TGOR 1930 (အခန်း ၁၄)

The Guys of Yangon,1930(Part 13)
.... .... ....

အခန်း(၁၄)

 ……………

ခမ်းနားထည်ဝါလှသော မတ်စတီးခန်း၏ တိုက်ကြီးပေါ်သို့ မစ္စတာမန်မဆာ တက်လာသည်။

ဧည့်ခန်းထဲတွင် မတ်စတီးခန်း က မြေးကလေးနှစ်ယောက်နှင့် ဆော့ကစားနေ၏။

“ဆလံမာလေကွန်း အဘိုင်ကြီး”

“အဘိုင်လေး..ဖိုးတုတ်နဲ့ ငမိုး ပူးပေါင်းသွားပြီဆိုတဲ့ သတင်းပြောဖို့ လာတာမဟုတ်လား”

“အဘိုင် သိပြီးသားပေါ့”

“ငါ သိပြီးသားပါ…”

“နောက်တစ်ခုက ပန်းဘဲတန်းထဲ က လန်ချားဂိတ်တွေ၊ တက္ကစီဂိတ်တွေကို ဖိုးတုတ်လူတွေက လစဉ်ကြေး ဝင်တောင်းနေတယ်..အဘိုင်ကြီး..ဒါ ကျွန်တော်တို့ နယ်မြေပဲ”

“ငါမပြောခဲ့ဖူးလား…ညီအစ်ကို..မကြာခင်မှာ ဖိုးတုတ်က ရန်ကုန်ကို သိမ်းမှာပါဆိုတာ.. အခု ငါ့ ဗလီရှိတဲ့ တာမွေထဲအထိ ဒီကောင့်လူ အောင်ဘ က ခြေကုပ်ယူနေပြီ”

“အဲ့ဒါ ဘိုင်က ဘာမှ ဝင်မလုပ်တော့ဘူးလား..ဝင်မပါတော့ဘူးလား”

“ငါ အသက်ကြီးပြီ..မန်မဆာ။ ထိုက်သင့်သလောက်လည်း စုမိဆောင်းမိပြီ။ ငါ့ရဲ့ လက်ကျန်အချိန်တွေကို  အရှင်မြတ်အတွက်လည်း အချိန်ပေးရဦးမယ်”

“အဘိုင်နဲ့ ကျွန်တော်တို့နဲ့ လက်တွဲလာတာ ဆယ်နှစ်ကျော်ပြီအဘိုင်။ ညီလိုအကိုလို နေခဲ့ကြတာ။ အခု ဒီအခြေအနေကျမှ အဘိုင်က လက်ရှောင်နေတော့မယ်ပေါ့”

“ဟူး..မန်မဆာရေ..နိုင်ငံရေးအခြေအနေကိုလည်း မင်းထည့်တွက်သင့်တယ်..အခု အသစ်ရောက်လာတဲ့ ပုလိပ်မင်းကြီး ဝဲဘုန်းလ် က အရင် မင်းကြီး ရှပ်တဲဝပ်လို ငါနဲ့ သိပ် အဆင်မပြေလှဘူး...ပြီးတော့ အခုဖြစ်နေတဲ့ သူပုန်ဆရာစံ ကိစ္စမှာ မြန်မာတွေက အရမ်းသွေးကြွနေကြတယ်…အစိုးရကလည်း ဌာနေရင်းလူမျိုးဖြစ်တဲ့ မြန်မာပြည်သူကို ဆရာစံ သူပုန်ထဲ အလုံးအရင်ရောက်သွားမှာ စိုးရိမ်နေတယ်….ဒီအင်္ဂလိပ်ကောင်တွေ အကြောင်း ငါအသိဆုံးပဲ..သူတို့ အခုချိန်မှာ မြန်မာတွေ ဆရာစံဘက် မရောက်သွားစေဖို့ ဘာပြသနာဖြစ်ဖြစ် မြန်မာတွေဘက်က ရပ်တည်နေလိမ့်မယ်”

“အဘိုင် သွေးကြောင်နေပြီလား…ဒီလိုဆို ကျွန်တော်တို့က ကျွန်တော်တို့ နယ်မြေတွေကို ဖိုးတုတ်လက်ထဲ ထည့်ပြီး ရထားလုံးပြန်မောင်းနေကြရမှာလား…ဖိုးတုတ်ကို အဘိုင်က လည်ပင်းကြိုးကွင်းစွပ်ခဲ့ဖူးသူဆိုတာလဲ..သတိရဦးနော်..အဲ့ဒီကိစ္စ ဖိုးတုတ်က မေ့မယ်ထင်လို့လား”

မန်မဆာ ပြောလိုက်သောစကားကြောင့် မတ်စတီးခန့် မျက်နှာပျက်သွားလေသည်။

“အခုပြောနေတာ ကျွန်တော်တို့ မန်မဆာတွေ ကိစ္စတင်မကဘူး…အဘိုင့် အသက်ဘေးနဲ့လည်း ဆိုင်တယ်..အဘိုင်”

မတ်စတီးခန့်က ထိုင်ရာမှ ထကာ အနောက်ဘက် ဘီဒိုထဲမှ ဆေးခြောက်ရှုသည့်ပြောင်း နှင့် ပုလင်းထဲမှ ဆေးခြောက်အနည်းငယ်ကို ယူလိုက်သည်။

ထို့နောက် ပြောင်းထဲတွင် ထည့်ပြီး မီးညှိ့ကာ ဖွာရှိုက်လိုက်၏။

မတ်စတီးခန့် နှင့် မန်မဆာကြားတွင် အခိုးအငွေ့များက တလွင့်လွင့်တက်လာသည်။

“ဟုတ်ပြီ..မန်မဆာ..ဒီနောက်ဆုံးပွဲမှာ မင်းနဲ့ ငါ အတူတူ လမ်းတော်သားတွေကို တိုက်မယ်”

မန်မဆာ ၏ မျက်နှာက မျှော်လင့်ချက်တို့ဖြင့် ပြန်လည်အရောင်လက်လာသည်။

“ဒါပေမယ့်..မန်မဆာ…အခုက မန်ရှီဒီးတွေနဲ့ ငါတို့ တိုက်ခဲ့တုန်းက ခေတ်နဲ့ မတူတော့ဘူးကွ..နိုင်ငံရေး အခြေအနေတွေကိုပါ သုံးသပ်တက်ရမယ်..မန်ရှီဒီးတွေကို တိုက်တုန်းကလို လူအင်အားတွေနဲ့ ခုတ်ပွဲ ထစ်ပွဲကြီးတွေ ဖြစ်လို့မရဘူး”

“ဘာလို့လဲ…အဘိုင်…ဖိုးတုတ် လူတွေက အင်အားများလို့လား”

“ဖိုးတုတ်ကိုခဏထားကွ..အခု ဆရာစံသူပုန်ကို ချေမှုန်းဖို့ အိန္ဒိယကနေ ဂေါ်ရခါးစစ်တပ် နှစ်တပ် ရောက်နေတယ်။ နှစ်တပ်လုံး ဒီဝီဇံတပ်မကြီးတွေပဲ။ အစိုးရက ရန်ကုန်နဲ့ မိုင်နည်းနည်းလေးဝေးတဲ့နေရာမှာ သူပုန်ထနေတဲ့ကိစ္စ ခေါင်းခဲနေချိန် ရန်ကုန်မြို့ပေါ် ငါတို့က ဂိုဏ်းစစ်ပွဲထဖြစ်မယ်ဆို..သူတို့ ဘာလုပ်မယ်ထင်လဲ…အေး..သူပုန်တွေဘာမှမဖြစ်ခင်..ငါတို့အားလုံး ဂေါ်ရခါးတပ်စာ မိကုန်မယ်ကွ…ဒီကောင်တွေက ငါတို့ဆီက ပုလိပ်တွေလို ငွေပေးလိုက်ရင် ကြည့်လုပ်လိုက်ပါ့မယ်အဘိုင်ဆိုပြီး ဆလံပေးပြန်သွားမှာမဟုတ်ဘူး..စက်သေနတ်နဲ့ချည်းပစ်မှာကွ..ပြီးတာနဲ့….ခေါင်းဆောင်တွေဖြစ်တဲ့ မင်းတို့၊ ငါတို့၊ ဖိုးတုတ်တို့လည်း လွယ်မယ်မထင်နဲ့”

“အဲ့ဒီတော့..ကျွန်တော်တို့ ဘာလိုတိုက်မလဲ..အဘိုင်”

“ငါ့မှာ နည်းလမ်းနှစ်ခုရှိတယ်။ အသေးစိတ်အခြေအနေကိုတော့ မင်းကိုင်တွယ်ရမယ်။ တကယ်တော့ လူမိုက်ဆိုတဲ့ကောင်တွေဟာ မိုက်ဂုဏ်ရယ်၊ သူ့အတွက် မိုက်ပေးမယ့်သူရယ် နှစ်ခုနဲ့ ဒေါက်တိုင်ထား ရပ်တည်နေကြတာ။ လူတွေကလည်း အဲ့ဒီနှစ်ခုကြောင့် သူ့ကို လူမိုက်ဆိုပြီး ကြောက်နေကြရတာ။ ဒီတော့ ပုဏ္ဍားဘထွန်းကိုဖိုးတုတ် လုပ်သွားတဲ့အကွက်ကို မင်း မြင်လား။ ပထမဆုံး သူ့ ဒေါက်တိုင်ဖြစ်တဲ့ အာဠာဝကကို အပြတ်ရှင်းတယ်။ နောက်တော့ ပုဏ္ဍားအိမ်ရှေ့ကို ဓါးကြိမ်းသွားကြိမ်းပြီး ပုဏ္ဍားရဲ့ မိုက်ဂုဏ်ကို ဖြိုချပစ်ခဲ့တာ။ ဖိုးတုတ် ကို အရင်က အဲ့ဒီလောက် ဉာဏ်ပြေးမယ်လို့ ငါတကယ်မထင်ထားဘူး။ ကားအုံနာ ဘိုးသင်း က နောက်ကွယ်က ကစားနေတဲ့ နယ်ရုပ်လေးလို့ ငါထင်ထားတာ။ အခုကျ သူက သူ့ဦးလေး ဘိုးသင်းထက်တောင် အကွက်တွေ မြင်နေသေးတယ်”

“အဘိုင်က ဖိုးတုတ်ကို ကြိတ်လေးစားနေတာများလား”

“လုပ်ငန်းတူချင်း..အပြိုင်အဆိုင်ချင်းမို့ ရန်သူဖြစ်နေရင်တောင်..ကိုယ့်ထက် သာတဲ့အကွက်တွေကျ လေးစားသင့်လေးစားရမယ်ကွ..ပြီးရင် သူ့အကွက်နဲ့ သူ့ကို ပြန် တိုက်နိုင်ရမယ်။ မတ်စတီးခန်းဟာ  ဒီပွဲကို စီးပွားရေးအတွက် တိုက်မှာ မဟုတ်ဘူးကွ။  မတ်စတီခန်း ရဲ့ ဂုဏ်သိက္ခာအတွက် တိုက်မှာ…..မန်မဆာ”

“ဘယ်လို တိုက်မှာလဲ..အဘိုင်”

“မင်း ကို ငါ လူနှစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ အဲ့ဒီနှစ်ယောက်ကို မင်းကိုင်တွယ်ပြီး ဖိုးတုတ် ရဲ့ ဒေါက်တိုင်နှစ်ခုကို ချိုးပစ်ရမယ်”

“ဘယ်သူတွေများလဲ”

“တစ်ယောက်က ရာဇဝတ်ဝန် စကော့ဘရောင်း တဲ့။ ဆရာစံအရေးအခင်း အစမှာ ပုလိပ်အဖွဲ့က အားအကိုးရဆုံး လူကြမ်းကြီးပဲ။ သူပုန်ဆယ်ယောက်လောက်ကို သေနတ်နဲ့ ပစ်သတ်ဖူးတယ်။ အခုတော့ သူပုန်ကိစ္စ စစ်တပ်ဝင်တော့မှာမို့ သူ့ကို သာယာဝတီဒီစတြိတ်ကနေ အနောက်ပိုင်းခရိုင်ကို ပြောင်းပေးလိုက်ပြီ။ ဖိုးတုတ်နဲ့ ပေါင်းနေတဲ့ ဟုတ်ဂွမ်ရဲ့ အထက်အရာရှိအဖြစ်ပေါ့ကွာ..စကော့ဘရောင်း ဟာ ရာဇဝတ်အုပ်ဘဝကတည်းက ငါ နဲ့ လူချင်းရင်းနှီးတယ်။ အပေးအယူတွေရှိခဲ့တယ်။ မင်းကို သူနဲ့ ပထမဆုံး မိတ်ဆက်ပေးမယ်.. နောက်တစ်ယောက် ကတော့.. ကင်းဘဲလမ်းထဲက ငါ့ခြံမှာ ရှိနေတယ်…မနက်ဖြန် မင်းကို သူ့ဆီ ခေါ်သွားမယ်”

……………………………………………………………………………………………………………….

၁၉၃၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့။

ဂဠုန်ဆရာစံဦးဆောင်သည့် လယ်သမားအရေးတော်ပုံကြီးကား အရှိန်အဟုန်ကောင်းကောင်းဖြင့် ဖြစ်ပွားနေဆဲ။

အင်္ဂလိပ်စစ်တပ်များကလည်း သာယာဝတီမှ ပြည်အထိ သွေးချောင်းစီးအောင် တိုက်ခိုက်နေဆဲ။

ည ၉ နာရီအချိန် ၊ လမ်းမတော်၊ အော်လီဖင်လမ်း(ရွှေတောင်တန်းလမ်း) ရှိ “ဖူးမန်း” ခေါက်ဆွဲဆိုင်သည် ဆိုင်သိမ်းရန် ပြင်ဆင်နေ၏။

လွန်ခဲ့သည့်ရက်က “ဖူးမန်း” ခေါက်ဆွဲဆိုင်ပိုင်ရှင် ရှောက်ဖူ မှာ ထိုင်ဝမ်ကျွန်းမှ ဖခင်ဖြစ်သူကွယ်လွန်သဖြင့် မိသားစုလိုက် အရေးပေါ်လိုက်သွားရသည်။

မန္တလေးတွင် နေထိုင်သော ရှောက်ဖူ ၏ တူဖြစ်သူ ရှောက်လုံ ကို ခေါ်ကာ ဆိုင်ဆက်ဖွင့်ထားခိုင်လေသည်။

ဆရာစံအရေးတော်ပုံကာလဖြစ်သဖြင့် ရန်ကုန်မြို့တွင်းရှိ ဆိုင်အများစုမှာ စောစောပိတ်သိမ်းနေကြချိန်လည်း ဖြစ်သည်။

ထိုအချိန်တွင် ဆိုင်အတွင်းသို့  လူနှစ်ယောက်ဝင်လာသည်။ နှစ်ယောက်လုံးသည် အတော်ပင် မူးနေကြသည်။

“ဟေ့…ဒီမှာ ဘဲပေါင်းခေါက်ဆွဲ နှစ်ပွဲစားမယ်”

အမူးသမားနှစ်ယောက် စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်။

“ဆိုင်ပိတ်ပြီ..မရောင်းတော့ဘူး..သွားတော့..သွားတော့”

“ဘာကွ…ပိတ်လည်း ပြန်ဖွင့်ကာ..ကြားလား”

မန္တလေးမြို့၊ တရုတ်ကွန်ဖူးကလပ်တွင် ကွန်ဖူးပညာသင်ထားခါစဖြစ်သော ရှောက်လုံမှာ ရုတ်တရက် ဒေါသထွက်သွားသည်။

သို့သော် နောက်ခန်းမှ အကြော်ဆရာက ဖိုးတုတ် တို့မှန်းသိသဖြင့် အသည်းအသန်းထွက်လာသည်။

“ဪ..ဆရာတို့..ရပါသေးတယ်..ထိုင်ပါ..ထိုင်ပါ..ဘာစားကြမလဲ”

“အေး..ဒီလိုမှပေါ့…ဘဲပေါင်းခေါက်ဆွဲ နှစ်ပွဲ အမြန်ချကွာ..ဗိုက်ဆာလို့ ဒေါသထွက်နေတာ”

စားပွဲထိုးလေးက ခေါက်ဆွဲနှစ်ပွဲ အမြန်လာချပေးသည်။

“ဆရာဦးဟုတ်ဂွမ်….ဒီဆိုင်က ဘဲပေါင်းခေါက်ဆွဲက အရမ်းကောင်းတာ..စားဗျာ”

“ဖိုးတုတ်..မင်းက အကောင်းဆို အကုန်သိနေတာပဲကွ…ဒီနေ့ နန်းရွန်းဟိုတယ်မှာ မင်းနဲ့ထိုင်တဲ့ မြာလေးက ဘယ်သူ အဆွီ ဟုတ်လား..တယ်တောင့်တာကြီးကိုကွ”

“ဆရာ လိုချင်ရင်..နောက်ရက် ကျွန်တော် ခေါ်ပေးပါ့မယ်ဗျာ..အိမ်အထိ ခေါ်သွားချင်ရင်တောင် ရသဗျား”

“အိမ်ထိတော့ မလုပ်ပါနဲ့..ဖိုးတုတ်ရာ..ငါ့အိမ်က ဟာကြီးက ဓါးနဲ့ခုတ်မှာကွာ..ဟားဟားဟား”

လမ်းမတော်ဖိုးတုတ်နှင့် အိတ်စပက်တော်ဦးဟုတ်ဂွမ် တို့သည် ခေါက်ဆွဲစားရင်း စကားကို အော်ကြီးဟစ်ကျယ် ပြောနေကြသည်။

ရှောက်လုံက ကောင်တာတွင် ထိုင်ရင်း ဒေါသများ တလိပ်လိပ်ထွက်နေသည်။ ဆိုင်သိမ်းခါနီး လာနှောက်ယှက်နေကြသော အမူးသမားများကို သူ့ သိုင်းစွမ်းပြကာ ဆုံးမချင်နေသည်။

“ကဲ..ငွေရှင်းမယ်ဟေ့..ကောင်တာက တရုတ်လာဦး”

ရှောက်လုံ ဒေါသကို မထိန်းနိုင်တော့။

“ဟေ့ကောင်တွေ….ငါက သူဌေးကွ..ပိုက်ဆံရှင်းချင် နောက်က စားပွဲထိုးတွေ ထွက်လာတဲ့အချိန်စောင့်”

“ဟာ..ကောင်လေး..မင်းက စကားပြောတာ..မောက်မာလှချည်လား”

အိတ်စပက်တော်ဦးဟုတ်ဂွမ် က ထပြောလိုက်သည်။

“မောက်မာတယ်ကွ..အချိန်မတော် သူများဆိုင်ထဲ လာဆူညံနေတဲ့ မင်းတို့လို ကဝေက၀တွေကို ငါက ယဉ်ကျေးရမလား”

ဖိုးတုတ်က စားပွဲပေါ်မှ ဟင်းချို ပန်းကန်ကို ကိုင်ကာ ရှောက်လုံ ထံသို့ အားဖြင့် ပစ်ပေါက်လိုက်သည်။

ရှောက်လုံ က ခေါင်းငုံ့ရှောင်လိုက်သော်လည်း နံရံသို့ ထိမှန်ပြီး ကွဲထွက်သွားသည့် ကြွေပန်းကန်လုံး အစများက မျက်နှာကို ပြန်လာမှန်သည်။

ရှောက်လုံက ကောင်တာအောက်တွင် ထောင်ထားသော တုတ်ကို ယူကာ ကောင်တာအပြင်ထွက်လာကာ ဖိုးတုတ်ကို ရိုက်ရန် ဟန်ပြင်သည်။

ဖိုးတုတ်ကလည်း ခါးကြားတွင်ပါသော ဓါးမြောင်ကို ထုတ်လိုက်၏။

ထိုအချိန်တွင် အကြော်ဆရာ ထွက်လာပြီး ရှောက်လုံအား ဝင်ဆွဲသည်။

“သွားကြမယ်..ဖိုးတုတ်ရာ..ဒီကောင်လေး ဘယ်က ကောင်လေးမှန်းမသိဘူး..မင်းကို မသိလို့နေပါ့မယ်..လာလာ”

အိတ်စပက်တော်ဦးဟုတ်ဂွမ် က ဖိုးတုတ်ကို ဆွဲခေါ်ကာ ဆိုင်ပြင်သို့ ထွက်ခဲ့သည်။

ထို့နောက် နှစ်ယောက်သား လန်ချားတစ်စီးငှားကာ လတ္တာလမ်းဘက်သို့ အလာတွင် ဂန္ဓမာသောင်းရီ ၊ စံဘ၊ အုန်းဖေ တို့ နှင့် တိုးသည်။

ဒေါသ မပြေသေးသော ဖိုးတုတ်မျက်နှာကို အကဲခတ်မိသော ဂန္ဓမာသောင်းရီ က ဦးဟုတ်ဂွမ်ကို မေးလိုက်သည်။

“ဆရာ..ဖိုးတုတ် ဘာဖြစ်လာတာလဲ”

“အော်လီဖင်လမ်းထိပ်က ခေါက်ဆွဲဆိုင်က တရုတ်နဲ့ ရန်ဖြစ်လာတာကွာ”

“ဘာ..ဒီတရုတ်က ဖိုးတုတ်ကို ရန်ရှာရဲတယ်လား..ဆိုင်နာမည်က ဘာလဲ”

“ဖူးမန်းဆိုတဲ့ ဆိုင်ပဲကွ..တရုတ်က ခပ်ငယ်ငယ်ပဲ..သွေးကတော့ မသေးဘူးဟေ့..ဖိုးတုတ်ကြီးကိုတောင် တုတ်နဲ့ ထွက်ရိုက်ဖို့လုပ်တာ”

“ဟာ..ဖိုးတုတ် မင်းက ဘာမှ ပြန်မလုပ်ဘူးလား”

“ငါလည်း ဓါးနဲ့ တွတ်မလို့ပဲ….ဆရာဦးဟုတ်ဂွမ်က ဝင်ဆွဲခေါ်လာတာနဲ့ စိတ်လျော့လိုက်တာ”

“အေး..မင်းစိတ်လျော့လိုက်တာကောင်းတယ်.ဖိုးတုတ်…မင်းကို ငါတို့ အိမ်ပြန်လိုက်ပို့ပေးမယ်”

နောက်တစ်နေ့ နံနက်တွင် ဖူးမန်း ခေါက်ဆွဲဆိုင်ကား ပုံမှန်အတိုင်း ဖွင့်လေသည်။

ဆိုင်တွင် လူစည်ကားနေချိန်တွင် ဂန္ဓမာသောင်းရီ ၊ စံဘ၊ အုန်းဖေ တို့ ဆိုင်ထဲသို့ ဝင်လာ၏။

စံဘ က ရှေ့ဆုံးတွင် တွေ့ရသော စားပွဲကို ဆွဲလှန်ပစ်လိုက်သည်။

လမ်းမတော်ဖိုးတုတ်လူများ ရောက်လာပြီမှန်းသိသဖြင့် ဆိုင်ထဲမှ လူများ အလန့်တကြား ထွက်သွားကြသည်။

“မင်းတို့ ဘယ်သူတွေလဲ”

ကောင်တာတွင် ထိုင်နေသော ရှောက်လုံက ဆင်းလာသည်။

ဂန္ဓမာ က ဘာမှမပြောပဲ ရှောက်လုံ ၏ မျက်နှာကို ချိန်းကြိုးဖြင့် ဖြတ်ရိုက်ချပစ်လိုက်သည်။

စံဘနှင့်အုန်းဖေက တုတ်ကိုယ်စီဖြင့် ဝင်ရိုက်တော့သည်။

ကွန်ဖူးသမား ရှောက်လုံမှာ မည်သို့မျှ ပြင်ဆင်ချိန်ပင် မရတော့ပဲ..ဆိုင်ထဲ ခွေခွေလေး လဲကျသွားတော့သည်။

“မင်းက လမ်းမတော်ဖိုးတုတ်ကို တုတ်နဲ့ ရိုက်မယ့်ကောင်ပေါ့..ဟုတ်လား”

စံဘ နှင့် အုန်းဖေက လဲကျနေသော ရှောက်လုံကို ခြေထောက်ဖြင့် ဝိုင်းကန်ကြသည်။

ဂန္ဓမာသောင်းရီ က နောက်ဖေးအကြော်ခန်းထဲသို့ ဝင်သွား၏။

အထဲတွင် စားပွဲထိုးနှစ်ယောက်နှင့် အကြော်ဆရာက လက်အုပ်ချီကာ တောင်းပန်နေကြသည်။

“ကျွန်တော် မနေ့က ဝင်ဆွဲပါသေးတယ်ဗျာ..ပြီးတော့လည်း အဲ့ဒါ ဆရာကြီးဦးဖိုးတုတ် ဆိုတာ ပြောပြပါသေးတယ်..သူက မန္တလေးကဆိုတော့ မသိလို့ပါ..ကျွန်တော်တို့ကို ဘာမှ မလုပ်ပါနဲ့ခင်ဗျာ”

 “အေး..မလုပ်ဘူး.ငါမေးတာဖြေစမ်း..ဒီကောင်က ဖိုးတုတ်ကို ရိုက်ဖို့လုပ်တယ်ဆို..အဲ့ဒါ ဟုတ်လား”

“ဟုတ်ပါတယ်ဗျာ…ဟုတ်ပါတယ်”

“အေး..အဲ့ဒါ သိချင်တာ”

ဂန္ဓမာက စားဖိုခန်းထဲမှ ရေနွေးထည့်သည့် ခွက်ကြီးကို ယူကာ ဘွိုင်လာအိုးထဲ မှ ရေနွေးတစ်ခွက်ကို ခပ်ကာ အပြင်သို့ ယူသွားသည်။

အပြင်တွင် စံဘနှင့် အုန်းဖေက ရှောက်လုံ ကို ဝိုင်းကန်နေကြဆဲပင်။

“စံဘ တို့ တော်ကြတော့ကွာ..ဒီကောင့်ကို သေချာဖိထားစမ်း”

ဂန္ဓမာက ရေနွေးမတ်ခွက်ကြီးကို လဲနေသည့် ရှောင်လုံးရှေ့တွင် ချလိုက်သည်။

“ညက လမ်းမတော်ဖိုးတုတ်ကို တုတ်နဲ့ ရိုက်ဖို့လုပ်တာ..ဒီလက်တွေပေါ့..ဟုတ်လား”

ဂန္ဓမာက ရှောက်လုံ၏ လက်တစ်ဖက်ကို ဆွဲယူလိုက်သည်။

“မလုပ်ပါနဲ့..တောင်းပန်ပါတယ်ဗျာ..မလုပ်ကြပါနဲ့.”

ရှောင်လုံ က မျက်ရည်များကျပြီး တောင်းပန်သည်။

“အဲ့ဒါ…ညက ပြောရမယ့်စကားကွ..လမ်းမတော်ဖိုးတုတ်ကို ဒီနယ်ထဲမှာ စော်ကားရဲတဲ့ကောင်.အင်းကွာ’

“အား…အား”

ဂန္ဓမာက ရှောက်လုံ၏ ဘယ်ဘက်လက်ကို ပွက်ပွက်ဆူနေသည့် ရေနွေးခွက်ထဲ ဆွဲနှစ်လိုက်သည်။

ရှောက်လုံက ရုန်းကန်နေသဖြင့် ရေနွေးပူများမှာ ဖိတ်စင်ပြီး ရှောက်လုံ၏ မျက်နှာကို ပါ စင်ကုန်၏။

“ကဲ..စောက်တရုတ်..မှတ်ပြီလားကွ….လမ်းမတော်ဖိုးတုတ်ကို စော်ကားရင် ဘာဖြစ်မယ်ဆိုတာ..သိပြီလား”

ဂန္ဓမာသောင်းရီတို့ ပြန်ထွက်သွားသောအခါ ရှောက်လုံမှာ ကြမ်းပြင်တွင် အော်ဟစ်လူးလှိမ့်လျက် ကျန်ခဲ့တော့သည်။

…………………………………………

“ရှင် ဒီလိုပဲ လမ်းဘေးမှာ မူးရူးရန်ဖြစ်နေမယ်ဆို..ကျွန်မ ရှင့်ကို ဆက်မပေါင်းနိုင်တော့ဘူး..ကိုဖိုးတုတ်..ကျွန်မရှက်တယ်..ရှက်တယ်”

“ဟ..မသင်းမြ ရယ်..ငါလည်း..ဖြစ်ချင်လို့ဖြစ်တာမှမဟုတ်တာ…ဒီကောင်လေး ငါ့ကို ရန်လာစလို့ ဖြစ်တာပဲ”

“ဖြစ်ရင်လည်း..ရှင်တို့ လူမိုက်အချင်းချင်းတွေဖြစ်ကြပါလား..အခုဟာ ကလေးလေးရှင့်။ ရှင်မွေးရင် ရှင့်သားလောက်ပဲရှိဦးမယ်..သူ့မိဘတွေမှာ ကျွန်မအတယ်ဆီ လာတော့ မျက်ရည်နဲ့မျက်ခွက်။ အခု မန္တလေးက သူတို့ အမျိုးတွေ အုပ်လိုက်ဆင်းလာကြပြီး ရှင့်ကို ရန်လာရှာမယ်လုပ်နေကြတယ်”

“အဲ့ဒီတော့..ငါက ကြောက်နေရမှာလားဟ”

“အံမယ်လေး..မကြောက်ပါနဲ့..အကုသိုလ်တုံးကြီးရယ်..လူမိုက်ကြီးရယ်..ကိုယ့်သားအရွယ်..ညီအရွယ်လေးတစ်ယောက်ကို ရက်ရက်စက်စက် လုပ်ရက်တဲ့ လူမိုက်ကြီးရယ်”

“ဟ..ငါလုပ်တာမဟုတ်ဘူးကွ..ငါ့ကိုယ်စား ဟိုကောင် စံဘတို့၊ သောင်းရီ တို့ မခံနိုင်လို့ သွားလုပ်ကြတာ”

“အဲ့ဒါလည်း ရှင့်လူတွေပဲလေ..ဒီလူရမ်းကားတွေ၊ ကလေကချေတွေ တရုံးရုံးနဲ့ ရှင်ဘယ်အထိနေနေဦးမှာလဲ..ရှင်တို့လုပ်လို့ ကျွန်မမိသားစုမှာ ဘယ်လောက် အရှက်ရ၊ မျက်နှာပျက်ရတယ် မှတ်လဲ”

“မင်း..ငါ့လူတွေကို အဲ့ဒီလိုမပြောနဲ့..မသင်းမြ…မင်းမို့လို့နော်..တခြားသူဆို ချက်ချင်း ထသတ်မိမှာ”

“သတ်လေ.သတ်ပါ..အောင်မလေး..လူမိုက်ကြီးရဲ့…ကျွန်မကိုတောင် လူမိုက်ကျင့် လူမိုက်ကြံနဲ့ မတရားခိုးခဲ့တာမဟုတ်လား”

“မင်း..မင်းကွာ..တောက်”

ဖိုးတုတ်က ဒေါသကို ချုပ်တီးကာ အိမ်အောက်သို့ ဆင်းလာသည်။

အိမ်အောက်တွင် ဂန္ဓမာသောင်းရီ နှင့် စံဘ က မျက်နှာငယ်ဖြင့် ကြည့်နေကြ၏။

“ဟေ့ကောင်တွေ…ကားထုတ်စမ်းကွာ….ငါ ဒီအိမ်မှာနေရင် လူသတ်မိမယ်”

စံဘက  ဂိုထောင်သော့ကို ယူကာ အပြေးအလွှားကားသွားထုတ်သည်။

ကားပေါ်သို့ရောက်သောအခါ လမ်းမတော်ဖိုးတုတ်က စံဘဘေးတွင် ဝင်ထိုင်၏။

ဂန္ဓမာသောင်းရီက နောက်ခန်းမှ တက်သည်။

“ဂန္ဓမာ..မသင်းမြ ပြောတာတွေ ကြားရင်..ငါတောင်းပန်တယ်ကွာ..မိန်းမတွေက ဒီလိုပဲကွ”

“ရပါတယ်..ဖိုးတုတ်ရာ..ငါတို့ လည်း လုပ်တာကိုင်တာ နည်းနည်းလက်လွန်သွားတယ်ကွ”

“အေး..ပြသနာက ဒီကောင်လေး အဖေက ငါ့ယောက္ခမရဲ့ တူဝမ်းကွဲတော်နေတာပဲ။ ငါလည်း သူတို့ တရုတ်အမျိုးတွေ သေချာမသိဘူးလေကွာ”

“အေးကွာ..ငါတို့ကလည်း မင်းနယ်မြေထဲ နေပြီး မင်းကို တောင် ရိုက်ဖို့လုပ်ရဲတယ်ဆိုတော့ ပိုးသေသွားအောင် လုပ်မိလိုက်တာပဲ”

“ထားလိုက်ကွာ..ငါ့ယောက္ခမရော၊ ဘွန်းရှုကျင်းကြီးကိုရော ငါသွားတောင်းပန်ထားပြီးပြီ၊ ကောင်လေး ဆေးကုဖို့ လိုအပ်တဲ့ငွေကအစ စိတ်မပူဖို့ ပြောထားတယ်။ ငါ့မိန်းမ ကသာ မပြီးနိုင်..မဆီးနိုင်ဖြစ်နေတာ”

“အေးကွာ..သူလည်း…သူ့အမျိုးထဲကဖြစ်နေတော့..”

“ထားလိုက်ပါကွာ..ကဲ..ဒီည ညစ်နေတယ်..ချိုင်နားစတန်းကို မောင်းကွာ”

……………………………………………..

“ငါ.ဒီည..အိမ်မပြန်တော့ဘူး..ဂန္ဓမာ..ချိုက်ဟုန်နဲ့ လိုက်သွားပြီးပဲ..အိပ်လိုက်တော့မယ်”

ဖိုးတုတ် အလွန်အကျွံမူးနေပြီဖြစ်သည်။ အိမ်တွင် စိတ်ညစ်ခဲ့သမျှ ချိုက်ဟုန် က ဖြေသိမ့်ပေးရင်း ဝီစကီနှစ်လုံး ပင် ကုန်သွားခဲ့ပြီဖြစ်သည်။

အချိန်ကား ည ၁၂ နာရီထိုးလုနီးပြီ။

“ဖိုးတုတ်..မင်း အိမ်ပြန် မအိပ်ရင်..မသင်းမြ နဲ့ ဒီထက်ပိုပြီး ပြသနာကြီးသွားမှာပေါ့ကွာ..ပြန်လိုက်ပါကွာ”

“အဲ့ကောင်မဆီ ငါမပြန်ဘူး..နားညည်းတယ်ကွာ..ချိုက်ဟုန်.ငါ့အချစ်ဆီမှာပဲ..ငါနေမယ်ကွ”

“ဟာ..ဒီကောင်..ဆိုင်ပိတ်နေပြီကွ..မိုးလည်းချုပ်ပြီ..လာလာ..ထထ.. မင်းကို လာလိုက်ပို့မယ်… ချိုက်ဟုန် နဲ့ အသောင်း..ဒီည အသောင်းတို့ကို ငညွန့် လိုက်ပို့လိမ့်မယ်..အကို ဖိုးတုတ်ကားကို မောင်းပြီး အိမ်လိုက်ပို့ပေးလိုက်ဦးမယ်”

ဂန္ဓမာသောင်းရီ က ဖိုးတုတ်ကို တွဲကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

အောက်တွင် အရက်သောက်နေသော ငညွန့်ရှိနေ၏။

“ဟေ့ ငညွန့်..ငါ့ကားသော့.ယူပြီး..ဒီည အသောင်းတို့ကို အိမ်ပြန်လိုက်ပို့လိုက်စမ်းပါကွာ..ဒီညတော့ ငါ မင်းတို့ဆရာကို ကားမောင်းပြီး သူ့အိမ်လိုက်ပို့ရဦးမယ်”

ဂန္ဓမာသောင်းရီ က ဖိုးတုတ် ကို ကားပေါ်တင်ကာ မောင်းထွက်သွား၏။

ခဏအကြာတွင် ချိုက်ဟုန်နှင့် မသောင်းတို့ အပေါ်ထပ်မှ ဆင်းလာကြသည်။

“ကဲ.မသောင်းနဲ့ ချိုက်ဟုန်ရေ.ဒီညတော့ နင်တို့ကို ငါလိုက်ပို့ရမယ်တဲ့ဟေ့…ဂန္ဓမာကြီး ရဲ့ ပင်တိုင်ဂျူတီ ကနေ ကိုကိုညွန့် ဂျူတီ ဖြစ်သွားပြီ”

ဖိုးတုတ်က ဂန္ဓမာကြီးအတွက် ပေးထားသော ကားကို ငညွန့်က မောင်းပြီး နောက်ခန်းမှ ချိုက်ဟုန် နှင့် မသောင်းတို့ လိုက်ပါလာကြသည်။

မသောင်းတို့နေထိုင်ရာ တန်းလျာရှေ့တွင် ကားရပ်လိုက်ပြီးနောက် မသောင်းနှင့် ချိုက်ဟုန် တို့ ဆင်းသွားကြသည်။

ငညွန့် ကားကို ပြန်ကွေ့ရန် ပြင်လိုက်စဉ် ကားမီးရောင်အောက်တွင် အဖြူရောင် ဒိုတီနှင့် အင်္ကျီ ချွတ် ထားသော အရပ်မြင့်မြင့်ကုလားတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ငညွန့် ပြတင်းပေါက်မှ ခေါင်းပြူလိုက်ပြီး ဖယ်ခိုင်းလိုက်သည်။

 “ဟေ့..ဂျောင်း..ဂျောင်း”

ကုလားက ငညွန့်တည့်တည့်သို့ လျှောက်လာသည်။

ငညွန့် စိတ်ထဲ အန္တရာယ်ရနံ ရလိုက်သည်။

ခါးကြားမှ ဓါးကို ထုတ်ကာ ကားတံခါးကို ဖွင့်ထွက်လိုက်သည်။

သို့သော်..ကုလားက ကားတံခါးကို အရှိန်ဖြင့် ပြေးကန်လိုက်ရာ ကားနှင့် တံခါးကြားတွင် ငညွန့် ညပ်သွားလေသည်။

ကုလားက ကားတံခါးကို ခန္ဓာကိုယ်နှင့် ပြေးဖိလိုက်သဖြင့် ငညွန့်မှာ ရုန်းမရ ပြုမရဖြစ်နေသည်။

ဓါးကိုင်ထားသော လက်မှာလည်း လှုပ်ရှားမရ။

ထိုအချိန်တွင် ကုလား၏ ဓါးမြှောင်ကိုင်ထားသော လက်တစ်ဖက်မှ ငညွန့်၏ လည်ပင်းကို အားကုန် ထိုးစိုက်လိုက်တော့သည်။

အား ခနဲ အသံနှင့်အတူ ငညွန့် ခွေကျသွား၏။

ကုလားက အမှောင်ထဲသို့ ပြေးဝင် ပျောက်ကွယ်သွားလေသည်။

ငညွန့်မှာ ကားတံခါးဘေး သွေးအိုင်ထဲတွင် အသက်ငင်လျက်…။

……………………………………………………………………………

လမ်းမတော်ဖိုးတုတ်၏ အိမ်တွင် ဖိုးတုတ်၏ ငယ်ဆရာများဖြစ်သော ဆရာကြီးဦးဆင်၊ ဦးအောင်ဒွန်း နှင့် မသင်းမြ ဦးလေး ဘွန်ရှုကျင်း တို့ ရောက်နေကြသည်။

လင်မယားကွဲမည် အထိ အခြေအနေဆိုးနေသော ဖိုးတုတ် နှင့် မသင်းမြ တို့ ပြသနာကို ဖြေရှင်းပေးနေကြခြင်းပင်။

လူကြီးများ ဆုံးမသည်ကို ဖိုးတုတ် နှင့် မသင်းမြ တို့က ခေါင်းငုံ့လျက် နာခံနေသည်။

ဖိုးတုတ် က  နောင်အခါ လမ်းမတော်ရပ်ကွက်အတွင်း သာမန်ပြည်သူများနှင့် ရန်ဖြစ် ရမ်းကားတာမျိုး မလုပ်တော့ပါကြောင်း ကတိပေးသည်။

မသင်းမြကလည်း လက်ခံသည်။

အခြေအနေက ပြေလည်သွားပေပြီ။

လူကြီးများက အိမ်ပေါ်မှ ပြန်ဆင်းသည်ကို ဖိုးတုတ် နှင့် မသင်းမြ တို့ အောက်ထပ် လိုက်ပို့ကြသည်။

အောက်ထပ်တွင် အုန်းဖေ၊ စံဘ၊ ထွန်းတင်၊ ပုဏ္ဍားကျော်ထွန်း နှင့် တပည်များ အစုံအလင် ရောက်နေကြသဖြင့် ဖိုးတုတ် ပင် အံသြသွားသည်။

လူကြီးများ ပြန်ထွက်သွားပြီးနောက် ဖိုးတုတ်က အိမ်ထဲ ပြန်ဝင်လာပြီး အုန်းဖေ ကို မေးလိုက်၏။

“ဟေ့..အုန်းဖေ..လူစုံတက်စုံပါလားကွာ…ဘာဖြစ်တာလဲ”

အုန်းဖေ မျက်နှာက မကောင်း။

“ငညွန့် သေပြီ..ဆရာ”

“ဘာ.”

ဖိုးတုတ်ထံမှ အာမေဋိတ်သံ အကျယ်ကြီး ထွက်လာသည်။

မသင်းမြ ပင် အလန့်တကြားဖြင့် ဖိုးတုတ် လက်မောင်းကို ကိုင်ထားလိုက်၏။

“ဟုတ်တယ်..ဆရာ..ညက ချိုင်းနားစတန်းကအပြန် ကိုဂန္ဓမာကြီးက ငညွန့်ကို မသောင်းတို့ကို လိုက်ပို့ခိုင်းတယ်။ အဲ့ဒါ မသောင်းတို့ကို လိုက်ပို့ပြီး မသောင်းတို့ အိမ်ရှေ့မှာ တင် ဓါးနဲ့ အထိုးခံရတာပဲ. လည်ပင်းကို ထိုးသွားတာ”

အုံးဖေ အသံက တုန်ရီနေသည်။ ငိုသံပင် ပါနေ၏။

ဂန္ဓမာသောင်းရီ ပြီးလျင် ဖိုးတုတ်အချစ်ဆုံးနှင့် လက်တွဲအညီဆုံးတပည့်များမှာ ငညွန့်နှင့် အုံးဖေ ပင်ဖြစ်သည်။

အခုတော့ သူ့ချစ်တပည့် ငညွန့် အသတ်ခံရပြီ။

“ဂန္ဓမာရော..ဂန္ဓမာ”

“ငညွန့်က ဂန္ဓမာကြီးကားကို မောင်းလာတာဆိုတော့ အခု ဂန္ဓမာကြီး ကို ပုလိပ်က ခေါ်စစ်နေတယ်။ မသောင်းနဲ့ ချိုက်ဟုန်လည်း ပုလိပ်က ခေါ်ထားတယ်၊ အလုံဂါတ်မှာပါ”

“အခု ငညွန့်အလောင်းကဘယ်မှာလဲ”

“ပုလိပ်က သယ်သွားပြီး ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံမှာတဲ့ ဆရာ”

“အေး.အခု..ငညွန့်ဆီ အရင်သွားကြမယ်”

မိနစ်အနည်းငယ်အကြာတွင် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံထဲသို့ ဖိုးတုတ်နှင့် သူတပည့်များ ဝင်လာကြသည်။

ကျောက်ခုံပေါ်တွင် ငညွန့်၏ သက်မဲ့ခန္ဓာကား ငြိမ်သက်လျက်။

ဖိုးတုတ်က ငညွန့် ၏ အလောင်းကို စိုက်ကြည့်နေသည်။

“ဒဏ်ရာက ဘယ်မှာလဲ”

“ကုပ်ပိုးကို ထိုးသွားတာ ဆရာဖိုးတုတ်”

ဖိုးတုတ်က ငညွန့် ၏ ခေါင်းဘက်ကို သွားက ခေါင်းကို မပြီး ကြည့်လိုက်သည်။

“တချက်တည်း အသေထိုးသွားတာပဲ”

စံဘ က တရှုံရှုံဖြင့် ငိုကြွေးနေသည်။

အုန်းဖေ ၏ စုတ်ထားသော လက်သီးနှစ်ဖက်မှာ တဆတ်ဆတ်တုန်လျက်။

ဖိုးတုတ်က ငညွန့်၏ အေးစက်တောင့်တင်းနေပြီ ဖြစ်သော ပါးပြင်ကို ခပ်ဆတ်ဆတ် ရိုက်လိုက်ပြီး

"ငညွန့်...မင်းကို ဘယ်ကောင်သတ်တာလဲ.ဟမ်...ဟေ့ကောင် ခွေးမသားငညွန့်..ဖြေလေကွာ"

ငညွန့်ကား ပြန်မဖြေနိုင်တော့။
ခက်ဇော်
(Zawgyi)

The Guys of Yangon,1930(Part 13)
.... .... ....

အခန္း(၁၄)

 ……………

ခမ္းနားထည္ဝါလွေသာ မတ္စတီးခန္း၏ တိုက္ႀကီးေပၚသို႔ မစၥတာမန္မဆာ တက္လာသည္။

ဧည့္ခန္းထဲတြင္ မတ္စတီးခန္း က ေျမးကေလးႏွစ္ေယာက္ႏွင့္ ေဆာ့ကစားေန၏။

“ဆလံမာေလကြန္း အဘိုင္ႀကီး”

“အဘိုင္ေလး..ဖိုးတုတ္နဲ႔ ငမိုး ပူးေပါင္းသြားၿပီဆိုတဲ့ သတင္းေျပာဖို႔ လာတာမဟုတ္လား”

“အဘိုင္ သိၿပီးသားေပါ့”

“ငါ သိၿပီးသားပါ…”

“ေနာက္တစ္ခုက ပန္းဘဲတန္းထဲ က လန္ခ်ားဂိတ္ေတြ၊ တကၠစီဂိတ္ေတြကို ဖိုးတုတ္လူေတြက လစဥ္ေၾကး ဝင္ေတာင္းေနတယ္..အဘိုင္ႀကီး..ဒါ ကြၽန္ေတာ္တို႔ နယ္ေျမပဲ”

“ငါမေျပာခဲ့ဖူးလား…ညီအစ္ကို..မၾကာခင္မွာ ဖိုးတုတ္က ရန္ကုန္ကို သိမ္းမွာပါဆိုတာ.. အခု ငါ့ ဗလီရွိတဲ့ တာေမြထဲအထိ ဒီေကာင့္လူ ေအာင္ဘ က ေျခကုပ္ယူေနၿပီ”

“အဲ့ဒါ ဘိုင္က ဘာမွ ဝင္မလုပ္ေတာ့ဘူးလား..ဝင္မပါေတာ့ဘူးလား”

“ငါ အသက္ႀကီးၿပီ..မန္မဆာ။ ထိုက္သင့္သေလာက္လည္း စုမိေဆာင္းမိၿပီ။ ငါ့ရဲ႕ လက္က်န္အခ်ိန္ေတြကို  အရွင္ျမတ္အတြက္လည္း အခ်ိန္ေပးရဦးမယ္”

“အဘိုင္နဲ႔ ကြၽန္ေတာ္တို႔နဲ႔ လက္တြဲလာတာ ဆယ္ႏွစ္ေက်ာ္ၿပီအဘိုင္။ ညီလိုအကိုလို ေနခဲ့ၾကတာ။ အခု ဒီအေျခအေနက်မွ အဘိုင္က လက္ေရွာင္ေနေတာ့မယ္ေပါ့”

“ဟူး..မန္မဆာေရ..ႏိုင္ငံေရးအေျခအေနကိုလည္း မင္းထည့္တြက္သင့္တယ္..အခု အသစ္ေရာက္လာတဲ့ ပုလိပ္မင္းႀကီး ဝဲဘုန္းလ္ က အရင္ မင္းႀကီး ရွပ္တဲဝပ္လို ငါနဲ႔ သိပ္ အဆင္မေျပလွဘူး...ၿပီးေတာ့ အခုျဖစ္ေနတဲ့ သူပုန္ဆရာစံ ကိစၥမွာ ျမန္မာေတြက အရမ္းေသြးႂကြေနၾကတယ္…အစိုးရကလည္း ဌာေနရင္းလူမ်ိဳးျဖစ္တဲ့ ျမန္မာျပည္သူကို ဆရာစံ သူပုန္ထဲ အလုံးအရင္ေရာက္သြားမွာ စိုးရိမ္ေနတယ္….ဒီအဂၤလိပ္ေကာင္ေတြ အေၾကာင္း ငါအသိဆုံးပဲ..သူတို႔ အခုခ်ိန္မွာ ျမန္မာေတြ ဆရာစံဘက္ မေရာက္သြားေစဖို႔ ဘာျပသနာျဖစ္ျဖစ္ ျမန္မာေတြဘက္က ရပ္တည္ေနလိမ့္မယ္”

“အဘိုင္ ေသြးေၾကာင္ေနၿပီလား…ဒီလိုဆို ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ နယ္ေျမေတြကို ဖိုးတုတ္လက္ထဲ ထည့္ၿပီး ရထားလုံးျပန္ေမာင္းေနၾကရမွာလား…ဖိုးတုတ္ကို အဘိုင္က လည္ပင္းႀကိဳးကြင္းစြပ္ခဲ့ဖူးသူဆိုတာလဲ..သတိရဦးေနာ္..အဲ့ဒီကိစၥ ဖိုးတုတ္က ေမ့မယ္ထင္လို႔လား”

မန္မဆာ ေျပာလိုက္ေသာစကားေၾကာင့္ မတ္စတီးခန႔္ မ်က္ႏွာပ်က္သြားေလသည္။

“အခုေျပာေနတာ ကြၽန္ေတာ္တို႔ မန္မဆာေတြ ကိစၥတင္မကဘူး…အဘိုင့္ အသက္ေဘးနဲ႔လည္း ဆိုင္တယ္..အဘိုင္”

မတ္စတီးခန႔္က ထိုင္ရာမွ ထကာ အေနာက္ဘက္ ဘီဒိုထဲမွ ေဆးေျခာက္ရႈသည့္ေျပာင္း ႏွင့္ ပုလင္းထဲမွ ေဆးေျခာက္အနည္းငယ္ကို ယူလိုက္သည္။

ထို႔ေနာက္ ေျပာင္းထဲတြင္ ထည့္ၿပီး မီးညႇိ႔ကာ ဖြာရႈိက္လိုက္၏။

မတ္စတီးခန႔္ ႏွင့္ မန္မဆာၾကားတြင္ အခိုးအေငြ႕မ်ားက တလြင့္လြင့္တက္လာသည္။

“ဟုတ္ၿပီ..မန္မဆာ..ဒီေနာက္ဆုံးပြဲမွာ မင္းနဲ႔ ငါ အတူတူ လမ္းေတာ္သားေတြကို တိုက္မယ္”

မန္မဆာ ၏ မ်က္ႏွာက ေမွ်ာ္လင့္ခ်က္တို႔ျဖင့္ ျပန္လည္အေရာင္လက္လာသည္။

“ဒါေပမယ့္..မန္မဆာ…အခုက မန္ရွီဒီးေတြနဲ႔ ငါတို႔ တိုက္ခဲ့တုန္းက ေခတ္နဲ႔ မတူေတာ့ဘူးကြ..ႏိုင္ငံေရး အေျခအေနေတြကိုပါ သုံးသပ္တက္ရမယ္..မန္ရွီဒီးေတြကို တိုက္တုန္းကလို လူအင္အားေတြနဲ႔ ခုတ္ပြဲ ထစ္ပြဲႀကီးေတြ ျဖစ္လို႔မရဘူး”

“ဘာလို႔လဲ…အဘိုင္…ဖိုးတုတ္ လူေတြက အင္အားမ်ားလို႔လား”

“ဖိုးတုတ္ကိုခဏထားကြ..အခု ဆရာစံသူပုန္ကို ေခ်မႈန္းဖို႔ အိႏၵိယကေန ေဂၚရခါးစစ္တပ္ ႏွစ္တပ္ ေရာက္ေနတယ္။ ႏွစ္တပ္လုံး ဒီဝီဇံတပ္မႀကီးေတြပဲ။ အစိုးရက ရန္ကုန္နဲ႔ မိုင္နည္းနည္းေလးေဝးတဲ့ေနရာမွာ သူပုန္ထေနတဲ့ကိစၥ ေခါင္းခဲေနခ်ိန္ ရန္ကုန္ၿမိဳ႕ေပၚ ငါတို႔က ဂိုဏ္းစစ္ပြဲထျဖစ္မယ္ဆို..သူတို႔ ဘာလုပ္မယ္ထင္လဲ…ေအး..သူပုန္ေတြဘာမွမျဖစ္ခင္..ငါတို႔အားလုံး ေဂၚရခါးတပ္စာ မိကုန္မယ္ကြ…ဒီေကာင္ေတြက ငါတို႔ဆီက ပုလိပ္ေတြလို ေငြေပးလိုက္ရင္ ၾကည့္လုပ္လိုက္ပါ့မယ္အဘိုင္ဆိုၿပီး ဆလံေပးျပန္သြားမွာမဟုတ္ဘူး..စက္ေသနတ္နဲ႔ခ်ည္းပစ္မွာကြ..ၿပီးတာနဲ႔….ေခါင္းေဆာင္ေတြျဖစ္တဲ့ မင္းတို႔၊ ငါတို႔၊ ဖိုးတုတ္တို႔လည္း လြယ္မယ္မထင္နဲ႔”

“အဲ့ဒီေတာ့..ကြၽန္ေတာ္တို႔ ဘာလိုတိုက္မလဲ..အဘိုင္”

“ငါ့မွာ နည္းလမ္းႏွစ္ခုရွိတယ္။ အေသးစိတ္အေျခအေနကိုေတာ့ မင္းကိုင္တြယ္ရမယ္။ တကယ္ေတာ့ လူမိုက္ဆိုတဲ့ေကာင္ေတြဟာ မိုက္ဂုဏ္ရယ္၊ သူ႔အတြက္ မိုက္ေပးမယ့္သူရယ္ ႏွစ္ခုနဲ႔ ေဒါက္တိုင္ထား ရပ္တည္ေနၾကတာ။ လူေတြကလည္း အဲ့ဒီႏွစ္ခုေၾကာင့္ သူ႔ကို လူမိုက္ဆိုၿပီး ေၾကာက္ေနၾကရတာ။ ဒီေတာ့ ပု႑ားဘထြန္းကိုဖိုးတုတ္ လုပ္သြားတဲ့အကြက္ကို မင္း ျမင္လား။ ပထမဆုံး သူ႔ ေဒါက္တိုင္ျဖစ္တဲ့ အာဠာဝကကို အျပတ္ရွင္းတယ္။ ေနာက္ေတာ့ ပု႑ားအိမ္ေရွ႕ကို ဓါးႀကိမ္းသြားႀကိမ္းၿပီး ပု႑ားရဲ႕ မိုက္ဂုဏ္ကို ၿဖိဳခ်ပစ္ခဲ့တာ။ ဖိုးတုတ္ ကို အရင္က အဲ့ဒီေလာက္ ဉာဏ္ေျပးမယ္လို႔ ငါတကယ္မထင္ထားဘူး။ ကားအုံနာ ဘိုးသင္း က ေနာက္ကြယ္က ကစားေနတဲ့ နယ္႐ုပ္ေလးလို႔ ငါထင္ထားတာ။ အခုက် သူက သူ႔ဦးေလး ဘိုးသင္းထက္ေတာင္ အကြက္ေတြ ျမင္ေနေသးတယ္”

“အဘိုင္က ဖိုးတုတ္ကို ႀကိတ္ေလးစားေနတာမ်ားလား”

“လုပ္ငန္းတူခ်င္း..အၿပိဳင္အဆိုင္ခ်င္းမို႔ ရန္သူျဖစ္ေနရင္ေတာင္..ကိုယ့္ထက္ သာတဲ့အကြက္ေတြက် ေလးစားသင့္ေလးစားရမယ္ကြ..ၿပီးရင္ သူ႔အကြက္နဲ႔ သူ႔ကို ျပန္ တိုက္ႏိုင္ရမယ္။ မတ္စတီးခန္းဟာ  ဒီပြဲကို စီးပြားေရးအတြက္ တိုက္မွာ မဟုတ္ဘူးကြ။  မတ္စတီခန္း ရဲ႕ ဂုဏ္သိကၡာအတြက္ တိုက္မွာ…..မန္မဆာ”

“ဘယ္လို တိုက္မွာလဲ..အဘိုင္”

“မင္း ကို ငါ လူႏွစ္ေယာက္နဲ႔ မိတ္ဆက္ေပးမယ္။ အဲ့ဒီႏွစ္ေယာက္ကို မင္းကိုင္တြယ္ၿပီး ဖိုးတုတ္ ရဲ႕ ေဒါက္တိုင္ႏွစ္ခုကို ခ်ိဳးပစ္ရမယ္”

“ဘယ္သူေတြမ်ားလဲ”

“တစ္ေယာက္က ရာဇဝတ္ဝန္ စေကာ့ဘေရာင္း တဲ့။ ဆရာစံအေရးအခင္း အစမွာ ပုလိပ္အဖြဲ႕က အားအကိုးရဆုံး လူၾကမ္းႀကီးပဲ။ သူပုန္ဆယ္ေယာက္ေလာက္ကို ေသနတ္နဲ႔ ပစ္သတ္ဖူးတယ္။ အခုေတာ့ သူပုန္ကိစၥ စစ္တပ္ဝင္ေတာ့မွာမို႔ သူ႔ကို သာယာဝတီဒီစႀတိတ္ကေန အေနာက္ပိုင္းခ႐ိုင္ကို ေျပာင္းေပးလိုက္ၿပီ။ ဖိုးတုတ္နဲ႔ ေပါင္းေနတဲ့ ဟုတ္ဂြမ္ရဲ႕ အထက္အရာရွိအျဖစ္ေပါ့ကြာ..စေကာ့ဘေရာင္း ဟာ ရာဇဝတ္အုပ္ဘဝကတည္းက ငါ နဲ႔ လူခ်င္းရင္းႏွီးတယ္။ အေပးအယူေတြရွိခဲ့တယ္။ မင္းကို သူနဲ႔ ပထမဆုံး မိတ္ဆက္ေပးမယ္.. ေနာက္တစ္ေယာက္ ကေတာ့.. ကင္းဘဲလမ္းထဲက ငါ့ၿခံမွာ ရွိေနတယ္…မနက္ျဖန္ မင္းကို သူ႔ဆီ ေခၚသြားမယ္”

……………………………………………………………………………………………………………….

၁၉၃၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔။

ဂဠဳန္ဆရာစံဦးေဆာင္သည့္ လယ္သမားအေရးေတာ္ပုံႀကီးကား အရွိန္အဟုန္ေကာင္းေကာင္းျဖင့္ ျဖစ္ပြားေနဆဲ။

အဂၤလိပ္စစ္တပ္မ်ားကလည္း သာယာဝတီမွ ျပည္အထိ ေသြးေခ်ာင္းစီးေအာင္ တိုက္ခိုက္ေနဆဲ။

ည ၉ နာရီအခ်ိန္ ၊ လမ္းမေတာ္၊ ေအာ္လီဖင္လမ္း(ေ႐ႊေတာင္တန္းလမ္း) ရွိ “ဖူးမန္း” ေခါက္ဆြဲဆိုင္သည္ ဆိုင္သိမ္းရန္ ျပင္ဆင္ေန၏။

လြန္ခဲ့သည့္ရက္က “ဖူးမန္း” ေခါက္ဆြဲဆိုင္ပိုင္ရွင္ ေရွာက္ဖူ မွာ ထိုင္ဝမ္ကြၽန္းမွ ဖခင္ျဖစ္သူကြယ္လြန္သျဖင့္ မိသားစုလိုက္ အေရးေပၚလိုက္သြားရသည္။

မႏၲေလးတြင္ ေနထိုင္ေသာ ေရွာက္ဖူ ၏ တူျဖစ္သူ ေရွာက္လုံ ကို ေခၚကာ ဆိုင္ဆက္ဖြင့္ထားခိုင္ေလသည္။

ဆရာစံအေရးေတာ္ပုံကာလျဖစ္သျဖင့္ ရန္ကုန္ၿမိဳ႕တြင္းရွိ ဆိုင္အမ်ားစုမွာ ေစာေစာပိတ္သိမ္းေနၾကခ်ိန္လည္း ျဖစ္သည္။

ထိုအခ်ိန္တြင္ ဆိုင္အတြင္းသို႔  လူႏွစ္ေယာက္ဝင္လာသည္။ ႏွစ္ေယာက္လုံးသည္ အေတာ္ပင္ မူးေနၾကသည္။

“ေဟ့…ဒီမွာ ဘဲေပါင္းေခါက္ဆြဲ ႏွစ္ပြဲစားမယ္”

အမူးသမားႏွစ္ေယာက္ စားပြဲဝိုင္းတြင္ ဝင္ထိုင္လိုက္သည္။

“ဆိုင္ပိတ္ၿပီ..မေရာင္းေတာ့ဘူး..သြားေတာ့..သြားေတာ့”

“ဘာကြ…ပိတ္လည္း ျပန္ဖြင့္ကာ..ၾကားလား”

မႏၲေလးၿမိဳ႕၊ တ႐ုတ္ကြန္ဖူးကလပ္တြင္ ကြန္ဖူးပညာသင္ထားခါစျဖစ္ေသာ ေရွာက္လုံမွာ ႐ုတ္တရက္ ေဒါသထြက္သြားသည္။

သို႔ေသာ္ ေနာက္ခန္းမွ အေၾကာ္ဆရာက ဖိုးတုတ္ တို႔မွန္းသိသျဖင့္ အသည္းအသန္းထြက္လာသည္။

“ဪ..ဆရာတို႔..ရပါေသးတယ္..ထိုင္ပါ..ထိုင္ပါ..ဘာစားၾကမလဲ”

“ေအး..ဒီလိုမွေပါ့…ဘဲေပါင္းေခါက္ဆြဲ ႏွစ္ပြဲ အျမန္ခ်ကြာ..ဗိုက္ဆာလို႔ ေဒါသထြက္ေနတာ”

စားပြဲထိုးေလးက ေခါက္ဆြဲႏွစ္ပြဲ အျမန္လာခ်ေပးသည္။

“ဆရာဦးဟုတ္ဂြမ္….ဒီဆိုင္က ဘဲေပါင္းေခါက္ဆြဲက အရမ္းေကာင္းတာ..စားဗ်ာ”

“ဖိုးတုတ္..မင္းက အေကာင္းဆို အကုန္သိေနတာပဲကြ…ဒီေန႔ နန္း႐ြန္းဟိုတယ္မွာ မင္းနဲ႔ထိုင္တဲ့ ျမာေလးက ဘယ္သူ အဆြီ ဟုတ္လား..တယ္ေတာင့္တာႀကီးကိုကြ”

“ဆရာ လိုခ်င္ရင္..ေနာက္ရက္ ကြၽန္ေတာ္ ေခၚေပးပါ့မယ္ဗ်ာ..အိမ္အထိ ေခၚသြားခ်င္ရင္ေတာင္ ရသဗ်ား”

“အိမ္ထိေတာ့ မလုပ္ပါနဲ႔..ဖိုးတုတ္ရာ..ငါ့အိမ္က ဟာႀကီးက ဓါးနဲ႔ခုတ္မွာကြာ..ဟားဟားဟား”

လမ္းမေတာ္ဖိုးတုတ္ႏွင့္ အိတ္စပက္ေတာ္ဦးဟုတ္ဂြမ္ တို႔သည္ ေခါက္ဆြဲစားရင္း စကားကို ေအာ္ႀကီးဟစ္က်ယ္ ေျပာေနၾကသည္။

ေရွာက္လုံက ေကာင္တာတြင္ ထိုင္ရင္း ေဒါသမ်ား တလိပ္လိပ္ထြက္ေနသည္။ ဆိုင္သိမ္းခါနီး လာေႏွာက္ယွက္ေနၾကေသာ အမူးသမားမ်ားကို သူ႔ သိုင္းစြမ္းျပကာ ဆုံးမခ်င္ေနသည္။

“ကဲ..ေငြရွင္းမယ္ေဟ့..ေကာင္တာက တ႐ုတ္လာဦး”

ေရွာက္လုံ ေဒါသကို မထိန္းႏိုင္ေတာ့။

“ေဟ့ေကာင္ေတြ….ငါက သူေဌးကြ..ပိုက္ဆံရွင္းခ်င္ ေနာက္က စားပြဲထိုးေတြ ထြက္လာတဲ့အခ်ိန္ေစာင့္”

“ဟာ..ေကာင္ေလး..မင္းက စကားေျပာတာ..ေမာက္မာလွခ်ည္လား”

အိတ္စပက္ေတာ္ဦးဟုတ္ဂြမ္ က ထေျပာလိုက္သည္။

“ေမာက္မာတယ္ကြ..အခ်ိန္မေတာ္ သူမ်ားဆိုင္ထဲ လာဆူညံေနတဲ့ မင္းတို႔လို ကေဝက၀ေတြကို ငါက ယဥ္ေက်းရမလား”

ဖိုးတုတ္က စားပြဲေပၚမွ ဟင္းခ်ိဳ ပန္းကန္ကို ကိုင္ကာ ေရွာက္လုံ ထံသို႔ အားျဖင့္ ပစ္ေပါက္လိုက္သည္။

ေရွာက္လုံ က ေခါင္းငုံ႔ေရွာင္လိုက္ေသာ္လည္း နံရံသို႔ ထိမွန္ၿပီး ကြဲထြက္သြားသည့္ ေႂကြပန္းကန္လုံး အစမ်ားက မ်က္ႏွာကို ျပန္လာမွန္သည္။

ေရွာက္လုံက ေကာင္တာေအာက္တြင္ ေထာင္ထားေသာ တုတ္ကို ယူကာ ေကာင္တာအျပင္ထြက္လာကာ ဖိုးတုတ္ကို ႐ိုက္ရန္ ဟန္ျပင္သည္။

ဖိုးတုတ္ကလည္း ခါးၾကားတြင္ပါေသာ ဓါးေျမာင္ကို ထုတ္လိုက္၏။

ထိုအခ်ိန္တြင္ အေၾကာ္ဆရာ ထြက္လာၿပီး ေရွာက္လုံအား ဝင္ဆြဲသည္။

“သြားၾကမယ္..ဖိုးတုတ္ရာ..ဒီေကာင္ေလး ဘယ္က ေကာင္ေလးမွန္းမသိဘူး..မင္းကို မသိလို႔ေနပါ့မယ္..လာလာ”

အိတ္စပက္ေတာ္ဦးဟုတ္ဂြမ္ က ဖိုးတုတ္ကို ဆြဲေခၚကာ ဆိုင္ျပင္သို႔ ထြက္ခဲ့သည္။

ထို႔ေနာက္ ႏွစ္ေယာက္သား လန္ခ်ားတစ္စီးငွားကာ လတၱာလမ္းဘက္သို႔ အလာတြင္ ဂႏၶမာေသာင္းရီ ၊ စံဘ၊ အုန္းေဖ တို႔ ႏွင့္ တိုးသည္။

ေဒါသ မေျပေသးေသာ ဖိုးတုတ္မ်က္ႏွာကို အကဲခတ္မိေသာ ဂႏၶမာေသာင္းရီ က ဦးဟုတ္ဂြမ္ကို ေမးလိုက္သည္။

“ဆရာ..ဖိုးတုတ္ ဘာျဖစ္လာတာလဲ”

“ေအာ္လီဖင္လမ္းထိပ္က ေခါက္ဆြဲဆိုင္က တ႐ုတ္နဲ႔ ရန္ျဖစ္လာတာကြာ”

“ဘာ..ဒီတ႐ုတ္က ဖိုးတုတ္ကို ရန္ရွာရဲတယ္လား..ဆိုင္နာမည္က ဘာလဲ”

“ဖူးမန္းဆိုတဲ့ ဆိုင္ပဲကြ..တ႐ုတ္က ခပ္ငယ္ငယ္ပဲ..ေသြးကေတာ့ မေသးဘူးေဟ့..ဖိုးတုတ္ႀကီးကိုေတာင္ တုတ္နဲ႔ ထြက္႐ိုက္ဖို႔လုပ္တာ”

“ဟာ..ဖိုးတုတ္ မင္းက ဘာမွ ျပန္မလုပ္ဘူးလား”

“ငါလည္း ဓါးနဲ႔ တြတ္မလို႔ပဲ….ဆရာဦးဟုတ္ဂြမ္က ဝင္ဆြဲေခၚလာတာနဲ႔ စိတ္ေလ်ာ့လိုက္တာ”

“ေအး..မင္းစိတ္ေလ်ာ့လိုက္တာေကာင္းတယ္.ဖိုးတုတ္…မင္းကို ငါတို႔ အိမ္ျပန္လိုက္ပို႔ေပးမယ္”

ေနာက္တစ္ေန႔ နံနက္တြင္ ဖူးမန္း ေခါက္ဆြဲဆိုင္ကား ပုံမွန္အတိုင္း ဖြင့္ေလသည္။

ဆိုင္တြင္ လူစည္ကားေနခ်ိန္တြင္ ဂႏၶမာေသာင္းရီ ၊ စံဘ၊ အုန္းေဖ တို႔ ဆိုင္ထဲသို႔ ဝင္လာ၏။

စံဘ က ေရွ႕ဆုံးတြင္ ေတြ႕ရေသာ စားပြဲကို ဆြဲလွန္ပစ္လိုက္သည္။

လမ္းမေတာ္ဖိုးတုတ္လူမ်ား ေရာက္လာၿပီမွန္းသိသျဖင့္ ဆိုင္ထဲမွ လူမ်ား အလန႔္တၾကား ထြက္သြားၾကသည္။

“မင္းတို႔ ဘယ္သူေတြလဲ”

ေကာင္တာတြင္ ထိုင္ေနေသာ ေရွာက္လုံက ဆင္းလာသည္။

ဂႏၶမာ က ဘာမွမေျပာပဲ ေရွာက္လုံ ၏ မ်က္ႏွာကို ခ်ိန္းႀကိဳးျဖင့္ ျဖတ္႐ိုက္ခ်ပစ္လိုက္သည္။

စံဘႏွင့္အုန္းေဖက တုတ္ကိုယ္စီျဖင့္ ဝင္႐ိုက္ေတာ့သည္။

ကြန္ဖူးသမား ေရွာက္လုံမွာ မည္သို႔မွ် ျပင္ဆင္ခ်ိန္ပင္ မရေတာ့ပဲ..ဆိုင္ထဲ ေခြေခြေလး လဲက်သြားေတာ့သည္။

“မင္းက လမ္းမေတာ္ဖိုးတုတ္ကို တုတ္နဲ႔ ႐ိုက္မယ့္ေကာင္ေပါ့..ဟုတ္လား”

စံဘ ႏွင့္ အုန္းေဖက လဲက်ေနေသာ ေရွာက္လုံကို ေျခေထာက္ျဖင့္ ဝိုင္းကန္ၾကသည္။

ဂႏၶမာေသာင္းရီ က ေနာက္ေဖးအေၾကာ္ခန္းထဲသို႔ ဝင္သြား၏။

အထဲတြင္ စားပြဲထိုးႏွစ္ေယာက္ႏွင့္ အေၾကာ္ဆရာက လက္အုပ္ခ်ီကာ ေတာင္းပန္ေနၾကသည္။

“ကြၽန္ေတာ္ မေန႔က ဝင္ဆြဲပါေသးတယ္ဗ်ာ..ၿပီးေတာ့လည္း အဲ့ဒါ ဆရာႀကီးဦးဖိုးတုတ္ ဆိုတာ ေျပာျပပါေသးတယ္..သူက မႏၲေလးကဆိုေတာ့ မသိလို႔ပါ..ကြၽန္ေတာ္တို႔ကို ဘာမွ မလုပ္ပါနဲ႔ခင္ဗ်ာ”

 “ေအး..မလုပ္ဘူး.ငါေမးတာေျဖစမ္း..ဒီေကာင္က ဖိုးတုတ္ကို ႐ိုက္ဖို႔လုပ္တယ္ဆို..အဲ့ဒါ ဟုတ္လား”

“ဟုတ္ပါတယ္ဗ်ာ…ဟုတ္ပါတယ္”

“ေအး..အဲ့ဒါ သိခ်င္တာ”

ဂႏၶမာက စားဖိုခန္းထဲမွ ေရေႏြးထည့္သည့္ ခြက္ႀကီးကို ယူကာ ဘြိဳင္လာအိုးထဲ မွ ေရေႏြးတစ္ခြက္ကို ခပ္ကာ အျပင္သို႔ ယူသြားသည္။

အျပင္တြင္ စံဘႏွင့္ အုန္းေဖက ေရွာက္လုံ ကို ဝိုင္းကန္ေနၾကဆဲပင္။

“စံဘ တို႔ ေတာ္ၾကေတာ့ကြာ..ဒီေကာင့္ကို ေသခ်ာဖိထားစမ္း”

ဂႏၶမာက ေရေႏြးမတ္ခြက္ႀကီးကို လဲေနသည့္ ေရွာင္လုံးေရွ႕တြင္ ခ်လိုက္သည္။

“ညက လမ္းမေတာ္ဖိုးတုတ္ကို တုတ္နဲ႔ ႐ိုက္ဖို႔လုပ္တာ..ဒီလက္ေတြေပါ့..ဟုတ္လား”

ဂႏၶမာက ေရွာက္လုံ၏ လက္တစ္ဖက္ကို ဆြဲယူလိုက္သည္။

“မလုပ္ပါနဲ႔..ေတာင္းပန္ပါတယ္ဗ်ာ..မလုပ္ၾကပါနဲ႔.”

ေရွာင္လုံ က မ်က္ရည္မ်ားက်ၿပီး ေတာင္းပန္သည္။

“အဲ့ဒါ…ညက ေျပာရမယ့္စကားကြ..လမ္းမေတာ္ဖိုးတုတ္ကို ဒီနယ္ထဲမွာ ေစာ္ကားရဲတဲ့ေကာင္.အင္းကြာ’

“အား…အား”

ဂႏၶမာက ေရွာက္လုံ၏ ဘယ္ဘက္လက္ကို ပြက္ပြက္ဆူေနသည့္ ေရေႏြးခြက္ထဲ ဆြဲႏွစ္လိုက္သည္။

ေရွာက္လုံက ႐ုန္းကန္ေနသျဖင့္ ေရေႏြးပူမ်ားမွာ ဖိတ္စင္ၿပီး ေရွာက္လုံ၏ မ်က္ႏွာကို ပါ စင္ကုန္၏။

“ကဲ..ေစာက္တ႐ုတ္..မွတ္ၿပီလားကြ….လမ္းမေတာ္ဖိုးတုတ္ကို ေစာ္ကားရင္ ဘာျဖစ္မယ္ဆိုတာ..သိၿပီလား”

ဂႏၶမာေသာင္းရီတို႔ ျပန္ထြက္သြားေသာအခါ ေရွာက္လုံမွာ ၾကမ္းျပင္တြင္ ေအာ္ဟစ္လူးလွိမ့္လ်က္ က်န္ခဲ့ေတာ့သည္။

…………………………………………

“ရွင္ ဒီလိုပဲ လမ္းေဘးမွာ မူး႐ူးရန္ျဖစ္ေနမယ္ဆို..ကြၽန္မ ရွင့္ကို ဆက္မေပါင္းႏိုင္ေတာ့ဘူး..ကိုဖိုးတုတ္..ကြၽန္မရွက္တယ္..ရွက္တယ္”

“ဟ..မသင္းျမ ရယ္..ငါလည္း..ျဖစ္ခ်င္လို႔ျဖစ္တာမွမဟုတ္တာ…ဒီေကာင္ေလး ငါ့ကို ရန္လာစလို႔ ျဖစ္တာပဲ”

“ျဖစ္ရင္လည္း..ရွင္တို႔ လူမိုက္အခ်င္းခ်င္းေတြျဖစ္ၾကပါလား..အခုဟာ ကေလးေလးရွင့္။ ရွင္ေမြးရင္ ရွင့္သားေလာက္ပဲရွိဦးမယ္..သူ႔မိဘေတြမွာ ကြၽန္မအတယ္ဆီ လာေတာ့ မ်က္ရည္နဲ႔မ်က္ခြက္။ အခု မႏၲေလးက သူတို႔ အမ်ိဳးေတြ အုပ္လိုက္ဆင္းလာၾကၿပီး ရွင့္ကို ရန္လာရွာမယ္လုပ္ေနၾကတယ္”

“အဲ့ဒီေတာ့..ငါက ေၾကာက္ေနရမွာလားဟ”

“အံမယ္ေလး..မေၾကာက္ပါနဲ႔..အကုသိုလ္တုံးႀကီးရယ္..လူမိုက္ႀကီးရယ္..ကိုယ့္သားအ႐ြယ္..ညီအ႐ြယ္ေလးတစ္ေယာက္ကို ရက္ရက္စက္စက္ လုပ္ရက္တဲ့ လူမိုက္ႀကီးရယ္”

“ဟ..ငါလုပ္တာမဟုတ္ဘူးကြ..ငါ့ကိုယ္စား ဟိုေကာင္ စံဘတို႔၊ ေသာင္းရီ တို႔ မခံႏိုင္လို႔ သြားလုပ္ၾကတာ”

“အဲ့ဒါလည္း ရွင့္လူေတြပဲေလ..ဒီလူရမ္းကားေတြ၊ ကေလကေခ်ေတြ တ႐ုံး႐ုံးနဲ႔ ရွင္ဘယ္အထိေနေနဦးမွာလဲ..ရွင္တို႔လုပ္လို႔ ကြၽန္မမိသားစုမွာ ဘယ္ေလာက္ အရွက္ရ၊ မ်က္ႏွာပ်က္ရတယ္ မွတ္လဲ”

“မင္း..ငါ့လူေတြကို အဲ့ဒီလိုမေျပာနဲ႔..မသင္းျမ…မင္းမို႔လို႔ေနာ္..တျခားသူဆို ခ်က္ခ်င္း ထသတ္မိမွာ”

“သတ္ေလ.သတ္ပါ..ေအာင္မေလး..လူမိုက္ႀကီးရဲ႕…ကြၽန္မကိုေတာင္ လူမိုက္က်င့္ လူမိုက္ႀကံနဲ႔ မတရားခိုးခဲ့တာမဟုတ္လား”

“မင္း..မင္းကြာ..ေတာက္”

ဖိုးတုတ္က ေဒါသကို ခ်ဳပ္တီးကာ အိမ္ေအာက္သို႔ ဆင္းလာသည္။

အိမ္ေအာက္တြင္ ဂႏၶမာေသာင္းရီ ႏွင့္ စံဘ က မ်က္ႏွာငယ္ျဖင့္ ၾကည့္ေနၾက၏။

“ေဟ့ေကာင္ေတြ…ကားထုတ္စမ္းကြာ….ငါ ဒီအိမ္မွာေနရင္ လူသတ္မိမယ္”

စံဘက  ဂိုေထာင္ေသာ့ကို ယူကာ အေျပးအလႊားကားသြားထုတ္သည္။

ကားေပၚသို႔ေရာက္ေသာအခါ လမ္းမေတာ္ဖိုးတုတ္က စံဘေဘးတြင္ ဝင္ထိုင္၏။

ဂႏၶမာေသာင္းရီက ေနာက္ခန္းမွ တက္သည္။

“ဂႏၶမာ..မသင္းျမ ေျပာတာေတြ ၾကားရင္..ငါေတာင္းပန္တယ္ကြာ..မိန္းမေတြက ဒီလိုပဲကြ”

“ရပါတယ္..ဖိုးတုတ္ရာ..ငါတို႔ လည္း လုပ္တာကိုင္တာ နည္းနည္းလက္လြန္သြားတယ္ကြ”

“ေအး..ျပသနာက ဒီေကာင္ေလး အေဖက ငါ့ေယာကၡမရဲ႕ တူဝမ္းကြဲေတာ္ေနတာပဲ။ ငါလည္း သူတို႔ တ႐ုတ္အမ်ိဳးေတြ ေသခ်ာမသိဘူးေလကြာ”

“ေအးကြာ..ငါတို႔ကလည္း မင္းနယ္ေျမထဲ ေနၿပီး မင္းကို ေတာင္ ႐ိုက္ဖို႔လုပ္ရဲတယ္ဆိုေတာ့ ပိုးေသသြားေအာင္ လုပ္မိလိုက္တာပဲ”

“ထားလိုက္ကြာ..ငါ့ေယာကၡမေရာ၊ ဘြန္းရႈက်င္းႀကီးကိုေရာ ငါသြားေတာင္းပန္ထားၿပီးၿပီ၊ ေကာင္ေလး ေဆးကုဖို႔ လိုအပ္တဲ့ေငြကအစ စိတ္မပူဖို႔ ေျပာထားတယ္။ ငါ့မိန္းမ ကသာ မၿပီးႏိုင္..မဆီးႏိုင္ျဖစ္ေနတာ”

“ေအးကြာ..သူလည္း…သူ႔အမ်ိဳးထဲကျဖစ္ေနေတာ့..”

“ထားလိုက္ပါကြာ..ကဲ..ဒီည ညစ္ေနတယ္..ခ်ိဳင္နားစတန္းကို ေမာင္းကြာ”

……………………………………………..

“ငါ.ဒီည..အိမ္မျပန္ေတာ့ဘူး..ဂႏၶမာ..ခ်ိဳက္ဟုန္နဲ႔ လိုက္သြားၿပီးပဲ..အိပ္လိုက္ေတာ့မယ္”

ဖိုးတုတ္ အလြန္အကြၽံမူးေနၿပီျဖစ္သည္။ အိမ္တြင္ စိတ္ညစ္ခဲ့သမွ် ခ်ိဳက္ဟုန္ က ေျဖသိမ့္ေပးရင္း ဝီစကီႏွစ္လုံး ပင္ ကုန္သြားခဲ့ၿပီျဖစ္သည္။

အခ်ိန္ကား ည ၁၂ နာရီထိုးလုနီးၿပီ။

“ဖိုးတုတ္..မင္း အိမ္ျပန္ မအိပ္ရင္..မသင္းျမ နဲ႔ ဒီထက္ပိုၿပီး ျပသနာႀကီးသြားမွာေပါ့ကြာ..ျပန္လိုက္ပါကြာ”

“အဲ့ေကာင္မဆီ ငါမျပန္ဘူး..နားညည္းတယ္ကြာ..ခ်ိဳက္ဟုန္.ငါ့အခ်စ္ဆီမွာပဲ..ငါေနမယ္ကြ”

“ဟာ..ဒီေကာင္..ဆိုင္ပိတ္ေနၿပီကြ..မိုးလည္းခ်ဳပ္ၿပီ..လာလာ..ထထ.. မင္းကို လာလိုက္ပို႔မယ္… ခ်ိဳက္ဟုန္ နဲ႔ အေသာင္း..ဒီည အေသာင္းတို႔ကို ငၫြန႔္ လိုက္ပို႔လိမ့္မယ္..အကို ဖိုးတုတ္ကားကို ေမာင္းၿပီး အိမ္လိုက္ပို႔ေပးလိုက္ဦးမယ္”

ဂႏၶမာေသာင္းရီ က ဖိုးတုတ္ကို တြဲကာ ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။

ေအာက္တြင္ အရက္ေသာက္ေနေသာ ငၫြန႔္ရွိေန၏။

“ေဟ့ ငၫြန႔္..ငါ့ကားေသာ့.ယူၿပီး..ဒီည အေသာင္းတို႔ကို အိမ္ျပန္လိုက္ပို႔လိုက္စမ္းပါကြာ..ဒီညေတာ့ ငါ မင္းတို႔ဆရာကို ကားေမာင္းၿပီး သူ႔အိမ္လိုက္ပို႔ရဦးမယ္”

ဂႏၶမာေသာင္းရီ က ဖိုးတုတ္ ကို ကားေပၚတင္ကာ ေမာင္းထြက္သြား၏။

ခဏအၾကာတြင္ ခ်ိဳက္ဟုန္ႏွင့္ မေသာင္းတို႔ အေပၚထပ္မွ ဆင္းလာၾကသည္။

“ကဲ.မေသာင္းနဲ႔ ခ်ိဳက္ဟုန္ေရ.ဒီညေတာ့ နင္တို႔ကို ငါလိုက္ပို႔ရမယ္တဲ့ေဟ့…ဂႏၶမာႀကီး ရဲ႕ ပင္တိုင္ဂ်ဴတီ ကေန ကိုကိုၫြန႔္ ဂ်ဴတီ ျဖစ္သြားၿပီ”

ဖိုးတုတ္က ဂႏၶမာႀကီးအတြက္ ေပးထားေသာ ကားကို ငၫြန႔္က ေမာင္းၿပီး ေနာက္ခန္းမွ ခ်ိဳက္ဟုန္ ႏွင့္ မေသာင္းတို႔ လိုက္ပါလာၾကသည္။

မေသာင္းတို႔ေနထိုင္ရာ တန္းလ်ာေရွ႕တြင္ ကားရပ္လိုက္ၿပီးေနာက္ မေသာင္းႏွင့္ ခ်ိဳက္ဟုန္ တို႔ ဆင္းသြားၾကသည္။

ငၫြန႔္ ကားကို ျပန္ေကြ႕ရန္ ျပင္လိုက္စဥ္ ကားမီးေရာင္ေအာက္တြင္ အျဖဴေရာင္ ဒိုတီႏွင့္ အက်ႌ ခြၽတ္ ထားေသာ အရပ္ျမင့္ျမင့္ကုလားတစ္ေယာက္ ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။

ငၫြန႔္ ျပတင္းေပါက္မွ ေခါင္းျပဴလိုက္ၿပီး ဖယ္ခိုင္းလိုက္သည္။

 “ေဟ့..ေဂ်ာင္း..ေဂ်ာင္း”

ကုလားက ငၫြန႔္တည့္တည့္သို႔ ေလွ်ာက္လာသည္။

ငၫြန႔္ စိတ္ထဲ အႏၲရာယ္ရနံ ရလိုက္သည္။

ခါးၾကားမွ ဓါးကို ထုတ္ကာ ကားတံခါးကို ဖြင့္ထြက္လိုက္သည္။

သို႔ေသာ္..ကုလားက ကားတံခါးကို အရွိန္ျဖင့္ ေျပးကန္လိုက္ရာ ကားႏွင့္ တံခါးၾကားတြင္ ငၫြန႔္ ညပ္သြားေလသည္။

ကုလားက ကားတံခါးကို ခႏၶာကိုယ္ႏွင့္ ေျပးဖိလိုက္သျဖင့္ ငၫြန႔္မွာ ႐ုန္းမရ ျပဳမရျဖစ္ေနသည္။

ဓါးကိုင္ထားေသာ လက္မွာလည္း လႈပ္ရွားမရ။

ထိုအခ်ိန္တြင္ ကုလား၏ ဓါးေျမႇာင္ကိုင္ထားေသာ လက္တစ္ဖက္မွ ငၫြန႔္၏ လည္ပင္းကို အားကုန္ ထိုးစိုက္လိုက္ေတာ့သည္။

အား ခနဲ အသံႏွင့္အတူ ငၫြန႔္ ေခြက်သြား၏။

ကုလားက အေမွာင္ထဲသို႔ ေျပးဝင္ ေပ်ာက္ကြယ္သြားေလသည္။

ငၫြန႔္မွာ ကားတံခါးေဘး ေသြးအိုင္ထဲတြင္ အသက္ငင္လ်က္…။

……………………………………………………………………………

လမ္းမေတာ္ဖိုးတုတ္၏ အိမ္တြင္ ဖိုးတုတ္၏ ငယ္ဆရာမ်ားျဖစ္ေသာ ဆရာႀကီးဦးဆင္၊ ဦးေအာင္ဒြန္း ႏွင့္ မသင္းျမ ဦးေလး ဘြန္ရႈက်င္း တို႔ ေရာက္ေနၾကသည္။

လင္မယားကြဲမည္ အထိ အေျခအေနဆိုးေနေသာ ဖိုးတုတ္ ႏွင့္ မသင္းျမ တို႔ ျပသနာကို ေျဖရွင္းေပးေနၾကျခင္းပင္။

လူႀကီးမ်ား ဆုံးမသည္ကို ဖိုးတုတ္ ႏွင့္ မသင္းျမ တို႔က ေခါင္းငုံ႔လ်က္ နာခံေနသည္။

ဖိုးတုတ္ က  ေနာင္အခါ လမ္းမေတာ္ရပ္ကြက္အတြင္း သာမန္ျပည္သူမ်ားႏွင့္ ရန္ျဖစ္ ရမ္းကားတာမ်ိဳး မလုပ္ေတာ့ပါေၾကာင္း ကတိေပးသည္။

မသင္းျမကလည္း လက္ခံသည္။

အေျခအေနက ေျပလည္သြားေပၿပီ။

လူႀကီးမ်ားက အိမ္ေပၚမွ ျပန္ဆင္းသည္ကို ဖိုးတုတ္ ႏွင့္ မသင္းျမ တို႔ ေအာက္ထပ္ လိုက္ပို႔ၾကသည္။

ေအာက္ထပ္တြင္ အုန္းေဖ၊ စံဘ၊ ထြန္းတင္၊ ပု႑ားေက်ာ္ထြန္း ႏွင့္ တပည္မ်ား အစုံအလင္ ေရာက္ေနၾကသျဖင့္ ဖိုးတုတ္ ပင္ အံၾသသြားသည္။

လူႀကီးမ်ား ျပန္ထြက္သြားၿပီးေနာက္ ဖိုးတုတ္က အိမ္ထဲ ျပန္ဝင္လာၿပီး အုန္းေဖ ကို ေမးလိုက္၏။

“ေဟ့..အုန္းေဖ..လူစုံတက္စုံပါလားကြာ…ဘာျဖစ္တာလဲ”

အုန္းေဖ မ်က္ႏွာက မေကာင္း။

“ငၫြန႔္ ေသၿပီ..ဆရာ”

“ဘာ.”

ဖိုးတုတ္ထံမွ အာေမဋိတ္သံ အက်ယ္ႀကီး ထြက္လာသည္။

မသင္းျမ ပင္ အလန႔္တၾကားျဖင့္ ဖိုးတုတ္ လက္ေမာင္းကို ကိုင္ထားလိုက္၏။

“ဟုတ္တယ္..ဆရာ..ညက ခ်ိဳင္းနားစတန္းကအျပန္ ကိုဂႏၶမာႀကီးက ငၫြန႔္ကို မေသာင္းတို႔ကို လိုက္ပို႔ခိုင္းတယ္။ အဲ့ဒါ မေသာင္းတို႔ကို လိုက္ပို႔ၿပီး မေသာင္းတို႔ အိမ္ေရွ႕မွာ တင္ ဓါးနဲ႔ အထိုးခံရတာပဲ. လည္ပင္းကို ထိုးသြားတာ”

အုံးေဖ အသံက တုန္ရီေနသည္။ ငိုသံပင္ ပါေန၏။

ဂႏၶမာေသာင္းရီ ၿပီးလ်င္ ဖိုးတုတ္အခ်စ္ဆုံးႏွင့္ လက္တြဲအညီဆုံးတပည့္မ်ားမွာ ငၫြန႔္ႏွင့္ အုံးေဖ ပင္ျဖစ္သည္။

အခုေတာ့ သူ႔ခ်စ္တပည့္ ငၫြန႔္ အသတ္ခံရၿပီ။

“ဂႏၶမာေရာ..ဂႏၶမာ”

“ငၫြန႔္က ဂႏၶမာႀကီးကားကို ေမာင္းလာတာဆိုေတာ့ အခု ဂႏၶမာႀကီး ကို ပုလိပ္က ေခၚစစ္ေနတယ္။ မေသာင္းနဲ႔ ခ်ိဳက္ဟုန္လည္း ပုလိပ္က ေခၚထားတယ္၊ အလုံဂါတ္မွာပါ”

“အခု ငၫြန႔္အေလာင္းကဘယ္မွာလဲ”

“ပုလိပ္က သယ္သြားၿပီး ရန္ကုန္ေဆး႐ုံႀကီး ရင္ခြဲ႐ုံမွာတဲ့ ဆရာ”

“ေအး.အခု..ငၫြန႔္ဆီ အရင္သြားၾကမယ္”

မိနစ္အနည္းငယ္အၾကာတြင္ ရန္ကုန္ေဆး႐ုံႀကီး ရင္ခြဲ႐ုံထဲသို႔ ဖိုးတုတ္ႏွင့္ သူတပည့္မ်ား ဝင္လာၾကသည္။

ေက်ာက္ခုံေပၚတြင္ ငၫြန႔္၏ သက္မဲ့ခႏၶာကား ၿငိမ္သက္လ်က္။

ဖိုးတုတ္က ငၫြန႔္ ၏ အေလာင္းကို စိုက္ၾကည့္ေနသည္။

“ဒဏ္ရာက ဘယ္မွာလဲ”

“ကုပ္ပိုးကို ထိုးသြားတာ ဆရာဖိုးတုတ္”

ဖိုးတုတ္က ငၫြန႔္ ၏ ေခါင္းဘက္ကို သြားက ေခါင္းကို မၿပီး ၾကည့္လိုက္သည္။

“တခ်က္တည္း အေသထိုးသြားတာပဲ”

စံဘ က တရႈံရႈံျဖင့္ ငိုေႂကြးေနသည္။

အုန္းေဖ ၏ စုတ္ထားေသာ လက္သီးႏွစ္ဖက္မွာ တဆတ္ဆတ္တုန္လ်က္။

ဖိုးတုတ္က ငၫြန႔္၏ ေအးစက္ေတာင့္တင္းေနၿပီ ျဖစ္ေသာ ပါးျပင္ကို ခပ္ဆတ္ဆတ္ ႐ိုက္လိုက္ၿပီး

"ငၫြန္႔...မင္းကို ဘယ္ေကာင္သတ္တာလဲ.ဟမ္...ေဟ့ေကာင္ ေခြးမသားငၫြန႔္..ေျဖေလကြာ"

ငၫြန႔္ကား ျပန္မေျဖႏိုင္ေတာ့။

ခက္ေဇာ္

Comments

Post a Comment