The Guys of Yangon,1930(Part 21)

The Guys of Yangon,1930(Part 21)
........ ............ 
                                           အခန်း(၂၂)
                                        ……………………….

ဆောင်းတွင်းဆိုသော်လည်း လယ်ကွင်းထဲမို့ နေက ကြဲကြဲတောက်ပူနေသည်။

ရိုးပြတ်များပေါ်တွင် စောင့်ကြည့်နေသူများက ရင်တထိတ်ထိတ်။

ဖျင်ပုဆိုးတစ်ကွင်းထဲတွင် ဓါးရှည်ကိုယ်စီ ကိုင်ထားကြသော စံဘ နှင့် ထွန်းရင်။

ထွန်းရင် သည် ဓါးမြဗိုလ် မြတ်လှ ၏ သားကြီးဖြစ်သည်။ အသက် (၁၃)နှစ်သားကတည်းက ဖခင်နှင့်အတူ ဓါးမြလိုက်တိုက်ခဲ့သည့် သားကောင်းရတနာလေးလည်းဖြစ်သည်။

စစ်မဖြစ်ခင်က ကော့မှူးဂတ်တွင် ဓါးမြမှုဖြင့် ဖမ်းခံရပြီး စစ်စဖြစ်ခါစတွင် အချုပ်ဖောက် ပြေးလာခဲ့သူဖြစ်သည်။

ယခုတော့ ရန်ကုန်လူမိုက်လောကတွင် ကျင်လည်ခဲ့သူ စံဘ နှင့် ရွာလူမိုက် ဓါးမြ ထွန်းရင်တို့ ပုဆိုးတကွင်းထဲတွင် လက်တစ်ဖက်စီက ပုဆိုးအစများကို ကိုင်ရင်း လက်တစ်ဖက်စီတွင် ဓါးရှည်ကိုယ်စီနှင့်။

ဦးမြတ်လှ က ဦးဘိုးဆင် နှင့် ဖိုးတုတ် တို့ ရှေ့မှ ကြိုရောက်နေသည်။

ဦးမြတ်လှ က လှံရှည်ကြီးကို ဝင့်လျက်..သူတို့နှစ်ယောက်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွား၏။

ဖိုးတုတ် လွယ်အိတ်ထဲ လက်နှိုက်ကာ ခြောက်လုံးပြူးသေနတ်ကို အသင့်မောင်းတင်ထားကာ နောက်မှ ကပ်လိုက်သွားသည်။

ဦးဘိုးဆင်က လူအုပ်ကြီး နောက်မှ ပတ်လျက် ဦးမြတ်လှ ၏ မျက်နှာချင်းဆိုင်တည့်တည့် မှ နေရာယူကာ ဝင်လာသည်။

"ဟေ့ နွားနှစ်ကောင်..ထိုးမယ်ဆို.ထိုးတော့လေကွာ…ဘာလုပ်နေတာလဲ"

ဦးမြတ်လှ က လက်ထဲမှ လှံတံကို ဆလိုက်ပြီး အော်လိုက်သဖြင့် ပုဆိုးကွင်းထဲမှ နှစ်ယောက် တန့်သွားကြသည်။

ပုဆိုးတကွင်းစာ အကွာအဝေးတွင် ဓါးရှည်ကိုယ်စီဖြင့် ကို့ယို့ကားယားဖြစ်နေကြ၏။

ဦးမြတ်လှက လှံဖြင့်စံဘ လက်ထဲမှ ဓါးရှည်ကို ရိုက်ချလိုက်သည်။

လမ်းမတော်ဖုးိတုတ်က အိတ်ကပ်ထဲမှ ခြောက်လုံးပြူးကို လွယ်အိတ်ဖြင့် ကွယ်ကာ လှစ်ခနဲ ထုတ်လိုက်၏။

ဦးဘိုးဆင်က လည်း ခါးကြားမှ ထင်းခွဲဓါးမကို နောက်ပြန် လှမ်းယူပြီး ထုတ်ရန်ပြင်လိုက်သည်။

သို့သော် ဦးမြတ်လှက စံဘ လက်ထဲမှ ဓါးရှည်ကို ရိုက်ချပြီး…သားဖြစ်သူ ထွန်းရင် ၏ လည်မြိုကို လှံဖြင့် ထောက်ထားလိုက်သည်။

ဖိုးတုတ်က သေနတ်ကို အသာပြန်သိမ်းလိုက်၏။ ဦးဘိုးဆင်က လည်း လက်ကိုအသာရှေ့ပြန်ထုတ်လိုက်သည်။

"ဟေ့ကောင်..ထွန်းရင်..ဒါ ငါ့ကို ဘိုးဆင် လာအပ်ထားတဲ့ ဧည့်သည်တွေကွ..မင်း ဘာလူပါးဝတာလဲ..အခုချက်ချင်း..ဓါးချစမ်း.."

ထွန်းရင်က သူ့အဖေကို ပေကပ်ကပ်ဖြင့် ကြည့်လိုက်သည်။

"တယ်..ငါ ထိုးလိုက်ရ"

ဦးမြတ်လှက လှံသွားဖြင့် ထပ်ဖိလိုက်မှ ထွန်းရင်က ဓါးကို ချသွားသည်။

"လာစမ်း..နှစ်ကောင်လုံး"

ဦးမြတ်လှ က ပုဆိုးကွင်းကို စောင့်ဆွဲလိုက်ရာ နှစ်ယောက်လုံး ဦးမြတ်လှထံ ပါလာ၏။

"ဖြောင်း..ဖြောင်း"

စံဘ ရော၊ ထွန်းရင် ပါ လည် ထွက်သွားသည်။

"ဒါက နင်တို့ကို ရန်ဖြစ်လို့ ရိုက်တာမဟုတ်ဘူး။ နှစ်ကောင်လုံး စောက်သုံးမကျလို့ ရိုက်တာ။ မှတ်ထားကွ..ပုဆိုးတကွင်းထဲ ဝင်ပြီး ဓါးချင်း ယှဉ်တယ်ဆိုတာ ဓါးရှည်မသုံးရဘူး။ ဓါးမြှောင်နဲ့ ထိုးရတာဟ။ အခု နင်တို့ဟာက ပုဆိုးတကွင်းထဲ ဓါးရှည်ကြီးတွေ ကို့ယိုးကားယားနဲ့ ဟန်ရေးပြနေကြတာ..ယောက်ျားချင်း ဖင်ခံမလို့ကျနေတာပဲ"

 ဦးမြတ်လှ က ဖိုးတုတ် ဘက်သို့ လှည့်လိုက်သည်။

"အောင်မယ်..ဘိုးဆင် နဲ့ ဖိုးတုတ် နင်တို့ တူအရီးနှစ်ယောက် ငါ့ကို ညှပ်သတ်ကြတော့မလို့ပေါ့လေ..ဟုတ်လား"

ဖိုးတုတ်က ဘာမျှ မပြော။

"မဟုတ်ပါဘူး..ကိုမြတ်လှရာ..ကျုပ်တို့ကလည်း ကျုပ်တို့ တူဖြစ်တာဆိုတော့.."

"အေးပါ..ငါနားလည်ပါတယ်ကွာ..နင်တို့တွေ က ငါ့ကို တလေးတစားလာနှုတ်ဆက်ထားတဲ့လူတွေပဲ..ငါ့သားနဲ့ ဒီလိုဖြစ်တာ ငါမှားတာပေါ့..ကဲ..လာကွာ..နေပူတယ်..ဒီကိစ္စ ငါ့အိမ်မှာ သွားရှင်းကြမယ်..ဟိတ်ခွေးလေးနှစ်ကောင်.. နင်တို့ကို အိမ်ရောက်မှ ထပ်ဆော်ရမယ်..လာခဲ့ကြ''

ဖိုးတုတ်က စံဘကို နားရင်းနှစ်ချက်အုပ်လိုက်သည်။

စံဘ ငိုက်စိုက် ငိုက်စိုက်ဖြင့် ပါလာ၏။

ဦးမြတ်လှ၏ အိမ်ရှေ့ကွပ်ပြစ်တွင် ဦးမြတ်လှ၊ ဦးဘိုးဆင် နှင့် ဖိုးတုတ်တို့ ထိုင်လိုက်ကြသည်။

ထွန်းရင် နှင့် စံဘက မတ်တပ်ရပ်လျက်။

သူတို့နောက်တွင်လည်း စပ်စုချင်သော လူအုပ်ကြီးက ဝိုင်းနေ၏။

ဦးမြတ်လှက မြေကြီးတွင် စိုက်ထားသော လှံကို ဆွဲနုတ်လိုက်ပြီး

"ဒီလှံက ရန်ဖြစ်တဲ့သူတွေကို ထိုးမလို့ ယူလာတာ။ ဒါပေမယ့် အခုတော့ ကိုယ့်အလုပ်မဟုတ်ပဲ စပ်စုတဲ့လူတွေကို ထိုးပြီး ပေါ်စားမလို့ ဖြစ်သွားပြီ..ဟေ့''

လူအုပ်ကြီးမှာ ခြံအပြင်သို့ ဝရုန်းသုန်းကား ပြေးထွက်ကုန်ကြသည်။

ထိုအခါမှ ဦးမြတ်လှ က ပြန်ထိုင်လိုက်၏။

"ကဲ..ပြောစမ်း..ထွန်းရင်..နင် နဲ့ ဒီကောင် ဘာလို့ သတ်မယ်ဖြတ်မယ်ဖြစ်ကြတာလဲ"

ထွန်းရင် က လက်သီးကို ဆုတ်လျက် ခေါင်းကို ငုံ့ထား၏။ ရင်ဘတ်ကလည်း အသက်ရှုသံပြင်းပြင်း ကြောင့် မို့မောက်နေသည်။

"ဟေ့…ဒီနွားတော့..ငါမေးနေတယ်..ဖြေလေကွာ..ဘာလို့ ရန်ဖြစ်တာလဲလို့"

"ကျွန်တော် မပြောချင်ဘူး..အဖေ…ပြောမထွက်ဘူး"

"ဟိတ်ကောင်..နင် ဒီမှာလည်း ဟန်ရေးပြနေပြန်ပြီ..ပြောစရာရှိတာပြော"

"ဒီလိုပါ..ဦးလေး..ကျွန်တော်နဲ့ ချောရင်နဲ့…"

"ဟိတ်ကောင်..ခွေးသား..မင်း ဆက်မပြောနဲ့.ခွပ်."

ထွန်းရင်က စံဘ မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်သည်။ စံဘက ပြန်ထိုးရန်ပြင်လိုက်စဉ် ဦးမြတ်လှ၏ လှံတံကြီးက သူတို့ ကြားထဲ ဝင်လာပြန်သည်။

ဦးမြတ်လှ က ခေါင်း ကို တငြိမ့်ငြိမ့်လုပ်ရင်း..စံဘကို သေချာကြည့်သည်။

''ထွန်းရင်..နင့်နှမကို သွားခေါ်စမ်း"

"ဟာ..ဒီကောင်မ မျက်နှာ ကျွန်တော် မကြည့်ချင်ဘူး..အဖေ"

ဦးမြတ်လှ လှံသွားက ထွန်းရင် လည်မြိုပေါ် ပြန်ရောက်လာသည်။

"နင်..ဘာဖြစ်နေတာလဲကွ..ချောရင်လည်း အရွယ်ရောက်နေပြီပဲ..ရည်းစားသနာ ထားတာ ဘာထူးလို့လဲ..ဟိတ်ကောင်"

"ထူးတယ်ဗျ..ထူးတယ်..အဖေရဲ့..ဒီကောင်နဲ့ အဖေ့သမီးက…ရည်းစားသနာ ကိစ္စ တင် မကတော့ဘူး…မပု ကောက်ရိုးပုံထဲမှာ…လုံးထွေးနေတာပဲ..အဖေရာ..တောက်..ကျွန်တော်ရှက်တယ်ဗျ…''

ဦးမြတ်လှ လှံသွားက စံဘဘက်  ရောက်သွား၏။

ဖိုးတုတ်မှာ လွယ်အိတ်ထဲမှာ ခြောက်လုံးပြူးပေါ်သို့ လက်တင်ရပြန်လေပြီ။

"ဟိတ်ကောင်လေး..မှန်မှန်ဖြေစမ်း..နင်..ငါ့သမီးကို..လုပ်ပြီးပြီလား"

စံဘ မှာ လှံသွားကြီးကို ငုံ့ကြည့်လိုက်၊ ဦးမြတ်လှကို ကြည့်လိုက်ဖြင့် ချွေးစေးများပင် ပြန်နေတော့သည်။

ဦးဘိုးဆင် နှင့် ဖိုတုတ်မှာ ဦးမြတ်လှမေးခွန်းကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြသည်။

"ဘကြီးဘိုးဆင်…ကိုဖိုးတုတ်..လုပ်ပါဦး"

"ဟိတ်ကောင်..မင်းအဖေတွေကို တမနေနဲ့..ငါမေးတာဖြေ..မင်းငါ့သမီးကို လုပ်ပြီးပြီလား"

"ဟုတ်ကဲ့..လုပ်လိုက်မိပါတယ်"

"ရွာရောက်တာမှ တစ်လရှိလောက်ရှိသေးတယ်….ငါ..လိုး..မ..ရန်ကုန်သား.."

ဦးမြတ်လှက လှံကို အောက်သို့ စိုက်ချလိုက်သည်။

"အဖေ ဒီကောင့် သတ်ဗျာ"

"ဟာ..စောက်ရူးက တစ်မျိုး…နင်ကျတော့ ရော သူများနှမတွေ မလုပ်ခဲလို့လား…ပါးစပ်ကို ပိတ်ထားစမ်း..ဟေ့ကောင်''

ဦးမြတ်လှ က ဦးဘိုးဆင် နှင့် ဖိုးတုတ် တို့ ဘက်သို့ လှည့်လိုက်သည်။

ဦးဘိုးဆင်နှင့် ဖိုးတုတ်တို့မှာ ဘွင်းဘွင်းကြီးပြောနေကြသော သူတို့သားအဖကို ကြည့်ကာ  အားတုံ့အားနာဖြစ်နေကြ၏။

"ကဲ…နင်တို့ရော..ဘာပြောချင်လဲ"

ဦးဘိုးဆင် က ခေါင်းကုတ်လိုက်သည်။

"ကျုပ်တို့..ဘာပြောရမှာလဲ..ကိုမြတ်လှ"

"ဟ..တယ်ခက်တဲ့လူတွေပဲ..ဘာပြောရမှာလဲ..ငါ့သမီးကို ယူပါလို့ ငါက ပြောရမှာလား..နင်တို့က လိုချင်ပါတယ်ဆိုပြီး နားဖောက်ရမှာလား…ငါလခွမ်း..ဘယ်လိုကောင်တွေလဲဟ''

ထိုအခါမှ ဖိုးတုတ်က အခြေအနေကို သဘောပေါက်လိုက်တော့သည်။

"စံဘဆိုတာ ကျွန်တော့်ညီလို သားလို ပါပဲ..ဦးမြတ်လှ။ ကျွန်တော်က သူ့မိဘပါပဲ။ ကျွန်တော့်ကောင် အဝှာ..အင်း..ဟိုလုပ်ခဲ့တဲ့ ကိစ္စအတွက် ကျွန်တော်တာဝန်ယူပါတယ်။ သူတို့ ကလေးချင်းလည်း ချစ်လို့ ဖြစ်တာပဲကိုး။ ကျွန်တော်တို့ ဦးမြတ်လှ သမီးကို မိသားဖသားပီပီ တောင်းရမ်းယူပါ့မယ်"

"အေး..နင်ကတော့ ဟုတ်ပြီ..ဖိုးတုတ်..ဟိုခွေးမသားက ခုထိ ငါ့သမီးကို ယူမယ် မပြောသေးပါလား..ဒီအကောင့် စောက်ချိုးကတော့ ငါ လှံနဲ့ ထထိုးလိုက်ရ''

"ယူပါ့မယ်…ယူပါ့မယ်..ခင်ဗျာ..ကျွန်တော်က အရမ်းယူချင်တာပါ…ယူချင်လွန်းလို့လဲ..ဟိုလိုတွေဖြစ်ကုန်"

"တော်ပြီ..ခွေးမသား"

စံဘက ပြူးပြူးပြာပြာဖြင့် ဝင်ပြောသည်ကို ထွန်းရင်က ဟန့်လိုက်သည်။

"ကဲ..ကိုဘိုဆင်၊ ဖိုးတုတ်..ခေတ်ကာလအခြေအနေက ကောင်းတာမဟုတ်ဘူး။ ပြီးတော့ ငါတို့က ဘယ်အချိန် သေမယ်မသိတဲ့အလုပ်လုပ်နေကြတဲ့ကောင်တွေ။ ဒီတော့ ချောရင် ကို နင်တို့ ဘယ်နေ့ လာနားဖောက်မလဲ"

ဖိုးတုတ်က နှုတ်ခမ်းမွှေးကို လက်ဖြင့် သပ်လိုက်ပြီး အတန်ငယ်စဉ်းစားနေသည်။

"လာမယ့်…အဖိတ်နေ့မှာ လာနားဖောက်ပါ့မယ်။ ကျွန်တော့်ညီအတွက် ကျွန်တော်တို့ဘက်က ရွှေဒင်္ဂါး ငါးပြား နဲ့ ရူပီးငွေ နှစ်ထောင်တင်တောင်းပါမယ်"

"အေး..ဒါဆိုလည်းပြီးရော..ပြန်တော့"

ဦးဘိုးဆင် နှင့် ဖိုးတုတ်မှာ စံဘကို ခေါ်လျက် အူလည်လည်ဖြင့်ထပြန်ခဲ့ရသည်။

လှံသွားဖျားမှ မိန်းမတောင်းခန်း ကား ထိုနှယ့် ပြီးသွားခဲ့လေပြီ။

…………………………………………………………………..

စံဘ သည် ရန်ကုန်သို့ (၁၄)နှစ်သားတွင်ရောက်လာခဲ့ပြီး ဆယ်နှစ်ကျော်တိုင်တိုင် လမ်းမတော်ဖိုးတုတ် ၏ လက်အောက်တွင် ရန်ကုန်လူမိုက်လောကို ကျင်လည်ခဲ့လေသည်။

ထိုကာလတစ်လျှောက် မိန်းမများစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဂေါ်မစွံသောလူပျိုသိုးလေး သာ ဖြစ်ခဲ့သည်။

ယခုတော့ ကမ္ဘာစစ်ကြီးကောင်းမှုဖြင့် ချောရင် နှင့် ဆုံခဲ့ကြသည်။ ချစ်သက်တမ်း တစ်လအကြာတွင်ပင် အိမ်ထောင်ကျခဲ့လေပြီ။

ပုဆိုးတကွင်းထဲဝင်ကာ ဓါးချင်းယှဉ်ခုတ်ကြမည့် စံဘ နှင့် ထွန်းရင် သမီးယောက်ဖ သည်လည်း အချိန်ခဏအတွင်းတွင်ပင် အတွဲအညီဆုံး၊ လက်ဆအညီဆုံး၊ အချစ်ဆုံး သမီးယောက်ဖများ ဖြစ်လာကြသည်။

၁၉၄၂ ခုနှစ် ။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့။

ရန်ကုန်တွင် နောက်ဆုံးကျန်ရစ်သော ဗြိတိသျှမြို့စောင့်တပ်က ရန်ကုန်မြို့တွင် ကျန်ရှိသော မြို့သူမြို့သားများ အနေဖြင့် (၄၈)နာရီအတွင်း မြို့မှ ထွက်ခွာရန် အမိန့်ထုတ်လိုက်လေသည်။

ရန်ကုန်မြို့တွင် ထောင်ခါထုတ်လိုက်သော လူဆိုးသူခိုးများ၊ တောကြောင်များသည် ကျန်ရှိသော ပြည်သူများကို လုယက်ခြင်း၊ စတိုးဆိုင်ကြီးများကို ဖောက်ထွင်းခြင်း၊ အိမ်များပေါ်တက်ကာ ပစ္စည်းများ ယူငင်ခြင်းများ လုပ်ကြတော့သည်။

၂၁ ရက်နေ့ နံနက် ၆ နာရီ တွင် ဆိပ်ကြီး ဘက်မှ မော်တော်တစ်စင်းသည် ရန်ကုန်ဘက်ကမ်းသို့ ဆိုက်ကပ်လာသည်။

မော်တော်ပေါ်မှ လူငါးယောက် ဆင်းလာကြ၏။

ထိုငါးယောက်ကို ဦးဆောင်သောသူ နှစ်ဦးမှာ စံဘ နှင့် ထွန်းရင် သမီးယောက်ဖနှစ်ယောက်ပင်။

စံဘ က ဓါးရှည်ကို လွယ်ထားပြီး ထွန်းရင်က ဒူးလေးကို ကိုင်လာသည်။

ကျန်သုံးယောက်က ဓါးလွတ်ကိုယ်စီဖြင့်။

"ဟေ့..စံဘ..တို့ ဘယ်ကို အရင်သွားကြမလဲ"

"ဗိုလ်တစ်ထောင်ဆိပ်ကမ်း ထိပ်မှာ တရုတ်ချန်ကေရှိတ်ဆီ ပို့ဖို့ လှောင်ထားတဲ့ သေနတ်ဂိုထောင်ရှိတယ်ကွ။ ငါအဲ့ဒီဂိုထောင်ကို သိတယ်။ စစ်မဖြစ်ခင်က ကပ်ပလီစစ်သားတွေ စောင့်တာပေါ့"

"အေး..ကောင်းတယ်..သေနတ်လေးဘာလေး ရတော့..ဓါးမြတိုက်ရင် စမတ်ကျတာပေါ့"

စံဘ က ဦးဆောင်ပြီး ငါးယောက်သား လက်နက်ဂိုထောင်များဆီသို့ သွားကြသည်။

သို့သော် လက်နက်ဂိုထောင်များ အားလုံးကို အင်္ဂလိပ်စစ်တပ်က မိုင်းခွဲဖျက်ဆီးကာ မီးရှို့သွားသဖြင့် မီးဟုန်းဟုန်း တောက်လောက်နေချပြီ။

အတွင်းမှ ခဲယမ်းများကလည်း တဖြုန်းဖြုန်းပေါက်ကွဲလျက်။

"ဂွတော့ ကျပြီ..ကိုယ့်လူတို့..ဘာဆက်လုပ်ကြမလဲ"

"စံဘ..မင်းပြောတော့ ကားမောင်းတတ်တယ်ဆို…ဟိုမှာ လော်ရီကားကြီး..တက်မောင်းပြီး မြို့ထဲ ပတ်ကြမလား..ငါတို့ ရန်ကုန်ကို မရောက်ဖူးဘူးကွ..ပတ်စီးကြရအောင်''

ထွန်းရင်က ဆိပ်ကမ်းအဝတွင် တံခါးတစ်ခြမ်းဖွင့်လျက် ရပ်ထားသောလောရီကားကို လက်ညှိးထိုးပြသည်။

စံဘက ကားနား ကပ်သွားပြီး ကားတံခါးကို ဖွင့်လိုက်သည့်အခါ စက်နှိုးသည့် ဂေါက်တံကို အသင့်တွေ့ရသည်။

ဂေါက်တံကိုယူကာ စက်နှိုးလိုက်သည့်အခါ စက်က ချက်ချင်းနိုးသွား၏။

"ကဲ..တက်ဟေ့…သွားကြမယ်"

ထွန်းရင်က ရှေ့ခန်းရှိ စံဘဘေးတွင် ဝင်ထိုင်သည်။

ကျန်သုံးယောက်က နောက်ဘက်သို့ တက်လိုက်ကြတော့သည်။

စံဘ သည် လော်ရီကားကို သော်မဆင်လမ်းအတိုင် မောင်းဝင်လာ၏။

စတော့ကိတ်လမ်းဘက်သို့ ရောက်သောအခါ ဓါးကိုင်ထားသော လူသုံးဦးက သူတို့ ကားကို ဆဲဆိုကာ တားလေတော့သည်။

"ဟေ့..ယောက်ဖ..ကားရပ်ပေးလိုက်ကွာ"

စံဘက ကားရပ်ပေးလိုက်လျှင် ထွန်းရင်က ကားပြတင်းပေါက်မှ ထွက်ကာ မောင်းတင်ထားသော ဒူးလေးဖြင့် ရှေ့ဆုံးမှ လူကို ချိန်ကာ ပစ်လိုက်လေသည်။

ရှေ့ဆုံးမှ လူသည် ထွန်းရင်ကို ကြောင်လျက်ကြည့်နေ၏။

ဒူးလေးထဲမှမြှားတံက အရှိန်ဖြင့် ပြေးထွက်သွားပြီး ထိုသူ၏ လည်ပင်းတွင် သွားစိုက်လေသည်။

ထိုသူမှာ ဒူးထောက်လဲကျသွားပြီး အသက်ငင်နေသည်။

ကျန်နှစ်ယောက်မှာ နောက်သို့ ချက်ချင်း လှည့်ပြေးလေတော့၏။

"ဟေး..ရန်ကုန်မှာ လူသတ်ဖူးပြီ..ယောက်ဖရေ"

ထွန်းရင်က ဝမ်းသာအားရအော်လိုက်သည်။

"ဟေ့..ထွန်းရင်..ခဏနေဦးဟ..ဒီကောင်တွေ ဟိုတိုက်ထဲက ဘာကို သယ်လာတာလဲမသိဘူး…အဲ့ဒါကြီး တင်ဖို့ ငါ့တို့ကားကို အပိုင်စီးချင်တာကွ"

"အေး..ဆင်းကြည့်ရအောင်..အခုတော့ သူခိုးလက်က သူဝှက်လုတာပေါ့ကွာ..ဟေ့..နောက်က ကောင်တွေ ဆင်းဟေ့"
စံဘ တို့အုပ်စု အောက်ဆင်းကြည့်သောအခါ တိုက်ထဲမှ တဝက်တပြတ် မ ထုတ်ထားသော အနက်ရောင်စန္ဒယားကြီးကို တွေ့ရတော့သည်။

"ယောက်ဖ..အဲ့ဒါ ဘာသေတ္တာကြီးလဲကွ"

"ပီယာနို လို့ ခေါ်တယ်"

"ဘာ..ပီယာယို..ဟုတ်လား..ဘာကြီးလဲ"

"ပီယာနို ကွ…မင်းဓာတ်ပြားတွေ နားထောင်ဖူးတယ်မဟုတ်လား..အဲ့ဒီမှာ သီချင်းဆိုရင် ဒါကြီးနဲ့ နောက်ခံတီးတာ..ပီယာနို..ပီယာနို"

"ဒါကြီးက တီးလို့ရတယ်လား"

စံဘက ခေါင်းငြိမ့်ပြပြီး တိုက်ထဲ ဝင်လိုက်သည်။

ထိုတိုက်သည် တစ်ချိန်က ချစ်တီးဘာဘူတစ်ဦး၏ တိုက်ဖြစ်ကြောင်း စံဘ သိသည်။

ယခုတော့ ဖောက်ထွင်းသူများလက်ချက်ဖြင့် ရစရာမရှိတော့။ တန်ဖိုးရှိမည်ထင်သည့် အရာများကို မွှေနှောက်ယူငင်သွားကြပေပြီ။

ထွန်းရင်၏ ဒူးလေးစာ မိသွားသော လူစုမှာ နောက်ဆုံကျန်သည့် စန္ဒယားကြီးကို သယ်ရန် ကြံစည်ခဲ့ကြခြင်းပင်။

"ယောက်ဖ..ဒီပီနို ကြီး သယ်သွားကြမယ်ကွာ"

"ပီယာနို ပါဆိုကွာ..မင်းက ဘာလုပ်မလို့လဲ ထွန်းရင်..မင်း တီးတတ်လို့လား"

"မတီးတတ်လည်း ရွာကိုသယ်သွားမယ်ကွာ..ငါလိုချင်တယ်"

"အေး..လိုချင်လည်း မင်းတို့ ဘာသာ မကွာ..ငါတော့ ဝင် မ မ ပေးနိုင်ဘူး''

ထွန်းရင်နှင့် သူ့တပည့်သုံးယောက်က စန္ဒယားကြီးကို မနိုင့်တနိုင်မကာ တင်နေကြသည်။

စံဘက ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်နေ၏။

တစ်ချိန်က ပင်သောင် နှင့် ညီများ ဆိုင်ခွဲ ဆိုသည့် အလွန်စည်ကားသည့်် ကုန်စုံဆိုင်နေရာတွင် အလောင်းနှစ်လုံး ယင်ကောင်တလောင်းလောင်းဖြင့်။

ထိုအလောင်းများ၏ ခြေသလုံးကြွက်သားများကို ကြောင်ပေါက်တစ်ကောင်နီးပါးရှိမည့် မြေကြွက်ကြီးများက ကိုက်ဖဲ့စားနေကြသည်။

တစ်ခါတစ်ရံ လှိုက်တက်လာသည့် အပုတ်နံ့ကြောင့် စံဘက နှာခေါင်းကို လက်နှင့် အုပ်လိုက်သည်။

ထိုစဉ် စံဘအနီးသို့ ကားတစ်စီး ထိုးဆိုက်လာ၏။

"ဟိတ်ကောင်လေး…ပီယာနို ကြီး ကားပေါ်တင်ပြီး ဘယ်မှာ တီးကြဆိုကြမလို့လဲ"

"ဟာ..ကိုအုန်းဖေကြီး''

"အေး..စံဘ..ဆရာဖိုးတုတ်ရော..ဘယ်မှာလဲ"

"ကျွန်တော်တို့ ဆိပ်ကြီးက ဦးလေးဘိုးဆင် အိမ်မှာ နေကြတယ်ဗျ..ဒါနဲ့ ခင်ဗျားတို့ကရော..အောင်မယ်..ကားတွေဘာတွေနဲ့ တယ်ဟုတ်နေပါလားဗျ"

"ဗုံးစကြဲကတည်းက ငါ့မိန်းမတွေတော့ သူတို့ရွာသူတို့ ပြန်ကုန်ကြပြီကွာ..ငါသာ ရန်ကုန်ကို မခွဲနိုင်မခွာရက်မို့..ဒီလိုပဲ..ဝင်လုလိုက်၊ ခိုးလိုက်နဲ့ ရပ်တည်နေရတာဟေ့..အခုတောင် စစ်ပြေးဖို့လုပ်နေတဲ့ ဘိုကပြား တစ်ကောင်ကို သတ်ပြီး ကားယူလာတာ..နောက်က ငါ့လူတွေလေ..ဟေ့..ဂွတိုနဲ့ မောင်ကြင်..ဒါ ဆရာဖိုးတုတ် ညီပေါ့ကွ.စံဘတဲ့''

အုန်းဖေ ၏ နောက်ခန်းတွင် ထိုင်လာသော လူနှစ်ယောက်က ပြုံးပြသည်။

"မင်းတို့ အခု ဘာလုပ်ကြမှာလဲ..ဒီပီယာနိုကြီးသယ်ပြီး"

"မသိပါဘူးဗျာ..ရှေ့က တောသားက ကျွန်တော့်ယောက်ဖလေ..သူ့ညီမ ကျွန်တော်ယူလိုက်တာ..ဒါကြီးလိုချင် တယ်ဆိုလို့..ဆိပ်ကြီးကို မော်တော်နဲ့ သယ်သွားကြမလို့''

"မင်းတို့ ဟာကလည်းကွာ…ဒီအထိလာပြီးတော့မှများ ပီယာနိုကြီး သယ်ပြန်ရတယ်လို့..ကြုံတုန်း ငါတို့နဲ့ လိုက်ခဲ့ပါလား..ဂိုဒင်းဗယ်လီထဲမှာ ရိုးတိုက်က ကိုယ်စားလှယ် ရဟူဒီကြီး အိမ်ရှိတယ်။ ဒီဂျူးကြီးက ဘယ်မှ မပြေးပဲ အိမ်ထဲပဲ ပုန်းနေတယ်ကြားလို့..ဓါးပြလေး ဘာလေး သွားတိုက်ကြမလို့"

စန္ဒယားက ကားပေါ်ရောက်သွားပေပြီ။ ဓါးပြ တိုက်မည် ဆိုသည့်အသံကို နားစွန်နားဖျားကြားသဖြင့် ထွန်းရင် က စံဘ ထံ လျှောက်လာသည်။

"ဟေ့..ယောက်ဖ ဓါးပြသွားတိုက်ကြမယ်ဆို..တို့လည်း လိုက်သွားမယ်လေကွာ''

"ထွန်းရင်..မင်းစန္ဒယားရပြီပဲ..ပြန်ကြမယ်ကွာ..မိုးချုပ်သွားရင် အပြန်ခက်မယ်..လေယာဉ်တွေက ညဘက်ဆို ဗုံးလာကြဲနေသေးတာကို..သွားသွား..ကားပေါ်တက်နှင့်''

ထွန်းရင်က ကားပေါ်တက်ရန် ပြန်လှည့်သွားသည်။

"ရော့..စံဘ..ဆရာဖိုးတုတ်အတွက် ငါ ကော့ညက်အရက်တစ်လုံး ကန်တော့လိုက်မယ်။ မင်းအတွက်က စီးကရက်တတောင့်..ဒီဘိုကပြားက အကောင်းကြိုက်တဲ့ကောင်ဆိုတော့ ကားပေါ် ငါတို့ အကြိုက်တွေချည်းဟေ့..သွားမယ်"

"ဟေ့..နေဦး..ဒါနဲ့ ကိုဂန္ဓမာကြီးနဲ့ ကိုထွန်းတင်တို့ရော..ဘယ်ရောက်ကုန်ကြလဲ"

"ထွန်းတင်ကြီးကတော့ ပဲရော့သူဌေးအိမ် ဝင်လုရင်း ဂေါ်ရာတပ်က ပစ်လို့သေပြီတဲ့ကွာ။ ကိုဂန္ဓမာကြီးကတော့ ဘယ်ရောက်လဲ ငါမသိဘူး..ကဲ.ဆရာဖိုးတုတ်ကိုရော၊ အမသင်းမြ ကိုပါ ပြောပေးပါကွာ…ဒီစစ်ကြီးပြီးလို့ မသေရင် ပြန်ဆုံကြတာပေါ့လို့"

အုန်းဖေက ကားကို မောင်းထွက်သွား၏။

စံဘ လည်း လော်ရီကားပေါ်တက်ကာ ဆိပ်ကမ်းဘက်သို့ ပြန်ကွေ့ခဲ့တော့သည်။

……………………………………………………………………………

ညနေစောင်းပြီ။

ရန်ကုန်ဘက်ကမ်းဆီတွင်တော့ ဆိပ်ခံဘောတံတားများအား ဗြိတိသျှစစ်အင်ဂျင်နီယာတပ်မှ မိုင်းများ ဆင်ကာ ဖောက်ခွဲသည့်အသံက ဟိန်းထွက်နေသည်။

ဆိပ်ကြီးရွာထဲသို့ မဲမဲအရာကြီးတစ်ခုကို ထမ်းကာ ဝင်လာကြသော စံဘ၊ထွန်းရင်တို့ကို ရွာသားများက တအံတသြကြည့်နေကြသည်။

သူတို့က ထိုစန္ဒယားကြီးကို ရွာထိပ်တွင် ရှိသော ကိုဆိတ်ကြီး ၏ ချက်အရက်ဆို်င်သို့ သယ်သွားကြသည်။

သူ့ဆိုင်ရှေ့ရောက်လာသော မဲမဲအရာကြီးနှင့် စံဘတို့ကို ကို ဆိတ်ကြီး ကြောင်တောင်တောင်ဖြင့် ကြည့်နေသည်။

"ထွန်းရင်..အဲ့ဒါကြီးက ဘာကြီးလဲကွာ"

"ဒါပီနို ဗျ…တီးလို့ရတယ်..အဲ့ဒါကြီး ခင်ဗျားဆီ  အရက်နဲ့ လဲသောက်မလို့..လုပ်ဗျာ..အရက် သုံးလုံးနဲ့ စာကလေးကြော်နှစ်ပွဲချ၊ ပဲခြမ်းသုပ်ရရင်လည်းပေး"

"ဟာ..ဒီဟာကြီး ငါ က ဘာလုပ်ရမှာလဲ"
"လုပ်ချင်ရာလုပ်ဗျာ…ကျုပ်တို့မှာ ဒါကြီးကို ရန်ကုန်ကနေတောင် သွားသယ်လာတာနော်…အရက်သုံးလုံးနဲ့ အမြည်းကတော့တန်ပါတယ်ဗျာ.နော့."

ထွန်းရင်က စကားပြောရင်း စံဘကျောတွင် လွယ်ထားသော ဓါးရှည်ပေါ်သို့ လက်တင်လိုက်သည်။

"အေးပါကွာ..တန်ပါတယ်..တန်ပါတယ်..ငါယူထားလိုက်ပါ့မယ်''

နောက်တစ်နေ့ နံနက်တွင် အရက်ဆိုင်ပိုင်ရှင် ကိုဆိတ်ကြီး ၏ ယောက္ခမပိုင် စပါးခင်းတွင် စာခြောက်ရုပ် မရှိတော့။

စာခြောက်ရုပ်နေရာတွင် ပီယာနိုဟု ဆိုသော လေးချောင်းထောက်  မဲမဲကြီး ရောက်နေလေတော့သည်။

စာကလေးများကား ထိုမဲမဲကြီးကို ကြည့်ကာ ဝေးဝေးမှ ရှောင်ကွင်းပျံသန်းသွားကြသည်ဟူ၏။

………………………………………………………………………………………………

၁၉၄၂ မတ်လ ၈ ရက်၊ မြန်မာသက္ကရာဇ် ၁၃၀၃၊ တပေါင်းလဆုတ် ၈ ရက်နေ့၊ တနင်္ဂနွေနေ့ အရုဏ်တက်အချိန်တွင် ဂျပန်အမှတ်(၁၅)တပ်မတော်၏ ရှေ့ပြေးဖြစ်သော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ရန်ကုန်မြို့ကို ဝင်ရောက်လာကြတော့သည်။

ဗမာလွတ်လပ်ရေးတပ်မတော်ကို ရှေ့ပြေးရောက်နှင့်နေသော ဗိုလ်မှူးကြီးနေဝင်း တပ်က မင်္ဂလာဒုံအလွန်မှ ဆီးကြိုခဲ့သည်။

ဗမာလွတ်လပ်ရေးတပ်မတော်ဝင်လာချိန်တွင် ရန်ကုန်မြို့တွင်း ဆီးကြိုခုခံတိုက်ခိုက်မည့်သူမရှိ။ ဈေးဆိုင်များတစ်ခုမျှမရှိတော့။ လူနေအိမ်များ ကလည်း ငြိမ်သက်တိတ်ဆိတ်နေကြသည်။

ဂျပန်အမှတ်(၁၅)တပ်မတော်ကြီး ဝင်လာချိန်တွင်တော့ ရန်ကုန်သည် ပြသနာများစွာဖြင့် ဆီးကြိုနေ၏။

အိန္ဒိယသားများ၊ဥရောပသားများနှင့်ဗမာလူမျိုးကုန်သည်ဈေးသည်လူတန်းစားများ မရှိတော့သည့်အတွက် မြို့တွင်း ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီး စီးပွားရေးလုပ်ငန်း (၉၀)ရာခိုင်နှုန်းကျော်မှာ ပျက်ဆီးသွားခဲ့ပြီ ဖြစ်သည်။

ဘီအိုင်အေနှင့် ဂျပန်မြို့သိမ်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်မည့် ဗြိတိသျှတပ်များကို မကြုံပဲ လူသေကောင်ပုပ်များ၊ ဧရာမကြွက်ကြီးများ၊ ခွေးလေခွေးလွင့်များနှင့်သာ ရင်ဆိုင်လိုက်ရသည်။

အနံ့ဆိုးများကြောင့် မျက်နှာကို အဝတ်စည်းထားရသော ဂျပန်စစ်သားများသည် ဒဏ်ရာရပြီး ကျန်ရစ်သည့် ဗြိတိသျှစစ်သားများ၊ အရပ်သားအင်္ဂလိပ်များကို တွေ့ရာနေရာတွင် လှံစွပ်များဖြင့် ထိုးသတ်နေကြသည်။

ဗြိတိသျှတို့၏ စနစ်ကျသော မြေလှန်စနစ်ကြောင့် ဝယ်စားစရာ၊ လုစားစရာ ရိက္ခာပင်မရှိတော့ သော ဂျပန်စစ်သားများမှာ ဆာလောင်မှုကြောင့် အလွန်ဒေါသထွက်နေကြသည်။

နောက်ဆုံးတွင် ဂျပန်စစ်သားများမှာ မြို့တွင်းတွင် အဆမတန်ထွားကြိုင်းနေကြသော မြေကြွက်ကြီးများကို သတိထားမိသွားကြသည်။

ဂျပန်တပ်များ စခန်းချပြီး သုံးရက်အကြာတွင် ရန်ကုန်မြို့ထဲ သုံးလအကြာ မင်းမူခဲ့ကြသော ကြွက်ကြီးများမှာ ဂျပန့်ရိက္ခာဖြစ်ကုန်ကြလေတော့သည်။

ဂျပန်ရှေ့ပြေးတပ်များသာ ဝင်လာခါစအချိန်တွင် ရန်ကုန်မြို့၏ အုပ်ချုပ်ရေးကို ဗိုလ်မိုးကြိုး ခေါ် ဗိုလ်မှူးကြီး ဆူဇူကီး ဦးဆောင်သော မီနာမီကီကန်းအဖွဲ့နှင့် သခင်ထွန်းအုပ်ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူလိုက်ကြသည်။

မတ်လ ၁၄ ရက်နေ့တွင် ဆိပ်ကြီး ရွာအတွင်းရှိ ဦးဘိုးသင် ၏ နေရှေ့သို့ လူနှစ်ဦး ရောက်လာကြသည်။

 "ဆရာဖိုးတုတ်..ဆရာဖိုးတုတ်"

လမ်းမတော်ဖိုးတုတ်က အနောက်ဘက်ရေတွင်းတွင် မသင်းမြ အတွက် ရေငင်ပေးနေရာမှ ခြံရှေ့သို့ ထွက်လာလိုက်သည်။

"ဟာ..အုန်းဖေ.."

ဖိုးတုတ်က ဝမ်းသာအားရဖြင့် ထွက်လာပြီး အုန်းဖေ ပုခုံးကို ကိုင်လိုက်၏။

''ဆရာဖိုးတုတ်..ကျန်းကျန်းမာမာရှိတာ ဝမ်းသာပါတယ်ဗျာ..အခု…ဆရာဖိုးတုတ်ကို ပြန်လာခေါ်တာ..ရန်ကုန်ကို ဘီအိုင်အေတပ်တွေ သိမ်းလိုက်ပြီ"

"အေး..ငါလည်း..ရေဒီယိုကနေ ကြားပါတယ်…ဒါပေမယ့် အခြေအနေတည်ငြိမ်အောင် ခဏစောင့်မလားလို့"

"မစောင့်နဲ့..ဆရာ..အမြန်ပြန်လာပြီး ကိုယ့်အိမ်ကိုယ် တက်နေတော့..နို့မဟုတ်..ဂျပန်တွေရော၊ ဘီအိုင်အေစစ်ဗိုလ်တွေရော၊ သခင်တွေရော ၊ ဂျပန်စကားပြန်တွေရော၊ လက်မောင်းစည်းစည်းထားတဲ့ကောင်မှန်သမျှက မြို့ထဲက အိမ်တွေကို သူတို့ အမေ့လင်အမွေပေးထားသလိုမျိုး သော့ဖျက်ပြီး တက်နေနေကြပြီ..လမ်းမတော်ဘက်မရောက်ခင် ဆရာတို့ အမြန်လိုက်ခဲ့မှဖြစ်မယ်''

''ဟာ..အဲ့ဒီလိုလားဟ..တော်ကြာ..ငါအိမ်ရော..အမေတို့အိမ်ပါ..တက်နေနေကြရင်တော့ ဒုက္ခပဲ"

"ခုထိတော့ ဆရာတို့ ဘက်ကို ဒီကောင်တွေ မျက်စိမကျသေးဘူး..ဝင်ဒါမီယာ၊ဂိုးဒင်းဗယ်လီက အိမ်တွေတော့ ဒီလေးငါးရက်နဲ့တင် ကုန်သလောက်ရှိနေပြီ"

"အေး..အေး..အဲ့ဒါဆို ခဏနေ ရန်ကုန်ဆင်းကြတာပေါ့…..ခဏစောင့်ကွာ..မသင်းမြရေ..တို့ လိုတဲ့ ပစ္စည်းနဲ့ ရွှေငွေလောက်ပဲယူခဲ့ဟေ့..ကျန်တဲ့ ပစ္စည်းကို နောက်ရက်ကျမှ စံဘ နဲ့ ပို့ခိုင်းမယ်..ဘကြီး ဘိုးဆင် ..ဘကြီးဘိုးဆင်"

ဖိုးတုတ်က ဦးဘိုးဆင် ရှိရာ အိမ်မကြီးပေါ်သို့ တက်သွားလေသည်။

မကြာခင်တွင် ဖိုးတုတ်နှင့် မသင်းမြ တို့သည် အထုတ်ကိုယ်စီပိုက်လျက် အုန်းဖေ နှင့်အတူ မော်တော်တစ်စင်းဖြင့် ရန်ကုန်ဘက်သို့ ကူသွားလေတော့၏။

ခက်ဇော်
အခန်း(၂၃)ဆက်ရန်

The Guys of Yangon,1930(Part 21)
........ ............ 
                                           အခန္း(၂၂)
                                        ……………………….

ေဆာင္းတြင္းဆိုေသာ္လည္း လယ္ကြင္းထဲမို႔ ေနက ႀကဲႀကဲေတာက္ပူေနသည္။

႐ိုးျပတ္မ်ားေပၚတြင္ ေစာင့္ၾကည့္ေနသူမ်ားက ရင္တထိတ္ထိတ္။

ဖ်င္ပုဆိုးတစ္ကြင္းထဲတြင္ ဓါးရွည္ကိုယ္စီ ကိုင္ထားၾကေသာ စံဘ ႏွင့္ ထြန္းရင္။

ထြန္းရင္ သည္ ဓါးျမဗိုလ္ ျမတ္လွ ၏ သားႀကီးျဖစ္သည္။ အသက္ (၁၃)ႏွစ္သားကတည္းက ဖခင္ႏွင့္အတူ ဓါးျမလိုက္တိုက္ခဲ့သည့္ သားေကာင္းရတနာေလးလည္းျဖစ္သည္။

စစ္မျဖစ္ခင္က ေကာ့မႉးဂတ္တြင္ ဓါးျမမႈျဖင့္ ဖမ္းခံရၿပီး စစ္စျဖစ္ခါစတြင္ အခ်ဳပ္ေဖာက္ ေျပးလာခဲ့သူျဖစ္သည္။

ယခုေတာ့ ရန္ကုန္လူမိုက္ေလာကတြင္ က်င္လည္ခဲ့သူ စံဘ ႏွင့္ ႐ြာလူမိုက္ ဓါးျမ ထြန္းရင္တို႔ ပုဆိုးတကြင္းထဲတြင္ လက္တစ္ဖက္စီက ပုဆိုးအစမ်ားကို ကိုင္ရင္း လက္တစ္ဖက္စီတြင္ ဓါးရွည္ကိုယ္စီႏွင့္။

ဦးျမတ္လွ က ဦးဘိုးဆင္ ႏွင့္ ဖိုးတုတ္ တို႔ ေရွ႕မွ ႀကိဳေရာက္ေနသည္။

ဦးျမတ္လွ က လွံရွည္ႀကီးကို ဝင့္လ်က္..သူတို႔ႏွစ္ေယာက္ဆီသို႔ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ေလွ်ာက္သြား၏။

ဖိုးတုတ္ လြယ္အိတ္ထဲ လက္ႏႈိက္ကာ ေျခာက္လုံးျပဴးေသနတ္ကို အသင့္ေမာင္းတင္ထားကာ ေနာက္မွ ကပ္လိုက္သြားသည္။

ဦးဘိုးဆင္က လူအုပ္ႀကီး ေနာက္မွ ပတ္လ်က္ ဦးျမတ္လွ ၏ မ်က္ႏွာခ်င္းဆိုင္တည့္တည့္ မွ ေနရာယူကာ ဝင္လာသည္။

"ေဟ့ ႏြားႏွစ္ေကာင္..ထိုးမယ္ဆို.ထိုးေတာ့ေလကြာ…ဘာလုပ္ေနတာလဲ"

ဦးျမတ္လွ က လက္ထဲမွ လွံတံကို ဆလိုက္ၿပီး ေအာ္လိုက္သျဖင့္ ပုဆိုးကြင္းထဲမွ ႏွစ္ေယာက္ တန႔္သြားၾကသည္။

ပုဆိုးတကြင္းစာ အကြာအေဝးတြင္ ဓါးရွည္ကိုယ္စီျဖင့္ ကို႔ယို႔ကားယားျဖစ္ေနၾက၏။

ဦးျမတ္လွက လွံျဖင့္စံဘ လက္ထဲမွ ဓါးရွည္ကို ႐ိုက္ခ်လိုက္သည္။

လမ္းမေတာ္ဖုးိတုတ္က အိတ္ကပ္ထဲမွ ေျခာက္လုံးျပဴးကို လြယ္အိတ္ျဖင့္ ကြယ္ကာ လွစ္ခနဲ ထုတ္လိုက္၏။

ဦးဘိုးဆင္က လည္း ခါးၾကားမွ ထင္းခြဲဓါးမကို ေနာက္ျပန္ လွမ္းယူၿပီး ထုတ္ရန္ျပင္လိုက္သည္။

သို႔ေသာ္ ဦးျမတ္လွက စံဘ လက္ထဲမွ ဓါးရွည္ကို ႐ိုက္ခ်ၿပီး…သားျဖစ္သူ ထြန္းရင္ ၏ လည္ၿမိဳကို လွံျဖင့္ ေထာက္ထားလိုက္သည္။

ဖိုးတုတ္က ေသနတ္ကို အသာျပန္သိမ္းလိုက္၏။ ဦးဘိုးဆင္က လည္း လက္ကိုအသာေရွ႕ျပန္ထုတ္လိုက္သည္။

"ေဟ့ေကာင္..ထြန္းရင္..ဒါ ငါ့ကို ဘိုးဆင္ လာအပ္ထားတဲ့ ဧည့္သည္ေတြကြ..မင္း ဘာလူပါးဝတာလဲ..အခုခ်က္ခ်င္း..ဓါးခ်စမ္း.."

ထြန္းရင္က သူ႔အေဖကို ေပကပ္ကပ္ျဖင့္ ၾကည့္လိုက္သည္။

"တယ္..ငါ ထိုးလိုက္ရ"

ဦးျမတ္လွက လွံသြားျဖင့္ ထပ္ဖိလိုက္မွ ထြန္းရင္က ဓါးကို ခ်သြားသည္။

"လာစမ္း..ႏွစ္ေကာင္လုံး"

ဦးျမတ္လွ က ပုဆိုးကြင္းကို ေစာင့္ဆြဲလိုက္ရာ ႏွစ္ေယာက္လုံး ဦးျမတ္လွထံ ပါလာ၏။

"ေျဖာင္း..ေျဖာင္း"

စံဘ ေရာ၊ ထြန္းရင္ ပါ လည္ ထြက္သြားသည္။

"ဒါက နင္တို႔ကို ရန္ျဖစ္လို႔ ႐ိုက္တာမဟုတ္ဘူး။ ႏွစ္ေကာင္လုံး ေစာက္သုံးမက်လို႔ ႐ိုက္တာ။ မွတ္ထားကြ..ပုဆိုးတကြင္းထဲ ဝင္ၿပီး ဓါးခ်င္း ယွဥ္တယ္ဆိုတာ ဓါးရွည္မသုံးရဘူး။ ဓါးေျမႇာင္နဲ႔ ထိုးရတာဟ။ အခု နင္တို႔ဟာက ပုဆိုးတကြင္းထဲ ဓါးရွည္ႀကီးေတြ ကို႔ယိုးကားယားနဲ႔ ဟန္ေရးျပေနၾကတာ..ေယာက္်ားခ်င္း ဖင္ခံမလို႔က်ေနတာပဲ"

 ဦးျမတ္လွ က ဖိုးတုတ္ ဘက္သို႔ လွည့္လိုက္သည္။

"ေအာင္မယ္..ဘိုးဆင္ နဲ႔ ဖိုးတုတ္ နင္တို႔ တူအရီးႏွစ္ေယာက္ ငါ့ကို ညႇပ္သတ္ၾကေတာ့မလို႔ေပါ့ေလ..ဟုတ္လား"

ဖိုးတုတ္က ဘာမွ် မေျပာ။

"မဟုတ္ပါဘူး..ကိုျမတ္လွရာ..က်ဳပ္တို႔ကလည္း က်ဳပ္တို႔ တူျဖစ္တာဆိုေတာ့.."

"ေအးပါ..ငါနားလည္ပါတယ္ကြာ..နင္တို႔ေတြ က ငါ့ကို တေလးတစားလာႏႈတ္ဆက္ထားတဲ့လူေတြပဲ..ငါ့သားနဲ႔ ဒီလိုျဖစ္တာ ငါမွားတာေပါ့..ကဲ..လာကြာ..ေနပူတယ္..ဒီကိစၥ ငါ့အိမ္မွာ သြားရွင္းၾကမယ္..ဟိတ္ေခြးေလးႏွစ္ေကာင္.. နင္တို႔ကို အိမ္ေရာက္မွ ထပ္ေဆာ္ရမယ္..လာခဲ့ၾက''

ဖိုးတုတ္က စံဘကို နားရင္းႏွစ္ခ်က္အုပ္လိုက္သည္။

စံဘ ငိုက္စိုက္ ငိုက္စိုက္ျဖင့္ ပါလာ၏။

ဦးျမတ္လွ၏ အိမ္ေရွ႕ကြပ္ျပစ္တြင္ ဦးျမတ္လွ၊ ဦးဘိုးဆင္ ႏွင့္ ဖိုးတုတ္တို႔ ထိုင္လိုက္ၾကသည္။

ထြန္းရင္ ႏွင့္ စံဘက မတ္တပ္ရပ္လ်က္။

သူတို႔ေနာက္တြင္လည္း စပ္စုခ်င္ေသာ လူအုပ္ႀကီးက ဝိုင္းေန၏။

ဦးျမတ္လွက ေျမႀကီးတြင္ စိုက္ထားေသာ လွံကို ဆြဲႏုတ္လိုက္ၿပီး

"ဒီလွံက ရန္ျဖစ္တဲ့သူေတြကို ထိုးမလို႔ ယူလာတာ။ ဒါေပမယ့္ အခုေတာ့ ကိုယ့္အလုပ္မဟုတ္ပဲ စပ္စုတဲ့လူေတြကို ထိုးၿပီး ေပၚစားမလို႔ ျဖစ္သြားၿပီ..ေဟ့''

လူအုပ္ႀကီးမွာ ၿခံအျပင္သို႔ ဝ႐ုန္းသုန္းကား ေျပးထြက္ကုန္ၾကသည္။

ထိုအခါမွ ဦးျမတ္လွ က ျပန္ထိုင္လိုက္၏။

"ကဲ..ေျပာစမ္း..ထြန္းရင္..နင္ နဲ႔ ဒီေကာင္ ဘာလို႔ သတ္မယ္ျဖတ္မယ္ျဖစ္ၾကတာလဲ"

ထြန္းရင္ က လက္သီးကို ဆုတ္လ်က္ ေခါင္းကို ငုံ႔ထား၏။ ရင္ဘတ္ကလည္း အသက္ရႈသံျပင္းျပင္း ေၾကာင့္ မို႔ေမာက္ေနသည္။

"ေဟ့…ဒီႏြားေတာ့..ငါေမးေနတယ္..ေျဖေလကြာ..ဘာလို႔ ရန္ျဖစ္တာလဲလို႔"

"ကြၽန္ေတာ္ မေျပာခ်င္ဘူး..အေဖ…ေျပာမထြက္ဘူး"

"ဟိတ္ေကာင္..နင္ ဒီမွာလည္း ဟန္ေရးျပေနျပန္ၿပီ..ေျပာစရာရွိတာေျပာ"

"ဒီလိုပါ..ဦးေလး..ကြၽန္ေတာ္နဲ႔ ေခ်ာရင္နဲ႔…"

"ဟိတ္ေကာင္..ေခြးသား..မင္း ဆက္မေျပာနဲ႔.ခြပ္."

ထြန္းရင္က စံဘ မ်က္ႏွာကို လက္သီးျဖင့္ ထိုးခ်လိုက္သည္။ စံဘက ျပန္ထိုးရန္ျပင္လိုက္စဥ္ ဦးျမတ္လွ၏ လွံတံႀကီးက သူတို႔ ၾကားထဲ ဝင္လာျပန္သည္။

ဦးျမတ္လွ က ေခါင္း ကို တၿငိမ့္ၿငိမ့္လုပ္ရင္း..စံဘကို ေသခ်ာၾကည့္သည္။

''ထြန္းရင္..နင့္ႏွမကို သြားေခၚစမ္း"

"ဟာ..ဒီေကာင္မ မ်က္ႏွာ ကြၽန္ေတာ္ မၾကည့္ခ်င္ဘူး..အေဖ"

ဦးျမတ္လွ လွံသြားက ထြန္းရင္ လည္ၿမိဳေပၚ ျပန္ေရာက္လာသည္။

"နင္..ဘာျဖစ္ေနတာလဲကြ..ေခ်ာရင္လည္း အ႐ြယ္ေရာက္ေနၿပီပဲ..ရည္းစားသနာ ထားတာ ဘာထူးလို႔လဲ..ဟိတ္ေကာင္"

"ထူးတယ္ဗ်..ထူးတယ္..အေဖရဲ႕..ဒီေကာင္နဲ႔ အေဖ့သမီးက…ရည္းစားသနာ ကိစၥ တင္ မကေတာ့ဘူး…မပု ေကာက္႐ိုးပုံထဲမွာ…လုံးေထြးေနတာပဲ..အေဖရာ..ေတာက္..ကြၽန္ေတာ္ရွက္တယ္ဗ်…''

ဦးျမတ္လွ လွံသြားက စံဘဘက္  ေရာက္သြား၏။

ဖိုးတုတ္မွာ လြယ္အိတ္ထဲမွာ ေျခာက္လုံးျပဴးေပၚသို႔ လက္တင္ရျပန္ေလၿပီ။

"ဟိတ္ေကာင္ေလး..မွန္မွန္ေျဖစမ္း..နင္..ငါ့သမီးကို..လုပ္ၿပီးၿပီလား"

စံဘ မွာ လွံသြားႀကီးကို ငုံ႔ၾကည့္လိုက္၊ ဦးျမတ္လွကို ၾကည့္လိုက္ျဖင့္ ေခြၽးေစးမ်ားပင္ ျပန္ေနေတာ့သည္။

ဦးဘိုးဆင္ ႏွင့္ ဖိုတုတ္မွာ ဦးျမတ္လွေမးခြန္းေၾကာင့္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္မိၾကသည္။

"ဘႀကီးဘိုးဆင္…ကိုဖိုးတုတ္..လုပ္ပါဦး"

"ဟိတ္ေကာင္..မင္းအေဖေတြကို တမေနနဲ႔..ငါေမးတာေျဖ..မင္းငါ့သမီးကို လုပ္ၿပီးၿပီလား"

"ဟုတ္ကဲ့..လုပ္လိုက္မိပါတယ္"

"႐ြာေရာက္တာမွ တစ္လရွိေလာက္ရွိေသးတယ္….ငါ..လိုး..မ..ရန္ကုန္သား.."

ဦးျမတ္လွက လွံကို ေအာက္သို႔ စိုက္ခ်လိုက္သည္။

"အေဖ ဒီေကာင့္ သတ္ဗ်ာ"

"ဟာ..ေစာက္႐ူးက တစ္မ်ိဳး…နင္က်ေတာ့ ေရာ သူမ်ားႏွမေတြ မလုပ္ခဲလို႔လား…ပါးစပ္ကို ပိတ္ထားစမ္း..ေဟ့ေကာင္''

ဦးျမတ္လွ က ဦးဘိုးဆင္ ႏွင့္ ဖိုးတုတ္ တို႔ ဘက္သို႔ လွည့္လိုက္သည္။

ဦးဘိုးဆင္ႏွင့္ ဖိုးတုတ္တို႔မွာ ဘြင္းဘြင္းႀကီးေျပာေနၾကေသာ သူတို႔သားအဖကို ၾကည့္ကာ  အားတုံ႔အားနာျဖစ္ေနၾက၏။

"ကဲ…နင္တို႔ေရာ..ဘာေျပာခ်င္လဲ"

ဦးဘိုးဆင္ က ေခါင္းကုတ္လိုက္သည္။

"က်ဳပ္တို႔..ဘာေျပာရမွာလဲ..ကိုျမတ္လွ"

"ဟ..တယ္ခက္တဲ့လူေတြပဲ..ဘာေျပာရမွာလဲ..ငါ့သမီးကို ယူပါလို႔ ငါက ေျပာရမွာလား..နင္တို႔က လိုခ်င္ပါတယ္ဆိုၿပီး နားေဖာက္ရမွာလား…ငါလခြမ္း..ဘယ္လိုေကာင္ေတြလဲဟ''

ထိုအခါမွ ဖိုးတုတ္က အေျခအေနကို သေဘာေပါက္လိုက္ေတာ့သည္။

"စံဘဆိုတာ ကြၽန္ေတာ့္ညီလို သားလို ပါပဲ..ဦးျမတ္လွ။ ကြၽန္ေတာ္က သူ႔မိဘပါပဲ။ ကြၽန္ေတာ့္ေကာင္ အဝွာ..အင္း..ဟိုလုပ္ခဲ့တဲ့ ကိစၥအတြက္ ကြၽန္ေတာ္တာဝန္ယူပါတယ္။ သူတို႔ ကေလးခ်င္းလည္း ခ်စ္လို႔ ျဖစ္တာပဲကိုး။ ကြၽန္ေတာ္တို႔ ဦးျမတ္လွ သမီးကို မိသားဖသားပီပီ ေတာင္းရမ္းယူပါ့မယ္"

"ေအး..နင္ကေတာ့ ဟုတ္ၿပီ..ဖိုးတုတ္..ဟိုေခြးမသားက ခုထိ ငါ့သမီးကို ယူမယ္ မေျပာေသးပါလား..ဒီအေကာင့္ ေစာက္ခ်ိဳးကေတာ့ ငါ လွံနဲ႔ ထထိုးလိုက္ရ''

"ယူပါ့မယ္…ယူပါ့မယ္..ခင္ဗ်ာ..ကြၽန္ေတာ္က အရမ္းယူခ်င္တာပါ…ယူခ်င္လြန္းလို႔လဲ..ဟိုလိုေတြျဖစ္ကုန္"

"ေတာ္ၿပီ..ေခြးမသား"

စံဘက ျပဴးျပဴးျပာျပာျဖင့္ ဝင္ေျပာသည္ကို ထြန္းရင္က ဟန႔္လိုက္သည္။

"ကဲ..ကိုဘိုဆင္၊ ဖိုးတုတ္..ေခတ္ကာလအေျခအေနက ေကာင္းတာမဟုတ္ဘူး။ ၿပီးေတာ့ ငါတို႔က ဘယ္အခ်ိန္ ေသမယ္မသိတဲ့အလုပ္လုပ္ေနၾကတဲ့ေကာင္ေတြ။ ဒီေတာ့ ေခ်ာရင္ ကို နင္တို႔ ဘယ္ေန႔ လာနားေဖာက္မလဲ"

ဖိုးတုတ္က ႏႈတ္ခမ္းေမႊးကို လက္ျဖင့္ သပ္လိုက္ၿပီး အတန္ငယ္စဥ္းစားေနသည္။

"လာမယ့္…အဖိတ္ေန႔မွာ လာနားေဖာက္ပါ့မယ္။ ကြၽန္ေတာ့္ညီအတြက္ ကြၽန္ေတာ္တို႔ဘက္က ေ႐ႊဒဂၤါး ငါးျပား နဲ႔ ႐ူပီးေငြ ႏွစ္ေထာင္တင္ေတာင္းပါမယ္"

"ေအး..ဒါဆိုလည္းၿပီးေရာ..ျပန္ေတာ့"

ဦးဘိုးဆင္ ႏွင့္ ဖိုးတုတ္မွာ စံဘကို ေခၚလ်က္ အူလည္လည္ျဖင့္ထျပန္ခဲ့ရသည္။

လွံသြားဖ်ားမွ မိန္းမေတာင္းခန္း ကား ထိုႏွယ့္ ၿပီးသြားခဲ့ေလၿပီ။

…………………………………………………………………..

စံဘ သည္ ရန္ကုန္သို႔ (၁၄)ႏွစ္သားတြင္ေရာက္လာခဲ့ၿပီး ဆယ္ႏွစ္ေက်ာ္တိုင္တိုင္ လမ္းမေတာ္ဖိုးတုတ္ ၏ လက္ေအာက္တြင္ ရန္ကုန္လူမိုက္ေလာကို က်င္လည္ခဲ့ေလသည္။

ထိုကာလတစ္ေလွ်ာက္ မိန္းမမ်ားစြာႏွင့္ ႀကဳံေတြ႕ခဲ့ရေသာ္လည္း ေဂၚမစြံေသာလူပ်ိဳသိုးေလး သာ ျဖစ္ခဲ့သည္။

ယခုေတာ့ ကမာၻစစ္ႀကီးေကာင္းမႈျဖင့္ ေခ်ာရင္ ႏွင့္ ဆုံခဲ့ၾကသည္။ ခ်စ္သက္တမ္း တစ္လအၾကာတြင္ပင္ အိမ္ေထာင္က်ခဲ့ေလၿပီ။

ပုဆိုးတကြင္းထဲဝင္ကာ ဓါးခ်င္းယွဥ္ခုတ္ၾကမည့္ စံဘ ႏွင့္ ထြန္းရင္ သမီးေယာက္ဖ သည္လည္း အခ်ိန္ခဏအတြင္းတြင္ပင္ အတြဲအညီဆုံး၊ လက္ဆအညီဆုံး၊ အခ်စ္ဆုံး သမီးေယာက္ဖမ်ား ျဖစ္လာၾကသည္။

၁၉၄၂ ခုႏွစ္ ။ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔။

ရန္ကုန္တြင္ ေနာက္ဆုံးက်န္ရစ္ေသာ ၿဗိတိသွ်ၿမိဳ႕ေစာင့္တပ္က ရန္ကုန္ၿမိဳ႕တြင္ က်န္ရွိေသာ ၿမိဳ႕သူၿမိဳ႕သားမ်ား အေနျဖင့္ (၄၈)နာရီအတြင္း ၿမိဳ႕မွ ထြက္ခြာရန္ အမိန႔္ထုတ္လိုက္ေလသည္။

ရန္ကုန္ၿမိဳ႕တြင္ ေထာင္ခါထုတ္လိုက္ေသာ လူဆိုးသူခိုးမ်ား၊ ေတာေၾကာင္မ်ားသည္ က်န္ရွိေသာ ျပည္သူမ်ားကို လုယက္ျခင္း၊ စတိုးဆိုင္ႀကီးမ်ားကို ေဖာက္ထြင္းျခင္း၊ အိမ္မ်ားေပၚတက္ကာ ပစၥည္းမ်ား ယူငင္ျခင္းမ်ား လုပ္ၾကေတာ့သည္။

၂၁ ရက္ေန႔ နံနက္ ၆ နာရီ တြင္ ဆိပ္ႀကီး ဘက္မွ ေမာ္ေတာ္တစ္စင္းသည္ ရန္ကုန္ဘက္ကမ္းသို႔ ဆိုက္ကပ္လာသည္။

ေမာ္ေတာ္ေပၚမွ လူငါးေယာက္ ဆင္းလာၾက၏။

ထိုငါးေယာက္ကို ဦးေဆာင္ေသာသူ ႏွစ္ဦးမွာ စံဘ ႏွင့္ ထြန္းရင္ သမီးေယာက္ဖႏွစ္ေယာက္ပင္။

စံဘ က ဓါးရွည္ကို လြယ္ထားၿပီး ထြန္းရင္က ဒူးေလးကို ကိုင္လာသည္။

က်န္သုံးေယာက္က ဓါးလြတ္ကိုယ္စီျဖင့္။

"ေဟ့..စံဘ..တို႔ ဘယ္ကို အရင္သြားၾကမလဲ"

"ဗိုလ္တစ္ေထာင္ဆိပ္ကမ္း ထိပ္မွာ တ႐ုတ္ခ်န္ေကရွိတ္ဆီ ပို႔ဖို႔ ေလွာင္ထားတဲ့ ေသနတ္ဂိုေထာင္ရွိတယ္ကြ။ ငါအဲ့ဒီဂိုေထာင္ကို သိတယ္။ စစ္မျဖစ္ခင္က ကပ္ပလီစစ္သားေတြ ေစာင့္တာေပါ့"

"ေအး..ေကာင္းတယ္..ေသနတ္ေလးဘာေလး ရေတာ့..ဓါးျမတိုက္ရင္ စမတ္က်တာေပါ့"

စံဘ က ဦးေဆာင္ၿပီး ငါးေယာက္သား လက္နက္ဂိုေထာင္မ်ားဆီသို႔ သြားၾကသည္။

သို႔ေသာ္ လက္နက္ဂိုေထာင္မ်ား အားလုံးကို အဂၤလိပ္စစ္တပ္က မိုင္းခြဲဖ်က္ဆီးကာ မီးရႈိ႕သြားသျဖင့္ မီးဟုန္းဟုန္း ေတာက္ေလာက္ေနခ်ၿပီ။

အတြင္းမွ ခဲယမ္းမ်ားကလည္း တျဖဳန္းျဖဳန္းေပါက္ကြဲလ်က္။

"ဂြေတာ့ က်ၿပီ..ကိုယ့္လူတို႔..ဘာဆက္လုပ္ၾကမလဲ"

"စံဘ..မင္းေျပာေတာ့ ကားေမာင္းတတ္တယ္ဆို…ဟိုမွာ ေလာ္ရီကားႀကီး..တက္ေမာင္းၿပီး ၿမိဳ႕ထဲ ပတ္ၾကမလား..ငါတို႔ ရန္ကုန္ကို မေရာက္ဖူးဘူးကြ..ပတ္စီးၾကရေအာင္''

ထြန္းရင္က ဆိပ္ကမ္းအဝတြင္ တံခါးတစ္ျခမ္းဖြင့္လ်က္ ရပ္ထားေသာေလာရီကားကို လက္ညႇိးထိုးျပသည္။

စံဘက ကားနား ကပ္သြားၿပီး ကားတံခါးကို ဖြင့္လိုက္သည့္အခါ စက္ႏႈိးသည့္ ေဂါက္တံကို အသင့္ေတြ႕ရသည္။

ေဂါက္တံကိုယူကာ စက္ႏႈိးလိုက္သည့္အခါ စက္က ခ်က္ခ်င္းႏိုးသြား၏။

"ကဲ..တက္ေဟ့…သြားၾကမယ္"

ထြန္းရင္က ေရွ႕ခန္းရွိ စံဘေဘးတြင္ ဝင္ထိုင္သည္။

က်န္သုံးေယာက္က ေနာက္ဘက္သို႔ တက္လိုက္ၾကေတာ့သည္။

စံဘ သည္ ေလာ္ရီကားကို ေသာ္မဆင္လမ္းအတိုင္ ေမာင္းဝင္လာ၏။

စေတာ့ကိတ္လမ္းဘက္သို႔ ေရာက္ေသာအခါ ဓါးကိုင္ထားေသာ လူသုံးဦးက သူတို႔ ကားကို ဆဲဆိုကာ တားေလေတာ့သည္။

"ေဟ့..ေယာက္ဖ..ကားရပ္ေပးလိုက္ကြာ"

စံဘက ကားရပ္ေပးလိုက္လွ်င္ ထြန္းရင္က ကားျပတင္းေပါက္မွ ထြက္ကာ ေမာင္းတင္ထားေသာ ဒူးေလးျဖင့္ ေရွ႕ဆုံးမွ လူကို ခ်ိန္ကာ ပစ္လိုက္ေလသည္။

ေရွ႕ဆုံးမွ လူသည္ ထြန္းရင္ကို ေၾကာင္လ်က္ၾကည့္ေန၏။

ဒူးေလးထဲမွျမႇားတံက အရွိန္ျဖင့္ ေျပးထြက္သြားၿပီး ထိုသူ၏ လည္ပင္းတြင္ သြားစိုက္ေလသည္။

ထိုသူမွာ ဒူးေထာက္လဲက်သြားၿပီး အသက္ငင္ေနသည္။

က်န္ႏွစ္ေယာက္မွာ ေနာက္သို႔ ခ်က္ခ်င္း လွည့္ေျပးေလေတာ့၏။

"ေဟး..ရန္ကုန္မွာ လူသတ္ဖူးၿပီ..ေယာက္ဖေရ"

ထြန္းရင္က ဝမ္းသာအားရေအာ္လိုက္သည္။

"ေဟ့..ထြန္းရင္..ခဏေနဦးဟ..ဒီေကာင္ေတြ ဟိုတိုက္ထဲက ဘာကို သယ္လာတာလဲမသိဘူး…အဲ့ဒါႀကီး တင္ဖို႔ ငါ့တို႔ကားကို အပိုင္စီးခ်င္တာကြ"

"ေအး..ဆင္းၾကည့္ရေအာင္..အခုေတာ့ သူခိုးလက္က သူဝွက္လုတာေပါ့ကြာ..ေဟ့..ေနာက္က ေကာင္ေတြ ဆင္းေဟ့"
စံဘ တို႔အုပ္စု ေအာက္ဆင္းၾကည့္ေသာအခါ တိုက္ထဲမွ တဝက္တျပတ္ မ ထုတ္ထားေသာ အနက္ေရာင္စႏၵယားႀကီးကို ေတြ႕ရေတာ့သည္။

"ေယာက္ဖ..အဲ့ဒါ ဘာေသတၱာႀကီးလဲကြ"

"ပီယာႏို လို႔ ေခၚတယ္"

"ဘာ..ပီယာယို..ဟုတ္လား..ဘာႀကီးလဲ"

"ပီယာႏို ကြ…မင္းဓာတ္ျပားေတြ နားေထာင္ဖူးတယ္မဟုတ္လား..အဲ့ဒီမွာ သီခ်င္းဆိုရင္ ဒါႀကီးနဲ႔ ေနာက္ခံတီးတာ..ပီယာႏို..ပီယာႏို"

"ဒါႀကီးက တီးလို႔ရတယ္လား"

စံဘက ေခါင္းၿငိမ့္ျပၿပီး တိုက္ထဲ ဝင္လိုက္သည္။

ထိုတိုက္သည္ တစ္ခ်ိန္က ခ်စ္တီးဘာဘူတစ္ဦး၏ တိုက္ျဖစ္ေၾကာင္း စံဘ သိသည္။

ယခုေတာ့ ေဖာက္ထြင္းသူမ်ားလက္ခ်က္ျဖင့္ ရစရာမရွိေတာ့။ တန္ဖိုးရွိမည္ထင္သည့္ အရာမ်ားကို ေမႊေႏွာက္ယူငင္သြားၾကေပၿပီ။

ထြန္းရင္၏ ဒူးေလးစာ မိသြားေသာ လူစုမွာ ေနာက္ဆုံက်န္သည့္ စႏၵယားႀကီးကို သယ္ရန္ ႀကံစည္ခဲ့ၾကျခင္းပင္။

"ေယာက္ဖ..ဒီပီႏို ႀကီး သယ္သြားၾကမယ္ကြာ"

"ပီယာႏို ပါဆိုကြာ..မင္းက ဘာလုပ္မလို႔လဲ ထြန္းရင္..မင္း တီးတတ္လို႔လား"

"မတီးတတ္လည္း ႐ြာကိုသယ္သြားမယ္ကြာ..ငါလိုခ်င္တယ္"

"ေအး..လိုခ်င္လည္း မင္းတို႔ ဘာသာ မကြာ..ငါေတာ့ ဝင္ မ မ ေပးႏိုင္ဘူး''

ထြန္းရင္ႏွင့္ သူ႔တပည့္သုံးေယာက္က စႏၵယားႀကီးကို မႏိုင့္တႏိုင္မကာ တင္ေနၾကသည္။

စံဘက ပတ္ဝန္းက်င္ အေျခအေနကို အကဲခတ္ေန၏။

တစ္ခ်ိန္က ပင္ေသာင္ ႏွင့္ ညီမ်ား ဆိုင္ခြဲ ဆိုသည့္ အလြန္စည္ကားသည့္္ ကုန္စုံဆိုင္ေနရာတြင္ အေလာင္းႏွစ္လုံး ယင္ေကာင္တေလာင္းေလာင္းျဖင့္။

ထိုအေလာင္းမ်ား၏ ေျခသလုံးႂကြက္သားမ်ားကို ေၾကာင္ေပါက္တစ္ေကာင္နီးပါးရွိမည့္ ေျမႂကြက္ႀကီးမ်ားက ကိုက္ဖဲ့စားေနၾကသည္။

တစ္ခါတစ္ရံ လႈိက္တက္လာသည့္ အပုတ္နံ႔ေၾကာင့္ စံဘက ႏွာေခါင္းကို လက္ႏွင့္ အုပ္လိုက္သည္။

ထိုစဥ္ စံဘအနီးသို႔ ကားတစ္စီး ထိုးဆိုက္လာ၏။

"ဟိတ္ေကာင္ေလး…ပီယာႏို ႀကီး ကားေပၚတင္ၿပီး ဘယ္မွာ တီးၾကဆိုၾကမလို႔လဲ"

"ဟာ..ကိုအုန္းေဖႀကီး''

"ေအး..စံဘ..ဆရာဖိုးတုတ္ေရာ..ဘယ္မွာလဲ"

"ကြၽန္ေတာ္တို႔ ဆိပ္ႀကီးက ဦးေလးဘိုးဆင္ အိမ္မွာ ေနၾကတယ္ဗ်..ဒါနဲ႔ ခင္ဗ်ားတို႔ကေရာ..ေအာင္မယ္..ကားေတြဘာေတြနဲ႔ တယ္ဟုတ္ေနပါလားဗ်"

"ဗုံးစႀကဲကတည္းက ငါ့မိန္းမေတြေတာ့ သူတို႔႐ြာသူတို႔ ျပန္ကုန္ၾကၿပီကြာ..ငါသာ ရန္ကုန္ကို မခြဲႏိုင္မခြာရက္မို႔..ဒီလိုပဲ..ဝင္လုလိုက္၊ ခိုးလိုက္နဲ႔ ရပ္တည္ေနရတာေဟ့..အခုေတာင္ စစ္ေျပးဖို႔လုပ္ေနတဲ့ ဘိုကျပား တစ္ေကာင္ကို သတ္ၿပီး ကားယူလာတာ..ေနာက္က ငါ့လူေတြေလ..ေဟ့..ဂြတိုနဲ႔ ေမာင္ၾကင္..ဒါ ဆရာဖိုးတုတ္ ညီေပါ့ကြ.စံဘတဲ့''

အုန္းေဖ ၏ ေနာက္ခန္းတြင္ ထိုင္လာေသာ လူႏွစ္ေယာက္က ၿပဳံးျပသည္။

"မင္းတို႔ အခု ဘာလုပ္ၾကမွာလဲ..ဒီပီယာႏိုႀကီးသယ္ၿပီး"

"မသိပါဘူးဗ်ာ..ေရွ႕က ေတာသားက ကြၽန္ေတာ့္ေယာက္ဖေလ..သူ႔ညီမ ကြၽန္ေတာ္ယူလိုက္တာ..ဒါႀကီးလိုခ်င္ တယ္ဆိုလို႔..ဆိပ္ႀကီးကို ေမာ္ေတာ္နဲ႔ သယ္သြားၾကမလို႔''

"မင္းတို႔ ဟာကလည္းကြာ…ဒီအထိလာၿပီးေတာ့မွမ်ား ပီယာႏိုႀကီး သယ္ျပန္ရတယ္လို႔..ႀကဳံတုန္း ငါတို႔နဲ႔ လိုက္ခဲ့ပါလား..ဂိုဒင္းဗယ္လီထဲမွာ ႐ိုးတိုက္က ကိုယ္စားလွယ္ ရဟူဒီႀကီး အိမ္ရွိတယ္။ ဒီဂ်ဴးႀကီးက ဘယ္မွ မေျပးပဲ အိမ္ထဲပဲ ပုန္းေနတယ္ၾကားလို႔..ဓါးျပေလး ဘာေလး သြားတိုက္ၾကမလို႔"

စႏၵယားက ကားေပၚေရာက္သြားေပၿပီ။ ဓါးျပ တိုက္မည္ ဆိုသည့္အသံကို နားစြန္နားဖ်ားၾကားသျဖင့္ ထြန္းရင္ က စံဘ ထံ ေလွ်ာက္လာသည္။

"ေဟ့..ေယာက္ဖ ဓါးျပသြားတိုက္ၾကမယ္ဆို..တို႔လည္း လိုက္သြားမယ္ေလကြာ''

"ထြန္းရင္..မင္းစႏၵယားရၿပီပဲ..ျပန္ၾကမယ္ကြာ..မိုးခ်ဳပ္သြားရင္ အျပန္ခက္မယ္..ေလယာဥ္ေတြက ညဘက္ဆို ဗုံးလာႀကဲေနေသးတာကို..သြားသြား..ကားေပၚတက္ႏွင့္''

ထြန္းရင္က ကားေပၚတက္ရန္ ျပန္လွည့္သြားသည္။

"ေရာ့..စံဘ..ဆရာဖိုးတုတ္အတြက္ ငါ ေကာ့ညက္အရက္တစ္လုံး ကန္ေတာ့လိုက္မယ္။ မင္းအတြက္က စီးကရက္တေတာင့္..ဒီဘိုကျပားက အေကာင္းႀကိဳက္တဲ့ေကာင္ဆိုေတာ့ ကားေပၚ ငါတို႔ အႀကိဳက္ေတြခ်ည္းေဟ့..သြားမယ္"

"ေဟ့..ေနဦး..ဒါနဲ႔ ကိုဂႏၶမာႀကီးနဲ႔ ကိုထြန္းတင္တို႔ေရာ..ဘယ္ေရာက္ကုန္ၾကလဲ"

"ထြန္းတင္ႀကီးကေတာ့ ပဲေရာ့သူေဌးအိမ္ ဝင္လုရင္း ေဂၚရာတပ္က ပစ္လို႔ေသၿပီတဲ့ကြာ။ ကိုဂႏၶမာႀကီးကေတာ့ ဘယ္ေရာက္လဲ ငါမသိဘူး..ကဲ.ဆရာဖိုးတုတ္ကိုေရာ၊ အမသင္းျမ ကိုပါ ေျပာေပးပါကြာ…ဒီစစ္ႀကီးၿပီးလို႔ မေသရင္ ျပန္ဆုံၾကတာေပါ့လို႔"

အုန္းေဖက ကားကို ေမာင္းထြက္သြား၏။

စံဘ လည္း ေလာ္ရီကားေပၚတက္ကာ ဆိပ္ကမ္းဘက္သို႔ ျပန္ေကြ႕ခဲ့ေတာ့သည္။

……………………………………………………………………………

ညေနေစာင္းၿပီ။

ရန္ကုန္ဘက္ကမ္းဆီတြင္ေတာ့ ဆိပ္ခံေဘာတံတားမ်ားအား ၿဗိတိသွ်စစ္အင္ဂ်င္နီယာတပ္မွ မိုင္းမ်ား ဆင္ကာ ေဖာက္ခြဲသည့္အသံက ဟိန္းထြက္ေနသည္။

ဆိပ္ႀကီး႐ြာထဲသို႔ မဲမဲအရာႀကီးတစ္ခုကို ထမ္းကာ ဝင္လာၾကေသာ စံဘ၊ထြန္းရင္တို႔ကို ႐ြာသားမ်ားက တအံတၾသၾကည့္ေနၾကသည္။

သူတို႔က ထိုစႏၵယားႀကီးကို ႐ြာထိပ္တြင္ ရွိေသာ ကိုဆိတ္ႀကီး ၏ ခ်က္အရက္ဆို္င္သို႔ သယ္သြားၾကသည္။

သူ႔ဆိုင္ေရွ႕ေရာက္လာေသာ မဲမဲအရာႀကီးႏွင့္ စံဘတို႔ကို ကို ဆိတ္ႀကီး ေၾကာင္ေတာင္ေတာင္ျဖင့္ ၾကည့္ေနသည္။

"ထြန္းရင္..အဲ့ဒါႀကီးက ဘာႀကီးလဲကြာ"

"ဒါပီႏို ဗ်…တီးလို႔ရတယ္..အဲ့ဒါႀကီး ခင္ဗ်ားဆီ  အရက္နဲ႔ လဲေသာက္မလို႔..လုပ္ဗ်ာ..အရက္ သုံးလုံးနဲ႔ စာကေလးေၾကာ္ႏွစ္ပြဲခ်၊ ပဲျခမ္းသုပ္ရရင္လည္းေပး"

"ဟာ..ဒီဟာႀကီး ငါ က ဘာလုပ္ရမွာလဲ"
"လုပ္ခ်င္ရာလုပ္ဗ်ာ…က်ဳပ္တို႔မွာ ဒါႀကီးကို ရန္ကုန္ကေနေတာင္ သြားသယ္လာတာေနာ္…အရက္သုံးလုံးနဲ႔ အျမည္းကေတာ့တန္ပါတယ္ဗ်ာ.ေနာ့."

ထြန္းရင္က စကားေျပာရင္း စံဘေက်ာတြင္ လြယ္ထားေသာ ဓါးရွည္ေပၚသို႔ လက္တင္လိုက္သည္။

"ေအးပါကြာ..တန္ပါတယ္..တန္ပါတယ္..ငါယူထားလိုက္ပါ့မယ္''

ေနာက္တစ္ေန႔ နံနက္တြင္ အရက္ဆိုင္ပိုင္ရွင္ ကိုဆိတ္ႀကီး ၏ ေယာကၡမပိုင္ စပါးခင္းတြင္ စာေျခာက္႐ုပ္ မရွိေတာ့။

စာေျခာက္႐ုပ္ေနရာတြင္ ပီယာႏိုဟု ဆိုေသာ ေလးေခ်ာင္းေထာက္  မဲမဲႀကီး ေရာက္ေနေလေတာ့သည္။

စာကေလးမ်ားကား ထိုမဲမဲႀကီးကို ၾကည့္ကာ ေဝးေဝးမွ ေရွာင္ကြင္းပ်ံသန္းသြားၾကသည္ဟူ၏။

………………………………………………………………………………………………

၁၉၄၂ မတ္လ ၈ ရက္၊ ျမန္မာသကၠရာဇ္ ၁၃၀၃၊ တေပါင္းလဆုတ္ ၈ ရက္ေန႔၊ တနဂၤေႏြေန႔ အ႐ုဏ္တက္အခ်ိန္တြင္ ဂ်ပန္အမွတ္(၁၅)တပ္မေတာ္၏ ေရွ႕ေျပးျဖစ္ေသာ ဗမာ့လြတ္လပ္ေရးတပ္မေတာ္သည္ ရန္ကုန္ၿမိဳ႕ကို ဝင္ေရာက္လာၾကေတာ့သည္။

ဗမာလြတ္လပ္ေရးတပ္မေတာ္ကို ေရွ႕ေျပးေရာက္ႏွင့္ေနေသာ ဗိုလ္မႉးႀကီးေနဝင္း တပ္က မဂၤလာဒုံအလြန္မွ ဆီးႀကိဳခဲ့သည္။

ဗမာလြတ္လပ္ေရးတပ္မေတာ္ဝင္လာခ်ိန္တြင္ ရန္ကုန္ၿမိဳ႕တြင္း ဆီးႀကိဳခုခံတိုက္ခိုက္မည့္သူမရွိ။ ေဈးဆိုင္မ်ားတစ္ခုမွ်မရွိေတာ့။ လူေနအိမ္မ်ား ကလည္း ၿငိမ္သက္တိတ္ဆိတ္ေနၾကသည္။

ဂ်ပန္အမွတ္(၁၅)တပ္မေတာ္ႀကီး ဝင္လာခ်ိန္တြင္ေတာ့ ရန္ကုန္သည္ ျပသနာမ်ားစြာျဖင့္ ဆီးႀကိဳေန၏။

အိႏၵိယသားမ်ား၊ဥေရာပသားမ်ားႏွင့္ဗမာလူမ်ိဳးကုန္သည္ေဈးသည္လူတန္းစားမ်ား မရွိေတာ့သည့္အတြက္ ၿမိဳ႕တြင္း ကုန္စည္စီးဆင္းမႈရပ္တန႔္သြားၿပီး စီးပြားေရးလုပ္ငန္း (၉၀)ရာခိုင္ႏႈန္းေက်ာ္မွာ ပ်က္ဆီးသြားခဲ့ၿပီ ျဖစ္သည္။

ဘီအိုင္ေအႏွင့္ ဂ်ပန္ၿမိဳ႕သိမ္းတပ္ဖြဲ႕မွ ခုခံတိုက္ခိုက္မည့္ ၿဗိတိသွ်တပ္မ်ားကို မႀကဳံပဲ လူေသေကာင္ပုပ္မ်ား၊ ဧရာမႂကြက္ႀကီးမ်ား၊ ေခြးေလေခြးလြင့္မ်ားႏွင့္သာ ရင္ဆိုင္လိုက္ရသည္။

အနံ႔ဆိုးမ်ားေၾကာင့္ မ်က္ႏွာကို အဝတ္စည္းထားရေသာ ဂ်ပန္စစ္သားမ်ားသည္ ဒဏ္ရာရၿပီး က်န္ရစ္သည့္ ၿဗိတိသွ်စစ္သားမ်ား၊ အရပ္သားအဂၤလိပ္မ်ားကို ေတြ႕ရာေနရာတြင္ လွံစြပ္မ်ားျဖင့္ ထိုးသတ္ေနၾကသည္။

ၿဗိတိသွ်တို႔၏ စနစ္က်ေသာ ေျမလွန္စနစ္ေၾကာင့္ ဝယ္စားစရာ၊ လုစားစရာ ရိကၡာပင္မရွိေတာ့ ေသာ ဂ်ပန္စစ္သားမ်ားမွာ ဆာေလာင္မႈေၾကာင့္ အလြန္ေဒါသထြက္ေနၾကသည္။

ေနာက္ဆုံးတြင္ ဂ်ပန္စစ္သားမ်ားမွာ ၿမိဳ႕တြင္းတြင္ အဆမတန္ထြားႀကိဳင္းေနၾကေသာ ေျမႂကြက္ႀကီးမ်ားကို သတိထားမိသြားၾကသည္။

ဂ်ပန္တပ္မ်ား စခန္းခ်ၿပီး သုံးရက္အၾကာတြင္ ရန္ကုန္ၿမိဳ႕ထဲ သုံးလအၾကာ မင္းမူခဲ့ၾကေသာ ႂကြက္ႀကီးမ်ားမွာ ဂ်ပန႔္ရိကၡာျဖစ္ကုန္ၾကေလေတာ့သည္။

ဂ်ပန္ေရွ႕ေျပးတပ္မ်ားသာ ဝင္လာခါစအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕၏ အုပ္ခ်ဳပ္ေရးကို ဗိုလ္မိုးႀကိဳး ေခၚ ဗိုလ္မႉးႀကီး ဆူဇူကီး ဦးေဆာင္ေသာ မီနာမီကီကန္းအဖြဲ႕ႏွင့္ သခင္ထြန္းအုပ္ဦးေဆာင္ေသာ အုပ္ခ်ဳပ္ေရးအဖြဲ႕က တာဝန္ယူလိုက္ၾကသည္။

မတ္လ ၁၄ ရက္ေန႔တြင္ ဆိပ္ႀကီး ႐ြာအတြင္းရွိ ဦးဘိုးသင္ ၏ ေနေရွ႕သို႔ လူႏွစ္ဦး ေရာက္လာၾကသည္။

 "ဆရာဖိုးတုတ္..ဆရာဖိုးတုတ္"

လမ္းမေတာ္ဖိုးတုတ္က အေနာက္ဘက္ေရတြင္းတြင္ မသင္းျမ အတြက္ ေရငင္ေပးေနရာမွ ၿခံေရွ႕သို႔ ထြက္လာလိုက္သည္။

"ဟာ..အုန္းေဖ.."

ဖိုးတုတ္က ဝမ္းသာအားရျဖင့္ ထြက္လာၿပီး အုန္းေဖ ပုခုံးကို ကိုင္လိုက္၏။

''ဆရာဖိုးတုတ္..က်န္းက်န္းမာမာရွိတာ ဝမ္းသာပါတယ္ဗ်ာ..အခု…ဆရာဖိုးတုတ္ကို ျပန္လာေခၚတာ..ရန္ကုန္ကို ဘီအိုင္ေအတပ္ေတြ သိမ္းလိုက္ၿပီ"

"ေအး..ငါလည္း..ေရဒီယိုကေန ၾကားပါတယ္…ဒါေပမယ့္ အေျခအေနတည္ၿငိမ္ေအာင္ ခဏေစာင့္မလားလို႔"

"မေစာင့္နဲ႔..ဆရာ..အျမန္ျပန္လာၿပီး ကိုယ့္အိမ္ကိုယ္ တက္ေနေတာ့..ႏို႔မဟုတ္..ဂ်ပန္ေတြေရာ၊ ဘီအိုင္ေအစစ္ဗိုလ္ေတြေရာ၊ သခင္ေတြေရာ ၊ ဂ်ပန္စကားျပန္ေတြေရာ၊ လက္ေမာင္းစည္းစည္းထားတဲ့ေကာင္မွန္သမွ်က ၿမိဳ႕ထဲက အိမ္ေတြကို သူတို႔ အေမ့လင္အေမြေပးထားသလိုမ်ိဳး ေသာ့ဖ်က္ၿပီး တက္ေနေနၾကၿပီ..လမ္းမေတာ္ဘက္မေရာက္ခင္ ဆရာတို႔ အျမန္လိုက္ခဲ့မွျဖစ္မယ္''

''ဟာ..အဲ့ဒီလိုလားဟ..ေတာ္ၾကာ..ငါအိမ္ေရာ..အေမတို႔အိမ္ပါ..တက္ေနေနၾကရင္ေတာ့ ဒုကၡပဲ"

"ခုထိေတာ့ ဆရာတို႔ ဘက္ကို ဒီေကာင္ေတြ မ်က္စိမက်ေသးဘူး..ဝင္ဒါမီယာ၊ဂိုးဒင္းဗယ္လီက အိမ္ေတြေတာ့ ဒီေလးငါးရက္နဲ႔တင္ ကုန္သေလာက္ရွိေနၿပီ"

"ေအး..ေအး..အဲ့ဒါဆို ခဏေန ရန္ကုန္ဆင္းၾကတာေပါ့…..ခဏေစာင့္ကြာ..မသင္းျမေရ..တို႔ လိုတဲ့ ပစၥည္းနဲ႔ ေ႐ႊေငြေလာက္ပဲယူခဲ့ေဟ့..က်န္တဲ့ ပစၥည္းကို ေနာက္ရက္က်မွ စံဘ နဲ႔ ပို႔ခိုင္းမယ္..ဘႀကီး ဘိုးဆင္ ..ဘႀကီးဘိုးဆင္"

ဖိုးတုတ္က ဦးဘိုးဆင္ ရွိရာ အိမ္မႀကီးေပၚသို႔ တက္သြားေလသည္။

မၾကာခင္တြင္ ဖိုးတုတ္ႏွင့္ မသင္းျမ တို႔သည္ အထုတ္ကိုယ္စီပိုက္လ်က္ အုန္းေဖ ႏွင့္အတူ ေမာ္ေတာ္တစ္စင္းျဖင့္ ရန္ကုန္ဘက္သို႔ ကူသြားေလေတာ့၏။

ခက္ေဇာ္
အခန္း(၂၃)ဆက္ရန္

Comments

Post a Comment