The old man and the sea

 အဘိုးအိုနှင့် အဏ္ဏဝါ (၁၉၅၂)

အားနက် ဟဲမင်းဝေး (၁၈၉၈-၁၉၆၁)



အားနက် ဟဲမင်းဝေးသည် သူ၏ ထင်ရှားသော ခေါင်းလောင်းထိုးသံ ဘယ်သူ့ ကံ(၁၉၃၈) ကို ရေးပြီးနောက် ဆယ်စုနှစ်တစ်ခုလောက် ငြိမ်နေခဲ့သည်။ ၁၉၅ဝ တွင် မြစ်ကိုဖြတ်၍ တောကိုဝင် ဝတ္ထု ထွက်လာသောအခါ စာပေသမား အားလုံး လိုလိုပင် ဟဲမင်းဝေး၏ဝတ္ထုကို အာရုံပြုလိုက်ကြ၏။ သို့သော် ထိုဝတ္ထုမှာ ယခင် ရေးခဲ့သော ဝတ္ထုမျာ.လောက် ထူးခြားပြောင်မြောက်မှု မရှိလှပေ။ သို့ဖြင့် ဟဲမင်းဝေး၏ အစွမ်းသည် ဆုံးခန်းတိုင်လေပြီ ဟု ယူဆလာကြ၏။

သို့သော် နောက်နှစ်နှစ်အကြာ ၁၉၅၂ တွင် ဟဲမင်းဝေး၏ အဘိုးအိုနှင့် အဏ္ဏဝါ ဝတ္ထု ထွက်လာသောအခါ စာပေလောကသည် လှုပ်ရှားသွားလေ၏။

စာလုံးရေအားဖြင့် နှစ်သောင်းခွဲ ပတ်ဝန်းကျင်သာရှိမည့် ဤဝတ္ထုနှင့် ပတ်သက်၍ ပြဿနာမျိုးစုံ ပေါ်လာ၏။ ဝတ္ထုပမာဏအားဖြင့် စစ်နှင့် ငြိမ်းချမ်းရေး ဝတ္ထုကြီး၏ အပုံ သုံးဆယ်ပုံလျှင် တစ်ပုံလောက်သာရှိသည့် ပမာဏဖြစ်သည်။ ဇာတ်အိမ်ကလည်း ဘာမျှ ကြီးကျယ်သည် မဟုတ်။ အဘိုးကြီးတစ်ယောက် ပင်လယ်ထဲ ငါးဖမ်းထွက်သည့် အကြောင်း။ ဇာတ်လမ်းကရော။ ရိုးရိုးစင်းစင်း ပါဘဲ။ ဇာတ်ဆောင်တွေကရော။ အဘိုးကြီးရယ်၊ ငါးရယ်၊ ပင်လယ်ရယ်။ နောက်ခံ ဒေသကရော။ ကျူးဘားပင်လယ်။ ကာလဒေသဆိုလျှင်လည်း ရက်ပိုင်းကလေး   မျှသာ။ သည်လိုဆို သည်ဝတ္ထုကို နော်ဗယ်ဟုခေါ်သော ဝတ္ထုကြီးဟု ခေါ်နိုင်ပါ မည်လား။ တစ်ဖက်က အဆို။

မည်သို့ဖြစ်စေ၊ ဤအဘိုးကြီးဝတ္ထုသည် လူ့လောကကို ကိုယ်စားပြုခြင်း ပင် ဖြစ်သည်။ လူ့ဘဝကို ထင်ဟပ်ပြခြင်းပင် ဖြစ်သည်။ သည်လိုဝတ္ထုမျိုးကိုမှ နော်ဗယ် မခေါ်လျှင် ဘာကိုခေါ်မည်နည်း။ နော်ဗယ်ဆိုတိုင်း အရှည်ကြီး ဖြစ်ရ မည်လော။ ဇာတ်ဆောင်တွေ အများကြီးနှင့် ဖြစ်ရပ်တွေ ဖြန့်ကျက်နေရမည်လော။ အခြား တစ်ဖက်က အဆို။

ဤသို့ဖြင့် ဝတ္ထုစံ သတ်မှတ်ရေးတွင် ပြဿနာ ဖြစ်လာ၏။

ဤဝတ္ထုသည် ရူပကဝတ္ထုပေပဲ၊ ဘဝကို ထပ်တူ ခိုင်းနှိုင်းပြုထားသည့် ဝတ္ထုပေပဲဟု ဆိုသူကလည်း ဆိုသည်။ မဟုတ်ပါ။ ဤဝတ္ထုသည် သင်္ကေတဝတ္ထု၊ “ဘဝကို သင်္ကေတပြုထားသည်ပဲ” ဟု ဆိုသူက ဆို၏။ မဖြစ်နိုင်ပါ။ ဟဲမင်းဝေး ကိုယ်တိုင်က သင်္ကေတကို မယုံ။ စာရေးသူကိုယ်တိုင်က ဝတ္ထုဆိုသည်မှာ သင်္ကေတမဖြစ်စကောင်းဖူးဟု ဆိုခဲ့ဖူးသည် မဟုတ်လား။ စင်စစ် ဤဝတ္ထုသည် သူ့ဝတ္ထုကို ကိုယ်စားပြုထားခြင်းပဲဟု ဆိုသူက ဆိုသည်။

ဤသို့ဖြင့် ဝတ္ထုအမျိုးအစားမှာလည်း ပြဿနာ ဖြစ်လာ၏။

အရေးအသားက ကာရန် မပါသည်ကလွဲလျှင် ကဗျာတစ်ပုဒ်ပါပဲဟု ဆိုသူက ဆိုသည်။ မတ်တွိန်း၏ ဟတ်ကဲဘယ်ရီဖင်း စွန့်စားခန်းက ရေးပုံမျိုးပဲ ဟု ယိုးစွပ်သူက ယိုးစွပ်သည်။ ဤအရေးပုံစံသာလျှင် အမေရိကန်ပြည်သူတို့၏ အသုံးအနှုန်း အပြောအဆိုပုံစံကို တိုက်ရိုက် ထင်ဟပ်ပြခြင်း ဖြစ်သည်ဟု ဆိုသူက ဆိုသည်။ သည်ဝတ္ထု အရေးပုံစံသည် ဖန်တီးစွမ်းအားထက် အတုယူ ပြုလုပ်ထား မှု ဘက်သို့ ရောက်နေသည်ဟု ဝေဖန်သူက ဝေဖန်သည်။

ဤသို့ဖြင့် အရေးအသား ပြဿနာမှာလည်း ပြောစရာ ဖြစ်လာ၏။

ဝတ္ထု၏ ဦးတည်ချက်နှင့် ပတ်သက်၍ ဘဝ၏အားမာန်ကို ပြသည်။ အလံမလှဲသော လူ့သတ္တိကို ဖော်ကျူးသည်ဟု အပြုဘက်က မြင်သူက မြင်သည်။ လူ့ကြမ္မာကို တင်ပြလိုရင်း ဖြစ်သည်ဟု ဘာသာရေးနှင့်ယှဉ်၍ သုံးသပ်သူက သုံးသပ်သည်။ ဤဝတ္ထုသည် လူ့ဘဝဟူသည် မည်မျှပင် ရုန်းကန်လှုပ်ရှားခဲ့စေ ကာမူ အဆုံး၌ ဗလာချည်းသက်သက်ဖြင့် နိဂုံးချုပ်ရခြင်းသာ ဖြစ်သည်ဟု ဝေဖန် သူက ဝေဖန်သည်။

သို့ဖြင့် ဤဝတ္ထုနှင့် ပတ်သက်၍ ထိုဝတ္ထုထက် သုံးလေးဆ ပမာဏရှိသော ဝေဖန်ရေးဆောင်းပါးစု စာအုပ်များပင်လျှင် ထွက်ပေါ်ခဲ့လေသည်။ ဤဝတ္ထုနှင့် ပတ်သက်၍ အကောင်းမြင်သူ ရှိသလို အဆိုးမြင်သူတို့လည်း   ပေါ်ပေါက်ခဲ့ကြသည်ကား မှန်၏။ အနုပညာ ပစ္စည်းတစ်ခုကို အကဲဖြတ်ရာတွင် မိမိတို့အမြင်၊ မိမိတို့လက်ဝယ်ရှိ ကိုက်တံဖြင့် အတိုင်းအတာ ပြုတတ်ကြသည်မှာ မဆန်းလှပေ။ မည်သို့ဖြစ်စေ၊ ဤဝတ္ထု၏ ဂယက်ကား ကြီးမားလှပါသည်။

ထို့ကြောင့်လည်း ဤဝတ္ထုကို ခေတ်သစ် စာပေဂန္ထဝင်မြောက်အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်၏။ ဟဲမင်းဝေး၏ ဝတ္ထုများတွင် အထူးခြားဆုံး၊ အပြောင် မြောက်ဆုံး ဝတ္ထုဟုလည်း သတ်မှတ်ခဲ့ကြလေသည်။

အမှန်ပင် ဝတ္ထုဇာတ်လမ်းသည် ဘာမျှ ဆန်းကြယ်လှသည်ကား မဟုတ် ပေ။ ကျူးဘားပင်လယ်ကမ်းခြေမှ တံငါသည်ကြီး ဆန်တီယာဂို၏ဘဝကို ဖွဲ့ထားခြင်း ဖြစ်သည်။ ထိုအဘိုးအိုကြီး၏ ဘဝသည် အိုမင်းလှပြီ။ အားအင်လည်း မရှိတော့။ ခန္ဓာသည်လည်း ယိုင်ယုံနေပေပြီ။ အဘိုးအို၏ ငါးဖမ်းလှေကလေးကို ပင် ကြည့်ပါဦး။ ရွက်သည် အပွဲပွဲ နွှဲခဲ့သမျှ တိုက်ပွဲတိုင်း၌ အရှုံးနှင့်ချည်း ရင်ဆိုင် ခဲ့ရသည့် အသွင်ကို အဖာဖာ အထေးထေး အစုတ်စုတ် အပြတ်ပြတ် အခြေအနေ ဖြင့် ဖော်ပြနေ၏။ မှန်သည်။ အဘိုးအိုသည် ပင်လယ်သို့ ငါးရှာထွက်ခဲ့သည်မှာ ရှစ်ဆယ့်လေးရက် ရှိပြီ။ ငါးတစ်ကောင်မျှ မရခဲ့။

ယခင် သူ အားကောင်းမောင်းသန် ဘဝတုန်းက သူနှင့်အတူ ပင်လယ် လိုက်ကြသော ကလေးငယ်များ ရှိခဲ့ပါ၏။ ယခုမူ မည်သည့်မိဘကမျှ အဘိုးအိုနှင့် အကူ လိုက်ပါ အချိန်ဖြုန်းခြင်းကို ခွင့်မပြု။ သို့သော် မန်နိုလင်သည် မနေ။ အဘိုးအို လှေပြန်လာလျှင် ပစ္စည်းကူသယ်သည်။ အဘိုးအို စားရမဲ့အဖြစ်ကို တာဝန်ယူ ကျွေးမွေးသည်။ အဘိုးအိုသည် ကမ်းခြေတဲထဲတွင် အားလျှင် ဘောလုံး ပွဲ သတင်းကို နားစွင့်သည်။ အပြိုင်အဆိုင် အားချင်းဆိုင်သည်ကို အဘိုးအို စိတ်ဝင်စားသည်။ တစ်ခါတစ်ခါ အိပ်ရာတွင် အာဖရိက၌ ကျင်လည်စဉ်က ကြုံခဲ့ရသော ခြင်္သေ့တွေကို အိပ်မက်မှာမက်ပြီး ကြည်နူးသည်။

သို့သော် သူ့ဘဝကို သူမမေ့။ သူ့အလုပ်ကို သူ လုပ်ရမည်ဟု အမြဲသတိ ရှိသည်။ သို့ဖြင့် နောက်တစ်နေ့တွင် ပင်လယ်သို့ ထွက်ခဲ့ပြန်သည်။ ကမ်းခြေမှ ဝေးလာသည်။ ပင်လယ်သည် သူ့အမိ၊ ပင်လယ်သည် သူ့မိတ်ဆွေ။

ပင်လယ်ထဲတွင် အဘိုးအို ဆန်တီယာဂိုသည် တစ်ကိုယ်တည်း စကား ပြောသည်။ တစ်ခါတလေ ငါးကလေးတွေနှင့် စကားပြောသည်။ ငှက်ကလေးကို တွေ့လျှင် ငှက်ကလေး၏ဘဝနှင့် သူ့ဘဝကို ယှဉ်ကြည့်သည်။ ပင်လယ်ပြင်၏ ကြမ်းတမ်းသောအဖြစ်နှင့် နုနယ်သော ငှက်ကလေးအဖြစ်ကို ဆက်စပ်ကြည့်သည်။

နောက်ဆုံးတွင် ဧရာမငါးကြီးတစ်ကောင်သည် ဆန်တီယာဂို အဘိုးအို၏ ငါးစာကို လာ၍ ဟပ်လေတော့သည်။ အဘိုးအို စိတ်လှုပ်ရှားလာသည်။ အဆုံး၌  ငါးမျှားချိတ်သည် ငါး၏အာခေါင်တွင်းသို့ ရောက်သွား၏။ သို့သော် အလွယ်နှင့် မမိ။ အဘိုးအို၏အားသည် ငါးကြီးဧရာ၏အားကို မယှဉ်နိုင်တော့။ ငါးကြီး ဆွဲရာသို့ အဘိုးအို၏ လှေကလေး ပါရတော့သည်။ ကမ်းနှင့် ဝေးလာ၏။ နှစ်နေ့ နှစ်ည ကြာလာ၏။

ငါးကြီးကို တဖြည်းဖြည်း ဆွဲချေ လျှော့ချေ လုပ်လာ၏။ လက်တွေ ပွန်းပဲ့လာပြီ။ ဗိုက်က ဆာလာသည်။ ရာသီက အေးလာသည်။ အရေးမကြီး။ အဘိုးအိုသည် ငါး၏ ဧရာမ အဖြစ်ကိုကြည့်ပြီး အားတက်လာသည်။ ကြာတော့ ငါးကြီး အားလျှော့လာသည်။ ငါးကြီးကို လှေနားသို့ ဆွဲယူသည်။ မှိန်းနှင့် ထိုးရသည်။ လှေနှင့် မကာမိလောက်အောင် ကြီးသောငါး။

ထို့ကြောင့် ငါးကြီးကို လှေဘေးမှာပင် ကပ်မြှောင် ဆွဲချည်ခဲ့ရသည်။ ငါးကြီးက သွေးတွေ စီးလာပြီ။ ညှီနံ့ ထွက်လာပြီ။ ငါးမန်းကြီးတွေက ငါးကြီးကို ဝင်၍ ကိုက်ကြသည်။ အဘိုးအိုသည် ငါးမန်းရန်ကို တိုက်ရပြန်သည်။ တက်နှင့် ခုတ်သည်။ တက်ကျိုးသည်။ တက်မနှင့် ရိုက်သည်။ ငါးကြီးမှ အမြီးပိုင်းအသား ကုန်ပြီ။ ဝမ်းပိုင်းအသားကိုလည်း ငါးမန်းအုပ်က ဝင်ကိုက်သည်။ ခေါင်းပိုင်းကို လည်း စားသည်။ အဘိုးအိုသည် အားမလျှော့။ “လူဆိုတာ အရှုံးပေးဖို့ လူဖြစ် လာတာ မဟုတ်ဘူးဟ၊ လူတစ်ယောက်ဟာ အသေခံချင်သာ ခံရမယ်၊ ဘယ်တော့ မှ အရှုံးမပေးရဘူး” အဘိုးအိုသည် အားမာန်ကို တင်းလိုက်သည်။ ဤသို့ တိုက် ရင်း ခိုက်ရင်း သူ့ငါးကြီးက အသားတွေ တစ်ပွဲ တစ်ပွဲ ကုန်လေပြီ။ “ကံဆိုတာ မျိုးဟာ ဝယ်လို့ရရင်တော့လည်း အကောင်းသားပဲ။ ဘယ်နားမှာများ ကံရောင်း တဲ့ဆိုင် ရှိပါလိမ့်” ကံကို အားကိုးပြုသည့်အခါ ပြုပြန်သည်။

သို့ဖြင့် တိုက်ရင်းခိုက်ရင်းနှင့် အဘိုးအို ကမ်းသို့ ပြန်ရောက်လာပါ၏။ ဆယ့်ကိုးပေရှည်သော ငါးအရိုးပြိုင်းကြီးကား သူနှင့်အတူ ပါလာပါ၏။

အဘိုးအို စိတ်မပျက်ပါ။ မန်နိုလင်အား“ဟေး၊ ငါတို့မှာ မှိန်းကောင်း ကောင်းတစ်ချောင်း ရှိဖို့တော့ လိုသကွ။ ဒီတစ်ခါ မှိန်းကို မော်တော်ကား လေးက သံနဲ့လုပ်မှ ဟေ့” ပြောလိုက်သည်။ အဘိုးအိုသည် နောက်တိုက်ပွဲအတွက် အသင့် ပြင်ရပြန်သည်။

ဝတ္ထုဇာတ်လမ်းသဘောကား ဤမျှသာတည်း။

ဤဝတ္ထုကို ထွက်လာသောနှစ်အတွက် ပူလစ်ဇာဆု ချီးမြှင့်ခဲ့လေသည်။ ဝတ္ထုထွက်ပြီး နှစ်နှစ်အကြာတွင် ဟဲမင်းဝေးအား နိုဗယ်ဆုဖြင့် ချီးမြှင့်ခဲ့လေသည်။ ထိုသို့ ချီးမြှင့်ရာတွင်လည်း ဤဝတ္ထု၏အစွမ်းသည် အဓိကအဖြစ် ပါဝင်ခဲ့၏။ ဤဝတ္ထုကို ၁၉၅၄ တွင် မောင်ဉာဏ်ဝန်က အဏ္ဏဝါပြင်နှင့် အဘိုးအို   အမည်ဖြင့် လည်းကောင်း၊ ၁၉၆၄ တွင် တင့်တယ်က အဏ္ဏဝါနှင့် အဘိုးအို အမည်ဖြင့်လည်းကောင်း မြန်မာဘာသာ ပြန်ခဲ့သည်။ ၁၉၆၈ အမျိုးသားစာပေဆု ပြိုင်ပွဲတွင် မောင်ဆုရှင်က ပင်လယ်ပြာနှင့် တံငါအို အမည်ဖြင့် ဘာသာပြန် ပြိုင်ပွဲဝင်ခဲ့ရာ ထိုနှစ် ဘာသာပြန် ပထမဆုရ၍ ၁၉၇၄ ခုတွင် စာပေဗိမာန်မှ ထုတ်ဝေခဲ့သည်။  

နွယ်သစ်-ကမ္ဘာကျော်စာအုပ် ၁၀၀ မှ

(Zawgyi)

အဘိုးအိုႏွင့္ အဏၰဝါ (၁၉၅၂)

အားနက္ ဟဲမင္းေဝး (၁၈၉၈-၁၉၆၁)

အားနက္ ဟဲမင္းေဝးသည္ သူ၏ ထင္ရွားေသာ ေခါင္းေလာင္းထိုးသံ ဘယ္သူ႔ ကံ(၁၉၃၈) ကို ေရးၿပီးေနာက္ ဆယ္စုႏွစ္တစ္ခုေလာက္ ၿငိမ္ေနခဲ့သည္။ ၁၉၅ဝ တြင္ ျမစ္ကိုျဖတ္၍ ေတာကိုဝင္ ဝတၳဳ ထြက္လာေသာအခါ စာေပသမား အားလုံး လိုလိုပင္ ဟဲမင္းေဝး၏ဝတၳဳကို အာ႐ုံျပဳလိုက္ၾက၏။ သို႔ေသာ္ ထိုဝတၳဳမွာ ယခင္ ေရးခဲ့ေသာ ဝတၳဳမ်ာ.ေလာက္ ထူးျခားေျပာင္ေျမာက္မႈ မရွိလွေပ။ သို႔ျဖင့္ ဟဲမင္းေဝး၏ အစြမ္းသည္ ဆုံးခန္းတိုင္ေလၿပီ ဟု ယူဆလာၾက၏။


သို႔ေသာ္ ေနာက္ႏွစ္ႏွစ္အၾကာ ၁၉၅၂ တြင္ ဟဲမင္းေဝး၏ အဘိုးအိုႏွင့္ အဏၰဝါ ဝတၳဳ ထြက္လာေသာအခါ စာေပေလာကသည္ လႈပ္ရွားသြားေလ၏။


စာလုံးေရအားျဖင့္ ႏွစ္ေသာင္းခြဲ ပတ္ဝန္းက်င္သာရွိမည့္ ဤဝတၳဳႏွင့္ ပတ္သက္၍ ျပႆနာမ်ိဳးစုံ ေပၚလာ၏။ ဝတၳဳပမာဏအားျဖင့္ စစ္ႏွင့္ ၿငိမ္းခ်မ္းေရး ဝတၳဳႀကီး၏ အပုံ သုံးဆယ္ပုံလွ်င္ တစ္ပုံေလာက္သာရွိသည့္ ပမာဏျဖစ္သည္။ ဇာတ္အိမ္ကလည္း ဘာမွ် ႀကီးက်ယ္သည္ မဟုတ္။ အဘိုးႀကီးတစ္ေယာက္ ပင္လယ္ထဲ ငါးဖမ္းထြက္သည့္ အေၾကာင္း။ ဇာတ္လမ္းကေရာ။ ႐ိုး႐ိုးစင္းစင္း ပါဘဲ။ ဇာတ္ေဆာင္ေတြကေရာ။ အဘိုးႀကီးရယ္၊ ငါးရယ္၊ ပင္လယ္ရယ္။ ေနာက္ခံ ေဒသကေရာ။ က်ဴးဘားပင္လယ္။ ကာလေဒသဆိုလွ်င္လည္း ရက္ပိုင္းကေလး   မွ်သာ။ သည္လိုဆို သည္ဝတၳဳကို ေနာ္ဗယ္ဟုေခၚေသာ ဝတၳဳႀကီးဟု ေခၚႏိုင္ပါ မည္လား။ တစ္ဖက္က အဆို။


မည္သို႔ျဖစ္ေစ၊ ဤအဘိုးႀကီးဝတၳဳသည္ လူ႔ေလာကကို ကိုယ္စားျပဳျခင္း ပင္ ျဖစ္သည္။ လူ႔ဘဝကို ထင္ဟပ္ျပျခင္းပင္ ျဖစ္သည္။ သည္လိုဝတၳဳမ်ိဳးကိုမွ ေနာ္ဗယ္ မေခၚလွ်င္ ဘာကိုေခၚမည္နည္း။ ေနာ္ဗယ္ဆိုတိုင္း အရွည္ႀကီး ျဖစ္ရ မည္ေလာ။ ဇာတ္ေဆာင္ေတြ အမ်ားႀကီးႏွင့္ ျဖစ္ရပ္ေတြ ျဖန႔္က်က္ေနရမည္ေလာ။ အျခား တစ္ဖက္က အဆို။


ဤသို႔ျဖင့္ ဝတၳဳစံ သတ္မွတ္ေရးတြင္ ျပႆနာ ျဖစ္လာ၏။


ဤဝတၳဳသည္ ႐ူပကဝတၳဳေပပဲ၊ ဘဝကို ထပ္တူ ခိုင္းႏႈိင္းျပဳထားသည့္ ဝတၳဳေပပဲဟု ဆိုသူကလည္း ဆိုသည္။ မဟုတ္ပါ။ ဤဝတၳဳသည္ သေကၤတဝတၳဳ၊ “ဘဝကို သေကၤတျပဳထားသည္ပဲ” ဟု ဆိုသူက ဆို၏။ မျဖစ္ႏိုင္ပါ။ ဟဲမင္းေဝး ကိုယ္တိုင္က သေကၤတကို မယုံ။ စာေရးသူကိုယ္တိုင္က ဝတၳဳဆိုသည္မွာ သေကၤတမျဖစ္စေကာင္းဖူးဟု ဆိုခဲ့ဖူးသည္ မဟုတ္လား။ စင္စစ္ ဤဝတၳဳသည္ သူ႔ဝတၳဳကို ကိုယ္စားျပဳထားျခင္းပဲဟု ဆိုသူက ဆိုသည္။


ဤသို႔ျဖင့္ ဝတၳဳအမ်ိဳးအစားမွာလည္း ျပႆနာ ျဖစ္လာ၏။


အေရးအသားက ကာရန္ မပါသည္ကလြဲလွ်င္ ကဗ်ာတစ္ပုဒ္ပါပဲဟု ဆိုသူက ဆိုသည္။ မတ္တြိန္း၏ ဟတ္ကဲဘယ္ရီဖင္း စြန႔္စားခန္းက ေရးပုံမ်ိဳးပဲ ဟု ယိုးစြပ္သူက ယိုးစြပ္သည္။ ဤအေရးပုံစံသာလွ်င္ အေမရိကန္ျပည္သူတို႔၏ အသုံးအႏႈန္း အေျပာအဆိုပုံစံကို တိုက္႐ိုက္ ထင္ဟပ္ျပျခင္း ျဖစ္သည္ဟု ဆိုသူက ဆိုသည္။ သည္ဝတၳဳ အေရးပုံစံသည္ ဖန္တီးစြမ္းအားထက္ အတုယူ ျပဳလုပ္ထား မႈ ဘက္သို႔ ေရာက္ေနသည္ဟု ေဝဖန္သူက ေဝဖန္သည္။


ဤသို႔ျဖင့္ အေရးအသား ျပႆနာမွာလည္း ေျပာစရာ ျဖစ္လာ၏။


ဝတၳဳ၏ ဦးတည္ခ်က္ႏွင့္ ပတ္သက္၍ ဘဝ၏အားမာန္ကို ျပသည္။ အလံမလွဲေသာ လူ႔သတၱိကို ေဖာ္က်ဴးသည္ဟု အျပဳဘက္က ျမင္သူက ျမင္သည္။ လူ႔ၾကမၼာကို တင္ျပလိုရင္း ျဖစ္သည္ဟု ဘာသာေရးႏွင့္ယွဥ္၍ သုံးသပ္သူက သုံးသပ္သည္။ ဤဝတၳဳသည္ လူ႔ဘဝဟူသည္ မည္မွ်ပင္ ႐ုန္းကန္လႈပ္ရွားခဲ့ေစ ကာမူ အဆုံး၌ ဗလာခ်ည္းသက္သက္ျဖင့္ နိဂုံးခ်ဳပ္ရျခင္းသာ ျဖစ္သည္ဟု ေဝဖန္ သူက ေဝဖန္သည္။


သို႔ျဖင့္ ဤဝတၳဳႏွင့္ ပတ္သက္၍ ထိုဝတၳဳထက္ သုံးေလးဆ ပမာဏရွိေသာ ေဝဖန္ေရးေဆာင္းပါးစု စာအုပ္မ်ားပင္လွ်င္ ထြက္ေပၚခဲ့ေလသည္။ ဤဝတၳဳႏွင့္ ပတ္သက္၍ အေကာင္းျမင္သူ ရွိသလို အဆိုးျမင္သူတို႔လည္း   ေပၚေပါက္ခဲ့ၾကသည္ကား မွန္၏။ အႏုပညာ ပစၥည္းတစ္ခုကို အကဲျဖတ္ရာတြင္ မိမိတို႔အျမင္၊ မိမိတို႔လက္ဝယ္ရွိ ကိုက္တံျဖင့္ အတိုင္းအတာ ျပဳတတ္ၾကသည္မွာ မဆန္းလွေပ။ မည္သို႔ျဖစ္ေစ၊ ဤဝတၳဳ၏ ဂယက္ကား ႀကီးမားလွပါသည္။


ထို႔ေၾကာင့္လည္း ဤဝတၳဳကို ေခတ္သစ္ စာေပဂႏၴဝင္ေျမာက္အျဖစ္ သတ္မွတ္ခဲ့ၾကျခင္း ျဖစ္၏။ ဟဲမင္းေဝး၏ ဝတၳဳမ်ားတြင္ အထူးျခားဆုံး၊ အေျပာင္ ေျမာက္ဆုံး ဝတၳဳဟုလည္း သတ္မွတ္ခဲ့ၾကေလသည္။


အမွန္ပင္ ဝတၳဳဇာတ္လမ္းသည္ ဘာမွ် ဆန္းၾကယ္လွသည္ကား မဟုတ္ ေပ။ က်ဴးဘားပင္လယ္ကမ္းေျခမွ တံငါသည္ႀကီး ဆန္တီယာဂို၏ဘဝကို ဖြဲ႕ထားျခင္း ျဖစ္သည္။ ထိုအဘိုးအိုႀကီး၏ ဘဝသည္ အိုမင္းလွၿပီ။ အားအင္လည္း မရွိေတာ့။ ခႏၶာသည္လည္း ယိုင္ယုံေနေပၿပီ။ အဘိုးအို၏ ငါးဖမ္းေလွကေလးကို ပင္ ၾကည့္ပါဦး။ ႐ြက္သည္ အပြဲပြဲ ႏႊဲခဲ့သမွ် တိုက္ပြဲတိုင္း၌ အရႈံးႏွင့္ခ်ည္း ရင္ဆိုင္ ခဲ့ရသည့္ အသြင္ကို အဖာဖာ အေထးေထး အစုတ္စုတ္ အျပတ္ျပတ္ အေျခအေန ျဖင့္ ေဖာ္ျပေန၏။ မွန္သည္။ အဘိုးအိုသည္ ပင္လယ္သို႔ ငါးရွာထြက္ခဲ့သည္မွာ ရွစ္ဆယ့္ေလးရက္ ရွိၿပီ။ ငါးတစ္ေကာင္မွ် မရခဲ့။


ယခင္ သူ အားေကာင္းေမာင္းသန္ ဘဝတုန္းက သူႏွင့္အတူ ပင္လယ္ လိုက္ၾကေသာ ကေလးငယ္မ်ား ရွိခဲ့ပါ၏။ ယခုမူ မည္သည့္မိဘကမွ် အဘိုးအိုႏွင့္ အကူ လိုက္ပါ အခ်ိန္ျဖဳန္းျခင္းကို ခြင့္မျပဳ။ သို႔ေသာ္ မန္ႏိုလင္သည္ မေန။ အဘိုးအို ေလွျပန္လာလွ်င္ ပစၥည္းကူသယ္သည္။ အဘိုးအို စားရမဲ့အျဖစ္ကို တာဝန္ယူ ေကြၽးေမြးသည္။ အဘိုးအိုသည္ ကမ္းေျခတဲထဲတြင္ အားလွ်င္ ေဘာလုံး ပြဲ သတင္းကို နားစြင့္သည္။ အၿပိဳင္အဆိုင္ အားခ်င္းဆိုင္သည္ကို အဘိုးအို စိတ္ဝင္စားသည္။ တစ္ခါတစ္ခါ အိပ္ရာတြင္ အာဖရိက၌ က်င္လည္စဥ္က ႀကဳံခဲ့ရေသာ ျခေသၤ့ေတြကို အိပ္မက္မွာမက္ၿပီး ၾကည္ႏူးသည္။


သို႔ေသာ္ သူ႔ဘဝကို သူမေမ့။ သူ႔အလုပ္ကို သူ လုပ္ရမည္ဟု အၿမဲသတိ ရွိသည္။ သို႔ျဖင့္ ေနာက္တစ္ေန႔တြင္ ပင္လယ္သို႔ ထြက္ခဲ့ျပန္သည္။ ကမ္းေျခမွ ေဝးလာသည္။ ပင္လယ္သည္ သူ႔အမိ၊ ပင္လယ္သည္ သူ႔မိတ္ေဆြ။


ပင္လယ္ထဲတြင္ အဘိုးအို ဆန္တီယာဂိုသည္ တစ္ကိုယ္တည္း စကား ေျပာသည္။ တစ္ခါတေလ ငါးကေလးေတြႏွင့္ စကားေျပာသည္။ ငွက္ကေလးကို ေတြ႕လွ်င္ ငွက္ကေလး၏ဘဝႏွင့္ သူ႔ဘဝကို ယွဥ္ၾကည့္သည္။ ပင္လယ္ျပင္၏ ၾကမ္းတမ္းေသာအျဖစ္ႏွင့္ ႏုနယ္ေသာ ငွက္ကေလးအျဖစ္ကို ဆက္စပ္ၾကည့္သည္။


ေနာက္ဆုံးတြင္ ဧရာမငါးႀကီးတစ္ေကာင္သည္ ဆန္တီယာဂို အဘိုးအို၏ ငါးစာကို လာ၍ ဟပ္ေလေတာ့သည္။ အဘိုးအို စိတ္လႈပ္ရွားလာသည္။ အဆုံး၌  ငါးမွ်ားခ်ိတ္သည္ ငါး၏အာေခါင္တြင္းသို႔ ေရာက္သြား၏။ သို႔ေသာ္ အလြယ္ႏွင့္ မမိ။ အဘိုးအို၏အားသည္ ငါးႀကီးဧရာ၏အားကို မယွဥ္ႏိုင္ေတာ့။ ငါးႀကီး ဆြဲရာသို႔ အဘိုးအို၏ ေလွကေလး ပါရေတာ့သည္။ ကမ္းႏွင့္ ေဝးလာ၏။ ႏွစ္ေန႔ ႏွစ္ည ၾကာလာ၏။


ငါးႀကီးကို တျဖည္းျဖည္း ဆြဲေခ် ေလွ်ာ့ေခ် လုပ္လာ၏။ လက္ေတြ ပြန္းပဲ့လာၿပီ။ ဗိုက္က ဆာလာသည္။ ရာသီက ေအးလာသည္။ အေရးမႀကီး။ အဘိုးအိုသည္ ငါး၏ ဧရာမ အျဖစ္ကိုၾကည့္ၿပီး အားတက္လာသည္။ ၾကာေတာ့ ငါးႀကီး အားေလွ်ာ့လာသည္။ ငါးႀကီးကို ေလွနားသို႔ ဆြဲယူသည္။ မွိန္းႏွင့္ ထိုးရသည္။ ေလွႏွင့္ မကာမိေလာက္ေအာင္ ႀကီးေသာငါး။


ထို႔ေၾကာင့္ ငါးႀကီးကို ေလွေဘးမွာပင္ ကပ္ေျမႇာင္ ဆြဲခ်ည္ခဲ့ရသည္။ ငါးႀကီးက ေသြးေတြ စီးလာၿပီ။ ညႇီနံ႔ ထြက္လာၿပီ။ ငါးမန္းႀကီးေတြက ငါးႀကီးကို ဝင္၍ ကိုက္ၾကသည္။ အဘိုးအိုသည္ ငါးမန္းရန္ကို တိုက္ရျပန္သည္။ တက္ႏွင့္ ခုတ္သည္။ တက္က်ိဳးသည္။ တက္မႏွင့္ ႐ိုက္သည္။ ငါးႀကီးမွ အၿမီးပိုင္းအသား ကုန္ၿပီ။ ဝမ္းပိုင္းအသားကိုလည္း ငါးမန္းအုပ္က ဝင္ကိုက္သည္။ ေခါင္းပိုင္းကို လည္း စားသည္။ အဘိုးအိုသည္ အားမေလွ်ာ့။ “လူဆိုတာ အရႈံးေပးဖို႔ လူျဖစ္ လာတာ မဟုတ္ဘူးဟ၊ လူတစ္ေယာက္ဟာ အေသခံခ်င္သာ ခံရမယ္၊ ဘယ္ေတာ့ မွ အရႈံးမေပးရဘူး” အဘိုးအိုသည္ အားမာန္ကို တင္းလိုက္သည္။ ဤသို႔ တိုက္ ရင္း ခိုက္ရင္း သူ႔ငါးႀကီးက အသားေတြ တစ္ပြဲ တစ္ပြဲ ကုန္ေလၿပီ။ “ကံဆိုတာ မ်ိဳးဟာ ဝယ္လို႔ရရင္ေတာ့လည္း အေကာင္းသားပဲ။ ဘယ္နားမွာမ်ား ကံေရာင္း တဲ့ဆိုင္ ရွိပါလိမ့္” ကံကို အားကိုးျပဳသည့္အခါ ျပဳျပန္သည္။


သို႔ျဖင့္ တိုက္ရင္းခိုက္ရင္းႏွင့္ အဘိုးအို ကမ္းသို႔ ျပန္ေရာက္လာပါ၏။ ဆယ့္ကိုးေပရွည္ေသာ ငါးအ႐ိုးၿပိဳင္းႀကီးကား သူႏွင့္အတူ ပါလာပါ၏။


အဘိုးအို စိတ္မပ်က္ပါ။ မန္ႏိုလင္အား“ေဟး၊ ငါတို႔မွာ မွိန္းေကာင္း ေကာင္းတစ္ေခ်ာင္း ရွိဖို႔ေတာ့ လိုသကြ။ ဒီတစ္ခါ မွိန္းကို ေမာ္ေတာ္ကား ေလးက သံနဲ႔လုပ္မွ ေဟ့” ေျပာလိုက္သည္။ အဘိုးအိုသည္ ေနာက္တိုက္ပြဲအတြက္ အသင့္ ျပင္ရျပန္သည္။


ဝတၳဳဇာတ္လမ္းသေဘာကား ဤမွ်သာတည္း။


ဤဝတၳဳကို ထြက္လာေသာႏွစ္အတြက္ ပူလစ္ဇာဆု ခ်ီးျမႇင့္ခဲ့ေလသည္။ ဝတၳဳထြက္ၿပီး ႏွစ္ႏွစ္အၾကာတြင္ ဟဲမင္းေဝးအား ႏိုဗယ္ဆုျဖင့္ ခ်ီးျမႇင့္ခဲ့ေလသည္။ ထိုသို႔ ခ်ီးျမႇင့္ရာတြင္လည္း ဤဝတၳဳ၏အစြမ္းသည္ အဓိကအျဖစ္ ပါဝင္ခဲ့၏။ ဤဝတၳဳကို ၁၉၅၄ တြင္ ေမာင္ဉာဏ္ဝန္က အဏၰဝါျပင္ႏွင့္ အဘိုးအို   အမည္ျဖင့္ လည္းေကာင္း၊ ၁၉၆၄ တြင္ တင့္တယ္က အဏၰဝါႏွင့္ အဘိုးအို အမည္ျဖင့္လည္းေကာင္း ျမန္မာဘာသာ ျပန္ခဲ့သည္။ ၁၉၆၈ အမ်ိဳးသားစာေပဆု ၿပိဳင္ပြဲတြင္ ေမာင္ဆုရွင္က ပင္လယ္ျပာႏွင့္ တံငါအို အမည္ျဖင့္ ဘာသာျပန္ ၿပိဳင္ပြဲဝင္ခဲ့ရာ ထိုႏွစ္ ဘာသာျပန္ ပထမဆုရ၍ ၁၉၇၄ ခုတြင္ စာေပဗိမာန္မွ ထုတ္ေဝခဲ့သည္။  

Comments

  1. ဖတ်ဖူးတယ် စဉ်းစားမရဘူး ဘာကြောင့် ဂန္တဝင်စာအုပ်ထဲပါရသလဲဆိုတာ အရမ်းရိုးစင်းလွန်းလို့များလား🤔🤔🤔

    ReplyDelete
  2. ဟုတ်တယ် "လူဆိုတာ အရံှုးပေးဖို့ လူဖြစ်လာတာမဟုတ်ဘူးဟ" စာသားလေးကြိုက်တယ် ❤👍💪

    ReplyDelete
  3. I think, Life of Pi လိုပေါ့
    That's the point "လူ့လောကကို ကိုယ်စားပြုခြင်း,လူ့ဘဝကို ထင်ဟပ်ပြခြင်း"
    မူရင်းဝတ္ထုပူလစ်ဇာဆုရတဲ့အပြင်၊ ဘာသာပြန်တော့လဲ ဆုရတဲ့ဝတ္ထဆိုတော့ကား.....

    ReplyDelete
  4. ဝတ္ထုလေးကရိုးရှင်းပေမဲ့ နက်ရှိုင်းတဲ့အဓိပ္ပါယ်ကိုထည့်မြှုပ်ထားလို့များလား ဆုရသွားတာ??
    ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ဖတ်လို့ကောင်းတယ်😊

    ReplyDelete
  5. တနေ့က channel 7မှာလာတဲ့ ထိုင်းကားထဲ ဒီစာအုပ်တွေ့လိုက်တယ် သိလား

    ReplyDelete
  6. Admin ဒီစာအုပ်ဘာသာပြန်ကိုလည်း link လုပ်ပြီး တင်​ပေးလို့ရလားဗျ။ ဒီက​နေဖတ်​တော့ donate လုပ်ပြီးသားလည်းဖြစ်ပြီး pdf file ထက်ဖတ်လို့​ကောင်းလို့ပါ

    ReplyDelete
  7. မိုက်တယ်ဗျ🐬🐬

    ReplyDelete

Post a Comment