The Guys of Yangon,1930(Part 30)
The Guys of Yangon,1930(Part 30)
အခန်း(၃၁)
..................
"ဒေါက်တာဘမော် ကို သတ်ရမယ်..ဟုတ်လား"
လမ်းမတော်ဖိုးတုတ် တအံတသြဖြစ်သွားသည်။
ဗိုလ်ချုပ်အီစာမူရာက ဆာကေး နောက်တစ်ခွက်ကို သူ့ဘာသာ ထပ်ငှဲ့လိုက်သည်။
"မင်းလူတွေကို သတ်ပြီး မင်းနေရာကို မှန်းနေကြတာ ဒေါက်တာဘမော် ရဲ့ လူတွေနော်..ဖိုးတုတ်"
ဖိုးတုတ် စဉ်းစားသွားသည်။
"ဟုတ်ပြီ..မာစတာ..ဒါဆို ဒေါက်တာဘမော် အပြင် သူ့ဘေးက ဦမြကျင် နဲ့ ဘဘိုး ကို ရော အဆစ်သတ်ပစ်လို့ ရမလား''
"ဒါကတော့ မင်းကိစ္စလေ..ဖိုးတုတ်။ ဒေါက်တာဘမော် မရှိတော့ရင် သူတို့လည်း မင်းလက်ထဲက ပြေးမလွတ်ပါဘူး"
"ဘယ်တော့လောက်..ဘယ်လိုသတ်ပေးရမှာလဲ"
"ဒါက မင်းအရင် လမ်းဘေးမှာ လူသတ်သလို လုပ်လို့တော့မရဘူး..ဖိုးတုတ်။ ငါတို့စနစ်တကျ အစီအစဉ်ဆွဲရမယ်။ ပြီးတော့ ငါတို့ ဝင်သတ်ဖို့ ရွေးချယ်ထားတာက ဘမော် ရဲ့ အိမ်ထဲမှာပဲ။ အဓိပတိတစ်ယောက်ရဲ့ အိမ်ထဲကို ဝင်သတ်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးကွ"
"ဒါဆို ဘာလို့ အိမ်ထဲ ဝင်သတ်မလဲ၊ သူတစ်နေရာရာကို ရောက်နေချိန် သတ်လို့ရော မရဘူးလားဗျ"
"မရဘူး..ဖိုးတုတ်။ ဘမော် အိမ် ပတ်လည်မှာ ဝိုင်းနေတာ ဘီအိုင်အေက ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေချည်းပဲ။ ပြီးတော့ ဘမော် အိမ်ရဲ့ အဝင်ကင်းစခန်းကလည်း ဘီအိုင်အေက စောင့်တာ။ သူ့အိမ်ထဲကို ဝင်သတ်နိုင်မှ ဘီအိုင်အေက ဘမော်ကို သတ်တယ်ဆိုတာမျိုးကို တိုကျိုအစိုးရကို ငါတို့ တင်ပြလို့ရမှာ။ နို့မဟုတ် ဘမော်မှ ဘမော်ဖြစ်နေတဲ့ တိုကျိုနန်းတွင်းနဲ့ အစိုးရက ငါတို့သတ်တာလို့ သိတာနဲ့ ငါတို့ သွားပြီပဲ။ ဒါကြောင့် ဘီအိုင်အေက သတ်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် လုပ်ရမယ်"
"ခင်ဗျားတို့က ဗမာအချင်းချင်းပါ ချကုန်အောင် လုပ်တာပဲဗျ"
"ဒါနိုင်ငံရေး..ဖိုးတုတ်။ တရားတာ မတရားတာထက် ရလာဒ်က ပိုအရေးကြီးတယ်"
"ဟုတ်ပါပြီ..ဒါဆို ကျွန်တော်က ဒီကိစ္စမှာ ဘယ်နေရာက ပါရမလဲ"
"မင်းက ကိုယ်တိုင်ဝင်ပါစရာမလိုဘူး..ဖိုးတုတ်။ ဒီစစ်ဆင်ရေးမှာ အဆာဟိက ခေါင်းဆောင်ပဲ။ အဆာဟိရယ်၊ သူ့လူတစ်ယောက်ရယ်၊ မင်းဆီက ဂျပန်စကားတတ်ပြီး သတ်ရဲဖြတ်ရဲတဲ့ လူနှစ်ယောက်ရယ် အဓိက လုပ်ရမှာ၊ သူတို့လုပ်စရာရှိတာလုပ်ပြီး အပြင်ပြန်ထွက်လာချိန် ကူညီပေးဖို့ အနားက ဘီအိုင်အေဗိုလ်တစ်ယောက် အိမ်မှာ ဗမာလူငယ်တစ်ယောက် အသင့်ရှိနေမယ်"
"ဘယ်တော့လုပ် စမလဲ"
"အခု ဘမော်ရဲ့ အိမ်အတွင်းဘက်အနေအထား နဲ့ ခြံအဝင်အထွက်လမ်းတွေ၊ ဂိတ်ပေါက်၀ ကင်းက အစောင့်အင်အား၊ ခြံထဲက အစောင့်အင်အားကို အတွင်းလူတွေဆီက စုံစမ်းနေတယ်။ အခု အဆာဟိက စင်ကာပူကို ခဏပြန်ပြီး ဖေဖော်ဝါရီမှာ သူနဲ့အတူလုပ်မယ့် နောက်တစ်ယောက်ကို ခေါ်လာခဲ့လိမ့်မယ်။ စစ်ဆင်ရေးစမယ့်ရက်ကို ဖေဖော်ဝါရီ (၁၅)ရက်နေ့ကို သတ်မှတ်ထားတယ်။ မင်းဘက်က စိတ်ချရမယ့် လူနှစ်ယောက် ရွေးထားပါ..ဖိုးတုတ်။ ငါတို့ ဖေဖော်ဝါရီ (၅)ရက်နေ့မှာ နောက်ထပ်အစည်းအဝေးတစ်ခု ထပ်လုပ်ရမယ်။ အဲ့ဒီကျ ငါတို့အပြင် အဆာဟိလူရော၊ မင်းလူတွေပါ ပါမယ်"
ဗိုလ်ချုပ်အီစာမူရာ ၏ မျက်နှာက ပြတ်သားတင်းမာနေသည်။
အဆာဟိ ၏ မျက်လုံးကျဉ်းကျဉ်းလေးများကြားမှ ရက်စက်မှုသရုပ်သကန်ကို ဖိုးတုတ် ခံစားမိနေသည်။
…………………………………………………………………………………………………….
ဒေါက်တာဘမော်ကို လုပ်ကြံရေး သည် အခန့်မသင့်လျှင် ပါဝင်သူအားလုံး၏ ဘဝတစ်ခုလုံး ပေးလိုက်ရမည်ကို ဖိုးတုတ် စဉ်းစားမိသည်။
ယခုပွဲကား မီးကုန်ယမ်းကုန် တိုက်ရမည့်ပွဲ။ ဒေါက်တာဘမော်တည်းဟူသော တံတိုင်းကြီးကို ဖြိုပြီးသည့်နောက် သူ့ဘေးမှ မြကျင် နှင့် ဘဘိုး ဟူသော ပေါင်းမြက်လေးတွေကို ဆွဲနှုတ်ပစ်ရမည့်ပွဲ။
ဖိုးတုတ် ၏ သရဖူကို ကာကွယ်ပွဲ။
ကျဆင်းနေသည့် ဂုဏ်သိက္ခာနှင့် ညီအစ်ကိုသွေးသောက်တို့၏ ဝိညာဉ်များအတွက် သွေးကြွေးဆပ်ရမည့်ပွဲ။
ဖိုးတုတ်က သူ့လူယုံများဖြစ်သော စံဘ၊ ထွန်းရင် နှင့် မောင်မောင် တို့ကို ခေါ်ကာ အစီအစဉ်အသေးစိတ်ကို ပြောပြလိုက်သည်။
"ဒီကိစ္စဟာ အထူးလျှို့ဝှက်ချက်မို့ မင်းတို့အားလုံး သေချာစောင့်ထိန်းစေချင်တယ်။ မင်းတို့ကို ငါကိုယ်နဲ့အမျှ ယုံကြည်လို့ ငါပြောပြတာ။ ဒီပွဲ တိုက်ပြီးတာနဲ့ ငါတို့ ရဲ့ အောင်ပွဲနေ့ရက်တွေ ပြန်လာတော့မှာ။ ပြီးတော့ ဂန္ဓမာ၊ အောင်ဘ၊ ဘိုးထင် တို့အတွက် ဘဘိုး ရဲ့ သွေးတွေကို ပြန်ယူမယ့်ပွဲပဲ၊ ဟိုကောင်..စံဘ မင်းက အာချောင်တတ်တယ်။ မင်း အထူးသတိထား"
"ဟုတ်ကဲ့..ကိုဖိုးတုတ်"
" မောင်မောင် မင်းက ဘီအိုင်အေထဲကလူတွေနဲ့လည်း နည်းနည်းပါးပါးသိတော့..အိမ်ထဲကို မင်းရယ် စံဘ ရယ် ဝင်ရမယ်"
"ကျွန်တော်ကရော ကိုကြီးဖိုးတုတ်"
"ထွန်းရင်..မင်းနဲ့ငါ သီးသန့်လှုပ်ရှားစရာရှိသေးတယ်။ ဒီကြားထဲ မင်း မသင်းမြ ကို ဆိပ်ကြီးကို ပြန်ပို့ပေးဖို့လုပ်"
………………………………………………………………………
ဆောင်းငွေ့ဆောင်းမြူတို့ သည် နေရောင်၌ မပျယ်ပျောက်ကြသေး။
ဇန်နဝါရီ၏ နံနက်နေခြည်သည် ရွှေတိဂုံစေတီတော်ကြီး အား ခြုံငုံလွှမ်းဖြာလျက်။
မသင်းမြ က စေတီတော်ကို ဦးခိုက်ရှိခိုးပြီး ဖိုးတုတ်ဘက်သို့ လှည့်လိုက်သည်။
"ကျွန်မတို့ အိမ်ထောင်သက် နှစ်နှစ်ဆယ် အတွင်းမှာ ရှင့်ကို ကျွန်မ ထားသွားရမှာ ဒါပထမဆုံးပဲ..ကိုဖိုးတုတ်..ဒါပေမယ့်..ကျွန်မရှင့်ကို စိတ်ချပါတယ်..ရှင် ကျွန်မဆီ ပြန်လာမှာပဲလေ"
ဖိုးတုတ်က မသင်းမြ ကို ပြုံးပြလိုက်သည်။
"ဟော့ဒီနှစ်ကာလတွေမှာ သေတွင်းထဲ အကြိမ်ကြိမ်လွတ်ခဲ့သလို..လူတွေအများကြီးကိုလည်း သေတွင်းထဲ ပို့ခဲ့ဖူးတယ်..အရက်တွေ ဘယ်လောက်မူးမူး…တခြားမိန်းမတွေနဲ့ ဘယ်လောက်ပဲ ဘာတွေဖြစ်ဖြစ်..အသိစိတ်တွေဘယ်လောကလွတ်လွတ်…ကိုဖိုးတုတ် မှာ မလွတ်တဲ့ စိတ်ကလေးတစ်ခုတော့အမြဲရှိတယ်။ အဲ့ဒါက မသင်းမြ ဆီ ငါပြန်ရမယ်ဆိုတာပဲ…ပြန်လာခဲ့မှာပါ..ပြန်လာခဲ့မှာပါ..မသင်းမြ..ဟိုမှာ ဘသိန်းတို့ အမေတို့နဲ့ ပျော်ပျော်ရွှင်ရွှင် စောင့်နေပါ…တို့မိသားစုအတွက်.ဒီရန်ကုန်မြေကို ဟိုအရင်လို ပန်းခင်းပေးနိုင်မှ ပျော်ပျော်ပါးပါး ဆုံကြတာပေါ့"
ခိုတစ်အုပ် လှစ်ခနဲ ထပျံသွားသည်။
ခပ်ဝေးဝေး ဇရပ်ဆီမှ ကြေးစည်သံသဲ့သဲ့ကြားရ၏။ မေတ္တာပို့သံများကလည်း တဆက်တည်း ပျံ့လွင့်လာတော့သည်။
ဆည်းလည်းသံများက တချွင်ချွင်။
………………………………………………………………….
၁၉၄၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်။
ဗိုလ်ချုပ်အီစာမူရာ၏ တပည့် မေဂျာအော်စေးကိုး ၏ နေအိမ်။
အဓိပတိအား လုပ်ကြံရေး အသေးစိတ်အစီအစဉ်ဆွဲ ရန် လူစုံတက်စုံရှိနေကြသည်။
ဗိုလ်ချုပ်အီစာမူရာ မှာ ထိုတာဝန်ကို မေဂျာအော်စေးကိုး အား လွှဲထားပြီး အစည်းအဝေးသို့ သူကိုယ်တိုင် မတက်ရောက်ချေ။
မေဂျာအော်စေးကိုး၊ အော်စေးကိုးစည်းရုံးထားသည့်အာရှလူငယ်အဖွဲ့မှ ခေါင်းဆောင်တစ်ဦး၊ လမ်းမတော်ဖိုးတုတ်၊ စံဘ၊ မောင်မောင်၊ အဆာဟိ နှင့် စင်္ကာပူမှ ထပ်ခေါ်လာသော အဆာဟိ တပည့် တမိုးဒါးတို့ပါဝင်သည်။
အဓိပတိအားလုပ်ကြံရေးအစီအစဉ်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့သို့ ပြောင်းရွေ့လိုက်သည်။
ညနက်ပိုင်း မဟာမိတ်လေယာဉ်များ ဗုံးလာကြဲချိန်တွင် အာရှလူငယ်အဖွဲ့မှ ခေါင်းဆောင်က အဆာဟိ၊ မောင်မောင်၊ စံဘ၊ တမိုးဒါးတို့ကို ကားဖြင့်ခေါ်လာပြီး အိမ်တော်နှင့် မနီးမဝေးတွင် ချပေးမည်။
အဆာဟိနှင့် မောင်မောင် က ကင်းစခန်းကို ဝင်စီးမည်။ စံဘနှင့် တမိုးဒါးက ခြံဝန်းအတွင်း ဗုံးခိုကျင်းထဲတွင်ရှိနေမည့် ဒေါက်တာဘမော် အား သေနတ်မသုံးပဲ ဓါးဖြင့် ဝင်ခုတ်သတ်ရန်ဖြစ်သည်။
ဒေါက်တာဘမော် သေပြီဆိုသည်နှင့် ဂျပန်စစ်တပ်မှ ချက်ချင်းရောက်လာကာ မောင်မောင်နှင့် အဆာဟိ ကို ဖမ်းဆီးသည့်ပုံနှင့် ခေါ်ထုတ်သွားပြီး မနီးမဝေးရှိ ဘီအိုင်အေခေါင်းဆောင်တစ်ဦးအိမ်တွင် ဝင်ခိုနေမည့် အာရှလူငယ်ခေါင်းဆောင်၏ ကားဆီသို့ ပြန်ပို့ပေးမည်ဖြစ်သည်။
အဆာဟိတို့ကို တင်ပြီးသည်နှင့် ထိုကားက ဒေါက်တာဘမော်၏ အိမ်အနောက်ဘက်လမ်းကို မောင်းသွားပြီး အနောက်ဘက်လျှိုထဲမှ ဖြတ်ဆင်းကာ လမ်းမပေါ်တက်လာမည့် စံဘနှင့်် တမိုးဒါးတို့ကို ခေါ်သွားမည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် ဒေါက်တာဘမော် အား မည်သူသတ်မည်နည်းဆိုသည်ကို စံဘနှင့် တမိုးဒါးတို့ အငြင်းပွားကြသေးသည်။
စံဘ ကလည်း သူခုတ်မည်ဟုဆိုသည်။ တမိုးဒါး ကလည်း ယာကူဇာတို့ ထုံးစံအတွင် ယာကူဇာမှ ခေါင်းဆောင်ပြီး လက်ခံသည့်အလုပ်ကို ယာကူဇာများကသာ အဆုံးသတ်သည်မှာ ထုံးတမ်းစဉ်လာဖြစ်ကြောင်း ပြောသည်။
နောက်ဆုံးတွင် လမ်းမတော်ဖိုးတုတ် က စံဘကို အလျော့ပေးခိုင်းလိုက်သည်။
အစည်းအဝေးပြီးနောက် လမ်းမတော်ဖိုးတုတ်အိမ်တွင် သီးသန့်အစည်းအဝေးတစ်ခု ထပ်လုပ်ကြသည်။
ထိုအစည်းအဝေးတွင်တော့ လမ်းမတော်ဖိုးတုတ်၊ မောင်မောင်၊ စံဘ နှင့် ထွန်းရင်တို့ ပါဝင်သည်။
"ငါတို့ နောက်ထပ်ရထားတဲ့ သတင်းအရတော့ ဒေါက်တာဘမော်ရဲ့ အိမ်နောက်ဖေး တန်းလျားမှာ သူ့သက်တော်စောင့်လူငယ်တွေနေတယ်။ ဦးမြကျင်ကတော့ ဒေါက်တာဘမော်ရဲ့ အိမ်အောက်ထပ်မှာနေတယ်လို့ သိထားတယ်။ စံဘက ဟိုအဘိုးကြီးကိစ္စပြီးတာနဲ့ အနောက်ဖေးဘက်ကို အထွက်မှာ ဦးမြကျင်ကို လမ်းကြုံဝင်သတ်ခဲ့ကွာ။ လမ်ကြုံမှနော်။ ဟိုကောင် ဘဘိုးက ညဘက်ဆို ဒေါက်တာဘမော်ခြံ ဘေးချင်းကပ်လျက်က ဗန္ဓုလဦးစိန်ခြံဝန်းထဲမှာရှိတဲ့ သူ့မယားအိမ်မှာ ပြန်အိပ်တတ်တယ်တဲ့။ မင်းတို့ အထဲကို ဝင်လှုပ်ရှားနေချိန် အသံတစ်ခုခုကြားရင် ဘဘိုး ဒီဘက်ကို ထလာမှာပဲ။ အဲ့ဒီအချိန်မှာ ငါနဲ့ ထွန်းရင်က ဒီကောင့်ကို ရိုက်ပြီး ကားပေါ်ခေါ်တင်သွားမယ်။ ပြီးမှ ဒီကောင့်ကို ဖြည်းဖြည်းချင်း အရသာခံသတ်ကြတာပေါ့"
"ဒီကောင့်ကို သတ်ရင်..ကျွန်တော်တို့ကိုလည်း စောင့်ပါဦး..ကိုဖိုးတုတ်..ကျွန်တော်တို့လည်း ဒီကောင်သေတာကို ကြည့်ချင်လို့"
"အဲ့ဒီလိုတော့ မဖြစ်ဘူး..စံဘ။ မင်းနဲ့မောင်မောင်နဲ့က ဒီကိစ္စပြီးတာနဲ့ လူချင်းခွဲတော့။ မင်းက ဘကြီးဘိုးဆင်တို့ရှိတဲ့ရွာကိုပြေး..မောင်မောင်က ရန်ကုန်ကနေ ဝေးနိုင်သမျှ ဝေးအောင်ခြေရာဖျောက်..ဟိုကောင့်ကိစ္စ ငါနဲ့ ထွန်းရင် ရှင်းမယ်။ အဓိကကတော့ မင်းရော မောင်မောင် ပါ ဒီပွဲမှာ မသေဖို့ပဲ...."
"ဟေ့ကောင်..စံဘ ငါ့နှမ မုဆိုးမ ဖြစ်ရင် မင်းကို ငါကိုယ်တိုင်လာခုတ်သတ်မှာနော်"
ထွန်းရင်က စံဘကိုလှမ်းကြိမ်းသည်။
"ဟိတ်ကောင်..ထွန်းရင်..မင်းနှမ မုဆိုးမဖြစ်ရင် မင်းယောက်ဖ စံဘလည်း သေပြီပေါ့ကွ..မင်းက ဘာကို သတ်မှာလည်း..ဟားဟား"
မောင်မောင်က ဝင်ပြောပြီး တဟားဟား အော်ရယ်တော့သည်။
……………………………………………………………………………….
၁၉၄၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်။ ၁၃၀၅ ခု၊ တပို့တွဲလပြည့်ကျော် (၈)ရက်၊ဗုဒ္ဓဟူးနေ့။
ရန်ကုန် ၏ သန်းခေါင် ကား အလင်းဟူ၏ ကြယ်ရောင်မှိတ်တုတ်အားကိုးရာသာရှိသည်။
ည ဆယ်နာရီခွဲခန့်တွင် ဒေါက်တာဘမော်အိမ်နှင့် မျက်စောင်းထိုး ဘီအိုင်အေဗိုလ်တစ်ဦးအိမ်ရှေ့တွင် ကားနက်လေးတစ်စင်းထိုးရပ်သွားသည်။
ထိုကားနက်ပေါ်မှ လူတစ်ယောက်စင်းလာပြီး အိမ်အတွင်း ဝင်သွား၏။
အိမ်အပြင်ဘက်ကားပေါ်တွင် အဆာဟိ၊ မောင်မောင်၊စံဘနှင့် တမိုးဒါးတို့ ကျန်ရစ်သည်။
အဆာဟိသည် ဂျပန်ကင်ပေတိုင်စစ်ဗိုလ်ဝတ်စုံကို ဝတ်ထားပြီး ခါးတွင် ခြောက်လုံးပြူးသေနတ်ကို ချိတ်ထားသည်။
မောင်မောင် နှင့် စံဘက အိုဂျီစစ်ဘောင်းဘီနှင့် အင်္ကျီအနက်ကိုယ်စီဝတ်ထားပြီး စံဘက ငှက်ကြီးတောင်ဓါးကို လွယ်ထားသည်။
တမိုးဒါးက ဗမာဝတ်စုံ ဝတ်ထားကာ ဘရင်းဂန်းသေနတ်ကိုလွယ်လျက် ကင်ဒိုဓားကို လက်တွင်ကိုင်ထား၏။
ဒေါက်တာဘမော်၏ ခြံရှေ့တွင်ရှိသော ဘီအိုင်အေကင်းသည် လေကြောင်းအန္တရာယ်ကြောင့် မီးထွန်းခြင်း မရှိပဲ အမှောင်ချထားသည်။
တချက်ချက် ကင်းတဲဆီမှ စကားပြောသံသဲ့သဲ့ကြားရသည်။
တစ်နာရီခန့်အကြာတွင် မြင်းပြိုင်ကွင်း ဘက်မှ လေကြောင်းအချက်ပေးဥသြသံများ ထွက်ပေါ်လာသည်။
ဂျပန်တို့၏ လေကြောင်းရန်ကာကွယ်ရေးမီးမောင်းကြီးများက ကောင်းကင်တွင် လင်းခနဲဖြစ်သွား၏။
ကောင်းကင်းယံတွင် မဟာမိတ်တို့၏ နာမည်ကျော် ကျွဲညီနောင် ဗုံးကြဲလေယာဉ်နှစ်စင်းက ကောင်းကင်တွင် ဟန်ရေးပြနေကြသည်။
မကြာမီ လေယာဉ်ပစ်အမြောက်သံများ တရစပ် ထွက်လာသည်။
ကျွဲညီနောင်က ကောင်းကင်တွင် ငါးမိနစ်ခန့် ကျွမ်းထိုးကာ လှည့်ပတ်ပျံသန်းပြပြီး အမြင့်သို့ ပြန်လည်ထိုးတက်သွားသည်။
ထူးထူးခြားခြား ဗုံးတစ်လုံးမှ ချမသွားပဲ ဂျပန်တို့ကို အိပ်ရေးပျက်ရန်သက်သက် လာစနောက်သွားသည်ဟုပင် ထင်ရသည်။
လေယာဉ်များဗုံးကြဲပြီးသည့်အချိန်မှသာ အိမ်တော်ထဲ ဝင်ရောက်ရန် သတ်မှတ်ထားသဖြင့် အိမ်တော်အနီးရောက် နေသော မောင်မောင်တို့ အုပ်စုမှာ မှောင်ရိပ်ထဲ အသာပြန်ဝပ်နေကြရသည်။
ဒေါက်တာဘမော်တို့ မိသားစုလည်း ဗုံးခိုကျင်းထဲ ဆင်းနေရာမှ လေယာဉ်များ ပြန်သွားပြီဖြစ်သဖြင့် အိမ်ပေါ်သို့ ပြန်တက်ကြလေသည်။
အိမ်တံခါးများအား သေချာစွာ ချက်ထိုးပိတ်လိုက်ပြီးနောက် အိပ်ရာဝင်ရန် ပြင်ကြသည်။
ဒေါက်တာဘမော် ကား စာကြည့်ခန်းထဲတွင် ဆေးပြင်းလိပ်ကို ခဲလျက် ဓာတ်မီးဖြင့် စာဖတ်နေသည်။
ထိုအချိန်တွင်ဒေါက်တာဘမော်၏ အိမ်ရှေ့ဝင်းတံခါးဘေးရှိ ကင်းတဲသို့ ဂျပန်ကင်ပေတိုင်ဝတ်စုံဝတ်ထားသော စစ်ဗိုလ်တစ်ယောက်နှင့် စကားပြန်တစ်ယောက် ရောက်လာသည်။
"ဟေ့..တံခါးဖွင့်စမ်း…ငါတို့ ကင်ပေတိုင်ကပဲ..ခုန ရန်သူလေယာဉ်တွေလာတုန်းက ဒီအိမ်ဝင်းထဲမှာ အချက်ပြ မီးရောင်မြင်လိုက်တယ်..အိမ်ထဲမှာ သူလျှိုရှိနေပြီ..အဓိပတိရဲ့လုံခြုံရေးအတွက် စစ်ဆေးဖို့လိုတယ်"
ဗုံးကြဲလေယာဉ်များလာစဉ်က ကင်းတဲနောက်ဘက် ကတုတ်ကျင်းထဲတွင် ဆင်းပုန်းနေကြသော ကင်းအုပ် ဗိုလ်ရဲခေါင်နှင့် ကင်းကျ ရဲဘော်နှစ်ယောက်မှာ အိမ်တော်ထဲ မီးရောင်ကို သတိမထားမိလိုက်ကြသဖြင့် လန့်ဖြန့်သွားကြသည်။
ထိုပြင် ဘီအိုင်အေများအား မထင်လျင် မထင်သလို ဖမ်းဆီးသတ်ဖြတ်တတ်သည့် ကင်ပေတိုင်ဖြစ်သည့််အတွက် ပိုမိုကြောက်လန့်သွားသည်။
ကင်းအုပ်ဗိုလ်ရဲခေါင်က စစ်သားကလေးအား တံခါးဖွင့်ပေးရန် အမိန့်ပေးလိုက်သည်။
တံခါးဖွင့်ပေးလိုက်သည်နှင့် ဂျပန်စစ်ဗိုလ်နှင့် လူလေးယောက်ဝင်လာပြီး ကင်းတဲထောင့်တွင် ထောင်ထားသည့် သေနတ်များကို သိမ်းလိုက်ကြသည်။
ဗိုလ်ရဲခေါင်၏ ခါးတွင်ပတ်ထားသော ကျည်တောင့်များကိုလည်း ဖြုတ်ယူပြီး တစ်နေရာတွင် စုပုံထားလိုက်ကြသည်။
"မင်းတို့ ဒေါက်တာဘမော် အိမ်ထဲမှာ အမေရိကန်သူလျှိုရှိနေတယ်လို့ ကင်ပေတိုင်က သတင်းအတိအကျရထားတယ်။ မင်းတို့ ငြိမ်ငြိမ်လေးထိုင်နေပါ။ ခဏနေ ဂျပန်စစ်ဗိုလ်ချုုပ်နဲ့ မင်းတို့ရဲ့ ဘီအိုင်အေက အကြီးဆုံးဗိုလ် ရောက်လာလိမ့်မယ်"
မောင်မောင်က လွယ်အိတ်ထဲလွယ်လာသော ခြောက်လုံးပြူးကို ထုတ် ချိန်ပြီး အမိန့်ပေးလိုက်သည်။
ဂျပန်ဗိုလ်ဝတ်စုံဝတ်ထားသော အဆာဟိက ကင်းအုပ်ဗိုလ်ရဲခေါင်ကို သေနတ်ဖြင့် ချိန်ကာ အဝတ်များ ချွတ်ခိုင်း၏။
ထို့နောက် တမိုးဒါးဝတ်လာသော မြန်မာဝတ်စုံနှင့် လဲခိုင်းသည်။
တမိုးဒါးက ဗိုလ်ရဲခေါင်၏ ဘီအိုင်အေဝတ်စုံကို လဲကာ ကင်ဒိုဓါးကို ကိုင်လိုက်သည်။
ထိုအချိန်တွင် လေကြောင်းအချက်ပေးဥသြသံ ထပ်မံထွက်ပေါ်လာသည်။
ဒေါက်တာဘမော်၏ ဇနီး ဒေါ်ခင်မမ က ဒေါက်တာဘမော်၏ စာဖတ်ခန်းဘက်သို့ ကူးလာသည်။
"မီးကို မြန်မြန်မှိတ်ပြီး..ဗုံးခိုကျင်းထဲ ဆင်းကြရအောင်"
စာထဲတွင် အာရုံဝင်စားနေသော ဒေါက်တာဘမော်က
"ဟေ့..ခုနကလည်း ကြဲတာမဟုတ်ဘူး။ အင်္ဂလိပ်တွေသက်သက်လာစနေတာ။ ကြောက်မနေနဲ့။ ဗုံးကျင်းထဲမှာက ပူကပူနဲ့ ။ အိမ်ထဲမှာသာနေကြစမ်းပါ"
ဒေါက်တာဘမော် က ခပ်ငေါက်ငေါက်ဆိုလိုက်သဖြင့် တစ်မိသားစုလုံး အိမ်ပေါ်တွင်ပင် နေနေကြသည်။
ထိုအချိန်တွင် တမိုးဒါးက ကင်ဒိုဓါးလွတ်ကို ကိုင်လျက်၊ စံဘက ကင်းအုပ်ဗိုလ်ရဲခေါင်ကို ငှက်ကြီးတောင်ဖြင့် လည်ပင်းပေါ်တင်လျက် ဒေါက်တာဘမော်တို့ မိသားစု ခိုသည့် ဗုံးခိုကျင်းကို လိုက်ပြခိုင်းသည်။
ဗုံးခိုကျင်းသည် အိမ်မကြီး၏ ဘေးကပ်လျက် ပေနှစ်ဆယ်ခန့် အခွာတွင် တည်ဆောက်ထားခြင်းဖြစ်၏။
ဗုံးခိုကျင်းအဝသို့ ရောက်သောအခါ အတွင်းသို့ တမိုးဒါးက ငုံ့ကြည့်လိုက်သည်။ တစ်ယောက်မှ မရှိ။
တမိုးဒါးရော စံဘ ပါ စိတ်ထဲ ထင့်ခနဲဖြစ်သွားကြသည်။
သူတို့စီစဉ်ထားသည်က လေကြောင်းအချက်ပေးသံကြားလျှင် ဒေါက်တာဘမော် ဗုံးခိုကျင်းထဲ ဆင်းခိုမည်။ ထိုအခါ အထဲဝင်ပြီး ဓါးဖြင့် အသေခုတ်ရန်ဖြစ်သည်။
သို့သော် အခြေအနေက ပြောင်းသွား၏။
"ဟိတ်ကောင်..ဒေါက်တာဘမော် ဘယ်မှာလဲ"
စံဘက ဗိုလ်ရဲခေါင်ကို ဓါးတင်ပြီး မေးလိုက်သည်။
"အိမ်ထဲမှာ ရှိမှာပေါ့"
စံဘက တမိုးဒါးကို ဂျပန်လို့ လိုက်ခဲ့ရန်ပြောပြီး အိမ်တော်ဝင်ပေါက် တံခါးသို့ သွားကြသည်။
ဗိုလ်ရဲခေါင်ကို တမိုးဒါးလက်သို့ အပ်လိုက်ပြီး စံဘက အိမ်တော်တံခါးကို ကန်ဖွင့်သည်။ သို့သော် အတွင်းမှ သော့များခတ်ထားသဖြင့် ဖွင့်မရ။
ထိုအချိန်တွင် တမိုးဒါးက စံဘကို ဘရင်းဂန်းပေးလိုက်ပြီး အိမ်အပေါ်ထပ်တွင် လှုပ်ရှားမှုမြင်သည်နှင့် ပစ်ရန် နေရာယူခိုင်းလိုက်သည်။
စံဘက အဓိပတိအိမ်ရှေ့မြက်ခင်းပြင် ရှိ အလှထားသောသမင်ရုပ်ကို အကာအကွယ်ယူကာ အိမ်အပေါ်ထပ်သို့ သေနတ်ဖြင့် ချိန်ထားလိုက်သည်။
တမိုးဒါး က ဗိုလ်ရဲခေါင်အား နောက်ထပ် အိမ်ထဲ ဝင်ရန် အပေါက်ကို ဂျပန်လို မေးသည်။
ဗိုလ်ရဲခေါင်မှာ ဂျပန်စကားမတတ်။
သေနတ်ဖြင့် အသင့်နေရာယူသော စံဘက စကားပြန်ပေးရသည်။
တမိုးဒါးက စိတ်မရှည်ဖြစ်ကာ ဗိုလ်ရဲခေါင်၏ ကုတ်ပိုးအား ဓါးနှောင့်ဖြင့် ထုချလိုက်လေရော ဗိုလ်ရဲခေါင်မှာ ခွေလဲကျသွားတော့သည်။
တမိုးဒါးက ကင်ဒိုဓားကို ကိုင်ကာ နောက်ဖေးဘက်သို့ လျှောက်သွား၏။
နောက်ဖေးဘက်တွင် ကင်းစောင့်နေသော စစ်သားကလေးမှာ ဘီအိုင်အေဗိုလ်ဝတ်စုံဖြင့် တမိုးဒါးကိုမြင်သော အခါ အံသြသွားပြီး အလေးပြုလိုက်သည်။
တမိုးဒါးက အိမ်ပေါ်သို့ လက်ညှိးထိုးပြပြီး "စပိုင်..စပိုင်" ဟု အော်လိုက်သောအခါ အစောင့်စစ်သားလေးမှာ အိမ်ပေါ်သို့ ပြူးပြူးပြာပြာဖြင့် ကြည့်ရှာသည်။
ထိုအချိန်တွင် တမိုးဒါးက စစ်သားလက်ထဲမှ သေနတ်ကို ကန်ထုတ်ကာ စစ်သားအား ဂျူဒိုနည်းဖြင့် ကိုင်ပေါက်လိုက်လေသည်။
ထို့နောက် ရိုင်ဖယ်သေနတ်ကို ကောက်ကာ မြေကြီးပေါ်မှ ကုန်းထနေသော စစ်သား၏ နောက်စေ့ကို ဒင်ဖြင့် ထုလိုက်သည်။
စစ်သား လဲကျသွားပြီးနောက် တမိုးဒါးက အိမ်တော်၏ နောက်ဖေးပေါက်၊ သံပန်းတံခါးကို ရိုင်ဖယ်မှ ဘတ်နက်ဖြင့် ကလပ်ကာ အတင်းထိုးဖွင့်နေသည်။
ထိုအချိန်တွင် အိမ်တော်ဘေးတွင်ရှိသော လုံခြုံရေးတန်းလျားမှ လူများနိုးလာကြ၏။
"အိမ်ထဲကို လူဝင်နေတယ်..လူဝင်နေတယ်"
အိမ်အောက်ထပ်၊ အနောက်မြောက်ထောင့်အခန်းတွင် အိပ်လျက်ရှိသော ဦးမြကျင် ရုတ်တရက်နိုးလာသည်။
ခေါင်းရင်းတွင် ချိတ်ထားသော ခြောက်လုံးပြူးကို ယူကာ အိမ်အပေါ်ထပ်သို့ ပြေးတက်လိုက်သည်။
အပေါ်ထပ်တွင်ရှိသော ဒေါက်တာဘမော်က ဘရင်းဂန်းသေနတ်ကို ကိုင်ကာ အောက်သို့ ဆင်းလာ၏။
အနောက်မှ ဒေါက်တာဘမော်၏ ဇနီး ဒေါ်ခင်မမ က လိုက်လာကာ ဆွဲထားသည်။
"အဓိပတိကြီး အိမ်ပေါ်မှာပဲ နေပါ..ကျွန်တော်ရှင်းလိုက်မယ်..အိမ်ပေါ်မှာပဲနေ"
အောက်ဘက်မှ ဦးမြကျင်က လှမ်းအော်သည်။
အပေါ်ထပ်မှ လူများအသံနှင့် နောက်ဘက်မှ လူများအသံကို ကြားသောအခါ တမိုးဒါးသည် လုံခြုံရေးတန်းလျားသို့ သွားကာ မော်တော်ကား၊ မော်တော်ကား ဟု အော်လေသည်။
ဦးမြကျင်က တံခါးသော့ဖွင့်ပြီး ခြောက်လုံးပြူးဖြင့် လှမ်းပစ်သဖြင့် တမိုးဒါးမှာ ဝင်းတံခါးဘက်သို့ အော်ဟစ်ပြီး ပြေးလေတော့သည်။
စံဘလည်း အနောက်ဖက်မှာ အသံများကြားသဖြင့် မြက်ခင်းဘေးသို့ ပြေးပြီး ဗုံးခိုကျင်းအနီးရှိ လျှိုထဲတွင် အသာဝပ်နေလေသည်။
သေနတ်သံကြောင့် ကင်းအလှည့်မကျသေးသဖြင့် အိပ်နေကြသော ဘီအိုင်အေစစ်သားများ နိုးလာကြသည်။
ဒေါက်တာဘမော်၏ ဇနီးက ဂျပန်စစ်တပ်မှ ကာနယ်ဟီရာအိုကာ ဆီ ဖုန်းဆက်အကြောင်း ကြားလိုက်သည်။
မကြာမီ ကာနယ်ဟီရာအိုကာ သည် ကင်ပေတိုင်ရုံးချုပ်မှ စစ်တပ်တစ်တပ်ကို ခေါ်ကာ ဒေါက်တာဘမော်၏ အိမ်သို့ရောက်ရှိလာကြသည်။
ကင်းတဲ အနောက်ဖက်တွင် ရှိနေသော မောင်မောင် သည် ကားသံများကြားသည်နှင့် ခြံစည်းရိုးကို ခွကျော်ကာ နောက်ဖက် ခြုံပုတ်ထဲဆင်းပြေးတော့သည်။
တမိုးဒါး က ကင်းဝတွင် ကားများဝင်လာသည်ကို တွေ့သဖြင့် အနောက်ဘက်သို့ ပြန်ပြေးသည်။
ကာနယ်ဟီရာအိုကာက ကင်းတဲထဲ ရုတ်တရက်ဝင်လာသောအခါ အဆာဟိက သေနတ်ဖြင့် ချိန်လိုက်၏။
သို့သော် အတူပါလာသော ဂျပန်ကင်ပေတိုင်ဗိုလ်က ဘေးတွင် စုပုံထားသော ရိုင်ဖယ်သေနတ်ကို ကောက်ကိုင်ကာ အဆာဟိ၏ လက်ကို ဖြတ်ရိုက်ချလိုက်သည်။
ထို့နောက် အဆာဟိအား ဖမ်းဆီးလိုက်ကြတော့သည်။
ဘီအိုင်အေမှ ဗိုလ်ရန်နိုင် ၊ ဗိုလ်အောင်စိန်နှင့် စစ်သားများ ထပ်မံရောက်လာကြသည်။
အိမ်အနောက်သို့ ပြန်လည် ထွက်ပြေးလာသော တမိုးဒါးမှာ ဦးမြကျင် နှင့် တည့်တည့်တိုးလေတော့သည်။
ဦးမြကျင်က တမိုးဒါး အား ခြောက်လုံးပြူးဖြင့် ချိန်ထား၏။ တမိုးဒါးမှာ ကင်ဒိုဓါးကို ချကာ လက်မြှောက်ထားလိုက်ပြီဖြစ်သည်။
ထိုအချိန်တွင် လျှိုထဲ ဝပ်နေသော စံဘက ဦးမြကျင်ကို ဘရင်းဂန်းဖြင့် ပစ်ရန် ချိန်လိုက်သည်။
သို့သော် သေနတ်သံကြားလျှင် အရှေ့တွင် ရောက်နေသော ဂျပန်နှင့် ဘီအိုင်အေတပ်များ ကြားပြီး နောက်ဖက်သို့ ရောက်လာကြမည်ဆိုးသဖြင့် ဘရင်းဂန်းအား လွယ်ကာ ငှက်ကြီးတောင်အား ထုတ်ကိုင်လိုက်သည်။
ထို့နောက် ဦးမြကျင် အား ငှက်ကြီးတောင်ဖြင့် ဝင်ပိုင်းလေသည်။
ဦးမြကျင်မှာ ရုတ်တရက်သူ့ဘေးဘက်မှ ဝင်လာသောအရာကို သတိထားမိသဖြင့် ခြေတစ်ဖက်ကို ရုတ်ကာ ကိုယ်ကို ယို့လိုက်သည်။
ငှက်ကြီးတောင်က ဦးမြကျင် ၏ သေနတ်ကို ခုတ်မိပြီး သေနတ်ပြုတ်ကျသွားသည်။
စံဘက တမိုးဒါးကို ပြေးရန်ပြောသည်။ တမိုးဒါးက ဦမြကျင် ၏ ရင်ဘတ်ကို စောင့်ကန်ပြီး အနောက်ဘက်သို့ ပြေးလေသည်။
ဘီအိုင်အေစစ်သားများမှာ နောက်ဘက်သို့ လာနေပြီဖြစ်သဖြင့် စံဘလည်း လျှိုထဲသို့ ပြန်လှိမ့်ချပြီး အသာပုန်းနေလိုက်သည်။
ဦးမြကျင်သည် လူးလဲထပြီး သေနတ်ကို ကောက်ကာ တမိုးဒါးပြေးသည့် နောက်ခြံစည်းရိုးသို့ လိုက်သည်။
သူ့နောက်တွင် ဘီအိုင်အေစစ်သားသုံးယောက်လည်း ပါလာ၏။
တမိုးဒါး က အနောက်ဘက် အုတ်နံရံကို ခွကျော်ကာ ပြေးလေပြီ။
ဘီအိုင်အေစစ်သားများ ပြန်လှည့်သွားကြသည်။
ဦးမြကျင် ကား စံဘကျန်နေသေးသည်ကိုသိသဖြင့် မကျေမနပ်နိုင်ဖြစ်နေပြီး ခြောက်လုံးပြူးကို ကိုင်ကာ ဟိုဟိုဒီဒီ လိုက်ရှာနေ၏။
အစေခံတန်းလျားအနောက်ဘက် အိမ်သာနားဆီမှ အသံတစ်ခု ကြားသဖြင့် ဦးမြကျင်က သေနတ်ကို ကိုင်လျက် ခြေသံလုံလုံဖြင့် ကပ်သွားသည်။
အသံသည် အိမ်သာထဲမှာ လာနေသဖြင့် အိမ်သာထရံဘေးအနားသို့ အသာကပ်ကာ နားစွင့်နေ၏။
ထိုအချိန်တွင် အိမ်သာအောက်တွင် ဝင်ရောက်ပုန်းခိုနေသော စံဘက ဝပ်နေရာမှာ ငှက်ကြီးတောင်ဖြင့် ဦးမြကျင်၏ ခြေခြင်းဝတ်ပိုင်းချလိုက်လေသည်။
ဝမ်းလျားမှောက်ဝပ်နေရာမှ ပိုင်းရသဖြင့် အားသိပ်မပါသော်လည်း ဦးမြကျင် ခြေထောက်တွင် ငှက်ကြီးတောင်ဓါးအသွားက ခပ်နက်နက် စိုက်ဝင်နေသည်။
ဦးမြကျင်မှာ အားကနဲ အော်ပြီး အောက်သို့ငုံအကြည့်တွင် စံဘက လေးဘက်ထောက်တိုးထွက်လိုက်သဖြင့် ခေါင်းချင်းတိုက်ကာ ဦးမြကျင်လဲကျသွားသည်။
စံဘက နောက်ဖေး ခြံစည်းရိုးဘက်ပြေးရန် ပြင်လိုက်စဉ် ဦးမြကျင်က ခြေထော့နဲ့ဖြင့် ပြန်ထလာပြီး စံဘလွယ်ထားသော ဘရင်းဂန်းကို ဆွဲလိုက်ရာ ဘရင်းဂန်းမှာ ကြိုးုပြတ်ပြီး ဦးမြကျင် လက်ထဲပါလာ၏။
ဦးမြကျင်က ဘရင်းဂန်း ကို ပစ်ရန်အသင့်အနေအထား ကိုင်လိုက်စဉ်တွင်ပင် စံဘက ဦးမြကျင် ၏ ရင်ဘတ်အား အရှိန်ဖြင့် ပြေးပြီး စောင့်ကန်လိုက်ရာ ဦးမြကျင်သည် အိမ်သာအနောက်ဘက်ရှိ ထရံအုပ်ထားသော အိမ်သာကျင်းကြီးထဲသို့ ပြုတ်ကျသွားလေတော့သည်။
စံဘက ငှက်ကြီးတောင်ဓါးကို ကောက်ကိုင်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။
ထို့နောက် နှာခေါင်းကို လက်ဖြင့် ပိတ်ကာ တွင်းထဲတွင် ဘရင်းဂန်းသေနတ်ကို ကိုင်လျက် ယက်ကန်ယက်ကန်ဖြစ်နေသော ဦးမြကျင်ကို တချက်လှမ်းခုတ်လိုက်သည်။
သို့သော် တွင်းက အနည်းငယ်နက်သဖြင့် ဓါးဖြင့် လှမ်းခုတ်သော် မစင်ဖတ်များကို သာ ခုတ်မိပြီး အပေါ်သို့ စင်တက်လာသည်။
စံဘက မျက်နှာကို ရှုံ့မဲ့လိုက်ပြီး ဦးမြကျင် ရှိရာသို့ ဓါးဖြင့် ပစ်ပေါက်လိုက်သည်။ ဦးမြကျင်က ခေါင်းကို တိမ်းပြီး ရှောင်လိုက်သဖြင့် ဓါးမှာ မစင်အိုင်အတွင်း ဇွတ်ခနဲ စိုက်ဝင်သွား၏။
လုံခြုံရေးတန်းလျားမှ လူများ အနောက်ဘက်သို့ အပြေးအလွှားဆင်းလာသံကြားရသည်။
"ခွေးမသားကြီး..ချီးတွင်းထဲကျလို့ ကံကောင်းသွားမယ်မှတ်"
စံဘက ဦးမြကျင်ကို ကြိမ်းဝါးပြီး အနောက်ဘက် အုတ်နံရံ ပေါ်သို့ ကျော်တက်ကာ အမှောင်ထုထဲ ပျောက်ကွယ်သွားလေတော့သည်။
ထိုအချိန်တွင် ဘေးချင်းကပ်လျက် ဗန္ဓုလဦးစိန်ခြံတွင် အိပ်နေသော ပုသိမ်ညွန့်ဘဘိုး သည် ဆူဆူညံညံ အသံများကြောင့် ခြောက်လုံးပြူးသေနတ် ကိုင်ကာ ဒေါက်တာဘမော်၏ ခြံဘက်သို့ ကူးလာလေသည်။
ဒေါက်တာဘမော်နှင့် ဗန္ဓုလဦးစိန်၏ ခြံအကြားတွင် အရေးအကြောင်းဆက်သွယ်ရန် လျှိုပုံစံ လုပ်ထားသော မလွယ်ပေါက်တစ်ခုရှိသည်။
ဘဘိုး က သေနတ်ဖြင့် လျိုအတွင်း ဆင်းလိုက်သည်နှင့် သူ့မျက်နှာအား သံမူလီခေါင်းတပ် ဇာဝီတုတ် ဖြင့် ဖြတ်ရိုက်ခြင်းခံလိုက်ရလေသည်။
ဘဘိုး၏ နှာခေါင်းမှ သွေးများလျှံထွက်လာပြီး နောက်သို့ ဟန်ချက်ပျက်ကာ လန်ကျသွား၏။
ခက်ဇော်
(zawgyi)
The Guys of Yangon,1930(Part 30)
အခန္း(၃၁)
..................
"ေဒါက္တာဘေမာ္ ကို သတ္ရမယ္..ဟုတ္လား"
လမ္းမေတာ္ဖိုးတုတ္ တအံတၾသျဖစ္သြားသည္။
ဗိုလ္ခ်ဳပ္အီစာမူရာက ဆာေကး ေနာက္တစ္ခြက္ကို သူ႔ဘာသာ ထပ္ငွဲ႔လိုက္သည္။
"မင္းလူေတြကို သတ္ၿပီး မင္းေနရာကို မွန္းေနၾကတာ ေဒါက္တာဘေမာ္ ရဲ႕ လူေတြေနာ္..ဖိုးတုတ္"
ဖိုးတုတ္ စဥ္းစားသြားသည္။
"ဟုတ္ၿပီ..မာစတာ..ဒါဆို ေဒါက္တာဘေမာ္ အျပင္ သူ႔ေဘးက ဦျမက်င္ နဲ႔ ဘဘိုး ကို ေရာ အဆစ္သတ္ပစ္လို႔ ရမလား''
"ဒါကေတာ့ မင္းကိစၥေလ..ဖိုးတုတ္။ ေဒါက္တာဘေမာ္ မရွိေတာ့ရင္ သူတို႔လည္း မင္းလက္ထဲက ေျပးမလြတ္ပါဘူး"
"ဘယ္ေတာ့ေလာက္..ဘယ္လိုသတ္ေပးရမွာလဲ"
"ဒါက မင္းအရင္ လမ္းေဘးမွာ လူသတ္သလို လုပ္လို႔ေတာ့မရဘူး..ဖိုးတုတ္။ ငါတို႔စနစ္တက် အစီအစဥ္ဆြဲရမယ္။ ၿပီးေတာ့ ငါတို႔ ဝင္သတ္ဖို႔ ေ႐ြးခ်ယ္ထားတာက ဘေမာ္ ရဲ႕ အိမ္ထဲမွာပဲ။ အဓိပတိတစ္ေယာက္ရဲ႕ အိမ္ထဲကို ဝင္သတ္ဖို႔ဆိုတာ ထင္သေလာက္မလြယ္ဘူးကြ"
"ဒါဆို ဘာလို႔ အိမ္ထဲ ဝင္သတ္မလဲ၊ သူတစ္ေနရာရာကို ေရာက္ေနခ်ိန္ သတ္လို႔ေရာ မရဘူးလားဗ်"
"မရဘူး..ဖိုးတုတ္။ ဘေမာ္ အိမ္ ပတ္လည္မွာ ဝိုင္းေနတာ ဘီအိုင္ေအက ဗိုလ္ခ်ဳပ္ေတြ၊ ဗိုလ္မႉးႀကီးေတြခ်ည္းပဲ။ ၿပီးေတာ့ ဘေမာ္ အိမ္ရဲ႕ အဝင္ကင္းစခန္းကလည္း ဘီအိုင္ေအက ေစာင့္တာ။ သူ႔အိမ္ထဲကို ဝင္သတ္ႏိုင္မွ ဘီအိုင္ေအက ဘေမာ္ကို သတ္တယ္ဆိုတာမ်ိဳးကို တိုက်ိဳအစိုးရကို ငါတို႔ တင္ျပလို႔ရမွာ။ ႏို႔မဟုတ္ ဘေမာ္မွ ဘေမာ္ျဖစ္ေနတဲ့ တိုက်ိဳနန္းတြင္းနဲ႔ အစိုးရက ငါတို႔သတ္တာလို႔ သိတာနဲ႔ ငါတို႔ သြားၿပီပဲ။ ဒါေၾကာင့္ ဘီအိုင္ေအက သတ္တယ္ဆိုတဲ့ ပုံစံမ်ိဳးျဖစ္ေအာင္ လုပ္ရမယ္"
"ခင္ဗ်ားတို႔က ဗမာအခ်င္းခ်င္းပါ ခ်ကုန္ေအာင္ လုပ္တာပဲဗ်"
"ဒါႏိုင္ငံေရး..ဖိုးတုတ္။ တရားတာ မတရားတာထက္ ရလာဒ္က ပိုအေရးႀကီးတယ္"
"ဟုတ္ပါၿပီ..ဒါဆို ကြၽန္ေတာ္က ဒီကိစၥမွာ ဘယ္ေနရာက ပါရမလဲ"
"မင္းက ကိုယ္တိုင္ဝင္ပါစရာမလိုဘူး..ဖိုးတုတ္။ ဒီစစ္ဆင္ေရးမွာ အဆာဟိက ေခါင္းေဆာင္ပဲ။ အဆာဟိရယ္၊ သူ႔လူတစ္ေယာက္ရယ္၊ မင္းဆီက ဂ်ပန္စကားတတ္ၿပီး သတ္ရဲျဖတ္ရဲတဲ့ လူႏွစ္ေယာက္ရယ္ အဓိက လုပ္ရမွာ၊ သူတို႔လုပ္စရာရွိတာလုပ္ၿပီး အျပင္ျပန္ထြက္လာခ်ိန္ ကူညီေပးဖို႔ အနားက ဘီအိုင္ေအဗိုလ္တစ္ေယာက္ အိမ္မွာ ဗမာလူငယ္တစ္ေယာက္ အသင့္ရွိေနမယ္"
"ဘယ္ေတာ့လုပ္ စမလဲ"
"အခု ဘေမာ္ရဲ႕ အိမ္အတြင္းဘက္အေနအထား နဲ႔ ၿခံအဝင္အထြက္လမ္းေတြ၊ ဂိတ္ေပါက္၀ ကင္းက အေစာင့္အင္အား၊ ၿခံထဲက အေစာင့္အင္အားကို အတြင္းလူေတြဆီက စုံစမ္းေနတယ္။ အခု အဆာဟိက စင္ကာပူကို ခဏျပန္ၿပီး ေဖေဖာ္ဝါရီမွာ သူနဲ႔အတူလုပ္မယ့္ ေနာက္တစ္ေယာက္ကို ေခၚလာခဲ့လိမ့္မယ္။ စစ္ဆင္ေရးစမယ့္ရက္ကို ေဖေဖာ္ဝါရီ (၁၅)ရက္ေန႔ကို သတ္မွတ္ထားတယ္။ မင္းဘက္က စိတ္ခ်ရမယ့္ လူႏွစ္ေယာက္ ေ႐ြးထားပါ..ဖိုးတုတ္။ ငါတို႔ ေဖေဖာ္ဝါရီ (၅)ရက္ေန႔မွာ ေနာက္ထပ္အစည္းအေဝးတစ္ခု ထပ္လုပ္ရမယ္။ အဲ့ဒီက် ငါတို႔အျပင္ အဆာဟိလူေရာ၊ မင္းလူေတြပါ ပါမယ္"
ဗိုလ္ခ်ဳပ္အီစာမူရာ ၏ မ်က္ႏွာက ျပတ္သားတင္းမာေနသည္။
အဆာဟိ ၏ မ်က္လုံးက်ဥ္းက်ဥ္းေလးမ်ားၾကားမွ ရက္စက္မႈသ႐ုပ္သကန္ကို ဖိုးတုတ္ ခံစားမိေနသည္။
…………………………………………………………………………………………………….
ေဒါက္တာဘေမာ္ကို လုပ္ႀကံေရး သည္ အခန႔္မသင့္လွ်င္ ပါဝင္သူအားလုံး၏ ဘဝတစ္ခုလုံး ေပးလိုက္ရမည္ကို ဖိုးတုတ္ စဥ္းစားမိသည္။
ယခုပြဲကား မီးကုန္ယမ္းကုန္ တိုက္ရမည့္ပြဲ။ ေဒါက္တာဘေမာ္တည္းဟူေသာ တံတိုင္းႀကီးကို ၿဖိဳၿပီးသည့္ေနာက္ သူ႔ေဘးမွ ျမက်င္ ႏွင့္ ဘဘိုး ဟူေသာ ေပါင္းျမက္ေလးေတြကို ဆြဲႏႈတ္ပစ္ရမည့္ပြဲ။
ဖိုးတုတ္ ၏ သရဖူကို ကာကြယ္ပြဲ။
က်ဆင္းေနသည့္ ဂုဏ္သိကၡာႏွင့္ ညီအစ္ကိုေသြးေသာက္တို႔၏ ဝိညာဥ္မ်ားအတြက္ ေသြးေႂကြးဆပ္ရမည့္ပြဲ။
ဖိုးတုတ္က သူ႔လူယုံမ်ားျဖစ္ေသာ စံဘ၊ ထြန္းရင္ ႏွင့္ ေမာင္ေမာင္ တို႔ကို ေခၚကာ အစီအစဥ္အေသးစိတ္ကို ေျပာျပလိုက္သည္။
"ဒီကိစၥဟာ အထူးလွ်ိဳ႕ဝွက္ခ်က္မို႔ မင္းတို႔အားလုံး ေသခ်ာေစာင့္ထိန္းေစခ်င္တယ္။ မင္းတို႔ကို ငါကိုယ္နဲ႔အမွ် ယုံၾကည္လို႔ ငါေျပာျပတာ။ ဒီပြဲ တိုက္ၿပီးတာနဲ႔ ငါတို႔ ရဲ႕ ေအာင္ပြဲေန႔ရက္ေတြ ျပန္လာေတာ့မွာ။ ၿပီးေတာ့ ဂႏၶမာ၊ ေအာင္ဘ၊ ဘိုးထင္ တို႔အတြက္ ဘဘိုး ရဲ႕ ေသြးေတြကို ျပန္ယူမယ့္ပြဲပဲ၊ ဟိုေကာင္..စံဘ မင္းက အာေခ်ာင္တတ္တယ္။ မင္း အထူးသတိထား"
"ဟုတ္ကဲ့..ကိုဖိုးတုတ္"
" ေမာင္ေမာင္ မင္းက ဘီအိုင္ေအထဲကလူေတြနဲ႔လည္း နည္းနည္းပါးပါးသိေတာ့..အိမ္ထဲကို မင္းရယ္ စံဘ ရယ္ ဝင္ရမယ္"
"ကြၽန္ေတာ္ကေရာ ကိုႀကီးဖိုးတုတ္"
"ထြန္းရင္..မင္းနဲ႔ငါ သီးသန႔္လႈပ္ရွားစရာရွိေသးတယ္။ ဒီၾကားထဲ မင္း မသင္းျမ ကို ဆိပ္ႀကီးကို ျပန္ပို႔ေပးဖို႔လုပ္"
………………………………………………………………………
ေဆာင္းေငြ႕ေဆာင္းျမဴတို႔ သည္ ေနေရာင္၌ မပ်ယ္ေပ်ာက္ၾကေသး။
ဇန္နဝါရီ၏ နံနက္ေနျခည္သည္ ေ႐ႊတိဂုံေစတီေတာ္ႀကီး အား ၿခဳံငုံလႊမ္းျဖာလ်က္။
မသင္းျမ က ေစတီေတာ္ကို ဦးခိုက္ရွိခိုးၿပီး ဖိုးတုတ္ဘက္သို႔ လွည့္လိုက္သည္။
"ကြၽန္မတို႔ အိမ္ေထာင္သက္ ႏွစ္ႏွစ္ဆယ္ အတြင္းမွာ ရွင့္ကို ကြၽန္မ ထားသြားရမွာ ဒါပထမဆုံးပဲ..ကိုဖိုးတုတ္..ဒါေပမယ့္..ကြၽန္မရွင့္ကို စိတ္ခ်ပါတယ္..ရွင္ ကြၽန္မဆီ ျပန္လာမွာပဲေလ"
ဖိုးတုတ္က မသင္းျမ ကို ၿပဳံးျပလိုက္သည္။
"ေဟာ့ဒီႏွစ္ကာလေတြမွာ ေသတြင္းထဲ အႀကိမ္ႀကိမ္လြတ္ခဲ့သလို..လူေတြအမ်ားႀကီးကိုလည္း ေသတြင္းထဲ ပို႔ခဲ့ဖူးတယ္..အရက္ေတြ ဘယ္ေလာက္မူးမူး…တျခားမိန္းမေတြနဲ႔ ဘယ္ေလာက္ပဲ ဘာေတြျဖစ္ျဖစ္..အသိစိတ္ေတြဘယ္ေလာကလြတ္လြတ္…ကိုဖိုးတုတ္ မွာ မလြတ္တဲ့ စိတ္ကေလးတစ္ခုေတာ့အၿမဲရွိတယ္။ အဲ့ဒါက မသင္းျမ ဆီ ငါျပန္ရမယ္ဆိုတာပဲ…ျပန္လာခဲ့မွာပါ..ျပန္လာခဲ့မွာပါ..မသင္းျမ..ဟိုမွာ ဘသိန္းတို႔ အေမတို႔နဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေစာင့္ေနပါ…တို႔မိသားစုအတြက္.ဒီရန္ကုန္ေျမကို ဟိုအရင္လို ပန္းခင္းေပးႏိုင္မွ ေပ်ာ္ေပ်ာ္ပါးပါး ဆုံၾကတာေပါ့"
ခိုတစ္အုပ္ လွစ္ခနဲ ထပ်ံသြားသည္။
ခပ္ေဝးေဝး ဇရပ္ဆီမွ ေၾကးစည္သံသဲ့သဲ့ၾကားရ၏။ ေမတၱာပို႔သံမ်ားကလည္း တဆက္တည္း ပ်ံ႕လြင့္လာေတာ့သည္။
ဆည္းလည္းသံမ်ားက တခြၽင္ခြၽင္။
………………………………………………………………….
၁၉၄၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၅)ရက္။
ဗိုလ္ခ်ဳပ္အီစာမူရာ၏ တပည့္ ေမဂ်ာေအာ္ေစးကိုး ၏ ေနအိမ္။
အဓိပတိအား လုပ္ႀကံေရး အေသးစိတ္အစီအစဥ္ဆြဲ ရန္ လူစုံတက္စုံရွိေနၾကသည္။
ဗိုလ္ခ်ဳပ္အီစာမူရာ မွာ ထိုတာဝန္ကို ေမဂ်ာေအာ္ေစးကိုး အား လႊဲထားၿပီး အစည္းအေဝးသို႔ သူကိုယ္တိုင္ မတက္ေရာက္ေခ်။
ေမဂ်ာေအာ္ေစးကိုး၊ ေအာ္ေစးကိုးစည္း႐ုံးထားသည့္အာရွလူငယ္အဖြဲ႕မွ ေခါင္းေဆာင္တစ္ဦး၊ လမ္းမေတာ္ဖိုးတုတ္၊ စံဘ၊ ေမာင္ေမာင္၊ အဆာဟိ ႏွင့္ စကၤာပူမွ ထပ္ေခၚလာေသာ အဆာဟိ တပည့္ တမိုးဒါးတို႔ပါဝင္သည္။
အဓိပတိအားလုပ္ႀကံေရးအစီအစဥ္ကို ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔သို႔ ေျပာင္းေ႐ြ႕လိုက္သည္။
ညနက္ပိုင္း မဟာမိတ္ေလယာဥ္မ်ား ဗုံးလာႀကဲခ်ိန္တြင္ အာရွလူငယ္အဖြဲ႕မွ ေခါင္းေဆာင္က အဆာဟိ၊ ေမာင္ေမာင္၊ စံဘ၊ တမိုးဒါးတို႔ကို ကားျဖင့္ေခၚလာၿပီး အိမ္ေတာ္ႏွင့္ မနီးမေဝးတြင္ ခ်ေပးမည္။
အဆာဟိႏွင့္ ေမာင္ေမာင္ က ကင္းစခန္းကို ဝင္စီးမည္။ စံဘႏွင့္ တမိုးဒါးက ၿခံဝန္းအတြင္း ဗုံးခိုက်င္းထဲတြင္ရွိေနမည့္ ေဒါက္တာဘေမာ္ အား ေသနတ္မသုံးပဲ ဓါးျဖင့္ ဝင္ခုတ္သတ္ရန္ျဖစ္သည္။
ေဒါက္တာဘေမာ္ ေသၿပီဆိုသည္ႏွင့္ ဂ်ပန္စစ္တပ္မွ ခ်က္ခ်င္းေရာက္လာကာ ေမာင္ေမာင္ႏွင့္ အဆာဟိ ကို ဖမ္းဆီးသည့္ပုံႏွင့္ ေခၚထုတ္သြားၿပီး မနီးမေဝးရွိ ဘီအိုင္ေအေခါင္းေဆာင္တစ္ဦးအိမ္တြင္ ဝင္ခိုေနမည့္ အာရွလူငယ္ေခါင္းေဆာင္၏ ကားဆီသို႔ ျပန္ပို႔ေပးမည္ျဖစ္သည္။
အဆာဟိတို႔ကို တင္ၿပီးသည္ႏွင့္ ထိုကားက ေဒါက္တာဘေမာ္၏ အိမ္အေနာက္ဘက္လမ္းကို ေမာင္းသြားၿပီး အေနာက္ဘက္လွ်ိဳထဲမွ ျဖတ္ဆင္းကာ လမ္းမေပၚတက္လာမည့္ စံဘႏွင့္္ တမိုးဒါးတို႔ကို ေခၚသြားမည္ျဖစ္သည္။
ေဆြးေႏြးပြဲတြင္ ေဒါက္တာဘေမာ္ အား မည္သူသတ္မည္နည္းဆိုသည္ကို စံဘႏွင့္ တမိုးဒါးတို႔ အျငင္းပြားၾကေသးသည္။
စံဘ ကလည္း သူခုတ္မည္ဟုဆိုသည္။ တမိုးဒါး ကလည္း ယာကူဇာတို႔ ထုံးစံအတြင္ ယာကူဇာမွ ေခါင္းေဆာင္ၿပီး လက္ခံသည့္အလုပ္ကို ယာကူဇာမ်ားကသာ အဆုံးသတ္သည္မွာ ထုံးတမ္းစဥ္လာျဖစ္ေၾကာင္း ေျပာသည္။
ေနာက္ဆုံးတြင္ လမ္းမေတာ္ဖိုးတုတ္ က စံဘကို အေလ်ာ့ေပးခိုင္းလိုက္သည္။
အစည္းအေဝးၿပီးေနာက္ လမ္းမေတာ္ဖိုးတုတ္အိမ္တြင္ သီးသန႔္အစည္းအေဝးတစ္ခု ထပ္လုပ္ၾကသည္။
ထိုအစည္းအေဝးတြင္ေတာ့ လမ္းမေတာ္ဖိုးတုတ္၊ ေမာင္ေမာင္၊ စံဘ ႏွင့္ ထြန္းရင္တို႔ ပါဝင္သည္။
"ငါတို႔ ေနာက္ထပ္ရထားတဲ့ သတင္းအရေတာ့ ေဒါက္တာဘေမာ္ရဲ႕ အိမ္ေနာက္ေဖး တန္းလ်ားမွာ သူ႔သက္ေတာ္ေစာင့္လူငယ္ေတြေနတယ္။ ဦးျမက်င္ကေတာ့ ေဒါက္တာဘေမာ္ရဲ႕ အိမ္ေအာက္ထပ္မွာေနတယ္လို႔ သိထားတယ္။ စံဘက ဟိုအဘိုးႀကီးကိစၥၿပီးတာနဲ႔ အေနာက္ေဖးဘက္ကို အထြက္မွာ ဦးျမက်င္ကို လမ္းႀကဳံဝင္သတ္ခဲ့ကြာ။ လမ္ႀကဳံမွေနာ္။ ဟိုေကာင္ ဘဘိုးက ညဘက္ဆို ေဒါက္တာဘေမာ္ၿခံ ေဘးခ်င္းကပ္လ်က္က ဗႏၶဳလဦးစိန္ၿခံဝန္းထဲမွာရွိတဲ့ သူ႔မယားအိမ္မွာ ျပန္အိပ္တတ္တယ္တဲ့။ မင္းတို႔ အထဲကို ဝင္လႈပ္ရွားေနခ်ိန္ အသံတစ္ခုခုၾကားရင္ ဘဘိုး ဒီဘက္ကို ထလာမွာပဲ။ အဲ့ဒီအခ်ိန္မွာ ငါနဲ႔ ထြန္းရင္က ဒီေကာင့္ကို ႐ိုက္ၿပီး ကားေပၚေခၚတင္သြားမယ္။ ၿပီးမွ ဒီေကာင့္ကို ျဖည္းျဖည္းခ်င္း အရသာခံသတ္ၾကတာေပါ့"
"ဒီေကာင့္ကို သတ္ရင္..ကြၽန္ေတာ္တို႔ကိုလည္း ေစာင့္ပါဦး..ကိုဖိုးတုတ္..ကြၽန္ေတာ္တို႔လည္း ဒီေကာင္ေသတာကို ၾကည့္ခ်င္လို႔"
"အဲ့ဒီလိုေတာ့ မျဖစ္ဘူး..စံဘ။ မင္းနဲ႔ေမာင္ေမာင္နဲ႔က ဒီကိစၥၿပီးတာနဲ႔ လူခ်င္းခြဲေတာ့။ မင္းက ဘႀကီးဘိုးဆင္တို႔ရွိတဲ့႐ြာကိုေျပး..ေမာင္ေမာင္က ရန္ကုန္ကေန ေဝးႏိုင္သမွ် ေဝးေအာင္ေျခရာေဖ်ာက္..ဟိုေကာင့္ကိစၥ ငါနဲ႔ ထြန္းရင္ ရွင္းမယ္။ အဓိကကေတာ့ မင္းေရာ ေမာင္ေမာင္ ပါ ဒီပြဲမွာ မေသဖို႔ပဲ...."
"ေဟ့ေကာင္..စံဘ ငါ့ႏွမ မုဆိုးမ ျဖစ္ရင္ မင္းကို ငါကိုယ္တိုင္လာခုတ္သတ္မွာေနာ္"
ထြန္းရင္က စံဘကိုလွမ္းႀကိမ္းသည္။
"ဟိတ္ေကာင္..ထြန္းရင္..မင္းႏွမ မုဆိုးမျဖစ္ရင္ မင္းေယာက္ဖ စံဘလည္း ေသၿပီေပါ့ကြ..မင္းက ဘာကို သတ္မွာလည္း..ဟားဟား"
ေမာင္ေမာင္က ဝင္ေျပာၿပီး တဟားဟား ေအာ္ရယ္ေတာ့သည္။
……………………………………………………………………………….
၁၉၄၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၆)ရက္။ ၁၃၀၅ ခု၊ တပို႔တြဲလျပည့္ေက်ာ္ (၈)ရက္၊ဗုဒၶဟူးေန႔။
ရန္ကုန္ ၏ သန္းေခါင္ ကား အလင္းဟူ၏ ၾကယ္ေရာင္မွိတ္တုတ္အားကိုးရာသာရွိသည္။
ည ဆယ္နာရီခြဲခန႔္တြင္ ေဒါက္တာဘေမာ္အိမ္ႏွင့္ မ်က္ေစာင္းထိုး ဘီအိုင္ေအဗိုလ္တစ္ဦးအိမ္ေရွ႕တြင္ ကားနက္ေလးတစ္စင္းထိုးရပ္သြားသည္။
ထိုကားနက္ေပၚမွ လူတစ္ေယာက္စင္းလာၿပီး အိမ္အတြင္း ဝင္သြား၏။
အိမ္အျပင္ဘက္ကားေပၚတြင္ အဆာဟိ၊ ေမာင္ေမာင္၊စံဘႏွင့္ တမိုးဒါးတို႔ က်န္ရစ္သည္။
အဆာဟိသည္ ဂ်ပန္ကင္ေပတိုင္စစ္ဗိုလ္ဝတ္စုံကို ဝတ္ထားၿပီး ခါးတြင္ ေျခာက္လုံးျပဴးေသနတ္ကို ခ်ိတ္ထားသည္။
ေမာင္ေမာင္ ႏွင့္ စံဘက အိုဂ်ီစစ္ေဘာင္းဘီႏွင့္ အက်ႌအနက္ကိုယ္စီဝတ္ထားၿပီး စံဘက ငွက္ႀကီးေတာင္ဓါးကို လြယ္ထားသည္။
တမိုးဒါးက ဗမာဝတ္စုံ ဝတ္ထားကာ ဘရင္းဂန္းေသနတ္ကိုလြယ္လ်က္ ကင္ဒိုဓားကို လက္တြင္ကိုင္ထား၏။
ေဒါက္တာဘေမာ္၏ ၿခံေရွ႕တြင္ရွိေသာ ဘီအိုင္ေအကင္းသည္ ေလေၾကာင္းအႏၲရာယ္ေၾကာင့္ မီးထြန္းျခင္း မရွိပဲ အေမွာင္ခ်ထားသည္။
တခ်က္ခ်က္ ကင္းတဲဆီမွ စကားေျပာသံသဲ့သဲ့ၾကားရသည္။
တစ္နာရီခန႔္အၾကာတြင္ ျမင္းၿပိဳင္ကြင္း ဘက္မွ ေလေၾကာင္းအခ်က္ေပးဥၾသသံမ်ား ထြက္ေပၚလာသည္။
ဂ်ပန္တို႔၏ ေလေၾကာင္းရန္ကာကြယ္ေရးမီးေမာင္းႀကီးမ်ားက ေကာင္းကင္တြင္ လင္းခနဲျဖစ္သြား၏။
ေကာင္းကင္းယံတြင္ မဟာမိတ္တို႔၏ နာမည္ေက်ာ္ ကြၽဲညီေနာင္ ဗုံးႀကဲေလယာဥ္ႏွစ္စင္းက ေကာင္းကင္တြင္ ဟန္ေရးျပေနၾကသည္။
မၾကာမီ ေလယာဥ္ပစ္အေျမာက္သံမ်ား တရစပ္ ထြက္လာသည္။
ကြၽဲညီေနာင္က ေကာင္းကင္တြင္ ငါးမိနစ္ခန႔္ ကြၽမ္းထိုးကာ လွည့္ပတ္ပ်ံသန္းျပၿပီး အျမင့္သို႔ ျပန္လည္ထိုးတက္သြားသည္။
ထူးထူးျခားျခား ဗုံးတစ္လုံးမွ ခ်မသြားပဲ ဂ်ပန္တို႔ကို အိပ္ေရးပ်က္ရန္သက္သက္ လာစေနာက္သြားသည္ဟုပင္ ထင္ရသည္။
ေလယာဥ္မ်ားဗုံးႀကဲၿပီးသည့္အခ်ိန္မွသာ အိမ္ေတာ္ထဲ ဝင္ေရာက္ရန္ သတ္မွတ္ထားသျဖင့္ အိမ္ေတာ္အနီးေရာက္ ေနေသာ ေမာင္ေမာင္တို႔ အုပ္စုမွာ ေမွာင္ရိပ္ထဲ အသာျပန္ဝပ္ေနၾကရသည္။
ေဒါက္တာဘေမာ္တို႔ မိသားစုလည္း ဗုံးခိုက်င္းထဲ ဆင္းေနရာမွ ေလယာဥ္မ်ား ျပန္သြားၿပီျဖစ္သျဖင့္ အိမ္ေပၚသို႔ ျပန္တက္ၾကေလသည္။
အိမ္တံခါးမ်ားအား ေသခ်ာစြာ ခ်က္ထိုးပိတ္လိုက္ၿပီးေနာက္ အိပ္ရာဝင္ရန္ ျပင္ၾကသည္။
ေဒါက္တာဘေမာ္ ကား စာၾကည့္ခန္းထဲတြင္ ေဆးျပင္းလိပ္ကို ခဲလ်က္ ဓာတ္မီးျဖင့္ စာဖတ္ေနသည္။
ထိုအခ်ိန္တြင္ေဒါက္တာဘေမာ္၏ အိမ္ေရွ႕ဝင္းတံခါးေဘးရွိ ကင္းတဲသို႔ ဂ်ပန္ကင္ေပတိုင္ဝတ္စုံဝတ္ထားေသာ စစ္ဗိုလ္တစ္ေယာက္ႏွင့္ စကားျပန္တစ္ေယာက္ ေရာက္လာသည္။
"ေဟ့..တံခါးဖြင့္စမ္း…ငါတို႔ ကင္ေပတိုင္ကပဲ..ခုန ရန္သူေလယာဥ္ေတြလာတုန္းက ဒီအိမ္ဝင္းထဲမွာ အခ်က္ျပ မီးေရာင္ျမင္လိုက္တယ္..အိမ္ထဲမွာ သူလွ်ိဳရွိေနၿပီ..အဓိပတိရဲ႕လုံၿခဳံေရးအတြက္ စစ္ေဆးဖို႔လိုတယ္"
ဗုံးႀကဲေလယာဥ္မ်ားလာစဥ္က ကင္းတဲေနာက္ဘက္ ကတုတ္က်င္းထဲတြင္ ဆင္းပုန္းေနၾကေသာ ကင္းအုပ္ ဗိုလ္ရဲေခါင္ႏွင့္ ကင္းက် ရဲေဘာ္ႏွစ္ေယာက္မွာ အိမ္ေတာ္ထဲ မီးေရာင္ကို သတိမထားမိလိုက္ၾကသျဖင့္ လန႔္ျဖန႔္သြားၾကသည္။
ထိုျပင္ ဘီအိုင္ေအမ်ားအား မထင္လ်င္ မထင္သလို ဖမ္းဆီးသတ္ျဖတ္တတ္သည့္ ကင္ေပတိုင္ျဖစ္သည့္္အတြက္ ပိုမိုေၾကာက္လန႔္သြားသည္။
ကင္းအုပ္ဗိုလ္ရဲေခါင္က စစ္သားကေလးအား တံခါးဖြင့္ေပးရန္ အမိန႔္ေပးလိုက္သည္။
တံခါးဖြင့္ေပးလိုက္သည္ႏွင့္ ဂ်ပန္စစ္ဗိုလ္ႏွင့္ လူေလးေယာက္ဝင္လာၿပီး ကင္းတဲေထာင့္တြင္ ေထာင္ထားသည့္ ေသနတ္မ်ားကို သိမ္းလိုက္ၾကသည္။
ဗိုလ္ရဲေခါင္၏ ခါးတြင္ပတ္ထားေသာ က်ည္ေတာင့္မ်ားကိုလည္း ျဖဳတ္ယူၿပီး တစ္ေနရာတြင္ စုပုံထားလိုက္ၾကသည္။
"မင္းတို႔ ေဒါက္တာဘေမာ္ အိမ္ထဲမွာ အေမရိကန္သူလွ်ိဳရွိေနတယ္လို႔ ကင္ေပတိုင္က သတင္းအတိအက်ရထားတယ္။ မင္းတို႔ ၿငိမ္ၿငိမ္ေလးထိုင္ေနပါ။ ခဏေန ဂ်ပန္စစ္ဗိုလ္ခ်ဳုပ္နဲ႔ မင္းတို႔ရဲ႕ ဘီအိုင္ေအက အႀကီးဆုံးဗိုလ္ ေရာက္လာလိမ့္မယ္"
ေမာင္ေမာင္က လြယ္အိတ္ထဲလြယ္လာေသာ ေျခာက္လုံးျပဴးကို ထုတ္ ခ်ိန္ၿပီး အမိန႔္ေပးလိုက္သည္။
ဂ်ပန္ဗိုလ္ဝတ္စုံဝတ္ထားေသာ အဆာဟိက ကင္းအုပ္ဗိုလ္ရဲေခါင္ကို ေသနတ္ျဖင့္ ခ်ိန္ကာ အဝတ္မ်ား ခြၽတ္ခိုင္း၏။
ထို႔ေနာက္ တမိုးဒါးဝတ္လာေသာ ျမန္မာဝတ္စုံႏွင့္ လဲခိုင္းသည္။
တမိုးဒါးက ဗိုလ္ရဲေခါင္၏ ဘီအိုင္ေအဝတ္စုံကို လဲကာ ကင္ဒိုဓါးကို ကိုင္လိုက္သည္။
ထိုအခ်ိန္တြင္ ေလေၾကာင္းအခ်က္ေပးဥၾသသံ ထပ္မံထြက္ေပၚလာသည္။
ေဒါက္တာဘေမာ္၏ ဇနီး ေဒၚခင္မမ က ေဒါက္တာဘေမာ္၏ စာဖတ္ခန္းဘက္သို႔ ကူးလာသည္။
"မီးကို ျမန္ျမန္မွိတ္ၿပီး..ဗုံးခိုက်င္းထဲ ဆင္းၾကရေအာင္"
စာထဲတြင္ အာ႐ုံဝင္စားေနေသာ ေဒါက္တာဘေမာ္က
"ေဟ့..ခုနကလည္း ႀကဲတာမဟုတ္ဘူး။ အဂၤလိပ္ေတြသက္သက္လာစေနတာ။ ေၾကာက္မေနနဲ႔။ ဗုံးက်င္းထဲမွာက ပူကပူနဲ႔ ။ အိမ္ထဲမွာသာေနၾကစမ္းပါ"
ေဒါက္တာဘေမာ္ က ခပ္ေငါက္ေငါက္ဆိုလိုက္သျဖင့္ တစ္မိသားစုလုံး အိမ္ေပၚတြင္ပင္ ေနေနၾကသည္။
ထိုအခ်ိန္တြင္ တမိုးဒါးက ကင္ဒိုဓါးလြတ္ကို ကိုင္လ်က္၊ စံဘက ကင္းအုပ္ဗိုလ္ရဲေခါင္ကို ငွက္ႀကီးေတာင္ျဖင့္ လည္ပင္းေပၚတင္လ်က္ ေဒါက္တာဘေမာ္တို႔ မိသားစု ခိုသည့္ ဗုံးခိုက်င္းကို လိုက္ျပခိုင္းသည္။
ဗုံးခိုက်င္းသည္ အိမ္မႀကီး၏ ေဘးကပ္လ်က္ ေပႏွစ္ဆယ္ခန႔္ အခြာတြင္ တည္ေဆာက္ထားျခင္းျဖစ္၏။
ဗုံးခိုက်င္းအဝသို႔ ေရာက္ေသာအခါ အတြင္းသို႔ တမိုးဒါးက ငုံ႔ၾကည့္လိုက္သည္။ တစ္ေယာက္မွ မရွိ။
တမိုးဒါးေရာ စံဘ ပါ စိတ္ထဲ ထင့္ခနဲျဖစ္သြားၾကသည္။
သူတို႔စီစဥ္ထားသည္က ေလေၾကာင္းအခ်က္ေပးသံၾကားလွ်င္ ေဒါက္တာဘေမာ္ ဗုံးခိုက်င္းထဲ ဆင္းခိုမည္။ ထိုအခါ အထဲဝင္ၿပီး ဓါးျဖင့္ အေသခုတ္ရန္ျဖစ္သည္။
သို႔ေသာ္ အေျခအေနက ေျပာင္းသြား၏။
"ဟိတ္ေကာင္..ေဒါက္တာဘေမာ္ ဘယ္မွာလဲ"
စံဘက ဗိုလ္ရဲေခါင္ကို ဓါးတင္ၿပီး ေမးလိုက္သည္။
"အိမ္ထဲမွာ ရွိမွာေပါ့"
စံဘက တမိုးဒါးကို ဂ်ပန္လို႔ လိုက္ခဲ့ရန္ေျပာၿပီး အိမ္ေတာ္ဝင္ေပါက္ တံခါးသို႔ သြားၾကသည္။
ဗိုလ္ရဲေခါင္ကို တမိုးဒါးလက္သို႔ အပ္လိုက္ၿပီး စံဘက အိမ္ေတာ္တံခါးကို ကန္ဖြင့္သည္။ သို႔ေသာ္ အတြင္းမွ ေသာ့မ်ားခတ္ထားသျဖင့္ ဖြင့္မရ။
ထိုအခ်ိန္တြင္ တမိုးဒါးက စံဘကို ဘရင္းဂန္းေပးလိုက္ၿပီး အိမ္အေပၚထပ္တြင္ လႈပ္ရွားမႈျမင္သည္ႏွင့္ ပစ္ရန္ ေနရာယူခိုင္းလိုက္သည္။
စံဘက အဓိပတိအိမ္ေရွ႕ျမက္ခင္းျပင္ ရွိ အလွထားေသာသမင္႐ုပ္ကို အကာအကြယ္ယူကာ အိမ္အေပၚထပ္သို႔ ေသနတ္ျဖင့္ ခ်ိန္ထားလိုက္သည္။
တမိုးဒါး က ဗိုလ္ရဲေခါင္အား ေနာက္ထပ္ အိမ္ထဲ ဝင္ရန္ အေပါက္ကို ဂ်ပန္လို ေမးသည္။
ဗိုလ္ရဲေခါင္မွာ ဂ်ပန္စကားမတတ္။
ေသနတ္ျဖင့္ အသင့္ေနရာယူေသာ စံဘက စကားျပန္ေပးရသည္။
တမိုးဒါးက စိတ္မရွည္ျဖစ္ကာ ဗိုလ္ရဲေခါင္၏ ကုတ္ပိုးအား ဓါးေႏွာင့္ျဖင့္ ထုခ်လိုက္ေလေရာ ဗိုလ္ရဲေခါင္မွာ ေခြလဲက်သြားေတာ့သည္။
တမိုးဒါးက ကင္ဒိုဓားကို ကိုင္ကာ ေနာက္ေဖးဘက္သို႔ ေလွ်ာက္သြား၏။
ေနာက္ေဖးဘက္တြင္ ကင္းေစာင့္ေနေသာ စစ္သားကေလးမွာ ဘီအိုင္ေအဗိုလ္ဝတ္စုံျဖင့္ တမိုးဒါးကိုျမင္ေသာ အခါ အံၾသသြားၿပီး အေလးျပဳလိုက္သည္။
တမိုးဒါးက အိမ္ေပၚသို႔ လက္ညႇိးထိုးျပၿပီး "စပိုင္..စပိုင္" ဟု ေအာ္လိုက္ေသာအခါ အေစာင့္စစ္သားေလးမွာ အိမ္ေပၚသို႔ ျပဴးျပဴးျပာျပာျဖင့္ ၾကည့္ရွာသည္။
ထိုအခ်ိန္တြင္ တမိုးဒါးက စစ္သားလက္ထဲမွ ေသနတ္ကို ကန္ထုတ္ကာ စစ္သားအား ဂ်ဴဒိုနည္းျဖင့္ ကိုင္ေပါက္လိုက္ေလသည္။
ထို႔ေနာက္ ႐ိုင္ဖယ္ေသနတ္ကို ေကာက္ကာ ေျမႀကီးေပၚမွ ကုန္းထေနေသာ စစ္သား၏ ေနာက္ေစ့ကို ဒင္ျဖင့္ ထုလိုက္သည္။
စစ္သား လဲက်သြားၿပီးေနာက္ တမိုးဒါးက အိမ္ေတာ္၏ ေနာက္ေဖးေပါက္၊ သံပန္းတံခါးကို ႐ိုင္ဖယ္မွ ဘတ္နက္ျဖင့္ ကလပ္ကာ အတင္းထိုးဖြင့္ေနသည္။
ထိုအခ်ိန္တြင္ အိမ္ေတာ္ေဘးတြင္ရွိေသာ လုံၿခဳံေရးတန္းလ်ားမွ လူမ်ားႏိုးလာၾက၏။
"အိမ္ထဲကို လူဝင္ေနတယ္..လူဝင္ေနတယ္"
အိမ္ေအာက္ထပ္၊ အေနာက္ေျမာက္ေထာင့္အခန္းတြင္ အိပ္လ်က္ရွိေသာ ဦးျမက်င္ ႐ုတ္တရက္ႏိုးလာသည္။
ေခါင္းရင္းတြင္ ခ်ိတ္ထားေသာ ေျခာက္လုံးျပဴးကို ယူကာ အိမ္အေပၚထပ္သို႔ ေျပးတက္လိုက္သည္။
အေပၚထပ္တြင္ရွိေသာ ေဒါက္တာဘေမာ္က ဘရင္းဂန္းေသနတ္ကို ကိုင္ကာ ေအာက္သို႔ ဆင္းလာ၏။
အေနာက္မွ ေဒါက္တာဘေမာ္၏ ဇနီး ေဒၚခင္မမ က လိုက္လာကာ ဆြဲထားသည္။
"အဓိပတိႀကီး အိမ္ေပၚမွာပဲ ေနပါ..ကြၽန္ေတာ္ရွင္းလိုက္မယ္..အိမ္ေပၚမွာပဲေန"
ေအာက္ဘက္မွ ဦးျမက်င္က လွမ္းေအာ္သည္။
အေပၚထပ္မွ လူမ်ားအသံႏွင့္ ေနာက္ဘက္မွ လူမ်ားအသံကို ၾကားေသာအခါ တမိုးဒါးသည္ လုံၿခဳံေရးတန္းလ်ားသို႔ သြားကာ ေမာ္ေတာ္ကား၊ ေမာ္ေတာ္ကား ဟု ေအာ္ေလသည္။
ဦးျမက်င္က တံခါးေသာ့ဖြင့္ၿပီး ေျခာက္လုံးျပဴးျဖင့္ လွမ္းပစ္သျဖင့္ တမိုးဒါးမွာ ဝင္းတံခါးဘက္သို႔ ေအာ္ဟစ္ၿပီး ေျပးေလေတာ့သည္။
စံဘလည္း အေနာက္ဖက္မွာ အသံမ်ားၾကားသျဖင့္ ျမက္ခင္းေဘးသို႔ ေျပးၿပီး ဗုံးခိုက်င္းအနီးရွိ လွ်ိဳထဲတြင္ အသာဝပ္ေနေလသည္။
ေသနတ္သံေၾကာင့္ ကင္းအလွည့္မက်ေသးသျဖင့္ အိပ္ေနၾကေသာ ဘီအိုင္ေအစစ္သားမ်ား ႏိုးလာၾကသည္။
ေဒါက္တာဘေမာ္၏ ဇနီးက ဂ်ပန္စစ္တပ္မွ ကာနယ္ဟီရာအိုကာ ဆီ ဖုန္းဆက္အေၾကာင္း ၾကားလိုက္သည္။
မၾကာမီ ကာနယ္ဟီရာအိုကာ သည္ ကင္ေပတိုင္႐ုံးခ်ဳပ္မွ စစ္တပ္တစ္တပ္ကို ေခၚကာ ေဒါက္တာဘေမာ္၏ အိမ္သို႔ေရာက္ရွိလာၾကသည္။
ကင္းတဲ အေနာက္ဖက္တြင္ ရွိေနေသာ ေမာင္ေမာင္ သည္ ကားသံမ်ားၾကားသည္ႏွင့္ ၿခံစည္း႐ိုးကို ခြေက်ာ္ကာ ေနာက္ဖက္ ၿခဳံပုတ္ထဲဆင္းေျပးေတာ့သည္။
တမိုးဒါး က ကင္းဝတြင္ ကားမ်ားဝင္လာသည္ကို ေတြ႕သျဖင့္ အေနာက္ဘက္သို႔ ျပန္ေျပးသည္။
ကာနယ္ဟီရာအိုကာက ကင္းတဲထဲ ႐ုတ္တရက္ဝင္လာေသာအခါ အဆာဟိက ေသနတ္ျဖင့္ ခ်ိန္လိုက္၏။
သို႔ေသာ္ အတူပါလာေသာ ဂ်ပန္ကင္ေပတိုင္ဗိုလ္က ေဘးတြင္ စုပုံထားေသာ ႐ိုင္ဖယ္ေသနတ္ကို ေကာက္ကိုင္ကာ အဆာဟိ၏ လက္ကို ျဖတ္႐ိုက္ခ်လိုက္သည္။
ထို႔ေနာက္ အဆာဟိအား ဖမ္းဆီးလိုက္ၾကေတာ့သည္။
ဘီအိုင္ေအမွ ဗိုလ္ရန္ႏိုင္ ၊ ဗိုလ္ေအာင္စိန္ႏွင့္ စစ္သားမ်ား ထပ္မံေရာက္လာၾကသည္။
အိမ္အေနာက္သို႔ ျပန္လည္ ထြက္ေျပးလာေသာ တမိုးဒါးမွာ ဦးျမက်င္ ႏွင့္ တည့္တည့္တိုးေလေတာ့သည္။
ဦးျမက်င္က တမိုးဒါး အား ေျခာက္လုံးျပဴးျဖင့္ ခ်ိန္ထား၏။ တမိုးဒါးမွာ ကင္ဒိုဓါးကို ခ်ကာ လက္ေျမႇာက္ထားလိုက္ၿပီျဖစ္သည္။
ထိုအခ်ိန္တြင္ လွ်ိဳထဲ ဝပ္ေနေသာ စံဘက ဦးျမက်င္ကို ဘရင္းဂန္းျဖင့္ ပစ္ရန္ ခ်ိန္လိုက္သည္။
သို႔ေသာ္ ေသနတ္သံၾကားလွ်င္ အေရွ႕တြင္ ေရာက္ေနေသာ ဂ်ပန္ႏွင့္ ဘီအိုင္ေအတပ္မ်ား ၾကားၿပီး ေနာက္ဖက္သို႔ ေရာက္လာၾကမည္ဆိုးသျဖင့္ ဘရင္းဂန္းအား လြယ္ကာ ငွက္ႀကီးေတာင္အား ထုတ္ကိုင္လိုက္သည္။
ထို႔ေနာက္ ဦးျမက်င္ အား ငွက္ႀကီးေတာင္ျဖင့္ ဝင္ပိုင္းေလသည္။
ဦးျမက်င္မွာ ႐ုတ္တရက္သူ႔ေဘးဘက္မွ ဝင္လာေသာအရာကို သတိထားမိသျဖင့္ ေျခတစ္ဖက္ကို ႐ုတ္ကာ ကိုယ္ကို ယို႔လိုက္သည္။
ငွက္ႀကီးေတာင္က ဦးျမက်င္ ၏ ေသနတ္ကို ခုတ္မိၿပီး ေသနတ္ျပဳတ္က်သြားသည္။
စံဘက တမိုးဒါးကို ေျပးရန္ေျပာသည္။ တမိုးဒါးက ဦျမက်င္ ၏ ရင္ဘတ္ကို ေစာင့္ကန္ၿပီး အေနာက္ဘက္သို႔ ေျပးေလသည္။
ဘီအိုင္ေအစစ္သားမ်ားမွာ ေနာက္ဘက္သို႔ လာေနၿပီျဖစ္သျဖင့္ စံဘလည္း လွ်ိဳထဲသို႔ ျပန္လွိမ့္ခ်ၿပီး အသာပုန္းေနလိုက္သည္။
ဦးျမက်င္သည္ လူးလဲထၿပီး ေသနတ္ကို ေကာက္ကာ တမိုးဒါးေျပးသည့္ ေနာက္ၿခံစည္း႐ိုးသို႔ လိုက္သည္။
သူ႔ေနာက္တြင္ ဘီအိုင္ေအစစ္သားသုံးေယာက္လည္း ပါလာ၏။
တမိုးဒါး က အေနာက္ဘက္ အုတ္နံရံကို ခြေက်ာ္ကာ ေျပးေလၿပီ။
ဘီအိုင္ေအစစ္သားမ်ား ျပန္လွည့္သြားၾကသည္။
ဦးျမက်င္ ကား စံဘက်န္ေနေသးသည္ကိုသိသျဖင့္ မေက်မနပ္ႏိုင္ျဖစ္ေနၿပီး ေျခာက္လုံးျပဴးကို ကိုင္ကာ ဟိုဟိုဒီဒီ လိုက္ရွာေန၏။
အေစခံတန္းလ်ားအေနာက္ဘက္ အိမ္သာနားဆီမွ အသံတစ္ခု ၾကားသျဖင့္ ဦးျမက်င္က ေသနတ္ကို ကိုင္လ်က္ ေျခသံလုံလုံျဖင့္ ကပ္သြားသည္။
အသံသည္ အိမ္သာထဲမွာ လာေနသျဖင့္ အိမ္သာထရံေဘးအနားသို႔ အသာကပ္ကာ နားစြင့္ေန၏။
ထိုအခ်ိန္တြင္ အိမ္သာေအာက္တြင္ ဝင္ေရာက္ပုန္းခိုေနေသာ စံဘက ဝပ္ေနရာမွာ ငွက္ႀကီးေတာင္ျဖင့္ ဦးျမက်င္၏ ေျချခင္းဝတ္ပိုင္းခ်လိုက္ေလသည္။
ဝမ္းလ်ားေမွာက္ဝပ္ေနရာမွ ပိုင္းရသျဖင့္ အားသိပ္မပါေသာ္လည္း ဦးျမက်င္ ေျခေထာက္တြင္ ငွက္ႀကီးေတာင္ဓါးအသြားက ခပ္နက္နက္ စိုက္ဝင္ေနသည္။
ဦးျမက်င္မွာ အားကနဲ ေအာ္ၿပီး ေအာက္သို႔ငုံအၾကည့္တြင္ စံဘက ေလးဘက္ေထာက္တိုးထြက္လိုက္သျဖင့္ ေခါင္းခ်င္းတိုက္ကာ ဦးျမက်င္လဲက်သြားသည္။
စံဘက ေနာက္ေဖး ၿခံစည္း႐ိုးဘက္ေျပးရန္ ျပင္လိုက္စဥ္ ဦးျမက်င္က ေျခေထာ့နဲ႔ျဖင့္ ျပန္ထလာၿပီး စံဘလြယ္ထားေသာ ဘရင္းဂန္းကို ဆြဲလိုက္ရာ ဘရင္းဂန္းမွာ ႀကိဳးုျပတ္ၿပီး ဦးျမက်င္ လက္ထဲပါလာ၏။
ဦးျမက်င္က ဘရင္းဂန္း ကို ပစ္ရန္အသင့္အေနအထား ကိုင္လိုက္စဥ္တြင္ပင္ စံဘက ဦးျမက်င္ ၏ ရင္ဘတ္အား အရွိန္ျဖင့္ ေျပးၿပီး ေစာင့္ကန္လိုက္ရာ ဦးျမက်င္သည္ အိမ္သာအေနာက္ဘက္ရွိ ထရံအုပ္ထားေသာ အိမ္သာက်င္းႀကီးထဲသို႔ ျပဳတ္က်သြားေလေတာ့သည္။
စံဘက ငွက္ႀကီးေတာင္ဓါးကို ေကာက္ကိုင္ၿပီး ေအာက္သို႔ ငုံ႔ၾကည့္လိုက္သည္။
ထို႔ေနာက္ ႏွာေခါင္းကို လက္ျဖင့္ ပိတ္ကာ တြင္းထဲတြင္ ဘရင္းဂန္းေသနတ္ကို ကိုင္လ်က္ ယက္ကန္ယက္ကန္ျဖစ္ေနေသာ ဦးျမက်င္ကို တခ်က္လွမ္းခုတ္လိုက္သည္။
သို႔ေသာ္ တြင္းက အနည္းငယ္နက္သျဖင့္ ဓါးျဖင့္ လွမ္းခုတ္ေသာ္ မစင္ဖတ္မ်ားကို သာ ခုတ္မိၿပီး အေပၚသို႔ စင္တက္လာသည္။
စံဘက မ်က္ႏွာကို ရႈံ႕မဲ့လိုက္ၿပီး ဦးျမက်င္ ရွိရာသို႔ ဓါးျဖင့္ ပစ္ေပါက္လိုက္သည္။ ဦးျမက်င္က ေခါင္းကို တိမ္းၿပီး ေရွာင္လိုက္သျဖင့္ ဓါးမွာ မစင္အိုင္အတြင္း ဇြတ္ခနဲ စိုက္ဝင္သြား၏။
လုံၿခဳံေရးတန္းလ်ားမွ လူမ်ား အေနာက္ဘက္သို႔ အေျပးအလႊားဆင္းလာသံၾကားရသည္။
"ေခြးမသားႀကီး..ခ်ီးတြင္းထဲက်လို႔ ကံေကာင္းသြားမယ္မွတ္"
စံဘက ဦးျမက်င္ကို ႀကိမ္းဝါးၿပီး အေနာက္ဘက္ အုတ္နံရံ ေပၚသို႔ ေက်ာ္တက္ကာ အေမွာင္ထုထဲ ေပ်ာက္ကြယ္သြားေလေတာ့သည္။
ထိုအခ်ိန္တြင္ ေဘးခ်င္းကပ္လ်က္ ဗႏၶဳလဦးစိန္ၿခံတြင္ အိပ္ေနေသာ ပုသိမ္ၫြန႔္ဘဘိုး သည္ ဆူဆူညံညံ အသံမ်ားေၾကာင့္ ေျခာက္လုံးျပဴးေသနတ္ ကိုင္ကာ ေဒါက္တာဘေမာ္၏ ၿခံဘက္သို႔ ကူးလာေလသည္။
ေဒါက္တာဘေမာ္ႏွင့္ ဗႏၶဳလဦးစိန္၏ ၿခံအၾကားတြင္ အေရးအေၾကာင္းဆက္သြယ္ရန္ လွ်ိဳပုံစံ လုပ္ထားေသာ မလြယ္ေပါက္တစ္ခုရွိသည္။
ဘဘိုး က ေသနတ္ျဖင့္ လ်ိဳအတြင္း ဆင္းလိုက္သည္ႏွင့္ သူ႔မ်က္ႏွာအား သံမူလီေခါင္းတပ္ ဇာဝီတုတ္ ျဖင့္ ျဖတ္႐ိုက္ျခင္းခံလိုက္ရေလသည္။
ဘဘိုး၏ ႏွာေခါင္းမွ ေသြးမ်ားလွ်ံထြက္လာၿပီး ေနာက္သို႔ ဟန္ခ်က္ပ်က္ကာ လန္က်သြား၏။
ခက္ေဇာ္
Done 🍀
ReplyDeleteDone 💪
ReplyDelete🌩️ ⛈️
ReplyDelete🍁🌸Done✅
ReplyDelete💙
ReplyDelete👍👍👍👍👍
ReplyDeleteDone
ReplyDelete😍😍
ReplyDelete