ကျွန်တော်နှင့် အိမ်သာ ၂
Unicode
ကျွန်တော်နှင့် အိမ်သာ ၂
…………………………………
ကျွန်တော် ဟာ အိမ်သာနဲ့ ပတ်သက်ပြီး တော်တော်ဇီဇာကြောင်တဲ့အလေ့အကျင့်ရှိတဲ့ကောင်ဆိုတာ ပထမ အိမ်သာ ၁ မှာ ရေးပြီးခဲ့ပါပြီ။
အဲ့ဒီလို အကျင့််ကြောင့်ပဲလား မသိ။ အိမ်သာနဲ့ ပတ်သက်ရင် ဂဂျိုးဂဂျောင် ပြသနာတွေ အမြဲကြုံရပါတယ်။
ကျွန်တော် တက္ကသိုလ် ပထမနှစ် စာမေးပွဲ ဖြေပြီးခါစမှာ ကျွန်တော့်သူငယ်ချင်း အောင်ဖြိုးက သူ့အစ်မ မင်္ဂလာဆောင်ကိုဖိတ်ရင်းနဲ့ သူ့ရွာကို ခေါ်တယ်ဗျ ..။
ကျွန်တော်ကလည်း နဂိုက စပ်စပ်စုစုကောင်ဆိုတော့ နှစ်ခါမခေါ်ရဘူး သူတို့ရွာကို ပါသွားတာပေါ့ ။
သူတို့ရွာလေးက ပဲခူးတိုင်းထဲကပါ ။ စစ်တောင်းမြစ်ကမ်းဘေးရွာလေးဆိုပါတော့ဗျာ ။
ဟိုရောက်တော့ အောင်ဖြိုးတို့အိမ်ရှေ့မှာ မင်္ဂလာမဏ္ဍပ်ကြီး ဟီးနေအောင် ထိုးထားပါတယ်။
ကျွန်တော်တို့ကို တွေ့တော့ အောင်ဖြိုးတို့အဖေ အမေ က ပျော်လို့ မော်လို့ပေါ့ ။
အောင်ဖြိုး ယောက်ဖလောင်း ကလည်း ရွာသူဌေးသား ဆိုလားပဲ ။
ထုံးစံအတိုင်း ရောက်ရောက်ချင်း အောင်ဖြိုးယောက်ဖလောင်းက ကျွန်တော်တိို့ကို ထန်းတောကို တန်းခေါ်သွားတယ် ။
ထန်းရည်ဆိုင်မှာ ကျွန်တော်တို့နှစ်ကောင်ကို အပ်ပေးခဲ့ပြီး သူ့ယောက်ဖလောင်းက ပြန်သွားပါတယ်။
သောက်စားသမျှ သူရှင်းမယ်ပေါ့။
ဘယ်ပြောကောင်းမလဲ ။ ဗျိုင်းသားကြော် နဲ့ ပင်ကျရည်လေး စုပ်ပြီး နှစ်ကောင်သား ဇရပ်မင်းစည်းစိမ်ခံကြတာပေါ့ဗျာ ။
နေစောင်းတော့မှ ထွေထွေလေးပြန်လာတာ ။
မင်္ဂလာဆောင်က နောက်တစ်နေ့မှ ဆိုပေမယ့် သူတို့အိမ်မှာက အလုပ်အကိုင်က စနေပြီဗျ ။
ရွာထဲက အပျိုတွေ လူပျိုတွေ ၀ိုင်းကူလုပ်သူတွေနဲ့ ဟင်းချက်ဖို့ စနေကြပြီလေ ။
ထုံးစံအတိုင်း ရွာသူလေးတွေရှေ့မှာ မြို့ကလာတဲ့ ဧည့်သည် ဆိုပြီး ကိုယ်ကလည်း ဂိုက်ပေးကြမ်းတာပေါ့ဗျာ ။
ထွေးညိုတို့ ၊ စာဥ တို့ကလည်း ကွက်ကြည့် ကွက်ကြည့်ပေါ့…။
ညနေ ၅ နာရီလောက်ကျတော့ ပြသနာက စတက်တာပဲ ။
ထန်းရေ ရယ် ၊ ဗျိုင်းသားရယ် ဗိုက်ထဲမှာ တိုက်ပွဲတွေဖြစ်ကုန်တာလေ…….။
အိမ်သာက သူတို့ခြံနောက်က မြစ်ကမ်းဘေးလေးမှာ ။
အဲဒီကိုရောက်ဖို့ကို အိမ်သာနဲ့ မနီးမဝေးအုန်းပင်ရိပ်မှာ ချက်ပြုတ်နေကြတဲ့ အပျိုတစ်သိုက်ကို ဖြတ်သွားရတယ် ။
ဘယ်တတ်နိုင်မလဲဗျာ………။ ကိုယ့်ကိစ္စက ဒီတိုင်းထားလို့ရတဲ့ ကိစ္စမှ မဟုတ်တာ…….။
အဲဒါနဲ့ အပျိုတစ်သိုက်ကို ရှက်ရှက်နဲ့ ကျော်လွှားပြီး အိမ်သာရှိရာကို ပြေးရတာပေါ့ ။
သူတို့အိမ်က အိမ်သာပုံစံကို ပြောရအုံးမယ် ။
။ မြစ်ကမ်းဘေးကို တိုင်ထူပြီး ခပ်မြင့်မြင့်ဆောက်ထားတာ ။ အောက်မှာက မြစ်ရေက စီးနေတာ ။
ကမုတ်ပဲရှိတယ် ။ ပိုက်လိုင်းမရှိဘူး ။ ထွက်သမျှ မြစ်ထဲ သွားလေရောပဲ။
ကောင်မလေးတွေ ဟင်းချက်တဲ့နေရာက လည်း အိမ်သာနဲ့ မနီးမဝေးဗျ ။
ကျွန်တော်လည်း ပုဆိုးကိုမပြီး စုစည်းထားသမျှ လွှတ်ချလိုက်တယ်……….။
“ပလုံ”
“တစ်တုံး…………”
အောက်ကရေထဲ အရှိန်နဲ့ ကျသွားတဲ့ ကျွန်တော့်ရဲ့ ပလုံ အသံနောက်မှာ အပြင်ဘက်က ဟင်းချက်ဝိုင်းထဲက ကောင်မလေးတစ်ယောက်ရဲ့ အသံက ကပ်ပါလာတယ်ဗျာ ။
“အင့်….ပလုံ”
“ကဲ..နှစ်တုံး..ရှိပြီ…”
ဗုဒ္ဓေါ…ကျွန်တော် ဖင်နည်းနည်းတွန့်သွားတယ်..။ ဘယ်လိုပါလိမ့်…။ တိုက်ဆိုင်တာဖြစ်မှာပါလေ…။
“ကဲကွာ…ပလုံ”
“ဒီတစ်ခါတော့ အတုံးကြီးတယ် အစ်မရေ..သုံးတုံးမြောက်”
ဟာ..အပြင်က ကောင်မတွေ..ငါ့အတုံးတွေများ လိုက်ရေနေတာလား..။
အဲ့ဒီလိုတွေးမိပြီး…အိမ်သာထဲမှာ ဇောချွေးတွေ ပြန်လာတယ်……….။
ဆက်လည်း ပလုံ ဖို့တောင် တွန့်နေပြီ………….။
ဘယ့်နှယ့်ဗျာ..ဘဝမှာ ကိုယ်အီးပါတာကို တစ်တုံးနှစ်တုံး ရေတာမျိုးက ကိုယ့်ဟာကိုယ်တောင် တစ်ခါမှ မလုပ်ကြည့်ဖူးဘူး။
အခုဟာက…မဟုတ်သေးပါဘူး။
ခဏလေးအောင့်နေလိုက်တော့ အပြင်ဘက်က ကောင်မလေးတွေဆီက ရယ်သံတွေထွက်လာတယ်..။
တစ်ယောက်ယောက်က ဟာသပြောလိုက်တယ်ထင်ရဲ့..။
ဘယ်ရမလဲ …ရယ်သံတွေ မဆုံးခင်…..ကျွန်တော်လည်း အခွင့်အရေးကို အပီအပြင်အသုံးချလိုက်တာပေါ့..။
“ပလုံ”
“ဒါပါနဲ့ဆို လေးတုံး ရှိပြီ..လေးတုံး..အမရေ…”
ဟာ…ဒါတော့ သေချာသွားပြီ…….။
ကိစ္စကို မြန်မြန်ဖြတ်၊ ရေနဲ့ မြန်မြန် သန့်စင်ပြီး အိမ်သာတံခါးကိုဖွင့် သူတို့ကို မကြည့်ပဲ အောင်ဖြိုး တို့အိမ်ဆီ တန်းပြေး ပစ်လိုက်တယ်ဗျာ……….။
ဘယ်နှယ် တော်တော်နောက်တဲ့ ရွာသူတွေ………..။
ရှက်လဲရှက် ၊ ဒေါသလဲထွက် ၊ ကိုယ့်ကိစ္စကလည်း တို့လို့တန်းလန်းကြီး…။
အောင်ဖြိုးကို ပြောပြတော့ အောင်ဖြိုးက ရယ်ကျဲကျဲနဲ့ “ဟာ အဲဒါ မအေးယု တို့ပါကွာ… ငါသွားမေးပေးပါ့မယ်.. အဲ့ဒီလို လုပ်တာတော့ မကောင်းဘူးပေါ့” ဆိုပြီး နောက်ဖေးထွက်သွားတယ်…။
ပြန်လာတော့…မအေးယု ဆိုတဲ့ အစ်မကြီးပါ ပါလာတယ်………။
“ဟဲ့..ငါ့မောင်ရယ်..အစ်မ တို့ဘာသာ မနက်အတွက် ဝက်သားတုံး ရေနေတာပါ…ဘယ်နှယ့် မင်းအိမ်သာထဲ ရှိမှန်းတောင် သတိမထားမိပါဘူး” တဲ့………..။
တိုက်..တိုက်ဆိုင်လွန်းတယ်ဗျာ………….။
ကျွန်တော် တစ်ခါ ပလုံ တိုင်း သူတို့က တစ်တုံးဖြစ်သတဲ့လား…………။
နောက်နေ့မနက်ကျ မင်္ဂလာဆောင်မှာ ကျွန်တော် ဝက်သားဟင်းကို လုံးဝမတို့ဘူး။ ဝက်သားတုံးမတို့လို့ တခြားဟင်းကဘာလဲဆိုတော့ သရက်ချဉ်။
တော်ကြာ သရက်ချဉ်စားမိမှ ပိုဆိုးပြီး..မနေ့ကလို အိမ်သာသွားရင် အတုံးမတွက်ပဲ အရေကို လီတာနဲ့ တွက်ခံနေရမယ်။
မထူးတော့ပြီမို့ ထမင်းနဲ့ ငါးပိကြော်ပဲ တွယ်ခဲ့ရပါလေရောလား။
ဒါက တစ်ခု။
ဒုတိယ ပြသနာက သိပ်မကြာသေးဘူး။
မနှစ်က ဖြစ်တာ။
ဧရာဝတီတိုင်းထဲမှာရှိတဲ့ တက္ကသိုလ်တစ်ခုက ကျောင်းသားတွေက ကျွန်တော့်ကို သူတို့ လုပ်တဲ့ Barcamp ပွဲဲမှာ ဝင်ဟောပြောပေးဖို့ ဖိတ်တယ်။
ကျွန်တော်က ကျွန်တော့်ကိုယ် ကျွန်တော် ဟောပြောပွဲတွေလိုက်ရလောက်အောင် မပြည့်စုံသေးဘူးလို့ ယူဆတဲ့အတွက် စာပေဟောပြောပွဲတွေ ဖိတ်လာရင် ငြင်းလေ့ရှိပါတယ်။
Barcamp ကျတော့ ဒီလိုပဲ ကျောင်းသားတွေနဲ့ အခန်းထဲမှာ ရင်းရင်းနှီးနှီးဆွေးနွေးဖလှယ်တာမျိုးဆိုတော့ လက်ခံလိုက်လိုက်ပါတယ်။
ဒီတစ်ခါလည်း ပရဟိတငနဲ ကိုစိုးထိုက် နဲ့ပါပဲ။ သူ ပါလို့ ကျွန်တော်ကံဆိုးတာလားတော့မသိဘူး။
ဒီလူ တော်တော်လပ်ကီးပိတ်တဲ့သူပါဗျာ။
ကျွန်တော်က ပုံမှန်ဆို မနက်မိုးလင်းလင်းချင်း ရေကို အဝသောက်ပြီး အိမ်သာထဲ တစ်နာရီလောက်တော့ ထိုင်လေ့ရှိတယ်။
အဲ့ဒီနေ့ကတော့ အစောကြီးထပြီး သမိုင်းလမ်းဆုံမှာ ကိုစိုးထိုက် တို့ ကားကို စောင့်ရတယ်။
မနက် ငါးနာရီလောက်ကျတော့ ပရဟိတလူနာတင်ယာဉ်ကြီးနဲ့အတူ ကိုစိုးထိုက် ရောက်လာပါပြီ။
ပြောရမယ့် မြို့ရောက်တော့ ဘရိတ်ဖတ် မုန့်ဟင်းခါးတွေ ဘာတွေ စားကြသေးတယ်။
ကျောင်းထဲကိုရောက်တော့ ပွဲ့ တော်တော်စည်နေပြီ။
တီးဝိုင်းတွေဘာတွေလည်းပါတော့ ကျောင်းသားတွေ အုတ်အုတ်ကြပ်ကြပ်နဲ့ရယ်။
ကျွန်တော်တို့ ဟောရမယ့် အခန်းကို သွားကြည့်တယ်။
ဟောရမှာက ကိုစိုးထိုက်က အရင်။ ကိုစိုးထိုက် ပြီးမှ ကျွန်တော်။
ကျွန်တော်တို့နှစ်ယောက်လုံး ဘောင်းဘီဖင်ကျပ်၊ တီရှပ်နဲ့။
အခန်းတိုင်းမှာ ပညာရပ်အသီးသီးက ဟောပြောသူတွေက ဟောပြောနေတဲ့ ကျွန်တော်တို့ နှစ်ယောက်အခန်းကို လူမလာမှ စိုးရိမ်ကြသေးတယ်။
တစ်ယောက်မှ မရှိရင် သောက်ရှက်ကွဲမှာလေ။
ဒါပေမယ့် တော်ပါသေးတယ််။ ကျွန်တော်တို့အခန်းကို ကျောင်းသား၊ ကျောင်းသူ အယောက် ၂၀ လောက်တော့ ရောက်လာကြတယ်။
ဒီလောက်ဆို အိုကေတယ်ပေါ့။
ပထမ ကိုစိုးထိုက် စပြောတယ်။
သူက သူ့ရဲ့ ပင်မဖြစ်တဲ့ ပရဟိတတွေ၊ သက်ငယ်မုဒိန်းကိစ္စတွေကို တဝါးဝါး တဟားဟားနဲ့ ပြောပြီး ကျောင်းသားတွေကို ဆွဲခေါ်သွားတယ်။
သူ့အပြောမှာ ကျွန်တော်ပါ မျောသွားတယ်။
အဲ့ဒီလို မျောနေရင်းက သူဟောတာ ပြီးဖို့ နာရီဝက်အလိုမှာ ကျွန်တော် အိမ်သာတက်ချင်လာပါလေရော။
အင်း..မနက်ကတည်းက မတက်ရသေးဘူးလေ။
ဒါနဲ့ အပြင်ကိုထွက်လာပြီး ကျောင်းသားလေးတွေကို အိမ်သာမေးရတယ်။
အိမ်သာထဲဝင်သွားတော့ အိမ်သာတန်းရှေ့မှာ အုတ်ရေကန်ကြီးတွေ့တယ်။ ပုံးတွေဘာတွေနဲ့။
ကျောင်းသားအချို့လည်း ဆေးလိပ်သောက်တဲ့သူကသောက်၊ ရှူးပေါက်တဲ့သူက ပေါက်နဲ့။
ကျွန်တော် အိမ်သာတစ်ခုထဲဝင်လိုက်တယ်။
အတွေ့အကြုံအရ ရေကို အရင်လှည့်ဖွင့်ကြည့်လို်က်တယ်။ ပုံမှန်နှုန်းနဲ့ ရေကျတယ်။
ရှေ့ အင်တုံထဲမှာလည်း ရေရှိတယ်။
အိုကေ..တံခါးကို ကျကျနနပိတ်။ ဂျင်းဘောင်းဘီအကြပ်ကို ချွတ် ထိုင်ချလိုက်တယ်။
ဇိမ်ပဲ ဆရာရေ..ဒါမျိုးက တကယ့်ဇိမ်ပဲလေ။
အိုကေ..ကိစ္စလည်းပြီီးပြီ။
အင်တုံထဲက ရေကို ရေလောင်းအိမ်သာထဲ အကုန်လောင်းချလိုက်တယ်။
ပြီးတော့မှ ကိုယ့်ကိစ္စသန့်ရှင်းဖို့ ရေကိုလှည့််ဖွင့်တော့…ဖလူးဆို ရေနည်းနည်းထွက်လာပြီး လုံးဝမထွက်တော့ဘူး။
ဟာ..ဂွတော့ကျပြီ။
စဉ်းစာကြည့်ဗျာ။
ဖင်မှာ အီီအီးတွေနဲ့လေ။
မကုန်းရသေးဘူး။
စက္ကူဘာညာလည်း မပါဘူး။
ဒီရေနည်းနည်းကလည်း ကပ်နေတဲ့ဟာကို ပိုအရည်ဖျော်ပေးလိုက်သလိုဖြစ်စေမှာကလွဲလို့ ဘာမှ အသုံးမဝင်ဘူး။
အပြင်မှာ အုတ်ကန်ကြီးတော့ ရှိတယ်။ ရေပုန်းလည်းရှိတယ်။
ပြသနာက ကျောင်းသားတွေလည်းရှိနေတယ်။ အသံတွေကြားနေရတယ်။
စော်နဲ့ ဖုန်းပြောနေတဲ့ကောင်လည်းရှိတယ်။
ကျွန်တော်က အပြင်ကို ရေထွက်ခပ်ပြီဆိုပါစို့။
ဘောင်းဘီဝတ်ရတော့မယ်။
ဘောင်းဘီက ဂျင်းအကြပ်ဆိုတော့ ဝတ်လိုက်တာနဲ့ အတွင်းခံရော ဘောင်းဘီကိုပါ ပေကုန်မယ်။
ဒါဆို ဖင်ပြောင်နဲ့ ရေထွက်ခပ်မလား။
ကျောင်းသားတွေ ရှိနေတဲ့ ဒီအိမ်သာကြီးထဲ ဘာမှ မဝတ်ပဲ ကျွန်တော်ထွက်လာခဲ့ရင်။
''ဟာ..ငါတို့ကို လာဟောပြောတဲ့ဘဲကြီးက အိမ်သာထဲကနေ ဖင်ပြောင်ကြီးနဲ့ထွက်လာတယ်ကွာ'' ဆို သွားပြီ။
ပြောရုံပြောရင် အကြောင်းမဟုတ် ဖေ့ဘွတ်ပေါ်ရောက်လာရင် သောက်ရှက်က ဒေါင်လိုက်ကွဲမှာ။
ကျွန်တော် တကယ် ဘာလုပ်ရမှန်းကို မသိတော့ပါဘူး။
ကိုစိုးထိုက် ကို ဖုန်းခေါ်ဖို့ကလည်း..သူက ဟောနေ ပြောနေမှာလေ။
ကိုစိုးထိုက်နဲ့ အတူ ပါလာတဲ့ နေလင်းဆိုတဲ့ ညီလေးဖုန်းနံပါတ်ကိုလည်း ကျွန်တော်က မသိဘူး။
နောက်ဆုံး အပြင်က အသံကို နားစွင့်ရတယ်။
ကျောင်းသားတွေ တဖြည်းဖြည်းထွက်သွားပြီး အသံတိတ်သွားမှ..တီရှပ်ကို ရှေ့ကို ဆွဲချ…ပြီး ရှေ့ကို ထွက်..ရေပုံးနဲ့ ကန်ထဲ့ ရေကို ကုန်းခပ်.ရတယ်။
ကုန်းခပ်တဲ့အခါကျ အားတဲ့လက်တစ်ဖက်နဲ့ တီရှပ်ကို နောက်ဖက် ပြန်ဆွဲချရသေးတယ်။
မတော် ကျောင်းသားတစ်ယောက်ယောက်များဝင်လာရင်..ဒုက္ခလေဗျာ။
ရေခပ်ြ့ပီးတာနဲ့ ပုန်းကို ဆွဲပြီး.အမြန်ဆုံးပြန်ဝင်လာ..ဂျတ်ထိုး.. ကိစ္စကို သန့်ရှင်းရတော့တာ။
စာသင်ခန်းထဲ ပြန်ရောက်တဲ့အထိ ကျွန်တော် ကောင်းကောင်းမပြောနိုင်တော့ဘူး။
ရင်တွေတုန်ပြီး ဟိုပြော ဒီပြောတွေ ဖြစ်ကုန်တာ။
အရေးထဲ အဲ့ဒီကျောင်းက ဗကသ ကိုယ်တော်တွေက ထောင်ကျမယ့်အပေါက်တွေချည်း ထထမေးနေလို့ ကိုယ့်မှာ လက်ထိပ်နံ့တထောင်းထောင်းနဲ့ ဖြေရသေးတာ။
တကယ်ပဲ။
ကျွန်တော် နဲ့ ဂွကျခဲ့ရတဲ့ အိမ်သာဇာတ်လမ်းတွေ။
ဗြိတိသျှကိုကိုမောင်
Zawgyi
ကြ်န္ေတာ္နွင့္
အိမ္သာ ၂
…………………………………
ကြ်န္ေတာ္
ဟာ အိမ္သာနဲ႕ ပတ္သက္ျပီး ေတာ္ေတာ္ဇီဇာေၾကာင္တဲ့အေလ့အက်င့္ရွိတဲ့ေကာင္ဆိုတာ
ပထမ အိမ္သာ ၁ မွာ ေရးျပီးခဲ့ပါျပီ။
အဲ့ဒီလို
အက်င့္္ေၾကာင့္ပဲလား မသိ။ အိမ္သာနဲ႕ ပတ္သက္ရင္ ဂဂ်ိဳးဂေဂ်ာင္ ျပသနာေတြ အျမဲၾကံဳရပါတယ္။
ကြ်န္ေတာ္
တကၠသိုလ္ ပထမနွစ္ စာေမးပြဲ ေျဖျပီးခါစမွာ ကြ်န္ေတာ့္သူငယ္ခ်င္း ေအာင္ျဖိဳးက သူ႕အစ္မ မဂၤလာေဆာင္ကိုဖိတ္ရင္းနဲ႕ သူ႕ရြာကို ေခၚတယ္ဗ် ..။
ကြ်န္ေတာ္ကလည္း နဂိုက စပ္စပ္စုစုေကာင္ဆိုေတာ့ နွစ္ခါမေခၚရဘူး သူတို႕ရြာကို ပါသြားတာေပါ့ ။
သူတို႕ရြာေလးက ပဲခူးတိုင္းထဲကပါ ။ စစ္ေတာင္းျမစ္ကမ္းေဘးရြာေလးဆိုပါေတာ့ဗ်ာ ။
ဟိုေရာက္ေတာ့ ေအာင္ျဖိဳးတို႕အိမ္ေရွ႕မွာ မဂၤလာမ႑ပ္ၾကီး ဟီးေနေအာင္ ထိုးထားပါတယ္။
ကြ်န္ေတာ္တို႕ကို ေတြ႕ေတာ့ ေအာင္ျဖိဳးတို႕အေဖ အေမ က ေပ်ာ္လို႕ ေမာ္လို႕ေပါ့
။
ေအာင္ျဖိဳး ေယာက္ဖေလာင္း ကလည္း ရြာသူေဌးသား ဆိုလားပဲ ။
ထံုးစံအတိုင္း ေရာက္ေရာက္ခ်င္း ေအာင္ျဖိဳးေယာက္ဖေလာင္းက ကြ်န္ေတာ္တိုိ႕ကို ထန္းေတာကို တန္းေခၚသြားတယ္ ။
ထန္းရည္ဆိုင္မွာ
ကြ်န္ေတာ္တို႕နွစ္ေကာင္ကို
အပ္ေပးခဲ့ျပီး သူ႕ေယာက္ဖေလာင္းက ျပန္သြားပါတယ္။
ေသာက္စားသမ်ွ
သူရွင္းမယ္ေပါ့။
ဘယ္ေျပာေကာင္းမလဲ ။ ဗ်ိဳင္းသားေၾကာ္ နဲ႕ ပင္က်ရည္ေလး
စုပ္ျပီး နွစ္ေကာင္သား ဇရပ္မင္းစည္းစိမ္ခံၾကတာေပါ့ဗ်ာ
။
ေနေစာင္းေတာ့မွ ေထြေထြေလးျပန္လာတာ
။
မဂၤလာေဆာင္က ေနာက္တစ္ေန႕မွ ဆိုေပမယ့္ သူတို႕အိမ္မွာက အလုပ္အကိုင္က စေနျပီဗ် ။
ရြာထဲက အပ်ိဳေတြ လူပ်ိဳေတြ ၀ိုင္းကူလုပ္သူေတြနဲ႕ ဟင္းခ်က္ဖို႕ စေနၾကျပီေလ ။
ထံုးစံအတိုင္း ရြာသူေလးေတြေရွ႕မွာ ျမိဳ႕ကလာတဲ့ ဧည့္သည္ ဆိုျပီး ကိုယ္ကလည္း ဂိုက္ေပးၾကမ္းတာေပါ့ဗ်ာ ။
ေထြးညိဳတို႕ ၊ စာဥ တို႕ကလည္း
ကြက္ၾကည့္ ကြက္ၾကည့္ေပါ့…။
ညေန ၅ နာရီေလာက္က်ေတာ့ ျပသနာက စတက္တာပဲ
။
ထန္းေရ ရယ္ ၊ ဗ်ိဳင္းသားရယ္ ဗိုက္ထဲမွာ
တိုက္ပြဲေတြျဖစ္ကုန္တာေလ…….။
အိမ္သာက သူတို႕ျခံေနာက္က ျမစ္ကမ္းေဘးေလးမွာ ။
အဲဒီကိုေရာက္ဖို႕ကို အိမ္သာနဲ႕ မနီးမေ၀းအုန္းပင္ရိပ္မွာ ခ်က္ျပဳတ္ေနၾကတဲ့ အပ်ိဳတစ္သိုက္ကို ျဖတ္သြားရတယ္ ။
ဘယ္တတ္နိုင္မလဲဗ်ာ………။ ကိုယ့္ကိစၥက ဒီတိုင္းထားလို႕ရတဲ့
ကိစၥမွ မဟုတ္တာ…….။
အဲဒါနဲ႕ အပ်ိဳတစ္သိုက္ကို ရွက္ရွက္နဲ႕ ေက်ာ္လႊားျပီး အိမ္သာရွိရာကို ေျပးရတာေပါ့ ။
သူတို႕အိမ္က အိမ္သာပံုစံကို ေျပာရအံုးမယ္ ။
။ ျမစ္ကမ္းေဘးကို တိုင္ထူျပီး ခပ္ျမင့္ျမင့္ေဆာက္ထားတာ ။ ေအာက္မွာက ျမစ္ေရက
စီးေနတာ ။
ကမုတ္ပဲရွိတယ္ ။ ပိုက္လိုင္းမရွိဘူး ။ ထြက္သမ်ွ
ျမစ္ထဲ သြားေလေရာပဲ။
ေကာင္မေလးေတြ ဟင္းခ်က္တဲ့ေနရာက လည္း အိမ္သာနဲ႕ မနီးမေ၀းဗ် ။
ကြ်န္ေတာ္လည္း ပုဆိုးကိုမျပီး စုစည္းထားသမ်ွ လႊတ္ခ်လိုက္တယ္……….။
“ပလံု”
“တစ္တံုး…………”
ေအာက္ကေရထဲ အရွိန္နဲ႕ က်သြားတဲ့ ကြ်န္ေတာ့္ရဲ႕ ပလံု အသံေနာက္မွာ အျပင္ဘက္က ဟင္းခ်က္၀ိုင္းထဲက ေကာင္မေလးတစ္ေယာက္ရဲ႕ အသံက ကပ္ပါလာတယ္ဗ်ာ ။
“အင့္….ပလံု”
“ကဲ..နွစ္တံုး..ရွိျပီ…”
ဗုေဒၶါ…ကြ်န္ေတာ္ ဖင္နည္းနည္းတြန္႕သြားတယ္..။ ဘယ္လိုပါလိမ့္…။
တိုက္ဆိုင္တာျဖစ္မွာပါေလ…။
“ကဲကြာ…ပလံု”
“ဒီတစ္ခါေတာ့ အတံုးၾကီးတယ္ အစ္မေရ..သံုးတံုးေျမာက္”
ဟာ..အျပင္က ေကာင္မေတြ..ငါ့အတံုးေတြမ်ား လိုက္ေရေနတာလား..။
အဲ့ဒီလိုေတြးမိျပီး…အိမ္သာထဲမွာ ေဇာေခြ်းေတြ
ျပန္လာတယ္……….။
ဆက္လည္း ပလံု ဖို႕ေတာင္ တြန္႕ေနျပီ………….။
ဘယ့္နွယ့္ဗ်ာ..ဘ၀မွာ ကိုယ္အီးပါတာကို တစ္တံုးနွစ္တံုး
ေရတာမ်ိဳးက ကိုယ့္ဟာကိုယ္ေတာင္ တစ္ခါမွ မလုပ္ၾကည့္ဖူးဘူး။
အခုဟာက…မဟုတ္ေသးပါဘူး။
ခဏေလးေအာင့္ေနလိုက္ေတာ့
အျပင္ဘက္က ေကာင္မေလးေတြဆီက ရယ္သံေတြထြက္လာတယ္..။
တစ္ေယာက္ေယာက္က ဟာသေျပာလိုက္တယ္ထင္ရဲ႕..။
ဘယ္ရမလဲ …ရယ္သံေတြ မဆံုးခင္…..ကြ်န္ေတာ္လည္း အခြင့္အေရးကို အပီအျပင္အသံုးခ်လိုက္တာေပါ့..။
“ပလံု”
“ဒါပါနဲ႕ဆို ေလးတံုး ရွိျပီ..ေလးတံုး..အမေရ…”
ဟာ…ဒါေတာ့ ေသခ်ာသြားျပီ…….။
ကိစၥကို ျမန္ျမန္ျဖတ္၊ ေရနဲ႕ ျမန္ျမန္ သန္႕စင္ျပီး အိမ္သာတံခါးကိုဖြင့္ သူတို႕ကို မၾကည့္ပဲ ေအာင္ျဖိဳး တို႕အိမ္ဆီ တန္းေျပး ပစ္လိုက္တယ္ဗ်ာ……….။
ဘယ္နွယ္ ေတာ္ေတာ္ေနာက္တဲ့ ရြာသူေတြ………..။
ရွက္လဲရွက္ ၊ ေဒါသလဲထြက္ ၊
ကိုယ့္ကိစၥကလည္း တို႕လို႕တန္းလန္းၾကီး…။
ေအာင္ျဖိဳးကို ေျပာျပေတာ့ ေအာင္ျဖိဳးက ရယ္က်ဲက်ဲနဲ႕ “ဟာ အဲဒါ မေအးယု
တို႕ပါကြာ… ငါသြားေမးေပးပါ့မယ္.. အဲ့ဒီလို လုပ္တာေတာ့ မေကာင္းဘူးေပါ့” ဆိုျပီး ေနာက္ေဖးထြက္သြားတယ္…။
ျပန္လာေတာ့…မေအးယု ဆိုတဲ့ အစ္မၾကီးပါ ပါလာတယ္………။
“ဟဲ့..ငါ့ေမာင္ရယ္..အစ္မ တို႕ဘာသာ မနက္အတြက္ ၀က္သားတံုး ေရေနတာပါ…ဘယ္နွယ့္ မင္းအိမ္သာထဲ ရွိမွန္းေတာင္ သတိမထားမိပါဘူး” တဲ့………..။
တိုက္..တိုက္ဆိုင္လြန္းတယ္ဗ်ာ………….။
ကြ်န္ေတာ္ တစ္ခါ ပလံု တိုင္း သူတို႕က တစ္တံုးျဖစ္သတဲ့လား…………။
ေနာက္ေန႕မနက္က် မဂၤလာေဆာင္မွာ ကြ်န္ေတာ္ ၀က္သားဟင္းကို လံုး၀မတို႕ဘူး။ ၀က္သားတံုးမတို႕လို႕ တျခားဟင္းကဘာလဲဆိုေတာ့ သရက္ခ်ဥ္။
ေတာ္ၾကာ
သရက္ခ်ဥ္စားမိမွ ပိုဆိုးျပီး..မေန႕ကလို အိမ္သာသြားရင္ အတံုးမတြက္ပဲ အေရကို လီတာနဲ႕ တြက္ခံေနရမယ္။
မထူးေတာ့ျပီမုိ႕
ထမင္းနဲ႕ ငါးပိေၾကာ္ပဲ တြယ္ခဲ့ရပါေလေရာလား။
ဒါက
တစ္ခု။
ဒုတိယ
ျပသနာက သိပ္မၾကာေသးဘူး။
မနွစ္က
ျဖစ္တာ။
ဧရာ၀တီတိုင္းထဲမွာရွိတဲ့
တကၠသိုလ္တစ္ခုက ေက်ာင္းသားေတြက ကြ်န္ေတာ့္ကို သူတို႕ လုပ္တဲ့ Barcamp ပြဲဲမွာ ၀င္ေဟာေျပာေပးဖို႕ ဖိတ္တယ္။
ကြ်န္ေတာ္က
ကြ်န္ေတာ့္ကိုယ္ ကြ်န္ေတာ္ ေဟာေျပာပြဲေတြလိုက္ရေလာက္ေအာင္
မျပည့္စံုေသးဘူးလို႕ ယူဆတဲ့အတြက္ စာေပေဟာေျပာပြဲေတြ ဖိတ္လာရင္ ျငင္းေလ့ရွိပါတယ္။
Barcamp က်ေတာ့
ဒီလိုပဲ ေက်ာင္းသားေတြနဲ႕ အခန္းထဲမွာ ရင္းရင္းနွီးနွီးေဆြးေႏြးဖလွယ္တာမ်ိဳးဆိုေတာ့
လက္ခံလိုက္လိုက္ပါတယ္။
ဒီတစ္ခါလည္း
ပရဟိတငနဲ ကိုစိုးထိုက္ နဲ႕ပါပဲ။ သူ ပါလို႕ ကြ်န္ေတာ္ကံဆိုးတာလားေတာ့မသိဘူး။
ဒီလူ
ေတာ္ေတာ္လပ္ကီးပိတ္တဲ့သူပါဗ်ာ။
ကြ်န္ေတာ္က
ပံုမွန္ဆို မနက္မိုးလင္းလင္းခ်င္း ေရကို အ၀ေသာက္ျပီး အိမ္သာထဲ တစ္နာရီေလာက္ေတာ့ ထိုင္ေလ့ရွိတယ္။
အဲ့ဒီေန႕ကေတာ့
အေစာၾကီးထျပီး သမိုင္းလမ္းဆံုမွာ ကိုစိုးထိုက္ တို႕ ကားကို ေစာင့္ရတယ္။
မနက္
ငါးနာရီေလာက္က်ေတာ့ ပရဟိတလူနာတင္ယာဥ္ၾကီးနဲ႕အတူ
ကိုစိုးထိုက္ ေရာက္လာပါျပီ။
ေျပာရမယ့္
ျမိဳ႕ေရာက္ေတာ့ ဘရိတ္ဖတ္ မုန္႕ဟင္းခါးေတြ ဘာေတြ စားၾကေသးတယ္။
ေက်ာင္းထဲကိုေရာက္ေတာ့
ပြဲ႕ ေတာ္ေတာ္စည္ေနျပီ။
တီး၀ိုင္းေတြဘာေတြလည္းပါေတာ့
ေက်ာင္းသားေတြ အုတ္အုတ္ၾကပ္ၾကပ္နဲ႕ရယ္။
ကြ်န္ေတာ္တို႕
ေဟာရမယ့္ အခန္းကို သြားၾကည့္တယ္။
ေဟာရမွာက
ကိုစိုးထိုက္က အရင္။ ကိုစိုးထိုက္ ျပီးမွ ကြ်န္ေတာ္။
ကြ်န္ေတာ္တို႕နွစ္ေယာက္လံုး
ေဘာင္းဘီဖင္က်ပ္၊ တီရွပ္နဲ႕။
အခန္းတိုင္းမွာ
ပညာရပ္အသီးသီးက ေဟာေျပာသူေတြက ေဟာေျပာေနတဲ့ ကြ်န္ေတာ္တို႕ နွစ္ေယာက္အခန္းကို လူမလာမွ စိုးရိမ္ၾကေသးတယ္။
တစ္ေယာက္မွ
မရွိရင္ ေသာက္ရွက္ကြဲမွာေလ။
ဒါေပမယ့္
ေတာ္ပါေသးတယ္္။ ကြ်န္ေတာ္တို႕အခန္းကို
ေက်ာင္းသား၊ ေက်ာင္းသူ အေယာက္ ၂၀ ေလာက္ေတာ့ ေရာက္လာၾကတယ္။
ဒီေလာက္ဆို
အိုေကတယ္ေပါ့။
ပထမ
ကိုစိုးထိုက္ စေျပာတယ္။
သူက
သူ႕ရဲ႕ ပင္မျဖစ္တဲ့ ပရဟိတေတြ၊ သက္ငယ္မုဒိန္းကိစၥေတြကို တ၀ါး၀ါး တဟားဟားနဲ႕ ေျပာျပီး ေက်ာင္းသားေတြကို ဆြဲေခၚသြားတယ္။
သူ႕အေျပာမွာ
ကြ်န္ေတာ္ပါ ေမ်ာသြားတယ္။
အဲ့ဒီလို
ေမ်ာေနရင္းက သူေဟာတာ ျပီးဖို႕ နာရီ၀က္အလိုမွာ ကြ်န္ေတာ္ အိမ္သာတက္ခ်င္လာပါေလေရာ။
အင္း..မနက္ကတည္းက မတက္ရေသးဘူးေလ။
ဒါနဲ႕
အျပင္ကိုထြက္လာျပီး ေက်ာင္းသားေလးေတြကို အိမ္သာေမးရတယ္။
အိမ္သာထဲ၀င္သြားေတာ့
အိမ္သာတန္းေရွ႕မွာ အုတ္ေရကန္ၾကီးေတြ႕တယ္။ ပံုးေတြဘာေတြနဲ႕။
ေက်ာင္းသားအခ်ိဳ႕လည္း
ေဆးလိပ္ေသာက္တဲ့သူကေသာက္၊
ရွဴးေပါက္တဲ့သူက ေပါက္နဲ႕။
ကြ်န္ေတာ္
အိမ္သာတစ္ခုထဲ၀င္လိုက္တယ္။
အေတြ႕အၾကံဳအရ
ေရကို အရင္လွည့္ဖြင့္ၾကည့္လို္က္တယ္။
ပံုမွန္နႈန္းနဲ႕ ေရက်တယ္။
ေရွ႕
အင္တံုထဲမွာလည္း ေရရွိတယ္။
အိုေက..တံခါးကို က်က်နနပိတ္။
ဂ်င္းေဘာင္းဘီအၾကပ္ကို
ခြ်တ္ ထိုင္ခ်လိုက္တယ္။
ဇိမ္ပဲ
ဆရာေရ..ဒါမ်ိဳးက တကယ့္ဇိမ္ပဲေလ။
အိုေက..ကိစၥလည္းျပီီးျပီ။
အင္တံုထဲက
ေရကို ေရေလာင္းအိမ္သာထဲ အကုန္ေလာင္းခ်လိုက္တယ္။
ျပီးေတာ့မွ
ကိုယ့္ကိစၥသန္႕ရွင္းဖို႕
ေရကိုလွည့္္ဖြင့္ေတာ့…ဖလူးဆို ေရနည္းနည္းထြက္လာျပီး လံုး၀မထြက္ေတာ့ဘူး။
ဟာ..ဂြေတာ့က်ျပီ။
စဥ္းစာၾကည့္ဗ်ာ။
ဖင္မွာ
အီီအီးေတြနဲ႕ေလ။
မကုန္းရေသးဘူး။
စကၠဴဘာညာလည္း
မပါဘူး။
ဒီေရနည္းနည္းကလည္း
ကပ္ေနတဲ့ဟာကို ပိုအရည္ေဖ်ာ္ေပးလိုက္သလိုျဖစ္ေစမွာကလြဲလို႕
ဘာမွ အသံုးမ၀င္ဘူး။
အျပင္မွာ
အုတ္ကန္ၾကီးေတာ့ ရွိတယ္။ ေရပုန္းလည္းရွိတယ္။
ျပသနာက
ေက်ာင္းသားေတြလည္းရွိေနတယ္။
အသံေတြၾကားေနရတယ္။
ေစာ္နဲ႕
ဖုန္းေျပာေနတဲ့ေကာင္လည္းရွိတယ္။
ကြ်န္ေတာ္က အျပင္ကို
ေရထြက္ခပ္ျပီဆိုပါစို႕။
ေဘာင္းဘီ၀တ္ရေတာ့မယ္။
ေဘာင္းဘီက
ဂ်င္းအၾကပ္ဆိုေတာ့ ၀တ္လိုက္တာနဲ႕ အတြင္းခံေရာ ေဘာင္းဘီကိုပါ ေပကုန္မယ္။
ဒါဆို ဖင္ေျပာင္နဲ႕
ေရထြက္ခပ္မလား။
ေက်ာင္းသားေတြ
ရွိေနတဲ့ ဒီအိမ္သာၾကီးထဲ ဘာမွ မ၀တ္ပဲ ကြ်န္ေတာ္ထြက္လာခဲ့ရင္။
''ဟာ..ငါတို႕ကို လာေဟာေျပာတဲ့ဘဲၾကီးက အိမ္သာထဲကေန ဖင္ေျပာင္ၾကီးနဲ႕ထြက္လာတယ္ကြာ''
ဆို သြားျပီ။
ေျပာရံုေျပာရင္
အေၾကာင္းမဟုတ္ ေဖ့ဘြတ္ေပၚေရာက္လာရင္ ေသာက္ရွက္က ေဒါင္လိုက္ကြဲမွာ။
ကြ်န္ေတာ္
တကယ္ ဘာလုပ္ရမွန္းကို မသိေတာ့ပါဘူး။
ကိုစိုးထိုက္
ကို ဖုန္းေခၚဖို႕ကလည္း..သူက ေဟာေန ေျပာေနမွာေလ။
ကိုစိုးထိုက္နဲ႕
အတူ ပါလာတဲ့ ေနလင္းဆိုတဲ့ ညီေလးဖုန္းနံပါတ္ကိုလည္း ကြ်န္ေတာ္က မသိဘူး။
ေနာက္ဆံုး
အျပင္က အသံကို နားစြင့္ရတယ္။
ေက်ာင္းသားေတြ
တျဖည္းျဖည္းထြက္သြားျပီး
အသံတိတ္သြားမွ..တီရွပ္ကို ေရွ႕ကို ဆြဲခ်…ျပီး ေရွ႕ကို ထြက္..ေရပံုးနဲ႕ ကန္ထဲ႕ ေရကို ကုန္းခပ္.ရတယ္။
ကုန္းခပ္တဲ့အခါက်
အားတဲ့လက္တစ္ဖက္နဲ႕ တီရွပ္ကို ေနာက္ဖက္ ျပန္ဆြဲခ်ရေသးတယ္။
မေတာ္
ေက်ာင္းသားတစ္ေယာက္ေယာက္မ်ား၀င္လာရင္..ဒုကၡေလဗ်ာ။
ေရခပ္ျ႔ပီးတာနဲ႕
ပုန္းကို ဆြဲျပီး.အျမန္ဆံုးျပန္၀င္လာ..ဂ်တ္ထိုး.. ကိစၥကို သန္႔ရွင္းရေတာ့တာ။
စာသင္ခန္းထဲ
ျပန္ေရာက္တဲ့အထိ ကြ်န္ေတာ္ ေကာင္းေကာင္းမေျပာနိုင္ေတာ့ဘူး။
ရင္ေတြတုန္ျပီး
ဟိုေျပာ ဒီေျပာေတြ ျဖစ္ကုန္တာ။
အေရးထဲ
အဲ့ဒီေက်ာင္းက ဗကသ ကိုယ္ေတာ္ေတြက ေထာင္က်မယ့္အေပါက္ေတြခ်ည္း ထထေမးေနလို႕ ကိုယ့္မွာ လက္ထိပ္နံ႕တေထာင္းေထာင္းနဲ႕
ေျဖရေသးတာ။
တကယ္ပဲ။
ကြ်န္ေတာ္
နဲ႕ ဂြက်ခဲ့ရတဲ့ အိမ္သာဇာတ္လမ္းေတြ။
ျဗိတိသ်ွကိုကိုေမာင္
Done 🍀
ReplyDeleteဟားဟား တစ်တုံးနှစ်တုံး 😆
ReplyDeleteဆရာဗြိနဲ့တော့ ရယ်နေရတယ်။
😄 ရေးလည်းရေးတတ်ပါ့ ဆရာဗြိရေ 👍
ReplyDelete😆😆😆
ReplyDeleteDone 💪
ReplyDelete