The Guys of Yangon,1930 (Part 28)

The Guys of Yangon,1930 (Part 28)

အခန်း(၂၉)
……………..

"ကမ္ဘာမှာလည်း အာဏာရှင်..တို့လည်း အာဏာရှင်..ခေတ်သစ်ရဲ့ ပဲ့ကိုင်ရှင်..ဗမာ..ဗမာ..ဗမာ..အာဏာရှင်"

ဒေါက်တာဘမော်အစိုးရ၏ ဝါဒဖြန့်ချီရေးသီချင်းဖြစ်သည့် ဗမာအာဏာရှင်သီချင်းသည် ညမီးရောင်ပျပျတွင် ပျံ့လွင့််နေသည်။

"တို့ဗမာဆင်းရဲသားအစည်းအရုံး၊ တာမွေ" ဟု ဆိုင်းဘုတ်တပ်ထားပြီး အဝါရောင်သုံးပုံနှစ်ပုံနှင့် အစိမ်းခံတွင် နေတစ်ခြမ်းထွက်နေသည့် အလံလွှင့်ထားသော တိုက်အိမ်၏ ဒုတိယထပ်တွင် အရက်မူးမူးဖြင့် အိပ်ရာဝင်ရန် ပြင်နေသော ဓါးမစောထွန်းသည် ထိုအသံအကြောင့် စိတ်အနှောက်အယှက်ဖြစ်နေသည်။

တို့ဗမာအစည်းအရုံးနှင့် ဆင်းရဲသားဓားမပါတီ တို့ ပေါင်းစည်းပြီး တို့ဗမာဆင်းရဲသားအစည်းအရုံး ဟု နာမည်ပြောင်းကာ ရုံးဖွင့်ထားသော ထိုတိုက်ပေါ်တွင် ဓါးမစောထွန်း ရောက်နေသည်မှာ သုံးရက်ခန့်ရှိပေပြီ။

လွန်ခဲ့သည့် ဆယ်ရက်က လမ်းတော်ဖိုးတုတ်၏ တပည့်များဖြစ်သော တာမွေအောင်ဘ နှင့် ဘိုးထင် တို့ကို သတ်ပြီးသည့်နောက် သူတို့သုံးယောက်ကို လူစုခွဲပြီးရှောင်တိမ်းနေရန်နှင့်အခြေအနေကို စောင့်ကြည့်ရန် ဦမြကျင်က အမိန့်ပေးထားသည်။

ဦးမြကျင် က အဓိပတိဒေါက်တာဘမော်အိမ်တွင် လုံခြုံရေးအပြည့်အစုံဖြင့်နေရသလို၊ ပုသိမ်ညွန့်ဘဘိုး က လည်း ဝန်ကြီးဗန္ဓုလဦးစိန်အိမ်မှာမို့ အစောင့်အရှောက်များဖြင့်။

သူတစ်ယောက်သာ ဒီရုံးပေါ် လာကပ်နေနေရသည့်အဖြစ်။

ဓါးမစောထွန်းက ထိုအဖြစ်ကို တွေးကာ ဒေါသထွက်လာသည်။ အဲ့ဒီနေ့ကပင် လမ်းမတော်ဖိုးတုတ်၏ တပည့်၊ ဗိုလ်တစ်ထောင်ငမိုး၏ ညီ ကိုပင် သူ့ဓါးမဖြင့် လည်မြိုခုတ်ခဲ့သည်မဟုတ်လား။

ဘာကိုကြောက်ရမည်နည်း။ ဘာကြောင့် ရှောင်နေရမည်နည်း။

မခံချင်စိတ်များတနုံ့နုံ့ဖြင့် အိပ်မပျော်သည့်အကြား သူ့အိမ်ရှေ့တည့်တည့်တွင် လာဖွင့်နေသည့် ဝါဒဖြန့်ချီရေးကားမှ အာဏာရှင်သီချင်းသံသည် သူ့ကို အကြီးအကျယ်နှောင့်ယှက်နေသည်။

သူတို့ ဆင်းရဲသားဓါးမပါတီ ၏ ဝါဒဖြန့်ကားမို့ပင် သည်းခံနေခြင်းဖြစ်သည်။

ခဏနေတော့ အသံတိတ်သွားသည်။

နားဒုက္ခမှ ကင်းဝေးသွားသဖြင့် စိတ်အေးလက်အေးဖြင့် အိပ်ရန်ပြင်လိုက်၏။

"ကမ္ဘာမှာလည်း အာဏာရှင်..တို့လည်း အာဏာရှင်..ခေတ်သစ်ရဲ့ ပဲ့ကိုင်ရှင်..ဗမာ..ဗမာ..ဗမာ..အာဏာရှင်"

"ဟာ..ဒီကောင်တွေကတော့ကွာ"

ဓါးမစောထွန်း ဒေါသ ထွက်ပြီး အောက်သို့ ဆင်းသွား၏။

သူ့နေသည့် တိုက်တည့်တည့်တွင် ရပ်ပြီး လော်ဖြင့် သီချင်းများဖွင့်နေသည့် ကားထံ လျှောက်သွားလိုက်သည်။

ကားပေါ်တွင် ဓါးမပါတီဝတ်စုံ၊ အပြာဖြင့် လူတစ်ယောက်က စီးကရက်သောက်နေ၏။

စောထွန်းက ကားတံခါးကို လက်ဖြင့် တဗုံးဗုံး ထုလိုက်ပြီး ကားပြတင်းပေါက်ပေါ် လက်တင်လိုက်ကာ

"ဒီမယ်..ဟေ့ကောင်တွေ…မင်းတို့ ဘယ်ရုံးကလဲ..ဒီအချိန်ကြီးတော့ သူများတွေအနှောက်အယှက်ဖြစ်တယ်လေကွာ..မင်းတို့.."

စောထွန်း၏ စကားမဆုံးလိုက်။ ကားထဲမှ လူက သူ့ဆံပင်ဖုတ်ကို ဆွဲကာ ဆေးလိပ်မီးဖြင့် မျက်လုံးကို ထိုးထည့်လိုက်သည်။

"အား..လား"

စောထွန်းက မျက်လုံးကို အုပ်လိုက်စဉ် အေးစက်မာကြောသော တစ်စုံတစ်ရာက သူ့လက်ပင်းကို အားပြင်းပြင်းဖြင့် လာရောက်ရစ်သိုင်းခြင်းကို ခံစားလိုက်ရသည်။

"အုန်းဖေ..မောင်းဟေ့..ခပ်ပြင်းပြင်းလေးတင်စမ်း"

အုန်းဖေက ကားကို အရှိန်ဖြင့် မောင်းထွန်လိုက်သည်။

ဂန္ဓမာသောင်းရီက လက်ဖျံကြောများ ထောင်ထသည်အထိ လက်နှစ်ဖက်ထဲမှ ချိန်းကြိုးကို အားဖြင့် ညှစ်ထား၏။

ဓါးမစောထွန်းမှ ခေါင်းက ကားပြတင်းထဲတွင်ဖြစ်ပြီး ခန္ဓာကိုယ်က အပြင်တွင်တရွတ်တိုက်ပါလာသည်။

လည်ပင်းတွင် ချိန်းကြိုးဖြင့် အညှစ်ခံထားရသဖြင့် လက်နှစ်ဖက်က ချိန်းကြိုးကို ဆွဲဖြေနေသည်။

ဂန္ဓမာသောင်းရီက လက်နှစ်ဖက်မှ ချိန်းကြိုးကို တင်းကိုင်ထားရင်း ကားအပေါ် အော်လံမှ ထွက်နေသည့် "ဗမာ..ဗမာ..ဗမာ..အာဏာရှင်" သီချင်းကိုပင် လိုက်လံသီဆိုနေသည်။

စောထွန်းက မျက်နှာတစ်ခုလုံး သွေးကြောများဖြင့် ထောင်တက်နေပြီး..အသက်ကို အလုအယက်ရှုနေသည်။

ပြူးထွက်နေသော မျက်လုံးကြီးများက ဂန္ဓမာသောင်းရီကို အံသြတကြီးကြည့်နေ၏။

ကားက ဂျိုးဇက်လမ်း(မြန်မာ့ဂုဏ်ရောင်လမ်း)ရှိ ယခင်တို့ဗမာအစည်းအရုံးရုံးခွဲ အရှေ့သို့ အရောက်တွင် အရှိန်လျော့လိုက်သည်နှင့် ဂန္ဓမာက ချိန်းကြိုးကို လက်တစ်ဖက် လွှတ်ပေးလိုက်သည်။

တရွတ်တိုက်ပါလာသော စောထွန်းမှာ ကတ္တရာလမ်းပေါ်သို့ တလိမ့်ခေါက်ခွေးကျသွား၏။

ညဉ့်ကလည်း နက်ပြီမို့ လမ်းမပေါ်တွင် လူသွားလူလာမရှိ။

စောထွန်းမှာ ကတ္တရာလမ်းမပေါ်တွင် ပက်လက်လှဲရင်း အသက်ကို ၀၀ ရှှုနေရသဖြင့် ရင်ဘတ်မှာ မို့ချည် မောက်ချည်ဖြစ်နေသည်။

မျက်လုံးတွင်လည်း ဆေးလိပ်မီးဖြင့် ထိုးခံထားရသဖြင့် အပူလောင်သည့် အနာကို ခံစားနေရသည်။

စောထွန်း ကုန်းထရန် ကြိုးစားလိုက်သည်။

သို့သော်…ကားဟွန်းသံကို သံရှည်ကြီးကို ကြားလိုက်ရသဖြင့် စောထွန်း အလန့်တကြားကြည့်လိုက်သည်။

မီးထိုးလျက် သူ့ထံပြန်ကွေ့လာသော..အော်လံတပ်ကား။

ကားဟွန်းတီးသံနှင့် သီချင်းသံများကြောင့် တိုက်ပေါ်မှ လူများနိုးလာကြပြီး ပြတင်းတံခါးများဖွင့်ကာ လမ်းပေါ်သို့ အလန့်တကြားကြည့်လိုက်ကြသည်။

ဓါးမပါတီမှ လူများ ဒေါက်တာဘမော် အား ဝါဒဖြန့်ချီသည့်အခါ သီချင်းလိုက်ဖွင့်သည့် ကားတစ်စင်းက လမ်းမပေါ်တွင် အမူးသမားတစ်ယောက်ကဲ့သို့ ယိုင်ထိုးနေသော လူတစ်ယောက်ကို တိုက်ချပြီး ဖြတ်ကြိတ်သွားသည်ကို လူအတော်များများတွေ့လိုက်ကြသည်။

………………………………………………………………………………

နောက်တစ်နေ့တွင် ဓါးမပါတီမှ ခရိုင်အဆင့်လူငယ်ခေါင်းဆောင်ဖြစ်သော ဓါးမစောထွန်း သည် ဂျိုးဆက်လမ်း တို့ဗမာအစည်းအရုံးရှေ့တွင် ယာဉ်တိုက်မှုဖြင့် ကွယ်လွန်သွားကြောင်း ၊ တိုက်သွားသောယာဉ်မှာလည်း မောင်းပြေးသွားခဲ့ပြီး မျက်မြင်သက်သေများအဆိုအရ ဝါဒဖြန့်ချီရေးဌာနမှ "အာဏာရှင်"သီချင်းကို ဖွင့်ကာ မောင်းလာသော အော်လံတပ်ကားဖြစ်ကြောင်း သတင်းစာများတွင် ပါရှိလာလေသည်။

ထိုကိစ္စသည် ဝါဒဖြန့်ချီရေးဌာနကို ကိုင်ထားသော ဗန္ဓုလဦးစိန်အတွက် အကြပ်ရိုက်စရာသတင်းတစ်ခုဖြစ်ခဲ့သည်။

သို့သော် မကြာမီ တိုက်ပြေးသွားသည့်ကားမှာ ဓါးမပါတီမှ ကားမဟုတ်ပဲ ဂျပန်စစ်တပ် ဝါဒဖြန့်ချီရေး ဌာနမှ ကားဖြစ်ကြောင်း၊ ထိုကားကို ဂျပန်ဝါဒဖြန့်အရာရှိ အော်ဇေးကိုး ထံမှ ငှားမောင်းသွားသူမှာ အုန်းဖေ ဆိုသူဖြစ်ပြီး ထိုသူကိုယ်တိုင် ဂျပန်စစ်ရဲများထံ သွားရောက်အဖမ်းခံခဲ့ကြောင်း နောက်ဆက်တွဲသတင်း ထွက်လာလေသည်။

ဂျပန်စစ်ရဲထံ တိုက်ရိုက်ဖမ်းခံလိုက်ပြီဖြစ်သဖြင့် ဗမာအစိုးရနှင့် နေပြည်တော်ရဲတပ်များမှာ မည်သို့မျှ မပြောရဲကြတော့။

အုန်းဖေကို ကား ဂျပန်စစ်ခုံရုံးက ယာဉ်မဆင်မခြင်မောင်းနှင်ပြီး လူသေမှုဖြင့် ထောင်နှစ်နှစ် ချလိုက်လေတော့သည်။

အုန်းဖေကား  သူနှင့်ခင်မင်ရင်းနှီးသော ဂျပန်ဗိုလ်မှူူး အော်ဇေကိုး ကောင်းမှုဖြင့် ရန်ကုန်ထောင်ကြီးတွင် အင်္ဂလိပ်မဟာမိတ်သုံ့ပန်းများကို အုပ်ချုပ်ရသော အကျဉ်းသားဝန်ထမ်းအဖြစ်ပင် တန်းခန့်အပ်ခြင်း ခံလိုက်ရလေသည်။

ဘဘိုနှင့် မြကျင်မှာ ဂျပန်လက်အောက်အကျဉ်းထောင်ထဲတွင် ရှိနေသော အုန်းဖေကို ဘာမှ လုပ်မရတော့သဖြင့် ကြိတ်မနိုင်ခဲမရဖြစ်နေကြတော့သည်။

ထိုကာလအတွင်း.. ဒေါက်တာဘမော်နှင့် အဆင်ပြေသော အမှတ်(၁၅)ဂျပန်တပ်မတော်စစ်ဦးစီးချုပ် ဂျင်နရယ်အီဒါး က ဂျပန်ပြည်သို့ ပြောင်းရွှေ့သွားရပြီး ဒေါက်တာဘမော် နှင့် အစေးမကပ်သည့် ဂျန်နရယ်ကဝါဘီ က စစ်ဦးစီးချုပ်အဖြစ် ရာထူးလွှဲပြောင်းရယူထားသည်။

ဒေါက်တာဘမော်အစိုးရ၏ ဂျပန်အကြံပေး ဗိုလ်ချုပ်အီဆာမူရာမှာလည်း ဂျန်နရယ်ကဝါဘီ၏ လက်ရုံးဖြစ်လာပြီး ဘုန်းတန်ခိုးတက်လာနေသည်။

၁၉၄၃ မတ်လတွင် ဒေါက်တာဘမော် ကို ဂျပန်ပြည်တွင် တိုဂျိုအစိုးရက ခေါ်ယူတွေ့ဆုံပြီး အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သည့် တင်နော်ဟေကာ တံဆိပ်ကို ပေးအပ်လိုက်သည်။

ထိုဘွဲ့တံဆိပ်ကို သခင်မြ၊ ဒေါက်တာသိမ်းမောင်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့လည်း ရကြသည်။

ဘွဲ့မရရှိသည့် သခင်ထွန်းအုပ် မှာ ထိုကိစ္စအတွက် သူ့ကို ဂျပန်မခေါ်သွားသော ဒေါက်တာဘမော်အား ကြေလည်ခြင်း မရှိချေ။

ဒေါက်တာဘမော် သည် ၁၉၂၄ ခုနှစ်က ပြင်သစ်ပြည်၊ ဘော်ဂိုးတက္ကသိုလ်တင် အဘိဓမ္မာဒေါက်တာဘွဲ့ကို ယူခဲ့သူဖြစ်သဖြင့် ပြင်သစ်တွင် တက္ကသိုလ်တက်ခဲ့ဖူးသော ဂျပန်ဘုရင် တင်နော်ဟေကာ နှင့် အလွယ်တကူပင် ခင်မင်ရင်းနှီးသွားသည်။

ဂျပန်ဘုရင်က ချီးမြှင့်သည့် နောက်ထပ်တော်ဝင်ဆုတံဆိပ်တစ်ခုကိုပင် ရထား၏။

ထိုသို့ ဘုရင်၏ မျက်နှာသာပေးခြင်းခံရသည့်အပြင် ဂျပန်အစိုးရခေါင်းဆောင် နန်းရင်းဝန် တိုဂျို ကလည်း ခေတ်ပညာတတ်နိုင်ငံရေးသမားဖြစ်သော ဒေါက်တာဘမော်ကို အထူးလေးစားသည်။

ထို့ကြောင့် ဗမာပြည်သို့ ရောက်နေသော ဂျပန်အမှတ်(၁၅)စစ်တပ်မှာ ဒေါက်တာဘမော်ကို သြဇာလွှမ်းမိုးရန် ကြံစည်သော်လည်း ဒေါက်တာသည် ဂျပန်နန်းတွင်း၊ ဗဟိုအစိုးရများနှင့် တိုက်ရိုက်အဆက်အသွယ် ရှိနေသဖြင့် မတတ်သာပဲ ရှိနေသည်။

အထူးသဖြင့် ဂျပန်ဘုရင်က အပ်နှင်းသော တံဆိပ်ကြီးကို ဒေါက်တာဘမော်က ရုံးခန်းရှေ့ ကပ်ထားသဖြင့် ဂျပန်တပ်၏ အကြီးဆုံး စစ်သေနာပတိဖြစ်သည့် ဂျနရယ်ကဝါဘီပင် ဒေါက်တာဘမော်ရုံးခန်းသို့ ဝင်လျှင် ထိုတံဆိပ်ကို ဒူးထောက်အရိုအသေပြုပြီးမှ ဝင်ရသည်။

ထိုကိစ္စကို ဂျနရယ် ကဝါဘီက နှစ်လိုခြင်းမရှိပေ။

ဒေါက်တာဘမော်အစိုးရအဖွဲ့ ဝန်ကြီးများနှင့်လည်း အကြံပေး ဗိုလ်ချုပ်အီစာမူရာတို့ကြား မကြေလည်မှုများရှိနေပြီး အီစာမူရာ က ဒေါက်တာဘမော်ကို ရသည့်နည်းဖြင့် ဖြုတ်ချရန် ကြံစည်နေတော့သည်။

ထိုကဲ့သို့ ဒေါက်တာဘမော်တွင် နိုင်ငံရေးရန်သူများ ပတ်လည်ဝိုင်းနေချိန်မို့ ဦးမြကျင် နှင့် ပုသိမ်ညွန့် ဘဘိုးတို့မှာ လူမိုက်လောကဘက် မလှည့်နိုင်သေးပဲ သူတို့ဆရာများ ကာကွယ်ရေးကို ဦးစားပေးနေရသည်။

သို့သော် ပုသိမ်ညွန့်ဘဘိုး ကား သူ့လက်ရုံးဖြစ်သော ဓါးမစောထွန်း ကားတိုက်သတ်ခံရမှုအတွက် လက်စားချေရန် အကွက်ကောင်းကို စောင့်နေဆဲဖြစ်သည်။

……………………………………………………………………………………………………..

၁၉၄၃ နိုဝင်ဘာလ ၅ ရက်။

 လမ်းမတော်ဖိုးတုတ် သည် နတ်သမီးရောဂါ ခေါ် ဆစ်ဖလစ်ရောဂါဖြင့် ဂျပန်ခေတ်ကာလသားရောဂါကုဆေးရုံတွင် တက်ရောက်ကုသနေရသည်။

မေဂျာဆာတိုး နှင့် ဖိုးတုတ် တို့တစ်ယောက်တစ်လှည့် ဆေးရုံတက်နေရသည့် ဆစ်ဖလစ်ပိုးများ၏ ဘယ်သူက ဘယ်သူ့ဆီမှ ကူးပြီး ဘယ်သူ့ကို ပြန်ကူးသည်ဆိုသော သံသရာကို ဂန္ဓမာသောင်းရီ မသိသော်လည်း ရောဂါပြန့်ပွားရာဗဟိုဌာနချုပ်မှာ ချိုက်ဟုန် ဖြစ်သည်ကို သူကောင်းကောင်းသိသည်။

ထို့ကြောင့် ဖိုးတုတ်ရှိရာ ဆေးရုံသို့ ဂန္ဓမာသောင်းရီရောက်လာရတော့သည်။

"ဖိုးတုတ်..မင်း..ဆေးရုံက ပြန်ဆင်းရင်..ချိုက်ဟုန်နဲ့ ဇာတ်လမ်းကို ဖြတ်စေချင်ပြီကွ..မင်းဆီကနေ မသင်းမြ ဆီကို ဒီရောဂါ ရောက်သွားမှာ ငါစိုးရိမ်တယ်"

"အေး..ဂန္ဓမာ..ငါလည်း မသင်းမြအတွက်ပဲ စိတ်ပူတာ..ငါကိုယ်က ဆတ်တော့တာပါကွာ"

"ဟုတ်တယ်..ဖိုးတုတ်..မင်းအသက်လည်း လေးဆယ့်ငါးနှစ်ထဲ ရောက်နေပြီ..ဒီအရွယ်ကြီးကျမှ ဖာကျိုးတာတော့ ကြားလို့လည်း မကောင်းဘူးကွ…အခု မေဂျာဆာတိုးတောင် ချိုက်ဟုန်ကို ကူးမှာစိုးလို့ဆိုပြီး အတူမအိပ်တာကြာပြီ။ ချိုက်ဟုန်ကိုတော့ မသောင်းက ဆေးကြိတ်ကုနေရတယ်''

"ဂန္ဓမာ..မင်းလည်း သတိထားဦး...ဘဘိုးတို့ ငြိမ်သွားတာ ငါမသင်္ကာဘူး"

"ငါ့ကို စိတ်ချပါ..ဖိုးတုတ်..စိတ်ချပါ..ငါအဆင်ပြေတယ်..ငါ အရင်လို ချိန်းကြိုးပဲ ကိုင်တော့တာမဟုတ်ပါဘူး.. ခြောက်လုံးပြူးလည်း ကောင်းကောင်းပစ်တတ်နေပြီ..အေး..မင်းသာ ပေါင်ကြားက ခြောက်လုံးပြူးကို မသရမ်းနဲ့တော့ဟ..လူမိုက်ကြီး ဖာကျိုးသေတယ်ဆို ကြားမကောင်းဘူး"

"မင်းအမေ့လင် မို့ ငါက ဖာကျိုးသေရမှာလား..သွားတော့ကွာ..ဒီမှာ မနက်ကမှ ပြည်တွေ စုတ်ထုတ်ထားလို့ နာနေရတဲ့ကြားထဲ..သွားတော့ ဟေ့ကောင်"

ဂန္ဓမာသောင်းရီက ဆေးရုံပေါ်မှ ပြန်ဆင်းသွားသည်။

စစ်ရုံးသို့ ရောက်သောအခါ မေဂျာဆာတိုး က မျက်နှာမကောင်းလှ။

 မေဂျာဆာတိုး က ဂန္ဓမာဝင်လာသည်နှင့် သူ့ရုံးခန်း တံခါးကို ပိတ်လိုက်သည်။

"ဆောင်းရင်..မင်းကို ငါ အရေးကြီးတဲ့ စကားတစ်ခု ပြောစရာရှိတယ်..လာထိုင်"

ဂန္ဓမာက မေဂျာဆာတိုး ရှေ့တွင် ဝင်ထိုင်လိုက်သည်။

"ငါ ချိုက်ဟုန် ကို ချစ်တယ်"

မေဂျာဆာတိုး စကားကြောင့် ဂန္ဓမာသောင်းရင် အူကြောင်ကြောင်ဖြစ်သွား၏။

"ငါဆက်ပြောတာ..နားထောင်ဦး….မင်းအခု ဒီရုံးခန်းက ထွက်တာနဲ့ အိမ်ကို တန်းမောင်းသွား..အိမ်ရောက်ရင် ချိုက်ဟုန်နဲ့ မသောင်းကို ခေါ်၊ ချိုက်ဟုန်ဆီမှာ ငါပေးထားတဲ့ ရွှေချောင်းတွေရှိတယ်။ အဲ့ဒါတွေ ယူပြီး မင်းတို့ သုံးယောက် ရန်ကုန်က နေ ပြေးတော့။ ဂျပန်ကင်ပေတွေ လိုက်မရနိုင်မယ့် နေရာမျိုးအထိ ပြေးတော့"

"ဘာဖြစ်လို့လဲ..မေဂျာဆာတိုး..ခင်ဗျားကရော"

မေဂျာဆာတိုးက သက်ပြင်းချကာ မျက်လုံးမှိတ်ထားလိုက်သည်။ ထို့နောက် သူ့စိတ်ကို ဖြေလျော့လိုက်ပြီး

"ဂျင်နရယ်အီဒါးမပြောင်းခင်က အင်ဖာစစ်ဆင်ရေးအတွက် ငါတို့ ဆွဲထားတဲ့ စစ်ရေးစီမံချက် ရှိတယ်.. ဆောင်းရင်။ အဲ့ဒီစီမံချက်က အထူးထိပ်တန်းလျှို့ဝှက်ပဲ။ အဲ့ဒီစီမံချက်အသေးစိတ်ကို ဂျန်နရယ်ကဝါဘီဆီ လွှဲတဲ့အခါ အသေးစိတ်ရှင်းပြဖို့ ဂျင်နရယ်အီဒါးက ငါ့ဌာနကို အပ်ထားခဲ့တယ်။ ငါ့ဌာန ဆိုတာထက် ငါ့ဌာနမှာ အကြီးဆုံးဖြစ်တဲ့ ငါ့ကိုပေါ့ကွာ။ ငါလည်း အဲ့ဒီစီမံချက်ကို ဂျင်နရယ်ကဝါဘီ နားလည်အောင် ရှင်းပြဖို့ အိမ်ကို ယူသွားပြီး သုံးလေးရောက်လောက် အသေးစိတ်ပြင်ဆင်ခဲ့တယ် ။  လွန်ခဲ့တဲ့ တစ်နာရီလောက်က ကရင်ပြည်နယ်၊ ဖာပွန်မှာ မဟာမိတ်ဘက်က Force 136 နဲ့ ဆက်သွယ်မယ့် ဆက်သားတစ်ယောက်ကို ငါတို့ စစ်တပ်က ဖမ်းမိခဲ့တယ်။ အဲ့ဒီဆက်သားဆီမှာ စစ်ဆင်ရေးစီမံကိန်းအသေးစိတ်မူကြမ်းတွေ ဖမ်းမိတယ်တဲ့။  ဆက်သားကို ဖမ်းမိတဲ့ အမှတ်(၅၈)ခြေလျင်တပ်က မေဂျာမာဆာအို ဆိုတာ ငါ့အကို အရင်းပဲ။ သူက အခု ငါ့ဆီ အရေးပေါ် ကြေးနန်းရိုက်လိုက်တယ်။  အနှေးနဲ့အမြန် ဒီကိစ္စကို စစ်ရုံးချုပ်ရော၊ ကင်ပေတိုင် ကို သတင်းပို့ရတော့မှာ။ ငါ့အကိုက သူအနေနဲ့ သုံးနာရီလောက်တော့ အချိန်ဆွဲပေးထားနိုင်တယ်တဲ့။  ပြီးတော့ အဲ့ဒီ စစ်ဆင်ရေးစီမံချက်တစ်ခုလုံးက ငါ့လက်ထဲကနေ ထွက်သွားတယ်ဆိုတာ သူတို့ သိတော့မှာကွ"

"မေဂျာဆာတိုး ဒါဆိုရင်...စပိုင်ရှိနေပြီပေါ့"

"စပိုင်က ဘယ်သူဆိုတာတော့ ငါလည်း မသိတော့ဘူး..ဆောင်းရင်။ သေချာတာတော့..အဲ့ဒီရက်က ချိုက်ဟုန်ဆီလာလည်တာ မစ္စနိုဘူစံပဲ။ သူ့ယောက်ျားက အင်္ဂလိပ်မဟုတ်လား။ ငါ့အိမ်ကို ဝင်ထွက်တဲ့အထဲ ဖြစ်နိုင်ချေက သူပဲ"

"ဒါဆို နိုဘူစံကို ဖမ်းကြမှာပေါ့"

"နိုဘူစံကို မဖမ်းခင် ငါ့ကို အရင်ဖမ်းကြလိမ့်မယ်။ ငါ့ကို ဖမ်းပြီးရင် မင်းရယ်၊ ချိုက်ဟုန်ရယ်၊ မသောင်းရယ်ကို ဖမ်းကြလိမ့်မယ်ကွ။ မင်းတို့က ကင်ပေတိုင်လက်ရောက်သွားရင် ပြီးပြီပဲ။ ဘယ်လိုနေနေ ငါကတော့ တာဝန်ပေါ့လျော့မှုအတွက် သေဒဏ်တော့ သေချာနေပြီ။ ဒီတော့ မင်းတို့ ပြေးတော့။ လွတ်အောင် ပြေးကြတော့"

ဂန္ဓမာဆောင်းရင်က မေဂျာဆာတိုး ၏ ရုံးခန်းထဲမှ ထွက်ပြီးနောက် ကားကို ဖိုးတုတ် ရှိရာ ဆေးရုံသို့ ပြန်ဦးလှည့်လိုက်သည်။

"ဟေ့ကောင်..ပြန်လာပြန်ပြီလားကွာ..ဘာကျန်ခဲ့လို့လဲ"

ဂန္ဓမာသောင်းရီက ဖိုးတုတ် နံဘေးသို့ ကပ်ထိုင်လိုက်ပြီး အခြေအနေကို ခပ်တိုးတိုးရှင်းပြလိုက်သည်။

"လောလောဆယ် ငါတို့ ဂျပန်လက်ကနေ အမြန်ဆုံးလွတ်သွားဖို့ပဲ..ဖိုးတုတ်..အဲ့ဒါ မင်းအကူအညီလိုတယ်"

"နေဦးကွ..သုံးနာရီလောက်နဲ့တော့ ဂျပန်လက်က မင်းတို့ လွတ်ဖို့ မလွယ်ဘူး။ နောက်သုံးနာရီနေတာနဲ့ မင်းတို့ကို မတွေ့ရင် ဘေးပတ်လည်မြို့တွေမှာ ဂျပန်တပ်တွေက အကုန်လိုက်ပိတ်ဆို့မှာပဲ။ မင်းတို့ လွတ်ဖို့က ရေကြောင်းခရီးပဲရှိမယ်။ အဲ့ဒါကလည်း ချက်ချင်းကြီး မလွယ်ဘူးကွ။ခဏနေဦး..ဦးဘွန်ရှှုကျင်းကြီးတို့ တရုတ်ဗြန်ဟတ်ဘွေအသင်းက အခု ဂျပန်ကင်ပေ က မသင်္ကာစာရင်းဝင်နေတဲ့ တရုတ်တွေကို ပြည်မက ချန်ကေရှိတ်သိမ်းထားတဲ့နယ်မြေတွေဆီ သင်္ဘောနဲ့ ခိုးခိုးထုတ်ပေးနေတယ်လို့ ငါသိထားတယ်။သူတို့ကို ငါအကူအညီတောင်း ပေးမယ်။ သူတို့တုန်းကလည်း ဂျပန်လက်ကငါကယ်ပေးထားတာပဲ..မင်းမှာ စာရွက်နဲ့ ခဲတံပါလား"

ဂန္ဓမာသောင်းရီက ဆေးရုံရှေ့မှ ကားထံသို့ ပြန်သွားကာ စာရွက်နှင့် ခဲတံ ယူလာပေးသည်။

လမ်းမတော်ဖိုးတုတ်က စာရွက်ပေါ်တွင် စာတစ်စောင်ရေးပေးလိုက်၏။

"ဂန္ဓမာ..မင်းအရင်လုပ်ရမှာက လမ်းမတော်က ငါ့အိမ်ကို သွား။ စံဘ ကို ဒီစာပေးပြီး ဦးဘွန်ရှူကျင်းဆီ ငါက ပေးခိုင်းတာပါလို့ပြော၊ ပြီးရင် မင်းက ချိုက်ဟုန်နဲ့ မသောင်းတို့ဆီသွားပြီး သိမ်းစရာရှိတာ သိမ်းပြီး လတ်တာလမ်း ဘုံကျောင်းကို ထွက်လာခဲ့။  မင်းတို့ အဲ့ဒီမှာခဏ အောင်းနေဖို့ ကိစ္စ ဦးဘွန်ရှုကျင်းက စီစဉ်ပေးလိမ့်မယ်။ နောက်သုံးလေးရက်နေမှ မင်းတို့ကို ခိုးထုတ်ပြီး တရုတ်ပြည်မသွားတဲ့ သင်္ဘောနဲ့ ထည့်ပေးဖို့ ငါအကူအညီတောင်းထားတယ်''

ဂန္ဓမာသောင်းရီက စာကို ယူကာ ဆေးရုံတွင်းမှ  ခပ်သုတ်သုတ်ပြန်ထွက်သွားသည်။

ညနေပိုင်းတွင် စစ်ရုံးတွင် ရုံးထိုင်နေသော မေဂျာဆာတိုး အား ဂျပန်စစ်ရဲများ၊ ကင်ပေ့များ က သူ၏ ရုံးခန်းတွင်ပင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ဂိုးဒန်းဗယ်လီရှိ ဆာတိုး၏ နေအိမ်တွင် နေထိုင်သူများကို သွားရောက်ဖမ်းဆီးသောအခါ ဆာတိုး၏ဇနီး ချိုက်ဟုန်၊ ဆာတိုး၏ ကိုယ်ရေးအရာရှိ ဆောင်းရင် (ခ) ဂန္ဒမာသောင်းရီ နှင့် စကားပြန်မသောင်းတို့ကို ရှာမတွေ့တော့ချေ။

ဂန္ဓမာသောင်းရီ နှင့် ရင်းနှီးသည် လမ်းမတော်ဖိုးတုတ်မှာလည်း တချိန်လုံး ဆေးရုံတွင် ရှိနေသဖြင့် သင်္ကာမကင်းမဖြစ်ကြ။

ဂျပန်ကင်ပေတိုင်တပ်များမှ ရန်ကုန်နှင့် အနီးအနားမြို့များအထိ ပိတ်ဆို့ရှာဖွေကြသော်လည်း ဂန္ဓမာသောင်းရီ၊ မသောင်းနှင့် ချိုက်ဟုန်တို့ကား အစအနာရှာမတွေ့အောင် ပျောက်ဆုံးသွားကြတော့သည်။

………………………………………………………………………………………………………

၁၉၄၃ နိုဝင်ဘာ ၁၃ ရက်။ ည ၁၂ နာရီ။

လှေကလေးတစ်စင်းက ရန်ကုန်မြစ်ဝဆီတွင် ရပ်ထားသော သင်္ဘောငယ်တစ်စီးထံသို့ လှေကလေးတစ်စင်း တရွေ့ရွေ့လှော်ခတ်လာသည်။

ဆောင်းဝင်စ ကာလဖြစ်သည့်အပြင် ပင်လယ်ဘက်မှ တိုက်ခတ်လာသော လေကြောင့် လှေပေါ်မှ လူနှစ်ဦးမှာစောင်ကို ခပ်တင်းတင်းခြုံထားကြသည်။

လှေလှော်သူက ကုပ်အင်္ကျီကို ကြယ်သီးအစေ့တပ်လျက်..ဦးထုတ်ကို ခပ်ငိုက်ငိုက်ဆောင်းထား၏။

လှေကလေးမှာ သင်္ဘောကို  လှမ်းမြင်နေရသည့်အချိန်တွင် အလင်းရောင်တစ်ခုက လှေကို လှမ်းထိုးသည်ကို ခံလိုက်ရသည်။

လှေပေါ်မှ သူများက ရုတ်တရက်ခေါင်းမြီးခြုံပြီး လှေဝမ်းအတွင်း ငုံ့ထားလိုက်ကြ၏။

အမှောင်ထဲတွင် ရပ်နေသော မော်တော်တစ်စင်းပေါ်မှ မီးမောင်ဖြင့် ထိုးလိုက်ခြင်းပင်။

"ဟေ့ကောင်..ဂန္ဓမာ….ဘယ်လိုလဲကွ..ဂျပန်ကြောက်လို့ ထွက်ပြေးတော့မယ်ပေါ့.."

မော်တော်ပေါ်တွင် ခြောက်လုံးပြူးသေနတ်ဖြင့် ရပ်နေသူက ပုသိမ်ညွန့်ဘဘိုး။ သူ့ဘေးတွင်လည်း ရိုင်ဖယ်သေနတ်ကိုယ်စီဖြင့် လူခြောက်ယောက်။

ဂန္ဓမာကလည်း လှော်တက်ကိုချပြီး ခါးကြားမှ ခြောက်လုံးပြူးကို ထုတ်လိုက်သည်။

မသောင်းနှင့် ချိုက်ဟုန်က လှေဝမ်းထဲတွင် ကြောက်ရွံ့လျက်။

"ဘယ့်နှယ့်လဲ..လမ်းမတော်ဖိုးတုတ်ရဲ့ ငယ်သူငယ်ချင်း၊ လူမိုက်ကြီး ဂန္ဓမာသောင်းရီ….ဘဘိုး ကို မှတ်မိလား..မင်းကို ဓါးနဲ့ ခုတ်ခဲ့တဲ့ကောင်လေကွ..ဟေ့ကောင်ကြီး''

''ဟေ့ကောင်.ဘဘိုး..မင်းဘာဖြစ်ချင်တာလဲပြော..ယောက်ျားချင်းရှင်းမယ်ကွ..ဟော့ဒီက မဆိုင်တဲ့ မိန်းမနှစ်ယောက်ကိုတော့ ငါတို့ ပွဲထဲ မပါစေချင်ဘူး"

"အေးပါ..ငါကလည်း မင်းဖာသည်မတွေကို စိတ်မဝင်စားပါဘူး..မင်းကိုပဲ သတ်ချင်တာ..ငါ့ တပည့် စောထွန်းကို သတ်ခဲ့တာ မင်းနဲ့ အုန်းဖေ ဆိုတာ ငါသိတယ်ကွ"

"အေး..ငါသတ်တာ ဟုတ်တယ်..စောထွန်းဆိုတဲ့ကောင်ကို မသေခင် လည်ပင်းမှာ ချိန်းကြိုးပတ်ပြီး  ကားပတ်မောင်းပြီး လေညှင်းခံခိုင်းလိုက်သေးတယ်။ ပြီးမှ ကားနဲ့ကြိတ်သတ်လိုက်တာကွ။ ရှင်းလား..ဟေ့ကောင်"

"အေး..ဒီနေ့တော့ မင်းလည်း သေချင်းဆိုးပြီမှတ် ဂန္ဓမာ"

"ဟားဟား..ဒုက္ခသည်မိန်းမနှစ်ယောက်ပါတဲ့ လှေတစင်းကို လူမိုက်ဆိုတဲ့ ကောင် ခြောက်ယောက်က သေနတ်နဲ့ ဝိုင်းပစ်ပြီး ဂုဏ်ယူတော့မယ်ပေါ့..ဘဘိုးရ..မင်းတို့ခေတ်ကျမှကွာ…ရာဇဝင်ပျက်ပါတယ်.အဟက်"

ဂန္ဓမာစကားကြောင့် ဘဘိုး မျက်နှာ ပြုံးနေရာမှ တင်းမာသွားသည်။

"ရတယ်ဟေ့ကောင်..မင်းလိုကောင်နဲ့ ငါ တစ်ယောက်ချင်း သေနတ်ချင်း ယှဉ်ပစ်လို့ရတယ်"

"ကြိုက်ပြီ..ဘဘိုး၊ ယောက်ျားတွေပဲကွာ၊ အခု ငါ  ဟိုသင်္ဘောဆီ..သူတို့နှစ်ယောက်ကို ရောက်အောင် သွားလိုက်ပို့မယ်…ပြီးရင် မင်းတို့ မော်တော်ဆီ ငါ ပြန်လှော်လာပြီး မင်းနဲ့ ငါ သေနတ်ချင်း ယှဉ်ပစ်မယ်"

"ဟုတ်မှလဲ လုပ်ပါ..ဂန္ဓမာကြီးရာ..သင်္ဘောပေါ်တက်ပြီး ပြန်ဆင်းမလာပဲ..ထွက်ပြေးရင်တော့..ငါ့မော်တော်နဲ့ မင်းတို့ကို လိုက်ပစ်မှာနော်"

"ဂန္ဓမာသောင်းရီကွ..ကတိတည်တယ်။ တစ်ယောက်တည်းလည်း မိုက်ရဲတယ်။ ငါ ပြန်လာခဲ့မယ်"

ဂန္ဓမာသောင်းရီ က လှေကို သင်္ဘေၤာဆီ ဆက်လှော်သွားသည်။

ဘဘိုးတို့ မော်တော်ပေါ်မှ မီးမောင်းက လှေကို ဆက်တိုက်လိုက်ထိုးထားကာ သေနတ်များဖြင့် ချိန်ထား၏။

သင်္ဘောပေါ်တွင်စောင့်ကြည့်နေသော ဦးဘွန်ရှုကျင်းက ကြိုးလှေကားချပေးသည်။

ချိုက်ဟုန်နှင့် မသောင်းတို့ တက်သွားကြသည်။

ဂန္ဓမာသောင်းရီက အထုတ်များကို လွယ်လျက် ကြိုးလှေကေားပေါ်တက်သည်။

ထို့နောက် ခဏအကြာတွင် ကြိုးလှေကားဖြင့် လှေပေါ်သို့ ပြန်ဆင်းလာ၏။

ခေါင်းကို ငိုက်စိုက်ကာ မိမိတို့ မော်တော်ဆီသို့ လှေလှော်လာသော ဂန္ဓမာသောင်းရီကို ဘဘိုးက ပြုံးပြီး ကြည့်နေသည်။

ထိုအချိန်တွင် လှေပေါ်မှ သေနတ်သံတစ်ချက်ကြားပြီး ဘဘိုး၏ လက်မောင်း ပူခနဲ ဖြစ်သွား၏။

"ဟာ..ဒီခွေးမသားကြီး…ပစ်ကွာ..ဝိုင်းပစ်"

မော်တော်ပေါ်မှ လူများက နေရာယူကာ ရိုင်ဖယ်များဖြင့် အချက်ပေါင်းများစွာ ဝိုင်းပစ်ကြလေတော့သည်။

လှေပေါ်မှ ဂန္ဓမာသောင်းရီ မှာ ရိုင်ဖယ်သေနတ်ခြောက်လက်မှ ထွက်လာသော ကျည်ဆံများကို မည်သို့ မျှ ကာကွယ်နိုင်ခြင်းမရှိနိုင်ရှာ။

လှေကား ကျည်ချက်များကြောင့် ပေါက်ပြဲကုန်ပြီး ရန်ကုန်မြစ်ပြင်ထဲ တစစ နစ်မြုပ်နေသည်။

လှေဝမ်းထဲတွင် မှောက်ခုံဖြစ်နေသာ ဂန္ဓမာသောင်းရီ၏ စုတ်ဖွာနေသော ကုတ်အင်္ကျီပေါ်မှ သွေးကွက်များကို မီးမောင်းအလင်းရောင်မှတဆင့် ဘဘိုး မြင်နေရသည်။

ဘဘိုးက ဒဏ်ရာရနေသည့်ကြားမှ ခြောက်လုံးပြူးသေနတ်ကို လက်နှစ်ဖက်ဖြင့် သေချာချိန်ကာ မှောက်ခုံဖြစ်နေသော ဂန္ဓမာသောင်းရီ၏ ခေါင်းတည့်တည့်ကို ချိန်ပစ်ထည့်လိုက်သည်။

ခေါင်းတစ်ခြမ်းက ဖွာခနဲ ပွင့်ထွက်သွား၏။

ရေလည်ခေါင်တွင် နစ်မြုပ်နေပြီဖြစ်သည့် လှေကလေးနှင့် ဒဏ်ရာဗရပွဝိညာဉ်ကင်းမဲ့နေသည့် လူတစ်ယောက် ။

ခပ်လှမ်းလှမ်းရှိ သင်္ဘော ကုန်းပတ်ပေါ်မှ အမျိုးသမီးတစ်ဦး၏ ငိုရှိုက်သံ အိခနဲ ထွက်လာသည်။

ဘဘိုးက ထိုသင်္ဘောဘက် လှည့်ကာ အောင်ပွဲခံသည့် သဘောဖြင့် သေနတ်ကို ထောင်ပြနေသည်။

သူ့ပခုံးတွင်လည်း ကျည်ဆံဝင်ထားသဖြင့် သွေးများ တစိမ့်စိမ့်ယိုနေတော့၏။

မော်တော်ပေါ်မှ မီးမောင်းများကို ပိတ်သွားပြီး ရန်ကုန်ဘက်ဆီသို့ ပြန်လည်ခုတ်မောင်းသွားချေပြီ။

မြစ်၏ ဆောင်းဦး ကား ယမ်းခိုးရနံ့များဝေလျက်။

ခက်ဇော်

(zawgyi)
The Guys of Yangon,1930 (Part 28)

အခန္း(၂၉)
……………..

"ကမာၻမွာလည္း အာဏာရွင္..တို႔လည္း အာဏာရွင္..ေခတ္သစ္ရဲ႕ ပဲ့ကိုင္ရွင္..ဗမာ..ဗမာ..ဗမာ..အာဏာရွင္"

ေဒါက္တာဘေမာ္အစိုးရ၏ ဝါဒျဖန႔္ခ်ီေရးသီခ်င္းျဖစ္သည့္ ဗမာအာဏာရွင္သီခ်င္းသည္ ညမီးေရာင္ပ်ပ်တြင္ ပ်ံ႕လြင့္္ေနသည္။

"တို႔ဗမာဆင္းရဲသားအစည္းအ႐ုံး၊ တာေမြ" ဟု ဆိုင္းဘုတ္တပ္ထားၿပီး အဝါေရာင္သုံးပုံႏွစ္ပုံႏွင့္ အစိမ္းခံတြင္ ေနတစ္ျခမ္းထြက္ေနသည့္ အလံလႊင့္ထားေသာ တိုက္အိမ္၏ ဒုတိယထပ္တြင္ အရက္မူးမူးျဖင့္ အိပ္ရာဝင္ရန္ ျပင္ေနေသာ ဓါးမေစာထြန္းသည္ ထိုအသံအေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္ေနသည္။

တို႔ဗမာအစည္းအ႐ုံးႏွင့္ ဆင္းရဲသားဓားမပါတီ တို႔ ေပါင္းစည္းၿပီး တို႔ဗမာဆင္းရဲသားအစည္းအ႐ုံး ဟု နာမည္ေျပာင္းကာ ႐ုံးဖြင့္ထားေသာ ထိုတိုက္ေပၚတြင္ ဓါးမေစာထြန္း ေရာက္ေနသည္မွာ သုံးရက္ခန႔္ရွိေပၿပီ။

လြန္ခဲ့သည့္ ဆယ္ရက္က လမ္းေတာ္ဖိုးတုတ္၏ တပည့္မ်ားျဖစ္ေသာ တာေမြေအာင္ဘ ႏွင့္ ဘိုးထင္ တို႔ကို သတ္ၿပီးသည့္ေနာက္ သူတို႔သုံးေယာက္ကို လူစုခြဲၿပီးေရွာင္တိမ္းေနရန္ႏွင့္အေျခအေနကို ေစာင့္ၾကည့္ရန္ ဦျမက်င္က အမိန႔္ေပးထားသည္။

ဦးျမက်င္ က အဓိပတိေဒါက္တာဘေမာ္အိမ္တြင္ လုံၿခဳံေရးအျပည့္အစုံျဖင့္ေနရသလို၊ ပုသိမ္ၫြန႔္ဘဘိုး က လည္း ဝန္ႀကီးဗႏၶဳလဦးစိန္အိမ္မွာမို႔ အေစာင့္အေရွာက္မ်ားျဖင့္။

သူတစ္ေယာက္သာ ဒီ႐ုံးေပၚ လာကပ္ေနေနရသည့္အျဖစ္။

ဓါးမေစာထြန္းက ထိုအျဖစ္ကို ေတြးကာ ေဒါသထြက္လာသည္။ အဲ့ဒီေန႔ကပင္ လမ္းမေတာ္ဖိုးတုတ္၏ တပည့္၊ ဗိုလ္တစ္ေထာင္ငမိုး၏ ညီ ကိုပင္ သူ႔ဓါးမျဖင့္ လည္ၿမိဳခုတ္ခဲ့သည္မဟုတ္လား။

ဘာကိုေၾကာက္ရမည္နည္း။ ဘာေၾကာင့္ ေရွာင္ေနရမည္နည္း။

မခံခ်င္စိတ္မ်ားတႏုံ႔ႏုံ႔ျဖင့္ အိပ္မေပ်ာ္သည့္အၾကား သူ႔အိမ္ေရွ႕တည့္တည့္တြင္ လာဖြင့္ေနသည့္ ဝါဒျဖန႔္ခ်ီေရးကားမွ အာဏာရွင္သီခ်င္းသံသည္ သူ႔ကို အႀကီးအက်ယ္ေႏွာင့္ယွက္ေနသည္။

သူတို႔ ဆင္းရဲသားဓါးမပါတီ ၏ ဝါဒျဖန႔္ကားမို႔ပင္ သည္းခံေနျခင္းျဖစ္သည္။

ခဏေနေတာ့ အသံတိတ္သြားသည္။

နားဒုကၡမွ ကင္းေဝးသြားသျဖင့္ စိတ္ေအးလက္ေအးျဖင့္ အိပ္ရန္ျပင္လိုက္၏။

"ကမာၻမွာလည္း အာဏာရွင္..တို႔လည္း အာဏာရွင္..ေခတ္သစ္ရဲ႕ ပဲ့ကိုင္ရွင္..ဗမာ..ဗမာ..ဗမာ..အာဏာရွင္"

"ဟာ..ဒီေကာင္ေတြကေတာ့ကြာ"

ဓါးမေစာထြန္း ေဒါသ ထြက္ၿပီး ေအာက္သို႔ ဆင္းသြား၏။

သူ႔ေနသည့္ တိုက္တည့္တည့္တြင္ ရပ္ၿပီး ေလာ္ျဖင့္ သီခ်င္းမ်ားဖြင့္ေနသည့္ ကားထံ ေလွ်ာက္သြားလိုက္သည္။

ကားေပၚတြင္ ဓါးမပါတီဝတ္စုံ၊ အျပာျဖင့္ လူတစ္ေယာက္က စီးကရက္ေသာက္ေန၏။

ေစာထြန္းက ကားတံခါးကို လက္ျဖင့္ တဗုံးဗုံး ထုလိုက္ၿပီး ကားျပတင္းေပါက္ေပၚ လက္တင္လိုက္ကာ

"ဒီမယ္..ေဟ့ေကာင္ေတြ…မင္းတို႔ ဘယ္႐ုံးကလဲ..ဒီအခ်ိန္ႀကီးေတာ့ သူမ်ားေတြအေႏွာက္အယွက္ျဖစ္တယ္ေလကြာ..မင္းတို႔.."

ေစာထြန္း၏ စကားမဆုံးလိုက္။ ကားထဲမွ လူက သူ႔ဆံပင္ဖုတ္ကို ဆြဲကာ ေဆးလိပ္မီးျဖင့္ မ်က္လုံးကို ထိုးထည့္လိုက္သည္။

"အား..လား"

ေစာထြန္းက မ်က္လုံးကို အုပ္လိုက္စဥ္ ေအးစက္မာေၾကာေသာ တစ္စုံတစ္ရာက သူ႔လက္ပင္းကို အားျပင္းျပင္းျဖင့္ လာေရာက္ရစ္သိုင္းျခင္းကို ခံစားလိုက္ရသည္။

"အုန္းေဖ..ေမာင္းေဟ့..ခပ္ျပင္းျပင္းေလးတင္စမ္း"

အုန္းေဖက ကားကို အရွိန္ျဖင့္ ေမာင္းထြန္လိုက္သည္။

ဂႏၶမာေသာင္းရီက လက္ဖ်ံေၾကာမ်ား ေထာင္ထသည္အထိ လက္ႏွစ္ဖက္ထဲမွ ခ်ိန္းႀကိဳးကို အားျဖင့္ ညႇစ္ထား၏။

ဓါးမေစာထြန္းမွ ေခါင္းက ကားျပတင္းထဲတြင္ျဖစ္ၿပီး ခႏၶာကိုယ္က အျပင္တြင္တ႐ြတ္တိုက္ပါလာသည္။

လည္ပင္းတြင္ ခ်ိန္းႀကိဳးျဖင့္ အညႇစ္ခံထားရသျဖင့္ လက္ႏွစ္ဖက္က ခ်ိန္းႀကိဳးကို ဆြဲေျဖေနသည္။

ဂႏၶမာေသာင္းရီက လက္ႏွစ္ဖက္မွ ခ်ိန္းႀကိဳးကို တင္းကိုင္ထားရင္း ကားအေပၚ ေအာ္လံမွ ထြက္ေနသည့္ "ဗမာ..ဗမာ..ဗမာ..အာဏာရွင္" သီခ်င္းကိုပင္ လိုက္လံသီဆိုေနသည္။

ေစာထြန္းက မ်က္ႏွာတစ္ခုလုံး ေသြးေၾကာမ်ားျဖင့္ ေထာင္တက္ေနၿပီး..အသက္ကို အလုအယက္ရႈေနသည္။

ျပဴးထြက္ေနေသာ မ်က္လုံးႀကီးမ်ားက ဂႏၶမာေသာင္းရီကို အံၾသတႀကီးၾကည့္ေန၏။

ကားက ဂ်ိဳးဇက္လမ္း(ျမန္မာ့ဂုဏ္ေရာင္လမ္း)ရွိ ယခင္တို႔ဗမာအစည္းအ႐ုံး႐ုံးခြဲ အေရွ႕သို႔ အေရာက္တြင္ အရွိန္ေလ်ာ့လိုက္သည္ႏွင့္ ဂႏၶမာက ခ်ိန္းႀကိဳးကို လက္တစ္ဖက္ လႊတ္ေပးလိုက္သည္။

တ႐ြတ္တိုက္ပါလာေသာ ေစာထြန္းမွာ ကတၱရာလမ္းေပၚသို႔ တလိမ့္ေခါက္ေခြးက်သြား၏။

ညဥ့္ကလည္း နက္ၿပီမို႔ လမ္းမေပၚတြင္ လူသြားလူလာမရွိ။

ေစာထြန္းမွာ ကတၱရာလမ္းမေပၚတြင္ ပက္လက္လွဲရင္း အသက္ကို ၀၀ ရွႈေနရသျဖင့္ ရင္ဘတ္မွာ မို႔ခ်ည္ ေမာက္ခ်ည္ျဖစ္ေနသည္။

မ်က္လုံးတြင္လည္း ေဆးလိပ္မီးျဖင့္ ထိုးခံထားရသျဖင့္ အပူေလာင္သည့္ အနာကို ခံစားေနရသည္။

ေစာထြန္း ကုန္းထရန္ ႀကိဳးစားလိုက္သည္။

သို႔ေသာ္…ကားဟြန္းသံကို သံရွည္ႀကီးကို ၾကားလိုက္ရသျဖင့္ ေစာထြန္း အလန႔္တၾကားၾကည့္လိုက္သည္။

မီးထိုးလ်က္ သူ႔ထံျပန္ေကြ႕လာေသာ..ေအာ္လံတပ္ကား။

ကားဟြန္းတီးသံႏွင့္ သီခ်င္းသံမ်ားေၾကာင့္ တိုက္ေပၚမွ လူမ်ားႏိုးလာၾကၿပီး ျပတင္းတံခါးမ်ားဖြင့္ကာ လမ္းေပၚသို႔ အလန႔္တၾကားၾကည့္လိုက္ၾကသည္။

ဓါးမပါတီမွ လူမ်ား ေဒါက္တာဘေမာ္ အား ဝါဒျဖန႔္ခ်ီသည့္အခါ သီခ်င္းလိုက္ဖြင့္သည့္ ကားတစ္စင္းက လမ္းမေပၚတြင္ အမူးသမားတစ္ေယာက္ကဲ့သို႔ ယိုင္ထိုးေနေသာ လူတစ္ေယာက္ကို တိုက္ခ်ၿပီး ျဖတ္ႀကိတ္သြားသည္ကို လူအေတာ္မ်ားမ်ားေတြ႕လိုက္ၾကသည္။

………………………………………………………………………………

ေနာက္တစ္ေန႔တြင္ ဓါးမပါတီမွ ခ႐ိုင္အဆင့္လူငယ္ေခါင္းေဆာင္ျဖစ္ေသာ ဓါးမေစာထြန္း သည္ ဂ်ိဳးဆက္လမ္း တို႔ဗမာအစည္းအ႐ုံးေရွ႕တြင္ ယာဥ္တိုက္မႈျဖင့္ ကြယ္လြန္သြားေၾကာင္း ၊ တိုက္သြားေသာယာဥ္မွာလည္း ေမာင္းေျပးသြားခဲ့ၿပီး မ်က္ျမင္သက္ေသမ်ားအဆိုအရ ဝါဒျဖန႔္ခ်ီေရးဌာနမွ "အာဏာရွင္"သီခ်င္းကို ဖြင့္ကာ ေမာင္းလာေသာ ေအာ္လံတပ္ကားျဖစ္ေၾကာင္း သတင္းစာမ်ားတြင္ ပါရွိလာေလသည္။

ထိုကိစၥသည္ ဝါဒျဖန႔္ခ်ီေရးဌာနကို ကိုင္ထားေသာ ဗႏၶဳလဦးစိန္အတြက္ အၾကပ္႐ိုက္စရာသတင္းတစ္ခုျဖစ္ခဲ့သည္။

သို႔ေသာ္ မၾကာမီ တိုက္ေျပးသြားသည့္ကားမွာ ဓါးမပါတီမွ ကားမဟုတ္ပဲ ဂ်ပန္စစ္တပ္ ဝါဒျဖန႔္ခ်ီေရး ဌာနမွ ကားျဖစ္ေၾကာင္း၊ ထိုကားကို ဂ်ပန္ဝါဒျဖန႔္အရာရွိ ေအာ္ေဇးကိုး ထံမွ ငွားေမာင္းသြားသူမွာ အုန္းေဖ ဆိုသူျဖစ္ၿပီး ထိုသူကိုယ္တိုင္ ဂ်ပန္စစ္ရဲမ်ားထံ သြားေရာက္အဖမ္းခံခဲ့ေၾကာင္း ေနာက္ဆက္တြဲသတင္း ထြက္လာေလသည္။

ဂ်ပန္စစ္ရဲထံ တိုက္႐ိုက္ဖမ္းခံလိုက္ၿပီျဖစ္သျဖင့္ ဗမာအစိုးရႏွင့္ ေနျပည္ေတာ္ရဲတပ္မ်ားမွာ မည္သို႔မွ် မေျပာရဲၾကေတာ့။

အုန္းေဖကို ကား ဂ်ပန္စစ္ခုံ႐ုံးက ယာဥ္မဆင္မျခင္ေမာင္းႏွင္ၿပီး လူေသမႈျဖင့္ ေထာင္ႏွစ္ႏွစ္ ခ်လိုက္ေလေတာ့သည္။

အုန္းေဖကား  သူႏွင့္ခင္မင္ရင္းႏွီးေသာ ဂ်ပန္ဗိုလ္မႉူး ေအာ္ေဇကိုး ေကာင္းမႈျဖင့္ ရန္ကုန္ေထာင္ႀကီးတြင္ အဂၤလိပ္မဟာမိတ္သုံ႔ပန္းမ်ားကို အုပ္ခ်ဳပ္ရေသာ အက်ဥ္းသားဝန္ထမ္းအျဖစ္ပင္ တန္းခန႔္အပ္ျခင္း ခံလိုက္ရေလသည္။

ဘဘိုႏွင့္ ျမက်င္မွာ ဂ်ပန္လက္ေအာက္အက်ဥ္းေထာင္ထဲတြင္ ရွိေနေသာ အုန္းေဖကို ဘာမွ လုပ္မရေတာ့သျဖင့္ ႀကိတ္မႏိုင္ခဲမရျဖစ္ေနၾကေတာ့သည္။

ထိုကာလအတြင္း.. ေဒါက္တာဘေမာ္ႏွင့္ အဆင္ေျပေသာ အမွတ္(၁၅)ဂ်ပန္တပ္မေတာ္စစ္ဦးစီးခ်ဳပ္ ဂ်င္နရယ္အီဒါး က ဂ်ပန္ျပည္သို႔ ေျပာင္းေ႐ႊ႕သြားရၿပီး ေဒါက္တာဘေမာ္ ႏွင့္ အေစးမကပ္သည့္ ဂ်န္နရယ္ကဝါဘီ က စစ္ဦးစီးခ်ဳပ္အျဖစ္ ရာထူးလႊဲေျပာင္းရယူထားသည္။

ေဒါက္တာဘေမာ္အစိုးရ၏ ဂ်ပန္အႀကံေပး ဗိုလ္ခ်ဳပ္အီဆာမူရာမွာလည္း ဂ်န္နရယ္ကဝါဘီ၏ လက္႐ုံးျဖစ္လာၿပီး ဘုန္းတန္ခိုးတက္လာေနသည္။

၁၉၄၃ မတ္လတြင္ ေဒါက္တာဘေမာ္ ကို ဂ်ပန္ျပည္တြင္ တိုဂ်ိဳအစိုးရက ေခၚယူေတြ႕ဆုံၿပီး အျမင့္ဆုံးဘြဲ႕တံဆိပ္ျဖစ္သည့္ တင္ေနာ္ေဟကာ တံဆိပ္ကို ေပးအပ္လိုက္သည္။

ထိုဘြဲ႕တံဆိပ္ကို သခင္ျမ၊ ေဒါက္တာသိမ္းေမာင္ႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔လည္း ရၾကသည္။

ဘြဲ႕မရရွိသည့္ သခင္ထြန္းအုပ္ မွာ ထိုကိစၥအတြက္ သူ႔ကို ဂ်ပန္မေခၚသြားေသာ ေဒါက္တာဘေမာ္အား ေၾကလည္ျခင္း မရွိေခ်။

ေဒါက္တာဘေမာ္ သည္ ၁၉၂၄ ခုႏွစ္က ျပင္သစ္ျပည္၊ ေဘာ္ဂိုးတကၠသိုလ္တင္ အဘိဓမၼာေဒါက္တာဘြဲ႕ကို ယူခဲ့သူျဖစ္သျဖင့္ ျပင္သစ္တြင္ တကၠသိုလ္တက္ခဲ့ဖူးေသာ ဂ်ပန္ဘုရင္ တင္ေနာ္ေဟကာ ႏွင့္ အလြယ္တကူပင္ ခင္မင္ရင္းႏွီးသြားသည္။

ဂ်ပန္ဘုရင္က ခ်ီးျမႇင့္သည့္ ေနာက္ထပ္ေတာ္ဝင္ဆုတံဆိပ္တစ္ခုကိုပင္ ရထား၏။

ထိုသို႔ ဘုရင္၏ မ်က္ႏွာသာေပးျခင္းခံရသည့္အျပင္ ဂ်ပန္အစိုးရေခါင္းေဆာင္ နန္းရင္းဝန္ တိုဂ်ိဳ ကလည္း ေခတ္ပညာတတ္ႏိုင္ငံေရးသမားျဖစ္ေသာ ေဒါက္တာဘေမာ္ကို အထူးေလးစားသည္။

ထို႔ေၾကာင့္ ဗမာျပည္သို႔ ေရာက္ေနေသာ ဂ်ပန္အမွတ္(၁၅)စစ္တပ္မွာ ေဒါက္တာဘေမာ္ကို ၾသဇာလႊမ္းမိုးရန္ ႀကံစည္ေသာ္လည္း ေဒါက္တာသည္ ဂ်ပန္နန္းတြင္း၊ ဗဟိုအစိုးရမ်ားႏွင့္ တိုက္႐ိုက္အဆက္အသြယ္ ရွိေနသျဖင့္ မတတ္သာပဲ ရွိေနသည္။

အထူးသျဖင့္ ဂ်ပန္ဘုရင္က အပ္ႏွင္းေသာ တံဆိပ္ႀကီးကို ေဒါက္တာဘေမာ္က ႐ုံးခန္းေရွ႕ ကပ္ထားသျဖင့္ ဂ်ပန္တပ္၏ အႀကီးဆုံး စစ္ေသနာပတိျဖစ္သည့္ ဂ်နရယ္ကဝါဘီပင္ ေဒါက္တာဘေမာ္႐ုံးခန္းသို႔ ဝင္လွ်င္ ထိုတံဆိပ္ကို ဒူးေထာက္အ႐ိုအေသျပဳၿပီးမွ ဝင္ရသည္။

ထိုကိစၥကို ဂ်နရယ္ ကဝါဘီက ႏွစ္လိုျခင္းမရွိေပ။

ေဒါက္တာဘေမာ္အစိုးရအဖြဲ႕ ဝန္ႀကီးမ်ားႏွင့္လည္း အႀကံေပး ဗိုလ္ခ်ဳပ္အီစာမူရာတို႔ၾကား မေၾကလည္မႈမ်ားရွိေနၿပီး အီစာမူရာ က ေဒါက္တာဘေမာ္ကို ရသည့္နည္းျဖင့္ ျဖဳတ္ခ်ရန္ ႀကံစည္ေနေတာ့သည္။

ထိုကဲ့သို႔ ေဒါက္တာဘေမာ္တြင္ ႏိုင္ငံေရးရန္သူမ်ား ပတ္လည္ဝိုင္းေနခ်ိန္မို႔ ဦးျမက်င္ ႏွင့္ ပုသိမ္ၫြန႔္ ဘဘိုးတို႔မွာ လူမိုက္ေလာကဘက္ မလွည့္ႏိုင္ေသးပဲ သူတို႔ဆရာမ်ား ကာကြယ္ေရးကို ဦးစားေပးေနရသည္။

သို႔ေသာ္ ပုသိမ္ၫြန႔္ဘဘိုး ကား သူ႔လက္႐ုံးျဖစ္ေသာ ဓါးမေစာထြန္း ကားတိုက္သတ္ခံရမႈအတြက္ လက္စားေခ်ရန္ အကြက္ေကာင္းကို ေစာင့္ေနဆဲျဖစ္သည္။

……………………………………………………………………………………………………..

၁၉၄၃ ႏိုဝင္ဘာလ ၅ ရက္။

 လမ္းမေတာ္ဖိုးတုတ္ သည္ နတ္သမီးေရာဂါ ေခၚ ဆစ္ဖလစ္ေရာဂါျဖင့္ ဂ်ပန္ေခတ္ကာလသားေရာဂါကုေဆး႐ုံတြင္ တက္ေရာက္ကုသေနရသည္။

ေမဂ်ာဆာတိုး ႏွင့္ ဖိုးတုတ္ တို႔တစ္ေယာက္တစ္လွည့္ ေဆး႐ုံတက္ေနရသည့္ ဆစ္ဖလစ္ပိုးမ်ား၏ ဘယ္သူက ဘယ္သူ႔ဆီမွ ကူးၿပီး ဘယ္သူ႔ကို ျပန္ကူးသည္ဆိုေသာ သံသရာကို ဂႏၶမာေသာင္းရီ မသိေသာ္လည္း ေရာဂါျပန႔္ပြားရာဗဟိုဌာနခ်ဳပ္မွာ ခ်ိဳက္ဟုန္ ျဖစ္သည္ကို သူေကာင္းေကာင္းသိသည္။

ထို႔ေၾကာင့္ ဖိုးတုတ္ရွိရာ ေဆး႐ုံသို႔ ဂႏၶမာေသာင္းရီေရာက္လာရေတာ့သည္။

"ဖိုးတုတ္..မင္း..ေဆး႐ုံက ျပန္ဆင္းရင္..ခ်ိဳက္ဟုန္နဲ႔ ဇာတ္လမ္းကို ျဖတ္ေစခ်င္ၿပီကြ..မင္းဆီကေန မသင္းျမ ဆီကို ဒီေရာဂါ ေရာက္သြားမွာ ငါစိုးရိမ္တယ္"

"ေအး..ဂႏၶမာ..ငါလည္း မသင္းျမအတြက္ပဲ စိတ္ပူတာ..ငါကိုယ္က ဆတ္ေတာ့တာပါကြာ"

"ဟုတ္တယ္..ဖိုးတုတ္..မင္းအသက္လည္း ေလးဆယ့္ငါးႏွစ္ထဲ ေရာက္ေနၿပီ..ဒီအ႐ြယ္ႀကီးက်မွ ဖာက်ိဳးတာေတာ့ ၾကားလို႔လည္း မေကာင္းဘူးကြ…အခု ေမဂ်ာဆာတိုးေတာင္ ခ်ိဳက္ဟုန္ကို ကူးမွာစိုးလို႔ဆိုၿပီး အတူမအိပ္တာၾကာၿပီ။ ခ်ိဳက္ဟုန္ကိုေတာ့ မေသာင္းက ေဆးႀကိတ္ကုေနရတယ္''

"ဂႏၶမာ..မင္းလည္း သတိထားဦး...ဘဘိုးတို႔ ၿငိမ္သြားတာ ငါမသကၤာဘူး"

"ငါ့ကို စိတ္ခ်ပါ..ဖိုးတုတ္..စိတ္ခ်ပါ..ငါအဆင္ေျပတယ္..ငါ အရင္လို ခ်ိန္းႀကိဳးပဲ ကိုင္ေတာ့တာမဟုတ္ပါဘူး.. ေျခာက္လုံးျပဴးလည္း ေကာင္းေကာင္းပစ္တတ္ေနၿပီ..ေအး..မင္းသာ ေပါင္ၾကားက ေျခာက္လုံးျပဴးကို မသရမ္းနဲ႔ေတာ့ဟ..လူမိုက္ႀကီး ဖာက်ိဳးေသတယ္ဆို ၾကားမေကာင္းဘူး"

"မင္းအေမ့လင္ မို႔ ငါက ဖာက်ိဳးေသရမွာလား..သြားေတာ့ကြာ..ဒီမွာ မနက္ကမွ ျပည္ေတြ စုတ္ထုတ္ထားလို႔ နာေနရတဲ့ၾကားထဲ..သြားေတာ့ ေဟ့ေကာင္"

ဂႏၶမာေသာင္းရီက ေဆး႐ုံေပၚမွ ျပန္ဆင္းသြားသည္။

စစ္႐ုံးသို႔ ေရာက္ေသာအခါ ေမဂ်ာဆာတိုး က မ်က္ႏွာမေကာင္းလွ။

 ေမဂ်ာဆာတိုး က ဂႏၶမာဝင္လာသည္ႏွင့္ သူ႔႐ုံးခန္း တံခါးကို ပိတ္လိုက္သည္။

"ေဆာင္းရင္..မင္းကို ငါ အေရးႀကီးတဲ့ စကားတစ္ခု ေျပာစရာရွိတယ္..လာထိုင္"

ဂႏၶမာက ေမဂ်ာဆာတိုး ေရွ႕တြင္ ဝင္ထိုင္လိုက္သည္။

"ငါ ခ်ိဳက္ဟုန္ ကို ခ်စ္တယ္"

ေမဂ်ာဆာတိုး စကားေၾကာင့္ ဂႏၶမာေသာင္းရင္ အူေၾကာင္ေၾကာင္ျဖစ္သြား၏။

"ငါဆက္ေျပာတာ..နားေထာင္ဦး….မင္းအခု ဒီ႐ုံးခန္းက ထြက္တာနဲ႔ အိမ္ကို တန္းေမာင္းသြား..အိမ္ေရာက္ရင္ ခ်ိဳက္ဟုန္နဲ႔ မေသာင္းကို ေခၚ၊ ခ်ိဳက္ဟုန္ဆီမွာ ငါေပးထားတဲ့ ေ႐ႊေခ်ာင္းေတြရွိတယ္။ အဲ့ဒါေတြ ယူၿပီး မင္းတို႔ သုံးေယာက္ ရန္ကုန္က ေန ေျပးေတာ့။ ဂ်ပန္ကင္ေပေတြ လိုက္မရႏိုင္မယ့္ ေနရာမ်ိဳးအထိ ေျပးေတာ့"

"ဘာျဖစ္လို႔လဲ..ေမဂ်ာဆာတိုး..ခင္ဗ်ားကေရာ"

ေမဂ်ာဆာတိုးက သက္ျပင္းခ်ကာ မ်က္လုံးမွိတ္ထားလိုက္သည္။ ထို႔ေနာက္ သူ႔စိတ္ကို ေျဖေလ်ာ့လိုက္ၿပီး

"ဂ်င္နရယ္အီဒါးမေျပာင္းခင္က အင္ဖာစစ္ဆင္ေရးအတြက္ ငါတို႔ ဆြဲထားတဲ့ စစ္ေရးစီမံခ်က္ ရွိတယ္.. ေဆာင္းရင္။ အဲ့ဒီစီမံခ်က္က အထူးထိပ္တန္းလွ်ိဳ႕ဝွက္ပဲ။ အဲ့ဒီစီမံခ်က္အေသးစိတ္ကို ဂ်န္နရယ္ကဝါဘီဆီ လႊဲတဲ့အခါ အေသးစိတ္ရွင္းျပဖို႔ ဂ်င္နရယ္အီဒါးက ငါ့ဌာနကို အပ္ထားခဲ့တယ္။ ငါ့ဌာန ဆိုတာထက္ ငါ့ဌာနမွာ အႀကီးဆုံးျဖစ္တဲ့ ငါ့ကိုေပါ့ကြာ။ ငါလည္း အဲ့ဒီစီမံခ်က္ကို ဂ်င္နရယ္ကဝါဘီ နားလည္ေအာင္ ရွင္းျပဖို႔ အိမ္ကို ယူသြားၿပီး သုံးေလးေရာက္ေလာက္ အေသးစိတ္ျပင္ဆင္ခဲ့တယ္ ။  လြန္ခဲ့တဲ့ တစ္နာရီေလာက္က ကရင္ျပည္နယ္၊ ဖာပြန္မွာ မဟာမိတ္ဘက္က Force 136 နဲ႔ ဆက္သြယ္မယ့္ ဆက္သားတစ္ေယာက္ကို ငါတို႔ စစ္တပ္က ဖမ္းမိခဲ့တယ္။ အဲ့ဒီဆက္သားဆီမွာ စစ္ဆင္ေရးစီမံကိန္းအေသးစိတ္မူၾကမ္းေတြ ဖမ္းမိတယ္တဲ့။  ဆက္သားကို ဖမ္းမိတဲ့ အမွတ္(၅၈)ေျခလ်င္တပ္က ေမဂ်ာမာဆာအို ဆိုတာ ငါ့အကို အရင္းပဲ။ သူက အခု ငါ့ဆီ အေရးေပၚ ေၾကးနန္း႐ိုက္လိုက္တယ္။  အေႏွးနဲ႔အျမန္ ဒီကိစၥကို စစ္႐ုံးခ်ဳပ္ေရာ၊ ကင္ေပတိုင္ ကို သတင္းပို႔ရေတာ့မွာ။ ငါ့အကိုက သူအေနနဲ႔ သုံးနာရီေလာက္ေတာ့ အခ်ိန္ဆြဲေပးထားႏိုင္တယ္တဲ့။  ၿပီးေတာ့ အဲ့ဒီ စစ္ဆင္ေရးစီမံခ်က္တစ္ခုလုံးက ငါ့လက္ထဲကေန ထြက္သြားတယ္ဆိုတာ သူတို႔ သိေတာ့မွာကြ"

"ေမဂ်ာဆာတိုး ဒါဆိုရင္...စပိုင္ရွိေနၿပီေပါ့"

"စပိုင္က ဘယ္သူဆိုတာေတာ့ ငါလည္း မသိေတာ့ဘူး..ေဆာင္းရင္။ ေသခ်ာတာေတာ့..အဲ့ဒီရက္က ခ်ိဳက္ဟုန္ဆီလာလည္တာ မစၥႏိုဘူစံပဲ။ သူ႔ေယာက္်ားက အဂၤလိပ္မဟုတ္လား။ ငါ့အိမ္ကို ဝင္ထြက္တဲ့အထဲ ျဖစ္ႏိုင္ေခ်က သူပဲ"

"ဒါဆို ႏိုဘူစံကို ဖမ္းၾကမွာေပါ့"

"ႏိုဘူစံကို မဖမ္းခင္ ငါ့ကို အရင္ဖမ္းၾကလိမ့္မယ္။ ငါ့ကို ဖမ္းၿပီးရင္ မင္းရယ္၊ ခ်ိဳက္ဟုန္ရယ္၊ မေသာင္းရယ္ကို ဖမ္းၾကလိမ့္မယ္ကြ။ မင္းတို႔က ကင္ေပတိုင္လက္ေရာက္သြားရင္ ၿပီးၿပီပဲ။ ဘယ္လိုေနေန ငါကေတာ့ တာဝန္ေပါ့ေလ်ာ့မႈအတြက္ ေသဒဏ္ေတာ့ ေသခ်ာေနၿပီ။ ဒီေတာ့ မင္းတို႔ ေျပးေတာ့။ လြတ္ေအာင္ ေျပးၾကေတာ့"

ဂႏၶမာေဆာင္းရင္က ေမဂ်ာဆာတိုး ၏ ႐ုံးခန္းထဲမွ ထြက္ၿပီးေနာက္ ကားကို ဖိုးတုတ္ ရွိရာ ေဆး႐ုံသို႔ ျပန္ဦးလွည့္လိုက္သည္။

"ေဟ့ေကာင္..ျပန္လာျပန္ၿပီလားကြာ..ဘာက်န္ခဲ့လို႔လဲ"

ဂႏၶမာေသာင္းရီက ဖိုးတုတ္ နံေဘးသို႔ ကပ္ထိုင္လိုက္ၿပီး အေျခအေနကို ခပ္တိုးတိုးရွင္းျပလိုက္သည္။

"ေလာေလာဆယ္ ငါတို႔ ဂ်ပန္လက္ကေန အျမန္ဆုံးလြတ္သြားဖို႔ပဲ..ဖိုးတုတ္..အဲ့ဒါ မင္းအကူအညီလိုတယ္"

"ေနဦးကြ..သုံးနာရီေလာက္နဲ႔ေတာ့ ဂ်ပန္လက္က မင္းတို႔ လြတ္ဖို႔ မလြယ္ဘူး။ ေနာက္သုံးနာရီေနတာနဲ႔ မင္းတို႔ကို မေတြ႕ရင္ ေဘးပတ္လည္ၿမိဳ႕ေတြမွာ ဂ်ပန္တပ္ေတြက အကုန္လိုက္ပိတ္ဆို႔မွာပဲ။ မင္းတို႔ လြတ္ဖို႔က ေရေၾကာင္းခရီးပဲရွိမယ္။ အဲ့ဒါကလည္း ခ်က္ခ်င္းႀကီး မလြယ္ဘူးကြ။ခဏေနဦး..ဦးဘြန္ရွႈက်င္းႀကီးတို႔ တ႐ုတ္ျဗန္ဟတ္ေဘြအသင္းက အခု ဂ်ပန္ကင္ေပ က မသကၤာစာရင္းဝင္ေနတဲ့ တ႐ုတ္ေတြကို ျပည္မက ခ်န္ေကရွိတ္သိမ္းထားတဲ့နယ္ေျမေတြဆီ သေဘၤာနဲ႔ ခိုးခိုးထုတ္ေပးေနတယ္လို႔ ငါသိထားတယ္။သူတို႔ကို ငါအကူအညီေတာင္း ေပးမယ္။ သူတို႔တုန္းကလည္း ဂ်ပန္လက္ကငါကယ္ေပးထားတာပဲ..မင္းမွာ စာ႐ြက္နဲ႔ ခဲတံပါလား"

ဂႏၶမာေသာင္းရီက ေဆး႐ုံေရွ႕မွ ကားထံသို႔ ျပန္သြားကာ စာ႐ြက္ႏွင့္ ခဲတံ ယူလာေပးသည္။

လမ္းမေတာ္ဖိုးတုတ္က စာ႐ြက္ေပၚတြင္ စာတစ္ေစာင္ေရးေပးလိုက္၏။

"ဂႏၶမာ..မင္းအရင္လုပ္ရမွာက လမ္းမေတာ္က ငါ့အိမ္ကို သြား။ စံဘ ကို ဒီစာေပးၿပီး ဦးဘြန္ရႉက်င္းဆီ ငါက ေပးခိုင္းတာပါလို႔ေျပာ၊ ၿပီးရင္ မင္းက ခ်ိဳက္ဟုန္နဲ႔ မေသာင္းတို႔ဆီသြားၿပီး သိမ္းစရာရွိတာ သိမ္းၿပီး လတ္တာလမ္း ဘုံေက်ာင္းကို ထြက္လာခဲ့။  မင္းတို႔ အဲ့ဒီမွာခဏ ေအာင္းေနဖို႔ ကိစၥ ဦးဘြန္ရႈက်င္းက စီစဥ္ေပးလိမ့္မယ္။ ေနာက္သုံးေလးရက္ေနမွ မင္းတို႔ကို ခိုးထုတ္ၿပီး တ႐ုတ္ျပည္မသြားတဲ့ သေဘၤာနဲ႔ ထည့္ေပးဖို႔ ငါအကူအညီေတာင္းထားတယ္''

ဂႏၶမာေသာင္းရီက စာကို ယူကာ ေဆး႐ုံတြင္းမွ  ခပ္သုတ္သုတ္ျပန္ထြက္သြားသည္။

ညေနပိုင္းတြင္ စစ္႐ုံးတြင္ ႐ုံးထိုင္ေနေသာ ေမဂ်ာဆာတိုး အား ဂ်ပန္စစ္ရဲမ်ား၊ ကင္ေပ့မ်ား က သူ၏ ႐ုံးခန္းတြင္ပင္ ဖမ္းဆီးထိန္းသိမ္းလိုက္သည္။

ဂိုးဒန္းဗယ္လီရွိ ဆာတိုး၏ ေနအိမ္တြင္ ေနထိုင္သူမ်ားကို သြားေရာက္ဖမ္းဆီးေသာအခါ ဆာတိုး၏ဇနီး ခ်ိဳက္ဟုန္၊ ဆာတိုး၏ ကိုယ္ေရးအရာရွိ ေဆာင္းရင္ (ခ) ဂႏၵမာေသာင္းရီ ႏွင့္ စကားျပန္မေသာင္းတို႔ကို ရွာမေတြ႕ေတာ့ေခ်။

ဂႏၶမာေသာင္းရီ ႏွင့္ ရင္းႏွီးသည္ လမ္းမေတာ္ဖိုးတုတ္မွာလည္း တခ်ိန္လုံး ေဆး႐ုံတြင္ ရွိေနသျဖင့္ သကၤာမကင္းမျဖစ္ၾက။

ဂ်ပန္ကင္ေပတိုင္တပ္မ်ားမွ ရန္ကုန္ႏွင့္ အနီးအနားၿမိဳ႕မ်ားအထိ ပိတ္ဆို႔ရွာေဖြၾကေသာ္လည္း ဂႏၶမာေသာင္းရီ၊ မေသာင္းႏွင့္ ခ်ိဳက္ဟုန္တို႔ကား အစအနာရွာမေတြ႕ေအာင္ ေပ်ာက္ဆုံးသြားၾကေတာ့သည္။

………………………………………………………………………………………………………

၁၉၄၃ ႏိုဝင္ဘာ ၁၃ ရက္။ ည ၁၂ နာရီ။

ေလွကေလးတစ္စင္းက ရန္ကုန္ျမစ္ဝဆီတြင္ ရပ္ထားေသာ သေဘၤာငယ္တစ္စီးထံသို႔ ေလွကေလးတစ္စင္း တေ႐ြ႕ေ႐ြ႕ေလွာ္ခတ္လာသည္။

ေဆာင္းဝင္စ ကာလျဖစ္သည့္အျပင္ ပင္လယ္ဘက္မွ တိုက္ခတ္လာေသာ ေလေၾကာင့္ ေလွေပၚမွ လူႏွစ္ဦးမွာေစာင္ကို ခပ္တင္းတင္းၿခဳံထားၾကသည္။

ေလွေလွာ္သူက ကုပ္အက်ႌကို ၾကယ္သီးအေစ့တပ္လ်က္..ဦးထုတ္ကို ခပ္ငိုက္ငိုက္ေဆာင္းထား၏။

ေလွကေလးမွာ သေဘၤာကို  လွမ္းျမင္ေနရသည့္အခ်ိန္တြင္ အလင္းေရာင္တစ္ခုက ေလွကို လွမ္းထိုးသည္ကို ခံလိုက္ရသည္။

ေလွေပၚမွ သူမ်ားက ႐ုတ္တရက္ေခါင္းၿမီးၿခဳံၿပီး ေလွဝမ္းအတြင္း ငုံ႔ထားလိုက္ၾက၏။

အေမွာင္ထဲတြင္ ရပ္ေနေသာ ေမာ္ေတာ္တစ္စင္းေပၚမွ မီးေမာင္ျဖင့္ ထိုးလိုက္ျခင္းပင္။

"ေဟ့ေကာင္..ဂႏၶမာ….ဘယ္လိုလဲကြ..ဂ်ပန္ေၾကာက္လို႔ ထြက္ေျပးေတာ့မယ္ေပါ့.."

ေမာ္ေတာ္ေပၚတြင္ ေျခာက္လုံးျပဴးေသနတ္ျဖင့္ ရပ္ေနသူက ပုသိမ္ၫြန႔္ဘဘိုး။ သူ႔ေဘးတြင္လည္း ႐ိုင္ဖယ္ေသနတ္ကိုယ္စီျဖင့္ လူေျခာက္ေယာက္။

ဂႏၶမာကလည္း ေလွာ္တက္ကိုခ်ၿပီး ခါးၾကားမွ ေျခာက္လုံးျပဴးကို ထုတ္လိုက္သည္။

မေသာင္းႏွင့္ ခ်ိဳက္ဟုန္က ေလွဝမ္းထဲတြင္ ေၾကာက္႐ြံ႕လ်က္။

"ဘယ့္ႏွယ့္လဲ..လမ္းမေတာ္ဖိုးတုတ္ရဲ႕ ငယ္သူငယ္ခ်င္း၊ လူမိုက္ႀကီး ဂႏၶမာေသာင္းရီ….ဘဘိုး ကို မွတ္မိလား..မင္းကို ဓါးနဲ႔ ခုတ္ခဲ့တဲ့ေကာင္ေလကြ..ေဟ့ေကာင္ႀကီး''

''ေဟ့ေကာင္.ဘဘိုး..မင္းဘာျဖစ္ခ်င္တာလဲေျပာ..ေယာက္်ားခ်င္းရွင္းမယ္ကြ..ေဟာ့ဒီက မဆိုင္တဲ့ မိန္းမႏွစ္ေယာက္ကိုေတာ့ ငါတို႔ ပြဲထဲ မပါေစခ်င္ဘူး"

"ေအးပါ..ငါကလည္း မင္းဖာသည္မေတြကို စိတ္မဝင္စားပါဘူး..မင္းကိုပဲ သတ္ခ်င္တာ..ငါ့ တပည့္ ေစာထြန္းကို သတ္ခဲ့တာ မင္းနဲ႔ အုန္းေဖ ဆိုတာ ငါသိတယ္ကြ"

"ေအး..ငါသတ္တာ ဟုတ္တယ္..ေစာထြန္းဆိုတဲ့ေကာင္ကို မေသခင္ လည္ပင္းမွာ ခ်ိန္းႀကိဳးပတ္ၿပီး  ကားပတ္ေမာင္းၿပီး ေလညႇင္းခံခိုင္းလိုက္ေသးတယ္။ ၿပီးမွ ကားနဲ႔ႀကိတ္သတ္လိုက္တာကြ။ ရွင္းလား..ေဟ့ေကာင္"

"ေအး..ဒီေန႔ေတာ့ မင္းလည္း ေသခ်င္းဆိုးၿပီမွတ္ ဂႏၶမာ"

"ဟားဟား..ဒုကၡသည္မိန္းမႏွစ္ေယာက္ပါတဲ့ ေလွတစင္းကို လူမိုက္ဆိုတဲ့ ေကာင္ ေျခာက္ေယာက္က ေသနတ္နဲ႔ ဝိုင္းပစ္ၿပီး ဂုဏ္ယူေတာ့မယ္ေပါ့..ဘဘိုးရ..မင္းတို႔ေခတ္က်မွကြာ…ရာဇဝင္ပ်က္ပါတယ္.အဟက္"

ဂႏၶမာစကားေၾကာင့္ ဘဘိုး မ်က္ႏွာ ၿပဳံးေနရာမွ တင္းမာသြားသည္။

"ရတယ္ေဟ့ေကာင္..မင္းလိုေကာင္နဲ႔ ငါ တစ္ေယာက္ခ်င္း ေသနတ္ခ်င္း ယွဥ္ပစ္လို႔ရတယ္"

"ႀကိဳက္ၿပီ..ဘဘိုး၊ ေယာက္်ားေတြပဲကြာ၊ အခု ငါ  ဟိုသေဘၤာဆီ..သူတို႔ႏွစ္ေယာက္ကို ေရာက္ေအာင္ သြားလိုက္ပို႔မယ္…ၿပီးရင္ မင္းတို႔ ေမာ္ေတာ္ဆီ ငါ ျပန္ေလွာ္လာၿပီး မင္းနဲ႔ ငါ ေသနတ္ခ်င္း ယွဥ္ပစ္မယ္"

"ဟုတ္မွလဲ လုပ္ပါ..ဂႏၶမာႀကီးရာ..သေဘၤာေပၚတက္ၿပီး ျပန္ဆင္းမလာပဲ..ထြက္ေျပးရင္ေတာ့..ငါ့ေမာ္ေတာ္နဲ႔ မင္းတို႔ကို လိုက္ပစ္မွာေနာ္"

"ဂႏၶမာေသာင္းရီကြ..ကတိတည္တယ္။ တစ္ေယာက္တည္းလည္း မိုက္ရဲတယ္။ ငါ ျပန္လာခဲ့မယ္"

ဂႏၶမာေသာင္းရီ က ေလွကို သေဘၤၤာဆီ ဆက္ေလွာ္သြားသည္။

ဘဘိုးတို႔ ေမာ္ေတာ္ေပၚမွ မီးေမာင္းက ေလွကို ဆက္တိုက္လိုက္ထိုးထားကာ ေသနတ္မ်ားျဖင့္ ခ်ိန္ထား၏။

သေဘၤာေပၚတြင္ေစာင့္ၾကည့္ေနေသာ ဦးဘြန္ရႈက်င္းက ႀကိဳးေလွကားခ်ေပးသည္။

ခ်ိဳက္ဟုန္ႏွင့္ မေသာင္းတို႔ တက္သြားၾကသည္။

ဂႏၶမာေသာင္းရီက အထုတ္မ်ားကို လြယ္လ်က္ ႀကိဳးေလွေကားေပၚတက္သည္။

ထို႔ေနာက္ ခဏအၾကာတြင္ ႀကိဳးေလွကားျဖင့္ ေလွေပၚသို႔ ျပန္ဆင္းလာ၏။

ေခါင္းကို ငိုက္စိုက္ကာ မိမိတို႔ ေမာ္ေတာ္ဆီသို႔ ေလွေလွာ္လာေသာ ဂႏၶမာေသာင္းရီကို ဘဘိုးက ၿပဳံးၿပီး ၾကည့္ေနသည္။

ထိုအခ်ိန္တြင္ ေလွေပၚမွ ေသနတ္သံတစ္ခ်က္ၾကားၿပီး ဘဘိုး၏ လက္ေမာင္း ပူခနဲ ျဖစ္သြား၏။

"ဟာ..ဒီေခြးမသားႀကီး…ပစ္ကြာ..ဝိုင္းပစ္"

ေမာ္ေတာ္ေပၚမွ လူမ်ားက ေနရာယူကာ ႐ိုင္ဖယ္မ်ားျဖင့္ အခ်က္ေပါင္းမ်ားစြာ ဝိုင္းပစ္ၾကေလေတာ့သည္။

ေလွေပၚမွ ဂႏၶမာေသာင္းရီ မွာ ႐ိုင္ဖယ္ေသနတ္ေျခာက္လက္မွ ထြက္လာေသာ က်ည္ဆံမ်ားကို မည္သို႔ မွ် ကာကြယ္ႏိုင္ျခင္းမရွိႏိုင္ရွာ။

ေလွကား က်ည္ခ်က္မ်ားေၾကာင့္ ေပါက္ၿပဲကုန္ၿပီး ရန္ကုန္ျမစ္ျပင္ထဲ တစစ နစ္ျမဳပ္ေနသည္။

ေလွဝမ္းထဲတြင္ ေမွာက္ခုံျဖစ္ေနသာ ဂႏၶမာေသာင္းရီ၏ စုတ္ဖြာေနေသာ ကုတ္အက်ႌေပၚမွ ေသြးကြက္မ်ားကို မီးေမာင္းအလင္းေရာင္မွတဆင့္ ဘဘိုး ျမင္ေနရသည္။

ဘဘိုးက ဒဏ္ရာရေနသည့္ၾကားမွ ေျခာက္လုံးျပဴးေသနတ္ကို လက္ႏွစ္ဖက္ျဖင့္ ေသခ်ာခ်ိန္ကာ ေမွာက္ခုံျဖစ္ေနေသာ ဂႏၶမာေသာင္းရီ၏ ေခါင္းတည့္တည့္ကို ခ်ိန္ပစ္ထည့္လိုက္သည္။

ေခါင္းတစ္ျခမ္းက ဖြာခနဲ ပြင့္ထြက္သြား၏။

ေရလည္ေခါင္တြင္ နစ္ျမဳပ္ေနၿပီျဖစ္သည့္ ေလွကေလးႏွင့္ ဒဏ္ရာဗရပြဝိညာဥ္ကင္းမဲ့ေနသည့္ လူတစ္ေယာက္ ။

ခပ္လွမ္းလွမ္းရွိ သေဘၤာ ကုန္းပတ္ေပၚမွ အမ်ိဳးသမီးတစ္ဦး၏ ငိုရႈိက္သံ အိခနဲ ထြက္လာသည္။

ဘဘိုးက ထိုသေဘၤာဘက္ လွည့္ကာ ေအာင္ပြဲခံသည့္ သေဘာျဖင့္ ေသနတ္ကို ေထာင္ျပေနသည္။

သူ႔ပခုံးတြင္လည္း က်ည္ဆံဝင္ထားသျဖင့္ ေသြးမ်ား တစိမ့္စိမ့္ယိုေနေတာ့၏။

ေမာ္ေတာ္ေပၚမွ မီးေမာင္းမ်ားကို ပိတ္သြားၿပီး ရန္ကုန္ဘက္ဆီသို႔ ျပန္လည္ခုတ္ေမာင္းသြားေခ်ၿပီ။

ျမစ္၏ ေဆာင္းဦး ကား ယမ္းခိုးရနံ႔မ်ားေဝလ်က္။

ခက္ေဇာ

Comments

Post a Comment