ကျွန်တော်နှင့် ဆံပင်

Unicode 


ကျွန်တော်နှင့် ဆံပင်

... ... .... .... .... ....

ဒီနေ့ မိန်းမက ချန်ဂင်ကား ကြည့်နေတော့ ဝင်ကြည့်မိရင်း..ကိုရီးယားနန်းတွင်းက..အပျိုတော်တွေ၊ ရှန်ကုံးမယ်မယ်တွေ၊ မိဖုရားတွေ ၊ မယ်တော်ကြီး တွေ ဆံထုံးပုံစံ မတူကြတာကို တွေ့ပြီး..ဆံပင်နဲ့ ပတ်သက်တာတွေ တွေးမိတယ်။

ကျွန်တော်တို့ အရင်က သိတာ မိန်းမတို့ ဘုန်း ဆံထုံး ဘာညာဆိုတော့ ဆံထုံး ဟာ မိန်းမ တို့ရဲ့ ဘုန်းကံပေါ့။ ဒါ့ကြောင့် ဆံထုံး ထုံးနိုင်တဲ့ ဆံပင်ရှည်ရှည် မိန်းမတွေက ဘုန်းကံ ရှိတယ် ဘာညာ ဘာညာပေါ့။

ငယ်ငယ်က အဲ့ဒီလို ပဲ တွေးမိတာ။

ဆရာကြီး ရွှေပြည်ဦးဘတင် ဟောပြောချက်တွေ မှာတော့ အဲ့လို မဟုတ်ဘူးရယ်ဗျ။

တကယ်တော့..ရှင်ဘုရင်ခေတ်က ဆံထုံးတွေက အခုခေတ်စကားနဲ့ဆို..ဖောက်စွပ် တွေပဲ။ဆံထုံးဆိုတာ ကျောက်၊သံ၊ ပတ္တမြားတွေ နဲ့ လုပ်ထားပြီး ခေါင်းပေါ် တန်းစွတ်ချရတာမျိုးကြီး။

မိဖုရားခေါင်ကြီး ထုံးရတဲ့ ဆံထုံး ကနေ မြောက်နန်းမတော်၊ အလယ်နန်းမတော်၊ အနောက်နန်းတော်၊ မြောက်ဆောင်၊ တောင်ရွှေရေး စတဲ့ ဘုရင့်မိဖုရားတွေ ထုံးရတဲ့ ဆံထုံး၊ အိမ်ရှေ့မိဖုရားဆံထုံး၊ ဝန်ကြီးကတော်ဆံထုံး၊ ဝန်ထောက်ကတော် ဆံထုံး၊ အတွင်းဝန်ကတော် ဆံထုံး..အဲ့ဒီလို အဆင့်ဆင့် ဘယ်လို ထုံးရမယ် ဆိုတာ အမိန့်ပြန်ပြီးသားတဲ့။

ရပ်ထဲ ရွာထဲ နန်းတော်ကြီး အမှုထမ်းကတော်တွေ ရှိတယ်ဆို သူတို့ နန်းကြီးထဲ ဘုရင်မင်းမြတ်ရဲ့ အကန်တော့ခံပွဲကို ဝင်ကြတော့မယ်ဆို လူတွေက မနက်အစောကြီးထ သေချာစောင့်ကြည့်ကြသတဲ့။

သူတို့ ထွက်လာပြီး လှည်းယာဉ်ပေါ် အတက်မှာ ဘယ်လို ဆံထုံး စွတ်ထားတယ်ဆိုတာ လူတွေက ကြည့်ပြီး...ဟေ့..သူ့ယောက်ျားကတော့ သံတော်ဆင့်ကနေ..အတွင်းဝန်ဖြစ်ပြီဟေ့..။ အတွင်းဝန်ကနေ..ဝန်ထောက်ဖြစ်ပြီဟေ့..အဲ့ဒီလို..ဆံထုံးကြည့်ပြီး အဆင့်ခွဲတာတဲ့။

ဒီတော့..မိန်းမတို့ ဘုန်း..ဆံထုံး ဆိုတာ...ဆံပင်နဲ့ ဘာမှ မဆိုင်ဘူးရယ်..။

ယောက်ျားတွေ ကျတော့ရော။

ကျွန်တော်တို့ အဖေတွေ ခေတ်က ကြုံရတာက..ဆံပင်ရှည်ရင် လမ်းသရဲ။

ကျွန်တော့်ဦးလေးတစ်ယောက်ဆို စိန်ပေါလ်ကျောင်းသား၊ လမ်းသရဲ..။

တော်တော်အသက်ကြီးကြီး အထိ ဆံပင်ရှည်ကြီးနဲ့။

အဲ့ဒီခေတ်က

ဆံပင်ရှည်ရှည်၊ ဂစ်တာ ဒေါင်ဒင်၊ ဖလဲဘောင်းဘီနဲ့..ဆေးသမားလို ကောင်တွေဆိုပြီး နှိမ်ကြတာဆိုတော့..သူတို့ဟာ ဒီဆံပင်အတွက် အားလုံးနဲ့ အတိုက်အခံလုပ်ပြီး တော်တော်စွန့်စားခဲ့ပုံပဲ။

ဒါကြောင့် တမြတ်တနိုး ရှိကြတာ။

နို့..ကျွန်တော်တို့ အဘိုးတွေခေတ်ကျ...ဘိုကေညှပ်၊ ကောစမစ်လိမ်း၊ ပေါင်ဒါဖို့၊ မယ်ဒလင် တီးတော့လည်း..သျှောင်မရှိတဲ့ မောင်ငပိ တွေလို ရှေး အဘိုး အဘွားတွေက သူတို့ကို ဆိုခဲ့ကြမှာသေချာတယ်။

အလောင်းမင်းတရား ဦးအောင်ဇေယျဘဝက ဟံသာဝတီက မွန်တွေကို သစ္စာမခံရတဲ့ အချက်ထဲမှာ..မွန်တွေက သျှောင်ဖြတ်ပြီး..မွန်ကေ (ပီးမတ်ကေ) ညှပ်ပစ်တတ်တာကြောင့်ကလည်း တစ်ချက်ပါတယ်လို့ ဖတ်ဖူးပါတယ်။

နောက်.မြန်မာမင်းအမိန့်တော်တွေထဲကျ...ဘိုးတော်ဘုရား ရဲ့ ၁၈၀၆ ဧပြီ ၂၇ က ထုတ်တဲ့ အမိန့်တစ်ခုထဲမှာ ဆံပင်ရှည် မထားပဲ ဆံပင်ကို ဖြတ်ပစ်တဲ့ ယောက်ျား ၊ မိန်းမ မှန်သမျှ နန်းတွင်းသူ၊ မင်းသမီး အဆင့်မထိမကျန် ကြိုးတုပ်ပြီး ရေမှာ ဖျောက်စေ ဆိုတဲ့ အမိန့်ထုတ်ဖူးတယ်။

၁၈၁၁ ဇန်နဝါရီကျ သျှောင်ထုံးမရှိတဲ့ ဆံတို ငတိမှန်သမျှ ဘုန်းကြီးလူထွက်ကလွဲလို့ အကုန်ဖမ်းပြီး အပြစ်ပေးလို့ အမိန့်ထုတ်ပြန်တယ်။

အံသြစရာက နောက် နှစ်ပေါင်း တစ်ရာငါးဆယ်လောက်အကြာ ၁၉၆၆ လောက်ကျ ဗမာပြည်က ဆံပင်ရှည်ထားရင် လမ်းသရဲ ဆိုပြီး နှိမ်ကြပြန်ရော။

ဘိုးတော်ဦးဝိုင်း လည်း ၁၉၆၆ ခုနှစ်လောက်မှာ

လူပြန်ဝင်စားရင်..ခမြာ ဘိုကေလေးနဲ့ လမ်းစဉ်လူငယ်ဖြစ်နေရှာမယ်။

အခု ရက်ဂေးအဆိုတော်ကြီး ကိုစောဖိုးခွား ဆို အရင်က မြန်မာ့လက်ရွေးစင် ဘောလုံးသမား။

သူ့ကို နဝတ အားကစားဝန်ကြီးက ဆံပင်မညှပ်ရင် ကွင်းထဲမလာနဲ့ဆိုလို့..ဘောလုံးကို စွန့်ပြီး သင်္ဘောလိုက်၊ အခု အဆိုတော်လုပ်နေတာ လို့ ကျွန်တော့်ကို ပြောပြဖူးတယ်။

အဲ..ကျွန်တော်တို့ခေတ်ကျ..ဆံပင်အနီဆိုးတဲ့ခေတ်။

အဆိုတော်စည်သူလွင်က စတာ ထင်တယ်။

အဝါတို့၊ အနီတို့ ဆိုးရာကနေ နောက်ပိုင်း ရောင်စုံဆိုးလာကြတဲ့ အထိ။

အခုကတော့..ဆံပင်တွေ ဖြောင့်တဲ့ခေတ်၊ ကောက်တဲ့ခေတ်၊ ဘေးကို အပြောင်ထိုးပြီး ဝမ်းဝေးထောင်တဲ့ခေတ်၊ ကတုံးကေထိုးပြီး ရှိတ်ဖော်တဲ့ခေတ်...။

ဘာပဲဖြစ်ဖြစ်

ဖက်ရှင်တစ်ခုခုကို တစ်ပုံစံထဲ လုပ်တဲ့ ခေတ်ကနေ...ကိုယ် နှစ်သက်ရာ ကိုယ့်ဖက်ရှင် အဖြစ်..ထားတဲ့ခေတ် ရောက်လာပြီပဲ..။

ဆံပင်ပုံစံတွေကြည့်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းကို၊ ဗဟုဝါဒ ကို ၊ လူသားဆန်တဲ့ လွတ်လပ်ခွင့်ကို ကိုယ်စားပြုလာတဲ့ ခေတ်၊ စနစ်တွေကို ခန့်မှန်းလို့ ရလာတယ်လို့ပဲ တွေးမိပါတယ်။

ဒါတောင် ရှေ့တစ်လက်မ၊ နောက်ပြောင် ပဲကေ ညှပ်ထားရင်..ထောက်လှမ်းရေးလိုလို၊ ရဲလိုလို၊ နယ်ထိန်းလိုလို လုပ်ပြီး ဖာဘိ ကို အလကားဝင်တဲ့ ခေတ်က ကြားညှပ်နေသေး။

အဲ့ဒါကျ...ကိုယ်တောင် အစစ်ပါသေးတယ်..ငိ။

ဗြိတိသျှကိုကိုမောင်




Zawgyi


ကြ်န္ေတာ္နွင့္ ဆံပင္
... ... .... .... .... ....
ဒီေန႔ မိန္းမက ခ်န္ဂင္ကား ၾကည့္ေနေတာ့ ဝင္ၾကည့္မိရင္း..ကိုရီးယားနန္းတြင္းက..အပ်ိဳေတာ္ေတြ၊ ႐ွန္ကံုးမယ္မယ္ေတြ၊ မိဖုရားေတြ မယ္ေတာ္ႀကီး ေတြ ဆံထံုးပံုစံ မတူၾကတာကို ေတြ႔ၿပီး..ဆံပင္နဲ႔ ပတ္သက္တာေတြ ေတြးမိတယ္။

ကြၽန္ေတာ္တို႔ အရင္က သိတာ မိန္းမတို႔ ဘုန္း ဆံထံုး ဘာညာဆိုေတာ့ ဆံထံုး ဟာ မိန္းမ တို႔ရဲ႕ ဘုန္းကံေပါ့။ ဒါ့ေၾကာင့္ ဆံထံုး ထံုးႏိုင္တဲ့ ဆံပင္႐ွည္႐ွည္ မိန္းမေတြက ဘုန္းကံ ႐ွိတယ္ ဘာညာ ဘာညာေပါ့။

ငယ္ငယ္က အဲ့ဒီလို ပဲ ေတြးမိတာ။

ဆရာႀကီး ေရႊျပည္ဦးဘတင္ ေဟာေျပာခ်က္ေတြ မွာေတာ့ အဲ့လို မဟုတ္ဘူးရယ္ဗ်။

တကယ္ေတာ့..႐ွင္ဘုရင္ေခတ္က ဆံထံုးေတြက အခုေခတ္စကားနဲ႔ဆို..ေဖာက္စြပ္ ေတြပဲ။ဆံထံုးဆိုတာ ေက်ာက္၊သံ၊ ပတၱျမားေတြ နဲ႔ လုပ္ထားၿပီး ေခါင္းေပၚ တန္းစြတ္ခ်ရတာမ်ိဳးႀကီး။

မိဖုရားေခါင္ႀကီး ထံုးရတဲ့ ဆံထံုး ကေန ေျမာက္နန္းမေတာ္၊ အလယ္နန္းမေတာ္၊ အေနာက္နန္းေတာ္၊ ေျမာက္ေဆာင္၊ ေတာင္ေရႊေရး စတဲ့ ဘုရင့္မိဖုရားေတြ ထံုးရတဲ့ ဆံထံုး၊ အိမ္ေ႐ွ႕မိဖုရားဆံထံုး၊ ဝန္ႀကီးကေတာ္ဆံထံုး၊ ဝန္ေထာက္ကေတာ္ ဆံထံုး၊ အတြင္းဝန္ကေတာ္ ဆံထံုး..အဲ့ဒီလို အဆင့္ဆင့္ ဘယ္လို ထံုးရမယ္ ဆိုတာ အမိန္႔ျပန္ၿပီးသားတဲ့။

ရပ္ထဲ ရြာထဲ နန္းေတာ္ႀကီး အမႈထမ္းကေတာ္ေတြ ႐ွိတယ္ဆို သူတို႔ နန္းႀကီးထဲ ဘုရင္မင္းျမတ္ရဲ႕ အကန္ေတာ့ခံပြဲကို ဝင္ၾကေတာ့မယ္ဆို လူေတြက မနက္အေစာႀကီးထ ေသခ်ာေစာင့္ၾကည့္ၾကသတဲ့။

သူတို႔ ထြက္လာၿပီး လွည္းယာဥ္ေပၚ အတက္မွာ ဘယ္လို ဆံထံုး စြတ္ထားတယ္ဆိုတာ လူေတြက ၾကည့္ၿပီး...ေဟ့..သူ႔ေယာက္်ားကေတာ့ သံေတာ္ဆင့္ကေန..အတြင္းဝန္ျဖစ္ၿပီေဟ့.. အတြင္းဝန္ကေန..ဝန္ေထာက္ျဖစ္ၿပီေဟ့..အဲ့ဒီလို..ဆံထံုးၾကည့္ၿပီး အဆင့္ခြဲတာတဲ့။

ဒီေတာ့..မိန္းမတို႔ ဘုန္း..ဆံထံုး ဆိုတာ...ဆံပင္နဲ႔ ဘာမွ မဆိုင္ဘူးရယ္..

ေယာက္်ားေတြ က်ေတာ့ေရာ။

ကြၽန္ေတာ္တို႔ အေဖေတြ ေခတ္က ၾကံဳရတာက..ဆံပင္႐ွည္ရင္ လမ္းသရဲ။

ကြၽန္ေတာ့္ဦးေလးတစ္ေယာက္ဆို စိန္ေပါလ္ေက်ာင္းသား၊ လမ္းသရဲ..

ေတာ္ေတာ္အသက္ႀကီးႀကီး အထိ ဆံပင္႐ွည္ႀကီးနဲ႔။

အဲ့ဒီေခတ္က
ဆံပင္ရွည္ရွည္၊ ဂစ္တာ ေဒါင္ဒင္၊ ဖလဲေဘာင္းဘီနဲ႔..ေဆးသမားလို ေကာင္ေတြဆိုၿပီး ႏွိမ္ၾကတာဆိုေတာ့..သူတို႔ဟာ ဒီဆံပင္အတြက္ အားလံုးနဲ႔ အတိုက္အခံလုပ္ၿပီး ေတာ္ေတာ္စြန္႔စားခဲ့ပံုပဲ။

ဒါေၾကာင့္ တျမတ္တႏိုး ႐ွိၾကတာ။

ႏို႔..ကြၽန္ေတာ္တို႔ အဘိုးေတြေခတ္က်...ဘိုေကညႇပ္၊ ေကာစမစ္လိမ္း၊ ေပါင္ဒါဖို႔၊ မယ္ဒလင္ တီးေတာ့လည္း..ေသ်ွာင္မ႐ွိတဲ့ ေမာင္ငပိ ေတြလို ေ႐ွး အဘိုး အဘြားေတြက သူတို႔ကို ဆိုခဲ့ၾကမွာေသခ်ာတယ္။

အေလာင္းမင္းတရား ဦးေအာင္ေဇယ်ဘဝက ဟံသာဝတီက မြန္ေတြကို သစၥာမခံရတဲ့ အခ်က္ထဲမွာ..မြန္ေတြက ေသ်ွာင္ျဖတ္ၿပီး..မြန္ေက (ပီးမတ္ေက) ညႇပ္ပစ္တတ္တာေၾကာင့္ကလည္း တစ္ခ်က္ပါတယ္လို႔ ဖတ္ဖူးပါတယ္။

ေနာက္.ျမန္မာမင္းအမိန္႔ေတာ္ေတြထဲက်...ဘိုးေတာ္ဘုရား ရဲ႕ ၁၈၀၆ ဧၿပီ ၂၇ က ထုတ္တဲ့ အမိန္႔တစ္ခုထဲမွာ ဆံပင္႐ွည္ မထားပဲ ဆံပင္ကို ျဖတ္ပစ္တဲ့ ေယာက္်ား မိန္းမ မွန္သမ်ွ နန္းတြင္းသူ၊ မင္းသမီး အဆင့္မထိမက်န္ ႀကိဳးတုပ္ၿပီး ေရမွာ ေဖ်ာက္ေစ ဆိုတဲ့ အမိန္႔ထုတ္ဖူးတယ္။

၁၈၁၁ ဇန္နဝါရီက် ေသ်ွာင္ထံုးမ႐ွိတဲ့ ဆံတို ငတိမွန္သမ်ွ ဘုန္းႀကီးလူထြက္ကလြဲလို႔ အကုန္ဖမ္းၿပီး အျပစ္ေပးလို႔ အမိန္႔ထုတ္ျပန္တယ္။

အံၾသစရာက ေနာက္ ႏွစ္ေပါင္း တစ္ရာငါးဆယ္ေလာက္အၾကာ ၁၉၆၆ ေလာက္က် ဗမာျပည္က ဆံပင္႐ွည္ထားရင္ လမ္းသရဲ ဆိုၿပီး ႏွိမ္ၾကျပန္ေရာ။

ဘိုးေတာ္ဦးဝိုင္း လည္း ၁၉၆၆ ခုႏွစ္ေလာက္မွာ
လူျပန္ဝင္စားရင္..ချမာ ဘိုေကေလးနဲ႔ လမ္းစဥ္လူငယ္ျဖစ္ေန႐ွာမယ္။

အခု ရက္ေဂးအဆိုေတာ္ႀကီး ကိုေစာဖိုးခြား ဆို အရင္က ျမန္မာ့လက္ေရြးစင္ ေဘာလံုးသမား။

သူ႔ကို နဝတ အားကစားဝန္ႀကီးက ဆံပင္မညႇပ္ရင္ ကြင္းထဲမလာနဲ႔ဆိုလို႔..ေဘာလံုးကို စြန္႔ၿပီး သေဘၤာလိုက္၊ အခု အဆိုေတာ္လုပ္ေနတာ လို႔ ကြၽန္ေတာ့္ကို ေျပာျပဖူးတယ္။

အဲ..ကြၽန္ေတာ္တို႔ေခတ္က်..ဆံပင္အနီဆိုးတဲ့ေခတ္။

အဆိုေတာ္စည္သူလြင္က စတာ ထင္တယ္။

အဝါတို႔၊ အနီတို႔ ဆိုးရာကေန ေနာက္ပိုင္း ေရာင္စံုဆိုးလာၾကတဲ့ အထိ။

အခုကေတာ့..ဆံပင္ေတြ ေျဖာင့္တဲ့ေခတ္၊ ေကာက္တဲ့ေခတ္၊ ေဘးကို အေျပာင္ထိုးၿပီး ဝမ္းေဝးေထာင္တဲ့ေခတ္၊ ကတံုးေကထိုးၿပီး ႐ွိတ္ေဖာ္တဲ့ေခတ္...

ဘာပဲျဖစ္ျဖစ္
ဖက္႐ွင္တစ္ခုခုကို တစ္ပံုစံထဲ လုပ္တဲ့ ေခတ္ကေန...ကိုယ္ ႏွစ္သက္ရာ ကိုယ့္ဖက္႐ွင္ အျဖစ္..ထားတဲ့ေခတ္ ေရာက္လာၿပီပဲ..

ဆံပင္ပံုစံေတြၾကည့္ၿပီး ဂလိုဘယ္လိုက္ေဇး႐ွင္းကို၊ ဗဟုဝါဒ ကို လူသားဆန္တဲ့ လြတ္လပ္ခြင့္ကို ကိုယ္စားျပဳလာတဲ့ ေခတ္၊ စနစ္ေတြကို ခန္႔မွန္းလို႔ ရလာတယ္လို႔ပဲ ေတြးမိပါတယ္။

ဒါေတာင္ ေ႐ွ႕တစ္လက္မ၊ ေနာက္ေျပာင္ ပဲေက ညႇပ္ထားရင္..ေထာက္လွမ္းေရးလိုလို၊ ရဲလိုလို၊ နယ္ထိန္းလိုလို လုပ္ၿပီး ဖာဘိ ကို အလကားဝင္တဲ့ ေခတ္က ၾကားညႇပ္ေနေသး။

အဲ့ဒါက်...ကိုယ္ေတာင္ အစစ္ပါေသးတယ္..ငိ။

ၿဗိတိသ်ွကိုကိုေမာင္

 


Comments

  1. အဖွားကို သတိရမိ
    ခါးလောက်ရှိနေတဲ့ ဆံပင်ကိုအတိုညှပ်လိုက်လို့ အဆူခံရတာ ၇ရက်လောက်...

    ReplyDelete
  2. လူသားဆန်တဲ့ လွတ်လပ်ခွင့်ကို ကိုယ်စားပြုလာတဲ့ ခေတ်၊ စနစ်တွေကို ခန့်မှန်းလို့ ရလာတယ်

    ReplyDelete
  3. ဆံပင်တိုထားတာပဲ ကြိုက်တော့ အရင်ခေတ်မှာမမွေးခဲ့တာ တော်ပါသေးရဲ့😄

    ReplyDelete

Post a Comment