The Guys of Yangon,1930(Part 29)
The Guys of Yangon,1930(Part 29)
အခန်း(၃၀)
……………..
"ကိုဖိုးတုတ်....ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ..ရှင် နဲ့ ကျွန်မ တစ်ခါမှ တောင် မသိဖူးဘူးလေ..အဲ့ဒါနဲ့များ..ကျွန်မကို..ရှင်ဘာလို့''
ဆာရီအနီရောင် က တလှပ်လှပ်လွင့်နေရာမှ ဖိုးတုတ်၏ လည်ပင်းကို လာရစ်ပတ်သည်။
"နင်..ဘယ်သူလဲ..နင်ဘယ်သူလဲ"
"စက်ဆန်းက ဂိုထောင်အဟောင်းကြီးမှာ ရှင်ခုတ်သတ်ခဲ့တာလေ..ရှင် ခုတ်သတ်ခဲ့တာ"
"ဟာ…မဟုတ်ဘူး..ငါတမင်သတ်တာမဟုတ်ဘူး..ငါတမင်သတ်တာမဟုတ်ဘူး"
ဖိုးတုတ်က ဆာရီအစများကို လက်ဖြင့် ဆွဲဖယ်ပြီး မျက်နှာကို ကြည့်လိုက်သည်။
"ဖိုးတုတ်..မင်း..ငါ့ကို သတ်ရက်တယ်ကွာ..မင်း..နဲ့ အုန်းဖေ နဲ့..မင်းနဲ့ အုန်းဖေနဲ့"
"ဆရာဦးဟုတ်ဂွမ်..ခင်ဗျား မသေဘူးလား..ခင်ဗျားမသေဘူးလား"
"အေး..ငါမသေဘူးကွ..မင်းကို ဆန်စက်ထဲ ထည့်ရဦးမယ်..ဆန်စက်ထဲထည့်ဖို့..ဟိုမှာ လာနေကြပြီ..လာနေကြပြီ"
"အား"
ချွေးသီးချွေးပေါက်များဖြင့် ဖိုးတုတ် နိုးလာခဲ့သည်။ ဘေးကုတင်မှ တရုတ်ကြီးက သူ့ကို အလန့်တကြားကြည့်နေ၏။
"ဆောရီး..ကျွန်တော် အိပ်မက်ဆိုးတွေ မက်သွားလို့"
ဖိုးတုတ် က ကုတင်ဘေးမှ ရေပုလင်းကို ဖွင့်ပြီး မော့သောက်လိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင် ပြန်လည် လှဲအိပ်လိုက်သည်။
နံနက်ခင်း။
ဆေးရုံသန့်ရှင်းရေးသမားဂေါ်ရင်ဂျီက ဖိုးတုတ် ကုတင်သို့ ရောက်လာကာ စာတစ်စောင်လာပေး၏။
"ဘယ်သူလာပေးတာလဲ"
"မသိဘူး..ဆပ်..ဦးဖိုးတုတ်ကို ပေးပေးပါဆိုပြီး လူတစ်ယောက်လာပေးသွားတာပဲ..ငါ့ကိုတော့ ပိုက်ဆံနည်းနည်း ပေးသွားတယ်"
ဖိုးတုတ်က စာခေါက်ကို ဖွင့်ဖတ်လိုက်သည်။
"သို့
ခင်မင်ရပါသော ဦးဖိုးတုတ်
ညက ရန်ကုန်မြစ်ဝမှာပေါ့ဗျာ။ ချိန်းကြိုးနဲ့ပဲ လူသတ်လို့ရတယ်လို့ ထင်နေတဲ့ သနားစရာလူမိုက်တစ်ယောက်ကို သေနတ်နဲ့ လူသတ်လို့ ရကြောင်း သက်သေပြလိုက်တယ်။
လွန်ခဲ့တဲ့ လေးငါးနှစ်က ရန်ကုန်မြစ်ထဲမှာ ခင်ဗျားက လက်မတည့်ခဲ့ပေမယ်။ ကျုပ်ကတော့ လက်တည့်ခဲ့တယ်။
တည့်တာမှ ခေါင်းကိုပဲဗျိုး။
သြော်..ဒါပေသိ..ကျုပ်က ယောက်ျားပါဗျာ။ ခင်ဗျားဟာမလေးနှစ်ယောက်ကို လွှတ်ပေးလိုက်ပါတယ်။ အဲ့ဒီအတွက် ခင်ဗျားကျုပ်ကို ကျေးဇူးတင်လိုက်ပါ။
ခင်ဗျားလည်း ကံကောင်းပါစေလို့..ဆုတောင်းနေပါ။
ဘဘိုး
………………………………………………………………
လမ်းမတော်ဖိုးတုတ်က စာကို စိုက်ကြည့်နေသည်။
ထို့နောက် စောင်ကို ဖယ်ကာ ဆေးရုံအဝတ်အစားများဖြင့် ပင် အခန်းပြင်သို့ ထွက်ချသွား၏။
(၁၄)လမ်းအိမ်ထဲသို့ ရုတ်တရက်ဝင်ချလာသော ဖိုးတုတ်ကြောင့် အိမ်ရှေ့တွင် သရက်ကိုင်းများ ခုတ်နေသော စံဘ လန့်သွားသည်။
"ဟာ..ကိုဖိုးတုတ်..မပြောမဆိုနဲ့ဗျာ"
ဖိုးတုတ် က ဘာစကားမှ မပြောပဲ..အိမ်အပေါ်ထပ်တက်သွား၏။
ဘုရားပန်းအိုးလဲနေသော မသင်းမြ က ဖိုးတုတ်ကို ကြည့်ကာ မှင်သက်နေသည်။
ဖိုးတုတ်က နံရံတွင် ချိတ်ထားသော ငှက်ကြီးတောင်ဓါးကို ဖြုတ်လိုက်သည်။
"ကိုဖိုးတုတ်..ဘာလုပ်မလို့လဲ..ဘာလို့ ဆေးရုံက ပြန်ဆင်းလာတာလဲ"
ဖိုးတုတ်က ဓါးကို စားပွဲပေါ်ပစ်တင်ပြီး ထိုင်ခုံပေါ် ထိုင်ချလိုက်သည်။
စံဘလည်း ဖိုးတုတ် အနီးရောက်လာပေပြီ။
"ဂန္ဓမာ..သေပြီ....စံဘ"
လမ်းမတော်ဖိုးတုတ် ၏ အသံက အေးစက်နေသည်။ ထိုထူးထူးခြားခြား အေးစက်မှုနောက်ကွယ်တွင် မုန်တိုင်းများရှိလာနိုင်ကြောင်းကို အတွေ့အကြုံအရ စံဘသိလိုက်သည်။
မသင်းမြ ထံ မှလည်း အာမေဋိတ်သံထွက်လာသည်။
"ဘယ်လိုဖြစ်တာလဲဗျာ..ဟုတ်လို့လား"
ဖိုးတုတ် က စာကို ပစ်ချပြလိုက်သည်။ စံဘက စာကို ကောက်ဖတ်လိုက်သည်။
"စံဘ..ငါ မင်းကို ယုံတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ငါ နဲ့ ငါ့ကိုယ်ပွားလို့တောင် ငါယူဆထားတဲ့ ငါ့သူငယ်ချင်း အသက်အတွက် မင်းကို ငါ သံသယဝင်ရလိမ့်မယ်။ မင်း..တစ်ခုခုပြော..စံဘ။ ဂန္ဓမာတို့ကို ဦးဘွန်ရှုကျင်းဆီ ငါပို့ထားတယ်ဆိုတာ မင်းနဲ့ငါပဲ သိတယ်။ ဒီကိစ္စ ဘဘိုး က ဘယ်လို သိသွားတာလဲ။ မင်းရှင်းစမ်း..စံဘ"
စံဘ က ဖိုးတုတ်ရှေ့တွင် ထိုင်ချလိုက်သည်။
"ကိုဖိုးတုတ်..ကျွန်တော် ဘွန်ရှုကျင်းဆီသွားတော့ ထွန်းရင်နဲ့ လမ်းမှာတွေ့တော့ ခေါ်သွားမိပါတယ်။ နောက်တော့ ဘုံကျောင်းမှာ အကျိုးအကြောင်းပြောပြီး ပြန်အထွက်မှာ ကျွန်တော်တို့ လက်တာလမ်းထိပ်က ဆိုင်မှာ အရက်ဝင်သောက်ကြတယ်။ နောက်တော့ အဖတ် နဲ့ တွေ့လို့ လှမ်းခေါ်ပြီး တဝိုင်း ဝိုင်းလိုက်ကြတယ်။ အဲ့ဒီအချိန်မှာ ဆိုင်ရှေ့ကနေ ကိုဂန္ဓမာကြီးတို့ ကား ဖြတ်သွားတယ်။ အနောက်မှာ ချိုက်ဟုန်နဲ့ မသောင်းလည်းပါတယ်။ ထွန်းရင်က သူတိုကဘယ်သွားကြတာလဲလို့မေးရာက ကျွန်တော်က မူးပြီး ဘွန်ရှုကျင်းကြီးဆီလို့ ပြောလိုက်မိတယ်။ ကျွန်တော် မူးပြီး စကားစထွက်မိခဲ့တယ်..ကိုဖိုးတုတ်။ ကျွန်တော့်အမှားပါဗျာ။ ကျွန်တော့်အမှားပါ"
"စံဘ..ဒါဆို ငါ့ကို သစ္စာဖောက်ပြီး ဘဘိုးဆီ လက်ထောက်ချတာ ဘယ်သူလဲ..ထွန်းရင်လား၊ အဖတ်လား"
"ထွန်းရင်ကို တော့ ကျွန်တော်အသက်နဲ့ရင်းပြီးယုံတယ်..အဖတ်ကိုသာ''
''မောင်မောင်နဲ့ ထွန်းရင် အခု ဘယ်မှာလဲ"
"ဒီနေ့ ကိုအုန်းဖေ ကို ထောင်ဝင်စာတွေ့တဲ့နေ့မို့..မောင်မောင်နဲ့ ထွန်းရင် အစောကြီးကတည်းက ရန်ကုန်ထောင်ကြီးဘက်ထွက်သွားတယ်..ကိုဖိုးတုတ်"
"အခုငါတို့ ရန်ကုန်ထောင်ကြီးကို လိုက်သွားကြမယ်"
ဗိုလ်ချုပ်အီစာမူရာ ၏ လက်ရုံး မေဂျာအော်ဇေးကိုး ၏ အထူးဧည့်သည်ဖြစ်နေသော အုန်းဖေ အမည်ပြောလိုက်ရုံဖြင့် ထောင်ဝင်စာကို လူအကန့်အသတ်မရှိဘဲ တွေ့ခွင့်ရနေသည်။
လမ်းမတော်ဖိုးတုတ်တို့ ရောက်သွားသောအခါ ရန်ကုန်ထောင်၏ ကင်ပေတိုင်သီးသန့်ခန်းတွင် မောင်မောင်၊ ထွန်းရင် တို့က အုန်းဖေနှင့် စကားလက်စုံကျနေသည်။
လမ်းမတော်ဖိုးတုတ် နှင့် စံဘတို့ ရုတ်တရက်ဝင်လာသောကြောင့် အုန်းဖေက ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
"ဆရာ..နေကောင်းသွားပြီလား..လာပါ..ဆရာလာပါ"
ဖိုးတုတ်က မျက်နှာတည်တည်ဖြင့် ဝင်ထိုင်လိုက်သည်။ တပည့်များက ဖိုးတုတ်မျက်နှာကို မြင်ရုံဖြင့် တစ်ခုခုဖြစ်နေပြီမှန်း သိကြသည်။
"ဂန္ဓမာ သေပြီ..ဟေ့ကောင်တွေ"
ဖိုးတုတ်က ထိုင်ထိုင်ပြီးချင်း ပြောချလိုက်သဖြင့် အားလုံး ကြောင်သွားကြသည်။
"ဘယ်လိုဖြစ်တာလဲဗျာ..ဆရာဖိုးတုတ်"
"အေး..ဟုတ်တယ်..ညက ရန်ကုန်မြစ်ဝမှာ ဘဘိုး ပစ်သတ်လိုက်တာ။ မောင်မောင်..တရုတ်အဖတ်ဒီ ရက်ပိုင်း ဘာတွေလုပ်လဲဆိုတာ ငါသိချင်တယ်။ မင်း အခုမနက်စုံစမ်းပြီး ငါ့ကို လာပြော၊ ငါ စပ်စုဟိုတယ် အပေါ်ထပ်မှာ စောင့်နေမယ်..စံဘ ဂန္ဓမာတို့ ကိစ္စ ဒီကောင်တွေကို မင်းပြောပြလိုက်…အုန်းဖေ..မင်းအထဲမှာရှိတုန်း ရသလောက်လူစုထားကွာ…"
လမ်းမတော်ဖိုးတုတ်က စကားပြောပြီးသည်နှင့် ထထွက်သွားသည်။
နေ့လည် (၁၂)နာရီ။
စပ်စုဟိုတယ်အပေါ်ထက်သို့ မောင်မောင် တက်လာသည်။
လမ်းမတော်ဖိုးတုတ် ရှေ့တွင် သောက်လက်စဝီစကီပုလင်းနှင့် ခွက်အပြင် မဖောက်ရေသေးသောရမ်တစ်တောင့်ကို ရှေ့ချလျက် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"လွန်ခဲ့တဲ့ နှစ်ရက်က ထောင်ကြီးဝန်းထဲက အဖတ်သွားနေကျ ဘိန်းခန်းက တရုတ်ဆီက သတင်းတစ်ခုရှိတယ်ဆရာ။ အဲ့ဒီနေ့က အဖတ် ဘိန်းချနေတဲ့အခန်းထဲကို လူတစ်ယောက်ဝင်သွားတယ်တဲ့။ သူ့ဆီဘိန်းချနေကျလူတစ်ယောက်ပြောပြတာက..အဲ့ဒါ ပုသိမ်ညွန့်ဘဘိုးတပည့် သုခ တဲ့..ဆရာ"
"ဒါဆို အခု အဖတ် ဘယ်မှာလဲရော.သိလား"
"ဒီကောင်လုံးဝခြေရာပျောက်နေတယ်..ဆရာ။ သူငှားနေတဲ့ လေးလမ်းထဲက ချောင်တိတ်တန်းလျားမှာလည်း မရှိဘူး။ ပိုင်ရှင်ချောင်တိတ်ပြောတာတော့ မနေ့က ညနေကတည်းက ကားတစ်စီးနဲ့ လာခေါ်သွားတယ်တဲ့"
"ဂန္ဓမာတို့ကိစ္စ ဒီကောင်လက်ထောက်ချတာပဲ..သေချာပြီ..မောင်မောင်"
"ဆရာဖိုးတုတ်..ဘာလုပ်ချင်လဲ..ကျွန်တော်တို့ လူတွေစုပြီး ဒီကောင်တွေကို တိုက်ကြမလား"
"ဒီနည်းနဲ့ တိုက်ရင် အခုအချိန်မှာ ငါတို့ ဂန္ဓမာနောက်ကို တတန်းကြီးလိုက်သွားရမယ်..မောင်မောင်..အလုပ်လုပ်ရမယ့် အချိန်ကျရင် မင်းတို့ကို ငါပြောမယ်။ အခုတော့ ငါတို့ လူတွေကို နယ်မြေတွေမှာ အသာလေးငြိမ်နေခိုင်းလိုက်၊ ဘဘိုးလူတွေ ဝင်သိမ်းလာရင်လည်း အသာလေး ဟ ပေးထားလိုက်။ ဒါ အချိန်ယူပြီး လုပ်ရမယ့်ကိစ္စပဲ..မောင်မောင်။ ညနေ ငါ သီးသန့်အစည်းအဝေး ခေါ်ပြီး ထပ်ပြောမယ်"
……………………………………………………………………………………………..
၁၉၄၃ ခုနှစ် ကုန်ဆုံးလုနီးခဲ့ပြီ။
ရန်ကုန်တစ်မြို့လုံးတွင် ဗမာအာဏာရှင် ဟူသော တေးသံများ တဖြည်းဖြည်း ဆိတ်သုဉ်းလာ၏။
အင်္ဂလိပ်ပြေးခါစတွင် အကြွင်းအကျန်များဖြင့် တောင့်ခံထားနိုင်သော်လည်း စက်ရုံအလုပ်ရုံများ မရှိတော့သည့်ဒဏ်၊ ဆန်စပါးကို စစ်ရိက္ခာအဖြစ် အလကားနီးပါးရောင်းပေးရသောဒဏ်ကို နှစ်နှစ်တိုင်တိုင်ခံစားခဲ့ရပြီးဖြစ်သည်။
မွေးမြူရေးနှင့် စိုက်ပျိုးရေးတွင်အရေးပါသော ကျွဲ၊နွား၊ကြက်၊ဝက် စသည်တို့ကို မြန်မာပြည်ရောက် ဂျပန်စစ်သား တစ်သိန်းတစ်သောင်းငါးထောင်၊ လူထောင်ဂဏန်းခန့်ရှိသော ဆူဘတ်ချန်ဒရာဘို့စ်၏ အိန္ဒိယလွတ်လပ်ရေးတပ်ဖွဲ့နှင့် ဘီအိုင်အေတို့အတွက် ရိက္ခာ ထုတ်ပေးကြရသည်မို့ တိုင်းပြည်မှာ အစစအရာရာ ရှားပါးလာသည်။
မြန်မာနိုင်ငံ၏ အဓိကမြို့တော်ကြီးဖြစ်သော ရန်ကုန်မြို့တွင်ပင် ပြည်သူလူထုမှာ အငတ်ဘေးနှင့် ရင်ဆိုင်နေကြရတော့သည်။
၁၉၄၄ ခုနှစ် ၊ ဇန်နဝါရီလ (၂)ရက်နေ့တွင် ဂျပန်စစ်တပ်ပိုင်၊ ရန်ကုန်ရေဒီယိုမှ အငတ်ဘေးကြုံချိန် ထမင်းနေရာတွင် အစားထိုးပြီး စားနိုင်သည့် မြက်အမျိုးမျိုးကို ဂျပန်ပညာရှင်များက မြန်မာပြည်တွင် ရှာဖွေတွေ့ရှိထားကြောင်းနှင့် ထိုမြက်များ၏ အာဟာရဓာတ်များအကြောင်း ပညာပေးအစီအစဉ် ထုတ်လွှင့်နေသည်။
မကြာမီ မြန်မာပြည်သူ ပြည်သားများ ထမင်းအစား မြက်စားကြရန် နိပွန်အရှင်များက လမ်းစ ပြနေခဲ့ကြလေပြီ။
ကျေးဇူးရှင်ဂျပန်က မြန်မာပြည်သူများ ထမင်းအစား မြက်စားကြရန် မုဒိတာပွား တိုက်တွန်းနေစဉ် အင်္ဂလိပ် အမေရိကန် မဟာမိတ် တို့ကလည်း ရန်ကုန်မြို့ကောင်းကင်တွင် လေယာဉ်များ ပျံကာဝဲလျက် ဗုံးမိုးများကို စေတနာသုံးတန်ပြဌာန်းပြီး နေ့စဉ်ရက်ဆက် သွန်းဖြိုးကြဲပေးနေသည်။
ထိုသို့ အထွေထွေအကြပ်အတည်းများ ကြုံနေချိန်တွင် မြန်မာပြည်ရောက် ဂျပန်အမှတ်(၁၅)တပ်မတော်၏ စစ်သေသနာပတိချုပ် ဒုတိယဗိုလ်ချုပ်ကြီးကဝါဘီ၊ မြန်မာပြည်အစိုးရအဖွဲ့အကြံပေးအရာရှိချုပ် ဗိုလ်ချုပ်အီစာမူရာ နှင့် ဒေါက်တာဘမော်အစိုးရအကြား တင်းမာမှုများကလည်း တစတစကြီးထွားလာသည်။
ဒေါက်တာဘမော်အစိုးရနှင့် ဂျပန်စစ်ဘက်အကြား ပဋိပက္ခဖြစ်ခဲ့ကြသော အမှုှပေါင်း (၁၁၄)မှုအထိ ရှိခဲ့သည်။
မဟာမိတ်လေတပ်အား လှည့်စားရန် ပြည်လမ်းအတုဖောက်လုပ်ရေးအတွက် ကြံတောသုသာန်အားရွေ့ပြောင်းရေး၊ စာသင်ကျောင်းများတွင် ဂျပန်စာမသင်ရေး၊ အရပ်သား ဂျပန်များအပေါ် အခွန်ကောက်ရေး၊ဂျပန်စစ်ဘက်မှ သိမ်းယူထားသောသေနတ်များ ပြန်ပေးရေး စသော ပြသနာများတွင် ဒေါက်တာဘမော် နှင့် ဗိုလ်ချုပ်အီစာမူရာတို့မှာ အတင်းမာဆုံးအခြေအနေဖြစ်ကြရသည်။
သို့သော် တိုကျိုတွင်ရှိနေသော ဂျပန်ဘုရင်တင်နော်ဟေကာ နှင့် နန်းရင်းဝန်တိုဂျို တို့က မြန်မာပြည်တွင် ဒေါက်တာဘမော်မှ လွဲပြီး အခြားသူ ခေါင်းဆောင်မဖြစ်စေရဟူသော အမိန့်ကို ယတိပြတ်ပေးထားသည့်အတွက် စစ်ဦးစီးချုုပ်အဆင့်သာရှိသော ဒုဗိုလ်ချုပ်ကြီး ကဝါဘီ နှင့် ဗိုလ်ချုပ်အီစာမူရာတို့မှာ ဒေါက်တာဘမော်ကို ဖြုတ်ချရန် မဖြစ်နိုင်ချေ။
ထို့ကြောင့် ဒေါက်တာဘမော် အား လုပ်ကြံသတ်ဖြတ်ပစ်ရန် ကြိုးစားလာကြတော့သည်။
ဒေါက်တာဘာမော်၏ဓါးမအဖွဲ့ဝင် မဟုတ်သော အစိုးရအဖွဲ့ဝင်နိုင်ငံရေးသမားများ နှင့် ဘီအိုင်အေဗိုလ်ချုပ်များကလည်း တိုကျိုနန်းတော်ကိုပင် ချုပ်ထိန်းထားနိုင်သည့် ဒေါက်တာဘမော် ၏ နိုင်ငံရေးပါဝါကြီးမားလာမှုကို စိုးရိမ်မကင်းဖြစ်နေကြသည်။
အထူးသဖြင့် သခင်ထွန်းအုပ် နှင့် သခင်ဗစိန်တို့ က ဒေါက်တာဘမော်ကို ဖြုတ်ချပြီးသည့်အခါ သီပေါမင်း၏ မြေးမတော် တော်ဘုရားကြီးကို နန်းတင်ပြီး စည်းမျဉ်းခံဘုရင်စနစ်ဖြင့် အုပ်ချုပ်ရန် အကြံအစည်ရှိနေကြ၏။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဘီအိုင်အေ ကမူ အိန္ဒိယမှ ပြန်ဝင်လာကြသော မဟာမိတ်စစ်ဗိုလ်ချုပ်များဖြင့် ဂျပန်တော်လှန်ရေးအတွက် ဆက်သွယ်လှုပ်ရှားနေခဲ့ပြီဖြစ်သည်။
တိုကျိုတွင်ကျုင်းပမည့် မဟာအရှေ့အာရှညီလာခံ သို့ တက်ရောက်မည့် ဒေါက်တာဘမော် စီးနင်းလာသော လေယာဉ်ပျံသည် ၁၉၄၃ အောက်တိုဘာ ၈ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ တူရန် မြို့မှ ပျံအတက် ပေ ၃၀၀ ခန့်တွင် အာနန်လူမျိုးတို့၏ ရွာပေါ်သို့ ပျက်ကျခဲ့သည်။
ထိုလေယာဉ်ပျက်ကျမှုတွင် မည်သူမျှ အသက်မသေခဲ့သော်လည်း လေယာဉ်အမြီးပိုင်းပေါက်ကွဲမှုမှာ သံသရာဖြစ်စရာအခြေအနေတွင် ရှိနေခဲ့သည်။
ဒေါက်တာဘမော်မှာ မြန်မာပြည်သို့ ပြန်ရောက်ပြီးနောက် သူ၏အိမ်တော်တွင် ကိုယ်ရံတော်ဦးမြကျင်၊ ပုသိမ်ညွန့်ဘဘိုးတို့ ခေါင်းဆောင်သော လုံခြုံရေးတပ်ဖွဲ့ကို ဖွဲ့ပြီး တန်းလျားတွင် နေထိုင်စေခဲ့သည်။
ရှေ့တွင်ကား ဗိုလ်ရန်နိုင်၏ တပ်မှ ဘီအိုင်အေတပ်စိတ်တစ်စိတ်က လုံခြုံရေးယူပေးထားသည်။
၁၉၄၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်။ ည (၇)နာရီ။
ဂျပန်နေဝန်းနီအလံတက်ထားသော ကားအနက်ကြီးသည် အမှတ်(၁၅)တပ်မတော်စစ်ရုံးချုပ်ထဲသို့ ဝင်ရောက်လာသည်။
စစ်ရုံးအနောက်ဘက်ရှိ နိပွန်-ဗမာဆက်ဆံရေးဌာနအဆောက်အဦးတွင် ကားကို ထိုးရပ်လိုက်သည်။
ကားပေါ်မှ ဆင်းလာသူ က မေဂျာအော်စေးကိုး။ မေဂျာအော်စေးကိုး နောက်မှ ဆင်းလာသူမှာ လမ်းမတော်ဖိုးတုတ်။
လမ်းမတော်ဖိုးတုတ် သည် ခေါင်းပေါင်းအဝါကို မျက်နှာတစ်ခြမ်းစောင်းပေါင်းထားသည်။
တိုက်ပုံအင်္ကျီအဝါရောင်ကို ဝတ်ထားပြီး၊ တောင်ရှည်ပုဆိုးကို ထူးထူးခြားခြားဝတ်ထားသည်။
ထိုပုံစံမှာ ထိုခေတ်က ခေတ်စားနေသောအဓိပတိကြီးဒေါက်တာဘမော်၏ စတိုင်လ်ပင်။
အပေါ်ထပ်ရှိ အခန်းတစ်ခုထဲသို့ မေဂျာအော်စေးကိုး က ဦးဆောင်ပြီး တက်သွားသည်။
အခန်းထဲသို့ ဝင်သွားသောအခါ ဗိုလ်ချုပ်အီစာမူရာ နှင့် ဂျပန်တစ်ယောက် ထိုင်နေကြ၏။
ဗိုလ်ချုပ်အီစာမူရာသည် ဟစ်တလာပုံစံ လေးထောင့်နှုတ်ခမ်းမွှေးကို လက်ဖြင့် သပ်ပြီး ဖိုးတုတ်ကို ပြုံးပြလိုက်သည်။
"ငါတို့ ပြန်တွေ့ကြပြန်ပြီ..ဖိုးတုတ်..ဒီတစ်ခါတော့ မင်းက ဘမော် အပိန်စားပုံစံနဲ့ပါလားကွ..ထိုင်လိုက်ပါ..ထိုင်လိုက်ပါ"
အီစာမူရာ ကား မြန်မာစကားပင် ရေရေလည်လည်ပြောတတ်နေပေပြီ။
ဖိုးတုတ်က အီစာမူရာကို ဦးညွတ်ပြီး ဝင်ထိုင်လိုက်သည်။
"ဟိုတစ်ခေါက်ကတော့ မင်း က နာစူကနေ တဆင့် ငါ့ကို အကူအညီလာတောင်းတာ။ အခုတစ်ခေါက်တော့ မင်းဆီကို ဟော့ဒီ အောဇေကိုးကနေ တဆင့် ငါက အကူအညီတောင်းဖို့ ခေါ်ခိုင်းလိုက်ရတာပဲ"
"ဟုတ်ကဲ့…မာစတာ..ကျွန်တော့်ဦးလေး ဘွန်ရှုကျင်းကိစ္စတုန်းက မာစတာကယ်ခဲ့တာ မမေ့ပါဘူး။ အခု ဘာများ ကူညီရမလဲ"
ဗိုလ်ချုပ် အီစာမူရာက အော်ဇေးကိုးကို မျက်ရိပ်ပြလိုက်သည်။
အော်ဇေးကိုး က အီစာမူရာရှေ့တွင်ရှိသော ဆာကေးပုလင်းထဲမှ ဆာကေးကို ခွက်သုံးခွက်ထဲသို့ ငှဲ့လိုက်သည်။
"ကဲ..တစ်ယောက်တစ်ခွက် ယူလိုက်ကြ"
ဖိုးတုတ်နှင့် အီစာမူရာဘေးမှ ဂျပန်က တစ်ယောက်တစ်ခွက်ယူလိုက်ကြသည်။
အီစာမူရာကလည်း ဆာကေးတစ်ခွက်ကို ယူလိုက်သည်။
"ဂျပန်တွေမှာတော့ ဆုံးဖြတ်ချက်ကောင်းတွေ၊ အကြံဉာဏ်ကောင်းတွေ ချမှတ်တော့မယ့်အချိန်မှာ ဆာကေး ဟာ အကောင်းဆုံးအဖော်ပဲတဲ့ကွ..ကဲ''
သုံးဦးသား ခွက်မြှောက်ပြီး သောက်လိုက်ကြသည်။
"ဖိုးတုတ် ငါမင်းကို မိတ်ဆက်ပေးမယ်..ဒါကတော့..စင်ကာပူက ငါခေါ်ထားတာ။ အဆာဟိ တဲ့။ သူက ယာမာဂူချီဂူမီဂိုဏ်းရဲ့ စင်ကာပူဂိုဏ်းခွဲက ခေါင်းဆောင်ပဲ"
"ဗျာ"
"အေး..ဟုတ်တယ်..ဒါကို မင်းနားလည်မှာမဟုတ်ဘူး..ရှင်းရှင်းပြောရရင်ကွာ..ငါတို့ တိုကျိုမှာလည်း မင်းတို့လို အဖွဲ့တွေရှိတယ်။ မင်းတို့ရန်ကုန်မှာတော့ ဘယ်လိုခေါ်တယ်မသိဘူး။ ငါတို့ ဆီမှာတော့ သူတို့ကို ယာကူဇာတွေ လို့ခေါ်တယ်။ ယာမာဂူချီဂူမီ က ယာကူဇာတွေထဲမှာတော့ အပိရိဆုံး လူသတ်နိုင်တဲ့ဂိုဏ်းပဲ"
ထို့နောက် ဗိုလ်ချုပ်အီစာမူရာက အဆာဟိ ဘက်သို့ လှည့်ကာ ဖိုးတုတ်ကို ညွန်ပြရင်း ဂျပန်စကားဖြင့် ပြောနေသည်။
အဆာဟိ သည် ရှပ်အင်္ကျီ ရင်ဘတ်ဟပြဲပေါ်တွင် ကုတ်အင်္ကျီ ကာကီရောင်ကို ထပ်ဝတ်ထား၏။
ဆံပင်ကို နောက်တွင်စည်းထားပြီး၊ နှာဖူးပြောင်ပြောင်၊ မျက်နှာရှည်ရှည်၊ ပါးပိန်ပိန်ဖြင့် သူ့မျက်လုံးတွေက သေးငယ်စူးရှနေသည်။
အဆာဟိက ဖိုးတုတ်ကို ဦးညွတ်လိုက်သည်။ ဖိုးတုတ်က အဆာဟိကို ပြန်လည်ဦးညွန်နှုတ်ဆက်လိုက်ကြသည်။
"မင်းတို့အဖွဲ့နဲ့ ဒေါက်တာဘမော်လူတွေ ဖြစ်တဲ့ကိစ္စကို မင်းတပည့်အုန်းဖေက အော်ဇေးကိုး ကို ပြောပြလို့ ငါသိပြီးပြီ.ဖိုးတုတ်။ ဒီတော့ အခု မင်း အဆာဟိတို့နဲ့ ပေါင်းပြီး ငါ့ကို ကူညီပေးပါ။ ပြီးသွားတာနဲ့ ရန်ကုန် ရဲ့ ပလ္လင်ဟာ မင်းပလ္လင်ပဲ ဆက်ဖြစ်နေစေရမယ်လို့ ငါကတိပေးတယ်"
ဖိုးတုတ်ကား ထိုကဲ့သို့ စကားမျိုးများစွာကို အင်္ဂလိပ်ခေတ်ကတည်းက ပင် ကြားဖူးခဲ့ပေသည်။
သို့သော် ယခုလိုအခြေအနေတွင် ကြားရသည်မှာ အချိုမြိန်ဆုံးဟု သူခံစားလိုက်ရသည်။
"ကျွန်တော် ဘာကူညီရမလဲသာပြောပါ..မာစတာ"
"မင်းတို့ ဘမော် ကို သတ်ရမယ်"
(Zawgyi)
The Guys of Yangon,1930(Part 29)
အခန္း(၃၀)
……………..
"ကိုဖိုးတုတ္....ကြၽန္မမွာ ဘာအျပစ္ရွိလို႔လဲ..ရွင္ နဲ႔ ကြၽန္မ တစ္ခါမွ ေတာင္ မသိဖူးဘူးေလ..အဲ့ဒါနဲ႔မ်ား..ကြၽန္မကို..ရွင္ဘာလို႔''
ဆာရီအနီေရာင္ က တလွပ္လွပ္လြင့္ေနရာမွ ဖိုးတုတ္၏ လည္ပင္းကို လာရစ္ပတ္သည္။
"နင္..ဘယ္သူလဲ..နင္ဘယ္သူလဲ"
"စက္ဆန္းက ဂိုေထာင္အေဟာင္းႀကီးမွာ ရွင္ခုတ္သတ္ခဲ့တာေလ..ရွင္ ခုတ္သတ္ခဲ့တာ"
"ဟာ…မဟုတ္ဘူး..ငါတမင္သတ္တာမဟုတ္ဘူး..ငါတမင္သတ္တာမဟုတ္ဘူး"
ဖိုးတုတ္က ဆာရီအစမ်ားကို လက္ျဖင့္ ဆြဲဖယ္ၿပီး မ်က္ႏွာကို ၾကည့္လိုက္သည္။
"ဖိုးတုတ္..မင္း..ငါ့ကို သတ္ရက္တယ္ကြာ..မင္း..နဲ႔ အုန္းေဖ နဲ႔..မင္းနဲ႔ အုန္းေဖနဲ႔"
"ဆရာဦးဟုတ္ဂြမ္..ခင္ဗ်ား မေသဘူးလား..ခင္ဗ်ားမေသဘူးလား"
"ေအး..ငါမေသဘူးကြ..မင္းကို ဆန္စက္ထဲ ထည့္ရဦးမယ္..ဆန္စက္ထဲထည့္ဖို႔..ဟိုမွာ လာေနၾကၿပီ..လာေနၾကၿပီ"
"အား"
ေခြၽးသီးေခြၽးေပါက္မ်ားျဖင့္ ဖိုးတုတ္ ႏိုးလာခဲ့သည္။ ေဘးကုတင္မွ တ႐ုတ္ႀကီးက သူ႔ကို အလန႔္တၾကားၾကည့္ေန၏။
"ေဆာရီး..ကြၽန္ေတာ္ အိပ္မက္ဆိုးေတြ မက္သြားလို႔"
ဖိုးတုတ္ က ကုတင္ေဘးမွ ေရပုလင္းကို ဖြင့္ၿပီး ေမာ့ေသာက္လိုက္သည္။ ထို႔ေနာက္ ကုတင္ေပၚတြင္ ျပန္လည္ လွဲအိပ္လိုက္သည္။
နံနက္ခင္း။
ေဆး႐ုံသန႔္ရွင္းေရးသမားေဂၚရင္ဂ်ီက ဖိုးတုတ္ ကုတင္သို႔ ေရာက္လာကာ စာတစ္ေစာင္လာေပး၏။
"ဘယ္သူလာေပးတာလဲ"
"မသိဘူး..ဆပ္..ဦးဖိုးတုတ္ကို ေပးေပးပါဆိုၿပီး လူတစ္ေယာက္လာေပးသြားတာပဲ..ငါ့ကိုေတာ့ ပိုက္ဆံနည္းနည္း ေပးသြားတယ္"
ဖိုးတုတ္က စာေခါက္ကို ဖြင့္ဖတ္လိုက္သည္။
"သို႔
ခင္မင္ရပါေသာ ဦးဖိုးတုတ္
ညက ရန္ကုန္ျမစ္ဝမွာေပါ့ဗ်ာ။ ခ်ိန္းႀကိဳးနဲ႔ပဲ လူသတ္လို႔ရတယ္လို႔ ထင္ေနတဲ့ သနားစရာလူမိုက္တစ္ေယာက္ကို ေသနတ္နဲ႔ လူသတ္လို႔ ရေၾကာင္း သက္ေသျပလိုက္တယ္။
လြန္ခဲ့တဲ့ ေလးငါးႏွစ္က ရန္ကုန္ျမစ္ထဲမွာ ခင္ဗ်ားက လက္မတည့္ခဲ့ေပမယ္။ က်ဳပ္ကေတာ့ လက္တည့္ခဲ့တယ္။
တည့္တာမွ ေခါင္းကိုပဲဗ်ိဳး။
ေၾသာ္..ဒါေပသိ..က်ဳပ္က ေယာက္်ားပါဗ်ာ။ ခင္ဗ်ားဟာမေလးႏွစ္ေယာက္ကို လႊတ္ေပးလိုက္ပါတယ္။ အဲ့ဒီအတြက္ ခင္ဗ်ားက်ဳပ္ကို ေက်းဇူးတင္လိုက္ပါ။
ခင္ဗ်ားလည္း ကံေကာင္းပါေစလို႔..ဆုေတာင္းေနပါ။
ဘဘိုး
………………………………………………………………
လမ္းမေတာ္ဖိုးတုတ္က စာကို စိုက္ၾကည့္ေနသည္။
ထို႔ေနာက္ ေစာင္ကို ဖယ္ကာ ေဆး႐ုံအဝတ္အစားမ်ားျဖင့္ ပင္ အခန္းျပင္သို႔ ထြက္ခ်သြား၏။
(၁၄)လမ္းအိမ္ထဲသို႔ ႐ုတ္တရက္ဝင္ခ်လာေသာ ဖိုးတုတ္ေၾကာင့္ အိမ္ေရွ႕တြင္ သရက္ကိုင္းမ်ား ခုတ္ေနေသာ စံဘ လန႔္သြားသည္။
"ဟာ..ကိုဖိုးတုတ္..မေျပာမဆိုနဲ႔ဗ်ာ"
ဖိုးတုတ္ က ဘာစကားမွ မေျပာပဲ..အိမ္အေပၚထပ္တက္သြား၏။
ဘုရားပန္းအိုးလဲေနေသာ မသင္းျမ က ဖိုးတုတ္ကို ၾကည့္ကာ မွင္သက္ေနသည္။
ဖိုးတုတ္က နံရံတြင္ ခ်ိတ္ထားေသာ ငွက္ႀကီးေတာင္ဓါးကို ျဖဳတ္လိုက္သည္။
"ကိုဖိုးတုတ္..ဘာလုပ္မလို႔လဲ..ဘာလို႔ ေဆး႐ုံက ျပန္ဆင္းလာတာလဲ"
ဖိုးတုတ္က ဓါးကို စားပြဲေပၚပစ္တင္ၿပီး ထိုင္ခုံေပၚ ထိုင္ခ်လိုက္သည္။
စံဘလည္း ဖိုးတုတ္ အနီးေရာက္လာေပၿပီ။
"ဂႏၶမာ..ေသၿပီ....စံဘ"
လမ္းမေတာ္ဖိုးတုတ္ ၏ အသံက ေအးစက္ေနသည္။ ထိုထူးထူးျခားျခား ေအးစက္မႈေနာက္ကြယ္တြင္ မုန္တိုင္းမ်ားရွိလာႏိုင္ေၾကာင္းကို အေတြ႕အႀကဳံအရ စံဘသိလိုက္သည္။
မသင္းျမ ထံ မွလည္း အာေမဋိတ္သံထြက္လာသည္။
"ဘယ္လိုျဖစ္တာလဲဗ်ာ..ဟုတ္လို႔လား"
ဖိုးတုတ္ က စာကို ပစ္ခ်ျပလိုက္သည္။ စံဘက စာကို ေကာက္ဖတ္လိုက္သည္။
"စံဘ..ငါ မင္းကို ယုံတယ္။ ဒါေပမယ့္ ဒီတစ္ခါေတာ့ ငါ နဲ႔ ငါ့ကိုယ္ပြားလို႔ေတာင္ ငါယူဆထားတဲ့ ငါ့သူငယ္ခ်င္း အသက္အတြက္ မင္းကို ငါ သံသယဝင္ရလိမ့္မယ္။ မင္း..တစ္ခုခုေျပာ..စံဘ။ ဂႏၶမာတို႔ကို ဦးဘြန္ရႈက်င္းဆီ ငါပို႔ထားတယ္ဆိုတာ မင္းနဲ႔ငါပဲ သိတယ္။ ဒီကိစၥ ဘဘိုး က ဘယ္လို သိသြားတာလဲ။ မင္းရွင္းစမ္း..စံဘ"
စံဘ က ဖိုးတုတ္ေရွ႕တြင္ ထိုင္ခ်လိုက္သည္။
"ကိုဖိုးတုတ္..ကြၽန္ေတာ္ ဘြန္ရႈက်င္းဆီသြားေတာ့ ထြန္းရင္နဲ႔ လမ္းမွာေတြ႕ေတာ့ ေခၚသြားမိပါတယ္။ ေနာက္ေတာ့ ဘုံေက်ာင္းမွာ အက်ိဳးအေၾကာင္းေျပာၿပီး ျပန္အထြက္မွာ ကြၽန္ေတာ္တို႔ လက္တာလမ္းထိပ္က ဆိုင္မွာ အရက္ဝင္ေသာက္ၾကတယ္။ ေနာက္ေတာ့ အဖတ္ နဲ႔ ေတြ႕လို႔ လွမ္းေခၚၿပီး တဝိုင္း ဝိုင္းလိုက္ၾကတယ္။ အဲ့ဒီအခ်ိန္မွာ ဆိုင္ေရွ႕ကေန ကိုဂႏၶမာႀကီးတို႔ ကား ျဖတ္သြားတယ္။ အေနာက္မွာ ခ်ိဳက္ဟုန္နဲ႔ မေသာင္းလည္းပါတယ္။ ထြန္းရင္က သူတိုကဘယ္သြားၾကတာလဲလို႔ေမးရာက ကြၽန္ေတာ္က မူးၿပီး ဘြန္ရႈက်င္းႀကီးဆီလို႔ ေျပာလိုက္မိတယ္။ ကြၽန္ေတာ္ မူးၿပီး စကားစထြက္မိခဲ့တယ္..ကိုဖိုးတုတ္။ ကြၽန္ေတာ့္အမွားပါဗ်ာ။ ကြၽန္ေတာ့္အမွားပါ"
"စံဘ..ဒါဆို ငါ့ကို သစၥာေဖာက္ၿပီး ဘဘိုးဆီ လက္ေထာက္ခ်တာ ဘယ္သူလဲ..ထြန္းရင္လား၊ အဖတ္လား"
"ထြန္းရင္ကို ေတာ့ ကြၽန္ေတာ္အသက္နဲ႔ရင္းၿပီးယုံတယ္..အဖတ္ကိုသာ''
''ေမာင္ေမာင္နဲ႔ ထြန္းရင္ အခု ဘယ္မွာလဲ"
"ဒီေန႔ ကိုအုန္းေဖ ကို ေထာင္ဝင္စာေတြ႕တဲ့ေန႔မို႔..ေမာင္ေမာင္နဲ႔ ထြန္းရင္ အေစာႀကီးကတည္းက ရန္ကုန္ေထာင္ႀကီးဘက္ထြက္သြားတယ္..ကိုဖိုးတုတ္"
"အခုငါတို႔ ရန္ကုန္ေထာင္ႀကီးကို လိုက္သြားၾကမယ္"
ဗိုလ္ခ်ဳပ္အီစာမူရာ ၏ လက္႐ုံး ေမဂ်ာေအာ္ေဇးကိုး ၏ အထူးဧည့္သည္ျဖစ္ေနေသာ အုန္းေဖ အမည္ေျပာလိုက္႐ုံျဖင့္ ေထာင္ဝင္စာကို လူအကန႔္အသတ္မရွိဘဲ ေတြ႕ခြင့္ရေနသည္။
လမ္းမေတာ္ဖိုးတုတ္တို႔ ေရာက္သြားေသာအခါ ရန္ကုန္ေထာင္၏ ကင္ေပတိုင္သီးသန႔္ခန္းတြင္ ေမာင္ေမာင္၊ ထြန္းရင္ တို႔က အုန္းေဖႏွင့္ စကားလက္စုံက်ေနသည္။
လမ္းမေတာ္ဖိုးတုတ္ ႏွင့္ စံဘတို႔ ႐ုတ္တရက္ဝင္လာေသာေၾကာင့္ အုန္းေဖက ႐ုတ္တရက္ မတ္တပ္ထရပ္လိုက္သည္။
"ဆရာ..ေနေကာင္းသြားၿပီလား..လာပါ..ဆရာလာပါ"
ဖိုးတုတ္က မ်က္ႏွာတည္တည္ျဖင့္ ဝင္ထိုင္လိုက္သည္။ တပည့္မ်ားက ဖိုးတုတ္မ်က္ႏွာကို ျမင္႐ုံျဖင့္ တစ္ခုခုျဖစ္ေနၿပီမွန္း သိၾကသည္။
"ဂႏၶမာ ေသၿပီ..ေဟ့ေကာင္ေတြ"
ဖိုးတုတ္က ထိုင္ထိုင္ၿပီးခ်င္း ေျပာခ်လိုက္သျဖင့္ အားလုံး ေၾကာင္သြားၾကသည္။
"ဘယ္လိုျဖစ္တာလဲဗ်ာ..ဆရာဖိုးတုတ္"
"ေအး..ဟုတ္တယ္..ညက ရန္ကုန္ျမစ္ဝမွာ ဘဘိုး ပစ္သတ္လိုက္တာ။ ေမာင္ေမာင္..တ႐ုတ္အဖတ္ဒီ ရက္ပိုင္း ဘာေတြလုပ္လဲဆိုတာ ငါသိခ်င္တယ္။ မင္း အခုမနက္စုံစမ္းၿပီး ငါ့ကို လာေျပာ၊ ငါ စပ္စုဟိုတယ္ အေပၚထပ္မွာ ေစာင့္ေနမယ္..စံဘ ဂႏၶမာတို႔ ကိစၥ ဒီေကာင္ေတြကို မင္းေျပာျပလိုက္…အုန္းေဖ..မင္းအထဲမွာရွိတုန္း ရသေလာက္လူစုထားကြာ…"
လမ္းမေတာ္ဖိုးတုတ္က စကားေျပာၿပီးသည္ႏွင့္ ထထြက္သြားသည္။
ေန႔လည္ (၁၂)နာရီ။
စပ္စုဟိုတယ္အေပၚထက္သို႔ ေမာင္ေမာင္ တက္လာသည္။
လမ္းမေတာ္ဖိုးတုတ္ ေရွ႕တြင္ ေသာက္လက္စဝီစကီပုလင္းႏွင့္ ခြက္အျပင္ မေဖာက္ေရေသးေသာရမ္တစ္ေတာင့္ကို ေရွ႕ခ်လ်က္ စိုက္ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။
"လြန္ခဲ့တဲ့ ႏွစ္ရက္က ေထာင္ႀကီးဝန္းထဲက အဖတ္သြားေနက် ဘိန္းခန္းက တ႐ုတ္ဆီက သတင္းတစ္ခုရွိတယ္ဆရာ။ အဲ့ဒီေန႔က အဖတ္ ဘိန္းခ်ေနတဲ့အခန္းထဲကို လူတစ္ေယာက္ဝင္သြားတယ္တဲ့။ သူ႔ဆီဘိန္းခ်ေနက်လူတစ္ေယာက္ေျပာျပတာက..အဲ့ဒါ ပုသိမ္ၫြန႔္ဘဘိုးတပည့္ သုခ တဲ့..ဆရာ"
"ဒါဆို အခု အဖတ္ ဘယ္မွာလဲေရာ.သိလား"
"ဒီေကာင္လုံးဝေျခရာေပ်ာက္ေနတယ္..ဆရာ။ သူငွားေနတဲ့ ေလးလမ္းထဲက ေခ်ာင္တိတ္တန္းလ်ားမွာလည္း မရွိဘူး။ ပိုင္ရွင္ေခ်ာင္တိတ္ေျပာတာေတာ့ မေန႔က ညေနကတည္းက ကားတစ္စီးနဲ႔ လာေခၚသြားတယ္တဲ့"
"ဂႏၶမာတို႔ကိစၥ ဒီေကာင္လက္ေထာက္ခ်တာပဲ..ေသခ်ာၿပီ..ေမာင္ေမာင္"
"ဆရာဖိုးတုတ္..ဘာလုပ္ခ်င္လဲ..ကြၽန္ေတာ္တို႔ လူေတြစုၿပီး ဒီေကာင္ေတြကို တိုက္ၾကမလား"
"ဒီနည္းနဲ႔ တိုက္ရင္ အခုအခ်ိန္မွာ ငါတို႔ ဂႏၶမာေနာက္ကို တတန္းႀကီးလိုက္သြားရမယ္..ေမာင္ေမာင္..အလုပ္လုပ္ရမယ့္ အခ်ိန္က်ရင္ မင္းတို႔ကို ငါေျပာမယ္။ အခုေတာ့ ငါတို႔ လူေတြကို နယ္ေျမေတြမွာ အသာေလးၿငိမ္ေနခိုင္းလိုက္၊ ဘဘိုးလူေတြ ဝင္သိမ္းလာရင္လည္း အသာေလး ဟ ေပးထားလိုက္။ ဒါ အခ်ိန္ယူၿပီး လုပ္ရမယ့္ကိစၥပဲ..ေမာင္ေမာင္။ ညေန ငါ သီးသန႔္အစည္းအေဝး ေခၚၿပီး ထပ္ေျပာမယ္"
……………………………………………………………………………………………..
၁၉၄၃ ခုႏွစ္ ကုန္ဆုံးလုနီးခဲ့ၿပီ။
ရန္ကုန္တစ္ၿမိဳ႕လုံးတြင္ ဗမာအာဏာရွင္ ဟူေသာ ေတးသံမ်ား တျဖည္းျဖည္း ဆိတ္သုဥ္းလာ၏။
အဂၤလိပ္ေျပးခါစတြင္ အႂကြင္းအက်န္မ်ားျဖင့္ ေတာင့္ခံထားႏိုင္ေသာ္လည္း စက္႐ုံအလုပ္႐ုံမ်ား မရွိေတာ့သည့္ဒဏ္၊ ဆန္စပါးကို စစ္ရိကၡာအျဖစ္ အလကားနီးပါးေရာင္းေပးရေသာဒဏ္ကို ႏွစ္ႏွစ္တိုင္တိုင္ခံစားခဲ့ရၿပီးျဖစ္သည္။
ေမြးျမဴေရးႏွင့္ စိုက္ပ်ိဳးေရးတြင္အေရးပါေသာ ကြၽဲ၊ႏြား၊ၾကက္၊ဝက္ စသည္တို႔ကို ျမန္မာျပည္ေရာက္ ဂ်ပန္စစ္သား တစ္သိန္းတစ္ေသာင္းငါးေထာင္၊ လူေထာင္ဂဏန္းခန႔္ရွိေသာ ဆူဘတ္ခ်န္ဒရာဘို႔စ္၏ အိႏၵိယလြတ္လပ္ေရးတပ္ဖြဲ႕ႏွင့္ ဘီအိုင္ေအတို႔အတြက္ ရိကၡာ ထုတ္ေပးၾကရသည္မို႔ တိုင္းျပည္မွာ အစစအရာရာ ရွားပါးလာသည္။
ျမန္မာႏိုင္ငံ၏ အဓိကၿမိဳ႕ေတာ္ႀကီးျဖစ္ေသာ ရန္ကုန္ၿမိဳ႕တြင္ပင္ ျပည္သူလူထုမွာ အငတ္ေဘးႏွင့္ ရင္ဆိုင္ေနၾကရေတာ့သည္။
၁၉၄၄ ခုႏွစ္ ၊ ဇန္နဝါရီလ (၂)ရက္ေန႔တြင္ ဂ်ပန္စစ္တပ္ပိုင္၊ ရန္ကုန္ေရဒီယိုမွ အငတ္ေဘးႀကဳံခ်ိန္ ထမင္းေနရာတြင္ အစားထိုးၿပီး စားႏိုင္သည့္ ျမက္အမ်ိဳးမ်ိဳးကို ဂ်ပန္ပညာရွင္မ်ားက ျမန္မာျပည္တြင္ ရွာေဖြေတြ႕ရွိထားေၾကာင္းႏွင့္ ထိုျမက္မ်ား၏ အာဟာရဓာတ္မ်ားအေၾကာင္း ပညာေပးအစီအစဥ္ ထုတ္လႊင့္ေနသည္။
မၾကာမီ ျမန္မာျပည္သူ ျပည္သားမ်ား ထမင္းအစား ျမက္စားၾကရန္ နိပြန္အရွင္မ်ားက လမ္းစ ျပေနခဲ့ၾကေလၿပီ။
ေက်းဇူးရွင္ဂ်ပန္က ျမန္မာျပည္သူမ်ား ထမင္းအစား ျမက္စားၾကရန္ မုဒိတာပြား တိုက္တြန္းေနစဥ္ အဂၤလိပ္ အေမရိကန္ မဟာမိတ္ တို႔ကလည္း ရန္ကုန္ၿမိဳ႕ေကာင္းကင္တြင္ ေလယာဥ္မ်ား ပ်ံကာဝဲလ်က္ ဗုံးမိုးမ်ားကို ေစတနာသုံးတန္ျပဌာန္းၿပီး ေန႔စဥ္ရက္ဆက္ သြန္းၿဖိဳးႀကဲေပးေနသည္။
ထိုသို႔ အေထြေထြအၾကပ္အတည္းမ်ား ႀကဳံေနခ်ိန္တြင္ ျမန္မာျပည္ေရာက္ ဂ်ပန္အမွတ္(၁၅)တပ္မေတာ္၏ စစ္ေသသနာပတိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးကဝါဘီ၊ ျမန္မာျပည္အစိုးရအဖြဲ႕အႀကံေပးအရာရွိခ်ဳပ္ ဗိုလ္ခ်ဳပ္အီစာမူရာ ႏွင့္ ေဒါက္တာဘေမာ္အစိုးရအၾကား တင္းမာမႈမ်ားကလည္း တစတစႀကီးထြားလာသည္။
ေဒါက္တာဘေမာ္အစိုးရႏွင့္ ဂ်ပန္စစ္ဘက္အၾကား ပဋိပကၡျဖစ္ခဲ့ၾကေသာ အမႈွေပါင္း (၁၁၄)မႈအထိ ရွိခဲ့သည္။
မဟာမိတ္ေလတပ္အား လွည့္စားရန္ ျပည္လမ္းအတုေဖာက္လုပ္ေရးအတြက္ ႀကံေတာသုသာန္အားေ႐ြ႕ေျပာင္းေရး၊ စာသင္ေက်ာင္းမ်ားတြင္ ဂ်ပန္စာမသင္ေရး၊ အရပ္သား ဂ်ပန္မ်ားအေပၚ အခြန္ေကာက္ေရး၊ဂ်ပန္စစ္ဘက္မွ သိမ္းယူထားေသာေသနတ္မ်ား ျပန္ေပးေရး စေသာ ျပသနာမ်ားတြင္ ေဒါက္တာဘေမာ္ ႏွင့္ ဗိုလ္ခ်ဳပ္အီစာမူရာတို႔မွာ အတင္းမာဆုံးအေျခအေနျဖစ္ၾကရသည္။
သို႔ေသာ္ တိုက်ိဳတြင္ရွိေနေသာ ဂ်ပန္ဘုရင္တင္ေနာ္ေဟကာ ႏွင့္ နန္းရင္းဝန္တိုဂ်ိဳ တို႔က ျမန္မာျပည္တြင္ ေဒါက္တာဘေမာ္မွ လြဲၿပီး အျခားသူ ေခါင္းေဆာင္မျဖစ္ေစရဟူေသာ အမိန႔္ကို ယတိျပတ္ေပးထားသည့္အတြက္ စစ္ဦးစီးခ်ဳုပ္အဆင့္သာရွိေသာ ဒုဗိုလ္ခ်ဳပ္ႀကီး ကဝါဘီ ႏွင့္ ဗိုလ္ခ်ဳပ္အီစာမူရာတို႔မွာ ေဒါက္တာဘေမာ္ကို ျဖဳတ္ခ်ရန္ မျဖစ္ႏိုင္ေခ်။
ထို႔ေၾကာင့္ ေဒါက္တာဘေမာ္ အား လုပ္ႀကံသတ္ျဖတ္ပစ္ရန္ ႀကိဳးစားလာၾကေတာ့သည္။
ေဒါက္တာဘာေမာ္၏ဓါးမအဖြဲ႕ဝင္ မဟုတ္ေသာ အစိုးရအဖြဲ႕ဝင္ႏိုင္ငံေရးသမားမ်ား ႏွင့္ ဘီအိုင္ေအဗိုလ္ခ်ဳပ္မ်ားကလည္း တိုက်ိဳနန္းေတာ္ကိုပင္ ခ်ဳပ္ထိန္းထားႏိုင္သည့္ ေဒါက္တာဘေမာ္ ၏ ႏိုင္ငံေရးပါဝါႀကီးမားလာမႈကို စိုးရိမ္မကင္းျဖစ္ေနၾကသည္။
အထူးသျဖင့္ သခင္ထြန္းအုပ္ ႏွင့္ သခင္ဗစိန္တို႔ က ေဒါက္တာဘေမာ္ကို ျဖဳတ္ခ်ၿပီးသည့္အခါ သီေပါမင္း၏ ေျမးမေတာ္ ေတာ္ဘုရားႀကီးကို နန္းတင္ၿပီး စည္းမ်ဥ္းခံဘုရင္စနစ္ျဖင့္ အုပ္ခ်ဳပ္ရန္ အႀကံအစည္ရွိေနၾက၏။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းဦးေဆာင္ေသာ ဘီအိုင္ေအ ကမူ အိႏၵိယမွ ျပန္ဝင္လာၾကေသာ မဟာမိတ္စစ္ဗိုလ္ခ်ဳပ္မ်ားျဖင့္ ဂ်ပန္ေတာ္လွန္ေရးအတြက္ ဆက္သြယ္လႈပ္ရွားေနခဲ့ၿပီျဖစ္သည္။
တိုက်ိဳတြင္က်ဳင္းပမည့္ မဟာအေရွ႕အာရွညီလာခံ သို႔ တက္ေရာက္မည့္ ေဒါက္တာဘေမာ္ စီးနင္းလာေသာ ေလယာဥ္ပ်ံသည္ ၁၉၄၃ ေအာက္တိုဘာ ၈ ရက္ေန႔တြင္ ဗီယက္နမ္ႏိုင္ငံ၊ တူရန္ ၿမိဳ႕မွ ပ်ံအတက္ ေပ ၃၀၀ ခန႔္တြင္ အာနန္လူမ်ိဳးတို႔၏ ႐ြာေပၚသို႔ ပ်က္က်ခဲ့သည္။
ထိုေလယာဥ္ပ်က္က်မႈတြင္ မည္သူမွ် အသက္မေသခဲ့ေသာ္လည္း ေလယာဥ္အၿမီးပိုင္းေပါက္ကြဲမႈမွာ သံသရာျဖစ္စရာအေျခအေနတြင္ ရွိေနခဲ့သည္။
ေဒါက္တာဘေမာ္မွာ ျမန္မာျပည္သို႔ ျပန္ေရာက္ၿပီးေနာက္ သူ၏အိမ္ေတာ္တြင္ ကိုယ္ရံေတာ္ဦးျမက်င္၊ ပုသိမ္ၫြန႔္ဘဘိုးတို႔ ေခါင္းေဆာင္ေသာ လုံၿခဳံေရးတပ္ဖြဲ႕ကို ဖြဲ႕ၿပီး တန္းလ်ားတြင္ ေနထိုင္ေစခဲ့သည္။
ေရွ႕တြင္ကား ဗိုလ္ရန္ႏိုင္၏ တပ္မွ ဘီအိုင္ေအတပ္စိတ္တစ္စိတ္က လုံၿခဳံေရးယူေပးထားသည္။
၁၉၄၄ ခုႏွစ္၊ ဇန္နဝါရီလ (၁၀)ရက္။ ည (၇)နာရီ။
ဂ်ပန္ေနဝန္းနီအလံတက္ထားေသာ ကားအနက္ႀကီးသည္ အမွတ္(၁၅)တပ္မေတာ္စစ္႐ုံးခ်ဳပ္ထဲသို႔ ဝင္ေရာက္လာသည္။
စစ္႐ုံးအေနာက္ဘက္ရွိ နိပြန္-ဗမာဆက္ဆံေရးဌာနအေဆာက္အဦးတြင္ ကားကို ထိုးရပ္လိုက္သည္။
ကားေပၚမွ ဆင္းလာသူ က ေမဂ်ာေအာ္ေစးကိုး။ ေမဂ်ာေအာ္ေစးကိုး ေနာက္မွ ဆင္းလာသူမွာ လမ္းမေတာ္ဖိုးတုတ္။
လမ္းမေတာ္ဖိုးတုတ္ သည္ ေခါင္းေပါင္းအဝါကို မ်က္ႏွာတစ္ျခမ္းေစာင္းေပါင္းထားသည္။
တိုက္ပုံအက်ႌအဝါေရာင္ကို ဝတ္ထားၿပီး၊ ေတာင္ရွည္ပုဆိုးကို ထူးထူးျခားျခားဝတ္ထားသည္။
ထိုပုံစံမွာ ထိုေခတ္က ေခတ္စားေနေသာအဓိပတိႀကီးေဒါက္တာဘေမာ္၏ စတိုင္လ္ပင္။
အေပၚထပ္ရွိ အခန္းတစ္ခုထဲသို႔ ေမဂ်ာေအာ္ေစးကိုး က ဦးေဆာင္ၿပီး တက္သြားသည္။
အခန္းထဲသို႔ ဝင္သြားေသာအခါ ဗိုလ္ခ်ဳပ္အီစာမူရာ ႏွင့္ ဂ်ပန္တစ္ေယာက္ ထိုင္ေနၾက၏။
ဗိုလ္ခ်ဳပ္အီစာမူရာသည္ ဟစ္တလာပုံစံ ေလးေထာင့္ႏႈတ္ခမ္းေမႊးကို လက္ျဖင့္ သပ္ၿပီး ဖိုးတုတ္ကို ၿပဳံးျပလိုက္သည္။
"ငါတို႔ ျပန္ေတြ႕ၾကျပန္ၿပီ..ဖိုးတုတ္..ဒီတစ္ခါေတာ့ မင္းက ဘေမာ္ အပိန္စားပုံစံနဲ႔ပါလားကြ..ထိုင္လိုက္ပါ..ထိုင္လိုက္ပါ"
အီစာမူရာ ကား ျမန္မာစကားပင္ ေရေရလည္လည္ေျပာတတ္ေနေပၿပီ။
ဖိုးတုတ္က အီစာမူရာကို ဦးၫြတ္ၿပီး ဝင္ထိုင္လိုက္သည္။
"ဟိုတစ္ေခါက္ကေတာ့ မင္း က နာစူကေန တဆင့္ ငါ့ကို အကူအညီလာေတာင္းတာ။ အခုတစ္ေခါက္ေတာ့ မင္းဆီကို ေဟာ့ဒီ ေအာေဇကိုးကေန တဆင့္ ငါက အကူအညီေတာင္းဖို႔ ေခၚခိုင္းလိုက္ရတာပဲ"
"ဟုတ္ကဲ့…မာစတာ..ကြၽန္ေတာ့္ဦးေလး ဘြန္ရႈက်င္းကိစၥတုန္းက မာစတာကယ္ခဲ့တာ မေမ့ပါဘူး။ အခု ဘာမ်ား ကူညီရမလဲ"
ဗိုလ္ခ်ဳပ္ အီစာမူရာက ေအာ္ေဇးကိုးကို မ်က္ရိပ္ျပလိုက္သည္။
ေအာ္ေဇးကိုး က အီစာမူရာေရွ႕တြင္ရွိေသာ ဆာေကးပုလင္းထဲမွ ဆာေကးကို ခြက္သုံးခြက္ထဲသို႔ ငွဲ႔လိုက္သည္။
"ကဲ..တစ္ေယာက္တစ္ခြက္ ယူလိုက္ၾက"
ဖိုးတုတ္ႏွင့္ အီစာမူရာေဘးမွ ဂ်ပန္က တစ္ေယာက္တစ္ခြက္ယူလိုက္ၾကသည္။
အီစာမူရာကလည္း ဆာေကးတစ္ခြက္ကို ယူလိုက္သည္။
"ဂ်ပန္ေတြမွာေတာ့ ဆုံးျဖတ္ခ်က္ေကာင္းေတြ၊ အႀကံဉာဏ္ေကာင္းေတြ ခ်မွတ္ေတာ့မယ့္အခ်ိန္မွာ ဆာေကး ဟာ အေကာင္းဆုံးအေဖာ္ပဲတဲ့ကြ..ကဲ''
သုံးဦးသား ခြက္ေျမႇာက္ၿပီး ေသာက္လိုက္ၾကသည္။
"ဖိုးတုတ္ ငါမင္းကို မိတ္ဆက္ေပးမယ္..ဒါကေတာ့..စင္ကာပူက ငါေခၚထားတာ။ အဆာဟိ တဲ့။ သူက ယာမာဂူခ်ီဂူမီဂိုဏ္းရဲ႕ စင္ကာပူဂိုဏ္းခြဲက ေခါင္းေဆာင္ပဲ"
"ဗ်ာ"
"ေအး..ဟုတ္တယ္..ဒါကို မင္းနားလည္မွာမဟုတ္ဘူး..ရွင္းရွင္းေျပာရရင္ကြာ..ငါတို႔ တိုက်ိဳမွာလည္း မင္းတို႔လို အဖြဲ႕ေတြရွိတယ္။ မင္းတို႔ရန္ကုန္မွာေတာ့ ဘယ္လိုေခၚတယ္မသိဘူး။ ငါတို႔ ဆီမွာေတာ့ သူတို႔ကို ယာကူဇာေတြ လို႔ေခၚတယ္။ ယာမာဂူခ်ီဂူမီ က ယာကူဇာေတြထဲမွာေတာ့ အပိရိဆုံး လူသတ္ႏိုင္တဲ့ဂိုဏ္းပဲ"
ထို႔ေနာက္ ဗိုလ္ခ်ဳပ္အီစာမူရာက အဆာဟိ ဘက္သို႔ လွည့္ကာ ဖိုးတုတ္ကို ၫြန္ျပရင္း ဂ်ပန္စကားျဖင့္ ေျပာေနသည္။
အဆာဟိ သည္ ရွပ္အက်ႌ ရင္ဘတ္ဟၿပဲေပၚတြင္ ကုတ္အက်ႌ ကာကီေရာင္ကို ထပ္ဝတ္ထား၏။
ဆံပင္ကို ေနာက္တြင္စည္းထားၿပီး၊ ႏွာဖူးေျပာင္ေျပာင္၊ မ်က္ႏွာရွည္ရွည္၊ ပါးပိန္ပိန္ျဖင့္ သူ႔မ်က္လုံးေတြက ေသးငယ္စူးရွေနသည္။
အဆာဟိက ဖိုးတုတ္ကို ဦးၫြတ္လိုက္သည္။ ဖိုးတုတ္က အဆာဟိကို ျပန္လည္ဦးၫြန္ႏႈတ္ဆက္လိုက္ၾကသည္။
"မင္းတို႔အဖြဲ႕နဲ႔ ေဒါက္တာဘေမာ္လူေတြ ျဖစ္တဲ့ကိစၥကို မင္းတပည့္အုန္းေဖက ေအာ္ေဇးကိုး ကို ေျပာျပလို႔ ငါသိၿပီးၿပီ.ဖိုးတုတ္။ ဒီေတာ့ အခု မင္း အဆာဟိတို႔နဲ႔ ေပါင္းၿပီး ငါ့ကို ကူညီေပးပါ။ ၿပီးသြားတာနဲ႔ ရန္ကုန္ ရဲ႕ ပလႅင္ဟာ မင္းပလႅင္ပဲ ဆက္ျဖစ္ေနေစရမယ္လို႔ ငါကတိေပးတယ္"
ဖိုးတုတ္ကား ထိုကဲ့သို႔ စကားမ်ိဳးမ်ားစြာကို အဂၤလိပ္ေခတ္ကတည္းက ပင္ ၾကားဖူးခဲ့ေပသည္။
သို႔ေသာ္ ယခုလိုအေျခအေနတြင္ ၾကားရသည္မွာ အခ်ိဳၿမိန္ဆုံးဟု သူခံစားလိုက္ရသည္။
"ကြၽန္ေတာ္ ဘာကူညီရမလဲသာေျပာပါ..မာစတာ"
"မင္းတို႔ ဘေမာ္ ကို သတ္ရမယ္"
Done 🍀
ReplyDeleteဂန္ဓမာကြီး သေတာကိုတော့ တကယ်နှမြောတယ်ဗျာ။ :(
Deleteဒီဇာတ်လမ်းမှာ ဖိုးတုတ်ထက် သူ့ရဲ့ character ကို ပို ကြိုက်တယ်။
Done 💪
ReplyDelete🍁🌸Done✅
ReplyDelete👍👍👍
ReplyDelete💙
ReplyDeleteDone
ReplyDelete