TGOR 1930 (အခန်း ၁၇)
The Guys of Yangon,1930(Part 16)
....... ....... .....
အခန်း(၁၇)
……………………
လမ်းမတော်ဖိုးတုတ် က မတ်စတီးခန်း ကို ကြည့်ကာ ပြုံးလိုက်သည်။
“ငါ့ မင်းနဲ့ စကားပြောချင်လို့ ..ဖိုးတုတ်…အိမ်ပေါ်တက်ခဲ့ရမလား”
ဖိုးတုတ်က ခေါင်းငြိမ့်ပြလိုက်၏။
မတ်စတီးခန်း အိမ်ပေါ်သို့ တက်လာသည်။ ဖိုးတုတ်က နံရံတွင် ချိတ်ထားသော ငှက်ကြီးတောင်ဓါးကို တစ်ချက် ကြည့်လိုက်ပြီး ကျွန်းကုလားထိုင်တွင် ခြေချိတ်ထိုင်လိုက်၏။
မတ်စတီးခန်း က ဖိုးတုတ်ရှေ့မှ ထိုင်ခုံတွင် ဝင်ထိုင်သည်။
“ကဲ..ဘာပြောချင်တာလဲ..ပြောဗျာ”
“ဒီကို ငါ့ဂုဏ်သိက္ခာအတွက် ငါလာရတာပဲ ဖိုးတုတ်…ဒီပွဲမှာ ငါတို့ ရှုံးသွားပြီ..ငါလည်း ဒီပွဲကို ငါ့နောက်ဆုံးပွဲ လို့ ယူဆထားပြီးသားပါကွာ။ မင်းကို ငါတို့ လက်လှမ်းမမီတော့ပါဘူး”
“အင်း.အဲ့ဒီတော့ ဘာဖြစ်လဲ”
“ငါ ပုဏ္ဍားဘထွန်းတုန်းကလို အရှက်တကွဲနဲ့ ဒီလောကထဲက ထွက်မသွားချင်ဘူး..ဖိုးတုတ်။ ငါ လူမိုက်လောက ထဲကနေ သိက္ခာရှိရှိပဲ ထွက်သွားချင်တယ်။ အဲ့ဒါကို မင်းနားလည်မှာပါ”
“ဒါဆို..ပေးခဲ့ရတဲ့ အသက်တွေ အတွက်ကရော..”
မတ်စတီးခန်း က သူ့ ဦးထုတ်ကြီးကို ချွတ်လိုက်သည်။
ထို့နောက် အိတ်ကပ်ထဲမှ ဆေးပြင်းလိပ်ကို ထုတ်ကာ မီးညှိ့လိုက်၏။
“ဖိုးတုတ်…မင်းဘေးနားက လူတွေ သေသလို..ငါ့ဘေးနားက လူတွေ သေခဲ့ရတာပဲ….ဂန်ဂယားကို မင်းတို့ လက်စဖျောက်လိုက်ပြီမဟုတ်လား”
ဖိုးတုတ်က ခေါင်းညိမ့်ပြလိုက်သည်။
“အဲ့ဒါ ငါ့တရားမဝငသှား ပဲ ကှ။ ငါ့သား။ငါ့သား”
မတ်စတီးခန်း က ဆေးပြင်းလိပ်ကို အားပြင်းပြင်းဖွာထုတ်လိုက်သည်။ မီးဖွားအချို့ပင် အင်္ကျီပေါ်ကျကုန်သည်အထိ။
“ဂန်ဂယား အမေ က ငါ့ မိန်းမတွေထဲက တစ်ယောက်ပဲ။ သူက ဟိန္ဒူမ ဖြစ်နေလို့..ငါ့တရားဝင်စာရင်းတော့ ထည့်လို့မရဘူးပေါ့ကွာ။ ဂန်ဂယားက စစ်တပ်ထဲမှာ အကြာကြီးနေခဲ့တယ်။ အနောက်ဘက်စစ်မျက်နှာ ပရပ်ရှားမှာ လူတွေအများကြီးသတ်ခဲ့တဲ့စစ်သား။ သူပြန်လာတဲ့အချိန် သူက လူမိုက်လောကထဲ ငါ့နေရာကို ဆက်ခံချင်တယ်တဲ့။ ဒီတော့ ငါပြောခဲ့တယ်။ ငါ့က အနားယူတော့မှာ..မင်းဆက်ခံချင် ဆက်ခံ ဖိုးတုတ် ကို အပြတ်ရှင်းမှ ဆက်ခံခွင့်ရှိမှာလို့ ပြောလိုက်တယ်။ အခုတော့ သူသေပြီ”
မတ်စတီးခန်းက ဖိုးတုတ်၏ နံရံတွင် ချိတ်ထားသော ငှက်ကြီးဓါးကို ငေးကြည့်သည်။
“ငါအိုပြီ..ဖိုးတုတ်.. ငါရှုံးလည်းရှုံးပြီ…ငါ့ကို ဒီလောကထဲက သိက္ခာရှိရှိ နောက်ဆုတ်သွားခွင့်ပေးစေချင်တယ်..ရန်ကုန် ကို မင်းလက်ကို ငါအပ်ပါတယ်”
“မန်မဆာတွေ ကို ရော..ဘယ်လို လုပ်မှာလဲ”
“မန်မဆာမိသားစု ဆိုတာ ငါ့အရှိန်အဝါနဲ့ပဲ ရပ်တည်လာခဲ့တာကြာပါပြီ။ သူတို့လည်း အခုဆို သူတို့ စီးပွားရေးကို ထိခိုက်လာမှာကို စိုးရိမ်တတ်နေကြရောပေါ့။ ငါနောက်ဆုတ်လိုက်တာနဲ့ သူတို့ပါ ရှေ့တိုးရဲမှာ မဟုတ်တော့ဘူး။ ဖိုးတုတ်…မင်း က ငါ့ထက်ရော မန်မဆာထက်မှာ အများကြီး ပေါက်ရောက်နေပါပြီကွာ”
“ဒီလိုနဲ့ လွယ်လွယ်တော့ ပြန်လှည့်သွားလို့မရဘူး..မတ်စတီးခန်း..ခင်ဗျားနဲ့ ကျုပ်ကြား အကြွေးလေး တစ်ခုက ရှိနေသေးတယ်”
ဖိုးတုတ်က ခုံပေါ်မှ ထကာ နံရံတွင် ချိတ်ထားသော ငှက်ကြီးတောင်ဓါးကို ပြေးဆွဲထုတ်လိုက်သည်။
မတ်စတီးခန်း ထပြေးရန် ကြံလိုက်သော်လည်း မရတော့။
ဖိုးတုတ်၏ ဓါးက မတ်စတီးခန်း ၏ လည်ပင်းပေါ် တင်ထားပြီး ဖြစ်နေပေပြီ။
“ခင်ဗျား ကိုးကွယ်တဲ့ ဘုရား ဆီမှာ အာရုံပြုထားပေတော့..ခင်ဗျားကို ကျုပ်လက်နဲ့ ကိုယ်တိုင်သတ်မယ်”
မတ်စတီးခန်း လက်ထဲမှ ဆေးပြင်းလိပ်က အောက်ပြုတ်ကျသွားသည်။ ဖိုးတုတ်ကို ထိတ်လန့်သော မျက်လုံးများဖြင့်ကြည့်လိုက်သည်။
ထို့နောက်..မျက်စိကို မှိတ်လိုက်သည်။
“ကဲ..မျက်လုံးတွေကို ဖွင့်ပြီး ရန်ကုန်ရဲ့ဘုရင် ကို ခင်ဗျား ဖူးမြော်လိုက်စမ်းပါ..မတ်စတီးခန်း”
ဖိုးတုတ်က လွန်ခဲ့သည့်နှစ်များစွာက သူပြောခဲ့သည့် စကားလုံးကို ပြန်ပြောသဖြင့် မတ်စတီးခန်း သဘောပေါက်လိုက်သည်။
“မင်း..ကို ငါ တကယ် မသတ်ခဲ့ဘူးလေကွာ”
“ကျုပ်လည်း ခင်ဗျားကို မသတ်ပါဘူးဗျ။ တစ်ချိန်က ကျုပ်လည်ပင်းကို ကြိုးကွင်းစွပ်ခဲ့သလို အခုလည်း ခင်ဗျားလည်ပင်းပေါ် ကျုပ်ဓါးတင်လိုက်နိုင်ပြီပဲ..ကဲ..ခင်ဗျား..ပြန်တော့..ရန်ကုန်ကိုလမ်းမတော်က ဟော့ဒီအိမ်ပေါ်မှာ ထားရစ်ပြီး ခင်ဗျားပြန်ပေတော့…နန်းကျဘုရင်ကြီး..ခင်ဗျားက စပါးပွဲစား မတ်စတီးခန်းပဲ..ဘာမှမဟုတ်တော့ဘူး..အဲ့ဒီလိုလေး မှတ်ပြီး ပြန်ပေတော့”
မတ်စတီးခန်း က အောက်တွင်ကျနေသော ဆေးပြင်းလိပ်ကို ကောက်လိုက်သည်။
ထို့နောက် ထိုင်နေရာမှ ထကာ..အိမ်အောက်သို့ လှေကားအတိုင်း ဆင်းသွား၏။
ဖိုးတုတ်က ဝရံတာမှ ထွက်ကာ မတ်စတီးခန်း၏ ဒေါက်ကပ်ပေါ် တက်သည်ကို ဆေးတံဖွာလျက် အရသာခံ ကြည့်နေလေသည်။
လမ်းမတော်ဖိုးတုတ် ကား ရန်ကုန်၏ ဘုရင်ဖြစ်ခဲ့ပြီ။
………………………………………………………………………….
ရန်ကုန်အရှေ့ပိုင်းတွင် မတ်စတီးခန်း၊ မန်မဆာ တို့၏ နာမည်များ တဖြည်းဖြည်းလွင့်ပါးသွားခဲ့ကြပြီ။
လမ်းတော်ဖိုးတုတ်၏ သြဇာခံလူမိုက်များက ရန်ကုန်အနောက်ပိုင်းနှင့် အရှေ့ပိုင်းနယ်မြေများကို ခွဲခြမ်းအုပ်ချုပ်လိုက်ကြ၏။
တာမွေတွင် အောင်ဘ၊ ဗိုလ်တစ်ထောင်တွင် ငမိုး၏ညီ ဓါးဘိုးထင်၊ ပုဇွန်တောင်တွင် သံတုတ်ငမြဲ တို့ က လမ်းမတော်ဖိုးတုတ်လက်အောက်ခံလူမိုက်များအဖြစ် ဆက်ကြေး ကောက်ခံကြသည်။
လမ်းမတော်ဖိုးတုတ်ကား ရန်ကုန်တစ်မြို့လုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရသော လူမိုက်ကြီး ဖြစ်လာပေပြီ။
သို့သော် လမ်းမတော်ဖိုးတုတ်က နယ်မြေများကို တပည့်များနှင့် လွှတ်ထားပြီးနောက် သရက်တောကျောင်းတိုက်အတွင်းဝယ် ဇရပ်ကြီးတစ်ဆောင်ကို ကိုယ်တိုင်ကြီးကြပ်ကာ ဆောက်လုပ်လှူဒါန်းနေလေတော့သည်။
………………………………………………………………………………………….
၁၉၃၁ ခုနှစ် ၊ သြဂုတ်လ ၂ ရက်၊ တနင်္ဂနွေနေ့တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဟိုခိုနောင်ကွမ်းရွာ အနီး တောထဲတွင် လယ်သမားသူပုန်ခေါင်းဆောင် ဆရာစံအား ခြေထောက် ညှောင့်စူးသော ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည်။
၁၉၃၁ နိုဝင်ဘာလ ၂၈ ရက်နေ့ ၊ စနေနေ့ နံနက်တွင် သာယာဝတီထောင်တွင် ဆရာစံအား လည်ပင်းကြိုးကွင်းစွပ်သတ်ရန် သေဒဏ်ချမှတ်ခဲ့သည်။
ဆရာစံ ၏ အမှုတွင် ရှေ့နေလိုက်ပေးသည့် ဒေါက်တာဘမော်၊ ဒေါက်တာဘဟန်၊ သာယာဝတီဦးမြ (ခေါ်)သခင်မြ၊ ဦးထွန်းအောင်ကျော်၊ ဥပဒေပြုအမတ်ဦးမောင်ကြီး တို့ ပေါ်ပေါက်ခဲ့သည်။
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့သား တတိယတန်းရှေ့နေ့ကလေး ဦးစော (ဂဠုန်ဦးစော) ကလည်း ဆရာစံဘက်မှ လိုက်ပါဆောင်ရွက်ပေးခဲ့သည်။
ထိုသူတို့သည်ကား လာလတ္တံသော နှစ်များတွင် မြန်မာ့နိုင်ငံရေးလောကအတွင်း ထင်ရှားလာကြတော့မည့်သူများပင်။
၁၉၃၂ ခုနှစ်တွင် အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံအား (၉၁)ဌာန အုပ်ချုပ်ရေးသို့ ပြောင်းလဲပေးခဲ့သည်။
လယ်သမားသူပုန်ကြီး ပြီးသည့်နောက် အင်္ဂလိပ်အစိုးရက အိန္ဒိယပြည်ထဲမှ မြန်မာပြည်အား ခွဲရေး၊တွဲရေး အဖြစ် ဆိုင်မွန်စီမံကိန်းကို တင်သွင်းခဲ့ရာ မြန်မာ့နိုင်ငံရေးလောကအတွင်း ခွဲရေးအုပ်စုနှင့် တွဲရေးအုပ်စုများ ကြား တိုက်ပွဲ ပြင်းထန်လာခဲ့သည်။
ဆာဂျေအေမောင်ကြီး သည် ခေတ္တဘုရင်ခံအဖြစ်မှ ဖယ်ပေးလိုက်ရပြီး ဆာဟူးလန်းဒေါင်းစတီဖင်ဆင် က ဘုရင်ခံဖြစ်လာသည်။
လမ်းမတော်ဖိုးတုတ် ၏ ပင်မကျောထောက်နောက်ခံဖြစ်သော ပြည်ထဲရေးအတွင်းဝန် မစ္စတာတီကူးပါး ပြုတ်ကျသွားသော်လည်း လမ်းမတော်ဖိုးတုတ် ၏ နာမည်ကား ကျမသွားခဲ့။
နောက်တက်လာသည့် နိုင်ငံရေးသမားအချို့နှင့် လမ်းမတော်ဖိုးတုတ်အကြား အပေးအယူ၊ အမှီအခို များ ဆက်လက်တည်ရှိနေသည်။
လမ်းမတော်ဖိုးတုတ်မှာ ငွေကြေးပိုမိုကြွယ်ဝချမ်းသာလာခဲ့ပြီး ရန်ကုန်လူမိုက်လော၏ ဘုရင်အဖြစ် ပြိုင်ဘက်ကင်းလျက်ပင်။
၁၉၃၅ တွင် အင်္ဂလိပ်အစိုးရက မြန်မာပြည်ကို အိန္ဒိယပြည် မှ ခွဲထုတ်ပေးကာ ၉၁ ဌာန အုပ်ချုပ်ရေး ကို ပြဌာန်းပေးခဲ့၏။
ထူးခြားချက်မှာ အိန္ဒိယနှင့် တွဲရေးဘက်မှ ခေါင်းဆောင်ဖြစ်သော ဒေါက်တာဘမော်သည် ခွဲရေးခေါင်းဆောင် ဝါရင့်နိုင်ငံရေးသမားကြီး ဦးဘဖေကို အနိုင်ရကာ ၁၉၃၇ ခုနှစ်တွင် ညွန့်ပေါင်းအစိုးရအဖွဲ့၏ နန်းရင်းဝန်(ဝန်ကြီးချုပ်) ဖြစ်လာသည်။
ဂဠုန်ဦးစော သည်လည်း မျိုးချစ်ပါတီကို ထူထောင်ကာ အတိုက်အခံနိုင်ငံရေးသမားတစ်ဦးဖြစ်လာသည်။
တက္ကသိုလ်ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွသူ လူငယ်များဖြင့် ဖွဲ့စည်းထားသည့် တို့ဗမာအစည်းအရုံး သည်လည်း လွှတ်တော်နိုင်ငံရေးထဲ ဝင်လာကြပြီး မြန်မာနိုင်ငံရေးတွင် သြဇာရှိသော အဖွဲ့တစ်ဖွဲ့ ဖြစ်လာနေသည်။
………………………………………………………………………………………………………………………
၁၉၃၈ ခုနှစ်၊ ဧပြီလ ။ ရန်ကုန်အခွန်တော်ဝန်ကြီးဌာနရုံး။
အခွန်တော်ဌာနဝန်ကြီး ဦးပု ၏ ရုံးခန်း။
ပန်းရောင်ပုဝါကို ခေါင်းပေါင်းထားပြီး မျက်လုံးမျက်ဖန်ကောင်းကောင်း၊ နှုတ်ခမ်းမွှေးနက်နက်ဖြင့် ပညာတတ်ဟန် အပြည့်ရှိသော ဦးပု က သူ့ရှေ့တွင် ထိုင်နေသော သူကို တလှည့်၊ စာရွက်စာတမ်းများကို တလှည့် ကြည့်နေလေသည်။
“မောင်ဖိုးတုတ် တင်ထားတဲ့ စာရွက်စာတမ်းတွေကတော့ ပြည့်စုံပါတယ်။ ဒါပေမယ့် အခု ရန်ကုန် ဆိပ်ကမ်းကဆိုက်လာမဲ့ ချွန်ယွမ်း ကုန်သွယ်ရေးကုမ္ပဏီရဲ့ တရုတ်သင်္ဘောတွေကို သီးသန့်အခွန်အရာရှိထားပေးဖို့ဆိုတဲ့ ကိစ္စနဲ့ မောင်ဖိုးတုတ် နဲ့က ဘယ်လို သက်ဆိုင်နေလဲဆိုတာတော့..ဦး စဉ်းစားမရဘူး”
“ဒီလိုပါ ဝန်ကြီးမင်း..ချွန်ယွမ်းကုန်သွယ်ရေးရဲ့ ရန်ကုန်ဆိပ်ကမ်းကိုယ်စားလှယ် က ကျွန်တော်မျိုး ဇနီးသည်ရဲ့ ဦးလေးတော်သူပါ။ သူက တရုတ်လူမျိုးတွေဆိုတော့ မြန်မာရေး၊ မြန်မာရာ မကျေလည်တာတွေရှိလို့ ကျွန်တော်က ဦးစီးပေးနေတာပါ”
“ဟုတ်ပါပြီလေ..ဒါပေမယ့်..သင်္ဘောကုမ္ပဏီကြီးတွေမို့ အခွန်တော်အရာရှိသီးသန့်ထားပေးရတာ..ပြသနာမရှိလှပါဘူး။ ခု ချွန်ယွမ်း ကတော့ သာမန်မော်တော်နဲ့ သင်္ဘောငယ်တွေပဲ ရှိတဲ့ ကုမ္ပဏီအသေးလေးဆိုတော့ လုပ်ထုံးလုပ်နည်းအရ အခွန်တော်အရာရှိ သက်သက် ထားပေးဖို့ ဆိုတာ ပြသနာရှိပါတယ်။ တာဝန်ကျ ဆိပ်ကမ်းအခွန်တော်အရာရှိတွေကပဲ အလှည့်ကျ စစ်ဆေးတာမျိုးပဲ ဖြစ်နိုင်မယ်ထင်တယ်”
“ဒီလိုပါ..ဝန်ကြီးမင်း..ချွန်ယွမ်းဟာ ကုမ္ပဏီအသေးလေးပါ။ ဒါပေမယ့် .. ဖော်မိုဆာနဲ့ ဟိုင်နန်က တရုတ်ကုန်တွေအများစုသယ်လာတာပါ။ သယ်လာတဲ့လူတွေကလည်း ပြည်မတရုတ်တွေလို မလည်မဝယ်ကြပါဘူး။ ကုန်ပစ္စည်းအမယ်ကလည်းမျိုးစုံတဲ့အခါ အခွန်တော်အရာရှိ တစ်ယောက်ပြောင်းရင် တစ်ခါ ဒီကိစ္စကို ရှင်းရလင်းရပါတယ်။ ဒီတော့ အခွန်တော်နှုန်းကလည်း အမျိုးမျိုးဖြစ်နေပါတယ်။ ဒါကြောင့် ဒီကုန်တွေကို တသမတ်တည်း အခွန်တော်သတ်မှတ်ပေးနိုင်ဖို့ဆိုတာ အခွန်တော်အရာရှိတစ်ယောက် သီးသန့်ရှိမှသာအဆင်ပြေမှာပါ”
ဦးပု က နှုတ်ခမ်းမွှေးကို သလိုက်ပြီး…လမ်းမတော်ဖိုးတုတ်ကို ပြုံးပြလိုက်သည်။
“ဒီကိစ္စက နည်းနည်းခက်ခဲပေမယ့်..ဦးအနေနဲ့တော့ ဝန်ကြီးလုပ်ပိုင်ခွင့်ထဲကနေ လုပ်ပေးလိုက်လို့ရပါတယ်။ ဒါပေမယ့် မောင်ဖိုးတုတ် နဲ့ ဦး..တစ်နေရာရာမှာ စကားပြောမှ ဖြစ်မယ်ထင်တယ်။ ဒီရုံးခန်းမှာ တော့မပြောချင်ဘူး”
ဖိုးတုတ်က ဦးပု ၏ စကားအသွားအလာကို ချက်ချင်းသဘောပေါက်လိုက်သည်။
“ဝန်ကြီးမင်း.ကို ရုံးဆင်းချိန် ကျွန်တော်မျိုး ဘယ်မှာ လာတွေ့ခွင့်ရပါ့မလဲသာ ပြောပါခင်ဗျ”
“ဒီညတော့ ဦး Silver Grill မှာ မိတ်ဆွေတစ်ယောက်နဲ့ ညစာစားစရာရှိတယ်။ မောင်ဖိုးတုတ်ကို ဖိတ်ပါတယ်”
“ကျေးဇူးတင်ပါတယ်..ဝန်ကြီးမင်း..ဒါဆို ကျွန်တော်မျိုးကို ခွင့်ပြုပါဦး”
လမ်းမတော်ဖိုးတုတ် က ဦးပု ကို အရိုအသေပေးကာ..ထပြန်ရန်ပြင်လိုက်သည်။
“ဪ..Silver Grill က ဒင်နာဂျက်ကက် နဲ့မှ ဝင်လို့ရတာနော်..မောင်ဖိုးတုတ်..ဝတ်လာဖို့ မမေ့နဲ့ဦး”
………………………………….
Silver Grill ကလပ်သည် အမှတ် (၈၂)ဘားလမ်းတွင် တည်ရှိသည်။
ဥရောပသားလူကုံထံ နှင့် မြန်မာအမျိုးသား လူကုံထံများ သွားလေ့ရှိသည့်နေရာဖြစ်သည်။
ကိန်းကြီးခမ်းကြီးနိုင်သော ဗြိတိသျှများမှာမူ လူဖြူသာဝင်ရသည့် ဂျမခါနာကလပ်၊ ပဲခူးကလပ်တို့ကိုသာ သွားလေ့ရှိပြီး Silver Grill သို့ လာလေ့မရှိချေ။
ထိုကလပ်တွင် ဥရောပမှ အဆိုတော်များလည်း လာရောက်ဖျော်ဖြေလေ့ရှိသည်။
လမ်းမတော်ဖိုးတုတ် ကား အနောက်တိုင်းစတိုင်လ် ညစာစားပွဲဝတ်စုံကို ယခုမှ စဝတ်ရသည်ဖြစ်သဖြင့် မနေတတ်မထိုင်တတ်ဖြစ်နေလေသည်။
ထိုဝတ်စုံကို ဂန္ဓမာသောင်းရီနှင့် မသင်းမြ တို့က ဆင်ပေးလိုက်ခြင်းဖြစ်သည်။
Silver Grill သို့ ရောက်သောအခါ ဦးပု က သီးသန့်အခန်းထဲရှိ စားပွဲဝိုင်းတွင် တစ်ကိုယ်တည်းထိုင်ကာ လက်ဖက်ရည်သောက်နေ၏။
“ကျွန်တော်ရောက်ပါပြီ..ဝန်ကြီးမင်း”
“ကြိုဆိုပါတယ်..မောင်ဖိုးတုတ်..ဦးရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို စောင့်ပါရစေဦး။ ကဲ ဘာမှာမလဲ”
ဖိုးတုတ်က ဘရန်ဒီနှစ်ပက် မှာလိုက်သည်။
ခဏအကြာတွင် သူတို့ စားပွဲဝိုင်းသို့ ထူးခြားသောအသွင်သဏ္ဍာန်ရှိ လူတစ်ဦးဝင်လာသည်။
ထိုသူကား ဦးပုနှင့် ဖိုးတုတ်ကဲ့သို့ ဒင်နာကုတ်ကို ဝတ်မထား။
အင်္ကျီအဖြူလက်တို၊ ကာကီဘောင်းဘီတို နှင့် ဒူးဆစ်အထိရောက်သော စတော့ကင်ခြေအိတ်အရှည်၊ ရှူးဖိနပ် အညိုတို့ကို ဝတ်ဆင်ထားသည်။
ညဘက်တင်ပါးစုံရှိ ဘောင်းဘီအိတ်ထဲတွင် ခြောက်လုံးပြူးသေနတ်တစ်လက်ကို ပြောင်းအပေါ်သို့ ထောင်လျက် ဖော်ကာ ထည့်ထား၏။
“ကိုစော…ခင်ဗျားကို ကုတ်မပါပဲ..အစောင့်က အဝင်ခံတယ်လား”
ဦးစော ဆိုသူက မဲ့ပြုံးပြုံးပြလိုက်ပြီး
“ဒီကလပ်က ကျွန်တော့်အတွက်ဆို ဘာမှ ဝတ်မလာတောင် လက်ခံပေးရမယ့်ကလပ်ဗျ..ဆရာဦးပုရဲ့…ပြီးတော့ ဟော့ဒီမှာလေ..ဒါပါတယ်..ဒါ ကုတ်အင်္ကျ ီထက် ပိုပြီး သြဇာရှိတယ်ဗျ”
ဦးစောက သူ့ဘောင်းဘီအိတ်ထဲမှ ခြောက်လုံးပြူးသေနတ်ကို ပုတ်ပြလိုက်သည်။
လမ်းတော်ဖိုးတုတ်က ဘရန်ဒီကို တမော့မော့ရင်း ဦးစောကို အကဲခတ်နေ၏။
“ကဲ..မိတ်ဆက်ပေးရဦးမယ်..ဒါက မျိုးချစ်ပါတီရဲ့ ဥက္ကဌကြီး ဦးစောတဲ့။ အခုတော့ သူရိယသတင်းစာတိုက်ကြီးရဲ့ ပိုင်ရှင်ပေါ့။ ဆရာစံကြီး အမှုတုန်းက ရှေ့နေလိုက်ပေးတဲ့ ဂဠုန်စော ဆိုတာကြားဖူးမှာပေါ့။ ကိုစော.. ဒါက ကျုပ်ပြောတဲ့ မောင်ဖိုးတုတ် ဆိုတာပဲ”
ဦးစောက လမ်းမတော်ဖိုးတုတ်ကို တစ်ချက်ပြုံးပြကာ ခုံတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် စကော့ဝီစကီတစ်ပက်မှာလိုက်၏။
“ကဲ..အလုပ်ကိစ္စ ပြောကြတာပေါ့..မောင်ဖိုးတုတ်”
“ဟုတ်ကဲ့..ပြောပါ..ဝန်ကြီးမင်း”
“မောင်ဖိုးတုတ်..အကူအညီတောင်းထားတဲ့အခွန်ကိစ္စကို ဦး ကူအညီပေးဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် ဦးအနေနဲ့ မောင်ဖိုးတုတ်ကို အကူအညီတစ်ခုတောင်းစရာရှိလို့ပါ”
“ပွင့်ပွင့်လင်းလင်းပြောပါ..ဝန်ကြီးမင်း..ကျွန်တော် တတ်နိုင်တာ အကုန်ကူညီပါ့မယ်”
“အခု ဦးပြောတဲ့ ကိစ္စတွေကို မောင်ဖိုးတုတ် အနေနဲ့ အိမ်က မိန်းမကိုတောင် ပြန်မပြောပါဘူးလို့..သစ္စာထားစေချင်တယ်”
“စိတ်ချပါ..ဝန်ကြီးမင်း”
“အခုချိန်မှာ ဦး နဲ့ ဟော့ဒီက ဦးစော ဟာ ညွန့်ပေါင်းအစိုးရထဲမှာ နိုင်ငံရေးအရ မဟာမိတ်ပြုထားကြတယ်။ ဒီနှစ်ကုန်ပိုင်းလောက်မှာ ဦးတို့ဟာ အစိုးရလွှတ်တော်ထဲ နန်းရင်းဝန်ဒေါက်တာဘမော်ကို အယုံအကြည်မရှိကြောင်း အဆိုတင်ပြီး ဖြုတ်ချဖို့ စီစဉ်ထားကြတယ်…လက်ရှိ အစိုးရထဲက အမတ်တွေနဲ့ ဝန်ကြီးတချို့ကို ဦးတို့ စည်းရုံးပြီးသွားပြီ။ ဒါပေမယ့် ဒီကိစ္စမှာ မဲမပေးဘဲ ကြားနေမယ့် ဗမာဝန်ကြီး တစ်ယောက်နဲ့ ကုလားအမတ်တစ်ယောက် ရှိနေတယ်။ သူတို့ကို ဦးတို့ ဘယ်လိုမှ စည်းရုံးလို့ မရဘူးဖြစ်နေတယ်”
“အဲ့ဒီတော့ ကျွန်တော်မျိုးက ဘာလုပ်ပေးရမလဲ..ဓါးထောက်ပြီး ခြိမ်းခြောက်ပေးရမလား..အမတ်တွေ ဝန်ကြီးတွေဆိုတော့ ကျွန်တော့်အတွက် အဲ့ဒါက အန္တရာယ်များမယ်ထင်တယ်”
ဦးပု က ပြုံးလိုက်သည်။
“နိုး..နိုး..အဲ့ဒီလိုမလုပ်ရပါဘူး။ ကဲ..ကိုစော ခင်ဗျား ပြောပြလိုက်”
ဦးစောက သောက်လက်စ ဝီစကီကို မော့ချလိုက်သည်။
“ဒီမယ်..မောင်ရင်..ငါပြောပြမယ်။ နောက်နှစ်လ သုံးလအတွင်း ရန်ကုန်မှာ လူမျိုးရေးအဓိကရုဏ်း အကြီးကြီး ဖြစ်လိမ့်မယ်။ ရှင်းရှင်းပြောမယ်ကွာ..၁၉၃၀ တုန်းက ဖြစ်ခဲ့သလိုမျိုး ကုလားဗမာရိုက်ပွဲဖြစ်လာဖို့ သေချာပေါက် အခြေအနေကို ကြုံနေရပြီ။ အဲ့ဒီကာလမှာ ဗမာဝန်ကြီးအိမ်ကို မီးရှို့ဖို့ ကုလားတစ်အုပ်သေချာပေါက်လာမှာဖြစ်သလို၊ ကုလားဝန်ကြီးအိမ်ကိုလည်း ဖျက်ဆီးဖို့ ဗမာတစ်အုပ်သေချာပေါက်လာမှာ၊ အဲ့ဒီအချိန်မှာ မင်းတို့အဖွဲ့တွေက သူတို့အိမ်တွေကို ဝင်ပြီး ကာကွယ်ပေးရမယ်။ ပြီးရင်တော့ အဲ့ဒီဝန်ကြီး နဲ့ အမတ်ကို မင်းကိုယ်တိုင် တွေ့ပြီး ဒီက ဆရာဦးပု ကို မင်းက ဘယ်လိုလေးစားကြောင်းပြောပေးရမယ်။ ဆရာဦးပု က လွှတ်လိုက်လို့ မင်းက လာကာကွယ်ပေးရတာဖြစ်ကြောင်း ပြောရမယ်၊ မင်းအလုပ်က ဒီလောက်ပဲ”
လမ်းမတော်ဖိုးတုတ်က ဘရန်ဒီခွက်ကို ငေးကာ တွေဝေနေသည်။
ဦးစောက မတ်တပ်ထရပ်လိုက်ပြီး
“မင်း လုပ်နိုင် မလုပ်နိုင်တော့..ဆရာဦးပုနဲ့ ပြောလိုက်ပေါ့။ မင်းမလုပ်နိုင်လည်း ငါ့ ဝါးရင်းတုတ်အဖွဲ့တွေ အများကြီးရှိတယ်..ကဲ..ဆရာဦးပု..ကျုပ်ပြန်လိုက်ဦးမယ်..ဒီည အိမ်မှာ အငယ်မ မွေးနေ့ပါတီရှိသေးလို့”
ဦးစောက ဖိုးတုတ်ကို တချက်ကြည့်ကာ ထပြန်သွား၏။
“စိတ်တော့ မရှိပါနဲ့..ဝန်ကြီးမင်း..ကျွန်တော် ဒီလူ့ကို သဘောမကျဘူး”
“ဦးသိတယ်..မောင်ဖိုးတုတ်..ဦးလည်း သူ့ကို မကြိုက်ဘူး..ဒါပေမယ့် ဦးတို့ နိုင်ငံရေးလောကမှာ မချစ်သော်လည်း အောင့်ကာနမ်းရတာတွေရှိတယ်။ ယာယီမဟာမိတ်ဖွဲ့ယူရတာတွေရှိတယ်။ သူက ဒီကိစ္စမှာ သူ့ လက်ပါးစေ ဝါးရင်းတုတ်အဖွဲ့တွေကို သုံးချင်တာ။ ဦး သူ့ကို မယုံဘူး..မောင်ဖိုးတုတ်။ တချိန်မှာ သူက ဦးရဲ့ နိုင်ငံရေးရန်သူလည်းဖြစ်လာနိုင်တာပဲ။ ဦး မောင်ဖိုးတုတ် ကို အကူအညီတောင်းရတာလည်း..ဒါကြောင့်ပဲ…ဦးရဲ့ လက်သုံးတော်အဖြစ် မောင်ဖိုးတုတ်ရှိနေစေချင်တယ်..ဘာကြောင့်လဲဆိုတော့ ဒေါက်တာဘမော်ကို ဖြုတ်ချပြီးရင် ဦးက နန်းရင်းဝန် နေရာ ရမှာမို့လို့ပဲ….”
ဖိုးတုတ် စိတ်ထဲတွင် လွန်ခဲ့သော ရှစ်နှစ်က သူ့အား လာတွေ့ကြသော နိုင်ငံရေးသမား မစ္စတာတီကူးပါး နှင့် ဦးချန်ထွန်းတို့ကို သတိရသွားသည်။
တဆက်တည်းပင် ကုလားဗမာ ဆိပ်ကမ်းရိုက်ပွဲ နှင့် ဦးလေးဖြစ်သူ ဦးဘိုးသင်ကိုပါ သတိရသွား၏။
နန်းရင်းဝန်ဖြစ်လာမည်ဆိုသည့် ဦးပု ၏ ဆွယ်လုံးကလည်း ဖိုးတုတ် ကို ဆွဲဆောင်နေသည်။
တစ်ဖက်တွင်လည်း အစိမ်းဂိုဏ်းမှ လှေများ ရန်ကုန်ဆိပ်ကမ်းတွင် အခွန်ကိစ္စအဆင်ပြေစေရေးအတွက် ဘွန်ရှူးကျင်းကမ်းလှမ်းထားသည့် အလုပ်ကိစ္စကလည်း ရှိနေသေးသည်။
ထိုအလုပ်ကိစ္စပြီးလျှင် ငွေကြေးအကျိုးအမြတ်အပြင် ရှန်ဟိုင်းမှ နားကားကြီး၏ အစိမ်းဂိုဏ်းနှင့် အချိတ်အဆက်ရသွားမည်ဖြစ်သည်။
မစ္စတာတီကူးပါး ဝန်ကြီးရာထူးမှ ပြုတ်သွားပြီးကတည်းက ဖိုးတုတ်တွင် အစိုးရအဖွဲ့ ထဲ ကြီးကြီးမားမား အားကိုးအားထားရာဆရာသမားမရှိခဲ့။
ဦးပု ကမ်းလှမ်းသည်ကို လက်ခံလိုက်လျှင် ဦးပု နန်းရင်းဝန်ဖြစ်လာပါက ဖိုးတုတ်အတွက် အစိုးရအဖွဲ့ထဲ နောက်ခံအင်အား တစ်ခု ပြန်ဖြစ်လာနိုင်သည်။
ထိုကြောင့် ဖိုးတုတ် ဆုံးဖြတ်ချက်ချလိုက်သည်။
“ကျွန်တော်မျိုး ဝန်ကြီးမင်းကို ကူညီပါ့မယ်”
ဦးပု က ဖိုးတုတ်အတွက် ဝီစကီတစ်ခွက် ထပ်မှာပေးသည်။
ထို့နောက် ဘေလ်ရှင်းကာ လမ်းမတေ်ာဖိုးတုတ်အား နှုတ်ဆက်ပြီး ထပြန်သွား၏။
ဖိုးတုတ် တစ်ယောက်သာ ဘရန်ဒီ ချိုမြမြပြီးသည့်နောက် ဝီစကီပြင်းရှရှကို ဇိမ်ခံသောက်ရင်း တွေးတောကျန်ရစ်တော့သည်။
…………………………………………………………………………………………
၁၉၃၈ သည် မြန်မာနိုင်ငံသမိုင်းတွင် အထူးခြားဆုံး နှစ်ဖြစ်လေသည်။
အင်္ဂလိပ်အစိုးရကို မြန်မာတစ်နိုင်ငံလုံးမှ အင်တိုက်အားတိုက်ဆန့်ကျင်သည့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။
ရေနံမြေအလုပ်သမားသပိတ်၊ ကုလား-မြန်မာဒုတိယအဓိကရုဏ်း နှင့် တတိယမြောက်တက္ကသိုလ်ကျောင်းသား သပိတ်တို့ ဖြစ်ပေါ်ခဲ့သည်။
လမ်းမတော်ဖိုးတုတ်အတွက်လည်း ၁၉၃၈ သည် အထူးခြားဆုံး နှစ်တစ်နှစ်ဟု ဆိုရပေမည်။
ဖော်မိုဆာနှင့် ဟိုင်နန်ကျွန်းမှ လာသော အစိမ်းဂိုဏ်း၏ ဘိန်းကုန်ကူးရာ သင်္ဘောများသည် ဗြိတိသျှပိုင် ရန်ကုန်ဆိပ်ကမ်းတွင် ဝင်ရောက်နားခိုရင်း အရှေ့တောင်အာရှ နှင့် ဗြိတိသျှကိုလိုနီ အိန္ဒိယနယ်များဆီသို့ ဘိန်းဈေးကွက်ကို ချဲ့ထွင်လာကြသည်။
အစိမ်းဂိုဏ်းပိုင် ချွန်ယွမ်းကုမ္ပဏီအမည်ခံ သင်္ဘောများသည် ယေဘုယျအားဖြင့် အုန်းသီးနှင့် အခြားတရုတ်ကုန်များတင်ဆောင်လာသည် ဆိုသော်လည်း အတွင်းတွင် ဘိန်း ပုံစံအမျိုးမျိုးဝှက်ကာ သယ်ဆောင်လာကြခြင်းပင်။
သင်္ဘောငယ်များဖြစ်သည့်အတွက် ဆိပ်ကမ်းအခွန်ကောက်ရာတွင် အလှည့်ကျတာဝန်ယူသည့် အဖွဲ့များက သင်္ဘောပေါ်တက်စစ်ဆေးလေ့ရှိကြသည်။
အခွန်အရာရှိများ တစ်ယောက်ပြောင်းတိုင်း တစ်ခါ ညှိရ၊ လာဘ်ထိုးရသဖြင့် အစိမ်းဂိုဏ်းအတွက် များစွာ အနှောက်အယှက်ဖြစ်ရသည်။
အထာမနပ်သေးသော အရာရှိပေါက်စများက ဘိန်းသင်္ဘောမှန်းသိပြီး ဖမ်းဆီးလိုက်လျှင်လည်း ပြသနာက မသေးလှ။
ထိုအရေးသည် အစိမ်းဂိုဏ်း၏ ဆိပ်ကမ်းကိုယ်စားလှယ်ဖြစ်သော ဘွန်းရှူးကျင်းအတွက်လည်း ခေါင်းခဲစရာဖြစ်လာသည်။
ထို့ကြောင့် လမ်းမတော်ဖိုးတုတ်ကို အကူအညီတောင်းခံခဲ့ခြင်းပေ။
လမ်းမတော်ဖိုးတုတ်က အစိမ်းဂိုဏ်း၏ ချွန်ယွမ်းကုမ္ပဏီပိုင်သင်္ဘောများကို ရန်ကုန်ဆိပ်ကမ်းတွင် ပင်တိုင် အခွန်တော်အရာရှိတစ်ဦး ထားပေးရန် အခွန်ဝန်ကြီးထံ ချဉ်းကပ်သည်။
လမ်းမတော်ဖိုးတုတ် စည်းရုံးထားသည့် အခွန်တော်အရာရှိ တစ်ဦးလည်း အသင့်ရှိနေပြီဖြစ်သည်။
အခွန်တော်ဝန်ကြီး ဦးပု က လမ်းမတော်ဖိုးတုတ်ကို သူ့အရေးကိစ္စတစ်ခု ဖြင့် အပြန်အလှန်အပေးအယူလုပ်လိုက်ကြ၏။
၁၉၃၈ ဧပြီလ သင်္ကြန်အပြီးတွင် ရန်ကုန်ဆိပ်ကမ်းမှ ချန်ယွမ်းကုမ္ပဏီပိုင်သင်္ဘောများအတွက် သီးသန့်စစ်ဆေးရမည့် အခွန်တော်အရာရှိ အဖြစ် ဦးကြင်လွမ်ကို ခန့်အပ်သည့် စာထွက်လာတော့သည်။
လမ်းမတော်ဖိုးတုတ် နှင့် စံဘတို့ သည် ဘွန်းရှုးကျင်း၏ ဆိပ်ကမ်းရုံးသို့ ရောက်ရှိနေသည်။
“စံဘ…အဲ့ဒီဗူးကို..ကားပေါ်တင်ပြီး..အိမ်ပြန်နှင့်ကွာ..ငါဒီမှာ ဦးလေးနဲ့ စကားပြောလိုက်ဦးမယ်”
စံဘက ရွှေချောင်းတစ်ဆယ်သားထည့်ထားသော ဗူးကို ယူကာ ကားမောင်းထွက်သွား၏။
“ဦးလေး ခိုင်းတာကို ကျွန်တော် အောင်မြင်အောင် လုပ်ပြီးပြီ..ဦးလေး..ကျွန်တာ့်ကို အခု ဦးလေး တစ်ခု ပြန်ကူပေးပါဦး”
“ဘာလုပ်ပေးရမလဲ.ဖိုးတုတ်”
“ကျွန်တော် ခြောက်လုံးပြူး လိုချင်တယ်”
“ဘာ…ဘာလိုချင်တာ..ဖိုးတုတ်”
“ခြောက်လုံးပြူးသေနတ်လေ..ဦးလေ အစိမ်းဂိုဏ်းက သင်္ဘောတွေနဲ့ မှာပေးလို့ရမလား..တန်ရာတန်ကြေး ကျွန်တော် ပေးပါ့မယ်”
ဘွန်းရှှုးမျိုးက ဖိုးတုတ်ကို ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးလိုက်သည်။
“ဟုတ်တာပေါ့ကွာ..မင်းအတွက်လိုတာပေါ့..အခုခေတ်က ပြောင်းနေပြီကွ….ဓားတွေ၊ တုတ်တွေ နဲ့ ဖြေရှင်း ရတာမျိုးက ကျန်ရစ်ပြီ။ မင်းအတွက် လိုပါတယ်။ ငါ..မှာပေးမယ်..ဒါပေမယ့် နည်းနည်းတော့ စောင့်ရမယ်ကွ”
“ရတယ်..ဦးလေး…ဈေးဘယ်လောက်ကျမလဲသာပြော..ကျွန်တော်အခု ပိုက်ဆံပေးခဲ့ရမလား”
“မလိုပါဘူးကွာ…ပစ္စည်းရပြီးမှသာ ပိုက်ဆံပေး..ဟုတ်ပြီလား”
…………………………………………………………………………………..
၁၉၃၁ ခုနှစ်က ရွှေဘိုခရိုင် မြေဒူးမြို့မှ အစ္စလာမ်ဘာသာဝင် ဦးရွှေဖီ ဆိုသူက “မော်လဝီ နှင့်ယောဂီ” အမည်ရှိ စာအုပ်ကို ပထမအကြိမ်ထုတ်ဝေခဲ့သည်။
၁၉၃၇ တွင် ရန်ကုန်မြို့၊ သိမ်ကြီးဈေးမှ ပဒုမ္မာပိတ်များရောင်းချသူ သူဌေး ပတေးဘိုင် က ဒုတိယအကြိမ်အဖြစ် အုပ်ရေသောင်းချီ ရိုက်နှိပ်ဖြန့်ဝေလိုက်သည်။
ထိုစာအုပ်တွင် ဗုဒ္ဓဘာသာကို ထိခိုက်စေသော အသုံးအနှုန်းများပါဝင်နေကြောင်းကို ဂဠုန်ဦးစောပိုင် သူရိယသတင်းစာကြီးမှ စတင်ဖော်ထုတ်ရေးသားလိုက်သည်။
မော်လဝီနှင့် ယောဂီ စာအုပ်ပါ အချက်အလက်များကို ဝေဖန်သည့်အကြောင်းအရာများကို သူရိယသတင်းစာ၏ ခေါင်းကြီးပိုင်းနှင့် အခန်းဆက်ဆောင်းပါးများ နေ့စဉ်ရက်ဆက်ဖော်ပြနေရာ ဗုဒ္ဓဘာသာဝင်အများစုမှာ ထိုကိစ္စကို အထူးစိတ်ဝင်စားလာကြသည်။
ရဟန်းတော်များနှင့်ဗုဒ္ဓဘာသာဝင်များက မခံမရပ်နိုင်ဖြစ်လာကြသည်။
၁၉၃၈ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေတိဂုံကုန်းတော်ပေါ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုများအဖွဲ့ချုပ်မှ ဦးစီးပြီး လူထုအစည်းအဝေး ကျင်းပသည်။
ထိုအစည်းအဝေးမှ မော်လဝီနှင့် ယောဂီစာအုပ်ကို ရေးသားသူ ဦးရွှေဖီ နှင့် စာအုပ်ထုတ်ဝေသူ ပတေးတို့အား ကန့်ကွက်ရှုတ်ချကြောင်း ဆုံးဖြတ်ကြသည်။
ထို့နောက် ရန်ကုန်မြို့ထဲ စီတန်းလှည့်လှည်ကာ ကြွေးကျော်သံများ ကြွေးကျော်ကြ၏။
သိမ်ကြီးဈေးအနီးအရောက်တွင် ဂေါ်ရာကုလားပုလိပ်များက ရဟန်းတော်များနှင့် လူစုလူဝေးကို ဖြိုခွဲရာမှ အဓိကရုဏ်းဖြစ်ပွားပြီး ကုလားပုလိပ်များ ဝိုင်းရိုက်ခံကြရသည်။
ထိုမှစတင်ကာ ကုလား ဗမာ ဒုတိယအဓိကရုဏ်းကြီးများ ရန်ကုန်တစ်မြို့လုံး ပျံ့နှံ့သွားတော့သည်။
အဓိကရုဏ်းမစတင်မီကာလ ကတည်းက လမ်းတော်ဖိုးတုတ်ဆီသို့ ဦးပု မှ ဗမာဝန်ကြီးနှင့် အမတ်တို့၏ အမည်နှင့် အိမ်လိပ်စာများ ပေးပို့လိုက်သည်။
အဓိကရုဏ်းစတင်ပြီး သုံးရက်မြောက်နေ့တွင် လမ်းမတော်ဖိုးတုတ် က ဂန္ဓမာသောင်းရီ ခေါင်းဆောင်သော ရန်ကုန်တစ်မြို့လုံးမှ သူ့လက်အောက်ခံ လူမိုက်များကို စုရုံးထားလိုက်တော့သည်။
“ဂန္ဓမာနဲ့စံဘ အဖွဲ့တွေက ဂျူဒါအီစကယ်လမ်း(သိမ်ဖြူလမ်း) က ကုလားအမတ် ဟာဂျီအဗ္ဗဒူလာ ကို သွားကာပေးကြ၊ လမ်းမတော်ဖိုးတုတ်အဖွဲ့လို့ ပြော။ အောင်ဘ နဲ့ ပုဏ္ဍားကျော်ထွန်း က နှစ်ဖွဲ့ပေါင်းပြီး ဂျိုးဆက်လမ်း( မြန်မာ့ဂုဏ်ရောင်လမ်း) က ဝန်ကြီး အိုဘီအီးဦးမြစိန် အိမ်ကို သွားကာကွယ်ပေးကြ၊ တညလုံး နေပေးရမှာနော်။ မနက်ဖြန်ညနေကျရင် အဲ့ဒီအိမ်တွေကို ငါလာခဲ့မယ်လို့ဝန်ကြီးတွေကို ပြောလိုက်၊ အုန်းဖေ နဲ့ ထွန်းတင် က လမ်းမတော်ထဲ ငါတို့အကာအကွယ်အောက်က ဆိုင်တွေ ၊ ပွဲရုံတွေ မထိအောင် လုံခြုံရေးယူကြ”
အဓိကရုဏ်းကား မီးဟုန်းဟုန်းတောက်နေခဲ့ပြီ။
မန္တလေး ၊ စစ်ကိုင်း၊ ရွှေဘို၊ ရေနံချောင်း နှင့်အခြားမြို့ကြီးများသို့ ပင် ကူးစက်သွားတော့၏။
ရန်ကုန်၏ အဓိကရုဏ်းများကြားတွင် လမ်းမတော်ဖိုးတုတ်ကား ငှက်ကြီးတောင်ဓါးကို လွယ်ကာ ကားကို ကိုယ်တိုင်မောင်းလျက်။
ခက်ဇော်
(Zawgyi)
The Guys of Yangon,1930(Part 16)
....... ....... .....
အခန္း(၁၇)
……………………
လမ္းမေတာ္ဖိုးတုတ္ က မတ္စတီးခန္း ကို ၾကည့္ကာ ၿပဳံးလိုက္သည္။
“ငါ့ မင္းနဲ႔ စကားေျပာခ်င္လို႔ ..ဖိုးတုတ္…အိမ္ေပၚတက္ခဲ့ရမလား”
ဖိုးတုတ္က ေခါင္းၿငိမ့္ျပလိုက္၏။
မတ္စတီးခန္း အိမ္ေပၚသို႔ တက္လာသည္။ ဖိုးတုတ္က နံရံတြင္ ခ်ိတ္ထားေသာ ငွက္ႀကီးေတာင္ဓါးကို တစ္ခ်က္ ၾကည့္လိုက္ၿပီး ကြၽန္းကုလားထိုင္တြင္ ေျခခ်ိတ္ထိုင္လိုက္၏။
မတ္စတီးခန္း က ဖိုးတုတ္ေရွ႕မွ ထိုင္ခုံတြင္ ဝင္ထိုင္သည္။
“ကဲ..ဘာေျပာခ်င္တာလဲ..ေျပာဗ်ာ”
“ဒီကို ငါ့ဂုဏ္သိကၡာအတြက္ ငါလာရတာပဲ ဖိုးတုတ္…ဒီပြဲမွာ ငါတို႔ ရႈံးသြားၿပီ..ငါလည္း ဒီပြဲကို ငါ့ေနာက္ဆုံးပြဲ လို႔ ယူဆထားၿပီးသားပါကြာ။ မင္းကို ငါတို႔ လက္လွမ္းမမီေတာ့ပါဘူး”
“အင္း.အဲ့ဒီေတာ့ ဘာျဖစ္လဲ”
“ငါ ပု႑ားဘထြန္းတုန္းကလို အရွက္တကြဲနဲ႔ ဒီေလာကထဲက ထြက္မသြားခ်င္ဘူး..ဖိုးတုတ္။ ငါ လူမိုက္ေလာက ထဲကေန သိကၡာရွိရွိပဲ ထြက္သြားခ်င္တယ္။ အဲ့ဒါကို မင္းနားလည္မွာပါ”
“ဒါဆို..ေပးခဲ့ရတဲ့ အသက္ေတြ အတြက္ကေရာ..”
မတ္စတီးခန္း က သူ႔ ဦးထုတ္ႀကီးကို ခြၽတ္လိုက္သည္။
ထို႔ေနာက္ အိတ္ကပ္ထဲမွ ေဆးျပင္းလိပ္ကို ထုတ္ကာ မီးညႇိ႔လိုက္၏။
“ဖိုးတုတ္…မင္းေဘးနားက လူေတြ ေသသလို..ငါ့ေဘးနားက လူေတြ ေသခဲ့ရတာပဲ….ဂန္ဂယားကို မင္းတို႔ လက္စေဖ်ာက္လိုက္ၿပီမဟုတ္လား”
ဖိုးတုတ္က ေခါင္းညိမ့္ျပလိုက္သည္။
“အဲ့ဒါ ငါ့တရားမဝငသွား ပဲ ကွ။ ငါ့သား။ငါ့သား”
မတ္စတီးခန္း က ေဆးျပင္းလိပ္ကို အားျပင္းျပင္းဖြာထုတ္လိုက္သည္။ မီးဖြားအခ်ိဳ႕ပင္ အက်ႌေပၚက်ကုန္သည္အထိ။
“ဂန္ဂယား အေမ က ငါ့ မိန္းမေတြထဲက တစ္ေယာက္ပဲ။ သူက ဟိႏၵဴမ ျဖစ္ေနလို႔..ငါ့တရားဝင္စာရင္းေတာ့ ထည့္လို႔မရဘူးေပါ့ကြာ။ ဂန္ဂယားက စစ္တပ္ထဲမွာ အၾကာႀကီးေနခဲ့တယ္။ အေနာက္ဘက္စစ္မ်က္ႏွာ ပရပ္ရွားမွာ လူေတြအမ်ားႀကီးသတ္ခဲ့တဲ့စစ္သား။ သူျပန္လာတဲ့အခ်ိန္ သူက လူမိုက္ေလာကထဲ ငါ့ေနရာကို ဆက္ခံခ်င္တယ္တဲ့။ ဒီေတာ့ ငါေျပာခဲ့တယ္။ ငါ့က အနားယူေတာ့မွာ..မင္းဆက္ခံခ်င္ ဆက္ခံ ဖိုးတုတ္ ကို အျပတ္ရွင္းမွ ဆက္ခံခြင့္ရွိမွာလို႔ ေျပာလိုက္တယ္။ အခုေတာ့ သူေသၿပီ”
မတ္စတီးခန္းက ဖိုးတုတ္၏ နံရံတြင္ ခ်ိတ္ထားေသာ ငွက္ႀကီးဓါးကို ေငးၾကည့္သည္။
“ငါအိုၿပီ..ဖိုးတုတ္.. ငါရႈံးလည္းရႈံးၿပီ…ငါ့ကို ဒီေလာကထဲက သိကၡာရွိရွိ ေနာက္ဆုတ္သြားခြင့္ေပးေစခ်င္တယ္..ရန္ကုန္ ကို မင္းလက္ကို ငါအပ္ပါတယ္”
“မန္မဆာေတြ ကို ေရာ..ဘယ္လို လုပ္မွာလဲ”
“မန္မဆာမိသားစု ဆိုတာ ငါ့အရွိန္အဝါနဲ႔ပဲ ရပ္တည္လာခဲ့တာၾကာပါၿပီ။ သူတို႔လည္း အခုဆို သူတို႔ စီးပြားေရးကို ထိခိုက္လာမွာကို စိုးရိမ္တတ္ေနၾကေရာေပါ့။ ငါေနာက္ဆုတ္လိုက္တာနဲ႔ သူတို႔ပါ ေရွ႕တိုးရဲမွာ မဟုတ္ေတာ့ဘူး။ ဖိုးတုတ္…မင္း က ငါ့ထက္ေရာ မန္မဆာထက္မွာ အမ်ားႀကီး ေပါက္ေရာက္ေနပါၿပီကြာ”
“ဒီလိုနဲ႔ လြယ္လြယ္ေတာ့ ျပန္လွည့္သြားလို႔မရဘူး..မတ္စတီးခန္း..ခင္ဗ်ားနဲ႔ က်ဳပ္ၾကား အေႂကြးေလး တစ္ခုက ရွိေနေသးတယ္”
ဖိုးတုတ္က ခုံေပၚမွ ထကာ နံရံတြင္ ခ်ိတ္ထားေသာ ငွက္ႀကီးေတာင္ဓါးကို ေျပးဆြဲထုတ္လိုက္သည္။
မတ္စတီးခန္း ထေျပးရန္ ႀကံလိုက္ေသာ္လည္း မရေတာ့။
ဖိုးတုတ္၏ ဓါးက မတ္စတီးခန္း ၏ လည္ပင္းေပၚ တင္ထားၿပီး ျဖစ္ေနေပၿပီ။
“ခင္ဗ်ား ကိုးကြယ္တဲ့ ဘုရား ဆီမွာ အာ႐ုံျပဳထားေပေတာ့..ခင္ဗ်ားကို က်ဳပ္လက္နဲ႔ ကိုယ္တိုင္သတ္မယ္”
မတ္စတီးခန္း လက္ထဲမွ ေဆးျပင္းလိပ္က ေအာက္ျပဳတ္က်သြားသည္။ ဖိုးတုတ္ကို ထိတ္လန႔္ေသာ မ်က္လုံးမ်ားျဖင့္ၾကည့္လိုက္သည္။
ထို႔ေနာက္..မ်က္စိကို မွိတ္လိုက္သည္။
“ကဲ..မ်က္လုံးေတြကို ဖြင့္ၿပီး ရန္ကုန္ရဲ႕ဘုရင္ ကို ခင္ဗ်ား ဖူးေျမာ္လိုက္စမ္းပါ..မတ္စတီးခန္း”
ဖိုးတုတ္က လြန္ခဲ့သည့္ႏွစ္မ်ားစြာက သူေျပာခဲ့သည့္ စကားလုံးကို ျပန္ေျပာသျဖင့္ မတ္စတီးခန္း သေဘာေပါက္လိုက္သည္။
“မင္း..ကို ငါ တကယ္ မသတ္ခဲ့ဘူးေလကြာ”
“က်ဳပ္လည္း ခင္ဗ်ားကို မသတ္ပါဘူးဗ်။ တစ္ခ်ိန္က က်ဳပ္လည္ပင္းကို ႀကိဳးကြင္းစြပ္ခဲ့သလို အခုလည္း ခင္ဗ်ားလည္ပင္းေပၚ က်ဳပ္ဓါးတင္လိုက္ႏိုင္ၿပီပဲ..ကဲ..ခင္ဗ်ား..ျပန္ေတာ့..ရန္ကုန္ကိုလမ္းမေတာ္က ေဟာ့ဒီအိမ္ေပၚမွာ ထားရစ္ၿပီး ခင္ဗ်ားျပန္ေပေတာ့…နန္းက်ဘုရင္ႀကီး..ခင္ဗ်ားက စပါးပြဲစား မတ္စတီးခန္းပဲ..ဘာမွမဟုတ္ေတာ့ဘူး..အဲ့ဒီလိုေလး မွတ္ၿပီး ျပန္ေပေတာ့”
မတ္စတီးခန္း က ေအာက္တြင္က်ေနေသာ ေဆးျပင္းလိပ္ကို ေကာက္လိုက္သည္။
ထို႔ေနာက္ ထိုင္ေနရာမွ ထကာ..အိမ္ေအာက္သို႔ ေလွကားအတိုင္း ဆင္းသြား၏။
ဖိုးတုတ္က ဝရံတာမွ ထြက္ကာ မတ္စတီးခန္း၏ ေဒါက္ကပ္ေပၚ တက္သည္ကို ေဆးတံဖြာလ်က္ အရသာခံ ၾကည့္ေနေလသည္။
လမ္းမေတာ္ဖိုးတုတ္ ကား ရန္ကုန္၏ ဘုရင္ျဖစ္ခဲ့ၿပီ။
………………………………………………………………………….
ရန္ကုန္အေရွ႕ပိုင္းတြင္ မတ္စတီးခန္း၊ မန္မဆာ တို႔၏ နာမည္မ်ား တျဖည္းျဖည္းလြင့္ပါးသြားခဲ့ၾကၿပီ။
လမ္းေတာ္ဖိုးတုတ္၏ ၾသဇာခံလူမိုက္မ်ားက ရန္ကုန္အေနာက္ပိုင္းႏွင့္ အေရွ႕ပိုင္းနယ္ေျမမ်ားကို ခြဲျခမ္းအုပ္ခ်ဳပ္လိုက္ၾက၏။
တာေမြတြင္ ေအာင္ဘ၊ ဗိုလ္တစ္ေထာင္တြင္ ငမိုး၏ညီ ဓါးဘိုးထင္၊ ပုဇြန္ေတာင္တြင္ သံတုတ္ငၿမဲ တို႔ က လမ္းမေတာ္ဖိုးတုတ္လက္ေအာက္ခံလူမိုက္မ်ားအျဖစ္ ဆက္ေၾကး ေကာက္ခံၾကသည္။
လမ္းမေတာ္ဖိုးတုတ္ကား ရန္ကုန္တစ္ၿမိဳ႕လုံး ဖိန႔္ဖိန႔္တုန္ေအာင္ ေၾကာက္ရေသာ လူမိုက္ႀကီး ျဖစ္လာေပၿပီ။
သို႔ေသာ္ လမ္းမေတာ္ဖိုးတုတ္က နယ္ေျမမ်ားကို တပည့္မ်ားႏွင့္ လႊတ္ထားၿပီးေနာက္ သရက္ေတာေက်ာင္းတိုက္အတြင္းဝယ္ ဇရပ္ႀကီးတစ္ေဆာင္ကို ကိုယ္တိုင္ႀကီးၾကပ္ကာ ေဆာက္လုပ္လႉဒါန္းေနေလေတာ့သည္။
………………………………………………………………………………………….
၁၉၃၁ ခုႏွစ္ ၊ ၾသဂုတ္လ ၂ ရက္၊ တနဂၤေႏြေန႔တြင္ ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳၿမိဳ႕၊ ဟိုခိုေနာင္ကြမ္း႐ြာ အနီး ေတာထဲတြင္ လယ္သမားသူပုန္ေခါင္းေဆာင္ ဆရာစံအား ေျခေထာက္ ေညႇာင့္စူးေသာ ဒဏ္ရာျဖင့္ ဖမ္းဆီးရမိခဲ့သည္။
၁၉၃၁ ႏိုဝင္ဘာလ ၂၈ ရက္ေန႔ ၊ စေနေန႔ နံနက္တြင္ သာယာဝတီေထာင္တြင္ ဆရာစံအား လည္ပင္းႀကိဳးကြင္းစြပ္သတ္ရန္ ေသဒဏ္ခ်မွတ္ခဲ့သည္။
ဆရာစံ ၏ အမႈတြင္ ေရွ႕ေနလိုက္ေပးသည့္ ေဒါက္တာဘေမာ္၊ ေဒါက္တာဘဟန္၊ သာယာဝတီဦးျမ (ေခၚ)သခင္ျမ၊ ဦးထြန္းေအာင္ေက်ာ္၊ ဥပေဒျပဳအမတ္ဦးေမာင္ႀကီး တို႔ ေပၚေပါက္ခဲ့သည္။
သာယာဝတီခ႐ိုင္၊ အုတ္ဖိုၿမိဳ႕သား တတိယတန္းေရွ႕ေန႔ကေလး ဦးေစာ (ဂဠဳန္ဦးေစာ) ကလည္း ဆရာစံဘက္မွ လိုက္ပါေဆာင္႐ြက္ေပးခဲ့သည္။
ထိုသူတို႔သည္ကား လာလတၱံေသာ ႏွစ္မ်ားတြင္ ျမန္မာ့ႏိုင္ငံေရးေလာကအတြင္း ထင္ရွားလာၾကေတာ့မည့္သူမ်ားပင္။
၁၉၃၂ ခုႏွစ္တြင္ အဂၤလိပ္အစိုးရက ျမန္မာႏိုင္ငံအား (၉၁)ဌာန အုပ္ခ်ဳပ္ေရးသို႔ ေျပာင္းလဲေပးခဲ့သည္။
လယ္သမားသူပုန္ႀကီး ၿပီးသည့္ေနာက္ အဂၤလိပ္အစိုးရက အိႏၵိယျပည္ထဲမွ ျမန္မာျပည္အား ခြဲေရး၊တြဲေရး အျဖစ္ ဆိုင္မြန္စီမံကိန္းကို တင္သြင္းခဲ့ရာ ျမန္မာ့ႏိုင္ငံေရးေလာကအတြင္း ခြဲေရးအုပ္စုႏွင့္ တြဲေရးအုပ္စုမ်ား ၾကား တိုက္ပြဲ ျပင္းထန္လာခဲ့သည္။
ဆာေဂ်ေအေမာင္ႀကီး သည္ ေခတၱဘုရင္ခံအျဖစ္မွ ဖယ္ေပးလိုက္ရၿပီး ဆာဟူးလန္းေဒါင္းစတီဖင္ဆင္ က ဘုရင္ခံျဖစ္လာသည္။
လမ္းမေတာ္ဖိုးတုတ္ ၏ ပင္မေက်ာေထာက္ေနာက္ခံျဖစ္ေသာ ျပည္ထဲေရးအတြင္းဝန္ မစၥတာတီကူးပါး ျပဳတ္က်သြားေသာ္လည္း လမ္းမေတာ္ဖိုးတုတ္ ၏ နာမည္ကား က်မသြားခဲ့။
ေနာက္တက္လာသည့္ ႏိုင္ငံေရးသမားအခ်ိဳ႕ႏွင့္ လမ္းမေတာ္ဖိုးတုတ္အၾကား အေပးအယူ၊ အမွီအခို မ်ား ဆက္လက္တည္ရွိေနသည္။
လမ္းမေတာ္ဖိုးတုတ္မွာ ေငြေၾကးပိုမိုႂကြယ္ဝခ်မ္းသာလာခဲ့ၿပီး ရန္ကုန္လူမိုက္ေလာ၏ ဘုရင္အျဖစ္ ၿပိဳင္ဘက္ကင္းလ်က္ပင္။
၁၉၃၅ တြင္ အဂၤလိပ္အစိုးရက ျမန္မာျပည္ကို အိႏၵိယျပည္ မွ ခြဲထုတ္ေပးကာ ၉၁ ဌာန အုပ္ခ်ဳပ္ေရး ကို ျပဌာန္းေပးခဲ့၏။
ထူးျခားခ်က္မွာ အိႏၵိယႏွင့္ တြဲေရးဘက္မွ ေခါင္းေဆာင္ျဖစ္ေသာ ေဒါက္တာဘေမာ္သည္ ခြဲေရးေခါင္းေဆာင္ ဝါရင့္ႏိုင္ငံေရးသမားႀကီး ဦးဘေဖကို အႏိုင္ရကာ ၁၉၃၇ ခုႏွစ္တြင္ ၫြန႔္ေပါင္းအစိုးရအဖြဲ႕၏ နန္းရင္းဝန္(ဝန္ႀကီးခ်ဳပ္) ျဖစ္လာသည္။
ဂဠဳန္ဦးေစာ သည္လည္း မ်ိဳးခ်စ္ပါတီကို ထူေထာင္ကာ အတိုက္အခံႏိုင္ငံေရးသမားတစ္ဦးျဖစ္လာသည္။
တကၠသိုလ္ေက်ာင္းသားမ်ား၊ ႏိုင္ငံေရးတက္ႂကြသူ လူငယ္မ်ားျဖင့္ ဖြဲ႕စည္းထားသည့္ တို႔ဗမာအစည္းအ႐ုံး သည္လည္း လႊတ္ေတာ္ႏိုင္ငံေရးထဲ ဝင္လာၾကၿပီး ျမန္မာႏိုင္ငံေရးတြင္ ၾသဇာရွိေသာ အဖြဲ႕တစ္ဖြဲ႕ ျဖစ္လာေနသည္။
………………………………………………………………………………………………………………………
၁၉၃၈ ခုႏွစ္၊ ဧၿပီလ ။ ရန္ကုန္အခြန္ေတာ္ဝန္ႀကီးဌာန႐ုံး။
အခြန္ေတာ္ဌာနဝန္ႀကီး ဦးပု ၏ ႐ုံးခန္း။
ပန္းေရာင္ပုဝါကို ေခါင္းေပါင္းထားၿပီး မ်က္လုံးမ်က္ဖန္ေကာင္းေကာင္း၊ ႏႈတ္ခမ္းေမႊးနက္နက္ျဖင့္ ပညာတတ္ဟန္ အျပည့္ရွိေသာ ဦးပု က သူ႔ေရွ႕တြင္ ထိုင္ေနေသာ သူကို တလွည့္၊ စာ႐ြက္စာတမ္းမ်ားကို တလွည့္ ၾကည့္ေနေလသည္။
“ေမာင္ဖိုးတုတ္ တင္ထားတဲ့ စာ႐ြက္စာတမ္းေတြကေတာ့ ျပည့္စုံပါတယ္။ ဒါေပမယ့္ အခု ရန္ကုန္ ဆိပ္ကမ္းကဆိုက္လာမဲ့ ခြၽန္ယြမ္း ကုန္သြယ္ေရးကုမၸဏီရဲ႕ တ႐ုတ္သေဘၤာေတြကို သီးသန႔္အခြန္အရာရွိထားေပးဖို႔ဆိုတဲ့ ကိစၥနဲ႔ ေမာင္ဖိုးတုတ္ နဲ႔က ဘယ္လို သက္ဆိုင္ေနလဲဆိုတာေတာ့..ဦး စဥ္းစားမရဘူး”
“ဒီလိုပါ ဝန္ႀကီးမင္း..ခြၽန္ယြမ္းကုန္သြယ္ေရးရဲ႕ ရန္ကုန္ဆိပ္ကမ္းကိုယ္စားလွယ္ က ကြၽန္ေတာ္မ်ိဳး ဇနီးသည္ရဲ႕ ဦးေလးေတာ္သူပါ။ သူက တ႐ုတ္လူမ်ိဳးေတြဆိုေတာ့ ျမန္မာေရး၊ ျမန္မာရာ မေက်လည္တာေတြရွိလို႔ ကြၽန္ေတာ္က ဦးစီးေပးေနတာပါ”
“ဟုတ္ပါၿပီေလ..ဒါေပမယ့္..သေဘၤာကုမၸဏီႀကီးေတြမို႔ အခြန္ေတာ္အရာရွိသီးသန႔္ထားေပးရတာ..ျပသနာမရွိလွပါဘူး။ ခု ခြၽန္ယြမ္း ကေတာ့ သာမန္ေမာ္ေတာ္နဲ႔ သေဘၤာငယ္ေတြပဲ ရွိတဲ့ ကုမၸဏီအေသးေလးဆိုေတာ့ လုပ္ထုံးလုပ္နည္းအရ အခြန္ေတာ္အရာရွိ သက္သက္ ထားေပးဖို႔ ဆိုတာ ျပသနာရွိပါတယ္။ တာဝန္က် ဆိပ္ကမ္းအခြန္ေတာ္အရာရွိေတြကပဲ အလွည့္က် စစ္ေဆးတာမ်ိဳးပဲ ျဖစ္ႏိုင္မယ္ထင္တယ္”
“ဒီလိုပါ..ဝန္ႀကီးမင္း..ခြၽန္ယြမ္းဟာ ကုမၸဏီအေသးေလးပါ။ ဒါေပမယ့္ .. ေဖာ္မိုဆာနဲ႔ ဟိုင္နန္က တ႐ုတ္ကုန္ေတြအမ်ားစုသယ္လာတာပါ။ သယ္လာတဲ့လူေတြကလည္း ျပည္မတ႐ုတ္ေတြလို မလည္မဝယ္ၾကပါဘူး။ ကုန္ပစၥည္းအမယ္ကလည္းမ်ိဳးစုံတဲ့အခါ အခြန္ေတာ္အရာရွိ တစ္ေယာက္ေျပာင္းရင္ တစ္ခါ ဒီကိစၥကို ရွင္းရလင္းရပါတယ္။ ဒီေတာ့ အခြန္ေတာ္ႏႈန္းကလည္း အမ်ိဳးမ်ိဳးျဖစ္ေနပါတယ္။ ဒါေၾကာင့္ ဒီကုန္ေတြကို တသမတ္တည္း အခြန္ေတာ္သတ္မွတ္ေပးႏိုင္ဖို႔ဆိုတာ အခြန္ေတာ္အရာရွိတစ္ေယာက္ သီးသန႔္ရွိမွသာအဆင္ေျပမွာပါ”
ဦးပု က ႏႈတ္ခမ္းေမႊးကို သလိုက္ၿပီး…လမ္းမေတာ္ဖိုးတုတ္ကို ၿပဳံးျပလိုက္သည္။
“ဒီကိစၥက နည္းနည္းခက္ခဲေပမယ့္..ဦးအေနနဲ႔ေတာ့ ဝန္ႀကီးလုပ္ပိုင္ခြင့္ထဲကေန လုပ္ေပးလိုက္လို႔ရပါတယ္။ ဒါေပမယ့္ ေမာင္ဖိုးတုတ္ နဲ႔ ဦး..တစ္ေနရာရာမွာ စကားေျပာမွ ျဖစ္မယ္ထင္တယ္။ ဒီ႐ုံးခန္းမွာ ေတာ့မေျပာခ်င္ဘူး”
ဖိုးတုတ္က ဦးပု ၏ စကားအသြားအလာကို ခ်က္ခ်င္းသေဘာေပါက္လိုက္သည္။
“ဝန္ႀကီးမင္း.ကို ႐ုံးဆင္းခ်ိန္ ကြၽန္ေတာ္မ်ိဳး ဘယ္မွာ လာေတြ႕ခြင့္ရပါ့မလဲသာ ေျပာပါခင္ဗ်”
“ဒီညေတာ့ ဦး Silver Grill မွာ မိတ္ေဆြတစ္ေယာက္နဲ႔ ညစာစားစရာရွိတယ္။ ေမာင္ဖိုးတုတ္ကို ဖိတ္ပါတယ္”
“ေက်းဇူးတင္ပါတယ္..ဝန္ႀကီးမင္း..ဒါဆို ကြၽန္ေတာ္မ်ိဳးကို ခြင့္ျပဳပါဦး”
လမ္းမေတာ္ဖိုးတုတ္ က ဦးပု ကို အ႐ိုအေသေပးကာ..ထျပန္ရန္ျပင္လိုက္သည္။
“ဪ..Silver Grill က ဒင္နာဂ်က္ကက္ နဲ႔မွ ဝင္လို႔ရတာေနာ္..ေမာင္ဖိုးတုတ္..ဝတ္လာဖို႔ မေမ့နဲ႔ဦး”
………………………………….
Silver Grill ကလပ္သည္ အမွတ္ (၈၂)ဘားလမ္းတြင္ တည္ရွိသည္။
ဥေရာပသားလူကုံထံ ႏွင့္ ျမန္မာအမ်ိဳးသား လူကုံထံမ်ား သြားေလ့ရွိသည့္ေနရာျဖစ္သည္။
ကိန္းႀကီးခမ္းႀကီးႏိုင္ေသာ ၿဗိတိသွ်မ်ားမွာမူ လူျဖဴသာဝင္ရသည့္ ဂ်မခါနာကလပ္၊ ပဲခူးကလပ္တို႔ကိုသာ သြားေလ့ရွိၿပီး Silver Grill သို႔ လာေလ့မရွိေခ်။
ထိုကလပ္တြင္ ဥေရာပမွ အဆိုေတာ္မ်ားလည္း လာေရာက္ေဖ်ာ္ေျဖေလ့ရွိသည္။
လမ္းမေတာ္ဖိုးတုတ္ ကား အေနာက္တိုင္းစတိုင္လ္ ညစာစားပြဲဝတ္စုံကို ယခုမွ စဝတ္ရသည္ျဖစ္သျဖင့္ မေနတတ္မထိုင္တတ္ျဖစ္ေနေလသည္။
ထိုဝတ္စုံကို ဂႏၶမာေသာင္းရီႏွင့္ မသင္းျမ တို႔က ဆင္ေပးလိုက္ျခင္းျဖစ္သည္။
Silver Grill သို႔ ေရာက္ေသာအခါ ဦးပု က သီးသန႔္အခန္းထဲရွိ စားပြဲဝိုင္းတြင္ တစ္ကိုယ္တည္းထိုင္ကာ လက္ဖက္ရည္ေသာက္ေန၏။
“ကြၽန္ေတာ္ေရာက္ပါၿပီ..ဝန္ႀကီးမင္း”
“ႀကိဳဆိုပါတယ္..ေမာင္ဖိုးတုတ္..ဦးရဲ႕ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ကို ေစာင့္ပါရေစဦး။ ကဲ ဘာမွာမလဲ”
ဖိုးတုတ္က ဘရန္ဒီႏွစ္ပက္ မွာလိုက္သည္။
ခဏအၾကာတြင္ သူတို႔ စားပြဲဝိုင္းသို႔ ထူးျခားေသာအသြင္သ႑ာန္ရွိ လူတစ္ဦးဝင္လာသည္။
ထိုသူကား ဦးပုႏွင့္ ဖိုးတုတ္ကဲ့သို႔ ဒင္နာကုတ္ကို ဝတ္မထား။
အက်ႌအျဖဴလက္တို၊ ကာကီေဘာင္းဘီတို ႏွင့္ ဒူးဆစ္အထိေရာက္ေသာ စေတာ့ကင္ေျခအိတ္အရွည္၊ ရႉးဖိနပ္ အညိဳတို႔ကို ဝတ္ဆင္ထားသည္။
ညဘက္တင္ပါးစုံရွိ ေဘာင္းဘီအိတ္ထဲတြင္ ေျခာက္လုံးျပဴးေသနတ္တစ္လက္ကို ေျပာင္းအေပၚသို႔ ေထာင္လ်က္ ေဖာ္ကာ ထည့္ထား၏။
“ကိုေစာ…ခင္ဗ်ားကို ကုတ္မပါပဲ..အေစာင့္က အဝင္ခံတယ္လား”
ဦးေစာ ဆိုသူက မဲ့ၿပဳံးၿပဳံးျပလိုက္ၿပီး
“ဒီကလပ္က ကြၽန္ေတာ့္အတြက္ဆို ဘာမွ ဝတ္မလာေတာင္ လက္ခံေပးရမယ့္ကလပ္ဗ်..ဆရာဦးပုရဲ႕…ၿပီးေတာ့ ေဟာ့ဒီမွာေလ..ဒါပါတယ္..ဒါ ကုတ္အက်ၤ ီထက္ ပိုၿပီး ၾသဇာရွိတယ္ဗ်”
ဦးေစာက သူ႔ေဘာင္းဘီအိတ္ထဲမွ ေျခာက္လုံးျပဴးေသနတ္ကို ပုတ္ျပလိုက္သည္။
လမ္းေတာ္ဖိုးတုတ္က ဘရန္ဒီကို တေမာ့ေမာ့ရင္း ဦးေစာကို အကဲခတ္ေန၏။
“ကဲ..မိတ္ဆက္ေပးရဦးမယ္..ဒါက မ်ိဳးခ်စ္ပါတီရဲ႕ ဥကၠဌႀကီး ဦးေစာတဲ့။ အခုေတာ့ သူရိယသတင္းစာတိုက္ႀကီးရဲ႕ ပိုင္ရွင္ေပါ့။ ဆရာစံႀကီး အမႈတုန္းက ေရွ႕ေနလိုက္ေပးတဲ့ ဂဠဳန္ေစာ ဆိုတာၾကားဖူးမွာေပါ့။ ကိုေစာ.. ဒါက က်ဳပ္ေျပာတဲ့ ေမာင္ဖိုးတုတ္ ဆိုတာပဲ”
ဦးေစာက လမ္းမေတာ္ဖိုးတုတ္ကို တစ္ခ်က္ၿပဳံးျပကာ ခုံတြင္ ဝင္ထိုင္လိုက္သည္။ ထို႔ေနာက္ စေကာ့ဝီစကီတစ္ပက္မွာလိုက္၏။
“ကဲ..အလုပ္ကိစၥ ေျပာၾကတာေပါ့..ေမာင္ဖိုးတုတ္”
“ဟုတ္ကဲ့..ေျပာပါ..ဝန္ႀကီးမင္း”
“ေမာင္ဖိုးတုတ္..အကူအညီေတာင္းထားတဲ့အခြန္ကိစၥကို ဦး ကူအညီေပးဖို႔ စဥ္းစားထားပါတယ္။ ဒါေပမယ့္ ဦးအေနနဲ႔ ေမာင္ဖိုးတုတ္ကို အကူအညီတစ္ခုေတာင္းစရာရွိလို႔ပါ”
“ပြင့္ပြင့္လင္းလင္းေျပာပါ..ဝန္ႀကီးမင္း..ကြၽန္ေတာ္ တတ္ႏိုင္တာ အကုန္ကူညီပါ့မယ္”
“အခု ဦးေျပာတဲ့ ကိစၥေတြကို ေမာင္ဖိုးတုတ္ အေနနဲ႔ အိမ္က မိန္းမကိုေတာင္ ျပန္မေျပာပါဘူးလို႔..သစၥာထားေစခ်င္တယ္”
“စိတ္ခ်ပါ..ဝန္ႀကီးမင္း”
“အခုခ်ိန္မွာ ဦး နဲ႔ ေဟာ့ဒီက ဦးေစာ ဟာ ၫြန႔္ေပါင္းအစိုးရထဲမွာ ႏိုင္ငံေရးအရ မဟာမိတ္ျပဳထားၾကတယ္။ ဒီႏွစ္ကုန္ပိုင္းေလာက္မွာ ဦးတို႔ဟာ အစိုးရလႊတ္ေတာ္ထဲ နန္းရင္းဝန္ေဒါက္တာဘေမာ္ကို အယုံအၾကည္မရွိေၾကာင္း အဆိုတင္ၿပီး ျဖဳတ္ခ်ဖို႔ စီစဥ္ထားၾကတယ္…လက္ရွိ အစိုးရထဲက အမတ္ေတြနဲ႔ ဝန္ႀကီးတခ်ိဳ႕ကို ဦးတို႔ စည္း႐ုံးၿပီးသြားၿပီ။ ဒါေပမယ့္ ဒီကိစၥမွာ မဲမေပးဘဲ ၾကားေနမယ့္ ဗမာဝန္ႀကီး တစ္ေယာက္နဲ႔ ကုလားအမတ္တစ္ေယာက္ ရွိေနတယ္။ သူတို႔ကို ဦးတို႔ ဘယ္လိုမွ စည္း႐ုံးလို႔ မရဘူးျဖစ္ေနတယ္”
“အဲ့ဒီေတာ့ ကြၽန္ေတာ္မ်ိဳးက ဘာလုပ္ေပးရမလဲ..ဓါးေထာက္ၿပီး ၿခိမ္းေျခာက္ေပးရမလား..အမတ္ေတြ ဝန္ႀကီးေတြဆိုေတာ့ ကြၽန္ေတာ့္အတြက္ အဲ့ဒါက အႏၲရာယ္မ်ားမယ္ထင္တယ္”
ဦးပု က ၿပဳံးလိုက္သည္။
“ႏိုး..ႏိုး..အဲ့ဒီလိုမလုပ္ရပါဘူး။ ကဲ..ကိုေစာ ခင္ဗ်ား ေျပာျပလိုက္”
ဦးေစာက ေသာက္လက္စ ဝီစကီကို ေမာ့ခ်လိုက္သည္။
“ဒီမယ္..ေမာင္ရင္..ငါေျပာျပမယ္။ ေနာက္ႏွစ္လ သုံးလအတြင္း ရန္ကုန္မွာ လူမ်ိဳးေရးအဓိက႐ုဏ္း အႀကီးႀကီး ျဖစ္လိမ့္မယ္။ ရွင္းရွင္းေျပာမယ္ကြာ..၁၉၃၀ တုန္းက ျဖစ္ခဲ့သလိုမ်ိဳး ကုလားဗမာ႐ိုက္ပြဲျဖစ္လာဖို႔ ေသခ်ာေပါက္ အေျခအေနကို ႀကဳံေနရၿပီ။ အဲ့ဒီကာလမွာ ဗမာဝန္ႀကီးအိမ္ကို မီးရႈိ႕ဖို႔ ကုလားတစ္အုပ္ေသခ်ာေပါက္လာမွာျဖစ္သလို၊ ကုလားဝန္ႀကီးအိမ္ကိုလည္း ဖ်က္ဆီးဖို႔ ဗမာတစ္အုပ္ေသခ်ာေပါက္လာမွာ၊ အဲ့ဒီအခ်ိန္မွာ မင္းတို႔အဖြဲ႕ေတြက သူတို႔အိမ္ေတြကို ဝင္ၿပီး ကာကြယ္ေပးရမယ္။ ၿပီးရင္ေတာ့ အဲ့ဒီဝန္ႀကီး နဲ႔ အမတ္ကို မင္းကိုယ္တိုင္ ေတြ႕ၿပီး ဒီက ဆရာဦးပု ကို မင္းက ဘယ္လိုေလးစားေၾကာင္းေျပာေပးရမယ္။ ဆရာဦးပု က လႊတ္လိုက္လို႔ မင္းက လာကာကြယ္ေပးရတာျဖစ္ေၾကာင္း ေျပာရမယ္၊ မင္းအလုပ္က ဒီေလာက္ပဲ”
လမ္းမေတာ္ဖိုးတုတ္က ဘရန္ဒီခြက္ကို ေငးကာ ေတြေဝေနသည္။
ဦးေစာက မတ္တပ္ထရပ္လိုက္ၿပီး
“မင္း လုပ္ႏိုင္ မလုပ္ႏိုင္ေတာ့..ဆရာဦးပုနဲ႔ ေျပာလိုက္ေပါ့။ မင္းမလုပ္ႏိုင္လည္း ငါ့ ဝါးရင္းတုတ္အဖြဲ႕ေတြ အမ်ားႀကီးရွိတယ္..ကဲ..ဆရာဦးပု..က်ဳပ္ျပန္လိုက္ဦးမယ္..ဒီည အိမ္မွာ အငယ္မ ေမြးေန႔ပါတီရွိေသးလို႔”
ဦးေစာက ဖိုးတုတ္ကို တခ်က္ၾကည့္ကာ ထျပန္သြား၏။
“စိတ္ေတာ့ မရွိပါနဲ႔..ဝန္ႀကီးမင္း..ကြၽန္ေတာ္ ဒီလူ႔ကို သေဘာမက်ဘူး”
“ဦးသိတယ္..ေမာင္ဖိုးတုတ္..ဦးလည္း သူ႔ကို မႀကိဳက္ဘူး..ဒါေပမယ့္ ဦးတို႔ ႏိုင္ငံေရးေလာကမွာ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းရတာေတြရွိတယ္။ ယာယီမဟာမိတ္ဖြဲ႕ယူရတာေတြရွိတယ္။ သူက ဒီကိစၥမွာ သူ႔ လက္ပါးေစ ဝါးရင္းတုတ္အဖြဲ႕ေတြကို သုံးခ်င္တာ။ ဦး သူ႔ကို မယုံဘူး..ေမာင္ဖိုးတုတ္။ တခ်ိန္မွာ သူက ဦးရဲ႕ ႏိုင္ငံေရးရန္သူလည္းျဖစ္လာႏိုင္တာပဲ။ ဦး ေမာင္ဖိုးတုတ္ ကို အကူအညီေတာင္းရတာလည္း..ဒါေၾကာင့္ပဲ…ဦးရဲ႕ လက္သုံးေတာ္အျဖစ္ ေမာင္ဖိုးတုတ္ရွိေနေစခ်င္တယ္..ဘာေၾကာင့္လဲဆိုေတာ့ ေဒါက္တာဘေမာ္ကို ျဖဳတ္ခ်ၿပီးရင္ ဦးက နန္းရင္းဝန္ ေနရာ ရမွာမို႔လို႔ပဲ….”
ဖိုးတုတ္ စိတ္ထဲတြင္ လြန္ခဲ့ေသာ ရွစ္ႏွစ္က သူ႔အား လာေတြ႕ၾကေသာ ႏိုင္ငံေရးသမား မစၥတာတီကူးပါး ႏွင့္ ဦးခ်န္ထြန္းတို႔ကို သတိရသြားသည္။
တဆက္တည္းပင္ ကုလားဗမာ ဆိပ္ကမ္း႐ိုက္ပြဲ ႏွင့္ ဦးေလးျဖစ္သူ ဦးဘိုးသင္ကိုပါ သတိရသြား၏။
နန္းရင္းဝန္ျဖစ္လာမည္ဆိုသည့္ ဦးပု ၏ ဆြယ္လုံးကလည္း ဖိုးတုတ္ ကို ဆြဲေဆာင္ေနသည္။
တစ္ဖက္တြင္လည္း အစိမ္းဂိုဏ္းမွ ေလွမ်ား ရန္ကုန္ဆိပ္ကမ္းတြင္ အခြန္ကိစၥအဆင္ေျပေစေရးအတြက္ ဘြန္ရႉးက်င္းကမ္းလွမ္းထားသည့္ အလုပ္ကိစၥကလည္း ရွိေနေသးသည္။
ထိုအလုပ္ကိစၥၿပီးလွ်င္ ေငြေၾကးအက်ိဳးအျမတ္အျပင္ ရွန္ဟိုင္းမွ နားကားႀကီး၏ အစိမ္းဂိုဏ္းႏွင့္ အခ်ိတ္အဆက္ရသြားမည္ျဖစ္သည္။
မစၥတာတီကူးပါး ဝန္ႀကီးရာထူးမွ ျပဳတ္သြားၿပီးကတည္းက ဖိုးတုတ္တြင္ အစိုးရအဖြဲ႕ ထဲ ႀကီးႀကီးမားမား အားကိုးအားထားရာဆရာသမားမရွိခဲ့။
ဦးပု ကမ္းလွမ္းသည္ကို လက္ခံလိုက္လွ်င္ ဦးပု နန္းရင္းဝန္ျဖစ္လာပါက ဖိုးတုတ္အတြက္ အစိုးရအဖြဲ႕ထဲ ေနာက္ခံအင္အား တစ္ခု ျပန္ျဖစ္လာႏိုင္သည္။
ထိုေၾကာင့္ ဖိုးတုတ္ ဆုံးျဖတ္ခ်က္ခ်လိုက္သည္။
“ကြၽန္ေတာ္မ်ိဳး ဝန္ႀကီးမင္းကို ကူညီပါ့မယ္”
ဦးပု က ဖိုးတုတ္အတြက္ ဝီစကီတစ္ခြက္ ထပ္မွာေပးသည္။
ထို႔ေနာက္ ေဘလ္ရွင္းကာ လမ္းမေတ္ာဖိုးတုတ္အား ႏႈတ္ဆက္ၿပီး ထျပန္သြား၏။
ဖိုးတုတ္ တစ္ေယာက္သာ ဘရန္ဒီ ခ်ိဳျမျမၿပီးသည့္ေနာက္ ဝီစကီျပင္းရွရွကို ဇိမ္ခံေသာက္ရင္း ေတြးေတာက်န္ရစ္ေတာ့သည္။
…………………………………………………………………………………………
၁၉၃၈ သည္ ျမန္မာႏိုင္ငံသမိုင္းတြင္ အထူးျခားဆုံး ႏွစ္ျဖစ္ေလသည္။
အဂၤလိပ္အစိုးရကို ျမန္မာတစ္ႏိုင္ငံလုံးမွ အင္တိုက္အားတိုက္ဆန႔္က်င္သည့္ ၁၃၀၀ ျပည့္အေရးေတာ္ပုံႀကီး ေပၚေပါက္ခဲ့သည္။
ေရနံေျမအလုပ္သမားသပိတ္၊ ကုလား-ျမန္မာဒုတိယအဓိက႐ုဏ္း ႏွင့္ တတိယေျမာက္တကၠသိုလ္ေက်ာင္းသား သပိတ္တို႔ ျဖစ္ေပၚခဲ့သည္။
လမ္းမေတာ္ဖိုးတုတ္အတြက္လည္း ၁၉၃၈ သည္ အထူးျခားဆုံး ႏွစ္တစ္ႏွစ္ဟု ဆိုရေပမည္။
ေဖာ္မိုဆာႏွင့္ ဟိုင္နန္ကြၽန္းမွ လာေသာ အစိမ္းဂိုဏ္း၏ ဘိန္းကုန္ကူးရာ သေဘၤာမ်ားသည္ ၿဗိတိသွ်ပိုင္ ရန္ကုန္ဆိပ္ကမ္းတြင္ ဝင္ေရာက္နားခိုရင္း အေရွ႕ေတာင္အာရွ ႏွင့္ ၿဗိတိသွ်ကိုလိုနီ အိႏၵိယနယ္မ်ားဆီသို႔ ဘိန္းေဈးကြက္ကို ခ်ဲ႕ထြင္လာၾကသည္။
အစိမ္းဂိုဏ္းပိုင္ ခြၽန္ယြမ္းကုမၸဏီအမည္ခံ သေဘၤာမ်ားသည္ ေယဘုယ်အားျဖင့္ အုန္းသီးႏွင့္ အျခားတ႐ုတ္ကုန္မ်ားတင္ေဆာင္လာသည္ ဆိုေသာ္လည္း အတြင္းတြင္ ဘိန္း ပုံစံအမ်ိဳးမ်ိဳးဝွက္ကာ သယ္ေဆာင္လာၾကျခင္းပင္။
သေဘၤာငယ္မ်ားျဖစ္သည့္အတြက္ ဆိပ္ကမ္းအခြန္ေကာက္ရာတြင္ အလွည့္က်တာဝန္ယူသည့္ အဖြဲ႕မ်ားက သေဘၤာေပၚတက္စစ္ေဆးေလ့ရွိၾကသည္။
အခြန္အရာရွိမ်ား တစ္ေယာက္ေျပာင္းတိုင္း တစ္ခါ ညႇိရ၊ လာဘ္ထိုးရသျဖင့္ အစိမ္းဂိုဏ္းအတြက္ မ်ားစြာ အေႏွာက္အယွက္ျဖစ္ရသည္။
အထာမနပ္ေသးေသာ အရာရွိေပါက္စမ်ားက ဘိန္းသေဘၤာမွန္းသိၿပီး ဖမ္းဆီးလိုက္လွ်င္လည္း ျပသနာက မေသးလွ။
ထိုအေရးသည္ အစိမ္းဂိုဏ္း၏ ဆိပ္ကမ္းကိုယ္စားလွယ္ျဖစ္ေသာ ဘြန္းရႉးက်င္းအတြက္လည္း ေခါင္းခဲစရာျဖစ္လာသည္။
ထို႔ေၾကာင့္ လမ္းမေတာ္ဖိုးတုတ္ကို အကူအညီေတာင္းခံခဲ့ျခင္းေပ။
လမ္းမေတာ္ဖိုးတုတ္က အစိမ္းဂိုဏ္း၏ ခြၽန္ယြမ္းကုမၸဏီပိုင္သေဘၤာမ်ားကို ရန္ကုန္ဆိပ္ကမ္းတြင္ ပင္တိုင္ အခြန္ေတာ္အရာရွိတစ္ဦး ထားေပးရန္ အခြန္ဝန္ႀကီးထံ ခ်ဥ္းကပ္သည္။
လမ္းမေတာ္ဖိုးတုတ္ စည္း႐ုံးထားသည့္ အခြန္ေတာ္အရာရွိ တစ္ဦးလည္း အသင့္ရွိေနၿပီျဖစ္သည္။
အခြန္ေတာ္ဝန္ႀကီး ဦးပု က လမ္းမေတာ္ဖိုးတုတ္ကို သူ႔အေရးကိစၥတစ္ခု ျဖင့္ အျပန္အလွန္အေပးအယူလုပ္လိုက္ၾက၏။
၁၉၃၈ ဧၿပီလ သၾကၤန္အၿပီးတြင္ ရန္ကုန္ဆိပ္ကမ္းမွ ခ်န္ယြမ္းကုမၸဏီပိုင္သေဘၤာမ်ားအတြက္ သီးသန႔္စစ္ေဆးရမည့္ အခြန္ေတာ္အရာရွိ အျဖစ္ ဦးၾကင္လြမ္ကို ခန႔္အပ္သည့္ စာထြက္လာေတာ့သည္။
လမ္းမေတာ္ဖိုးတုတ္ ႏွင့္ စံဘတို႔ သည္ ဘြန္းရႈးက်င္း၏ ဆိပ္ကမ္း႐ုံးသို႔ ေရာက္ရွိေနသည္။
“စံဘ…အဲ့ဒီဗူးကို..ကားေပၚတင္ၿပီး..အိမ္ျပန္ႏွင့္ကြာ..ငါဒီမွာ ဦးေလးနဲ႔ စကားေျပာလိုက္ဦးမယ္”
စံဘက ေ႐ႊေခ်ာင္းတစ္ဆယ္သားထည့္ထားေသာ ဗူးကို ယူကာ ကားေမာင္းထြက္သြား၏။
“ဦးေလး ခိုင္းတာကို ကြၽန္ေတာ္ ေအာင္ျမင္ေအာင္ လုပ္ၿပီးၿပီ..ဦးေလး..ကြၽန္တာ့္ကို အခု ဦးေလး တစ္ခု ျပန္ကူေပးပါဦး”
“ဘာလုပ္ေပးရမလဲ.ဖိုးတုတ္”
“ကြၽန္ေတာ္ ေျခာက္လုံးျပဴး လိုခ်င္တယ္”
“ဘာ…ဘာလိုခ်င္တာ..ဖိုးတုတ္”
“ေျခာက္လုံးျပဴးေသနတ္ေလ..ဦးေလ အစိမ္းဂိုဏ္းက သေဘၤာေတြနဲ႔ မွာေပးလို႔ရမလား..တန္ရာတန္ေၾကး ကြၽန္ေတာ္ ေပးပါ့မယ္”
ဘြန္းရွႈးမ်ိဳးက ဖိုးတုတ္ကို ေခါင္းတညိတ္ညိတ္ျဖင့္ ၿပဳံးလိုက္သည္။
“ဟုတ္တာေပါ့ကြာ..မင္းအတြက္လိုတာေပါ့..အခုေခတ္က ေျပာင္းေနၿပီကြ….ဓားေတြ၊ တုတ္ေတြ နဲ႔ ေျဖရွင္း ရတာမ်ိဳးက က်န္ရစ္ၿပီ။ မင္းအတြက္ လိုပါတယ္။ ငါ..မွာေပးမယ္..ဒါေပမယ့္ နည္းနည္းေတာ့ ေစာင့္ရမယ္ကြ”
“ရတယ္..ဦးေလး…ေဈးဘယ္ေလာက္က်မလဲသာေျပာ..ကြၽန္ေတာ္အခု ပိုက္ဆံေပးခဲ့ရမလား”
“မလိုပါဘူးကြာ…ပစၥည္းရၿပီးမွသာ ပိုက္ဆံေပး..ဟုတ္ၿပီလား”
…………………………………………………………………………………..
၁၉၃၁ ခုႏွစ္က ေ႐ႊဘိုခ႐ိုင္ ေျမဒူးၿမိဳ႕မွ အစၥလာမ္ဘာသာဝင္ ဦးေ႐ႊဖီ ဆိုသူက “ေမာ္လဝီ ႏွင့္ေယာဂီ” အမည္ရွိ စာအုပ္ကို ပထမအႀကိမ္ထုတ္ေဝခဲ့သည္။
၁၉၃၇ တြင္ ရန္ကုန္ၿမိဳ႕၊ သိမ္ႀကီးေဈးမွ ပဒုမၼာပိတ္မ်ားေရာင္းခ်သူ သူေဌး ပေတးဘိုင္ က ဒုတိယအႀကိမ္အျဖစ္ အုပ္ေရေသာင္းခ်ီ ႐ိုက္ႏွိပ္ျဖန႔္ေဝလိုက္သည္။
ထိုစာအုပ္တြင္ ဗုဒၶဘာသာကို ထိခိုက္ေစေသာ အသုံးအႏႈန္းမ်ားပါဝင္ေနေၾကာင္းကို ဂဠဳန္ဦးေစာပိုင္ သူရိယသတင္းစာႀကီးမွ စတင္ေဖာ္ထုတ္ေရးသားလိုက္သည္။
ေမာ္လဝီႏွင့္ ေယာဂီ စာအုပ္ပါ အခ်က္အလက္မ်ားကို ေဝဖန္သည့္အေၾကာင္းအရာမ်ားကို သူရိယသတင္းစာ၏ ေခါင္းႀကီးပိုင္းႏွင့္ အခန္းဆက္ေဆာင္းပါးမ်ား ေန႔စဥ္ရက္ဆက္ေဖာ္ျပေနရာ ဗုဒၶဘာသာဝင္အမ်ားစုမွာ ထိုကိစၥကို အထူးစိတ္ဝင္စားလာၾကသည္။
ရဟန္းေတာ္မ်ားႏွင့္ဗုဒၶဘာသာဝင္မ်ားက မခံမရပ္ႏိုင္ျဖစ္လာၾကသည္။
၁၉၃၈ ခုႏွစ္ ဇူလိုင္ ၂၆ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ ေ႐ႊတိဂုံကုန္းေတာ္ေပၚတြင္ ျမန္မာႏိုင္ငံလုံးဆိုင္ရာရဟန္းပ်ိဳမ်ားအဖြဲ႕ခ်ဳပ္မွ ဦးစီးၿပီး လူထုအစည္းအေဝး က်င္းပသည္။
ထိုအစည္းအေဝးမွ ေမာ္လဝီႏွင့္ ေယာဂီစာအုပ္ကို ေရးသားသူ ဦးေ႐ႊဖီ ႏွင့္ စာအုပ္ထုတ္ေဝသူ ပေတးတို႔အား ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ဆုံးျဖတ္ၾကသည္။
ထို႔ေနာက္ ရန္ကုန္ၿမိဳ႕ထဲ စီတန္းလွည့္လွည္ကာ ေႂကြးေက်ာ္သံမ်ား ေႂကြးေက်ာ္ၾက၏။
သိမ္ႀကီးေဈးအနီးအေရာက္တြင္ ေဂၚရာကုလားပုလိပ္မ်ားက ရဟန္းေတာ္မ်ားႏွင့္ လူစုလူေဝးကို ၿဖိဳခြဲရာမွ အဓိက႐ုဏ္းျဖစ္ပြားၿပီး ကုလားပုလိပ္မ်ား ဝိုင္း႐ိုက္ခံၾကရသည္။
ထိုမွစတင္ကာ ကုလား ဗမာ ဒုတိယအဓိက႐ုဏ္းႀကီးမ်ား ရန္ကုန္တစ္ၿမိဳ႕လုံး ပ်ံ႕ႏွံ႔သြားေတာ့သည္။
အဓိက႐ုဏ္းမစတင္မီကာလ ကတည္းက လမ္းေတာ္ဖိုးတုတ္ဆီသို႔ ဦးပု မွ ဗမာဝန္ႀကီးႏွင့္ အမတ္တို႔၏ အမည္ႏွင့္ အိမ္လိပ္စာမ်ား ေပးပို႔လိုက္သည္။
အဓိက႐ုဏ္းစတင္ၿပီး သုံးရက္ေျမာက္ေန႔တြင္ လမ္းမေတာ္ဖိုးတုတ္ က ဂႏၶမာေသာင္းရီ ေခါင္းေဆာင္ေသာ ရန္ကုန္တစ္ၿမိဳ႕လုံးမွ သူ႔လက္ေအာက္ခံ လူမိုက္မ်ားကို စု႐ုံးထားလိုက္ေတာ့သည္။
“ဂႏၶမာနဲ႔စံဘ အဖြဲ႕ေတြက ဂ်ဴဒါအီစကယ္လမ္း(သိမ္ျဖဴလမ္း) က ကုလားအမတ္ ဟာဂ်ီအဗၺဒူလာ ကို သြားကာေပးၾက၊ လမ္းမေတာ္ဖိုးတုတ္အဖြဲ႕လို႔ ေျပာ။ ေအာင္ဘ နဲ႔ ပု႑ားေက်ာ္ထြန္း က ႏွစ္ဖြဲ႕ေပါင္းၿပီး ဂ်ိဳးဆက္လမ္း( ျမန္မာ့ဂုဏ္ေရာင္လမ္း) က ဝန္ႀကီး အိုဘီအီးဦးျမစိန္ အိမ္ကို သြားကာကြယ္ေပးၾက၊ တညလုံး ေနေပးရမွာေနာ္။ မနက္ျဖန္ညေနက်ရင္ အဲ့ဒီအိမ္ေတြကို ငါလာခဲ့မယ္လို႔ဝန္ႀကီးေတြကို ေျပာလိုက္၊ အုန္းေဖ နဲ႔ ထြန္းတင္ က လမ္းမေတာ္ထဲ ငါတို႔အကာအကြယ္ေအာက္က ဆိုင္ေတြ ၊ ပြဲ႐ုံေတြ မထိေအာင္ လုံၿခဳံေရးယူၾက”
အဓိက႐ုဏ္းကား မီးဟုန္းဟုန္းေတာက္ေနခဲ့ၿပီ။
မႏၲေလး ၊ စစ္ကိုင္း၊ ေ႐ႊဘို၊ ေရနံေခ်ာင္း ႏွင့္အျခားၿမိဳ႕ႀကီးမ်ားသို႔ ပင္ ကူးစက္သြားေတာ့၏။
ရန္ကုန္၏ အဓိက႐ုဏ္းမ်ားၾကားတြင္ လမ္းမေတာ္ဖိုးတုတ္ကား ငွက္ႀကီးေတာင္ဓါးကို လြယ္ကာ ကားကို ကိုယ္တိုင္ေမာင္းလ်က္။
ခက္ေဇာ္
Done
ReplyDelete🏄d🏄o🏄n🏄e
ReplyDeleteClicked✅
ReplyDeleteDone 🍀
ReplyDelete💙
ReplyDeleteDone
ReplyDeleteDone
ReplyDelete👍👍
ReplyDeleteDone📖
ReplyDelete