ကျွန်တော်နှင့် ရေမွှေး

Unicode


ကျွန်တော်နှင့် ရေမွှေး

…………………………………

ရေမွှေးဆိုသော အသုံးအနှုန်းကို ကျွန်တော် စကြားဖူးခဲ့သည်မှာ သုံးတန်းနှစ်လောက်က ဖြစ်သည်။

ထိုနေ့က မြို့သစ်တွင်နေသော ကျွန်တော့် အဘိုးသည် မြို့ထဲရှိ ကျွန်တော်တို့ အိမ်သို့ လာလည်၏။

''ပါပါ သုံးနေကျ ရေမွှေးလေး ကုန်သွားလို့…လာဝယ်တာ..သမီးရယ်..အဲ့ဒီ ရေမွှေးက မရှိတော့ဘူးတဲ့..အဲ့ဒါ သမီးတို့ တွေ့ရင် ဝယ်လာပေးပါဦး''

အဘိုးပြန်သွားပြီးနောက် သူ့ရေမွှေးပုလင်းလေး ကို ကျွန်တော် ယူကိုင်ကြည့်သည်။

အဖုံးဖွင့်ပြီး နမ်းကြည့်သည်။ အမွှေးနံ့ထက် အရက်ပျံနံ့က ထောင်းခနဲ။

အဘိုးသည် မယ်ဒလင်သမား ဖြစ်သည်။ ဂီတသမားပီပီ သပ်သပ်ရပ်ရပ်နေတတ်သည်။

အဘိုးတို့ခေတ်က အဆိုတော်ဆို မောင်မောင်ညွှန့်၊ မင်းသားဆို ကျော်ဆွေ ခေတ်။

ကော်စမက်တစ်ဟု ခေါ်သော ခေါင်းလိမ်းဆီဖြင့် ဆံပင်ကို နောက်လှန်ဖီးလျက် မက်ဒလင်ကို ကိုင်ကာ အဘွားကို ဖွန်ကြောင်ခဲ့သော အဘိုးကို ကျွန်တော့် မကြာခဏမြင်ယောင်ကြည့်မိသည်။

အဘိုးသည် သူမှာသွားသော ရေမွှေးပုလင်းလေးကို ကွယ်လွန်သည်အထိ ရမသွားရှာပါ။ သူသုံးနေကျ ရေမွှေးသည် နောက်ပိုင်းတွင် ဆက်မထုတ်တော့သဖြင့် ဖြစ်၏။

အဘိုးတို့ခေတ်က ရေမွှေးများသည် ပုလင်းပုလေးများဖြစ်ပြီး အဖုံးဖွင့်လိုက်ပါက ထိပ်ဝတွင် အပေါက်သေးသေးလေးပါသည်။

စံပယ်ရနံ့၊ နှင်းဆီရနံ့ စသဖြင့် အနံ့များရှိပြီး ချစ်တီးကုန်စုံဆိုင်ကြီးများတွင် ဝယ်ယူရသည် ဟု အဘွားက ပြောပြသည်။

အဘိုးရေမွှေးကြိုက်သလို ကျွန်တော့် အဖေလည်း ရေမွှေးကြိုက်သည်။

သို့သော် အဖေကြိုက်သည်က  အနံ့ပြင်းပြင်းရေမွှေးများ။ 

ကျွန်တော်သည် ဟိန္ဒူဘုရားကျောင်းရှိသော ရပ်ကွက်တွင် ကြီးပြင်းခဲ့သည်။

ကျွန်တော်တို့ပင် ငယ်စဉ်ကာလက ထို ဘုရားကျောင်း၏ မီးနင်းပွဲတော်များတွင် အိန္ဒိယရေမွှေးနံ့များ မွှန်ထူနေပြီး နှာခေါင်းတွေ ထုံသည်အထိ ကြုံခဲ့ရဖူးသည်။

ထိုခေတ်အခါက ရေမွှေး မပြောနှင့် ရွှေဝါဆပ်ပြာသည်ပင်လျင် သမဆိုင်တွင် တန်းစီတိုးယူနေရသည့် ခေတ်ဖြစ်သဖြင့် ကျွန်တော့်အဖေတို့ခေတ်တွင် လူငယ်အတော်များများက ထိုအနံ့ပြင်းပြင်း ရေမွှေးမျိုးသုံးခဲ့ဖူးပါလိမ့်မည်။

အမေ သုံးသည့် ရေမွှေးများကတော့ အနံ့သင်းသင်းလေးများဖြစ်သည်။ အမေသည် မော်လမြိုင်တက္ကသိုလ် တွင် ကျောင်းတက်ခဲ့သဖြင့် ယိုးဒယားဘက်မှ ရေမွှေးအကောင်းစားများကို ဝယ်သုံးခဲ့ဖူးဟန်တူသည်။

အိမ်တွင် အဖေ နှင့် အမေက ရေမွှေး တစ်မျိုးစီဖြစ်သည်။

ဘော်ဒီစပရေးဟု ခေါ်သော ဖြန်းရသည့် ရေမွှေး ဝယ်ခဲ့သည်ကို ကျွန်တော်မှတ်မိနေသည်။

ထိုဘော်ဒီစပရေးပြီးနောက် လူရို်င်းခေါင်းပုံစံ ပါသည့် ရေမွှေးပုလင်းတစ်ခုကို အဖေက ဝယ်လာသည်။ 

သို့သော် နောက်ပိုင်း စီးပွားရေး၊ မိသားစုအရေးများနှင့် ချာချာလည်နေသဖြင့် သူတို့ ရေမွှေးအကောင်းစား မဝယ်ကြသည်ကို ကျွန်တော် သတိထားမိခဲ့သည်။

ဒီလိုနှင့် ကျွန်တော့် လူပျိုပေါက်ဖြစ်လာသည်။ ရည်းစားရလာသည်။

လှချင်ပချင်လာသည်။ ရည်းစားနားကပ်လျင် မွှေးတေးတေးအနံ့လေးရသဖြင့် သူ့ပါးကို နမ်းချင်လာသည်။

ငါလည်း ဒီလို မွှေးတေးတေးအနံ့လေးထွက်နေရင် သူ ငါ့ကို နမ်းချင်မှာပဲ ဟု တွေးလာ၏။

မြို့ရှိ ရွှေမောဓောဘုရားကြီးတွင် ကျွန်တော်တို့ကျောင်းမှ ဆွမ်းတော်ကြီးကပ်လှူပွဲ နှစ်စဉ် လုပ်လေ့ရှိသည်။

ထိုအချိန်တွင် ကျောင်းသူကျောင်းသားအားလုံး မနက်စောစော ဘုရားလာကြရသည်။

ကျွန်တော့်ရည်းစားက မနက်အစောကြီး ချိန်းသည်။

ဘုရားပေါ်က ထောင့်တစ်ခုခုတွင် ကျွန်တော်တို့ ချိန်းတွေ့ကြမည်။ ကျောင်းက လူတွေလာလျှင် ဆွမ်းတော်ကြီး တင်ပွဲ တစ်ခါတည်း နွှဲလိုက်မည်ပေါ့။

ကျွန်တော် မနက်စောစောထသည်။ ရေမိုးချိုးပြီးနောက် ရေမွှေး ဆွတ်ချင်လာသည်။ အဖေ နောက်ဆုံး ဝယ်ခဲ့သည့် လူရိုင်းခေါင်းရေမွှေး ပုလင်းလေးကို တွေ့သည်။

ထိုရေမွှေးပုလင်းလေးဝယ်ထားသည်မှာ တစ်နှစ်ခန့်ကြာပြီဖြစ်သော်လည်း ပုလင်းဖင်ကပ်နည်းနည်းကျန်နေသေးသည်။

ဘာပဲဖြစ်ဖြစ် ကျွန်တော် မွှေးမှ ဖြစ်မည်။

ရေမွှေးပုလင်းကို အဖုံးဖွင့်ပြီး ရှလူးခနဲ တစ်ကိုယ်လုံး ဖြန်းချပစ်လိုက်သည်။ အနံ့တွေက ထောင်းခနဲ။

အစပိုင်းမို့ ဒီအနံ့ကြီးဖြစ်တာနေမယ်ဟု ကျွန်တော်ဖြေတွေးလိုုက်ပြီ ထွက်လာလိုက်၏။

ဘုရားပေါ် ရောက်သောအခါ လှေကားခြေရင်းတွင် ရည်းစားက စောင့်နေသည်။

ရွှေမောဓောဘုရားက တည်ပင်ကြီးအောက်က ခုံမှာအတူထိုင်ရင်း သူ့လက်ကို ကျွန်တော် မရဲတရဲကိုင်သည်။

သူက ရှက်သလို ရွံ့သလိုဖြင့် ကျွန်တော့်ရင်ခွင်ထဲ ခေါင်းလေးဝင်လာပြီးမှ ချက်ချင်း ပြန်ထွက်သွား၏။

''ခင်..ဘာဖြစ်တာလဲဟင်''

သူက နှာခေါင်းကို ပွစိ ပွစိ လုပ်၏။

''နင်..အရက်တွေ သောက်လာတယ်..မဟုတ်လား''

''ဟင်..မဟုတ်ပါဘူးဟ..''

သူ့ နှာခေါင်းက ကျွန်တော့် ရင်ဘတ်နား တစ်ခါ ရောက်လာပြီး ပွစိ ပွစိ လုပ်ပြန်သည်။

''ဝေါ့..ထွီ…အရက်သမား..ဒီအရွယ်နဲ့ အရက်ကသောက်နေပြီ..ပြီးတော့ မနက်စောစောစီးစီး ကုသိုလ်ရေး လုပ်ကြမယ်ဟာ..အရက်သမားတော့ ငါ့ ဘဝ အတွက် ဘယ်လိုမှ မရွေးချယ်နိုင်ဘူး''

သူ..ပြေးထွက်သွားတော့…ကျွန်တော် ကြောင်ပြီး ကျန်နေရစ်သည်။

ကျွန်တော့်် အင်္ကျ ီ ကျွန်တော် ပြန်နမ်းကြည့်သည်။

အရက်ပျံနံ့က မွှန်ထူနေ၏။

အရည်အသွေးညံံ့သောရေမွှေးများသည် ရက်လွန်ပြီး အငွေ့ပျံနေသောအခါ အရက်ပျံနံ့သာ ကျန်ရစ်သည်ကို ကျွန်တော် မသိခဲ့။

ဒီလိုနှင့် ရည်းစားဦး နှင့် ပျက်ခဲ့ရသည်ပေါ့။

အဲ့ဒီနောက်ပိုင်းတော့ ကျွန်တော် ရေမွှေးဆို တော်တော်ကို ဂရုတစိုက် ရွေးချယ်ဖြစ်ခဲ့သည်။ 

ယခု အိမ်ထောင်ကျပြီးသည့်နောက် မိန်းမက ရေမွှေးခရေဇီဖြစ်သည်။ သူ့အလှပြင်ခုံတွင် ရေမွှေး အမျိုးအစားပေါင်း ဆယ်ပုလင်းထက် မနည်းတော့ရှိ၏။

ထိုနေရာတွင် ဂွကျသည်က သူငယ်ချင်းများက နိုင်ငံခြားတွေ ဘာတွေသွားသည့်အခါ ကျွန်တော်တို့ လင်မယားအား ဘာမှာမလဲ မေးသည့် အချိန်ဖြစ်သည်။

ကျွန်တော်က ဂျူတီဖရီးက ဂျက်ဒယ်နီရယ်ဝီစကီလေး၊ ဂျော်နီဝါးကားအစစ်လေး တစ်လုံးလောက် ဆွဲခဲ့ကွာ ဟု မှာချင်ပါသည်။

သို့သော်ငြား..ကျွန်တော့်  အိမ်သူက …ရေမွှေးတစ်ပုလင်းလောက် ဟု ကြိုပိတ်လိုက်လျင် ကိုယ့်မှာ တံတွေးသာ မြို့ချခဲ့ရသည်။

လေဒီဖတ်စ် ဆိုသည်ကလည်း ရှိသေးသည်မဟုတ်လား။

တစ်ခါတစ်လေတော့ စဉ်းစားမိသည်။

ရေမွှေးလည်း ဆွတ်လို့ ရ…သောက်လည်း သောက်လို့ရတဲ့ အရက်ရေမွှေး ရှိရင် သိပ်ကောင်းမှာပဲလို့။

သိပ္ပံပညာရှင်ဆိုသည့် ကောင်တွေကလည်း ဒါမျိုး တီထွင်ဖို့ကျ သတိမရကြ။

ဒါမျိုး တီထွင်ပြီးလျှင်တော့ ကောင်းသည်။

နောက်တစ်ခါကျ နိုင်ငံခြားမှ သူငယ်ချင်းများပြန်လာလျှင် သောက်လို့ရသည့် ရေမွှေးမှာရမည်။

ဒါမှ ကျွန်တော်ရော..အိမ်က လေဒီအတွက်ပါ အဆင်ပြေမည်မဟုတ်ပါလား။


ဗြိတိသျှကိုကိုမောင်





Zawgyi 


ကြ်န္ေတာ္နွင့္ ေရေမႊး

…………………………………

ေရေမႊးဆိုေသာ အသံုးအနႈန္းကို ကြ်န္ေတာ္ စၾကားဖူးခဲ့သည္မွာ သံုးတန္းနွစ္ေလာက္က ျဖစ္သည္။

ထိုေန႕က ျမိဳ႕သစ္တြင္ေနေသာ ကြ်န္ေတာ့္ အဘိုးသည္ ျမိဳ႕ထဲရွိ ကြ်န္ေတာ္တို႕ အိမ္သို႕ လာလည္၏။

''ပါပါ သံုးေနက် ေရေမႊးေလး ကုန္သြားလို႕လာ၀ယ္တာ..သမီးရယ္..အဲ့ဒီ ေရေမႊးက မရွိေတာ့ဘူးတဲ့..အဲ့ဒါ သမီးတို႕ ေတြ႕ရင္ ၀ယ္လာေပးပါဦး''

အဘိုးျပန္သြားျပီးေနာက္ သူ႕ေရေမႊးပုလင္းေလး ကို ကြ်န္ေတာ္ ယူကိုင္ၾကည့္သည္။

အဖံုးဖြင့္ျပီး နမ္းၾကည့္သည္။ အေမႊးနံ႕ထက္ အရက္ပ်ံနံ႕က ေထာင္းခနဲ။

အဘိုးသည္ မယ္ဒလင္သမား ျဖစ္သည္။ ဂီတသမားပီပီ သပ္သပ္ရပ္ရပ္ေနတတ္သည္။

အဘိုးတို႕ေခတ္က အဆိုေတာ္ဆို ေမာင္ေမာင္ညႊန္႕၊ မင္းသားဆို ေက်ာ္ေဆြ ေခတ္။

ေကာ္စမက္တစ္ဟု ေခၚေသာ ေခါင္းလိမ္းဆီျဖင့္ ဆံပင္ကို ေနာက္လွန္ဖီးလ်က္ မက္ဒလင္ကို ကိုင္ကာ အဘြားကို ဖြန္ေၾကာင္ခဲ့ေသာ အဘိုးကို ကြ်န္ေတာ့္ မၾကာခဏျမင္ေယာင္ၾကည့္မိသည္။

အဘိုးသည္ သူမွာသြားေသာ ေရေမႊးပုလင္းေလးကို ကြယ္လြန္သည္အထိ ရမသြားရွာပါ။ သူသံုးေနက် ေရေမႊးသည္ ေနာက္ပိုင္းတြင္ ဆက္မထုတ္ေတာ့သျဖင့္ ျဖစ္၏။

အဘိုးတို႕ေခတ္က ေရေမႊးမ်ားသည္ ပုလင္းပုေလးမ်ားျဖစ္ျပီး အဖံုးဖြင့္လိုက္ပါက ထိပ္၀တြင္ အေပါက္ေသးေသးေလးပါသည္။

စံပယ္ရနံ႕၊ နွင္းဆီရနံ႕ စသျဖင့္ အနံ႕မ်ားရွိျပီး ခ်စ္တီးကုန္စံုဆိုင္ၾကီးမ်ားတြင္ ၀ယ္ယူရသည္ ဟု အဘြားက ေျပာျပသည္။

အဘိုးေရေမႊးၾကိဳက္သလို ကြ်န္ေတာ့္ အေဖလည္း ေရေမႊးၾကိဳက္သည္။

သို႕ေသာ္ အေဖၾကိဳက္သည္က  အနံ႕ျပင္းျပင္းေရေမႊးမ်ား။

ကြ်န္ေတာ္သည္ ဟိႏၵဴဘုရားေက်ာင္းရွိေသာ ရပ္ကြက္တြင္ ၾကီးျပင္းခဲ့သည္။

ကြ်န္ေတာ္တို႕ပင္ ငယ္စဥ္ကာလက ထို ဘုရားေက်ာင္း၏ မီးနင္းပြဲေတာ္မ်ားတြင္ အိႏၵိယေရေမႊးနံ႕မ်ား မႊန္ထူေနျပီး နွာေခါင္းေတြ ထံုသည္အထိ ၾကံဳခဲ့ရဖူးသည္။

ထိုေခတ္အခါက ေရေမႊး မေျပာနွင့္ ေရႊ၀ါဆပ္ျပာသည္ပင္လ်င္ သမဆိုင္တြင္ တန္းစီတိုးယူေနရသည့္ ေခတ္ျဖစ္သျဖင့္ ကြ်န္ေတာ့္အေဖတို႕ေခတ္တြင္ လူငယ္အေတာ္မ်ားမ်ားက ထိုအနံ႕ျပင္းျပင္း ေရေမႊးမ်ိဳးသံုးခဲ့ဖူးပါလိမ့္မည္။

အေမ သံုးသည့္ ေရေမႊးမ်ားကေတာ့ အနံ႕သင္းသင္းေလးမ်ားျဖစ္သည္။ အေမသည္ ေမာ္လျမိဳင္တကၠသိုလ္ တြင္ ေက်ာင္းတက္ခဲ့သျဖင့္ ယိုးဒယားဘက္မွ ေရေမႊးအေကာင္းစားမ်ားကို ၀ယ္သံုးခဲ့ဖူးဟန္တူသည္။

အိမ္တြင္ အေဖ နွင့္ အေမက ေရေမႊး တစ္မ်ိဳးစီျဖစ္သည္။

ေဘာ္ဒီစပေရးဟု ေခၚေသာ ျဖန္းရသည့္ ေရေမႊး ၀ယ္ခဲ့သည္ကို ကြ်န္ေတာ္မွတ္မိေနသည္။

ထိုေဘာ္ဒီစပေရးျပီးေနာက္ လူရို္င္းေခါင္းပံုစံ ပါသည့္ ေရေမႊးပုလင္းတစ္ခုကို အေဖက ၀ယ္လာသည္။

သို႕ေသာ္ ေနာက္ပိုင္း စီးပြားေရး၊ မိသားစုအေရးမ်ားနွင့္ ခ်ာခ်ာလည္ေနသျဖင့္ သူတို႕ ေရေမႊးအေကာင္းစား မ၀ယ္ၾကသည္ကို ကြ်န္ေတာ္ သတိထားမိခဲ့သည္။

ဒီလိုနွင့္ ကြ်န္ေတာ့္ လူပ်ိဳေပါက္ျဖစ္လာသည္။ ရည္းစားရလာသည္။

လွခ်င္ပခ်င္လာသည္။ ရည္းစားနားကပ္လ်င္ ေမႊးေတးေတးအနံ႕ေလးရသျဖင့္ သူ႕ပါးကို နမ္းခ်င္လာသည္။

ငါလည္း ဒီလို ေမႊးေတးေတးအနံ႕ေလးထြက္ေနရင္ သူ ငါ့ကို နမ္းခ်င္မွာပဲ ဟု ေတြးလာ၏။

ျမိဳ႕ရွိ ေရႊေမာေဓာဘုရားၾကီးတြင္ ကြ်န္ေတာ္တို႕ေက်ာင္းမွ ဆြမ္းေတာ္ၾကီးကပ္လွဴပြဲ နွစ္စဥ္ လုပ္ေလ့ရွိသည္။

ထိုအခ်ိန္တြင္ ေက်ာင္းသူေက်ာင္းသားအားလံုး မနက္ေစာေစာ ဘုရားလာၾကရသည္။

ကြ်န္ေတာ့္ရည္းစားက မနက္အေစာၾကီး ခ်ိန္းသည္။

ဘုရားေပၚက ေထာင့္တစ္ခုခုတြင္ ကြ်န္ေတာ္တို႕ ခ်ိန္းေတြ႕ၾကမည္။ ေက်ာင္းက လူေတြလာလ်ွင္ ဆြမ္းေတာ္ၾကီး တင္ပြဲ တစ္ခါတည္း ႏႊဲလိုက္မည္ေပါ့။

ကြ်န္ေတာ္ မနက္ေစာေစာထသည္။ ေရမိုးခ်ိဳးျပီးေနာက္ ေရေမႊး ဆြတ္ခ်င္လာသည္။ အေဖ ေနာက္ဆံုး ၀ယ္ခဲ့သည့္ လူရိုင္းေခါင္းေရေမႊး ပုလင္းေလးကို ေတြ႕သည္။

ထိုေရေမႊးပုလင္းေလး၀ယ္ထားသည္မွာ တစ္နွစ္ခန္႕ၾကာျပီျဖစ္ေသာ္လည္း ပုလင္းဖင္ကပ္နည္းနည္းက်န္ေနေသးသည္။

ဘာပဲျဖစ္ျဖစ္ ကြ်န္ေတာ္ ေမႊးမွ ျဖစ္မည္။

ေရေမႊးပုလင္းကို အဖံုးဖြင့္ျပီး ရွလူးခနဲ တစ္ကိုယ္လံုး ျဖန္းခ်ပစ္လိုက္သည္။ အနံ႕ေတြက ေထာင္းခနဲ။

အစပိုင္းမို႕ ဒီအနံ႕ၾကီးျဖစ္တာေနမယ္ဟု ကြ်န္ေတာ္ေျဖေတြးလိုုက္ျပီ ထြက္လာလိုက္၏။

ဘုရားေပၚ ေရာက္ေသာအခါ ေလွကားေျခရင္းတြင္ ရည္းစားက ေစာင့္ေနသည္။

ေရႊေမာေဓာဘုရားက တည္ပင္ၾကီးေအာက္က ခံုမွာအတူထိုင္ရင္း သူ႕လက္ကို ကြ်န္ေတာ္ မရဲတရဲကိုင္သည္။

သူက ရွက္သလို ရြံ႕သလိုျဖင့္ ကြ်န္ေတာ့္ရင္ခြင္ထဲ ေခါင္းေလး၀င္လာျပီးမွ ခ်က္ခ်င္း ျပန္ထြက္သြား၏။

''ခင္..ဘာျဖစ္တာလဲဟင္''

သူက နွာေခါင္းကို ပြစိ ပြစိ လုပ္၏။

''နင္..အရက္ေတြ ေသာက္လာတယ္..မဟုတ္လား''

''ဟင္..မဟုတ္ပါဘူးဟ..''

သူ႕ နွာေခါင္းက ကြ်န္ေတာ့္ ရင္ဘတ္နား တစ္ခါ ေရာက္လာျပီး ပြစိ ပြစိ လုပ္ျပန္သည္။

''ေ၀ါ့..ထြီအရက္သမား..ဒီအရြယ္နဲ႕ အရက္ကေသာက္ေနျပီ..ျပီးေတာ့ မနက္ေစာေစာစီးစီး ကုသိုလ္ေရး လုပ္ၾကမယ္ဟာ..အရက္သမားေတာ့ ငါ့ ဘ၀ အတြက္ ဘယ္လိုမွ မေရြးခ်ယ္နိုင္ဘူး''

သူ..ေျပးထြက္သြားေတာ့ကြ်န္ေတာ္ ေၾကာင္ျပီး က်န္ေနရစ္သည္။

ကြ်န္ေတာ့္္ အကၤ် ကြ်န္ေတာ္ ျပန္နမ္းၾကည့္သည္။

အရက္ပ်ံနံ႕က မႊန္ထူေန၏။

အရည္အေသြးညံံ့ေသာေရေမႊးမ်ားသည္ ရက္လြန္ျပီး အေငြ႔ပ်ံေနေသာအခါ အရက္ပ်ံနံ႕သာ က်န္ရစ္သည္ကို ကြ်န္ေတာ္ မသိခဲ့။

ဒီလိုနွင့္ ရည္းစားဦး နွင့္ ပ်က္ခဲ့ရသည္ေပါ့။

အဲ့ဒီေနာက္ပိုင္းေတာ့ ကြ်န္ေတာ္ ေရေမႊးဆို ေတာ္ေတာ္ကို ဂရုတစိုက္ ေရြးခ်ယ္ျဖစ္ခဲ့သည္။

ယခု အိမ္ေထာင္က်ျပီးသည့္ေနာက္ မိန္းမက ေရေမႊးခေရဇီျဖစ္သည္။ သူ႕အလွျပင္ခံုတြင္ ေရေမႊး အမ်ိဳးအစားေပါင္း ဆယ္ပုလင္းထက္ မနည္းေတာ့ရွိ၏။

ထိုေနရာတြင္ ဂြက်သည္က သူငယ္ခ်င္းမ်ားက နိုင္ငံျခားေတြ ဘာေတြသြားသည့္အခါ ကြ်န္ေတာ္တို႕ လင္မယားအား ဘာမွာမလဲ ေမးသည့္ အခ်ိန္ျဖစ္သည္။

ကြ်န္ေတာ္က ဂ်ဴတီဖရီးက ဂ်က္ဒယ္နီရယ္၀ီစကီေလး၊ ေဂ်ာ္နီ၀ါးကားအစစ္ေလး တစ္လံုးေလာက္ ဆြဲခဲ့ကြာ ဟု မွာခ်င္ပါသည္။

သို႕ေသာ္ျငား..ကြ်န္ေတာ့္  အိမ္သူကေရေမႊးတစ္ပုလင္းေလာက္ ဟု ၾကိဳပိတ္လိုက္လ်င္ ကိုယ့္မွာ တံေတြးသာ ျမိဳ႕ခ်ခဲ့ရသည္။

ေလဒီဖတ္စ္ ဆိုသည္ကလည္း ရွိေသးသည္မဟုတ္လား။

တစ္ခါတစ္ေလေတာ့ စဥ္းစားမိသည္။

ေရေမႊးလည္း ဆြတ္လို႕ ေသာက္လည္း ေသာက္လို႕ရတဲ့ အရက္ေရေမႊး ရွိရင္ သိပ္ေကာင္းမွာပဲလို႕။

သိပၸံပညာရွင္ဆိုသည့္ ေကာင္ေတြကလည္း ဒါမ်ိဳး တီထြင္ဖို႕က် သတိမရၾက။

ဒါမ်ိဳး တီထြင္ျပီးလ်ွင္ေတာ့ ေကာင္းသည္။

ေနာက္တစ္ခါက် နိုင္ငံျခားမွ သူငယ္ခ်င္းမ်ားျပန္လာလ်ွင္ ေသာက္လို႕ရသည့္ ေရေမႊးမွာရမည္။

ဒါမွ ကြ်န္ေတာ္ေရာ..အိမ္က ေလဒီအတြက္ပါ အဆင္ေျပမည္မဟုတ္ပါလား။

 

ျဗိတိသ်ွကိုကိုေမာင္

 

 

 

Comments

Post a Comment