TGOR 1930 (အခန်း ၁၆)

The Guys of Yangon,1930(Part 15)

                                      အခန်း(၁၆)

                                    ……………………….

ဇာတ်မင်းသား အောင်မောင်းကြီး ၏ မြိုင်ထတေးသံက ဗိုလ်တစ်ထောင်ဘုရားဝန်းအတွင်း ဟိန်းထွက်လာသည်။

အောင်မောင်းကြီးပွဲဝင်သလို ဈေးသည်များ၊ ပွဲသွားပွဲလာများဖြင့် စည်စည်ကားကား။

ချားရဟတ်နှစ်ခုကလည်း မီးဆိုင်းမီးခွေများဆင်ယင်လျက် လှပစွာလည်နေ၏။                  

ဘုရားဝန်းထောင့်ရှိ အံဂလုံဝိုင်းများ၊ အနီထောင့်ဝိုင်းများ၊ ဂျင်ဝိုင်းများတွင် လူများ အုံလျက်ရှိသည်။

ထိုပွဲကား အရှေ့ပိုင်းအရေးပိုင်ထံမှ ရထားသော အထူးခွင့်ပြုချက်ဖြင့် ပြုလုပ်သည့် အာဝါဒေးပွဲကြီးပင်။

ပွဲစီစဉ်သူကား မန်မဆာမိသားစု။

ဗိုလ်တစ်ထောင်ငမိုးသည် ထောင်မှ ပြန်လွတ်လာပြီးနောက် လမ်းမတော်ဖိုးတုတ် ကို အိမ်တွင် လက်ခံတွေ့ဆုံသည်မှလွဲပြီး လူမိုက်လောကနှင့် ခပ်ဝေးဝေးနေသည်ကို မန်မဆာမိသားစု သတိထားမိသည်။

မတ်စတီးခန့် အကြံပြုသည့်အတိုင်း ဂန်ဂယားကိစ္စဖြင့် ဖိုးတုတ်ကို အလုပ်ပေးထားပြီး..အရှေ့ပိုင်းဗိုလ်တစ်ထောင် နယ်မြေတွင် အာဝါဒေးပွဲကြီး ကျင်းပနေခြင်းဖြစ်သည်။

အာဝါဒေးပွဲ တစ်ပွဲ သွင်းပြီးရသော ဝင်ငွေမှာ နည်းလှသည်မဟုတ်။

အစိုးရကို အခွန်ပေးပြီး၊ ဇာတ်ငှားခ အပြီးအစီးပေးပြီးလျှင်ပင် ငွေတစ်သောင်းခန့် အသာလေးဝင်သည့် လုပ်ငန်းဖြစ်သည်။

ဇာတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲကို ဗန်းပြကာ လောင်းကစားဒိုင်ခံသည့် ဝင်ငွေက အများဆုံးဖြစ်သည်။

လောင်းကစားဒိုင်များက တညလျှင် ငွေကိုးရာနှုန်း မန်မဆာမိသားစုထံ ပေးသွင်းရသည်။

ည ၁၀ နာရီအချိန်တွင် မန်မဆာမိသားစုထဲမှ တူအငယ်ဆုံးဖြစ်သော ခင်မောင်တင် ခေါ် အာမင် နှင့်တပည့်များသည် ဓါးမြှောင်ကိုယ်စီခါးထိုးလျက် လောင်းကစားဒိုင်များထံမှ ငွေလိုက်လံ ကောက်ခံလေ့ရှိသည်။

ခင်မောင်တင် ခေါ် အာမင် သည်  သူ ရစ်နေသည့် ကွမ်းယာသည်လေး ထံတွင် ကွမ်းဝယ်ရင်း စကားပြောနေလေသည်။

သူ့ တပည့်များက အလိုက်သိစွာဖြင့် ခပ်လှမ်းလှမ်းမှ စောင့်နေကြ၏။

ထိုအချိန်တွင် ကွမ်းယာဆိုင်အတွင်း လူနှစ်ဦး ဝင်လာသည်။

တစ်ဦးက အပေါ်ဗိုင်းဗလာကျင်းလျက် ပုဆိုးတိုတိုဝတ်ကာ ဝါးတောင်းတစ်လုံးကို ထမ်းထား၏။

ဘေးမှ တစ်ယောက်က ဘောလုံးကန်ဘောင်းဘီတိုတိုနှင့် စွပ်ကျယ်လက်ပြတ်ကို ဝတ်ထားသည်။

“ညီမလေး..ကွမ်းတစ်ရာလောက်…မြန်မြန်ယာပေးပါ”

တောင်းထမ်းထားသည့်လူက ကောင်မလေးကို ကွမ်းမှာလိုက်သည်။

အာမင် က ကောင်မလေးနှင့် လေပေးဖြောင့်နေစဉ် ကွမ်းယာလာမှာသည့် သူကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

တောင်းထမ်းထားသည့် သူက လည်း ပြန်ကြည့်သည်။

“ဟေ့ကောင်…မင်းက ဘာကြည့်တာလဲ..ငါ့ ဘာထင်လို့လဲ..ဟမ်”

အာမင် က တောင်းထမ်းထားသည့် လူ၏ ရင်ဘတ်ကို တွန်း လိုက်သည်။

ထိုအချိန်တွင် ဘေးမှပါလာသော ဘောင်းဘီတိုနှင့်လူက ကြားဖြတ်ဝင်လိုက်သည်။

“ကျွန်တော့်ညီလေးပါ..ဆရာရယ်..ကလေးမို့ မသိနားမလည်တာပါ..စိတ်မဆိုးပါနဲ့”

အာမင်က ဆွဲထားသည့် လက်ကို လွှတ်လိုက်၏။

“ဒါနဲ့..ဒီက ဆရာအာမင် ဆိုတာလား”

“အေး…ဟုတ်တယ်..မင်းတို့ ငါ့ရှေ့က သွားတော့”

ဘောင်းဘီတိုနှင့် လူက နောက်သို့ လှည့်ပြောလိုက်သည်။

“ဘိုးထင် ရေ..အာမင် တဲ့ ဟေ့..တောင်းရှေ့ကို ချလိုက်တော့”

တောင်းထမ်းထားသည့် လူက တောင်းကို အောက်သို့ချလိုက်သောအခါ တောင်းထဲတွင် ငှက်ကြီးတောင်တစ်လက်နှင့် တရုတ်ဓါးကောက်တစ်လက်။

ဘောင်းဘီတိုနှင့်လူက တောင်းထဲမှ တရုတ်ဓါးကောက်ကို ကောက်ကိုင်ကာ ခုတ်ချလိုက်သည်။

အာမင် မှာ ရုတ်တရက်မို့ ငမိုး၏ ခုတ်ချက်ကို ရှောင်ချိန်မရလိုက်။ ဓါးက ပုခုံးကို စိုက်ဝင်သွားသည်။

ထိုအခါမှ အာမင်၏ တပည့်များ သတိဝင်လာပြီး ဓါးမြှောင်ကိုယ်စီဖြင့် ပြေးလာ၏.။

ငမိုး၏ ညီ ဓါးဘိုးထင်က တောင်းထဲမှ ငှက်ကြီးတောင်ကို ဆွဲကာ ရှေ့ဆုံးမှ ပြေးလာသော တစ်ယောက်၏ လက်မောင်းကို ခုတ်ချလိုက်သည်။

ထိုစဉ် ငမိုး၏ နောက်စေ့ ပူခနဲဖြစ်သွား၏။ ဒေါသထွက်သွားသည်။

နောက်သို့ လှည့်ကြည့်လိုက်သောအခါ လေးခွနှင့် အနီးကပ်ပစ်နေသူကို မြင်လိုက်ရသည်။ လေးခွသမားက လေးခွထဲသို့ နောက်ထပ် သံမူလီဖယောင်းပိတ်ထားသည့် ကုန်းသီး ကို ထည့်နေစဉ် ငမိုးက ဓါးဖြင့် ခုတ်ချလိုက်သည်။

လေးခွသမား လက်ကောက်ဝတ်သို့ ဓါးစိုက်ဝင်သွားပြီး အနောက်သို့ ဆုတ်ကာ ထွက်ပြေးလေတော့သည်။

“ဟေ့..ဗိုလ်တစ်ထောင်ငမိုး တဲ့ကွ..မန်မဆာတွေ..အကုန်သတ်ပစ်မယ်”

ငမိုးအော်လိုက်ခြင်းမဟုတ်။ လူငယ်ဖြစ်သော ဘိုးထင်က အော်လိုက်ခြင်းဖြစ်သည်။

ငမိုး ဟူသော အမည်ကြားသည်နှင့် မန်မဆာ့လူမိုက်များ တန့်သွားကြပြီး နောက်ဆုတ် ပြေးကုန်ကြတော့၏။

အာမင် မှာ ကွမ်းယာခုံအောက်တွင် ညည်းညူလျက်။

ထို့နောက် ဓါးနှစ်ချောင်းကို ဝါးတောင်းထဲ ပြန်ထည့်ပြီးနောက် ဘိုးထင်က တောင်းကို ထမ်းကာ ပွဲခင်းထဲမှ ထွက်သွားလေသည်။

ငမိုး က ဇာတ်ပွဲရှိရာသို့ လမ်းလျှောက်ရင်း ပျောက်ကွယ်သွား၏။

အောင်မောင်းကြီးဇာတ်ပွဲကား ပရိတ်သတ်များကို ဆွဲဆောင်ထားလေသည်။

ဌာနအုပ် ကိုဘသွယ်သည် ဇာတ်စင်ရှေ့ဘေးဘက်တွင်ရှိသော အထူးတန်း၊ ပက်လက်ကုလားထိုင်တွင် ထိုင်ရင်း အောင်မောင်းကြီး၏  ခြေထိုးအကကို သဘောတကျ ရှုစားနေ၏။

ထိုအချိန်တွင် သူ့ဘေးတွင် ရှိသော ကုလားထိုင်အလွတ်သို့ လူငယ်တစ်ယောက် လာဝင်ထိုင်လေသည်။

ထိုခုံမှာ အရှေ့ပိုင်းခရိုင်အရေးပိုင် မစ္စတာမော်ဂန် အတွက် သီးသန့်ချန်ပေးထားရသော ခုံဖြစ်သဖြင့် ကိုဘသွယ် စိတ်အနှောက်အယှက်ဖြစ်သွားသည်။

အရာရှိများသာထိုင်ရသောအထူးတန်းတွင် ဝင်ထိုင်သည့် တောသားလူငယ်ကို ဒေါသလည်းထွက်သွား၏။

“ဟေ့..သူငယ်…ဒါ မင်းတို့ နေရာမဟုတ်ဘူးကွဲ့…ဗီအိုင်ပီနေရာကွဲ့…ငါဌာနအုပ်ဘသွယ်ပဲ..မင်းငါ့ဘာထင်နေလဲ..အလကားနေ.ဖမ်းချုပ်ခံနေရမယ်..သွားသွား”

“ကျွန်တော်လည်း ဇာတ်ပွဲလာငေးရင်း…ဦးမင်းကို မြင်လို့ နှုတ်ဆက်ရအောင် ခဏ ဝင်လာတာပါ.. ကျွန်တော့် မှတ်မိလားဗျ”

ဌာနအုပ်ကိုဘသွယ်မှာ မီးရောင်ပျပျအောက်တွင် လူငယ်၏ မျက်နှာကို ကြည့်လိုက်ပြီး လန့်ဖြန့်သွားလေတော့ သည်။

“ငမိုး..ငမိုး”

“အောင်မယ်..ဦးမင်း က မှတ်မိသားပဲဗျ..လွန်ခဲ့တဲ့ ဆယ်နှစ်က သင်္ဘောပေါ်မှာ ကျွန်တော့်ကို ဖမ်းပြီး အချုပ်ထဲမှာ ဝိုင်းထုထောင်းကြတာလေ..ဦးမင်း လက်ဆ ကလည်း တယ်ပြင်းတယ်နော..အခုတော့ ဆာသင်ကြီးကနေ ဌာနအုပ်တောင်ဖြစ်နေပြီကိုးဗျ”

ဌာနအုပ်ကိုဘသွယ်မှာ တုန်ရီနေလေသည်။

“မင်း..ဘာလုပ်ချင်လို့လဲ…”

ကိုဘသွယ် က မတ်တပ်ရပ်ထအော်ရန် ကြံစည်လိုက်သော်လည်း သူ့ဗိုက်ကြားသို့ တစ်စုံတစ်ခု စူးခနဲဖြစ်သွားသဖြင့် ငုံ့ကြည့်လိုက်သည်။

ငမိုးက သူ့ဗိုက်ကို ဓါးမြှောင်ဖြင့် ထောက်ထားခြင်းပင်။

“အောင်မောင်းကြီး အသံကလည်း တယ်အောင်ဗျာ..အခုနေ ဦးမင်း ဗိုက်ကို ဖွင့်ထည့်လိုက်ရင်တော့..အော်လည်း ဘယ်သူမှ ကြားမှမဟုတ်ဘူး။ ဗီအိုင်ပီတန်းဆိုတော့ ပရိသတ်နဲ့လည်း ဝေးသကိုးဗျ..ဟေဟေး”

“မလုပ်ပါနဲ့…ကိုမိုးရယ်…မလုပ်ပါနဲ့”

“အောင်မယ်..အခုတော့ ကိုမိုးတဲ့လား…ဘာမှ မလုပ်ပါဘူးဗျာ…ဦးမင်းကို တွေ့တော့ လာနှုတ်ဆက်တာပါဆို.. ကဲ..ကဲ ကျွန်တော် ခုန ပွဲခင်းထဲ တိုးရဝှေ့ရနဲ့ နည်းနည်းပင်ပန်းသွားတယ်။ ဘီယာလေးဘာလေးသွားစုပ်မလို့..ငွေတစ်ရာလောက် ပေးစမ်းပါ”

“ဟာ..တစ်ရာတောင်လား”

“မပေးချင်ဘူးပေါ့..ဌာနအုပ်မင်း”

“ပေးပါ့မယ်..ပေးပါ့မယ်”

ကိုဘသွယ်က အိတ်ထဲမှ ရူပီးငွေများကို ထုတ်ကာ ရေတွက်ပြီး ငမိုး အားပေးလိုက်သည်။

“သွားလိုက်ဦးမယ်..ဌာနအုပ်မင်း…ကျေးဇူးတင်တယ်နော..နောက်လည်း ခဏခဏ လာလည်ဦးမယ်”

ငမိုး ပြန်ထွက်သွားမှသာ ကိုဘသွယ်မှာ သက်ပြင်းချနိုင်တော့၏။

မင်းသားအောင်မောင်း ကား သူ၏ နာမည်ကျော် “အောင်မောင်းရေ..တောင့်ထား”ဆိုသည့် သီချင်းကို အော်ဆိုလိုက်သည်။

ကိုဘသွယ်ကား တောင့်မထားနိုင်တော့။

ကုလားထိုင်ပေါ်တွင် အရုပ်ကြိုးပျက်ထိုင်ရင်း ရင်ဘတ်ကို ဖိကာ စိတ်လှုပ်ရှားမှုကို ထိန်းနေရ၏။

တွင်မကြာသေးခင်ကပဲ..သူ့ဗိုက်ပေါ်တွင် ငမိုး၏ ဓါးမြှောင် ဝဲနေခဲ့သည်မဟုတ်လား။

…………………………………………………………………………………

ကံကြမ္မာ သည် အဆန်းပြားဆုံး မျက်လှည့်ဆရာပင်။

လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က ဇာတ်ဆရာဦးမာဒင်ကြီး ၏ ဇာတ်သဘင်တွင် အောင်မောင်း၊ ကြက်ကြား တည်းဟူသော လူငယ်လူရွှင်တော်လေး နှစ်ဦး ရှိခဲ့ဖူးသည်။

လူရွှင်တော်အောင်မောင်းမှာ ဦးမာဒင် ၏ ဇာတ်မှ ထွက်ပြီးသည့်နောက် မင်္ဂလာအောင်မောင်း တည်း ဟူသော နာမည်ကျော်မင်းသားတစ်လက် ဖြစ်လာခဲ့၏။

လူရွှင်တော်ကြက်ကြားမှ ဦးမာဒင်၏ ဇာတ်မှ ထွက်ပြီး အငြိမ့်လူရွှင်တော်လုပ်ရာ အငြိမ့်ထောင်ဦးစိုးရ မှ ငွေခိုးမှုဖြင့် စွပ်စွဲခံရပြီး ထောင်ကျလေသည်။

ထောင်မှထွက်သည့်အခါ စလင်းကွင်းတွင်ပြုလုပ်သော အငြိမ့်ပွဲတစ်ခုတွင် အငြိမ့်ထောင်ဦးစိုးရ အား စင်ပေါ် တက် ဓါးဖြင့် ခုတ်ရာမှ ထောင်နှစ်နှစ်ကျခဲ့သည်။

ထောင်မှ ပြန်ထွက်လာသည့်အခါ လူမိုက် ကြက်ကြား ဖြစ်လာပြီး လမ်းမတော်ဖိုးတုတ်နှင့် လက်ဝါးချင်းရိုက်ကာ ကြည်မြင့်တိုင်ကြက်ကြားဟူသော အမည်ဖြင့် ကျော်ကြားလေသည်။

အောင်မောင်းနှင့် ကြက်ကြား။

သူတို့နှစ်ဦး၏ ကျော်ကြားပုံခြင်းကား မတူညီကြ။

ညက အောင်မောင်းကြီး ဇာတ်ပွဲကို သွားငေးရင်း ဌာနအုပ်ကို ဓါးထောက်ခဲ့သော ဗိုလ်တစ်ထောင်ငမိုး သည် ယခုတော့ ဓါးထိုးခံကာသေဆုံးခဲ့သည့် လူမိုက်ကြီးကြက်ကြားကို ငေးနေရပြန်ချေပြီ။

“ကိုမိုး..ညက အတော်မွှေလိုက်တာပဲ…အာမင်က မသေရုံတမယ်ပဲလို့ ကြားတယ်၊ မန်မဆာအုပ်စု တော့ အတော်သွေးပျက်သွားကြပြီ…ဌာနအုပ်ကိုဘသွယ်လည်း တော်တော်လန့်နေတယ်ကြားတယ်”

“ကိုဘသွယ်ကိုတော့ လမ်းကြုံလေး..ဝင်နှောက်လိုက်တာပါ..ကိုဖိုးတုတ်ရာ”

“ဒါပြီးရင်တော့ ခင်ဗျား ဆိပ်ကြီးဘက်ကို ခဏသွားရှောင်နေလိုက် ကိုမိုး..ဒီမှာ ဓါးခုတ်မှုကိစ္စက ပုလိပ်ကို ကျုပ် ရှင်းထားလိုက်မယ်…အေးအေးနေမှ ပြန်လာခဲ့ပေါ့”

“ပြန်မလာတော့ဘူး..ကိုဖိုးတုတ်..ကျွန်တော် ခဏရှောင်နေပြီး..ခင်ဗျားဆီက အမှုဖြတ်ပြီ ကြားတာနဲ့ သင်္ကန်းစီးတော့မယ်…ဒီကိစ္စလုပ်ပေးတာလည်း…ကျွန်တော့်သူငယ်ချင်း အလိန်အတွက် ကျွန်တော် ကျေးဇူးဆပ်တာမို့ နောက်ဆုံးလုပ်လိုက်တာ.”

“စိတ်ချပါ..ကိုမိုး..ညက အောင်မောင်းကြီးပွဲကို အရှေ့ပိုင်းအရေးပိုင် မော်ဂန်သခင် လာမကြည့်တာ ကျွန်တော်နဲ့ အဲ့ဒီကိစ္စ ပြောနေကြလို့ဗျ..မပူပါနဲ့…မကြာခင်မှာ ရန်ကုန်အရှေ့ပိုင်းမှာ အာဝါဒေးပွဲတွေ ခံခွင့်က ခင်ဗျားသူငယ်ချင်း အလိန် က လွဲပြီး ဘယ်သူမှ ရတော့မှမဟုတ်ပါဘူး…မော်ဂန်သခင်က သဘောတူပြီးသွားပါပြီ.. နောက်နှစ်ရက်လောက်နေရင် အလိန် ကို မော်ဂန်သခင်က သူ့ရုံးမှာ ခေါ်တွေ့လိမ့်မယ်..ကိုမိုး”

“ဟုတ်ပြီ..ကိုဖိုးတုတ်..ကဲ ကျွန်တော့်ကို ဟိုဘက်ကမ်း ဘယ်သူလိုက်ပို့မှာလဲ”

“ကျွန်တော် မော်တော်တစ်စင်း ဝယ်ထားတယ်..ကိုမိုး..ကိုယ်ပိုင်မော်တော်ဆိုတော့ ပိုစိတ်ချရတာပေါ့…ခနနေ ဂန္ဓမာ နဲ့ အတူ မြစ်ဆိပ်ကို ဆင်းကြပေါ့.. ဟိုမှာ နေရမယ့်နေရာပါ ဂန္ဓမာစီစဉ်ပေးလိမ့်မယ်”

…………………………………………………………………………………………

ငညွန့် ၏ နာရေးအိမ်မှ လမ်းမတော်ဖိုးတုတ် နှင့် စံဘ တို့ ည (၁၁)နာရီကျော်မှ ပြန်လာကြသည်။

ဖေဖော်ဝါရီလ ကုန်ခါစဖြစ်သော်လည်း ဆောင်းသည် မကုန်တတ်သေး။

ဖိုးတုတ်သည် ပုဝါကိုခေါင်းတွင်ပေါင်းထားပြီး ရှပ်အင်္ကျီအညိုပေါ်တွင် စွယ်တာအင်္ကျီ အဖြူရောင်ကို ရခိုင်ပုဆိုးအဝါရောင်နှင့် တွဲဖက်ဝတ်ဆင်ထားသည်။

တယုတယမွေးထားသည့် နှုတ်ခမ်းမွှေးကားကားကြီး နှင့် ဖိုးတုတ်ပုံစံက လူမိုက်တစ်ဦးဟု မထင်ရဘဲ ကုန်သည် သူဌေးကြီးတစ်ဦးနှင့် ပိုတူနေလေတော့သည်။

လမ်းမတော် (၁၄)လမ်းထိပ်သို့ အရောက်တွင် ဖိုးတုတ်အိမ်ရှေ့တွင် ရပ်ထားသော အနီရင့်ရောင် မာမွန်စစ်စတင်းအမျိုးအစား ကားတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရလေသည်။

စံဘက ထိုကားနောက်တွင် ကားကို ရပ်လိုက်သည်။

ကားပေါ်မှ လမ်းမတော်ဖိုးတုတ်ဆင်းလာ၏။

အနီရောင်ကားဘေးတွင် လမ်းမတော်ပုလိပ်ဌာနမှ ဆားပုလင်းလှမောင်နှင့် ပုလိပ်သားတစ်ယောက်။

ဆားပုလင်းလှမောင်က ခြောက်လုံးပြူးသေနတ်ကို ခါးကြားထိုးထားသည်။

“ကိုဖိုးတုတ်..ခင်ဗျားကို…ဝန်ကလေးစကော့ က စကားပြောချင်လို့တဲ့..ခဏလိုက်ခဲ့စေချင်ပါတယ်”

ဖိုးတုတ်က ကားအတွင်း ထိုင်နေသော မျက်နှာဖြူအရာရှိကို လှမ်းကြည့်လိုက်သည်။

ငညွန့် ရက်လည်ညက သူ့အရက်သောက်သည့် စားပွဲကို ကန်ကျောက်ခဲ့သည့် အရာရှိ။

“စံဘ..ကားကို အိမ်ထဲသွင်းလိုက်ကွာ…ငါ ဒီဆရာတွေနဲ့ ခဏလိုက်သွားဦးမယ်”

ဆားပုလင်းလှမောင် နှင့် ပုလိပ်သားက ဖိုးတုတ်ကို ကားနောက်ခန်းတွင် ညှပ်ထိုင်လိုက်ကြသည်။

ကားရှေ့ခန်းဒရိုင်ဘာဘေးတွင် ထိုင်နေသော ဝန်ကလေးစကော့ က ဖိုးတုတ်ကို လှည့်ကြည့်လိုက်ပြီး

“မင်း..ငါ့ကို မှတ်မိလား..ဖိုးတုတ်”

“ဟုတ်ကဲ့..မှတ်မိပါတယ်..သခင်”

“အေး ငါက ဟော့ဒီ ရန်ကုန်အနောက်ပိုင်းရဲ့ ရာဇဝတ်ဝန်ကလေး စကော့ပဲကွ..မှတ်ထား”

စကော့ က စကားဆုံးသည်နှင့် ဖိုးတုတ်၏ နှာနုကို လက်သီးဖြင့် ထိုးထည့်လိုက်သည်။

ဖိုးတုတ် နှာခေါင်းမှ သွေးများ ကျလာ၏။

ကားသည် မြို့မနေရှင်နယ်ကျောင်းရှေ့မှ မိုင်ဒါကွင်းကြီးဆီသို့ မောင်းဝင်သွားသည်။

မိုင်ဒါကွင်းကြီးမှာ မှောင်မဲနေ၏။

စကော့ က ကားကို မီးထိုးထားစေပြီး ကားရှေ့သို့ ထွက်သွားသည်။

“ဟိတ်ကောင်တွေ..ဒီကောင့်ကို ငါ့ရှေ့ချုပ်ခေါ်ခဲ့ကြစမ်း”

စကော့က အင်္ဂလိပ်ဘာသာဖြင့် အမိန့်ပေးလိုက်သည်။

ဆားပုလင်းလှမောင်က ဖိုးတုတ် အနားသို့ ကပ်ပြီး တိုးတိုးပြော၏။

“ကိုဖိုးတုတ်..ဒီကိစ္စမှာ သူခိုင်းလို့ ကျွန်တော်တို့ လုပ်ရတာပါ..အဲ့ဒါတော့ နားလည်ပေးပါဗျာ”

ဖိုးတုတ်က နှာခေါင်းက သွေးများကို ရှုံ့သွင်းလိုက်သည်။

“ကျွန်တော်နားလည်ပါတယ်..ဆရာ…ဆရာ့မှာ လက်ကိုင်ပုဝါပါရင်သာ ကျွန်တော့်ပေးစမ်းပါ..ဒီကောင်ကြီး လက်သီးကပြင်းတယ်ဗျ…ခဏနေ ဒီထက် သွေးထွက်ချင်ထွက်လာမှာ..အဲ့ဒီကျ သုတ်စရာတစ်ခုခုရှိမှဖြစ်မယ်..တော်ကြာ သွေးတရဲရဲနဲ့ အိမ်ပြန်သွားရင် ကျွန်တော့်မိန်းမ လန့်နေဦးမယ်”

ဆားပုလင်းလှမောင်က သူ့ဘောင်းဘီတိုအိတ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ကာ ဖိုးတုတ်ကို ပေးလိုက်သည်။

ဖိုးတုတ်က လက်ကိုင်ပုဝါကို ခေါက်ကာ စွယ်တာအတွင်း ရှပ်အင်္ကျီအိတ်ထဲသို့ ထည့်လိုက်ပြီး ပြင်သို့ ထွက်လာလိုက်သည်။

“ဟေ့ကောင်..ဒူးထောက်စမ်း”

ဖိုးတုတ် က ဒူးထောက်လိုက်သည်။

“ငါ့နာမည်..ပြန်ပြောစမ်း..ဟေ့ကောင်”

“စကော့သခင်ပါ”

“ခွပ်..ခွပ်..ခွပ်”

ဆွယ်တာအင်္ကျီ ကို ဆွဲကာ ဖိုးတုတ်မျက်နှာအား သုံးချက်ဆက်တိုက်ထိုးလိုက်လေသည်။

“ရာထူးထည့်ပြောကွ..ဟေ့ကောင်”

“ရာဇဝတ်ဝန်ကလေး စကော့သခင်ပါ”

“ဂု..ဂု”

စကော့က ဖိုးတုတ် ၏ ပခုံးနှစ်ဖက်ကိုကိုင်ကာ ရင်ဘက်ကို ဒူးဖြင့် နှစ်ချက်ဆင့်တိုက်လိုက်သည်။

ဖိုးတုတ် ရုတ်တရက် အသက်ရှုရပ်သလိုဖြစ်ပြီး ခွေလဲသွား၏။

“ပြောစမ်း..ဟေ့ကောင်..ရန်ကုန်အနောက်ပိုင်းရာဇဝန်ဝန်ကလေး စကော့သခင် လို့ အပြည့်အစုံ ပြောစမ်း”

ဖိုးတုတ်က ဘာမျှ မပြောတော့ပဲ..စကော့ကို သာ စူးစိုက်ကြည့်နေ၏။

ဘေးတွင် ကြည့်နေသော ဆားပုလင်းလှမောင် နှင့် ပုလိပ်သားပင် ဖိုးတုတ်၏ အကြည့်ကို ကျောထဲစိမ့်သွားကြသည်။

စကော့ က ဒေါသ ပိုထွက်လာပြီး ပုလိပ်နှစ်ယောက်အား ဖိုးတုတ်၏ ခြေလက်များအား ချုပ်ထားရန် အမိန့်ပေးလိုက်သည်။

ထို့နောက် ဖိုးတုတ်ပေါ်သို့ တက်ခွကာ နှုတ်ခမ်းမွှေးများအား လက်ဖြင့် ဆွဲနှုတ်လေတော့သည်။

ဖိုးတုတ်သည် နာကြင်လွန်းသဖြင့် တအီးအီး အော်ညည်းနေ၏။

နှုတ်ခမ်းမွှေးများ အစိမ်းလိုက် ဆွဲနှုတ်ခံရသဖြင့် နှုတ်ခမ်းအပေါ်ဘက်တွင် သွေးများ ထွက်လာလေသည်။

“အေး..ရန်ကုန်အနောက်ပိုင်းမှာ လူမိုက်ဆိုတာတစ်ယောက်တည်း ရှိတယ်ကွ..အဲ့ဒါ မင်း မဟုတ်ဘူး..ဖိုးတုတ်..အနောက်ပိုင်းမှာ ဗိုလ်မထားတဲ့ လူမိုက်က စကော့ပဲကွ..စကော့ပဲ..မင်းအဲ့ဒါကို မှတ်ထား.. နောက်တစ်ခါ မင်း လူမိုက်ဆက်လုပ်နေတယ်ဆိုတဲ့ အသံကြားရင် မင်းကို အသေသတ်ပစ်မယ်”

သွေးအလူးလူးဖြစ်နေသော ဖိုးတုတ်ကို ထားရစ်ကာ စကော့နှင့် ပုလိပ်သားများ ကားမောင်းထွက်သွားကြ၏။

ဖိုးတုတ်က ဆားပုလင်းလှမောင် ထံမှ တောင်းထားသော ပုဝါကို ထုတ်ကာ မျက်နှာတွင် ပေကျံနေသော သွေးများကို သုတ်ပစ်လိုက်သည်။

ထို့နောက် လမ်းမတော် (၁၄)လမ်း အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့လေသည်။

……………………………………………………………………………………………..

မသင်းမြ ကား လမ်းမတော်ဖိုးတုတ် မျက်နှာကို ဆေးထည့်ပေးရင်း တရှုံ့ရှုံ့ငိုကြွေးနေ၏။

ဂန္ဓမာ က တောက် တစ်ချက်ခေါက်လိုက်သည်။

“ငါ မပါလို့ မင်းဒီလိုဖြစ်တာကွ..မင်းကလည်း သူသေကိုယ်သေ ချပါလား..ဖိုးတုတ်ရာ..မင်း မဟုတ်တဲ့ အတိုင်းပဲ”

“အဲ့ဒီအချိန်မှာ ငါ သည်းမခံလိုက်ရင် ဒီထက်အခြေအနေဆိုးသွားမှာကွ..သူ့ပုံစံက ငါကို တစ်ခါတည်းတောင် အပြတ်ရှင်းချင်တဲ့ပုံပဲ..ငါသည်းညည်းခံနေလို့သာ…သူတို့လက်ထဲမှာလည်း သေနတ်တွေနဲ့..တကယ်လို့ ငါ ခုခံရင် လမ်းမတော်ဖိုးတုတ်က ရာဇဝတ်ဝန်ကလေးကို ရန်ရှာလို့ ပစ်သတ်လိုက်ရတယ်ဆိုတာမျိုး ဖြစ်သွားမယ်”

“မင်းမှာ ဘာအစီအစဉ်ရှိလဲ..ဖိုးတုတ်..ဒီကောင်ကြီးကို ငါ အမွှေးတွေ ပြန်နှုတ်ချင်နေပြီကွာ..”

“ငါ့မှာ အစီအစဉ်ရှိတယ်.ဂန္ဓမာ၊ ငါတော့ ရှေ့ထွက်လုပ်လို့မရဘူး။ မင်းပဲ ငါ့အစားလုပ်ရမှာပဲ”

“အေး..လုပ်မယ်ကွာ…ဒီဘိုခွေးကို ဘယ်လို လုပ်ရလုပ်ရ..ဆော်မယ်”

“ဟား..ဟား ဂန္ဓမာ မင်း ဒီလောက် ဒေါသထွက်တာ ငါအခုမှ ပဲ မြင်ဖူးတော့တယ်”

ဂန္ဓမာထွက်သွားပြီးနောက်..ဖိုးတုတ်က မသင်းမြ ကို ပြည်ထဲရေးအတွင်းဝန် မစ္စတာတီကူးပါးထံ ဖုန်းခေါ်ခိုင်းလိုက်သည်။

…………………………………………………………………………………

တပတ်ခန့်အကြာ။

ည ၉ နာရီခွဲ။

အနီရင့်ရောင် မာမွန်စစ်စတင်းအမျိုးအစား ကားကလေးသည် ဂျမခါနာကလပ်မှ ထွက်ပြီး မစ်ရှစ်လမ်း(အလုံလမ်း)အတိုင်း ကမ်းနားဘက်သို့ မောင်းနှင်လာသည်။

လမ်းတစ်နေရာတွင် အရက်မူးနေသော လူနှစ်ယောက်မှ လမ်းပေါ်တက်လျှောက်နေသဖြင့် ရာဇဝတ်ဝန်ကလေး စကော့ သည် ဟွန်းကို ခပ်ကြမ်းကြမ်း တီးလိုက်၏။

လူနှစ်ယောက်က မဖယ်သဖြင့် စကော့သည် ဒေါသတကြီးဖြင့် ကားကို ထိုးရပ်လိုက်သည်။

“ဘလယ်ဒီဖူး”

ကလပ်တွင် ဝီစကီ ခြောက်ပက်ခန့်သောက်လာပြီး အရှိန်ရနေသော စကော့သည် ကားဘောက်စ်ထဲမှ သေနတ်ကို ယူကာ ကားတံခါးကို ဖွင့်လိုက်သည်။

“ဟေ့..ခွေးသူခိုးကောင်တွေ…မင်းတို့ကို အကုန် အချုပ်ထဲပို့မယ်”

အရက်သမားနှစ်ယောက်က စကော့ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်သဖြင့် စကော့ ကြောင်သွားသည်။

ထိုအချိန်တွင် စကော့၏ နောက်မှ လူတစ်ယောက် က စကော့ကို စောင့်ကန်လိုက်သဖြင့် ရှေ့သို့ ဟပ်ထိုး လဲကျသွားပြီး သေနတ်ပါ လွင့်ထွက်သွား၏။

ထိုသူက မှောက်ခုံလဲနေသော စကော့ပေါ်သို့ တက်ခွကာ ဆံပင်ကို ဆွဲလိုက်ပြီး မျက်နှာနှင့်ကတ္တရာလမ်းကို အားဖြင့် ဆွဲစောင့်တော့သည်။

အမူးသမားဟန်ဆောင်ထားသော အုန်းဖေ နှင့် ထွန်းတင် ရောက်လာပြီး စကော့၏ မျက်နှာကို ထမီအဟောင်းတစ်ထည့်ဖြင့် အုပ်ကာ လည်ပင်းတွင် ချည်နှောင်လိုက်ကြသည်။

ထို့နောက် နောက်မှ တက်ဖိထားသည့် ဂန္ဓမာသောင်းရီက စကော့ကို လက်ပြန်ကြိုးတုပ်လိုက်သည်။

“ဒီကောင့်ကို ချုပ်ပြီး ဒူးထောက်ခိုင်း”

အုန်းဖေ နှင့်ထွန်းတင် က စကော့အား ကားမီးရောင်ရှေ့တွင် ဒူးထောက်ခိုင်းပြီး ချုပ်ထားလိုက်ကြသည်။

ထို့နောက် ဂန္ဓမာသောင်းရီ က ပခုံးအောက်တွင် အမြဲလွယ်ထားသော ချိန်းကြိုးကို ထုတ်ကာ လက်တွင် ပတ်လိုက်သည်။

ထို့နောက် ထမီအုပ်ထားသည့် စကော့၏ မျက်နှာကို အဆက်မပြတ်ထိုးတော့၏။

လဲကျသွားချိန်တွင်လည်း သုံးယောက်သား ရှုးဖိနပ်များဖြင့် စကော့ကို ဝိုင်းကန်ကြလေသည်။

ထို့နောက် အမှောင်ရိပ်ထဲတွင် ရပ်ထားသော ကားပေါ်သို့ တက်ကာ မောင်းထွက်သွားကြသည်။

ဂျမခါနာကလပ်မှ ပြန်လာကြသော အင်္ဂလိပ်စစ်ဗိုလ်လေးနှင့် ဇနီးသည် မောင်းနှင်လာသော ကားသည် ထမီဖြင့် အုပ်လျက် လမ်းမတွင် လဲကျနေသော စကော့ကို တွေ့ကြရသဖြင့် အလုံပုလိပ်ဌာနကို အကြောင်းကြားလိုက်လေသည်။

အလုံပုလိပ်ဌာနမှ ရောက်လာပြီး စကော့အား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့လိုက်တော့သည်။

ထိုအချိန်တွင် လမ်းမတော်ဖိုးတုတ် မှာ သူဌေးကြီးဆာဘိုးသာ ၏ ဧည့်ခံပွဲတွင် ရုပ်ရှင်မင်းသား ခင်မောင်ရင်၊ ကျော်စိုးတို့နှင့်အတူ ရယ်ရယ်မောမောစကားပြောဆိုနေလေသည်။

………………………………………………………………………………………………………

နောက်တစ်နေ့ နံနက်တွင် နေအိမ်တွင် ရှိနေသော လမ်းမတော်ဖိုးတုတ်ကို အလုံပုလိပ်ဌာနမှ ဝန်ကလေးစကော့ အရိုက်ခံရမှု အတွက် စစ်ဆေးရန် အိမ်သို့ လာရောက်ခေါ်ဆောင်လေသည်။

ဌာနသို့ အရောက်တွင် ဖိုးတုတ်က ည ၇ နာရီမှ ၁၁ နာရီအထိ ဆာဘိုးသာခြံတွင် မင်းသားကျော်စိုး၊ ခင်မောင်ရင်တို့အပြင် အခြားလူကြီးလူကောင်းများစွာနှင့် အတူရှိနေကြောင်း အလီဘိုင်ပြနိုင်ခဲ့လေသည်။

ထိုဧည့်ခံပွဲတွင် ပုလိပ်မင်းကြီး မစ္စတာဝဲလ်ဘုန်း ပင် တက်ရောက်သဖြင့် ပုလိပ်များလည်း လက်လျော့ပြီး လမ်းမတော်ဖိုးတုတ်ကို ပြန်လွှတ်လိုက်ရလေတော့သည်။

နောက် တစ်ပတ်အကြာတွင် အနောက်ပိုင်းရာဇဝတ်ဝန်ကလေး စကော့ အား ပုလိပ်မင်းကြီးထံ သို့ ရောက်လာသော တိုင်ကြားစာတစ်စောင်အရ… ရာထူးတာဝန်အား အလွဲသုံးစားလုပ်ကာ အရပ်သားတစ်ဦးအား အကြောင်းမဲ့နာကြင်စေမှု၊ ရန်ဖြစ်မှုတို့ဖြင့် မကွေးတိုင်းသို့ ရာထူးချကာ ပြောင်းရွှေ့မိန့် ထွက်လာလေသည်။

ရာဇဝတ်ဝန်ကလေး စကော့လည်း ရာထူးကျပြီး နယ်ပြောင်းရပြီဖြစ်သည်။

ဆာဂျင်ဂန်ဂယား ပျောက်သွားသည်မှာ တလကျော်လေပြီ။

မစ္စတာမန်မဆင်သည် မတ်စတီးခန်း ၏ အိမ်သို့ အပြေးအလွှား ရောက်လာလေသည်။

သို့သော်…မတ်စတီးခန်း ကား အလုပ်မအားသဖြင့် ထွက်မတွေ့နိုင်ကြောင်း ငြင်းပယ်ခြင်းကို သာ ခံလိုက်ရလေတော့သည်။

……………………………………………………………

နံနက် ၇ နာရီ။

မသင်းမြ သည် ပွဲရုံတစ်ခုကို ကိုယ်ပိုင်ထူထောင်ထားပြီဖြစ်သဖြင့် ထမင်းချိုင့်ထည့်ကာ ပွဲရုံသို့ စံဘမောင်းသော ကားဖြင့် သွားလေသည်။

လမ်းမတော်ဖိုးတုတ် တစ်ယောက်သာ အိမ်ရှေ့ဝရံတာတွင် ပက်လက်ကုလားထိုင်ဖြင့် ထိုင်ရင်း သတင်းစာ ဖတ်နေလေ၏။

ထိုအချိန်တွင် မြင်းနှစ်ကောင်က သော ဒေါက်ကပ်ရထားကြီး ဆိုက်လာလေသည်။

ဒေါက်ကပ်ပေါ်မှ ရွှေရောင်ဦးထုတ်ကြီး တဝင်းဝင်းဖြင့် ဆင်းလာသည်ကို မြင်လိုက်ရသည်နှင့် ဖိုးတုတ်က သတင်းစာကို ချပြီး မတ်တပ်ထရပ်လိုက်သည်။

မတ်စတီးခန်း။

မတ်စတီးခန်းက ဝရံတာတွင် ရပ်နေသော ဖိုးတုတ်ကို မော့ကြည့်လိုက်သည်။

“ဖိုးတုတ်..မင်း ငါ့ အိမ်ရှေ့ရောက်မလာခင်….ငါက မင်းအိမ်ရှေ့ကို အရင်လာတာကွ…”

ခက်ဇော်
(ZAWGYI)

The Guys of Yangon,1930(Part 15)

                                      အခန္း(၁၆)

                                    ……………………….

ဇာတ္မင္းသား ေအာင္ေမာင္းႀကီး ၏ ၿမိဳင္ထေတးသံက ဗိုလ္တစ္ေထာင္ဘုရားဝန္းအတြင္း ဟိန္းထြက္လာသည္။

ေအာင္ေမာင္းႀကီးပြဲဝင္သလို ေဈးသည္မ်ား၊ ပြဲသြားပြဲလာမ်ားျဖင့္ စည္စည္ကားကား။

ခ်ားရဟတ္ႏွစ္ခုကလည္း မီးဆိုင္းမီးေခြမ်ားဆင္ယင္လ်က္ လွပစြာလည္ေန၏။                  

ဘုရားဝန္းေထာင့္ရွိ အံဂလုံဝိုင္းမ်ား၊ အနီေထာင့္ဝိုင္းမ်ား၊ ဂ်င္ဝိုင္းမ်ားတြင္ လူမ်ား အုံလ်က္ရွိသည္။

ထိုပြဲကား အေရွ႕ပိုင္းအေရးပိုင္ထံမွ ရထားေသာ အထူးခြင့္ျပဳခ်က္ျဖင့္ ျပဳလုပ္သည့္ အာဝါေဒးပြဲႀကီးပင္။

ပြဲစီစဥ္သူကား မန္မဆာမိသားစု။

ဗိုလ္တစ္ေထာင္ငမိုးသည္ ေထာင္မွ ျပန္လြတ္လာၿပီးေနာက္ လမ္းမေတာ္ဖိုးတုတ္ ကို အိမ္တြင္ လက္ခံေတြ႕ဆုံသည္မွလြဲၿပီး လူမိုက္ေလာကႏွင့္ ခပ္ေဝးေဝးေနသည္ကို မန္မဆာမိသားစု သတိထားမိသည္။

မတ္စတီးခန႔္ အႀကံျပဳသည့္အတိုင္း ဂန္ဂယားကိစၥျဖင့္ ဖိုးတုတ္ကို အလုပ္ေပးထားၿပီး..အေရွ႕ပိုင္းဗိုလ္တစ္ေထာင္ နယ္ေျမတြင္ အာဝါေဒးပြဲႀကီး က်င္းပေနျခင္းျဖစ္သည္။

အာဝါေဒးပြဲ တစ္ပြဲ သြင္းၿပီးရေသာ ဝင္ေငြမွာ နည္းလွသည္မဟုတ္။

အစိုးရကို အခြန္ေပးၿပီး၊ ဇာတ္ငွားခ အၿပီးအစီးေပးၿပီးလွ်င္ပင္ ေငြတစ္ေသာင္းခန႔္ အသာေလးဝင္သည့္ လုပ္ငန္းျဖစ္သည္။

ဇာတ္ပြဲ၊ ေပ်ာ္ပြဲ႐ႊင္ပြဲကို ဗန္းျပကာ ေလာင္းကစားဒိုင္ခံသည့္ ဝင္ေငြက အမ်ားဆုံးျဖစ္သည္။

ေလာင္းကစားဒိုင္မ်ားက တညလွ်င္ ေငြကိုးရာႏႈန္း မန္မဆာမိသားစုထံ ေပးသြင္းရသည္။

ည ၁၀ နာရီအခ်ိန္တြင္ မန္မဆာမိသားစုထဲမွ တူအငယ္ဆုံးျဖစ္ေသာ ခင္ေမာင္တင္ ေခၚ အာမင္ ႏွင့္တပည့္မ်ားသည္ ဓါးေျမႇာင္ကိုယ္စီခါးထိုးလ်က္ ေလာင္းကစားဒိုင္မ်ားထံမွ ေငြလိုက္လံ ေကာက္ခံေလ့ရွိသည္။

ခင္ေမာင္တင္ ေခၚ အာမင္ သည္ သူ ရစ္ေနသည့္ ကြမ္းယာသည္ေလး ထံတြင္ ကြမ္းဝယ္ရင္း စကားေျပာေနေလသည္။

သူ႔ တပည့္မ်ားက အလိုက္သိစြာျဖင့္ ခပ္လွမ္းလွမ္းမွ ေစာင့္ေနၾက၏။

ထိုအခ်ိန္တြင္ ကြမ္းယာဆိုင္အတြင္း လူႏွစ္ဦး ဝင္လာသည္။

တစ္ဦးက အေပၚဗိုင္းဗလာက်င္းလ်က္ ပုဆိုးတိုတိုဝတ္ကာ ဝါးေတာင္းတစ္လုံးကို ထမ္းထား၏။

ေဘးမွ တစ္ေယာက္က ေဘာလုံးကန္ေဘာင္းဘီတိုတိုႏွင့္ စြပ္က်ယ္လက္ျပတ္ကို ဝတ္ထားသည္။

“ညီမေလး..ကြမ္းတစ္ရာေလာက္…ျမန္ျမန္ယာေပးပါ”

ေတာင္းထမ္းထားသည့္လူက ေကာင္မေလးကို ကြမ္းမွာလိုက္သည္။

အာမင္ က ေကာင္မေလးႏွင့္ ေလေပးေျဖာင့္ေနစဥ္ ကြမ္းယာလာမွာသည့္ သူကို မေက်မနပ္ျဖင့္ ၾကည့္လိုက္သည္။

ေတာင္းထမ္းထားသည့္ သူက လည္း ျပန္ၾကည့္သည္။

“ေဟ့ေကာင္…မင္းက ဘာၾကည့္တာလဲ..ငါ့ ဘာထင္လို႔လဲ..ဟမ္”

အာမင္ က ေတာင္းထမ္းထားသည့္ လူ၏ ရင္ဘတ္ကို တြန္း လိုက္သည္။

ထိုအခ်ိန္တြင္ ေဘးမွပါလာေသာ ေဘာင္းဘီတိုႏွင့္လူက ၾကားျဖတ္ဝင္လိုက္သည္။

“ကြၽန္ေတာ့္ညီေလးပါ..ဆရာရယ္..ကေလးမို႔ မသိနားမလည္တာပါ..စိတ္မဆိုးပါနဲ႔”

အာမင္က ဆြဲထားသည့္ လက္ကို လႊတ္လိုက္၏။

“ဒါနဲ႔..ဒီက ဆရာအာမင္ ဆိုတာလား”

“ေအး…ဟုတ္တယ္..မင္းတို႔ ငါ့ေရွ႕က သြားေတာ့”

ေဘာင္းဘီတိုႏွင့္ လူက ေနာက္သို႔ လွည့္ေျပာလိုက္သည္။

“ဘိုးထင္ ေရ..အာမင္ တဲ့ ေဟ့..ေတာင္းေရွ႕ကို ခ်လိုက္ေတာ့”

ေတာင္းထမ္းထားသည့္ လူက ေတာင္းကို ေအာက္သို႔ခ်လိုက္ေသာအခါ ေတာင္းထဲတြင္ ငွက္ႀကီးေတာင္တစ္လက္ႏွင့္ တ႐ုတ္ဓါးေကာက္တစ္လက္။

ေဘာင္းဘီတိုႏွင့္လူက ေတာင္းထဲမွ တ႐ုတ္ဓါးေကာက္ကို ေကာက္ကိုင္ကာ ခုတ္ခ်လိုက္သည္။

အာမင္ မွာ ႐ုတ္တရက္မို႔ ငမိုး၏ ခုတ္ခ်က္ကို ေရွာင္ခ်ိန္မရလိုက္။ ဓါးက ပုခုံးကို စိုက္ဝင္သြားသည္။

ထိုအခါမွ အာမင္၏ တပည့္မ်ား သတိဝင္လာၿပီး ဓါးေျမႇာင္ကိုယ္စီျဖင့္ ေျပးလာ၏.။

ငမိုး၏ ညီ ဓါးဘိုးထင္က ေတာင္းထဲမွ ငွက္ႀကီးေတာင္ကို ဆြဲကာ ေရွ႕ဆုံးမွ ေျပးလာေသာ တစ္ေယာက္၏ လက္ေမာင္းကို ခုတ္ခ်လိုက္သည္။

ထိုစဥ္ ငမိုး၏ ေနာက္ေစ့ ပူခနဲျဖစ္သြား၏။ ေဒါသထြက္သြားသည္။

ေနာက္သို႔ လွည့္ၾကည့္လိုက္ေသာအခါ ေလးခြႏွင့္ အနီးကပ္ပစ္ေနသူကို ျမင္လိုက္ရသည္။ ေလးခြသမားက ေလးခြထဲသို႔ ေနာက္ထပ္ သံမူလီဖေယာင္းပိတ္ထားသည့္ ကုန္းသီး ကို ထည့္ေနစဥ္ ငမိုးက ဓါးျဖင့္ ခုတ္ခ်လိုက္သည္။

ေလးခြသမား လက္ေကာက္ဝတ္သို႔ ဓါးစိုက္ဝင္သြားၿပီး အေနာက္သို႔ ဆုတ္ကာ ထြက္ေျပးေလေတာ့သည္။

“ေဟ့..ဗိုလ္တစ္ေထာင္ငမိုး တဲ့ကြ..မန္မဆာေတြ..အကုန္သတ္ပစ္မယ္”

ငမိုးေအာ္လိုက္ျခင္းမဟုတ္။ လူငယ္ျဖစ္ေသာ ဘိုးထင္က ေအာ္လိုက္ျခင္းျဖစ္သည္။

ငမိုး ဟူေသာ အမည္ၾကားသည္ႏွင့္ မန္မဆာ့လူမိုက္မ်ား တန႔္သြားၾကၿပီး ေနာက္ဆုတ္ ေျပးကုန္ၾကေတာ့၏။

အာမင္ မွာ ကြမ္းယာခုံေအာက္တြင္ ညည္းညဴလ်က္။

ထို႔ေနာက္ ဓါးႏွစ္ေခ်ာင္းကို ဝါးေတာင္းထဲ ျပန္ထည့္ၿပီးေနာက္ ဘိုးထင္က ေတာင္းကို ထမ္းကာ ပြဲခင္းထဲမွ ထြက္သြားေလသည္။

ငမိုး က ဇာတ္ပြဲရွိရာသို႔ လမ္းေလွ်ာက္ရင္း ေပ်ာက္ကြယ္သြား၏။

ေအာင္ေမာင္းႀကီးဇာတ္ပြဲကား ပရိတ္သတ္မ်ားကို ဆြဲေဆာင္ထားေလသည္။

ဌာနအုပ္ ကိုဘသြယ္သည္ ဇာတ္စင္ေရွ႕ေဘးဘက္တြင္ရွိေသာ အထူးတန္း၊ ပက္လက္ကုလားထိုင္တြင္ ထိုင္ရင္း ေအာင္ေမာင္းႀကီး၏ ေျခထိုးအကကို သေဘာတက် ရႈစားေန၏။

ထိုအခ်ိန္တြင္ သူ႔ေဘးတြင္ ရွိေသာ ကုလားထိုင္အလြတ္သို႔ လူငယ္တစ္ေယာက္ လာဝင္ထိုင္ေလသည္။

ထိုခုံမွာ အေရွ႕ပိုင္းခ႐ိုင္အေရးပိုင္ မစၥတာေမာ္ဂန္ အတြက္ သီးသန႔္ခ်န္ေပးထားရေသာ ခုံျဖစ္သျဖင့္ ကိုဘသြယ္ စိတ္အေႏွာက္အယွက္ျဖစ္သြားသည္။

အရာရွိမ်ားသာထိုင္ရေသာအထူးတန္းတြင္ ဝင္ထိုင္သည့္ ေတာသားလူငယ္ကို ေဒါသလည္းထြက္သြား၏။

“ေဟ့..သူငယ္…ဒါ မင္းတို႔ ေနရာမဟုတ္ဘူးကြဲ႕…ဗီအိုင္ပီေနရာကြဲ႕…ငါဌာနအုပ္ဘသြယ္ပဲ..မင္းငါ့ဘာထင္ေနလဲ..အလကားေန.ဖမ္းခ်ဳပ္ခံေနရမယ္..သြားသြား”

“ကြၽန္ေတာ္လည္း ဇာတ္ပြဲလာေငးရင္း…ဦးမင္းကို ျမင္လို႔ ႏႈတ္ဆက္ရေအာင္ ခဏ ဝင္လာတာပါ.. ကြၽန္ေတာ့္ မွတ္မိလားဗ်”

ဌာနအုပ္ကိုဘသြယ္မွာ မီးေရာင္ပ်ပ်ေအာက္တြင္ လူငယ္၏ မ်က္ႏွာကို ၾကည့္လိုက္ၿပီး လန႔္ျဖန႔္သြားေလေတာ့ သည္။

“ငမိုး..ငမိုး”

“ေအာင္မယ္..ဦးမင္း က မွတ္မိသားပဲဗ်..လြန္ခဲ့တဲ့ ဆယ္ႏွစ္က သေဘၤာေပၚမွာ ကြၽန္ေတာ့္ကို ဖမ္းၿပီး အခ်ဳပ္ထဲမွာ ဝိုင္းထုေထာင္းၾကတာေလ..ဦးမင္း လက္ဆ ကလည္း တယ္ျပင္းတယ္ေနာ..အခုေတာ့ ဆာသင္ႀကီးကေန ဌာနအုပ္ေတာင္ျဖစ္ေနၿပီကိုးဗ်”

ဌာနအုပ္ကိုဘသြယ္မွာ တုန္ရီေနေလသည္။

“မင္း..ဘာလုပ္ခ်င္လို႔လဲ…”

ကိုဘသြယ္ က မတ္တပ္ရပ္ထေအာ္ရန္ ႀကံစည္လိုက္ေသာ္လည္း သူ႔ဗိုက္ၾကားသို႔ တစ္စုံတစ္ခု စူးခနဲျဖစ္သြားသျဖင့္ ငုံ႔ၾကည့္လိုက္သည္။

ငမိုးက သူ႔ဗိုက္ကို ဓါးေျမႇာင္ျဖင့္ ေထာက္ထားျခင္းပင္။

“ေအာင္ေမာင္းႀကီး အသံကလည္း တယ္ေအာင္ဗ်ာ..အခုေန ဦးမင္း ဗိုက္ကို ဖြင့္ထည့္လိုက္ရင္ေတာ့..ေအာ္လည္း ဘယ္သူမွ ၾကားမွမဟုတ္ဘူး။ ဗီအိုင္ပီတန္းဆိုေတာ့ ပရိသတ္နဲ႔လည္း ေဝးသကိုးဗ်..ေဟေဟး”

“မလုပ္ပါနဲ႔…ကိုမိုးရယ္…မလုပ္ပါနဲ႔”

“ေအာင္မယ္..အခုေတာ့ ကိုမိုးတဲ့လား…ဘာမွ မလုပ္ပါဘူးဗ်ာ…ဦးမင္းကို ေတြ႕ေတာ့ လာႏႈတ္ဆက္တာပါဆို.. ကဲ..ကဲ ကြၽန္ေတာ္ ခုန ပြဲခင္းထဲ တိုးရေဝွ႔ရနဲ႔ နည္းနည္းပင္ပန္းသြားတယ္။ ဘီယာေလးဘာေလးသြားစုပ္မလို႔..ေငြတစ္ရာေလာက္ ေပးစမ္းပါ”

“ဟာ..တစ္ရာေတာင္လား”

“မေပးခ်င္ဘူးေပါ့..ဌာနအုပ္မင္း”

“ေပးပါ့မယ္..ေပးပါ့မယ္”

ကိုဘသြယ္က အိတ္ထဲမွ ႐ူပီးေငြမ်ားကို ထုတ္ကာ ေရတြက္ၿပီး ငမိုး အားေပးလိုက္သည္။

“သြားလိုက္ဦးမယ္..ဌာနအုပ္မင္း…ေက်းဇူးတင္တယ္ေနာ..ေနာက္လည္း ခဏခဏ လာလည္ဦးမယ္”

ငမိုး ျပန္ထြက္သြားမွသာ ကိုဘသြယ္မွာ သက္ျပင္းခ်ႏိုင္ေတာ့၏။

မင္းသားေအာင္ေမာင္း ကား သူ၏ နာမည္ေက်ာ္ “ေအာင္ေမာင္းေရ..ေတာင့္ထား”ဆိုသည့္ သီခ်င္းကို ေအာ္ဆိုလိုက္သည္။

ကိုဘသြယ္ကား ေတာင့္မထားႏိုင္ေတာ့။

ကုလားထိုင္ေပၚတြင္ အ႐ုပ္ႀကိဳးပ်က္ထိုင္ရင္း ရင္ဘတ္ကို ဖိကာ စိတ္လႈပ္ရွားမႈကို ထိန္းေနရ၏။

တြင္မၾကာေသးခင္ကပဲ..သူ႔ဗိုက္ေပၚတြင္ ငမိုး၏ ဓါးေျမႇာင္ ဝဲေနခဲ့သည္မဟုတ္လား။

…………………………………………………………………………………

ကံၾကမၼာ သည္ အဆန္းျပားဆုံး မ်က္လွည့္ဆရာပင္။

လြန္ခဲ့ေသာ ဆယ့္ငါးႏွစ္ခန႔္က ဇာတ္ဆရာဦးမာဒင္ႀကီး ၏ ဇာတ္သဘင္တြင္ ေအာင္ေမာင္း၊ ၾကက္ၾကား တည္းဟူေသာ လူငယ္လူ႐ႊင္ေတာ္ေလး ႏွစ္ဦး ရွိခဲ့ဖူးသည္။

လူ႐ႊင္ေတာ္ေအာင္ေမာင္းမွာ ဦးမာဒင္ ၏ ဇာတ္မွ ထြက္ၿပီးသည့္ေနာက္ မဂၤလာေအာင္ေမာင္း တည္း ဟူေသာ နာမည္ေက်ာ္မင္းသားတစ္လက္ ျဖစ္လာခဲ့၏။

လူ႐ႊင္ေတာ္ၾကက္ၾကားမွ ဦးမာဒင္၏ ဇာတ္မွ ထြက္ၿပီး အၿငိမ့္လူ႐ႊင္ေတာ္လုပ္ရာ အၿငိမ့္ေထာင္ဦးစိုးရ မွ ေငြခိုးမႈျဖင့္ စြပ္စြဲခံရၿပီး ေထာင္က်ေလသည္။

ေထာင္မွထြက္သည့္အခါ စလင္းကြင္းတြင္ျပဳလုပ္ေသာ အၿငိမ့္ပြဲတစ္ခုတြင္ အၿငိမ့္ေထာင္ဦးစိုးရ အား စင္ေပၚ တက္ ဓါးျဖင့္ ခုတ္ရာမွ ေထာင္ႏွစ္ႏွစ္က်ခဲ့သည္။

ေထာင္မွ ျပန္ထြက္လာသည့္အခါ လူမိုက္ ၾကက္ၾကား ျဖစ္လာၿပီး လမ္းမေတာ္ဖိုးတုတ္ႏွင့္ လက္ဝါးခ်င္း႐ိုက္ကာ ၾကည္ျမင့္တိုင္ၾကက္ၾကားဟူေသာ အမည္ျဖင့္ ေက်ာ္ၾကားေလသည္။

ေအာင္ေမာင္းႏွင့္ ၾကက္ၾကား။

သူတို႔ႏွစ္ဦး၏ ေက်ာ္ၾကားပုံျခင္းကား မတူညီၾက။

ညက ေအာင္ေမာင္းႀကီး ဇာတ္ပြဲကို သြားေငးရင္း ဌာနအုပ္ကို ဓါးေထာက္ခဲ့ေသာ ဗိုလ္တစ္ေထာင္ငမိုး သည္ ယခုေတာ့ ဓါးထိုးခံကာေသဆုံးခဲ့သည့္ လူမိုက္ႀကီးၾကက္ၾကားကို ေငးေနရျပန္ေခ်ၿပီ။

“ကိုမိုး..ညက အေတာ္ေမႊလိုက္တာပဲ…အာမင္က မေသ႐ုံတမယ္ပဲလို႔ ၾကားတယ္၊ မန္မဆာအုပ္စု ေတာ့ အေတာ္ေသြးပ်က္သြားၾကၿပီ…ဌာနအုပ္ကိုဘသြယ္လည္း ေတာ္ေတာ္လန႔္ေနတယ္ၾကားတယ္”

“ကိုဘသြယ္ကိုေတာ့ လမ္းႀကဳံေလး..ဝင္ေႏွာက္လိုက္တာပါ..ကိုဖိုးတုတ္ရာ”

“ဒါၿပီးရင္ေတာ့ ခင္ဗ်ား ဆိပ္ႀကီးဘက္ကို ခဏသြားေရွာင္ေနလိုက္ ကိုမိုး..ဒီမွာ ဓါးခုတ္မႈကိစၥက ပုလိပ္ကို က်ဳပ္ ရွင္းထားလိုက္မယ္…ေအးေအးေနမွ ျပန္လာခဲ့ေပါ့”

“ျပန္မလာေတာ့ဘူး..ကိုဖိုးတုတ္..ကြၽန္ေတာ္ ခဏေရွာင္ေနၿပီး..ခင္ဗ်ားဆီက အမႈျဖတ္ၿပီ ၾကားတာနဲ႔ သကၤန္းစီးေတာ့မယ္…ဒီကိစၥလုပ္ေပးတာလည္း…ကြၽန္ေတာ့္သူငယ္ခ်င္း အလိန္အတြက္ ကြၽန္ေတာ္ ေက်းဇူးဆပ္တာမို႔ ေနာက္ဆုံးလုပ္လိုက္တာ.”

“စိတ္ခ်ပါ..ကိုမိုး..ညက ေအာင္ေမာင္းႀကီးပြဲကို အေရွ႕ပိုင္းအေရးပိုင္ ေမာ္ဂန္သခင္ လာမၾကည့္တာ ကြၽန္ေတာ္နဲ႔ အဲ့ဒီကိစၥ ေျပာေနၾကလို႔ဗ်..မပူပါနဲ႔…မၾကာခင္မွာ ရန္ကုန္အေရွ႕ပိုင္းမွာ အာဝါေဒးပြဲေတြ ခံခြင့္က ခင္ဗ်ားသူငယ္ခ်င္း အလိန္ က လြဲၿပီး ဘယ္သူမွ ရေတာ့မွမဟုတ္ပါဘူး…ေမာ္ဂန္သခင္က သေဘာတူၿပီးသြားပါၿပီ.. ေနာက္ႏွစ္ရက္ေလာက္ေနရင္ အလိန္ ကို ေမာ္ဂန္သခင္က သူ႔႐ုံးမွာ ေခၚေတြ႕လိမ့္မယ္..ကိုမိုး”

“ဟုတ္ၿပီ..ကိုဖိုးတုတ္..ကဲ ကြၽန္ေတာ့္ကို ဟိုဘက္ကမ္း ဘယ္သူလိုက္ပို႔မွာလဲ”

“ကြၽန္ေတာ္ ေမာ္ေတာ္တစ္စင္း ဝယ္ထားတယ္..ကိုမိုး..ကိုယ္ပိုင္ေမာ္ေတာ္ဆိုေတာ့ ပိုစိတ္ခ်ရတာေပါ့…ခနေန ဂႏၶမာ နဲ႔ အတူ ျမစ္ဆိပ္ကို ဆင္းၾကေပါ့.. ဟိုမွာ ေနရမယ့္ေနရာပါ ဂႏၶမာစီစဥ္ေပးလိမ့္မယ္”

…………………………………………………………………………………………

ငၫြန႔္ ၏ နာေရးအိမ္မွ လမ္းမေတာ္ဖိုးတုတ္ ႏွင့္ စံဘ တို႔ ည (၁၁)နာရီေက်ာ္မွ ျပန္လာၾကသည္။

ေဖေဖာ္ဝါရီလ ကုန္ခါစျဖစ္ေသာ္လည္း ေဆာင္းသည္ မကုန္တတ္ေသး။

ဖိုးတုတ္သည္ ပုဝါကိုေခါင္းတြင္ေပါင္းထားၿပီး ရွပ္အက်ႌအညိဳေပၚတြင္ စြယ္တာအက်ႌ အျဖဴေရာင္ကို ရခိုင္ပုဆိုးအဝါေရာင္ႏွင့္ တြဲဖက္ဝတ္ဆင္ထားသည္။

တယုတယေမြးထားသည့္ ႏႈတ္ခမ္းေမႊးကားကားႀကီး ႏွင့္ ဖိုးတုတ္ပုံစံက လူမိုက္တစ္ဦးဟု မထင္ရဘဲ ကုန္သည္ သူေဌးႀကီးတစ္ဦးႏွင့္ ပိုတူေနေလေတာ့သည္။

လမ္းမေတာ္ (၁၄)လမ္းထိပ္သို႔ အေရာက္တြင္ ဖိုးတုတ္အိမ္ေရွ႕တြင္ ရပ္ထားေသာ အနီရင့္ေရာင္ မာမြန္စစ္စတင္းအမ်ိဳးအစား ကားတစ္စီး ရပ္ထားသည္ကို ေတြ႕လိုက္ရေလသည္။

စံဘက ထိုကားေနာက္တြင္ ကားကို ရပ္လိုက္သည္။

ကားေပၚမွ လမ္းမေတာ္ဖိုးတုတ္ဆင္းလာ၏။

အနီေရာင္ကားေဘးတြင္ လမ္းမေတာ္ပုလိပ္ဌာနမွ ဆားပုလင္းလွေမာင္ႏွင့္ ပုလိပ္သားတစ္ေယာက္။

ဆားပုလင္းလွေမာင္က ေျခာက္လုံးျပဴးေသနတ္ကို ခါးၾကားထိုးထားသည္။

“ကိုဖိုးတုတ္..ခင္ဗ်ားကို…ဝန္ကေလးစေကာ့ က စကားေျပာခ်င္လို႔တဲ့..ခဏလိုက္ခဲ့ေစခ်င္ပါတယ္”

ဖိုးတုတ္က ကားအတြင္း ထိုင္ေနေသာ မ်က္ႏွာျဖဴအရာရွိကို လွမ္းၾကည့္လိုက္သည္။

ငၫြန႔္ ရက္လည္ညက သူ႔အရက္ေသာက္သည့္ စားပြဲကို ကန္ေက်ာက္ခဲ့သည့္ အရာရွိ။

“စံဘ..ကားကို အိမ္ထဲသြင္းလိုက္ကြာ…ငါ ဒီဆရာေတြနဲ႔ ခဏလိုက္သြားဦးမယ္”

ဆားပုလင္းလွေမာင္ ႏွင့္ ပုလိပ္သားက ဖိုးတုတ္ကို ကားေနာက္ခန္းတြင္ ညႇပ္ထိုင္လိုက္ၾကသည္။

ကားေရွ႕ခန္းဒ႐ိုင္ဘာေဘးတြင္ ထိုင္ေနေသာ ဝန္ကေလးစေကာ့ က ဖိုးတုတ္ကို လွည့္ၾကည့္လိုက္ၿပီး

“မင္း..ငါ့ကို မွတ္မိလား..ဖိုးတုတ္”

“ဟုတ္ကဲ့..မွတ္မိပါတယ္..သခင္”

“ေအး ငါက ေဟာ့ဒီ ရန္ကုန္အေနာက္ပိုင္းရဲ႕ ရာဇဝတ္ဝန္ကေလး စေကာ့ပဲကြ..မွတ္ထား”

စေကာ့ က စကားဆုံးသည္ႏွင့္ ဖိုးတုတ္၏ ႏွာႏုကို လက္သီးျဖင့္ ထိုးထည့္လိုက္သည္။

ဖိုးတုတ္ ႏွာေခါင္းမွ ေသြးမ်ား က်လာ၏။

ကားသည္ ၿမိဳ႕မေနရွင္နယ္ေက်ာင္းေရွ႕မွ မိုင္ဒါကြင္းႀကီးဆီသို႔ ေမာင္းဝင္သြားသည္။

မိုင္ဒါကြင္းႀကီးမွာ ေမွာင္မဲေန၏။

စေကာ့ က ကားကို မီးထိုးထားေစၿပီး ကားေရွ႕သို႔ ထြက္သြားသည္။

“ဟိတ္ေကာင္ေတြ..ဒီေကာင့္ကို ငါ့ေရွ႕ခ်ဳပ္ေခၚခဲ့ၾကစမ္း”

စေကာ့က အဂၤလိပ္ဘာသာျဖင့္ အမိန႔္ေပးလိုက္သည္။

ဆားပုလင္းလွေမာင္က ဖိုးတုတ္ အနားသို႔ ကပ္ၿပီး တိုးတိုးေျပာ၏။

“ကိုဖိုးတုတ္..ဒီကိစၥမွာ သူခိုင္းလို႔ ကြၽန္ေတာ္တို႔ လုပ္ရတာပါ..အဲ့ဒါေတာ့ နားလည္ေပးပါဗ်ာ”

ဖိုးတုတ္က ႏွာေခါင္းက ေသြးမ်ားကို ရႈံ႕သြင္းလိုက္သည္။

“ကြၽန္ေတာ္နားလည္ပါတယ္..ဆရာ…ဆရာ့မွာ လက္ကိုင္ပုဝါပါရင္သာ ကြၽန္ေတာ့္ေပးစမ္းပါ..ဒီေကာင္ႀကီး လက္သီးကျပင္းတယ္ဗ်…ခဏေန ဒီထက္ ေသြးထြက္ခ်င္ထြက္လာမွာ..အဲ့ဒီက် သုတ္စရာတစ္ခုခုရွိမွျဖစ္မယ္..ေတာ္ၾကာ ေသြးတရဲရဲနဲ႔ အိမ္ျပန္သြားရင္ ကြၽန္ေတာ့္မိန္းမ လန႔္ေနဦးမယ္”

ဆားပုလင္းလွေမာင္က သူ႔ေဘာင္းဘီတိုအိတ္ထဲမွ လက္ကိုင္ပုဝါကို ထုတ္ကာ ဖိုးတုတ္ကို ေပးလိုက္သည္။

ဖိုးတုတ္က လက္ကိုင္ပုဝါကို ေခါက္ကာ စြယ္တာအတြင္း ရွပ္အက်ႌအိတ္ထဲသို႔ ထည့္လိုက္ၿပီး ျပင္သို႔ ထြက္လာလိုက္သည္။

“ေဟ့ေကာင္..ဒူးေထာက္စမ္း”

ဖိုးတုတ္ က ဒူးေထာက္လိုက္သည္။

“ငါ့နာမည္..ျပန္ေျပာစမ္း..ေဟ့ေကာင္”

“စေကာ့သခင္ပါ”

“ခြပ္..ခြပ္..ခြပ္”

ဆြယ္တာအက်ႌ ကို ဆြဲကာ ဖိုးတုတ္မ်က္ႏွာအား သုံးခ်က္ဆက္တိုက္ထိုးလိုက္ေလသည္။

“ရာထူးထည့္ေျပာကြ..ေဟ့ေကာင္”

“ရာဇဝတ္ဝန္ကေလး စေကာ့သခင္ပါ”

“ဂု..ဂု”

စေကာ့က ဖိုးတုတ္ ၏ ပခုံးႏွစ္ဖက္ကိုကိုင္ကာ ရင္ဘက္ကို ဒူးျဖင့္ ႏွစ္ခ်က္ဆင့္တိုက္လိုက္သည္။

ဖိုးတုတ္ ႐ုတ္တရက္ အသက္ရႈရပ္သလိုျဖစ္ၿပီး ေခြလဲသြား၏။

“ေျပာစမ္း..ေဟ့ေကာင္..ရန္ကုန္အေနာက္ပိုင္းရာဇဝန္ဝန္ကေလး စေကာ့သခင္ လို႔ အျပည့္အစုံ ေျပာစမ္း”

ဖိုးတုတ္က ဘာမွ် မေျပာေတာ့ပဲ..စေကာ့ကို သာ စူးစိုက္ၾကည့္ေန၏။

ေဘးတြင္ ၾကည့္ေနေသာ ဆားပုလင္းလွေမာင္ ႏွင့္ ပုလိပ္သားပင္ ဖိုးတုတ္၏ အၾကည့္ကို ေက်ာထဲစိမ့္သြားၾကသည္။

စေကာ့ က ေဒါသ ပိုထြက္လာၿပီး ပုလိပ္ႏွစ္ေယာက္အား ဖိုးတုတ္၏ ေျခလက္မ်ားအား ခ်ဳပ္ထားရန္ အမိန႔္ေပးလိုက္သည္။

ထို႔ေနာက္ ဖိုးတုတ္ေပၚသို႔ တက္ခြကာ ႏႈတ္ခမ္းေမႊးမ်ားအား လက္ျဖင့္ ဆြဲႏႈတ္ေလေတာ့သည္။

ဖိုးတုတ္သည္ နာၾကင္လြန္းသျဖင့္ တအီးအီး ေအာ္ညည္းေန၏။

ႏႈတ္ခမ္းေမႊးမ်ား အစိမ္းလိုက္ ဆြဲႏႈတ္ခံရသျဖင့္ ႏႈတ္ခမ္းအေပၚဘက္တြင္ ေသြးမ်ား ထြက္လာေလသည္။

“ေအး..ရန္ကုန္အေနာက္ပိုင္းမွာ လူမိုက္ဆိုတာတစ္ေယာက္တည္း ရွိတယ္ကြ..အဲ့ဒါ မင္း မဟုတ္ဘူး..ဖိုးတုတ္..အေနာက္ပိုင္းမွာ ဗိုလ္မထားတဲ့ လူမိုက္က စေကာ့ပဲကြ..စေကာ့ပဲ..မင္းအဲ့ဒါကို မွတ္ထား.. ေနာက္တစ္ခါ မင္း လူမိုက္ဆက္လုပ္ေနတယ္ဆိုတဲ့ အသံၾကားရင္ မင္းကို အေသသတ္ပစ္မယ္”

ေသြးအလူးလူးျဖစ္ေနေသာ ဖိုးတုတ္ကို ထားရစ္ကာ စေကာ့ႏွင့္ ပုလိပ္သားမ်ား ကားေမာင္းထြက္သြားၾက၏။

ဖိုးတုတ္က ဆားပုလင္းလွေမာင္ ထံမွ ေတာင္းထားေသာ ပုဝါကို ထုတ္ကာ မ်က္ႏွာတြင္ ေပက်ံေနေသာ ေသြးမ်ားကို သုတ္ပစ္လိုက္သည္။

ထို႔ေနာက္ လမ္းမေတာ္ (၁၄)လမ္း အိမ္သို႔ လမ္းေလွ်ာက္ျပန္လာခဲ့ေလသည္။

……………………………………………………………………………………………..

မသင္းျမ ကား လမ္းမေတာ္ဖိုးတုတ္ မ်က္ႏွာကို ေဆးထည့္ေပးရင္း တရႈံ႕ရႈံ႕ငိုေႂကြးေန၏။

ဂႏၶမာ က ေတာက္ တစ္ခ်က္ေခါက္လိုက္သည္။

“ငါ မပါလို႔ မင္းဒီလိုျဖစ္တာကြ..မင္းကလည္း သူေသကိုယ္ေသ ခ်ပါလား..ဖိုးတုတ္ရာ..မင္း မဟုတ္တဲ့ အတိုင္းပဲ”

“အဲ့ဒီအခ်ိန္မွာ ငါ သည္းမခံလိုက္ရင္ ဒီထက္အေျခအေနဆိုးသြားမွာကြ..သူ႔ပုံစံက ငါကို တစ္ခါတည္းေတာင္ အျပတ္ရွင္းခ်င္တဲ့ပုံပဲ..ငါသည္းညည္းခံေနလို႔သာ…သူတို႔လက္ထဲမွာလည္း ေသနတ္ေတြနဲ႔..တကယ္လို႔ ငါ ခုခံရင္ လမ္းမေတာ္ဖိုးတုတ္က ရာဇဝတ္ဝန္ကေလးကို ရန္ရွာလို႔ ပစ္သတ္လိုက္ရတယ္ဆိုတာမ်ိဳး ျဖစ္သြားမယ္”

“မင္းမွာ ဘာအစီအစဥ္ရွိလဲ..ဖိုးတုတ္..ဒီေကာင္ႀကီးကို ငါ အေမႊးေတြ ျပန္ႏႈတ္ခ်င္ေနၿပီကြာ..”

“ငါ့မွာ အစီအစဥ္ရွိတယ္.ဂႏၶမာ၊ ငါေတာ့ ေရွ႕ထြက္လုပ္လို႔မရဘူး။ မင္းပဲ ငါ့အစားလုပ္ရမွာပဲ”

“ေအး..လုပ္မယ္ကြာ…ဒီဘိုေခြးကို ဘယ္လို လုပ္ရလုပ္ရ..ေဆာ္မယ္”

“ဟား..ဟား ဂႏၶမာ မင္း ဒီေလာက္ ေဒါသထြက္တာ ငါအခုမွ ပဲ ျမင္ဖူးေတာ့တယ္”

ဂႏၶမာထြက္သြားၿပီးေနာက္..ဖိုးတုတ္က မသင္းျမ ကို ျပည္ထဲေရးအတြင္းဝန္ မစၥတာတီကူးပါးထံ ဖုန္းေခၚခိုင္းလိုက္သည္။

…………………………………………………………………………………

တပတ္ခန႔္အၾကာ။

ည ၉ နာရီခြဲ။

အနီရင့္ေရာင္ မာမြန္စစ္စတင္းအမ်ိဳးအစား ကားကေလးသည္ ဂ်မခါနာကလပ္မွ ထြက္ၿပီး မစ္ရွစ္လမ္း(အလုံလမ္း)အတိုင္း ကမ္းနားဘက္သို႔ ေမာင္းႏွင္လာသည္။

လမ္းတစ္ေနရာတြင္ အရက္မူးေနေသာ လူႏွစ္ေယာက္မွ လမ္းေပၚတက္ေလွ်ာက္ေနသျဖင့္ ရာဇဝတ္ဝန္ကေလး စေကာ့ သည္ ဟြန္းကို ခပ္ၾကမ္းၾကမ္း တီးလိုက္၏။

လူႏွစ္ေယာက္က မဖယ္သျဖင့္ စေကာ့သည္ ေဒါသတႀကီးျဖင့္ ကားကို ထိုးရပ္လိုက္သည္။

“ဘလယ္ဒီဖူး”

ကလပ္တြင္ ဝီစကီ ေျခာက္ပက္ခန႔္ေသာက္လာၿပီး အရွိန္ရေနေသာ စေကာ့သည္ ကားေဘာက္စ္ထဲမွ ေသနတ္ကို ယူကာ ကားတံခါးကို ဖြင့္လိုက္သည္။

“ေဟ့..ေခြးသူခိုးေကာင္ေတြ…မင္းတို႔ကို အကုန္ အခ်ဳပ္ထဲပို႔မယ္”

အရက္သမားႏွစ္ေယာက္က စေကာ့ကို လွည့္ၾကည့္ၿပီး ၿပဳံးျပလိုက္သျဖင့္ စေကာ့ ေၾကာင္သြားသည္။

ထိုအခ်ိန္တြင္ စေကာ့၏ ေနာက္မွ လူတစ္ေယာက္ က စေကာ့ကို ေစာင့္ကန္လိုက္သျဖင့္ ေရွ႕သို႔ ဟပ္ထိုး လဲက်သြားၿပီး ေသနတ္ပါ လြင့္ထြက္သြား၏။

ထိုသူက ေမွာက္ခုံလဲေနေသာ စေကာ့ေပၚသို႔ တက္ခြကာ ဆံပင္ကို ဆြဲလိုက္ၿပီး မ်က္ႏွာႏွင့္ကတၱရာလမ္းကို အားျဖင့္ ဆြဲေစာင့္ေတာ့သည္။

အမူးသမားဟန္ေဆာင္ထားေသာ အုန္းေဖ ႏွင့္ ထြန္းတင္ ေရာက္လာၿပီး စေကာ့၏ မ်က္ႏွာကို ထမီအေဟာင္းတစ္ထည့္ျဖင့္ အုပ္ကာ လည္ပင္းတြင္ ခ်ည္ေႏွာင္လိုက္ၾကသည္။

ထို႔ေနာက္ ေနာက္မွ တက္ဖိထားသည့္ ဂႏၶမာေသာင္းရီက စေကာ့ကို လက္ျပန္ႀကိဳးတုပ္လိုက္သည္။

“ဒီေကာင့္ကို ခ်ဳပ္ၿပီး ဒူးေထာက္ခိုင္း”

အုန္းေဖ ႏွင့္ထြန္းတင္ က စေကာ့အား ကားမီးေရာင္ေရွ႕တြင္ ဒူးေထာက္ခိုင္းၿပီး ခ်ဳပ္ထားလိုက္ၾကသည္။

ထို႔ေနာက္ ဂႏၶမာေသာင္းရီ က ပခုံးေအာက္တြင္ အၿမဲလြယ္ထားေသာ ခ်ိန္းႀကိဳးကို ထုတ္ကာ လက္တြင္ ပတ္လိုက္သည္။

ထို႔ေနာက္ ထမီအုပ္ထားသည့္ စေကာ့၏ မ်က္ႏွာကို အဆက္မျပတ္ထိုးေတာ့၏။

လဲက်သြားခ်ိန္တြင္လည္း သုံးေယာက္သား ရႈးဖိနပ္မ်ားျဖင့္ စေကာ့ကို ဝိုင္းကန္ၾကေလသည္။

ထို႔ေနာက္ အေမွာင္ရိပ္ထဲတြင္ ရပ္ထားေသာ ကားေပၚသို႔ တက္ကာ ေမာင္းထြက္သြားၾကသည္။

ဂ်မခါနာကလပ္မွ ျပန္လာၾကေသာ အဂၤလိပ္စစ္ဗိုလ္ေလးႏွင့္ ဇနီးသည္ ေမာင္းႏွင္လာေသာ ကားသည္ ထမီျဖင့္ အုပ္လ်က္ လမ္းမတြင္ လဲက်ေနေသာ စေကာ့ကို ေတြ႕ၾကရသျဖင့္ အလုံပုလိပ္ဌာနကို အေၾကာင္းၾကားလိုက္ေလသည္။

အလုံပုလိပ္ဌာနမွ ေရာက္လာၿပီး စေကာ့အား ရန္ကုန္ေဆး႐ုံႀကီးသို႔ တင္ပို႔လိုက္ေတာ့သည္။

ထိုအခ်ိန္တြင္ လမ္းမေတာ္ဖိုးတုတ္ မွာ သူေဌးႀကီးဆာဘိုးသာ ၏ ဧည့္ခံပြဲတြင္ ႐ုပ္ရွင္မင္းသား ခင္ေမာင္ရင္၊ ေက်ာ္စိုးတို႔ႏွင့္အတူ ရယ္ရယ္ေမာေမာစကားေျပာဆိုေနေလသည္။

………………………………………………………………………………………………………

ေနာက္တစ္ေန႔ နံနက္တြင္ ေနအိမ္တြင္ ရွိေနေသာ လမ္းမေတာ္ဖိုးတုတ္ကို အလုံပုလိပ္ဌာနမွ ဝန္ကေလးစေကာ့ အ႐ိုက္ခံရမႈ အတြက္ စစ္ေဆးရန္ အိမ္သို႔ လာေရာက္ေခၚေဆာင္ေလသည္။

ဌာနသို႔ အေရာက္တြင္ ဖိုးတုတ္က ည ၇ နာရီမွ ၁၁ နာရီအထိ ဆာဘိုးသာၿခံတြင္ မင္းသားေက်ာ္စိုး၊ ခင္ေမာင္ရင္တို႔အျပင္ အျခားလူႀကီးလူေကာင္းမ်ားစြာႏွင့္ အတူရွိေနေၾကာင္း အလီဘိုင္ျပႏိုင္ခဲ့ေလသည္။

ထိုဧည့္ခံပြဲတြင္ ပုလိပ္မင္းႀကီး မစၥတာဝဲလ္ဘုန္း ပင္ တက္ေရာက္သျဖင့္ ပုလိပ္မ်ားလည္း လက္ေလ်ာ့ၿပီး လမ္းမေတာ္ဖိုးတုတ္ကို ျပန္လႊတ္လိုက္ရေလေတာ့သည္။

ေနာက္ တစ္ပတ္အၾကာတြင္ အေနာက္ပိုင္းရာဇဝတ္ဝန္ကေလး စေကာ့ အား ပုလိပ္မင္းႀကီးထံ သို႔ ေရာက္လာေသာ တိုင္ၾကားစာတစ္ေစာင္အရ… ရာထူးတာဝန္အား အလြဲသုံးစားလုပ္ကာ အရပ္သားတစ္ဦးအား အေၾကာင္းမဲ့နာၾကင္ေစမႈ၊ ရန္ျဖစ္မႈတို႔ျဖင့္ မေကြးတိုင္းသို႔ ရာထူးခ်ကာ ေျပာင္းေ႐ႊ႕မိန႔္ ထြက္လာေလသည္။

ရာဇဝတ္ဝန္ကေလး စေကာ့လည္း ရာထူးက်ၿပီး နယ္ေျပာင္းရၿပီျဖစ္သည္။

ဆာဂ်င္ဂန္ဂယား ေပ်ာက္သြားသည္မွာ တလေက်ာ္ေလၿပီ။

မစၥတာမန္မဆင္သည္ မတ္စတီးခန္း ၏ အိမ္သို႔ အေျပးအလႊား ေရာက္လာေလသည္။

သို႔ေသာ္…မတ္စတီးခန္း ကား အလုပ္မအားသျဖင့္ ထြက္မေတြ႕ႏိုင္ေၾကာင္း ျငင္းပယ္ျခင္းကို သာ ခံလိုက္ရေလေတာ့သည္။

……………………………………………………………

နံနက္ ၇ နာရီ။

မသင္းျမ သည္ ပြဲ႐ုံတစ္ခုကို ကိုယ္ပိုင္ထူေထာင္ထားၿပီျဖစ္သျဖင့္ ထမင္းခ်ိဳင့္ထည့္ကာ ပြဲ႐ုံသို႔ စံဘေမာင္းေသာ ကားျဖင့္ သြားေလသည္။

လမ္းမေတာ္ဖိုးတုတ္ တစ္ေယာက္သာ အိမ္ေရွ႕ဝရံတာတြင္ ပက္လက္ကုလားထိုင္ျဖင့္ ထိုင္ရင္း သတင္းစာ ဖတ္ေနေလ၏။

ထိုအခ်ိန္တြင္ ျမင္းႏွစ္ေကာင္က ေသာ ေဒါက္ကပ္ရထားႀကီး ဆိုက္လာေလသည္။

ေဒါက္ကပ္ေပၚမွ ေ႐ႊေရာင္ဦးထုတ္ႀကီး တဝင္းဝင္းျဖင့္ ဆင္းလာသည္ကို ျမင္လိုက္ရသည္ႏွင့္ ဖိုးတုတ္က သတင္းစာကို ခ်ၿပီး မတ္တပ္ထရပ္လိုက္သည္။

မတ္စတီးခန္း။

မတ္စတီးခန္းက ဝရံတာတြင္ ရပ္ေနေသာ ဖိုးတုတ္ကို ေမာ့ၾကည့္လိုက္သည္။

“ဖိုးတုတ္..မင္း ငါ့ အိမ္ေရွ႕ေရာက္မလာခင္….ငါက မင္းအိမ္ေရွ႕ကို အရင္လာတာကြ…”

ခက္ေဇာ္

အခန္း (၁၇) ဆက္ရန္

Comments

  1. ဒီနေ့တော့ စောစောအိပ်မယ် မျက်ကွင်းတွေညိုလို့မရဘူး🐬🐬

    ReplyDelete

  2. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete

Post a Comment