The Guys of Yangon,1930 (Part 27)
The Guys of Yangon,1930(Part 27)
အခန်း(၂၈)
……………..
ပုဇွန်တောင် ကိုစိုးမောင် ဆန်စက်ရှေ့သို့ ဂျပန်အလံတပ် ကားတစ်စင်း ထိုးဆိုက်လာသည်။
ကားပေါ်မှ စီးကရက်ခဲလျက် ဆင်းလာသူက ဂန္ဓမာသောင်းရီ။
ဂန္ဓမာက ဆန်စက်အတွင်းတွင် မတ်တပ်ရပ်လျက် အလုပ်သမားများကို ညွန်ကြားနေသော လမ်းမတော်ဖိုးတုတ်နှင့် ဆန်စက်သူဌေးကိုစိုးမောင် ဆီသို့ လမ်းလျှောက်သွား၏။
"ဖိုးတုတ်..ငါမင်းကို လိုက်ရှာနေတာ..မသင်းမြ က မင်း ဒီဆန်စက်မှာ ရှိတယ်ပြောလို့"
လမ်းမတော်ဖိုးတုတ် က ဂန္ဓမာသောင်းရီကို ပုခုံးဖက်ကာ ခပ်လှမ်းလှမ်းသို့ ခေါ်သွားသည်။
"အေး..ဖိုးတုတ်..မင်းက ဒီမှာ ဘာလုပ်နေတာတုန်း၊ ဘာလဲ ဆန်စက်ထောင်တော့မလို့လား"
"မဟုတ်ပါဘူးကွာ..ပုလိပ်မင်းကြီးရာထူးက ပြုတ်ပြီးဆိုတော့ လက်စသတ်စရာရှိတာလေးတွေ ဖျောက်ဖျက်နေတာ"
"ဘာတွေလဲကွာ…ကဲ..ထားပါတော့..ငါမင်းကို မေးစရာရှိတယ်..ဟိုနေ့က မင်းဆေးရုံက ပြန်သွားတော့ မင်းနဲ့ ဆေးရုံက စကားပြန်ဂျီဝဲ ဆိုတဲ့ကောင်နဲ့ ပြသနာတက်တယ်ဆို"
"အေး..ဟုတ်တယ်လေ..အဲ့ဒါ ဘာဖြစ်လဲ"
"အခု အဲ့ဒီကုလားပျောက်နေလို့တဲ့..ဆေးရုံက လူတွေကတော့ အတော်စိတ်ချမ်းသာနေတယ်..ဒါပေမယ့်…သူ့ဆရာ ဒေါက်တာဆူဇူကီး က ဒီကိစ္စ ကင်ပေတိုင်ကို သွားတိုင်ထားတယ်.. အဲ့ဒါ မင်းလက်ချက်ဆိုတာ ငါရိပ်မိတယ်…မင်းအဲ့ဒီကောင်ကို ဘယ်လိုလုပ်လိုက်လဲ"
လမ်းမတော်ဖိုးတုတ်က ဂန္ဓမာသောင်းရီထံမှ စီးကရက်တစ်လိပ်တောင်းပြီး မီးညှိ့လိုက်သည်။
"အဲ့ဒီနေ့ကတည်းက ပုလိမ်မင်းကြီး ဦးဖိုးတုတ် ရဲ့ ခုံရုံးကနေ သေဒဏ်ပေးလိုက်ပြီကွ"
"အမ်..ဘယ်မှာလဲ..မင်းခုံရုံးက"
"ဟိုမှာလေကွာ…ကိုစိုးမောင် လူတွေ ဖြုတ်နေတဲ့ စက်တွေ့တယ်မဟုတ်လား..အဲ့ဒီစက်ထဲ ထည့်ကြိတ်ပစ်လိုက်တာ"
"အဲ့ဒါဘာကြီးလဲ..ဆန်ကြိတ်တဲ့စက်လား…ဆန်စက်ထဲ လူထည့်ကြိတ်လို့ရလို့လားဟ"
"ဟိုမှာတွေ့လား..ဂန္ဓမာ..အဲ့ဒါဘာတွေလို့ထင်လဲ"
အလုပ်သမားများ ဖြုတ်သိမ်းနေသော သံဘီးဝိုင်းကြီးများကို ကြည့်ပြီး ဂန္ဓမာသောင်းရီက ခေါင်းခါပြသည်။
"အဲ့ဒါ မင်္ဂလာဒုံမှာကျန်ခဲ့တဲ့ ဗြိတိသျှသံချပ်ကာတပ်က တင့်ကားဘီးတွေပဲ။ ဒီဆန်စက်ထဲမှာ အဲ့ဒီတင့်ကားဘီးတွေနဲ့ လူကြိတ်လို့ရတဲ့စက်တစ်ခုကို ဗိုလ်မှူးကြီးစူဇူကီး ကိုယ်တိုင် စီစဉ်ခဲ့တာကွ။ မသိရင်တော့ ဟိုဘက်က ဆန်စက်လိုပုံစံပေါ့ကွာ"
"နေပါဦး မင်းတို့က အဲ့ဒီလူကြိတ်စက်လုပ်ပြီး ဘာလုပ်ကြတာလဲ"
"ဘာလုပ်ရမလဲ..ငါ့တရားရုံးပါဆိုမှပဲ။ လူသတ်အလောင်းဖျောက်တာပေါ့ကွ။ ငါပြောပြမယ်။ ငါ ပုလိပ်မင်းကြီး ဖြစ်ပြီး တပတ်လောက်အကြာမှာပဲ ဟော့ဒီစက်ပိုင်ရှင် ကိုစိုးမောင် က ငါ့ကို လာတိုင်တယ်။ ဂျပန်ကင်ပေ က ဗိုလ်ကြီးတစ်ယောက်နဲ့ စစ်သားနှစ်ယောက်ရယ် က သူ့မိန်းမကို မတရားကျင့်ပြီး လှံစွပ်နဲ့ ထိုးသတ်သွားကြတယ်တဲ့။ အဲ့ဒီနေ့က အင်္ဂလိပ်လေယာဉ်တွေ ဗုံးလာကြဲမယ့်နေ့။ ကိုစိုးမောင် က သူ့ညီမလေး ကလေးမွေးမှာမို့ မြို့ထဲက ဆေးရုံကို ကားနဲ့ လိုက်ပို့တာ။ အိမ်စောင့်က ကိုစိုးမောင် မိန်းမ နဲ့ ကလေးနှစ်ယောက်ကျန်ရစ်တယ်။ အဲ့ဒီမှာ ကိုစိုးမောင် သားလေးနှစ်ယောက်က အောက်ဆင်းဆော့ရင်း မှောင်နေတော့ ကိုစိုးမောင်မိန်းမက မီးခွက်နဲ့ ရှေ့ထွက်ခေါ်တာ။ အဲ့ဒီမှာ ဖြတ်လာတဲ့ ကင်ပေတိုင်ဗိုလ်က လေယာဉ်တွေကို အချက်ပြတဲ့ စပိုင်ပါဆိုပြီး အိမ်ပေါ်တက်လာတယ်။ နောက်တော့ ကိုစိုးမောင် မိန်းမကို ကလေးတွေရှေ့မှာပဲ အလှည့်ကျမုဒိန်းကျင့်ပြီး လှံစွပ်နဲ့ထိုး သတ်သွားကြတယ်ကွ"
"ဟာ..ကွာ"
"အဲ့ဒါ ကိုစိုးမောင်က ကင်ပေတိုင်ရုံးကို တိုင်တော့ သက်သေမရှိဘူးဆိုပြီး အရေးမယူဘူး။ ကလေးတွေကလည်း ငယ်သေးတော့ သက်သေထဲအကျုံးမဝင်ဘူးပေါ့ကွာ။ ကိုစိုးမောင်မှာ ငိုယိုပြီး ငါ့ဆီ ရောက်လာတယ်။ ဂျပန်ကိစ္စဆိုတော့ ငါလည်း သူ့ကိုခေါ်ပြီး ဗိုလ်မှူးကြီးစူဇူကီးကို သွားပြောပြတယ်။ စူဇူကီးက ဖြစ်တဲ့နည်းနဲ့ အဲ့ဒီ ဂျပန်ဗိုလ်ရယ်၊ စကားပြန်ကောင်ရယ်၊ စစ်သားနှစ်ယောက်ရယ်ကို လူမသိပဲရအောင်ဖမ်းဖို့ ပြောတယ်။ ဒီကောင်တွေကို အရက်ဆိုင်တစ်ခုက အထွက်မှာ အောင်ဘ တို့ က အတင်းဝင်ရိုက်ပြီး ဖမ်းလိုက်တယ်။ ဗိုလ်မှူးကြီးဆူဇူကီးက ဒီကောင်တွေကို ဂျပန်လက်အပ်လည်း ပြန်လွှတ်မှာဖြစ်လို့ ငါကပဲ လက်စဖျောက်လိုက်ဖို့ ပြောတယ်။ အဲ့ဒီအချိန်ကကွာ..ရန်ကုန်မြစ်တစ်လျှောက်မှာလည်း ကင်းတွေနဲ့ဆိုတော့ ဘယ့်နှယ့်ရေထဲပစ်ချရမလဲ။ နောက်တော့ ဗိုလ်မှူးကြီးဆူဇူကီးက ကိုစိုးမောင်နဲ့ တိုင်ပင်ပြီး သူ့စက်ရုံထဲမှာ ဒီစက်ကို ဖန်တီးတော့တာပဲ။ စက်ထဲထည့်ကြိတ်၊ ထွက်လာတဲ့ အပိုင်းတွေကို ဘွိုင်လာအောက်က မီးဖိုထဲ ပစ်ထည့်၊ မီးခိုးတွေက ခေါင်းတိုင်ကထွက်..ကဲ..ဆန်စက်ခေါင်းတိုင်က မီးခိုးထွက်တာ ဘာများဆန်းသလဲကွာ..နော့"
"မင်းတို့ဟာကလည်းကွာ မသာသုံးလောင်းဖျောက်ဖို့တောင် စက်ဆင်ရသေးတယ်လို့"
"ဘယ်က သုံးလောင်းကမှာလဲကွာ။ ငါပုလိပ်မင်းကြီးလုပ်တဲ့တစ်လျှောက် ငါ့ပစ်ထည့်ခဲ့တာရော၊ ဗိုလ်မှူးကြီးစူဇူကီး အမိန့်နဲ့ ပစ်ထည့်ခဲ့ရတဲ့လူတွေရော ဆယ်ယောက်လောက်တော့ ရှိတယ်ကွ။ ဟိုကုလားလေး ကတော့ နောက်ဆုံးပေါ့"
"ဖိုးတုတ်..မင်းကတော့ကွာ..လုပ်လိုက်ရင်…အကြီးကြီးကွာ..ငါတောင် အဲ့ဒီလောက် မင်းလုပ်မယ်လို့ မတွေးမိဘူး…အခုရော ဘယ်ကောင့်ကို ပစ်ထည့်ဖို့ လုပ်နေတာလဲ"
"အခုက ဖြုတ်သိမ်းနေတာကွ။ ငါက ပုလိပ်မင်းကြီးက ပြုတ်ပြီလေကွာ။ နောက်ဖြစ်လာမယ့် ပုလိပ်တွေက ဒီလူပျောက်မှုတွေ ဆက်လိုက်လာရင် ဒီစက်ကြီးထဲ လမ်းစပျောက်သွားတာ သိသွားရင် လာရှာကြမှာ။ ဒါကြောင့် ဒီစက်ကို ဖြုတ်ပြီး ဆန်စက်အမှန်အကန်ကို ပြန်တပ်နေတာ၊ တကယ်လို့ တရားတွေဘာတွေ ရင်ဆိုင်ရင်လည်း ဒီဆန်စက်ထဲ လူပစ်ထည့်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲဆိုပြီး ဒီဆန်စက်အမှန်ကို ပြလိုက်မှာပေါ့"
"ဖိုးတုတ်..မင်းတစ်ကိုယ်လုံးလည်း ဉာဏ်နီဉာဏ်နက်တွေချည်းပဲ..ငါအခုလာတာ ကင်ပေ က ဟိုကောင့်အမှုလိုက်နေပြီဆိုတာ ငါသတိလာပေးတာ။ ကဲ ငါသွားမယ် ဖိုးတုတ်"
"နေပါဦးဟ..ပြီးရင် ကိုစိုးမောင်ကို ခေါ်ပြီး ဟိုတယ်တစ်ခုခုမှာ သွားသောက်ကြမလားလို့"
"ငါအချိန်မရဘူး..ဖိုးတုတ်ရာ…ဟိုမှာ မေဂျာဆာတိုးကို ဆေးရုံ လိုက်ပို့ပေးရဦးမယ်"
"ဆာတိုး ဘာဖြစ်လို့လဲ"
"နတ်သမီးရောဂါဟေ့..နတ်သမီးရောဂါ"
"ဟေ"
ထိုခေတ်ကာလက ကာလသားရောဂါကို နတ်သမီးရောဂါဟု တင်စားခေါ်လေ့ရှိသဖြင့် ဖိုးတုတ် မျက်လုံးပြူးသွားခြင်းပင်။
ဒီဂျပန် အပြင်စာတွေ လျှောက်စားတယ်ထင်ပါရဲ့။
……………………………………………………………..
ဂျပန်တပ်မတော်က အင်အား ငါးသောင်းရှိသော ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) ကို ဖျက်သိမ်းပြီး အင်အားလျောချကာ အင်အား သုံးထောင်မှ ငါးထောင်အထိ သာ သတ်မှတ်သည့် ဗမာ့ကာကွယ်ရေးတပ်မတော်(BDA) အဖြစ် ပြောင်းလဲဖွဲ့စည်းပေးလိုက်သည်။
ပုလိပ်ဟူသော အခေါ်အဝေါ်ကို ဖျက်သိမ်းကာ နေပြည်တော်ရဲတပ်ဖွဲ့ကို အသစ်ဖွဲ့စည်းပြီး ဦးဘရီ က ရဲဗိုလ်ချုပ်အဖြစ် တာဝန်ယူခဲ့သည်။
နေပြည်တော်ရဲတပ်ဖွဲ့အတွင်းရှိ ရဲဗိုလ်မှူး၊ရဲအုပ် စသည့်နေရာများကို အင်္ဂလိပ်လက်ထက်က ပုလိပ်အရာရှိဟောင်းအချို့ကို ခန့်အပ်ခဲ့သော်လည်း လစ်လပ်နေရာများကို သခင်အဖွဲ့ နှင့် ဒေါက်တာဘမော်၏ ဆင်းရဲသားဓါးမပါတီ မှ လူများ အလုအယက်ခွဲဝေယူကြသည်။
ထိုအချိန်တွင် ရန်ကုန်မြို့သည် တဖြည်းဖြည်း ပြန်လည်စည်ကားလာနေပြီး ဘိန်းခန်းများ၊ အရက်ဆိုင်များ၊ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်လာကြသည်။
လမ်းတော်ဖိုးတုတ် သည် တပည့်များအား စုစည်းလျက် ရန်ကုန်မြို့အား နယ်မြေအလိုက်ပြန်လည်စိုးမိုးမှု အစပျိုးလျက်ရှိသည်။
၁၉၄၃ သြဂုတ်လ (၁)ရက်၊ မြန်မာသက္ကရာဇ် ၁၃၀၅ ၊ ဝါခေါင်လဆန်း ၁ ရက် ၊ တနင်္ဂနွေနေ့ တွင် ဂျပန်စစ်တပ်က မြန်မာနိုင်ငံအား လွတ်လပ်သောအချုပ်ခြာအာဏာပိုင် နိုင်ငံအဖြစ် ကြေညာသည်။
အစိုးရအဖွဲ့ အဓိပတိအဖြစ် ဒေါက်တာဘမော်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာသည်။
အစိုးရအဖွဲ့၏ အကြံပေးအရာရှိချုပ်အဖြစ် ဂျပန်တပ်မတော်မှ ဗိုလ်ချုပ်အီစာမူရာ က တာဝန်ယူသည်။
ရန်ကုန်မြို့တွင် မနက်လေးနာရီကတည်းက စောစောထပြီး လွတ်လပ်ရေးအောင်ပွဲနေ့ကို ကျင်းပကြသည်။
ထိုနေ့တွင်ပင် ဒေါက်တာဘမော် ဦးဆောင်သော ဗမာနိုင်ငံတော်အစိုးရက အင်္ဂလိပ်နှင့် အမေရိကန် တို့ကို စစ်ကြေညာသည်။
လွတ်လပ်ရေးရပြီဆိုသော်ငြား ပြည်သူလူထုမှာ မပျော်ရွှင်နိုင်ကြ။
အဘယ့်ကြောင့်ဆိုသော် ယခင်က ပြည်တွင်းတွင် ဖူလုံခဲ့သော ဆန်စပါးကို ကမ္ဘာပတ်စစ်တိုက်နေသည့် ဂျပန်တပ်များအတွက် ရိက္ခာအဖြစ် တန်ဖိုးမရှိသော ဂျပန်ငွေစက္ကူများဖြင့် အတင်းအဓမ္မဝယ်ယူ တင်ပို့ကြသည့်အတွက် စားနပ်ရိက္ခာရှားပါးလာသည်။
ငွေကြေးဖောင်းပွမှုများလာပြီး အင်္ဂလိပ်ခေတ်လက်ကျန် ပစ္စည်းများမှာလည်း ဂျပန်စစ်တပ်က ရသမျှ ဂျပန်ပြန်ပို့သည့်အတွက် အဝတ်အထည်မှ အစ ရှားပါးစပြုလာသည်။
ဂျပန်အာဏာပိုင်များသည် စစ်အတွင်း မြန်မာပြည်စစ်မြေပြင်တွင် သေဆုံးခဲ့သော ဂျပန်စစ်သားတစ်ယောက်စီတိုင်းအတွက် မြန်မာအစိုးရသစ်က စစ်လျော်ကြေးငွေ သုံးထောင် ပေးရန် သတ်မှတ်သဖြင့် အစိုးရမှာ ထိုအကြွေးကို ဆပ်နေရသည်။
တပြည်လုံးဖွတ်ဖွတ်မွဲနေချိန်တွင် ဂျပန်စစ်တပ်က ယိုးဒယား - မြန်မာမီးရထားလမ်းဖောက်ရေးအတွက် ချွေးတပ်သားများစုဆောင်းရန် မြန်မာအစိုးရကို စေခိုင်းသည်။
အစိုးရက အဆင့်ဆင့် ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေးအရာရှိများအား ချွေးတပ်သား (၃၀၀၀၀) စုဆောင်းရန် ခွဲတမ်းအလိုက် အမိန့်ပေးသည်။
ထိုအခါ အောက်ခြေဗမာအုပ်ချုပ်ရေးအရာရှိများအတွက် အကြံအဖန်လုပ်ရန် အခွင့်ကောင်းဖြစ်သွား၏။
မြို့နယ်တစ်ခုတွင် သတ်မှတ်ချွေးတပ်သားဦးရေ (၅၀၀) ဆိုလျှင် အုပ်ချုပ်ရေးအရာရှိက (၁၀၀၀) ဟု လေသံပစ်ကာ စုဆောင်းခိုင်းသည်။
ထို(၁၀၀၀)ထဲမှ ချွေးတပ်မလိုက်လိုသူကို လာဘ်ငွေရယူကာ ပြန်လွှတ်ပေးသည်။ အချို့လည်း လာဘ်ငွေမပေးနိုင်သဖြင့် လိုက်လာရသည်။
ချွေးတပ်စုဆောင်းရာတွင် အသုံးပြုရန် ဂျပန်စစ်ဌာနချုပ်မှ ဟေးဟိုးတပ် ခေါ် မျိုးချစ်တက်လူငယ်များအဖွဲ့ ကို ဖွဲ့စည်းလိုက်သဖြင့် အချို့ဗမာလူငယ်များမှာ အဆိုပါတပ်သို့ ဝင်ကြပြန်သည်။
ဟေးဟိုးတပ်ဖွဲ့များမှာ ချွေးတပ်ဆွဲခြင်း ၊ ချွေးတပ်မှ ထွက်ပြေးလာသူများကို အရေးယူခြင်းတို့တွင် အာဏာပါဝါရထားသဖြင့် လူထုက ကြောက်ရွံ့ရပြန်သည်။
ယင်းသို့ မသမာမှုအသီးသီးများကြောင့် ချွေးတပ်သား (၃၀၀၀၀) စုခိုင်းရာ (၅၀၀၀၀)ကျော် အထိ ရလာခဲ့သည်။
စုခိုင်းသည်ထက် လူနှစ်သောင်းပိုလာသဖြင့် မူလပထမ ချွေးတပ်စခန်းတွင် စီစဉ်ထားသည့် လူသုံးသောင်းစာ နေရေး၊စားရေး၊ ဆေးကုသရေးတို့တွင် မလောက်မငှ ဖြစ်ပြီး ဂျပန်စစ်တပ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားကြ၏။
တိုင်းပြည်ကား အဖက်ဖက်မှ ချွတ်ချုံကျနေသည်။
ရန်ကုန်မြို့တွင်မူ အစားအသောက်၊ အဝတ်အထည်များ ရှားပါးလှသည့်အပြင် ဘီအိုင်အေတပ်ကြီးကို ဖျက်သိမ်းလိုက်သဖြင့် ဘီဒီအေထဲ မပါရပဲ ပိုလျှံနေသော စစ်သားလူထွက် (၁၅၀၀၀) ခန့်မှာ ရန်ကုန်တွင် သောင်တင်ကျန်ရစ်သည်။
ရန်ကုန်မြို့ပြ တွင် ဂျပန်စစ်တပ်လူ၊ ကင်ပေတိုင်လူ၊ ဗမာအစိုးရအဖွဲ့ဝင်များ၏ လူ၊ ဟေးဟိုးတပ်၊ သခင်၊ ဓါးမ၊ ဘီဒီအေ၊ ဘီအိုင်အေစစ်ပြန်များ၊ အသစ်ဖွဲ့စည်းလိုက်သည့် နေပြည်တော်ရဲတပ်များ စသဖြင့် အာဏာပါဝါပြသည့် အဖွဲ့ပေါင်းစုံက ရှုပ်ထွေးနေသည်။
ပြည်သူလူထုကား ထို့နှယ့် လွတ်လပ်ရေးအနှစ်သာရကို တဝကြီး ခံစားနေရသည့်ကြားတွင် လမ်းမတော်ဖိုးတုတ်နှင့် ပုသိမ်ညွန့်ဘဘိုးတို့ကဲ့သို့ လူမိုက်ကြီးများကလည်း နယ်မြေလုပွဲဖြစ်ရန် တာဆူနေကြသည်။
ထိုသို့ ဂျပန်ပြည်ဖြစ် မြန်မာ့လွတ်လပ်ရေးကြီးရပြီး ရက်နှစ်ဆယ်အခန့်အကြာတွင် လမ်းမတော်ဖိုးတုတ်၏ နေအိမ်သို့ လူငယ်တစ်ဦးရောက်လာသည်။
"ဟာ..ဘိုးထင်..မင်းတို့ကို ငါလိုက်ရှာနေတာကွ..ဒါနဲ့ ကိုမိုးကြီးရော"
"ကျွန်တော်တို့ အင်္ဂလိပ်ဗုံးစကြဲကတည်းက ကျွန်တော့်အမ မအေးသင်း ယောက်ျားရဲ့ဇာတိရွာရှိတဲ့ ပန်းတနော်ဘက်ကို ပြေးနေကြတာ..ဆရာဖိုးတုတ်၊ ကိုမိုး လည်း လူထွက်ပြီး လိုက်လာတယ်၊ ရန်ကုန်ရောက်တာတော့ ဆယ်ရက်လောက်ရှိပြီ"
"ဟေ..ဟုတ်လား..ကောင်းတာပေါ့ကွာ..ငါလည်း ဒီမှာ အလုပ်တွေပြန်စဖို့ လူလိုနေတာနဲ့..ဒါနဲ့ ကိုမိုး ရော နေထိုင်ကောင်းရဲ့လား..ဘာလို့ လိုက်မလာတာလဲ"
"ကိုမိုးက ကျန်းမာရေးလုံးဝမကောင်းဘူး ဆရာဖိုးတုတ်၊ စစ်မဖြစ်ခင် ဘုန်းကြီးကျောင်းမှာကတည်းက အဆုပ်နာ ဖြစ်နေတာ။ အရင်က ပေပေတေတေနေခဲ့တာတွေရော၊ တကျွန်းက အစားဆင်းရဲအနေဆင်းရဲဒဏ်တွေကြောင့်နေမှာ။ အစကတော့ ကျွန်တော်တို့လည်း ရွာမှာပဲ လယ်လေးလုပ်၊ ဖားရှာငါးရှာနဲ့ အေးအေးနေတော့မလို့ပဲ။ ဒါပေမယ့်အခု ရွာမှာက နေရာတာအဆင်မပြေတော့ဘူး။ ဘီအိုင်အေနဲ့ ကရင် နဲ့ သတ်ရာကနေ အခု ဗမာနဲ့ ကရင်သတ်ကုန်ကြပြီ။ အဲ့ဒါနဲ့ ရန်ကုန် ပြန်ပြေးလာတာပဲ။ ဘရွတ်ကင်းလမ်းက ကျွန်တော်တို့ အိမ်လည်း ဗုံးကျသွားပြီဗျာ။ အခု အဲ့ဒီနေရာမှာ တဲကလေးထိုးနေကြတယ်"
"ဒါများ စောစောစီးစီး မလာဘူးကွာ..အခုရော..ငါ့ဆီလာတာ အလုပ်လုပ်မလို့ပဲလား"
"အဲ့ဒါလည်း ပါတယ်..ဆရာဖိုးတုတ်..ပြီးတော့…အခု ကိုမိုးက အခြေအနေလုံးဝမကောင်းတော့ဘူး..အဲ့ဒါ ပထမရက်ကတည်းက ကျွန်တော်က ဆရာဖိုးတုတ်ဆီ အကူအညီသွားတောင်းမယ်ဆိုတာ သူက လက်မခံဘူး။ သူကပြောတယ်..အမေ့တုန်းကလည်း ကိုဖိုးတုတ်ပဲ ကူညီတာ။ သူ့အလှည့်ကျလည်း ကိုဖိုးတုတ်ပဲ ဆိုတော့ အားနာစရာကောင်းတယ်တဲ့..ဒါပေမယ့်..ဒီတော့တော့ သူ သွေးတွေအန်နေတာ သတိမလည်တော့ဘူး။ ကျွန်တော် ကိုအလိန်ကို သွားရှာသေးတယ်။ သူနေတဲ့အိမ်ကလည်း သော့ကြီးခတ်ပြီး လူမနေတာ ကြာတဲ့ပုံပဲ။ အဲ့ဒါနဲ့ နောက်ဆုံး ဘာဖြစ်ဖြစ်ဆိုပြီး ကိုဖိုးတုတ်ကို အကူအညီလာတောင်းတာ။ ကိုမိုးအခြေအနေက ဆေးရုံတင်မှဖြစ်မယ်ထင်တယ်"
"ဟာ..အဲ့ဒါဆို အခုသွားမှ ဖြစ်မယ်လေ..လာလာ"
လမ်းမတော်ဖိုးတုတ် သည် ဓါးဘိုးထင်ကို ခေါ်ကာ ဘရွတ်ကရင်းလမ်းသို့ ကားဖြင့် ထွက်လာကြ၏။
ဘရွတ်ကရင်းလမ်းက ဗုံးဒဏ်ကြောင့် ပြိုလဲသွားသည့် အဆောက်အဦအချို့ကို ပြန်လည်မပြုပြင်ရသေး။
ယခင်က လမ်းမတော်ဖိုးတုတ် ဓါးကိုင်လျက် သွားခဲ့ဖူးသော ဗိုလ်တစ်ထောင်ငမိုး၏ အိမ်မှာ အုတ်ပုံကလေးသာ ကျန်တော့သည်။
အုတ်ပုံလေးပေါ်တွင် စစ်သုံးသက္ကလပ်အစများ၊ မိုးကာဖျင်များဖြင့် ကာရံထားပြီး တောင်ထန်းမိုးထားသည့် မြေစိုက်တဲအိမ်ကလေး။
ဖိုးတုတ်က အိမ်ထဲ လှမ်းဝင်လိုက်သောအခါ တိတ်ဆိတ်မှုက ဆီးကြိုနေသည်။
သေတ္တာသုံးလုံးဆက်ထားပြီး အပေါ်မှ ဖျာခင်းထားသည့်ပေါ်တွင် ဖိုးတုတ်တို့အား ကျောပေးလျက် ခွေခွေလေးလှဲနေသော ပိန်လှီလှီလူတစ်ယောက်။
"ကိုမိုး"
အသံထွက်မလာ။
"ဘိုးထင်…မင်းက သူ့ကို တစ်ယောက်တည်းထားခဲ့တာလား..မင်းအမရော"
"ကိုမိုးကို ဆံပြုတ်ပြုတ်တိုက်ဖို့ အမနဲ့ သူ့ယောက်ျားက ဆန်ထွက်ရှာတယ်..ဆရာဖိုးတုတ်"
"ဟာ..ကွာ..ငါရှိနေလျက်နဲ့ကွာ..မင်းတို့..ကိုမိုးကို ဒီလို ပစ်ထားရလား..အခု ဆေးရုံတင်မှဖြစ်မယ်..လာ"
ဖိုးတုတ်က ငမိုး လဲလျောင်းနေသည့် ကုတင်ဘေးသို့ ကပ်ကာ ငမိုး ၏ လက်မောင်း အား ဆုပ်ကိုင်လိုက်သည်။
အေးစက်နေသာ အထိအတွေ့ကြောင့် ဖိုးတုတ် အံကို ကြိတ်ကာ တောက်တစ်ချက် ခေါက်လိုက်၏။
ဘိုးထင် က သူ့အကို ငမိုး ၏ ခန္ဒာကိုယ်ကို ဆွဲလှည့်လိုက်သော အခါ တောင့်တင်းမာကြောနေသည်ကို ခံစားလိုက်ရသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ရန်ကုန်အရှေ့ပိုင်းတွင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံခဲ့ရသော တကျွန်းပြန် လူမိုက်ကြီး ဗိုလ်တစ်ထောင်ငမိုး (ခေါ်) ဓါးငမိုး မှာ တဲစုတ်ကလေးအတွင်းမှာ သေတ္တာပေါ်တွင် အစာအဟာရပြတ်ခြင်း၊ အဆုတ်နာရောဂါကျွမ်းခြင်းတို့ဖြင့် နိဂုံးချုပ်သွားခဲ့လေပြီ။
လမ်းမတော်ဖိုးတုတ် က ဗိုလ်တစ်ထောင်ငမိုး ၏ ပွင့်နေသော မျက်လုံးများကို လက်ဖြင့် အုပ်ကာ ပိတ်ပေးလိုက်သည်။
ထို့နောက် ဂျပန်ငွေ တစ်ထပ်ကို ထုတ်လိုက်ပြီး ဘိုးထင် အားပေးလိုက်၏။
"နာရေးကိစ္စ စီစဉ်စရာရှိတာ..စီစဉ်လိုက်ကွာ..ဘိုးထင်။ ညနေကျ ငါပြန်လာခဲ့မယ်"
လမ်းမတော်ဖိုးတုတ်က ဗိုလ်တစ်ထောင်ငမိုး၏ အလောင်းအားတစ်ချက်ငေးကြည့်ပြီး တဲအပြင်သို့ လှမ်းထွက်လိုက်သည်။
အပြင်ဘက်တွင်တော့ မိုးရနံ့များက ဝေသီလျက်။
………………………………………………………………………………………………………………
လမ်းမတော်ဖိုးတုတ် သည် စံဘ၊ ထွန်းရင်၊ မောင်မောင်၊ အဖတ် တို့ကို အခြေခံကာ ရန်ကုန် အနောက်ပိုင်းကို ပြန်လည်စိုးမိုးဖြန့်ကျက်လာသည်။
ယခင်က ကြက်ကျား၏ နယ်ဖြစ်သော ကြည့်မြင်တိုက်နယ်တဝိုက်ကို ဖာခန်းစောင့်အဖြစ်မှ ထွက်လိုက်ရသည့် အုန်းဖေ က ပြန်လည်စိုးမိုးလိုက်နိုင်ပြီဖြစ်သည်။
ထိုအချိန်က ရန်ကုန်တက္ကသိုလ်တစ်ဝိုက်တွင် ဂျပန်စစ်ရုံးများ ဖွင့်လှစ်ထားသဖြင့် ဂျပန်က ပြည်လမ်းမကြီး တစ်ဖက်တစ်ချက်စီတွင် ဝါးလုံးဖြင့် မဏ္ဍပ်များထိုးကာ သစ်ခက်များတင်ထားပြီး အင်္ဂလိပ်လေယာဉ်များမမြင်စေရန် ဖျောက်ဖျက်ထားကြသည်။
ထိုစီမံကိန်းတွင် ဂျပန်စကားတတ်ပြီး ဂျပန်ရည်ဝနေပြီဖြစ်သည့် အုန်းဖေ က ကျွမ်းကျင်သူဗမာလုပ်သားအချို့ ရှာပေးနိုင်သဖြင့် ဂျပန်ဗိုလ်ချုပ် အီစာမူရာ ၏ ကိုယ်ရေးအရာရှိ အော်စေးကိုး နှင့် ရင်းနှီးလာသည်။
လမ်းမတော်တခြမ်းကား နဂိုကပင် ဖိုးတုတ်နယ်ဖြစ်သဖြင့် ဖြန့်ကျက်နိုင်သော်လည်း အရှေ့ပိုင်းတွင်မူ အောင်ဘ နှင့် ဘိုးထင်တို့မှာ ပုသိမ်ညွန့်ဘဘိုးအဖွဲ့များနှင့် နေရာလုနေရ၏။
၁၉၄၃ စက်တင်ဘာလ (၁၅)ရက်။
ပုဇွန်တောင်နှင့် ဗိုလ်တစ်ထောင်အကြားတွင် ဖွင့်လှစ်ထားသော "ရှီဗာဗီအိချိ" ဟူသော ဂျပန်အမည်တပ် ကလပ်တစ်ခုကား စည်ကားနေသည်။
ထိုကလပ်မှာ အင်္ဂလိပ်ခေတ်က Montparnasse ဟူသော အမည်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သင်္ဘောသားများ ကျက်စားရာအဖြစ် နာမည်ကျော်သည်။
ဂျပန်ခေတ်တွင်တော့ ဂျပန်အမည် ရှီဗာဗီအိချိ ဟု အမည်ပြောင်းပြီး တရုတ်လူမျိုးသူဌေးတစ်ဦးက ဖွင့်လှစ်ထားသည်။
ထိုကလပ်သည် ဂျပန်လူမျိုးများ အလာနည်းသော်လည်း ရန်ကုန်မြို့တွင်းမှဂျပန်များနှင့် တွဲဆက် အလုပ်လုပ်ကာ အဆင်ပြေနေသည့် စီးပွားရေးသမားမျိုးစုံလာလေ့ရှိသော ကလပ်ဖြစ်သည်။
ယင်းကလပ်ကို ဖွင့်လှစ်သူ တရုတ်သူဌေးမှာ အင်္ဂလိပ်ခေတ်ကတည်းက အောင်ဘ နှင့် ဘိုးထင်ကို စောင့်ရှောက်ခပေးနေသည့်အတွက် ဂျပန်ခေတ်တွင်လည်း အောင်ဘတို့ကိုပင် ပေးဆောင်သည်။
အောင်ဘ နှင့် တပည့်သုံးယောက်က ကလပ်အဝတွင် ထိုင်ကာ စီးကရက်ဖွာနေကြသည်။
ထိုအချိန်တွင် ကားတစ်စီးထိုးစိုက်လာပြီး ကားထဲမှ လူတစ်ဦး ဆင်းလာကြသည်။
ထိုသူက အောင်ဘ ဘေးမှ ဖြတ်ကာ ကလပ်ထဲဝင်သွားပြီးမှ ရုတ်တရက်ပြန်လှည့်ကာ ထိုင်နေသော အောင်ဘ၏ ကျောကုန်းကို စောင့်ကန်လိုက်လေသည်။
အောင်ဘက လဲကျသွားရာမှ လူးလဲထလိုက်သည်။
ထို့နောက် အိတ်ထဲမှ ဓါးမြှောင်ကို ထုတ်ကာ ထိုလူအား ပြေးထိုးရန်ပြင်သည်။
ထိုအချိန်တွင် ဒိန်းခနဲ သေနတ်သံတစ်ချက်ထွက်လာကာ အောင်ဘ ဟပ်ထိုး လဲကျသွား၏။
အောင်ဘကို အနောက်ဘက်တွင် ရပ်ထားသော ကားထဲမှ လှမ်းပစ်လိုက်ခြင်းဖြစ်သည်။ အောင်ဘ၏ တပည့်များမှာ သေနတ်သံကြားသည်နှင့် ထွက်ပြေးကုန်ကြသည်။
ကားပေါ်တွင် ထိုင်ပြီး သေနတ်ဖြင့် ပစ်လိုက်သူကား ဦးမြကျင်။
ကားရှေ့ခန်းတွင်ထိုင်နေသော ပုသိမ်ညွန့်ဘဘိုးက ဦးမြကျင်ထံမှ သေနတ်ကို တောင်းကာ ခါးတွင်ထိုးပြီး ဓါးရှည်ကို ကိုင်လျက် ဆင်းလာသည်။ အောင်ဘအား ကန်လိုက်သူူ ဓားမစောထွန်းက ခါးကြားမှ ဓါးမကို ထုတ်ကာ ကလပ်ထဲသို့ ဝင်သွား၏။
အပြင်မှ သေနတ်သံကြောင့် ကလပ်ထဲမှ လူများမှာ ကြောက်လန့်တကြားပြေးထွက်လာကြသည်။
ထိုအချိန်တွင် ဓါးဘိုးထင်မှာ အပေါ်ထပ်ရှိ အခန်းထဲမှ ထွက်ကာ အခြေအနေကို အကဲခတ်လိုက်ပြီး ငှက်ကြီးတောင်ဓါးကို ဆွဲကာ ဆင်းလာ၏။
ဓားမစောထွန်းနှင့် ဘိုးထင် တို့ ရင်ဆိုင်တွေ့ကြပြီ။
ဘိုးထင်က ဓါးမစောထွန်းကို ဓါးဖြင့် ဝင်ပိုင်းသည်။ စောထွန်းက ရှောင်လိုက်နိုင်သော်လည်း ဟန်ချက်ပျက်သွား၏။
ဘိုးထင်က အရှိန်လွန်သွားရာမှ ဓါးဖြင့် ပြန်လှည့်အတွတ်တွင် ဓါးမစောထွန်း ရှောင်တိန်းရင်း လဲကျသွားသည်။
ထိုအချိန်တွင် နောက်မှ လိုက်လာသော ဘဘိုးက ဘိုးထင်၏ ကျောကုန်းကို ဝင်ပိုင်းလိုက်သည်။
ရုတ်တရက်နောက်ကျောမှ အခုတ်ခံရသဖြင့် ဘိုးထင်က ဘေးသို့ လှိမ်ချလိုက်သော်လည်း ကျောကုန်းမှ သွေးများ ဖြာခနဲထွက်လာလေသည်။
ဘဘိုး က ဘိုးထင်ကို ဓါးဖြင့် လိုက်ပိုင်းသည်။ ဘိုးထင်က ပက်လက်အနေအထားဖြင့် ဓါးချက်များကို ကာနေရသည်။
ထိုအချိန်တွင် ဒုတ် ခနဲအသံနှင့်အတူ ဓါးမတစ်ချောင်းက ဘိုးထင် လည်ပင်းကို စိုက်ဝင်သွား၏။
ဘိုးထင်မှာ အသံပင်ထွက်ချိန်မရပဲ နှစ်ချက်ခန့်အကြောဆွဲကာ ငြိမ်သက်သွားလေတော့သည်။
ဓါးမစောထွန်းက ဓါးမကို ဆွဲနှုတ်လိုက်ပြီး လက်တွင်ပေနေသော သွေးများကို ပုဆိုးဖြင့် သုတ်လိုက်၏။
ဘဘိုးက အရက်ဆိုင်ကောင်တာသို့သွားကာ သောက်လက်စကျန်ရစ်သည့် ဂျပန်ဆာကေးပုလင်းထဲမှ အရက်ကို ငှဲ့ကာ မော့ချလိုက်သည်။
ထိုအချိန်တွင် နေပြည်တော်ရဲများက သေနတ်သံကြောင့် ဆိုင်ရှေ့ကို ဝိုင်းလိုက်ကြပြီး ဆိုင်တွင်းသို့ အိတ်စပက်တော်ဦးမြသင်း နှင့် ရဲငါးဦး ရိုင်ဖယ်ကိုယ်စီဖြင့် ဝင်လာကြသည်။
အထဲသို့ ရောက်သောအခါ အလောင်းများကို သေချာကြည့်၏။
ထို့နောက် အရက်သောက်နေသော ဘဘိုးထံသို့ လျှောက်သွားသည်။
"သြော်ကိုမြသင်း…ရောက်ပြီကို..။ ဂျပန်ကင်ပေကမေးရင် လမ်းမတော်ဖိုးတုတ်ရဲ့ လူမိုက်တွေ အချင်းချင်း ပစ်ကြခတ်ကြပြီး သေကုန်တာလို့ပြောပြီး အမှုပိတ်ပစ်လိုက်ဗျ။ကြားလား။ ရော့..ဒီမှာ ဒီဓါးနဲ့ခုတ်ခံထားရတဲ့ကောင် ကိုင်တဲ့ သက်သေခံသေနတ်။ ဒီကောင်က ရှေ့က အောင်ဘဆိုတဲ့ကောင်ကို ပစ်လို့၊ အောင်ဘ တပည့်တွေက ဒီကောင့်ကို ဓါးနဲ့ ဝိုင်းခုတ်သွားတာလို့သာ ပြောဗျာ..တစ်ခုခုဆို ဦးမြကျင် နဲ့ ကျုပ် နဲ့ အဓိပတိအိမ်မှာရှိနေမယ်၊ ဟုတ်ပြီလား"
ဦးမြသင်း သည် ဓါးမအဖွဲ့ဝင်ဖြစ်ပြီး ဒေါက်ဘမော်၏ ကိုယ်ရံတော် ဦးမြကျင် ကျေးဇူးဖြင့် အိတ်စပက်တော်ရာထူးကို ရရှိထားသူဖြစ်သည်။
နောက်တစ်နေ့နံနက်တွင် ဗိုလ်တစ်ထောင်ရှိ "ရှီဗာဗီအိချိ" ကလပ်တွင် လမ်းမတော်လူမိုက် ဖိုးတုတ်၏ တပည့်များအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားကြောင်း က မြန်မာ့အလင်းသတင်းစာကြီးတွင် ပါလာတော့သည်။
ညဘက်ရောက်သောအခါ ဒါလဟိုဇီလမ်းထောင့်နှင့် လမ်းမတော်လမ်းထောင့်တွင် အသစ်ဖွင့်လှစ်လိုက်သော သူဌေးဦးစပ်စု ၏ စပ်စုဟိုတယ် အပေါ်ထပ်တွင် လမ်းမတော်ဖိုးတုတ်၊ အုန်းဖေ ၊ စံဘ၊ ထွန်းရင်၊ မောင်မောင်၊ အဖတ်တို့ တိတ်ဆိတ်စွာထိုင်ရင်း အရက်သောက်နေကြလေသည်။
အောင်ဘ နှင့် ဘိုးထင် တို့ကား သူတို့ထံသို့ ရောက်မလာနိုင်တော့။
လမ်းမတော်ဖိုးတုတ်၏ မျက်နှာကား မည်သည့်ခံစားချက်မျှ မရှိသည့််နှယ် ပကတိ တည်ငြိမ်လျက်။
လမ်းမတော်ဖိုးတုတ်သည် စိတ်လှုပ်ရှားသည့်အခါ ပိုမိုတည်ငြိမ်သွားသည်ဆိုသော တချိန်က ဦးလေးဦးဘိုးသင် ပြောခဲ့သည့်စကား က ယခုတိုင်မှန်ကန်လျက်ပင်။
ခဏအကြာတွင် အပေါ်ထပ်သို့ ဂန္ဓမာသောင်းရီ တက်လာသည်။
"အောင်ဘ တို့ ဘယ်လို ဖြစ်ကြတာလဲကွာ"
ဖိုးတုတ်က ဝီစကီတစ်ခွက်ကို ငှဲ့ကာ ဂန္ဓမာ ဆီသို့ ကမ်းပေးလိုက်သည်။
" ငါ..မှ ဝီစကီမသောက်တာ..ဖိုးတုတ်..နေ..နေ..ဟိုကောင်တွေကို ဘယ်သူ သတ်လဲသာပြော"
"သောက်လိုက်..ဂန္ဓမာ.. အောင်ဘ က ဝီစကီသိပ်ကြိုက်တဲ့ကောင်။ သူ့အတွက် မင်းသောက်လိုက်ကွာ"
ဂန္ဓမာက ဖိုးတုတ်ကမ်းပေးသော ဝီစကီကို တရှိန်ထိုးမော့ချလိုက်ရာ မျက်နှာကြီး ရဲတက်လာ၏။
"သေသွားတဲ့ ငမိုးကြီး ကို ငါ အားနာတယ်။ ရှက်လည်းရှက်တယ်ကွာ။ သူ့ညီဘိုးထင်ကို ငါ့ဆီ သူအပ်ထားခဲ့တာကွ"
တဝိုင်းလုံး တိတ်ဆိတ်သွားကြသည်။
"မင်း လွှတ်ပေးလိုက်တဲ့ ဘဘိုးရယ်၊ ဒေါက်တာဘမော်နားက မြကျင်ဆိုတဲ့အဘိုးကြီးရယ်၊ ဓါးမစောထွန်း ရယ် သတ်လိုက်ကြတာ…ဂန္ဓမာ"
"ဟာ..ဖိုးတုတ်..အဲ့ဒါဆို..ငါ့တာဝန်ဖြစ်သွားပြီ..ငါ့ပြသနာဖြစ်သွားပြီ..ဒီကောင့်ကို ငါလွှတ်ပေးလိုက်တာ..ဒီကောင်သုံးကောင်ကို ငါသတ်ပေးမယ်..ဖိုးတုတ်..ဟေ့..အုန်းဖေ..သွားသတ်မယ်ကွာ..လာ"
ဖိုးတုတ်က ဂန္ဓမာ၏ လက်ကို ဖိထားလိုက်သည်။
"နေဦး..ဟေ့ကောင်..ဒီကောင်တွေသုံးယောက်လုံးက အခု အဓိပတိကြီးဆိုတဲ့ ဒေါက်တာဘမော်ရဲ့လူတွေ။ ဦးမြကျင် က ဒေါက်တာဘမော်ရဲ့ ကိုယ်ရံတော်၊ ဘဘိုးက သာသနာရေးဝန်ကြီးဗန္ဓုလဦးစိန်ရဲ့ တူ။ သူတို့ ကို ဒီတိုင်းသွားသတ်ရင် ငါတို့ လည်ပင်းငါတို့ ကြိုးကွင်းစွပ်သလိုဖြစ်နေမှာပေါ့ကွာ။ အခုတောင် ဒီကောင်တွေက ငါ့လူတွေကို သတ်တယ်။ သတင်းစာထဲကျ လမ်းမတော်လူမိုက်ဖိုးတုတ် တပည့်တွေ အချင်းချင်းသတ်တယ်လို့ ပါအောင် အမှုကို ဆင်ပစ်တယ်။ ဒီကောင်တွေကို လျော့တွက်လို့မရတော့ဘူးကွ။ သူတို့မှာ နောက်ခံအင်အားရှိတယ်၊ ဦးနှောက်ရှိတယ်။ ဒီကောင်တွေကို ငါတို့ သေချာအကွက်ချပြီး သတ်မှ ဖြစ်တော့မယ်''
"အေး..ဒီကိစ္စကတော့ မင်း ကျွမ်းတဲ့ကိစ္စပဲ..ဖိုးတုတ်..ငါကတော့ ဖြစ်နိုင်ရင် ဒီညပဲ သုံးကောင်လုံးကို သွားသတ်ပစ်ချင်တာ…အေးပါ..မင်းစီစဉ်တဲ့အတိုင်း ငါလုပ်ပါ့မယ်"
"အေး…မနက်ဖြန် မနက်ကျရင်..၁၄ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ မင်းနဲ့ အုန်းဖေ ကို ငါစောင့်နေမယ်။ လက်ဖက်ရည်လေး ဘာလေး သောက်ကြတာပေါ့ကွာ"
ညည့်နက်လာပြီဖြစ်သဖြင့် ဟိုတယ်ဘေးအခန်းများဆီတွင် လာရောက်သည့် ဧည့်သည်များ၊ ဟိုတယ်မယ်များ၏ အသံများက ဆူညံပွက်လာသည်။
သူတို့ အခန်းတစ်ခုသာ ထူးထူးခြားခြား တိတ်ဆိတ်လျက်။
ခက်ဇော်
(zawgyi)
The Guys of Yangon,1930(Part 27)
အခန္း(၂၈)
……………..
ပုဇြန္ေတာင္ ကိုစိုးေမာင္ ဆန္စက္ေရွ႕သို႔ ဂ်ပန္အလံတပ္ ကားတစ္စင္း ထိုးဆိုက္လာသည္။
ကားေပၚမွ စီးကရက္ခဲလ်က္ ဆင္းလာသူက ဂႏၶမာေသာင္းရီ။
ဂႏၶမာက ဆန္စက္အတြင္းတြင္ မတ္တပ္ရပ္လ်က္ အလုပ္သမားမ်ားကို ၫြန္ၾကားေနေသာ လမ္းမေတာ္ဖိုးတုတ္ႏွင့္ ဆန္စက္သူေဌးကိုစိုးေမာင္ ဆီသို႔ လမ္းေလွ်ာက္သြား၏။
"ဖိုးတုတ္..ငါမင္းကို လိုက္ရွာေနတာ..မသင္းျမ က မင္း ဒီဆန္စက္မွာ ရွိတယ္ေျပာလို႔"
လမ္းမေတာ္ဖိုးတုတ္ က ဂႏၶမာေသာင္းရီကို ပုခုံးဖက္ကာ ခပ္လွမ္းလွမ္းသို႔ ေခၚသြားသည္။
"ေအး..ဖိုးတုတ္..မင္းက ဒီမွာ ဘာလုပ္ေနတာတုန္း၊ ဘာလဲ ဆန္စက္ေထာင္ေတာ့မလို႔လား"
"မဟုတ္ပါဘူးကြာ..ပုလိပ္မင္းႀကီးရာထူးက ျပဳတ္ၿပီးဆိုေတာ့ လက္စသတ္စရာရွိတာေလးေတြ ေဖ်ာက္ဖ်က္ေနတာ"
"ဘာေတြလဲကြာ…ကဲ..ထားပါေတာ့..ငါမင္းကို ေမးစရာရွိတယ္..ဟိုေန႔က မင္းေဆး႐ုံက ျပန္သြားေတာ့ မင္းနဲ႔ ေဆး႐ုံက စကားျပန္ဂ်ီဝဲ ဆိုတဲ့ေကာင္နဲ႔ ျပသနာတက္တယ္ဆို"
"ေအး..ဟုတ္တယ္ေလ..အဲ့ဒါ ဘာျဖစ္လဲ"
"အခု အဲ့ဒီကုလားေပ်ာက္ေနလို႔တဲ့..ေဆး႐ုံက လူေတြကေတာ့ အေတာ္စိတ္ခ်မ္းသာေနတယ္..ဒါေပမယ့္…သူ႔ဆရာ ေဒါက္တာဆူဇူကီး က ဒီကိစၥ ကင္ေပတိုင္ကို သြားတိုင္ထားတယ္.. အဲ့ဒါ မင္းလက္ခ်က္ဆိုတာ ငါရိပ္မိတယ္…မင္းအဲ့ဒီေကာင္ကို ဘယ္လိုလုပ္လိုက္လဲ"
လမ္းမေတာ္ဖိုးတုတ္က ဂႏၶမာေသာင္းရီထံမွ စီးကရက္တစ္လိပ္ေတာင္းၿပီး မီးညႇိ႔လိုက္သည္။
"အဲ့ဒီေန႔ကတည္းက ပုလိမ္မင္းႀကီး ဦးဖိုးတုတ္ ရဲ႕ ခုံ႐ုံးကေန ေသဒဏ္ေပးလိုက္ၿပီကြ"
"အမ္..ဘယ္မွာလဲ..မင္းခုံ႐ုံးက"
"ဟိုမွာေလကြာ…ကိုစိုးေမာင္ လူေတြ ျဖဳတ္ေနတဲ့ စက္ေတြ႕တယ္မဟုတ္လား..အဲ့ဒီစက္ထဲ ထည့္ႀကိတ္ပစ္လိုက္တာ"
"အဲ့ဒါဘာႀကီးလဲ..ဆန္ႀကိတ္တဲ့စက္လား…ဆန္စက္ထဲ လူထည့္ႀကိတ္လို႔ရလို႔လားဟ"
"ဟိုမွာေတြ႕လား..ဂႏၶမာ..အဲ့ဒါဘာေတြလို႔ထင္လဲ"
အလုပ္သမားမ်ား ျဖဳတ္သိမ္းေနေသာ သံဘီးဝိုင္းႀကီးမ်ားကို ၾကည့္ၿပီး ဂႏၶမာေသာင္းရီက ေခါင္းခါျပသည္။
"အဲ့ဒါ မဂၤလာဒုံမွာက်န္ခဲ့တဲ့ ၿဗိတိသွ်သံခ်ပ္ကာတပ္က တင့္ကားဘီးေတြပဲ။ ဒီဆန္စက္ထဲမွာ အဲ့ဒီတင့္ကားဘီးေတြနဲ႔ လူႀကိတ္လို႔ရတဲ့စက္တစ္ခုကို ဗိုလ္မႉးႀကီးစူဇူကီး ကိုယ္တိုင္ စီစဥ္ခဲ့တာကြ။ မသိရင္ေတာ့ ဟိုဘက္က ဆန္စက္လိုပုံစံေပါ့ကြာ"
"ေနပါဦး မင္းတို႔က အဲ့ဒီလူႀကိတ္စက္လုပ္ၿပီး ဘာလုပ္ၾကတာလဲ"
"ဘာလုပ္ရမလဲ..ငါ့တရား႐ုံးပါဆိုမွပဲ။ လူသတ္အေလာင္းေဖ်ာက္တာေပါ့ကြ။ ငါေျပာျပမယ္။ ငါ ပုလိပ္မင္းႀကီး ျဖစ္ၿပီး တပတ္ေလာက္အၾကာမွာပဲ ေဟာ့ဒီစက္ပိုင္ရွင္ ကိုစိုးေမာင္ က ငါ့ကို လာတိုင္တယ္။ ဂ်ပန္ကင္ေပ က ဗိုလ္ႀကီးတစ္ေယာက္နဲ႔ စစ္သားႏွစ္ေယာက္ရယ္ က သူ႔မိန္းမကို မတရားက်င့္ၿပီး လွံစြပ္နဲ႔ ထိုးသတ္သြားၾကတယ္တဲ့။ အဲ့ဒီေန႔က အဂၤလိပ္ေလယာဥ္ေတြ ဗုံးလာႀကဲမယ့္ေန႔။ ကိုစိုးေမာင္ က သူ႔ညီမေလး ကေလးေမြးမွာမို႔ ၿမိဳ႕ထဲက ေဆး႐ုံကို ကားနဲ႔ လိုက္ပို႔တာ။ အိမ္ေစာင့္က ကိုစိုးေမာင္ မိန္းမ နဲ႔ ကေလးႏွစ္ေယာက္က်န္ရစ္တယ္။ အဲ့ဒီမွာ ကိုစိုးေမာင္ သားေလးႏွစ္ေယာက္က ေအာက္ဆင္းေဆာ့ရင္း ေမွာင္ေနေတာ့ ကိုစိုးေမာင္မိန္းမက မီးခြက္နဲ႔ ေရွ႕ထြက္ေခၚတာ။ အဲ့ဒီမွာ ျဖတ္လာတဲ့ ကင္ေပတိုင္ဗိုလ္က ေလယာဥ္ေတြကို အခ်က္ျပတဲ့ စပိုင္ပါဆိုၿပီး အိမ္ေပၚတက္လာတယ္။ ေနာက္ေတာ့ ကိုစိုးေမာင္ မိန္းမကို ကေလးေတြေရွ႕မွာပဲ အလွည့္က်မုဒိန္းက်င့္ၿပီး လွံစြပ္နဲ႔ထိုး သတ္သြားၾကတယ္ကြ"
"ဟာ..ကြာ"
"အဲ့ဒါ ကိုစိုးေမာင္က ကင္ေပတိုင္႐ုံးကို တိုင္ေတာ့ သက္ေသမရွိဘူးဆိုၿပီး အေရးမယူဘူး။ ကေလးေတြကလည္း ငယ္ေသးေတာ့ သက္ေသထဲအက်ဳံးမဝင္ဘူးေပါ့ကြာ။ ကိုစိုးေမာင္မွာ ငိုယိုၿပီး ငါ့ဆီ ေရာက္လာတယ္။ ဂ်ပန္ကိစၥဆိုေတာ့ ငါလည္း သူ႔ကိုေခၚၿပီး ဗိုလ္မႉးႀကီးစူဇူကီးကို သြားေျပာျပတယ္။ စူဇူကီးက ျဖစ္တဲ့နည္းနဲ႔ အဲ့ဒီ ဂ်ပန္ဗိုလ္ရယ္၊ စကားျပန္ေကာင္ရယ္၊ စစ္သားႏွစ္ေယာက္ရယ္ကို လူမသိပဲရေအာင္ဖမ္းဖို႔ ေျပာတယ္။ ဒီေကာင္ေတြကို အရက္ဆိုင္တစ္ခုက အထြက္မွာ ေအာင္ဘ တို႔ က အတင္းဝင္႐ိုက္ၿပီး ဖမ္းလိုက္တယ္။ ဗိုလ္မႉးႀကီးဆူဇူကီးက ဒီေကာင္ေတြကို ဂ်ပန္လက္အပ္လည္း ျပန္လႊတ္မွာျဖစ္လို႔ ငါကပဲ လက္စေဖ်ာက္လိုက္ဖို႔ ေျပာတယ္။ အဲ့ဒီအခ်ိန္ကကြာ..ရန္ကုန္ျမစ္တစ္ေလွ်ာက္မွာလည္း ကင္းေတြနဲ႔ဆိုေတာ့ ဘယ့္ႏွယ့္ေရထဲပစ္ခ်ရမလဲ။ ေနာက္ေတာ့ ဗိုလ္မႉးႀကီးဆူဇူကီးက ကိုစိုးေမာင္နဲ႔ တိုင္ပင္ၿပီး သူ႔စက္႐ုံထဲမွာ ဒီစက္ကို ဖန္တီးေတာ့တာပဲ။ စက္ထဲထည့္ႀကိတ္၊ ထြက္လာတဲ့ အပိုင္းေတြကို ဘြိဳင္လာေအာက္က မီးဖိုထဲ ပစ္ထည့္၊ မီးခိုးေတြက ေခါင္းတိုင္ကထြက္..ကဲ..ဆန္စက္ေခါင္းတိုင္က မီးခိုးထြက္တာ ဘာမ်ားဆန္းသလဲကြာ..ေနာ့"
"မင္းတို႔ဟာကလည္းကြာ မသာသုံးေလာင္းေဖ်ာက္ဖို႔ေတာင္ စက္ဆင္ရေသးတယ္လို႔"
"ဘယ္က သုံးေလာင္းကမွာလဲကြာ။ ငါပုလိပ္မင္းႀကီးလုပ္တဲ့တစ္ေလွ်ာက္ ငါ့ပစ္ထည့္ခဲ့တာေရာ၊ ဗိုလ္မႉးႀကီးစူဇူကီး အမိန႔္နဲ႔ ပစ္ထည့္ခဲ့ရတဲ့လူေတြေရာ ဆယ္ေယာက္ေလာက္ေတာ့ ရွိတယ္ကြ။ ဟိုကုလားေလး ကေတာ့ ေနာက္ဆုံးေပါ့"
"ဖိုးတုတ္..မင္းကေတာ့ကြာ..လုပ္လိုက္ရင္…အႀကီးႀကီးကြာ..ငါေတာင္ အဲ့ဒီေလာက္ မင္းလုပ္မယ္လို႔ မေတြးမိဘူး…အခုေရာ ဘယ္ေကာင့္ကို ပစ္ထည့္ဖို႔ လုပ္ေနတာလဲ"
"အခုက ျဖဳတ္သိမ္းေနတာကြ။ ငါက ပုလိပ္မင္းႀကီးက ျပဳတ္ၿပီေလကြာ။ ေနာက္ျဖစ္လာမယ့္ ပုလိပ္ေတြက ဒီလူေပ်ာက္မႈေတြ ဆက္လိုက္လာရင္ ဒီစက္ႀကီးထဲ လမ္းစေပ်ာက္သြားတာ သိသြားရင္ လာရွာၾကမွာ။ ဒါေၾကာင့္ ဒီစက္ကို ျဖဳတ္ၿပီး ဆန္စက္အမွန္အကန္ကို ျပန္တပ္ေနတာ၊ တကယ္လို႔ တရားေတြဘာေတြ ရင္ဆိုင္ရင္လည္း ဒီဆန္စက္ထဲ လူပစ္ထည့္တယ္ဆိုတာ ဘယ္လိုျဖစ္ႏိုင္မွာလဲဆိုၿပီး ဒီဆန္စက္အမွန္ကို ျပလိုက္မွာေပါ့"
"ဖိုးတုတ္..မင္းတစ္ကိုယ္လုံးလည္း ဉာဏ္နီဉာဏ္နက္ေတြခ်ည္းပဲ..ငါအခုလာတာ ကင္ေပ က ဟိုေကာင့္အမႈလိုက္ေနၿပီဆိုတာ ငါသတိလာေပးတာ။ ကဲ ငါသြားမယ္ ဖိုးတုတ္"
"ေနပါဦးဟ..ၿပီးရင္ ကိုစိုးေမာင္ကို ေခၚၿပီး ဟိုတယ္တစ္ခုခုမွာ သြားေသာက္ၾကမလားလို႔"
"ငါအခ်ိန္မရဘူး..ဖိုးတုတ္ရာ…ဟိုမွာ ေမဂ်ာဆာတိုးကို ေဆး႐ုံ လိုက္ပို႔ေပးရဦးမယ္"
"ဆာတိုး ဘာျဖစ္လို႔လဲ"
"နတ္သမီးေရာဂါေဟ့..နတ္သမီးေရာဂါ"
"ေဟ"
ထိုေခတ္ကာလက ကာလသားေရာဂါကို နတ္သမီးေရာဂါဟု တင္စားေခၚေလ့ရွိသျဖင့္ ဖိုးတုတ္ မ်က္လုံးျပဴးသြားျခင္းပင္။
ဒီဂ်ပန္ အျပင္စာေတြ ေလွ်ာက္စားတယ္ထင္ပါရဲ႕။
……………………………………………………………..
ဂ်ပန္တပ္မေတာ္က အင္အား ငါးေသာင္းရွိေသာ ဗမာ့လြတ္လပ္ေရးတပ္မေတာ္(BIA) ကို ဖ်က္သိမ္းၿပီး အင္အားေလ်ာခ်ကာ အင္အား သုံးေထာင္မွ ငါးေထာင္အထိ သာ သတ္မွတ္သည့္ ဗမာ့ကာကြယ္ေရးတပ္မေတာ္(BDA) အျဖစ္ ေျပာင္းလဲဖြဲ႕စည္းေပးလိုက္သည္။
ပုလိပ္ဟူေသာ အေခၚအေဝၚကို ဖ်က္သိမ္းကာ ေနျပည္ေတာ္ရဲတပ္ဖြဲ႕ကို အသစ္ဖြဲ႕စည္းၿပီး ဦးဘရီ က ရဲဗိုလ္ခ်ဳပ္အျဖစ္ တာဝန္ယူခဲ့သည္။
ေနျပည္ေတာ္ရဲတပ္ဖြဲ႕အတြင္းရွိ ရဲဗိုလ္မႉး၊ရဲအုပ္ စသည့္ေနရာမ်ားကို အဂၤလိပ္လက္ထက္က ပုလိပ္အရာရွိေဟာင္းအခ်ိဳ႕ကို ခန႔္အပ္ခဲ့ေသာ္လည္း လစ္လပ္ေနရာမ်ားကို သခင္အဖြဲ႕ ႏွင့္ ေဒါက္တာဘေမာ္၏ ဆင္းရဲသားဓါးမပါတီ မွ လူမ်ား အလုအယက္ခြဲေဝယူၾကသည္။
ထိုအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕သည္ တျဖည္းျဖည္း ျပန္လည္စည္ကားလာေနၿပီး ဘိန္းခန္းမ်ား၊ အရက္ဆိုင္မ်ား၊ ဟိုတယ္မ်ား ျပန္လည္ဖြင့္လွစ္လာၾကသည္။
လမ္းေတာ္ဖိုးတုတ္ သည္ တပည့္မ်ားအား စုစည္းလ်က္ ရန္ကုန္ၿမိဳ႕အား နယ္ေျမအလိုက္ျပန္လည္စိုးမိုးမႈ အစပ်ိဳးလ်က္ရွိသည္။
၁၉၄၃ ၾသဂုတ္လ (၁)ရက္၊ ျမန္မာသကၠရာဇ္ ၁၃၀၅ ၊ ဝါေခါင္လဆန္း ၁ ရက္ ၊ တနဂၤေႏြေန႔ တြင္ ဂ်ပန္စစ္တပ္က ျမန္မာႏိုင္ငံအား လြတ္လပ္ေသာအခ်ဳပ္ျခာအာဏာပိုင္ ႏိုင္ငံအျဖစ္ ေၾကညာသည္။
အစိုးရအဖြဲ႕ အဓိပတိအျဖစ္ ေဒါက္တာဘေမာ္ျဖစ္ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျဖစ္လာသည္။
အစိုးရအဖြဲ႕၏ အႀကံေပးအရာရွိခ်ဳပ္အျဖစ္ ဂ်ပန္တပ္မေတာ္မွ ဗိုလ္ခ်ဳပ္အီစာမူရာ က တာဝန္ယူသည္။
ရန္ကုန္ၿမိဳ႕တြင္ မနက္ေလးနာရီကတည္းက ေစာေစာထၿပီး လြတ္လပ္ေရးေအာင္ပြဲေန႔ကို က်င္းပၾကသည္။
ထိုေန႔တြင္ပင္ ေဒါက္တာဘေမာ္ ဦးေဆာင္ေသာ ဗမာႏိုင္ငံေတာ္အစိုးရက အဂၤလိပ္ႏွင့္ အေမရိကန္ တို႔ကို စစ္ေၾကညာသည္။
လြတ္လပ္ေရးရၿပီဆိုေသာ္ျငား ျပည္သူလူထုမွာ မေပ်ာ္႐ႊင္ႏိုင္ၾက။
အဘယ့္ေၾကာင့္ဆိုေသာ္ ယခင္က ျပည္တြင္းတြင္ ဖူလုံခဲ့ေသာ ဆန္စပါးကို ကမာၻပတ္စစ္တိုက္ေနသည့္ ဂ်ပန္တပ္မ်ားအတြက္ ရိကၡာအျဖစ္ တန္ဖိုးမရွိေသာ ဂ်ပန္ေငြစကၠဴမ်ားျဖင့္ အတင္းအဓမၼဝယ္ယူ တင္ပို႔ၾကသည့္အတြက္ စားနပ္ရိကၡာရွားပါးလာသည္။
ေငြေၾကးေဖာင္းပြမႈမ်ားလာၿပီး အဂၤလိပ္ေခတ္လက္က်န္ ပစၥည္းမ်ားမွာလည္း ဂ်ပန္စစ္တပ္က ရသမွ် ဂ်ပန္ျပန္ပို႔သည့္အတြက္ အဝတ္အထည္မွ အစ ရွားပါးစျပဳလာသည္။
ဂ်ပန္အာဏာပိုင္မ်ားသည္ စစ္အတြင္း ျမန္မာျပည္စစ္ေျမျပင္တြင္ ေသဆုံးခဲ့ေသာ ဂ်ပန္စစ္သားတစ္ေယာက္စီတိုင္းအတြက္ ျမန္မာအစိုးရသစ္က စစ္ေလ်ာ္ေၾကးေငြ သုံးေထာင္ ေပးရန္ သတ္မွတ္သျဖင့္ အစိုးရမွာ ထိုအေႂကြးကို ဆပ္ေနရသည္။
တျပည္လုံးဖြတ္ဖြတ္မြဲေနခ်ိန္တြင္ ဂ်ပန္စစ္တပ္က ယိုးဒယား - ျမန္မာမီးရထားလမ္းေဖာက္ေရးအတြက္ ေခြၽးတပ္သားမ်ားစုေဆာင္းရန္ ျမန္မာအစိုးရကို ေစခိုင္းသည္။
အစိုးရက အဆင့္ဆင့္ ခ႐ိုင္၊ ၿမိဳ႕နယ္၊ ေက်း႐ြာ အုပ္ခ်ဳပ္ေရးအရာရွိမ်ားအား ေခြၽးတပ္သား (၃၀၀၀၀) စုေဆာင္းရန္ ခြဲတမ္းအလိုက္ အမိန႔္ေပးသည္။
ထိုအခါ ေအာက္ေျခဗမာအုပ္ခ်ဳပ္ေရးအရာရွိမ်ားအတြက္ အႀကံအဖန္လုပ္ရန္ အခြင့္ေကာင္းျဖစ္သြား၏။
ၿမိဳ႕နယ္တစ္ခုတြင္ သတ္မွတ္ေခြၽးတပ္သားဦးေရ (၅၀၀) ဆိုလွ်င္ အုပ္ခ်ဳပ္ေရးအရာရွိက (၁၀၀၀) ဟု ေလသံပစ္ကာ စုေဆာင္းခိုင္းသည္။
ထို(၁၀၀၀)ထဲမွ ေခြၽးတပ္မလိုက္လိုသူကို လာဘ္ေငြရယူကာ ျပန္လႊတ္ေပးသည္။ အခ်ိဳ႕လည္း လာဘ္ေငြမေပးႏိုင္သျဖင့္ လိုက္လာရသည္။
ေခြၽးတပ္စုေဆာင္းရာတြင္ အသုံးျပဳရန္ ဂ်ပန္စစ္ဌာနခ်ဳပ္မွ ေဟးဟိုးတပ္ ေခၚ မ်ိဳးခ်စ္တက္လူငယ္မ်ားအဖြဲ႕ ကို ဖြဲ႕စည္းလိုက္သျဖင့္ အခ်ိဳ႕ဗမာလူငယ္မ်ားမွာ အဆိုပါတပ္သို႔ ဝင္ၾကျပန္သည္။
ေဟးဟိုးတပ္ဖြဲ႕မ်ားမွာ ေခြၽးတပ္ဆြဲျခင္း ၊ ေခြၽးတပ္မွ ထြက္ေျပးလာသူမ်ားကို အေရးယူျခင္းတို႔တြင္ အာဏာပါဝါရထားသျဖင့္ လူထုက ေၾကာက္႐ြံ႕ရျပန္သည္။
ယင္းသို႔ မသမာမႈအသီးသီးမ်ားေၾကာင့္ ေခြၽးတပ္သား (၃၀၀၀၀) စုခိုင္းရာ (၅၀၀၀၀)ေက်ာ္ အထိ ရလာခဲ့သည္။
စုခိုင္းသည္ထက္ လူႏွစ္ေသာင္းပိုလာသျဖင့္ မူလပထမ ေခြၽးတပ္စခန္းတြင္ စီစဥ္ထားသည့္ လူသုံးေသာင္းစာ ေနေရး၊စားေရး၊ ေဆးကုသေရးတို႔တြင္ မေလာက္မငွ ျဖစ္ၿပီး ဂ်ပန္စစ္တပ္အတြက္ ဝန္ထုပ္ဝန္ပိုး ျဖစ္သြားၾက၏။
တိုင္းျပည္ကား အဖက္ဖက္မွ ခြၽတ္ခ်ဳံက်ေနသည္။
ရန္ကုန္ၿမိဳ႕တြင္မူ အစားအေသာက္၊ အဝတ္အထည္မ်ား ရွားပါးလွသည့္အျပင္ ဘီအိုင္ေအတပ္ႀကီးကို ဖ်က္သိမ္းလိုက္သျဖင့္ ဘီဒီေအထဲ မပါရပဲ ပိုလွ်ံေနေသာ စစ္သားလူထြက္ (၁၅၀၀၀) ခန႔္မွာ ရန္ကုန္တြင္ ေသာင္တင္က်န္ရစ္သည္။
ရန္ကုန္ၿမိဳ႕ျပ တြင္ ဂ်ပန္စစ္တပ္လူ၊ ကင္ေပတိုင္လူ၊ ဗမာအစိုးရအဖြဲ႕ဝင္မ်ား၏ လူ၊ ေဟးဟိုးတပ္၊ သခင္၊ ဓါးမ၊ ဘီဒီေအ၊ ဘီအိုင္ေအစစ္ျပန္မ်ား၊ အသစ္ဖြဲ႕စည္းလိုက္သည့္ ေနျပည္ေတာ္ရဲတပ္မ်ား စသျဖင့္ အာဏာပါဝါျပသည့္ အဖြဲ႕ေပါင္းစုံက ရႈပ္ေထြးေနသည္။
ျပည္သူလူထုကား ထို႔ႏွယ့္ လြတ္လပ္ေရးအႏွစ္သာရကို တဝႀကီး ခံစားေနရသည့္ၾကားတြင္ လမ္းမေတာ္ဖိုးတုတ္ႏွင့္ ပုသိမ္ၫြန႔္ဘဘိုးတို႔ကဲ့သို႔ လူမိုက္ႀကီးမ်ားကလည္း နယ္ေျမလုပြဲျဖစ္ရန္ တာဆူေနၾကသည္။
ထိုသို႔ ဂ်ပန္ျပည္ျဖစ္ ျမန္မာ့လြတ္လပ္ေရးႀကီးရၿပီး ရက္ႏွစ္ဆယ္အခန႔္အၾကာတြင္ လမ္းမေတာ္ဖိုးတုတ္၏ ေနအိမ္သို႔ လူငယ္တစ္ဦးေရာက္လာသည္။
"ဟာ..ဘိုးထင္..မင္းတို႔ကို ငါလိုက္ရွာေနတာကြ..ဒါနဲ႔ ကိုမိုးႀကီးေရာ"
"ကြၽန္ေတာ္တို႔ အဂၤလိပ္ဗုံးစႀကဲကတည္းက ကြၽန္ေတာ့္အမ မေအးသင္း ေယာက္်ားရဲ႕ဇာတိ႐ြာရွိတဲ့ ပန္းတေနာ္ဘက္ကို ေျပးေနၾကတာ..ဆရာဖိုးတုတ္၊ ကိုမိုး လည္း လူထြက္ၿပီး လိုက္လာတယ္၊ ရန္ကုန္ေရာက္တာေတာ့ ဆယ္ရက္ေလာက္ရွိၿပီ"
"ေဟ..ဟုတ္လား..ေကာင္းတာေပါ့ကြာ..ငါလည္း ဒီမွာ အလုပ္ေတြျပန္စဖို႔ လူလိုေနတာနဲ႔..ဒါနဲ႔ ကိုမိုး ေရာ ေနထိုင္ေကာင္းရဲ႕လား..ဘာလို႔ လိုက္မလာတာလဲ"
"ကိုမိုးက က်န္းမာေရးလုံးဝမေကာင္းဘူး ဆရာဖိုးတုတ္၊ စစ္မျဖစ္ခင္ ဘုန္းႀကီးေက်ာင္းမွာကတည္းက အဆုပ္နာ ျဖစ္ေနတာ။ အရင္က ေပေပေတေတေနခဲ့တာေတြေရာ၊ တကြၽန္းက အစားဆင္းရဲအေနဆင္းရဲဒဏ္ေတြေၾကာင့္ေနမွာ။ အစကေတာ့ ကြၽန္ေတာ္တို႔လည္း ႐ြာမွာပဲ လယ္ေလးလုပ္၊ ဖားရွာငါးရွာနဲ႔ ေအးေအးေနေတာ့မလို႔ပဲ။ ဒါေပမယ့္အခု ႐ြာမွာက ေနရာတာအဆင္မေျပေတာ့ဘူး။ ဘီအိုင္ေအနဲ႔ ကရင္ နဲ႔ သတ္ရာကေန အခု ဗမာနဲ႔ ကရင္သတ္ကုန္ၾကၿပီ။ အဲ့ဒါနဲ႔ ရန္ကုန္ ျပန္ေျပးလာတာပဲ။ ဘ႐ြတ္ကင္းလမ္းက ကြၽန္ေတာ္တို႔ အိမ္လည္း ဗုံးက်သြားၿပီဗ်ာ။ အခု အဲ့ဒီေနရာမွာ တဲကေလးထိုးေနၾကတယ္"
"ဒါမ်ား ေစာေစာစီးစီး မလာဘူးကြာ..အခုေရာ..ငါ့ဆီလာတာ အလုပ္လုပ္မလို႔ပဲလား"
"အဲ့ဒါလည္း ပါတယ္..ဆရာဖိုးတုတ္..ၿပီးေတာ့…အခု ကိုမိုးက အေျခအေနလုံးဝမေကာင္းေတာ့ဘူး..အဲ့ဒါ ပထမရက္ကတည္းက ကြၽန္ေတာ္က ဆရာဖိုးတုတ္ဆီ အကူအညီသြားေတာင္းမယ္ဆိုတာ သူက လက္မခံဘူး။ သူကေျပာတယ္..အေမ့တုန္းကလည္း ကိုဖိုးတုတ္ပဲ ကူညီတာ။ သူ႔အလွည့္က်လည္း ကိုဖိုးတုတ္ပဲ ဆိုေတာ့ အားနာစရာေကာင္းတယ္တဲ့..ဒါေပမယ့္..ဒီေတာ့ေတာ့ သူ ေသြးေတြအန္ေနတာ သတိမလည္ေတာ့ဘူး။ ကြၽန္ေတာ္ ကိုအလိန္ကို သြားရွာေသးတယ္။ သူေနတဲ့အိမ္ကလည္း ေသာ့ႀကီးခတ္ၿပီး လူမေနတာ ၾကာတဲ့ပုံပဲ။ အဲ့ဒါနဲ႔ ေနာက္ဆုံး ဘာျဖစ္ျဖစ္ဆိုၿပီး ကိုဖိုးတုတ္ကို အကူအညီလာေတာင္းတာ။ ကိုမိုးအေျခအေနက ေဆး႐ုံတင္မွျဖစ္မယ္ထင္တယ္"
"ဟာ..အဲ့ဒါဆို အခုသြားမွ ျဖစ္မယ္ေလ..လာလာ"
လမ္းမေတာ္ဖိုးတုတ္ သည္ ဓါးဘိုးထင္ကို ေခၚကာ ဘ႐ြတ္ကရင္းလမ္းသို႔ ကားျဖင့္ ထြက္လာၾက၏။
ဘ႐ြတ္ကရင္းလမ္းက ဗုံးဒဏ္ေၾကာင့္ ၿပိဳလဲသြားသည့္ အေဆာက္အဦအခ်ိဳ႕ကို ျပန္လည္မျပဳျပင္ရေသး။
ယခင္က လမ္းမေတာ္ဖိုးတုတ္ ဓါးကိုင္လ်က္ သြားခဲ့ဖူးေသာ ဗိုလ္တစ္ေထာင္ငမိုး၏ အိမ္မွာ အုတ္ပုံကေလးသာ က်န္ေတာ့သည္။
အုတ္ပုံေလးေပၚတြင္ စစ္သုံးသကၠလပ္အစမ်ား၊ မိုးကာဖ်င္မ်ားျဖင့္ ကာရံထားၿပီး ေတာင္ထန္းမိုးထားသည့္ ေျမစိုက္တဲအိမ္ကေလး။
ဖိုးတုတ္က အိမ္ထဲ လွမ္းဝင္လိုက္ေသာအခါ တိတ္ဆိတ္မႈက ဆီးႀကိဳေနသည္။
ေသတၱာသုံးလုံးဆက္ထားၿပီး အေပၚမွ ဖ်ာခင္းထားသည့္ေပၚတြင္ ဖိုးတုတ္တို႔အား ေက်ာေပးလ်က္ ေခြေခြေလးလွဲေနေသာ ပိန္လွီလွီလူတစ္ေယာက္။
"ကိုမိုး"
အသံထြက္မလာ။
"ဘိုးထင္…မင္းက သူ႔ကို တစ္ေယာက္တည္းထားခဲ့တာလား..မင္းအမေရာ"
"ကိုမိုးကို ဆံျပဳတ္ျပဳတ္တိုက္ဖို႔ အမနဲ႔ သူ႔ေယာက္်ားက ဆန္ထြက္ရွာတယ္..ဆရာဖိုးတုတ္"
"ဟာ..ကြာ..ငါရွိေနလ်က္နဲ႔ကြာ..မင္းတို႔..ကိုမိုးကို ဒီလို ပစ္ထားရလား..အခု ေဆး႐ုံတင္မွျဖစ္မယ္..လာ"
ဖိုးတုတ္က ငမိုး လဲေလ်ာင္းေနသည့္ ကုတင္ေဘးသို႔ ကပ္ကာ ငမိုး ၏ လက္ေမာင္း အား ဆုပ္ကိုင္လိုက္သည္။
ေအးစက္ေနသာ အထိအေတြ႕ေၾကာင့္ ဖိုးတုတ္ အံကို ႀကိတ္ကာ ေတာက္တစ္ခ်က္ ေခါက္လိုက္၏။
ဘိုးထင္ က သူ႔အကို ငမိုး ၏ ခႏၵာကိုယ္ကို ဆြဲလွည့္လိုက္ေသာ အခါ ေတာင့္တင္းမာေၾကာေနသည္ကို ခံစားလိုက္ရသည္။
လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက ရန္ကုန္အေရွ႕ပိုင္းတြင္ ဖိန႔္ဖိန႔္တုန္ေအာင္ ေၾကာက္႐ြံခဲ့ရေသာ တကြၽန္းျပန္ လူမိုက္ႀကီး ဗိုလ္တစ္ေထာင္ငမိုး (ေခၚ) ဓါးငမိုး မွာ တဲစုတ္ကေလးအတြင္းမွာ ေသတၱာေပၚတြင္ အစာအဟာရျပတ္ျခင္း၊ အဆုတ္နာေရာဂါကြၽမ္းျခင္းတို႔ျဖင့္ နိဂုံးခ်ဳပ္သြားခဲ့ေလၿပီ။
လမ္းမေတာ္ဖိုးတုတ္ က ဗိုလ္တစ္ေထာင္ငမိုး ၏ ပြင့္ေနေသာ မ်က္လုံးမ်ားကို လက္ျဖင့္ အုပ္ကာ ပိတ္ေပးလိုက္သည္။
ထို႔ေနာက္ ဂ်ပန္ေငြ တစ္ထပ္ကို ထုတ္လိုက္ၿပီး ဘိုးထင္ အားေပးလိုက္၏။
"နာေရးကိစၥ စီစဥ္စရာရွိတာ..စီစဥ္လိုက္ကြာ..ဘိုးထင္။ ညေနက် ငါျပန္လာခဲ့မယ္"
လမ္းမေတာ္ဖိုးတုတ္က ဗိုလ္တစ္ေထာင္ငမိုး၏ အေလာင္းအားတစ္ခ်က္ေငးၾကည့္ၿပီး တဲအျပင္သို႔ လွမ္းထြက္လိုက္သည္။
အျပင္ဘက္တြင္ေတာ့ မိုးရနံ႔မ်ားက ေဝသီလ်က္။
………………………………………………………………………………………………………………
လမ္းမေတာ္ဖိုးတုတ္ သည္ စံဘ၊ ထြန္းရင္၊ ေမာင္ေမာင္၊ အဖတ္ တို႔ကို အေျခခံကာ ရန္ကုန္ အေနာက္ပိုင္းကို ျပန္လည္စိုးမိုးျဖန႔္က်က္လာသည္။
ယခင္က ၾကက္က်ား၏ နယ္ျဖစ္ေသာ ၾကည့္ျမင္တိုက္နယ္တဝိုက္ကို ဖာခန္းေစာင့္အျဖစ္မွ ထြက္လိုက္ရသည့္ အုန္းေဖ က ျပန္လည္စိုးမိုးလိုက္ႏိုင္ၿပီျဖစ္သည္။
ထိုအခ်ိန္က ရန္ကုန္တကၠသိုလ္တစ္ဝိုက္တြင္ ဂ်ပန္စစ္႐ုံးမ်ား ဖြင့္လွစ္ထားသျဖင့္ ဂ်ပန္က ျပည္လမ္းမႀကီး တစ္ဖက္တစ္ခ်က္စီတြင္ ဝါးလုံးျဖင့္ မ႑ပ္မ်ားထိုးကာ သစ္ခက္မ်ားတင္ထားၿပီး အဂၤလိပ္ေလယာဥ္မ်ားမျမင္ေစရန္ ေဖ်ာက္ဖ်က္ထားၾကသည္။
ထိုစီမံကိန္းတြင္ ဂ်ပန္စကားတတ္ၿပီး ဂ်ပန္ရည္ဝေနၿပီျဖစ္သည့္ အုန္းေဖ က ကြၽမ္းက်င္သူဗမာလုပ္သားအခ်ိဳ႕ ရွာေပးႏိုင္သျဖင့္ ဂ်ပန္ဗိုလ္ခ်ဳပ္ အီစာမူရာ ၏ ကိုယ္ေရးအရာရွိ ေအာ္ေစးကိုး ႏွင့္ ရင္းႏွီးလာသည္။
လမ္းမေတာ္တျခမ္းကား နဂိုကပင္ ဖိုးတုတ္နယ္ျဖစ္သျဖင့္ ျဖန႔္က်က္ႏိုင္ေသာ္လည္း အေရွ႕ပိုင္းတြင္မူ ေအာင္ဘ ႏွင့္ ဘိုးထင္တို႔မွာ ပုသိမ္ၫြန႔္ဘဘိုးအဖြဲ႕မ်ားႏွင့္ ေနရာလုေနရ၏။
၁၉၄၃ စက္တင္ဘာလ (၁၅)ရက္။
ပုဇြန္ေတာင္ႏွင့္ ဗိုလ္တစ္ေထာင္အၾကားတြင္ ဖြင့္လွစ္ထားေသာ "ရွီဗာဗီအိခ်ိ" ဟူေသာ ဂ်ပန္အမည္တပ္ ကလပ္တစ္ခုကား စည္ကားေနသည္။
ထိုကလပ္မွာ အဂၤလိပ္ေခတ္က Montparnasse ဟူေသာ အမည္ျဖင့္ ဖြင့္လွစ္ထားျခင္းျဖစ္ၿပီး သေဘၤာသားမ်ား က်က္စားရာအျဖစ္ နာမည္ေက်ာ္သည္။
ဂ်ပန္ေခတ္တြင္ေတာ့ ဂ်ပန္အမည္ ရွီဗာဗီအိခ်ိ ဟု အမည္ေျပာင္းၿပီး တ႐ုတ္လူမ်ိဳးသူေဌးတစ္ဦးက ဖြင့္လွစ္ထားသည္။
ထိုကလပ္သည္ ဂ်ပန္လူမ်ိဳးမ်ား အလာနည္းေသာ္လည္း ရန္ကုန္ၿမိဳ႕တြင္းမွဂ်ပန္မ်ားႏွင့္ တြဲဆက္ အလုပ္လုပ္ကာ အဆင္ေျပေနသည့္ စီးပြားေရးသမားမ်ိဳးစုံလာေလ့ရွိေသာ ကလပ္ျဖစ္သည္။
ယင္းကလပ္ကို ဖြင့္လွစ္သူ တ႐ုတ္သူေဌးမွာ အဂၤလိပ္ေခတ္ကတည္းက ေအာင္ဘ ႏွင့္ ဘိုးထင္ကို ေစာင့္ေရွာက္ခေပးေနသည့္အတြက္ ဂ်ပန္ေခတ္တြင္လည္း ေအာင္ဘတို႔ကိုပင္ ေပးေဆာင္သည္။
ေအာင္ဘ ႏွင့္ တပည့္သုံးေယာက္က ကလပ္အဝတြင္ ထိုင္ကာ စီးကရက္ဖြာေနၾကသည္။
ထိုအခ်ိန္တြင္ ကားတစ္စီးထိုးစိုက္လာၿပီး ကားထဲမွ လူတစ္ဦး ဆင္းလာၾကသည္။
ထိုသူက ေအာင္ဘ ေဘးမွ ျဖတ္ကာ ကလပ္ထဲဝင္သြားၿပီးမွ ႐ုတ္တရက္ျပန္လွည့္ကာ ထိုင္ေနေသာ ေအာင္ဘ၏ ေက်ာကုန္းကို ေစာင့္ကန္လိုက္ေလသည္။
ေအာင္ဘက လဲက်သြားရာမွ လူးလဲထလိုက္သည္။
ထို႔ေနာက္ အိတ္ထဲမွ ဓါးေျမႇာင္ကို ထုတ္ကာ ထိုလူအား ေျပးထိုးရန္ျပင္သည္။
ထိုအခ်ိန္တြင္ ဒိန္းခနဲ ေသနတ္သံတစ္ခ်က္ထြက္လာကာ ေအာင္ဘ ဟပ္ထိုး လဲက်သြား၏။
ေအာင္ဘကို အေနာက္ဘက္တြင္ ရပ္ထားေသာ ကားထဲမွ လွမ္းပစ္လိုက္ျခင္းျဖစ္သည္။ ေအာင္ဘ၏ တပည့္မ်ားမွာ ေသနတ္သံၾကားသည္ႏွင့္ ထြက္ေျပးကုန္ၾကသည္။
ကားေပၚတြင္ ထိုင္ၿပီး ေသနတ္ျဖင့္ ပစ္လိုက္သူကား ဦးျမက်င္။
ကားေရွ႕ခန္းတြင္ထိုင္ေနေသာ ပုသိမ္ၫြန္႔ဘဘိုးက ဦးျမက်င္ထံမွ ေသနတ္ကို ေတာင္းကာ ခါးတြင္ထိုးၿပီး ဓါးရွည္ကို ကိုင္လ်က္ ဆင္းလာသည္။ ေအာင္ဘအား ကန္လိုက္သူူ ဓားမေစာထြန္းက ခါးၾကားမွ ဓါးမကို ထုတ္ကာ ကလပ္ထဲသို႔ ဝင္သြား၏။
အျပင္မွ ေသနတ္သံေၾကာင့္ ကလပ္ထဲမွ လူမ်ားမွာ ေၾကာက္လန႔္တၾကားေျပးထြက္လာၾကသည္။
ထိုအခ်ိန္တြင္ ဓါးဘိုးထင္မွာ အေပၚထပ္ရွိ အခန္းထဲမွ ထြက္ကာ အေျခအေနကို အကဲခတ္လိုက္ၿပီး ငွက္ႀကီးေတာင္ဓါးကို ဆြဲကာ ဆင္းလာ၏။
ဓားမေစာထြန္းႏွင့္ ဘိုးထင္ တို႔ ရင္ဆိုင္ေတြ႕ၾကၿပီ။
ဘိုးထင္က ဓါးမေစာထြန္းကို ဓါးျဖင့္ ဝင္ပိုင္းသည္။ ေစာထြန္းက ေရွာင္လိုက္ႏိုင္ေသာ္လည္း ဟန္ခ်က္ပ်က္သြား၏။
ဘိုးထင္က အရွိန္လြန္သြားရာမွ ဓါးျဖင့္ ျပန္လွည့္အတြတ္တြင္ ဓါးမေစာထြန္း ေရွာင္တိန္းရင္း လဲက်သြားသည္။
ထိုအခ်ိန္တြင္ ေနာက္မွ လိုက္လာေသာ ဘဘိုးက ဘိုးထင္၏ ေက်ာကုန္းကို ဝင္ပိုင္းလိုက္သည္။
႐ုတ္တရက္ေနာက္ေက်ာမွ အခုတ္ခံရသျဖင့္ ဘိုးထင္က ေဘးသို႔ လွိမ္ခ်လိုက္ေသာ္လည္း ေက်ာကုန္းမွ ေသြးမ်ား ျဖာခနဲထြက္လာေလသည္။
ဘဘိုး က ဘိုးထင္ကို ဓါးျဖင့္ လိုက္ပိုင္းသည္။ ဘိုးထင္က ပက္လက္အေနအထားျဖင့္ ဓါးခ်က္မ်ားကို ကာေနရသည္။
ထိုအခ်ိန္တြင္ ဒုတ္ ခနဲအသံႏွင့္အတူ ဓါးမတစ္ေခ်ာင္းက ဘိုးထင္ လည္ပင္းကို စိုက္ဝင္သြား၏။
ဘိုးထင္မွာ အသံပင္ထြက္ခ်ိန္မရပဲ ႏွစ္ခ်က္ခန႔္အေၾကာဆြဲကာ ၿငိမ္သက္သြားေလေတာ့သည္။
ဓါးမေစာထြန္းက ဓါးမကို ဆြဲႏႈတ္လိုက္ၿပီး လက္တြင္ေပေနေသာ ေသြးမ်ားကို ပုဆိုးျဖင့္ သုတ္လိုက္၏။
ဘဘိုးက အရက္ဆိုင္ေကာင္တာသို႔သြားကာ ေသာက္လက္စက်န္ရစ္သည့္ ဂ်ပန္ဆာေကးပုလင္းထဲမွ အရက္ကို ငွဲ႔ကာ ေမာ့ခ်လိုက္သည္။
ထိုအခ်ိန္တြင္ ေနျပည္ေတာ္ရဲမ်ားက ေသနတ္သံေၾကာင့္ ဆိုင္ေရွ႕ကို ဝိုင္းလိုက္ၾကၿပီး ဆိုင္တြင္းသို႔ အိတ္စပက္ေတာ္ဦးျမသင္း ႏွင့္ ရဲငါးဦး ႐ိုင္ဖယ္ကိုယ္စီျဖင့္ ဝင္လာၾကသည္။
အထဲသို႔ ေရာက္ေသာအခါ အေလာင္းမ်ားကို ေသခ်ာၾကည့္၏။
ထို႔ေနာက္ အရက္ေသာက္ေနေသာ ဘဘိုးထံသို႔ ေလွ်ာက္သြားသည္။
"ေၾသာ္ကိုျမသင္း…ေရာက္ၿပီကို..။ ဂ်ပန္ကင္ေပကေမးရင္ လမ္းမေတာ္ဖိုးတုတ္ရဲ႕ လူမိုက္ေတြ အခ်င္းခ်င္း ပစ္ၾကခတ္ၾကၿပီး ေသကုန္တာလို႔ေျပာၿပီး အမႈပိတ္ပစ္လိုက္ဗ်။ၾကားလား။ ေရာ့..ဒီမွာ ဒီဓါးနဲ႔ခုတ္ခံထားရတဲ့ေကာင္ ကိုင္တဲ့ သက္ေသခံေသနတ္။ ဒီေကာင္က ေရွ႕က ေအာင္ဘဆိုတဲ့ေကာင္ကို ပစ္လို႔၊ ေအာင္ဘ တပည့္ေတြက ဒီေကာင့္ကို ဓါးနဲ႔ ဝိုင္းခုတ္သြားတာလို႔သာ ေျပာဗ်ာ..တစ္ခုခုဆို ဦးျမက်င္ နဲ႔ က်ဳပ္ နဲ႔ အဓိပတိအိမ္မွာရွိေနမယ္၊ ဟုတ္ၿပီလား"
ဦးျမသင္း သည္ ဓါးမအဖြဲ႕ဝင္ျဖစ္ၿပီး ေဒါက္ဘေမာ္၏ ကိုယ္ရံေတာ္ ဦးျမက်င္ ေက်းဇူးျဖင့္ အိတ္စပက္ေတာ္ရာထူးကို ရရွိထားသူျဖစ္သည္။
ေနာက္တစ္ေန႔နံနက္တြင္ ဗိုလ္တစ္ေထာင္ရွိ "ရွီဗာဗီအိခ်ိ" ကလပ္တြင္ လမ္းမေတာ္လူမိုက္ ဖိုးတုတ္၏ တပည့္မ်ားအခ်င္းခ်င္း ပစ္ခတ္မႈျဖစ္ပြားေၾကာင္း က ျမန္မာ့အလင္းသတင္းစာႀကီးတြင္ ပါလာေတာ့သည္။
ညဘက္ေရာက္ေသာအခါ ဒါလဟိုဇီလမ္းေထာင့္ႏွင့္ လမ္းမေတာ္လမ္းေထာင့္တြင္ အသစ္ဖြင့္လွစ္လိုက္ေသာ သူေဌးဦးစပ္စု ၏ စပ္စုဟိုတယ္ အေပၚထပ္တြင္ လမ္းမေတာ္ဖိုးတုတ္၊ အုန္းေဖ ၊ စံဘ၊ ထြန္းရင္၊ ေမာင္ေမာင္၊ အဖတ္တို႔ တိတ္ဆိတ္စြာထိုင္ရင္း အရက္ေသာက္ေနၾကေလသည္။
ေအာင္ဘ ႏွင့္ ဘိုးထင္ တို႔ကား သူတို႔ထံသို႔ ေရာက္မလာႏိုင္ေတာ့။
လမ္းမေတာ္ဖိုးတုတ္၏ မ်က္ႏွာကား မည္သည့္ခံစားခ်က္မွ် မရွိသည့္္ႏွယ္ ပကတိ တည္ၿငိမ္လ်က္။
လမ္းမေတာ္ဖိုးတုတ္သည္ စိတ္လႈပ္ရွားသည့္အခါ ပိုမိုတည္ၿငိမ္သြားသည္ဆိုေသာ တခ်ိန္က ဦးေလးဦးဘိုးသင္ ေျပာခဲ့သည့္စကား က ယခုတိုင္မွန္ကန္လ်က္ပင္။
ခဏအၾကာတြင္ အေပၚထပ္သို႔ ဂႏၶမာေသာင္းရီ တက္လာသည္။
"ေအာင္ဘ တို႔ ဘယ္လို ျဖစ္ၾကတာလဲကြာ"
ဖိုးတုတ္က ဝီစကီတစ္ခြက္ကို ငွဲ႔ကာ ဂႏၶမာ ဆီသို႔ ကမ္းေပးလိုက္သည္။
" ငါ..မွ ဝီစကီမေသာက္တာ..ဖိုးတုတ္..ေန..ေန..ဟိုေကာင္ေတြကို ဘယ္သူ သတ္လဲသာေျပာ"
"ေသာက္လိုက္..ဂႏၶမာ.. ေအာင္ဘ က ဝီစကီသိပ္ႀကိဳက္တဲ့ေကာင္။ သူ႔အတြက္ မင္းေသာက္လိုက္ကြာ"
ဂႏၶမာက ဖိုးတုတ္ကမ္းေပးေသာ ဝီစကီကို တရွိန္ထိုးေမာ့ခ်လိုက္ရာ မ်က္ႏွာႀကီး ရဲတက္လာ၏။
"ေသသြားတဲ့ ငမိုးႀကီး ကို ငါ အားနာတယ္။ ရွက္လည္းရွက္တယ္ကြာ။ သူ႔ညီဘိုးထင္ကို ငါ့ဆီ သူအပ္ထားခဲ့တာကြ"
တဝိုင္းလုံး တိတ္ဆိတ္သြားၾကသည္။
"မင္း လႊတ္ေပးလိုက္တဲ့ ဘဘိုးရယ္၊ ေဒါက္တာဘေမာ္နားက ျမက်င္ဆိုတဲ့အဘိုးႀကီးရယ္၊ ဓါးမေစာထြန္း ရယ္ သတ္လိုက္ၾကတာ…ဂႏၶမာ"
"ဟာ..ဖိုးတုတ္..အဲ့ဒါဆို..ငါ့တာဝန္ျဖစ္သြားၿပီ..ငါ့ျပသနာျဖစ္သြားၿပီ..ဒီေကာင့္ကို ငါလႊတ္ေပးလိုက္တာ..ဒီေကာင္သုံးေကာင္ကို ငါသတ္ေပးမယ္..ဖိုးတုတ္..ေဟ့..အုန္းေဖ..သြားသတ္မယ္ကြာ..လာ"
ဖိုးတုတ္က ဂႏၶမာ၏ လက္ကို ဖိထားလိုက္သည္။
"ေနဦး..ေဟ့ေကာင္..ဒီေကာင္ေတြသုံးေယာက္လုံးက အခု အဓိပတိႀကီးဆိုတဲ့ ေဒါက္တာဘေမာ္ရဲ႕လူေတြ။ ဦးျမက်င္ က ေဒါက္တာဘေမာ္ရဲ႕ ကိုယ္ရံေတာ္၊ ဘဘိုးက သာသနာေရးဝန္ႀကီးဗႏၶဳလဦးစိန္ရဲ႕ တူ။ သူတို႔ ကို ဒီတိုင္းသြားသတ္ရင္ ငါတို႔ လည္ပင္းငါတို႔ ႀကိဳးကြင္းစြပ္သလိုျဖစ္ေနမွာေပါ့ကြာ။ အခုေတာင္ ဒီေကာင္ေတြက ငါ့လူေတြကို သတ္တယ္။ သတင္းစာထဲက် လမ္းမေတာ္လူမိုက္ဖိုးတုတ္ တပည့္ေတြ အခ်င္းခ်င္းသတ္တယ္လို႔ ပါေအာင္ အမႈကို ဆင္ပစ္တယ္။ ဒီေကာင္ေတြကို ေလ်ာ့တြက္လို႔မရေတာ့ဘူးကြ။ သူတို႔မွာ ေနာက္ခံအင္အားရွိတယ္၊ ဦးေႏွာက္ရွိတယ္။ ဒီေကာင္ေတြကို ငါတို႔ ေသခ်ာအကြက္ခ်ၿပီး သတ္မွ ျဖစ္ေတာ့မယ္''
"ေအး..ဒီကိစၥကေတာ့ မင္း ကြၽမ္းတဲ့ကိစၥပဲ..ဖိုးတုတ္..ငါကေတာ့ ျဖစ္ႏိုင္ရင္ ဒီညပဲ သုံးေကာင္လုံးကို သြားသတ္ပစ္ခ်င္တာ…ေအးပါ..မင္းစီစဥ္တဲ့အတိုင္း ငါလုပ္ပါ့မယ္"
"ေအး…မနက္ျဖန္ မနက္က်ရင္..၁၄ လမ္းထိပ္က လက္ဖက္ရည္ဆိုင္မွာ မင္းနဲ႔ အုန္းေဖ ကို ငါေစာင့္ေနမယ္။ လက္ဖက္ရည္ေလး ဘာေလး ေသာက္ၾကတာေပါ့ကြာ"
ညည့္နက္လာၿပီျဖစ္သျဖင့္ ဟိုတယ္ေဘးအခန္းမ်ားဆီတြင္ လာေရာက္သည့္ ဧည့္သည္မ်ား၊ ဟိုတယ္မယ္မ်ား၏ အသံမ်ားက ဆူညံပြက္လာသည္။
သူတို႔ အခန္းတစ္ခုသာ ထူးထူးျခားျခား တိတ္ဆိတ္လ်က္။
ခက္ေဇာ္
Done
ReplyDeleteDone 💪
ReplyDeleteDone 🍀
ReplyDelete🌧️
ReplyDelete🍁🌸Done✅
ReplyDelete👍👍👍👍👍
ReplyDeleteDone
ReplyDelete