ကျွန်တော်နှင့် ကင်မရာ
ကျွန်တော်နှင့် ကင်မရာ
…………………………….
မဲကြီး ။
နာမည်အရင်းက ချမ်းမြေ့ကို တဲ့။ ဒါပေမယ့် ကျွန်တော််တို့ အဆောင်တစ်ခုလုံးက သူ့ကို မဲကြီးပဲ ခေါ်တာ။
ဒီကောင်က မတ္တရာဘက်က ရွာတစ်ရွာဇာတိ။
နဖူးကပြောင်ပြောင်၊ အသားက မဲမှောင်နေပေမယ့် အင်မတန်မှ စမတ်ကျကျလှချင်တဲ့ကောင်။
ဘယ်လောက်လှချင်လဲဆို နေဗီယာမျက်နှာသစ်ဆေးတစ်ဗူးကို တစ်ပတ်လောက်ပဲသုံးတယ်။ သူက မျက်နှာသစ်ဆေးဗူးကို မျက်နှာတင်မက ခန္ဓာကိုယ်ပါ ဆပ်ပြာတိုက်သလို တိုက်ပစ်တာ။
အဲ့ဒီလောက် လှချင်တဲ့ကောင်။
အဝတ်အစားဆိုလည်း ကော့နေအောင်ဝတ်တယ်။ ဖိနပ်ဆို အဲ့ဒီတုန်းက ခေတ်စားတဲ့ မာဒီးနီ ဖိနပ်ကောင်းပေ့ဆိုတာကို အငတ်ခံဝယ်ပြီး အုန်းဆီနဲ့ နေ့တိုင်းပြောင်နေအောင် တိုက်ပြီးမှ စီးတယ်။
နောက် ဒီကောင့် အားသာချက်က ….မှင်ကောင်းတယ်။ တော်ကီကောင်းတယ်။ ဂျပိုးကို လိပ်ဖြစ်အောင်ပြောတဲ့အထိ စကားတတ်တယ်။
မဲကြီးက အရာရှိကြီးတစ်ယောက်ရဲ့ ကားကို မောင်းပါတယ်။ ညနေပိုင်းတော့ အဆောင်မှာ ပြန်အိပ်ပေါ့။
အဲ့ဒီအချိန်တွေမှာ ကျွန်တော်က အလုပ်ကမရှိ၊ ရည်းစားနဲ့ကလည်း ပျက်လို့ အဆောင်မှာ ဘူပြီး လှိမ့်ပိန့် အိပ်နေတဲ့ကာလများပေါ့။
မဲကြီးက ကျွန်တော့်ကို အဖော်စပ်တယ်။
သူ့ အရာရှိကြီးက နိုင်ငံခြားသွားတာ ဆယ်ရက်လောက်ကြာမှာမို့ သူအားနေတယ်တဲ့။ အဲ့ဒါ သူ့ဇာတိ အညာကို ခဏပြန်မယ်။ ပြီးရင် မန္တလေးဘက် တက်ပြီး သူ့အကိုဝမ်းကွဲတွေဆီမှာ တည်းပြီး ကဲကြမယ်ပေါ့။
ကျွန်တော်က လမ်းစရိတ်ပဲ စိတ်။ နေတာ စားတာ ကဲတာ ရေမီးစုံသူတာဝန်ယူပါတယ်ပေါ့။
ဟုတ်ပြီ။
ကျွန်တော်လည်း အသဲကွဲပြီး ဘူနေတာဆိုတော့ လစ်သည်ပေ့ါ။
ဒီကောင့်ရွာက မတ္တရာမြို့ကနေ တော်တော်ဆက်သွားရပါသေးတယ်။
အညာဘက်က ရွာတွေဆိုတော့ ထုံးစံအတိုင်းပေါ့။ ချက်အရက်နဲ့ ထန်းရည်က တော့ပေါ။
သုံးလေးရက်လောက်နေပြီးတော့…ဒီကောင်က မန္တလေးတက်မယ်တဲ့။
သူ့အိမ်က ဆိုင်ကယ်ကို ယူပြီး ကျွန်တော်နဲ့ အတူ စီးသွားမယ်။ ဟိုက အကိုဝမ်းကွဲအိမ်မှာ တည်းမယ်။ ပြန်ရင် ဆိုင်ကယ်ကို အကိုဝမ်းကွဲအိမ်မှာထားခဲ့ပြီး သူ့ဦးလေးတွေ မန္တလေးကို လာမှ ဆိုင်ကယ်ပြန်စီးသွားမယ်ပေါ့။
မဲကြီးတို့က ရွာမှာတော့ တော်တော်အဆင်ပြေတဲ့မိသားစုပါ။ တောသူဌေးတွေလို့ ပြောလို့်ရတယ်။
မဲကြီး ဦးလေး ကိုနေလင်း ဆိုတာရှိတယ်။ သူက ရွာနီးချုပ်စပ် ရှင်ပြုပွဲတွေဘာတွေမှာ ဓာတ်ပုံလိုက်ရိုက််တယ်။
ကျွန်တော်တို့ မန္တလေးတက်မယ်ဆိုတော့ သူ့ဦးလေးကိုနေလင်း ရောက်လာတယ်။ လက်ထဲလည်း ကင်မရာကြီးတစ်လုံးကိုင်လို့။
ကင်မရာပျက်နေတာ မန္တလေးမှာ မှ ပြင််လို့ရမှာမို့ ကျွန်တော်တို့နဲ့ လူကြုံထည့်ပေးလိုက်ချင်လို့တဲ့။
သူလိပ်စာပေးတဲ့ဆိုင်မှာ ကျွန်တော်တို့က သွားအပ်ပေး။ ပြီးရင် ရွာကုန်စုံဆိုင်က ဖုန်းကိုဆက်ပြီး ဘယ်နှစ်ရက်ကြာမလဲဆိုတာ သူ့ကိုအကြောင်းကြား။ သူ မန္တလေးတက်ပြီး ပြန်ရွေးမယ်ပေါ့။
ကျွန်တော်တို့ လမ်းမှာ စားဖို့ သောက်ဖို့ မုန့်ဖိုးလည်း သူက ပေးလိုက်သေးတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက် မဲကြီးအိမ်က ဆိုင်ကယ်နဲ့ မန္တလေးကို တက်လာတယ်။
ကင်မရာကိုတော့ ဆိုင်ကယ်ခြင်းထဲ ထည့်လို့ပေါ့။
လမ်းက နည်းနည်းကြမ်းတော့ ကင်မရာက ခုန်နေတာနဲ့ နောက်ကနေထိုင်တဲ့ ကျွန်တော်ကပဲ ကင်မရာကြီး လွယ်ထားလိုက်တယ်။
မတ္တရာမရောက်ခင် တော်တော်စည်ကားတဲ့ ရွာတစ်ရွာရှိတယ်။ အဲ့ဒီရွာက ရွှေတွေဘာတွေထွက်တယ်ဆိုလို့ ရွှေလာကျင်တဲ့သူတွေနဲ့ တော်တော်စည်ကားနေပြီ။
အရက်ဆိုင် ၊ ဘီယာဆိုင် လေး သုံးလေးငါးဆိုင်တောင်ရှိနေပြီ။
မဲကြီးနဲ့ ကျွန်တော် အပူခံလေး ရှကီဝင်ဆွဲဖို့ ပြင်တယ်။ လမ်းကလည်း အကြာကြီးမောင်းရဦးမှာကိုး။
အဲ့ဒီရွာလေးက အရက်ဆိုင်လေးရှေ့မှာ ကျွန်တော်တို့ ဆိုင်ကယ်ရပ်လိုက်တယ်။
မဲကြီးက နေကာမျက်မှန်နဲ့…ဆိုင်ကယ်လေတိုးတာခံနိုင်အောင်ဆိုပြီး ဂျာကင်အမဲကြီး ဝတ်လာသေးတာ။
ရာသီဥတုက ပူပူနဲ့ ဒီကောင့်အစား ကျွန်တော်ဖြင့် ပူလိုက်တာဗျာ။
ကျွန်တော်ကလည်း ဘောင်းဘီရှည်နဲ့ စပို့ရှပ်နဲ့ ။ သူ့ဦးလေးရဲ့ ကင်မရာအစုတ်ကို လွယ်ပြီး ဆိုင်ထဲ ဝင်ထိုင်တာပေါ့။
မကျည်းအရက်ဆိုလား တစ်လုံးမှာပြီး အမြည်းမှာမလို့ လုပ်နေချိန်မှာ ကျွန်တော်တစ်ခုသတိထားမိသွားတယ်။
ဆိုင်ထဲက လူတွေက ကျွန်တော်တို့ နှစ်ယောက်ကို ကွက်ကြည့် ကွက်ကြည့်နဲ့။
အင်းလေ ကျွန်တော်တို့ ပုံစံတွေကလည်း နည်းနည်းထူးခြား၊ လူစိမ်းလည်း လူစိမ်းဖြစ်နေတာကိုးလို့ပဲ မှတ်လိုက်ပါတယ်။
ကျွန်တော််တို့လည်း ဆိတ်သားခြောက်ဖုတ်နဲ့ မကျည်းအရက်ကို ချီးယားကြတာပေါ့။
ချီယားနေလို့မှမကြာဘူး။
လူကြီး သုံးယောက် ဆိုင်ထဲဝင်လာပြီး ကျွန်တော်တို့ ၀ိုင်းရှေ့မှာ ရို့ရို့လေး လာရပ်တယ်။
''ဆရာတို့..ဘယ်တုန်းက ရောက်ကြတာလဲ''
မဲကြီးက ဒီနယ်သားဆိုတော့ မဲကြီးအသိတွေလို့ပဲ ကျွန်တော်လည်း မှတ်တာပေါ့။ အောင်မယ်..ဒီမုန့်ကုလားမဲ ကောင်ကို လူကြီးတွေ ဆရာတွေဘာတွေခေါ်နေသဟဆိုပြီး အထင်တောင်ကြီးသွားသေး။
''ခုနပဲ..ရောက်တာ..ဦးကြီးတို့''
''ဒီဆိုင်ကြီးမှာ မကောင်းပါဘူးဆရာတို့..ကျွန်တော်တို့ အိမ်မှာ ဧည့်ခံပါရစေ..ကျွန်တော်က ဒီက ရွာလူကြီး ဦးသောင်းဌေးပါ..ကျွန်တော့်အိမ်ကို ကြွပါဆရာ..စားရေးသောက်ရေးအားလုံး စီမံထားပါတယ်''
အလို..မဲကြီး ဒီကောင် ပိုင်လှချည်လားပေါ့။
ကျွန်တော် မဲကြီးကို ကြည့်တော့ ဒီကောင်လည်း အူကြောင်ကြောင်နဲ့။
''ကဲ..လာပါ..ဆရာလေးတို့ ဒီဆိုင်ကိုလည်း ဘာမှ အားနာမနေနဲ့..ဒါကျွန်တော့်တူဆိုင်ပဲ..လာ..ပြောစရာရှိတဲ့ ကိစ္စ အိမ်မှာ ပြောရအောင်…ဒီမှာက မကောင်းလို့ပါ..အိမ်ကိုသာ ကြွကြပါ''
ပြောပြောဆိုဆိုနဲ့ လူကြီးတွေက ကျွန်တော်တို့ကို အတင်းဆွဲခေါ်နေတော့ နှစ်ကောင်သားလည်း ယောင်ပေပေနဲ့ ပါလာတယ်။
အိမ်က ဆိုင်နဲ့ သိပ်မဝေးပါဘူး။
တစ်ထပ်တိုက်အိမ်ကလေးပါ။
အိမ်ကလေးထဲရောက်တော့….ဂရန်းရွိုင်ရယ်ပုလင်းနဲ့ အရက်စားပွဲကြီးဗျာ။
ကြက်ကြော်တွေ၊ လက်ဖက်တွေ၊ ဝက်သားသုပ်တွေ အမြည်းကလည်း အစုံပဲ။
မဲကြီးနဲ့ ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်။
''.မဲကြီး..မင်းအသိတွေက တယ်လည်း ဧည့်ဝတ်ကြေပါလားကွ''
''အေး..ငါတော့ သူတို့ကို မသိဘူး။ သူတို့ကတော့ ငါ့ကို သိရင်သိနေမှာကွ။ ရတုန်း ကြိတ်သာကြိတ်ကွာ''
၀ိုင်းထဲထိုင်လိုက်တော့ လူကြီး သုံးလေးယောက်က ကျွန်တော်တို့ ဘေးမှာ မတ်တပ်ရပ်နေတယ်။
ရွာလူကြီးဦးသောင်းဌေးက အရက်ငှဲ့ပေးတယ်။
''ဆရာတို့..ရုတ်တရက်ကြီးရောက်လာတော့..သေချာမစီမံလိုက်ရဘူး..ခုန ဟိုဆိုင်က ကလေးလာပြောမှ အမြန်စီစဉ်လိုက်တာ.အားနာလိုက်တာဗျာ''
''အော်…ရပါတယ်..ရပါတယ်''
တစ်ခုခုတော့ မှားနေပြီဆိုတာ ကျွန်တော်သိလိုက်တယ်။ ဒါပေမယ့် မဲကြီးက မှင်သေသေနဲ့ဗျ။
''ဆရာတို့ ရွာရောက်တုန်း အေးအေးဆေးဆေးနေပါ..နေအေးမှ ပြန်ကြပေါ့..စီစဉ်စရာရှိတာတွေ ကျွန်တော် အကုန်စီစဉ်ပေးပါ့မယ်''
''ဟာ..ညနေ အထိတော့ နေလို့မရဘူးဗျ..ကျွန်တော်တို့ မန္တလေးကို အချိန်မီ တက်ကြရမှာ''
မန္တလေးတက်ကြမှာ ဆိုတဲ့ အသံကြားတော့ လူကြီးတွေ ပုံစံကပိုပြီး ထိတ်ထိတ်ပြာပြာဖြစ်သွားပါတယ်။
''ခဏနေပါဦး..ဆရာတို့ရယ်..ခဏ''
ရွာလူကြီးက ကျွန်တော်တို့ ၀ို်င်းဘေးမှာ ရို့ရို့လေးရပ်နေတဲ့ လူတစ်ယောက်ကို မျက်စပစ်ပြလိုက်တော့ ဟိုလူက အိမ်နောက်ခန်းထဲ ဝင်သွားတယ်။
ပြီးတော့ ကျွတ်ကျွတ်အိတ် အမဲလေးတစ်ထုတ် ယူလာပြီး ရွာလူကြီးဆိုတဲ့ဘဲကြီးကို ပေးတယ်။
ရွာလူကြီးက မဲကြီးနား ကပ်ထုုိင်ပြီး အိတ်အမဲလေးကို မဲကြီး ဘက်ထိုးပေးတယ်။
''ဆရာတို့ရယ်..နည်းတယ်များတယ် သဘောမထားပါနဲ့..ဒါ ဆရာတို့အတွက် လက်ဆောင်ပါ.''
ဟ..ဘာလဲပေါ့။
အဲ့ဒီနေရာကျ မဲကြီးက မှင်ကောင်းတယ်ဗျ။
''ဟာ…နေပါစေ..ဦးလေး…အခုလို ဧည့်ခံတာတောင်များနေပြီ..မလုပ်ပါနဲ့..မလုပ်ပါနဲ့''
လူကြီးက အထုပ်ကို ရှေ့ထပ်တိုးလိုက်ပါတယ်။
''ဆရာတို့ရယ်…ရွာမှာ အလုပ်တွေက အခုမှ စလုပ်ခါစမို့ပါ..နောက် အလုပ်ကောင်းတဲ့အခါ..ဒီထက်ပို စေရပါ့မယ်…ရွာထဲက အလုပ်လုပ်တဲ့လူတွေကိုလည်း ပြောထားပြီးသားပါ..အခု ရုတ်တရက်ဆိုတော့ သူတို့ကို စုဖို့ကလည်း မလွယ်တော့..ကျွန်တော့်ရှိတာလေးခေါင်းခံပြီး စိုက်ပေးလိုက်တာ….ဒါလေးတော့ လက်ခံလိုက်ပါခင်ဗျာ..မန္တလေးတက်မှာဆိုတော့ မန္တလေးက လူကြီးတွေအတွက်လည်း လက်ဆောင်ပါးတဲ့သဘောပေါ့''
လူကြီးက ပြောပြောဆိုဆိုနဲ့ မဲကြီး ချွတ်ပြီး ခုံမှာ လွှားချိတ်ထားတဲ့ ဂျာကင်အက်ျ ီ အိတ်ထဲကို အထုပ်ကို အတင်းထိုးထည့်ပါလေရော။
မဲကြီးက ခေါင်းကုတ်နေပါပြီ။ ကျွန်တော်လည်း အရက်နဲ့ ဆိတ်သားခြောက်ပဲ ဖိတွယ်နေလိုက်တယ်။
''ဒါနဲ့ ဆရာ..အဲ့ဒီထဲမှာ ဘာတွေ ရိုက်ထားပြီးပြီလဲ''
လူကြီးက ကျွန်တော့်လွယ်ထားတဲ့ ကင်မရာကို လက်ညိုးထိုးပြပါတယ်။
''ဟင်..ဘာမှ မရိုက်ထားဘူးလေ..ဘာလို့လဲ''
''တော်သေးတာပေါ့..ဆရာရယ်..ကျွန်တော်တို့က စိတ်ပူနေတာ''
ဘယ်နှယ့်..ဒီကင်မရာအစုတ်ကြီးက သွားပြင်ဖို့ဟာကို ဘာရိုက်ရမှာတုန်း။ ကျွန်တော်လဲ စိတ်ထဲကပဲ ပြောလိုက်ပါတယ်။
''ကဲ..ကဲ..ကျွန်တော်တို့လည်း အချိန််မရဘူး..ဦးလေးတို့..အခုလို့ ဧည့်ခံကျွေးမွေးတာ ကျေးဇူးတင်ပါတယ်..ခွင့်ပြုကြပါဦး''
မဲကြီးက စကားဖြတ်ပြီး ထတယ်။ မထလို့လည်း မဖြစ်တော့ဘူး။ အခုဟာက တစ်ခုခုတော့ မှားနေတာသေချာတယ်။
အရက်လည်းတိုက် လက်ဆောင်ထုတ်လည်းပေး..နောက်ပြီး ကင်မရာအစုတ်ကြီးကို လက်ညိုးတထိုးထိုးနဲ့ဆိုတော့…ကြာရင် ပြသနာဖြစ်လာနိုင်တယ်လေ။
လူကြီးတွေက ကျွန်တော်တို့ကို ဆိုင်ကယ်နားအထိ လိုက်ပို့ပါတယ်။
''နောက်လည်း လမ်းကြုံရင်လာပါဆရာ..စောင့်ရှောက်ပေးပါ…အားကိုးပါတယ်'' ဘာညာနဲ့။
အဲ့ဒီရွာက အထွက် မတ္တရာအကျော်လည်း ရောက်ရော နှစ်ကောင်လုံး မနေနိုင်တော့ပါဘူး။
ဆိုင်ကယ်ကို ရပ်ပြီး မဲကြီးဂျာကင်ထဲက အိတ်အမည်းကို ဖွင့်ကြည့်ကြတယ်။
နှစ်ယောက်လုံး မျက်လုံးတွေပြာပြီး ခေါင်းမွှေးတွေ ထောင်သွားတယ်။
ပိုက်ဆံ တစ်ထောင်တန်အုပ် နှစ်အုပ်။ နှစ်သိန်းတိတိ။
တရုတ်ဆိုင်ကယ်လော့ဂျာတစ်စီး သုံးသိန်းလောက်ရှိတဲ့ခေတ်မှာ ငွေနှစ်သိန်းဆိုတာ နည်းတဲ့ ပမာဏလား။
''ဟေ့ရောင်…ငါတို့ကို လူမှားပြီး ပေးလိုက်တာလားမသိဘူး..သွားပြန်ပေးရအောင်''
ကျွန်တော် အဲ့လို ပြောတော့ မဲကြီးက မျက်မှောင်ကြီး ကြုံ့ပြီး စဉ်းစားတယ်။ သူ့နယ်ဆိုတော့ သူ့ဆုံးဖြတ်ချက်က အရေးကြီးပါတယ်။
''အခုမှ လူမှားတာဆိုပြီး သွားပြန်ပေးရင်..ကွိုင်က ဒီထက်ပူမယ်ကွ..အဲ့ဒီရွာအနောက်ဘက်မှာက ရွှေထွက်တယ်ပြောနေကြတယ်။ ဒီလူတွေက သူဌေးတွေပဲ။ ပြီးတော့ ငါတို့က တောင်းတာလည်းမဟုတ်ဘူး။ သူတို့ဟာသူတို့ အတင်းထိုးပေးတာ။ သွားပြန်ပေးမနေတော့ဘူး..မန္တလေးမှာ ကဲပစ်မယ်ကွာ..ဘယ်လိုလဲ''
မထူးတော့ဘူးလေ။ အဲဒီတုန်းက လူက ငယ်သေးချိန်..ကဲဖို့ ဖြဲဖို့ဆို ဘာမှ တွေးတာမဟုတ်ဘူး။
ကဲ..လာလေရောပေါ့။
မန္တလေးရောက်တော့ ကင်မရာကို ဆိုင်မှာသွားအပ်ပြီးတာနဲ့…ဆိုင်ကယ်နဲ့ ညလုံးပေါက် ကဲတော့တာပဲ။
ပထမ မဲကြီးတည်းမယ်ဆိုတဲ့ အကိုဝမ်းကွဲအိမ်တောင်မတည်းတော့ဘူး။ နှစ်ကောင်သား ဟိုတယ်တက်တည်းဖြစ်တာ။
မင်းသားကြီးဟိုတယ်ကနေ ကိုဇော်ဝမ်းဘိ အထိ အစုန်အဆန် သုံးညအိပ်လေးရက်တွေဘာတွေကဲပစ်တာ။
ကဲလို့ဝတော့ ပိုက်ဆံက တစ်သိန်းအုပ်တစ်အုပ်ပြုတ်ပြီ။ ကျန်တဲ့တစ်သိန်းကို ရန်ကုန်ကကောင်တွေနဲ့ ဆက််ကဲမယ်လို့ နှစ်ဦးသဘောတူဆုံးဖြတ်လိုက်တယ်။
''ဒီညနေတော့ အကိုတွေ အိမ်သွားလိုက်ဦးမယ်ကွာ..မနက်ဖန်ရန်ကုန်ပြန်ဆင်းမှာမို့ ဝင်နှုတ်ဆက်မှကောင်းမှာ..ပြီးရင် သူတို့ အိမ်မှာ ဆိုင်ကယ်ထားခဲ့ရမှာ''
မဲကြီးတို့ အကိုဝမ်းကွဲအိမ်ရောက်သွားတယ်။
''ဟေ့ကောင်..ချမ်းမြေ့ကို မင်း ဘယ်တွေလျှောက်သွားနေတာလဲကွာ..မင်းတက်လာပြီဆိုပြီး ငါတို့က စောင့်နေတာ..ဒီမှာ ဦးလေးနေလင်းကလည်း ခဏခဏ ဖုန်းဆက်နေတယ်..မင်းတို့ သူ့ဆီ ဖုန်းဆက်လိုက်ဦး''
ဒီတော့မှ ကျွန်တော်တို့လည်း မဲကြီးဦးလေးကို ကင်မရာပြင်ထားတဲ့ကိစ္စဖုန်းဆက်ရမှာ သတိရပါတော့တယ်။
နှစ်ကောင်သား ပီစီအိုကို ပြေးပြီး ရွာကို ဖုန်းခေါ်တယ်။
မဲကြီးနဲ့ သူ့ဦးလေး ဖုန်းပြောတော့ ကျွန်တော်က ဘေးမှာရှိနေတယ်။
''ဦးလေး..ကင်မရာက မနက်ဖြန်ရမယ်တဲ့..ကျွန်တော်လည်း ဟိုနေ့ကတည်းက ဖုန်းဆက်မလို့..မေ့.ေ.မ့''
''ဟေ့ကောင်..ခဏနေဦး..မင်းတို့ အဲ့ဒီနေ့က..(…..)ရွာကို ဝင်အရက်သောက်သေးလား''
''အင်း..သောက်တယ်လေ..ရွာလူကြီးတွေနဲ့တောင်တွေ့သေး''
''ငါ့ကင်မရာ ရော ပါတယ် မဟုတ်လား''
''အင်း..ပါတယ်လေ''
''မင်းတို့ သူတို့ပေးတဲ့ ပိုက်ဆံ နှစ်သိန်း ယူသွားသေးလား''
''အဲ..ဟို..ဟို..သားတို့က မတောင်းပါဘူး..သူတို့က အတင်းပေးတော့လည်း..အားနာ''
''နင့်မေလခွမ်း..မင်းတို့လုပ်တာ..ဒီမှာ သောက်ပြသနာတွေ ရှုပ်ကုန်ပြီ''
''ဘာဖြစ်လို့လဲ..ဦးလေး''
''ဘာဖြစ်ရမလဲ..ဒီလိုဟ…………………''
မဲကြီးက ဖုန်းချလိုက်တယ်…။
''ဟေ့ကောင်ရေ..ငါတို့ ညတွင်းချင်း ရန်ကုန်လစ်မှဖြစ်မယ်ဟ''
''ဘာဖြစ်လို့လဲ..မဲကြီး''
မဲကြီးက ရှင်းပြတယ်။
တကယ်က အဲ့ဒီရွာက ရွှေတော ဟာ အသစ်ပေါ်ခါစလေးပါ။ အစိုးရလည်း မသိသေးတော့ လိုင်စင်တွေဘာတွေ မရှိပဲ တိတ်တိတ်လေး ရွှေကြိတ်တူးနေကြတာပေါ့။
အဲ့ဒီတုန်းက တပ်မတော်ထောက်လှမ်းရေးအဖွဲ့ အရေးယူခံရပြီး နောက်ထပ်ဖွဲ့တဲ့ ထောက်လှမ်းရေးအဖွဲ့က စဖွဲ့ကာစ သြဇာကြီးနေတဲ့အချိန်။
ဒီရွှေတောကို ထောက်လှမ်းရေးက သတင်းအနံ့ရလို့ ဆင်းလာမယ်ဆိုပြီး သတင်းကလည်းထွက်လာတယ်။
မန္တလေးက ထောက်လှမ်းရေးနှစ်ယောက်လာမယ် လို့လည်း မတ္တရာက သူတို့ ပေးထားကျွေးထားတဲ့ အဖွဲ့တွေက သေချာပေါက်ပြောထားတယ်။
အဲ့ဒီအချိန် ကျွန်တော်တို့ နှစ်ယောက်က ဆိုင်ကယ်တစ်စီးနဲ့ ကင်မရာကြီးလွယ်ပြီး အဲ့ဒီရွာကို တည့်တည့်မတ်မတ်ရောက်သွားတာပဲ။
မဲကြီးကလည်း ဆယ့်ခြောက်နှစ်သားလောက်ကတည်းက ရွာထွက်သွားတဲ့ကောင်ဆိုတော့ သူ့မမှတ်မိကြဘူး။
ဂိုက်ဆိုက်ကလည်း အရာရှိကားမောင်းတော့ အရာရှိစတိုင်လ်အပြည့်။
ကျွန်တော်ကလည်း ကင်မရာကြီးတကားကားနဲ့ဆိုတော့ သူတို့လုပ်ကွက်တွေကို ဓာတ်ပုံလာရိုက်တာ သေချာပြီပေါ့။
ဒါနဲ့ ရွာထဲက ရွှေလုပ်နေတဲ့လူတွေစုပြီး လို်င်းကြေး နှစ်သိန်း လာဘ်ထိုးလိုက်တာ။
အဲ့ဒီရွာမှာ ရွှေလုပ်နေတဲ့အထဲ မဲကြီးဦးလေး ကိုနေလင်း လည်း ပါသေးတာ။ သူတောင် ထောက်လှမ်းရေးလိုင်းကြေး သုံးသောင်း ခွဲတမ်းထည့်လိုက်ရသေးတာတဲ့။
ကျွန်တော်တို့ ပြန်သွားပြီးနောက်တစ်ရက်မှာ တကယ့် စစ်ထောက်လှမ်းရေးတွေရောက်ချလာတယ်။
ရွာကလည်း အူကြောင်ကြောင်ဖြစ်ကုန်တယ်။
ပထမနေ့ကပဲ လာလို့ ပေးလိုက်ပြီးပြီ။ အခု ထပ်ရောက်လာတယ်ဆိုတော့..ဟိုကောင်တွေကို ထောက်လှမ်းရေးအတုတွေ လာလုပ်စားတယ်မှတ်ပြီး..၀ိုင်းဖြဲသတဲ့။
ဟိုကောင်တွေက ကဒ်တွေဘာတွေထုတ်ပြ..ရဲမြို့နယ်မှူးတွေဘာတွေကို ခေါ်တော့မှ တကယ့်အစစ်တွေဖြစ်နေတော့ ရွာရွှေသမားတွေ တောင်းပန်ပြီး နောက်ထပ် ကျေနပ်အောင် ထပ်ပေးပြီး ညှိလိုက်ရသတဲ့ဗျာ။
ကျွန်တော်တို့နှစ်ကောင်ကိုလည်း ရွာကရော၊ ထောက်လှမ်းရေးကကောင်တွေကပါ အသေရရအရှင်ရရ ဖြစ်ကုန်ကြသတဲ့။
ကိုနေလင်း က ပုံစံတွေမေးကြည့်တော့ သူ့တူ မဲကြီးနဲ့ ကျွန်တော် တို့ ပုံဖြစ်နေတာရယ်၊ ကင်မရာလွယ်ထားတာရယ်ကို ထောက်ပြီး ကျွန်တော်တို့ ဆိုတာ သိလိုက်တယ်တဲ့။
ဒါပေမယ့်..သူလည်း…ဖာသိဖာသာပဲ နေလိုက်တာတဲ့ဗျာ။
အောင်မယ်..ဖာသိဖာသာနေ ခ ကလည်း စျေးကြီးသဗျိုး။
မဲကြီး ဦးလေးပဲ။ လူလည်ပဲကိုး။
ကျန်နေတဲ့ တစ်သိန်း သူ့ကို ပေးလိုက်ရတယ်။
သူ့ကင်မရာကြောင့် ဒီငွေရတာဆိုပြီး ခွဲတမ်းတောင်းတာလေ။
မပေးရင် ဟိုရွာကို ကျွန်တော်တို့ နာမည်တွေ သွားပြောမယ်ဆိုလို့ မဲကြီးအကိုဝမ်းကွဲအိမ်မှာ ငွေတစ်သိန်းကို သူ့အတွက် ထားပေးခဲ့ရတယ်။
ရန်ကုန်ရောက်ရင် ကဲမယ်လို့ အတိုးချထားသမျှ ပလုံလေရောပေါ့။
ဒါပါပဲ။
ကင်မရာအစုတ်တစ်လုံးနဲ့ ကျွန်တော် ကြုံခဲ့ရတဲ့ ဖြစ်ပုံပျက်ပုံအလုံးစုံက..။
တကယ်တော့ အဲ့ဒီတုန်းက ကျွန်တော်တို့က တမင်တက ဟန်ဆောင်တာ မဟုတ်ခဲ့ကြပါဘူး။ ထုံးစံအတိုင်း လူငယ်တို့သဘာဝ အရက်ဝိုင်းကောင်းကောင်းမြင်လို့ ရောင်တော်ပြန်နဲ့ ရောလွှတ်ကြတဲ့သဘောရယ်ပါဗျာ..ဟဲဟဲ။
အဲ့ဒီကတည်းက..မဲကြီးလည်း အညာကို လုံးဝမပြန်တော့ဘူးတဲ့ ။ အခုတော့ ဒီကောင် ဘယ်ရောက်နေတယ်မသိ။
သတိရမိပါသေးတယ်ဗျာ။
ဗြိတိသျှကိိုကိုမောင်
Zawgyi
ကြ်န္ေတာ္နွင့္
ကင္မရာ
…………………………….
မဲၾကီး
။
နာမည္အရင္းက
ခ်မ္းေျမ့ကို တဲ့။ ဒါေပမယ့္ ကြ်န္ေတာ္္တို႕ အေဆာင္တစ္ခုလံုးက သူ႕ကို မဲၾကီးပဲ ေခၚတာ။
ဒီေကာင္က
မတၱရာဘက္က ရြာတစ္ရြာဇာတိ။
နဖူးကေျပာင္ေျပာင္၊
အသားက မဲေမွာင္ေနေပမယ့္ အင္မတန္မွ စမတ္က်က်လွခ်င္တဲ့ေကာင္။
ဘယ္ေလာက္လွခ်င္လဲဆို
ေနဗီယာမ်က္နွာသစ္ေဆးတစ္ဗူးကို
တစ္ပတ္ေလာက္ပဲသံုးတယ္။
သူက မ်က္နွာသစ္ေဆးဗူးကို မ်က္နွာတင္မက ခႏၶာကိုယ္ပါ ဆပ္ျပာတိုက္သလို တိုက္ပစ္တာ။
အဲ့ဒီေလာက္
လွခ်င္တဲ့ေကာင္။
အ၀တ္အစားဆိုလည္း
ေကာ့ေနေအာင္၀တ္တယ္။ ဖိနပ္ဆို အဲ့ဒီတုန္းက ေခတ္စားတဲ့ မာဒီးနီ ဖိနပ္ေကာင္းေပ့ဆိုတာကို အငတ္ခံ၀ယ္ျပီး အုန္းဆီနဲ႕ ေန႕တိုင္းေျပာင္ေနေအာင္ တိုက္ျပီးမွ စီးတယ္။
ေနာက္
ဒီေကာင့္ အားသာခ်က္က ….မွင္ေကာင္းတယ္။ ေတာ္ကီေကာင္းတယ္။ ဂ်ပိုးကို လိပ္ျဖစ္ေအာင္ေျပာတဲ့အထိ စကားတတ္တယ္။
မဲၾကီးက
အရာရွိၾကီးတစ္ေယာက္ရဲ႕
ကားကို ေမာင္းပါတယ္။ ညေနပိုင္းေတာ့ အေဆာင္မွာ ျပန္အိပ္ေပါ့။
အဲ့ဒီအခ်ိန္ေတြမွာ
ကြ်န္ေတာ္က အလုပ္ကမရွိ၊ ရည္းစားနဲ႕ကလည္း ပ်က္လို႕ အေဆာင္မွာ ဘူျပီး လွိမ့္ပိန္႕
အိပ္ေနတဲ့ကာလမ်ားေပါ့။
မဲၾကီးက
ကြ်န္ေတာ့္ကို အေဖာ္စပ္တယ္။
သူ႕
အရာရွိၾကီးက နိုင္ငံျခားသြားတာ ဆယ္ရက္ေလာက္ၾကာမွာမို႕ သူအားေနတယ္တဲ့။ အဲ့ဒါ သူ႕ဇာတိ အညာကို ခဏျပန္မယ္။ ျပီးရင္ မႏၱေလးဘက္ တက္ျပီး သူ႕အကို၀မ္းကြဲေတြဆီမွာ တည္းျပီး ကဲၾကမယ္ေပါ့။
ကြ်န္ေတာ္က
လမ္းစရိတ္ပဲ စိတ္။ ေနတာ စားတာ ကဲတာ ေရမီးစံုသူတာ၀န္ယူပါတယ္ေပါ့။
ဟုတ္ျပီ။
ကြ်န္ေတာ္လည္း
အသဲကြဲျပီး ဘူေနတာဆိုေတာ့ လစ္သည္ေပ့ါ။
ဒီေကာင့္ရြာက
မတၱရာျမိဳ႕ကေန ေတာ္ေတာ္ဆက္သြားရပါေသးတယ္။
အညာဘက္က
ရြာေတြဆိုေတာ့ ထံုးစံအတိုင္းေပါ့။ ခ်က္အရက္နဲ႕ ထန္းရည္က ေတာ့ေပါ။
သံုးေလးရက္ေလာက္ေနျပီးေတာ့…ဒီေကာင္က မႏၱေလးတက္မယ္တဲ့။
သူ႕အိမ္က
ဆိုင္ကယ္ကို ယူျပီး ကြ်န္ေတာ္နဲ႕ အတူ
စီးသြားမယ္။ ဟိုက အကို၀မ္းကြဲအိမ္မွာ တည္းမယ္။ ျပန္ရင္ ဆိုင္ကယ္ကို အကို၀မ္းကြဲအိမ္မွာထားခဲ့ျပီး
သူ႕ဦးေလးေတြ မႏၱေလးကို လာမွ ဆိုင္ကယ္ျပန္စီးသြားမယ္ေပါ့။
မဲၾကီးတို႕က
ရြာမွာေတာ့ ေတာ္ေတာ္အဆင္ေျပတဲ့မိသားစုပါ။
ေတာသူေဌးေတြလို႕ ေျပာလို္႕ရတယ္။
မဲၾကီး
ဦးေလး ကိုေနလင္း ဆိုတာရွိတယ္။ သူက ရြာနီးခ်ဳပ္စပ္ ရွင္ျပဳပြဲေတြဘာေတြမွာ ဓာတ္ပံုလိုက္ရိုက္္တယ္။
ကြ်န္ေတာ္တို႕
မႏၱေလးတက္မယ္ဆိုေတာ့ သူ႔ဦးေလးကိုေနလင္း ေရာက္လာတယ္။ လက္ထဲလည္း ကင္မရာၾကီးတစ္လံုးကိုင္လို႕။
ကင္မရာပ်က္ေနတာ
မႏၱေလးမွာ မွ ျပင္္လို႕ရမွာမို႕ ကြ်န္ေတာ္တို႕နဲ႕ လူၾကံဳထည့္ေပးလိုက္ခ်င္လို႕တဲ့။
သူလိပ္စာေပးတဲ့ဆိုင္မွာ
ကြ်န္ေတာ္တို႕က သြားအပ္ေပး။ ျပီးရင္ ရြာကုန္စံုဆိုင္က ဖုန္းကိုဆက္ျပီး ဘယ္နွစ္ရက္ၾကာမလဲဆိုတာ သူ႕ကိုအေၾကာင္းၾကား။ သူ မႏၱေလးတက္ျပီး ျပန္ေရြးမယ္ေပါ့။
ကြ်န္ေတာ္တို႕ လမ္းမွာ
စားဖို႕ ေသာက္ဖို႕ မုန္႕ဖိုးလည္း သူက ေပးလိုက္ေသးတယ္။
ဒီလိုနဲ႕
ကြ်န္ေတာ္တို႕ နွစ္ေယာက္ မဲၾကီးအိမ္က ဆိုင္ကယ္နဲ႕ မႏၱေလးကို တက္လာတယ္။
ကင္မရာကိုေတာ့
ဆိုင္ကယ္ျခင္းထဲ ထည့္လို႕ေပါ့။
လမ္းက
နည္းနည္းၾကမ္းေတာ့ ကင္မရာက
ခုန္ေနတာနဲ႕ ေနာက္ကေနထိုင္တဲ့ ကြ်န္ေတာ္ကပဲ ကင္မရာၾကီး လြယ္ထားလိုက္တယ္။
မတၱရာမေရာက္ခင္
ေတာ္ေတာ္စည္ကားတဲ့ ရြာတစ္ရြာရွိတယ္။ အဲ့ဒီရြာက ေရႊေတြဘာေတြထြက္တယ္ဆိုလို႕ ေရႊလာက်င္တဲ့သူေတြနဲ႕ ေတာ္ေတာ္စည္ကားေနျပီ။
အရက္ဆုိင္
၊ ဘီယာဆိုင္ ေလး သံုးေလးငါးဆိုင္ေတာင္ရွိေနျပီ။
မဲၾကီးနဲ႕
ကြ်န္ေတာ္ အပူခံေလး ရွကီ၀င္ဆြဲဖို႕ ျပင္တယ္။ လမ္းကလည္း အၾကာၾကီးေမာင္းရဦးမွာကိုး။
အဲ့ဒီရြာေလးက
အရက္ဆိုင္ေလးေရွ႕မွာ ကြ်န္ေတာ္တို႕ ဆိုင္ကယ္ရပ္လိုက္တယ္။
မဲၾကီးက
ေနကာမ်က္မွန္နဲ႕…ဆိုင္ကယ္ေလတိုးတာခံနိုင္ေအာင္ဆိုျပီး
ဂ်ာကင္အမဲၾကီး ၀တ္လာေသးတာ။
ရာသီဥတုက
ပူပူနဲ႕ ဒီေကာင့္အစား ကြ်န္ေတာ္ျဖင့္ ပူလိုက္တာဗ်ာ။
ကြ်န္ေတာ္ကလည္း
ေဘာင္းဘီရွည္နဲ႕ စပို႕ရွပ္နဲ႕ ။ သူ႕ဦးေလးရဲ႕ ကင္မရာအစုတ္ကို
လြယ္ျပီး ဆိုင္ထဲ ၀င္ထိုင္တာေပါ့။
မက်ည္းအရက္ဆိုလား
တစ္လံုးမွာျပီး အျမည္းမွာမလို႕ လုပ္ေနခ်ိန္မွာ ကြ်န္ေတာ္တစ္ခုသတိထားမိသြားတယ္။
ဆိုင္ထဲက
လူေတြက ကြ်န္ေတာ္တို႕ နွစ္ေယာက္ကို ကြက္ၾကည့္ ကြက္ၾကည့္နဲ႕။
အင္းေလ
ကြ်န္ေတာ္တို႕ ပံုစံေတြကလည္း နည္းနည္းထူးျခား၊ လူစိမ္းလည္း လူစိမ္းျဖစ္ေနတာကိုးလို႕ပဲ မွတ္လိုက္ပါတယ္။
ကြ်န္ေတာ္္တို႕လည္း
ဆိတ္သားေျခာက္ဖုတ္နဲ႕
မက်ည္းအရက္ကို ခ်ီးယားၾကတာေပါ့။
ခ်ီယားေနလို႕မွမၾကာဘူး။
လူၾကီး
သံုးေယာက္ ဆိုင္ထဲ၀င္လာျပီး ကြ်န္ေတာ္တို႕ ၀ိုင္းေရွ႕မွာ ရို႕ရို႕ေလး လာရပ္တယ္။
''ဆရာတို႕..ဘယ္တုန္းက ေရာက္ၾကတာလဲ''
မဲၾကီးက
ဒီနယ္သားဆိုေတာ့ မဲၾကီးအသိေတြလို႕ပဲ ကြ်န္ေတာ္လည္း မွတ္တာေပါ့။ ေအာင္မယ္..ဒီမုန္႕ကုလားမဲ ေကာင္ကို လူၾကီးေတြ ဆရာေတြဘာေတြေခၚေနသဟဆိုျပီး အထင္ေတာင္ၾကီးသြားေသး။
''ခုနပဲ..ေရာက္တာ..ဦးၾကီးတို႕''
''ဒီဆိုင္ၾကီးမွာ
မေကာင္းပါဘူးဆရာတို႕..ကြ်န္ေတာ္တုိ႕ အိမ္မွာ ဧည့္ခံပါရေစ..ကြ်န္ေတာ္က ဒီက ရြာလူၾကီး ဦးေသာင္းေဌးပါ..ကြ်န္ေတာ့္အိမ္ကို ၾကြပါဆရာ..စားေရးေသာက္ေရးအားလံုး စီမံထားပါတယ္''
အလို..မဲၾကီး ဒီေကာင္ ပိုင္လွခ်ည္လားေပါ့။
ကြ်န္ေတာ္
မဲၾကီးကို ၾကည့္ေတာ့ ဒီေကာင္လည္း အူေၾကာင္ေၾကာင္နဲ႕။
''ကဲ..လာပါ..ဆရာေလးတို႕ ဒီဆိုင္ကိုလည္း ဘာမွ အားနာမေနနဲ႕..ဒါကြ်န္ေတာ့္တူဆိုင္ပဲ..လာ..ေျပာစရာရွိတဲ့ ကိစၥ အိမ္မွာ ေျပာရေအာင္…ဒီမွာက မေကာင္းလို႕ပါ..အိမ္ကိုသာ ၾကြၾကပါ''
ေျပာေျပာဆိုဆိုနဲ႕
လူၾကီးေတြက ကြ်န္ေတာ္တို႕ကို အတင္းဆြဲေခၚေနေတာ့ နွစ္ေကာင္သားလည္း ေယာင္ေပေပနဲ႕ ပါလာတယ္။
အိမ္က
ဆိုင္နဲ႕ သိပ္မေ၀းပါဘူး။
တစ္ထပ္တိုက္အိမ္ကေလးပါ။
အိမ္ကေလးထဲေရာက္ေတာ့….ဂရန္းရြိဳင္ရယ္ပုလင္းနဲ႕ အရက္စားပြဲၾကီးဗ်ာ။
ၾကက္ေၾကာ္ေတြ၊
လက္ဖက္ေတြ၊ ၀က္သားသုပ္ေတြ အျမည္းကလည္း အစံုပဲ။
မဲၾကီးနဲ႕
ကြ်န္ေတာ္ တစ္ေယာက္မ်က္နွာ တစ္ေယာက္ၾကည့္လိုက္ၾကတယ္။
''.မဲၾကီး..မင္းအသိေတြက တယ္လည္း ဧည့္၀တ္ေၾကပါလားကြ''
''ေအး..ငါေတာ့ သူတို႕ကို မသိဘူး။ သူတို႕ကေတာ့ ငါ့ကို သိရင္သိေနမွာကြ။ ရတုန္း ၾကိတ္သာၾကိတ္ကြာ''
၀ိုင္းထဲထိုင္လိုက္ေတာ့
လူၾကီး သံုးေလးေယာက္က ကြ်န္ေတာ္တို႕ ေဘးမွာ မတ္တပ္ရပ္ေနတယ္။
ရြာလူၾကီးဦးေသာင္းေဌးက
အရက္ငွဲ႕ေပးတယ္။
''ဆရာတို႕..ရုတ္တရက္ၾကီးေရာက္လာေတာ့..ေသခ်ာမစီမံလိုက္ရဘူး..ခုန ဟိုဆုိင္က ကေလးလာေျပာမွ အျမန္စီစဥ္လိုက္တာ.အားနာလိုက္တာဗ်ာ''
''ေအာ္…ရပါတယ္..ရပါတယ္''
တစ္ခုခုေတာ့
မွားေနျပီဆိုတာ ကြ်န္ေတာ္သိလိုက္တယ္။
ဒါေပမယ့္ မဲၾကီးက မွင္ေသေသနဲ႕ဗ်။
''ဆရာတို႕
ရြာေရာက္တုန္း ေအးေအးေဆးေဆးေနပါ..ေနေအးမွ ျပန္ၾကေပါ့..စီစဥ္စရာရွိတာေတြ ကြ်န္ေတာ္ အကုန္စီစဥ္ေပးပါ့မယ္''
''ဟာ..ညေန အထိေတာ့ ေနလို႕မရဘူးဗ်..ကြ်န္ေတာ္တို႕ မႏၱေလးကို အခ်ိန္မီ တက္ၾကရမွာ''
မႏၱေလးတက္ၾကမွာ
ဆိုတဲ့ အသံၾကားေတာ့ လူၾကီးေတြ ပံုစံကပိုျပီး ထိတ္ထိတ္ျပာျပာျဖစ္သြားပါတယ္။
''ခဏေနပါဦး..ဆရာတို႕ရယ္..ခဏ''
ရြာလူၾကီးက
ကြ်န္ေတာ္တို႕ ၀ို္င္းေဘးမွာ ရို႕ရို႕ေလးရပ္ေနတဲ့ လူတစ္ေယာက္ကို မ်က္စပစ္ျပလိုက္ေတာ့ ဟိုလူက အိမ္ေနာက္ခန္းထဲ ၀င္သြားတယ္။
ျပီးေတာ့
ကြ်တ္ကြ်တ္အိတ္ အမဲေလးတစ္ထုတ္ ယူလာျပီး ရြာလူၾကီးဆိုတဲ့ဘဲၾကီးကို ေပးတယ္။
ရြာလူၾကီးက
မဲၾကီးနား ကပ္ထုုိင္ျပီး အိတ္အမဲေလးကို မဲၾကီး ဘက္ထိုးေပးတယ္။
''ဆရာတို႕ရယ္..နည္းတယ္မ်ားတယ္ သေဘာမထားပါနဲ႕..ဒါ ဆရာတို႕အတြက္ လက္ေဆာင္ပါ.''
ဟ..ဘာလဲေပါ့။
အဲ့ဒီေနရာက်
မဲၾကီးက မွင္ေကာင္းတယ္ဗ်။
''ဟာ…ေနပါေစ..ဦးေလး…အခုလို ဧည့္ခံတာေတာင္မ်ားေနျပီ..မလုပ္ပါနဲ႕..မလုပ္ပါနဲ႕''
လူၾကီးက
အထုပ္ကို ေရွ႕ထပ္တိုးလိုက္ပါတယ္။
''ဆရာတို႕ရယ္…ရြာမွာ အလုပ္ေတြက
အခုမွ စလုပ္ခါစမို႕ပါ..ေနာက္ အလုပ္ေကာင္းတဲ့အခါ..ဒီထက္ပို ေစရပါ့မယ္…ရြာထဲက အလုပ္လုပ္တဲ့လူေတြကိုလည္း ေျပာထားျပီးသားပါ..အခု ရုတ္တရက္ဆိုေတာ့ သူတို႕ကို စုဖို႕ကလည္း မလြယ္ေတာ့..ကြ်န္ေတာ့္ရွိတာေလးေခါင္းခံျပီး
စိုက္ေပးလိုက္တာ….ဒါေလးေတာ့ လက္ခံလိုက္ပါခင္ဗ်ာ..မႏၱေလးတက္မွာဆိုေတာ့ မႏၱေလးက လူၾကီးေတြအတြက္လည္း လက္ေဆာင္ပါးတဲ့သေဘာေပါ့''
လူၾကီးက
ေျပာေျပာဆိုဆိုနဲ႕ မဲၾကီး ခြ်တ္ျပီး ခံုမွာ လႊားခ်ိတ္ထားတဲ့ ဂ်ာကင္အက္် ီ အိတ္ထဲကို အထုပ္ကို
အတင္းထိုးထည့္ပါေလေရာ။
မဲၾကီးက
ေခါင္းကုတ္ေနပါျပီ။ ကြ်န္ေတာ္လည္း အရက္နဲ႕ ဆိတ္သားေျခာက္ပဲ ဖိတြယ္ေနလိုက္တယ္။
''ဒါနဲ႕
ဆရာ..အဲ့ဒီထဲမွာ ဘာေတြ ရိုက္ထားျပီးျပီလဲ''
လူၾကီးက
ကြ်န္ေတာ့္လြယ္ထားတဲ့
ကင္မရာကို လက္ညိဳးထိုးျပပါတယ္။
''ဟင္..ဘာမွ မရိုက္ထားဘူးေလ..ဘာလို႕လဲ''
''ေတာ္ေသးတာေပါ့..ဆရာရယ္..ကြ်န္ေတာ္တို႕က စိတ္ပူေနတာ''
ဘယ္နွယ့္..ဒီကင္မရာအစုတ္ၾကီးက သြားျပင္ဖို႕ဟာကို ဘာရိုက္ရမွာတုန္း။ ကြ်န္ေတာ္လဲ စိတ္ထဲကပဲ ေျပာလိုက္ပါတယ္။
''ကဲ..ကဲ..ကြ်န္ေတာ္တို႕လည္း အခ်ိန္္မရဘူး..ဦးေလးတို႕..အခုလို႕ ဧည့္ခံေကြ်းေမြးတာ ေက်းဇူးတင္ပါတယ္..ခြင့္ျပဳၾကပါဦး''
မဲၾကီးက
စကားျဖတ္ျပီး ထတယ္။ မထလို႕လည္း မျဖစ္ေတာ့ဘူး။ အခုဟာက တစ္ခုခုေတာ့ မွားေနတာေသခ်ာတယ္။
အရက္လည္းတိုက္
လက္ေဆာင္ထုတ္လည္းေပး..ေနာက္ျပီး ကင္မရာအစုတ္ၾကီးကို လက္ညိဳးတထိုးထိုးနဲ႕ဆိုေတာ့…ၾကာရင္ ျပသနာျဖစ္လာနိုင္တယ္ေလ။
လူၾကီးေတြက
ကြ်န္ေတာ္တို႕ကို ဆိုင္ကယ္နားအထိ လိုက္ပို႕ပါတယ္။
''ေနာက္လည္း
လမ္းၾကံဳရင္လာပါဆရာ..ေစာင့္ေရွာက္ေပးပါ…အားကိုးပါတယ္'' ဘာညာနဲ႕။
အဲ့ဒီရြာက
အထြက္ မတၱရာအေက်ာ္လည္း ေရာက္ေရာ နွစ္ေကာင္လံုး မေနနိုင္ေတာ့ပါဘူး။
ဆိုင္ကယ္ကို
ရပ္ျပီး မဲၾကီးဂ်ာကင္ထဲက အိတ္အမည္းကို ဖြင့္ၾကည့္ၾကတယ္။
နွစ္ေယာက္လံုး
မ်က္လံုးေတြျပာျပီး ေခါင္းေမႊးေတြ ေထာင္သြားတယ္။
ပိုက္ဆံ
တစ္ေထာင္တန္အုပ္ နွစ္အုပ္။ နွစ္သိန္းတိတိ။
တရုတ္ဆိုင္ကယ္ေလာ့ဂ်ာတစ္စီး
သံုးသိန္းေလာက္ရွိတဲ့ေခတ္မွာ
ေငြနွစ္သိန္းဆိုတာ နည္းတဲ့ ပမာဏလား။
''ေဟ့ေရာင္…ငါတို႕ကို လူမွားျပီး ေပးလိုက္တာလားမသိဘူး..သြားျပန္ေပးရေအာင္''
ကြ်န္ေတာ္
အဲ့လို ေျပာေတာ့ မဲၾကီးက မ်က္ေမွာင္ၾကီး
ၾကံဳ႕ျပီး စဥ္းစားတယ္။ သူ႕နယ္ဆိုေတာ့ သူ႕ဆံုးျဖတ္ခ်က္က အေရးၾကီးပါတယ္။
''အခုမွ
လူမွားတာဆိုျပီး သြားျပန္ေပးရင္..ကြိဳင္က ဒီထက္ပူမယ္ကြ..အဲ့ဒီရြာအေနာက္ဘက္မွာက ေရႊထြက္တယ္ေျပာေနၾကတယ္။ ဒီလူေတြက သူေဌးေတြပဲ။ ျပီးေတာ့ ငါတို႕က ေတာင္းတာလည္းမဟုတ္ဘူး။ သူတို႕ဟာသူတို႕ အတင္းထိုးေပးတာ။ သြားျပန္ေပးမေနေတာ့ဘူး..မႏၱေလးမွာ ကဲပစ္မယ္ကြာ..ဘယ္လိုလဲ''
မထူးေတာ့ဘူးေလ။
အဲဒီတုန္းက လူက ငယ္ေသးခ်ိန္..ကဲဖို႕ ျဖဲဖို႕ဆို ဘာမွ ေတြးတာမဟုတ္ဘူး။
ကဲ..လာေလေရာေပါ့။
မႏၱေလးေရာက္ေတာ့
ကင္မရာကို ဆုိင္မွာသြားအပ္ျပီးတာနဲ႕…ဆိုင္ကယ္နဲ႕ ညလံုးေပါက္ ကဲေတာ့တာပဲ။
ပထမ
မဲၾကီးတည္းမယ္ဆိုတဲ့ အကို၀မ္းကြဲအိမ္ေတာင္မတည္းေတာ့ဘူး။
နွစ္ေကာင္သား ဟိုတယ္တက္တည္းျဖစ္တာ။
မင္းသားၾကီးဟိုတယ္ကေန
ကိုေဇာ္၀မ္းဘိ အထိ အစုန္အဆန္ သံုးညအိပ္ေလးရက္ေတြဘာေတြကဲပစ္တာ။
ကဲလို႕၀ေတာ့
ပိုက္ဆံက တစ္သိန္းအုပ္တစ္အုပ္ျပဳတ္ျပီ။
က်န္တဲ့တစ္သိန္းကို ရန္ကုန္ကေကာင္ေတြနဲ႕ ဆက္္ကဲမယ္လို႕ နွစ္ဦးသေဘာတူဆံုးျဖတ္လိုက္တယ္။
''ဒီညေနေတာ့
အကိုေတြ အိမ္သြားလိုက္ဦးမယ္ကြာ..မနက္ဖန္ရန္ကုန္ျပန္ဆင္းမွာမုိ႕
၀င္နႈတ္ဆက္မွေကာင္းမွာ..ျပီးရင္ သူတို႕ အိမ္မွာ ဆိုင္ကယ္ထားခဲ့ရမွာ''
မဲၾကီးတို႕
အကို၀မ္းကြဲအိမ္ေရာက္သြားတယ္။
''ေဟ့ေကာင္..ခ်မ္းေျမ့ကို မင္း ဘယ္ေတြေလ်ွာက္သြားေနတာလဲကြာ..မင္းတက္လာျပီဆိုျပီး ငါတို႕က ေစာင့္ေနတာ..ဒီမွာ ဦးေလးေနလင္းကလည္း ခဏခဏ ဖုန္းဆက္ေနတယ္..မင္းတို႕ သူ႕ဆီ ဖုန္းဆက္လိုက္ဦး''
ဒီေတာ့မွ
ကြ်န္ေတာ္တို႕လည္း မဲၾကီးဦးေလးကို ကင္မရာျပင္ထားတဲ့ကိစၥဖုန္းဆက္ရမွာ
သတိရပါေတာ့တယ္။
နွစ္ေကာင္သား
ပီစီအိုကို ေျပးျပီး ရြာကို ဖုန္းေခၚတယ္။
မဲၾကီးနဲ႕
သူ႕ဦးေလး ဖုန္းေျပာေတာ့ ကြ်န္ေတာ္က ေဘးမွာရွိေနတယ္။
''ဦးေလး..ကင္မရာက မနက္ျဖန္ရမယ္တဲ့..ကြ်န္ေတာ္လည္း ဟိုေန႕ကတည္းက ဖုန္းဆက္မလို႕..ေမ့.ေ.မ့''
''ေဟ့ေကာင္..ခဏေနဦး..မင္းတို႕ အဲ့ဒီေန႕က..(…..)ရြာကို ၀င္အရက္ေသာက္ေသးလား''
''အင္း..ေသာက္တယ္ေလ..ရြာလူၾကီးေတြနဲ႕ေတာင္ေတြ႕ေသး''
''ငါ့ကင္မရာ
ေရာ ပါတယ္ မဟုတ္လား''
''အင္း..ပါတယ္ေလ''
''မင္းတို႕
သူတို႕ေပးတဲ့ ပိုက္ဆံ နွစ္သိန္း ယူသြားေသးလား''
''အဲ..ဟို..ဟို..သားတို႕က မေတာင္းပါဘူး..သူတို႕က အတင္းေပးေတာ့လည္း..အားနာ''
''နင့္ေမလခြမ္း..မင္းတို႕လုပ္တာ..ဒီမွာ ေသာက္ျပသနာေတြ ရႈပ္ကုန္ျပီ''
''ဘာျဖစ္လို႕လဲ..ဦးေလး''
''ဘာျဖစ္ရမလဲ..ဒီလိုဟ…………………''
မဲၾကီးက
ဖုန္းခ်လိုက္တယ္…။
''ေဟ့ေကာင္ေရ..ငါတို႕ ညတြင္းခ်င္း ရန္ကုန္လစ္မွျဖစ္မယ္ဟ''
''ဘာျဖစ္လို႕လဲ..မဲၾကီး''
မဲၾကီးက
ရွင္းျပတယ္။
တကယ္က
အဲ့ဒီရြာက ေရႊေတာ ဟာ အသစ္ေပၚခါစေလးပါ။ အစိုးရလည္း မသိေသးေတာ့
လိုင္စင္ေတြဘာေတြ မရွိပဲ တိတ္တိတ္ေလး ေရႊၾကိတ္တူးေနၾကတာေပါ့။
အဲ့ဒီတုန္းက
တပ္မေတာ္ေထာက္လွမ္းေရးအဖြဲ႕
အေရးယူခံရျပီး ေနာက္ထပ္ဖြဲ႕တဲ့ ေထာက္လွမ္းေရးအဖြဲ႕က စဖြဲ႕ကာစ ၾသဇာၾကီးေနတဲ့အခ်ိန္။
ဒီေရႊေတာကို
ေထာက္လွမ္းေရးက သတင္းအနံ႕ရလို႕ ဆင္းလာမယ္ဆိုျပီး သတင္းကလည္းထြက္လာတယ္။
မႏၱေလးက
ေထာက္လွမ္းေရးနွစ္ေယာက္လာမယ္
လို႕လည္း မတၱရာက သူတို႕ ေပးထားေကြ်းထားတဲ့ အဖြဲ႕ေတြက ေသခ်ာေပါက္ေျပာထားတယ္။
အဲ့ဒီအခ်ိန္
ကြ်န္ေတာ္တို႕ နွစ္ေယာက္က ဆိုင္ကယ္တစ္စီးနဲ႕ ကင္မရာၾကီးလြယ္ျပီး အဲ့ဒီရြာကို တည့္တည့္မတ္မတ္ေရာက္သြားတာပဲ။
မဲၾကီးကလည္း
ဆယ့္ေျခာက္နွစ္သားေလာက္ကတည္းက
ရြာထြက္သြားတဲ့ေကာင္ဆိုေတာ့
သူ႕မမွတ္မိၾကဘူး။
ဂိုက္ဆိုက္ကလည္း
အရာရွိကားေမာင္းေတာ့ အရာရွိစတိုင္လ္အျပည့္။
ကြ်န္ေတာ္ကလည္း
ကင္မရာၾကီးတကားကားနဲ႕ဆိုေတာ့
သူတို႕လုပ္ကြက္ေတြကို
ဓာတ္ပံုလာရိုက္တာ ေသခ်ာျပီေပါ့။
ဒါနဲ႕
ရြာထဲက ေရႊလုပ္ေနတဲ့လူေတြစုျပီး
လို္င္းေၾကး နွစ္သိန္း လာဘ္ထိုးလိုက္တာ။
အဲ့ဒီရြာမွာ
ေရႊလုပ္ေနတဲ့အထဲ မဲၾကီးဦးေလး ကိုေနလင္း လည္း ပါေသးတာ။ သူေတာင္ ေထာက္လွမ္းေရးလိုင္းေၾကး သံုးေသာင္း ခြဲတမ္းထည့္လိုက္ရေသးတာတဲ့။
ကြ်န္ေတာ္တို႕
ျပန္သြားျပီးေနာက္တစ္ရက္မွာ
တကယ့္ စစ္ေထာက္လွမ္းေရးေတြေရာက္ခ်လာတယ္။
ရြာကလည္း
အူေၾကာင္ေၾကာင္ျဖစ္ကုန္တယ္။
ပထမေန႕ကပဲ
လာလို႕ ေပးလိုက္ျပီးျပီ။ အခု ထပ္ေရာက္လာတယ္ဆိုေတာ့..ဟိုေကာင္ေတြကို ေထာက္လွမ္းေရးအတုေတြ လာလုပ္စားတယ္မွတ္ျပီး..၀ိုင္းျဖဲသတဲ့။
ဟိုေကာင္ေတြက
ကဒ္ေတြဘာေတြထုတ္ျပ..ရဲျမိဳ႕နယ္မွဴးေတြဘာေတြကို ေခၚေတာ့မွ တကယ့္အစစ္ေတြျဖစ္ေနေတာ့ ရြာေရႊသမားေတြ ေတာင္းပန္ျပီး ေနာက္ထပ္ ေက်နပ္ေအာင္
ထပ္ေပးျပီး ညိွလိုက္ရသတဲ့ဗ်ာ။
ကြ်န္ေတာ္တို႕နွစ္ေကာင္ကိုလည္း
ရြာကေရာ၊ ေထာက္လွမ္းေရးကေကာင္ေတြကပါ အေသရရအရွင္ရရ ျဖစ္ကုန္ၾကသတဲ့။
ကိုေနလင္း
က ပံုစံေတြေမးၾကည့္ေတာ့ သူ႕တူ မဲၾကီးနဲ႕ ကြ်န္ေတာ္ တို႕ ပံုျဖစ္ေနတာရယ္၊ ကင္မရာလြယ္ထားတာရယ္ကို ေထာက္ျပီး ကြ်န္ေတာ္တို႕ ဆိုတာ သိလိုက္တယ္တဲ့။
ဒါေပမယ့္..သူလည္း…ဖာသိဖာသာပဲ ေနလိုက္တာတဲ့ဗ်ာ။
ေအာင္မယ္..ဖာသိဖာသာေန ခ ကလည္း ေစ်းၾကီးသဗ်ိဳး။
မဲၾကီး
ဦးေလးပဲ။ လူလည္ပဲကိုး။
က်န္ေနတဲ့
တစ္သိန္း သူ႕ကို ေပးလိုက္ရတယ္။
သူ႕ကင္မရာေၾကာင့္
ဒီေငြရတာဆိုျပီး ခြဲတမ္းေတာင္းတာေလ။
မေပးရင္
ဟိုရြာကို ကြ်န္ေတာ္တို႕ နာမည္ေတြ သြားေျပာမယ္ဆိုလို႕ မဲၾကီးအကို၀မ္းကြဲအိမ္မွာ ေငြတစ္သိန္းကို သူ႕အတြက္ ထားေပးခဲ့ရတယ္။
ရန္ကုန္ေရာက္ရင္
ကဲမယ္လို႕ အတိုးခ်ထားသမ်ွ ပလံုေလေရာေပါ့။
ဒါပါပဲ။
ကင္မရာအစုတ္တစ္လံုးနဲ႕
ကြ်န္ေတာ္ ၾကံဳခဲ့ရတဲ့ ျဖစ္ပံုပ်က္ပံုအလံုးစံုက..။
တကယ္ေတာ့
အဲ့ဒီတုန္းက ကြ်န္ေတာ္တို႕က တမင္တက ဟန္ေဆာင္တာ မဟုတ္ခဲ့ၾကပါဘူး။ ထံုးစံအတိုင္း လူငယ္တို႕သဘာ၀ အရက္၀ိုင္းေကာင္းေကာင္းျမင္လို႕
ေရာင္ေတာ္ျပန္နဲ႕ ေရာလႊတ္ၾကတဲ့သေဘာရယ္ပါဗ်ာ..ဟဲဟဲ။
အဲ့ဒီကတည္းက..မဲၾကီးလည္း အညာကို
လံုး၀မျပန္ေတာ့ဘူးတဲ့
။ အခုေတာ့ ဒီေကာင္ ဘယ္ေရာက္ေနတယ္မသိ။
သတိရမိပါေသးတယ္ဗ်ာ။
ျဗိတိသ်ွကိုိကုိေမာင္
တစ်သိန်းလေးကတော့ အမြတ်ပေါ့ဗျာ😁🐬🐬
ReplyDeleteDone
ReplyDeleteဆဗြိတို့ကတော့ ကြုံကြုံတတ်ပလေတယ်ဗျာ
ReplyDeleteစာနဲနဲရှည်တော့ မဖတ်ခဲ့တော့ဘူးနော်😁😁😁
ReplyDeleteDone 💪
ReplyDeleteပြင်ရမယ့် ကင်မရာ က အကိျုးပေးသွားတာပေါ့😆😄
ReplyDelete👍❤
😂🤣😂
ReplyDeleteဆရာဗြိတို့ကတော့ဗျာ😆😆
ReplyDelete😂
ReplyDeleteဖြစ်ရမယ် ဆြာဗြိတို့ကတော့😂😂😂
ReplyDeleteDone 🤍
ReplyDeleteအောင်မယ် ကိုဗြိက ကိုဇော်ဝမ်းဖောက်သည်ကြီးဟ
ReplyDeleteခိခိ
ReplyDelete