ကျွန်တော် နှင့် ပရဟိတ
Unicode
ကျွန်တော် နှင့် ပရဟိတ
... ... ... .. ... ... ... ...
အဲ့ဒီနေ့က ကျွန်တော် ပရဟိတလေး တစ်ခု လုပ်လိုက်တယ်။
ဒီလိုဗျာ။
အဲ့ဒီနေ့က မိဘတွေရှိတဲ့ ပဲခူးပြန်ဖို့ စော်ဘွားကြီးကုန်း အဝေးပြေးပေါ် ထိုင်နေတုန်းပေါ့။
အသက် ဆယ့်ခြောက်နှစ်လောက်ရှိတဲ့ ကလေးမလေး တစ်ယောက် တက်လာတယ်။
အသားညိုညို ၊ သနပ်ခါးအဖွေးသား၊ ရှပ်အင်္ကျ ီပွပွလေးနဲ့။
ကောင်မလေးက ကားပေါ်က လူတွေ ကို စာရွက်တွေ လိုက်ဝေတယ်။
ကျွန်တော့်လက်ထဲလည်း စာရွက်ရောက်လာတော့ ဖတ်ကြည့်မိလိုက်တယ်။
"ဗုဒ္ဓံ ဓမ္မံ သံဃံ''
......
ကိုကို၊ မမ၊ ဦးဦး ၊ ဒေါ်ဒေါ်တို့ရှင့်
သမီး နာမည် ဝေဝေ ပါ။
မှော်ဘီမြို့နယ်.... ကျေးရွာမှာ နေပါတယ်။ သမီးဟာ တောင်းရမ်းစားသောက်နေတဲ့ အချောင်သမား မဟုတ်ပါဘူး။
သမီးရဲ့ အဖေက ကုန်ထမ်းရင်း ခါးရိုးကျိူ းပြီး ဒုက္ခိတဖြစ်သွားပါတယ်။
အမေကတော့ အနာကြီးရောဂါကူးစက်ခံရပြီး အလုပ်မလုပ်နိုင်တော့ပါ။
ကျွန်မ မှာ မောင်လေး နှစ်ယောက်၊ ညီမလေး နှစ်ယောက် ရှိပါတယ်။
(ဒီနေရာမှာတော့ ခါးကျိုး နဲ့ အနာကြီး က အလုပ်ဖြစ်သား လို့ ကျွန်တော်တွေးမိပါသေးတယ်..ဒါပေမယ့် သူ့ဘဝလေးကို ဖတ်ရင်း စိတ်မကောင်းဖြစ်ရပါတယ်)
ညီမ ရဲ့ မောင်လေး နဲ့ ညီမလေးတွေ တွေ စားဝတ်နေရေးအတွက် အခုလို မရှက်မကြောက် ငွေကြေးတောင်းရမ်းရခြင်း ဖြစ်ပါတယ်ရှင့်''
ကြည့်စမ်း။
ဘယ်လောက်ဆိုးတဲ့ဘဝ လဲ။
ကျွန်တော့် ရင်ထဲ ဆို ့သွားတယ်။
သူ က စာရွက်နဲ့ အတူ ပိုက်ဆံတွေ လိုက်သိမ်းရင်း..ကျွန်တော့်ဆီ ရောက်လာတယ်။
အားငယ်နေတဲ့ သူ့ မျက်နှာလေး ကြည့်၊ သူ့ဘဝလေးနဲ့ ယှဉ်ပြီး ကျွန်တော့် ရင်ထဲက မကောင်းလိုက်တာ။
ဒါနဲ့...ကလေးမ လေးကို စာရွက်ကလေး ပြန်ပေးရင်း ကျွန်တော် ဆို့ဆို့နင့်နင့် စကားတစ်ခွန်း ပြောလိုက်တယ်။
"ညီမလေးရယ်..အကို..တကယ်စိတ်မကောင်းပါဘူး...အကိုက စာမတတ်ဘူးကွဲ့..အားနာလိုက်တာ''
အဲ့ဒီ အချိန်မှာ ကလေးမ လေးဟာ ပထမ အံသြသွားတဲ့ မျက်လုံးတွေ နဲ့ ကျွန်တော့်ကို ကြည့်တယ်။
နောက်တော့..သူ့ မျက်လုံးတွေ က အရောင်ပြောင်းသွားတယ်။
ကျွန်တော့်ကို အထင်သေးတဲ့ မျက်လုံးတွေ။
အထင်သေးတဲ့ မျက်လုံးတွေကနေ..ကောင်မလေးရဲ့ မျက်လုံးဟာ ခွန်အားတွေ အပြည့် နဲ့ အားတက်သွားပုံပဲ။
သူ..ရဲ့ အားငယ်နေတဲ့ ဟန်ပန်တွေ လုံးဝ ပျောက်သွားတယ်။
ပြီးတော့ ကားပေါ်ကနေ တက်တက်ကြွကြွ ရင်ကော့ပြီး ဆင်းသွားလေရဲ့။
သေချာပါတယ်..သူ့စိတ်ထဲ ဒီလို တွေးမိမှာပဲ။
"ငါက တောင်းစားပေမယ့်..စာတတ်တယ်...ကွန်ပြူတာ ဆိုင်မှာ စာစီပြီး ဇာတ်လမ်းလေးတောင် ရေးတတ်သေး။ ဒီငနဲ ကြီးကို ကြည့်စမ်း..မျက်မှန်ကြီး ပုလင်းဖင်လောက် တပ်ပြီး စာမတတ်ရှာဘူး...သနားပါတယ်ဟယ်.တကယ်တော့..ငါ..ဟာ..စာတတ်တဲ့ သူတောင်းစား...သူ့မှာတော့ ငါပေးတဲ့ စာရွက်လေးထဲ က စာကိုတောင် မဖတ်တတ်ရှာဘူး...ဒီတော့..ငါ.ဘာမှ အားငယ်စရာမလိုဘူး..ငါ့ဘဝဟာ တနေ့မှာ ဒီဘဲကြီး ထက်တော့ သာသွားမှာ..အမှန်ပဲ''
ကဲ...ဘယ်လောက် ကြည်နူးဖို့ကောင်းသလဲဗျာ။
ကျွန်တော့်ကြောင့် တောင်းရမ်းစားရတဲ့ သူငယ်မလေး တစ်ယောက် စိတ်ဓာတ်ခွန်အားတွေ အများကြီး ရသွားတာ။
ကဲ..ကျွန်တော့်ရဲ့ ပရဟိတလေးကို ဝိုင်း ..သာဓု ခေါ်ပေးကြပါဦးနော်..။
(ဒီနေရာမှာ ထပ်ဖြည့် ချင်တာက လွန်ခဲ့တဲ့ နှစ်လက သူ လိုက်ဝေတဲ့ စာရွက်ထဲမှာ သူ့နာမည် ဥမ္မာ တဲ့။ ဒလက တဲ့။ အဖေ မျက်မမြင် ကြီး နဲ့ မိတဆိုးလေးတဲ့။ အင်း..တယ်လည်း..မိသားစုများတဲ့ ကောင်မလေး)
ဗြိတိသျှကိုကိုမောင်
Zawgyi
ကြၽန္ေတာ္
ႏွင့္ ပရဟိတ
... ... ... .. ... ... ... ...
အဲ့ဒီေန႕က ကြၽန္ေတာ္ ပရဟိတေလး တစ္ခု လုပ္လိုက္တယ္။
ဒီလိုဗ်ာ။
အဲ့ဒီေန႕က
မိဘေတြရွိတဲ့ ပဲခူးျပန္ဖို႔ ေစာ္ဘြားႀကီးကုန္း အေဝးေျပးေပၚ ထိုင္ေနတုန္းေပါ့။
အသက္
ဆယ့္ေျခာက္ႏွစ္ေလာက္႐ွိတဲ့
ကေလးမေလး တစ္ေယာက္ တက္လာတယ္။
အသားညိဳညိဳ
၊ သနပ္ခါးအေဖြးသား၊ ႐ွပ္အကၤ် ီပြပြေလးနဲ႔။
ေကာင္မေလးက
ကားေပၚက လူေတြ ကို စာရြက္ေတြ လိုက္ေဝတယ္။
ကြၽန္ေတာ့္လက္ထဲလည္း
စာရြက္ေရာက္လာေတာ့ ဖတ္ၾကည့္မိလိုက္တယ္။
"ဗုဒၶံ
ဓမၼံ သံဃံ''
......
ကိုကို၊ မမ၊ ဦးဦး ၊ ေဒၚေဒၚတို႔႐ွင့္
သမီး နာမည္ ေဝေဝ ပါ။
ေမွာ္ဘီၿမိဳ႕နယ္....
ေက်းရြာမွာ ေနပါတယ္။ သမီးဟာ ေတာင္းရမ္းစားေသာက္ေနတဲ့ အေခ်ာင္သမား မဟုတ္ပါဘူး။
သမီးရဲ႕
အေဖက ကုန္ထမ္းရင္း ခါး႐ိုးက်ိဴ းၿပီး ဒုကၡိတျဖစ္သြားပါတယ္။
အေမကေတာ့
အနာႀကီးေရာဂါကူးစက္ခံရၿပီး
အလုပ္မလုပ္ႏိုင္ေတာ့ပါ။
ကြၽန္မ
မွာ ေမာင္ေလး ႏွစ္ေယာက္၊ ညီမေလး ႏွစ္ေယာက္ ႐ွိပါတယ္။
(ဒီေနရာမွာေတာ့
ခါးက်ိဳး နဲ႔ အနာႀကီး က အလုပ္ျဖစ္သား လို႔
ကြၽန္ေတာ္ေတြးမိပါေသးတယ္..ဒါေပမယ့္ သူ႔ဘဝေလးကို ဖတ္ရင္း စိတ္မေကာင္းျဖစ္ရပါတယ္)
ညီမ
ရဲ႕ ေမာင္ေလး နဲ႔ ညီမေလးေတြ ေတြ စားဝတ္ေနေရးအတြက္ အခုလို မ႐ွက္မေၾကာက္ ေငြေၾကးေတာင္းရမ္းရျခင္း ျဖစ္ပါတယ္႐ွင့္''
ၾကည့္စမ္း။
ဘယ္ေလာက္ဆိုးတဲ့ဘဝ လဲ။
ကြၽန္ေတာ့္
ရင္ထဲ ဆို ့သြားတယ္။
သူ
က စာရြက္နဲ႔ အတူ ပိုက္ဆံေတြ လိုက္သိမ္းရင္း..ကြၽန္ေတာ့္ဆီ ေရာက္လာတယ္။
အားငယ္ေနတဲ့
သူ႔ မ်က္ႏွာေလး ၾကည့္၊ သူ႔ဘဝေလးနဲ႔ ယွဥ္ၿပီး ကြၽန္ေတာ့္ ရင္ထဲက မေကာင္းလိုက္တာ။
ဒါနဲ႔...ကေလးမ ေလးကို စာရြက္ကေလး ျပန္ေပးရင္း ကြၽန္ေတာ္ ဆို႔ဆို႔နင့္နင့္ စကားတစ္ခြန္း ေျပာလိုက္တယ္။
"ညီမေလးရယ္..အကို..တကယ္စိတ္မေကာင္းပါဘူး...အကိုက စာမတတ္ဘူးကြဲ႔..အားနာလိုက္တာ''
အဲ့ဒီ
အခ်ိန္မွာ ကေလးမ ေလးဟာ ပထမ အံၾသသြားတဲ့ မ်က္လံုးေတြ နဲ႔ ကြၽန္ေတာ့္ကို ၾကည့္တယ္။
ေနာက္ေတာ့..သူ႔ မ်က္လံုးေတြ က အေရာင္ေျပာင္းသြားတယ္။
ကြၽန္ေတာ့္ကို
အထင္ေသးတဲ့ မ်က္လံုးေတြ။
အထင္ေသးတဲ့
မ်က္လံုးေတြကေန..ေကာင္မေလးရဲ႕ မ်က္လံုးဟာ ခြန္အားေတြ အျပည့္ နဲ႔ အားတက္သြားပံုပဲ။
သူ..ရဲ႕ အားငယ္ေနတဲ့ ဟန္ပန္ေတြ လံုးဝ ေပ်ာက္သြားတယ္။
ၿပီးေတာ့
ကားေပၚကေန တက္တက္ႂကြႂကြ ရင္ေကာ့ၿပီး ဆင္းသြားေလရဲ႕။
ေသခ်ာပါတယ္..သူ႔စိတ္ထဲ ဒီလို ေတြးမိမွာပဲ။
"ငါက ေတာင္းစားေပမယ့္..စာတတ္တယ္...ကြန္ျပဴတာ ဆိုင္မွာ စာစီၿပီး ဇာတ္လမ္းေလးေတာင္ ေရးတတ္ေသး။ ဒီငနဲ ႀကီးကို ၾကည့္စမ္း..မ်က္မွန္ႀကီး ပုလင္းဖင္ေလာက္ တပ္ၿပီး စာမတတ္႐ွာဘူး...သနားပါတယ္ဟယ္.တကယ္ေတာ့..ငါ..ဟာ..စာတတ္တဲ့ သူေတာင္းစား...သူ႔မွာေတာ့ ငါေပးတဲ့ စာရြက္ေလးထဲ က စာကိုေတာင္ မဖတ္တတ္႐ွာဘူး...ဒီေတာ့..ငါ.ဘာမွ အားငယ္စရာမလိုဘူး..ငါ့ဘဝဟာ တေန႔မွာ ဒီဘဲႀကီး ထက္ေတာ့ သာသြားမွာ..အမွန္ပဲ''
ကဲ...ဘယ္ေလာက္ ၾကည္ႏူးဖို႔ေကာင္းသလဲဗ်ာ။
ကြၽန္ေတာ့္ေၾကာင့္
ေတာင္းရမ္းစားရတဲ့ သူငယ္မေလး တစ္ေယာက္ စိတ္ဓာတ္ခြန္အားေတြ အမ်ားႀကီး ရသြားတာ။
ကဲ..ကြၽန္ေတာ့္ရဲ႕ ပရဟိတေလးကို ဝိုင္း ..သာဓု ေခၚေပးၾကပါဦးေနာ္..။
(ဒီေနရာမွာ
ထပ္ျဖည့္ ခ်င္တာက လြန္ခဲ့တဲ့ ႏွစ္လက သူ လိုက္ေဝတဲ့ စာရြက္ထဲမွာ
သူ႔နာမည္ ဥမၼာ တဲ့။ ဒလက တဲ့။ အေဖ မ်က္မျမင္ ႀကီး နဲ႔ မိတဆိုးေလးတဲ့။ အင္း..တယ္လည္း..မိသားစုမ်ားတဲ့ ေကာင္မေလး)
ၿဗိတိသ်ွကိုကိုေမာင္
Done 💪
ReplyDeleteနောက်တနေရာမှာကျ သီတာတဲ့
ReplyDeleteDoneပါဗျ
ReplyDelete👀✅
ReplyDeleteDone
ReplyDelete😂😂
ReplyDeleteDone...
ReplyDeleteDone 🤍
ReplyDelete🥴🥴
ReplyDeleteဟယ် ….ကောင်မလေး သနားပါထှယ်
ReplyDeleteDone 🍀
ReplyDeleteDone.
ReplyDeleteDone
ReplyDelete🤗🤗
ReplyDeleteDone📖
ReplyDelete💙
ReplyDeleteDone
ReplyDeleteနောက်တခေါက်ကျ ဝါဝါများလား
ReplyDelete😊😊😊
ReplyDelete