The Guys of Yangon,1930 (Part 20)
The Guys of Yangon,1930 (Part 20)
အခန်း(၂၁)
…………………
၁၉၄၁ ခုနှစ်၊ အောက်တိုဘာလ။
နန်းရင်းဝန်ဂဠုန်ဦးစောသည် ဗြိတိန်အစိုးရ နန်းရင်းဝန် ဝင်စတန်ချာချီ၊ မြန်မာနှင့် အိန္ဒိယပြည်ဆိုင်ရာဝန်ကြီး မစ္စတာ အေမရီနှင့် တွေ့ဆုံရန် ဘိလပ်သို့ထွက်ခွာသွားသည်။
ထိုသို့မထွက်ခွာမီတွင် ဦးစောသည် ရန်ကုန်မြိုရှိ ဂျပန်ကောင်စစ်ဝန်နှင့်် တွေ့ဆုံခဲ့သည်။
ထိုအချိန်တွင် လမ်းမတော်ဖိုးတုတ်၊ အုန်းဖေ နှင့်် ထွန်းတင် တို့သည် အမှုပြီးဆုံးပြီးနောက် ကုသိုလ်ပြုသည့် သဘောဖြင့် သရက်တောကျောင်းတိုက်တွင် ဒုလဘ္ဘရဟန်းဝတ်နေကြသည်။
ထိုအချိန်က ဂဠုန်ဦးစော၏ ဝါးရင်းတုတ်တပ်များနှင့် ဒေါက်တာဘမော် ၏ ဓါးမ တပ်များမှာ ရန်ကုန်မြို့တွင် မကြာခဏ ပြသနာဖြစ်ပွားပြီး ရိုက်ပွဲများဖြစ်လေ့ရှိသည်။
ဒေါက်တာဘမော်၏ ဓါးမတပ်ဖွဲ့များမှာ ပင်နီရှပ်လက်တို၊ ဘောင်းဘီအပြာယူနီဖောင်းဆင်တူ ဝတ်ဆင်ကြပြီး ဂဠုန်ဦးစော၏ ဂဠုန်တပ်များမှာ ကာကီဝမ်းဆက်နှင့် ဝါးရင်းတုတ်များကို ကိုင်ဆောင်လေ့ရှိကြသည်။
ရန်ကုန်လူမိုက်အများစုမှာ နိုင်ငံရေးရိုက်ပွဲများနှင့် ခပ်ဝေးဝေးတွင်နေကာ အခြေအနေကို စောင့်ကြည့်နေကြသည်။
၁၉၄၁ ခုနှစ် ၊ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်လင်းအားကြီးအချိန်တွင် အမေရိကန်ပိုင် ၊ ဟာဝိုင်အီကျွန်းရှိ ပုလဲဆိပ်ကမ်းကို ဂျပန်လေတပ်က ဗုံးကြဲတိုက်ခိုက်ကာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းသို့ ဂျပန်က စတင်ဝင်ရောက်လာတော့သည်။
ဒီဇင်ဘာ (၈)ရက် နံနက် ၂နာရီတွင် ဂျပန်တပ်များက မလေးရှားကို သိမ်းပိုက်နိုင်ခဲ့ကြသည်။
ဗြိတိသျှတို့၏ အရှေ့တောင်အာရှအကောင်းဆုံးခံတပ်ကြီး စင်ကာပူကျသွားခဲ့ပြီ။
ပုလဲဆိပ်ကမ်းအား ဗုံးကြဲပြီး (၁၆)ရက်အကြာ ၁၉၄၁ ဒီဇင်ဘာ (၂၃)ရက်။
ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ အချက်ပြဖမ်းယူရေးတပ်၏ ဆက်သွယ်ရေလိုင်းဖမ်းစက်ထဲသို့ "Most Secret No 707" ကုဒ်တပ်ထားသော ဝှက်စာတစ်ခု ဖမ်းယူရရှိခဲ့သည်။
ထိုဝှက်စာမှာ ဂျပန် တိုက်လေယာဉ်အချင်းချင်း ပေးပို့သည့် ဝှက်စာဖြစ်ပြီး ရန်ကုန်မြို့ရှိ စစ်ဘက်၊ အရပ်ဘက်ပစ်မှတ်အားလုံးကို ချေမှုန်းရန်နှင့် လမ်းပေါ်တွေ့သမျှ အရပ်သားမှန်သမျှ အကုန်ပစ်သတ်ရန် ဟူသော အမိန့်ကို ဗြိတိသျှအချက်ပြတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့သည်။
သို့သော် တန်ပြန်တိုက်ခိုက်ချေမှုန်းရန်အတွက် အချိန်နောက်ကျသွားပေပြီ။
ထို့ကြောင့် ရန်ကုန်လူထုကို အသိပေးလျှင် ထိတ်လန့်ကြောက်ရွံ့ပြီး အခြေအနေမထိန်းနိုင်ဖြစ်မည်ဆိုသော အကြောင်းပြချက်ဖြင့် ပြည်သူလူထုကို အသိမပေးပဲ စစ်ဖက်ဆိုင်ရာနှင့် အုပ်ချုပ်ရေးဆိုင်ရာများသို့သာ စစ်ဖက်ဆိုင်ရာ လျှို့ဝှက်သတင်းအဖြစ် ပေးပို့လိုက်ကြတော့သည်။
ဂျပန်တို့၏ တော်ဝင်လေတပ် သည် ရန်ကုန်မြို့ ကောင်းကင်းယံသို့ရောက်ရှိလာကြသည်။
ရန်ကုန်နေလူထုက အခြေအနေကို ဘာမျှမသိကြ။
ရန်ကုန်မြို့သူ၊ မြို့သားများမှာ ဂျပန်လေတပ်အုပ်စုကြီးကို အထူးတဆန်းထွက်ကြည့်နေကြသည်။
နံနက် (၁၀)နာရီတွင် ဂျပန်ဗုံးကြဲလေယာဉ် အစင်း(၆၀)နှင့် ဂျပန်တိုက်လေယာဉ်(၃၀) တို့ ကောင်းကင်အပြည့် ပျံသန်းနေသည်။
ရှေးဦးစွာ ဂျပန်လေယာဉ်များသည် ကမ်းနားလမ်းတစ်လျှောက် ရပ်ကြည့်နေသော လူအုပ်ကြီးထဲသို့ ဗုံးတစ်လုံး ပစ်ချလိုက်လေသည်။ ထို့နောက် တိုက်လေယာဉ်တစ်စင်က ခပ်နိမ့်နိမ့်ပျံသန်းလာပြီး ဝရုန်းသုန်းကား ဖြစ်နေသော လူအုပ်ကြီးကို စက်သေနတ်ဖြင် လိုက်လံပစ်ခတ်လေတော့သည်။
လမ်းမတော်နှင့် ကပ်လျက်ရှိသော အလုံရပ်ကွက်မှာ အထိအနာဆုံးဖြစ်ပြီး မီးဟုန်းဟုန်းတောက်နေလေတော့၏။
ရဟန်းဝတ်နေသော လမ်းတော်ဖိုးတုတ် နှင့် တပည့် နှစ်ယောက်လည်း ချက်ချင်း လူဝတ်လဲကာ မိသားစုများထံ အသီးသီးပြန်ပြေးကြလေတော့သည်။
လမ်းမတော် (၁၄)လမ်းရှိ အိမ်တွင် မသင်းမြ၊ စံဘ၊ ဘသိန်းနှင့် မိခင်ကြီး ဒေါ်ချစ်ပု တို့ တစုတဝေးထဲ တွေ့ရ၏။
ထိုနေ့က ဂျပန်လေတပ်ဗုံးကြဲမှှုကြောင့် ရန်ကုန်မြို့ တွင် လူပေါင်း (၂၀၀၀)ခန့်သေဆုံးခဲ့သည်။
နှစ်ရက်အကြာ၊ ဒီဇင်ဘာ (၂၅) ခရစ္စမတ်နေ့ နံနက် (၁၀)နာရီတွင် ဂျပန်ဗုံးကြဲလေယာဉ် အစင်း (၈၀)၊ တိုက်လေယာဉ် အစင်း(၂၀)ပါဝင်သော အုပ်စုက ရန်ကုန်မြို့ကို ဒုတိယအကြိမ် ထပ်မံ ဗုံးကြဲပြန်သည်။
ထိုအချိန်တွင်တော့ လမ်းမတော်ဖိုးတုတ် တို့ မိသားစု နှင့် ဂန္ဓမာသောင်းရီတို့လင်မယားပါ လမ်းမတော် (၁၄)လမ်းအနောက်ဘက်ရှိ ဗုံးခိုကျင်းတွင်အတူတူပုန်းခိုနေကြသည်။
ရန်ကုန်မြို့မှာ မီးလောင်ပြင်များ၊ ဗုံးဒဏ်ခံတိုက်ပြိုများ၊ အလောင်းကောင်များဖြင့် ပြန့်ကြဲနေ၏။
အရှေ့အာရှကို ကာကွယ်ပေးမည့် ဗြိတိသျှစစ်သင်္ဘော ဝေလမင်းသား နှင့် ရီပါ့စ် တို့မှာ ဂျပန်လေတပ် လက်ချက်ဖြင့် နစ်မြုပ်သွားခဲ့သည်။
မြန်မာပြည်စစ်မြေပြင်ကို အကာအကွယ်ပေးရန် လာရောက်ကြသည့် သြစတြေးလျှစစ်င်္ဘောများကလည်း ဂျပန်အန္တရာယ်နီးကပ်နေသော မိခင်တိုင်းပြည်ကို ကာကွယ်ရန် လှည့်ပြန်သွားကြလေသည်။
မြန်မာပြည်ကား အကာအကွယ်မဲ့ချေပြီ။
ရန်ကုန်ဆိပ်ကမ်းကား ဗုံးဒဏ်ကြောင့် လုံးဝပျက်စီးသွားပေပြီ။
ဆိပ်ကမ်းကုန်တင်ကုန်ချ အန္ဒိယအလုပ်သမားများသည်လည်း ဗုံးဒဏ်ကြောင့်သေဆုံးသူသေဆုံး ၊ ထွက်ပြေးဖြင့် စုစည်းမရတော့။
အင်္ဂလိပ်အစိုးရအတွက် သယ်ယူပို့ဆောင်ပေးမည့် အလုပ်သမားများမရှိသည့်အတွက် ရန်ကုန်မြို့မှ ရွှေ့ပြောင်းရန် မလွယ်ကူသောပစ္စည်းများကို မြေလှန်စနစ်ဖြင့် ဖျက်ဆီးကာ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်လေတော့သည်။
ရန်ကုန်က ဂျပန်ဗုံးဒဏ်နှင့် အင်္ဂလိပ်၏ မြေလှန်မီးရှို့သည့်ဒဏ်ကြောင့် ပြာပုံအတိဖြစ်နေ၏။
တရုတ်တန်းရှိ၊ ဆန်အရက်ရောင်းသောဆိုင်ကို ဂျပန်စစ်တပ်က ဗုံးကြဲရာ လမ်းမတော်ဖိုးတုတ်၏ တပည့် ပုဏ္ဍားကျော်ထွန်း သေဆုံးသွားခဲ့သည်။
ဒီဇင်ဘာ ၂၆ ရက်။ ည ၇ နာရီ။
လမ်းမတော်ဖိုးတုတ် ၏ ၁၄ လမ်းနေအိမ်သို့ ဦးဘိုးဆင် ရောက်လာသည်။
ဦးဘိုးဆင်သည် ကွယ်လွန်သူ ဦးဘိုးသင် ၏ အကိုဖြစ်ပြီး ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကြီးတွင် သွားရောက် အခြေချနေထိုင်သူဖြစ်သည်။
တစ်ချိန်က ရန်ကုန် (၁၃)လမ်းတွင် ဘိုးဆင်၊ ဘိုးသင် ညီအစ်ကိုမှာ နာမည်ကျော်ရပ်ကွက်လူမိုက်များ ဖြစ်ခဲ့ကြသည်။
ဦးဘိုးဆင်မှာ ပထမအိမ်ထောင်ကွယ်လွန်ပြီးနောက် ရန်ကုန်တွင် တစ်ခါတစ်ရံသာ နေထိုင်ပြီး ဒုတိယအိမ်ထောင်ရှိသော ဆိပ်ကြီးတွင် သွားရောက်နေထိုင်သည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်သည်။
"လူတွေ သေတာလည်း သောက်သောက်လဲဟေ့…စထရင်းလမ်းတစ်လျှောက် မြင်လို့ကို မကောင်းဘူး…မင်းတို့ အဝတ်အစားနည်းနည်းနဲ့ ရွှေငွေရှိတာအကုန်ယူူ၊ ငါနဲ့ ဟိုဘက်ကမ်း လိုက်ခဲ့ပေတော့"
"စံဘ..မင်း အမ နဲ့ ယူရမှာတွေ ကူသိမ်းပေးပြီး ကားပေါ်တင်၊ ဂန္ဓမာ နဲ့ မသောင်းက မင်းတို့ အိမ်ပြန်ပြီး သိမ်းသင့်တာ သိမ်းတော့..မင်းတို့ပါ တစ်ခါတည်းလိုက်ခဲ့"
ဂန္ဓမာသောင်းရီ နှင့် မသောင်းက အပြေးအလွှားထွက်သွားကြသည်။
"စံဘ..ဟိုကောင်..အုန်းဖေတို့၊ ထွန်းတင်တို့ ဘယ်တွေမှာလဲ..မင်းနဲ့တွေ့သေးလား"
"ဗုံးစကြဲတဲ့နေ့ကတည်းက မတွေ့တာ..ကိုဖိုးတုတ်"
"ဒီကောင်တွေ..ကွာ..ဘာတွေများဖြစ်နေကြလဲမသိဘူး"
ထိုအချိန်တွင် လေကြောင်း အချက်ပေး ဥသြသံ ပေါ်ထွက်လာသည်။
"ဗုံးခိုကျင်းထဲ အကုန်ဆင်းကြဟေ့..ဆင်းကြဟေ့''
ပစ္စည်းသိမ်းလက်စများချကာ ဗုံးခိုကျင်းထဲသို့ ဆင်းကြရပြန်သည်။
ဂျပန်လေယာဉ်များက ဝေ့ဝိုက်ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်နေသည်မှာ ဆယ့်ငါးမိနစ်ခန့်ပင် ကြာ၏။
ထို့နောက် မြို့ထဲဘက်သို့ ပျံသန်းသွားကြသည်။
"ဖိုးတုတ်..ကမ်းနား အမြန်ဆင်းမှ ရမယ်ဟေ့…ဒီကောင်တွေနောက်မှာ နောက်တစ်သုတ်ထပ်ရင် လာဦးမှာ..မြန်မြန်ဟ"
ပစ္စည်းများအား ကားပေါ်သို့ လူစီးရန်နေရာချန်ပြီး တင်နိုင်သမျှ တင်ကြသည်။
"စံဘ..မင်း ဘကြီးဘိုးဆင်ရယ်၊ အမေရယ်၊ မသင်းမြရယ် ကို မြစ်ဆိပ်ကို အရင်ပို့၊ အဲ့ဒီမှာ ငါ့မော်တော်ရှိတယ်။ အဲ့ဒီပေါ် ပစ္စည်းတွေတင်ပြီးတာနဲ့ ငါ့ နဲ့ ဂန္ဓမာတို့ကို ပြီးမှတစ်ခေါက်ပြန်လာခေါ်..ကြားလား"
မသင်းမြက လည်ပင်းတွင် ရွှေငွေရတနာများပါဝင်သော အထုတ်ကလေးကို ဆွဲထား၏။
ဖိုးတုတ် နားကို ကပ်လာကာ ဖိုးတုတ်လက်မောင်းကို ကိုင်လိုက်သည်။
"ကိုဖိုးတုတ်..ရှင် မြန်မြန်လိုက်လာခဲ့နော်"
"စိတ်ချပါ..မသင်းမြ..အကိုလိုက်လာမှာပါ"
"ရှင်မလာရင်..ကျွန်မလည်း ဟိုဘက် ကမ်းမသွားဘူးနော်"
ဖိုးတုတ်က မသင်းမြကို ခေါင်းငြိမ့်ပြရင်း ကားတံခါးဖွင့်ပေးလိုက်သည်။
စံဘက ကားကို မောင်းထွက်သွား၏။
ဖိုးတုတ် လည်း အိမ်ပေါ်သို့ ပြန်တက်လိုက်သည်။ ထို့နောက် နံရံတွင် ချိတ်ထားသော လက်စွဲတော် ငှက်ကြီးတောင်ဓါးကို ယူလိုက်သည်။ ထို့နောက် ခုံတစ်လုံးပေါ်တက်လိုက်ပြီး အိမ်မျက်နှာကျက် ကျောက်ပြားကို ဓါးဖြင့် ထိုးခွဲကာ အထဲသို့ နှိုက်လိုက်သည်။
အတွင်းမှ အဝတ်ဖြင့်ပတ်ထားသော ခြောက်လုံးပြူးသေနတ်ပါလာသည်။
ဖိုးတုတ်က ငှက်ကြီးတောင်ကို လွယ်လိုက်ပြီး ခြောက်လုံးပြူးကို လွယ်အိတ်ထဲသို့ ထည့်ကာ လွယ်လိုက်သည်။
ထို့နောက် အိမ်တံခါးကို သော့ခတ်ကာ အပြင်သို့ ထွက်စောင့်နေ၏။
စံဘ၏ ကားပြန်ရောက်လာသည်။
"ဟေ့..စံဘ..သူတို့ကို မော်တော်ပေါ်တင်ခဲ့ပြီလား။ မော်တော်မောင်းတဲ့ မန်းနီး ရော ရှိတယ်မဟုတ်လား"
စံဘက ခေါင်းကို ခါပြသည်။
"ကမ်းနားက မော်တော်တွေ အားလုံး ဂျပန်ဗုံးစာမိပြီး မြုပ်ကုန်ပြီ..ကိုဖိုးတုတ်"
"ဟာ..ဒါဆို ဘယ်လို လုပ်ကြမလဲ"
"ဘကြီးဘိုးဆင် အသိ ဟိုဘက်ကမ်းက လာ တဲ့ မော်တော်တစ်စီးရှိတယ်။ အဲ့ဒီပေါ် တင်ပေးထားခဲ့တယ်။ လေယာဉ်တွေ ပြန်မလာခင် မော်တော်က ထွက်မှာ..ကားပေါ်တက်တော့ ကိုဖိုးတုတ်"
"ဟာ..ဟေ့ကောင်..ဂန္ဓမာတို့ကို စောင့်ရဦးမယ်ကွ..သူတို့ မလာသေးဘူး"
"မော်တော်က ထွက်တော့မှာ..ကိုဖိုးတုတ်..အခုတောင် ကျွန်တော်နဲ့ ဘကြီးဘိုးဆင် မနည်းတောင်းပန်ထားလို့ စောင့်နေတာ..လာပါဗျာ"
ဖိုးတုတ် ကား ဂန္ဓမာသောင်းရီတို့ လာမည် ဘက်သို့ ကြည့်ပြီး တွေဝေနေသည်။
"မြန်မြန်လာပါဗျာ..သူတို့လည်း သူတို့ဟာသူတို့ စီစဉ်တတ်မှာပါ..ဒီလောက်ကြာနေတော့ တစ်ခုခုဖြစ်နေလို့ နေမယ်…လေယာဉ်တွင် ပြန်လာရင် မော်တော်ပေါ်က လူအကုန်သေမှာ..မြန်မြန်တက် ကိုဖိုးတုတ်"
စံဘက ဖိုးတုတ်ကို အတင်းဆွဲကာ ကားပေါ်တင်ပြီး ကားကို မောင်းထွက်သွားလိုက်သည်။
ရန်ကုန်မြို့ တွင်းမှ အင်္ဂလိပ်များ၊ ဥရောပသားများ၊ အိန္ဒိယလူမျိုးများနှင့် ဗြိတိသျှအစိုးရဝန်ထမ်းမြန်မာများသည် အိန္ဒိယပြည်ဆင်းမလားသို့ ဆုတ်ခွာသွားကြသည်။
မြို့ပေါ်မှ ဗမာမိသားစုအများအပြားသည်လည်း ဆွေမျိုးများရှိရာ ကျေးရွာများသို့ တိမ်းရှောင်သွားတော့သည်။
ရန်ကုန်မြို့တွင် ကျန်ရစ်ခဲ့သူများမှာ ဥရောပသိုက်အဝန်း၊ အိန္ဒိယအသိုက်အဝန်းတွင်လည်း အရာမဝင်၊ ဗမာများနှင့်လည်း ဆွေမျိုးမယ်မယ်ရရ မရှိလှသော အင်္ဂလိုဘားမားကပြားအချို့၊ ကုလား - ဗမာ ကပြားအချို့သာ ဖြစ်သည်။
သူတို့သည်လည်း ရန်ကုန်မြို့အတွင်း အားကိုးရာမဲ့စွာ ကျန်ရစ်ခဲ့တော့၏။
ရန်ကုန်မြို့တော်စည်ပင်ရေးအတွက် အခြေခံလုပ်သားများဖြစ်သော တမီးလ်လူမျိုးများ ထွက်ပြေးကုန်သည့် အတွက် အိမ်သာပုံးများကို သိမ်းဆည်းပေးမည့်သူမရှိတော့။ လမ်းသန့်ရှင်းရေးလုပ်ပေးမည့်သူများလည်း မရှိတော့။
လူသေအလောင်းကောင်များမှာလည်း မြင်မကောင်းအောင် ပြန့်ကျဲနေကြသည်။
လွန်ခဲ့သော ရက်ပိုင်းက စည်းကားခဲ့သော ရန်ကုန်သည် သွေးပျက်ဖွယ်ရာ အနိဌာရုံများဖြင့် ပြည့်နှက် ကျန်ရစ်လေတော့သည်။
…………………………………………………………………………………………
ထိုညတွင် ဆိပ်ကြီး သို့ လမ်းမတော်ဖိုးတုတ်တို့ မိသားစု ခိုလှုံရန် ရောက်ရှိလာကြသည်။
ဦးဖိုးဆင်၏ ခြံကျယ်ကြီးထဲမှ တဲလွတ်တစ်လုံးတွင် ဖိုးတုတ်တို့ မိသားစုအား နေရာချပေး၏။
ထိုည က ရန်ကုန်ဘက်ဆီမှ လေယာဉ်သံများ၊ ဗုံးကြဲသံများ၊ ပစ်ခတ်သံများကြားရသော်လည်း ပင်ပန်းမှုကြောင့် အားလုံးနှစ်နှစ်ခြိုခြိုက် အိပ်ပျော်သွားခဲ့သည်။
မနက်မိုးလင်းသောအခါ ဦးဖိုးဆင် မိန်းမ က ထမင်းကြမ်း နှင့် အဆာပြေ အကြော်စုံကို စားကြ၏။
"ဟေ့..ဖိုးတုတ်..မင်းနဲ့ ငါ ပြီးရင် ရွာထဲ က လူတစ်ယောက်ကို သွားတွေ့ကြမယ်ကွ"
ဦးဘိုးဆင် က စကားကြောင့် ဖိုးတုတ် မျက်မှောင်ကြုံ့သွားသည်။
"ဘာလဲ..သူကြီးဆီ ကို သွားအကြောင်းကြားမလို့လား..ဘကြီး"
"သူကြီးထက် ဆိုးတဲ့လူဟ…တခြားလူတွေဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး..မင်းက လမ်းမတော်ဖိုးတုတ် ဖြစ်နေတော့ ငါတို့က ကိုမြတ်လှ ဆီ သွားပြီး အသိပေးထားမှဖြစ်မှာ"
"ကိုမြတ်လှ ဆိုတာ ဘယ်သူလဲ"
"ဓါးပြဗိုလ်လေ။ ဒီဘက် ရွာစဉ်တစ်ကြောတော့ မြတ်လှ ကို ကျော်ရဲတဲ့ကောင်မရှိဘူးကွ။ မင်းဟို အရင်က သိမ်ကြီးဈေး လှဖေ တို့ဘာတို့တောင် ဒီဘက်ကြောမှာ လာနေတော့ ကိုမြတ်လှဆီ အကြောင်းကြားပြီးမှ လာနေရဲတာကွ။ ရန်ကုန်ကမ်း က လူမိုက်တွေ ဒီဘက်လာရင် သူမသိပဲ နေခွင့်မရှိဘူး"
"ဟား..ဟုတ်လှချည်လားဗျ"
"ဟုတ်လှချည်လား..မလုပ်နဲ့..ငါ့လူရေ…မင်းတို့ ငါတို့ မိုက်တာက..ခုတ်ရဲထစ်ရဲတယ်..အလောင်းဖျောက်ရဲတယ်..ဒီလောက်ပဲ..ဒီကောင်ကြီးနဲ့ အဖွဲ့ ခေတ်ထတုန်းက လူသတ်ပြီးရင် ချက်စားပစ်တာဟ….မင့်တို့အရင် ရန်ကုန်ဘက်ခြမ်းမှာ လူမိုက်လုပ်နေတဲ့ ရေကျော်က ကိုသိန်း၊ ကိုသန်း ညီအကိုဆို ဟိုဘက်မှာ မန်မဆာတွေလိုက်သတ်တော့ ဒီဘက် လာခိုပြီး ဗိုလ်ကျသေးတာ။ ကိုမြတ်လှ နဲ့ တွေ့တော့ နှစ်ကောင်လုံး လက်ကလေးတွေပိုက်ခိုင်းပြီး ဝါးရင်းတုတ်နဲ့ ရိုက်တာကိုယ့်လူ"
"ဟိုကောင်ကြီးတွေက ခံတာပဲလား"
"မခံလို့ရမလားကွ..ဒီနယ်မှာ လူဆိုးလူမိုက်မှန်သမျှ ကိုမြတ်လှတပည့်တွေချည်းပဲ။ သူ့ဓါးပြအဖွဲ့က လူစုလိုက်ရင်ကို လေးငါးဆယ်ရှိတယ်။ အထက်ဘက်မှာ ဗန္ဓကရသေ့ သူပုန်ထတော့ သူပါခဲ့သေးတယ်။ အင်္ဂလိပ်က တကျွန်းပို့တာကို ပြန်ပြေးလာပြီး ဒီဘက်မှာဓါးပြဗိုလ်လုပ်စားနေတာ…ဟိုအမွှာနှစ်ကောင် တုန်းကတော့ နောက်တစ်ခါ ဒီဘက်ကမ်းလာရင် ချက်စားပစ်မယ်ဆိုပြီး ကြိမ်းလိုက်တာ ပြန်ကို ပေါ်မလာတော့ဘူး...သူ့အရပ်နဲ့ သူတော့ ဘုရင်ပဲ..ဟေ့ကောင်..မင်းမလိုက်ချင်လို့ မရဘူး"
"ဟုတ်ကဲ့..ကျွန်တော် လိုက်ခဲ့ပါ့မယ်"
"စံဘ ပါလိုက်ခဲ့။ ဒီကောင်က ကာလသားဆိုတော့..ရွာထဲ ဟိုဟိုဒီဒီဆိုပြသနာဖြစ်မှာစိုးရတယ်။ ကိုမြတ်လှ နဲ့အပ်ပေးထားမှ တော်ကာကျမယ်''
စကာဝိုင်းကို နားထောင်နေသော စံဘ မှာ မျက်စိမျက်နှာပျက်နေသည်။
"ဟေ့ကောင်..မင်းက ကြောက်နေတာလား..စံဘ"
"မကြောက်ပါဘူး..ဘကြီးဘိုးဆင်ရာ"
"မကြောက်ရင်..မင်းအခွက်က ဘာဖြစ်နေတာတုန်း"
"ဟာ..ခုသွားတွေ့မယ်လူကြီးက လူသားစားတယ်ဆိုလို့ပါ..ရွံစရာကြီးဗျာ..ရွံလို့..ထွီ"
ခဏအကြာတွင် လမ်းမတော်ဖိုးတုတ်နှင့် စံဘတို့ ဦးဘိုးသင် ခေါ်ရာသို့ လိုက်လာကြသည်။
"ဗျိုး..ကိုမြတ်လှ..ကိုမြတ်လှ"
ဦးဖိုးဆင်က ခြံ ထဲ ဝင်ရင်း အော်ခေါ်လိုက်သည်။
"အေး.ဘိုးဆင်..ငါ ဒီမှာဟ"
ခြံထဲရှိ ရေတွင်းဘေးတွင် သစ်သားချောင်းကို ဓါးမတစ်ချောင်းဖြင့် ခုတ်နေသော လူတစ်ဦးက လှမ်းအော်သည်။
လမ်းမတော်ဖိုးတုတ်က ကိုမြတ်လှဆိုသူကို အကဲခတ်လိုက်သည်။
အသက် (၆၀)ကျော်ခန့် ရှိပြီဖြစ်ပြီး သျှောင်တုန်းကို တပတ်လျှိုထုံထား၏
အသားနီစပ်စပ်၊ ခန္ဓာကိုယ်ခပ်တောင့်တောင့်၊ အရပ် ပုပုဖြစ်သည်။ တကိုယ်လုံးတွင်တော့ ထိုးကွင်းများ၊ အင်းကွက်များ အပြည့်။
"ကိုမြတ်လှ..ဘာတွေလုပ်နေတုန်း"
"အေးကွာ..စားစရာသိပ်ရှိတော့လို့..ဒလဘက်တက်ပြီး ဓါးပြတိုက်မလားလို့..ဒူးလေး အသစ်လုပ်နေတာ"
"ဟာဗျ…ကိုမြတ်လှ ရဲ့ နိုင်ငံရေးအခြေအနေလေးဘာလေး နားစွင့်ပါဦး..စစ်ကြီးဖြစ်နေပြီ..အကုန်ပြေးကုန်ကြပြီ.. ခင်ဗျား သွားတိုက်ရင်..ငမွဲတွေပဲ ကျန်မှာပေါ့"
"မတတ်နိုင်ဘူး..ဘိုးဆင်..တိုက်စရာမရှိရင် နင့်အိမ် တက်တိုက်ရမှာပဲ"
"ဟာ..မနောက်ပါနဲ့ဗျ..ဒီမှာ ရန်ကုန်ကနေ စစ်ပြေးလာတဲ့ ကျုပ်တူတွေရောက်နေလို့ ခင်ဗျားကို လာအသိပေးတာ"
ထိုအခါမှ ကိုမြတ်လှ က ဦးဘိုးဆင် ၏ နောက်တွင် ရပ်နေသော ဖိုးတုတ် နှင့် စံဘ ကို မော့ကြည့်လိုက်သည်။
ထို့နောက် လုပ်လက်စ ကိုရပ်လိုက်သည်။
"ငါ့ဆီခေါ်လာတယ်ဆိုတော့..ဒီကောင်တွေက ဘာကောင်တွေလဲကွ..ဘိုးဆင်"
"ဒါကတော့ လမ်းမတော်ဖိုးတုတ်ပါ..ကျုပ်တူပေါ့။ ဒီဘက်ကတော့ ကျုပ်တူပဲ စံဘ တဲ့"
ကိုမြတ်လှ က ကွမ်းကို ပလုပ်ပလောင်းဝါးနေရာမှာ ဖွီခနဲ ထွေးထုတ်လိုက်ပြီး ဖိုးတုတ် ကို သေချာကြည့်လိုက်သည်။
ဖိုးတုတ်ကလည်း ကိုမြတ်လှ၏ မျက်လုံးတည့်တည့်ကို ပြန်စိုက်ကြည့်လိုက်၏။
"အော်..အေး..အေး..နင်က လမ်းမတော်ဖိုးတုတ်ကိုး..ဖိုးဆင်တူမှန်း ခုမှ သိတော့တယ်..နင့်နာမည်ကတော့ ဒီဘက်ကမ်းအထိ ကျော်နေတာပဲဟေ့..လူကတော့ နှုတ်ခမ်းမွှေးနဲ့ဘာနဲ့…ငါ့မျက်စိထဲ ပုလိပ်ရုပ် ပိုပေါက်နေတယ်.. ကဲ..ဟုတ်ပြီကွာ..ငါမှတ်ထားပါ့မယ်..ဒီဘက်မှာတော့ လိမ်လိမ်မာမာနေနော့..ဟိုဘက်လို မဟုတ်ဘူး..ဒီဘက်က လူတွေက အေးအေးနေကြတာ..ဟုတ်ပြီလား..အေးအေး... သွားကြတော့..သွားကြတော့"
ကိုမြတ်လှဆိုသော အဘိုးအိုက ခေါင်းငုံ့ကာ သူ့အလုပ်သူဆက်လုပ်နေသည်။
ဦးဘိုးဆင်က ပြန်ကြရန် အချက်ပြလိုက်သဖြင့် သူတို့ သုံးယောက်ခြံထဲမှ ထွက်ခဲ့ကြသည်။
ခြံအပြင်ဘက် အရောက်တွင် စံဘခေါင်းပေါ်သို့ တစ်စုံတစ်ခု လာမှန်လေသည်။
"အား..လား"
စံဘက ခေါင်းကို လက်ဖြင့်အုပ်လိုက်သည်။
ဦးဘိုးဆင် နှင့် ဖိုးတုတ်က အလန့်တကြားဖြစ်ပြီး သတိအနေအထားဖြင့် နေလိုက်၏။
"အဲ..ကျွန်မ တောင်းပန်ပါတယ်..နော်..တောင်းပန်ပါတယ်..သရက်သီး ကို တံသျှူနဲ့ လှည်ထုတ်လိုက်တာ..မတော်တဆမို့"
စံဘ ခေါင်းပေါ်သို့ ကျလာသည်မှာ အလုံးခပ်ကြီးကြီး မချစ်စုသရက်သီးအစိမ်း။
သရက်ပင်နောက်မှ ထွက်လာသည်ကလည်း လုံးကြီးပေါက်လှ မိန်းမစိမ်းမလေး။
"ဟီး..ရပါတယ်..ငါ့နှမ..ရပါတယ်"
ဦးဘိုးဆင် နဲ့ ဖိုးတုတ်က ပြုံးပြကာ ထွက်ခဲ့သော်လည်း စံဘက နောက်တွင် ကျန်ရစ်သည်။
"အကို နာသွားလို့လား"
"မနာပါဘူး..ငါ့နှမ..ရပါတယ်..ဟီး..မတော်တဆဲကို..ရတယ်..ရတယ်"
"အားနာလိုက်တာရှင်..ရန်ကုန်က ဧည့်သည်ထင်ပါရဲ့"
စစ်ပြေးကာလတွင် ကောလိပ်ကျောင်းသားစတိုင်လ်ဖမ်းကာ ဘန်ကောက်ပုဆိုးဝတ်၊ ရှုူးဖိနပ်စီးလာသော စံဘ ပုံစံကို ကြည့်ပြီး ကောင်မလေးက ဆိုလိုက်၏။
"ဟုတ်ပါတယ်..ငါ့နှမ..ဘကြီးဘိုးဆင် တူပါ..ကိုစံဘလို့ ခေါ်ပါတယ်.. ရန်ကုန်ကပဲ"
"ဟုတ်ကဲ့ပါ..ကိုရန်ကုန်သား…သရက်သီး ယူသွားပါဦး..နော်"
စံဘက ကောင်လေးကမ်းပေးသော သရက်သီးအစိမ်းနှစ်လုံးကို ယူကာ ယောင်လည်လည်ဖြင့် ထွက်လာတော့သည်။
ညနေသို့ ရောက်သောအခါ မြို့မှ စစ်ပြေးလာသော သူဌေးကတော် ပွဲရုံပိုင်ရှင် မသင်းမြ ထံ ဝတ်ဆင်ထားသေသာ လက်ဝတ်လက်စားများ၊ ပါလာသည့် အဝတ်အစားများကို လာကြည့်သူ၊ မြို့သတင်းမေးသူများ ဖြင့် ဦးဘိုးဆင် ခြံဝန်းအတွင်း စည်ကားလှ၏။
ထိုအထဲတွင် မနက်က စံဘ အား သရက်သီးပေးလိုက်သော ကောင်မလေးပါသဖြင့် စံဘမှ ပီတီဖြာလျုက်။
စံဘက မိန်းကလေး ပုခုံးကို လက်နှင့်သွားတို့သည်။
"ဟိတ်..သရက်သီးပေးတဲ့ နှမလေး..မနက်က ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောမလို့..နာမည်မသိလို့"
"ချောရင် ပါ..ကိုစံပ"
"စံပ မဟုတ်ပါဘူး..စံဘ..စံဘပါဗျား''
စံဘ တို့ ကြည်နူးနေခိုက် ဘကြီးဘိုးဆင် နှင့် လမ်းမတော်ဖိုးတုတ်မှာ ခြံရှေ့ကွပ်ပျစ်တွင် ထန်းလျက်အရက်တစ်လုံးကို ထောင်လျက် မသင်းမြ တို့ မြင်ကွင်းကို ကြည့်နေကြသည်။
ဘကြီးဘိုးဆင် က အရက်ထည့်ထားသည့် ပန်းကန်လုံးကို မော့ချလိုက်ပြီး တံတွေးကိုပြစ်ခနဲ ထွေးလိုက်သည်။
ထို့နောက်...
''ဖိုးတုတ်ရေ… မင်း မယား လုပ်ပုံနဲ့… မြတ်လှကြီးတော့ ငါ့အိမ်ကို တကယ် ဓါးမြ တက်တိုက်တော့မယ် ထင်ပါရဲ့ကွာ"
……………………………………………………………………………………………
၁၉၄၂ ဖေဖော်ဝါရီလ ၉ ရက်။
ဖိုးတုတ်တို့ စစ်ပြေးခဲ့သည်မှာ တစ်လပင် ကျော်ခဲ့ပြီ။
ဂျပန်အမှတ်(၁၅)တပ်မတော်နှင့် ဗမာလွတ်လပ်ရေးတပ်မတော်တို့သည် ထားဝယ်မှ တဆင့် မော်လမြိုင်အထိ ချီတက်သိမ်းပိုက်လာနေကြပြီဖြစ်သည်။
အင်္ဂလိပ်တို့ ကား ရန်ကုန်ထောင်ကြီးနှင့် စိတ္တဇဆေးရုံကို ဖွင့်ချပေးလိုက်သဖြင့် ရန်ကုန်မြို့ထဲတွင် လူဆိုးသူခိုးများနှင့် အရူးများ ကို နေရာတကာတွေ့နေရသည်။
မြို့အုပ်ချုပ်ရေးပျက်ပြားသွားသဖြင့် လွန်ခဲ့သည့် တလကျော်က ဗုံးဒဏ်သင့်ထားသော အလောင်းများမှာ ပုပ်ပွရာမှ ခြောက်ကပ်သည့်အဆင့်သို့ ပင်ရောက်နေခဲ့ပြီဖြစ်သည်။
တလကျော်ကာလအတွင်းပင် ရန်ကုန်မြို့ကြီးမှာ ထိုသို့ အပြောင်းအလဲမြန်သလောက် ဖိုးတုတ် တို့ မှီခိုနေထိုင်ရာ ဆိပ်ကြီး တွင်လည်း အပြောင်းအလဲတစ်ခုက မြန်ဆန်စွာဖြစ်ပေါ်ခဲ့သည်။
ထိုအပြောင်းအလဲကို စတင်သူကား အခြားသူမဟုတ်။
စံဘ ပင်တည်း။
ထိုနေ့ နံနက်ခင်းတွင် လမ်းမတော်ဖိုးတုတ်နှင့် ဦးဖိုးဆင်သည် စက္ကူကတ်ပြားတစ်ခုပေါ် ကျားကွက်ဆွဲကာ ဘိလပ်ရည်အဖုံးများဖြင့်် ကျားကစားနေကြ၏။
"ဘကြီးဘိုးဆင်..ဘကြီးဘိုးဆင်..ဟိုမှာ သတ်ကြတော့မယ်..သတ်ကြတော့မယ်"
ရွာထဲမှ ကာလသားတစ်ဦးမှ အသည်းအသန် ရောက်လာပြီး ပြောသဖြင့် ဦးဖိုးဆင် နှင့် ဖိုးတုတ်တို့ အထိတ်တလန့်ဖြစ်သွားကြသည်။
"ဘာလဲ..ငထွန်း..ဘယ်သူတွေ သတ်တာလဲ"
"ဟိုမှာ…ဦးမြတ်လှကြီး သား ထွန်းရင် နဲ့ ဘကြီးတို့အိမ်တည်းနေတဲ့ ရန်ကုန်သား…ပုဆိုးတကွင်းထဲ ဝင်ပြီး သူသေကိုယ်သေ ဓါးနဲ့ ထိုးမလို့တဲ့"
ဖိုးတုတ် ချက်ချင်း ထကာ ပုဆိုးပြင်ဝတ်လိုက်သည်။
"ဘယ်မှာလဲ…ငထွန်း.."
"တောင်ဘက်က မပု တို့ ကောက်ရိုးပုံဘေး..လယ်ကွက်မှာ..အခု မြတ်လှကြီးလည်း လှံကြီးနဲ့ လိုက်သွားပြီတဲ့ဗျ..မြန်မြန်လာကြပါဗျ..သေကုန်တော့မယ်"
ဦးဘိုးဆင်က အိမ်ခေါင်းရင်း ထင်းပုံသို့ ပြေးကာ ထင်းခွဲသည့် ဓါးမကို ခါးကြားတွင် ထိုးလိုက်၏။
ဖိုးတုတ်က အိမ်ပေါ်သို့ ပြေးတက်ကာ ခြောက်လုံးပြူးသေနတ်ထည့်ထားသည့် လွယ်အိတ်ကို လွယ်လိုက်သည်။
ထို့နောက် သူတို့ နှစ်ဦးသား..ငထွန်း နောက်သို့ အပြေးလိုက်သွားကြတော့သည်။
ခက်ဇော်
အခန်း (၂၂) ဆက်ရန်
(zawgyi)
The Guys of Yangon,1930 (Part 20)
အခန္း(၂၁)
…………………
၁၉၄၁ ခုႏွစ္၊ ေအာက္တိုဘာလ။
နန္းရင္းဝန္ဂဠဳန္ဦးေစာသည္ ၿဗိတိန္အစိုးရ နန္းရင္းဝန္ ဝင္စတန္ခ်ာခ်ီ၊ ျမန္မာႏွင့္ အိႏၵိယျပည္ဆိုင္ရာဝန္ႀကီး မစၥတာ ေအမရီႏွင့္ ေတြ႕ဆုံရန္ ဘိလပ္သို႔ထြက္ခြာသြားသည္။
ထိုသို႔မထြက္ခြာမီတြင္ ဦးေစာသည္ ရန္ကုန္ၿမိဳရွိ ဂ်ပန္ေကာင္စစ္ဝန္ႏွင့္္ ေတြ႕ဆုံခဲ့သည္။
ထိုအခ်ိန္တြင္ လမ္းမေတာ္ဖိုးတုတ္၊ အုန္းေဖ ႏွင့္္ ထြန္းတင္ တို႔သည္ အမႈၿပီးဆုံးၿပီးေနာက္ ကုသိုလ္ျပဳသည့္ သေဘာျဖင့္ သရက္ေတာေက်ာင္းတိုက္တြင္ ဒုလဘၻရဟန္းဝတ္ေနၾကသည္။
ထိုအခ်ိန္က ဂဠဳန္ဦးေစာ၏ ဝါးရင္းတုတ္တပ္မ်ားႏွင့္ ေဒါက္တာဘေမာ္ ၏ ဓါးမ တပ္မ်ားမွာ ရန္ကုန္ၿမိဳ႕တြင္ မၾကာခဏ ျပသနာျဖစ္ပြားၿပီး ႐ိုက္ပြဲမ်ားျဖစ္ေလ့ရွိသည္။
ေဒါက္တာဘေမာ္၏ ဓါးမတပ္ဖြဲ႕မ်ားမွာ ပင္နီရွပ္လက္တို၊ ေဘာင္းဘီအျပာယူနီေဖာင္းဆင္တူ ဝတ္ဆင္ၾကၿပီး ဂဠဳန္ဦးေစာ၏ ဂဠဳန္တပ္မ်ားမွာ ကာကီဝမ္းဆက္ႏွင့္ ဝါးရင္းတုတ္မ်ားကို ကိုင္ေဆာင္ေလ့ရွိၾကသည္။
ရန္ကုန္လူမိုက္အမ်ားစုမွာ ႏိုင္ငံေရး႐ိုက္ပြဲမ်ားႏွင့္ ခပ္ေဝးေဝးတြင္ေနကာ အေျခအေနကို ေစာင့္ၾကည့္ေနၾကသည္။
၁၉၄၁ ခုႏွစ္ ၊ ဒီဇင္ဘာလ ၇ ရက္ေန႔ နံနက္လင္းအားႀကီးအခ်ိန္တြင္ အေမရိကန္ပိုင္ ၊ ဟာဝိုင္အီကြၽန္းရွိ ပုလဲဆိပ္ကမ္းကို ဂ်ပန္ေလတပ္က ဗုံးႀကဲတိုက္ခိုက္ကာ ဒုတိယကမာၻစစ္ႀကီးအတြင္းသို႔ ဂ်ပန္က စတင္ဝင္ေရာက္လာေတာ့သည္။
ဒီဇင္ဘာ (၈)ရက္ နံနက္ ၂နာရီတြင္ ဂ်ပန္တပ္မ်ားက မေလးရွားကို သိမ္းပိုက္ႏိုင္ခဲ့ၾကသည္။
ၿဗိတိသွ်တို႔၏ အေရွ႕ေတာင္အာရွအေကာင္းဆုံးခံတပ္ႀကီး စင္ကာပူက်သြားခဲ့ၿပီ။
ပုလဲဆိပ္ကမ္းအား ဗုံးႀကဲၿပီး (၁၆)ရက္အၾကာ ၁၉၄၁ ဒီဇင္ဘာ (၂၃)ရက္။
ရန္ကုန္ၿမိဳ႕၊ အလံျပဘုရားလမ္းရွိ အခ်က္ျပဖမ္းယူေရးတပ္၏ ဆက္သြယ္ေရလိုင္းဖမ္းစက္ထဲသို႔ "Most Secret No 707" ကုဒ္တပ္ထားေသာ ဝွက္စာတစ္ခု ဖမ္းယူရရွိခဲ့သည္။
ထိုဝွက္စာမွာ ဂ်ပန္ တိုက္ေလယာဥ္အခ်င္းခ်င္း ေပးပို႔သည့္ ဝွက္စာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ရွိ စစ္ဘက္၊ အရပ္ဘက္ပစ္မွတ္အားလုံးကို ေခ်မႈန္းရန္ႏွင့္ လမ္းေပၚေတြ႕သမွ် အရပ္သားမွန္သမွ် အကုန္ပစ္သတ္ရန္ ဟူေသာ အမိန႔္ကို ၿဗိတိသွ်အခ်က္ျပတပ္ဖြဲ႕က ေဖာ္ထုတ္ႏိုင္ခဲ့သည္။
သို႔ေသာ္ တန္ျပန္တိုက္ခိုက္ေခ်မႈန္းရန္အတြက္ အခ်ိန္ေနာက္က်သြားေပၿပီ။
ထို႔ေၾကာင့္ ရန္ကုန္လူထုကို အသိေပးလွ်င္ ထိတ္လန႔္ေၾကာက္႐ြံ႕ၿပီး အေျခအေနမထိန္းႏိုင္ျဖစ္မည္ဆိုေသာ အေၾကာင္းျပခ်က္ျဖင့္ ျပည္သူလူထုကို အသိမေပးပဲ စစ္ဖက္ဆိုင္ရာႏွင့္ အုပ္ခ်ဳပ္ေရးဆိုင္ရာမ်ားသို႔သာ စစ္ဖက္ဆိုင္ရာ လွ်ိဳ႕ဝွက္သတင္းအျဖစ္ ေပးပို႔လိုက္ၾကေတာ့သည္။
ဂ်ပန္တို႔၏ ေတာ္ဝင္ေလတပ္ သည္ ရန္ကုန္ၿမိဳ႕ ေကာင္းကင္းယံသို႔ေရာက္ရွိလာၾကသည္။
ရန္ကုန္ေနလူထုက အေျခအေနကို ဘာမွ်မသိၾက။
ရန္ကုန္ၿမိဳ႕သူ၊ ၿမိဳ႕သားမ်ားမွာ ဂ်ပန္ေလတပ္အုပ္စုႀကီးကို အထူးတဆန္းထြက္ၾကည့္ေနၾကသည္။
နံနက္ (၁၀)နာရီတြင္ ဂ်ပန္ဗုံးႀကဲေလယာဥ္ အစင္း(၆၀)ႏွင့္ ဂ်ပန္တိုက္ေလယာဥ္(၃၀) တို႔ ေကာင္းကင္အျပည့္ ပ်ံသန္းေနသည္။
ေရွးဦးစြာ ဂ်ပန္ေလယာဥ္မ်ားသည္ ကမ္းနားလမ္းတစ္ေလွ်ာက္ ရပ္ၾကည့္ေနေသာ လူအုပ္ႀကီးထဲသို႔ ဗုံးတစ္လုံး ပစ္ခ်လိုက္ေလသည္။ ထို႔ေနာက္ တိုက္ေလယာဥ္တစ္စင္က ခပ္နိမ့္နိမ့္ပ်ံသန္းလာၿပီး ဝ႐ုန္းသုန္းကား ျဖစ္ေနေသာ လူအုပ္ႀကီးကို စက္ေသနတ္ျဖင္ လိုက္လံပစ္ခတ္ေလေတာ့သည္။
လမ္းမေတာ္ႏွင့္ ကပ္လ်က္ရွိေသာ အလုံရပ္ကြက္မွာ အထိအနာဆုံးျဖစ္ၿပီး မီးဟုန္းဟုန္းေတာက္ေနေလေတာ့၏။
ရဟန္းဝတ္ေနေသာ လမ္းေတာ္ဖိုးတုတ္ ႏွင့္ တပည့္ ႏွစ္ေယာက္လည္း ခ်က္ခ်င္း လူဝတ္လဲကာ မိသားစုမ်ားထံ အသီးသီးျပန္ေျပးၾကေလေတာ့သည္။
လမ္းမေတာ္ (၁၄)လမ္းရွိ အိမ္တြင္ မသင္းျမ၊ စံဘ၊ ဘသိန္းႏွင့္ မိခင္ႀကီး ေဒၚခ်စ္ပု တို႔ တစုတေဝးထဲ ေတြ႕ရ၏။
ထိုေန႔က ဂ်ပန္ေလတပ္ဗုံးႀကဲမွႈေၾကာင့္ ရန္ကုန္ၿမိဳ႕ တြင္ လူေပါင္း (၂၀၀၀)ခန႔္ေသဆုံးခဲ့သည္။
ႏွစ္ရက္အၾကာ၊ ဒီဇင္ဘာ (၂၅) ခရစၥမတ္ေန႔ နံနက္ (၁၀)နာရီတြင္ ဂ်ပန္ဗုံးႀကဲေလယာဥ္ အစင္း (၈၀)၊ တိုက္ေလယာဥ္ အစင္း(၂၀)ပါဝင္ေသာ အုပ္စုက ရန္ကုန္ၿမိဳ႕ကို ဒုတိယအႀကိမ္ ထပ္မံ ဗုံးႀကဲျပန္သည္။
ထိုအခ်ိန္တြင္ေတာ့ လမ္းမေတာ္ဖိုးတုတ္ တို႔ မိသားစု ႏွင့္ ဂႏၶမာေသာင္းရီတို႔လင္မယားပါ လမ္းမေတာ္ (၁၄)လမ္းအေနာက္ဘက္ရွိ ဗုံးခိုက်င္းတြင္အတူတူပုန္းခိုေနၾကသည္။
ရန္ကုန္ၿမိဳ႕မွာ မီးေလာင္ျပင္မ်ား၊ ဗုံးဒဏ္ခံတိုက္ၿပိဳမ်ား၊ အေလာင္းေကာင္မ်ားျဖင့္ ျပန႔္ႀကဲေန၏။
အေရွ႕အာရွကို ကာကြယ္ေပးမည့္ ၿဗိတိသွ်စစ္သေဘၤာ ေဝလမင္းသား ႏွင့္ ရီပါ့စ္ တို႔မွာ ဂ်ပန္ေလတပ္ လက္ခ်က္ျဖင့္ နစ္ျမဳပ္သြားခဲ့သည္။
ျမန္မာျပည္စစ္ေျမျပင္ကို အကာအကြယ္ေပးရန္ လာေရာက္ၾကသည့္ ၾသစေၾတးလွ်စစ္ေဘၤာမ်ားကလည္း ဂ်ပန္အႏၲရာယ္နီးကပ္ေနေသာ မိခင္တိုင္းျပည္ကို ကာကြယ္ရန္ လွည့္ျပန္သြားၾကေလသည္။
ျမန္မာျပည္ကား အကာအကြယ္မဲ့ေခ်ၿပီ။
ရန္ကုန္ဆိပ္ကမ္းကား ဗုံးဒဏ္ေၾကာင့္ လုံးဝပ်က္စီးသြားေပၿပီ။
ဆိပ္ကမ္းကုန္တင္ကုန္ခ် အႏၵိယအလုပ္သမားမ်ားသည္လည္း ဗုံးဒဏ္ေၾကာင့္ေသဆုံးသူေသဆုံး ၊ ထြက္ေျပးျဖင့္ စုစည္းမရေတာ့။
အဂၤလိပ္အစိုးရအတြက္ သယ္ယူပို႔ေဆာင္ေပးမည့္ အလုပ္သမားမ်ားမရွိသည့္အတြက္ ရန္ကုန္ၿမိဳ႕မွ ေ႐ႊ႕ေျပာင္းရန္ မလြယ္ကူေသာပစၥည္းမ်ားကို ေျမလွန္စနစ္ျဖင့္ ဖ်က္ဆီးကာ ဆုတ္ခြာရန္ ဆုံးျဖတ္လိုက္ေလေတာ့သည္။
ရန္ကုန္က ဂ်ပန္ဗုံးဒဏ္ႏွင့္ အဂၤလိပ္၏ ေျမလွန္မီးရႈိ႕သည့္ဒဏ္ေၾကာင့္ ျပာပုံအတိျဖစ္ေန၏။
တ႐ုတ္တန္းရွိ၊ ဆန္အရက္ေရာင္းေသာဆိုင္ကို ဂ်ပန္စစ္တပ္က ဗုံးႀကဲရာ လမ္းမေတာ္ဖိုးတုတ္၏ တပည့္ ပု႑ားေက်ာ္ထြန္း ေသဆုံးသြားခဲ့သည္။
ဒီဇင္ဘာ ၂၆ ရက္။ ည ၇ နာရီ။
လမ္းမေတာ္ဖိုးတုတ္ ၏ ၁၄ လမ္းေနအိမ္သို႔ ဦးဘိုးဆင္ ေရာက္လာသည္။
ဦးဘိုးဆင္သည္ ကြယ္လြန္သူ ဦးဘိုးသင္ ၏ အကိုျဖစ္ၿပီး ရန္ကုန္တစ္ဖက္ကမ္း ဆိပ္ႀကီးတြင္ သြားေရာက္ အေျခခ်ေနထိုင္သူျဖစ္သည္။
တစ္ခ်ိန္က ရန္ကုန္ (၁၃)လမ္းတြင္ ဘိုးဆင္၊ ဘိုးသင္ ညီအစ္ကိုမွာ နာမည္ေက်ာ္ရပ္ကြက္လူမိုက္မ်ား ျဖစ္ခဲ့ၾကသည္။
ဦးဘိုးဆင္မွာ ပထမအိမ္ေထာင္ကြယ္လြန္ၿပီးေနာက္ ရန္ကုန္တြင္ တစ္ခါတစ္ရံသာ ေနထိုင္ၿပီး ဒုတိယအိမ္ေထာင္ရွိေသာ ဆိပ္ႀကီးတြင္ သြားေရာက္ေနထိုင္သည္မွာ ဆယ္ႏွစ္ခန႔္ရွိၿပီျဖစ္သည္။
"လူေတြ ေသတာလည္း ေသာက္ေသာက္လဲေဟ့…စထရင္းလမ္းတစ္ေလွ်ာက္ ျမင္လို႔ကို မေကာင္းဘူး…မင္းတို႔ အဝတ္အစားနည္းနည္းနဲ႔ ေ႐ႊေငြရွိတာအကုန္ယူူ၊ ငါနဲ႔ ဟိုဘက္ကမ္း လိုက္ခဲ့ေပေတာ့"
"စံဘ..မင္း အမ နဲ႔ ယူရမွာေတြ ကူသိမ္းေပးၿပီး ကားေပၚတင္၊ ဂႏၶမာ နဲ႔ မေသာင္းက မင္းတို႔ အိမ္ျပန္ၿပီး သိမ္းသင့္တာ သိမ္းေတာ့..မင္းတို႔ပါ တစ္ခါတည္းလိုက္ခဲ့"
ဂႏၶမာေသာင္းရီ ႏွင့္ မေသာင္းက အေျပးအလႊားထြက္သြားၾကသည္။
"စံဘ..ဟိုေကာင္..အုန္းေဖတို႔၊ ထြန္းတင္တို႔ ဘယ္ေတြမွာလဲ..မင္းနဲ႔ေတြ႕ေသးလား"
"ဗုံးစႀကဲတဲ့ေန႔ကတည္းက မေတြ႕တာ..ကိုဖိုးတုတ္"
"ဒီေကာင္ေတြ..ကြာ..ဘာေတြမ်ားျဖစ္ေနၾကလဲမသိဘူး"
ထိုအခ်ိန္တြင္ ေလေၾကာင္း အခ်က္ေပး ဥၾသသံ ေပၚထြက္လာသည္။
"ဗုံးခိုက်င္းထဲ အကုန္ဆင္းၾကေဟ့..ဆင္းၾကေဟ့''
ပစၥည္းသိမ္းလက္စမ်ားခ်ကာ ဗုံးခိုက်င္းထဲသို႔ ဆင္းၾကရျပန္သည္။
ဂ်ပန္ေလယာဥ္မ်ားက ေဝ့ဝိုက္ဗုံးႀကဲၿပီး စက္ေသနတ္ျဖင့္ ပစ္ခတ္ေနသည္မွာ ဆယ့္ငါးမိနစ္ခန႔္ပင္ ၾကာ၏။
ထို႔ေနာက္ ၿမိဳ႕ထဲဘက္သို႔ ပ်ံသန္းသြားၾကသည္။
"ဖိုးတုတ္..ကမ္းနား အျမန္ဆင္းမွ ရမယ္ေဟ့…ဒီေကာင္ေတြေနာက္မွာ ေနာက္တစ္သုတ္ထပ္ရင္ လာဦးမွာ..ျမန္ျမန္ဟ"
ပစၥည္းမ်ားအား ကားေပၚသို႔ လူစီးရန္ေနရာခ်န္ၿပီး တင္ႏိုင္သမွ် တင္ၾကသည္။
"စံဘ..မင္း ဘႀကီးဘိုးဆင္ရယ္၊ အေမရယ္၊ မသင္းျမရယ္ ကို ျမစ္ဆိပ္ကို အရင္ပို႔၊ အဲ့ဒီမွာ ငါ့ေမာ္ေတာ္ရွိတယ္။ အဲ့ဒီေပၚ ပစၥည္းေတြတင္ၿပီးတာနဲ႔ ငါ့ နဲ႔ ဂႏၶမာတို႔ကို ၿပီးမွတစ္ေခါက္ျပန္လာေခၚ..ၾကားလား"
မသင္းျမက လည္ပင္းတြင္ ေ႐ႊေငြရတနာမ်ားပါဝင္ေသာ အထုတ္ကေလးကို ဆြဲထား၏။
ဖိုးတုတ္ နားကို ကပ္လာကာ ဖိုးတုတ္လက္ေမာင္းကို ကိုင္လိုက္သည္။
"ကိုဖိုးတုတ္..ရွင္ ျမန္ျမန္လိုက္လာခဲ့ေနာ္"
"စိတ္ခ်ပါ..မသင္းျမ..အကိုလိုက္လာမွာပါ"
"ရွင္မလာရင္..ကြၽန္မလည္း ဟိုဘက္ ကမ္းမသြားဘူးေနာ္"
ဖိုးတုတ္က မသင္းျမကို ေခါင္းၿငိမ့္ျပရင္း ကားတံခါးဖြင့္ေပးလိုက္သည္။
စံဘက ကားကို ေမာင္းထြက္သြား၏။
ဖိုးတုတ္ လည္း အိမ္ေပၚသို႔ ျပန္တက္လိုက္သည္။ ထို႔ေနာက္ နံရံတြင္ ခ်ိတ္ထားေသာ လက္စြဲေတာ္ ငွက္ႀကီးေတာင္ဓါးကို ယူလိုက္သည္။ ထို႔ေနာက္ ခုံတစ္လုံးေပၚတက္လိုက္ၿပီး အိမ္မ်က္ႏွာက်က္ ေက်ာက္ျပားကို ဓါးျဖင့္ ထိုးခြဲကာ အထဲသို႔ ႏႈိက္လိုက္သည္။
အတြင္းမွ အဝတ္ျဖင့္ပတ္ထားေသာ ေျခာက္လုံးျပဴးေသနတ္ပါလာသည္။
ဖိုးတုတ္က ငွက္ႀကီးေတာင္ကို လြယ္လိုက္ၿပီး ေျခာက္လုံးျပဴးကို လြယ္အိတ္ထဲသို႔ ထည့္ကာ လြယ္လိုက္သည္။
ထို႔ေနာက္ အိမ္တံခါးကို ေသာ့ခတ္ကာ အျပင္သို႔ ထြက္ေစာင့္ေန၏။
စံဘ၏ ကားျပန္ေရာက္လာသည္။
"ေဟ့..စံဘ..သူတို႔ကို ေမာ္ေတာ္ေပၚတင္ခဲ့ၿပီလား။ ေမာ္ေတာ္ေမာင္းတဲ့ မန္းနီး ေရာ ရွိတယ္မဟုတ္လား"
စံဘက ေခါင္းကို ခါျပသည္။
"ကမ္းနားက ေမာ္ေတာ္ေတြ အားလုံး ဂ်ပန္ဗုံးစာမိၿပီး ျမဳပ္ကုန္ၿပီ..ကိုဖိုးတုတ္"
"ဟာ..ဒါဆို ဘယ္လို လုပ္ၾကမလဲ"
"ဘႀကီးဘိုးဆင္ အသိ ဟိုဘက္ကမ္းက လာ တဲ့ ေမာ္ေတာ္တစ္စီးရွိတယ္။ အဲ့ဒီေပၚ တင္ေပးထားခဲ့တယ္။ ေလယာဥ္ေတြ ျပန္မလာခင္ ေမာ္ေတာ္က ထြက္မွာ..ကားေပၚတက္ေတာ့ ကိုဖိုးတုတ္"
"ဟာ..ေဟ့ေကာင္..ဂႏၶမာတို႔ကို ေစာင့္ရဦးမယ္ကြ..သူတို႔ မလာေသးဘူး"
"ေမာ္ေတာ္က ထြက္ေတာ့မွာ..ကိုဖိုးတုတ္..အခုေတာင္ ကြၽန္ေတာ္နဲ႔ ဘႀကီးဘိုးဆင္ မနည္းေတာင္းပန္ထားလို႔ ေစာင့္ေနတာ..လာပါဗ်ာ"
ဖိုးတုတ္ ကား ဂႏၶမာေသာင္းရီတို႔ လာမည္ ဘက္သို႔ ၾကည့္ၿပီး ေတြေဝေနသည္။
"ျမန္ျမန္လာပါဗ်ာ..သူတို႔လည္း သူတို႔ဟာသူတို႔ စီစဥ္တတ္မွာပါ..ဒီေလာက္ၾကာေနေတာ့ တစ္ခုခုျဖစ္ေနလို႔ ေနမယ္…ေလယာဥ္တြင္ ျပန္လာရင္ ေမာ္ေတာ္ေပၚက လူအကုန္ေသမွာ..ျမန္ျမန္တက္ ကိုဖိုးတုတ္"
စံဘက ဖိုးတုတ္ကို အတင္းဆြဲကာ ကားေပၚတင္ၿပီး ကားကို ေမာင္းထြက္သြားလိုက္သည္။
ရန္ကုန္ၿမိဳ႕ တြင္းမွ အဂၤလိပ္မ်ား၊ ဥေရာပသားမ်ား၊ အိႏၵိယလူမ်ိဳးမ်ားႏွင့္ ၿဗိတိသွ်အစိုးရဝန္ထမ္းျမန္မာမ်ားသည္ အိႏၵိယျပည္ဆင္းမလားသို႔ ဆုတ္ခြာသြားၾကသည္။
ၿမိဳ႕ေပၚမွ ဗမာမိသားစုအမ်ားအျပားသည္လည္း ေဆြမ်ိဳးမ်ားရွိရာ ေက်း႐ြာမ်ားသို႔ တိမ္းေရွာင္သြားေတာ့သည္။
ရန္ကုန္ၿမိဳ႕တြင္ က်န္ရစ္ခဲ့သူမ်ားမွာ ဥေရာပသိုက္အဝန္း၊ အိႏၵိယအသိုက္အဝန္းတြင္လည္း အရာမဝင္၊ ဗမာမ်ားႏွင့္လည္း ေဆြမ်ိဳးမယ္မယ္ရရ မရွိလွေသာ အဂၤလိုဘားမားကျပားအခ်ိဳ႕၊ ကုလား - ဗမာ ကျပားအခ်ိဳ႕သာ ျဖစ္သည္။
သူတို႔သည္လည္း ရန္ကုန္ၿမိဳ႕အတြင္း အားကိုးရာမဲ့စြာ က်န္ရစ္ခဲ့ေတာ့၏။
ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ေရးအတြက္ အေျခခံလုပ္သားမ်ားျဖစ္ေသာ တမီးလ္လူမ်ိဳးမ်ား ထြက္ေျပးကုန္သည့္ အတြက္ အိမ္သာပုံးမ်ားကို သိမ္းဆည္းေပးမည့္သူမရွိေတာ့။ လမ္းသန႔္ရွင္းေရးလုပ္ေပးမည့္သူမ်ားလည္း မရွိေတာ့။
လူေသအေလာင္းေကာင္မ်ားမွာလည္း ျမင္မေကာင္းေအာင္ ျပန႔္က်ဲေနၾကသည္။
လြန္ခဲ့ေသာ ရက္ပိုင္းက စည္းကားခဲ့ေသာ ရန္ကုန္သည္ ေသြးပ်က္ဖြယ္ရာ အနိဌာ႐ုံမ်ားျဖင့္ ျပည့္ႏွက္ က်န္ရစ္ေလေတာ့သည္။
…………………………………………………………………………………………
ထိုညတြင္ ဆိပ္ႀကီး သို႔ လမ္းမေတာ္ဖိုးတုတ္တို႔ မိသားစု ခိုလႈံရန္ ေရာက္ရွိလာၾကသည္။
ဦးဖိုးဆင္၏ ၿခံက်ယ္ႀကီးထဲမွ တဲလြတ္တစ္လုံးတြင္ ဖိုးတုတ္တို႔ မိသားစုအား ေနရာခ်ေပး၏။
ထိုည က ရန္ကုန္ဘက္ဆီမွ ေလယာဥ္သံမ်ား၊ ဗုံးႀကဲသံမ်ား၊ ပစ္ခတ္သံမ်ားၾကားရေသာ္လည္း ပင္ပန္းမႈေၾကာင့္ အားလုံးႏွစ္ႏွစ္ၿခိဳၿခိဳက္ အိပ္ေပ်ာ္သြားခဲ့သည္။
မနက္မိုးလင္းေသာအခါ ဦးဖိုးဆင္ မိန္းမ က ထမင္းၾကမ္း ႏွင့္ အဆာေျပ အေၾကာ္စုံကို စားၾက၏။
"ေဟ့..ဖိုးတုတ္..မင္းနဲ႔ ငါ ၿပီးရင္ ႐ြာထဲ က လူတစ္ေယာက္ကို သြားေတြ႕ၾကမယ္ကြ"
ဦးဘိုးဆင္ က စကားေၾကာင့္ ဖိုးတုတ္ မ်က္ေမွာင္ႀကဳံ႕သြားသည္။
"ဘာလဲ..သူႀကီးဆီ ကို သြားအေၾကာင္းၾကားမလို႔လား..ဘႀကီး"
"သူႀကီးထက္ ဆိုးတဲ့လူဟ…တျခားလူေတြဆိုရင္ေတာ့ အေၾကာင္းမဟုတ္ပါဘူး..မင္းက လမ္းမေတာ္ဖိုးတုတ္ ျဖစ္ေနေတာ့ ငါတို႔က ကိုျမတ္လွ ဆီ သြားၿပီး အသိေပးထားမွျဖစ္မွာ"
"ကိုျမတ္လွ ဆိုတာ ဘယ္သူလဲ"
"ဓါးျပဗိုလ္ေလ။ ဒီဘက္ ႐ြာစဥ္တစ္ေၾကာေတာ့ ျမတ္လွ ကို ေက်ာ္ရဲတဲ့ေကာင္မရွိဘူးကြ။ မင္းဟို အရင္က သိမ္ႀကီးေဈး လွေဖ တို႔ဘာတို႔ေတာင္ ဒီဘက္ေၾကာမွာ လာေနေတာ့ ကိုျမတ္လွဆီ အေၾကာင္းၾကားၿပီးမွ လာေနရဲတာကြ။ ရန္ကုန္ကမ္း က လူမိုက္ေတြ ဒီဘက္လာရင္ သူမသိပဲ ေနခြင့္မရွိဘူး"
"ဟား..ဟုတ္လွခ်ည္လားဗ်"
"ဟုတ္လွခ်ည္လား..မလုပ္နဲ႔..ငါ့လူေရ…မင္းတို႔ ငါတို႔ မိုက္တာက..ခုတ္ရဲထစ္ရဲတယ္..အေလာင္းေဖ်ာက္ရဲတယ္..ဒီေလာက္ပဲ..ဒီေကာင္ႀကီးနဲ႔ အဖြဲ႕ ေခတ္ထတုန္းက လူသတ္ၿပီးရင္ ခ်က္စားပစ္တာဟ….မင့္တို႔အရင္ ရန္ကုန္ဘက္ျခမ္းမွာ လူမိုက္လုပ္ေနတဲ့ ေရေက်ာ္က ကိုသိန္း၊ ကိုသန္း ညီအကိုဆို ဟိုဘက္မွာ မန္မဆာေတြလိုက္သတ္ေတာ့ ဒီဘက္ လာခိုၿပီး ဗိုလ္က်ေသးတာ။ ကိုျမတ္လွ နဲ႔ ေတြ႕ေတာ့ ႏွစ္ေကာင္လုံး လက္ကေလးေတြပိုက္ခိုင္းၿပီး ဝါးရင္းတုတ္နဲ႔ ႐ိုက္တာကိုယ့္လူ"
"ဟိုေကာင္ႀကီးေတြက ခံတာပဲလား"
"မခံလို႔ရမလားကြ..ဒီနယ္မွာ လူဆိုးလူမိုက္မွန္သမွ် ကိုျမတ္လွတပည့္ေတြခ်ည္းပဲ။ သူ႔ဓါးျပအဖြဲ႕က လူစုလိုက္ရင္ကို ေလးငါးဆယ္ရွိတယ္။ အထက္ဘက္မွာ ဗႏၶကရေသ့ သူပုန္ထေတာ့ သူပါခဲ့ေသးတယ္။ အဂၤလိပ္က တကြၽန္းပို႔တာကို ျပန္ေျပးလာၿပီး ဒီဘက္မွာဓါးျပဗိုလ္လုပ္စားေနတာ…ဟိုအမႊာႏွစ္ေကာင္ တုန္းကေတာ့ ေနာက္တစ္ခါ ဒီဘက္ကမ္းလာရင္ ခ်က္စားပစ္မယ္ဆိုၿပီး ႀကိမ္းလိုက္တာ ျပန္ကို ေပၚမလာေတာ့ဘူး...သူ႔အရပ္နဲ႔ သူေတာ့ ဘုရင္ပဲ..ေဟ့ေကာင္..မင္းမလိုက္ခ်င္လို႔ မရဘူး"
"ဟုတ္ကဲ့..ကြၽန္ေတာ္ လိုက္ခဲ့ပါ့မယ္"
"စံဘ ပါလိုက္ခဲ့။ ဒီေကာင္က ကာလသားဆိုေတာ့..႐ြာထဲ ဟိုဟိုဒီဒီဆိုျပသနာျဖစ္မွာစိုးရတယ္။ ကိုျမတ္လွ နဲ႔အပ္ေပးထားမွ ေတာ္ကာက်မယ္''
စကာဝိုင္းကို နားေထာင္ေနေသာ စံဘ မွာ မ်က္စိမ်က္ႏွာပ်က္ေနသည္။
"ေဟ့ေကာင္..မင္းက ေၾကာက္ေနတာလား..စံဘ"
"မေၾကာက္ပါဘူး..ဘႀကီးဘိုးဆင္ရာ"
"မေၾကာက္ရင္..မင္းအခြက္က ဘာျဖစ္ေနတာတုန္း"
"ဟာ..ခုသြားေတြ႕မယ္လူႀကီးက လူသားစားတယ္ဆိုလို႔ပါ..႐ြံစရာႀကီးဗ်ာ..႐ြံလို႔..ထြီ"
ခဏအၾကာတြင္ လမ္းမေတာ္ဖိုးတုတ္ႏွင့္ စံဘတို႔ ဦးဘိုးသင္ ေခၚရာသို႔ လိုက္လာၾကသည္။
"ဗ်ိဳး..ကိုျမတ္လွ..ကိုျမတ္လွ"
ဦးဖိုးဆင္က ၿခံ ထဲ ဝင္ရင္း ေအာ္ေခၚလိုက္သည္။
"ေအး.ဘိုးဆင္..ငါ ဒီမွာဟ"
ၿခံထဲရွိ ေရတြင္းေဘးတြင္ သစ္သားေခ်ာင္းကို ဓါးမတစ္ေခ်ာင္းျဖင့္ ခုတ္ေနေသာ လူတစ္ဦးက လွမ္းေအာ္သည္။
လမ္းမေတာ္ဖိုးတုတ္က ကိုျမတ္လွဆိုသူကို အကဲခတ္လိုက္သည္။
အသက္ (၆၀)ေက်ာ္ခန႔္ ရွိၿပီျဖစ္ၿပီး ေသွ်ာင္တုန္းကို တပတ္လွ်ိဳထုံထား၏
အသားနီစပ္စပ္၊ ခႏၶာကိုယ္ခပ္ေတာင့္ေတာင့္၊ အရပ္ ပုပုျဖစ္သည္။ တကိုယ္လုံးတြင္ေတာ့ ထိုးကြင္းမ်ား၊ အင္းကြက္မ်ား အျပည့္။
"ကိုျမတ္လွ..ဘာေတြလုပ္ေနတုန္း"
"ေအးကြာ..စားစရာသိပ္ရွိေတာ့လို႔..ဒလဘက္တက္ၿပီး ဓါးျပတိုက္မလားလို႔..ဒူးေလး အသစ္လုပ္ေနတာ"
"ဟာဗ်…ကိုျမတ္လွ ရဲ႕ ႏိုင္ငံေရးအေျခအေနေလးဘာေလး နားစြင့္ပါဦး..စစ္ႀကီးျဖစ္ေနၿပီ..အကုန္ေျပးကုန္ၾကၿပီ.. ခင္ဗ်ား သြားတိုက္ရင္..ငမြဲေတြပဲ က်န္မွာေပါ့"
"မတတ္ႏိုင္ဘူး..ဘိုးဆင္..တိုက္စရာမရွိရင္ နင့္အိမ္ တက္တိုက္ရမွာပဲ"
"ဟာ..မေနာက္ပါနဲ႔ဗ်..ဒီမွာ ရန္ကုန္ကေန စစ္ေျပးလာတဲ့ က်ဳပ္တူေတြေရာက္ေနလို႔ ခင္ဗ်ားကို လာအသိေပးတာ"
ထိုအခါမွ ကိုျမတ္လွ က ဦးဘိုးဆင္ ၏ ေနာက္တြင္ ရပ္ေနေသာ ဖိုးတုတ္ ႏွင့္ စံဘ ကို ေမာ့ၾကည့္လိုက္သည္။
ထို႔ေနာက္ လုပ္လက္စ ကိုရပ္လိုက္သည္။
"ငါ့ဆီေခၚလာတယ္ဆိုေတာ့..ဒီေကာင္ေတြက ဘာေကာင္ေတြလဲကြ..ဘိုးဆင္"
"ဒါကေတာ့ လမ္းမေတာ္ဖိုးတုတ္ပါ..က်ဳပ္တူေပါ့။ ဒီဘက္ကေတာ့ က်ဳပ္တူပဲ စံဘ တဲ့"
ကိုျမတ္လွ က ကြမ္းကို ပလုပ္ပေလာင္းဝါးေနရာမွာ ဖြီခနဲ ေထြးထုတ္လိုက္ၿပီး ဖိုးတုတ္ ကို ေသခ်ာၾကည့္လိုက္သည္။
ဖိုးတုတ္ကလည္း ကိုျမတ္လွ၏ မ်က္လုံးတည့္တည့္ကို ျပန္စိုက္ၾကည့္လိုက္၏။
"ေအာ္..ေအး..ေအး..နင္က လမ္းမေတာ္ဖိုးတုတ္ကိုး..ဖိုးဆင္တူမွန္း ခုမွ သိေတာ့တယ္..နင့္နာမည္ကေတာ့ ဒီဘက္ကမ္းအထိ ေက်ာ္ေနတာပဲေဟ့..လူကေတာ့ ႏႈတ္ခမ္းေမႊးနဲ႔ဘာနဲ႔…ငါ့မ်က္စိထဲ ပုလိပ္႐ုပ္ ပိုေပါက္ေနတယ္.. ကဲ..ဟုတ္ၿပီကြာ..ငါမွတ္ထားပါ့မယ္..ဒီဘက္မွာေတာ့ လိမ္လိမ္မာမာေနေနာ့..ဟိုဘက္လို မဟုတ္ဘူး..ဒီဘက္က လူေတြက ေအးေအးေနၾကတာ..ဟုတ္ၿပီလား..ေအးေအး... သြားၾကေတာ့..သြားၾကေတာ့"
ကိုျမတ္လွဆိုေသာ အဘိုးအိုက ေခါင္းငုံ႔ကာ သူ႔အလုပ္သူဆက္လုပ္ေနသည္။
ဦးဘိုးဆင္က ျပန္ၾကရန္ အခ်က္ျပလိုက္သျဖင့္ သူတို႔ သုံးေယာက္ၿခံထဲမွ ထြက္ခဲ့ၾကသည္။
ၿခံအျပင္ဘက္ အေရာက္တြင္ စံဘေခါင္းေပၚသို႔ တစ္စုံတစ္ခု လာမွန္ေလသည္။
"အား..လား"
စံဘက ေခါင္းကို လက္ျဖင့္အုပ္လိုက္သည္။
ဦးဘိုးဆင္ ႏွင့္ ဖိုးတုတ္က အလန႔္တၾကားျဖစ္ၿပီး သတိအေနအထားျဖင့္ ေနလိုက္၏။
"အဲ..ကြၽန္မ ေတာင္းပန္ပါတယ္..ေနာ္..ေတာင္းပန္ပါတယ္..သရက္သီး ကို တံသွ်ဴနဲ႔ လွည္ထုတ္လိုက္တာ..မေတာ္တဆမို႔"
စံဘ ေခါင္းေပၚသို႔ က်လာသည္မွာ အလုံးခပ္ႀကီးႀကီး မခ်စ္စုသရက္သီးအစိမ္း။
သရက္ပင္ေနာက္မွ ထြက္လာသည္ကလည္း လုံးႀကီးေပါက္လွ မိန္းမစိမ္းမေလး။
"ဟီး..ရပါတယ္..ငါ့ႏွမ..ရပါတယ္"
ဦးဘိုးဆင္ နဲ႔ ဖိုးတုတ္က ၿပဳံးျပကာ ထြက္ခဲ့ေသာ္လည္း စံဘက ေနာက္တြင္ က်န္ရစ္သည္။
"အကို နာသြားလို႔လား"
"မနာပါဘူး..ငါ့ႏွမ..ရပါတယ္..ဟီး..မေတာ္တဆဲကို..ရတယ္..ရတယ္"
"အားနာလိုက္တာရွင္..ရန္ကုန္က ဧည့္သည္ထင္ပါရဲ႕"
စစ္ေျပးကာလတြင္ ေကာလိပ္ေက်ာင္းသားစတိုင္လ္ဖမ္းကာ ဘန္ေကာက္ပုဆိုးဝတ္၊ ရႈူးဖိနပ္စီးလာေသာ စံဘ ပုံစံကို ၾကည့္ၿပီး ေကာင္မေလးက ဆိုလိုက္၏။
"ဟုတ္ပါတယ္..ငါ့ႏွမ..ဘႀကီးဘိုးဆင္ တူပါ..ကိုစံဘလို႔ ေခၚပါတယ္.. ရန္ကုန္ကပဲ"
"ဟုတ္ကဲ့ပါ..ကိုရန္ကုန္သား…သရက္သီး ယူသြားပါဦး..ေနာ္"
စံဘက ေကာင္ေလးကမ္းေပးေသာ သရက္သီးအစိမ္းႏွစ္လုံးကို ယူကာ ေယာင္လည္လည္ျဖင့္ ထြက္လာေတာ့သည္။
ညေနသို႔ ေရာက္ေသာအခါ ၿမိဳ႕မွ စစ္ေျပးလာေသာ သူေဌးကေတာ္ ပြဲ႐ုံပိုင္ရွင္ မသင္းျမ ထံ ဝတ္ဆင္ထားေသသာ လက္ဝတ္လက္စားမ်ား၊ ပါလာသည့္ အဝတ္အစားမ်ားကို လာၾကည့္သူ၊ ၿမိဳ႕သတင္းေမးသူမ်ား ျဖင့္ ဦးဘိုးဆင္ ၿခံဝန္းအတြင္း စည္ကားလွ၏။
ထိုအထဲတြင္ မနက္က စံဘ အား သရက္သီးေပးလိုက္ေသာ ေကာင္မေလးပါသျဖင့္ စံဘမွ ပီတီျဖာလ်ဳက္။
စံဘက မိန္းကေလး ပုခုံးကို လက္ႏွင့္သြားတို႔သည္။
"ဟိတ္..သရက္သီးေပးတဲ့ ႏွမေလး..မနက္က ေပးတဲ့အတြက္ ေက်းဇူးတင္ေၾကာင္းေျပာမလို႔..နာမည္မသိလို႔"
"ေခ်ာရင္ ပါ..ကိုစံပ"
"စံပ မဟုတ္ပါဘူး..စံဘ..စံဘပါဗ်ား''
စံဘ တို႔ ၾကည္ႏူးေနခိုက္ ဘႀကီးဘိုးဆင္ ႏွင့္ လမ္းမေတာ္ဖိုးတုတ္မွာ ၿခံေရွ႕ကြပ္ပ်စ္တြင္ ထန္းလ်က္အရက္တစ္လုံးကို ေထာင္လ်က္ မသင္းျမ တို႔ ျမင္ကြင္းကို ၾကည့္ေနၾကသည္။
ဘႀကီးဘိုးဆင္ က အရက္ထည့္ထားသည့္ ပန္းကန္လုံးကို ေမာ့ခ်လိုက္ၿပီး တံေတြးကိုျပစ္ခနဲ ေထြးလိုက္သည္။
ထို႔ေနာက္...
''ဖိုးတုတ္ေရ… မင္း မယား လုပ္ပုံနဲ႔… ျမတ္လွႀကီးေတာ့ ငါ့အိမ္ကို တကယ္ ဓါးျမ တက္တိုက္ေတာ့မယ္ ထင္ပါရဲ႕ကြာ"
……………………………………………………………………………………………
၁၉၄၂ ေဖေဖာ္ဝါရီလ ၉ ရက္။
ဖိုးတုတ္တို႔ စစ္ေျပးခဲ့သည္မွာ တစ္လပင္ ေက်ာ္ခဲ့ၿပီ။
ဂ်ပန္အမွတ္(၁၅)တပ္မေတာ္ႏွင့္ ဗမာလြတ္လပ္ေရးတပ္မေတာ္တို႔သည္ ထားဝယ္မွ တဆင့္ ေမာ္လၿမိဳင္အထိ ခ်ီတက္သိမ္းပိုက္လာေနၾကၿပီျဖစ္သည္။
အဂၤလိပ္တို႔ ကား ရန္ကုန္ေထာင္ႀကီးႏွင့္ စိတၱဇေဆး႐ုံကို ဖြင့္ခ်ေပးလိုက္သျဖင့္ ရန္ကုန္ၿမိဳ႕ထဲတြင္ လူဆိုးသူခိုးမ်ားႏွင့္ အ႐ူးမ်ား ကို ေနရာတကာေတြ႕ေနရသည္။
ၿမိဳ႕အုပ္ခ်ဳပ္ေရးပ်က္ျပားသြားသျဖင့္ လြန္ခဲ့သည့္ တလေက်ာ္က ဗုံးဒဏ္သင့္ထားေသာ အေလာင္းမ်ားမွာ ပုပ္ပြရာမွ ေျခာက္ကပ္သည့္အဆင့္သို႔ ပင္ေရာက္ေနခဲ့ၿပီျဖစ္သည္။
တလေက်ာ္ကာလအတြင္းပင္ ရန္ကုန္ၿမိဳ႕ႀကီးမွာ ထိုသို႔ အေျပာင္းအလဲျမန္သေလာက္ ဖိုးတုတ္ တို႔ မွီခိုေနထိုင္ရာ ဆိပ္ႀကီး တြင္လည္း အေျပာင္းအလဲတစ္ခုက ျမန္ဆန္စြာျဖစ္ေပၚခဲ့သည္။
ထိုအေျပာင္းအလဲကို စတင္သူကား အျခားသူမဟုတ္။
စံဘ ပင္တည္း။
ထိုေန႔ နံနက္ခင္းတြင္ လမ္းမေတာ္ဖိုးတုတ္ႏွင့္ ဦးဖိုးဆင္သည္ စကၠဴကတ္ျပားတစ္ခုေပၚ က်ားကြက္ဆြဲကာ ဘိလပ္ရည္အဖုံးမ်ားျဖင့္္ က်ားကစားေနၾက၏။
"ဘႀကီးဘိုးဆင္..ဘႀကီးဘိုးဆင္..ဟိုမွာ သတ္ၾကေတာ့မယ္..သတ္ၾကေတာ့မယ္"
႐ြာထဲမွ ကာလသားတစ္ဦးမွ အသည္းအသန္ ေရာက္လာၿပီး ေျပာသျဖင့္ ဦးဖိုးဆင္ ႏွင့္ ဖိုးတုတ္တို႔ အထိတ္တလန႔္ျဖစ္သြားၾကသည္။
"ဘာလဲ..ငထြန္း..ဘယ္သူေတြ သတ္တာလဲ"
"ဟိုမွာ…ဦးျမတ္လွႀကီး သား ထြန္းရင္ နဲ႔ ဘႀကီးတို႔အိမ္တည္းေနတဲ့ ရန္ကုန္သား…ပုဆိုးတကြင္းထဲ ဝင္ၿပီး သူေသကိုယ္ေသ ဓါးနဲ႔ ထိုးမလို႔တဲ့"
ဖိုးတုတ္ ခ်က္ခ်င္း ထကာ ပုဆိုးျပင္ဝတ္လိုက္သည္။
"ဘယ္မွာလဲ…ငထြန္း.."
"ေတာင္ဘက္က မပု တို႔ ေကာက္႐ိုးပုံေဘး..လယ္ကြက္မွာ..အခု ျမတ္လွႀကီးလည္း လွံႀကီးနဲ႔ လိုက္သြားၿပီတဲ့ဗ်..ျမန္ျမန္လာၾကပါဗ်..ေသကုန္ေတာ့မယ္"
ဦးဘိုးဆင္က အိမ္ေခါင္းရင္း ထင္းပုံသို႔ ေျပးကာ ထင္းခြဲသည့္ ဓါးမကို ခါးၾကားတြင္ ထိုးလိုက္၏။
ဖိုးတုတ္က အိမ္ေပၚသို႔ ေျပးတက္ကာ ေျခာက္လုံးျပဴးေသနတ္ထည့္ထားသည့္ လြယ္အိတ္ကို လြယ္လိုက္သည္။
ထို႔ေနာက္ သူတို႔ ႏွစ္ဦးသား..ငထြန္း ေနာက္သို႔ အေျပးလိုက္သြားၾကေတာ့သည္။
ခက္ေဇာ္
အခန္း (၂၂) ဆက္ရန္
Thanks 🐬🐬
ReplyDeleteDone 🍀
ReplyDeleteClick ♡
ReplyDelete👍
ReplyDelete