TGOR 1930 (အခန်း 12)

The Guys of Yangon,1930 ( Part 12)

အခန်း(၁၂)

 ……………

 

အထူးသဖြင့် မမြသစ် မှာ အိမ်ရှေ့တွင် ရပ်နေသော ချစ်သူဟောင်းကြီး ငမိုး ကို ကြည့်ကာ တုန်တုန်ရီရီဖြစ်နေရှာသည်။

မမြသစ် ကား ငမိုးနှင့် ချစ်ခဲ့ကြစဉ်ကလို မဟုတ်တော့။

ပိုမိုအလှသွေးကြွယ်သည့် မမြသစ်ဖြစ်နေလေပြီ။

မမြသစ် ၏ အဖေကြီးကား ပြာပြာသလဲ ဖြစ်နေ၏။

“မောင်မိုး..အဲ..ကိုမိုး..ကြွပါ..ကြွပါ..ဆိုင်းမဆင့် ဗုံမဆင့်ကြီး.”

ငမိုး က ကုလားထိုင်တွင် အေးအေသက်သာပင် ဝင်ထိုင်လိုက်သည်။

ပိုမိုသန့်ပြန့်ချောမောလာပြီး စမတ်ကျကျဝတ်စားထားသည့် ငမိုး ကို မမြသစ်က ဖခင်၏နောက်တွင် မတ်တပ်ရပ်ရင်း မဝံ့မရဲခိုးကြည့်သည်။

“ကျွန်တော်..ဖြစ်ခဲ့ပြီးသမျှ ဦးတို့ကို တောင်းပန်ဖို့ လာတာပါ။ ဟိုးတုန်းက ကျွန်တော် မထင်မှတ်ပဲ ဒုက္ခပေးသလိုဖြစ်သွားပါတယ်။ ရှေ့လျှောက်ဦးတို့ မိသားစု ကို ဘယ်တော့မှ ဒုက္ခမပေးတော့ပါဘူး။ ကျွန်တော့်ကို စိတ်ချပါ။ အဲ့ဒါလေး လာအသိပေးတာပါခင်ဗျာ။ ကျွန်တော်ပြန်လိုက်ပါဦးမယ်”

မမြသစ်ဖခင်မှာ ဘာမှ ပြန်ပြောချိန်ပင်မရလိုက်။

ငမိုး က ထိုင်နေရာမှ ထပြီး တံခါးဝသို့ ထွက်သွားလေသည်။

မမြသစ်ကို တစ်စက်ကလေးမှ မကြည့်သွား။

မမြသစ်ကတော့ ငမိုး ၏ ကျောပြင်ကို သာ ငေးလျက် ကျန်ရစ်ခဲ့သည်။

…………………………………………………………………………………………….

၁၉၁၃ ခုနှစ်။

ပထမကမ္ဘာစစ်ကြီးမဖြစ်ပွားမီ တစ်နှစ်အလိုတွင် ရန်ကုန်သည် အပြောင်းအလဲကြီး ပြောင်းလဲနေသည်။ ရန်ကုန်ဓာတ်ရထားကုမ္ပဏီမှ ဘတ်စ်ကား ရှစ်စီးအထိ ပြေးဆွဲနေပြီဖြစ်သည်။။ တက္ကစီ ၂၈ စီး ပင် ထူထောင်ထားနိုင်လာ၏။ ရန်ကုန်လမ်းမများပေါ်တွင် မော်တော်ကား၊ ဓာတ်ရထား၊ မြင်းရထား၊ ဓာတ်ရထား၊ ချယ်ဂါလီ၊ နွားလှည်း၊ မြင်းလှည်းများ အပြိုင် သွားလာနေကြသည်။

ရန်ကုန်ကမ်းနားလမ်းတစ်လျှောက် နှစ်မိုင်ရှည်သော ရေထိန်းနံရံကြီးတည်ဆောက်နေပြီး ရန်ကုန်ဆိပ်ကမ်း သည် အရှေ့တောင်အာရှ၏ အကောင်းဆုံးဆိပ်ကမ်းတစ်ခု ဖြစ်လာပြီဖြစ်သည်။

နိုင်ငံတကာဆိပ်ကမ်းဖြစ်လာသော ရန်ကုန်ဆိပ်ကမ်းတွင် နိုင်ငံခြားသင်္ဘောကြီးများ၊ ကမ်းရိုးတန်းသင်္ဘောများ အများအပြားဆိုက်ကပ်လာကြသည်။

ရန်ကုန်ရောက် ဥရောပတိုက်သားများအတွက် အင်္ဂလန်နှင့် ဥရောပတိုက်မှ ဖြေဖျော်ပွဲများကို ဂျူဗလီဟောတွင် ကျင်းပကြသည်။

ဥရောပတိုက်သားမဟုတ်သူများအတွက်မူ ရန်ကုန်အရှေ့ပိုင်း နှင့် ပန်းဆိုးတန်းတဝိုက်မှ ပြဇာတ်ရုံများ၊ ကပွဲများ ခေတ်စားလာသည်။

ထိုကပွဲများထဲတွင် လူငယ်များအကြား ခေတ်အစားဆုံးမှာ ဖာရစီကပွဲ ပင်ဖြစ်လေသည်။ ဖာရစီကပွဲများမှာ အိန္ဒိယဘက်မှ ဝင်ရောက်လာသော ပါရှန်းဖာရစီ တို့၏ ဖျော်ဖြေပွဲဖြစ်သည်။

ဖာရစီကပွဲများသည် မြန်မာပြည်တွင် ပထမရှိနှင့်နေသော ရိုးရာမြေဝိုင်းဇာတ်သဘင်များ၊ အမြင့်သဘင်များနှင့် မတူဘဲ ဇာတ်စင်ပေါ်တွင် တောကား၊ တောင်ကား၊ မြို့၊ လမ်း စသော ပုံစံတူပိတ်ကားနောက်ခံကြီးများဖြင့် ကပြခြင်းဖြစ်လေသည်။

ထိုအတူ ကပြကြသည့် အသားစိမ်းညက်ညက်၊ နှာတံစင်းစင်း၊ မျက်ဝန်းမှောင်မှောင် ဖာရစီအကမယ်လေးများ သည်လည်း ကာလသများ အကြား အလွန်ခေတ်စားခဲ့သည်။

ဖာရစီကပွဲများသည် ဝင်ကြေးလည်း အလွန်ကြီးမြင့်သည်။

ဗိုလ်တစ်ထောင်ငမိုး နှင့် သူငယ်ချင်းအလိန်တို့သည် ဖာရစီဇာတ်ပွဲများတွင် အထူးတန်းမှ ကြည့်ကြရသော ဧည့်သည်တော်များဖြစ်ကြသည်။

ဖာရစီအကမယ်များအကြားတွင် ဖာရစီနှင့် မွန်ကပြားဖြစ်ပြီး ဗမာစကား၊ အဆိုအပြော ကို ပိုင်နိုင် ကျွမ်းကျင်လှသော ဖာရစီမယ်လှ သည် အလွန်ရေပန်းစား၏။

ထိုအချိန်က အလိန် အား သူ့မိဘများက မော်တော်ကားတစ်စီးဝယ်ပေးထားလေသည်။

ဖာရစီဇာတ်ပွဲများ မကသေးသည့် နံနက်ပိုင်းတွင် ဖာရစီလူမျိုးဇာတ်ဆရာ နှင့် ငမိုး၊ အလိန်တို့ သွားရောက်တွေ့ဆုံသည်။ ဖာရစီမယ်လှနှင့် မိတ်ဆက်လိုကြောင်း ပြောကြသည်။

ဖာရစီဇာတ်ဆရာကား လူမိုက်ကြီးဗိုလ်တစ်ထောင်ငမိုး မှန်းသိဖြင့် ပြာပြာသလဲ ဧည့်ခံလေသည်။

“ကျွန်တော်တို့…မင်းသမီး မယ်လှ ရဲ့ ပရိသတ်တွေပါ။ မင်းသမီးနဲ့ တွေ့ချင်လို့ပါ”

“အော်..ဟုတ်..ကိုမိုး တို့.အခုလို လာတာကိုက ဒီဇာတ်ပွဲအတွက် အတော်အားရှိပါတယ်..မယ်လှ ခုနကမှ အိပ်ရာက နိုးတာထင်တယ်..ကျွန်တော်သွားခေါ်ပေးပါ့မယ်။

ဗမာစကားကို ကျွမ်းကျင်စွာပြောတတ်နေပြီဖြစ်သော ဇာတ်ဆရာက ဇာတ်ရုံ၏ အနောက်ဘက်သို့ ဝင်သွားလေသည်။

မကြာမီ..ဖာရစီမယ်လှ အခန်းတွင်းမှ ထွက်လာ၏။

အိပ်ရာထခါစဖြစ်သဖြင့် ညဝတ်အင်္ကျီ ကို ဝတ်ထားဆဲပင်။

အဖြူနှင့်အစိမ်း ရောယှက်ထားသည့် အသားအရည်နှင့် မျက်ဝန်းနက်နက်တို့ ပိုင်ရှင် ဖာရစီမယ်လှ သည် ညခင်းဘက် ဇာတ်စင်ပေါ်မှ မီးရောင်တို့အောက်တွင်ထက် ပိုမို စွဲဆောင်အားကောင်းနေ၏။

ဇာတ်ဆရာလာပြောစဉ်က နာမည်ကြီးလူမိုက်ခေါင်းဆောင်များဆိုသဖြင့် စိုးတထိတ်ထိတ်ဖြင့် လာခဲ့သော ဖာရစီမယ်လှမှာ ရုပ်ရှည်ချောချောမောမာနှင့် ငယ်ရွယ်သော လူငယ်လေးနှစ်ယောက်ကို တွေ့လိုက်ရသဖြင့် အံသြသွားသည်။

“ကျွန်မ မယ်လှပါ….ရှင်တို့ ဆရာရော..ဘယ်ရောက်သွားလဲ”

ငမိုးရော အလိန်ပါ ကြောင်တောင်တောင်ဖြစ်သွားကြသည်။

“ဘယ်ကဆရာလဲ..မမယ်လှ”

“ဗိုလ်တစ်ထောင်ငမိုး ဆိုလား..ရှင်တို့ ခေါင်းဆောင်လေ”

အလိန်က တဟားဟားဖြင့် အော်ရယ်သည်။

ငမိုး ကလည်း ပြုံးစိစိဖြင့်။

“ဒီမှာ…ဒါဗိုလ်တစ်ထောင်ငမိုးလေ..မယ်လှရဲ့..”

“ဟင်”

ဖာရစီမယ်လှ မျက်လုံးကလေးပြူးသွားသည်။

ပြီးမှ ကြောက်ကြောက်လန့်လန့်ဖြင့် တောင်းပန်တော့သည်။

“မသိလို့ပါ..ကိုမိုးရယ်..တောင်းပန်ပါတယ်ရှင်…တောင်းပန်ပါတယ်”

“ထားလိုက်ပါ.မယ်လှရယ်..ဒီကောင်ကြီးပုံစံကိုက လူမိုက်ပုံမပေါက်ပဲ မင်းသားပုံပေါက်နေတာကိုးကွ.. ဟားဟား..ဟော့ဒီက မင်းသားမောင်မိုးက မင်းသမီး မယ်လှမှ မယ်လှဖြစ်နေလို့ ကျွန်တော်တို့ ဒီနေ့လာခဲ့တာပဲ”

ထိုနေ့က ဗိုလ်တစ်ထောင်ငမိုး နှင့် ဖာရစီမယ်လှတို့ ၏ အချစ်ဇာတ်လမ်းစတင်ခဲ့လေသည်။

ရန်ကုန်မြို့ ပိုမိုစည်ကားလာသည်နှင့်အမျှ ဗိုလ်တစ်ထောင်ငမိုး ၏ လူမိုက်သြဇာကလည်း ပိုကြီးလာခဲ့သည်။

၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလေသည်။

ပထမကမ္ဘာစစ်ကြီးသည် မြန်မာပြည်နှင့် မသက်ဆိုင်သလိုဖြစ်နေသော်လည်း မြန်မာပြည်ရောက် အင်္ဂလိပ်အစိုးရအတွက်မူ စစ်သားစုဆောင်းရေး၊ ရိက္ခာရရှိရေးတို့အတွက် အထူးအာရုံစိုက်နေကြရသည်။

မြန်မာပြည်တွင်ချထားသည့် ဂေါ်ရာစစ်တပ်သုံးပုံနှစ်ပုံမှာလည်း စစ်ပွဲသို့ ရောက်ရှိနေကြသည်။ စစ်အင်အားအတွက် မြန်မာလူငယ်အချို့ကို ဗြိတိသျှတော်ဝင်တပ်မတော်သို့ ဝင်ရောက်အမှုထမ်းခွင့် ပြုလိုက်ပြီး စစ်သားစုဆောင်းနေကြသည်။

ထိုအချိန်တွင် တရားဥပဒေစိုးမိုးရေးကို အစိုးရအနေဖြင့် ဂရုမစိုက်နိုင်သဖြင့် အင်အားနည်းသည့် ပုလိပ်အဖွဲ့နှင့် လူမိုက်များမှာလည်း ရပ်ရွာကို နားလည်မှုနှင့် အုပ်ချုပ်ရသည့်အခြေအနေဖြစ်လာသည်။

ရန်ကုန်အရှေ့ပိုင်း၊  ရထားလုံးများ ထောင်ထားသည့် မန်မဆာမိသားစုသည် လူမိုက်ဂိုဏ်းအသွင်း တဖြည်းဖြည်း ပြောင်းလဲလာသည့် ကာလလည်းဖြစ်သည်။

ရေကျော်ကိုသိန်းနှင့် ကိုသန်းပင်လျှင် မန်မဆာမိသားစု၏ အင်အားတောင့်တင်းမှုကြောင့် တဖြည်းဖြည်း နယ်မြေ ကျဉ်းမြောင်းလာသည်။

ပုဇွန်တောင်ဆေးနီ ကိုယ်တိုင်ပင် မန်မဆာမိသားစုကို သြဇာခံလိုက်လေသည်။

စီးပွားရှာသော လူမိုက်မဟုတ်ပဲ ရပ်ရွာကို အခြေတည်ထားသော ဗိုလ်တစ်ထောင်ငမိုး အတွက်မူ ထိုလူမိုက် လောက တိုက်ပွဲများမှာ သူနှင့် မဆိုင်သလိုဖြစ်လာသည်။

လူမိုက်လောကကလည်း သူ့ကို ရှောင်ရမည့်သူတစ်ဦးအဖြစ်သာ သတ်မှတ်ထားကြသည်။ ထိုကြောင့် ထိုအချိန်က ဗိုလ်တစ်ထောင်နယ်မြေတဝိုက်မှာ ငမိုးကျေးဇူးဖြင့် ရန်ကုန်လူမိုက်ဘေးမှ ကင်းဝေးခဲ့ရ လေတော့သည်။

ဗိုလ်တစ်ထောင်ငမိုး ကား ဖာရစီမယ်လှနှင့်အတူ အိမ်ထောင်တစ်ခုကို စတင်ထူထောင်လိုက်ပြီဖြစ်သည်။

ဖာရစီမယ်လှ ကား ငမိုးကဲ့သို့ မဟုတ်။

ငမိုး ၏ လူမိုက်ဆိုသည့် ဂုဏ် ကို အသုံးပြုကာ စီးပွားရှာနိုင်ခဲ့သည်။

ငမိုးထံသို့ လာသော လာဘ်လာဘများကို လစဉ်ကြေးအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ဗိုလ်တစ်ထောင်ငမိုး၊ ဓါးငမိုး ဟူသော နာမည်သည် ဖာရစီမယ်လှအတွက် စီးပွားရေးအမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့သည်။

ဗိုလ်တစ်ထောင်နယ်မြှေ စီးပွားရေးသမားများကလည်း ငမိုး အတွက်ဆိုလျင် လိုလိုလားလားပင် ပေးကမ်းခဲ့ကြ၏။

ဖာရစီမယ်လှ ကောင်းမှုဖြင့် ဗိုလ်တစ်ထောင်ငမိုး မှာ စီးပွားရေးစိုပြည်လာသည်။ ဖာရစီမယ်လှ ကိုယ်တိုင်ပင် ရွှေငွေများ စုဆောင်းလာနိုင်ခဲ့သည်။

ဗိုလ်တစ်ထောင်ငမိုး ၏ ဘဝထဲသို့ ဖာရစီမယ်လှ ဝင်လာပြီးချိန်တွင် ငမိုးနှင့် သူငယ်ချင်းအလိန် ကြား တဖြည်းဖြည်း ဝေးကွာလာစေခဲ့၏။

ယခင်က တစ်နေ့လုံး၊ တစ်ညလုံး တတွဲတွဲ တွဲခဲ့ကြသော ငမိုး နှင့် အလိန်  ညဘက် အရက်အတူသောက်သည်ကိုပင် မယ်လှက ငြူစူချင်သည်။

ငမိုးက ဂရုမစိုက်။ အလိန်နှင့်ဆိုလျှင် ညလုံးပေါက်အိမ်ပြန်မလာပဲ ထွက်ကဲချင်ကဲသည်။

ထိုအခါ ငမိုးနှင့် မယ်လှတို့ ပြသနာတက်တော့၏။

ကြာလာသည့်အခါ ငမိုးတို့ လင်မယားပြသနာတက်မည်စိုးသည့်အတွက် အလိန် သည် ငမိုးထံသို့ သိပ်မလာတော့။

သူ့မိဘစီးပွားရေးဘက်သို့သာ ဇောက်ချလုပ်နေလေတော့သည်။

ထိုအချိန်တွင် ဖာရစီမယ်လှ က ငမိုးထံသို့  လူတစ်ယောက်ကို ခေါ်လာကာ မိတ်ဆက်ပေးလေတော့သည်။

ထိုသူကား ပညာအလင်းသတင်းစာတိုက်ပိုင်ရှင် ရတနာကုန်သည်သူဌေးကြီး ဦးတင် ပင် ဖြစ်လေတော့၏။

“မောင်မိုး ကို တွေ့ရတာ ဦးအနေနဲ့ အရမ်းဝမ်းသာတာပဲ၊ မောင်မိုး သတင်းတွေကိုလည်း ဦးတို့ အမြဲကြားပါတယ်။ လူပင်ငယ်သော်ငြား သတ္တိအရာမခေလို့ လေးလည်းလေးစားမိပါတယ်။ (၅၁)လမ်းထိပ်က ဦးရဲ့ ပညာအလင်းသတင်းစာတိုက်ကိုလည်း မောင်မိုး လက်ပဲ အပ်ပါတယ်။ မောင်မိုး ကြည့်ရှုပေးပါဦး”

ဦးတင်သည် မော်တော်ကားအကောင်းစားကြီးကို စီးကာ ငမိုးထံ အရက်ပုလင်းအကောင်းစားများ၊ လက်ဆောင်ပုဏ္ဍာများဖြင့် ဝင်ထွက်သည်။

နာမည်ကျော်သူဌေးကြီးလည်းဖြစ်၊ သတင်းစာတိုက်ပိုင်ရှင်လည်းဖြစ်သော ဦးတင် က သူ့ကို တလေးတစား ဆက်ဆံပြီး ဝင်ထွက်နေသောအခါ ဗိုလ်တစ်ထောင်ငမိုး မှာ အကျေနပ်ကြီး ကျေနပ်နေသည်။

ဦးတင် ကိုလည်း ဆရာ ဆရာ ဟု တလေးတစားခေါ်ပြီး ကြည်ညိုခဲ့ရသည်။

ပထမကမ္ဘာစစ်ကြီးပြီးလုဆဲဆဲ ၁၉၁၇ ခုနှစ်တွင် ဦးတင်သည် မောင်မိုးအိမ်သို့ ရောက်လာ၏။

“မောင်မိုး နဲ့ ဦး သိကြတာလည်းကြာပြီ။ အခု ဦးမှာ ပြသနာလေးတစ်ခုတက်နေလို့ မောင်မိုး ကူညီပေးပါဦး”

“ဘာများလဲ.ဆရာရယ်..ဆရာ လိုတာသာ ပြောပါ”

“ဒီလို မောင်မိုးရေ..ယောက်ျားချင်း..ပြောရတာ မရှက်ပါဘူး..ပုဇွန်တောင်က ကိတ်လမ်းထဲက မြစန္ဒာအငြိမ့်က အငြိမ့်မင်းသမီး မြစန္ဒာခင်ခင် ဆိုတာ ဦး ရဲ့ တတိယဇနီးလေးပေါ့”

“ဟုတ်..ဆရာ..မြစန္ဒာအငြိမ့်ကို ကျွန်တော်သိပါတယ်’’

“သူကလေး အငြိမ့်ထောင်ဖို့အတွက် ဦးပဲ အကုန်အကျခံပေးခဲ့ရတာ။ အခုကျ..သူ့ကို ပုဇွန်တောင်လူမိုက် ဆေးနီ က အတင်းအဓမ္မ မယားပြုထားတယ်ကွယ်။ ဦးတို့က လူကြီးလူကောင်းအသိုင်းအဝိုင်းဆိုတော့ ဒီလူမိုက်တွေနဲ့လည်း ဖက်ရန်မပြုချင်ပါဘူး။ ဒါပေမယ့် ဆေးနီက တစ်နေ့ထက် တစ်နေ့ လွန်လာတယ်ကွဲ့။ ခင်ခင် ကို ရိုက်နှက်၊ ဦးနာမည်ကိုလည်း အကြောင်းမဲ့ အော်ဆဲပြီး..ဦးကို ကြိမ်းဝါးနေတယ်တဲ့’’

“ဟာ..ဒီကောင် လူပါးတယ်ဝတာပဲ…ဆရာ ဘာဖြစ်ချင်လဲသာ..ပြောပါ”

“ဆေးနီ ကို မောင်မိုးအနေနဲ့ နည်းနည်းတားမြစ်ပေးရုံလောက်ပါပဲ”

“ဆရာရယ်..ကျွန်တော်လေးစားရတဲ့ ဆရာ့ကို ဒီလိုကောင်က စော်ကားနေတာ ကျွန်တော် ကို အခုမှ ပြောရသလား..စိတ်ချဆရာ..မနက်ဖန်မနက်ကျ မြစန္ဒာခင်ခင်ဆီ ဆရာ ပြန်သွားပါ။ ဆရာ ပုဇွန်တောင်မှာ သွားလာနေသမျှ ဒီကောင့်နာမည်တောင် မကြားစေရတော့ဘူးမှတ်ပါ”

……………………………………………………………

၁၉၀၀ ပြည့်နှစ်မတိုင်မီ ၁၈၈၀ ကျော်ကာလများတွင် ပုဇွန်တောင် သည် တောတန်းကြီးတစ်ခုသာဖြစ်ခဲ့သည်။

ရန်ကုန်မြို့တွင်းတွင် မိလ္လာစနစ်များ စနစ်တကျမတည်ဆောက်မီကာလက ဗမာဆင်းရဲသားအများစုမှာ ပုဇွန်တောင်တောတန်းကြီးတွင် အပေါ့အလေး ကိစ္စလာရောက်ဖြေရှင်းတတ်ကြသည်။

မြို့လယ်ခေါင်တွင် ဥရောပသား၊ တရုတ်၊ ကုလားများ၏ တိုက်ကြီးများ နေရာယူထားချိန်တွင် အထက်မြန်မာပြည် နှင့် မြန်မာပြည်အရပ်ရပ်မှ ရန်ကုန်သို့ ရွေ့ပြောင်းလာကြသော ဗမာဆင်းရဲသားအများစု မှာ ပုဇွန်တောင်တဝိုက်တွင် အခြေချနေထိုင်လာခဲ့ကြသည်။

၁၈၈၄ ခုနှစ် ရန်ကုန်မြို့ ဂျူဒါအီစကယ်လမ်းမှ မော်တင်လမ်းအထိ ရပ်ကွက်များအား ရေကောင်းရေသန့် ဖြန့်ဝေရေးစနစ်တပ်ဆင်ပြီးချိန်အထိ  ပုဇွန်တောင်မှာ ရေတွင်းရေကန်ကိုသာ အားထားနေရသည်။

၁၉၀၀ ပြည့်နှစ်တွင် ပုဇွန်တောင်နှင့် သိမ်ဖြူ အထိ ရေပေးဝေရေးစနစ်များ ဖြန့်ချီလာနိုင်ခဲ့ပြီး ပုဇွန်တောင်သည် လည်း ရန်ကုန်အရှေ့ပိုင်းမှ ဗမာရပ်ကွက်ကြီးတစ်ခုဖြစ်လာခဲ့သည်။

အာမေးနီယန်းနှင့် ဗမာ ကပြားဖြစ်သော ဆေးနီ သည် ဆင်းရဲသားရပ်ကွက်မှ ဖွံဖြိုးလာသည့် ပုဇွန်တောင်ကွက်သစ်ကြီး၏ လူမိုက်တစ်ယောက် ဖြစ်သည်။ ဖခင်ဖြစ်သူ၏ လူမိုက်အမွေကို ဆက်ခံသူလည်း ဖြစ်သည်။ ဆေးနီ၏ အဖေမှာ ပုဇွန်တောင်ရပ်ကွက်ထူထောင်ခါစ ကပင် လူဆိုးလူမိုက်တစ်ဦးအဖြစ် နာမည်ကျော်သူဖြစ်သည်။

ပုဇွန်တောင်တွင် ဆေးနီသည် တပည့်တပန်းများစွာဖြင့် အာဝါဒေးဝိုင်းများကို ပြုလုပ်လေ့ရှိသည်။

အရှေ့ပိုင်းတွင် မန်မဆင်မိသားစု တဖြည်းဖြည်း ဘုန်းတန်ခိုးတောက်လာသောအခါ ဆေးနီသည် မန်မဆင် မိသားစုအတွက် အလုပ်လုပ်ပေးသူဖြစ်လာသည်။

ဆေးနီ၏ တပည့်ဖြစ်သူ နားသံသီကျော်အေး ကို ဗိုလ်တစ်ထောင်ငမိုးက ဓါးဖြင့် မွှေလိုက်စဉ်ကတည်း ဆေးနီသည် ဗိုလ်တစ်ထောင်ငမိုးအကြောင်းကို သိထားသည်။

ဆေးနီ သည် မယားအတိအကျမယူထားသော်လည်း တိတ်တိတ်ပုန်းမယားများစွာရှိနေသည်။

ထိုထဲတွင် ဦးတင် ၏ အာဟာရလေးတစ်ခုဖြစ်သည့် အငြိမ့်မင်းသမီး ခင်ခင်ကို လည်း အတင်းအဓမ္မခြိမ်းခြောက် ယူထားလေ၏။

ဗိုလ်တစ်ထောင်ငမိုး က ဆေးနီ နေထိုင်တတ်သည့်နေရာကို သူ့လူများကို စုံစမ်းခိုင်းလိုက်၏။

ဆေးနီမှာ ညဘက်တွင်သာ မယားငယ်များအိမ် လှည့်လည်နေထိုင်လေ့ရှိပြီး နေ့ခင်းဘက်တွင်မူ ဖခင်ကြီး၏ အိမ်ရှိရာ နေကရွန်းလမ်းတွင် နေလေ့ရှိကြောင်း ငမိုး သိရသည်။

ထိုနေ့က ငမိုးသည် ဓါးရှည်ကို ပုဆိုးတစ်ထည်ဖြင့် ပတ်ကာ ပုဇွန်တောင်သို့ တစ်ယောက်တည်း ဓာတ်ရထားဖြင့် ထွက်လာလိုက်သည်။

ပုဇွန်တောင်၏ နွေနေ့လည်ခင်းက ပူလောင်အိုက်စက်နေသည်။

တစ်ချက်ချက် တိုက်ခတ်လာသည့် လေရူးကြောင့် သာ အပူအနည်းငယ် သက်သာသွား၏။

ငမိုးသည် နေကရွန်းလမ်းတွင် ဆင်းလိုက်ပြီး ဆေးနီအိမ် ရှိသည့်နေရာကို မေးလိုက်သည်။

လူမိုက်ဆေးနီ ကား အိမ်ရှေ့ဝရံတာတွင် သင်ဖြူးဖြာကို ခင်းလျက် အင်္ကျီ ချွတ်ဖြင့် တရေးတမော အိပ်ရန် လှဲလျောင်းနေလေသည်။

ငမိုးက ဆေးနီ ၏ အိမ်ရှေ့တွင် ရပ်လိုက်သည်။

“ဒါ ကိုဆေးနီ တို့ အိမ်လားခင်ဗျ”

ဆေးနီ ဝရံတာမှ ထပြီး လှမ်းကြည့်လိုသည်။ သူ့အိမ်ရှေ့တွင် ရပ်နေသော ချာတိတ်တစ်ယောက်။

“အေး..ငါဆေးနီပဲ..ဘာကိစ္စလဲကွ”

“ကျွန်တော် ကိုဆေးနီ နဲ့ စကားပြောချင်လို့ပါ..အိမ်ပေါ်တက်လာလို့ရမလားဗျ”

ဆေးနီစိတ်ထဲတွင် အာဝါဒေးလောင်းကစားဝိုင်းဒိုင်တရုတ်များမှ လွှတ်လိုက်သည့် လူငယ်တစ်ယောက်ဟု ထင်လိုက်သည်။

“လာ..လာ.အိမ်ပေါ်တက်”

ငမိုးက လှေကားထစ်များအတိုင်း အိမ်ပေါ်သို့ ကုပ်ကုပ်ကလေး တက်လာသည်။

ချိုင်းကြားတွင် ပုဆိုးဖြင့် လိပ်ထားသည့် ဓါးရှည်ကို ညှပ်ထား၏။

ဆေးနီက ဖျာပေါ်တွင် လှဲနေရာမှ ထထိုင်လိုက်ပြီး

“ကဲ..ဘာကိစ္စလဲ..ကောင်လေး.ပြော”

“တခြား မဟုတ်ပါဘူးဗျာ..ခင်ဗျား..မြစန္ဒာခင်ခင်ကို မတရားသိမ်းပိုက်ပြီး ကျွန်တော့်ဆရာ ဦးတင်ကို ဆဲဆို စော်ကားနေတဲ့ ကိစ္စလေး ရှင်းမလိုပါ”

မထင်မှတ်ထားသော စကားကြောင့် ဆေးနီ ကြောင်တောင်တောင်ဖြစ်သွားသည်။

ငမိုးက ချိုင်းကြားတွင် ညှပ်လာသော ဓါးရှည်ကို ထုတ်ကိုင်လိုက်ကာ ပတ်ထားသော ပုဆိုးကို ဖြည်လိုက်၏။

ဓါးရှည်ဖွေးခနဲကို မြင်လိုက်ရသည့်အခါ ဆေးနီက နောက်သို့ ဆုတ်သွားသည်။ နောက်မှာကား ဝရံတာသာ ရှိတော့၏။

“မင်း.ဘယ်ကကောင်လဲ..ဘယ်သူလဲ..မင်းကို ငါမသိဘူး”

 “ကျွန်တော် ဗိုလ်တစ်ထောင်ငမိုးပါ..ကိုဆေးနီ၊ ဗိုလ်တစ်ထောင်ဘရွတ်ကင်းလမ်းမှာ နေပါတယ်ခင်ဗျာ”

ငမိုးက ပြောပြောဆိုဆိုဖြင့် ဆေးနီကို ဝင်ပိုင်းချလိုက်သည်။

ဆေးနီက တစ်ဖက်ဝရံတာသို့ ပြေးကပ်လိုက်သဖြင့် ဓါးချက်က ဝရံတာကို သာ ခုတ်မိသည်။

ဆေးနီက ငမိုး၏ နံကြားသို့ စောင့်ကန်လိုက်ရာ ငမိုး ဟန်ချက်ပျက်သွား၏။

ထိုအချိန်တွင် အိမ်နောက်ဖေးတွင် အုန်းသီးခွဲနေသော ဆေးနီ ၏ ဖခင် လူမိုက်လက်ဟောင်းကြီးက အိမ်ရှေ့မှ အသံများကြောင့် ဓါးဆွဲထွက်လာသည်။

ထို့နောက် ငမိုးကို ဓါးမဖြင့် ဝင်ခုတ်လေသည်။

ငမိုး ကား သိုင်းသမားဖြစ်သဖြင့် ဓါးမချက်ကို ရှောင်လိုက်သောအခါ ဆေးနီအဖေ မှာ အရှိန်လွန်သွားသဖြင့် လက်တစ်ဖက်ဖြင့် ဝရံတာကို ဘယ်ဘက်လက်ဖြင့် ထိန်းကိုင်လိုက်၏။

ငမိုးက..လက်နှစ်ဖက်စုံဖြင့် ဓါးကိုကိုင်လျက် အားထည့်ပိုင်းချလိုက်ရာ ဝရံတာကို ကိုင်ထားသော ဆေးနီအဖေ ၏ ဘယ်ဘက်လက်မှာ တဝက်ကို ဓါးစိုက်ဝင်သွား၏။

ထိုအချိန်တွင် ဆေးနီမှာ ဝရံတာမှ အောက်သို့ ခုန်ချသွားလေသည်။

ဆေးနီအဖေက ညာဘက်လက်မှ ဓါးမဖြင့် ငမိုးကို ထပ်ပိုင်းသည်။

သို့သော် ဓါးချက်က အားမပါသဖြင့် ငမိုးက အလွယ်တကူပင် ရှောင်လိုက်သည်။

ထို့နောက် ဆေးနီအဖေ၏ ပုခုံးကို နောက်ထပ်တစ်ချက် ထပ်ပိုင်းလိုက်ပြီး တွန်းဖယ်ကာ အောက်သို့ ပြေးဆင်းပြီး ဆေးနီ နောက်သို့ လိုက်လေတော့သည်။

သို့သော် ဆေးနီကိုကား အရိပ်အယောင်ပင်မတွေ့ရတော့။

ပုဇွန်တောင်၊ နေကရွန်းလမ်းတစ်ခုလုံး အုပ်အော်သောင်းနင်းဖြစ်ကုန်သည်။

ငမိုးလည်း ဓါးကို အိမ်ရှေ့ရေတွင်းထဲသို့ ပစ်ချကာ ပုဇွန်တောင်ရပ်ကွက်အတွင်းမှ ခပ်တည်တည်ပင် ဓာတ်ရထားစီးပြီး ပြန်လာခဲ့လေသည်။

ညနေပိုင်းရောက်သောအခါ ပုဇွန်တောင်ဂတ်နှင့် ဗိုလ်တစ်ထောင်ဂတ်မှ ပုလိပ်များက ငမိုး အား ဖမ်းရန် ကားနှစ်စီးတိုက်ဖြင့် လာကြလေတော့သည်။

ငမိုးအိမ်အား ပုလိပ်အင်အား နှစ်ဆယ်ကျော်ဖြင့် ဝိုင်းထားလိုက်သည်။

ခဏအကြာတွင် ဦးတင် လည်း ရောက်လာ၏။

ဗိုလ်တစ်ထောင်ငမိုးက အိမ်ထဲ မှ အေးအေးဆေးဆေးပင် စီးကရက်ဖွာလျက် ထွက်လာလေသည်။

ထို့နောက်..ပုလိပ်အိတ်စပက်တော်အား လက်နှစ်ဖက်ထိုးပေးလိုက်၏။

“ဂါတ်ကိုတော့ ကျွန်တော့်ဆရာ ဦးတင် ကားနဲ့ ပဲလိုက်လာခဲ့ပါရစေဗျာ”

နာမည်ကျော်သတင်းစာတိုက်ပိုင်ရှင်ကြီး ဦးတင် က မေတ္တာရပ်ခံသဖြင့် ပုလိပ်အရာရှိများကလည်း ဦးတင် ကားဖြင့် ရဲစခန်းသို့ လိုက်ရန်ခွင့်ပြုပေးလိုက်သည်။

ဓါးခုတ်မှုအတွက် ငမိုး ရုံးတင်တရာစွဲခံရသည်။

သို့သော် ဦးတင် က သူ၏ အရှိန်အဝါနှင့် ငွေအားသုံးကာ လိုက်လေသည်။

အောက်ရုံးတွင် ထောင် ၇ နှစ်ကျခံရန် အမိန့်ချမှတ်ခံရသော်လည်း အထက်ရုံးသို့ အယူခံဝင်သောအခါ ဦးတင်၏ အစွမ်းဖြင့် မိမိကိုယ်ကို ခုခံပိုင်ခွင့် အဖြစ် ပြောင်းကာ လက်နက်ကိုင်ဆောင်မှု အတွက်  ချုပ်ရက်နှင့်ပင် ပြန်လွတ်လာခဲ့တော့သည်။

ထိုအချိန်မှ စတင်ကာ ဦးတင်က ဗိုလ်တစ်ထောင်ငမိုး အား ငွေကြေးလိုလေးသေးမရှိ ထောက်ပံ့ထားသလို ငမိုး အတွက်လည်း ဦးတင် သည် ကျေးဇူးရှင်ဆရာသခင်အဖြစ် မှတ်ယူစရာဖြစ်လာလေတော့သည်။

မကြာမီ အချိန်တွင်ပင် ဦးတင် ပိုင်ဆိုင်သော ပညာ့အလင်းသတင်းစာကြီးနှင့် မြန်မာ့အလင်းသတင်းစာ တို့၏ ကလောင်တိုက်ပွဲကလည်း တစထက် တစ ပြင်းထန်လာလေတော့သည်။
ခက်ဇော်

The Guys of Yangon,1930 ( Part 11)

အခန္း(၁၂)

 ……………

 

အထူးသျဖင့္ မျမသစ္ မွာ အိမ္ေရွ႕တြင္ ရပ္ေနေသာ ခ်စ္သူေဟာင္းႀကီး ငမိုး ကို ၾကည့္ကာ တုန္တုန္ရီရီျဖစ္ေနရွာသည္။

မျမသစ္ ကား ငမိုးႏွင့္ ခ်စ္ခဲ့ၾကစဥ္ကလို မဟုတ္ေတာ့။

ပိုမိုအလွေသြးႂကြယ္သည့္ မျမသစ္ျဖစ္ေနေလၿပီ။

မျမသစ္ ၏ အေဖႀကီးကား ျပာျပာသလဲ ျဖစ္ေန၏။

“ေမာင္မိုး..အဲ..ကိုမိုး..ႂကြပါ..ႂကြပါ..ဆိုင္းမဆင့္ ဗုံမဆင့္ႀကီး.”

ငမိုး က ကုလားထိုင္တြင္ ေအးေအသက္သာပင္ ဝင္ထိုင္လိုက္သည္။

ပိုမိုသန႔္ျပန႔္ေခ်ာေမာလာၿပီး စမတ္က်က်ဝတ္စားထားသည့္ ငမိုး ကို မျမသစ္က ဖခင္၏ေနာက္တြင္ မတ္တပ္ရပ္ရင္း မဝံ့မရဲခိုးၾကည့္သည္။

“ကြၽန္ေတာ္..ျဖစ္ခဲ့ၿပီးသမွ် ဦးတို႔ကို ေတာင္းပန္ဖို႔ လာတာပါ။ ဟိုးတုန္းက ကြၽန္ေတာ္ မထင္မွတ္ပဲ ဒုကၡေပးသလိုျဖစ္သြားပါတယ္။ ေရွ႕ေလွ်ာက္ဦးတို႔ မိသားစု ကို ဘယ္ေတာ့မွ ဒုကၡမေပးေတာ့ပါဘူး။ ကြၽန္ေတာ့္ကို စိတ္ခ်ပါ။ အဲ့ဒါေလး လာအသိေပးတာပါခင္ဗ်ာ။ ကြၽန္ေတာ္ျပန္လိုက္ပါဦးမယ္”

မျမသစ္ဖခင္မွာ ဘာမွ ျပန္ေျပာခ်ိန္ပင္မရလိုက္။

ငမိုး က ထိုင္ေနရာမွ ထၿပီး တံခါးဝသို႔ ထြက္သြားေလသည္။

မျမသစ္ကို တစ္စက္ကေလးမွ မၾကည့္သြား။

မျမသစ္ကေတာ့ ငမိုး ၏ ေက်ာျပင္ကို သာ ေငးလ်က္ က်န္ရစ္ခဲ့သည္။

…………………………………………………………………………………………….

၁၉၁၃ ခုႏွစ္။

ပထမကမာၻစစ္ႀကီးမျဖစ္ပြားမီ တစ္ႏွစ္အလိုတြင္ ရန္ကုန္သည္ အေျပာင္းအလဲႀကီး ေျပာင္းလဲေနသည္။ ရန္ကုန္ဓာတ္ရထားကုမၸဏီမွ ဘတ္စ္ကား ရွစ္စီးအထိ ေျပးဆြဲေနၿပီျဖစ္သည္။။ တကၠစီ ၂၈ စီး ပင္ ထူေထာင္ထားႏိုင္လာ၏။ ရန္ကုန္လမ္းမမ်ားေပၚတြင္ ေမာ္ေတာ္ကား၊ ဓာတ္ရထား၊ ျမင္းရထား၊ ဓာတ္ရထား၊ ခ်ယ္ဂါလီ၊ ႏြားလွည္း၊ ျမင္းလွည္းမ်ား အၿပိဳင္ သြားလာေနၾကသည္။

ရန္ကုန္ကမ္းနားလမ္းတစ္ေလွ်ာက္ ႏွစ္မိုင္ရွည္ေသာ ေရထိန္းနံရံႀကီးတည္ေဆာက္ေနၿပီး ရန္ကုန္ဆိပ္ကမ္း သည္ အေရွ႕ေတာင္အာရွ၏ အေကာင္းဆုံးဆိပ္ကမ္းတစ္ခု ျဖစ္လာၿပီျဖစ္သည္။

ႏိုင္ငံတကာဆိပ္ကမ္းျဖစ္လာေသာ ရန္ကုန္ဆိပ္ကမ္းတြင္ ႏိုင္ငံျခားသေဘၤာႀကီးမ်ား၊ ကမ္း႐ိုးတန္းသေဘၤာမ်ား အမ်ားအျပားဆိုက္ကပ္လာၾကသည္။

ရန္ကုန္ေရာက္ ဥေရာပတိုက္သားမ်ားအတြက္ အဂၤလန္ႏွင့္ ဥေရာပတိုက္မွ ေျဖေဖ်ာ္ပြဲမ်ားကို ဂ်ဴဗလီေဟာတြင္ က်င္းပၾကသည္။

ဥေရာပတိုက္သားမဟုတ္သူမ်ားအတြက္မူ ရန္ကုန္အေရွ႕ပိုင္း ႏွင့္ ပန္းဆိုးတန္းတဝိုက္မွ ျပဇာတ္႐ုံမ်ား၊ ကပြဲမ်ား ေခတ္စားလာသည္။

ထိုကပြဲမ်ားထဲတြင္ လူငယ္မ်ားအၾကား ေခတ္အစားဆုံးမွာ ဖာရစီကပြဲ ပင္ျဖစ္ေလသည္။ ဖာရစီကပြဲမ်ားမွာ အိႏၵိယဘက္မွ ဝင္ေရာက္လာေသာ ပါရွန္းဖာရစီ တို႔၏ ေဖ်ာ္ေျဖပြဲျဖစ္သည္။

ဖာရစီကပြဲမ်ားသည္ ျမန္မာျပည္တြင္ ပထမရွိႏွင့္ေနေသာ ႐ိုးရာေျမဝိုင္းဇာတ္သဘင္မ်ား၊ အျမင့္သဘင္မ်ားႏွင့္ မတူဘဲ ဇာတ္စင္ေပၚတြင္ ေတာကား၊ ေတာင္ကား၊ ၿမိဳ႕၊ လမ္း စေသာ ပုံစံတူပိတ္ကားေနာက္ခံႀကီးမ်ားျဖင့္ ကျပျခင္းျဖစ္ေလသည္။

ထိုအတူ ကျပၾကသည့္ အသားစိမ္းညက္ညက္၊ ႏွာတံစင္းစင္း၊ မ်က္ဝန္းေမွာင္ေမွာင္ ဖာရစီအကမယ္ေလးမ်ား သည္လည္း ကာလသမ်ား အၾကား အလြန္ေခတ္စားခဲ့သည္။

ဖာရစီကပြဲမ်ားသည္ ဝင္ေၾကးလည္း အလြန္ႀကီးျမင့္သည္။

ဗိုလ္တစ္ေထာင္ငမိုး ႏွင့္ သူငယ္ခ်င္းအလိန္တို႔သည္ ဖာရစီဇာတ္ပြဲမ်ားတြင္ အထူးတန္းမွ ၾကည့္ၾကရေသာ ဧည့္သည္ေတာ္မ်ားျဖစ္ၾကသည္။

ဖာရစီအကမယ္မ်ားအၾကားတြင္ ဖာရစီႏွင့္ မြန္ကျပားျဖစ္ၿပီး ဗမာစကား၊ အဆိုအေျပာ ကို ပိုင္ႏိုင္ ကြၽမ္းက်င္လွေသာ ဖာရစီမယ္လွ သည္ အလြန္ေရပန္းစား၏။

ထိုအခ်ိန္က အလိန္ အား သူ႔မိဘမ်ားက ေမာ္ေတာ္ကားတစ္စီးဝယ္ေပးထားေလသည္။

ဖာရစီဇာတ္ပြဲမ်ား မကေသးသည့္ နံနက္ပိုင္းတြင္ ဖာရစီလူမ်ိဳးဇာတ္ဆရာ ႏွင့္ ငမိုး၊ အလိန္တို႔ သြားေရာက္ေတြ႕ဆုံသည္။ ဖာရစီမယ္လွႏွင့္ မိတ္ဆက္လိုေၾကာင္း ေျပာၾကသည္။

ဖာရစီဇာတ္ဆရာကား လူမိုက္ႀကီးဗိုလ္တစ္ေထာင္ငမိုး မွန္းသိျဖင့္ ျပာျပာသလဲ ဧည့္ခံေလသည္။

“ကြၽန္ေတာ္တို႔…မင္းသမီး မယ္လွ ရဲ႕ ပရိသတ္ေတြပါ။ မင္းသမီးနဲ႔ ေတြ႕ခ်င္လို႔ပါ”

“ေအာ္..ဟုတ္..ကိုမိုး တို႔.အခုလို လာတာကိုက ဒီဇာတ္ပြဲအတြက္ အေတာ္အားရွိပါတယ္..မယ္လွ ခုနကမွ အိပ္ရာက ႏိုးတာထင္တယ္..ကြၽန္ေတာ္သြားေခၚေပးပါ့မယ္။

ဗမာစကားကို ကြၽမ္းက်င္စြာေျပာတတ္ေနၿပီျဖစ္ေသာ ဇာတ္ဆရာက ဇာတ္႐ုံ၏ အေနာက္ဘက္သို႔ ဝင္သြားေလသည္။

မၾကာမီ..ဖာရစီမယ္လွ အခန္းတြင္းမွ ထြက္လာ၏။

အိပ္ရာထခါစျဖစ္သျဖင့္ ညဝတ္အက်ႌ ကို ဝတ္ထားဆဲပင္။

အျဖဴႏွင့္အစိမ္း ေရာယွက္ထားသည့္ အသားအရည္ႏွင့္ မ်က္ဝန္းနက္နက္တို႔ ပိုင္ရွင္ ဖာရစီမယ္လွ သည္ ညခင္းဘက္ ဇာတ္စင္ေပၚမွ မီးေရာင္တို႔ေအာက္တြင္ထက္ ပိုမို စြဲေဆာင္အားေကာင္းေန၏။

ဇာတ္ဆရာလာေျပာစဥ္က နာမည္ႀကီးလူမိုက္ေခါင္းေဆာင္မ်ားဆိုသျဖင့္ စိုးတထိတ္ထိတ္ျဖင့္ လာခဲ့ေသာ ဖာရစီမယ္လွမွာ ႐ုပ္ရွည္ေခ်ာေခ်ာေမာမာႏွင့္ ငယ္႐ြယ္ေသာ လူငယ္ေလးႏွစ္ေယာက္ကို ေတြ႕လိုက္ရသျဖင့္ အံၾသသြားသည္။

“ကြၽန္မ မယ္လွပါ….ရွင္တို႔ ဆရာေရာ..ဘယ္ေရာက္သြားလဲ”

ငမိုးေရာ အလိန္ပါ ေၾကာင္ေတာင္ေတာင္ျဖစ္သြားၾကသည္။

“ဘယ္ကဆရာလဲ..မမယ္လွ”

“ဗိုလ္တစ္ေထာင္ငမိုး ဆိုလား..ရွင္တို႔ ေခါင္းေဆာင္ေလ”

အလိန္က တဟားဟားျဖင့္ ေအာ္ရယ္သည္။

ငမိုး ကလည္း ၿပဳံးစိစိျဖင့္။

“ဒီမွာ…ဒါဗိုလ္တစ္ေထာင္ငမိုးေလ..မယ္လွရဲ႕..”

“ဟင္”

ဖာရစီမယ္လွ မ်က္လုံးကေလးျပဴးသြားသည္။

ၿပီးမွ ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ ေတာင္းပန္ေတာ့သည္။

“မသိလို႔ပါ..ကိုမိုးရယ္..ေတာင္းပန္ပါတယ္ရွင္…ေတာင္းပန္ပါတယ္”

“ထားလိုက္ပါ.မယ္လွရယ္..ဒီေကာင္ႀကီးပုံစံကိုက လူမိုက္ပုံမေပါက္ပဲ မင္းသားပုံေပါက္ေနတာကိုးကြ.. ဟားဟား..ေဟာ့ဒီက မင္းသားေမာင္မိုးက မင္းသမီး မယ္လွမွ မယ္လွျဖစ္ေနလို႔ ကြၽန္ေတာ္တို႔ ဒီေန႔လာခဲ့တာပဲ”

ထိုေန႔က ဗိုလ္တစ္ေထာင္ငမိုး ႏွင့္ ဖာရစီမယ္လွတို႔ ၏ အခ်စ္ဇာတ္လမ္းစတင္ခဲ့ေလသည္။

ရန္ကုန္ၿမိဳ႕ ပိုမိုစည္ကားလာသည္ႏွင့္အမွ် ဗိုလ္တစ္ေထာင္ငမိုး ၏ လူမိုက္ၾသဇာကလည္း ပိုႀကီးလာခဲ့သည္။

၁၉၁၄ ခုႏွစ္တြင္ ပထမကမာၻစစ္ႀကီး စတင္ျဖစ္ပြားေလသည္။

ပထမကမာၻစစ္ႀကီးသည္ ျမန္မာျပည္ႏွင့္ မသက္ဆိုင္သလိုျဖစ္ေနေသာ္လည္း ျမန္မာျပည္ေရာက္ အဂၤလိပ္အစိုးရအတြက္မူ စစ္သားစုေဆာင္းေရး၊ ရိကၡာရရွိေရးတို႔အတြက္ အထူးအာ႐ုံစိုက္ေနၾကရသည္။

ျမန္မာျပည္တြင္ခ်ထားသည့္ ေဂၚရာစစ္တပ္သုံးပုံႏွစ္ပုံမွာလည္း စစ္ပြဲသို႔ ေရာက္ရွိေနၾကသည္။ စစ္အင္အားအတြက္ ျမန္မာလူငယ္အခ်ိဳ႕ကို ၿဗိတိသွ်ေတာ္ဝင္တပ္မေတာ္သို႔ ဝင္ေရာက္အမႈထမ္းခြင့္ ျပဳလိုက္ၿပီး စစ္သားစုေဆာင္းေနၾကသည္။

ထိုအခ်ိန္တြင္ တရားဥပေဒစိုးမိုးေရးကို အစိုးရအေနျဖင့္ ဂ႐ုမစိုက္ႏိုင္သျဖင့္ အင္အားနည္းသည့္ ပုလိပ္အဖြဲ႕ႏွင့္ လူမိုက္မ်ားမွာလည္း ရပ္႐ြာကို နားလည္မႈႏွင့္ အုပ္ခ်ဳပ္ရသည့္အေျခအေနျဖစ္လာသည္။

ရန္ကုန္အေရွ႕ပိုင္း၊  ရထားလုံးမ်ား ေထာင္ထားသည့္ မန္မဆာမိသားစုသည္ လူမိုက္ဂိုဏ္းအသြင္း တျဖည္းျဖည္း ေျပာင္းလဲလာသည့္ ကာလလည္းျဖစ္သည္။

ေရေက်ာ္ကိုသိန္းႏွင့္ ကိုသန္းပင္လွ်င္ မန္မဆာမိသားစု၏ အင္အားေတာင့္တင္းမႈေၾကာင့္ တျဖည္းျဖည္း နယ္ေျမ က်ဥ္းေျမာင္းလာသည္။

ပုဇြန္ေတာင္ေဆးနီ ကိုယ္တိုင္ပင္ မန္မဆာမိသားစုကို ၾသဇာခံလိုက္ေလသည္။

စီးပြားရွာေသာ လူမိုက္မဟုတ္ပဲ ရပ္႐ြာကို အေျခတည္ထားေသာ ဗိုလ္တစ္ေထာင္ငမိုး အတြက္မူ ထိုလူမိုက္ ေလာက တိုက္ပြဲမ်ားမွာ သူႏွင့္ မဆိုင္သလိုျဖစ္လာသည္။

လူမိုက္ေလာကကလည္း သူ႔ကို ေရွာင္ရမည့္သူတစ္ဦးအျဖစ္သာ သတ္မွတ္ထားၾကသည္။ ထိုေၾကာင့္ ထိုအခ်ိန္က ဗိုလ္တစ္ေထာင္နယ္ေျမတဝိုက္မွာ ငမိုးေက်းဇူးျဖင့္ ရန္ကုန္လူမိုက္ေဘးမွ ကင္းေဝးခဲ့ရ ေလေတာ့သည္။

ဗိုလ္တစ္ေထာင္ငမိုး ကား ဖာရစီမယ္လွႏွင့္အတူ အိမ္ေထာင္တစ္ခုကို စတင္ထူေထာင္လိုက္ၿပီျဖစ္သည္။

ဖာရစီမယ္လွ ကား ငမိုးကဲ့သို႔ မဟုတ္။

ငမိုး ၏ လူမိုက္ဆိုသည့္ ဂုဏ္ ကို အသုံးျပဳကာ စီးပြားရွာႏိုင္ခဲ့သည္။

ငမိုးထံသို႔ လာေသာ လာဘ္လာဘမ်ားကို လစဥ္ေၾကးအျဖစ္ ေျပာင္းလဲပစ္ခဲ့သည္။ ဗိုလ္တစ္ေထာင္ငမိုး၊ ဓါးငမိုး ဟူေသာ နာမည္သည္ ဖာရစီမယ္လွအတြက္ စီးပြားေရးအမွတ္တံဆိပ္တစ္ခုျဖစ္ခဲ့သည္။

ဗိုလ္တစ္ေထာင္နယ္ေျမႇ စီးပြားေရးသမားမ်ားကလည္း ငမိုး အတြက္ဆိုလ်င္ လိုလိုလားလားပင္ ေပးကမ္းခဲ့ၾက၏။

ဖာရစီမယ္လွ ေကာင္းမႈျဖင့္ ဗိုလ္တစ္ေထာင္ငမိုး မွာ စီးပြားေရးစိုျပည္လာသည္။ ဖာရစီမယ္လွ ကိုယ္တိုင္ပင္ ေ႐ႊေငြမ်ား စုေဆာင္းလာႏိုင္ခဲ့သည္။

ဗိုလ္တစ္ေထာင္ငမိုး ၏ ဘဝထဲသို႔ ဖာရစီမယ္လွ ဝင္လာၿပီးခ်ိန္တြင္ ငမိုးႏွင့္ သူငယ္ခ်င္းအလိန္ ၾကား တျဖည္းျဖည္း ေဝးကြာလာေစခဲ့၏။

ယခင္က တစ္ေန႔လုံး၊ တစ္ညလုံး တတြဲတြဲ တြဲခဲ့ၾကေသာ ငမိုး ႏွင့္ အလိန္  ညဘက္ အရက္အတူေသာက္သည္ကိုပင္ မယ္လွက ျငဴစူခ်င္သည္။

ငမိုးက ဂ႐ုမစိုက္။ အလိန္ႏွင့္ဆိုလွ်င္ ညလုံးေပါက္အိမ္ျပန္မလာပဲ ထြက္ကဲခ်င္ကဲသည္။

ထိုအခါ ငမိုးႏွင့္ မယ္လွတို႔ ျပသနာတက္ေတာ့၏။

ၾကာလာသည့္အခါ ငမိုးတို႔ လင္မယားျပသနာတက္မည္စိုးသည့္အတြက္ အလိန္ သည္ ငမိုးထံသို႔ သိပ္မလာေတာ့။

သူ႔မိဘစီးပြားေရးဘက္သို႔သာ ေဇာက္ခ်လုပ္ေနေလေတာ့သည္။

ထိုအခ်ိန္တြင္ ဖာရစီမယ္လွ က ငမိုးထံသို႔  လူတစ္ေယာက္ကို ေခၚလာကာ မိတ္ဆက္ေပးေလေတာ့သည္။

ထိုသူကား ပညာအလင္းသတင္းစာတိုက္ပိုင္ရွင္ ရတနာကုန္သည္သူေဌးႀကီး ဦးတင္ ပင္ ျဖစ္ေလေတာ့၏။

“ေမာင္မိုး ကို ေတြ႕ရတာ ဦးအေနနဲ႔ အရမ္းဝမ္းသာတာပဲ၊ ေမာင္မိုး သတင္းေတြကိုလည္း ဦးတို႔ အၿမဲၾကားပါတယ္။ လူပင္ငယ္ေသာ္ျငား သတၱိအရာမေခလို႔ ေလးလည္းေလးစားမိပါတယ္။ (၅၁)လမ္းထိပ္က ဦးရဲ႕ ပညာအလင္းသတင္းစာတိုက္ကိုလည္း ေမာင္မိုး လက္ပဲ အပ္ပါတယ္။ ေမာင္မိုး ၾကည့္ရႈေပးပါဦး”

ဦးတင္သည္ ေမာ္ေတာ္ကားအေကာင္းစားႀကီးကို စီးကာ ငမိုးထံ အရက္ပုလင္းအေကာင္းစားမ်ား၊ လက္ေဆာင္ပု႑ာမ်ားျဖင့္ ဝင္ထြက္သည္။

နာမည္ေက်ာ္သူေဌးႀကီးလည္းျဖစ္၊ သတင္းစာတိုက္ပိုင္ရွင္လည္းျဖစ္ေသာ ဦးတင္ က သူ႔ကို တေလးတစား ဆက္ဆံၿပီး ဝင္ထြက္ေနေသာအခါ ဗိုလ္တစ္ေထာင္ငမိုး မွာ အေက်နပ္ႀကီး ေက်နပ္ေနသည္။

ဦးတင္ ကိုလည္း ဆရာ ဆရာ ဟု တေလးတစားေခၚၿပီး ၾကည္ညိဳခဲ့ရသည္။

ပထမကမာၻစစ္ႀကီးၿပီးလုဆဲဆဲ ၁၉၁၇ ခုႏွစ္တြင္ ဦးတင္သည္ ေမာင္မိုးအိမ္သို႔ ေရာက္လာ၏။

“ေမာင္မိုး နဲ႔ ဦး သိၾကတာလည္းၾကာၿပီ။ အခု ဦးမွာ ျပသနာေလးတစ္ခုတက္ေနလို႔ ေမာင္မိုး ကူညီေပးပါဦး”

“ဘာမ်ားလဲ.ဆရာရယ္..ဆရာ လိုတာသာ ေျပာပါ”

“ဒီလို ေမာင္မိုးေရ..ေယာက္်ားခ်င္း..ေျပာရတာ မရွက္ပါဘူး..ပုဇြန္ေတာင္က ကိတ္လမ္းထဲက ျမစႏၵာအၿငိမ့္က အၿငိမ့္မင္းသမီး ျမစႏၵာခင္ခင္ ဆိုတာ ဦး ရဲ႕ တတိယဇနီးေလးေပါ့”

“ဟုတ္..ဆရာ..ျမစႏၵာအၿငိမ့္ကို ကြၽန္ေတာ္သိပါတယ္’’

“သူကေလး အၿငိမ့္ေထာင္ဖို႔အတြက္ ဦးပဲ အကုန္အက်ခံေပးခဲ့ရတာ။ အခုက်..သူ႔ကို ပုဇြန္ေတာင္လူမိုက္ ေဆးနီ က အတင္းအဓမၼ မယားျပဳထားတယ္ကြယ္။ ဦးတို႔က လူႀကီးလူေကာင္းအသိုင္းအဝိုင္းဆိုေတာ့ ဒီလူမိုက္ေတြနဲ႔လည္း ဖက္ရန္မျပဳခ်င္ပါဘူး။ ဒါေပမယ့္ ေဆးနီက တစ္ေန႔ထက္ တစ္ေန႔ လြန္လာတယ္ကြဲ႕။ ခင္ခင္ ကို ႐ိုက္ႏွက္၊ ဦးနာမည္ကိုလည္း အေၾကာင္းမဲ့ ေအာ္ဆဲၿပီး..ဦးကို ႀကိမ္းဝါးေနတယ္တဲ့’’

“ဟာ..ဒီေကာင္ လူပါးတယ္ဝတာပဲ…ဆရာ ဘာျဖစ္ခ်င္လဲသာ..ေျပာပါ”

“ေဆးနီ ကို ေမာင္မိုးအေနနဲ႔ နည္းနည္းတားျမစ္ေပး႐ုံေလာက္ပါပဲ”

“ဆရာရယ္..ကြၽန္ေတာ္ေလးစားရတဲ့ ဆရာ့ကို ဒီလိုေကာင္က ေစာ္ကားေနတာ ကြၽန္ေတာ္ ကို အခုမွ ေျပာရသလား..စိတ္ခ်ဆရာ..မနက္ဖန္မနက္က် ျမစႏၵာခင္ခင္ဆီ ဆရာ ျပန္သြားပါ။ ဆရာ ပုဇြန္ေတာင္မွာ သြားလာေနသမွ် ဒီေကာင့္နာမည္ေတာင္ မၾကားေစရေတာ့ဘူးမွတ္ပါ”

……………………………………………………………

၁၉၀၀ ျပည့္ႏွစ္မတိုင္မီ ၁၈၈၀ ေက်ာ္ကာလမ်ားတြင္ ပုဇြန္ေတာင္ သည္ ေတာတန္းႀကီးတစ္ခုသာျဖစ္ခဲ့သည္။

ရန္ကုန္ၿမိဳ႕တြင္းတြင္ မိလႅာစနစ္မ်ား စနစ္တက်မတည္ေဆာက္မီကာလက ဗမာဆင္းရဲသားအမ်ားစုမွာ ပုဇြန္ေတာင္ေတာတန္းႀကီးတြင္ အေပါ့အေလး ကိစၥလာေရာက္ေျဖရွင္းတတ္ၾကသည္။

ၿမိဳ႕လယ္ေခါင္တြင္ ဥေရာပသား၊ တ႐ုတ္၊ ကုလားမ်ား၏ တိုက္ႀကီးမ်ား ေနရာယူထားခ်ိန္တြင္ အထက္ျမန္မာျပည္ ႏွင့္ ျမန္မာျပည္အရပ္ရပ္မွ ရန္ကုန္သို႔ ေ႐ြ႕ေျပာင္းလာၾကေသာ ဗမာဆင္းရဲသားအမ်ားစု မွာ ပုဇြန္ေတာင္တဝိုက္တြင္ အေျခခ်ေနထိုင္လာခဲ့ၾကသည္။

၁၈၈၄ ခုႏွစ္ ရန္ကုန္ၿမိဳ႕ ဂ်ဴဒါအီစကယ္လမ္းမွ ေမာ္တင္လမ္းအထိ ရပ္ကြက္မ်ားအား ေရေကာင္းေရသန႔္ ျဖန႔္ေဝေရးစနစ္တပ္ဆင္ၿပီးခ်ိန္အထိ  ပုဇြန္ေတာင္မွာ ေရတြင္းေရကန္ကိုသာ အားထားေနရသည္။

၁၉၀၀ ျပည့္ႏွစ္တြင္ ပုဇြန္ေတာင္ႏွင့္ သိမ္ျဖဴ အထိ ေရေပးေဝေရးစနစ္မ်ား ျဖန႔္ခ်ီလာႏိုင္ခဲ့ၿပီး ပုဇြန္ေတာင္သည္ လည္း ရန္ကုန္အေရွ႕ပိုင္းမွ ဗမာရပ္ကြက္ႀကီးတစ္ခုျဖစ္လာခဲ့သည္။

အာေမးနီယန္းႏွင့္ ဗမာ ကျပားျဖစ္ေသာ ေဆးနီ သည္ ဆင္းရဲသားရပ္ကြက္မွ ဖြံၿဖိဳးလာသည့္ ပုဇြန္ေတာင္ကြက္သစ္ႀကီး၏ လူမိုက္တစ္ေယာက္ ျဖစ္သည္။ ဖခင္ျဖစ္သူ၏ လူမိုက္အေမြကို ဆက္ခံသူလည္း ျဖစ္သည္။ ေဆးနီ၏ အေဖမွာ ပုဇြန္ေတာင္ရပ္ကြက္ထူေထာင္ခါစ ကပင္ လူဆိုးလူမိုက္တစ္ဦးအျဖစ္ နာမည္ေက်ာ္သူျဖစ္သည္။

ပုဇြန္ေတာင္တြင္ ေဆးနီသည္ တပည့္တပန္းမ်ားစြာျဖင့္ အာဝါေဒးဝိုင္းမ်ားကို ျပဳလုပ္ေလ့ရွိသည္။

အေရွ႕ပိုင္းတြင္ မန္မဆင္မိသားစု တျဖည္းျဖည္း ဘုန္းတန္ခိုးေတာက္လာေသာအခါ ေဆးနီသည္ မန္မဆင္ မိသားစုအတြက္ အလုပ္လုပ္ေပးသူျဖစ္လာသည္။

ေဆးနီ၏ တပည့္ျဖစ္သူ နားသံသီေက်ာ္ေအး ကို ဗိုလ္တစ္ေထာင္ငမိုးက ဓါးျဖင့္ ေမႊလိုက္စဥ္ကတည္း ေဆးနီသည္ ဗိုလ္တစ္ေထာင္ငမိုးအေၾကာင္းကို သိထားသည္။

ေဆးနီ သည္ မယားအတိအက်မယူထားေသာ္လည္း တိတ္တိတ္ပုန္းမယားမ်ားစြာရွိေနသည္။

ထိုထဲတြင္ ဦးတင္ ၏ အာဟာရေလးတစ္ခုျဖစ္သည့္ အၿငိမ့္မင္းသမီး ခင္ခင္ကို လည္း အတင္းအဓမၼၿခိမ္းေျခာက္ ယူထားေလ၏။

ဗိုလ္တစ္ေထာင္ငမိုး က ေဆးနီ ေနထိုင္တတ္သည့္ေနရာကို သူ႔လူမ်ားကို စုံစမ္းခိုင္းလိုက္၏။

ေဆးနီမွာ ညဘက္တြင္သာ မယားငယ္မ်ားအိမ္ လွည့္လည္ေနထိုင္ေလ့ရွိၿပီး ေန႔ခင္းဘက္တြင္မူ ဖခင္ႀကီး၏ အိမ္ရွိရာ ေနက႐ြန္းလမ္းတြင္ ေနေလ့ရွိေၾကာင္း ငမိုး သိရသည္။

ထိုေန႔က ငမိုးသည္ ဓါးရွည္ကို ပုဆိုးတစ္ထည္ျဖင့္ ပတ္ကာ ပုဇြန္ေတာင္သို႔ တစ္ေယာက္တည္း ဓာတ္ရထားျဖင့္ ထြက္လာလိုက္သည္။

ပုဇြန္ေတာင္၏ ေႏြေန႔လည္ခင္းက ပူေလာင္အိုက္စက္ေနသည္။

တစ္ခ်က္ခ်က္ တိုက္ခတ္လာသည့္ ေလ႐ူးေၾကာင့္ သာ အပူအနည္းငယ္ သက္သာသြား၏။

ငမိုးသည္ ေနက႐ြန္းလမ္းတြင္ ဆင္းလိုက္ၿပီး ေဆးနီအိမ္ ရွိသည့္ေနရာကို ေမးလိုက္သည္။

လူမိုက္ေဆးနီ ကား အိမ္ေရွ႕ဝရံတာတြင္ သင္ျဖဴးျဖာကို ခင္းလ်က္ အက်ႌ ခြၽတ္ျဖင့္ တေရးတေမာ အိပ္ရန္ လွဲေလ်ာင္းေနေလသည္။

ငမိုးက ေဆးနီ ၏ အိမ္ေရွ႕တြင္ ရပ္လိုက္သည္။

“ဒါ ကိုေဆးနီ တို႔ အိမ္လားခင္ဗ်”

ေဆးနီ ဝရံတာမွ ထၿပီး လွမ္းၾကည့္လိုသည္။ သူ႔အိမ္ေရွ႕တြင္ ရပ္ေနေသာ ခ်ာတိတ္တစ္ေယာက္။

“ေအး..ငါေဆးနီပဲ..ဘာကိစၥလဲကြ”

“ကြၽန္ေတာ္ ကိုေဆးနီ နဲ႔ စကားေျပာခ်င္လို႔ပါ..အိမ္ေပၚတက္လာလို႔ရမလားဗ်”

ေဆးနီစိတ္ထဲတြင္ အာဝါေဒးေလာင္းကစားဝိုင္းဒိုင္တ႐ုတ္မ်ားမွ လႊတ္လိုက္သည့္ လူငယ္တစ္ေယာက္ဟု ထင္လိုက္သည္။

“လာ..လာ.အိမ္ေပၚတက္”

ငမိုးက ေလွကားထစ္မ်ားအတိုင္း အိမ္ေပၚသို႔ ကုပ္ကုပ္ကေလး တက္လာသည္။

ခ်ိဳင္းၾကားတြင္ ပုဆိုးျဖင့္ လိပ္ထားသည့္ ဓါးရွည္ကို ညႇပ္ထား၏။

ေဆးနီက ဖ်ာေပၚတြင္ လွဲေနရာမွ ထထိုင္လိုက္ၿပီး

“ကဲ..ဘာကိစၥလဲ..ေကာင္ေလး.ေျပာ”

“တျခား မဟုတ္ပါဘူးဗ်ာ..ခင္ဗ်ား..ျမစႏၵာခင္ခင္ကို မတရားသိမ္းပိုက္ၿပီး ကြၽန္ေတာ့္ဆရာ ဦးတင္ကို ဆဲဆို ေစာ္ကားေနတဲ့ ကိစၥေလး ရွင္းမလိုပါ”

မထင္မွတ္ထားေသာ စကားေၾကာင့္ ေဆးနီ ေၾကာင္ေတာင္ေတာင္ျဖစ္သြားသည္။

ငမိုးက ခ်ိဳင္းၾကားတြင္ ညႇပ္လာေသာ ဓါးရွည္ကို ထုတ္ကိုင္လိုက္ကာ ပတ္ထားေသာ ပုဆိုးကို ျဖည္လိုက္၏။

ဓါးရွည္ေဖြးခနဲကို ျမင္လိုက္ရသည့္အခါ ေဆးနီက ေနာက္သို႔ ဆုတ္သြားသည္။ ေနာက္မွာကား ဝရံတာသာ ရွိေတာ့၏။

“မင္း.ဘယ္ကေကာင္လဲ..ဘယ္သူလဲ..မင္းကို ငါမသိဘူး”

 “ကြၽန္ေတာ္ ဗိုလ္တစ္ေထာင္ငမိုးပါ..ကိုေဆးနီ၊ ဗိုလ္တစ္ေထာင္ဘ႐ြတ္ကင္းလမ္းမွာ ေနပါတယ္ခင္ဗ်ာ”

ငမိုးက ေျပာေျပာဆိုဆိုျဖင့္ ေဆးနီကို ဝင္ပိုင္းခ်လိုက္သည္။

ေဆးနီက တစ္ဖက္ဝရံတာသို႔ ေျပးကပ္လိုက္သျဖင့္ ဓါးခ်က္က ဝရံတာကို သာ ခုတ္မိသည္။

ေဆးနီက ငမိုး၏ နံၾကားသို႔ ေစာင့္ကန္လိုက္ရာ ငမိုး ဟန္ခ်က္ပ်က္သြား၏။

ထိုအခ်ိန္တြင္ အိမ္ေနာက္ေဖးတြင္ အုန္းသီးခြဲေနေသာ ေဆးနီ ၏ ဖခင္ လူမိုက္လက္ေဟာင္းႀကီးက အိမ္ေရွ႕မွ အသံမ်ားေၾကာင့္ ဓါးဆြဲထြက္လာသည္။

ထို႔ေနာက္ ငမိုးကို ဓါးမျဖင့္ ဝင္ခုတ္ေလသည္။

ငမိုး ကား သိုင္းသမားျဖစ္သျဖင့္ ဓါးမခ်က္ကို ေရွာင္လိုက္ေသာအခါ ေဆးနီအေဖ မွာ အရွိန္လြန္သြားသျဖင့္ လက္တစ္ဖက္ျဖင့္ ဝရံတာကို ဘယ္ဘက္လက္ျဖင့္ ထိန္းကိုင္လိုက္၏။

ငမိုးက..လက္ႏွစ္ဖက္စုံျဖင့္ ဓါးကိုကိုင္လ်က္ အားထည့္ပိုင္းခ်လိုက္ရာ ဝရံတာကို ကိုင္ထားေသာ ေဆးနီအေဖ ၏ ဘယ္ဘက္လက္မွာ တဝက္ကို ဓါးစိုက္ဝင္သြား၏။

ထိုအခ်ိန္တြင္ ေဆးနီမွာ ဝရံတာမွ ေအာက္သို႔ ခုန္ခ်သြားေလသည္။

ေဆးနီအေဖက ညာဘက္လက္မွ ဓါးမျဖင့္ ငမိုးကို ထပ္ပိုင္းသည္။

သို႔ေသာ္ ဓါးခ်က္က အားမပါသျဖင့္ ငမိုးက အလြယ္တကူပင္ ေရွာင္လိုက္သည္။

ထို႔ေနာက္ ေဆးနီအေဖ၏ ပုခုံးကို ေနာက္ထပ္တစ္ခ်က္ ထပ္ပိုင္းလိုက္ၿပီး တြန္းဖယ္ကာ ေအာက္သို႔ ေျပးဆင္းၿပီး ေဆးနီ ေနာက္သို႔ လိုက္ေလေတာ့သည္။

သို႔ေသာ္ ေဆးနီကိုကား အရိပ္အေယာင္ပင္မေတြ႕ရေတာ့။

ပုဇြန္ေတာင္၊ ေနက႐ြန္းလမ္းတစ္ခုလုံး အုပ္ေအာ္ေသာင္းနင္းျဖစ္ကုန္သည္။

ငမိုးလည္း ဓါးကို အိမ္ေရွ႕ေရတြင္းထဲသို႔ ပစ္ခ်ကာ ပုဇြန္ေတာင္ရပ္ကြက္အတြင္းမွ ခပ္တည္တည္ပင္ ဓာတ္ရထားစီးၿပီး ျပန္လာခဲ့ေလသည္။

ညေနပိုင္းေရာက္ေသာအခါ ပုဇြန္ေတာင္ဂတ္ႏွင့္ ဗိုလ္တစ္ေထာင္ဂတ္မွ ပုလိပ္မ်ားက ငမိုး အား ဖမ္းရန္ ကားႏွစ္စီးတိုက္ျဖင့္ လာၾကေလေတာ့သည္။

ငမိုးအိမ္အား ပုလိပ္အင္အား ႏွစ္ဆယ္ေက်ာ္ျဖင့္ ဝိုင္းထားလိုက္သည္။

ခဏအၾကာတြင္ ဦးတင္ လည္း ေရာက္လာ၏။

ဗိုလ္တစ္ေထာင္ငမိုးက အိမ္ထဲ မွ ေအးေအးေဆးေဆးပင္ စီးကရက္ဖြာလ်က္ ထြက္လာေလသည္။

ထို႔ေနာက္..ပုလိပ္အိတ္စပက္ေတာ္အား လက္ႏွစ္ဖက္ထိုးေပးလိုက္၏။

“ဂါတ္ကိုေတာ့ ကြၽန္ေတာ့္ဆရာ ဦးတင္ ကားနဲ႔ ပဲလိုက္လာခဲ့ပါရေစဗ်ာ”

နာမည္ေက်ာ္သတင္းစာတိုက္ပိုင္ရွင္ႀကီး ဦးတင္ က ေမတၱာရပ္ခံသျဖင့္ ပုလိပ္အရာရွိမ်ားကလည္း ဦးတင္ ကားျဖင့္ ရဲစခန္းသို႔ လိုက္ရန္ခြင့္ျပဳေပးလိုက္သည္။

ဓါးခုတ္မႈအတြက္ ငမိုး ႐ုံးတင္တရာစြဲခံရသည္။

သို႔ေသာ္ ဦးတင္ က သူ၏ အရွိန္အဝါႏွင့္ ေငြအားသုံးကာ လိုက္ေလသည္။

ေအာက္႐ုံးတြင္ ေထာင္ ၇ ႏွစ္က်ခံရန္ အမိန႔္ခ်မွတ္ခံရေသာ္လည္း အထက္႐ုံးသို႔ အယူခံဝင္ေသာအခါ ဦးတင္၏ အစြမ္းျဖင့္ မိမိကိုယ္ကို ခုခံပိုင္ခြင့္ အျဖစ္ ေျပာင္းကာ လက္နက္ကိုင္ေဆာင္မႈ အတြက္  ခ်ဳပ္ရက္ႏွင့္ပင္ ျပန္လြတ္လာခဲ့ေတာ့သည္။

ထိုအခ်ိန္မွ စတင္ကာ ဦးတင္က ဗိုလ္တစ္ေထာင္ငမိုး အား ေငြေၾကးလိုေလးေသးမရွိ ေထာက္ပံ့ထားသလို ငမိုး အတြက္လည္း ဦးတင္ သည္ ေက်းဇူးရွင္ဆရာသခင္အျဖစ္ မွတ္ယူစရာျဖစ္လာေလေတာ့သည္။

မၾကာမီ အခ်ိန္တြင္ပင္ ဦးတင္ ပိုင္ဆိုင္ေသာ ပညာ့အလင္းသတင္းစာႀကီးႏွင့္ ျမန္မာ့အလင္းသတင္းစာ တို႔၏ ကေလာင္တိုက္ပြဲကလည္း တစထက္ တစ ျပင္းထန္လာေလေတာ့သည္။

ခက္ေဇာ္

Comments

Post a Comment