The Guys of Yangon,1930 (Part 26)
The Guys of Yangon,1930 (Part 26)
အခန်း(၂၇)
……………..
ဘီအိုအေစစ်ရုံးချုပ်ရှိ ဗိုလ်မှူးကြီးဆူဇူကီး၏ ရုံးခန်းထဲတွင် ဗိုလ်မှူးကြီးဆူဇူကီး၊ လမ်းမတော်ဖိုးတုတ်၊ ဘုန်းကြီးနဂါအိ တို့ ဝင်လာကြသည်။
"ဖိုးတုတ်..မင်းလည်း ကင်ပေတွေအကြောင်းသိတာပဲ။ ကင်ပေချုပ် မေဂျာဂျင်နရယ်မတ်ဆူအိုကာ ဆိုတဲ့လူက အရက်သောက်နေချိန်ပဲ စကားပြောလို့ကောင်းတာ။ ပြီးတော့ ဒီလူက တရုတ်မုန်းတီးရေးသမားကွ။ နန်ကင်းမှာ တုန်းက သူ့ကို ချန်ကေရှိတ်အဖွဲ့က တရုတ်တစ်ကောင်က သေနတ်နဲ့ချောင်းပြီး ပစ်ဖူးတယ်။ သူ့ ပုခုံးညှပ်ရိုးကို ထိသွားလို့..သူ့ပုခုံးကြီးတစ်ဖက်စောင်းနေတာပဲကြည့်။ အဲ့ဒီကတည်းက ဒီလူက တရုတ်မုန်းတီးရေးသမားဖြစ်သွားတာပဲ။ ဘွန်ရှုှကျင်းက ငါတို့ မီနာမီကီကန်းကို ငွေထောက်ပံ့ခဲ့တာတော့ မှန်တယ်။ ဒါပေမယ့် ဒီကင်ပေတွေက မီနာမီကီကန်းတွေ၊ ဘီအိုင်အေတွေ ဆို သူတို့ ခိုင်းဖတ်အဆင့်ပဲသဘောထားတာကွ။ သိပ်စာရင်းထဲ ထည့်တာမဟုတ်ဘူး။ ငါ့အနေနဲ့ကျပြန်တော့လည်း သူက ဗိုလ်ချုပ်ကွ။ ငါက ဗိုလ်မှူးကြီး။ အဆင့်က နှစ်ဆင့်ကွာနေတယ်။ ခက်တော့ ခက်တယ်ကွာ"
လမ်းမတော်ဖိုးတုတ် က ကြံရာမရဖြစ်နေသဖြင့် အံကိုကြိတ်ကာ သက်ပြင်းသာ ချနေသည်။
"ဖိုးတုတ်..ငါအကြံပေးချင်တာကတော့..မင်း ဗိုလ်မှူးကြီးနာစူ ဆီသွား၊ ဗိုလ်မှူးကြီးနာစူ နဲ့ လွန်ခဲ့တဲ့တစ်ပတ်ကမှ စစ်ရုံးကို ပြောင်းလာတဲ့ ဗိုလ်ချုပ်အီစာမူရာ ဟာ ဗိုလ်လောင်းသင်တန်းမှာ စီနီယာဂျူနီယာချင်းဖြစ်တဲ့အပြင် အရမ်းရင်းနှီးကြတယ်ကွ။ ဗိုလ်ချုပ်အီစာမူရာ နဲ့ ဂျန်နရယ်မတ်ဆူအိုကာ ကလည်း တစ်မြို့တည်းသား ငယ်သူငယ်ချင်းတွေလို့ စင်္ကာပူမှာတုန်းက ငါ ကြားဖူးတယ်။ ဗိုလ်မှူးကြီး နာစူူ က မင်းကို ကူညီနိုင်မယ်ထင်တယ်''
လမ်းမတော်ဖိုးတုတ် သည် ဘီအိုင်အေရုံးဖွင့်ထားသော ပတ်ဟိုတယ်မှ ထွက်ကာ အလုံလမ်းရှိ ဂျပန်စစ်ရုံးချုပ်သို့ ကားမောင်းလာခဲ့သည်။
ဗိုလ်မှူးကြီး နာစူ သည် အမှတ်(၁၅)ဂျပန်တပ်မတော်၏ မြန်မာပြည်ဆိုင်ရာစစ်အုပ်ချုပ်ရေးတာဝန်ခံဖြစ်ပြီး မြန်မာလူမျိုးများနှင့် ပလဲနံပ သင့်သူ ပညာတတ်တစ်ဦးလည်းဖြစ်သည်။
လမ်းတော်ဖိုးတုတ် နှင့်သာမက ဖိုးတုတ်ကတော် မသင်းမြ နှင့်ပါ ရင်းနှီးသူဖြစ်သည်။
မဟာယာနဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူဖြစ်ပြီး မြန်မာလူမျိုးတို့၏ ကိုးကွယ်မှုကို အထူးတလည် စိတ်ဝင်စားသူဖြစ်သည်။ ဘာသာရေးနှင့်ပတ်သက်ပြီး မသင်းမြ ထံ အမြဲတမ်း မေးမြန်းဆွေးနွေးတတ်သည်ဖြစ်သည်။
လမ်းမတော်ဖိုးတုတ်က ဗိုလ်မှူးကြီးနာဆူ ၏ ရုံးခန်းသို့ မရောက်ခင် နာရီပိုင်းအလိုတွင်ပင် ဗိုလ်မှူးကြီးနာဆူ အား မြန်မာပြည်သိမ်းစစ်ဆင်ရေးကြောင့် ဗိုလ်ချုပ်ရာထူးသို့ တဆင့်ကျော်ရာထူးတိုးသည့် အမိန့်စာဝင်လာခဲ့သည်။
ထို့ကြောင့် အသစ်စက်စက် ဗိုလ်ချုပ်နာစူ မှာ စိတ်လက်ရွှင်ပျနေသည်။
"ဦးဖိုးတုတ် နဲ့ ဒေါ်သင်းမြ ရဲ့ ဦးလေးဆိုတော့ ကျုပ် ကူညီရမှာပေါ့။ လူ့အသက်ဆိုတာ ကယ်ကောင်းပါတယ်။ အထူးသဖြင့် အဲ့ဒီ ကင်ပေကောင်တွေလက်က အသက်မျိုးက ပိုကယ်ကောင်းတယ်ဗျ..ကဲ..လာ..ဗိုလ်ချုပ်အီစာမူရာအခန်းကို သွားကြမယ်"
ဗိုလ်ချုပ်အီစာမူရာ သည် မျက်ပေါက်မှေးမှေးကျဉ်းကျဉ်း၊ အသားဖြူဖတ်ဖြူလျော်ဖြင့် လူကောင်ညှပ်ညှပ်ကလေးဖြစ်ကာ စစ်ဗိုလ်ချုပ်တစ်ယောက်ထက် နိုင်ငံရေးသမားတစ်ဦးနှင့် ပိုတူလေသည်။
စင်္ကာပူတွင်ရှိစဉ်က ဒေသခံများအပေါ် မောက်မာရိုင်းစိုင်းရာတွင် နာမည်ကျော်သူဖြစ်၏။
ယခုလည်း ဗမာပြည်စစ်မြေပြင်သို့ ဌာနလက်မဲ့ဖြင့် ပြောင်းရွှေ့လာရသူဖြစ်သည်။
အသစ်စက်စက် ဗိုလ်ချုပ်နာဆူ က အခန်းတွင်းသို့ အလေးပြုပြီး ဝင်လိုက်၏။
ဗိုလ်ချုပ်အီစာမူရာနှင့် ဗိုလ်ချုပ်နာဆုတို့ ဂျပန်စကားများဖြင့် အချင်းချင်းပြောဆိုနေကြသည်။
ဗိုလ်ချုပ်နာဆူ က အခန်းပြင်တွင် ရပ်နေသော ဖိုးတုတ်ကို ခေါ်လိုက်သည်။
ဗိုလ်ချုပ်အီဆာမူရာက အခန်းထဲတွင် သူ့ရှေ့တွင် မတ်တပ်ရပ်နေသော လမ်းမတော်ဖိုးတုတ်ကို ခြေစွန်းခေါင်းစွန်း သေချာကြည့်လိုက်သည်။
ထို့နောက် ဖိုးတုတ်ကို ဘာမှမပြောပဲ နာဆူ ဘက်သို့ လှည့်ကာ ဂျပန်လို စကားဆက်ပြန်နေကြ၏။
ငါးမိနစ်ခန့် စကားပြောပြီးနောက် ဗိုလ်ချုပ်နာဆူနှင့် လမ်းမတော်ဖိုးတုတ် တို့ ပြန်ထွက်လာကြသည်။
"သူခဏနေ ဂျန်နရယ်မတ်ဆူအိုကာကို ဖုန်းဆက်ပေးလိုက်မယ်..ဦးဖိုးတုတ်..ခင်ဗျားဦးလေး နဲ့ တရုတ်လူကြီးတွေ ပြန်လွတ်လာပါလိမ့်မယ်"
"ကျေးဇူးတင်ပါတယ်..မာစတာ"
"ကျုပ်ကို ကျေးဇူးမတင်နဲ့ဦးဗျ..ခင်ဗျား ကျေးဇူးတင်ရမှာ အီစာမူရာပဲ။ အီစာမူရာက သူ ဒီနေ့လုပ်ပေးခဲ့တာတွေအတွက်
…………………………………………………………………………..
ဦးဘွန်ရှုကျင်းနှင့် ဦးကေဘာကြီး အပါအဝင် တရုတ်လူကြီးအချို့ ပြန်လွတ်လာကြသည်။
သို့သော် ကံဆိုးသူ အခြားတရုတ်လူကြီး (၅)ဦးမှာမူ ကြံတောသုသာန်တွင် ဂျပန်များက သေနတ်ဖြင့် ပစ်သတ်သည်ကို ခံလိုက်ကြရ၏။
ဦးပီကေချောင်း ၊ ဦးကေဘာကြီး၊ ဘွန်ရှုကျင်းတို့က ဖိုးတုတ်ကို ကျေးဇူးတင်စကားပြောကြသည်။
"ဦးလေးတို့ ဒီတိုင်းဆို ဂျပန်က တရုတ်တွေကို လိုက်ဖမ်း၊ လိုက်သတ်နေဦးမှာပဲ၊ ဒီတော့ မြန်မာပြည်မှာ နေတဲ့ ဦးလေးတို့ တရုတ်သူဌေးတွေ၊ လူကြီးလူကောင်းတွေ စုပြီးတော့..ဂျပန်ကို မဆန့်ကျင်ကြောင်း ဂျပန်စစ်တပ် သိအောင် တစ်ခုခု လုပ်ရမှရမယ်ထင်တယ်"
"ဟုတ်တယ်..ဖိုးတုတ်..ငါလည်း အဲ့ဒါ စဉ်းစားမိတယ်..မင်းကတော့ ရင်းနှီးမြုပ်နှံတာ မှန်သွားပေမယ့်..ငါကတော့ တရုတ်ဖြစ်နေလို့…အသတ်မခံရတာကံကောင်းကွ။ ငါ အခု စဉ်းစားမိတယ်။ အခု ဂျပန်စစ်ရုံးမှာ ရာထူးအကြီးဆုံးစကားပြန်ဖြစ်နေတဲ့ လီဟိုတန် ဆိုတာ ငါတို့ ဖော်မိုဆာတရုတ်ပဲ။ သူနဲ့ တိုင်ပင်ပြီး တစ်ခုခုလုပ်လိုက်မယ်"
နောက်တလခန့်အကြာတွင် ဂျပန်အစိုးရနှင့် ဆက်ဆံပြီး တရုတ်အမျိုးသားများကို ကာကွယ်ရေးအတွက် ဗြန်ဟပ်တွေ အမည်ရှိအသင်းကြီးကို လတ္တာလမ်း၊ အောက်ဘလောက်ရှိ ကွက်သစ်ဘုံကျောင်းတွင် ဦးပီကေချောင်၊ ဦးစပ်စု၊ ဦးလီဟိုတန် နှင့် ဦးဘွန်ရှုကျင်းတို့မှ ဖွဲ့စည်းတည်ထောင်လိုက်လေတော့သည်။
………………………………………………………………………………………………………………………
၁၉၄၂ ဧပြီလ (၁၃)ရက်တွင် ဒေါက်တာဘမော် သည် မိုးကုတ်ထောင်မှ ထွက်ပြေးလွတ်မြောက်သွားသည်။
ဂျပန်ကင်ပေတိုင်အရာရှိ ဗိုလ်ကြီးမိုရီ ၊ ဒေါက်တာဘမော်၏ တပည့် ဓားမဦးဘသိန်း တို့က ရှာဖွေတွေ့ရှိပြီး ဒေါက်တာဘမော် အား မိသားစုရှိရာ မန္တလေးသို့ ခေါ်ဆောင်လာနိုင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဘီအိုင်အေ နှင့် သခင်ထွန်းအုပ်ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့ကြား တွင်လည်း ပြသနာများဆက်တိုက်ဖြစ်ပွားနေကြသည်။
ဂျပန်စစ်တပ်က မြန်မာပြည်ကို လွတ်လပ်ရေးပေးပြီးနောက် အုပ်ချုပ်မည့် အစိုးရအဖွဲ့တစ်ခု ဖွဲ့စည်းရေးအတွက် ဆွေးနွေးရာ နှစ်ခြမ်းကွဲနေသော တို့ဗမာအစည်းအရုံး မှ ဗစိန်ထွန်းအုပ်ဂိုဏ်း နှင့် သခင်ကိုယ်တော်မှိုင်းဂိုဏ်း သခင်များအကြား ညှိနှိုင်းမရဖြစ်နေ၏။
ဘီအိုင်အေတည်းဟူသော စစ်တပ်၏ အမြင့်ဆုံးရာထူးကို မှိုင်းသခင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းက ရယူထားပြီး အရပ်ဘက်အုပ်ချုပ်ရေးအမြင့်ဆုံးရာထူးကို ဗစိန်ထွန်းအုပ်ဂိုဏ်းခေါင်းဆောင် သခင်ထွန်းအုပ်က ရယူထားသည်။
နောက်ထပ် ပြသနာတစ်ခုကား ရှိသေးသည်။
သခင်ထွန်းအုပ်သည် ရဲဘော်သုံးကျိပ်အဖြစ် ဟိုင်နန်ကျွန်းသို့ လိုက်သွားသည့်အခါ အုပ်ချုပ်ရေးပညာကိုသာ အဓိက သင်ယူခဲ့သည်။
သို့သော် သုံးလေးလမျှသာ သင်ယူခဲ့သည့် အုပ်ချုပ်ရေးပညာသည် စစ်ပြီးစ တိုင်းပြည်တစ်ပြည်ကို လက်တွေ့အုပ်ချုပ်ရသည့်အခါ မည်သို့မျှ မထိန်းသိမ်းနိုင်ခဲ့။
ထို့ကြောင့် ဂျပန်စစ်တပ်က အကြံပေးများဖြင့် ဖွဲ့စည်းသော စစ်အုပ်ချုပ်ရေးကို ထူထောင်ထားရသည်။
သခင်ထွန်းအုပ်၊ သခင်ဗစိန်တို့ကလည်း ဂျပန်က လွတ်လပ်ရေးပေးပြီးသည့်အခါ အုပ်ချုပ်မည့် အစိုးရအဖွဲ့တစ်ခုကို ဖွဲ့ရန် အသည်းအသန်တိုင်ပင်နေကြသည်။
သို့သော် အစိုးရဖွဲ့သည့်အရေးတွင် သခင်နှစ်ဂိုဏ်းကြား နေရာအဝေမတည့်မှုများကြောင့် သခင်ခေါင်းဆောင်အကြား ညှိနှိုင်းမရအောင်ဖြစ်နေ၏။
အစိုးရအဖွဲ့တွင် သခင်ထွန်းအုပ်ကို ခေါင်းဆောင်စေလိုသူနှင့် သခင်မြကို ခေါင်းဆောင်စေလိုသူ နှစ်အုပ်စုမှာ အသည်းအသန် ဝိဝါဒကွဲလျက်ရှိသည်။
ဂျပန်စစ်တပ်ကလည်း မြန်မာပြည်ကို သိမ်းပြီးခါစတွင် သခင်ထွန်းအုပ် ၏ အတွေ့အကြုံနည်းပြီး မပြည့်ဝသေးသည့် အုပ်ချုပ်ရေးပညာညံဖျင်းမှုကို မျက်မြင်တွေ့ပြီးဖြစ်သဖြင့် အုပ်ချုပ်ရေး အာဏာကို အပ်ရန် စိုးရိမ်နေသည်။
ထိုအချိန်တွင် ဒေါက်တာဘမော် က ပြန်လည်ပေါ်ပေါက်လာသည်။
ဒေါက်တာဘမော် သည် အင်္ဂလိပ်ခေတ်တွင် နန်းရင်းဝန်လုပ်ခဲ့ဖူးပြီး အုပ်ချုပ်ရေးပညာ ကျွမ်းကျင်သည်ကို သခင်နှစ်ဖွဲ့လုံးက လက်သင့်ခံထားရသည်။
တော်လှန်ရေးသမားများဘဝမှ လပိုင်းအတွင်း စစ်ပြီးစ ပျက်နေသော တိုင်းပြည်ကို ကိုင်တွယ်ရသည့် အခက်အခဲများကို သခင်ထွန်းအုပ်အုပ်စုရော ၊ ဘီအိုင်အေမှ ဗိုလ်ချုပ်အောင်ဆန်းတို့ ပါ ကြုံတွေ့ရပြီးဖြစ်သည်။
ထို့ကြောင့် နောက်ဆုံးတွင် အုပ်ချုပ်ရေးအတွေ့အကြုံရှိပြီး ပညာတတ်နိုင်ငံရေးသမားဖြစ်သူ ဒေါက်တာဘမော် ကို သခင်နှစ်ဖက်လုံးက အဆိုပြုလိုက်ရတော့သည်။
၁၉၄၂ ခုနှစ် မေလ (၂၁)ရက်နေ့တွင် မြန်မာပြည်သိမ်း အမှတ်(၁၅)ဂျပန်တပ်မတော် စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီးအီဒါးက ဗမာပြည်အုပ်ချုပ်ရေးစီစဉ်မှုအဖွဲ့ကော်မတီခေါင်းဆောင်အဖြစ် ဒေါက်တာဘမော်ကို ခန့်အပ်လိုက်ပြီး အဖွဲ့ဝင်အဖြစ် ဒေါက်တာသိန်းမောင်၊ ဦးဘဖေ၊ သခင်မြ၊ သခင်နု၊ သခင်သန်းထွန်း၊ သခင်ထွန်းအုပ်၊ သခင်ဗစိန်၊ သခင်ထွန်းအောင်၊ ဗန္ဓုလဦးစိန်၊ ဦးဘဝင်း၊ ဓါးမဦးဘသိန်း၊ ဦးလှဖေ တို့နှင့် ပြင်ဦးလွင်မြို့တွင် ဖွဲ့စည်းလိုက်ကြောင်းကြေညာလိုက်လေသည်။
ဂျပန်ခေတ် ဗမာပြည်၏ နိုင်ငံရေးကား အချိုးအကွေ့တစ်ခု ထပ်မံဖြစ်လာပေပြီ။
…………………………………………………..
၁၉၄၂ ဇွန်လ။
လမ်းမတော်ဖိုးတုတ် သည် သူ့တပည့်များဖြစ်သော စံဘ၊ မောင်မောင်၊ ထွန်းရင် တို့ ကို ဂျပန်ဝါဒဖြန့်ချီရေးဌာနမှူး ဗိုလ်မှူးကြီး ကိုဘာယာရှိကြီးမှူးဖွင့်လှစ်သော ဂျပန်ဘာသာသင်တန်းကျောင်း တွင် ဂျပန်စကားသွားရောက်သင်စေသည်။
အင်္ဂလိပ်ခေတ်ကကဲ့သို့ ဟိုတယ်များ၊ ဘိန်းခန်းများ၊ အရက်ဆိုင်များ များစွာ မဖွင့်လှစ်တော့သော်လည်းရွှေတိဂုံဘုရားခြေရင်းပတ်ချာလည်တွင်ဖြစ်ထွန်းသော မှောင်ခိုဈေးကြီး သည် လမ်းမတော်ဖိုးတုတ် တို့ ပုလိပ်လူမိုက် အဖွဲ့၏ အစောင့်အရှောက်ခံဖြစ်လာသဖြင့် ဖိုးတုတ်အဖွဲ့၏ ဝင်ငွေမှာ ယိမ်းယိုင်မသွားခဲ့။
စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနတွင် ကြီးကြပ်ရေးမှူးလုပ်နေသည့် အုန်းဖေ မှာလည်း ဂျပန်စကားကို အတော်အသင့် နားလည်တတ်ကျွမ်းနေပြီဖြစ်ပြီး ဂျပန်စစ်တပ်နှင့် ဘီအိုင်အေ၏ အောက်ခြေစစ်သားများထံမှ ရသော သတင်းစကားများကို ဖိုးတုတ် ထံ ပြန်လည်သတင်းပို့နေသည်။
ဖိုးတုတ်၏ နောက်ထပ်စီးပွားရေးတစ်ခုမှ ရန်ကုန်မြို့သို့ ပြန်ဝင်လာနားကြသော ဂျပန်စစ်သားများမှ စစ်ပွဲတွင် သိမ်းဆည်းလုယက်လာကြသည့် ပစ္စည်းများကို သူခိုးလက်ခံလုပ်ပေးခြင်းပင်။
ထိုအလုပ်ကို အဓိက ကူညီချိတ်ဆက်ပေးသူမှာ အုန်းဖေဖြစ်သည်။
ဂျပန်ပိုက်ဆံနှင့် အင်္ဂလိပ်ရူပီငွေ မှောင်ခိုလဲလှယ်သည့်လုပ်ငန်းကိုလည်း ပုလိပ်အဖွဲ့အမည်ခံအောက်တွင် အကြီးအကျယ်လုပ်ကိုင်လျက်ရှိသည်။
ထိုအလုပ်အတွက်မူ ခေတ်ပညာ ကိုးတန်းအထိ တက်ဖူးသော မောင်မောင်က တာဝန်ယူသည်။
ဇွန်လ ၅ ရက်နေ့၊ မိုးက သဲသဲမဲမဲရွာနေသည်။
လမ်းမတော်ဖိုးတုတ်၊ ဂန္ဓမာသောင်းရီ နှင့် မေဂျာဆာတိုး တို့သည် ဂျပန် စစ်ဘက်မှ အသစ်ပြန်လည်ဖွင့်လှစ်ထားပြီ ဖြစ်သော စတန်းဟိုတယ်တွင် မှောင်ခိုဈေးမှ ရသော ဂျမေကာရမ် အရက်အား သောက်နေကြသည်။
စင်မြင့်ထက်ဆီမှ ကိုရီးယားအကမယ်လေး၏ ဂျပန်သီချင်းသံနှင့် ဘင်ဂျိုသံက စွဲစွဲငင်ငင်က ထွက်လာသည်။
ထိုအချိန်တွင် ဟိုတယ်ရှေ့သို့ ကားတစ်စီးဆိုက်လာပြီး ကားပေါ်မှ ချိုက်ဟုန်၊ မသောင်းနှင့် ဂျပန်အမျိုးသမီး တစ်ဦးဆင်းလာပြီး စတန်းဟိုတယ်ထဲသို့ ဝင်သွား၏။
ဟိုတယ်တွင်းရောက်သောအခါ ဂန္ဓမာသောင်းရီမှာ အပြေးအလွှားထပြီး ဂျပန်အမျိုးသမီးကို နှုတ်ဆက်ဖေးမလေသည်။
မေဂျာဆာတိုး နှင့်ဂျပန်အမျိုးသမီးမှာလည်း ရင်းရင်းနှီးနှီးရှိကြသည်။
ထိုအမျိုးသမီးကား ဂန္ဓမာသောင်းရီနှင့် အမျိုးသမီးနှစ်ဦး စစ်ပြေးစဉ် သံလျင်တွင် လက်ခံထားခဲ့သော ဂျပန်အမျိုးသမီး နိုဘူစံ။
"ဖိုးတုတ်ရေ..ငါတို့ နိုဘူစံ နဲ့ လိုက်သွားပေးလိုက်ဦးမယ်..သူ့ယောက်ျား မစ္စတာစမစ်ကို ရှာတွေ့ပြီတဲ့ကွာ။ ဂျပန်ဝင်လာတော့ သူ့ကို ရန်ကုန်ထောင်ထဲ ထည့်ထားတာ အခု နေမကောင်းဖြစ်လို့ ဘီအိုင်အေဆေးရုံမှာ တင်ထားရင်း တွေ့တဲ့သူက လာပြောတာတဲ့။ အဲ့ဒါ သူ့ကို လွှတ်ပေးဖို့..မေဂျာဆာတိုး နဲ့ ငါနဲ့ ကင်ပေတိုင် ရုံးကို ခဏသွားလိုက်ဦးမယ်၊ မသောင်းတို့ စီးလာတဲ့ကားက အိမ်ဘေးက ဂျပန်ကားကို အကူအညီတောင်းပြီး စီးလာကြတာ..အဲ့ဒါ ဆေးရုံကို သွားဖို့ မင်းကားနဲ့ လိုက်ပို့ပေးပါလား"
မကြာမီ ဖိုးတုတ် က မစ္စနိုဘူစံ၊ မသောင်း၊ ချိုက်ဟုန် အမျိုးသမီး သုံးဦးကို တင်လျက် ရွှေတိဂုံဘုရားအနီး ဂေါ်ရာကုန်းတွင်ရှိသော ဘီအိုင်အေဆေးရုံကြီးသို့ မောင်းထွက်ခဲ့လေတော့သည်။
ဘီအိုအေဆေးရုံအဆောက်အဦကြီးမှာ ကြီးမားထည်ဝါလှသည်။
စိမ်းလန်းသောမြက်ခင်းပြင်ကြီးနှင့် သစ်ရိပ်ဝါးရိပ်များက ပတ်ချာလည်ဝိုင်းထား၏။ ဆေးရုံမြောက်ဘက်တွင် အလံပြဘုရားကို လှမ်းမြင်နေရသည်။
ဖိုးတုတ်နှင့် မိန်းမတသိုက် ဆေးရုံကြီးထဲသို့ ဝင်လိုက်သည်နှင့် ဟောင်းနွမ်းစုတ်ပြတ်နေသော စစ်ဝတ်စုံများဖြင့် ဒဏ်ရာရ ဘီအိုင်အေ စစ်သည်များကို ကုတင်များပေါ်တွင် တွေ့ရလေတော့သည်။
အချို့ရဲဘော်များမှာ ငှက်ပျောသီးပြုတ်ရည်များကိုသာ သောက်နေကြရလေသည်။
တာဝန်ကျ သူနာပြု အား မသောင်းက မစ္စတာစမစ်အကြောင်းကို မေးကြည့်လိုက်သည်။
မစ္စတာစမစ် သည် ကင်ပေတိုင်မှ လာပို့သည့် အကျဉ်းသားဖြစ်သည့်အတွက် ဆေးရုံအုပ်ကြီး ဒေါက်တာဘသန်းနှင့် ဆေးရုံကို တွဲဖက်ကွပ်ကဲနေသော မေဂျာဂျန်နရယ်ဒေါက်တာဆူဇူကီး ၏ ရုံးခန်းဘေးအခန်းတွင် သီးသန့်ထားကြောင်း သိရလေသည်။
အမျိုးသမီးသုံးဦး ကို သူနာပြုက အခန်းစောင့်ကင်ပေတိုင်တစ်ဦးနှင့်တွေ့ပေးလေသည်။
မစ္စနိုဘူစံက ဂျပန်အမျိုးသမီးဖြစ်သဖြင့် ကင်ပေတိုင်က ပေးတွေ့လိုက်ဟန်တူ၏။
အပေါ်ထပ်အခန်းသို့ လေးဦးလုံး တက်ရောက်ခွင့်ရသွားလေသည်။
အခန်းထဲတွင် ခြေထောက်နှင့် လက်များကို သံကြိုးခတ်ထားသော အသက်(၅၀)အရွယ် အင်္ဂလိပ်တစ်ဦးအား တွေ့ရ၏။
မစ္စနိုဘူ ၏ ရှိုက်ငိုသံမှာ အပြင်ဘက်သို့ ပင် လျှံကျလာ၏။
ဖိုးတုတ်မှာ အခန်းအပြင်ဘက် ကော်ရစ်တာတွင် မတ်တပ်ရပ်ရင်း ထိုမြင်ကွင်းကို ကျောခိုင်းကာ အလံပြဘုရားဘက်သို့ ငေးနေသည်။
ထိုအချိန်တွင် ဖိုးတုတ် ၏ ပခုံးကို ရုတ်တရက်စောင့်ထွန်းခံလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ခပ်ပိန်ပိန် ကုလားတစ်ဦး တွေ့ရလေသည်။
"မင်း ဘယ်ကကောင်လဲ။ ဒီနေရာကို အပြင်လူ မလာရဘူးဆိုတာ မသိဘူးလား"
ကုလားက ပြောပြောဆိုဆိုဖြင့် ဖိုးတုတ် ပါးကို လှမ်းရိုက်လိုက်သည်။ ဖိုးတုတ်က ကုလား၏ လက်ကို လက်ဖျံဖြင့် ပယ်ထုတ်လိုက်ရာ ကုလားမှာ ဟန်ချက်ပျက်သွား၏။
ထိုအချိန်တွင် ဂျပန်ဆေးတပ်ယူနီဖောင်းဝတ်ထားသော အရာရှိကြီးက ဖိုးတုတ် အား ဓါးရှည်ဖြင့် ရွယ်ထားလိုက်လေတော့သည်။
သူတို့နောက်တွင် မြန်မာလူမျိုး ဆရာဝန်နှင့် သူနာပြုများရောက်လာကြသည်။
"ဘာဖြစ်ကြတာလဲ..ဘာဖြစ်ကြတာလဲ...."
မြန်မာဆရာဝန်ကြီးက ဖိုးတုတ်ကို မေးသည်။
"ကျွန်တော် က ဒီအခန်းထဲ လူနာလာမေးတဲ့ အမျိုးသမီးတွေ ကို လိုက်ပို့ပေးတာပါ"
ထိုအချိန်တွင် ချိုက်ဟုန်က အခန်းထဲမှ ထွက်လာပြီး ဂျပန်စစ်ဗိုလ်ကြီးအား ဂျပန်စကားဖြင့် ပြောပြလေသည်။ ကင်ပေအရာရှိကလည်း ဝင်ပြော၏။
ထိုအခါမှ ဂျပန်ဗိုလ်နှင့် သူ့တပည့်ကုလားသည် ဘေးနားတွင်ရှိသော သူ့ ရုံးခန်းထဲသို့ ဝင်သွားလေတော့သည်။
ဆရာဝန်ကြီးက ဖိုးတုတ် ၏ မျက်နှာအား သေချာကြည့်ရှု့ရင်း
"ဘာမှ တော့ မဖြစ်ဘူးမဟုတ်လား..ကိုယ့်လူ။ ခုန ဂျပန်ဗိုလ်က ဆေးတပ်ဗိုလ်ချုပ်ဒေါက်တာဆူဇူကီး ပေါ့။ ဒီဆေးရုံမှာ ရုံးလာထိုင်ပြီး အာဏာပြပြနေတာ။ ကိုယ့်လူကို ပါးရိုက်ဖို့လုပ်တဲ့ကုလားဒိန်က ဂျီဝဲ တဲ့။ ဆူဇူကီးရဲ့ စကားပြန်လေ။ ဒီကောင်က ဒီဆေးရုံမှာ ဗိုလ်ကျနေတာ။ ကျုပ်တို့ ဆရာဝန်တွေတောင် သူ့ကြောက်ရမလိုပဲ။ ဆေးရုံလာတက်တဲ့ ဘီအိုင်အေရဲဘော်တွေကိုဆိုရင်လည်း ဒီကောင် ချွန်တွန်းလုပ်လို့ ကင်ပေတိုင်က လာဖမ်းပြီး အသတ်ခံကြရတာမနည်းဘူး။ ဒီကောင့်ကြောက်နေကြရတယ်။ တကယ့် စိတ်ညစ်စရာအကောင်ပါ"
ဆရာဝန်ကြီးက ညည်းညူရင်း..ဖိုးတုတ်ပုခုံးကို ပုတ်ကာ ထွက်သွား၏။
ခဏအကြာတွင် ဂျပန်ကင်ပေတိုင်ရုံးမှ မေဂျာအကီရာမ ၊ မေဂျာဆာတိုးနှင့် ဂန္ဓမာသောင်းရီတို့ ဆေးရုံသို့ရောက်လာသည်။
မေဂျာအကီရာမက မစ္စတာစမစ်အား လွှတ်ပေးလိုက်ပြီဖြစ်ပြီး ဆေးရုံဆင်းပါက ဇနီးဖြစ်သူ နိူဘူစံ နှင့် ပြန်လည်နေထိုင်နိုင်ကြောင်း၊ သို့သော် မစ္စတာစမစ်မှာ နေအိမ်အကျယ်ချုပ်ဖြင့်နေရမည်ဖြစ်ကြောင်း ပြောကာ လက်ထိပ်များ၊သံကြိုးများကို ဖြုတ်ပေးပြီး ပြန်သွား၏။
ဖိုးတုတ်လည်း ဂန္ဓမာသောင်းရီနှင့် အမျိုးသမီးများကို ထားရစ်ကာ လမ်းမတော်သို့ ပြန်လာခဲ့လေသည်။
လမ်းမတော်သို့ ရောက်သည်နှင့် မောင်မောင် ၊ စံဘ၊ ထွန်းရင် တို့ကို ခေါ်လိုက်သည်။
"မောင်မောင် ..မင်းက တာမွေအောင်ဘ ဆီသွား ၊ ညနေကျရင် ပုဇွန်တောင်က ငါသုံးနေကျ ကိုစိုးမောင် ဆန်စက်ကို စက်ဖွင့်ပြီး လည်ထားပေးလို့"
မောင်မောင်ထွက်သွားသည်။
"စံဘ နဲ့ ထွန်းရင်။ မင်းတို့ ဒီညနေ ဂေါ်ရာကုန်းက ဘီအိုင်အေဆေးရုံကြီးကိုသွား၊ ကုလားဂျီဝဲ ဆိုတာကို ရတဲ့နည်းနဲ့ မလာခဲ့။ ပြီးရင် ဒီကောင့်ကို ပုဇွန်တောင်က ကိုစိုးမောင်ဆန်စက်ကို ခေါ်သွားပြီး စက်ထဲ ပစ်ထည့်လိုက်ကွာ"
ထိုနေ့က စပြီး ရန်ကုန် ဘီအိုင်အေဆေးရုံကြီးတွင် ဂျီဝဲ ဆိုသော ကုလားမှာ လုံးဝပျောက်ဆုံးသွားလေတော့သည်။
သူ့ဆရာဖြစ်သူ ဒေါက်တာဆူဇူကီးမှာလည်း တပည့်ဖြစ်သူ ဂျီဝဲ အား အစအနရှာမရသဖြင့် စကားပြန်အမျိုးသမီး အသစ်တစ်ယောက် ခေါ်ခန့်လိုက်လေတော့သည်။
…………………………………………………………………………………………………………………
၁၉၄၃ ဇူလိုင်လ။
ဒေါက်တာဘမော် နှင့် ဗမာပြည်အုပ်ချုပ်ရေးစီစဉ်မှုအဖွဲ့ကော်မတီခေါင်းဆောင်များသည် ရန်ကုန်မြို့သို့ ဝင်ရောက်လာပြီဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးနီးပါးကို ဂျပန်တို့ သိမ်းပိုက်မိပြီဖြစ်သည်။
အုပ်ချုပ်ရေးများ တည်ငြိမ်စပြုလာပြီး ဂျပန်မှ လွတ်လပ်ရေးပေးမည်ဟူသော အသံများထွက်လာချိန် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၏ အာမခံချက်ဖြင့် ဗြိတိသျှအစိုးရလက်ထက်က အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်ခဲ့သော အမှုထမ်း၊ အရာထမ်းများကလည်း မြို့ပေါ်သို့ တဖြည်းဖြည်း ပြန်တက်လာကြသည်။
ရန်ကုန်မြို့တွင် ဒေါက်တာဘမော် ၏ ဓါးမအဖွဲ့များမှာ သခင်အဖွဲ့များနည်းတူ တဖြည်းဖြည်း ဘုန်းတန်ခိုး ပြန်ကြီးလာကြသည်။
ရန်ကုန်မြို့ပေါ်တွင် ဓါးမအဖွဲ့နှင့်အတူ ဒေါက်တာဘမော် ကျောထောက်နောက်ခံဖြစ်သော လူသုံးဦး နာမည်ကြီးလာခဲ့သည်။
သူတို့ကား ဒေါက်တာဘမော်၏ သက်တော်စောင့် ဦးမြကြင် ၊ ဒေါက်တာဘမော်၏ လူယုံ ဗန္ဓုလဦးစိန်၏ တူတော်သူ ပုသိမ်ညွန့်ဘဘိုး နှင့် ဓါးမဦးဘသိန်း၏ တပည့် ဓါးမစောထွန်း တို့ပင်ဖြစ်သည်။
ပထမကမ္ဘာစစ်ပြန်ကြီးဖြစ်သော ဦးမြကြင် သည် သေနတ်များကို ကျင်လည်စွာပစ်ခတ်တတ်သူဖြစ်သည်။
ပုသိမ်ညွန့်ဘဘိုးမှာလည်း သေနတ်ပစ်ခြင်းကို ဦးမြကြင် ထံမှ အထူးသင်ယူထားပြီး လက်ဖြောင့်သည် ဟု နာမည်ကြီးလာသည်။
ဓါးမစောထွန်းမှာ စစ်ကြိုခေတ်က ဒေါက်တာဘမော်၏ ဓါးမပါတီမှ ဖွဲ့ထားသော ဓါးမတပ်ဖွဲ့တွင် လက်ရဲဇတ်ရဲသဖြင့် ဓါးမစစ်သူကြီးဘွဲ့ ရထားသူဖြစ်သည်။
ပုသိမ်ညွန်ဘဘိုး သည် ဒေါက်တာဘမော် ၊ ဗန္ဓုလဦးစိန်တို့ နောက်လာမည့် ဗမာပြည်အစိုးရတွင် နေရာရလာမည့်သူတို့၏ ကျောထောက်နောက်ခံလည်း ရှိခဲ့ပြီ။
ဆရာရင်းဦးမြကျင်နှင့် ဓားမစောထွန်းတို့ ကဲ့သို့ အားကိုးရမည့်သူများလည်း ရထားပြီဖြစ်သည့်အတွက် နောက်တက်မည့် အစိုးရလက်ထက်တွင် ရန်ကုန်လူမိုက်လောက ကို စိုးမိုးရန် ကြံစည်နေပြီဖြစ်သည်။
ပုလိပ်မင်းကြီးဖြစ်နေသော လမ်းမတော်ဖိုးတုတ် နှင့် ဂျပန်မေဂျာ၏ ကိုယ်ရေးအရာရှိဖြစ်နေသော ဂန္ဓမာသောင်းရီ တို့အပါအဝင် ဖိုးတုတ်တပည့်များ၏ နောက်ကြောင်းကို တိတ်တိတ်စုံစမ်းနေ၏။
၁၉၄၃ ဇူလိုင်လ ၁၀ ရက်၊ ညနေခင်း။
ထူးထူးခြားခြား တစ်နေ့လုံးနီးပါး မိုးများ အုံ့မှိုင်းနေသော်လည်း တစ်နေ့လုံး မိုးဖွဲဖွဲပင် မကျသည့် နေ့ဖြစ်သည်။
ဗိုလ်မှူးကြီးစူဇူကီး ၏ ကားကလေးသည် လမ်းမတော်ဖိုးတုတ် နေထိုင်ရာအိမ်ရှေ့သို့ ဆိုက်ရောက်လာလေသည်။
ဗိုလ်မှူးကြီးစူဇူကီး လက်ထဲတွင် စာလိပ်တစ်လိပ်ပါလာ၏။
လမ်းမတော်ဖိုးတုတ် ထွက်ကြိုဆိုသည်။
"အိမ်ထဲဝင်ပါဦး..မာစတာ"
"မဝင်တော့ဘူး..ဖိုးတုတ်။ ဘီအိုင်အေကနေ ထုတ်လိုက်တဲ့ အမိန့်လာပေးတာ"
"အရင်လို ရုံးလုလင်ပေးခိုင်းလည်းရတာကို..မာစတာရယ်..တကူးတကလာရတယ်လို့"
"မဟုတ်ဘူး..ဖိုးတုတ်..ငါမင်းကို တစ်ခါတည်း လာနှုတ်ဆက်တာ"
"ဗျာ"
"အေး..ဟုတ်တယ်…ငါ ဂျပန်ဘုရင့်ကိုယ်ရံတော်ဌာနချုပ်ကို ပြောင်းရတော့မယ်။ နောက် တစ်ရက်နှစ်ရက်ဆို ငါ မြန်မာနိုင်ငံက ထွက်သွားရတော့မယ်''
ဖိုးတုတ် က ဗိုလ်မှူးကြီးစူဇူကီးကို ကြည့်ကာ ဘာပြောရမှန်းမသိဖြစ်နေ၏။ သူ့အပေါ်ကျေးဇူးရှိခဲ့သော စစ်ဗိုလ်ကြီးပင် မဟုတ်လား။
"အေး..အမိန့်စာ ဖတ်ကြည့်ပြီး လုပ်စရာရှိတာ လုပ်လိုက်ဦး..ငါသွားပြီ"
ဗိုလ်မှူးကြီးစူဇူကီးက ကားပေါ်တက်ကာ ပြန်လည်ထွက်ခွာသွားသည်။
ဖိုးတုတ်က လက်ထဲတွင် ရှိသော ဂျပန်ဘာသာစကားဖြင့်ရေးထားသည့် အမိန့်စာနှင့် တွဲလျက်ပါသည့် မြန်မာဘာသာပြန်အမိန့်ကို ဖတ်ကြည့်လိုက်သည်။
"ရန်ကုန်မြို့တော်အုပ်ချုပ်ရေးအဖွဲ့၊ မြို့တော်ရာဇဝတ်ဌာန လက်အောက်ရှိ မြို့တော်ပုလိပ်တပ်ဖွဲ့(ယာယီ) အား အပြီးဖျက်သိမ်းခြင်း"
နောက်ထပ် ပါလာသော အမိန့်တစ်ခုကို ထပ်ဖြန့်ကြည့်လိုက်သည်။
"ရန်ကုန်မြို့တော်ပုလိပ်အဖွဲ့(ယာယီ) ၏ ပုလိပ်မင်းကြီး ဦးဖိုးတုတ်အား ရာထူးမှ ရပ်စဲခြင်း"
ထိုအချိန်တွင် ကောင်းကင်မှ မိုးများက ဝေါခနဲ ရွာချလိုက်သဖြင့် ဖိုးတုတ်သည် အမိန့်စာနှစ်ရွက်ကို ကိုင်ကာ အိမ်ထဲသို့ ပြေးဝင်သွားလေတော့သည်။
ခက်ဇော်
(zawgyi)
The Guys of Yangon,1930 (Part 26)
အခန္း(၂၇)
……………..
ဘီအိုေအစစ္႐ုံးခ်ဳပ္ရွိ ဗိုလ္မႉးႀကီးဆူဇူကီး၏ ႐ုံးခန္းထဲတြင္ ဗိုလ္မႉးႀကီးဆူဇူကီး၊ လမ္းမေတာ္ဖိုးတုတ္၊ ဘုန္းႀကီးနဂါအိ တို႔ ဝင္လာၾကသည္။
"ဖိုးတုတ္..မင္းလည္း ကင္ေပေတြအေၾကာင္းသိတာပဲ။ ကင္ေပခ်ဳပ္ ေမဂ်ာဂ်င္နရယ္မတ္ဆူအိုကာ ဆိုတဲ့လူက အရက္ေသာက္ေနခ်ိန္ပဲ စကားေျပာလို႔ေကာင္းတာ။ ၿပီးေတာ့ ဒီလူက တ႐ုတ္မုန္းတီးေရးသမားကြ။ နန္ကင္းမွာ တုန္းက သူ႔ကို ခ်န္ေကရွိတ္အဖြဲ႕က တ႐ုတ္တစ္ေကာင္က ေသနတ္နဲ႔ေခ်ာင္းၿပီး ပစ္ဖူးတယ္။ သူ႔ ပုခုံးညႇပ္႐ိုးကို ထိသြားလို႔..သူ႔ပုခုံးႀကီးတစ္ဖက္ေစာင္းေနတာပဲၾကည့္။ အဲ့ဒီကတည္းက ဒီလူက တ႐ုတ္မုန္းတီးေရးသမားျဖစ္သြားတာပဲ။ ဘြန္ရႈွက်င္းက ငါတို႔ မီနာမီကီကန္းကို ေငြေထာက္ပံ့ခဲ့တာေတာ့ မွန္တယ္။ ဒါေပမယ့္ ဒီကင္ေပေတြက မီနာမီကီကန္းေတြ၊ ဘီအိုင္ေအေတြ ဆို သူတို႔ ခိုင္းဖတ္အဆင့္ပဲသေဘာထားတာကြ။ သိပ္စာရင္းထဲ ထည့္တာမဟုတ္ဘူး။ ငါ့အေနနဲ႔က်ျပန္ေတာ့လည္း သူက ဗိုလ္ခ်ဳပ္ကြ။ ငါက ဗိုလ္မႉးႀကီး။ အဆင့္က ႏွစ္ဆင့္ကြာေနတယ္။ ခက္ေတာ့ ခက္တယ္ကြာ"
လမ္းမေတာ္ဖိုးတုတ္ က ႀကံရာမရျဖစ္ေနသျဖင့္ အံကိုႀကိတ္ကာ သက္ျပင္းသာ ခ်ေနသည္။
"ဖိုးတုတ္..ငါအႀကံေပးခ်င္တာကေတာ့..မင္း ဗိုလ္မႉးႀကီးနာစူ ဆီသြား၊ ဗိုလ္မႉးႀကီးနာစူ နဲ႔ လြန္ခဲ့တဲ့တစ္ပတ္ကမွ စစ္႐ုံးကို ေျပာင္းလာတဲ့ ဗိုလ္ခ်ဳပ္အီစာမူရာ ဟာ ဗိုလ္ေလာင္းသင္တန္းမွာ စီနီယာဂ်ဴနီယာခ်င္းျဖစ္တဲ့အျပင္ အရမ္းရင္းႏွီးၾကတယ္ကြ။ ဗိုလ္ခ်ဳပ္အီစာမူရာ နဲ႔ ဂ်န္နရယ္မတ္ဆူအိုကာ ကလည္း တစ္ၿမိဳ႕တည္းသား ငယ္သူငယ္ခ်င္းေတြလို႔ စကၤာပူမွာတုန္းက ငါ ၾကားဖူးတယ္။ ဗိုလ္မႉးႀကီး နာစူူ က မင္းကို ကူညီႏိုင္မယ္ထင္တယ္''
လမ္းမေတာ္ဖိုးတုတ္ သည္ ဘီအိုင္ေအ႐ုံးဖြင့္ထားေသာ ပတ္ဟိုတယ္မွ ထြက္ကာ အလုံလမ္းရွိ ဂ်ပန္စစ္႐ုံးခ်ဳပ္သို႔ ကားေမာင္းလာခဲ့သည္။
ဗိုလ္မႉးႀကီး နာစူ သည္ အမွတ္(၁၅)ဂ်ပန္တပ္မေတာ္၏ ျမန္မာျပည္ဆိုင္ရာစစ္အုပ္ခ်ဳပ္ေရးတာဝန္ခံျဖစ္ၿပီး ျမန္မာလူမ်ိဳးမ်ားႏွင့္ ပလဲနံပ သင့္သူ ပညာတတ္တစ္ဦးလည္းျဖစ္သည္။
လမ္းေတာ္ဖိုးတုတ္ ႏွင့္သာမက ဖိုးတုတ္ကေတာ္ မသင္းျမ ႏွင့္ပါ ရင္းႏွီးသူျဖစ္သည္။
မဟာယာနဗုဒၶဘာသာကို သက္ဝင္ယုံၾကည္သူျဖစ္ၿပီး ျမန္မာလူမ်ိဳးတို႔၏ ကိုးကြယ္မႈကို အထူးတလည္ စိတ္ဝင္စားသူျဖစ္သည္။ ဘာသာေရးႏွင့္ပတ္သက္ၿပီး မသင္းျမ ထံ အၿမဲတမ္း ေမးျမန္းေဆြးေႏြးတတ္သည္ျဖစ္သည္။
လမ္းမေတာ္ဖိုးတုတ္က ဗိုလ္မႉးႀကီးနာဆူ ၏ ႐ုံးခန္းသို႔ မေရာက္ခင္ နာရီပိုင္းအလိုတြင္ပင္ ဗိုလ္မႉးႀကီးနာဆူ အား ျမန္မာျပည္သိမ္းစစ္ဆင္ေရးေၾကာင့္ ဗိုလ္ခ်ဳပ္ရာထူးသို႔ တဆင့္ေက်ာ္ရာထူးတိုးသည့္ အမိန႔္စာဝင္လာခဲ့သည္။
ထို႔ေၾကာင့္ အသစ္စက္စက္ ဗိုလ္ခ်ဳပ္နာစူ မွာ စိတ္လက္႐ႊင္ပ်ေနသည္။
"ဦးဖိုးတုတ္ နဲ႔ ေဒၚသင္းျမ ရဲ႕ ဦးေလးဆိုေတာ့ က်ဳပ္ ကူညီရမွာေပါ့။ လူ႔အသက္ဆိုတာ ကယ္ေကာင္းပါတယ္။ အထူးသျဖင့္ အဲ့ဒီ ကင္ေပေကာင္ေတြလက္က အသက္မ်ိဳးက ပိုကယ္ေကာင္းတယ္ဗ်..ကဲ..လာ..ဗိုလ္ခ်ဳပ္အီစာမူရာအခန္းကို သြားၾကမယ္"
ဗိုလ္ခ်ဳပ္အီစာမူရာ သည္ မ်က္ေပါက္ေမွးေမွးက်ဥ္းက်ဥ္း၊ အသားျဖဴဖတ္ျဖဴေလ်ာ္ျဖင့္ လူေကာင္ညႇပ္ညႇပ္ကေလးျဖစ္ကာ စစ္ဗိုလ္ခ်ဳပ္တစ္ေယာက္ထက္ ႏိုင္ငံေရးသမားတစ္ဦးႏွင့္ ပိုတူေလသည္။
စကၤာပူတြင္ရွိစဥ္က ေဒသခံမ်ားအေပၚ ေမာက္မာ႐ိုင္းစိုင္းရာတြင္ နာမည္ေက်ာ္သူျဖစ္၏။
ယခုလည္း ဗမာျပည္စစ္ေျမျပင္သို႔ ဌာနလက္မဲ့ျဖင့္ ေျပာင္းေ႐ႊ႕လာရသူျဖစ္သည္။
အသစ္စက္စက္ ဗိုလ္ခ်ဳပ္နာဆူ က အခန္းတြင္းသို႔ အေလးျပဳၿပီး ဝင္လိုက္၏။
ဗိုလ္ခ်ဳပ္အီစာမူရာႏွင့္ ဗိုလ္ခ်ဳပ္နာဆုတို႔ ဂ်ပန္စကားမ်ားျဖင့္ အခ်င္းခ်င္းေျပာဆိုေနၾကသည္။
ဗိုလ္ခ်ဳပ္နာဆူ က အခန္းျပင္တြင္ ရပ္ေနေသာ ဖိုးတုတ္ကို ေခၚလိုက္သည္။
ဗိုလ္ခ်ဳပ္အီဆာမူရာက အခန္းထဲတြင္ သူ႔ေရွ႕တြင္ မတ္တပ္ရပ္ေနေသာ လမ္းမေတာ္ဖိုးတုတ္ကို ေျခစြန္းေခါင္းစြန္း ေသခ်ာၾကည့္လိုက္သည္။
ထို႔ေနာက္ ဖိုးတုတ္ကို ဘာမွမေျပာပဲ နာဆူ ဘက္သို႔ လွည့္ကာ ဂ်ပန္လို စကားဆက္ျပန္ေနၾက၏။
ငါးမိနစ္ခန႔္ စကားေျပာၿပီးေနာက္ ဗိုလ္ခ်ဳပ္နာဆူႏွင့္ လမ္းမေတာ္ဖိုးတုတ္ တို႔ ျပန္ထြက္လာၾကသည္။
"သူခဏေန ဂ်န္နရယ္မတ္ဆူအိုကာကို ဖုန္းဆက္ေပးလိုက္မယ္..ဦးဖိုးတုတ္..ခင္ဗ်ားဦးေလး နဲ႔ တ႐ုတ္လူႀကီးေတြ ျပန္လြတ္လာပါလိမ့္မယ္"
"ေက်းဇူးတင္ပါတယ္..မာစတာ"
"က်ဳပ္ကို ေက်းဇူးမတင္နဲ႔ဦးဗ်..ခင္ဗ်ား ေက်းဇူးတင္ရမွာ အီစာမူရာပဲ။ အီစာမူရာက သူ ဒီေန႔လုပ္ေပးခဲ့တာေတြအတြက္
…………………………………………………………………………..
ဦးဘြန္ရႈက်င္းႏွင့္ ဦးေကဘာႀကီး အပါအဝင္ တ႐ုတ္လူႀကီးအခ်ိဳ႕ ျပန္လြတ္လာၾကသည္။
သို႔ေသာ္ ကံဆိုးသူ အျခားတ႐ုတ္လူႀကီး (၅)ဦးမွာမူ ႀကံေတာသုသာန္တြင္ ဂ်ပန္မ်ားက ေသနတ္ျဖင့္ ပစ္သတ္သည္ကို ခံလိုက္ၾကရ၏။
ဦးပီေကေခ်ာင္း ၊ ဦးေကဘာႀကီး၊ ဘြန္ရႈက်င္းတို႔က ဖိုးတုတ္ကို ေက်းဇူးတင္စကားေျပာၾကသည္။
"ဦးေလးတို႔ ဒီတိုင္းဆို ဂ်ပန္က တ႐ုတ္ေတြကို လိုက္ဖမ္း၊ လိုက္သတ္ေနဦးမွာပဲ၊ ဒီေတာ့ ျမန္မာျပည္မွာ ေနတဲ့ ဦးေလးတို႔ တ႐ုတ္သူေဌးေတြ၊ လူႀကီးလူေကာင္းေတြ စုၿပီးေတာ့..ဂ်ပန္ကို မဆန႔္က်င္ေၾကာင္း ဂ်ပန္စစ္တပ္ သိေအာင္ တစ္ခုခု လုပ္ရမွရမယ္ထင္တယ္"
"ဟုတ္တယ္..ဖိုးတုတ္..ငါလည္း အဲ့ဒါ စဥ္းစားမိတယ္..မင္းကေတာ့ ရင္းႏွီးျမဳပ္ႏွံတာ မွန္သြားေပမယ့္..ငါကေတာ့ တ႐ုတ္ျဖစ္ေနလို႔…အသတ္မခံရတာကံေကာင္းကြ။ ငါ အခု စဥ္းစားမိတယ္။ အခု ဂ်ပန္စစ္႐ုံးမွာ ရာထူးအႀကီးဆုံးစကားျပန္ျဖစ္ေနတဲ့ လီဟိုတန္ ဆိုတာ ငါတို႔ ေဖာ္မိုဆာတ႐ုတ္ပဲ။ သူနဲ႔ တိုင္ပင္ၿပီး တစ္ခုခုလုပ္လိုက္မယ္"
ေနာက္တလခန႔္အၾကာတြင္ ဂ်ပန္အစိုးရႏွင့္ ဆက္ဆံၿပီး တ႐ုတ္အမ်ိဳးသားမ်ားကို ကာကြယ္ေရးအတြက္ ျဗန္ဟပ္ေတြ အမည္ရွိအသင္းႀကီးကို လတၱာလမ္း၊ ေအာက္ဘေလာက္ရွိ ကြက္သစ္ဘုံေက်ာင္းတြင္ ဦးပီေကေခ်ာင္၊ ဦးစပ္စု၊ ဦးလီဟိုတန္ ႏွင့္ ဦးဘြန္ရႈက်င္းတို႔မွ ဖြဲ႕စည္းတည္ေထာင္လိုက္ေလေတာ့သည္။
………………………………………………………………………………………………………………………
၁၉၄၂ ဧၿပီလ (၁၃)ရက္တြင္ ေဒါက္တာဘေမာ္ သည္ မိုးကုတ္ေထာင္မွ ထြက္ေျပးလြတ္ေျမာက္သြားသည္။
ဂ်ပန္ကင္ေပတိုင္အရာရွိ ဗိုလ္ႀကီးမိုရီ ၊ ေဒါက္တာဘေမာ္၏ တပည့္ ဓားမဦးဘသိန္း တို႔က ရွာေဖြေတြ႕ရွိၿပီး ေဒါက္တာဘေမာ္ အား မိသားစုရွိရာ မႏၲေလးသို႔ ေခၚေဆာင္လာႏိုင္ခဲ့သည္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းဦးေဆာင္ေသာ ဘီအိုင္ေအ ႏွင့္ သခင္ထြန္းအုပ္ဦးေဆာင္ေသာ အုပ္ခ်ဳပ္ေရးအဖြဲ႕ၾကား တြင္လည္း ျပသနာမ်ားဆက္တိုက္ျဖစ္ပြားေနၾကသည္။
ဂ်ပန္စစ္တပ္က ျမန္မာျပည္ကို လြတ္လပ္ေရးေပးၿပီးေနာက္ အုပ္ခ်ဳပ္မည့္ အစိုးရအဖြဲ႕တစ္ခု ဖြဲ႕စည္းေရးအတြက္ ေဆြးေႏြးရာ ႏွစ္ျခမ္းကြဲေနေသာ တို႔ဗမာအစည္းအ႐ုံး မွ ဗစိန္ထြန္းအုပ္ဂိုဏ္း ႏွင့္ သခင္ကိုယ္ေတာ္မႈိင္းဂိုဏ္း သခင္မ်ားအၾကား ညႇိႏႈိင္းမရျဖစ္ေန၏။
ဘီအိုင္ေအတည္းဟူေသာ စစ္တပ္၏ အျမင့္ဆုံးရာထူးကို မႈိင္းသခင္ျဖစ္ေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ရယူထားၿပီး အရပ္ဘက္အုပ္ခ်ဳပ္ေရးအျမင့္ဆုံးရာထူးကို ဗစိန္ထြန္းအုပ္ဂိုဏ္းေခါင္းေဆာင္ သခင္ထြန္းအုပ္က ရယူထားသည္။
ေနာက္ထပ္ ျပသနာတစ္ခုကား ရွိေသးသည္။
သခင္ထြန္းအုပ္သည္ ရဲေဘာ္သုံးက်ိပ္အျဖစ္ ဟိုင္နန္ကြၽန္းသို႔ လိုက္သြားသည့္အခါ အုပ္ခ်ဳပ္ေရးပညာကိုသာ အဓိက သင္ယူခဲ့သည္။
သို႔ေသာ္ သုံးေလးလမွ်သာ သင္ယူခဲ့သည့္ အုပ္ခ်ဳပ္ေရးပညာသည္ စစ္ၿပီးစ တိုင္းျပည္တစ္ျပည္ကို လက္ေတြ႕အုပ္ခ်ဳပ္ရသည့္အခါ မည္သို႔မွ် မထိန္းသိမ္းႏိုင္ခဲ့။
ထို႔ေၾကာင့္ ဂ်ပန္စစ္တပ္က အႀကံေပးမ်ားျဖင့္ ဖြဲ႕စည္းေသာ စစ္အုပ္ခ်ဳပ္ေရးကို ထူေထာင္ထားရသည္။
သခင္ထြန္းအုပ္၊ သခင္ဗစိန္တို႔ကလည္း ဂ်ပန္က လြတ္လပ္ေရးေပးၿပီးသည့္အခါ အုပ္ခ်ဳပ္မည့္ အစိုးရအဖြဲ႕တစ္ခုကို ဖြဲ႕ရန္ အသည္းအသန္တိုင္ပင္ေနၾကသည္။
သို႔ေသာ္ အစိုးရဖြဲ႕သည့္အေရးတြင္ သခင္ႏွစ္ဂိုဏ္းၾကား ေနရာအေဝမတည့္မႈမ်ားေၾကာင့္ သခင္ေခါင္းေဆာင္အၾကား ညႇိႏႈိင္းမရေအာင္ျဖစ္ေန၏။
အစိုးရအဖြဲ႕တြင္ သခင္ထြန္းအုပ္ကို ေခါင္းေဆာင္ေစလိုသူႏွင့္ သခင္ျမကို ေခါင္းေဆာင္ေစလိုသူ ႏွစ္အုပ္စုမွာ အသည္းအသန္ ဝိဝါဒကြဲလ်က္ရွိသည္။
ဂ်ပန္စစ္တပ္ကလည္း ျမန္မာျပည္ကို သိမ္းၿပီးခါစတြင္ သခင္ထြန္းအုပ္ ၏ အေတြ႕အႀကဳံနည္းၿပီး မျပည့္ဝေသးသည့္ အုပ္ခ်ဳပ္ေရးပညာညံဖ်င္းမႈကို မ်က္ျမင္ေတြ႕ၿပီးျဖစ္သျဖင့္ အုပ္ခ်ဳပ္ေရး အာဏာကို အပ္ရန္ စိုးရိမ္ေနသည္။
ထိုအခ်ိန္တြင္ ေဒါက္တာဘေမာ္ က ျပန္လည္ေပၚေပါက္လာသည္။
ေဒါက္တာဘေမာ္ သည္ အဂၤလိပ္ေခတ္တြင္ နန္းရင္းဝန္လုပ္ခဲ့ဖူးၿပီး အုပ္ခ်ဳပ္ေရးပညာ ကြၽမ္းက်င္သည္ကို သခင္ႏွစ္ဖြဲ႕လုံးက လက္သင့္ခံထားရသည္။
ေတာ္လွန္ေရးသမားမ်ားဘဝမွ လပိုင္းအတြင္း စစ္ၿပီးစ ပ်က္ေနေသာ တိုင္းျပည္ကို ကိုင္တြယ္ရသည့္ အခက္အခဲမ်ားကို သခင္ထြန္းအုပ္အုပ္စုေရာ ၊ ဘီအိုင္ေအမွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ ပါ ႀကဳံေတြ႕ရၿပီးျဖစ္သည္။
ထို႔ေၾကာင့္ ေနာက္ဆုံးတြင္ အုပ္ခ်ဳပ္ေရးအေတြ႕အႀကဳံရွိၿပီး ပညာတတ္ႏိုင္ငံေရးသမားျဖစ္သူ ေဒါက္တာဘေမာ္ ကို သခင္ႏွစ္ဖက္လုံးက အဆိုျပဳလိုက္ရေတာ့သည္။
၁၉၄၂ ခုႏွစ္ ေမလ (၂၁)ရက္ေန႔တြင္ ျမန္မာျပည္သိမ္း အမွတ္(၁၅)ဂ်ပန္တပ္မေတာ္ စစ္ေသနာပတိ ဒုတိယဗိုလ္ခ်ဳပ္ႀကီးအီဒါးက ဗမာျပည္အုပ္ခ်ဳပ္ေရးစီစဥ္မႈအဖြဲ႕ေကာ္မတီေခါင္းေဆာင္အျဖစ္ ေဒါက္တာဘေမာ္ကို ခန႔္အပ္လိုက္ၿပီး အဖြဲ႕ဝင္အျဖစ္ ေဒါက္တာသိန္းေမာင္၊ ဦးဘေဖ၊ သခင္ျမ၊ သခင္ႏု၊ သခင္သန္းထြန္း၊ သခင္ထြန္းအုပ္၊ သခင္ဗစိန္၊ သခင္ထြန္းေအာင္၊ ဗႏၶဳလဦးစိန္၊ ဦးဘဝင္း၊ ဓါးမဦးဘသိန္း၊ ဦးလွေဖ တို႔ႏွင့္ ျပင္ဦးလြင္ၿမိဳ႕တြင္ ဖြဲ႕စည္းလိုက္ေၾကာင္းေၾကညာလိုက္ေလသည္။
ဂ်ပန္ေခတ္ ဗမာျပည္၏ ႏိုင္ငံေရးကား အခ်ိဳးအေကြ႕တစ္ခု ထပ္မံျဖစ္လာေပၿပီ။
…………………………………………………..
၁၉၄၂ ဇြန္လ။
လမ္းမေတာ္ဖိုးတုတ္ သည္ သူ႔တပည့္မ်ားျဖစ္ေသာ စံဘ၊ ေမာင္ေမာင္၊ ထြန္းရင္ တို႔ ကို ဂ်ပန္ဝါဒျဖန႔္ခ်ီေရးဌာနမႉး ဗိုလ္မႉးႀကီး ကိုဘာယာရွိႀကီးမႉးဖြင့္လွစ္ေသာ ဂ်ပန္ဘာသာသင္တန္းေက်ာင္း တြင္ ဂ်ပန္စကားသြားေရာက္သင္ေစသည္။
အဂၤလိပ္ေခတ္ကကဲ့သို႔ ဟိုတယ္မ်ား၊ ဘိန္းခန္းမ်ား၊ အရက္ဆိုင္မ်ား မ်ားစြာ မဖြင့္လွစ္ေတာ့ေသာ္လည္းေ႐ႊတိဂုံဘုရားေျခရင္းပတ္ခ်ာလည္တြင္ျဖစ္ထြန္းေသာ ေမွာင္ခိုေဈးႀကီး သည္ လမ္းမေတာ္ဖိုးတုတ္ တို႔ ပုလိပ္လူမိုက္ အဖြဲ႕၏ အေစာင့္အေရွာက္ခံျဖစ္လာသျဖင့္ ဖိုးတုတ္အဖြဲ႕၏ ဝင္ေငြမွာ ယိမ္းယိုင္မသြားခဲ့။
စစ္ဘက္ဆိုင္ရာျပည့္တန္ဆာဌာနတြင္ ႀကီးၾကပ္ေရးမႉးလုပ္ေနသည့္ အုန္းေဖ မွာလည္း ဂ်ပန္စကားကို အေတာ္အသင့္ နားလည္တတ္ကြၽမ္းေနၿပီျဖစ္ၿပီး ဂ်ပန္စစ္တပ္ႏွင့္ ဘီအိုင္ေအ၏ ေအာက္ေျခစစ္သားမ်ားထံမွ ရေသာ သတင္းစကားမ်ားကို ဖိုးတုတ္ ထံ ျပန္လည္သတင္းပို႔ေနသည္။
ဖိုးတုတ္၏ ေနာက္ထပ္စီးပြားေရးတစ္ခုမွ ရန္ကုန္ၿမိဳ႕သို႔ ျပန္ဝင္လာနားၾကေသာ ဂ်ပန္စစ္သားမ်ားမွ စစ္ပြဲတြင္ သိမ္းဆည္းလုယက္လာၾကသည့္ ပစၥည္းမ်ားကို သူခိုးလက္ခံလုပ္ေပးျခင္းပင္။
ထိုအလုပ္ကို အဓိက ကူညီခ်ိတ္ဆက္ေပးသူမွာ အုန္းေဖျဖစ္သည္။
ဂ်ပန္ပိုက္ဆံႏွင့္ အဂၤလိပ္႐ူပီေငြ ေမွာင္ခိုလဲလွယ္သည့္လုပ္ငန္းကိုလည္း ပုလိပ္အဖြဲ႕အမည္ခံေအာက္တြင္ အႀကီးအက်ယ္လုပ္ကိုင္လ်က္ရွိသည္။
ထိုအလုပ္အတြက္မူ ေခတ္ပညာ ကိုးတန္းအထိ တက္ဖူးေသာ ေမာင္ေမာင္က တာဝန္ယူသည္။
ဇြန္လ ၅ ရက္ေန႔၊ မိုးက သဲသဲမဲမဲ႐ြာေနသည္။
လမ္းမေတာ္ဖိုးတုတ္၊ ဂႏၶမာေသာင္းရီ ႏွင့္ ေမဂ်ာဆာတိုး တို႔သည္ ဂ်ပန္ စစ္ဘက္မွ အသစ္ျပန္လည္ဖြင့္လွစ္ထားၿပီ ျဖစ္ေသာ စတန္းဟိုတယ္တြင္ ေမွာင္ခိုေဈးမွ ရေသာ ဂ်ေမကာရမ္ အရက္အား ေသာက္ေနၾကသည္။
စင္ျမင့္ထက္ဆီမွ ကိုရီးယားအကမယ္ေလး၏ ဂ်ပန္သီခ်င္းသံႏွင့္ ဘင္ဂ်ိဳသံက စြဲစြဲငင္ငင္က ထြက္လာသည္။
ထိုအခ်ိန္တြင္ ဟိုတယ္ေရွ႕သို႔ ကားတစ္စီးဆိုက္လာၿပီး ကားေပၚမွ ခ်ိဳက္ဟုန္၊ မေသာင္းႏွင့္ ဂ်ပန္အမ်ိဳးသမီး တစ္ဦးဆင္းလာၿပီး စတန္းဟိုတယ္ထဲသို႔ ဝင္သြား၏။
ဟိုတယ္တြင္းေရာက္ေသာအခါ ဂႏၶမာေသာင္းရီမွာ အေျပးအလႊားထၿပီး ဂ်ပန္အမ်ိဳးသမီးကို ႏႈတ္ဆက္ေဖးမေလသည္။
ေမဂ်ာဆာတိုး ႏွင့္ဂ်ပန္အမ်ိဳးသမီးမွာလည္း ရင္းရင္းႏွီးႏွီးရွိၾကသည္။
ထိုအမ်ိဳးသမီးကား ဂႏၶမာေသာင္းရီႏွင့္ အမ်ိဳးသမီးႏွစ္ဦး စစ္ေျပးစဥ္ သံလ်င္တြင္ လက္ခံထားခဲ့ေသာ ဂ်ပန္အမ်ိဳးသမီး ႏိုဘူစံ။
"ဖိုးတုတ္ေရ..ငါတို႔ ႏိုဘူစံ နဲ႔ လိုက္သြားေပးလိုက္ဦးမယ္..သူ႔ေယာက္်ား မစၥတာစမစ္ကို ရွာေတြ႕ၿပီတဲ့ကြာ။ ဂ်ပန္ဝင္လာေတာ့ သူ႔ကို ရန္ကုန္ေထာင္ထဲ ထည့္ထားတာ အခု ေနမေကာင္းျဖစ္လို႔ ဘီအိုင္ေအေဆး႐ုံမွာ တင္ထားရင္း ေတြ႕တဲ့သူက လာေျပာတာတဲ့။ အဲ့ဒါ သူ႔ကို လႊတ္ေပးဖို႔..ေမဂ်ာဆာတိုး နဲ႔ ငါနဲ႔ ကင္ေပတိုင္ ႐ုံးကို ခဏသြားလိုက္ဦးမယ္၊ မေသာင္းတို႔ စီးလာတဲ့ကားက အိမ္ေဘးက ဂ်ပန္ကားကို အကူအညီေတာင္းၿပီး စီးလာၾကတာ..အဲ့ဒါ ေဆး႐ုံကို သြားဖို႔ မင္းကားနဲ႔ လိုက္ပို႔ေပးပါလား"
မၾကာမီ ဖိုးတုတ္ က မစၥႏိုဘူစံ၊ မေသာင္း၊ ခ်ိဳက္ဟုန္ အမ်ိဳးသမီး သုံးဦးကို တင္လ်က္ ေ႐ႊတိဂုံဘုရားအနီး ေဂၚရာကုန္းတြင္ရွိေသာ ဘီအိုင္ေအေဆး႐ုံႀကီးသို႔ ေမာင္းထြက္ခဲ့ေလေတာ့သည္။
ဘီအိုေအေဆး႐ုံအေဆာက္အဦႀကီးမွာ ႀကီးမားထည္ဝါလွသည္။
စိမ္းလန္းေသာျမက္ခင္းျပင္ႀကီးႏွင့္ သစ္ရိပ္ဝါးရိပ္မ်ားက ပတ္ခ်ာလည္ဝိုင္းထား၏။ ေဆး႐ုံေျမာက္ဘက္တြင္ အလံျပဘုရားကို လွမ္းျမင္ေနရသည္။
ဖိုးတုတ္ႏွင့္ မိန္းမတသိုက္ ေဆး႐ုံႀကီးထဲသို႔ ဝင္လိုက္သည္ႏွင့္ ေဟာင္းႏြမ္းစုတ္ျပတ္ေနေသာ စစ္ဝတ္စုံမ်ားျဖင့္ ဒဏ္ရာရ ဘီအိုင္ေအ စစ္သည္မ်ားကို ကုတင္မ်ားေပၚတြင္ ေတြ႕ရေလေတာ့သည္။
အခ်ိဳ႕ရဲေဘာ္မ်ားမွာ ငွက္ေပ်ာသီးျပဳတ္ရည္မ်ားကိုသာ ေသာက္ေနၾကရေလသည္။
တာဝန္က် သူနာျပဳ အား မေသာင္းက မစၥတာစမစ္အေၾကာင္းကို ေမးၾကည့္လိုက္သည္။
မစၥတာစမစ္ သည္ ကင္ေပတိုင္မွ လာပို႔သည့္ အက်ဥ္းသားျဖစ္သည့္အတြက္ ေဆး႐ုံအုပ္ႀကီး ေဒါက္တာဘသန္းႏွင့္ ေဆး႐ုံကို တြဲဖက္ကြပ္ကဲေနေသာ ေမဂ်ာဂ်န္နရယ္ေဒါက္တာဆူဇူကီး ၏ ႐ုံးခန္းေဘးအခန္းတြင္ သီးသန႔္ထားေၾကာင္း သိရေလသည္။
အမ်ိဳးသမီးသုံးဦး ကို သူနာျပဳက အခန္းေစာင့္ကင္ေပတိုင္တစ္ဦးႏွင့္ေတြ႕ေပးေလသည္။
မစၥႏိုဘူစံက ဂ်ပန္အမ်ိဳးသမီးျဖစ္သျဖင့္ ကင္ေပတိုင္က ေပးေတြ႕လိုက္ဟန္တူ၏။
အေပၚထပ္အခန္းသို႔ ေလးဦးလုံး တက္ေရာက္ခြင့္ရသြားေလသည္။
အခန္းထဲတြင္ ေျခေထာက္ႏွင့္ လက္မ်ားကို သံႀကိဳးခတ္ထားေသာ အသက္(၅၀)အ႐ြယ္ အဂၤလိပ္တစ္ဦးအား ေတြ႕ရ၏။
မစၥႏိုဘူ ၏ ရႈိက္ငိုသံမွာ အျပင္ဘက္သို႔ ပင္ လွ်ံက်လာ၏။
ဖိုးတုတ္မွာ အခန္းအျပင္ဘက္ ေကာ္ရစ္တာတြင္ မတ္တပ္ရပ္ရင္း ထိုျမင္ကြင္းကို ေက်ာခိုင္းကာ အလံျပဘုရားဘက္သို႔ ေငးေနသည္။
ထိုအခ်ိန္တြင္ ဖိုးတုတ္ ၏ ပခုံးကို ႐ုတ္တရက္ေစာင့္ထြန္းခံလိုက္ရသျဖင့္ လွည့္ၾကည့္လိုက္ရာ ခပ္ပိန္ပိန္ ကုလားတစ္ဦး ေတြ႕ရေလသည္။
"မင္း ဘယ္ကေကာင္လဲ။ ဒီေနရာကို အျပင္လူ မလာရဘူးဆိုတာ မသိဘူးလား"
ကုလားက ေျပာေျပာဆိုဆိုျဖင့္ ဖိုးတုတ္ ပါးကို လွမ္း႐ိုက္လိုက္သည္။ ဖိုးတုတ္က ကုလား၏ လက္ကို လက္ဖ်ံျဖင့္ ပယ္ထုတ္လိုက္ရာ ကုလားမွာ ဟန္ခ်က္ပ်က္သြား၏။
ထိုအခ်ိန္တြင္ ဂ်ပန္ေဆးတပ္ယူနီေဖာင္းဝတ္ထားေသာ အရာရွိႀကီးက ဖိုးတုတ္ အား ဓါးရွည္ျဖင့္ ႐ြယ္ထားလိုက္ေလေတာ့သည္။
သူတို႔ေနာက္တြင္ ျမန္မာလူမ်ိဳး ဆရာဝန္ႏွင့္ သူနာျပဳမ်ားေရာက္လာၾကသည္။
"ဘာျဖစ္ၾကတာလဲ..ဘာျဖစ္ၾကတာလဲ...."
ျမန္မာဆရာဝန္ႀကီးက ဖိုးတုတ္ကို ေမးသည္။
"ကြၽန္ေတာ္ က ဒီအခန္းထဲ လူနာလာေမးတဲ့ အမ်ိဳးသမီးေတြ ကို လိုက္ပို႔ေပးတာပါ"
ထိုအခ်ိန္တြင္ ခ်ိဳက္ဟုန္က အခန္းထဲမွ ထြက္လာၿပီး ဂ်ပန္စစ္ဗိုလ္ႀကီးအား ဂ်ပန္စကားျဖင့္ ေျပာျပေလသည္။ ကင္ေပအရာရွိကလည္း ဝင္ေျပာ၏။
ထိုအခါမွ ဂ်ပန္ဗိုလ္ႏွင့္ သူ႔တပည့္ကုလားသည္ ေဘးနားတြင္ရွိေသာ သူ႔ ႐ုံးခန္းထဲသို႔ ဝင္သြားေလေတာ့သည္။
ဆရာဝန္ႀကီးက ဖိုးတုတ္ ၏ မ်က္ႏွာအား ေသခ်ာၾကည့္ရႈ႕ရင္း
"ဘာမွ ေတာ့ မျဖစ္ဘူးမဟုတ္လား..ကိုယ့္လူ။ ခုန ဂ်ပန္ဗိုလ္က ေဆးတပ္ဗိုလ္ခ်ဳပ္ေဒါက္တာဆူဇူကီး ေပါ့။ ဒီေဆး႐ုံမွာ ႐ုံးလာထိုင္ၿပီး အာဏာျပျပေနတာ။ ကိုယ့္လူကို ပါး႐ိုက္ဖို႔လုပ္တဲ့ကုလားဒိန္က ဂ်ီဝဲ တဲ့။ ဆူဇူကီးရဲ႕ စကားျပန္ေလ။ ဒီေကာင္က ဒီေဆး႐ုံမွာ ဗိုလ္က်ေနတာ။ က်ဳပ္တို႔ ဆရာဝန္ေတြေတာင္ သူ႔ေၾကာက္ရမလိုပဲ။ ေဆး႐ုံလာတက္တဲ့ ဘီအိုင္ေအရဲေဘာ္ေတြကိုဆိုရင္လည္း ဒီေကာင္ ခြၽန္တြန္းလုပ္လို႔ ကင္ေပတိုင္က လာဖမ္းၿပီး အသတ္ခံၾကရတာမနည္းဘူး။ ဒီေကာင့္ေၾကာက္ေနၾကရတယ္။ တကယ့္ စိတ္ညစ္စရာအေကာင္ပါ"
ဆရာဝန္ႀကီးက ညည္းညဴရင္း..ဖိုးတုတ္ပုခုံးကို ပုတ္ကာ ထြက္သြား၏။
ခဏအၾကာတြင္ ဂ်ပန္ကင္ေပတိုင္႐ုံးမွ ေမဂ်ာအကီရာမ ၊ ေမဂ်ာဆာတိုးႏွင့္ ဂႏၶမာေသာင္းရီတို႔ ေဆး႐ုံသို႔ေရာက္လာသည္။
ေမဂ်ာအကီရာမက မစၥတာစမစ္အား လႊတ္ေပးလိုက္ၿပီျဖစ္ၿပီး ေဆး႐ုံဆင္းပါက ဇနီးျဖစ္သူ ႏိူဘူစံ ႏွင့္ ျပန္လည္ေနထိုင္ႏိုင္ေၾကာင္း၊ သို႔ေသာ္ မစၥတာစမစ္မွာ ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ေနရမည္ျဖစ္ေၾကာင္း ေျပာကာ လက္ထိပ္မ်ား၊သံႀကိဳးမ်ားကို ျဖဳတ္ေပးၿပီး ျပန္သြား၏။
ဖိုးတုတ္လည္း ဂႏၶမာေသာင္းရီႏွင့္ အမ်ိဳးသမီးမ်ားကို ထားရစ္ကာ လမ္းမေတာ္သို႔ ျပန္လာခဲ့ေလသည္။
လမ္းမေတာ္သို႔ ေရာက္သည္ႏွင့္ ေမာင္ေမာင္ ၊ စံဘ၊ ထြန္းရင္ တို႔ကို ေခၚလိုက္သည္။
"ေမာင္ေမာင္ ..မင္းက တာေမြေအာင္ဘ ဆီသြား ၊ ညေနက်ရင္ ပုဇြန္ေတာင္က ငါသုံးေနက် ကိုစိုးေမာင္ ဆန္စက္ကို စက္ဖြင့္ၿပီး လည္ထားေပးလို႔"
ေမာင္ေမာင္ထြက္သြားသည္။
"စံဘ နဲ႔ ထြန္းရင္။ မင္းတို႔ ဒီညေန ေဂၚရာကုန္းက ဘီအိုင္ေအေဆး႐ုံႀကီးကိုသြား၊ ကုလားဂ်ီဝဲ ဆိုတာကို ရတဲ့နည္းနဲ႔ မလာခဲ့။ ၿပီးရင္ ဒီေကာင့္ကို ပုဇြန္ေတာင္က ကိုစိုးေမာင္ဆန္စက္ကို ေခၚသြားၿပီး စက္ထဲ ပစ္ထည့္လိုက္ကြာ"
ထိုေန႔က စၿပီး ရန္ကုန္ ဘီအိုင္ေအေဆး႐ုံႀကီးတြင္ ဂ်ီဝဲ ဆိုေသာ ကုလားမွာ လုံးဝေပ်ာက္ဆုံးသြားေလေတာ့သည္။
သူ႔ဆရာျဖစ္သူ ေဒါက္တာဆူဇူကီးမွာလည္း တပည့္ျဖစ္သူ ဂ်ီဝဲ အား အစအနရွာမရသျဖင့္ စကားျပန္အမ်ိဳးသမီး အသစ္တစ္ေယာက္ ေခၚခန႔္လိုက္ေလေတာ့သည္။
…………………………………………………………………………………………………………………
၁၉၄၃ ဇူလိုင္လ။
ေဒါက္တာဘေမာ္ ႏွင့္ ဗမာျပည္အုပ္ခ်ဳပ္ေရးစီစဥ္မႈအဖြဲ႕ေကာ္မတီေခါင္းေဆာင္မ်ားသည္ ရန္ကုန္ၿမိဳ႕သို႔ ဝင္ေရာက္လာၿပီျဖစ္သည္။
ျမန္မာတစ္ႏိုင္ငံလုံးနီးပါးကို ဂ်ပန္တို႔ သိမ္းပိုက္မိၿပီျဖစ္သည္။
အုပ္ခ်ဳပ္ေရးမ်ား တည္ၿငိမ္စျပဳလာၿပီး ဂ်ပန္မွ လြတ္လပ္ေရးေပးမည္ဟူေသာ အသံမ်ားထြက္လာခ်ိန္ ျမန္မာ့ႏိုင္ငံေရးေခါင္းေဆာင္မ်ား၏ အာမခံခ်က္ျဖင့္ ၿဗိတိသွ်အစိုးရလက္ထက္က အုပ္ခ်ဳပ္ေရးတာဝန္ ထမ္းေဆာင္ခဲ့ေသာ အမႈထမ္း၊ အရာထမ္းမ်ားကလည္း ၿမိဳ႕ေပၚသို႔ တျဖည္းျဖည္း ျပန္တက္လာၾကသည္။
ရန္ကုန္ၿမိဳ႕တြင္ ေဒါက္တာဘေမာ္ ၏ ဓါးမအဖြဲ႕မ်ားမွာ သခင္အဖြဲ႕မ်ားနည္းတူ တျဖည္းျဖည္း ဘုန္းတန္ခိုး ျပန္ႀကီးလာၾကသည္။
ရန္ကုန္ၿမိဳ႕ေပၚတြင္ ဓါးမအဖြဲ႕ႏွင့္အတူ ေဒါက္တာဘေမာ္ ေက်ာေထာက္ေနာက္ခံျဖစ္ေသာ လူသုံးဦး နာမည္ႀကီးလာခဲ့သည္။
သူတို႔ကား ေဒါက္တာဘေမာ္၏ သက္ေတာ္ေစာင့္ ဦးျမၾကင္ ၊ ေဒါက္တာဘေမာ္၏ လူယုံ ဗႏၶဳလဦးစိန္၏ တူေတာ္သူ ပုသိမ္ၫြန႔္ဘဘိုး ႏွင့္ ဓါးမဦးဘသိန္း၏ တပည့္ ဓါးမေစာထြန္း တို႔ပင္ျဖစ္သည္။
ပထမကမာၻစစ္ျပန္ႀကီးျဖစ္ေသာ ဦးျမၾကင္ သည္ ေသနတ္မ်ားကို က်င္လည္စြာပစ္ခတ္တတ္သူျဖစ္သည္။
ပုသိမ္ၫြန႔္ဘဘိုးမွာလည္း ေသနတ္ပစ္ျခင္းကို ဦးျမၾကင္ ထံမွ အထူးသင္ယူထားၿပီး လက္ေျဖာင့္သည္ ဟု နာမည္ႀကီးလာသည္။
ဓါးမေစာထြန္းမွာ စစ္ႀကိဳေခတ္က ေဒါက္တာဘေမာ္၏ ဓါးမပါတီမွ ဖြဲ႕ထားေသာ ဓါးမတပ္ဖြဲ႕တြင္ လက္ရဲဇတ္ရဲသျဖင့္ ဓါးမစစ္သူႀကီးဘြဲ႕ ရထားသူျဖစ္သည္။
ပုသိမ္ၫြန္ဘဘိုး သည္ ေဒါက္တာဘေမာ္ ၊ ဗႏၶဳလဦးစိန္တို႔ ေနာက္လာမည့္ ဗမာျပည္အစိုးရတြင္ ေနရာရလာမည့္သူတို႔၏ ေက်ာေထာက္ေနာက္ခံလည္း ရွိခဲ့ၿပီ။
ဆရာရင္းဦးျမက်င္ႏွင့္ ဓားမေစာထြန္းတို႔ ကဲ့သို႔ အားကိုးရမည့္သူမ်ားလည္း ရထားၿပီျဖစ္သည့္အတြက္ ေနာက္တက္မည့္ အစိုးရလက္ထက္တြင္ ရန္ကုန္လူမိုက္ေလာက ကို စိုးမိုးရန္ ႀကံစည္ေနၿပီျဖစ္သည္။
ပုလိပ္မင္းႀကီးျဖစ္ေနေသာ လမ္းမေတာ္ဖိုးတုတ္ ႏွင့္ ဂ်ပန္ေမဂ်ာ၏ ကိုယ္ေရးအရာရွိျဖစ္ေနေသာ ဂႏၶမာေသာင္းရီ တို႔အပါအဝင္ ဖိုးတုတ္တပည့္မ်ား၏ ေနာက္ေၾကာင္းကို တိတ္တိတ္စုံစမ္းေန၏။
၁၉၄၃ ဇူလိုင္လ ၁၀ ရက္၊ ညေနခင္း။
ထူးထူးျခားျခား တစ္ေန႔လုံးနီးပါး မိုးမ်ား အုံ႔မႈိင္းေနေသာ္လည္း တစ္ေန႔လုံး မိုးဖြဲဖြဲပင္ မက်သည့္ ေန႔ျဖစ္သည္။
ဗိုလ္မႉးႀကီးစူဇူကီး ၏ ကားကေလးသည္ လမ္းမေတာ္ဖိုးတုတ္ ေနထိုင္ရာအိမ္ေရွ႕သို႔ ဆိုက္ေရာက္လာေလသည္။
ဗိုလ္မႉးႀကီးစူဇူကီး လက္ထဲတြင္ စာလိပ္တစ္လိပ္ပါလာ၏။
လမ္းမေတာ္ဖိုးတုတ္ ထြက္ႀကိဳဆိုသည္။
"အိမ္ထဲဝင္ပါဦး..မာစတာ"
"မဝင္ေတာ့ဘူး..ဖိုးတုတ္။ ဘီအိုင္ေအကေန ထုတ္လိုက္တဲ့ အမိန႔္လာေပးတာ"
"အရင္လို ႐ုံးလုလင္ေပးခိုင္းလည္းရတာကို..မာစတာရယ္..တကူးတကလာရတယ္လို႔"
"မဟုတ္ဘူး..ဖိုးတုတ္..ငါမင္းကို တစ္ခါတည္း လာႏႈတ္ဆက္တာ"
"ဗ်ာ"
"ေအး..ဟုတ္တယ္…ငါ ဂ်ပန္ဘုရင့္ကိုယ္ရံေတာ္ဌာနခ်ဳပ္ကို ေျပာင္းရေတာ့မယ္။ ေနာက္ တစ္ရက္ႏွစ္ရက္ဆို ငါ ျမန္မာႏိုင္ငံက ထြက္သြားရေတာ့မယ္''
ဖိုးတုတ္ က ဗိုလ္မႉးႀကီးစူဇူကီးကို ၾကည့္ကာ ဘာေျပာရမွန္းမသိျဖစ္ေန၏။ သူ႔အေပၚေက်းဇူးရွိခဲ့ေသာ စစ္ဗိုလ္ႀကီးပင္ မဟုတ္လား။
"ေအး..အမိန႔္စာ ဖတ္ၾကည့္ၿပီး လုပ္စရာရွိတာ လုပ္လိုက္ဦး..ငါသြားၿပီ"
ဗိုလ္မႉးႀကီးစူဇူကီးက ကားေပၚတက္ကာ ျပန္လည္ထြက္ခြာသြားသည္။
ဖိုးတုတ္က လက္ထဲတြင္ ရွိေသာ ဂ်ပန္ဘာသာစကားျဖင့္ေရးထားသည့္ အမိန႔္စာႏွင့္ တြဲလ်က္ပါသည့္ ျမန္မာဘာသာျပန္အမိန႔္ကို ဖတ္ၾကည့္လိုက္သည္။
"ရန္ကုန္ၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးအဖြဲ႕၊ ၿမိဳ႕ေတာ္ရာဇဝတ္ဌာန လက္ေအာက္ရွိ ၿမိဳ႕ေတာ္ပုလိပ္တပ္ဖြဲ႕(ယာယီ) အား အၿပီးဖ်က္သိမ္းျခင္း"
ေနာက္ထပ္ ပါလာေသာ အမိန႔္တစ္ခုကို ထပ္ျဖန႔္ၾကည့္လိုက္သည္။
"ရန္ကုန္ၿမိဳ႕ေတာ္ပုလိပ္အဖြဲ႕(ယာယီ) ၏ ပုလိပ္မင္းႀကီး ဦးဖိုးတုတ္အား ရာထူးမွ ရပ္စဲျခင္း"
ထိုအခ်ိန္တြင္ ေကာင္းကင္မွ မိုးမ်ားက ေဝါခနဲ ႐ြာခ်လိုက္သျဖင့္ ဖိုးတုတ္သည္ အမိန႔္စာႏွစ္႐ြက္ကို ကိုင္ကာ အိမ္ထဲသို႔ ေျပးဝင္သြားေလေတာ့သည္။
ခက္ေဇာ္
Done 💪
ReplyDelete🍁🌸Done✅
ReplyDeleteDone 🍀
ReplyDeleteThis comment has been removed by the author.
ReplyDelete👍👍
ReplyDelete🌧️
ReplyDeleteDone
ReplyDelete