။
''ဟာကွာ..ငါက မသောင်းဆီ ရိုးရိုးသားသား သွားလည်တာပါကွ..ဘာမှ မလုပ်ပါဘူး''
''မင်းတို့သာ ဘာမှ မလုပ်တာ။ ချိုက်ဟုန်ကိုတော့ မုန့်ဟင်းခါးဆိုင်မှာ ရှောင်ခိုင်ထားပါလားကွ..ဟေ့..ဂန္ဓမာ..ဂန္ဓမာ..အဖိနှိပ်ခံ မသောင်းလေးနဲ့ တွေ့မှ ပဲ မင်း..အသဲလည်း ကြွေဆင်းတော့တယ်''
''အေးကွာ..မသောင်းက သနားစရာကောင်းပါတယ်။ ပညာတတ်ကလေးကွ။ ဂျပ်ဆင်ကောလိပ် ဝင်ခွင့် ဖြေမလို့ ရန်ကုန်တက်လာရင်း စရိတ်ပျက်လို့ ဂျပန်ဓာတ်ပုံဆိုင်မှာ ဝင်လုပ်တာတဲ့။ ဂျပန်နဲ့ ကြိုက်ကြပြီး ဂျပန်က ဖျက်ဆီးလို့ ဝလို့ ကိုယ်ဝန်နဲ့ ထားခဲ့တာ။ ကိုယ်ဝန်ကလည်း ပျက်ကျသွားတယ်တဲ့ကွာ။ အဲ့ဒီမှာ စိတ်ဓာတ်တွေကျပြီး လျှောက်သွားနေရင်း ဟိုတယ်မယ်ဖြစ်တော့တာပဲ''
''ဟေ့ကောင်ရေ..သူတို့လိုဟာတွေ ပါးစပ်က ဗြိတိသျှဘားမားရုပ်ရှင် ထက်တောင် ဇာတ်လမ်းမျိုးစုံထွက်သေးတယ်ဟ.. မင်း လျှောက်ယုံမနေနဲ့ ကိုယ့်လူ''
''မဟုတ်ပါဘူး..ဖိုးတုတ်ရာ..ဒီဟာတော့ မသောင်းတကယ်ပြောတယ်ဆိုတာ ငါသေချာခံစားရပါတယ်''
''အေးကွာ..ခံစားရတယ်ဆိုလည်း ခံစားကွာ။ ခံလည်း ခံစား..အလုပ်လေးလည်း လုပ်ဦး..ဒီည လူနှစ်ထောင်နော်။ ဦးဝိလာသ ကျောင်းတဝိုက်မှာ အသင့်ရှိအောင် စုပေးထား။ ဟိုလို လူစုလူဝေးကြီးဖြစ်အောင်လည်း မလုပ်နဲ့ဦး အယောက်နှစ်ဆယ်တတွဲလောက် တွဲပြီး နေထားခိုင်း..ဟုတ်ပြီလား''
''စိတ်ချ ဟေ့ကောင်…မင်းရှာခိုင်းလို့ ဟိုးနယ်က တက်လာပြီး ရန်ကုန်မှာ အလုပ်လာရှာနေတဲ့ လူငယ်တွေရော၊ တစ်ရက်ငါးမူးနဲ့ ချယ်ဂါလီဆွဲနေတဲ့ကောင်တွေရော၊ ကမာရွတ်နဲ့ အင်းစိန်ဘက်က လူတွေပါ ငါအသင့််ရှာထားပြီးသား။ မနက်ကျ လူစုံနေစေရမယ်''
…………………………………………………………………………………………
မေလ (၅)ရက်နေ့။ ရန်ကုန်ဆိပ်ကမ်းအာဏာပိုင်ရုံး။
''ရန်ကုန်ဆိပ်ကမ်း မှ ကူလီလုပ်သားများအား တစ်ရက်လျှင် ငွေနှစ်ကျပ်ပေးရန် တောင်းဆိုထားသော ဆိပ်ကမ်းကူလီများသမဂ္ဂ ၏ စာကို အကြောင်းမပြန်ခဲ့သဖြင့် ယနေ့မှစတင်ပြီး ရန်ကုန်ဆိပ်ကမ်းအားလုံးမှ ကူလီများ အလုပ်မဆင်းတော့ပဲ သပိတ်မှောက်လိုက်ပြီဖြစ်ကြောင်း'' ကြေညာချက်ကို ဆိပ်ကမ်းကူလီများ သမဂ္ဂ ခေါင်းဆောင် နာရယန်းဆင် က စတိဗီရိုဌာနသို့ ပေးပို့ကာ သပိတ်တိုက်ပွဲ စတင်လိုက်လေသည်။
ရန်ကုန်ရှိ ဆိပ်ကမ်းအသီးသီးတွင် အခြေအနေကို စောင့်ကြည့်နေကြသော သပိတ်စခန်းမှ ခေါင်းဆောင်အချို့မှ လွဲပြီး ဆိပ်ကမ်းတစ်ခုလုံး တိတ်ဆိတ်နေသည်။
ယခင်က ကုန်တင်ကုန်ချ အလုပ်သမားများနှင့် ဆူညံရှုပ်ထွေးနေသော ဆိပ်ကမ်းလုပ်ငန်းများ လုံး၀ ရပ်နားနေကြသည်။
ဂေါ်ရင်ဂျီကူလီသပိတ်ခေါင်းဆောင်များသည် သူတို့ အလုပ်ရှင်ဖြစ်သော ဆင်းဒီယားပင်လယ်ရေကြောင်း ကုမ္ပဏီအပါအဝင် ဆိပ်ကမ်းအာဏာပိုင်များ အကြပ်ရိုက်နေပြီဟု ယုံကြည်ကာ ပီတီဖြစ်နေကြ၏။
သို့သော်..နံနက် (၁၀)နာရီတွင် လော်လီကားများ အသီးသီး ထိုးစိုက်လာပြီး ကားပေါ်မှ ဗမာလူမျိုးများစွာ အသုတ်လိုက်ဆင်းလာကြသည်။
သူတို့ရောက်သည်နှင့် တပြိုင်နက် ဆိပ်ကမ်းမှ လုပ်ငန်းဆိုင်ရာအသီးသီးမှ အရာရှိများက လူခွဲဝေယူသွားပြီး ကူလီလုပ်ငန်းများ ပြန်လည်လည်ပတ်လာသည်။
ဂေါ်ရင်ဂျီသပိတ်ခေါင်းဆောင်များမှာ သူတို့မျက်စိရှေ့တွင်ပင် ရုတ်တရက် ပေါ်လာသော ဗမာကူလီများကို ကြည့်ကာ အကြပ်ရိုက်ကုန်ကြသည်။
ကူလီသမဂ္ဂခေါင်းဆောင် တာဝန်ကို ယူထားသော နာရယန်းဆင်သည် ပုဏ္ဍားဘထွန်း၏ တပည့်တစ်ဦးဖြစ်ပြီး ပုဏ္ဍားဘထွန်းကျောထောက်နောက်ခံဖြင့် ကူလီသမဂ္ဂကို ဖွဲ့ထားသူဖြစ်သည်။
ပုဏ္ဍားဘထွန်းအား ဟိန္ဒူနိုင်ငံရေးသမား လွှတ်တော်အမတ် မစ္စတာ အက်စ်ဗီဂျေး က ငွေကြေးထောက်ပံ့ပြီး ကူလီသပိတ်ဖြစ်အောင် ဖန်တီးခိုင်းထားခြင်းပင်။
နာရယန်းဆင်က လန်ချားတစ်စီးပေါ် ချက်ချင်းတက်ကာ ပုဏ္ဍားဘထွန်း အိမ်ရှိသည့် လမ်းမတော် (၁၁)လမ်းသို့ အပြေးအလွှားသွားလေတော့သည်။
ပုဏ္ဍားဘထွန်းအိမ်တွင် အခြား သပိတ်စောင့်ကြည့်ရေး အဖွဲ့များလည်း ရောက်နေကြပြီဖြစ်သည်။
ပုဏ္ဍားဘထွန်း က မစ္စတာအက်စ်ဗီဂျေး ထံ ဖုန်းချက်ချင်းခေါ်လိုက်၏။
ပြသနာကား စပေပြီ။
…………………………………………………………………………………………
မေလ (၂၆)ရက်။
လမ်းမတော်ဖိုးတုတ် နှင့် မသင်းမြ တို့သည် ဦးဝိလာသကျောင်းတွင် ဒုလဘ္ဘရဟန်းဝတ်နေသည့် ဦးလေး ဦးဘိုးသင်အား ဆွမ်းကပ်ပြီးနောက် ကျောင်းဝန်းအတွင်း သရက်သီးခူးပေးနေသည့် ကိုရင်များကို စောင့်ဆိုင်းနေကြသည်။
ထိုအချိန်တွင် ကျောင်းဝန်းအတွင်းသို့ ကားတစ်စီး အရှိန်ဖြင့် မောင်းဝင်လာသည်။
လမ်းမတော်ဖိုးတုတ်အမိန့်ဖြင့် ဆိပ်ကမ်းများ အလုပ်သမားများကို တာဝန်ခံစောင့်ရှောက်ပေးနေရသူ ထွန်းတင်။
''ဆရာဖိုးတုတ်..ဆရာဖိုးတုတ်..ရိုက်ကုန်ကြပြီ…ရိုက်ကုန်ကြပြီ''
''ဘာလဲ..ထွန်းတင်..ဘာလဲ..''
''ဆိပ်ကမ်းမှာ ကုလားကူလီတွေနဲ့ ကျွန်တော်တို့ ထည့်ပေးထားတဲ့ ကူလီတွေ ရိုက်ကုန်ကြပြီ''
''ဟာ..ဘယ်လိုဖြစ်တာလဲ''
''ဒီနေ့မနက်မှာ ကျွန်တော်တို့ ကူလီတွေ…အလုပ်သွားဆင်းတော့..ဆင်းဒီယားကုမ္ပဏီက မြန်မာတွေကို အလုပ်ဖြုတ်လိုက်ပြီပြောတယ်..ကုလားတွေက သပိတ်ပြန်လှန်လိုက်လို့ ကုလားတွေကို နှစ်ကျပ်ပေးပြီး အလုပ်ပြန်ခန့််လိုက်တယ်တဲ့''
ဖိုးတောက် ဒေါသ ငယ်ထိပ်ရောက်သွားသည်။
''ဘာလဲကွ..ဒီကောင်တွေ…သူတို့ အခက်အခဲဖြစ်နေလို့ ငါတို့က ကူညီပေးရသေးတယ်။ အခု ငါရှာပေးတဲ့လူတွေကို ဒီလို ပြန်ဖြုတ်ပစ်လိုက်တယ်ပေါ့….ထွန်းတင် အခုချက်ချင်း ပြန်ပြီး ငါ့လူတွေ အကုန်စုထား။ ဂန္ဓမာ၊ အုံးဖေ၊ ငညွန့် ၊ စံဘ အကုန်လုံး ငါ့အိမ်မှာ စောင့်ခိုင်း၊ ငါအခု ပြန်လာပြီ၊ သွား အမြန်သွား''
ထွန်းတင် က ကားကို မောင်းထွက်သွားသည်။
''ဘာဖြစ်တာလဲ..ကိုဖိုးတုတ်..ဘာတွေ ဖြစ်ကုန်တာလဲ''
''ဘာမှ မဟုတ်ပါဘူး..မသင်းမြ..အလုပ်ကိစ္စပါ.ကဲ..ကားပေါ်တက်..ကိုယ် အခုလိုက်မှရမယ်''
''ဟေ့ကောင်..ဖိုးတုတ်..ခဏနေဦး''
ထိုစဉ် ဘုန်းကြီးကျောင်းပေါ်မှ ရဟန်းဝတ်ဖြင့် ဦးဘိုးသင် က ဆင်းလာသည်။
''ဦးဇင်းကြီး..အလုပ်ကိစ္စရှိနေလို့..ဘုရား..နောက်ရက်မှ ပြန်လာခဲ့ပါ့မယ်''
''ငါက နေဆို နေဦးကွ… ခုန မင်းတပည့် လာပြောတာ ငါအကုန်ကြားတယ်။ မင်းဘာလုပ်နေတယ်ဆိုတာ လည်း ငါ ခန့်မှန်းမိတယ်။ မင်းကို ငါ မကြာခဏမှာတယ်လေကွာ။ မိုက်တယ်ဆိုတာ ဉာဏ်နဲ့ ယှဉ်ပြီး မိုက်ရတယ်လို့…အခု မင်းဒေါသ အရမ်းထွက်နေတယ်..ဘယ်မှ မသွားနဲ့ဦး..ကားပေါ်က ဆင်း''
ဖိုးတုတ်က ဦးဘိုးသင် ကို ဂျိုကြည့်ကြည့်နေသည်။
''ဟေ့ကောင်..ဆင်းဆို ဆင်းကွာ''
''ကဲ..ဦးဇင်းကြီး ပြောနေတာ.ဆင်းလိုက်ပါ..ကိုဖိုးတုတ်ရယ်..ဘုန်းကြီးကျောင်းကြီးထဲ တူဝရီးချင်းတွေ မကောင်းပါဘူး''
ဖိုးတုတ်က ကားပေါ်က ဆင်းလိုက်သည်။
''လာ..ဒကာဖိုးတုတ်..ဒီမှာ ခဏထိုင်ဦး''
ရဟန်းဝတ်ဖြင့် ဦးဘိုးသင် က ဖိုးတုတ်ကို လက်စွဲကာ သရက်ပင်ခြေရင်း ကွပ်ပြစ်တွင် ထိုင်ခိုင်းလိုက်သည်။
''အခု အခြေအနေက ကူလီအချင်းချင်း ရိုက်ပွဲတင် ရပ်သွားမှာမဟုတ်ဘူး..ဖိုးတုတ်။ ငါ မနေ့က ကတည်းက ကျောင်းက ကိုယ်တော်တွေကို တီးခေါက်ကြည့်ပြီးသွားပြီ။ ဒီကျောင်းမှာ ဘိုတစ်ကောင်ရယ်၊ ဦးချန်ထွန်းရယ်၊ မင်းရယ် တိုးတိုးတိုးတိုးနဲ့ အစည်းအဝေးလာလုပ်ကြတယ်တဲ့။ မင်းလူတွေလိုက်စုနေကတည်းက ဆိပ်ကမ်းမှာ တခုခုဖြစ်တော့မယ်ဆိုတာ ငါသိတယ်။ အခုချိန်မှာ မင်းက အဲ့ဒီရိုက်ပွဲကြီးထဲ သွားဝင်ပါရင် မင်းကို ခိုင်းတဲ့ ကောင်တွေက မင်းကို ထိုးကျွေးသွားလိမ့်မယ်ကွ''
''ကျွန်တော် ရိုက်ပွဲထဲ ပါမလို့ မဟုတ်ဘူး..ဦးလေး..အင်း..ဦးဇင်း..ကျွန်တော့်ကို လူတွေစုခိုင်းတုန်းက စုခိုင်းပြီး အခုကျ အလုပ်ဖြုတ်ပစ်လိုက်တဲ့ ကောင်တွေကို သွားပညာပေးမလို့..သူတို့က ကျွန်တော့်စကားယုံပြီး ကူလီ ထမ်းဖို့ လာကြတာ..အခုဟာက လေးငါးဆယ်ရက်နဲ့ အလုပ်ဖြုတ်ပစ်ပြီး ဟိုကုလားတွေကို ပြန်ခန့်တယ်ဆိုတော့ ကျွန်တော့်ကို စော်ကားတာဗျ..ကျွန်တော့်ကို ဒီကောင်တွေ ခွေးဖြစ်အောင် လုပ်လိုက်တာ.. လမ်းမတော်ဖိုးတုတ်ဆိုတာ စောက်ပေါကြီးပါကွာ..သူ့စကားယုံမိရင် ငါးပါးမှောက်မယ် ဆိုတာမျိုး ကျွန်တော် အပြောမခံနိုင်ဘူး''
''နေဦး ဖိုးတုတ်…နေဦး..မင်းကို လာတွေ့နေတဲ့ ဘိုကောင်က ဘယ်သူလဲ။ ဘာလဲ''
''ဦးဇင်းမို့ တပည့်တော် ပြောပြမယ်..သူ့ကို ဦးချန်ထွန်းခေါ်လာပေးတာပဲ..မစ္စတာတီကူးပါးတဲ့။ ပါလီမန်အမတ်ထဲကပဲ။ သူက ပြည်ထဲရေးအတွင်းဝန်ဖြစ်မယ့်သူလို့လည်းပြောတယ်..အခု ဒီကောင်ကြီးတွေက ကျွန်တော့်ကို ကလိန်ကျပြီး စောက်ရှက်ခွဲပြီဗျ..သိလား..ဦးလေးရ''
ဦးဘိုးသင် က သင်္ဃန်းကို လက်ဖြင့် ပတ်တင်လိုက်ရင်း မျက်စေ့နှစ်လုံးကို မှိတ်ထားလိုက်သည်။ထို့နောက်..
''မင်း..ခွေးမဖြစ်ဘူး..ဖိုးတုတ်..မင်းခွေးမဖြစ်ဘူး..ဒီပြသနာကြီးတစ်ခုလုံးကို သူတို့ စနစ်တကျ သေချာပေါက် ဖန်တီးခဲ့တာပဲဖြစ်မယ်…ငါအကြံပေးချင်တာကတော့ အခုလောလောဆယ် မင်းဒီပြသနာနဲ့ ခပ်ဝေးဝေးနေပါ.. ဦးချန်ထွန်းတို့ မင်းကို ဆက်သွယ်လာတဲ့အထိ စောင့်သင့်တယ်..ကဲ..သင်းမြ..သမီး..ဖိုးတုတ်ကို အိမ်ခေါ်သွား.. သူ့တပည့်တွေကိုလည်း ခု ဦးဇင်း ပြောတာတွေ ပြန်ပြောပြလိုက်ဟုတ်ပြီလား''
''မလိုဘူး..ဦးဇင်း..တပည့်တော် တပည့်တွေ တပည့်တော် ပြောရင် ပြီးတယ်..လာ မသင်းမြသွားမယ်''
ဖိုးတုတ်က ပိုးပုဆိုး ကို ခပ်တိုတိုပြင်ဝတ်ကာ မသင်းမြ လက်ကို ဆွဲလျက် ကားပေါ်တက်ကာ မောင်းထွက်သွား၏။
''ဒီအခြေအနေကာလမှာ ရှင့်ဦးလေးစကားကို ရှင်နားထောင်သင့်တယ်..ကိုဖိုးတုတ်''
မသင်းမြ က ကားမောင်းနေသော ဖိုးတုတ်၏ လက်မောင်းကို ဆုပ်ကိုင်ရင်းပြောလိုက်သည်။
…………………………………………………………………………………..
အိမ်သို့ ရောက်သောအခါ ဖိုးတုတ် တပည့်များ အစုံအလင်ရောက်နေကြသည်။
''ဆရာဖိုးတုတ်..ဆိပ်ကမ်းတစ်ခုလုံး ဗြောင်းဆန်နေပြီ။ အနီးအနားရပ်ကွက်တွေအထိ ရိုက်ပွဲက ဆက်ကုန်ပြီဗျ''
ငညွန့်က ဆီးပြောသည်။
''အခြေအနေ အသေးစိတ်က ဘယ်လိုလဲ ငညွန့်''
''ရိုက်ပွဲစဖြစ်တော့ ဗိုလ်တစ်ထောင်မှာ ကုလားတွေကအားသာတယ်။ ဗမာကူလီဆယ်ယောက်သေတယ်ကြားတယ်။ အခု လမ်းမတော်ဘက်မှာကျ ကုလားတွေ အသေများတယ်။ ဗိုလ်တစ်ထောင်ဆိပ်ကမ်းကို ရပ်ကွက်ထဲက ဗမာတွေ ဝိုင်းလိုက်ကြပြီ''
''ကလင်..ကလင်..ကလင်''
''ဆရာကြီးရှင့်..ပုလိပ်ဦးဟုတ်ဂွမ်တဲ့''
အစေခံမလေးက လာပြောသဖြင့် ဖိုးတုတ်က ဖုန်းထကိုင်လိုက်သည်။
ခဏအကြာ အခန်းတွင်း ပြန်ဝင်လာ၏။
''အခြေအနေက အတော်ဆိုးနေပြီ။ ဦးဟုတ်ဂွမ် အပြောအရဆို ကြည့်မြင်တိုင်ဘက် ရပ်ကွက်တွေ အထိဖြစ်နေကြပြီတဲ့။ ဒီမယ် ငါပြောမယ်..ငါ့တို့လူတွေစုလိုက်။ ငါ့အမိန့်မရပဲ တစ်ယောက်မှ ဒီပွဲထဲ ဝင်မပါရဘူးလို့။ ပြီးရင် လမ်းမတော်က ငါတို့အပိုင် လမ်းတွေအလိုက် လုံခြုံရေးအဖွဲ့တွေခွဲချမယ်။ ဂန္ဓမာ အဲ့ဒါကို မင်းသေချာလုပ်လိုက်။ ငါအခု အိတ်စပက်တော် ဦးဟုတ်ဂွမ်ဆီ သွားမယ်။ စံဘ မင်းလိုက်ခဲ့။ ပုဆိန်နှစ်လက်ကားပေါ်တင်ခဲ့။ မသင်းမြ …အိမ်ပေါ်မှာ ချိတ်ထားတဲ့ အကို့ငှက်ကြီးတောင် ယူပေးပါဦး''
မသင်းမြက အိမ်ပေါ် ပြေးတက်သွားပြီးနောက်.ငှက်ကြီးတောင်ဓါးကို ယူကာ ဖိုးတုတ်အား ပေးလိုက်သည်။
''ကိုဖိုးတုတ်..တစ်ခုခုဆို စဉ်းစားပါနော်..ကိုဖိုးတုတ် တစ်ခုခုဖြစ်သွားရင် ကျွန်မရင်ကွဲမှာ''
''စိတ်ချပါ မသင်းမြရယ်..မသင်းမြ ရင်ကွဲလို့မရဘူး..အဲ့ဒီ ရင်ကလေးက ကိုဖိုးတုတ် အမောဖြေရမှာ..ကဲ..သွားပြီ''
…………………………………………………………………………………….
''စံဘ..လမ်းမှာ ရီးတီးရားတားလာလုပ်တဲ့အကောင်မှန်သမျှ ဆင်းသာ ခုတ်ကွာ''
ဂေါ်ဒွင်လမ်းတွင် ဗမာလူအုပ်ကြီးတစ်စု ဓါးတဝံ့ဝံ့ဖြင့် တက်သွားသည်မှလွဲပြီး မည်သည့် အတားအဆီးမှ မတွေ့ခဲ့။
အနောက်ပိုင်းခရိုင် ပုလိပ်ရုံးတွင် ပုလိပ်အစောင့်များ ထူထပ်စွာချထားသည်။
''အိတ်စပက်တော်မင်း ဦးဟုတ်ဂွမ်က ခေါ်ထားလို့ပါ..လမ်းမတော်ဖိုးတုတ်ပါ''
လမ်းမတော်ဖိုးတုတ်ဆိုသည်နှင့် ပုလိပ်ရုံးတံခါးများက ပွင့်သွားကြသည်။
''ဖိုးတုတ်..ငါ့ဆီကို မနက်က ပဲ ဦးချန်ထွန်း ဖုန်းဆက်တယ်။ မင်းကို ဒီရုံးကို ခဏခေါ်ထားပေးပါဆိုလို့''
''ဟင်..ဘာဖြစ်လို့လဲ''
''ငါလည်း မသိဘူးလေကွာ။ ငါလည်း သူ့အမိန့်နာခံရတဲ့ကောင်ပဲ။ ညနေအထိ ငါ့ရုံးမှာ မင်းကို ထိုင်ခိုင်းထားပါတဲ့။ ညနေ လေးနာရီ ရုံးဆင်းချိန်မှ ပြန်လွှတ်လိုက်တဲ့..မင်းကို အိတ်စပက်တော်ခန့်ဖို့များလားကွာ..ဟားဟား''
'အပြင်မှာ ကျွန်တော့်ညီ စံဘ ကျန်ခဲ့တယ်''
''ရတယ်..ပုလိပ်သားတစ်ယောက်နဲ့ထွက်ပြောခိုင်းပြီး ပြန်ခိုင်းလိုက်မယ်။ ညနေကျ ငါ့ကားနဲ့ လိုက်ပို့ပါ့မယ်ကွာ''
''ခင်ဗျားတို့ဟာက ရှု့ပ်နေတာပဲဗျာ..ဒီလိုအခြေအနေကြီးမှာ''
''ဖိုးတုတ်ရေ..ငါက မရှုပ်ဘူးဟ..မင်းနဲ့ မင်းဆရာ ဦးချန်ထွန်း ရှုပ်နေတဲ့အထဲ ငါက ကြားညှပ်နေတာ.. မင်းတို့ ဘာတွေလုပ်နေမှန်းငါမသိဘူး..ဒါပေမယ့်.. ဒီနေ့တော့ ညနေအထိ ငါ့အခန်းထဲ ထိုင်နေပေးပါကွာ..ငါတို့ လည် းအလုပ်များနေတယ်..ကူလီကောင်တွေ ပေးတဲ့ စောက်ဒုက္ခတွေဟေ့..စောက်ဒုက္ခတွေ''
ထိုအချိန်တွင် ရုံးခန်းအတွင်းသို့ ယူနီဖောင်းအပြည့်အစုံဝတ်ထားသည့် ပုလိပ်အရာရှိတစ်ဦး ဝင်လာသည်။
''ကဲ..ဖိုးတုတ်..ငါမိတ်ဆက်ပေးရဦးမယ်..ဒါက ရာဇဝတ်အုပ် ကိုခင်မောင် တဲ့။ ပဲခူးဘက်က ပြောင်းလာတာ။ ဒီနေ့တော့ ငါက အပြင်ထွက်ပြီး ဟိုကူလီရိုက်ပွဲကို နှိမ်နင်းရဦးမယ်။ မင်း အဖော်ရအောင် ဒီအခန်းထဲမှာ သူက စကားပြောပေးလိမ့်မယ်..ဒါပဲ သွားပြီဟေ့''
ဖိုးတုတ်က အသားညိုညို၊ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ ခန္ဒာကိုယ်တောင့်တောင့် ဖြင့် ရာဇဝတ်အုပ်ကို ရှုတည်တည်ဖြင့် ကြည့်လိုက်သည်။
''ကျွန်တော် ခင်မောင်ပါ။ ကိုဖိုးတုတ် နာမည်ကတော့ ဒီအနောက်ပိုင်းပုလိပ်ရုံးကို စပြောင်းတာနဲ့ ကြားရတော့တာပဲ..တွေ့ရတာ ဝမ်းသာပါတယ်ဗျာ''
ဖိုးတုတ်က ကိုခင်မောင်ကမ်းပေးသော လက်ကို ပြန်နှုတ်ဆက်လိုက်သည်။
''ဒါနဲ့ ကိုဖိုးတုတ်..လူဘယ်နှစ်ယောက်သတ်ဖူးလဲ''
''ဟမ်…''
ဖိုးတုတ်က ရာဇ၀တ်အုပ်ကို မျက်မှောင်ကြုံ့လျက် ကြည့်လိုက်သည်။
…………………………………………...............................................
ခက်ဇော်
(Zawgyi)
The Guys of Yangon,1930 (Part 6)
အခန္း(၇)
……………
၁၉၃၀ ခုႏွစ္၊ ေမ ၅ ၊ ည ၈ နာရီ ၁၅ မိနစ္။
အိမ္တြင္ အရက္ဝိုင္းမဖြဲ႕ရ ဆိုသည့္ မသင္းျမ ၏ စည္းကမ္းေၾကာင့္ ကီလီလမ္းရွိ တိတ္ဟုတ္ ဟိုတယ္တြင္ လမ္းမေတာ္ဖိုးတုတ္၊ စံဘ ၊ ငၫြန႔္၊ ထြန္းတင္ တို႔သည္ ရန္ကုန္အေရွ႕ပိုင္း တာေမြတြင္ နာမည္ရခါစလူမိုက္တစ္ဦးျဖစ္ေသာ ေအာင္ဘ ႏွင့္ အရက္ေသာက္ရင္း အလုပ္ကိစၥေဆြးေႏြးေနၾကသည္။
ေအာင္ဘ က အေရွ႕ပိုင္းတြင္ ကုလားလူမိုက္တို႔ လႊမ္းမိုးမႈကို အဆုံးသတ္ေစခ်င္ၿပီျဖစ္ေၾကာင္း၊ သူ႔ထံတြင္ တာေမြ၊ ေက်ာက္ေျမာင္း တဝိုက္မွ လက္စလက္နရွိေသာ ဗမာလူမိုက္ေပါက္စမ်ား အသင့္ရွိေနေၾကာင္းႏွင့္ လမ္းမေတာ္ဖိုးတုတ္၏ ၾသဇာခံရန္အသင့္ရွိေၾကာင္း၊ လိုအပ္လွ်င္ တာေမြတြင္ ဗလီလာလာတက္ေနေသာ မက္စတီးခန္းကိုပင္ ဝင္ခုတ္ေပးလို႔ရေၾကာင္း ဖိုးတုတ္ထံ လာေျပာျခင္းျဖစ္သည္။
''အခ်ိန္ နဲ႔ အခါကို ေစာင့္ရတယ္..ေအာင္ဘ။ မင္းေနရာမွာက မတ္စတီးလူေတြေရာ၊ မန္မဆင္ေတြပါ ပတ္လည္ဝိုင္းထားတာ။တခုခုဆို မင္းတို႔ အားလုံးေျပးေပါက္မရွိပဲျဖစ္မယ္။ ငါတို႔ အေနာက္ပိုင္းက စစ္ကူလာေပးမယ္ဆိုရင္ေတာင္ ပု႑ားဘထြန္းက ငါ့ကို အၿမဲ ေခ်ာင္းေနတာ..ဒီေတာ့ အခ်ိန္မသင့္ေပးဘူးကြ။ ၿပီးရင္ မတ္စတီးခန္းလို လူကို သတ္ရင္ ကိုယ့္လည္ပင္းကိုယ္ ႀကိဳးကြင္းစြပ္တာပဲ။ ဒီေကာင္ႀကီးက စီးပြားေရး အသိုက္အဝန္းေရာ၊ ႏိုင္ငံေရးမွာပါ ထုနဲ႔ထည္နဲ႔ တည္ေဆာက္ထားၿပီးသြားၿပီ''
''ဟုတ္ကဲ့ပါ..ဆရာဖိုးတုတ္..ကြၽန္ေတာ္တို႔ကလည္း ဆရာလိုအပ္ရင္ အသင့္ရွိပါတယ္ဆိုတာ..ေျပာျပတာပါ.. ဆရာဖိုးတုတ္ မၫႊန္ၾကားပဲ ဘာမွ မလုပ္ပါဘူး''
ထိုစဥ္ .အသံက်ယ္ႀကီးတစ္ခုႏွင့္အတူ…စားပြဲဝိုင္းေပၚမွ ပုလင္းမ်ား ဖန္ခြက္မ်ား လဲက်ကုန္ၿပီး အေဆာက္အဦတစ္ခုလုံး ရမ္းခါသြားသည္။
''ဟာ..ဘာျဖစ္တာလဲ..ဘာျဖစ္တာလဲ''
ဖိုးတုတ္က အလန႔္တၾကားမတ္တပ္ထရပ္လိုက္သည္။
သို႔ေသာ္..ေအာက္ခံၾကမ္းခင္းက ခါယမ္းေနသျဖင့္ ယိမ္းယိုင္သြားၿပီး နံရံကို လွမ္းကိုင္လိုက္ရ၏။
''ငလ်င္ဗ်ိဳး..ငလ်င္..အထဲကလူေတြ..လမ္းေပၚထြက္ၾက..ထြက္ၾက''
လမ္းမမွ ေအာ္သံတစ္ခုေၾကာင့္ ဖိုးတုတ္ သတိဝင္လာၿပီး အျပင္ဘက္သို႔ အေျပးအလႊားထြက္လိုက္သည္။
သူ႔ေနာက္မွ တပည့္မ်ားႏွင့္ ေအာင္ဘ လည္း ေျပးလိုက္လာၾကသည္။
ေၾကာက္လန႔္တၾကားေျပးထြက္လာသူမ်ားက ကီလီလမ္းေပၚတြင္ အမ်ားအျပား။
ကီလီလမ္းေထာင့္မွ တိုက္တစ္လုံး ဝုန္း ခနဲ ၿပိဳက်သြားသံကိုလည္း ၾကားလိုက္ရသည္။
ငလ်င္ က ၾကမ္းလြန္းသျဖင့္ ေျမျပင္မွာ လႈိင္းထသလိုျဖစ္ေနသည္။
လူမ်ားအားလုံး လမ္းေပၚတြင္ မတ္တပ္ရပ္မရ။ ထိုင္သူထိုင္၊ ေမွာက္သူေမွာက္ႏွင့္။
ခဏအၾကာတြင္..ငလ်င္ ရပ္သြား၏။
''စံဘ..စံဘ..မင္းအမ..မသင္းျမ..အိမ္မွာက်န္ရစ္တယ္..လာ..လာ..သြားမယ္..သြားမယ္..''
ဖိုးတုတ္ က ကာနယ္လမ္းဘက္သို႔ ေျပးထြက္သြားသည္။ ထို႔ေနာက္ လမ္းမေတာ္ဘက္သို႔ ေကြ႕ကာ အေမာတေကာေျပးသြား၏။
စံဘက ဖိုးတုတ္ေနာက္မွ ေျပးလိုက္သည္။
ေရာက္ၿပီ။
အိမ္ေရွ႕တြင္ မသင္းျမ ႏွင့္ အိမ္ေစမေလးႏွစ္ေယာက္ မွာ ငုတ္တုတ္ကေလး။ တပည့္ျဖစ္သူ အုန္းေဖ တို႔ အဖြဲ႕က ၿပိဳက်သြားေသာ ဝရံတာကို ဖယ္ရွားေနသည္။
''ကိုဖိုးတုတ္..ကိုဖိုးတုတ္''
ဖိုးတုတ္ကို ျမင္ေတာ့ မသင္းျမ ဝမ္းသာအားရထလာသည္။
''ဘာျဖစ္သြားေသးလဲ..မသင္းျမ..ဘာျဖစ္သြားေသးလဲ''
''ဘာမွမျဖစ္ဘူး..ကြၽန္မ ဘာမွမျဖစ္ဘူး..ဟို..အိမ္ေရွ႕ ဝရံတာသာ ၿပိဳက်သြားတယ္''
''လူဘာမွ မျဖစ္တာပဲ ေတာ္လွပါၿပီ မသင္းျမရယ္…ဝရံတာကိစၥက အုန္းေဖတို႔ လူစု လုပ္လိုက္မယ္..ဘာမွ စိတ္မပူနဲ႔..''
ေနာက္တစ္ေန႔ နံနက္သတင္းစာထဲတြင္ သတင္းထူး ႏွစ္ခု သာ ႀကီးစိုးေနသည္။
အိႏၵိယတြင္ မဟတၱမဂႏၵီႀကီးကို အဂၤလိပ္အစိုးရက ဖမ္းဆီးလိုက္သည့္သင္း ႏွင့္ အင္အား ၇.၂ ရစ္ခ်္တာစေကးရွိ ငလ်င္ႀကီးေၾကာင့္ ေ႐ႊေမာေဓာဘုရားႀကီးအပါအဝင္ ၊ ပဲခူးၿမိဳ႕ သုံးပုံတစ္ပုံပ်က္စီးခဲ့ၿပီး လူေပါင္း (၅၀၀)ခန႔္ေသေၾကခဲ့သည့္သတင္းပင္။
ေနာက္ထပ္ ေလးရက္အၾကာ။
''ကိုဖိုးတုတ္..ဆရာေတာ္ ဦးဝိလာသ က သူ႔ေက်ာင္းကို လာခဲ့ပါဦးတဲ့၊ ဧည့္သည္ေတြလည္း ေရာက္ေနတယ္တဲ့''
ထိုအခ်ိန္တြင္ ဖိုးတုတ္၏ ဦးေလးျဖစ္သူ ဦးဘိုးသင္ လည္း အိမ္တြင္ ေရာက္ေနခ်ိန္ျဖစ္သည္။
''ဖိုးတုတ္.ဆရာေတာ္ေက်ာင္းဆို..ငါလည္း လိုက္ခဲ့မယ္ကြာ..ေနာက္တပတ္ထဲ ငါဆရာေတာ္ေက်ာင္းမွာ ဒုလဘၻ စီးခ်င္တာ..အဲ့ဒါလိုက္ေလွ်ာက္ခ်င္လို႔''
''ဟာ..အခုေတာ့ မလိုက္ပါနဲ႔ဦး ဦးေလးရဲ႕….ကြၽန္ေတာ္တစ္ေယာက္တည္း သြားမွျဖစ္မယ္''
''ဖိုးတုတ္..က ငါမသိေအာင္ အဲ့ဒီေက်ာင္းမွာ ဘယ္သူေတြနဲ႔ ေတြ႕မွာ မို႔လိုလဲ.. မင္းဘာေတြ လုပ္ေနတာလဲ''
''ဘာမွ မဟုတ္ပါဘူး..ဦးေလးရာ..တျခားအလုပ္ကိစၥေတြေပါ့''
''ေအးပါ..ဖိုးတုတ္ရာ..မင္းက အခုေတာ့ အစြယ္ရွည္လာၿပီကိုးကြ..ထားပါ..မင္းမသိေစခ်င္တာကို ငါကလည္း မသိခ်င္ပါဘူး..ဒါနဲ႔..ဟိုရက္က မင္းေကာင္ေတြ ကူလီအလုပ္သမား လိုက္စုေနတဲ့ သတင္း ငါၾကားခဲ့ေသးတယ္..ငါ့ဆီမွာ ဘတ္စ္ကားစပယ္ရာလုပ္ဖို႔ ေျပာထားတဲ့ အညာသားေလးေတာင္ တစ္ရက္ တစ္က်ပ္ခြဲ ရမယ္ဆိုေတာ့ ကူလီထမ္းေတာ့မလို႔တဲ့..အဲ့ဒါ ကေရာ ဘာလဲ..မင္းက ကူလီေခါင္းပါ လုပ္ေတာ့မလို႔လား''
''အခ်ိန္တန္ေတာ့ ဦးေလး သိရမွာေပါ့..ဦးေလးရာ..ကဲ..ကြၽန္ေတာ္သြားဦးမယ္..ဟိုေကာင္ေတြ ဝရံတာျပန္ျပင္ ေနေတာ ဦးေလး ၾကည့္ၿပီး လိုအပ္တာ ၫႊန္ေပးလိုက္ဦး''
ဖိုးတုတ္က ေမာ္ေတာ္ကားေပၚ တက္ကာ ေမာင္းထြက္လိုက္သည္။
ဦးဝိလာသေက်ာင္း။
ဒီတစ္ခါေတာ့ မ်က္ႏွာျဖဴ မစၥတာတီကူးပါး ပါမလာေတာ့ပဲ ဝန္ေထာက္ဦးခ်န္ထြန္း တစ္ေယာက္သာ။
''ေမာင္ဖိုးတုတ္ေရ……အေျခအေနေတြက ေျပာင္းသြားၿပီကြ''
''ဘာေတြ ေျပာင္းသြားတာလဲ..ဝန္ေထာက္မင္း''
''အလုပ္လုပ္ရမယ့္ ရက္က ငါတို႔ ထင္ထားတာထက္ ပိုေစာသြားၿပီ''
''ကြၽန္ေတာ္လည္း သတင္းစာေတာ့ ေစာင့္ဖတ္ပါတယ္။ သပိတ္ေမွာက္မယ့္ သတင္းမေတြ႕ေသးဘူး။ ငလ်င္နဲ႔ ဂႏၶီ အဖမ္းခံရတာေတြခ်ည္းပဲ''
''ေအး..အဲ့ဒီကိစၥေတြေၾကာင့္ပဲ။ အခု ဂႏၶီႀကီး အဖမ္းခံရလို႔ ငလ်င္ႀကီးလႈပ္တာလို႔ ဗမာျပည္က ကုလားေတြက ယုံၾကည္ေနၾကတယ္။ ငလ်င္နဲ႔ ဂႏၶီႀကီးကိစၥေရာေထြးၿပီး တခ်ိဳ႕ ကုလားရပ္ကြက္ေတြမွာ လမ္းေပၚမွာ ေတြ႕သမွ် ကုလားမဟုတ္တဲ့ လူမ်ိဳးေတြနဲ႔ ခဲနဲ႔ လိုက္ေပါက္ေနၾကတယ္။ အဲ့ဒါ ကုလားႏိုင္ငံေရးသမားေတြ စနက္ပဲ။ ငလ်င္ ေၾကာင့္ အစိုးရက အလုပ္ရႈပ္ေနခ်ိန္ကို အခြင့္ေကာင္းယူၿပီး ဆိပ္ကမ္းသပိတ္ကို စေမွာက္ေတာ့မယ္''
''ဘယ္ေတာ့ေမွာက္မွာလဲ''
''ေမလ ၁၀ ရက္ေန႔၊ မနက္ဖန္ပဲ..ေမာင္ဖိုးတုတ္..မင္းလူေတြကို ဒီေက်ာင္းနားတဝိုက္မွာ အဆင့္္သင့္ျပင္ထားေပေတာ့။ မနက္ျဖန္ မနက္ ၆ နာရီထိုးအတိကို ဒီဘုန္းႀကီးေက်ာင္းထဲမွာ ေလာ္လီကားဆယ္စီးထိုးေပးထားမယ္။ ဆိပ္ကမ္းအလုပ္သမားေရးရာ စတိဗီ႐ိုဌာန က ဝန္ထမ္း အေယာက္ႏွစ္ဆယ္က အသုတ္လိုက္ခြဲၿပီး ဆိပ္ကမ္းေတြ စီ ပို႔ေပးလိမ့္မယ္၊ မနက္ (၈)နာရီ ဆိပ္ကမ္းအလုပ္ေတြစခ်ိန္မွာ ကုလားကူလီေတြက သပိတ္ေမွာက္ၿပီး အလုပ္ဘယ္သူမွ ဆင္းၾကမွာ မဟုတ္ဘူး။ အဲ့ဒီအခ်ိန္မွာ မင္းလူေတြက ဆိပ္ကမ္းကူလီအလုပ္သမားေတြအျဖစ္ တရားဝင္လုပ္ငန္းခြင္ တန္းဝင္ၾက႐ုံပဲ''
ဦးခ်န္ထြန္း ၏ ေျပာစကားမ်ားကို နားေထာင္ရင္း ဖိုးတုတ္ သက္ျပင္းခ်လိုက္သည္။
''အိုေကပါ..ဝန္ေထာက္မင္း..ဒီေန႔ညကတည္းက ကြၽန္ေတာ့္လူေတြကို စုခိုင္းထားလိုက္ပါ့မယ္''
ဦးခ်န္ထြန္းႏွင့္ လမ္းခြဲၿပီးေနာက္ ဖိုးတုတ္ သည္ ဂႏၶမာေသာင္းရီ ေနထိုင္ရာ စဥ္အိုးတန္း ထဲသို႔ ထြက္လာခဲ့သည္။
အိမ္တြင္ ဂႏၶမာ မရွိ။ ဂႏၶမာ့ တပည့္ေတြသာ ရွိေန၏။
''ကိုဂႏၶမာ က အခုတေလာ ခ်ိဳင္းနားစတန္း က ဟို ေကာင္မေလးေတြ ေနတဲ့ အိမ္ဘက္ ကို ေန႔တိုင္းသြားတတ္တယ္…ဆရာဖိုးတုတ္''
ဖိုးတုတ္ က ခ်ိဳက္ဟုန္ ႏွင့္ မေသာင္းတို႔ ေနထိုင္ရာ ဘက္ဆီသို႔ ကားကို ျပန္ေမာင္းလာခဲ့လိုက္သည္။
ခ်ိဳက္ဟုန္က တဲတန္းအျပင္ဘက္ မုန႔္ဟင္းခါးဆိုင္ေလးတြင္ ထိုင္ေန၏။
ဖိုးတုတ္က ကားကို ရပ္လိုက္ၿပီး
''ခ်ိဳက္ဟုန္..ဟိုေကာင္ ဂႏၶမာ..ညည္းတို႔ အိမ္မွာလား''
ခ်ိဳက္ဟုန္က ေခါင္းညိမ့္ျပသည္။
ဖိုးတုတ္ မဂၤလာေဆာင္ပြဲၿပီးကတည္းက ခ်ိဳက္ဟုန္ ဆီ မေရာက္ျဖစ္ခဲ့။ ခ်ိဳက္ဟုန္ သူ႔အေပၚ စိတ္ခုေနသလားဟု ေတြးမိေသးသည္။
သို႔ေသာ္ အလုပ္ကိစၥက အေရးႀကီးသျဖင့္ ထိုကိစၥကို ခဏေမ့ထားလိုက္၏။
တန္းလ်ားေရွ႕သို႔ ေရာက္ေသာအခါ ကားဟြန္းကို အဆက္မျပတ္တီးလိုက္သည္။
ဂႏၶမာ ထြက္လာသည္။
''ကိုဖိုးတုတ္ႀကီး..အိမ္ထဲ မဝင္ေတာ့ဘူးလား''
မေသာင္းက လွမ္းေအာ္၏။ ဖိုးတုတ္က ေခါင္းခါျပၿပီး ဂႏၶာမာကို လက္ယက္ေခၚလိုက္သည္။
''ဂႏၶမာ..ကားေပၚတက္..အခု အေရးႀကီးၿပီ..မင္း စုထားတဲ့လူေတြကို ဒီညေန အၿပီး ေခၚေတာ့''
''ဟ..ခ်က္ခ်င္းႀကီးပါလား..ဖိုးတုတ္ရ..ခဏေနဦး..အေပၚမွာ ငါ့ ကုတ္အက်ၤ ီ က်န္ခဲ့ေသးတယ္''
''လာစမ္းပါကြာ..ေနာက္ရက္လည္း..မင္းက ဒီအိမ္ကို မလာမွာ က်ေနတာပဲ..မေသာင္းသိမ္းထားေပးပါလိမ့္မယ္''
ဂႏၶမာေသာင္းရီက ကားေပၚ တက္လိုက္သည္။
ဖိုးတုတ္က စီးကရက္ဗူးကို ကမ္းေပးလိုက္ရင္း..
''ေဆာရီးကြာ..မင္းတို႔ အခ်ိန္ေကာင္းႀကီးမွာမွ ငါက လာေခၚသလိုျဖစ္ေနမလားပဲ''
ဂႏၶမာေသာင္းရီ ရွက္သြားသျဖင့္ မ်က္ႏွာ နီရဲသြား၏။
''ဟာကြာ..ငါက မေသာင္းဆီ ႐ိုး႐ိုးသားသား သြားလည္တာပါကြ..ဘာမွ မလုပ္ပါဘူး''
''မင္းတို႔သာ ဘာမွ မလုပ္တာ။ ခ်ိဳက္ဟုန္ကိုေတာ့ မုန႔္ဟင္းခါးဆိုင္မွာ ေရွာင္ခိုင္ထားပါလားကြ..ေဟ့..ဂႏၶမာ..ဂႏၶမာ..အဖိႏွိပ္ခံ မေသာင္းေလးနဲ႔ ေတြ႕မွ ပဲ မင္း..အသဲလည္း ေႂကြဆင္းေတာ့တယ္''
''ေအးကြာ..မေသာင္းက သနားစရာေကာင္းပါတယ္။ ပညာတတ္ကေလးကြ။ ဂ်ပ္ဆင္ေကာလိပ္ ဝင္ခြင့္ ေျဖမလို႔ ရန္ကုန္တက္လာရင္း စရိတ္ပ်က္လို႔ ဂ်ပန္ဓာတ္ပုံဆိုင္မွာ ဝင္လုပ္တာတဲ့။ ဂ်ပန္နဲ႔ ႀကိဳက္ၾကၿပီး ဂ်ပန္က ဖ်က္ဆီးလို႔ ဝလို႔ ကိုယ္ဝန္နဲ႔ ထားခဲ့တာ။ ကိုယ္ဝန္ကလည္း ပ်က္က်သြားတယ္တဲ့ကြာ။ အဲ့ဒီမွာ စိတ္ဓာတ္ေတြက်ၿပီး ေလွ်ာက္သြားေနရင္း ဟိုတယ္မယ္ျဖစ္ေတာ့တာပဲ''
''ေဟ့ေကာင္ေရ..သူတို႔လိုဟာေတြ ပါးစပ္က ၿဗိတိသွ်ဘားမား႐ုပ္ရွင္ ထက္ေတာင္ ဇာတ္လမ္းမ်ိဳးစုံထြက္ေသးတယ္ဟ.. မင္း ေလွ်ာက္ယုံမေနနဲ႔ ကိုယ့္လူ''
''မဟုတ္ပါဘူး..ဖိုးတုတ္ရာ..ဒီဟာေတာ့ မေသာင္းတကယ္ေျပာတယ္ဆိုတာ ငါေသခ်ာခံစားရပါတယ္''
''ေအးကြာ..ခံစားရတယ္ဆိုလည္း ခံစားကြာ။ ခံလည္း ခံစား..အလုပ္ေလးလည္း လုပ္ဦး..ဒီည လူႏွစ္ေထာင္ေနာ္။ ဦးဝိလာသ ေက်ာင္းတဝိုက္မွာ အသင့္ရွိေအာင္ စုေပးထား။ ဟိုလို လူစုလူေဝးႀကီးျဖစ္ေအာင္လည္း မလုပ္နဲ႔ဦး အေယာက္ႏွစ္ဆယ္တတြဲေလာက္ တြဲၿပီး ေနထားခိုင္း..ဟုတ္ၿပီလား''
''စိတ္ခ် ေဟ့ေကာင္…မင္းရွာခိုင္းလို႔ ဟိုးနယ္က တက္လာၿပီး ရန္ကုန္မွာ အလုပ္လာရွာေနတဲ့ လူငယ္ေတြေရာ၊ တစ္ရက္ငါးမူးနဲ႔ ခ်ယ္ဂါလီဆြဲေနတဲ့ေကာင္ေတြေရာ၊ ကမာ႐ြတ္နဲ႔ အင္းစိန္ဘက္က လူေတြပါ ငါအသင့္္ရွာထားၿပီးသား။ မနက္က် လူစုံေနေစရမယ္''
…………………………………………………………………………………………
ေမလ (၅)ရက္ေန႔။ ရန္ကုန္ဆိပ္ကမ္းအာဏာပိုင္႐ုံး။
''ရန္ကုန္ဆိပ္ကမ္း မွ ကူလီလုပ္သားမ်ားအား တစ္ရက္လွ်င္ ေငြႏွစ္က်ပ္ေပးရန္ ေတာင္းဆိုထားေသာ ဆိပ္ကမ္းကူလီမ်ားသမဂၢ ၏ စာကို အေၾကာင္းမျပန္ခဲ့သျဖင့္ ယေန႔မွစတင္ၿပီး ရန္ကုန္ဆိပ္ကမ္းအားလုံးမွ ကူလီမ်ား အလုပ္မဆင္းေတာ့ပဲ သပိတ္ေမွာက္လိုက္ၿပီျဖစ္ေၾကာင္း'' ေၾကညာခ်က္ကို ဆိပ္ကမ္းကူလီမ်ား သမဂၢ ေခါင္းေဆာင္ နာရယန္းဆင္ က စတိဗီ႐ိုဌာနသို႔ ေပးပို႔ကာ သပိတ္တိုက္ပြဲ စတင္လိုက္ေလသည္။
ရန္ကုန္ရွိ ဆိပ္ကမ္းအသီးသီးတြင္ အေျခအေနကို ေစာင့္ၾကည့္ေနၾကေသာ သပိတ္စခန္းမွ ေခါင္းေဆာင္အခ်ိဳ႕မွ လြဲၿပီး ဆိပ္ကမ္းတစ္ခုလုံး တိတ္ဆိတ္ေနသည္။
ယခင္က ကုန္တင္ကုန္ခ် အလုပ္သမားမ်ားႏွင့္ ဆူညံရႈပ္ေထြးေနေသာ ဆိပ္ကမ္းလုပ္ငန္းမ်ား လုံး၀ ရပ္နားေနၾကသည္။
ေဂၚရင္ဂ်ီကူလီသပိတ္ေခါင္းေဆာင္မ်ားသည္ သူတို႔ အလုပ္ရွင္ျဖစ္ေသာ ဆင္းဒီယားပင္လယ္ေရေၾကာင္း ကုမၸဏီအပါအဝင္ ဆိပ္ကမ္းအာဏာပိုင္မ်ား အၾကပ္႐ိုက္ေနၿပီဟု ယုံၾကည္ကာ ပီတီျဖစ္ေနၾက၏။
သို႔ေသာ္..နံနက္ (၁၀)နာရီတြင္ ေလာ္လီကားမ်ား အသီးသီး ထိုးစိုက္လာၿပီး ကားေပၚမွ ဗမာလူမ်ိဳးမ်ားစြာ အသုတ္လိုက္ဆင္းလာၾကသည္။
သူတို႔ေရာက္သည္ႏွင့္ တၿပိဳင္နက္ ဆိပ္ကမ္းမွ လုပ္ငန္းဆိုင္ရာအသီးသီးမွ အရာရွိမ်ားက လူခြဲေဝယူသြားၿပီး ကူလီလုပ္ငန္းမ်ား ျပန္လည္လည္ပတ္လာသည္။
ေဂၚရင္ဂ်ီသပိတ္ေခါင္းေဆာင္မ်ားမွာ သူတို႔မ်က္စိေရွ႕တြင္ပင္ ႐ုတ္တရက္ ေပၚလာေသာ ဗမာကူလီမ်ားကို ၾကည့္ကာ အၾကပ္႐ိုက္ကုန္ၾကသည္။
ကူလီသမဂၢေခါင္းေဆာင္ တာဝန္ကို ယူထားေသာ နာရယန္းဆင္သည္ ပု႑ားဘထြန္း၏ တပည့္တစ္ဦးျဖစ္ၿပီး ပု႑ားဘထြန္းေက်ာေထာက္ေနာက္ခံျဖင့္ ကူလီသမဂၢကို ဖြဲ႕ထားသူျဖစ္သည္။
ပု႑ားဘထြန္းအား ဟိႏၵဴႏိုင္ငံေရးသမား လႊတ္ေတာ္အမတ္ မစၥတာ အက္စ္ဗီေဂ်း က ေငြေၾကးေထာက္ပံ့ၿပီး ကူလီသပိတ္ျဖစ္ေအာင္ ဖန္တီးခိုင္းထားျခင္းပင္။
နာရယန္းဆင္က လန္ခ်ားတစ္စီးေပၚ ခ်က္ခ်င္းတက္ကာ ပု႑ားဘထြန္း အိမ္ရွိသည့္ လမ္းမေတာ္ (၁၁)လမ္းသို႔ အေျပးအလႊားသြားေလေတာ့သည္။
ပု႑ားဘထြန္းအိမ္တြင္ အျခား သပိတ္ေစာင့္ၾကည့္ေရး အဖြဲ႕မ်ားလည္း ေရာက္ေနၾကၿပီျဖစ္သည္။
ပု႑ားဘထြန္း က မစၥတာအက္စ္ဗီေဂ်း ထံ ဖုန္းခ်က္ခ်င္းေခၚလိုက္၏။
ျပသနာကား စေပၿပီ။
…………………………………………………………………………………………
ေမလ (၂၆)ရက္။
လမ္းမေတာ္ဖိုးတုတ္ ႏွင့္ မသင္းျမ တို႔သည္ ဦးဝိလာသေက်ာင္းတြင္ ဒုလဘၻရဟန္းဝတ္ေနသည့္ ဦးေလး ဦးဘိုးသင္အား ဆြမ္းကပ္ၿပီးေနာက္ ေက်ာင္းဝန္းအတြင္း သရက္သီးခူးေပးေနသည့္ ကိုရင္မ်ားကို ေစာင့္ဆိုင္းေနၾကသည္။
ထိုအခ်ိန္တြင္ ေက်ာင္းဝန္းအတြင္းသို႔ ကားတစ္စီး အရွိန္ျဖင့္ ေမာင္းဝင္လာသည္။
လမ္းမေတာ္ဖိုးတုတ္အမိန႔္ျဖင့္ ဆိပ္ကမ္းမ်ား အလုပ္သမားမ်ားကို တာဝန္ခံေစာင့္ေရွာက္ေပးေနရသူ ထြန္းတင္။
''ဆရာဖိုးတုတ္..ဆရာဖိုးတုတ္..႐ိုက္ကုန္ၾကၿပီ…႐ိုက္ကုန္ၾကၿပီ''
''ဘာလဲ..ထြန္းတင္..ဘာလဲ..''
''ဆိပ္ကမ္းမွာ ကုလားကူလီေတြနဲ႔ ကြၽန္ေတာ္တို႔ ထည့္ေပးထားတဲ့ ကူလီေတြ ႐ိုက္ကုန္ၾကၿပီ''
''ဟာ..ဘယ္လိုျဖစ္တာလဲ''
''ဒီေန႔မနက္မွာ ကြၽန္ေတာ္တို႔ ကူလီေတြ…အလုပ္သြားဆင္းေတာ့..ဆင္းဒီယားကုမၸဏီက ျမန္မာေတြကို အလုပ္ျဖဳတ္လိုက္ၿပီေျပာတယ္..ကုလားေတြက သပိတ္ျပန္လွန္လိုက္လို႔ ကုလားေတြကို ႏွစ္က်ပ္ေပးၿပီး အလုပ္ျပန္ခန္႔္လိုက္တယ္တဲ့''
ဖိုးေတာက္ ေဒါသ ငယ္ထိပ္ေရာက္သြားသည္။
''ဘာလဲကြ..ဒီေကာင္ေတြ…သူတို႔ အခက္အခဲျဖစ္ေနလို႔ ငါတို႔က ကူညီေပးရေသးတယ္။ အခု ငါရွာေပးတဲ့လူေတြကို ဒီလို ျပန္ျဖဳတ္ပစ္လိုက္တယ္ေပါ့….ထြန္းတင္ အခုခ်က္ခ်င္း ျပန္ၿပီး ငါ့လူေတြ အကုန္စုထား။ ဂႏၶမာ၊ အုံးေဖ၊ ငၫြန႔္ ၊ စံဘ အကုန္လုံး ငါ့အိမ္မွာ ေစာင့္ခိုင္း၊ ငါအခု ျပန္လာၿပီ၊ သြား အျမန္သြား''
ထြန္းတင္ က ကားကို ေမာင္းထြက္သြားသည္။
''ဘာျဖစ္တာလဲ..ကိုဖိုးတုတ္..ဘာေတြ ျဖစ္ကုန္တာလဲ''
''ဘာမွ မဟုတ္ပါဘူး..မသင္းျမ..အလုပ္ကိစၥပါ.ကဲ..ကားေပၚတက္..ကိုယ္ အခုလိုက္မွရမယ္''
''ေဟ့ေကာင္..ဖိုးတုတ္..ခဏေနဦး''
ထိုစဥ္ ဘုန္းႀကီးေက်ာင္းေပၚမွ ရဟန္းဝတ္ျဖင့္ ဦးဘိုးသင္ က ဆင္းလာသည္။
''ဦးဇင္းႀကီး..အလုပ္ကိစၥရွိေနလို႔..ဘုရား..ေနာက္ရက္မွ ျပန္လာခဲ့ပါ့မယ္''
''ငါက ေနဆို ေနဦးကြ… ခုန မင္းတပည့္ လာေျပာတာ ငါအကုန္ၾကားတယ္။ မင္းဘာလုပ္ေနတယ္ဆိုတာ လည္း ငါ ခန႔္မွန္းမိတယ္။ မင္းကို ငါ မၾကာခဏမွာတယ္ေလကြာ။ မိုက္တယ္ဆိုတာ ဉာဏ္နဲ႔ ယွဥ္ၿပီး မိုက္ရတယ္လို႔…အခု မင္းေဒါသ အရမ္းထြက္ေနတယ္..ဘယ္မွ မသြားနဲ႔ဦး..ကားေပၚက ဆင္း''
ဖိုးတုတ္က ဦးဘိုးသင္ ကို ဂ်ိဳၾကည့္ၾကည့္ေနသည္။
''ေဟ့ေကာင္..ဆင္းဆို ဆင္းကြာ''
''ကဲ..ဦးဇင္းႀကီး ေျပာေနတာ.ဆင္းလိုက္ပါ..ကိုဖိုးတုတ္ရယ္..ဘုန္းႀကီးေက်ာင္းႀကီးထဲ တူဝရီးခ်င္းေတြ မေကာင္းပါဘူး''
ဖိုးတုတ္က ကားေပၚက ဆင္းလိုက္သည္။
''လာ..ဒကာဖိုးတုတ္..ဒီမွာ ခဏထိုင္ဦး''
ရဟန္းဝတ္ျဖင့္ ဦးဘိုးသင္ က ဖိုးတုတ္ကို လက္စြဲကာ သရက္ပင္ေျခရင္း ကြပ္ျပစ္တြင္ ထိုင္ခိုင္းလိုက္သည္။
''အခု အေျခအေနက ကူလီအခ်င္းခ်င္း ႐ိုက္ပြဲတင္ ရပ္သြားမွာမဟုတ္ဘူး..ဖိုးတုတ္။ ငါ မေန႔က ကတည္းက ေက်ာင္းက ကိုယ္ေတာ္ေတြကို တီးေခါက္ၾကည့္ၿပီးသြားၿပီ။ ဒီေက်ာင္းမွာ ဘိုတစ္ေကာင္ရယ္၊ ဦးခ်န္ထြန္းရယ္၊ မင္းရယ္ တိုးတိုးတိုးတိုးနဲ႔ အစည္းအေဝးလာလုပ္ၾကတယ္တဲ့။ မင္းလူေတြလိုက္စုေနကတည္းက ဆိပ္ကမ္းမွာ တခုခုျဖစ္ေတာ့မယ္ဆိုတာ ငါသိတယ္။ အခုခ်ိန္မွာ မင္းက အဲ့ဒီ႐ိုက္ပြဲႀကီးထဲ သြားဝင္ပါရင္ မင္းကို ခိုင္းတဲ့ ေကာင္ေတြက မင္းကို ထိုးေကြၽးသြားလိမ့္မယ္ကြ''
''ကြၽန္ေတာ္ ႐ိုက္ပြဲထဲ ပါမလို႔ မဟုတ္ဘူး..ဦးေလး..အင္း..ဦးဇင္း..ကြၽန္ေတာ့္ကို လူေတြစုခိုင္းတုန္းက စုခိုင္းၿပီး အခုက် အလုပ္ျဖဳတ္ပစ္လိုက္တဲ့ ေကာင္ေတြကို သြားပညာေပးမလို႔..သူတို႔က ကြၽန္ေတာ့္စကားယုံၿပီး ကူလီ ထမ္းဖို႔ လာၾကတာ..အခုဟာက ေလးငါးဆယ္ရက္နဲ႔ အလုပ္ျဖဳတ္ပစ္ၿပီး ဟိုကုလားေတြကို ျပန္ခန႔္တယ္ဆိုေတာ့ ကြၽန္ေတာ့္ကို ေစာ္ကားတာဗ်..ကြၽန္ေတာ့္ကို ဒီေကာင္ေတြ ေခြးျဖစ္ေအာင္ လုပ္လိုက္တာ.. လမ္းမေတာ္ဖိုးတုတ္ဆိုတာ ေစာက္ေပါႀကီးပါကြာ..သူ႔စကားယုံမိရင္ ငါးပါးေမွာက္မယ္ ဆိုတာမ်ိဳး ကြၽန္ေတာ္ အေျပာမခံႏိုင္ဘူး''
''ေနဦး ဖိုးတုတ္…ေနဦး..မင္းကို လာေတြ႕ေနတဲ့ ဘိုေကာင္က ဘယ္သူလဲ။ ဘာလဲ''
''ဦးဇင္းမို႔ တပည့္ေတာ္ ေျပာျပမယ္..သူ႔ကို ဦးခ်န္ထြန္းေခၚလာေပးတာပဲ..မစၥတာတီကူးပါးတဲ့။ ပါလီမန္အမတ္ထဲကပဲ။ သူက ျပည္ထဲေရးအတြင္းဝန္ျဖစ္မယ့္သူလို႔လည္းေျပာတယ္..အခု ဒီေကာင္ႀကီးေတြက ကြၽန္ေတာ့္ကို ကလိန္က်ၿပီး ေစာက္ရွက္ခြဲၿပီဗ်..သိလား..ဦးေလးရ''
ဦးဘိုးသင္ က သဃၤန္းကို လက္ျဖင့္ ပတ္တင္လိုက္ရင္း မ်က္ေစ့ႏွစ္လုံးကို မွိတ္ထားလိုက္သည္။ထို႔ေနာက္..
''မင္း..ေခြးမျဖစ္ဘူး..ဖိုးတုတ္..မင္းေခြးမျဖစ္ဘူး..ဒီျပသနာႀကီးတစ္ခုလုံးကို သူတို႔ စနစ္တက် ေသခ်ာေပါက္ ဖန္တီးခဲ့တာပဲျဖစ္မယ္…ငါအႀကံေပးခ်င္တာကေတာ့ အခုေလာေလာဆယ္ မင္းဒီျပသနာနဲ႔ ခပ္ေဝးေဝးေနပါ.. ဦးခ်န္ထြန္းတို႔ မင္းကို ဆက္သြယ္လာတဲ့အထိ ေစာင့္သင့္တယ္..ကဲ..သင္းျမ..သမီး..ဖိုးတုတ္ကို အိမ္ေခၚသြား.. သူ႔တပည့္ေတြကိုလည္း ခု ဦးဇင္း ေျပာတာေတြ ျပန္ေျပာျပလိုက္ဟုတ္ၿပီလား''
''မလိုဘူး..ဦးဇင္း..တပည့္ေတာ္ တပည့္ေတြ တပည့္ေတာ္ ေျပာရင္ ၿပီးတယ္..လာ မသင္းျမသြားမယ္''
ဖိုးတုတ္က ပိုးပုဆိုး ကို ခပ္တိုတိုျပင္ဝတ္ကာ မသင္းျမ လက္ကို ဆြဲလ်က္ ကားေပၚတက္ကာ ေမာင္းထြက္သြား၏။
''ဒီအေျခအေနကာလမွာ ရွင့္ဦးေလးစကားကို ရွင္နားေထာင္သင့္တယ္..ကိုဖိုးတုတ္''
မသင္းျမ က ကားေမာင္းေနေသာ ဖိုးတုတ္၏ လက္ေမာင္းကို ဆုပ္ကိုင္ရင္းေျပာလိုက္သည္။
…………………………………………………………………………………..
အိမ္သို႔ ေရာက္ေသာအခါ ဖိုးတုတ္ တပည့္မ်ား အစုံအလင္ေရာက္ေနၾကသည္။
''ဆရာဖိုးတုတ္..ဆိပ္ကမ္းတစ္ခုလုံး ေျဗာင္းဆန္ေနၿပီ။ အနီးအနားရပ္ကြက္ေတြအထိ ႐ိုက္ပြဲက ဆက္ကုန္ၿပီဗ်''
ငၫြန႔္က ဆီးေျပာသည္။
''အေျခအေန အေသးစိတ္က ဘယ္လိုလဲ ငၫြန႔္''
''႐ိုက္ပြဲစျဖစ္ေတာ့ ဗိုလ္တစ္ေထာင္မွာ ကုလားေတြကအားသာတယ္။ ဗမာကူလီဆယ္ေယာက္ေသတယ္ၾကားတယ္။ အခု လမ္းမေတာ္ဘက္မွာက် ကုလားေတြ အေသမ်ားတယ္။ ဗိုလ္တစ္ေထာင္ဆိပ္ကမ္းကို ရပ္ကြက္ထဲက ဗမာေတြ ဝိုင္းလိုက္ၾကၿပီ''
''ကလင္..ကလင္..ကလင္''
''ဆရာႀကီးရွင့္..ပုလိပ္ဦးဟုတ္ဂြမ္တဲ့''
အေစခံမေလးက လာေျပာသျဖင့္ ဖိုးတုတ္က ဖုန္းထကိုင္လိုက္သည္။
ခဏအၾကာ အခန္းတြင္း ျပန္ဝင္လာ၏။
''အေျခအေနက အေတာ္ဆိုးေနၿပီ။ ဦးဟုတ္ဂြမ္ အေျပာအရဆို ၾကည့္ျမင္တိုင္ဘက္ ရပ္ကြက္ေတြ အထိျဖစ္ေနၾကၿပီတဲ့။ ဒီမယ္ ငါေျပာမယ္..ငါ့တို႔လူေတြစုလိုက္။ ငါ့အမိန႔္မရပဲ တစ္ေယာက္မွ ဒီပြဲထဲ ဝင္မပါရဘူးလို႔။ ၿပီးရင္ လမ္းမေတာ္က ငါတို႔အပိုင္ လမ္းေတြအလိုက္ လုံၿခဳံေရးအဖြဲ႕ေတြခြဲခ်မယ္။ ဂႏၶမာ အဲ့ဒါကို မင္းေသခ်ာလုပ္လိုက္။ ငါအခု အိတ္စပက္ေတာ္ ဦးဟုတ္ဂြမ္ဆီ သြားမယ္။ စံဘ မင္းလိုက္ခဲ့။ ပုဆိန္ႏွစ္လက္ကားေပၚတင္ခဲ့။ မသင္းျမ …အိမ္ေပၚမွာ ခ်ိတ္ထားတဲ့ အကို႔ငွက္ႀကီးေတာင္ ယူေပးပါဦး''
မသင္းျမက အိမ္ေပၚ ေျပးတက္သြားၿပီးေနာက္.ငွက္ႀကီးေတာင္ဓါးကို ယူကာ ဖိုးတုတ္အား ေပးလိုက္သည္။
''ကိုဖိုးတုတ္..တစ္ခုခုဆို စဥ္းစားပါေနာ္..ကိုဖိုးတုတ္ တစ္ခုခုျဖစ္သြားရင္ ကြၽန္မရင္ကြဲမွာ''
''စိတ္ခ်ပါ မသင္းျမရယ္..မသင္းျမ ရင္ကြဲလို႔မရဘူး..အဲ့ဒီ ရင္ကေလးက ကိုဖိုးတုတ္ အေမာေျဖရမွာ..ကဲ..သြားၿပီ''
…………………………………………………………………………………….
''စံဘ..လမ္းမွာ ရီးတီးရားတားလာလုပ္တဲ့အေကာင္မွန္သမွ် ဆင္းသာ ခုတ္ကြာ''
ေဂၚဒြင္လမ္းတြင္ ဗမာလူအုပ္ႀကီးတစ္စု ဓါးတဝံ့ဝံ့ျဖင့္ တက္သြားသည္မွလြဲၿပီး မည္သည့္ အတားအဆီးမွ မေတြ႕ခဲ့။
အေနာက္ပိုင္းခ႐ိုင္ ပုလိပ္႐ုံးတြင္ ပုလိပ္အေစာင့္မ်ား ထူထပ္စြာခ်ထားသည္။
''အိတ္စပက္ေတာ္မင္း ဦးဟုတ္ဂြမ္က ေခၚထားလို႔ပါ..လမ္းမေတာ္ဖိုးတုတ္ပါ''
လမ္းမေတာ္ဖိုးတုတ္ဆိုသည္ႏွင့္ ပုလိပ္႐ုံးတံခါးမ်ားက ပြင့္သြားၾကသည္။
''ဖိုးတုတ္..ငါ့ဆီကို မနက္က ပဲ ဦးခ်န္ထြန္း ဖုန္းဆက္တယ္။ မင္းကို ဒီ႐ုံးကို ခဏေခၚထားေပးပါဆိုလို႔''
''ဟင္..ဘာျဖစ္လို႔လဲ''
''ငါလည္း မသိဘူးေလကြာ။ ငါလည္း သူ႔အမိန႔္နာခံရတဲ့ေကာင္ပဲ။ ညေနအထိ ငါ့႐ုံးမွာ မင္းကို ထိုင္ခိုင္းထားပါတဲ့။ ညေန ေလးနာရီ ႐ုံးဆင္းခ်ိန္မွ ျပန္လႊတ္လိုက္တဲ့..မင္းကို အိတ္စပက္ေတာ္ခန႔္ဖို႔မ်ားလားကြာ..ဟားဟား''
'အျပင္မွာ ကြၽန္ေတာ့္ညီ စံဘ က်န္ခဲ့တယ္''
''ရတယ္..ပုလိပ္သားတစ္ေယာက္နဲ႔ထြက္ေျပာခိုင္းၿပီး ျပန္ခိုင္းလိုက္မယ္။ ညေနက် ငါ့ကားနဲ႔ လိုက္ပို႔ပါ့မယ္ကြာ''
''ခင္ဗ်ားတို႔ဟာက ရႈ႕ပ္ေနတာပဲဗ်ာ..ဒီလိုအေျခအေနႀကီးမွာ''
''ဖိုးတုတ္ေရ..ငါက မရႈပ္ဘူးဟ..မင္းနဲ႔ မင္းဆရာ ဦးခ်န္ထြန္း ရႈပ္ေနတဲ့အထဲ ငါက ၾကားညႇပ္ေနတာ.. မင္းတို႔ ဘာေတြလုပ္ေနမွန္းငါမသိဘူး..ဒါေပမယ့္.. ဒီေန႔ေတာ့ ညေနအထိ ငါ့အခန္းထဲ ထိုင္ေနေပးပါကြာ..ငါတို႔ လည္ းအလုပ္မ်ားေနတယ္..ကူလီေကာင္ေတြ ေပးတဲ့ ေစာက္ဒုကၡေတြေဟ့..ေစာက္ဒုကၡေတြ''
ထိုအခ်ိန္တြင္ ႐ုံးခန္းအတြင္းသို႔ ယူနီေဖာင္းအျပည့္အစုံဝတ္ထားသည့္ ပုလိပ္အရာရွိတစ္ဦး ဝင္လာသည္။
''ကဲ..ဖိုးတုတ္..ငါမိတ္ဆက္ေပးရဦးမယ္..ဒါက ရာဇဝတ္အုပ္ ကိုခင္ေမာင္ တဲ့။ ပဲခူးဘက္က ေျပာင္းလာတာ။ ဒီေန႔ေတာ့ ငါက အျပင္ထြက္ၿပီး ဟိုကူလီ႐ိုက္ပြဲကို ႏွိမ္နင္းရဦးမယ္။ မင္း အေဖာ္ရေအာင္ ဒီအခန္းထဲမွာ သူက စကားေျပာေပးလိမ့္မယ္..ဒါပဲ သြားၿပီေဟ့''
ဖိုးတုတ္က အသားညိဳညိဳ၊ မ်က္လုံးမ်က္ဖန္ေကာင္းေကာင္း၊ ခႏၵာကိုယ္ေတာင့္ေတာင့္ ျဖင့္ ရာဇဝတ္အုပ္ကို ရႈတည္တည္ျဖင့္ ၾကည့္လိုက္သည္။
''ကြၽန္ေတာ္ ခင္ေမာင္ပါ။ ကိုဖိုးတုတ္ နာမည္ကေတာ့ ဒီအေနာက္ပိုင္းပုလိပ္႐ုံးကို စေျပာင္းတာနဲ႔ ၾကားရေတာ့တာပဲ..ေတြ႕ရတာ ဝမ္းသာပါတယ္ဗ်ာ''
ဖိုးတုတ္က ကိုခင္ေမာင္ကမ္းေပးေသာ လက္ကို ျပန္ႏႈတ္ဆက္လိုက္သည္။
''ဒါနဲ႔ ကိုဖိုးတုတ္..လူဘယ္ႏွစ္ေယာက္သတ္ဖူးလဲ''
''ဟမ္…''
ဖိုးတုတ္က ရာဇ၀တ္အုပ္ကို မ်က္ေမွာင္ႀကဳံ႕လ်က္ ၾကည့္လိုက္သည္။
…………………………………………...............................................
ခက္ေဇာ္
အခန္း (၈) ဆက္ရန္
Clicked✅
ReplyDelete💙
ReplyDeleteDone 💪
ReplyDeleteရုပ်ပြလည်း ဖတ်ချင်တာ အချိန်ကမရှိ 😥
ReplyDeleteကျေးဇူးပါ
ReplyDeleteDone 🍀
ReplyDeleteမိုက်တယ်ဗျာ🤤🐬🐬
ReplyDeleteDone 🤍
ReplyDelete