ကျွန်တော်နှင့် စာပေလောကသားကြီး ရိုးသရီး
Unicode
ကျွန်တော်နှင့် စာပေလောကသားကြီး ရိုးသရီး
………
သူသည် ကျွန်တော့် မိတ်ဆွေ ဟုလည်း ပြောရခက်သည်။
ကျွန်တော့် စာရေးဖက် ဟု လည်း ပြောရမှာ မလွယ်။
သောက်ဖော်သောက်ဖက် ဆိုပြန်လျင်လည်း မမှန်။
ဘယ်လိုပြောရမည်မသိ။
သူနှင့် ကျွန်တော် သိသည် ကား မှန်သည်။
သို့သော်..မိတ်ဆွေတစ်ယောက်လို ရင်းရင်းနှီးနှီးတော့ တစ်ခါမှ မဖြစ်မိ။
စာရေးဖက် ဟု ဆိုရအောာင်လည်း သူက ကျွန်တော် သရော်စာရေးနေကျ သတင်းစာတွင် ဆောင်းပါတစ်ပုဒ်ပါဖူး၏။
သောက်ဖော်သောက်ဖက် ဆိုသော်ငြား..သူနှင့် ကျွန်တော် အရက်တစ်ခါသာ သောက်ဖူးပါသည်။
သို့သော် ဘဝတစ်ကွေ့တွင် တွေ့ခဲ့ရသော သူ့အကြောင်းကို မှတ်တမ်းလေးတစ်ခုအဖြစ် ဒီစာကို ကျွန်တော်ရေးပါသည်။
သူသည် သင်္ဘောအရာရှိငယ်တစ်ဦးဖြစ်ခဲ့ပါသည်။ သူ့နာမည်ကို ကျွန်တော် မမှတ်မိတော့ပါ။
သူနှင့် တစ်ကျောင်းတည်းဆင်း ကျွန်တော့်သူငယ်ချင်းသင်္ဘောသားများက သူ့ကို ရိုးသရီး ဟု ခေါ်ကြသည်။
ကျောင်းတက်စဉ်ကာလက သူ့ ခုံနံပါတ်မှာ နံပါတ်သရီး Roll 3 ဖြစ်သောကြောင့်ဟု သိရသည်။
ဒါကိုနောက်ပိုင်းမှ ကျွန်တော်ပြန်သိသည့်အတွက် ရိုးသရီး ဟုပဲ သုံးနှုန်းလိုက်ပါသည်။
ရိုးသရီး နှင့် ကျွန်တော် စတွေ့သည်မှာ လွန်ခဲ့သော သုံးနှစ်လောက်က ဖြစ်သည်။
ထိုနေ့က ကျွန်တော်သည် The Voice သတင်းစာတွင် စာမူခ သွားထုတ်သည်။
စာမူခထုတ်သည့် ကောင်တာနဘေးတွင် ကျွန်တော်နှင့် မတိမ်းမယိမ်းရှိမည့် လူငယ်တစ်ဦး မတ်တပ်ရပ်နေသည်ကိုလည်း သတိထားမိသည်။
စာရေးမလေး ထံမှ လက်မှတ်ထိုးပြီး စာမူခထုတ်ပြီး ကျွန်တော် ပြန်ထွက်လာတော့ နောက်မှ လှမ်းခေါ်သံကြားရသည်။
အစောပိုင်းက ကောင်တာနဘေး မတ်တပ်ရပ်နေသည့်သူ။
''အကို..ခုနက ကြားလိုက်တယ်..အကိုက ဗြိတိသျှကိုကိုမောင်လား''
''အင်း..ဟုတ်ပါတယ်ဗျ''
''အတော်ပဲဗျာ..အခုလို စာရေးဖော်ရေးဖက်ချင်းတွေ့ရတာ..ကျွန်တော်က ''…………'' ပါ..The Voice က ဆောင်းပါးရှင်လေ''
''သြော်..ဟုတ်ကဲ့..ကြားဖူးပါတယ်''
အားနားပါးနားဖြင့် ပြောလိုက်ရသော်လည်း သူ့နာမည်ကို ကျွန်တော် မသိရိုးအမှန်။
''ကျွန်တော် ဒီနေ့ စာမူခ ထုတ်လာတယ်…ရှေ့ကဆိုင်မှာ နည်းနည်းပါးပါး ချ လိုက်ကြရအောင်လား''
ရှေ့မှ စားသောက်ဆိုင်တစ်ခုကို သူက လက်ညှိးထိုးပြသည်။
အချိန်က မနက်ဆယ်နာရီပင်မထိုးသေး ရှိသေး၏။
ကျွန်တော်က အရက်သောက်သည်ဆိုသော်ငြား မူ တစ်ခုတော့ ထားသည်။ အလုပ်ကိစ္စနှင့် မလွှဲရှောင်သာသည့် ကိစ္စများမှလွဲပြီး မနက်ခင်း နေ့လည်ခင်း ဆိုလျှင် အရက်၊ ဘီယာသိပ်မသောက်တတ်။
ယခုမှ တွေ့သည့် သည်ငနဲက စောစောစီးစီး အရက်သောက်ဖို့ လာခေါ်နေတော့ ကျွန်တော် ငြင်းရပါသည်။
''ကျွန်တော် မဂ္ဂဇင်းတိုက် သွားရမှာမို့…မအားလို့ပါ''
''လာပါဗျာ..ကိုယ့် စာပေလောကသားအချင်းချင်းဆုံတုန်း…လာ..သောက်ကြရအောင်''
သူ့ကိုယ်သူ စာပေလောကသား ဇာတ် စွတ်သွင်းသည်။ သူတင်မက ကျွန်တော့်ကိုပါ ဆွဲသွင်းသည်။ သူပြောပုံကိုကြည့်ဦး။
စာပေလောကသားအချင်းချင်းဆုံလျင် အရက်သောက်ရမည့်ကိန်း။
စာပေလောကဆိုသည်မှာ သိုင်းလောက ထက် စိတ်ညစ်မူးနောက်စရာကောင်းသောကြောင့် စာပေလောကသား ဆိုသူများနှင့် ဆယ်မိနစ်လောက် စကားပြောမိလျင်ပင် အရက်သောက်စရာမလိုပဲ အလကားနေရင်း နှစ်ပတ်စာလောက် မူးမူးနေ တတ်သည်ကို သူမသိ။
''ကျွန်တော်..တကယ်မအားလို့ပါဗျာ''
''အဲ့ဒါဆို.ဖုန်းနံပါတ်ပေးခဲ့ဗျာ..နောက်ရက်ချိန်းမယ်..ကျွန်တော်က ကို်ယ့်စာပေလောကသား အချင်းချင်း တွေ့ရလို့ ဝမ်းသာလွန်းလို့ပါ''
လာပြန်ပြီ ဒီစာပေလောကသား။
ကျွန်တော် ဖုန်းနံပတ်ရွတ်ပြလိုက်တော့ သူ့ ကီးပတ်ဖုန်းကလေးဖြင့် မှတ်သွားသည်။
''ကဲ.ကိုဗြိ..ဒါဆို..ကျွန်တော်သွားပြီ''
သူ သွားသည့်နေရာကို ကြည့်ပြီး ကျွန်တော် မျက်လုံးပြူးသွား၏။
အစက သူက ကျွန်တော့်ကို ဧည့်ခံလိုသည့်သဘောဖြင့် အရက်ဆိုင်ခေါ်သည်ဟု ကျွန်တော်သဘောပိုက်မိသည်။
အခုတော့ ဒီလိုမဟုတ်။
သူ ဝင်ချသွားသည်က ခုန သူပြသည့် အရက်ဆိုင်ထဲသို့ ဖြစ်သည်။
ဆရာကြီးက ကျွန်တော့် တိုက်ချင်သည်ထက် သူ သောက်ချင်လို့ အဖော်ခေါ်သည်ပဲ။
………………………………………………………………………….
တစ်လလောက်ကြာခဲ့ပြီ။
ထိုနေ့ညနေက မိုးက သဲသဲမဲမဲရွာသည်။ မြို့ထဲက ကျွန်တော် ပြန်လာတော့ ည ရှစ်နာရီထိုးပြီ။
''ဟယ်လို..ကိုဗြိတိသျှကိုကိုမောင်လား''
''ဟုတ်ပါတယ်''
စာပေလောကသားကြီး ဖုန်းဆက်ခြင်း။
''ကျွန်တော် ဟိုနေ့က Voice မှာတွေ့တဲ့ …..ပါ ။ ဟိုနေ့က သေချာမပြောပြလိုက်ရဘူး။ ကျွန်တော်က သင်္ဘောအရာရှိပါ။ စာလည်းရေးပါတယ်။ စာအုပ်ထုတ်ဖို့လည်းရှိပါတယ်။ အဲ့ဒါ လေးလည်း တို်င်ပင်ချင်တယ်။ ပြီးတော့ ဒီနေ့က ကျွန်တော့် မွေးနေ့ စမ်းချောင်းဝင်းမှာ လုပ်တာ။ အကို အားရင် လာခဲ့ပေးပါလားဗျာ''
ဟိုတစ်ခေါက် ဆုံစဉ်က မနက်ခင်းကြီး။ နောက်ပြီး သူက စာပေလောကသား ချည်း ပြောနေသဖြင့် သောက်ရမှာ စိတ်ကုန်သည်။ (မှတ်ချက်် - စာပေလောကသားများသည် အရက်သောက်ပြီးလျှင် တာဝတိသာ ကို အာဏာသိမ်းမလိုလို အထိ ပြောတတ်ကြသည်)
အခု ချိန်းသည်က မိုးကလေးအေးအေး ညခင်းဘက်။ ပြီးတော့ သင်္ဘောအရာရှိတဲ့။ ဘာပဲပြောပြော သင်္ဘောသားတွေနှင့်ဆို အရက်ကောင်းကောင်းလေးတွေ သောက်ရတတ်သည်။
အရက်ကောင်းကောင်းမသောက်ရသည်မှာလည်း ကြာပြီ။
ကျွန်တော်လာခဲ့မည်ဟု ပြောပြီး..ဘတ်စ်ကားပေါ်မှ ဆင်းကာ တက္ကစီပင် ငှားခဲ့လိုက်သည်။
မိုးက သည်းသည်းမဲမဲ။
ထီးပါသော်လည်း လူက နည်းနည်းတော့ စိုရွွှဲနေပြီ။
ဘာဖြစ်တုန်း။ ဟိုရောက်ရင်..ဂျက်ဒယ်နီရယ်လား..ဂျော်နီလား..ဟန်တယ်ဆီလား..သုံးပက်လောက် အွန်လိုက်လို့ကတော့ အားလုံး အိုကေမှာဆိုပြီး စိတ်ကိုတင်းရင်း စမ်းချောင်းပဒုမ္မာကွင်းဘေးရှိ၊ ဝင်း စားသောက်ဆိုင် သို့ ဝင်လာခဲ့လိုက်သည်။
တစ်ဆိုင်လုံး အပေါ်ထပ်၊ အောက်ထပ် ပတ်ရှာသည်။
ကိုယ်ရွှေ သင်္ဘောသီး ကို မတွေ့။
ဒါနဲ့…စားပွဲတစ်လုံးတွင် ထိုင်ပြီး အချမ်းပြေ ဂရန်းရွိုင်ရယ်ရွှေ လေးပတ်တစ်ပြားနှင့် ဝက်ဂုတ်သားကင်လေးတစ်ကင်မှာပြီး ထိုင်လိုက်သည်။
လောလောဆယ် သစ်မရောက်ခင် ၀ါးကူ…ဟိုအရက်တွေ မရောက်ခင် ဂရန်းလေး ကူပေါ့။
ကိုယ့်ဆရာကို ဖုန်းဆက်သည်။
''အိမ်ခဏပြန်သွားလို့..အကို..အိမ်က ဒီနားတင်..ဘာမှာထားပြီလဲ..ကျွန်တော် ပုလင်းပါ ယူလာတယ်..ခဏစောင့်''
အိုကေပေါ့။
သူ ပုလင်းယူလာပြီ ဆို ကိုယ်က သူ့ပုလင်းလေးကို သောက်။ ဒီ ဂရန်းရွှေပတ်လေးက နောက်ရက်စာ ယူမယ်ပေါ့။
နာရီဝက်ရှိပြီ။ ကိုယ့်ဆရာ ရောက်မလာ။ ဂရန်းက နှစ်ပတ်ကုန်ပြီ။
ဖုန်းထပ်ဆက်သည်။
''လာပြီ.အကို.မိုးကသဲတော့…ချော်လဲပြီး ပုလင်းကွဲမှာစိုးလို့..ဆိုက်ကားနဲ့လာနေတာ''
အင်းလေ…အကောင်းစားအရက်မို့ ပုလင်းကွဲရင် နှမြောစရာ။
နောက်နာရီဝက်လောက်ကြာတော့..လာပါပြီ..ကိုယ်တော်ချော။
ကျွန်တော်မျှော်လင့်ထားသည်က သင်္ဘောအရာရှိ စာရေးဆရာပေါက်စလေး မွေးနေ့မို့ သားသားနားနား အပျံစား ဝတ်စားထားမည်ပေါ့။
မဟုတ်။
ကိုယ့်ဆရာက ရှပ်အင်္ကျ ီ ရင်ဘတ်ဟပြဲ။ ပလေကပ်ပုဆိုးအစုတ်နှင့်။ အောက်က စွပ်ကျယ်အစုတ်။
မိုးတွေက တစ်ကိုယ်လုံး စိုရွှဲနေသည်။
ဆိုင်ထဲ ယိုင်ထိုးပြီး ဝင်လာသည်။
ကျွန်တော် လက်ပြလိုက်တော့ ကျွန်တော့်ရှေ့က ခုံမှာ ဝင်ထိုင်သည်။
ခါးကြားမှ ပုလင်းကို ထုတ်ကာ စားပွဲပေါ်တင်သည်။
''ဘော်ဒါတွေက အကုန်သောက်မယ်လုပ်လို့..အကို့အတွက် မနည်းချန်ထားရတာဗျာ''
သွားပြီ။
ကျွန်တော့် မှာ စိတ်ဓာတ်တွေ တဟုန်ထိုး ထိုးကျသွားသည်။
ဘယ့်နှယ့်…။
သူ့အရက်ကို ကြည့်ဦး။
ဂရန်းရွိုင်ရယ် အမဲ ဝမ်းလီတာပုလင်းကို နှစ်ပက်လောက်ပဲ ဖင်ကပ်ကျန်သည်။ တကယ်တော့ အခုလိုခေတ်ကြီးထဲမှာ ဂရန်းရွိုင်ရယ်အမဲ ဆိုသည်က ဘီအီးအရက်ဖြူနှင့် စျေးခြင်းဘာမှမခြား။
စျေးပေါသည်။ ကျွန်တော်သောက်သည့် ရွှေ က သူ့ထက် အပုံကြီးသာသည်။ ဂရန်းအမဲနှင့် ရွှေ ကြားတွင် ဂရန်းစမု၊ ဂရမ်းအပြာ၊ ဂရမ်းအစိမ်း ဆိုတာတွေ ရှိသေးသည်။
အခုတော့ သူက…ဒါတောင် မနည်းချန်ထားရသည်တဲ့။
ကျွန်တော် အရက်သောက်လာသည့် သက်တမ်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ဝမ်းနည်းမိသွားခြင်းပင်။
ဘယ့်နှယ့်..။
ပုလင်းဖင်ကပ်သာကျန်သည့် ဂရန်းအမဲ နှစ်ပက်လောက်ကို သောက်ရမည့်အရေး မိုးထဲလေထဲ ဒီနေရာအထိ လာခဲ့သည်။
အချိန်တစ်နာရီလောက်လည်း စောင့်လိုက်ရသေး၏။
ဂရန်းအမဲ ထက် စျေးအပုံကြီးကြီးသော ဂရန်းရွှေပက် ကို တောင် မှာသောက်လိုက်သေးသည်။
''သောက်..အကို..ဒီပုလင်းကို စိတ်ကြိုက်သာဖြို..သြော်..တစ်ခု..ရီကွက်လုပ်ချင်လို့…ကျွန်တော့်မှာ ပိုက်ဆံတော့ သိပ်မပါတော့ဘူး..အမြည်းဖိုးကတော့ အကို့ဘာသာရှင်းတော့နော်''
ပြောပြောဆိုဆိုနှင့် သူက ကျွန်တော့် ရှေ့ အမြည်းပန်းကန်ထဲက ဝက်ဂုတ်သားကင် တစ်ဖတ်ကို ယူကာ စားပစ်လိုက်သည်။
နင့်မေကလွှား။
ဂရန်းအမဲ တစ်လုံးမှ နှစ်ထောင်ဝန်းကျင် ။ သူ့ပုလင်းတွင် ပါလာတာလည်း နှစ်ပက်လောက်။
အခု ဝင်း လိုဆိုင်မှာ အမြည်းက ဝက်ဂုတ်သား တစ်ကင်ပင် တစ်ထောင်နီးပါးရှိနေသည်။ ဒီစမ်းချောင်းအထိ မြို့ထဲကနေ တက္ကစီငှားလာရတာက နှစ်ထောင့်ငါးရာ။
ဂရန်းအမဲ နှစ်ပက်သောက်ရဖို့ အရေး..ကျွန်တော့်မှာ အရင်းအနှီးက ကြီးလွန်းလှသည်။
''စာပေလောကသားချင်း စကားတွေပြောချင်တာအကိုရ..ကျွန်တော်က စာတွေ ဖန်တီးတဲ့နေရာမှာ ပုံသဏ္ဍန်နဲ့ အနှစ်သာရကို ဝေဖန်ပိုင်းခြားရရင်…….''
သူ့ စကားတွေ ကျွန်တော့် နားထဲ မဝင်တော့။
ဒေါသထွက်ထွက်နှင့် နောက်ထပ် ဂရန်းရွှေ လေးပက်ပြားတစ်ပြား ထပ်မှာပြီး မူးအောင်သောက်သည်။
ပြီးတော့…ဒီသင်္ဘောသား လိုလို၊ စာပေလောကသားလိုလို ငတိကို ဘုကြည့်သာ ထိုင်ကြည့်နေလိုက်တော့သည်။
ထို့နေက ကျွန်တော့်မှာ သူ့ ဂရန်းအမဲ နှစ်ပက်လောက် သောက်ရဖို့အရေးကို…ငွေတစ်သောင်းခန့် ပြုတ်သွား၏။
……………………………………………………………………………………………….
ကြာပြီ။
ဒီ စာပေလောကသားကြီး ရိုးသရီး ဖုန်းမဆက်တာ။
ဂရန်းနှစ်ပက်ကိစ္စအပြီး သုံးလလောက်အကြာ မနက်လေးနာရီလောက်ကြီး နိုင်ငံခြားနံပါတ်နှင့် ဖုန်းစိ်မ်းတစ်လုံး ဝင်လာသည်။
ညဉ့်နက်မှ စာရေးပြီးသော ကျွန်တော့်မှာ အိပ်မှုံစုံမွှားနှင့် ထကိုင်ရသည်။
''အကို..ကျွန်တော်ပါ….အခု သင်္ဘောပေါ်မှာ..မြန်မာနိုင်ငံနဲ့ အဆက်အသွယ်ပြတ်နေတာကြာပြီ…နိုင်ငံရေး အခြေအနေဘာထူးသေးလဲ…စာပေလောကကြီးရော..ဘယ်လိုလဲ…ကျွန်တော်ပြန်လာရင် စာအုပ်ထုတ်မှာနော်..ကိုယ့်စာပေလောကသားချင်းမို့ ကူညီပေးဦး…''
ကြည့်..။
ဟိုး..ကမ်းလွန်ပင်လယ်ပြင် ကတောင် ကျွန်တော့်ကို သံယောဇဉ်မပျက် ဒုက္ခလိုက်ပေးသည့် စာပေလောကသားကြီး..ရိုးသရီး။
……………………………………
အဲ့ဒီဖုန်းဝင်လာပြီးတော့…နောက်ထပ် တစ်လကျော်အကြာမှာပဲ..ကျွန်တော့်ဆီ ဖုန်းတစ်လုံး ထပ်ဝင်လာပါတယ်။
''အကို..ကျွန်တော်ပါ..သင်္ဘောက..ပြန်ရောက်ပြီ..အကို့ကို တိုက်ချင်လို့..အကိုတို့ အိမ်နားက ဘာဘီကျူ ကို ရောက်နေတယ်''
''…………………''
''လာခဲ့ပါ..အကိုရယ်..ဟိုတစ်ခေါက်က ဝင်း မှာ ကျွန်တော် နည်းနည်းများသွားလို့..အကို့ကို ကောင်းကောင်း မပြုစုလိုက်နိုင်ဘူး..အကိုပဲ အမြည်းဖိုးတွေ ရှင်းသွားရတာ အားနာတယ်..ဒီတစ်ခါ မဖြစ်စေရပါဘူး..အကို့အိမ်နား က ဘာဘီကျူးမှာ ကျွန်တော်စောင့်နေတယ်..အကို..လာပါအကိုရာ..စာပေလောကသားချင်း….ကျွန်တော့်ကို ပစ်မထားပါနဲ့''
ဒီလို တကူးတကကြီး အိမ်နားက ဆိုင်အထိ လာသည်ဆိုတော့လည်း ကျွန်တော့်မှာ မငြင်းသာ။
ဟိုတစ်ခေါက်က မနက်လေးနာရီကြီး သူဖုန်းဆက်စဉ်က သူ့ကို ငါနှင့် ကိုင်တုတ်လိုက်သည့်အတွက်လည်း ကျွန်တော် အားနာလှသည်။
ဒီလိုနှင့် ဘာဘီကျူ သို့ ရောက်သွားပြန်သည်။
ဒီတစ်ခါတော့ ကိုယ့်ဆရာက ကော်လံကတုံးနှင့် သန့်သန့်ပြန့်ပြန့်။
ဘေးတွင် အသားမည်းမည်း ဗလတောင့်တောင့်နှင့် သူတစ်ဦးလည်း ပါသေးသည်။
ဒီတစ်ခါတော့ အရင်လို ဂရန်းအမဲ မဟုတ်တော့။ ဟိုက်ကော်မရှင်နာတစ်လုံး ချထားသည်။
''လာ..အကို..ထိုင်..သောက်..ကြိုက်တဲ့ အမြည်းမှာ''
ကျွန်တော့် ခွက်ထဲ သူက အရက်ငှဲ့ပေးသည်။
''ခင်ဗျား..ဟိုတစ်ခါဆက်တုန်းက သင်္ဘောပေါ်မှာပါ..အခု ပြန်လာပြီလား''
''ဟုတ်တယ်..အရေးပေါ် ကိစ္စနဲ့ ပြန်ဆင်းလာလိုက်တာလေ…အခုတောင် ကျွန်တော်က ဒီနား ကိစ္စတစ်ခုနဲ့ ရောက်နေရင်း အကို့ကို သတိရလို့ လှမ်းခေါ်တာ..ကိုယ့်စာပေလောကသားချင်း စကားမပြောရတာကြာပြီ.. ကျွန်တော်လည်း စာတွေ ထပ်ရေးရမယ်…ကျွန်တော်က..စာပေအနုပညာဆိုတာကို….''
သူ ချည်း စကားတွေ လှိမ့်ပြောသည်။
''ကျွန်တော် အပေါ့ သွားလိုက်ဦးမယ်..အကို''
သူ ထ ထွက်သွားတော့ သူ့ဘေးမှ အသားမည်းမည်းနှင့် လူက ကျွန်တော့်ကို စကားစတော့သည်။
''အကိုကြီး..ကျွန်တော်..ဒီကောင် နဲ့ တစ်ရပ်ကွက်တည်း သူငယ်ချင်းပါ..ညိုကြီးလို့ ခေါ်ပါတယ်''
''ဟုတ်ကဲ့..ကိုညိုကြီး..ကျွန်တော် မောင်ဗြိပါ''
''ကျွန်တော် တစ်ခုလောက် ပြောချင်လို့ပါ..ဘာလို့..ဒီကောင့်ကို အရက်သောက်ဖို့ လှမ်းခေါ်ရတာလဲဗျာ..ဒီကောင့် အခြေအနေလည်း သိရဲ့သားနဲ့''
ညိုကြီး အမေးကြောင့် ကျွန်တော် မျက်လုံးပြူးသွားသည်။
''ဟင်..ကျွန်တော် မခေါ်ပါဘူး။ သူခေါ်လို့ ကျွန်တော်လာတာ..ဘာဖြစ်လို့လဲဗျ''
''ဒီကောင်က အခုဆေးရုံလာတက်နေတာဗျ''
''ဟင်..ဘယ်လို''
''ဟုတ်တယ်…မနက်ဖြန် ခွဲစိတ်ခန်းဝင်ရမှာ..သူ့အသဲမှာ ရေအိတ်တွေအများကြီးတည်နေလို့..တစ်ခြမ်းလောက်နီးပါး လှီးထုတ်ပစ်ရမှာ..အဲ့ဒီ ပြသနာနဲ့ပဲ..သင်္ဘောပေါ်က ပြန်လာရတာ.လျော်ကြေးတောင်ပေးခဲ့ရသေးတာတဲ့''
''ဟ''
''မ ဟ နဲ့ဗျ..ဒီနားက ဆေးရုံမှာ သူ တက်နေတာ..သူ့အမေက ကျွန်တော်နဲ့ လူနာစောင့်ထားခဲ့တာ.. အဲ့ဒါ..မနက်ဖြန် မနက်ခွဲစိတ်ခန်း ဆယ်နာရီဝင်ရမှာတဲ့…ခွဲစိတ်တာကလည်း သေချာအာမ မခံဘူး..သေချင်သေသွားနိုင်တယ်တဲ့…ဒီလောက် အရေးကြီးတဲ့ အခြေအနေကြီးမှာဗျာ''
''ဟာ..ကျွန်တော် မချိန်းပါဘူး..သူချိန်းလို့ လာတာပါ..ဒါနဲ့..ခင်ဗျားတို့ ဆေးရုံကနေ ဘယ်လို ထွက်လာကြသလဲ''
''ဒီအချိန်လောက်ဆို..ဆရာဝန်တွေ ဆရာမတွေလည်း သိပ်မလာတော့ဘူးဗျာ..အဲ့ဒါ သူက မနက်ဖြန် ဆိုတာ ဘာမှန်းမသိဘူး..ငါ့ကို ငါ့သူငယ်ချင်း စာရေးဆရာတစ်ယောက်က အရက်သောက်ဖို့ လှမ်းခေါ်နေတယ်တဲ့..အဲ့ဒါ သွားသောက်ရမယ်ဆိုပြီး ပြောတာဗျ..ကျွန်တော်တို့က ငယ်ငယ်ကတည်းက ဒီကောင့် အိမ် နားမှာနေတာ..သူတို့ မိသားစုနဲ့ ကျေးဇူးမကင်းဘူး…ဒီကောင့်ကိုလည်း မနိုင်ဘူး..သူက ဇွတ်လုပ်တာ..အဲ့ဒါနဲ့ နည်းနည်းပဲသောက်ရမယ်ဆိုပြီး..အဖော်လိုက်လာပေးတာ''
ကျွန်တော့် သောက်လက်စ အရက်ပင်..ရင်ခေါင်းထဲ ပြည့်သွားသလားထင်ရသည်။
ဘယ့်နှယ့်…ကျွန်တော်သည်.မနက်ဖြန် သေရင်းရှင်ရေး ခွဲစိတ်ရမည့် လူတစ်ယောက် ကို အရက်ခေါ်တိုက်မိသည့် တရားခံ လုံးလုံးဖြစ်နေပါပကော။
တကယ်လို့များ ဒင်း သေသွားလျှင် ညိုကြီးဆိုသည့် အကောင်က သူ့အဖေ အမေ ထံ ဒီညအကြောင်းကို လက်ထောက်ချမည်။
ဒီလိုဆိုလျှင် ဗြိတိသျှကိုကိုမောင် ဆိုသည့် ငတိသည် သူတို့ သားလေးကို ခွဲစိတ်ခါနီးပင် အရက်ခေါ်တိုက်ကာ အသေသတ်သွားသည့် တရားခံကြီးဖြစ်ရော့မည်။
''ကိုညိုကြီးရေ..ခင်ဗျားလူကို ခင်ဗျား..ဆေးရုံကို ပြန်ခေါ်သွားပါဗျာ..ကျွန်တော်လည်း ဆက်မသောက်တော့ဘူး..ပြန်တော့မယ်…ဒီအတိုင်းဆို..ခင်ဗျားရော..ကျုပ်ပါ လူသတ်တရားခံဖြစ်မယ်..သွားမယ်..သွားမယ်''
ဘာဘီကျူ ဆိုင်ထဲမှ ကျွန်တော် ဘယ်လို ပြေးထွက်ခဲ့မိမှန်းပင် မသိတော့။
စာပေလောကသားကြီး ရိုးသရီး….ဒီတစ်ခါလည်း…ရိုးရာမပျက် အမှတ်တရလေးတွေ ပေးပြန်သည်။
……………………………………………………..
အဲ့ဒီနောက်တော့..ကျွန်တော် သုံးရက်လောက် အိပ်မပျော်။
ရိုးသရီး ခွဲစိတ်မှု မအောင်မြင်ပဲ ကွယ်လွန်ခဲ့လျင် ဆိုသည့် အတွေးက ဖိစီးနေသည်။
ကိုယ် က သူငယ်ချင်းအဖြစ် မသတ်မှတ်သော်လည်း သူကတော့ ကျွန်တော့်ကို ခင်ရှာသည်။
အမှန်တော့ ထိုနေ့ ညသည် သူ့နောက်ဆုံး အရက်ဝိုင်းလေးလည်းဖြစ်သွားနိုင်သည်။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကိုတော့ သူခင်ရှာသဖြင့် အရက်သောက်ရန် ခေါ်ခြင်းဖြစ်မည်။ ဒါကို ကျွန်တော့်က ထားရစ်ခဲ့သဖြင် သူ ဘယ်လောက် ခံစားရမည်နည်း။
စိတ်ထဲမကောင်း။
သူ့ဖုန်းသို့ လှမ်းဆက်ပြီး သူ့အခြေအနေ မေးချင်သော်လည်း ချက်ချင်းမဆက်ရဲ။
မတော်တဆ အဖိတ်အစင်ဖြစ်သွားသည် ဆိုလျှင် သူ့မိသားစု စိတ်မကောင်းဖြစ်နေစဉ်မှာ..ဖုန်းသွားဆက်ဖို့ မသင့်။
တလလောက်တော့ အခြေအနေကို စောင့်လိုက်သည်။
တလကျော် ကြာသည့်တစ်နေ့တွင် သူ့ ဖုန်းနံပါတ်ကို ကျွန်တော် ကောက်ဆက်လိုက်သည်။
''ဟာ.အကို..ကျွန်တော့် ဆီ ဖုန်းဆက်တာနဲ့ အတော်ပဲ''
ဒင်း မသေ။
''ခင်ဗျား..အသဲ ခွဲစိတ်တာ အခြေအနေကောင်းသွားပြီလား..လှမ်းမေးတာဗျ''
''နေကတော့ နည်းနည်းကောင်းလာပါပြီအကို..ဒါပေမယ့်..အခု အသဲကွဲရောဂါဖြစ်နေတယ်ဗျ..အဲ့ဒါ..အကို ကူညီမှရမှာ''
''ဟင်..ဘယ်လို''
''ဟုတ်တယ်..အကို…The Voice သတင်းစာမှာ စာမူခထုတ်ထုတ်ပေးနေတဲ့ ကောင်မလေး သိတယ်မှတ်လား.. သူ့ကို ကျွန်တော် ချစ်မိနေလို့..အကို..ကျွန်တော့်ကို ကူညီပေးပါ..ကျွန်တော်က ကိုယ့်စာပေလောကသား အချင်းချင်းမို့ အကို့ကို အကူအညီတောင်း..''
ကျွန်တော် ဖုန်း ကို ချပစ်လိုက်သည်။
စာပေလောကသားကြီး ရိုးသရီး...........အသဲတခြမ်းပဲ ကျန်တောတောင် ကျွန်တော့် ကို သူ့ ဒုက္ခတွေထဲ အဖော်လာလာတွဲနေတတ်သည်။
ဘယ် ဘဝ ရေစက်လဲ မသိ။
ထိုကတည်းက..ကျွန်တော် သူ့ကို ဘယ်တော့မှ ဖုန်းမဆက်တော့။
သူ ဖုန်းဆက်လည်း ကျွန်တော်မကိုင်တော့။
အခုဆို သုံးနှစ်လောက်ပင် ရှိရော့မည်။
The Voice သတင်းစာရုံးတွင် စာမူခ သွားထုတ်သည့်အခါတိုင်း ၊ စာမူခထုတ်ပေးသည့် ညီမလေးကို မြင်တိုင်း စာပေလောကသားကြီး ရိုးသရီးကို ကြောက်ကြောက်နှင့် သတိရမိနေပါသေးသည်။
ဗြိတိသျှကိုကိုမောင်
Zawgyi
ကြ်န္ေတာ္နွင့္ စာေပေလာကသားၾကီး ရိုးသရီး
………
သူသည္ ကြ်န္ေတာ့္ မိတ္ေဆြ ဟုလည္း ေျပာရခက္သည္။
ကြ်န္ေတာ့္ စာေရးဖက္ ဟု လည္း ေျပာရမွာ မလြယ္။
ေသာက္ေဖာ္ေသာက္ဖက္ ဆိုျပန္လ်င္လည္း မမွန္။
ဘယ္လိုေျပာရမည္မသိ။
သူနွင့္ ကြ်န္ေတာ္ သိသည္ ကား မွန္သည္။
သို႕ေသာ္..မိတ္ေဆြတစ္ေယာက္လို ရင္းရင္းနွီးနွီးေတာ့ တစ္ခါမွ မျဖစ္မိ။
စာေရးဖက္ ဟု ဆိုရေအာာင္လည္း သူက ကြ်န္ေတာ္ သေရာ္စာေရးေနက် သတင္းစာတြင္ ေဆာင္းပါတစ္ပုဒ္ပါဖူး၏။
ေသာက္ေဖာ္ေသာက္ဖက္ ဆိုေသာ္ျငား..သူနွင့္ ကြ်န္ေတာ္ အရက္တစ္ခါသာ ေသာက္ဖူးပါသည္။
သို႕ေသာ္ ဘ၀တစ္ေကြ႕တြင္ ေတြ႕ခဲ့ရေသာ သူ႕အေၾကာင္းကို မွတ္တမ္းေလးတစ္ခုအျဖစ္ ဒီစာကို ကြ်န္ေတာ္ေရးပါသည္။
သူသည္ သေဘၤာအရာရွိငယ္တစ္ဦးျဖစ္ခဲ့ပါသည္။ သူ႕နာမည္ကို ကြ်န္ေတာ္ မမွတ္မိေတာ့ပါ။
သူနွင့္ တစ္ေက်ာင္းတည္းဆင္း ကြ်န္ေတာ့္သူငယ္ခ်င္းသေဘၤာသားမ်ားက သူ႕ကို ရိုးသရီး ဟု ေခၚၾကသည္။
ေက်ာင္းတက္စဥ္ကာလက သူ႕ ခံုနံပါတ္မွာ နံပါတ္သရီး Roll 3 ျဖစ္ေသာေၾကာင့္ဟု သိရသည္။
ဒါကိုေနာက္ပိုင္းမွ ကြ်န္ေတာ္ျပန္သိသည့္အတြက္ ရိုးသရီး ဟုပဲ သံုးႏႈန္းလိုက္ပါသည္။
ရိုးသရီး နွင့္ ကြ်န္ေတာ္ စေတြ႕သည္မွာ လြန္ခဲ့ေသာ သံုးနွစ္ေလာက္က ျဖစ္သည္။
ထိုေန႕က ကြ်န္ေတာ္သည္ The Voice သတင္းစာတြင္ စာမူခ သြားထုတ္သည္။
စာမူခထုတ္သည့္ ေကာင္တာနေဘးတြင္ ကြ်န္ေတာ္နွင့္ မတိမ္းမယိမ္းရွိမည့္ လူငယ္တစ္ဦး မတ္တပ္ရပ္ေနသည္ကိုလည္း သတိထားမိသည္။
စာေရးမေလး ထံမွ လက္မွတ္ထိုးျပီး စာမူခထုတ္ျပီး ကြ်န္ေတာ္ ျပန္ထြက္လာေတာ့ ေနာက္မွ လွမ္းေခၚသံၾကားရသည္။
အေစာပိုင္းက ေကာင္တာနေဘး မတ္တပ္ရပ္ေနသည့္သူ။
''အကို..ခုနက ၾကားလိုက္တယ္..အကိုက ျဗိတိသ်ွကိုကိုေမာင္လား''
''အင္း..ဟုတ္ပါတယ္ဗ်''
''အေတာ္ပဲဗ်ာ..အခုလို စာေရးေဖာ္ေရးဖက္ခ်င္းေတြ႕ရတာ..ကြ်န္ေတာ္က ''…………'' ပါ..The Voice က ေဆာင္းပါးရွင္ေလ''
''ေၾသာ္..ဟုတ္ကဲ့..ၾကားဖူးပါတယ္''
အားနားပါးနားျဖင့္ ေျပာလိုက္ရေသာ္လည္း သူ႕နာမည္ကို ကြ်န္ေတာ္ မသိရိုးအမွန္။
''ကြ်န္ေတာ္ ဒီေန႕ စာမူခ ထုတ္လာတယ္…ေရွ႕ကဆုိင္မွာ နည္းနည္းပါးပါး ခ် လိုက္ၾကရေအာင္လား''
ေရွ႕မွ စားေသာက္ဆုိင္တစ္ခုကို သူက လက္ညိွးထိုးျပသည္။
အခ်ိန္က မနက္ဆယ္နာရီပင္မထိုးေသး ရွိေသး၏။
ကြ်န္ေတာ္က အရက္ေသာက္သည္ဆိုေသာ္ျငား မူ တစ္ခုေတာ့ ထားသည္။ အလုပ္ကိစၥနွင့္ မလႊဲေရွာင္သာသည့္ ကိစၥမ်ားမွလြဲျပီး မနက္ခင္း ေန႕လည္ခင္း ဆိုလ်ွင္ အရက္၊ ဘီယာသိပ္မေသာက္တတ္။
ယခုမွ ေတြ႕သည့္ သည္ငနဲက ေစာေစာစီးစီး အရက္ေသာက္ဖို႕ လာေခၚေနေတာ့ ကြ်န္ေတာ္ ျငင္းရပါသည္။
''ကြ်န္ေတာ္ မဂၢဇင္းတိုက္ သြားရမွာမို႕…မအားလို႕ပါ''
''လာပါဗ်ာ..ကိုယ့္ စာေပေလာကသားအခ်င္းခ်င္းဆံုတုန္း…လာ..ေသာက္ၾကရေအာင္''
သူ႕ကိုယ္သူ စာေပေလာကသား ဇာတ္ စြတ္သြင္းသည္။ သူတင္မက ကြ်န္ေတာ့္ကိုပါ ဆြဲသြင္းသည္။ သူေျပာပံုကိုၾကည့္ဦး။
စာေပေလာကသားအခ်င္းခ်င္းဆံုလ်င္ အရက္ေသာက္ရမည့္ကိန္း။
စာေပေလာကဆိုသည္မွာ သိုင္းေလာက ထက္ စိတ္ညစ္မူးေနာက္စရာေကာင္းေသာေၾကာင့္ စာေပေလာကသား ဆိုသူမ်ားနွင့္ ဆယ္မိနစ္ေလာက္ စကားေျပာမိလ်င္ပင္ အရက္ေသာက္စရာမလိုပဲ အလကားေနရင္း နွစ္ပတ္စာေလာက္ မူးမူးေန တတ္သည္ကို သူမသိ။
''ကြ်န္ေတာ္..တကယ္မအားလို႕ပါဗ်ာ''
''အဲ့ဒါဆို.ဖုန္းနံပါတ္ေပးခဲ့ဗ်ာ..ေနာက္ရက္ခ်ိန္းမယ္..ကြ်န္ေတာ္က ကို္ယ့္စာေပေလာကသား အခ်င္းခ်င္း ေတြ႕ရလို႕ ၀မ္းသာလြန္းလို႕ပါ''
လာျပန္ျပီ ဒီစာေပေလာကသား။
ကြ်န္ေတာ္ ဖုန္းနံပတ္ရြတ္ျပလိုက္ေတာ့ သူ႕ ကီးပတ္ဖုန္းကေလးျဖင့္ မွတ္သြားသည္။
''ကဲ.ကိုျဗိ..ဒါဆို..ကြ်န္ေတာ္သြားျပီ''
သူ သြားသည့္ေနရာကို ၾကည့္ျပီး ကြ်န္ေတာ္ မ်က္လံုးျပဴးသြား၏။
အစက သူက ကြ်န္ေတာ့္ကို ဧည့္ခံလိုသည့္သေဘာျဖင့္ အရက္ဆိုင္ေခၚသည္ဟု ကြ်န္ေတာ္သေဘာပိုက္မိသည္။
အခုေတာ့ ဒီလိုမဟုတ္။
သူ ၀င္ခ်သြားသည္က ခုန သူျပသည့္ အရက္ဆိုင္ထဲသို႕ ျဖစ္သည္။
ဆရာၾကီးက ကြ်န္ေတာ့္ တိုက္ခ်င္သည္ထက္ သူ ေသာက္ခ်င္လို႕ အေဖာ္ေခၚသည္ပဲ။
………………………………………………………………………….
တစ္လေလာက္ၾကာခဲ့ျပီ။
ထိုေန႕ညေနက မိုးက သဲသဲမဲမဲရြာသည္။ ျမိဳ႕ထဲက ကြ်န္ေတာ္ ျပန္လာေတာ့ ည ရွစ္နာရီထိုးျပီ။
''ဟယ္လို..ကိုျဗိတိသ်ွကိုကိုေမာင္လား''
''ဟုတ္ပါတယ္''
စာေပေလာကသားၾကီး ဖုန္းဆက္ျခင္း။
''ကြ်န္ေတာ္ ဟိုေန႕က Voice မွာေတြ႕တဲ့ …..ပါ ။ ဟိုေန႕က ေသခ်ာမေျပာျပလိုက္ရဘူး။ ကြ်န္ေတာ္က သေဘၤာအရာရွိပါ။ စာလည္းေရးပါတယ္။ စာအုပ္ထုတ္ဖို႕လည္းရွိပါတယ္။ အဲ့ဒါ ေလးလည္း တို္င္ပင္ခ်င္တယ္။ ျပီးေတာ့ ဒီေန႕က ကြ်န္ေတာ့္ ေမြးေန႕ စမ္းေခ်ာင္း၀င္းမွာ လုပ္တာ။ အကို အားရင္ လာခဲ့ေပးပါလားဗ်ာ''
ဟိုတစ္ေခါက္ ဆံုစဥ္က မနက္ခင္းၾကီး။ ေနာက္ျပီး သူက စာေပေလာကသား ခ်ည္း ေျပာေနသျဖင့္ ေသာက္ရမွာ စိတ္ကုန္သည္။ (မွတ္ခ်က္္ - စာေပေလာကသားမ်ားသည္ အရက္ေသာက္ျပီးလ်ွင္ တာ၀တိသာ ကို အာဏာသိမ္းမလိုလို အထိ ေျပာတတ္ၾကသည္)
အခု ခ်ိန္းသည္က မိုးကေလးေအးေအး ညခင္းဘက္။ ျပီးေတာ့ သေဘၤာအရာရွိတဲ့။ ဘာပဲေျပာေျပာ သေဘၤာသားေတြနွင့္ဆို အရက္ေကာင္းေကာင္းေလးေတြ ေသာက္ရတတ္သည္။
အရက္ေကာင္းေကာင္းမေသာက္ရသည္မွာလည္း ၾကာျပီ။
ကြ်န္ေတာ္လာခဲ့မည္ဟု ေျပာျပီး..ဘတ္စ္ကားေပၚမွ ဆင္းကာ တကၠစီပင္ ငွားခဲ့လိုက္သည္။
မိုးက သည္းသည္းမဲမဲ။
ထီးပါေသာ္လည္း လူက နည္းနည္းေတာ့ စိုရြႊဲေနျပီ။
ဘာျဖစ္တုန္း။ ဟိုေရာက္ရင္..ဂ်က္ဒယ္နီရယ္လား..ေဂ်ာ္နီလား..ဟန္တယ္ဆီလား..သံုးပက္ေလာက္ အြန္လိုက္လို႕ကေတာ့ အားလံုး အိုေကမွာဆိုျပီး စိတ္ကိုတင္းရင္း စမ္းေခ်ာင္းပဒုမၼာကြင္းေဘးရွိ၊ ၀င္း စားေသာက္ဆိုင္ သို႕ ၀င္လာခဲ့လိုက္သည္။
တစ္ဆိုင္လံုး အေပၚထပ္၊ ေအာက္ထပ္ ပတ္ရွာသည္။
ကိုယ္ေရႊ သေဘၤာသီး ကို မေတြ႕။
ဒါနဲ႕…စားပြဲတစ္လံုးတြင္ ထိုင္ျပီး အခ်မ္းေျပ ဂရန္းရြိဳင္ရယ္ေရႊ ေလးပတ္တစ္ျပားနွင့္ ၀က္ဂုတ္သားကင္ေလးတစ္ကင္မွာျပီး ထိုင္လိုက္သည္။
ေလာေလာဆယ္ သစ္မေရာက္ခင္ ၀ါးကူ…ဟိုအရက္ေတြ မေရာက္ခင္ ဂရန္းေလး ကူေပါ့။
ကိုယ့္ဆရာကို ဖုန္းဆက္သည္။
''အိမ္ခဏျပန္သြားလို႕..အကို..အိမ္က ဒီနားတင္..ဘာမွာထားျပီလဲ..ကြ်န္ေတာ္ ပုလင္းပါ ယူလာတယ္..ခဏေစာင့္''
အုိေကေပါ့။
သူ ပုလင္းယူလာျပီ ဆို ကိုယ္က သူ႕ပုလင္းေလးကို ေသာက္။ ဒီ ဂရန္းေရႊပတ္ေလးက ေနာက္ရက္စာ ယူမယ္ေပါ့။
နာရီ၀က္ရွိျပီ။ ကိုယ့္ဆရာ ေရာက္မလာ။ ဂရန္းက နွစ္ပတ္ကုန္ျပီ။
ဖုန္းထပ္ဆက္သည္။
''လာျပီ.အကို.မိုးကသဲေတာ့…ေခ်ာ္လဲျပီး ပုလင္းကြဲမွာစိုးလို႕..ဆိုက္ကားနဲ႕လာေနတာ''
အင္းေလ…အေကာင္းစားအရက္မုိ႕ ပုလင္းကြဲရင္ နွေျမာစရာ။
ေနာက္နာရီ၀က္ေလာက္ၾကာေတာ့..လာပါျပီ..ကိုယ္ေတာ္ေခ်ာ။
ကြ်န္ေတာ္ေမ်ွာ္လင့္ထားသည္က သေဘၤာအရာရွိ စာေရးဆရာေပါက္စေလး ေမြးေန႕မို႕ သားသားနားနား အပ်ံစား ၀တ္စားထားမည္ေပါ့။
မဟုတ္။
ကိုယ့္ဆရာက ရွပ္အကၤ် ီ ရင္ဘတ္ဟျပဲ။ ပေလကပ္ပုဆိုးအစုတ္နွင့္။ ေအာက္က စြပ္က်ယ္အစုတ္။
မိုးေတြက တစ္ကိုယ္လံုး စိုရႊဲေနသည္။
ဆိုင္ထဲ ယိုင္ထိုးျပီး ၀င္လာသည္။
ကြ်န္ေတာ္ လက္ျပလိုက္ေတာ့ ကြ်န္ေတာ့္ေရွ႕က ခံုမွာ ၀င္ထိုင္သည္။
ခါးၾကားမွ ပုလင္းကို ထုတ္ကာ စားပြဲေပၚတင္သည္။
''ေဘာ္ဒါေတြက အကုန္ေသာက္မယ္လုပ္လို႕..အကို႕အတြက္ မနည္းခ်န္ထားရတာဗ်ာ''
သြားျပီ။
ကြ်န္ေတာ့္ မွာ စိတ္ဓာတ္ေတြ တဟုန္ထိုး ထိုးက်သြားသည္။
ဘယ့္နွယ့္…။
သူ႕အရက္ကို ၾကည့္ဦး။
ဂရန္းရြိဳင္ရယ္ အမဲ ၀မ္းလီတာပုလင္းကို နွစ္ပက္ေလာက္ပဲ ဖင္ကပ္က်န္သည္။ တကယ္ေတာ့ အခုလိုေခတ္ၾကီးထဲမွာ ဂရန္းရြိဳင္ရယ္အမဲ ဆိုသည္က ဘီအီးအရက္ျဖဴနွင့္ ေစ်းျခင္းဘာမွမျခား။
ေစ်းေပါသည္။ ကြ်န္ေတာ္ေသာက္သည့္ ေရႊ က သူ႕ထက္ အပံုၾကီးသာသည္။ ဂရန္းအမဲနွင့္ ေရႊ ၾကားတြင္ ဂရန္းစမု၊ ဂရမ္းအျပာ၊ ဂရမ္းအစိမ္း ဆိုတာေတြ ရွိေသးသည္။
အခုေတာ့ သူက…ဒါေတာင္ မနည္းခ်န္ထားရသည္တဲ့။
ကြ်န္ေတာ္ အရက္ေသာက္လာသည့္ သက္တမ္းတစ္ေလ်ွာက္ ပထမဦးဆံုးအၾကိမ္ ၀မ္းနည္းမိသြားျခင္းပင္။
ဘယ့္နွယ့္..။
ပုလင္းဖင္ကပ္သာက်န္သည့္ ဂရန္းအမဲ နွစ္ပက္ေလာက္ကို ေသာက္ရမည့္အေရး မိုးထဲေလထဲ ဒီေနရာအထိ လာခဲ့သည္။
အခ်ိန္တစ္နာရီေလာက္လည္း ေစာင့္လိုက္ရေသး၏။
ဂရန္းအမဲ ထက္ ေစ်းအပံုၾကီးၾကီးေသာ ဂရန္းေရႊပက္ ကို ေတာင္ မွာေသာက္လိုက္ေသးသည္။
''ေသာက္..အကို..ဒီပုလင္းကို စိတ္ၾကိဳက္သာျဖိဳ..ေၾသာ္..တစ္ခု..ရီကြက္လုပ္ခ်င္လို႕…ကြ်န္ေတာ့္မွာ ပိုက္ဆံေတာ့ သိပ္မပါေတာ့ဘူး..အျမည္းဖိုးကေတာ့ အကို႕ဘာသာရွင္းေတာ့ေနာ္''
ေျပာေျပာဆိုဆိုနွင့္ သူက ကြ်န္ေတာ့္ ေရွ႕ အျမည္းပန္းကန္ထဲက ၀က္ဂုတ္သားကင္ တစ္ဖတ္ကို ယူကာ စားပစ္လိုက္သည္။
နင့္ေမကလႊား။
ဂရန္းအမဲ တစ္လံုးမွ နွစ္ေထာင္၀န္းက်င္ ။ သူ႕ပုလင္းတြင္ ပါလာတာလည္း နွစ္ပက္ေလာက္။
အခု ၀င္း လိုဆိုင္မွာ အျမည္းက ၀က္ဂုတ္သား တစ္ကင္ပင္ တစ္ေထာင္နီးပါးရွိေနသည္။ ဒီစမ္းေခ်ာင္းအထိ ျမိဳ႕ထဲကေန တကၠစီငွားလာရတာက နွစ္ေထာင့္ငါးရာ။
ဂရန္းအမဲ နွစ္ပက္ေသာက္ရဖို႕ အေရး..ကြ်န္ေတာ့္မွာ အရင္းအနွီးက ၾကီးလြန္းလွသည္။
''စာေပေလာကသားခ်င္း စကားေတြေျပာခ်င္တာအကိုရ..ကြ်န္ေတာ္က စာေတြ ဖန္တီးတဲ့ေနရာမွာ ပံုသ႑န္နဲ႕ အနွစ္သာရကို ေ၀ဖန္ပိုင္းျခားရရင္…….''
သူ႕ စကားေတြ ကြ်န္ေတာ့္ နားထဲ မ၀င္ေတာ့။
ေဒါသထြက္ထြက္နွင့္ ေနာက္ထပ္ ဂရန္းေရႊ ေလးပက္ျပားတစ္ျပား ထပ္မွာျပီး မူးေအာင္ေသာက္သည္။
ျပီးေတာ့…ဒီသေဘၤာသား လိုလို၊ စာေပေလာကသားလိုလို ငတိကို ဘုၾကည့္သာ ထိုင္ၾကည့္ေနလိုက္ေတာ့သည္။
ထို႕ေနက ကြ်န္ေတာ့္မွာ သူ႕ ဂရန္းအမဲ နွစ္ပက္ေလာက္ ေသာက္ရဖို႕အေရးကို…ေငြတစ္ေသာင္းခန္႕ ျပဳတ္သြား၏။
……………………………………………………………………………………………….
ၾကာျပီ။
ဒီ စာေပေလာကသားၾကီး ရိုးသရီး ဖုန္းမဆက္တာ။
ဂရန္းနွစ္ပက္ကိစၥအျပီး သံုးလေလာက္အၾကာ မနက္ေလးနာရီေလာက္ၾကီး နိုင္ငံျခားနံပါတ္နွင့္ ဖုန္းစိ္မ္းတစ္လံုး ၀င္လာသည္။
ညဥ့္နက္မွ စာေရးျပီးေသာ ကြ်န္ေတာ့္မွာ အိပ္မံႈစံုမႊားနွင့္ ထကိုင္ရသည္။
''အကို..ကြ်န္ေတာ္ပါ….အခု သေဘၤာေပၚမွာ..ျမန္မာနိုင္ငံနဲ႕ အဆက္အသြယ္ျပတ္ေနတာၾကာျပီ…နိုင္ငံေရး အေျခအေနဘာထူးေသးလဲ…စာေပေလာကၾကီးေရာ..ဘယ္လိုလဲ…ကြ်န္ေတာ္ျပန္လာရင္ စာအုပ္ထုတ္မွာေနာ္..ကိုယ့္စာေပေလာကသားခ်င္းမို႕ ကူညီေပးဦး…''
ၾကည့္..။
ဟိုး..ကမ္းလြန္ပင္လယ္ျပင္ ကေတာင္ ကြ်န္ေတာ့္ကို သံေယာဇဥ္မပ်က္ ဒုကၡလိုက္ေပးသည့္ စာေပေလာကသားၾကီး..ရိုးသရီး။
……………………………………
အဲ့ဒီဖုန္း၀င္လာျပီးေတာ့…ေနာက္ထပ္ တစ္လေက်ာ္အၾကာမွာပဲ..ကြ်န္ေတာ့္ဆီ ဖုန္းတစ္လံုး ထပ္၀င္လာပါတယ္။
''အကို..ကြ်န္ေတာ္ပါ..သေဘၤာက..ျပန္ေရာက္ျပီ..အကို႕ကို တိုက္ခ်င္လို႕..အကိုတို႕ အိမ္နားက ဘာဘီက်ဴ ကို ေရာက္ေနတယ္''
''…………………''
''လာခဲ့ပါ..အကိုရယ္..ဟိုတစ္ေခါက္က ၀င္း မွာ ကြ်န္ေတာ္ နည္းနည္းမ်ားသြားလို႕..အကို႕ကို ေကာင္းေကာင္း မျပဳစုလိုက္နိုင္ဘူး..အကိုပဲ အျမည္းဖိုးေတြ ရွင္းသြားရတာ အားနာတယ္..ဒီတစ္ခါ မျဖစ္ေစရပါဘူး..အကို႕အိမ္နား က ဘာဘီက်ဴးမွာ ကြ်န္ေတာ္ေစာင့္ေနတယ္..အကို..လာပါအကိုရာ..စာေပေလာကသားခ်င္း….ကြ်န္ေတာ့္ကို ပစ္မထားပါနဲ႕''
ဒီလို တကူးတကၾကီး အိမ္နားက ဆိုင္အထိ လာသည္ဆိုေတာ့လည္း ကြ်န္ေတာ့္မွာ မျငင္းသာ။
ဟိုတစ္ေခါက္က မနက္ေလးနာရီၾကီး သူဖုန္းဆက္စဥ္က သူ႕ကို ငါနွင့္ ကိုင္တုတ္လိုက္သည့္အတြက္လည္း ကြ်န္ေတာ္ အားနာလွသည္။
ဒီလိုနွင့္ ဘာဘီက်ဴ သို႕ ေရာက္သြားျပန္သည္။
ဒီတစ္ခါေတာ့ ကိုယ့္ဆရာက ေကာ္လံကတံုးနွင့္ သန္႕သန္႕ျပန္႔ျပန္႔။
ေဘးတြင္ အသားမည္းမည္း ဗလေတာင့္ေတာင့္နွင့္ သူတစ္ဦးလည္း ပါေသးသည္။
ဒီတစ္ခါေတာ့ အရင္လို ဂရန္းအမဲ မဟုတ္ေတာ့။ ဟိုက္ေကာ္မရွင္နာတစ္လံုး ခ်ထားသည္။
''လာ..အကို..ထိုင္..ေသာက္..ၾကိဳက္တဲ့ အျမည္းမွာ''
ကြ်န္ေတာ့္ ခြက္ထဲ သူက အရက္ငွဲ႕ေပးသည္။
''ခင္ဗ်ား..ဟိုတစ္ခါဆက္တုန္းက သေဘၤာေပၚမွာပါ..အခု ျပန္လာျပီလား''
''ဟုတ္တယ္..အေရးေပၚ ကိစၥနဲ႕ ျပန္ဆင္းလာလိုက္တာေလ…အခုေတာင္ ကြ်န္ေတာ္က ဒီနား ကိစၥတစ္ခုနဲ႕ ေရာက္ေနရင္း အကို႕ကို သတိရလို႕ လွမ္းေခၚတာ..ကိုယ့္စာေပေလာကသားခ်င္း စကားမေျပာရတာၾကာျပီ.. ကြ်န္ေတာ္လည္း စာေတြ ထပ္ေရးရမယ္…ကြ်န္ေတာ္က..စာေပအနုပညာဆိုတာကို….''
သူ ခ်ည္း စကားေတြ လွိမ့္ေျပာသည္။
''ကြ်န္ေတာ္ အေပါ့ သြားလိုက္ဦးမယ္..အကို''
သူ ထ ထြက္သြားေတာ့ သူ႕ေဘးမွ အသားမည္းမည္းနွင့္ လူက ကြ်န္ေတာ့္ကို စကားစေတာ့သည္။
''အကိုၾကီး..ကြ်န္ေတာ္..ဒီေကာင္ နဲ႕ တစ္ရပ္ကြက္တည္း သူငယ္ခ်င္းပါ..ညိဳၾကီးလို႕ ေခၚပါတယ္''
''ဟုတ္ကဲ့..ကိုညိဳၾကီး..ကြ်န္ေတာ္ ေမာင္ျဗိပါ''
''ကြ်န္ေတာ္ တစ္ခုေလာက္ ေျပာခ်င္လို႕ပါ..ဘာလို႕..ဒီေကာင့္ကို အရက္ေသာက္ဖို႕ လွမ္းေခၚရတာလဲဗ်ာ..ဒီေကာင့္ အေျခအေနလည္း သိရဲ႕သားနဲ႕''
ညိဳၾကီး အေမးေၾကာင့္ ကြ်န္ေတာ္ မ်က္လံုးျပဴးသြားသည္။
''ဟင္..ကြ်န္ေတာ္ မေခၚပါဘူး။ သူေခၚလို႕ ကြ်န္ေတာ္လာတာ..ဘာျဖစ္လို႕လဲဗ်''
''ဒီေကာင္က အခုေဆးရံုလာတက္ေနတာဗ်''
''ဟင္..ဘယ္လို''
''ဟုတ္တယ္…မနက္ျဖန္ ခြဲစိတ္ခန္း၀င္ရမွာ..သူ႕အသဲမွာ ေရအိတ္ေတြအမ်ားၾကီးတည္ေနလို႕..တစ္ျခမ္းေလာက္နီးပါး လွီးထုတ္ပစ္ရမွာ..အဲ့ဒီ ျပသနာနဲ႕ပဲ..သေဘၤာေပၚက ျပန္လာရတာ.ေလ်ာ္ေၾကးေတာင္ေပးခဲ့ရေသးတာတဲ့''
''ဟ''
''မ ဟ နဲ႕ဗ်..ဒီနားက ေဆးရံုမွာ သူ တက္ေနတာ..သူ႕အေမက ကြ်န္ေတာ္နဲ႕ လူနာေစာင့္ထားခဲ့တာ.. အဲ့ဒါ..မနက္ျဖန္ မနက္ခြဲစိတ္ခန္း ဆယ္နာရီ၀င္ရမွာတဲ့…ခြဲစိတ္တာကလည္း ေသခ်ာအာမ မခံဘူး..ေသခ်င္ေသသြားနိုင္တယ္တဲ့…ဒီေလာက္ အေရးၾကီးတဲ့ အေျခအေနၾကီးမွာဗ်ာ''
''ဟာ..ကြ်န္ေတာ္ မခ်ိန္းပါဘူး..သူခ်ိန္းလို႕ လာတာပါ..ဒါနဲ႕..ခင္ဗ်ားတို႕ ေဆးရံုကေန ဘယ္လို ထြက္လာၾကသလဲ''
''ဒီအခ်ိန္ေလာက္ဆို..ဆရာ၀န္ေတြ ဆရာမေတြလည္း သိပ္မလာေတာ့ဘူးဗ်ာ..အဲ့ဒါ သူက မနက္ျဖန္ ဆိုတာ ဘာမွန္းမသိဘူး..ငါ့ကို ငါ့သူငယ္ခ်င္း စာေရးဆရာတစ္ေယာက္က အရက္ေသာက္ဖို႕ လွမ္းေခၚေနတယ္တဲ့..အဲ့ဒါ သြားေသာက္ရမယ္ဆိုျပီး ေျပာတာဗ်..ကြ်န္ေတာ္တို႕က ငယ္ငယ္ကတည္းက ဒီေကာင့္ အိမ္ နားမွာေနတာ..သူတို႕ မိသားစုနဲ႕ ေက်းဇူးမကင္းဘူး…ဒီေကာင့္ကိုလည္း မနိုင္ဘူး..သူက ဇြတ္လုပ္တာ..အဲ့ဒါနဲ႕ နည္းနည္းပဲေသာက္ရမယ္ဆိုျပီး..အေဖာ္လိုက္လာေပးတာ''
ကြ်န္ေတာ့္ ေသာက္လက္စ အရက္ပင္..ရင္ေခါင္းထဲ ျပည့္သြားသလားထင္ရသည္။
ဘယ့္နွယ့္…ကြ်န္ေတာ္သည္.မနက္ျဖန္ ေသရင္းရွင္ေရး ခြဲစိတ္ရမည့္ လူတစ္ေယာက္ ကို အရက္ေခၚတိုက္မိသည့္ တရားခံ လံုးလံုးျဖစ္ေနပါပေကာ။
တကယ္လို႕မ်ား ဒင္း ေသသြားလ်ွင္ ညိဳၾကီးဆိုသည့္ အေကာင္က သူ႕အေဖ အေမ ထံ ဒီညအေၾကာင္းကို လက္ေထာက္ခ်မည္။
ဒီလိုဆိုလ်ွင္ ျဗိတိသ်ွကိုကိုေမာင္ ဆိုသည့္ ငတိသည္ သူတို႕ သားေလးကို ခြဲစိတ္ခါနီးပင္ အရက္ေခၚတိုက္ကာ အေသသတ္သြားသည့္ တရားခံၾကီးျဖစ္ေရာ့မည္။
''ကိုညိဳၾကီးေရ..ခင္ဗ်ားလူကို ခင္ဗ်ား..ေဆးရံုကို ျပန္ေခၚသြားပါဗ်ာ..ကြ်န္ေတာ္လည္း ဆက္မေသာက္ေတာ့ဘူး..ျပန္ေတာ့မယ္…ဒီအတိုင္းဆို..ခင္ဗ်ားေရာ..က်ဳပ္ပါ လူသတ္တရားခံျဖစ္မယ္..သြားမယ္..သြားမယ္''
ဘာဘီက်ဴ ဆိုင္ထဲမွ ကြ်န္ေတာ္ ဘယ္လို ေျပးထြက္ခဲ့မိမွန္းပင္ မသိေတာ့။
စာေပေလာကသားၾကီး ရိုးသရီး….ဒီတစ္ခါလည္း…ရိုးရာမပ်က္ အမွတ္တရေလးေတြ ေပးျပန္သည္။
……………………………………………………..
အဲ့ဒီေနာက္ေတာ့..ကြ်န္ေတာ္ သံုးရက္ေလာက္ အိပ္မေပ်ာ္။
ရိုးသရီး ခြဲစိတ္မႈ မေအာင္ျမင္ပဲ ကြယ္လြန္ခဲ့လ်င္ ဆိုသည့္ အေတြးက ဖိစီးေနသည္။
ကိုယ္ က သူငယ္ခ်င္းအျဖစ္ မသတ္မွတ္ေသာ္လည္း သူကေတာ့ ကြ်န္ေတာ့္ကို ခင္ရွာသည္။
အမွန္ေတာ့ ထုိေန႕ ညသည္ သူ႕ေနာက္ဆံုး အရက္၀ိုင္းေလးလည္းျဖစ္သြားနိုင္သည္။
ဘာပဲျဖစ္ျဖစ္ ကြ်န္ေတာ့္ကိုေတာ့ သူခင္ရွာသျဖင့္ အရက္ေသာက္ရန္ ေခၚျခင္းျဖစ္မည္။ ဒါကို ကြ်န္ေတာ့္က ထားရစ္ခဲ့သျဖင္ သူ ဘယ္ေလာက္ ခံစားရမည္နည္း။
စိတ္ထဲမေကာင္း။
သူ႕ဖုန္းသို႕ လွမ္းဆက္ျပီး သူ႕အေျခအေန ေမးခ်င္ေသာ္လည္း ခ်က္ခ်င္းမဆက္ရဲ။
မေတာ္တဆ အဖိတ္အစင္ျဖစ္သြားသည္ ဆိုလ်ွင္ သူ႕မိသားစု စိတ္မေကာင္းျဖစ္ေနစဥ္မွာ..ဖုန္းသြားဆက္ဖို႕ မသင့္။
တလေလာက္ေတာ့ အေျခအေနကို ေစာင့္လိုက္သည္။
တလေက်ာ္ ၾကာသည့္တစ္ေန႕တြင္ သူ႕ ဖုန္းနံပါတ္ကို ကြ်န္ေတာ္ ေကာက္ဆက္လိုက္သည္။
''ဟာ.အကို..ကြ်န္ေတာ့္ ဆီ ဖုန္းဆက္တာနဲ႕ အေတာ္ပဲ''
ဒင္း မေသ။
''ခင္ဗ်ား..အသဲ ခြဲစိတ္တာ အေျခအေနေကာင္းသြားျပီလား..လွမ္းေမးတာဗ်''
''ေနကေတာ့ နည္းနည္းေကာင္းလာပါျပီအကို..ဒါေပမယ့္..အခု အသဲကြဲေရာဂါျဖစ္ေနတယ္ဗ်..အဲ့ဒါ..အကို ကူညီမွရမွာ''
''ဟင္..ဘယ္လို''
''ဟုတ္တယ္..အကို…The Voice သတင္းစာမွာ စာမူခထုတ္ထုတ္ေပးေနတဲ့ ေကာင္မေလး သိတယ္မွတ္လား.. သူ႕ကို ကြ်န္ေတာ္ ခ်စ္မိေနလို႕..အကို..ကြ်န္ေတာ့္ကို ကူညီေပးပါ..ကြ်န္ေတာ္က ကိုယ့္စာေပေလာကသား အခ်င္းခ်င္းမို႕ အကို႕ကို အကူအညီေတာင္း..''
ကြ်န္ေတာ္ ဖုန္း ကို ခ်ပစ္လိုက္သည္။
စာေပေလာကသားၾကီး ရိုးသရီး...........အသဲတျခမ္းပဲ က်န္ေတာေတာင္ ကြ်န္ေတာ့္ ကို သူ႕ ဒုကၡေတြထဲ အေဖာ္လာလာတြဲေနတတ္သည္။
ဘယ္ ဘ၀ ေရစက္လဲ မသိ။
ထိုကတည္းက..ကြ်န္ေတာ္ သူ႕ကို ဘယ္ေတာ့မွ ဖုန္းမဆက္ေတာ့။
သူ ဖုန္းဆက္လည္း ကြ်န္ေတာ္မကိုင္ေတာ့။
အခုဆို သံုးနွစ္ေလာက္ပင္ ရွိေရာ့မည္။
The Voice သတင္းစာရံုးတြင္ စာမူခ သြားထုတ္သည့္အခါတိုင္း ၊ စာမူခထုတ္ေပးသည့္ ညီမေလးကို ျမင္တိုင္း စာေပေလာကသားၾကီး ရိုးသရီးကို ေၾကာက္ေၾကာက္နွင့္ သတိရမိေနပါေသးသည္။
ျဗိတိသ်ွကိုကိုေမာင္
စာပေလောကသားအချင်းချင်းမို့ ဆိုတဲ့စကားကို ပါးစပ်ကမချတမ်းသုံးသွားတဲ့ ကိုရိုးသရီး😁
ReplyDeleteရှယ်အရက်သောက်ရမလားမျှော်လင့်ခဲ့ပေမဲ့ ကိုရိုးသရီးဂျင်းထည့်တာ ခံလိုက်ရတဲ့ ဆရာဗြိ😆
The Voice ဂျာနယ်က စာမူခထုတ်ပေးတဲ့ကောင်မလေးနဲ့ ရိုးသရီးတွဲမြင်နေမှာမှာ ဆြာဗြိတို့ကတော့😅😅
Delete👍❤
ReplyDeleteDone 💪
ReplyDeleteDone
ReplyDeleteDone 🤍
ReplyDelete💙
ReplyDeleteDone
ReplyDeleteDone📖
ReplyDeleteDome📖
ReplyDelete:D
ReplyDeleteရက်စက်တာ 😢🥃
ReplyDelete