TGOR (အခန်း ၃)
The Guys of Yangon,1930 (2)
……………………
အခန်း(၃)
……………
''ကိုဖိုးတုတ်..ကျွန်တော့်ကို ဘကြီးဘိုးသင် လွှတ်လိုက်တာပါ''
''အေး..ငါ မနက်က ဦးလေးဆီက စာရတယ်..ဒါနဲ့ မင်း နာမည် ဘယ်လိုခေါ်လဲ''
''စံဘ ပါ''
''ဟုတ်ပြီ..ထိုင်ကွာ''
အသားကမဲမဲ။ လူကောင်က သေးညှက်ညှက်။ သျှောင်ပေစူးပင် မဖြုတ်ရသေး။
ထိုဆယ်ကျော်သက် လူငယ်က ဖိုးတုတ်တို့ စားပွဲတွင် ဝင်ထိုင်သည်။
''ကဲ..စံဘ..မေးပါရစေဦးကွာ…မင်းဘာလို့ လူသတ်ခဲ့တာတုန်း''
''ကျွန်တော့် နွားကို.လေးခွနဲ့ ပစ်ထည့်တာ မျက်လုံးမှန်သွားတယ်ဗျ…ပထမတစ်ခါကလည်း ကျွန်တော့် ကို ဒီကောင်လေးခွ နဲ့ ချိန်ပြီး ဆဲသေးတယ်..ဒီတစ်ခါတော့ မရတော့ဘူးဆိုပြီး… ဓါးမနဲ့ဝင် ပိုင်းထည့်တာ..ဇတ်ကို ပြတ်ရောဗျ''
''အေး..ကြိုက်ပြီကွာ..စံဘ..ဟုတ်ပြီ..စံဘ။ မင်းက ငါနဲ့ တစ်ရွာတည်းသားဆွေမျိုးတွေဆိုတော့ ငါ့မှာ မင်းကို ကူညီရမှာပေါ့။ ညီအကိုအရင်းလိုပဲ မှတ်ပါတယ်ကွာ ။ ပုလိပ်ကိစ္စနဲ့ပတ်သက်လို့ကတော့ ဒီနယ်မြေထဲ ငါတတ်နိုင်သလောက်တော့ ရှင်းလင်းပေးထားမယ်..ဟုတ်ပြီလား… ကဲ..ဂန္ဒမာရေ…ဒီတောသားကို ဒီည ချိုင်းနားစတန်းကို လိုက်ပို့ပြီး မြို့နိဗ္ဗာန် ကို ပြပေးလိုက်ကွာ..ငါနဲ့ အုန်းဖေက ဒီည အေးရွာဘက် ကမ်းကိုကူဖို့ရှိလို့..စိတ်ချမယ်နော်''
''အေးပါ..ဖိုးတုတ်ရာ..မင်းတောသားကို ဟိုတရုတ်ဝတုတ်မလေး ချိုက်ဟုန်နဲ့ ငါ လွှတ်ပေးလိုက်မယ်''
''ဟိတ်ကောင်…ချိုက်ဟုန်တော့ မထိနဲ့ကွာ.. တောသားရဲ ဆွဲထုတ်တဲ့..ဒီကောင်နဲ့ ချိုက်ဟုန် ဆို ကလေးမ သနားဖို့ကောင်းပါတယ်ကွာ..အေး..ဒါနဲ့ အဲ့ဒီကို မဝင်ခင်..ဟိုဖာရစီ အာမက် ရဲ့ ဘိန်းခန်းကို ဝင်ပြီး ဒီလအတွက် ငွေယူခဲ့ဦး..ပြီးရင် ဘသိန်းဆီ စာရင်းနဲ့ သေချာပြန်အပ်''
''ဟုတ်ကဲ့ပါ..ဆရာဖိုးတုတ်ရယ်….ဟုတ်ကဲ့ပါ..''
ဖိုးတုတ် သည် သူ၏ နယ်မြေဧရိယာသေးသေးလေးကို တဖြည်းဖြည်းချင်း ချဲ့ထွင်လာခဲ့ပြီဖြစ်သည်။
ဂန္ဒမာသောင်းရီ၊ အုန်းဖေ၊ ငညွန့် စသော လက်ရဲဇက်ရဲလူငယ်များမှာ ဖိုးတုတ်ထံတွင် အမာခံရှိနေပြီဖြစ်သည်။
ပုဏ္ဍားကျော်ထွန်း ကဲ့သို့ နှံံ့နှံ့စပ်စပ်ရှိသည့် လူလည်လူမိုက်လေးများကလည်း ဖိုးတုတ်၏ အရိပ်အောက်ကို ခိုလှုံလာကြသည်။
ယခု ဖိုးတုတ်၏ ဇာတိ ကမာစဲကျေးရွာမှ လူသတ်ပြီး ပြေးလာခဲ့သည့် ညီဝမ်းကွဲ စံဘ သည်လည်း ဖိုးတုတ်အတွက် အင်အားဖြည့်ရန် ရောက်လာခဲ့ပြန်သည်။
လမ်းမတော်အနောက်ဘက်ခြမ်းနှင့် ကမ်းနားတဝိုက်အချို့နေရာများတွင် ပုဏ္ဍားဘထွန်း၏ ဆုတ်ခွာနေရပြီး ဖိုးတုတ်၏ လူများက တဖြည်းဖြည်း နေရာချဲ့ယူနေကြသည်။
ပုဏ္ဍားဘထွန်းမှာလည်း ဖိုးတုတ်သတင်းကို ကြားသော်လည်း မတ်စတီးခန်း နှင့် ကိစ္စကို သာ အာရုံစိုက်နေသဖြင့် ဖိုးတုတ်တို့အား ခဏတာ လာလောင်သည့် မီးညွှန့်လေးတွေအဖြစ် သာ သဘောထားသည်။
ဖိုးတုတ် ကတော့ အနာဂတ် အင်ပါယာတစ်ခုအတွက် တစ်လှမ်းချင်း ချီတက်လျက်။
…………………………………………………………………………………………
တိတ်ဆိတ်ခြင်းသည် အမှောင်ထုထဲ မင်းမူနေသည်။
ကြည့်မြင်တိုင်ဆိပ်ကမ်းတစ်လျှောက် ရန်ကုန်မြစ်ဘက်ဆီမှ ပဲချိတ်သံလေးများ က ဟိုတချက် ဒီတချက် ကြားနေရသည်။
ထီးတန်းဆိပ်ကမ်းဘက်သို့ ကပ်လာသည့် ငှက်သဗ္ဗာန်ပေါ်မှ လူနှစ်ယောက် ဆင်းလာသည်။
တစ်ဦးကား အရပ် ငါးပေ ရှစ်လက်မခန်၊ ခေါင်းတုံးဆံတောက်နှင့် ချပ်ချပ်ရပ်ရပ်။
တစ်ဦးကား တုတ်တုတ်ခိုင်ခိုင်၊ ဂင်တိုတိုဖြင့် ခေါင်းပေါင်း ပေါင်းထားသည်။
ဆိပ်ကမ်းတွင် ဆိုက်ထားသည့် သဗ္ဗာန်များ၏ အလင်းရောင်ကို လွန်လာသည်နှင့် လမ်းမဘက်ဆီတွင် မှောင်မဲနေသည်။
''နောင်ကြီးတို့ ဘယ်က ပြန်လာကြတာလဲ''
တဖက်ကမ်းမှာ ပြန်လာကြသော ထိုလူနှစ်ယောက်ကို ကားတစ်စီးဖြင့် စောင့်နေသည့် ပုလိပ်သားများထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူက လှမ်းမေးလိုက်သည်။
''သြော်..ကျွန်တော်တို့ အေးရွာဘက်က မိတ်ဆွေတစ်ယောက် မင်္ဂလာဆောင်သွားပြီ ပြန်လာတာပါ..ပုလိပ်မင်းတို့''
ခေါင်းတုံးဆံတောက်နှင့် လူက ရိုရိုသေသေ ပြန်ဖြေသည်။
ပုလိပ်သားနှစ်ယောက်က ဂင်တိုတို လူငယ်ထံသို့ တိုးကပ်သွား၏။
''ဒါနဲ့..ဖိုးတုတ် ဆိုတာ မင်းလား''
''သူမဟုတ်ဘူး..ကျုပ်''
ခေါင်းတုံးဆံတောက်နှင့် လူငယ်က ထဖြေလိုက်သည်။
''အေး..ဒါဆို မင်းကို မာမွတ်ကို ရိုက်မှုနဲ့ ဖမ်းလိုက်ပြီ''
အုန်းဖေက သူ့ခါးကြားတွင် ထိုးထားသော ဓါးမြှောင်ကို ရုတ်တရက်ထုတ်ရန် ပြင်လိုက်သည်။
''အုန်းဖေ..မလုပ်နဲ့…မလုပ်နဲ့..စိတ်အေးအေးထား''
ဖိုးတုတ် တားလိုက်သဖြင့် အုန်းဖေက က မူမပျက် ပြန်နေလိုက်သည်။
''ခင်ဗျားတို့..ဘယ်ဂါတ်ကလဲ''
''ငါတို့ ပန်းဆိုးတန်းဂတ်က''
လက်မောင်းတွင် သုံးရစ်ကပ်ထားသော ပုလိပ်က ဆာဂျင်က ဖိုးတုတ် ကို လက်ထိပ်ခတ်လိုက်သည်။
ကျန်သည့် ပုလိပ်သားနှစ်ယောက်က ဖိုးတုတ်ကို ကားပေါ် ဆွဲတင်သည်။
''အုန်းဖေ..မိုးလင်းတာနဲ့ ဦးလေးဘိုးသင် ဆီသွား၊ ပြီးရင့် ငါ့ကို ပန်းဆိုးတန်းဂတ်မှာ လာတွေ့လို့၊ ဒီကိစ္စ အမေ ဘာမှ မသိစေနဲ့။ ငါခရီးထွက်သွားတယ်လို့ ပြောထား၊ကြားလား''
ကားက ဝေါခနဲ မောင်းထွက်သွားသည်။
အုန်းဖေ လည်း လမ်းမတော်ဖက်ဆီသို့ ခပ်သုတ်သုတ်လျှောက်သွားတော့သည်။
…………………………………………………………………………………………
''ဆလံမာလေးကွန်းပါ…ဂွတ်အာဖတန်းနူး..မင်္ဂလာပါ..ကောင်ကလေး''
ဖိုးတုတ် မျက်လုံးကို အားယူဖွင့်ကြည့်လိုက်သည်။
သူ့မျက်ခွံတွေ လေးလံနေ၏။
နှာခေါင်းတွေ ယားယံနေသလို မျက်နှာ့အနှံ့လည်း နာကြင်နေသည်။
ဖိုးတုတ် အားယူပြီး မျက်လုံးကို ဖွင့်ကြည့်၏။ ဘယ်ဘက်မျက်လုံးတွင် သွေးစတို့ဖြင့် စေးကပ်နေသဖြင့် ဖွင့်မရ။
ညာဘက်မျက်လုံးကတော့ ဖြည်းဖြည်းချင်း ပွင့်လာသည်။
သူ့ရှေ့တွင် ကျွန်းကုလားထိုင်ကြီးဖြင့် ထိုင်နေသူ တစ်ယောက်။
ရွှေချထားသော သက္ကလပ်ဦးထုပ်ကို ဆောင်းထားပြီး အင်္ဂလိပ် အိုင်စီအက်စ်များ ကိုင်လေ့ရှိသည့် တုတ်ကောက် တစ်ချောင်းကို ကိုင်ထားသည်။
''ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ..ကောင်လေး.အိုင်အမ်သကင်းအော့ဖ် ရန်ဂွန်း.ငါဟာ ရန်ကုန်ရဲ့ ဘုရင်ကြီးပါ။ မတ်စတီးခန်းပါ''
''မာမွတ်ဘိုင်က ခုထိ မထနိုင်သေးလို့ မင်းအခုလို မျက်လုံးတစ်လုံးနဲ့ ငါ့ကို ဖူးမြင်ခွင့်ရတာကွ။ မာမွတ်ဘိုင်ကို ကျေးဇူးအရင်တင်လိုက်။ ပြီးရင်တော့ မင်း အလ္လာ့ကို ကျေးဇူးတင်။ ဘာလို့လဲဆိုတော့ မင်းဟာ မာမွတ်ဘိုင် လို အပေါစားလူမိုက်ကောင်ရဲ့ အသတ်ကို ခံရမှာမဟုတ်ဘဲ…ဘုရင်ကြီးမတ်စတီးခန်းကိုယ်တော်တိုင် စီရင်ခြင်းကို ခံရမှာမို့ပဲ..မောင်ဖိုးတုတ်''
ဖိုးတုတ် စကားပြောရန် ပြင်လိုက်စဉ်တွင် အု အု ဟူသော အသံသာ ထွက်လာသည်။
တဆက်တည်း သူ့လည်ပင်းမှ တင်းကြပ်ကြပ် အထိအတွေ့ကို ခံစားလိုက်ရသည်။
အသက်ရှုရကြပ်နေသည်။
လည်ပင်းဆီမှ နာကြင်သော အထိအတွေ့ကိုလည်း ရေန၏။
မျက်လုံးကို အောက်ဆိုဒ်ကြည့်လိုက်သောအခါ သူ့လည်ပင်းတွင် ကြိုးကွင်းတစ်ခု စွပ်လျက်သား။
''မရုန်းနဲ့..ကောင်လေး..ဒါ..မင်းအတွက် ငါစီစဉ်ထားတဲ့ ကြိုးစင်ပဲ။ ပထမတော့ ဒီကြိုးစင်ဒေါက်ကို မာမွတ်ကို ဖြုတ်ခိုင်းမလို့ပဲ။ အခုက မာမွတ်က မင်းလက်ချက်နဲ့ မထနိုင်သေးဘူးဆိုတော့…ဟဲ..ဟဲ…ဘယ်လိုလဲ သိပ်ကြောက်သွားပြီလားကွ..လူမိုက်ကလေး''
သေရတော့မည်ဆိုသည့် အသိက ဖိုးတုတ် စိတ်တစ်ခုလုံးကို ဝုန်းဒိုင်းကြဲသွားစေသည်။
သို့သော် ဖိုးတုတ် ကား စိတ်လှုပ်ရှားလေ..အပြင်ပန်း ပိုမိုတည်ငြိမ်လေဖြစ်သည်ဟု ဦးဘိုးသင် ပြောခဲ့သည့် မှတ်ချက်အတိုင်းပင်။
တစ်လုံးတည်းသော မျက်လုံးဖြင့် မတ်စတီးခန်းကို ရှှုတည်တည် စိုက်ကြည့်နေလေသည်။
''အိုး..မင်းက အကြောက်တရားမရှိတဲ့ ရှိုက်တန်တစ်ကောင်ပဲကွ..အေးပါ..အေးပါ..ကဲ..မင်း နောက်ထပ် ကျေးဇူးတင်ရမယ့် လူတစ်ယောက် လာတာနဲ့ မင်းကို အဲ့ဒီကြိုးကွင်းကနေ ငါဖြုတ်ပေးမှာပါ..မင်းနဲ့ ငါတို့ ရှေ့ဆက်စရာတွေ အများကြီးရှိပါသေးတယ်ကွာ..ကဲ..အပြင်မှာ ကားသံကြားတယ်..ငါ့ညီ တွေ ရောက်နေပြီထင်တယ်..အိုကေ..မောင်ဖိုးတုတ်..အိုကေ''
မတ်စတီးခန်းက ရွှေဦးထုတ်ကို ဆောင်းကာ ထိုင်ခုံမှ ထပြီး အပြင်သို့ထွက်သွားသည်။
ခဏအကြာတွင် မတ်စတီးခန်း၏ သက်တော်စောင့် ဘီလားဘိုင် ဝင်လာပြီး ဖိုးတုတ်လည်ပင်းမှ ကြိုးကို ဖြုတ်ပေးသည်။
လက်တွင် ချည်ထားသော ကြိုးကိုမူ ဖြည်မပေး။
ဖိုးတုတ်ကို ပုခုံးမှဖက်ကာ ဂိုထောင်အပြင်ဘက်သို့ ခေါ်ထုတ်သွားသည်။
အပြင်ဘက်တွင် မြစ်ပြင်ကို တိုက်ခတ်လာသော လေညှင်းက ဖိုးတုတ်ကို ဆီးကြိုလိုက်သည်။
မျက်လုံးမြင်ကွင်းကျဉ်းကျဉ်း ထဲ တွင် ရန်ကုန်မြစ်ကြီးကို ဖိုးတုတ်မြင်နေရသည်။
ဒါဘယ်နေရာလဲ။
ကမ်းနားတွင် ခုန ရွှေရောင်ဦးထုတ်ကြီး တလက်လက်နှင့် မတ်စတီးခန်း က စားပွဲနှင့် ကုလားထိုင်နှင့် စမတ်ကျကျ ထိုင်နေသည်။
သူ့ဘေးတွင်တော့ အရပ်မြင့်မြင့်၊ အသားညိုညို၊ မျက်မှန်ရွှေကိုင်းဖြင့် လူလတ်ပိုင်းတစ်ယောက်။
လွတ်နေသော ထိုင်ခုံတွင် ဖိုးတုတ်ကို ထိုင်ခိုင်းလိုက်သည်။
''ကဲ..မစ္စတာဖိုးတုတ်…ဆွေးနွေးပွဲမစခင် ဘာများ သုံးဆောင်မလဲဗျ''
''ဝီစကီ ရမလား''
''ကျုပ်တို့က ဘာသာရေးကိုင်းရှိုင်းတဲ့ မဟာမေဒင်တွေပါဗျာ။ အရက် မသောက်ပါဘူး။ လူကြီးမင်း သောက်ချင်ရင်တော့ ခဏနေ သျှီသျှားအိုး ရောက်လာလိမ့်မယ်။ ဒါပေမယ့် ကျုပ်တို့ သောက်ပြီး ကျန်တာကိုပဲ လူကြီးမင်း သောက်ခွင့်ရမှာပါ..ဟဲ..ဟဲ''
ဒဏ်ရာအပြည့်ဖြင့် စုတ်ပြတ်နေသည့် ဖိုးတုတ်မျက်နှာက ခံစားချက်မဲ့နေသော လူသေကောင် တစ်ကောင်ကဲ့သို့ပင်။
သေဘေးကြီးမှ သူလွတ်လာပြီမို့..မတ်စတီးခန်း၏ စကားကို သူအာရုံထဲ ဖမ်းဆုပ်မရ။
''ကဲ…အခုပဲ ကြိုးစင်ပေါ်က ဆင်းလာရတာဆိုတော့ စိတ်လှုပ်ရှားနေမှာပေါ့..စိတ်ငြိမ်သွားအောင် စီးကရက်လေး တော့ ငါ့ဘက်က တိုက်နိုင်ပါတယ်..မောင်ဖိုးတုတ်''
မတ်စတီးခန်းက ကုလားအုတ်တံဆိပ် စီးကရက် တစ်လိပ်ကို ထုတ်ပြီး ဖိုးတုတ်၏ နှုတ်ခမ်းတွင်တေ့ေပးလိုက်၏။ ပြီးနောက် စီးကရက်ဗူးကို သူ့အိပ်ကပ်ထဲသို့ ထည့်လိုက်သည်။
မတ်စတီးခန်း၏ ဘေးတွင် ထိုင်နေသော လူက မီးခြစ်ဗူးအကောင်းစားထဲမှ မီးခြံဆံကို ခြစ်ကာ ဖိုးတုတ်ထံ မီးညှိ့ပေး၏။
''ဟား..ဟား..ဟား..အဘိုင်လေးဖိုးတုတ်..အဘိုင်လေးဖိုးတုတ်..မင်းက တယ်ကံကောင်းတဲ့ကောင်ပဲ…မင်းက အခု ရန်ကုန်ရဲ့ ဘုရင်ကြီး မတ်စတီးခန်း တိုက်တဲ့ စီးကရက်ကို သောက်တယ်။ အဲ့ဒီစီးကရက်ကို ရန်ကုန်ရဲ့ အတော်ဆုံးစစ်သူကြီး မစ္စတာမန်မဆာ ကိုယ်တိုင် မီးညှိပေးရတယ်။ ဟား..ဟား..ကောင်းလိုက်တာကွာ''
ဖိုးတုတ်က စီးကရက်ကို နှုတ်ခမ်း၏ ညာဘက်ထောင့်ဖြင့် ဖိထားလိုက်ပြီး
''ဟုတ်ပါပြီလေ…နောက်ထပ် ခင်ဗျားတို့ ကျုပ်သောက်တဲ့ စီးကရက်ကိုပါ မကိုင်ပေးထားချင်ရင်တော့..လက်ကို ကြိုးဖြည်ပေးဦးဗျ''
ဖိုးတုတ်၏ တုန့်ပြန်စကားကြောင့် မက်စတီးခန်း မျက်နှာက အပြုံးများ ပြန်ပြေလျော့သွားသည်။
''ဟုတ်သားပဲ…ဘီလားဘိုင်..ကြိုးဖြည်ပေးလိုက်''
ဘီလားဘိုင်က ကြိုးဖြည်ပေးလိုက်ပြီးနောက် ဖိုးတုတ်သည် နှုတ်ခမ်းဖျားမှ စီးကရက်ကို လက်ကြားတွင် ညှပ်လိုက်သည်။
''ဒီလောက်ဆို..မင်းအခု တွေ့နေတဲ့သူတွေက ဘယ်သူတွေဆိုတာ မင်းသိပြီပေါ့..မောင်ဖိုးတုတ်''
''သိပါပြီ..ဒါနဲ့ ကျုပ်ကို ဘာလို့ မသတ်ကြတာလဲ''
''ငါ့သဘောနဲ့ ငါဆို သတ်ပြီးပြီ..ဖိုးတုတ်..ဒါပေမယ့် ဟော့ဒီက ငါ့ညီအစ်ကို မစ္စတာမန်မဆာ က ငါ့ကို အကြံတစ်ခုတင်ပြလာလို့.. အဲ့ဒါ မင်းနဲ့ ငါတို့ ကြား အပေးအယူတစ်ခု လုပ်မလို့''
''ဘာ အပေးအယူလဲ''
''ငါတို့ အခု မင်းကို မသတ်ဘူး။ ပြန်လွှတ်ပေးမယ်။ မင်း လမ်းမတော်ကို သွားရမယ်။ အရင် မင်းလုပ်နေကျ အလုပ်တွေ ပြန်လုပ်ရမယ်''
''ဟုတ်ပြီလေ..ဒါဆို ကျုပ်က ခင်ဗျားကို ဘာပြန်ပေးရမလဲ..ပြော''
''ဘာမှ ပြန်မပေးနဲ့..မင်းပေးရမှာ ကတိတစ်ခုတည်းပဲ..မင်း က လမ်းမတော်မှာ နေရာတစ်ခု ရလာပြီဆိုတာ ငါတို့ သိထားတယ်..ဒီတော့ လမ်းမတော်က ပုဏ္ဍားဘထွန်းနဲ့ မင်းမကြာခင် တွေ့ရတော့မယ်ကွ..ဒီတော့ မင်းလုပ်ပေးရမှာက နှစ်ချက်ပဲ
တစ်…မင်းဟာ ပုဏ္ဍားဘထွန်း ရဲ့ အမြဲတမ်းရန်သူ ဖြစ်နေရမယ်။
နှစ်… တကယ်လို့ ပုဏ္ဍားဟာ ငါတို့ အရှေ့ပိုင်းသားတွေကို တိုက်ခိုက်ဖို့ မင်းကို လာညှိ့တဲ့အခါမျိုးမှာ မင်းက သူနဲ့ ဘယ်လိုညှိနှိုင်းမှုမျိုးမှ မလုပ်ရဘူး။ ဘယ်လိုလဲ သဘောတူလား''
ဖိုးတုတ်က စီးကရက်ကို ဖင်စီခံအထိ ရောက်အောင် တရှိုက်တည်း ရှိုက်ပစ်လိုက်ပြီး မြေပြင်သို့ ပစ်ထုတ်လိုက်သည်။
''ဟုတ်ပြီလေ..ကျုပ် သဘောတူတယ်..ဒါပေမယ့်…ကျုပ်သိချင်တာတစ်ခုရှိတယ်...မာမွတ်ကို ကျုပ် ရိုက်တဲ့ကိစ္စ ခင်ဗျားကို ဘယ်သူ သတင်းပေးတာလဲ...''
''ဒီမှာ ဖိုးတုတ်..မင်းက ရန်ကုန်မှာ မနေ့တစ်နေ့ကမှ ရောက်လာတဲ့ ချာတိတ်လေးပဲကွ..တို့လောကမှာ ဒီကိစ္စမျိုးက စည်း ရှိတယ်ကွ။ အပေးအယူတိုင်းမှာ ကတိတွေ ရှိစမြဲပဲ။ ဒီတော့ ဒီသတင်းကို သိရဖို့လည်း ငါက သတင်းပေးနဲ့ အပေးအယူလုပ်ခဲ့တာမို့..မင်းကို မဖြေပေးနိုင်တာ စိတ်မကောင်းဘူး''
''မဟုတ်ဘူးဗျာ..နာမည်ဘယ်သူဆိုတာ တိုက်ရိုက်မပြောရင်တောင်..ကျုပ်သိချင်တာက ကျုပ်တပည့်တွေထဲကလား၊ကျုပ် လူရင်းထဲကလားဆိုတာ သိချင်တာ.. ကျုပ် သေမှာထက် သစ္စာဖောက်ခံရမှာကိုတော့ ကြောက်တယ်ဗျ..အဲ့ဒါကြောင့်''
''အိုကေ..အိုကေ.ငါခိုင်းလိုက်တဲ့ ပုလိပ်တွေက.မင်းရဲ့ မျက်လုံးတစ်ဖက်ကို ပိတ်နေအောင် ထိုးထားမိတဲ့အတွက်ရော..မင်းမျက်နှာလေးစုတ်ပြတ်သွားတဲ့အတွက်ရော လျှော်ကြေးအဖြစ် ငါ တစ်ခုတော့ ပြောလိုက်မယ်။ မင်းတပည့်တွေ၊ မင်းလူရင်းတွေက မင်းကို သစ္စာမဖောက်ပါဘူး''
''ဟုတ်ပြီလေ..ဒီလောက်ဆို ဘယ်သူဆိုတာ ကျုပ် ဖော်ထုတ်နိုင်ပါပြီ''
''အခု ငါတို့ ပြောတဲ့ စကားတွေသည် အလ္လာ့ကို တိုင်တည်ပြီး ငါတို့ ပြောတာဖြစ်သလို..မင်းလည်း မင်းကိုးကွယ်တဲ့ ဘုရားကို တိုင်တည်ပြီး ပြောပါ''
''ဟုတ်ပြီ..ကျုပ်က ဗုဒ္ဓဘာသာဆိုတော့ ဘုရားအဆူဆူကို တိုင်တည်ပြီးပြောတယ်..ကျုပ်သဘောတူတယ်''
''အိုကေ..ဒါဆို ငါတို့ ဆွေးနွေးမှု အောင်မြင်တယ်ပေါ့..ကဲ..ဘီလားဘိုင်..ဟော့ဒီက အဘိုင်လေးကို လမ်းမတော် သူ့အိမ်ရှေ့အထိ ကျုပ်ရဲ့ မော်တော်ကားနဲ့ လိုက်ပို့လိုက်ပါကွာ''
ဘီလားဘိုင်က ဖိုးတုတ်ကို လာတွဲထူရင်း မော်တော်ကားဆီ ခေါ်သွားသည်။
မော်တော်ကားပေါ် တက်ခါနီးတွင် မတ်စတီးခန်းက လှမ်းအော်သည်။
''သြော်..မောင်ဖိုးတုတ်ရေ..မေ့သွားလို့ကွ…. မင်းနဲ့ ငါတို့နဲ့ သဘောတူထားတဲ့အထဲ မာမွတ်ဘိုင် မပါဘူးနော်..မာမွတ်ဘိုင် ပြန်ကောင်းလာလို့ မင်းကို လာသတ်ရင်တော့ ငါတို့နဲ့ မဆိုင်ဘူးနော်..ဟားဟား''
ဖိုးတုတ် က ကားတံခါးကို ဂျိုင်းခနဲ ဆွဲပိတ်လိုက်သည်။
မတ်စတီးခန်း စီးသော အမိုးဖွင့် ဇိမ်ခံကားကြီးက ငြိမ့်ညောင်းစွာ မောင်းထွက်သွား၏။
…………………………………………………………………………………………
ဖိုးတုတ် ကို မတ်စတီးခန်း၏ ကားနှင့် လာပြန်ပို့သွားသည်ဆိုသည့် သတင်းနှင့်မာမွတ် ကို ဆော်လိုက်သူမှာ ဖိုးတုတ်ဟူသော သတင်းက လမ်းမတော်တခွင်နှင့် လူမိုက်လောကတွင် တမုဟုတ်ချင်း ပြန်နှံ့သွားသည်။
ဖိုးတုတ် ကား လူမြင်ကွင်းမှ ပျောက်နေသော်လည်း ဖိုးတုတ်၏ ပါဝါကား တစ်ရစ်ချင်း မြင့်တက်လာနေသည်။
ပုဏ္ဍားဘထွန်းမှာ ထိုသတင်းကို ကြားသောအခါ ဒေါသများ တအုံအုံတနွေးနွေးထွက်လျက်ရှိသည်။
မည်သူမျှ မော်မကြည့်ရဲကြသော လူမိုက်ထိပ်သီး မာမွတ်ကို ရိုက်ပစ်လိုက်ခြင်းနှင့် မတ်စတီးခန်း၏ ကားနှင့် အိမ်တိုင်ရာရောက်လာပို့သွားသည်ဆိုသည့်အချက်တွေက ဖိုးတုတ် ကို အမြင့်တစ်နေရာသို့ တွန်းပို့နေပေပြီ။
မာမွတ်ကိစ္စတွင် ပုဏ္ဍားဘထွန်းမှာ မတ်စတီးခန်း၏ အထင်အမြင်လွဲမှုကို ခံရရုံသာမက မတ်စတီးခန်းနှင့်ပင် စကား ကတောက်ကဆဖြစ်ခဲ့ကြသေးသည်။
မာမွတ်ကို ရိုက်ခဲ့သူ ဖိုးတုတ်က အမြတ်ထွက်သွားပြီး ဘာမှ မဆိုင်သည့် မိမိက ရန်စွယ်တွေပွားလာခြင်းပင်။
ပုဏ္ဍားဘထွန်း၏ အမြတ်တော်ကား ဖိုးတုတ်အပေါ်တွင် ရှလေပြီ။
သို့သော် ဖိုးတုတ်ကို သွားမထိရဲ။ သူ့လက်ရုံးမာမွတ်ကို သေလုမျောပါးရိုက်ခဲ့သည့် ဖိုးတုတ်ကို မတ်စတီးခန်းက မည်သည့်အပေးအယူများနှင့် ပြန်လွှတ်ပေးလိုက်သည်မသိနိုင်။
ဖိုးတုတ် နှင့် မိမိ တိုက်ကြပါက မတ်စတီးခန်းသည် မည်သူ့ဘက်က ပါမည်လဲ။ စစ်ကူမည်လဲ။
ပုဏ္ဍားဘထွန်း သူ့ ဇာတာကို သူ့ဘာသာသူ ပြန်စစ်ကြည့်သည်။သူ့ပလ္လင်လှုပ်လာသည်က သေချာပြီ။
ထိုအခြေအနေတွင် ဘာမှ မလှုပ်ရှားပဲ ပိုနေမြဲ ကြားနေမြဲ နေရန် ဆုံးဖြတ်လိုက်သည်။
ပုဏ္ဍားဘထွန်း ငြိမ်နေချိန်တွင် ဖိုးတုတ် ၏ နာမည်ကျော်စရာ သတင်းတစ်ခု ကြားရပြန်၏။
ယင်းကား
''ကြည့်မြင်တိုင် စက်ဆန်းမှာ ဓါးဘသိန်းကို ဖိုးတုတ်က ငှက်ကြီးတောင် နဲ့ ဝင်ပိုင်းတာ..ဘသိန်း လက်တစ်ဖက် ထိပြီး ရေထဲ ခုန်ချပြေးသွားသတဲ့''
…………………………………………………………………………………………
ဓါးဘသိန်း။
ကမာရွတ်ရွာ အရက်ပုန်းချက်သည့် လုပ်ငန်းများနှင့် ပြည့်တန်ဆာတန်းများကို ပိုင်စိုးသူ။ ရံဖန်ရံခါ ရန်ကုန်မြို့လယ်ခေါင်တွင် လုယက်မှုများကို ဗြောင်ကျကျကျူးလွန်တတ်သူများသည် ဓါးဘသိန်း တပည့်များဖြစ်ကြသည်။ ဓါးဘသိန်း ကိုယ်တိုင်လည်း အနုကြမ်းစီးမှုတစ်ခုဖြင့် ပုလိပ်က ဝရမ်းထုတ်ထားသော လူဆိုးတစ်ယောက်။
မာမွတ်ကိစ္စဖြစ်ပြီးနောက် မတ်စတီခန်းနှင့် ပုဏ္ဍားဘထွန်းတို့ ဗျာများနေချိန်တွင် ဖိုးတုတ်သည် ရန်ကုန်တခွင်မှ ဇရှိသူ ဗမာလူမျိုး လူမိုက်လက်သစ်များ၊ လက်ဟောင်းများကို လိုက်လံစည်းရုံးနေချိန်ဖြစ်သည်။
မာမွတ်ကို ဖြိုလိုက်သူမှာ ဖိုးတုတ် နှင့် သူငယ်ချင်း ဂန္ဒာမာသောင်းရင်တို့ ဖြစ်ကြောင်း ပြောပြရင်း တစ်စုံတစ်ခု ဖြစ်လာပါက ဗမာလူမိုက်အချင်းချင်း ကြောချင်းကပ်ထားကြရန် မဟာမိတ်လိုက်ဖွဲ့ခဲ့သည်။
ကြည့်မြင်တိုင် ကြက်ကြား က ဗမာလူမျိုးမဟုတ်သော်လည်း ပုဏ္ဍားဘထွန်းနှင့်ရော မွတ်ဆလင်ဂိုဏ်းများနှင့်ပါ မတည့်သည့် လူမိုက်ဖြစ်သဖြင့် ဖိုးတုတ် ၏ ညှိနှိုင်းမှုကို လက်ခံလိုက်သည်။
ဓါးဘသိန်း ကမူ .. သူ့ဆရာဖြစ်ခဲ့သော သိမ်ကြီးဈေးလှဖေ က လက်ခံမှ သူလက်ခံမည် ဟု စကားပြန်သည်။
ထို့အတွက် ဖိုးတုတ် မှာ သိမ်ကြီးဈေးလှဖေ ခိုအောင်းရာ ကြည်မြင့်တိုင်တစ်ဖက်ကမ်း အေးရွာသို့ ကူးပြီး လှဖေ နှင့်သွားရောက် ညှိနှိုင်းကြခြင်းဖြစ်သည်။
သိမ်ကြီးဈေးလှဖေမှာ ပုဏ္ဍားဘထွန်း၏ နယ်မြေလုယူမှုကို ခံရသည့်အပြင် ပုလိပ်ဘက်မှ မဖမ်းဖမ်းအောင် ပုဏ္ဍားက လာဘ်ထိုးထားသည့်အတွက် ရန်ကုန်တစ်ဖက်ကမ်း ဒလ နှင့် အေးရွာတစ်ဝိုက်တွင် လှည့်လည်ရှောင်တိမ်းနေသည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။
အေးရွာမှ အပြန်တွင် မတ်စတီးခန်း ငွေပေးထားသော ပုလိပ်များက ဖိုးတုတ်ကို စီးဖမ်းကြခြင်းဖြစ်သည်။
ဖိုးတုတ်သည် မတ်စတီးခန်း လက်မှ ပြန်လွတ်လာသောအခါ အိမ်တွင်မနေပဲ ဦးဘိုးသင် ၏ ဝပ်ရှော့တွင် သွားရောက်နေထိုင်သည်။
သူ့တပည့်များအားလုံးကို ဦးဘိုးသင် ထံသို့ စုရုံးလိုက်သည်။
''ဒီကိစ္စမှာ ငါ့ဘက်က အမြတ်ထွက်သွားတယ်ဆိုပေမယ့် မာမွတ် ကိစ္စ ဖော်တာ ဘယ်သူဆိုတာ ငါ သိချင်တယ်.. ငါသိမှရမယ်..ဘာလို့လဲဆိုတော့ ငါတို့ ရှေ့ဆက်သွားရမယ့် လမ်းက အဝေးကြီးကျန်သေးတယ်.. အဲ့ဒီ လမ်းမှာ သစ္စာမရှိတဲ့ကောင်ကို ဆက်ခေါ်သွားလို့တော့မဖြစ်ဘူး။ ဒီတော့ မာမွတ်ကို လုပ်တာ ငါဆိုတာကို ငါကိုယ်တိုင် ပြောပြလိုက်တဲ့ လူသုံးယောက်ရှိတယ်။ အဲ့ဒါကတော့ ကြက်ကြား၊ ဓားဘသိန်း နဲ့ ဦးလှဖေ ပဲ။ သူတို့သုံးယောက်ထဲက ဘယ်သူက မတ်စတီးခန်းနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ ငါသိချင်တယ်.. အဲ့ဒီလူကို ဖော်ထုတ်ပြီးမှ ငါတို့ ကျန်တာ ဆက်လုပ်မယ်''
''ဟုတ်ကဲ့ပါ..ဆရာဖိုးတုတ်..ကျွန်တော်တို့ဆီမှာ အခု လူသစ်တွေလည်းများနေပြီဆိုတော့ နေရာအနှံ့ ခွဲပြီး သတင်းအနံ့ခံခိုင်းပါ့မယ်''
''ဟုတ်ပြီ..ကျန်တဲ့လူတွေ သွားလို့ရပြီ…ဂန္ဓမာ မင်းခဏနေခဲ့…ဘသိန်းနဲ့ စံဘလည်း ခဏနေခဲ့''
ဂန္ဒာမာသောင်းရင်း နှင့် ဖိုးတုတ်၏ ညီများဖြစ်သော ဘသိန်း နှင့် စံဘ တို့ ဖိုးတုတ်အနီးတွင် ကျန်ရစ်ခဲ့ကြသည်။
''လာ..အခု က ငါတို့ ဆွေမျိုးတွေ သီးသန့်အစည်းအဝေးပဲ…ဂန္ဓမာကတော့ ငါ့သူငယ်ချင်းအရင်းမို့ ငါ့မိသားစုလိုပဲဖြစ်နေပြီ..လာ..အထဲမှာ ဦးလေးဘိုးသင် မင်းတို့ကို ဝီစကီသောက်ဖို့ စောင့်နေတယ်''
ဦးဘိုးသင် က ထမင်းစားခန်းတွင် ဝီစကီခွက်ကို ကိုင်လျက်။
''ကဲ..သောက်ရင်း စားရင်း..ငါပြောစရာရှိတာ ပြောမယ်..ဒီမယ်..ဖိုးတုတ်…မင်း အခု ကိစ္စကနေ သင်ခန်းစာတွေ၊ အတုယူစရာတွေရတယ်ကွ…မတ်စတီးခန်း က မင်းကို ဖမ်းတော့ သူ့လူမိုက်တွေတောင် မသုံးဘူး။ ပုလိပ်အဖွဲ့ကို သုံးသွားတာကွ။ ဘယ်လောက်ရယ်စရာကောင်းသလဲကွာ..ဟားဟား.. တရားဝင်လူမိုက်အဖွဲ့ကြီးကို သုံးသွားတာ''
''ဟုတ်တယ်..ဦးလေး..ဒီကောင်ကြီး လက်တံ က ကြောက်ဖို့တောင် ကောင်းတယ်''
''ဟုတ်တယ်..ဖိုးတုတ်..မင်းလည်း သူတို့လို ကြောက်စရာကောင်းလာအောင်..ဘာလုပ်ရမလဲ..မင်းလည်း သူတို့ နည်းလမ်းအတိုင်း ပုလိပ်အရာရှိတွေ၊ နိုင်ငံရေးသမားတွေကို အိပ်ထဲထည့်နိုင်အောင် ပေါင်းရမယ်ကွ.. တရားဝင်လူမိုက်တွေနဲ့ တရားမဝင်လူမိုက်တွေဟာ အပြန်အလှန် မိတ်ဆွေတွေပဲကွ..အဲ့ဒါကို အခုကတည်းက အစပျိုးရမယ်''
''ဘယ်လို အစပျိုးရမလဲ..မနက်ဖြန် ပဲ အစပျိုးရမယ်..ငါကိုးကွယ်နေတဲ့ ဆရာတော်ဦးဝိလာသ ကို မင်းသိတယ်မဟုတ်လား..ဖိုးတုတ်''
''သိတယ်လေ..မနှစ်က ဦးလေးတို့ ကားလိုင်း ဘုံကထိန်ခင်းတော့တောင် တရားဟောတဲ့ ကိုယ်တော်မဟုတ်လား''
''အေးဟုတ်တယ်ကွ..သူ့ကို ကိုးကွယ်တဲ့အထဲမှာ ပုလိပ်ဝန်ထောက် ဦးချန်ထွန်း ဆိုတာ ရှိတယ်။ သူက မြန်မာလူမျိုးထဲ ရာထူးမြင့်မြင့်ရထားတဲ့ ပုလိပ်အရာရှိပဲကွ။ သူက ဒီရန်ကုန်ဒီစတြိတ်ကတော့မဟုတ်ဘူး။ ဟိုးရွှေဘိုဘက်က။ အခု ခွင့်နဲ့ ပြန်လာနေနေတာ..ဆရာတော်ကျောင်းကို မနက်ဖြန် ဆွမ်းလာကပ်မယ်တဲ့''
''အိုကေ..ကျွန်တော် သဘောပေါက်ပြီ ဦးလေး..မနက်ဖြန် ကျွန်တော် ဆရာတော်ကျောင်းကို လာခဲ့မယ်။
ဟေ့..ဘသိန်း..သင်္ကန်းကောင်းကောင်းသုံးစုံနဲ့ ဝတ္ထုငွေ တစ်ရာကို စာရင်းထဲက ထုတ်ထားကွာ။ မနက် ငါသွားရင် အသင့်ဖြစ်ပါစေ''
''ဟုတ် ကိုကြီးဖိုးတုတ်''
''ဦးလေး..ဘာပြောစရာရှိသေးလဲ''
''အေး ဘာမှ ပြောစရာမရှိတော့ဘူး..ငါ အရက်ပဲ ဆက်သောက်တော့မယ်'''
''ဟုတ်ပြီ..အဲ့ဒါဆို ငါပြောမယ်...စံဘ မင်း မနက်ဖြန်ကျရင် ကမာရွတ်ထဲမှာ ဖာသွားချရမယ်''
''ဗျာ''
ဖိုးတုတ်စကားကြောင့် သျှောင်ပေစူးကလေးနှင့် စံဘ အံသြသွားသည်။
''မဗျာနဲ့…နောက်ထပ် သုံးရက်လောက် ဆက်တိုက်သွားရမယ်…မင်းကိုယ်မင်း ရွာက သူဌေးသားလို့ မိတ်ဆက်..ဒီမှာ စပါးတင်သဗ္ဗာန်တစ်စင်းလာကြည့်တာလို့ပြော…ပြီးရင် အဲ့ဒီက ကောင်မလေးတစ်ယောက် နဲ့ပဲ မင်း သုံးရက်လုံး ဝင်ရမှာနော်..သဘောကတော့ မင်းဟာ သူ့ကို ကျနေတဲ့ တောသူဌေးသားပေါ့..ပြီးရင် သူတို့ ပိုင်ရှင်အကြောင်းကို မင်းစကားခေါက်ကြည့်..သူတို့မင်းကို သူတို့သူဌေးနဲ့ပတ်သက်တဲ့ ပုံပြင်တွေ ပြောပြလိုက်မယ်..အဲ့ဒီပုံပြင်လေး တွေကို ညကျရင် ငါ့ကို လာပြန်ပြောပြ ဟုတ်ပြီလား''
''ဟုတ်..ဟုတ်''
''ဂန္ဓာမာ က ဒီကောင့်ကို အဲ့ဒီ ဖာတန်းဆီ သေချာလမ်းညွှန်ပေးလိုက်ကွာ..ဒါပေမယ့် ကမာရွတ်ထဲတော့ မင်းကိုယ်တိုင် မဝင်နဲ့နော်..ဟေ့ကောင်..ဘသိန်းတပည့်တွေက မင်းကို သိနေတယ်။ စံဘ ကတော့ လူသစ်မို့ ဒီကောင်တွေမသိတာသေချာတယ်။ ဘသိန်းဆီက လိုအပ်တဲ့ ငွေထုတ်သွား။ အင်း ငါသိတာတော့ .. ကမာရွတ်က မြို့ထဲထက် အများကြီးဈေးသက်သာတယ်။ တစ်ခါချ ငါးရူပီး တဲ့''
''အေး..စိတ်ချ ဖိုးတုတ်..ဒါနဲ့ ဘာလို့..သူ့ဆီကိုလွှတ်''
''ငါ့စိတ်ထဲ သိနေတယ်ကွာ..ဂန္ဓမာ..ဒီကောင် ဘသိန်းပဲ…ငါ့ကို ချောက်ချလိုက်တာ..ငါစိတ်ထဲ အလိုလိုသိနေတယ်..ဒါ့ကြောင့် ဒီကောင့်ဆီကို စံဘကို သီးသန့်လွှတ်ပေးတာ''
…………………………………………………………………………………………
နှစ်ရက်မြောက်နေ့…စံဘ လာပြန်ပြောပြသော ပုံပြင်လေးများထဲတွင် ကုလားသူဌေးကြီး မက်စတီးခန်း ၏ ဒေါက်ကပ်မြင်းလှည်းကြီး နှင့် အတူ သူတို့ ဆောင်ကြာမြိုင်တဲနန်း၏ ပိုင်ရှင်ကြီး ဓါးဘသိန်း ပြန်လာသည့် ညတည အကြောင်းပါလာပေသည်။
နောက်တစ်နေ့နံနက်တွင် ငှက်ကြီးတောင်ဓါးကို စလွယ်သိုင်းကာ ကမာရွတ်ဘက်ဆီသို့ စက်ဘီးတစ်စီးဖြင့် ထွက်သွားသော ဖိုးတုတ်ကို တွေ့လိုက်ကြရသည်။
တကယ်တမ်းကျ..ဓါးဘသိန်းကို ကမာရွတ်တွင် ရှာမတွေ့။ဓါးဘသိန်းကား ဖိုးတုတ်လာပြီကို သတင်းကြားကတည်းက ကြိုရှောင်နေသည်။
ဓါးဘသိန်းကို မြေလှန်ရှာရန် သူ့တပည့်များအား ဖိုးတုတ်အမိန့်ပေးပြီးမကြာမီပင် ပုဏ္ဍားကျော်ထွန်း ရောက်လာသည်။
ကြည့်မြင့်တိုင်ကြက်ကြားက ပုဏ္ဍားကျော်ထွန်းမှတဆင့် ဖိုးတုတ်ထံ သတင်းစကားတစ်ခု ပါးလိုက်သည်။
''ကြက်ကြား၏ နယ်မြေဖြစ်သော စက်ဆန်းထဲမှ အိမ်တစ်လုံးတွင် ဓါးဘသိန်း အောင်းနေသည်'' တဲ့။
ထိုသတင်းအတွက် အပေးအယူကား…လမ်းမတော်ဖိုးတုတ်အနေဖြင့် ကြက်ကြားကို ထာဝရမဟာမိတ်အဖြစ် အသိအမှတ်ပြုပေးရန်ဟူ၏။
ညနေပိုင်းတွင် ဓါးဘသိန်းတစ်ယောက် ဓါဒဏ်ရာများဖြင့် ရန်ကုန်မြစ်အတွင်း ခုန်ချထွက်ပြေးသွားသည့် သတင်းက ဟိုးဟိုးကျော်သွားပေသည်။
လူမိုက်လောကတွင် လည်း ''ဖိုးတုတ်ကြီးက ဘသိန်းကိုတောင် တစ်ယောက်တည်း သွားခုတ်တာဟ'' ဆိုသည့် စကားလုံးက လမ်းမတော်ဖိုးတုတ်အား သိက္ခာထပ်ပေးသည့် စကားလုံးတစ်ခုအဖြစ် ကျန်ရစ်ခဲ့တော့သည်။
ခက်ဇော်
အပိုင်း(၄) ဆက်ရန်
(ZAWGYI)
The Guys of Yangon,1930 (2)
……………………
အခန္း(၃)
……………
''ကိုဖိုးတုတ္..ကြၽန္ေတာ့္ကို ဘႀကီးဘိုးသင္ လႊတ္လိုက္တာပါ''
''ေအး..ငါ မနက္က ဦးေလးဆီက စာရတယ္..ဒါနဲ႔ မင္း နာမည္ ဘယ္လိုေခၚလဲ''
''စံဘ ပါ''
''ဟုတ္ၿပီ..ထိုင္ကြာ''
အသားကမဲမဲ။ လူေကာင္က ေသးညႇက္ညႇက္။ ေသွ်ာင္ေပစူးပင္ မျဖဳတ္ရေသး။
ထိုဆယ္ေက်ာ္သက္ လူငယ္က ဖိုးတုတ္တို႔ စားပြဲတြင္ ဝင္ထိုင္သည္။
''ကဲ..စံဘ..ေမးပါရေစဦးကြာ…မင္းဘာလို႔ လူသတ္ခဲ့တာတုန္း''
''ကြၽန္ေတာ့္ ႏြားကို.ေလးခြနဲ႔ ပစ္ထည့္တာ မ်က္လုံးမွန္သြားတယ္ဗ်…ပထမတစ္ခါကလည္း ကြၽန္ေတာ့္ ကို ဒီေကာင္ေလးခြ နဲ႔ ခ်ိန္ၿပီး ဆဲေသးတယ္..ဒီတစ္ခါေတာ့ မရေတာ့ဘူးဆိုၿပီး… ဓါးမနဲ႔ဝင္ ပိုင္းထည့္တာ..ဇတ္ကို ျပတ္ေရာဗ်''
''ေအး..ႀကိဳက္ၿပီကြာ..စံဘ..ဟုတ္ၿပီ..စံဘ။ မင္းက ငါနဲ႔ တစ္႐ြာတည္းသားေဆြမ်ိဳးေတြဆိုေတာ့ ငါ့မွာ မင္းကို ကူညီရမွာေပါ့။ ညီအကိုအရင္းလိုပဲ မွတ္ပါတယ္ကြာ ။ ပုလိပ္ကိစၥနဲ႔ပတ္သက္လို႔ကေတာ့ ဒီနယ္ေျမထဲ ငါတတ္ႏိုင္သေလာက္ေတာ့ ရွင္းလင္းေပးထားမယ္..ဟုတ္ၿပီလား… ကဲ..ဂႏၵမာေရ…ဒီေတာသားကို ဒီည ခ်ိဳင္းနားစတန္းကို လိုက္ပို႔ၿပီး ၿမိဳ႕နိဗၺာန္ ကို ျပေပးလိုက္ကြာ..ငါနဲ႔ အုန္းေဖက ဒီည ေအး႐ြာဘက္ ကမ္းကိုကူဖို႔ရွိလို႔..စိတ္ခ်မယ္ေနာ္''
''ေအးပါ..ဖိုးတုတ္ရာ..မင္းေတာသားကို ဟိုတ႐ုတ္ဝတုတ္မေလး ခ်ိဳက္ဟုန္နဲ႔ ငါ လႊတ္ေပးလိုက္မယ္''
''ဟိတ္ေကာင္…ခ်ိဳက္ဟုန္ေတာ့ မထိနဲ႔ကြာ.. ေတာသားရဲ ဆြဲထုတ္တဲ့..ဒီေကာင္နဲ႔ ခ်ိဳက္ဟုန္ ဆို ကေလးမ သနားဖို႔ေကာင္းပါတယ္ကြာ..ေအး..ဒါနဲ႔ အဲ့ဒီကို မဝင္ခင္..ဟိုဖာရစီ အာမက္ ရဲ႕ ဘိန္းခန္းကို ဝင္ၿပီး ဒီလအတြက္ ေငြယူခဲ့ဦး..ၿပီးရင္ ဘသိန္းဆီ စာရင္းနဲ႔ ေသခ်ာျပန္အပ္''
''ဟုတ္ကဲ့ပါ..ဆရာဖိုးတုတ္ရယ္….ဟုတ္ကဲ့ပါ..''
ဖိုးတုတ္ သည္ သူ၏ နယ္ေျမဧရိယာေသးေသးေလးကို တျဖည္းျဖည္းခ်င္း ခ်ဲ႕ထြင္လာခဲ့ၿပီျဖစ္သည္။
ဂႏၵမာေသာင္းရီ၊ အုန္းေဖ၊ ငၫြန႔္ စေသာ လက္ရဲဇက္ရဲလူငယ္မ်ားမွာ ဖိုးတုတ္ထံတြင္ အမာခံရွိေနၿပီျဖစ္သည္။
ပု႑ားေက်ာ္ထြန္း ကဲ့သို႔ ႏွံံ့ႏွံ႔စပ္စပ္ရွိသည့္ လူလည္လူမိုက္ေလးမ်ားကလည္း ဖိုးတုတ္၏ အရိပ္ေအာက္ကို ခိုလႈံလာၾကသည္။
ယခု ဖိုးတုတ္၏ ဇာတိ ကမာစဲေက်း႐ြာမွ လူသတ္ၿပီး ေျပးလာခဲ့သည့္ ညီဝမ္းကြဲ စံဘ သည္လည္း ဖိုးတုတ္အတြက္ အင္အားျဖည့္ရန္ ေရာက္လာခဲ့ျပန္သည္။
လမ္းမေတာ္အေနာက္ဘက္ျခမ္းႏွင့္ ကမ္းနားတဝိုက္အခ်ိဳ႕ေနရာမ်ားတြင္ ပု႑ားဘထြန္း၏ ဆုတ္ခြာေနရၿပီး ဖိုးတုတ္၏ လူမ်ားက တျဖည္းျဖည္း ေနရာခ်ဲ႕ယူေနၾကသည္။
ပု႑ားဘထြန္းမွာလည္း ဖိုးတုတ္သတင္းကို ၾကားေသာ္လည္း မတ္စတီးခန္း ႏွင့္ ကိစၥကို သာ အာ႐ုံစိုက္ေနသျဖင့္ ဖိုးတုတ္တို႔အား ခဏတာ လာေလာင္သည့္ မီးၫႊန႔္ေလးေတြအျဖစ္ သာ သေဘာထားသည္။
ဖိုးတုတ္ ကေတာ့ အနာဂတ္ အင္ပါယာတစ္ခုအတြက္ တစ္လွမ္းခ်င္း ခ်ီတက္လ်က္။
…………………………………………………………………………………………
တိတ္ဆိတ္ျခင္းသည္ အေမွာင္ထုထဲ မင္းမူေနသည္။
ၾကည့္ျမင္တိုင္ဆိပ္ကမ္းတစ္ေလွ်ာက္ ရန္ကုန္ျမစ္ဘက္ဆီမွ ပဲခ်ိတ္သံေလးမ်ား က ဟိုတခ်က္ ဒီတခ်က္ ၾကားေနရသည္။
ထီးတန္းဆိပ္ကမ္းဘက္သို႔ ကပ္လာသည့္ ငွက္သဗၺာန္ေပၚမွ လူႏွစ္ေယာက္ ဆင္းလာသည္။
တစ္ဦးကား အရပ္ ငါးေပ ရွစ္လက္မခန္၊ ေခါင္းတုံးဆံေတာက္ႏွင့္ ခ်ပ္ခ်ပ္ရပ္ရပ္။
တစ္ဦးကား တုတ္တုတ္ခိုင္ခိုင္၊ ဂင္တိုတိုျဖင့္ ေခါင္းေပါင္း ေပါင္းထားသည္။
ဆိပ္ကမ္းတြင္ ဆိုက္ထားသည့္ သဗၺာန္မ်ား၏ အလင္းေရာင္ကို လြန္လာသည္ႏွင့္ လမ္းမဘက္ဆီတြင္ ေမွာင္မဲေနသည္။
''ေနာင္ႀကီးတို႔ ဘယ္က ျပန္လာၾကတာလဲ''
တဖက္ကမ္းမွာ ျပန္လာၾကေသာ ထိုလူႏွစ္ေယာက္ကို ကားတစ္စီးျဖင့္ ေစာင့္ေနသည့္ ပုလိပ္သားမ်ားထဲမွ ေခါင္းေဆာင္ျဖစ္ဟန္တူသူက လွမ္းေမးလိုက္သည္။
''ေၾသာ္..ကြၽန္ေတာ္တို႔ ေအး႐ြာဘက္က မိတ္ေဆြတစ္ေယာက္ မဂၤလာေဆာင္သြားၿပီ ျပန္လာတာပါ..ပုလိပ္မင္းတို႔''
ေခါင္းတုံးဆံေတာက္ႏွင့္ လူက ႐ို႐ိုေသေသ ျပန္ေျဖသည္။
ပုလိပ္သားႏွစ္ေယာက္က ဂင္တိုတို လူငယ္ထံသို႔ တိုးကပ္သြား၏။
''ဒါနဲ႔..ဖိုးတုတ္ ဆိုတာ မင္းလား''
''သူမဟုတ္ဘူး..က်ဳပ္''
ေခါင္းတုံးဆံေတာက္ႏွင့္ လူငယ္က ထေျဖလိုက္သည္။
''ေအး..ဒါဆို မင္းကို မာမြတ္ကို ႐ိုက္မႈနဲ႔ ဖမ္းလိုက္ၿပီ''
အုန္းေဖက သူ႔ခါးၾကားတြင္ ထိုးထားေသာ ဓါးေျမႇာင္ကို ႐ုတ္တရက္ထုတ္ရန္ ျပင္လိုက္သည္။
''အုန္းေဖ..မလုပ္နဲ႔…မလုပ္နဲ႔..စိတ္ေအးေအးထား''
ဖိုးတုတ္ တားလိုက္သျဖင့္ အုန္းေဖက က မူမပ်က္ ျပန္ေနလိုက္သည္။
''ခင္ဗ်ားတို႔..ဘယ္ဂါတ္ကလဲ''
''ငါတို႔ ပန္းဆိုးတန္းဂတ္က''
လက္ေမာင္းတြင္ သုံးရစ္ကပ္ထားေသာ ပုလိပ္က ဆာဂ်င္က ဖိုးတုတ္ ကို လက္ထိပ္ခတ္လိုက္သည္။
က်န္သည့္ ပုလိပ္သားႏွစ္ေယာက္က ဖိုးတုတ္ကို ကားေပၚ ဆြဲတင္သည္။
''အုန္းေဖ..မိုးလင္းတာနဲ႔ ဦးေလးဘိုးသင္ ဆီသြား၊ ၿပီးရင့္ ငါ့ကို ပန္းဆိုးတန္းဂတ္မွာ လာေတြ႕လို႔၊ ဒီကိစၥ အေမ ဘာမွ မသိေစနဲ႔။ ငါခရီးထြက္သြားတယ္လို႔ ေျပာထား၊ၾကားလား''
ကားက ေဝါခနဲ ေမာင္းထြက္သြားသည္။
အုန္းေဖ လည္း လမ္းမေတာ္ဖက္ဆီသို႔ ခပ္သုတ္သုတ္ေလွ်ာက္သြားေတာ့သည္။
…………………………………………………………………………………………
''ဆလံမာေလးကြန္းပါ…ဂြတ္အာဖတန္းႏူး..မဂၤလာပါ..ေကာင္ကေလး''
ဖိုးတုတ္ မ်က္လုံးကို အားယူဖြင့္ၾကည့္လိုက္သည္။
သူ႔မ်က္ခြံေတြ ေလးလံေန၏။
ႏွာေခါင္းေတြ ယားယံေနသလို မ်က္ႏွာ့အႏွံ႔လည္း နာၾကင္ေနသည္။
ဖိုးတုတ္ အားယူၿပီး မ်က္လုံးကို ဖြင့္ၾကည့္၏။ ဘယ္ဘက္မ်က္လုံးတြင္ ေသြးစတို႔ျဖင့္ ေစးကပ္ေနသျဖင့္ ဖြင့္မရ။
ညာဘက္မ်က္လုံးကေတာ့ ျဖည္းျဖည္းခ်င္း ပြင့္လာသည္။
သူ႔ေရွ႕တြင္ ကြၽန္းကုလားထိုင္ႀကီးျဖင့္ ထိုင္ေနသူ တစ္ေယာက္။
ေ႐ႊခ်ထားေသာ သကၠလပ္ဦးထုပ္ကို ေဆာင္းထားၿပီး အဂၤလိပ္ အိုင္စီအက္စ္မ်ား ကိုင္ေလ့ရွိသည့္ တုတ္ေကာက္ တစ္ေခ်ာင္းကို ကိုင္ထားသည္။
''ငါ့ကိုယ္ငါ မိတ္ဆက္ေပးပါရေစ..ေကာင္ေလး.အိုင္အမ္သကင္းေအာ့ဖ္ ရန္ဂြန္း.ငါဟာ ရန္ကုန္ရဲ႕ ဘုရင္ႀကီးပါ။ မတ္စတီးခန္းပါ''
''မာမြတ္ဘိုင္က ခုထိ မထႏိုင္ေသးလို႔ မင္းအခုလို မ်က္လုံးတစ္လုံးနဲ႔ ငါ့ကို ဖူးျမင္ခြင့္ရတာကြ။ မာမြတ္ဘိုင္ကို ေက်းဇူးအရင္တင္လိုက္။ ၿပီးရင္ေတာ့ မင္း အလႅာ့ကို ေက်းဇူးတင္။ ဘာလို႔လဲဆိုေတာ့ မင္းဟာ မာမြတ္ဘိုင္ လို အေပါစားလူမိုက္ေကာင္ရဲ႕ အသတ္ကို ခံရမွာမဟုတ္ဘဲ…ဘုရင္ႀကီးမတ္စတီးခန္းကိုယ္ေတာ္တိုင္ စီရင္ျခင္းကို ခံရမွာမို႔ပဲ..ေမာင္ဖိုးတုတ္''
ဖိုးတုတ္ စကားေျပာရန္ ျပင္လိုက္စဥ္တြင္ အု အု ဟူေသာ အသံသာ ထြက္လာသည္။
တဆက္တည္း သူ႔လည္ပင္းမွ တင္းၾကပ္ၾကပ္ အထိအေတြ႕ကို ခံစားလိုက္ရသည္။
အသက္ရႈရၾကပ္ေနသည္။
လည္ပင္းဆီမွ နာၾကင္ေသာ အထိအေတြ႕ကိုလည္း ရေန၏။
မ်က္လုံးကို ေအာက္ဆိုဒ္ၾကည့္လိုက္ေသာအခါ သူ႔လည္ပင္းတြင္ ႀကိဳးကြင္းတစ္ခု စြပ္လ်က္သား။
''မ႐ုန္းနဲ႔..ေကာင္ေလး..ဒါ..မင္းအတြက္ ငါစီစဥ္ထားတဲ့ ႀကိဳးစင္ပဲ။ ပထမေတာ့ ဒီႀကိဳးစင္ေဒါက္ကို မာမြတ္ကို ျဖဳတ္ခိုင္းမလို႔ပဲ။ အခုက မာမြတ္က မင္းလက္ခ်က္နဲ႔ မထႏိုင္ေသးဘူးဆိုေတာ့…ဟဲ..ဟဲ…ဘယ္လိုလဲ သိပ္ေၾကာက္သြားၿပီလားကြ..လူမိုက္ကေလး''
ေသရေတာ့မည္ဆိုသည့္ အသိက ဖိုးတုတ္ စိတ္တစ္ခုလုံးကို ဝုန္းဒိုင္းႀကဲသြားေစသည္။
သို႔ေသာ္ ဖိုးတုတ္ ကား စိတ္လႈပ္ရွားေလ..အျပင္ပန္း ပိုမိုတည္ၿငိမ္ေလျဖစ္သည္ဟု ဦးဘိုးသင္ ေျပာခဲ့သည့္ မွတ္ခ်က္အတိုင္းပင္။
တစ္လုံးတည္းေသာ မ်က္လုံးျဖင့္ မတ္စတီးခန္းကို ရွႈတည္တည္ စိုက္ၾကည့္ေနေလသည္။
''အိုး..မင္းက အေၾကာက္တရားမရွိတဲ့ ရႈိက္တန္တစ္ေကာင္ပဲကြ..ေအးပါ..ေအးပါ..ကဲ..မင္း ေနာက္ထပ္ ေက်းဇူးတင္ရမယ့္ လူတစ္ေယာက္ လာတာနဲ႔ မင္းကို အဲ့ဒီႀကိဳးကြင္းကေန ငါျဖဳတ္ေပးမွာပါ..မင္းနဲ႔ ငါတို႔ ေရွ႕ဆက္စရာေတြ အမ်ားႀကီးရွိပါေသးတယ္ကြာ..ကဲ..အျပင္မွာ ကားသံၾကားတယ္..ငါ့ညီ ေတြ ေရာက္ေနၿပီထင္တယ္..အိုေက..ေမာင္ဖိုးတုတ္..အိုေက''
မတ္စတီးခန္းက ေ႐ႊဦးထုတ္ကို ေဆာင္းကာ ထိုင္ခုံမွ ထၿပီး အျပင္သို႔ထြက္သြားသည္။
ခဏအၾကာတြင္ မတ္စတီးခန္း၏ သက္ေတာ္ေစာင့္ ဘီလားဘိုင္ ဝင္လာၿပီး ဖိုးတုတ္လည္ပင္းမွ ႀကိဳးကို ျဖဳတ္ေပးသည္။
လက္တြင္ ခ်ည္ထားေသာ ႀကိဳးကိုမူ ျဖည္မေပး။
ဖိုးတုတ္ကို ပုခုံးမွဖက္ကာ ဂိုေထာင္အျပင္ဘက္သို႔ ေခၚထုတ္သြားသည္။
အျပင္ဘက္တြင္ ျမစ္ျပင္ကို တိုက္ခတ္လာေသာ ေလညႇင္းက ဖိုးတုတ္ကို ဆီးႀကိဳလိုက္သည္။
မ်က္လုံးျမင္ကြင္းက်ဥ္းက်ဥ္း ထဲ တြင္ ရန္ကုန္ျမစ္ႀကီးကို ဖိုးတုတ္ျမင္ေနရသည္။
ဒါဘယ္ေနရာလဲ။
ကမ္းနားတြင္ ခုန ေ႐ႊေရာင္ဦးထုတ္ႀကီး တလက္လက္ႏွင့္ မတ္စတီးခန္း က စားပြဲႏွင့္ ကုလားထိုင္ႏွင့္ စမတ္က်က် ထိုင္ေနသည္။
သူ႔ေဘးတြင္ေတာ့ အရပ္ျမင့္ျမင့္၊ အသားညိဳညိဳ၊ မ်က္မွန္ေ႐ႊကိုင္းျဖင့္ လူလတ္ပိုင္းတစ္ေယာက္။
လြတ္ေနေသာ ထိုင္ခုံတြင္ ဖိုးတုတ္ကို ထိုင္ခိုင္းလိုက္သည္။
''ကဲ..မစၥတာဖိုးတုတ္…ေဆြးေႏြးပြဲမစခင္ ဘာမ်ား သုံးေဆာင္မလဲဗ်''
''ဝီစကီ ရမလား''
''က်ဳပ္တို႔က ဘာသာေရးကိုင္းရႈိင္းတဲ့ မဟာေမဒင္ေတြပါဗ်ာ။ အရက္ မေသာက္ပါဘူး။ လူႀကီးမင္း ေသာက္ခ်င္ရင္ေတာ့ ခဏေန သွ်ီသွ်ားအိုး ေရာက္လာလိမ့္မယ္။ ဒါေပမယ့္ က်ဳပ္တို႔ ေသာက္ၿပီး က်န္တာကိုပဲ လူႀကီးမင္း ေသာက္ခြင့္ရမွာပါ..ဟဲ..ဟဲ''
ဒဏ္ရာအျပည့္ျဖင့္ စုတ္ျပတ္ေနသည့္ ဖိုးတုတ္မ်က္ႏွာက ခံစားခ်က္မဲ့ေနေသာ လူေသေကာင္ တစ္ေကာင္ကဲ့သို႔ပင္။
ေသေဘးႀကီးမွ သူလြတ္လာၿပီမို႔..မတ္စတီးခန္း၏ စကားကို သူအာ႐ုံထဲ ဖမ္းဆုပ္မရ။
''ကဲ…အခုပဲ ႀကိဳးစင္ေပၚက ဆင္းလာရတာဆိုေတာ့ စိတ္လႈပ္ရွားေနမွာေပါ့..စိတ္ၿငိမ္သြားေအာင္ စီးကရက္ေလး ေတာ့ ငါ့ဘက္က တိုက္ႏိုင္ပါတယ္..ေမာင္ဖိုးတုတ္''
မတ္စတီးခန္းက ကုလားအုတ္တံဆိပ္ စီးကရက္ တစ္လိပ္ကို ထုတ္ၿပီး ဖိုးတုတ္၏ ႏႈတ္ခမ္းတြင္ေတ့ေပးလိုက္၏။ ၿပီးေနာက္ စီးကရက္ဗူးကို သူ႔အိပ္ကပ္ထဲသို႔ ထည့္လိုက္သည္။
မတ္စတီးခန္း၏ ေဘးတြင္ ထိုင္ေနေသာ လူက မီးျခစ္ဗူးအေကာင္းစားထဲမွ မီးၿခံဆံကို ျခစ္ကာ ဖိုးတုတ္ထံ မီးညႇိ႔ေပး၏။
''ဟား..ဟား..ဟား..အဘိုင္ေလးဖိုးတုတ္..အဘိုင္ေလးဖိုးတုတ္..မင္းက တယ္ကံေကာင္းတဲ့ေကာင္ပဲ…မင္းက အခု ရန္ကုန္ရဲ႕ ဘုရင္ႀကီး မတ္စတီးခန္း တိုက္တဲ့ စီးကရက္ကို ေသာက္တယ္။ အဲ့ဒီစီးကရက္ကို ရန္ကုန္ရဲ႕ အေတာ္ဆုံးစစ္သူႀကီး မစၥတာမန္မဆာ ကိုယ္တိုင္ မီးညႇိေပးရတယ္။ ဟား..ဟား..ေကာင္းလိုက္တာကြာ''
ဖိုးတုတ္က စီးကရက္ကို ႏႈတ္ခမ္း၏ ညာဘက္ေထာင့္ျဖင့္ ဖိထားလိုက္ၿပီး
''ဟုတ္ပါၿပီေလ…ေနာက္ထပ္ ခင္ဗ်ားတို႔ က်ဳပ္ေသာက္တဲ့ စီးကရက္ကိုပါ မကိုင္ေပးထားခ်င္ရင္ေတာ့..လက္ကို ႀကိဳးျဖည္ေပးဦးဗ်''
ဖိုးတုတ္၏ တုန႔္ျပန္စကားေၾကာင့္ မက္စတီးခန္း မ်က္ႏွာက အၿပဳံးမ်ား ျပန္ေျပေလ်ာ့သြားသည္။
''ဟုတ္သားပဲ…ဘီလားဘိုင္..ႀကိဳးျဖည္ေပးလိုက္''
ဘီလားဘိုင္က ႀကိဳးျဖည္ေပးလိုက္ၿပီးေနာက္ ဖိုးတုတ္သည္ ႏႈတ္ခမ္းဖ်ားမွ စီးကရက္ကို လက္ၾကားတြင္ ညႇပ္လိုက္သည္။
''ဒီေလာက္ဆို..မင္းအခု ေတြ႕ေနတဲ့သူေတြက ဘယ္သူေတြဆိုတာ မင္းသိၿပီေပါ့..ေမာင္ဖိုးတုတ္''
''သိပါၿပီ..ဒါနဲ႔ က်ဳပ္ကို ဘာလို႔ မသတ္ၾကတာလဲ''
''ငါ့သေဘာနဲ႔ ငါဆို သတ္ၿပီးၿပီ..ဖိုးတုတ္..ဒါေပမယ့္ ေဟာ့ဒီက ငါ့ညီအစ္ကို မစၥတာမန္မဆာ က ငါ့ကို အႀကံတစ္ခုတင္ျပလာလို႔.. အဲ့ဒါ မင္းနဲ႔ ငါတို႔ ၾကား အေပးအယူတစ္ခု လုပ္မလို႔''
''ဘာ အေပးအယူလဲ''
''ငါတို႔ အခု မင္းကို မသတ္ဘူး။ ျပန္လႊတ္ေပးမယ္။ မင္း လမ္းမေတာ္ကို သြားရမယ္။ အရင္ မင္းလုပ္ေနက် အလုပ္ေတြ ျပန္လုပ္ရမယ္''
''ဟုတ္ၿပီေလ..ဒါဆို က်ဳပ္က ခင္ဗ်ားကို ဘာျပန္ေပးရမလဲ..ေျပာ''
''ဘာမွ ျပန္မေပးနဲ႔..မင္းေပးရမွာ ကတိတစ္ခုတည္းပဲ..မင္း က လမ္းမေတာ္မွာ ေနရာတစ္ခု ရလာၿပီဆိုတာ ငါတို႔ သိထားတယ္..ဒီေတာ့ လမ္းမေတာ္က ပု႑ားဘထြန္းနဲ႔ မင္းမၾကာခင္ ေတြ႕ရေတာ့မယ္ကြ..ဒီေတာ့ မင္းလုပ္ေပးရမွာက ႏွစ္ခ်က္ပဲ
တစ္…မင္းဟာ ပု႑ားဘထြန္း ရဲ႕ အၿမဲတမ္းရန္သူ ျဖစ္ေနရမယ္။
ႏွစ္… တကယ္လို႔ ပု႑ားဟာ ငါတို႔ အေရွ႕ပိုင္းသားေတြကို တိုက္ခိုက္ဖို႔ မင္းကို လာညႇိ႔တဲ့အခါမ်ိဳးမွာ မင္းက သူနဲ႔ ဘယ္လိုညႇိႏႈိင္းမႈမ်ိဳးမွ မလုပ္ရဘူး။ ဘယ္လိုလဲ သေဘာတူလား''
ဖိုးတုတ္က စီးကရက္ကို ဖင္စီခံအထိ ေရာက္ေအာင္ တရႈိက္တည္း ရႈိက္ပစ္လိုက္ၿပီး ေျမျပင္သို႔ ပစ္ထုတ္လိုက္သည္။
''ဟုတ္ၿပီေလ..က်ဳပ္ သေဘာတူတယ္..ဒါေပမယ့္…က်ဳပ္သိခ်င္တာတစ္ခုရွိတယ္...မာမြတ္ကို က်ဳပ္ ႐ိုက္တဲ့ကိစၥ ခင္ဗ်ားကို ဘယ္သူ သတင္းေပးတာလဲ...''
''ဒီမွာ ဖိုးတုတ္..မင္းက ရန္ကုန္မွာ မေန႔တစ္ေန႔ကမွ ေရာက္လာတဲ့ ခ်ာတိတ္ေလးပဲကြ..တို႔ေလာကမွာ ဒီကိစၥမ်ိဳးက စည္း ရွိတယ္ကြ။ အေပးအယူတိုင္းမွာ ကတိေတြ ရွိစၿမဲပဲ။ ဒီေတာ့ ဒီသတင္းကို သိရဖို႔လည္း ငါက သတင္းေပးနဲ႔ အေပးအယူလုပ္ခဲ့တာမို႔..မင္းကို မေျဖေပးႏိုင္တာ စိတ္မေကာင္းဘူး''
''မဟုတ္ဘူးဗ်ာ..နာမည္ဘယ္သူဆိုတာ တိုက္႐ိုက္မေျပာရင္ေတာင္..က်ဳပ္သိခ်င္တာက က်ဳပ္တပည့္ေတြထဲကလား၊က်ဳပ္ လူရင္းထဲကလားဆိုတာ သိခ်င္တာ.. က်ဳပ္ ေသမွာထက္ သစၥာေဖာက္ခံရမွာကိုေတာ့ ေၾကာက္တယ္ဗ်..အဲ့ဒါေၾကာင့္''
''အိုေက..အိုေက.ငါခိုင္းလိုက္တဲ့ ပုလိပ္ေတြက.မင္းရဲ႕ မ်က္လုံးတစ္ဖက္ကို ပိတ္ေနေအာင္ ထိုးထားမိတဲ့အတြက္ေရာ..မင္းမ်က္ႏွာေလးစုတ္ျပတ္သြားတဲ့အတြက္ေရာ ေလွ်ာ္ေၾကးအျဖစ္ ငါ တစ္ခုေတာ့ ေျပာလိုက္မယ္။ မင္းတပည့္ေတြ၊ မင္းလူရင္းေတြက မင္းကို သစၥာမေဖာက္ပါဘူး''
''ဟုတ္ၿပီေလ..ဒီေလာက္ဆို ဘယ္သူဆိုတာ က်ဳပ္ ေဖာ္ထုတ္ႏိုင္ပါၿပီ''
''အခု ငါတို႔ ေျပာတဲ့ စကားေတြသည္ အလႅာ့ကို တိုင္တည္ၿပီး ငါတို႔ ေျပာတာျဖစ္သလို..မင္းလည္း မင္းကိုးကြယ္တဲ့ ဘုရားကို တိုင္တည္ၿပီး ေျပာပါ''
''ဟုတ္ၿပီ..က်ဳပ္က ဗုဒၶဘာသာဆိုေတာ့ ဘုရားအဆူဆူကို တိုင္တည္ၿပီးေျပာတယ္..က်ဳပ္သေဘာတူတယ္''
''အိုေက..ဒါဆို ငါတို႔ ေဆြးေႏြးမႈ ေအာင္ျမင္တယ္ေပါ့..ကဲ..ဘီလားဘိုင္..ေဟာ့ဒီက အဘိုင္ေလးကို လမ္းမေတာ္ သူ႔အိမ္ေရွ႕အထိ က်ဳပ္ရဲ႕ ေမာ္ေတာ္ကားနဲ႔ လိုက္ပို႔လိုက္ပါကြာ''
ဘီလားဘိုင္က ဖိုးတုတ္ကို လာတြဲထူရင္း ေမာ္ေတာ္ကားဆီ ေခၚသြားသည္။
ေမာ္ေတာ္ကားေပၚ တက္ခါနီးတြင္ မတ္စတီးခန္းက လွမ္းေအာ္သည္။
''ေၾသာ္..ေမာင္ဖိုးတုတ္ေရ..ေမ့သြားလို႔ကြ…. မင္းနဲ႔ ငါတို႔နဲ႔ သေဘာတူထားတဲ့အထဲ မာမြတ္ဘိုင္ မပါဘူးေနာ္..မာမြတ္ဘိုင္ ျပန္ေကာင္းလာလို႔ မင္းကို လာသတ္ရင္ေတာ့ ငါတို႔နဲ႔ မဆိုင္ဘူးေနာ္..ဟားဟား''
ဖိုးတုတ္ က ကားတံခါးကို ဂ်ိဳင္းခနဲ ဆြဲပိတ္လိုက္သည္။
မတ္စတီးခန္း စီးေသာ အမိုးဖြင့္ ဇိမ္ခံကားႀကီးက ၿငိမ့္ေညာင္းစြာ ေမာင္းထြက္သြား၏။
…………………………………………………………………………………………
ဖိုးတုတ္ ကို မတ္စတီးခန္း၏ ကားႏွင့္ လာျပန္ပို႔သြားသည္ဆိုသည့္ သတင္းႏွင့္မာမြတ္ ကို ေဆာ္လိုက္သူမွာ ဖိုးတုတ္ဟူေသာ သတင္းက လမ္းမေတာ္တခြင္ႏွင့္ လူမိုက္ေလာကတြင္ တမုဟုတ္ခ်င္း ျပန္ႏွံ႔သြားသည္။
ဖိုးတုတ္ ကား လူျမင္ကြင္းမွ ေပ်ာက္ေနေသာ္လည္း ဖိုးတုတ္၏ ပါဝါကား တစ္ရစ္ခ်င္း ျမင့္တက္လာေနသည္။
ပု႑ားဘထြန္းမွာ ထိုသတင္းကို ၾကားေသာအခါ ေဒါသမ်ား တအုံအုံတေႏြးေႏြးထြက္လ်က္ရွိသည္။
မည္သူမွ် ေမာ္မၾကည့္ရဲၾကေသာ လူမိုက္ထိပ္သီး မာမြတ္ကို ႐ိုက္ပစ္လိုက္ျခင္းႏွင့္ မတ္စတီးခန္း၏ ကားႏွင့္ အိမ္တိုင္ရာေရာက္လာပို႔သြားသည္ဆိုသည့္အခ်က္ေတြက ဖိုးတုတ္ ကို အျမင့္တစ္ေနရာသို႔ တြန္းပို႔ေနေပၿပီ။
မာမြတ္ကိစၥတြင္ ပု႑ားဘထြန္းမွာ မတ္စတီးခန္း၏ အထင္အျမင္လြဲမႈကို ခံရ႐ုံသာမက မတ္စတီးခန္းႏွင့္ပင္ စကား ကေတာက္ကဆျဖစ္ခဲ့ၾကေသးသည္။
မာမြတ္ကို ႐ိုက္ခဲ့သူ ဖိုးတုတ္က အျမတ္ထြက္သြားၿပီး ဘာမွ မဆိုင္သည့္ မိမိက ရန္စြယ္ေတြပြားလာျခင္းပင္။
ပု႑ားဘထြန္း၏ အျမတ္ေတာ္ကား ဖိုးတုတ္အေပၚတြင္ ရွေလၿပီ။
သို႔ေသာ္ ဖိုးတုတ္ကို သြားမထိရဲ။ သူ႔လက္႐ုံးမာမြတ္ကို ေသလုေမ်ာပါး႐ိုက္ခဲ့သည့္ ဖိုးတုတ္ကို မတ္စတီးခန္းက မည္သည့္အေပးအယူမ်ားႏွင့္ ျပန္လႊတ္ေပးလိုက္သည္မသိႏိုင္။
ဖိုးတုတ္ ႏွင့္ မိမိ တိုက္ၾကပါက မတ္စတီးခန္းသည္ မည္သူ႔ဘက္က ပါမည္လဲ။ စစ္ကူမည္လဲ။
ပု႑ားဘထြန္း သူ႔ ဇာတာကို သူ႔ဘာသာသူ ျပန္စစ္ၾကည့္သည္။သူ႔ပလႅင္လႈပ္လာသည္က ေသခ်ာၿပီ။
ထိုအေျခအေနတြင္ ဘာမွ မလႈပ္ရွားပဲ ပိုေနၿမဲ ၾကားေနၿမဲ ေနရန္ ဆုံးျဖတ္လိုက္သည္။
ပု႑ားဘထြန္း ၿငိမ္ေနခ်ိန္တြင္ ဖိုးတုတ္ ၏ နာမည္ေက်ာ္စရာ သတင္းတစ္ခု ၾကားရျပန္၏။
ယင္းကား
''ၾကည့္ျမင္တိုင္ စက္ဆန္းမွာ ဓါးဘသိန္းကို ဖိုးတုတ္က ငွက္ႀကီးေတာင္ နဲ႔ ဝင္ပိုင္းတာ..ဘသိန္း လက္တစ္ဖက္ ထိၿပီး ေရထဲ ခုန္ခ်ေျပးသြားသတဲ့''
…………………………………………………………………………………………
ဓါးဘသိန္း။
ကမာ႐ြတ္႐ြာ အရက္ပုန္းခ်က္သည့္ လုပ္ငန္းမ်ားႏွင့္ ျပည့္တန္ဆာတန္းမ်ားကို ပိုင္စိုးသူ။ ရံဖန္ရံခါ ရန္ကုန္ၿမိဳ႕လယ္ေခါင္တြင္ လုယက္မႈမ်ားကို ေျဗာင္က်က်က်ဴးလြန္တတ္သူမ်ားသည္ ဓါးဘသိန္း တပည့္မ်ားျဖစ္ၾကသည္။ ဓါးဘသိန္း ကိုယ္တိုင္လည္း အႏုၾကမ္းစီးမႈတစ္ခုျဖင့္ ပုလိပ္က ဝရမ္းထုတ္ထားေသာ လူဆိုးတစ္ေယာက္။
မာမြတ္ကိစၥျဖစ္ၿပီးေနာက္ မတ္စတီခန္းႏွင့္ ပု႑ားဘထြန္းတို႔ ဗ်ာမ်ားေနခ်ိန္တြင္ ဖိုးတုတ္သည္ ရန္ကုန္တခြင္မွ ဇရွိသူ ဗမာလူမ်ိဳး လူမိုက္လက္သစ္မ်ား၊ လက္ေဟာင္းမ်ားကို လိုက္လံစည္း႐ုံးေနခ်ိန္ျဖစ္သည္။
မာမြတ္ကို ၿဖိဳလိုက္သူမွာ ဖိုးတုတ္ ႏွင့္ သူငယ္ခ်င္း ဂႏၵာမာေသာင္းရင္တို႔ ျဖစ္ေၾကာင္း ေျပာျပရင္း တစ္စုံတစ္ခု ျဖစ္လာပါက ဗမာလူမိုက္အခ်င္းခ်င္း ေၾကာခ်င္းကပ္ထားၾကရန္ မဟာမိတ္လိုက္ဖြဲ႕ခဲ့သည္။
ၾကည့္ျမင္တိုင္ ၾကက္ၾကား က ဗမာလူမ်ိဳးမဟုတ္ေသာ္လည္း ပု႑ားဘထြန္းႏွင့္ေရာ မြတ္ဆလင္ဂိုဏ္းမ်ားႏွင့္ပါ မတည့္သည့္ လူမိုက္ျဖစ္သျဖင့္ ဖိုးတုတ္ ၏ ညႇိႏႈိင္းမႈကို လက္ခံလိုက္သည္။
ဓါးဘသိန္း ကမူ .. သူ႔ဆရာျဖစ္ခဲ့ေသာ သိမ္ႀကီးေဈးလွေဖ က လက္ခံမွ သူလက္ခံမည္ ဟု စကားျပန္သည္။
ထို႔အတြက္ ဖိုးတုတ္ မွာ သိမ္ႀကီးေဈးလွေဖ ခိုေအာင္းရာ ၾကည္ျမင့္တိုင္တစ္ဖက္ကမ္း ေအး႐ြာသို႔ ကူးၿပီး လွေဖ ႏွင့္သြားေရာက္ ညႇိႏႈိင္းၾကျခင္းျဖစ္သည္။
သိမ္ႀကီးေဈးလွေဖမွာ ပု႑ားဘထြန္း၏ နယ္ေျမလုယူမႈကို ခံရသည့္အျပင္ ပုလိပ္ဘက္မွ မဖမ္းဖမ္းေအာင္ ပု႑ားက လာဘ္ထိုးထားသည့္အတြက္ ရန္ကုန္တစ္ဖက္ကမ္း ဒလ ႏွင့္ ေအး႐ြာတစ္ဝိုက္တြင္ လွည့္လည္ေရွာင္တိမ္းေနသည္မွာ သုံးႏွစ္ရွိၿပီျဖစ္သည္။
ေအး႐ြာမွ အျပန္တြင္ မတ္စတီးခန္း ေငြေပးထားေသာ ပုလိပ္မ်ားက ဖိုးတုတ္ကို စီးဖမ္းၾကျခင္းျဖစ္သည္။
ဖိုးတုတ္သည္ မတ္စတီးခန္း လက္မွ ျပန္လြတ္လာေသာအခါ အိမ္တြင္မေနပဲ ဦးဘိုးသင္ ၏ ဝပ္ေရွာ့တြင္ သြားေရာက္ေနထိုင္သည္။
သူ႔တပည့္မ်ားအားလုံးကို ဦးဘိုးသင္ ထံသို႔ စု႐ုံးလိုက္သည္။
''ဒီကိစၥမွာ ငါ့ဘက္က အျမတ္ထြက္သြားတယ္ဆိုေပမယ့္ မာမြတ္ ကိစၥ ေဖာ္တာ ဘယ္သူဆိုတာ ငါ သိခ်င္တယ္.. ငါသိမွရမယ္..ဘာလို႔လဲဆိုေတာ့ ငါတို႔ ေရွ႕ဆက္သြားရမယ့္ လမ္းက အေဝးႀကီးက်န္ေသးတယ္.. အဲ့ဒီ လမ္းမွာ သစၥာမရွိတဲ့ေကာင္ကို ဆက္ေခၚသြားလို႔ေတာ့မျဖစ္ဘူး။ ဒီေတာ့ မာမြတ္ကို လုပ္တာ ငါဆိုတာကို ငါကိုယ္တိုင္ ေျပာျပလိုက္တဲ့ လူသုံးေယာက္ရွိတယ္။ အဲ့ဒါကေတာ့ ၾကက္ၾကား၊ ဓားဘသိန္း နဲ႔ ဦးလွေဖ ပဲ။ သူတို႔သုံးေယာက္ထဲက ဘယ္သူက မတ္စတီးခန္းနဲ႔ အဆက္အသြယ္ရွိတယ္ဆိုတာ ငါသိခ်င္တယ္.. အဲ့ဒီလူကို ေဖာ္ထုတ္ၿပီးမွ ငါတို႔ က်န္တာ ဆက္လုပ္မယ္''
''ဟုတ္ကဲ့ပါ..ဆရာဖိုးတုတ္..ကြၽန္ေတာ္တို႔ဆီမွာ အခု လူသစ္ေတြလည္းမ်ားေနၿပီဆိုေတာ့ ေနရာအႏွံ႔ ခြဲၿပီး သတင္းအနံ႔ခံခိုင္းပါ့မယ္''
''ဟုတ္ၿပီ..က်န္တဲ့လူေတြ သြားလို႔ရၿပီ…ဂႏၶမာ မင္းခဏေနခဲ့…ဘသိန္းနဲ႔ စံဘလည္း ခဏေနခဲ့''
ဂႏၵာမာေသာင္းရင္း ႏွင့္ ဖိုးတုတ္၏ ညီမ်ားျဖစ္ေသာ ဘသိန္း ႏွင့္ စံဘ တို႔ ဖိုးတုတ္အနီးတြင္ က်န္ရစ္ခဲ့ၾကသည္။
''လာ..အခု က ငါတို႔ ေဆြမ်ိဳးေတြ သီးသန႔္အစည္းအေဝးပဲ…ဂႏၶမာကေတာ့ ငါ့သူငယ္ခ်င္းအရင္းမို႔ ငါ့မိသားစုလိုပဲျဖစ္ေနၿပီ..လာ..အထဲမွာ ဦးေလးဘိုးသင္ မင္းတို႔ကို ဝီစကီေသာက္ဖို႔ ေစာင့္ေနတယ္''
ဦးဘိုးသင္ က ထမင္းစားခန္းတြင္ ဝီစကီခြက္ကို ကိုင္လ်က္။
''ကဲ..ေသာက္ရင္း စားရင္း..ငါေျပာစရာရွိတာ ေျပာမယ္..ဒီမယ္..ဖိုးတုတ္…မင္း အခု ကိစၥကေန သင္ခန္းစာေတြ၊ အတုယူစရာေတြရတယ္ကြ…မတ္စတီးခန္း က မင္းကို ဖမ္းေတာ့ သူ႔လူမိုက္ေတြေတာင္ မသုံးဘူး။ ပုလိပ္အဖြဲ႕ကို သုံးသြားတာကြ။ ဘယ္ေလာက္ရယ္စရာေကာင္းသလဲကြာ..ဟားဟား.. တရားဝင္လူမိုက္အဖြဲ႕ႀကီးကို သုံးသြားတာ''
''ဟုတ္တယ္..ဦးေလး..ဒီေကာင္ႀကီး လက္တံ က ေၾကာက္ဖို႔ေတာင္ ေကာင္းတယ္''
''ဟုတ္တယ္..ဖိုးတုတ္..မင္းလည္း သူတို႔လို ေၾကာက္စရာေကာင္းလာေအာင္..ဘာလုပ္ရမလဲ..မင္းလည္း သူတို႔ နည္းလမ္းအတိုင္း ပုလိပ္အရာရွိေတြ၊ ႏိုင္ငံေရးသမားေတြကို အိပ္ထဲထည့္ႏိုင္ေအာင္ ေပါင္းရမယ္ကြ.. တရားဝင္လူမိုက္ေတြနဲ႔ တရားမဝင္လူမိုက္ေတြဟာ အျပန္အလွန္ မိတ္ေဆြေတြပဲကြ..အဲ့ဒါကို အခုကတည္းက အစပ်ိဳးရမယ္''
''ဘယ္လို အစပ်ိဳးရမလဲ..မနက္ျဖန္ ပဲ အစပ်ိဳးရမယ္..ငါကိုးကြယ္ေနတဲ့ ဆရာေတာ္ဦးဝိလာသ ကို မင္းသိတယ္မဟုတ္လား..ဖိုးတုတ္''
''သိတယ္ေလ..မႏွစ္က ဦးေလးတို႔ ကားလိုင္း ဘုံကထိန္ခင္းေတာ့ေတာင္ တရားေဟာတဲ့ ကိုယ္ေတာ္မဟုတ္လား''
''ေအးဟုတ္တယ္ကြ..သူ႔ကို ကိုးကြယ္တဲ့အထဲမွာ ပုလိပ္ဝန္ေထာက္ ဦးခ်န္ထြန္း ဆိုတာ ရွိတယ္။ သူက ျမန္မာလူမ်ိဳးထဲ ရာထူးျမင့္ျမင့္ရထားတဲ့ ပုလိပ္အရာရွိပဲကြ။ သူက ဒီရန္ကုန္ဒီစႀတိတ္ကေတာ့မဟုတ္ဘူး။ ဟိုးေ႐ႊဘိုဘက္က။ အခု ခြင့္နဲ႔ ျပန္လာေနေနတာ..ဆရာေတာ္ေက်ာင္းကို မနက္ျဖန္ ဆြမ္းလာကပ္မယ္တဲ့''
''အိုေက..ကြၽန္ေတာ္ သေဘာေပါက္ၿပီ ဦးေလး..မနက္ျဖန္ ကြၽန္ေတာ္ ဆရာေတာ္ေက်ာင္းကို လာခဲ့မယ္။
ေဟ့..ဘသိန္း..သကၤန္းေကာင္းေကာင္းသုံးစုံနဲ႔ ဝတၳဳေငြ တစ္ရာကို စာရင္းထဲက ထုတ္ထားကြာ။ မနက္ ငါသြားရင္ အသင့္ျဖစ္ပါေစ''
''ဟုတ္ ကိုႀကီးဖိုးတုတ္''
''ဦးေလး..ဘာေျပာစရာရွိေသးလဲ''
''ေအး ဘာမွ ေျပာစရာမရွိေတာ့ဘူး..ငါ အရက္ပဲ ဆက္ေသာက္ေတာ့မယ္'''
''ဟုတ္ၿပီ..အဲ့ဒါဆို ငါေျပာမယ္...စံဘ မင္း မနက္ျဖန္က်ရင္ ကမာ႐ြတ္ထဲမွာ ဖာသြားခ်ရမယ္''
''ဗ်ာ''
ဖိုးတုတ္စကားေၾကာင့္ ေသွ်ာင္ေပစူးကေလးႏွင့္ စံဘ အံၾသသြားသည္။
''မဗ်ာနဲ႔…ေနာက္ထပ္ သုံးရက္ေလာက္ ဆက္တိုက္သြားရမယ္…မင္းကိုယ္မင္း ႐ြာက သူေဌးသားလို႔ မိတ္ဆက္..ဒီမွာ စပါးတင္သဗၺာန္တစ္စင္းလာၾကည့္တာလို႔ေျပာ…ၿပီးရင္ အဲ့ဒီက ေကာင္မေလးတစ္ေယာက္ နဲ႔ပဲ မင္း သုံးရက္လုံး ဝင္ရမွာေနာ္..သေဘာကေတာ့ မင္းဟာ သူ႔ကို က်ေနတဲ့ ေတာသူေဌးသားေပါ့..ၿပီးရင္ သူတို႔ ပိုင္ရွင္အေၾကာင္းကို မင္းစကားေခါက္ၾကည့္..သူတို႔မင္းကို သူတို႔သူေဌးနဲ႔ပတ္သက္တဲ့ ပုံျပင္ေတြ ေျပာျပလိုက္မယ္..အဲ့ဒီပုံျပင္ေလး ေတြကို ညက်ရင္ ငါ့ကို လာျပန္ေျပာျပ ဟုတ္ၿပီလား''
''ဟုတ္..ဟုတ္''
''ဂႏၶာမာ က ဒီေကာင့္ကို အဲ့ဒီ ဖာတန္းဆီ ေသခ်ာလမ္းၫႊန္ေပးလိုက္ကြာ..ဒါေပမယ့္ ကမာ႐ြတ္ထဲေတာ့ မင္းကိုယ္တိုင္ မဝင္နဲ႔ေနာ္..ေဟ့ေကာင္..ဘသိန္းတပည့္ေတြက မင္းကို သိေနတယ္။ စံဘ ကေတာ့ လူသစ္မို႔ ဒီေကာင္ေတြမသိတာေသခ်ာတယ္။ ဘသိန္းဆီက လိုအပ္တဲ့ ေငြထုတ္သြား။ အင္း ငါသိတာေတာ့ .. ကမာ႐ြတ္က ၿမိဳ႕ထဲထက္ အမ်ားႀကီးေဈးသက္သာတယ္။ တစ္ခါခ် ငါး႐ူပီး တဲ့''
''ေအး..စိတ္ခ် ဖိုးတုတ္..ဒါနဲ႔ ဘာလို႔..သူ႔ဆီကိုလႊတ္''
''ငါ့စိတ္ထဲ သိေနတယ္ကြာ..ဂႏၶမာ..ဒီေကာင္ ဘသိန္းပဲ…ငါ့ကို ေခ်ာက္ခ်လိုက္တာ..ငါစိတ္ထဲ အလိုလိုသိေနတယ္..ဒါ့ေၾကာင့္ ဒီေကာင့္ဆီကို စံဘကို သီးသန႔္လႊတ္ေပးတာ''
…………………………………………………………………………………………
ႏွစ္ရက္ေျမာက္ေန႔…စံဘ လာျပန္ေျပာျပေသာ ပုံျပင္ေလးမ်ားထဲတြင္ ကုလားသူေဌးႀကီး မက္စတီးခန္း ၏ ေဒါက္ကပ္ျမင္းလွည္းႀကီး ႏွင့္ အတူ သူတို႔ ေဆာင္ၾကာၿမိဳင္တဲနန္း၏ ပိုင္ရွင္ႀကီး ဓါးဘသိန္း ျပန္လာသည့္ ညတည အေၾကာင္းပါလာေပသည္။
ေနာက္တစ္ေန႔နံနက္တြင္ ငွက္ႀကီးေတာင္ဓါးကို စလြယ္သိုင္းကာ ကမာ႐ြတ္ဘက္ဆီသို႔ စက္ဘီးတစ္စီးျဖင့္ ထြက္သြားေသာ ဖိုးတုတ္ကို ေတြ႕လိုက္ၾကရသည္။
တကယ္တမ္းက်..ဓါးဘသိန္းကို ကမာ႐ြတ္တြင္ ရွာမေတြ႕။ဓါးဘသိန္းကား ဖိုးတုတ္လာၿပီကို သတင္းၾကားကတည္းက ႀကိဳေရွာင္ေနသည္။
ဓါးဘသိန္းကို ေျမလွန္ရွာရန္ သူ႔တပည့္မ်ားအား ဖိုးတုတ္အမိန႔္ေပးၿပီးမၾကာမီပင္ ပု႑ားေက်ာ္ထြန္း ေရာက္လာသည္။
ၾကည့္ျမင့္တိုင္ၾကက္ၾကားက ပု႑ားေက်ာ္ထြန္းမွတဆင့္ ဖိုးတုတ္ထံ သတင္းစကားတစ္ခု ပါးလိုက္သည္။
''ၾကက္ၾကား၏ နယ္ေျမျဖစ္ေသာ စက္ဆန္းထဲမွ အိမ္တစ္လုံးတြင္ ဓါးဘသိန္း ေအာင္းေနသည္'' တဲ့။
ထိုသတင္းအတြက္ အေပးအယူကား…လမ္းမေတာ္ဖိုးတုတ္အေနျဖင့္ ၾကက္ၾကားကို ထာဝရမဟာမိတ္အျဖစ္ အသိအမွတ္ျပဳေပးရန္ဟူ၏။
ညေနပိုင္းတြင္ ဓါးဘသိန္းတစ္ေယာက္ ဓါဒဏ္ရာမ်ားျဖင့္ ရန္ကုန္ျမစ္အတြင္း ခုန္ခ်ထြက္ေျပးသြားသည့္ သတင္းက ဟိုးဟိုးေက်ာ္သြားေပသည္။
လူမိုက္ေလာကတြင္ လည္း ''ဖိုးတုတ္ႀကီးက ဘသိန္းကိုေတာင္ တစ္ေယာက္တည္း သြားခုတ္တာဟ'' ဆိုသည့္ စကားလုံးက လမ္းမေတာ္ဖိုးတုတ္အား သိကၡာထပ္ေပးသည့္ စကားလုံးတစ္ခုအျဖစ္ က်န္ရစ္ခဲ့ေတာ့သည္။
ခက္ေဇာ္
အပိုင္း(၄) ဆက္ရန္
Done🐬🐬
ReplyDelete🍂🍂🍂🍂
ReplyDeleteDone 💪
ReplyDeleteClicked✅
ReplyDeleteGood
ReplyDeleteDone 🍀
ReplyDeleteကိုဖိုးတုတ် fan ပါ😜😍
ReplyDelete💙
ReplyDeleteGood story
ReplyDeleteDone.
ReplyDelete👍👍
ReplyDeleteDone
ReplyDeleteဖတ်လို့ကောင်းနေ😁
ReplyDelete