TGOR 1930 (အခန်း ၁၈)
The Guys of Yangon,1930 (Part 17)
အခန်း(၁၈)
……………………
ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်ခဲ့သော ဒုတိယ ကုလားဗမာ အဓိကရုဏ်းကြီးသည် နှစ်လကျော်ကြာမြင့်ကာ စက်တင်ဘာလ အလယ်တွင် မှ ငြိမ်းအေးသွားရသည်။
အဓိကရုဏ်းကြောင့် လူပေါင်း ၁၀၈၄ ဦးသေဆုံးခဲ့ရပြီး ပုလိပ်တို့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ၁၇၁ ယောက်ရှိသည်။
အဓိကရုဏ်းဖြစ်ပွားနေဆဲ ၁၉၃၈ သြဂုတ်လ၊ အောက်လွှတ်တော်အစည်းအဝေးတွင် မျိုးချစ်ပါတီခေါင်းဆောင် ဦးစော က ဒေါက်တာဘမော် ဦးဆောင်သော ညွန့်ပေါင်းအစိုးရသည် အုပ်ချုပ်ရေးတွင်ကျွမ်းကျင်မှုမရှိသဖြင့် အဓိကရုဏ်းဖြစ်ရသည် ဟု ခေါင်းစဉ်တပ်ကာ အယုံအကြည်မရှိကြောင်း အဆိုတင်သွင်း၏။
ဦးစောတင်သွင်းသော အယုံအကြည်မရှိအဆိုကို မဲခွဲသောအခါ ညွန့်ပေါင်းအစိုးရဘက်မှ ၆၆ မဲ၊ အဆိုဘက်မှ ၆၁ မဲဖြင့် ၅ မဲ ကပ်ကာ ရှုံးလေတော့သည်။
ကုလားအမတ် ဟာဂျီအဗ္ဗဒူလာ နှင့် ဗမာဝန်ကြီး အိုဘီအီးဦးမြစိန် တို့ထံမှ လမ်းမတော်ဖိုးတုတ် ကောင်းမှု ဖြင့် မဲရရှိခဲ့သော်လည်း အခြား ကုလားအမတ် ၅ ဦးက မူ ဒေါက်တာဘမော်ဘက်က ရပ်တည်ပေးခဲ့သည်။
ဦးစော ရွှေ့ထားသောအကွက်ကို ကြိုမြင်ခဲ့သည့် ဒေါက်တာဘမော် သည် အဓိကရုဏ်းစတင်ဖြစ် ပွားအောင် သွေးထိုးပေးသည်မှာ ဂဠုန်ဦးစော၏ သူရိယသတင်းစာဖြစ်ကြောင်း ထောက်ပြကာ ကုလားအမတ် များအား သူ့ဘက်မဲပေးစေရန် ဆွဲဆောင်သွားနိုင်ခဲ့သည်။
ဦးပု မှာ နိုင်ငံရေးအရ အရမ်းအထိမနာပဲ သြဇာဆက်လက်တည်နေသော်လည်း ဦးစောမှာမူ အဓိကရုဏ်းဖြစ် အောင် သွေးထိုးသည့် တရားခံအဖြစ် အစိုးရအဖွဲ့အတွင်း နာမည်ပျက်သွားလေသည်။
ဦးပု နှင့် ဦးစော တို့မှာ နိုင်ငံရေးအရ ကွဲပြဲသွားပြီးနောက် ဂဠုန်ဦးစော၏ ဝါးရင်းတုတ်များရန်ကို ကြောက်သည့် ဦးပုမှာ လမ်းမတော်ဖိုးတုတ် ၏ အကူအညီကို ရယူရတော့သည်။
လမ်းမတော်ဖိုးတုတ်၏ တပည့်များက ဝန်ကြီးဦးပု ကို နောက်ကွယ်မှ မသိမသာလိုက်ပါစောင့်ရှောက် ကြရသည်။
ကုလား - ဗမာ အဓိကရုဏ်းပြီးသည့်နောက် ၁၉၃၈ ဒီဇင်ဘာလ ၁၃ ရက်။
ရေနံမြေ အလုပ်သမားသပိတ်နှင့် ပူးပေါင်းသွားသော ကျောင်းသားခေါင်းဆောင် သခင်ဗဟိန်းနှင့် ကိုဗဆွေ တို့အား ဖမ်းဆီးအကျဉ်းချထားခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကန့်ကွက်အစည်းအဝေးပွဲကျင်းပသည်။
ဒီဇင်ဘာလ ၂၀ ရက်တွင် ကျောင်းသားကျောင်းသူ ၇၀၀၀ ကျော်တို့သည် အတွင်းဝန်ရုံးကို ဝိုင်းဝန်းဆန္ဒပြကြလေသည်။
ထိုဆန္ဒပြပွဲကို ရန်ကုန်ပုလိပ်မင်းကြီး မစ္စတာရေးနိုး က မြင်းစီးပုလိပ်များဖြင့် ရိုက်နှက်ဖြိုခွဲစေရာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှှုဆောင် ကိုအောင်ကျော် ကျဆုံးသွားလေသည်။
ထိုအချိန်တွင် လမ်းမတော်ဖိုးတုတ်နှင့် ဂန္ဓမာသောင်းရီတို့ သည် သိမ်ကုန်းကျောင်းတိုက် သို့ ရောက်ရှိနေလေသည်။
“ကိုရင်ကြီး..လိုအပ်တာ ရှိရင် ပြောပါဘုရား..တပည့်တော်တပည့်တွေကိုလည်း တပတ်တခါ လွှတ်ပြီး မေးခိုင်းပေးပါ့မယ်”
“ရပါတယ်..ဒကာဖိုးတုတ်..ကိုရင်ကြီး က မကြာခင် ရဟန်းဘောင်ကို ဆက်တက်မှာပါ။ ဆရာတော်ကြီး ကျေးဇူးနဲ့ ဆွမ်းကွမ်းလည်း ပြည့်စုံပါတယ်”
“ဒီလိုဖြင့် လူမထွက်တော့ဘူးပေါ့..ဘုရား”
“ကိုရင်ကြီး လူဝတ်လဲတာနဲ့ အဲ့ဒီလောကထဲ တဝဲလည်လည်နဲ့ ပြန်ရောက်သွားမှာ သေချာတယ်..ဒကာကြီး။ ကိုရင်ကြီး လူ့ဘဝမှာ သေဒဏ်ထက်တဆင့်ပဲနိမ့်တယ်.တကျွန်းဆိုတာကြီးကိုလည်း နေခဲ့ပြီးပြီ..လူတွေကို ကိုယ်တိုင်သတ်ခဲ့သလို..သေမလိုလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ပြီးပြီ..ဒီလောက်ဆို တော်လောက်ပြီထင်တယ်.ဒကာ”
“ကောင်းပါပြီ..ကိုရင်ကြီး..သာဓုပါ..ဘုရား..တပည့်တော်တို့ကို ပြန်ခွင့်ပြုပါဦး”
“ဒကာကြီး ဖိုးတုတ်လည်း အရာရာကို သတိနဲ့ လုပ်ဦးနော်။ ပြီးတော့ ကိုရင်ကြီးရဲ့ ညီလေး ဘိုးထင် ကိုလည်း စောင့်ရှောက်ပေးပါ”
လမ်းမတော်ဖိုးတုတ်နှင့် ဂန္ဓမာသောင်းရီတို့သည် သိမ်ကုန်းကျောင်းထဲမှ ထွက်လာကြသည်။
ဂန္ဓမာသောင်းရီက စီးကရက်ကို လက်တွင် အကြာကြီးကိုင်ထားရင်း စကားတစ်ခွန်းမှ မပြောပဲ လိုက်လာသည်ကို ဖိုးတုတ် သတိထားမိလိုက်သည်။
“ဂန္ဓမာ..ငြိမ်လှချည်လားကွ..ဘာလဲ..ငမိုးကြီး ကို သင်္ကန်းတွေဘာတွေနဲ့မြင်ပြီး မင်းပါ တရားရနေတာလား”
“မဟုတ်ပါဘူးကွာ…..ငါ့..မင်းကို တိုင်ပင်စရာရှိတယ်..ဖိုးတုတ်”
“ဘာလဲ…ဂန္ဓမာ..မိန်းမယူတော့မလို့လား”
“အေး..မင်းက သိနေတာလား…ငါ မသောင်းကို လက်ထပ်ရင် ကောင်းမလားလို့”
“ဂန္ဓမာ..မသောင်းက ဖာသည်နော်..ဟေ့ကောင်”
ဂန္ဓမာက သက်ပြင်းချလိုက်သည်။
“ငါ..သိပါတယ်ကွာ..ဒါပေမယ့်….”
ဂန္ဓမာက ဒါပေမယ့် မှ ရှေ့ဆက်မတက်တော့ဘဲ.စီးကရက်ကို မီးညှိ့ကာ ဖွာလိုက်သည်။
“မင်းအတွက် မိန်းမ ငါရှာပေးရမလား..ဂန္ဓမာ”
“ဟာ..နေစမ်းပါကွာ..”
“ဟ..မင်းကလည်း.မိန်းမရပြီးလည်း ဘာဖြစ်လဲ…မသောင်းကိုလည်း ငါအခု ချိုက်ဟုန်ကို သဘောထားသလို ထားလို့ ရတာပဲကွ”
“တော်ကွာ..ဖိုးတုတ်..တော်..ငါမသောင်းကို အဲ့လိုတော့ သဘောမထားချင်ဘူး”
“ဂန္ဓမာ..မင်း မိန်းမတွေနဲ့ ပတ်သက်လာရင်..ဘာမှ မသိသေးပါဘူးကွာ…”
“အေး..ဟုတ်တယ်..ငါမိန်းမတွေအကြောင်းမသိဘူး..ငါသိတာ မသောင်း အကြောင်းပဲကွ”
“အေး..ငါလည်း အဲ့ဒီ မသောင်းအကြောင်းပဲ ပြောချင်တာ.. ဟိုတယ်လာရင် အကောင်တကာ ပေါင်ပေါ် တက်နေတဲ့ဟာမတွေကို မင်းက တကယ်ခံစားနေတာလား..ဒီမယ်ဟေ့ကောင်..တခါတလေပဲကောင်းတယ်ကွ.. ရေရှည်ဆို ဆစ်ဖလစ်ကူးမယ့်ဟာတွေကွ..မင်းပါ ဖာကျိုးသွားမယ်.အဲ့ဒါ.မင်းသိလား”
“ဖိုးတုတ်..မင်းအခုချက်ချင်း ကားရပ်လိုက်တော့..ငါဒီမှာဆင်းမယ်..မင်းနဲ့ ငါ စကားမများချင်ဘူး”
ဖိုးတုတ် က ကားကို ရပ်ပေးလိုက်သည်။
ဂန္ဓမာသောင်းရီက ကားတံခါးကို စောင့်ပိတ်ကာ ဆင်းသွား၏။
……………………………………………………………………………………….
“ဆရာကြီးဦးဖိုးတုတ်..ဆရာကြီးဦးဖိုးတုတ်”
ချိုင်းနားစတန်းဟိုတယ် အပေါ်ထပ်တွင် လမ်းမတော်ဖိုးတုတ်နှင့် ဦးဟုတ်ဂွမ်တို့ အရက်သောက်ရင်း စကားပြောနေကြစဉ် အော်ဟစ်ခေါ်လိုက်သောအသံကြောင့် စကားဝိုင်းရပ်တန့်သွားသည်။
လူငယ်တစ်ယောက်က ဖိုးတုတ်နာမည်ကို အော်ခေါ်နေသဖြင့် အုန်းဖေက ဟန့်တားလိုက်သည်။
“ဟေ့ကောင်..မင်းဘယ်သူလဲ”
“ကျွန်တော်..ဆရာအောင်ဘ တပည့် ပါ။ ခွေးဆိုးလို့ ခေါ်ပါတယ်။ ဆရာအောင်ဘ က ဆရာကြီးဦးဖိုးတုတ် ကို ပြောခိုင်းလိုက်လို့”
“အောင်ဘ..လွှတ်လိုက်တာတဲ့..ဆရာ..”
“အေး.ပြော.ကောင်လေး..ဘာဖြစ်လို့လဲ”
“ဆရာ ဂန္ဓမာသောင်းရီ.. ဓါးနဲ့ ခုတ်ခံရလို့”
“ဟေ..ဘယ်မှာလဲ..ဘယ်မှာလဲ”
“ကနေဒီလမ်းထဲက အရက်ဆိုင်မှာခုတ်ခံရတာ…အခုတော့ ဆေးရုံပို့လိုက်ပြီ….ခုတ်တဲ့ကောင်တွေနောက်ကို ဆရာအောင်ဘ လိုက်သွားတယ်”
“ငါမေးတာ..ဂန္ဓမာဘာဖြစ်သွားလဲလို့..သေလား..ရှင်လား”
“အဲ့ဒါတော့ မသိဘူး…အခု ပုလိပ်က သယ်ပြီး ရန်ကုန်ဆေးရုံကို ပို့ထားတယ်..”
“ဆရာဦးဟုတ်ဂွမ်ပါ..လိုက်ခဲ့ဗျာ…ဟေ့ အုန်းဖေ အိမ်ကို သွား စံဘကို ခေါ်ကွာ..တို့လူတွေ စုပြီး တာမွေထဲဝင် အောင်ဘတို့နောက်လိုက်”
ဖိုးတုတ် ၏ ကားပေါ်သို့ ဖိုးတုတ်နှင့်ဦးဟုတ်ဂွမ် တို့ တက်လိုက်ကြသည်။
“ဖိုးတုတ်..လမ်းမတော်ဂါတ်ကို အရင်မောင်းကွာ…ငါ ဘိုးလိန်းလမ်းဂတ်ကို ဖုန်းဆက်ပြီး မေးကြည့်မယ်..ဂန္ဓမာ ဖြစ်တာ သူတို့ အပိုင်ထဲပဲ”
“အဲ့ဒါဆို ဆရာ့ကို ချထားခဲ့ပြီး..ကျွန်တော် ဆေးရုံအမြန်လိုက်သွားမှဖြစ်မယ်. .ဟိုကောင်..တစ်ခုခုဖြစ်နေမှာစိုးလို့”
“စိတ်အေးအေးထားပါ..ဖိုးတုတ်ရာ..မင်းကောင်က အကြောတင်းပါ..အသက်ပြင်းပါတယ်”
လမ်းမတော်ဂတ်ရှေ့တွင် ကားရပ်ပေးပြီးနောက် ဖိုးတုတ်က ရန်ကုန်ဆေးရုံကြီးသို့ မောင်းထွက်လိုက်သည်။
ရန်ကုန်ဆေးရုံကြီး။
အရေးပေါ်ခန်းရှေ့တွင် ပုလိပ်သားနှစ်ယောက်ကို တွေ့သဖြင့် ဖိုးတုတ်က မေးကြည့်လိုက်သည်။
ပုလိပ်သားများက လမ်းမတော်ဖိုးတုတ်ကို သိသဖြင့် တလေးတစားဆက်ဆံကြသည်။
“ဒဏ်ရာတေ်ာတော်ပြင်းသလား..ညီလေးတို့”
“ဆိုင်ရှင်ပြောတာတော့..နောက်ကနေ ဝင်လာပြီး ခေါင်းကို တည်ခုတ်တယ်ပြောတယ်။ ဒါပေမယ့် ကိုဂန္ဓမာကြီးက သတိရှိလို့တော်သေးတယ်။ နောက်လှည့်ပြီး လက်နဲ့ကာလိုက်တော့ လက်ဖျံထဲတော့ တော်တော်နစ်သွားတယ်။ နောက် ပုခုံးကို တစ်ချက်ထိထားတယ်။ ခုတ်တဲ့ ကောင်တွေက သုံးယောက်ပေမယ့် ကိုဂန္ဓမာက တစ်ယောက်ကို အသေလုံးထားလို့ ကျန်တဲ့ကောင်တွေ ထွက်ပြေးသွားတာတဲ့”
“ဘယ်လို စဖြစ်ကြတာတဲ့လဲ…ခုတ်တဲ့ကောင်တွေကို သိလား”
“အရက်ဆိုင်မှာ ဝိုင်းဘေးချင်းကပ်ချင်း စကားများကြတာပဲ။ ကိုဂန္ဓမာက တော်တော်မူးနေတာ။ ခုတ်သွားတဲ့လူတွေကို တော့ အခု ကျွန်တေ်ာတို့ ဌာနက ဆားပုလင်းတွေလိုက်နေပါတယ်..”
ဂန္ဓမာသောင်းရီ ၏ ဒဏ်ရာများကို ချုပ်ထားရာမှ ပြန်ထုတ်လာပြီးနောက် ကုတင်ပေါ်တွင် လှဲထားသည်။
ဂန္ဓမာသောင်းရီကား အမူးမပြေသေး။
ဘယ်ဘက်လက်ဖျံနှင့် ညာပခုံးတွင် အစိမ်းချုပ်ထားသည့် ဒဏ်ရာများကြောင့် ကုတင်ပေါ်တွင် လှဲမရပဲ နံရံကို မှီထားရ၏။
ဖိုးတုတ်က ကုတင်ဘေးတွင် ရပ်လိုက်သည်။
“ဟေ့ကောင်..ဂန္ဓမာ..မင်းကို ဘယ်ကောင်လုပ်တာလဲ”
ဂန္ဓမာက ခေါင်ခါလိုက်ရင်း
“ငါ စီးကရက် သောက်ချင်တယ်.ဖိုးတုတ်”
“ဆေးရုံမှာလေကွာ..”
“ဆေးရုံလည်း သောက်ချင်တယ်ကွာ..တဖွာလောက်ပဲ”
ဖိုးတုတ်က အိတ်ထဲမှ စီးကရက်ဘူးကို ထုတ်ပြီး ဂန္ဓမာထံ ပေးလိုက်သည်။
“ခွေးသူတောင်းစားရေ…ငါ့ ဘယ်လက်ရော၊ ညာပုခုံးပါ ဓါးနဲ့ ခုတ်ခံထားရတာဟ..လှုပ်မရဘူး.. မင်း မီးညှိ့ပြီး ငါ့နှှုတ်ခမ်းကို တေ့ပေး”
“ငါလီးလိုပဲ...ဒီလောက်ဖြစ်နေတာတောင် သောက်လုပ်အတော်ရှုပ်တဲ့ကောင်”
ဖိုးတုတ်က စီးကရက်ကို မီးညှိ့လိုက်ပြီး ဂန္ဓမာ ၏ နှုတ်ခမ်းဝတွင် တေ့ပေးလိုက်သည်။
ဂန္ဓမာက စီးကရက်ကို ဖွားရှိုက်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။
ဖိုးတုတ်က စီးကရက်ကို ပြန်ယူပြီး ပြတင်းပေါက်မှ တောက်ထုတ်ပစ်လိုက်၏။
“တဖွာပဲဆို..ရပြီ..ဟေ့ကောင်…ပြောစမ်းပါဦး..ဘယ်လိုဖြစ်ကြတာလဲ”
“ငါ မင်းကားပေါ်က ဆင်းပြီး..ညစ်ညစ်နဲ့ လမ်းလျှောက်ရင်း အဲ့ဒီဆိုင်မှာ ဝင်မော့တာကွာ.အမြည်း.အမဲအူဟင်းရည် လေးက သိပ်ကောင်းပဲ..မနူးလွန်း မမာလွန်းလေးကို မဆလာနံ့လေးနဲ့”
“ဒီမအေလိုးနဲ့တော့..မင်း အမဲအူဟင်းရည် ခဏထား..မင်းကို ဘယ်ကောင်ဓါးနဲ့ ခုတ်ခံရတာလဲ မေးတာ”
“အေးလေ..အဲ့ဒါ ငါလည်းကွာ သောက်ကောင်းကောင်းနဲ့သောက်နေတာ ရမ်ပိုင့်ပုလင်းကြီး တစ်လုံး ကုန်တော့အတော်လေးမူးသွားတယ်ဟ..အမဲအူ ဟင်းရည် ထပ်တောင်းတော့..ဟိုဘက်ဝိုင်းက ချာတိတ်တွေကွာ..ငါ့ကို အလကားရတာပဲ တောင်းနေတယ်ဆိုပြီး လောင်တယ်ကွ”
“ဂန္ဓမာရယ်..မင်းဟာကလဲ”
“အေး..အဲ့ဒါနဲ့ ငါလည်း…ငါ့လောင်တဲ့ကောင်ကို ချိန်းကြိုးကို လက်မှာပတ်ပြီး ..ချုပ်ထိုးနေမိတာ..ဘယ်နှစ်ချက်မှန်းတောင် မသိဘူး။ ငါ့ကို နောက်ကနေ တစ်ယောက် ဓါးနဲ့ ဝင်ခုတ်မှ သိတော့တယ်။ ငါလည်း ဒီကောင့်ကို ဝင်လုံးတာမြန်လို့ မသေတာ။ ဒါပေမယ့် ခံလိုက်ရတယ်ကွာ”
“မင်း..တစ်ခါမှ ဒီလောက် သတိလက်လွတ် မမူးဖူးဘူး…ဂန္ဓမာ..ဒီနေ့ ဘယ်လိုဖြစ်တာလဲ..ဘာလဲ..မသောင်းကိစ္စ ငါပြောတာကို စိတ်ဆိုးသွားတာလား”
“အဲ့ဒါ..ထားလိုက်ပါကွာ..ငါ ခံလိုက်ရတာပဲ.စိတ်ထဲ တနုံ့နုံ့နဲ့”
“အဲ့ကောင်လေးတွေကို အောင်ဘတို့၊ အုန်းဖေတို့ အခု လိုက်နေတယ်၊ ထားလိုက်။ ကဲ..မင်း မသောင်းနဲ့ မင်္ဂလာဆောင်ချင်တာလား..ပြော”
“တော်စမ်းပါကွာ”
“တကယ်ပြောတာ…ဂန္ဓမာ..မင်း က ငါ့သူငယ်ချင်းပါကွာ..မင်း မသောင်းကြောင့် ဒီလောက် အရက်ကို လူမှန်း မသိအောင် သောက်တာ..ငါသိတယ်.. ငါလည်း မင်း အဲ့ဒီလောက်ချစ်မှန်းမသိလို့..ပြောမိတာပါကွာ”
ထိုစဉ် ဆေးရုံအခန်းထဲသို့ အိတ်စပက်တော်ဦးဟုတ်ဂွမ် ဝင်လာသည်။
“ကဲ..ဖိုးတုတ်..မင့် ငါမပြောဘူးလား..ဒီကောင်ကြီးက သောက်ကျောတင်းပါလို့.ဟေ့..ဂန္ဓမာကြီး မသေဘူး မဟုတ်လား”
ဂန္ဓမာက ဦးဟုတ်ဂွမ်ကို ပြုံးပြလိုက်သည်။
“မင်းကောင်ကို လုပ်သွားတဲ့ ချာတိတ်ကို မိပြီကွ။ ပုသိမ်ညွန့်ထဲက နာမည်နည်းနည်းထွက်လာတဲ့ အကောင်ကလေးပဲ။ ဘဖိုး တဲ့”
ဖိုးတုတ်က တောက် ခေါက်လိုက်သည်။
“ဆရာတို့ ပုလိပ်တွေကလည်း ဒါမျိုးကျ ဖမ်းတာမြန်လိုက်တာ။ ခွေးသားလေး.ကံကောင်းသွားတယ်။ အောင်ဘတို့ အုန်းဖေတို့ လက်ထဲ သာ မိလို့ကတော့…ဟိုကောင်တွေက သတ်ပြီး ချက်စားကြမှာ..ဂန္ဓမာ့ကို ထိတာ ကျွန်တော့်ကို ထိတာပဲဗျ”
“အောင်မယ်လေး..ဖိုးတုတ်ရာ..မင်းတို့ အကြောင်းငါမသိတာမှတ်လို့..ဒီကောင် အမှုဖြစ်နေတုန်း…မင်းတို့ ကျောက်ခဲကြီးကြီးရှာထားတော့မှာ ငါသိတယ်..ရန်ကုန်မြစ်ထဲ အလောင်းနဲ့ တွဲပစ်ချမလို့လေ..ဟုတ်တယ် မဟုတ်လား..ဟေ့ကောင်”
“ဆရာသိလည်း ပြီးတာပါပဲဗျာ”
…………………………………………………………..
နောက်တစ်နေ့နံနက်တွင် မသင်မြ ထည့်ပေးခဲ့သည့် ထမင်းချိုင့်အား ဆေးရုံမှ ဂန္ဓမာသောင်းရီ ထံသို့ သွားပို့ရန် စံဘ နှင့် ဖိုးတုတ်တို့ ကားပေါ်တက်လိုက်စဉ် အိတ်စပက်တော်ဦးဟုတ်ဂွမ်၏ မော်တော်ကား ရောက်လာ၏။
“ဆရာဦးဟုတ်ဂွမ်..ဘာထူးလို့လဲဗျိုး”
“ထူးတာတော့.အတော်ထူးတယ်ဟေ့..ဖိုးတုတ်ရေ”
ဖိုးတုတ်က ကားပေါ်မှ ပြန်ဆင်းလိုက်သည်။
“ဘာများလဲဗျ”
“ဂန္ဓမာကို ညက ဓါးနဲ့ခုတ်တဲ့ကောင်လေးကို ညတွင်းချင်း လွှတ်ပေးလိုက်ရတယ်”
“ဟင်..ဘယ်လိုဖြစ်တာလဲ”
“နန်းရင်းဝန် ဒေါက်တာဘမော်ကိုယ်တိုင် ပုလိပ်မင်းကြီးကို ဖုန်းဆက်လို့တဲ့ကွ…ခုတ်ခံရတဲ့ လူက နာမည်ကျော်လူမိုက်မို့ ကောင်လေးက ကိုယ့်ကိုကိုယ် ခုခံကာကွယ်တာမို့..အမှုကို မတည်ဆောက်ပဲ ဖြစ်တဲ့နည်းနဲ့ ပိတ်ပေးဖို့ ဖိအားပေးတယ်တဲ့”
“ဟာ..အဲ့ဒီလို လုပ်လို့ရလား”
“ဟိတ်ကောင်..ဖိုးတုတ်..အဲ့ဒါ ငါ့ကို မမေးနဲ့ကွာ..မင်းဟာမင်း ပြန်ပေး..လုပ်လို့ရလား..မရလားဆိုတာ”
ဖိုးတုတ် က ခေါင်းတညိမ့်ညိမ့်ဖြင့် စဉ်းစားနေသည်။
“ဒီကောင်လေးက ဒေါက်တာဘမော်ရဲ့ လက်ရုံး၊ ဗန္ဓုလဦးစိန်ရဲ့ တူတဲ့ကွ”
“အင်း…ဒီကောင်တော့ ပုလိပ်လက်မှာ မနေတာ ကံဆိုးတာပဲ..ဆရာဦးဟုတ်ဂွမ်ရေ”
…………………………………………………………………………………………………..
၁၉၃၉ ခု ၊ ဖေဖော်ဝါရီလ (၁၅)ရက်။
ည ၈ နာရီ၊ ရန်ကုန်မြို့၊ ဘားလမ်း၊ Silver Grill ဟိုတယ်။
သီးသန့်ခန်းတစ်ခုထဲတွင် ညွန့်ပေါင်းအစိုးရ အခွန်တော်ဝန်ကြီး ဦးပု နှင့် လမ်းမတော်ဖိုးတုတ် တို့ ထိုင်နေကြသည်။
“ဒီနေ့ပဲ အထက်လွှတ်တေ်ာမှာ ဒေါက်တာဘမော် ကို အယုံအကြည်မရှိကြောင်း အဆို တင်သွင်းလိုက်ပြီ..မောင်ဖိုးတုတ်၊ မနက်ဖြန်မှာ မဲခွဲဆုံးဖြတ်ကြလိမ့်မယ်၊ အဲ့ဒီည ဦးတို့ဘက်က အနိုင်ရလိမ့်မယ်၊ ဒီတစ်ခါတော့..ကျောင်းသားအရေးအခင်းမှာ ဒေါက်တာဘမော်လူ ပြည်ထဲရေးဝန်ကြီး ဆာပေါ်ထွန်းလုပ်ပုံကိုင်ပုံမဟန်တော့ သေချာပေါက် ဒေါက်တာဘမော်ပြုတ်ကျမှာပဲ။ ဦးစောက လည်း နန်းရင်းဝန်းနေရာကို မှန်းနေတယ်။ ဒါပေမယ့် နောက်တက်လာမယ့် အစိုးရက ဦးကို ပဲ သေချာပေါက်တင်မှာ၊ ဦးကလည်း သူ့ကို ဝန်ကြီးတစ်နေရာတော့ နှစ်သိမ့်ပေးထားလိုက်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် သူ့အန္တရာယ်ကိုလည်း လျှော့တွက်မရတာမို့..မောင်ဖိုးတုတ် နဲ့ ဦး ဆက်လက်လက်တွဲချင်တယ်”
“ဝန်ကြီးမင်းကို ကျွန်တော်မျိုးက ကိုယ့် ဦးလေးလို၊ ဘကြီးလို သဘောထားပါတယ်ခင်ဗျာ။ ဝန်ကြီးမင်း အတွက် ပဲရှိနေမှာပါ”
“ဝန်ကြီးမင်းတွေ ဘာတွေ လုပ်မနေပါနဲ့..ငါတူရာ..တို့ တူဝရီးတွေဖြစ်ပြီသာမှတ်..ဦးစော ဝါးရင်းတုတ်တွေ ရန် က နေ ကာကွယ်နိုင်တာ ငါ့တူပဲရှိတယ်၊ ငါ့တူ ရှိနေလို့သာ ဦးကို ဒင်း ဘာမှ မလုပ်ရဲတာ”
ဦးပု က တူဝရီး ဟု ပြောလိုက်သည်နှင့် လမ်းမတော်ဖိုးတုတ် စိတ်ထဲတွင် ဗန္ဓုလဦးစိန်၏ တူ ဘဘိုး အကြောင်းက ခေါင်းထဲ ရောက်လာတော့သည်။
“စိတ်ချပါ..ဦး..ကျွန်တော့်လူတွေက ဦးကို အသက်ပေးပြီး ကာကွယ်မှာပါ”
……………………………………………………………………………..
နောက်တစ်နေ့ အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ အဆိုဘက်မှ မဲ ၇၀၊ ဒေါက်တာဘမော်ဘက်မှ ၃၇ မဲဖြင့် ဒေါက်တာဘမော်အစိုးရ ပြုတ်ကျသွားခဲ့လေသည်။
နောက်တစ်နေ့တွင် ဦးပု ခေါင်းဆောင်သော ညွန့်ပေါင်းအစိုးရ တက်လာလေသည်။ ဦးပုမှာ နန်းရင်းဝန်ဖြစ်လာပြီး ဂဠုန်ဦးစောမှာ သစ်တောရေးရာဝန်ကြီးဖြစ်လာလေသည်။
ထိုနေ့တွင်ပင် ဂန္ဓမာသောင်းရီ ဆေးရုံမှ ဆင်းရလေသည်။
လမ်းမတော်ဖိုးတုတ် က သေရွာပြန် ဂန္ဓမာသောင်းရီကို ကြိုဆိုရင်း သူ၏ ကောက်ရလိုက်သော ဦးလေး နန်းရင်းဝန် အသစ်စက်စက်အတွက် ဂုဏ်ပြုပွဲကို ချိုင်းနားစတန်းဟိုတယ်တွင် ကျင်းပလေတော့သည်။
မသောင်း ကား ဂန္ဓမာသောင်းရီ ဆေးရုံတက်ရစဉ်ကတည်းက ဟိုတယ်သို့ မသွားတော့ပဲ အနီးကပ် ပြုစုပေးနေ၏။
“ဒီနေ့ညတော့..ကိုဂန္ဓမာကြီးကို ကြိုဆိုရင်း…အစိုးရအသစ်ကို ကြိုဆိုရင်း…ဂန္ဓမာကြီးနဲ့ မသောင်းရဲ့ ကျင်းပမယ့် မင်္ဂလာပွဲကို ပါ ထပ်ကြိုဆိုလိုက်ကြပါဗျား”
စံဘ က အရက်ခွက်ကို မြှောက်ရင်း အော်လိုက်သည်။
လမ်းမတော်ဖိုးတုတ်၊ ဂန္ဓမာသောင်းရီ၊ အုန်းဖေ၊ ထွန်းတင်၊ ဓါးဘိုးထင်၊ ပုဏ္ဍားကျော်ထွန်း၊ အောင်ဘ၊ စံဘ နှင့်တပည့်များ အားလုံး ပျော်ရွှင်နေကြသည်။
လမ်းမတော်အင်ပါယာ၏ တပ်သားများ အောင်ပွဲခံကြသည့်နေ့။
……………………………………………………………………………….
၁၉၃၉ ဧပြီလ ၈ ရက်ည။
နောက်တစ်နေ့မနက်တွင် ကျင်းပမည့် ဂန္ဓမာသောင်းရီ နှင့် မသောင်း တို့၏ မင်္ဂလာဧည့်ခံပွဲ အတွက် ဂန္ဓမာသောင်းရီအိမ်ရှေ့တွင် မဏ္ဍပ်ထိုးနေကြ၏။
မဏ္ဍပ်ရှေ့ရပ်ကာ တပည့်များအား ညွန့်ကြားနေသော ဂန္ဓမာသောင်းရီ က ကားဟွန်းသံ ကြောင့် နောက်သို့ လှည့်ကြည့်လိုက်သည်။
“ဟေ့..ဘယ်လိုလဲ..သတိုးသားလောင်းလူပျိုကြီး..ပျော်နေပြီလားကွ.ဟေ့”
လမ်းမတော်ဖိုးတုတ် က ကားပေါ်မှ လှမ်းနောက်လိုက်သည်။
“အေး..ဖိုးတုတ်..အိမ်ပေါ်တက်ဦးလေကွာ”
“ငါ မတက်တော့ဘူး..မင်းသာ ကားပေါ်တက်..မင်းကို လက်ဖွဲ့ပေးစရာရှိလို့”
“ဘာများလဲကွ..ဖိုးတုတ်”
“တက်မှာသာ တက်စမ်းပါကွာ”
ဂန္ဓမာက ကားတံခါးကို ဖွင့်ကာ ဖိုးတုတ်ဘေးတွင် ဝင်ထိုင်လိုက်သည်။
“ဘာတွေ လုပ်ထားပြန်ပြီလဲ..ဖိုးတုတ်”
“လိုက်မှာသာ လိုက်ခဲ့စမ်းပါကွာ”
ဖိုးတုတ်က ကားကို လမ်းမတော်ကမ်းနားဘက်ဆီသို့ မောင်းသွားလိုက်သည်။
ကမ်းနားတွင် ကားကိုရပ်ပြီးနောက် ရပ်ထားသော မော်တော်ပေါ်သို့ ဂန္ဓမာ အား ခေါ်သွား၏။
ထိုမော်တော်ကား လမ်းမတော်ဖိုးတုတ် ပိုင်သည့် မော်တော်ဖြစ်သည်။
“ဟေ့..မြစ်လယ်ကို မောင်းကွာ”
ဂန္ဓမာသောင်းရီမှာ ဖိုးတုတ်ခေါ်ရာသို့ အူလည်လည်ဖြင့် ပါလာ၏။
မြစ်လယ်သို့ ရောက်သောအခါ မော်တော်ကို စက်သတ်လိုက်သည်။
“ဟေ့..စံဘ..မင်္ဂလာလက်ဖွဲ့ ထုတ်ခဲ့တော့ဟေ့”
မော်တော်ဆလင်ခန်းထဲမှ စံဘ ထွက်လာသည်။
နောက်တွင် စံဘ၏ တပည့်နှစ်ယောက်က ပုဆိုးဖြင့်အုပ်ထားသော ခြင်းတောင်းတစ်လုံးကို သယ်လာကြ၏။
လမ်းမတော်ဖိုးတုတ်နှင့် ဂန္ဓမာသောင်းရီ ရှေ့တွင် ခြင်းကို ချလိုက်သည်။
“ကဲ..ဂန္ဓမာ..ဒီမှာ မင်းအတွက် မင်္ဂလာလက်ဖွဲ့ကွာ”
ဖိုးတုတ်က ခြင်းကို ကန်လိုက်ရာ ခြင်းတောင်းမှာ လဲသွားပြီး အထဲမှ သွေးသံတရဲရဲ ဒဏ်ရာများစွာဖြင့် ကြိုးတုတ်ထားသော လူငယ်တစ်ယောက် ခွေခွေကလေး ထွက်လာလေသည်။
ဂန္ဓမာက ရုတ်တရက်မို့ အံသြသွားသည်။
“ဖိုးတုတ်…ဘာလဲကွ..ဒါ ဘယ်သူကြီးလဲ”
“သေချာ ကြည့်လေကွာ..ဂန္ဓမာ”
ဂန္ဓမာသောင်းရီ မော်တော်ပေါ်တွင် ထွန်းထားသော မီးရောင်ဖြင့် သေချာကြည့်သည်။
“ငါ..မသိဘူးကွ..ဒီကောင့်ကို”
ဖိုးတုတ်က ရယ်သည်။
“မအေဘေးကောင်..ခံရတာတောင်နည်းသေးတယ်..မင်းအဲ့ဒီညက ဘယ်လောက်တောင် မူးနေတာလဲ.. ဒါ မင်းကို ဓါးနဲ့ ခုတ်သွားတဲ့ကောင်လေကွာ…မင်းကို ဓါးနဲ့ခုတ်တယ်၊ ညတွင်းချင်း ဒေါက်တာဘမော် အမိန့်နဲ့ ပြန်ထွက်လာတယ်၊ ပြီးတော့ လမ်းမတော်ဖိုးတုတ်သူငယ်ချင်းလူမိုက်ဂန္ဓမာကို ဓါးနဲ့ခုတ်တာတောင် ရဲက မဖမ်းရဲဘူးဆိုပြီး ပွဲခံနေတဲ့ ပုသိမ်ညွန့်ဘဘိုး ဘွဲ့ခံ လူမိုက်ကြီးလေကွာ..ဟေ့..သေချာကြည့်ပါကွ..ဂန္ဓမာရ”
ခက်ဇော်
(Zawgyi)
The Guys of Yangon,1930 (Part 17)
အခန္း(၁၈)
……………………
ဇူလိုင္လ ၂၆ ရက္ေန႔မွ စတင္ခဲ့ေသာ ဒုတိယ ကုလားဗမာ အဓိက႐ုဏ္းႀကီးသည္ ႏွစ္လေက်ာ္ၾကာျမင့္ကာ စက္တင္ဘာလ အလယ္တြင္ မွ ၿငိမ္းေအးသြားရသည္။
အဓိက႐ုဏ္းေၾကာင့္ လူေပါင္း ၁၀၈၄ ဦးေသဆုံးခဲ့ရၿပီး ပုလိပ္တို႔၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့ရသူ ၁၇၁ ေယာက္ရွိသည္။
အဓိက႐ုဏ္းျဖစ္ပြားေနဆဲ ၁၉၃၈ ၾသဂုတ္လ၊ ေအာက္လႊတ္ေတာ္အစည္းအေဝးတြင္ မ်ိဳးခ်စ္ပါတီေခါင္းေဆာင္ ဦးေစာ က ေဒါက္တာဘေမာ္ ဦးေဆာင္ေသာ ၫြန႔္ေပါင္းအစိုးရသည္ အုပ္ခ်ဳပ္ေရးတြင္ကြၽမ္းက်င္မႈမရွိသျဖင့္ အဓိက႐ုဏ္းျဖစ္ရသည္ ဟု ေခါင္းစဥ္တပ္ကာ အယုံအၾကည္မရွိေၾကာင္း အဆိုတင္သြင္း၏။
ဦးေစာတင္သြင္းေသာ အယုံအၾကည္မရွိအဆိုကို မဲခြဲေသာအခါ ၫြန႔္ေပါင္းအစိုးရဘက္မွ ၆၆ မဲ၊ အဆိုဘက္မွ ၆၁ မဲျဖင့္ ၅ မဲ ကပ္ကာ ရႈံးေလေတာ့သည္။
ကုလားအမတ္ ဟာဂ်ီအဗၺဒူလာ ႏွင့္ ဗမာဝန္ႀကီး အိုဘီအီးဦးျမစိန္ တို႔ထံမွ လမ္းမေတာ္ဖိုးတုတ္ ေကာင္းမႈ ျဖင့္ မဲရရွိခဲ့ေသာ္လည္း အျခား ကုလားအမတ္ ၅ ဦးက မူ ေဒါက္တာဘေမာ္ဘက္က ရပ္တည္ေပးခဲ့သည္။
ဦးေစာ ေ႐ႊ႕ထားေသာအကြက္ကို ႀကိဳျမင္ခဲ့သည့္ ေဒါက္တာဘေမာ္ သည္ အဓိက႐ုဏ္းစတင္ျဖစ္ ပြားေအာင္ ေသြးထိုးေပးသည္မွာ ဂဠဳန္ဦးေစာ၏ သူရိယသတင္းစာျဖစ္ေၾကာင္း ေထာက္ျပကာ ကုလားအမတ္ မ်ားအား သူ႔ဘက္မဲေပးေစရန္ ဆြဲေဆာင္သြားႏိုင္ခဲ့သည္။
ဦးပု မွာ ႏိုင္ငံေရးအရ အရမ္းအထိမနာပဲ ၾသဇာဆက္လက္တည္ေနေသာ္လည္း ဦးေစာမွာမူ အဓိက႐ုဏ္းျဖစ္ ေအာင္ ေသြးထိုးသည့္ တရားခံအျဖစ္ အစိုးရအဖြဲ႕အတြင္း နာမည္ပ်က္သြားေလသည္။
ဦးပု ႏွင့္ ဦးေစာ တို႔မွာ ႏိုင္ငံေရးအရ ကြဲၿပဲသြားၿပီးေနာက္ ဂဠဳန္ဦးေစာ၏ ဝါးရင္းတုတ္မ်ားရန္ကို ေၾကာက္သည့္ ဦးပုမွာ လမ္းမေတာ္ဖိုးတုတ္ ၏ အကူအညီကို ရယူရေတာ့သည္။
လမ္းမေတာ္ဖိုးတုတ္၏ တပည့္မ်ားက ဝန္ႀကီးဦးပု ကို ေနာက္ကြယ္မွ မသိမသာလိုက္ပါေစာင့္ေရွာက္ ၾကရသည္။
ကုလား - ဗမာ အဓိက႐ုဏ္းၿပီးသည့္ေနာက္ ၁၉၃၈ ဒီဇင္ဘာလ ၁၃ ရက္။
ေရနံေျမ အလုပ္သမားသပိတ္ႏွင့္ ပူးေပါင္းသြားေသာ ေက်ာင္းသားေခါင္းေဆာင္ သခင္ဗဟိန္းႏွင့္ ကိုဗေဆြ တို႔အား ဖမ္းဆီးအက်ဥ္းခ်ထားျခင္းႏွင့္ ပတ္သက္ၿပီး ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢမွ ကန႔္ကြက္အစည္းအေဝးပြဲက်င္းပသည္။
ဒီဇင္ဘာလ ၂၀ ရက္တြင္ ေက်ာင္းသားေက်ာင္းသူ ၇၀၀၀ ေက်ာ္တို႔သည္ အတြင္းဝန္႐ုံးကို ဝိုင္းဝန္းဆႏၵျပၾကေလသည္။
ထိုဆႏၵျပပြဲကို ရန္ကုန္ပုလိပ္မင္းႀကီး မစၥတာေရးႏိုး က ျမင္းစီးပုလိပ္မ်ားျဖင့္ ႐ိုက္ႏွက္ၿဖိဳခြဲေစရာ တကၠသိုလ္ေက်ာင္းသားသမဂၢ အမွႈေဆာင္ ကိုေအာင္ေက်ာ္ က်ဆုံးသြားေလသည္။
ထိုအခ်ိန္တြင္ လမ္းမေတာ္ဖိုးတုတ္ႏွင့္ ဂႏၶမာေသာင္းရီတို႔ သည္ သိမ္ကုန္းေက်ာင္းတိုက္ သို႔ ေရာက္ရွိေနေလသည္။
“ကိုရင္ႀကီး..လိုအပ္တာ ရွိရင္ ေျပာပါဘုရား..တပည့္ေတာ္တပည့္ေတြကိုလည္း တပတ္တခါ လႊတ္ၿပီး ေမးခိုင္းေပးပါ့မယ္”
“ရပါတယ္..ဒကာဖိုးတုတ္..ကိုရင္ႀကီး က မၾကာခင္ ရဟန္းေဘာင္ကို ဆက္တက္မွာပါ။ ဆရာေတာ္ႀကီး ေက်းဇူးနဲ႔ ဆြမ္းကြမ္းလည္း ျပည့္စုံပါတယ္”
“ဒီလိုျဖင့္ လူမထြက္ေတာ့ဘူးေပါ့..ဘုရား”
“ကိုရင္ႀကီး လူဝတ္လဲတာနဲ႔ အဲ့ဒီေလာကထဲ တဝဲလည္လည္နဲ႔ ျပန္ေရာက္သြားမွာ ေသခ်ာတယ္..ဒကာႀကီး။ ကိုရင္ႀကီး လူ႔ဘဝမွာ ေသဒဏ္ထက္တဆင့္ပဲနိမ့္တယ္.တကြၽန္းဆိုတာႀကီးကိုလည္း ေနခဲ့ၿပီးၿပီ..လူေတြကို ကိုယ္တိုင္သတ္ခဲ့သလို..ေသမလိုလည္း အႀကိမ္ႀကိမ္ျဖစ္ခဲ့ၿပီးၿပီ..ဒီေလာက္ဆို ေတာ္ေလာက္ၿပီထင္တယ္.ဒကာ”
“ေကာင္းပါၿပီ..ကိုရင္ႀကီး..သာဓုပါ..ဘုရား..တပည့္ေတာ္တို႔ကို ျပန္ခြင့္ျပဳပါဦး”
“ဒကာႀကီး ဖိုးတုတ္လည္း အရာရာကို သတိနဲ႔ လုပ္ဦးေနာ္။ ၿပီးေတာ့ ကိုရင္ႀကီးရဲ႕ ညီေလး ဘိုးထင္ ကိုလည္း ေစာင့္ေရွာက္ေပးပါ”
လမ္းမေတာ္ဖိုးတုတ္ႏွင့္ ဂႏၶမာေသာင္းရီတို႔သည္ သိမ္ကုန္းေက်ာင္းထဲမွ ထြက္လာၾကသည္။
ဂႏၶမာေသာင္းရီက စီးကရက္ကို လက္တြင္ အၾကာႀကီးကိုင္ထားရင္း စကားတစ္ခြန္းမွ မေျပာပဲ လိုက္လာသည္ကို ဖိုးတုတ္ သတိထားမိလိုက္သည္။
“ဂႏၶမာ..ၿငိမ္လွခ်ည္လားကြ..ဘာလဲ..ငမိုးႀကီး ကို သကၤန္းေတြဘာေတြနဲ႔ျမင္ၿပီး မင္းပါ တရားရေနတာလား”
“မဟုတ္ပါဘူးကြာ…..ငါ့..မင္းကို တိုင္ပင္စရာရွိတယ္..ဖိုးတုတ္”
“ဘာလဲ…ဂႏၶမာ..မိန္းမယူေတာ့မလို႔လား”
“ေအး..မင္းက သိေနတာလား…ငါ မေသာင္းကို လက္ထပ္ရင္ ေကာင္းမလားလို႔”
“ဂႏၶမာ..မေသာင္းက ဖာသည္ေနာ္..ေဟ့ေကာင္”
ဂႏၶမာက သက္ျပင္းခ်လိုက္သည္။
“ငါ..သိပါတယ္ကြာ..ဒါေပမယ့္….”
ဂႏၶမာက ဒါေပမယ့္ မွ ေရွ႕ဆက္မတက္ေတာ့ဘဲ.စီးကရက္ကို မီးညႇိ႔ကာ ဖြာလိုက္သည္။
“မင္းအတြက္ မိန္းမ ငါရွာေပးရမလား..ဂႏၶမာ”
“ဟာ..ေနစမ္းပါကြာ..”
“ဟ..မင္းကလည္း.မိန္းမရၿပီးလည္း ဘာျဖစ္လဲ…မေသာင္းကိုလည္း ငါအခု ခ်ိဳက္ဟုန္ကို သေဘာထားသလို ထားလို႔ ရတာပဲကြ”
“ေတာ္ကြာ..ဖိုးတုတ္..ေတာ္..ငါမေသာင္းကို အဲ့လိုေတာ့ သေဘာမထားခ်င္ဘူး”
“ဂႏၶမာ..မင္း မိန္းမေတြနဲ႔ ပတ္သက္လာရင္..ဘာမွ မသိေသးပါဘူးကြာ…”
“ေအး..ဟုတ္တယ္..ငါမိန္းမေတြအေၾကာင္းမသိဘူး..ငါသိတာ မေသာင္း အေၾကာင္းပဲကြ”
“ေအး..ငါလည္း အဲ့ဒီ မေသာင္းအေၾကာင္းပဲ ေျပာခ်င္တာ.. ဟိုတယ္လာရင္ အေကာင္တကာ ေပါင္ေပၚ တက္ေနတဲ့ဟာမေတြကို မင္းက တကယ္ခံစားေနတာလား..ဒီမယ္ေဟ့ေကာင္..တခါတေလပဲေကာင္းတယ္ကြ.. ေရရွည္ဆို ဆစ္ဖလစ္ကူးမယ့္ဟာေတြကြ..မင္းပါ ဖာက်ိဳးသြားမယ္.အဲ့ဒါ.မင္းသိလား”
“ဖိုးတုတ္..မင္းအခုခ်က္ခ်င္း ကားရပ္လိုက္ေတာ့..ငါဒီမွာဆင္းမယ္..မင္းနဲ႔ ငါ စကားမမ်ားခ်င္ဘူး”
ဖိုးတုတ္ က ကားကို ရပ္ေပးလိုက္သည္။
ဂႏၶမာေသာင္းရီက ကားတံခါးကို ေစာင့္ပိတ္ကာ ဆင္းသြား၏။
……………………………………………………………………………………….
“ဆရာႀကီးဦးဖိုးတုတ္..ဆရာႀကီးဦးဖိုးတုတ္”
ခ်ိဳင္းနားစတန္းဟိုတယ္ အေပၚထပ္တြင္ လမ္းမေတာ္ဖိုးတုတ္ႏွင့္ ဦးဟုတ္ဂြမ္တို႔ အရက္ေသာက္ရင္း စကားေျပာေနၾကစဥ္ ေအာ္ဟစ္ေခၚလိုက္ေသာအသံေၾကာင့္ စကားဝိုင္းရပ္တန႔္သြားသည္။
လူငယ္တစ္ေယာက္က ဖိုးတုတ္နာမည္ကို ေအာ္ေခၚေနသျဖင့္ အုန္းေဖက ဟန႔္တားလိုက္သည္။
“ေဟ့ေကာင္..မင္းဘယ္သူလဲ”
“ကြၽန္ေတာ္..ဆရာေအာင္ဘ တပည့္ ပါ။ ေခြးဆိုးလို႔ ေခၚပါတယ္။ ဆရာေအာင္ဘ က ဆရာႀကီးဦးဖိုးတုတ္ ကို ေျပာခိုင္းလိုက္လို႔”
“ေအာင္ဘ..လႊတ္လိုက္တာတဲ့..ဆရာ..”
“ေအး.ေျပာ.ေကာင္ေလး..ဘာျဖစ္လို႔လဲ”
“ဆရာ ဂႏၶမာေသာင္းရီ.. ဓါးနဲ႔ ခုတ္ခံရလို႔”
“ေဟ..ဘယ္မွာလဲ..ဘယ္မွာလဲ”
“ကေနဒီလမ္းထဲက အရက္ဆိုင္မွာခုတ္ခံရတာ…အခုေတာ့ ေဆး႐ုံပို႔လိုက္ၿပီ….ခုတ္တဲ့ေကာင္ေတြေနာက္ကို ဆရာေအာင္ဘ လိုက္သြားတယ္”
“ငါေမးတာ..ဂႏၶမာဘာျဖစ္သြားလဲလို႔..ေသလား..ရွင္လား”
“အဲ့ဒါေတာ့ မသိဘူး…အခု ပုလိပ္က သယ္ၿပီး ရန္ကုန္ေဆး႐ုံကို ပို႔ထားတယ္..”
“ဆရာဦးဟုတ္ဂြမ္ပါ..လိုက္ခဲ့ဗ်ာ…ေဟ့ အုန္းေဖ အိမ္ကို သြား စံဘကို ေခၚကြာ..တို႔လူေတြ စုၿပီး တာေမြထဲဝင္ ေအာင္ဘတို႔ေနာက္လိုက္”
ဖိုးတုတ္ ၏ ကားေပၚသို႔ ဖိုးတုတ္ႏွင့္ဦးဟုတ္ဂြမ္ တို႔ တက္လိုက္ၾကသည္။
“ဖိုးတုတ္..လမ္းမေတာ္ဂါတ္ကို အရင္ေမာင္းကြာ…ငါ ဘိုးလိန္းလမ္းဂတ္ကို ဖုန္းဆက္ၿပီး ေမးၾကည့္မယ္..ဂႏၶမာ ျဖစ္တာ သူတို႔ အပိုင္ထဲပဲ”
“အဲ့ဒါဆို ဆရာ့ကို ခ်ထားခဲ့ၿပီး..ကြၽန္ေတာ္ ေဆး႐ုံအျမန္လိုက္သြားမွျဖစ္မယ္. .ဟိုေကာင္..တစ္ခုခုျဖစ္ေနမွာစိုးလို႔”
“စိတ္ေအးေအးထားပါ..ဖိုးတုတ္ရာ..မင္းေကာင္က အေၾကာတင္းပါ..အသက္ျပင္းပါတယ္”
လမ္းမေတာ္ဂတ္ေရွ႕တြင္ ကားရပ္ေပးၿပီးေနာက္ ဖိုးတုတ္က ရန္ကုန္ေဆး႐ုံႀကီးသို႔ ေမာင္းထြက္လိုက္သည္။
ရန္ကုန္ေဆး႐ုံႀကီး။
အေရးေပၚခန္းေရွ႕တြင္ ပုလိပ္သားႏွစ္ေယာက္ကို ေတြ႕သျဖင့္ ဖိုးတုတ္က ေမးၾကည့္လိုက္သည္။
ပုလိပ္သားမ်ားက လမ္းမေတာ္ဖိုးတုတ္ကို သိသျဖင့္ တေလးတစားဆက္ဆံၾကသည္။
“ဒဏ္ရာေတ္ာေတာ္ျပင္းသလား..ညီေလးတို႔”
“ဆိုင္ရွင္ေျပာတာေတာ့..ေနာက္ကေန ဝင္လာၿပီး ေခါင္းကို တည္ခုတ္တယ္ေျပာတယ္။ ဒါေပမယ့္ ကိုဂႏၶမာႀကီးက သတိရွိလို႔ေတာ္ေသးတယ္။ ေနာက္လွည့္ၿပီး လက္နဲ႔ကာလိုက္ေတာ့ လက္ဖ်ံထဲေတာ့ ေတာ္ေတာ္နစ္သြားတယ္။ ေနာက္ ပုခုံးကို တစ္ခ်က္ထိထားတယ္။ ခုတ္တဲ့ ေကာင္ေတြက သုံးေယာက္ေပမယ့္ ကိုဂႏၶမာက တစ္ေယာက္ကို အေသလုံးထားလို႔ က်န္တဲ့ေကာင္ေတြ ထြက္ေျပးသြားတာတဲ့”
“ဘယ္လို စျဖစ္ၾကတာတဲ့လဲ…ခုတ္တဲ့ေကာင္ေတြကို သိလား”
“အရက္ဆိုင္မွာ ဝိုင္းေဘးခ်င္းကပ္ခ်င္း စကားမ်ားၾကတာပဲ။ ကိုဂႏၶမာက ေတာ္ေတာ္မူးေနတာ။ ခုတ္သြားတဲ့လူေတြကို ေတာ့ အခု ကြၽန္ေတ္ာတို႔ ဌာနက ဆားပုလင္းေတြလိုက္ေနပါတယ္..”
ဂႏၶမာေသာင္းရီ ၏ ဒဏ္ရာမ်ားကို ခ်ဳပ္ထားရာမွ ျပန္ထုတ္လာၿပီးေနာက္ ကုတင္ေပၚတြင္ လွဲထားသည္။
ဂႏၶမာေသာင္းရီကား အမူးမေျပေသး။
ဘယ္ဘက္လက္ဖ်ံႏွင့္ ညာပခုံးတြင္ အစိမ္းခ်ဳပ္ထားသည့္ ဒဏ္ရာမ်ားေၾကာင့္ ကုတင္ေပၚတြင္ လွဲမရပဲ နံရံကို မွီထားရ၏။
ဖိုးတုတ္က ကုတင္ေဘးတြင္ ရပ္လိုက္သည္။
“ေဟ့ေကာင္..ဂႏၶမာ..မင္းကို ဘယ္ေကာင္လုပ္တာလဲ”
ဂႏၶမာက ေခါင္ခါလိုက္ရင္း
“ငါ စီးကရက္ ေသာက္ခ်င္တယ္.ဖိုးတုတ္”
“ေဆး႐ုံမွာေလကြာ..”
“ေဆး႐ုံလည္း ေသာက္ခ်င္တယ္ကြာ..တဖြာေလာက္ပဲ”
ဖိုးတုတ္က အိတ္ထဲမွ စီးကရက္ဘူးကို ထုတ္ၿပီး ဂႏၶမာထံ ေပးလိုက္သည္။
“ေခြးသူေတာင္းစားေရ…ငါ့ ဘယ္လက္ေရာ၊ ညာပုခုံးပါ ဓါးနဲ႔ ခုတ္ခံထားရတာဟ..လႈပ္မရဘူး.. မင္း မီးညႇိ႔ၿပီး ငါ့ႏွႈတ္ခမ္းကို ေတ့ေပး”
“ငါလီးလိုပဲ...ဒီေလာက္ျဖစ္ေနတာေတာင္ ေသာက္လုပ္အေတာ္ရႈပ္တဲ့ေကာင္”
ဖိုးတုတ္က စီးကရက္ကို မီးညႇိ႔လိုက္ၿပီး ဂႏၶမာ ၏ ႏႈတ္ခမ္းဝတြင္ ေတ့ေပးလိုက္သည္။
ဂႏၶမာက စီးကရက္ကို ဖြားရႈိက္ၿပီး မီးခိုးေငြ႕မ်ားကို မႈတ္ထုတ္လိုက္သည္။
ဖိုးတုတ္က စီးကရက္ကို ျပန္ယူၿပီး ျပတင္းေပါက္မွ ေတာက္ထုတ္ပစ္လိုက္၏။
“တဖြာပဲဆို..ရၿပီ..ေဟ့ေကာင္…ေျပာစမ္းပါဦး..ဘယ္လိုျဖစ္ၾကတာလဲ”
“ငါ မင္းကားေပၚက ဆင္းၿပီး..ညစ္ညစ္နဲ႔ လမ္းေလွ်ာက္ရင္း အဲ့ဒီဆိုင္မွာ ဝင္ေမာ့တာကြာ.အျမည္း.အမဲအူဟင္းရည္ ေလးက သိပ္ေကာင္းပဲ..မႏူးလြန္း မမာလြန္းေလးကို မဆလာနံ႔ေလးနဲ႔”
“ဒီမေအလိုးနဲ႔ေတာ့..မင္း အမဲအူဟင္းရည္ ခဏထား..မင္းကို ဘယ္ေကာင္ဓါးနဲ႔ ခုတ္ခံရတာလဲ ေမးတာ”
“ေအးေလ..အဲ့ဒါ ငါလည္းကြာ ေသာက္ေကာင္းေကာင္းနဲ႔ေသာက္ေနတာ ရမ္ပိုင့္ပုလင္းႀကီး တစ္လုံး ကုန္ေတာ့အေတာ္ေလးမူးသြားတယ္ဟ..အမဲအူ ဟင္းရည္ ထပ္ေတာင္းေတာ့..ဟိုဘက္ဝိုင္းက ခ်ာတိတ္ေတြကြာ..ငါ့ကို အလကားရတာပဲ ေတာင္းေနတယ္ဆိုၿပီး ေလာင္တယ္ကြ”
“ဂႏၶမာရယ္..မင္းဟာကလဲ”
“ေအး..အဲ့ဒါနဲ႔ ငါလည္း…ငါ့ေလာင္တဲ့ေကာင္ကို ခ်ိန္းႀကိဳးကို လက္မွာပတ္ၿပီး ..ခ်ဳပ္ထိုးေနမိတာ..ဘယ္ႏွစ္ခ်က္မွန္းေတာင္ မသိဘူး။ ငါ့ကို ေနာက္ကေန တစ္ေယာက္ ဓါးနဲ႔ ဝင္ခုတ္မွ သိေတာ့တယ္။ ငါလည္း ဒီေကာင့္ကို ဝင္လုံးတာျမန္လို႔ မေသတာ။ ဒါေပမယ့္ ခံလိုက္ရတယ္ကြာ”
“မင္း..တစ္ခါမွ ဒီေလာက္ သတိလက္လြတ္ မမူးဖူးဘူး…ဂႏၶမာ..ဒီေန႔ ဘယ္လိုျဖစ္တာလဲ..ဘာလဲ..မေသာင္းကိစၥ ငါေျပာတာကို စိတ္ဆိုးသြားတာလား”
“အဲ့ဒါ..ထားလိုက္ပါကြာ..ငါ ခံလိုက္ရတာပဲ.စိတ္ထဲ တႏုံ႔ႏုံ႔နဲ႔”
“အဲ့ေကာင္ေလးေတြကို ေအာင္ဘတို႔၊ အုန္းေဖတို႔ အခု လိုက္ေနတယ္၊ ထားလိုက္။ ကဲ..မင္း မေသာင္းနဲ႔ မဂၤလာေဆာင္ခ်င္တာလား..ေျပာ”
“ေတာ္စမ္းပါကြာ”
“တကယ္ေျပာတာ…ဂႏၶမာ..မင္း က ငါ့သူငယ္ခ်င္းပါကြာ..မင္း မေသာင္းေၾကာင့္ ဒီေလာက္ အရက္ကို လူမွန္း မသိေအာင္ ေသာက္တာ..ငါသိတယ္.. ငါလည္း မင္း အဲ့ဒီေလာက္ခ်စ္မွန္းမသိလို႔..ေျပာမိတာပါကြာ”
ထိုစဥ္ ေဆး႐ုံအခန္းထဲသို႔ အိတ္စပက္ေတာ္ဦးဟုတ္ဂြမ္ ဝင္လာသည္။
“ကဲ..ဖိုးတုတ္..မင့္ ငါမေျပာဘူးလား..ဒီေကာင္ႀကီးက ေသာက္ေက်ာတင္းပါလို႔.ေဟ့..ဂႏၶမာႀကီး မေသဘူး မဟုတ္လား”
ဂႏၶမာက ဦးဟုတ္ဂြမ္ကို ၿပဳံးျပလိုက္သည္။
“မင္းေကာင္ကို လုပ္သြားတဲ့ ခ်ာတိတ္ကို မိၿပီကြ။ ပုသိမ္ၫြန႔္ထဲက နာမည္နည္းနည္းထြက္လာတဲ့ အေကာင္ကေလးပဲ။ ဘဖိုး တဲ့”
ဖိုးတုတ္က ေတာက္ ေခါက္လိုက္သည္။
“ဆရာတို႔ ပုလိပ္ေတြကလည္း ဒါမ်ိဳးက် ဖမ္းတာျမန္လိုက္တာ။ ေခြးသားေလး.ကံေကာင္းသြားတယ္။ ေအာင္ဘတို႔ အုန္းေဖတို႔ လက္ထဲ သာ မိလို႔ကေတာ့…ဟိုေကာင္ေတြက သတ္ၿပီး ခ်က္စားၾကမွာ..ဂႏၶမာ့ကို ထိတာ ကြၽန္ေတာ့္ကို ထိတာပဲဗ်”
“ေအာင္မယ္ေလး..ဖိုးတုတ္ရာ..မင္းတို႔ အေၾကာင္းငါမသိတာမွတ္လို႔..ဒီေကာင္ အမႈျဖစ္ေနတုန္း…မင္းတို႔ ေက်ာက္ခဲႀကီးႀကီးရွာထားေတာ့မွာ ငါသိတယ္..ရန္ကုန္ျမစ္ထဲ အေလာင္းနဲ႔ တြဲပစ္ခ်မလို႔ေလ..ဟုတ္တယ္ မဟုတ္လား..ေဟ့ေကာင္”
“ဆရာသိလည္း ၿပီးတာပါပဲဗ်ာ”
…………………………………………………………..
ေနာက္တစ္ေန႔နံနက္တြင္ မသင္ျမ ထည့္ေပးခဲ့သည့္ ထမင္းခ်ိဳင့္အား ေဆး႐ုံမွ ဂႏၶမာေသာင္းရီ ထံသို႔ သြားပို႔ရန္ စံဘ ႏွင့္ ဖိုးတုတ္တို႔ ကားေပၚတက္လိုက္စဥ္ အိတ္စပက္ေတာ္ဦးဟုတ္ဂြမ္၏ ေမာ္ေတာ္ကား ေရာက္လာ၏။
“ဆရာဦးဟုတ္ဂြမ္..ဘာထူးလို႔လဲဗ်ိဳး”
“ထူးတာေတာ့.အေတာ္ထူးတယ္ေဟ့..ဖိုးတုတ္ေရ”
ဖိုးတုတ္က ကားေပၚမွ ျပန္ဆင္းလိုက္သည္။
“ဘာမ်ားလဲဗ်”
“ဂႏၶမာကို ညက ဓါးနဲ႔ခုတ္တဲ့ေကာင္ေလးကို ညတြင္းခ်င္း လႊတ္ေပးလိုက္ရတယ္”
“ဟင္..ဘယ္လိုျဖစ္တာလဲ”
“နန္းရင္းဝန္ ေဒါက္တာဘေမာ္ကိုယ္တိုင္ ပုလိပ္မင္းႀကီးကို ဖုန္းဆက္လို႔တဲ့ကြ…ခုတ္ခံရတဲ့ လူက နာမည္ေက်ာ္လူမိုက္မို႔ ေကာင္ေလးက ကိုယ့္ကိုကိုယ္ ခုခံကာကြယ္တာမို႔..အမႈကို မတည္ေဆာက္ပဲ ျဖစ္တဲ့နည္းနဲ႔ ပိတ္ေပးဖို႔ ဖိအားေပးတယ္တဲ့”
“ဟာ..အဲ့ဒီလို လုပ္လို႔ရလား”
“ဟိတ္ေကာင္..ဖိုးတုတ္..အဲ့ဒါ ငါ့ကို မေမးနဲ႔ကြာ..မင္းဟာမင္း ျပန္ေပး..လုပ္လို႔ရလား..မရလားဆိုတာ”
ဖိုးတုတ္ က ေခါင္းတညိမ့္ညိမ့္ျဖင့္ စဥ္းစားေနသည္။
“ဒီေကာင္ေလးက ေဒါက္တာဘေမာ္ရဲ႕ လက္႐ုံး၊ ဗႏၶဳလဦးစိန္ရဲ႕ တူတဲ့ကြ”
“အင္း…ဒီေကာင္ေတာ့ ပုလိပ္လက္မွာ မေနတာ ကံဆိုးတာပဲ..ဆရာဦးဟုတ္ဂြမ္ေရ”
…………………………………………………………………………………………………..
၁၉၃၉ ခု ၊ ေဖေဖာ္ဝါရီလ (၁၅)ရက္။
ည ၈ နာရီ၊ ရန္ကုန္ၿမိဳ႕၊ ဘားလမ္း၊ Silver Grill ဟိုတယ္။
သီးသန႔္ခန္းတစ္ခုထဲတြင္ ၫြန႔္ေပါင္းအစိုးရ အခြန္ေတာ္ဝန္ႀကီး ဦးပု ႏွင့္ လမ္းမေတာ္ဖိုးတုတ္ တို႔ ထိုင္ေနၾကသည္။
“ဒီေန႔ပဲ အထက္လႊတ္ေတ္ာမွာ ေဒါက္တာဘေမာ္ ကို အယုံအၾကည္မရွိေၾကာင္း အဆို တင္သြင္းလိုက္ၿပီ..ေမာင္ဖိုးတုတ္၊ မနက္ျဖန္မွာ မဲခြဲဆုံးျဖတ္ၾကလိမ့္မယ္၊ အဲ့ဒီည ဦးတို႔ဘက္က အႏိုင္ရလိမ့္မယ္၊ ဒီတစ္ခါေတာ့..ေက်ာင္းသားအေရးအခင္းမွာ ေဒါက္တာဘေမာ္လူ ျပည္ထဲေရးဝန္ႀကီး ဆာေပၚထြန္းလုပ္ပုံကိုင္ပုံမဟန္ေတာ့ ေသခ်ာေပါက္ ေဒါက္တာဘေမာ္ျပဳတ္က်မွာပဲ။ ဦးေစာက လည္း နန္းရင္းဝန္းေနရာကို မွန္းေနတယ္။ ဒါေပမယ့္ ေနာက္တက္လာမယ့္ အစိုးရက ဦးကို ပဲ ေသခ်ာေပါက္တင္မွာ၊ ဦးကလည္း သူ႔ကို ဝန္ႀကီးတစ္ေနရာေတာ့ ႏွစ္သိမ့္ေပးထားလိုက္ပါ့မယ္။ ဘာပဲျဖစ္ျဖစ္ သူ႔အႏၲရာယ္ကိုလည္း ေလွ်ာ့တြက္မရတာမို႔..ေမာင္ဖိုးတုတ္ နဲ႔ ဦး ဆက္လက္လက္တြဲခ်င္တယ္”
“ဝန္ႀကီးမင္းကို ကြၽန္ေတာ္မ်ိဳးက ကိုယ့္ ဦးေလးလို၊ ဘႀကီးလို သေဘာထားပါတယ္ခင္ဗ်ာ။ ဝန္ႀကီးမင္း အတြက္ ပဲရွိေနမွာပါ”
“ဝန္ႀကီးမင္းေတြ ဘာေတြ လုပ္မေနပါနဲ႔..ငါတူရာ..တို႔ တူဝရီးေတြျဖစ္ၿပီသာမွတ္..ဦးေစာ ဝါးရင္းတုတ္ေတြ ရန္ က ေန ကာကြယ္ႏိုင္တာ ငါ့တူပဲရွိတယ္၊ ငါ့တူ ရွိေနလို႔သာ ဦးကို ဒင္း ဘာမွ မလုပ္ရဲတာ”
ဦးပု က တူဝရီး ဟု ေျပာလိုက္သည္ႏွင့္ လမ္းမေတာ္ဖိုးတုတ္ စိတ္ထဲတြင္ ဗႏၶဳလဦးစိန္၏ တူ ဘဘိုး အေၾကာင္းက ေခါင္းထဲ ေရာက္လာေတာ့သည္။
“စိတ္ခ်ပါ..ဦး..ကြၽန္ေတာ့္လူေတြက ဦးကို အသက္ေပးၿပီး ကာကြယ္မွာပါ”
……………………………………………………………………………..
ေနာက္တစ္ေန႔ ေအာက္လႊတ္ေတာ္တြင္ မဲခြဲဆုံးျဖတ္ရာ အဆိုဘက္မွ မဲ ၇၀၊ ေဒါက္တာဘေမာ္ဘက္မွ ၃၇ မဲျဖင့္ ေဒါက္တာဘေမာ္အစိုးရ ျပဳတ္က်သြားခဲ့ေလသည္။
ေနာက္တစ္ေန႔တြင္ ဦးပု ေခါင္းေဆာင္ေသာ ၫြန႔္ေပါင္းအစိုးရ တက္လာေလသည္။ ဦးပုမွာ နန္းရင္းဝန္ျဖစ္လာၿပီး ဂဠဳန္ဦးေစာမွာ သစ္ေတာေရးရာဝန္ႀကီးျဖစ္လာေလသည္။
ထိုေန႔တြင္ပင္ ဂႏၶမာေသာင္းရီ ေဆး႐ုံမွ ဆင္းရေလသည္။
လမ္းမေတာ္ဖိုးတုတ္ က ေသ႐ြာျပန္ ဂႏၶမာေသာင္းရီကို ႀကိဳဆိုရင္း သူ၏ ေကာက္ရလိုက္ေသာ ဦးေလး နန္းရင္းဝန္ အသစ္စက္စက္အတြက္ ဂုဏ္ျပဳပြဲကို ခ်ိဳင္းနားစတန္းဟိုတယ္တြင္ က်င္းပေလေတာ့သည္။
မေသာင္း ကား ဂႏၶမာေသာင္းရီ ေဆး႐ုံတက္ရစဥ္ကတည္းက ဟိုတယ္သို႔ မသြားေတာ့ပဲ အနီးကပ္ ျပဳစုေပးေန၏။
“ဒီေန႔ညေတာ့..ကိုဂႏၶမာႀကီးကို ႀကိဳဆိုရင္း…အစိုးရအသစ္ကို ႀကိဳဆိုရင္း…ဂႏၶမာႀကီးနဲ႔ မေသာင္းရဲ႕ က်င္းပမယ့္ မဂၤလာပြဲကို ပါ ထပ္ႀကိဳဆိုလိုက္ၾကပါဗ်ား”
စံဘ က အရက္ခြက္ကို ေျမႇာက္ရင္း ေအာ္လိုက္သည္။
လမ္းမေတာ္ဖိုးတုတ္၊ ဂႏၶမာေသာင္းရီ၊ အုန္းေဖ၊ ထြန္းတင္၊ ဓါးဘိုးထင္၊ ပု႑ားေက်ာ္ထြန္း၊ ေအာင္ဘ၊ စံဘ ႏွင့္တပည့္မ်ား အားလုံး ေပ်ာ္႐ႊင္ေနၾကသည္။
လမ္းမေတာ္အင္ပါယာ၏ တပ္သားမ်ား ေအာင္ပြဲခံၾကသည့္ေန႔။
……………………………………………………………………………….
၁၉၃၉ ဧၿပီလ ၈ ရက္ည။
ေနာက္တစ္ေန႔မနက္တြင္ က်င္းပမည့္ ဂႏၶမာေသာင္းရီ ႏွင့္ မေသာင္း တို႔၏ မဂၤလာဧည့္ခံပြဲ အတြက္ ဂႏၶမာေသာင္းရီအိမ္ေရွ႕တြင္ မ႑ပ္ထိုးေနၾက၏။
မ႑ပ္ေရွ႕ရပ္ကာ တပည့္မ်ားအား ၫြန႔္ၾကားေနေသာ ဂႏၶမာေသာင္းရီ က ကားဟြန္းသံ ေၾကာင့္ ေနာက္သို႔ လွည့္ၾကည့္လိုက္သည္။
“ေဟ့..ဘယ္လိုလဲ..သတိုးသားေလာင္းလူပ်ိဳႀကီး..ေပ်ာ္ေနၿပီလားကြ.ေဟ့”
လမ္းမေတာ္ဖိုးတုတ္ က ကားေပၚမွ လွမ္းေနာက္လိုက္သည္။
“ေအး..ဖိုးတုတ္..အိမ္ေပၚတက္ဦးေလကြာ”
“ငါ မတက္ေတာ့ဘူး..မင္းသာ ကားေပၚတက္..မင္းကို လက္ဖြဲ႕ေပးစရာရွိလို႔”
“ဘာမ်ားလဲကြ..ဖိုးတုတ္”
“တက္မွာသာ တက္စမ္းပါကြာ”
ဂႏၶမာက ကားတံခါးကို ဖြင့္ကာ ဖိုးတုတ္ေဘးတြင္ ဝင္ထိုင္လိုက္သည္။
“ဘာေတြ လုပ္ထားျပန္ၿပီလဲ..ဖိုးတုတ္”
“လိုက္မွာသာ လိုက္ခဲ့စမ္းပါကြာ”
ဖိုးတုတ္က ကားကို လမ္းမေတာ္ကမ္းနားဘက္ဆီသို႔ ေမာင္းသြားလိုက္သည္။
ကမ္းနားတြင္ ကားကိုရပ္ၿပီးေနာက္ ရပ္ထားေသာ ေမာ္ေတာ္ေပၚသို႔ ဂႏၶမာ အား ေခၚသြား၏။
ထိုေမာ္ေတာ္ကား လမ္းမေတာ္ဖိုးတုတ္ ပိုင္သည့္ ေမာ္ေတာ္ျဖစ္သည္။
“ေဟ့..ျမစ္လယ္ကို ေမာင္းကြာ”
ဂႏၶမာေသာင္းရီမွာ ဖိုးတုတ္ေခၚရာသို႔ အူလည္လည္ျဖင့္ ပါလာ၏။
ျမစ္လယ္သို႔ ေရာက္ေသာအခါ ေမာ္ေတာ္ကို စက္သတ္လိုက္သည္။
“ေဟ့..စံဘ..မဂၤလာလက္ဖြဲ႕ ထုတ္ခဲ့ေတာ့ေဟ့”
ေမာ္ေတာ္ဆလင္ခန္းထဲမွ စံဘ ထြက္လာသည္။
ေနာက္တြင္ စံဘ၏ တပည့္ႏွစ္ေယာက္က ပုဆိုးျဖင့္အုပ္ထားေသာ ျခင္းေတာင္းတစ္လုံးကို သယ္လာၾက၏။
လမ္းမေတာ္ဖိုးတုတ္ႏွင့္ ဂႏၶမာေသာင္းရီ ေရွ႕တြင္ ျခင္းကို ခ်လိုက္သည္။
“ကဲ..ဂႏၶမာ..ဒီမွာ မင္းအတြက္ မဂၤလာလက္ဖြဲ႕ကြာ”
ဖိုးတုတ္က ျခင္းကို ကန္လိုက္ရာ ျခင္းေတာင္းမွာ လဲသြားၿပီး အထဲမွ ေသြးသံတရဲရဲ ဒဏ္ရာမ်ားစြာျဖင့္ ႀကိဳးတုတ္ထားေသာ လူငယ္တစ္ေယာက္ ေခြေခြကေလး ထြက္လာေလသည္။
ဂႏၶမာက ႐ုတ္တရက္မို႔ အံၾသသြားသည္။
“ဖိုးတုတ္…ဘာလဲကြ..ဒါ ဘယ္သူႀကီးလဲ”
“ေသခ်ာ ၾကည့္ေလကြာ..ဂႏၶမာ”
ဂႏၶမာေသာင္းရီ ေမာ္ေတာ္ေပၚတြင္ ထြန္းထားေသာ မီးေရာင္ျဖင့္ ေသခ်ာၾကည့္သည္။
“ငါ..မသိဘူးကြ..ဒီေကာင့္ကို”
ဖိုးတုတ္က ရယ္သည္။
“မေအေဘးေကာင္..ခံရတာေတာင္နည္းေသးတယ္..မင္းအဲ့ဒီညက ဘယ္ေလာက္ေတာင္ မူးေနတာလဲ.. ဒါ မင္းကို ဓါးနဲ႔ ခုတ္သြားတဲ့ေကာင္ေလကြာ…မင္းကို ဓါးနဲ႔ခုတ္တယ္၊ ညတြင္းခ်င္း ေဒါက္တာဘေမာ္ အမိန႔္နဲ႔ ျပန္ထြက္လာတယ္၊ ၿပီးေတာ့ လမ္းမေတာ္ဖိုးတုတ္သူငယ္ခ်င္းလူမိုက္ဂႏၶမာကို ဓါးနဲ႔ခုတ္တာေတာင္ ရဲက မဖမ္းရဲဘူးဆိုၿပီး ပြဲခံေနတဲ့ ပုသိမ္ၫြန႔္ဘဘိုး ဘြဲ႕ခံ လူမိုက္ႀကီးေလကြာ..ေဟ့..ေသခ်ာၾကည့္ပါကြ..ဂႏၶမာရ”
ခက္ေဇာ္
ဘုရားတရားမလို့ ဒီနေ့ လိုင်းအနည်းငယ်ကောင်းနေတာ🥺🐬
ReplyDelete⛷️d⛷️o⛷️n⛷️e
ReplyDeleteClicked✅
ReplyDeleteDone 🤍
ReplyDeleteDone 🍀
ReplyDeleteဒီစာအုပ်ကို အပြင်မှာ စစဖတ်တုန်းကဆို ဂန္ဓမာသောင်းရီကို ကြိုက်လွန်းလို့ သေအောင်ဘဲ💙
ReplyDelete******
ReplyDelete👍👍
ReplyDeleteDone📖
ReplyDeleteDone UK
ReplyDelete