ကျွန်တော်နှင့် နိုင်ငံခြားပြန်၊ စာရေးဆရာ၊သူပုန်ဗိုလ်ကြီး

Unicode


ကျွန်တော်နှင့် နိုင်ငံခြားပြန်၊ စာရေးဆရာ၊သူပုန်ဗိုလ်ကြီး

... ... ... .... ..... ...... ...... ...... 

သူ့အကြောင်းကို ရေးမယ်ဆိုပေမယ့် သူဘယ်သူလဲ ကျွန်တော်အခုထိ မသိပါဘူး။

သူနှင့် ကျွန်တော် အဲ့ဒီတကြိမ်ပဲ ဆုံဖူးခဲ့တာပါ။

ဒီစာစု ဟာ သူ့ကို ပုဂ္ဂိုလ်ရေးအရ အပုပ်ချခြင်စိတ်မပါဘူးဆိုတာတော့ ကြိုပြောလိုပါတယ်။

အဲ့ဒီညက သူနဲ့ ကျွန်တော်တို့ ဆုံရချိန်ဟာ တစ်နာရီသာသာပဲရှိပေမယ့် သူ့ကြောင့် ကျွန်တော်တို့မှာ တော်တော်လေးအရှက်ကွဲခဲ့ပါတယ်။

တော်သေးတယ်..ကျွန်တော်ကလည်း..သိပ်ရှက်တတ်တဲ့ကောင်မဟုတ်လို့သာရယ်။

ဒါကြောင့် ဒီစာကို အဲဒီဆရာသမားဖတ်မိရင် ကျွန်တော့်ကို မကျေမနပ်မဖြစ်ပဲ..ခင်ဗျားလုပ်ခဲ့တာနဲ့ ကျွန်တော်ပြန်ရေးတာ ကြေပြီသာမှတ်ပါခင်ဗျား။

အခုတော့ ပြန်တွေးရင်း ရယ်ကြတာပေါ့။

အဖြစ်က ဒီလို။

သံရုံးတစ်ရုံးကနေ မန္တလေးမှာ စာပေပွဲကြီးတစ်ခု လုပ်တော့ ကျွန်တော့်ကို ဖိတ်တယ်။

ကျွန်တော်နဲ့အတူ တခြားစီနီယာစာရေးဆရာတွေ၊ ရွယ်တူစာရေးဆရာတွေလည်းပါတာပေါ့။

panel discussion တွေမလုပ်ခင် ပထမတစ်ရက်လုံးအားနေတယ်။ ညပိုင်းမှ သံရုံးကလုပ်တဲ့ ညစာစားပွဲတက်ဖို့ရှိပဲရှိတယ်။

အဲ့ဒီမှာ မန္တလေးက ကျွန်တော့်ဘော်ဒါတွေ နဲ့ ပဏာမသောက်ပွဲကြီး ဆင်နွှဲဖို့ စီစဉ်တာပေါ့။

မြို့ပေါ်မှာ သောက်ရတာရိုးလာတော့ ဘော်ဒါအင်ဂျင်နီယာဘီးကြဲတွေ..တာဝါတိုင်ထောင်နေတဲ့ ရွာတွေဘက်ကို ထန်းရည်ဆင်းသောက်ဖို့ကြံတယ်။

အင်ဂျင်နီယာအကိုက သူ့ကားနဲ့လာခေါ်၊ ကျွန်တော်တို့က မြို့ခံဘော်ဒါကားတစ်စီးနဲ့ လစ်ကြသည်ပေါ့။

ကျွန်တော်တို့နဲ့အတူ သက်ငယ်မုဒိန်းတွေ လိုက်လုပ်နေ အဲ လိုက်ကူညီပေးနေတဲ့ ကိုစိုးထိုက် လည်းပါလာတယ်။

ရွာက နီးနီးနားနားထင်ထားပေမယ့်...မန္တလေးကနေ သုံးနာရီလောက်မောင်းရသဗျာ။

ဒါပေမယ့်..သွားရတာက တန်ပါတယ်။

ဟိုရောက်တော့...ထန်းရည်က လွှတ်ကောင်း။

ကြက်ကာလသားလေးကလည်းချက်နေတယ်။

"ကြက်ကာလသား ဆိုတာ ဟင်းခပ်ချဉ်ပေါင်ရွက်လေး ထည့်မှ'' လို့ လျှာရှည်လိုက်တာ..ကိုယ့်ဘော်ဒါကြီးက သူ့ကားပေါ်ကနေ နတ်သစ်ရွက်အထုပ်ကြီးယူလာပြီး ဟင်းအိုးထဲ ပစ်ထည့်လိုက်ပါလေရောလား။

တဟီးဟီး တဟားဟားနဲ့ သောက်ကြစားကြ ရင်း..

ဟိုဘက်ရွာကထန်းရည်က ပိုကောင်းတယ်ဗျ ဆိုပြီး နောက်တစ်ရွာကို ထပ်သွားပြီး သောက်ကြပြန်ရော။

နာရီကြည့်တော့..သုံးနာရီခွဲပြီ။

ဟိုမှာ ညစာစားပွဲက ခြောက်နာရီခွဲစမှာ။

ပွဲအမှီ မူးကြောင်မူးကြောင်နဲ့ အမြန်ပြန်မောင်းပို့ဖို့ ပြောရတော့တယ်။

အဝတ်အစားပြန်လဲဖို့ကလည်း အချိန်က ကပ်နေတော့ ပွဲကို တန်းလာရတော့တာ။

ကျွန်တော်ရယ်၊ မဒမ်ဗြိ ရယ်၊ ကိုစိုးထိုက်ရယ် ပွဲထဲဝင်သွားတော့ ပွဲကစနေပြီ။

လူတွေအားလုံးက ဝတ်ကောင်းစားလှတွေနဲ့။

ကျွန်တော်တို့သုံးယောက်သာ ဖုန်အလိမ်းအလိမ်း၊ထန်းရေနံ့ချဉ်စုပ်စုပ်နဲ့။ 

နေ့လည်က အပူကြောင့် ဝတ်လာတဲ့ တီရှပ်တွေကလည်း ညစ်ပတ်လို့။

ပွဲထဲဝင်လာတော့ ကျွန်တော်တို့ထိုင်ရမယ့်ဝိုင်းမှာ ရွယ်တူလူငယ်သုံးယောက်ထိုင်နေတယ်။

ထူးထူးခြားခြား ဥရောပဝတ်စုံအပြည့်နဲ့ ဥပဓိရုပ်ကောင်းကောင်းငတိတစ်ကောင်လည်းပါတယ်။

ကျွန်တော်တို့ဝင်ထိုင်လိုက်တော့..ဒီဘဲက ကိုယ်တွေကို ဘယ်က ချီးပေတွေလည်းဆိုတဲ့ အထာနဲ့ ရှိုးတာ သတိထားမိတယ်။

ကျွန်တော်တို့လည်းဝင်ထိုင်ပြီး ဝိုင်တစ်ယောက်တစ်ခွက်သောက်ရင်း ဟာသတွေပြောနေလိုက်တယ်။

ခဏနေတော့ ဒီဘဲက မနေနိုင်တော့ဘူးထင်ရဲ့။

"ညီလေးတို့ကို ဘယ်သူက ဖိတ်တာလဲ''

ဦးအောင်ခိုင်နဲ့ သင်းသင်း အကယ်ဒမီဖိတ်စာဇာတ်လမ်းလိုပေါ့ဗျာ။

"သံရုံးကနေ တဆင့် ဖိတ်တာပါ''

ဘဲက ခေါင်းငြိမ့်ပြီး ဝိတ်တာလေးဗန်းထဲက ဝိုင်ဖြူ ခွက်ရော၊ဝိုင်နီခွက်ကိုပါ နှစ်ခွက်လုံးယူပြီး သူ့ရှေ့ချလိုက်ပါတယ်။

"ညီလေးတို့က NGO က ယာဉ်မောင်းတွေလား''

ဝိုင်နီကို မော့ပြီးမေးတယ်။

"မဟုတ်ပါဘူး''

"အော်..ဒီပွဲမှာ စာအုပ်လာရောင်းတာထင်တယ်..ဘယ်ဆိုင်ကလဲ''

ဝိုင်ဖြူကို မော့ပြန်တယ်။

"မဟုတ်ဘူးဗျ...ကျွန်တော်က စာရေးတာပါ''

ကိုယ်တွေ မျက်ခွက်တွေကလည်း...အဲ့ဒီလိုကို ပြောယူရတာ။ ဒါတောင် ဘာစာတွေရေးတာလဲ..ဆိုင်းဘုတ်ရေးစားတာလား ထပ်မမေးတာ..ကျေးဇူးတင်ရမယ်။

"အော်..ကိုယ်လည်း အရင်က စာရေးတယ်ကွ။ ကိုယ့်ကလောင်က.... လေ''

တကယ်တော့ သူ့ကို ကျွန်တော်မကြားဖူးပါဘူး။

"ကိုယ်က အင်္ဂလိပ်လိုဆောင်းပါးတွေရေးတာများတယ်''

နောက်ထပ် ဝိုင်နှစ်ခွက်ယူရင်း ပြောပြန်တယ်။

အင်းလေ...အင်္ဂလိပ်လိုဆောင်းပါးရေးတာဆိုတော့..ငါတို့ဘယ်လိုက်မှီမလဲ..ဘယ်ကြားဖူးမလဲပေါ့။

အသက်ကလည်း ကျွန်တော်တို့လောက် သုံးဆယ်တန်းပါပဲ။ 

ဒါပေမယ့် ဥရောပဝတ်စုံကြီးနဲ့ ခန့်ညားနေတဲ့ အင်္ဂလိပ်ဆောင်းပါးရှင်ကြီး ဆိုတော့ တီရှပ်အစုတ်နဲ့ ချဉ်စုတ်စုတ် ကျွန်တော်တို့မှာ သိမ်ငယ်နေမိတယ်။

"အခုနောက်ပိုင်း စာမရေးအားပါဘူး..ကိုယ်က သြဇီမှာ ကျောင်းသွားတက်မယ့်ကိစ္စတွေနဲ့ ရှုပ်နေတာ..တလောကတောင် အဲ့ကိစ္စ သြဇီသွားသေးတာ''

ဝိုင်ဖြူ၊ ဝိုင်နီ နှစ်ခွက်ပူးကြီး ထပ်ဆော်ရင်း ကြွယ်ပြန်တယ်။

ကျွန်တော့်ဘဝမှာ ဝိုင်အဖြူ နဲ့ အနီကို ဘယ်တစ်ခွက်ညာတစ်ခွက် ဂလုဂလုနဲ့သောက်တဲ့ နိုင်ငံခြားပြန်ကြီးကို တအံတသြငေးရတယ်။

ခဏနေတော့ ဘူဖေးရပြီ။

ဆရာကြီးက ထသွားပြီး ကြာဇံကြော်တွေ နဲ့ ပင်လယ်စာတွေ အမောက်ကြီးထည့်ယူလာတယ်။

ဝိတ်တာတွေက ဝိုင်ဗန်းလေးတွေကိုင်ပြီး သူ့ရှေ့က ဖြတ်မိတိုင်း..သူ့လက်က တိုးဂိတ်က မောင်းတံကြီးလို ဖြတ်တားတယ်။ ပြီးရင် ဝိုင် အဖြူရော၊ အနီပါ နှစ်ခွက်ပူး သမ တာဗျာ။

"ညီလေးတို့်က ဘာစာတွေရေးလဲတော့မသိဘူး။ကိုယ်က ဖက်ဒရယ်ရေးရာဆောင်းပါးတွေရေးတာများတယ်။ နယူးယောက်တိုင်းမ် ကို ပို့မလို့သိမ်းထားတာတောင် ခြောက်ပုဒ်လောက်ရှိတယ်''

ဟ..နယူးယောက်တိုင်းမ် ကို ပို့တာတဲ့။ မြင့်ချက်။

ကြာဇံကြော်တွေကို ကုန်းလွေးတယ်။ ပြီးတော့..ဝိုင်နှစ်ခွက်ကို ဆော်ပြီး..ဝိတ်တာတွေကို ရှာပြန်တယ်။

"ဝိုင်ကလည်း သောက်ရတာမဝဘူး။ မူးမှမမူးတာကိုး။ ကိုယ်က တော်လှန်ရေးနယ်မြေမှာတုန်းက ဝီစကီပဲ သောက်တာ။ တို်က်ပွဲတွေတဝုန်းဝုန်းကြား..ရေဘူးထဲ ဝီစကီလေးမော့နေတာပဲ..ဒီအရက်ပျော့တွေက သောက်ရတာမထိဘူး''

ဟာ..သူက တော်လှန်ရေးလည်းလုပ်သေးတာတဲ့။

"အကိုက ဘယ်တော်လှန်ရေးလုပ်တာလဲဗျ''

ကျွန်တော်လည်း မနေနိုင်တော့ဘူး။ ဘယ့်နှယ့် ကိုယ်နဲ့ သက်တူရွယ်တူကိုဗျာ။ သူက ဘယ်အချိန်တောခိုပြီး တော်လှန်ရေးလုပ်လိုက်သလဲပေါ့။

"အကိုက.....အဖွဲ့မှာ...ဗိုလ်ကြီးရာထူးအထိလုပ်ခဲ့တာ''

သူပြောတာ..နာမည်ကျော်ကရင်လက်နက်ကိုင်အဖွဲ့ကြီး။

ပြီးတော့...ဗိုလ်ကြီးတဲ့ဗျ။

"ဒါကြောင့်.ကိုယ်က ဖက်ဒရယ်ရေးရာဆောင်းပါးတွေ ရေးနိုင်တာလေ...စစ်သားဘဝက ငြိမ်းချမ်းရေးအရသာကို အသိနိုင်ဆုံးပဲကွ...ပြီးတော့..''

"ဝုန်း''

စကားပြောနေရင်းကနေ ကိုယ်တော်ချောက ဝုန်းခနဲ ကုလားထိုင်ပေါ်က နောက်ပြန်ကြီးလဲကျသွားပါတယ်။

ကျွန်တော်နဲ့ ကိုစိုးထိုက်လည်း ဘာလဲဟဆိုပြီး အလန့်တကြားထရပ်လိုက်ပါတယ်။

အဲ့ဒီအချိန်မှာ ကြမ်းပြင်ပေါ်မှာ ဆန့်ဆန့်ကြီးလဲနေတဲ့ နိုင်ငံခြားပြန်စာရေးဆရာသူပုန်ဗိုလ်ကြီးရဲ့ ပါးစပ်ကနေ...ကြာဇံကြော်ဖက်တွေနဲ့ ဝိုင်ဖြူ ဝိုင်နီ ရောရာတွေဟာ မီးတောင်ကြီးတစ်ခု ပေါက်ထွက်သလို..အရှိန်ပြင်းစွာနဲ့ ဝေါခနဲ ပန်းထွက်လာပါတော့တယ်။

ဥရောပဝတ်စုံအနက်၊ နက်ကတိုင်အပြာနုရောင်လေးပေါ်မှာ အံဖတ်လေးတွေဟာ ပုံသဏ္ဍန်မျိုးစုံနဲ့ပွင့်နေတဲ့ ပန်းပွင့်လေးတွေလို ပြန့်ကျဲနေပါတော့တယ်။

သံအမတ်တွေရော၊ စာရေးဆရာကြီးငယ်တွေအားလုံးရဲ့ မျက်လုံးတွေဟာ ကျွန်တော်တို့ ဝိုင်းဆီ စုပြုံ လာပါတော့တယ်။

အခုမှ ပေစုတ်စုတ်ဝတ်ထားတဲ့ ကျွန်တော်တို့နှစ်ယောက်ကို အားလုံးသတိထားမိကုန်တာပါ။

မသိရင်..လူကြီးလူကောင်းတစ်ယောက်ကို အရက်ထဲ အဆိပ်ခတ်သတ်လိုက်တဲ့ လမ်းသရဲနှစ်ကောင်ပေါ့။

နောက်ပြီး အလာခရီးမှာကတည်းက အိတ်စပရက်ကားနောက်ဆုံးခုံမှာ အရက်ပုလင်းထောင်ပြီး အရက်စတုဒီသာလုပ်လာတဲ့ ကျွန်တော့်ကို မျက်ထောင့်နီကြီးတွေနဲ့ ရှိုးကြပါလေရော။

"မောင်ဗြိ..အဲ့ဒါ..နင်တို့သူငယ်ချင်းလား...နိုင်ငံခြားသားတွေရှေ့မှာ..ငါတို့စာရေးဆရာတွေကို သိက္ခာချရသလား...ဒီလောက်တောင်သောက်ရလား..''

ဘေးဝိုင်းက စာရေးဆရာအမကြီးက ကောပါပြီ။

"ဟာ အမ...ဒီလူ နဲ့ တဝိုင်းတည်းထိုင်ပေမယ့်.သူ့ကို ကျွန်တော်မသိဘူး..စာရေးဆရာလို့တော့ ပြောတာပဲ''

"ဘာမသိရမှာလဲ..ခုန..မင်းတို့ စကားတွေဒီလောက်ပြောနေတာ...သူ့ကို အခန်းထဲက ထမ်းထုတ်သွားလေ''

စဉ်းစားကြည့်ဗျာ။

အံဖတ်တွေနဲ့ ဒီကိုယ်လုံးကြီးကို ထမ်းရမယ်တဲ့။

တိုက်ပွဲတွေထဲတောင် ဝီစကီသောက်ရင်း တိုက်ပါတယ်ဆိုတဲ့

နိုင်ငံခြားပြန်စာရေးဆရာသူပုန်ဗိုလ်ကြီးကတော့ ဆန်ပြုတ်ပုံထဲ ဆန့်ဆန့်ကြီးနဲ့..ခန့်ခန့်ကြီးရယ်။

ပါးစပ်နားက ပြည်ကြီးငါးဖတ်ကလေးကိုတောင် လျှာနဲ့သပ်ယူလိုက်သေး။

"ဟာ..ကျွန်တော်တို့နဲ့ မသိပါဘူးဆို''

အဲ့ဒီအချိန်မှာ ကယ်တင်ရှင်ပေါ်လာပါတယ်။

"ဟာ..ဒါကျွန်တော့်အခန်းဘေးကပဲ...''

အသားညိုညိုလူတစ်ယောက်က ပြောပါတယ်။

"သူက စာရေးဆရာထဲကလားဗျ''

"မဟုတ်ပါဘူးဗျာ...(......)အဖွဲ့ကနေ ပညာပေးစာအုပ်တွေဝေဖို့ ခေါ်ထားတဲ့သူပါ။ အဲ့ဒီက ပွဲတက်ဖို့ဖိတ်ထားတဲ့ အကိုက..မနက်ဖြန်မှလာနိုင်မှာမို့..ဒီညသူ့ကို..က်ိုယ်စားတက်ခိုင်းတာ''

ဟူး...ဒီတော့မှ ဒေါသထွက်နေသော စာရေးဆရာအုပ်ကြီးလည်း ကျွန်တော်တို့ကို ကြည့်နေတဲ့ မျက်ထောင့်နီကြီးတွေ အရောင်လျော့သွားပါတယ်။

နို့မဟုတ်ရင်.မြန်မာစာရေးဆရာတွေကွာ အလကားရတဲ့ ဝိုင်တွေဖိသောက်ရင်း..အန်ဖတ်စို့မူးလဲတယ်ဆိုပြီး အကုန်သောက်ရှက်ကွဲမှာ။

ဒီကောင်ကြီးကို ဝိတ်တာတွေက ထမ်းထုတ်သွားပြီး..ကျွန်တော်တို့လည်း သောက်ချင်စားချင်စိတ်ပါကုန်သွားတယ်။

အဲ့ဒါနဲ့ ဟိုတယ်ပြန်အိပ်ကြပေါ့။

အောင်မယ်..မနက်ပိုင်း panel discussion ပြီးတော့ စာအုပ်တွေရောင်းတဲ့ဆိုင်တန်းဆီ ပတ်ကြည့်တဲ့အခါ..မနေ့ညက ကိုယ်တော်ချောက..သူမဟုတ်တဲ့အတိုင်းပဲ..ပန်းဖလက်စာရွက်တွေ ဝေနေတယ်။

ကျွန်တော့်ကို တွေ့တော့...တခါမှ မတွေ့ဖူးတဲ့ပုံစံနဲ့..ပန်ဖလက်လေးတောင် လက်ထဲလာထည့်လိုက်သေး။

ကိုယ့်မှာ ညကဖြင့်.သူ့ကို နိုင်ငံခြားပြန်စာရေးဆရာသူပုန်ဗိုလ်ကြီးဆိုပြီး လေးစားလိုက်ရတာကို..သူကဖြင့် အခုကျ...အဖတ်တောင်မလုပ်ဘူး..လူဆိုးကြီး။

ဗြိတိသျှကိုကိုမောင်



Zawgyi 


ကြၽန္ေတာ္ႏွင့္ နိုင္ငံျခားျပန္၊ စာေရးဆရာ၊သူပုန္ဗိုလ္ႀကီး
... ... ... .... ..... ...... ...... ......
သူ႔အေၾကာင္းကို ေရးမယ္ဆိုေပမယ့္ သူဘယ္သူလဲ ကြၽန္ေတာ္အခုထိ မသိပါဘူး။
သူႏွင့္ ကြၽန္ေတာ္ အဲ့ဒီတႀကိမ္ပဲ ဆံုဖူးခဲ့တာပါ။

ဒီစာစု ဟာ သူ႔ကို ပုဂၢိဳလ္ေရးအရ အပုပ္ခ်ျခင္စိတ္မပါဘူးဆိုတာေတာ့ ႀကိဳေျပာလိုပါတယ္။
အဲ့ဒီညက သူနဲ႔ ကြၽန္ေတာ္တို႔ ဆံုရခ်ိန္ဟာ တစ္နာရီသာသာပဲ႐ွိေပမယ့္ သူ႔ေၾကာင့္ ကြၽန္ေတာ္တို႔မွာ ေတာ္ေတာ္ေလးအ႐ွက္ကြဲခဲ့ပါတယ္။

ေတာ္ေသးတယ္..ကြၽန္ေတာ္ကလည္း..သိပ္႐ွက္တတ္တဲ့ေကာင္မဟုတ္လို႔သာရယ္။

ဒါေၾကာင့္ ဒီစာကို အဲဒီဆရာသမားဖတ္မိရင္ ကြ်န္ေတာ္႔ကို မေက်မနပ္မျဖစ္ပဲ..ခင္ဗ်ားလုပ္ခဲ့တာနဲ႔ ကြၽန္ေတာ္ျပန္ေရးတာ ေၾကၿပီသာမွတ္ပါခင္ဗ်ား။

အခုေတာ့ ျပန္ေတြးရင္း ရယ္ၾကတာေပါ့။

အျဖစ္က ဒီလို။

သံရံုးတစ္ရံုးကေန မႏၱေလးမွာ စာေပပြဲႀကီးတစ္ခု လုပ္ေတာ့ ကြၽန္ေတာ့္ကို ဖိတ္တယ္။
ကြၽန္ေတာ္နဲ႔အတူ တျခားစီနီယာစာေရးဆရာေတြ၊ ရြယ္တူစာေရးဆရာေတြလည္းပါတာေပါ့။

panel discussion ေတြမလုပ္ခင္ ပထမတစ္ရက္လံုးအားေနတယ္။ ညပိုင္းမွ သံရံုးကလုပ္တဲ့ ညစာစားပြဲတက္ဖို႔႐ွိပဲ႐ွိတယ္။

အဲ့ဒီမွာ မႏၱေလးက ကြၽန္ေတာ့္ေဘာ္ဒါေတြ နဲ႔ ပဏာမေသာက္ပြဲႀကီး ဆင္ႏႊဲဖို႔ စီစဥ္တာေပါ့။
ၿမိဳ႕ေပၚမွာ ေသာက္ရတာ႐ိုးလာေတာ့ ေဘာ္ဒါအင္ဂ်င္နီယာဘီးၾကဲေတြ..တာဝါတိုင္ေထာင္ေနတဲ့ ရြာေတြဘက္ကို ထန္းရည္ဆင္းေသာက္ဖို႔ၾကံတယ္။

အင္ဂ်င္နီယာအကိုက သူ႔ကားနဲ႔လာေခၚ၊ ကြၽန္ေတာ္တို႔က ၿမိဳ႕ခံေဘာ္ဒါကားတစ္စီးနဲ႔ လစ္ၾကသည္ေပါ့။

ကြၽန္ေတာ္တို႔နဲ႔အတူ သက္ငယ္မုဒိန္းေတြ လိုက္လုပ္ေန အဲ လိုက္ကူညီေပးေနတဲ့ ကိုစိုးထိုက္ လည္းပါလာတယ္။

ရြာက နီးနီးနားနားထင္ထားေပမယ့္...မႏၱေလးကေန သံုးနာရီေလာက္ေမာင္းရသဗ်ာ။

ဒါေပမယ့္..သြားရတာက တန္ပါတယ္။

ဟိုေရာက္ေတာ့...ထန္းရည္က လႊတ္ေကာင္း။
ၾကက္ကာလသားေလးကလည္းခ်က္ေနတယ္။

"ၾကက္ကာလသား ဆိုတာ ဟင္းခပ္ခ်ဥ္ေပါင္ရြက္ေလး ထည့္မွ'' လို႔ လ်ွာ႐ွည္လိုက္တာ..ကိုယ့္ေဘာ္ဒါႀကီးက သူ႔ကားေပၚကေန နတ္သစ္ရြက္အထုပ္ႀကီးယူလာၿပီး ဟင္းအိုးထဲ ပစ္ထည့္လိုက္ပါေလေရာလား။

တဟီးဟီး တဟားဟားနဲ႔ ေသာက္ၾကစားၾက ရင္း..
ဟိုဘက္ရြာကထန္းရည္က ပိုေကာင္းတယ္ဗ် ဆိုၿပီး ေနာက္တစ္ရြာကို ထပ္သြားၿပီး ေသာက္ၾကျပန္ေရာ။

နာရီၾကည့္ေတာ့..သံုးနာရီခြဲၿပီ။

ဟုိမွာ ညစာစားပြဲက ေျခာက္နာရီခြဲစမွာ။

ပြဲအမွီ မူးေၾကာင္မူးေၾကာင္နဲ႔ အျမန္ျပန္ေမာင္းပို႔ဖို႔ ေျပာရေတာ့တယ္။
အဝတ္အစားျပန္လဲဖို႔ကလည္း အခ်ိန္က ကပ္ေနေတာ့ ပြဲကို တန္းလာရေတာ့တာ။

ကြၽန္ေတာ္ရယ္၊ မဒမ္ၿဗိ ရယ္၊ ကိုစိုးထိုက္ရယ္ ပြဲထဲဝင္သြားေတာ့ ပြဲကစေနၿပီ။

လူေတြအားလံုးက ဝတ္ေကာင္းစားလွေတြနဲ႔။

ကြၽန္ေတာ္တို႔သံုးေယာက္သာ ဖုန္အလိမ္းအလိမ္း၊ထန္းေရနံ႔ခ်ဥ္စုပ္စုပ္နဲ႔။
ေန႔လည္က အပူေၾကာင့္ ဝတ္လာတဲ့ တီ႐ွပ္ေတြကလည္း ညစ္ပတ္လို႔။

ပြဲထဲဝင္လာေတာ့ ကြၽန္ေတာ္တို႔ထိုင္ရမယ့္ဝိုင္းမွာ ရြယ္တူလူငယ္သံုးေယာက္ထိုင္ေနတယ္။

ထူးထူးျခားျခား ဥေရာပဝတ္စံုအျပည့္နဲ႔ ဥပဓိ႐ုပ္ေကာင္းေကာင္းငတိတစ္ေကာင္လည္းပါတယ္။

ကြၽန္ေတာ္တို႔ဝင္ထိုင္လိုက္ေတာ့..ဒီဘဲက ကိုယ္ေတြကို ဘယ္က ခ်ီးေပေတြလည္းဆိုတဲ့ အထာနဲ႔ ႐ိႈးတာ သတိထားမိတယ္။

ကြၽန္ေတာ္တို႔လည္းဝင္ထိုင္ၿပီး ဝိုင္တစ္ေယာက္တစ္ခြက္ေသာက္ရင္း ဟာသေတြေျပာေနလိုက္တယ္။

ခဏေနေတာ့ ဒီဘဲက မေနႏိုင္ေတာ့ဘူးထင္ရဲ႕။

"ညီေလးတို႔ကို ဘယ္သူက ဖိတ္တာလဲ''

ဦးေအာင္ခိုင္နဲ႔ သင္းသင္း အကယ္ဒမီဖိတ္စာဇာတ္လမ္းလိုေပါ့ဗ်ာ။

"သံရံုးကေန တဆင့္ ဖိတ္တာပါ''

ဘဲက ေခါင္းၿငိမ့္ၿပီး ဝိတ္တာေလးဗန္းထဲက ဝိုင္ျဖဴ ခြက္ေရာ၊ဝိုင္နီခြက္ကိုပါ ႏွစ္ခြက္လံုးယူၿပီး သူ႔ေ႐ွ႕ခ်လိုက္ပါတယ္။

"ညီေလးတို႔က NGO က ယာဥ္ေမာင္းေတြလား''

ဝိုင္နီကို ေမာ့ၿပီးေမးတယ္။

"မဟုတ္ပါဘူး''

"ေအာ္..ဒီပြဲမွာ စာအုပ္လာေရာင္းတာထင္တယ္..ဘယ္ဆိုင္ကလဲ''

ဝိုင္ျဖဴကို ေမာ့ျပန္တယ္။

"မဟုတ္ဘူးဗ်...ကြၽန္ေတာ္က စာေရးတာပါ''

ကိုယ္ေတြ မ်က္ခြက္ေတြကလည္း...အဲ့ဒီလိုကို ေျပာယူရတာ။ ဒါေတာင္ ဘာစာေတြေရးတာလဲ..ဆိုင္းဘုတ္ေရးစားတာလား ထပ္မေမးတာ..ေက်းဇူးတင္ရမယ္။

"ေအာ္..ကိုယ္လည္း အရင္က စာေရးတယ္ကြ။ ကိုယ့္ကေလာင္က.... ေလ''

တကယ္ေတာ့ သူ႔ကို ကြၽန္ေတာ္မၾကားဖူးပါဘူး။

"ကိုယ္က အဂၤလိပ္လိုေဆာင္းပါးေတြေရးတာမ်ားတယ္''

ေနာက္ထပ္ ဝိုင္ႏွစ္ခြက္ယူရင္း ေျပာျပန္တယ္။

အင္းေလ...အဂၤလိပ္လိုေဆာင္းပါးေရးတာဆိုေတာ့..ငါတို႔ဘယ္လိုက္မွီမလဲ..ဘယ္ၾကားဖူးမလဲေပါ့။

အသက္ကလည္း ကြၽန္ေတာ္တို႔ေလာက္ သံုးဆယ္တန္းပါပဲ။

ဒါေပမယ့္ ဥေရာပဝတ္စံုႀကီးနဲ႔ ခန္႔ညားေနတဲ့ အဂၤလိပ္ေဆာင္းပါး႐ွင္ႀကီး ဆိုေတာ့ တီ႐ွပ္အစုတ္နဲ႔ ခ်ဥ္စုတ္စုတ္ ကြၽန္ေတာ္တို႔မွာ သိမ္ငယ္ေနမိတယ္။

"အခုေနာက္ပိုင္း စာမေရးအားပါဘူး..ကိုယ္က ၾသဇီမွာ ေက်ာင္းသြားတက္မယ့္ကိစၥေတြနဲ႔ ႐ႈပ္ေနတာ..တေလာကေတာင္ အဲ့ကိစၥ ၾသဇီသြားေသးတာ''

ဝိုင္ျဖဴ၊ ဝိုင္နီ ႏွစ္ခြက္ပူးႀကီး ထပ္ေဆာ္ရင္း ႂကြယ္ျပန္တယ္။

ကြၽန္ေတာ့္ဘဝမွာ ဝိုင္အျဖဴ နဲ႔ အနီကို ဘယ္တစ္ခြက္ညာတစ္ခြက္ ဂလုဂလုနဲ႔ေသာက္တဲ့ ႏိုင္ငံျခားျပန္ႀကီးကို တအံတၾသေငးရတယ္။

ခဏေနေတာ့ ဘူေဖးရၿပီ။

ဆရာႀကီးက ထသြားၿပီး ၾကာဇံေၾကာ္ေတြ နဲ႔ ပင္လယ္စာေတြ အေမာက္ႀကီးထည့္ယူလာတယ္။

ဝိတ္တာေတြက ဝိုင္ဗန္းေလးေတြကိုင္ၿပီး သူ႔ေ႐ွ႕က ျဖတ္မိတိုင္း..သူ႔လက္က တိုးဂိတ္က ေမာင္းတံႀကီးလို ျဖတ္တားတယ္။ ၿပီးရင္ ဝိုင္ အျဖဴေရာ၊ အနီပါ ႏွစ္ခြက္ပူး သမ တာဗ်ာ။

"ညီေလးတို္႔က ဘာစာေတြေရးလဲေတာ့မသိဘူး။ကိုယ္က ဖက္ဒရယ္ေရးရာေဆာင္းပါးေတြေရးတာမ်ားတယ္။ နယူးေယာက္တိုင္းမ္ ကို ပို႔မလို႔သိမ္းထားတာေတာင္ ေျခာက္ပုဒ္ေလာက္႐ွိတယ္''

..နယူးေယာက္တိုင္းမ္ ကို ပို႔တာတဲ့။ ျမင့္ခ်က္။

ၾကာဇံေၾကာ္ေတြကို ကုန္းေလြးတယ္။ ၿပီးေတာ့..ဝိုင္ႏွစ္ခြက္ကို ေဆာ္ၿပီး..ဝိတ္တာေတြကို ႐ွာျပန္တယ္။

"ဝိုင္ကလည္း ေသာက္ရတာမဝဘူး။ မူးမွမမူးတာကိုး။ ကိုယ္က ေတာ္လွန္ေရးနယ္ေျမမွာတုန္းက ဝီစကီပဲ ေသာက္တာ။ တို္က္ပြဲေတြတဝုန္းဝုန္းၾကား..ေရဘူးထဲ ဝီစကီေလးေမာ့ေနတာပဲ..ဒီအရက္ေပ်ာ့ေတြက ေသာက္ရတာမထိဘူး''

ဟာ..သူက ေတာ္လွန္ေရးလည္းလုပ္ေသးတာတဲ့။

"အကိုက ဘယ္ေတာ္လွန္ေရးလုပ္တာလဲဗ်''

ကြၽန္ေတာ္လည္း မေနႏိုင္ေတာ့ဘူး။ ဘယ့္ႏွယ့္ ကိုယ္နဲ႔ သက္တူရြယ္တူကိုဗ်ာ။ သူက ဘယ္အခ်ိန္ေတာခိုၿပီး ေတာ္လွန္ေရးလုပ္လိုက္သလဲေပါ့။

"အကိုက.....အဖြဲ႔မွာ...ဗိုလ္ႀကီးရာထူးအထိလုပ္ခဲ့တာ''

သူေျပာတာ..နာမည္ေက်ာ္ကရင္လက္နက္ကိုင္အဖြဲ႔ႀကီး။

ၿပီးေတာ့...ဗိုလ္ႀကီးတဲ့ဗ်။

"ဒါေၾကာင့္.ကိုယ္က ဖက္ဒရယ္ေရးရာေဆာင္းပါးေတြ ေရးႏိုင္တာေလ...စစ္သားဘဝက ၿငိမ္းခ်မ္းေရးအရသာကို အသိႏိုင္ဆံုးပဲကြ...ၿပီးေတာ့..''

"ဝုန္း''

စကားေျပာေနရင္းကေန ကိုယ္ေတာ္ေခ်ာက ဝုန္းခနဲ ကုလားထိုင္ေပၚက ေနာက္ျပန္ႀကီးလဲက်သြားပါတယ္။

ကြၽန္ေတာ္နဲ႔ ကိုစိုးထိုက္လည္း ဘာလဲဟဆိုၿပီး အလန္႔တၾကားထရပ္လိုက္ပါတယ္။

အဲ့ဒီအခ်ိန္မွာ ၾကမ္းျပင္ေပၚမွာ ဆန္႔ဆန္႔ႀကီးလဲေနတဲ့ ႏိုင္ငံျခားျပန္စာေရးဆရာသူပုန္ဗိုလ္ႀကီးရဲ႕ ပါးစပ္ကေန...ၾကာဇံေၾကာ္ဖက္ေတြနဲ႔ ဝိုင္ျဖဴ ဝိုင္နီ ေရာရာေတြဟာ မီးေတာင္ႀကီးတစ္ခု ေပါက္ထြက္သလို..အ႐ွိန္ျပင္းစြာနဲ႔ ေဝါခနဲ ပန္းထြက္လာပါေတာ့တယ္။

ဥေရာပဝတ္စံုအနက္၊ နက္ကတိုင္အျပာႏုေရာင္ေလးေပၚမွာ အံဖတ္ေလးေတြဟာ ပံုသ႑န္မ်ိဳးစံုနဲ႔ပြင့္ေနတဲ့ ပန္းပြင့္ေလးေတြလို ျပန္႔က်ဲေနပါေတာ့တယ္။

သံအမတ္ေတြေရာ၊ စာေရးဆရာႀကီးငယ္ေတြအားလံုးရဲ႕ မ်က္လံုးေတြဟာ ကြၽန္ေတာ္တို႔ ဝိုင္းဆီ စုျပံဳ လာပါေတာ့တယ္။

အခုမွ ေပစုတ္စုတ္ဝတ္ထားတဲ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို အားလံုးသတိထားမိကုန္တာပါ။

မသိရင္..လူႀကီးလူေကာင္းတစ္ေယာက္ကို အရက္ထဲ အဆိပ္ခတ္သတ္လိုက္တဲ့ လမ္းသရဲႏွစ္ေကာင္ေပါ့။

ေနာက္ၿပီး အလာခရီးမွာကတည္းက အိတ္စပရက္ကားေနာက္ဆံုးခံုမွာ အရက္ပုလင္းေထာင္ၿပီး အရက္စတုဒီသာလုပ္လာတဲ့ ကြၽန္ေတာ့္ကို မ်က္ေထာင့္နီႀကီးေတြနဲ႔ ႐ိႈးၾကပါေလေရာ။

"ေမာင္ၿဗိ..အဲ့ဒါ..နင္တို႔သူငယ္ခ်င္းလား...ႏိုင္ငံျခားသားေတြေ႐ွ႕မွာ..ငါတို႔စာေရးဆရာေတြကို သိကၡာခ်ရသလား...ဒီေလာက္ေတာင္ေသာက္ရလား..''

ေဘးဝိုင္းက စာေရးဆရာအမႀကီးက ေကာပါၿပီ။

"ဟာ အမ...ဒီလူ နဲ႔ တဝိုင္းတည္းထိုင္ေပမယ့္.သူ႔ကို ကြၽန္ေတာ္မသိဘူး..စာေရးဆရာလို႔ေတာ့ ေျပာတာပဲ''

"ဘာမသိရမွာလဲ..ခုန..မင္းတို႔ စကားေတြဒီေလာက္ေျပာေနတာ...သူ႔ကို အခန္းထဲက ထမ္းထုတ္သြားေလ''

စဥ္းစားၾကည့္ဗ်ာ။
အံဖတ္ေတြနဲ႔ ဒီကိုယ္လံုးႀကီးကို ထမ္းရမယ္တဲ့။

တိုက္ပြဲေတြထဲေတာင္ ဝီစကီေသာက္ရင္း တိုက္ပါတယ္ဆိုတဲ့
ႏိုင္ငံျခားျပန္စာေရးဆရာသူပုန္ဗိုလ္ႀကီးကေတာ့ ဆန္ျပဳတ္ပံုထဲ ဆန္႔ဆန္႔ႀကီးနဲ႔..ခန္႔ခန္႔ႀကီးရယ္။

ပါးစပ္နားက ျပည္ႀကီးငါးဖတ္ကေလးကိုေတာင္ လ်ွာနဲ႔သပ္ယူလိုက္ေသး။

"ဟာ..ကြၽန္ေတာ္တို႔နဲ႔ မသိပါဘူးဆို''

အဲ့ဒီအခ်ိန္မွာ ကယ္တင္႐ွင္ေပၚလာပါတယ္။

"ဟာ..ဒါကြၽန္ေတာ့္အခန္းေဘးကပဲ...''

အသားညိဳညိဳလူတစ္ေယာက္က ေျပာပါတယ္။

"သူက စာေရးဆရာထဲကလားဗ်''

"မဟုတ္ပါဘူးဗ်ာ...(......)အဖြဲ႔ကေန ပညာေပးစာအုပ္ေတြေဝဖို႔ ေခၚထားတဲ့သူပါ။ အဲ့ဒီက ပြဲတက္ဖို႔ဖိတ္ထားတဲ့ အကိုက..မနက္ျဖန္မွလာႏိုင္မွာမို႔..ဒီညသူ႔ကို..က္ိုယ္စားတက္ခိုင္းတာ''

ဟူး...ဒီေတာ့မွ ေဒါသထြက္ေနေသာ စာေရးဆရာအုပ္ႀကီးလည္း ကြၽန္ေတာ္တို႔ကို ၾကည့္ေနတဲ့ မ်က္ေထာင့္နီႀကီးေတြ အေရာင္ေလ်ာ့သြားပါတယ္။

ႏို႔မဟုတ္ရင္.ျမန္မာစာေရးဆရာေတြကြာ အလကားရတဲ့ ဝိုင္ေတြဖိေသာက္ရင္း..အန္ဖတ္စို႔မူးလဲတယ္ဆိုၿပီး အကုန္ေသာက္႐ွက္ကြဲမွာ။

ဒီေကာင္ႀကီးကို ဝိတ္တာေတြက ထမ္းထုတ္သြားၿပီး..ကြၽန္ေတာ္တို႔လည္း ေသာက္ခ်င္စားခ်င္စိတ္ပါကုန္သြားတယ္။

အဲ့ဒါနဲ႔ ဟိုတယ္ျပန္အိပ္ၾကေပါ့။

ေအာင္မယ္..မနက္ပိုင္း panel discussion ၿပီးေတာ့ စာအုပ္ေတြေရာင္းတဲ့ဆိုင္တန္းဆီ ပတ္ၾကည့္တဲ့အခါ..မေန႔ညက ကိုယ္ေတာ္ေခ်ာက..သူမဟုတ္တဲ့အတိုင္းပဲ..ပန္းဖလက္စာရြက္ေတြ ေဝေနတယ္။

ကြၽန္ေတာ့္ကို ေတြ႔ေတာ့...တခါမွ မေတြ႔ဖူးတဲ့ပံုစံနဲ႔..ပန္ဖလက္ေလးေတာင္ လက္ထဲလာထည့္လိုက္ေသး။

ကိုယ့္မွာ ညကျဖင့္.သူ႔ကို ႏိုင္ငံျခားျပန္စာေရးဆရာသူပုန္ဗိုလ္ႀကီးဆိုၿပီး ေလးစားလိုက္ရတာကို..သူကျဖင့္ အခုက်...အဖတ္ေတာင္မလုပ္ဘူး..လူဆိုးႀကီး။

ၿဗိတိသ်ွကိုကိုေမာင္

 

Comments

  1. အဲလူဆိုးကြီး သိရင် မန့်ရှင်းခေါ်ပေးကြပါလား😂😂

    ReplyDelete
  2. ကြာဇံကြော်နဲ့ ဝိုင်နီဝိုင်ဖြူရောသမကနေထွက်လာတဲ့ အန်ဖတ်တွေ ပြည်ကြီးငါးပါ ပါလိုက်သေး မျက်လုံးထဲကွင်းကွင်းကွက်ကွက်မြင်နေရပြီး😆

    ReplyDelete
  3. ကိုဗြိလဲတကယ် ကြုံရဆုံရဤလောကပါပဲ 🤣

    ReplyDelete

Post a Comment