The Guys of Yangon,1930( Part 23)

 The Guys of Yangon,1930( Part 23)

...... ........ ........

အခန်း(၂၄)

                                        ……………………….

ဂန္ဓမာသောင်းရီက  ဖိုးတုတ် ဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။

"ဘယ်လိုလဲ..ခွေးသူတောင်းစားရေ.. တောအရက်တွေချည်း ခွသောက်လာလို့ထင်တယ်..မျက်နှာတောင် နည်းနည်းဖောလာတယ်"

"ဟေ့ကောင်…စောက်ရူး...တောအရက်သောက်တဲ့ရုပ်လားသေချာကြည့်…ကော့ညက်တောင် သောက်ရသေးတယ်ကွ.. ဒါနဲ့ မင်းက ဘယ်လို ဖြစ်လို့ဂျပန်စစ်သားပုံပေါက်နေရတာလဲ… မသောင်းရောဘယ်မှာလဲ"

"အေး..ငါလည်း မင်းကို မေးစရာတွေ ပြောပြစရာတွေအများကြီးကွ..လောလောဆယ်.. ဒီ ဂျပန်ဗိုလ်လေးကို ပြန်ပို့လိုက်ဦးမယ်..ပြီးမှ ငါ့အိမ်မှာ သွားသောက်ကြတာပေါ့"

"မင်း..အိမ်..ဘယ်အိမ်လဲ..လမ်းမတော်ကအိမ်လား"

"မဟုတ်ဘူးကွ..အခု ငါနဲ့ မသောင်း..ရွှေတောင်ကြားထဲက အိမ်မှာနေတာ။ ချိုက်ဟုန်နဲ့ တခြံတည်းပဲ"

"ဟာ..ဟုတ်လှချည်လားဟ…စောက်ရူးက ကောင်းစားနေတာ''

ဂျပန်စစ်ဗိုလ်အား ဘီအိုင်အေစစ်ဌာနချုပ်ဖွင့်ထားသည့် ပက်တ်ဟိုတယ်ရှေ့သို့ ပို့ပေးခဲ့ပြီး ရွှေတောင်ကြားသို့ မောင်းလာကြသည်။

ရွှေတောင်ကြားရှိ ကုန်းမြင့်ပေါ်မှ ခြံကြီးတစ်ခြံသို့ ကား ကွေ့ဝင်လိုက်သည့်အခါ အဝတွင် စောင့်နေသာ ဂျပန်စစ်သားနှစ်ဦးက ဖိုးတုတ်တို့စီးလာသော ကားကို အလေးထပြုသည်။

 "ဟေ့…ဂန္ဓမာ…ဂျပန်တွေက အလေးတွေဘာတွေပြုလို့ပါလားကွ….မင်း ဂျပန်မယားဖြစ်နေတာတော့ မဟုတ်ပါဘူးနော်"

"မင်းအမေ့လင် ဂျပန် မယားဖြစ်ရမှာလားကွ……"

ကားက ခြံထဲမှ ဥရောပပုံစံ အိမ်မဲကြီးကို ကျော်သွားပြီး ထောင့်ဘက်မှ တိုက်ခံပျဉ်ထောင်အိမ်ကလေးရှေ့တွင် ရပ်လိုက်သည်။

အိမ်ထဲသို့ ဝင်လိုက်ကြသောအခါ..မသောင်းက အိပ်ရာမှ ထလာသည်။

"ဟယ်..ကိုဖိုးတုတ်ကြီးနဲ့တွေ့လာတာလား..ဝမ်းသာလိုက်တာရှင်"

"အသောင်း…မောင်တို့ စကားပြောရင်း..သောက်ကြမလို့….ဟိုနေ့က ဆာကေးနှစ်လုံး ကျန်တယ်မဟုတ်လား"

မသောင်းက ဆာကေးနှစ်လုံး နှင့် ဖန်ခွက်သွားထုတ်လာသည်။

အမြည်းအဖြစ် ဘဲဥနှစ်လုံးကို ချက်ချင်းကြော်ပေး၏။

"သူငယ်ချင်း..ချကွာ..ဒါ ဂျပန်အရက်ကွ..ဆာကေးတဲ့ကွ"

 "ဂန္ဓမာ..မင်းက ရမ်မှ သောက်တာလေ..အခုဟာက ဘာအရက်ကြီးတုန်း"

"မင်းကလဲကွာ..အင်္ဂလိပ်ခေတ်ကတော့ ရမ်ပေါ့ကွ..အခုကျ ရမ်က မလွယ်ဘူးလေကွာ..ဆာကေး တောင် ငါတို့မို့ သောက်ရတာဟ..သောက်ကြည့်ပါဟ..ဂျပန်တောအရက်ပေါ့ကွာ."

ဖိုးတုတ် က ဂန္ဓမာ ထည့်ပေးသော ခွက်ကို မော့ချလိုက်သည်။

"မသင်းမြတို့၊ ကြီးချစ်ပုတို့၊ဘသိန်းတို့ အားလုံး နေကောင်းကြတယ်နော်..ဖိုးတုတ်"

"အေးကောင်းပါတယ်..အခု အမေနဲ့ ဘသိန်းကတော့ ဟိုဘက်ကမ်းမှာပဲ…အခု ငါ့အိမ်မှာ စံဘရယ်၊ စံဘယောက်ဖရယ်၊ အုန်းဖေနဲ့ သူ့တပည့်တစ်ယောက်ရယ်နေကြတယ်ကွ..မင်းကို  ငါတို့ လိုက်ရှာနေတယ်..နေစမ်းပါဦး..မင်းက ဗုံးကြဲတဲ့နေ့က ဘာလို့ ပြန်ပေါ်မလာတာလဲ''

"အေး..ငါလည်း..မင်းကို အဲ့ဒါပြောပြမလို့..အဲ့ဒီနေ့က ငါတို့ အိမ်ပြန်ပြီး ပစ္စည်းတွေ ပြန်ယူကြတော့"

……………………………………………………………………………………………………………………….

ထိုညက ဂန္ဓမာသောင်းရီ နှင့် မသောင်းတို့ စဉ့်အိုးတန်းလမ်းရှိ အိမ်သို့ အပြေးအလွှားပြန်လာကြသည်။

အိမ်ရှေ့အရောက်တွင် အထုတ်လေးတစ်ထုတ်ဖြင့် အမှောင်ရိပ်ထဲ ရပ်နေသော ချိုက်ဟုန် ကို တွေ့လိုက်ရ၏။

"ချိုက်ဟုန်..ညီမလေး…ဘယ်ကတည်းက ရောက်နေတာလဲ"

ချိုက်ဟုန်က ခေါင်းကို ငုံ့ထား၏။

"ဟဲ့..ချိုက်ဟုန်..နင့်အမ..မေးနေတယ်လေ..ဘာဖြစ်တာလဲလို့"

ဂန္ဓမာ၏ အသံမာမာကြောင့် ချိုက်ဟုန် ခေါင်းမော့လာသည်။ ညက အလင်းရောင်မရှိသလောက် ဖောင်းဖောင်းအစ်အစ် ပါးမို့မို့ ဖြူဖြူ ပေါ်တွင် မျက်ရည်စတွေရှိနေကြောင်း ချိုက်ဟုန်၏ ရှိုက်သံက သက်သေခံနေသည်။

"ကျွန်မ ကြောက်လို့ပါ..ကိုကြီးဂန္ဓမာရယ်..တန်းလျားမှာ အကုန်ပြေးကုန်ကြပြီ…ဘယ်သူ့မှမရှိတော့ဘူး...ကျွန်မလည်း  ဘယ်ပြေးရမှန်း မသိတော့လို့ပါ"

ဂန္ဓမာသောင်းရီ နှင့် မသောင်းတို့ မင်္ဂလာဆောင်ပြီးချိန်မှစပြီး ချိုက်ဟုန်မှာ မော်တင်ကမ်းနားမှ တန်းလျားမှ အခန်းထဲတွင် တစ်ယောက်တည်းကျန်ရစ်ခဲ့သည်။

ရုန်းကန်နေရသော တကောင်ကြွက်မလေးအဖို့ ရန်ကုန်တွင် အားကိုးစရာအခြားမရှိ။ ရန်ကုန်မှ မဟုတ် အခြားတစ်ရပ်တစ်ပါး ဘယ်ဆီဘယ်သို့ ပြေးရမှန်းမသိ။

မသောင်းက မျက်ရည်စများနှင့် ချိုက်ဟုန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

ဂန္ဓမာသောင်းရီ က သူတို့နှစ်ဦးကို တွေတွေကြီး ရပ်ကြည့်နေ၏။

"အသောင်းတို့ ..ချိုက်ဟုန်ကို ကိုဖိုးတုတ်တို့ဆီ ခေါ်သွားကြမယ်လေ..မောင်"

ဂန္ဓမာက မျက်နှာလွှဲကာ စဉ်းစားနေ၏။

"မောင်..ဘာဖြစ်နေတာလဲ"

"မဟုတ်ဘူး..အသောင်း..ဖိုးတုတ်တို့ဆီ သွားရင်..ချိုက်ဟုန် ပါလို့မရဘူး"

"ဘာဖြစ်လို့လဲ..မောင်..ချိုက်ဟုန်တစ်ယောက်အတွက်တော့ ဘာမှ မဖြစ်ပါဘူး"

"ဟ..ဘာဖြစ်ရမလဲဟ…ဖိုးတုတ် က ငါ့သူငယ်ချင်း၊ ဖိုးတုတ် မိန်းမ မသင်းမြ ကလည်း ငါ့သူငယ်ချင်း မိန်းမ၊ ချိုက်ဟုန် ကလည်း နင့်ညီမလိုဖြစ်နေမှတော့ ငါ့ညီမလိုပဲ..ဒီစစ်ကြီးက ဘယ်အထိ ဖြစ်မှာမှန်းမသိဘူး..သူတို့ တွေအားလုံး အနေခက်မယ့်ကိစ္စ ငါဘာလို့လုပ်ရမလဲ.."

ရုတ်တရက် ဒေါသတကြီး ပြောလိုက်သော ဂန္ဓမာ၏ စကားကြောင့် မသောင်းပင် အသံများတိတ်သွားသည်။

အားကိုးရာမဲ့နေသော ချိုက်ဟုန်က အိခနဲ ငိုရှိုက်လိုက်သည်။

ဂန္ဓမာက စိတ်ရှုပ်စာဖြင့် ထိုးဖွထားသော သူ့ဆံပင်များကို နောက်သို့ သပ်တင်လိုက်ပြီး…

"ဆောရီး..အသောင်း..မောင်စိတ်ရှုပ်ထွေးသွားလို့ပါ..ဆောရီး…အခု မောင်ဆုံးဖြတ်လိုက်ပြီ..ဖိုးတုတ်တို့နဲ့ မောင်တို့ လိုက်မသွားတော့ဘူး..ချိုက်ဟုန်ကို မောင်တို့နဲ့ ခေါ်သွားမယ်."

"ဘယ်ကိုခေါ်သွားမှာလဲ..မောင်"

"အသောင်းတို့…ဗိုလ်တစ်ထောင်လှေဆိပ်အထိ လမ်းလျှောက်နိုင်လား."

မသောင်းနှင့် ချိုက်ဟုန်က ခေါင်းငြိမ့်ပြလိုက်သည်။

ဂန္ဓမာသောင်းရီ ဘဝတွင် စိတ်ရောကိုယ်ပါ အားထားရာကား သုံးဦးသာရှိသည်။

ပထမတစ်ဦးကား ရေနံအင်ဂျင်နီယာ ရွှေသာ ၏ ဇနီး ဒေါ်မမလေး။

ရှမ်းလူမျိုး စော်ဘွားအမတ်မျိုးနွယ်ဖြစ်သော ရေနံအင်ဂျင်နီယာ ဦးရွှေသာ မှာ ပုဇွန်တောင်မှ မမယ်လှအား ဒုတိယမယားအဖြစ် သိမ်းပိုက်ပြီး သောင်းရီ ကို မွေးဖွားခဲ့သည်။

သောင်းရီမှာ ဒုတိယမယားမှ မွေးဖွားခဲ့သော်လည်း ပထမဇနီး ဒေါ်မမလေး၏ အချစ်တော်ကလေးဖြစ်ခဲ့သည်။

သို့သော် ငယ်စဉ်ကတည်းက ဖခင်နှင့် အစေးမကပ်ခဲ့သော သောင်းရီမှာ ဦးရွှေသာရော  မမယ်လှ ပါ ကွယ်လွန်ပြီးသည့်နောက် ရန်ကုန်မြို့၏ လူဆိုးလေးများထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။

ရန်ကုန်ဘူတာကြီး ပန်းဒိုင်များမှ တဆင့် ရွှေတိဂုံဘုရားသို့ ဘိုင်စကယ်ဖြင့် ပန်းများလိုက်ပို့ရသော အလုပ်သမားလေးဖြစ်ခဲ့ရသည်။

ကပ်ဆိုးဒုက္ခကြီးထဲ ရောက်ရှိချိန်တွင် ဂန္ဓမာအတွက် မှီခိုရာကား သူငယ်ချင်း ဖိုးတုတ် ပြီးလျှင် ဒေါ်မမလေး သာ ကျန်တော့၏။

သံလျင် ရေနံချက်စက်ရုံဘေးရှိ ခြံဝန်းသို့ သွားခိုလှုံရန် ဂန္ဓမာ ဆုံးဖြတ်လိုက်တော့သည်။

"အခု ညတွင်းချင်းကြီး ဘယ်သွားမလို့လဲ..မောင်"

"သန်လျင်ဘက်ကို ကူးမလို့…. အိပ်နေချိန် ဗုံးလာကြဲလို့ သေတာထက်…သန်လျင်ဘက်သွားလို့ရမလားို့ သွားကြည့်ရင်ကောင်းမယ်ထင်တယ်..အသောင်း..သေတော့လည်း အကုန်အတူတူပဲ..ဒီကာလကြီးထဲ..သေသွားလည်း အေးတာမဟုတ်လား"

ချိုက်ဟုန်မှာ ၏ ငိုသံမှာ ပိုကျယ်လောင်လာ၏။

"မောင်ရယ်..ကလေးရှေ့မှာ..သေမှာတွေဘာတွေမပြောပါနဲ့…သွားမယ်ဆိုလည်း သွားကြမယ်..တော်ကြာလေယာဉ်တွေပြန်လာကြမှ..ခက်မယ်"

ဂန္ဓမာသောင်းရီက အိမ်ပေါ်သို့ သော့ဖွင့်ကာတက်သွားလိုက်သည်။

ထို့နောက် ပုခုံးတွင် လွယ်ထားသောချိန်းကြိုးကို စမ်းကြည့်လိုက်၏။ ထို့နောက် အိမ်ရှေ့ စဉ့်အိုးနားတွင် စိုက်ထားသည့် ငှက်ကြီးတောင်ဓါးကိုယူကာ ပြန်ထွက်လာတော့သည်။

"ကဲ..အသောင်း…သွားကြမယ်…လမ်းမှာ ဂျပန်လေယာဉ်လာတာတွေ့လည်း ဆင်းပုန်းကြတာပေါ့.တခြား ဟာတော့ စိတ်မပူနဲ့..မောင်..သတ်ပစ်မယ်"

ထိုည။

စစ်ကြီး ဖြစ်နေသည့်ည။

ရန်ကုန်သည် မှောင်မိုက်ခြင်း အတိပြီးသော်ငြား။

အမျိုးသမီးငယ်နှစ်ယောက် က အထုတ်ကိုယ်စီပိုက်လျက် ဗိုလ်တစ်ထောင်ဆိပ်ကမ်းဆီသို့ လမ်းလျှောက်နေ၏။

သူတို့နောက်တွင် ငှက်ကြီးတောင်ဓါးလွတ်အား ကိုင်ကာ လမ်းလျှောက်နေသော ယောက်ျားတစ်ယောက်။

…………………………………………………………………………………..

ဗိုလ်တစ်ထောင် မြစ်ဆိပ်တွင် ပိုင်ရှင်မဲ့ မော်တော်များ၊ သဗ္ဗာန်များ၊ ကူးတို့ငှက်လှေများ က ကြိုဆိုလျက်။

ကူးတို့ငှက်လှေတစ်စင်းပေါ်သို့ မသောင်း၊ ချိုက်ဟုန်တို့ တက်လိုက်သည်။

ဂန္ဓမာသောင်းရီ က လှေကိုကြိုးဖြုတ်လျက် ငှက်လှေ၏ လှော်တက်နေရာတွင် ထိုင်လိုက်သည်။

လှေလှော်တက်များကို ကိုင်ကာလှော်လိုက်၏။

လှေကား လည်ထွက်သွားကာ..ကမ်းသို့ လှေဦးနှင့် ပြန်ရိုက်ခတ်သွားသည်။

"အကိုဂန္ဓမာ…လှေက လှောတဲ့အခါ ပဲ့ကို ထိန်းရင်းလှော်ရမှာ..ချိုက်ဟုန် ငှက်လှော်တတ်တယ်…အကို ဖယ်ပါ"

မန္တလေးမြို့၊ ဧရာဝတီမြစ်ဘေးတွင် ကြီးပြင်းခဲ့ဖူးသော ကချင်ပြည်နယ်ဖွား ချိုက်ဟုန်က ဂန္ဓမာအား ဖယ်ခိုင်းပြီး လှော်တက်နေရာတွင် နေရာယူလိုက်သည်။

ဟိုမှာဘက် တစ်ဖက်ကမ်းတွင် ဂျပန်တို့၏ ဗုံးကြဲလေယာဉ်များက ဗုံးကြဲလျက်။

ငှက်လှေကို ချိုက်ဟုန်နှင့် ဂန္ဓမာသောင်းရီ တို့ တစ်လှည့်စီ လှော်ခတ်ခဲ့ကြသည်။

ညမှောင်မှောင်ထဲ..ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှ ညထွက် လှေကလေးသည် သန်လျင် တစ်ဖက်ကမ်းဆီသို့ တရွေ့ရွေ့။

………………………………………………………………

၁၉၄၁ ဒီဇင်ဘာလ ၂၇ ရက်၊

နံနက် ၆ နာရီ ၃၅ မိနစ်။

သန်လျင် BOC ရေနံချက်စက်ရုံ ဝန်းအတွင်းရှိ ခြံကျယ်ကြီးတစ်ခုရှေ့တွင် ဂန္ဓမာသောင်းရီ၊ မသောင်း နှင့် ချိုက်ဟုန် တို့ မတ်တပ်ရပ်နေကြသည်။

ခြံဝန်းထဲတွင် ပန်းပင်များအား ရေလောင်းနေသော အသားဖြူဖြူ အမျိုးသမီးကြီးတစ်ဦးက ခြံဝသို့ ထွက်လာသည်။

"ဝှက် ကမ် အိုင် ဟဲ ဖော် ယူး"

အင်္ဂလိပ်လေးတန်းအထိ အောင်ဖူးသော ဂန္ဓမာသောင်းရီက ဘိုလို မှုတ်ရန် ကြံရွယ်လိုက်၏။

"ဝီ ဝယ် မီ တူ အင်ဂျင်နီယာ မစ္စတာရွှေသာ အမ် ဟစ်စ် ဝိုက်"

"နုံ..နုံ..နုံ..အိုင်ဒုန်း နုံ"

ထိုအခါ မသောင်း က ဂန္ဓမာသောင်းရီ အား ဘေးသို့ တွန်းဖယ်လိုက်သည်။

"ဝါတာရှီတာချီဟာ ရွှေတာစံ အို ဆာဂါရှီနီ ကီမာရှီတ (ကျွန်မတို့ ဦးရွှေသာကို တွေ့ချင်လို့ပါ)"

မသောင်းသည် အပျိုဘ၀ ဂျပန်ဓာတ်ပုံဆရာထံတွင် အလုပ်လုပ်ခဲ့စဉ်ကတည်းက ဂျပန်စကားကို ကျွမ်းကျင် တတ်မြောက်ပြီးသူဖြစ်၏။

အမျိုးသမီးကြီးကား မသောင်း၏ ဂျပန်စကားကို ကြားသည့်အခါ အားရဝမ်းသာ ဖြစ်သွား၏။

ထိုအမျိုးသမီးက ဂျပန်လို ပြန်ပြောလေသည်။

"ဦးရွှေသာ ကဆုံးသွားတာ နှစ်နှစ်ရှိပါပြီ။ ကျွန်မအမျိုးသားက ဦးရွှေသာနေရာတာဝန်ယူထား တဲ့ မစ္စတာစမစ်ပါ။ ရှင်က ဂျပန်မလား..ကျွန်မက  ဂျပန်အမျိုးသမီး နိုဘူစံ ပါ။ ကျွန်မ ယောက်ျားက ဘီအိုစီက အင်ဂျင်နီယာ အင်္ဂလိပ်လူမျိုး မစ္စတာစမစ် ပါ။ ကျွန်မယောက်ျားဟာ ရန်ကုန်က ဘီအိုစီရုံးခွဲကိုသွားတာ အခုထိ ပြန်မရောက်လာတော့ဘူး"

မသောင်းက အမျိုးသမီးပြောသမျှကို ဂန္မမာသောင်းရီ အား ဘာသာပြန်ပြောပြသည်။

ဂန္ဓမာသောင်းရီ စိတ်ဓာတ်ကျသွား၏။

မသောင်း က နောက်ပြန်လှည့်ပြီး အမျိုးသမီးကြီးအား ဂျပန်လို ပြောလိုက်သည်။

"ကျွန်မယောက်ျားရယ်..ကျွန်မညီမလေးရယ်..ရန်ကုန်မြို့ထဲ ဗုံးတွေကြောက်လို့ ပြေးလာကြတာပါရှင်"

ဂျပန်အမျိုးသမီးကြီးက ခြံတံခါးကို ဖွင့်ပေးလိုက်သည်။

ဂန္ဓမာသောင်းရီ၊ မသောင်း၊ ချိုက်ဟုန် တို့သည် သံလျင်ဘီအိုစီ ရေနံချက်စက်ရုံ ဝန်းအတွင်းရှိ ရေနံအင်ဂျင်နီယာ အင်္ဂလိပ်လူမျိုး မစ္စတာ ဂျွန်ဟင်နရီအက်ဒဝပ်စမစ် နှင့် သူ၏ ဇနီးဖြစ်သူ ဂျပန်အမျိုးသမီး မစ္စ ဆာဒါဟီနိုဘူစမစ်  ၏ နေအိမ်ခြံဝန်းအတွင်းသို့ ရောက်ရှိသွားတော့သည်။

………………………………………………………………………………………………………………

၁၉၄၂ ဖေဖော်ဝါရီ ၁၈ ရက်နေ့။

ရန်ကုန်မြို့အား ဂျပန်တပ်မတော်နှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်မှသိမ်းပိုက်ရန် ဆယ့်ရှစ်ရက်အလို။

နိပွန် အမှတ်(၁၅)တပ်မတော်၊ တပ်မ (၃၃)၊ အမှတ် (၁၁၂)ခြေလျင်တပ်ရင်းမှ မေဂျာဆာတိုး ဦးဆောင်သည့် အထူးတပ်စိတ်သည် သံလျင်ရေနံမြေ၊ ဘီအိုစီ သို့ ရောက်ရှိ တပ်စွဲခဲ့လေသည်။

အထူးတပ်စိတ်ခေါင်းဆောင် မေဂျာဆာတိုး သည် ထောက်လှမ်းရေးသတင်းများအရ ဂျပန်အမျိုးသမီး နိုဘူစံ ၏ နေအိမ်သို့ လာရောက် ကာ အခြေအနေမေးမြန်းခြင်းဖြစ်လေသည်။

နိုဘူစံသည် အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့တွင် ပညာသင်ကြားနေစဉ် ဗြိတိန်အမျိုးသား အင်ဂျင်နီယာ မစ္စတာ စမစ်နှင့်အကြောင်းပါပြီး မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သူဖြစ်သည်။

နိုဘူစံ ၏ ခင်ပွန်းဖြစ်သူမှာ ရန်ကုန်အား ဗုံးကြဲစဉ် ရန်ကုန်ရှိ ဘီအိုစီရုံးချုပ်တွင်ရှိနေခဲ့ပြီး သန်လျင်သို့ ပြန်မရောက်လာခဲ့။

မစ္စ နိုဘူစံစမစ် သည် လင်ယောင်္ကျားဖြစ်သူကို စောင့်နေစဉ် ဂန္ဓမာသောင်းရီတို့ ရောက်ရှိလာသဖြင့် ကယ်ဆင်ထားခဲ့ရသည်။

ဂန္ဓမာသောင်းရီတို့ ရောက်ရှိပြီး နှစ်လအကြာ မတ်လ (၁)ရက်နေ့တွင်  မစ္စစမစ်နိုဘူစံ ၏ နေအိမ်တွင် မေဂျာဆာတိုး တည်းခိုရန် ရောက်ရှိလာလေတော့သည်။

မေဂျာဆာတိုးသည် ဂျပန်အမျိုးသမီးမစ္စနိုဘူစံမစ်၏ နေအိမ်တွင်ရှိသော အစေခံများအဖြစ် ဟန်ဆောင်နေထိုင်သည့် သောင်းရီ၊ မယ်သောင်း၊ မချိုက်ဟုန် တို့ နှင့် ရင်းနှီးထိတွေ့ခဲ့ရသည်။

အထူးသဖြင့် ဖြူဖြူဖွေးဖွေး တုတ်တုတ်ခဲခဲ ချိုက်ဟုန်မှာ မေဂျာဆာတိုး ၏ အချစ်တော်ကလေး ဖြစ်ခဲ့ရပြီး ဥပဓိရုပ်ကောင်းကောင်းဖြင့် လည်ဝယ်ပါးနပ်သော သောင်းရီမှ မေဂျာဆာတိုး၏ ဗမာပြည်ဆိုင်ရာ လက်စွဲတော်ဖြစ်ခဲ့လေသည်။

မေဂျာဆာတိုး ကား သောင်းရီ ဆိုသည့် အမည်အား ဂျပန်ဘာသာ မပီကာလာဖြင့် ဆောင်းရင် ဟု အမှတ်သညာ ပြုခဲ့သဖြင့် ရန်ကုန်အား ပဲခူး၊ ခရမ်း၊ သုံးခွ ဘက်မှ ချီတက်လာခဲ့ကြသည့် ဂျပန်စစ်တပ်များအကြား ဆောင်းရင် ဟူသော အမည်မှာ လူသိများခဲ့လေတော့သည်။

ချိုက်ဟုန်သည်  အခြေအနေအကြောင်းတရား အရပ်ရပ်ကြောင့် ဂျပန်ဗိုလ်မှူးကတော်ဖြစ်လာခဲ့သည်။

…………………….

၁၉၄၂ မတ်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့သိမ်းတပ်၏ ကွပ်ကဲရေးမှူးအဖြစ် မေဂျာဆာတိုး တာဝန်လွှဲပြောင်းယူရသည်။

မတ်လ ၈ ရက်နေ့တွင် ဂျပန်တပ်များ မြို့ထဲ ဝင်လာသဖြင့် မေဂျာဆာတိုး မှ သွားရောက်ကွပ်ကဲပြီး ရန်ကုန်မြို့၊ ဂိုးဒန်းဗယ်လီရှိ အိမ်တစ်လုံးအား ကိုယ်ပိုင်နေအိမ်အဖြစ် သိမ်းပိုက်ခဲ့လေသည်။

မတ်လ (၇)ရက်နေ့တွင် သံလျင်မှ ချိုက်ဟုန်၊ သောင်းရီနှင့် မသောင်းတို့သည် မေဂျာဆာတိုး၏ နေအိမ်သစ်သို့ ပြောင်းရွှေ့ခဲ့၏။

မူလအိမ်မကြီးတွင် မေဂျာဆာတိုးနှင့် ချိုက်ဟုန်တို့ နေထိုင်ပြီး..ထိုအိမ်နဘေးရှိ တိုက်ခံအိမ်တွင် ဂန္ဓမာသောင်းရီနှင့် မသောင်း တို့ နေထိုင်ကြသည်။

မေဂျာဆာတိုး က ရန်ကုန်မြို့၏ ဥပဒေစိုးမိုးရေး၊ သန့်ရှင်းရေးတို့တွင် တာဝန်ခံဖြစ်လာခဲ့ပြီး ရန်ကုန်မြို့ကို ကျွမ်းကျင်သော ဂန္ဓမာသောင်းရီသည် မေဂျာဆာတိုး၏ အားကိုးရသော လက်ထောက်တစ်ယောက် ဖြစ်လာခဲ့သည်။

………………………………………………………………

"ဟ..ဒါဆို..ငါ့ချိုက်ဟုန်က ဂျပန် မယားဖြစ်သွားတာပေါ့…မင်းက… ဘာလဲကွ..ဟေ့ကောင်..အဲ့ဒါဘာလဲ"

ဖိုးတုတ်က စားပွဲခုံကို လက်သီးဖြင့် ထိုးရင်း မတ်တပ်ထရပ်လိုက်သည်။

ဂန္ဓမာသောင်းရီက ရှေ့တွင်ရှိသော ဆာတေးအရက်ပုလင်းကို ဖိုးတုတ် ခွက်ထဲသို့ ငှဲ့ထည့်လိုက်၏။

"ဖိုးတုတ်….မင်း..ငါ့ဘက်က မတွေးပေးတောင်..ချိုက်ဟုန်ဘက်က တွေးလေကွာ..ဒီလိုခေတ်ကြီးထဲမှာ မင်းတောင် သူ့ဘေးနားရှိပေးနိုင်လို့လားကွ..မင်းက မင်းမယားဘေး မင်းရှိနေမှာလေ…အမှန်အတိုင်း ပြောရရင်..ဟေ့ကောင်ရေ..အဲ့ဒီအချိန်…ငါလည်း ငါ့မိန်းမ မသောင်းဘေးမှာပဲ ရှိမှာပဲကွ..ချိုက်ဟုန် ဘေးတော့ အမြဲတမ်းမရပ်ပေးနိုင်ဘူး..အဲ့ဒီအချိန်မှာ ဘေးအန္တရာယ်အကင်းဆုံးအခြေအနေကို ချိုက်ဟုန်က ရွေးချယ်ခဲ့တာလေ… မင်းက ဘာဖြစ်နေတာလဲ…ဗုံးတွေကြဲနေချိန် မင်းစိတ်ထဲ သူ့ကို ရှိနေလို့လားကွာ.. အေး..အဲ့ဒီလိုပဲ..ဟိုဂျပန်ဗိုလ်မှူး သူ့အိပ်ခန်းရှေ့ရောက်လာချိန်မှာ သူ့စိတ်ထဲ မင်းရှိနေတော့ရော..ဘာထူးမလဲ..ဟေ့ကောင်…အဲ့ဒီအချိန် ငါတို့ ရောက်နေခဲ့တာက … မင်းတို့ ငါတို့ လူပါးဝလို့ရတဲ့ အချိန်တွေမဟုတ်တော့ဘူးကွ….ကဲ..သောက်လိုက်ဦး"

ထိုအချိန်တွင် ခြံဝန်းထက် အိမ်မကြီးဘက်ဆီမှ လှုပ်လှုပ်ရှားရှားအသံများ ကြားလိုက်ရသည်။

မေဂျာဆာတိုး ပြန်လာပေပြီ။

ကီမိုနိုအပြာရောင်ဝမ်းဆက်ဖြင့် ပြည့်ပြည့်ဖြိုးဖြိုး အမျိုးသမီးငယ် တစ်ဦးက အောက်သို့ ဆင်းလာကာ မော်တော်ကားပေါ်မှ အမျိုးသားတစ်ဦးအား ကြိုဆိုနေသည်ကို လမ်းမတော်ဖိုးတုတ်နှင့် ဂန္ဓမာသောင်းရီ တို့ မြင်နေရသည်။

"ဖိုးတုတ်…ဒီခဏတော့ ချိုက်ဟုန်လေးလည်း သူ့ဘ၀ သူပျော်ပါစေကွာ..မင်းရဲ့ အပျော်မယားလေးက အခု ဂျပန်စစ်ဗိုလ်ကတော်ဖြစ်နေပြီပဲ…သူလည်းဒီနေရာမှာ ပျော်ပါစေကွာ… ပြီးတော့…မင်းကို ကယ်လိုက်နိုင်တာ သူ့ကြောင့်ပဲကွ"

"ဘာလဲကွ..ဂန္ဓမာ..မင်းစကားက"

"ဟုတ်တယ်..ဟေ့ကောင်..ဒီနေ့ မေဂျာဆာတိုးခိုင်းတဲ့ ကိစ္စနဲ့ ဂွန်ဆေးဘု(စစ်အုပ်ချုပ်ရေးရုံး) ကို ရောက်ရင်း မင်းကို ကာဝါရှိမဖမ်းသွားတာ ငါတွေ့လိုက်တယ်ကွ..အဲ့ဒါနဲ့ ငါ ချိုက်ဟုန်ကို ခေါ်ပြီး မေဂျာဆာတိုး ရုံးကို လိုက်သွားတယ်။ ပြီးတော့ မင်းက မကြာခင်ဖွဲ့မယ့် ရန်ကုန်ငြိမ်ဝမ်ပိပြားရေးယာယီရဲတပ်ဖွဲ့အတွက် အရေးပါတယ်ဆိုတာ ဆာတိုးကို သွားရှင်းပြတယ်။ ဆာတိုးက သူနဲ့ ရန်ကုန်အုပ်ချုပ်ရေးကော်မတီဖြစ်နေတဲ့ ကာနယ်ဆူဇူကီးကို ဖုန်းဆက်ပြောလို့ မင်းလွတ်လာတာကွ..အဲ့ဒါတွေအားလုံးက ချိုက်ဟုန် ပေါ် မူတည်နေတာ"

လမ်းမတော်ဖိုးတုတ်က လက်ကျန်ဘဲဥကြော်ကို ပါးစပ်ထဲ အကုန်ထိုးထည့်လိုက်သည်။

"ဂန္ဓမာ..မင်းက..ခေတ်ပျက်မှာ မိန်းမတွေကို ခိုင်းစားခဲ့တာပဲကွ..ထွီ"

သောင်းရီက ဖိုးတုတ်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"ဟေ့ကောင်..ဖိုးတုတ်…စောက်ကျေးဇူးမကန်းနဲ့ … မင်းက အပျော်သဘောထားခဲ့တဲ့ မိန်းမတွေကပဲ မင်းအသက်ကို ဒီနေ့ကယ်ခဲ့တာဟေ့ကောင်…မင်းတို့ငါတို့ က သတ်ရဲတယ် သေရဲတယ်သာ အော်နေကြတယ်…တခါတလေ  မသောင်းတို့ ချိုက်ဟုန်တို့မှာ ရှိတဲ့ဟာက အရေးကြုံတဲ့အခါ ငါတို့အသက်ကို ကယ်နိုင်တယ်ဆိုတာ ငါလက်ခံလိုက်ပြီကွ...ဟေ့ကောင်…သေရဲတယ်ဆိုတာ အပြောသာလွယ်တာ…သေပြီးရင် ရှုံးသွားတာပဲကွ.. မသေအောင်နေမှ နိုင်တာ..မင်းသိလား..ဒီနေ့ မင်းက သေတော့မှာ..မသေတာ…ချိုက်ဟုန်ကြောင့်ပဲ..အဲ့ဒါ လက်ခံ..ခွေးမသား…မင်းကိုယ်မင်း ဖင်ဂေါင်းသိပ်ကျယ်မနေနဲ့…ဒီနေ့ ဟိုငပုတွေက မင်းကို သတ်တော့မှာ သိလား''

ဖိုးတုတ်က ခြံဝန်းထဲရှိ အိမ်အမဲကြီး အား ငေးနေလိုက်သည်။

အိမ်အမဲကြီး အပေါ်ထပ်ရှိ မီးရောင်လင်းနေသော အခန်းမှာ ရုတ်ရက် မှောင်မဲသွား၏။

ဂန္ဓမာသောင်းရီက မတ်တပ်ရပ်ကာ  ဖိုးတုတ် ၏ ပုခုံးကို လက်ဖြင့် လာပုတ်ရင်း..

"အခုချိန်ဆို မသင်းမြ မင်းကို တော်တော်စိတ်ပူနေလောက်ပြီ..ဖိုးတုတ်..ငါလိုက်ပို့ပေးမယ်"

ဖိုးတုတ်သည် လက်ထဲမှ ဆာတေး အရက်ခွက်အပြည့်ကို ဂွပ်ခနဲ မော့ချလိုက်သည်။

ခက်ဇော်

(zawgyi)

The Guys of Yangon,1930( Part 23)

...... ........ ........

အခန္း(၂၄)

                                        ……………………….

ဂႏၶမာေသာင္းရီက  ဖိုးတုတ္ ဘက္သို႔ လွည့္ကာ ၿပဳံးျပလိုက္သည္။

"ဘယ္လိုလဲ..ေခြးသူေတာင္းစားေရ.. ေတာအရက္ေတြခ်ည္း ခြေသာက္လာလို႔ထင္တယ္..မ်က္ႏွာေတာင္ နည္းနည္းေဖာလာတယ္"

"ေဟ့ေကာင္…ေစာက္႐ူး...ေတာအရက္ေသာက္တဲ့႐ုပ္လားေသခ်ာၾကည့္…ေကာ့ညက္ေတာင္ ေသာက္ရေသးတယ္ကြ.. ဒါနဲ႔ မင္းက ဘယ္လို ျဖစ္လို႔ဂ်ပန္စစ္သားပုံေပါက္ေနရတာလဲ… မေသာင္းေရာဘယ္မွာလဲ"

"ေအး..ငါလည္း မင္းကို ေမးစရာေတြ ေျပာျပစရာေတြအမ်ားႀကီးကြ..ေလာေလာဆယ္.. ဒီ ဂ်ပန္ဗိုလ္ေလးကို ျပန္ပို႔လိုက္ဦးမယ္..ၿပီးမွ ငါ့အိမ္မွာ သြားေသာက္ၾကတာေပါ့"

"မင္း..အိမ္..ဘယ္အိမ္လဲ..လမ္းမေတာ္ကအိမ္လား"

"မဟုတ္ဘူးကြ..အခု ငါနဲ႔ မေသာင္း..ေ႐ႊေတာင္ၾကားထဲက အိမ္မွာေနတာ။ ခ်ိဳက္ဟုန္နဲ႔ တၿခံတည္းပဲ"

"ဟာ..ဟုတ္လွခ်ည္လားဟ…ေစာက္႐ူးက ေကာင္းစားေနတာ''

ဂ်ပန္စစ္ဗိုလ္အား ဘီအိုင္ေအစစ္ဌာနခ်ဳပ္ဖြင့္ထားသည့္ ပက္တ္ဟိုတယ္ေရွ႕သို႔ ပို႔ေပးခဲ့ၿပီး ေ႐ႊေတာင္ၾကားသို႔ ေမာင္းလာၾကသည္။

ေ႐ႊေတာင္ၾကားရွိ ကုန္းျမင့္ေပၚမွ ၿခံႀကီးတစ္ၿခံသို႔ ကား ေကြ႕ဝင္လိုက္သည့္အခါ အဝတြင္ ေစာင့္ေနသာ ဂ်ပန္စစ္သားႏွစ္ဦးက ဖိုးတုတ္တို႔စီးလာေသာ ကားကို အေလးထျပဳသည္။

 "ေဟ့…ဂႏၶမာ…ဂ်ပန္ေတြက အေလးေတြဘာေတြျပဳလို႔ပါလားကြ….မင္း ဂ်ပန္မယားျဖစ္ေနတာေတာ့ မဟုတ္ပါဘူးေနာ္"

"မင္းအေမ့လင္ ဂ်ပန္ မယားျဖစ္ရမွာလားကြ……"

ကားက ၿခံထဲမွ ဥေရာပပုံစံ အိမ္မဲႀကီးကို ေက်ာ္သြားၿပီး ေထာင့္ဘက္မွ တိုက္ခံပ်ဥ္ေထာင္အိမ္ကေလးေရွ႕တြင္ ရပ္လိုက္သည္။

အိမ္ထဲသို႔ ဝင္လိုက္ၾကေသာအခါ..မေသာင္းက အိပ္ရာမွ ထလာသည္။

"ဟယ္..ကိုဖိုးတုတ္ႀကီးနဲ႔ေတြ႕လာတာလား..ဝမ္းသာလိုက္တာရွင္"

"အေသာင္း…ေမာင္တို႔ စကားေျပာရင္း..ေသာက္ၾကမလို႔….ဟိုေန႔က ဆာေကးႏွစ္လုံး က်န္တယ္မဟုတ္လား"

မေသာင္းက ဆာေကးႏွစ္လုံး ႏွင့္ ဖန္ခြက္သြားထုတ္လာသည္။

အျမည္းအျဖစ္ ဘဲဥႏွစ္လုံးကို ခ်က္ခ်င္းေၾကာ္ေပး၏။

"သူငယ္ခ်င္း..ခ်ကြာ..ဒါ ဂ်ပန္အရက္ကြ..ဆာေကးတဲ့ကြ"

 "ဂႏၶမာ..မင္းက ရမ္မွ ေသာက္တာေလ..အခုဟာက ဘာအရက္ႀကီးတုန္း"

"မင္းကလဲကြာ..အဂၤလိပ္ေခတ္ကေတာ့ ရမ္ေပါ့ကြ..အခုက် ရမ္က မလြယ္ဘူးေလကြာ..ဆာေကး ေတာင္ ငါတို႔မို႔ ေသာက္ရတာဟ..ေသာက္ၾကည့္ပါဟ..ဂ်ပန္ေတာအရက္ေပါ့ကြာ."

ဖိုးတုတ္ က ဂႏၶမာ ထည့္ေပးေသာ ခြက္ကို ေမာ့ခ်လိုက္သည္။

"မသင္းျမတို႔၊ ႀကီးခ်စ္ပုတို႔၊ဘသိန္းတို႔ အားလုံး ေနေကာင္းၾကတယ္ေနာ္..ဖိုးတုတ္"

"ေအးေကာင္းပါတယ္..အခု အေမနဲ႔ ဘသိန္းကေတာ့ ဟိုဘက္ကမ္းမွာပဲ…အခု ငါ့အိမ္မွာ စံဘရယ္၊ စံဘေယာက္ဖရယ္၊ အုန္းေဖနဲ႔ သူ႔တပည့္တစ္ေယာက္ရယ္ေနၾကတယ္ကြ..မင္းကို  ငါတို႔ လိုက္ရွာေနတယ္..ေနစမ္းပါဦး..မင္းက ဗုံးႀကဲတဲ့ေန႔က ဘာလို႔ ျပန္ေပၚမလာတာလဲ''

"ေအး..ငါလည္း..မင္းကို အဲ့ဒါေျပာျပမလို႔..အဲ့ဒီေန႔က ငါတို႔ အိမ္ျပန္ၿပီး ပစၥည္းေတြ ျပန္ယူၾကေတာ့"

……………………………………………………………………………………………………………………….

ထိုညက ဂႏၶမာေသာင္းရီ ႏွင့္ မေသာင္းတို႔ စဥ့္အိုးတန္းလမ္းရွိ အိမ္သို႔ အေျပးအလႊားျပန္လာၾကသည္။

အိမ္ေရွ႕အေရာက္တြင္ အထုတ္ေလးတစ္ထုတ္ျဖင့္ အေမွာင္ရိပ္ထဲ ရပ္ေနေသာ ခ်ိဳက္ဟုန္ ကို ေတြ႕လိုက္ရ၏။

"ခ်ိဳက္ဟုန္..ညီမေလး…ဘယ္ကတည္းက ေရာက္ေနတာလဲ"

ခ်ိဳက္ဟုန္က ေခါင္းကို ငုံ႔ထား၏။

"ဟဲ့..ခ်ိဳက္ဟုန္..နင့္အမ..ေမးေနတယ္ေလ..ဘာျဖစ္တာလဲလို႔"

ဂႏၶမာ၏ အသံမာမာေၾကာင့္ ခ်ိဳက္ဟုန္ ေခါင္းေမာ့လာသည္။ ညက အလင္းေရာင္မရွိသေလာက္ ေဖာင္းေဖာင္းအစ္အစ္ ပါးမို႔မို႔ ျဖဴျဖဴ ေပၚတြင္ မ်က္ရည္စေတြရွိေနေၾကာင္း ခ်ိဳက္ဟုန္၏ ရႈိက္သံက သက္ေသခံေနသည္။

"ကြၽန္မ ေၾကာက္လို႔ပါ..ကိုႀကီးဂႏၶမာရယ္..တန္းလ်ားမွာ အကုန္ေျပးကုန္ၾကၿပီ…ဘယ္သူ႔မွမရွိေတာ့ဘူး...ကြၽန္မလည္း  ဘယ္ေျပးရမွန္း မသိေတာ့လို႔ပါ"

ဂႏၶမာေသာင္းရီ ႏွင့္ မေသာင္းတို႔ မဂၤလာေဆာင္ၿပီးခ်ိန္မွစၿပီး ခ်ိဳက္ဟုန္မွာ ေမာ္တင္ကမ္းနားမွ တန္းလ်ားမွ အခန္းထဲတြင္ တစ္ေယာက္တည္းက်န္ရစ္ခဲ့သည္။

႐ုန္းကန္ေနရေသာ တေကာင္ႂကြက္မေလးအဖို႔ ရန္ကုန္တြင္ အားကိုးစရာအျခားမရွိ။ ရန္ကုန္မွ မဟုတ္ အျခားတစ္ရပ္တစ္ပါး ဘယ္ဆီဘယ္သို႔ ေျပးရမွန္းမသိ။

မေသာင္းက မ်က္ရည္စမ်ားႏွင့္ ခ်ိဳက္ဟုန္ကို သူ႔ရင္ခြင္ထဲ ဆြဲသြင္းလိုက္သည္။

ဂႏၶမာေသာင္းရီ က သူတို႔ႏွစ္ဦးကို ေတြေတြႀကီး ရပ္ၾကည့္ေန၏။

"အေသာင္းတို႔ ..ခ်ိဳက္ဟုန္ကို ကိုဖိုးတုတ္တို႔ဆီ ေခၚသြားၾကမယ္ေလ..ေမာင္"

ဂႏၶမာက မ်က္ႏွာလႊဲကာ စဥ္းစားေန၏။

"ေမာင္..ဘာျဖစ္ေနတာလဲ"

"မဟုတ္ဘူး..အေသာင္း..ဖိုးတုတ္တို႔ဆီ သြားရင္..ခ်ိဳက္ဟုန္ ပါလို႔မရဘူး"

"ဘာျဖစ္လို႔လဲ..ေမာင္..ခ်ိဳက္ဟုန္တစ္ေယာက္အတြက္ေတာ့ ဘာမွ မျဖစ္ပါဘူး"

"ဟ..ဘာျဖစ္ရမလဲဟ…ဖိုးတုတ္ က ငါ့သူငယ္ခ်င္း၊ ဖိုးတုတ္ မိန္းမ မသင္းျမ ကလည္း ငါ့သူငယ္ခ်င္း မိန္းမ၊ ခ်ိဳက္ဟုန္ ကလည္း နင့္ညီမလိုျဖစ္ေနမွေတာ့ ငါ့ညီမလိုပဲ..ဒီစစ္ႀကီးက ဘယ္အထိ ျဖစ္မွာမွန္းမသိဘူး..သူတို႔ ေတြအားလုံး အေနခက္မယ့္ကိစၥ ငါဘာလို႔လုပ္ရမလဲ.."

႐ုတ္တရက္ ေဒါသတႀကီး ေျပာလိုက္ေသာ ဂႏၶမာ၏ စကားေၾကာင့္ မေသာင္းပင္ အသံမ်ားတိတ္သြားသည္။

အားကိုးရာမဲ့ေနေသာ ခ်ိဳက္ဟုန္က အိခနဲ ငိုရႈိက္လိုက္သည္။

ဂႏၶမာက စိတ္ရႈပ္စာျဖင့္ ထိုးဖြထားေသာ သူ႔ဆံပင္မ်ားကို ေနာက္သို႔ သပ္တင္လိုက္ၿပီး…

"ေဆာရီး..အေသာင္း..ေမာင္စိတ္ရႈပ္ေထြးသြားလို႔ပါ..ေဆာရီး…အခု ေမာင္ဆုံးျဖတ္လိုက္ၿပီ..ဖိုးတုတ္တို႔နဲ႔ ေမာင္တို႔ လိုက္မသြားေတာ့ဘူး..ခ်ိဳက္ဟုန္ကို ေမာင္တို႔နဲ႔ ေခၚသြားမယ္."

"ဘယ္ကိုေခၚသြားမွာလဲ..ေမာင္"

"အေသာင္းတို႔…ဗိုလ္တစ္ေထာင္ေလွဆိပ္အထိ လမ္းေလွ်ာက္ႏိုင္လား."

မေသာင္းႏွင့္ ခ်ိဳက္ဟုန္က ေခါင္းၿငိမ့္ျပလိုက္သည္။

ဂႏၶမာေသာင္းရီ ဘဝတြင္ စိတ္ေရာကိုယ္ပါ အားထားရာကား သုံးဦးသာရွိသည္။

ပထမတစ္ဦးကား ေရနံအင္ဂ်င္နီယာ ေ႐ႊသာ ၏ ဇနီး ေဒၚမမေလး။

ရွမ္းလူမ်ိဳး ေစာ္ဘြားအမတ္မ်ိဳးႏြယ္ျဖစ္ေသာ ေရနံအင္ဂ်င္နီယာ ဦးေ႐ႊသာ မွာ ပုဇြန္ေတာင္မွ မမယ္လွအား ဒုတိယမယားအျဖစ္ သိမ္းပိုက္ၿပီး ေသာင္းရီ ကို ေမြးဖြားခဲ့သည္။

ေသာင္းရီမွာ ဒုတိယမယားမွ ေမြးဖြားခဲ့ေသာ္လည္း ပထမဇနီး ေဒၚမမေလး၏ အခ်စ္ေတာ္ကေလးျဖစ္ခဲ့သည္။

သို႔ေသာ္ ငယ္စဥ္ကတည္းက ဖခင္ႏွင့္ အေစးမကပ္ခဲ့ေသာ ေသာင္းရီမွာ ဦးေ႐ႊသာေရာ  မမယ္လွ ပါ ကြယ္လြန္ၿပီးသည့္ေနာက္ ရန္ကုန္ၿမိဳ႕၏ လူဆိုးေလးမ်ားထဲမွ တစ္ေယာက္ျဖစ္လာခဲ့သည္။

ရန္ကုန္ဘူတာႀကီး ပန္းဒိုင္မ်ားမွ တဆင့္ ေ႐ႊတိဂုံဘုရားသို႔ ဘိုင္စကယ္ျဖင့္ ပန္းမ်ားလိုက္ပို႔ရေသာ အလုပ္သမားေလးျဖစ္ခဲ့ရသည္။

ကပ္ဆိုးဒုကၡႀကီးထဲ ေရာက္ရွိခ်ိန္တြင္ ဂႏၶမာအတြက္ မွီခိုရာကား သူငယ္ခ်င္း ဖိုးတုတ္ ၿပီးလွ်င္ ေဒၚမမေလး သာ က်န္ေတာ့၏။

သံလ်င္ ေရနံခ်က္စက္႐ုံေဘးရွိ ၿခံဝန္းသို႔ သြားခိုလႈံရန္ ဂႏၶမာ ဆုံးျဖတ္လိုက္ေတာ့သည္။

"အခု ညတြင္းခ်င္းႀကီး ဘယ္သြားမလို႔လဲ..ေမာင္"

"သန္လ်င္ဘက္ကို ကူးမလို႔…. အိပ္ေနခ်ိန္ ဗုံးလာႀကဲလို႔ ေသတာထက္…သန္လ်င္ဘက္သြားလို႔ရမလားို႔ သြားၾကည့္ရင္ေကာင္းမယ္ထင္တယ္..အေသာင္း..ေသေတာ့လည္း အကုန္အတူတူပဲ..ဒီကာလႀကီးထဲ..ေသသြားလည္း ေအးတာမဟုတ္လား"

ခ်ိဳက္ဟုန္မွာ ၏ ငိုသံမွာ ပိုက်ယ္ေလာင္လာ၏။

"ေမာင္ရယ္..ကေလးေရွ႕မွာ..ေသမွာေတြဘာေတြမေျပာပါနဲ႔…သြားမယ္ဆိုလည္း သြားၾကမယ္..ေတာ္ၾကာေလယာဥ္ေတြျပန္လာၾကမွ..ခက္မယ္"

ဂႏၶမာေသာင္းရီက အိမ္ေပၚသို႔ ေသာ့ဖြင့္ကာတက္သြားလိုက္သည္။

ထို႔ေနာက္ ပုခုံးတြင္ လြယ္ထားေသာခ်ိန္းႀကိဳးကို စမ္းၾကည့္လိုက္၏။ ထို႔ေနာက္ အိမ္ေရွ႕ စဥ့္အိုးနားတြင္ စိုက္ထားသည့္ ငွက္ႀကီးေတာင္ဓါးကိုယူကာ ျပန္ထြက္လာေတာ့သည္။

"ကဲ..အေသာင္း…သြားၾကမယ္…လမ္းမွာ ဂ်ပန္ေလယာဥ္လာတာေတြ႕လည္း ဆင္းပုန္းၾကတာေပါ့.တျခား ဟာေတာ့ စိတ္မပူနဲ႔..ေမာင္..သတ္ပစ္မယ္"

ထိုည။

စစ္ႀကီး ျဖစ္ေနသည့္ည။

ရန္ကုန္သည္ ေမွာင္မိုက္ျခင္း အတိၿပီးေသာ္ျငား။

အမ်ိဳးသမီးငယ္ႏွစ္ေယာက္ က အထုတ္ကိုယ္စီပိုက္လ်က္ ဗိုလ္တစ္ေထာင္ဆိပ္ကမ္းဆီသို႔ လမ္းေလွ်ာက္ေန၏။

သူတို႔ေနာက္တြင္ ငွက္ႀကီးေတာင္ဓါးလြတ္အား ကိုင္ကာ လမ္းေလွ်ာက္ေနေသာ ေယာက္်ားတစ္ေယာက္။

…………………………………………………………………………………..

ဗိုလ္တစ္ေထာင္ ျမစ္ဆိပ္တြင္ ပိုင္ရွင္မဲ့ ေမာ္ေတာ္မ်ား၊ သဗၺာန္မ်ား၊ ကူးတို႔ငွက္ေလွမ်ား က ႀကိဳဆိုလ်က္။

ကူးတို႔ငွက္ေလွတစ္စင္းေပၚသို႔ မေသာင္း၊ ခ်ိဳက္ဟုန္တို႔ တက္လိုက္သည္။

ဂႏၶမာေသာင္းရီ က ေလွကိုႀကိဳးျဖဳတ္လ်က္ ငွက္ေလွ၏ ေလွာ္တက္ေနရာတြင္ ထိုင္လိုက္သည္။

ေလွေလွာ္တက္မ်ားကို ကိုင္ကာေလွာ္လိုက္၏။

ေလွကား လည္ထြက္သြားကာ..ကမ္းသို႔ ေလွဦးႏွင့္ ျပန္႐ိုက္ခတ္သြားသည္။

"အကိုဂႏၶမာ…ေလွက ေလွာတဲ့အခါ ပဲ့ကို ထိန္းရင္းေလွာ္ရမွာ..ခ်ိဳက္ဟုန္ ငွက္ေလွာ္တတ္တယ္…အကို ဖယ္ပါ"

မႏၲေလးၿမိဳ႕၊ ဧရာဝတီျမစ္ေဘးတြင္ ႀကီးျပင္းခဲ့ဖူးေသာ ကခ်င္ျပည္နယ္ဖြား ခ်ိဳက္ဟုန္က ဂႏၶမာအား ဖယ္ခိုင္းၿပီး ေလွာ္တက္ေနရာတြင္ ေနရာယူလိုက္သည္။

ဟိုမွာဘက္ တစ္ဖက္ကမ္းတြင္ ဂ်ပန္တို႔၏ ဗုံးႀကဲေလယာဥ္မ်ားက ဗုံးႀကဲလ်က္။

ငွက္ေလွကို ခ်ိဳက္ဟုန္ႏွင့္ ဂႏၶမာေသာင္းရီ တို႔ တစ္လွည့္စီ ေလွာ္ခတ္ခဲ့ၾကသည္။

ညေမွာင္ေမွာင္ထဲ..ဗိုလ္တစ္ေထာင္ဆိပ္ကမ္းမွ ညထြက္ ေလွကေလးသည္ သန္လ်င္ တစ္ဖက္ကမ္းဆီသို႔ တေ႐ြ႕ေ႐ြ႕။

………………………………………………………………

၁၉၄၁ ဒီဇင္ဘာလ ၂၇ ရက္၊

နံနက္ ၆ နာရီ ၃၅ မိနစ္။

သန္လ်င္ BOC ေရနံခ်က္စက္႐ုံ ဝန္းအတြင္းရွိ ၿခံက်ယ္ႀကီးတစ္ခုေရွ႕တြင္ ဂႏၶမာေသာင္းရီ၊ မေသာင္း ႏွင့္ ခ်ိဳက္ဟုန္ တို႔ မတ္တပ္ရပ္ေနၾကသည္။

ၿခံဝန္းထဲတြင္ ပန္းပင္မ်ားအား ေရေလာင္းေနေသာ အသားျဖဴျဖဴ အမ်ိဳးသမီးႀကီးတစ္ဦးက ၿခံဝသို႔ ထြက္လာသည္။

"ဝွက္ ကမ္ အိုင္ ဟဲ ေဖာ္ ယူး"

အဂၤလိပ္ေလးတန္းအထိ ေအာင္ဖူးေသာ ဂႏၶမာေသာင္းရီက ဘိုလို မႈတ္ရန္ ႀကံ႐ြယ္လိုက္၏။

"ဝီ ဝယ္ မီ တူ အင္ဂ်င္နီယာ မစၥတာေ႐ႊသာ အမ္ ဟစ္စ္ ဝိုက္"

"ႏုံ..ႏုံ..ႏုံ..အိုင္ဒုန္း ႏုံ"

ထိုအခါ မေသာင္း က ဂႏၶမာေသာင္းရီ အား ေဘးသို႔ တြန္းဖယ္လိုက္သည္။

"ဝါတာရွီတာခ်ီဟာ ေ႐ႊတာစံ အို ဆာဂါရွီနီ ကီမာရွီတ (ကြၽန္မတို႔ ဦးေ႐ႊသာကို ေတြ႕ခ်င္လို႔ပါ)"

မေသာင္းသည္ အပ်ိဳဘ၀ ဂ်ပန္ဓာတ္ပုံဆရာထံတြင္ အလုပ္လုပ္ခဲ့စဥ္ကတည္းက ဂ်ပန္စကားကို ကြၽမ္းက်င္ တတ္ေျမာက္ၿပီးသူျဖစ္၏။

အမ်ိဳးသမီးႀကီးကား မေသာင္း၏ ဂ်ပန္စကားကို ၾကားသည့္အခါ အားရဝမ္းသာ ျဖစ္သြား၏။

ထိုအမ်ိဳးသမီးက ဂ်ပန္လို ျပန္ေျပာေလသည္။

"ဦးေ႐ႊသာ ကဆုံးသြားတာ ႏွစ္ႏွစ္ရွိပါၿပီ။ ကြၽန္မအမ်ိဳးသားက ဦးေ႐ႊသာေနရာတာဝန္ယူထား တဲ့ မစၥတာစမစ္ပါ။ ရွင္က ဂ်ပန္မလား..ကြၽန္မက  ဂ်ပန္အမ်ိဳးသမီး ႏိုဘူစံ ပါ။ ကြၽန္မ ေယာက္်ားက ဘီအိုစီက အင္ဂ်င္နီယာ အဂၤလိပ္လူမ်ိဳး မစၥတာစမစ္ ပါ။ ကြၽန္မေယာက္်ားဟာ ရန္ကုန္က ဘီအိုစီ႐ုံးခြဲကိုသြားတာ အခုထိ ျပန္မေရာက္လာေတာ့ဘူး"

မေသာင္းက အမ်ိဳးသမီးေျပာသမွ်ကို ဂႏၼမာေသာင္းရီ အား ဘာသာျပန္ေျပာျပသည္။

ဂႏၶမာေသာင္းရီ စိတ္ဓာတ္က်သြား၏။

မေသာင္း က ေနာက္ျပန္လွည့္ၿပီး အမ်ိဳးသမီးႀကီးအား ဂ်ပန္လို ေျပာလိုက္သည္။

"ကြၽန္မေယာက္်ားရယ္..ကြၽန္မညီမေလးရယ္..ရန္ကုန္ၿမိဳ႕ထဲ ဗုံးေတြေၾကာက္လို႔ ေျပးလာၾကတာပါရွင္"

ဂ်ပန္အမ်ိဳးသမီးႀကီးက ၿခံတံခါးကို ဖြင့္ေပးလိုက္သည္။

ဂႏၶမာေသာင္းရီ၊ မေသာင္း၊ ခ်ိဳက္ဟုန္ တို႔သည္ သံလ်င္ဘီအိုစီ ေရနံခ်က္စက္႐ုံ ဝန္းအတြင္းရွိ ေရနံအင္ဂ်င္နီယာ အဂၤလိပ္လူမ်ိဳး မစၥတာ ဂြၽန္ဟင္နရီအက္ဒဝပ္စမစ္ ႏွင့္ သူ၏ ဇနီးျဖစ္သူ ဂ်ပန္အမ်ိဳးသမီး မစၥ ဆာဒါဟီႏိုဘူစမစ္  ၏ ေနအိမ္ၿခံဝန္းအတြင္းသို႔ ေရာက္ရွိသြားေတာ့သည္။

………………………………………………………………………………………………………………

၁၉၄၂ ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔။

ရန္ကုန္ၿမိဳ႕အား ဂ်ပန္တပ္မေတာ္ႏွင့္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္မွသိမ္းပိုက္ရန္ ဆယ့္ရွစ္ရက္အလို။

နိပြန္ အမွတ္(၁၅)တပ္မေတာ္၊ တပ္မ (၃၃)၊ အမွတ္ (၁၁၂)ေျခလ်င္တပ္ရင္းမွ ေမဂ်ာဆာတိုး ဦးေဆာင္သည့္ အထူးတပ္စိတ္သည္ သံလ်င္ေရနံေျမ၊ ဘီအိုစီ သို႔ ေရာက္ရွိ တပ္စြဲခဲ့ေလသည္။

အထူးတပ္စိတ္ေခါင္းေဆာင္ ေမဂ်ာဆာတိုး သည္ ေထာက္လွမ္းေရးသတင္းမ်ားအရ ဂ်ပန္အမ်ိဳးသမီး ႏိုဘူစံ ၏ ေနအိမ္သို႔ လာေရာက္ ကာ အေျခအေနေမးျမန္းျခင္းျဖစ္ေလသည္။

ႏိုဘူစံသည္ အဂၤလန္ႏိုင္ငံ၊ မန္ခ်က္စတာၿမိဳ႕တြင္ ပညာသင္ၾကားေနစဥ္ ၿဗိတိန္အမ်ိဳးသား အင္ဂ်င္နီယာ မစၥတာ စမစ္ႏွင့္အေၾကာင္းပါၿပီး ျမန္မာႏိုင္ငံသို႔ ေရာက္ရွိခဲ့သူျဖစ္သည္။

ႏိုဘူစံ ၏ ခင္ပြန္းျဖစ္သူမွာ ရန္ကုန္အား ဗုံးႀကဲစဥ္ ရန္ကုန္ရွိ ဘီအိုစီ႐ုံးခ်ဳပ္တြင္ရွိေနခဲ့ၿပီး သန္လ်င္သို႔ ျပန္မေရာက္လာခဲ့။

မစၥ ႏိုဘူစံစမစ္ သည္ လင္ေယာက်ၤားျဖစ္သူကို ေစာင့္ေနစဥ္ ဂႏၶမာေသာင္းရီတို႔ ေရာက္ရွိလာသျဖင့္ ကယ္ဆင္ထားခဲ့ရသည္။

ဂႏၶမာေသာင္းရီတို႔ ေရာက္ရွိၿပီး ႏွစ္လအၾကာ မတ္လ (၁)ရက္ေန႔တြင္  မစၥစမစ္ႏိုဘူစံ ၏ ေနအိမ္တြင္ ေမဂ်ာဆာတိုး တည္းခိုရန္ ေရာက္ရွိလာေလေတာ့သည္။

ေမဂ်ာဆာတိုးသည္ ဂ်ပန္အမ်ိဳးသမီးမစၥႏိုဘူစံမစ္၏ ေနအိမ္တြင္ရွိေသာ အေစခံမ်ားအျဖစ္ ဟန္ေဆာင္ေနထိုင္သည့္ ေသာင္းရီ၊ မယ္ေသာင္း၊ မခ်ိဳက္ဟုန္ တို႔ ႏွင့္ ရင္းႏွီးထိေတြ႕ခဲ့ရသည္။

အထူးသျဖင့္ ျဖဴျဖဴေဖြးေဖြး တုတ္တုတ္ခဲခဲ ခ်ိဳက္ဟုန္မွာ ေမဂ်ာဆာတိုး ၏ အခ်စ္ေတာ္ကေလး ျဖစ္ခဲ့ရၿပီး ဥပဓိ႐ုပ္ေကာင္းေကာင္းျဖင့္ လည္ဝယ္ပါးနပ္ေသာ ေသာင္းရီမွ ေမဂ်ာဆာတိုး၏ ဗမာျပည္ဆိုင္ရာ လက္စြဲေတာ္ျဖစ္ခဲ့ေလသည္။

ေမဂ်ာဆာတိုး ကား ေသာင္းရီ ဆိုသည့္ အမည္အား ဂ်ပန္ဘာသာ မပီကာလာျဖင့္ ေဆာင္းရင္ ဟု အမွတ္သညာ ျပဳခဲ့သျဖင့္ ရန္ကုန္အား ပဲခူး၊ ခရမ္း၊ သုံးခြ ဘက္မွ ခ်ီတက္လာခဲ့ၾကသည့္ ဂ်ပန္စစ္တပ္မ်ားအၾကား ေဆာင္းရင္ ဟူေသာ အမည္မွာ လူသိမ်ားခဲ့ေလေတာ့သည္။

ခ်ိဳက္ဟုန္သည္  အေျခအေနအေၾကာင္းတရား အရပ္ရပ္ေၾကာင့္ ဂ်ပန္ဗိုလ္မႉးကေတာ္ျဖစ္လာခဲ့သည္။

…………………….

၁၉၄၂ မတ္လ ၅ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕သိမ္းတပ္၏ ကြပ္ကဲေရးမႉးအျဖစ္ ေမဂ်ာဆာတိုး တာဝန္လႊဲေျပာင္းယူရသည္။

မတ္လ ၈ ရက္ေန႔တြင္ ဂ်ပန္တပ္မ်ား ၿမိဳ႕ထဲ ဝင္လာသျဖင့္ ေမဂ်ာဆာတိုး မွ သြားေရာက္ကြပ္ကဲၿပီး ရန္ကုန္ၿမိဳ႕၊ ဂိုးဒန္းဗယ္လီရွိ အိမ္တစ္လုံးအား ကိုယ္ပိုင္ေနအိမ္အျဖစ္ သိမ္းပိုက္ခဲ့ေလသည္။

မတ္လ (၇)ရက္ေန႔တြင္ သံလ်င္မွ ခ်ိဳက္ဟုန္၊ ေသာင္းရီႏွင့္ မေသာင္းတို႔သည္ ေမဂ်ာဆာတိုး၏ ေနအိမ္သစ္သို႔ ေျပာင္းေ႐ႊ႕ခဲ့၏။

မူလအိမ္မႀကီးတြင္ ေမဂ်ာဆာတိုးႏွင့္ ခ်ိဳက္ဟုန္တို႔ ေနထိုင္ၿပီး..ထိုအိမ္နေဘးရွိ တိုက္ခံအိမ္တြင္ ဂႏၶမာေသာင္းရီႏွင့္ မေသာင္း တို႔ ေနထိုင္ၾကသည္။

ေမဂ်ာဆာတိုး က ရန္ကုန္ၿမိဳ႕၏ ဥပေဒစိုးမိုးေရး၊ သန႔္ရွင္းေရးတို႔တြင္ တာဝန္ခံျဖစ္လာခဲ့ၿပီး ရန္ကုန္ၿမိဳ႕ကို ကြၽမ္းက်င္ေသာ ဂႏၶမာေသာင္းရီသည္ ေမဂ်ာဆာတိုး၏ အားကိုးရေသာ လက္ေထာက္တစ္ေယာက္ ျဖစ္လာခဲ့သည္။

………………………………………………………………

"ဟ..ဒါဆို..ငါ့ခ်ိဳက္ဟုန္က ဂ်ပန္ မယားျဖစ္သြားတာေပါ့…မင္းက… ဘာလဲကြ..ေဟ့ေကာင္..အဲ့ဒါဘာလဲ"

ဖိုးတုတ္က စားပြဲခုံကို လက္သီးျဖင့္ ထိုးရင္း မတ္တပ္ထရပ္လိုက္သည္။

ဂႏၶမာေသာင္းရီက ေရွ႕တြင္ရွိေသာ ဆာေတးအရက္ပုလင္းကို ဖိုးတုတ္ ခြက္ထဲသို႔ ငွဲ႔ထည့္လိုက္၏။

"ဖိုးတုတ္….မင္း..ငါ့ဘက္က မေတြးေပးေတာင္..ခ်ိဳက္ဟုန္ဘက္က ေတြးေလကြာ..ဒီလိုေခတ္ႀကီးထဲမွာ မင္းေတာင္ သူ႔ေဘးနားရွိေပးႏိုင္လို႔လားကြ..မင္းက မင္းမယားေဘး မင္းရွိေနမွာေလ…အမွန္အတိုင္း ေျပာရရင္..ေဟ့ေကာင္ေရ..အဲ့ဒီအခ်ိန္…ငါလည္း ငါ့မိန္းမ မေသာင္းေဘးမွာပဲ ရွိမွာပဲကြ..ခ်ိဳက္ဟုန္ ေဘးေတာ့ အၿမဲတမ္းမရပ္ေပးႏိုင္ဘူး..အဲ့ဒီအခ်ိန္မွာ ေဘးအႏၲရာယ္အကင္းဆုံးအေျခအေနကို ခ်ိဳက္ဟုန္က ေ႐ြးခ်ယ္ခဲ့တာေလ… မင္းက ဘာျဖစ္ေနတာလဲ…ဗုံးေတြႀကဲေနခ်ိန္ မင္းစိတ္ထဲ သူ႔ကို ရွိေနလို႔လားကြာ.. ေအး..အဲ့ဒီလိုပဲ..ဟိုဂ်ပန္ဗိုလ္မႉး သူ႔အိပ္ခန္းေရွ႕ေရာက္လာခ်ိန္မွာ သူ႔စိတ္ထဲ မင္းရွိေနေတာ့ေရာ..ဘာထူးမလဲ..ေဟ့ေကာင္…အဲ့ဒီအခ်ိန္ ငါတို႔ ေရာက္ေနခဲ့တာက … မင္းတို႔ ငါတို႔ လူပါးဝလို႔ရတဲ့ အခ်ိန္ေတြမဟုတ္ေတာ့ဘူးကြ….ကဲ..ေသာက္လိုက္ဦး"

ထိုအခ်ိန္တြင္ ၿခံဝန္းထက္ အိမ္မႀကီးဘက္ဆီမွ လႈပ္လႈပ္ရွားရွားအသံမ်ား ၾကားလိုက္ရသည္။

ေမဂ်ာဆာတိုး ျပန္လာေပၿပီ။

ကီမိုႏိုအျပာေရာင္ဝမ္းဆက္ျဖင့္ ျပည့္ျပည့္ၿဖိဳးၿဖိဳး အမ်ိဳးသမီးငယ္ တစ္ဦးက ေအာက္သို႔ ဆင္းလာကာ ေမာ္ေတာ္ကားေပၚမွ အမ်ိဳးသားတစ္ဦးအား ႀကိဳဆိုေနသည္ကို လမ္းမေတာ္ဖိုးတုတ္ႏွင့္ ဂႏၶမာေသာင္းရီ တို႔ ျမင္ေနရသည္။

"ဖိုးတုတ္…ဒီခဏေတာ့ ခ်ိဳက္ဟုန္ေလးလည္း သူ႔ဘ၀ သူေပ်ာ္ပါေစကြာ..မင္းရဲ႕ အေပ်ာ္မယားေလးက အခု ဂ်ပန္စစ္ဗိုလ္ကေတာ္ျဖစ္ေနၿပီပဲ…သူလည္းဒီေနရာမွာ ေပ်ာ္ပါေစကြာ… ၿပီးေတာ့…မင္းကို ကယ္လိုက္ႏိုင္တာ သူ႔ေၾကာင့္ပဲကြ"

"ဘာလဲကြ..ဂႏၶမာ..မင္းစကားက"

"ဟုတ္တယ္..ေဟ့ေကာင္..ဒီေန႔ ေမဂ်ာဆာတိုးခိုင္းတဲ့ ကိစၥနဲ႔ ဂြန္ေဆးဘု(စစ္အုပ္ခ်ဳပ္ေရး႐ုံး) ကို ေရာက္ရင္း မင္းကို ကာဝါရွိမဖမ္းသြားတာ ငါေတြ႕လိုက္တယ္ကြ..အဲ့ဒါနဲ႔ ငါ ခ်ိဳက္ဟုန္ကို ေခၚၿပီး ေမဂ်ာဆာတိုး ႐ုံးကို လိုက္သြားတယ္။ ၿပီးေတာ့ မင္းက မၾကာခင္ဖြဲ႕မယ့္ ရန္ကုန္ၿငိမ္ဝမ္ပိျပားေရးယာယီရဲတပ္ဖြဲ႕အတြက္ အေရးပါတယ္ဆိုတာ ဆာတိုးကို သြားရွင္းျပတယ္။ ဆာတိုးက သူနဲ႔ ရန္ကုန္အုပ္ခ်ဳပ္ေရးေကာ္မတီျဖစ္ေနတဲ့ ကာနယ္ဆူဇူကီးကို ဖုန္းဆက္ေျပာလို႔ မင္းလြတ္လာတာကြ..အဲ့ဒါေတြအားလုံးက ခ်ိဳက္ဟုန္ ေပၚ မူတည္ေနတာ"

လမ္းမေတာ္ဖိုးတုတ္က လက္က်န္ဘဲဥေၾကာ္ကို ပါးစပ္ထဲ အကုန္ထိုးထည့္လိုက္သည္။

"ဂႏၶမာ..မင္းက..ေခတ္ပ်က္မွာ မိန္းမေတြကို ခိုင္းစားခဲ့တာပဲကြ..ထြီ"

ေသာင္းရီက ဖိုးတုတ္ကို ၾကည့္ၿပီး ၿပဳံးလိုက္သည္။

"ေဟ့ေကာင္..ဖိုးတုတ္…ေစာက္ေက်းဇူးမကန္းနဲ႔ … မင္းက အေပ်ာ္သေဘာထားခဲ့တဲ့ မိန္းမေတြကပဲ မင္းအသက္ကို ဒီေန႔ကယ္ခဲ့တာေဟ့ေကာင္…မင္းတို႔ငါတို႔ က သတ္ရဲတယ္ ေသရဲတယ္သာ ေအာ္ေနၾကတယ္…တခါတေလ  မေသာင္းတို႔ ခ်ိဳက္ဟုန္တို႔မွာ ရွိတဲ့ဟာက အေရးႀကဳံတဲ့အခါ ငါတို႔အသက္ကို ကယ္ႏိုင္တယ္ဆိုတာ ငါလက္ခံလိုက္ၿပီကြ...ေဟ့ေကာင္…ေသရဲတယ္ဆိုတာ အေျပာသာလြယ္တာ…ေသၿပီးရင္ ရႈံးသြားတာပဲကြ.. မေသေအာင္ေနမွ ႏိုင္တာ..မင္းသိလား..ဒီေန႔ မင္းက ေသေတာ့မွာ..မေသတာ…ခ်ိဳက္ဟုန္ေၾကာင့္ပဲ..အဲ့ဒါ လက္ခံ..ေခြးမသား…မင္းကိုယ္မင္း ဖင္ေဂါင္းသိပ္က်ယ္မေနနဲ႔…ဒီေန႔ ဟိုငပုေတြက မင္းကို သတ္ေတာ့မွာ သိလား''

ဖိုးတုတ္က ၿခံဝန္းထဲရွိ အိမ္အမဲႀကီး အား ေငးေနလိုက္သည္။

အိမ္အမဲႀကီး အေပၚထပ္ရွိ မီးေရာင္လင္းေနေသာ အခန္းမွာ ႐ုတ္ရက္ ေမွာင္မဲသြား၏။

ဂႏၶမာေသာင္းရီက မတ္တပ္ရပ္ကာ  ဖိုးတုတ္ ၏ ပုခုံးကို လက္ျဖင့္ လာပုတ္ရင္း..

"အခုခ်ိန္ဆို မသင္းျမ မင္းကို ေတာ္ေတာ္စိတ္ပူေနေလာက္ၿပီ..ဖိုးတုတ္..ငါလိုက္ပို႔ေပးမယ္"

ဖိုးတုတ္သည္ လက္ထဲမွ ဆာေတး အရက္ခြက္အျပည့္ကို ဂြပ္ခနဲ ေမာ့ခ်လိုက္သည္။

ခက္ေဇာ္


Comments

Post a Comment