The Guys of Yangon,1930 (Part 18) အခန်း(၁၉)

The Guys of Yangon,1930 (Part 18)


                                                  အခန်း(၁၉)


                                               ……………………


ဂန္ဓမာ က လဲနေသောလူငယ်၏ ဆံပင်ကို ဆွဲကာ မျက်နှာအား လှန်ကြည့်လိုက်သည်။


ဘဘိုးက ဂန္ဓမာကိုမြင်သည့်အခါ ထိတ်လန့်သွား၏။


“ဒီကောင်ပဲ..ဂန္ဓမာ..အဲ့ဒီနေ့က မင်းက အရမ်းမူးနေတော့ ဒီကောင်တွေကို ဘယ်မှတ်မိမလဲ။ ကျန်တဲ့ နှစ်ကောင်ကိုတော့ ဒီရန်ကုန်မြစ်ထဲ ပုဇွန်ဆင်းငုတ်ခိုင်းလိုက်ပြီကွ… မင်းကို ဓါးနဲ့ ခုတ်တဲ့ ဒီကောင် ကိုပဲ မင်းအတွက် မင်္ဂလာလက်ဖွဲ့ချန်ထားပေးမာ..ဂန္ဓမာ..မင်းလုပ်ချင်ရာလုပ်ပေတော့”


ဂန္ဓမာက ဘဘိုး ၏ မျက်နှာနားသို့ ကပ်လိုက်ကာ


“အဲ့ဒီညက ငါ့ကို ဓါးနဲ့ ဝင်ခုတ်တာ မင်းလား..ငါ့ညီ”


ဘဘိုးက ခေါင်းညိမ့်ပြသည်။


ဂန္ဓမာ မတ်တပ်ပြန်ရပ်လိုက်ပြီး ဖိုးတုတ်ဘက် လှည့်လိုက်သည်။


“ကဲ..ဂန္ဓမာ..မင်းဘာလုပ်ချင်လဲပြော..ဒီကောင့်ကို ရဖို့ ငါ အချိန်ဘယ်လောက် စောင့်လိုက်ရတယ်ထင်လဲ.. ဒီကောင်က မင်းကို ခုတ်ပြီးကတည်းက ဒေါက်တာဘမော်အိမ်မှာ ဝင်ခိုနေတာ…နန်းရင်းဝန်အိမ်ဆိုတော့ လုံခြုံရေးတွေချထားလို့ ငါတို့ ဘယ်ထိရဲမလဲကွ…အခု ဒေါက်တာလည်း ပြုတ်ပြီ..ဒီကောင် အရက်ထွက် ဝယ်နေတုန်း အောင်ဘတို့ အုပ်စု ဝင်ဆွဲလာခဲ့တာပဲ..အောင်ဘတို့ လက်စနဲ့ သွားတွေတော့ ကျွတ်ကုန်တယ်ကွာ”


ဂန္ဓမာက ရန်ကုန်ဆိပ်ကမ်းဘက်ဆီသို့ ငေးကြည့်လိုက်သည်။


“ဖိုးတုတ်..မနက်ဖြန် ငါ့မင်္ဂလာဆောင်ကွာ… ငါ ဒီည လူမသတ်ချင်ဘူး.. ပြီးတော့ အဲ့ဒီညက ဒီကောင်လေးတွေ ကို ငါ ချသာချခဲ့တာ သေချာတောင် မမှတ်မိဘူး..ငါမလုပ်ချင်ဘူးကွာ”


“မင်းမလုပ်ချင်လဲ..ငါ့ ခြောက်လုံးပြူးအသစ်ကလေး စမ်းကြည့်လိုက်မယ်ကွာ..မြစ်အောက်မှာ ဒီကောင့်ဘော်ဒါတွေ စောင့်နေကြပြီကွ”


ဖိုးတုတ်က သူရထားသော ခြောက်လုံးပြူးသေနတ်ကို ခါးကြားမှ ဆွဲထုတ်လိုက်လေသည်။


“မလုပ်နဲ့..ဖိုးတုတ်..ဒီကောင့်ကို မင်းက ငါ့အတွက် မင်္ဂလာလက်ဖွဲ့တာဆို..ငါ ဒီကောင့်ကို ဒီည လွှတ်ပေးလိုက်ချင်တယ်”


“မင်းကတော့..ကွာ..ကဲ..မင်းသဘောပဲ..ဂန္ဓမာ”


ဂန္ဓမာ က ဘဘိုး ကို ဆွဲထူလိုက်သည်။ ထို့နောက် လက်မှ ကြိုးများကို ဖြည်ပေးလိုက်၏။


ထို့နောက် လှေဦးသို့ ခေါ်သွားသည်။


“မင်းက ပုသိမ်ညွန့်ဘဘိုး..တဲ့လား..ညီလေး..ဒီတခါတော့ ငါ့မင်္ဂလာဆောင်အထိမ်းအမှတ်အနေနဲ့ မင်းကို လွှတ်ပေးလိုက်မယ်..နောက်တစ်ခါ ငါတို့ရှေ့မှာ မင်း ပြန်ပေါ်လာရင်တော့..ငါ တကယ်သတ်ပြီ..ကောင်လေး..သွားတော့”


ဂန္ဓမာက ဘဘိုး ၏ ကျောကုန်းကို စောင့်ကန်လိုက်သဖြင့် ဘဘိုးမှာ ရေထဲသို့ ပြုတ်ကျသွားလေတော့သည်။


ဖိုးတုတ်က ဂန္ဓမာ ၏ ပခုံးကို ဖက်လိုက်ပြီး


“မင်းကောင်..ရေမကူးတတ်ပါစေနဲ့လို့..ငါဆုတောင်းပါတယ်..ဂန္ဓမာ”


ဖိုးတုတ် ၏ ဆုတောင်းက မပြည့်။


ခဏအကြာတွင် ရန်ကုန်မြစ်ပြင်မှောင်မှောင်ထဲ တဗွမ်းဗွမ်းကူးခတ်သွားသံကို ကြားလိုက်ရတော့၏။


ဖိုးတုတ် က ရေသံကြားသည့်နေရာသို့ ခြောက်လုံးပြူးဖြင့် နှစ်ချက်ခန့် ပစ်လိုက်လေသည်။


…………………………………………………………………………………………………..


ဂန္ဓမာသောင်းရီ နှင့် မသောင်း တို့၏ မင်္ဂလာပွဲ ကား အဆင်ပြေချောမွေ့စွာ ပြီးဆုံးခဲ့သည်။


၁၉၃၉ ခုနှစ်၊ ရန်ကုန်နေ့စွဲများသည် လမ်းမတော်ဖိုးတုတ်အတွက် ဘုန်းမီးနေလ အတောက်ပဆုံး ကာလများပင်။


လမ်းမတော်ဖိုးတုတ်တွင် ခြောက်လုံးပြူးတစ်လက်ပင် ရှိနေသည်ဟု သတင်းစကားများ ထွက်ပေါ်နေ သော်လည်း နန်းရင်းဝန်ဦးပု ၏ ကျောထောက်နောက်ခံရှိနေသော ဖိုးတုတ်ကို ပုလိပ်အဖွဲ့က စစ်လား ဆေးလားပင်မလုပ်ရဲခဲ့ကြ။


လမ်းမတော်ဖိုးတုတ် မှာ အသက်အရွယ်အားဖြင့် (၄၀)ကျော်လာခဲ့ပြီ။


ဖိုးတုတ်သည် တစ်ဖက်တွင် လူမိုက်ဂိုဏ်းခေါင်းဆောင်ကြီး အဖြစ်နေထိုင်သလို တစ်ဖက်တွင်လည်း ဘာသာရေး ကိုင်းရှိုင်းသော ဇနီးသည် တစ်ဦး၏ ခင်ပွန်းဖြစ်နေသည်။


လမ်းမတော်ရှိ သူ့နေအိမ်တွင် လစဉ် သံဃာအပါး (၅၀)ကို ဆွမ်းလောင်းလေ့ရှိသည်။


လမ်းမတော်ဖိုးတုတ် သည် မကောင်းမှုဖြင့် နာမည်ကျော်ခဲ့သော သူ၏ အတိတ်ကို ဖုံးဖိရန် အတတ်နိုင်ဆုံးတော့ ကြိုးစားခဲ့သေးသည်။


၁၉၃၉ စက်တင်ဘာလ တွင် ဗြိတိသျှအင်ပါယာနှင့် ဟစ်တလာ၏ ဂျာမနီတို့ စစ်ကြေငြာပြီး ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားသည်။


ဥရောပတွင် စစ်မီးကြီး စတင်တောက်လောက်နေချိန် ရန်ကုန်ကား သူနှင့် မဆိုင်သလို စည်ကားနေဆဲ။


ထိုည..မိုးက တဖွဲဖွဲကျနေသည်။


ဗဟန်းပုလိပ်ဌာနမှ ပုလိပ်သားငါးဦးသည် မိုးကာအင်္ကျီများခြုံလျက် လင့်ခ်လမ်း (ရွှေဂုံတိုင်လမ်း)အတိုင်း စက်ဘီးကိုယ်စီဖြင့် ကင်းလှည့်လာကြသည်။


လင်ခ့်လမ်းသည် (၁၀)ပေခန့်သာ ကျယ်ဝန်းသော လမ်းတစ်လမ်းဖြစ်ပြီး လမ်းတစ်ဖက်ခြမ်းမှာ ခြုံနွယ်သစ်ပင်များဖြင့် ပိတ်ဖုံးရောနေ၏။


စစ်စတင်ဖြစ်ပွားနေပြီဖြစ်သဖြင့် လုံခြုံရေးအလိုငှာ လမ်းမီးများအား ည ၁၁ နာရီကျော်လျှင် ငြိမ်းသက်ထားရ သောကာလလည်းဖြစ်သည်။


စက်ဘီးနင်းလာသော ပုလိပ်သားတစ်ဦးသည် ခြုံကွယ်တစ်ခုရှေ့ လမ်းမပေါ်မှ ဦးထုတ်တစ်လုံးနှင့် ရှူးဖိနပ်တရံကို သတိထားမိသွားသည်။


လင့်ခ်လမ်း သည် ထိုစဉ်က လူပြတ်သည့်အပြင် လုယက်မှုများ မကြာခဏဖြစ်ပေါ်တတ်သည်မို့ စက်ဘီးကို ရပ်လိုက်ကြသည်။


ပုလိပ်များက ဦးထုတ်တွေ့သည့် အနီးတဝိုက်သို့ ဓာတ်မီးဖြင့်ထိုးကြည့်ကြသောအခါ စွန့်ပစ်ထားသည့် လန်ချားအပျက်တစ်စင်း။


ထိုလန်ခြားအပျက်ဘေး ခြုံထဲတွင် ထွက်နေသော လက်တစ်ဖက်နှင့် လန်ခြားဘီးတွင် တပ်သည့် သစ်သားတုတ်တံအကျိုးတစ်ချောင်း ကို တွေ့လိုက်ရလေသည်။


ပုလိပ်များက ခြုံကွယ်သို့ ဝင်ကြည့်လိုက်သောအခါ အလောင်းတစ်လောင်း။


အလောင်း အား လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သောအခါ အားလုံး တအံတသြဖြစ်သွားကြတော့၏။


သေဆုံးနေသူကား ရန်ကုန်အနောက်ပိုင်းပုလိပ်ရုံးမှ ပုလိပ်အိတ်စပက်တော် ဦးဟုတ်ဂွမ်။


ဦးဟုတ်ဂွမ် သည် ရင်ဘက်ညာဘက်အခြမ်းတွင် ဓါးဒဏ်ရာတစ်ချက်၊ ခေါင်းတွင် တုတ်ဖြင့် ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းပင်။


အလောင်းကို ရန်ကုန်ဆေးရုံကြီး၊ ရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးကြသည်။


ရန်ကုန်ပုလိပ်မင်းကြီး မစ္စတာရေးနိုးက ရန်ကုန်တစ်မြို့လုံးမှ စုံထောက်များ၊ ပုလိပ်အရာရှိများကို ဖုန်းဆက်ကာ လသာလမ်းပုလိပ်ဌာနတွင် စုဝေးကြရန် အမိန့်ထုတ်လိုက်သည်။


အိတ်စပက်တော်ဦးဟုတ်ဂွမ် အသတ်ခံရမှုသည် ပုလိပ်တပ်ဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦး အသတ်ခံရခြင်း ဖြစ်သည့်အတွက် ပုလိပ်တစ်ဖွဲ့လုံး အရေးပေါ်ဖြစ်ရပ်အဖြစ် သတ်မှတ်လိုက်ကြသည်။


ရန်ကုန်အလယ်ပိုင်းခရိုင် ပုလိပ်ဝန်ထောက် မစ္စတာလုဒ်ဒါး၊ အရှေ့ပိုင်းခရိုင် ပုလိပ်ဝန်ထောက် ဦးထွန်းအုံ ၊ အနောက်ပိုင်းခရိုင်ပုလိပ်ဝန်ထောက် မစ္စတာစမတ်သောမင် တို့ ပါဝင်သော အမှုမှန်ဖော်ထုတ်ရေးကော်မတီကို ဖွဲ့စည်းလိုက်သည်။


အနောက်ပိုင်းခရိုင်ပုလိပ်ဝန်ထောက် မစ္စတာစမတ်သောမင် က အနောက်ပိုင်းပုလိပ်ရုံးတွင် အရာရှိများနှင့် အရေးပေါ် အစည်းအဝေးလုပ်သည်။


ထိုအစည်းအဝေးတွင် ရာဇဝတ်အုပ်အဖြစ်မှ ပုလိပ်အိတ်စပက်တော်အဖြစ် ရာထူးတိုးခါစ ကိုခင်မောင် က သူ့အယူအဆကို တင်ပြသည်။


“အရင်က ဆို ဒီနယ်မြေထဲ လူသတ်မှု၊ လူယက်မှုဘာဖြစ်ဖြစ်၊ လမ်းမတော်ဖိုးတုတ်ကြီးက ကျွန်တော်တို့ ဆီ သတင်းလှမ်းပေးတာတွေ လုပ်လေ့ရှိပါတယ်..မင်းကြီး၊ အခု သေသွားတဲ့ ဆရာဦးဟုတ်ဂွမ် ဟာ ဦးဖိုးတုတ် နဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေပါ၊ ဒီလို အခြေအနေမှာ ဦးဖိုးတုတ် ပျောက်နေတာဟာ မသင်္ကာစရာကောင်းတယ်လို့ ကျွန်တာ်ထင်ပါတယ်။ ဒီပြသနာမှာ ဦးဖိုးတုတ် ပါကို ပါနေရမယ်”


အိတ်စပက်တော်ကိုခင်မောင် ၏ ကောက်ချက်ကို မစ္စတာစမတ်သောမတ် က လက်ခံလိုက်သည်။


မစ္စတာစမတ်သောမတ် က ထိုကိစ္စကို ကော်မတီသို့ တင်ပြလိုက်သည်။


မကြာမီ ရန်ကုန်ပုလိပ်မင်းကြီးရုံးမှ လမ်းမတော်ဖိုးတုတ် နှင့် သူ့တပည့်များအား ပုလိပ်အင်အားသုံးပြီး ချက်ချင်းဖမ်းဆီးရန် အမိန့်ထွက်လာလေတော့သည်။


ရန်ကုန်တစ်မြို့လုံးမှ ပုလိပ်များ လမ်းမတော်မြေပေါ်သို့ ရောက်လာကြပြီ။


ဂန္ဓမာသောင်းရီ နှင့် မသောင်းတို့သည် သိမ်ကြီးဈေး ထိပ်တွင် လန်ချားငှားရန် စောင့်ဆိုင်းနေကြ၏။


ထိုအချိန်တွင် ပုလိပ်ကားတစ်စီးက သူတို့ရှေ့ထိုးဆိုက်လာသည်။


ပန်ချာပီရာဇဝတ်အုပ်တစ်ဦး ကားပေါ်မှ ဆင်းလာ၏။


“နင်နာမည် စံဘသောင်းရီ လား”


“စံဘ တော့မဟုတ်ပါဘူး သောင်းရီပါ..ဆပ်”


“စံဘ နဲ့ သောင်းရီ က တစ်ယောက်တည်းမဟုတ်ဘူးလား”


“စံဘက စံဘ ပါ။ ကျွန်တော်က သောင်းရီပါ။ ဂန္ဓမာသောင်းရီပါ.လူတွေ ရောထွေးနေကြတာ”


“ဟုတ်ပြီ..ဒါဆို စံဘ ဘယ်မှာလဲ”


“ဆယ့်လေးလမ်းက ဖိုးတုတ် အိမ်မှာ ရှိမှာပေါ့..ဘာဖြစ်လို့လဲ”


“ဘာမှ မဖြစ်ဘူး..ဖမ်းမလို့..နင့်ကိုလည်း ဖမ်းလိုက်ပြီ မောင်သောင်းရီ”


“ဘာမှုနဲ့ ဖမ်းမှာလဲ..ဝရမ်းရော ပါလား”


ထိုအချိန်တွင် ပုလိပ်ကားပေါ်မှ ပုလိပ်သားများက သေနတ်ကိုယ်စီဖြင့် ဆင်းလာကြပြီး ဂန္ဓမာသောင်းရီနှင့် မသောင်းနားသို့ ကပ်လာကြသည်။


“ကဲ..ဟုတ်ပါပြီ..ဖမ်းမယ်ဆိုလည်း ဖမ်းပေါ့..ဒါပေမယ့်..ဒီက ကျွန်တော့်မိန်းမ အိမ်ပြန်ဖို့ လန်ချားတစ်စီးလောက်ဖြစ်ဖြစ်၊ တက္ကစီတစ်စီးဖြစ်ဖြစ် တာပေးစမ်းပါ…ပြီးရင် ကျွန်တော် အေးအေးဆေးဆေးလိုက်ခဲ့မှာပါ.ဆပ်”


ပန်ချာပီရာဇဝတ်အုပ်က သူ့ရင်ဘတ်တွင် ချိတ်ထားသော ခရာကို မှုတ်လိုက်ကာ အနားမှ ဖြတ်သွားသော ပဲရော့ကုမ္ပဏီ တက္ကစီတစ်စီးကို တားလိုက်၏။


တက္ကစီမောင်းသူမှာ ပုလိပ်များက တားသဖြင့် ကြောက်လန့်ကာ ရပ်ပေးလိုက်သည်။


ဂန္ဓမာသောင်းရီက မသောင်းလက်ကို ဆွဲကာ..တက္ကစီတံခါးကို ဖွင့်လိုက်သည်။


“ကဲ..အသောင်း…ဘာမှ စိတ်မပူနဲ့..မောင်လိုက်သွားလိုက်ဦးမယ်..အော်..ခဏနေဦး”


ဂန္ဓမာသောင်းရီ က ရာဇဝတ်အုပ်ဘက်သို့ လှည့်ကာ


“ကျွန်တော့် ဘယ်ဂါတ် ခေါ်သွားကြမှာလဲဗျ”


“အနောက်ပိုင်းခရိုင်ပုလိပ်ရုံး”


“ကဲ..အသောင်း..ကြားတယ်နော်..ညနေမှ မောင်ပြန်မလာရင် ထမင်းနဲ့ ဝက်သားဟင်းလေးချက်ပြီး လာပို့ဦး.. ဒီရက်ထဲ ဝက်သားဟင်းစားချင်နေလို့..ကဲ…ကားဆရာမောင်းပေတော့”


ဂန္ဓမာသောင်းရီ က ရာဇဝတ်အုပ်ဘက်သို့ လှည့်ကာ လက်ကို ထိုးပေးလိုက်သည်။


“ကဲ..လက်ထိပ်ခတ်မှာလား..ခတ်ပါဗျာ”


“ဂျလောက်”


“လက်ထိပ်အခတ်ခံပြီး စီးကရက်မသောက်ရတာတောင် ဆယ်နှစ်လောက်ရှိပြီဗျ.ရာဇဝတ်အုပ်မင်းမှာ စီးကရက်လေး ဘာလေးများ ပါသေးလား”


……………………………………………………………………


အနောက်ပိုင်းခရိုင်ပုလိပ်ရုံး။


အချုပ်ခန်းရှေ့မှ ခုံတန်းရှည်ကြီးတွင် လမ်းမတော်ဖိုးတုတ်၏ အဓိကလူများဖြစ်သော ဂန္ဓမာသောင်းရီ၊ အုန်းဖေ၊ ထွန်းတင်၊ ပုဏ္ဍားကျော်ထွန်း၊ ကွယ်လွန်သူငညွန့်၏ တူ မောင်မောင်တို့ပါ တန်းစီထိုင်နေကြသည်။


မောင်မောင် မှာ ငညွန့်အသတ်ခံရပြီးနောက် လမ်းမတော်ဖိုးတုတ်၏ လူငယ်အင်အားစုထဲမှ အမာခံဖြစ်လာသူဖြစ်သည်။


ခဏအကြာတွင် အိတ်စပက်တော်ကိုခင်မောင်က စံဘကို လက်ထိပ်ခပ်လျက်ခေါ်လာသည်။


“ဟေ့..လူစုံတက်စုံရောက်နေပြီပဲကွာ..မင်းတို့ ဆရာကတော့ အိမ်မှာလည်း မရှိဘူး..မနေ့ည ကတည်းက အိမ်ပြန်မလာတာတဲ့..ဘယ်မှာမှ ရှာမရဘူးကွာ..ပြောကြပါဦး..ကိုဖိုးတုတ်..ဘယ်မှာများ ရှိနိုင်မလဲလို့”


ခုံတန်းပေါ်မှ လူစုမှာ ကိုခင်မောင် ၏ စကားကို မကြားသကဲ့သို့ပင် နေနေကြ၏။


စံဘက ပထမဆုံးအကြိမ် လက်ထိပ်ခတ်ထားခံရခြင်းဖြစ်သဖြင့် ချောင်လိုချောင်ငြား လက်ကို လှုပ်ရှားနေသည်။


ဂန္ဓမာက က စံဘ ခြေထောက်ကို ကန်လိုက်ပြီး


“ဟေ့ကောင်..စံဘ..လက်ထိပ်ဆိုတာ လှုပ်လေ ပိုကြပ်လေကွ…ငြိမ်ငြိမ်နေစမ်းပါ.ငါ့ကောင်ရာ”


သူ့ကို အဖတ်မလုပ်သော လူစုကို ကြည့်ကာ ကိုခင်မောင် အနည်းငယ် ဒေါသထွက်သွား၏။


သို့သော် လမ်းမတော်ဖိုးတုတ်ကို မတွေ့သေးသဖြင့် စိတ်ကို လျော့ထားလိုက်သည်။


ရန်ကုန်ပုလိပ်က ဖိုးတုတ် အား လမ်းမတော်တခွင် မွှေနှောက်ရှာဖွေကြသော်လည်း ခြေရာမျှပင် မတွေ့။


ဖိုးတုတ်အိမ်ရှေ့တွင်လည်း ပုလိပ်သားနှစ်ယောက်စီက ကင်းအလှည့်ဖြင့် စောင့်ကြည့်နေကြသည်။


ညနေစောင်းသည့်အခါ ဂန္ဓမာသောင်းရီဦးဆောင်သောအဖွဲ့ကို လက်ထိပ်များဖြုတ်ပြီး လသာလမ်းပုလိပ်ဌာန အချုပ်ထဲသို့ ပြောင်းရွှေ့ ထည့်ထားလိုက်ကြသည်။


မသောင်းနှင့် ပုဏ္ဍားကျော်ထွန်း ဇနီး တို့က အနောက်ပိုင်းပုလိပ်ရုံးမှတဆင့် လသာလမ်းပုလိပ်ဌာနသို့ ချိုင့်ကြီး ချိုင့်ငယ်များဖြင့် ရောက်လာကြသည်။


ထိုညနေ က လမ်းတော်ဖိုးတုတ်၏ တပည့်များမှာ လသာပုလိပ်ဌာန အချုပ်ထဲတွင် ဝိုင်းဖွဲ့စားသောက် ဆူညံနေကြတော့၏။


လမ်းမတော်ဖိုးတုတ်ကို ကား အစအနပင် ရှာမတွေ့။


……………………………………………………………………………..


သုံးရက်တိတိရှိခဲ့ပြီ။


ပုလိပ်အဖွဲ့မှာ လမ်းတော်ဖိုးတုတ်ကို ရှာမရသည့်အတွက် အထက်အရာရှိများ၏ အဆူအဆဲကိုခံနေကြသည်။


အချို့က နန်းရင်းဝန်ဦးပု က ဝှက်ထားပေးသည်ဟုပင် သံသယဝင်ကြ၏။


သို့သော် နေ့လည်ပိုင်းတွင် အနောက်ပိုင်းခရိုင်ပုလိပ်ရုံးသို့ ဌာနအုပ် ကိုပညာရောက်လာသည်။


“လင်တိုင်းဟိုတယ် အပေါ်ထပ် သီးသန့်ခန်းထဲမှာ လမ်းမတော်ဖိုးတုတ်ကို တွေ့ခဲ့တဲ့လူရှိတယ်..အရက်တွေ အရမ်းမူးနေတယ်တဲ့”


ရန်ကုန်အလယ်ပိုင်းခရိုင် ပုလိပ်ဝန်ထောက် မစ္စတာလုဒ်ဒါး၊ အရှေ့ပိုင်းခရိုင် ပုလိပ်ဝန်ထောက် ဦးထွန်းအုံ ၊ အနောက်ပိုင်းခရိုင်ပုလိပ်ဝန်ထောက် မစ္စတာစမတ်သောမင် ဦးဆောင်သည့် အဖွဲ့သည် လင်တိုင်းဟိုတယ်သို့ ချက်ချင်း ရောက်ရှိသွားကြသည်။


လင်တိုင်းဟိုတယ်တွင် လူဝင် လူထွက်များဖြင့် ရှု့ပ်ယှက်နေ၏။ ရန်ကုန်မြို့၏ အကြီးဆုံးပုလိပ်အရာရှိကြီးများ ပါသော ပုလိပ်အဖွဲ့များ ဟိုတယ်တွင်းဝင်လာသဖြင့် လူများမှာ ကြောက်လန့်ကုန်ကြသည်။


ပုလိပ်အဖွဲ့များက အပေါ်ထပ်ရှိ သီးသန့်ခန်းများကို တစ်ခန်းဝင် တစ်ခန်း ထွက် ဝင်ရှာကြသည်။


တခန်းမှ ရှာမတွေ့။


ဟိုတယ်မန်နေဂျာကို မစ္စတာလုဒ်ဒါးမှ ခြိမ်းခြောက်စစ်ဆေးလိုက်သည့်အခါမှ လမ်းမတော်ဖိုးတုတ်သည် ဟိုတယ်ပိုင်ရှင်သူဌေးလာလျှင်သာ ထိုင်လေ့ရှိသော အထူးခန်းထဲတွင် ဖြစ်ကြောင်း သိရလေတော့သည်။


လင်တိုင်းဟိုတယ်တွင် ဖိုးတုတ်ရောက်နေသည့် မှာ သုံးရက်ရှိပေပြီ။


လမ်းမတော်ဖိုးတုတ်ကို ကြောက်ရသည့်အတွက် ဟိုတယ်ပိုင်ရှင်နှင့် မန်နေဂျာတို့မှာလည်း မည်သူ့ကိုမျှ အကြောင်းမကြားရဲ။


ဖိုးတုတ်မှာ နေ့ရောညပါ အရက်များသောက်နေသည်ဟု မန်နေဂျာက ပြောပြသည်။


အခန်းထဲသို့ မစ္စတာလုဒ်ဒါးတို့ဝင်သွားချိန်တွင် လမ်းမတော်ဖိုးတုတ်မှာ ဆိုဖာပေါ်တွင် လှဲအိပ်နေသည်။


အရက်နံ့များကလည်း ထောင်းထောင်းထနေ၏။


နေ့ရောညပါ ရက်ဆက် သောက်ထားသည့်အရှိန်ကြောင့် လူပုံစံက ညစ်စုတ်နေသည်။


“ဦးထွန်းအုံ…လောလောဆယ် ကိုဖိုးတုတ်ကို ခင်ဗျားတို့အဖွဲ့ခေါ်သွားပြီး ဆေးရုံပို့မှ ဖြစ်မယ်..သူ ဘယ်ကတည်းက အရက်တွေ သောက်နေလဲမသိဘူး..လူမှန်းသူမှန်းတောင်မသိတော့ဘူး”


ပုလိပ်ဝန်ထောက် ဦးထွန်းအုံက သူ့လက်အောက်ရှိ ပုလိပ်အရာရှိများကြပ်မတ်ကာ ဖိုးတုတ်အား ရန်ကုန် ဆေးရုံကြီးသို့ ပို့လိုက်ကြသည်။


ယခုအချိန်တွင် လမ်းမတော်ဖိုးတုတ် ကား ပုလိပ်အဖွဲ့အတွက် အလွန်အရေးပါနေ၏။


ဖိုးတုတ် တစ်ခုခုဖြစ်သွားလျှင် ဦးဟုတ်ဂွမ် အသတ်ခံရမှုက အစပျောက်သွားနိုင်သည်။


ညနေပိုင်းတွင် ဖိုးတုတ်ကား အမူးပြေပြီး အသိစိတ်ပြန်ဝင်ကာ ထူထူထောင်ထောင်ဖြစ်လာသည်။


ဖိုးတုတ်ကို လသာဌာနတွင် တပည့်များနှင့်အတူ မထားလိုသည့်အပြင် လူသတ်မှုဖြစ်ပွားရာအပိုင်နယ်မြေဖြစ်သည့် ဗဟန်းဌာနသို့ ခေါ်ဆောင်သွားကြသည်။


ဗဟန်းရဲစခန်းသို့ ရောက်သောအခါ ဖိုးတုတ်က ဗဟန်းဌာနအုပ် ဦးစံထွန်းရင် ကို ပြုံးပြနှုတ်ဆက်သည်။


“ဆရာစံ…ဌာနအုပ်ကြီးဖြစ်ပြီးကတည်းက.မတွေ့တာတောင် ကြာပြီနော်”


အထက်အရာရှိကြီးများရှေ့တွင် လူမိုက်ခေါင်းဆောင်တစ်ဦးက သူ့ကို တရင်းတနှီးနှုတ်ဆက်သည့်အတွက် ဦးစံထွန်းရင်မှာ မလုံမလဲဖြစ်သွားသည်။


ထို့နောက် လမ်းတော်ဖိုးတုတ်ကို အမှုစစ်အခန်းထဲသို့ ထည့်လိုက်လေတော့သည်။


ဗဟန်းဌာနအုပ် ဦးစံထွန်းရင် ၊ အမှုလိုက်ရာဇဝတ်အုပ်ဦးအုန်း၊ ရာဇဝတ်အုပ် ဦးဘအောင်၊ လသာလမ်းဌာနမှ ဌာနအုပ် မစ္စတာဘော်ဗရေး၊ လမ်းမတော်ဌာနအုပ် ဦးသန်းရွှေ တို့က လမ်းမတော်ဖိုးတုတ်ကို စစ်ဆေးကြသည်။


လမ်းမတော်ဖိုးတုတ်ကား ဘူးခံနေ၏။


နောက်ဆုံးတွင် ဒေါသထွက်လာသော မစ္စတာဗော်ဘရေးက အိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပြီး


“ကဲ..ရတယ်..ကိုဖိုးတုတ်…ဒီအမှုဟာ ကျုပ်တို့ ပုလိပ်အဖွဲ့ရဲ့ အရာရှိကြီးတစ်ဦးကို အသတ်ခံရတဲ့ အမှုဗျ. ကျုပ်တို့ ပုလိပ်အဖွဲ့ရဲ့ ဂုဏ်သိက္ခာက ဒီအမှုပေါ်အများကြီး မူတည်နေတာ..ဒီအမှုကို မပေါ် ပေါ် အောင် ကျုပ်တို့က ဖော်ရမှာပဲ… ခင်ဗျား..ဘာမှမပြောလဲ..ကျုပ်ဌာနမှာ ခင်ဗျားကောင်တွေ အကုန်ဖမ်းထားပြီးပြီ…ဒီမှာ လူစာရင်းကျုပ်ဖတ်ပြမယ်.. ဂန္ဓမာသောင်းရီ၊ အုန်းဖေ၊ ထွန်းတင်၊ စံဘ၊ မောင်မောင်၊ ကျော်ထွန်း…အဲဒီကောင်တွေကို လူစဉ်မမှီအောင်လုပ်ပြီး လူသတ်တရားခံလို့ ဝန်ခံခိုင်းလိုက်ရင်..ပြီးပြီပဲ”


ထိုအခါမှ ဖိုးတုတ် ဆတ်ခနဲ ဖြစ်သွား၏။


“ဆရာဦးဟုတ်ဂွမ်ကို ကျွန်တော် သတ်တာပါ။ ကျွန်တော့်လူတွေနဲ့ မဆိုင်ပါဘူး။ သူတို့ကို လွှတ်ပေးရင် ကျွန်တော် ဖြောင့်ချက်ပေးပါ့မယ်”


ထိုအခါမှ အခန်းတွင်းရှိ ပုလိပ်အရာရှိများအားလုံး အသက်ရှုချောင်သွားကြတော့သည်။


“အေးဗျာ..ကိုဖိုးတုတ်..အဲ့ဒီလိုမှပေါ့ဗျာ…ကဲ..အပြင်က လက်နှိပ်စက်သမားခေါ်ဟေ့..ဒီမှာ ကိုဖိုးတုတ် ဖြောင့်ချက်ပေးတော့မယ်”


“ဖြောင့်ချက်မပေးခင်..ကျွန်တော့်ကို လက်ဖက်ရည် ပေါ့စိမ့်လေး တစ်ခွက်လောက် တိုက်ကြပါလား”


“ရမယ်..ကိုဖိုးတုတ်..ဟုတ်သားပဲ..ဆေးရုံကခေါ်လာပြီး ခင်ဗျား ဘာမှ စားရဦးမှာ မဟုတ်ဘူး..ဟေ့..ပုလိပ်သားတစ်ယောက်..ကို လွှတ်ကွာ…လက်ဖက်ရည်နဲ့ စားစရာတွေ ဝယ်ခိုင်း”


ဌာနအုပ် ဦးစံထွန်းရင် ကပုလိပ်သားတစ်ယောက်ကို လွှတ်လိုက်သည်။


“ဆရာစံ..ခင်ဗျားလည်း ကျွန်တော့်အကြောင်းသိပြီးသားပါ..ခင်ဗျား ဆာသင်ကြီးဘဝကတည်းက ဒီဗဟန်းစခန်း က ကျွန်တော် ဝင်လိုက် ထွက်လိုက်လုပ်နေတာ…ကိုယ့်အိမ်ကိုယ့်ရာ ပြန်ရောက်သလိုတောင် ခံစားရတယ်..ကျွန်တော် ထွက်မပြေးပါဘူးဗျ..လက်ထိပ်ကြီး ဖြုတ်ပေးကြပါ”


ဦးစံထွန်းရင်က ဖိုးတုတ်ကို လက်ထိပ်ဖြုတ်ပေးလိုက်သည်။


ထိုအချိန်တွင် အမှုစစ်ခန်းထဲသို့ အိတ်စပက်တော်ကိုခင်မောင် ဝင်လာသည်။


“ကိုစံထွန်းရင် ရေ…… ဒီမှာ ဒီနှစ်ကောင်က ဦးဟုတ်ဂွမ်ကို သူတို့ သတ်ကြောင်း ဖြောင့်ချက်ပေးချင်တယ်ပြောလို့..ခင်ဗျားဌာနကို လွှဲပေးဖို့ ခေါ်လာတာဗျ”


အခန်းထဲတွင် ထိုင်နေကြသော ပုလိပ်အရာရှိများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။


ကိုခင်မောင် နောက်တွင် ပုလိပ်သားများက လက်ထိပ်ခတ်ကာ ခေါ်လာကြသော အုန်းဖေ နှင့် ထွန်းတင်။


“အဲ့ဒါမှ ဒုက္ခပဲ ကိုခင်မောင်ရေ..ဒီမှာလည်း ကိုဖိုးတုတ်က သူသတ်တာပါဆိုပြီး ဖြောင့်ချက်ပေးမလို့တဲ့ဗျ”


ထိုအခါမှ ကိုခင်မောင် က လမ်းမတော်ဖိုးတုတ်ကို မြင်သွားသည်။


“ကိုဖိုးတုတ်ရေ..ခင်ဗျားတို့ ဆရာတပည့်တွေနဲ့တော့ဗျာ…ကျွန်တော်တို့တော့ အလုပ်ထွက်ချင်စိတ်ပါ ပေါက်လာပြီ”


လမ်းမတော်ဖိုးတုတ် က ကိုခင်မောင် နောက်တွင် ရပ်နေသော အုန်းဖေ နှင့် ထွန်းတင်ကို စိုက်ကြည့်နေသည်။


အုန်းဖေ နှင့်ထွန်းတင် မှာ ခေါင်းငုံ့သွားကြသည်။


“ဆရာကိုခင်မောင်…ဂန္ဓမာတို့၊ စံဘတို့ ပြန်လွှတ်လိုက်ပြီလား”


ဖိုးတုတ် က ကိုခင်မောင်ကို မေးလိုက်သည်။


“ခင်ဗျား တပည့်နှစ်ယောက်က သူတို့သတ်တာပါလို့ ပြောလာမှတော့…မဆိုင်သူတွေ လွှတ်ပေးလိုက်ရတာပေါ့.. ကိုဖိုးတုတ်”


“ဒီကောင်နှစ်ကောင်ကို လည်း လွှတ်ပေးလိုက်ပါ..ကိုခင်မောင်..ဒီနှစ်ကောင် ကျွန်တော့်ကို အပြစ်က လွတ်အောင် ဖုံးပေးနေကြတာ”


“ဆရာဖိုးတုတ် သတ်တာမဟုတ်ဘူး..ကျွန်တော်သတ်တာပါ”


“ဟိတ်ကောင်…အုန်းဖေ..ငါစကားပြောနေရင် မင်း ဝင်မပြောနဲ့..ဘာလဲ..ငါ ဖမ်းခံထားရတယ်ဆိုပြီး..မင်းက ငါ့ မခန့်လေးစားလုပ်တာလား”


အုန်းဖေက ပါးစပ်ပိတ်ကာ ခေါင်းငုံ့သွားသည်။


“ကဲ…ကိုဖိုးတုတ်…ခင်ဗျားတို့ သုံးယောက်ထဲက ဘယ်သူ့ကိုမှ လွှတ်ပေးလို့မရဘူးဗျ.. တစ်ယောက်ချင်း စီ စစ်ချက်ယူမှရမယ်.ဟေ့.ဒီနှစ်ကောင်ကို အချုပ်ထဲ ထည့်လိုက်”


ထိုအချိန်တွင် လက်ဖက်ရည် နှင့် မုန့်များ ရောက်လာသည်။


“ကျွန်တော့် တပည့်တွေကိုလည်း တိုက်လိုက်ပါဗျာ..ဟိုကောင် ထွန်းတင်က လက်ဖက်ရည် ကြိုက်တယ်”


……………………………………………………………………………………..


လက်ဖက်ရည်သောက် မုန့်စားပြီးသည့်နောက် ပုလိပ်အရာရှိများက လမ်းမတော် ဖိုးတုတ် ထံမှ စစ်ချက်များ ရယူကြသည်။


…………………………………….


အမည် – ဖိုးတုတ်


အလုပ်အကိုင် - ပွဲရုံပိုင်ရှင်

မိဘအမည် – ဦစံညိမ် ၊ ဒေါ်ချစ်ပု

မွေးသက္ကရာဇ် – မြန်မာသက္ကရာဇ် ၁၂၅၉ ခုနှစ်၊ အင်္ဂလိပ်ခုနှစ် ၁၈၉၈

မွေးရာဇာတိ – ဟံသာဝတီဒီစတြိတ် ၊ ကမာစဲကျေးရွာ

မွေးချင်း – (၅)ယောက် ၊ဘိုးသီ(အကို)၊ မမကြီး(အစ်မ)၊မမလေး(အစ်မ)၊ ဘသိန်း(ညီ)

အလုပ်အကိုင် – ဦးလေးဖြစ်သူ ဦးဘိုးသင် ထံ ကားစပါယ်ရာလုပ်ခဲ့ဖူး ၊ အငြိမ့်ကားမောင်းလုပ်ခဲ့ဖူး


…………………………………………


“ဟုတ်ပြီ..ကိုဖိုးတုတ်…ဦးဟုတ်ဂွမ် သတ်ခံရတဲ့ ညက အကြောင်းလေး ပြောပါဦး”


လမ်းမတော်ဖိုးတုတ် က မျက်စိကို စုံမှိတ်ထားလိုက်သည်။ ထို့နောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။


ဖိုးတုတ် ၏ မျက်နှာတွင် စိတ်ထိခိုက်သည့် အသွင်က ပေါ်လွင်နေ၏။


“ကျွန်တော်..ဆရာဦးဟုတ်ဂွမ် ကို သတ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ အဲ့ဒီနေ့ညက..”


 ခက်ဇော်

(Zawgyi)

The Guys of Yangon,1930 (Part 18)


                                                  အခန္း(၁၉)


                                               ……………………


ဂႏၶမာ က လဲေနေသာလူငယ္၏ ဆံပင္ကို ဆြဲကာ မ်က္ႏွာအား လွန္ၾကည့္လိုက္သည္။


ဘဘိုးက  ဂႏၶမာကိုျမင္သည့္အခါ ထိတ္လန႔္သြား၏။


“ဒီေကာင္ပဲ..ဂႏၶမာ..အဲ့ဒီေန႔က မင္းက အရမ္းမူးေနေတာ့ ဒီေကာင္ေတြကို ဘယ္မွတ္မိမလဲ။ က်န္တဲ့ ႏွစ္ေကာင္ကိုေတာ့ ဒီရန္ကုန္ျမစ္ထဲ ပုဇြန္ဆင္းငုတ္ခိုင္းလိုက္ၿပီကြ… မင္းကို ဓါးနဲ႔ ခုတ္တဲ့ ဒီေကာင္ ကိုပဲ မင္းအတြက္ မဂၤလာလက္ဖြဲ႕ခ်န္ထားေပးမာ..ဂႏၶမာ..မင္းလုပ္ခ်င္ရာလုပ္ေပေတာ့”


ဂႏၶမာက ဘဘိုး ၏ မ်က္ႏွာနားသို႔ ကပ္လိုက္ကာ


“အဲ့ဒီညက ငါ့ကို ဓါးနဲ႔ ဝင္ခုတ္တာ မင္းလား..ငါ့ညီ”


ဘဘိုးက ေခါင္းညိမ့္ျပသည္။


ဂႏၶမာ မတ္တပ္ျပန္ရပ္လိုက္ၿပီး ဖိုးတုတ္ဘက္ လွည့္လိုက္သည္။


“ကဲ..ဂႏၶမာ..မင္းဘာလုပ္ခ်င္လဲေျပာ..ဒီေကာင့္ကို ရဖို႔ ငါ အခ်ိန္ဘယ္ေလာက္ ေစာင့္လိုက္ရတယ္ထင္လဲ.. ဒီေကာင္က မင္းကို ခုတ္ၿပီးကတည္းက ေဒါက္တာဘေမာ္အိမ္မွာ ဝင္ခိုေနတာ…နန္းရင္းဝန္အိမ္ဆိုေတာ့ လုံၿခဳံေရးေတြခ်ထားလို႔ ငါတို႔ ဘယ္ထိရဲမလဲကြ…အခု ေဒါက္တာလည္း ျပဳတ္ၿပီ..ဒီေကာင္ အရက္ထြက္ ဝယ္ေနတုန္း ေအာင္ဘတို႔ အုပ္စု ဝင္ဆြဲလာခဲ့တာပဲ..ေအာင္ဘတို႔ လက္စနဲ႔ သြားေတြေတာ့ ကြၽတ္ကုန္တယ္ကြာ”


ဂႏၶမာက ရန္ကုန္ဆိပ္ကမ္းဘက္ဆီသို႔ ေငးၾကည့္လိုက္သည္။


“ဖိုးတုတ္..မနက္ျဖန္ ငါ့မဂၤလာေဆာင္ကြာ… ငါ ဒီည လူမသတ္ခ်င္ဘူး.. ၿပီးေတာ့ အဲ့ဒီညက ဒီေကာင္ေလးေတြ ကို ငါ ခ်သာခ်ခဲ့တာ ေသခ်ာေတာင္ မမွတ္မိဘူး..ငါမလုပ္ခ်င္ဘူးကြာ”


“မင္းမလုပ္ခ်င္လဲ..ငါ့ ေျခာက္လုံးျပဴးအသစ္ကေလး စမ္းၾကည့္လိုက္မယ္ကြာ..ျမစ္ေအာက္မွာ ဒီေကာင့္ေဘာ္ဒါေတြ ေစာင့္ေနၾကၿပီကြ”


ဖိုးတုတ္က သူရထားေသာ ေျခာက္လုံးျပဴးေသနတ္ကို ခါးၾကားမွ ဆြဲထုတ္လိုက္ေလသည္။


“မလုပ္နဲ႔..ဖိုးတုတ္..ဒီေကာင့္ကို မင္းက ငါ့အတြက္ မဂၤလာလက္ဖြဲ႕တာဆို..ငါ ဒီေကာင့္ကို ဒီည လႊတ္ေပးလိုက္ခ်င္တယ္”


“မင္းကေတာ့..ကြာ..ကဲ..မင္းသေဘာပဲ..ဂႏၶမာ”


ဂႏၶမာ က ဘဘိုး ကို ဆြဲထူလိုက္သည္။ ထို႔ေနာက္ လက္မွ ႀကိဳးမ်ားကို ျဖည္ေပးလိုက္၏။


ထို႔ေနာက္ ေလွဦးသို႔ ေခၚသြားသည္။


“မင္းက ပုသိမ္ၫြန႔္ဘဘိုး..တဲ့လား..ညီေလး..ဒီတခါေတာ့ ငါ့မဂၤလာေဆာင္အထိမ္းအမွတ္အေနနဲ႔ မင္းကို လႊတ္ေပးလိုက္မယ္..ေနာက္တစ္ခါ ငါတို႔ေရွ႕မွာ မင္း ျပန္ေပၚလာရင္ေတာ့..ငါ တကယ္သတ္ၿပီ..ေကာင္ေလး..သြားေတာ့”


ဂႏၶမာက ဘဘိုး ၏ ေက်ာကုန္းကို ေစာင့္ကန္လိုက္သျဖင့္ ဘဘိုးမွာ ေရထဲသို႔ ျပဳတ္က်သြားေလေတာ့သည္။


ဖိုးတုတ္က ဂႏၶမာ ၏ ပခုံးကို ဖက္လိုက္ၿပီး


“မင္းေကာင္..ေရမကူးတတ္ပါေစနဲ႔လို႔..ငါဆုေတာင္းပါတယ္..ဂႏၶမာ”


ဖိုးတုတ္ ၏ ဆုေတာင္းက မျပည့္။


ခဏအၾကာတြင္ ရန္ကုန္ျမစ္ျပင္ေမွာင္ေမွာင္ထဲ တဗြမ္းဗြမ္းကူးခတ္သြားသံကို ၾကားလိုက္ရေတာ့၏။


ဖိုးတုတ္ က ေရသံၾကားသည့္ေနရာသို႔ ေျခာက္လုံးျပဴးျဖင့္ ႏွစ္ခ်က္ခန႔္ ပစ္လိုက္ေလသည္။


…………………………………………………………………………………………………..


ဂႏၶမာေသာင္းရီ ႏွင့္ မေသာင္း တို႔၏ မဂၤလာပြဲ ကား အဆင္ေျပေခ်ာေမြ႕စြာ ၿပီးဆုံးခဲ့သည္။


၁၉၃၉ ခုႏွစ္၊ ရန္ကုန္ေန႔စြဲမ်ားသည္ လမ္းမေတာ္ဖိုးတုတ္အတြက္ ဘုန္းမီးေနလ အေတာက္ပဆုံး ကာလမ်ားပင္။


လမ္းမေတာ္ဖိုးတုတ္တြင္ ေျခာက္လုံးျပဴးတစ္လက္ပင္ ရွိေနသည္ဟု သတင္းစကားမ်ား ထြက္ေပၚေန ေသာ္လည္း နန္းရင္းဝန္ဦးပု ၏ ေက်ာေထာက္ေနာက္ခံရွိေနေသာ ဖိုးတုတ္ကို ပုလိပ္အဖြဲ႕က စစ္လား ေဆးလားပင္မလုပ္ရဲခဲ့ၾက။


လမ္းမေတာ္ဖိုးတုတ္ မွာ အသက္အ႐ြယ္အားျဖင့္ (၄၀)ေက်ာ္လာခဲ့ၿပီ။


ဖိုးတုတ္သည္ တစ္ဖက္တြင္ လူမိုက္ဂိုဏ္းေခါင္းေဆာင္ႀကီး အျဖစ္ေနထိုင္သလို တစ္ဖက္တြင္လည္း ဘာသာေရး ကိုင္းရႈိင္းေသာ ဇနီးသည္ တစ္ဦး၏ ခင္ပြန္းျဖစ္ေနသည္။


လမ္းမေတာ္ရွိ သူ႔ေနအိမ္တြင္ လစဥ္ သံဃာအပါး (၅၀)ကို ဆြမ္းေလာင္းေလ့ရွိသည္။


လမ္းမေတာ္ဖိုးတုတ္ သည္ မေကာင္းမႈျဖင့္ နာမည္ေက်ာ္ခဲ့ေသာ သူ၏ အတိတ္ကို ဖုံးဖိရန္ အတတ္ႏိုင္ဆုံးေတာ့ ႀကိဳးစားခဲ့ေသးသည္။


၁၉၃၉ စက္တင္ဘာလ တြင္ ၿဗိတိသွ်အင္ပါယာႏွင့္ ဟစ္တလာ၏ ဂ်ာမနီတို႔ စစ္ေၾကျငာၿပီး ဒုတိယကမာၻစစ္ႀကီး စတင္ျဖစ္ပြားသည္။


ဥေရာပတြင္ စစ္မီးႀကီး စတင္ေတာက္ေလာက္ေနခ်ိန္ ရန္ကုန္ကား သူႏွင့္ မဆိုင္သလို စည္ကားေနဆဲ။


ထိုည..မိုးက တဖြဲဖြဲက်ေနသည္။


ဗဟန္းပုလိပ္ဌာနမွ ပုလိပ္သားငါးဦးသည္ မိုးကာအက်ႌမ်ားၿခဳံလ်က္ လင့္ခ္လမ္း (ေ႐ႊဂုံတိုင္လမ္း)အတိုင္း စက္ဘီးကိုယ္စီျဖင့္ ကင္းလွည့္လာၾကသည္။


လင္ခ့္လမ္းသည္ (၁၀)ေပခန႔္သာ က်ယ္ဝန္းေသာ လမ္းတစ္လမ္းျဖစ္ၿပီး လမ္းတစ္ဖက္ျခမ္းမွာ ၿခဳံႏြယ္သစ္ပင္မ်ားျဖင့္ ပိတ္ဖုံးေရာေန၏။


စစ္စတင္ျဖစ္ပြားေနၿပီျဖစ္သျဖင့္ လုံၿခဳံေရးအလိုငွာ လမ္းမီးမ်ားအား ည ၁၁ နာရီေက်ာ္လွ်င္ ၿငိမ္းသက္ထားရ ေသာကာလလည္းျဖစ္သည္။


စက္ဘီးနင္းလာေသာ ပုလိပ္သားတစ္ဦးသည္ ၿခဳံကြယ္တစ္ခုေရွ႕ လမ္းမေပၚမွ ဦးထုတ္တစ္လုံးႏွင့္ ရႉးဖိနပ္တရံကို သတိထားမိသြားသည္။


လင့္ခ္လမ္း သည္ ထိုစဥ္က လူျပတ္သည့္အျပင္ လုယက္မႈမ်ား မၾကာခဏျဖစ္ေပၚတတ္သည္မို႔ စက္ဘီးကို ရပ္လိုက္ၾကသည္။


ပုလိပ္မ်ားက ဦးထုတ္ေတြ႕သည့္ အနီးတဝိုက္သို႔ ဓာတ္မီးျဖင့္ထိုးၾကည့္ၾကေသာအခါ စြန႔္ပစ္ထားသည့္ လန္ခ်ားအပ်က္တစ္စင္း။


ထိုလန္ျခားအပ်က္ေဘး ၿခဳံထဲတြင္ ထြက္ေနေသာ လက္တစ္ဖက္ႏွင့္ လန္ျခားဘီးတြင္ တပ္သည့္ သစ္သားတုတ္တံအက်ိဳးတစ္ေခ်ာင္း ကို ေတြ႕လိုက္ရေလသည္။


ပုလိပ္မ်ားက ၿခဳံကြယ္သို႔ ဝင္ၾကည့္လိုက္ေသာအခါ အေလာင္းတစ္ေလာင္း။


အေလာင္း အား လက္ႏွိပ္ဓာတ္မီးျဖင့္ ထိုးၾကည့္လိုက္ေသာအခါ  အားလုံး တအံတၾသျဖစ္သြားၾကေတာ့၏။


ေသဆုံးေနသူကား ရန္ကုန္အေနာက္ပိုင္းပုလိပ္႐ုံးမွ ပုလိပ္အိတ္စပက္ေတာ္ ဦးဟုတ္ဂြမ္။


ဦးဟုတ္ဂြမ္ သည္ ရင္ဘက္ညာဘက္အျခမ္းတြင္ ဓါးဒဏ္ရာတစ္ခ်က္၊ ေခါင္းတြင္ တုတ္ျဖင့္ ႐ိုက္ႏွက္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနျခင္းပင္။


အေလာင္းကို ရန္ကုန္ေဆး႐ုံႀကီး၊ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္စစ္ေဆးၾကသည္။


ရန္ကုန္ပုလိပ္မင္းႀကီး မစၥတာေရးႏိုးက ရန္ကုန္တစ္ၿမိဳ႕လုံးမွ စုံေထာက္မ်ား၊ ပုလိပ္အရာရွိမ်ားကို ဖုန္းဆက္ကာ လသာလမ္းပုလိပ္ဌာနတြင္ စုေဝးၾကရန္ အမိန႔္ထုတ္လိုက္သည္။


အိတ္စပက္ေတာ္ဦးဟုတ္ဂြမ္ အသတ္ခံရမႈသည္ ပုလိပ္တပ္ဖြဲ႕၏ အဆင့္ျမင့္အရာရွိတစ္ဦး အသတ္ခံရျခင္း ျဖစ္သည့္အတြက္ ပုလိပ္တစ္ဖြဲ႕လုံး အေရးေပၚျဖစ္ရပ္အျဖစ္ သတ္မွတ္လိုက္ၾကသည္။


ရန္ကုန္အလယ္ပိုင္းခ႐ိုင္ ပုလိပ္ဝန္ေထာက္ မစၥတာလုဒ္ဒါး၊ အေရွ႕ပိုင္းခ႐ိုင္ ပုလိပ္ဝန္ေထာက္ ဦးထြန္းအုံ ၊ အေနာက္ပိုင္းခ႐ိုင္ပုလိပ္ဝန္ေထာက္ မစၥတာစမတ္ေသာမင္ တို႔ ပါဝင္ေသာ အမႈမွန္ေဖာ္ထုတ္ေရးေကာ္မတီကို ဖြဲ႕စည္းလိုက္သည္။


အေနာက္ပိုင္းခ႐ိုင္ပုလိပ္ဝန္ေထာက္ မစၥတာစမတ္ေသာမင္ က အေနာက္ပိုင္းပုလိပ္႐ုံးတြင္ အရာရွိမ်ားႏွင့္ အေရးေပၚ အစည္းအေဝးလုပ္သည္။


ထိုအစည္းအေဝးတြင္ ရာဇဝတ္အုပ္အျဖစ္မွ ပုလိပ္အိတ္စပက္ေတာ္အျဖစ္ ရာထူးတိုးခါစ ကိုခင္ေမာင္ က သူ႔အယူအဆကို တင္ျပသည္။


“အရင္က ဆို ဒီနယ္ေျမထဲ လူသတ္မႈ၊ လူယက္မႈဘာျဖစ္ျဖစ္၊ လမ္းမေတာ္ဖိုးတုတ္ႀကီးက ကြၽန္ေတာ္တို႔ ဆီ သတင္းလွမ္းေပးတာေတြ လုပ္ေလ့ရွိပါတယ္..မင္းႀကီး၊ အခု ေသသြားတဲ့ ဆရာဦးဟုတ္ဂြမ္ ဟာ ဦးဖိုးတုတ္ နဲ႔ အရင္းႏွီးဆုံးမိတ္ေဆြေတြပါ၊ ဒီလို အေျခအေနမွာ ဦးဖိုးတုတ္ ေပ်ာက္ေနတာဟာ မသကၤာစရာေကာင္းတယ္လို႔ ကြၽန္တာ္ထင္ပါတယ္။ ဒီျပသနာမွာ ဦးဖိုးတုတ္ ပါကို ပါေနရမယ္”


အိတ္စပက္ေတာ္ကိုခင္ေမာင္ ၏ ေကာက္ခ်က္ကို မစၥတာစမတ္ေသာမတ္ က လက္ခံလိုက္သည္။


မစၥတာစမတ္ေသာမတ္ က ထိုကိစၥကို ေကာ္မတီသို႔ တင္ျပလိုက္သည္။


မၾကာမီ ရန္ကုန္ပုလိပ္မင္းႀကီး႐ုံးမွ လမ္းမေတာ္ဖိုးတုတ္ ႏွင့္ သူ႔တပည့္မ်ားအား ပုလိပ္အင္အားသုံးၿပီး ခ်က္ခ်င္းဖမ္းဆီးရန္ အမိန႔္ထြက္လာေလေတာ့သည္။


ရန္ကုန္တစ္ၿမိဳ႕လုံးမွ ပုလိပ္မ်ား လမ္းမေတာ္ေျမေပၚသို႔ ေရာက္လာၾကၿပီ။


ဂႏၶမာေသာင္းရီ ႏွင့္ မေသာင္းတို႔သည္ သိမ္ႀကီးေဈး ထိပ္တြင္ လန္ခ်ားငွားရန္ ေစာင့္ဆိုင္းေနၾက၏။


ထိုအခ်ိန္တြင္ ပုလိပ္ကားတစ္စီးက သူတို႔ေရွ႕ထိုးဆိုက္လာသည္။


ပန္ခ်ာပီရာဇဝတ္အုပ္တစ္ဦး ကားေပၚမွ ဆင္းလာ၏။


“နင္နာမည္ စံဘေသာင္းရီ လား”


“စံဘ ေတာ့မဟုတ္ပါဘူး ေသာင္းရီပါ..ဆပ္”


“စံဘ နဲ႔ ေသာင္းရီ က တစ္ေယာက္တည္းမဟုတ္ဘူးလား”


“စံဘက စံဘ ပါ။ ကြၽန္ေတာ္က ေသာင္းရီပါ။ ဂႏၶမာေသာင္းရီပါ.လူေတြ ေရာေထြးေနၾကတာ”


“ဟုတ္ၿပီ..ဒါဆို စံဘ ဘယ္မွာလဲ”


“ဆယ့္ေလးလမ္းက ဖိုးတုတ္ အိမ္မွာ ရွိမွာေပါ့..ဘာျဖစ္လို႔လဲ”


“ဘာမွ မျဖစ္ဘူး..ဖမ္းမလို႔..နင့္ကိုလည္း ဖမ္းလိုက္ၿပီ ေမာင္ေသာင္းရီ”


“ဘာမႈနဲ႔ ဖမ္းမွာလဲ..ဝရမ္းေရာ ပါလား”


ထိုအခ်ိန္တြင္ ပုလိပ္ကားေပၚမွ ပုလိပ္သားမ်ားက ေသနတ္ကိုယ္စီျဖင့္ ဆင္းလာၾကၿပီး ဂႏၶမာေသာင္းရီႏွင့္ မေသာင္းနားသို႔ ကပ္လာၾကသည္။


“ကဲ..ဟုတ္ပါၿပီ..ဖမ္းမယ္ဆိုလည္း ဖမ္းေပါ့..ဒါေပမယ့္..ဒီက ကြၽန္ေတာ့္မိန္းမ အိမ္ျပန္ဖို႔ လန္ခ်ားတစ္စီးေလာက္ျဖစ္ျဖစ္၊ တကၠစီတစ္စီးျဖစ္ျဖစ္ တာေပးစမ္းပါ…ၿပီးရင္ ကြၽန္ေတာ္ ေအးေအးေဆးေဆးလိုက္ခဲ့မွာပါ.ဆပ္”


ပန္ခ်ာပီရာဇဝတ္အုပ္က သူ႔ရင္ဘတ္တြင္ ခ်ိတ္ထားေသာ ခရာကို မႈတ္လိုက္ကာ အနားမွ ျဖတ္သြားေသာ ပဲေရာ့ကုမၸဏီ တကၠစီတစ္စီးကို တားလိုက္၏။


တကၠစီေမာင္းသူမွာ ပုလိပ္မ်ားက တားသျဖင့္ ေၾကာက္လန႔္ကာ ရပ္ေပးလိုက္သည္။


ဂႏၶမာေသာင္းရီက မေသာင္းလက္ကို ဆြဲကာ..တကၠစီတံခါးကို ဖြင့္လိုက္သည္။


“ကဲ..အေသာင္း…ဘာမွ စိတ္မပူနဲ႔..ေမာင္လိုက္သြားလိုက္ဦးမယ္..ေအာ္..ခဏေနဦး”


ဂႏၶမာေသာင္းရီ က ရာဇဝတ္အုပ္ဘက္သို႔ လွည့္ကာ


“ကြၽန္ေတာ့္ ဘယ္ဂါတ္ ေခၚသြားၾကမွာလဲဗ်”


“အေနာက္ပိုင္းခ႐ိုင္ပုလိပ္႐ုံး”


“ကဲ..အေသာင္း..ၾကားတယ္ေနာ္..ညေနမွ ေမာင္ျပန္မလာရင္ ထမင္းနဲ႔ ဝက္သားဟင္းေလးခ်က္ၿပီး လာပို႔ဦး.. ဒီရက္ထဲ ဝက္သားဟင္းစားခ်င္ေနလို႔..ကဲ…ကားဆရာေမာင္းေပေတာ့”


ဂႏၶမာေသာင္းရီ က ရာဇဝတ္အုပ္ဘက္သို႔ လွည့္ကာ လက္ကို ထိုးေပးလိုက္သည္။


“ကဲ..လက္ထိပ္ခတ္မွာလား..ခတ္ပါဗ်ာ”


“ဂ်ေလာက္”


“လက္ထိပ္အခတ္ခံၿပီး စီးကရက္မေသာက္ရတာေတာင္ ဆယ္ႏွစ္ေလာက္ရွိၿပီဗ်.ရာဇဝတ္အုပ္မင္းမွာ စီးကရက္ေလး ဘာေလးမ်ား ပါေသးလား”


……………………………………………………………………


အေနာက္ပိုင္းခ႐ိုင္ပုလိပ္႐ုံး။


အခ်ဳပ္ခန္းေရွ႕မွ ခုံတန္းရွည္ႀကီးတြင္ လမ္းမေတာ္ဖိုးတုတ္၏ အဓိကလူမ်ားျဖစ္ေသာ ဂႏၶမာေသာင္းရီ၊ အုန္းေဖ၊ ထြန္းတင္၊ ပု႑ားေက်ာ္ထြန္း၊ ကြယ္လြန္သူငၫြန႔္၏ တူ ေမာင္ေမာင္တို႔ပါ တန္းစီထိုင္ေနၾကသည္။


ေမာင္ေမာင္ မွာ ငၫြန႔္အသတ္ခံရၿပီးေနာက္ လမ္းမေတာ္ဖိုးတုတ္၏ လူငယ္အင္အားစုထဲမွ အမာခံျဖစ္လာသူျဖစ္သည္။


ခဏအၾကာတြင္ အိတ္စပက္ေတာ္ကိုခင္ေမာင္က စံဘကို လက္ထိပ္ခပ္လ်က္ေခၚလာသည္။


“ေဟ့..လူစုံတက္စုံေရာက္ေနၿပီပဲကြာ..မင္းတို႔ ဆရာကေတာ့ အိမ္မွာလည္း မရွိဘူး..မေန႔ည ကတည္းက အိမ္ျပန္မလာတာတဲ့..ဘယ္မွာမွ ရွာမရဘူးကြာ..ေျပာၾကပါဦး..ကိုဖိုးတုတ္..ဘယ္မွာမ်ား ရွိႏိုင္မလဲလို႔”


ခုံတန္းေပၚမွ လူစုမွာ ကိုခင္ေမာင္ ၏ စကားကို မၾကားသကဲ့သို႔ပင္ ေနေနၾက၏။


စံဘက ပထမဆုံးအႀကိမ္ လက္ထိပ္ခတ္ထားခံရျခင္းျဖစ္သျဖင့္ ေခ်ာင္လိုေခ်ာင္ျငား လက္ကို လႈပ္ရွားေနသည္။


ဂႏၶမာက က စံဘ ေျခေထာက္ကို ကန္လိုက္ၿပီး


“ေဟ့ေကာင္..စံဘ..လက္ထိပ္ဆိုတာ လႈပ္ေလ ပိုၾကပ္ေလကြ…ၿငိမ္ၿငိမ္ေနစမ္းပါ.ငါ့ေကာင္ရာ”


သူ႔ကို အဖတ္မလုပ္ေသာ လူစုကို ၾကည့္ကာ ကိုခင္ေမာင္ အနည္းငယ္ ေဒါသထြက္သြား၏။


သို႔ေသာ္ လမ္းမေတာ္ဖိုးတုတ္ကို မေတြ႕ေသးသျဖင့္ စိတ္ကို ေလ်ာ့ထားလိုက္သည္။


ရန္ကုန္ပုလိပ္က ဖိုးတုတ္ အား လမ္းမေတာ္တခြင္ ေမႊေႏွာက္ရွာေဖြၾကေသာ္လည္း ေျခရာမွ်ပင္ မေတြ႕။


ဖိုးတုတ္အိမ္ေရွ႕တြင္လည္း ပုလိပ္သားႏွစ္ေယာက္စီက ကင္းအလွည့္ျဖင့္ ေစာင့္ၾကည့္ေနၾကသည္။


ညေနေစာင္းသည့္အခါ ဂႏၶမာေသာင္းရီဦးေဆာင္ေသာအဖြဲ႕ကို လက္ထိပ္မ်ားျဖဳတ္ၿပီး လသာလမ္းပုလိပ္ဌာန အခ်ဳပ္ထဲသို႔ ေျပာင္းေ႐ႊ႕ ထည့္ထားလိုက္ၾကသည္။


မေသာင္းႏွင့္ ပု႑ားေက်ာ္ထြန္း ဇနီး တို႔က အေနာက္ပိုင္းပုလိပ္႐ုံးမွတဆင့္ လသာလမ္းပုလိပ္ဌာနသို႔ ခ်ိဳင့္ႀကီး ခ်ိဳင့္ငယ္မ်ားျဖင့္ ေရာက္လာၾကသည္။


ထိုညေန က လမ္းေတာ္ဖိုးတုတ္၏ တပည့္မ်ားမွာ လသာပုလိပ္ဌာန အခ်ဳပ္ထဲတြင္ ဝိုင္းဖြဲ႕စားေသာက္ ဆူညံေနၾကေတာ့၏။


လမ္းမေတာ္ဖိုးတုတ္ကို ကား အစအနပင္ ရွာမေတြ႕။


……………………………………………………………………………..


သုံးရက္တိတိရွိခဲ့ၿပီ။


ပုလိပ္အဖြဲ႕မွာ လမ္းေတာ္ဖိုးတုတ္ကို ရွာမရသည့္အတြက္ အထက္အရာရွိမ်ား၏ အဆူအဆဲကိုခံေနၾကသည္။


အခ်ိဳ႕က နန္းရင္းဝန္ဦးပု က ဝွက္ထားေပးသည္ဟုပင္ သံသယဝင္ၾက၏။


သို႔ေသာ္ ေန႔လည္ပိုင္းတြင္ အေနာက္ပိုင္းခ႐ိုင္ပုလိပ္႐ုံးသို႔ ဌာနအုပ္ ကိုပညာေရာက္လာသည္။


“လင္တိုင္းဟိုတယ္ အေပၚထပ္ သီးသန႔္ခန္းထဲမွာ လမ္းမေတာ္ဖိုးတုတ္ကို ေတြ႕ခဲ့တဲ့လူရွိတယ္..အရက္ေတြ အရမ္းမူးေနတယ္တဲ့”


ရန္ကုန္အလယ္ပိုင္းခ႐ိုင္ ပုလိပ္ဝန္ေထာက္ မစၥတာလုဒ္ဒါး၊ အေရွ႕ပိုင္းခ႐ိုင္ ပုလိပ္ဝန္ေထာက္ ဦးထြန္းအုံ ၊ အေနာက္ပိုင္းခ႐ိုင္ပုလိပ္ဝန္ေထာက္ မစၥတာစမတ္ေသာမင္ ဦးေဆာင္သည့္ အဖြဲ႕သည္ လင္တိုင္းဟိုတယ္သို႔ ခ်က္ခ်င္း ေရာက္ရွိသြားၾကသည္။


လင္တိုင္းဟိုတယ္တြင္ လူဝင္ လူထြက္မ်ားျဖင့္ ရႈ႕ပ္ယွက္ေန၏။ ရန္ကုန္ၿမိဳ႕၏ အႀကီးဆုံးပုလိပ္အရာရွိႀကီးမ်ား ပါေသာ ပုလိပ္အဖြဲ႕မ်ား ဟိုတယ္တြင္းဝင္လာသျဖင့္ လူမ်ားမွာ ေၾကာက္လန႔္ကုန္ၾကသည္။


ပုလိပ္အဖြဲ႕မ်ားက အေပၚထပ္ရွိ သီးသန႔္ခန္းမ်ားကို တစ္ခန္းဝင္ တစ္ခန္း ထြက္ ဝင္ရွာၾကသည္။


တခန္းမွ ရွာမေတြ႕။


ဟိုတယ္မန္ေနဂ်ာကို မစၥတာလုဒ္ဒါးမွ ၿခိမ္းေျခာက္စစ္ေဆးလိုက္သည့္အခါမွ လမ္းမေတာ္ဖိုးတုတ္သည္ ဟိုတယ္ပိုင္ရွင္သူေဌးလာလွ်င္သာ ထိုင္ေလ့ရွိေသာ အထူးခန္းထဲတြင္ ျဖစ္ေၾကာင္း သိရေလေတာ့သည္။


လင္တိုင္းဟိုတယ္တြင္ ဖိုးတုတ္ေရာက္ေနသည့္ မွာ သုံးရက္ရွိေပၿပီ။


လမ္းမေတာ္ဖိုးတုတ္ကို ေၾကာက္ရသည့္အတြက္ ဟိုတယ္ပိုင္ရွင္ႏွင့္ မန္ေနဂ်ာတို႔မွာလည္း မည္သူ႔ကိုမွ် အေၾကာင္းမၾကားရဲ။


ဖိုးတုတ္မွာ ေန႔ေရာညပါ အရက္မ်ားေသာက္ေနသည္ဟု မန္ေနဂ်ာက ေျပာျပသည္။


အခန္းထဲသို႔ မစၥတာလုဒ္ဒါးတို႔ဝင္သြားခ်ိန္တြင္ လမ္းမေတာ္ဖိုးတုတ္မွာ ဆိုဖာေပၚတြင္ လွဲအိပ္ေနသည္။


အရက္နံ႔မ်ားကလည္း ေထာင္းေထာင္းထေန၏။


ေန႔ေရာညပါ ရက္ဆက္ ေသာက္ထားသည့္အရွိန္ေၾကာင့္ လူပုံစံက ညစ္စုတ္ေနသည္။


“ဦးထြန္းအုံ…ေလာေလာဆယ္ ကိုဖိုးတုတ္ကို ခင္ဗ်ားတို႔အဖြဲ႕ေခၚသြားၿပီး ေဆး႐ုံပို႔မွ ျဖစ္မယ္..သူ ဘယ္ကတည္းက အရက္ေတြ ေသာက္ေနလဲမသိဘူး..လူမွန္းသူမွန္းေတာင္မသိေတာ့ဘူး”


ပုလိပ္ဝန္ေထာက္ ဦးထြန္းအုံက သူ႔လက္ေအာက္ရွိ ပုလိပ္အရာရွိမ်ားၾကပ္မတ္ကာ ဖိုးတုတ္အား ရန္ကုန္ ေဆး႐ုံႀကီးသို႔ ပို႔လိုက္ၾကသည္။


ယခုအခ်ိန္တြင္ လမ္းမေတာ္ဖိုးတုတ္ ကား ပုလိပ္အဖြဲ႕အတြက္ အလြန္အေရးပါေန၏။


ဖိုးတုတ္ တစ္ခုခုျဖစ္သြားလွ်င္ ဦးဟုတ္ဂြမ္ အသတ္ခံရမႈက အစေပ်ာက္သြားႏိုင္သည္။


ညေနပိုင္းတြင္ ဖိုးတုတ္ကား အမူးေျပၿပီး အသိစိတ္ျပန္ဝင္ကာ ထူထူေထာင္ေထာင္ျဖစ္လာသည္။


ဖိုးတုတ္ကို လသာဌာနတြင္ တပည့္မ်ားႏွင့္အတူ မထားလိုသည့္အျပင္ လူသတ္မႈျဖစ္ပြားရာအပိုင္နယ္ေျမျဖစ္သည့္  ဗဟန္းဌာနသို႔ ေခၚေဆာင္သြားၾကသည္။


ဗဟန္းရဲစခန္းသို႔ ေရာက္ေသာအခါ ဖိုးတုတ္က ဗဟန္းဌာနအုပ္ ဦးစံထြန္းရင္ ကို ၿပဳံးျပႏႈတ္ဆက္သည္။


“ဆရာစံ…ဌာနအုပ္ႀကီးျဖစ္ၿပီးကတည္းက.မေတြ႕တာေတာင္ ၾကာၿပီေနာ္”


အထက္အရာရွိႀကီးမ်ားေရွ႕တြင္ လူမိုက္ေခါင္းေဆာင္တစ္ဦးက သူ႔ကို တရင္းတႏွီးႏႈတ္ဆက္သည့္အတြက္ ဦးစံထြန္းရင္မွာ မလုံမလဲျဖစ္သြားသည္။


ထို႔ေနာက္ လမ္းေတာ္ဖိုးတုတ္ကို အမႈစစ္အခန္းထဲသို႔ ထည့္လိုက္ေလေတာ့သည္။


ဗဟန္းဌာနအုပ္ ဦးစံထြန္းရင္ ၊ အမႈလိုက္ရာဇဝတ္အုပ္ဦးအုန္း၊ ရာဇဝတ္အုပ္ ဦးဘေအာင္၊ လသာလမ္းဌာနမွ ဌာနအုပ္ မစၥတာေဘာ္ဗေရး၊ လမ္းမေတာ္ဌာနအုပ္ ဦးသန္းေ႐ႊ တို႔က လမ္းမေတာ္ဖိုးတုတ္ကို စစ္ေဆးၾကသည္။


လမ္းမေတာ္ဖိုးတုတ္ကား ဘူးခံေန၏။


ေနာက္ဆုံးတြင္ ေဒါသထြက္လာေသာ မစၥတာေဗာ္ဘေရးက အိတ္ထဲမွ စာ႐ြက္တစ္႐ြက္ကို ထုတ္ၿပီး


“ကဲ..ရတယ္..ကိုဖိုးတုတ္…ဒီအမႈဟာ က်ဳပ္တို႔ ပုလိပ္အဖြဲ႕ရဲ႕ အရာရွိႀကီးတစ္ဦးကို အသတ္ခံရတဲ့ အမႈဗ်. က်ဳပ္တို႔ ပုလိပ္အဖြဲ႕ရဲ႕ ဂုဏ္သိကၡာက ဒီအမႈေပၚအမ်ားႀကီး မူတည္ေနတာ..ဒီအမႈကို မေပၚ ေပၚ ေအာင္ က်ဳပ္တို႔က ေဖာ္ရမွာပဲ… ခင္ဗ်ား..ဘာမွမေျပာလဲ..က်ဳပ္ဌာနမွာ ခင္ဗ်ားေကာင္ေတြ အကုန္ဖမ္းထားၿပီးၿပီ…ဒီမွာ လူစာရင္းက်ဳပ္ဖတ္ျပမယ္.. ဂႏၶမာေသာင္းရီ၊ အုန္းေဖ၊ ထြန္းတင္၊ စံဘ၊ ေမာင္ေမာင္၊ ေက်ာ္ထြန္း…အဲဒီေကာင္ေတြကို လူစဥ္မမွီေအာင္လုပ္ၿပီး လူသတ္တရားခံလို႔ ဝန္ခံခိုင္းလိုက္ရင္..ၿပီးၿပီပဲ”


ထိုအခါမွ ဖိုးတုတ္ ဆတ္ခနဲ ျဖစ္သြား၏။


“ဆရာဦးဟုတ္ဂြမ္ကို ကြၽန္ေတာ္ သတ္တာပါ။ ကြၽန္ေတာ့္လူေတြနဲ႔ မဆိုင္ပါဘူး။ သူတို႔ကို လႊတ္ေပးရင္ ကြၽန္ေတာ္ ေျဖာင့္ခ်က္ေပးပါ့မယ္”


ထိုအခါမွ အခန္းတြင္းရွိ ပုလိပ္အရာရွိမ်ားအားလုံး အသက္ရႈေခ်ာင္သြားၾကေတာ့သည္။


“ေအးဗ်ာ..ကိုဖိုးတုတ္..အဲ့ဒီလိုမွေပါ့ဗ်ာ…ကဲ..အျပင္က လက္ႏွိပ္စက္သမားေခၚေဟ့..ဒီမွာ ကိုဖိုးတုတ္ ေျဖာင့္ခ်က္ေပးေတာ့မယ္”


“ေျဖာင့္ခ်က္မေပးခင္..ကြၽန္ေတာ့္ကို လက္ဖက္ရည္ ေပါ့စိမ့္ေလး တစ္ခြက္ေလာက္ တိုက္ၾကပါလား”


“ရမယ္..ကိုဖိုးတုတ္..ဟုတ္သားပဲ..ေဆး႐ုံကေခၚလာၿပီး ခင္ဗ်ား ဘာမွ စားရဦးမွာ မဟုတ္ဘူး..ေဟ့..ပုလိပ္သားတစ္ေယာက္..ကို လႊတ္ကြာ…လက္ဖက္ရည္နဲ႔ စားစရာေတြ ဝယ္ခိုင္း”


ဌာနအုပ္ ဦးစံထြန္းရင္ ကပုလိပ္သားတစ္ေယာက္ကို လႊတ္လိုက္သည္။


“ဆရာစံ..ခင္ဗ်ားလည္း ကြၽန္ေတာ့္အေၾကာင္းသိၿပီးသားပါ..ခင္ဗ်ား ဆာသင္ႀကီးဘဝကတည္းက ဒီဗဟန္းစခန္း က ကြၽန္ေတာ္ ဝင္လိုက္ ထြက္လိုက္လုပ္ေနတာ…ကိုယ့္အိမ္ကိုယ့္ရာ ျပန္ေရာက္သလိုေတာင္ ခံစားရတယ္..ကြၽန္ေတာ္ ထြက္မေျပးပါဘူးဗ်..လက္ထိပ္ႀကီး ျဖဳတ္ေပးၾကပါ”


ဦးစံထြန္းရင္က ဖိုးတုတ္ကို လက္ထိပ္ျဖဳတ္ေပးလိုက္သည္။


ထိုအခ်ိန္တြင္ အမႈစစ္ခန္းထဲသို႔ အိတ္စပက္ေတာ္ကိုခင္ေမာင္ ဝင္လာသည္။


“ကိုစံထြန္းရင္ ေရ…… ဒီမွာ  ဒီႏွစ္ေကာင္က ဦးဟုတ္ဂြမ္ကို သူတို႔ သတ္ေၾကာင္း ေျဖာင့္ခ်က္ေပးခ်င္တယ္ေျပာလို႔..ခင္ဗ်ားဌာနကို လႊဲေပးဖို႔ ေခၚလာတာဗ်”


အခန္းထဲတြင္ ထိုင္ေနၾကေသာ ပုလိပ္အရာရွိမ်ားမွာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ၾကသည္။


ကိုခင္ေမာင္ ေနာက္တြင္ ပုလိပ္သားမ်ားက လက္ထိပ္ခတ္ကာ ေခၚလာၾကေသာ အုန္းေဖ ႏွင့္ ထြန္းတင္။


“အဲ့ဒါမွ ဒုကၡပဲ ကိုခင္ေမာင္ေရ..ဒီမွာလည္း ကိုဖိုးတုတ္က သူသတ္တာပါဆိုၿပီး ေျဖာင့္ခ်က္ေပးမလို႔တဲ့ဗ်”


ထိုအခါမွ ကိုခင္ေမာင္ က လမ္းမေတာ္ဖိုးတုတ္ကို ျမင္သြားသည္။


“ကိုဖိုးတုတ္ေရ..ခင္ဗ်ားတို႔ ဆရာတပည့္ေတြနဲ႔ေတာ့ဗ်ာ…ကြၽန္ေတာ္တို႔ေတာ့ အလုပ္ထြက္ခ်င္စိတ္ပါ ေပါက္လာၿပီ”


လမ္းမေတာ္ဖိုးတုတ္ က ကိုခင္ေမာင္ ေနာက္တြင္ ရပ္ေနေသာ အုန္းေဖ ႏွင့္ ထြန္းတင္ကို စိုက္ၾကည့္ေနသည္။


အုန္းေဖ ႏွင့္ထြန္းတင္ မွာ ေခါင္းငုံ႔သြားၾကသည္။


“ဆရာကိုခင္ေမာင္…ဂႏၶမာတို႔၊ စံဘတို႔ ျပန္လႊတ္လိုက္ၿပီလား”


ဖိုးတုတ္ က ကိုခင္ေမာင္ကို ေမးလိုက္သည္။


“ခင္ဗ်ား တပည့္ႏွစ္ေယာက္က သူတို႔သတ္တာပါလို႔ ေျပာလာမွေတာ့…မဆိုင္သူေတြ လႊတ္ေပးလိုက္ရတာေပါ့.. ကိုဖိုးတုတ္”


“ဒီေကာင္ႏွစ္ေကာင္ကို လည္း လႊတ္ေပးလိုက္ပါ..ကိုခင္ေမာင္..ဒီႏွစ္ေကာင္ ကြၽန္ေတာ့္ကို အျပစ္က လြတ္ေအာင္ ဖုံးေပးေနၾကတာ”


“ဆရာဖိုးတုတ္ သတ္တာမဟုတ္ဘူး..ကြၽန္ေတာ္သတ္တာပါ”


“ဟိတ္ေကာင္…အုန္းေဖ..ငါစကားေျပာေနရင္ မင္း ဝင္မေျပာနဲ႔..ဘာလဲ..ငါ ဖမ္းခံထားရတယ္ဆိုၿပီး..မင္းက ငါ့ မခန႔္ေလးစားလုပ္တာလား”


အုန္းေဖက ပါးစပ္ပိတ္ကာ ေခါင္းငုံ႔သြားသည္။


“ကဲ…ကိုဖိုးတုတ္…ခင္ဗ်ားတို႔ သုံးေယာက္ထဲက ဘယ္သူ႔ကိုမွ လႊတ္ေပးလို႔မရဘူးဗ်.. တစ္ေယာက္ခ်င္း စီ စစ္ခ်က္ယူမွရမယ္.ေဟ့.ဒီႏွစ္ေကာင္ကို အခ်ဳပ္ထဲ ထည့္လိုက္”


ထိုအခ်ိန္တြင္ လက္ဖက္ရည္ ႏွင့္ မုန႔္မ်ား ေရာက္လာသည္။


“ကြၽန္ေတာ့္ တပည့္ေတြကိုလည္း တိုက္လိုက္ပါဗ်ာ..ဟိုေကာင္ ထြန္းတင္က လက္ဖက္ရည္ ႀကိဳက္တယ္”


……………………………………………………………………………………..


လက္ဖက္ရည္ေသာက္ မုန႔္စားၿပီးသည့္ေနာက္ ပုလိပ္အရာရွိမ်ားက လမ္းမေတာ္ ဖိုးတုတ္ ထံမွ စစ္ခ်က္မ်ား ရယူၾကသည္။


…………………………………….


အမည္ – ဖိုးတုတ္


အလုပ္အကိုင္ - ပြဲ႐ုံပိုင္ရွင္

မိဘအမည္ – ဦစံညိမ္ ၊ ေဒၚခ်စ္ပု

ေမြးသကၠရာဇ္ – ျမန္မာသကၠရာဇ္ ၁၂၅၉ ခုႏွစ္၊ အဂၤလိပ္ခုႏွစ္ ၁၈၉၈

ေမြးရာဇာတိ – ဟံသာဝတီဒီစႀတိတ္ ၊ ကမာစဲေက်း႐ြာ

ေမြးခ်င္း – (၅)ေယာက္ ၊ဘိုးသီ(အကို)၊ မမႀကီး(အစ္မ)၊မမေလး(အစ္မ)၊ ဘသိန္း(ညီ)

အလုပ္အကိုင္ – ဦးေလးျဖစ္သူ ဦးဘိုးသင္ ထံ ကားစပါယ္ရာလုပ္ခဲ့ဖူး ၊ အၿငိမ့္ကားေမာင္းလုပ္ခဲ့ဖူး


…………………………………………


“ဟုတ္ၿပီ..ကိုဖိုးတုတ္…ဦးဟုတ္ဂြမ္ သတ္ခံရတဲ့ ညက အေၾကာင္းေလး ေျပာပါဦး”


လမ္းမေတာ္ဖိုးတုတ္ က မ်က္စိကို စုံမွိတ္ထားလိုက္သည္။ ထို႔ေနာက္ သက္ျပင္းရွည္ႀကီး ခ်လိုက္သည္။


ဖိုးတုတ္ ၏ မ်က္ႏွာတြင္ စိတ္ထိခိုက္သည့္ အသြင္က ေပၚလြင္ေန၏။


“ကြၽန္ေတာ္..ဆရာဦးဟုတ္ဂြမ္ ကို သတ္ဖို႔ မရည္႐ြယ္ခဲ့ပါဘူး။ အဲ့ဒီေန႔ညက..”


 ခက္ေဇာ္



Comments

Post a Comment