The Guys of Yangon,1930(Part 25)

The Guys of Yangon,1930(Part 25)

အခန်း(၂၆)

……………..

"ဆရာဖိုးတုတ်..ကြိုက်တာလုပ်ခိုင်းပါဗျာ..ကျွန်တော်လုပ်ပါတယ်..ဒါတော့ မလုပ်ပါရစေနဲ့"

ဖိုးတုတ် ရှေ့တွင် ရပ်နေသော အုန်းဖေက ခါးခါးသီးသီးငြင်းသည်။

"ဟေ့ကောင်..အုန်းဖေ…မင်းက ငါ့ကို အာခံတာလား"

"မဟုတ်ပါဘူး..ဆရာရယ်…ဆရာနဲ့ ကျွန်တော် လက်တွဲလာတာ စစ်မဖြစ်ခင် ဟိုးအရင်နှစ်တွေကတည်းကပါ… ဆရာဖိုးတုတ် ကျေးဇူးတွေလည်း ကျွန်တော့်မှာ အများကြီးပါ… ဒီတစ်ခုတော့ ကျွန်တော်မလုပ်ပါရစေနဲ့"

"နေပါဦး..မင်းက ဘာလို့ မလုပ်ချင်ရတာလဲ"

"ရှက်လို့"

"ဟိတ်ကောင်..ငါ ထလုပ်လိုက်ရ…မင်း ပုလိပ်လုပ်ခိုင်းတာ..ရှက်စရာလားဟ"

"ဟ..ဆရာရယ်..တစ်သက်လုံးက လူဆိုးလူမိုက်လုပ်လာတာ..ခုမှ ပုလိပ်ထလုပ်ရမယ်ဆိုတော့..ရှက်စရာကြီးဗျ"

လမ်းမတော်ဖိုးတုတ် က သူ့တပည့်အုန်းဖေကို ကြည့်ကာ တွေဝေသွားသည်။

"အေးကွာ..ဟုတ်တာပဲ..မင်းမလုပ်ချင်လဲနေကွာ..ငါ တခြားသူတွေနဲ့ ဆက်လုပ်တာပေါ့..အုန်းဖေရေ…ဒီလို ကာလမျိုးမှာ ကိုယ့်အသက်ရှင်ရေးအတွက် ခေတ်အပြောင်းအလဲအတိုင်း လုပ်ကိုလုပ်ရမှာပဲကွ.. ငါတို့အလုပ် က ရန်သူတွေပတ်လည်ဝိုင်းနေတဲ့အလုပ်မျိုးကိုကွ..ဘယ်တတ်နိုင်မလဲကွာ''

အုန်းဖေက ပုလိပ်အိတ်စပက်တော်ရာထူးကို ငြင်းပယ်ခဲ့သော်လည်း ထိုရက်ပိုင်းက လမ်းမတော်ဖိုးတုတ် ၏ အနောက်ပိုင်းရာဇဝတ်ဌာနရုံးနှင့် နေအိမ်တွင် ပုလိပ်လုပ်ချင်သဖြင့် ရာထူးလာတောင်းကြသော တပည့်များ တဖွဲဖွဲရောက်လာကြသည်။

ဘီအိုင်အေယောင်ယောင် လုပ်နေသော မောင်မောင်ပင် လမ်းမတော်ဖိုးတုတ် အနားပြန်ရောက်လာသည်။

ရန်ကုန်အရှေ့ပိုင်းပုလိပ်အိတ်စပက်တော် အောင်ဘ၊ ရန်ကုန်အနောက်ပိုင်းပုလိပ်အိတ်စပက်တော် မောင်မောင်၊ ရာဇဝတ်အုပ် အဖတ်၊ ရာဇဝတ်အုပ် စံဘ၊ ရာဇဝတ်အုပ် ထွန်းရင် စသဖြင့် အသီးသီးရာထူးများ ရကုန်ကြသည်။

အခြားတပည့်များကလည်း ရန်ကုန်အပိုင်းအသီးသီးအလိုက် ပုလိပ်အရာရှိများဖြစ်ကုန်ကြလေသည်။

လမ်းမတော်ဖိုးတုတ် ၏ လူမိုက်များ ပုလိပ်တက်လုပ်မှပင် စစ်ပြီးစ အချင်းချင်း လုယက်၊ သတ်ဖြတ်နေကြသော ရန်ကုန်မြို့မှာ ငြိမ်ဝပ်သွားသည်ကတော့ အမှန်ပင်။

အထက်မြန်ပြည်တွင် ဆုတ်ခွာနေသော အင်္ဂလိပ်များကို လိုက်လံတိုက်ခိုက်နေရသည့် ဂျပန်တပ်များနှင့်် ဘီအိုင်အေ အတွက် ရန်ကုန်မြို့ကို ထိန်းသိမ်းရမည့်အရေးတစ်ခု ပေါ့သွားသဖြင့် လမ်းမတော်ဖိုးတုတ်ကို ဂျပန်စစ်ဘက်အရာရှိများက သဘောကျကြသည်။

ဂျပန်စစ်တပ်မှ တိုက်ရိုက်ကိုင်တွယ်မည့် စစ်အုပ်ချုပ်ရေးကို အတိအလင်းပြဌာန်းလိုက်ပြီဖြစ်သဖြင့် အချို့ကိစ္စများတွင် ဂျပန်စစ်ရုံးချုပ်မှ လမ်းမတော်ဖိုးတုတ်ပုလိပ် အဖွဲ့နှင့် တိုက်ရိုက်ညှိ့နှိုင်းရသည်များလည်း ရှိလာသည်။

ဘီအိုင်အေမှ ဗိုလ်မှူးကြီးဆူဇူကီး၊ ဗိုလ်ကြီးမိဇုတာနီ တို့အပြင် ဂျပန်ကင်ပေတိုင်ချုပ် ဂျင်နရယ်မတ်စူအိုကာ၊ ဂျပန်စစ်အုပ်ချုပ်ရေး တာဝန်ခံ ဗိုလ်မှူးကြီးနာဆူ တို့ ပင်လျင် လမ်းမတော်ဖိုးတုတ် ၏ နေအိမ်သို့ အဝင်အထွက်ရှိလာသည်။

ထိုအချိန်တွင် ဂျပန်စစ်ထောက်လှမ်းရေးဖြစ်သည့် ကင်ပေတိုင်များကလည်း ရန်ကုန်တွင် အမိအရခြေကုပ်ယူလာနိုင်ပြီး ဂျပန်ဆန့်ကျင်ရေးသမားဟု မသင်္ကာသည့် ဘီအိုင်အေနှင့် သခင်များကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေချိန်ဖြစ်သည်။

ဂျပန်စစ်ဘက်အရာရှိကြီးများ၊ ကင်ပေတိုင်ဗိုလ်ချုပ်များနှင့် ပါ အပေးအယူ၊ အဝင်အထွက်များရှိနေသည့် လမ်းမတော်ဖိုးတုတ် ကို ဘီအိုအေအဖွဲ့များကပင် သတိထားဆက်ဆံလာရသည့် အခြေအနေဖြစ်လာသည်။

သို့သော် ပုလိပ်မင်းကြီးကား ခေတ်ပျက် ပုလိပ်မင်းကြီးဖြစ်သည့်အတွက် ပုလိပ်အလုပ်သာမက ဂျပန်စစ်တပ်မှ ခိုင်းစေသည့် အခြားအလုပ်များပါ လုပ်ပေးလာရ၏။

၁၉၄၂ ခုနှစ်၊ မတ်လ (၃၀)ရက်။

ရန်ကုန်မြို့တော်ခန်းမတွင် ဗိုလ်မှူးကြီးတေရာဒါ ဦးဆောင်သော ရန်ကုန်အုပ်ချုပ်ရေးအဖွဲ့ ဖွင့်ပွဲအခမ်းအနားကိုကျင်းပသည်။

ထိုအုပ်ချုပ်ရေးအဖွဲ့တွင် မြန်မာနိုင်ငံဗဟိုအစိုးရ အုပ်ချုပ်ရေးအရာရှိချုပ် သခင်ထွန်းအုပ်မှာ အမည်ခံသာပါတော့သည်။

ထိုပွဲတွင် ဂျပန်စစ်ဘက်ဆိုင်ရာအရာရှိကြီးများအပြင်၊ ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)မှ အရာရှိကြီးများအပြင် ရန်ကုန်မြို့တော်ယာယီပုလိပ်အဖွဲ့မှ ပုလိပ်မင်းကြီး ဦးဖိုးတုတ် လည်း တက်ရောက်ရသည်။

ထိုပွဲအပြီးတွင် ဗိုလ်မှူးကြီးဆူဇူကီးက ဘီအိုင်အေရုံးချုပ်တွင် လမ်းမတော်ဖိုးတုတ် အား တွေ့ဆုံရန် တစ်ခါတည်း ခေါ်သွားခဲ့သည်။

ဗိုလ်မှူးကြီးဆူဇူကီး သည် ၁၉၄၀ ခုနှစ်ကတည်းက မြန်မာပြည်တွင် သူလျှိုလုပ်ရန် ဝင်လာသူဖြစ်သဖြင့် မြန်မာစကားကို စကားပြန်မပါပဲ ပြောနိုင်သူဖြစ်သည်။

"ဦးဖိုးတုတ်..ကို ငါ တာဝန်တစ်ခုပေးစရာရှိလို့ပါ"

"ဟုတ်ကဲ့ပြောပါ..မာစတာ"

"အခု ရန်ကုန်အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးတေရာဒါက ငါ့ကို တာဝန်တစ်ခုပေးလာတယ်။ ဘာတာဝန်လဲဆိုတော့ မကြာခင်မှာ ရွှေတောင်တို့ ၊ တောင်ငူတို့ကို သိမ်းနိုင်ခဲ့တဲ့ အမှတ်(၅၅)တပ်မက တပ်တချို့ ရန်ကုန်ကို ပြည်တော်ပြန်ဝင်ပြီး နားကြမယ်။ အဲ့ဒီတိုက်ပွဲတွေက ပြန်လာတဲ့ ဂျပန်စစ်သားတွေ၊ ဘီအိုင်အေစစ်သားတွေ အပန်းဖြေဖို့ စစ်ဘက်ဆိုင်ရာပြည့်တန်ဆာရုံ ဖွင့်ဖို့ရန်ကုန်မှာ ညွန်ကြားလိုက်ပြီ"

"ဗျာ"

"အေး..မင်းကတော့ သိမှာမဟုတ်ဘူး။ တခြား စင်္ကာပူတို့၊ ကိုရီးယားတို့၊ တရုတ်မျက်နှာတွေက မြို့ကြီးတွေမှာလည်း နိပွန်ဘုရင်မင်းမြတ်အတွက် အသက်ပေးတိုက်နေတဲ့ စစ်သားတွေရဲ့ စိတ်ဓာတ်ရေးရာ အပန်းဖြေဖို့ စစ်ဘက်ဆိုင်ရာပြည့်တန်ဆာရုံတွေကို အစိုးရစရိတ်နဲ့ ဖွင့်ပေးရတယ်။ အခု ရန်ကုန်မှာလည်း အဲ့ဒီလို ဖွင့်ဖို့ စစ်ဥပဒေဌာနက ညွှန်ကြားလာတယ်။ ဒီကိစ္စကို စစ်ရုံးချုပ်က ဘီအိုင်အေကို တာဝန်ပေးလိုက်ပြီ။ တို့ ဘီအိုင်အေထဲမှာလည်း အဲ့ဒီဘက်ကို ထဲထဲဝင်ဝင်ကျွမ်းတဲ့ ဗမာစစ်ဗိုလ် က မရှိဘူး။ ရှိပြန်ရင်လည်း မင်းလိုတော့ အဲ့ဒီဘက်တွေမှာ အာဏာထက်မှာ မဟုတ်ဘူး။ ဒီတော့ မင်းအနေနဲ့ စစ်ဘက်ဆိုင်ရာပြည့်တန်ဆာရုံ မှာ တာဝန်ထမ်းဆောင်မယ့် ပြည့်တန်ဆာတွေကို ရှာပေးရမယ်။ သူတို့က ဂျပန်ဘုရင့်တပ်မတော်ရဲ့ စစ်ဘက်ဆိုင်ရာပြည့်တန်ဆာတွေအဖြစ် လစာပြည့်နဲ့ တာဝန်ထမ်းဆောင်ရမယ်၊ ပြည်တန်ဆာရှာဖို့အတွက် စစ်ဥပဒေဌာနက စစ်ရဲတပ်စိတ်တစ်ခုက မင်းနဲ့ ပူးပေါင်းပေးမယ် "

လမ်းမတော်ဖိုးတုတ် သည် အနောက်ပိုင်းရာဇဝတ်ဝန်ရုံးသို့ ပြန်ကာ တပည့်များအား စုရုံးခေါ်လိုက်သည်။

နယ်မြေအတွင်းတွင် ရှိသော ပြည့်တန်ဆာခန်းများစာရင်းကို ကောက်ယူလိုက်သည်။ ဧပြီလ (၂)ရက်နေ့တွင် ဂျပန်အမှတ်(၁၅)တပ်မတော်၊ စစ်ဥပဒေဌာနလက်အောက်ခံ၊ စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနခွဲ (မြန်မာအခေါ် ဆောင်ကြာမြိုင် ဌာန) ကို ဟယ်လပင်လမ်း(ပြည်ထောင်စုရိပ်သာလမ်း)နှင့် ဘဒ်လမ်း(ပဒုမ္မာလမ်း)ထောင့်ရှိ နှစ်ထပ်အိမ်ကြီးတွင် စတင်ဖွင့်လှစ်လိုက်သည်။

ဌာနမှူး မှာ ဗိုလ်ကြီးဆူဂီမိုတို ဖြစ်ပြီး တွဲဖက်ဌာနမှူးအဖြစ် ပုလိပ်မင်းကြီးဦးဖိုးတုတ် ကို ခန့်အပ်ထားလိုက်သည်။

ဧပြီလ (၃)ရက်နေ့ ည ၊ နေ့လည် (၂)နာရီ။

ချိုင်းနားစတန်းဟိုတယ်ရှေ့သို့ ဂျပန်အလံတပ်ထားသော အော်စတင်ကားတစ်စီးနှင့် စစ်သုံးလော်ရီကားနှစ်စင်း ထိုးဆိုက်လာသည်။

လောရီကားတစ်စင်းပေါ်မှ လမ်းတော်ဖိုးတုတ်၏ မြို့တော်ပုလိပ်အဖွဲ့မှ အနောက်ပိုင်းအိတ်စပက်တော် မောင်မောင် ၊ ရာဇဝတ်အုပ်စံဘ နှင့် မြို့တော်ပုလိပ် ငါးဦး၊ ဂျပန်စစ်ရဲ (၅)ဦးတို့ ဆင်းလာပြီး နေရာယူလိုက်ကြသည်။

အော်စတင်ကားပေါ်မှ လမ်းမတော်ဖိုးတုတ် ၊ စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနမှ တပ်ကြပ်ကြီးစာရေးတစ်ဦး၊ ဂျပန်စစ်ရဲအရာခံဗိုလ်တစ်ဦးဆင်းလာသည်။

ဟိုတယ်အတွင်းမှ ဂေါင်းသန်းရွှေ ပြာပြာသလဲ ဆင်းလာကြို၏။

"မာစတာတို့၊ ဆရာကြီးဖိုးတုတ် တို့ စောစောစီးစီးပါလားဗျာ..ကြွကြပါ..ကြွကြပါ"

လမ်းမတော်ဖိုးတုတ်တို့က က အောက်ထပ်ရှိ ခုံတွင် ဝင်ထိုင်လိုက်သည်။

သန်းရွှေ က ပျားအုံတံဆိပ် ဘရန်ဒီတစ်ပုလင်း နှင့်ဖန်ခွက်ကို ယူလာကာ ရှေ့သို့ လာချပေးသည်။

"ဆရာကြီးတို့ ရောက်တုန်းရောက်ခိုက်..အေးအေးဆေးဆေးနားကြပေါ့..ပူပူနွေးနွေးမြည်းရအောင် ကောင်မလေးတွေကို ကြက်သားလေး ချက်ချင်းကြော်ခိုင်းထားပါတယ်"

"နေ..နေ..သန်းရွှေ ငါတို့ မသောက်တော့ဘူး..အခု မင်းဆီမှာ ကောင်မလေး ဘယ်နှစ်ယောက်ရှိသလဲ"

"အယောက်နှစ်ဆယ်လောက်တော့ ရှိပါတယ်..ဆရာကြီး"

"အေး..အကုန် ထွက်တန်းစီခိုင်းကွာ"

"သြော်..ရောက်ရောက်ချင်းကြီး..လူရွေးကြတော့မလို့လား..ဖြည်းဖြည်းလုပ်ကြလည်း ရပါတယ်ဗျ..အဟဲ"

"ဟေ့လူ စကားမရှည်နဲ့..ခင်ဗျားဆီ ဖာချဖို့လာတာမဟုတ်ဘူး..အစိုးရအမိန့်နဲ့လာတာ..ခေါ်စရာရှိတာခေါ် အချိန်မရှိဘူး"

လက်ပတ်အနီပတ်ထားပြီး ဂျပန်စစ်ဦးထုတ်ဆောင်းထားသော ရာဇဝတ်အုပ်စံဘက သန်းရွှေကို ဟောက်လိုက်သည်။

"သြော်.ဟုတ်ကဲ့ပါ..ကျွန်တော်မသိလို့ပါ..ရပါတယ်..ရပါတယ်..ဟေ့ ခင်လှ..အပေါ်က ကောင်မတွေရော..အောက်က ကောင်မတွေပါ..အကုန်လုံးထွက်လာပြီး တန်းစီလို့ ပြောလိုက်"

အနောက်ဘက်တွင် ရပ်နေသော ဂျပန်ဂေးရှားမယ်ပုံစံ ကီမိုနိုဝတ်ထားသည့် ညိုညို တောင့်တောင့်ထွားထွား အမျိုးသမီးက အပေါ်ထပ်သို့ တက်သွားသည်။

ခဏအကြာတွင် အပေါ်ထပ်နှင့် အောက်ထပ်မှ မိန်းကလေးအယောက်(၂၀)ခန့် ဆင်းလာကာ တန်းစီ၏။

အရာခံဗိုလ်က အမိန့်ပေးလိုက်ရာ စစ်ရဲများက မိန်းကလေးများကို ရိုင်ဖယ်နှင့်ချိန်ပြီး ကားပေါ်သို့ တက်ခိုင်းကြတော့သည်။

"ဆရာကြီးဖိုးတုတ်..သူတို့ ဘာလုပ်ကြတာလဲဗျာ..ကောင်မလေးတွေကို ဘယ်ခေါ်သွားမလို့လဲ"

"ဂျပန်တွေက အစိုးရဖာတန်းလုပ်မလို့တဲ့ကွာ..ဒီကောင်မလေးတွေထဲက လခစားအစိုးရဝန်ထမ်းအဖြစ် အစိုးရခန့် ဖာသည်လုပ်ရမယ့်သူကို သူတို့ရွေးချယ်လိမ့်မယ်..သူတို့စံချိန်နဲ့ မကိုက်တဲ့လူ၊ စိတ်မပါတဲ့လူ ဆို ပြန်လွှတ်ပေးလိမ့်မယ်။ဘာမှ ပူမနေနဲ့"

"ဟာ..ဆရာကြီးရယ်..ဒီကောင်မတွေ တစ်ယောက်မှ ပြန်မလာရင်တော့ ကျွန်တော့်စီးပွားပျက်ပါပြီဗျာ"

"ဟိတ်ကောင်..မင်းတောင် သူများဟိုတယ်ပေါ် မတရားတက်ပြီး ဖာခန်းဖွင့်စားနေတာပဲ..ကိုယ့်အလှည်ကျ ခံပေါ့ကွာ..ဒီဂျပန်တွေ လုပ်နေတာတွေ ငါလည်း လိုက်မမှီတော့ဘူး…မင်းမှ မဟုတ်ဘူးဟေ့..ငါပါ ဒီကောင်တွေ တက်လာမှ လူမိုက်ဘဝကနေ ဖာရှာပေးတဲ့ဘဝရောက်ရတော့တယ်"

လမ်းမတော်ဖိုးတုတ်က စိတ်ပျက်လက်ပျက်ပြောဆိုပြီး ကားပေါ်သို့ တက်သွား၏။

သန်းရွှေ သည် မျက်နှာငယ်ငယ်ဖြင့် ဟိုတယ်ဝတွင် မတ်တပ်ရပ်ကျန်ခဲ့သည်။

စံဘက ဖိုးတုတ်တို့အတွက် သန်းရွှေလာချပေးထားသော ဘရန်ဒီ ပုလင်းကို ခါးကြားထိုးလိုက်ပြီးမှ ကောင်မလေးများအား တင်ဆောင်ထားသော လော်ရီကားပေါ် ခုန်တက်သွားတော့သည်။

……………………………………………………………………

ထိုညနေက ရန်ကုန်မြို့တွင်းရှိ ပြည့်တန်ဆာတန်းအသီးသီးမှ ပြည့်တန်ဆာမများ၊ ဟိုတယ်အသီးသီးမှ ဟိုတယ်မယ်များကို တင်ဆောင်လာသော လော်ရီကားကြီးများသည် ဟယ်လ်ပင်လမ်းရှိ စစ်ဘက်ဆိုင်ရာ ပြည့်တန်ဆာဌာနသို့ အသီးသီးဆိုက်ရောက်လာကြသည်။

စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနမှ ဂျပန်အရာရှိများက ကားပေါ်တွင် ပါလာသော အမျိုးသမီးများကို နှစ်ထပ်အိမ်ကြီးရှေ့တွင်ရှိသော ကွက်လပ်တွင် တန်းစီထိုင်ခိုင်းထားလိုက်သည်။

လမ်းမတော်ဖိုးတုတ် မှာ ဆူညံပွက်လောရိုက်နေလျက်ရှိသော အယောက်တစ်ရာခန့်ရှိသော အမျိုးသမီးအုပ်ကြီးကို ရုံးအပေါ်ထပ်မှ စိတ်ပျက်လက်ပျက် ကြည့်နေလေသည်။

အမျိုးသမီးများဘေးတွင်တော့ ဂျပန်စစ်ရဲများနှင့် ဖိုးတုတ်၏ ရန်ကုန်ပုလိပ်အဖွဲ့မှ မောင်မောင်၊ စံဘ ၊ ထွန်းရင်တို့ ရပ်နေကြသည်။

"မောင်မောင်ရေ..ငါတော့ ဒီလောက်များတဲ့ ဖာသည်အုပ်ကြီးကို တစ်စုတစ်ဝေးတည်းတွေ့ဖူးတာ ဒါပထမဆုံးပဲဟေ့"

စံဘက ပြောလိုက်သည်။

"အေးကွာ..ငါဖြင့် ခုနေ ဘယ်မဒ ဘယ်မြာကြိုက်လဲ ရွေးခိုင်းရင်တောင်..ရွေးရမှာ ခက်ခက်ပဲ"

မောင်မောင်က စံဘကို ရယ်ပြီး ပြန်ပြောသည်။

"တို့တစ်ရွာစာလောက်ရှိတယ်ဟ၊ မင်းတို့ရန်ကုန်မှာ ဖာရွာတောင် တည်လို့ရတယ်"

"အခုလဲ ဂျပန်တွေက ဖာရွာတည်ပေးဖို့ နေမှာပေါ့..ထွန်းရင်ရ..အဲ့ဒီမှာ မင်း ရွာဆော်လုပ်ပါလား"

"အေး..မဆိုးဘူးကွ..မင်းအကို ကိုဖိုးတုတ် က သူကြီးလုပ်ပေါ့..ဒီအချိန် ငါ့အဖေ မြင်ရင်တော့ စိတ်ကောင်းမှာ မဟုတ်ဘူး။ သူ့သား မြို့တက်ပြီး လူမိုက်လုပ်ခိုင်းတာ ဖာဂေါင်းဖြစ်နေတယ်ဆိုပြီးတော့"

ခဏအကြာတွင် အိမ်ပေါ်မှ ဗိုလ်ကြီးဆူဂီမိုတို ဦးဆောင်သော အရာရှိများနှင့် လမ်းမတော်ဖိုးတုတ်တို့ ဆင်းလာကြသည်။

စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနအတွက် ခန့်အပ်ထားသည့် ဂျပန်စကားပြန်မူစတာဖာ လည်း ပါလာ၏။

မူစတာဖာ သည် စစ်မဖြစ်မီက ဂျပန်ကုန်သည်ကြီးများအသင်း၏ အဝယ်တော် ဖြစ်ပြီး မြန်မာစကား၊ ဂျပန်စကားနှစ်မျိုးလုံးကျွမ်းကျင်သည့် မြန်မာပြည်ဖွားအစ္စလာမ်လေးဖြစ်သည်။

ယခုတော့ သူပါ လမ်းမတော်ဖိုးတုတ်တို့နှင့် ဘဝတူ ဖာတန်းစကားပြန်ဘ၀ ရောက်ရချေပြီ။

ဗိုလ်ကြီးဆူဂီမိုတို က ခေါ်ဆောင်လာသောမိန်းကလေးများအား စစ်ဘက်ဆိုင်ရာပြည့်တန်ဆာခန်းအကြောင်းကို ရှင်းပြလေသည်။

စစ်ဘက်ဆိုင်ရာပြည့်တန်ဆာခန်းတွင် ဂျပန့်တပ်မတော်နှင့် ဗမာလွတ်လပ်ရေးတပ်မတော် ရှိ အရာခံဗိုလ်အဆင့်မှ တပ်သားအကြား အခြားအဆင့် စစ်သားများ လာရောက်သည်ကို ပြည့်တန်ဆာအဖြစ် လက်ခံဖျော်ဖြေရမည်ဖြစ်ကြောင်း၊ ပြည့်တန်ဆာအဖြစ် တာဝန်ထမ်းဆောင်မည့်သူများကို ဗမာလွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)မှ ပုံမှန်လစာပေးအပ်သွားမည်ဖြစ်ကြောင်း၊ အစိုးရပြည့်တန်ဆာ (၄၈)ယောက်ကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ထို(၄၈)ယောက်သည် အချိန်ပြည့်တာဝန်ထမ်းဆောင်ရမည်မဟုတ်ပဲ တပ်စု (၃)စု ခွဲထားမည်ဖြစ်ကြောင်း၊ တပ်စုတစ်စုလျှင် (၁၆)ဦးပါဝင်ပြီး ထို (၁၆)ဦးမှ ပြည့်တန်ဆာဌာနတွင် ရှိသော အခန်း (၈)ခန်းတွင် နေ့ (၈)ဦး၊ ည (၈)ဦး နှစ်ဆိုင်းခွဲကာ ပျော်တော်ဆက်တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ တပ်စုတစ်စုက တစ်ရက်တာဝန်ထမ်းဆောင်ပြီးလျှင် နှစ်ရက်တာ အနားယူပြီး ကျန်းမာရေးဆေးစစ်ခြင်း ၊ ခန္ဓာကိုယ်အလှလေ့ကျင့်ခြင်းများ ပြုလုပ်နေရမည်ဖြစ်ကြောင်း၊ ပုံမှန်လစာအပြင် တာဝန်ချိန်အတွင်း လက်ခံရသည့် ဧည့်သည်အရေအတွက်အလိုက် ရရှိသော ဝင်ငွေကိုလည်း ပြည့်တန်ဆာဌာန၊ စီမံရေးရာအရာရှိမှ စာရင်းနှင့် ထိန်းသိမ်းပေးထားပြီး ခွင့်ယူသည့်အခါ သို့မဟုတ် အလုပ်မှ နှုတ်ထွက်ခွင့်ရသည့်အခါ ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း၊ ဆူဂီမိုတို က ရှင်းပြသည်။

ဂျပန်လည်းကြောက်ရ၊ ပုလိပ်လည်းကြောက်ရ၊ ဘီအိုင်အေလည်းကြောက်ရ၊ လူမိုက်လည်းကြောက်ရ၊ ဂေါင်းကိုလည်း ကြောက်ရရှာသော ရန်ကုန်ပြည့်တန်ဆာထုကြီးမှာ နေ့တဝက်ဝင် သုံးရက်နား အစိုးရလခစားအပြင် အပိုဆောင်းငွေပါ ရရှိမည့် ထိုအလုပ်ကို လုပ်ပါမည်ဟုဆိုကာ အလုအယက် စာရင်းပေးသွင်းကုန်ကြလေသည်။

ပြည့်တန်ဆာဌာနမှ အရာရှိများက ရုပ်ရည်၊ ခန္ဓာကိုယ်၊ အသက်အရွယ်သတ်မှတ်ချက်နှင့် ပြည့်စုံသော အမျိုးသမီး (၄၈)ဦးကို စိစစ်ရွေးချယ်ပြီး ဌာနစည်းကမ်းများလိုက်နာမည်ဖြစ်ကြောင်းနှင့် မိမိ၏ ဆန္ဒအလျောက် လုပ်ကိုင်ခြင်းဖြစ်ကြောင်း ဝန်ခံကတိများရေးထိုးကာ အစိုးရခန့် ပြည့်တန်ဆာအဖြစ် တရားဝင်ခန့်အပ်လိုက်လေ တော့သည်။

ရွေးချယ်ခန့်အပ်ခြင်းခံရသော အမျိုးသမီးများကို ဂျပန်စစ်ဆရာဝန်ကြီးများက ကျန်းမာရေးစစ်ဆေးခြင်း ၊ လိုအပ်သည့်ဆေးဝါးကုသမှုများ ၊ သန့်ရှင်းရေးနည်းလမ်းများ၊ လိင်ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများ၊ လိင်မှုရေးရာသင်တန်းများ လာရောက်ပို့ချကြသည်။

သုံးလပြည့်သည်အထိ မည်သူနှင့်မျှ တွေ့ခွင့်မရပဲ ထိုသင်တန်းဆင်းပြီးသည့်အခါမှ ဂျပန်ခေတ် စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနကို စတင်ဖွင့်လှစ်လိုက်လေသည်။

ပြည့်တန်ဆာဌာန၏ ခြံဝကင်းတွင် ဂျပန်စစ်သားများလာလျှင် တာဝန်ခံစီစဉ်မည့် ဂျပန်တပ်ကြပ်နှစ်ဦး ထားပေးပြီး ဘီအိုင်အေစစ်သားများအတွက် ဖိုးတုတ်၏ ရဲတပ်ဖွဲ့မှ ရဲကြပ်တစ်ဦးထားပေးရန် တောင်းဆိုလာ၏။

ထိုအခါ ဖိုးတုတ် ခေါင်းကိုက်ရပြန်သည်။

ဖိုးတုတ်လက်အောက်တွင် ခေတ္တပုလိပ် လုပ်နေသော လူမိုက်များမှာ ပြည့်တန်ဆာတန်း အစောင့်အဖြစ် မည်သူမျှ မလုပ်လိုကြ။

လမ်းမတော်ဖိုးတုတ် အကြပ်ရိုက်နေစဉ် မထင်မှတ်ပဲ ကူညီပေးခဲ့သူမှာ ပုလိပ်မလုပ်ချင်သော အုန်းဖေ ပင်။

"အဲ့ဒီဂိတ်မှာ ကျွန်တော်သွားနေမယ်..ဆရာဖိုးတုတ်။ အခုဟာက ဆရာကိုယ်တိုင်က ပုလိပ်ဖြစ်နေတော့ ကျွန်တော်လည်း အလုပ်လက်မဲ့လူမိုက်ဖြစ်နေပြီ။ အဲ့ဒီမှာသာ ကျွန်တော့်ကို ထားလိုက်"

"သြော်..အုန်းဖေ..အုန်းဖေ.. မင်းက ပုလိပ်လုပ်ပါဆိုတော့ မလုပ်ချင်ဘူး..အခု ကောင်မတွေရှိတဲ့ အတန်းကျ တက်ကြွနေပါလား"

"ယူထားတဲ့ မိန်းမတွေကလည်း စစ်ဖြစ်ကတည်းက ပြန်မှ မလာကြတော့တာ..ဆရာရယ်"

"အေးပါ..ဒါဆိုလည်း မနက်ဖြန် မင်း ငါနဲ့ လိုက်ခဲ့.."

……………………………………………………………………..

စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနတွင် ဧည့်သည်လက်ခံရေးကြီးကြပ်ရေးမှူးများအဖြစ် ခြေထောက်တစ်ဖက်ကျည်ဆံထိကာ ဖြတ်ထားရသော ဂျပန်တပ်ကြပ်တစ်ဦး၊ မျက်လုံးတစ်ဖက်ကျည်မှန်သဖြင့် ကန်းနေသော ဂျပန်ဒုတပ်ကြပ်တစ်ဦး နှင့် အုန်းဖေ တို့က တာဝန်ယူရသည်။

ဂျပန်စစ်သားနှင့် ဘီအိုင်အေစစ်သားတို့သည် တစ်လလျှင် တစ်ကြိမ်သာ ပြည့်တန်ဆာဌာနသို့ လာရောက်ပျော်ပါးခွင့်ရှိသည်။

ထိုသို့လာရောက်သည့်အခါတွင်လည်း စစ်ရုံးဆေးဌာန၏ ကာလသားရောဂါကင်းရှင်းကြောင်း လက်မောင်းတွင် ရိုက်နှိက်ပေးလိုက်သည့် တံဆိပ်ကို ပြရသည်။

ဂျပန်စစ်သားများကို ကြီးကြပ်ရေးမှူးတပ်ကြပ်နှစ်ယောက်ကို စစ်ဆေးရပြီး ဗမာစစ်သားများက အုန်းဖေ က စစ်ဆေးရသည်။

ထိုသို့ စစ်ဆေးပြီးလျှင် အရှေ့ခွက်ထဲမှ နံပါတ်များပါသည့် ဝါးတူရှစ်ချောင်းထဲမှ တစ်ချောင်းကို ရွေးစေပြီး ထိုတူတွင်ပါသည့် နံပါတ်အတိုင်း ကပ်ပြားတစ်ခုကို ကင်းရုံရှေ့တွင် သွားချိန်ဆွဲလိုက်ရသည်။

ဌာနအပေါ်ထပ်တွင် တာဝန်ကျသော ဂျပန်ရဲဘော်က ကင်းရုံရှေ့မှ နံပါတ်ကို လှမ်းကြည့်ပြီး သံချောင်းခေါက်ကာ နံပါတ်ကို အော်ရသည်။

ထိုနံပါတ်တပ်ထားသော အမျိုးသမီးမှာ အနားယူခန်းမှထွက်လာပြီး သူ့အလုပ်လုပ်ရာအခန်းတွင် ဝင်လာမည့် ဧည့်သည်တော်ကို အသင့်စောင့်နေရတော့သည်။

စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနတစ်ခုလုံးတွင် ဝင်ငွေအကောင်းဆုံးနှင့် မျက်နှာအပွင့်ဆုံးမှာ ဧည့်သည်လက်ခံရေး ကြီးကြပ်ရေးမှူးများဖြစ်သော ဂျပန်နှစ်ယောက်နှင့် အုန်းဖေ ပင်ဖြစ်တော့သည်။

လာရောက်ကြသော စစ်သားများအနေဖြင့် ရုပ်ရည်ချောမောပြီး၊ ဆက်ဆံရေးကောင်းမွန်သော အမျိုသမီး၏ နံပါတ်ကို ရရန်အတွက် မူ တူခွက်ကို ကိုင်ရသော အုန်းဖေ တို့တွင် လုပ်ပိုင်ခွင့်ရထား၏။

သူတို့ကြိုက်သည့်နံပါတ်ကို ပေးပိုင်ခွင့်ရှိသည်။

ထို့ကြောင့် ဂျပန်စစ်သားများရော၊ ဘီအိုင်အေစစ်သားများပါ အုန်းဖေတို့ သုံးဦးအား ငွေကြေးလာဘ်ထိုးရပြီး၊ ခင်မင်အောင် ပေါင်းသင်းကြရသည်။

………………………………………………………………………………

၁၉၄၂ ဧပြီလ (၅)ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမတွင် ရန်ကုန်မြို့မ ရာဇဝတ်ဌာနကို စတင်ဖွင့်လှစ်သည့် အခမ်းအနားကျင်းပပြီး လမ်းမတော်ဖိုးတုတ်မှာ ပုလိပ်မင်းကြီးအဖြစ် မြို့တော်ခန်းမသို့ ရုံးပြောင်းတက်ရသည်။

ထိုညတွင် ခြောက်မိုင်ခွဲရှိ မင်းသားရွှေကျီးညို ၏ ခြံတွင် လမ်းမတော်ဖိုးတုတ်က ဧည့်ခံပွဲကျင်းပပေးသည်။

ထိုပွဲသို့ ဗိုလ်မှူးကြီဆူဇူကီး၊ မေဂျာဆာတိုး၊ ဂျပန်ကင်ပေတိုင်ချုပ် ဂျင်နရယ်မတ်စူအိုကာ၊ ဂျပန်စစ်အုပ်ချုပ်ရေး တာဝန်ခံ ဗိုလ်မှူးကြီးနာဆူ နှင့် အခြားဂျပန်အရာရှိများ၊ ရန်ကုန်မြို့မှ လူကြီးလူကောင်းအချို့ တက်ရောက်ကြသည်။

မသင်းမြမှာ မိဘများအိမ်တွင် ပြုလုပ်သည့် ဘုရားကိုးဆူပွဲသို့ သွားနေသဖြင့် ဧည့်ခံပွဲတွင် မပါရှိချေ။

ဗိုလ်မှူးကြီးဆူဇူကီး၊ ဂျင်နရယ်မတ်စူအိုကာ၊ ဗိုလ်မှူးကြီးနာဆူ နှင့် လမ်းမတော်ဖိုးတုတ်တို့က တဝိုင်းတည်းထိုင်ကာ အရက်သောက်နေကြသည်။

မျက်စောင်းထိုးတွင် မေဂျာဆာတိုး၊ချိုက်ဟုန်၊ မသောင်းတို့ ထိုင်ကြ၏။

ဖိုးတုတ်က ချိုက်ဟုန် ကို မကြာခဏကြည့်သည်။ ချိုက်ဟုန်ကလည်း ဖိုးတုတ်ကို ကြည့်ပြီး ပြုံးပြုံးပြ၏။

ခဏအကြာတွင ဂန္ဓမာသောင်းရီက မသောင်းဘေးတွင် ဝင်ထိုင်လိုက်ပြီး သူတို့နှစ်ဦးကို အကဲခတ်မိသွားသည်။

မေဂျာဆာတိုး ကား အတော်မူးနေပေပြီ။

မေဂျာဆာတိုးက တစ်ဖက်ဝိုင်းရှိ ဇာတ်မင်းသားရွှေကျီးညိုနှင့် အခြားဂျပန်အရာရှိများထံသွားကာ သီချင်းများ အော်ကြီးဟစ်ကျယ်ဆိုနေချိန်တွင် ချိုက်ဟုန်က ခြံအနောက်ဘက်သို့ ထွက်သွားသည်။

ဖိုးတုတ်ကလည်း ဂျပန်အရာရှိများကို ခွင့်ပန်ကာ အသာလေး ထွက်လာ၏။

ခြောက်မိုင်ခွဲမှာ သစ်ပင်ဝါးပင်များဖြင့် စိမ်းလန်းအုံ့မှိုင်းသော ရပ်ကွက်တစ်ခုဖြစ်သည်။

ဝါးပင်ကြီးအောက်တွင် မင်းသားရွှေကျီးညိုတို့ ဇာတ်လာတိုက်ရာ အဆောက်အဦးတစ်ခု ရှိနေသည်။

ခဏအကြာတွင် ထိုအဆောက်အဦအတွင်း ကြမ်းပြင်တွင် အရိပ်နှစ်ခု ပူးချည်ကပ်ချည်ဖြစ်နေကြ၏။

နာရီဝက်ခန့်အကြာ ချိုက်ဟုန် က သုတ်သီးသုတ်ပြာဖြင့် ပြန်ထွက်သွားပြီးနောက် လမ်းမတော်ဖိုးတုတ်က ပုဆိုးတွင် ပတ်ထားသော ခါးပတ်ကို ပြန်ပတ်နေစဉ်။

"ဖိုးတုတ်ရေ….မင်းကတော့…ကင်ဒိုဓါးပေါ် ဒန့်စ်က ကချင်တဲ့ကောင်ပဲကွ"

နောက်က ရောက်လာသူက ဂန္ဓမာသောင်းရီ။

"သြော်..ဂန္ဓမာ..အေး..နည်းနည်းမူးနေတော့ကွာ..စိတ်က အင်္ဂလိပ်ခေတ်က ဟိုတန်းလျားလေးဆီ ပြန်လည်သွားလို့ပါကွာ"

"အေး…အေး.ဟုတ်ပါပြီ..…ထားပါတော့..မင်းတို့ချင်း အဆင်ပြေရင် ပြီးတာပဲ..အခု မင်း ကို ငါသတင်းထူးတစ်ခု ပေးဖို့လာတာ"

"ဘာသတင်းလဲကွ"

" တရုတ်တန်းက သူဌေး ပီကေချောင်းက မင်း နဲ့ စကားပြောချင်လို့တဲ့"

"ဘာကိစ္စလဲကွ"

"ဘွန်ရှူကျင်းကြီး ကိစ္စ..ပြောချင်လို့တဲ့..အဲ့ဒါ..ဒီပွဲထဲမှာ ဂျပန်အရာရှိတွေချည်းပဲမို့…ခြံဝန်းအပြင်ထောင့်မှာ ရပ်ထားတဲ့ သူ့ကားပေါ်မှာ စကားပြောမယ်တဲ့..မင်းကို စောင့်နေတယ်..သွားတွေ့လိုက်ဦး"

ဖိုးတုတ်က ခြံဝန်းအပြင်ထောင့်သို့ ထွက်သွားသောအခါ ကားတစ်စီးပေါ်မှ မီးအချက်ပြလေသည်။

ဖိုးတုတ်က ကားနောက်ခန်းတွင် တက်ထိုင်လိုက်သည်။

"ထောင်ကဲ….ဦးလေးဘွန်ရှူကျင်း သတင်းဘာဖြစ်လို့လဲ"

"အခု မြစ်ဝကျွန်းပေါ်မှာ ဖော်မိုဆာတရုတ်လူမျိုး ဦးကေဘာကြီး၊ ဦးဘွန်ရှုကျင်းနဲ့ တရုတ်လူမျိုး ၂၀၀လောက် ကို ဂျပန်ကင်ပေတိုင်က ဖမ်းထားတယ်..ဦးဖိုးတုတ်"

"ဘာဖြစ်လို့ ဖမ်းတာလဲ"

"ဖော်မိုဆာတရုတ်လူမျိုးတွေမို့ ချန်ကေရှိတ်လူတွေလို့ မသင်္ကာလို့တဲ့၊ လူငါးဆယ်လောက်ကတော့ ကင်ပေတိုင် နှိပ်စက်တာနဲ့ မအူပင်မှာတင် သေကုန်ပြီပြောတယ်၊ ကျန်တဲ့လူတွေကိုလည်း ရန်ကုန်မှာ ခေါ်စစ်ဖို့ ဘားလမ်းအချုပ်ကို ခေါ်လာတယ်ပြောတယ်။ အဲ့ဒီ ရန်ကုန်ခေါ်လာတဲ့ လူတွေထဲက လူခြောက်ဆယ်လောက်ကို မနေ့ညကပဲ ကြံတောသုသာန်ထဲမှာ ပစ်သတ်လိုက်ကြပြီတဲ့ဗျ"

"ဟာ..ဒုက္ခပါပဲဗျ"

"အဲ့ဒါ ဦးဖိုးတုတ် က အခုဆို ကင်ပေတိုင်ဗိုလ်ချုပ်နဲ့ တရင်းတနှီးဖြစ်နေတော့ ဦးဖိုးတုတ် ကူညီပေးလိုက်ရရင် ကူညီပေးပါလို့ကွျွန်တေ်ာ လာပြောတာပဲ"

"ဟာ ဦးဘွန်ရှုှကျင်းက ကျွန်တော့်မိန်းမ ဦးလေး ပဲ…ကျွန်တော်ကူညီရမှာပေါ့..နေဦး ဦးလေးက အခု ဘားလမ်းအချုပ်ကို ရောက်ပြီလား"

"အဲ့ဒါတော့ ကျုပ်လည်း မသိလို့ ဦးဖိုးတုတ်ကို လာပြောပြရတာပဲ…ပထမသတ်လိုက်တဲ့ အသုတ်ထဲ မပါသွားရင်တော့ ကယ်လို့ ရကောင်းပါတယ် "

"ကျေးဇူးပါပဲ..ထောင်ကဲ..ကဲ ကျွန်တော် လုပ်စရာရှိတာ အမြန်သွားလုပ်လိုက်ဦးမယ်"

လမ်းမတော်ဖိုးတုတ်က ကားပေါ်မှ ဆင်းကာ ဧည့်ခံပွဲထဲ ပြန်ဝင်လာခဲ့သည်။

ထို့နောက် စံဘ၊ မောင်မောင်၊ ထွန်းရင်၊ အဖတ်တို့ ထိုင်နေသော ဝိုင်းသို့ သွားလိုက်သည်။

"စံဘနဲ့မောင်မောင်..မင်းတို့အခုပဲ..ဘားလမ်းအချုပ်ကိုသွား…အဲ့ဒီမှာ တာဝန်ခံကို ငါက လွှတ်လိုက်တယ်လို့ပြောပြီး..ကင်ပေတိုင်က လာချုပ်သွားတဲ့လူတွေထဲမှာ ဦးဘွန်ရှူကျင်းနဲ့ ဦးကေဘာကြီး ဆိုတဲ့ လူတွေ ရှိသေးလားဆိုတာ သေချာမေးခဲ့ကွာ..ပြီးရင် ငါ့ဆီ အမြန်ပြန်လာခဲ့"

ခက်ဇော်

(zawgyi)

The Guys of Yangon,1930(Part 25)

အခန္း(၂၆)

……………..

"ဆရာဖိုးတုတ္..ႀကိဳက္တာလုပ္ခိုင္းပါဗ်ာ..ကြၽန္ေတာ္လုပ္ပါတယ္..ဒါေတာ့ မလုပ္ပါရေစနဲ႔"

ဖိုးတုတ္ ေရွ႕တြင္ ရပ္ေနေသာ အုန္းေဖက ခါးခါးသီးသီးျငင္းသည္။

"ေဟ့ေကာင္..အုန္းေဖ…မင္းက ငါ့ကို အာခံတာလား"

"မဟုတ္ပါဘူး..ဆရာရယ္…ဆရာနဲ႔ ကြၽန္ေတာ္ လက္တြဲလာတာ စစ္မျဖစ္ခင္ ဟိုးအရင္ႏွစ္ေတြကတည္းကပါ… ဆရာဖိုးတုတ္ ေက်းဇူးေတြလည္း ကြၽန္ေတာ့္မွာ အမ်ားႀကီးပါ… ဒီတစ္ခုေတာ့ ကြၽန္ေတာ္မလုပ္ပါရေစနဲ႔"

"ေနပါဦး..မင္းက ဘာလို႔ မလုပ္ခ်င္ရတာလဲ"

"ရွက္လို႔"

"ဟိတ္ေကာင္..ငါ ထလုပ္လိုက္ရ…မင္း ပုလိပ္လုပ္ခိုင္းတာ..ရွက္စရာလားဟ"

"ဟ..ဆရာရယ္..တစ္သက္လုံးက လူဆိုးလူမိုက္လုပ္လာတာ..ခုမွ ပုလိပ္ထလုပ္ရမယ္ဆိုေတာ့..ရွက္စရာႀကီးဗ်"

လမ္းမေတာ္ဖိုးတုတ္ က သူ႔တပည့္အုန္းေဖကို ၾကည့္ကာ ေတြေဝသြားသည္။

"ေအးကြာ..ဟုတ္တာပဲ..မင္းမလုပ္ခ်င္လဲေနကြာ..ငါ တျခားသူေတြနဲ႔ ဆက္လုပ္တာေပါ့..အုန္းေဖေရ…ဒီလို ကာလမ်ိဳးမွာ ကိုယ့္အသက္ရွင္ေရးအတြက္ ေခတ္အေျပာင္းအလဲအတိုင္း လုပ္ကိုလုပ္ရမွာပဲကြ.. ငါတို႔အလုပ္ က ရန္သူေတြပတ္လည္ဝိုင္းေနတဲ့အလုပ္မ်ိဳးကိုကြ..ဘယ္တတ္ႏိုင္မလဲကြာ''

အုန္းေဖက ပုလိပ္အိတ္စပက္ေတာ္ရာထူးကို ျငင္းပယ္ခဲ့ေသာ္လည္း ထိုရက္ပိုင္းက လမ္းမေတာ္ဖိုးတုတ္ ၏ အေနာက္ပိုင္းရာဇဝတ္ဌာန႐ုံးႏွင့္ ေနအိမ္တြင္ ပုလိပ္လုပ္ခ်င္သျဖင့္ ရာထူးလာေတာင္းၾကေသာ တပည့္မ်ား တဖြဲဖြဲေရာက္လာၾကသည္။

ဘီအိုင္ေအေယာင္ေယာင္ လုပ္ေနေသာ ေမာင္ေမာင္ပင္ လမ္းမေတာ္ဖိုးတုတ္ အနားျပန္ေရာက္လာသည္။

ရန္ကုန္အေရွ႕ပိုင္းပုလိပ္အိတ္စပက္ေတာ္ ေအာင္ဘ၊ ရန္ကုန္အေနာက္ပိုင္းပုလိပ္အိတ္စပက္ေတာ္ ေမာင္ေမာင္၊ ရာဇဝတ္အုပ္ အဖတ္၊ ရာဇဝတ္အုပ္ စံဘ၊ ရာဇဝတ္အုပ္ ထြန္းရင္ စသျဖင့္ အသီးသီးရာထူးမ်ား ရကုန္ၾကသည္။

အျခားတပည့္မ်ားကလည္း ရန္ကုန္အပိုင္းအသီးသီးအလိုက္ ပုလိပ္အရာရွိမ်ားျဖစ္ကုန္ၾကေလသည္။

လမ္းမေတာ္ဖိုးတုတ္ ၏ လူမိုက္မ်ား ပုလိပ္တက္လုပ္မွပင္ စစ္ၿပီးစ အခ်င္းခ်င္း လုယက္၊ သတ္ျဖတ္ေနၾကေသာ ရန္ကုန္ၿမိဳ႕မွာ ၿငိမ္ဝပ္သြားသည္ကေတာ့ အမွန္ပင္။

အထက္ျမန္ျပည္တြင္ ဆုတ္ခြာေနေသာ အဂၤလိပ္မ်ားကို လိုက္လံတိုက္ခိုက္ေနရသည့္ ဂ်ပန္တပ္မ်ားႏွင့္္ ဘီအိုင္ေအ အတြက္ ရန္ကုန္ၿမိဳ႕ကို ထိန္းသိမ္းရမည့္အေရးတစ္ခု ေပါ့သြားသျဖင့္ လမ္းမေတာ္ဖိုးတုတ္ကို ဂ်ပန္စစ္ဘက္အရာရွိမ်ားက သေဘာက်ၾကသည္။

ဂ်ပန္စစ္တပ္မွ တိုက္႐ိုက္ကိုင္တြယ္မည့္ စစ္အုပ္ခ်ဳပ္ေရးကို အတိအလင္းျပဌာန္းလိုက္ၿပီျဖစ္သျဖင့္ အခ်ိဳ႕ကိစၥမ်ားတြင္ ဂ်ပန္စစ္႐ုံးခ်ဳပ္မွ လမ္းမေတာ္ဖိုးတုတ္ပုလိပ္ အဖြဲ႕ႏွင့္ တိုက္႐ိုက္ညႇိ႔ႏႈိင္းရသည္မ်ားလည္း ရွိလာသည္။

ဘီအိုင္ေအမွ ဗိုလ္မႉးႀကီးဆူဇူကီး၊ ဗိုလ္ႀကီးမိဇုတာနီ တို႔အျပင္ ဂ်ပန္ကင္ေပတိုင္ခ်ဳပ္ ဂ်င္နရယ္မတ္စူအိုကာ၊ ဂ်ပန္စစ္အုပ္ခ်ဳပ္ေရး တာဝန္ခံ ဗိုလ္မႉးႀကီးနာဆူ တို႔ ပင္လ်င္ လမ္းမေတာ္ဖိုးတုတ္ ၏ ေနအိမ္သို႔ အဝင္အထြက္ရွိလာသည္။

ထိုအခ်ိန္တြင္ ဂ်ပန္စစ္ေထာက္လွမ္းေရးျဖစ္သည့္ ကင္ေပတိုင္မ်ားကလည္း ရန္ကုန္တြင္ အမိအရေျခကုပ္ယူလာႏိုင္ၿပီး ဂ်ပန္ဆန႔္က်င္ေရးသမားဟု မသကၤာသည့္ ဘီအိုင္ေအႏွင့္ သခင္မ်ားကို ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္ေနခ်ိန္ျဖစ္သည္။

ဂ်ပန္စစ္ဘက္အရာရွိႀကီးမ်ား၊ ကင္ေပတိုင္ဗိုလ္ခ်ဳပ္မ်ားႏွင့္ ပါ အေပးအယူ၊ အဝင္အထြက္မ်ားရွိေနသည့္ လမ္းမေတာ္ဖိုးတုတ္ ကို ဘီအိုေအအဖြဲ႕မ်ားကပင္ သတိထားဆက္ဆံလာရသည့္ အေျခအေနျဖစ္လာသည္။

သို႔ေသာ္ ပုလိပ္မင္းႀကီးကား ေခတ္ပ်က္ ပုလိပ္မင္းႀကီးျဖစ္သည့္အတြက္ ပုလိပ္အလုပ္သာမက ဂ်ပန္စစ္တပ္မွ ခိုင္းေစသည့္ အျခားအလုပ္မ်ားပါ လုပ္ေပးလာရ၏။

၁၉၄၂ ခုႏွစ္၊ မတ္လ (၃၀)ရက္။

ရန္ကုန္ၿမိဳ႕ေတာ္ခန္းမတြင္ ဗိုလ္မႉးႀကီးေတရာဒါ ဦးေဆာင္ေသာ ရန္ကုန္အုပ္ခ်ဳပ္ေရးအဖြဲ႕ ဖြင့္ပြဲအခမ္းအနားကိုက်င္းပသည္။

ထိုအုပ္ခ်ဳပ္ေရးအဖြဲ႕တြင္ ျမန္မာႏိုင္ငံဗဟိုအစိုးရ အုပ္ခ်ဳပ္ေရးအရာရွိခ်ဳပ္ သခင္ထြန္းအုပ္မွာ အမည္ခံသာပါေတာ့သည္။

ထိုပြဲတြင္ ဂ်ပန္စစ္ဘက္ဆိုင္ရာအရာရွိႀကီးမ်ားအျပင္၊ ဗမာ့လြတ္လပ္ေရးတပ္မေတာ္(ဘီအိုင္ေအ)မွ အရာရွိႀကီးမ်ားအျပင္ ရန္ကုန္ၿမိဳ႕ေတာ္ယာယီပုလိပ္အဖြဲ႕မွ ပုလိပ္မင္းႀကီး ဦးဖိုးတုတ္ လည္း တက္ေရာက္ရသည္။

ထိုပြဲအၿပီးတြင္ ဗိုလ္မႉးႀကီးဆူဇူကီးက ဘီအိုင္ေအ႐ုံးခ်ဳပ္တြင္ လမ္းမေတာ္ဖိုးတုတ္ အား ေတြ႕ဆုံရန္ တစ္ခါတည္း ေခၚသြားခဲ့သည္။

ဗိုလ္မႉးႀကီးဆူဇူကီး သည္ ၁၉၄၀ ခုႏွစ္ကတည္းက ျမန္မာျပည္တြင္ သူလွ်ိဳလုပ္ရန္ ဝင္လာသူျဖစ္သျဖင့္ ျမန္မာစကားကို စကားျပန္မပါပဲ ေျပာႏိုင္သူျဖစ္သည္။

"ဦးဖိုးတုတ္..ကို ငါ တာဝန္တစ္ခုေပးစရာရွိလို႔ပါ"

"ဟုတ္ကဲ့ေျပာပါ..မာစတာ"

"အခု ရန္ကုန္အုပ္ခ်ဳပ္ေရးအဖြဲ႕ ေခါင္းေဆာင္ ဗိုလ္မႉးႀကီးေတရာဒါက ငါ့ကို တာဝန္တစ္ခုေပးလာတယ္။ ဘာတာဝန္လဲဆိုေတာ့ မၾကာခင္မွာ ေ႐ႊေတာင္တို႔ ၊ ေတာင္ငူတို႔ကို သိမ္းႏိုင္ခဲ့တဲ့ အမွတ္(၅၅)တပ္မက တပ္တခ်ိဳ႕ ရန္ကုန္ကို ျပည္ေတာ္ျပန္ဝင္ၿပီး နားၾကမယ္။ အဲ့ဒီတိုက္ပြဲေတြက ျပန္လာတဲ့ ဂ်ပန္စစ္သားေတြ၊ ဘီအိုင္ေအစစ္သားေတြ အပန္းေျဖဖို႔ စစ္ဘက္ဆိုင္ရာျပည့္တန္ဆာ႐ုံ ဖြင့္ဖို႔ရန္ကုန္မွာ ၫြန္ၾကားလိုက္ၿပီ"

"ဗ်ာ"

"ေအး..မင္းကေတာ့ သိမွာမဟုတ္ဘူး။ တျခား စကၤာပူတို႔၊ ကိုရီးယားတို႔၊ တ႐ုတ္မ်က္ႏွာေတြက ၿမိဳ႕ႀကီးေတြမွာလည္း နိပြန္ဘုရင္မင္းျမတ္အတြက္ အသက္ေပးတိုက္ေနတဲ့ စစ္သားေတြရဲ႕ စိတ္ဓာတ္ေရးရာ အပန္းေျဖဖို႔ စစ္ဘက္ဆိုင္ရာျပည့္တန္ဆာ႐ုံေတြကို အစိုးရစရိတ္နဲ႔ ဖြင့္ေပးရတယ္။ အခု ရန္ကုန္မွာလည္း အဲ့ဒီလို ဖြင့္ဖို႔ စစ္ဥပေဒဌာနက ၫႊန္ၾကားလာတယ္။ ဒီကိစၥကို စစ္႐ုံးခ်ဳပ္က ဘီအိုင္ေအကို တာဝန္ေပးလိုက္ၿပီ။ တို႔ ဘီအိုင္ေအထဲမွာလည္း အဲ့ဒီဘက္ကို ထဲထဲဝင္ဝင္ကြၽမ္းတဲ့ ဗမာစစ္ဗိုလ္ က မရွိဘူး။ ရွိျပန္ရင္လည္း မင္းလိုေတာ့ အဲ့ဒီဘက္ေတြမွာ အာဏာထက္မွာ မဟုတ္ဘူး။ ဒီေတာ့ မင္းအေနနဲ႔ စစ္ဘက္ဆိုင္ရာျပည့္တန္ဆာ႐ုံ မွာ တာဝန္ထမ္းေဆာင္မယ့္ ျပည့္တန္ဆာေတြကို ရွာေပးရမယ္။ သူတို႔က ဂ်ပန္ဘုရင့္တပ္မေတာ္ရဲ႕ စစ္ဘက္ဆိုင္ရာျပည့္တန္ဆာေတြအျဖစ္ လစာျပည့္နဲ႔ တာဝန္ထမ္းေဆာင္ရမယ္၊ ျပည္တန္ဆာရွာဖို႔အတြက္ စစ္ဥပေဒဌာနက စစ္ရဲတပ္စိတ္တစ္ခုက မင္းနဲ႔ ပူးေပါင္းေပးမယ္ "

လမ္းမေတာ္ဖိုးတုတ္ သည္ အေနာက္ပိုင္းရာဇဝတ္ဝန္႐ုံးသို႔ ျပန္ကာ တပည့္မ်ားအား စု႐ုံးေခၚလိုက္သည္။

နယ္ေျမအတြင္းတြင္ ရွိေသာ ျပည့္တန္ဆာခန္းမ်ားစာရင္းကို ေကာက္ယူလိုက္သည္။ ဧၿပီလ (၂)ရက္ေန႔တြင္ ဂ်ပန္အမွတ္(၁၅)တပ္မေတာ္၊ စစ္ဥပေဒဌာနလက္ေအာက္ခံ၊ စစ္ဘက္ဆိုင္ရာျပည့္တန္ဆာဌာနခြဲ (ျမန္မာအေခၚ ေဆာင္ၾကာၿမိဳင္ ဌာန) ကို ဟယ္လပင္လမ္း(ျပည္ေထာင္စုရိပ္သာလမ္း)ႏွင့္ ဘဒ္လမ္း(ပဒုမၼာလမ္း)ေထာင့္ရွိ ႏွစ္ထပ္အိမ္ႀကီးတြင္ စတင္ဖြင့္လွစ္လိုက္သည္။

ဌာနမႉး မွာ ဗိုလ္ႀကီးဆူဂီမိုတို ျဖစ္ၿပီး တြဲဖက္ဌာနမႉးအျဖစ္ ပုလိပ္မင္းႀကီးဦးဖိုးတုတ္ ကို ခန႔္အပ္ထားလိုက္သည္။

ဧၿပီလ (၃)ရက္ေန႔ ည ၊ ေန႔လည္ (၂)နာရီ။

ခ်ိဳင္းနားစတန္းဟိုတယ္ေရွ႕သို႔ ဂ်ပန္အလံတပ္ထားေသာ ေအာ္စတင္ကားတစ္စီးႏွင့္ စစ္သုံးေလာ္ရီကားႏွစ္စင္း ထိုးဆိုက္လာသည္။

ေလာရီကားတစ္စင္းေပၚမွ လမ္းေတာ္ဖိုးတုတ္၏ ၿမိဳ႕ေတာ္ပုလိပ္အဖြဲ႕မွ အေနာက္ပိုင္းအိတ္စပက္ေတာ္ ေမာင္ေမာင္ ၊ ရာဇဝတ္အုပ္စံဘ ႏွင့္ ၿမိဳ႕ေတာ္ပုလိပ္ ငါးဦး၊ ဂ်ပန္စစ္ရဲ (၅)ဦးတို႔ ဆင္းလာၿပီး ေနရာယူလိုက္ၾကသည္။

ေအာ္စတင္ကားေပၚမွ လမ္းမေတာ္ဖိုးတုတ္ ၊ စစ္ဘက္ဆိုင္ရာျပည့္တန္ဆာဌာနမွ တပ္ၾကပ္ႀကီးစာေရးတစ္ဦး၊ ဂ်ပန္စစ္ရဲအရာခံဗိုလ္တစ္ဦးဆင္းလာသည္။

ဟိုတယ္အတြင္းမွ ေဂါင္းသန္းေ႐ႊ ျပာျပာသလဲ ဆင္းလာႀကိဳ၏။

"မာစတာတို႔၊ ဆရာႀကီးဖိုးတုတ္ တို႔ ေစာေစာစီးစီးပါလားဗ်ာ..ႂကြၾကပါ..ႂကြၾကပါ"

လမ္းမေတာ္ဖိုးတုတ္တို႔က က ေအာက္ထပ္ရွိ ခုံတြင္ ဝင္ထိုင္လိုက္သည္။

သန္းေ႐ႊ က ပ်ားအုံတံဆိပ္ ဘရန္ဒီတစ္ပုလင္း ႏွင့္ဖန္ခြက္ကို ယူလာကာ ေရွ႕သို႔ လာခ်ေပးသည္။

"ဆရာႀကီးတို႔ ေရာက္တုန္းေရာက္ခိုက္..ေအးေအးေဆးေဆးနားၾကေပါ့..ပူပူေႏြးေႏြးျမည္းရေအာင္ ေကာင္မေလးေတြကို ၾကက္သားေလး ခ်က္ခ်င္းေၾကာ္ခိုင္းထားပါတယ္"

"ေန..ေန..သန္းေ႐ႊ ငါတို႔ မေသာက္ေတာ့ဘူး..အခု မင္းဆီမွာ ေကာင္မေလး ဘယ္ႏွစ္ေယာက္ရွိသလဲ"

"အေယာက္ႏွစ္ဆယ္ေလာက္ေတာ့ ရွိပါတယ္..ဆရာႀကီး"

"ေအး..အကုန္ ထြက္တန္းစီခိုင္းကြာ"

"ေၾသာ္..ေရာက္ေရာက္ခ်င္းႀကီး..လူေ႐ြးၾကေတာ့မလို႔လား..ျဖည္းျဖည္းလုပ္ၾကလည္း ရပါတယ္ဗ်..အဟဲ"

"ေဟ့လူ စကားမရွည္နဲ႔..ခင္ဗ်ားဆီ ဖာခ်ဖို႔လာတာမဟုတ္ဘူး..အစိုးရအမိန႔္နဲ႔လာတာ..ေခၚစရာရွိတာေခၚ အခ်ိန္မရွိဘူး"

လက္ပတ္အနီပတ္ထားၿပီး ဂ်ပန္စစ္ဦးထုတ္ေဆာင္းထားေသာ ရာဇဝတ္အုပ္စံဘက သန္းေ႐ႊကို ေဟာက္လိုက္သည္။

"ေၾသာ္.ဟုတ္ကဲ့ပါ..ကြၽန္ေတာ္မသိလို႔ပါ..ရပါတယ္..ရပါတယ္..ေဟ့ ခင္လွ..အေပၚက ေကာင္မေတြေရာ..ေအာက္က ေကာင္မေတြပါ..အကုန္လုံးထြက္လာၿပီး တန္းစီလို႔ ေျပာလိုက္"

အေနာက္ဘက္တြင္ ရပ္ေနေသာ ဂ်ပန္ေဂးရွားမယ္ပုံစံ ကီမိုႏိုဝတ္ထားသည့္ ညိဳညိဳ ေတာင့္ေတာင့္ထြားထြား အမ်ိဳးသမီးက အေပၚထပ္သို႔ တက္သြားသည္။

ခဏအၾကာတြင္ အေပၚထပ္ႏွင့္ ေအာက္ထပ္မွ မိန္းကေလးအေယာက္(၂၀)ခန႔္ ဆင္းလာကာ တန္းစီ၏။

အရာခံဗိုလ္က အမိန႔္ေပးလိုက္ရာ စစ္ရဲမ်ားက မိန္းကေလးမ်ားကို ႐ိုင္ဖယ္ႏွင့္ခ်ိန္ၿပီး ကားေပၚသို႔ တက္ခိုင္းၾကေတာ့သည္။

"ဆရာႀကီးဖိုးတုတ္..သူတို႔ ဘာလုပ္ၾကတာလဲဗ်ာ..ေကာင္မေလးေတြကို ဘယ္ေခၚသြားမလို႔လဲ"

"ဂ်ပန္ေတြက အစိုးရဖာတန္းလုပ္မလို႔တဲ့ကြာ..ဒီေကာင္မေလးေတြထဲက လခစားအစိုးရဝန္ထမ္းအျဖစ္ အစိုးရခန႔္ ဖာသည္လုပ္ရမယ့္သူကို သူတို႔ေ႐ြးခ်ယ္လိမ့္မယ္..သူတို႔စံခ်ိန္နဲ႔ မကိုက္တဲ့လူ၊ စိတ္မပါတဲ့လူ ဆို ျပန္လႊတ္ေပးလိမ့္မယ္။ဘာမွ ပူမေနနဲ႔"

"ဟာ..ဆရာႀကီးရယ္..ဒီေကာင္မေတြ တစ္ေယာက္မွ ျပန္မလာရင္ေတာ့ ကြၽန္ေတာ့္စီးပြားပ်က္ပါၿပီဗ်ာ"

"ဟိတ္ေကာင္..မင္းေတာင္ သူမ်ားဟိုတယ္ေပၚ မတရားတက္ၿပီး ဖာခန္းဖြင့္စားေနတာပဲ..ကိုယ့္အလွည္က် ခံေပါ့ကြာ..ဒီဂ်ပန္ေတြ လုပ္ေနတာေတြ ငါလည္း လိုက္မမွီေတာ့ဘူး…မင္းမွ မဟုတ္ဘူးေဟ့..ငါပါ ဒီေကာင္ေတြ တက္လာမွ လူမိုက္ဘဝကေန ဖာရွာေပးတဲ့ဘဝေရာက္ရေတာ့တယ္"

လမ္းမေတာ္ဖိုးတုတ္က စိတ္ပ်က္လက္ပ်က္ေျပာဆိုၿပီး ကားေပၚသို႔ တက္သြား၏။

သန္းေ႐ႊ သည္ မ်က္ႏွာငယ္ငယ္ျဖင့္ ဟိုတယ္ဝတြင္ မတ္တပ္ရပ္က်န္ခဲ့သည္။

စံဘက ဖိုးတုတ္တို႔အတြက္ သန္းေ႐ႊလာခ်ေပးထားေသာ ဘရန္ဒီ ပုလင္းကို ခါးၾကားထိုးလိုက္ၿပီးမွ ေကာင္မေလးမ်ားအား တင္ေဆာင္ထားေသာ ေလာ္ရီကားေပၚ ခုန္တက္သြားေတာ့သည္။

……………………………………………………………………

ထိုညေနက ရန္ကုန္ၿမိဳ႕တြင္းရွိ ျပည့္တန္ဆာတန္းအသီးသီးမွ ျပည့္တန္ဆာမမ်ား၊ ဟိုတယ္အသီးသီးမွ ဟိုတယ္မယ္မ်ားကို တင္ေဆာင္လာေသာ ေလာ္ရီကားႀကီးမ်ားသည္ ဟယ္လ္ပင္လမ္းရွိ စစ္ဘက္ဆိုင္ရာ ျပည့္တန္ဆာဌာနသို႔ အသီးသီးဆိုက္ေရာက္လာၾကသည္။

စစ္ဘက္ဆိုင္ရာျပည့္တန္ဆာဌာနမွ ဂ်ပန္အရာရွိမ်ားက ကားေပၚတြင္ ပါလာေသာ အမ်ိဳးသမီးမ်ားကို ႏွစ္ထပ္အိမ္ႀကီးေရွ႕တြင္ရွိေသာ ကြက္လပ္တြင္ တန္းစီထိုင္ခိုင္းထားလိုက္သည္။

လမ္းမေတာ္ဖိုးတုတ္ မွာ ဆူညံပြက္ေလာ႐ိုက္ေနလ်က္ရွိေသာ အေယာက္တစ္ရာခန႔္ရွိေသာ အမ်ိဳးသမီးအုပ္ႀကီးကို ႐ုံးအေပၚထပ္မွ စိတ္ပ်က္လက္ပ်က္ ၾကည့္ေနေလသည္။

အမ်ိဳးသမီးမ်ားေဘးတြင္ေတာ့ ဂ်ပန္စစ္ရဲမ်ားႏွင့္ ဖိုးတုတ္၏ ရန္ကုန္ပုလိပ္အဖြဲ႕မွ ေမာင္ေမာင္၊ စံဘ ၊ ထြန္းရင္တို႔ ရပ္ေနၾကသည္။

"ေမာင္ေမာင္ေရ..ငါေတာ့ ဒီေလာက္မ်ားတဲ့ ဖာသည္အုပ္ႀကီးကို တစ္စုတစ္ေဝးတည္းေတြ႕ဖူးတာ ဒါပထမဆုံးပဲေဟ့"

စံဘက ေျပာလိုက္သည္။

"ေအးကြာ..ငါျဖင့္ ခုေန ဘယ္မဒ ဘယ္ျမာႀကိဳက္လဲ ေ႐ြးခိုင္းရင္ေတာင္..ေ႐ြးရမွာ ခက္ခက္ပဲ"

ေမာင္ေမာင္က စံဘကို ရယ္ၿပီး ျပန္ေျပာသည္။

"တို႔တစ္႐ြာစာေလာက္ရွိတယ္ဟ၊ မင္းတို႔ရန္ကုန္မွာ ဖာ႐ြာေတာင္ တည္လို႔ရတယ္"

"အခုလဲ ဂ်ပန္ေတြက ဖာ႐ြာတည္ေပးဖို႔ ေနမွာေပါ့..ထြန္းရင္ရ..အဲ့ဒီမွာ မင္း ႐ြာေဆာ္လုပ္ပါလား"

"ေအး..မဆိုးဘူးကြ..မင္းအကို ကိုဖိုးတုတ္ က သူႀကီးလုပ္ေပါ့..ဒီအခ်ိန္ ငါ့အေဖ ျမင္ရင္ေတာ့ စိတ္ေကာင္းမွာ မဟုတ္ဘူး။ သူ႔သား ၿမိဳ႕တက္ၿပီး လူမိုက္လုပ္ခိုင္းတာ ဖာေဂါင္းျဖစ္ေနတယ္ဆိုၿပီးေတာ့"

ခဏအၾကာတြင္ အိမ္ေပၚမွ ဗိုလ္ႀကီးဆူဂီမိုတို ဦးေဆာင္ေသာ အရာရွိမ်ားႏွင့္ လမ္းမေတာ္ဖိုးတုတ္တို႔ ဆင္းလာၾကသည္။

စစ္ဘက္ဆိုင္ရာျပည့္တန္ဆာဌာနအတြက္ ခန႔္အပ္ထားသည့္ ဂ်ပန္စကားျပန္မူစတာဖာ လည္း ပါလာ၏။

မူစတာဖာ သည္ စစ္မျဖစ္မီက ဂ်ပန္ကုန္သည္ႀကီးမ်ားအသင္း၏ အဝယ္ေတာ္ ျဖစ္ၿပီး ျမန္မာစကား၊ ဂ်ပန္စကားႏွစ္မ်ိဳးလုံးကြၽမ္းက်င္သည့္ ျမန္မာျပည္ဖြားအစၥလာမ္ေလးျဖစ္သည္။

ယခုေတာ့ သူပါ လမ္းမေတာ္ဖိုးတုတ္တို႔ႏွင့္ ဘဝတူ ဖာတန္းစကားျပန္ဘ၀ ေရာက္ရေခ်ၿပီ။

ဗိုလ္ႀကီးဆူဂီမိုတို က ေခၚေဆာင္လာေသာမိန္းကေလးမ်ားအား စစ္ဘက္ဆိုင္ရာျပည့္တန္ဆာခန္းအေၾကာင္းကို ရွင္းျပေလသည္။

စစ္ဘက္ဆိုင္ရာျပည့္တန္ဆာခန္းတြင္ ဂ်ပန႔္တပ္မေတာ္ႏွင့္ ဗမာလြတ္လပ္ေရးတပ္မေတာ္ ရွိ အရာခံဗိုလ္အဆင့္မွ တပ္သားအၾကား အျခားအဆင့္ စစ္သားမ်ား လာေရာက္သည္ကို ျပည့္တန္ဆာအျဖစ္ လက္ခံေဖ်ာ္ေျဖရမည္ျဖစ္ေၾကာင္း၊ ျပည့္တန္ဆာအျဖစ္ တာဝန္ထမ္းေဆာင္မည့္သူမ်ားကို ဗမာလြတ္လပ္ေရး တပ္မေတာ္(ဘီအိုင္ေအ)မွ ပုံမွန္လစာေပးအပ္သြားမည္ျဖစ္ေၾကာင္း၊ အစိုးရျပည့္တန္ဆာ (၄၈)ေယာက္ကို စိစစ္ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း၊ ထို(၄၈)ေယာက္သည္ အခ်ိန္ျပည့္တာဝန္ထမ္းေဆာင္ရမည္မဟုတ္ပဲ တပ္စု (၃)စု ခြဲထားမည္ျဖစ္ေၾကာင္း၊ တပ္စုတစ္စုလွ်င္ (၁၆)ဦးပါဝင္ၿပီး ထို (၁၆)ဦးမွ ျပည့္တန္ဆာဌာနတြင္ ရွိေသာ အခန္း (၈)ခန္းတြင္ ေန႔ (၈)ဦး၊ ည (၈)ဦး ႏွစ္ဆိုင္းခြဲကာ ေပ်ာ္ေတာ္ဆက္တာဝန္ထမ္းေဆာင္ရမည္ ျဖစ္ေၾကာင္း၊ တပ္စုတစ္စုက တစ္ရက္တာဝန္ထမ္းေဆာင္ၿပီးလွ်င္ ႏွစ္ရက္တာ အနားယူၿပီး က်န္းမာေရးေဆးစစ္ျခင္း ၊ ခႏၶာကိုယ္အလွေလ့က်င့္ျခင္းမ်ား ျပဳလုပ္ေနရမည္ျဖစ္ေၾကာင္း၊ ပုံမွန္လစာအျပင္ တာဝန္ခ်ိန္အတြင္း လက္ခံရသည့္ ဧည့္သည္အေရအတြက္အလိုက္ ရရွိေသာ ဝင္ေငြကိုလည္း ျပည့္တန္ဆာဌာန၊ စီမံေရးရာအရာရွိမွ စာရင္းႏွင့္ ထိန္းသိမ္းေပးထားၿပီး ခြင့္ယူသည့္အခါ သို႔မဟုတ္ အလုပ္မွ ႏႈတ္ထြက္ခြင့္ရသည့္အခါ ထုတ္ယူခြင့္ျပဳမည္ျဖစ္ေၾကာင္း၊ ဆူဂီမိုတို က ရွင္းျပသည္။

ဂ်ပန္လည္းေၾကာက္ရ၊ ပုလိပ္လည္းေၾကာက္ရ၊ ဘီအိုင္ေအလည္းေၾကာက္ရ၊ လူမိုက္လည္းေၾကာက္ရ၊ ေဂါင္းကိုလည္း ေၾကာက္ရရွာေသာ ရန္ကုန္ျပည့္တန္ဆာထုႀကီးမွာ ေန႔တဝက္ဝင္ သုံးရက္နား အစိုးရလခစားအျပင္ အပိုေဆာင္းေငြပါ ရရွိမည့္ ထိုအလုပ္ကို လုပ္ပါမည္ဟုဆိုကာ အလုအယက္ စာရင္းေပးသြင္းကုန္ၾကေလသည္။

ျပည့္တန္ဆာဌာနမွ အရာရွိမ်ားက ႐ုပ္ရည္၊ ခႏၶာကိုယ္၊ အသက္အ႐ြယ္သတ္မွတ္ခ်က္ႏွင့္ ျပည့္စုံေသာ အမ်ိဳးသမီး (၄၈)ဦးကို စိစစ္ေ႐ြးခ်ယ္ၿပီး ဌာနစည္းကမ္းမ်ားလိုက္နာမည္ျဖစ္ေၾကာင္းႏွင့္ မိမိ၏ ဆႏၵအေလ်ာက္ လုပ္ကိုင္ျခင္းျဖစ္ေၾကာင္း ဝန္ခံကတိမ်ားေရးထိုးကာ အစိုးရခန႔္ ျပည့္တန္ဆာအျဖစ္ တရားဝင္ခန႔္အပ္လိုက္ေလ ေတာ့သည္။

ေ႐ြးခ်ယ္ခန႔္အပ္ျခင္းခံရေသာ အမ်ိဳးသမီးမ်ားကို ဂ်ပန္စစ္ဆရာဝန္ႀကီးမ်ားက က်န္းမာေရးစစ္ေဆးျခင္း ၊ လိုအပ္သည့္ေဆးဝါးကုသမႈမ်ား ၊ သန႔္ရွင္းေရးနည္းလမ္းမ်ား၊ လိင္က်န္းမာေရးဆိုင္ရာေစာင့္ေရွာက္မႈမ်ား၊ လိင္မႈေရးရာသင္တန္းမ်ား လာေရာက္ပို႔ခ်ၾကသည္။

သုံးလျပည့္သည္အထိ မည္သူႏွင့္မွ် ေတြ႕ခြင့္မရပဲ ထိုသင္တန္းဆင္းၿပီးသည့္အခါမွ ဂ်ပန္ေခတ္ စစ္ဘက္ဆိုင္ရာျပည့္တန္ဆာဌာနကို စတင္ဖြင့္လွစ္လိုက္ေလသည္။

ျပည့္တန္ဆာဌာန၏ ၿခံဝကင္းတြင္ ဂ်ပန္စစ္သားမ်ားလာလွ်င္ တာဝန္ခံစီစဥ္မည့္ ဂ်ပန္တပ္ၾကပ္ႏွစ္ဦး ထားေပးၿပီး ဘီအိုင္ေအစစ္သားမ်ားအတြက္ ဖိုးတုတ္၏ ရဲတပ္ဖြဲ႕မွ ရဲၾကပ္တစ္ဦးထားေပးရန္ ေတာင္းဆိုလာ၏။

ထိုအခါ ဖိုးတုတ္ ေခါင္းကိုက္ရျပန္သည္။

ဖိုးတုတ္လက္ေအာက္တြင္ ေခတၱပုလိပ္ လုပ္ေနေသာ လူမိုက္မ်ားမွာ ျပည့္တန္ဆာတန္း အေစာင့္အျဖစ္ မည္သူမွ် မလုပ္လိုၾက။

လမ္းမေတာ္ဖိုးတုတ္ အၾကပ္႐ိုက္ေနစဥ္ မထင္မွတ္ပဲ ကူညီေပးခဲ့သူမွာ ပုလိပ္မလုပ္ခ်င္ေသာ အုန္းေဖ ပင္။

"အဲ့ဒီဂိတ္မွာ ကြၽန္ေတာ္သြားေနမယ္..ဆရာဖိုးတုတ္။ အခုဟာက ဆရာကိုယ္တိုင္က ပုလိပ္ျဖစ္ေနေတာ့ ကြၽန္ေတာ္လည္း အလုပ္လက္မဲ့လူမိုက္ျဖစ္ေနၿပီ။ အဲ့ဒီမွာသာ ကြၽန္ေတာ့္ကို ထားလိုက္"

"ေၾသာ္..အုန္းေဖ..အုန္းေဖ.. မင္းက ပုလိပ္လုပ္ပါဆိုေတာ့ မလုပ္ခ်င္ဘူး..အခု ေကာင္မေတြရွိတဲ့ အတန္းက် တက္ႂကြေနပါလား"

"ယူထားတဲ့ မိန္းမေတြကလည္း စစ္ျဖစ္ကတည္းက ျပန္မွ မလာၾကေတာ့တာ..ဆရာရယ္"

"ေအးပါ..ဒါဆိုလည္း မနက္ျဖန္ မင္း ငါနဲ႔ လိုက္ခဲ့.."

……………………………………………………………………..

စစ္ဘက္ဆိုင္ရာျပည့္တန္ဆာဌာနတြင္ ဧည့္သည္လက္ခံေရးႀကီးၾကပ္ေရးမႉးမ်ားအျဖစ္ ေျခေထာက္တစ္ဖက္က်ည္ဆံထိကာ ျဖတ္ထားရေသာ ဂ်ပန္တပ္ၾကပ္တစ္ဦး၊ မ်က္လုံးတစ္ဖက္က်ည္မွန္သျဖင့္ ကန္းေနေသာ ဂ်ပန္ဒုတပ္ၾကပ္တစ္ဦး ႏွင့္ အုန္းေဖ တို႔က တာဝန္ယူရသည္။

ဂ်ပန္စစ္သားႏွင့္ ဘီအိုင္ေအစစ္သားတို႔သည္ တစ္လလွ်င္ တစ္ႀကိမ္သာ ျပည့္တန္ဆာဌာနသို႔ လာေရာက္ေပ်ာ္ပါးခြင့္ရွိသည္။

ထိုသို႔လာေရာက္သည့္အခါတြင္လည္း စစ္႐ုံးေဆးဌာန၏ ကာလသားေရာဂါကင္းရွင္းေၾကာင္း လက္ေမာင္းတြင္ ႐ိုက္ႏွိက္ေပးလိုက္သည့္ တံဆိပ္ကို ျပရသည္။

ဂ်ပန္စစ္သားမ်ားကို ႀကီးၾကပ္ေရးမႉးတပ္ၾကပ္ႏွစ္ေယာက္ကို စစ္ေဆးရၿပီး ဗမာစစ္သားမ်ားက အုန္းေဖ က စစ္ေဆးရသည္။

ထိုသို႔ စစ္ေဆးၿပီးလွ်င္ အေရွ႕ခြက္ထဲမွ နံပါတ္မ်ားပါသည့္ ဝါးတူရွစ္ေခ်ာင္းထဲမွ တစ္ေခ်ာင္းကို ေ႐ြးေစၿပီး ထိုတူတြင္ပါသည့္ နံပါတ္အတိုင္း ကပ္ျပားတစ္ခုကို ကင္း႐ုံေရွ႕တြင္ သြားခ်ိန္ဆြဲလိုက္ရသည္။

ဌာနအေပၚထပ္တြင္ တာဝန္က်ေသာ ဂ်ပန္ရဲေဘာ္က ကင္း႐ုံေရွ႕မွ နံပါတ္ကို လွမ္းၾကည့္ၿပီး သံေခ်ာင္းေခါက္ကာ နံပါတ္ကို ေအာ္ရသည္။

ထိုနံပါတ္တပ္ထားေသာ အမ်ိဳးသမီးမွာ အနားယူခန္းမွထြက္လာၿပီး သူ႔အလုပ္လုပ္ရာအခန္းတြင္ ဝင္လာမည့္ ဧည့္သည္ေတာ္ကို အသင့္ေစာင့္ေနရေတာ့သည္။

စစ္ဘက္ဆိုင္ရာျပည့္တန္ဆာဌာနတစ္ခုလုံးတြင္ ဝင္ေငြအေကာင္းဆုံးႏွင့္ မ်က္ႏွာအပြင့္ဆုံးမွာ ဧည့္သည္လက္ခံေရး ႀကီးၾကပ္ေရးမႉးမ်ားျဖစ္ေသာ ဂ်ပန္ႏွစ္ေယာက္ႏွင့္ အုန္းေဖ ပင္ျဖစ္ေတာ့သည္။

လာေရာက္ၾကေသာ စစ္သားမ်ားအေနျဖင့္ ႐ုပ္ရည္ေခ်ာေမာၿပီး၊ ဆက္ဆံေရးေကာင္းမြန္ေသာ အမ်ိဳသမီး၏ နံပါတ္ကို ရရန္အတြက္ မူ တူခြက္ကို ကိုင္ရေသာ အုန္းေဖ တို႔တြင္ လုပ္ပိုင္ခြင့္ရထား၏။

သူတို႔ႀကိဳက္သည့္နံပါတ္ကို ေပးပိုင္ခြင့္ရွိသည္။

ထို႔ေၾကာင့္ ဂ်ပန္စစ္သားမ်ားေရာ၊ ဘီအိုင္ေအစစ္သားမ်ားပါ အုန္းေဖတို႔ သုံးဦးအား ေငြေၾကးလာဘ္ထိုးရၿပီး၊ ခင္မင္ေအာင္ ေပါင္းသင္းၾကရသည္။

………………………………………………………………………………

၁၉၄၂ ဧၿပီလ (၅)ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမတြင္ ရန္ကုန္ၿမိဳ႕မ ရာဇဝတ္ဌာနကို စတင္ဖြင့္လွစ္သည့္ အခမ္းအနားက်င္းပၿပီး လမ္းမေတာ္ဖိုးတုတ္မွာ ပုလိပ္မင္းႀကီးအျဖစ္ ၿမိဳ႕ေတာ္ခန္းမသို႔ ႐ုံးေျပာင္းတက္ရသည္။

ထိုညတြင္ ေျခာက္မိုင္ခြဲရွိ မင္းသားေ႐ႊက်ီးညိဳ ၏ ၿခံတြင္ လမ္းမေတာ္ဖိုးတုတ္က ဧည့္ခံပြဲက်င္းပေပးသည္။

ထိုပြဲသို႔ ဗိုလ္မႉးႀကီဆူဇူကီး၊ ေမဂ်ာဆာတိုး၊ ဂ်ပန္ကင္ေပတိုင္ခ်ဳပ္ ဂ်င္နရယ္မတ္စူအိုကာ၊ ဂ်ပန္စစ္အုပ္ခ်ဳပ္ေရး တာဝန္ခံ ဗိုလ္မႉးႀကီးနာဆူ ႏွင့္ အျခားဂ်ပန္အရာရွိမ်ား၊ ရန္ကုန္ၿမိဳ႕မွ လူႀကီးလူေကာင္းအခ်ိဳ႕ တက္ေရာက္ၾကသည္။

မသင္းျမမွာ မိဘမ်ားအိမ္တြင္ ျပဳလုပ္သည့္ ဘုရားကိုးဆူပြဲသို႔ သြားေနသျဖင့္ ဧည့္ခံပြဲတြင္ မပါရွိေခ်။

ဗိုလ္မႉးႀကီးဆူဇူကီး၊ ဂ်င္နရယ္မတ္စူအိုကာ၊ ဗိုလ္မႉးႀကီးနာဆူ ႏွင့္ လမ္းမေတာ္ဖိုးတုတ္တို႔က တဝိုင္းတည္းထိုင္ကာ အရက္ေသာက္ေနၾကသည္။

မ်က္ေစာင္းထိုးတြင္ ေမဂ်ာဆာတိုး၊ခ်ိဳက္ဟုန္၊ မေသာင္းတို႔ ထိုင္ၾက၏။

ဖိုးတုတ္က ခ်ိဳက္ဟုန္ ကို မၾကာခဏၾကည့္သည္။ ခ်ိဳက္ဟုန္ကလည္း ဖိုးတုတ္ကို ၾကည့္ၿပီး ၿပဳံးၿပဳံးျပ၏။

ခဏအၾကာတြင ဂႏၶမာေသာင္းရီက မေသာင္းေဘးတြင္ ဝင္ထိုင္လိုက္ၿပီး သူတို႔ႏွစ္ဦးကို အကဲခတ္မိသြားသည္။

ေမဂ်ာဆာတိုး ကား အေတာ္မူးေနေပၿပီ။

ေမဂ်ာဆာတိုးက တစ္ဖက္ဝိုင္းရွိ ဇာတ္မင္းသားေ႐ႊက်ီးညိဳႏွင့္ အျခားဂ်ပန္အရာရွိမ်ားထံသြားကာ သီခ်င္းမ်ား ေအာ္ႀကီးဟစ္က်ယ္ဆိုေနခ်ိန္တြင္ ခ်ိဳက္ဟုန္က ၿခံအေနာက္ဘက္သို႔ ထြက္သြားသည္။

ဖိုးတုတ္ကလည္း ဂ်ပန္အရာရွိမ်ားကို ခြင့္ပန္ကာ အသာေလး ထြက္လာ၏။

ေျခာက္မိုင္ခြဲမွာ သစ္ပင္ဝါးပင္မ်ားျဖင့္ စိမ္းလန္းအုံ႔မႈိင္းေသာ ရပ္ကြက္တစ္ခုျဖစ္သည္။

ဝါးပင္ႀကီးေအာက္တြင္ မင္းသားေ႐ႊက်ီးညိဳတို႔ ဇာတ္လာတိုက္ရာ အေဆာက္အဦးတစ္ခု ရွိေနသည္။

ခဏအၾကာတြင္ ထိုအေဆာက္အဦအတြင္း ၾကမ္းျပင္တြင္ အရိပ္ႏွစ္ခု ပူးခ်ည္ကပ္ခ်ည္ျဖစ္ေနၾက၏။

နာရီဝက္ခန႔္အၾကာ ခ်ိဳက္ဟုန္ က သုတ္သီးသုတ္ျပာျဖင့္ ျပန္ထြက္သြားၿပီးေနာက္ လမ္းမေတာ္ဖိုးတုတ္က ပုဆိုးတြင္ ပတ္ထားေသာ ခါးပတ္ကို ျပန္ပတ္ေနစဥ္။

"ဖိုးတုတ္ေရ….မင္းကေတာ့…ကင္ဒိုဓါးေပၚ ဒန႔္စ္က ကခ်င္တဲ့ေကာင္ပဲကြ"

ေနာက္က ေရာက္လာသူက ဂႏၶမာေသာင္းရီ။

"ေၾသာ္..ဂႏၶမာ..ေအး..နည္းနည္းမူးေနေတာ့ကြာ..စိတ္က အဂၤလိပ္ေခတ္က ဟိုတန္းလ်ားေလးဆီ ျပန္လည္သြားလို႔ပါကြာ"

"ေအး…ေအး.ဟုတ္ပါၿပီ..…ထားပါေတာ့..မင္းတို႔ခ်င္း အဆင္ေျပရင္ ၿပီးတာပဲ..အခု မင္း ကို ငါသတင္းထူးတစ္ခု ေပးဖို႔လာတာ"

"ဘာသတင္းလဲကြ"

" တ႐ုတ္တန္းက သူေဌး ပီေကေခ်ာင္းက မင္း နဲ႔ စကားေျပာခ်င္လို႔တဲ့"

"ဘာကိစၥလဲကြ"

"ဘြန္ရႉက်င္းႀကီး ကိစၥ..ေျပာခ်င္လို႔တဲ့..အဲ့ဒါ..ဒီပြဲထဲမွာ ဂ်ပန္အရာရွိေတြခ်ည္းပဲမို႔…ၿခံဝန္းအျပင္ေထာင့္မွာ ရပ္ထားတဲ့ သူ႔ကားေပၚမွာ စကားေျပာမယ္တဲ့..မင္းကို ေစာင့္ေနတယ္..သြားေတြ႕လိုက္ဦး"

ဖိုးတုတ္က ၿခံဝန္းအျပင္ေထာင့္သို႔ ထြက္သြားေသာအခါ ကားတစ္စီးေပၚမွ မီးအခ်က္ျပေလသည္။

ဖိုးတုတ္က ကားေနာက္ခန္းတြင္ တက္ထိုင္လိုက္သည္။

"ေထာင္ကဲ….ဦးေလးဘြန္ရႉက်င္း သတင္းဘာျဖစ္လို႔လဲ"

"အခု ျမစ္ဝကြၽန္းေပၚမွာ ေဖာ္မိုဆာတ႐ုတ္လူမ်ိဳး ဦးေကဘာႀကီး၊ ဦးဘြန္ရႈက်င္းနဲ႔ တ႐ုတ္လူမ်ိဳး ၂၀၀ေလာက္ ကို ဂ်ပန္ကင္ေပတိုင္က ဖမ္းထားတယ္..ဦးဖိုးတုတ္"

"ဘာျဖစ္လို႔ ဖမ္းတာလဲ"

"ေဖာ္မိုဆာတ႐ုတ္လူမ်ိဳးေတြမို႔ ခ်န္ေကရွိတ္လူေတြလို႔ မသကၤာလို႔တဲ့၊ လူငါးဆယ္ေလာက္ကေတာ့ ကင္ေပတိုင္ ႏွိပ္စက္တာနဲ႔ မအူပင္မွာတင္ ေသကုန္ၿပီေျပာတယ္၊ က်န္တဲ့လူေတြကိုလည္း ရန္ကုန္မွာ ေခၚစစ္ဖို႔ ဘားလမ္းအခ်ဳပ္ကို ေခၚလာတယ္ေျပာတယ္။ အဲ့ဒီ ရန္ကုန္ေခၚလာတဲ့ လူေတြထဲက လူေျခာက္ဆယ္ေလာက္ကို မေန႔ညကပဲ ႀကံေတာသုသာန္ထဲမွာ ပစ္သတ္လိုက္ၾကၿပီတဲ့ဗ်"

"ဟာ..ဒုကၡပါပဲဗ်"

"အဲ့ဒါ ဦးဖိုးတုတ္ က အခုဆို ကင္ေပတိုင္ဗိုလ္ခ်ဳပ္နဲ႔ တရင္းတႏွီးျဖစ္ေနေတာ့ ဦးဖိုးတုတ္ ကူညီေပးလိုက္ရရင္ ကူညီေပးပါလို႔ကြြၽန္ေတ္ာ လာေျပာတာပဲ"

"ဟာ ဦးဘြန္ရႈွက်င္းက ကြၽန္ေတာ့္မိန္းမ ဦးေလး ပဲ…ကြၽန္ေတာ္ကူညီရမွာေပါ့..ေနဦး ဦးေလးက အခု ဘားလမ္းအခ်ဳပ္ကို ေရာက္ၿပီလား"

"အဲ့ဒါေတာ့ က်ဳပ္လည္း မသိလို႔ ဦးဖိုးတုတ္ကို လာေျပာျပရတာပဲ…ပထမသတ္လိုက္တဲ့ အသုတ္ထဲ မပါသြားရင္ေတာ့ ကယ္လို႔ ရေကာင္းပါတယ္ "

"ေက်းဇူးပါပဲ..ေထာင္ကဲ..ကဲ ကြၽန္ေတာ္ လုပ္စရာရွိတာ အျမန္သြားလုပ္လိုက္ဦးမယ္"

လမ္းမေတာ္ဖိုးတုတ္က ကားေပၚမွ ဆင္းကာ ဧည့္ခံပြဲထဲ ျပန္ဝင္လာခဲ့သည္။

ထို႔ေနာက္ စံဘ၊ ေမာင္ေမာင္၊ ထြန္းရင္၊ အဖတ္တို႔ ထိုင္ေနေသာ ဝိုင္းသို႔ သြားလိုက္သည္။

"စံဘနဲ႔ေမာင္ေမာင္..မင္းတို႔အခုပဲ..ဘားလမ္းအခ်ဳပ္ကိုသြား…အဲ့ဒီမွာ တာဝန္ခံကို ငါက လႊတ္လိုက္တယ္လို႔ေျပာၿပီး..ကင္ေပတိုင္က လာခ်ဳပ္သြားတဲ့လူေတြထဲမွာ ဦးဘြန္ရႉက်င္းနဲ႔ ဦးေကဘာႀကီး ဆိုတဲ့ လူေတြ ရွိေသးလားဆိုတာ ေသခ်ာေမးခဲ့ကြာ..ၿပီးရင္ ငါ့ဆီ အျမန္ျပန္လာခဲ့"

ခက္ေဇာ္

Comments

Post a Comment