ကျွန်တော်နှင့် မသာဒိုင်လူကြီး
Unicode
ကျွန်တော်နှင့် မသာဒိုင်လူကြီး
... ... ... ...
ကျွန်တော် မသာဒိုင်လူကြီး ဆိုတာကို တွေ့ဖူးတယ်။
ဘယ့်နှယ့် ဒိုင်လူကြီးကတော့ ဟုတ်ပါပြီ....မသာဒိုင်လူကြီး ဆိုတာ ဘယ်လိုဟာတုန်း။
ရှိပါ့မလား လို့ မေးလာရင်တော့...ရှိတယ်လို့ပဲ ဖြေရမှာပါ။
အဖြစ်က..ဒီလိုဗျ ။
ကျွန်တော် မရမ်းကုန်း၊ အောင်မင်္ဂလာရပ်ကွက်ထဲ အဆောင်နေစဉ်ကပေါ့။
မနီ၊ မသီ၊ မကြည် ဆိုတဲ့ ညီအမတွေရှိတယ်။
မနီ က အကြီးဆုံး ၊ အပျိုကြီး။ ကုန်စုံဆိုင်ရှိတယ်။
မသီ က မုဆိုးမ၊ ထမင်းဆိုင်ဖွင့်ထားတာ။
သူ့သမီးကြီး သွယ်သွယ်အောင်လေးက ဒေးတက်နေတာ။ချောချောလေး။ သမီးငယ် နွယ်နွယ်အောင်က ဆယ်တန်း။ ဒါလေးလည်း ရပ်ကွက်ရဲ့ ဖွန်တက္ကသိုလ်အတွက် ဗိုလ်လောင်းလေးပဲ။
ကဲ..ဒီတော့..ဒီကလေးမတွေ ပညာရေးအတွက်...မသီ ရဲ့ ဆိုင်မှာ ထမင်းနေ့တိုင်းဝယ်စားဖို့က လွဲပြီး ကျွန်တော့်မှာ တခြားရွေးချယ်စရာမရှိ။
မကြည် ကျတော့လည်း အသက် ၃၀ လောက်ဆိုတော့..အပျိုမကြီးတကြီး၊ တောင့်တောင့်ဖြောင့်ဖြောင့်ကြီး ။ ပြီးတော့ ရေလုပ်ငန်း၊ပုလဲဦးစီးဌာနက အရာရှိတဲ့။
မသီထမင်းဆိုင် နဲ့ ကျွန်တော်တို့က တအားရင်းနှီးကြတာ၊ တခါတလေ ပုလင်းယူသွားပြီး အဲ့ဒီဆိုင်မှာပါ သောက်လို့ရတဲ့အထိကို ရင်းနှီးတာ။
အဲ...ဒီလိုရင်းနှီးဖို့ဆိုတာလည်း..လွယ်လွယ်တော့ ဘယ်ရမလဲ။
သူတို့ ညီအမတွေ အိမ်မှာ မီတာခဆောင်တာကအစ၊ အီးတွင်းတူးတာအဆုံး လိုက်လုပ်ပေးထားတာကိုးဗျ။
တစ်ရက်တော့ ညီအမတွေ၊တူဝရီးတွေ ငိုကြီးချက်မနဲ့။
မေးကြည့်တော့...သူတို့အဖေ ဆုံးသွားလို့တဲ့။
နို့..တခါမှလည်း သူတို့အဖေရှိတယ်ဆိုတာ မကြားဖူးပါဘူးပေါ့။
နောက်တော့ သွယ်သွယ်လေးရှင်းပြမှ ဇာတ်ရည်ကလည်တယ်။
မနီ၊ မသီ၊ မကြည် တို့ အဖေက ဆည်မြောင်းဘက်က အရာရှိအကြီးကြီး။
ငွေကြေးကလည်းရေလည်ထော။
မနီ၊မသီ၊မကြည် တို့က အဲ့ဘဲရီးရဲ့ နောက်မိန်းမနဲ့ မွေးတာတဲ့။
ပထမ မိန်းမနဲ့လည်း သမီး လေးယောက်မွေးထားသေးတယ်။
အခု က ပထမမိန်းမနဲ့မွေးတဲ့ သမီးကြီးဆီမှာ ဘိုးတော်က ဆုံးတာ။
ဘိုးတော်က မသေခင် ညီတူညီမျှ အမွေတွေခွဲပေးပြီးသား။
ဒါပေမယ့် ပထမအိမ်ထောင်က သမီးတွေနဲ့ ဒုတိယအိမ်ထောင်က သမီးတွေ ဖြစ်တဲ့ မနီတို့အုပ်စုက လုံးဝမတည့်ကြဘူး။
"တို့မှာက လောက်လောက်လားလား အားကိုးစရာ မရှိလို့ မင်းလိုက်ခဲ့ပါ..မောင်ကျော်စွာ'' ဆိုတဲ့ မသီ စကားနဲ့ ကျွန်တော့်မှာ နာရေးနေ့ ရေဝေးကို လိုက်သွားရတယ်။
သွယ်လေးတို့၊နွယ်လေးတို့..ကလေးမတွေ...အားငယ်နေမယ်ဆိုတဲ့..စိတ်ထားကောင်းလေးနဲ့ပါလေ။
မနီကြီးက ခြင်းထောင်းတစ်လုံး ကျွန်တော့်ကို ပေးတယ်။
အထဲမှာ အုန်းသီးနဲ့ဓားမ တစ်ချောင်း၊ နောက် အပ်ချည်ကြိုးထုံးလေးနှစ်ထုံး။
အုန်းသီးနဲ့ဓားမက သူတို့အဖေ အလောင်းပေါ် အုန်းရည်နဲ့မျက်နှာသစ်ပေးဖို့၊ အပ်ချည်ကြိုးကတော့ သူ့မြေးမနှစ်ယောက် အရပ်နဲ့တိုင်းထားတာတဲ့။ အခေါင်းထဲထည့်ပေးဖို့ဆိုလား ကျွန်တော့်ကို သေသေချာချာမှာတယ်။
ရေဝေးရောက်ပါပြီ။
ခန်းမထဲ အဘိုးကြီးအလောင်းဘေးမှာ အကြီးအုပ်စုက ဝိုင်းအုံငိုနေတယ်။
ဒီနေရာမှာ ရှင်းသွားအောင် အဘိုးကြီးရဲ့ ဇနီးနှစ်ယောက်က ပေါက်ဖွားလာသူတွေဆိုတော့...အကြီးဂရု၊ အငယ်ဂရုဆိုပြီး သုံးပါရစေ။
အငယ်ဂရုကလည်း အကြီးဂရုအုံနေတဲ့ကြား အတွန်းအတိုက်လှလှပပ နဲ့ ပြေးဝင်ငိုကြတယ်။
အကြီးဂရုကလည်း လူတံတိုင်းနဲ့ ကာထားပါတယ်။
ကျွန်တော်ကတော့..ခြင်းတောင်းလေးပိုက်လို့ ငေးပေါ့။
အငယ်ဂရုက ဗလနည်းနည်းတောင့်တဲ့..မသီက..ကိုယ်တစ်စောင်းတိုးပြီး...နေရာဝင်ယူတာ..အကြီးဂရုက ခပ်ပိန်ပိန်တစ်ယောက်..ဘေးနားကိုယိုင်ကြသွားတယ်။
မသီက နေရာရပြီဆိုတော့...မနီကို စစ်ကူခေါ်တိုးတယ်။
"အဖေရေ...သမီးတို့်က တရားဝင်နံပါတ်တစ်တွေဖြစ်ပြီး အဖေ့မျက်နှာတောင် ကောင်းကောင်းကြည့်မငိုရဘူး..သေတဲ့အထိ...နေရာလိုက်လုတဲ့ဟာတွေလာပြီတော့''
အကြီးဂရုက တစ်ဂိုးစသွင်းပါတယ်။
"ဟဲ့...ငါတို့လည်း သူ့သမီးတွေပဲ....နင်တို့ချည်းပဲသူတို့သမီးမဟုတ်ဘူး..လူပါးမဝနဲ့..နင်တို့လက်ထဲမှာနေလို့..အဖေသေရတာ..နေမကောင်းတာတောင်..ဆေးရုံတင်ဖော်မရတဲ့ဟာမတွေ''
ကျွန်တော်အပါအဝင် နာရေးပရိသတ်ကြီးဟာ..အဘိုးကြီးနာရေးထက်..အလောင်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ကီသွင်းပြီး ရန်စောင်နေကြတဲ့ နှစ်ဖက်သမီးတွေကို ပိုစိတ်ဝင်စားလာကြပါတယ်။
အဲ့ဒီအချိန်မှာ အဘိုးကြီးတစ်ယောက် ထလာပါတယ်။
"ဟိတ်..ကောင်မတွေ..တော်ကြစမ်း''
နောက်မှ သိရတာ..အဲ့ဒီအဘိုးကြီးက ကွယ်လွန်သူ ကြီးရဲ့ ညီတဲ့။
အကြီးဂရုရော၊ အငယ်ဂရုနဲ့ပါ ဦးလေးတော်စပ်သပေါ့။
ကျွန်တော်ပြောတဲ့ မသာဒိုင်ဆိုတာ သူပါ။
"ကဲ...နင်တို့ ဒီလိုရန်ထောင်နေတာ မရှက်ကြဘူးလား...အကုန် နောက်ဆုတ်စမ်း''
အဘိုးကြီး က တူမတွေအပေါ် သြဇာညောင်းပုံပါပဲ။
"ငါပြောမယ်...ဟိုအေးအေးသင်းတို့...ဘုန်းကြီးက နောက်နာရီဝက်လောက်ဆို ကြွလာမယ်။ ဒီတော့...နင်တို့က အရင်ငို...ဆယ်မိနစ်အချိန်ရမယ်။ အဲ့ဒီအချိန် နီနီတို့၊သီသီတို့အုပ်စုက ဟိုခုံမှာ ထိုင်နေကြ။ ပြီးရင် နင်တို့ ငိုဖို့ ဆယ်မိနစ်ရမယ်''
အလဲ့..တယ်ဟုတ်ပါလား။ ငိုတာတောင် အချိန်နဲ့။
ဒိုင်လူကြီးဘိုးတော်က အလောင်းရဲ့ ခေါင်းရင်းမှာ ရပ်ပါတယ်။
ပြီးတာနဲ့ အကြီးဂရုက စ ငိုပါတော့တယ်။
ငိုတော့လည်း သူတို့က မူလပထမ ပါမစ်နစ်တွေဖြစ်ကြောင်း ထည့်ငိုပြီး ဒီဘက်ကို စောင်းချိတ်ငိုပါတယ်။
"ရပြီ...သွားထိုင်တော့''
အောင်မယ်...ဇာတ်လမ်းလေးတွေဖွဲ့ပြီး ငိုပြောလေးတွေပြောကြတာ ဆယ်မိနစ်ပြည့်တာတောင်မသိလိုက်ဘူးရယ်။
မနီ၊ မသီ၊ မကြည် တို့အလှည့်။
သူတို့အငယ်ဂရုကလည်း ဘယ်ခေလိမ့်မတုန်း။
ရသမြောက်အောင်ငိုတာ။
အဒေါ်မကြည်နဲ့ မြေးမလေးနှစ်ယောက်ပါတော့..ပိုတောင်ပြည့်စုံသွားသေး။
ဆယ်မိနစ်ပြည့်တော့ တခါ ဘရိတ်ပါတယ်။
ဘုန်းကြီးကြွလာပါတယ်။ သရဏဂုံတင်ပြီးတာနဲ့ သဂြိုလ်စက်ဆီသွားဖို့ ဇာတ်လမ်းက စပါပြီ။
အခေါင်းတင်တွန်းလှည်းကြီးကို နှစ်ဖက်လုတွန်းကြပြန်တယ်။
ဒီမှာပဲ..မသာဒိုင်လူကြီးက...အကြီးဂရုက ဘယ်တောင်ပံကတွန်း၊ အငယ်ဂရုက ညာတောင်ပံက တွန်းဖို့သတ်မှတ်ပေးရပြန်တယ်။
မီးသဂြိုလ်ခါနီး..တစ်ခါ..အခေါင်းဖွင့်ပြပြန်တယ်။
အဲ့ဒီမှာ.အမအကြီးဆုံး မနီ က ကျွန်တော့်လက်ထဲက ဝှက်ဖဲကို ထုတ်သုံးပါတော့တယ်။
အဲ့ဒါက ကျွန်တော့်လက်ထဲက အုန်းသီးရယ်..ဓားမရယ်ပါတဲ့..ခြင်းတောင်းပဲ။
မသီ ဟာ ငိုနေရင်းနဲ့ ကျွန်တော့်လက်ထဲက ခြင်းတောင်းကို ဆွဲယူပြီး..မသာဒိုင်အဘိုးကြီးဆီ ထိုးပေးပါတယ်။
"လေးလေးစိုး..အဖေ့ကို နောက်ဆုံးမျက်နှာသစ်ပေးဖို့''
အဘိုးကြီးကလည်း ဒီဓလေ့ကို သဘောပေါက်ပါတယ်။
အုန်းသီးနဲ့ဓားကို ယူပြီး ဂွပ်ခနဲ ခွဲ၊ အုန်းရည်ကိုမျက်နှာပေါ်လောင်းချပါတယ်။
ဒီအဖြစ်ကိုမြင်တဲ့ အကြီးဂရုက ပေါက်ကွဲပါပြီ။
"အဖေရေ...အဖေ့ကို နောက်ဆုံးမျက်နှာသစ်ပေးခွင့်တောင် သမီးတို့မှာမရှိတော့ဘူးလား..ဒီကောင်မတွေက ဝင်လုသွားပြန်ပြီ..အဖေရဲ့..ဦးလေးလည်း.ဘက်မလိုက်ပါနဲ့''
မသာဒိုင်ကလည်း ပြန်ရှင်းပါတယ်။
"ဟဲ့..နင်တို့က အစကတည်းက သူတို့လို အုန်းသီးနဲ့ဓား ယူလာလေ..ငါလည်း ပေးတဲ့ဟာ ယူခွဲရတာပဲ''
"အောင်မလေး..ရှိပါတယ်...ခုနကပဲ..အုန်းသီးဝယ်ခိုင်းလိုက်ပြီ..ဓားလဲငှါးပြီးပြီ...ဟိုမှာ..ဟိုမှာ''
အဝါဝတ်နဲ့ဝန်ထမ်းဘဲတပွေက အုန်းသီးနဲ့ဓား ယူလာပြီး အကြီးဂရုဆီလာပေးပါတယ်။
"ဦးလေး မျှမျှတတလုပ်ပါ...ကျွန်မတို့အုန်းသီးနဲ့လည်း..အဖေ့ကို မျက်နှာသစ်ပေးရမယ်''
"ဟာ.အလောင်းကို နှစ်ခါမျက်နှာသစ်တယ်ဆိုတာ...ထုံးစံမရှိ..''
"အို..ရှိရှိမရှိရှိ...ဒီကောင်မတွေကျ အဖေ့ကို မျက်နှာသစ်ခွင့်ရတယ်...ကျွန်မတို့က တရားဝင်ပထမသားသမီးတွေပါ..ကျွန်မတို့လည်း ရသင့်တယ်..ရော့..အုန်းသီးနဲ့ဓား..အခုခွဲပေး''
မသာဒိုင်ကြီးလည်း စိတ်ညစ်ညစ်နဲ့ အုန်းသီးနဲ့ဓားမ ယူပြီး ဒုတိယအကြိမ် ထပ်ခွဲရပြန်ပါတယ်။
အခေါင်းထဲက ဘိုးတော်ကြီးကတော့...အုန်းရည်နဲ့ နှစ်ထပ်ကွမ်း မျက်နှာသစ်ရရှာပါပြီ။
"အောင်မလေး..အဖေရဲ့..သေတာတောင် ဒီကောင်မတွေဘက် လှည့်သေရလား''
အကြီးဂရုက တစ်ယောက် ငိုသံကြောင့်..အလောင်းကိုကြည့်တော့..အလောင်းဟာ ဟိုဆွဲဒီဆွဲကြောင့်လား၊ အုန်းရည်နှစ်ထပ်ကွမ်းကြောင့်လားမသိဘူး..အငယ်ဂရုဘက်ကို ဇက်ကြီးလည်နေပါတယ်။
အကြီးဂရုက အန်တီကြီးဟာ ငိုနေရင်းက သူ့အဖေရဲ့မျက်နှာကို အတင်းသူတို့ဘက်ပြန်ဆွဲလှည့်ပါတယ်။
အငယ်ဂရုကလည်း..မျက်နှာကို ပြန်ဆွဲဖို့အလုပ်မှာ...ဒိုင်လူကြီး ခရာတွတ်ရပြန်ပါပြီ။
"ဟဲ...နင်တို့လုပ်တာနဲ့...နင်တို့အဖေ နောက်ဆုံးခရီးမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်တော့မယ်။ ခေါင်းကို ဘယ်ဘက်မှမလှည့်ခိုင်းနဲ့...တည့်တည့်ပဲထားမယ်''
ခေါင်းကတည့်သွားပါပြီ။
မီးသဂြိုလ်မယ့်ဝန်ထမ်းတွေမှာလည်း တော်တော်စိတ်ညစ်နေပါပြီ။
နောက်တော့ မီးသဂြိုလ်စက်ထဲသွင်းလိုက်ပါတယ်။
ဒါပေမယ့်...ဇာတ်လမ်းမပြီးသေးဘူးဗျာ။
အဘိုးကြီးကို လွှမ်းထားတဲ့ ပုဆိုးနဲ့အက်ျ ီကို သစ်ကိုင်းနဲ့ပတ်ပြီး ဝိညာဉ်ခေါ်တဲ့ အခါ ပြသနာတက်ပြန်ပါတယ်။
၀ိညာဉ်ခေါ်တယ်ဆိုတဲ့ သစ်ကိုင်း က နှစ်ကိုင်းဖြစ်နေတယ်။ အငယ်ဂရုတစ်ကိုင်း၊ အကြီးဂရုတစ်ကိုင်းပေါ့။
နှစ်ဖက်လုံးက ရက်လည်မှာမို့..သာဓုခေါ်ရအောင်..အဲ့ဒီ..ဝိညာဉ် ကို လုကြပြန်ပါတယ်။
ဒီမှာလည်း..မသာဒိုင်လူကြီး ဝင်ရပြန်ပါတယ်။
အကြီးဂရုကို ပုဆိုးနဲ့သစ်ကိုင်းခြောက်တစ်ခု၊ အငယ်ဂရုကို အက်ျ ီနဲ့ သစ်ကိုင်းခြောက်တစ်ခု ခွဲပေးရပြန်တယ်။
ဝိညာဉ်ကတော့...ဘယ်ဘက်လိုက်သွားမယ် မပြောတတ်ဘူး။
ကျွန်တော့်မှာ...အပြန်ကျတော့..ကွယ်လွန်သူအဘိုးကြီးရဲ့ အက်ျ ီ နဲ့သစ်ကိုင်းခြောက်လေးကိုင်ပြီး ဖြစ်ခဲ့သမျှတွေ ပြန်တွေးပြီး..ရယ်ရမလို..ငိုရမလိုကြီးရယ်။
ဝိညာဉ်ခေါ်လာတဲ့သူက စကားမပြောရဘူးဆိုလို့
ပြန်သာလာရတယ်..
ကျွန်တော့်မှာ မသာဒိုင်လူကြီးလုပ်ပေးတဲ့ အဘိုးကြီးကို နှုတ်ဆက်ချင်ပါလျက် နှုတ်မဆက်လိုက်ရဘူး။
ကွယ်လွန်သူအဘကြီး ဝိညာဉ်လည်း..အကြီးဂရု ဘက်လိုက်သွားလား..အငယ်ဂရုဘက်လိုက်သွားလား...
ဘယ်ဘက်က ရက်လည်မှာ သာဓုသွားခေါ်သလဲ ဆိုတာ...
ဝိညာဉ်ကိုသာ မြင်နိုင်ရင် သိချင်မိသေးပါရဲ့ဗျာ။
ဗြိတိသျှကိုကိုမောင်
Zawgyi
ကြၽန္ေတာ္ႏွင့္
မသာဒိုင္လူႀကီး
... ... ... ...
ကြၽန္ေတာ္ မသာဒိုင္လူႀကီး ဆိုတာကို ေတြ႔ဖူးတယ္။
ဘယ့္ႏွယ့္ ဒိုင္လူႀကီးကေတာ့ ဟုတ္ပါၿပီ....မသာဒိုင္လူႀကီး ဆိုတာ ဘယ္လိုဟာတုန္း။
႐ွိပါ့မလား လို႔ ေမးလာရင္ေတာ့...႐ွိတယ္လို႔ပဲ ေျဖရမွာပါ။
အျဖစ္က..ဒီလိုဗ် ။
ကြၽန္ေတာ္
မရမ္းကုန္း၊ ေအာင္မဂၤလာရပ္ကြက္ထဲ အေဆာင္ေနစဥ္ကေပါ့။
မနီ၊
မသီ၊ မၾကည္ ဆိုတဲ့ ညီအမေတြ႐ွိတယ္။
မနီ
က အႀကီးဆံုး ၊ အပ်ိဳႀကီး။ ကုန္စံုဆိုင္႐ွိတယ္။
မသီ
က မုဆိုးမ၊ ထမင္းဆိုင္ဖြင့္ထားတာ။
သူ႔သမီးႀကီး သြယ္သြယ္ေအာင္ေလးက ေဒးတက္ေနတာ။ေခ်ာေခ်ာေလး။ သမီးငယ္ ႏြယ္ႏြယ္ေအာင္က ဆယ္တန္း။ ဒါေလးလည္း ရပ္ကြက္ရဲ႕ ဖြန္တကၠသိုလ္အတြက္ ဗိုလ္ေလာင္းေလးပဲ။
ကဲ..ဒီေတာ့..ဒီကေလးမေတြ ပညာေရးအတြက္...မသီ ရဲ႕ ဆိုင္မွာ ထမင္းေန႔တိုင္းဝယ္စားဖို႔က လြဲၿပီး ကြၽန္ေတာ့္မွာ တျခားေရြးခ်ယ္စရာမ႐ွိ။
မၾကည္
က်ေတာ့လည္း အသက္ ၃၀ ေလာက္ဆိုေတာ့..အပ်ိဳမႀကီးတႀကီး၊
ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ႀကီး
။ ၿပီးေတာ့ ေရလုပ္ငန္း၊ပုလဲဦးစီးဌာနက အရာ႐ွိတဲ့။
မသီထမင္းဆိုင္
နဲ႔ ကြၽန္ေတာ္တို႔က တအားရင္းႏွီးၾကတာ၊ တခါတေလ ပုလင္းယူသြားၿပီး အဲ့ဒီဆိုင္မွာပါ ေသာက္လို႔ရတဲ့အထိကို ရင္းႏွီးတာ။
အဲ...ဒီလိုရင္းႏွီးဖို႔ဆိုတာလည္း..လြယ္လြယ္ေတာ့ ဘယ္ရမလဲ။
သူတို႔
ညီအမေတြ အိမ္မွာ မီတာခေဆာင္တာကအစ၊ အီးတြင္းတူးတာအဆံုး လိုက္လုပ္ေပးထားတာကိုးဗ်။
တစ္ရက္ေတာ့
ညီအမေတြ၊တူဝရီးေတြ ငိုႀကီးခ်က္မနဲ႔။
ေမးၾကည့္ေတာ့...သူတို႔အေဖ ဆံုးသြားလို႔တဲ့။
ႏို႔..တခါမွလည္း သူတို႔အေဖ႐ွိတယ္ဆိုတာ မၾကားဖူးပါဘူးေပါ့။
ေနာက္ေတာ့
သြယ္သြယ္ေလး႐ွင္းျပမွ
ဇာတ္ရည္ကလည္တယ္။
မနီ၊
မသီ၊ မၾကည္ တို႔ အေဖက ဆည္ေျမာင္းဘက္က အရာ႐ွိအႀကီးႀကီး။
ေငြေၾကးကလည္းေရလည္ေထာ။
မနီ၊မသီ၊မၾကည္
တို႔က အဲ့ဘဲရီးရဲ႕ ေနာက္မိန္းမနဲ႔ ေမြးတာတဲ့။
ပထမ
မိန္းမနဲ႔လည္း သမီး ေလးေယာက္ေမြးထားေသးတယ္။
အခု
က ပထမမိန္းမနဲ႔ေမြးတဲ့ သမီးႀကီးဆီမွာ ဘိုးေတာ္က ဆံုးတာ။
ဘိုးေတာ္က
မေသခင္ ညီတူညီမ်ွ အေမြေတြခြဲေပးၿပီးသား။
ဒါေပမယ့္
ပထမအိမ္ေထာင္က သမီးေတြနဲ႔ ဒုတိယအိမ္ေထာင္က သမီးေတြ ျဖစ္တဲ့ မနီတို႔အုပ္စုက လံုးဝမတည့္ၾကဘူး။
"တို႔မွာက
ေလာက္ေလာက္လားလား အားကိုးစရာ မ႐ွိလို႔ မင္းလိုက္ခဲ့ပါ..ေမာင္ေက်ာ္စြာ'' ဆိုတဲ့ မသီ စကားနဲ႔ ကြၽန္ေတာ့္မွာ နာေရးေန႔ ေရေဝးကို လိုက္သြားရတယ္။
သြယ္ေလးတို႔၊ႏြယ္ေလးတို႔..ကေလးမေတြ...အားငယ္ေနမယ္ဆိုတဲ့..စိတ္ထားေကာင္းေလးနဲ႔ပါေလ။
မနီႀကီးက
ျခင္းေထာင္းတစ္လံုး ကြၽန္ေတာ့္ကို ေပးတယ္။
အထဲမွာ
အုန္းသီးနဲ႔ဓားမ တစ္ေခ်ာင္း၊ ေနာက္ အပ္ခ်ည္ႀကိဳးထံုးေလးႏွစ္ထံုး။
အုန္းသီးနဲ႔ဓားမက
သူတို႔အေဖ အေလာင္းေပၚ အုန္းရည္နဲ႔မ်က္ႏွာသစ္ေပးဖို႔၊
အပ္ခ်ည္ႀကိဳးကေတာ့ သူ႔ေျမးမႏွစ္ေယာက္ အရပ္နဲ႔တိုင္းထားတာတဲ့။ အေခါင္းထဲထည့္ေပးဖို႔ဆိုလား
ကြၽန္ေတာ့္ကို ေသေသခ်ာခ်ာမွာတယ္။
ေရေဝးေရာက္ပါၿပီ။
ခန္းမထဲ
အဘိုးႀကီးအေလာင္းေဘးမွာ
အႀကီးအုပ္စုက ဝိုင္းအံုငိုေနတယ္။
ဒီေနရာမွာ
႐ွင္းသြားေအာင္ အဘိုးႀကီးရဲ႕ ဇနီးႏွစ္ေယာက္က ေပါက္ဖြားလာသူေတြဆိုေတာ့...အႀကီးဂ႐ု၊ အငယ္ဂ႐ုဆိုၿပီး သံုးပါရေစ။
အငယ္ဂ႐ုကလည္း
အႀကီးဂ႐ုအံုေနတဲ့ၾကား
အတြန္းအတိုက္လွလွပပ နဲ႔ ေျပးဝင္ငိုၾကတယ္။
အႀကီးဂ႐ုကလည္း
လူတံတိုင္းနဲ႔ ကာထားပါတယ္။
ကြၽန္ေတာ္ကေတာ့..ျခင္းေတာင္းေလးပိုက္လို႔ ေငးေပါ့။
အငယ္ဂ႐ုက
ဗလနည္းနည္းေတာင့္တဲ့..မသီက..ကိုယ္တစ္ေစာင္းတိုးၿပီး...ေနရာဝင္ယူတာ..အႀကီးဂ႐ုက ခပ္ပိန္ပိန္တစ္ေယာက္..ေဘးနားကိုယိုင္ၾကသြားတယ္။
မသီက
ေနရာရၿပီဆိုေတာ့...မနီကို စစ္ကူေခၚတိုးတယ္။
"အေဖေရ...သမီးတို္႔က တရားဝင္နံပါတ္တစ္ေတြျဖစ္ၿပီး
အေဖ့မ်က္ႏွာေတာင္ ေကာင္းေကာင္းၾကည့္မငိုရဘူး..ေသတဲ့အထိ...ေနရာလိုက္လုတဲ့ဟာေတြလာၿပီေတာ့''
အႀကီးဂ႐ုက
တစ္ဂိုးစသြင္းပါတယ္။
"ဟဲ့...ငါတို႔လည္း သူ႔သမီးေတြပဲ....နင္တို႔ခ်ည္းပဲသူတို႔သမီးမဟုတ္ဘူး..လူပါးမဝနဲ႔..နင္တို႔လက္ထဲမွာေနလို႔..အေဖေသရတာ..ေနမေကာင္းတာေတာင္..ေဆးရံုတင္ေဖာ္မရတဲ့ဟာမေတြ''
ကြၽန္ေတာ္အပါအဝင္
နာေရးပရိသတ္ႀကီးဟာ..အဘိုးႀကီးနာေရးထက္..အေလာင္းရဲ႕ တစ္ဖက္တစ္ခ်က္စီမွာ ကီသြင္းၿပီး ရန္ေစာင္ေနၾကတဲ့ ႏွစ္ဖက္သမီးေတြကို ပိုစိတ္ဝင္စားလာၾကပါတယ္။
အဲ့ဒီအခ်ိန္မွာ
အဘိုးႀကီးတစ္ေယာက္ ထလာပါတယ္။
"ဟိတ္..ေကာင္မေတြ..ေတာ္ၾကစမ္း''
ေနာက္မွ
သိရတာ..အဲ့ဒီအဘိုးႀကီးက ကြယ္လြန္သူ ႀကီးရဲ႕ ညီတဲ့။
အႀကီးဂ႐ုေရာ၊
အငယ္ဂ႐ုနဲ႔ပါ ဦးေလးေတာ္စပ္သေပါ့။
ကြၽန္ေတာ္ေျပာတဲ့
မသာဒိုင္ဆိုတာ သူပါ။
"ကဲ...နင္တို႔ ဒီလိုရန္ေထာင္ေနတာ မ႐ွက္ၾကဘူးလား...အကုန္ ေနာက္ဆုတ္စမ္း''
အဘိုးႀကီး
က တူမေတြအေပၚ ၾသဇာေညာင္းပံုပါပဲ။
"ငါေျပာမယ္...ဟိုေအးေအးသင္းတို႔...ဘုန္းႀကီးက ေနာက္နာရီဝက္ေလာက္ဆို ႂကြလာမယ္။ ဒီေတာ့...နင္တို႔က အရင္ငို...ဆယ္မိနစ္အခ်ိန္ရမယ္။ အဲ့ဒီအခ်ိန္ နီနီတို႔၊သီသီတို႔အုပ္စုက ဟိုခံုမွာ ထိုင္ေနၾက။ ၿပီးရင္ နင္တို႔ ငိုဖို႔ ဆယ္မိနစ္ရမယ္''
အလဲ့..တယ္ဟုတ္ပါလား။ ငိုတာေတာင္ အခ်ိန္နဲ႔။
ဒိုင္လူႀကီးဘိုးေတာ္က
အေလာင္းရဲ႕ ေခါင္းရင္းမွာ ရပ္ပါတယ္။
ၿပီးတာနဲ႔
အႀကီးဂ႐ုက စ ငိုပါေတာ့တယ္။
ငိုေတာ့လည္း သူတို႔က မူလပထမ ပါမစ္နစ္ေတြျဖစ္ေၾကာင္း ထည့္ငိုၿပီး ဒီဘက္ကို ေစာင္းခ်ိတ္ငိုပါတယ္။
"ရၿပီ...သြားထိုင္ေတာ့''
ေအာင္မယ္...ဇာတ္လမ္းေလးေတြဖြဲ႔ၿပီး ငိုေျပာေလးေတြေျပာၾကတာ ဆယ္မိနစ္ျပည့္တာေတာင္မသိလိုက္ဘူးရယ္။
မနီ၊
မသီ၊ မၾကည္ တို႔အလွည့္။
သူတို႔အငယ္ဂ႐ုကလည္း
ဘယ္ေခလိမ့္မတုန္း။
ရသေျမာက္ေအာင္ငိုတာ။
အေဒၚမၾကည္နဲ႔ ေျမးမေလးႏွစ္ေယာက္ပါေတာ့..ပိုေတာင္ျပည့္စံုသြားေသး။
ဆယ္မိနစ္ျပည့္ေတာ့
တခါ ဘရိတ္ပါတယ္။
ဘုန္းႀကီးႂကြလာပါတယ္။
သရဏဂံုတင္ၿပီးတာနဲ႔ သၿဂိဳလ္စက္ဆီသြားဖို႔ ဇာတ္လမ္းက စပါၿပီ။
အေခါင္းတင္တြန္းလွည္းႀကီးကို
ႏွစ္ဖက္လုတြန္းၾကျပန္တယ္။
ဒီမွာပဲ..မသာဒိုင္လူႀကီးက...အႀကီးဂ႐ုက ဘယ္ေတာင္ပံကတြန္း၊ အငယ္ဂ႐ုက ညာေတာင္ပံက တြန္းဖို႔သတ္မွတ္ေပးရျပန္တယ္။
မီးသၿဂိဳလ္ခါနီး..တစ္ခါ..အေခါင္းဖြင့္ျပျပန္တယ္။
အဲ့ဒီမွာ.အမအႀကီးဆံုး မနီ က ကြၽန္ေတာ့္လက္ထဲက ဝွက္ဖဲကို ထုတ္သံုးပါေတာ့တယ္။
အဲ့ဒါက
ကြၽန္ေတာ့္လက္ထဲက အုန္းသီးရယ္..ဓားမရယ္ပါတဲ့..ျခင္းေတာင္းပဲ။
မသီ
ဟာ ငိုေနရင္းနဲ႔ ကြၽန္ေတာ့္လက္ထဲက ျခင္းေတာင္းကို ဆြဲယူၿပီး..မသာဒိုင္အဘိုးႀကီးဆီ ထိုးေပးပါတယ္။
"ေလးေလးစိုး..အေဖ့ကို ေနာက္ဆံုးမ်က္ႏွာသစ္ေပးဖို႔''
အဘိုးႀကီးကလည္း
ဒီဓေလ့ကို သေဘာေပါက္ပါတယ္။
အုန္းသီးနဲ႔ဓားကို
ယူၿပီး ဂြပ္ခနဲ ခြဲ၊ အုန္းရည္ကိုမ်က္ႏွာေပၚေလာင္းခ်ပါတယ္။
ဒီအျဖစ္ကိုျမင္တဲ့
အႀကီးဂ႐ုက ေပါက္ကြဲပါၿပီ။
"အေဖေရ...အေဖ့ကို ေနာက္ဆံုးမ်က္ႏွာသစ္ေပးခြင့္ေတာင္
သမီးတို႔မွာမ႐ွိေတာ့ဘူးလား..ဒီေကာင္မေတြက ဝင္လုသြားျပန္ၿပီ..အေဖရဲ႕..ဦးေလးလည္း.ဘက္မလိုက္ပါနဲ႔''
မသာဒိုင္ကလည္း
ျပန္႐ွင္းပါတယ္။
"ဟဲ့..နင္တို႔က အစကတည္းက သူတို႔လို အုန္းသီးနဲ႔ဓား ယူလာေလ..ငါလည္း ေပးတဲ့ဟာ ယူခြဲရတာပဲ''
"ေအာင္မေလး..႐ွိပါတယ္...ခုနကပဲ..အုန္းသီးဝယ္ခိုင္းလိုက္ၿပီ..ဓားလဲငွါးၿပီးၿပီ...ဟိုမွာ..ဟိုမွာ''
အဝါဝတ္နဲ႔ဝန္ထမ္းဘဲတေပြက
အုန္းသီးနဲ႔ဓား ယူလာၿပီး အႀကီးဂ႐ုဆီလာေပးပါတယ္။
"ဦးေလး
မ်ွမ်ွတတလုပ္ပါ...ကြၽန္မတို႔အုန္းသီးနဲ႔လည္း..အေဖ့ကို မ်က္ႏွာသစ္ေပးရမယ္''
"ဟာ.အေလာင္းကို ႏွစ္ခါမ်က္ႏွာသစ္တယ္ဆိုတာ...ထံုးစံမ႐ွိ..''
"အို..႐ွိ႐ွိမ႐ွိ႐ွိ...ဒီေကာင္မေတြက် အေဖ့ကို မ်က္ႏွာသစ္ခြင့္ရတယ္...ကြၽန္မတို႔က တရားဝင္ပထမသားသမီးေတြပါ..ကြၽန္မတို႔လည္း ရသင့္တယ္..ေရာ့..အုန္းသီးနဲ႔ဓား..အခုခြဲေပး''
မသာဒိုင္ႀကီးလည္း
စိတ္ညစ္ညစ္နဲ႔ အုန္းသီးနဲ႔ဓားမ ယူၿပီး ဒုတိယအႀကိမ္ ထပ္ခြဲရျပန္ပါတယ္။
အေခါင္းထဲက
ဘိုးေတာ္ႀကီးကေတာ့...အုန္းရည္နဲ႔ ႏွစ္ထပ္ကြမ္း မ်က္ႏွာသစ္ရ႐ွာပါၿပီ။
"ေအာင္မေလး..အေဖရဲ႕..ေသတာေတာင္ ဒီေကာင္မေတြဘက္ လွည့္ေသရလား''
အႀကီးဂ႐ုက
တစ္ေယာက္ ငိုသံေၾကာင့္..အေလာင္းကိုၾကည့္ေတာ့..အေလာင္းဟာ ဟိုဆြဲဒီဆြဲေၾကာင့္လား၊ အုန္းရည္ႏွစ္ထပ္ကြမ္းေၾကာင့္လားမသိဘူး..အငယ္ဂ႐ုဘက္ကို ဇက္ႀကီးလည္ေနပါတယ္။
အႀကီးဂ႐ုက
အန္တီႀကီးဟာ ငိုေနရင္းက သူ႔အေဖရဲ႕မ်က္ႏွာကို အတင္းသူတို႔ဘက္ျပန္ဆြဲလွည့္ပါတယ္။
အငယ္ဂ႐ုကလည္း..မ်က္ႏွာကို ျပန္ဆြဲဖို႔အလုပ္မွာ...ဒိုင္လူႀကီး ခရာတြတ္ရျပန္ပါၿပီ။
"ဟဲ...နင္တို႔လုပ္တာနဲ႔...နင္တို႔အေဖ ေနာက္ဆံုးခရီးမွာ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေတာ့မယ္။
ေခါင္းကို ဘယ္ဘက္မွမလွည့္ခိုင္းနဲ႔...တည့္တည့္ပဲထားမယ္''
ေခါင္းကတည့္သြားပါၿပီ။
မီးသၿဂိဳလ္မယ့္ဝန္ထမ္းေတြမွာလည္း
ေတာ္ေတာ္စိတ္ညစ္ေနပါၿပီ။
ေနာက္ေတာ့
မီးသၿဂိဳလ္စက္ထဲသြင္းလိုက္ပါတယ္။
ဒါေပမယ့္...ဇာတ္လမ္းမၿပီးေသးဘူးဗ်ာ။
အဘိုးႀကီးကို
လႊမ္းထားတဲ့ ပုဆိုးနဲ႔အက္် ီကို သစ္ကိုင္းနဲ႔ပတ္ၿပီး ဝိညာဥ္ေခၚတဲ့ အခါ ျပသနာတက္ျပန္ပါတယ္။
၀ိညာဥ္ေခၚတယ္ဆိုတဲ့
သစ္ကိုင္း က နွစ္ကိုင္းျဖစ္ေနတယ္။ အငယ္ဂရုတစ္ကိုင္း၊ အၾကီးဂရုတစ္ကိုင္းေပါ့။
ႏွစ္ဖက္လံုးက
ရက္လည္မွာမို႔..သာဓုေခၚရေအာင္..အဲ့ဒီ..ဝိညာဥ္ ကို လုၾကျပန္ပါတယ္။
ဒီမွာလည္း..မသာဒိုင္လူႀကီး ဝင္ရျပန္ပါတယ္။
အႀကီးဂ႐ုကို
ပုဆိုးနဲ႔သစ္ကိုင္းေျခာက္တစ္ခု၊
အငယ္ဂ႐ုကို အက္် ီနဲ႔ သစ္ကိုင္းေျခာက္တစ္ခု ခြဲေပးရျပန္တယ္။
ဝိညာဥ္ကေတာ့...ဘယ္ဘက္လိုက္သြားမယ္ မေျပာတတ္ဘူး။
ကြၽန္ေတာ့္မွာ...အျပန္က်ေတာ့..ကြယ္လြန္သူအဘိုးႀကီးရဲ႕ အက္် ီ နဲ႔သစ္ကုိင္းေျခာက္ေလးကိုင္ၿပီး ျဖစ္ခဲ့သမ်ွေတြ ျပန္ေတြးၿပီး..ရယ္ရမလို..ငိုရမလိုႀကီးရယ္။
ဝိညာဥ္ေခၚလာတဲ့သူက
စကားမေျပာရဘူးဆိုလို႔
ျပန္သာလာရတယ္..
ကြ်န္ေတာ့္မွာ
မသာဒိုင္လူႀကီးလုပ္ေပးတဲ့
အဘိုးႀကီးကို နႈတ္ဆက္ခ်င္ပါလ်က္ ႏႈတ္မဆက္လိုက္ရဘူး။
ကြယ္လြန္သူအဘႀကီး
ဝိညာဥ္လည္း..အႀကီးဂ႐ု ဘက္လိုက္သြားလား..အငယ္ဂ႐ုဘက္လိုက္သြားလား...
ဘယ္ဘက္က
ရက္လည္မွာ သာဓုသြားေခၚသလဲ ဆိုတာ...
ဝိညာဥ္ကိုသာ ျမင္ႏိုင္ရင္ သိခ်င္မိေသးပါရဲ႕ဗ်ာ။
ၿဗိတိသ်ွကိုကိုေမာင္
😂
ReplyDelete☢️☢️☢️
ReplyDeleteDone 🍀
ReplyDeleteအလောင်းကောင်တော့ အုန်းရည်မွှန်နေတော့မှာပဲ😆
ReplyDeleteဇာတ်လမ်းရှုပ်ချင်တော့ သေတာတောင် အေးဆေးမသေရတဲ့အဖြစ်ပေါ့ 😄😆
ReplyDeleteDone 💪
ReplyDelete💙
ReplyDeleteGood Humor
ReplyDeleteမသာဒိုင်လူကြီးဆိုတာကိုအထာမပေါက်ဘူး😂မတရားတဲ့ဒိုင်ကိုဆဲတယ်မှတ်နေတာပြီးခါမှသိတယ်
ReplyDelete😂😂