TGOR 1930 (အခန်း 13)

Unicode 


Guys of Yangon,1930 (Part 13)


အခန်း(၁၃)


 ……………


၁၉၀၀ ပြည့်နှစ်နောက်ပိုင်း မြန်မာ့သတင်းစာလောကတွင် ပေါ်ထွက်လာသော သတင်းစာများအနက် သူရိယသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာကြီးတို့မှာ သြဇာကြီးမားလှသည်။


သူရိယသတင်းစာကို ဖေ၊ပု၊ရှိန် အဖွဲ့ဝင်ဟောင်း ဘကြီးဘဖေ က ထူထောင်ခဲ့ပြီး၊ မြန်မာ့အလင်းသတင်းစာကို ဦးရွှေကြူက ထူထောင်ခဲ့သည်။


သတင်းစာနှစ်စောင်လုံးသည် တစောင်နှင့် တစောင် မခံချင်အောင် ကလိတိတိရေးသားကြသော်လည်း နယ်ချဲ့ဆန့်ကျင်ရေးအတွက် သတင်စာပညာဖြင့် ရေးသားရာတွင်မူ တက်ညီလက်ညီရှိခဲ့ကြသည်။


ထိုအချိန်တွင် မြန်မာ့အလင်းမှ ခွဲထွက်လာသော လယ်တီပဏ္ဍိတဦးမောင်ကြီး အတွက် သူဌေးဦးတင် က ပညာ့အလင်းသတင်းစာကို ထူထောင်ပေးခဲ့သည်။


(ပညာအလင်းသူဌေး ဦးတင် နှင့် မြန်မာ့အလင်းဦးတင် မတူညီပါ။ မြန်မာ့အလင်းဦးတင်မှာ ဆရာသင် အသတ်ခံရပြီးနောက်မှ မြန်မာ့အလင်း အယ်ဒီတာချုပ်အဖြစ်ထမ်းရွက်ခဲ့သည့်ဆရာကြီးဖြစ်ပါသည်။ နောင်တွင် ယောဂီဆေးတိုက်ပိုင်ရှင် ယောဂီဦးတင် အဖြစ်ထင်ရှားပါသည်)


သူဌေးဦးတင် သည် လယ်တီပဏ္ဍိတဦးမောင်ကြီး ကို အလွန်ရိုသေလေးစားသည်။ ဆရာသမားတစ်ယောက် အဖြစ် ကိုးကွယ်ထားရှိသည်။


လယ်တီပဏ္ဍိတဦးမောင်ကြီး ၏ ကလောင်အရှိန်ဖြင့် ပညာအလင်းသတင်းစာသည်လည်း လူသိများလာခဲ့သည်။


၁၉၁၉ ဇူလိုင်လ ၇ ရက်တွင် ဦးဘဖေ၊ ဦးပု၊ဦးထွန်းရှိန် တို့ ဖေပုရှိန် မြန်မာ့ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည် ကိုယ်စားလှယ်များအဖြစ်ဖြင့် အင်္ဂလန်ပြည်၊ ပါလီမန်သို့ ထွက်ခွာသွားကြသည်။


အကြောင်းအရင်းကား မြန်မာပြည် ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် တင်သွင်းသော နိုင်ငံပြုပြင် ပြောင်းလဲရေးဥပဒေကို ပါလီမန်တွင် မပြုရေးအတွက်ဖြစ်သည်။


ထိုအချိန်က မြန်မာပြည်နိုင်ငံရေးလောကနှင့် လူကြီး၊ လူငယ် အယူအဆရေးရာများကွဲလွဲနေခဲ့ကြပြီး လူကြီးများက အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ကာ အုပ်ချုပ်ရေးပိုင်းတွင်နေရာယူရန် အားသန်ကြပြီ လူငယ်များက လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးဆီသို့ ဦးတည်နေကြသည်။


သူရိယ၊ မြန်မာ့အလင်းသတင်းစာတို့က လူငယ်ဘက်တော်သားများဖြစ်သော ဘိလပ်သွား ဖေ၊ပု၊ရှိန် တို့ကို ထောက်ခံရေးသားပြီး ပညာအလင်းစာကမူ ဖေ၊ပု၊ရှိန် တို့ကို ပြစ်တင်ရေးသားခဲ့သည်။


ထိုသို့ဖြင့် မြန်မာ့အလင်းနှင့် ပညာ့အလင်းတို့၏ ကလောင်တိုက်ပွဲ စတင်လာခဲ့သည်။


အထက်မြန်မာပြည်တွင်နေစဉ်က ငယ်သူငယ်ချင်းများဖြစ်ကြသော လယ်တီပဏ္ဍိတဦးမောင်ကြီး နှင့် ဆရာသင် တို့တွင်လည်း ရန်ကုန်ရောက်စ မကျေလည်ကြသည့် ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကိုယ်စီရှိနေကြသည်။


နိုင်ငံရေးအယူအဆအရလည်းကွဲလွဲကြရာမှ ဆောင်းပါးများ အပြန်အလှန်ရေးကာ ဆော်ကြနှက်ကြသည်။


ဆရာသင်က မုံရွေးပဏ္ဍိတ ဟူသော ကလောင်ဖြင့် ဝတ္ထုတစ်ပုဒ်ကို မြန်မာ့အလင်းတွင် အခန်းဆက်ရေးသားသည်။


ထိုဝတ္ထုနာမည်မှာ ပျဉ်းမနားမမကြီး ဖြစ်သည်။ လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ပထမဇနီးမှာလည်း ပျဉ်းမနားမြို့မှ ဒေါ်မမကြီး ဖြစ်နေပေရော ထိုဝတ္ထုသည် လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ငယ်ကျိုးငယ်နာကို စောင်းချိတ်ရေးသားထားခြင်းဖြစ်သည်။


ထိုအတွက် လယ်တီပဏ္ဍိတဦးမောင်ကြီးမှာ အင်မတန်စိတ်ထိခိုက်ရ၏။


မိမိ ဆည်းကပ်လေးစားသော ဆရာဖြစ်သူ စိတ်ထိခိုက်နေသည်ကို မြင်သောအခါ သူဌေးဦးတင် မှာ လည်း ဆရာသင် အပေါ် ဆတ်ဆတ်ခါအောင် နာကြဉ်းလေတော့သည်။


ထို့ကြောင့် သူဌေးဦးတင်သည် သူ့ပိုင် သင်္ဃန်းကျွန်းမှ ခြံကြီးထဲတွင် ဗိုလ်တစ်ထောင်ငမိုး အား သီးသန့် ခေါ်ယူတွေ့ဆုံလေတော့သည်။


“ကိုမိုးရေ..ဒီလို သီးသန့်ခေါ်တွေ့ရတာကတော့ ကိုမိုးဆီကနေ အကူအညီတစ်ခု လိုလာပြန်လို့ပါ”


 “ဆရာ..ပြောသာပြောပါဆရာ..ဆရာ့အတွက် ကျွန်တော် ဘာမဆို အသင့်ပါပဲ”


“ဒီတစ်ခါတော့ ဟိုတစ်ခေါက်လို ဓါးတွေ ဘာတွေ မသုံးစေချင်ဘူး။ တုတ်လောက်နဲ့ ခြောက်ရုံလှန့်ရုံ ပညာပေးလိုက်ရင်ကိုပဲ ရပါပြီ”


“စိတ်ချပါ..ဆရာ…ကျွန်တော်လုပ်ပေးရမယ့် သူ ဘယ်သူဆိုတာသာ ပြောပါ’’


…………………………………


၁၉၁၉ စက်တင်ဘာလ ၁၁ ရက်၊ ကြသပတေးနေ့၊ ည ၉ နာရီ။


မြန်မာ့အလင်းသတင်းစာ တာဝန်ခံအယ်ဒီတာ ဆရာသင်သည် အယ်ဒီတာချုပ် ဦးစိန် နှင့်အတူ ပန်းဆိုးတန်းရှိ သတင်းစာတိုက်မှ ဆင်းလာကြပြီး ကြည်မြင့်တိုင်သို့ ရထားဖြင့် ပြန်ရန် ရန်ကုန်ဘူတာကြီးဘက်သို့ ထွက်လာခဲ့ကြသည်။


ရန်ကုန်ဘူတာကြီးနာရီစင်အနီးသို့ရောက်လာသောအခါ လူတစ်ယောက်က ဆရာသင်အား တုတ်ဖြင့် ဝင်ရိုက်လေသည်။


ပထမတစ်ချက် ဆရာသင် ၏ ခေါင်းကို တည့်တည့်မတ်မတ်ထိသွား၏။


ဒုတိယအချက်တွင် ဆရာသင်က အသိဝင်လာပြီး လက်ထဲတွင်ပါသော အိမ်တော်ရာထီးနှင့် ခုခံပြီး၊ အတူပါလာသူ ဦးစိမ်းကလည်း အနီးအနားမှ တုတ်ဖြင့် ပြန်လည်ခုခံကြသည်။


နှစ်ယောက်တစ်ယောက်အခြေအနေဖြစ်နေချိန်တွင် ထိုသူသည် ဆရာသင်ကို ဝင်လုံးပြီး ရင်ဘတ်ကို အသင့်ပါလာသော ဓါးဖြင့် ထိုးကာ ထွက်ပြေးသွားလေသည်။


သို့သော် ရန်ကုန်ဘူတာကြီးသို့ ဈေးသိမ်းပြီး ပြန်လာကြသော ဈေးသည်များက ပန်းဆိုးတန်းဘက်သို့ ပြေးလာသော ငမိုး ကို ဝိုင်းဝန်းဖမ်းဆီးလိုက်ကြသည်။


ထိုသို့ ဝိုင်းဖမ်းပြီး ပုလိပ်ဌာနသို့ အပ်လိုက်သည့်အခါမှသာ ဆရာသင် အား ဓါးဖြင့် ထိုးသတ်လိုက်သူသည် နာမည်ကျော်လူမိုက်ကြီး ဗိုလ်တစ်ထောင်ငမိုး မှန်းသိရသဖြင့် ကြားရသူတိုင်း အံသြကုန်ကြသည်။


လူမိုက် လူမိုက်ချင်း လောကတွင် ဗိုလ်မထားသော လူမိုက်ကြီး ဗိုလ်တစ်ထောင်ငမိုး သည် သူနှင့် မည်သည့် ရန်ညှိးမှ မရှိသော ပြည်သူလေးစားသည့် သတင်းစာဆရာကြီးတစ်ဦးကို ဓါးဖြင့် ထိုးသတ်လိုက်ချေပြီ။


ဆရာသင်သည် လယ်တီပဏ္ဍိတဦးမောင်ကြီး နှင့် ကလောင်တိုက်ပွဲဆင်နွှဲနေကြသော်လည်း ပြင်ပတွင် လူချစ်လူခင်ပေါများသူ၊ အနေအေးသူ ပညာတတ်တစ်ဦးဖြစ်သည်။


ဆရာသင် အယ်ဒီတာလုပ်နေသည့် မြန်မာ့အလင်းသတင်းစာသည်လည်း နယ်ချဲ့ဆန့်ကျင်ရေး သတင်းစာ တစ်စောင်ဖြစ်သည့်အတွက် နိုင်ငံရေးရေချိန်အရ မြန်မာပြည်သူတို့၏ ထောက်ခံမှုကို ရနေသော သတင်းစာ ဖြစ်သည်။


ထိုအချိန်မျိုးတွင် ဆရာသင်ကို ရက်ရက်စက်စက်ဓါးဖြင့် ထိုးသတ်သည့်အတွက် ဗိုလ်တစ်ထောင်ငမိုး ကို ပြည်သူအများက ရွံရှာကုန်ကြလေသည်။


ဗိုလ်တစ်ထောင်ငမိုး ကား သူသတ်လိုက်သည့်သူ သည် မည်သူမှန်းပင်မသိ။


သူ့ဆရာ ဦးတင် ညွှန်ပြထားသည့် အတိုင်း လူနှင့် သွားလာတတ်သည့်အချိန်ကို မှတ်သားကာ သတ်ခဲ့ခြင်းပေ။


ဆရာသင်၏ အသုဘ ကို ဆရာကြီးရွှေဥဒေါင်းကဲ့သို့ နိုင်ငံကျော်စာရေးဆရာကြီးများ၊  သြဇာကြီးသတင်းစာဆရာကြီးများ၊ နိုင်ငံရေးသမားကြီးများ ကိုယ်တိုင် အခေါင်းထမ်းကာ တခမ်းတနားလိုက်ပို့ခဲ့ကြသည်။


………………….. …………………. ……………….


ငမိုး အား ပန်းဆိုးတန်းပုလိပ်ဌာနမှ ဖမ်းဆီးထားသည့် သတင်းကြားသည်နှင့် ဦးတင် သည် ချက်ချင်း ရောက်လာ၏။


“ကိုမိုး..ဖြစ်တာတွေလည်း ဖြစ်ပြီးသွားပြီ…ကျန်တာ ဘာမှ စိတ်မပူနဲ့..ကိုမိုးရဲ့ အမေနဲ့ မယ်လှ တို့ စားရေးသောက်ရေး နေထိုင်ရေးကို လိုလေသေးမရှိအောင် ဦးတာဝန်ယူပါ့မယ်..အဲ့ဒါ ဘာမှ စိတ်မပူနဲ့”


ငမိုး ကား ဦးတင် ကို အားကိုးသူဖြစ်သည်။


ယခု သူသတ်လိုက်မိသူသည် တိုင်းသိပြည်သိ သူတစ်ဦးမှန်း ပုလိပ်ဌာနရောက်မှ သိရသည့်အတွက် လည်း ငမိုးစိတ်ထဲ စိုးရိမ်နေမိသည်။


“အမှုကိစ္စလည်း ဘာမှ စိတ်မပူနဲ့.ကိုမိုး။ ကိုမိုးအတွက် အကောင်းဆုံး ရှေ့နေကို ဦး ငှားပေးထားမယ်။ ပြီးတော့ ကိုမိုးနဲ့ ဆရာသင် လမ်းမှာ လူချင်းတိုက်မိပြီးစကားများရာက လက်လွန်မိတာပါလို့ သာ ထွက်ဆို။ ကိုမိုး အမှုက ကွင်းလုံးကျွတ်လွတ်ဖို့ ဦးတာဝန်ယူတယ်”


ဆေးနီအဖေအား ဓါးဖြင့် ခုတ်သည့်အမှုတွင် ကွင်းလုံးကျွတ်လွတ်ထားဖူးသည့်အတွက် ဦးတင်၏ စကားကို ငမိုးက ယုံကြည်သည်။


“ဦး နောက်ပိုင်း ကိုမိုးဆီ မလာရင် တမျိုးမထင်နဲ့နော်။ ခဏခဏလာရင် ဦးတို့ချင်း ပတ်သက်မှုကို သတင်းစာသမားတွေ ရိပ်မိကုန်မှာစိုးလို့..ကိုမိုး ဦးကို ယုံကြည်ပါ”


“စိတ်ချပါ.ဆရာ။ ဆရာ စီမံတဲ့အတိုင်းပဲ ကျွန်တော်နာခံပါ့မယ်”


မကြာမီ ငမိုး အား ခရိုင်တရားသူကြီး မစ္စတာဆစ်စလာက လူသတ်မှုပုဒ်မ (၃၀၂)ဖြင့် တရားစွဲကာ ဗဟိုတရားရုံးချုပ် ချိကုတ် သို့ လွှဲပြောင်းပေးခဲ့သည်။


ထိုအချိန် ငမိုးကို ထားရာ ရန်ကုန်ထောင်ကြီးသို့ ဖာရစီမယ်လှနှင့်အတူ သူငယ်ချင်းဖြစ်သူ အလိန် ရောက်လာသည်။ အလိန်က ဖြစ်စဉ် အစအဆုံကို ဖာရစီမယ်လှ ပြောပြထားသဖြင့် အရိပ်အမြွက်သိထားပြီးသူဖြစ်သည်။


“သူငယ်ချင်း…ငမိုး…မင်း…ကွာ…ဒီနယ်ပယ်က မင်းတို့ ငါတို့လိုကောင်တွေနဲ့ ဘာမှ မဆိုင်တဲ့ နယ်ပါကွာ..ဒီလူကြီးခိုင်းတာလုပ်လို့ မင်းဒီလိုဖြစ်ရတာ”


“ဆရာ့ကို အဲ့ဒီလို မပြောပါနဲ့ကွာ..ဆရာက ငါ့အပေါ်ကျေးဇူးတွေရှိတယ်ကွ”


“ဟေ့ကောင်.ငမိုး..ဆန်ပေးမှ ဆီရတာပါကွာ..မင်း သူခိုင်းတာလုပ်လို့ အဖမ်းခံရတာလေ..မင်းကို သူက ပြန်ထုတ်ပေးတာအဆန်းလား..မင်းမရူးချင်စမ်းပါနဲ့..ငမိုးရာ..ဒီတစ်ခါ မင်းသတ်လိုက်တဲ့အမှုက အရင်အမှု တွေလို မဟုတ်ဘူးကွ..နိုင်ငံရေးတွေနဲ့ပါ ပတ်သက်နေတာ..”


“မင်း နားမလည်ပါဘူး..အလိန်ရာ..ဆရာ့ကို ငါသစ္စာရှိရမယ်ကွ…ဆရာက ငါ့ကို ကွင်းလုံးကျွတ်အောင် လုပ်ပေးလိမ့်မယ်”


“ငမိုး..မင်းက လူတွေကို သိပ်အယုံလွယ်တာကိုးကွ”


သူငယ်ချင်းဖြစ်သူ အလိန်ကို ငမိုး ဒေါသထွက်သွားသည်။


ဘေးတွင် ရပ်နေသော ဖာရစီမယ်လှ ကို လှမ်းငေါက်လိုက်သည်။


“မယ်လှ..နောက်တစ်ခါ ထောင်ဝင်စာလာရင် မင်းတစ်ယောက်ပဲလာ”


အလိန်က ငမိုးကို ကြည့်ကာ ပြုံးလိုက်သည်။


“ငမိုးရာ..လခွမ်း..ဒဲ့နှင်စမ်းပါဟ..မင်းကလည်း..ကဲ..ဘာပဲဖြစ်ဖြစ်ပါ..မင်းလိုတာရှိရင် ငါအမြဲရှိမယ်..ဟုတ်ပြီလား”


အလိန် ကခပ်ပြုံးပြုံးဖြင့် လှည့်ထွက်သွားသည်။


ငမိုး ထောင်ကြီးချုပ်တွင် ရှိနေစဉ် ဦးတင်က ငွေသုံးရာလှမ်းပို့ပေး၏။


ထိုစဉ်က ငွေသုံးရာဆိုသည်မှာ နည်းသည့် ပမာဏမဟုတ်။


သို့သော် စီရင်ချက် ချသည့်နေ့တွင်တော့ ငမိုး ကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ခြင်း ခံလိုက်ရလေတော့သည်။


စီရင်ချက် ကို ကြားသောအခါ ငမိုးမှာ အံသြတုန်လှုပ်သွား၏။


သူထင်ထားသည်ကား ကွင်းလုံးကျွတ် သို့မဟုတ် ထောင်ဒဏ်နှစ်အနည်းငယ်သာဖြစ်သည်။


ယခုတော့ တစ်သက်တစ်ကျွန်းတဲ့။


ဦးတင် ရောက်လာပြန်သည်။


“ဘာမှ မပူနဲ့..မောင်မိုး..ဒီဘက်မှာ လုပ်ရကိုင်ရနည်းနည်းခက်သွားလို့..ဦး..ဘိလပ်တရားရုံးချုပ်အထိ တက်ဖို့ အားလုံး စီစဉ်ပြီးသွားပြီ…တကျွန်းပို့လည်းလိုက်သွားသာ။ တစ်နှစ်အတွင်း အယူခံထပ်တက်ပေးမယ်။ ဘိလပ်ကျရင် မောင်မိုး နိုင်ပြီသာမှတ်”


ငမိုး ကား စဉ်းစားသွား၏။


ဦးတင် ကို သူဖော်လိုက်လျင် ဦးတင်လည်း အဖမ်းခံရမည်။ သူလည်း လွတ်မည်မဟုတ်။


ထိုအတူတူ ပြင်ပတွင် ဦးတင်က ကျန်ခဲ့လျှင် မိမိလွတ်မြောက်ရေးကို လည်း ကူပေးနိုင်မည်။ ကျန်ရစ်ခဲ့သည့် မိသားစုကိုလည်း ထောက်ပံ့နိုင်မည်ဟု တွက်ဆလိုက်သည်။


ထို့ကြောင့် ငမိုးသည် တစ်သက်တစ်ကျွန်းသို့ လိုက်သွားရန် ဆုံးဖြတ်လိုက်လေတော့သည်။


ငမိုး တစ်သက်တစ်ကျွန်းသို့ ပို့ခံရပြီး တလနှစ်လအကြာတွင် ဦးတင်သည် စီးပွားကျနေသည့်အတွက်ဟု အကြောင်းပြကာ ငမိုး၏ အမေဒေါ်ဗုံဗုံ နှင့် ဖာရစီမယ်လတို့ကို လစဉ်ထောက်ပံ့နေသော ငွေကို ရပ်တန့်ပစ်လိုက်လေတော့သည်။


လူမိုက်ကြီးဗိုလ်တစ်ထောင် ငမိုး ကား ပညာ့အလင်းဦးတင်၏ လှည့်စားခြင်းကို ကောင်းကောင်းကြီး ခံလိုက်ရရှာသည်။


ဦးတင်ကမူ ငမိုးနှင့် ပတ်သက်ခဲ့သမျှကို အဆက်အသွယ်ဖြတ်ပြီးနောက် စီးပွားတက်သည်ထက် တက်လာခါ ပုံနှိပ်စက်ကြီးများ၊ တိုက်အိမ်များ ဝယ်ယူနိုင်ခဲ့သည်။


လူမိုက်ကြီးဗိုလ်တစ်ထောင်ငမိုး လား ရန်ကုန်မြေပေါ်မှ လုံးဝပျောက်ကွယ်သွားခဲ့ချေပြီ။


၁၉၂၃ နှစ်ကုန်ပိုင်းသို့ ပင်ရောက်ခဲ့ပြီ။


ဗိုလ်တစ်ထောင်ငမိုး တကျွန်းကျခဲ့သည်မှာ (၄)နှစ်ပင်စွန်းခဲ့ပြီ။


မြန်မာအလင်းသတင်စာ၏ နာမည်ကျော်ဦးပုကလေးနေအိမ်ရှေ့သို့ ကားတစ်စီး ဆိုက်လာသည်။


ကားပေါ်မှ ဆင်းလာသူကား  အလိန် ခေါ် ဘဦး။


ဗိုလ်တစ်ထောင်ငမိုး ၏ အချစ်ဆုံးသူငယ်ချင်း။


အလိန်နှင့် ဦးပုကလေးတို့ တစ်နာရီခန့် စကားပြောကြသည်။ အလိန်က သူသိသခဲ့သမျှ ကို ဦးပုကလေးကို ပြောပြသည်။


ထို့နောက် နေ့ရက်များတွင်တော့ ဦးပုကလေးသည် ဗိုလ်တစ်ထောင်ငမိုးနှင့် ပတ်သက်ခဲ့သူများ၊ သူဌေးဦးတင် နှင့် ပတ်သက်ခဲ့သူများထံသို့ သတင်းလိုက်လေတော့သည်။


၁၉၂၄ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာကြီးတွင် သတင်းထောက် ဦးပုကလေး ရေးသားသည့် “ရန်ကုန်အရှေ့ပိုင်းက လူသတ်သတင်းစာကြီး”ဟူသော ဆောင်းပါးက ပြည်သူများကိုသာမက ပုလိပ်အဖွဲ့နှင့် စုံထောက်အဖွဲ့များကိုသာရိုက်ခတ်သွားတော့သည်။


ထိုဆောင်းပါးကို ဖတ်ပြီးနောက် ပြည်ထဲရေးအတွင်းဝန်က ရန်ကုန်ပုလိပ်မင်းကြီးနှင့် စုံထောက်မင်းကြီးတို့အား ဆရာသင် အသတ်ခံရမှုကို ပြန်လည်စစ်ဆေးရန် အမိန့်ချခဲ့လေတော့သည်။


ထိုကိစ္စအတွက် ရာဇဝတ်ဝန် မစ္စတာ ဇေဗီးယားကို အထူးစုံထောက်အဖြစ် ခန့်အပ်လိုက်လေသည်။


ဗြိတိသျှပိုင် မြန်မာပြည်၏ တရားစီရင်ရေးသမိုင်းတွင် တစ်ကျွန်းအမိန့်ချပြီးသားအမိန့်အား ပြန်လည်စစ်ဆေးရခြင်းသည် ဗိုလ်တစ်ထောင်ငမိုး ၏ အမှုက ပထမဆုံးဖြစ်သည်။


မစ္စတာဇေဘီယားသည် တကျွန်းရှိရာ ပို့ဘလဲယားကျွန်းအထိ သွားပြီး ဗိုလ်တစ်ထောင်ငမိုးနှင့် သွားရောက်တွေ့ဆုံသည်။


ရန်ကုန်သို့ရောက်သည့်အခါ မစ္စတာဇေဘီယားသည် နောက်အိမ်ထောင်ပြုသွားပြီဖြစ်သော ဖာရစီမယ်လှ အစရှိသော ဗိုလ်တစ်ထောင်ငမိုးနှင့် ပတ်သက်သူများကို လိုက်လံတွေ့ဆုံကာ စစ်ချက်ယူသည်။


ထို့နောက် အစီအရင်ခံစာအပြည့်အစုံတင်သွင်းကာ ပုလိပ်မင်းကြီးထံ တင်လိုက်လေတော့၏။


ထိုသတင်းကို ကြားသည်နှင့် ဦးတင်သည် တရားရုံးချုပ်တရားသူကြီးများမှ အစပြုပြီး၊ ပုလိပ်မင်းကြီးအထိ ရွှေဒင်္ဂါပေါင်းများစွာလာဘ်ထိုးကာ အကာအကွယ်ကြိုယူထားခဲ့သည်။


သို့သော် ဦးတင် နောက်ကျသွားချေပြီ။


မကြာမီပင် ပုလိပ်အရာရှိများ ဦးတင်ကို နေအိမ်တွင် လာရောက်ဖမ်းဆီးလေတော့သည်။


အစိုးရရှေ့နေ နာမည်ကျော် ဦးမြဘူး။


ဦးတင်ဘက်က ငှားရမ်းထားသည့် ရှေ့နေက ဘိလပ်မှ နာမည်ကျော်ရှေ့နေ မစ္စတာထလန်ဘီ။


အစိုးရသက်သေအဖြစ် လယ်တီပဏ္ဍိတဦးမောင်ကြီး၊ မြန်မာ့အလင်းအယ်ဒီတာဦးစိန်၊ သတင်းထောက်ဦးပုကလေး၊ စိန်ပွဲစားကြီး ဒေါ်မြမေ၊ ငမိုး၏ သူငယ်ချင်း အလိန်၊ ဖာရစီမယ်လှ၊ ငမိုးအဖမ်းခံရစဉ်က အသက် (၁၄)နှစ်သာရှိသေးပြီး ယခုအခါ ဓါးဘိုးထင်ဟု နာမည်ကျော်လာသူ ငမိုး၏ အမေတူအဖေကွဲ ညီ ဘိုးထင် နှင့် ဗိုလ်တစ်ထောင်ငမိုး တို့ပင်။


စိန်ပွဲစားကြီး ဒေါ်မြမေ မှာ ငမိုး ဆရာသင်ကို သတ်ပေးသည့် အတွက် ဖာရစီမယ်လှကို ဦးတင်က စိန်နားကပ်တစ်ရံ အခကြေးငွေပေးခဲ့ရာတွင် ရောင်းဝယ်ပေးခဲ့သည့် ပွဲစားကြီးဖြစ်သည်။


ဓါးဘိုးထင် ကား ငမိုး အဖမ်းခံရစဉ် ငမိုးအမေ မဗုံဗုံထံသို့လာပြီး ဦးတင် စည်းရုံးခဲ့သမျှကို ကြားခဲ့ရသူဖြစ်သည်။


ဦးတင်က မထောက်ပံ့သည့်အတွက် ဗိုလ်တစ်ထောင်ငမိုးအရှိန်ဖြင့် လူမိုက်ပေါက်စလုပ်ကာ ငွေရှာနေရသည့် လူငယ်လေးဖြစ်သည်။


သက်သေများကား ခိုင်လုံနေပေပြီ။


သို့သော်..ဦးတင် ဘက်က ရှေ့နေ ကြီးမှာ နောက်ဆုံးလျှောက်လဲချက်တွင် ဝှက်ဖဲတစ်ချက်ကို ထုတ်ပြလိုက်လေတော့သည်။


ထိုဝှက်ဖဲ ကား အခြားမဟုတ်။


“လူသတ်တရားခံတစ်ဦးနှင့် တွဲဖက်ကြံရာပါ အခြားတရားခံတစ်ဦးရှိနေသည်ဟု အထောက်အထား အခိုင်အမာရှိပါက ဥပဒေအရ ထိုအမှုကို ငါးနှစ်အတွင်း ပြန်လည်စစ်ဆေးရမည်ဖြစ်ကြောင်း၊ ယခု ထိုမှုခင်းဖြစ်ပွားခဲ့သည့်ကာလမှ ငါးနှစ်ကျော်နေသဖြင့် အရေးမယူနိုင်တော့” စီရင်ထုံးကို လျှောက်လဲလိုက်တော့သည်။


အမှန်တကယ်ပင် အမှုဖြစ်သည့် အချိန်ကား ငါးနှစ်ကို ရက်ပိုင်းပင် ကျော်သွားခဲ့ချေပြီ။


အမှုအား စီရင်ချက်ချခဲ့လေပြီ။


“တရားခံ၏ ဝတ်လုံတော်ရကြီး မစ္စတာ ဒီထရန်ဗီ၏ လျှောက်လဲချက်အရ အမှုကို ဆက်လက်စစ်ဆေးပိုင်ခွင့်မရှိကြောင်း၊ ဆိုင်ရာဌာနများ၏ ပေါ့လျော့မှုအတွက် တရားခံများ ထိုအကျိုးကို ခံစားထိုက်သဖြင့် ဆက်လက်စစ်ဆေးပိုင်ခွင့်မရှိကြောင်း” စီရင်ချက် ချလိုက်လေတော့သည်။


ဦးတင် ကား လွတ်သွားပါသည်။


သို့သော်ငြား အမှုဖြစ်စဉ် စိတ်ထောင်းကိုယ်ကြေဖြစ်ရသဖြင့် ကျန်းမာရေးမကောင်းတော့။


ဘိလပ်ဥပဒေဌာနများအထိ လာဘ်ထိုးရသဖြင့် ရှိသမျှ အကုန်ရောင်းပြီး အကြွေးများ တင်ကုန်သည်။


အသိုင်းအဝိုင်းကလည်း သူ့အား လူယုတ်မာတစ်ဦးအဖြစ် ဖယ်ခွာကုန်ကြသည်။ ပိုင်ဆိုင်သမျှကို အကြွေးထိုးဆပ်ရသည်။


သားထောက်သမီးခံလည်း မရှိရှာသော ဦးတင်သည် ကျန်ရစ်သော ပိုင်ဆိုင်မှုအနည်းငယ်ကို ထုခွဲပြီး ရန်ကုန်မြို့စွန် ကမာရွတ်မှ ပဲပြုတ်ရောင်းသည့် မုဆိုးမ တစ်ဦးနှင့် အိမ်ထောင်ပြုလိုက်သည်။


အိမ်ထောင်ပြုပြီး နှစ်နှစ်အကြာတွင်ပင် ဆင်းဆင်းရဲရဲဖြင့် တဲကလေးတွင် ကွယ်လွန်သွားခဲ့ပေသည်။


ဦးတင်ကွယ်လွန်ပြီး လေးနှစ်အကြာ။


၁၉၃၀ တွင်တော့ ဗိုလ်တစ်ထောင်ငမိုးသည့် အစိုးရသက်သေအဖြစ် ထွက်ဆိုပေးမှု၊ အနေအထိုင် စည်းကမ်းရှိမှုကြောင့် လျှော့ရက်များစွာရပြီး တကျွန်းမှ ပြန်လွတ်မြောက်ခဲ့ပြီဖြစ်သည်။


……………………………………………………………………………………………………………


ဗိုလ်တစ်ထောင်၊ ဘရွတ်ကင်းလမ်းသည် ဈေးသွားဈေးလာများဖြင့် စည်ကားနေသည်။


ထိုအချိန်တွင် ဈေးရှေ့သို့ ကားတစ်စီး ထိုးစိုက်လာ၏။


ကားပေါ်မှ လမ်းမတော်ဖိုးတုတ် ဆင်းလာသည်။


သူ့ဘေးတွင် ဂန္ဓမာသောင်းရီ နှင့် ငညွန့်။


ဘရွတ်ကင်းဈေးအတိုင်း သူတို့ ဝင်လာကြ၏။


ဗိုလ်တစ်ထောင်ငမိုး နေထိုင်သည့် အိမ်သို့ ရောက်သောအခါ မတ်တပ်ရပ်လိုက်ကြသည်။


တစ်ဈေးလုံးမှ လမ်းမတော်ဖိုးတုတ်ကြီး လာပြီမှန်း သတိထားမိသွားလေပြီ။


ယခင်က ငမိုးနေခဲ့သော အိမ်တွင် မိခင်ဖြစ်သူသေဆုံးပြီးနောက် နှမဖြစ်သူ မအေးမြ နေထိုင်သည်။ ငမိုး က မအေးမြ ၏ သားကလေးနှင့်အတူ အိမ်ပေါ်တွင် ဆော့ကစားနေ၏။


ဂန္ဓမာသောင်းရီ က ကုတ်အင်္ကျီလက်အကြားတွင် ဝှက်လာသော ဓါးကို ထုတ်လိုက်သည်။


ထို့နောက် လမ်းတော်ဖိုးတုတ်ကို ကမ်းပေးလိုက်၏။


“ဟေ့..ဗိုလ်တစ်ထောင်ငမိုး..…မင်း ဓါးရေးထက်တယ်ဆိုလို့…လမ်းမတော်ကနေ လာခဲ့တာပဲ….ငါ လမ်းမတော်ဖိုးတုတ်ကွ..ဓါးငမိုးနဲ့ ဖိုးတုတ် ဘယ်သူ ဓါးရေးထက်တယ်ဆိုတာ ဒီနေ့ သိရအောင် လာခဲ့တာပဲ”


အိမ်ရှေ့မှ အသံကြောင့် ဗိုလ်တစ်ထောင်ငမိုး က ဝရံတာသို့ ထွက်ကြည့်လိုက်သည်။


ထို့နောက် ဓါးကိုင်လျက် အိမ်ရှေ့မှ လာအော်နေသော ဖိုးတုတ်တို့ သုံးယောက်ကို ကြည့်ကာ ပြုံးလိုက်၏။


ဘရွတ်ကရင်းတစ်ဈေးလုံး ငြိမ်သက်သွားကြလေပြီ။


ငမိုးက ဝရံတာတွင် လက်ထောက်လိုက်ရင်း


“ဪ..ခင်ဗျား ရောက်လာပြီကို..ကိုဖိုးတုတ်..ကဲ..ဧည့်သည်ရောက်တော့လည်း ဧည့်ခံရမှာပေါ့.. အိမ်ပေါ် တက်ကြပါဦး”


ဖိုးတုတ်က အိမ်ပေါ် တက်ရန် ဟန်ပြင်လိုက်သည်။


ငညွန့်က ဖိုးတုတ်လက်ကို ဆွဲထားလိုက်၏။


“ဆရာဖိုးတုတ်..ဓါးငမိုးက ဓါးနဲ့ခုခါနီးဆို ဒီလိုပဲ ပြုံးပြုံးလေး လုပ်ပြတယ်လို့ ကျွန်တော်ကြားဖူးတယ်..အိမ်ပေါ် မတက်ရင်ကောင်းမယ်..တော်ကြာ သေကုန်ဦးမယ်..သတိထားမှဗျ”


ဖိုးတုတ်က ငညွန့်ကို ကြည့်ကာ ပြုံးလိုက်သည်။


“ငညွန့်ရာ…အပြင်မှာ နေပူတယ်ဟ..သေတော့လည်း အရိပ်ထဲ သေရတာပေါ့..လာတက်မယ်”


ဖိုးတုတ်က ရှေ့ဆုံးမှ တက်သွား၏။


ဂန္ဓမာသောင်းရီက နောက်ကလိုက်တက်သည်။ နောက်ဆုံးတွင် ငညွန့်။


အိမ်ပေါ်သို့ ရောက်သောအခါ ငမိုး က သင်ဖြူးဖျာကို ခင်းနေသဖြင့် ငညွန့်ပင် အံသြသွားသည်။


“လာဗျာ..ဓါးကြီးတော့ ဖိနပ်ချွတ်မှာ ထောင်ခဲ့စမ်းပါ..အသဲယားလို့..…ကျွန်တော်လည်း လွတ်လာကတည်းက ခင်ဗျားတို့ ဘယ်နေ့လာမလဲ စောင့်နေတာ.. ဟိုတစ်နေ့ကတော့ မန်မဆာကြီး လာသွားပြီးပြီ”


ဖိုးတုတ်က သင်ဖြူးဖျာပေါ် ထိုင်လိုက်သည်။ ဂန္ဓမာက ဖိုးတုတ်နှင့် ခပ်လှမ်းလှမ်း တွင် သွားထိုင်၏။ ငညွန့်ကမူ မတ်တပ်ရပ်လျက်။


“ကဲ..ပြောပါဦး..အဘိုင်လေးတို့က ဘာတွေ ပြောသွားလဲ..ကိုမိုး”


“သူတို့နဲ့ မဟာမိတ်ဖွဲ့ဖို့တဲ့..ကိုဖိုးတုတ်ရေ..ကျွန်တော်လည်း ပြန်ပြောလိုက်ပါတယ်.. မဟာမိတ်ဖွဲ့ရအောင် ပထမကမ္ဘာစစ်မဟုတ်ဘူးလို့..ကျွန်တော်မှာလည်း အရင်မိတ်ဟောင်းတွေ လာတာတောင် နှင်ပစ်နေတာပါဗျာ”


“ကျုပ်တို့ကိုရော နှင်ဦးမှာလား..ကိုမိုးရဲ့”


“မနှင်ပါဘူး..ကိုဖိုးတုတ်ရာ…ကျွန်တော်က ကျေးဇူးတရားကိုသိတဲ့ကောင်ပါ။ ကျွန်တော်အမေ ကျန်းမာရေးမကောင်းစဉ်ကရော၊  နာရေးဖြစ်တဲ့အထိပါ ကိုဖိုးတုတ် ကူညီပေးခဲ့တာတွေကို ကျွန်တော့် နှမ က အကုန်ပြောပြထားပါတယ်”


“အဲ့ဒါတော့ ကျုပ်သူငယ်ချင်း ဂန္ဓမာကြီးကို ကျေးဇူးတင်ဗျိုး။ ဂန္ဓမာကြီးက ခင်ဗျားအမေ ဒုက္ခရောက်နေတယ်သတင်းကြားတော့ ကျွန်တော့်ကို ပြောပြတယ်။ သူက အရင် ပုဇွန်တောင်မှာနေကတည်းက ခင်ဗျားအကြောင်းတွေ သိနေတာကိုးဗျ”


“ကိုဂန္ဓမာရော..ကိုဖိုးတုတ်ကိုရော ကျေးဇူးတကယ်တင်ပါတယ်ဗျာ”


“ကျုပ်လူ ငညွန့်က ခင်ဗျားက အိမ်ပေါ်တက်ရင် ခုတ်မယ် ထင်နေတာဗျ”


“ဟုတ်တယ်ဗျာ..တခြားလူဆိုရင်တော့ အိမ်ပေါ်တောင်မရောက်ဘူး..အဲ့ဒီနားတင် ဆင်းပိုင်ပြီးသားပဲ.ဒါပေမယ့်ဗျာ ကျွန်တော့်စိတ်ကို ကျွန်တော်ရသလောက် ပြန်ပြင်နေပါပြီ.. ဒါနဲ့ ကိုဖိုးတုတ်က ဘာလို့ ကျွန်တော့်အိမ်ရှေ့ကနေ ဓါးကြီးကိုင်ပြီး စိန်ခေါ်ရတာတုန်းဗျ..ကျွန်တော်နားမလည်ဘူး”


“ဟားဟား..ကိုမိုးရာ..ဘာပဲဖြစ်ဖြစ် ကိုမိုး ကို ကျုပ်အကူအညီတောင်းချင်တာတော့…လောလောဆယ်တော့ ကျုပ်တို့ကို ကူညီတဲ့အနေနဲ့ ပိုနေမြဲ ၊ ကြားနေမြဲနေပေးပါ။ ကိုမိုးနယ်ထဲကိုလည်း ကျုပ်လူတွေ လွှတ်ထားပေးမယ်။ မကြာခင်မှာ ကျုပ်တို့ အရှေ့ပိုင်းက မန်မဆာနဲ့ မတ်စတီးခန်းနယ်တွေကို ဝင်သိမ်းတော့မယ်။ ခုန အိမ်ရှေ့မှာ ဓါးနဲ့ စိန်ခေါ်ရတာလည်း အဲ့ဒါပဲ။ ကျုပ် ခင်ဗျားကို စိန်ခေါ်လိုက်တယ်၊ ခင်ဗျားက ထွက်လာပြီး အိမ်ပေါ်ခေါ်တယ်။ ပြီးရင် ကျုပ်တို့က ခင်ဗျားအိမ်က အေးအေးဆေးဆေးပြန်ဆင်းသွားမယ်။


ခင်ဗျားကလည်း ပြုံးပြုံးရွှင်ရွှင်ပဲ။ အဲဒီတော့ ညနေကျရင် မတ်စတီးခန်းနဲ့ မန်မဆာတွေဆီကို ဖိုးတုတ်နဲ့ ငမိုး ပူးပေါင်းသွားပြီဆိုတဲ့ သတင်းထွက်လာလိမ့်မယ်၊ အဲ့ဒီအခါ ဒီကောင်တွေကို ကျုပ်က စိတ်ဓာတ်ရေးရာအရ အသာစီးယူလိုက်တာပဲ”


ငမိုးက ခေါင်းကုတ်လိုက်သည်။


“ကိုဖိုးတုတ်ရာ..ကျွန်တော်တို့က အဲ့ဒီလောက်ထိတော့လိုက်မမှီဘူး..မတရားရင် စော်လိုက်မယ်၊ချလိုက်မယ်ပဲ သိခဲ့တာ..ခင်ဗျားကတော့ တကယ့်ကို အကွက်ကျကျ စီစဉ်တတ်တဲ့ ဉာဏ်သမားပဲဗျာ..စိတ်ချပါဗျာ..ခင်ဗျား ကျေးဇူးတွေ ကျွန်တော့်အပေါ်ရှိတာပဲ..ဒါပေမယ့်..ခင်ဗျား ကိစ္စတွေပြီးရင်တော့ ကျွန်တော့်ကို သင်္ကန်းစီးပေးပါဗျာ”


“တကယ်လား..ကိုမိုးရဲ့..ဒီနယ်မှာလည်း ခင်ဗျားအရှိန်က အများကြီးကျန်ပါသေးတယ်… ခင်ဗျား နဲ့ ကျုပ် ရန်ကုန်ကို ပူးတွဲစိုးမိုးလို့ရပါသေးတယ်”


“နေပါစေ..ကိုဖိုးတုတ်ရာ..ကျွန်တော်က ခင်ဗျား တို့နဲ့ မတူပါဘူး။ ခင်ဗျားတို့လို မကြံတတ် မစည်တတ်ဗျ။ တကယ်လို့ ခင်ဗျားနဲ့ ပူးတွဲစိုးမိုးမယ်ဆိုရင်တောင် ခင်ဗျားက တနည်းနည်းနဲ့ ကျွန်တော့်ကို ရှင်းမှာပဲ မဟုတ်လား..ခင်ဗျားက ဗိုလ်မထားတတ်မယ့် လူဆိုတာ ကျွန်တော်သိပါတယ်..ကိုဖိုးတုတ်ရာ..ဟားဟား”


ထိုနေ့က လမ်းမတော်ဖိုးတုတ်နှင့် ဗိုလ်တစ်ထောင်ငမိုး တို့ အိမ်ပေါ်မှ ရယ်ရယ်မောမောဖြင့် ဆင်းလာသည်ကို ဘရွတ်ကင်းဈေးအတွင်းမှ လူအများ မြင်လိုက်ကြရသည်။


နောက်တစ်နေ့တွင် မစ္စတာမန်မဆာ သည် မတ်စတီးခန်း၏ ပန်းဘဲတန်းမှ တိုက်ကြီးဆီသို့ အပြေးအလွှားသွားလေတော့သည်။


ခက်ဇော်


အခန်း ၁၄ ဆက်ရန်




Zawgyi


 Guys of Yangon,1930 (Part 13)




အခန္း(၁၃)




 ……………




၁၉၀၀ ျပည့္ႏွစ္ေနာက္ပိုင္း ျမန္မာ့သတင္းစာေလာကတြင္ ေပၚထြက္လာေသာ သတင္းစာမ်ားအနက္ သူရိယသတင္းစာႏွင့္ ျမန္မာ့အလင္းသတင္းစာႀကီးတို႔မွာ ၾသဇာႀကီးမားလွသည္။




သူရိယသတင္းစာကို ေဖ၊ပု၊ရွိန္ အဖြဲ႕ဝင္ေဟာင္း ဘႀကီးဘေဖ က ထူေထာင္ခဲ့ၿပီး၊ ျမန္မာ့အလင္းသတင္းစာကို ဦးေရႊၾကဴက ထူေထာင္ခဲ့သည္။




သတင္းစာႏွစ္ေစာင္လုံးသည္ တေစာင္ႏွင့္ တေစာင္ မခံခ်င္ေအာင္ ကလိတိတိေရးသားၾကေသာ္လည္း နယ္ခ်ဲ႕ဆန႔္က်င္ေရးအတြက္ သတင္စာပညာျဖင့္ ေရးသားရာတြင္မူ တက္ညီလက္ညီရွိခဲ့ၾကသည္။




ထိုအခ်ိန္တြင္ ျမန္မာ့အလင္းမွ ခြဲထြက္လာေသာ လယ္တီပ႑ိတဦးေမာင္ႀကီး အတြက္ သူေဌးဦးတင္ က ပညာ့အလင္းသတင္းစာကို ထူေထာင္ေပးခဲ့သည္။




(ပညာအလင္းသူေဌး ဦးတင္ ႏွင့္ ျမန္မာ့အလင္းဦးတင္ မတူညီပါ။ ျမန္မာ့အလင္းဦးတင္မွာ ဆရာသင္ အသတ္ခံရၿပီးေနာက္မွ ျမန္မာ့အလင္း အယ္ဒီတာခ်ဳပ္အျဖစ္ထမ္းရြက္ခဲ့သည့္ဆရာႀကီးျဖစ္ပါသည္။ ေနာင္တြင္ ေယာဂီေဆးတိုက္ပိုင္ရွင္ ေယာဂီဦးတင္ အျဖစ္ထင္ရွားပါသည္)




သူေဌးဦးတင္ သည္ လယ္တီပ႑ိတဦးေမာင္ႀကီး ကို အလြန္ရိုေသေလးစားသည္။ ဆရာသမားတစ္ေယာက္ အျဖစ္ ကိုးကြယ္ထားရွိသည္။




လယ္တီပ႑ိတဦးေမာင္ႀကီး ၏ ကေလာင္အရွိန္ျဖင့္ ပညာအလင္းသတင္းစာသည္လည္း လူသိမ်ားလာခဲ့သည္။




၁၉၁၉ ဇူလိုင္လ ၇ ရက္တြင္ ဦးဘေဖ၊ ဦးပု၊ဦးထြန္းရွိန္ တို႔ ေဖပုရွိန္ ျမန္မာ့ကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာျပည္ ကိုယ္စားလွယ္မ်ားအျဖစ္ျဖင့္ အဂၤလန္ျပည္၊ ပါလီမန္သို႔ ထြက္ခြာသြားၾကသည္။




အေၾကာင္းအရင္းကား ျမန္မာျပည္ ဒုတိယဘုရင္ခံ ဆာရယ္ဂ်ီနယ္ကရက္ေဒါက္ တင္သြင္းေသာ နိုင္ငံျပဳျပင္ ေျပာင္းလဲေရးဥပေဒကို ပါလီမန္တြင္ မျပဳေရးအတြက္ျဖစ္သည္။




ထိုအခ်ိန္က ျမန္မာျပည္နိုင္ငံေရးေလာကႏွင့္ လူႀကီး၊ လူငယ္ အယူအဆေရးရာမ်ားကြဲလြဲေနခဲ့ၾကၿပီး လူႀကီးမ်ားက အစိုးရႏွင့္ပူးေပါင္းေဆာင္ရြက္ကာ အုပ္ခ်ဳပ္ေရးပိုင္းတြင္ေနရာယူရန္ အားသန္ၾကၿပီ လူငယ္မ်ားက လုံးဝကိုယ္ပိုင္အုပ္ခ်ဳပ္ေရးဆီသို႔ ဦးတည္ေနၾကသည္။




သူရိယ၊ ျမန္မာ့အလင္းသတင္းစာတို႔က လူငယ္ဘက္ေတာ္သားမ်ားျဖစ္ေသာ ဘိလပ္သြား ေဖ၊ပု၊ရွိန္ တို႔ကို ေထာက္ခံေရးသားၿပီး ပညာအလင္းစာကမူ ေဖ၊ပု၊ရွိန္ တို႔ကို ျပစ္တင္ေရးသားခဲ့သည္။




ထိုသို႔ျဖင့္ ျမန္မာ့အလင္းႏွင့္ ပညာ့အလင္းတို႔၏ ကေလာင္တိုက္ပြဲ စတင္လာခဲ့သည္။




အထက္ျမန္မာျပည္တြင္ေနစဥ္က ငယ္သူငယ္ခ်င္းမ်ားျဖစ္ၾကေသာ လယ္တီပ႑ိတဦးေမာင္ႀကီး ႏွင့္ ဆရာသင္ တို႔တြင္လည္း ရန္ကုန္ေရာက္စ မေက်လည္ၾကသည့္ ပုဂၢိဳလ္ေရးမေက်နပ္ခ်က္ကိုယ္စီရွိေနၾကသည္။




နိုင္ငံေရးအယူအဆအရလည္းကြဲလြဲၾကရာမွ ေဆာင္းပါးမ်ား အျပန္အလွန္ေရးကာ ေဆာ္ၾကႏွက္ၾကသည္။




ဆရာသင္က မုံေရြးပ႑ိတ ဟူေသာ ကေလာင္ျဖင့္ ဝတၳဳတစ္ပုဒ္ကို ျမန္မာ့အလင္းတြင္ အခန္းဆက္ေရးသားသည္။




ထိုဝတၳဳနာမည္မွာ ပ်ဥ္းမနားမမႀကီး ျဖစ္သည္။ လယ္တီပ႑ိတဦးေမာင္ႀကီး၏ ပထမဇနီးမွာလည္း ပ်ဥ္းမနားၿမိဳ႕မွ ေဒၚမမႀကီး ျဖစ္ေနေပေရာ ထိုဝတၳဳသည္ လယ္တီပ႑ိတဦးေမာင္ႀကီး၏ ငယ္က်ိဳးငယ္နာကို ေစာင္းခ်ိတ္ေရးသားထားျခင္းျဖစ္သည္။




ထိုအတြက္ လယ္တီပ႑ိတဦးေမာင္ႀကီးမွာ အင္မတန္စိတ္ထိခိုက္ရ၏။




မိမိ ဆည္းကပ္ေလးစားေသာ ဆရာျဖစ္သူ စိတ္ထိခိုက္ေနသည္ကို ျမင္ေသာအခါ သူေဌးဦးတင္ မွာ လည္း ဆရာသင္ အေပၚ ဆတ္ဆတ္ခါေအာင္ နာၾကဥ္းေလေတာ့သည္။




ထို႔ေၾကာင့္ သူေဌးဦးတင္သည္ သူ႔ပိုင္ သဃၤန္းကၽြန္းမွ ၿခံႀကီးထဲတြင္ ဗိုလ္တစ္ေထာင္ငမိုး အား သီးသန႔္ ေခၚယူေတြ႕ဆုံေလေတာ့သည္။




“ကိုမိုးေရ..ဒီလို သီးသန႔္ေခၚေတြ႕ရတာကေတာ့ ကိုမိုးဆီကေန အကူအညီတစ္ခု လိုလာျပန္လို႔ပါ”




 “ဆရာ..ေျပာသာေျပာပါဆရာ..ဆရာ့အတြက္ ကၽြန္ေတာ္ ဘာမဆို အသင့္ပါပဲ”




“ဒီတစ္ခါေတာ့ ဟိုတစ္ေခါက္လို ဓါးေတြ ဘာေတြ မသုံးေစခ်င္ဘူး။ တုတ္ေလာက္နဲ႔ ေျခာက္႐ုံလွန႔္႐ုံ ပညာေပးလိုက္ရင္ကိုပဲ ရပါၿပီ”




“စိတ္ခ်ပါ..ဆရာ…ကၽြန္ေတာ္လုပ္ေပးရမယ့္ သူ ဘယ္သူဆိုတာသာ ေျပာပါ’’




…………………………………




၁၉၁၉ စက္တင္ဘာလ ၁၁ ရက္၊ ၾကသပေတးေန႔၊ ည ၉ နာရီ။




ျမန္မာ့အလင္းသတင္းစာ တာဝန္ခံအယ္ဒီတာ ဆရာသင္သည္ အယ္ဒီတာခ်ဳပ္ ဦးစိန္ ႏွင့္အတူ ပန္းဆိုးတန္းရွိ သတင္းစာတိုက္မွ ဆင္းလာၾကၿပီး ၾကည္ျမင့္တိုင္သို႔ ရထားျဖင့္ ျပန္ရန္ ရန္ကုန္ဘူတာႀကီးဘက္သို႔ ထြက္လာခဲ့ၾကသည္။




ရန္ကုန္ဘူတာႀကီးနာရီစင္အနီးသို႔ေရာက္လာေသာအခါ လူတစ္ေယာက္က ဆရာသင္အား တုတ္ျဖင့္ ဝင္ရိုက္ေလသည္။




ပထမတစ္ခ်က္ ဆရာသင္ ၏ ေခါင္းကို တည့္တည့္မတ္မတ္ထိသြား၏။




ဒုတိယအခ်က္တြင္ ဆရာသင္က အသိဝင္လာၿပီး လက္ထဲတြင္ပါေသာ အိမ္ေတာ္ရာထီးႏွင့္ ခုခံၿပီး၊ အတူပါလာသူ ဦးစိမ္းကလည္း အနီးအနားမွ တုတ္ျဖင့္ ျပန္လည္ခုခံၾကသည္။




ႏွစ္ေယာက္တစ္ေယာက္အေျခအေနျဖစ္ေနခ်ိန္တြင္ ထိုသူသည္ ဆရာသင္ကို ဝင္လုံးၿပီး ရင္ဘတ္ကို အသင့္ပါလာေသာ ဓါးျဖင့္ ထိုးကာ ထြက္ေျပးသြားေလသည္။




သို႔ေသာ္ ရန္ကုန္ဘူတာႀကီးသို႔ ေဈးသိမ္းၿပီး ျပန္လာၾကေသာ ေဈးသည္မ်ားက ပန္းဆိုးတန္းဘက္သို႔ ေျပးလာေသာ ငမိုး ကို ဝိုင္းဝန္းဖမ္းဆီးလိုက္ၾကသည္။




ထိုသို႔ ဝိုင္းဖမ္းၿပီး ပုလိပ္ဌာနသို႔ အပ္လိုက္သည့္အခါမွသာ ဆရာသင္ အား ဓါးျဖင့္ ထိုးသတ္လိုက္သူသည္ နာမည္ေက်ာ္လူမိုက္ႀကီး ဗိုလ္တစ္ေထာင္ငမိုး မွန္းသိရသျဖင့္ ၾကားရသူတိုင္း အံၾသကုန္ၾကသည္။




လူမိုက္ လူမိုက္ခ်င္း ေလာကတြင္ ဗိုလ္မထားေသာ လူမိုက္ႀကီး ဗိုလ္တစ္ေထာင္ငမိုး သည္ သူႏွင့္ မည္သည့္ ရန္ညႇိးမွ မရွိေသာ ျပည္သူေလးစားသည့္ သတင္းစာဆရာႀကီးတစ္ဦးကို ဓါးျဖင့္ ထိုးသတ္လိုက္ေခ်ၿပီ။




ဆရာသင္သည္ လယ္တီပ႑ိတဦးေမာင္ႀကီး ႏွင့္ ကေလာင္တိုက္ပြဲဆင္ႏႊဲေနၾကေသာ္လည္း ျပင္ပတြင္ လူခ်စ္လူခင္ေပါမ်ားသူ၊ အေနေအးသူ ပညာတတ္တစ္ဦးျဖစ္သည္။




ဆရာသင္ အယ္ဒီတာလုပ္ေနသည့္ ျမန္မာ့အလင္းသတင္းစာသည္လည္း နယ္ခ်ဲ႕ဆန႔္က်င္ေရး သတင္းစာ တစ္ေစာင္ျဖစ္သည့္အတြက္ နိုင္ငံေရးေရခ်ိန္အရ ျမန္မာျပည္သူတို႔၏ ေထာက္ခံမႈကို ရေနေသာ သတင္းစာ ျဖစ္သည္။




ထိုအခ်ိန္မ်ိဳးတြင္ ဆရာသင္ကို ရက္ရက္စက္စက္ဓါးျဖင့္ ထိုးသတ္သည့္အတြက္ ဗိုလ္တစ္ေထာင္ငမိုး ကို ျပည္သူအမ်ားက ရြံရွာကုန္ၾကေလသည္။




ဗိုလ္တစ္ေထာင္ငမိုး ကား သူသတ္လိုက္သည့္သူ သည္ မည္သူမွန္းပင္မသိ။




သူ႔ဆရာ ဦးတင္ ညႊန္ျပထားသည့္ အတိုင္း လူႏွင့္ သြားလာတတ္သည့္အခ်ိန္ကို မွတ္သားကာ သတ္ခဲ့ျခင္းေပ။




ဆရာသင္၏ အသုဘ ကို ဆရာႀကီးေရႊဥေဒါင္းကဲ့သို႔ နိုင္ငံေက်ာ္စာေရးဆရာႀကီးမ်ား၊  ၾသဇာႀကီးသတင္းစာဆရာႀကီးမ်ား၊ နိုင္ငံေရးသမားႀကီးမ်ား ကိုယ္တိုင္ အေခါင္းထမ္းကာ တခမ္းတနားလိုက္ပို႔ခဲ့ၾကသည္။




………………….. …………………. ……………….




ငမိုး အား ပန္းဆိုးတန္းပုလိပ္ဌာနမွ ဖမ္းဆီးထားသည့္ သတင္းၾကားသည္ႏွင့္ ဦးတင္ သည္ ခ်က္ခ်င္း ေရာက္လာ၏။




“ကိုမိုး..ျဖစ္တာေတြလည္း ျဖစ္ၿပီးသြားၿပီ…က်န္တာ ဘာမွ စိတ္မပူနဲ႔..ကိုမိုးရဲ့ အေမနဲ႔ မယ္လွ တို႔ စားေရးေသာက္ေရး ေနထိုင္ေရးကို လိုေလေသးမရွိေအာင္ ဦးတာဝန္ယူပါ့မယ္..အဲ့ဒါ ဘာမွ စိတ္မပူနဲ႔”




ငမိုး ကား ဦးတင္ ကို အားကိုးသူျဖစ္သည္။




ယခု သူသတ္လိုက္မိသူသည္ တိုင္းသိျပည္သိ သူတစ္ဦးမွန္း ပုလိပ္ဌာနေရာက္မွ သိရသည့္အတြက္ လည္း ငမိုးစိတ္ထဲ စိုးရိမ္ေနမိသည္။




“အမႈကိစၥလည္း ဘာမွ စိတ္မပူနဲ႔.ကိုမိုး။ ကိုမိုးအတြက္ အေကာင္းဆုံး ေရွ႕ေနကို ဦး ငွားေပးထားမယ္။ ၿပီးေတာ့ ကိုမိုးနဲ႔ ဆရာသင္ လမ္းမွာ လူခ်င္းတိုက္မိၿပီးစကားမ်ားရာက လက္လြန္မိတာပါလို႔ သာ ထြက္ဆို။ ကိုမိုး အမႈက ကြင္းလုံးကၽြတ္လြတ္ဖို႔ ဦးတာဝန္ယူတယ္”




ေဆးနီအေဖအား ဓါးျဖင့္ ခုတ္သည့္အမႈတြင္ ကြင္းလုံးကၽြတ္လြတ္ထားဖူးသည့္အတြက္ ဦးတင္၏ စကားကို ငမိုးက ယုံၾကည္သည္။




“ဦး ေနာက္ပိုင္း ကိုမိုးဆီ မလာရင္ တမ်ိဳးမထင္နဲ႔ေနာ္။ ခဏခဏလာရင္ ဦးတို႔ခ်င္း ပတ္သက္မႈကို သတင္းစာသမားေတြ ရိပ္မိကုန္မွာစိုးလို႔..ကိုမိုး ဦးကို ယုံၾကည္ပါ”




“စိတ္ခ်ပါ.ဆရာ။ ဆရာ စီမံတဲ့အတိုင္းပဲ ကၽြန္ေတာ္နာခံပါ့မယ္”




မၾကာမီ ငမိုး အား ခရိုင္တရားသူႀကီး မစၥတာဆစ္စလာက လူသတ္မႈပုဒ္မ (၃၀၂)ျဖင့္ တရားစြဲကာ ဗဟိုတရား႐ုံးခ်ဳပ္ ခ်ိကုတ္ သို႔ လႊဲေျပာင္းေပးခဲ့သည္။




ထိုအခ်ိန္ ငမိုးကို ထားရာ ရန္ကုန္ေထာင္ႀကီးသို႔ ဖာရစီမယ္လွႏွင့္အတူ သူငယ္ခ်င္းျဖစ္သူ အလိန္ ေရာက္လာသည္။ အလိန္က ျဖစ္စဥ္ အစအဆုံကို ဖာရစီမယ္လွ ေျပာျပထားသျဖင့္ အရိပ္အႁမြက္သိထားၿပီးသူျဖစ္သည္။




“သူငယ္ခ်င္း…ငမိုး…မင္း…ကြာ…ဒီနယ္ပယ္က မင္းတို႔ ငါတို႔လိုေကာင္ေတြနဲ႔ ဘာမွ မဆိုင္တဲ့ နယ္ပါကြာ..ဒီလူႀကီးခိုင္းတာလုပ္လို႔ မင္းဒီလိုျဖစ္ရတာ”




“ဆရာ့ကို အဲ့ဒီလို မေျပာပါနဲ႔ကြာ..ဆရာက ငါ့အေပၚေက်းဇူးေတြရွိတယ္ကြ”




“ေဟ့ေကာင္.ငမိုး..ဆန္ေပးမွ ဆီရတာပါကြာ..မင္း သူခိုင္းတာလုပ္လို႔ အဖမ္းခံရတာေလ..မင္းကို သူက ျပန္ထုတ္ေပးတာအဆန္းလား..မင္းမ႐ူးခ်င္စမ္းပါနဲ႔..ငမိုးရာ..ဒီတစ္ခါ မင္းသတ္လိုက္တဲ့အမႈက အရင္အမႈ ေတြလို မဟုတ္ဘူးကြ..နိုင္ငံေရးေတြနဲ႔ပါ ပတ္သက္ေနတာ..”




“မင္း နားမလည္ပါဘူး..အလိန္ရာ..ဆရာ့ကို ငါသစၥာရွိရမယ္ကြ…ဆရာက ငါ့ကို ကြင္းလုံးကၽြတ္ေအာင္ လုပ္ေပးလိမ့္မယ္”




“ငမိုး..မင္းက လူေတြကို သိပ္အယုံလြယ္တာကိုးကြ”




သူငယ္ခ်င္းျဖစ္သူ အလိန္ကို ငမိုး ေဒါသထြက္သြားသည္။




ေဘးတြင္ ရပ္ေနေသာ ဖာရစီမယ္လွ ကို လွမ္းေငါက္လိုက္သည္။




“မယ္လွ..ေနာက္တစ္ခါ ေထာင္ဝင္စာလာရင္ မင္းတစ္ေယာက္ပဲလာ”




အလိန္က ငမိုးကို ၾကည့္ကာ ျပဳံးလိုက္သည္။




“ငမိုးရာ..လခြမ္း..ဒဲ့ႏွင္စမ္းပါဟ..မင္းကလည္း..ကဲ..ဘာပဲျဖစ္ျဖစ္ပါ..မင္းလိုတာရွိရင္ ငါအျမဲရွိမယ္..ဟုတ္ၿပီလား”




အလိန္ ကခပ္ျပဳံးျပဳံးျဖင့္ လွည့္ထြက္သြားသည္။




ငမိုး ေထာင္ႀကီးခ်ဳပ္တြင္ ရွိေနစဥ္ ဦးတင္က ေငြသုံးရာလွမ္းပို႔ေပး၏။




ထိုစဥ္က ေငြသုံးရာဆိုသည္မွာ နည္းသည့္ ပမာဏမဟုတ္။




သို႔ေသာ္ စီရင္ခ်က္ ခ်သည့္ေန႔တြင္ေတာ့ ငမိုး ကို တစ္သက္တစ္ကၽြန္း ေထာင္ဒဏ္ ခ်မွတ္ျခင္း ခံလိုက္ရေလေတာ့သည္။




စီရင္ခ်က္ ကို ၾကားေသာအခါ ငမိုးမွာ အံၾသတုန္လႈပ္သြား၏။




သူထင္ထားသည္ကား ကြင္းလုံးကၽြတ္ သို႔မဟုတ္ ေထာင္ဒဏ္ႏွစ္အနည္းငယ္သာျဖစ္သည္။




ယခုေတာ့ တစ္သက္တစ္ကၽြန္းတဲ့။




ဦးတင္ ေရာက္လာျပန္သည္။




“ဘာမွ မပူနဲ႔..ေမာင္မိုး..ဒီဘက္မွာ လုပ္ရကိုင္ရနည္းနည္းခက္သြားလို႔..ဦး..ဘိလပ္တရား႐ုံးခ်ဳပ္အထိ တက္ဖို႔ အားလုံး စီစဥ္ၿပီးသြားၿပီ…တကၽြန္းပို႔လည္းလိုက္သြားသာ။ တစ္ႏွစ္အတြင္း အယူခံထပ္တက္ေပးမယ္။ ဘိလပ္က်ရင္ ေမာင္မိုး နိုင္ၿပီသာမွတ္”




ငမိုး ကား စဥ္းစားသြား၏။




ဦးတင္ ကို သူေဖာ္လိုက္လ်င္ ဦးတင္လည္း အဖမ္းခံရမည္။ သူလည္း လြတ္မည္မဟုတ္။




ထိုအတူတူ ျပင္ပတြင္ ဦးတင္က က်န္ခဲ့လၽွင္ မိမိလြတ္ေျမာက္ေရးကို လည္း ကူေပးနိုင္မည္။ က်န္ရစ္ခဲ့သည့္ မိသားစုကိုလည္း ေထာက္ပံ့နိုင္မည္ဟု တြက္ဆလိုက္သည္။




ထို႔ေၾကာင့္ ငမိုးသည္ တစ္သက္တစ္ကၽြန္းသို႔ လိုက္သြားရန္ ဆုံးျဖတ္လိုက္ေလေတာ့သည္။




ငမိုး တစ္သက္တစ္ကၽြန္းသို႔ ပို႔ခံရၿပီး တလႏွစ္လအၾကာတြင္ ဦးတင္သည္ စီးပြားက်ေနသည့္အတြက္ဟု အေၾကာင္းျပကာ ငမိုး၏ အေမေဒၚဗုံဗုံ ႏွင့္ ဖာရစီမယ္လတို႔ကို လစဥ္ေထာက္ပံ့ေနေသာ ေငြကို ရပ္တန႔္ပစ္လိုက္ေလေတာ့သည္။




လူမိုက္ႀကီးဗိုလ္တစ္ေထာင္ ငမိုး ကား ပညာ့အလင္းဦးတင္၏ လွည့္စားျခင္းကို ေကာင္းေကာင္းႀကီး ခံလိုက္ရရွာသည္။




ဦးတင္ကမူ ငမိုးႏွင့္ ပတ္သက္ခဲ့သမၽွကို အဆက္အသြယ္ျဖတ္ၿပီးေနာက္ စီးပြားတက္သည္ထက္ တက္လာခါ ပုံႏွိပ္စက္ႀကီးမ်ား၊ တိုက္အိမ္မ်ား ဝယ္ယူနိုင္ခဲ့သည္။




လူမိုက္ႀကီးဗိုလ္တစ္ေထာင္ငမိုး လား ရန္ကုန္ေျမေပၚမွ လုံးဝေပ်ာက္ကြယ္သြားခဲ့ေခ်ၿပီ။




၁၉၂၃ ႏွစ္ကုန္ပိုင္းသို႔ ပင္ေရာက္ခဲ့ၿပီ။




ဗိုလ္တစ္ေထာင္ငမိုး တကၽြန္းက်ခဲ့သည္မွာ (၄)ႏွစ္ပင္စြန္းခဲ့ၿပီ။




ျမန္မာအလင္းသတင္စာ၏ နာမည္ေက်ာ္ဦးပုကေလးေနအိမ္ေရွ႕သို႔ ကားတစ္စီး ဆိုက္လာသည္။




ကားေပၚမွ ဆင္းလာသူကား  အလိန္ ေခၚ ဘဦး။




ဗိုလ္တစ္ေထာင္ငမိုး ၏ အခ်စ္ဆုံးသူငယ္ခ်င္း။




အလိန္ႏွင့္ ဦးပုကေလးတို႔ တစ္နာရီခန႔္ စကားေျပာၾကသည္။ အလိန္က သူသိသခဲ့သမၽွ ကို ဦးပုကေလးကို ေျပာျပသည္။




ထို႔ေနာက္ ေန႔ရက္မ်ားတြင္ေတာ့ ဦးပုကေလးသည္ ဗိုလ္တစ္ေထာင္ငမိုးႏွင့္ ပတ္သက္ခဲ့သူမ်ား၊ သူေဌးဦးတင္ ႏွင့္ ပတ္သက္ခဲ့သူမ်ားထံသို႔ သတင္းလိုက္ေလေတာ့သည္။




၁၉၂၄ ခုႏွစ္တြင္ ျမန္မာ့အလင္းသတင္းစာႀကီးတြင္ သတင္းေထာက္ ဦးပုကေလး ေရးသားသည့္ “ရန္ကုန္အေရွ႕ပိုင္းက လူသတ္သတင္းစာႀကီး”ဟူေသာ ေဆာင္းပါးက ျပည္သူမ်ားကိုသာမက ပုလိပ္အဖြဲ႕ႏွင့္ စုံေထာက္အဖြဲ႕မ်ားကိုသာရိုက္ခတ္သြားေတာ့သည္။




ထိုေဆာင္းပါးကို ဖတ္ၿပီးေနာက္ ျပည္ထဲေရးအတြင္းဝန္က ရန္ကုန္ပုလိပ္မင္းႀကီးႏွင့္ စုံေထာက္မင္းႀကီးတို႔အား ဆရာသင္ အသတ္ခံရမႈကို ျပန္လည္စစ္ေဆးရန္ အမိန႔္ခ်ခဲ့ေလေတာ့သည္။




ထိုကိစၥအတြက္ ရာဇဝတ္ဝန္ မစၥတာ ေဇဗီးယားကို အထူးစုံေထာက္အျဖစ္ ခန႔္အပ္လိုက္ေလသည္။




ၿဗိတိသၽွပိုင္ ျမန္မာျပည္၏ တရားစီရင္ေရးသမိုင္းတြင္ တစ္ကၽြန္းအမိန႔္ခ်ၿပီးသားအမိန႔္အား ျပန္လည္စစ္ေဆးရျခင္းသည္ ဗိုလ္တစ္ေထာင္ငမိုး ၏ အမႈက ပထမဆုံးျဖစ္သည္။




မစၥတာေဇဘီယားသည္ တကၽြန္းရွိရာ ပို႔ဘလဲယားကၽြန္းအထိ သြားၿပီး ဗိုလ္တစ္ေထာင္ငမိုးႏွင့္ သြားေရာက္ေတြ႕ဆုံသည္။




ရန္ကုန္သို႔ေရာက္သည့္အခါ မစၥတာေဇဘီယားသည္ ေနာက္အိမ္ေထာင္ျပဳသြားၿပီျဖစ္ေသာ ဖာရစီမယ္လွ အစရွိေသာ ဗိုလ္တစ္ေထာင္ငမိုးႏွင့္ ပတ္သက္သူမ်ားကို လိုက္လံေတြ႕ဆုံကာ စစ္ခ်က္ယူသည္။




ထို႔ေနာက္ အစီအရင္ခံစာအျပည့္အစုံတင္သြင္းကာ ပုလိပ္မင္းႀကီးထံ တင္လိုက္ေလေတာ့၏။




ထိုသတင္းကို ၾကားသည္ႏွင့္ ဦးတင္သည္ တရား႐ုံးခ်ဳပ္တရားသူႀကီးမ်ားမွ အစျပဳၿပီး၊ ပုလိပ္မင္းႀကီးအထိ ေရႊဒဂၤါေပါင္းမ်ားစြာလာဘ္ထိုးကာ အကာအကြယ္ႀကိဳယူထားခဲ့သည္။




သို႔ေသာ္ ဦးတင္ ေနာက္က်သြားေခ်ၿပီ။




မၾကာမီပင္ ပုလိပ္အရာရွိမ်ား ဦးတင္ကို ေနအိမ္တြင္ လာေရာက္ဖမ္းဆီးေလေတာ့သည္။




အစိုးရေရွ႕ေန နာမည္ေက်ာ္ ဦးျမဘူး။




ဦးတင္ဘက္က ငွားရမ္းထားသည့္ ေရွ႕ေနက ဘိလပ္မွ နာမည္ေက်ာ္ေရွ႕ေန မစၥတာထလန္ဘီ။




အစိုးရသက္ေသအျဖစ္ လယ္တီပ႑ိတဦးေမာင္ႀကီး၊ ျမန္မာ့အလင္းအယ္ဒီတာဦးစိန္၊ သတင္းေထာက္ဦးပုကေလး၊ စိန္ပြဲစားႀကီး ေဒၚျမေမ၊ ငမိုး၏ သူငယ္ခ်င္း အလိန္၊ ဖာရစီမယ္လွ၊ ငမိုးအဖမ္းခံရစဥ္က အသက္ (၁၄)ႏွစ္သာရွိေသးၿပီး ယခုအခါ ဓါးဘိုးထင္ဟု နာမည္ေက်ာ္လာသူ ငမိုး၏ အေမတူအေဖကြဲ ညီ ဘိုးထင္ ႏွင့္ ဗိုလ္တစ္ေထာင္ငမိုး တို႔ပင္။




စိန္ပြဲစားႀကီး ေဒၚျမေမ မွာ ငမိုး ဆရာသင္ကို သတ္ေပးသည့္ အတြက္ ဖာရစီမယ္လွကို ဦးတင္က စိန္နားကပ္တစ္ရံ အခေၾကးေငြေပးခဲ့ရာတြင္ ေရာင္းဝယ္ေပးခဲ့သည့္ ပြဲစားႀကီးျဖစ္သည္။




ဓါးဘိုးထင္ ကား ငမိုး အဖမ္းခံရစဥ္ ငမိုးအေမ မဗုံဗုံထံသို႔လာၿပီး ဦးတင္ စည္း႐ုံးခဲ့သမၽွကို ၾကားခဲ့ရသူျဖစ္သည္။




ဦးတင္က မေထာက္ပံ့သည့္အတြက္ ဗိုလ္တစ္ေထာင္ငမိုးအရွိန္ျဖင့္ လူမိုက္ေပါက္စလုပ္ကာ ေငြရွာေနရသည့္ လူငယ္ေလးျဖစ္သည္။




သက္ေသမ်ားကား ခိုင္လုံေနေပၿပီ။




သို႔ေသာ္..ဦးတင္ ဘက္က ေရွ႕ေန ႀကီးမွာ ေနာက္ဆုံးေလၽွာက္လဲခ်က္တြင္ ဝွက္ဖဲတစ္ခ်က္ကို ထုတ္ျပလိုက္ေလေတာ့သည္။




ထိုဝွက္ဖဲ ကား အျခားမဟုတ္။




“လူသတ္တရားခံတစ္ဦးႏွင့္ တြဲဖက္ႀကံရာပါ အျခားတရားခံတစ္ဦးရွိေနသည္ဟု အေထာက္အထား အခိုင္အမာရွိပါက ဥပေဒအရ ထိုအမႈကို ငါးႏွစ္အတြင္း ျပန္လည္စစ္ေဆးရမည္ျဖစ္ေၾကာင္း၊ ယခု ထိုမႈခင္းျဖစ္ပြားခဲ့သည့္ကာလမွ ငါးႏွစ္ေက်ာ္ေနသျဖင့္ အေရးမယူနိုင္ေတာ့” စီရင္ထုံးကို ေလၽွာက္လဲလိုက္ေတာ့သည္။




အမွန္တကယ္ပင္ အမႈျဖစ္သည့္ အခ်ိန္ကား ငါးႏွစ္ကို ရက္ပိုင္းပင္ ေက်ာ္သြားခဲ့ေခ်ၿပီ။




အမႈအား စီရင္ခ်က္ခ်ခဲ့ေလၿပီ။




“တရားခံ၏ ဝတ္လုံေတာ္ရႀကီး မစၥတာ ဒီထရန္ဗီ၏ ေလၽွာက္လဲခ်က္အရ အမႈကို ဆက္လက္စစ္ေဆးပိုင္ခြင့္မရွိေၾကာင္း၊ ဆိုင္ရာဌာနမ်ား၏ ေပါ့ေလ်ာ့မႈအတြက္ တရားခံမ်ား ထိုအက်ိဳးကို ခံစားထိုက္သျဖင့္ ဆက္လက္စစ္ေဆးပိုင္ခြင့္မရွိေၾကာင္း” စီရင္ခ်က္ ခ်လိုက္ေလေတာ့သည္။




ဦးတင္ ကား လြတ္သြားပါသည္။




သို႔ေသာ္ျငား အမႈျဖစ္စဥ္ စိတ္ေထာင္းကိုယ္ေၾကျဖစ္ရသျဖင့္ က်န္းမာေရးမေကာင္းေတာ့။




ဘိလပ္ဥပေဒဌာနမ်ားအထိ လာဘ္ထိုးရသျဖင့္ ရွိသမၽွ အကုန္ေရာင္းၿပီး အေႂကြးမ်ား တင္ကုန္သည္။




အသိုင္းအဝိုင္းကလည္း သူ႔အား လူယုတ္မာတစ္ဦးအျဖစ္ ဖယ္ခြာကုန္ၾကသည္။ ပိုင္ဆိုင္သမၽွကို အေႂကြးထိုးဆပ္ရသည္။




သားေထာက္သမီးခံလည္း မရွိရွာေသာ ဦးတင္သည္ က်န္ရစ္ေသာ ပိုင္ဆိုင္မႈအနည္းငယ္ကို ထုခြဲၿပီး ရန္ကုန္ၿမိဳ႕စြန္ ကမာရြတ္မွ ပဲျပဳတ္ေရာင္းသည့္ မုဆိုးမ တစ္ဦးႏွင့္ အိမ္ေထာင္ျပဳလိုက္သည္။




အိမ္ေထာင္ျပဳၿပီး ႏွစ္ႏွစ္အၾကာတြင္ပင္ ဆင္းဆင္းရဲရဲျဖင့္ တဲကေလးတြင္ ကြယ္လြန္သြားခဲ့ေပသည္။




ဦးတင္ကြယ္လြန္ၿပီး ေလးႏွစ္အၾကာ။




၁၉၃၀ တြင္ေတာ့ ဗိုလ္တစ္ေထာင္ငမိုးသည့္ အစိုးရသက္ေသအျဖစ္ ထြက္ဆိုေပးမႈ၊ အေနအထိုင္ စည္းကမ္းရွိမႈေၾကာင့္ ေလၽွာ့ရက္မ်ားစြာရၿပီး တကၽြန္းမွ ျပန္လြတ္ေျမာက္ခဲ့ၿပီျဖစ္သည္။




……………………………………………………………………………………………………………




ဗိုလ္တစ္ေထာင္၊ ဘရြတ္ကင္းလမ္းသည္ ေဈးသြားေဈးလာမ်ားျဖင့္ စည္ကားေနသည္။




ထိုအခ်ိန္တြင္ ေဈးေရွ႕သို႔ ကားတစ္စီး ထိုးစိုက္လာ၏။




ကားေပၚမွ လမ္းမေတာ္ဖိုးတုတ္ ဆင္းလာသည္။




သူ႔ေဘးတြင္ ဂႏၶမာေသာင္းရီ ႏွင့္ ငညြန႔္။




ဘရြတ္ကင္းေဈးအတိုင္း သူတို႔ ဝင္လာၾက၏။




ဗိုလ္တစ္ေထာင္ငမိုး ေနထိုင္သည့္ အိမ္သို႔ ေရာက္ေသာအခါ မတ္တပ္ရပ္လိုက္ၾကသည္။




တစ္ေဈးလုံးမွ လမ္းမေတာ္ဖိုးတုတ္ႀကီး လာၿပီမွန္း သတိထားမိသြားေလၿပီ။




ယခင္က ငမိုးေနခဲ့ေသာ အိမ္တြင္ မိခင္ျဖစ္သူေသဆုံးၿပီးေနာက္ ႏွမျဖစ္သူ မေအးၿမ ေနထိုင္သည္။ ငမိုး က မေအးၿမ ၏ သားကေလးႏွင့္အတူ အိမ္ေပၚတြင္ ေဆာ့ကစားေန၏။




ဂႏၶမာေသာင္းရီ က ကုတ္အကၤ်ီလက္အၾကားတြင္ ဝွက္လာေသာ ဓါးကို ထုတ္လိုက္သည္။




ထို႔ေနာက္ လမ္းေတာ္ဖိုးတုတ္ကို ကမ္းေပးလိုက္၏။




“ေဟ့..ဗိုလ္တစ္ေထာင္ငမိုး..…မင္း ဓါးေရးထက္တယ္ဆိုလို႔…လမ္းမေတာ္ကေန လာခဲ့တာပဲ….ငါ လမ္းမေတာ္ဖိုးတုတ္ကြ..ဓါးငမိုးနဲ႔ ဖိုးတုတ္ ဘယ္သူ ဓါးေရးထက္တယ္ဆိုတာ ဒီေန႔ သိရေအာင္ လာခဲ့တာပဲ”




အိမ္ေရွ႕မွ အသံေၾကာင့္ ဗိုလ္တစ္ေထာင္ငမိုး က ဝရံတာသို႔ ထြက္ၾကည့္လိုက္သည္။




ထို႔ေနာက္ ဓါးကိုင္လ်က္ အိမ္ေရွ႕မွ လာေအာ္ေနေသာ ဖိုးတုတ္တို႔ သုံးေယာက္ကို ၾကည့္ကာ ျပဳံးလိုက္၏။




ဘရြတ္ကရင္းတစ္ေဈးလုံး ၿငိမ္သက္သြားၾကေလၿပီ။




ငမိုးက ဝရံတာတြင္ လက္ေထာက္လိုက္ရင္း




“ဪ..ခင္ဗ်ား ေရာက္လာၿပီကို..ကိုဖိုးတုတ္..ကဲ..ဧည့္သည္ေရာက္ေတာ့လည္း ဧည့္ခံရမွာေပါ့.. အိမ္ေပၚ တက္ၾကပါဦး”




ဖိုးတုတ္က အိမ္ေပၚ တက္ရန္ ဟန္ျပင္လိုက္သည္။




ငညြန႔္က ဖိုးတုတ္လက္ကို ဆြဲထားလိုက္၏။




“ဆရာဖိုးတုတ္..ဓါးငမိုးက ဓါးနဲ႔ခုခါနီးဆို ဒီလိုပဲ ျပဳံးျပဳံးေလး လုပ္ျပတယ္လို႔ ကၽြန္ေတာ္ၾကားဖူးတယ္..အိမ္ေပၚ မတက္ရင္ေကာင္းမယ္..ေတာ္ၾကာ ေသကုန္ဦးမယ္..သတိထားမွဗ်”




ဖိုးတုတ္က ငညြန႔္ကို ၾကည့္ကာ ျပဳံးလိုက္သည္။




“ငညြန႔္ရာ…အျပင္မွာ ေနပူတယ္ဟ..ေသေတာ့လည္း အရိပ္ထဲ ေသရတာေပါ့..လာတက္မယ္”




ဖိုးတုတ္က ေရွ႕ဆုံးမွ တက္သြား၏။




ဂႏၶမာေသာင္းရီက ေနာက္ကလိုက္တက္သည္။ ေနာက္ဆုံးတြင္ ငညြန႔္။




အိမ္ေပၚသို႔ ေရာက္ေသာအခါ ငမိုး က သင္ျဖဴးဖ်ာကို ခင္းေနသျဖင့္ ငညြန႔္ပင္ အံၾသသြားသည္။




“လာဗ်ာ..ဓါးႀကီးေတာ့ ဖိနပ္ခၽြတ္မွာ ေထာင္ခဲ့စမ္းပါ..အသဲယားလို႔..…ကၽြန္ေတာ္လည္း လြတ္လာကတည္းက ခင္ဗ်ားတို႔ ဘယ္ေန႔လာမလဲ ေစာင့္ေနတာ.. ဟိုတစ္ေန႔ကေတာ့ မန္မဆာႀကီး လာသြားၿပီးၿပီ”




ဖိုးတုတ္က သင္ျဖဴးဖ်ာေပၚ ထိုင္လိုက္သည္။ ဂႏၶမာက ဖိုးတုတ္ႏွင့္ ခပ္လွမ္းလွမ္း တြင္ သြားထိုင္၏။ ငညြန႔္ကမူ မတ္တပ္ရပ္လ်က္။




“ကဲ..ေျပာပါဦး..အဘိုင္ေလးတို႔က ဘာေတြ ေျပာသြားလဲ..ကိုမိုး”




“သူတို႔နဲ႔ မဟာမိတ္ဖြဲ႕ဖို႔တဲ့..ကိုဖိုးတုတ္ေရ..ကၽြန္ေတာ္လည္း ျပန္ေျပာလိုက္ပါတယ္.. မဟာမိတ္ဖြဲ႕ရေအာင္ ပထမကမၻာစစ္မဟုတ္ဘူးလို႔..ကၽြန္ေတာ္မွာလည္း အရင္မိတ္ေဟာင္းေတြ လာတာေတာင္ ႏွင္ပစ္ေနတာပါဗ်ာ”




“က်ဳပ္တို႔ကိုေရာ ႏွင္ဦးမွာလား..ကိုမိုးရဲ့”




“မႏွင္ပါဘူး..ကိုဖိုးတုတ္ရာ…ကၽြန္ေတာ္က ေက်းဇူးတရားကိုသိတဲ့ေကာင္ပါ။ ကၽြန္ေတာ္အေမ က်န္းမာေရးမေကာင္းစဥ္ကေရာ၊  နာေရးျဖစ္တဲ့အထိပါ ကိုဖိုးတုတ္ ကူညီေပးခဲ့တာေတြကို ကၽြန္ေတာ့္ ႏွမ က အကုန္ေျပာျပထားပါတယ္”




“အဲ့ဒါေတာ့ က်ဳပ္သူငယ္ခ်င္း ဂႏၶမာႀကီးကို ေက်းဇူးတင္ဗ်ိဳး။ ဂႏၶမာႀကီးက ခင္ဗ်ားအေမ ဒုကၡေရာက္ေနတယ္သတင္းၾကားေတာ့ ကၽြန္ေတာ့္ကို ေျပာျပတယ္။ သူက အရင္ ပုဇြန္ေတာင္မွာေနကတည္းက ခင္ဗ်ားအေၾကာင္းေတြ သိေနတာကိုးဗ်”




“ကိုဂႏၶမာေရာ..ကိုဖိုးတုတ္ကိုေရာ ေက်းဇူးတကယ္တင္ပါတယ္ဗ်ာ”




“က်ဳပ္လူ ငညြန႔္က ခင္ဗ်ားက အိမ္ေပၚတက္ရင္ ခုတ္မယ္ ထင္ေနတာဗ်”




“ဟုတ္တယ္ဗ်ာ..တျခားလူဆိုရင္ေတာ့ အိမ္ေပၚေတာင္မေရာက္ဘူး..အဲ့ဒီနားတင္ ဆင္းပိုင္ၿပီးသားပဲ.ဒါေပမယ့္ဗ်ာ ကၽြန္ေတာ့္စိတ္ကို ကၽြန္ေတာ္ရသေလာက္ ျပန္ျပင္ေနပါၿပီ.. ဒါနဲ႔ ကိုဖိုးတုတ္က ဘာလို႔ ကၽြန္ေတာ့္အိမ္ေရွ႕ကေန ဓါးႀကီးကိုင္ၿပီး စိန္ေခၚရတာတုန္းဗ်..ကၽြန္ေတာ္နားမလည္ဘူး”




“ဟားဟား..ကိုမိုးရာ..ဘာပဲျဖစ္ျဖစ္ ကိုမိုး ကို က်ဳပ္အကူအညီေတာင္းခ်င္တာေတာ့…ေလာေလာဆယ္ေတာ့ က်ဳပ္တို႔ကို ကူညီတဲ့အေနနဲ႔ ပိုေနျမဲ ၊ ၾကားေနျမဲေနေပးပါ။ ကိုမိုးနယ္ထဲကိုလည္း က်ဳပ္လူေတြ လႊတ္ထားေပးမယ္။ မၾကာခင္မွာ က်ဳပ္တို႔ အေရွ႕ပိုင္းက မန္မဆာနဲ႔ မတ္စတီးခန္းနယ္ေတြကို ဝင္သိမ္းေတာ့မယ္။ ခုန အိမ္ေရွ႕မွာ ဓါးနဲ႔ စိန္ေခၚရတာလည္း အဲ့ဒါပဲ။ က်ဳပ္ ခင္ဗ်ားကို စိန္ေခၚလိုက္တယ္၊ ခင္ဗ်ားက ထြက္လာၿပီး အိမ္ေပၚေခၚတယ္။ ၿပီးရင္ က်ဳပ္တို႔က ခင္ဗ်ားအိမ္က ေအးေအးေဆးေဆးျပန္ဆင္းသြားမယ္။




ခင္ဗ်ားကလည္း ျပဳံးျပဳံးရႊင္ရႊင္ပဲ။ အဲဒီေတာ့ ညေနက်ရင္ မတ္စတီးခန္းနဲ႔ မန္မဆာေတြဆီကို ဖိုးတုတ္နဲ႔ ငမိုး ပူးေပါင္းသြားၿပီဆိုတဲ့ သတင္းထြက္လာလိမ့္မယ္၊ အဲ့ဒီအခါ ဒီေကာင္ေတြကို က်ဳပ္က စိတ္ဓာတ္ေရးရာအရ အသာစီးယူလိုက္တာပဲ”




ငမိုးက ေခါင္းကုတ္လိုက္သည္။




“ကိုဖိုးတုတ္ရာ..ကၽြန္ေတာ္တို႔က အဲ့ဒီေလာက္ထိေတာ့လိုက္မမွီဘူး..မတရားရင္ ေစာ္လိုက္မယ္၊ခ်လိုက္မယ္ပဲ သိခဲ့တာ..ခင္ဗ်ားကေတာ့ တကယ့္ကို အကြက္က်က် စီစဥ္တတ္တဲ့ ဉာဏ္သမားပဲဗ်ာ..စိတ္ခ်ပါဗ်ာ..ခင္ဗ်ား ေက်းဇူးေတြ ကၽြန္ေတာ့္အေပၚရွိတာပဲ..ဒါေပမယ့္..ခင္ဗ်ား ကိစၥေတြၿပီးရင္ေတာ့ ကၽြန္ေတာ့္ကို သကၤန္းစီးေပးပါဗ်ာ”




“တကယ္လား..ကိုမိုးရဲ့..ဒီနယ္မွာလည္း ခင္ဗ်ားအရွိန္က အမ်ားႀကီးက်န္ပါေသးတယ္… ခင္ဗ်ား နဲ႔ က်ဳပ္ ရန္ကုန္ကို ပူးတြဲစိုးမိုးလို႔ရပါေသးတယ္”




“ေနပါေစ..ကိုဖိုးတုတ္ရာ..ကၽြန္ေတာ္က ခင္ဗ်ား တို႔နဲ႔ မတူပါဘူး။ ခင္ဗ်ားတို႔လို မႀကံတတ္ မစည္တတ္ဗ်။ တကယ္လို႔ ခင္ဗ်ားနဲ႔ ပူးတြဲစိုးမိုးမယ္ဆိုရင္ေတာင္ ခင္ဗ်ားက တနည္းနည္းနဲ႔ ကၽြန္ေတာ့္ကို ရွင္းမွာပဲ မဟုတ္လား..ခင္ဗ်ားက ဗိုလ္မထားတတ္မယ့္ လူဆိုတာ ကၽြန္ေတာ္သိပါတယ္..ကိုဖိုးတုတ္ရာ..ဟားဟား”




ထိုေန႔က လမ္းမေတာ္ဖိုးတုတ္ႏွင့္ ဗိုလ္တစ္ေထာင္ငမိုး တို႔ အိမ္ေပၚမွ ရယ္ရယ္ေမာေမာျဖင့္ ဆင္းလာသည္ကို ဘရြတ္ကင္းေဈးအတြင္းမွ လူအမ်ား ျမင္လိုက္ၾကရသည္။




ေနာက္တစ္ေန႔တြင္ မစၥတာမန္မဆာ သည္ မတ္စတီးခန္း၏ ပန္းဘဲတန္းမွ တိုက္ႀကီးဆီသို႔ အေျပးအလႊားသြားေလေတာ့သည္။




ခက္ေဇာ္




အခန္း ၁၄ ဆက္ရန္

Comments

Post a Comment