TGOR 1930 (အခန်း 15)

The Guys of Yangon,1930(Part 14)

အခန်း(၁၅)
...............
လမ်းမတော်ဖိုးတုတ်သည် အိတ်စပက်တော်ဦးဟုတ်ဂွမ် ကို ၀င်ခေါ်ပြီး အလုံပုလိပ်ဌာနသို့ လိုက်သွားကြသည်။
အလုံပုလိပ်ဌာနက ဂန္ဓမာသောင်းရီ၊ မသောင်း နှင့် ချိုက်ဟုန်တို့ကို စစ်ဆေးနေကြသည်။

အိတ်စပက်တော်ဦးဟုတ်ဂွမ်ကောင်းမှုဖြင့် ဂန္ဓမာသောင်းရီတို့ကို ပြန်လည် ခေါ်ထုတ်လာနိုင်ခဲ့၏။

မသောင်းနှင့် ချိုက်ဟုန်တို့ကို အငှားကားတစ်စီးဖြင့် တင်ပေးပြီးနောက် လမ်းမတော်ဖိုးတုတ်၊ ဂန္ဓမာသောင်းရီ တို့   ကြည့်မြင်တိုင်ဘူတာရှေ့ရှိ ကြက်ကြား၏ နေအိမ်သို့ ထွက်လာကြသည်။

ဂန္ဓမာသောင်းရီ က တစ်လမ်းလုံး ဘာစကားမှ မပြောဘဲ တိတ်ဆိတ်နေ၏။
ဖိုးတုတ်က ကားကို လက်တစ်ဖက်ဖြင့် မောင်းရင်း စီးကရက်ဖွာလာသည်။

"ဒီကောင်တွေ ငါ့ကို လုပ်တာ..ဖိုးတုတ်...ငါ့ကို လုပ်တာကွ..ငညွန့်က ငါ့အစား ခံလိုက်ရတာ..တောက်"

"ဘယ်သူ့လက်ချက်လို့ ထင်လဲ ဂန္ဓမာ".

"ဘယ်သူ့လက်ချက်ဖြစ်ဖြစ် ငါကိုယ်တိုင်သတ်မှာ..ဖိုးတုတ်"

"သတ်တာ နောက်ထားဦးကွ..အခုက မင်းကို သတ်ဖို့ကြံတယ်ဆိုတာ ငါ့ကိုပါ တစ်ခါတည်း သတိပေးလိုက်တဲ့သဘောပဲ..အန္တရာယ်က ငါတို့နောက်ကျောဘက်မှာ လိုက်နေပြီ..ဂန္ဓမာ..ဒီနေ့က စပြီး အစစအရာရသတိထားရတော့မယ်"

"ငါ့ကို ပစ်မှတ်ထားတာဆိုတော့..ပုဏ္ဍားဘထွန်းလူတွေလည်း ဖြစ်နိုင်တာပဲ..သူ့သားအာဠာ၀ကစိန်ကြီးကို ငါသတ်ခဲ့တာမဟုတ်လား"

"ပုဏ္ဍားဘထွန်းလူဆို ငါ့ဆီ ချက်ချင်းသတင်းရောက်မှာပဲ..ဂန္ဓမာ..မဖြစ်နိုင်ဘူး...နောက်ပြီး အခု သတ်သွားတဲ့ ကောင်ရဲ့ လက်ဆက ယဉ်တယ်ကွ။ တစ်ချက်တည်းနဲ့ သေကွက်ကို ထိုးသွားတာ။ ငါကတော့ အရှေ့ပိုင်းက ဟိုကုလားကြီးနှစ်ကောင်ကို မသင်္ကာဘူး..ပြီးတော့ အဲ့ဒီညက ငညွန့် အသတ်ခံရတဲ့အချိန်လောက်မှာ မသောင်းတို့ အိမ်ဘက်ကနေ ထွက်လာတဲ့ ကုလားတစ်ကောင်ကို ဖဲဝိုင်းကပြန်လာတဲ့ အုန်းဖေတပည့် နှစ်ယောက်က မြင်လိုက်တယ်တဲ့ကွ။ ဒီကောင်က အလုံဘက်ကို ခပ်သုတ်သုတ်လျှောက်သွားတာတဲ့"

"အင်း...ကြည့်မြင်တိုင်အုပ်စုထဲက တစ်ကောင်ကောင်လား"

"အေး...အဲ့ဒီကိစ္စပဲ..အခု ..ငါ ကြက်ကြားဆီ သွားနေတာ..အဖြေတစ်ခုခုတော့ ပေါ်ကောင်းပါတယ်"

ကြည့်မြင်တိုင်ကြက်ကြား ၏ နေအိမ်ရှေ့သို့ ကားထိုးဆိုက်လိုက်သည်။
ကြက်ကြား သည် သူ့အိမ်ရှေ့တွင် အင်္ကျီဗလာကျင်းဖြင့် သူ့တပည့်များနှင့် ဝိုင်းခြင်းခတ်နေကြ၏။

လမ်းမတော်ဖိုးတုတ်ကို မြင်သော အခါ ခြင်းဝိုင်းကို ရပ်လိုက်ပြီး အိမ်ပေါ်သို့ ခေါ်လေသည်။

"ကိုညွန့် သတင်း ကျွန်တော်ကြားတယ်..အကိုကြီး။ အခုအချိန် အကိုကြီးတို့ အလုပ်ရှုပ်နေမှာစိုးလို့..ညနေမှ အကိုကြီးအိမ်လာမလို့..ဘာထူးသေးလဲ..အကိုကြီး"

"ဘာထူးလဲဆိုတာ ငါ က မင်းကို မေးရမှာ..ကြက်ကြား"

ဖိုးတုတ်စကားကြောင့် ကြက်ကြား လန့်သွားသည်။
"ဟာ..အကိုကြီးရာ..ကျွန်တော်လည်း မနက်ကျမှ သူများတွေပြောလို့ သိရတာပါ"

"မနေ့ညက ငညွန့်ကို သတ်သွားတဲ့အချိန်လောက်မှာ ကုလားတစ်ကောင် အလုံဘက်ကို သုတ်သီးသုတ်ပြာ ပြေးသွားတာကို မြင်လိုက်တဲ့လူရှိတယ်..ကြက်ကြား..အဲ့ဒါ မင်းနယ်မြေအပိုင်ဆိုတော့..မင်း များ တစ်ခုခု သိနေမလားလို့ပါ"

"ဘယ်လိုပုံစံမျိုးလဲ အကြမ်းဖျဉ်းသိလို့ရမလား..အကိုကြီး"

"ဖဲဝိုင်းက ပြန်လာတဲ့ အုန်းဖေ တပည့်တွေ မြင်လိုက်တာတဲ့ကွ။ အရပ်မြင့်မြင့်၊ ဆံပင်က တိုတိုပါးပါးနဲ့ အဖြူရောင်စွပ်ကျယ်၊ အဖြူရောင်ဒိုတီကို ခါးတောင်းကျိုက်ထားတယ်တဲ့"

ကြက်ကြား က သေချာစဉ်းစားနေသည်။

"အင်း..ဖဲဝိုင်းက အပြန် ကိုအုန်းတပည့်တွေတွေ့တာဆိုတော့..မနေ့ညက မသောင်းတို့ လမ်းထိပ် မှာ လန်ချားသမားတစ်ကောင် အသုဘရှိတာပဲ။ ကျွန်တော့်လူတွေပဲ အဲ့ဒီမှာ ကြီးကြပ်စီစဉ်တာ။ ဖဲဝိုင်းကလည်း မိုးလင်းမှ သိမ်းတာဆိုတော့..အကိုကြီးပြောတဲ့ ပုံစံမျိုး ကို ကျွန်တော့်လူတွေကို မေးကြည့်ရင်တော့ သိလောက်တယ်..ဒီကြည်မြင့်တိုင်ထဲက ကောင်ဆိုရင်တော့ ဒီကောင်ပြေးမလွတ်ပါဘူး"

"အေး..ကြက်ကြား..ဒီကောင် ဘယ်သူလဲဆိုတာ ငါတို့ အမြန်သိရမှဖြစ်မယ်..မဟုတ်ရင် နောက်တစ်ယောက် က မင်းရော၊ ငါရော တစ်ယောက်ယောက်အလှည့်ဖြစ်သွားမယ်"
....................................................................................
ခြောက်ရက်မြောက်သောနေ့။
ည ၁၀ နာရီခွဲ။

ငညွန့်နေထိုင်ရာ စဉ့်အိုးတန်းလမ်းအိမ်ရှေ့တွင် မနက်ဖြန်ရက်လည်ဆွမ်းသွပ်အလှူအတွက် ထမင်း၊ ဟင်းများ ချက်ရန် ပြင်ဆင်နေကြသည်။

လမ်းမတော်ဖိုးတုတ်က ဟင်းချက်သည့်ဘေးတွင် စားပွဲတစ်လုံးဖြင့်ထိုင့်ကာ အရက်သောက်ရင် တပည့်များဖြင့် စကားပြောနေ၏။

ည ၁၁ နာရီခွဲခန့်တွင် ပုလိပ်သား ငါးယောက်ပါ၀င်သော ကင်းလှည့်ကားတစ်စီး သည် စဉ့်အိုးတန်းလမ်းသို့ ၀င်လာပြီး ဖိုးတုတ်တို့ ရှေ့တွင် ရပ်လိုက်သည်။
ထို့နောက် ကားရှေ့ခန်းမှ မျက်နှာဖြူအရာရှိတစ်ဦး ဆင်းလာ၏။

"မင်းတို့ ဘာလုပ်နေကြတာလဲ"
မျက်နှာဖြူအရာရှိကား ဗမာစကားကို ရေလည်စွာကျွမ်းကျင်သည်။ အသက်ကား (၃၀)၀န်းကျင်သာ ရှိဦးမည်ဖြစ်ပြီး အရပ်မြင့်မြင့်ကိုင်းကိုင်း၊ မျက်ခုံးမွှေးအနီရောင်ဖြင့် ကြမ်းတမ်းခက်ထန်သည့် ပုံစံဖြစ်သည်။
ဖိုးတုတ်က မျက်နှာဖြူအရာရှိရှေ့သို့ လက်နောက်ပစ်ကာ သွားရပ်လိုက်သည်။

"ကျွန်တော်မျိုးဆို့ နာရေးရက်လည်ရှိလို့ ချက်ပြုတ်နေကြတာပါ..သခင်"

မျက်နှာဖြူအရာရှိက ပတ်၀န်းကျင်ကို ကြည့်ရှုလိုက်သည့်အခါ ဖိုးတုတ်ထလာသည့်နေရာမှ အရက်ပုလင်းနှင့် အမြည်းများကို မြင်သွားသည်။

"အများပြည်သူပိုင်လမ်းပေါ်မှာ မင်းတို့ ချက်နေပြုတ်နေကြတာ..မြူနီစပယ်ဥပဒေကိုချိုးဖောက်တယ်ဆိုတာ နားလည်သလား"

"စိတ်မရှိပါနဲ့..သခင်။ ဒီရပ်ကွက်မှာ ကျွန်တော်မျိုးက ရပ်မိရပ်ဖ ဦးဖိုးတုတ်ပါ။ ဒီရပ်ကွက်သားတွေကလည်း နာရေးအလှူမို့ နားလည်ပေးကြပါတယ်"

"ဖိုးတုတ်..ဖိုးတုတ်..မင်းကို ငါသိပါတယ်..ဒီရပ်ကွက်မှာ မင်းသိပ်နာမည်ကြီးနေလို့ ငါမင်းဆီ တမင်၀င်လာတာ..ဟုတ်ပြီ..တခြားလူတွေ ချက်တာပြုတ်တာတော့ ထားပါတော့..မင်းကရော ဘယ်လို အကောင်မျိုးမို့ လမ်းပေါ်မှာ စားပွဲချပြီး အရက်သောက်နေရတာလဲ..."

မျက်နှာဖြူအရာရှိက ဖိုးတုတ်ကို ကြိမ်းမောင်းရင်း အရက်ပုလင်းတင်ထားသည့် စားပွဲကို ကန်ချလိုက်သည်။

အရက်ပုလင်း၊ ဖန်ခွက်နှင့် အမြည်းများမှာ မြေပြင်တွင် ပြန့်ကြဲ့သွားတော့၏။

ဖိုးတုတ်၏ တပည့်များက ချက်ပြုတ်နေရာမှ ထလာကြသည်။
သို့သော်..ဖိုးတုတ်က မျက်ရိပ်ပြကာ တားလိုက်၏။

"မင်းနဲ့ ငါ နောက်တစ်ကြိမ် ထပ်တွေ့ကြဦးမှာပါ..ဖိုးတုတ်"

မျက်နှာဖြူအရာရှိက ဖိုးတုတ်ကို ပြောပြီး ကားပေါ်သို့ ပြန်တက်သွားလေသည်။

မြေကြီးပေါ်တွင် ပြန့်ကျဲနေသော အရက်ပုလင်းနှင့် အမြည်းခွက်များကို ဖိုးတုတ်၏ တပည့်များက လိုက်လံသိမ်းဆည်နေကြသည်။

ဖိုးတုတ်ကတော့ ကားဖြင့် ပြန်လှည့်သွားသော မျက်နှာဖြူအရာရှိကို ကြည့်ကာ တစ်စုံတစ်ရာကိုတွေးနေလေတော့သည်။
....................................................................................

ငညွန့် ရက်လည်ပြီး နှစ်ရက်အကြာတွင် ဖိုးတုတ်နှင့် ဂန္ဓမာသောင်းရီတို့သည် (၁၄)လမ်းရှိ ဖိုးတုတ်အိမ်ရှေ့ ကွပ်ပျစ်တွင် ကျားထိုးနေကြလေသည်။

ထိုအချိန်တွင် ရထားလုံးတစ်စီးပေါ်မှ ကြည့်မြင်တိုင်ကြက်ကြားဆင်းလာ၏။

"အကိုကြီး..ငညွန့်ကိစ္စ အကိုကြီးပြောတဲ့ ပုံစံမျိုးနဲ့ လူစိမ်းတစ်ယောက်အကြောင်း သတင်းရထားတယ်။ အရင်က ဒီကောင့်ကို ဒီနယ်မြေမှာ ဘယ်သူမှ မမြင်ဖူးဘူး။ ငညွန့်အသတ်ခံရတဲ့ညက ဒီကောင် လမ်းထိပ်ဖဲဝိုင်းမှာ ကြား၀င်ထိုးတာ ကျွန်တော့်ကောင်တွေက သတိထားမိတယ်။ ဒီကောင်နဲ့အတူ စက်ဆန်းထဲမှာ ဖာသည်လုပ်တဲ့ ရှာမီဒါ ဆိုတဲ့ ကုလားမလေးလည်းပါလာတယ်။ ရှာမီဒါ က ဖဲဝိုင်းကလူတွေကို ဒီနားမှာ ချိုင်းနားစတန်းက ဟိုတယ်မယ်လေးတွေ ဘယ်မှာနေလဲလို့ မေးနေတာလည်း ကြားလိုက်သူတွေရှိတယ်။ ဒါပေမယ့် ကျွန်တော့်ကောင်တွေပြောတာကတော့ ဒီကောင်က မိုးလင်း ဖဲဝိုင်းသိမ်းတဲ့အထိ ဖဲရိုက်သွားတာတဲ့။ ကိုအုန်း တပည့်တွေ ပြောတဲ့ ပုံစံရယ်၊ ဒီကောင့်ပုံစံရယ်ကတော့ အကိုက်ပဲ"

ဖိုးတုတ်က ရွှေ့လက်စ ကျားကွက်ကို ငေးရင်း စဉ်းစားနေသည်။

"သေချာပြီ..ငညွန့်ကို သတ်တာ ဒီကောင်ပဲ..ကြက်ကြား။ ဖဲဝိုင်းမှာ လူယောင်ပြပြီး..ဒီကောင်က ရှာမီဒါကို ထားခဲ့..ပြီးတာနဲ့..မသောင်းတို့ အိမ်‌ရှေ့
သွားစောင့်ပြီး ငညွန့်ကို သတ်ခဲ့တာဖြစ်မယ်။ ပြီးတော့ အသာပြန်လာပြီး ဖဲဝိုင်းထဲ၀င် မိုးလင်းအထိ ထိုင်ရိုက်ပြနေတာကွ...အင်း..တော်တော်တော့ သွေးအေးပြီး ဉာဏ်ပြေးတဲ့ ကောင်ပဲ"

"ဟုတ်..အကိုကြီး...ဒီကောင်က ရှာမီဒါကို အတော်လေး ကျ နေတာ..ယူမယ်လို့တောင် ပြောနေတယ်...ရှာမီဒါ ကို ကိုင်ထားတာက ကျွန်တော့်တပည့် ဂေါင်းသန်းရွှေ မို့..ဒီကောင့်အကြောင်းနှိုက်ခိုင်းလိုက်ရမလား"

"အင်း...ဒီလိုလုပ်..ဂန္ဓမာကြီး..မင်း ကြည့်မြင်တိုင်ဂါတ်က ဌာနအုပ် ကိုပညာ ဆီသွား၊ ငါက ဧည့်၀တ်ပြုချင်လို့ပါ လို့ပြောပြီး လင်တိုင်းဟိုတယ်ကို ခေါ်ခဲ့ကွာ၊ ကြက်ကြား မင်းက ငါနဲ့ လင်တိုင်းဟိုတယ်ကို လိုက်ခဲ့"

"ဟာ..အစ်ကိုကြီး..ဖြစ်ပါ့မလား...အဲ့ဒီ ဌာနအုပ်ကိုပညာ ဆိုတာ ကျွန်တော့်ကို ၁၀၉ ၁၁၀ ပုဒ်မတက်ပြီး ဖမ်းမလို့ ချောင်းနေတာဗျ..ပြီးတော့ သူနဲ့ တဝိုင်းတည်းထိုင်လို့ ဖြစ်ပါ့မလား"

"ဪ...ကြက်ကြားရာ..ငါတစ်ယောက်လုံးပါနေတာကိုဘာတွေ ကြောက်နေတာလဲ...ပြောတော့.လူမိုက်တဲ့.လီးလိုပဲ"

.........................................................................
ကျုံးကြီးလမ်းရှိ လင်တိုင်းဟိုတယ် အပေါ်ထပ်တွင် လမ်းတော်ဖိုးတုတ် နှင့် ကြက်ကြား တို့  ဝီစကီတစ်လုံး နှင့် ခိုကြော်တစ်ပွဲမှာကာ သောက်စားရင်း ဂန္ဓမာသောင်းရီအလာကို စောင့်နေကြသည်။

မကြာမီ ဂန္ဓမာသောင်းရီ နှင့် ကြည်မြင့်တိုင်ဌာနအုပ် ကိုပညာ တို့ ရောက်လာကြသည်။

"ကိုဖိုးတုတ်ကြီး မတွေ့တာကြာပြီနော်"

"ဟုတ်တယ်..ဆရာကိုပညာရေ..ကျွန်တော်တို့ ဟိုတစ်ခေါက် ဘသိန်းကိစ္စပြီးကတည်းက မတွေ့ဖြစ်တော့တာ.. အခုလည်း ကျွန်တော့်တပည့်ငညွန့် အသတ်ခံရတဲ့ကိစ္စ  အကြောင်းပေါ်လာပြီမို့..ဆရာကိုပညာကို အပူကပ်ရတော့မှာပဲ"

"ကဲ..ဘာလုပ်ပေးရမလဲသာပြော..ကိုဖိုးတုတ်..."

"အလုပ်ကိစ္စ သောက်ရင်းစားရင်းပြောကြတာပေါ့... ဆရာ ဝီစကီပဲလား"

"ကျွန်တော် ဒီည ဌာနာမှာ ဂျူတီ၀င်ရမှာမို့..ဘီယာလောက်ပဲ..ကိုဖိုးတုတ်"

ကြက်ကြားက လမ်းမတော်ဖိုးတုတ်နှင့် ကိုပညာ ဘေးတွင် ကုပ်ကုပ်ကလေးထိုင်လျက်။

ဂန္ဓမာသောင်းရီကတော့ ရမ်ကို ရေခဲတုံးထည့်ပြီး ဇိမ်ခံသောက်ရင်း လမ်းမတေ်ာဖိုးတုတ် ၏ အစီအစဉ်များကို နားထောင်နေသည်။
.............................................................................................
နောက်သုံးရက်အကြာတွင် ကြည်မြင့်တိုင်၊ ကမ်းနားရှိ ဂေါင်းသန်းရွှေ ၏ ဖာဘိ ကို ကြည့်မြင့်တိုင်ပုလိပ်ဌာနမှ ညအချိန် ရှောင်တခင်၀င်ရောက်ဖမ်းဆီးလေတော့သည်။

နောက်တစ်ရက်တွင် လင်တိုင်းဟိုတယ်အပေါ်ထပ်တွင် လမ်းမတော်ဖိုးတုတ်၊ ဂန္ဓမာသောင်းရီ နှင့် ဌာနအုပ် ကိုပညာတို့ တွေ့ဆုံကြလေ၏။

"ကြက်ကြား လာပြောတာနဲ့ ကျွန်တော်တို့  ညက အဲ့ဒီနေရာကို ၀င်ဖမ်းလိုက်တယ်...ကိုဖိုးတုတ်.. ခင်ဗျားပြောတဲ့ ကောင်ကို   ဟို ရှာမီဒါဆိုတဲ့ ကုလားမလေးနဲ့ တန်းမိတာပဲ..ဒီကောင့်ကိုတော့ မသင်္ကာမှု နဲ့ တစ်ခါတည်း အမှုဖွင့်ပြီး စစ်ချက်ယူထားလိုက်တယ်"

"ဟုတ်ကဲ့..ဆရာကိုပညာ..ဒီကောင်ဟုတ်မဟုတ်..ကြက်ကြားကို ပြပြီးပြီလား"

"ဒီကောင့်ကို ဖဲဝိုင်းမှာ တွေ့ခဲတယ်ဆိုတဲ့ ကြက်ကြားတပည့်တွေကို ခေါ်ပြီး ပြပြီးပြီ..ဒီကောင်မှ ဒီကောင်ပဲ"

"ဟုတ်ပြီ..ဆရာ..ဒီကောင်က ဘယ်ကကောင်လဲဗျ''

''ဒီကောင့် နာမည်က ဆာဂျင်ဂန်ဂယားတဲ့ဗျ။ စစ်ပြန်ပဲ။ အရင်က ပုဇွန်တောင်မှာနေတယ်။ မဒရပ်ကို ကုန်သင်္ဘောမှာ သင်္ဘောသားလုပ်ဖူးတယ်။ စစ်ထဲ၀င်ပြီး ဗြိတိသျှအိန္ဒိယအာမီ နဲ့အတူ ပရပ်ရှားမှာ စစ်တိုက်ခဲ့တယ်။ တပ်ကြပ်ကြီးရာထူးရပြီး တပ်က ထွက်ခဲ့တယ်တဲ့ဗျ။ မြန်မာပြည်ပြန်ရောက်တာ လပိုင်းပဲ ရှိသေးတယ်"

"အခု..ဒီကောင့်ကို ဖမ်းထားတုန်းပဲလား..ကိုပညာ"
"လွှတ်ပေးလိုက်ရပြီဗျ....လူတစ်ယောက် အချုပ်ထဲက လာထုတ်သွားတယ်..အဲ့ဒီ လာထုတ်သွားတဲ့လူကို သိရင် ကိုဖိုးတုတ် ပိုအံသြသွားမယ်"

"ဘယ်သူလဲ..ကိုပညာ"

"အာဂျစ် လေ... လန်ချားအာဂျစ်"

လမ်းမတော်ဖိုးတုတ်က ဂန္ဓမာသောင်းရီကို လှမ်းကြည့်လိုက်သည်။ ဂန္ဓမာသောင်းရီက ခေါင်းညိမ့်ပြလိုက်၏။

"ကျေးဇူးတင်ပါတယ်..ဆရာကိုပညာ.ကူညီလက်စနဲ့ နောက်တစ်ခု ကူညီပေးပါဦး....ဒီကောင် ကြိုက်နေတဲ့ ဟိုကုလားမလေးကို တစ်ရက်နှစ်ရက်အတွင်း ပြန်လွှတ်ပေးဖို့ စီစဉ်ပေးပါဦး..အဲ့ဒီအတွက် လည်း ကျွန်တော် အပိုဆောင်းတစ်ခု ထပ်ထည့်ပေးထားပါတယ်"

ဖိုးတုတ်က ဗူးကလေးတစ်ခုကို ကိုပညာထံ ထိုးပေးလိုက်သည်။
ကိုပညာက ဗူးကို ခလောက်ကြည့်ပြီး ဗူးထဲမှ ရွှေဒင်္ဂါးအရေအတွက်ကိုခန့်မှန်းကြည့်လိုက်၏။

"အိမ်ရောက်မှ ဖွင့်ကြည့်ပါ..ဆရာ။ သုံးပြားပါပါတယ်။ ကျွန်တော့်ကို စိတ်ချပါ"

"စိတ်ချပါတယ်ဗျာ...မယုံလို့မဟုတ်ပါဘူး..အဲ့ဒီအသံလေး နားထောင်ရတာ နား၀င်ချိုလို့ပါ"

ကိုပညာ ပြန်သွားပြီးနောက်..စားပွဲဝိုင်းတွင် ဖိုးတုတ်နှင့် ဂန္ဓမာသာ ကျန်တော့သည်။

"ကဲ..ဂန္ဓမာ..လန်ချားအာဂျစ် လာထုတ်သွားတာဆိုတော့ ဒီကိစ္စ မန်မဆာတွေလက်ချက်ဆိုတာ သေချာသွားပြီ....ညနေ ချိုင်းနားစတန်းအပေါ်ထပ်မှာ သီးသန့်ခန်းယူထား၊ ကိုမိုး ကို ငါ သွားခေါ်မယ်၊ အုန်းဖေ၊ ထွန်းတင်၊ စံဘ၊ ကျော်ထွန်း တို့ကို မင်းစုထား၊ ကြက်ကြားနဲ့ အောင်ဘ ကိုပါလာဖို့ ပြောလိုက်၊ မန်မဆာတွေက ငါတို့ အတွက် လူသတ်သမားငှားထားပြီ"
....................................................................................

ငညွန့်  အသတ်ခံရသည်မှာ ရက်နှစ်ဆယ်ပြည့်သည့်နေ့။

"အကိုကြီး....ဂန်ဂယား အခု သူ့ကောင်မ ရှာမီဒါနေတဲ့ စက်ဆန်းက ဂိုထောင်တန်းမှာ ရှိနေတယ်။ ကျွန်တော့်လူတွေနဲ့..ဒီကောင် အောင်းနေတဲ့ ဂိုထောင်ကို ဝိုင်းထားပြီးပြီ..အကိုကြီး အမြန်လာခဲ့ပါ"

 စာကို ဖတ်ပြီးသည်နှင့် လမ်းမတော်ဖိုးတုတ် သည် ငှက်ကြီးတောင်ဓါးကို ယူကာ ကားပေါ်သို့ ပစ်တင်လိုက်သည်။

"ဟေ့..စံဘ..မင်းကားတစီးယး.အုန်းဖေကို သွားခေါ်ပြီး ဂိုထောင်တန်းကို လိုက်ခဲ့၊ ငါ ဂန္ဓမာကို ၀င်ခေါ်လိုက်မယ်"

လမိုက်ညမို့  ကြည်မြင့်တိုင်၊ စက်ဆန်း ဂိုထောင်တန်းသည် မှောင်မဲနေသည်။

ကုလားကူလီအချို့၊ ပြည့်တန်ဆာအချို့  အဖီဆွဲကာနေကြသော ဂိုထောင်ဟောင်းတစ်ချို့ဆီမှ ရေနံဆီမီးရောင် သဲ့သဲ့ သာ အလင်းရောင်ရှိ၏။

လမ်းမတော်ဖိုးတုတ် နှင့် ဂန္ဓမာသောင်းရင် သည် ဓါးလွတ်တစ်ယောက်တစ်ချောင်းကိုင်ကာ ဂိုထောင်တန်းသို့ ၀င်လာခဲ့လေသည်။

မှောင်မဲနေသော ဂိုထောင်တစ်လုံးရှေ့တွင် ကြက်ကြား၏ လူအချို့က လက်နက်ကိုယ်စီဖြင့် ဝိုင်းထားကြ၏။
ကြက်ကြားက ဖိုးတုတ်ကို မြင်သည်နှင့် အနားသို့ ကပ်လာသည်။

"အကိုကြီး..ဒီကောင် အထဲမှာ....ကျွန်တ်ာတို့ ရောက်လာတာကို သိပုံပဲ...အထဲမှာ လည်း မှောင်မဲနေတာပဲ...အကိုကြီးကို ကျွန်တော်တို့ စောင့်နေတာ"

ဖိုးတုတ်က ခေါင်းငြိမ့်လျက် ဂိုထောင် အ၀သို့ လျှောက်သွားသည်။
ဂန္ဓမာနှင့် ကြက်ကြားကလည်း ဓါးကိုယ်စီဖြင့်။

"ဟေ့ကောင်..ဂန်ဂယား..မင်း အထဲမှာ ရှိတာ..ငါတို့ သိတယ်နော်..ဒီမယ် ဟေ့ကောင်....မင်းဒီထဲ ပုန်းနေလည်း ငါတို့က ၀င်သတ်မှာပဲ..မင်း ယောက်ျားပီပီ ထွက်ရင်ဆိုင်စမ်းပါကွ"

အထဲမှ မည်သည့်အသံမှ ထွက်မလာ။

"ဟေ့ကောင်..ဂန်ဂယား..ငါတို့အထဲ၀င်လာရင်တော့ မင်းကို အရှင်ရအောင်ဖမ်းမယ်..ပြီးရင် လူစဉ်မမီအောင် နှိပ်စက်ပြီးမှ တအိအိသတ်မှာ...အခုထွက်လာရင်တော့ ငါ့ဓါးချက်နဲ့ပဲ မင်းသေရမယ်..ကြိုက်တာရွေးကွာ..ငါ တစ်က နေ သုံးအထိ ရေမယ်..မင်းမထွက်လာရင် ငါတို့ ၀င်လာပြီ"

ဖိုးတုတ်ဓါးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း ဂိုထောင်အ၀သို့ ကပ်သွား၏။

"တစ်...နှစ်...."

ရုတ်တရက် ဂိုထောင်ထဲမှ အရိပ်တစ်ခု ပြေးထွက်လာ၏။
ဖိုးတုတ်က ဓါးကို စုံကိုင်ကာ အားဖြင့် ပိုင်းချလိုက်လေသည်။ထွက်လာသူမှ ခွေခနဲ လဲကျသွားလေသည်။

ဖိုးတုတ်က နောက်တစ်ချက် ဆင့်ခုတ်ချိန်တွင် အခြား အရိပ်တစ်ခုက ဂိုထောင်ထဲမှ ထပ်ထွက်လာသဖြင့် အ၀တွင် ရပ်နေသော ကြက်ကြားက ဓါးရှည်ဖြင့် ခုတ်ရန်ပြင်လိုက်သည်။

သို့သော် ထိုသူက ကြက်ကြားကို ၀င်လုံးလိုက်ပြီးနောက် လည်ပင်းအား ဓါးမြှောင်ဖြင့် ထိုးလေတော့သည်။
ဂန္ဓမာက လုံးထွေးနေရာသို့ ရောက်သွားပြီး ကြက်ကြားအပေါ်မှ လူ၏ ကျောကုန်းကို ငှက်ကြီးတောင်ဖြင့် ဆွဲခုတ်ချလိုက်သည်။

တွန့်ခနဲဖြစ်သွားချိန်တွင် ကြက်ကြားက ထိုသူကို စောင့်ကန်လိုက်သည်။
လန်ကျလာသော သူ၏ ခေါင်းနှင့်လည်ပင်းများကို ဂန္ဓမာက အချက်ပေါင်းများစွာ ဆင့်ကာ ခုတ်ချလိုက်လေသည်။

ဖိုးတုတ်က ဂန္ဓမာရှိရာပြေးလာသည်။

ကြက်ကြားကား ဓါးဖြင့်အထိုးခံထားရသည့် လည်ပင်းကို အုပ်လျက် သွေးရူးသွေးတန်းဖြစ်နေ၏။
ကြက်ကြားတပည့်များ ရောက်လာကြပြီး သူတို့ ဆရာကို ဆွဲထူကြသည်။

သို့သော် ကြက်ကြားလည်ပင်းမှ သွေးများ တဗွက်ဗွက်ထွက်လာကာ ကြက်ကြား မျက်ဖြူလန်သွားချေပြီ။

ထိုအချိန်တွင် စံဘနှင့် အုန်းဖေ က ဓါးကိုယ်စီဖြင့် ပြေး၀င်လာကြသည်။

"ဟေ့..စံဘ..လက်နှိပ်ဓာတ်မီးပါလား"

စံဘက လက်နှိပ်ဓာတ်မီး ထုတ်ပေးသဖြင့် ဖိုးတုတ်က လဲကျနေသော အလောင်းနှစ်လောင်းကို ထိုးကြည့်သည်။
ဖိုးတုတ်ရှေးဦးစွာ ခုတ်လိုက်သည့် သူကား..ပြည့်တန်ဆာမလေး ရှာမီဒါ။

သွေးအိုင်ထဲတွင် မျက်လုံးပွင့်လျက်။

ကြက်ကြားဘေးတွင် လဲနေသူက ဂန်ဂယား။ ဓါးချက်ပေါင်းများစွာဖြင့် ခုတ်ထားသောကြောင့် လည်ပင်းမှာ ပြတ်လုတဲတဲ၊ မျက်နှာတည့်တည့်တွင်လည်း ဓါးဒဏ်ရာကြီးနှင့်။

သူ့နဘေးတွင်လည်း ကြည့်မြင်တိုက်ကြက်ကြား၏ အသက်မဲ့ခန္ဓာကိုယ်ကြီး။

ဖိုးတုတ်က ဓါးမြေကြီးတွင် စိုက်ပြီး ရှာမီဒါ၏အလောင်းကို ငေးကြည့်နေသည်။
ဂန္ဓမာက ဂန်ဂယားနှင့် ကြက်ကြားတို့၏ အလောင်းဘေးတွင် ထိုင်လျက် စီးကရက်ထုတ်သောက်လိုက်၏။

"စံဘ  မင်း လူတစ်ယောက်ခေါ်ပြီး....ဒီကုလားမလေးအလောင်းကို ထောက်ကြံ့သင်္ချိုင်းမှာ ကောင်းကောင်းမွန်မွန် မြုပ်ခိုင်းလိုက်ကွာ..သုဘရာဇာအောင်ငွေကို ငါက မြုပ်ခိုင်းတာလို့ပြောပြီး ငွေတစ်ရာပေးလိုက်။ အုန်းဖေ၊ မင်းက ထွန်းတင်တို့အဖွဲ့ကို သွားခေါ်၊ ဒီကုလားအလောင်းကို ရန်ကုန်မြစ်ထဲ ငါးစာကျွေးပစ်လိုက်ကွာ"
ထို့နောက် ဖိုးတုတ်က ကြက်ကြား အလောင်းဆီသို့ ထသွားလိုက်သည်။ ထို့နောက် ကြက်ကြားဘေးတွင် ဝိုင်းနေသာ ကြက်ကြား၏ တပည့်များကို ကြည့်လိုက်ပြီး
"ကဲ..ကြက်ကြားကြီးကတော့ ငါ့ကို မိတ်ဆွေကောင်းပီသပြသွားပြီ.....မင်းတို့ ဆရာအလောင်းကို သူ့အိမ်ကို ပြန်သယ်သွားပေးလိုက်ပါကွာ..အရပ်ကမေးရင် မူးမူးနဲ့ မြစ်ထဲ ဒိုင်ဗင်ထိုးပြိုင်ရင်း ငုတ်စူးတာလို့သာပြော.. ပုလိပ်ကို ငါရှင်းလိုက်မယ်...အသုဘကို တာမွေသင်္ချိုင်းမှာ ဂူသွင်းမယ်..အပြီးအစီး အကုန်အကျခံမယ်"

လ သည် မိုက် လျက်။ ည သည် မှောင် လျက်။
အနီးအနားတဝိုက် ဂိုထောင်လေးများဆီတွင်ပင် မီးရောင်တို့ မရှိကြတော့။

သွေးညှီနံ့တို့က ...လေအဝှေ့တွင် ထောင်းထောင်းထလာသည်။
......... ......... ..........

စက်ဆန်းဂိုထောင်တန်းထဲမှ လမ်းမတော်ဖိုးတုတ်နှင့် ဂန္ဓမာသောင်းရီတို့ ထွက်လာကြသည်။

သွေးများပေကျံနေသော ဓါးများကို ကားအနောက်ခန်းအောက်ထဲသို့ ပစ်ထည့်လိုက်ကြပြီး ရှေ့ခန်းတွင် ထိုင်ကာ စက်နှိုးလိုက်ကြ၏။

"ဂန္ဓမာ.... မနက်ဖြန် ကိုမိုး ကို သွားပြောလိုက်တော့..ငါတို့ကိစ္စပြီးပြီမို့...သူ့ဘက်က စ လို့ရပြီလို့..သူ့့သူငယ်ချင်း အလိန် အကူအညီတောင်းထားတဲ့ ကိစ္စကိုလည်း ငါ လက်ခံတယ်လို့..ပြောလိုက်"

ခက်ဇော်

The Guys of Yangon,1930(Part 14)

အခန္း(၁၅)
...............
လမ္းမေတာ္ဖိုးတုတ္သည္ အိတ္စပက္ေတာ္ဦးဟုတ္ဂြမ္ ကို ၀င္ေခၚၿပီး အလုံပုလိပ္ဌာနသို႔ လိုက္သြားၾကသည္။
အလုံပုလိပ္ဌာနက ဂႏၶမာေသာင္းရီ၊ မေသာင္း ႏွင့္ ခ်ိဳက္ဟုန္တို႔ကို စစ္ေဆးေနၾကသည္။

အိတ္စပက္ေတာ္ဦးဟုတ္ဂြမ္ေကာင္းမႈျဖင့္ ဂႏၶမာေသာင္းရီတို႔ကို ျပန္လည္ ေခၚထုတ္လာႏိုင္ခဲ့၏။

မေသာင္းႏွင့္ ခ်ိဳက္ဟုန္တို႔ကို အငွားကားတစ္စီးျဖင့္ တင္ေပးၿပီးေနာက္ လမ္းမေတာ္ဖိုးတုတ္၊ ဂႏၶမာေသာင္းရီ တို႔ ၾကည့္ျမင္တိုင္ဘူတာေရွ႕ရွိ ၾကက္ၾကား၏ ေနအိမ္သို႔ ထြက္လာၾကသည္။

ဂႏၶမာေသာင္းရီ က တစ္လမ္းလုံး ဘာစကားမွ မေျပာဘဲ တိတ္ဆိတ္ေန၏။
ဖိုးတုတ္က ကားကို လက္တစ္ဖက္ျဖင့္ ေမာင္းရင္း စီးကရက္ဖြာလာသည္။

"ဒီေကာင္ေတြ ငါ့ကို လုပ္တာ..ဖိုးတုတ္...ငါ့ကို လုပ္တာကြ..ငၫြန္႔က ငါ့အစား ခံလိုက္ရတာ..ေတာက္"

"ဘယ္သူ႔လက္ခ်က္လို႔ ထင္လဲ ဂႏၶမာ".

"ဘယ္သူ႔လက္ခ်က္ျဖစ္ျဖစ္ ငါကိုယ္တိုင္သတ္မွာ..ဖိုးတုတ္"

"သတ္တာ ေနာက္ထားဦးကြ..အခုက မင္းကို သတ္ဖို႔ႀကံတယ္ဆိုတာ ငါ့ကိုပါ တစ္ခါတည္း သတိေပးလိုက္တဲ့သေဘာပဲ..အႏၲရာယ္က ငါတို႔ေနာက္ေက်ာဘက္မွာ လိုက္ေနၿပီ..ဂႏၶမာ..ဒီေန႔က စၿပီး အစစအရာရသတိထားရေတာ့မယ္"

"ငါ့ကို ပစ္မွတ္ထားတာဆိုေတာ့..ပု႑ားဘထြန္းလူေတြလည္း ျဖစ္ႏိုင္တာပဲ..သူ႔သားအာဠာ၀ကစိန္ႀကီးကို ငါသတ္ခဲ့တာမဟုတ္လား"

"ပု႑ားဘထြန္းလူဆို ငါ့ဆီ ခ်က္ခ်င္းသတင္းေရာက္မွာပဲ..ဂႏၶမာ..မျဖစ္ႏိုင္ဘူး...ေနာက္ၿပီး အခု သတ္သြားတဲ့ ေကာင္ရဲ႕ လက္ဆက ယဥ္တယ္ကြ။ တစ္ခ်က္တည္းနဲ႔ ေသကြက္ကို ထိုးသြားတာ။ ငါကေတာ့ အေရွ႕ပိုင္းက ဟိုကုလားႀကီးႏွစ္ေကာင္ကို မသကၤာဘူး..ၿပီးေတာ့ အဲ့ဒီညက ငၫြန္႔ အသတ္ခံရတဲ့အခ်ိန္ေလာက္မွာ မေသာင္းတို႔ အိမ္ဘက္ကေန ထြက္လာတဲ့ ကုလားတစ္ေကာင္ကို ဖဲဝိုင္းကျပန္လာတဲ့ အုန္းေဖတပည့္ ႏွစ္ေယာက္က ျမင္လိုက္တယ္တဲ့ကြ။ ဒီေကာင္က အလုံဘက္ကို ခပ္သုတ္သုတ္ေလွ်ာက္သြားတာတဲ့"

"အင္း...ၾကည့္ျမင္တိုင္အုပ္စုထဲက တစ္ေကာင္ေကာင္လား"

"ေအး...အဲ့ဒီကိစၥပဲ..အခု ..ငါ ၾကက္ၾကားဆီ သြားေနတာ..အေျဖတစ္ခုခုေတာ့ ေပၚေကာင္းပါတယ္"

ၾကည့္ျမင္တိုင္ၾကက္ၾကား ၏ ေနအိမ္ေရွ႕သို႔ ကားထိုးဆိုက္လိုက္သည္။
ၾကက္ၾကား သည္ သူ႔အိမ္ေရွ႕တြင္ အက်ႌဗလာက်င္းျဖင့္ သူ႔တပည့္မ်ားႏွင့္ ဝိုင္းျခင္းခတ္ေနၾက၏။

လမ္းမေတာ္ဖိုးတုတ္ကို ျမင္ေသာ အခါ ျခင္းဝိုင္းကို ရပ္လိုက္ၿပီး အိမ္ေပၚသို႔ ေခၚေလသည္။

"ကိုၫြန္႔ သတင္း ကြၽန္ေတာ္ၾကားတယ္..အကိုႀကီး။ အခုအခ်ိန္ အကိုႀကီးတို႔ အလုပ္ရႈပ္ေနမွာစိုးလို႔..ညေနမွ အကိုႀကီးအိမ္လာမလို႔..ဘာထူးေသးလဲ..အကိုႀကီး"

"ဘာထူးလဲဆိုတာ ငါ က မင္းကို ေမးရမွာ..ၾကက္ၾကား"

ဖိုးတုတ္စကားေၾကာင့္ ၾကက္ၾကား လန္႔သြားသည္။
"ဟာ..အကိုႀကီးရာ..ကြၽန္ေတာ္လည္း မနက္က်မွ သူမ်ားေတြေျပာလို႔ သိရတာပါ"

"မေန႔ညက ငၫြန္႔ကို သတ္သြားတဲ့အခ်ိန္ေလာက္မွာ ကုလားတစ္ေကာင္ အလုံဘက္ကို သုတ္သီးသုတ္ျပာ ေျပးသြားတာကို ျမင္လိုက္တဲ့လူရွိတယ္..ၾကက္ၾကား..အဲ့ဒါ မင္းနယ္ေျမအပိုင္ဆိုေတာ့..မင္း မ်ား တစ္ခုခု သိေနမလားလို႔ပါ"

"ဘယ္လိုပုံစံမ်ိဳးလဲ အၾကမ္းဖ်ဥ္းသိလို႔ရမလား..အကိုႀကီး"

"ဖဲဝိုင္းက ျပန္လာတဲ့ အုန္းေဖ တပည့္ေတြ ျမင္လိုက္တာတဲ့ကြ။ အရပ္ျမင့္ျမင့္၊ ဆံပင္က တိုတိုပါးပါးနဲ႔ အျဖဴေရာင္စြပ္က်ယ္၊ အျဖဴေရာင္ဒိုတီကို ခါးေတာင္းက်ိဳက္ထားတယ္တဲ့"

ၾကက္ၾကား က ေသခ်ာစဥ္းစားေနသည္။

"အင္း..ဖဲဝိုင္းက အျပန္ ကိုအုန္းတပည့္ေတြေတြ႕တာဆိုေတာ့..မေန႔ညက မေသာင္းတို႔ လမ္းထိပ္ မွာ လန္ခ်ားသမားတစ္ေကာင္ အသုဘရွိတာပဲ။ ကြၽန္ေတာ့္လူေတြပဲ အဲ့ဒီမွာ ႀကီးၾကပ္စီစဥ္တာ။ ဖဲဝိုင္းကလည္း မိုးလင္းမွ သိမ္းတာဆိုေတာ့..အကိုႀကီးေျပာတဲ့ ပုံစံမ်ိဳး ကို ကြၽန္ေတာ့္လူေတြကို ေမးၾကည့္ရင္ေတာ့ သိေလာက္တယ္..ဒီၾကည္ျမင့္တိုင္ထဲက ေကာင္ဆိုရင္ေတာ့ ဒီေကာင္ေျပးမလြတ္ပါဘူး"

"ေအး..ၾကက္ၾကား..ဒီေကာင္ ဘယ္သူလဲဆိုတာ ငါတို႔ အျမန္သိရမွျဖစ္မယ္..မဟုတ္ရင္ ေနာက္တစ္ေယာက္ က မင္းေရာ၊ ငါေရာ တစ္ေယာက္ေယာက္အလွည့္ျဖစ္သြားမယ္"
....................................................................................
ေျခာက္ရက္ေျမာက္ေသာေန႔။
ည ၁၀ နာရီခြဲ။

ငၫြန္႔ေနထိုင္ရာ စဥ့္အိုးတန္းလမ္းအိမ္ေရွ႕တြင္ မနက္ျဖန္ရက္လည္ဆြမ္းသြပ္အလႉအတြက္ ထမင္း၊ ဟင္းမ်ား ခ်က္ရန္ ျပင္ဆင္ေနၾကသည္။

လမ္းမေတာ္ဖိုးတုတ္က ဟင္းခ်က္သည့္ေဘးတြင္ စားပြဲတစ္လုံးျဖင့္ထိုင့္ကာ အရက္ေသာက္ရင္ တပည့္မ်ားျဖင့္ စကားေျပာေန၏။

ည ၁၁ နာရီခြဲခန္႔တြင္ ပုလိပ္သား ငါးေယာက္ပါ၀င္ေသာ ကင္းလွည့္ကားတစ္စီး သည္ စဥ့္အိုးတန္းလမ္းသို႔ ၀င္လာၿပီး ဖိုးတုတ္တို႔ ေရွ႕တြင္ ရပ္လိုက္သည္။
ထို႔ေနာက္ ကားေရွ႕ခန္းမွ မ်က္ႏွာျဖဴအရာရွိတစ္ဦး ဆင္းလာ၏။

"မင္းတို႔ ဘာလုပ္ေနၾကတာလဲ"
မ်က္ႏွာျဖဴအရာရွိကား ဗမာစကားကို ေရလည္စြာကြၽမ္းက်င္သည္။ အသက္ကား (၃၀)၀န္းက်င္သာ ရွိဦးမည္ျဖစ္ၿပီး အရပ္ျမင့္ျမင့္ကိုင္းကိုင္း၊ မ်က္ခုံးေမႊးအနီေရာင္ျဖင့္ ၾကမ္းတမ္းခက္ထန္သည့္ ပုံစံျဖစ္သည္။
ဖိုးတုတ္က မ်က္ႏွာျဖဴအရာရွိေရွ႕သို႔ လက္ေနာက္ပစ္ကာ သြားရပ္လိုက္သည္။

"ကြၽန္ေတာ္မ်ိဳးဆို႔ နာေရးရက္လည္ရွိလို႔ ခ်က္ျပဳတ္ေနၾကတာပါ..သခင္"

မ်က္ႏွာျဖဴအရာရွိက ပတ္၀န္းက်င္ကို ၾကည့္ရႈလိုက္သည့္အခါ ဖိုးတုတ္ထလာသည့္ေနရာမွ အရက္ပုလင္းႏွင့္ အျမည္းမ်ားကို ျမင္သြားသည္။

"အမ်ားျပည္သူပိုင္လမ္းေပၚမွာ မင္းတို႔ ခ်က္ေနျပဳတ္ေနၾကတာ..ျမဴနီစပယ္ဥပေဒကိုခ်ိဳးေဖာက္တယ္ဆိုတာ နားလည္သလား"

"စိတ္မရွိပါနဲ႔..သခင္။ ဒီရပ္ကြက္မွာ ကြၽန္ေတာ္မ်ိဳးက ရပ္မိရပ္ဖ ဦးဖိုးတုတ္ပါ။ ဒီရပ္ကြက္သားေတြကလည္း နာေရးအလႉမို႔ နားလည္ေပးၾကပါတယ္"

"ဖိုးတုတ္..ဖိုးတုတ္..မင္းကို ငါသိပါတယ္..ဒီရပ္ကြက္မွာ မင္းသိပ္နာမည္ႀကီးေနလို႔ ငါမင္းဆီ တမင္၀င္လာတာ..ဟုတ္ၿပီ..တျခားလူေတြ ခ်က္တာျပဳတ္တာေတာ့ ထားပါေတာ့..မင္းကေရာ ဘယ္လို အေကာင္မ်ိဳးမို႔ လမ္းေပၚမွာ စားပြဲခ်ၿပီး အရက္ေသာက္ေနရတာလဲ..."

မ်က္ႏွာျဖဴအရာရွိက ဖိုးတုတ္ကို ႀကိမ္းေမာင္းရင္း အရက္ပုလင္းတင္ထားသည့္ စားပြဲကို ကန္ခ်လိုက္သည္။

အရက္ပုလင္း၊ ဖန္ခြက္ႏွင့္ အျမည္းမ်ားမွာ ေျမျပင္တြင္ ျပန္႔ႀကဲ့သြားေတာ့၏။

ဖိုးတုတ္၏ တပည့္မ်ားက ခ်က္ျပဳတ္ေနရာမွ ထလာၾကသည္။
သို႔ေသာ္..ဖိုးတုတ္က မ်က္ရိပ္ျပကာ တားလိုက္၏။

"မင္းနဲ႔ ငါ ေနာက္တစ္ႀကိမ္ ထပ္ေတြ႕ၾကဦးမွာပါ..ဖိုးတုတ္"

မ်က္ႏွာျဖဴအရာရွိက ဖိုးတုတ္ကို ေျပာၿပီး ကားေပၚသို႔ ျပန္တက္သြားေလသည္။

ေျမႀကီးေပၚတြင္ ျပန္႔က်ဲေနေသာ အရက္ပုလင္းႏွင့္ အျမည္းခြက္မ်ားကို ဖိုးတုတ္၏ တပည့္မ်ားက လိုက္လံသိမ္းဆည္ေနၾကသည္။

ဖိုးတုတ္ကေတာ့ ကားျဖင့္ ျပန္လွည့္သြားေသာ မ်က္ႏွာျဖဴအရာရွိကို ၾကည့္ကာ တစ္စုံတစ္ရာကိုေတြးေနေလေတာ့သည္။
....................................................................................

ငၫြန္႔ ရက္လည္ၿပီး ႏွစ္ရက္အၾကာတြင္ ဖိုးတုတ္ႏွင့္ ဂႏၶမာေသာင္းရီတို႔သည္ (၁၄)လမ္းရွိ ဖိုးတုတ္အိမ္ေရွ႕ ကြပ္ပ်စ္တြင္ က်ားထိုးေနၾကေလသည္။

ထိုအခ်ိန္တြင္ ရထားလုံးတစ္စီးေပၚမွ ၾကည့္ျမင္တိုင္ၾကက္ၾကားဆင္းလာ၏။

"အကိုႀကီး..ငၫြန္႔ကိစၥ အကိုႀကီးေျပာတဲ့ ပုံစံမ်ိဳးနဲ႔ လူစိမ္းတစ္ေယာက္အေၾကာင္း သတင္းရထားတယ္။ အရင္က ဒီေကာင့္ကို ဒီနယ္ေျမမွာ ဘယ္သူမွ မျမင္ဖူးဘူး။ ငၫြန္႔အသတ္ခံရတဲ့ညက ဒီေကာင္ လမ္းထိပ္ဖဲဝိုင္းမွာ ၾကား၀င္ထိုးတာ ကြၽန္ေတာ့္ေကာင္ေတြက သတိထားမိတယ္။ ဒီေကာင္နဲ႔အတူ စက္ဆန္းထဲမွာ ဖာသည္လုပ္တဲ့ ရွာမီဒါ ဆိုတဲ့ ကုလားမေလးလည္းပါလာတယ္။ ရွာမီဒါ က ဖဲဝိုင္းကလူေတြကို ဒီနားမွာ ခ်ိဳင္းနားစတန္းက ဟိုတယ္မယ္ေလးေတြ ဘယ္မွာေနလဲလို႔ ေမးေနတာလည္း ၾကားလိုက္သူေတြရွိတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ေကာင္ေတြေျပာတာကေတာ့ ဒီေကာင္က မိုးလင္း ဖဲဝိုင္းသိမ္းတဲ့အထိ ဖဲ႐ိုက္သြားတာတဲ့။ ကိုအုန္း တပည့္ေတြ ေျပာတဲ့ ပုံစံရယ္၊ ဒီေကာင့္ပုံစံရယ္ကေတာ့ အကိုက္ပဲ"

ဖိုးတုတ္က ေ႐ႊ႕လက္စ က်ားကြက္ကို ေငးရင္း စဥ္းစားေနသည္။

"ေသခ်ာၿပီ..ငၫြန္႔ကို သတ္တာ ဒီေကာင္ပဲ..ၾကက္ၾကား။ ဖဲဝိုင္းမွာ လူေယာင္ျပၿပီး..ဒီေကာင္က ရွာမီဒါကို ထားခဲ့..ၿပီးတာနဲ႔..မေသာင္းတို႔ အိမ္‌ေရွ႕
သြားေစာင့္ၿပီး ငၫြန္႔ကို သတ္ခဲ့တာျဖစ္မယ္။ ၿပီးေတာ့ အသာျပန္လာၿပီး ဖဲဝိုင္းထဲ၀င္ မိုးလင္းအထိ ထိုင္႐ိုက္ျပေနတာကြ...အင္း..ေတာ္ေတာ္ေတာ့ ေသြးေအးၿပီး ဉာဏ္ေျပးတဲ့ ေကာင္ပဲ"

"ဟုတ္..အကိုႀကီး...ဒီေကာင္က ရွာမီဒါကို အေတာ္ေလး က် ေနတာ..ယူမယ္လို႔ေတာင္ ေျပာေနတယ္...ရွာမီဒါ ကို ကိုင္ထားတာက ကြၽန္ေတာ့္တပည့္ ေဂါင္းသန္းေ႐ႊ မို႔..ဒီေကာင့္အေၾကာင္းႏႈိက္ခိုင္းလိုက္ရမလား"

"အင္း...ဒီလိုလုပ္..ဂႏၶမာႀကီး..မင္း ၾကည့္ျမင္တိုင္ဂါတ္က ဌာနအုပ္ ကိုပညာ ဆီသြား၊ ငါက ဧည့္၀တ္ျပဳခ်င္လို႔ပါ လို႔ေျပာၿပီး လင္တိုင္းဟိုတယ္ကို ေခၚခဲ့ကြာ၊ ၾကက္ၾကား မင္းက ငါနဲ႔ လင္တိုင္းဟိုတယ္ကို လိုက္ခဲ့"

"ဟာ..အစ္ကိုႀကီး..ျဖစ္ပါ့မလား...အဲ့ဒီ ဌာနအုပ္ကိုပညာ ဆိုတာ ကြၽန္ေတာ့္ကို ၁၀၉ ၁၁၀ ပုဒ္မတက္ၿပီး ဖမ္းမလို႔ ေခ်ာင္းေနတာဗ်..ၿပီးေတာ့ သူနဲ႔ တဝိုင္းတည္းထိုင္လို႔ ျဖစ္ပါ့မလား"

"ဪ...ၾကက္ၾကားရာ..ငါတစ္ေယာက္လုံးပါေနတာကိုဘာေတြ ေၾကာက္ေနတာလဲ...ေျပာေတာ့.လူမိုက္တဲ့.လီးလိုပဲ"

.........................................................................
က်ဳံးႀကီးလမ္းရွိ လင္တိုင္းဟိုတယ္ အေပၚထပ္တြင္ လမ္းေတာ္ဖိုးတုတ္ ႏွင့္ ၾကက္ၾကား တို႔ ဝီစကီတစ္လုံး ႏွင့္ ခိုေၾကာ္တစ္ပြဲမွာကာ ေသာက္စားရင္း ဂႏၶမာေသာင္းရီအလာကို ေစာင့္ေနၾကသည္။

မၾကာမီ ဂႏၶမာေသာင္းရီ ႏွင့္ ၾကည္ျမင့္တိုင္ဌာနအုပ္ ကိုပညာ တို႔ ေရာက္လာၾကသည္။

"ကိုဖိုးတုတ္ႀကီး မေတြ႕တာၾကာၿပီေနာ္"

"ဟုတ္တယ္..ဆရာကိုပညာေရ..ကြၽန္ေတာ္တို႔ ဟိုတစ္ေခါက္ ဘသိန္းကိစၥၿပီးကတည္းက မေတြ႕ျဖစ္ေတာ့တာ.. အခုလည္း ကြၽန္ေတာ့္တပည့္ငၫြန္႔ အသတ္ခံရတဲ့ကိစၥ အေၾကာင္းေပၚလာၿပီမို႔..ဆရာကိုပညာကို အပူကပ္ရေတာ့မွာပဲ"

"ကဲ..ဘာလုပ္ေပးရမလဲသာေျပာ..ကိုဖိုးတုတ္..."

"အလုပ္ကိစၥ ေသာက္ရင္းစားရင္းေျပာၾကတာေပါ့... ဆရာ ဝီစကီပဲလား"

"ကြၽန္ေတာ္ ဒီည ဌာနာမွာ ဂ်ဴတီ၀င္ရမွာမို႔..ဘီယာေလာက္ပဲ..ကိုဖိုးတုတ္"

ၾကက္ၾကားက လမ္းမေတာ္ဖိုးတုတ္ႏွင့္ ကိုပညာ ေဘးတြင္ ကုပ္ကုပ္ကေလးထိုင္လ်က္။

ဂႏၶမာေသာင္းရီကေတာ့ ရမ္ကို ေရခဲတုံးထည့္ၿပီး ဇိမ္ခံေသာက္ရင္း လမ္းမေတ္ာဖိုးတုတ္ ၏ အစီအစဥ္မ်ားကို နားေထာင္ေနသည္။
.............................................................................................
ေနာက္သုံးရက္အၾကာတြင္ ၾကည္ျမင့္တိုင္၊ ကမ္းနားရွိ ေဂါင္းသန္းေ႐ႊ ၏ ဖာဘိ ကို ၾကည့္ျမင့္တိုင္ပုလိပ္ဌာနမွ ညအခ်ိန္ ေရွာင္တခင္၀င္ေရာက္ဖမ္းဆီးေလေတာ့သည္။

ေနာက္တစ္ရက္တြင္ လင္တိုင္းဟိုတယ္အေပၚထပ္တြင္ လမ္းမေတာ္ဖိုးတုတ္၊ ဂႏၶမာေသာင္းရီ ႏွင့္ ဌာနအုပ္ ကိုပညာတို႔ ေတြ႕ဆုံၾကေလ၏။

"ၾကက္ၾကား လာေျပာတာနဲ႔ ကြၽန္ေတာ္တို႔ ညက အဲ့ဒီေနရာကို ၀င္ဖမ္းလိုက္တယ္...ကိုဖိုးတုတ္.. ခင္ဗ်ားေျပာတဲ့ ေကာင္ကို ဟို ရွာမီဒါဆိုတဲ့ ကုလားမေလးနဲ႔ တန္းမိတာပဲ..ဒီေကာင့္ကိုေတာ့ မသကၤာမႈ နဲ႔ တစ္ခါတည္း အမႈဖြင့္ၿပီး စစ္ခ်က္ယူထားလိုက္တယ္"

"ဟုတ္ကဲ့..ဆရာကိုပညာ..ဒီေကာင္ဟုတ္မဟုတ္..ၾကက္ၾကားကို ျပၿပီးၿပီလား"

"ဒီေကာင့္ကို ဖဲဝိုင္းမွာ ေတြ႕ခဲတယ္ဆိုတဲ့ ၾကက္ၾကားတပည့္ေတြကို ေခၚၿပီး ျပၿပီးၿပီ..ဒီေကာင္မွ ဒီေကာင္ပဲ"

"ဟုတ္ၿပီ..ဆရာ..ဒီေကာင္က ဘယ္ကေကာင္လဲဗ်''

''ဒီေကာင့္ နာမည္က ဆာဂ်င္ဂန္ဂယားတဲ့ဗ်။ စစ္ျပန္ပဲ။ အရင္က ပုဇြန္ေတာင္မွာေနတယ္။ မဒရပ္ကို ကုန္သေဘၤာမွာ သေဘၤာသားလုပ္ဖူးတယ္။ စစ္ထဲ၀င္ၿပီး ၿဗိတိသွ်အိႏၵိယအာမီ နဲ႔အတူ ပရပ္ရွားမွာ စစ္တိုက္ခဲ့တယ္။ တပ္ၾကပ္ႀကီးရာထူးရၿပီး တပ္က ထြက္ခဲ့တယ္တဲ့ဗ်။ ျမန္မာျပည္ျပန္ေရာက္တာ လပိုင္းပဲ ရွိေသးတယ္"

"အခု..ဒီေကာင့္ကို ဖမ္းထားတုန္းပဲလား..ကိုပညာ"
"လႊတ္ေပးလိုက္ရၿပီဗ်....လူတစ္ေယာက္ အခ်ဳပ္ထဲက လာထုတ္သြားတယ္..အဲ့ဒီ လာထုတ္သြားတဲ့လူကို သိရင္ ကိုဖိုးတုတ္ ပိုအံၾသသြားမယ္"

"ဘယ္သူလဲ..ကိုပညာ"

"အာဂ်စ္ ေလ... လန္ခ်ားအာဂ်စ္"

လမ္းမေတာ္ဖိုးတုတ္က ဂႏၶမာေသာင္းရီကို လွမ္းၾကည့္လိုက္သည္။ ဂႏၶမာေသာင္းရီက ေခါင္းညိမ့္ျပလိုက္၏။

"ေက်းဇူးတင္ပါတယ္..ဆရာကိုပညာ.ကူညီလက္စနဲ႔ ေနာက္တစ္ခု ကူညီေပးပါဦး....ဒီေကာင္ ႀကိဳက္ေနတဲ့ ဟိုကုလားမေလးကို တစ္ရက္ႏွစ္ရက္အတြင္း ျပန္လႊတ္ေပးဖို႔ စီစဥ္ေပးပါဦး..အဲ့ဒီအတြက္ လည္း ကြၽန္ေတာ္ အပိုေဆာင္းတစ္ခု ထပ္ထည့္ေပးထားပါတယ္"

ဖိုးတုတ္က ဗူးကေလးတစ္ခုကို ကိုပညာထံ ထိုးေပးလိုက္သည္။
ကိုပညာက ဗူးကို ခေလာက္ၾကည့္ၿပီး ဗူးထဲမွ ေ႐ႊဒဂၤါးအေရအတြက္ကိုခန္႔မွန္းၾကည့္လိုက္၏။

"အိမ္ေရာက္မွ ဖြင့္ၾကည့္ပါ..ဆရာ။ သုံးျပားပါပါတယ္။ ကြၽန္ေတာ့္ကို စိတ္ခ်ပါ"

"စိတ္ခ်ပါတယ္ဗ်ာ...မယုံလို႔မဟုတ္ပါဘူး..အဲ့ဒီအသံေလး နားေထာင္ရတာ နား၀င္ခ်ိဳလို႔ပါ"

ကိုပညာ ျပန္သြားၿပီးေနာက္..စားပြဲဝိုင္းတြင္ ဖိုးတုတ္ႏွင့္ ဂႏၶမာသာ က်န္ေတာ့သည္။

"ကဲ..ဂႏၶမာ..လန္ခ်ားအာဂ်စ္ လာထုတ္သြားတာဆိုေတာ့ ဒီကိစၥ မန္မဆာေတြလက္ခ်က္ဆိုတာ ေသခ်ာသြားၿပီ....ညေန ခ်ိဳင္းနားစတန္းအေပၚထပ္မွာ သီးသန္႔ခန္းယူထား၊ ကိုမိုး ကို ငါ သြားေခၚမယ္၊ အုန္းေဖ၊ ထြန္းတင္၊ စံဘ၊ ေက်ာ္ထြန္း တို႔ကို မင္းစုထား၊ ၾကက္ၾကားနဲ႔ ေအာင္ဘ ကိုပါလာဖို႔ ေျပာလိုက္၊ မန္မဆာေတြက ငါတို႔ အတြက္ လူသတ္သမားငွားထားၿပီ"
....................................................................................

ငၫြန္႔ အသတ္ခံရသည္မွာ ရက္ႏွစ္ဆယ္ျပည့္သည့္ေန႔။

"အကိုႀကီး....ဂန္ဂယား အခု သူ႔ေကာင္မ ရွာမီဒါေနတဲ့ စက္ဆန္းက ဂိုေထာင္တန္းမွာ ရွိေနတယ္။ ကြၽန္ေတာ့္လူေတြနဲ႔..ဒီေကာင္ ေအာင္းေနတဲ့ ဂိုေထာင္ကို ဝိုင္းထားၿပီးၿပီ..အကိုႀကီး အျမန္လာခဲ့ပါ"

 စာကို ဖတ္ၿပီးသည္ႏွင့္ လမ္းမေတာ္ဖိုးတုတ္ သည္ ငွက္ႀကီးေတာင္ဓါးကို ယူကာ ကားေပၚသို႔ ပစ္တင္လိုက္သည္။

"ေဟ့..စံဘ..မင္းကားတစီးယး.အုန္းေဖကို သြားေခၚၿပီး ဂိုေထာင္တန္းကို လိုက္ခဲ့၊ ငါ ဂႏၶမာကို ၀င္ေခၚလိုက္မယ္"

လမိုက္ညမို႔ ၾကည္ျမင့္တိုင္၊ စက္ဆန္း ဂိုေထာင္တန္းသည္ ေမွာင္မဲေနသည္။

ကုလားကူလီအခ်ိဳ႕၊ ျပည့္တန္ဆာအခ်ိဳ႕ အဖီဆြဲကာေနၾကေသာ ဂိုေထာင္ေဟာင္းတစ္ခ်ိဳ႕ဆီမွ ေရနံဆီမီးေရာင္ သဲ့သဲ့ သာ အလင္းေရာင္ရွိ၏။

လမ္းမေတာ္ဖိုးတုတ္ ႏွင့္ ဂႏၶမာေသာင္းရင္ သည္ ဓါးလြတ္တစ္ေယာက္တစ္ေခ်ာင္းကိုင္ကာ ဂိုေထာင္တန္းသို႔ ၀င္လာခဲ့ေလသည္။

ေမွာင္မဲေနေသာ ဂိုေထာင္တစ္လုံးေရွ႕တြင္ ၾကက္ၾကား၏ လူအခ်ိဳ႕က လက္နက္ကိုယ္စီျဖင့္ ဝိုင္းထားၾက၏။
ၾကက္ၾကားက ဖိုးတုတ္ကို ျမင္သည္ႏွင့္ အနားသို႔ ကပ္လာသည္။

"အကိုႀကီး..ဒီေကာင္ အထဲမွာ....ကြၽန္တ္ာတို႔ ေရာက္လာတာကို သိပုံပဲ...အထဲမွာ လည္း ေမွာင္မဲေနတာပဲ...အကိုႀကီးကို ကြၽန္ေတာ္တို႔ ေစာင့္ေနတာ"

ဖိုးတုတ္က ေခါင္းၿငိမ့္လ်က္ ဂိုေထာင္ အ၀သို႔ ေလွ်ာက္သြားသည္။
ဂႏၶမာႏွင့္ ၾကက္ၾကားကလည္း ဓါးကိုယ္စီျဖင့္။

"ေဟ့ေကာင္..ဂန္ဂယား..မင္း အထဲမွာ ရွိတာ..ငါတို႔ သိတယ္ေနာ္..ဒီမယ္ ေဟ့ေကာင္....မင္းဒီထဲ ပုန္းေနလည္း ငါတို႔က ၀င္သတ္မွာပဲ..မင္း ေယာက္်ားပီပီ ထြက္ရင္ဆိုင္စမ္းပါကြ"

အထဲမွ မည္သည့္အသံမွ ထြက္မလာ။

"ေဟ့ေကာင္..ဂန္ဂယား..ငါတို႔အထဲ၀င္လာရင္ေတာ့ မင္းကို အရွင္ရေအာင္ဖမ္းမယ္..ၿပီးရင္ လူစဥ္မမီေအာင္ ႏွိပ္စက္ၿပီးမွ တအိအိသတ္မွာ...အခုထြက္လာရင္ေတာ့ ငါ့ဓါးခ်က္နဲ႔ပဲ မင္းေသရမယ္..ႀကိဳက္တာေ႐ြးကြာ..ငါ တစ္က ေန သုံးအထိ ေရမယ္..မင္းမထြက္လာရင္ ငါတို႔ ၀င္လာၿပီ"

ဖိုးတုတ္ဓါးကို လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္ရင္း ဂိုေထာင္အ၀သို႔ ကပ္သြား၏။

"တစ္...ႏွစ္...."

႐ုတ္တရက္ ဂိုေထာင္ထဲမွ အရိပ္တစ္ခု ေျပးထြက္လာ၏။
ဖိုးတုတ္က ဓါးကို စုံကိုင္ကာ အားျဖင့္ ပိုင္းခ်လိုက္ေလသည္။ထြက္လာသူမွ ေခြခနဲ လဲက်သြားေလသည္။

ဖိုးတုတ္က ေနာက္တစ္ခ်က္ ဆင့္ခုတ္ခ်ိန္တြင္ အျခား အရိပ္တစ္ခုက ဂိုေထာင္ထဲမွ ထပ္ထြက္လာသျဖင့္ အ၀တြင္ ရပ္ေနေသာ ၾကက္ၾကားက ဓါးရွည္ျဖင့္ ခုတ္ရန္ျပင္လိုက္သည္။

သို႔ေသာ္ ထိုသူက ၾကက္ၾကားကို ၀င္လုံးလိုက္ၿပီးေနာက္ လည္ပင္းအား ဓါးေျမႇာင္ျဖင့္ ထိုးေလေတာ့သည္။
ဂႏၶမာက လုံးေထြးေနရာသို႔ ေရာက္သြားၿပီး ၾကက္ၾကားအေပၚမွ လူ၏ ေက်ာကုန္းကို ငွက္ႀကီးေတာင္ျဖင့္ ဆြဲခုတ္ခ်လိုက္သည္။

တြန္႔ခနဲျဖစ္သြားခ်ိန္တြင္ ၾကက္ၾကားက ထိုသူကို ေစာင့္ကန္လိုက္သည္။
လန္က်လာေသာ သူ၏ ေခါင္းႏွင့္လည္ပင္းမ်ားကို ဂႏၶမာက အခ်က္ေပါင္းမ်ားစြာ ဆင့္ကာ ခုတ္ခ်လိုက္ေလသည္။

ဖိုးတုတ္က ဂႏၶမာရွိရာေျပးလာသည္။

ၾကက္ၾကားကား ဓါးျဖင့္အထိုးခံထားရသည့္ လည္ပင္းကို အုပ္လ်က္ ေသြး႐ူးေသြးတန္းျဖစ္ေန၏။
ၾကက္ၾကားတပည့္မ်ား ေရာက္လာၾကၿပီး သူတို႔ ဆရာကို ဆြဲထူၾကသည္။

သို႔ေသာ္ ၾကက္ၾကားလည္ပင္းမွ ေသြးမ်ား တဗြက္ဗြက္ထြက္လာကာ ၾကက္ၾကား မ်က္ျဖဴလန္သြားေခ်ၿပီ။

ထိုအခ်ိန္တြင္ စံဘႏွင့္ အုန္းေဖ က ဓါးကိုယ္စီျဖင့္ ေျပး၀င္လာၾကသည္။

"ေဟ့..စံဘ..လက္ႏွိပ္ဓာတ္မီးပါလား"

စံဘက လက္ႏွိပ္ဓာတ္မီး ထုတ္ေပးသျဖင့္ ဖိုးတုတ္က လဲက်ေနေသာ အေလာင္းႏွစ္ေလာင္းကို ထိုးၾကည့္သည္။
ဖိုးတုတ္ေရွးဦးစြာ ခုတ္လိုက္သည့္ သူကား..ျပည့္တန္ဆာမေလး ရွာမီဒါ။

ေသြးအိုင္ထဲတြင္ မ်က္လုံးပြင့္လ်က္။

ၾကက္ၾကားေဘးတြင္ လဲေနသူက ဂန္ဂယား။ ဓါးခ်က္ေပါင္းမ်ားစြာျဖင့္ ခုတ္ထားေသာေၾကာင့္ လည္ပင္းမွာ ျပတ္လုတဲတဲ၊ မ်က္ႏွာတည့္တည့္တြင္လည္း ဓါးဒဏ္ရာႀကီးႏွင့္။

သူ႔နေဘးတြင္လည္း ၾကည့္ျမင္တိုက္ၾကက္ၾကား၏ အသက္မဲ့ခႏၶာကိုယ္ႀကီး။

ဖိုးတုတ္က ဓါးေျမႀကီးတြင္ စိုက္ၿပီး ရွာမီဒါ၏အေလာင္းကို ေငးၾကည့္ေနသည္။
ဂႏၶမာက ဂန္ဂယားႏွင့္ ၾကက္ၾကားတို႔၏ အေလာင္းေဘးတြင္ ထိုင္လ်က္ စီးကရက္ထုတ္ေသာက္လိုက္၏။

"စံဘ မင္း လူတစ္ေယာက္ေခၚၿပီး....ဒီကုလားမေလးအေလာင္းကို ေထာက္ႀကံ့သခ်ႋဳင္းမွာ ေကာင္းေကာင္းမြန္မြန္ ျမဳပ္ခိုင္းလိုက္ကြာ..သုဘရာဇာေအာင္ေငြကို ငါက ျမဳပ္ခိုင္းတာလို႔ေျပာၿပီး ေငြတစ္ရာေပးလိုက္။ အုန္းေဖ၊ မင္းက ထြန္းတင္တို႔အဖြဲ႕ကို သြားေခၚ၊ ဒီကုလားအေလာင္းကို ရန္ကုန္ျမစ္ထဲ ငါးစာေကြၽးပစ္လိုက္ကြာ"
ထို႔ေနာက္ ဖိုးတုတ္က ၾကက္ၾကား အေလာင္းဆီသို႔ ထသြားလိုက္သည္။ ထို႔ေနာက္ ၾကက္ၾကားေဘးတြင္ ဝိုင္းေနသာ ၾကက္ၾကား၏ တပည့္မ်ားကို ၾကည့္လိုက္ၿပီး
"ကဲ..ၾကက္ၾကားႀကီးကေတာ့ ငါ့ကို မိတ္ေဆြေကာင္းပီသျပသြားၿပီ.....မင္းတို႔ ဆရာအေလာင္းကို သူ႔အိမ္ကို ျပန္သယ္သြားေပးလိုက္ပါကြာ..အရပ္ကေမးရင္ မူးမူးနဲ႔ ျမစ္ထဲ ဒိုင္ဗင္ထိုးၿပိဳင္ရင္း ငုတ္စူးတာလို႔သာေျပာ.. ပုလိပ္ကို ငါရွင္းလိုက္မယ္...အသုဘကို တာေမြသခ်ႋဳင္းမွာ ဂူသြင္းမယ္..အၿပီးအစီး အကုန္အက်ခံမယ္"

လ သည္ မိုက္ လ်က္။ ည သည္ ေမွာင္ လ်က္။
အနီးအနားတဝိုက္ ဂိုေထာင္ေလးမ်ားဆီတြင္ပင္ မီးေရာင္တို႔ မရွိၾကေတာ့။

ေသြးညႇီနံ႔တို႔က ...ေလအေဝွ႔တြင္ ေထာင္းေထာင္းထလာသည္။
......... ......... ..........

စက္ဆန္းဂိုေထာင္တန္းထဲမွ လမ္းမေတာ္ဖိုးတုတ္ႏွင့္ ဂႏၶမာေသာင္းရီတို႔ ထြက္လာၾကသည္။

ေသြးမ်ားေပက်ံေနေသာ ဓါးမ်ားကို ကားအေနာက္ခန္းေအာက္ထဲသို႔ ပစ္ထည့္လိုက္ၾကၿပီး ေရွ႕ခန္းတြင္ ထိုင္ကာ စက္ႏႈိးလိုက္ၾက၏။

"ဂႏၶမာ.... မနက္ျဖန္ ကိုမိုး ကို သြားေျပာလိုက္ေတာ့..ငါတို႔ကိစၥၿပီးၿပီမို႔...သူ႔ဘက္က စ လို႔ရၿပီလို႔..သူ႔့သူငယ္ခ်င္း အလိန္ အကူအညီေတာင္းထားတဲ့ ကိစၥကိုလည္း ငါ လက္ခံတယ္လို႔..ေျပာလိုက္"

ခက္ေဇာ္

အပိုင္း(၁၆) ဆက္ရန္

Comments

  1. Blackpink in your area
    Done par🐬🐬🐬🐬

    ReplyDelete

  2. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete

Post a Comment