The Guys of Yangon,1930(Part 24)
The Guys of Yangon,1930(Part 24)
..............
အခန်း(၂၅)
……………………….
ဗိုလ်မှူးကြီး ဆူဇူကီး ကေအိဂျိ။
၁၉၄၀ ခုနှစ်တွင် ဂျပန်သတင်းစာ ယူမိအုရီ ၏ သတင်းထောက်အဖြစ် အသွင်ယူကာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သူ။
တရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ပြီး မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းရန် ထွက်ခွာလာခဲ့သူ သခင်အောင်ဆန်း နှင့် သခင်လှမြိုင်တို့ သည် တရုတ်ပြည်တောင်ပိုင်း အမွိုင်မြို့တွင် သောင်တင်နေစဉ် ၁၉၄၀ နိုဝင်ဘာလတွင် ဂျပန်ထောက်လှမ်းရေးမှ ဗိုလ်မှူးကန်ဒါက ဖော်မိုဆာကျွန်းရှိ ဂျပန်စစ်ဌာချုပ်သို့ ခေါ်ဆောင်လာခဲ့သည်။
ထိုမှတဆင့် တိုကျိုသို့ ရောက်သွားကြသည်။
တိုကျိုတွင် ဗိုလ်မှူးကြီးဆူဇူကီး နှင့် တွေ့ဆုံပြီး ဗိုလ်မှူးကြီးဆူဇူကီး က ဂျပန်စစ်ဘက်၊ အရပ်ဘက် ထောက်လှမ်းရေးများကို ရွေးချယ်ကာ မီနာမီကီကန်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
တောင်ဘက်အရပ် ဟု အဓိပ္ပါယ်ရသော မီနာမီကီးကန်းသည် အရှေ့တောင်အာရှသို့ သွင်းကုန်ကုမ္ပဏီတစ်ခု အဖြစ် အသွင်ပြောင်းကာ မြန်မာပြည်နယ်စပ်ဖြစ်သော ချင်းမိုင်၊ ရနောင်း၊ ကန်ချနာဘူရီတို့တွင် အဖွဲ့ငယ်များအဖြစ် ဝင်ရောက်နေရာယူလာကြတော့သည်။
ရဲဘော်သုံးကျိပ်အား ဟိုင်နန်တွင် စစ်ပညာသင်ပေးပြီးနောက် ထိုင်းနယ်စပ်မှ မီနာမီကီကန်းအဖွဲ့ငယ်များ အကူအညီဖြင့် ဗမာလွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်ထူထောင်ပေးခဲ့သည်။
ဘီအိုင်အေတွင် ဗိုလ်မှူးကြီးဆူဇူကီး က ဗိုလ်မိုးကြိုးဘွဲ့ကို ခံယူပြီး စစ်သေနာပတိချုပ် ဖြစ်လာခဲ့သည်။
စစ်ဦးစီးအရာရှိအထက်တန်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်း က တာဝန်ယူသည်။
ဗိုလ်မှူးကြီးနေဝင်း ၏ ဘီအိုင်အေရှေ့ပြေးတပ်အချို့နှင့် ဂျပန်အမှတ် (၃၃)တပ်မတို့ ရန်ကုန်ကို သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးကြီး စူဇူကီးနှင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အဖွဲ့သည် မတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။
လောလောဆယ်တွင် မြန်မာများနှင့် အကောင်းဆုံးဆက်ဆံရေးတည်ဆောက်ထားနိုင်သူ ဗိုလ်မှူးကြီး ဆူဇူကီးကို မြန်မာပြည်ဆိုင်ရာ ဂျပန်စစ်ဌာနချုပ် က အလေးထားဆက်ဆံရသည်။
မြန်မာပြည်တွင်းသို့ ဝင်ရောက်လာသည့် ဂျပန် အမှတ်(၁၅)တပ်မတော်၏ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ရှိုဂျီအီဒါး ၊ ဒုစစ်သေနာပတိချုပ် ဗိုလ်ချုပ်နာဆု တို့ နှင့် လည်း အဆင်ပြေသော ဆက်ဆံရေးတည်ဆောက် ထားနိုင်သည်။
ထိုအချိန်တွင် ရန်ကုန်ရှိ ဂျပန်စစ်ဌာနချုပ် အပေါ် ဗိုလ်မှူးကြီးဆူဇူကီး ၏ သြဇာက လွှမ်းမိုးထား၏။
ပိရိသေသပ်သောနှုတ်ခမ်းမွှေး၊ အရပ်ပုပြတ်ပြတ်၊ အသံကျယ်ကျယ် စကားပြောတတ်သော ဗိုလ်မှူးကြီး ဆူဇူကီး က ၁၉၄၂ မတ်လ ၁၈ ရက်နေ့ ဘီအိုင်အေဌာနချုပ်တွင် ပြုလုပ်သည့် ညစာစားပွဲသို့ တက်ရောက်ရန် လမ်းမတော်ဖိုးတုတ် အား ဖိတ်ကြားလာလေသည်။
ထိုအချိန်က အုပ်ချုပ်ရေးခေါင်းဆောင် သခင်ထွန်းအုပ် သည် ရန်ကုန်မြို့နှင့် မြန်မာပြည်အောက်ပိုင်းဒေသများ ရှိ အုပ်ချုပ်ရေးအရာရှိများကို သူ့သဘောနှင့် သူခန့်အပ်နေခဲ့သည်။
ခရိုင်ဝန်၊မြို့ပိုင်၊ သူကြီး ရာထူးရဖို့အရေး သခင်ထွန်းအုပ်ထံတွင် ခြေချင်းလိမ်အောင် ဝင်ထွက်လျက်ရှိကြ၏။
သခင်ထွန်းအုပ်မှာလည်း ခန့်စာများပေးခြင်း၊ သေနတ်လိုင်စင်များထုတ်ပေးခြင်းဖြင့် အလုပ်ရှှုပ်နေသလို ဝင်ငွေ လည်း ကောင်းနေ၏။
ရန်ကုန်တွင် သခင်ထွန်းအုပ်၏ အုပ်ချုပ်ရေးအဖွဲ့ ရန်ကုန်သို့ ရောက်ခါမှ ဘီအိုင်အေထဲ အရေးပေါ်ဝင်ကာ နေရာရလာသူများသည် သုံးရောင်ခြယ်လက်ပတ်၊ ဂျပန်လက်ပတ်များ ပတ်ကာ စစ်ပြေးရာမှ ပြန်လာသော ပြည်သူများကို ခြိမ်းခြောက်ငွေတောင်းခြင်းများ၊ ဓါးမြတိုက်ခြင်းများပါလုပ်လာကြသည်။
ရန်ကုန်လုံခြုံရေးနှင့် ငြိမ်ဝပ်ရေးအတွက် ဂျပန်စစ်တပ်မှ တာဝန်ပေးထားသော မေဂျာဆာတိုးမှာလည်း ဂျပန်စစ်ဌာနချုပ်နှင့် ဘီအိုင်အေဆက်ဆံရေးအကြား ညှပ်ကာ မည်သို့ ဆက်လုပ်ရမည်မသိဖြစ်နေ၏။
ရန်ကုန်သို့ စစ်ရှောင်ရာမှ ပြန်လာပြီး အခြေချနေသည့် လူထုမှာ အရေးပေါ်ဘီအိုင်အေသုံးရောင်ခြယ်များကတမျိုး၊ လက်မောင်းအနီပတ် ဂျပန်သတင်းပေးများက တဖုံ၊ လံကွတ်တီးဝတ်ပြီး လှံစွတ်တကားကားလျှောက်သွားကာ တွေ့သမျှမိန်းမလိုက်ဆွဲနေသည့် ဂျပန်စစ်တပ်မှ မန်ချူးစစ်သားများက တသွယ် ဖြင့် အလွန်ဒုက္ခများလျက်ရှိသည်။
ထိုအချိန်တွင် ဗိုလ်မှူးကြီးဆူဇူကီးနှင့် ဘီအိုင်အေဌာနချုပ် ရန်ကုန်သို့ ရောက်လာပြီးနောက် ရန်ကုန်လုံခြုံရေးကို မေဂျာဆာတိုးထံမှ လွှဲပြောင်းရယူရန် ဖြစ်လာခဲ့သည်။
ဗိုလ်မှူးကြီး ဆူဇူကီးက ယာယီရဲတပ်ဖွဲ့ ဖွဲ့စည်းမည့် အကြိုအစည်းအဝေးအဖြစ် ညစာစားပွဲတစ်ခု စီစဉ်လိုက်သည်။
မေဂျာဆာတိုး နှင့် ဇနီးဖြစ်သူ ချိုက်ဟုန်လည်း ထိုညစာစားပွဲသို့တက်ရောက်ကြရသည်။
ဂန္ဓမာသောင်းရီ က မေဂျာဆာတိုး ၏ အရပ်ဘက်ကိုယ်ရေးအရာရှိအဖြစ် ပါလာပြီး မသောင်းက စကားပြန်အဖြစ် လိုက်ပါလာကြသည်။
ထိုညစာစားပွဲတွင် ဘီအိုင်အေစစ်သေနာပတိချုပ် ဗိုလ်မှူးကြီးဆူဇူကီး၊ ဘီအိုင်အေ အုပ်ချုပ်ရေးအရာရှိချုပ် ဗိုလ်မှူးကြီးကီမူရ၊ အမှတ်(၁၅)တပ်မတော်၊ စစ်သေနာပတိချုပ်ရုံးမှ စစ်မြေပြင်ထောက်လှမ်းရေးအရာရှိ ဗိုလ်ကြီး ကာဝါရှိမ၊ တပ်မ (၃၃)၊ အမှတ် (၁၁၂)ခြေလျင်တပ်ရင်းမှ မေဂျာဆာတိုး၊ မီနာမီကီကန်းအဖွဲ့မှ ဗိုလ်ကြီး မုဇုတာနီ၊ အရပ်သားအရာရှိ နဂါအိ ၊ လမ်းမတော်ဖိုးတုတ် တို့ တက်ရောက်ကြသည်။
"ဒီနေ့ ရန်ကုန်အခြေအနေကတော့ ငြိမ်ဝပ်ပိပြားရေးအတွက် စစ်တပ် က လုပ်နေကိုင်နေရတာဟာ ရေရှည်အတွက်တော့ မကောင်းနိုင်ဘူး။ စစ်တပ်ဆိုတာကတော့ စစ်တပ်ပုံစံနဲ့ အုပ်ချုပ်ရေးလုပ်မှာပဲ။ ကြာလာတဲ့အခါ စစ်တပ်ပုံစံနဲ့ဆို အရပ်သားတွေ အထိအခိုက်များလာမယ်။ နောက်ပြီး အခု ရန်ကုန်ကို ငြိမ်ဝပ်ပိပြားရေးကို တာဝန်ယူထားတယ်ဆိုတဲ့ သခင်ထွန်းအုပ်လူတွေ ကိစ္စ က အတော်နာမည်ဆိုးထွက်လာနေပြီ။ ရန်ကုန်အတွက် အာဏာအပြည့်အဝရှိတဲ့ ယာယီပုလိပ်အဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ ငါ အစီအစဉ်ဆွဲထားတယ်၊ ဒီညစာစားပွဲကတော့ အဲ့ဒီအတွက် အကြို ကမ်းလှမ်းမှုတစ်ခုလုပ်ဖို့ ကျင်းပတာပါ''
ထိပ်ဆုံးတွင် ထိုင်နေသော ဗိုလ်မှူးကြီးဆူဇူကီး က စကားစပြောသည်။ ဗိုလ်မှူးကြီးဆူဇူကီး က ဂျပန်ရိုးရာကီမိုနိုဝတ်စုံကို ဝတ်ထားသည်။
ညာဘက်အခြမ်းတွင် မီနာမီကီကန်းမှ ဗိုလ်မှူးကြီးကီမူရ၊ ဗိုလ်ကြီးမိဇုတာနီနှင့် ဇနီး မရွှေရင် ၊ အရပ်သားအရာရှိ နဂါအိ ( ဘုန်းကြီးနဂါအိ) ၊ လမ်းမတော်ဖိုးတုတ်နှင့် မသင်းမြတို့ ထိုင်ကြသည်။
ဘယ်ဘက်အခြမ်းတွင် ဗိုလ်ကြီးကာဝါရှိမ၊ မေဂျာဆာတိုးနှင့် ဇနီး ချိုက်ဟုန်၊ မေဂျာဆာတိုး၏ အရပ်သားကိုယ်ရေးအရာရှိ ဂန္ဓမာသောင်းရီ၊ စကားပြန် မသောင်းတို့ ထိုင်ကြသည်။
လမ်းမတော်ဖိုးတုတ် နှင့် ချိုက်ဟုန်မှာ မျက်စောင်းထိုးအနေအထားတွင် ရှိနေ၏။
ချိုက်ဟုန်မှာ ဂျပန်ကီမိုနို အနီရဲရဲဖြင့် လှပေနေသည်။ မေဂျာဆာတိုးမှာမူ အသက် (၄၀)ဝန်းကျင်ရှိမည်ဖြစ်ပြီး ဂျပန်များထဲတွင် အရပ်ရှည်သည့်အထဲ ပါဝင်သည်။
မျက်မှန်အဝိုင်းကို တပ်ထားပြီး မေးရိုးကားကား နှင့် မေဂျာဆာတိုးသည် ဂျပန်စစ်ယူနီဖောင်းကို ဝတ်မထားပဲ အနောက်တိုင်းဝတ်စုံကို သေသပ်စွာဝတ်ထား၏။
"တကယ်တမ်းတော့ ငါတို့ လိုအပ်တာ စနစ်တကျသင်တန်းယူထားပြီး အတွေ့အကြုံရှိတဲ့ ပုလိပ်အဖွဲ့ပါပဲ။ အင်္ဂလိပ်ခေတ်က ပုလိပ်အဖွဲ့ဝင်တွေကို စုစည်းပြီး ပုလိပ်အဖွဲ့တစ်ခု ထပ်ဖွဲ့ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် ပြသနာက ပုလိပ်အရာရှိအတော်များများဟာ အင်္ဂလိပ်နဲ့အတူ စစ်ပြေးတဲ့ဆီ ပါသွားကြပြီ။ စစ်ဦးမှာ ဝင်လာတဲ့ တပ်မ(၃၃)က တပ်ရင်းတချို့ကလည်း အင်္ဂလိပ်လက်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့လူဆို အကုန်သတ်ပစ်တဲ့ အတွက် ပုလိပ်တွေ က ပုန်းလျှိုးကွယ်လျှိုးနေနေကြတယ်။ ငါတို့က ပုလိပ်လုပ်ဖူးသူတွေ လာခဲ့ပါလို့ ခေါ်ရင်တောင် ပရိယာယ်နဲ့ ခေါ်ပြီး သတ်မှာလို့ အခုချိန်မှာထင်နေမှာပဲ။ ဒီတော့ လောလောဆယ်.. မြို့ထဲမှာ သောင်းကျန်းနေတဲ့လူတွေ၊ သောင်းကျန်းနေတဲ့လူတွေကို ထိန်းသိမ်းမယ်ဆိုပြီး သူတို့ကိုယ်တိုင် ဓါးပြတိုက်၊ လူသတ်နေကြတဲ့ လက်ပတ်မျိုးစုံနဲ့ကောင်တွေ ကို ထိန်းဖို့ ငါတို့ လူတစ်ယောက်ကို ရှာတွေ့ပါတယ်။ အဲ့ဒီလူ ကို မေဂျာဆာတိုး ကလည်း လက်ခံပါတယ်။ သူကတော့ ဟော့ဒီက ဦးဖိုးတုတ်ပါပဲ၊ ဦးဖိုးတုတ် မတ်တပ်ရပ်ပြပါဦး"
မသောင်းက ဘာသာပြန်ပြောပြသဖြင့် လမ်းမတော်ဖိုးတုတ် က မတ်တပ်ထရပ်လိုက်သည်။
လမ်းမတော်ဖိုးတုတ်သည် နံသာရောင်ခေါင်းပေါင်းကို ပေါင်းထားပြီး ကုပ်အင်္ကျီကို ကြယ်သီးအစေ့တပ်ထား၏။
"ငါတို့ လေ့လာရသမျှသတင်းတွေအရတော့ အင်္ဂလိပ်ခေတ်က ဒီမြို့မှာ ပုလိပ်အဖွဲ့လိုမျိုးပဲ တစ်မြို့လုံး အပေါ် သြဇာလွှမ်းနိုင်တဲ့ အရပ်သားဂိုဏ်းစတားအင်အားစုကို ဦးဖိုးတုတ် က ကိုင်တွယ်ခေါင်းဆောင်ထားတယ်လို့ သိခဲ့ရပါတယ်။ ဒီကာလကတော့ ဂျပန်ဘုရင်မင်းမြတ်ဟာ ဗမာပြည်ကို အနှေးနဲ့အမြန်လွတ်လပ်ရေး ပေးတော့မယ် ကာလဖြစ်ပါတယ်။ ပြီးတော့ နောက်ထပ် သုံးရက်အကြာမှာ ဂျပန်စစ်ဌာနချုပ်အနေနဲ့ ဗမာပြည်မှာ အသုံးပြုရမယ့် တရားဝင်ငွေကြေးတစ်ခုကို ကြေငြာပေးတော့မှာပါ။ ဒီလိုကာလမျိုးမှာ ဦးဖိုးတုတ်နဲ့ အဖွဲ့ဟာ အရင်က ဘာတွေလုပ်ခဲ့လုပ်ခဲ့ အဲ့ဒါကို မေ့ပစ်ပြီး ဗမာပြည်အစိုးရသစ်အတွက် ငြိမ်ဝပ်သော ရန်ကုန်ဖြစ်လာစေဖို့ ကူညီပေးစေချင်ပါတယ်။ ဦးဖိုးတုတ် ကို ယာယီဖွဲ့လိုက်တဲ့ ရန်ကုန်ပုလိပ်အဖွဲ့ ရဲ့ ပုလိပ်မင်းကြီးအဖြစ် ခန့်အပ်ချင်ပါတယ်။ ဦးဖိုးတုတ်လက်ခံပါသလား"
လမ်းမတော်ဖိုးတုတ် က လက်ခံကြောင်းပြောလိုက်သည်။
"တခြား ကန့်ကွက်မယ့် သူရောရှိလား။ ဒီညစာစားပွဲမှာ တစ်ခါတည်း ပြောပေးပါ။ မနက်ဖြန်မှာ စစ်ရုံးမှာ လုပ်မယ့် အစည်းအဝေးကျမှ သေနာပတိကြီး ဂျင်နရယ်အီဒါးတို့ရှေ့မှာ အခြေအတင်မပြောစေချင်ဘူး။ ဒီမှာ တစ်ခါတည်းပြောမှ ရှင်းစရာရှိတာ ရှင်းလို့ ရမှာပါ"
စစ်ရုံးချုပ်မှ ဗိုလ်ကြီးကာဝါရှိမ က မတ်တပ်ထရပ်လိုက်သည်။ အရပ်ပုပု ကာဝါရှိမသည် ဂျပန်စစ်ယူနီဖောင်းကို သေသေသပ်သပ်ဝတ်ဆင်ထားသည်။
"ဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်မှုအတွေ့အကြုံမရှိတဲ့ အရပ်သားတစ်ယောက်ကို ပုလိပ်အာဏာအပ်လိုက်တဲ့အပေါ် ဂျပန်တပ်မတော်အနေနဲ့ ဘယ်လောက်ယုံကြည့်လို့ ရနိုင်မလဲ"
ဆူဇူကီး က ခေါင်းငြိမ့်လိုက်သည်။
"ငါက ၁၉၄၀ ကတည်းက ရန်ကုန်ကို အရပ်သားပုံစံနဲ့ ရောက်နေတာပါ။ ဦးဖိုးတုတ် ဘယ်သူဆိုတာ ရန်ကုန် မှာ မေးကြည့်ရုံနဲ့ လူတိုင်းသိပါတယ်။ သူ့လူတွေကို နယ်ပယ်အလိုက် စနစ်တကျ စီမံခန့်ခွဲနိုင်တယ်ဆိုတာ လည်း သိသာတယ်။ နောက်ပြီး ဦးဖိုးတုတ် ဟာ မီနာမီကီကန်းအဖွဲ့နဲ့ ဘီအိုင်အေဖြစ်လာမယ့် အောင်ဆန်းတို့ အဖွဲ့အတွက် ရူပီငွေသုံးသောင်းကို ဟော့ဒီက နဂါအိ ကတဆင့် ငါတို့ကို ထောက်ပံ့ပေးခဲ့ဖူးတယ်။ ဒါက အာရှသားတစ်ယောက်မှာရှိတဲ့ မျိုးချစ်စိတ်လို့ ငါယူဆတယ်။ သူ့ကို ငါယုံတယ်။ လောလောဆယ်တော့ သူက ရန်ကုန်အတွက် အသုံးတည့်လိမ့်မယ်။ စစ်ဌာနချုပ်အနေနဲ့ အခုချိန် ရန်ကုန်ငြိမ်ဝပ်ရေးအတွက် လုပ်နိုင်မယ်လို့ ယုံကြည်ထားတဲ့ လူရှိရင် လည်း ပြောနိုင်ပါတယ်"
"မရှိပါဘူး..ဗိုလ်မှူးကြီး''
ဗိုလ်ကြီးကာဝါရှိမ က ခေါင်းငြိမ့်ကာ အလေးပြုပြီး ပြန်ထိုင်သွား၏။
"ဟုတ်ပြီ..ဒါဆိုရင်လည်း မနက်ဖန် စစ်ရုံးအစည်းအဝေးအပြီးမှာ ဦးဖိုးတုတ်ကို ရန်ကုန်ပုလိပ်မင်းကြီး ခန့်တဲ့ အမိန့်စာကို ငါ့လက်မှတ်နဲ့ ထုတ်ပြန်ပေးမယ်၊ ငါ့ဆီက မိဇုတာနီ က ဦးဖိုးတုတ်အတွက် ခရိုင်အဆင့် ပုလိပ်အဖွဲ့တစ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံအင်အားအဆင့်ဆင့်၊ လုပ်ထုံးလုပ်နည်းတွေကို အကြံပေးအရာရှိအနေနဲ့ တာဝန်ယူပေးပါ၊ ဦးဖိုးတုတ်ကလည်း ခင်ဗျားလူတွေကို ရန်ကုန် အပိုင်းတွေအလိုက် ပုလိပ်အရာရှိ ခန့်ဖို့ စီစဉ်ပါ..အမိန့်ထွက်ပြီးတာနဲ့ နောက်တစ်ခါ အစည်းအဝေးလုပ်ပါမယ်..ကဲ..ပျော်ပျော်ပါးပါး သောက်လိုက်ကြပါဦးဗျာ"
ဗိုလ်မှူးကြီး ဆူဇူကီးက လက်ထဲမှ အရက်ခွက်ကို မြောက်လိုက်သည်။
အားလုံးက မတ်တပ်ရပ်ပြီး ဆူဇူကီးဘက်သို့ လှည့်ကာ လက်ထဲမှ ခွက်ကိုယ်စီကို မြှောက်လိုက်ကြ၏။
ဖိုးတုတ်က ပယင်းရောင်ကြည်ထနေသော ဖန်ခွက်ထဲမှ တဆင့် အနီရဲရဲ ကီမိုနိုဖြင့် လှနေသော ချိုက်ဟုန် ကို တစ်ချက်ကြည့်လိုက်သည်။
ချိုက်ဟုန်ကလည်း ပြန်အထိုင်တွင် ဖိုးတုတ်ဘက်သို့ လှည့်ကာ ကြည့်ပြီး ပြုံးပြသည်။
ဂန္ဓမာသောင်းရီက မသင်းမြ ကို အားတောင့်အားနာဖြင့် လှမ်းကြည့်၏။
မသင်းမြ ကတော့ ဘာမှမသိရှာ။ သူသိသည်မှာ သူ့ပန်းကန်ထဲမှ သေသေချာချာ အရိုးနွှင်ထားသော ကြက်သားတစ်ဖတ်ကို ဖိုးတုတ်၏ ပန်းကန်ထဲသို့ ထည့်ပေးဖို့သာ။
…………………………………………………………………………………
ထိုအချိန်တွင် စံဘ နှင့် ထွန်းရင် သည် ရန်ကုန်မြို့၊ လမ်းမတော်ရပ်ကွက်၊ (၁) လမ်းထိပ်တွင် ထင်းရှူးသေတ္တာပုံးကလေးများ ဖြင့် တန်းစီကာရောင်းနေသော ဂျပန်ခေတ် မှောင်ခိုတန်းအတွင်း ဝင်လာကြသည်။
စစ်အတွင်းကာလက မြို့တွင်းသို့ ဝင်လာပြီး ဖောက်ထွင်းလုယက်ယူထားကြသည့် အရက်ဘီယာပုလင်းမျိုးစုံ၊ အစားအသောက်မျိုးစုံ၊ ဇိမ်ခံပစ္စည်းမျိုးစုံတို့ကို ရန်ကုန်ဆင်ခြေဖုံးဒေသတွင်နေထိုင်သည့် ဗမာများ၊ ကုလားများက ယခုဂျပန်ခေတ်မှောင်ခိုဈေးတန်းတွင် လာရောက်ရောင်းချကြသည်။
မှောင်ခိုဈေးတန်းတွင် သုံးရောင်ခြယ်လက်ပတ်ပတ်ထားပြီး တုတ်ကိုယ်စီကိုင်ထားသည့် လူငါးဦး က ငွေကြေးများ လိုက်လံကောက်ခံနေ၏။
ထိုသူများသည် ထင်းရှူးသေတ္တာပုံးကလေးချကာ အင်္ဂလိပ်ဘီယာပုလင်းများ ရောင်းချနေသည့် ကောင်မလေး အနားသို့ ဝိုင်းထိုင်လိုက်ကြသည်။
"ဟေ့…ထုံးစံအတိုင်း ငွေမပေးနဲ့တော့..ငါတို့အတွက်ဘီယာသုံးလုံးပေးစမ်း"
ထိုစဉ် ဂျပန်စစ်သားများရှေ့တန်းထွက်လျှင်ဆောင်းသည့် သံခမောက်နှင့် အမှတ်(၂၁၅)တပ်ရင်းတံဆိပ်ပါ ယူနီဖောင်းကို ဝတ်ထားပြီး ခုံဖိနပ်စီးထားသည့် ဂျပန်တစ်ဦးနှင့် လက်မောင်းတွင် အနီပတ်စည်းထားသည့် ဗမာတစ်ဦးတို့ သူတို့နောက်တွင် လာရပ်တော့သည်။
"မင်းတို့ထဲမှာ တရုတ် အဖတ်ဆိုတာ ဘယ်သူလဲ "
လက်ပတ်အနီဖြင့် လူက မေးလိုက်သည်။
ဘီယာတောင်းနေသည့် လူတစ်စု က ဂျပန်စစ်ယူနီဖောင်းမြင်သည်နှင့် မျက်စိမျက်နှာပျက်သွားကြ၏။
လက်ပတ်ချင်းအတူတူ သုံးရောင်ခြယ်ဘီအိုင်အေ ထက် အနီရောင်ဂျပန်စစ်တပ်အသိအမှတ်ပြုကောင်တွေက အာဏပိုထက်သည်မဟုတ်လား။
"သူပါ…သူပါ"
"အေးငါတို့ ဂျပန်စစ်တပ်က တရုတ်အဖတ်ကို ရော မင်းတို့ကိုပါ ဖမ်းတယ်ကွာ''
သံခမောက်ဝတ်ဂျပန်က မြန်မာလိုဝင်ပြောလိုက်သဖြင့် သူတို့အားလုံး အံသြသွားကြသည်။
ထိုအခါမှ သုံးရောင်ခြယ်လက်ပတ်ဝတ်ထားသည့် တရုတ်က သံခမောက်ဂျပန်ကို သေချာ ကြည့်လိုက်သည်။
"ဟေ့ကောင်..မင်း ဂျပန်မဟုတ်ဘူး…စံဘ ပဲကွ"
အဖတ် က လက်ထဲတွင် ကိုင်ထားသော တုတ်ဖြင့် ခေါင်းကို ရိုက်လိုက်သည်။ စံဘ၏ သံခမောက်ကို သာ ရိုက်မိပြီး တုတ်က တောင်ခနဲ ဖြစ်ကာ ပြန်ကန်ထွက်သွား၏။
လက်ပတ်အနီပတ်ထားသည့် ထွန်းရင်က ခါးကြားမှ ဓါးမ ကို ထုတ်ကာ ဘေးမှ ကျန်လူလေးယောက်ကို လိုက်ခုတ်ရာ လေးယောက်လုံး ထွက်ပြေးကုန်၏။
သူတို့စိတ်ထဲတွင် သူတို့ဆရာ လူမိုက်အဖတ်သည် ဂျပန်စစ်သားကိုပင် ခံချနေသည်ဟုထင်သွားကြသည်။
ဂျပန်စစ်တပ်နှင့် ပြသနာဖြစ်ပြီး ဘတ်နက်ဖြင့် ထိုးသတ်ခံထားရသူများကို မြင်ထားသဖြင့် ကြောက်လန့်ကာ ထွက်ပြေးကြခြင်းဖြစ်သည်။
စံဘကမူ အဖတ်ကို တက်ခွလျက် သံခဖောက်နှင့် ဒရစပ်ရိုက်နေသည်။
ထွန်းရင်က ပါ ဓါးမအနှောင့်ဖြင့် ခေါင်းကို ဝင်ဝင်ထု၏။
အဖတ်မှာ သွေးအလူးလူးဖြစ်နေချေပြီ။
စံဘက မှောက်ခုံအနေအထား ဖြစ်နေသော အဖတ်ကို ဒူးဖြင့် တွန်းဖိလိုက်ပြီး ဂျပန်ယူူနီဖောင်းအင်္ကျီ ကို ချွတ်ကာ အဖတ်၏ လက်နှစ်ဖက်ကို ကြိုးတုတ်သကဲ့သို့ တင်းတင်းချည်နှောင်လိုက်သည်။
ထို့နောက် အဖတ်၏ ပိန်ကပ်ကပ် ခန္ဓာကိုယ်ပေါ် တက်ထိုင်လိုက်သည်။
ထင်းရှုူးသေတ္တာ ဘီယာဆိုင် ပိုင်ရှင်မလေးက သူ့ဘီယာဆိုင်လေးကို ရွှေ့ရန် အနားပြန်ကပ်လာသည်။
ထွန်းရင်က ထင်းရှူးသေတ္တာထဲမှ ဘီယာတစ်လုံးကို ကောက်နှိုက်လိုက်သည်။
ကောင်မလေး ဘာမှမပြောရဲ။
စံဘကသာ
"ဟိတ်ကောင်..ထွန်းရင်..အဲ့ဒါ ရောင်းတာကွ..မင်း မတရားမလုပ်နဲ့ကွ"
"ငါမောလို့ပါဟ…သောက်ချင်လို့ပါ.."
"သောက်ချင်ရင် ဝယ်သောက်ရတယ်ကွ….ဟိတ်ကောင်မလေး…ဘီယာတစ်လုံး ဘယ်လောက်လဲ"
"တစ်ကျပ်ပါ"
ကောင်မလေးက တုန်တုန်ရီရီဖြင့် ပြန်ဖြေသည်။
စံဘက အိပ်ကပ်ကို စမ်းကြည့်ရင်း…
"နင့်ဟာက ဈေးကြီးလိုက်တာ…အလကားခိုးထားတာတွေကိုများဟယ်"
"ကျွန်မ မခိုးပါဘူး…ခိုးတဲ့သူတွေဆီက ပြန်ဝယ်ပြီး ရောင်းတာ"
"အေးပါ..ဟုတ်ပါပြီ…ငါလည်း ပိုက်ဆံ ငါးမူးပဲ ပါလို့"
"အကို တက်ထိုင်ထားတဲ့ လူကြီးအိတ်ထဲ နှိုက်ကြည့်ပါလား…သူက ညီမတို့ဆီက ပိုက်ဆံတွေ လိုက်လိုက်ကောက်နေတာ..တညတည မနည်းဘူး"
စံဘက အဖတ် ၏ အိပ်ကပ်ထဲ လိုက်နှိုက်ရှာကြည့်ရာ အင်္ဂလိပ်ရူပီးငွေများ အထပ်လိုက်ထွက်လာ၏။
"ဟာ..ဒီညတော့ ထောပြီဟေ့…ဟေ့..ထွန်းရင်..အဲ့ဒီ ဘီယာအဝသောက်လို့ရပြီကွ..ကောင်မလေး အဲ့ဒီ ထင်းရှူးသေတ္တာထဲ ဘီယာဘယ်နှစ်ပုလင်းရှိလဲ''
''တစ်ဒါဇင်လောက် ကျန်သေးမယ်..အကို"
"ရော့..ဒီမှာ ဆယ့်ငါးကျပ်…အဲ့ ထင်းရှူးသေတ္တာပါထားခဲ့"
"အကိုတို့ ဘီယာပုလင်းဖောက်ဖို့ ဂိုက်တံ ယူထားဦးမလား"
"မလိုဘူး..ခုန ဒီတရုတ်မှာ ငွေသွားတတ်ထားတာတွေ့တယ်။ ဒီကောင့်သွားတွေက ဘီယာပုလင်းဖောက်လို့တော့ ရမှာပါ"
တက်ဖိခံထားရသော အဖတ်မှာ ကြောက်လန့်ပြီး ရုန်းကန်တော့သည်။
ခဏအကြာတွင် စံဘက တရုတ်အဖတ်ကို ကုတ်ကဆွဲလျက်၊ ထွန်းရင်က ဘီယာသေတ္တာကိုထမ်းလျက် လမ်းမတော်ဆယ့်လေးလမ်းဘက်သို့ ပြန်သွားကြလေတော့သည်။
စံဘတို့ ပြန်ရောက်ပြီး မကြာမီ လမ်းမတော်ဖိုးတုတ်တို့ လင်မယားလည်း ပြန်ရောက်လာ၏။
မသင်းမြ အပေါ်ထပ်သို့ တက်သွားပြီးနောက် အုန်းဖေ လမ်းမတော်ဖိုးတုတ်ကို တိုးတိုးလာပြောသည်။
"ဆရာ..ဆရာဖိုးတုတ် ကောင်တွေ ကတော့..မွှေလာပြီ"
"ဘာဖြစ်လို့တုန်း..အုန်းဖေ"
"ဘာဖြစ်ရမှာလဲ…မှောင်ခိုဈေးထဲ ဂျပန်အယောင်ဆောင်သွားပြီး..တရုတ်အဖတ် ကို ဖမ်းလာခဲ့တယ်"
"ဟင် ဘယ်လို ဂျပန်အယောင်ဆောင်တာတုန်းဟ"
"မနေ့က စံဘက ထွန်းရင်ကို ကန်တော်ကြီးဘက်လိုက်ပို့တယ်..အဲ့ဒီမှာ ဂျပန်တပ်က ကောင်တွေက အဝတ်အစားတွေချွတ်ပြီး ကိုယ်လုံးတီးနဲ့ ရေကူးနေကြတုန်း စံဘ ဂျပန်ယူနီဖောင်းတစ်စုံ ခိုးလာတယ်။ ဒီညနေကျ အဖတ် တို့ အုပ်စု ဘီအိုင်အေလက်ပတ်တွေပတ်ပြီး မှောင်ခိုဈေးထဲ ငွေလိုက်တောင်းနေတယ် ကြားတာနဲ့ သူတို့ကလည်း ဘီအိုင်အေထက်မြင့်တဲ့ ဂျပန်စစ်တပ်လုပ်မယ်ဆိုပြီး စံဘက ဂျပန်ဝတ်စုံဝတ်တယ်၊ ဦးလေးဘိုးထင် မသေခင်က အိမ်မှာကျန်ခဲ့တဲ့သံခမောက်ကြီးဆောင်းတယ်။ ထွန်းရင်က ဂျပန်စကားပြန်ဆိုပြီး အစ်မ သင်းမြ အိမ်တွင်း နတ်အုန်းက အနီစကို ဖြဲပြီး လက်မောင်းမှာပတ် ထွက်သွားတော့တာပဲ၊ အခု ဒီကောင်တွေ အဖတ်ကို ဖမ်းပြီး အိမ်ဘေးက ဗာဒံပင်အောက် ချထားတယ်ဆရာ..သွားကြည့်လိုက်ပါဦး"
ဖိုးတုတ် ၏ အိမ်ဘေးအမှောင်ရိပ်တွင် စံဘနှင့် ထွန်းရင်က ဘီယာပုလင်းကိုယ်စီဖြင့် သောက်နေကြသည်။
သူတို့ဘေးတွင် လဲနေသောအဖတ်၏ ပါးစပ်တွင်လည်း သွေးများထွက်လျက်။ အဖတ်၏ ငွေသွားမှာလည်း ဘီယာပုလင်းဖုံးများနှင့် ထိပါများသဖြင့် ကျွတ်ထွက်လုနီးနီးဖြစ်နေပေပြီ။
"ဟိတ်ကောင်တွ…မင်းတို့ ဂျပန်စစ်သားအယောင်ဆောင်တယ်ဆို..ဘက်နက်နဲ့ ထိုးသတ်ခံထိမယ်ကွ"
ဖိုးတုတ်၏ အသံကြားသည့်အခါ နှစ်ယောက်လုံး မတ်တပ်ထရပ်လိုက်ကြသည်။
"ဒီမှာ ကိုဖိုးတုတ်ကို… ဂျပန်ဆီ သွားချောက်တွန်းတဲ့..အကောင်..ကျွန်တော်တို့ ဝင်ထုနှက်ပြီး ခေါ်လာတာ"
အဖတ် က ဖိုးတုတ်ကို မော့ကြည့်သည်။
"ကျွန်တော့်ကို မသတ်ပါနဲ့..ဆရာကြီး။ မသတ်ပါနဲ့"
ဖိုးတုတ်က အဖတ်ရှေ့တွင် ငုတ်တုတ်ထိုင်လိုက်သည်။
"ငါမေးပါဦးမယ်…မင်းက ဘာကိစ္စ ငါ့သေနတ်ကိစ္စ ဂျပန်ကို သွားတိုင်ရတာတုန်း"
"အဲ့ဒီညက ဆရာကြီးကို လူမှားပြီး ဓါးမြတိုက်မိတော့ နောက်ပိုင်း ဆရာကြီးက ကျွန်တော့်ကို ဒုက္ခပေးမှာ ကြောက်လို့..ဂျပန်နဲ့သွားတိုင်မိတာပါ။ ပြီးတော့..ကျွန်တော်တို့ တရုတ်တွေကို ဂျပန်က သတ်နေတော့ သူတို့ကို ဖားပြီး သွားပြောမိတာပါ"
"မင်းကွာ..မတောက်တခေါက်အတွေးနဲ့ တယ်မှားတာပဲ..အဖတ်။ မင်းနဲ့ ငါ မသိတဲ့လူတွေလည်း မဟုတ်ဘူး"
"ကျွန်တော်ကြောက်လို့ပါ..ဆရာကြီး..ကျွန်တော့်ကို မသတ်ပါနဲ့။ ခွင့်လွှတ်ပါ"
"နေစမ်းပါဦး..မင်းက ဘီအိုင်အေ ထဲ ဝင်ထားတာလား"
"မဟုတ်ပါဘူး..ဆရာကြီး..အရက်ဆိုင်မှာ သခင်တစ်ယောက် မူးနေတုန်း သူ့အိတ်ထဲက လက်မောင်းတံဆိပ်တွေ ခိုးနှိုက်လာကြတာပါ"
"အေး..ကောင်းတယ်ကွာ..မင်းတို့ကောင်တွေတော့..ကဲ..အဖတ် မင်းကို ငါမသတ်ဘူး..ဟုတ်ပြီလား..အဲ့ဒီအတွက် မင်း ငါ့ဆီမှာ အလုပ်ဝင်လုပ်ရမယ်"
"ဘာခိုင်းခိုင်း လုပ်ပါ့မယ်..ဆရာကြီး..ကျွန်တော့်ကို ဆရာကြီး တပည့်အဖြစ် သတ်မှတ်ပါ"
"အေး..မင်း ပုလိပ်လုပ်ရမယ်ကွ"
စံဘနှင့် ထွန်းရင်က လမ်းမတော်ဖိုးတုတ်ကို ပြူးပြီး ကြည့်လိုက်သည်။
"ဟေ့ကောင်တွေ..ပြူးပြီးကြည့်မနေနဲ့…မင်းတို့လည်း ပုလိပ်လုပ်ရတော့မယ်"
…………………………………………………………………………………………………….
၁၉၄၂၊ မေလ (၂၁)ရက်။
မြန်မာပြည်ဆိုင်ရာ ဂျပန်စစ်ဌာနချုပ် က ငွေစက္ကူသုံးစွဲရေးဆိုင်ရာတစ်ချက်လွှတ်တည်သောအမိန့်ကို ထုတ်ပြန်ကြေညာလိုက်သည်။
ထိုကြေညာချက်တွင် ဂျပန်စစ်ဖက်ဌာနသည် စစ်သုံးငွေစက္ကူများကို မြန်မာပြည်တွင် တရားနည်းလမ်းဖြင့် သက်ဝင်အသုံးပြုတော့မည်ဖြစ်ကြောင်း၊ အရှေ့အာရှတိုက်တွင် ခေတ်သစ်ထူထောင်သည့် ဂျပန့်မိတ်ဆွေ နိုင်ငံများအတွက် ထိုငွေကြေး၏ တန်ဘိုးတည်တံခိုင်မြဲမှုကို ဂျပန်အစိုးရက လုံးဝတာဝန်ယူကြောင်း၊ ငွေစက္ကူအသုံးပြုရာတွင် လွယ်ကူစေရန် ပဲ၊ ပိုင် စနစ်ကို ပယ်ဖျက်ပြီး ဆင့် ၁၀၀ ကို အခြေခံအသုံးပြုမည်ဖြစ်ကြောင်း၊ အထက်ပါ ဂျပန်ငွေစက္ကူကို အသုံးမပြုဘဲ ငြင်းဆန်သူကို ဂျပန်ဘုရင်မင်းမြတ်၏ ရန်သူအဖြစ် သဘောထား အပြစ်ပေးမည်ဖြစ်ကြောင်းနှင့် ယခင် မူလရှိနှင့်ပြီးသော မြန်မာနိုင်ငံသုံးငွေစက္ကူများကိုလည်း တပြိုင်နက်ဆက်လက်သုံးစွဲခွင့်ပြုထားမည်ဖြစ်ကြောင်း ပါရှိသည်။
ထောင်မလဲ သဲကော် ဟု ဆိုကြသော ဂျပန်ငွေစက္ကူများကို ဂျပန်စစ်တပ်က စတင်ရိုက်နှိပ် ထုတ်ဝေလိုက်ပြီ ဖြစ်သည်။
ထိုနေ့တွင်ပင် ခြောက်လုံးပြူးခါးကြားထိုးကာ ငှက်ကြီးတောင်ဓါးကို လွယ်ထားသော ပုလိပ်မင်းကြီးဦးဖိုးတုတ်သည် ဂျပန်စစ်တပ်မှ ထုတ်ပေးထားသော အညိုရောင်စစ်မြင်းကြီးကို စီးလျက် အနောက်ပိုင်းရာဇဝတ်ဝန်ရုံးသို့ လာရောက်ကာ စတင်ရုံးထိုင်လေတော့သည်။
ခက်ဇော်
(zawgyi)The Guys of Yangon,1930(Part 24) .............. အခန္း(၂၅) ………………………. ဗိုလ္မႉးႀကီး ဆူဇူကီး ေကအိဂ်ိ။ ၁၉၄၀ ခုႏွစ္တြင္ ဂ်ပန္သတင္းစာ ယူမိအုရီ ၏ သတင္းေထာက္အျဖစ္ အသြင္ယူကာ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာခဲ့သူ။ တ႐ုတ္ကြန္ျမဴနစ္မ်ားႏွင့္ ဆက္သြယ္ၿပီး ျမန္မာျပည္လြတ္လပ္ေရးႀကိဳးပမ္းရန္ ထြက္ခြာလာခဲ့သူ သခင္ေအာင္ဆန္း ႏွင့္ သခင္လွၿမိဳင္တို႔ သည္ တ႐ုတ္ျပည္ေတာင္ပိုင္း အမြိဳင္ၿမိဳ႕တြင္ ေသာင္တင္ေနစဥ္ ၁၉၄၀ ႏိုဝင္ဘာလတြင္ ဂ်ပန္ေထာက္လွမ္းေရးမွ ဗိုလ္မႉးကန္ဒါက ေဖာ္မိုဆာကြၽန္းရွိ ဂ်ပန္စစ္ဌာခ်ဳပ္သို႔ ေခၚေဆာင္လာခဲ့သည္။ ထိုမွတဆင့္ တိုက်ိဳသို႔ ေရာက္သြားၾကသည္။ တိုက်ိဳတြင္ ဗိုလ္မႉးႀကီးဆူဇူကီး ႏွင့္ ေတြ႕ဆုံၿပီး ဗိုလ္မႉးႀကီးဆူဇူကီး က ဂ်ပန္စစ္ဘက္၊ အရပ္ဘက္ ေထာက္လွမ္းေရးမ်ားကို ေ႐ြးခ်ယ္ကာ မီနာမီကီကန္းအဖြဲ႕ကို ဖြဲ႕စည္းခဲ့သည္။ ေတာင္ဘက္အရပ္ ဟု အဓိပၸါယ္ရေသာ မီနာမီကီးကန္းသည္ အေရွ႕ေတာင္အာရွသို႔ သြင္းကုန္ကုမၸဏီတစ္ခု အျဖစ္ အသြင္ေျပာင္းကာ ျမန္မာျပည္နယ္စပ္ျဖစ္ေသာ ခ်င္းမိုင္၊ ရေနာင္း၊ ကန္ခ်နာဘူရီတို႔တြင္ အဖြဲ႕ငယ္မ်ားအျဖစ္ ဝင္ေရာက္ေနရာယူလာၾကေတာ့သည္။ ရဲေဘာ္သုံးက်ိပ္အား ဟိုင္နန္တြင္ စစ္ပညာသင္ေပးၿပီးေနာက္ ထိုင္းနယ္စပ္မွ မီနာမီကီကန္းအဖြဲ႕ငယ္မ်ား အကူအညီျဖင့္ ဗမာလြတ္လပ္ေရးတပ္မေတာ္ (BIA) ကို စတင္ထူေထာင္ေပးခဲ့သည္။ ဘီအိုင္ေအတြင္ ဗိုလ္မႉးႀကီးဆူဇူကီး က ဗိုလ္မိုးႀကိဳးဘြဲ႕ကို ခံယူၿပီး စစ္ေသနာပတိခ်ဳပ္ ျဖစ္လာခဲ့သည္။ စစ္ဦးစီးအရာရွိအထက္တန္းအျဖစ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း က တာဝန္ယူသည္။ ဗိုလ္မႉးႀကီးေနဝင္း ၏ ဘီအိုင္ေအေရွ႕ေျပးတပ္အခ်ိဳ႕ႏွင့္ ဂ်ပန္အမွတ္ (၃၃)တပ္မတို႔ ရန္ကုန္ကို သိမ္းပိုက္ၿပီးေနာက္ ဗိုလ္မႉးႀကီး စူဇူကီးႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဦးေဆာင္ေသာ အဖြဲ႕သည္ မတ္လ ၁၂ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိလာသည္။ ေလာေလာဆယ္တြင္ ျမန္မာမ်ားႏွင့္ အေကာင္းဆုံးဆက္ဆံေရးတည္ေဆာက္ထားႏိုင္သူ ဗိုလ္မႉးႀကီး ဆူဇူကီးကို ျမန္မာျပည္ဆိုင္ရာ ဂ်ပန္စစ္ဌာနခ်ဳပ္ က အေလးထားဆက္ဆံရသည္။ ျမန္မာျပည္တြင္းသို႔ ဝင္ေရာက္လာသည့္ ဂ်ပန္ အမွတ္(၁၅)တပ္မေတာ္၏ စစ္ေသနာပတိခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ရႈိဂ်ီအီဒါး ၊ ဒုစစ္ေသနာပတိခ်ဳပ္ ဗိုလ္ခ်ဳပ္နာဆု တို႔ ႏွင့္ လည္း အဆင္ေျပေသာ ဆက္ဆံေရးတည္ေဆာက္ ထားႏိုင္သည္။ ထိုအခ်ိန္တြင္ ရန္ကုန္ရွိ ဂ်ပန္စစ္ဌာနခ်ဳပ္ အေပၚ ဗိုလ္မႉးႀကီးဆူဇူကီး ၏ ၾသဇာက လႊမ္းမိုးထား၏။ ပိရိေသသပ္ေသာႏႈတ္ခမ္းေမႊး၊ အရပ္ပုျပတ္ျပတ္၊ အသံက်ယ္က်ယ္ စကားေျပာတတ္ေသာ ဗိုလ္မႉးႀကီး ဆူဇူကီး က ၁၉၄၂ မတ္လ ၁၈ ရက္ေန႔ ဘီအိုင္ေအဌာနခ်ဳပ္တြင္ ျပဳလုပ္သည့္ ညစာစားပြဲသို႔ တက္ေရာက္ရန္ လမ္းမေတာ္ဖိုးတုတ္ အား ဖိတ္ၾကားလာေလသည္။ ထိုအခ်ိန္က အုပ္ခ်ဳပ္ေရးေခါင္းေဆာင္ သခင္ထြန္းအုပ္ သည္ ရန္ကုန္ၿမိဳ႕ႏွင့္ ျမန္မာျပည္ေအာက္ပိုင္းေဒသမ်ား ရွိ အုပ္ခ်ဳပ္ေရးအရာရွိမ်ားကို သူ႔သေဘာႏွင့္ သူခန႔္အပ္ေနခဲ့သည္။ ခ႐ိုင္ဝန္၊ၿမိဳ႕ပိုင္၊ သူႀကီး ရာထူးရဖို႔အေရး သခင္ထြန္းအုပ္ထံတြင္ ေျခခ်င္းလိမ္ေအာင္ ဝင္ထြက္လ်က္ရွိၾက၏။ သခင္ထြန္းအုပ္မွာလည္း ခန႔္စာမ်ားေပးျခင္း၊ ေသနတ္လိုင္စင္မ်ားထုတ္ေပးျခင္းျဖင့္ အလုပ္ရွႈပ္ေနသလို ဝင္ေငြ လည္း ေကာင္းေန၏။ ရန္ကုန္တြင္ သခင္ထြန္းအုပ္၏ အုပ္ခ်ဳပ္ေရးအဖြဲ႕ ရန္ကုန္သို႔ ေရာက္ခါမွ ဘီအိုင္ေအထဲ အေရးေပၚဝင္ကာ ေနရာရလာသူမ်ားသည္ သုံးေရာင္ျခယ္လက္ပတ္၊ ဂ်ပန္လက္ပတ္မ်ား ပတ္ကာ စစ္ေျပးရာမွ ျပန္လာေသာ ျပည္သူမ်ားကို ၿခိမ္းေျခာက္ေငြေတာင္းျခင္းမ်ား၊ ဓါးျမတိုက္ျခင္းမ်ားပါလုပ္လာၾကသည္။ ရန္ကုန္လုံၿခဳံေရးႏွင့္ ၿငိမ္ဝပ္ေရးအတြက္ ဂ်ပန္စစ္တပ္မွ တာဝန္ေပးထားေသာ ေမဂ်ာဆာတိုးမွာလည္း ဂ်ပန္စစ္ဌာနခ်ဳပ္ႏွင့္ ဘီအိုင္ေအဆက္ဆံေရးအၾကား ညႇပ္ကာ မည္သို႔ ဆက္လုပ္ရမည္မသိျဖစ္ေန၏။ ရန္ကုန္သို႔ စစ္ေရွာင္ရာမွ ျပန္လာၿပီး အေျခခ်ေနသည့္ လူထုမွာ အေရးေပၚဘီအိုင္ေအသုံးေရာင္ျခယ္မ်ားကတမ်ိဳး၊ လက္ေမာင္းအနီပတ္ ဂ်ပန္သတင္းေပးမ်ားက တဖုံ၊ လံကြတ္တီးဝတ္ၿပီး လွံစြတ္တကားကားေလွ်ာက္သြားကာ ေတြ႕သမွ်မိန္းမလိုက္ဆြဲေနသည့္ ဂ်ပန္စစ္တပ္မွ မန္ခ်ဴးစစ္သားမ်ားက တသြယ္ ျဖင့္ အလြန္ဒုကၡမ်ားလ်က္ရွိသည္။ ထိုအခ်ိန္တြင္ ဗိုလ္မႉးႀကီးဆူဇူကီးႏွင့္ ဘီအိုင္ေအဌာနခ်ဳပ္ ရန္ကုန္သို႔ ေရာက္လာၿပီးေနာက္ ရန္ကုန္လုံၿခဳံေရးကို ေမဂ်ာဆာတိုးထံမွ လႊဲေျပာင္းရယူရန္ ျဖစ္လာခဲ့သည္။ ဗိုလ္မႉးႀကီး ဆူဇူကီးက ယာယီရဲတပ္ဖြဲ႕ ဖြဲ႕စည္းမည့္ အႀကိဳအစည္းအေဝးအျဖစ္ ညစာစားပြဲတစ္ခု စီစဥ္လိုက္သည္။ ေမဂ်ာဆာတိုး ႏွင့္ ဇနီးျဖစ္သူ ခ်ိဳက္ဟုန္လည္း ထိုညစာစားပြဲသို႔တက္ေရာက္ၾကရသည္။ ဂႏၶမာေသာင္းရီ က ေမဂ်ာဆာတိုး ၏ အရပ္ဘက္ကိုယ္ေရးအရာရွိအျဖစ္ ပါလာၿပီး မေသာင္းက စကားျပန္အျဖစ္ လိုက္ပါလာၾကသည္။ ထိုညစာစားပြဲတြင္ ဘီအိုင္ေအစစ္ေသနာပတိခ်ဳပ္ ဗိုလ္မႉးႀကီးဆူဇူကီး၊ ဘီအိုင္ေအ အုပ္ခ်ဳပ္ေရးအရာရွိခ်ဳပ္ ဗိုလ္မႉးႀကီးကီမူရ၊ အမွတ္(၁၅)တပ္မေတာ္၊ စစ္ေသနာပတိခ်ဳပ္႐ုံးမွ စစ္ေျမျပင္ေထာက္လွမ္းေရးအရာရွိ ဗိုလ္ႀကီး ကာဝါရွိမ၊ တပ္မ (၃၃)၊ အမွတ္ (၁၁၂)ေျခလ်င္တပ္ရင္းမွ ေမဂ်ာဆာတိုး၊ မီနာမီကီကန္းအဖြဲ႕မွ ဗိုလ္ႀကီး မုဇုတာနီ၊ အရပ္သားအရာရွိ နဂါအိ ၊ လမ္းမေတာ္ဖိုးတုတ္ တို႔ တက္ေရာက္ၾကသည္။ "ဒီေန႔ ရန္ကုန္အေျခအေနကေတာ့ ၿငိမ္ဝပ္ပိျပားေရးအတြက္ စစ္တပ္ က လုပ္ေနကိုင္ေနရတာဟာ ေရရွည္အတြက္ေတာ့ မေကာင္းႏိုင္ဘူး။ စစ္တပ္ဆိုတာကေတာ့ စစ္တပ္ပုံစံနဲ႔ အုပ္ခ်ဳပ္ေရးလုပ္မွာပဲ။ ၾကာလာတဲ့အခါ စစ္တပ္ပုံစံနဲ႔ဆို အရပ္သားေတြ အထိအခိုက္မ်ားလာမယ္။ ေနာက္ၿပီး အခု ရန္ကုန္ကို ၿငိမ္ဝပ္ပိျပားေရးကို တာဝန္ယူထားတယ္ဆိုတဲ့ သခင္ထြန္းအုပ္လူေတြ ကိစၥ က အေတာ္နာမည္ဆိုးထြက္လာေနၿပီ။ ရန္ကုန္အတြက္ အာဏာအျပည့္အဝရွိတဲ့ ယာယီပုလိပ္အဖြဲ႕တစ္ခုကို ဖြဲ႕စည္းဖို႔ ငါ အစီအစဥ္ဆြဲထားတယ္၊ ဒီညစာစားပြဲကေတာ့ အဲ့ဒီအတြက္ အႀကိဳ ကမ္းလွမ္းမႈတစ္ခုလုပ္ဖို႔ က်င္းပတာပါ'' ထိပ္ဆုံးတြင္ ထိုင္ေနေသာ ဗိုလ္မႉးႀကီးဆူဇူကီး က စကားစေျပာသည္။ ဗိုလ္မႉးႀကီးဆူဇူကီး က ဂ်ပန္႐ိုးရာကီမိုႏိုဝတ္စုံကို ဝတ္ထားသည္။ ညာဘက္အျခမ္းတြင္ မီနာမီကီကန္းမွ ဗိုလ္မႉးႀကီးကီမူရ၊ ဗိုလ္ႀကီးမိဇုတာနီႏွင့္ ဇနီး မေ႐ႊရင္ ၊ အရပ္သားအရာရွိ နဂါအိ ( ဘုန္းႀကီးနဂါအိ) ၊ လမ္းမေတာ္ဖိုးတုတ္ႏွင့္ မသင္းျမတို႔ ထိုင္ၾကသည္။ ဘယ္ဘက္အျခမ္းတြင္ ဗိုလ္ႀကီးကာဝါရွိမ၊ ေမဂ်ာဆာတိုးႏွင့္ ဇနီး ခ်ိဳက္ဟုန္၊ ေမဂ်ာဆာတိုး၏ အရပ္သားကိုယ္ေရးအရာရွိ ဂႏၶမာေသာင္းရီ၊ စကားျပန္ မေသာင္းတို႔ ထိုင္ၾကသည္။ လမ္းမေတာ္ဖိုးတုတ္ ႏွင့္ ခ်ိဳက္ဟုန္မွာ မ်က္ေစာင္းထိုးအေနအထားတြင္ ရွိေန၏။ ခ်ိဳက္ဟုန္မွာ ဂ်ပန္ကီမိုႏို အနီရဲရဲျဖင့္ လွေပေနသည္။ ေမဂ်ာဆာတိုးမွာမူ အသက္ (၄၀)ဝန္းက်င္ရွိမည္ျဖစ္ၿပီး ဂ်ပန္မ်ားထဲတြင္ အရပ္ရွည္သည့္အထဲ ပါဝင္သည္။ မ်က္မွန္အဝိုင္းကို တပ္ထားၿပီး ေမး႐ိုးကားကား ႏွင့္ ေမဂ်ာဆာတိုးသည္ ဂ်ပန္စစ္ယူနီေဖာင္းကို ဝတ္မထားပဲ အေနာက္တိုင္းဝတ္စုံကို ေသသပ္စြာဝတ္ထား၏။ "တကယ္တမ္းေတာ့ ငါတို႔ လိုအပ္တာ စနစ္တက်သင္တန္းယူထားၿပီး အေတြ႕အႀကဳံရွိတဲ့ ပုလိပ္အဖြဲ႕ပါပဲ။ အဂၤလိပ္ေခတ္က ပုလိပ္အဖြဲ႕ဝင္ေတြကို စုစည္းၿပီး ပုလိပ္အဖြဲ႕တစ္ခု ထပ္ဖြဲ႕ဖို႔ ရည္႐ြယ္ခဲ့တာပါ။ ဒါေပမယ့္ ျပသနာက ပုလိပ္အရာရွိအေတာ္မ်ားမ်ားဟာ အဂၤလိပ္နဲ႔အတူ စစ္ေျပးတဲ့ဆီ ပါသြားၾကၿပီ။ စစ္ဦးမွာ ဝင္လာတဲ့ တပ္မ(၃၃)က တပ္ရင္းတခ်ိဳ႕ကလည္း အဂၤလိပ္လက္မွာ တာဝန္ထမ္းေဆာင္ဖူးတဲ့လူဆို အကုန္သတ္ပစ္တဲ့ အတြက္ ပုလိပ္ေတြ က ပုန္းလွ်ိဳးကြယ္လွ်ိဳးေနေနၾကတယ္။ ငါတို႔က ပုလိပ္လုပ္ဖူးသူေတြ လာခဲ့ပါလို႔ ေခၚရင္ေတာင္ ပရိယာယ္နဲ႔ ေခၚၿပီး သတ္မွာလို႔ အခုခ်ိန္မွာထင္ေနမွာပဲ။ ဒီေတာ့ ေလာေလာဆယ္.. ၿမိဳ႕ထဲမွာ ေသာင္းက်န္းေနတဲ့လူေတြ၊ ေသာင္းက်န္းေနတဲ့လူေတြကို ထိန္းသိမ္းမယ္ဆိုၿပီး သူတို႔ကိုယ္တိုင္ ဓါးျပတိုက္၊ လူသတ္ေနၾကတဲ့ လက္ပတ္မ်ိဳးစုံနဲ႔ေကာင္ေတြ ကို ထိန္းဖို႔ ငါတို႔ လူတစ္ေယာက္ကို ရွာေတြ႕ပါတယ္။ အဲ့ဒီလူ ကို ေမဂ်ာဆာတိုး ကလည္း လက္ခံပါတယ္။ သူကေတာ့ ေဟာ့ဒီက ဦးဖိုးတုတ္ပါပဲ၊ ဦးဖိုးတုတ္ မတ္တပ္ရပ္ျပပါဦး" မေသာင္းက ဘာသာျပန္ေျပာျပသျဖင့္ လမ္းမေတာ္ဖိုးတုတ္ က မတ္တပ္ထရပ္လိုက္သည္။ လမ္းမေတာ္ဖိုးတုတ္သည္ နံသာေရာင္ေခါင္းေပါင္းကို ေပါင္းထားၿပီး ကုပ္အက်ႌကို ၾကယ္သီးအေစ့တပ္ထား၏။ "ငါတို႔ ေလ့လာရသမွ်သတင္းေတြအရေတာ့ အဂၤလိပ္ေခတ္က ဒီၿမိဳ႕မွာ ပုလိပ္အဖြဲ႕လိုမ်ိဳးပဲ တစ္ၿမိဳ႕လုံး အေပၚ ၾသဇာလႊမ္းႏိုင္တဲ့ အရပ္သားဂိုဏ္းစတားအင္အားစုကို ဦးဖိုးတုတ္ က ကိုင္တြယ္ေခါင္းေဆာင္ထားတယ္လို႔ သိခဲ့ရပါတယ္။ ဒီကာလကေတာ့ ဂ်ပန္ဘုရင္မင္းျမတ္ဟာ ဗမာျပည္ကို အေႏွးနဲ႔အျမန္လြတ္လပ္ေရး ေပးေတာ့မယ္ ကာလျဖစ္ပါတယ္။ ၿပီးေတာ့ ေနာက္ထပ္ သုံးရက္အၾကာမွာ ဂ်ပန္စစ္ဌာနခ်ဳပ္အေနနဲ႔ ဗမာျပည္မွာ အသုံးျပဳရမယ့္ တရားဝင္ေငြေၾကးတစ္ခုကို ေၾကျငာေပးေတာ့မွာပါ။ ဒီလိုကာလမ်ိဳးမွာ ဦးဖိုးတုတ္နဲ႔ အဖြဲ႕ဟာ အရင္က ဘာေတြလုပ္ခဲ့လုပ္ခဲ့ အဲ့ဒါကို ေမ့ပစ္ၿပီး ဗမာျပည္အစိုးရသစ္အတြက္ ၿငိမ္ဝပ္ေသာ ရန္ကုန္ျဖစ္လာေစဖို႔ ကူညီေပးေစခ်င္ပါတယ္။ ဦးဖိုးတုတ္ ကို ယာယီဖြဲ႕လိုက္တဲ့ ရန္ကုန္ပုလိပ္အဖြဲ႕ ရဲ႕ ပုလိပ္မင္းႀကီးအျဖစ္ ခန႔္အပ္ခ်င္ပါတယ္။ ဦးဖိုးတုတ္လက္ခံပါသလား" လမ္းမေတာ္ဖိုးတုတ္ က လက္ခံေၾကာင္းေျပာလိုက္သည္။ "တျခား ကန႔္ကြက္မယ့္ သူေရာရွိလား။ ဒီညစာစားပြဲမွာ တစ္ခါတည္း ေျပာေပးပါ။ မနက္ျဖန္မွာ စစ္႐ုံးမွာ လုပ္မယ့္ အစည္းအေဝးက်မွ ေသနာပတိႀကီး ဂ်င္နရယ္အီဒါးတို႔ေရွ႕မွာ အေျခအတင္မေျပာေစခ်င္ဘူး။ ဒီမွာ တစ္ခါတည္းေျပာမွ ရွင္းစရာရွိတာ ရွင္းလို႔ ရမွာပါ" စစ္႐ုံးခ်ဳပ္မွ ဗိုလ္ႀကီးကာဝါရွိမ က မတ္တပ္ထရပ္လိုက္သည္။ အရပ္ပုပု ကာဝါရွိမသည္ ဂ်ပန္စစ္ယူနီေဖာင္းကို ေသေသသပ္သပ္ဝတ္ဆင္ထားသည္။ "ဥပေဒစိုးမိုးေရးနဲ႔ အုပ္ခ်ဳပ္မႈအေတြ႕အႀကဳံမရွိတဲ့ အရပ္သားတစ္ေယာက္ကို ပုလိပ္အာဏာအပ္လိုက္တဲ့အေပၚ ဂ်ပန္တပ္မေတာ္အေနနဲ႔ ဘယ္ေလာက္ယုံၾကည့္လို႔ ရႏိုင္မလဲ" ဆူဇူကီး က ေခါင္းၿငိမ့္လိုက္သည္။ "ငါက ၁၉၄၀ ကတည္းက ရန္ကုန္ကို အရပ္သားပုံစံနဲ႔ ေရာက္ေနတာပါ။ ဦးဖိုးတုတ္ ဘယ္သူဆိုတာ ရန္ကုန္ မွာ ေမးၾကည့္႐ုံနဲ႔ လူတိုင္းသိပါတယ္။ သူ႔လူေတြကို နယ္ပယ္အလိုက္ စနစ္တက် စီမံခန႔္ခြဲႏိုင္တယ္ဆိုတာ လည္း သိသာတယ္။ ေနာက္ၿပီး ဦးဖိုးတုတ္ ဟာ မီနာမီကီကန္းအဖြဲ႕နဲ႔ ဘီအိုင္ေအျဖစ္လာမယ့္ ေအာင္ဆန္းတို႔ အဖြဲ႕အတြက္ ႐ူပီေငြသုံးေသာင္းကို ေဟာ့ဒီက နဂါအိ ကတဆင့္ ငါတို႔ကို ေထာက္ပံ့ေပးခဲ့ဖူးတယ္။ ဒါက အာရွသားတစ္ေယာက္မွာရွိတဲ့ မ်ိဳးခ်စ္စိတ္လို႔ ငါယူဆတယ္။ သူ႔ကို ငါယုံတယ္။ ေလာေလာဆယ္ေတာ့ သူက ရန္ကုန္အတြက္ အသုံးတည့္လိမ့္မယ္။ စစ္ဌာနခ်ဳပ္အေနနဲ႔ အခုခ်ိန္ ရန္ကုန္ၿငိမ္ဝပ္ေရးအတြက္ လုပ္ႏိုင္မယ္လို႔ ယုံၾကည္ထားတဲ့ လူရွိရင္ လည္း ေျပာႏိုင္ပါတယ္" "မရွိပါဘူး..ဗိုလ္မႉးႀကီး'' ဗိုလ္ႀကီးကာဝါရွိမ က ေခါင္းၿငိမ့္ကာ အေလးျပဳၿပီး ျပန္ထိုင္သြား၏။ "ဟုတ္ၿပီ..ဒါဆိုရင္လည္း မနက္ဖန္ စစ္႐ုံးအစည္းအေဝးအၿပီးမွာ ဦးဖိုးတုတ္ကို ရန္ကုန္ပုလိပ္မင္းႀကီး ခန႔္တဲ့ အမိန႔္စာကို ငါ့လက္မွတ္နဲ႔ ထုတ္ျပန္ေပးမယ္၊ ငါ့ဆီက မိဇုတာနီ က ဦးဖိုးတုတ္အတြက္ ခ႐ိုင္အဆင့္ ပုလိပ္အဖြဲ႕တစ္ဖြဲ႕ရဲ႕ ဖြဲ႕စည္းပုံအင္အားအဆင့္ဆင့္၊ လုပ္ထုံးလုပ္နည္းေတြကို အႀကံေပးအရာရွိအေနနဲ႔ တာဝန္ယူေပးပါ၊ ဦးဖိုးတုတ္ကလည္း ခင္ဗ်ားလူေတြကို ရန္ကုန္ အပိုင္းေတြအလိုက္ ပုလိပ္အရာရွိ ခန႔္ဖို႔ စီစဥ္ပါ..အမိန႔္ထြက္ၿပီးတာနဲ႔ ေနာက္တစ္ခါ အစည္းအေဝးလုပ္ပါမယ္..ကဲ..ေပ်ာ္ေပ်ာ္ပါးပါး ေသာက္လိုက္ၾကပါဦးဗ်ာ" ဗိုလ္မႉးႀကီး ဆူဇူကီးက လက္ထဲမွ အရက္ခြက္ကို ေျမာက္လိုက္သည္။ အားလုံးက မတ္တပ္ရပ္ၿပီး ဆူဇူကီးဘက္သို႔ လွည့္ကာ လက္ထဲမွ ခြက္ကိုယ္စီကို ေျမႇာက္လိုက္ၾက၏။ ဖိုးတုတ္က ပယင္းေရာင္ၾကည္ထေနေသာ ဖန္ခြက္ထဲမွ တဆင့္ အနီရဲရဲ ကီမိုႏိုျဖင့္ လွေနေသာ ခ်ိဳက္ဟုန္ ကို တစ္ခ်က္ၾကည့္လိုက္သည္။ ခ်ိဳက္ဟုန္ကလည္း ျပန္အထိုင္တြင္ ဖိုးတုတ္ဘက္သို႔ လွည့္ကာ ၾကည့္ၿပီး ၿပဳံးျပသည္။ ဂႏၶမာေသာင္းရီက မသင္းျမ ကို အားေတာင့္အားနာျဖင့္ လွမ္းၾကည့္၏။ မသင္းျမ ကေတာ့ ဘာမွမသိရွာ။ သူသိသည္မွာ သူ႔ပန္းကန္ထဲမွ ေသေသခ်ာခ်ာ အ႐ိုးႏႊင္ထားေသာ ၾကက္သားတစ္ဖတ္ကို ဖိုးတုတ္၏ ပန္းကန္ထဲသို႔ ထည့္ေပးဖို႔သာ။ ………………………………………………………………………………… ထိုအခ်ိန္တြင္ စံဘ ႏွင့္ ထြန္းရင္ သည္ ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ရပ္ကြက္၊ (၁) လမ္းထိပ္တြင္ ထင္းရႉးေသတၱာပုံးကေလးမ်ား ျဖင့္ တန္းစီကာေရာင္းေနေသာ ဂ်ပန္ေခတ္ ေမွာင္ခိုတန္းအတြင္း ဝင္လာၾကသည္။ စစ္အတြင္းကာလက ၿမိဳ႕တြင္းသို႔ ဝင္လာၿပီး ေဖာက္ထြင္းလုယက္ယူထားၾကသည့္ အရက္ဘီယာပုလင္းမ်ိဳးစုံ၊ အစားအေသာက္မ်ိဳးစုံ၊ ဇိမ္ခံပစၥည္းမ်ိဳးစုံတို႔ကို ရန္ကုန္ဆင္ေျခဖုံးေဒသတြင္ေနထိုင္သည့္ ဗမာမ်ား၊ ကုလားမ်ားက ယခုဂ်ပန္ေခတ္ေမွာင္ခိုေဈးတန္းတြင္ လာေရာက္ေရာင္းခ်ၾကသည္။ ေမွာင္ခိုေဈးတန္းတြင္ သုံးေရာင္ျခယ္လက္ပတ္ပတ္ထားၿပီး တုတ္ကိုယ္စီကိုင္ထားသည့္ လူငါးဦး က ေငြေၾကးမ်ား လိုက္လံေကာက္ခံေန၏။ ထိုသူမ်ားသည္ ထင္းရႉးေသတၱာပုံးကေလးခ်ကာ အဂၤလိပ္ဘီယာပုလင္းမ်ား ေရာင္းခ်ေနသည့္ ေကာင္မေလး အနားသို႔ ဝိုင္းထိုင္လိုက္ၾကသည္။ "ေဟ့…ထုံးစံအတိုင္း ေငြမေပးနဲ႔ေတာ့..ငါတို႔အတြက္ဘီယာသုံးလုံးေပးစမ္း" ထိုစဥ္ ဂ်ပန္စစ္သားမ်ားေရွ႕တန္းထြက္လွ်င္ေဆာင္းသည့္ သံခေမာက္ႏွင့္ အမွတ္(၂၁၅)တပ္ရင္းတံဆိပ္ပါ ယူနီေဖာင္းကို ဝတ္ထားၿပီး ခုံဖိနပ္စီးထားသည့္ ဂ်ပန္တစ္ဦးႏွင့္ လက္ေမာင္းတြင္ အနီပတ္စည္းထားသည့္ ဗမာတစ္ဦးတို႔ သူတို႔ေနာက္တြင္ လာရပ္ေတာ့သည္။ "မင္းတို႔ထဲမွာ တ႐ုတ္ အဖတ္ဆိုတာ ဘယ္သူလဲ " လက္ပတ္အနီျဖင့္ လူက ေမးလိုက္သည္။ ဘီယာေတာင္းေနသည့္ လူတစ္စု က ဂ်ပန္စစ္ယူနီေဖာင္းျမင္သည္ႏွင့္ မ်က္စိမ်က္ႏွာပ်က္သြားၾက၏။ လက္ပတ္ခ်င္းအတူတူ သုံးေရာင္ျခယ္ဘီအိုင္ေအ ထက္ အနီေရာင္ဂ်ပန္စစ္တပ္အသိအမွတ္ျပဳေကာင္ေတြက အာဏပိုထက္သည္မဟုတ္လား။ "သူပါ…သူပါ" "ေအးငါတို႔ ဂ်ပန္စစ္တပ္က တ႐ုတ္အဖတ္ကို ေရာ မင္းတို႔ကိုပါ ဖမ္းတယ္ကြာ'' သံခေမာက္ဝတ္ဂ်ပန္က ျမန္မာလိုဝင္ေျပာလိုက္သျဖင့္ သူတို႔အားလုံး အံၾသသြားၾကသည္။ ထိုအခါမွ သုံးေရာင္ျခယ္လက္ပတ္ဝတ္ထားသည့္ တ႐ုတ္က သံခေမာက္ဂ်ပန္ကို ေသခ်ာ ၾကည့္လိုက္သည္။ "ေဟ့ေကာင္..မင္း ဂ်ပန္မဟုတ္ဘူး…စံဘ ပဲကြ" အဖတ္ က လက္ထဲတြင္ ကိုင္ထားေသာ တုတ္ျဖင့္ ေခါင္းကို ႐ိုက္လိုက္သည္။ စံဘ၏ သံခေမာက္ကို သာ ႐ိုက္မိၿပီး တုတ္က ေတာင္ခနဲ ျဖစ္ကာ ျပန္ကန္ထြက္သြား၏။ လက္ပတ္အနီပတ္ထားသည့္ ထြန္းရင္က ခါးၾကားမွ ဓါးမ ကို ထုတ္ကာ ေဘးမွ က်န္လူေလးေယာက္ကို လိုက္ခုတ္ရာ ေလးေယာက္လုံး ထြက္ေျပးကုန္၏။ သူတို႔စိတ္ထဲတြင္ သူတို႔ဆရာ လူမိုက္အဖတ္သည္ ဂ်ပန္စစ္သားကိုပင္ ခံခ်ေနသည္ဟုထင္သြားၾကသည္။ ဂ်ပန္စစ္တပ္ႏွင့္ ျပသနာျဖစ္ၿပီး ဘတ္နက္ျဖင့္ ထိုးသတ္ခံထားရသူမ်ားကို ျမင္ထားသျဖင့္ ေၾကာက္လန႔္ကာ ထြက္ေျပးၾကျခင္းျဖစ္သည္။ စံဘကမူ အဖတ္ကို တက္ခြလ်က္ သံခေဖာက္ႏွင့္ ဒရစပ္႐ိုက္ေနသည္။ ထြန္းရင္က ပါ ဓါးမအေႏွာင့္ျဖင့္ ေခါင္းကို ဝင္ဝင္ထု၏။ အဖတ္မွာ ေသြးအလူးလူးျဖစ္ေနေခ်ၿပီ။ စံဘက ေမွာက္ခုံအေနအထား ျဖစ္ေနေသာ အဖတ္ကို ဒူးျဖင့္ တြန္းဖိလိုက္ၿပီး ဂ်ပန္ယူူနီေဖာင္းအက်ႌ ကို ခြၽတ္ကာ အဖတ္၏ လက္ႏွစ္ဖက္ကို ႀကိဳးတုတ္သကဲ့သို႔ တင္းတင္းခ်ည္ေႏွာင္လိုက္သည္။ ထို႔ေနာက္ အဖတ္၏ ပိန္ကပ္ကပ္ ခႏၶာကိုယ္ေပၚ တက္ထိုင္လိုက္သည္။ ထင္းရႈူးေသတၱာ ဘီယာဆိုင္ ပိုင္ရွင္မေလးက သူ႔ဘီယာဆိုင္ေလးကို ေ႐ႊ႕ရန္ အနားျပန္ကပ္လာသည္။ ထြန္းရင္က ထင္းရႉးေသတၱာထဲမွ ဘီယာတစ္လုံးကို ေကာက္ႏႈိက္လိုက္သည္။ ေကာင္မေလး ဘာမွမေျပာရဲ။ စံဘကသာ "ဟိတ္ေကာင္..ထြန္းရင္..အဲ့ဒါ ေရာင္းတာကြ..မင္း မတရားမလုပ္နဲ႔ကြ" "ငါေမာလို႔ပါဟ…ေသာက္ခ်င္လို႔ပါ.." "ေသာက္ခ်င္ရင္ ဝယ္ေသာက္ရတယ္ကြ….ဟိတ္ေကာင္မေလး…ဘီယာတစ္လုံး ဘယ္ေလာက္လဲ" "တစ္က်ပ္ပါ" ေကာင္မေလးက တုန္တုန္ရီရီျဖင့္ ျပန္ေျဖသည္။ စံဘက အိပ္ကပ္ကို စမ္းၾကည့္ရင္း… "နင့္ဟာက ေဈးႀကီးလိုက္တာ…အလကားခိုးထားတာေတြကိုမ်ားဟယ္" "ကြၽန္မ မခိုးပါဘူး…ခိုးတဲ့သူေတြဆီက ျပန္ဝယ္ၿပီး ေရာင္းတာ" "ေအးပါ..ဟုတ္ပါၿပီ…ငါလည္း ပိုက္ဆံ ငါးမူးပဲ ပါလို႔" "အကို တက္ထိုင္ထားတဲ့ လူႀကီးအိတ္ထဲ ႏႈိက္ၾကည့္ပါလား…သူက ညီမတို႔ဆီက ပိုက္ဆံေတြ လိုက္လိုက္ေကာက္ေနတာ..တညတည မနည္းဘူး" စံဘက အဖတ္ ၏ အိပ္ကပ္ထဲ လိုက္ႏႈိက္ရွာၾကည့္ရာ အဂၤလိပ္႐ူပီးေငြမ်ား အထပ္လိုက္ထြက္လာ၏။ "ဟာ..ဒီညေတာ့ ေထာၿပီေဟ့…ေဟ့..ထြန္းရင္..အဲ့ဒီ ဘီယာအဝေသာက္လို႔ရၿပီကြ..ေကာင္မေလး အဲ့ဒီ ထင္းရႉးေသတၱာထဲ ဘီယာဘယ္ႏွစ္ပုလင္းရွိလဲ'' ''တစ္ဒါဇင္ေလာက္ က်န္ေသးမယ္..အကို" "ေရာ့..ဒီမွာ ဆယ့္ငါးက်ပ္…အဲ့ ထင္းရႉးေသတၱာပါထားခဲ့" "အကိုတို႔ ဘီယာပုလင္းေဖာက္ဖို႔ ဂိုက္တံ ယူထားဦးမလား" "မလိုဘူး..ခုန ဒီတ႐ုတ္မွာ ေငြသြားတတ္ထားတာေတြ႕တယ္။ ဒီေကာင့္သြားေတြက ဘီယာပုလင္းေဖာက္လို႔ေတာ့ ရမွာပါ" တက္ဖိခံထားရေသာ အဖတ္မွာ ေၾကာက္လန႔္ၿပီး ႐ုန္းကန္ေတာ့သည္။ ခဏအၾကာတြင္ စံဘက တ႐ုတ္အဖတ္ကို ကုတ္ကဆြဲလ်က္၊ ထြန္းရင္က ဘီယာေသတၱာကိုထမ္းလ်က္ လမ္းမေတာ္ဆယ့္ေလးလမ္းဘက္သို႔ ျပန္သြားၾကေလေတာ့သည္။ စံဘတို႔ ျပန္ေရာက္ၿပီး မၾကာမီ လမ္းမေတာ္ဖိုးတုတ္တို႔ လင္မယားလည္း ျပန္ေရာက္လာ၏။ မသင္းျမ အေပၚထပ္သို႔ တက္သြားၿပီးေနာက္ အုန္းေဖ လမ္းမေတာ္ဖိုးတုတ္ကို တိုးတိုးလာေျပာသည္။ "ဆရာ..ဆရာဖိုးတုတ္ ေကာင္ေတြ ကေတာ့..ေမႊလာၿပီ" "ဘာျဖစ္လို႔တုန္း..အုန္းေဖ" "ဘာျဖစ္ရမွာလဲ…ေမွာင္ခိုေဈးထဲ ဂ်ပန္အေယာင္ေဆာင္သြားၿပီး..တ႐ုတ္အဖတ္ ကို ဖမ္းလာခဲ့တယ္" "ဟင္ ဘယ္လို ဂ်ပန္အေယာင္ေဆာင္တာတုန္းဟ" "မေန႔က စံဘက ထြန္းရင္ကို ကန္ေတာ္ႀကီးဘက္လိုက္ပို႔တယ္..အဲ့ဒီမွာ ဂ်ပန္တပ္က ေကာင္ေတြက အဝတ္အစားေတြခြၽတ္ၿပီး ကိုယ္လုံးတီးနဲ႔ ေရကူးေနၾကတုန္း စံဘ ဂ်ပန္ယူနီေဖာင္းတစ္စုံ ခိုးလာတယ္။ ဒီညေနက် အဖတ္ တို႔ အုပ္စု ဘီအိုင္ေအလက္ပတ္ေတြပတ္ၿပီး ေမွာင္ခိုေဈးထဲ ေငြလိုက္ေတာင္းေနတယ္ ၾကားတာနဲ႔ သူတို႔ကလည္း ဘီအိုင္ေအထက္ျမင့္တဲ့ ဂ်ပန္စစ္တပ္လုပ္မယ္ဆိုၿပီး စံဘက ဂ်ပန္ဝတ္စုံဝတ္တယ္၊ ဦးေလးဘိုးထင္ မေသခင္က အိမ္မွာက်န္ခဲ့တဲ့သံခေမာက္ႀကီးေဆာင္းတယ္။ ထြန္းရင္က ဂ်ပန္စကားျပန္ဆိုၿပီး အစ္မ သင္းျမ အိမ္တြင္း နတ္အုန္းက အနီစကို ၿဖဲၿပီး လက္ေမာင္းမွာပတ္ ထြက္သြားေတာ့တာပဲ၊ အခု ဒီေကာင္ေတြ အဖတ္ကို ဖမ္းၿပီး အိမ္ေဘးက ဗာဒံပင္ေအာက္ ခ်ထားတယ္ဆရာ..သြားၾကည့္လိုက္ပါဦး" ဖိုးတုတ္ ၏ အိမ္ေဘးအေမွာင္ရိပ္တြင္ စံဘႏွင့္ ထြန္းရင္က ဘီယာပုလင္းကိုယ္စီျဖင့္ ေသာက္ေနၾကသည္။ သူတို႔ေဘးတြင္ လဲေနေသာအဖတ္၏ ပါးစပ္တြင္လည္း ေသြးမ်ားထြက္လ်က္။ အဖတ္၏ ေငြသြားမွာလည္း ဘီယာပုလင္းဖုံးမ်ားႏွင့္ ထိပါမ်ားသျဖင့္ ကြၽတ္ထြက္လုနီးနီးျဖစ္ေနေပၿပီ။ "ဟိတ္ေကာင္တြ…မင္းတို႔ ဂ်ပန္စစ္သားအေယာင္ေဆာင္တယ္ဆို..ဘက္နက္နဲ႔ ထိုးသတ္ခံထိမယ္ကြ" ဖိုးတုတ္၏ အသံၾကားသည့္အခါ ႏွစ္ေယာက္လုံး မတ္တပ္ထရပ္လိုက္ၾကသည္။ "ဒီမွာ ကိုဖိုးတုတ္ကို… ဂ်ပန္ဆီ သြားေခ်ာက္တြန္းတဲ့..အေကာင္..ကြၽန္ေတာ္တို႔ ဝင္ထုႏွက္ၿပီး ေခၚလာတာ" အဖတ္ က ဖိုးတုတ္ကို ေမာ့ၾကည့္သည္။ "ကြၽန္ေတာ့္ကို မသတ္ပါနဲ႔..ဆရာႀကီး။ မသတ္ပါနဲ႔" ဖိုးတုတ္က အဖတ္ေရွ႕တြင္ ငုတ္တုတ္ထိုင္လိုက္သည္။ "ငါေမးပါဦးမယ္…မင္းက ဘာကိစၥ ငါ့ေသနတ္ကိစၥ ဂ်ပန္ကို သြားတိုင္ရတာတုန္း" "အဲ့ဒီညက ဆရာႀကီးကို လူမွားၿပီး ဓါးျမတိုက္မိေတာ့ ေနာက္ပိုင္း ဆရာႀကီးက ကြၽန္ေတာ့္ကို ဒုကၡေပးမွာ ေၾကာက္လို႔..ဂ်ပန္နဲ႔သြားတိုင္မိတာပါ။ ၿပီးေတာ့..ကြၽန္ေတာ္တို႔ တ႐ုတ္ေတြကို ဂ်ပန္က သတ္ေနေတာ့ သူတို႔ကို ဖားၿပီး သြားေျပာမိတာပါ" "မင္းကြာ..မေတာက္တေခါက္အေတြးနဲ႔ တယ္မွားတာပဲ..အဖတ္။ မင္းနဲ႔ ငါ မသိတဲ့လူေတြလည္း မဟုတ္ဘူး" "ကြၽန္ေတာ္ေၾကာက္လို႔ပါ..ဆရာႀကီး..ကြၽန္ေတာ့္ကို မသတ္ပါနဲ႔။ ခြင့္လႊတ္ပါ" "ေနစမ္းပါဦး..မင္းက ဘီအိုင္ေအ ထဲ ဝင္ထားတာလား" "မဟုတ္ပါဘူး..ဆရာႀကီး..အရက္ဆိုင္မွာ သခင္တစ္ေယာက္ မူးေနတုန္း သူ႔အိတ္ထဲက လက္ေမာင္းတံဆိပ္ေတြ ခိုးႏႈိက္လာၾကတာပါ" "ေအး..ေကာင္းတယ္ကြာ..မင္းတို႔ေကာင္ေတြေတာ့..ကဲ..အဖတ္ မင္းကို ငါမသတ္ဘူး..ဟုတ္ၿပီလား..အဲ့ဒီအတြက္ မင္း ငါ့ဆီမွာ အလုပ္ဝင္လုပ္ရမယ္" "ဘာခိုင္းခိုင္း လုပ္ပါ့မယ္..ဆရာႀကီး..ကြၽန္ေတာ့္ကို ဆရာႀကီး တပည့္အျဖစ္ သတ္မွတ္ပါ" "ေအး..မင္း ပုလိပ္လုပ္ရမယ္ကြ" စံဘႏွင့္ ထြန္းရင္က လမ္းမေတာ္ဖိုးတုတ္ကို ျပဴးၿပီး ၾကည့္လိုက္သည္။ "ေဟ့ေကာင္ေတြ..ျပဴးၿပီးၾကည့္မေနနဲ႔…မင္းတို႔လည္း ပုလိပ္လုပ္ရေတာ့မယ္" ……………………………………………………………………………………………………. ၁၉၄၂၊ ေမလ (၂၁)ရက္။ ျမန္မာျပည္ဆိုင္ရာ ဂ်ပန္စစ္ဌာနခ်ဳပ္ က ေငြစကၠဴသုံးစြဲေရးဆိုင္ရာတစ္ခ်က္လႊတ္တည္ေသာအမိန႔္ကို ထုတ္ျပန္ေၾကညာလိုက္သည္။ ထိုေၾကညာခ်က္တြင္ ဂ်ပန္စစ္ဖက္ဌာနသည္ စစ္သုံးေငြစကၠဴမ်ားကို ျမန္မာျပည္တြင္ တရားနည္းလမ္းျဖင့္ သက္ဝင္အသုံးျပဳေတာ့မည္ျဖစ္ေၾကာင္း၊ အေရွ႕အာရွတိုက္တြင္ ေခတ္သစ္ထူေထာင္သည့္ ဂ်ပန႔္မိတ္ေဆြ ႏိုင္ငံမ်ားအတြက္ ထိုေငြေၾကး၏ တန္ဘိုးတည္တံခိုင္ၿမဲမႈကို ဂ်ပန္အစိုးရက လုံးဝတာဝန္ယူေၾကာင္း၊ ေငြစကၠဴအသုံးျပဳရာတြင္ လြယ္ကူေစရန္ ပဲ၊ ပိုင္ စနစ္ကို ပယ္ဖ်က္ၿပီး ဆင့္ ၁၀၀ ကို အေျခခံအသုံးျပဳမည္ျဖစ္ေၾကာင္း၊ အထက္ပါ ဂ်ပန္ေငြစကၠဴကို အသုံးမျပဳဘဲ ျငင္းဆန္သူကို ဂ်ပန္ဘုရင္မင္းျမတ္၏ ရန္သူအျဖစ္ သေဘာထား အျပစ္ေပးမည္ျဖစ္ေၾကာင္းႏွင့္ ယခင္ မူလရွိႏွင့္ၿပီးေသာ ျမန္မာႏိုင္ငံသုံးေငြစကၠဴမ်ားကိုလည္း တၿပိဳင္နက္ဆက္လက္သုံးစြဲခြင့္ျပဳထားမည္ျဖစ္ေၾကာင္း ပါရွိသည္။ ေထာင္မလဲ သဲေကာ္ ဟု ဆိုၾကေသာ ဂ်ပန္ေငြစကၠဴမ်ားကို ဂ်ပန္စစ္တပ္က စတင္႐ိုက္ႏွိပ္ ထုတ္ေဝလိုက္ၿပီ ျဖစ္သည္။ ထိုေန႔တြင္ပင္ ေျခာက္လုံးျပဴးခါးၾကားထိုးကာ ငွက္ႀကီးေတာင္ဓါးကို လြယ္ထားေသာ ပုလိပ္မင္းႀကီးဦးဖိုးတုတ္သည္ ဂ်ပန္စစ္တပ္မွ ထုတ္ေပးထားေသာ အညိဳေရာင္စစ္ျမင္းႀကီးကို စီးလ်က္ အေနာက္ပိုင္းရာဇဝတ္ဝန္႐ုံးသို႔ လာေရာက္ကာ စတင္႐ုံးထိုင္ေလေတာ့သည္။ ခက္ေဇာ္
Done 🍀
ReplyDeleteDone 🍀
DeleteDone
ReplyDelete🍁🌸Done✅
ReplyDeletedone
ReplyDelete