ကျွန်တော် နှင့် အိမ်သာ

Unicode


 ကျွန်တော် နှင့် အိမ်သာ

…………………………….

အိမ်သာ။

ဟိုးကာလဆီက အဘယ်မြန်မာပညာရှိကြီးက အမည်တပ်ပေးလိုက်သည်မသိ။

နာမည် ကိုဖွင့်ဆိုကြည့်ရလျှင်ဖြင့် တော်တော်လေးကို အဓိပါယ်ရှိသည်။

အိမ်ကို သာယာ စေသည့် နေရာ။ ဒါမှမဟုတ် သာယာသောအိမ်။

သို့ပေတည့်..အဘယ့်ကြောင့်..အီအီးပါသည်နေရာကို သာယာသောအိမ် နှင့် ခိုင်းနှိုင်းရသနည်း။

တကယ်တော့..အီအီးပါသည့်နေရာကို အိမ်သာ ဟု သုံးနှုန်းခဲ့သည်မှာ ကုန်းဘောင်ခေတ်နှောင်းပိုင်း ကာလမှ စတင်ပါသည်။

ပုဂံခေတ်၊ ညောင်ရမ်းခေတ်၊ တောင်ငူခေတ်၊ အင်းဝခေတ် စသော ခေတ်များမှ စာပေများတွင် အိမ်သာ ဟူသော အသုံးမှာ သာယာသောအိမ် ဟု သာထွက်၏။

နေရာကောင်း၊ နေရာမွန်၊ သာသာယာယာဖြစ်သည့်နေရာကို ဆိုလိုလျှင် "သာ"၏အရှေ ့မှာ နေရာအမည်ကို ဖော်ပြသုံးစွဲသောအလေ့အထတရပ် ရှေးမြန်မာတို ့ရှိဖူးပါသည်။

နန်းတော်သာ၊ ကျောင်းတော်သာ၊ ရေကန်သာ စသည်ဖြင့်ဖြစ်သည်။

အင်းဝခေတ် နာမည်ကျော်စာဆိုတော် ရှင်မဟာရဌသာရ သည် ဘူရိဒတ်လင်္ကာတွင် ယခုလို ရေးခဲ့၏။

နတ်၌ဖြစ်သား ၊ ကောင်းနှစ်သြဇာ

နတ်ရသာကို ၊ မင်းလျာကျိုင်းထွား

နေ ့တိုင်းစား၍ ၊ နာဖျားမရှိ

မထိဆင်းရဲ ၊ အိမ်သာထဲဝယ်

မကွဲတူကွ ၊ မွေ ့လျော်ကြသည်

ရှေးကကောင်းကျိုးကြမ္မာတည်း….။


ထိုလင်္ကာအရ နတ်ပြည်တွင်ဖြစ်သော ကောင်းမွန်လှသည့် အစားအသောက်များကို နေ့တိုင်းစားပြီး ဆင်းရဲခြင်းမထိရသည့် အိမ်သာ(သာယာသောအိမ်) ထဲဝယ် မင်းလောင်းမင်းလျာ မင်းသားလေးနှင့် အတူတကွနေကြရသည်မှာ ရှေ့က ကောင်းမှုကြောင့် ဖြစ်သည် ဆိုသည့် အဓိပ္ပါယ်။

သို့ပေတည့်..အိမ်သာ အား အီအီးပါသည့် နေရာအဖြစ် သတ်မှတ်လိုက်ပါက…အီအီးပါတဲ့ အိမ်သာထဲမှာ မင်းလျောင်းမင်းလျာ လေးနဲ့ နတ်သြဇာတွေ အတူစားကြတာ တကယ်ကောင်းပါပဲ ဟု အဓိပ္ပါယ်ပြန်လိုက်လျင်တော့ ရှင်မဟာရဌသာရကြီး အသက်ရှင်လာပြီး ဖနောင့်နှင့် ပေါက်မည်ကတော့ သေချာပါသည်။

နောက်ထပ် ပျို့များ၊ ရတုများတွင်လည်း အိမ်သာကို အီအီးပါသည့် နေရာအဖြစ် မသုံးပဲ..သာယာသည့် နေအိမ်အဖြစ်သာ သုံးထားသည့် အထောက်အထားများတွေ့ရသည်။

ကုန်းဘောင်ခေတ်နှောင်းမတိုင်ခင်ကာလများအထိ အီအီးပါသည့်နေရာကို ရေအိမ် ဟုသာ သုံးနှုန်းကြကြောင်း ရှင်မဟာရဌသာရနှင့် တွင်းသင်းမင်းကြီး ၏ စာများက သက်သေခံလျက်ရှိသည်။

အီအီးပါသည့် နေရာအဖြစ် အိမ်သာ ဟူသော စကားလုံးကို ပထမဆုံးသုံးထားသည်မှာ ကုန်းဘောင်ခေတ် နှောင်းပိုင်း ရွှေကျင်သာသနာပိုင်မဟာဝိသုဒ္ဓါရုံဆရာတော်၏ ပရမတ္ထသရူပဘေဒနီကျမ်း၊ ဒုတိယအုပ်၊ စာမျက်နှာ ၂၃၂ လာ "ပုဠုဝက"အဖွင့်တွင်ဖြစ်သည်။

"အိမ်သာသို ့ဝင်ရာ ပိုးလောက်ဝန်းအုံ မစင်ပုံကိုမြင်၍ စျာန်ရသော ရာဇဂြိုဟ်မြို ့အဝင် ကျူံးအပြင်တွင် ဘုရားမြင်တော်မူသော မိဖုရားကဲ့သို ့"  ဟု ဆရာတော်က ရေးသားထား၏။


မစင်ပုံ ၊ ပိုးလောက်ဝန်းအုံ စသဖြင့် ပါရှိသောကြောင့် ထိုအိမ်သာကတော့ အီအီးပါသည့် အိမ်သာဆိုတာကတော့ အလွန် သေချာပါသည်။


 ရေအိမ် ခေါ်ခေါ်၊ အိမ်သာခေါ်ခေါ် ၊ သန့်စင်ခန်းခေါ်ခေါ် မည်သို့ပင်ဆိုစေကာမူ အိမ်သာများသည် ကျန်းမာရေးနှင့်လျော်ညီစွာ ခေတ်မီမီသက်တောင့်သက်သာဖြစ်ဖို့ကတော့ အမှန်တကယ်လိုအပ်ပါသည်။

အင်းဝခေတ်၊ ကုန်းဘောင်ခေတ် တွေ ကို ကျော်လွန်ပြီးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ၂၁ ရာစု အိုင်တီခေတ်ကြီးမှာတော့…အိမ်သာဟာ အပန်းဖြေရာ၊ ဇိမ်ခံရာ၊ စိတ်ဖိစီးမှုတွေ ဖွင့်ထုတ်ရာ၊ မိုဘိုင်းဖုန်းထဲက သတင်းအချက်အလက်တွေ အချိန်ပေးကြည့်ရှုရာ စသည်တို့ဖြင့် ကျွန်တော်တို့ ရဲ့ လွတ်မြောက်ဧရိယာလေး ဖြစ်လာပါပြီ။

အခုနောက်ပိုင်းတော့ အိမ်သာကို သန့်စင်ခန်းဟု သုံးနှုန်းလာသည်ကိုတွေ့ရ၏။

မသိလျှင် မြို့ထဲရှိ ဘုရားများ၊ ပန်းခြံများတွင် ကိုသန့်စင် ဆိုသောလူပိုင်သည့် အခန်းများ တော်တော်များသည်ဟု ထင်စဖွယ်။

တကယ်တော့ သန့်စင်ခန်းဆိုသည်မှာလည်း အိမ်သာ ၏ နောက်ထပ်အမည်တစ်မျိုး။


ကျွန်တော်ဆိုသည့်ကောင် က အခြားနေရာတွေမှာသာ ဖြစ်သလိုနေ ဖြစ်သလိုစားနိုင်သည်။ အိမ်သာကျတော့ ဂျီးများသည်။

အိမ်သာဆို စိတ်ထဲတွင် လုံခြုံစိတ်ချမှုလည်းရှိ၊ သန့်ရှင်းမှှုလည်း ရှိမှ ကျွန်တော့်အတွက် အဆင်ပြေသည်။


ကျွန်တော်တင်မဟုတ်။ ကျွန်တော့်အဖေသည်လည်း အိမ်သာနှင့်ပတ်သက်ပြီး ဂျီးများလွန်းသူဖြစ်သည်။

အဖေသည် ကိုယ့်အိမ်မှ အိမ်သာ ကိုမှ ကိုယ်တတ်တတ်သည်။

အဖေရော ကျွန်တော်ပါ အိမ်သာတစ်ခါတက်လျှင် နာရီဝက်အနည်းဆုံးကြာသည်လည်း တူသည်။

အမှန်ဝန်ခံရလျှင် ယခု ကျွန်တော်စာရေးဆရာပေါက်စနတစ်ယောက်ဖြစ်လာသည်ပင်လျှင် အိမ်သာကျေးဇူးမကင်း။


ကျွန်တော် ကျောင်းမနေမီအရွယ်ကပင် ညအိပ်ယာဝင်လျှင် အဖေနှင့်အမေက တစ်ယောက်တလှည့် ကာတွန်းစာအုပ်ဖတ်ပြကြရ၏။

ကျွန်တော့်အဖေနှင့်အမေတွင်လည်း စာဖတ်ခြင်းနှင့်ပတ်သတ်သည့်အကျင့်က တစ်မျိုးစီဖြစ်သည်။

သူတို့ဇနီးမောင်နှံတွင် အဖေသည် ထုတ်ကုန်လုပ်ရင်း စာဖတ်သလို အမေက သွင်းကုန်လုပ်ရင်း စာဖတ်သည်။

ကျွန်တော်ရေးပြသော သွင်းကုန်ထုတ်ကုန်သဘောတရားကို ရှင်းပြပါမည်။

အဖေသည် အခုချိန်အထိ အိမ်သာဝင်လျှင် စာအုပ်တစ်အုပ် သို့မဟုတ် ဂျာနယ်တစ်စောင်တော့ လက်ထဲပါသွားစမြဲ။

အီအီးဖြဲကုန်းဖို့ ယူသွားတာလို့တော့ မထင်စေလိုပါ။ အဖေသည် အမှန်တကယ်ပင် အိမ်သာတက်ရင်းစာဖတ်ခြင်းဖြစ်သည်။

အမေကတော့ တစ်မျိုး တစ်ယောက်တည်းထမင်းစားရသည့်အခါမျိုးတွင် စာဖတ်ပြီးစားသည်။

ကျွန်တော်ကတော့ အဖေနှင့်အမေ ထံမှ ထိုအကျင့်နှစ်မျိုးလုံးကို ရသည်။ ကျွန်တော်သည် သွင်းကုန်ရော ထုတ်ကုန်တွင်ပါ စာဖတ်မိရာမှ ကိုယ်တိုင်စာမရေးရမနေနိုင်သည့် ငတိ ဖြစ်လာဟန်ရှိသည်။

ကျွန်တော်တို့ သားအဖသည် အိမ်သာနှင့်ပတ်သက်လျှင် ဇိမ်ခံလွန်းသည်ဟု အမေက အမြဲပြောလေ့ရှိ၏။

တကယ်လည်း တကယ်ပင်။


တစ်ခါတုန်းက အဖေသည် သူ့လူပျိုဘဝက စိတ်ကူးကို ကျွန်တော့်ကို ယခုလို ပြောပြဖူးသည်။

''ငါတို့ခေတ်တုန်းက ကက်ဆက်တွေ ခေတ်စားတာပေါ့ကွာ။ ကက်ဆက်နားထောင်ရတာ အကြီးမားဆုံး ဖျော်ဖြေရေးဇိမ်ခံမှုပဲ…အဲ့ဒီတော့ ငါစိတ်ကူးယဉ်ခဲ့တာ..ငါအိမ်ထောင်ကျလို့ မိသားစုနဲ့ဖြစ်လာတဲ့အခါ ဧည့်ခန်းမှာ ကက်ဆက်တစ်လုံး၊ အိပ်ခန်းထဲမှာ ကက်ဆက်တစ်လုံးနဲ့ အိမ်သာထဲမှာ ကက်ဆက်တစ်လုံး ထားမယ်လို့ စိတ်ကူးထားတာ..သီချင်းနားထောင်ရင်း အိမ်သာတက်ရင်ဇိမ်ပဲလို့ စဉ်းစားဖူးတယ်''


အဖေသည် ကျွန်တော့်အဖေဖြစ်နေလို့လား…ဒါမှမဟုတ်.ကျွန်တော်က အဖေ့သားဖြစ်နေလို့လားတော့မသိ..ထို့နှယ် ကက်သီးကက်သတ်အလွန်တွေးသည်။

သို့သော် အဖေ့၏ စိတ်ကူးထဲက အိမ်သာမျိုးကို ကျွန်တော် အပြင်တွင် သုံးလတိတိ တက်ဖူးခဲ့ပါသည်။


ထိုစဉ်က ၂၀၀၇ ခုနှစ်။

စက်တင်ဘာအရေးအခင်းဖြစ်ရန် သုံးလေးလသာ လိုတော့သည့်အချိန်။

ကျွန်တော်သည် ရှစ်မိုင်အဆောင်မှနှင်ချခံရပြီးနောက် ရန်ကင်း၊ ကျိုက်ကဆံဝန်းအနီးရှိ အဆောင််တစ်ခုသို့ ရွှေ့ပါသည်။

တကယ်တော့ ထိုနေရာသည် အဆောင်ဟုပင် ဆိုမရပါ။

အိမ်တန်းလျားအစုတ်ကြီးတစ်ခုပေါ်တွင် ကျွန်တော်တို့လို့ မဟာရန်ကုန်၏ ဖွတ်မွဲပြာ နေစရာမရှိလူငယ်အချို့ကို စျေးပေါပေါနှင့် အိပ်စရာပေးထားသည့်နေရာတစ်ခုသာ။

ဘယ်လောက်ထိ ညံ့သလဲဆို အိမ်သာမရှိ၊ ရေချိုးစရာနေရာမရှိ။

ရေချိုးချင်လျှင် ကျိုုက်ကဆံအားကစားဝန်းထဲက အားကစားသမားအချို့တည်းခိုလျှင်ချိုးရန် လုပ်ပေးထားသည့် ရေကန်တွင်သွားချိုးရသည်။

အိမ်သာလည်း ထိုနည်းလည်းကောင်း။ ကျိုက်ကဆံအားကစားဝန်းထဲ ကျော်ဝင်ပြီး ဝန်းထဲရှိ တည်းခိုတန်းလျားများမှ အိမ်သာများတွင် တက်ရသည်။

ထိုအိမ်သာများသည် အလွန်ညစ်ပတ်သည်။ အိမ်သာတည်ဆောက်သည့်သက်တမ်းကလည်း ဘယ်နှစ်ခုနှစ်ကမှန်းပင်မသိတော့။

တစ်ခါတစ်ရံ အချို့ငနဲသားများပင် ကိုယ့်အဝှာကိုယ်ပင် အပြတ်မရှင်းခဲ့သဖြင့် ယင်ကောင်တလောင်းလောင်း၊ အနံ့တထောင်းထောင်း။

နဂိုကမှ အိမ်သာဂျီးများသော ကျွန်တော့်အတွက် ဂွကျတော့သည်။


သို့သော်..သမိုင်းမတင်မီ လူသားတို့သည် အသားစိမ်းစားရသည်မှာ သွားညောင်းသဖြင့် မီးကို ရှာဖွေခဲ့သလိုမျိုး ကျွန်တော်သည်လည်း ရတနာကဲ့သို့ အလွန်အဖိုးတန်သော အိမ်သာတစ်ခုကို ရှာတွေ့နိုင်ခဲ့ပါသည်။

ထိုနေရာကား ကျိုက်ကဆံဝန်းမှ ငါးမိနစ်ခန့် လမ်းလျှောက်ရသော ရန်ကင်းစင်တာပင်။

ကျွန်တော််သည် အိမ်သာတက်ချင်လာလျှင် ကိုယ့်အကျင့်အတိုင်း စာအုပ်တစ်အုပ်ကို ချိုင်းကြားညှပ်ကာ ရန်ကင်းစင်တာရှိရာသို့ ဖင်ကို လိမ်ကျစ်ပြီး ပြေးရသည်။

စက်လှေကားပေါ်တက်ပြီးသည်နှင့် ရန်ကင်းစင်တာ ဒုတိယထပ်ရှိ အိမ်သာသို့ သုတ်ချေတင်ကာ ဝင်ထိုင်ရသည်။


ထိုစဉ်က ရန်ကင်းစင်တာသည် ဖွင့်ခါစမို့ အဲယားကွန်းကလည်း အေးနေသည်။ ဘိုထိုင်အိမ်သာလေးကလည် းမွှေးပျံ့နေသည်။ အိမ်သာထဲတွင်လည်း ဆောင်းဘောက်စ်များရှိသဖြင့် သီချင်းလေးကလည်း တငြိမ့်ငြိမ့်။

ဖွင့်ထားသည့်သီချင်းတွေကလည်း အဲ့ဒီတုန်းကခေတ်စားသည့် မ မရှိနေ့ရက်များတို့၊ နှောင်ကြိုးလေးတစ်မျှင် တို့ စသည့် ဖီးလ်သီချင်းလေးတွေ။

ငါးမိနစ်ခန့် သိုသိပ်ထားသမျှကို သီချင်းအေးအေးလေးနှင့် ဖွင့်ချပစ်ရသည့် အရသာက ဘာနှင့်တူသလဲဆိုလျှင် ဂီတနက်သန်ကိုစောငြိမ်းရေးပြီး မောင်မောင်ညွန့် သီဆိုထားသည့် မိုးသက်လေနှင်သီချင်းကို နားထောင်ရင်း မီးတောင်ပေါက်သည့်မြင်ကွင်းကို ထိုင်ကြည့်ရသလိုမျိုးဖြစ်သည်။

ဒီလိုနှင့် ငါးမိနစ်အောင့်ကာလျှောက်နည်းနှင့် ရန်ကင်းစင်တာသည် ကျွန်တော့်အတွက် အတော်လေး အဆင်ပြေခဲ့ပါသည်။

နေ့စဉ်ရက်ဆက်လာသောအခါ အိမ်သာဝင်သည့် ထိပ်တွင် ဖွင့်ထားသော မွေ့ယာဆိုင်နှင့် အမျိုးသမီးဖက်ရှင်ဆိုင်မှ ဝန်ထမ်းမလေးတွေက စာအုပ်တစ်အုပ်ချိုင်းကြားညှပ်ကာ နေ့စဉ် အီးလာပါသော ကျွန်တော့်ကို သတိထားမိလာဟန်ရှိသည်။

တစ်ခါတစ်လေ ငါးဆယ်ကောက်တော့မယ်နော် ဟု မကြားတကြားပြောသည်။

တစ်ခါတစ်လေ ဝမ်းပျော့စာစားမိသဖြင့် ခေါက်ရေစိပ်လျှင်လည်း ဒီနေ့များနေပြီနော်..ဟုဆိုကာ စနောက်ကြသည်။

နောက်ဆုံး အိမ်သာသန့်ရှင်းရေးလုပ်သည့် ဒေါ်ကြင်စိန်ကြီးပါ ကျွန်တော်နှင့် မျက်မှန်းတန်းမိပြီး ခင်မင်သွားသည်အထိ။

နောက်သုံးလအကြာတွင်တော့ အဆိုပါအဆောင်ဖွင့်သည့် အန်တီကြီးကို ဆီမှောင်ခိုမှုဖြင့် ရဲကလည်းဖမ်း၊ ၂၀၀၇ အရေးအခင်းကြီးလည်းဖြစ်ခဲ့ရာမှ ကျိုက်ကဆံမှ အဆောင်ကြီးလည်း နိဌိတံ၊ ကျွန်တော်နှင့်် ရန်ကင်းစင်တာမှ သီချင်းဖွင့်ထားသော ဘိုထိုင်အိမ်သာကြီးလည်း ဇာတ်လမ်းပြတ်ရလေတော့သည်။

တစ်လောလေးက ကျွန်တော့် ဇနီးလောင်းနှင့်အတူ ရန်ကင်းစင်တာသို့ ရောက်ခဲ့စဉ် ထိုအိမ်သာလေးကို ကျွန်တော် ရောက်ခဲ့ပါသည်။

သို့သော် ရန်ကင်းစင်တာတွင် အရင်လို သီချင်းတွေဖွင့်မထားတော့။

မွှေ့ယာဆိုင်လည်းမရှိတော့။

အမျိုးသမီးဖက်ရှင်ဆိုင်ကတော့ နာမည်အသစ်နှင့်ဖြစ်နေတာတွေ့ရသည်။

ဘာပဲဖြစ်ဖြစ်..ကျွန်တော်သည် အဖေ့၏ စိတ်ကူးဖြစ်သော သီချင်းဖွင့်သည့် အိမ်သာလေးကို ရန်ကင်းစင်တာကြီးကျေးဇူးဖြင့် တက်ဖူးခဲ့သည်ကတော့ အမှန်ပင်။

ဗြိတိသျှကိုကိုမောင်




Zawgyi


ကြ်န္ေတာ္ နွင့္ အိမ္သာ
…………………………….
အိမ္သာ။
ဟိုးကာလဆီက အဘယ္ျမန္မာပညာရွိၾကီးက အမည္တပ္ေပးလိုက္သည္မသိ။
နာမည္ ကိုဖြင့္ဆိုၾကည့္ရလ်ွင္ျဖင့္ ေတာ္ေတာ္ေလးကို အဓိပါယ္ရွိသည္။
အိမ္ကို သာယာ ေစသည့္ ေနရာ။ ဒါမွမဟုတ္ သာယာေသာအိမ္။

သို႕ေပတည့္..အဘယ့္ေၾကာင့္..အီအီးပါသည္ေနရာကို သာယာေသာအိမ္ နွင့္ ခိုင္းႏႈိင္းရသနည္း။

တကယ္ေတာ့..အီအီးပါသည့္ေနရာကို အိမ္သာ ဟု သံုးနႈန္းခဲ့သည္မွာ ကုန္းေဘာင္ေခတ္ေနွာင္းပိုင္း ကာလမွ စတင္ပါသည္။

ပုဂံေခတ္၊ ေညာင္ရမ္းေခတ္၊ ေတာင္ငူေခတ္၊ အင္း၀ေခတ္ စေသာ ေခတ္မ်ားမွ စာေပမ်ားတြင္ အိမ္သာ ဟူေသာ အသံုးမွာ သာယာေသာအိမ္ ဟု သာထြက္၏။

ေနရာေကာင္း၊ ေနရာမြန္၊ သာသာယာယာျဖစ္သည့္ေနရာကုိ ဆုိလုိလွ်င္ "သာ"၏အေရွ ့မွာ ေနရာအမည္ကုိ ေဖာ္ျပသုံးစြဲေသာအေလ့အထတရပ္ ေရွးျမန္မာတုိ ့ရွိဖူးပါသည္။

နန္းေတာ္သာ၊ ေက်ာင္းေတာ္သာ၊ ေရကန္သာ စသည္ျဖင့္ျဖစ္သည္။

အင္း၀ေခတ္ နာမည္ေက်ာ္စာဆိုေတာ္ ရွင္မဟာရဌသာရ သည္ ဘူရိဒတ္လကၤာတြင္ ယခုလို ေရးခဲ့၏။

နတ္၌ျဖစ္သား ေကာင္းႏွစ္ၾသဇာ

နတ္ရသာကုိ မင္းလ်ာက်ဳိင္းထြား

ေန ့တုိင္းစား၍ နာဖ်ားမရွိ

မထိဆင္းရဲ အိမ္သာထဲဝယ္

မကြဲတူကြ ေမြ ့ေလ်ာ္ၾကသည္

ေရွးကေကာင္းက်ဳိးၾကမၼာတည္း….

 

ထိုလကၤာအရ နတ္ျပည္တြင္ျဖစ္ေသာ ေကာင္းမြန္လွသည့္ အစားအေသာက္မ်ားကို ေန႕တိုင္းစားျပီး ဆင္းရဲျခင္းမထိရသည့္ အိမ္သာ(သာယာေသာအိမ္) ထဲ၀ယ္ မင္းေလာင္းမင္းလ်ာ မင္းသားေလးနွင့္ အတူတကြေနၾကရသည္မွာ ေရွ႕က ေကာင္းမႈေၾကာင့္ ျဖစ္သည္ ဆိုသည့္ အဓိပၸါယ္။

သို႕ေပတည့္..အိမ္သာ အား အီအီးပါသည့္ ေနရာအျဖစ္ သတ္မွတ္လုိက္ပါကအီအီးပါတဲ့ အိမ္သာထဲမွာ မင္းေလ်ာင္းမင္းလ်ာ ေလးနဲ႕ နတ္ၾသဇာေတြ အတူစားၾကတာ တကယ္ေကာင္းပါပဲ ဟု အဓိပၸါယ္ျပန္လိုက္လ်င္ေတာ့ ရွင္မဟာရဌသာရၾကီး အသက္ရွင္လာျပီး ဖေနာင့္နွင့္ ေပါက္မည္ကေတာ့ ေသခ်ာပါသည္။

ေနာက္ထပ္ ပ်ိဳ႕မ်ား၊ ရတုမ်ားတြင္လည္း အိမ္သာကို အီအီးပါသည့္ ေနရာအျဖစ္ မသံုးပဲ..သာယာသည့္ ေနအိမ္အျဖစ္သာ သံုးထားသည့္ အေထာက္အထားမ်ားေတြ႕ရသည္။

ကုန္းေဘာင္ေခတ္ေနွာင္းမတိုင္ခင္ကာလမ်ားအထိ အီအီးပါသည့္ေနရာကို ေရအိမ္ ဟုသာ သံုးနႈန္းၾကေၾကာင္း ရွင္မဟာရဌသာရနွင့္ တြင္းသင္းမင္းၾကီး စာမ်ားက သက္ေသခံလ်က္ရွိသည္။

အီအီးပါသည့္ ေနရာအျဖစ္ အိမ္သာ ဟူေသာ စကားလံုးကို ပထမဆံုးသံုးထားသည္မွာ ကုန္းေဘာင္ေခတ္ ေနွာင္းပိုင္း ေရႊက်င္သာသနာပုိင္မဟာဝိသုဒၶါရုံဆရာေတာ္၏ ပရမတၳသရူပေဘဒနီက်မ္း၊ ဒုတိယအုပ္၊ စာမ်က္ႏွာ ၂၃၂ လာ "ပုဠဳဝက"အဖြင့္တြင္ျဖစ္သည္။

"အိမ္သာသုိ ့ဝင္ရာ ပုိးေလာက္ဝန္းအုံ မစင္ပုံကုိျမင္၍ စ်ာန္ရေသာ ရာဇျဂဳိဟ္ျမဳိ ့အဝင္ က်ဴံးအျပင္တြင္ ဘုရားျမင္ေတာ္မူေသာ မိဖုရားက့ဲသုိ "  ဟု ဆရာေတာ္က ေရးသားထား၏။

 

မစင္ပံု ပိုးေလာက္၀န္းအံု စသျဖင့္ ပါရွိေသာေၾကာင့္ ထိုအိမ္သာကေတာ့ အီအီးပါသည့္ အိမ္သာဆိုတာကေတာ့ အလြန္ ေသခ်ာပါသည္။

 

 ေရအိမ္ ေခၚေခၚ၊ အိမ္သာေခၚေခၚ သန္႕စင္ခန္းေခၚေခၚ မည္သို႕ပင္ဆိုေစကာမူ အိမ္သာမ်ားသည္ က်န္းမာေရးနွင့္ေလ်ာ္ညီစြာ ေခတ္မီမီသက္ေတာင့္သက္သာျဖစ္ဖို႕ကေတာ့ အမွန္တကယ္လိုအပ္ပါသည္။

အင္း၀ေခတ္၊ ကုန္းေဘာင္ေခတ္ ေတြ ကို ေက်ာ္လြန္ျပီးခဲ့တဲ့ ကြ်န္ေတာ္တုိ႕ရဲ႕ ၂၁ ရာစု အိုင္တီေခတ္ၾကီးမွာေတာ့အိမ္သာဟာ အပန္းေျဖရာ၊ ဇိမ္ခံရာ၊ စိတ္ဖိစီးမႈေတြ ဖြင့္ထုတ္ရာ၊ မိုဘိုင္းဖုန္းထဲက သတင္းအခ်က္အလက္ေတြ အခ်ိန္ေပးၾကည့္ရႈရာ စသည္တို႕ျဖင့္ ကြ်န္ေတာ္တို႕ ရဲ႕ လြတ္ေျမာက္ဧရိယာေလး ျဖစ္လာပါျပီ။

အခုေနာက္ပိုင္းေတာ့ အိမ္သာကို သန္႕စင္ခန္းဟု သံုးနႈန္းလာသည္ကိုေတြ႕ရ၏။
မသိလ်ွင္ ျမိဳ႕ထဲရွိ ဘုရားမ်ား၊ ပန္းျခံမ်ားတြင္ ကိုသန္႕စင္ ဆိုေသာလူပိုင္သည့္ အခန္းမ်ား ေတာ္ေတာ္မ်ားသည္ဟု ထင္စဖြယ္။

တကယ္ေတာ့ သန္႕စင္ခန္းဆိုသည္မွာလည္း အိမ္သာ ေနာက္ထပ္အမည္တစ္မ်ိဳး။


ကြ်န္ေတာ္ဆိုသည့္ေကာင္ က အျခားေနရာေတြမွာသာ ျဖစ္သလိုေန ျဖစ္သလိုစားနိုင္သည္။ အိမ္သာက်ေတာ့ ဂ်ီးမ်ားသည္။
အိမ္သာဆို စိတ္ထဲတြင္ လံုျခံဳစိတ္ခ်မႈလည္းရွိ၊ သန္႕ရွင္းမွႈလည္း ရွိမွ ကြ်န္ေတာ့္အတြက္ အဆင္ေျပသည္။


ကြ်န္ေတာ္တင္မဟုတ္။ ကြ်န္ေတာ့္အေဖသည္လည္း အိမ္သာနွင့္ပတ္သက္ျပီး ဂ်ီးမ်ားလြန္းသူျဖစ္သည္။
အေဖသည္ ကိုယ့္အိမ္မွ အိမ္သာ ကိုမွ ကိုယ္တတ္တတ္သည္။
အေဖေရာ ကြ်န္ေတာ္ပါ အိမ္သာတစ္ခါတက္လ်ွင္ နာရီ၀က္အနည္းဆံုးၾကာသည္လည္း တူသည္။
အမွန္၀န္ခံရလ်ွင္ ယခု ကြ်န္ေတာ္စာေရးဆရာေပါက္စနတစ္ေယာက္ျဖစ္လာသည္ပင္လ်ွင္ အိမ္သာေက်းဇူးမကင္း။


ကြ်န္ေတာ္ ေက်ာင္းမေနမီအရြယ္ကပင္ ညအိပ္ယာ၀င္လ်ွင္ အေဖနွင့္အေမက တစ္ေယာက္တလွည့္ ကာတြန္းစာအုပ္ဖတ္ျပၾကရ၏။
ကြ်န္ေတာ့္အေဖနွင့္အေမတြင္လည္း စာဖတ္ျခင္းနွင့္ပတ္သတ္သည့္အက်င့္က တစ္မ်ိဳးစီျဖစ္သည္။
သူတို႕ဇနီးေမာင္နွံတြင္ အေဖသည္ ထုတ္ကုန္လုပ္ရင္း စာဖတ္သလို အေမက သြင္းကုန္လုပ္ရင္း စာဖတ္သည္။
ကြ်န္ေတာ္ေရးျပေသာ သြင္းကုန္ထုတ္ကုန္သေဘာတရားကို ရွင္းျပပါမည္။
အေဖသည္ အခုခ်ိန္အထိ အိမ္သာ၀င္လ်ွင္ စာအုပ္တစ္အုပ္ သို႕မဟုတ္ ဂ်ာနယ္တစ္ေစာင္ေတာ့ လက္ထဲပါသြားစျမဲ။
အီအီးျဖဲကုန္းဖို႕ ယူသြားတာလို႕ေတာ့ မထင္ေစလိုပါ။ အေဖသည္ အမွန္တကယ္ပင္ အိမ္သာတက္ရင္းစာဖတ္ျခင္းျဖစ္သည္။
အေမကေတာ့ တစ္မ်ိဳး တစ္ေယာက္တည္းထမင္းစားရသည့္အခါမ်ိဳးတြင္ စာဖတ္ျပီးစားသည္။
ကြ်န္ေတာ္ကေတာ့ အေဖနွင့္အေမ ထံမွ ထိုအက်င့္နွစ္မ်ိဳးလံုးကို ရသည္။ ကြ်န္ေတာ္သည္ သြင္းကုန္ေရာ ထုတ္ကုန္တြင္ပါ စာဖတ္မိရာမွ ကိုယ္တိုင္စာမေရးရမေနနိုင္သည့္ ငတိ ျဖစ္လာဟန္ရွိသည္။
ကြ်န္ေတာ္တို႕ သားအဖသည္ အိမ္သာနွင့္ပတ္သက္လ်ွင္ ဇိမ္ခံလြန္းသည္ဟု အေမက အျမဲေျပာေလ့ရွိ၏။
တကယ္လည္း တကယ္ပင္။


တစ္ခါတုန္းက အေဖသည္ သူ႕လူပ်ိဳဘ၀က စိတ္ကူးကို ကြ်န္ေတာ့္ကို ယခုလို ေျပာျပဖူးသည္။
''ငါတို႕ေခတ္တုန္းက ကက္ဆက္ေတြ ေခတ္စားတာေပါ့ကြာ။ ကက္ဆက္နားေထာင္ရတာ အၾကီးမားဆံုး ေဖ်ာ္ေျဖေရးဇိမ္ခံမႈပဲအဲ့ဒီေတာ့ ငါစိတ္ကူးယဥ္ခဲ့တာ..ငါအိမ္ေထာင္က်လို႕ မိသားစုနဲ႕ျဖစ္လာတဲ့အခါ ဧည့္ခန္းမွာ ကက္ဆက္တစ္လံုး၊ အိပ္ခန္းထဲမွာ ကက္ဆက္တစ္လံုးနဲ႕ အိမ္သာထဲမွာ ကက္ဆက္တစ္လံုး ထားမယ္လို႕ စိတ္ကူးထားတာ..သီခ်င္းနားေထာင္ရင္း အိမ္သာတက္ရင္ဇိမ္ပဲလို႕ စဥ္းစားဖူးတယ္''


အေဖသည္ ကြ်န္ေတာ့္အေဖျဖစ္ေနလို႕လားဒါမွမဟုတ္.ကြ်န္ေတာ္က အေဖ့သားျဖစ္ေနလို႕လားေတာ့မသိ..ထို႕နွယ္ ကက္သီးကက္သတ္အလြန္ေတြးသည္။
သို႕ေသာ္ အေဖ့၏ စိတ္ကူးထဲက အိမ္သာမ်ိဳးကို ကြ်န္ေတာ္ အျပင္တြင္ သံုးလတိတိ တက္ဖူးခဲ့ပါသည္။


ထိုစဥ္က ၂၀၀၇ ခုနွစ္။
စက္တင္ဘာအေရးအခင္းျဖစ္ရန္ သံုးေလးလသာ လိုေတာ့သည့္အခ်ိန္။
ကြ်န္ေတာ္သည္ ရွစ္မိုင္အေဆာင္မွနွင္ခ်ခံရျပီးေနာက္ ရန္ကင္း၊ က်ိဳက္ကဆံ၀န္းအနီးရွိ အေဆာင္္တစ္ခုသို႕ ေရႊ႕ပါသည္။
တကယ္ေတာ့ ထိုေနရာသည္ အေဆာင္ဟုပင္ ဆိုမရပါ။
အိမ္တန္းလ်ားအစုတ္ၾကီးတစ္ခုေပၚတြင္ ကြ်န္ေတာ္တို႕လို႕ မဟာရန္ကုန္၏ ဖြတ္မြဲျပာ ေနစရာမရွိလူငယ္အခ်ိဳ႕ကို ေစ်းေပါေပါနွင့္ အိပ္စရာေပးထားသည့္ေနရာတစ္ခုသာ။
ဘယ္ေလာက္ထိ ညံ့သလဲဆို အိမ္သာမရွိ၊ ေရခ်ိဳးစရာေနရာမရွိ။
ေရခ်ိဳးခ်င္လ်ွင္ က်ိုဳက္ကဆံအားကစား၀န္းထဲက အားကစားသမားအခ်ိဳ႕တည္းခိုလ်ွင္ခ်ိဳးရန္ လုပ္ေပးထားသည့္ ေရကန္တြင္သြားခ်ိဳးရသည္။
အိမ္သာလည္း ထိုနည္းလည္းေကာင္း။ က်ိဳက္ကဆံအားကစား၀န္းထဲ ေက်ာ္၀င္ျပီး ၀န္းထဲရွိ တည္းခိုတန္းလ်ားမ်ားမွ အိမ္သာမ်ားတြင္ တက္ရသည္။
ထိုအိမ္သာမ်ားသည္ အလြန္ညစ္ပတ္သည္။ အိမ္သာတည္ေဆာက္သည့္သက္တမ္းကလည္း ဘယ္နွစ္ခုနွစ္ကမွန္းပင္မသိေတာ့။
တစ္ခါတစ္ရံ အခ်ိဳ႕ငနဲသားမ်ားပင္ ကိုယ့္အ၀ွာကိုယ္ပင္ အျပတ္မရွင္းခဲ့သျဖင့္ ယင္ေကာင္တေလာင္းေလာင္း၊ အနံ႕တေထာင္းေထာင္း။
နဂိုကမွ အိမ္သာဂ်ီးမ်ားေသာ ကြ်န္ေတာ့္အတြက္ ဂြက်ေတာ့သည္။


သို႕ေသာ္..သမိုင္းမတင္မီ လူသားတို႕သည္ အသားစိမ္းစားရသည္မွာ သြားေညာင္းသျဖင့္ မီးကို ရွာေဖြခဲ့သလိုမ်ိဳး ကြ်န္ေတာ္သည္လည္း ရတနာကဲ့သို႕ အလြန္အဖိုးတန္ေသာ အိမ္သာတစ္ခုကို ရွာေတြ႕နိုင္ခဲ့ပါသည္။
ထိုေနရာကား က်ိဳက္ကဆံ၀န္းမွ ငါးမိနစ္ခန္႕ လမ္းေလ်ွာက္ရေသာ ရန္ကင္းစင္တာပင္။
ကြ်န္ေတာ္္သည္ အိမ္သာတက္ခ်င္လာလ်ွင္ ကိုယ့္အက်င့္အတိုင္း စာအုပ္တစ္အုပ္ကို ခ်ိဳင္းၾကားညွပ္ကာ ရန္ကင္းစင္တာရွိရာသို႕ ဖင္ကို လိမ္က်စ္ျပီး ေျပးရသည္။
စက္ေလွကားေပၚတက္ျပီးသည္နွင့္ ရန္ကင္းစင္တာ ဒုတိယထပ္ရွိ အိမ္သာသို႕ သုတ္ေခ်တင္ကာ ၀င္ထိုင္ရသည္။


ထိုစဥ္က ရန္ကင္းစင္တာသည္ ဖြင့္ခါစမို႕ အဲယားကြန္းကလည္း ေအးေနသည္။ ဘိုထိုင္အိမ္သာေလးကလည္ းေမႊးပ်ံ႕ေနသည္။ အိမ္သာထဲတြင္လည္း ေဆာင္းေဘာက္စ္မ်ားရွိသျဖင့္ သီခ်င္းေလးကလည္း တျငိမ့္ျငိမ့္။
ဖြင့္ထားသည့္သီခ်င္းေတြကလည္း အဲ့ဒီတုန္းကေခတ္စားသည့္ မရွိေန႕ရက္မ်ားတို႕၊ ေနွာင္ၾကိဳးေလးတစ္မ်ွင္ တို႕ စသည့္ ဖီးလ္သီခ်င္းေလးေတြ။
ငါးမိနစ္ခန္႕ သိုသိပ္ထားသမ်ွကို သီခ်င္းေအးေအးေလးနွင့္ ဖြင့္ခ်ပစ္ရသည့္ အရသာက ဘာနွင့္တူသလဲဆိုလ်ွင္ ဂီတနက္သန္ကိုေစာျငိမ္းေရးျပီး ေမာင္ေမာင္ညြန္႕ သီဆိုထားသည့္ မိုးသက္ေလနွင္သီခ်င္းကို နားေထာင္ရင္း မီးေတာင္ေပါက္သည့္ျမင္ကြင္းကို ထိုင္ၾကည့္ရသလိုမ်ိဳးျဖစ္သည္။
ဒီလိုနွင့္ ငါးမိနစ္ေအာင့္ကာေလ်ွာက္နည္းနွင့္ ရန္ကင္းစင္တာသည္ ကြ်န္ေတာ့္အတြက္ အေတာ္ေလး အဆင္ေျပခဲ့ပါသည္။
ေန႕စဥ္ရက္ဆက္လာေသာအခါ အိမ္သာ၀င္သည့္ ထိပ္တြင္ ဖြင့္ထားေသာ ေမြ႕ယာဆိုင္နွင့္ အမ်ိဳးသမီးဖက္ရွင္ဆိုင္မွ ၀န္ထမ္းမေလးေတြက စာအုပ္တစ္အုပ္ခ်ိဳင္းၾကားညွပ္ကာ ေန႕စဥ္ အီးလာပါေသာ ကြ်န္ေတာ့္ကို သတိထားမိလာဟန္ရွိသည္။
တစ္ခါတစ္ေလ ငါးဆယ္ေကာက္ေတာ့မယ္ေနာ္ ဟု မၾကားတၾကားေျပာသည္။
တစ္ခါတစ္ေလ ၀မ္းေပ်ာ့စာစားမိသျဖင့္ ေခါက္ေရစိပ္လ်ွင္လည္း ဒီေန႕မ်ားေနျပီေနာ္..ဟုဆိုကာ စေနာက္ျကသည္။
ေနာက္ဆံုး အိမ္သာသန္႕ရွင္းေရးလုပ္သည့္ ေဒၚၾကင္စိန္ၾကီးပါ ကြ်န္ေတာ္နွင့္ မ်က္မွန္းတန္းမိျပီး ခင္မင္သြားသည္အထိ။
ေနာက္သံုးလအၾကာတြင္ေတာ့ အဆိုပါအေဆာင္ဖြင့္သည့္ အန္တီၾကီးကို ဆီေမွာင္ခိုမႈျဖင့္ ရဲကလည္းဖမ္း၊ ၂၀၀၇ အေရးအခင္းၾကီးလည္းျဖစ္ခဲ့ရာမွ က်ိဳက္ကဆံမွ အေဆာင္ၾကီးလည္း နိဌိတံ၊ ကြ်န္ေတာ္နွင့္္ ရန္ကင္းစင္တာမွ သီခ်င္းဖြင့္ထားေသာ ဘိုထိုင္အိမ္သာၾကီးလည္း ဇာတ္လမ္းျပတ္ရေလေတာ့သည္။
တစ္ေလာေလးက ကြ်န္ေတာ့္ ဇနီးေလာင္းနွင့္အတူ ရန္ကင္းစင္တာသို႕ ေရာက္ခဲ့စဥ္ ထိုအိမ္သာေလးကို ကြ်န္ေတာ္ ေရာက္ခဲ့ပါသည္။
သို႕ေသာ္ ရန္ကင္းစင္တာတြင္ အရင္လို သီခ်င္းေတြဖြင့္မထားေတာ့။
ေမႊ႕ယာဆိုင္လည္းမရွိေတာ့။
အမ်ိဳးသမီးဖက္ရွင္ဆိုင္ကေတာ့ နာမည္အသစ္နွင့္ျဖစ္ေနတာေတြ႕ရသည္။
ဘာပဲျဖစ္ျဖစ္..ကြ်န္ေတာ္သည္ အေဖ့၏ စိတ္ကူးျဖစ္ေသာ သီခ်င္းဖြင့္သည့္ အိမ္သာေလးကို ရန္ကင္းစင္တာၾကီးေက်းဇူးျဖင့္ တက္ဖူးခဲ့သည္ကေတာ့ အမွန္ပင္။

ျဗိတိသ်ွကိုကိုေမာင္

 


Comments

  1. ငါ အူတက် ညဘက်ကြီး ထရီမိပြန်ပြီ

    ReplyDelete
  2. အဲ့တာပြောပါတယ် ဘယ်သူကများအိမ်သာဆိုပီးနာမည်ပေးပါလိမ့်လို့

    ReplyDelete
  3. အက်ိဳးႏွစ္ခုျဖစ္ေစတယ္......

    ReplyDelete
  4. အိမ်သာဖွင့်ဆိုခန်း 😂

    ReplyDelete
  5. ပိုက်ဆံရှိလျှင် အိမ်သာထဲ အဲကွန်းတပ်ချင်သော စိတ်ကူးရှိသည့်မိမိ😁😁😁

    ReplyDelete
  6. Doneပါ ဆရာဗြိစာtwayဖတ်ရတာသဘောကျတယ်

    ReplyDelete

Post a Comment