TGOR (အပိုင်း ၉)
အခန်း(၉)
……………
နံနက် (၅)နာရီ။
ဒလဘက်ကမ်းမှ ဈေးရောင်းဈေးဝယ်သဗ္ဗာန်အချို့ ရန်ကုန်ဘက်သို့ ကူးလာနေကြသည်။
မြစ်လယ်ရှိ သဗ္ဗာန်တစ်စင်းမှာ မူ ထူးထူးခြားခြား စက်ရပ်ထား၏။
သဗ္ဗာန်ပေါ်မှ လူတစ်စုသည် မော်တော်ကားအင်ဂျင်တုံးအဟောင်းကြီးတစ်လုံးနှင့် တွဲချည်ထားသော ဂုံနီအိတ်တစ်ခုကို မနိုင်မနင်းမကာ ရေထဲသို့ ပစ်ချလိုက်ကြသည်။
ထို့နောက် စက်နှိုးကာ ရန်ကုန်ဆိပ်ကမ်းဘက်သို့ ပြန်လည်ထွက်ခွာလာကြသည်။
“ဟေ့..ထွန်းတင် မင်းတို့ကလည်း အလောင်းလေးတစ်ခါ ဖျောက်တာ ကြာလိုက်တာကွာ’’
ကမ်းနားမှ ပြန်တက်လာသော ထွန်းတင် ကို ကားဖြင့် စောင့်နေသည့် ငညွန့် က စိတ်မရှည်စွာဖြင့်လှမ်းပြောသည်။
“ငညွန့် ရာ…လူတစ်ယောက်လုံး ရေထဲပစ်ချရတာကွ..ပြီးတော့ ငါ့ကောင်တွေကလည်း ပေါက်စတွေဆိုတော့ အထာက သိပ်မနပ်ကြဘူး။ သဗ္ဗာန်သမားက မြစ်လယ်ရောက်မှ အိတ်ထဲမှာ လူပါမှန်းသိပြီး အူလည်လည်လုပ်နေလို့ တစ်ချက်နှစ်ချက်ကျွေးပြီး ခြိမ်းခြောက်လိုက်ရသေးတယ်..မင်းက ဒီပေါ်မှာ စီးကရက်လေးဖွာပြီး ငြိမ့်ငြိမ့်လေး စောင့်ရတာ”
“မင်းအမေ့လင် စီးကရက်လေးဖွာငြိမ့်ရမလား…ညက ဂန္ဓမာကြီးပါလို့ ငါတို့မသေတာ..အာဠာဝကစိန်ကြီး ဆိုတဲ့ကောင်ကြီးက မလွယ်ဘူးဟေ့..ဒီကောင့်လက်သီးတစ်ချက်မိတာ ငါလွင့်ထွက်သွားတယ်..တော်သေးတယ်ဟ.. ဂန္ဓမာကြီး ပါပေလို့…ပြီးတာနဲ့ ဟိုကောင့်ကို ဆရာဖိုးတုတ်ဆီပို့..သူမေးစရာရှိတာမေးနေတုန်းလည်း ငါပဲ တချိန်လုံးထိုင်စောင့်ရ..သတ်တော့လည်းငါပဲ..ခု အလောင်းလာဖျောက်တော့လည်း ငါပဲ မင်းတို့ကိုလိုက်ပို့ပေးရတာ..တရေးမှ မအိပ်ရသေးဘူးဟ ’’
“အခု ဘယ်သွားမှာလဲ’’
“ဂန္ဓမာကြီးကို မသောင်းအိမ်မှာသွားခေါ်ပြီး ဆရာဖိုးတုတ်ဆီ သွားရမယ်..ထွန်းတင်ရေ..ပုဏ္ဍားကြီးကတော့ အခုလောက်ဆို ငါတို့ကို သတ်ဖို့ လူစုနေလောက်ပြီ’’
………………………………………………………………………………………
ဂန္ဓမာသောင်းရီ၊ ငညွန့်နှင့် ထွန်းတင်တို့ လမ်းမတော်ဖိုးတုတ်အိမ်သို့ ရောက်ရှိသောအခါ လူအစုံအလင် ရောက်ရှိနေကြပြီဖြစ်သည်။
တာမွေအောင်ဘ နှင့် ကြည်မြင့်တိုင်ကြက်ကြား တို့ပင် ရောက်နေကြ၏။
“လာ…ဂန္ဓမာ..မင်းတို့ကို အားလုံးစောင့်နေကြတာ..’’
ရောက်နေသူအားလုံးမျက်နှာကို ကြည့်ကာ တစ်စုံတစ်ခု ပြသနာဖြစ်နေပြီမှန်း ဂန္ဓမာသောင်းရီ တို့ သတိပြုလိုက်မိသည်။
“ဖိုးတုတ်..ဘာဖြစ်လို့လဲ’’
“ဂန္ဓမာရေ…ပုဏ္ဍားကြီးကတော့ သိမ်ကြီးဈေးထိပ်မှာ သူ့တပည့်တွေကို စုနေပြီ။ နေ့လည်ကျရင် အာဠာဝကအလောင်းကို ထမ်းပြီး ငါ့နယ်မြေထဲဝင်ပြီး လက်စားချေမလို့တဲ့ဟ’’
“ဟုတ်တယ်..ကိုဂန္ဓမာ..ဒီတစ်ခါတော့ ပုဏ္ဍားတို့ အကြီးအကျယ်ဒေါသထွက်နေကြတယ်..လမ်းမတော်ဖိုးတုတ် အုပ်စုကို ဒီညနေ မစောင်းခင် တစ်ယောက်မကျန်သတ်မယ်လို့လည်း ကြိမ်းဝါးနေကြတယ်’’
ဂန္ဓမာသောင်းရီ က ဆံပင်ကို သပ်တင်ပြီး ခုံတွင် ဝင်ထိုင်လိုက်သည်။
“ဖိုးတုတ်..ငါ..ဒီတစ်ခါတော့ မင်းကို တစ်ခု တောင်းဆိုချင်တယ်။ ညက အာဠာဝက ကို ငါသတ်ခဲ့တာ။ ဒီပွဲက အသေအကြေ ခုတ်ကြ၊ ထစ်ကြရမယ့်ပွဲ၊ လူတွေများကြီးသေလိမ့်မယ်၊ အဲ့ဒီလို မဖြစ်အောင် ပုဏ္ဍားဘထွန်းကို သွားသတ်ဖို့ ငါ့ကိုခွင့်ပြုပါကွာ’’
ဖိုးတုတ်က ဂန္ဓမာသောင်းရီကို ကြည့်ပြီး ပြုံးလိုက်သည်။
“ဟုတ်ပြီ..ဂန္ဓမာ…မင်းနဲ့ ငါ အခု နှစ်ယောက်ချင်းစကားပြောမယ်..ခဏလိုက်ခဲ့..ဟေ့ကောင်တွေ..မင်းတို့ ငါတို့ ပြန်လာတဲ့အထိ စောင့်ကြ’’
လမ်းမတော်ဖိုးတုတ်က ဂန္ဓမာသောင်းရီကို ပုခုံးဖက်လျက် အခန်းပြင်သို့ ခေါ်သွားသည်။
“ဂန္ဓမာ..မင်းသိတဲ့အတိုင်းပဲ..အခုပွဲမှာ ပုဏ္ဍားကြီးက ငါနဲ့ သူသေကိုယ်သေတိုက်မှာသေချာတယ်..လမ်းမတော်ဟာ စစ်တလင်းဖြစ်သွားမယ်.. သူတို့လူတွေရော..ငါတို့ လူတွေရော သေမယ်..မင်းရော..ငါရောပါ သေချင်သေသွားနိုင်တယ်”
“အဲ့ဒါကြောင့်..ငါပြောတာ..ဖိုးတုတ်…အခုချိန် ဒီကောင်တွေ နယ်မြေထဲ ဝင်ပြီး ပုဏ္ဍားဘထွန်းကို ငါသတ်လိုက်ရင် ပြီးပြီလေကွာ’’
“ဟုတ်ပြီ..ဂန္ဓမာ..အဲ့ဒီလိုဆို ငါမင်းကိုမေးမယ်…မင်း ညက ဘာလို့ အာဠာဝကစိန်ကြီး ကို သတ်လိုက်တာလဲ၊ စိန်ကြီးမှန်းသိလို့ သတ်တာလား၊ မသိပဲ သတ်တာလား’’
“သိသိမသိသိ ဒီကောင့်ကို ငါသတ်မှာပဲ..ဖိုးတုတ်..သတ်ချင်လို့ကို သတ်ပစ်တာ’’
“သတ်ချင်လို့ သတ်ပစ်တာ..ဟုတ်လို့လား..ငါခိုင်းလိုက်တာ တလိုင်းလေးကို အရှင်ဖမ်းဖို့ပဲလေကွာ..အဲ့ဒါကို မင်းက လူတစ်ယောက်အပိုသတ်လာတယ်၊ အဲ့ဒီအပိုသတ်လာတဲ့ကောင်က တကယ့်မီးခဲကောင်၊ ပုဏ္ဍားရဲ့ မွေးစားသားဖြစ်နေတယ်။ အဲ့ဒါ ငါ့အမိန့်ကို မင်းမနာခံခြင်းရဲ့ အကျိုးဆက်ပဲကွ။ ဘာလဲ မင်းက တံစဉ်ထောင်ချင်တာလား..ဂန္ဓမာ’’
ဖိုးတုတ်က ဂန္ဓမာ၏ မျက်လုံးကို စိုက်ကြည့်ရင်း မေးလိုက်သည်။
ဂန္ဓမာသောင်းရီက ကုတ်အင်္ကျီ ကို ဆွဲချွတ်လိုက်၏။
ထို့နောက်…
“ဒီမှာ..ဖိုးတုတ်…မင်းနဲ့ငါ စပယ်ရာဘဝကတည်းက အတူတူနေလာတာ။ မင်းကို ငါ့အကိုလို ညီလို သဘောထားတယ်။ မင်းစီးပွားဟာ ငါ့စီးပွားပဲ။ မင်းမိသားစုက ငါ့မိသားစုပဲကွ။ ညက ငါသတ်ခဲ့တဲ့ကောင်က အာဠာဝကမကလို ဘာကောင်ဖြစ်ဖြစ်..ငါသတ်မှာပဲ..ဒီကောင်က မသောင်းကို မုဒိန်းကျင့်နေတာကွ..မင်းသိလား…အေး..ငါ့ မသောင်းကို လာထိတဲ့ကောင်ဆို ဘယ်ကောင်ဖြစ်ဖြစ် ငါသတ်မှာပဲ..မင်း အမိန့်ကို နာခံတာတွေ ဘာတွေ ငါစောက်ဂရုမစိုက်ဘူး။ ငါ့မှာ ပြောစရာဒါပဲရှိတယ်။ ကျန်တဲ့ မင်းလူတွေ မထိရအောင် ခု ငါပုဏ္ဍားကို သွားသတ်ပေးမယ် ဟုတ်ပြီလား..ဖိုးတုတ်..စိတ်ချ..ငါ့ကို စိတ်ချကွာ’’
လမ်းမတော်ဖိုးတုတ်က ဂန္ဓမာ၏ ပုခုံးကို ပုတ်ကာ ဟက်ဟက်ပက်ပက်ပြုံးလိုက်သည်။
“အေး..အဲ့ဒါ ငါ့သူငယ်ချင်း ဂန္ဓမာပဲကွ…ဟားဟား..ဒီလိုမင်း ရှက်တတ်မှန်းသိလို့..ဟိုကောင်တွေရှေ့မှာ မမေးတာ။ မင်း မသောင်းကို ချစ် လို့လေကွာ။ ဟုတ်တယ်မဟုတ်လား။ ဒီကောင်မျိုးကို သတ်သင့်တာပဲ။ ဆယ်ခါပြန်သတ်သင့်တာပဲ သူငယ်ချင်းရ..လာ..လာ..အစည်းအဝေးပြန်စကြမယ်’’
ဖိုးတုတ်၏ အသံမာမာကို ကြားထားရသဖြင့် အခန်းထဲတွင် ကျန်ခဲ့သူများက စိုးရိမ်သော မျက်လုံးများဖြင့် စောင့်နေကြသည်။
လမ်းမတော်ဖိုးတုတ်က မျက်နှာထားတည်တည်ဖြင့် အခန်းထဲသို့ ဝင်လာသည်။ သူ့နောက်မှ ဂန္ဓမာသောင်းရီက ဝင်လာ၏။
“ကဲ..ငါ ဂန္ဓမာနဲ့ ပြောပြီးပြီ။ ဒီကောင့် ကိစ္စ ဒီကောင်ရှင်းလိမ့်မယ်။ ဟုတ်ပြီလား”
စံဘက မတ်တပ်ထရပ်လိုက်သည်။
“ကိုဖိုးတုတ်…ကိုဂန္ဓမာကြီးနဲ့ ကျွန်တော်လိုက်သွားချင်တယ်။ ခွင့်ပြုပါ’’
ငညွန့်နှင့် အုန်းဖေ ကလည်း ထလာသည်။
“ကျွန်တော်တို့လည်း လိုက်သွားပါရစေ..ကိုဖိုးတုတ်’’
ထွန်းတင်၊ ပုဏ္ဍားကျော်ထွန်း နှင့် ကျန်သည့်သူများကပါ မတ်တပ်ရပ်လိုက်ကြသည်။
အခြားနယ်ပိုင်လူမိုက်များဖြစ်သော ကြည့်မြင့်တိုင်ကြက်ကြားနှင့် အောင်ဘ ပါ ထိုလူအုပ်စုထဲ ပါဝင်လာ၏။
လမ်းမတော်ဖိုးတုတ်က ကုလားထိုင်ကို ဆွဲယူထိုင်လိုက်သည်။
ထို့နောက် ဆေးတံကို ယူပြီး မီးညှိ့ကာ ဖွားထုတ်လိုက်၏။
“ဒီလိုဆိုတော့..မင်းတို့အားလုံးက ပုဏ္ဍားဘထွန်းတို့အဖွဲ့နဲ့ သွားသတ်ကြပြီး..လမ်းမတော်ဖိုးတုတ်ကြီးက အိမ်မှာထိုင်ပြီး မိန်းမနဲ့ ဖက်အိပ်နေရတော့မယ်ပေါ့..အဲ့ဒီလိုလား..အဲ့ဒီလိုလားကွ..ဟမ်…ဟေ့ကောင်တွေ’’
မည်သူ့ဆီက မှ အသံထွက်မလာ။
ဂန္ဓမာသောင်းရီက တစ်စုံတစ်ခု ပြောရန် ကြံပြီးမှ ငြိမ်နေလိုက်သည်။
“ကဲ..ငါအခု အမိန့်ပေးမယ်..ငါ့အမိန့်မနာခံတဲ့ကောင်မှန်သမျှ..ငါ့ရန်သူလို့ ငါသတ်မှတ်မယ်..ကျေနပ်လား’’
“ဟုတ်..ကျေနပ်ပါတယ်..ဆရာဖိုးတုတ်’’
“ဂန္ဓမာ၊ ငညွန့်၊ စံဘ..မင်းတို့သုံံးယောက်က ငါခိုင်းတဲ့အတိုင်း မနက်က အွန်လောက်ဟိုတယ်မှာ တလိုင်းလေးကို ဖမ်းပေးတယ်။ အစစ်အနေနဲ့ အာဠာဝက ကိုလည်း သတ်ပေးမယ်။ ဂန္ဓမာကလည်း အဲ့ဒီကပြန်တော့ မသောင်းအိမ်လိုက်သွားတယ်ဆိုတော့ ပင်ပန်းနေမှာပဲ။ ငညွန့်နဲ့ စံဘလည်း တစ်ညလုံး အိပ်ရဦးမယ်မထင်ဘူး။ မင်းတို့ သုံးယောက်က သွားပြန်အိပ်ကြတော့’’
“ဟမ်..ဗျာ’’
“ကျန်တဲ့ကောင်တွေက ချိုင်းနားစတန်းဟိုတယ်ကိုသွား၊ ငါ မန်နေဂျာကို ပြောပြီးပြီ။ အဲ့ဒီမှာ တစ်ယောက်ကို ဝီစကီ လေးပက်စီ သောက်ရင်း နယ်မြေထဲမှာ အခြေအနေကို နားစွင့်ထားကွာ။ ပုဏ္ဍားဘထွန်းလူတွေ စထွက်လာပြီဆိုတာနဲ့ငါ့ကို လာအကြောင်းကြား.. ဟုတ်ပြီလား။ အခု ပြသနာက ပုဏ္ဍားဘထွန်းနဲ့ လမ်းမတော်ဖိုးတုတ်ပြသနာမို့ လမ်းမတော်ဖိုးတုတ်ပဲ ရှင်းမယ်’’
အားလုံး တအံတသြဖြစ်သွားကြသည်။ စောဒကတက်ရန် ကြိုးစားကြသည်။
သို့သော် ဖိုးတုတ်၏ မျက်နှာကိုကြည့်ကာ ဘာမှ မပြောရဲကြ။
“ဂန္ဓမာ..မင်းငါ့ကို ဘာမှ ပြန်ကြည့်မနေနဲ့။ ငါ့အတွက် မင်းတို့ အသက်စွန့်ရဲတာကို ငါသိတယ်ကွ။ အဲ့ဒီလိုမျိုး ငါရဲဘော်ရဲဘက်တွေထဲက တစ်ယောက်ကိုမှ ငါအဆုံးအရှုံးမခံနိုင်သေးဘူး။မင်းတို့ ဒီလောက်နဲ့ သေဖို့ မလိုသေးပါဘူးကွ..ကဲ..အားလုံး သွားကြတော့..ငါ့အမိန့်မနာခံတဲ့ကောင် ငါ့ရန်သူနော်.ငါပြောပြီးပြီ”
ဖိုးတုတ်၏ တပည့်များက မကျေမနပ်ဖြင့် ထွက်သွားကြသည်။ စံဘတစ်ယောက်သာ ပေကပ်ကပ်ကျန်ခဲ့
၏။
“ဟေ့ကောင်..မင်းကရော..ဘာဖြစ်ချင်လို့လဲ..’’
“ဟို..မမသင်းမြက …အစည်းအဝေးပြီးရင်..အကို့ကို အပေါ်ထပ် တက်လာခဲ့ပါဦးတဲ့’’
“အော်..အေးအေး..”
ဖိုးတုတ်က အပေါ်သို့ တက်သွားသည်။
အပေါ်ထပ်တွင် မသင်းမြက ပုတီးစိတ်ရာမှ ထလာသည်။
“ကိုဖိုးတုတ်…ရှင်လူသတ်ဦးမလို့လား’’
“ကိုဖိုးတုတ်သေရင်.မသင်းမြ ရင်ကွဲမယ်…မသင်းမြ ..ရင်မကွဲရအောင်…နည်းနည်းပါးပါးတော့ သတ်ရမယ်ထင်တယ်’’
မသင်းမြ မျက်နှာလေး ညိုးသွားသည်။
“အလကားစတာပါ..မြရယ်…ဒီနေ့ အကို ဒီအိမ်က တစ်ဖဝါးမှ မခွာပါဘူး..စိတ်ချ’’
…………………………………………………………………………………………
ငညွန့် ၏ မော်တော်ကားက လမ်းမတော်ဖိုးတုတ် အိမ်ရှေ့တွင် ထိုးရပ်လိုက်သည်။
လမ်းမတော်ဖိုးတုတ်က အိမ်ရှေ့ ဝရံတာသို့ ထွက်လာပြီး
“ငညွန့်..ဘာထူးလဲဟေ့’’
“ဟိုကောင်တွေ ကာနယ်လမ်းအတိုင်း..စထွက်ပြီတဲ့..ဆရာဖိုးတုတ်..အင်အား တစ်ရာလောက်ပါတယ်။ အလောင်းကိုပါ တစ်ခါတည်း ထမ်းလာကြတယ်”
“အေး..ဟုတ်ပြီ..လူတွေအားလုံးစုထားလိုက်တော့..ပြီးရင် ချိုင်းနားစတန်းမှာ ထိုင်ခိုင်းထား။ ဒီည ချိုင်းနားစတန်းအပေါ်ထပ်ကို ငါအပြတ်ငှားမယ်လို့ လောက်ဝီကို ပြောလိုက်..သွားတော့”
ဓားဆွဲထွက်လာမည်ဟုထင်သော်လည်း အိမ်ပေါ်က ဆင်းမလာသဖြင့် ငညွန့် အူကြောင်ကြောင်ဖြင့် ပြန်လှည့်သွားသည်။
………………………………………………………………………..
ပုဏ္ဍားဘထွန်းကား အဖြူရောင်အင်္ကျီ နှင့် အဖြူရောင်ဒိုတီ ကို ဝတ်ကာ..ဓါးကောက်ကြီးကို ဆွဲကိုင်လျက် ရှေ့ဆုံးမှ လျှောက်လာသည်။
နောက်တွင် အာဠာဝက၏ အလောင်းကြီးကို ထမ်းစင်ပေါ်တင်လျက် ထမ်းလာကြသည်။
ထိုအလောင်းစင်ကြီး ဘေးတွင်တော့ လက်နက်ကိုယ်စီကိုင်စွဲလာကြသော ပုဏ္ဍားဘထွန်း၏ တပည့် ကုလား၊ ဗမာလူမိုက်များ။.
ကာနယ်လမ်းသည် လူရှင်းသောလမ်းဖြစ်သော်လည်း ပုဏ္ဍားဘထွန်းတို့ အဖွဲ့ကြီး ချီတက်လာသည်နှင့် ပြည့်နှက်သွား၏။
ရှေ့ဆုံးမှ မိုက်သွေးမိုက်မာန်ကြွကြွဖြင့် ချီတက်လာသော ပုဏ္ဍားကြီးနောက်မှ တပည့်လူမိုက်အပေါင်းတို့ ကလည်း သွေးဆာသောမျက်နှာများဖြင့် ညာသံပေးကာ လိုက်ပါလာကြသည်။
လမ်းမတော်သူ လမ်းမတော်သားတို့ကား လူမိုက်ဂိုဏ်းကြီးနှစ်ခု၏ သွေးချောင်းစီးလူသတ်ပွဲကြီး ကို အိမ်တွင်း ပုန်းကာ ရင်တမမ စောင့်ကြည့်နေကြသည်။
အချို့ အခြေအနေကို မသိသောသူများကလည်း ဓားဆွဲတုတ်ဆွဲဖြင့် အလောင်းကြီးထမ်းလာသော လူအုပ်ကြီး ကို ကြည့်ကာ တအံတသြဖြစ်နေကြသည်။
ကီလီလမ်းထိပ်အရောက် ရှေ့ဆုံးမှ ငှက်ကြီးတောင်ဓါးဆွဲကာ လျှောက်လာသော ပုဏ္ဍားဘထွန်းကြီး တန့်ခနဲဖြစ်သွားသည်။
ပုဏ္ဍားဘထွန်းရပ်သွားသဖြင့် နောက်မှ လူတန်းကြီးပါ ရပ်သွားကြ၏။
ပုဏ္ဍားဘထွန်းကား သူ့ရှေ့တွင် တွေ့ရသော မြင်ကွင်းကို တအံတသြကြည့်နေသည်။
သူ့ရှေ့တွင်ကား လော်လီကားနှစ်စီးအပြည့်ဖြင့် လမ်းပိတ်ထားသော စစ်ပုလိပ်တပ်များ။ ရိုင်ဖယ်သေနတ်များ ဖြင့် ချိန်ထားကြသည်။
ရှေ့ဆုံးမှ ရာဇဝတ်အုပ်က အော်လံဖြင့် လှမ်းအော်သည်။
“ခင်ဗျားတို့ အခုချက်ချင်း လူစုခွဲပေးပါ…လူစုခွဲပေးပါ”
“ကျုပ်သား အသုဘချလာတာပါ..ရာဇဝတ်အုပ်မင်းခင်ဗျား”
ပုဏ္ဍားဘထွန်းက ရာဇဝတ်အုပ်ကို လှမ်းအော်ပြောသည်။
“လူစုလူဝေးကို အခုချက်ချင်း ဖြိုခွဲပေးပါ။ ကုလား - ဗမာ အဓိကရုဏ်းများဖြစ်ပြီးကာလတွင် နောက်ထပ် လူစုလူဝေးဖြင့် အဓိကရုဏ်းဖြစ်စေမည့် မည်သည့်ကိစ္စကို မဆို ပစ်ခတ်ဖြိုခွင်းဖို့ အမိန့်ရထားပါပြီ။ အခု နေရာကနေ ရှေ့ဆက်တိုးမယ်ဆို..ပစ်ရပါလိမ့်မယ်”
ပုဏ္ဍားဘထွန်း တွန့်သွားသည်။
“ခင်ဗျားတို့ အခုချက်ချင်း လူစုခွဲပါ။ လူစုခွဲပါ။ မဟုတ်လျှင် ပစ်ရပါလိမ့်မယ်.။ ဒီလို ကာလမှာ ခင်ဗျားတို့ အသုဘကို လူစုလူဝေးနဲ့ မချပါနဲ့။ လက်နက်တွေ ကိုင်ဆောင်ခြင်းကိုလည်း တားမြစ်ပါတယ်’’
ပုဏ္ဍားဘထွန်း နောက်လှည့်ကြည့်လိုက်သည်။
အတော်များများက နောက်လှည့်ပြန်ကုန်ကြ၏။ အချို့လည်း လမ်းဘေးကပ်ကာ တဖြည်းဖြည်း နောက်ဆုတ်သွားကြသည်။
ပုဏ္ဍားဘထွန်း ခေါင်းငိုက်စိုက်ကျသွားသည်။
အလောင်းထမ်းထားသည့် လူရှစ်ယောက်နှင့်အတူ လူနှစ်ဆယ်ခန့်သာကျန်တော့၏။
ပုဏ္ဍားဘထွန်းမှာ အံကိုကြိတ်လျက် မျက်ရည်များပင် ကျလာသည်။.
“ဟေ့ကောင်တွေ……….ပြန်လှည့်မယ်..ပြန်လှည့်မယ်”
………………………………………………………………….
လမ်းမတော်ဖိုးတုတ်အိမ်သို့ ဖုန်းဝင်လာသည်။
မသင်းမြ က ဖုန်းကိုင်လိုက်၏။
“ကိုဖိုးတုတ်..ရှင်မနက်က ဖုန်းဆက်ခိုင်းတဲ့ ဘိုကြီးပဲ...ရှင့် အကူအညီတောင်းတဲ့အတိုင်း လုပ်ပေးပြီးပြီလို့ ရှင့်ကို ပြောပေးပါတဲ့”
“အကို က ကျေးဇူးတင်ပါတယ်လို့ သူ့ကိုပြောပေးပါ..မသင်းမြ”
မသင်းမြ က ဖိုးတုတ်ပြောသည့်အတိုင်း အင်္ဂလိပ်လို ပြောခိုင်းလိုက်သည်။
“ကိုဖိုးတုတ်…ကိုလည်း ရန်ကုန်ရဲ့ ဥပဒေ စိုးမိုးရေးအတွက် ကူညီပေးလို့ သူ့အနေနဲ့ ကျေးဇူးတင်ပါတယ်တဲ့’’
ဖိုးတုတ်က စကားပြောခွက်ကို မသင်းမြ ထံ မှ ယူကာ မတောက်တခေါက်အင်္ဂလိပ်စကားဖြင့် သင့်ခ်ယူ သင့်ခ်ယူ ဟုပြောကာ ဖုန်းချလိုက်လေသည်။
ထို့နောက် မသင်းမြ၏ ပုခုံးကို ဖက်ကာ ပါးတစ်ဖက်ကို နမ်းလိုက်ပြီး
“အကို..ကတိတည်တယ်နော်..မသင်းမြ…ဒီအိမ်ကနေ တစ်နေ့လုံး ဒီအိမ်ကနေ ခြေတလှမ်းမှ မရွေ့ဘူး..ည ကျရင်တော့..ဟိုကောင်တွေနဲ့ အောင်ပွဲခံပါရစေ၊ ဒါပေမယ့် အကို စောစောပြန်လာမှာပါ..”
မသင်းမြက ဖိုးတုတ်အား မျက်စောင်းထိုးလိုက်သည်။
“ဒါနဲ့..မနက်က ရှင် ကျွန်မကို အင်္ဂလိပ်လို ဖုန်းပြောခိုင်းတဲ့ အဲ့ဒီဘိုကြီးက ဘယ်သူလဲ.ကိုဖိုးတုတ်”
“အကိုပြောရင်..မြ အံသြမှာလား”
“အောင်မယ်..ဘယ်သူများမို့လဲ ဆရာကြီးရဲ့”
“အခု ဆာဂျေအေမောင်ကြီးအစိုးရရဲ့ ပြည်ထဲရေးအတွင်းဝန်လေ..မစ္စတာတီကူးပါးတဲ့”
“ဟယ်..တော်..ဟုတ်လို့လားရှင်..”
………………………………………………………………………………………..
ချိုင်းနားစတင်း ဟိုတယ်၏ အပေါ်ထပ်တစ်ခုလုံး ရယ်မောအောင်ပွဲခံသံများဖြင့် ဆူညံနေ၏။
စံဘက ကောင်မလေးနှစ်ယောက်နှင့် ကွေးနေအောင်ကသည်။ အုန်းဖေ၊ ငညွန့် တို့က ဝီစကီတစ်လုံးကို ဘယ်သူအရင်ကုန်ကြေး လောင်းကြေးထပ်သောက်နေကြသည်။
ဟိုတယ်ဝရံတာတွင်မူ လမ်းမတော်ဖိုးတုတ်နှင့် ဂန္ဓမာသောင်းရီက ဝီစကီတစ်ယောက် တစ်ခွက်ဆီ ကိုင်လျက်။
“ဖိုးတုတ်..ငါ မင်းကို ဝန်ခံပါရစေကွာ။ ဒီနေ့လည် ဂေါ်ရာစစ်ပုလိပ်ကားတွေ စတန်းလမ်းကနေ ဒီဘက်ကွေ့ဝင်လာတော့ ငါ ဘာဖြစ်မှန်းမသိခဲ့ဘူး။ နောက်တော့မှ ပုဏ္ဍားဘထွန်းအဖွဲ့တွေကို သွားတားတဲ့ သတင်းကြားရတာ…ငါ မင်းအကြံမှန်းရိပ်မိပါတယ်..တဆက်တည်းငါသိလိုက်ရတာ..မင်းမှာ ငါတို့နဲ့ မတူကွဲပြားတဲ့ အကြံဉာဏ်တွေ၊ ကစားကွက်တွေ ရှိနေတာပဲကွ..ဒါတွေ ငါလိုက်လို့ မမှီပါဘူး..မင်း ကို ဆရာဖိုးတုတ်လို့တောင် ခေါ်ချင်ပါတယ်ကွာ..ဟားဟား”
“ဟားဟား ဂန္ဓမာကြီးရာ..မင်းငါ့ကို ဆရာဖိုးတုတ်ခေါ်တဲ့နေ့ မင်းစောက်ခွက်ကို ငါထိုးတဲ့နေ့ပဲဟေ့..သူငယ်ချင်းရ..ဒီမှာ မင်းသိအောင် ငါပြောဦးမယ်..အခု ငါတို့ ပျော်နေပါးနေ သောက်နေ စားနေတဲ့အချိန်မှာ နေ့လည်က ပုဏ္ဍားဘထွန်းနဲ့အတူ ချီတက်ခဲ့တဲ့ ကောင်တွေအကုန်လုံးကို ရန်ကုန်ပုလိပ်အဖွဲ့ က လက်နက်ပုဒ်မ နဲ့ တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်ဖမ်းနေပြီကွ..အဲ့ဒါက ပိုပျော်ဖို့ကောင်းမယ် ထင်တယ်ဟေ့”
“ဟာ..ဖိုးတုတ်..ဟုတ်လှချည်လားကွ”
“သူငယ်ချင်းရာ..နေ့လည်ကသာ မင်းတို့ကို ငါခွင့်ပြုလိုက်ရင်..သူသေကိုယ်သေ အကုန်သေကုန်မယ်..ငါချစ်တဲ့ မင်းတို့၊ ငညွန့်တို့၊ စံဘတို့၊ အုန်းဖေတို့ အားလုံးအကုန်လုံး ငါ့လူတွေ သေမယ့်အလုပ်ကို ရှောင်ပြီး ပုဏ္ဍားကို ငါနိုင်တဲ့ နည်းရှိတာပဲကွ..အဲ့ဒီနည်းကိုပဲ ငါသုံးမှပေါ့..မင်းတို့ကို ငါအဆုံးအရှုံးမှ မခံနိုင်တာကွာ..ငါ့ရဲဘော်တွေ..ငါ့အတွက်ရှိပေးရဦးမှာ..ဟားဟား”
“အေးပါ..ဖိုးတုတ်ရာ..ငါ့ကောင်က မတ်စတီးခန်း လို ဖြစ်လာနေပြီပဲ…”
“ဖိုးတုတ်က ဖိုးတုတ်ပါပဲ..ယောက်ဖရာ..ကဲ..ငါ စောစောပြန်မယ်..ဒီကောင်တွေ ကို မင်းဆက်ထိန်းထားလိုက်ကွာ..ငါ့မှာ မနက်အလုပ်ရှိသေးလို့..စောစောပြန်မယ်ကွာ”
ထိုညက လမ်းမတော်ဖိုးတုတ်သည် ည ဆယ်နာရီတွင် အိမ်သို့ ပြန်သွားလေသည်။
လမ်းမတော်ဖိုးတုတ်၏ တပည့်များကား ည ၁ နာရီကျော်သည်အထိ အောင်ပွဲခံနေဆဲ။
………………………………………………………………………………
လမ်းမတော်၏ နံနက်ခင်းသည် ပုံမှန်အတိုင်း နိုးထလာကြသည်။
ယမန်နေ့က ပုဏ္ဍားဘထွန်းနှင့် လမ်းမတော်ဖိုးတုတ် ဂိုဏ်းသားများအကြား သွေးချောင်းစီး စစ်ပွဲဖြစ်မည်ဟူသော သတင်းစကားကား တမုဟုတ်ချင်း လွင့်ပါးသွားခဲ့လေပြီ။
လမ်းမတော်ဖိုးတုတ်၏ တပည့်ကျော်များသည်လည်း တစ်ညလုံး အောင်ပွဲခံအပျော်ကျူးခဲ့သည့် အရှိန်ဖြင့် အိပ်မောကျလျက်။
နံနက်ရှစ်နာရီခွဲတွင် ဂန္ဓမာသောင်းရီနေထိုင်ရာ စဉ်းအိုးတန်းလမ်းထဲသို့ လမ်းမတော်ဖိုးတုတ်၏ ညီ ဘသိန်း မော်တော်ကားဖြင့် ရောက်လာသည်။
ကားက ဂန္ဓမာသောင်းရီ၏ အိမ်ရှေ့တွင် ရပ်လိုက်၏။
“ကိုဂန္ဓမာ..ကိုဂန္ဓမာ”
ဂန္ဓမာက ဆတ်ခနဲ အိပ်ရာမှ ထလိုက်သည်။
ထို့နောက် အောက်ထပ်သို့ ဆင်းပြီး တံခါးကို ဖွင့်ပေးလိုက်၏။
“ဘသိန်း..ဘာကိစ္စလဲကွ..စောစောစီးစီး””
“ဟေ့လူ…စောစောစီးစီးမလုပ်နဲ့..ကိုကြီးဖိုးတုတ်..ကိုကြီးဖိုးတုတ်..အခုပဲ”
“ဘာလဲ..ဘသိန်းရ..ဖိုးတုတ်..ဘာဖြစ်တာလဲ””
“ခုနကပဲ သူ့ငှက်ကြီးတောင်ဓါးကြီးဆွဲပြီး တစ်ယောက်တည်းထွက်သွားတယ်ဗျ”
“ဟင်…ဘယ်ကိုလဲ..ဘယ်သွားတာလဲ’’
“ပုဏ္ဍားဘထွန်း အိမ်ကိုတဲ့ဗျ”
“ဘာ”
ဂန္ဓမာသောင်းရီက အိမ်ရှေ့ထောင့်တွင် အသင့်ထောင်ထားသော ရဲဒင်းကို ကိုင်ကာ အပြင်ထွက်လာသည်။
“ဘသိန်း..ဟေ့ကောင်..ကားပေါ်တက်..အမြန်မောင်းစမ်းကွာ”
ခက်ဇော်
(Zawgyi)
အခန္း(၉)
……………
နံနက္ (၅)နာရီ။
ဒလဘက္ကမ္းမွ ေဈးေရာင္းေဈးဝယ္သဗၺာန္အခ်ိဳ႕ ရန္ကုန္ဘက္သို႔ ကူးလာေနၾကသည္။
ျမစ္လယ္ရွိ သဗၺာန္တစ္စင္းမွာ မူ ထူးထူးျခားျခား စက္ရပ္ထား၏။
သဗၺာန္ေပၚမွ လူတစ္စုသည္ ေမာ္ေတာ္ကားအင္ဂ်င္တုံးအေဟာင္းႀကီးတစ္လုံးႏွင့္ တြဲခ်ည္ထားေသာ ဂုံနီအိတ္တစ္ခုကို မႏိုင္မနင္းမကာ ေရထဲသို႔ ပစ္ခ်လိုက္ၾကသည္။
ထို႔ေနာက္ စက္ႏႈိးကာ ရန္ကုန္ဆိပ္ကမ္းဘက္သို႔ ျပန္လည္ထြက္ခြာလာၾကသည္။
“ေဟ့..ထြန္းတင္ မင္းတို႔ကလည္း အေလာင္းေလးတစ္ခါ ေဖ်ာက္တာ ၾကာလိုက္တာကြာ’’
ကမ္းနားမွ ျပန္တက္လာေသာ ထြန္းတင္ ကို ကားျဖင့္ ေစာင့္ေနသည့္ ငၫြန႔္ က စိတ္မရွည္စြာျဖင့္လွမ္းေျပာသည္။
“ငၫြန႔္ ရာ…လူတစ္ေယာက္လုံး ေရထဲပစ္ခ်ရတာကြ..ၿပီးေတာ့ ငါ့ေကာင္ေတြကလည္း ေပါက္စေတြဆိုေတာ့ အထာက သိပ္မနပ္ၾကဘူး။ သဗၺာန္သမားက ျမစ္လယ္ေရာက္မွ အိတ္ထဲမွာ လူပါမွန္းသိၿပီး အူလည္လည္လုပ္ေနလို႔ တစ္ခ်က္ႏွစ္ခ်က္ေကြၽးၿပီး ၿခိမ္းေျခာက္လိုက္ရေသးတယ္..မင္းက ဒီေပၚမွာ စီးကရက္ေလးဖြာၿပီး ၿငိမ့္ၿငိမ့္ေလး ေစာင့္ရတာ”
“မင္းအေမ့လင္ စီးကရက္ေလးဖြာၿငိမ့္ရမလား…ညက ဂႏၶမာႀကီးပါလို႔ ငါတို႔မေသတာ..အာဠာဝကစိန္ႀကီး ဆိုတဲ့ေကာင္ႀကီးက မလြယ္ဘူးေဟ့..ဒီေကာင့္လက္သီးတစ္ခ်က္မိတာ ငါလြင့္ထြက္သြားတယ္..ေတာ္ေသးတယ္ဟ.. ဂႏၶမာႀကီး ပါေပလို႔…ၿပီးတာနဲ႔ ဟိုေကာင့္ကို ဆရာဖိုးတုတ္ဆီပို႔..သူေမးစရာရွိတာေမးေနတုန္းလည္း ငါပဲ တခ်ိန္လုံးထိုင္ေစာင့္ရ..သတ္ေတာ့လည္းငါပဲ..ခု အေလာင္းလာေဖ်ာက္ေတာ့လည္း ငါပဲ မင္းတို႔ကိုလိုက္ပို႔ေပးရတာ..တေရးမွ မအိပ္ရေသးဘူးဟ ’’
“အခု ဘယ္သြားမွာလဲ’’
“ဂႏၶမာႀကီးကို မေသာင္းအိမ္မွာသြားေခၚၿပီး ဆရာဖိုးတုတ္ဆီ သြားရမယ္..ထြန္းတင္ေရ..ပု႑ားႀကီးကေတာ့ အခုေလာက္ဆို ငါတို႔ကို သတ္ဖို႔ လူစုေနေလာက္ၿပီ’’
………………………………………………………………………………………
ဂႏၶမာေသာင္းရီ၊ ငၫြန႔္ႏွင့္ ထြန္းတင္တို႔ လမ္းမေတာ္ဖိုးတုတ္အိမ္သို႔ ေရာက္ရွိေသာအခါ လူအစုံအလင္ ေရာက္ရွိေနၾကၿပီျဖစ္သည္။
တာေမြေအာင္ဘ ႏွင့္ ၾကည္ျမင့္တိုင္ၾကက္ၾကား တို႔ပင္ ေရာက္ေနၾက၏။
“လာ…ဂႏၶမာ..မင္းတို႔ကို အားလုံးေစာင့္ေနၾကတာ..’’
ေရာက္ေနသူအားလုံးမ်က္ႏွာကို ၾကည့္ကာ တစ္စုံတစ္ခု ျပသနာျဖစ္ေနၿပီမွန္း ဂႏၶမာေသာင္းရီ တို႔ သတိျပဳလိုက္မိသည္။
“ဖိုးတုတ္..ဘာျဖစ္လို႔လဲ’’
“ဂႏၶမာေရ…ပု႑ားႀကီးကေတာ့ သိမ္ႀကီးေဈးထိပ္မွာ သူ႔တပည့္ေတြကို စုေနၿပီ။ ေန႔လည္က်ရင္ အာဠာဝကအေလာင္းကို ထမ္းၿပီး ငါ့နယ္ေျမထဲဝင္ၿပီး လက္စားေခ်မလို႔တဲ့ဟ’’
“ဟုတ္တယ္..ကိုဂႏၶမာ..ဒီတစ္ခါေတာ့ ပု႑ားတို႔ အႀကီးအက်ယ္ေဒါသထြက္ေနၾကတယ္..လမ္းမေတာ္ဖိုးတုတ္ အုပ္စုကို ဒီညေန မေစာင္းခင္ တစ္ေယာက္မက်န္သတ္မယ္လို႔လည္း ႀကိမ္းဝါးေနၾကတယ္’’
ဂႏၶမာေသာင္းရီ က ဆံပင္ကို သပ္တင္ၿပီး ခုံတြင္ ဝင္ထိုင္လိုက္သည္။
“ဖိုးတုတ္..ငါ..ဒီတစ္ခါေတာ့ မင္းကို တစ္ခု ေတာင္းဆိုခ်င္တယ္။ ညက အာဠာဝက ကို ငါသတ္ခဲ့တာ။ ဒီပြဲက အေသအေၾက ခုတ္ၾက၊ ထစ္ၾကရမယ့္ပြဲ၊ လူေတြမ်ားႀကီးေသလိမ့္မယ္၊ အဲ့ဒီလို မျဖစ္ေအာင္ ပု႑ားဘထြန္းကို သြားသတ္ဖို႔ ငါ့ကိုခြင့္ျပဳပါကြာ’’
ဖိုးတုတ္က ဂႏၶမာေသာင္းရီကို ၾကည့္ၿပီး ၿပဳံးလိုက္သည္။
“ဟုတ္ၿပီ..ဂႏၶမာ…မင္းနဲ႔ ငါ အခု ႏွစ္ေယာက္ခ်င္းစကားေျပာမယ္..ခဏလိုက္ခဲ့..ေဟ့ေကာင္ေတြ..မင္းတို႔ ငါတို႔ ျပန္လာတဲ့အထိ ေစာင့္ၾက’’
လမ္းမေတာ္ဖိုးတုတ္က ဂႏၶမာေသာင္းရီကို ပုခုံးဖက္လ်က္ အခန္းျပင္သို႔ ေခၚသြားသည္။
“ဂႏၶမာ..မင္းသိတဲ့အတိုင္းပဲ..အခုပြဲမွာ ပု႑ားႀကီးက ငါနဲ႔ သူေသကိုယ္ေသတိုက္မွာေသခ်ာတယ္..လမ္းမေတာ္ဟာ စစ္တလင္းျဖစ္သြားမယ္.. သူတို႔လူေတြေရာ..ငါတို႔ လူေတြေရာ ေသမယ္..မင္းေရာ..ငါေရာပါ ေသခ်င္ေသသြားႏိုင္တယ္”
“အဲ့ဒါေၾကာင့္..ငါေျပာတာ..ဖိုးတုတ္…အခုခ်ိန္ ဒီေကာင္ေတြ နယ္ေျမထဲ ဝင္ၿပီး ပု႑ားဘထြန္းကို ငါသတ္လိုက္ရင္ ၿပီးၿပီေလကြာ’’
“ဟုတ္ၿပီ..ဂႏၶမာ..အဲ့ဒီလိုဆို ငါမင္းကိုေမးမယ္…မင္း ညက ဘာလို႔ အာဠာဝကစိန္ႀကီး ကို သတ္လိုက္တာလဲ၊ စိန္ႀကီးမွန္းသိလို႔ သတ္တာလား၊ မသိပဲ သတ္တာလား’’
“သိသိမသိသိ ဒီေကာင့္ကို ငါသတ္မွာပဲ..ဖိုးတုတ္..သတ္ခ်င္လို႔ကို သတ္ပစ္တာ’’
“သတ္ခ်င္လို႔ သတ္ပစ္တာ..ဟုတ္လို႔လား..ငါခိုင္းလိုက္တာ တလိုင္းေလးကို အရွင္ဖမ္းဖို႔ပဲေလကြာ..အဲ့ဒါကို မင္းက လူတစ္ေယာက္အပိုသတ္လာတယ္၊ အဲ့ဒီအပိုသတ္လာတဲ့ေကာင္က တကယ့္မီးခဲေကာင္၊ ပု႑ားရဲ႕ ေမြးစားသားျဖစ္ေနတယ္။ အဲ့ဒါ ငါ့အမိန႔္ကို မင္းမနာခံျခင္းရဲ႕ အက်ိဳးဆက္ပဲကြ။ ဘာလဲ မင္းက တံစဥ္ေထာင္ခ်င္တာလား..ဂႏၶမာ’’
ဖိုးတုတ္က ဂႏၶမာ၏ မ်က္လုံးကို စိုက္ၾကည့္ရင္း ေမးလိုက္သည္။
ဂႏၶမာေသာင္းရီက ကုတ္အက်ႌ ကို ဆြဲခြၽတ္လိုက္၏။
ထို႔ေနာက္…
“ဒီမွာ..ဖိုးတုတ္…မင္းနဲ႔ငါ စပယ္ရာဘဝကတည္းက အတူတူေနလာတာ။ မင္းကို ငါ့အကိုလို ညီလို သေဘာထားတယ္။ မင္းစီးပြားဟာ ငါ့စီးပြားပဲ။ မင္းမိသားစုက ငါ့မိသားစုပဲကြ။ ညက ငါသတ္ခဲ့တဲ့ေကာင္က အာဠာဝကမကလို ဘာေကာင္ျဖစ္ျဖစ္..ငါသတ္မွာပဲ..ဒီေကာင္က မေသာင္းကို မုဒိန္းက်င့္ေနတာကြ..မင္းသိလား…ေအး..ငါ့ မေသာင္းကို လာထိတဲ့ေကာင္ဆို ဘယ္ေကာင္ျဖစ္ျဖစ္ ငါသတ္မွာပဲ..မင္း အမိန႔္ကို နာခံတာေတြ ဘာေတြ ငါေစာက္ဂ႐ုမစိုက္ဘူး။ ငါ့မွာ ေျပာစရာဒါပဲရွိတယ္။ က်န္တဲ့ မင္းလူေတြ မထိရေအာင္ ခု ငါပု႑ားကို သြားသတ္ေပးမယ္ ဟုတ္ၿပီလား..ဖိုးတုတ္..စိတ္ခ်..ငါ့ကို စိတ္ခ်ကြာ’’
လမ္းမေတာ္ဖိုးတုတ္က ဂႏၶမာ၏ ပုခုံးကို ပုတ္ကာ ဟက္ဟက္ပက္ပက္ၿပဳံးလိုက္သည္။
“ေအး..အဲ့ဒါ ငါ့သူငယ္ခ်င္း ဂႏၶမာပဲကြ…ဟားဟား..ဒီလိုမင္း ရွက္တတ္မွန္းသိလို႔..ဟိုေကာင္ေတြေရွ႕မွာ မေမးတာ။ မင္း မေသာင္းကို ခ်စ္ လို႔ေလကြာ။ ဟုတ္တယ္မဟုတ္လား။ ဒီေကာင္မ်ိဳးကို သတ္သင့္တာပဲ။ ဆယ္ခါျပန္သတ္သင့္တာပဲ သူငယ္ခ်င္းရ..လာ..လာ..အစည္းအေဝးျပန္စၾကမယ္’’
ဖိုးတုတ္၏ အသံမာမာကို ၾကားထားရသျဖင့္ အခန္းထဲတြင္ က်န္ခဲ့သူမ်ားက စိုးရိမ္ေသာ မ်က္လုံးမ်ားျဖင့္ ေစာင့္ေနၾကသည္။
လမ္းမေတာ္ဖိုးတုတ္က မ်က္ႏွာထားတည္တည္ျဖင့္ အခန္းထဲသို႔ ဝင္လာသည္။ သူ႔ေနာက္မွ ဂႏၶမာေသာင္းရီက ဝင္လာ၏။
“ကဲ..ငါ ဂႏၶမာနဲ႔ ေျပာၿပီးၿပီ။ ဒီေကာင့္ ကိစၥ ဒီေကာင္ရွင္းလိမ့္မယ္။ ဟုတ္ၿပီလား”
စံဘက မတ္တပ္ထရပ္လိုက္သည္။
“ကိုဖိုးတုတ္…ကိုဂႏၶမာႀကီးနဲ႔ ကြၽန္ေတာ္လိုက္သြားခ်င္တယ္။ ခြင့္ျပဳပါ’’
ငၫြန႔္ႏွင့္ အုန္းေဖ ကလည္း ထလာသည္။
“ကြၽန္ေတာ္တို႔လည္း လိုက္သြားပါရေစ..ကိုဖိုးတုတ္’’
ထြန္းတင္၊ ပု႑ားေက်ာ္ထြန္း ႏွင့္ က်န္သည့္သူမ်ားကပါ မတ္တပ္ရပ္လိုက္ၾကသည္။
အျခားနယ္ပိုင္လူမိုက္မ်ားျဖစ္ေသာ ၾကည့္ျမင့္တိုင္ၾကက္ၾကားႏွင့္ ေအာင္ဘ ပါ ထိုလူအုပ္စုထဲ ပါဝင္လာ၏။
လမ္းမေတာ္ဖိုးတုတ္က ကုလားထိုင္ကို ဆြဲယူထိုင္လိုက္သည္။
ထို႔ေနာက္ ေဆးတံကို ယူၿပီး မီးညႇိ႔ကာ ဖြားထုတ္လိုက္၏။
“ဒီလိုဆိုေတာ့..မင္းတို႔အားလုံးက ပု႑ားဘထြန္းတို႔အဖြဲ႕နဲ႔ သြားသတ္ၾကၿပီး..လမ္းမေတာ္ဖိုးတုတ္ႀကီးက အိမ္မွာထိုင္ၿပီး မိန္းမနဲ႔ ဖက္အိပ္ေနရေတာ့မယ္ေပါ့..အဲ့ဒီလိုလား..အဲ့ဒီလိုလားကြ..ဟမ္…ေဟ့ေကာင္ေတြ’’
မည္သူ႔ဆီက မွ အသံထြက္မလာ။
ဂႏၶမာေသာင္းရီက တစ္စုံတစ္ခု ေျပာရန္ ႀကံၿပီးမွ ၿငိမ္ေနလိုက္သည္။
“ကဲ..ငါအခု အမိန႔္ေပးမယ္..ငါ့အမိန႔္မနာခံတဲ့ေကာင္မွန္သမွ်..ငါ့ရန္သူလို႔ ငါသတ္မွတ္မယ္..ေက်နပ္လား’’
“ဟုတ္..ေက်နပ္ပါတယ္..ဆရာဖိုးတုတ္’’
“ဂႏၶမာ၊ ငၫြန႔္၊ စံဘ..မင္းတို႔သုံံးေယာက္က ငါခိုင္းတဲ့အတိုင္း မနက္က အြန္ေလာက္ဟိုတယ္မွာ တလိုင္းေလးကို ဖမ္းေပးတယ္။ အစစ္အေနနဲ႔ အာဠာဝက ကိုလည္း သတ္ေပးမယ္။ ဂႏၶမာကလည္း အဲ့ဒီကျပန္ေတာ့ မေသာင္းအိမ္လိုက္သြားတယ္ဆိုေတာ့ ပင္ပန္းေနမွာပဲ။ ငၫြန႔္နဲ႔ စံဘလည္း တစ္ညလုံး အိပ္ရဦးမယ္မထင္ဘူး။ မင္းတို႔ သုံးေယာက္က သြားျပန္အိပ္ၾကေတာ့’’
“ဟမ္..ဗ်ာ’’
“က်န္တဲ့ေကာင္ေတြက ခ်ိဳင္းနားစတန္းဟိုတယ္ကိုသြား၊ ငါ မန္ေနဂ်ာကို ေျပာၿပီးၿပီ။ အဲ့ဒီမွာ တစ္ေယာက္ကို ဝီစကီ ေလးပက္စီ ေသာက္ရင္း နယ္ေျမထဲမွာ အေျခအေနကို နားစြင့္ထားကြာ။ ပု႑ားဘထြန္းလူေတြ စထြက္လာၿပီဆိုတာနဲ႔ငါ့ကို လာအေၾကာင္းၾကား.. ဟုတ္ၿပီလား။ အခု ျပသနာက ပု႑ားဘထြန္းနဲ႔ လမ္းမေတာ္ဖိုးတုတ္ျပသနာမို႔ လမ္းမေတာ္ဖိုးတုတ္ပဲ ရွင္းမယ္’’
အားလုံး တအံတၾသျဖစ္သြားၾကသည္။ ေစာဒကတက္ရန္ ႀကိဳးစားၾကသည္။
သို႔ေသာ္ ဖိုးတုတ္၏ မ်က္ႏွာကိုၾကည့္ကာ ဘာမွ မေျပာရဲၾက။
“ဂႏၶမာ..မင္းငါ့ကို ဘာမွ ျပန္ၾကည့္မေနနဲ႔။ ငါ့အတြက္ မင္းတို႔ အသက္စြန႔္ရဲတာကို ငါသိတယ္ကြ။ အဲ့ဒီလိုမ်ိဳး ငါရဲေဘာ္ရဲဘက္ေတြထဲက တစ္ေယာက္ကိုမွ ငါအဆုံးအရႈံးမခံႏိုင္ေသးဘူး။မင္းတို႔ ဒီေလာက္နဲ႔ ေသဖို႔ မလိုေသးပါဘူးကြ..ကဲ..အားလုံး သြားၾကေတာ့..ငါ့အမိန႔္မနာခံတဲ့ေကာင္ ငါ့ရန္သူေနာ္.ငါေျပာၿပီးၿပီ”
ဖိုးတုတ္၏ တပည့္မ်ားက မေက်မနပ္ျဖင့္ ထြက္သြားၾကသည္။ စံဘတစ္ေယာက္သာ ေပကပ္ကပ္က်န္ခဲ့
၏။
“ေဟ့ေကာင္..မင္းကေရာ..ဘာျဖစ္ခ်င္လို႔လဲ..’’
“ဟို..မမသင္းျမက …အစည္းအေဝးၿပီးရင္..အကို႔ကို အေပၚထပ္ တက္လာခဲ့ပါဦးတဲ့’’
“ေအာ္..ေအးေအး..”
ဖိုးတုတ္က အေပၚသို႔ တက္သြားသည္။
အေပၚထပ္တြင္ မသင္းျမက ပုတီးစိတ္ရာမွ ထလာသည္။
“ကိုဖိုးတုတ္…ရွင္လူသတ္ဦးမလို႔လား’’
“ကိုဖိုးတုတ္ေသရင္.မသင္းျမ ရင္ကြဲမယ္…မသင္းျမ ..ရင္မကြဲရေအာင္…နည္းနည္းပါးပါးေတာ့ သတ္ရမယ္ထင္တယ္’’
မသင္းျမ မ်က္ႏွာေလး ညိဳးသြားသည္။
“အလကားစတာပါ..ျမရယ္…ဒီေန႔ အကို ဒီအိမ္က တစ္ဖဝါးမွ မခြာပါဘူး..စိတ္ခ်’’
…………………………………………………………………………………………
ငၫြန႔္ ၏ ေမာ္ေတာ္ကားက လမ္းမေတာ္ဖိုးတုတ္ အိမ္ေရွ႕တြင္ ထိုးရပ္လိုက္သည္။
လမ္းမေတာ္ဖိုးတုတ္က အိမ္ေရွ႕ ဝရံတာသို႔ ထြက္လာၿပီး
“ငၫြန႔္..ဘာထူးလဲေဟ့’’
“ဟိုေကာင္ေတြ ကာနယ္လမ္းအတိုင္း..စထြက္ၿပီတဲ့..ဆရာဖိုးတုတ္..အင္အား တစ္ရာေလာက္ပါတယ္။ အေလာင္းကိုပါ တစ္ခါတည္း ထမ္းလာၾကတယ္”
“ေအး..ဟုတ္ၿပီ..လူေတြအားလုံးစုထားလိုက္ေတာ့..ၿပီးရင္ ခ်ိဳင္းနားစတန္းမွာ ထိုင္ခိုင္းထား။ ဒီည ခ်ိဳင္းနားစတန္းအေပၚထပ္ကို ငါအျပတ္ငွားမယ္လို႔ ေလာက္ဝီကို ေျပာလိုက္..သြားေတာ့”
ဓားဆြဲထြက္လာမည္ဟုထင္ေသာ္လည္း အိမ္ေပၚက ဆင္းမလာသျဖင့္ ငၫြန႔္ အူေၾကာင္ေၾကာင္ျဖင့္ ျပန္လွည့္သြားသည္။
………………………………………………………………………..
ပု႑ားဘထြန္းကား အျဖဴေရာင္အက်ႌ ႏွင့္ အျဖဴေရာင္ဒိုတီ ကို ဝတ္ကာ..ဓါးေကာက္ႀကီးကို ဆြဲကိုင္လ်က္ ေရွ႕ဆုံးမွ ေလွ်ာက္လာသည္။
ေနာက္တြင္ အာဠာဝက၏ အေလာင္းႀကီးကို ထမ္းစင္ေပၚတင္လ်က္ ထမ္းလာၾကသည္။
ထိုအေလာင္းစင္ႀကီး ေဘးတြင္ေတာ့ လက္နက္ကိုယ္စီကိုင္စြဲလာၾကေသာ ပု႑ားဘထြန္း၏ တပည့္ ကုလား၊ ဗမာလူမိုက္မ်ား။.
ကာနယ္လမ္းသည္ လူရွင္းေသာလမ္းျဖစ္ေသာ္လည္း ပု႑ားဘထြန္းတို႔ အဖြဲ႕ႀကီး ခ်ီတက္လာသည္ႏွင့္ ျပည့္ႏွက္သြား၏။
ေရွ႕ဆုံးမွ မိုက္ေသြးမိုက္မာန္ႂကြႂကြျဖင့္ ခ်ီတက္လာေသာ ပု႑ားႀကီးေနာက္မွ တပည့္လူမိုက္အေပါင္းတို႔ ကလည္း ေသြးဆာေသာမ်က္ႏွာမ်ားျဖင့္ ညာသံေပးကာ လိုက္ပါလာၾကသည္။
လမ္းမေတာ္သူ လမ္းမေတာ္သားတို႔ကား လူမိုက္ဂိုဏ္းႀကီးႏွစ္ခု၏ ေသြးေခ်ာင္းစီးလူသတ္ပြဲႀကီး ကို အိမ္တြင္း ပုန္းကာ ရင္တမမ ေစာင့္ၾကည့္ေနၾကသည္။
အခ်ိဳ႕ အေျခအေနကို မသိေသာသူမ်ားကလည္း ဓားဆြဲတုတ္ဆြဲျဖင့္ အေလာင္းႀကီးထမ္းလာေသာ လူအုပ္ႀကီး ကို ၾကည့္ကာ တအံတၾသျဖစ္ေနၾကသည္။
ကီလီလမ္းထိပ္အေရာက္ ေရွ႕ဆုံးမွ ငွက္ႀကီးေတာင္ဓါးဆြဲကာ ေလွ်ာက္လာေသာ ပု႑ားဘထြန္းႀကီး တန႔္ခနဲျဖစ္သြားသည္။
ပု႑ားဘထြန္းရပ္သြားသျဖင့္ ေနာက္မွ လူတန္းႀကီးပါ ရပ္သြားၾက၏။
ပု႑ားဘထြန္းကား သူ႔ေရွ႕တြင္ ေတြ႕ရေသာ ျမင္ကြင္းကို တအံတၾသၾကည့္ေနသည္။
သူ႔ေရွ႕တြင္ကား ေလာ္လီကားႏွစ္စီးအျပည့္ျဖင့္ လမ္းပိတ္ထားေသာ စစ္ပုလိပ္တပ္မ်ား။ ႐ိုင္ဖယ္ေသနတ္မ်ား ျဖင့္ ခ်ိန္ထားၾကသည္။
ေရွ႕ဆုံးမွ ရာဇဝတ္အုပ္က ေအာ္လံျဖင့္ လွမ္းေအာ္သည္။
“ခင္ဗ်ားတို႔ အခုခ်က္ခ်င္း လူစုခြဲေပးပါ…လူစုခြဲေပးပါ”
“က်ဳပ္သား အသုဘခ်လာတာပါ..ရာဇဝတ္အုပ္မင္းခင္ဗ်ား”
ပု႑ားဘထြန္းက ရာဇဝတ္အုပ္ကို လွမ္းေအာ္ေျပာသည္။
“လူစုလူေဝးကို အခုခ်က္ခ်င္း ၿဖိဳခြဲေပးပါ။ ကုလား - ဗမာ အဓိက႐ုဏ္းမ်ားျဖစ္ၿပီးကာလတြင္ ေနာက္ထပ္ လူစုလူေဝးျဖင့္ အဓိက႐ုဏ္းျဖစ္ေစမည့္ မည္သည့္ကိစၥကို မဆို ပစ္ခတ္ၿဖိဳခြင္းဖို႔ အမိန႔္ရထားပါၿပီ။ အခု ေနရာကေန ေရွ႕ဆက္တိုးမယ္ဆို..ပစ္ရပါလိမ့္မယ္”
ပု႑ားဘထြန္း တြန႔္သြားသည္။
“ခင္ဗ်ားတို႔ အခုခ်က္ခ်င္း လူစုခြဲပါ။ လူစုခြဲပါ။ မဟုတ္လွ်င္ ပစ္ရပါလိမ့္မယ္.။ ဒီလို ကာလမွာ ခင္ဗ်ားတို႔ အသုဘကို လူစုလူေဝးနဲ႔ မခ်ပါနဲ႔။ လက္နက္ေတြ ကိုင္ေဆာင္ျခင္းကိုလည္း တားျမစ္ပါတယ္’’
ပု႑ားဘထြန္း ေနာက္လွည့္ၾကည့္လိုက္သည္။
အေတာ္မ်ားမ်ားက ေနာက္လွည့္ျပန္ကုန္ၾက၏။ အခ်ိဳ႕လည္း လမ္းေဘးကပ္ကာ တျဖည္းျဖည္း ေနာက္ဆုတ္သြားၾကသည္။
ပု႑ားဘထြန္း ေခါင္းငိုက္စိုက္က်သြားသည္။
အေလာင္းထမ္းထားသည့္ လူရွစ္ေယာက္ႏွင့္အတူ လူႏွစ္ဆယ္ခန႔္သာက်န္ေတာ့၏။
ပု႑ားဘထြန္းမွာ အံကိုႀကိတ္လ်က္ မ်က္ရည္မ်ားပင္ က်လာသည္။.
“ေဟ့ေကာင္ေတြ……….ျပန္လွည့္မယ္..ျပန္လွည့္မယ္”
………………………………………………………………….
လမ္းမေတာ္ဖိုးတုတ္အိမ္သို႔ ဖုန္းဝင္လာသည္။
မသင္းျမ က ဖုန္းကိုင္လိုက္၏။
“ကိုဖိုးတုတ္..ရွင္မနက္က ဖုန္းဆက္ခိုင္းတဲ့ ဘိုႀကီးပဲ...ရွင့္ အကူအညီေတာင္းတဲ့အတိုင္း လုပ္ေပးၿပီးၿပီလို႔ ရွင့္ကို ေျပာေပးပါတဲ့”
“အကို က ေက်းဇူးတင္ပါတယ္လို႔ သူ႔ကိုေျပာေပးပါ..မသင္းျမ”
မသင္းျမ က ဖိုးတုတ္ေျပာသည့္အတိုင္း အဂၤလိပ္လို ေျပာခိုင္းလိုက္သည္။
“ကိုဖိုးတုတ္…ကိုလည္း ရန္ကုန္ရဲ႕ ဥပေဒ စိုးမိုးေရးအတြက္ ကူညီေပးလို႔ သူ႔အေနနဲ႔ ေက်းဇူးတင္ပါတယ္တဲ့’’
ဖိုးတုတ္က စကားေျပာခြက္ကို မသင္းျမ ထံ မွ ယူကာ မေတာက္တေခါက္အဂၤလိပ္စကားျဖင့္ သင့္ခ္ယူ သင့္ခ္ယူ ဟုေျပာကာ ဖုန္းခ်လိုက္ေလသည္။
ထို႔ေနာက္ မသင္းျမ၏ ပုခုံးကို ဖက္ကာ ပါးတစ္ဖက္ကို နမ္းလိုက္ၿပီး
“အကို..ကတိတည္တယ္ေနာ္..မသင္းျမ…ဒီအိမ္ကေန တစ္ေန႔လုံး ဒီအိမ္ကေန ေျခတလွမ္းမွ မေ႐ြ႕ဘူး..ည က်ရင္ေတာ့..ဟိုေကာင္ေတြနဲ႔ ေအာင္ပြဲခံပါရေစ၊ ဒါေပမယ့္ အကို ေစာေစာျပန္လာမွာပါ..”
မသင္းျမက ဖိုးတုတ္အား မ်က္ေစာင္းထိုးလိုက္သည္။
“ဒါနဲ႔..မနက္က ရွင္ ကြၽန္မကို အဂၤလိပ္လို ဖုန္းေျပာခိုင္းတဲ့ အဲ့ဒီဘိုႀကီးက ဘယ္သူလဲ.ကိုဖိုးတုတ္”
“အကိုေျပာရင္..ျမ အံၾသမွာလား”
“ေအာင္မယ္..ဘယ္သူမ်ားမို႔လဲ ဆရာႀကီးရဲ႕”
“အခု ဆာေဂ်ေအေမာင္ႀကီးအစိုးရရဲ႕ ျပည္ထဲေရးအတြင္းဝန္ေလ..မစၥတာတီကူးပါးတဲ့”
“ဟယ္..ေတာ္..ဟုတ္လို႔လားရွင္..”
………………………………………………………………………………………..
ခ်ိဳင္းနားစတင္း ဟိုတယ္၏ အေပၚထပ္တစ္ခုလုံး ရယ္ေမာေအာင္ပြဲခံသံမ်ားျဖင့္ ဆူညံေန၏။
စံဘက ေကာင္မေလးႏွစ္ေယာက္ႏွင့္ ေကြးေနေအာင္ကသည္။ အုန္းေဖ၊ ငၫြန႔္ တို႔က ဝီစကီတစ္လုံးကို ဘယ္သူအရင္ကုန္ေၾကး ေလာင္းေၾကးထပ္ေသာက္ေနၾကသည္။
ဟိုတယ္ဝရံတာတြင္မူ လမ္းမေတာ္ဖိုးတုတ္ႏွင့္ ဂႏၶမာေသာင္းရီက ဝီစကီတစ္ေယာက္ တစ္ခြက္ဆီ ကိုင္လ်က္။
“ဖိုးတုတ္..ငါ မင္းကို ဝန္ခံပါရေစကြာ။ ဒီေန႔လည္ ေဂၚရာစစ္ပုလိပ္ကားေတြ စတန္းလမ္းကေန ဒီဘက္ေကြ႕ဝင္လာေတာ့ ငါ ဘာျဖစ္မွန္းမသိခဲ့ဘူး။ ေနာက္ေတာ့မွ ပု႑ားဘထြန္းအဖြဲ႕ေတြကို သြားတားတဲ့ သတင္းၾကားရတာ…ငါ မင္းအႀကံမွန္းရိပ္မိပါတယ္..တဆက္တည္းငါသိလိုက္ရတာ..မင္းမွာ ငါတို႔နဲ႔ မတူကြဲျပားတဲ့ အႀကံဉာဏ္ေတြ၊ ကစားကြက္ေတြ ရွိေနတာပဲကြ..ဒါေတြ ငါလိုက္လို႔ မမွီပါဘူး..မင္း ကို ဆရာဖိုးတုတ္လို႔ေတာင္ ေခၚခ်င္ပါတယ္ကြာ..ဟားဟား”
“ဟားဟား ဂႏၶမာႀကီးရာ..မင္းငါ့ကို ဆရာဖိုးတုတ္ေခၚတဲ့ေန႔ မင္းေစာက္ခြက္ကို ငါထိုးတဲ့ေန႔ပဲေဟ့..သူငယ္ခ်င္းရ..ဒီမွာ မင္းသိေအာင္ ငါေျပာဦးမယ္..အခု ငါတို႔ ေပ်ာ္ေနပါးေန ေသာက္ေန စားေနတဲ့အခ်ိန္မွာ ေန႔လည္က ပု႑ားဘထြန္းနဲ႔အတူ ခ်ီတက္ခဲ့တဲ့ ေကာင္ေတြအကုန္လုံးကို ရန္ကုန္ပုလိပ္အဖြဲ႕ က လက္နက္ပုဒ္မ နဲ႔ တစ္အိမ္တက္ တစ္အိမ္ဆင္းလိုက္ဖမ္းေနၿပီကြ..အဲ့ဒါက ပိုေပ်ာ္ဖို႔ေကာင္းမယ္ ထင္တယ္ေဟ့”
“ဟာ..ဖိုးတုတ္..ဟုတ္လွခ်ည္လားကြ”
“သူငယ္ခ်င္းရာ..ေန႔လည္ကသာ မင္းတို႔ကို ငါခြင့္ျပဳလိုက္ရင္..သူေသကိုယ္ေသ အကုန္ေသကုန္မယ္..ငါခ်စ္တဲ့ မင္းတို႔၊ ငၫြန႔္တို႔၊ စံဘတို႔၊ အုန္းေဖတို႔ အားလုံးအကုန္လုံး ငါ့လူေတြ ေသမယ့္အလုပ္ကို ေရွာင္ၿပီး ပု႑ားကို ငါႏိုင္တဲ့ နည္းရွိတာပဲကြ..အဲ့ဒီနည္းကိုပဲ ငါသုံးမွေပါ့..မင္းတို႔ကို ငါအဆုံးအရႈံးမွ မခံႏိုင္တာကြာ..ငါ့ရဲေဘာ္ေတြ..ငါ့အတြက္ရွိေပးရဦးမွာ..ဟားဟား”
“ေအးပါ..ဖိုးတုတ္ရာ..ငါ့ေကာင္က မတ္စတီးခန္း လို ျဖစ္လာေနၿပီပဲ…”
“ဖိုးတုတ္က ဖိုးတုတ္ပါပဲ..ေယာက္ဖရာ..ကဲ..ငါ ေစာေစာျပန္မယ္..ဒီေကာင္ေတြ ကို မင္းဆက္ထိန္းထားလိုက္ကြာ..ငါ့မွာ မနက္အလုပ္ရွိေသးလို႔..ေစာေစာျပန္မယ္ကြာ”
ထိုညက လမ္းမေတာ္ဖိုးတုတ္သည္ ည ဆယ္နာရီတြင္ အိမ္သို႔ ျပန္သြားေလသည္။
လမ္းမေတာ္ဖိုးတုတ္၏ တပည့္မ်ားကား ည ၁ နာရီေက်ာ္သည္အထိ ေအာင္ပြဲခံေနဆဲ။
………………………………………………………………………………
လမ္းမေတာ္၏ နံနက္ခင္းသည္ ပုံမွန္အတိုင္း ႏိုးထလာၾကသည္။
ယမန္ေန႔က ပု႑ားဘထြန္းႏွင့္ လမ္းမေတာ္ဖိုးတုတ္ ဂိုဏ္းသားမ်ားအၾကား ေသြးေခ်ာင္းစီး စစ္ပြဲျဖစ္မည္ဟူေသာ သတင္းစကားကား တမုဟုတ္ခ်င္း လြင့္ပါးသြားခဲ့ေလၿပီ။
လမ္းမေတာ္ဖိုးတုတ္၏ တပည့္ေက်ာ္မ်ားသည္လည္း တစ္ညလုံး ေအာင္ပြဲခံအေပ်ာ္က်ဴးခဲ့သည့္ အရွိန္ျဖင့္ အိပ္ေမာက်လ်က္။
နံနက္ရွစ္နာရီခြဲတြင္ ဂႏၶမာေသာင္းရီေနထိုင္ရာ စဥ္းအိုးတန္းလမ္းထဲသို႔ လမ္းမေတာ္ဖိုးတုတ္၏ ညီ ဘသိန္း ေမာ္ေတာ္ကားျဖင့္ ေရာက္လာသည္။
ကားက ဂႏၶမာေသာင္းရီ၏ အိမ္ေရွ႕တြင္ ရပ္လိုက္၏။
“ကိုဂႏၶမာ..ကိုဂႏၶမာ”
ဂႏၶမာက ဆတ္ခနဲ အိပ္ရာမွ ထလိုက္သည္။
ထို႔ေနာက္ ေအာက္ထပ္သို႔ ဆင္းၿပီး တံခါးကို ဖြင့္ေပးလိုက္၏။
“ဘသိန္း..ဘာကိစၥလဲကြ..ေစာေစာစီးစီး””
“ေဟ့လူ…ေစာေစာစီးစီးမလုပ္နဲ႔..ကိုႀကီးဖိုးတုတ္..ကိုႀကီးဖိုးတုတ္..အခုပဲ”
“ဘာလဲ..ဘသိန္းရ..ဖိုးတုတ္..ဘာျဖစ္တာလဲ””
“ခုနကပဲ သူ႔ငွက္ႀကီးေတာင္ဓါးႀကီးဆြဲၿပီး တစ္ေယာက္တည္းထြက္သြားတယ္ဗ်”
“ဟင္…ဘယ္ကိုလဲ..ဘယ္သြားတာလဲ’’
“ပု႑ားဘထြန္း အိမ္ကိုတဲ့ဗ်”
“ဘာ”
ဂႏၶမာေသာင္းရီက အိမ္ေရွ႕ေထာင့္တြင္ အသင့္ေထာင္ထားေသာ ရဲဒင္းကို ကိုင္ကာ အျပင္ထြက္လာသည္။
“ဘသိန္း..ေဟ့ေကာင္..ကားေပၚတက္..အျမန္ေမာင္းစမ္းကြာ”
ခက္ေဇာ္
Done😪🐬
ReplyDeletenice
ReplyDeleteClicked✅
ReplyDeleteDone🍿🍿🍿
ReplyDeleteDone😎🍿🍿
ReplyDelete💙
ReplyDeleteThank you Admin
ReplyDelete<3
ReplyDeleteDome
ReplyDelete