TGOR 1930 (အခန်း ၁၀)

 The Guys of Yangon,1930(Part 9)

       အခန်း(၁၀)

        ……………

ပုဏ္ဍားဘထွန်းသည် သူ့အိမ်ရှေ့တွင် ငှက်ကြီးဓါးကို ကိုင်လျက် သူ့ကို စိန်ခေါ်နေသော လမ်းမတော်ဖိုးတုတ် ကို အံသြတကြီးကြည့်ကာ မှင်သက်နေသည်။

“ပုဏ္ဍားဘထွန်း..မနေ့က ခင်ဗျားက ကျုပ်ကို သတ်ဖို့ဆို...အခု ခင်ဗျားအိမ်ရှေ့ ရောက်နေပြီလေဗျာ.. လာ ဆင်းခဲ့လေ..ယောက်ျားဆို တစ်ယောက်ချင်း ဓါးချင်းယှဉ်ခုတ်ကြမယ်..ဆင်းခဲ့လေ”

လွန်ခဲ့သည် နှစ်များကဆိုလျှင် ယခုလိုအခြေအနေမျိုးတွင် လူမိုက်ကြီးပုဏ္ဍားဘထွန်း သည် ဓါးကောက်ကို ဆွဲလျက် ဆင်းခုတ်ပြီးသားပင်။

ယခုတော့ ပုဏ္ဍားဘထွန်း သည် စိတ်ဓာတ်ရေးရာအရ ချွတ်ခြုံကျနေသည်။

သူ့ သူ့အချစ်ဆုံး မွေးစားသား အာဠာဝကစိန်ကြီးကို လွန်ခဲ့သော ရက်က ဆုံးရှုံးခဲ့ရသည်။

အာဠာဝကသည် သူ့လက်ရုံး။ သူအားကိုးအားထားပြုရာ။ ပုဏ္ဍားဘထွန်းတည်းဟူသော လူမိုက်ဂုဏ် ကို တည်မြဲစေခဲ့သည့် ဒေါက်တိုင်။

အခုတော့ စိန်ကြီးလည်း မရှိတော့။

တက်လူဖြစ်သော ဖိုးတုတ်ကို တစ်ယောက်ချင်း ရင်ဆိုင်နိုင်သည်ထားဦး။ ဇရာကလည်း စကားပြောလေပြီ။ ကံကြမ္မာကသူ့ဘက်တွင် မရေရာ။

မနေ့ကတော့ သူ့ကျန်ရှိသမျှအင်အားနှင့် လမ်းမတော်ဖိုးတုတ်ကို သူသေကိုယ်သေတိုက်ရန် ကြိုးစားခဲ့သည်။

သို့သော်..မည်သည့်အချိန်က သတင်းရသွားသည် မသိသော စစ်ပုလိပ်တပ်များနှင့်သာ သူရင်ဆိုင်ခဲ့ရသည်။

ညနေပိုင်းတွင် သူ့တပည့်လူမိုက်များကို ပုလိပ်အဖွဲ့မှ လက်နက်ကိုင်ဆောင်မှု၊ လူစုလူဝေးမှုများဖြင့် တစ်ယောက်ပြီးတစ်ယောက် လာဖမ်းသွားခဲ့၏။

ထိုကိစ္စသည် လမ်းမတော်ဖိုးတုတ် ၏ စနက်မှန်း သူရိပ်မိသည်။ မြွေမြွေချင်း ခြေမြင်သည်။

လမ်းမတော်ဖိုးတုတ် တွင် သူခန့်မှန်းမရသော နောက်ခံအင်အား တစ်ခုရှိနေပြီဆိုသည်ကတော့ အသေအချာ။

ပုဏ္ဍားဘထွန်းသည် အိမ်ပြတင်းပေါက်တံခါးကို အသာဟကာ သူ့အိမ်ရှေ့တွင် စိန်ခေါ်နေသော လမ်းမတော်ဖိုးတုတ်ကို ချောင်းကြည့်သည်။

ထို့နောက် သက်ပြင်းချကာ အိမ်ထဲသို့ ပြန်ဝင်သွား၏။

လူမိုက်အများက ဆရာကြီးဟုပင် နာမည်တပ်ခေါ်ရသော လူမိုက်ကြီး ပုဏ္ဍားဘထွန်း အစွယ်ကျိုးချေပြီ။

“ကဲ..ပုဏ္ဍားဘထွန်း..ခင်ဗျား ကို ကျုပ် ယောက်ျားချင်း ယှဉ်ဖို့ လာစိန်ခေါ်တယ်။ ခင်ဗျား အိမ်ထဲမှာ ရှိလျက်နဲ့ မထွက်လာဘူးနော်။ ဟုတ်ပြီ။ ဒီနေ့ကစပြီး ခင်ဗျားအတွက် လမ်းမတော်မှာ ဘာမှ မရှိတော့ဘူး။ ခင်ဗျားက ဆန်တောင်းတဲ့ ပုဏ္ဍားဖြစ်သွားပြီ..လူမိုက်ပုဏ္ဍားမဟုတ်တော့ဘူး..ဟုတ်ပြီလား”

လမ်းမတော်ဖိုးတုတ်က ဓါးကို ကိုင်လျက် လှည့်ပြန်သွား၏။

လမ်းထိပ်ရောက်သောအခါ ဘသိန်းနှင့် ဂန္ဓမာတို့ မောင်းလာသော မော်တော်ကားနှင့် တိုးလေသည်။

ဂန္ဓမာက ကားပေါ်မှ ဆင်းလာပြီး

“ဖိုးတုတ်..မင်းကွာ…မပြောမဆိုနဲ့..တစ်ယောက်တည်း သွားရလား..အကုန်သေကုန်မှဖြင့်”

လမ်းမတော်ဖိုးတုတ်က ရယ်လိုက်သည်။

“တမင် တစ်ယောက်တည်းလာချင်လို့ မင်းတို့ကောင်တွေကို ညက အမူးသောက်ခိုင်းတာပေါ့ကွ။ အခုလည်း ပုဏ္ဍား ငါ့ကို ထွက်ပြီး ရင်မဆိုင်ရဲပါဘူးကွာ။ အစွယ်ကျိုးပါပြီ။ လမ်းမတော်တစ်ခုလုံးကို သူ့လက်ထဲ့ ငါ အခုပဲ ယူခဲ့ပြီ”

“ကဲ..ဒါဆိုလည်း ကားပေါ်တက်ကွာ..ဓါးရှည်ကြီး တကားကားနဲ့ လူမြင်မကောင်းပါဘူး.လာလာ”

လမ်းမတော်ဖိုးတုတ်က ကားပေါ်တက်လိုက်သည်။

“ငါက မင်း ပုဏ္ဍားကို အိမ်ပေါ်အထိ တက်ခုတ်မယ်ထင်တာကွ”

“မလိုတော့ပါဘူး..ဂန္ဓမာရာ..ငါ ညက ဟိုကောင် တလိုင်းလေးကို သေချာစစ်ပြီးပြီ။ တကယ်တော့ ငါ့ဦးလေး ဦးဘိုးသင် ကို ပုဏ္ဍားဘထွန်းက သတ်ခိုင်းတာမဟုတ်ဘူးကွ။ ငါနဲ့ ပုဏ္ဍားဘထွန်းကြား ပြသနာဖြစ်အောင် တလိုင်းလေးကျော်သင်းက ကြားကနေ ခလောက်ဆန်ခဲ့တာ။ ဒီကောင်က အရက်ထွက်သောက်နေချိန် ငါ့ဦးလေး က ဘိလပ်ရည်ထွက်ဝယ်ချိန် သွားတိုးတော့..သူ့စိတ်ထဲ ရုတ်တရက်ဒီအကြံပေါ်လာပြီး လုပ်လိုက်တာတဲ့။ ငါလည်း အစကတည်းက စဉ်းစားမိတယ်။ ပုဏ္ဍားဘထွန်းက လုပ်ခြင်း လုပ် ငါ့ပဲ လုပ်မှာပေါ့။ ဘာကိစ္စ ငါ့ဦးလေးသွားသတ်မလဲဆိုတာ”

“တလိုင်းလေးကျော်သင်း.တော်တော်ရှုပ်တဲ့ကောင်ပဲကွာ..အေး ဒီလိုကောင်မျိုး မင်းသတ်လိုက်တာပဲ နားအေးပါတယ်..ဒါနဲ့ အခု ပုဏ္ဍားကြီး ကိစ္စကရော..ဘယ်လိုဖြစ်သွားပြီလဲ”

“ဂန္ဓမာရာ..ပုဏ္ဍားဘထွန်း မှာက သူ့အားကိုးရာ အာဠာဝလည်း သေပြီ။ မနေ့က သူ့သားအလောင်းထမ်းပြီး ချီတက်ကြတာဟာ သူ့ရဲ့ နောက်ဆုံးကျည်ဆံပဲ၊ ရှိသမျှအင်အားစုပြီး ငါ့ကို မီးကုန်ယမ်းကုန် တိုက်ဖို့လာတာ။ ဒါပေမယ့်.သူ့ခမြာ.စစ်ပုလိပ်တပ်နဲ့ပဲ တိုးသွားတယ်။ သူ့တပည့်တွေလည်း ညက တညလုံး ပုလိပ်က လိုက်ဖမ်းတာခံရတယ်။ အဲ့ဒီလို အချိန်မှာ သူ့စိတ်ဓာတ်က အနိမ့်ဆုံးအခြေအနေဖြစ်နေတာ။ ငါ သွားစိန်ခေါ်တော့ သူဘယ်ဆင်းလာ ရဲပါ့မလဲ။ လူတစ်ယောက်ကို အနိုင်ယူတဲ့အခါ စိတ်ဓာတ်အင်းအားအနိမ့်ပါးဆုံးအချိန်က အကောင်းဆုံးပဲလို့ ဦးလေးဘိုးသင် က ငါ့ကို ပြောဖူးတယ်။ ကဲ..ငါတို့မှာ တခြားလုပ်စရာတွေ ရှိသေးတယ်..ဂန္ဓမာ..ပုဏ္ဍားဘထွန်းဆိုတာ ဒီနယ်မြေမှာ ထပ်ပေါ်မလာတော့ဘူးသာ မှတ်လိုက်တော့ကွာ”

ထိုနေ့မှစတင်ပြီး ပုဏ္ဍားဘထွန်းတည်းဟူသော လူမိုက်ကြီး သည် လမ်းမတော်နယ်မြေမှ တိမ်မြုပ်ပျောက်ကွယ် သွားလေတော့သည်။

ပုဏ္ဍားဘထွန်း၏ လူဖြစ်ခဲ့ဖူးသည့် လူမိုက်များသည်လည်း လမ်းမတော်ဖိုးတုတ်အောက်သို့ တဖွဲဖွဲရောက်လာကြ၏။

လမ်းမတော်၊ အလုံ၊ ကြည့်မြင့်တိုင်၊ စမ်းချောင်း၊ ကမာရွတ် အစရှိသော ရန်ကုန်အနောက်ပိုင်း တစ်ခုလုံးတွင် လမ်းမတော်ဖိုးတုတ် ကား ရှင်ဘုရင်ဖြစ်ခဲ့ပြီ။

……………………………………………..

လမ်းမတော်ဖိုးတုတ်၏ နယ်မြေကျယ်ပြန့်လာသည်နှင့်အမျှ ဝင်ငွေကလည်း ကောင်းလာခဲ့သည်။

ရွှေဒင်္ဂါးတစ်ပြား ဆယ့်ခြောက်ကျပ်ခေတ်တွင် ဖိုးတုတ်အဖွဲ့၏ တစ်လဝင်ငွေက သုံးထောင်အထိ ဖြစ်လာခဲ့သည်။

ဖယ်မလီယာမော်တော်ကားနှစ်စင်း နှင့် မော်တော်တစ်စင်း ဝယ်လာနိုင်သည်။

ရွှေဂုံတိုင်ရှိ မွန်ဘုန်းကြီးကျောင်းတစ်ခုတွင် ဦးဖိုးတုတ် ၊ ဒေါ်သင်းမြ တို့ က ရေတွင်းတစ်တွင်းလှူခဲ့သည်။

မကောင်းမှုဖြင့် ကျော်ဇောလာသော ဂုဏ်သတင်းကို ဘာသာရေးတည်းဟူသော ရွှေဆေးသုတ်ကာ ဖုံးကွယ်ရန် ဖိုးတုတ် ကြိုးစားခဲ့သည်။

သို့သော်ငြားလည်း…။

…………………………………….

၁၉၃၀ ၊ သြဂုတ်လ ၈ ရက်။ ဝါခေါင်လပြည့်နေ့။

ရန်ကုန်မိုးက တစိမ့်စိမ့်ရွာနေ၏။

မတ်စတီးခန်း သည် သူလှူဒါန်းတည်ဆောက်ထားသည့် ဗလီကြီးတွင် ဝတ်ပြုပြီးနောက် အခြံအရံများနှင့်အတူ ပြန်ထွက်လာသည်။

မိုးတွင်းကာလဖြစ်သဖြင့် ဒေါက်ကပ်ရထားကြီးကို မစီးပဲ အကောင်းဆုံးဖယ်မလီယာကားကြီးဖြင့် ဗလီသို့ ဝတ်လာပြုခြင်းဖြစ်သည်။

မတ်စတီးခန်း ၏ ကားနောက်တွင် နောက်ထပ် ကားတစ်စီး ထပ်ရပ်လာ၏။

ကားပေါ်မှ ဆင်းလာသူမှာ မစ္စတာမန်မဆာ။

မတ်စတီးခန်း ကားပေါ်သို့ တက်လိုက်ပြီးနောက်…မန်မဆာ ကလည်း ကားပေါ်လိုက်တက်လိုက်၏။

“ဆလံမာလေးကွန်း..အဘိုင်”

မန်မဆာက မတ်စတီးခန်းကို ဆလံပေးလိုက်သည်။ မတ်စတီးခန်းက ဆလံပြန်ပေးလိုက်ပြီးနောက်

“အနောက်ပိုင်းသားတွေကိစ္စ..ဘာထူးပြန်ပြီလဲ..မန်မဆင်”

“လွန်ခဲ့တဲ့နှစ်ရက်က ဘားလမ်းက စိန်ဘာဘူတိုက်ကို အနုကြမ်းစီးသွားတဲ့ကောင်တွေကို သိရပြီ..အဘိုင်..ဖိုးတုတ်တပည့် အုန်းဖေ တို့အဖွဲ့ပဲ”

“ဒီကောင်လေးတွေ..ငါ့အပိုင်အထိ ကျော်လာကြပြီပဲ..”

“အဲ့ဒီအနောက်ပိုင်းသားတွေ ကိစ္စထက် ပိုအရေးကြီးတဲ့ သတင်းရှိတယ်..အဘိုင်’’

“ဘာများလဲ”

“ငမိုး တကျွန်းကနေ ပြန်လွတ်လာပြီအဘိုင်..ဗိုလ်တစ်ထောင်ငမိုး ပြန်လွတ်လာပြီ”

မတ်စတီးခန်း က သူ့ခေါင်းပေါ်မှ ရွှေဦးထုတ်ကြီးကို ချွတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“ဟာ..ဒီကောင်ကြီးက တစ်ကျွန်းမှာ မဟုတ်လား.. ပြန်လွတ်လာတာကလည်း စောလှချည်လား”

“ဆယ်နှစ်ရှိပြီလေ.အဘိုင်…ဆယ်နှစ်ရှိပြီ…ဘယ်ကနေ ဘာ့ကြောင့် ပြန်လွတ်လာလဲတော့ မသိဘူး.. အခု ဘရွတ်ကင်းလမ်းက သူ့အိမ်မှာ ပြန်ရောက်နေပြီ..တချို့ အရှေ့ပိုင်းဗမာလူမိုက်တွေကလည်း သူ့ဆီ သွားပြီး တပည့်ခံကုန်ကြတယ်”

မတ်စတီးခန်းက မန်မဆာ စကားကို နားထောင်ကာ ခေါင်းငြိမ့်လိုက်သည်။

“ဒီအချိန်မှာ ငါတို့ ပိုပြီး ကျောချင်းကပ်ထားဖို့ လိုပြီ မန်မဆာ…ဖိုးတုတ် ကလည်း အနှေးနဲ့အမြန် ငါတို့ နယ်မြေ ကို မျက်စောင်းထိုးလာမှာပဲ…အခု ငမိုးကလည်း လွတ်လာပြီဆိုတော့…ဟူး”

“ဒါပေမယ့်..ငမိုး က ဖိုးတုတ်လို့ မဟုတ်ဘူး..အဘိုင်။ အခု သူ့ဆီလာပြီး နယ်မြေအပ်ကြတဲ့ တချို့ လူမိုက်တွေကိုလည်း သူက ငြင်းလွှတ်နေတယ်ပြောတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေ သူ့ကို စည်းရုံးထားနိုင်ရင်တော့ ဖိုးတုတ်ရန်ကနေ ကာကွယ်နိုင်မယ်ထင်တယ်”

“ငမိုး အကြောင်း မင်းဘယ်လောက်သိလဲ..မန်မဆာ။ ဒီကောင့်ဆရာ ဦးတင် နဲ့ ငါ ကောင်းကောင်းသိတယ်။ ဦးတင် အတွက်ပဲ ဒီကောင် လူသတ်ပြီး တကျွန်းကျသွားတာ။ ဦးတင် သူ့အပေါ် လူလည်ကျသွားတာတွေကို ဒီကောင် တကျွန်းအမိန့်မကျခင်ကတည်းက ကောင်းကောင်းခံစားသွားရတယ်။ သူ့ကို ငွေနဲ့ ပေါက်စည်းရုံး ဖို့ကတော့ မလွယ်ဘူးထင်တယ်”

“ဘာပဲဖြစ်ဖြစ် သူ့အရှိန်ကတော့ ရန်ကုန် အရှေ့ပိုင်းမှာ အခုထိ ကျန်နေသေးတာပဲ..သူ့ကို မဟာမိတ် လုပ်ထားတာ အကောင်းဆံးုပဲ ထင်တယ်”

“မန်မဆာ..မင်း ကြိုးစားကြည့်ချင်သပဆိုလည်း လုပ်ကြည့်လေ..ဒါပေမယ့် ငမိုးဟာ မင်းတို့၊ ငါတို့ ၊ ဖိုးတုတ်တို့လို စီးပွားဖြစ်လူမိုက်မျိုးမဟုတ်ဘူးကွ။ ဒီကောင်က သူငွေလိုရင်တောင် တခြားက အနိုင်ကျင့် မရှာဘူး။ ပွဲခင်းထဲ ပုလိပ် အရေးပိုင်ဆီက ဓါးထောက်ပြီး ငွေတစ်ဆယ် တောင်းတဲ့ကောင်မျိုး။ သူ ယုံမိပြီဆိုလည်း ခိုင်းတာအကုန်လုပ်တယ်။ မယုံဘူးဆိုလည်း သူ့ကို ဘယ်လို ကပ်ကပ်ရမရတဲ့ကောင်ကွ”

“ဘာပဲဖြစ်ဖြစ်မှာ အဘိုင်..ကျွန်တော်ကတော့ သူ့ဆီ ချဉ်းကပ်ကြည့်ရမှာပဲ…အခုဆို အနောက်ပိုင်းက ကောင်တွေ သြဇာက ကျွန်တော်တို့ နယ်မြေထဲအထိ လွှမ်းမိုးလာနေပြီ။ ဟိုနေ့က ဘားလမ်း ကိစ္စ  ကိုပဲ ကြည့်။ ဒီကောင်တွေ မထိခလုတ်၊ ထိခလုတ်လာလုပ်သွားတာ”

“မင်း စည်းရုံးလို့ ရရင် ကောင်းတာပေါ့ကွာ.အဘိုင်လေး..ငါကတော့ ပုဏ္ဍားဘထွန်းကြီး ဖြစ်ကို ကြည့်ပြီး ကတည်းက ဒီလောက ကနေ တဖြည်းဖြည်း စွန့်ခွာဖို့ စဉ်းစားထားပြီ။ ဂုဏ်သိက္ခာရှိရှိပဲ ဒီလောကက အနားယူချင်တယ်..အဘိုင်လေးရေ..ဒီဒွန္ဒယာကြီးမှာ တချို့ ကိစ္စတွေက အလ္လာ့အလိုတော်ကို လွန်ဆန်လို့မရဘူး။ ဖြစ်ကို ဖြစ်လာရမယ့်ကိစ္စတွေပဲ”

မစ္စတာမန်မဆာက မတ်စတီးခန်းကို ကြည့်ပြီး ခေါင်းခါလိုက်သည်။

“ကျွန်တော်က အဘိုင့်ဆီက အကြံဉာဏ်တစ်ခုခု ရလို ရငြား လာတာပါ။ အခုတော့ အဘိုင်က မော်လဝီတရား ပဲ ဟောနေတော့…ကျွန်တော် ပြန်တော့မယ်..အဘိုင်”

မန်မဆာက လေသံမာမာဖြင့် ပြောကာ မော်တော်ကားတံခါးကို ဖွင့်ရန်ပြင်လိုက်သည်။

မတ်စတီးခန်း က မန်မဆာ၏ ပုခုံးကို ကိုင်လိုက်ပြီး

“မန်မဆာ..မင်းက ငါ့ညီပါ။ မင်းကို ငါ့ညီအကိုလိုပဲ သဘောထားပါတယ်။ အဲ့ဒါကြောင့် ငါမင်းကို တစ်ခု တော့ပြောလိုက်မယ်။ တချိန်က ငါဘုန်းမီးနေလတောက်ခဲ့တာမှန်တယ်။ ငါ နဲ့ ပုလိပ်မင်းကြီး ရှန်တဲဝပ် ကြား အပေးအယူတွေ အများကြီးရှိခဲ့တယ်။ ရန်ကုန်ကို ဟော့ဒီလို လက်ကလေးထဲထည့် ငါကစားနိုင်ခဲ့တယ်။ မင်းနဲ့အတူလက်တွဲပြီး မန်ရှီဒီးတွေကို ချေမှုန်းနိုင်ခဲ့တယ်။ အခု..ဖိုးတုတ် ဟာ ငါ့ထက် သာတဲ့ နိုင်ငံရေးနောက်ခံ တစ်ခုကို ရသွားခဲ့ပြီလို့ ငါခန့်မှန်းလို့ရနေပြီ။ ရန်ကုန်ရဲ့ ဘုရင်ဟာ မတ်စတီးခန်း ပြီးရင် ဖိုးတုတ်ဖြစ်လာဖို့ အခြေအနေတွေ ဖြစ်လာပြီကွ။ ငါ ပုဏ္ဍားဘထွန်းလို ဖိုးတုတ်အိမ်ရှေ့ရောက်လာမှ အရှက်ကွဲမခံနိုင်ဘူး။ လမ်းမတော်ဖိုးတုတ် ငါအိမ်ရှေ့ရောက်မလာခင် ဟော့ဒီ သရဖူလို ရွှေရောင်ဦးထုတ်ကြီးဆောင်းပြီး..ငါ ဒီလောကကနေ သိက္ခာရှိရှိ အနားယူလိုက်ချင်တယ်..မင်းတို့လည်း အခြေအနေကို လက်ခံသင့်ပြီ…မန်မဆာ။ ဒီမြေဟာ ငါတို့ မြေ မဟုတ်ဘူး။ ငါတို့ အားသာနေလည်း ခဏပဲကွ။ မင်း ဒါကို ခေါင်းထဲ အမြဲထည့်ထား..မန်မဆာ။ တခါတလေ နောက်ဆုတ်ပေးလိုက်တယ်ဆိုတာ အရှုံးပေးတာ မဟုတ်ဘူးကွ။ အနိုင်ပိုင်းပြီး ထွက်သွားပေးလိုက်တာ…အဲ့ဒါလေး မှတ်သွားပါ..ငါ့ညီ..အလ္လာအရှင်မြတ် စောင့်ရှောက်ပါစေ”

………………………….. ………………………… …………………………….

ဦးဘဘေ၊ ဦးပု ၊ ဦးထွန်းရှိန် တို့ မြန်မာနိုင်ငံမှ ဘိလပ်သို့ ထွက်ခွာသွားပြီး နှစ်လအကြာ ၁၉၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် ၊ ကြာသပတေးနေ့ ည ၉ နာရီအချိန်တွင် မြန်မာ့အလင်းသတင်းစာ၏ တာဝန်ခံ အယ်ဒီတာ ဆရာသင် သည် ရန်ကုန်ဘူတာကြီးနာရီစင်ရှေ့တွင် လူတစ်ဦး၏ ဓါးဖြင့် ထိုးသတ်ခြင်းကို ခံခဲ့ရလေသည်။

ထိုသတင်းကား မြန်မာပြည်အနှံ့ သတင်းစာများ၏ ခေါင်းကြီးဖြစ်သွားသလို.. အရပ်သတင်းစကားများတွင်လည်း ဟိုးဟိုးကျော်သွားပေသည်။

ထိုသို့ ဟိုးဟိုးကျော်သွားရခြင်း၏ အကြောင်းအရင်းတစ်ရပ်မှာကား အယ်ဒီတာဆရာသင် ကို သတ်သူသည် နာမည်ကျော် ဝရမ်းပြေးလူမိုက် ဗိုလ်တစ်ထောင်ငမိုး ဖြစ်နေခြင်း လည်း ပါဝင်နေပေသည်။

ဗိုလ်တစ်ထောင်ငမိုးသည် အသက်ငယ်ငယ်ဖြင့် နာမည်ကျော် လူမိုက်ဖြစ်လာခဲ့သူူဖြစ်သည်။

ငမိုး၏ လူမိုက်နိဒါန်းက ဖိုးတုတ်တို့ နှင့် မတူ။

ငမိုးသည် ထင်ရာစွတ်လုပ်တတ်သော စိတ်နှင့် လက်ရဲဇက်ရဲသတ္တိတို့ ပေါင်းစပ်ထားသော မွေးရာပါညဉ်ကြောင့် လူမိုက်ဖြစ်လာသူပင်။

ဗိုလ်တစ်ထောင်ငမိုးသည် လမ်းမတော်ဖိုးတုတ် ထက် (၃)နှစ် အသက်ကြီးသည်။

ဗိုလ်တစ်ထောင်ငမိုး ဟူသည့် ဝရမ်းပြေးလူမိုက်ကြီးဘဝဖြင့် ငမိုး နာမည်ကြီးချိန်တွင် အသက် (၁၉)နှစ်အရွယ် ဖိုးတုတ်မှာ  ခြင်္သေလိုင်းစပယ်ယာဘဝတွင်ပင် ရှိသေး၏။

၁၉၁၉ ဆရာသင်သတ်မှုဖြင့် ဗိုလ်တစ်ထောင်ငမိုး တစ်ကျွန်းကျချိန်တွင်မူ လမ်းမတော်ဖိုးတုတ်မှာ အငြိမ့်ထောင်ကား မောင်းသည့်အလုပ်ကို လုပ်ကိုင်လျက်ရှိသေးသည်။

ဗိုလ်တစ်ထောင်ငမိုး ကား စနေသား။ ဘယ်သန်။

လူကောင်သေးသေး။ အသားလတ်လတ်။ အရပ်ခပ်ပြတ်ပြတ်။

ရုပ်ရည်က ကြည်လင်သန့်ပြန်သည်။ ရုပ်ရည်မြင်ရုံဖြင့် ပညာတတ်လူရည်မွန်ကလေးဟု ထင်ကြသည့် ဥပဓိပိုင်ရှင်။

ထူးခြားသည်ကား ဗိုလ်တစ်ထောင်ငမိုး ဟူသော အမည်သည် လမ်းမတော်ဖိုးတုတ်တို့ကဲ့သို့ အရွယ်ရောက်မှ တွဲစပ်ခေါ်သည့်နာမည်မျိုးမဟုတ်။

ဗိုလ်တစ်ထောင်ဘုရားပွဲတွင် ငမိုးရိပ်ရုပ်သေးပွဲကြည့်နေစဉ် ဗိုက်နာလာပြီး မွေးဖွားခဲ့သဖြင့် ဖခင် ကိုဖိုးခင် နှင့်မိခင် မဗုံဗုံ တို့မှ ဗိုလ်တစ်ထောင်ငမိုး ဟု ဇာတာထဲတွင် ထည့်မှည့်ခဲ့သည့် ခပ်ဆန်းဆန်းနာမည်ပင်ဖြစ်လေသည်။

ဗိုလ်တစ်ထောင်ငမိုးသည် နာမည်ဆန်းသလို လူကလည်း ဆန်းဖို့ ဖြစ်လာခဲ့၏။

ငမိုး ကား အသက် (၁၁)နှစ်သားကတည်းက ရန်ကောင်းကောင်းဖြစ်တတ်နေခဲ့ပြီ။

ဆိုင်ဆိုင်မဆိုင်ဆိုင် မျက်စိရှေ့ မတရားဘူးထင်လျှင် ဝင်ပါတတ်သည်။ သူခံခဲ့ရသည်များရှိသလို သူက စော်ခဲ့သည်လည်းမနည်း။

ငမိုး တွင် မိုက်ကြေးခွဲလိုသည့် စိတ်လည်းမရှိ။ မိုက်ဂုဏ်ပြပြီး ငွေရှာသည်ဆိုတာမျိုးလည်း မရှိခဲ့။

သူကိုယ်တိုင်လည်း လူမိုက်လုပ်မည်ဟူသော ရည်ရွယ်ချက်မျိုးမရှိဘဲ..အသက်ငယ်ငယ်ဖြင့် နာမည်ကျော် ဝရမ်းပြေးလူမိုက်ကြီးဖြစ်ခဲ့ရသည်။

လူငယ်သဘာ၀ အချစ်ကိစ္စဖြင့် တဇွတ်ထိုး တဇောက်ကန်း လုပ်မိလုပ်ရာလုပ်ခဲ့ရာမှ လူမိုက်ကြီးအဖြစ် လူအများက တံဆိပ်ကပ်ခြင်ကို ခံခဲ့ရခြင်းပင်။

မောင်မိုး၏ မိခင် ဒေါ်ဗုံဗုံ သည် ဘရွတ်ကင်းဈေးထဲတွင် ငါးခြောက်နှင့် ပုဇွန်ခြောက်မျိုးစုံဆိုင်ဖွင့်ထားသည်။

မောင်မိုး သည် မိခင်ဖြစ်သူ၏ ဆိုင်သို့ လာတိုင်း မမြသစ်တို့ ဆိုင်ရှေ့က ဖြတ်ရ၏။

မမြသစ် နှင့် သူ့အဒေါ်က ဆန်တန်းတွင် ဆန်ဆိုင်လေးဖွင့်ထားသည်။

လူပျိုပေါက်မောင်မိုး သည် မမြသစ်ကို ကြွေနေပြီဖြစ်၏။

“အလိန်..ငါတော့ မြသစ်ကို စာပေးချင်တယ်ကွာ”

မောင်မိုးက သူငယ်ချင်း အလိန် ကို တိုင်ပင်သည်။ တရုတ်ကလေး အလိန် ကား မောင်မိုး ၏ အချစ်ဆုံးသူငယ်ချင်း။ အလိန်၏ မြန်မာနာမည်က ဘဦးဖြစ်သည်။

မောင်မိုး နှင့်အလိန် ကား ပွေးဖော်ပွေးဖက်၊ ဆိုးဖော်ဆိုးဖက်။

မောင်မိုး တို့က ရရစားစားဈေးသည်လူတန်းစားဆိုသော်လည်း အလိန်က ချမ်းသာသည်။

အလိန့်မိဘများမှာ နိုင်ငံခြားသို့ ဆေပြင်းလိမ်များ ပို့သည့် လုပ်ငန်းကို လုပ်ကိုင်သည်။

ဒုတိယကမ္ဘာစစ်မဖြစ်မီကာလက ထိုလုပ်ငန်းသည် ဝင်ငွေအလွန်ကောင်းသော လုပ်ငန်းဖြစ်သည်။ ဆေးပြင်းလိပ် ဆိုသည်ကား ဘိလပ်နှင့် ဥရောပနိုင်ငံများတွင် တော်ရုံလူတန်းစားများ သောက်နိုင်သည် မဟုတ်။

လူကုံတန်များသာ သောက်နိုင်သည့် ပစ္စည်း။

အလိန့်မိဘတွေက ထိုဈေးကွက်ကြီးကြီးကို ရထားကြသူများဖြစ်သည်။

အလိန်က တစ်ဦးတည်းသော သားမို့ အလိန့်ကို သူ့မိဘများက အလိုလိုက်ထားကြသည်။

အဝတ်အစားအလျှံအပယ်၊ မုန့်ဖိုးအလျှံအပယ်နှင့် အလိန်က မောင်မိုးကို အလွန်ခင်သည်။

အလိန့်ကို သူ့မိဘများက တရုတ်ရိုးရာကွန်ဖူးသိုင်းပညာဆရာထံ အပ်နှံပြီး ပညာသင်ပေးသော အခါ မောင်မိုးပါမှ သင်မည်ဆိုသဖြင့် မောင်မိုးပါ သင်ရသည်။ နှစ်ယောက်လုံးက ဓါးသိုင်းတွင် တစ်ဖက်ကမ်း ခတ်အောင် သင်ကြားတတ်မြောက်ကြသည်ဟု လူသိများကြသည်။

အလိန်နှင့် မောင်မိုးမှာ အတွဲလည်းညီလှသည်။

ဓါးသိုင်းလေ့ကျင့်ရာတွင်လည်း နှစ်ယောက်လုံးက တွဲဖက်ညီညီ ပညာခန်းညီကြသည်။

အတတ်ဆန်းပြီး ဟိုတယ်တက်ကာ ဘီယာသောက် မြာပွေ့ဖက်ရာတွင်လည်း တက်ညီလက်ညီလက်တည့်စမ်းသလား။ စမ်းကြ၏။

ဗိုလ်တစ်ထောင်တစ်ခွင် ရန်ပွဲလေးများတွင် လည်း သူတို့နှစ်ယောက်က အတွဲညီညီ လက်သွက်သွက်။

အမှုအခင်းများဖြစ်လာလျှင်လည်း အလိန့်မိဘများက ငွေဖြင့် လမ်းခင်းရှင်းသွားကြသည်။

အလိန့် မောင်မိုးကို အဝတ်အစား ကအစ သူဝတ်သည့်အတိုင်း ဝတ်စေသည်။ ထိုခေတ်က တော်ရုံလူ မပတ်နိုင်သည့် ရိုးကုန်တိုက်မှ ဆယ့်လေးကျပ်တန် အယ်လ်ဂျင်နာရီ ကိုပင် မောင်မိုးအတွက် လက်ဆောင် ဝယ်ပေးသေးသည်။

ဒီတော့ နဂိုကမှ ရုပ်ရည်ကလေးရှိသော မောင်မိုးသည် သူဌေးသားလေးတစ်ယောက်လို တောက်တောက်ပပ ဖြစ်နေလေသည်။

ရှိုးကောင်း၊ ဂိုက်ကောင်းဖြင့် ရုပ်ရည်လေးရှိသော မောင်မိုး ကို အသားဖြူဖြူ၊ သွားတက်ကလေးနှင့် မြန်မာဆန်ဆန်အလှပိုင်ရှင် အပျိုပေါက်မလေး မမြသစ်ကလည်း သဘောကျနေပြီဖြစ်သည်။

ယခု..မမြသစ်ကို စာပေးမည်ဆိုတော့ မောင်အလိန့် က စတန့်ထွင်သည်။

ရိုးတိုက်မှာရောင်းသည့် အကောင်းစားရေမွှေးစက္ကူနှင့် ရေမွှေးဖောင်တိန်ဖြင့် ဝယ်ရေး။ သူ စိုက်ပေးမည်ဟု ဆိုသည်။

ထိုသို့နှင့်…ဆန်တစ်အိတ်စာတန်ဖိုးရှိသော အကောင်းစားဖောင်တိန်၊ စက္ကူတို့ဖြင့် ရေးသားအပ်သည့် မေတ္တာသဝဏ်လွှာသည် မမြသစ် ဆိုင်၏ ဆန်တိုင်ကီထဲသို့ ရောက်သွားလေတော့သတည်း။

မမြသစ် ဆီမှ ပြန်စာရသောနေ့တွင် လင်းစဒေါင်းလမ်းရှိ တရုတ်ဟိုတယ်တွင် မောင်မိုး နှင့် အလိန်တို့ သူငယ်ချင်းတသိုက် တီတံဆိပ်ဘီယာ ငါးကပ် ကုန်သည်အထိ အောင်ပွဲခံခဲ့ကြလေသည်။

နောက်ရက်များတွင် မောင်မိုးသည် သူ့အမေဆိုင်သို့ နေ့တိုင်းသွားပြီး မမြသစ်အား ချောင်းသည်။

မမြသစ်အဒေါ် အိမ်ပြန်ထမင်းစားခြင်း အပြင်ထွက်ခြင်းတို့ ပြုပြီဆိုပါက မောင်မိုးသည် မမြသစ်ဆိုင်သို့ ဝင်တော့သည်။

မမြသစ်နှင့် စကားပြောသည်။ ဈေးထဲ လူရှင်းနေလျှင် မမြသင်း ပါးကို ခိုးနမ်းသည်။

မောင်မိုးနှင့် မမြသစ်မှာ ဆယ်ကျော်သက်တို့ သဘာ၀ မိုးမမြင် လေမမြင် ချစ်ကြသည်။

သို့သော် ကိုးတန်းတက်နေသည့် မောင်မိုးမှာ ကျောင်းချိန်များတွင်လည်း ဈေးထဲသို့ ရောက်နေပြီး မမြသစ် ဆိုင်ကိုသာ ချောင်းနေတော့သည်။

ကြာလာသည့်အခါ မောင်မိုး အမေ ဒေါ်ဗုံဗုံက သူ့သား၏ ပညာရေးကို စိတ်ပူလာ၏။

မမြသစ် အဒေါ်ကို တစ်ဖက်လှည့်နှင့် ပြောသည်။ မမြသစ်အဒေါ်က မမြသစ်ကို ဆူသဖြင့် မမြသစ် က မောင်မိုးနှင့် ပတ်သက်ပြီး ဘရိတ်အုပ်လိုက်သည်။

မောင်မိုး လာလျှင် မမြသစ်က ရှောင်နေသည်။ လက်ခံစကားမပြော။

မောင်မိုးက မမြသစ် နှင့် တည့်ရှင်းချင်သည်။ မမြသစ်က အတွေ့မခံ။

“မြသစ်က ငါ့ကို ကစားနေတာ..အလိန်.မိန်းမတွေက ဒီတိုင်းပဲလားကွ”

“ဟ ငါက မင်းလို မစွံသေးဘူး..ငမိုးရ…ငါချိန်နေတဲ့ အနွဲ့ ကလည်း ငါ့ တရုတ်ပုတ် ဘာညာဆိုပြီး အော်ထုတ်နေတာပဲခံနေရတယ်။ ဒါတောင် မင်းက ငါ့လာမေးနေတယ်”

“ငါ..သူတို့ ဆိုင်ရှေ့သွားပြီး တည့်ပဲ ရှင်းချင်နေပြီကွာ..မနက်ဖြန်တော့ အဖြူအမည်း သဲကွဲအောင် သူ့ဆိုင်ရှေ့ သွားကြမ်းပေးလိုက်မယ်”

“ဟာ..ငမိုး..ကြည့်လုပ်ပါဦးကွာ..ဈေးထဲကြီးမှာ”’

“ဈေးထဲ မကလို့ ဘာဖြစ်ဖြစ်ကွာ..ဒီကောင်မ..ငါ့ကို ဘာလုပ်တာလဲ..သူပဲ ချစ်ပါတယ်..ကြိုက်ပါတယ်ဆိုလို့လေကွာ..အခုကျမှ ဘာလို့ လေစိမ်းတွေ တိုက်နေတာလဲ”

“ငမိုး..စဉ်းစဉ်းစားစား လုပ်ပါကွာ..သူငယ်ချင်း..အေးအေးဆေးဆေးပေါ့”

မောင်မိုး က ဘီယာပုလင်းကို မော့ချပစ်လိုက်သည်။

…………………………

နောက်တစ်ရက်တွင် မောင်မိုးသည် မမြသစ် တို့ ဆန်ဆိုင်ရှေ့သို့ ရောက်သွားသည်။

“မြသစ်…ကိုမိုး မြသစ်နဲ့ စကားပြောချင်လို့ပါ..မြသစ် ထွက်ခဲ့ပေးပါ”

ဆန်ဆိုင်ထဲက ဘာသံမှ ထွက်မလာ။

“မြသစ်..ငါ ဒေါသမထွက်ချင်ဘူးနော်..မြသစ်..နင်ရှိနေတာ ငါသိတယ်..ထွက်လာခဲ့”

မောင်မိုး အသံက ပိုကျယ်သွား၏။

ထိုအခါ ဆိုင်အတွင်းမှ မမြသစ်၏ အဒေါ်ထွက်လာလေသည်။

“ဟဲ့ကောင်လေး..ဆိုင်ရှေ့မှာ ဆူဆူပူပူလာလုပ်မနေနဲ့..မြသစ်က နင်နဲ့ မတွေ့ချင်ဘူး”

“ကျုပ် မြသစ် နဲ့တွေ့ဖို့လာတာ။ ခင်ဗျားကြီး စောက်ပူတပြားမှ မပါဘူး။ မြသစ်ကို သာ ခေါ်ပေး”

“ဟယ်..လူလေးက လက်တောက်လောက်နဲ့..မိုက်ရိုင်းလိုက်တာ.စောက်ကလေး..မခေါ်ပေးတော့ နင်က ဘာလုပ်ချင်လဲ”

မောင်မိုးက ဆန်ဆိုင်ရှေ့ ဆန်တောင်းထဲတွင် ထည့်ထားသော ဆန်အိတ်ဖောက်သည့် သံပိုက်အချွန်ကို ဆတ်ခနဲ ကောက်ကိုင်ကာ ဆိုင်အတွင်းသို့ ဝင်သွားလေသည်။

“လာကြပါဦးရှင်..ဒီမှာ..ကျွန်မတို့ တူဝရီးကို သတ်မလို့တဲ့.လာကြပါဦးရှင်”

ဈေးထဲက လူများ အလန့်တကြားဖြစ်သွားကြသည်။

ဒေါ်ဗုံဗုံ ရောက်လာလေပြီ။

“ဟဲ့..သား..မောင်မိုး..မောင်မိုး..အောင်မလေး..မလုပ်ပါနဲ့..မလုပ်ပါနဲ့”

ဒေါ်ဗုံဗုံ က မောင်မိုးကို အတင်းဝင်ဆွဲသည်။

နောက်ထပ် လူသုံးလေးယောက်ကလည်း မောင်မိုး ကို ဝင်ဆွဲကြသည်။

မမြသစ်ကတော့ ဆိုင်ခန်းထောင့်လေးတွင် တုန်ရီလျက်။

………………………

နောက်တစ်နေ့တွင် ထိုသတင်းကို ကြားသွားသော မမြသစ် အဖေကြီးက မမြသစ်ကို ဆိုင်ပေးမထိုင်တော့။

ဆန်ဆိုင်တွင် မမြသစ် အစား ညီမဝမ်းကွဲ မလှခင် သာ ဆိုင်ထိုင်တော့သည်။

မမြသစ်မှာလည်း မောင်မိုးကို နူးညံ့သောမျက်နှာ၊ စမတ်ကျသော ဝတ်စားပုံတို့ကြောင့် ချစ်ခဲ့ကြိုက်ခဲ့သော်လည်း ဘီလူးသရဲစီးသည့် ဒေါသကို မြင်ရသည့်အခါ ကြောက်လန့်စိတ်က ပိုမို ကြီးစိုးသွားသည်။

ဖခင်ဖြစ်သူကလည်း ကြိမ်းမောင်းသဖြင့် အိမ်ထဲက အိမ်ပြင် လုံးဝမထွက်တော့။

မောင်မိုး ၏ အသဲကွဲဒေါသ ကား ကီလိုတက်သတက် တက်လာချေပြီ။

သူ၏ ရည်းစားဦးဇာတ်လမ်း အသဲကလေး မှာ ဒီလိုနှင့် ကျကွဲရမည်လား။

မောင်မိုး က မမြသစ် အိမ်သို့ နေ့တိုင်းသွားချောင်းသည်။

တစ်လခန့်အကြာတွင် မောင်မိုး ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

မမြသစ်ကို ကားတင်ပြေးမည်။

သူငယ်ချင်းအလိန် ကို အကူအညီတောင်းကာ ရထားလုံးတစ်စီး ငှားလိုက်သည်။

မမြသစ် အဖေ ဖြစ်သူမှ စာတိုက်ဝန်ထောက်ကြီးဖြစ်သည့်အတွက် မနက်ခင်း ရုံးသို့ အသွားတွင် ခြံကို သော့တန်းလန်း ခတ်ထားခဲ့၏။

ထိုအိမ်တွင် မမြသစ်တို့ သားအဖ၊ မမြသစ်အဒေါ်နှင့် နှမဝမ်းကွဲ လှခင်သာနေသည် ဟု မောင်မိုး သိထားသည်။

ထို့ကြောင့်..မမြသစ်အဖေ ရုံးသွားချိန်တွင် ဓါးရှည်တစ်လက်ကို လွယ်ကာ၊ ဓါးမြှောင်တစ်လက်ကို ကိုင်လျက် မမြသစ်တို့ ခြံထဲသို့ ဝင်သွားလေတော့သည်။

အိမ်တံခါးမှ စေ့ရုံစေ့ထားသဖြင့် တွန်းဝင်လိုက်၏။

အိမ်ရှေ့ခန်းတွင် ဓာတ်ပြားစက်အား ဖုန်သုတ်နေသည့် မမြသစ်က မောင်မိုးကို တွေ့သွားသဖြင့် အံသြသွားလေသည်။

“မြသစ် မင်း အကို နဲ့ လိုက်ခဲ့ရမယ်…မင်းကို အကို လာခိုးတာ”

မမြသစ် မှင်သက်နေသည်။

ထိုအချိန်တွင် မမြသစ်ကို စောင့်ရန်အတွက် ရွာမှ ခေါ်ထားသော ဦးလေးဖြစ်သူ ဦးတင်မောင်က အိမ်နောက်ဖေးမှ ထွက်လာသည်။

“ဟိတ်ကောင်..မင်းဘယ်သူလဲ..ဘာလုပ်တာလဲ”

ဦးတင်မောင် က မောင်မိုး ကို လက်သီးဖြင့် ပြေးထိုးသည်။

ကွန်ဖူးကျွမ်းကျင်သည်မို့ မောင်မိုးက ဖြတ်ခနဲ ရှောင်ပြီး ဦးတင်မောင် ဇက်ပိုးကို တံတောင်ဖြင့် တွတ်လိုက်သည်။

ထို့နောက် မမြသစ်ထံသို့ ပြေးသွားပြီး လက်ကို အတင်းဆွဲခေါ်သည်။

ဦးတင်မောင်က ဓာတ်ပြားစက်ကို မကာ မောင်မိုး ၏ ကျောကုန်းကို ထုချလိုက်သည်။

ဟန်ချက်ပျက်သွားသော မောင်မိုးကို ဦးတင်မောင်က ဝင်လုံးလိုက်၏။

မောင်မိုး၊ မမြသစ်နှင့် ဦးတင်မောင်တို့ လုံးထွေးနေသည်။

အသားနာသွားသဖြင့် ဒေါသထွက်နေသော မောင်မိုး၏ ဓါးချက်တစ်ချက်က ဦးတင်မောင်၏ ဝမ်းဗိုက်ကို စိုက်ဝင်သွာသည်။ ဦးတင်မောင်ခွေခနဲ လဲကျသွား၏။

“လာကြပါဦးရှင်..ကိုမိုး..ကျွန်မဦးလေးကို သတ်နေပါတယ်..သတ်နေပါတယ်”:

မမြသစ် အသံထွက်လာသဖြင့် မောင်မိုးက ရုတ်တရက်မွှန်ထူးသွားပြီ ဓါးဖြင့် လှည့်တွတ်လိုက်သည်။

မမြသစ်၏ ပုခုံးတွင် ဓါးချက်ထိပြီး သွေးများ ဖြာခနဲထွက်လာသည်။

မောင်မိုးလည်း……..အိမ်ထဲမှ အမြန်ပြန်ထွက်လိုက်သည်။

ခြံရှေ့တွင်..ရပ်ကွက်ထဲမှ လူများက မောင်မိုးကို ဝိုင်းထား၏။

ကင်းလှည့်လာသော ဆခ်လူမျိုးပုလိပ်စာသင်တစ်ယောက်က မောင်မိုးကို နံပါတ်တုတ်ဖြင့် ဆီးတားသည်။

မောင်မိုးက ကျောကုန်းတွင် လွယ်ထားသော ဓါးရှည်ကို ထုတ်ကာ ပုလိပ်စာသင်၏ တုတ်ကိုင်ထားသောလက်အား အားဖြင့် ဖြတ်ခုတ်ချလိုက်ရာ…လက်မောင်းတဖက်မှာ ပြတ်လုနီးပါးဖြစ်သွားလေသည်။

လူကောင်ထွားထွား ဆစ်ခ်လူမျိုးပုလိပ်စာသင်ကား သွေးအိုင်ထဲတွင် လဲကျသွားတော့သည်။

“ဟေ့..မဆိုင်သူ မကပ်နဲ့ကွ..ငမိုး ဓါးချက်မိသွားမယ်”

မောင်မိုးနောက် မည်သူမျှ မလိုက်ရဲ။

မောင်မိုး ကား ဓါးတလက်ကိုကိုင်ကာ လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေတော့သည်။

ခက်ဇော်



(zawgyi)

The Guys of Yangon,1930(Part 9)

       အခန္း(၁၀)

        ……………

ပု႑ားဘထြန္းသည္ သူ႔အိမ္ေရွ႕တြင္ ငွက္ႀကီးဓါးကို ကိုင္လ်က္ သူ႔ကို စိန္ေခၚေနေသာ လမ္းမေတာ္ဖိုးတုတ္ ကို အံၾသတႀကီးၾကည့္ကာ မွင္သက္ေနသည္။

“ပု႑ားဘထြန္း..မေန႔က ခင္ဗ်ားက က်ဳပ္ကို သတ္ဖို႔ဆို...အခု ခင္ဗ်ားအိမ္ေရွ႕ ေရာက္ေနၿပီေလဗ်ာ.. လာ ဆင္းခဲ့ေလ..ေယာက္်ားဆို တစ္ေယာက္ခ်င္း ဓါးခ်င္းယွဥ္ခုတ္ၾကမယ္..ဆင္းခဲ့ေလ”

လြန္ခဲ့သည္ ႏွစ္မ်ားကဆိုလွ်င္ ယခုလိုအေျခအေနမ်ိဳးတြင္ လူမိုက္ႀကီးပု႑ားဘထြန္း သည္ ဓါးေကာက္ကို ဆြဲလ်က္ ဆင္းခုတ္ၿပီးသားပင္။

ယခုေတာ့ ပု႑ားဘထြန္း သည္ စိတ္ဓာတ္ေရးရာအရ ခြၽတ္ၿခဳံက်ေနသည္။

သူ႔ သူ႔အခ်စ္ဆုံး ေမြးစားသား အာဠာဝကစိန္ႀကီးကို လြန္ခဲ့ေသာ ရက္က ဆုံးရႈံးခဲ့ရသည္။

အာဠာဝကသည္ သူ႔လက္႐ုံး။ သူအားကိုးအားထားျပဳရာ။ ပု႑ားဘထြန္းတည္းဟူေသာ လူမိုက္ဂုဏ္ ကို တည္ၿမဲေစခဲ့သည့္ ေဒါက္တိုင္။

အခုေတာ့ စိန္ႀကီးလည္း မရွိေတာ့။

တက္လူျဖစ္ေသာ ဖိုးတုတ္ကို တစ္ေယာက္ခ်င္း ရင္ဆိုင္ႏိုင္သည္ထားဦး။ ဇရာကလည္း စကားေျပာေလၿပီ။ ကံၾကမၼာကသူ႔ဘက္တြင္ မေရရာ။

မေန႔ကေတာ့ သူ႔က်န္ရွိသမွ်အင္အားႏွင့္ လမ္းမေတာ္ဖိုးတုတ္ကို သူေသကိုယ္ေသတိုက္ရန္ ႀကိဳးစားခဲ့သည္။

သို႔ေသာ္..မည္သည့္အခ်ိန္က သတင္းရသြားသည္ မသိေသာ စစ္ပုလိပ္တပ္မ်ားႏွင့္သာ သူရင္ဆိုင္ခဲ့ရသည္။

ညေနပိုင္းတြင္ သူ႔တပည့္လူမိုက္မ်ားကို ပုလိပ္အဖြဲ႕မွ လက္နက္ကိုင္ေဆာင္မႈ၊ လူစုလူေဝးမႈမ်ားျဖင့္ တစ္ေယာက္ၿပီးတစ္ေယာက္ လာဖမ္းသြားခဲ့၏။

ထိုကိစၥသည္ လမ္းမေတာ္ဖိုးတုတ္ ၏ စနက္မွန္း သူရိပ္မိသည္။ ေႁမြေႁမြခ်င္း ေျချမင္သည္။

လမ္းမေတာ္ဖိုးတုတ္ တြင္ သူခန႔္မွန္းမရေသာ ေနာက္ခံအင္အား တစ္ခုရွိေနၿပီဆိုသည္ကေတာ့ အေသအခ်ာ။

ပု႑ားဘထြန္းသည္ အိမ္ျပတင္းေပါက္တံခါးကို အသာဟကာ သူ႔အိမ္ေရွ႕တြင္ စိန္ေခၚေနေသာ လမ္းမေတာ္ဖိုးတုတ္ကို ေခ်ာင္းၾကည့္သည္။

ထို႔ေနာက္ သက္ျပင္းခ်ကာ အိမ္ထဲသို႔ ျပန္ဝင္သြား၏။

လူမိုက္အမ်ားက ဆရာႀကီးဟုပင္ နာမည္တပ္ေခၚရေသာ လူမိုက္ႀကီး ပု႑ားဘထြန္း အစြယ္က်ိဳးေခ်ၿပီ။

“ကဲ..ပု႑ားဘထြန္း..ခင္ဗ်ား ကို က်ဳပ္ ေယာက္်ားခ်င္း ယွဥ္ဖို႔ လာစိန္ေခၚတယ္။ ခင္ဗ်ား အိမ္ထဲမွာ ရွိလ်က္နဲ႔ မထြက္လာဘူးေနာ္။ ဟုတ္ၿပီ။ ဒီေန႔ကစၿပီး ခင္ဗ်ားအတြက္ လမ္းမေတာ္မွာ ဘာမွ မရွိေတာ့ဘူး။ ခင္ဗ်ားက ဆန္ေတာင္းတဲ့ ပု႑ားျဖစ္သြားၿပီ..လူမိုက္ပု႑ားမဟုတ္ေတာ့ဘူး..ဟုတ္ၿပီလား”

လမ္းမေတာ္ဖိုးတုတ္က ဓါးကို ကိုင္လ်က္ လွည့္ျပန္သြား၏။

လမ္းထိပ္ေရာက္ေသာအခါ ဘသိန္းႏွင့္ ဂႏၶမာတို႔ ေမာင္းလာေသာ ေမာ္ေတာ္ကားႏွင့္ တိုးေလသည္။

ဂႏၶမာက ကားေပၚမွ ဆင္းလာၿပီး

“ဖိုးတုတ္..မင္းကြာ…မေျပာမဆိုနဲ႔..တစ္ေယာက္တည္း သြားရလား..အကုန္ေသကုန္မွျဖင့္”

လမ္းမေတာ္ဖိုးတုတ္က ရယ္လိုက္သည္။

“တမင္ တစ္ေယာက္တည္းလာခ်င္လို႔ မင္းတို႔ေကာင္ေတြကို ညက အမူးေသာက္ခိုင္းတာေပါ့ကြ။ အခုလည္း ပု႑ား ငါ့ကို ထြက္ၿပီး ရင္မဆိုင္ရဲပါဘူးကြာ။ အစြယ္က်ိဳးပါၿပီ။ လမ္းမေတာ္တစ္ခုလုံးကို သူ႔လက္ထဲ့ ငါ အခုပဲ ယူခဲ့ၿပီ”

“ကဲ..ဒါဆိုလည္း ကားေပၚတက္ကြာ..ဓါးရွည္ႀကီး တကားကားနဲ႔ လူျမင္မေကာင္းပါဘူး.လာလာ”

လမ္းမေတာ္ဖိုးတုတ္က ကားေပၚတက္လိုက္သည္။

“ငါက မင္း ပု႑ားကို အိမ္ေပၚအထိ တက္ခုတ္မယ္ထင္တာကြ”

“မလိုေတာ့ပါဘူး..ဂႏၶမာရာ..ငါ ညက ဟိုေကာင္ တလိုင္းေလးကို ေသခ်ာစစ္ၿပီးၿပီ။ တကယ္ေတာ့ ငါ့ဦးေလး ဦးဘိုးသင္ ကို ပု႑ားဘထြန္းက သတ္ခိုင္းတာမဟုတ္ဘူးကြ။ ငါနဲ႔ ပု႑ားဘထြန္းၾကား ျပသနာျဖစ္ေအာင္ တလိုင္းေလးေက်ာ္သင္းက ၾကားကေန ခေလာက္ဆန္ခဲ့တာ။ ဒီေကာင္က အရက္ထြက္ေသာက္ေနခ်ိန္ ငါ့ဦးေလး က ဘိလပ္ရည္ထြက္ဝယ္ခ်ိန္ သြားတိုးေတာ့..သူ႔စိတ္ထဲ ႐ုတ္တရက္ဒီအႀကံေပၚလာၿပီး လုပ္လိုက္တာတဲ့။ ငါလည္း အစကတည္းက စဥ္းစားမိတယ္။ ပု႑ားဘထြန္းက လုပ္ျခင္း လုပ္ ငါ့ပဲ လုပ္မွာေပါ့။ ဘာကိစၥ ငါ့ဦးေလးသြားသတ္မလဲဆိုတာ”

“တလိုင္းေလးေက်ာ္သင္း.ေတာ္ေတာ္ရႈပ္တဲ့ေကာင္ပဲကြာ..ေအး ဒီလိုေကာင္မ်ိဳး မင္းသတ္လိုက္တာပဲ နားေအးပါတယ္..ဒါနဲ႔ အခု ပု႑ားႀကီး ကိစၥကေရာ..ဘယ္လိုျဖစ္သြားၿပီလဲ”

“ဂႏၶမာရာ..ပု႑ားဘထြန္း မွာက သူ႔အားကိုးရာ အာဠာဝလည္း ေသၿပီ။ မေန႔က သူ႔သားအေလာင္းထမ္းၿပီး ခ်ီတက္ၾကတာဟာ သူ႔ရဲ႕ ေနာက္ဆုံးက်ည္ဆံပဲ၊ ရွိသမွ်အင္အားစုၿပီး ငါ့ကို မီးကုန္ယမ္းကုန္ တိုက္ဖို႔လာတာ။ ဒါေပမယ့္.သူ႔ချမာ.စစ္ပုလိပ္တပ္နဲ႔ပဲ တိုးသြားတယ္။ သူ႔တပည့္ေတြလည္း ညက တညလုံး ပုလိပ္က လိုက္ဖမ္းတာခံရတယ္။ အဲ့ဒီလို အခ်ိန္မွာ သူ႔စိတ္ဓာတ္က အနိမ့္ဆုံးအေျခအေနျဖစ္ေနတာ။ ငါ သြားစိန္ေခၚေတာ့ သူဘယ္ဆင္းလာ ရဲပါ့မလဲ။ လူတစ္ေယာက္ကို အႏိုင္ယူတဲ့အခါ စိတ္ဓာတ္အင္းအားအနိမ့္ပါးဆုံးအခ်ိန္က အေကာင္းဆုံးပဲလို႔ ဦးေလးဘိုးသင္ က ငါ့ကို ေျပာဖူးတယ္။ ကဲ..ငါတို႔မွာ တျခားလုပ္စရာေတြ ရွိေသးတယ္..ဂႏၶမာ..ပု႑ားဘထြန္းဆိုတာ ဒီနယ္ေျမမွာ ထပ္ေပၚမလာေတာ့ဘူးသာ မွတ္လိုက္ေတာ့ကြာ”

ထိုေန႔မွစတင္ၿပီး ပု႑ားဘထြန္းတည္းဟူေသာ လူမိုက္ႀကီး သည္ လမ္းမေတာ္နယ္ေျမမွ တိမ္ျမဳပ္ေပ်ာက္ကြယ္ သြားေလေတာ့သည္။

ပု႑ားဘထြန္း၏ လူျဖစ္ခဲ့ဖူးသည့္ လူမိုက္မ်ားသည္လည္း လမ္းမေတာ္ဖိုးတုတ္ေအာက္သို႔ တဖြဲဖြဲေရာက္လာၾက၏။

လမ္းမေတာ္၊ အလုံ၊ ၾကည့္ျမင့္တိုင္၊ စမ္းေခ်ာင္း၊ ကမာ႐ြတ္ အစရွိေသာ ရန္ကုန္အေနာက္ပိုင္း တစ္ခုလုံးတြင္ လမ္းမေတာ္ဖိုးတုတ္ ကား ရွင္ဘုရင္ျဖစ္ခဲ့ၿပီ။

……………………………………………..

လမ္းမေတာ္ဖိုးတုတ္၏ နယ္ေျမက်ယ္ျပန႔္လာသည္ႏွင့္အမွ် ဝင္ေငြကလည္း ေကာင္းလာခဲ့သည္။

ေ႐ႊဒဂၤါးတစ္ျပား ဆယ့္ေျခာက္က်ပ္ေခတ္တြင္ ဖိုးတုတ္အဖြဲ႕၏ တစ္လဝင္ေငြက သုံးေထာင္အထိ ျဖစ္လာခဲ့သည္။

ဖယ္မလီယာေမာ္ေတာ္ကားႏွစ္စင္း ႏွင့္ ေမာ္ေတာ္တစ္စင္း ဝယ္လာႏိုင္သည္။

ေ႐ႊဂုံတိုင္ရွိ မြန္ဘုန္းႀကီးေက်ာင္းတစ္ခုတြင္ ဦးဖိုးတုတ္ ၊ ေဒၚသင္းျမ တို႔ က ေရတြင္းတစ္တြင္းလႉခဲ့သည္။

မေကာင္းမႈျဖင့္ ေက်ာ္ေဇာလာေသာ ဂုဏ္သတင္းကို ဘာသာေရးတည္းဟူေသာ ေ႐ႊေဆးသုတ္ကာ ဖုံးကြယ္ရန္ ဖိုးတုတ္ ႀကိဳးစားခဲ့သည္။

သို႔ေသာ္ျငားလည္း…။

…………………………………….

၁၉၃၀ ၊ ၾသဂုတ္လ ၈ ရက္။ ဝါေခါင္လျပည့္ေန႔။

ရန္ကုန္မိုးက တစိမ့္စိမ့္႐ြာေန၏။

မတ္စတီးခန္း သည္ သူလႉဒါန္းတည္ေဆာက္ထားသည့္ ဗလီႀကီးတြင္ ဝတ္ျပဳၿပီးေနာက္ အၿခံအရံမ်ားႏွင့္အတူ ျပန္ထြက္လာသည္။

မိုးတြင္းကာလျဖစ္သျဖင့္ ေဒါက္ကပ္ရထားႀကီးကို မစီးပဲ အေကာင္းဆုံးဖယ္မလီယာကားႀကီးျဖင့္ ဗလီသို႔ ဝတ္လာျပဳျခင္းျဖစ္သည္။

မတ္စတီးခန္း ၏ ကားေနာက္တြင္ ေနာက္ထပ္ ကားတစ္စီး ထပ္ရပ္လာ၏။

ကားေပၚမွ ဆင္းလာသူမွာ မစၥတာမန္မဆာ။

မတ္စတီးခန္း ကားေပၚသို႔ တက္လိုက္ၿပီးေနာက္…မန္မဆာ ကလည္း ကားေပၚလိုက္တက္လိုက္၏။

“ဆလံမာေလးကြန္း..အဘိုင္”

မန္မဆာက မတ္စတီးခန္းကို ဆလံေပးလိုက္သည္။ မတ္စတီးခန္းက ဆလံျပန္ေပးလိုက္ၿပီးေနာက္

“အေနာက္ပိုင္းသားေတြကိစၥ..ဘာထူးျပန္ၿပီလဲ..မန္မဆင္”

“လြန္ခဲ့တဲ့ႏွစ္ရက္က ဘားလမ္းက စိန္ဘာဘူတိုက္ကို အႏုၾကမ္းစီးသြားတဲ့ေကာင္ေတြကို သိရၿပီ..အဘိုင္..ဖိုးတုတ္တပည့္ အုန္းေဖ တို႔အဖြဲ႕ပဲ”

“ဒီေကာင္ေလးေတြ..ငါ့အပိုင္အထိ ေက်ာ္လာၾကၿပီပဲ..”

“အဲ့ဒီအေနာက္ပိုင္းသားေတြ ကိစၥထက္ ပိုအေရးႀကီးတဲ့ သတင္းရွိတယ္..အဘိုင္’’

“ဘာမ်ားလဲ”

“ငမိုး တကြၽန္းကေန ျပန္လြတ္လာၿပီအဘိုင္..ဗိုလ္တစ္ေထာင္ငမိုး ျပန္လြတ္လာၿပီ”

မတ္စတီးခန္း က သူ႔ေခါင္းေပၚမွ ေ႐ႊဦးထုတ္ႀကီးကို ခြၽတ္လိုက္ၿပီး သက္ျပင္းခ်လိုက္သည္။

“ဟာ..ဒီေကာင္ႀကီးက တစ္ကြၽန္းမွာ မဟုတ္လား.. ျပန္လြတ္လာတာကလည္း ေစာလွခ်ည္လား”

“ဆယ္ႏွစ္ရွိၿပီေလ.အဘိုင္…ဆယ္ႏွစ္ရွိၿပီ…ဘယ္ကေန ဘာ့ေၾကာင့္ ျပန္လြတ္လာလဲေတာ့ မသိဘူး.. အခု ဘ႐ြတ္ကင္းလမ္းက သူ႔အိမ္မွာ ျပန္ေရာက္ေနၿပီ..တခ်ိဳ႕ အေရွ႕ပိုင္းဗမာလူမိုက္ေတြကလည္း သူ႔ဆီ သြားၿပီး တပည့္ခံကုန္ၾကတယ္”

မတ္စတီးခန္းက မန္မဆာ စကားကို နားေထာင္ကာ ေခါင္းၿငိမ့္လိုက္သည္။

“ဒီအခ်ိန္မွာ ငါတို႔ ပိုၿပီး ေက်ာခ်င္းကပ္ထားဖို႔ လိုၿပီ မန္မဆာ…ဖိုးတုတ္ ကလည္း အေႏွးနဲ႔အျမန္ ငါတို႔ နယ္ေျမ ကို မ်က္ေစာင္းထိုးလာမွာပဲ…အခု ငမိုးကလည္း လြတ္လာၿပီဆိုေတာ့…ဟူး”

“ဒါေပမယ့္..ငမိုး က ဖိုးတုတ္လို႔ မဟုတ္ဘူး..အဘိုင္။ အခု သူ႔ဆီလာၿပီး နယ္ေျမအပ္ၾကတဲ့ တခ်ိဳ႕ လူမိုက္ေတြကိုလည္း သူက ျငင္းလႊတ္ေနတယ္ေျပာတယ္။ ကြၽန္ေတာ္တို႔ ညီအစ္ကိုေတြ သူ႔ကို စည္း႐ုံးထားႏိုင္ရင္ေတာ့ ဖိုးတုတ္ရန္ကေန ကာကြယ္ႏိုင္မယ္ထင္တယ္”

“ငမိုး အေၾကာင္း မင္းဘယ္ေလာက္သိလဲ..မန္မဆာ။ ဒီေကာင့္ဆရာ ဦးတင္ နဲ႔ ငါ ေကာင္းေကာင္းသိတယ္။ ဦးတင္ အတြက္ပဲ ဒီေကာင္ လူသတ္ၿပီး တကြၽန္းက်သြားတာ။ ဦးတင္ သူ႔အေပၚ လူလည္က်သြားတာေတြကို ဒီေကာင္ တကြၽန္းအမိန႔္မက်ခင္ကတည္းက ေကာင္းေကာင္းခံစားသြားရတယ္။ သူ႔ကို ေငြနဲ႔ ေပါက္စည္း႐ုံး ဖို႔ကေတာ့ မလြယ္ဘူးထင္တယ္”

“ဘာပဲျဖစ္ျဖစ္ သူ႔အရွိန္ကေတာ့ ရန္ကုန္ အေရွ႕ပိုင္းမွာ အခုထိ က်န္ေနေသးတာပဲ..သူ႔ကို မဟာမိတ္ လုပ္ထားတာ အေကာင္းဆံးုပဲ ထင္တယ္”

“မန္မဆာ..မင္း ႀကိဳးစားၾကည့္ခ်င္သပဆိုလည္း လုပ္ၾကည့္ေလ..ဒါေပမယ့္ ငမိုးဟာ မင္းတို႔၊ ငါတို႔ ၊ ဖိုးတုတ္တို႔လို စီးပြားျဖစ္လူမိုက္မ်ိဳးမဟုတ္ဘူးကြ။ ဒီေကာင္က သူေငြလိုရင္ေတာင္ တျခားက အႏိုင္က်င့္ မရွာဘူး။ ပြဲခင္းထဲ ပုလိပ္ အေရးပိုင္ဆီက ဓါးေထာက္ၿပီး ေငြတစ္ဆယ္ ေတာင္းတဲ့ေကာင္မ်ိဳး။ သူ ယုံမိၿပီဆိုလည္း ခိုင္းတာအကုန္လုပ္တယ္။ မယုံဘူးဆိုလည္း သူ႔ကို ဘယ္လို ကပ္ကပ္ရမရတဲ့ေကာင္ကြ”

“ဘာပဲျဖစ္ျဖစ္မွာ အဘိုင္..ကြၽန္ေတာ္ကေတာ့ သူ႔ဆီ ခ်ဥ္းကပ္ၾကည့္ရမွာပဲ…အခုဆို အေနာက္ပိုင္းက ေကာင္ေတြ ၾသဇာက ကြၽန္ေတာ္တို႔ နယ္ေျမထဲအထိ လႊမ္းမိုးလာေနၿပီ။ ဟိုေန႔က ဘားလမ္း ကိစၥ  ကိုပဲ ၾကည့္။ ဒီေကာင္ေတြ မထိခလုတ္၊ ထိခလုတ္လာလုပ္သြားတာ”

“မင္း စည္း႐ုံးလို႔ ရရင္ ေကာင္းတာေပါ့ကြာ.အဘိုင္ေလး..ငါကေတာ့ ပု႑ားဘထြန္းႀကီး ျဖစ္ကို ၾကည့္ၿပီး ကတည္းက ဒီေလာက ကေန တျဖည္းျဖည္း စြန႔္ခြာဖို႔ စဥ္းစားထားၿပီ။ ဂုဏ္သိကၡာရွိရွိပဲ ဒီေလာကက အနားယူခ်င္တယ္..အဘိုင္ေလးေရ..ဒီဒြႏၵယာႀကီးမွာ တခ်ိဳ႕ ကိစၥေတြက အလႅာ့အလိုေတာ္ကို လြန္ဆန္လို႔မရဘူး။ ျဖစ္ကို ျဖစ္လာရမယ့္ကိစၥေတြပဲ”

မစၥတာမန္မဆာက မတ္စတီးခန္းကို ၾကည့္ၿပီး ေခါင္းခါလိုက္သည္။

“ကြၽန္ေတာ္က အဘိုင့္ဆီက အႀကံဉာဏ္တစ္ခုခု ရလို ရျငား လာတာပါ။ အခုေတာ့ အဘိုင္က ေမာ္လဝီတရား ပဲ ေဟာေနေတာ့…ကြၽန္ေတာ္ ျပန္ေတာ့မယ္..အဘိုင္”

မန္မဆာက ေလသံမာမာျဖင့္ ေျပာကာ ေမာ္ေတာ္ကားတံခါးကို ဖြင့္ရန္ျပင္လိုက္သည္။

မတ္စတီးခန္း က မန္မဆာ၏ ပုခုံးကို ကိုင္လိုက္ၿပီး

“မန္မဆာ..မင္းက ငါ့ညီပါ။ မင္းကို ငါ့ညီအကိုလိုပဲ သေဘာထားပါတယ္။ အဲ့ဒါေၾကာင့္ ငါမင္းကို တစ္ခု ေတာ့ေျပာလိုက္မယ္။ တခ်ိန္က ငါဘုန္းမီးေနလေတာက္ခဲ့တာမွန္တယ္။ ငါ နဲ႔ ပုလိပ္မင္းႀကီး ရွန္တဲဝပ္ ၾကား အေပးအယူေတြ အမ်ားႀကီးရွိခဲ့တယ္။ ရန္ကုန္ကို ေဟာ့ဒီလို လက္ကေလးထဲထည့္ ငါကစားႏိုင္ခဲ့တယ္။ မင္းနဲ႔အတူလက္တြဲၿပီး မန္ရွီဒီးေတြကို ေခ်မႈန္းႏိုင္ခဲ့တယ္။ အခု..ဖိုးတုတ္ ဟာ ငါ့ထက္ သာတဲ့ ႏိုင္ငံေရးေနာက္ခံ တစ္ခုကို ရသြားခဲ့ၿပီလို႔ ငါခန႔္မွန္းလို႔ရေနၿပီ။ ရန္ကုန္ရဲ႕ ဘုရင္ဟာ မတ္စတီးခန္း ၿပီးရင္ ဖိုးတုတ္ျဖစ္လာဖို႔ အေျခအေနေတြ ျဖစ္လာၿပီကြ။ ငါ ပု႑ားဘထြန္းလို ဖိုးတုတ္အိမ္ေရွ႕ေရာက္လာမွ အရွက္ကြဲမခံႏိုင္ဘူး။ လမ္းမေတာ္ဖိုးတုတ္ ငါအိမ္ေရွ႕ေရာက္မလာခင္ ေဟာ့ဒီ သရဖူလို ေ႐ႊေရာင္ဦးထုတ္ႀကီးေဆာင္းၿပီး..ငါ ဒီေလာကကေန သိကၡာရွိရွိ အနားယူလိုက္ခ်င္တယ္..မင္းတို႔လည္း အေျခအေနကို လက္ခံသင့္ၿပီ…မန္မဆာ။ ဒီေျမဟာ ငါတို႔ ေျမ မဟုတ္ဘူး။ ငါတို႔ အားသာေနလည္း ခဏပဲကြ။ မင္း ဒါကို ေခါင္းထဲ အၿမဲထည့္ထား..မန္မဆာ။ တခါတေလ ေနာက္ဆုတ္ေပးလိုက္တယ္ဆိုတာ အရႈံးေပးတာ မဟုတ္ဘူးကြ။ အႏိုင္ပိုင္းၿပီး ထြက္သြားေပးလိုက္တာ…အဲ့ဒါေလး မွတ္သြားပါ..ငါ့ညီ..အလႅာအရွင္ျမတ္ ေစာင့္ေရွာက္ပါေစ”

………………………….. ………………………… …………………………….

ဦးဘေဘ၊ ဦးပု ၊ ဦးထြန္းရွိန္ တို႔ ျမန္မာႏိုင္ငံမွ ဘိလပ္သို႔ ထြက္ခြာသြားၿပီး ႏွစ္လအၾကာ ၁၉၁၉ ခုႏွစ္၊ စက္တင္ဘာလ ၁၁ ရက္ ၊ ၾကာသပေတးေန႔ ည ၉ နာရီအခ်ိန္တြင္ ျမန္မာ့အလင္းသတင္းစာ၏ တာဝန္ခံ အယ္ဒီတာ ဆရာသင္ သည္ ရန္ကုန္ဘူတာႀကီးနာရီစင္ေရွ႕တြင္ လူတစ္ဦး၏ ဓါးျဖင့္ ထိုးသတ္ျခင္းကို ခံခဲ့ရေလသည္။

ထိုသတင္းကား ျမန္မာျပည္အႏွံ႔ သတင္းစာမ်ား၏ ေခါင္းႀကီးျဖစ္သြားသလို.. အရပ္သတင္းစကားမ်ားတြင္လည္း ဟိုးဟိုးေက်ာ္သြားေပသည္။

ထိုသို႔ ဟိုးဟိုးေက်ာ္သြားရျခင္း၏ အေၾကာင္းအရင္းတစ္ရပ္မွာကား အယ္ဒီတာဆရာသင္ ကို သတ္သူသည္ နာမည္ေက်ာ္ ဝရမ္းေျပးလူမိုက္ ဗိုလ္တစ္ေထာင္ငမိုး ျဖစ္ေနျခင္း လည္း ပါဝင္ေနေပသည္။

ဗိုလ္တစ္ေထာင္ငမိုးသည္ အသက္ငယ္ငယ္ျဖင့္ နာမည္ေက်ာ္ လူမိုက္ျဖစ္လာခဲ့သူူျဖစ္သည္။

ငမိုး၏ လူမိုက္နိဒါန္းက ဖိုးတုတ္တို႔ ႏွင့္ မတူ။

ငမိုးသည္ ထင္ရာစြတ္လုပ္တတ္ေသာ စိတ္ႏွင့္ လက္ရဲဇက္ရဲသတၱိတို႔ ေပါင္းစပ္ထားေသာ ေမြးရာပါညဥ္ေၾကာင့္ လူမိုက္ျဖစ္လာသူပင္။

ဗိုလ္တစ္ေထာင္ငမိုးသည္ လမ္းမေတာ္ဖိုးတုတ္ ထက္ (၃)ႏွစ္ အသက္ႀကီးသည္။

ဗိုလ္တစ္ေထာင္ငမိုး ဟူသည့္ ဝရမ္းေျပးလူမိုက္ႀကီးဘဝျဖင့္ ငမိုး နာမည္ႀကီးခ်ိန္တြင္ အသက္ (၁၉)ႏွစ္အ႐ြယ္ ဖိုးတုတ္မွာ  ျခေသၤလိုင္းစပယ္ယာဘဝတြင္ပင္ ရွိေသး၏။

၁၉၁၉ ဆရာသင္သတ္မႈျဖင့္ ဗိုလ္တစ္ေထာင္ငမိုး တစ္ကြၽန္းက်ခ်ိန္တြင္မူ လမ္းမေတာ္ဖိုးတုတ္မွာ အၿငိမ့္ေထာင္ကား ေမာင္းသည့္အလုပ္ကို လုပ္ကိုင္လ်က္ရွိေသးသည္။

ဗိုလ္တစ္ေထာင္ငမိုး ကား စေနသား။ ဘယ္သန္။

လူေကာင္ေသးေသး။ အသားလတ္လတ္။ အရပ္ခပ္ျပတ္ျပတ္။

႐ုပ္ရည္က ၾကည္လင္သန႔္ျပန္သည္။ ႐ုပ္ရည္ျမင္႐ုံျဖင့္ ပညာတတ္လူရည္မြန္ကေလးဟု ထင္ၾကသည့္ ဥပဓိပိုင္ရွင္။

ထူးျခားသည္ကား ဗိုလ္တစ္ေထာင္ငမိုး ဟူေသာ အမည္သည္ လမ္းမေတာ္ဖိုးတုတ္တို႔ကဲ့သို႔ အ႐ြယ္ေရာက္မွ တြဲစပ္ေခၚသည့္နာမည္မ်ိဳးမဟုတ္။

ဗိုလ္တစ္ေထာင္ဘုရားပြဲတြင္ ငမိုးရိပ္႐ုပ္ေသးပြဲၾကည့္ေနစဥ္ ဗိုက္နာလာၿပီး ေမြးဖြားခဲ့သျဖင့္ ဖခင္ ကိုဖိုးခင္ ႏွင့္မိခင္ မဗုံဗုံ တို႔မွ ဗိုလ္တစ္ေထာင္ငမိုး ဟု ဇာတာထဲတြင္ ထည့္မွည့္ခဲ့သည့္ ခပ္ဆန္းဆန္းနာမည္ပင္ျဖစ္ေလသည္။

ဗိုလ္တစ္ေထာင္ငမိုးသည္ နာမည္ဆန္းသလို လူကလည္း ဆန္းဖို႔ ျဖစ္လာခဲ့၏။

ငမိုး ကား အသက္ (၁၁)ႏွစ္သားကတည္းက ရန္ေကာင္းေကာင္းျဖစ္တတ္ေနခဲ့ၿပီ။

ဆိုင္ဆိုင္မဆိုင္ဆိုင္ မ်က္စိေရွ႕ မတရားဘူးထင္လွ်င္ ဝင္ပါတတ္သည္။ သူခံခဲ့ရသည္မ်ားရွိသလို သူက ေစာ္ခဲ့သည္လည္းမနည္း။

ငမိုး တြင္ မိုက္ေၾကးခြဲလိုသည့္ စိတ္လည္းမရွိ။ မိုက္ဂုဏ္ျပၿပီး ေငြရွာသည္ဆိုတာမ်ိဳးလည္း မရွိခဲ့။

သူကိုယ္တိုင္လည္း လူမိုက္လုပ္မည္ဟူေသာ ရည္႐ြယ္ခ်က္မ်ိဳးမရွိဘဲ..အသက္ငယ္ငယ္ျဖင့္ နာမည္ေက်ာ္ ဝရမ္းေျပးလူမိုက္ႀကီးျဖစ္ခဲ့ရသည္။

လူငယ္သဘာ၀ အခ်စ္ကိစၥျဖင့္ တဇြတ္ထိုး တေဇာက္ကန္း လုပ္မိလုပ္ရာလုပ္ခဲ့ရာမွ လူမိုက္ႀကီးအျဖစ္ လူအမ်ားက တံဆိပ္ကပ္ျခင္ကို ခံခဲ့ရျခင္းပင္။

ေမာင္မိုး၏ မိခင္ ေဒၚဗုံဗုံ သည္ ဘ႐ြတ္ကင္းေဈးထဲတြင္ ငါးေျခာက္ႏွင့္ ပုဇြန္ေျခာက္မ်ိဳးစုံဆိုင္ဖြင့္ထားသည္။

ေမာင္မိုး သည္ မိခင္ျဖစ္သူ၏ ဆိုင္သို႔ လာတိုင္း မျမသစ္တို႔ ဆိုင္ေရွ႕က ျဖတ္ရ၏။

မျမသစ္ ႏွင့္ သူ႔အေဒၚက ဆန္တန္းတြင္ ဆန္ဆိုင္ေလးဖြင့္ထားသည္။

လူပ်ိဳေပါက္ေမာင္မိုး သည္ မျမသစ္ကို ေႂကြေနၿပီျဖစ္၏။

“အလိန္..ငါေတာ့ ျမသစ္ကို စာေပးခ်င္တယ္ကြာ”

ေမာင္မိုးက သူငယ္ခ်င္း အလိန္ ကို တိုင္ပင္သည္။ တ႐ုတ္ကေလး အလိန္ ကား ေမာင္မိုး ၏ အခ်စ္ဆုံးသူငယ္ခ်င္း။ အလိန္၏ ျမန္မာနာမည္က ဘဦးျဖစ္သည္။

ေမာင္မိုး ႏွင့္အလိန္ ကား ေပြးေဖာ္ေပြးဖက္၊ ဆိုးေဖာ္ဆိုးဖက္။

ေမာင္မိုး တို႔က ရရစားစားေဈးသည္လူတန္းစားဆိုေသာ္လည္း အလိန္က ခ်မ္းသာသည္။

အလိန႔္မိဘမ်ားမွာ ႏိုင္ငံျခားသို႔ ေဆျပင္းလိမ္မ်ား ပို႔သည့္ လုပ္ငန္းကို လုပ္ကိုင္သည္။

ဒုတိယကမာၻစစ္မျဖစ္မီကာလက ထိုလုပ္ငန္းသည္ ဝင္ေငြအလြန္ေကာင္းေသာ လုပ္ငန္းျဖစ္သည္။ ေဆးျပင္းလိပ္ ဆိုသည္ကား ဘိလပ္ႏွင့္ ဥေရာပႏိုင္ငံမ်ားတြင္ ေတာ္႐ုံလူတန္းစားမ်ား ေသာက္ႏိုင္သည္ မဟုတ္။

လူကုံတန္မ်ားသာ ေသာက္ႏိုင္သည့္ ပစၥည္း။

အလိန႔္မိဘေတြက ထိုေဈးကြက္ႀကီးႀကီးကို ရထားၾကသူမ်ားျဖစ္သည္။

အလိန္က တစ္ဦးတည္းေသာ သားမို႔ အလိန႔္ကို သူ႔မိဘမ်ားက အလိုလိုက္ထားၾကသည္။

အဝတ္အစားအလွ်ံအပယ္၊ မုန႔္ဖိုးအလွ်ံအပယ္ႏွင့္ အလိန္က ေမာင္မိုးကို အလြန္ခင္သည္။

အလိန႔္ကို သူ႔မိဘမ်ားက တ႐ုတ္႐ိုးရာကြန္ဖူးသိုင္းပညာဆရာထံ အပ္ႏွံၿပီး ပညာသင္ေပးေသာ အခါ ေမာင္မိုးပါမွ သင္မည္ဆိုသျဖင့္ ေမာင္မိုးပါ သင္ရသည္။ ႏွစ္ေယာက္လုံးက ဓါးသိုင္းတြင္ တစ္ဖက္ကမ္း ခတ္ေအာင္ သင္ၾကားတတ္ေျမာက္ၾကသည္ဟု လူသိမ်ားၾကသည္။

အလိန္ႏွင့္ ေမာင္မိုးမွာ အတြဲလည္းညီလွသည္။

ဓါးသိုင္းေလ့က်င့္ရာတြင္လည္း ႏွစ္ေယာက္လုံးက တြဲဖက္ညီညီ ပညာခန္းညီၾကသည္။

အတတ္ဆန္းၿပီး ဟိုတယ္တက္ကာ ဘီယာေသာက္ ျမာေပြ႕ဖက္ရာတြင္လည္း တက္ညီလက္ညီလက္တည့္စမ္းသလား။ စမ္းၾက၏။

ဗိုလ္တစ္ေထာင္တစ္ခြင္ ရန္ပြဲေလးမ်ားတြင္ လည္း သူတို႔ႏွစ္ေယာက္က အတြဲညီညီ လက္သြက္သြက္။

အမႈအခင္းမ်ားျဖစ္လာလွ်င္လည္း အလိန႔္မိဘမ်ားက ေငြျဖင့္ လမ္းခင္းရွင္းသြားၾကသည္။

အလိန႔္ ေမာင္မိုးကို အဝတ္အစား ကအစ သူဝတ္သည့္အတိုင္း ဝတ္ေစသည္။ ထိုေခတ္က ေတာ္႐ုံလူ မပတ္ႏိုင္သည့္ ႐ိုးကုန္တိုက္မွ ဆယ့္ေလးက်ပ္တန္ အယ္လ္ဂ်င္နာရီ ကိုပင္ ေမာင္မိုးအတြက္ လက္ေဆာင္ ဝယ္ေပးေသးသည္။

ဒီေတာ့ နဂိုကမွ ႐ုပ္ရည္ကေလးရွိေသာ ေမာင္မိုးသည္ သူေဌးသားေလးတစ္ေယာက္လို ေတာက္ေတာက္ပပ ျဖစ္ေနေလသည္။

ရႈိးေကာင္း၊ ဂိုက္ေကာင္းျဖင့္ ႐ုပ္ရည္ေလးရွိေသာ ေမာင္မိုး ကို အသားျဖဴျဖဴ၊ သြားတက္ကေလးႏွင့္ ျမန္မာဆန္ဆန္အလွပိုင္ရွင္ အပ်ိဳေပါက္မေလး မျမသစ္ကလည္း သေဘာက်ေနၿပီျဖစ္သည္။

ယခု..မျမသစ္ကို စာေပးမည္ဆိုေတာ့ ေမာင္အလိန႔္ က စတန႔္ထြင္သည္။

႐ိုးတိုက္မွာေရာင္းသည့္ အေကာင္းစားေရေမႊးစကၠဴႏွင့္ ေရေမႊးေဖာင္တိန္ျဖင့္ ဝယ္ေရး။ သူ စိုက္ေပးမည္ဟု ဆိုသည္။

ထိုသို႔ႏွင့္…ဆန္တစ္အိတ္စာတန္ဖိုးရွိေသာ အေကာင္းစားေဖာင္တိန္၊ စကၠဴတို႔ျဖင့္ ေရးသားအပ္သည့္ ေမတၱာသဝဏ္လႊာသည္ မျမသစ္ ဆိုင္၏ ဆန္တိုင္ကီထဲသို႔ ေရာက္သြားေလေတာ့သတည္း။

မျမသစ္ ဆီမွ ျပန္စာရေသာေန႔တြင္ လင္းစေဒါင္းလမ္းရွိ တ႐ုတ္ဟိုတယ္တြင္ ေမာင္မိုး ႏွင့္ အလိန္တို႔ သူငယ္ခ်င္းတသိုက္ တီတံဆိပ္ဘီယာ ငါးကပ္ ကုန္သည္အထိ ေအာင္ပြဲခံခဲ့ၾကေလသည္။

ေနာက္ရက္မ်ားတြင္ ေမာင္မိုးသည္ သူ႔အေမဆိုင္သို႔ ေန႔တိုင္းသြားၿပီး မျမသစ္အား ေခ်ာင္းသည္။

မျမသစ္အေဒၚ အိမ္ျပန္ထမင္းစားျခင္း အျပင္ထြက္ျခင္းတို႔ ျပဳၿပီဆိုပါက ေမာင္မိုးသည္ မျမသစ္ဆိုင္သို႔ ဝင္ေတာ့သည္။

မျမသစ္ႏွင့္ စကားေျပာသည္။ ေဈးထဲ လူရွင္းေနလွ်င္ မျမသင္း ပါးကို ခိုးနမ္းသည္။

ေမာင္မိုးႏွင့္ မျမသစ္မွာ ဆယ္ေက်ာ္သက္တို႔ သဘာ၀ မိုးမျမင္ ေလမျမင္ ခ်စ္ၾကသည္။

သို႔ေသာ္ ကိုးတန္းတက္ေနသည့္ ေမာင္မိုးမွာ ေက်ာင္းခ်ိန္မ်ားတြင္လည္း ေဈးထဲသို႔ ေရာက္ေနၿပီး မျမသစ္ ဆိုင္ကိုသာ ေခ်ာင္းေနေတာ့သည္။

ၾကာလာသည့္အခါ ေမာင္မိုး အေမ ေဒၚဗုံဗုံက သူ႔သား၏ ပညာေရးကို စိတ္ပူလာ၏။

မျမသစ္ အေဒၚကို တစ္ဖက္လွည့္ႏွင့္ ေျပာသည္။ မျမသစ္အေဒၚက မျမသစ္ကို ဆူသျဖင့္ မျမသစ္ က ေမာင္မိုးႏွင့္ ပတ္သက္ၿပီး ဘရိတ္အုပ္လိုက္သည္။

ေမာင္မိုး လာလွ်င္ မျမသစ္က ေရွာင္ေနသည္။ လက္ခံစကားမေျပာ။

ေမာင္မိုးက မျမသစ္ ႏွင့္ တည့္ရွင္းခ်င္သည္။ မျမသစ္က အေတြ႕မခံ။

“ျမသစ္က ငါ့ကို ကစားေနတာ..အလိန္.မိန္းမေတြက ဒီတိုင္းပဲလားကြ”

“ဟ ငါက မင္းလို မစြံေသးဘူး..ငမိုးရ…ငါခ်ိန္ေနတဲ့ အႏြဲ႕ ကလည္း ငါ့ တ႐ုတ္ပုတ္ ဘာညာဆိုၿပီး ေအာ္ထုတ္ေနတာပဲခံေနရတယ္။ ဒါေတာင္ မင္းက ငါ့လာေမးေနတယ္”

“ငါ..သူတို႔ ဆိုင္ေရွ႕သြားၿပီး တည့္ပဲ ရွင္းခ်င္ေနၿပီကြာ..မနက္ျဖန္ေတာ့ အျဖဴအမည္း သဲကြဲေအာင္ သူ႔ဆိုင္ေရွ႕ သြားၾကမ္းေပးလိုက္မယ္”

“ဟာ..ငမိုး..ၾကည့္လုပ္ပါဦးကြာ..ေဈးထဲႀကီးမွာ”’

“ေဈးထဲ မကလို႔ ဘာျဖစ္ျဖစ္ကြာ..ဒီေကာင္မ..ငါ့ကို ဘာလုပ္တာလဲ..သူပဲ ခ်စ္ပါတယ္..ႀကိဳက္ပါတယ္ဆိုလို႔ေလကြာ..အခုက်မွ ဘာလို႔ ေလစိမ္းေတြ တိုက္ေနတာလဲ”

“ငမိုး..စဥ္းစဥ္းစားစား လုပ္ပါကြာ..သူငယ္ခ်င္း..ေအးေအးေဆးေဆးေပါ့”

ေမာင္မိုး က ဘီယာပုလင္းကို ေမာ့ခ်ပစ္လိုက္သည္။

…………………………

ေနာက္တစ္ရက္တြင္ ေမာင္မိုးသည္ မျမသစ္ တို႔ ဆန္ဆိုင္ေရွ႕သို႔ ေရာက္သြားသည္။

“ျမသစ္…ကိုမိုး ျမသစ္နဲ႔ စကားေျပာခ်င္လို႔ပါ..ျမသစ္ ထြက္ခဲ့ေပးပါ”

ဆန္ဆိုင္ထဲက ဘာသံမွ ထြက္မလာ။

“ျမသစ္..ငါ ေဒါသမထြက္ခ်င္ဘူးေနာ္..ျမသစ္..နင္ရွိေနတာ ငါသိတယ္..ထြက္လာခဲ့”

ေမာင္မိုး အသံက ပိုက်ယ္သြား၏။

ထိုအခါ ဆိုင္အတြင္းမွ မျမသစ္၏ အေဒၚထြက္လာေလသည္။

“ဟဲ့ေကာင္ေလး..ဆိုင္ေရွ႕မွာ ဆူဆူပူပူလာလုပ္မေနနဲ႔..ျမသစ္က နင္နဲ႔ မေတြ႕ခ်င္ဘူး”

“က်ဳပ္ ျမသစ္ နဲ႔ေတြ႕ဖို႔လာတာ။ ခင္ဗ်ားႀကီး ေစာက္ပူတျပားမွ မပါဘူး။ ျမသစ္ကို သာ ေခၚေပး”

“ဟယ္..လူေလးက လက္ေတာက္ေလာက္နဲ႔..မိုက္႐ိုင္းလိုက္တာ.ေစာက္ကေလး..မေခၚေပးေတာ့ နင္က ဘာလုပ္ခ်င္လဲ”

ေမာင္မိုးက ဆန္ဆိုင္ေရွ႕ ဆန္ေတာင္းထဲတြင္ ထည့္ထားေသာ ဆန္အိတ္ေဖာက္သည့္ သံပိုက္အခြၽန္ကို ဆတ္ခနဲ ေကာက္ကိုင္ကာ ဆိုင္အတြင္းသို႔ ဝင္သြားေလသည္။

“လာၾကပါဦးရွင္..ဒီမွာ..ကြၽန္မတို႔ တူဝရီးကို သတ္မလို႔တဲ့.လာၾကပါဦးရွင္”

ေဈးထဲက လူမ်ား အလန႔္တၾကားျဖစ္သြားၾကသည္။

ေဒၚဗုံဗုံ ေရာက္လာေလၿပီ။

“ဟဲ့..သား..ေမာင္မိုး..ေမာင္မိုး..ေအာင္မေလး..မလုပ္ပါနဲ႔..မလုပ္ပါနဲ႔”

ေဒၚဗုံဗုံ က ေမာင္မိုးကို အတင္းဝင္ဆြဲသည္။

ေနာက္ထပ္ လူသုံးေလးေယာက္ကလည္း ေမာင္မိုး ကို ဝင္ဆြဲၾကသည္။

မျမသစ္ကေတာ့ ဆိုင္ခန္းေထာင့္ေလးတြင္ တုန္ရီလ်က္။

………………………

ေနာက္တစ္ေန႔တြင္ ထိုသတင္းကို ၾကားသြားေသာ မျမသစ္ အေဖႀကီးက မျမသစ္ကို ဆိုင္ေပးမထိုင္ေတာ့။

ဆန္ဆိုင္တြင္ မျမသစ္ အစား ညီမဝမ္းကြဲ မလွခင္ သာ ဆိုင္ထိုင္ေတာ့သည္။

မျမသစ္မွာလည္း ေမာင္မိုးကို ႏူးညံ့ေသာမ်က္ႏွာ၊ စမတ္က်ေသာ ဝတ္စားပုံတို႔ေၾကာင့္ ခ်စ္ခဲ့ႀကိဳက္ခဲ့ေသာ္လည္း ဘီလူးသရဲစီးသည့္ ေဒါသကို ျမင္ရသည့္အခါ ေၾကာက္လန႔္စိတ္က ပိုမို ႀကီးစိုးသြားသည္။

ဖခင္ျဖစ္သူကလည္း ႀကိမ္းေမာင္းသျဖင့္ အိမ္ထဲက အိမ္ျပင္ လုံးဝမထြက္ေတာ့။

ေမာင္မိုး ၏ အသဲကြဲေဒါသ ကား ကီလိုတက္သတက္ တက္လာေခ်ၿပီ။

သူ၏ ရည္းစားဦးဇာတ္လမ္း အသဲကေလး မွာ ဒီလိုႏွင့္ က်ကြဲရမည္လား။

ေမာင္မိုး က မျမသစ္ အိမ္သို႔ ေန႔တိုင္းသြားေခ်ာင္းသည္။

တစ္လခန႔္အၾကာတြင္ ေမာင္မိုး ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္သည္။

မျမသစ္ကို ကားတင္ေျပးမည္။

သူငယ္ခ်င္းအလိန္ ကို အကူအညီေတာင္းကာ ရထားလုံးတစ္စီး ငွားလိုက္သည္။

မျမသစ္ အေဖ ျဖစ္သူမွ စာတိုက္ဝန္ေထာက္ႀကီးျဖစ္သည့္အတြက္ မနက္ခင္း ႐ုံးသို႔ အသြားတြင္ ၿခံကို ေသာ့တန္းလန္း ခတ္ထားခဲ့၏။

ထိုအိမ္တြင္ မျမသစ္တို႔ သားအဖ၊ မျမသစ္အေဒၚႏွင့္ ႏွမဝမ္းကြဲ လွခင္သာေနသည္ ဟု ေမာင္မိုး သိထားသည္။

ထို႔ေၾကာင့္..မျမသစ္အေဖ ႐ုံးသြားခ်ိန္တြင္ ဓါးရွည္တစ္လက္ကို လြယ္ကာ၊ ဓါးေျမႇာင္တစ္လက္ကို ကိုင္လ်က္ မျမသစ္တို႔ ၿခံထဲသို႔ ဝင္သြားေလေတာ့သည္။

အိမ္တံခါးမွ ေစ့႐ုံေစ့ထားသျဖင့္ တြန္းဝင္လိုက္၏။

အိမ္ေရွ႕ခန္းတြင္ ဓာတ္ျပားစက္အား ဖုန္သုတ္ေနသည့္ မျမသစ္က ေမာင္မိုးကို ေတြ႕သြားသျဖင့္ အံၾသသြားေလသည္။

“ျမသစ္ မင္း အကို နဲ႔ လိုက္ခဲ့ရမယ္…မင္းကို အကို လာခိုးတာ”

မျမသစ္ မွင္သက္ေနသည္။

ထိုအခ်ိန္တြင္ မျမသစ္ကို ေစာင့္ရန္အတြက္ ႐ြာမွ ေခၚထားေသာ ဦးေလးျဖစ္သူ ဦးတင္ေမာင္က အိမ္ေနာက္ေဖးမွ ထြက္လာသည္။

“ဟိတ္ေကာင္..မင္းဘယ္သူလဲ..ဘာလုပ္တာလဲ”

ဦးတင္ေမာင္ က ေမာင္မိုး ကို လက္သီးျဖင့္ ေျပးထိုးသည္။

ကြန္ဖူးကြၽမ္းက်င္သည္မို႔ ေမာင္မိုးက ျဖတ္ခနဲ ေရွာင္ၿပီး ဦးတင္ေမာင္ ဇက္ပိုးကို တံေတာင္ျဖင့္ တြတ္လိုက္သည္။

ထို႔ေနာက္ မျမသစ္ထံသို႔ ေျပးသြားၿပီး လက္ကို အတင္းဆြဲေခၚသည္။

ဦးတင္ေမာင္က ဓာတ္ျပားစက္ကို မကာ ေမာင္မိုး ၏ ေက်ာကုန္းကို ထုခ်လိုက္သည္။

ဟန္ခ်က္ပ်က္သြားေသာ ေမာင္မိုးကို ဦးတင္ေမာင္က ဝင္လုံးလိုက္၏။

ေမာင္မိုး၊ မျမသစ္ႏွင့္ ဦးတင္ေမာင္တို႔ လုံးေထြးေနသည္။

အသားနာသြားသျဖင့္ ေဒါသထြက္ေနေသာ ေမာင္မိုး၏ ဓါးခ်က္တစ္ခ်က္က ဦးတင္ေမာင္၏ ဝမ္းဗိုက္ကို စိုက္ဝင္သြာသည္။ ဦးတင္ေမာင္ေခြခနဲ လဲက်သြား၏။

“လာၾကပါဦးရွင္..ကိုမိုး..ကြၽန္မဦးေလးကို သတ္ေနပါတယ္..သတ္ေနပါတယ္”:

မျမသစ္ အသံထြက္လာသျဖင့္ ေမာင္မိုးက ႐ုတ္တရက္မႊန္ထူးသြားၿပီ ဓါးျဖင့္ လွည့္တြတ္လိုက္သည္။

မျမသစ္၏ ပုခုံးတြင္ ဓါးခ်က္ထိၿပီး ေသြးမ်ား ျဖာခနဲထြက္လာသည္။

ေမာင္မိုးလည္း……..အိမ္ထဲမွ အျမန္ျပန္ထြက္လိုက္သည္။

ၿခံေရွ႕တြင္..ရပ္ကြက္ထဲမွ လူမ်ားက ေမာင္မိုးကို ဝိုင္းထား၏။

ကင္းလွည့္လာေသာ ဆခ္လူမ်ိဳးပုလိပ္စာသင္တစ္ေယာက္က ေမာင္မိုးကို နံပါတ္တုတ္ျဖင့္ ဆီးတားသည္။

ေမာင္မိုးက ေက်ာကုန္းတြင္ လြယ္ထားေသာ ဓါးရွည္ကို ထုတ္ကာ ပုလိပ္စာသင္၏ တုတ္ကိုင္ထားေသာလက္အား အားျဖင့္ ျဖတ္ခုတ္ခ်လိုက္ရာ…လက္ေမာင္းတဖက္မွာ ျပတ္လုနီးပါးျဖစ္သြားေလသည္။

လူေကာင္ထြားထြား ဆစ္ခ္လူမ်ိဳးပုလိပ္စာသင္ကား ေသြးအိုင္ထဲတြင္ လဲက်သြားေတာ့သည္။

“ေဟ့..မဆိုင္သူ မကပ္နဲ႔ကြ..ငမိုး ဓါးခ်က္မိသြားမယ္”

ေမာင္မိုးေနာက္ မည္သူမွ် မလိုက္ရဲ။

ေမာင္မိုး ကား ဓါးတလက္ကိုကိုင္ကာ လူျမင္ကြင္းမွ ေပ်ာက္ကြယ္သြားခဲ့ေလေတာ့သည္။

ခက္ေဇာ္

Comments

Post a Comment