TGOR 1930( အခန်း ၈)

The Guys of Yangon,1930 (Part 7)

                              အခန်း(၈)
                                 ……………

''ဟာ..ကျွန်တော့်ကို အဲ့ဒီလိုကြီးတော့ မကြည့်လိုက်ပါနဲ့ဗျာ..ကျွန်တော်က တခြားကြောင့် မေးတာမဟုတ်ပါဘူး။ လမ်းမတော်ဖိုးတုတ် ဆိုတာ အရမ်းနာမည်ကြီးတော့ ဒီရုံးရောက်တာနဲ့ ခင်ဗျားရဲ့ လူဆိုးမှတ်တမ်းကိုယ်ရေးရာဇဝင်ကို ကျွန်တော်လိုက်ရှာတယ်ဗျ။ မတွေ့ဘူး။ လမ်းမတော်နဲ့ဗဟန်းဌာနာတွေကို ဖုန်းဆက်မေးတော့လည်း မရှိကြဘူးတဲ့။ အဲ့ဒီတော့ အံသြလွန်းလို့ ခင်ဗျား လူဘယ်နှစ်ယောက်သတ်ဖူးလဲလို့ မေးကြည့်တာပါ..ဟဲဟဲ''

''ဒီမယ် ကိုခင်မောင်…ကျွန်တော်က လူဆိုးမှ မဟုတ်တာဗျ…ဘယ်က လူဆိုးမှတ်တမ်းရှိမှာလဲ..''

''ဟားဟား..ဟုတ်ပါပြီ…ကိုဖိုးတုတ်ရာ..ဟုတ်ပါပြီ..ခင်ဗျားက စကားလည်း တတ်တာကိုးဗျ..ဘာပဲဖြစ်ဖြစ် ကျွန်တော်က နောက်ဆို ဒီနယ်မြေမှာ ကိုဖိုးတုတ်တို့နဲ့ ဆက်ဆံရတော့မှာ…အခုကတည်းက တစ်ယောက်နဲ့ တစ်ယောက်သိထားကြတော့ ကောင်းတာပေါ့''
………………………………………………………..

ညနေ (၄)နာရီတွင် အိတ်စပက်တာ ဦးဟုတ်ဂွမ် ပြန်ရောက်လာသည်။

လမ်းမတော်ဖိုးတုတ် အား သူ့ပိုင် မော်တော်ကားဖြင့် အိမ်သို့ ပြန်လိုက်ပို့လေသည်။
''ဖိုးတုတ်ရေ…ဒီနေ့နေ့လည်ပိုင်းကပဲ ဗိုလ်တစ်ထောင်သပိတ်စခန်းကို ပြန်ဝင်လာတဲ့ သပိတ်ခေါင်းဆောင် နာရယန်းဆင် အသတ်ခံလိုက်ရတယ်။ သတင်းကြီးနေတာကတော့ လမ်းမတော်ဖိုးတုတ် နဲ့ သူ့လူတွေ သတ်တာတဲ့ကွာ''

ဖိုးတုတ် က ဦးဟုတ်ဂွမ် စကားကြောင့် ကြောင်သွားသည်။
''ဘာလဲဗျ..ဆရာဦးဟုတ်ဂွမ်း..ခင်ဗျားပဲ မနက်ကတည်းက ကျွန်တော့်ကို ခေါ်ထားတာလေ..ခင်ဗျားတို့ရုံးက ပုလိပ်တစ်အုပ်ရှေ့မှာ တစ်နေကုန် ကျွန်တော် ရှိနေတာပဲ..ဘာကိစ္စ အဲ့ဒီကုလားကို ကျွန်တော်ကသတ်ရမှာလဲ.. ကျွန်တော့်လူတွေကိုလည်း မှာထားပြီးသားပဲ။ ကျွန်တော့်အမိန့်မရပဲ ဒီကိစ္စထဲ ဘယ်ကောင်ဝင်ပါရဲမှာလဲ''

''ဟုတ်ပါတယ်..ဒါကို ငါသိပါတယ်ကွ..ဒါတွေကို ကြိုသိလို့ ဦးချန်ထွန်း က မင်းကို ငါ့ဆီ ခေါ်ထားခိုင်းတာ နေမှာပေါ့။ မင်းစိတ်မပူပါနဲ့ကွ။ မင်း တစ်နေကုန် အနောက်ပိုင်းရာဇဝတ်ဝန်ရုံးမှာ ရှိနေတာ အလီဘိုင် အခိုင်အမာရှိတာပဲ''

''အဲ့ဒါဆို ဘာကိစ္စ နာရယန်းဆင်သေတဲ့ကိစ္စက ကျွန်တော့် နာမည်ထွက်ရတာလဲ''

''ဟ..ငါလည်း ဘယ်သိမလဲကွ..အကြောင်းရှိလို့ အကျိုးရှိလာတာပဲ.မှတ်ပါ.ဖိုးတုတ်ရာ''
…………………………………………………………………………………………

ရန်ကုန်ဆိပ်ကမ်းမှ စတင်လိုက်သော မီးပွားကလေးမှာ ရန်ကုန်တစ်မြို့လုံးသို့ ပျံ့နှံ့ကူးစက်သွားခဲ့သည့် ပထမ ကုလား - မြန်မာ အဓိကရုဏ်းကြီးသည် လေးရက်တာ ကြာမြင့်ခဲ့လေသည်။

အဓိကရုဏ်းအစတွင် ကမ်းနားတွင် ကူလီထမ်းကြသည့် ဂေါ်ရင်ဂျီကုလားများနှင့် အခြေခံလူတန်းစားကုလားအချို့ က အသာစီးရခဲ့သည်။

သို့သော် ငွေကြေးချမ်းသာသူ ဇာတ်မြင့်ကုလားအချို့နှင့် မွတ်ဆလင်အများစုမှာ အဓိကရုဏ်းတွင်မပါဝင်ခဲ့ကြပေ။

အဓိကရုဏ်း ဒုတိယမြောက်နေ့ညနေမှ စတင်ပြီး ဆင်ခြေဖုံးမှ မြန်မာအများစုသည် မြို့တွင်း မြန်မာများနှင့် ပူးပေါင်းလာသဖြင့် ကုလားများ ဘက်က မှ စတင် အရေးနိမ့်လာသည်။

အမြော်အမြင်ကြီးသော မြန်မာဘုန်းတော်ကြီးများဖြစ်ကြသည့် ကြည့်မြင့်တိုင်သာဓုကျောင်းတိုက်ဆရာတော်၊ ဗားကရာတိုက်ဆရာတော်၊ ဇောတနာရာမဆရာတော်၊ အလယ်တောရဆရာတော် တို့က ကိုယ်တိုင်ကိုယ်ကျ သော်လည်းကောင်း၊ သတင်းစာများမှသော်လည်းကောင်း အဓိကရုဏ်းကြီး တက်မဖြစ်ရန် မေတ္တာရပ်ခံခဲ့ကြသည်။

မြန်မာလူမျိုး (၂၀) ခန့်သေဆုံးပြီး ကုလားလူမျိုး (၁၂၀)ကျော် သေဆုံးခဲ့ရသည်။

အဓိကရုဏ်းပြီးဆုံးပြီး နှစ်လအကြာ သြဂုတ်လ (၁၀)ရက်နေ့တွင် ဖိုးတုတ် အား ဦးဝိလာသကျောင်းမှ အခေါ်လွှတ်လာသည်။

ကျောင်းထိပ်တွင်  ဒုလဘ္ဘဝတ်ရာမှ လူမထွက်ရသေးသော ဦးလေးဦးဘိုးသင် နှင့် သွားဆုံသည်။

''ဒကာ ဖိုးတုတ်..အထဲမှာ မင်းလူ ဦးချန်ထွန်း ရောက်နေပြီ..သူနဲ့ မတွေ့ခင် ငါပြောစရာရှိသေးတယ်''

''တပည့်တော်လည်း ဦးဇင်းကို ပြောစရာရှိတယ်။ ဦးဇင်း က လူမထွက်တော့ဘူးလား''

''ငါ..လူမထွက်ချင်တော့ဘူးကွာ..အခု ငါ့ကိုယ်ငါ အပြစ်ရှိသလိုခံစားရတယ်''

''ဘာတွေဖြစ်နေတာလဲ ဦးဇင်း''

''ဘာတွေမှ မဖြစ်ဘူး..ဖိုးတုတ်..ဒီလူသတ်ပွဲကြီးမှာ ဦးချန်ထွန်း နဲ့ မင်းစနက် မကင်းဘူးဆိုတာ ငါသိတယ်။ ဗမာတွေရော..ကုလားတွေရော.ရန်ကုန်တစ်မြို့လုံး.သွေးချောင်းစီးကုန်တာ..ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလဲ''

''ဒါ ကျွန်တော်တို့ ကိစ္စပဲ..ဦးဇင်းနဲ့ ဘာဆိုင်မလဲ''

''ဒီမှာ ဖိုးတုတ်..မင်း ဒီလိုဖြစ်လာအောင် ငါ က စခဲ့တာမဟုတ်လားကွာ..မင်းနဲ့ ဦးချန်ထွန်းကိုလည်း ငါပဲ တွေ့ပေးခဲ့တာ''

''တောင်တောင်အီအီတွေ လျှောက်တွေးမနေပါနဲ့ ဦးဇင်းရာ..မကြာခင် လူထွက်ခဲ့တော့..ဦးဇင်း နဲ့ စကားပြောရမှာတွေ..လုပ်ရကိုင်ရမှာတွေရှိသေးတယ်…ဦးဇင်း ဒကာမကြီးလည်း အသက်ကြီးပြီ..သားထောက်သမီးခံလည်းရှိတာမဟုတ်ဘူး..လူထွက်စရာရှိတာ ထွက်ပါဗျာ''
ဖိုးတုတ်က စကားကို ဖြတ်ပြီး ကျောင်းတွင်းသို့ ဝင်လိုက်သည်။

''ခင်ဗျား ပေါ်လာသေးတယ်နော်..ဝန်ထောက်မင်း''

''ဆောရီးပါ..မောင်ဖိုးတုတ်…အဓိကရုဏ်းပြီးကတည်းက ဦးတို့ အလုပ်တွေ ရှုပ်နေလို့ ပါကွာ..မောင်ရင့်ကိုတော့ သတိရပါတယ်''

''မသိပါဘူးဗျာ..ဘုရားပြီးသွားတော့ ငြမ်းဖျက်ကြပြီလားလို့..ဒါနဲ့…ဝန်ထောက်မင်းတို့ လုပ်လိုက်တာ ကျွန်တော့်တော့ အတော်ကို နာမည်ပျက်သွားတယ်ဗျ..ပြောစမ်းပါဦး..ဘာလို့ ကျွန်တော်ရှာပေးတဲ့ ဗမာကူလီတွေကို ဖြုတ်ပစ်လိုက်ရတာလဲ..အစကတည်းက ကုလားတွေ ပြန်ခန့်မယ်ဆို ကျွန်တော် ဘာလုပ်ပေးစရာလိုမလဲ''

''ကဲ..ဒါတွေ မပြောပါနဲ့တော့..မောင်ဖိုးတုတ်။ မင်းတာဝန်ကျေခဲ့တာပဲ။ ဖြစ်စရာရှိတဲ့ ကိစ္စတွေက ဖြစ်ကို ဖြစ်ရမှာလို့သာ သဘောထားပါကွာ''

''ဟာ..လူတွေ ဒီလောက်အများကြီး သေတဲ့ကိစ္စ ကျွန်တော်က ဖြစ်စရာရှိတဲ့ကိစ္စပဲလို့ သဘောထားပေးရ မှာလားဗျာ…ကျွန်တော့် ဦးလေးတောင် ဒီသတင်းတွေကြားပြီး တော်တော်စိတ်ထိခိုက်နေရှာတယ်''

''ကဲ..မောင်ဖိုးတုတ်ရေ…ငါတို့ အလုပ်ကိစ္စ ပြောကြရအောင်ကွာ''

''လာပြန်ပြီလား..ဒီအလုပ်ကိစ္စ''

''ဒီတစ်ခါတော့ မင်းသဘောကျမယ့်ကိစ္စပါ။ မစ္စတာတီကူးပါး က မင်းကို သူနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်လေးပေးခိုင်းလိုက်တယ်ကွ''

ဦးချန်ထွန်း ကဖိုးတုတ်ကို ကဒ်ပြားတစ်ခု ကမ်းပေးလိုက်သည်။

ဖိုးတုတ်က ကဒ်ပြားပေါ်မှ နာမည်နှင့် ဖုန်းနံပါတ်ကိုကြည့်ကာ မျက်လုံးပြူးသွား၏။

''မအံသြနဲ့..မောင်ဖိုးတုတ်..မောင်ဖိုးတုတ်နဲ့ မစ္စတာတီကူးပါးကို မိတ်ဆက်ပေးတဲ့နေ့က ဦး ပြောခဲ့သားပဲကွ..မစ္စတာတီကူးပါး ဟာ ပြည်ထဲရေးအတွင်းဝန်ဖြစ်မှာပါဆို''

''တကယ်ပဲ ပြည်ထဲရေးအတွင်းဝန်လားဗျာ''

''နောက်တပတ် သြဂုတ် ၁၂ ရက်နေ့မှာ ကျန်းမာရေးဆေးခွင့်ပေးလိုက်တဲ့ ဘုရင်ခံ ဆာချားအင်းနစ် နေရမှာ မြန်မာလူမျိုး ဆာဂျိုးဇက်မောင်ကြီးက ဘုရင်ခံအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲရှိတယ်။ ဆာဂျိုးဆက်မောင်ကြီး ကျမ်းကျိမ်ပြီးတာနဲ့ ပြည်ထဲရေးအတွင်းဝန် အဖြစ် မစ္စတာတီကူးပါး က ကျမ်းသစ္စာကျိန်ဆိုလိမ့်မယ်။ သြဂုတ် ၁၂ ကျော်ပြီးဆိုတာနဲ့ မောင်ဖိုးတုတ် စိတ်ပါရင် မစ္စတာတီကူးပါး ဆီ ဖုန်းဆက်လို့ရပါတယ်။ ဟော့ဒီ ဗြိတိသျှကိုလိုနီဘားမားနိုင်ငံကြီးမှာ ပြည်ထဲရေးအတွင်းဝန်ကို တိုက်ရိုက်ဖုန်းဆက်ခွင့်ရှိတာ ဘုရင်ခံရယ်၊ ပုလိပ်မင်းကြီးရယ်၊ စုံထောက်မင်းကြီးရယ်၊ ဦးရယ်၊ မောင်ဖိုးတုတ်ရယ်ပဲ ရှိတယ်..မောင်ဖိုးတုတ်''

ဦးချန်ထွန်းက ဖိုးတုတ်ထံ လက်ကမ်းလိုက်သည်။

လမ်းမတော်ဖိုးတုတ်က ဦးချန်ထွန်းကို ပြန်လည် လက်ဆွဲနှုတ်ဆက်လိုက်တော့သည်။
…………………………………………………………………………………………

“နိုင်ငံရေးသမားများတို့သည် ယခုအခါမြန်မာများအနေဖြင့် အုပ်ချုပ်ရေး၏ အနှစ်မရ အသွင်ရသည်ဟု ပြောဆိုလေ့ရှိကြသည့်အတိုင်း မြန်မာလူမျိုးဘုရင်ခံကို အင်္ဂလိပ်အုပ်ချုပ်သော နည်းစနစ်အရ ခန့်အပ်လိုက်သည်ကို မျက်ဝါးထင်ထင် တွေ့ကြရသော အသွင်မျှကို မြင်ရရုံနှင့်သော် တို့မြန်မာဟူ၍ အောက်မေ့ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်ကို မြင်ရသည့်အခါ တကယ်စစ်စစ် အနှစ်တည်းဟူသော လွတ်လပ်ရေးကို ရကြသည့်အခါ အဘယ်မျှ ဝမ်းမြောက်ဝမ်းသာကြမည်ကား တွေးတော၍ပင် မဆုံးတော့တကားဟု အောက်မေ့ကြရကြောင်း''

၁၉၃၀ သြဂုတ် ၁၃ ရက်နေ့ထုတ် သူရိယ သတင်းစာခေါင်းကြီးပိုင်းတွင် ဆာဂျိုးဇက်မောင်ကြီး၏ ဘုရင်ခံဘိသိက်ပွဲကို တခမ်းတနားဖော်ပြထား၏။

တဆက်တည်း ပြည်ထဲရေးအတွင်းဝန် မစ္စတာတီကူးပါး ၏ ကျမ်သစ္စာကျိန်ပွဲလည်း ပါရှိလေသည်။
လမ်းမတော်ဖိုးတုတ် သည် ထိုသတင်းစာကို အကြိမ်ကြိမ် ပြန်ဖတ်သည်။.

ပြည်ထဲရေးအတွင်းဝန် မစ္စတာတီကူးပါး ဟူသော နာမည်ကို အထပ်ထပ် ပြန်ဖတ်သည်။
ထိုနေ့ညက ရန်ကုန်မြစ်လယ်ရှိ၊ ပရင့်ဆက်သင်္ဘောပေါ်တွင် လူမိုက်ကြီး လမ်းမတော်ဖိုးတုတ်မှ ဧည့်ခံတည့်ခင်းသော ပါတီကို ဝှဲချီးကျင်းပလေသည်။

ဖိုးတုတ်၏ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ တပည့်လူမိုက်များ၊ ပုလိပ်အရာရှိများ၊ လမ်းမတော်ဒုစရိုက်လုပ်ငန်းများမှ စီးပွားရေးသမားများ၊ ရုပ်ရှင်ဇာတ်သဘင်နယ်ပယ်မှ ပုဂ္ဂိုလ်များ စည်ကားစွာ တက်ရောက်လေသည်။

ည ၁ နာရီတွင် ပါတီပွဲ ပြီးဆုံးလေသည်။
ဖိုးတုတ်၊မသင်းမြ နှင့် တပည့်များ လှေတစီးဖြင့် ကမ်းပေါ်သို့ တက်လာကြသည်။

ထို့အချိန်တွင် ပါတီပွဲမတက်ပဲ မိခင်ဖြစ်သူနှင့်အတူ အိမ်တွင် ကျန်ရစ်သည့် ညီဖြစ်သူ ဘသိန်း က စက်ဘီးဖြင့် အပြေးအလွှားရောက်လာသည်။.

''ကိုကြီးဖိုးတုတ်..ကိုကြီးဖိုးတုတ်..အီး..ဟီး..ဟီး''

ဘသိန်းက အသားတွေ တဆတ်ဆတ်တုန်နေသလို၊ မျက်ရည်တွေကျနေသည်။

''ဟေ့ကောင်..ဘသိန်း..ဘာဖြစ်တာလဲ..မင်း ဘာဖြစ်လာတာလဲ''

''ဦးလေးဘိုးသင် သေပြီဗျ…ဦးလေး ဘိုးသင်သေပြီ''

''ဟင်..ဘယ်လို..ဘာဖြစ်လို့လဲ…ဘယ်လိုဖြစ်တာလဲ''

''ဦးလေးက နောက်နေ့လူထွက်မှာမို့..ညခင်းဘက် ဆရာတော်ကြီးကို ဘိလပ်ရည်ကပ်မယ်ဆိုပြီး ကိုယ်တိုင် ထွက်ဝယ်တာတဲ့…အဲ့ဒါ ဘိလပ်ရည်ဝယ်ပြီး ကျောင်းကို အပြန်မှာ လူတစ်ယောက်လိုက်လာပြီး ကျောင်းဝအရောက်မှ ဓါးနဲ့ ကပ်ထိုးသွားတာတဲ့..ဦးလေး အော်ခေါ်သံကြားလို့ ကျောင်းက ကိုယ်တော်တွေ ထွက်ကြည့်တော့ သွေးအိုင်ထဲမှာတဲ့''

''ဟာ..ကွာ..ဘယ်လိုဖြစ်တာလဲ..ဟေ့ကောင်တွေ..အကုန်ကားပေါ်တက်…ဦးဝိလာသကျောင်းကို မောင်းမယ်''

ကျောင်းရှေ့တွင် ဘုန်းကြီးများ၊ ကိုရင်များနှင့်အနီးဝန်းကျင်မှ လူများ ဝိုင်းအုံနေကြသည်။

လမ်းမတော်ဖိုးတုတ်တို့ ကားများ ဆိုက်လာသောအခါမှ ရှဲသွားကြ၏။

 ဦးဘိုးသင် သည် သွေးအိုင်ထဲတွင် ငြိမ်သက်နေသည်။
လည်ပင်း ဓါးဒဏ်ရာအပေါက်ထဲမှ သွေးများ တပွက်ပွက်ထွက်နေဆဲ။

မသင်းမြ က အိခနဲ ရှိုက်ငိုပြီး မျက်နှာလွှဲသွားသည်။
ဖိုးတုတ်က ဦးဘိုးသင် ၏ အလောင်းကို ငေးကြည့်နေ၏။

''အုန်းဖေ…အလောင်းကို အိမ်ပြန်သယ်ဖို့လုပ်…ဂန္ဓမာ က ဦးဟုတ်ဂွမ် ဆီသွား..ခုနကမှ သူပြန်သွားတာ အိပ်ဦးမှာမဟုတ်ဘူး။ အခြေအနေကိုပြောပြ။ ငါက အမှှုမဖွင့်ချင်ဘူး။ လူသိမခံချင်ဘူး။ ဒီကိစ္စ ငါ့ဟာငါ ရှင်းမယ်လို့ ပြောလိုက်''

''စိတ်ချ ဖိုးတုတ်..စိတ်ချ''

''ပုဏ္ဍားကျော်ထွန်း နဲ့ ထွန်းတင် မင်းတို့လူတွေကိုခု ချက်ချင်းစု…ငါ့ဦးလေးကို သတ်တဲ့ကောင်ကို စုံစမ်းခိုင်း။ ဘယ်သူ့လက်ချက်လဲဆိုတာ မနက်ဖြန် ငါသိချင်တယ်''

''ဟုတ်ကဲ့..ဆရာဖိုးတုတ်''

''ဘသိန်းနဲ့ မသင်းမြက ဒီကားနဲ့ အမေ့အိမ်ကိုသွား ၊ အမေ့ကို ဝင်ခေါ် ပြီးရင် အဒေါ်သိန်းကို ဒီကိစ္စသွားပြောရမယ်။ ဖြစ်နိုင်ရင် ငါက ပြောလိုက်တယ် သူ့ယောက်ျားအသုဘကို မနက်ဖြန် ပဲ ချက်ချင်းချချင်တယ်လို့ ။ ငါ့ဦးလေး အလောင်းကို ငါ မြင်ရတာကြာရင် တွေ့သမျှလူ ငါသတ်မိတော့မယ်''

''ငညွန့်နဲ့ စံဘက ငါနဲ့ အတူ ကမာရွတ်သင်္ချိုင်းကို လိုက်ခဲ့၊ မနက်လုပ်မယ့် ဦးလေးအသုဘအတွက် အခေါင်းသွားဝယ်မယ်။ ပြီးရင် မင်းတို့ ဦးလေးအိမ်ကို အခေါင်းပြန်သယ်သွားကြ''

''ဒီအချိန်ကြီး မင်းလိုက်မသွားနဲ့လေ။ ငညွန့် နဲ့စံဘပဲ သွားပါစေ..ဖိုးတုတ်''

''ဦးလေးနဲ့ ငါ နောက်ဆုံးစကားပြောတာ ဒီကျောင်းပေါက်ဝမှာပဲကွ.ဂန္ဓမာ.။ ဦးလေးက ဘုန်းကြီး တသက်လုံးဝတ်မယ် ပြောလို့ ငါ က လူထွက်လို့တောင် ခပ်မာမာပြောခဲ့သေးတယ်။ ငါအခု ကမာရွတ်သင်္ချိုင်းကို သွားမယ်။ ဦးလေးကို မြုပ်မယ့်  ကျင်းကို ငါကိုယ်တိုင် သွားတူးမယ်။ ငါ့ဦးလေး သေရတာ ငါ့ပယောဂ ပါတယ်လို့ ငါထင်နေတယ်ကွ''

''ဟာ..ဟေ့ကောင်..ဖိုးတုတ်..မင်းဟာက မဟုတ်သေးပါဘူး''

''ငါခိုင်းတာပဲလုပ်ကွာ.ဂန္ဓမာ''
…………………………………………………………………………………………

''အဲ့ဒီညက ဦးလေးဦးဘသင်ကို သတ်တာ ပုဏ္ဍားဘထွန်းတပည့် တလိုင်းလေးကျော်သင်း တဲ့ ဖိုးတုတ်''.

''မင်းသတင်းက သေချာလား ဂန္ဓမာ ''

''တို့လူ ကျော်ထွန်းကိုယ်တိုင် ပုဏ္ဍားလူတွေဆီက အတိအကျ နှိုက်လာခဲ့တာပဲဆရာ..အဓိကရုဏ်းတုန်းက ပုဏ္ဍားတပည့် နာရရန်းဆင် သေတဲ့ကိစ္စမှာ ဆရာဖိုးတုတ် သတ်တာမို့ ပုဏ္ဍားက ကလဲ့စားချေတဲ့အနေနဲ့ ဦးဘသင်ကို ပြန်သတ်ခိုင်းတာတဲ့''

''တလိုင်းလေး..တလိုင်းလေး..သင်းက ပုဏ္ဍားခိုင်းတိုင်းလုပ်တယ်ပေါ့..ဟိုတခါ သူ့ဆိုင်ကို ဝင်ကတည်းက ဒီကောင့်ကို စောင့်ပြီး သတ်ပစ်ခဲ့ရမှာ''

''အခု ငါတို့ ဘာလုပ်ကြမလဲ..ဖိုးတုတ်''

''နေဦး ဂန္ဓမာ..ငါစဉ်းစားနေတယ်..ဦးလေးသာရှိရင် ဒီကိစ္စ ငါ့ကို ဘယ်လို အကြံပေးမလဲလို့ ငါစဉ်းစားနေတာ''
ဖိုးတုတ်က ဆေးတံကို မီးညှိ့လိုက်သည်။

ထို့နောက် နံရံပေါ်မှ ဦးဘိုးသင်း၏ ဓာတ်ပုံကို ငေးလိုက်သည်။

''နာရရန်းဆင်ကို ငါသတ်ခဲ့တယ်လို့ ပုဏ္ဍားက ထင်တယ်ပဲထားပါတော့။ သူလက်စားချေချင်ရင် ငါ့ကို သတ်ရမှာလေ။ ငါမဟုတ်လည်း မင်းတို့ထဲက တစ်ယောက်ယောက်ပေါ့ကွာ။ အခုက ဘာမဆိုင် ညာမဆိုင် ဘုန်းကြီးဝတ်နေတဲ့ ငါ့ဦးလေးကိုသတ်တာ ဘာသဘောလဲ''

''ငါထင်တာတော့ တလိုင်းလေးက သိပ်ပြီး လက်စရှိတဲ့ကောင်တော့မဟုတ်ဘူးကွ။ ငါတို့ကို ဝင်လုပ်ဖို့ဆိုတာ လည်း ဒီကောင့်အတွက်မလွယ်ဘူး။ ဒါကြောင့် လုပ်လို့ရတဲ့လူကို လုပ်သွားတာထင်တယ်''

''နေဦး ဂန္ဓမာ…ဒီကိစ္စအားလုံးရဲ့ အဖြေက တလိုင်းလေး ဆီမှာပဲ ရှိတယ်…တလိုင်းလေးကို ငါအရှင်လိုချင်တယ်.. အဲ့ဒါ မင်းတာဝန်ယူပေး''

''စိတ်ချ..ဖိုးတုတ်..ငါ့ကို မင်းစိတ်ချ..''
……………………………………………………………………

အချိန်က ည ၁၁ နာရီခွဲ။
ရန်ကုန်မြို့တွင် မည်သည့်ဟိုတယ်ဖြစ်စေ ည ၁၂ နာရီအတိတွင် ပိတ်သိမ်းကြရသည်။ .

(၂၉)လမ်းထိပ်တွင် တည်ရှိသော အွန်လောက် ဟိုတယ် မှ ပိုင်ရှင်တရုတ်သည်လည်း နောက်ထပ်လာသော ဧည့်သည်များကို လက်မခံပဲ နှင်လွှတ်နေ၏။

ဆိုင်ခန်းထဲရှိ သောက်လက်စ ဝိုင်းများကိုလည်း မကြာမီ ဆိုင်ပိတ်တော့မည်ဖြစ်ကြောင်း ဝိတ်တာအချို့မှ လိုက်လံသတိပေးနေသည်။

အချို့ကား ယမကာအရှိန်ဖြင့် စကားမပြတ်ကြသေး။ အချို့ကား ဟိုတယ်မယ်ကလေးများနှင့် သံယောဇဉ်မပြတ်သေး။ အပြင်ခေါ်သွားရန် ဈေးမတည့်နိုင်သေး။

ထိုအချိန်တွင် ဟိုတယ်ထဲသို့ လူနှစ်ယောက်ဝင်လာသည်။ တစ်ယောက်က အရပ် ထောင်ထောင်မောင်းမောင်း၊ တစ်ယောက်က အသားဖြူဖြူ၊ ဘိုကေအလယ်ခွဲနှင့်။

''နောက်နေ့မှ လာခဲ့ပါတော့..ဆရာကီးတို့..ဧည့်သည်လက်ခံလို့ မရတော့လို့ပါ..ဆိုင်ပိတ်တော့မယ်..မိုးချုပ်ပြီ''
''စောက်တရုတ်..မင်းက ငါ့ ဘယ်သူထင်လို့လဲ''

ဘိုကေအလယ်ခွဲက ပြောလိုက်သည်။

''သြော်..ဆရာကီးပါလား..တခြားလူတွေကို လက်မခံတော့ဘူးပြောတာပါ..ဆရာကီးတို့ဆို အွန်လောက်က တံခါးဖွင့်ထားရမှာပေါ့''

''အေး..ဟုတ်ပြီ..ဒါပေမယ့်..ငါတို့ အကြာကြီးမနေပါဘူး…မင်းတို့ဆီမှာ ငါတို့ တွေ့ချင်တဲ့ ကောင်မတစ်ကောင်ရှိလို့လာတာ''

''ဘယ်သူလဲ..ဆရာကီးတို့ တွေ့ချင်တဲ့ ကောင်မ''

''ဟိုတစ်နေ့ကမှ ချိုင်းနားစတန်းက တရုတ်နှင်ထုတ်လိုက်လို့..ဒီကို ပြောင်းလာတဲ့ ကောင်မလေ''

''အော်..အသောင်းလား..အသောင်းကို ပြောတာလား''

''အေး..ဟုတ်တယ်..ငါတို့ ကို အခန်းတစ်ခန်း စီစဉ်ပေး..ပြီးရင် အဲ့ဒီကောင်မကို လွှတ်လိုက်..ပြီးတော့ ဘီယာနှစ်လုံးနဲ့ ကုန်းဘောင်ကြီးကြော်တစ်ပွဲပေး''

''စားဖိုမှူးပြန်သွားလို့ ကုန်းဘောင်ကြီးကြော်မရတော့ဘူး..ဆရာကီး..တခြား ဘဲကင်တို့ ဘာတို့ တော့ ရှိတယ်''

''စာဖိုမှူးမရှိလည်း မင်းကိုယ်တိုင် ကြော်ကွာ..ဟုတ်ပြီလား..ကုန်းဘောင်ကြီးကြော်ပဲ လိုချင်တယ်''

''ဟေ့ကောင်လေး..ဒီဆရာကီးတွေကို အပေါ်ထပ်က အခန်း(၃)ကို ပို့ပေးလိုက်၊ ပြီးရင် ဘီယာနှစ်လုံးချပေးလိုက်၊ ငါ ကုန်းဘောင်ကြီးကြော်သွားကြော်လိုက်ဦးမယ်''

ပိုင်ရှင်တရုတ်မှာ ပြာပြာသလဲဖြင့် စားဖိုခန်းထဲ ဝင်သွားသည်။

အခန်း(၃) ထဲသို့ မသောင်း တံခါးဖွင့်လိုက်သည်နှင့် ဖြောင်းခနဲ အသံနှင့်အတူ ပုံလျက်သား လဲကျသွားသည်။

''ဖာသည်မ..ထစမ်း..နင်.. ငါ့ မှတ်မိလား..ဟမ်..ငါကျော်သင်းလေ''

မသောင်း က နှုတ်ခမ်းဝတွင် စို့နေသော သွေးများကို သုတ်ပြီး တလိုင်လေးကျော်သင်းကို ပြူးကြောင်ကြောင်ဖြင့် ကြည့်နေသည်။

''ငါတို့က နင့်ကို မုဒိန်းကျင့်လို့ နင်က နင့်လင် ဖိုးတုတ်ကို သွားတိုင်တယ်..ဟုတ်လား…မသာမ..နောက်ဆုံး တော့ နင် ငါတို့ နယ်မြေကို ရောက်လာရတာပဲ…အေး..ဒီည နင့်ကို အဝလုပ်ပြီးမှ…ရန်ကုန်မြစ်ထဲ ပစ်ချပစ်မယ်''

''အကိုကျော်သင်းရယ်..အသောင်းနောင်တရပါပြီ..အသောင်းကို ခွင့်လွှတ်ပါ..တောင်းပန်ပါတယ်''

''အောင်မယ်..လင်အားကိုး ရှိတုန်းက အချိုးကတမျိုး..နင့်လင်ကို နင်ခေါ်လာပြီး ငါ့ဆိုင်ကိုဖျက်ဆီး၊ ငါ့တပည့်ကို အပ်နဲ့ချုပ်သွားတုန်းက..နင်ဒီလို စကားပြောလား..ကြာပါတယ်..အကိုကြီး..ဒီကောင်မကို အကိုကြီး အရင်လုပ်ဗျာ…အားကြီးအကြောတင်တဲ့ကောင်မ.မို့..အကိုကြီးအတွက် ညီလေးက မွေးနေ့လက်ဆောင်ပေးတာ''

အရပ်မြင့်မြင့် ဗလတောင့်တောင့်နှင့်လူက T တံဆိပ် ဘီယာပုလင်းကို မော့သောက်နေရာမှ ပြုံးပြလိုက်သည်။
ထို့နောက် ထိုင်နေရာမှ ထလိုက်ပြီး မသောင်း၏ အင်္ကျီ ကုတ်ကို ဆွဲမလိုက်သည်။

ဖန်ပေါင်းချောင်အင်္ကျီ ဇာသား မို့ အင်္ကျီ ရှေ့ပိုင်းမှ ကြယ်သီးများ တဗြုတ်ဗြုတ်ပြုတ်ကုန်သည်။

မသောင်း၏ ခန္ဓာကိုယ်အရှေ့ဘက်အခြမ်းကား ဇာဘော်လီအနီရောင်မှ လွဲပြီး အကာအကွယ်မရှိတော့။

ဗလတောင့်တောင့်လူက မသောင်းကို စားပွဲပေါ်သို့ မှောက်တင်လိုက်သည်။

တလိုင်းလေး ကျော်သင်းက ဘီယာတစ်လုံးကို ဂိုက်တံဖြင့် ဖောက်ပြီး မော့သောက်ရင်း မြင်ကွင်းကို အရသာခံကြည့်နေ၏။

''မလုပ်ကြပါနဲ့ရှင်..မလုပ်ကြပါနဲ့''

မသောင်းအသံက ခပ်ပြတ်ပြတ်ထွက်လာ၏။
 တစ်ဆက်တည်းတွင် တံခါးခေါက်သံ ကြားလိုက်ရသည်။

''ကုန်းဘောင်ကြီးကြော်..လာပို့တာပါ''

တလိုင်းလေးကျော်သင်းက ဘီယာပုလင်းကို စောင့်ချလိုက်ပြီး 

''ရတယ်..အကိုကြီး လုပ်စရာရှိတာလုပ်…''

ကျော်သင်းက တံခါးကို ထဖွင့်လိုက်သည်။

တံခါးဝတွင် ပန်းကန်ကိုင်ထားသော လူတစ်ယောက်။

''ပေး..အထဲဝင်မလာနဲ့..ဟေ့ကောင်..နောက်ထပ် ဘီယာနှစ်လုံးထပ်ယူခဲ့ကြားလား''

ကျော်သင်းက ပြောပြာဆိုဆိုဖြင့် ပန်းကန်အားလှမ်းယူရင်း ကြည့်လိုက်ရာ..ပန်းကန်အတွင်းတွင် ကုန်းဘောင်ကြီးကြော်များမရှိပဲ ဘရိတ်ဓါးများသာ ချိုးထည့်ထားသည့်ကို တွေ့လိုက်ရသည်။

ဝုန်း ခနဲ အသံနှင့်အတူ ကျော်သင်း နောက်သို့ ဆောင့်ကန်ခံလိုက်ရသည်။

အခန်းတွင်းသို့ ဝင်လာသူက ဂန္ဓမာသောင်းရီ ။
သူ့နောက်တွင် စံဘ နှင့် ငညွန့် ဝင်လာကြသည်။

ဂန္ဓမာသောင်းရီ က ချိန်းကြိုးကို လက်တွင်ပတ်ကာ တလိုင်းလေးကျော်သင်း၏ မျက်နှာကို ခွထိုးတော့သည်။

ငညွန့်က ပါလာသော ဇာဝီတုတ်ဖြင့် မသောင်းအား မတရားပြုကျင့်နေသော လူထွားကြီးကို ဝင်ရိုက်သည်။

လူထွားကြီးမှာ ကုန်းကုန်းကွကွဖြင့် ဘာလုပ်ရမှန်းမသိဖြစ်နေပြီး ခါးပတ်ဖြုတ်ပြီး ခြေချင်းဝတ်သို့ ပုံကျနေသော သူ့ဘောင်းဘီကို ကောက်ဝတ်သည်။

သို့သော် ငညွန့် အဆက်မပြတ်ရိုက်နေသဖြင့် လက်တစ်ဖက်က ငညွန့်ကို ၏ တုတ်ကို ကာနေရ၏။ 
မသောင်းကား ဝတ်လစ်စလစ်ဖြင့် အခန်းထောင့်တွင် ကပ်နေသည်။

လူထွားကြီးက ဘောင်းဘီဝတ်ဖို့ မကြိုးစားတော့ပဲ ငညွန့်၏ တုတ်ချက်များကို ရှောင်ကာ ငညွန့်ကို ဝိုက်လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်လေသည်။.

ငညွန့်ကား စားပွဲပေါ်သို့ ပုံလျက်ကျသွားသည်။

တိုက်ပွဲကို ကြောင်ကြည့်နေသော စံဘက သတိဝင်လာပြီး ခါးကြားမှ ဓါးမကို ထုတ်ကာ လူထွားကြီး၏ ကို ပြေးခုတ်လိုက်သည်။

လူထွားကြီးက ကိုယ်ကို ယိမ်းပြီးရှောင်လိုက်သဖြင့် စံဘ အရှိလွန်ကာ ရှေ့သို့ ဟပ်ထိုးလဲကျသွားသည်။
လဲကျသွားသော စံဘကို လူထွားကြီးက ခုန်အုပ်လိုက်သည်။

တလိုင်းလေးကျော်သင်းကို ခွကာထိုးနေသော ဂန္ဓမာက အခန်းတွင်း အခြေအနေကို သတိထားမိလိုက်သည်။

''ငညွန့်..ဒီကောင့်ကို လာချုပ်ထား''

စားပွဲပေါ်လဲနေသော ငညွန့်က နဖူးမှ သွေးစများကို သုတ်ကာ ဂန္ဓမာဖိထားသော တလိုင်းလေးကျော်သင်းကို လာချုပ်သည်။

ဂန္ဓမာက စံဘနှင့် လုံးထွေးနေသော လူထွားကြီးကို ဝင်ထိုးသည်။

စံဘ က အောက်တွင် အသွေးအလူးလူးဖြစ်နေချေပြီ။
ဂန္ဓမာ  က လက်သီးတွင် ပတ်ထားသော ချိန်းကြိုးကိုဖြည်ပြီး လက်နှစ်ဖက်ဖြင့် ချိန်းကြိုးကို ကိုင်ကာ လူထွားကြီး၏ လည်ပင်ကိုး လိမ်ညှစ်လိုက်သည်။

လူထွားကြီး နောက်လန်ကျလာပြီး ရုန်းကန်နေ၏။
ဂန္ဓမာ ပေါ်သို့ လူထွားကြီး၏ ခန္ဓာကိုယ် ပိကျလာသည်။
သို့သော် ဂန္ဓမာသောင်းရီ ၏ လက်နှစ်ဖက်မှ သွေးများကျလာသည်အထိ ချိန်းကြိုးကို တင်းတင်းကြပ်ကြပ် ဖိဆွဲထားဆဲပင်။

လူထွားကြီး၏ လည်ပင်းထဲသို့ ချိန်းကြိုးက တစတစ မြုပ်ဝင်နေသည်။

မကြာမီ ဝုန်းခနဲ အသံကြီးဖြင့် အတူ လူထွားကြီးက တချက်ခုန်လိုက်ပြီး ငြိမ်ကျသွားသည်။

မျက်လုံးနှင့် ပါးစပ်ထဲမှ သွေးများက ဂန္ဓမာသောင်ရီအပေါ်သို့ စီးကျလာ၏။

စံဘက အောက်ကျနေသော ဓါးမကို ကောက်ကာ လူထွားကြီး၏ ရင်ဘတ်ကို ဆက်တိုက်ဝင်ခုတ်သည်။

''ဟေ့..စံဘ. တော်ပြီဟ...တော်တော့..သေနေပြီဟ''

လူထွားကြီး၏ ခန္ဓာကိုယ်အောက်ပိနေသော ဂန္ဓမာသောင်းရီက လှမ်းအော်မှ စံဘ ရပ်သွားသည်။
ထိုအခါမှ ဂန္ဓမာက လူထွားကြီးကို ဖယ်ကာ ထလာသည်။

''ငါယိုးလိုမှပဲ…စံဘ..စောက်ကလေးရယ်…သေနေပြီဟ..မင်းက ဆက်တိုက်ခုတ်နေတော့ ဒီ နွားကြီးသွေးတွေက ငါ့မျက်နှာမှာ အကုန်စင်ပြီး ရှိုးပဲ့ကုန်ပြီဟ.လခွမ်းထဲမှပဲ..ဟို ဘီယာပုလင်း ယူပေးစမ်းကွာ''

စံဘက တလိုင်းလေးသောက်လက်စ ဘီယာပုလင်းကို ယူကာ ဂန္ဓမာကို ပေးလိုက်သည်။
ဂန္ဓမာက ဘီယာပုလင်းကို ယူပြီး အထဲမှ ဘီယာဖြင့် သူ့မျက်နှာကို သစ်လိုက်သည်။ ထို့နောက် ကုတ်အင်္ကျီပေါ်မှ ပေနေသော သွေးများပေါ် ဘီယာဖြင့် လောင်းချလိုက်၏။

ထို့နောက် ခုံပေါ်တွင် ထိုင်လိုက်ပြီး ကျန်နေသော ဘီယာတစ်လုံးကို အသင့်ရှိနေသော ဖန်ခွက်ထဲ ငှဲ့သောက်လိုက်သည်။

''အသောင်း..အောက်က သွားစောင့်နေ..ခဏနေ မောင်. ဆင်းလာခဲ့မယ်''

ဂန္ဓာမာသောင်းရီက သူ့ကုတ်အင်္ကျီကို ချွတ်ကာ မသောင်းကို ပေးလိုက်သည်။
မသောင်းကား  သွေးတို့ပေကျံနေသော ကုတ်အင်္ကျီဖြင့် သူမ အရှက်ကို ကာကွယ်ကာ ကြောက်ကြောက်ရွံံံံ့ရွံ့ဖြင့် အောက်ဆင်းဖို့ပြင်သည်။

''အသောင်း ခဏနေဦး..အသောင်းကို ခုန မတရားကျင့်တဲ့ ခွေးကောင် ရဲ့ သေချင်းဆိုးကို အားရအောင် ကြည့်သွားဦး''

မသောင်းက ကြမ်းပြင်တွင် သွေးအလူးလူးဖြင့် သေနေသော မသာကြီးကို တချက်ကြည့်ကာ အောက်သို့ ဆင်းသွား၏။

သူ နှင့်တွေ့လျှင် မင်းသားတစ်ယောက်အလား စမတ်ကျကျဝတ်ပြီး ရှက်တတ်သော ဂန္ဓမာသောင်းရင်သည် သူ့ရှေ့တွင်ပင် လူတစ်ယောက် အား သတ်ပြီး အေးအေးဆေးဆေးဘီယာငှဲ့သောက်နေသည်ကို မသောင်း မြင်လိုက်ရသည်။

တလိုင်းလေးကျော်သင်းကို အရှင်ဖမ်းရမည်ဟု လမ်းမတော်ဖိုးတုတ်က သူ့ကို တာဝန်ပေးလိုက်ကြောင်း ဂန္ဓမာသောင်းရင် သူမကို လာပြောစဉ်က လေသံအေးအေးလေး။

သို့သော်..စမတ်ကျကျဝတ်ပြီး ဂျစ်ကန်ကန်ပုံစံလေးဖြစ်သော်လည်း သူ့နှင့်ဆို ရှက်ရွံ့တတ်သည့် လူမိုက်လေး အတွက် သူ စိုးရိမ်ခဲ့သည်။

ပုဏ္ဍားဘထွန်း၏ လူမိုက်တွေကြားထဲ သူချစ်သော လူမိုက်လေးကို မိုက်ရူးရဲတိုးမဝင်စေချင်ခဲ့။

ထို့ကြောင့်..သူ့ကို တည်ကြက်ထားပြီး တလိုင်းလေးကို မျှားရန်အကြံကိုလည်း သူပဲ ပေးခဲ့ခြင်းဖြစ်သည်။

ချိုင်းနားစတန်းဟိုတယ်တွင် ဖောက်သည်နှင့် ပြသနာတက်ပြီး နှင်ထုတ်ခံရသည်ဆိုသည့် လုပ်ဇာတ်ကို ဂန္ဓမာနှင့် ဟိုတယ်ပိုင်ရှင်လောက်ဝီတို့ ပူးပေါင်းဖန်တီးကြသည်။

နောက်ရက်တွင် မသောင်း က ပုဏ္ဍားဘထွန်းနယ်မြေထဲမှ အွန်လောက်ဟိုတယ်တွင် အလုပ်ဝင်ခဲ့၏။

မသောင်းတွက်ဆသည့်အတိုင်းပင် သုံးရက်မြောက်နေ့တွင် ထိုသတင်းအနံ့ကိုရလာသည့် တလိုင်းလေး ကျော်သင်းသည် ပုန်းလျိုးကိုယ်ဖျောက်နေရာမှ ထွက်လာပြီး သူမ ထံ ရောက်လာတော့၏။
ကျောင်းတော်က ရန်စ ရှိသည်ကိုး။

အခုတော့ ဂန္ဓမာတို့ လက်ထဲသို့ ကျော်သင်း သက်ဆင်းရပြီ။

''ကဲ..ဘုန်းကြီးအိုကြီးကို ဓါးနဲ့ ထိုးသတ်ရဲ့တဲ့ သတ္တိခဲကြီး ကို ထူလိုက်ပါဦး..ငညွန့်ရေ''

ငညွန့်က တလိုင်းလေးကျော်သင်းကို ဆွဲထူကာ ဂန္ဓမာထိုင်နေသော စားပွဲရှေ့တွင် ဒူးထောက်ခိုင်းလိုက်သည်။

''စံဘရေ..ကောင်လေး..ခုန ဒီအခန်းထဲကို လာတော့..ငါ ကုန်းဘောင်ကြီးကြော်လာပို့တာကွ.ကုန်းဘောင်ကြီးကြော်တွေ မှောက်ကုန်ပြီလား မသိဘူးကွာ..လက်ကျန် ကုန်းဘောင်ကြီးကြော် ပန်းကန်လေးယူခဲ့ပါဦး''

စံဘ က အောက်ကျနေသော ပန်းကန်ထဲသို့ ကြမ်းပြင်မှ ဘရိတ်ဓါးများကို လိုက်ကောက်ထည့်ပြီး ဂန္ဓမာရှေ့သို့ လာချပေးသည်။

တလိုင်းလေးကျော်သင်း ကား မျက်နှာတစ်ခုလုံး ဖူးယောင်နေပေပြီ။

''ကဲ..ငါတို့ ရဲ့ သူရဲကောင်းကြီး တလိုင်းလေးကျော်သင်းကို သူစားချင်တဲ့ ကုန်းဘောင်ကြီးကြော်လေး ကြွေးလိုက်ကြစို့ကွာ..ငညွန့် ဒီကောင့် ပါးစပ်ကို ဖြဲလိုက်စမ်း''

ငညွန့်က လက်တစ်ဖက်ဖြင့် ကျော်သင်း၏ ပါးနှစ်ဖက်ကို ညှစ်က တစ်ဖက်က ဆံပင်ကို ဆွဲလျက် မော့ခိုင်းလိုက်၏။

''ကဲ..အားရပါးရစား..လူမိုက်ကြီးရေ''
ဂန္ဓမာသောင်းရီက ဘရိတ်ဓါးအကျိုးများ ထည့်ထားသော ပန်းကန်ဖြင့် တလိုင်းလေး၏ ဟနေသော ပါးစပ်ကို တေ့တာ လောင်းထည့်လိုက်သည်။

ဘရိတ်ဓါးတစ်ချို့က ထွက်ကျပြီး အချို့က ပါးစပ်ထဲ ဝင်ကုန်သည်။

''ငညွန့် လွှတ်လိုက်တော့''

ငညွန့်လွှတ်ပေးလိုက်သည်နှင့် ဂန္ဓမာက တလိုင်းလေးကျော်သင်း၏ ပါးကို ဘယ်ပြန်ညာပြန်ရိုက်ထည့်လိုက်သည်။

ပါးစပ်တွင်းမှ ဘရိတ်ဓါးအစများသည် ပါးချောင်နှစ်ဖက်ကို စိုက်ဝင်ကုန်ပြီး သွေးစများနှင့်အတူထွက်လာ၏။

တလိုင်းလေးမှာ နာကျင်လွန်းသဖြင့် လဲကျနေလျက်က ဂန္ဓမာသောင်းရီကို လက်အုပ်ချီကာ တောင်းပန်နေလေသည်။

''ကဲ..ရပြီ…ဒီကောင့်ကို ဖိုးတုတ်ဆီ ခေါ်သွားမယ်..စံဘ မင်းယူလာတဲ့ ဂုန်နီအိတ်ထဲ ဒီကောင့်ကို ထည့်ကွာ''

ဂန္ဓမာသောင်းရီက သူ့ခြေရင်းတွင် လဲကျနေသော တလိုင်းလေးကို ခြေထောက်ဖြင့် တွန်းဖယ်ကာ ထလိုက်သည်။

ဂန္ဓမာသောင်းရီ အောက်ထပ်သို့ ဆင်းလာသောအခါ မသောင်းက ကောင်တာဘေးတွင် တုန်ရီလျက်။

ပိုင်ရှင်တရုတ်မရှိတော့ပဲ..စားပွဲထိုးလေးတစ်ယောက်သာ ပြူးကြောင်ကြောင်ဖြင့် ထိုင်နေသည်။

''ကဲ..အသောင်း..လာ.မောင် အိမ်ပြန်လိုက်ပို့ပေးမယ်.ဆောရီးနော်..အသောင်းရှေ့မှာ မောင် လုပ်ပုံကိုင်ပုံ နည်းနည်းလေးကြမ်းသွားတယ်..''

ဂန္ဓမာသောင်းရီက မသောင်း၏ ခန္ဓာကိုယ်ကို သိုင်းဖက်ရင်း အပြင်သို့ ခေါ်ထုတ်လာသည်။

မသောင်းစိတ်ထဲတွင်မူ ''ဘုရားရေ..ဒါနည်းနည်းလေး ကြမ်းတာတဲ့လားရှင်ရယ်'' ဟု သာရေရွတ်မိတော့၏။

ဂန္ဓမာသောင်းရီ နှင့် မသောင်းက ကားအရှေ့ခန်းတွင် ထိုင်လိုက်သည်။

ငညွန့်နှင့် စံဘက သွေးတရွှဲရွှဲဖြင့် တလိုင်းလေးကျော်သင်းကိုထည့်လာသော ဂုန်နီအိတ်ကို ကြားတွင်ညှပ်လျက် ကားပေါ် တက်ထိုင်လိုက်၏။

မသောင်း၏ မိတ်ကပ်နံ့များ မှာ သွေးညှီနံ့ကို ဖုံးလွှမ်းခြင်းကာ မတတ်သာ။
ဂန္ဓမာသောင်းရီက ကားကို လမ်းမတော်ဘက်သို့ မောင်းထွက်လိုက်သည်။

''ဂန္ဓမာကြီး..ကျုပ်တို့တော့..ရှေ့ဆက်ပြီး ပွဲကြီးပွဲကောင်း ဆော်ရဦးမယ်..ထင်တယ်ဗျ''

ဂန္ဓမာသောင်းရီ က စီးကရက်မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။

''ဘာလို့လဲကွ..ငညွန့်ရ…''

''ဟာ..ဘာလို့ရမှာလဲ..ခုန ကျုပ်တို့ သတ်ခဲ့တာ..ပုဏ္ဍားဘထွန်းရဲ့ မွေးစားသား..အာဠာဝကစိန်ကြီးလေ''

''ဟေ''
……………………………………………..

ခက်ဇော်

(Zawgyi)

The Guys of Yangon,1930 (Part 7)

                              အခန္း(၈)
                                 ……………

''ဟာ..ကြၽန္ေတာ့္ကို အဲ့ဒီလိုႀကီးေတာ့ မၾကည့္လိုက္ပါနဲ႔ဗ်ာ..ကြၽန္ေတာ္က တျခားေၾကာင့္ ေမးတာမဟုတ္ပါဘူး။ လမ္းမေတာ္ဖိုးတုတ္ ဆိုတာ အရမ္းနာမည္ႀကီးေတာ့ ဒီ႐ုံးေရာက္တာနဲ႔ ခင္ဗ်ားရဲ႕ လူဆိုးမွတ္တမ္းကိုယ္ေရးရာဇဝင္ကို ကြၽန္ေတာ္လိုက္ရွာတယ္ဗ်။ မေတြ႕ဘူး။ လမ္းမေတာ္နဲ႔ဗဟန္းဌာနာေတြကို ဖုန္းဆက္ေမးေတာ့လည္း မရွိၾကဘူးတဲ့။ အဲ့ဒီေတာ့ အံၾသလြန္းလို႔ ခင္ဗ်ား လူဘယ္ႏွစ္ေယာက္သတ္ဖူးလဲလို႔ ေမးၾကည့္တာပါ..ဟဲဟဲ''

''ဒီမယ္ ကိုခင္ေမာင္…ကြၽန္ေတာ္က လူဆိုးမွ မဟုတ္တာဗ်…ဘယ္က လူဆိုးမွတ္တမ္းရွိမွာလဲ..''

''ဟားဟား..ဟုတ္ပါၿပီ…ကိုဖိုးတုတ္ရာ..ဟုတ္ပါၿပီ..ခင္ဗ်ားက စကားလည္း တတ္တာကိုးဗ်..ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္က ေနာက္ဆို ဒီနယ္ေျမမွာ ကိုဖိုးတုတ္တို႔နဲ႔ ဆက္ဆံရေတာ့မွာ…အခုကတည္းက တစ္ေယာက္နဲ႔ တစ္ေယာက္သိထားၾကေတာ့ ေကာင္းတာေပါ့''
………………………………………………………..

ညေန (၄)နာရီတြင္ အိတ္စပက္တာ ဦးဟုတ္ဂြမ္ ျပန္ေရာက္လာသည္။

လမ္းမေတာ္ဖိုးတုတ္ အား သူ႔ပိုင္ ေမာ္ေတာ္ကားျဖင့္ အိမ္သို႔ ျပန္လိုက္ပို႔ေလသည္။
''ဖိုးတုတ္ေရ…ဒီေန႔ေန႔လည္ပိုင္းကပဲ ဗိုလ္တစ္ေထာင္သပိတ္စခန္းကို ျပန္ဝင္လာတဲ့ သပိတ္ေခါင္းေဆာင္ နာရယန္းဆင္ အသတ္ခံလိုက္ရတယ္။ သတင္းႀကီးေနတာကေတာ့ လမ္းမေတာ္ဖိုးတုတ္ နဲ႔ သူ႔လူေတြ သတ္တာတဲ့ကြာ''

ဖိုးတုတ္ က ဦးဟုတ္ဂြမ္ စကားေၾကာင့္ ေၾကာင္သြားသည္။
''ဘာလဲဗ်..ဆရာဦးဟုတ္ဂြမ္း..ခင္ဗ်ားပဲ မနက္ကတည္းက ကြၽန္ေတာ့္ကို ေခၚထားတာေလ..ခင္ဗ်ားတို႔႐ုံးက ပုလိပ္တစ္အုပ္ေရွ႕မွာ တစ္ေနကုန္ ကြၽန္ေတာ္ ရွိေနတာပဲ..ဘာကိစၥ အဲ့ဒီကုလားကို ကြၽန္ေတာ္ကသတ္ရမွာလဲ.. ကြၽန္ေတာ့္လူေတြကိုလည္း မွာထားၿပီးသားပဲ။ ကြၽန္ေတာ့္အမိန႔္မရပဲ ဒီကိစၥထဲ ဘယ္ေကာင္ဝင္ပါရဲမွာလဲ''

''ဟုတ္ပါတယ္..ဒါကို ငါသိပါတယ္ကြ..ဒါေတြကို ႀကိဳသိလို႔ ဦးခ်န္ထြန္း က မင္းကို ငါ့ဆီ ေခၚထားခိုင္းတာ ေနမွာေပါ့။ မင္းစိတ္မပူပါနဲ႔ကြ။ မင္း တစ္ေနကုန္ အေနာက္ပိုင္းရာဇဝတ္ဝန္႐ုံးမွာ ရွိေနတာ အလီဘိုင္ အခိုင္အမာရွိတာပဲ''

''အဲ့ဒါဆို ဘာကိစၥ နာရယန္းဆင္ေသတဲ့ကိစၥက ကြၽန္ေတာ့္ နာမည္ထြက္ရတာလဲ''

''ဟ..ငါလည္း ဘယ္သိမလဲကြ..အေၾကာင္းရွိလို႔ အက်ိဳးရွိလာတာပဲ.မွတ္ပါ.ဖိုးတုတ္ရာ''
…………………………………………………………………………………………

ရန္ကုန္ဆိပ္ကမ္းမွ စတင္လိုက္ေသာ မီးပြားကေလးမွာ ရန္ကုန္တစ္ၿမိဳ႕လုံးသို႔ ပ်ံ႕ႏွံ႔ကူးစက္သြားခဲ့သည့္ ပထမ ကုလား - ျမန္မာ အဓိက႐ုဏ္းႀကီးသည္ ေလးရက္တာ ၾကာျမင့္ခဲ့ေလသည္။

အဓိက႐ုဏ္းအစတြင္ ကမ္းနားတြင္ ကူလီထမ္းၾကသည့္ ေဂၚရင္ဂ်ီကုလားမ်ားႏွင့္ အေျခခံလူတန္းစားကုလားအခ်ိဳ႕ က အသာစီးရခဲ့သည္။

သို႔ေသာ္ ေငြေၾကးခ်မ္းသာသူ ဇာတ္ျမင့္ကုလားအခ်ိဳ႕ႏွင့္ မြတ္ဆလင္အမ်ားစုမွာ အဓိက႐ုဏ္းတြင္မပါဝင္ခဲ့ၾကေပ။

အဓိက႐ုဏ္း ဒုတိယေျမာက္ေန႔ညေနမွ စတင္ၿပီး ဆင္ေျခဖုံးမွ ျမန္မာအမ်ားစုသည္ ၿမိဳ႕တြင္း ျမန္မာမ်ားႏွင့္ ပူးေပါင္းလာသျဖင့္ ကုလားမ်ား ဘက္က မွ စတင္ အေရးနိမ့္လာသည္။

အေျမာ္အျမင္ႀကီးေသာ ျမန္မာဘုန္းေတာ္ႀကီးမ်ားျဖစ္ၾကသည့္ ၾကည့္ျမင့္တိုင္သာဓုေက်ာင္းတိုက္ဆရာေတာ္၊ ဗားကရာတိုက္ဆရာေတာ္၊ ေဇာတနာရာမဆရာေတာ္၊ အလယ္ေတာရဆရာေတာ္ တို႔က ကိုယ္တိုင္ကိုယ္က် ေသာ္လည္းေကာင္း၊ သတင္းစာမ်ားမွေသာ္လည္းေကာင္း အဓိက႐ုဏ္းႀကီး တက္မျဖစ္ရန္ ေမတၱာရပ္ခံခဲ့ၾကသည္။

ျမန္မာလူမ်ိဳး (၂၀) ခန႔္ေသဆုံးၿပီး ကုလားလူမ်ိဳး (၁၂၀)ေက်ာ္ ေသဆုံးခဲ့ရသည္။

အဓိက႐ုဏ္းၿပီးဆုံးၿပီး ႏွစ္လအၾကာ ၾသဂုတ္လ (၁၀)ရက္ေန႔တြင္ ဖိုးတုတ္ အား ဦးဝိလာသေက်ာင္းမွ အေခၚလႊတ္လာသည္။

ေက်ာင္းထိပ္တြင္  ဒုလဘၻဝတ္ရာမွ လူမထြက္ရေသးေသာ ဦးေလးဦးဘိုးသင္ ႏွင့္ သြားဆုံသည္။

''ဒကာ ဖိုးတုတ္..အထဲမွာ မင္းလူ ဦးခ်န္ထြန္း ေရာက္ေနၿပီ..သူနဲ႔ မေတြ႕ခင္ ငါေျပာစရာရွိေသးတယ္''

''တပည့္ေတာ္လည္း ဦးဇင္းကို ေျပာစရာရွိတယ္။ ဦးဇင္း က လူမထြက္ေတာ့ဘူးလား''

''ငါ..လူမထြက္ခ်င္ေတာ့ဘူးကြာ..အခု ငါ့ကိုယ္ငါ အျပစ္ရွိသလိုခံစားရတယ္''

''ဘာေတြျဖစ္ေနတာလဲ ဦးဇင္း''

''ဘာေတြမွ မျဖစ္ဘူး..ဖိုးတုတ္..ဒီလူသတ္ပြဲႀကီးမွာ ဦးခ်န္ထြန္း နဲ႔ မင္းစနက္ မကင္းဘူးဆိုတာ ငါသိတယ္။ ဗမာေတြေရာ..ကုလားေတြေရာ.ရန္ကုန္တစ္ၿမိဳ႕လုံး.ေသြးေခ်ာင္းစီးကုန္တာ..ဘယ္ေလာက္စိတ္ပ်က္ဖို႔ေကာင္းလဲ''

''ဒါ ကြၽန္ေတာ္တို႔ ကိစၥပဲ..ဦးဇင္းနဲ႔ ဘာဆိုင္မလဲ''

''ဒီမွာ ဖိုးတုတ္..မင္း ဒီလိုျဖစ္လာေအာင္ ငါ က စခဲ့တာမဟုတ္လားကြာ..မင္းနဲ႔ ဦးခ်န္ထြန္းကိုလည္း ငါပဲ ေတြ႕ေပးခဲ့တာ''

''ေတာင္ေတာင္အီအီေတြ ေလွ်ာက္ေတြးမေနပါနဲ႔ ဦးဇင္းရာ..မၾကာခင္ လူထြက္ခဲ့ေတာ့..ဦးဇင္း နဲ႔ စကားေျပာရမွာေတြ..လုပ္ရကိုင္ရမွာေတြရွိေသးတယ္…ဦးဇင္း ဒကာမႀကီးလည္း အသက္ႀကီးၿပီ..သားေထာက္သမီးခံလည္းရွိတာမဟုတ္ဘူး..လူထြက္စရာရွိတာ ထြက္ပါဗ်ာ''
ဖိုးတုတ္က စကားကို ျဖတ္ၿပီး ေက်ာင္းတြင္းသို႔ ဝင္လိုက္သည္။

''ခင္ဗ်ား ေပၚလာေသးတယ္ေနာ္..ဝန္ေထာက္မင္း''

''ေဆာရီးပါ..ေမာင္ဖိုးတုတ္…အဓိက႐ုဏ္းၿပီးကတည္းက ဦးတို႔ အလုပ္ေတြ ရႈပ္ေနလို႔ ပါကြာ..ေမာင္ရင့္ကိုေတာ့ သတိရပါတယ္''

''မသိပါဘူးဗ်ာ..ဘုရားၿပီးသြားေတာ့ ျငမ္းဖ်က္ၾကၿပီလားလို႔..ဒါနဲ႔…ဝန္ေထာက္မင္းတို႔ လုပ္လိုက္တာ ကြၽန္ေတာ့္ေတာ့ အေတာ္ကို နာမည္ပ်က္သြားတယ္ဗ်..ေျပာစမ္းပါဦး..ဘာလို႔ ကြၽန္ေတာ္ရွာေပးတဲ့ ဗမာကူလီေတြကို ျဖဳတ္ပစ္လိုက္ရတာလဲ..အစကတည္းက ကုလားေတြ ျပန္ခန႔္မယ္ဆို ကြၽန္ေတာ္ ဘာလုပ္ေပးစရာလိုမလဲ''

''ကဲ..ဒါေတြ မေျပာပါနဲ႔ေတာ့..ေမာင္ဖိုးတုတ္။ မင္းတာဝန္ေက်ခဲ့တာပဲ။ ျဖစ္စရာရွိတဲ့ ကိစၥေတြက ျဖစ္ကို ျဖစ္ရမွာလို႔သာ သေဘာထားပါကြာ''

''ဟာ..လူေတြ ဒီေလာက္အမ်ားႀကီး ေသတဲ့ကိစၥ ကြၽန္ေတာ္က ျဖစ္စရာရွိတဲ့ကိစၥပဲလို႔ သေဘာထားေပးရ မွာလားဗ်ာ…ကြၽန္ေတာ့္ ဦးေလးေတာင္ ဒီသတင္းေတြၾကားၿပီး ေတာ္ေတာ္စိတ္ထိခိုက္ေနရွာတယ္''

''ကဲ..ေမာင္ဖိုးတုတ္ေရ…ငါတို႔ အလုပ္ကိစၥ ေျပာၾကရေအာင္ကြာ''

''လာျပန္ၿပီလား..ဒီအလုပ္ကိစၥ''

''ဒီတစ္ခါေတာ့ မင္းသေဘာက်မယ့္ကိစၥပါ။ မစၥတာတီကူးပါး က မင္းကို သူနဲ႔ တိုက္႐ိုက္ဆက္သြယ္ႏိုင္မယ့္ ဖုန္းနံပါတ္ေလးေပးခိုင္းလိုက္တယ္ကြ''

ဦးခ်န္ထြန္း ကဖိုးတုတ္ကို ကဒ္ျပားတစ္ခု ကမ္းေပးလိုက္သည္။

ဖိုးတုတ္က ကဒ္ျပားေပၚမွ နာမည္ႏွင့္ ဖုန္းနံပါတ္ကိုၾကည့္ကာ မ်က္လုံးျပဴးသြား၏။

''မအံၾသနဲ႔..ေမာင္ဖိုးတုတ္..ေမာင္ဖိုးတုတ္နဲ႔ မစၥတာတီကူးပါးကို မိတ္ဆက္ေပးတဲ့ေန႔က ဦး ေျပာခဲ့သားပဲကြ..မစၥတာတီကူးပါး ဟာ ျပည္ထဲေရးအတြင္းဝန္ျဖစ္မွာပါဆို''

''တကယ္ပဲ ျပည္ထဲေရးအတြင္းဝန္လားဗ်ာ''

''ေနာက္တပတ္ ၾသဂုတ္ ၁၂ ရက္ေန႔မွာ က်န္းမာေရးေဆးခြင့္ေပးလိုက္တဲ့ ဘုရင္ခံ ဆာခ်ားအင္းနစ္ ေနရမွာ ျမန္မာလူမ်ိဳး ဆာဂ်ိဳးဇက္ေမာင္ႀကီးက ဘုရင္ခံအျဖစ္ က်မ္းသစၥာက်ိန္ဆိုပြဲရွိတယ္။ ဆာဂ်ိဳးဆက္ေမာင္ႀကီး က်မ္းက်ိမ္ၿပီးတာနဲ႔ ျပည္ထဲေရးအတြင္းဝန္ အျဖစ္ မစၥတာတီကူးပါး က က်မ္းသစၥာက်ိန္ဆိုလိမ့္မယ္။ ၾသဂုတ္ ၁၂ ေက်ာ္ၿပီးဆိုတာနဲ႔ ေမာင္ဖိုးတုတ္ စိတ္ပါရင္ မစၥတာတီကူးပါး ဆီ ဖုန္းဆက္လို႔ရပါတယ္။ ေဟာ့ဒီ ၿဗိတိသွ်ကိုလိုနီဘားမားႏိုင္ငံႀကီးမွာ ျပည္ထဲေရးအတြင္းဝန္ကို တိုက္႐ိုက္ဖုန္းဆက္ခြင့္ရွိတာ ဘုရင္ခံရယ္၊ ပုလိပ္မင္းႀကီးရယ္၊ စုံေထာက္မင္းႀကီးရယ္၊ ဦးရယ္၊ ေမာင္ဖိုးတုတ္ရယ္ပဲ ရွိတယ္..ေမာင္ဖိုးတုတ္''

ဦးခ်န္ထြန္းက ဖိုးတုတ္ထံ လက္ကမ္းလိုက္သည္။

လမ္းမေတာ္ဖိုးတုတ္က ဦးခ်န္ထြန္းကို ျပန္လည္ လက္ဆြဲႏႈတ္ဆက္လိုက္ေတာ့သည္။
…………………………………………………………………………………………

“ႏိုင္ငံေရးသမားမ်ားတို႔သည္ ယခုအခါျမန္မာမ်ားအေနျဖင့္ အုပ္ခ်ဳပ္ေရး၏ အႏွစ္မရ အသြင္ရသည္ဟု ေျပာဆိုေလ့ရွိၾကသည့္အတိုင္း ျမန္မာလူမ်ိဳးဘုရင္ခံကို အဂၤလိပ္အုပ္ခ်ဳပ္ေသာ နည္းစနစ္အရ ခန႔္အပ္လိုက္သည္ကို မ်က္ဝါးထင္ထင္ ေတြ႕ၾကရေသာ အသြင္မွ်ကို ျမင္ရ႐ုံႏွင့္ေသာ္ တို႔ျမန္မာဟူ၍ ေအာက္ေမ့ကာ ဝမ္းေျမာက္ဝမ္းသာ ျဖစ္ၾကသည္ကို ျမင္ရသည့္အခါ တကယ္စစ္စစ္ အႏွစ္တည္းဟူေသာ လြတ္လပ္ေရးကို ရၾကသည့္အခါ အဘယ္မွ် ဝမ္းေျမာက္ဝမ္းသာၾကမည္ကား ေတြးေတာ၍ပင္ မဆုံးေတာ့တကားဟု ေအာက္ေမ့ၾကရေၾကာင္း''

၁၉၃၀ ၾသဂုတ္ ၁၃ ရက္ေန႔ထုတ္ သူရိယ သတင္းစာေခါင္းႀကီးပိုင္းတြင္ ဆာဂ်ိဳးဇက္ေမာင္ႀကီး၏ ဘုရင္ခံဘိသိက္ပြဲကို တခမ္းတနားေဖာ္ျပထား၏။

တဆက္တည္း ျပည္ထဲေရးအတြင္းဝန္ မစၥတာတီကူးပါး ၏ က်မ္သစၥာက်ိန္ပြဲလည္း ပါရွိေလသည္။
လမ္းမေတာ္ဖိုးတုတ္ သည္ ထိုသတင္းစာကို အႀကိမ္ႀကိမ္ ျပန္ဖတ္သည္။.

ျပည္ထဲေရးအတြင္းဝန္ မစၥတာတီကူးပါး ဟူေသာ နာမည္ကို အထပ္ထပ္ ျပန္ဖတ္သည္။
ထိုေန႔ညက ရန္ကုန္ျမစ္လယ္ရွိ၊ ပရင့္ဆက္သေဘၤာေပၚတြင္ လူမိုက္ႀကီး လမ္းမေတာ္ဖိုးတုတ္မွ ဧည့္ခံတည့္ခင္းေသာ ပါတီကို ဝွဲခ်ီးက်င္းပေလသည္။

ဖိုးတုတ္၏ သက္ဆိုင္ရာနယ္ပယ္အသီးသီးမွ တပည့္လူမိုက္မ်ား၊ ပုလိပ္အရာရွိမ်ား၊ လမ္းမေတာ္ဒုစ႐ိုက္လုပ္ငန္းမ်ားမွ စီးပြားေရးသမားမ်ား၊ ႐ုပ္ရွင္ဇာတ္သဘင္နယ္ပယ္မွ ပုဂၢိဳလ္မ်ား စည္ကားစြာ တက္ေရာက္ေလသည္။

ည ၁ နာရီတြင္ ပါတီပြဲ ၿပီးဆုံးေလသည္။
ဖိုးတုတ္၊မသင္းျမ ႏွင့္ တပည့္မ်ား ေလွတစီးျဖင့္ ကမ္းေပၚသို႔ တက္လာၾကသည္။

ထို႔အခ်ိန္တြင္ ပါတီပြဲမတက္ပဲ မိခင္ျဖစ္သူႏွင့္အတူ အိမ္တြင္ က်န္ရစ္သည့္ ညီျဖစ္သူ ဘသိန္း က စက္ဘီးျဖင့္ အေျပးအလႊားေရာက္လာသည္။.

''ကိုႀကီးဖိုးတုတ္..ကိုႀကီးဖိုးတုတ္..အီး..ဟီး..ဟီး''

ဘသိန္းက အသားေတြ တဆတ္ဆတ္တုန္ေနသလို၊ မ်က္ရည္ေတြက်ေနသည္။

''ေဟ့ေကာင္..ဘသိန္း..ဘာျဖစ္တာလဲ..မင္း ဘာျဖစ္လာတာလဲ''

''ဦးေလးဘိုးသင္ ေသၿပီဗ်…ဦးေလး ဘိုးသင္ေသၿပီ''

''ဟင္..ဘယ္လို..ဘာျဖစ္လို႔လဲ…ဘယ္လိုျဖစ္တာလဲ''

''ဦးေလးက ေနာက္ေန႔လူထြက္မွာမို႔..ညခင္းဘက္ ဆရာေတာ္ႀကီးကို ဘိလပ္ရည္ကပ္မယ္ဆိုၿပီး ကိုယ္တိုင္ ထြက္ဝယ္တာတဲ့…အဲ့ဒါ ဘိလပ္ရည္ဝယ္ၿပီး ေက်ာင္းကို အျပန္မွာ လူတစ္ေယာက္လိုက္လာၿပီး ေက်ာင္းဝအေရာက္မွ ဓါးနဲ႔ ကပ္ထိုးသြားတာတဲ့..ဦးေလး ေအာ္ေခၚသံၾကားလို႔ ေက်ာင္းက ကိုယ္ေတာ္ေတြ ထြက္ၾကည့္ေတာ့ ေသြးအိုင္ထဲမွာတဲ့''

''ဟာ..ကြာ..ဘယ္လိုျဖစ္တာလဲ..ေဟ့ေကာင္ေတြ..အကုန္ကားေပၚတက္…ဦးဝိလာသေက်ာင္းကို ေမာင္းမယ္''

ေက်ာင္းေရွ႕တြင္ ဘုန္းႀကီးမ်ား၊ ကိုရင္မ်ားႏွင့္အနီးဝန္းက်င္မွ လူမ်ား ဝိုင္းအုံေနၾကသည္။

လမ္းမေတာ္ဖိုးတုတ္တို႔ ကားမ်ား ဆိုက္လာေသာအခါမွ ရွဲသြားၾက၏။

 ဦးဘိုးသင္ သည္ ေသြးအိုင္ထဲတြင္ ၿငိမ္သက္ေနသည္။
လည္ပင္း ဓါးဒဏ္ရာအေပါက္ထဲမွ ေသြးမ်ား တပြက္ပြက္ထြက္ေနဆဲ။

မသင္းျမ က အိခနဲ ရႈိက္ငိုၿပီး မ်က္ႏွာလႊဲသြားသည္။
ဖိုးတုတ္က ဦးဘိုးသင္ ၏ အေလာင္းကို ေငးၾကည့္ေန၏။

''အုန္းေဖ…အေလာင္းကို အိမ္ျပန္သယ္ဖို႔လုပ္…ဂႏၶမာ က ဦးဟုတ္ဂြမ္ ဆီသြား..ခုနကမွ သူျပန္သြားတာ အိပ္ဦးမွာမဟုတ္ဘူး။ အေျခအေနကိုေျပာျပ။ ငါက အမွႈမဖြင့္ခ်င္ဘူး။ လူသိမခံခ်င္ဘူး။ ဒီကိစၥ ငါ့ဟာငါ ရွင္းမယ္လို႔ ေျပာလိုက္''

''စိတ္ခ် ဖိုးတုတ္..စိတ္ခ်''

''ပု႑ားေက်ာ္ထြန္း နဲ႔ ထြန္းတင္ မင္းတို႔လူေတြကိုခု ခ်က္ခ်င္းစု…ငါ့ဦးေလးကို သတ္တဲ့ေကာင္ကို စုံစမ္းခိုင္း။ ဘယ္သူ႔လက္ခ်က္လဲဆိုတာ မနက္ျဖန္ ငါသိခ်င္တယ္''

''ဟုတ္ကဲ့..ဆရာဖိုးတုတ္''

''ဘသိန္းနဲ႔ မသင္းျမက ဒီကားနဲ႔ အေမ့အိမ္ကိုသြား ၊ အေမ့ကို ဝင္ေခၚ ၿပီးရင္ အေဒၚသိန္းကို ဒီကိစၥသြားေျပာရမယ္။ ျဖစ္ႏိုင္ရင္ ငါက ေျပာလိုက္တယ္ သူ႔ေယာက္်ားအသုဘကို မနက္ျဖန္ ပဲ ခ်က္ခ်င္းခ်ခ်င္တယ္လို႔ ။ ငါ့ဦးေလး အေလာင္းကို ငါ ျမင္ရတာၾကာရင္ ေတြ႕သမွ်လူ ငါသတ္မိေတာ့မယ္''

''ငၫြန႔္နဲ႔ စံဘက ငါနဲ႔ အတူ ကမာ႐ြတ္သခ်ႋဳင္းကို လိုက္ခဲ့၊ မနက္လုပ္မယ့္ ဦးေလးအသုဘအတြက္ အေခါင္းသြားဝယ္မယ္။ ၿပီးရင္ မင္းတို႔ ဦးေလးအိမ္ကို အေခါင္းျပန္သယ္သြားၾက''

''ဒီအခ်ိန္ႀကီး မင္းလိုက္မသြားနဲ႔ေလ။ ငၫြန႔္ နဲ႔စံဘပဲ သြားပါေစ..ဖိုးတုတ္''

''ဦးေလးနဲ႔ ငါ ေနာက္ဆုံးစကားေျပာတာ ဒီေက်ာင္းေပါက္ဝမွာပဲကြ.ဂႏၶမာ.။ ဦးေလးက ဘုန္းႀကီး တသက္လုံးဝတ္မယ္ ေျပာလို႔ ငါ က လူထြက္လို႔ေတာင္ ခပ္မာမာေျပာခဲ့ေသးတယ္။ ငါအခု ကမာ႐ြတ္သခ်ႋဳင္းကို သြားမယ္။ ဦးေလးကို ျမဳပ္မယ့္  က်င္းကို ငါကိုယ္တိုင္ သြားတူးမယ္။ ငါ့ဦးေလး ေသရတာ ငါ့ပေယာဂ ပါတယ္လို႔ ငါထင္ေနတယ္ကြ''

''ဟာ..ေဟ့ေကာင္..ဖိုးတုတ္..မင္းဟာက မဟုတ္ေသးပါဘူး''

''ငါခိုင္းတာပဲလုပ္ကြာ.ဂႏၶမာ''
…………………………………………………………………………………………

''အဲ့ဒီညက ဦးေလးဦးဘသင္ကို သတ္တာ ပု႑ားဘထြန္းတပည့္ တလိုင္းေလးေက်ာ္သင္း တဲ့ ဖိုးတုတ္''.

''မင္းသတင္းက ေသခ်ာလား ဂႏၶမာ ''

''တို႔လူ ေက်ာ္ထြန္းကိုယ္တိုင္ ပု႑ားလူေတြဆီက အတိအက် ႏႈိက္လာခဲ့တာပဲဆရာ..အဓိက႐ုဏ္းတုန္းက ပု႑ားတပည့္ နာရရန္းဆင္ ေသတဲ့ကိစၥမွာ ဆရာဖိုးတုတ္ သတ္တာမို႔ ပု႑ားက ကလဲ့စားေခ်တဲ့အေနနဲ႔ ဦးဘသင္ကို ျပန္သတ္ခိုင္းတာတဲ့''

''တလိုင္းေလး..တလိုင္းေလး..သင္းက ပု႑ားခိုင္းတိုင္းလုပ္တယ္ေပါ့..ဟိုတခါ သူ႔ဆိုင္ကို ဝင္ကတည္းက ဒီေကာင့္ကို ေစာင့္ၿပီး သတ္ပစ္ခဲ့ရမွာ''

''အခု ငါတို႔ ဘာလုပ္ၾကမလဲ..ဖိုးတုတ္''

''ေနဦး ဂႏၶမာ..ငါစဥ္းစားေနတယ္..ဦးေလးသာရွိရင္ ဒီကိစၥ ငါ့ကို ဘယ္လို အႀကံေပးမလဲလို႔ ငါစဥ္းစားေနတာ''
ဖိုးတုတ္က ေဆးတံကို မီးညႇိ႔လိုက္သည္။

ထို႔ေနာက္ နံရံေပၚမွ ဦးဘိုးသင္း၏ ဓာတ္ပုံကို ေငးလိုက္သည္။

''နာရရန္းဆင္ကို ငါသတ္ခဲ့တယ္လို႔ ပု႑ားက ထင္တယ္ပဲထားပါေတာ့။ သူလက္စားေခ်ခ်င္ရင္ ငါ့ကို သတ္ရမွာေလ။ ငါမဟုတ္လည္း မင္းတို႔ထဲက တစ္ေယာက္ေယာက္ေပါ့ကြာ။ အခုက ဘာမဆိုင္ ညာမဆိုင္ ဘုန္းႀကီးဝတ္ေနတဲ့ ငါ့ဦးေလးကိုသတ္တာ ဘာသေဘာလဲ''

''ငါထင္တာေတာ့ တလိုင္းေလးက သိပ္ၿပီး လက္စရွိတဲ့ေကာင္ေတာ့မဟုတ္ဘူးကြ။ ငါတို႔ကို ဝင္လုပ္ဖို႔ဆိုတာ လည္း ဒီေကာင့္အတြက္မလြယ္ဘူး။ ဒါေၾကာင့္ လုပ္လို႔ရတဲ့လူကို လုပ္သြားတာထင္တယ္''

''ေနဦး ဂႏၶမာ…ဒီကိစၥအားလုံးရဲ႕ အေျဖက တလိုင္းေလး ဆီမွာပဲ ရွိတယ္…တလိုင္းေလးကို ငါအရွင္လိုခ်င္တယ္.. အဲ့ဒါ မင္းတာဝန္ယူေပး''

''စိတ္ခ်..ဖိုးတုတ္..ငါ့ကို မင္းစိတ္ခ်..''
……………………………………………………………………

အခ်ိန္က ည ၁၁ နာရီခြဲ။
ရန္ကုန္ၿမိဳ႕တြင္ မည္သည့္ဟိုတယ္ျဖစ္ေစ ည ၁၂ နာရီအတိတြင္ ပိတ္သိမ္းၾကရသည္။ .

(၂၉)လမ္းထိပ္တြင္ တည္ရွိေသာ အြန္ေလာက္ ဟိုတယ္ မွ ပိုင္ရွင္တ႐ုတ္သည္လည္း ေနာက္ထပ္လာေသာ ဧည့္သည္မ်ားကို လက္မခံပဲ ႏွင္လႊတ္ေန၏။

ဆိုင္ခန္းထဲရွိ ေသာက္လက္စ ဝိုင္းမ်ားကိုလည္း မၾကာမီ ဆိုင္ပိတ္ေတာ့မည္ျဖစ္ေၾကာင္း ဝိတ္တာအခ်ိဳ႕မွ လိုက္လံသတိေပးေနသည္။

အခ်ိဳ႕ကား ယမကာအရွိန္ျဖင့္ စကားမျပတ္ၾကေသး။ အခ်ိဳ႕ကား ဟိုတယ္မယ္ကေလးမ်ားႏွင့္ သံေယာဇဥ္မျပတ္ေသး။ အျပင္ေခၚသြားရန္ ေဈးမတည့္ႏိုင္ေသး။

ထိုအခ်ိန္တြင္ ဟိုတယ္ထဲသို႔ လူႏွစ္ေယာက္ဝင္လာသည္။ တစ္ေယာက္က အရပ္ ေထာင္ေထာင္ေမာင္းေမာင္း၊ တစ္ေယာက္က အသားျဖဴျဖဴ၊ ဘိုေကအလယ္ခြဲႏွင့္။

''ေနာက္ေန႔မွ လာခဲ့ပါေတာ့..ဆရာကီးတို႔..ဧည့္သည္လက္ခံလို႔ မရေတာ့လို႔ပါ..ဆိုင္ပိတ္ေတာ့မယ္..မိုးခ်ဳပ္ၿပီ''
''ေစာက္တ႐ုတ္..မင္းက ငါ့ ဘယ္သူထင္လို႔လဲ''

ဘိုေကအလယ္ခြဲက ေျပာလိုက္သည္။

''ေၾသာ္..ဆရာကီးပါလား..တျခားလူေတြကို လက္မခံေတာ့ဘူးေျပာတာပါ..ဆရာကီးတို႔ဆို အြန္ေလာက္က တံခါးဖြင့္ထားရမွာေပါ့''

''ေအး..ဟုတ္ၿပီ..ဒါေပမယ့္..ငါတို႔ အၾကာႀကီးမေနပါဘူး…မင္းတို႔ဆီမွာ ငါတို႔ ေတြ႕ခ်င္တဲ့ ေကာင္မတစ္ေကာင္ရွိလို႔လာတာ''

''ဘယ္သူလဲ..ဆရာကီးတို႔ ေတြ႕ခ်င္တဲ့ ေကာင္မ''

''ဟိုတစ္ေန႔ကမွ ခ်ိဳင္းနားစတန္းက တ႐ုတ္ႏွင္ထုတ္လိုက္လို႔..ဒီကို ေျပာင္းလာတဲ့ ေကာင္မေလ''

''ေအာ္..အေသာင္းလား..အေသာင္းကို ေျပာတာလား''

''ေအး..ဟုတ္တယ္..ငါတို႔ ကို အခန္းတစ္ခန္း စီစဥ္ေပး..ၿပီးရင္ အဲ့ဒီေကာင္မကို လႊတ္လိုက္..ၿပီးေတာ့ ဘီယာႏွစ္လုံးနဲ႔ ကုန္းေဘာင္ႀကီးေၾကာ္တစ္ပြဲေပး''

''စားဖိုမႉးျပန္သြားလို႔ ကုန္းေဘာင္ႀကီးေၾကာ္မရေတာ့ဘူး..ဆရာကီး..တျခား ဘဲကင္တို႔ ဘာတို႔ ေတာ့ ရွိတယ္''

''စာဖိုမႉးမရွိလည္း မင္းကိုယ္တိုင္ ေၾကာ္ကြာ..ဟုတ္ၿပီလား..ကုန္းေဘာင္ႀကီးေၾကာ္ပဲ လိုခ်င္တယ္''

''ေဟ့ေကာင္ေလး..ဒီဆရာကီးေတြကို အေပၚထပ္က အခန္း(၃)ကို ပို႔ေပးလိုက္၊ ၿပီးရင္ ဘီယာႏွစ္လုံးခ်ေပးလိုက္၊ ငါ ကုန္းေဘာင္ႀကီးေၾကာ္သြားေၾကာ္လိုက္ဦးမယ္''

ပိုင္ရွင္တ႐ုတ္မွာ ျပာျပာသလဲျဖင့္ စားဖိုခန္းထဲ ဝင္သြားသည္။

အခန္း(၃) ထဲသို႔ မေသာင္း တံခါးဖြင့္လိုက္သည္ႏွင့္ ေျဖာင္းခနဲ အသံႏွင့္အတူ ပုံလ်က္သား လဲက်သြားသည္။

''ဖာသည္မ..ထစမ္း..နင္.. ငါ့ မွတ္မိလား..ဟမ္..ငါေက်ာ္သင္းေလ''

မေသာင္း က ႏႈတ္ခမ္းဝတြင္ စို႔ေနေသာ ေသြးမ်ားကို သုတ္ၿပီး တလိုင္ေလးေက်ာ္သင္းကို ျပဴးေၾကာင္ေၾကာင္ျဖင့္ ၾကည့္ေနသည္။

''ငါတို႔က နင့္ကို မုဒိန္းက်င့္လို႔ နင္က နင့္လင္ ဖိုးတုတ္ကို သြားတိုင္တယ္..ဟုတ္လား…မသာမ..ေနာက္ဆုံး ေတာ့ နင္ ငါတို႔ နယ္ေျမကို ေရာက္လာရတာပဲ…ေအး..ဒီည နင့္ကို အဝလုပ္ၿပီးမွ…ရန္ကုန္ျမစ္ထဲ ပစ္ခ်ပစ္မယ္''

''အကိုေက်ာ္သင္းရယ္..အေသာင္းေနာင္တရပါၿပီ..အေသာင္းကို ခြင့္လႊတ္ပါ..ေတာင္းပန္ပါတယ္''

''ေအာင္မယ္..လင္အားကိုး ရွိတုန္းက အခ်ိဳးကတမ်ိဳး..နင့္လင္ကို နင္ေခၚလာၿပီး ငါ့ဆိုင္ကိုဖ်က္ဆီး၊ ငါ့တပည့္ကို အပ္နဲ႔ခ်ဳပ္သြားတုန္းက..နင္ဒီလို စကားေျပာလား..ၾကာပါတယ္..အကိုႀကီး..ဒီေကာင္မကို အကိုႀကီး အရင္လုပ္ဗ်ာ…အားႀကီးအေၾကာတင္တဲ့ေကာင္မ.မို႔..အကိုႀကီးအတြက္ ညီေလးက ေမြးေန႔လက္ေဆာင္ေပးတာ''

အရပ္ျမင့္ျမင့္ ဗလေတာင့္ေတာင့္ႏွင့္လူက T တံဆိပ္ ဘီယာပုလင္းကို ေမာ့ေသာက္ေနရာမွ ၿပဳံးျပလိုက္သည္။
ထို႔ေနာက္ ထိုင္ေနရာမွ ထလိုက္ၿပီး မေသာင္း၏ အက်ႌ ကုတ္ကို ဆြဲမလိုက္သည္။

ဖန္ေပါင္းေခ်ာင္အက်ႌ ဇာသား မို႔ အက်ႌ ေရွ႕ပိုင္းမွ ၾကယ္သီးမ်ား တျဗဳတ္ျဗဳတ္ျပဳတ္ကုန္သည္။

မေသာင္း၏ ခႏၶာကိုယ္အေရွ႕ဘက္အျခမ္းကား ဇာေဘာ္လီအနီေရာင္မွ လြဲၿပီး အကာအကြယ္မရွိေတာ့။

ဗလေတာင့္ေတာင့္လူက မေသာင္းကို စားပြဲေပၚသို႔ ေမွာက္တင္လိုက္သည္။

တလိုင္းေလး ေက်ာ္သင္းက ဘီယာတစ္လုံးကို ဂိုက္တံျဖင့္ ေဖာက္ၿပီး ေမာ့ေသာက္ရင္း ျမင္ကြင္းကို အရသာခံၾကည့္ေန၏။

''မလုပ္ၾကပါနဲ႔ရွင္..မလုပ္ၾကပါနဲ႔''

မေသာင္းအသံက ခပ္ျပတ္ျပတ္ထြက္လာ၏။
 တစ္ဆက္တည္းတြင္ တံခါးေခါက္သံ ၾကားလိုက္ရသည္။

''ကုန္းေဘာင္ႀကီးေၾကာ္..လာပို႔တာပါ''

တလိုင္းေလးေက်ာ္သင္းက ဘီယာပုလင္းကို ေစာင့္ခ်လိုက္ၿပီး 

''ရတယ္..အကိုႀကီး လုပ္စရာရွိတာလုပ္…''

ေက်ာ္သင္းက တံခါးကို ထဖြင့္လိုက္သည္။

တံခါးဝတြင္ ပန္းကန္ကိုင္ထားေသာ လူတစ္ေယာက္။

''ေပး..အထဲဝင္မလာနဲ႔..ေဟ့ေကာင္..ေနာက္ထပ္ ဘီယာႏွစ္လုံးထပ္ယူခဲ့ၾကားလား''

ေက်ာ္သင္းက ေျပာျပာဆိုဆိုျဖင့္ ပန္းကန္အားလွမ္းယူရင္း ၾကည့္လိုက္ရာ..ပန္းကန္အတြင္းတြင္ ကုန္းေဘာင္ႀကီးေၾကာ္မ်ားမရွိပဲ ဘရိတ္ဓါးမ်ားသာ ခ်ိဳးထည့္ထားသည့္ကို ေတြ႕လိုက္ရသည္။

ဝုန္း ခနဲ အသံႏွင့္အတူ ေက်ာ္သင္း ေနာက္သို႔ ေဆာင့္ကန္ခံလိုက္ရသည္။

အခန္းတြင္းသို႔ ဝင္လာသူက ဂႏၶမာေသာင္းရီ ။
သူ႔ေနာက္တြင္ စံဘ ႏွင့္ ငၫြန႔္ ဝင္လာၾကသည္။

ဂႏၶမာေသာင္းရီ က ခ်ိန္းႀကိဳးကို လက္တြင္ပတ္ကာ တလိုင္းေလးေက်ာ္သင္း၏ မ်က္ႏွာကို ခြထိုးေတာ့သည္။

ငၫြန႔္က ပါလာေသာ ဇာဝီတုတ္ျဖင့္ မေသာင္းအား မတရားျပဳက်င့္ေနေသာ လူထြားႀကီးကို ဝင္႐ိုက္သည္။

လူထြားႀကီးမွာ ကုန္းကုန္းကြကြျဖင့္ ဘာလုပ္ရမွန္းမသိျဖစ္ေနၿပီး ခါးပတ္ျဖဳတ္ၿပီး ေျခခ်င္းဝတ္သို႔ ပုံက်ေနေသာ သူ႔ေဘာင္းဘီကို ေကာက္ဝတ္သည္။

သို႔ေသာ္ ငၫြန႔္ အဆက္မျပတ္႐ိုက္ေနသျဖင့္ လက္တစ္ဖက္က ငၫြန႔္ကို ၏ တုတ္ကို ကာေနရ၏။ 
မေသာင္းကား ဝတ္လစ္စလစ္ျဖင့္ အခန္းေထာင့္တြင္ ကပ္ေနသည္။

လူထြားႀကီးက ေဘာင္းဘီဝတ္ဖို႔ မႀကိဳးစားေတာ့ပဲ ငၫြန႔္၏ တုတ္ခ်က္မ်ားကို ေရွာင္ကာ ငၫြန႔္ကို ဝိုက္လက္သီးတစ္ခ်က္ျဖင့္ ထိုးခ်လိုက္ေလသည္။.

ငၫြန႔္ကား စားပြဲေပၚသို႔ ပုံလ်က္က်သြားသည္။

တိုက္ပြဲကို ေၾကာင္ၾကည့္ေနေသာ စံဘက သတိဝင္လာၿပီး ခါးၾကားမွ ဓါးမကို ထုတ္ကာ လူထြားႀကီး၏ ကို ေျပးခုတ္လိုက္သည္။

လူထြားႀကီးက ကိုယ္ကို ယိမ္းၿပီးေရွာင္လိုက္သျဖင့္ စံဘ အရွိလြန္ကာ ေရွ႕သို႔ ဟပ္ထိုးလဲက်သြားသည္။
လဲက်သြားေသာ စံဘကို လူထြားႀကီးက ခုန္အုပ္လိုက္သည္။

တလိုင္းေလးေက်ာ္သင္းကို ခြကာထိုးေနေသာ ဂႏၶမာက အခန္းတြင္း အေျခအေနကို သတိထားမိလိုက္သည္။

''ငၫြန႔္..ဒီေကာင့္ကို လာခ်ဳပ္ထား''

စားပြဲေပၚလဲေနေသာ ငၫြန႔္က နဖူးမွ ေသြးစမ်ားကို သုတ္ကာ ဂႏၶမာဖိထားေသာ တလိုင္းေလးေက်ာ္သင္းကို လာခ်ဳပ္သည္။

ဂႏၶမာက စံဘႏွင့္ လုံးေထြးေနေသာ လူထြားႀကီးကို ဝင္ထိုးသည္။

စံဘ က ေအာက္တြင္ အေသြးအလူးလူးျဖစ္ေနေခ်ၿပီ။
ဂႏၶမာ  က လက္သီးတြင္ ပတ္ထားေသာ ခ်ိန္းႀကိဳးကိုျဖည္ၿပီး လက္ႏွစ္ဖက္ျဖင့္ ခ်ိန္းႀကိဳးကို ကိုင္ကာ လူထြားႀကီး၏ လည္ပင္ကိုး လိမ္ညႇစ္လိုက္သည္။

လူထြားႀကီး ေနာက္လန္က်လာၿပီး ႐ုန္းကန္ေန၏။
ဂႏၶမာ ေပၚသို႔ လူထြားႀကီး၏ ခႏၶာကိုယ္ ပိက်လာသည္။
သို႔ေသာ္ ဂႏၶမာေသာင္းရီ ၏ လက္ႏွစ္ဖက္မွ ေသြးမ်ားက်လာသည္အထိ ခ်ိန္းႀကိဳးကို တင္းတင္းၾကပ္ၾကပ္ ဖိဆြဲထားဆဲပင္။

လူထြားႀကီး၏ လည္ပင္းထဲသို႔ ခ်ိန္းႀကိဳးက တစတစ ျမဳပ္ဝင္ေနသည္။

မၾကာမီ ဝုန္းခနဲ အသံႀကီးျဖင့္ အတူ လူထြားႀကီးက တခ်က္ခုန္လိုက္ၿပီး ၿငိမ္က်သြားသည္။

မ်က္လုံးႏွင့္ ပါးစပ္ထဲမွ ေသြးမ်ားက ဂႏၶမာေသာင္ရီအေပၚသို႔ စီးက်လာ၏။

စံဘက ေအာက္က်ေနေသာ ဓါးမကို ေကာက္ကာ လူထြားႀကီး၏ ရင္ဘတ္ကို ဆက္တိုက္ဝင္ခုတ္သည္။

''ေဟ့..စံဘ. ေတာ္ၿပီဟ...ေတာ္ေတာ့..ေသေနၿပီဟ''

လူထြားႀကီး၏ ခႏၶာကိုယ္ေအာက္ပိေနေသာ ဂႏၶမာေသာင္းရီက လွမ္းေအာ္မွ စံဘ ရပ္သြားသည္။
ထိုအခါမွ ဂႏၶမာက လူထြားႀကီးကို ဖယ္ကာ ထလာသည္။

''ငါယိုးလိုမွပဲ…စံဘ..ေစာက္ကေလးရယ္…ေသေနၿပီဟ..မင္းက ဆက္တိုက္ခုတ္ေနေတာ့ ဒီ ႏြားႀကီးေသြးေတြက ငါ့မ်က္ႏွာမွာ အကုန္စင္ၿပီး ရႈိးပဲ့ကုန္ၿပီဟ.လခြမ္းထဲမွပဲ..ဟို ဘီယာပုလင္း ယူေပးစမ္းကြာ''

စံဘက တလိုင္းေလးေသာက္လက္စ ဘီယာပုလင္းကို ယူကာ ဂႏၶမာကို ေပးလိုက္သည္။
ဂႏၶမာက ဘီယာပုလင္းကို ယူၿပီး အထဲမွ ဘီယာျဖင့္ သူ႔မ်က္ႏွာကို သစ္လိုက္သည္။ ထို႔ေနာက္ ကုတ္အက်ႌေပၚမွ ေပေနေသာ ေသြးမ်ားေပၚ ဘီယာျဖင့္ ေလာင္းခ်လိုက္၏။

ထို႔ေနာက္ ခုံေပၚတြင္ ထိုင္လိုက္ၿပီး က်န္ေနေသာ ဘီယာတစ္လုံးကို အသင့္ရွိေနေသာ ဖန္ခြက္ထဲ ငွဲ႔ေသာက္လိုက္သည္။

''အေသာင္း..ေအာက္က သြားေစာင့္ေန..ခဏေန ေမာင္. ဆင္းလာခဲ့မယ္''

ဂႏၶာမာေသာင္းရီက သူ႔ကုတ္အက်ႌကို ခြၽတ္ကာ မေသာင္းကို ေပးလိုက္သည္။
မေသာင္းကား  ေသြးတို႔ေပက်ံေနေသာ ကုတ္အက်ႌျဖင့္ သူမ အရွက္ကို ကာကြယ္ကာ ေၾကာက္ေၾကာက္႐ြံံံံ့႐ြံ႕ျဖင့္ ေအာက္ဆင္းဖို႔ျပင္သည္။

''အေသာင္း ခဏေနဦး..အေသာင္းကို ခုန မတရားက်င့္တဲ့ ေခြးေကာင္ ရဲ႕ ေသခ်င္းဆိုးကို အားရေအာင္ ၾကည့္သြားဦး''

မေသာင္းက ၾကမ္းျပင္တြင္ ေသြးအလူးလူးျဖင့္ ေသေနေသာ မသာႀကီးကို တခ်က္ၾကည့္ကာ ေအာက္သို႔ ဆင္းသြား၏။

သူ ႏွင့္ေတြ႕လွ်င္ မင္းသားတစ္ေယာက္အလား စမတ္က်က်ဝတ္ၿပီး ရွက္တတ္ေသာ ဂႏၶမာေသာင္းရင္သည္ သူ႔ေရွ႕တြင္ပင္ လူတစ္ေယာက္ အား သတ္ၿပီး ေအးေအးေဆးေဆးဘီယာငွဲ႔ေသာက္ေနသည္ကို မေသာင္း ျမင္လိုက္ရသည္။

တလိုင္းေလးေက်ာ္သင္းကို အရွင္ဖမ္းရမည္ဟု လမ္းမေတာ္ဖိုးတုတ္က သူ႔ကို တာဝန္ေပးလိုက္ေၾကာင္း ဂႏၶမာေသာင္းရင္ သူမကို လာေျပာစဥ္က ေလသံေအးေအးေလး။

သို႔ေသာ္..စမတ္က်က်ဝတ္ၿပီး ဂ်စ္ကန္ကန္ပုံစံေလးျဖစ္ေသာ္လည္း သူ႔ႏွင့္ဆို ရွက္႐ြံ႕တတ္သည့္ လူမိုက္ေလး အတြက္ သူ စိုးရိမ္ခဲ့သည္။

ပု႑ားဘထြန္း၏ လူမိုက္ေတြၾကားထဲ သူခ်စ္ေသာ လူမိုက္ေလးကို မိုက္႐ူးရဲတိုးမဝင္ေစခ်င္ခဲ့။

ထို႔ေၾကာင့္..သူ႔ကို တည္ၾကက္ထားၿပီး တလိုင္းေလးကို မွ်ားရန္အႀကံကိုလည္း သူပဲ ေပးခဲ့ျခင္းျဖစ္သည္။

ခ်ိဳင္းနားစတန္းဟိုတယ္တြင္ ေဖာက္သည္ႏွင့္ ျပသနာတက္ၿပီး ႏွင္ထုတ္ခံရသည္ဆိုသည့္ လုပ္ဇာတ္ကို ဂႏၶမာႏွင့္ ဟိုတယ္ပိုင္ရွင္ေလာက္ဝီတို႔ ပူးေပါင္းဖန္တီးၾကသည္။

ေနာက္ရက္တြင္ မေသာင္း က ပု႑ားဘထြန္းနယ္ေျမထဲမွ အြန္ေလာက္ဟိုတယ္တြင္ အလုပ္ဝင္ခဲ့၏။

မေသာင္းတြက္ဆသည့္အတိုင္းပင္ သုံးရက္ေျမာက္ေန႔တြင္ ထိုသတင္းအနံ႔ကိုရလာသည့္ တလိုင္းေလး ေက်ာ္သင္းသည္ ပုန္းလ်ိဳးကိုယ္ေဖ်ာက္ေနရာမွ ထြက္လာၿပီး သူမ ထံ ေရာက္လာေတာ့၏။
ေက်ာင္းေတာ္က ရန္စ ရွိသည္ကိုး။

အခုေတာ့ ဂႏၶမာတို႔ လက္ထဲသို႔ ေက်ာ္သင္း သက္ဆင္းရၿပီ။

''ကဲ..ဘုန္းႀကီးအိုႀကီးကို ဓါးနဲ႔ ထိုးသတ္ရဲ႕တဲ့ သတၱိခဲႀကီး ကို ထူလိုက္ပါဦး..ငၫြန႔္ေရ''

ငၫြန႔္က တလိုင္းေလးေက်ာ္သင္းကို ဆြဲထူကာ ဂႏၶမာထိုင္ေနေသာ စားပြဲေရွ႕တြင္ ဒူးေထာက္ခိုင္းလိုက္သည္။

''စံဘေရ..ေကာင္ေလး..ခုန ဒီအခန္းထဲကို လာေတာ့..ငါ ကုန္းေဘာင္ႀကီးေၾကာ္လာပို႔တာကြ.ကုန္းေဘာင္ႀကီးေၾကာ္ေတြ ေမွာက္ကုန္ၿပီလား မသိဘူးကြာ..လက္က်န္ ကုန္းေဘာင္ႀကီးေၾကာ္ ပန္းကန္ေလးယူခဲ့ပါဦး''

စံဘ က ေအာက္က်ေနေသာ ပန္းကန္ထဲသို႔ ၾကမ္းျပင္မွ ဘရိတ္ဓါးမ်ားကို လိုက္ေကာက္ထည့္ၿပီး ဂႏၶမာေရွ႕သို႔ လာခ်ေပးသည္။

တလိုင္းေလးေက်ာ္သင္း ကား မ်က္ႏွာတစ္ခုလုံး ဖူးေယာင္ေနေပၿပီ။

''ကဲ..ငါတို႔ ရဲ႕ သူရဲေကာင္းႀကီး တလိုင္းေလးေက်ာ္သင္းကို သူစားခ်င္တဲ့ ကုန္းေဘာင္ႀကီးေၾကာ္ေလး ေႂကြးလိုက္ၾကစို႔ကြာ..ငၫြန႔္ ဒီေကာင့္ ပါးစပ္ကို ၿဖဲလိုက္စမ္း''

ငၫြန႔္က လက္တစ္ဖက္ျဖင့္ ေက်ာ္သင္း၏ ပါးႏွစ္ဖက္ကို ညႇစ္က တစ္ဖက္က ဆံပင္ကို ဆြဲလ်က္ ေမာ့ခိုင္းလိုက္၏။

''ကဲ..အားရပါးရစား..လူမိုက္ႀကီးေရ''
ဂႏၶမာေသာင္းရီက ဘရိတ္ဓါးအက်ိဳးမ်ား ထည့္ထားေသာ ပန္းကန္ျဖင့္ တလိုင္းေလး၏ ဟေနေသာ ပါးစပ္ကို ေတ့တာ ေလာင္းထည့္လိုက္သည္။

ဘရိတ္ဓါးတစ္ခ်ိဳ႕က ထြက္က်ၿပီး အခ်ိဳ႕က ပါးစပ္ထဲ ဝင္ကုန္သည္။

''ငၫြန႔္ လႊတ္လိုက္ေတာ့''

ငၫြန႔္လႊတ္ေပးလိုက္သည္ႏွင့္ ဂႏၶမာက တလိုင္းေလးေက်ာ္သင္း၏ ပါးကို ဘယ္ျပန္ညာျပန္႐ိုက္ထည့္လိုက္သည္။

ပါးစပ္တြင္းမွ ဘရိတ္ဓါးအစမ်ားသည္ ပါးေခ်ာင္ႏွစ္ဖက္ကို စိုက္ဝင္ကုန္ၿပီး ေသြးစမ်ားႏွင့္အတူထြက္လာ၏။

တလိုင္းေလးမွာ နာက်င္လြန္းသျဖင့္ လဲက်ေနလ်က္က ဂႏၶမာေသာင္းရီကို လက္အုပ္ခ်ီကာ ေတာင္းပန္ေနေလသည္။

''ကဲ..ရၿပီ…ဒီေကာင့္ကို ဖိုးတုတ္ဆီ ေခၚသြားမယ္..စံဘ မင္းယူလာတဲ့ ဂုန္နီအိတ္ထဲ ဒီေကာင့္ကို ထည့္ကြာ''

ဂႏၶမာေသာင္းရီက သူ႔ေျခရင္းတြင္ လဲက်ေနေသာ တလိုင္းေလးကို ေျခေထာက္ျဖင့္ တြန္းဖယ္ကာ ထလိုက္သည္။

ဂႏၶမာေသာင္းရီ ေအာက္ထပ္သို႔ ဆင္းလာေသာအခါ မေသာင္းက ေကာင္တာေဘးတြင္ တုန္ရီလ်က္။

ပိုင္ရွင္တ႐ုတ္မရွိေတာ့ပဲ..စားပြဲထိုးေလးတစ္ေယာက္သာ ျပဴးေၾကာင္ေၾကာင္ျဖင့္ ထိုင္ေနသည္။

''ကဲ..အေသာင္း..လာ.ေမာင္ အိမ္ျပန္လိုက္ပို႔ေပးမယ္.ေဆာရီးေနာ္..အေသာင္းေရွ႕မွာ ေမာင္ လုပ္ပုံကိုင္ပုံ နည္းနည္းေလးၾကမ္းသြားတယ္..''

ဂႏၶမာေသာင္းရီက မေသာင္း၏ ခႏၶာကိုယ္ကို သိုင္းဖက္ရင္း အျပင္သို႔ ေခၚထုတ္လာသည္။

မေသာင္းစိတ္ထဲတြင္မူ ''ဘုရားေရ..ဒါနည္းနည္းေလး ၾကမ္းတာတဲ့လားရွင္ရယ္'' ဟု သာေရ႐ြတ္မိေတာ့၏။

ဂႏၶမာေသာင္းရီ ႏွင့္ မေသာင္းက ကားအေရွ႕ခန္းတြင္ ထိုင္လိုက္သည္။

ငၫြန႔္ႏွင့္ စံဘက ေသြးတ႐ႊဲ႐ႊဲျဖင့္ တလိုင္းေလးေက်ာ္သင္းကိုထည့္လာေသာ ဂုန္နီအိတ္ကို ၾကားတြင္ညႇပ္လ်က္ ကားေပၚ တက္ထိုင္လိုက္၏။

မေသာင္း၏ မိတ္ကပ္နံ႔မ်ား မွာ ေသြးညႇီနံ႔ကို ဖုံးလႊမ္းျခင္းကာ မတတ္သာ။
ဂႏၶမာေသာင္းရီက ကားကို လမ္းမေတာ္ဘက္သို႔ ေမာင္းထြက္လိုက္သည္။

''ဂႏၶမာႀကီး..က်ဳပ္တို႔ေတာ့..ေရွ႕ဆက္ၿပီး ပြဲႀကီးပြဲေကာင္း ေဆာ္ရဦးမယ္..ထင္တယ္ဗ်''

ဂႏၶမာေသာင္းရီ က စီးကရက္မီးခိုးေငြ႕မ်ားကို မႈတ္ထုတ္လိုက္သည္။

''ဘာလို႔လဲကြ..ငၫြန႔္ရ…''

''ဟာ..ဘာလို႔ရမွာလဲ..ခုန က်ဳပ္တို႔ သတ္ခဲ့တာ..ပု႑ားဘထြန္းရဲ႕ ေမြးစားသား..အာဠာဝကစိန္ႀကီးေလ''

''ေဟ''
……………………………………………..

ခက္ေဇာ္

အခန္း(၉)ဆက္ရန္

Comments

Post a Comment