ကျွန်တော်နှင့် ရေးနောဘောပင်

Unicode


ကျွန်တော်နှင့် ရေးနောဘောပင်

... .... .... ..... .... .... ....

ရေးနော ဘောပင်လေးတွေနဲ့ စာရေးဖူးကြလား။

စာရေးရတဲ့ လက်ကိုင်နေရာမှာ အပြာရောင်အကြည်လေးနဲ့ နောက်ဘက်မှာက အဖြူရောင် ဘောပင်လေးလေ။

အခုချိန်မှာ အင်္ဂလိပ်လိုစာလုံးပေါင်းလည်း ကျွန်တော်မမှတ်မိတော့သလို အသံထွက်ကလည်း ရေးနော ဟုတ်ချင်မှဟုတ်မယ်။

ကျွန်တော်တို့ကတော့ အဲ့ဒီဘောပင်လေးတွေကို ကျောင်းသားဘဝတောက်လျှောက် ရေးနောဘောပင်လို့ ခေါ်ခဲ့တာပါပဲ။

ရေးနော ဘောပင်လေးတွေမှာ မှင်ချောင်းအချွန်နဲ့ အတုံးနှစ်မျိုးရှိပါတယ်။

ကျောင်းသားတွေကတော့ မှင်ချောင်းအချွန်ကို ကြိုက်ကြတာများပါတယ်။ လက်ရေးလှတာကိုး။

ကျွန်တော့်မှာ အဲ့ဒီ ရေးနောဘောပင်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ဖူးတယ်။

အခုအချိန်အထိ အဲ့ဒီဇာတ်လမ်းဟာ လွမ်းစရာလား၊ နာကြင်စရာလား၊ ရယ်စရာလားတောင် မခွဲတတ်တော့ပါဘူး။

ဇာတ်လမ်းက ဒီလို။

ကျွန်တော်တို့ခေတ်က အဝေးသင်ခေတ်။

အထူးသဖြင့် ပဲခူးလို နယ်မြို့လေးမှာ ဆယ်တန်းအောင်ပြီး Day တက်တယ်ဆိုတာ ငွေကြေးအဆင်ပြေတဲ့ သားသမီးတွေအလုပ်ပါ။

ဒါတောင် တချို့သူဌေးသားသမီးတွေက အဝေးသင်ပဲတက်ကြတာ။

အချိန်ကုန်သက်သာတယ်။ တခြားအလုပ်လုပ်လို့ရတယ်ပေါ့။

ကျွန်တော်က ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့လုပ်နေချိန်မှာပဲ အလုပ်ထွက်လုပ်ရတယ်။

အသက် ၁၆ နှစ်ကျော်ဝန်းကျင်ပေါ့။

ပဲခူးစျေးကြီးထဲက ဂျင်ဗဲရားခေါင်းလျှော်ရည်ကုမ္ပဏီရဲ့ ကိုယ်စားလှယ်သူဌေးဆီမှာ Sale Man အရောင်းသမားပေါ့။

ဒီတော့ ကျွန်တော် အဝေးသင်ပဲ လျှောက်ရတယ်။ မြန်မာစာမေဂျာကိုပဲ လိုလိုချင်ချင်လျှောက်တာပါ။

ဟီး..မလျှောက်လို့လည်းမရ...ကိုယ့်အမှတ်က မြန်မာနဲ့ ပထဝီပဲရတာရယ်။

ထားပါတော့။

ဒီလိုနဲ့ အဝေးသင် မြန်မာစာကို အနီးကပ်တက်ရမယ့် ရက်တွေရောက်လာတယ်။

အဲ့ဒီတုန်းက နီကိုရဲ ရဲ့ မကြည်ပြာ က ခေတ်စားနေတာ။

တက္ကသိုလ်ဆိုတာကြီးကို ကျွန်တော်လည်း စောက်ရမ်းဖီးလ်နေတာပေါ့။

အပေါင်းအသင်းတွေထဲ Day တက်တဲ့ကောင်တွေက ကျောင်းမှာ ဘယ်လိုဘာညာတွေ ကြွယ်ထားတော့.ကိုယ်လည်း တက္ကသိုလ်နေ့တွေကြုံချင်တာ ရွစိကိုတက်နေပြီ။

ကဲ..အလုပ်ကခွင့်ယူပြီး...အနီးကပ်ဆယ်ရက်တက်မယ့်နေ့ကို ရောက်လာပြီ။

အဲ့ဒီတုန်းက အဝေးသင်တွေရဲ့ အထာကို ပြောပြမယ်။

အဝေးသင်ကျောင်းသားတွေဟာ ဒေးကျောင်းသားတွေနဲ့ မတူပါဘူး။

ဒေးကျောင်းသားတွေက ငွေကြေးသောင်သာသူ အများစုဆိုပေမယ့် တက္ကသိုလ်တက်တဲ့အခါ သူတို့က အိမ်ကမိဘပေးတဲ့ မုန့်ဖိုးနဲ့တက်ရတာ။

အဝေးသင်ကျောင်းသားကတော့ ဒီလိုမဟုတ်ဘူး။

တစ်နှစ်ပတ်လုံး ကိုယ့်ဟာကိုယ် အလုပ်လုပ်၊ဝင်ငွေရှာထားသူအများစု။

ဒီအနီးကပ်ဆယ်ရက်လေးတက်ဖို့ကို အားခဲထားကြ၊ စုထားကြတာ။

အဝတ်အစားကအစ သုံးဖို့စွဲဖို့က အစပေါ့။

နောက်ဆုံး လုပ်ငန်းခွင်ထဲ ဖွန်မကြောင်ရသမျှ ဒီမှာဖွန်ကြောင်ကြမယ်ဆိုတဲ့ ရည်မှန်းချက်သမားတွေ များတယ်။(ထင်တာပဲ..ကိုယ်လည်းဒီလိုကိုး)

ကျွန်တော်ဆိုလည်း တက္ကသိုလ်နောက်ခံဝတ္ထုတွေကို ဖွတ်လမွတ်ကြေအောင်ဖတ်ထားတော့..အားခဲထားသည်ပေါ့။

အိုကေ...အဝေးသင်တက္ကသိုလ်ရဲ့ ပထမဆံနေ့ရောက်ပါပြီ။

အဲ့ဒီတုန်းက အခုလို ပဲခူးတက္ကသိုလ်မဖြစ်သေးဘူး။ ပဲခူးဒီဂရီကောလိပ်ပေါ့။

ကိုယ်စာသင်ရမယ့် အခန်းထဲထိုင်တယ်။

စတိတ်ကျောင်းတုန်းက ကိုယ်နဲ့သိတဲ့ကောင်တွေ လိုက်ရှာကြည့်တယ်။

တွေ့ပြီ။ ဒီခန်းထဲက ကြည်သာ ဆိုတဲ့ကောင်။

ဒီကောင်ကလည်း ကျွန်တော့်တွေ့တော့ ပျော်သွားတယ်။

အဝေးသင်ဆိုတာ ခဏလေးတက်ရတာ။

အဲ့ဒီဆယ်ရက်လောက်လေးမှာ တွဲစရာဘော်ဒါရှိတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် အားငယ်စရာမလိုတော့ဘူးပေါ့။

ဒီကောင်နဲ့ ပေပါဝမ်းလားမသိ တချိန်လောက် အတူထိုင်တက်ကြည့်တယ်။

အိုကေ။ ကိုယ့်လိုပဲ ကျောင်းသင်ခန်းစာကလွဲလို့ အကုန်စိတ်ဝင်စားတဲ့ကောင်။

သောက်ခွက်ကလည်းပြောင်တယ်။

ကန်တင်းတွေဘာတွေ နှစ်ကောင်သားလစ်ကြသေးတာ။

ဟုတ်ပြီ။ ဘော်ဒါတော့ရပြီ။

ဝတ္ထုတွေထဲကလို ရင်ခုန်စရာလေးပဲရှာဖို့ကျန်တော့တယ်။

ဒုတိယရက်။

ကြည်သာနဲ့ ကျွန်တော် အချိတ်အဆက်က မိနေပြီ။

အတန်းထဲက နောက်ဆုံးခုံမှာထိုင်ပြီး ဝင်လာမျှ စော်တွေထိုင်ရွေးတော့တာ။

တကယ်က အဝေးသင်မှာက တောဘက်က လာတက်တဲ့စော်တွေက သုံးပုံနှစ်ပုံလောက်ရှိတယ်။

ရွှေတွေကို သီးနေအောင်ဝတ်ပြီး အရမ်းဂေါ်ပြကြတာ။

အဲ့ဒီအချိန် ကျွန်တော်က စျေးထဲမှာ အလုပ်လုပ်ရတာဆိုတော့ ပွဲရုံတွေ၊ကုန်စုံဆိုင်တွေက သူဌေးတွေကို သိပ်အားကျတာ။

ဒီတော့..သူဌေး ဖြစ်ချင်တယ်။

ပီမိုးနင်းရဲ့ တက်ကျမ်းတွေ၊ ဖေမြင့်ရဲ့ ဘေဘီလုံတွေဘာတွေဖတ်ထားပြီးပြီ။

အဲ့ဒါတွေ ဖတ်ထားပြီဆိုတော့ လူငယ်တစ်ယောက်ရဲ့ အောင်မြင်လိုစိတ်တွေ အထွတ်အထိပ်ရောက်နေပြီ။

ဒီတော့...

ငါသာ အဝေးသင်မှာ တောသူဌေးမတစ်ယောက်နဲ့ ကြိုက်ပြီး ညားလို့ကတော့.သောက်လုပ်လုပ်စရာမလိုပဲ...ကြိမ်းသေ သူဌေးဖြစ်ပြီဆိုတဲ့ အကြံကောင်းလည်းတွေးသေးတာ။

ကျွန်တော်တို့ရှေ့ခုံမှာ လာထိုင်တဲ့ ခန္ဓာကိုယ်ခပ်ပြည့်ပြည့်၊ ရွှေလက်ကောက်တွေ တတောင်ဆစ်လောက်ဝတ်ထားတဲ့ ဖက်မတီး တတီးမလေး တစ်ယောက်ကို ပစ်မှတ်ထားလိုက်တယ်။

အဝေးသင်တို့ထုံးစံအတိုင်း တချိန်မပြည့်ခင်ပဲ အဲ့ကောင်မလေးနာမည်သိရတယ်။ နေတာက ဝေါ မှာဆိုလား။

ကြည်သာကလည်း သူတို့အုပ်စုထဲက တစ်ယောက်ကိုပွားတာ။

အဲ့ဒီတုန်းက လွင်မိုးတို့ ခိုင်သင်းကြည်တို့ရို်က်တဲ့ တက္ကသိုလ်နောက်ခံဇာတ်ကားတွေလို Group Love ကြံစည်ကြတာပေါ့လေ။

ခက်တာက..ဟိုတောသူအုပ်က နည်းနည်းပိန်းသဗျ။

ကိုယ်တွေက ဟာသဖောက်လည်း ရယ်ချင်မှရယ်တာ။

အီလည်လည်နဲ့ နေ့တပိုင်းကျိူးသွားတယ်။

အတန်းပြီးချိန်ကျ အားလုံးနေ့လည်စာစားဖို့ အခန်းထဲက ထွက်ကြတာပေါ့။

ဟိုကောင် ကြည်သာက ဖက်တီးမအုပ်စုနောက်လိုက်ဖို့ပြင်တယ်။

အဲ့ဒီအချိန်မှာ ကျွန်တော်က အခန်းဟိုးဘက်ထောင့်မှာ တစ်ယောက်တည်း ခုံပေါ် မှောက်အိပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို သတိထားမိတယ်။

ထူးခြားတာက သူက ဆံထုံးတပတ်လျိှုထုံးထားသဗျ။

ဘီးတွေ၊ ဆံထိုးတွေနဲ့မဟုတ်ဘူး။ ရေးနောဘောပင်နဲ့။

စင်းနေအောင်ဖြောင့်ထားပြီး ကျောလည်လောက် ရှိမယ့် ဆံပင်တွေကို ရေးနောဘောပင်နဲ့ ဆံထုံးထုံးထားတာဗျာ။

ဟိုခုန ရွာသူတွေလို ရွှေနားကွင်းကြီးတွေ၊ ရွှေလက်ကောက်ကြီးတွေလည်း မဝတ်ထားဘူး။

ပန့်ခ်တွေ ဝတ်တဲ့ လက်ကောက်အမဲတွေနဲ့။

ကိုယ်ကြပ်အက်ျ ီကို စကပ်ထမီနဲ့တွဲဝတ်ထားတယ်။

(အဲ့ဒီခေတ်က အဝေးသင်ကျောင်းသားတွေကို အဝတ်အစားမကန့်သတ်သေးပါဘူး)

ကျွန်တော်က ကြည်သာကို မျက်စပစ်ပြတော့..ဟိုကောင်ကလည်းနပ်တယ်။

သူ့နားကို ကျွန်တော်ကပ်သွားတယ်။

"ဟေ့..သူငယ်ချင်း..ကန်တင်းမသွားဘူးလား''

သူ ထလာပါတယ်။ တကယ့်အိပ်မှုန်စုံမွှားနဲ့။

"အေး..ခုန ဆရာမစာသင်ကောင်းလို့ ငါအိပ်ပျော်သွားတာဟာ..ပြီးတော့..ဘော်ဒါလည်းမရှိလို့''

အဲလယ်..ရုပ်လေးကလည်း သိပ်မဆိုးဘူးပဲ။

ပြီးတော့ တာရာမင်းဝေတို့၊ ဝေမှူးသွင်တို့ ဝတ္ထုတွေထဲကလို ဂျစ်ကန်ကန်ပေါက်ကရဟာမလေးလို့ ကျွန်တော်တွေးလိုက်မိတယ်။

"ငါတို့က တခန်းတည်းသားချင်း...ဘော်ဒါတွေပဲ..ငါတို့ရှိပါတယ်ဟ...ငါ့နာမည် ကျော်စွာ..သူက ကြည်သာ''

"ငါ့နာမည် မိုးမိုး''

သူက ရေးနောဘောပင်နဲ့ ထုံးထားတဲ့ ဆံထုံးကို ဖြေလိုက်ပြီး ကျောပိုးအိတ်ထဲက ဘီးကိုထုတ်ပြီးဖြီးလိုက်တယ်။

အောင်မယ်..No အဖွဲ့က သဇင်လိုလိုဟ..အသားလေးညိုတာတစ်ခုပဲ။

အဲ့ဒီမှာ ကျွန်တော်တို့ သုံးယောက်အဖွဲ့ဖြစ်သွားတယ်။

တက္ကသိုလ်မှာ သူငယ်ချင်းကောင်လေးနှစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ဆိုတာ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်တို့၊ ဆရာမောင်စိန်ဝင်းတို့လိုဆို သိပ်ရေးလို့ကောင်းတဲ့ဇာတ်ပေါ့။

တတိယရက်၊ စတုတ္ထရက်မှာ တင် ကျွန်တော်တို့သုံးယောက်ဟာ တော်တော်လေးရင်းနှီးသွားကြပြီ။

မိုးမိုး က ရန်ကုန်သူ။ ပဲခူးက သူ့အဒေါ်ဆီမှာ ဆယ်တန်းလာဖြေရင်းအောင်သွားတော့...အဝေးသင်လျှောက်တာ ပဲခူးကောလိပ်ပဲ ရတာတဲ့။

ပထမနှစ်တက်ပြီးမှ ရန်ကုန်ပြောင်းမှာတဲ့။

ကြည်သာနဲ့ ကျွန်တော် မိုးမိုးကို မသိမသာပြိုင်ဖွန်ကြတယ်။

ရက်တို အရေးပေါ်ဖွန်ကြောင်နည်းတွေနဲ့ပေါ့ဗျာ။

ဆံထုံးမှာ ရေးနောဘောပင်လေးထိုးထားပြီး ပဲမများတတ်တဲ့ သူ့စတိုင်လ်ကို အရမ်းကြွေတာ။

ငါးရက်မြောက်နေ့မှာတော့

သူကလည်း ကျွန်တော်တို့နှစ်ကောင်ကို ရိုက်လိုက်၊ပုတ်လိုက်၊ရယ်လိုက်မောလိုက်နဲ့ တကယ့် ငယ်ပေါင်းတွေလိုပဲဖြစ်ကုန်တယ်။

အဲ့ဒီနေ့က ပဲခူးကောလိပ်ရှေ့က ဘုရားဝင်းရေကန်ကြီးဘေးမှာ ကျွန်တော်တို့သုံးယောက် မုန့်တွေစား၊စကားတွေပြောရင်း ညနေစောင်းသွားတယ်။

နောက်ရက်ကျ စနေ တနင်္ဂနွေ ပိတ်တယ်။

ကျွန်တော် ဟိ တက်ပြီ။ ကြည်သာ လည်း ဒီလိုပဲနေမှာ။

စနေနေ့ မနက်..ကျွန်တော် ပေးထားတဲ့ အိမ်လိပ်စာအတိုင်း မိုးမိုးရောက်လာတယ်။

"ငါတို့သုံးယောက် ကမ္ဘောဇသာဒီနန်းတော်ထဲ သွားလည်ကြရအောင်'' တဲ့။

ငါတို့သုံးယောက်ဆိုတော့ ကိုယ့်မှာ သူ့ကို စက်ဘီးနောက်တင်ပြီး ဟိုကောင့်အိမ် ဝင်ခေါ်ရသေး။

နန်းတော်ရာထဲ..လျှောက်လည်ကြ။ ရွှေမောဓောဘုရားတက်ကြပေါ့၊

တနင်္ဂနွေမှာ ဟိ က ပိုတက်သွားပြီ။ ကဗျာတွေသုံးလေးပုဒ်လောက်ရေးပြီးပြီ။

ငါ့ရဲ့ အောက်တိုဘာမိုးစက်ကလေးရေ..ရီနောဘောပင်လေးလို..မင်းမျက်ဝန်းချွန်ချွန်နဲ့..ကိုယ့်ကို ရွှဲရွှဲစိုပါစေဦး..ဘာညာပေါ့။

ဟိုကောင် ကြည်သာ ပုံစံကလည်း မိုးမိုးအပေါ် မရိုးသားဘူး။

တနင်္ဂနွေ ညနေကျ ကြည်သာ ကျွန်တော့်အိမ်ရောက်လာတယ်။

စာကြိုးစားတဲ့ အမျိူးကောင်းသား အဝေးသင်တက္ကသိုလ်ကျောင်းသားတွေပီပီ စာလုပ်ရတဲ့ ရက်ကလေးမှာ အရက်ထွက်သောက်ကြပါတော့တယ်။

အရက်သောက်ရင်း..ကြည်သာ က ''မိုးမိုး က မဆိုးဘူးကွ...နောက်ကကြည့်ရင် တော်တော်ဖွံ့တယ်'

တောက်..ဒီကောင်ကွာ ချစ်ခြင်းမေတ္တာကို တဏှာနဲ့ရောတယ် ဆိုပြီး ကျွန်တော်တင်းသွားသေးတယ်။

ပြီးတော့မှ..ငါက ရီနောဘောပင်လေး ဖြူဖြူစင်စင်ချစ်တာပဲ..ဒီကောင့်လို မဟုတ်ဘူးဆိုပြီး ကြံဖန်ဂုဏ်ယူသေးတာ။

ကံကောင်းတာက နောက်နေ့ မနက်ကျ ကြည်သာက နောက်ကျတယ်။

ကျောင်းကန်တင်းမှာ ကျွန်တော်နဲ့မိုးမိုး နှစ်ယောက်တည်း မနက်စားစားကြတာပေါ့။

ဘေးချင်းကပ်လျက်ထိုင်တာဗျာ။ တော်ကီကလည်း ရေလည်အခြေအနေကောင်း..လမ်းကြောင်းသင့်။

ဆံပင်တွေဘာတွေ သပ်တင်ပေးလို့ရတဲ့ အဆင့်ဖြစ်နေပြီ။

ဟိုကောင် နေရစ်ပေတော့လို့..စိတ်ထဲက ကြိမ်းပြီး ကြည်နူးနေတာ။

အဲ့ဒီမှာပဲ ကျွန်တော်တို့ တဝိုင်းကျော်မှာ ထိုင်နေတဲ့ ရပ်ကွက်ထဲက ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို နှုတ်ဆက်တယ်။

ဒီကောင်က ဒေးတက်တဲ့ကောင်။ အဝေးသင်ကို လာလည်တာ။

ညနေကျ ရပ်ကွက်ထဲရောက်တော့ ဒီကောင်က အားကျချီးကျူ းတဲ့လေသံကြီးနဲ့ လက်ဖက်ရည်ဝိုင်းထဲ ကျွန်တော့်ကို ချီးကျူ းတော့တာ။

"ငါတို့ဒေးတက်တာ နှစ်ဝက်ရှိပြီ။စော်မရဘူးကွာ။ကျော်စွာကြီးက ဆရာကျတယ်။ အဝေးသင်လေး လေးငါးရက်တက်တာ စော်တွေဘာတွေနဲ့''

အဲ့ဒီအချိန် ကျွန်တော်လေထဲမြောက်တက်သွားတာရယ်။

ဒါနဲ့ပဲ...

အို..မိုးမိုးကလည်း ငါ့ဘက်ပါနေပြီ...မနက်ဖြန်တော့ ရည်စားစာပေးဖြစ်အောင်ပေးမယ်ကွာလို့ ဆုံးဖြတ်လိုက်တယ်။

ပြီးတာနဲ့.ညလုံးပေါက် စာထိုင်စီတော့တာရယ်။

ရီနော့ဘောပင်လေးက အစပြုလို့ပေါ့။

နောက်တစ်ရက်

ကျောင်းကို စောသည်ထက်စောအောင်လာတယ်။

ဒါပေမယ့်..ဟိုကောင်ကြည်သာက ပိုစောနေတယ်။ မိုးမိုးနဲ့ ကန်တင်းမှာ ထိုင်တောင်နေပြီ။

စာပေးဖို့ရာကလည်း...ဒီကောင်က မလစ်ဘူး။

ဒါနဲ့...ကျွန်တော်တို့ အတန်းတွေဘာတွေ တက်လိုက်ကြသေးတယ်။

ထမင်းစားနားထဲ အခါကျ....ကန်တင်းကို သွားကြတယ်။ စားကြသောက်ကြပေါ့။ ဒါလည်း ဟိုမအေဘေးက မလစ်ဘူး။

"အတန်းထဲစောစောပြန်ရအောင်ကွာ'' လို့ ပြောပြီး ကျွန်တော်ထမှာ သူတို့လည်းထလာကြတယ်။

ကျွန်တော်တို့အတန်းရှေ့မှာ နှစ်လုံးတွဲအိမ်သာလေးတစ်ခုရှိတယ်။

တဖက်က မိန်းကလေး၊ တစ်ဖက်ကယောက်ျားလေးပါ။

အဲ့ဒီရှေ့ရောက်တော့ ကျွန်တော်အကြံရသွားတယ်။

"ဟေ့ကောင်တွေ...ငါဒီနေ့ ညနေအတန်းပြီးတဲ့အထိတက်မှာ..မင်းတို့ရောတက်မှာလား..စာမေးပွဲနီးပြီ''

"အေး..တက်မယ်လေ''

"ဒါဆို အပေါလေးလာလေးသွားထားမှပဲ။ ဆရာမစာသင်နေတုန်းထွက်ရင် မကောင်းဘူး''

အမှန်က တက္ကသိုလ်ဆိုတာ ဆရာမစာသင်လည်းကိုယ့်ဟာကိုယ် အပြင်ထွက်လို့ရနေတာပဲ။

ကျွန်တော်က ထပ်တည်တည်နဲ့ပြောလိုက်တာရယ်။

"အေး..ဟုတ်တယ်နော်..ငါအရင်သွားမယ်..ရော့..ငါ့ကျောပိုးအိတ်ယူထားပေး''

ကျွန်တော်က မိုးမိုး ကျောပိုးအိတ်ကို ဦးအောင်ယူထားလိုက်ပါတယ်။

ပြီးမှ ကြည်သာ့ကို

"ဟေ့ရောင်..မင်းဝင်ပေါက်ချင်ပေါက်လေ...ငါ မိုးမိုးထွက်လာမှ ပေါက်မယ်''

ကြည်သာဝင်သွားပါတယ်။

ကဲ အော်ပရေးရှင်းအောင်ပြီ။

မိုးမိုး ကျောပိုးအိတ် အပေါ်ဇစ်ကိုဖွင့်ပြီး ကျွန်တော့်စာလေးကို ထည့်လိုက်ပါတယ်။

မိုးမိုးထွက်လာတော့...ကျွန်တော်က ကျောပိုးအိတ်ဇစ်ကို မပိတ်သေးပဲ..အထဲက စာခေါက်ကို သူမြင်အောင်ပြပြီး မှ ကျောပိုးအိတ်ကို ပေးလိုက်ပါတယ်။

မိုးမိုးက မျက်လုံးကလေးဝိုင်းပြီး ကျွန်တော့်ကို ကြည့်တယ်။

အဲ့ဒီအချိန် ကြည်သာထွက်လာတော့...ကျွန်တော်က အိမ်သာထဲ ဝင်လိုက်တယ်။

ညစ်ပတ်နေတဲ့ တက္ကသိုလ်အိမ်သာကြီးထဲ ပျော်လိုက်တာလေ။

ဟိုကောင်ကြည်သာ ကျွန်တော့်စာကို မြင်လည်းပိုတောင်ကောင်းသေးတယ်ပေါ့။

အဲ့ဒီအချိန် ကြည်နူးချက်က ပေါက်တဲ့ သေးတောင် ပန်းရောင်လို့ထင်ရတယ်။

အိမ်သာထဲက ပြန်ထွက်ရင် မိုးမိုး က ကျွန်တော့်ကို ဘယ်လိုအကြည့်တွေနဲ့ ကြိုဆိုနေမှာလဲ။

သူကျွန်တော့်စာလေးကို ကြည်သာမသိအောင် တိတ်တိတ်လေးယူသွားမှာလား။

ဒါမှမဟုတ် ချက်ချင်းဖွင့်ဖတ်နေမှာလား။

ကြည်သာ ဆိုတဲ့ကောင်ကရော မနာလိုဖြစ်နေမှာလား.

ရင်တွေခုန်လိုက်တာ။

အိမ်သာပြင်ထွက်တော့....

"ကြာကူလီကောင်..မအေ -ိုး... ဖုန်း...ဒိုင်း''

ဗလတောင့်တောင့်၊ ဆံပင်ထောင်ထောင်နဲ့ ဘဲကြီးတပွေ က ကြည်သာ့ကို ထိုးနေတာ။

ကြည်သာက တမံသလင်းမှာပက်လက်။ သူ့အပေါ်မှာ ဟိုကောင်ကြီးက ခွလျက်။

"ကိုအောင်အေး..မလုပ်ပါနဲ့..ကိုအောင်အေး..မလုပ်ပါနဲ့''

မိုးမိုးက အဲ့ဘဲကြီးကို အတင်းဆွဲနေတယ်။

ကျွန်တော်လည်း ကိုယ့်ကောင်ခံနေရတာမြင်တော့...ဒီဘဲ ကျောကုန်းကို ပြေးကန်တာပေါ့။

"ဖုန်း''ဆို ကျွန်တော့်ခြေထောက်ပြန်ကန်ထွက်လာတယ်။

ဟ..ဘာကောင်ကြီးလဲ။

ဒါနဲ့ ကုပ်ပေါ်တက်ခွပြီး ခေါင်းကို ထိုးတယ်။

ဟိုကောင်ကြီးက တံတောင်နဲ့ ပြန်တွတ်တာ..ကျွန်တော့် မေးတစ်ခြမ်း အီစိမ့်သွားတယ်။

ဒီကောင်ကြီးက ကြည်သာ့ကို ထိုးတယ်။

ကျွန်တော်က သူ့ကို ပြန်တက်ခွပြီးထိုးတယ်။

အဲ့ဒီအချိန်မှာ

မိုးမိုးက ကျွန်တော့် ပုခုံးကို ခက်ကြမ်းကြမ်းတွန်းဖယ်ပြီး စကားတခွန်း အကျယ်ကြီးအော်လိုက်တယ်။

"ဟဲ့..ကျော်စွာ...အဲ့ဒါ..ငါ့ယောက်ျား'' တဲ့။

လခွမ်းလေ။

ကြောင်တောင်တောင်နဲ့ ကျွန်တော်ထရပ်လိုက်တယ်။

နောက် အတန်းတက်မယ့်..ကျောင်းသားတွေ..ဆရာတွေရောက်လာပြီး ဟိုကောင်ကြီးကိုလည်းဝိုင်းဆွဲလိုက်ကြတယ်။

မော်ကွန်းထိန်းရုံးခန်းကို ကျွန်တော်ရယ်၊ ကြည်သာရယ်၊ မိုးမိုးရယ်၊ သူ့လင် ဟိုကောင်ကြီးရယ် ရောက်ပါလေရောလား။

ကြည်သာက ဘယ်ဘက်မျက်လုံးကြီးဖူးလို့။

ကျွန်တော်က မေးကြီးရောင်ကိုင်းလို့။

ဟိုကောင်ကြီး ကတော့ ဘာဖြစ်တယ်မသိဘူး။

"သူက ကျွန်တော့် မိန်းမ ပါ..ဆရာ..ကျွန်တော်က ရန်ကုန်အားကာသိပ္ပံမှာ ဝန်ထမ်းပါဆရာ။.လက်ဝှေ ့ ထိုးပါတယ်။ သူနဲ့ ကျွန်တော် သူကိုးတန်းနှစ်မှာ ညားတာပါ။ အိမ်ထောင်သက် လေးနှစ်ရှိပါပြီ။ ကလေးတစ်ယောက်လည်းရှိပါတယ်။ 

အရင်နှစ်က ပဲခူးက သူ့အဒေါ်ဆီမှာ ဆယ်တန်းပြန်ဖြေတာ အောင်သွားပါတယ်။ ဒီမှာက ကလေးကိုထိန်းပေးမယ့် သူ့အဒေါ်လည်းရှိတယ်ဆိုလို့ အဝေးသင်လည်း ဒီမှာပေးတက်တာပါ။ ကျွန်တော့်ရွာက ညီမတစ်ယောက်ကလည်း ဒီမှာ တတိယနှစ်တက်နေတာ။ဟိုနေ့က သူက ကျွန်တော့်ရုံးကို ဖုန်းဆက်ပြောတယ်။.ကိုကြီး မိန်းမ..ကျောင်းမှာ ကောင်လေးတွေနဲ့ တွဲနေတယ်ဆိုလို့..အခု လိုက်လာကြည့်တော့..အိမ်သာရှေ့မှာ.. ဒီကောင်နဲ့ တွေ့တာနဲ့ ကျွန်တော်လည်း စိတ်မထိန်းနိုင်တာနဲ့.''

"ဟာ..ဆရာ ကျွန်တော်တို့်က ရိုးရိုးသားသားပါ..မယုံ..မိုးမိုးကို မေးကြည့်''

ကြည်သာက ထပြောပါတယ်။

ကျွန်တော်လား။ ဘယ်ပြောရဲမတုန်း။ ခုနကမှ ရည်းစားစာပေးထားတာလေ။

ဒီတော့...ရောင်နေတဲ့ မေးလေးကို

ကိုင်ပြီး..လင်ရှိလျက်နဲ့ ကျောင်းလာတက်ရလား..ကိုယ့်ကလေး ကိုယ်နို့တိုက်နေပါတော့လား..ဗိုင်းနာမရယ်ဆိုပြီီး စိတ်ထဲကပဲ ဆဲနိုင်တယ်။

တော်ပါသေးတယ်။

မော်ကွန်းထိန်းဆရာက ဒီအထာတွေကို နပ်တယ်။

တက္ကသိုလ်ဆိုတာ ဒီလိုပဲ ယောက်ျားလေးနဲ့ မိန်းကလေးတွေ သူငယ်ချင်းဖွဲ့တာ အလေ့အထဖြစ်ကြောင်း၊ ကျောင်းသားလေးတွေကလည်း ရိုးရိုးသားသားဖြစ်ကြောင်း ပြောပြတယ်။

ဒါတောင် ငနဲက

"သူငယ်ချင်း အုပ်စုမဟုတ်ပဲ...ဒီကောင်နဲ့ နှစ်ယောက်တည်းတွေ့တာကိုးဗျ'' လို့ လက်သီးကြီးဆုပ်ပြီး စောဒကတက်သေးတာ။

တော်သေးတာပေါ့ဗျာ။ ကျွန်တော်..မိုးမိုးကို စာပေးနေတုန်းသာ သူ့လင် ကိုအောင်အေးကြီးရောက်လာလို့ကတော့..တွေးတောင်မတွေးရဲဘူး။

ခုတော့ ကျွန်တော့်အစား မောင်ကြည်သာက ကံဆိုးသွားလေတယ်။

ပြသနာက

မော်ကွန်းထိန်းကောင်းမှုနဲ့ ပြေလည်သွားပါတယ်။

ရုံးခန်းကထွက်တော့....အီးပေမ က သူ့လင်ဗလကြီးလက်ကို ချိတ်လို့။

ကိုယ်တွေ နှစ်ကောင်မှာသာ...ခံဝန်ထိုးလိုက်ရသေးတဲ့အပြင်..မျက်ခွက်တွေအီစိမ့်လို့။

နောက်မှ ပြန်စဉ်းစားတော့ သူလင်ရှိတာအပြစ်မဟုတ်သလို ကျောင်းတက်တာလည်းအပြစ်မဟုတ်ဘူး။

သူလည်းငယ်သေးတော့ ရွယ်တူတွေကြားမှာ ငါ့မှာ လင်ကြီးနဲ့လို့ ဘယ်ပြောချင်မလဲ။

ကျွန်တော်တို့ကလည်း ဒီလိုဟာမလေးက ကိုးတန်းနဲ့လင်ယူမယ်ဘယ်ထင်မလဲ။

အခုတော့..ကျွန်တော့်မှာ ညဘက်ကလေးနို့တိုက်ရလို့ မနက်ခင်း အခန်းထဲမှာ အိပ်ငိုက်နေတာကို...ဒါ ဂျစ်ကန်ကန်ငရွဲ့မလေးဆိုပြီး ထင်တာ။

စောင်ကလေးအမေက...ကလစ်ဝယ်ဖို့အချိန်မရလို့..ဖြစ်သလို ခေါင်းမှာထိုးပြီး ဆံထုံးထုံးတာကို ကိုယ့်မှာ တေလေစတိုင်လ်လေးဆိုပြီး ကြွေလို့.။

နောက်ဆုံးတော့..ရေးနောဘောပင်ကိုသာ အပြစ်တင်ပြီး..ခွဆဲနေလိုက်တော့တယ်ဗျာ။

အခုတော့..တချို့စာဖတ်ပရိသတ်တွေ..ကျွန်တော့်စာအုပ်မှာ လက်မှတ်လာထိုးခိုင်းလို့ ရေးနောဘောပင်ပါလာရင်...မျက်ကွင်းကြီးညိုနေတဲ့ ကြည့်သာကို ပြေးမြင်မိတုန်း။

အဲ့ဒီတုန်းက ကျွန်တော်ပေးတဲ့ ရည်းစားစာကို..ဟိုကောင်ကြီးမြင်ရင်...မိုးမိုးလဲ မျက်ကွင်းညိုလောက်မှာ.သေချာသလောက်ပါပဲ။

သြော်..တက္ကသိုလ်ရဲ့ အချစ်ပုံပြင်လေးပွဲဦးထွက်တင် မေးခိုင်သွားစေတဲ့..ရေးနောဘောပင်။

ဗြိတိသျှကိုကိုမောင်




 Zawgyi


ကြၽန္ေတာ္ႏွင့္ ေရးေနာေဘာပင္
... .... .... ..... .... .... ....
ေရးေနာ ေဘာပင္ေလးေတြနဲ႔ စာေရးဖူးၾကလား။
စာေရးရတဲ့ လက္ကိုင္ေနရာမွာ အျပာေရာင္အၾကည္ေလးနဲ႔ ေနာက္ဘက္မွာက အျဖဴေရာင္ ေဘာပင္ေလးေလ။

အခုခ်ိန္မွာ အဂၤလိပ္လိုစာလံုးေပါင္းလည္း ကြၽန္ေတာ္မမွတ္မိေတာ့သလို အသံထြက္ကလည္း ေရးေနာ ဟုတ္ခ်င္မွဟုတ္မယ္။

ကြၽန္ေတာ္တို႔ကေတာ့ အဲ့ဒီေဘာပင္ေလးေတြကို ေက်ာင္းသားဘဝေတာက္ေလ်ွာက္ ေရးေနာေဘာပင္လို႔ ေခၚခဲ့တာပါပဲ။

ေရးေနာ ေဘာပင္ေလးေတြမွာ မွင္ေခ်ာင္းအခြၽန္နဲ႔ အတံုးႏွစ္မ်ိဳး႐ွိပါတယ္။

ေက်ာင္းသားေတြကေတာ့ မွင္ေခ်ာင္းအခြၽန္ကို ႀကိဳက္ၾကတာမ်ားပါတယ္။ လက္ေရးလွတာကိုး။

ကြၽန္ေတာ့္မွာ အဲ့ဒီ ေရးေနာေဘာပင္နဲ႔ပတ္သက္တဲ့ ဇာတ္လမ္းတစ္ပုဒ္႐ွိခဲ့ဖူးတယ္။
အခုအခ်ိန္အထိ အဲ့ဒီဇာတ္လမ္းဟာ လြမ္းစရာလား၊ နာၾကင္စရာလား၊ ရယ္စရာလားေတာင္ မခြဲတတ္ေတာ့ပါဘူး။

ဇာတ္လမ္းက ဒီလို။

ကြၽန္ေတာ္တို႔ေခတ္က အေဝးသင္ေခတ္။
အထူးသျဖင့္ ပဲခူးလို နယ္ၿမိဳ႕ေလးမွာ ဆယ္တန္းေအာင္ၿပီး Day တက္တယ္ဆိုတာ ေငြေၾကးအဆင္ေျပတဲ့ သားသမီးေတြအလုပ္ပါ။

ဒါေတာင္ တခ်ိဳ႕သူေဌးသားသမီးေတြက အေဝးသင္ပဲတက္ၾကတာ။
အခ်ိန္ကုန္သက္သာတယ္။ တျခားအလုပ္လုပ္လို႔ရတယ္ေပါ့။

ကြၽန္ေတာ္က ဆယ္တန္းေအာင္ၿပီး တကၠသိုလ္တက္ဖို႔လုပ္ေနခ်ိန္မွာပဲ အလုပ္ထြက္လုပ္ရတယ္။

အသက္ ၁၆ ႏွစ္ေက်ာ္ဝန္းက်င္ေပါ့။

ပဲခူးေစ်းႀကီးထဲက ဂ်င္ဗဲရားေခါင္းေလ်ွာ္ရည္ကုမၸဏီရဲ႕ ကိုယ္စားလွယ္သူေဌးဆီမွာ Sale Man အေရာင္းသမားေပါ့။

ဒီေတာ့ ကြၽန္ေတာ္ အေဝးသင္ပဲ ေလ်ွာက္ရတယ္။ ျမန္မာစာေမဂ်ာကိုပဲ လိုလိုခ်င္ခ်င္ေလ်ွာက္တာပါ။
ဟီး..မေလ်ွာက္လို႔လည္းမရ...ကိုယ့္အမွတ္က ျမန္မာနဲ႔ ပထဝီပဲရတာရယ္။

ထားပါေတာ့။
ဒီလိုနဲ႔ အေဝးသင္ ျမန္မာစာကို အနီးကပ္တက္ရမယ့္ ရက္ေတြေရာက္လာတယ္။

အဲ့ဒီတုန္းက နီကိုရဲ ရဲ႕ မၾကည္ျပာ က ေခတ္စားေနတာ။

တကၠသိုလ္ဆိုတာႀကီးကို ကြၽန္ေတာ္လည္း ေစာက္ရမ္းဖီးလ္ေနတာေပါ့။

အေပါင္းအသင္းေတြထဲ Day တက္တဲ့ေကာင္ေတြက ေက်ာင္းမွာ ဘယ္လိုဘာညာေတြ ႂကြယ္ထားေတာ့.ကိုယ္လည္း တကၠသိုလ္ေန႔ေတြၾကံဳခ်င္တာ ရြစိကိုတက္ေနၿပီ။

ကဲ..အလုပ္ကခြင့္ယူၿပီး...အနီးကပ္ဆယ္ရက္တက္မယ့္ေန႔ကို ေရာက္လာၿပီ။

အဲ့ဒီတုန္းက အေဝးသင္ေတြရဲ႕ အထာကို ေျပာျပမယ္။

အေဝးသင္ေက်ာင္းသားေတြဟာ ေဒးေက်ာင္းသားေတြနဲ႔ မတူပါဘူး။

ေဒးေက်ာင္းသားေတြက ေငြေၾကးေသာင္သာသူ အမ်ားစုဆိုေပမယ့္ တကၠသိုလ္တက္တဲ့အခါ သူတို႔က အိမ္ကမိဘေပးတဲ့ မုန္႔ဖိုးနဲ႔တက္ရတာ။

အေဝးသင္ေက်ာင္းသားကေတာ့ ဒီလိုမဟုတ္ဘူး။

တစ္ႏွစ္ပတ္လံုး ကိုယ့္ဟာကိုယ္ အလုပ္လုပ္၊ဝင္ေငြ႐ွာထားသူအမ်ားစု။

ဒီအနီးကပ္ဆယ္ရက္ေလးတက္ဖို႔ကုိ အားခဲထားၾက၊ စုထားၾကတာ။

အဝတ္အစားကအစ သံုးဖို႔စြဲဖို႔က အစေပါ့။

ေနာက္ဆံုး လုပ္ငန္းခြင္ထဲ ဖြန္မေၾကာင္ရသမ်ွ ဒီမွာဖြန္ေၾကာင္ၾကမယ္ဆိုတဲ့ ရည္မွန္းခ်က္သမားေတြ မ်ားတယ္။(ထင္တာပဲ..ကိုယ္လည္းဒီလိုကိုး)

ကြၽန္ေတာ္ဆိုလည္း တကၠသိုလ္ေနာက္ခံဝတၳဳေတြကို ဖြတ္လမြတ္ေၾကေအာင္ဖတ္ထားေတာ့..အားခဲထားသည္ေပါ့။

အိုေက...အေဝးသင္တကၠသိုလ္ရဲ႕ ပထမဆံေန႔ေရာက္ပါၿပီ။

အဲ့ဒီတုန္းက အခုလို ပဲခူးတကၠသိုလ္မျဖစ္ေသးဘူး။ ပဲခူးဒီဂရီေကာလိပ္ေပါ့။

ကိုယ္စာသင္ရမယ့္ အခန္းထဲထိုင္တယ္။
စတိတ္ေက်ာင္းတုန္းက ကိုယ္နဲ႔သိတဲ့ေကာင္ေတြ လိုက္႐ွာၾကည့္တယ္။

ေတြ႔ၿပီ။ ဒီခန္းထဲက ၾကည္သာ ဆိုတဲ့ေကာင္။
ဒီေကာင္ကလည္း ကြၽန္ေတာ့္ေတြ႔ေတာ့ ေပ်ာ္သြားတယ္။

အေဝးသင္ဆိုတာ ခဏေလးတက္ရတာ။
အဲ့ဒီဆယ္ရက္ေလာက္ေလးမွာ တြဲစရာေဘာ္ဒါ႐ွိေတာ့ ဟုတ္ဟုတ္ မဟုတ္ဟုတ္ အားငယ္စရာမလိုေတာ့ဘူးေပါ့။

ဒီေကာင္နဲ႔ ေပပါဝမ္းလားမသိ တခ်ိန္ေလာက္ အတူထိုင္တက္ၾကည့္တယ္။

အိုေက။ ကိုယ့္လိုပဲ ေက်ာင္းသင္ခန္းစာကလြဲလို႔ အကုန္စိတ္ဝင္စားတဲ့ေကာင္။
ေသာက္ခြက္ကလည္းေျပာင္တယ္။

ကန္တင္းေတြဘာေတြ ႏွစ္ေကာင္သားလစ္ၾကေသးတာ။

ဟုတ္ၿပီ။ ေဘာ္ဒါေတာ့ရၿပီ။

ဝတၳဳေတြထဲကလို ရင္ခုန္စရာေလးပဲ႐ွာဖို႔က်န္ေတာ့တယ္။

ဒုတိယရက္။

ၾကည္သာနဲ႔ ကြၽန္ေတာ္ အခ်ိတ္အဆက္က မိေနၿပီ။
အတန္းထဲက ေနာက္ဆံုးခံုမွာထိုင္ၿပီး ဝင္လာမ်ွ ေစာ္ေတြထိုင္ေရြးေတာ့တာ။

တကယ္က အေဝးသင္မွာက ေတာဘက္က လာတက္တဲ့ေစာ္ေတြက သံုးပံုႏွစ္ပံုေလာက္႐ွိတယ္။

ေရႊေတြကို သီးေနေအာင္ဝတ္ၿပီး အရမ္းေဂၚျပၾကတာ။

အဲ့ဒီအခ်ိန္ ကြၽန္ေတာ္က ေစ်းထဲမွာ အလုပ္လုပ္ရတာဆိုေတာ့ ပြဲရံုေတြ၊ကုန္စံုဆိုင္ေတြက သူေဌးေတြကို သိပ္အားက်တာ။

ဒီေတာ့..သူေဌး ျဖစ္ခ်င္တယ္။
ပီမိုးနင္းရဲ႕ တက္က်မ္းေတြ၊ ေဖျမင့္ရဲ႕ ေဘဘီလံုေတြဘာေတြဖတ္ထားၿပီးၿပီ။

အဲ့ဒါေတြ ဖတ္ထားၿပီဆိုေတာ့ လူငယ္တစ္ေယာက္ရဲ႕ ေအာင္ျမင္လိုစိတ္ေတြ အထြတ္အထိပ္ေရာက္ေနၿပီ။

ဒီေတာ့...
ငါသာ အေဝးသင္မွာ ေတာသူေဌးမတစ္ေယာက္နဲ႔ ႀကိဳက္ၿပီး ညားလို႔ကေတာ့.ေသာက္လုပ္လုပ္စရာမလိုပဲ...ႀကိမ္းေသ သူေဌးျဖစ္ၿပီဆိုတဲ့ အၾကံေကာင္းလည္းေတြးေသးတာ။

ကြၽန္ေတာ္တို႔ေ႐ွ႕ခံုမွာ လာထိုင္တဲ့ ခႏၶာကိုယ္ခပ္ျပည့္ျပည့္၊ ေရႊလက္ေကာက္ေတြ တေတာင္ဆစ္ေလာက္ဝတ္ထားတဲ့ ဖက္မတီး တတီးမေလး တစ္ေယာက္ကို ပစ္မွတ္ထားလိုက္တယ္။

အေဝးသင္တို႔ထံုးစံအတိုင္း တခ်ိန္မျပည့္ခင္ပဲ အဲ့ေကာင္မေလးနာမည္သိရတယ္။ ေနတာက ေဝါ မွာဆိုလား။

ၾကည္သာကလည္း သူတို႔အုပ္စုထဲက တစ္ေယာက္ကိုပြားတာ။

အဲ့ဒီတုန္းက လြင္မိုးတို႔ ခိုင္သင္းၾကည္တို႔႐ို္က္တဲ့ တကၠသိုလ္ေနာက္ခံဇာတ္ကားေတြလို Group Love ၾကံစည္ၾကတာေပါ့ေလ။

ခက္တာက..ဟိုေတာသူအုပ္က နည္းနည္းပိန္းသဗ်။
ကိုယ္ေတြက ဟာသေဖာက္လည္း ရယ္ခ်င္မွရယ္တာ။

အီလည္လည္နဲ႔ ေန႔တပိုင္းက်ိဴးသြားတယ္။

အတန္းၿပီးခ်ိန္က် အားလံုးေန႔လည္စာစားဖို႔ အခန္းထဲက ထြက္ၾကတာေပါ့။

ဟိုေကာင္ ၾကည္သာက ဖက္တီးမအုပ္စုေနာက္လိုက္ဖို႔ျပင္တယ္။

အဲ့ဒီအခ်ိန္မွာ ကြၽန္ေတာ္က အခန္းဟိုးဘက္ေထာင့္မွာ တစ္ေယာက္တည္း ခံုေပၚ ေမွာက္အိပ္ေနတဲ့ ေကာင္မေလးတစ္ေယာက္ကို သတိထားမိတယ္။

ထူးျခားတာက သူက ဆံထံုးတပတ္လ်ိႈထံုးထားသဗ်။

ဘီးေတြ၊ ဆံထိုးေတြနဲ႔မဟုတ္ဘူး။ ေရးေနာေဘာပင္နဲ႔။

စင္းေနေအာင္ေျဖာင့္ထားျပီး ေက်ာလည္ေလာက္ ႐ွိမယ္႔ ဆံပင္ေတြကို ေရးေနာေဘာပင္နဲ႔ ဆံထံုးထံုးထားတာဗ်ာ။

ဟိုခုန ရြာသူေတြလို ေရႊနားကြင္းႀကီးေတြ၊ ေရႊလက္ေကာက္ႀကီးေတြလည္း မဝတ္ထားဘူး။

ပန္႔ခ္ေတြ ဝတ္တဲ့ လက္ေကာက္အမဲေတြနဲ႔။
ကိုယ္ၾကပ္အက္် ီကို စကပ္ထမီနဲ႔တြဲဝတ္ထားတယ္။
(အဲ့ဒီေခတ္က အေဝးသင္ေက်ာင္းသားေတြကို အဝတ္အစားမကန္႔သတ္ေသးပါဘူး)

ကြၽန္ေတာ္က ၾကည္သာကို မ်က္စပစ္ျပေတာ့..ဟိုေကာင္ကလည္းနပ္တယ္။

သူ႔နားကို ကြၽန္ေတာ္ကပ္သြားတယ္။

"ေဟ့..သူငယ္ခ်င္း..ကန္တင္းမသြားဘူးလား''

သူ ထလာပါတယ္။ တကယ့္အိပ္မႈန္စံုမႊားနဲ႔။

"ေအး..ခုန ဆရာမစာသင္ေကာင္းလို႔ ငါအိပ္ေပ်ာ္သြားတာဟာ..ၿပီးေတာ့..ေဘာ္ဒါလည္းမ႐ွိလို႔''

အဲလယ္..႐ုပ္ေလးကလည္း သိပ္မဆိုးဘူးပဲ။
ၿပီးေတာ့ တာရာမင္းေဝတို႔၊ ေဝမႉးသြင္တို႔ ဝတၳဳေတြထဲကလို ဂ်စ္ကန္ကန္ေပါက္ကရဟာမေလးလို႔ ကြၽန္ေတာ္ေတြးလိုက္မိတယ္။

"ငါတို႔က တခန္းတည္းသားခ်င္း...ေဘာ္ဒါေတြပဲ..ငါတို႔႐ွိပါတယ္ဟ...ငါ့နာမည္ ေက်ာ္စြာ..သူက ၾကည္သာ''

"ငါ့နာမည္ မိုးမိုး''

သူက ေရးေနာေဘာပင္နဲ႔ ထံုးထားတဲ့ ဆံထံုးကို ေျဖလိုက္ၿပီး ေက်ာပိုးအိတ္ထဲက ဘီးကိုထုတ္ၿပီးၿဖီးလိုက္တယ္။

ေအာင္မယ္..No အဖြဲ႔က သဇင္လိုလိုဟ..အသားေလးညိဳတာတစ္ခုပဲ။

အဲ့ဒီမွာ ကြၽန္ေတာ္တို႔ သံုးေယာက္အဖြဲ႔ျဖစ္သြားတယ္။

တကၠသိုလ္မွာ သူငယ္ခ်င္းေကာင္ေလးႏွစ္ေယာက္နဲ႔ ေကာင္မေလးတစ္ေယာက္ဆိုတာ ဆရာႀကီးတကၠသိုလ္ဘုန္းႏိုင္တို႔၊ ဆရာေမာင္စိန္ဝင္းတို႔လိုဆို သိပ္ေရးလို႔ေကာင္းတဲ့ဇာတ္ေပါ့။

တတိယရက္၊ စတုတၳရက္မွာ တင္ ကြၽန္ေတာ္တို႔သံုးေယာက္ဟာ ေတာ္ေတာ္ေလးရင္းႏွီးသြားၾကၿပီ။

မိုးမိုး က ရန္ကုန္သူ။ ပဲခူးက သူ႔အေဒၚဆီမွာ ဆယ္တန္းလာေျဖရင္းေအာင္သြားေတာ့...အေဝးသင္ေလ်ွာက္တာ ပဲခူးေကာလိပ္ပဲ ရတာတဲ့။

ပထမႏွစ္တက္ၿပီးမွ ရန္ကုန္ေျပာင္းမွာတဲ့။

ၾကည္သာနဲ႔ ကြၽန္ေတာ္ မိုးမိုးကို မသိမသာၿပိဳင္ဖြန္ၾကတယ္။

ရက္တို အေရးေပၚဖြန္ေၾကာင္နည္းေတြနဲ႔ေပါ့ဗ်ာ။

ဆံထံုးမွာ ေရးေနာေဘာပင္ေလးထိုးထားၿပီး ပဲမမ်ားတတ္တဲ့ သူ႔စတိုင္လ္ကို အရမ္းေႂကြတာ။

ငါးရက္ေျမာက္ေန႔မွာေတာ့
သူကလည္း ကြၽန္ေတာ္တို႔ႏွစ္ေကာင္ကို ႐ိုက္လိုက္၊ပုတ္လိုက္၊ရယ္လိုက္ေမာလိုက္နဲ႔ တကယ့္ ငယ္ေပါင္းေတြလိုပဲျဖစ္ကုန္တယ္။

အဲ့ဒီေန႔က ပဲခူးေကာလိပ္ေ႐ွ႕က ဘုရားဝင္းေရကန္ႀကီးေဘးမွာ ကြၽန္ေတာ္တို႔သံုးေယာက္ မုန္႔ေတြစား၊စကားေတြေျပာရင္း ညေနေစာင္းသြားတယ္။

ေနာက္ရက္က် စေန တနဂၤေႏြ ပိတ္တယ္။
ကြၽန္ေတာ္ ဟိ တက္ၿပီ။ ၾကည္သာ လည္း ဒီလိုပဲေနမွာ။

စေနေန႔ မနက္..ကြၽန္ေတာ္ ေပးထားတဲ့ အိမ္လိပ္စာအတိုင္း မိုးမိုးေရာက္လာတယ္။

"ငါတို႔သံုးေယာက္ ကေမၻာဇသာဒီနန္းေတာ္ထဲ သြားလည္ၾကရေအာင္'' တဲ့။

ငါတို႔သံုးေယာက္ဆိုေတာ့ ကိုယ့္မွာ သူ႔ကို စက္ဘီးေနာက္တင္ၿပီး ဟိုေကာင့္အိမ္ ဝင္ေခၚရေသး။

နန္းေတာ္ရာထဲ..ေလ်ွာက္လည္ၾက။ ေရႊေမာေဓာဘုရားတက္ၾကေပါ့၊

တနဂၤေႏြမွာ ဟိ က ပိုတက္သြားၿပီ။ ကဗ်ာေတြသံုးေလးပုဒ္ေလာက္ေရးၿပီးၿပီ။

ငါ့ရဲ႕ ေအာက္တိုဘာမိုးစက္ကေလးေရ..ရီေနာေဘာပင္ေလးလို..မင္းမ်က္ဝန္းခြၽန္ခြၽန္နဲ႔..ကိုယ့္ကို ရႊဲရႊဲစိုပါေစဦး..ဘာညာေပါ့။

ဟိုေကာင္ ၾကည္သာ ပံုစံကလည္း မိုးမိုးအေပၚ မ႐ိုးသားဘူး။

တနဂၤေႏြ ညေနက် ၾကည္သာ ကြၽန္ေတာ့္အိမ္ေရာက္လာတယ္။

စာႀကိဳးစားတဲ့ အမ်ိဴးေကာင္းသား အေဝးသင္တကၠသိုလ္ေက်ာင္းသားေတြပီပီ စာလုပ္ရတဲ့ ရက္ကေလးမွာ အရက္ထြက္ေသာက္ၾကပါေတာ့တယ္။

အရက္ေသာက္ရင္း..ၾကည္သာ က ''မိုးမိုး က မဆိုးဘူးကြ...ေနာက္ကၾကည့္ရင္ ေတာ္ေတာ္ဖြံ႕တယ္'

ေတာက္..ဒီေကာင္ကြာ ခ်စ္ျခင္းေမတၱာကို တဏွာနဲ႔ေရာတယ္ ဆိုၿပီး ကြၽန္ေတာ္တင္းသြားေသးတယ္။

ၿပီးေတာ့မွ..ငါက ရီေနာေဘာပင္ေလး ျဖဴျဖဴစင္စင္ခ်စ္တာပဲ..ဒီေကာင့္လို မဟုတ္ဘူးဆိုၿပီး ၾကံဖန္ဂုဏ္ယူေသးတာ။

ကံေကာင္းတာက ေနာက္ေန႔ မနက္က် ၾကည္သာက ေနာက္က်တယ္။

ေက်ာင္းကန္တင္းမွာ ကြၽန္ေတာ္နဲ႔မိုးမိုး ႏွစ္ေယာက္တည္း မနက္စားစားၾကတာေပါ့။

ေဘးခ်င္းကပ္လ်က္ထိုင္တာဗ်ာ။ ေတာ္ကီကလည္း ေရလည္အေျခအေနေကာင္း..လမ္းေၾကာင္းသင့္။

ဆံပင္ေတြဘာေတြ သပ္တင္ေပးလို႔ရတဲ့ အဆင့္ျဖစ္ေနၿပီ။

ဟိုေကာင္ ေနရစ္ေပေတာ့လို႔..စိတ္ထဲက ႀကိမ္းၿပီး ၾကည္ႏူးေနတာ။

အဲ့ဒီမွာပဲ ကြၽန္ေတာ္တို႔ တဝိုင္းေက်ာ္မွာ ထိုင္ေနတဲ့ ရပ္ကြက္ထဲက ကြၽန္ေတာ့္သူငယ္ခ်င္းက ကြၽန္ေတာ့္ကို ႏႈတ္ဆက္တယ္။

ဒီေကာင္က ေဒးတက္တဲ့ေကာင္။ အေဝးသင္ကို လာလည္တာ။

ညေနက် ရပ္ကြက္ထဲေရာက္ေတာ့ ဒီေကာင္က အားက်ခ်ီးက်ဴ းတဲ့ေလသံႀကီးနဲ႔ လက္ဖက္ရည္ဝိုင္းထဲ ကြၽန္ေတာ့္ကို ခ်ီးက်ဴ းေတာ့တာ။

"ငါတို႔ေဒးတက္တာ ႏွစ္ဝက္႐ွိၿပီ။ေစာ္မရဘူးကြာ။ေက်ာ္စြာႀကီးက ဆရာက်တယ္။ အေဝးသင္ေလး ေလးငါးရက္တက္တာ ေစာ္ေတြဘာေတြနဲ႔''

အဲ့ဒီအခ်ိန္ ကြၽန္ေတာ္ေလထဲေျမာက္တက္သြားတာရယ္။

ဒါနဲ႔ပဲ...

အို..မိုးမိုးကလည္း ငါ့ဘက္ပါေနၿပီ...မနက္ျဖန္ေတာ့ ရည္စားစာေပးျဖစ္ေအာင္ေပးမယ္ကြာလို႔ ဆံုးျဖတ္လိုက္တယ္။

ၿပီးတာနဲ႔.ညလံုးေပါက္ စာထိုင္စီေတာ့တာရယ္။
ရီေနာ့ေဘာပင္ေလးက အစျပဳလို႔ေပါ့။

ေနာက္တစ္ရက္
ေက်ာင္းကို ေစာသည္ထက္ေစာေအာင္လာတယ္။

ဒါေပမယ့္..ဟိုေကာင္ၾကည္သာက ပိုေစာေနတယ္။ မိုးမိုးနဲ႔ ကန္တင္းမွာ ထိုင္ေတာင္ေနၿပီ။

စာေပးဖို႔ရာကလည္း...ဒီေကာင္က မလစ္ဘူး။

ဒါနဲ႔...ကြၽန္ေတာ္တို႔ အတန္းေတြဘာေတြ တက္လိုက္ၾကေသးတယ္။

ထမင္းစားနားထဲ အခါက်....ကန္တင္းကို သြားၾကတယ္။ စားၾကေသာက္ၾကေပါ့။ ဒါလည္း ဟိုမေအေဘးက မလစ္ဘူး။

"အတန္းထဲေစာေစာျပန္ရေအာင္ကြာ'' လို႔ ေျပာၿပီး ကြၽန္ေတာ္ထမွာ သူတို႔လည္းထလာၾကတယ္။

ကြၽန္ေတာ္တို႔အတန္းေ႐ွ႕မွာ ႏွစ္လံုးတြဲအိမ္သာေလးတစ္ခု႐ွိတယ္။
တဖက္က မိန္းကေလး၊ တစ္ဖက္ကေယာက္်ားေလးပါ။

အဲ့ဒီေ႐ွ႕ေရာက္ေတာ့ ကြၽန္ေတာ္အၾကံရသြားတယ္။

"ေဟ့ေကာင္ေတြ...ငါဒီေန႔ ညေနအတန္းၿပီးတဲ့အထိတက္မွာ..မင္းတို႔ေရာတက္မွာလား..စာေမးပြဲနီးၿပီ''

"ေအး..တက္မယ္ေလ''

"ဒါဆို အေပါေလးလာေလးသြားထားမွပဲ။ ဆရာမစာသင္ေနတုန္းထြက္ရင္ မေကာင္းဘူး''

အမွန္က တကၠသိုလ္ဆိုတာ ဆရာမစာသင္လည္းကိုယ့္ဟာကိုယ္ အျပင္ထြက္လို႔ရေနတာပဲ။

ကြၽန္ေတာ္က ထပ္တည္တည္နဲ႔ေျပာလိုက္တာရယ္။

"ေအး..ဟုတ္တယ္ေနာ္..ငါအရင္သြားမယ္..ေရာ့..ငါ့ေက်ာပိုးအိတ္ယူထားေပး''

ကြၽန္ေတာ္က မိုးမိုး ေက်ာပိုးအိတ္ကို ဦးေအာင္ယူထားလိုက္ပါတယ္။

ၿပီးမွ ၾကည္သာ့ကုိ

"ေဟ့ေရာင္..မင္းဝင္ေပါက္ခ်င္ေပါက္ေလ...ငါ မိုးမိုးထြက္လာမွ ေပါက္မယ္''

ၾကည္သာဝင္သြားပါတယ္။

ကဲ ေအာ္ပေရး႐ွင္းေအာင္ၿပီ။

မိုးမိုး ေက်ာပိုးအိတ္ အေပၚဇစ္ကိုဖြင့္ၿပီး ကြၽန္ေတာ့္စာေလးကို ထည့္လိုက္ပါတယ္။

မိုးမိုးထြက္လာေတာ့...ကြၽန္ေတာ္က ေက်ာပိုးအိတ္ဇစ္ကို မပိတ္ေသးပဲ..အထဲက စာေခါက္ကို သူျမင္ေအာင္ျပၿပီး မွ ေက်ာပိုးအိတ္ကို ေပးလိုက္ပါတယ္။

မိုးမိုးက မ်က္လံုးကေလးဝိုင္းၿပီး ကြၽန္ေတာ့္ကို ၾကည့္တယ္။

အဲ့ဒီအခ်ိန္ ၾကည္သာထြက္လာေတာ့...ကြၽန္ေတာ္က အိမ္သာထဲ ဝင္လိုက္တယ္။

ညစ္ပတ္ေနတဲ့ တကၠသိုလ္အိမ္သာႀကီးထဲ ေပ်ာ္လိုက္တာေလ။

ဟိုေကာင္ၾကည္သာ ကြၽန္ေတာ့္စာကို ျမင္လည္းပိုေတာင္ေကာင္းေသးတယ္ေပါ့။

အဲ့ဒီအခ်ိန္ ၾကည္ႏူးခ်က္က ေပါက္တဲ့ ေသးေတာင္ ပန္းေရာင္လို႔ထင္ရတယ္။

အိမ္သာထဲက ျပန္ထြက္ရင္ မိုးမိုး က ကြၽန္ေတာ့္ကို ဘယ္လိုအၾကည့္ေတြနဲ႔ ႀကိဳဆိုေနမွာလဲ။

သူကြၽန္ေတာ့္စာေလးကို ၾကည္သာမသိေအာင္ တိတ္တိတ္ေလးယူသြားမွာလား။

ဒါမွမဟုတ္ ခ်က္ခ်င္းဖြင့္ဖတ္ေနမွာလား။

ၾကည္သာ ဆိုတဲ့ေကာင္ကေရာ မနာလိုျဖစ္ေနမွာလား.

ရင္ေတြခုန္လိုက္တာ။

အိမ္သာျပင္ထြက္ေတာ့....

"ၾကာကူလီေကာင္..မေအ -ိုး... ဖုန္း...ဒိုင္း''

ဗလေတာင့္ေတာင့္၊ ဆံပင္ေထာင္ေထာင္နဲ႔ ဘဲႀကီးတေပြ က ၾကည္သာ့ကို ထိုးေနတာ။

ၾကည္သာက တမံသလင္းမွာပက္လက္။ သူ႔အေပၚမွာ ဟိုေကာင္ႀကီးက ခြလ်က္။

"ကိုေအာင္ေအး..မလုပ္ပါနဲ႔..ကိုေအာင္ေအး..မလုပ္ပါနဲ႔''

မိုးမိုးက အဲ့ဘဲႀကီးကို အတင္းဆြဲေနတယ္။

ကြၽန္ေတာ္လည္း ကိုယ့္ေကာင္ခံေနရတာျမင္ေတာ့...ဒီဘဲ ေက်ာကုန္းကို ေျပးကန္တာေပါ့။

"ဖုန္း''ဆို ကြၽန္ေတာ့္ေျခေထာက္ျပန္ကန္ထြက္လာတယ္။

..ဘာေကာင္ႀကီးလဲ။

ဒါနဲ႔ ကုပ္ေပၚတက္ခြၿပီး ေခါင္းကို ထိုးတယ္။

ဟိုေကာင္ႀကီးက တံေတာင္နဲ႔ ျပန္တြတ္တာ..ကြၽန္ေတာ့္ ေမးတစ္ျခမ္း အီစိမ့္သြားတယ္။

ဒီေကာင္ႀကီးက ၾကည္သာ့ကို ထိုးတယ္။

ကြၽန္ေတာ္က သူ႔ကို ျပန္တက္ခြၿပီးထိုးတယ္။

အဲ့ဒီအခ်ိန္မွာ
မိုးမိုးက ကြၽန္ေတာ့္ ပုခံုးကို ခက္ၾကမ္းၾကမ္းတြန္းဖယ္ၿပီး စကားတခြန္း အက်ယ္ႀကီးေအာ္လိုက္တယ္။

"ဟဲ့..ေက်ာ္စြာ...အဲ့ဒါ..ငါ့ေယာက္်ား'' တဲ့။

လခြမ္းေလ။

ေၾကာင္ေတာင္ေတာင္နဲ႔ ကြၽန္ေတာ္ထရပ္လိုက္တယ္။

ေနာက္ အတန္းတက္မယ့္..ေက်ာင္းသားေတြ..ဆရာေတြေရာက္လာၿပီး ဟိုေကာင္ႀကီးကိုလည္းဝိုင္းဆြဲလိုက္ၾကတယ္။

ေမာ္ကြန္းထိန္းရံုးခန္းကို ကြၽန္ေတာ္ရယ္၊ ၾကည္သာရယ္၊ မိုးမိုးရယ္၊ သူ႔လင္ ဟိုေကာင္ႀကီးရယ္ ေရာက္ပါေလေရာလား။

ၾကည္သာက ဘယ္ဘက္မ်က္လံုးႀကီးဖူးလို႔။
ကြၽန္ေတာ္က ေမးႀကီးေရာင္ကိုင္းလို႔။

ဟိုေကာင္ျကီး ကေတာ့ ဘာျဖစ္တယ္မသိဘူး။

"သူက ကြၽန္ေတာ့္ မိန္းမ ပါ..ဆရာ..ကြၽန္ေတာ္က ရန္ကုန္အားကာသိပၸံမွာ ဝန္ထမ္းပါဆရာ။.လက္ေဝွ ထိုးပါတယ္။ သူနဲ႔ ကြၽန္ေတာ္ သူကိုးတန္းနွစ္မွာ ညားတာပါ။ အိမ္ေထာင္သက္ ေလးႏွစ္႐ွိပါၿပီ။ ကေလးတစ္ေယာက္လည္း႐ွိပါတယ္။
အရင္ႏွစ္က ပဲခူးက သူ႔အေဒၚဆီမွာ ဆယ္တန္းျပန္ေျဖတာ ေအာင္သြားပါတယ္။ ဒီမွာက ကေလးကိုထိန္းေပးမယ့္ သူ႔အေဒၚလည္း႐ွိတယ္ဆိုလို႔ အေဝးသင္လည္း ဒီမွာေပးတက္တာပါ။ ကြၽန္ေတာ့္ရြာက ညီမတစ္ေယာက္ကလည္း ဒီမွာ တတိယႏွစ္တက္ေနတာ။ဟိုေန႔က သူက ကြၽန္ေတာ့္ရံုးကို ဖုန္းဆက္ေျပာတယ္။.ကိုႀကီး မိန္းမ..ေက်ာင္းမွာ ေကာင္ေလးေတြနဲ႔ တြဲေနတယ္ဆိုလို႔..အခု လိုက္လာၾကည့္ေတာ့..အိမ္သာေ႐ွ႕မွာ.. ဒီေကာင္နဲ႔ ေတြ႔တာနဲ႔ ကြၽန္ေတာ္လည္း စိတ္မထိန္းႏိုင္တာနဲ႔.''

"ဟာ..ဆရာ ကြၽန္ေတာ္တို္႔က ႐ိုး႐ိုးသားသားပါ..မယံု..မိုးမိုးကို ေမးၾကည့္''

ၾကည္သာက ထေျပာပါတယ္။

ကြၽန္ေတာ္လား။ ဘယ္ေျပာရဲမတုန္း။ ခုနကမွ ရည္းစားစာေပးထားတာေလ။

ဒီေတာ့...ေရာင္ေနတဲ့ ေမးေလးကို
ကိုင္ၿပီး..လင္႐ွိလ်က္နဲ႔ ေက်ာင္းလာတက္ရလား..ကိုယ့္ကေလး ကိုယ္ႏို႔တိုက္ေနပါေတာ့လား..ဗိုင္းနာမရယ္ဆိုၿပီီး စိတ္ထဲကပဲ ဆဲႏိုင္တယ္။

ေတာ္ပါေသးတယ္။

ေမာ္ကြန္းထိန္းဆရာက ဒီအထာေတြကို နပ္တယ္။

တကၠသိုလ္ဆိုတာ ဒီလိုပဲ ေယာက္်ားေလးနဲ႔ မိန္းကေလးေတြ သူငယ္ခ်င္းဖြဲ႔တာ အေလ့အထျဖစ္ေၾကာင္း၊ ေက်ာင္းသားေလးေတြကလည္း ႐ိုး႐ိုးသားသားျဖစ္ေၾကာင္း ေျပာျပတယ္။

ဒါေတာင္ ငနဲက
"သူငယ္ခ်င္း အုပ္စုမဟုတ္ပဲ...ဒီေကာင္နဲ႔ ႏွစ္ေယာက္တည္းေတြ႔တာကိုးဗ်'' လို႔ လက္သီးႀကီးဆုပ္ၿပီး ေစာဒကတက္ေသးတာ။

ေတာ္ေသးတာေပါ့ဗ်ာ။ ကြၽန္ေတာ္..မိုးမိုးကို စာေပးေနတုန္းသာ သူ့လင္ ကိုေအာင္ေအးႀကီးေရာက္လာလို႔ကေတာ့..ေတြးေတာင္မေတြးရဲဘူး။

ခုေတာ့ ကြ်န္ေတာ့္အစား ေမာင္ၾကည္သာက ကံဆိုးသြားေလတယ္။

ျပသနာက
ေမာ္ကြန္းထိန္းေကာင္းမႈနဲ႔ ေျပလည္သြားပါတယ္။

ရံုးခန္းကထြက္ေတာ့....အီးေပမ က သူ႔လင္ဗလႀကီးလက္ကို ခ်ိတ္လို႔။

ကိုယ္ေတြ ႏွစ္ေကာင္မွာသာ...ခံဝန္ထိုးလိုက္ရေသးတဲ့အျပင္..မ်က္ခြက္ေတြအီစိမ့္လို႔။

ေနာက္မွ ျပန္စဥ္းစားေတာ့ သူလင္႐ွိတာအျပစ္မဟုတ္သလို ေက်ာင္းတက္တာလည္းအျပစ္မဟုတ္ဘူး။

သူလည္းငယ္ေသးေတာ့ ရြယ္တူေတြၾကားမွာ ငါ့မွာ လင္ႀကီးနဲ႔လို႔ ဘယ္ေျပာခ်င္မလဲ။

ကြၽန္ေတာ္တို႔ကလည္း ဒီလိုဟာမေလးက ကိုးတန္းနဲ႔လင္ယူမယ္ဘယ္ထင္မလဲ။

အခုေတာ့..ကြၽန္ေတာ့္မွာ ညဘက္ကေလးႏို႔တိုက္ရလို႔ မနက္ခင္း အခန္းထဲမွာ အိပ္ငိုက္ေနတာကို...ဒါ ဂ်စ္ကန္ကန္ငရြဲ႔မေလးဆိုၿပီး ထင္တာ။

ေစာင္ကေလးအေမက...ကလစ္ဝယ္ဖို႔အခ်ိန္မရလို႔..ျဖစ္သလို ေခါင္းမွာထိုးၿပီး ဆံထံုးထံုးတာကို ကိုယ့္မွာ ေတေလစတိုင္လ္ေလးဆိုၿပီး ေႂကြလို႔.

ေနာက္ဆံုးေတာ့..ေရးေနာေဘာပင္ကိုသာ အျပစ္တင္ၿပီး..ခြဆဲေနလိုက္ေတာ့တယ္ဗ်ာ။

အခုေတာ့..တခ်ိဳ႕စာဖတ္ပရိသတ္ေတြ..ကြၽန္ေတာ့္စာအုပ္မွာ လက္မွတ္လာထိုးခိုင္းလို႔ ေရးေနာေဘာပင္ပါလာရင္...မ်က္ကြင္းႀကီးညိဳေနတဲ့ ၾကည့္သာကို ေျပးျမင္မိတုန္း။

အဲ့ဒီတုန္းက ကြၽန္ေတာ္ေပးတဲ့ ရည္းစားစာကို..ဟိုေကာင္ႀကီးျမင္ရင္...မိုးမိုးလဲ မ်က္ကြင္းညိဳေလာက္မွာ.ေသခ်ာသေလာက္ပါပဲ။

ေၾသာ္..တကၠသိုလ္ရဲ႕ အခ်စ္ပံုျပင္ေလးပြဲဦးထြက္တင္ ေမးခိုင္သြားေစတဲ့..ေရးေနာေဘာပင္။

ၿဗိတိသ်ွကိုကိုေမာင္

 


Comments

  1. ရေးနော မှင်ချောင်းအချွန်လေး

    ReplyDelete
  2. ပြင်သစ်ဘောပင်လို့ ခေါ်တာလားမသိဘူး ကျွန်တော်တို့ ဆီက

    ReplyDelete
  3. မပြီးသေးလို့ဆက်ဖတ်မှဇာတ်ကဒီလိုကိုး😂

    ReplyDelete

Post a Comment