TGOR 1930 (အခန်း ၂၀)
The Guys of Yangon,1930 (Part 19)
အခန်း(၂၀)
.....….........
ထိုနေ့ညက မိုးရွာနေသည်။
လမ်းတော်ဖိုးတုတ် သည် တပည့်ဖြစ်သူ အုန်းဖေ၊ ထွန်းတင်တို့နှင့်အတူ ချိုင်းနားစတန်းဟိုတယ်တွင် ထိုင်နေကြလေသည်။
အုန်းဖေ ၏ မိခင်ကြီးမှာ လွန်ခဲ့သည့် လ က ကွယ်လွန်သွားခဲ့သည်။ အုန်းဖေ မှာ မယားအလွန်ပွေသော်လည်း မိခင်ကြီးကိုမူ အလွန်ချစ်သူဖြစ်သည်။
မိခင်ကြီးဆုံးပြီးကတည်းက နေ့ဘက်ရော ၊ ညဘက်ပါ အရက်သောက်နေခဲ့သည်။
ယခုညတော့ လမ်းမတော်ဖိုးတုတ်သည် ဇာတ်မင်းသားရွှေကျီးညိုနှင့် ချိန်းထားသဖြင့် စောင့်နေရင်း တပည့်များကို ခေါ်ကာ အရက်သောက်နေခြင်းပင်။
ငမိုး၏ သူငယ်ချင်းဖြစ်သည့် အလိန် က မိုင်ဒါကွင်းတွင် သူသွင်းမည့် သီတင်းကျွတ်အာဝါဒေးပွဲအတွက် ဇာတ်မင်းသားရွှေကျီးညို ပွဲကို သွင်းချင်သဖြင့် ဖိုးတုတ်ကို အကူအညီတောင်းထားသည်။
ဖိုးတုတ်က ကြားဝင်ကူညီပေးလျှင် နှစ်ဖက်လုံးထံမှ ပွဲခမြိုးမြိုးမြက်မြက်ရတတ်၏။
သို့သော်…ဝီစကီတစ်လုံးကုန်ချိန်ကျသည်အထိ ရွှေကျီးညိုကား ပေါ်မလာ။
ရန်ကုန်မိုးကား သဲသဲမဲမဲရွာချလိုက်၊ ခပ်ဖွဲဖွဲရွာလိုက်ဖြင့် ။
ဖိုးတုတ်တို့ ဆရာတပည့်သုံးယောက် ရေချိန်ကိုက်နေလေပြီ။
“ဇာတ်မင်းသား က ဒီနေ့မှ ဘာဖြစ်တယ် မသိဘူးကွာ..အရေးကြီးပါတယ်ဆိုမှ..ကဲ..ကြာတယ်..အုန်းဖေ သူ့အိမ်ကို ငါတို့လိုက်သွားကြမယ်ကွာ”
“ဆရာ့မှ ကားမပါလာဘူးလေဆရာ..ဘယ်လိုသွားမှာလဲ”
“ဟေ့.ထွန်းတင်..မင်းတပည့် တက္ကစီသမားတွေ လမ်းမတော်ထိပ်မှာရှိတယ်..မဟုတ်လား..တစ်စီးသွား ယူမောင်းခဲ့ကွာ”
ထွန်းတင်က အောက်သို့ ဆင်းသွားသည်။
“ဆရာဖိုးတုတ်..မိုးကလည်း အေးတယ်ဗျာ..တစ်ယောက် နှစ်ပက်လောက် အချမ်းပြေ ထပ်ချကြဦးမလား”
“အုန်းဖေ..မင်းက တကယ့်ကြွက်တွင်းပဲကွ..မင်းများနေပြီ..ဟေ့ကောင်”
“လုပ်ပါ..ဆရာဖိုးတုတ်ရာ..ချရအောင်”
ဖိုးတုတ်က ဟိုတယ်ဝိတ်တာအား ခေါ်ကာ အရက်နှစ်ပက် စီ ထပ်မှာသောက်ကြလေသည်။
မကြာမီ ထွန်းတင် ပြန်ရောက်လာ၏။
“ထွန်းတင် အိုကေလားဟေ့”
“အိုကေတယ်..ဆရာ”
“အိုကေရင်..မင်းမောင်းကွာ…မြေနီကုန်းက ကိုရွှေကျီးညိုအိမ်ကို”
တက္ကစီကို ထွန်းတင်က မောင်းသည်။ ဖိုးတုတ်က ဘေးမှ ထိုင်သည်။
အုန်းဖေက နောက်ခန်းမှ လိုက်၏။
မင်းသားရွှေကျီးညို အိမ်သို့ ရောက်သောအခါ ရွှေကျီးညို ၏ မိန်းမက ထွက်လာသည်။
“မထားမေ..ခင်ဗျားယောက်ျားက…အလုပ်ကိစ္စချိန်းထားတာ ရောက်မလာလို့”
“မပြောချင်ဘူး..ကိုဖိုးတုတ်ရေ..ရှင့်လူက..မိုးအေးတယ်ဆိုပြီး သူ့ဆိုင်းဆရာတွေနဲ့ နေ့လည်ကတည်းက သောက်နေတာ အမူးလွန်ပြီး အိပ်ပျော်နေတယ်..အလုပ်ကိစ္စချိန်းထားတာလည်း ကျွန်မကို မပြောဘူး..မိုးတွင်း ငွေကြေးက ရှားပါးပါတယ်ဆိုမှ သူက အလုပ်ကို အလေးမထားဘူး..အခု သွားနှိုးလိုက်ရမလား”
“နေ..နေ..မနှိုးနဲ့တော့ဗျာ…ဒီအချိန် အိပ်ကောင်းနေမှာ ကိုယ်ချင်းစာပါတယ်..မနက်မှပဲ သက်သက်လာခဲ့တော့မယ်..အခုတော့.ကျွန်တော်တို့ ပြန်တော့မယ်”
လမ်းမတော်ဖိုးတုတ် တို့ သည် ရွှေကျီးညိုအိမ်မှ ပြန်ထွက်လာကြ၏။
မြေနီကုန်းလမ်းဆုံရှိ လမ်းပြပုလိပ်တဲ အနီးသို့ ရောက်သောအခါ ထီးတစ်ချောင်းဖြင့် မတ်တပ်ရပ်နေသည့် အိတ်စပက်တော်ဦးဟုတ်ဂွမ်ကို တွေ့လိုက်လေသည်။
“ဟေ့..ထွန်းတင်..ကားရပ်ဦးဟေ့”
ကားက ဦးဟုတ်ဂွမ်ရှေ့တွင် ရပ်လိုက်သည်။
“ဆရာ..တက္ကစီစောင့်နေတာလား”
“ဟာ..ဖိုးတုတ်..အတော်ပဲဟေ့”
“လာ..တက်တက်..ဆရာ”
ဦးဟုတ်ဂွမ် က နောက်ခန်းမှ တက်လိုက်ပြီး အုန်းဖေ ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
“ဆရာဘယ်က ပြန်လာတာတုန်း”
“ဆပ်ကျောင်းတုန်းက ငါ့သူငယ်ချင်းမွေးနေ့ကွာ။ လမ်းပြပုလိပ်ထဲ့ အိတ်စပက်တော်ဖြစ်နေတဲ့ကောင်ပေါ့။ ဒီကောင် မွေးနေ့ သောက်စားလာကြတာကွာ။ ဒီကောင်လာခေါ်တော့ ကားလည်း ယူမလာမိပါဘူး။ ငါလည်း ဒီကောင်တွေအချင်းချင်း ရန်ဖြစ်နောလို့ နားညည်းတာနဲ့ ပြန်ဖို့ ထွက်လာတာဟေ့..မအေဘေးပုလိပ်တွေများ မူးရင် အချင်းချင်း ပြန်ညစ်နေကြတာကိုးကွာ”
“ဟား..ဟား..ဖြစ်ရလေ..ဆရာရာ..ကဲ..ဒါဆို အခု အရက်သောက်လို့ ဝပြီလား”
“ဘယ်၀ မလဲကွ…..ဖိုးတုတ်ရ..မင်းနဲ့ တွေ့မှတော့ ထပ်သောက်ရမှာပေါ့”
“ကဲ..ဒါဆိုလည်း ထွန်းတင် ဒီနားမှာ ဘယ်ဆိုင်ကောင်းလဲကွ”
“ဒီအချိန်ဆိုရင်တော့ ဒူဗလီလမ်းထိပ်က ချက်အရက်ဆိုင်ပဲရှိတော့မယ်..ဆရာဖိုးတုတ်”
“ဟေ့..ချက်အရက်လည်း မသောက်ရတာ အတော်ကြာပြီကွ..ဖိုးတုတ်..အဲ့ဒီကို မောင်းခိုင်းကွာ”
ဆိုင်သို့ရောက်သောအခါ လေးယောက်သား ချက်အရက်နှစ်လုံးနှင့် အမဲကြော်၊ အာလူးကြော်တို့ မှာကာ ထိုင်သောက်ကြလေသည်။
မိုးက သဲသဲမဲမဲရှာနဆေဲ။
နောက်ထပ် ချက်အရက်တစ်လုံးထပ်မှာသောက်ပြီးချိန်တွင်တော့ အားလုံး မူးနေကြပြီဖြစ်သည်။
“ကဲ…ဆရာ..ဆိုင်လည်း ပိတ်ပြီ..ပြန်ကြစို့”
“ဟိတ်ကောင်..ဖိုးတုတ်…မင်းက..ငါ့ကို အမိန့်ပေးနေတာလား..မင်းက ဘာကောင်လဲ..လူမိုက်လား.. အေး မင်းလူမိုက်ဆို ငါက ပုလိပ်ကွ..မအေလိုးရ..မင်းကို ငါက ကြောက်ရမှာလား”
“မဟုတ်ပါဘူး..ဆရာရယ်..မိုးလည်းချုပ်နေပါပြီ..ဆိုင်ကလည်း ပိတ်တော့မယ်…ဆရာလည်း တအားမူးနေလို့”
“ကဲ..ဆရာရယ်..မပြန်ရင်လည်း ဒီမှာပဲ အိပ်လိုက်ပါလား..ဆိုင်ရှင်အဘွားကြီး နဲ့ ပြောတာ..ဟားဟား”
အုန်းဖေက အရွှန်းဝင်ဖောက်သည်။
“ဟေ့ကောင်.အုန်းဖေ…. ငါက မင်းနှမ နဲ့ အိပ်မှာကွ..ခု မင်းနှမဆီလိုက်ပို့”
“ကျွန်တော့်မှာ နှမမရှိတော့ ဆောရီးပါ…ဆရာရယ်”
“အေး..နှမမရှိရင်လည်း မင်းအမေကွာ…ငါ ဒီည မင်းအမေနဲ့ အိပ်မယ်”
ထိုအချိန်တွင် အုန်းဖေ ၏ ခေါင်းထဲ ဆုံးပါးသွားသည့် မိခင်ကြီး အကြောင်းက ရုတ်တရက်ပြန်ပေါ်လာသည်။
“ဟိတ်ကောင်..အုန်းဖေ..ငါ ပြောနေတယ်..မင်းအမေ ဆီလိုက်ပို့လို့”
“ဟာ…ဒီလူတော့..”
အုန်းဖေက ထရန်ပြင်လိုက်စဉ် ဖိုးတုတ်က လက်ကို ဖိထားလိုက်သည်။
“ကဲ..ဆရာဦးဟုတ်ဂွမ်..ကျွန်တော်ပဲ တောင်းပန်ပါတယ်ဗျာ..အုန်းဖေ ကလည်း ဆရာကို နောက်တာပါ.. ကဲ.. မိုးလေးစဲတုန်း..ပြန်ကြစို့”
“ငါမပြန်သေးဘူး..ဖိုးတုတ်…ကန်တော်ကြီးတစ်ပတ် ကားပတ်စီးဦးမယ်..မင်းလိုက် ပို့မလား မပို့ဘူးလား..ဟေ့ကောင်”
“ကဲ..အဲ့ဒါဆိုလည်း လာဗျာ..ပို့ပေးမယ်..ပြီးရင်တော့ အိမ်ပြန်ကြမယ်ဆရာရေ”
ဖိုးတုတ်တို့လေးယောက် ဒယီးဒယိုင်ဖြင့် ကားဆီသို့ လျှောက်လာကြသည်။
ဖိုးတုတ်က ကားမောင်းသည့်နေရာတွင် ဝင်ထိုင်လိုက်သည်။
“ကဲ..ကျွန်တော် မောင်းမယ်၊ ဆရာဦးဟုတ်ဂွမ်..ရှေ့က တက်ပါ”
“ဟိတ်ကောင်..ရှေ့က မထိုင်ဘူးကွ။ ဘာလဲ မင်းက မင်းတပည့် ခွေးမသားအုန်းဖေ ကို ငါက ကြောက်တယ်ထင်လို့လား..လီးမှ မကြောက်ဘူးဟေ့..ငါဒီကောင်နဲ့ ပြောစရာရှိသေးတယ်..နောက်ခန်းကပဲ ထိုင်မယ်”
ထွန်းတင်က ဖိုးတုတ်ဘေးတွင် ဝင်ထိုင်သည်။
အုန်းဖေက ဘာစကားမှ မပြောတော့ပဲ သုန်မှုန်နေ၏။
ဦးဟုတ်ဂွမ် က အုန်းဖေဘေးတွင် ဝင်ထိုင်လိုက်သည်။
ဖိုးတုတ်က ကားကို ခပ်ဖြည်းဖြည်းမောင်းလာသည်။
“ဟေ့..အုန်းဖေ..နေစမ်းပါဦး..ခုန မင်းက အရက်ဆိုင်မှာ မတ်တပ်ထရပ်တာ..ငါ့ကို လုပ်မလို့လား..ဟင်..ဟေ့ကောင်… မင်းသိပ်သတ္တိရှိနေတယ်..ဟုတ်လား.. လုပ်လေကွာ.. လုပ်လေ”
အုန်းဖေက ဦးဟုတ်ဂွမ် ကို ဘာမှမပြန်မပြောပဲ အံကိုကြိတ်လျက် အပြင်ဘက်ကို မျက်နှာလွှဲကာ လိုက်လာ၏။
“အေး..မင်း မလုပ်ရဲဘူး.မဟုတ်လား…မင်းမပြောနဲ့ မင်းဆရာ ဖိုးတုတ် တောင် ငါ့ကို မလုပ်ရဲဘူးကွ..မင်းလိုကောင်ကများ ငါ့ကိုထွီ”
“ဆရာဦးဟုတ်ဂွမ်…စိတ်ကိုလျှော့ပါဗျာ…ပျော်ပျော်ပါးပါးသောက်လာကြတာ…အကုန်စိတ်မကောင်းဖြစ်ကုန်ကြမယ်”
ဖိုးတုတ်က ကားမောင်းနေရင်း နှစ်သိမ့်လိုက်သည်။
“ဘာကွ..ဟိတ်ကောင်..ဖိုးတုတ်..မင်းတို့ကောင်တွေ စိတ်မကောင်းဖြစ်တာ ငါက ဘာလုပ်ရမှာလဲ..မင်းတို့လို့ သူခိုးဓါးပြတွေကို ငါက ဘာဂရုစိုက်ရမှာလဲ..ဒီမှာ..မင်းတပည့် အုန်းဖေ..က သူ့အမေနဲ့ ငါက လိုက်အိပ်မယ် ပြောလို့တဲ့..ဖြစ်ပျက်နေတာ..ဒီမယ်ကွ..ငါက ပုလိပ်အရာရှိကွ…သူ့အမေလို ကောင်မ နဲ့ အိပ်ရင်တောင် နာချင်းနာ ငါက နာ..”
“ဟာ…နာတယ်ကွာ..နာတယ်ကွာ..ခွေးမသားကြီး”
ဘေးနားတွင် ထိုင်နေသော အုန်းဖေ က ခါးကြားမှ ဓါးမြှောင်ကို ထုတ်ကာ ဦးဟုတ်ဂွမ်၏ ဘယ်ဘက်ကို နှစ်ချက်ဆင့် ထိုးချလိုက်သည်။
ပထမတော့ ဦးဟုတ်ဂွမ် ကြောင်နေသည်။
နောက်မှ နာကြင်မှုကို ခံစားလိုက်ရသည်။ အုန်းဖေ လက်မှ ဓါးကို မြင်သွားသည်။
“အ..အ..ဖိုးတုတ်..ငါ့ကို အုန်းဖေ ဓါးနဲ့ ထိုးတယ်…ထိုးတယ်”
ဖိုးတုတ်က ကားကို ထိုးရပ်လိုက်သည်။
“ဟေ့ကောင်..အုန်းဖေ..မင်း ဘယ်လို လုပ်တာလဲ”
“သွားပြီ..ဆရာဖိုးတုတ်…ကျွန်တော်…ဒေါသမထိန်းနိုင်တော့လို့”
သွေးများက ဦးဟုတ်ဂွမ်၏ ပုဆိုးပေါ်တွင် အိုင်ထွန်းလာသည်။
“ဟေ့ကောင်တွေ..အောက်ကိုချ..အောက်ကိုချ..ဘယ်နားထိသွားတာလဲမသိဘူး…အနာကို အဝတ်စည်းပြီးမှ ဆေးရုံပို့ရမယ်”
ဓါးဒဏ်ရာဖြင့် ဦးဟုတ်ဂွမ်ကို လင့်ခ်လမ်း ဘေးမှ ခြုံပုတ်များပေါ်သို့ ဆွဲတင်လိုက်သည်။
“ထွန်းတင် ကားထဲမှာ ဓာတ်မီးရှာခဲ့စမ်း”
ဖိုးတုတ်က အုန်းဖေ၏ ဓါးဖြင့် သူ့ပုဆိုးစအောက်ဘက်ကို ဆွဲဖြတ်လိုက်သည်။
ထွန်းတင်က ဓာတ်မီးယူလာပြီး ဦးဟုတ်ဂွမ်၏ ဒဏ်ရာကို ထိုးပြ၏။
ဖိုးတုတ်က ပုဆိုးစကို လက်ကကိုင်ကာ ဦးဟုတ်ဂွှမ်ကို ပွေ့လိုက်သည်။
ဦးဟုတ်ဂွမ်ကား မျက်ဖြူလန်နေချေပြီ။
နှလုံးအနီးတဝိုက် ဓါးဒဏ်ရာနှစ်ချက်မှ သွေးများ တပွက်ပွက်ထွက်နေ၏။
နာကြင်သော ဝေဒနာကြောင့် ပါးစပ်ကို ဟလျက် အသက်ရှုနေရသည်။
ဖိုးတုတ် အခြေအနေကို နားလည်လိုက်သည်။
သူနှင့် နှစ်ပေါင်းများစွာအတူတကွ လက်တွဲလာခဲ့သော မိတ်ဆွေကြီးဦးဟုတ်ဂွမ်မှာ နောက်ဆုံးအချိန်သို့ ရောက်နေပေပြီ။
ဝေဒနာကို ခက်ခက်ခဲခဲ ခံစားနေရသည်။
ဖိုးတုတ်က ဦးဟုတ်ဂွမ်ကို ချကာ ဘေးဘီသို့ ကြည့်လိုက်သည်။
လံချားအပျက်တစ်စင်းကို တွေ့သဖြင့် ထသွားလိုက်သည်။ လက်ချားဘီးမှ သစ်သားချောင်းတစ်ချောင်းကို ကန်ဖြုတ်လိုက်သည်။
ထို့နောက် အသက်ငင်နေသော ဦးဟုတ်ဂွမ်ထံသို့ ပြန်လာကာ ခေါင်းကို သုံးလေးချက်ရိုက်ချလိုက်လေတော့သည်။
“ကဲ..ဆရာရေ….ကျွန်တော် မကြည့်ရက်လို့ပါဗျာ”
ထို့နောက် တုတ်ကို ပစ်ချပြီး..ဖိုးတုတ် မျက်လုံးကို မှိတ်ကာ ထိုင်နေလိုက်သည်။
မိုးစက်များကား သူ့မျက်နှာပေါ်တွင် ကျလျက်။
ထိုမိုးစက်များသည် မျက်ရည်နှင့် ရောနှောလျက်ရှိနေသည်လားကိုတော့ ဖိုးတုတ်ကိုယ်တိုင်မှလွဲပြီး မည်သူမှ အတတ်မပြောနိုင်။
အုန်းဖေက ကားဘေးနားတွင် ငူငူကြီး ရပ်နေသည်။
ထွန်းတင်က ဦးဟုတ်ဂွမ်အလောင်းကို ဂျိုင်းမဆွဲထူလိုက်သည်။
“ထွန်းတင် ဘာလုပ်မလို့လဲ”
“ဆရာဖိုးတုတ်နဲ့ အုန်းဖေ ရှေ့လမ်းမှာ တခုခုငှားပြီး ပြန်ကြတော့..ကျွန်တော် ကားနဲ့ အလောင်းကို တင်သွားပြီး ထုံစံအတိုင်း ဖျောက်ပစ်လိုက်တော့မယ်..ဆရာ”
“ဟေ့ကောင်..ထွန်းတင်..ပြန်ချထားစမ်း…ငါ့ဆရာကွ..ဒါ ငါလူမိုက်ပေါက်စဘ၀ ကတည်းက ငါနဲ့အတူရှိပြီး ငါ့ကို အကူအညီတွေပေးနေတဲ့ ငါ့ဆရာ….တခြားကောင်တွေလို ခွေးသေဝက်သေ အလောင်းဖျောက်တာမျိုး ငါမလိုချင်ဘူး…ငါ့ဆရာ ဂုဏ်သိက္ခာရှိရှိပဲ..သဂြိုလ်ခံစေရမယ်..ဒီတိုင်းထားခဲ့..မင်း အုန်းဖေ ကို ခေါ်ပြီး ပြန်တော့…ဘယ်လိုဖြစ်ဖြစ်..ဦးဟုတ်ဂွမ်ကို ငါသတ်တာ ဟုတ်ပြီလား…သွားတော့”
အုန်းဖေက ဖိုးတုတ်ဆီ လျှောက်လာသည်။
“ဆရာ..ကျွန်တော် မူးလည်းမူး ဒေါသလည်းထွက်နေလို့ ဖြစ်သွားတာပါ..ကျွန်တော် တာဝန်ယူပါ့မယ်..ဆရာ..ဆရာပြန်ပါ”
“အုန်းဖေ..မင်းမှာ ကလေးသုံးယောက်နဲ့ကွ..သွား..သွား…ငါသတ်တာပါဆို..သွားတော့ဆို သွားတော့..ခွေးမသားတွေ”
ထွန်းတင် နှင့် အုန်းဖေက ကားပေါ်တက်ကာ မောင်းထွက်သွားကြတော့သည်။
……………………………………………………………………
“ဒီကောင်တွေ ပြန်သွားပြီးတော့…ကျွန်တော်လည်း ဆရာဦးဟုတ်ဂွမ် အလောင်းကို ခြုံထဲထားခဲ့ပြီး မြို့ထဲ လမ်းပြန်လျှောက်လာမိတယ်။ စိတ်တွေက အရမ်းထိခိုက်နေတော့ ဘယ်ရောက်လို့ ရောက်မှန်းတောင် မသိပါဘူး။ မနက်သုံးနာရီလောက်ကျတော့ ကျုံးကြီးထိပ်က လင်တိုင်းဟိုတယ် ကို မြင်တာနဲ့ မန်နေဂျာကို နှိုးပြီး အပေါ်ထပ်တက် အရက်သောက်နေတာပဲ။ ကျွန်တော် ဆရာဦးဟုတ်ဂွမ်ကို အကိုလိုရော..မိတ်ဆွေရင်းချာတစ်ယောက်လိုရော ခင်မင်ပါတယ်။ ချစ်ပါတယ်ဗျာ။ အဲ့ဒီအတွက် ခံစားရလို့လည်း သုံးရက်လုံးလုံး..အရက်တွေသောက်နေမိတာ…အခု ကျွန်တော့်ဆရာ့အလောင်းကို ကောင်းကောင်းမွန်မွန် သဂြိုလ်လိုက်ကြရဲ့လားဗျာ”
“ဒီမနက်ပဲ ပုလိပ်အဖွဲ့ရဲ့ အခမ်းအနားနဲ့ သဂြိုလ်ပေးခဲ့ပါပြီ..ဘာပဲဖြစ်ဖြစ် ကျွန်တော့်အထက် အရာရှိ ဖြစ်ဖူးတဲ့ ဆရာဦးဟုတ်ဂွမ် ကို အလောင်းဖျောက်ပစ်လို့ရလျက်နဲ့ မဖျောက်ပစ်ခဲ့တဲ့တစ်ချက်တော့.. ခင်ဗျားကို လေးစားပါတယ်..ကိုဖိုးတုတ်”
………………………………………………………………………………….
ဖိုးတုတ်၊ အုန်းဖေ နှင့် ထွန်းတင် တို့ကို ဗဟန်းဌာန အချုပ်တွင် ချုပ်ထားလိုက်သည်။
မသင်းမြ ၊ ဂန္ဓမာသောင်းရီ၊ ဘသိန်း နှင့် လမ်းမတော်ဖိုးတုတ်၏ ဥပဒေအကြံပေး ရှေ့နေကြီး ပန်ကာအေးကို တို့ ဗဟန်းဌာနသို့ လာတွေ့ကြသည်။
ဖိုးတုတ်က အချုပ်ထဲမှ ထွက်ကာ အမှုစစ်ခန်းတွင် ရှေ့နေကြီ ဦးအေးကို နှင့် စကားပြောကြသည်။
“ကိုအေးကို…ဒီအမှုအတွက် ကျွန်တော်ခင်ဗျားကို ပုံအပ်တယ်။ ငွေလိုရင် မသင်းမြကို ပြော၊ လူလိုရင် ဂန္ဓမာကိုပြောပါ”
“ကိုဖိုးတုတ်တို့ အမှုဖြစ်စဉ်ကို ကျွန်တော်လေ့လာပြီးပါပြီ။ အခြေအနေကောင်းပါတယ်။ ခက်တာက သတ်ခံရတဲ့လူက ပုလိပ်အရာရှိဖြစ်နေတာပဲဗျ…ဒီကိစ္စကို ကျွန်တော့် ထက် သြဇာကြီးတဲ့ ရှေ့နေကြီး တစ်ယောက်ယောက် ကို ပါ ထပ်ငှားရင် ကောင်းမယ်..ကိုဖိုးတုတ်”
“ခင်ဗျား ဘယ်သူ့ကို ငှားချင်လဲ…ကိုအေးကို”
“လူသတ်မှုလိုက်ရာမှာ အင်မတန်တော်တဲ့ ကျွန်တော့်ဆရာကြီးရှိတယ်…ဦးကျော်ဇံ တဲ့။ သူက ဈေးတော့ကြီးတယ်..ကိုဖိုးတုတ်”
“ဘယ်လောက်ကြီးကြီး…ငှားဗျာ..အဓိကက ကြိုးမကျရင်ပြီးတာပဲ..သေတော့မသေချင်သေးဘူးဗျာ”
ရှေ့နေဦးအေးကို ပြန်သွားပြီးနောက် ဘသိန်း၊ ဂန္ဓမာနှင့် မသင်းမြကို ခေါ်တွေ့တော့သည်။
“မသင်းမြ..အိမ်မှာ စံဘရယ်၊ မောင်မောင်ရယ်၊ သူတို့တပည့်တွေရယ် ညတိုင်း လာအိပ်ပေးလိမ့်မယ်။ အကို ဒီထဲမှာ သိပ်မကြာလောက်ဘူးထင်တယ်။ စိတ်မပူနဲ့။ နောက်ပြီး ဆရာဦးဟုတ်ဂွမ်နေတဲ့ ထောင်ကြီးဝန်းထဲက အိမ်မှာ နောက်လေးရက်နေရင် သူ့ရက်လည်လုပ်လိမ့်မယ်။ အဲ့ဒီကို စံဘကို လွှတ်ပြီး စာအိတ်ထဲ ရွှေဒင်္ဂါးဆယ်ပြားထည့်ပြီး သူ့မိန်းမကို သွားပေးခိုင်းပါ။ အကိုက ပေးခိုင်းတယ်လို့ မသိပါစေနဲ့။ ယောက်ျားမရှိတော့ သူတို့ ခက်ခဲရှာမှာ ။ နောက်ပြီး ရှေ့နေကိုအေးကို က အမှုကိစ္စ ငွေလိုရင် သေချာမေးမြန်းပြီးမှ ပေးလိုက်၊ တချို့ကိစ္စတွေ ဘာလုပ်ရမယ်ဆိုတာ ဂန္ဓမာနဲ့ လာပြောလိမ့်မယ်.အကို ဂန္ဓမာနဲ့ အလုပ်ကိစ္စပြောလိုက်ဦးမယ်”
“ဘသိန်း မင်းက အမေ့ကို ကျန်းမာရေးဂရုစိုက်ပေး၊ နောက် ရှေ့နေတွေ ကိစ္စကို မသင်းမြ နဲ့အတူ ကူလုပ်ပေးကွာ”
ဘသိန်းနှင့် မသင်းမြထွက်သွားပြီးနောက် လမ်းမတော်ဖိုးတုတ် နှင့် ဂန္ဓမာသောင်းရီ သာ ကျန်ရစ်ခဲ့သည်။
“ဂန္ဓမာ..ငါ အထဲမှာနေတုန်း အပြင်က အခြေအနေတွေကို မင်းထိန်းထားပေးကွာ…ကြမ်းသင့်တာ ကြမ်းထား..။ ဒီထဲမှာကတော့ ငါ့အတွက်အသက်လုပွဲပဲ။ ကြိုးစင်ပေါ် ပတ်ပြေးနေရတာကွ။ ကြိုးကွင်းစွပ်ရင်လည်း စွပ်သွားနိုင်တယ်။ ဒါပေမယ့်..ငါ့မှ အကြံတွေ ရှိပါတယ်ကွာ”
“စိတ်ချပါ..ဖိုးတုတ်ရာ… ငါ့ကိုစိတ်ချစမ်းပါ…”
“အေး..ငါပြောတာမင်းသေချာနားထောင်၊ မင်း ဒီကပြန်ရင် မသင်းမြ နဲ့အတူပြန်၊ ပြီးရင် မသင်းမြကို နန်းရင်းဝန်ဦးပု ဖုန်းခေါ်ခိုင်း၊ သူ့ဆီမှာ ဦးပုဖုန်းနံပါတ်ရှိတယ်။ ငါ့အဖြစ်အပျက်ကို သူလည်း ဒီအချိန် သိပြီးလောက်ရောပေါ့။ သူ့ဘက်က ဘာကူညီပေးနိုင်မလဲပေါ့။ နောက် အရင်ပြည်ထဲရေးအတွင်းဝန်ဟောင်း မစ္စတာတီကူးပါးက ဝင်ဒါမီယာထဲမှာနေတယ်။ မသင်းမြဆီမှာ လိပ်စာရှိတယ်။ သူ့ ဆီကို ဘသိန်းကို လွှတ်။ သူက ဟိုက်ကုတ်တရားသူကြီးတွေနဲ့ ပိုင်တယ်။ ဪ..မသင်းမြဆီက ရွှေဒင်္ဂါး သုံးပြားပါ ယူသွားခိုင်း၊ အဖိုးကြီး ကို ငါက ခရစ္စမတ်တုန်းက သူပေးတဲ့ပါတီမလာနိုင်ခဲ့လို့ ခရစ္စမတ်လက်ဆောင်ပေးခိုင်းတာလို့ပြော”
……………………………………………
ထိုရက်ပိုင်းက အခြားတပည့်တပန်းများ၊ လမ်းမတော်မှ လုပ်ငန်းရှင်သူဌေးများလည်း လာတွေ့ကြသဖြင့် ဗဟန်းဂါတ်မှာ တရုံးရုံးဖြစ်နေ၏။
ညနေအထိ လူမဆဲပဲ ညပိုင်းမှသာ ဧည့်တွေ့ပိတ်လိုက်ရတော့သည်။
လမ်းမတော်ဖိုးတုတ်တို့အား တရားရုံးသို့ ဆွဲမတင်မီ တစ်ရက်တွင် ရှေ့နေကြီး ဦးကျော်ဇံ နှင့် ရှေ့နေ ဦးအေးကို တို့ လာရောက်တွေ့ဆုံကြသည်။
ရှေ့ဆက်လုပ်ရမည့် အသေးစိတ်ကိစ္စများကို လမ်းမတော်ဖိုးတုတ်နှင့် တိုင်ပင်ကြသည်။
ထိုညတွင် ဗဟန်းအချုပ်ခန်း က တိတ်ဆိတ်နေ၏။
အစောင့်ကျသော ပုလိပ်သားနှစ်ဦးမှာ ကင်းချိန်မကျမီ ဂန္ဓမာသောင်းရီ မှ ဧည့်ခံရင်း ထည့်ပေးလိုက်သော အရက်ပုလင်းကို ခိုးသောက်ပြီးနောက် အိပ်မောကျသွားကြလေသည်။
ထိုအချိန်တွင် လမ်းမတော်ဖိုးတုတ် သည် စောင်ကို ခေါင်းမြီးခြုံပြီး အိပ်နေသည်။
ဖိုးတုတ်ခြေရင်းတွင် အိပ်နေကြသော အုန်းဖေနှင့် ထွန်းတင်က ထလာကြပြီး စောင်ခေါင်းမြီးခြုံကာ အိပ်နေသည့် လမ်းမတော်ဖိုးတုတ်ကို ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ကြလေတော့သည်။
ကြိုတင်မှာထားပြီးသားကိစ္စဖြစ်သဖြင့် ကျန်အချုပ်သားများမှာ မအိပ်ပျော်သော်လည်း ကြိတ်မှိတ်အိပ်ချင်ယောင် ဆောင်နေကြသည်။
ထို့နောက် အုန်းဖေ နှင့် ထွန်းတင် မှာ ကိုယ်အိပ်ရာသို့ ကိုယ်ပြန်ကာ ခွေခွေလေး ပြန်အိပ်ကြတော့သည်။
ပုလိပ်သားများထံမှ ဟောက်သံပင် ထွက်လာလေ၏။
ကင်းချိန်ပြည့်ပြီး ကင်းလာရောက်လဲချိန်တွင်ပင် အိပ်ပျော်နေကြသဖြင့် အခြားပုလိပ်သားများက နှိုးယူရသည်။
………………………………………………………………………
တရားရုံးသို့ တင်ပို့လေပြီ။
တရားရုံးသို့ ခေါ်ဆောင်လာသော လမ်းမတော်ဖိုးတုတ် ၏ မျက်နှာတွင် ဒဏ်ရာဒဏ်ချက်များ တွေ့နေရသဖြင့် တရားသူကြီးမှာ မျက်မှောင်ကြုံ့သွား၏။
“ပုလိပ်တွေ ဆရာဖိုးတုတ်ကို ရိုက်ထားကြတာ..ထင်တယ်”
ရုံးချိန်းသို့ လာကြသည့် ဖိုးတုတ်တပည့်များက မကြားတကြား ပြောကြသည်။
ဗဟန်းဌာနအုပ် ဦစံထွန်းရင်မှာ မျက်စိမျက်နှာပျက်နေသည်။
အချုပ်ထဲတွင်နေရင်း မိုးလင်းသည့်အခါ ဒဏ်ရာဒဏ်ချက်များရနေသော ဖိုးတုတ်ကို ဗဟန်းဂါတ်မှ ပုလိပ်များ တအံတသြဖြစ်နေကြသည်။
ဖိုးတုတ်ကို မေးသော်လည်း ဖိုးတုတ် က မဖြေ။
ယခုတော့ တရားသူကြီးနှင့် ပရိသတ်က ထိုဒဏ်ရာများကို ပုလိပ်များ လက်ချက်ဟု ထင်နေကြပြီဖြစ်သည်။
ထိုအချက်က တရားခွင် အစရုံးချိန်းတွင်ပင် ဖိုးတုတ် အား အသာစီးရစေခဲ့သည်။
နောက်ရုံးချိန်းများတွင်လည်း ရှေ့နေဦးကျော်ဇံ နှင့် အစိုးရရှေ့နေတို့ အချေအတင်ဖြစ်ကြသည်။
ပုလိပ်အဖွဲ့နှင့်လည်း အခြေအတင်ငြင်းခုံကြသည်။
ရဲထံတွင် ထွက်ဆိုသော ဖြောင့်ချက်မှာ တရားစီရင်ရေးတွင် အကြုံးမဝင်ချေ။
ထို့ကြောင့် ရဲထံတွင် ဖိုးတုတ် ထွက်ဆိုသော ဖြောင့်ချက်မှာ တရားရုံးတွင် အရေးမပါတော့။
ထို့ပြင် ရုံးချိန်းအစတွင် ဖိုးတုတ်ရခဲ့သော ဒဏ်ရာများကြောင့် ပုလိပ်က ခြိမ်းခြောက်ရိုက်နှက်ကာ ဖြောင့်ချက် ပေးခိုင်းခြင်းသဘောမျိုးကို ရှေ့နေက လျှောက်လဲသည်။
အုန်းဖေ နှင့် ထွန်းတင်က အခင်းဖြစ်သည့်နေ့က သူတို့ သုံးဦးသည် ချိုင်းနားစတန်းတွင် တညလုံး အရက်သောက်ခဲ့ကြကြောင်း သာ တွင်တွင် ထွက်ဆိုနေသည်။
ချိုင်းနားစတန်းဟိုတယ်ပိုင်ရှင် လောက်ဝီ၊ ဟိုတယ်မယ် ချိုက်ဟုန်တို့ကလည်း ဖိုးတုတ်တို့ သုံးဦးသား အခင်းဖြစ်ချိန်လောက်တွင် ဟိုတယ်ပေါ်တွင် လူမှန်းမသိအောင်မူးနေကြောင်း သက်သေထွက်သည်။
ဇာတ်မင်းသားရွှေကျီးညို ၏ ဇနီးကလည်း ထိုနေ့က သူမထံသို့ ဖိုးတုတ်တို့ မရောက်လာခဲ့ကြောင်း ထွက်ဆိုသည်။
ဖိုးတုတ် ဖြောင့်ချက်ထဲတွင် ပါဝင်သည့် တက္ကစီဂိတ်နှင့် အရက်ဆိုင်များ တွင်လည်း ဖိုးတုတ်တို့ လေးယောက် ထိုင်သောက်ခဲ့ကြောင်း မျက်မြင်သက်သေများ တင်ပြနိုင်ခြင်းမရှိခဲ့။
ထို့ကြောင့် ဦးဟုတ်ဂွမ်ကို သတ်မှုတွင် ဦးဟုတ်ဂွမ် သေဆုံးသည်မှ လွဲပြီး ကျန်သည့်အဖြစ်အပျက်များသည့် လုံး၀ ဖြစ်ပျက်ခဲ့ခြင်းမရှိခဲ့သည့် ပုံစံ ပေါက်နေတော့၏။
နောက်ဆုံးတွင် ရန်ကုန်အလယ်ပိုင်းခရိုင်တရားရုံးမှ ဖိုးတုတ်တို့အမှုအား ဗဟိုတရားရုံးချုပ် (ဟိုက်ကုတ်) သို့ ဆက်လက်လွှဲပေးလိုက်ရသည်။
ဟိုက်ကုတ်က ဆက်လက်စစ်ဆေးရာတွင်လည်း ရဲထံတွင် ဖိုးတုတ်ပေးခဲ့သည့် ဖြောင့်ချက်ပါ ဇာတ်လမ်းမှာ မျက်မြင်သက်သေများ လုံးဝမရှိဖြစ်နေလေသည်။
ထို့ကြောင့် ယခုအမှုသည် ရဲတပ်ဖွဲ့မှ ဖိုးတုတ်အား ရိုက်နှက်ဖိအားပေးကာ ဖြောင့်ချက်ထွက်ဆိုခိုင်းထားခြင်းဟု ယူဆပြီး ဖိုးတုတ်ပါ (၃)ဦးမှာ မျက်မြင်သက်သေမရှိသဖြင့် သံသယအကျိုးခံစားခွင့်ဖြင့် ကွင်းလုံးကျွတ် လွှတ်လိုက်လေတော့သည်။
ထိုနေ့က လမ်းမတော်ဖိုးတုတ် ၏ တပည့်များ မီးကုန်ယမ်းကုန် ပျော်ရွှင်ကြသော်လည်း ပုလိပ်အဖွဲ့အတွက်မှာ မူ ဂုဏ်သိက္ခာကျဆင်းစေသော နေ့တစ်ရက်ဖြစ်ခဲ့သည်။
မိမိတို့ လူကို သတ်ခဲ့ပြီး မိမိတို့ကို ပင် တစ်ပတ်ရိုက်သွားသည့် လမ်းမတော်ဖိုးတုတ်ကို ပုလိပ်အဖွဲ့ ယခင်ကကဲ့သို့ ဆက်ဆံရေးမျိုး မတည်ဆောက်တော့ပဲ..ရန်သူအဖြစ် သတ်မှတ်လိုက်လေတော့သည်။
လမ်းမတော်ဖိုးတုတ်မှာ ထောင်ထဲတွင်နေပြီး တစ်နှစ်ခန့် အမှုရင်ဆိုင်ခဲ့ရသည်။ သူထောင်မှ ထွက်ချိန်တွင် ဦးပု အစိုးရမှာ ပြုတ်ကျသွားခဲ့ပေပြီ။
ဦးပု ပြုတ်ကျပြီး ဂဠုန်ဦးစော ဦးဆောင်သည့် အစိုးရ တက်လာခဲ့သည်။
ပုလိပ်အဖွဲ့လည်း လမ်းမတော်ဖိုးတုတ် တင်မက တပည့်များကိုပါ စောင့်ကြည့်နေကြသည်။
အမှားအယွင်းရှိသည်နှင့် ဖမ်းဆီးရန် အသင့်ပြင်ထားကြ၏။
ထိုအခြေအနေတွင် လမ်းမတော်ဖိုးတုတ်မှာလည်း မိတ်ဆွေရင်းဖြစ်သူ ဦးဟုတ်ဂွမ်ကို သတ်မိသည့်အတွက် စိတ်ထိခိုက်ခံစားရမှုမှ မပြေပျောက်နိုင်သေး။
လမ်းမတော်တဝိုက်တွင် ဖိုးတုတ်နှင့် ဦးဟုတ်ဂွမ် မထိုင်ဘူးသည့် အရက်ဆိုင်မရှိ၊ မသွားဖူးသည့် ကလပ် မရှိ။
ထိုမျှ အတွဲညီလှသည့်မိတ်ဆွေတစ်ယောက်ကို တပည့်များ ၏ မိုက်မဲမှုကြောင့် သတ်ခဲ့ရသည့်အတွက် မိမိကိုယ်ကို ခွင့်မလွှတ်နိုင် ဖြစ်နေချေသည်။
…………………………………………………….
၁၉၄၁ စက်တင်ဘာလ (၂၄)ရက်။
ရှန်ဟိုင်းအစိမ်းဂိုဏ်း၏ ဆိပ်ကမ်းကိုယ်စားလှယ် ဘွန်းရှူးကျင်း က လမ်းမတော်ဖိုးတုတ် ထံ ဆက်သွယ်လာသည်။
လမ်းမတော်ဖိုးတုတ်သည် ခြောက်လုံးပြူးသေနတ်မှာပြီးနောက် ဘွန်းရှုှးကျင်းအား ငွေမပေးချေရသေး။
အမှုရင်ဆိုင်နေစဉ်ကာလဖြစ်သဖြင့် ယခုအမှုမှ လွတ်သည့်အခါ ငွေပေးချေရန် ခေါ်ခြင်းးဖြစ်သည်။
ဘွန်းရှူးကျင်းက ဖိုးတုတ်ကို တရုတ်ရိုးရာလက်ဖက်ရည်ကြမ်းဖြင့် ဧည့်ခံသည်။
“ဖိုးတုတ်..ပုလိပ်တွေကတော့ မင်းကို အစာမကြေဘူး..ကြားတယ်”
“ဟုတ်တယ်….ဦးလေး..ကျွန်တော့်မှာ အန္တရာယ်ပတ်လည်ဝိုင်းနေသလို ခံစားရတယ်”
“အေး..ဒါပေမယ့် မင်းကံကောင်းတယ်..ဖိုးတုတ်..အခု စစ်ကြီးက အာရှကို ကူးစက်လာတော့မယ်..ပြီးတော့ ဂျပန်တွေ ဝင်လာတော့မယ်..အဲ့ဒါ မင်းအတွက် အခွင့်အရေးအစပဲကွ”
“ကျွန်တော်က ထောင်ထဲ နေပြီး ရုံးချိန်းတွေနဲ့ပဲ ပတ်လည်ရိုက်နေတော့ ကမ္ဘာအခြေအနေတွေ မသိဘူး..ဦးလေး.. ကျွန်တော်ဘာလုပ်ရမလဲ အကြံပေးပါဦး”
“အေး..ဖိုးတုတ်ရဲ့..စစ်က အနှေးနဲ့အမြန်ဒီကိုရောက်လာမှာပဲ..ဂျပန်က မြန်မာပြည်ကို ဝင်လာဖို့များတယ်။ ဂျပန်တင်မကဘူး.ဂျပန်မှာ စစ်ပညာသင်လာတဲ့.မြန်မာပြည်က သခင်လူငယ်တွေအဖွဲ့ပါ ဂျပန်တပ်နဲ့အတူ မြန်မာပြည်ကို ဝင်လာတော့မှာ’’
“ဟို သခင်အောင်ဆန်းတို့ ဆိုတာလား”
“အေး..ဟုတ်တယ်..ဘိုးတုတ်..မင်းကို ငါအခုခေါ်တာ အဲ့ဒီကိစ္စလည်းပါတယ်”
“ကျွန်တော်နဲ့ အဲ့ဒီကိစ္စ ဘာဆိုင်လို့လဲ..ဦးလေး”
“ဒီမှာ..မင်းအတွက် ရှေ့ဆက်ရမယ့် ခရီးမှာ အလောင်းအစားတစ်ခု မလုပ်ချင်ဘူးလား”
“ကျွန်တော် နားမလည်ဘူး..ဦးလေး..ဘာကိုလဲ”
ဘွန်းရှှုးကျင်းက ထိုင်နေရာမှ ထကာ အခန်း လိုက်ကာကို လှပ်လိုက်သည်။
အခန်းထဲတွင် မဟာယာနဘုန်းကြီးတစ်ပါးက ဘုရားစာရွတ်နေ၏။
“ဒီကိုယ်တော်က ဂျပန်ဘုန်းကြီး နဂါအိ တဲ့။ သူက မီနာမီကီကန်းအဖွဲ့က”
“မီနာမီကီကန်း..ဆိုတာ”
“မီနာမီကီကန်း ဆိုတာ မြန်မာပြည်လွတ်လပ်ရေးအတွက် သခင်အောင်ဆန်းတို့ကို ဟိုင်နန်ကို ခေါ် စစ်ရေးလေ့ကျင့်ပေးပြီး အခု မြန်မာပြည်ထဲ ဦးဆောင်ပြန်ဝင်လာတဲ့အဖွဲ့ပဲ။ အခု ပြသနာက ဂျပန်ရဲ့ အရှေ့တောင်အာရှစစ်ဝန်ကြီးဌာနက မီနာမီအဖွဲ့ကို ဘတ်ဂျက်သိပ်မပေးတော့ဘူး။ ဦးဆောင်ချီတက်မယ့် ဂျပန် အမှတ်(၃)တပ်မဟာကလည်း ငွေကြေးအရ ဘာမှ အကူအညီမပေးနိုင်ဘူးဖြစ်နတယ်။ ခေါ်လာတဲ့ သခင်ရဲဘော်တွေလည်း လမ်းမှာ ဝမ်းလျောကြ၊ ငှက်ဖျားမိကြနဲ့ အခက်အခဲဖြစ်နေကြတယ်ကွာ။ အဲ့ဒါ မီနာမီ ခေါင်းဆောင် ဗိုလ်မှူးကြီး ဆူဇူကီးက မြန်မာပြည်ထဲကနေ ရသလောက် ရံပုံငွေ ရှာပြီး ယိုးဒယားကို လာပို့ပေးဖို့ နဂါအိကိုယ်တော်ကို တာဝန်ပေးထားတာပဲ”
“အဲ့ဒီတော့ ကျွန်တော့်ကို အလှူခံနေတာလား”
“အလှူခံနေတာမဟုတ်ဘူးကွ.မင်းရဲ့ အနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှုတစ်ခုလုပ်ခိုင်းနေတာ..မင်းငွေလှူလိုက်တာနဲ့ နဂါအိက မင်းနာမည်ကို ဗိုလ်မှူးကြီး ဆူဇူကီးကို နားထဲထည့်ပေးမှာ..ငါပြောတာ သဘောပေါက်လား..ဒါလောင်းကစားပဲကွ..ရှေ့တက်မယ့် မင်းဘဝအတွက် ကမ္ဘာစစ်ကြီးကို ရင်းပြီး အလောင်းအစားလုပ်တာပဲ”
လမ်းမတော်ဖိုးတုတ် စဉ်းစားသွားသည်။ ရေနွေးကြမ်းကို သောက်ရင်း မျက်လုံးကို မှိတ်ထားသည်။
“နေပါဦး..ကျွန်တော် မေးချင်လို့…ဦးလေးက ရှန်ဟိုင်းအစိမ်းဂိုဏ်းကနေ ဘယ်လိုလုပ်ပြီး ဂျပန်တွေနဲ့ ပေါင်းသွားရပြန်တာလဲ”
“ဖိုးတုတ်ရေ..ဘယ်အရာကိုမှ တရားသေမမှတ်နဲ့ကွ..အခု အရှေ့တောင်အာရှမှာ ဂျပန်တွေ ကြီးစိုးလာကြပြီ။ ရှန်ဟိုင်းဂိုဏ်းတွေကို ဂျပန်က အပြတ်ရှင်းနေကြပြီ။ ငါ့လို ဆိပ်ကမ်းကိုယ်စားလှယ်လေးကိုလည်း သူတို့ ဘာမှ အကူအညီမပေးနိုင်ကြတော့ဘူး။ ဒီတော့..ငါလည်း ငါ့အသက်ရှင်ရေးအတွက်..အလောင်းအစားလေး လုပ်ရတာပေါ့ကွာ”
ဖိုးတုတ်က မတ်တပ်ထရပ်ပြီး ပြုံးလိုက်သည်။
“ဟုတ်ပြီ..သူတို့က ဘယ်လောက်လိုတာလဲ..ဦးလေး”
“မင်း ဘယ်လောက်တတ်နိုင်လဲ..အခုထိတော့ နဂါအိရှာထားသမျှ ရူပီးသုံးသောင်းရသွားပြီ”
“ကျွန်တော် ခဏနေပြန်လာပြီး နောက်ထပ် ရူပီးသုံးသောင်း ဖြည့်ပေးလိုက်မယ်..…. ..ဦးလေးပြောသလိုပဲ…ကမ္ဘာစစ်ကြီးကို အလောင်းအစားလုပ်ကြည့်တာပေါ့..ဦးလေးရေ”
ခက်ဇော်
(Zawgyi)
The Guys of Yangon,1930 (Part 19)
အခန္း(၂၀)
.....….........
ထိုေန႔ညက မိုး႐ြာေနသည္။
လမ္းေတာ္ဖိုးတုတ္ သည္ တပည့္ျဖစ္သူ အုန္းေဖ၊ ထြန္းတင္တို႔ႏွင့္အတူ ခ်ိဳင္းနားစတန္းဟိုတယ္တြင္ ထိုင္ေနၾကေလသည္။
အုန္းေဖ ၏ မိခင္ႀကီးမွာ လြန္ခဲ့သည့္ လ က ကြယ္လြန္သြားခဲ့သည္။ အုန္းေဖ မွာ မယားအလြန္ေပြေသာ္လည္း မိခင္ႀကီးကိုမူ အလြန္ခ်စ္သူျဖစ္သည္။
မိခင္ႀကီးဆုံးၿပီးကတည္းက ေန႔ဘက္ေရာ ၊ ညဘက္ပါ အရက္ေသာက္ေနခဲ့သည္။
ယခုညေတာ့ လမ္းမေတာ္ဖိုးတုတ္သည္ ဇာတ္မင္းသားေ႐ႊက်ီးညိဳႏွင့္ ခ်ိန္းထားသျဖင့္ ေစာင့္ေနရင္း တပည့္မ်ားကို ေခၚကာ အရက္ေသာက္ေနျခင္းပင္။
ငမိုး၏ သူငယ္ခ်င္းျဖစ္သည့္ အလိန္ က မိုင္ဒါကြင္းတြင္ သူသြင္းမည့္ သီတင္းကြၽတ္အာဝါေဒးပြဲအတြက္ ဇာတ္မင္းသားေ႐ႊက်ီးညိဳ ပြဲကို သြင္းခ်င္သျဖင့္ ဖိုးတုတ္ကို အကူအညီေတာင္းထားသည္။
ဖိုးတုတ္က ၾကားဝင္ကူညီေပးလွ်င္ ႏွစ္ဖက္လုံးထံမွ ပြဲခၿမိဳးၿမိဳးျမက္ျမက္ရတတ္၏။
သို႔ေသာ္…ဝီစကီတစ္လုံးကုန္ခ်ိန္က်သည္အထိ ေ႐ႊက်ီးညိဳကား ေပၚမလာ။
ရန္ကုန္မိုးကား သဲသဲမဲမဲ႐ြာခ်လိုက္၊ ခပ္ဖြဲဖြဲ႐ြာလိုက္ျဖင့္ ။
ဖိုးတုတ္တို႔ ဆရာတပည့္သုံးေယာက္ ေရခ်ိန္ကိုက္ေနေလၿပီ။
“ဇာတ္မင္းသား က ဒီေန႔မွ ဘာျဖစ္တယ္ မသိဘူးကြာ..အေရးႀကီးပါတယ္ဆိုမွ..ကဲ..ၾကာတယ္..အုန္းေဖ သူ႔အိမ္ကို ငါတို႔လိုက္သြားၾကမယ္ကြာ”
“ဆရာ့မွ ကားမပါလာဘူးေလဆရာ..ဘယ္လိုသြားမွာလဲ”
“ေဟ့.ထြန္းတင္..မင္းတပည့္ တကၠစီသမားေတြ လမ္းမေတာ္ထိပ္မွာရွိတယ္..မဟုတ္လား..တစ္စီးသြား ယူေမာင္းခဲ့ကြာ”
ထြန္းတင္က ေအာက္သို႔ ဆင္းသြားသည္။
“ဆရာဖိုးတုတ္..မိုးကလည္း ေအးတယ္ဗ်ာ..တစ္ေယာက္ ႏွစ္ပက္ေလာက္ အခ်မ္းေျပ ထပ္ခ်ၾကဦးမလား”
“အုန္းေဖ..မင္းက တကယ့္ႂကြက္တြင္းပဲကြ..မင္းမ်ားေနၿပီ..ေဟ့ေကာင္”
“လုပ္ပါ..ဆရာဖိုးတုတ္ရာ..ခ်ရေအာင္”
ဖိုးတုတ္က ဟိုတယ္ဝိတ္တာအား ေခၚကာ အရက္ႏွစ္ပက္ စီ ထပ္မွာေသာက္ၾကေလသည္။
မၾကာမီ ထြန္းတင္ ျပန္ေရာက္လာ၏။
“ထြန္းတင္ အိုေကလားေဟ့”
“အိုေကတယ္..ဆရာ”
“အိုေကရင္..မင္းေမာင္းကြာ…ေျမနီကုန္းက ကိုေ႐ႊက်ီးညိဳအိမ္ကို”
တကၠစီကို ထြန္းတင္က ေမာင္းသည္။ ဖိုးတုတ္က ေဘးမွ ထိုင္သည္။
အုန္းေဖက ေနာက္ခန္းမွ လိုက္၏။
မင္းသားေ႐ႊက်ီးညိဳ အိမ္သို႔ ေရာက္ေသာအခါ ေ႐ႊက်ီးညိဳ ၏ မိန္းမက ထြက္လာသည္။
“မထားေမ..ခင္ဗ်ားေယာက္်ားက…အလုပ္ကိစၥခ်ိန္းထားတာ ေရာက္မလာလို႔”
“မေျပာခ်င္ဘူး..ကိုဖိုးတုတ္ေရ..ရွင့္လူက..မိုးေအးတယ္ဆိုၿပီး သူ႔ဆိုင္းဆရာေတြနဲ႔ ေန႔လည္ကတည္းက ေသာက္ေနတာ အမူးလြန္ၿပီး အိပ္ေပ်ာ္ေနတယ္..အလုပ္ကိစၥခ်ိန္းထားတာလည္း ကြၽန္မကို မေျပာဘူး..မိုးတြင္း ေငြေၾကးက ရွားပါးပါတယ္ဆိုမွ သူက အလုပ္ကို အေလးမထားဘူး..အခု သြားႏႈိးလိုက္ရမလား”
“ေန..ေန..မႏႈိးနဲ႔ေတာ့ဗ်ာ…ဒီအခ်ိန္ အိပ္ေကာင္းေနမွာ ကိုယ္ခ်င္းစာပါတယ္..မနက္မွပဲ သက္သက္လာခဲ့ေတာ့မယ္..အခုေတာ့.ကြၽန္ေတာ္တို႔ ျပန္ေတာ့မယ္”
လမ္းမေတာ္ဖိုးတုတ္ တို႔ သည္ ေ႐ႊက်ီးညိဳအိမ္မွ ျပန္ထြက္လာၾက၏။
ေျမနီကုန္းလမ္းဆုံရွိ လမ္းျပပုလိပ္တဲ အနီးသို႔ ေရာက္ေသာအခါ ထီးတစ္ေခ်ာင္းျဖင့္ မတ္တပ္ရပ္ေနသည့္ အိတ္စပက္ေတာ္ဦးဟုတ္ဂြမ္ကို ေတြ႕လိုက္ေလသည္။
“ေဟ့..ထြန္းတင္..ကားရပ္ဦးေဟ့”
ကားက ဦးဟုတ္ဂြမ္ေရွ႕တြင္ ရပ္လိုက္သည္။
“ဆရာ..တကၠစီေစာင့္ေနတာလား”
“ဟာ..ဖိုးတုတ္..အေတာ္ပဲေဟ့”
“လာ..တက္တက္..ဆရာ”
ဦးဟုတ္ဂြမ္ က ေနာက္ခန္းမွ တက္လိုက္ၿပီး အုန္းေဖ ၏ ေဘးတြင္ ဝင္ထိုင္လိုက္သည္။
“ဆရာဘယ္က ျပန္လာတာတုန္း”
“ဆပ္ေက်ာင္းတုန္းက ငါ့သူငယ္ခ်င္းေမြးေန႔ကြာ။ လမ္းျပပုလိပ္ထဲ့ အိတ္စပက္ေတာ္ျဖစ္ေနတဲ့ေကာင္ေပါ့။ ဒီေကာင္ ေမြးေန႔ ေသာက္စားလာၾကတာကြာ။ ဒီေကာင္လာေခၚေတာ့ ကားလည္း ယူမလာမိပါဘူး။ ငါလည္း ဒီေကာင္ေတြအခ်င္းခ်င္း ရန္ျဖစ္ေနာလို႔ နားညည္းတာနဲ႔ ျပန္ဖို႔ ထြက္လာတာေဟ့..မေအေဘးပုလိပ္ေတြမ်ား မူးရင္ အခ်င္းခ်င္း ျပန္ညစ္ေနၾကတာကိုးကြာ”
“ဟား..ဟား..ျဖစ္ရေလ..ဆရာရာ..ကဲ..ဒါဆို အခု အရက္ေသာက္လို႔ ဝၿပီလား”
“ဘယ္၀ မလဲကြ…..ဖိုးတုတ္ရ..မင္းနဲ႔ ေတြ႕မွေတာ့ ထပ္ေသာက္ရမွာေပါ့”
“ကဲ..ဒါဆိုလည္း ထြန္းတင္ ဒီနားမွာ ဘယ္ဆိုင္ေကာင္းလဲကြ”
“ဒီအခ်ိန္ဆိုရင္ေတာ့ ဒူဗလီလမ္းထိပ္က ခ်က္အရက္ဆိုင္ပဲရွိေတာ့မယ္..ဆရာဖိုးတုတ္”
“ေဟ့..ခ်က္အရက္လည္း မေသာက္ရတာ အေတာ္ၾကာၿပီကြ..ဖိုးတုတ္..အဲ့ဒီကို ေမာင္းခိုင္းကြာ”
ဆိုင္သို႔ေရာက္ေသာအခါ ေလးေယာက္သား ခ်က္အရက္ႏွစ္လုံးႏွင့္ အမဲေၾကာ္၊ အာလူးေၾကာ္တို႔ မွာကာ ထိုင္ေသာက္ၾကေလသည္။
မိုးက သဲသဲမဲမဲရွာနေဆဲ။
ေနာက္ထပ္ ခ်က္အရက္တစ္လုံးထပ္မွာေသာက္ၿပီးခ်ိန္တြင္ေတာ့ အားလုံး မူးေနၾကၿပီျဖစ္သည္။
“ကဲ…ဆရာ..ဆိုင္လည္း ပိတ္ၿပီ..ျပန္ၾကစို႔”
“ဟိတ္ေကာင္..ဖိုးတုတ္…မင္းက..ငါ့ကို အမိန႔္ေပးေနတာလား..မင္းက ဘာေကာင္လဲ..လူမိုက္လား.. ေအး မင္းလူမိုက္ဆို ငါက ပုလိပ္ကြ..မေအလိုးရ..မင္းကို ငါက ေၾကာက္ရမွာလား”
“မဟုတ္ပါဘူး..ဆရာရယ္..မိုးလည္းခ်ဳပ္ေနပါၿပီ..ဆိုင္ကလည္း ပိတ္ေတာ့မယ္…ဆရာလည္း တအားမူးေနလို႔”
“ကဲ..ဆရာရယ္..မျပန္ရင္လည္း ဒီမွာပဲ အိပ္လိုက္ပါလား..ဆိုင္ရွင္အဘြားႀကီး နဲ႔ ေျပာတာ..ဟားဟား”
အုန္းေဖက အ႐ႊန္းဝင္ေဖာက္သည္။
“ေဟ့ေကာင္.အုန္းေဖ…. ငါက မင္းႏွမ နဲ႔ အိပ္မွာကြ..ခု မင္းႏွမဆီလိုက္ပို႔”
“ကြၽန္ေတာ့္မွာ ႏွမမရွိေတာ့ ေဆာရီးပါ…ဆရာရယ္”
“ေအး..ႏွမမရွိရင္လည္း မင္းအေမကြာ…ငါ ဒီည မင္းအေမနဲ႔ အိပ္မယ္”
ထိုအခ်ိန္တြင္ အုန္းေဖ ၏ ေခါင္းထဲ ဆုံးပါးသြားသည့္ မိခင္ႀကီး အေၾကာင္းက ႐ုတ္တရက္ျပန္ေပၚလာသည္။
“ဟိတ္ေကာင္..အုန္းေဖ..ငါ ေျပာေနတယ္..မင္းအေမ ဆီလိုက္ပို႔လို႔”
“ဟာ…ဒီလူေတာ့..”
အုန္းေဖက ထရန္ျပင္လိုက္စဥ္ ဖိုးတုတ္က လက္ကို ဖိထားလိုက္သည္။
“ကဲ..ဆရာဦးဟုတ္ဂြမ္..ကြၽန္ေတာ္ပဲ ေတာင္းပန္ပါတယ္ဗ်ာ..အုန္းေဖ ကလည္း ဆရာကို ေနာက္တာပါ.. ကဲ.. မိုးေလးစဲတုန္း..ျပန္ၾကစို႔”
“ငါမျပန္ေသးဘူး..ဖိုးတုတ္…ကန္ေတာ္ႀကီးတစ္ပတ္ ကားပတ္စီးဦးမယ္..မင္းလိုက္ ပို႔မလား မပို႔ဘူးလား..ေဟ့ေကာင္”
“ကဲ..အဲ့ဒါဆိုလည္း လာဗ်ာ..ပို႔ေပးမယ္..ၿပီးရင္ေတာ့ အိမ္ျပန္ၾကမယ္ဆရာေရ”
ဖိုးတုတ္တို႔ေလးေယာက္ ဒယီးဒယိုင္ျဖင့္ ကားဆီသို႔ ေလွ်ာက္လာၾကသည္။
ဖိုးတုတ္က ကားေမာင္းသည့္ေနရာတြင္ ဝင္ထိုင္လိုက္သည္။
“ကဲ..ကြၽန္ေတာ္ ေမာင္းမယ္၊ ဆရာဦးဟုတ္ဂြမ္..ေရွ႕က တက္ပါ”
“ဟိတ္ေကာင္..ေရွ႕က မထိုင္ဘူးကြ။ ဘာလဲ မင္းက မင္းတပည့္ ေခြးမသားအုန္းေဖ ကို ငါက ေၾကာက္တယ္ထင္လို႔လား..လီးမွ မေၾကာက္ဘူးေဟ့..ငါဒီေကာင္နဲ႔ ေျပာစရာရွိေသးတယ္..ေနာက္ခန္းကပဲ ထိုင္မယ္”
ထြန္းတင္က ဖိုးတုတ္ေဘးတြင္ ဝင္ထိုင္သည္။
အုန္းေဖက ဘာစကားမွ မေျပာေတာ့ပဲ သုန္မႈန္ေန၏။
ဦးဟုတ္ဂြမ္ က အုန္းေဖေဘးတြင္ ဝင္ထိုင္လိုက္သည္။
ဖိုးတုတ္က ကားကို ခပ္ျဖည္းျဖည္းေမာင္းလာသည္။
“ေဟ့..အုန္းေဖ..ေနစမ္းပါဦး..ခုန မင္းက အရက္ဆိုင္မွာ မတ္တပ္ထရပ္တာ..ငါ့ကို လုပ္မလို႔လား..ဟင္..ေဟ့ေကာင္… မင္းသိပ္သတၱိရွိေနတယ္..ဟုတ္လား.. လုပ္ေလကြာ.. လုပ္ေလ”
အုန္းေဖက ဦးဟုတ္ဂြမ္ ကို ဘာမွမျပန္မေျပာပဲ အံကိုႀကိတ္လ်က္ အျပင္ဘက္ကို မ်က္ႏွာလႊဲကာ လိုက္လာ၏။
“ေအး..မင္း မလုပ္ရဲဘူး.မဟုတ္လား…မင္းမေျပာနဲ႔ မင္းဆရာ ဖိုးတုတ္ ေတာင္ ငါ့ကို မလုပ္ရဲဘူးကြ..မင္းလိုေကာင္ကမ်ား ငါ့ကိုထြီ”
“ဆရာဦးဟုတ္ဂြမ္…စိတ္ကိုေလွ်ာ့ပါဗ်ာ…ေပ်ာ္ေပ်ာ္ပါးပါးေသာက္လာၾကတာ…အကုန္စိတ္မေကာင္းျဖစ္ကုန္ၾကမယ္”
ဖိုးတုတ္က ကားေမာင္းေနရင္း ႏွစ္သိမ့္လိုက္သည္။
“ဘာကြ..ဟိတ္ေကာင္..ဖိုးတုတ္..မင္းတို႔ေကာင္ေတြ စိတ္မေကာင္းျဖစ္တာ ငါက ဘာလုပ္ရမွာလဲ..မင္းတို႔လို႔ သူခိုးဓါးျပေတြကို ငါက ဘာဂ႐ုစိုက္ရမွာလဲ..ဒီမွာ..မင္းတပည့္ အုန္းေဖ..က သူ႔အေမနဲ႔ ငါက လိုက္အိပ္မယ္ ေျပာလို႔တဲ့..ျဖစ္ပ်က္ေနတာ..ဒီမယ္ကြ..ငါက ပုလိပ္အရာရွိကြ…သူ႔အေမလို ေကာင္မ နဲ႔ အိပ္ရင္ေတာင္ နာခ်င္းနာ ငါက နာ..”
“ဟာ…နာတယ္ကြာ..နာတယ္ကြာ..ေခြးမသားႀကီး”
ေဘးနားတြင္ ထိုင္ေနေသာ အုန္းေဖ က ခါးၾကားမွ ဓါးေျမႇာင္ကို ထုတ္ကာ ဦးဟုတ္ဂြမ္၏ ဘယ္ဘက္ကို ႏွစ္ခ်က္ဆင့္ ထိုးခ်လိုက္သည္။
ပထမေတာ့ ဦးဟုတ္ဂြမ္ ေၾကာင္ေနသည္။
ေနာက္မွ နာၾကင္မႈကို ခံစားလိုက္ရသည္။ အုန္းေဖ လက္မွ ဓါးကို ျမင္သြားသည္။
“အ..အ..ဖိုးတုတ္..ငါ့ကို အုန္းေဖ ဓါးနဲ႔ ထိုးတယ္…ထိုးတယ္”
ဖိုးတုတ္က ကားကို ထိုးရပ္လိုက္သည္။
“ေဟ့ေကာင္..အုန္းေဖ..မင္း ဘယ္လို လုပ္တာလဲ”
“သြားၿပီ..ဆရာဖိုးတုတ္…ကြၽန္ေတာ္…ေဒါသမထိန္းႏိုင္ေတာ့လို႔”
ေသြးမ်ားက ဦးဟုတ္ဂြမ္၏ ပုဆိုးေပၚတြင္ အိုင္ထြန္းလာသည္။
“ေဟ့ေကာင္ေတြ..ေအာက္ကိုခ်..ေအာက္ကိုခ်..ဘယ္နားထိသြားတာလဲမသိဘူး…အနာကို အဝတ္စည္းၿပီးမွ ေဆး႐ုံပို႔ရမယ္”
ဓါးဒဏ္ရာျဖင့္ ဦးဟုတ္ဂြမ္ကို လင့္ခ္လမ္း ေဘးမွ ၿခဳံပုတ္မ်ားေပၚသို႔ ဆြဲတင္လိုက္သည္။
“ထြန္းတင္ ကားထဲမွာ ဓာတ္မီးရွာခဲ့စမ္း”
ဖိုးတုတ္က အုန္းေဖ၏ ဓါးျဖင့္ သူ႔ပုဆိုးစေအာက္ဘက္ကို ဆြဲျဖတ္လိုက္သည္။
ထြန္းတင္က ဓာတ္မီးယူလာၿပီး ဦးဟုတ္ဂြမ္၏ ဒဏ္ရာကို ထိုးျပ၏။
ဖိုးတုတ္က ပုဆိုးစကို လက္ကကိုင္ကာ ဦးဟုတ္ဂႊမ္ကို ေပြ႕လိုက္သည္။
ဦးဟုတ္ဂြမ္ကား မ်က္ျဖဴလန္ေနေခ်ၿပီ။
ႏွလုံးအနီးတဝိုက္ ဓါးဒဏ္ရာႏွစ္ခ်က္မွ ေသြးမ်ား တပြက္ပြက္ထြက္ေန၏။
နာၾကင္ေသာ ေဝဒနာေၾကာင့္ ပါးစပ္ကို ဟလ်က္ အသက္ရႈေနရသည္။
ဖိုးတုတ္ အေျခအေနကို နားလည္လိုက္သည္။
သူႏွင့္ ႏွစ္ေပါင္းမ်ားစြာအတူတကြ လက္တြဲလာခဲ့ေသာ မိတ္ေဆြႀကီးဦးဟုတ္ဂြမ္မွာ ေနာက္ဆုံးအခ်ိန္သို႔ ေရာက္ေနေပၿပီ။
ေဝဒနာကို ခက္ခက္ခဲခဲ ခံစားေနရသည္။
ဖိုးတုတ္က ဦးဟုတ္ဂြမ္ကို ခ်ကာ ေဘးဘီသို႔ ၾကည့္လိုက္သည္။
လံခ်ားအပ်က္တစ္စင္းကို ေတြ႕သျဖင့္ ထသြားလိုက္သည္။ လက္ခ်ားဘီးမွ သစ္သားေခ်ာင္းတစ္ေခ်ာင္းကို ကန္ျဖဳတ္လိုက္သည္။
ထို႔ေနာက္ အသက္ငင္ေနေသာ ဦးဟုတ္ဂြမ္ထံသို႔ ျပန္လာကာ ေခါင္းကို သုံးေလးခ်က္႐ိုက္ခ်လိုက္ေလေတာ့သည္။
“ကဲ..ဆရာေရ….ကြၽန္ေတာ္ မၾကည့္ရက္လို႔ပါဗ်ာ”
ထို႔ေနာက္ တုတ္ကို ပစ္ခ်ၿပီး..ဖိုးတုတ္ မ်က္လုံးကို မွိတ္ကာ ထိုင္ေနလိုက္သည္။
မိုးစက္မ်ားကား သူ႔မ်က္ႏွာေပၚတြင္ က်လ်က္။
ထိုမိုးစက္မ်ားသည္ မ်က္ရည္ႏွင့္ ေရာေႏွာလ်က္ရွိေနသည္လားကိုေတာ့ ဖိုးတုတ္ကိုယ္တိုင္မွလြဲၿပီး မည္သူမွ အတတ္မေျပာႏိုင္။
အုန္းေဖက ကားေဘးနားတြင္ ငူငူႀကီး ရပ္ေနသည္။
ထြန္းတင္က ဦးဟုတ္ဂြမ္အေလာင္းကို ဂ်ိဳင္းမဆြဲထူလိုက္သည္။
“ထြန္းတင္ ဘာလုပ္မလို႔လဲ”
“ဆရာဖိုးတုတ္နဲ႔ အုန္းေဖ ေရွ႕လမ္းမွာ တခုခုငွားၿပီး ျပန္ၾကေတာ့..ကြၽန္ေတာ္ ကားနဲ႔ အေလာင္းကို တင္သြားၿပီး ထုံစံအတိုင္း ေဖ်ာက္ပစ္လိုက္ေတာ့မယ္..ဆရာ”
“ေဟ့ေကာင္..ထြန္းတင္..ျပန္ခ်ထားစမ္း…ငါ့ဆရာကြ..ဒါ ငါလူမိုက္ေပါက္စဘ၀ ကတည္းက ငါနဲ႔အတူရွိၿပီး ငါ့ကို အကူအညီေတြေပးေနတဲ့ ငါ့ဆရာ….တျခားေကာင္ေတြလို ေခြးေသဝက္ေသ အေလာင္းေဖ်ာက္တာမ်ိဳး ငါမလိုခ်င္ဘူး…ငါ့ဆရာ ဂုဏ္သိကၡာရွိရွိပဲ..သၿဂိဳလ္ခံေစရမယ္..ဒီတိုင္းထားခဲ့..မင္း အုန္းေဖ ကို ေခၚၿပီး ျပန္ေတာ့…ဘယ္လိုျဖစ္ျဖစ္..ဦးဟုတ္ဂြမ္ကို ငါသတ္တာ ဟုတ္ၿပီလား…သြားေတာ့”
အုန္းေဖက ဖိုးတုတ္ဆီ ေလွ်ာက္လာသည္။
“ဆရာ..ကြၽန္ေတာ္ မူးလည္းမူး ေဒါသလည္းထြက္ေနလို႔ ျဖစ္သြားတာပါ..ကြၽန္ေတာ္ တာဝန္ယူပါ့မယ္..ဆရာ..ဆရာျပန္ပါ”
“အုန္းေဖ..မင္းမွာ ကေလးသုံးေယာက္နဲ႔ကြ..သြား..သြား…ငါသတ္တာပါဆို..သြားေတာ့ဆို သြားေတာ့..ေခြးမသားေတြ”
ထြန္းတင္ ႏွင့္ အုန္းေဖက ကားေပၚတက္ကာ ေမာင္းထြက္သြားၾကေတာ့သည္။
……………………………………………………………………
“ဒီေကာင္ေတြ ျပန္သြားၿပီးေတာ့…ကြၽန္ေတာ္လည္း ဆရာဦးဟုတ္ဂြမ္ အေလာင္းကို ၿခဳံထဲထားခဲ့ၿပီး ၿမိဳ႕ထဲ လမ္းျပန္ေလွ်ာက္လာမိတယ္။ စိတ္ေတြက အရမ္းထိခိုက္ေနေတာ့ ဘယ္ေရာက္လို႔ ေရာက္မွန္းေတာင္ မသိပါဘူး။ မနက္သုံးနာရီေလာက္က်ေတာ့ က်ဳံးႀကီးထိပ္က လင္တိုင္းဟိုတယ္ ကို ျမင္တာနဲ႔ မန္ေနဂ်ာကို ႏႈိးၿပီး အေပၚထပ္တက္ အရက္ေသာက္ေနတာပဲ။ ကြၽန္ေတာ္ ဆရာဦးဟုတ္ဂြမ္ကို အကိုလိုေရာ..မိတ္ေဆြရင္းခ်ာတစ္ေယာက္လိုေရာ ခင္မင္ပါတယ္။ ခ်စ္ပါတယ္ဗ်ာ။ အဲ့ဒီအတြက္ ခံစားရလို႔လည္း သုံးရက္လုံးလုံး..အရက္ေတြေသာက္ေနမိတာ…အခု ကြၽန္ေတာ့္ဆရာ့အေလာင္းကို ေကာင္းေကာင္းမြန္မြန္ သၿဂိဳလ္လိုက္ၾကရဲ႕လားဗ်ာ”
“ဒီမနက္ပဲ ပုလိပ္အဖြဲ႕ရဲ႕ အခမ္းအနားနဲ႔ သၿဂိဳလ္ေပးခဲ့ပါၿပီ..ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ့္အထက္ အရာရွိ ျဖစ္ဖူးတဲ့ ဆရာဦးဟုတ္ဂြမ္ ကို အေလာင္းေဖ်ာက္ပစ္လို႔ရလ်က္နဲ႔ မေဖ်ာက္ပစ္ခဲ့တဲ့တစ္ခ်က္ေတာ့.. ခင္ဗ်ားကို ေလးစားပါတယ္..ကိုဖိုးတုတ္”
………………………………………………………………………………….
ဖိုးတုတ္၊ အုန္းေဖ ႏွင့္ ထြန္းတင္ တို႔ကို ဗဟန္းဌာန အခ်ဳပ္တြင္ ခ်ဳပ္ထားလိုက္သည္။
မသင္းျမ ၊ ဂႏၶမာေသာင္းရီ၊ ဘသိန္း ႏွင့္ လမ္းမေတာ္ဖိုးတုတ္၏ ဥပေဒအႀကံေပး ေရွ႕ေနႀကီး ပန္ကာေအးကို တို႔ ဗဟန္းဌာနသို႔ လာေတြ႕ၾကသည္။
ဖိုးတုတ္က အခ်ဳပ္ထဲမွ ထြက္ကာ အမႈစစ္ခန္းတြင္ ေရွ႕ေနႀကီ ဦးေအးကို ႏွင့္ စကားေျပာၾကသည္။
“ကိုေအးကို…ဒီအမႈအတြက္ ကြၽန္ေတာ္ခင္ဗ်ားကို ပုံအပ္တယ္။ ေငြလိုရင္ မသင္းျမကို ေျပာ၊ လူလိုရင္ ဂႏၶမာကိုေျပာပါ”
“ကိုဖိုးတုတ္တို႔ အမႈျဖစ္စဥ္ကို ကြၽန္ေတာ္ေလ့လာၿပီးပါၿပီ။ အေျခအေနေကာင္းပါတယ္။ ခက္တာက သတ္ခံရတဲ့လူက ပုလိပ္အရာရွိျဖစ္ေနတာပဲဗ်…ဒီကိစၥကို ကြၽန္ေတာ့္ ထက္ ၾသဇာႀကီးတဲ့ ေရွ႕ေနႀကီး တစ္ေယာက္ေယာက္ ကို ပါ ထပ္ငွားရင္ ေကာင္းမယ္..ကိုဖိုးတုတ္”
“ခင္ဗ်ား ဘယ္သူ႔ကို ငွားခ်င္လဲ…ကိုေအးကို”
“လူသတ္မႈလိုက္ရာမွာ အင္မတန္ေတာ္တဲ့ ကြၽန္ေတာ့္ဆရာႀကီးရွိတယ္…ဦးေက်ာ္ဇံ တဲ့။ သူက ေဈးေတာ့ႀကီးတယ္..ကိုဖိုးတုတ္”
“ဘယ္ေလာက္ႀကီးႀကီး…ငွားဗ်ာ..အဓိကက ႀကိဳးမက်ရင္ၿပီးတာပဲ..ေသေတာ့မေသခ်င္ေသးဘူးဗ်ာ”
ေရွ႕ေနဦးေအးကို ျပန္သြားၿပီးေနာက္ ဘသိန္း၊ ဂႏၶမာႏွင့္ မသင္းျမကို ေခၚေတြ႕ေတာ့သည္။
“မသင္းျမ..အိမ္မွာ စံဘရယ္၊ ေမာင္ေမာင္ရယ္၊ သူတို႔တပည့္ေတြရယ္ ညတိုင္း လာအိပ္ေပးလိမ့္မယ္။ အကို ဒီထဲမွာ သိပ္မၾကာေလာက္ဘူးထင္တယ္။ စိတ္မပူနဲ႔။ ေနာက္ၿပီး ဆရာဦးဟုတ္ဂြမ္ေနတဲ့ ေထာင္ႀကီးဝန္းထဲက အိမ္မွာ ေနာက္ေလးရက္ေနရင္ သူ႔ရက္လည္လုပ္လိမ့္မယ္။ အဲ့ဒီကို စံဘကို လႊတ္ၿပီး စာအိတ္ထဲ ေ႐ႊဒဂၤါးဆယ္ျပားထည့္ၿပီး သူ႔မိန္းမကို သြားေပးခိုင္းပါ။ အကိုက ေပးခိုင္းတယ္လို႔ မသိပါေစနဲ႔။ ေယာက္်ားမရွိေတာ့ သူတို႔ ခက္ခဲရွာမွာ ။ ေနာက္ၿပီး ေရွ႕ေနကိုေအးကို က အမႈကိစၥ ေငြလိုရင္ ေသခ်ာေမးျမန္းၿပီးမွ ေပးလိုက္၊ တခ်ိဳ႕ကိစၥေတြ ဘာလုပ္ရမယ္ဆိုတာ ဂႏၶမာနဲ႔ လာေျပာလိမ့္မယ္.အကို ဂႏၶမာနဲ႔ အလုပ္ကိစၥေျပာလိုက္ဦးမယ္”
“ဘသိန္း မင္းက အေမ့ကို က်န္းမာေရးဂ႐ုစိုက္ေပး၊ ေနာက္ ေရွ႕ေနေတြ ကိစၥကို မသင္းျမ နဲ႔အတူ ကူလုပ္ေပးကြာ”
ဘသိန္းႏွင့္ မသင္းျမထြက္သြားၿပီးေနာက္ လမ္းမေတာ္ဖိုးတုတ္ ႏွင့္ ဂႏၶမာေသာင္းရီ သာ က်န္ရစ္ခဲ့သည္။
“ဂႏၶမာ..ငါ အထဲမွာေနတုန္း အျပင္က အေျခအေနေတြကို မင္းထိန္းထားေပးကြာ…ၾကမ္းသင့္တာ ၾကမ္းထား..။ ဒီထဲမွာကေတာ့ ငါ့အတြက္အသက္လုပြဲပဲ။ ႀကိဳးစင္ေပၚ ပတ္ေျပးေနရတာကြ။ ႀကိဳးကြင္းစြပ္ရင္လည္း စြပ္သြားႏိုင္တယ္။ ဒါေပမယ့္..ငါ့မွ အႀကံေတြ ရွိပါတယ္ကြာ”
“စိတ္ခ်ပါ..ဖိုးတုတ္ရာ… ငါ့ကိုစိတ္ခ်စမ္းပါ…”
“ေအး..ငါေျပာတာမင္းေသခ်ာနားေထာင္၊ မင္း ဒီကျပန္ရင္ မသင္းျမ နဲ႔အတူျပန္၊ ၿပီးရင္ မသင္းျမကို နန္းရင္းဝန္ဦးပု ဖုန္းေခၚခိုင္း၊ သူ႔ဆီမွာ ဦးပုဖုန္းနံပါတ္ရွိတယ္။ ငါ့အျဖစ္အပ်က္ကို သူလည္း ဒီအခ်ိန္ သိၿပီးေလာက္ေရာေပါ့။ သူ႔ဘက္က ဘာကူညီေပးႏိုင္မလဲေပါ့။ ေနာက္ အရင္ျပည္ထဲေရးအတြင္းဝန္ေဟာင္း မစၥတာတီကူးပါးက ဝင္ဒါမီယာထဲမွာေနတယ္။ မသင္းျမဆီမွာ လိပ္စာရွိတယ္။ သူ႔ ဆီကို ဘသိန္းကို လႊတ္။ သူက ဟိုက္ကုတ္တရားသူႀကီးေတြနဲ႔ ပိုင္တယ္။ ဪ..မသင္းျမဆီက ေ႐ႊဒဂၤါး သုံးျပားပါ ယူသြားခိုင္း၊ အဖိုးႀကီး ကို ငါက ခရစၥမတ္တုန္းက သူေပးတဲ့ပါတီမလာႏိုင္ခဲ့လို႔ ခရစၥမတ္လက္ေဆာင္ေပးခိုင္းတာလို႔ေျပာ”
……………………………………………
ထိုရက္ပိုင္းက အျခားတပည့္တပန္းမ်ား၊ လမ္းမေတာ္မွ လုပ္ငန္းရွင္သူေဌးမ်ားလည္း လာေတြ႕ၾကသျဖင့္ ဗဟန္းဂါတ္မွာ တ႐ုံး႐ုံးျဖစ္ေန၏။
ညေနအထိ လူမဆဲပဲ ညပိုင္းမွသာ ဧည့္ေတြ႕ပိတ္လိုက္ရေတာ့သည္။
လမ္းမေတာ္ဖိုးတုတ္တို႔အား တရား႐ုံးသို႔ ဆြဲမတင္မီ တစ္ရက္တြင္ ေရွ႕ေနႀကီး ဦးေက်ာ္ဇံ ႏွင့္ ေရွ႕ေန ဦးေအးကို တို႔ လာေရာက္ေတြ႕ဆုံၾကသည္။
ေရွ႕ဆက္လုပ္ရမည့္ အေသးစိတ္ကိစၥမ်ားကို လမ္းမေတာ္ဖိုးတုတ္ႏွင့္ တိုင္ပင္ၾကသည္။
ထိုညတြင္ ဗဟန္းအခ်ဳပ္ခန္း က တိတ္ဆိတ္ေန၏။
အေစာင့္က်ေသာ ပုလိပ္သားႏွစ္ဦးမွာ ကင္းခ်ိန္မက်မီ ဂႏၶမာေသာင္းရီ မွ ဧည့္ခံရင္း ထည့္ေပးလိုက္ေသာ အရက္ပုလင္းကို ခိုးေသာက္ၿပီးေနာက္ အိပ္ေမာက်သြားၾကေလသည္။
ထိုအခ်ိန္တြင္ လမ္းမေတာ္ဖိုးတုတ္ သည္ ေစာင္ကို ေခါင္းၿမီးၿခဳံၿပီး အိပ္ေနသည္။
ဖိုးတုတ္ေျခရင္းတြင္ အိပ္ေနၾကေသာ အုန္းေဖႏွင့္ ထြန္းတင္က ထလာၾကၿပီး ေစာင္ေခါင္းၿမီးၿခဳံကာ အိပ္ေနသည့္ လမ္းမေတာ္ဖိုးတုတ္ကို ဝိုင္းဝန္းထိုးႀကိတ္ကန္ေက်ာက္ၾကေလေတာ့သည္။
ႀကိဳတင္မွာထားၿပီးသားကိစၥျဖစ္သျဖင့္ က်န္အခ်ဳပ္သားမ်ားမွာ မအိပ္ေပ်ာ္ေသာ္လည္း ႀကိတ္မွိတ္အိပ္ခ်င္ေယာင္ ေဆာင္ေနၾကသည္။
ထို႔ေနာက္ အုန္းေဖ ႏွင့္ ထြန္းတင္ မွာ ကိုယ္အိပ္ရာသို႔ ကိုယ္ျပန္ကာ ေခြေခြေလး ျပန္အိပ္ၾကေတာ့သည္။
ပုလိပ္သားမ်ားထံမွ ေဟာက္သံပင္ ထြက္လာေလ၏။
ကင္းခ်ိန္ျပည့္ၿပီး ကင္းလာေရာက္လဲခ်ိန္တြင္ပင္ အိပ္ေပ်ာ္ေနၾကသျဖင့္ အျခားပုလိပ္သားမ်ားက ႏႈိးယူရသည္။
………………………………………………………………………
တရား႐ုံးသို႔ တင္ပို႔ေလၿပီ။
တရား႐ုံးသို႔ ေခၚေဆာင္လာေသာ လမ္းမေတာ္ဖိုးတုတ္ ၏ မ်က္ႏွာတြင္ ဒဏ္ရာဒဏ္ခ်က္မ်ား ေတြ႕ေနရသျဖင့္ တရားသူႀကီးမွာ မ်က္ေမွာင္ႀကဳံ႕သြား၏။
“ပုလိပ္ေတြ ဆရာဖိုးတုတ္ကို ႐ိုက္ထားၾကတာ..ထင္တယ္”
႐ုံးခ်ိန္းသို႔ လာၾကသည့္ ဖိုးတုတ္တပည့္မ်ားက မၾကားတၾကား ေျပာၾကသည္။
ဗဟန္းဌာနအုပ္ ဦစံထြန္းရင္မွာ မ်က္စိမ်က္ႏွာပ်က္ေနသည္။
အခ်ဳပ္ထဲတြင္ေနရင္း မိုးလင္းသည့္အခါ ဒဏ္ရာဒဏ္ခ်က္မ်ားရေနေသာ ဖိုးတုတ္ကို ဗဟန္းဂါတ္မွ ပုလိပ္မ်ား တအံတၾသျဖစ္ေနၾကသည္။
ဖိုးတုတ္ကို ေမးေသာ္လည္း ဖိုးတုတ္ က မေျဖ။
ယခုေတာ့ တရားသူႀကီးႏွင့္ ပရိသတ္က ထိုဒဏ္ရာမ်ားကို ပုလိပ္မ်ား လက္ခ်က္ဟု ထင္ေနၾကၿပီျဖစ္သည္။
ထိုအခ်က္က တရားခြင္ အစ႐ုံးခ်ိန္းတြင္ပင္ ဖိုးတုတ္ အား အသာစီးရေစခဲ့သည္။
ေနာက္႐ုံးခ်ိန္းမ်ားတြင္လည္း ေရွ႕ေနဦးေက်ာ္ဇံ ႏွင့္ အစိုးရေရွ႕ေနတို႔ အေခ်အတင္ျဖစ္ၾကသည္။
ပုလိပ္အဖြဲ႕ႏွင့္လည္း အေျခအတင္ျငင္းခုံၾကသည္။
ရဲထံတြင္ ထြက္ဆိုေသာ ေျဖာင့္ခ်က္မွာ တရားစီရင္ေရးတြင္ အႀကဳံးမဝင္ေခ်။
ထို႔ေၾကာင့္ ရဲထံတြင္ ဖိုးတုတ္ ထြက္ဆိုေသာ ေျဖာင့္ခ်က္မွာ တရား႐ုံးတြင္ အေရးမပါေတာ့။
ထို႔ျပင္ ႐ုံးခ်ိန္းအစတြင္ ဖိုးတုတ္ရခဲ့ေသာ ဒဏ္ရာမ်ားေၾကာင့္ ပုလိပ္က ၿခိမ္းေျခာက္႐ိုက္ႏွက္ကာ ေျဖာင့္ခ်က္ ေပးခိုင္းျခင္းသေဘာမ်ိဳးကို ေရွ႕ေနက ေလွ်ာက္လဲသည္။
အုန္းေဖ ႏွင့္ ထြန္းတင္က အခင္းျဖစ္သည့္ေန႔က သူတို႔ သုံးဦးသည္ ခ်ိဳင္းနားစတန္းတြင္ တညလုံး အရက္ေသာက္ခဲ့ၾကေၾကာင္း သာ တြင္တြင္ ထြက္ဆိုေနသည္။
ခ်ိဳင္းနားစတန္းဟိုတယ္ပိုင္ရွင္ ေလာက္ဝီ၊ ဟိုတယ္မယ္ ခ်ိဳက္ဟုန္တို႔ကလည္း ဖိုးတုတ္တို႔ သုံးဦးသား အခင္းျဖစ္ခ်ိန္ေလာက္တြင္ ဟိုတယ္ေပၚတြင္ လူမွန္းမသိေအာင္မူးေနေၾကာင္း သက္ေသထြက္သည္။
ဇာတ္မင္းသားေ႐ႊက်ီးညိဳ ၏ ဇနီးကလည္း ထိုေန႔က သူမထံသို႔ ဖိုးတုတ္တို႔ မေရာက္လာခဲ့ေၾကာင္း ထြက္ဆိုသည္။
ဖိုးတုတ္ ေျဖာင့္ခ်က္ထဲတြင္ ပါဝင္သည့္ တကၠစီဂိတ္ႏွင့္ အရက္ဆိုင္မ်ား တြင္လည္း ဖိုးတုတ္တို႔ ေလးေယာက္ ထိုင္ေသာက္ခဲ့ေၾကာင္း မ်က္ျမင္သက္ေသမ်ား တင္ျပႏိုင္ျခင္းမရွိခဲ့။
ထို႔ေၾကာင့္ ဦးဟုတ္ဂြမ္ကို သတ္မႈတြင္ ဦးဟုတ္ဂြမ္ ေသဆုံးသည္မွ လြဲၿပီး က်န္သည့္အျဖစ္အပ်က္မ်ားသည့္ လုံး၀ ျဖစ္ပ်က္ခဲ့ျခင္းမရွိခဲ့သည့္ ပုံစံ ေပါက္ေနေတာ့၏။
ေနာက္ဆုံးတြင္ ရန္ကုန္အလယ္ပိုင္းခ႐ိုင္တရား႐ုံးမွ ဖိုးတုတ္တို႔အမႈအား ဗဟိုတရား႐ုံးခ်ဳပ္ (ဟိုက္ကုတ္) သို႔ ဆက္လက္လႊဲေပးလိုက္ရသည္။
ဟိုက္ကုတ္က ဆက္လက္စစ္ေဆးရာတြင္လည္း ရဲထံတြင္ ဖိုးတုတ္ေပးခဲ့သည့္ ေျဖာင့္ခ်က္ပါ ဇာတ္လမ္းမွာ မ်က္ျမင္သက္ေသမ်ား လုံးဝမရွိျဖစ္ေနေလသည္။
ထို႔ေၾကာင့္ ယခုအမႈသည္ ရဲတပ္ဖြဲ႕မွ ဖိုးတုတ္အား ႐ိုက္ႏွက္ဖိအားေပးကာ ေျဖာင့္ခ်က္ထြက္ဆိုခိုင္းထားျခင္းဟု ယူဆၿပီး ဖိုးတုတ္ပါ (၃)ဦးမွာ မ်က္ျမင္သက္ေသမရွိသျဖင့္ သံသယအက်ိဳးခံစားခြင့္ျဖင့္ ကြင္းလုံးကြၽတ္ လႊတ္လိုက္ေလေတာ့သည္။
ထိုေန႔က လမ္းမေတာ္ဖိုးတုတ္ ၏ တပည့္မ်ား မီးကုန္ယမ္းကုန္ ေပ်ာ္႐ႊင္ၾကေသာ္လည္း ပုလိပ္အဖြဲ႕အတြက္မွာ မူ ဂုဏ္သိကၡာက်ဆင္းေစေသာ ေန႔တစ္ရက္ျဖစ္ခဲ့သည္။
မိမိတို႔ လူကို သတ္ခဲ့ၿပီး မိမိတို႔ကို ပင္ တစ္ပတ္႐ိုက္သြားသည့္ လမ္းမေတာ္ဖိုးတုတ္ကို ပုလိပ္အဖြဲ႕ ယခင္ကကဲ့သို႔ ဆက္ဆံေရးမ်ိဳး မတည္ေဆာက္ေတာ့ပဲ..ရန္သူအျဖစ္ သတ္မွတ္လိုက္ေလေတာ့သည္။
လမ္းမေတာ္ဖိုးတုတ္မွာ ေထာင္ထဲတြင္ေနၿပီး တစ္ႏွစ္ခန႔္ အမႈရင္ဆိုင္ခဲ့ရသည္။ သူေထာင္မွ ထြက္ခ်ိန္တြင္ ဦးပု အစိုးရမွာ ျပဳတ္က်သြားခဲ့ေပၿပီ။
ဦးပု ျပဳတ္က်ၿပီး ဂဠဳန္ဦးေစာ ဦးေဆာင္သည့္ အစိုးရ တက္လာခဲ့သည္။
ပုလိပ္အဖြဲ႕လည္း လမ္းမေတာ္ဖိုးတုတ္ တင္မက တပည့္မ်ားကိုပါ ေစာင့္ၾကည့္ေနၾကသည္။
အမွားအယြင္းရွိသည္ႏွင့္ ဖမ္းဆီးရန္ အသင့္ျပင္ထားၾက၏။
ထိုအေျခအေနတြင္ လမ္းမေတာ္ဖိုးတုတ္မွာလည္း မိတ္ေဆြရင္းျဖစ္သူ ဦးဟုတ္ဂြမ္ကို သတ္မိသည့္အတြက္ စိတ္ထိခိုက္ခံစားရမႈမွ မေျပေပ်ာက္ႏိုင္ေသး။
လမ္းမေတာ္တဝိုက္တြင္ ဖိုးတုတ္ႏွင့္ ဦးဟုတ္ဂြမ္ မထိုင္ဘူးသည့္ အရက္ဆိုင္မရွိ၊ မသြားဖူးသည့္ ကလပ္ မရွိ။
ထိုမွ် အတြဲညီလွသည့္မိတ္ေဆြတစ္ေယာက္ကို တပည့္မ်ား ၏ မိုက္မဲမႈေၾကာင့္ သတ္ခဲ့ရသည့္အတြက္ မိမိကိုယ္ကို ခြင့္မလႊတ္ႏိုင္ ျဖစ္ေနေခ်သည္။
…………………………………………………….
၁၉၄၁ စက္တင္ဘာလ (၂၄)ရက္။
ရွန္ဟိုင္းအစိမ္းဂိုဏ္း၏ ဆိပ္ကမ္းကိုယ္စားလွယ္ ဘြန္းရႉးက်င္း က လမ္းမေတာ္ဖိုးတုတ္ ထံ ဆက္သြယ္လာသည္။
လမ္းမေတာ္ဖိုးတုတ္သည္ ေျခာက္လုံးျပဴးေသနတ္မွာၿပီးေနာက္ ဘြန္းရႈွးက်င္းအား ေငြမေပးေခ်ရေသး။
အမႈရင္ဆိုင္ေနစဥ္ကာလျဖစ္သျဖင့္ ယခုအမႈမွ လြတ္သည့္အခါ ေငြေပးေခ်ရန္ ေခၚျခင္းးျဖစ္သည္။
ဘြန္းရႉးက်င္းက ဖိုးတုတ္ကို တ႐ုတ္႐ိုးရာလက္ဖက္ရည္ၾကမ္းျဖင့္ ဧည့္ခံသည္။
“ဖိုးတုတ္..ပုလိပ္ေတြကေတာ့ မင္းကို အစာမေၾကဘူး..ၾကားတယ္”
“ဟုတ္တယ္….ဦးေလး..ကြၽန္ေတာ့္မွာ အႏၲရာယ္ပတ္လည္ဝိုင္းေနသလို ခံစားရတယ္”
“ေအး..ဒါေပမယ့္ မင္းကံေကာင္းတယ္..ဖိုးတုတ္..အခု စစ္ႀကီးက အာရွကို ကူးစက္လာေတာ့မယ္..ၿပီးေတာ့ ဂ်ပန္ေတြ ဝင္လာေတာ့မယ္..အဲ့ဒါ မင္းအတြက္ အခြင့္အေရးအစပဲကြ”
“ကြၽန္ေတာ္က ေထာင္ထဲ ေနၿပီး ႐ုံးခ်ိန္းေတြနဲ႔ပဲ ပတ္လည္႐ိုက္ေနေတာ့ ကမာၻအေျခအေနေတြ မသိဘူး..ဦးေလး.. ကြၽန္ေတာ္ဘာလုပ္ရမလဲ အႀကံေပးပါဦး”
“ေအး..ဖိုးတုတ္ရဲ႕..စစ္က အေႏွးနဲ႔အျမန္ဒီကိုေရာက္လာမွာပဲ..ဂ်ပန္က ျမန္မာျပည္ကို ဝင္လာဖို႔မ်ားတယ္။ ဂ်ပန္တင္မကဘူး.ဂ်ပန္မွာ စစ္ပညာသင္လာတဲ့.ျမန္မာျပည္က သခင္လူငယ္ေတြအဖြဲ႕ပါ ဂ်ပန္တပ္နဲ႔အတူ ျမန္မာျပည္ကို ဝင္လာေတာ့မွာ’’
“ဟို သခင္ေအာင္ဆန္းတို႔ ဆိုတာလား”
“ေအး..ဟုတ္တယ္..ဘိုးတုတ္..မင္းကို ငါအခုေခၚတာ အဲ့ဒီကိစၥလည္းပါတယ္”
“ကြၽန္ေတာ္နဲ႔ အဲ့ဒီကိစၥ ဘာဆိုင္လို႔လဲ..ဦးေလး”
“ဒီမွာ..မင္းအတြက္ ေရွ႕ဆက္ရမယ့္ ခရီးမွာ အေလာင္းအစားတစ္ခု မလုပ္ခ်င္ဘူးလား”
“ကြၽန္ေတာ္ နားမလည္ဘူး..ဦးေလး..ဘာကိုလဲ”
ဘြန္းရွႈးက်င္းက ထိုင္ေနရာမွ ထကာ အခန္း လိုက္ကာကို လွပ္လိုက္သည္။
အခန္းထဲတြင္ မဟာယာနဘုန္းႀကီးတစ္ပါးက ဘုရားစာ႐ြတ္ေန၏။
“ဒီကိုယ္ေတာ္က ဂ်ပန္ဘုန္းႀကီး နဂါအိ တဲ့။ သူက မီနာမီကီကန္းအဖြဲ႕က”
“မီနာမီကီကန္း..ဆိုတာ”
“မီနာမီကီကန္း ဆိုတာ ျမန္မာျပည္လြတ္လပ္ေရးအတြက္ သခင္ေအာင္ဆန္းတို႔ကို ဟိုင္နန္ကို ေခၚ စစ္ေရးေလ့က်င့္ေပးၿပီး အခု ျမန္မာျပည္ထဲ ဦးေဆာင္ျပန္ဝင္လာတဲ့အဖြဲ႕ပဲ။ အခု ျပသနာက ဂ်ပန္ရဲ႕ အေရွ႕ေတာင္အာရွစစ္ဝန္ႀကီးဌာနက မီနာမီအဖြဲ႕ကို ဘတ္ဂ်က္သိပ္မေပးေတာ့ဘူး။ ဦးေဆာင္ခ်ီတက္မယ့္ ဂ်ပန္ အမွတ္(၃)တပ္မဟာကလည္း ေငြေၾကးအရ ဘာမွ အကူအညီမေပးႏိုင္ဘူးျဖစ္နတယ္။ ေခၚလာတဲ့ သခင္ရဲေဘာ္ေတြလည္း လမ္းမွာ ဝမ္းေလ်ာၾက၊ ငွက္ဖ်ားမိၾကနဲ႔ အခက္အခဲျဖစ္ေနၾကတယ္ကြာ။ အဲ့ဒါ မီနာမီ ေခါင္းေဆာင္ ဗိုလ္မႉးႀကီး ဆူဇူကီးက ျမန္မာျပည္ထဲကေန ရသေလာက္ ရံပုံေငြ ရွာၿပီး ယိုးဒယားကို လာပို႔ေပးဖို႔ နဂါအိကိုယ္ေတာ္ကို တာဝန္ေပးထားတာပဲ”
“အဲ့ဒီေတာ့ ကြၽန္ေတာ့္ကို အလႉခံေနတာလား”
“အလႉခံေနတာမဟုတ္ဘူးကြ.မင္းရဲ႕ အနာဂတ္အတြက္ ရင္းႏွီးျမဳပ္ႏွံမႈတစ္ခုလုပ္ခိုင္းေနတာ..မင္းေငြလႉလိုက္တာနဲ႔ နဂါအိက မင္းနာမည္ကို ဗိုလ္မႉးႀကီး ဆူဇူကီးကို နားထဲထည့္ေပးမွာ..ငါေျပာတာ သေဘာေပါက္လား..ဒါေလာင္းကစားပဲကြ..ေရွ႕တက္မယ့္ မင္းဘဝအတြက္ ကမာၻစစ္ႀကီးကို ရင္းၿပီး အေလာင္းအစားလုပ္တာပဲ”
လမ္းမေတာ္ဖိုးတုတ္ စဥ္းစားသြားသည္။ ေရေႏြးၾကမ္းကို ေသာက္ရင္း မ်က္လုံးကို မွိတ္ထားသည္။
“ေနပါဦး..ကြၽန္ေတာ္ ေမးခ်င္လို႔…ဦးေလးက ရွန္ဟိုင္းအစိမ္းဂိုဏ္းကေန ဘယ္လိုလုပ္ၿပီး ဂ်ပန္ေတြနဲ႔ ေပါင္းသြားရျပန္တာလဲ”
“ဖိုးတုတ္ေရ..ဘယ္အရာကိုမွ တရားေသမမွတ္နဲ႔ကြ..အခု အေရွ႕ေတာင္အာရွမွာ ဂ်ပန္ေတြ ႀကီးစိုးလာၾကၿပီ။ ရွန္ဟိုင္းဂိုဏ္းေတြကို ဂ်ပန္က အျပတ္ရွင္းေနၾကၿပီ။ ငါ့လို ဆိပ္ကမ္းကိုယ္စားလွယ္ေလးကိုလည္း သူတို႔ ဘာမွ အကူအညီမေပးႏိုင္ၾကေတာ့ဘူး။ ဒီေတာ့..ငါလည္း ငါ့အသက္ရွင္ေရးအတြက္..အေလာင္းအစားေလး လုပ္ရတာေပါ့ကြာ”
ဖိုးတုတ္က မတ္တပ္ထရပ္ၿပီး ၿပဳံးလိုက္သည္။
“ဟုတ္ၿပီ..သူတို႔က ဘယ္ေလာက္လိုတာလဲ..ဦးေလး”
“မင္း ဘယ္ေလာက္တတ္ႏိုင္လဲ..အခုထိေတာ့ နဂါအိရွာထားသမွ် ႐ူပီးသုံးေသာင္းရသြားၿပီ”
“ကြၽန္ေတာ္ ခဏေနျပန္လာၿပီး ေနာက္ထပ္ ႐ူပီးသုံးေသာင္း ျဖည့္ေပးလိုက္မယ္..…. ..ဦးေလးေျပာသလိုပဲ…ကမာၻစစ္ႀကီးကို အေလာင္းအစားလုပ္ၾကည့္တာေပါ့..ဦးေလးေရ”
ခက္ေဇာ္
Done 💪
ReplyDeleted🐜o🐜n🐜e🐜
ReplyDeleteDone 🍀
ReplyDeleteClicked✅
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone.....
ReplyDelete
ReplyDelete“ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”
*** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***
~ There are no unsuccessful things which are done with strong desire and effort ~
Doneမင်မင်
ReplyDeletedone canada
ReplyDeletedone UK
ReplyDelete