TGOR 1930 (အခန်း 11)

The Guys of Yangon,1930(Part 10)
    

   အခန်း(၁၁)

        ……………

 

“အလိန်..အလိန်…”

ဓါးရှည်ကို ကိုင်ကာ သွေးသံတရဲရဲဖြင့် ပြေးလာနေသော မောင်မိုး ကိုမြင်လိုက်ရသည့်အတွက် အလိန် အံသြသွားသည်။

မောင်မိုး က မမြသစ်အား ခိုးလာခဲ့ပြီးလျှင် ခဏတာအတူနေထိုင်ရန် အလိန်မိဘများ ပိုင်ဆိုင်သော အီဗင်ဆင်လမ်း မှ သစ်သားအိမ်ကလေးကို စီစဉ်ထားသည်။

အိမ်ကလေးတွင် အလိန်က သင့်စောင့်နေစဉ် ဓါးကိုင်လျက်ပြေးလာသော ငမိုးကို မြင်လိုက်ရခြင်းပင်။

“ငမိုး..ဘာဖြစ်လာတာလဲ..မင်း ဘာဖြစ်လာတာလဲ”

“ငါ ခုတ်ခဲ့ပြီ..ခုတ်ခဲ့ပြီ အလိန်”

“ဘယ်သူလဲ..ဘယ်သူ့ကို ခုတ်ခဲ့တာတုန်း..”

“ငါ မမြသစ် ကို ဝင်ဆွဲတုန်း ဘယ်က လူမှန်းမသိဘူး ပေါ်လာတယ်ကွာ။ သူငါ့ကိုချတာနဲ့ ငါလည်း ဓါးနဲ့ ထိုးပစ်ခဲ့တယ်။ မမြသစ်ကိုရော..ငါထိုးခဲ့တယ်”

“ဟာ..မမြသစ်ကိုပါ ထိုးခဲ့တာလား..”

“အေး.အိမ်အဝမှာ ရောက်နေတဲ့ ပုလိပ်တစ်ကောင်ကိုလည်း လက်ကို ခုတ်ခဲ့သေးတယ်”

“ဟာ..မဖြစ်ဘူး..ငမိုး..မင်းအိမ်ထဲဝင်..အိမ်ထဲဝင်”

အလိန်က ငမိုးကို အိမ်ထဲခေါ်သွင်းပြီး တံခါးများကို ပိတ်လိုက်သည်။

“ငါ ဘာလုပ်ရမလဲ..အလိန်”

အလိန်က ခေါင်းကို ကုတ်လိုက်သည်။

“မင်းလုပ်ခဲ့တာ သုံယောက်တောင်ကွ။ မင်းအဖမ်းခံချင်လား”

“မင်းပဲ အပြောကောင်း အလိန်၊ ဘယ်ခံချင်မလဲကွ”

 “နေဦးကွာ..ဒီအိမ်မှာပဲ ..မင်း ခဏခိုနေ..ဒီအိမ်က ဘေးပတ်ဝန်းကျင်မှာလည်း ဘာဘူတိုက်နှစ်လုံးပဲရှိတယ်။ ပုလိပ်တွေ ဘာတွေလည်း သိပ်လာလေ့မရှိဘူး။ မင်းတို့ နှစ်ယောက်ခိုးလာရင် စားဖို့ ဆန်ဆီဆား၊ ရိက္ခာအစုံလည်း ငါဖြည့်ပေးထားသေးတယ်။ လောလောဆယ် မင်းဒီမှာအောင်းနေ…အခြေအနေ ထူးရင် ငါဆက်သွယ်လိုက်မယ်..ငမိုး..ငါ မဆက်သွယ်မချင်း အပြင်မထွက်နဲ့နော်”

“အေး….အလိန်”

“ဟုတ်ပြီ..အခု မင်း နဲ့အတူ ငါပါ ပျောက်နေရင် ရိပ်မိသွားကြလိမ့်မယ်၊ ဒီတော့ ငါက ဗိုလ်တစ်ထောင်ပြန်ပြီး လူမြင်သူမြင်အောင် သွားနေနေမယ်။ မင်း ဖြစ်သွားတာ ငါမသိဘူးဆိုတဲ့သဘောပေါ့”

“ကောင်းတယ်..အလိန်..မင်းအစီအစဉ်ကောင်းတယ်”

…………………………………………………………………………..

လူနှစ်ယောက်ကို ဓါးဖြင့် ထိုး၊ ပုလိပ်စာသင်တစ်ယောက်အား ဓါးဖြင့် ခုတ်သွားသည့် ဗိုလ်တစ်ထောင်မောင်မိုး ၏ သတင်းက ရန်ကုန်မြို့ထဲ ကျော်ထွက်လာသည်။

မောင်မိုး ကို ဓားထိုးမှု၊ ပိုင်နက်ကျူးလွန်မှု၊ အလိုမတူသောမိန်းကလေးတစ်ဦးကို အဓမ္မလက်ရောက်မှု၊ ပုလိပ်ဝန်ထမ်းတစ်ဦးအား အသက်သေစေရန်အထိ ဒဏ်ရာရစေမှု ။

နောက်တိုးလာသည်က ဝရမ်းပြေးမှု။

ပုဒ်မတွေ တစ်ပြုံတစ်ခေါင်းကပ်ခံရပြီး လူဆိုး ဗိုလ်တစ်ထောင်ငမိုး ဟူသော ဘွဲ့ကို ချက်ချင်းပင် တပ်လိုက်ကြတော့သည်။

၁၉၁၀ ခုနှစ် ၊ နှစ်ဆယ်ရာစုသို့ အဝင် ဆယ်စုနှစ်များတွင် ရန်ကုန်သည် လူနေမထူထပ်သေး။

ပထမကမ္ဘာစစ်ကို ကြိုဆိုနေဆဲ နှစ်များမို့ အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားမှာလည်း အားကောင်းစွာ မောင်းနှင်နေဆဲပင်။

ရန်ကုန်၏ နာမည်ကျော် ဒုစရိုက်ဂိုဏ်းကြီးဖြစ်သော မန်ရှီဒီးဂိုဏ်းဝင်များနှင့် လူမိုက်ကြီးများဖြင့် ပုလိပ်အဖွဲ့ က အလိုရှိလျှင် ရက်ပိုင်းအတွင်း ဖမ်းမိနိုင်သည့်အခြေအနေဖြစ်နေသည်။

ထိုအချိန်တွင် လူသုံးယောက်ကို တစ်ပြိုင်တည်း၊ တစ်နေ့တည်း ဓါးထိုးဓါးခုတ် ခဲ့သည့် ဆယ်ကျော်သက်လေး ငမိုး ကို ပုလိပ်အဖွဲ့က လေးလကျော်သည်အထိ ဖမ်းမမိချေ။

ငမိုး ၏ သူငယ်ချင်းဖြစ်သော အလိန် မိဘများပိုင်သည့် နေရာများကို ပုလိပ်တပ်ဖွဲ့က ခြေရာခံလိုက်ခဲ့သော်လည်း မည်သို့မျှ မထူးခြား။

နောက်ဆုံး ငမိုး ခိုအောင်းနေသည်ဟု သတင်းရထားသော အီဗင်ဆင်လမ်း(ယခုမြယာပင်လမ်း) နေအိမ်အားလည်း ဝင်ရောက်ရှာဖွေသောအခါ တွင်လည်း လုံးဝရှာမတွေ့ခဲ့။

သတင်းစာများကလည်း ဗိုလ်တစ်ထောင်ငမိုး တည်းဟူသော လူမိုက်ကလေးသည် မြေလျှိုးမိုးပျံနိုင်သည့် အလား ရေးကာ ပုလိပ်အဖွဲ့ကြီးကို ကလိကြတော့သည်။

ငမိုးကို ဟိုနေရာမှာ တွေ့လိုက်သည်။ ဒီနေရာမှ ပေါ်လာသည် ဟူသော ကောလဟလများလည်း ထွက်ပေါ်နေသည်။

ဗိုလ်တစ်ထောင်ငမိုး သည် လူက ပျောက်နေသော်လည်း နာမည်က ကြီးသည်ထက်ကြီးလာနေသည်။

ငမိုး ဟူသည် ပီဘိလူဆိုးဗိုလ်ကြီးဟု ယူဆသူက ယူဆလာသည်။

တကယ်တော့ အသက် (၁၆)နှစ်ပင် မပြည့်တတ်သေးသည့် နုနုနယ်နယ်လူငယ်ကလေး။

တကယ်တော့ ငမိုးတွင် မွေးစားအဖေ ရှိခဲ့သည်။ ငမိုး (၁၁)နှစ်သားတွင် မိခင်ဖြစ်သူ ဒေါ်ဗုံဗုံမှာ ဖခင်နှင့်ကွဲပြီး နောက်အိမ်ထောင်ပြုလိုက်၏။

ထိုအချိန်တွင် ပထွေးလက်ထဲမှ မောင်မိုးလေးကို မွေးစားလိုသူတွေ များပြားခဲ့သည်။

မောင်မိုးသည် ထိုအချိန်က သူငယ်ချင်းအလိန်နှင့်အတူ ဗိုလ်တစ်ထောင်သစ်ဆိပ်တွင် ရေသွားသွားကူးရာမှ မျက်နှာဖြူသစ်တောအရာရှိ မစ္စတာဂျော့စကော့ နှင့် ခင်မင်သွားသည်။

အင်္ဂလန်တွင် ပလိပ်ရောဂါဖြင့် ဆုံးသွားသော သူ့သားငယ်လေးနှင့် ရုပ်ချင်းဆင်သည်ဟုဆိုကာ မစ္စတာဂျော့စကော့က မောင်မိုးကို မွေးစားရန် ဒေါ်ဗုံဗုံထံမှ တောင်းဆိုခဲ့သည်။

ဒေါ်ဗုံဗုံကလည်း ခွင့်ပြုခဲ့သည်။

မောင်မိုးသည် မစ္စတာဂျော့စကော့၏ သားအဖြစ်နှင့် သုံးနှစ်ကြာ အတူနေခဲ့ပြီးနောက် မစ္စတာဂျော့စကော့သည် ကသာမြို့သို့ ပြောင်းရွှေ့ရမည်ဖြစ်သဖြင့် ငမိုးကို ဒေါ်ဗုံဗုံထံ ပြန်အပ်ခဲ့ခြင်းဖြစ်လေသည်။

ငမိုး၏ သတင်းကြားသောအခါ မစ္စတာဂျော့စကော့က အလိန်နှင့် ဦးစွာဆက်သွယ်၏။

ထို့နောက်..မစ္စတာဂျော့စကော့အကူအညီဖြင့် ဗိုလ်တစ်ထောင်သစ်ဆိပ်မှ သစ်တောအရာရှိများ နေထိုင်ရာ ဘန်ဂလိုတွင် လျှို့ဝှက်စွာသွားရောက်နေထိုင်နိုင်ခဲ့သည်။

ဗိုလ်တစ်ထောင် ပုလိပ်ဌာနနှင့် တစ်ခေါ်သာသာသာ ဝေးသော ဗိုလ်တစ်ထောင်သစ်ဆိပ်တွင် နေပြီး ငမိုးက ပုလိပ်အဖွဲ့ကို မျက်လှည့်ပြခဲ့ကြလေသည်။

မျက်နှာဖြူသစ်တောအရာရှိကြီးများနေထိုင်ရာ ဘန်ဂလိုများမို့ ဗြိတိသျှလူမျိုးများမှ လွဲပြီး မည်သူမျှ ဝင်ခွင့်မရသော နယ်မြေတွင် ငမိုးမှာ အေးဆေးသက်သာခိုအောင်းနိုင်ခဲ့သည်။

သို့သော် လူငယ်ပီပီ ငမိုးကား ကြာကြာမအောင်းနိုင်။

မစ္စတာဂျော့စကော့ ကသာသို့ ပြန်သွားပြီးမကြာမီ အပြင်သို့ ခိုးထွက်တော့သည်။

ငမိုး သည် အလိန် တို့ အိမ်သို့ သွားသည်။ နောက်ဖေးပေါက်မှ ပတ်ကာ အလိန့်အခန်းသို့ ဝင်သည်။

သူတို့သူငယ်ချင်းနှစ်ယောက် အပြင်သို့ ညဘက်ခိုးထွက်ပြီး ပြန်ဝင်နေကျဖြစ်သဖြင့် ငမိုးသည် အလိန့်အိမ်ကို အဝင်အထွက်ကျွမ်းကျင်နေခြင်းလည်းဖြစ်သည်။

“ဟေ့..အလိန်..”

“ဟာ..ငမိုး..ဒုက္ခပါပဲကွာ..ဘာလို့ထွက်လာတာလဲ”

“ထန်းရည်သောက်ချင်လို့ကွ”

“ဟာ..မင်းဘိုတဲမှာ မင်းဒယ်ဒီက ဘီယာတွေ၊ ရှယ်ရီတွေ၊ ဝီစကီတွေ ထားပေးခဲ့တယ်ဆို”

“ဟာကွာ..သူ့ဟာသူ ဘာနေနေ..ထန်းရည်တော့ လွမ်းတယ်ဟ”

“အေးကွာ..ငါလည်း မင်းမရှိတော့..ထန်းရည်မသောက်ရတာ ကြာပြီဟ..သံလျင်ဘက် သင်္ဘောနဲ့ ကူးပြီး သွားချကြမလား”

“စိန်လိုက်လေ..ကိုယ့်လူ”

ငမိုး က အလိန်ထံမှ တရုတ်ဝတ်စုံကို ဝတ်ကာ တရုတ်ညီအစ်ကိုနှစ်ဦးပုံစံဖြင့် သင်္ဘောဆိပ်သို့ ဆင်းခဲ့ကြသည်။

သန်လျင်တွင် တစ်နေကုန် ထန်းရည်သောက်ပြီးနောက် နှစ်ဦးသား ရီဝေဝေဖြင့် ရန်ကုန်ပြန်ကူးသည့် သင်္ဘောပေါ်တက်ခဲ့ကြလေသည်။

ထိုအချိန်တွင် သန်လျင်မှ အမှုတစ်ခုစုံစမ်ပြီးပြန်လာသည့် ဗိုလ်တစ်ထောင်ပုလိပ်ဌာနမှ ပုလိပ်စာသင် ကိုဘသွယ်ကလည်း အရပ်ဝတ်ဖြင့် သင်္ဘောပေါ်လိုက်ပါလာ၏။

ငမိုးတို့မှာ မူးနေပြီဖြစ်သည့်အတွက် တရုတ်ဦးထုတ်ကို ချွတ်ကာ သင်္ဘောဦးတွင် အော်ဟစ်ပျော်မြူးနေကြသည်။

ဗိုလ်တစ်ထောင်တွင် ငယ်စဉ်ကတည်းက နာမည်ကြီးခဲ့သော သူငယ်ချင်းနှစ်ယောက်ကို ကိုဘသွယ် မှတ်မိသွားသည်။

ကိုဘသွယ်ကား ရန်ကုန်ကမ်းသို့ သင်္ဘောဆိုက်ဆိုက်ခြင်းပင် ရှေ့ဆုံးမှ ဆင်းသွားပြီး ဆိပ်ကမ်းတာဝန်ကျ ပုလိပ်သားနှစ်ဦးကို ခေါ်ကာ ငမိုး တို့ သူငယ်ချင်းနှစ်ဦးကို စီးကာဖမ်းလိုက်လေတော့သည်။

အလိန် ကား မိဘများ၏ ကျေးဇူးဖြင့် ချက်ချင်း ပြန်လွတ်လာခဲ့သော်လည်း ငမိုးမှာ မူ မသက်သာလှ။

လေးလလုံးလုံး ပုလိပ်အဖွဲ့ကို မျက်လှည့်ပြကာပုန်းအောင်းနေခဲ့ပြီး သိက္ခာချခဲ့သူ ငမိုးကို အချုပ်ခန်းထဲတွင် ပုလိပ်များက မသေရုံတမယ် ရိုက်နှက်ကြသည်။

မိခင်ကြီးဖြစ်သူ ဒေါ်ဗုံဗုံမှာ မျက်ရည်နှင့် မျက်ခွက်။

မွေးစားဖခင် ဂျော့စကော့ကတော့ ငမိုးကို သူဝှက်ပေးထားခဲ့သည့် ကိစ္စ ပေါ်မည်စိုးသဖြင့် လူကိုယ်တိုင်လာမတွေ့ပဲ ငွေကြေးသာထောက်ပံ့ပေးခဲ့သည်။

ငမိုးကို တရားရုံးဆွဲတင်လိုက်သော်လည်း အသက် (၁၆)နှစ်မပြည့်သေးသဖြင့် ကလေးသူငယ်တရားရုံးတွင် သာပြစ်ဒဏ်စီရင်ရလေသည်။

ထို့နောက် ငမိုးသည် (၁၈)နှစ်မပြည့်မချင်း ဘော်စတယ်ကလေးထောင်တွင်နေရန် အမိန့်ချခံရတော့၏။

ကလေးထောင်တွင် မူ မွေးစားဖခင်ကြီး၏ အဆက်အသွယ်ဖြင့် ငမိုးသည် ဗိုလ်ကပြားထောင်မှူးတစ်ဦး၏ ရုံးတွင် သက်သက်သာသာနေခဲ့ရသည်။

အလိန်ကလည်း ငွေကြေးလိုသလောက်ပို့ပေးသဖြင့် ငမိုး မှာ ကလေးထောင်တွင် ငွေအားရော၊ မိုက်အားပါ ကောင်းသည့် လူမိုက်ဘုရင်ကလေးဖြစ်ခဲ့ပြန်သည်။

အသက်(၁၈)နှစ်ပြည့်သောအခါ ငမိုး ထောင်မှ လွတ်လာသည်။

သို့သော် ဗိုလ်တစ်ထောင်ပုလိပ်ဌာန၏ လူဆိုးစာရင်းသွင်းခံရပြီးနောက် ငမိုး ခြေချုပ်လုပ်ခံရသည်။

တစ်ပတ်တစ်ကြိမ် ဗိုလ်တစ်ထောင်ဂတ်တွင် လက်မှတ်ထိုးရသည်။

နယ်ကျော်ခရီးသွားလျှင် ရပ်ကွက်သူကြီးထံ အကြောင်းကြားရသည်။

ငမိုး ထောင်ကျနေသော နှစ်နှစ်အတွင်း အလိန် ကလည်း အတတ်မျိုးစုံတတ်နေသည့် သူဌေးသား လူဆိုးလေး ဖြစ်နေပေပြီ။

အလိန်နှင့် ငမိုး ပြန်တွဲကြသည်။

ဗိုလ်တစ်ထောင်ငမိုး ဟူသော နာမည်က လူမိုက်လောကတွင် နာမည်ရနေသော်လည်း လူနှင့် နာမည်ကို မတွဲမိကြ။

တစ်ရက်တွင် ငမိုး ထံသို့ အလိန်ရောက်လာသည်။

“ငမိုး..ဒီည ရေကျော်က မသာအိမ်တစ်ခုမှာ ရှိုးဝိုင်းကောင်းတယ်ကွ။ ငါသွားမယ်။ မင်းလိုက်ခဲ့ပေး”

“အေး..မင်းနိုင်ရင်တော့..ကောင်းကောင်း ပြုစုရမယ်နော်ကွ”

ထိုအချိန်က ရေကျော် တွင် မန်မဆာမိသားစုမှာ ရထားလုံးပိုင်ရှင်ဘဝသာရှိသေးပြီး လူမိုက်ဂိုဏ်းဖြစ်မလာသေး။

ရေကျော်လူမိုက်လောကကို စိုးမိုးထားသည်မှာ ကိုသိန်း၊ကိုသန်း အမွှာညီအစ်ကိုသာ ဖြစ်သည်.။

ရေကျော်ကိုသိန်းနှင့် ရေကျော်ကိုသန်း မှာ မန်းရှီးဒီးဂိုဏ်းဝင်များကပင် လေးစားရသည့် နယ်ခံလူမိုက်ကြီးများ ဖြစ်သည်။

ထိုညက ငမိုးသည် ဓါးမြှောင်တစ်လက်ကို ခါးတွင်ထိုးကာ အလိန်နှင့်အတူ ရေကျော်ဖဲဝိုင်းသို့ ထွက်လာခဲ့သည်။

မသာအိမ်၏ ဖဲဝိုင်းက စည်ကားလှ၏။

အရှေ့ပိုင်းတစ်ခွင်မှ ဖဲသမားပေါင်းစုံ၊ လူမိုက်ပေါင်းစုံ စုဝေးနေလေသည်။

အလိန် ကား ရှိုး ရိုက်ရာတွင် တစ်ဖက်ကမ်းခတ်နေသည်။

သူတို့ တရုတ်မိသားစုတစ်စုလုံးသည် စာစသင်စကတည်းက ဖဲရိုက်နည်းမျိုးစုံဖြင့် ကျင်လည်ခဲ့သူများပင်။

ချာတိတ်လေးနှစ်ယောက်၏ ရှေ့တွင် ရှိသော ငွေပုံကြီးက ဖဲဝိုင်းရောက်နေသာ လူမိုက်များအတွက် မျက်စိကျစရာပင်။

အလိန်က အာကျယ်နေသလောက် ငမိုး ကတော့ အလိန်နောက်တွင် ကုတ်ကုတ်ကလေးထိုင်ကာ စီးကရက်ဖွာနေလေသည်။

အသုဘအိမ်တွင်ရှိနေသော လောင်းကစားသမားများ၊ လူမိုက်များ၏ အမြင်တွင် ပိုက်ဆံရှိသော တရုတ်သူဌေးသား ချာတိတ်လေးနှစ်ယောက် ဟုသာ ငမိုးနှင့်အလိန်ကို မြင်နေကြ၏။

ထိုစဉ် အလိန် ရှေ့တည့်တည့်တွင် ထိုင်နေသော အသားမည်းမည်းနှင့် လူက ရုတ်တရက် ထလိုက်လေသည်။

အလိန် ၏ ရှေ့တွင် ချထားသော ငွေပုံထဲက ရူပီး တစ်ထပ်ကို ဆွဲယူလိုက်သည်။

“ဟေ့တရုတ်ကလေး…ငါ့ပိုက်ဆံကုန်လို့..မင်းဆီက ယူရိုက်တယ်ကွာ..ဟုတ်ပြီလား”

အလိန်က ရုတ်တရက်မို့ ကြောင်သွားပြီး တစ်ခုခု လုပ်ရန် ဟန်ပြင်လိုက်၏။

ငမိုးက အနောက်မှ နေပြီး အလိန်၏ လက်ကို ဖမ်းဆွဲထားလိုက်သည်။

“ဟုတ်..အကိုကြီး..ရပါတယ်..ယူပါ.လိုရင် ထပ်ယူပါဦး..ကျွန်တော့်တို့က ကလေးတွေပဲ…အလိန်ပေးလိုက်ပါကွာ”

အလိန်က ပြန်ထိုင်သွား၏။

“အေး..ဒီလိုမှပေါ့ကွ..ငါ့နာမည်.ကျော်အေး တဲ့ကွ..မှတ်ထား..ကျော်အေးက တောင်းမရရင် တိုက်ယူတတ်တယ်မှတ်”

ကျော်အေး ဆိုသူက သူ့ကုတ်အင်္ကျီ ကြားတွင် ထိုးထားသော ဓါးမြောင်ကို အသာလှစ်ပြီး ငမိုးတို့ကို ခြိမ်းခြောက်လိုက်သည်။

ဖဲဝိုင်း ကား ပြန်အသက်ဝင်လာပြီ။

ရှိုးဝိုင်းမို့ အာရုံကိုယ်စီ စိုက်ထားကြ၏။

“အား..အားလားလား…အားလားလား” ဟူသော အသံနက်ကြီး ကျော်အေးထံမှ ထွက်လာသည်။

ကျော်အေး၏ နောက်တွင် ငမိုးကို တွေ့ရသည်။

မည်သည့်အချိန်က ရောက်သွားသည်မသိ။

ငမိုးသည် ကျော်အေး၏ ကုတ်အင်္ကျီ ဟပြဲကို အနောက်မှ သိုင်းကာ လက်တစ်ဖက်ဖြင့် ချုပ်ထားပြီး လက်တစ်ဖက်မှ ကျော်အေး၏ ပေါင်ကို ဓါးဖြင့် စိုက်ချထားသည်။

ကျော်အေးမှာ ကုတ်အင်္ကျီဖြင့် ချုပ်ထားသလိုဖြစ်နေပြီး မည်သို့ မျှ လှုပ်ရှားမရဖြစ်နေသည်။

ငမိုးက ကျော်အေးပေါင်ကို ဓါးဖြင့် စိတ်ကြိုက် မွှေနေသည်။

အလိန်ကလည်း အသင့်ပါလာသော ဓါးမြောင်ကို ထုတ်ကာ ငမိုး နားကပ်လာလိုက်သည်။

သူတို့ နှစ်ဦးအား မသာအိမ်တစ်ခုလုံးမှ လူများ ဝိုင်းအုံကြည့်နေကြသည်။

“ကဲ..ကိုကျော်အေးကြီး..ကျွန်တော်တို့ ပြန်တော့မယ်ဗျ..အဲ့ဒါ ယူထားတဲ့ ပိုက်ဆံလေး ပြန်တောင်းတာပါ”

ငမိုးက ပြုံးပြုံးပြုံးပြုံးဖြင့် စကားပြောရင်း ကျော်အေး၏ ပေါင်ကို ဓါးဖြင့် စိတ်ပြေနပြေ ထိုးစိုက်မွှေနေ၏။

ကျော်အေးမှာ နာကြင်လွန်းသဖြင့် တအိအိအသံသာ ထွက်နိုင်တော့သည်။ ပေါင်မှလည်း သွေးများ တဗွက်ဗွက်ထွက်နေ၏။

ထိုအချိန်တွင် မသာအိမ်အပေါ်ထပ်မှ ရုပ်ချင်းခပ်ဆင်ဆင်တူသော လူကြီးနှစ်ယောက် ဆင်းလာလေသည်။

တစ်ယောက်က ဓါးအိမ်နှင့် ဓါးကို စလွယ်သိုင်းပြီး ရှမ်းဘောင်းဘီဝတ်ထား၏။

“ဟေ့..ဘယ်ကကောင်တွေလဲဟေ့..ဘာပြသနာလာရှာနေတာလဲ’’

“ကိုသိန်းနဲ့ ကိုသန်း လာပြီ”

လူအုပ်ကြီးက ရှဲခနဲဖြစ်သွားပြီ။ ချာတိတ်နှစ်ကောင်တော့ သေပြီဟူသော အသိများဖြင့် ဝိုင်းကြည့်နေကြသည်။

အလိန်က ဓါးမြောင်ကို ရှေ့သို့ ကာထားပြီး

“ကျွန်တော်တို့ နိုင်ထားတဲ့ငွေကို ဒီလူ အနိုင်ကျင့်ပြီး ယူထားလို့..ပြန်ယူတာ..ကျွန်တော်တို့ ဘာမှ မတရားမလုပ်ဘူး’’

ဓါးလွယ်ထားသည့် လူကြီးက ဓါးကို အသင့်အနေအထားကိုင်လိုက်သည်။

“ဒီမှာ ချာတိတ်..ဒီအိမ်က ငါတို့ မိတ်ဆွေ ရဲ့ နာရေးအိမ်ကွ၊ ကိုသိန်းကိုသန်း စောင့်ရှောက်ထားတဲ့ နာရေးအိမ်မှာ မင်းတို့ ဒီလို လုပ်ရင် ဘာဖြစ်မယ်ဆိုတာသိလား”

အလိန်က နောက်ဆုတ်လိုက်သည်။

“ဟိုကောင်လေး..မင်းက တယ်လျင်ပါလား…အံမယ် ဒီကောင်ကြီးကိုချုပ်ပြီး ဓါးနဲ့ဆွနေတယ်..မင်းက ဘာကောင်လဲကွ”

ရေကျော်ကိုသိန်းက ငမိုးကိုကြည့်ကာ ဓါးရိုးကို ဆုတ်ကိုင်ထားလျက်မေးလိုက်သည်။

“ကျွန်တော်ဘာကောင်မှမဟုတ်ဘူး..ကျွန်တော့်နာမည် ဗိုလ်တစ်ထောင်ငမိုးပါ..ဗိုလ်တစ်ထောင်၊ ဘရွတ်ကင်းလမ်းမှာနေပါတယ်”

ငမိုး၏ လေသံက ရန်ပွဲတွင် ပြောနေသောအသံထက် လုပ်ငန်းခွင်တွင် ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးနေသည့်အလား လေအေးကလေးနှင့်။

သို့သော် ထိုလေအေးလေးက ပင် ဝိုင်အုံနေသော လူများ ကို ဟာခနဲ ဟင်ခနဲဖြစ်သွားစေသည်။

“ဗိုလ်တစ်ထောင်ငမိုးတဲ့ဟ’’

“ဒီကောင်လေးက ငမိုးလား”

ရေကျော်ကိုသိန်း ၏ ပုခုံးကို ကိုသန်းက လာဖက်သည်။

“ကဲ..ကိုသိန်း..မင်းဓါးကြီး..ပြန်လွယ်ထားလိုက်တော့လေ… ဒါ သတင်းစာထဲက ဟီးရိုးလေးဟ..’’

ကိုသိန်းက ဓါးကို ပြန်လွယ်လိုက်သည်။

“ကဲ..ညီလေးတို့..မင်းတို့ငွေ..မင်းတို့ရပြီ..မဟုတ်လား..ဒါဆိုလည်း ပြန်ကြတော့ကွာ…မှန်းစမ်း..မင်းတို့ ဓါးနဲ့ တွတ်ထားတာ ဘယ်ကောင်လဲ’’

“ကိုဆေးနီ တပည့်…ကျော်အေးပါ.ကိုကြီးသိန်း”

လူအုပ်ထဲမှ ကိုသိန်း၏ တပည့်တစ်ဦးမှ လှမ်းပြောသည်။

“ဪ.နားသံသီးကျော်အေးပဲ…ကလိန်ကောင်…မင်းက အခုထိ ကလေးတွေကို လိုက်အနိုင်ကျင့်နေတုန်းပဲကို.. ဒီပြသနာ မင်းဆရာ ဆေးနီနဲ့ ငါ တွေ့မှ ရှင်းရဦးမယ်..ကဲ..ကဲ..ညီလေးတို့ ပြန်ကြတော့ကွာ..မိုးတောင် လင်းခါနီးနေပြီ..”

ငမိုး က ကျော်အေး ကို လွှတ်ပေးလိုက်သည်။

ကျော်အေးက သွေးထွက်လွန်နေချေပြီ။

“ကဲ…ဒီထဲမှာ ဆေးနီလူတွေဘယ်သူပါလဲ..မင်းတို့ကောင် မင်းတို့ ပြန်ခေါ်သွားကြကွာ.တော်ကြာ မသာအိမ်မှာ နောက်တစ်လောင်း မသာလာပေါ်နေမယ်..မြန်မြန် အဝတ်နဲ့စီးပြီး ဆေးခန်းပို့ပေးလိုက်ကြ’’

ထိုအချိန်တွင် ငမိုးသည် အသုဘအိမ်ဘေးရှိ ထမင်းဟင်းချက်နေသော အမျိုးသမီးများအနားသို့ သွားကာ ရေတစ်ခွက်တောင်းပြီး သွေးပေနေသော လက်ကို စိမ်ပြေနပြေထိုင်ဆေးနေလေတော့သည်။

နောက်တစ်နေ့ လူမိုက်လောကထဲတွင် ပြောစရာသတင်းစကားတစ်ခု တိုးလာ၏။

လူမိုက်လောကမှ လေးစားရသည့် ရေကျော်ကိုသိန်း၊ကိုသန်းတို့ စောင့်ရှောက်သည့် ဖဲဝိုင်းတွင်  ပုဇွန်တောင်လူမိုက် ဆေးနီ ၏ တပည့်ကို ဗိုလ်တစ်ထောင်ငမိုး က ဓါးဖြင့် မွှေသွားသည် ဟူသည့် သတင်းပင်။

ရေကျော်အမွှာနှစ်ယောက် ရှေ့တွင်ပင် ယဉ်ယဉ်ကျေးကျေးစကားပြောရင်း ဓါးဖြင့် စိတ်ပြေနပြေထိုးပြသွားခဲ့သည့် ဗိုလ်တစ်ထောင်ငမိုး ဟူသည်မှာ ချောချောလှလှချာတိတ်လေး ဟူသည်ကိုလည်း ဖြည့်စွက်ပြောကြရတော့သည်။

…………………………………………………….

ရန်ကုန်အရှေ့ပိုင်း လူမိုက်များအကြား ဗိုလ်တစ်ထောင်ငမိုးသည် တစစ ကျော်ကြားလာသည်။

မတ်ရှီးဒီးဂိုဏ်းပြီးလျင် အရှေ့ပိုင်းတကြော လူသိများသော ရေကျော်ကိုသိန်း၊ကိုသန်း၊ ပုဇွန်တောင်ဆေးနီ တို့ကဲ့သို့ အသက် (၄၀)တန်းလူမိုက်ကြီးများနှင့် ငမိုးနာမည်မှာ တန်းတူဖြစ်လာသည်။

ဗိုလ်တစ်ထောင်ငမိုး ကို ဆရာလာတင်သည့် တပည့်တပန်းများ ပေါများလာသည်။

သို့သော် ဗိုလ်တစ်ထောင်ငမိုး ကိုယ်တိုင် က လူငယ်ပင်ဖြစ်သဖြင့် ဆရာတပည့် ဆက်ဆံရေးမျိုးမရှိခဲ့။

ငမိုးသည် အင်္ဂလိပ်အရာရှိတစ်ဦး၏ မွေးစားသား၊ တရုတ်သူဌေးသားအလိန်၏ ငယ်သူငယ်ချင်း အဖြစ် ငယ်စဉ်ကတည်းက နေလာခဲ့သူဖြစ်သဖြင့် ငွေရေးကြေးရေးကိစ္စများကို စိတ်မဝင်စား။

သူ့ရပ်ကွက်ဖြစ်သော ဗိုလ်တစ်ထောင်တဝိုက်တွင် ဆက်ကြေးတောင်း၊အနိုင်လာကျင့်နေကြသော လူမိုက်များကို နောက်တစ်ခေါက်မလာရဲအောင် ပညာပေးလွှတ်သည်။

ငမိုးကို ကျေးဇူးတင်သောအားဖြင့် အရက်ဆိုင်ပိုင်ရှင်များ၊ လုပ်ငန်းရှင်များက ဗိုလ်တစ်ထောင်ငမိုး အတွက်ဆိုလျှင် အလကားပဲတင်းကျွေးမွေးလိုကြသည်။

တံဆိုးလက်ဆောင်ငွေကြေးများကိုလက်ဆောင်အဖြစ် ပေးကြသည်။

ဗိုလ်တစ်ထောင်ငမိုး ကား ဆက်ကြေးကောက်ခြင်း၊ မိုက်ကြေးခွဲခြင်းများကို လုပ်လေ့မရှိသော်လည်း လက်ဆောင်အဖြစ် လာပေးလျှင် ယူသည်။

သူ့လူများနှင့်အတူ သောက်စားပျော်ပါးသည်။ ဗိုလ်တစ်ထောင်ဆိပ်ကမ်းတဝိုက်မှ ချို့တဲ့သူများကို မထင်လျှင် မထင်သလို ပိုက်ဆံတွေ ပေးပစ်တတ်သေးသည်။

ထို့ကြောင့်ဗိုလ်တစ်ထောင်ငမိုး မှာ ဗိုလ်တစ်ထောင်တစ်ဝိုက်တွင် လူချစ်လူခင်ပေါများပြီး ရပ်ကွက်ကို အခြားလူမိုက်များရန်မှ ကာကွယ်ပေးသည့် မဟုတ်မခံလူမိုက်အဖြစ်နာမည်ကြီးလာသည်။

ဗိုလ်တစ်ထောင်လူငယ်ထုကလည်း ကိုမိုး နောက်တွင် ထုနှင့် ထည်နှင့်ရပ်တည်ခဲ့ကြသည်။

အခြားလူမိုက်များအနေဖြင့်လည်း သူတို့လို စီးပွားရှာလူမိုက်မဟုတ်ပဲ မဟုတ်မခံ မိုက်ချင်လို့ မိုက်နေသည့် ဗိုလ်တစ်ထောင်ငမိုးနှင့် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ကြဉ်လာကြသည်။

သို့နှင့် ဗိုလ်တစ်ထောင်ငမိုး မှာ အသက် (၂၀)မကျော်ခင်အရွယ်တွင်ပင် နာမည်ကြီးလူမိုက်ကြီးစာရင်းသို့ ဝင်လာခဲ့တော့၏။

ဗိုလ်တစ်ထောင်ငမိုး နာမည်ကြီးလာသည်နှင့်အမျှ မမြသစ်တို့ မိသားစုမှာ နေစရာမရှိဖြစ်လာသည်။

မမြသစ် အဖေ က အလိန့်ထံ ချဉ်းကပ်ပြီး မိမိတို့ မိသားစုနှင့် ဖြစ်ပြီးခဲ့သမျှကို မိမိတို့ ဘက်မှ တောင်းပန်ပါကြောင်း ငမိုးအား သတင်းပါးရန်ပြောလာ၏။

အလိန့်ဆီမှ စကားကို ကြား၇သောအခါ ငမိုးသည် ပိုးပုဆိုးနှင့်တိုက်ပုံအဖြူကို သေသေသပ်သပ်ဝတ်သည်။ ရှူးဖိနပ်စီးပြီး မာဖလာအကောင်းစားကို ပတ်ကာ မမြသစ်တို့ အိမ်သို့ သွားလေတော့သည်။

ရုတ်တရက် အိမ်ရှေ့ကိုရောက်လာသော ဗိုလ်တစ်ထောင်ငမိုး ကိုကြည့်ကာ မမြသစ်တို့မိသားစုမှာ ကြောက်လန့်ကုန်ကြတော့သည်။

ခက်ဇော်

The Guys of Yangon,1930(Part 10)
    

   အခန္း(၁၁)

        ……………

 

“အလိန္..အလိန္…”

ဓါးရွည္ကို ကိုင္ကာ ေသြးသံတရဲရဲျဖင့္ ေျပးလာေနေသာ ေမာင္မိုး ကိုျမင္လိုက္ရသည့္အတြက္ အလိန္ အံၾသသြားသည္။

ေမာင္မိုး က မျမသစ္အား ခိုးလာခဲ့ၿပီးလွ်င္ ခဏတာအတူေနထိုင္ရန္ အလိန္မိဘမ်ား ပိုင္ဆိုင္ေသာ အီဗင္ဆင္လမ္း မွ သစ္သားအိမ္ကေလးကို စီစဥ္ထားသည္။

အိမ္ကေလးတြင္ အလိန္က သင့္ေစာင့္ေနစဥ္ ဓါးကိုင္လ်က္ေျပးလာေသာ ငမိုးကို ျမင္လိုက္ရျခင္းပင္။

“ငမိုး..ဘာျဖစ္လာတာလဲ..မင္း ဘာျဖစ္လာတာလဲ”

“ငါ ခုတ္ခဲ့ၿပီ..ခုတ္ခဲ့ၿပီ အလိန္”

“ဘယ္သူလဲ..ဘယ္သူ႔ကို ခုတ္ခဲ့တာတုန္း..”

“ငါ မျမသစ္ ကို ဝင္ဆြဲတုန္း ဘယ္က လူမွန္းမသိဘူး ေပၚလာတယ္ကြာ။ သူငါ့ကိုခ်တာနဲ႔ ငါလည္း ဓါးနဲ႔ ထိုးပစ္ခဲ့တယ္။ မျမသစ္ကိုေရာ..ငါထိုးခဲ့တယ္”

“ဟာ..မျမသစ္ကိုပါ ထိုးခဲ့တာလား..”

“ေအး.အိမ္အဝမွာ ေရာက္ေနတဲ့ ပုလိပ္တစ္ေကာင္ကိုလည္း လက္ကို ခုတ္ခဲ့ေသးတယ္”

“ဟာ..မျဖစ္ဘူး..ငမိုး..မင္းအိမ္ထဲဝင္..အိမ္ထဲဝင္”

အလိန္က ငမိုးကို အိမ္ထဲေခၚသြင္းၿပီး တံခါးမ်ားကို ပိတ္လိုက္သည္။

“ငါ ဘာလုပ္ရမလဲ..အလိန္”

အလိန္က ေခါင္းကို ကုတ္လိုက္သည္။

“မင္းလုပ္ခဲ့တာ သုံေယာက္ေတာင္ကြ။ မင္းအဖမ္းခံခ်င္လား”

“မင္းပဲ အေျပာေကာင္း အလိန္၊ ဘယ္ခံခ်င္မလဲကြ”

 “ေနဦးကြာ..ဒီအိမ္မွာပဲ ..မင္း ခဏခိုေန..ဒီအိမ္က ေဘးပတ္ဝန္းက်င္မွာလည္း ဘာဘူတိုက္ႏွစ္လုံးပဲရွိတယ္။ ပုလိပ္ေတြ ဘာေတြလည္း သိပ္လာေလ့မရွိဘူး။ မင္းတို႔ ႏွစ္ေယာက္ခိုးလာရင္ စားဖို႔ ဆန္ဆီဆား၊ ရိကၡာအစုံလည္း ငါျဖည့္ေပးထားေသးတယ္။ ေလာေလာဆယ္ မင္းဒီမွာေအာင္းေန…အေျခအေန ထူးရင္ ငါဆက္သြယ္လိုက္မယ္..ငမိုး..ငါ မဆက္သြယ္မခ်င္း အျပင္မထြက္နဲ႔ေနာ္”

“ေအး….အလိန္”

“ဟုတ္ၿပီ..အခု မင္း နဲ႔အတူ ငါပါ ေပ်ာက္ေနရင္ ရိပ္မိသြားၾကလိမ့္မယ္၊ ဒီေတာ့ ငါက ဗိုလ္တစ္ေထာင္ျပန္ၿပီး လူျမင္သူျမင္ေအာင္ သြားေနေနမယ္။ မင္း ျဖစ္သြားတာ ငါမသိဘူးဆိုတဲ့သေဘာေပါ့”

“ေကာင္းတယ္..အလိန္..မင္းအစီအစဥ္ေကာင္းတယ္”

…………………………………………………………………………..

လူႏွစ္ေယာက္ကို ဓါးျဖင့္ ထိုး၊ ပုလိပ္စာသင္တစ္ေယာက္အား ဓါးျဖင့္ ခုတ္သြားသည့္ ဗိုလ္တစ္ေထာင္ေမာင္မိုး ၏ သတင္းက ရန္ကုန္ၿမိဳ႕ထဲ ေက်ာ္ထြက္လာသည္။

ေမာင္မိုး ကို ဓားထိုးမႈ၊ ပိုင္နက္က်ဴးလြန္မႈ၊ အလိုမတူေသာမိန္းကေလးတစ္ဦးကို အဓမၼလက္ေရာက္မႈ၊ ပုလိပ္ဝန္ထမ္းတစ္ဦးအား အသက္ေသေစရန္အထိ ဒဏ္ရာရေစမႈ ။

ေနာက္တိုးလာသည္က ဝရမ္းေျပးမႈ။

ပုဒ္မေတြ တစ္ၿပဳံတစ္ေခါင္းကပ္ခံရၿပီး လူဆိုး ဗိုလ္တစ္ေထာင္ငမိုး ဟူေသာ ဘြဲ႕ကို ခ်က္ခ်င္းပင္ တပ္လိုက္ၾကေတာ့သည္။

၁၉၁၀ ခုႏွစ္ ၊ ႏွစ္ဆယ္ရာစုသို႔ အဝင္ ဆယ္စုႏွစ္မ်ားတြင္ ရန္ကုန္သည္ လူေနမထူထပ္ေသး။

ပထမကမာၻစစ္ကို ႀကိဳဆိုေနဆဲ ႏွစ္မ်ားမို႔ အဂၤလိပ္အစိုးရ၏ အုပ္ခ်ဳပ္ေရးယႏၲရားမွာလည္း အားေကာင္းစြာ ေမာင္းႏွင္ေနဆဲပင္။

ရန္ကုန္၏ နာမည္ေက်ာ္ ဒုစ႐ိုက္ဂိုဏ္းႀကီးျဖစ္ေသာ မန္ရွီဒီးဂိုဏ္းဝင္မ်ားႏွင့္ လူမိုက္ႀကီးမ်ားျဖင့္ ပုလိပ္အဖြဲ႕ က အလိုရွိလွ်င္ ရက္ပိုင္းအတြင္း ဖမ္းမိႏိုင္သည့္အေျခအေနျဖစ္ေနသည္။

ထိုအခ်ိန္တြင္ လူသုံးေယာက္ကို တစ္ၿပိဳင္တည္း၊ တစ္ေန႔တည္း ဓါးထိုးဓါးခုတ္ ခဲ့သည့္ ဆယ္ေက်ာ္သက္ေလး ငမိုး ကို ပုလိပ္အဖြဲ႕က ေလးလေက်ာ္သည္အထိ ဖမ္းမမိေခ်။

ငမိုး ၏ သူငယ္ခ်င္းျဖစ္ေသာ အလိန္ မိဘမ်ားပိုင္သည့္ ေနရာမ်ားကို ပုလိပ္တပ္ဖြဲ႕က ေျခရာခံလိုက္ခဲ့ေသာ္လည္း မည္သို႔မွ် မထူးျခား။

ေနာက္ဆုံး ငမိုး ခိုေအာင္းေနသည္ဟု သတင္းရထားေသာ အီဗင္ဆင္လမ္း(ယခုျမယာပင္လမ္း) ေနအိမ္အားလည္း ဝင္ေရာက္ရွာေဖြေသာအခါ တြင္လည္း လုံးဝရွာမေတြ႕ခဲ့။

သတင္းစာမ်ားကလည္း ဗိုလ္တစ္ေထာင္ငမိုး တည္းဟူေသာ လူမိုက္ကေလးသည္ ေျမလွ်ိဳးမိုးပ်ံႏိုင္သည့္ အလား ေရးကာ ပုလိပ္အဖြဲ႕ႀကီးကို ကလိၾကေတာ့သည္။

ငမိုးကို ဟိုေနရာမွာ ေတြ႕လိုက္သည္။ ဒီေနရာမွ ေပၚလာသည္ ဟူေသာ ေကာလဟလမ်ားလည္း ထြက္ေပၚေနသည္။

ဗိုလ္တစ္ေထာင္ငမိုး သည္ လူက ေပ်ာက္ေနေသာ္လည္း နာမည္က ႀကီးသည္ထက္ႀကီးလာေနသည္။

ငမိုး ဟူသည္ ပီဘိလူဆိုးဗိုလ္ႀကီးဟု ယူဆသူက ယူဆလာသည္။

တကယ္ေတာ့ အသက္ (၁၆)ႏွစ္ပင္ မျပည့္တတ္ေသးသည့္ ႏုႏုနယ္နယ္လူငယ္ကေလး။

တကယ္ေတာ့ ငမိုးတြင္ ေမြးစားအေဖ ရွိခဲ့သည္။ ငမိုး (၁၁)ႏွစ္သားတြင္ မိခင္ျဖစ္သူ ေဒၚဗုံဗုံမွာ ဖခင္ႏွင့္ကြဲၿပီး ေနာက္အိမ္ေထာင္ျပဳလိုက္၏။

ထိုအခ်ိန္တြင္ ပေထြးလက္ထဲမွ ေမာင္မိုးေလးကို ေမြးစားလိုသူေတြ မ်ားျပားခဲ့သည္။

ေမာင္မိုးသည္ ထိုအခ်ိန္က သူငယ္ခ်င္းအလိန္ႏွင့္အတူ ဗိုလ္တစ္ေထာင္သစ္ဆိပ္တြင္ ေရသြားသြားကူးရာမွ မ်က္ႏွာျဖဴသစ္ေတာအရာရွိ မစၥတာေဂ်ာ့စေကာ့ ႏွင့္ ခင္မင္သြားသည္။

အဂၤလန္တြင္ ပလိပ္ေရာဂါျဖင့္ ဆုံးသြားေသာ သူ႔သားငယ္ေလးႏွင့္ ႐ုပ္ခ်င္းဆင္သည္ဟုဆိုကာ မစၥတာေဂ်ာ့စေကာ့က ေမာင္မိုးကို ေမြးစားရန္ ေဒၚဗုံဗုံထံမွ ေတာင္းဆိုခဲ့သည္။

ေဒၚဗုံဗုံကလည္း ခြင့္ျပဳခဲ့သည္။

ေမာင္မိုးသည္ မစၥတာေဂ်ာ့စေကာ့၏ သားအျဖစ္ႏွင့္ သုံးႏွစ္ၾကာ အတူေနခဲ့ၿပီးေနာက္ မစၥတာေဂ်ာ့စေကာ့သည္ ကသာၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕ရမည္ျဖစ္သျဖင့္ ငမိုးကို ေဒၚဗုံဗုံထံ ျပန္အပ္ခဲ့ျခင္းျဖစ္ေလသည္။

ငမိုး၏ သတင္းၾကားေသာအခါ မစၥတာေဂ်ာ့စေကာ့က အလိန္ႏွင့္ ဦးစြာဆက္သြယ္၏။

ထို႔ေနာက္..မစၥတာေဂ်ာ့စေကာ့အကူအညီျဖင့္ ဗိုလ္တစ္ေထာင္သစ္ဆိပ္မွ သစ္ေတာအရာရွိမ်ား ေနထိုင္ရာ ဘန္ဂလိုတြင္ လွ်ိဳ႕ဝွက္စြာသြားေရာက္ေနထိုင္ႏိုင္ခဲ့သည္။

ဗိုလ္တစ္ေထာင္ ပုလိပ္ဌာနႏွင့္ တစ္ေခၚသာသာသာ ေဝးေသာ ဗိုလ္တစ္ေထာင္သစ္ဆိပ္တြင္ ေနၿပီး ငမိုးက ပုလိပ္အဖြဲ႕ကို မ်က္လွည့္ျပခဲ့ၾကေလသည္။

မ်က္ႏွာျဖဴသစ္ေတာအရာရွိႀကီးမ်ားေနထိုင္ရာ ဘန္ဂလိုမ်ားမို႔ ၿဗိတိသွ်လူမ်ိဳးမ်ားမွ လြဲၿပီး မည္သူမွ် ဝင္ခြင့္မရေသာ နယ္ေျမတြင္ ငမိုးမွာ ေအးေဆးသက္သာခိုေအာင္းႏိုင္ခဲ့သည္။

သို႔ေသာ္ လူငယ္ပီပီ ငမိုးကား ၾကာၾကာမေအာင္းႏိုင္။

မစၥတာေဂ်ာ့စေကာ့ ကသာသို႔ ျပန္သြားၿပီးမၾကာမီ အျပင္သို႔ ခိုးထြက္ေတာ့သည္။

ငမိုး သည္ အလိန္ တို႔ အိမ္သို႔ သြားသည္။ ေနာက္ေဖးေပါက္မွ ပတ္ကာ အလိန႔္အခန္းသို႔ ဝင္သည္။

သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ အျပင္သို႔ ညဘက္ခိုးထြက္ၿပီး ျပန္ဝင္ေနက်ျဖစ္သျဖင့္ ငမိုးသည္ အလိန႔္အိမ္ကို အဝင္အထြက္ကြၽမ္းက်င္ေနျခင္းလည္းျဖစ္သည္။

“ေဟ့..အလိန္..”

“ဟာ..ငမိုး..ဒုကၡပါပဲကြာ..ဘာလို႔ထြက္လာတာလဲ”

“ထန္းရည္ေသာက္ခ်င္လို႔ကြ”

“ဟာ..မင္းဘိုတဲမွာ မင္းဒယ္ဒီက ဘီယာေတြ၊ ရွယ္ရီေတြ၊ ဝီစကီေတြ ထားေပးခဲ့တယ္ဆို”

“ဟာကြာ..သူ႔ဟာသူ ဘာေနေန..ထန္းရည္ေတာ့ လြမ္းတယ္ဟ”

“ေအးကြာ..ငါလည္း မင္းမရွိေတာ့..ထန္းရည္မေသာက္ရတာ ၾကာၿပီဟ..သံလ်င္ဘက္ သေဘၤာနဲ႔ ကူးၿပီး သြားခ်ၾကမလား”

“စိန္လိုက္ေလ..ကိုယ့္လူ”

ငမိုး က အလိန္ထံမွ တ႐ုတ္ဝတ္စုံကို ဝတ္ကာ တ႐ုတ္ညီအစ္ကိုႏွစ္ဦးပုံစံျဖင့္ သေဘၤာဆိပ္သို႔ ဆင္းခဲ့ၾကသည္။

သန္လ်င္တြင္ တစ္ေနကုန္ ထန္းရည္ေသာက္ၿပီးေနာက္ ႏွစ္ဦးသား ရီေဝေဝျဖင့္ ရန္ကုန္ျပန္ကူးသည့္ သေဘၤာေပၚတက္ခဲ့ၾကေလသည္။

ထိုအခ်ိန္တြင္ သန္လ်င္မွ အမႈတစ္ခုစုံစမ္ၿပီးျပန္လာသည့္ ဗိုလ္တစ္ေထာင္ပုလိပ္ဌာနမွ ပုလိပ္စာသင္ ကိုဘသြယ္ကလည္း အရပ္ဝတ္ျဖင့္ သေဘၤာေပၚလိုက္ပါလာ၏။

ငမိုးတို႔မွာ မူးေနၿပီျဖစ္သည့္အတြက္ တ႐ုတ္ဦးထုတ္ကို ခြၽတ္ကာ သေဘၤာဦးတြင္ ေအာ္ဟစ္ေပ်ာ္ျမဴးေနၾကသည္။

ဗိုလ္တစ္ေထာင္တြင္ ငယ္စဥ္ကတည္းက နာမည္ႀကီးခဲ့ေသာ သူငယ္ခ်င္းႏွစ္ေယာက္ကို ကိုဘသြယ္ မွတ္မိသြားသည္။

ကိုဘသြယ္ကား ရန္ကုန္ကမ္းသို႔ သေဘၤာဆိုက္ဆိုက္ျခင္းပင္ ေရွ႕ဆုံးမွ ဆင္းသြားၿပီး ဆိပ္ကမ္းတာဝန္က် ပုလိပ္သားႏွစ္ဦးကို ေခၚကာ ငမိုး တို႔ သူငယ္ခ်င္းႏွစ္ဦးကို စီးကာဖမ္းလိုက္ေလေတာ့သည္။

အလိန္ ကား မိဘမ်ား၏ ေက်းဇူးျဖင့္ ခ်က္ခ်င္း ျပန္လြတ္လာခဲ့ေသာ္လည္း ငမိုးမွာ မူ မသက္သာလွ။

ေလးလလုံးလုံး ပုလိပ္အဖြဲ႕ကို မ်က္လွည့္ျပကာပုန္းေအာင္းေနခဲ့ၿပီး သိကၡာခ်ခဲ့သူ ငမိုးကို အခ်ဳပ္ခန္းထဲတြင္ ပုလိပ္မ်ားက မေသ႐ုံတမယ္ ႐ိုက္ႏွက္ၾကသည္။

မိခင္ႀကီးျဖစ္သူ ေဒၚဗုံဗုံမွာ မ်က္ရည္ႏွင့္ မ်က္ခြက္။

ေမြးစားဖခင္ ေဂ်ာ့စေကာ့ကေတာ့ ငမိုးကို သူဝွက္ေပးထားခဲ့သည့္ ကိစၥ ေပၚမည္စိုးသျဖင့္ လူကိုယ္တိုင္လာမေတြ႕ပဲ ေငြေၾကးသာေထာက္ပံ့ေပးခဲ့သည္။

ငမိုးကို တရား႐ုံးဆြဲတင္လိုက္ေသာ္လည္း အသက္ (၁၆)ႏွစ္မျပည့္ေသးသျဖင့္ ကေလးသူငယ္တရား႐ုံးတြင္ သာျပစ္ဒဏ္စီရင္ရေလသည္။

ထို႔ေနာက္ ငမိုးသည္ (၁၈)ႏွစ္မျပည့္မခ်င္း ေဘာ္စတယ္ကေလးေထာင္တြင္ေနရန္ အမိန႔္ခ်ခံရေတာ့၏။

ကေလးေထာင္တြင္ မူ ေမြးစားဖခင္ႀကီး၏ အဆက္အသြယ္ျဖင့္ ငမိုးသည္ ဗိုလ္ကျပားေထာင္မႉးတစ္ဦး၏ ႐ုံးတြင္ သက္သက္သာသာေနခဲ့ရသည္။

အလိန္ကလည္း ေငြေၾကးလိုသေလာက္ပို႔ေပးသျဖင့္ ငမိုး မွာ ကေလးေထာင္တြင္ ေငြအားေရာ၊ မိုက္အားပါ ေကာင္းသည့္ လူမိုက္ဘုရင္ကေလးျဖစ္ခဲ့ျပန္သည္။

အသက္(၁၈)ႏွစ္ျပည့္ေသာအခါ ငမိုး ေထာင္မွ လြတ္လာသည္။

သို႔ေသာ္ ဗိုလ္တစ္ေထာင္ပုလိပ္ဌာန၏ လူဆိုးစာရင္းသြင္းခံရၿပီးေနာက္ ငမိုး ေျခခ်ဳပ္လုပ္ခံရသည္။

တစ္ပတ္တစ္ႀကိမ္ ဗိုလ္တစ္ေထာင္ဂတ္တြင္ လက္မွတ္ထိုးရသည္။

နယ္ေက်ာ္ခရီးသြားလွ်င္ ရပ္ကြက္သူႀကီးထံ အေၾကာင္းၾကားရသည္။

ငမိုး ေထာင္က်ေနေသာ ႏွစ္ႏွစ္အတြင္း အလိန္ ကလည္း အတတ္မ်ိဳးစုံတတ္ေနသည့္ သူေဌးသား လူဆိုးေလး ျဖစ္ေနေပၿပီ။

အလိန္ႏွင့္ ငမိုး ျပန္တြဲၾကသည္။

ဗိုလ္တစ္ေထာင္ငမိုး ဟူေသာ နာမည္က လူမိုက္ေလာကတြင္ နာမည္ရေနေသာ္လည္း လူႏွင့္ နာမည္ကို မတြဲမိၾက။

တစ္ရက္တြင္ ငမိုး ထံသို႔ အလိန္ေရာက္လာသည္။

“ငမိုး..ဒီည ေရေက်ာ္က မသာအိမ္တစ္ခုမွာ ရႈိးဝိုင္းေကာင္းတယ္ကြ။ ငါသြားမယ္။ မင္းလိုက္ခဲ့ေပး”

“ေအး..မင္းႏိုင္ရင္ေတာ့..ေကာင္းေကာင္း ျပဳစုရမယ္ေနာ္ကြ”

ထိုအခ်ိန္က ေရေက်ာ္ တြင္ မန္မဆာမိသားစုမွာ ရထားလုံးပိုင္ရွင္ဘဝသာရွိေသးၿပီး လူမိုက္ဂိုဏ္းျဖစ္မလာေသး။

ေရေက်ာ္လူမိုက္ေလာကကို စိုးမိုးထားသည္မွာ ကိုသိန္း၊ကိုသန္း အမႊာညီအစ္ကိုသာ ျဖစ္သည္.။

ေရေက်ာ္ကိုသိန္းႏွင့္ ေရေက်ာ္ကိုသန္း မွာ မန္းရွီးဒီးဂိုဏ္းဝင္မ်ားကပင္ ေလးစားရသည့္ နယ္ခံလူမိုက္ႀကီးမ်ား ျဖစ္သည္။

ထိုညက ငမိုးသည္ ဓါးေျမႇာင္တစ္လက္ကို ခါးတြင္ထိုးကာ အလိန္ႏွင့္အတူ ေရေက်ာ္ဖဲဝိုင္းသို႔ ထြက္လာခဲ့သည္။

မသာအိမ္၏ ဖဲဝိုင္းက စည္ကားလွ၏။

အေရွ႕ပိုင္းတစ္ခြင္မွ ဖဲသမားေပါင္းစုံ၊ လူမိုက္ေပါင္းစုံ စုေဝးေနေလသည္။

အလိန္ ကား ရႈိး ႐ိုက္ရာတြင္ တစ္ဖက္ကမ္းခတ္ေနသည္။

သူတို႔ တ႐ုတ္မိသားစုတစ္စုလုံးသည္ စာစသင္စကတည္းက ဖဲ႐ိုက္နည္းမ်ိဳးစုံျဖင့္ က်င္လည္ခဲ့သူမ်ားပင္။

ခ်ာတိတ္ေလးႏွစ္ေယာက္၏ ေရွ႕တြင္ ရွိေသာ ေငြပုံႀကီးက ဖဲဝိုင္းေရာက္ေနသာ လူမိုက္မ်ားအတြက္ မ်က္စိက်စရာပင္။

အလိန္က အာက်ယ္ေနသေလာက္ ငမိုး ကေတာ့ အလိန္ေနာက္တြင္ ကုတ္ကုတ္ကေလးထိုင္ကာ စီးကရက္ဖြာေနေလသည္။

အသုဘအိမ္တြင္ရွိေနေသာ ေလာင္းကစားသမားမ်ား၊ လူမိုက္မ်ား၏ အျမင္တြင္ ပိုက္ဆံရွိေသာ တ႐ုတ္သူေဌးသား ခ်ာတိတ္ေလးႏွစ္ေယာက္ ဟုသာ ငမိုးႏွင့္အလိန္ကို ျမင္ေနၾက၏။

ထိုစဥ္ အလိန္ ေရွ႕တည့္တည့္တြင္ ထိုင္ေနေသာ အသားမည္းမည္းႏွင့္ လူက ႐ုတ္တရက္ ထလိုက္ေလသည္။

အလိန္ ၏ ေရွ႕တြင္ ခ်ထားေသာ ေငြပုံထဲက ႐ူပီး တစ္ထပ္ကို ဆြဲယူလိုက္သည္။

“ေဟ့တ႐ုတ္ကေလး…ငါ့ပိုက္ဆံကုန္လို႔..မင္းဆီက ယူ႐ိုက္တယ္ကြာ..ဟုတ္ၿပီလား”

အလိန္က ႐ုတ္တရက္မို႔ ေၾကာင္သြားၿပီး တစ္ခုခု လုပ္ရန္ ဟန္ျပင္လိုက္၏။

ငမိုးက အေနာက္မွ ေနၿပီး အလိန္၏ လက္ကို ဖမ္းဆြဲထားလိုက္သည္။

“ဟုတ္..အကိုႀကီး..ရပါတယ္..ယူပါ.လိုရင္ ထပ္ယူပါဦး..ကြၽန္ေတာ့္တို႔က ကေလးေတြပဲ…အလိန္ေပးလိုက္ပါကြာ”

အလိန္က ျပန္ထိုင္သြား၏။

“ေအး..ဒီလိုမွေပါ့ကြ..ငါ့နာမည္.ေက်ာ္ေအး တဲ့ကြ..မွတ္ထား..ေက်ာ္ေအးက ေတာင္းမရရင္ တိုက္ယူတတ္တယ္မွတ္”

ေက်ာ္ေအး ဆိုသူက သူ႔ကုတ္အက်ႌ ၾကားတြင္ ထိုးထားေသာ ဓါးေျမာင္ကို အသာလွစ္ၿပီး ငမိုးတို႔ကို ၿခိမ္းေျခာက္လိုက္သည္။

ဖဲဝိုင္း ကား ျပန္အသက္ဝင္လာၿပီ။

ရႈိးဝိုင္းမို႔ အာ႐ုံကိုယ္စီ စိုက္ထားၾက၏။

“အား..အားလားလား…အားလားလား” ဟူေသာ အသံနက္ႀကီး ေက်ာ္ေအးထံမွ ထြက္လာသည္။

ေက်ာ္ေအး၏ ေနာက္တြင္ ငမိုးကို ေတြ႕ရသည္။

မည္သည့္အခ်ိန္က ေရာက္သြားသည္မသိ။

ငမိုးသည္ ေက်ာ္ေအး၏ ကုတ္အက်ႌ ဟၿပဲကို အေနာက္မွ သိုင္းကာ လက္တစ္ဖက္ျဖင့္ ခ်ဳပ္ထားၿပီး လက္တစ္ဖက္မွ ေက်ာ္ေအး၏ ေပါင္ကို ဓါးျဖင့္ စိုက္ခ်ထားသည္။

ေက်ာ္ေအးမွာ ကုတ္အက်ႌျဖင့္ ခ်ဳပ္ထားသလိုျဖစ္ေနၿပီး မည္သို႔ မွ် လႈပ္ရွားမရျဖစ္ေနသည္။

ငမိုးက ေက်ာ္ေအးေပါင္ကို ဓါးျဖင့္ စိတ္ႀကိဳက္ ေမႊေနသည္။

အလိန္ကလည္း အသင့္ပါလာေသာ ဓါးေျမာင္ကို ထုတ္ကာ ငမိုး နားကပ္လာလိုက္သည္။

သူတို႔ ႏွစ္ဦးအား မသာအိမ္တစ္ခုလုံးမွ လူမ်ား ဝိုင္းအုံၾကည့္ေနၾကသည္။

“ကဲ..ကိုေက်ာ္ေအးႀကီး..ကြၽန္ေတာ္တို႔ ျပန္ေတာ့မယ္ဗ်..အဲ့ဒါ ယူထားတဲ့ ပိုက္ဆံေလး ျပန္ေတာင္းတာပါ”

ငမိုးက ၿပဳံးၿပဳံးၿပဳံးၿပဳံးျဖင့္ စကားေျပာရင္း ေက်ာ္ေအး၏ ေပါင္ကို ဓါးျဖင့္ စိတ္ေျပနေျပ ထိုးစိုက္ေမႊေန၏။

ေက်ာ္ေအးမွာ နာၾကင္လြန္းသျဖင့္ တအိအိအသံသာ ထြက္ႏိုင္ေတာ့သည္။ ေပါင္မွလည္း ေသြးမ်ား တဗြက္ဗြက္ထြက္ေန၏။

ထိုအခ်ိန္တြင္ မသာအိမ္အေပၚထပ္မွ ႐ုပ္ခ်င္းခပ္ဆင္ဆင္တူေသာ လူႀကီးႏွစ္ေယာက္ ဆင္းလာေလသည္။

တစ္ေယာက္က ဓါးအိမ္ႏွင့္ ဓါးကို စလြယ္သိုင္းၿပီး ရွမ္းေဘာင္းဘီဝတ္ထား၏။

“ေဟ့..ဘယ္ကေကာင္ေတြလဲေဟ့..ဘာျပသနာလာရွာေနတာလဲ’’

“ကိုသိန္းနဲ႔ ကိုသန္း လာၿပီ”

လူအုပ္ႀကီးက ရွဲခနဲျဖစ္သြားၿပီ။ ခ်ာတိတ္ႏွစ္ေကာင္ေတာ့ ေသၿပီဟူေသာ အသိမ်ားျဖင့္ ဝိုင္းၾကည့္ေနၾကသည္။

အလိန္က ဓါးေျမာင္ကို ေရွ႕သို႔ ကာထားၿပီး

“ကြၽန္ေတာ္တို႔ ႏိုင္ထားတဲ့ေငြကို ဒီလူ အႏိုင္က်င့္ၿပီး ယူထားလို႔..ျပန္ယူတာ..ကြၽန္ေတာ္တို႔ ဘာမွ မတရားမလုပ္ဘူး’’

ဓါးလြယ္ထားသည့္ လူႀကီးက ဓါးကို အသင့္အေနအထားကိုင္လိုက္သည္။

“ဒီမွာ ခ်ာတိတ္..ဒီအိမ္က ငါတို႔ မိတ္ေဆြ ရဲ႕ နာေရးအိမ္ကြ၊ ကိုသိန္းကိုသန္း ေစာင့္ေရွာက္ထားတဲ့ နာေရးအိမ္မွာ မင္းတို႔ ဒီလို လုပ္ရင္ ဘာျဖစ္မယ္ဆိုတာသိလား”

အလိန္က ေနာက္ဆုတ္လိုက္သည္။

“ဟိုေကာင္ေလး..မင္းက တယ္လ်င္ပါလား…အံမယ္ ဒီေကာင္ႀကီးကိုခ်ဳပ္ၿပီး ဓါးနဲ႔ဆြေနတယ္..မင္းက ဘာေကာင္လဲကြ”

ေရေက်ာ္ကိုသိန္းက ငမိုးကိုၾကည့္ကာ ဓါး႐ိုးကို ဆုတ္ကိုင္ထားလ်က္ေမးလိုက္သည္။

“ကြၽန္ေတာ္ဘာေကာင္မွမဟုတ္ဘူး..ကြၽန္ေတာ့္နာမည္ ဗိုလ္တစ္ေထာင္ငမိုးပါ..ဗိုလ္တစ္ေထာင္၊ ဘ႐ြတ္ကင္းလမ္းမွာေနပါတယ္”

ငမိုး၏ ေလသံက ရန္ပြဲတြင္ ေျပာေနေသာအသံထက္ လုပ္ငန္းခြင္တြင္ ကိုယ့္ကိုကိုယ္ မိတ္ဆက္ေပးေနသည့္အလား ေလေအးကေလးႏွင့္။

သို႔ေသာ္ ထိုေလေအးေလးက ပင္ ဝိုင္အုံေနေသာ လူမ်ား ကို ဟာခနဲ ဟင္ခနဲျဖစ္သြားေစသည္။

“ဗိုလ္တစ္ေထာင္ငမိုးတဲ့ဟ’’

“ဒီေကာင္ေလးက ငမိုးလား”

ေရေက်ာ္ကိုသိန္း ၏ ပုခုံးကို ကိုသန္းက လာဖက္သည္။

“ကဲ..ကိုသိန္း..မင္းဓါးႀကီး..ျပန္လြယ္ထားလိုက္ေတာ့ေလ… ဒါ သတင္းစာထဲက ဟီး႐ိုးေလးဟ..’’

ကိုသိန္းက ဓါးကို ျပန္လြယ္လိုက္သည္။

“ကဲ..ညီေလးတို႔..မင္းတို႔ေငြ..မင္းတို႔ရၿပီ..မဟုတ္လား..ဒါဆိုလည္း ျပန္ၾကေတာ့ကြာ…မွန္းစမ္း..မင္းတို႔ ဓါးနဲ႔ တြတ္ထားတာ ဘယ္ေကာင္လဲ’’

“ကိုေဆးနီ တပည့္…ေက်ာ္ေအးပါ.ကိုႀကီးသိန္း”

လူအုပ္ထဲမွ ကိုသိန္း၏ တပည့္တစ္ဦးမွ လွမ္းေျပာသည္။

“ဪ.နားသံသီးေက်ာ္ေအးပဲ…ကလိန္ေကာင္…မင္းက အခုထိ ကေလးေတြကို လိုက္အႏိုင္က်င့္ေနတုန္းပဲကို.. ဒီျပသနာ မင္းဆရာ ေဆးနီနဲ႔ ငါ ေတြ႕မွ ရွင္းရဦးမယ္..ကဲ..ကဲ..ညီေလးတို႔ ျပန္ၾကေတာ့ကြာ..မိုးေတာင္ လင္းခါနီးေနၿပီ..”

ငမိုး က ေက်ာ္ေအး ကို လႊတ္ေပးလိုက္သည္။

ေက်ာ္ေအးက ေသြးထြက္လြန္ေနေခ်ၿပီ။

“ကဲ…ဒီထဲမွာ ေဆးနီလူေတြဘယ္သူပါလဲ..မင္းတို႔ေကာင္ မင္းတို႔ ျပန္ေခၚသြားၾကကြာ.ေတာ္ၾကာ မသာအိမ္မွာ ေနာက္တစ္ေလာင္း မသာလာေပၚေနမယ္..ျမန္ျမန္ အဝတ္နဲ႔စီးၿပီး ေဆးခန္းပို႔ေပးလိုက္ၾက’’

ထိုအခ်ိန္တြင္ ငမိုးသည္ အသုဘအိမ္ေဘးရွိ ထမင္းဟင္းခ်က္ေနေသာ အမ်ိဳးသမီးမ်ားအနားသို႔ သြားကာ ေရတစ္ခြက္ေတာင္းၿပီး ေသြးေပေနေသာ လက္ကို စိမ္ေျပနေျပထိုင္ေဆးေနေလေတာ့သည္။

ေနာက္တစ္ေန႔ လူမိုက္ေလာကထဲတြင္ ေျပာစရာသတင္းစကားတစ္ခု တိုးလာ၏။

လူမိုက္ေလာကမွ ေလးစားရသည့္ ေရေက်ာ္ကိုသိန္း၊ကိုသန္းတို႔ ေစာင့္ေရွာက္သည့္ ဖဲဝိုင္းတြင္ ပုဇြန္ေတာင္လူမိုက္ ေဆးနီ ၏ တပည့္ကို ဗိုလ္တစ္ေထာင္ငမိုး က ဓါးျဖင့္ ေမႊသြားသည္ ဟူသည့္ သတင္းပင္။

ေရေက်ာ္အမႊာႏွစ္ေယာက္ ေရွ႕တြင္ပင္ ယဥ္ယဥ္ေက်းေက်းစကားေျပာရင္း ဓါးျဖင့္ စိတ္ေျပနေျပထိုးျပသြားခဲ့သည့္ ဗိုလ္တစ္ေထာင္ငမိုး ဟူသည္မွာ ေခ်ာေခ်ာလွလွခ်ာတိတ္ေလး ဟူသည္ကိုလည္း ျဖည့္စြက္ေျပာၾကရေတာ့သည္။

…………………………………………………….

ရန္ကုန္အေရွ႕ပိုင္း လူမိုက္မ်ားအၾကား ဗိုလ္တစ္ေထာင္ငမိုးသည္ တစစ ေက်ာ္ၾကားလာသည္။

မတ္ရွီးဒီးဂိုဏ္းၿပီးလ်င္ အေရွ႕ပိုင္းတေၾကာ လူသိမ်ားေသာ ေရေက်ာ္ကိုသိန္း၊ကိုသန္း၊ ပုဇြန္ေတာင္ေဆးနီ တို႔ကဲ့သို႔ အသက္ (၄၀)တန္းလူမိုက္ႀကီးမ်ားႏွင့္ ငမိုးနာမည္မွာ တန္းတူျဖစ္လာသည္။

ဗိုလ္တစ္ေထာင္ငမိုး ကို ဆရာလာတင္သည့္ တပည့္တပန္းမ်ား ေပါမ်ားလာသည္။

သို႔ေသာ္ ဗိုလ္တစ္ေထာင္ငမိုး ကိုယ္တိုင္ က လူငယ္ပင္ျဖစ္သျဖင့္ ဆရာတပည့္ ဆက္ဆံေရးမ်ိဳးမရွိခဲ့။

ငမိုးသည္ အဂၤလိပ္အရာရွိတစ္ဦး၏ ေမြးစားသား၊ တ႐ုတ္သူေဌးသားအလိန္၏ ငယ္သူငယ္ခ်င္း အျဖစ္ ငယ္စဥ္ကတည္းက ေနလာခဲ့သူျဖစ္သျဖင့္ ေငြေရးေၾကးေရးကိစၥမ်ားကို စိတ္မဝင္စား။

သူ႔ရပ္ကြက္ျဖစ္ေသာ ဗိုလ္တစ္ေထာင္တဝိုက္တြင္ ဆက္ေၾကးေတာင္း၊အႏိုင္လာက်င့္ေနၾကေသာ လူမိုက္မ်ားကို ေနာက္တစ္ေခါက္မလာရဲေအာင္ ပညာေပးလႊတ္သည္။

ငမိုးကို ေက်းဇူးတင္ေသာအားျဖင့္ အရက္ဆိုင္ပိုင္ရွင္မ်ား၊ လုပ္ငန္းရွင္မ်ားက ဗိုလ္တစ္ေထာင္ငမိုး အတြက္ဆိုလွ်င္ အလကားပဲတင္းေကြၽးေမြးလိုၾကသည္။

တံဆိုးလက္ေဆာင္ေငြေၾကးမ်ားကိုလက္ေဆာင္အျဖစ္ ေပးၾကသည္။

ဗိုလ္တစ္ေထာင္ငမိုး ကား ဆက္ေၾကးေကာက္ျခင္း၊ မိုက္ေၾကးခြဲျခင္းမ်ားကို လုပ္ေလ့မရွိေသာ္လည္း လက္ေဆာင္အျဖစ္ လာေပးလွ်င္ ယူသည္။

သူ႔လူမ်ားႏွင့္အတူ ေသာက္စားေပ်ာ္ပါးသည္။ ဗိုလ္တစ္ေထာင္ဆိပ္ကမ္းတဝိုက္မွ ခ်ိဳ႕တဲ့သူမ်ားကို မထင္လွ်င္ မထင္သလို ပိုက္ဆံေတြ ေပးပစ္တတ္ေသးသည္။

ထို႔ေၾကာင့္ဗိုလ္တစ္ေထာင္ငမိုး မွာ ဗိုလ္တစ္ေထာင္တစ္ဝိုက္တြင္ လူခ်စ္လူခင္ေပါမ်ားၿပီး ရပ္ကြက္ကို အျခားလူမိုက္မ်ားရန္မွ ကာကြယ္ေပးသည့္ မဟုတ္မခံလူမိုက္အျဖစ္နာမည္ႀကီးလာသည္။

ဗိုလ္တစ္ေထာင္လူငယ္ထုကလည္း ကိုမိုး ေနာက္တြင္ ထုႏွင့္ ထည္ႏွင့္ရပ္တည္ခဲ့ၾကသည္။

အျခားလူမိုက္မ်ားအေနျဖင့္လည္း သူတို႔လို စီးပြားရွာလူမိုက္မဟုတ္ပဲ မဟုတ္မခံ မိုက္ခ်င္လို႔ မိုက္ေနသည့္ ဗိုလ္တစ္ေထာင္ငမိုးႏွင့္ ထိပ္တိုက္ေတြ႕ျခင္းကို ေရွာင္ၾကဥ္လာၾကသည္။

သို႔ႏွင့္ ဗိုလ္တစ္ေထာင္ငမိုး မွာ အသက္ (၂၀)မေက်ာ္ခင္အ႐ြယ္တြင္ပင္ နာမည္ႀကီးလူမိုက္ႀကီးစာရင္းသို႔ ဝင္လာခဲ့ေတာ့၏။

ဗိုလ္တစ္ေထာင္ငမိုး နာမည္ႀကီးလာသည္ႏွင့္အမွ် မျမသစ္တို႔ မိသားစုမွာ ေနစရာမရွိျဖစ္လာသည္။

မျမသစ္ အေဖ က အလိန႔္ထံ ခ်ဥ္းကပ္ၿပီး မိမိတို႔ မိသားစုႏွင့္ ျဖစ္ၿပီးခဲ့သမွ်ကို မိမိတို႔ ဘက္မွ ေတာင္းပန္ပါေၾကာင္း ငမိုးအား သတင္းပါးရန္ေျပာလာ၏။

အလိန႔္ဆီမွ စကားကို ၾကား၇ေသာအခါ ငမိုးသည္ ပိုးပုဆိုးႏွင့္တိုက္ပုံအျဖဴကို ေသေသသပ္သပ္ဝတ္သည္။ ရႉးဖိနပ္စီးၿပီး မာဖလာအေကာင္းစားကို ပတ္ကာ မျမသစ္တို႔ အိမ္သို႔ သြားေလေတာ့သည္။

႐ုတ္တရက္ အိမ္ေရွ႕ကိုေရာက္လာေသာ ဗိုလ္တစ္ေထာင္ငမိုး ကိုၾကည့္ကာ မျမသစ္တို႔မိသားစုမွာ ေၾကာက္လန႔္ကုန္ၾကေတာ့သည္။

ခက္ေဇာ္

အခန္း (၁၂) ဆက္ရန္

Comments

Post a Comment