ကျွန်တော်နှင့် အချိန်တိုင်းကို အကျိုးဖြစ်စေသော ဦးအောင်မြင်
Unicode
ကျွန်တော်နှင့် အချိန်တိုင်းကို အကျိုးဖြစ်စေသော ဦးအောင်မြင်
……………………………………………………………………..
''ဟာ..ကိုအောင်မြင်..ခင်ဗျား..ကိုအောင်မြင်ပါနော်''
ကျွန်တော်တအံတသြမေးတော့ သူက ပြုံးပြီး ခေါင်းငြိမ့်ပြသည်။
ရန်ကုန်မြို့ ၊ တက္ကသိုလ်ရိပ်သာလမ်းရှိ လူကုံတန်များသာ စားသောက်နိုင်သည့် အဆင့်မြင့်ဆိုင်တစ်ဆိုင် ၏ ရှေ့တွင် ကိုအောင်မြင့် ကို တွေ့လိုက်ရသဖြင့် ကျွန်တော် အံသြသွားပါသည်။
သူ့နောက်တွင် ရပ်ထားသည့် သိန်းထောင်ချီတန်ဖိုးရှိမည့် လင်ခရူဆာကားကြီးက တောက်တောက်ပြောင်ပြောင်။
''ခင်ဗျား..ပြောင်းလဲသွားလိုက်တာ..ကိုအောင်မြင်ရာ..ဒါနဲ့ ဘယ်တုန်းက ရန်ကုန်ရောက်နေတာလဲ''
နာမည်နှင့်လိုက်အောင် အောင်မြင်မှုကို ရူးသွပ်သည့် ကိုအောင်မြင် ပြုံးနေပါသည်။
လွန်ခဲ့သော ဆယ်ခြောက်နှစ်ကျော်က ကျွန်တော်သိသော ကိုအောင်မြင်သည် ကျွန်တော်တို့ နယ်မြို့ကလေးတွင် ဂတ်စ်မီးခြစ် များကို ဂတ်စ်လိုက်ထည့်သော လူတစ်ယောက်သာဖြစ်သည်။
ထိုအချိန်က ကျွန်တော်သည် ဆယ့်ငါးနှစ်သား၊ ဆယ်တန်းတက်နေချိန်။
ကျွန်တော့်အဖေဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်လေးတွင် ရိုးရိုးပေါ့ဆိမ့်တစ်ခွက်၊ ကြယ်နီတစ်လိပ်ဖွာရင်း ကိုအောင်မြင့် လာလာ အနားယူတတ်သည်။
ကိုအောင်မြင်သည် ရှစ်တန်းအထိ သာ ကျောင်းနေဖူးသည်။
သို့သော်..သူ့လက်ထဲတွင်တော့ ကမ္ဘာကျော် တက်ကျမ်းရေးဆရာကြီးများ၏ ဘာသာပြန်တက်ကျမ်းစာအုပ် တစ်အုပ်အမြဲလိုလို ပါလာတတ်သည်။
''မှတ်ထား..ညီလေးရ..အောင်မြင်မှု ကို ရှာဖွေတဲ့နေရာမှာ..လောဘမကြီးရဘူးလို့ ဒေးကာနက်ဂျီက ပြောခဲ့တယ်။ ကိုယ့် အသက်မွေးဝမ်းကြောင်းကို ဖြေးဖြေးနဲ့မှန်မှန်လုပ်ရင်း…အခွင့်အရေးရလာချိန်မှ အမိအရ နင်းပြီး ရှေ့ကို တိုးရမယ်ကွ''
မီးခြစ်ဂက်စ်ဖြည့်သည် ကိရိယာများ၊ ဂတ်စ်ဗူးများကို လွယ်အိတ်ထဲ ထည့်လွယ်ကာ နေပူကြဲတဲထဲ တစ်နေကုန် သွားလာနေရသည့် သူက ထိုသို့ စကားကြီး စကားကျယ်များပြောသဖြင့် ကျွန်တော့်သူ့ကို လုံးဝအထင်မကြီးခဲ့။
ကိုအောင်မြင် တွင် ၀ါသနာတစ်ခုလည်း ရှိသေးသည်။
ဒါကတော့..သီချင်းနားထောင်ခြင်းပင်။
ဆိုင်သို့ လာထိုင်တိုင်း လွှမ်းမိုး ၏ ''တုံးခုလို့မှ လှမ်းမရရင်..တံချူနဲ့ ခူးပစ်မယ်'' ဆိုသည့် သီချင်းကို အမြဲဖွင့်ခိုင်းတတ်သည်။
''အောင်မြင်ချင်တဲ့ လူတစ်ေယောက်မှာ အနုပညာကိုခံစားတတ်တဲ့ နှလုံးသားမျိုး လည်း ပိုင်ဆိုင်ထားရမယ်ကွ. အနုပညာဟာ ရုန်းကန်ရင်း ကြမ်းတမ်းလာတဲ့စိတ်တွေကို နူးညံံ့စေတယ်.''
ကိုအောင်မြင် ၏ အနုပညာအပေါ် ရှုမြင်ခြင်းကပင်..စီးပွားရေးဖြင့် မလွတ်။
သုံးလေးလအကြာတွင် ကိုအောင်မြင်၏ လွယ်နေကျ လွယ်အိတ်ကြီးက ပိုဖောင်းလာသည်။
''ညီလေး..ကိုယ်လုပ်ငန်းတိုးချဲ့လိုက်ပြီလေ…ဟိုတစ်နေ့က အိမ်တစ်အိမ်မှာ ဂက်စ်ဝင်ဖြည့်ပေးရင်း..အဲ့ဒီက ဦးလေးတစ်ယောက်က သူ့ သားရေဖိနပ်ပျက်သွားလို့..ချုပ်တဲ့ဆိုင်ကလည်း ပိတ်ထားတော့ ညည်းနေတာတွေ့တယ်..ဒါနဲ့ ကိုယ်လည်း စျေးထဲက ဖိနပ်ချုပ်တဲ့ ကိုဝင်းကို ဆိုင်ကို သွား..သူ ဖိနပ်ချုပ်တာကို နည်းနည်းလေ့လာလိုက်တယ်…ဂက်စ်ဖြည့်လို့ရတဲ့အထဲက အမြတ်နည်းနည်းကို ဖယ်ပြီး ဖိနပ်ချုပ်ကိရိယာတွေဝယ်လိုက်တယ်ကွာ…ဟုတ်တယ်လေ..ဂတ်စ်ဖြည့်ရင်း..ဖိနပ်လေးပါ ချုပ်တော့..လမ်းလျှောက်ရတာချင်းအတူတူ ဝင်ငွေရပေါက်တစ်ခုတိုးတာပေါ့''
ကိုအောင်မြင်သည် သူ့ စီးပွားရေးကို တဖြည်းဖြည်းချင်း စချဲ့သည်။
''အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ချင်ရင် စျေးကွက်ရဲ့ လိုအပ်ချက်တွေကို အမြဲနားစွင့်နေတတ်ရတယ်လို့..စီအန်အန် ကိုထောင်တဲ့ သူဌေးကြီး တတ်တာနာ က ပြောဖူးတယ်''
''ကိုအောင်မြင်ရယ်..ခင်ဗျားက ကြီးကြီးကျယ်ကျယ်တွေလျှောက်ပြောနေတယ်..အခုလို နေပူစပ်ခါးထဲ ခြေတိုအောင််လျှောက်နေရတဲ့ဘဝကနေ ဘာများထပ်ဖြစ်ချင်တာလဲ''
ကျွန်တော်က ခပ်ထေ့ထေ့ပြောလိုက်သည့်အခါ ကိုအောင်မြင့် မျက်နှာက ရုတ်တရက်တင်းမာသွားသည်။
''ဒီမှာ..ငါ့ညီ..နေရိပ်ထဲထိုုင်..သီချင်းသံလေးနဲ့ အလုပ်လုပ်ရတဲ့..မင်းအဖေလိုမျိုး ဘဝ ကို ငါလည်း မကြာခင် ကူးပြောင်းမှာပါကွ….အေး..အဲ့ဒီဘဝကိုလည်း ငါကြာကြာမနေဘူး..အောင်မြင်ဟာ ဘာမှ လုပ်စရာမလိုပဲ ငွေတွေ ဝင်နေတာမျိုး အထိရောက်အောင်သွားမယ်…ဆယ်နှစ်အတွင်း အဲ့ဒီလိုမဖြစ်ရင်…ဟော့ဒီမှာ အဆိပ်ပုလင်းတွေ့လား..လည်ပင်းမှာ အမြဲဆွဲထားတယ်…ငါ့ကိုယ်ငါ သက်သေမယ်ကွ''
ကိုအောင်မြင် သည် ဆရာကြီးမင်းသိင်္ခ ၏ ပုုဏ္ဍားဘကွန်းစာအုပ်ကို ဘုတ်ခနဲပစ်ချ…သူ့လက်ထဲမှ ပုလင်းလေးကို ကျွန်တော့်ကို ထိုးပြသည်။
အဆိပ်ပုလင်းတဲ့။
အဲ့ဒီနောက်တော့ ကိုအောင်မြင် အလုပ်တစ်ခု ထပ်တိုးမံတိုးချဲ့ပြန်ပါသည်။
မိုးတွင်းကာလနီးသဖြင့် ထီးပြင်သည့် လုပ်ငန်းကိုပါ သူ့ လမ်းလျှောက်ဝန်ဆောင်မှုထဲ ထည့်သွင်းလိုက်၏။
………………………
ကျွန်တော် ဒုတိယနှစ်တက်သည့်အခါ အဖေ့ ၏ လက်ဖက်ရည်ဆိုင်လေးလည်း ပိတ်လိုက်ရပါသည်။
ကျွန်တော်လည်း ကိုအောင်မြင်ကို မေ့မေ့ပျောက်ပျောက်။
တစ်ရက်..။
လမ်းထိပ်က ကွမ်းယာဆိုင်တွင် ကျွန်တော်ထိုင်နေစဉ်…လွှမ်းမိုး၏ ''တုံးခုလို့မှ လှမ်းမရရင်..တံချူနဲ့ ခူးပစ်မယ်..မှတ်ထားကွယ်..ငါဟာ ယောက်ျားတစ်ယောက်ဖြစ်တယ်'' ဆိုသည့် သီချင်းသံနှင့်အတူ ရေခဲမုန့် ရောင်းသည့် သုံးဘီးစက်ဘီးလှည်းတစ်ခု ကျွန်တော့်ရှေ့ လာထိုးရပ်သည်။
''ဟေ့..ညီလေး..မင်း ငါ့ကို မှတ်မိလား''
ကိုအောင်မြင်။
ရေခဲမုန့်သည် ဖြစ်လာပြန်ပြီ။
''လွန်ခဲ့တဲ့ နှစ်နှစ်က မင်းအဖေရဲ့ လက်ဖက်ရည်ဆိုင်မှာ မင်းကို ငါဘာပြောခဲ့လဲ…ငါလည်းတစ်နေ့ အရိပ်ထဲမှာ ထိုင်ပြီး သီချင်းလေးဖွင့်အလုပ်လုပ်နိုင်ရမယ်ဆိုတာ…ဟင်း..ဟင်း…အခု…ငါ အဲ့ဒီအခြေအနေရောက်နေပြီကွ..''
ရပ်ကွက်တကာ ခြေတိုအောင် လျှောက်ပြီး ဂက်စ်ထည့်၊ ဖိနပ်ချုပ်၊ ထီးပြင် ကိုအောင်မြင်မှ စက်ဘီးဖြင့် ရေခဲမုန့်လိုက်ရောင်းသည့် ကိုအောင်မြင်ဖြစ်လာပြီ။
သူလှည်းကလေးမှာ အမိုးကလည်းပါတော့ အရိပ်ထဲမှာဖြစ်သည်။ ဂျပန်ကက်ဆက်အနီလေးကို ဆောင်းဘောက်စ်ဖြင့် ဂျွိုင်းကာ သီချင်းကလေးကလည်း ဖွင့်ထားသေး၏။
''ဒီမှာ ညီလေး..အောင်မြင်ချင်တဲ့ လူတစ်ယောက် ဟာ အပြောကြီးရတယ်ကွ။ အေး အပြောနောက်ကနေ အလုပ်လဲ လိုက်ရတယ်။ ကိုယ်သွားမယ့် ပန်းတိုင်ကို သတ်မှတ်ထားမှ လမ်းဆိုတာ ဖောက်လို့ရတာ..အောင်မြင် ဟာ အောင်မြင်ရမယ်ကွ..ဟားဟားဟား..သွားပြီ..ညီလေးရေ''
ထိုနောက်ပိုင်းတော့ ကျွန်တော်လည်း ရန်ကုန်မြေကို ခြေဆန့်သည်။
မြို့ကလေးက ရေခဲမုန့်သည် အောင်မြင်ရေးသမားကြီး ကိုအောင်မြင် ကိုလည်း ကျွန်တော် မေ့သွား၏။
…………………………………….
အခုတော့..ဆယ်စုနှစ်တစ်စုကိုကျော်မှ ကိုအောင်မြင် ကို မထင်မှတ်သည့် နေရာတွင် လာတွေ့နေသည်။
သူ့အခြေအနေ က ကျွန်တော့်ကို အံသြစေသည်။
''ကိုအောင်မြင်..ခင်ဗျား..ဒီလိုဘဝမျိုး ဘယ်လိုရောက်လာတာလဲဗျာ''
ကိုအောင်မြင် က ပြုံးပါသည်။
လူကသာ အများကြီးပြောင်းလဲသွားသော်လည်း သူ့အပြုံးသည် လွန်ခဲ့သောနှစ်များကလိုပဲ ပြောင်းလဲမှုမရှိ။
''ဒီလို..ညီလေးရ….ညီလေးနဲ့ ကိုယ် နောက်ဆုံးတွေ့ပြီး…ကိုယ် အဲ့ဒီ တွန်းလှည်းစက်ဘီးလေးနဲ့ ရေခဲချောင်းရောင်းတဲ့အလုပ်အပြင်..ညပိုင်း..မုန့်ဖက်ထုပ်ရောင်းတဲ့အလုပ်ပါ တိုးချဲ့လုပ်တယ်''
''တီ..တီ..တီ''
ကိုအောင်မြင် စကားမဆုံးခင်..သူ့နောက်မှ သိန်းထောင်ကျော်တန် လင်ခရူဆာကားကြီးက ဟွန်းတီးသည်။
ကိုအောင်မြင်က ဖင်ကို တရွတ်ဆွဲဲပြီး ဘေးနားရွေ့သည်။ သူ့ရှေ့မှ အပြာရောင်ပလပ်စတစ်ခွက်ကလေးကိုပါ နေရာလိုက်ရွေ့သည်။
''အေးကွာ..တောင်ငူလမ်းဘက်သွားရောင်းတုန်း..နောက်က ကားတစ်စီးက ဝင်ကြုံးတာပဲဟေ့…ကားကိုလည်းမမိလိုက်ဘူး..ငါလည်း ခြေထောက်တစ်ဖက်အကြောဆိုင်းသွားတယ်..နောက်ဆုံးတော့..ဒီလို ဖြစ်လာတာပါပဲကွာ''
''ဖြစ်ရလေ..ကိုအောင်မြင်ရာ''
ထိုစဉ် လင်ခရူဆာကားပေါ်မှ လက်လှလှလေးတစ်ဖက်ထွက်လာပြီး ကိုအောင်မြင့် ထံ တစ်ထောင်တန် တစ်ရွက် ပစ်ချပေးသွားသည်။
ကိုအောင်မြင် က တစ်ထောင်တန်ကို ကောက်လိုက်ပြီး ကျွန်တော့်ကို ထပ်ပြုံးပြသည်။
''ဟေ့ကောင်…ညီလေး.မင်းက ငါ့ သနားနေတာလားကွ..''
ကျွန်တော် သူ့ကို စိတ်မကောင်းစွာဖြင့် ကြည့်နေမိသည်။
ကိုအောင်မြင် က သူ့ ခါးပုံစထဲမှ ငါးထောင်တန်၊ တစ်ထောင်တန် အထပ်လိုက်ကို ထုတ်လိုက်သည်။
''မသနားနဲ့.ငါ့ကောင်..ဒီအလုပ်က တစ်ရက်တစ်ရက် သုံးလေးသောင်းခိုင်တယ်ကွ..''
……………..
''ဒါပေမယ့်ဗျာ..ခင်ဗျား ခြေထောက်ကြီးတစ်ဖက်..ရင်းလိုက်ရတာ..ပြီးတော့..ခင်ဗျားက သိပ်အောင်မြင်ချင်တာလေဗျာ''
''ဟာ..ဒီကောင်လေးနှယ့်..မင်းကို ငါမပြောခဲ့ဘူးလား..နောက်ဆယ်နှစ်အတွင်း ဘာမှ မလုပ်ရပဲ ပိုက်ဆံတွေ ဝင်နေတဲ့ လူတစ်ယောက်ဖြစ်ရမယ်ဆိုတာ..အခုဖြစ်နေပြီလေ…ပဲခူးမှာ ငါခြံနှစ်ခြံဝယ်ထားတယ်…ရန်ကုန်မှာလည်း ဒလဘက်မှာ လုံးချင်းအိမ်တစ်လုံး ငှားနေတယ်ကွ…မိန်းမ လည်း နှစ်ယောက်ရှိတယ်ကွာ...မယားကြီးခင်လှ က သားနှစ်ကောင်နဲ့ ပန်းဆိုးတန်းရူဘီမတ်ရှေ့မှာ တောင်းတယ်..တလောကမှ ယူထားတဲ့ မယားငယ်မလေး အေးအေးသန်း ကအိမ်မှာ ထမင်း၊ဟင်းချက်...ဘုရားပွဲတွေ ဘာတွေရှိရင်တော့...သူ့လည်း လုပ်ငန်းတိုးချဲ့တဲ့အထဲ ခေါ်ရတာပေါ့..ကဲ..ငါအခု ငါမိသားစုကိုပါ စီမံခန့်ခွဲနိုင်ပြီ.....အဲ့ဒါ အောင်မြင်တာလို့ ခေါ်တယ်ကွ''
စားသောက်ဆိုင်ရှေ့ တောင်းစားနေသည့် ကိုအောင်မြင် က လက်ရှိ စာရေးဆရာ၊ အယ်ဒီတာလုပ်နေသည့် ကျွန်တော့်အခြေအနေ ထက် အများကြီးပိုကောင်းနေသည်။
''ဒါနဲ့..ညီလေး..ကိုယ့်အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ကို သိချင်လား...လာ..ဒီနားလာ..ပြောပြမယ်''
ကျွန်တော် သူ့နားတိုးသွားလိုက်သည်။ ကိုအောင်မြင်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးပြီး တစ်လုံးချင်းပြောပြလေသည်။
''ငါ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်က…ငါ့ခြေထောက်ပြန်ကောင်းတာ သုံးနှစ်ကျော်ပြီကွ…ဒါပေမယ့် တောင်းရချောင်အောင်လို့ တမင် ပက်တီးတွေစည်းပြီး ဒရွတ်ဆွဲနေတာ…ငါ့လုပ်ငန်းက အချိန်တိုင် းအကျိုးဖြစ်နေမှကွ…အကျိုးမဖြစ်ရင်.ငါလည်း လိုက်တောင်းလို့ရမှာမဟုတ်ဘူး…ဒီတော့ မကျိုးတော့လည်း..ကျိုးသလို ဟန်ဆောင်ရတာပေါ့….ဒါ ငါ့အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ပေါ့ကွာ.ဟဲ..ဟဲ..မင်းအချိန်ရရင် ခဏစောင့်ပါလား..ပြီးရင် ဘီယာလိုက်တိုက်မယ်လေ''
ကျွန်တော့်မှာ သူ ခေါ်သည်ကိုပင် မလိုက်နိုင်တော့။
မဂ္ဂဇင်းတိုက်တွင် ဖောင်ပိတ်ရမည်ဖြစ်သဖြင့် အောင်မြင်နေသူကြီးကို နှုတ်ဆက်ကာ ဘတ်စ်ကားမှတ်တိုင်သို့အသည်းအသန်ပြေးသွားရပါတော့သည်။
ဗြိတိသျှကိုကိုမောင်
Zawgyi
ကြ်န္ေတာ္နွင့္
အခ်ိန္တိုင္းကို အက်ိဳးျဖစ္ေစေသာ ဦးေအာင္ျမင္
……………………………………………………………………..
''ဟာ..ကိုေအာင္ျမင္..ခင္ဗ်ား..ကိုေအာင္ျမင္ပါေနာ္''
ကြ်န္ေတာ္တအံတၾသေမးေတာ့
သူက ျပံဳးျပီး ေခါင္းျငိမ့္ျပသည္။
ရန္ကုန္ျမိဳ႕ ၊ တကၠသိုလ္ရိပ္သာလမ္းရွိ လူကုံတန္မ်ားသာ စားေသာက္နိုင္သည့္
အဆင့္ျမင့္ဆိုင္တစ္ဆိုင္
၏ ေရွ႕တြင္ ကိုေအာင္ျမင့္ ကို ေတြ႕လိုက္ရသျဖင့္ ကြ်န္ေတာ္ အံၾသသြားပါသည္။
သူ႕ေနာက္တြင္
ရပ္ထားသည့္ သိန္းေထာင္ခ်ီတန္ဖိုးရွိမည့္
လင္ခရူဆာကားၾကီးက ေတာက္ေတာက္ေျပာင္ေျပာင္။
''ခင္ဗ်ား..ေျပာင္းလဲသြားလိုက္တာ..ကိုေအာင္ျမင္ရာ..ဒါနဲ႕ ဘယ္တုန္းက ရန္ကုန္ေရာက္ေနတာလဲ''
နာမည္နွင့္လိုက္ေအာင္
ေအာင္ျမင္မႈကို ရူးသြပ္သည့္ ကိုေအာင္ျမင္ ျပံဳးေနပါသည္။
လြန္ခဲ့ေသာ
ဆယ္ေျခာက္နွစ္ေက်ာ္က ကြ်န္ေတာ္သိေသာ ကိုေအာင္ျမင္သည္ ကြ်န္ေတာ္တို႕ နယ္ျမိဳ႕ကေလးတြင္ ဂတ္စ္မီးျခစ္ မ်ားကို ဂတ္စ္လိုက္ထည့္ေသာ လူတစ္ေယာက္သာျဖစ္သည္။
ထိုအခ်ိန္က
ကြ်န္ေတာ္သည္ ဆယ့္ငါးနွစ္သား၊ ဆယ္တန္းတက္ေနခ်ိန္။
ကြ်န္ေတာ့္အေဖဖြင့္ထားသည့္
လက္ဖက္ရည္ဆိုင္ေလးတြင္
ရိုးရိုးေပါ့ဆိမ့္တစ္ခြက္၊
ၾကယ္နီတစ္လိပ္ဖြာရင္း
ကိုေအာင္ျမင့္ လာလာ အနားယူတတ္သည္။
ကိုေအာင္ျမင္သည္ ရွစ္တန္းအထိ သာ ေက်ာင္းေနဖူးသည္။
သို႕ေသာ္..သူ႕လက္ထဲတြင္ေတာ့ ကမၻာေက်ာ္ တက္က်မ္းေရးဆရာၾကီးမ်ား၏ ဘာသာျပန္တက္က်မ္းစာအုပ္ တစ္အုပ္အျမဲလိုလို ပါလာတတ္သည္။
''မွတ္ထား..ညီေလးရ..ေအာင္ျမင္မႈ ကို ရွာေဖြတဲ့ေနရာမွာ..ေလာဘမၾကီးရဘူးလို႕ ေဒးကာနက္ဂ်ီက ေျပာခဲ့တယ္။ ကိုယ့္ အသက္ေမြး၀မ္းေၾကာင္းကို ေျဖးေျဖးနဲ႕မွန္မွန္လုပ္ရင္း…အခြင့္အေရးရလာခ်ိန္မွ အမိအရ နင္းျပီး ေရွ႕ကို တိုးရမယ္ကြ''
မီးျခစ္ဂက္စ္ျဖည့္သည္
ကိရိယာမ်ား၊ ဂတ္စ္ဗူးမ်ားကို လြယ္အိတ္ထဲ ထည့္လြယ္ကာ ေနပူၾကဲတဲထဲ တစ္ေနကုန္ သြားလာေနရသည့္ သူက ထိုသို႕ စကားၾကီး စကားက်ယ္မ်ားေျပာသျဖင့္ ကြ်န္ေတာ့္သူ႕ကို လံုး၀အထင္မၾကီးခဲ့။
ကိုေအာင္ျမင္
တြင္ ၀ါသနာတစ္ခုလည္း ရွိေသးသည္။
ဒါကေတာ့..သီခ်င္းနားေထာင္ျခင္းပင္။
ဆိုင္သို႕
လာထိုင္တိုင္း လႊမ္းမိုး ၏ ''တံုးခုလို႕မွ လွမ္းမရရင္..တံခ်ဴနဲ႕ ခူးပစ္မယ္'' ဆိုသည့္ သီခ်င္းကို အျမဲဖြင့္ခိုင္းတတ္သည္။
''ေအာင္ျမင္ခ်င္တဲ့
လူတစ္ေေယာက္မွာ အနုပညာကိုခံစားတတ္တဲ့ နွလံုးသားမ်ိဳး လည္း ပိုင္ဆိုင္ထားရမယ္ကြ. အနုပညာဟာ ရုန္းကန္ရင္း ၾကမ္းတမ္းလာတဲ့စိတ္ေတြကို နူးညံံ့ေစတယ္.''
ကိုေအာင္ျမင္
၏ အနုပညာအေပၚ ရႈျမင္ျခင္းကပင္..စီးပြားေရးျဖင့္ မလြတ္။
သံုးေလးလအၾကာတြင္
ကိုေအာင္ျမင္၏ လြယ္ေနက် လြယ္အိတ္ၾကီးက ပိုေဖာင္းလာသည္။
''ညီေလး..ကိုယ္လုပ္ငန္းတိုးခ်ဲ႕လိုက္ျပီေလ…ဟိုတစ္ေန႕က အိမ္တစ္အိမ္မွာ ဂက္စ္၀င္ျဖည့္ေပးရင္း..အဲ့ဒီက ဦးေလးတစ္ေယာက္က သူ႕ သားေရဖိနပ္ပ်က္သြားလို႕..ခ်ဳပ္တဲ့ဆိုင္ကလည္း ပိတ္ထားေတာ့ ညည္းေနတာေတြ႕တယ္..ဒါနဲ႕ ကိုယ္လည္း ေစ်းထဲက ဖိနပ္ခ်ဳပ္တဲ့ ကို၀င္းကို ဆိုင္ကို သြား..သူ ဖိနပ္ခ်ဳပ္တာကို နည္းနည္းေလ့လာလိုက္တယ္…ဂက္စ္ျဖည့္လို႕ရတဲ့အထဲက အျမတ္နည္းနည္းကို ဖယ္ျပီး ဖိနပ္ခ်ဳပ္ကိရိယာေတြ၀ယ္လိုက္တယ္ကြာ…ဟုတ္တယ္ေလ..ဂတ္စ္ျဖည့္ရင္း..ဖိနပ္ေလးပါ ခ်ဳပ္ေတာ့..လမ္းေလ်ွာက္ရတာခ်င္းအတူတူ ၀င္ေငြရေပါက္တစ္ခုတိုးတာေပါ့''
ကိုေအာင္ျမင္သည္
သူ႕ စီးပြားေရးကို တျဖည္းျဖည္းခ်င္း စခ်ဲ႕သည္။
''ေအာင္ျမင္တဲ့လူတစ္ေယာက္ျဖစ္ခ်င္ရင္
ေစ်းကြက္ရဲ႕ လိုအပ္ခ်က္ေတြကို အျမဲနားစြင့္ေနတတ္ရတယ္လို႕..စီအန္အန္ ကိုေထာင္တဲ့ သူေဌးၾကီး တတ္တာနာ က ေျပာဖူးတယ္''
''ကိုေအာင္ျမင္ရယ္..ခင္ဗ်ားက ၾကီးၾကီးက်ယ္က်ယ္ေတြေလ်ွာက္ေျပာေနတယ္..အခုလို ေနပူစပ္ခါးထဲ ေျခတိုေအာင္္ေလ်ွာက္ေနရတဲ့ဘ၀ကေန
ဘာမ်ားထပ္ျဖစ္ခ်င္တာလဲ''
ကြ်န္ေတာ္က ခပ္ေထ့ေထ့ေျပာလိုက္သည့္အခါ ကိုေအာင္ျမင့္ မ်က္နွာက ရုတ္တရက္တင္းမာသြားသည္။
''ဒီမွာ..ငါ့ညီ..ေနရိပ္ထဲထိုုင္..သီခ်င္းသံေလးနဲ႕ အလုပ္လုပ္ရတဲ့..မင္းအေဖလိုမ်ိဳး ဘ၀ ကို ငါလည္း
မၾကာခင္ ကူးေျပာင္းမွာပါကြ….ေအး..အဲ့ဒီဘ၀ကိုလည္း ငါၾကာၾကာမေနဘူး..ေအာင္ျမင္ဟာ ဘာမွ လုပ္စရာမလိုပဲ ေငြေတြ ၀င္ေနတာမ်ိဳး အထိေရာက္ေအာင္သြားမယ္…ဆယ္နွစ္အတြင္း အဲ့ဒီလိုမျဖစ္ရင္…ေဟာ့ဒီမွာ အဆိပ္ပုလင္းေတြ႕လား..လည္ပင္းမွာ အျမဲဆြဲထားတယ္…ငါ့ကိုယ္ငါ သက္ေသမယ္ကြ''
ကိုေအာင္ျမင္
သည္ ဆရာၾကီးမင္းသိခၤ ၏ ပုု႑ားဘကြန္းစာအုပ္ကို ဘုတ္ခနဲပစ္ခ်…သူ႕လက္ထဲမွ
ပုလင္းေလးကို ကြ်န္ေတာ့္ကို ထိုးျပသည္။
အဆိပ္ပုလင္းတဲ့။
အဲ့ဒီေနာက္ေတာ့ ကိုေအာင္ျမင္ အလုပ္တစ္ခု ထပ္တိုးမံတိုးခ်ဲ႕ျပန္ပါသည္။
မိုးတြင္းကာလနီးသျဖင့္
ထီးျပင္သည့္ လုပ္ငန္းကိုပါ သူ႕ လမ္းေလ်ွာက္၀န္ေဆာင္မႈထဲ ထည့္သြင္းလိုက္၏။
………………………
ကြ်န္ေတာ္
ဒုတိယနွစ္တက္သည့္အခါ အေဖ့ ၏ လက္ဖက္ရည္ဆိုင္ေလးလည္း ပိတ္လုိက္ရပါသည္။
ကြ်န္ေတာ္လည္း ကိုေအာင္ျမင္ကို ေမ့ေမ့ေပ်ာက္ေပ်ာက္။
တစ္ရက္..။
လမ္းထိပ္က
ကြမ္းယာဆိုင္တြင္ ကြ်န္ေတာ္ထိုင္ေနစဥ္…လႊမ္းမိုး၏ ''တံုးခုလို႕မွ လွမ္းမရရင္..တံခ်ဴနဲ႕ ခူးပစ္မယ္..မွတ္ထားကြယ္..ငါဟာ ေယာက္်ားတစ္ေယာက္ျဖစ္တယ္'' ဆိုသည့္ သီခ်င္းသံနွင့္အတူ ေရခဲမုန္႕ ေရာင္းသည့္ သံုးဘီးစက္ဘီးလွည္းတစ္ခု ကြ်န္ေတာ့္ေရွ႕ လာထိုးရပ္သည္။
''ေဟ့..ညီေလး..မင္း ငါ့ကို မွတ္မိလား''
ကိုေအာင္ျမင္။
ေရခဲမုန္႕သည္ ျဖစ္လာျပန္ျပီ။
''လြန္ခဲ့တဲ့
နွစ္နွစ္က မင္းအေဖရဲ႕ လက္ဖက္ရည္ဆိုင္မွာ မင္းကို ငါဘာေျပာခဲ့လဲ…ငါလည္းတစ္ေန႕ အရိပ္ထဲမွာ ထိုင္ျပီး သီခ်င္းေလးဖြင့္အလုပ္လုပ္နိုင္ရမယ္ဆိုတာ…ဟင္း..ဟင္း…အခု…ငါ အဲ့ဒီအေျခအေနေရာက္ေနျပီကြ..''
ရပ္ကြက္တကာ
ေျခတိုေအာင္ ေလ်ွာက္ျပီး ဂက္စ္ထည့္၊ ဖိနပ္ခ်ဳပ္၊ ထီးျပင္ ကိုေအာင္ျမင္မွ စက္ဘီးျဖင့္ ေရခဲမုန္႕လိုက္ေရာင္းသည့္ ကိုေအာင္ျမင္ျဖစ္လာျပီ။
သူလွည္းကေလးမွာ အမိုးကလည္းပါေတာ့ အရိပ္ထဲမွာျဖစ္သည္။ ဂ်ပန္ကက္ဆက္အနီေလးကို ေဆာင္းေဘာက္စ္ျဖင့္ ဂြ်ိဳင္းကာ သီခ်င္းကေလးကလည္း ဖြင့္ထားေသး၏။
''ဒီမွာ
ညီေလး..ေအာင္ျမင္ခ်င္တဲ့ လူတစ္ေယာက္ ဟာ အေျပာၾကီးရတယ္ကြ။ ေအး အေျပာေနာက္ကေန
အလုပ္လဲ လိုက္ရတယ္။ ကိုယ္သြားမယ့္ ပန္းတိုင္ကို သတ္မွတ္ထားမွ လမ္းဆိုတာ ေဖာက္လို႕ရတာ..ေအာင္ျမင္ ဟာ ေအာင္ျမင္ရမယ္ကြ..ဟားဟားဟား..သြားျပီ..ညီေလးေရ''
ထိုေနာက္ပိုင္းေတာ့
ကြ်န္ေတာ္လည္း ရန္ကုန္ေျမကို ေျခဆန္႕သည္။
ျမိဳ႕ကေလးက ေရခဲမုန္႕သည္ ေအာင္ျမင္ေရးသမားၾကီး ကိုေအာင္ျမင္ ကိုလည္း ကြ်န္ေတာ္ ေမ့သြား၏။
…………………………………….
အခုေတာ့..ဆယ္စုနွစ္တစ္စုကိုေက်ာ္မွ ကိုေအာင္ျမင္ ကို မထင္မွတ္သည့္ ေနရာတြင္ လာေတြ႕ေနသည္။
သူ႕အေျခအေန က ကြ်န္ေတာ့္ကို အံၾသေစသည္။
''ကိုေအာင္ျမင္..ခင္ဗ်ား..ဒီလိုဘ၀မ်ိဳး ဘယ္လိုေရာက္လာတာလဲဗ်ာ''
ကိုေအာင္ျမင္
က ျပံဳးပါသည္။
လူကသာ အမ်ားၾကီးေျပာင္းလဲသြားေသာ္လည္း
သူ႕အျပံဳးသည္ လြန္ခဲ့ေသာနွစ္မ်ားကလိုပဲ ေျပာင္းလဲမႈမရွိ။
''ဒီလို..ညီေလးရ….ညီေလးနဲ႕ ကိုယ္ ေနာက္ဆံုးေတြ႕ျပီး…ကိုယ္ အဲ့ဒီ တြန္းလွည္းစက္ဘီးေလးနဲ႕ ေရခဲေခ်ာင္းေရာင္းတဲ့အလုပ္အျပင္..ညပိုင္း..မုန္႕ဖက္ထုပ္ေရာင္းတဲ့အလုပ္ပါ
တိုးခ်ဲ႕လုပ္တယ္''
''တီ..တီ..တီ''
ကိုေအာင္ျမင္
စကားမဆံုးခင္..သူ႕ေနာက္မွ သိန္းေထာင္ေက်ာ္တန္ လင္ခရူဆာကားၾကီးက ဟြန္းတီးသည္။
ကိုေအာင္ျမင္က
ဖင္ကို တရြတ္ဆြဲဲျပီး ေဘးနားေရြ႕သည္။ သူ႕ေရွ႕မွ အျပာေရာင္ပလပ္စတစ္ခြက္ကေလးကိုပါ
ေနရာလိုက္ေရြ႕သည္။
''ေအးကြာ..ေတာင္ငူလမ္းဘက္သြားေရာင္းတုန္း..ေနာက္က ကားတစ္စီးက ၀င္ၾကံဳးတာပဲေဟ့…ကားကိုလည္းမမိလိုက္ဘူး..ငါလည္း ေျခေထာက္တစ္ဖက္အေၾကာဆိုင္းသြားတယ္..ေနာက္ဆံုးေတာ့..ဒီလို ျဖစ္လာတာပါပဲကြာ''
''ျဖစ္ရေလ..ကုိေအာင္ျမင္ရာ''
ထိုစဥ္
လင္ခရူဆာကားေပၚမွ လက္လွလွေလးတစ္ဖက္ထြက္လာျပီး
ကိုေအာင္ျမင့္ ထံ တစ္ေထာင္တန္ တစ္ရြက္
ပစ္ခ်ေပးသြားသည္။
ကုိေအာင္ျမင္
က တစ္ေထာင္တန္ကို ေကာက္လိုက္ျပီး ကြ်န္ေတာ့္ကို ထပ္ျပံဳးျပသည္။
''ေဟ့ေကာင္…ညီေလး.မင္းက ငါ့ သနားေနတာလားကြ..''
ကြ်န္ေတာ္
သူ႕ကို စိတ္မေကာင္းစြာျဖင့္ ၾကည့္ေနမိသည္။
ကိုေအာင္ျမင္
က သူ႕ ခါးပံုစထဲမွ ငါးေထာင္တန္၊ တစ္ေထာင္တန္ အထပ္လိုက္ကို ထုတ္လိုက္သည္။
''မသနားနဲ႕.ငါ့ေကာင္..ဒီအလုပ္က တစ္ရက္တစ္ရက္ သံုးေလးေသာင္းခိုင္တယ္ကြ..''
……………..
''ဒါေပမယ့္ဗ်ာ..ခင္ဗ်ား ေျခေထာက္ၾကီးတစ္ဖက္..ရင္းလိုက္ရတာ..ျပီးေတာ့..ခင္ဗ်ားက သိပ္ေအာင္ျမင္ခ်င္တာေလဗ်ာ''
''ဟာ..ဒီေကာင္ေလးနွယ့္..မင္းကို ငါမေျပာခဲ့ဘူးလား..ေနာက္ဆယ္နွစ္အတြင္း ဘာမွ မလုပ္ရပဲ ပိုက္ဆံေတြ ၀င္ေနတဲ့ လူတစ္ေယာက္ျဖစ္ရမယ္ဆိုတာ..အခုျဖစ္ေနျပီေလ…ပဲခူးမွာ ငါျခံနွစ္ျခံ၀ယ္ထားတယ္…ရန္ကုန္မွာလည္း ဒလဘက္မွာ လံုးခ်င္းအိမ္တစ္လံုး ငွားေနတယ္ကြ…မိန္းမ လည္း နွစ္ေယာက္ရွိတယ္ကြာ...မယားၾကီးခင္လွ က သားနွစ္ေကာင္နဲ႕ ပန္းဆိုးတန္းရူဘီမတ္ေရွ႕မွာ ေတာင္းတယ္..တေလာကမွ ယူထားတဲ့ မယားငယ္မေလး ေအးေအးသန္း ကအိမ္မွာ ထမင္း၊ဟင္းခ်က္...ဘုရားပြဲေတြ ဘာေတြရွိရင္ေတာ့...သူ႕လည္း လုပ္ငန္းတိုးခ်ဲ႕တဲ့အထဲ ေခၚရတာေပါ့..ကဲ..ငါအခု ငါမိသားစုကိုပါ စီမံခန္႕ခြဲနိုင္ျပီ.....အဲ့ဒါ ေအာင္ျမင္တာလို႕ ေခၚတယ္ကြ''
စားေသာက္ဆုိင္ေရွ႕
ေတာင္းစားေနသည့္ ကိုေအာင္ျမင္ က လက္ရွိ စာေရးဆရာ၊
အယ္ဒီတာလုပ္ေနသည့္ ကြ်န္ေတာ့္အေျခအေန ထက္ အမ်ားၾကီးပိုေကာင္းေနသည္။
''ဒါနဲ႕..ညီေလး..ကုိယ့္ေအာင္ျမင္မႈရဲ႕ လ်ွိဳ႕၀ွက္ခ်က္ကို သိခ်င္လား...လာ..ဒီနားလာ..ေျပာျပမယ္''
ကြ်န္ေတာ္
သူ႕နားတိုးသြားလိုက္သည္။
ကိုေအာင္ျမင္က ေခါင္းတျငိမ့္ျငိမ့္ျဖင့္ ျပံဳးျပီး တစ္လံုးခ်င္းေျပာျပေလသည္။
''ငါ
ေအာင္ျမင္ျခင္းရဲ႕ လ်ွိဳ႕၀ွက္ခ်က္က…ငါ့ေျခေထာက္ျပန္ေကာင္းတာ သံုးနွစ္ေက်ာ္ျပီကြ…ဒါေပမယ့္ ေတာင္းရေခ်ာင္ေအာင္လို႕ တမင္ ပက္တီးေတြစည္းျပီး ဒရြတ္ဆြဲေနတာ…ငါ့လုပ္ငန္းက အခ်ိန္တိုင္ းအက်ိဳးျဖစ္ေနမွကြ…အက်ိဳးမျဖစ္ရင္.ငါလည္း လိုက္ေတာင္းလို႕ရမွာမဟုတ္ဘူး…ဒီေတာ့ မက်ိဳးေတာ့လည္း..က်ိဳးသလို ဟန္ေဆာင္ရတာေပါ့….ဒါ ငါ့ေအာင္ျမင္ျခင္းရဲ႕ လ်ွိဳ႕၀ွက္ခ်က္ေပါ့ကြာ.ဟဲ..ဟဲ..မင္းအခ်ိန္ရရင္ ခဏေစာင့္ပါလား..ျပီးရင္ ဘီယာလိုက္တိုက္မယ္ေလ''
ကြ်န္ေတာ့္မွာ
သူ ေခၚသည္ကိုပင္ မလိုက္နိုင္ေတာ့။
မဂၢဇင္းတိုက္တြင္ ေဖာင္ပိတ္ရမည္ျဖစ္သျဖင့္ ေအာင္ျမင္ေနသူၾကီးကို နႈတ္ဆက္ကာ ဘတ္စ္ကားမွတ္တိုင္သို႕အသည္းအသန္ေျပးသြားရပါေတာ့သည္။
ျဗိတိသ်ွကိုကိုေမာင္
Done 🍀
ReplyDelete🙄😆Done✅
ReplyDelete🫣🫣😱😱
ReplyDeleteDone 💪
ReplyDeleteWOW
ReplyDeleteDone 🌧️
ReplyDelete