The Guys of Yangon,1930(Part 31)
The Guys of Yangon,1930(Part 31)
...........
အခန်း(၃၂)
……………..
လန်ကျသွားသော ဘဘိုး ၏ ခေါင်းကို အနောက်ဘက်မှ ရောက်နေသော ထွန်းရင်က အဝတ်အိတ်အမဲဖြင့် စွပ်ကာ အုပ်ကိုင်ထားလိုက်သည်။
ဘဘိုး ကား သတိရှိသူဖြစ်သည့်အတွက် လက်ထဲမှ ခြောက်လုံးပြူးမှာ လွတ်ကျမသွား။
ဖိုးတုတ်က ခြောက်လုံးပြူးကို ဝင်အလုပ်တွင် ဘဘိုးက ခြေထောက်ဖြင့် ရမ်းကန်လိုက်သဖြင့် ခလုတ်တိုက်ပြီး ဘဘိုးပေါ် ဖိုးတုတ် လဲကျသွား၏။
ဘဘိုးနောက်မှ ထွန်းရင်လည်း ပက်လက်အနေအထားဖြင့် လဲကျသွားသည်။
ထွန်းရင်က ဘဘိုး၏ ခန္ဓာဖြင့် ပိနေသော်လည်း ဘဘိုး၏ မျက်နှာကို အုပ်ထားသော အဝတ်မဲကို အားဖြင့် ခပ်တင်းတင်း ဖိထားသည်။
ဘဘိုးမှာ အော်သော်လည်း အဝတ်ဖြင့် အုပ်ထားသဖြင့် ဝူးဝူးဝါးဝါးအသံလုံးသာ ထွက်လာလေသည်။
ဖိုးတုတ်က ဘဘိုးကို အပေါ်မှ ခွကာ ဘဘိုး လက်ထဲမှ ခြောက်လုံးပြူးကို အတင်းလုသည်။ဘဘိုးကလည်း ခြောက်လုံးပြူးကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ရုန်းကန်နေသည်။
ဖိုးတုတ်က ညာဘက်လက်က သေနတ်ကိုလုနေရင်း ဘက်ဘက်မှ ဇာဝီတုတ်ကို ကိုင်ကာ ဘဘိုး၏ ခေါင်းကို တစ်ချက်ရိုက်လိုက်သည်။ သို့သော် အနီးကပ်ရိုက်ရခြင်းဖြစ်သဖြင့် ဇာဝီတုတ်မှာအားသိပ်မပါ။
ထွန်းရင်က ဘဘိုး၏ မျက်နှာကို အဝတ်နက်ဖြင့် အုပ်ရင်း ခပ်တင်းတင်းဆွဲဖိထားရာမှ အားနေသော ပါးစပ်ဖြင့် သူ့ ဘဘိုး၏ ညာဘက်ပါးနေရာကို မှန်းပြီး အသားကုန်ကိုက်ခဲထားလေသည်။
ဘဘိုးမှာ နာကြင်လွန်းသဖြင့် တဝူးဝူး အော်ကာ ရုန်းကန်နေ၏။
လက်က သေနတ်ကိုမူ အလုမခံပဲ ခပ်တင်းတင်းကိုင်ထား၏။
ဖိုးတုတ်မှာ ကျန်းမာရေးထိခိုက်ထားချိန်ဖြစ်သဖြင့် ယခင်ကလောက် ခွန်အားမရှိတောပေ။ အားကောင်းမောင်းသန်လူငယ်ဖြစ်သော ဘဘိုး လက်မှ သေနတ်ကို မနည်းလုနေရသည်။
ထိုအချိန်တွင် ဘဘိုးလက်မှ ခြောက်လုံးပြူးသေနတ်သည် ဒိန်းခနဲ ကျည်ထွက်သွားပြီး ဖိုးတုတ် ဘေးသို့ လွင့်ကျသွား၏။
ထွန်းရင်မှာ ဖိုးတုတ် လွင့်ကျသွားသည်ကို ကြည့်ပြီး သူ့အပေါ်တွင် ပိနေသော ဘဘိုး၏ ခန္ဓာကိုယ်ကို အားဖြင့် ဘေးသို့တွန်းလှဲလိုက်သည်။
သေနတ်သံကြားသဖြင့် ဒေါက်တာဘမော်အိမ်တွင် ဗျာများလျက်ရှိသော စစ်သားများ ပြေးလာကြသည့် ခြေသံကို ကြားလိုက်ရသည်။
"ထွန်းရင်..ပြေးတော့"
ဖိုးတုတ်က သူ့ပုခုံးကို အုပ်ကိုင်ရင်း နောက်ဖေးဘက်သို့ ထွက်ပြေးသည်။
ဘဘိုးမှာ ခြောက်လုံးပြူးကိုတင်းတင်းဆုပ်ကိုင်လျက် မျက်နှာမှ အဝတ်အမဲကြီးကို ဆွဲချွတ်နေသည်။
ထွန်းရင်က ဘဘိုးကို တွန်းလိုက်စဉ် အဝတ်အိတ်ထဲမှ ကျလာသော တစ်စုံတစ်ခုကို ကောက်ယူကာ အိတ်ထဲထည့်ပြီး အိမ်အရှေ့ခြံစည်းရိုးဆီသို့ ပြေးထွက်သွားလေတော့သည်။
ခဏအကြာတွင် လျှိုထဲသို့ ဘီအိုင်အေစစ်သားများ ရောက်လာကြသည်။
ဘဘိုးမှာ ခြောက်လုံးပြူးကို တစ်ဖက်က ကိုင်ကာ လက်တစ်ဖက်က သွေးများ တဗွက်ဗွက်ထွက်နေသည့် ညာဘက်နားကို အုပ်ကိုင်ထားသည်။
"အား..ငါ့..နားရွက်တစ်ဖက်…ငါ့နားရွက်တစ်ဖက်.. မရှိတော့ဘူး"
ဘဘိုးက နာကြင်စွာ အော်ဟစ်ရင်း ထွန်းရင် ကိုက်ဖြတ်သွားခဲ့သော သူ့နားရွက်ကို အမှောင်ထဲတွင် သွေးရူးသွေးတန်းဖြင့် လိုက်ရှာနေလေသည်။
သို့သော် ရှာမတွေ့။
………………………………………………………………………………………………
ဒေါက်တာဘမော် ၏ အိမ်သို့ ဂျပန်စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကဝါဘီ နှင့် ဗိုလ်ချုပ်အီစာမူရာတို့ ရောက်လာကြသည်။
ဒေါက်တာဘမော်ကို တောင်းပန်ကြပြီးနောက် အမှုကို ပေါ်အောင်စစ်ဆေးပေးမည်ဟု ကတိပေးပြီး ပြန်သွားကြသည်။
လမ်းတွင် ကဝါဘီက ဗိုလ်ချုပ်အီစာမူရာကို အကြီးအကျယ်ဒေါသထွက်ကာ ကြိမ်းမောင်းတော့သည်။
ယာကူဇာဂိုဏ်းဝင် တစ်ဦးဖြစ်သော စင်ကာပူအခြေစိုက် ဂျပန်အရံတပ်ဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ အဆာဟိ နှင့် လမ်းမဘက်ထွက်ပြေးသွားသော မောင်မောင်တို့ကို လက်ရဖမ်းဆီးရမိ၏။
ဒေါက်တာဘမော်၏ အိမ်အနောက်ဖက် လမ်းမပေါ်တွင် လမ်းပျောက်နေသော တမိုးဒါးကိုလည်း ဂျပန်ကင်ပေတိုင်အဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။
ဒေါက်တာဘမော် အား လုပ်ကြံမှုသည် နောက်တစ်နေ့တွင် ဂျပန်စစ်ဘက်ဆိုင်ရာနှင့် ဗမာပြည်အစိုးရအဖွဲ့အကြား လှုပ်ခတ်သွား၏။
မြန်မာပြည်ဆိုင်ရာ ဂျပန်သံအမတ်ကြီး ဆာဝါဒါးသည် ဂျပန်ပြည်သို့ လေယာဉ်ဖြင့်အသွားတွင် ထိုသတင်းကြားသဖြင့် ယိုးဒယားမှ ချက်ချင်းပြန်လှည့်လာသည်။
ထို့နောက်အမှုအခြေအနေကို အသေးစိတ်စစ်ဆေးပြီးနောက် ဂျပန်သို့ သွားကာ ဂျပန်အစိုးရ နှင့် နန်းတွင်းသို့ သတင်းပို့လိုက်လေတော့သည်။
ဂျပန်ဘုရင်တင်နော်ဟေကာ မှာ ထိုသတင်းကို ကြားကြားချင်း နန်းရင်းဝန်တိုဂျိုမှ တဆင့် ဒေါက်တာဘမော်ထံ ဝမ်းနည်းကြောင်းနှင့် လုပ်ကြံသူဂျပန်တို့၏ လုပ်ရပ်ကို ပြစ်တင်ရှုံ့ချကြောင်း သဝဏ်လွှာ ပေးပို့လိုက်လေသည်။
လုပ်ကြံမှုကို ကြိုးကိုင်သူ ဒုတိယဗိုလ်ချုပ်ကြီးကဝါဘီမှာ အကြပ်ရိုက်နေပြီဖြစ်သည်။
ဗိုလ်ချုပ်အီဆာမူရာ ၏ တပည့်ဖြစ်သူ ဂျပန်လူမျိုး အဆာဟိ နှင့် တမိုးဒါးတို့မှာ ယာကူဇာများဖြစ်သည့်အတွက် ဂိုဏ်စည်းကမ်းအတိုင်း မိမိတို့ကို မည်သူက လုပ်ကြံခိုင်းကြောင်း တလုံးတပါဒမှ ထွက်ဆိုမည်မဟုတ်သည်ကို ယုံကြည်သည်။
လမ်းမတော်ဖိုးတုတ်၏ တပည့် မောင်မောင်ကိုမူ သူစိတ်မချ။
မောင်မောင်မှာ အီစာမူရာနှင့် တိုက်ရိုက်မတွေ့ဖူး။ ဖေဖော်ဝါရီ ၅ ရက်နေ့ကလုပ်သည့် အစည်းအဝေးတွင် အော်စေကိုးနှင့်သာ တွေ့ခဲ့ဖူးသည်။ အော်စေးကိုး ကိုလည်း ဘယ်သူဘယ်ဝါမှန်း မောင်မောင်သိမည်မဟုတ်။
သို့သော် မောင်မောင်က လမ်းမတော်ဖိုးတုတ်ခိုင်းသဖြင့်လုပ်ရပါသည်ဆိုလျှင် ကင်ပေတိုင်က ဖိုးတုတ်ကို သွားရောက်ဖမ်းဆီးတော့မည်။
ဖိုးတုတ်ကို ဗိုလ်ချုပ်အီစာမူရာကိုယ်တိုင်က တွေ့ဆုံပြီး လုပ်ကြံရေးကိစ္စစေခိုင်းခဲ့ခြင်းဖြစ်သဖြင့် လုပ်ကြံမှုကို ဂျပန်အမှတ်(၁၅)တပ်မတော်က စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်သွားနိုင်၏။
ထို့ကြောင့် ဗိုလ်ချုပ်ကြီး ကဝါဘီက အခြားသူများ ဖိုးတုတ်ကို ဖမ်းမမိခင်တွင် ဂျပန်စစ်တပ်မှ ဦးအောင် လက်စတုံးဖျောက်ဖျက်ပစ်ရန် အီစာမူရာအား အမိန့်လှမ်းပေးတော့သည်။
……………………………………………………………
ဒေါက်တာဘမော်ကိုလုပ်ကြံမှုမအောင်မမြင် ဖြစ်ပြီးသည့်နောက် လမ်းမတော်ဖိုးတုတ် သည် ပုခုံးတွင် သေနတ်ရှပ်ထိသော ဒဏ်ရာဖြင့် မော်တော်ကားဆီသို့ ရောက်အောင်ပြေးလေသည်။
ထို့နောက် ကားပေါ်သို့ တက်ကာ လက်တစ်ဖက်ဖြင့် ကားကို ထိန်းမောင်းပြီး ဆယ့်လေးလမ်းအိမ်သို့ ပြန်သွား၏။
ဖိုးတုတ်က အိမ်တံခါးသော့ဖွင့်ပြီး အထဲသို့ ဝင်ကာ အပေါ်ထပ်မှ ဆေးသေတ္တာကို သွားယူသည်။
ထိုအချိန်တွင် အိမ်ဝမှ အသံကြားသဖြင့် ဖိုးတုတ်က ပြတင်းပေါက်မှ အသာထွက်ကြည့်လိုက်သည်။
ထွန်းရင်။
"ဟေ့ကောင်..ထွန်းရင်..တံခါးကို ပိတ်ပြီး အထဲကနေ သော့ခတ်ခဲ့"
ထွန်းရင်က အိမ်တံခါးရော၊ ခြံဝန်းတံခါးကိုပါ သော့ပိတ်ပြီး အိမ်ပေါ်သို့ တက်လာသည်။
"ကိုကြီးဖိုးတုတ်..တော်တော်ထိသွားတာလား"
"ပုခုံးစွန်းကို ဖောက်ထွက်သွားတာကွ..ငါ့ကို ပတ်တီးလေးစည်းပေးပါဦးကွာ..သွေးတွေက ထွက်နေတုန်းပဲ"
ဘဘိုးဖြစ်လိုက်သော ကျည်ဆံက ရှပ်မှန်သည်ဆိုသော်လည်း ပုခုံးနှင့် လက်မောင်းရင်းကြားမှ အရိုးကို ဖောက်ထွက်သွားခြင်းဖြစ်သဖြင့် သွေးများက တစိမ့်စိမ့်ထွက်နေဆဲပင်။
ထွန်းရင်က ဖိုးတုတ် ၏ ဒဏ်ရာကို ပတ်တီးဖြင့် စည်းပေးနေသည်။
ထိုအချိန်တွင် အိမ်ရှေ့သို့ ကားတစ်စီး ဆိုက်လာသံကြားရသည်။
ထွန်းရင်က ဟထားသော ပြတင်းတံခါးမှ အသာသွားချောင်းလိုက်သည်။
ဂျပန်သုံးယောက်က သေနတ်ကိုယ်စီကို အသင့်အနေအထားကိုင်လျက် ဖိုးတုတ်၏ ခြံထဲသို့ ဝင်လာနေကြသည်။
"ကိုကြီးဖိုးတုတ်..အပြင်မှာ ဂျပန်သုံးကောင်၊ ကားပေါ်မှာလည်း နောက်ထပ် သုံးကောင်လောက်ပါသေးတယ်"
"ထွန်းရင်..ဒီအချိန်မှာ ငါတို့ အဖမ်းခံလို့မရဘူး..နောက်ဖေးကနေ ပြေးစို့"
ဖိုးတုတ်နှင့် ထွန်းရင်က အိမ်အောက်သို့ ဆင်းကာ နောက်ဖေးပေါက်သို့ ပြေးကြသည်။ ရှေ့မှ ဂျပန်များက အိမ်တံခါးကို သေနတ်ဒင်ဖြင့် ထုဖျက်နေသံကြားရ၏။
အိမ်အနောက်ဘက်သို့ ရောက်သောအခါ ခြံစည်းရိုးအတိုင်း ပုန်းကွယ်ပြီး ဆယ့်ငါးလမ်းဘက်သို့ ပြေးရန် ထွက်လိုက်စဉ် ရိုင်ဖယ်ကိုင်ထားသော ဂျပန်တစ်ယောက်က ဘတ်နက်ဖြင့် ဖိုးတုတ်၏ လည်မြိုကို ထောက်ထားလေတော့သည်။
ထွန်းရင်က သူ့လက်အောက်တွင် ဖိမိထားသော အင်္ဂတေပြားဖြင့် ဂျပန်၏ မေရိုးကို ပင်ထုလိုက်ပြီး ဝင်လုံးလိုက်သည်။
"ကိုကြီး ပြေးတော့..ပြေးတော့"
ဖိုးတုတ်က ဆယ့်ငါးလမ်းအတိုင်း ကမ်းနားလမ်းသို့ ပြေးသည်။
ကမ်းနားလမ်းပေါ်တွင်လည်း ၈ျပန်စစ်ကားတစ်စီးက ပိတ်ရပ်ကာ ရှာဖွေနေကြသောကြောင့် ဖိုးတုတ်သည် ဆယ့်ငါးလမ်းထိပ်ဘက်ရှိ ဗုံးဒဏ်ကြောင့် တဝက်တပျက်ပြိုကျနေသာ တိုက်ပျက်ကြီး ထဲသို့ ဝင်ခိုနေလိုက်တော့သည်။
ထွန်းရင်က ဂျပန်ထံမှ ရိုင်ဖယ်ကို လုကာ လှံစွပ်ဖြင့် ထိုးသတ်လိုက်သည်။
ထို့နောက်..ဒါလဟိုဇီလမ်းဘက်သို့ ပြေးကာ အမှောင်ထုထဲ ပျောက်ကွယ်သွားတော့သည်။
နောက်တစ်နေ့ နံနက်။
လမ်းမတော်ဖိုးတုတ် ၏ အိမ်ပတ်ချာလည်တွင် ဗိုလ်ချုပ်အီဆာမူရာ၏ အဖွဲ့များက စောင့်ကြည့်နေကြသည်။
ကမ်းနားတစ်လျှောက် လှေဆိပ်များတွင်လည်း ပုသိမ်ညွန့်ဘဘိုး၏ လူများက ဖိုးတုတ်၏ ဓာတ်ပုံကို ကိုင်လျက် လူဝင် လူထွက်စောင့်ကြည့်နေကြ၏။
ဆိပ်ကြီးဘက်သို့ ကူးရန် ထွက်လာသော ဖိုးတုတ်မှာ ပုသိမ်ညွန့်ဘဘိုး နှင့် သူ့လူများ ကို လှေဆိပ်တွင် တွေ့ရသဖြင့် ပြန်လှည့်လာခဲ့တော့သည်။
ဖိုးတုတ်၏ လက်မောင်းမှ ဒဏ်ရာကလည်း ဆောင်းရာသီမို့ တဆစ်ဆစ်ကိုက်ခဲနေလေသည်။
ဗိုလ်ချုပ်အီဆာမူရာ ၏ လူများ၊ ပုသိမ်ညွန့်ဘဘိုး၏ လူများက လမ်းမတော်ဖိုးတုတ်အား ရန်ကုန်မြို့အနှံ့ ဖိုးတုတ်ကို မွှေနှောက်ရှာဖွေနေကြ၏။
ဖိုးတုတ် ကား ပြေးပေါက် ပိတ်နေချေပြီ။
…………………………………………………………………………………………………..
ဒေါက်တာဘမော်ကို လုပ်ကြံရန်ကြိုးပမ်းမှုတွင်ပါဝင်သော အဆာဟိ၊ တမိုးဒါး၊ မောင်မောင် တို့ကို ဂျပန်စစ်ခုံရုံး က စစ်ဆေးသည်။
ဂျပန်စစ်ဘက်က အမှုကို အမြန်စီရင်သည်။
အမှုတွင်ပါဝင်သော အဆာဟိ ကို ထောင်ဒဏ်(၁၅)နှစ်၊ တမိုးဒါးကို ထောင်ဒဏ် (၃)နှစ် ချမှတ်ပြီး စင်ကာပူသို့ လွှဲပြောင်းပေးခဲ့သည်။ စင်ကာပူအရောက်တွင် ထောင်ဒဏ်များကို ပယ်ဖျက်ပြီး အမှုမှ ပလပ်ပစ်လိုက်သည်။
မောင်မောင် ကိုကား အခင်းဖြစ်စဉ်တွင် မည်သည့်အမှုမှ မကျူးလွန်ပဲ စကားပြန်လိုက်လုပ်ပေးခဲ့ခြင်းသာဖြစ်သည် ဟု ဆိုကာ အမှုမှ တရားသေလွှတ်လိုက်၏။
ယင်းသည်လည်း ဗိုလ်ချုပ်အီစာမူရာ၏ အကြံအစည်ပင်ဖြစ်သည်။
မောင်မောင်ကို လွှတ်ပေးလိုက်လျှင် မောင်မောင်သူ သူ့ဆရာဖိုးတုတ် ထံ သေချာပေါက်သွားမည်ဟု အီစာမူရာက တွက်သည်။
ထို့ကြောင့် မောင်မောင့်ကို လွှတ်ပေးကာ မောင်မောင်နောက်မှ ဂျပန်နှစ်ယောက်ကို စောင့်ကြည့်နေစေတော့သည်။
မောင်မောင်က အချုပ်မှ လွတ်သည့်အခါ ဆယ့်လေးလမ်းရှိ ဖိုးတုတ်၏ နေအိမ်သို့သွားသည်။ အိမ်တံခါးများ ပိတ်ထားသည့်အခါ သူ့ငှားရမ်းနေထိုင်သည့် သိမ်ကြီးဈေးနောက်ဖက်မှ အခန်းသို့ ပြန်သွားသည်။
ဂျပန်များက မောင်မောင့်အိမ်ကို စောင့်ကြည့်နေကြသည်။
နောက်တစ်နေ့တွင် မောင်မောင်သည် ထောင်ကြီးဝန်းအတွင်းရှိ ဘိန်းခန်းသို့ သွားသဖြင့် ဂျပန်များ လိုက်ရပြန်သည်။
အပြန်တွင် ဂျပန်များ က တကောက်ကောက်ပါလာ၏။
နောက်တစ်ရက်တွင်လည်း မောင်မောင်သည် ထောင်ကြီးဝန်းရှိ ဘိန်းခန်းသို့ သွားပြန်သည်။
ဂျပန်များက မောင်မောင်နေ့တိုင်းသွားနေသော ဘိန်းခန်းတွင် ဖိုးတုတ် ပုန်းနေနိုင်ကြောင်း အော်စေးကိုးထံ သတင်းပို့သည်။
အော်စေးကိုး ကိုယ်တိုင် ကားဖြင့် ရောက်လာပြီး ဂျပန်စစ်သားငါးယောက်နှင့်အတူ ဘိန်းခန်းထဲသို့ ရုတ်တရက် ဝင်ချလာသည်။
မောင်မောင်ဝင်သွားသည် ဆိုသောအခန်းတွင်းသို့ ဝင်လိုက်သည့်အခါ မောင်မောင့်ကို မတွေ့ရတော့။
ဘိန်းပြောင်းကို ပိုက်လျက် လည်ပင်းတွင် ဓားထိုးခံရသည့်ဒဏ်ရာဖြင့် သေအံမူးမူးအကြောဆွဲနေသော တရုတ်လူမိုက် အဖတ် ကိုသာ တွေ့လိုက်ရတော့သည်။
……………………………………………………………………………………….
ကြည့်မြင့်တိုင်သာဓုကျောင်းတိုက်။
နေ့ဆွမ်းစားပြီးချိန်မို့ အချို့ဘုန်းတော်ကြီးများက စာကြည့်နေကြပြီး အချို့က တရေးတမောကျိန်းစက်ရန် ပြင်ဆင်နေကြသည်။
ကပ္ပိယအိုကြီးမှ ဆွမ်ကျန်များကို ရောနယ်ကာ ကျောင်းဘေးရှိ ခွေးသားအုပ်မကြီးကို ချကျွေးနေ၏။
ထိုအချိန်တွင် ယိုင်ထိုးနေသောလူတစ်ယောက် ကျောင်းရှေ့သို့ ရောက်လာသည်။
"ဆရာတော်ကြီး..ရှိလား"
လမ်းပင် အနိုင်နိုင်လျှောက်နေရသော ထိုသူ၏ အသံက တိုးတိမ်လွန်း၏။
ကပ္ပိယကြီးက ထိုလူကို သေချာကြည့်လိုက်သည်။
ဖြူဖက်ဖြူလျော်ဖြစ်နေသောနှုတ်ခမ်းများက တဆတ်ဆတ်တုန်ရီနေသည်။
မျက်တွင်းများက ချောင်ကျနေပြီး ပါးရိုးက ငေါထွက်နေတော့သည်။
ပခုံးနှင့်လက်မောင်းကြားတွင် သွေးစများဖြင့် ခြောက်ကပ်နေသော ညစ်ထပ်ထပ် ပက်တီးစ။
"ခင်ဗျား.ဦးဖိုးတုတ်..မဟုတ်လား..ဟာ..ဘယ်လိုဖြစ်လာတာလဲဗျာ"
"ဆရာတော်ကြီးဆီ ပို့ပေးပါဗျာ"
ကပ္ပိယကြီးက ဖိုးတုတ်ကို တွဲလိုက်သည်။
"ဟာ..တစ်ကိုယ်လုံးလဲ ပူကျစ်နေတာပဲဗျာ..လာ..လာ..ဦးဖိုးတုတ်"
လမ်းမတော်ဖိုးတုတ်က ကျောင်းဆောင်၏ သစ်သားလှေကားပေါ်သို့ ကပ္ပိယကြီးကို တွဲခိုကာ မနည်းအားပြုတက်လာရသည်။
ကျောင်းဆောင်ပေါ်တွင် စာကြည့်နေသော ဆရာတော်က သူ့ရှေ့တွင် လက်နှစ်ဖက်ကိုထောက်လျက် မောပန်းနေသော သူကို ကြည့်လိုက်သည်။
"ကပ္ပိယကြီးက သူက ဘယ်သူတုန်းဟဲ့"
"ဦးဖိုးတုတ်လေ..ဘုရား"
"ဘယ်က ဦးဖိုးတုတ်လဲ"
"လမ်းမတော်ဆယ့်လေးလမ်းထိပ်ကလေ..ဘုရား"
"အော်..ဒကာမကြီး မသင်းမြ ယောက်ျားပဲ။ ဘယ်လိုဖြစ်တာလဲ.ဒကာကြီးရယ်..ဘယ်လိုဒုက္ခတွေများ ဖြစ်လာတာလဲ..ဒကာမကြီးရော"
လွန်ခဲ့သည့်နှစ်များက မသင်းမြတို့ မိသားစု ကထိန်ခင်းလျှင် မသင်းမြ၏ ယောက်ျား လူမိုက်ခေါင်းဆာင်ကြီးကိုဖိုးတုတ်သည် မော်တော်ကားအကောင်းစားဖြင့် တပည့်တပန်းများဝန်းရံလျက် ကျောင်းသို့ လာလေ့ရှိသည်ကို သာဓုဆရာတော် သတိထားမိသည်။
ယခုတော့ သူ့ရှေ့တွင် ညစ်ပတ်ပေရေနေပြီး အာဟာရပြတ်နေပုံရသည့် ဖိုးတုတ်ကို မြင်သည့်အခါ ဆရာတော်မှာ အံသြသွားရ၏။
"တပည့်တော်ကို ဒီကျောင်းမှာ ခဏ ခိုနေခွင့်ပြုပါ..ဘုရား"
"အေးကွယ်..ဘုန်းကြီးကျောင်းဆိုတာတော့ ဒုက္ခသည်ဆိုရင် လက်ခံထားရမှာပဲ..ဒကာကြီး ဘာဖြစ်လာတယ်..ဘာဖြစ်နေတယ်ဆိုတာကို ဘုန်းဘုန်းမမေးတော့ပါဘူး..ဒကာကြီး အဆင်ပြေသလောက်နေပါ..စားရေးသောက်ရေးကတော့ ကပ္ပိယကြီးနဲ့အတူတူပဲ စားသောက်ပေါ့"
"တင်ပ..ဘုရား..ကျေးဇူးကြီးပါတယ်..ဘုရား"
"ဦးဖိုးတုတ်က ဖျားလည်း ဖျားနေပါတယ်..ဘုရား"
"ဒါဆို ဦးဇင်းသုမန ဆီ ခေါ်သွား။ သူက ဗိန္ဓောလေးဘာလေး ကျွမ်းကျင်တယ်။ စောင့်ရှောက်ပေးလိုက်ပါကွယ်။ တို့ဒကာ ၊ ဒကာမတွေပဲ"
ကပ္ပိယကြီးက ဖိုးတုတ် အား ဖေးမကာ ထူလိုက်သည်။ ဖိုးတုတ်၏ ပခုံးဆီမှ အနာသည် ရင်းလျက်ရှိပြီး ပြည်ပုတ်များဖြင့် အနံ့ပင်ထွက်နေသည်။
လမ်းမတော်ဖိုးတုတ် သည် သူ့အားအသည်းအသန်ရှာဖွေနေကြသော ဂျပန်စစ်ဘက်နှင့် ပုသိမ်ညွန့်ဘဘိုး ၏ လူများကို ရန်ကုန်မြို့တွင်း နှစ်ရက်တိတိ ရှောင်ပုန်းခဲ့ရသည်။
ဂျပန်စစ်ဘက်နှင့် နေပြည်တော်ရဲများကလည်း လမ်းမတော်ဖိုးတုတ် နှင့် ပတ်သက်ခဲ့သော တပည့်များ၊ လူမိုက်များကို မြို့အနှံလိုက်လံဖမ်းဆီးနေ၏။
လမ်းမတော်ဖိုးတုတ် ဘေးနားတွင်ရှိခဲ့သည့် အခြားတပည့်များမှာလည်း ဂျပန်ရန်ကို ကြောက်သဖြင့် ရန်ကုန်မြို့ ပေါ်တွင်ပင် မနေရဲပဲ ထွက်ပြေးကုန်ကြသည်။
ထွန်းရင် သည် ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ ဘလုတ်ညွန့်မှတဆင့် ဆိပ်ကြီးရွာသို့ ပြန်ရောက်သွားခဲ့ပြီဖြစ်သည်။
စံဘက ဆိပ်ကြီးရွာတွင် ရောက်နှင့်နေ၏။
ရန်ကုန်ဘက်ကမ်းသို့ ကူးလာရန်လည်း လမ်းမတော်ဖိုးတုတ်နှင့် ပတ်သက်သမျှကို ဂျပန်စစ်တပ်ရော၊ အစိုးရလက်အောက်ခံစစ်ရဲ ကပါ လိုက်လံ ဖမ်းဆီးနေသည်။
ဘဘိုးတို့အဖွဲ့ကလည်း ဖိုးတုတ်တပည့်မှန်သမျှ အပျောက်ရှင်းသည့် စနစ်ဖြင့် ရန်ကုန်ကို သိမ်းပိုက်ထားသည်။
ထို့ကြောင့် ထွန်းရင်နှင့် စံဘ တို့မှာ ရန်ကုန်ဘက်ကူးရန်အခြေအနေကို စောင့်ကြည့်နေကြရသည်။
လမ်းမတော်ဖိုးတုတ်အတွက် စိတ်ပူနေကြသော်လည်း မောင်မောင်နှင့်အတူ လုံခြုံရာတွင် ရှိနေမည်ဟု ယူဆထားကြသည်။
မောင်မောင် ကား ပုသိမ်ညွန့်ဘဘိုးတို့၏ အစဖျောက်ခံရမည့်အရေးကို တွေးမိပြီး အဖတ်ကို ထိုးသတ်ခဲ့သည့် သက်သေခံဓားကို ကိုင်ကာ နေပြည်တော်ရဲတပ်တွင် သွားရောက်အဖမ်းခံလိုက်သည်။
လမ်းမတော်ဖိုးတုတ်ကိုယ်တိုင်လည်း ဒေါက်တာဘမော်ကဲ့သို့သော နိုင်ငံရေးသမားများအပေါ် သြဇာရှိသည် သာဓုကျောင်းဆရာတော်ထံတွင် ဆေးကုကာ ကိုယ်ယောင်ဖျောက်နေရသည်။
လမ်းမတော်ဖိုးတုတ်၏ အင်ပါယာကား တစစီ ပြိုကွဲနေခဲ့ပြီဖြစ်သည်။
ပုသိမ်ညွန့်ဘဘိုးကား ရန်ကုန်၏ သရဖူကို ယူရန်အသင့်ရှိပေပြီ။
သို့သော် လမ်းမတော်ဖိုးတုတ် ပျောက်နေခြင်းက သူ့အတွက် နောက်ကျောမလုံသကဲ့သို့ ခံစားနေရသည်။
၁၉၄၄ မတ်၊ ဧပြီ၊ မေလ သို့ ပင် တိုင်ခဲ့ပြီ။
ဒေါက်တာဘမော်လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ဂျပန်စစ်ရုံးချုပ်မှ ဗိုလ်ချုပ်အီစာမူရာ ကို အင်ဒိုနီးရှားရှိ ဝေးလံခေါင်းပါးသော ကျွန်းတစ်ခုမှ ခံတပ်စခန်းကို ပြောင်းရွေ့ပစ်ခဲ့သည်။
မြန်မာပြည်စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးကဝါဘီ ကို တိုကျိုသို့ ပြန်ခေါ်လိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးတာနာကာ က စစ်ဦးစီးချုပ်အဖြစ် ရောက်ရှိသည်။
တာနာကာ သည် နိုင်ငံရေးထက် စစ်တိုက်ရေးကိုသာ စိတ်ဝင်စားသူဖြစ်သဖြင့် အိန္ဒိယကို တိုက်ခိုက်ရန်သာ ဆန္ဒစောနေ၏။
မကြာမီ မြန်မာပြည်သိမ်း အမှတ်(၁၅)ဂျပန်တပ်မတော်သည် အိန္ဒိယကို သိမ်းပိုက်ရန်အတွက် မဏိပူရပြည်နယ်၊ အင်ဖာ တွင် ဗြိတိသျှတပ်များအား အကြီးအကျယ်ထိုးစစ်ဆင်နွှဲသည်။
သို့သော် အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့ရ၏။ ကမ္ဘာစစ်ပွဲတွင်လည်း အင်အားချိန်ခွင်ညှာပြောင်းလဲသွားပြီး အင်္ဂလိပ် -အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ပေါင်းစုက အသာရနေပြီ အီတလီ - ဂျာမနီ - ဂျပန်တို့ ဝင်ရိုးတန်းနိုင်ငံများ အရှုံးကြီး ရှုံးလာနေကြသည်။
မြန်မာပြည်အထက်ပိုင်းတွင် မဟာမိတ်ဗိုလ်ချုပ် ဝင်းဂိတ်၏ တပ်များက တဖြည်းဖြည်း ရှေ့တိုးလာကြသည်။
ဂျပန်တို့သည် စစ်ပွဲကို နောက်ဆုံးအနေဖြင့် ခုခံတိုက်ခိုက်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။
ဗိုလ်ချုပ်အီစာမူရာမရှိတော့သဖြင့် လမ်းမတော်ဖိုးတုတ် ကို ရှာဖွေခြင်း ကိစ္စ တစ်ခန်းရပ်သွားသည်။
ပုသိမ်ညွန့်ဘဘိုး သည် ရန်ကုန်လူမိုက်လောက၏ ဘုရင်ဖြစ်လာသည်။
သို့သော်ငြား သူဘုရင်ဖြစ်လာချိန်တွင် ရန်ကုန် ကား ဆင်းရဲမွဲတေမှုများ၊ ငတ်ပြတ်မှုများနှင့်သာ ပြည့်နှက်နေခဲ့သည်။
အခြေအနေများ ပြန်လည်တည်ငြိမ်လာပြီဖြစ်သဖြင့် လမ်းမတော်ဖိုးတုတ်၏ ညီ ဘသိန်း၊ မိခင်ကြီး ဒေါ်ချစ်ပု၊ ထွန်းရင် ၊ စံဘ၊ ချောရင် တို့သည် မသင်းမြ နှင့်အတူ ရန်ကုန်သို့ ပြန်လာရန် ပြင်ဆင်နေကြပြီဖြစ်သည်။
…………………………………..
၁၉၄၄ မေလ ၂ ရက်နေ့။
မုတ်သုန်ကို ကြိုဆိုလိုက်သည့် မေဦးမိုး က တဖွဲဖွဲကလေး ကျနေသည်။
သာဓုကျောင်းအောက် အခန်းလေးဆီမှ ချောင်းသံတဟွတ်ဟွတ် ကလည်း မိုးသံတဖျောက်ဖျောက်နှင့် အပြိုင်။
ဦးဖိုးတုတ် ကား ဦးဇင်းကြီးသုမနကျေးဇူးဖြင့် ပုခုံးကျည်မှန်အနာ ပျောက်ကင်းသွားသော်လည်း တီဘီရောဂါ စွဲကပ်နေပေပြီ။
နှစ်ပေါင်းများစွာ သောက်လာသည့် အရက်ဒဏ်ဖြင့် အသဲခြောက်ရောဂါကိုလည်း ခံစားနေရကာ အိပ်ရာထဲ လဲလျောင်းနေရသည်။
သာဓုကျောင်းဝန်းထဲသို့ ကားတစ်စီး ဝင်လာသည်။ကားပေါ်မှလူသုံးဦးဆင်းလာသည်။
ကပ္ပိယကြီးက ဖိုးတုတ်အတွင် ကြိုထားသော ဆန်ပြုတ်ကို သပိတ်ထဲထည့်ကာ ကျောင်းအောက်သို့ ဆင်းလာ၏။
"ဦးလေး..ဒီကျောင်းမှာ လမ်းမတော်ဖိုးတုတ် ရှိတယ်ဆို..ကျွန်တော်တို့ သူ့မိတ်ဆွေတွေပါ"
"သြော်..လာပါ..လာပါ..ဒီအောက်ထပ်မှာ..ဦးဖိုးတုတ်ရှိပါတယ်"
ကပ္ပိယကြီးက ဖိုးတုတ် လှဲနေသည့် အခန်းသို့ ခေါ်သွားသည်။
"ဆန်ပြုတ်ရပါပြီ..ဦးဘိုးတုတ်"
ကပ္ပိယကြီးက ဆန်ပြုတ်သပိတ်ကို ဖိုးတုတ်နဘေးတွင် ချပေးလိုက်သည်။
ဖိုးတုတ်က ဆန်ပြုတ်သောက်ရန် ထလိုက်စဉ် ကပ္ပိယကြီးနောက်တွင်ပါလာသော ပုသိမ်ညွန့်ဘဘိုး နှင့် သူ့တပည့်နှစ်ဦး ကို မြင်လိုက်ရလေတော့သည်။
ခက်ဇော်
The Guys of Yangon,1930(Part 31)
...........
အခန္း(၃၂)
……………..
လန္က်သြားေသာ ဘဘိုး ၏ ေခါင္းကို အေနာက္ဘက္မွ ေရာက္ေနေသာ ထြန္းရင္က အဝတ္အိတ္အမဲျဖင့္ စြပ္ကာ အုပ္ကိုင္ထားလိုက္သည္။
ဘဘိုး ကား သတိရွိသူျဖစ္သည့္အတြက္ လက္ထဲမွ ေျခာက္လုံးျပဴးမွာ လြတ္က်မသြား။
ဖိုးတုတ္က ေျခာက္လုံးျပဴးကို ဝင္အလုပ္တြင္ ဘဘိုးက ေျခေထာက္ျဖင့္ ရမ္းကန္လိုက္သျဖင့္ ခလုတ္တိုက္ၿပီး ဘဘိုးေပၚ ဖိုးတုတ္ လဲက်သြား၏။
ဘဘိုးေနာက္မွ ထြန္းရင္လည္း ပက္လက္အေနအထားျဖင့္ လဲက်သြားသည္။
ထြန္းရင္က ဘဘိုး၏ ခႏၶာျဖင့္ ပိေနေသာ္လည္း ဘဘိုး၏ မ်က္ႏွာကို အုပ္ထားေသာ အဝတ္မဲကို အားျဖင့္ ခပ္တင္းတင္း ဖိထားသည္။
ဘဘိုးမွာ ေအာ္ေသာ္လည္း အဝတ္ျဖင့္ အုပ္ထားသျဖင့္ ဝူးဝူးဝါးဝါးအသံလုံးသာ ထြက္လာေလသည္။
ဖိုးတုတ္က ဘဘိုးကို အေပၚမွ ခြကာ ဘဘိုး လက္ထဲမွ ေျခာက္လုံးျပဴးကို အတင္းလုသည္။ဘဘိုးကလည္း ေျခာက္လုံးျပဴးကို ခပ္တင္းတင္းဆုပ္ကိုင္ကာ ႐ုန္းကန္ေနသည္။
ဖိုးတုတ္က ညာဘက္လက္က ေသနတ္ကိုလုေနရင္း ဘက္ဘက္မွ ဇာဝီတုတ္ကို ကိုင္ကာ ဘဘိုး၏ ေခါင္းကို တစ္ခ်က္႐ိုက္လိုက္သည္။ သို႔ေသာ္ အနီးကပ္႐ိုက္ရျခင္းျဖစ္သျဖင့္ ဇာဝီတုတ္မွာအားသိပ္မပါ။
ထြန္းရင္က ဘဘိုး၏ မ်က္ႏွာကို အဝတ္နက္ျဖင့္ အုပ္ရင္း ခပ္တင္းတင္းဆြဲဖိထားရာမွ အားေနေသာ ပါးစပ္ျဖင့္ သူ႔ ဘဘိုး၏ ညာဘက္ပါးေနရာကို မွန္းၿပီး အသားကုန္ကိုက္ခဲထားေလသည္။
ဘဘိုးမွာ နာၾကင္လြန္းသျဖင့္ တဝူးဝူး ေအာ္ကာ ႐ုန္းကန္ေန၏။
လက္က ေသနတ္ကိုမူ အလုမခံပဲ ခပ္တင္းတင္းကိုင္ထား၏။
ဖိုးတုတ္မွာ က်န္းမာေရးထိခိုက္ထားခ်ိန္ျဖစ္သျဖင့္ ယခင္ကေလာက္ ခြန္အားမရွိေတာေပ။ အားေကာင္းေမာင္းသန္လူငယ္ျဖစ္ေသာ ဘဘိုး လက္မွ ေသနတ္ကို မနည္းလုေနရသည္။
ထိုအခ်ိန္တြင္ ဘဘိုးလက္မွ ေျခာက္လုံးျပဴးေသနတ္သည္ ဒိန္းခနဲ က်ည္ထြက္သြားၿပီး ဖိုးတုတ္ ေဘးသို႔ လြင့္က်သြား၏။
ထြန္းရင္မွာ ဖိုးတုတ္ လြင့္က်သြားသည္ကို ၾကည့္ၿပီး သူ႔အေပၚတြင္ ပိေနေသာ ဘဘိုး၏ ခႏၶာကိုယ္ကို အားျဖင့္ ေဘးသို႔တြန္းလွဲလိုက္သည္။
ေသနတ္သံၾကားသျဖင့္ ေဒါက္တာဘေမာ္အိမ္တြင္ ဗ်ာမ်ားလ်က္ရွိေသာ စစ္သားမ်ား ေျပးလာၾကသည့္ ေျခသံကို ၾကားလိုက္ရသည္။
"ထြန္းရင္..ေျပးေတာ့"
ဖိုးတုတ္က သူ႔ပုခုံးကို အုပ္ကိုင္ရင္း ေနာက္ေဖးဘက္သို႔ ထြက္ေျပးသည္။
ဘဘိုးမွာ ေျခာက္လုံးျပဴးကိုတင္းတင္းဆုပ္ကိုင္လ်က္ မ်က္ႏွာမွ အဝတ္အမဲႀကီးကို ဆြဲခြၽတ္ေနသည္။
ထြန္းရင္က ဘဘိုးကို တြန္းလိုက္စဥ္ အဝတ္အိတ္ထဲမွ က်လာေသာ တစ္စုံတစ္ခုကို ေကာက္ယူကာ အိတ္ထဲထည့္ၿပီး အိမ္အေရွ႕ၿခံစည္း႐ိုးဆီသို႔ ေျပးထြက္သြားေလေတာ့သည္။
ခဏအၾကာတြင္ လွ်ိဳထဲသို႔ ဘီအိုင္ေအစစ္သားမ်ား ေရာက္လာၾကသည္။
ဘဘိုးမွာ ေျခာက္လုံးျပဴးကို တစ္ဖက္က ကိုင္ကာ လက္တစ္ဖက္က ေသြးမ်ား တဗြက္ဗြက္ထြက္ေနသည့္ ညာဘက္နားကို အုပ္ကိုင္ထားသည္။
"အား..ငါ့..နား႐ြက္တစ္ဖက္…ငါ့နား႐ြက္တစ္ဖက္.. မရွိေတာ့ဘူး"
ဘဘိုးက နာၾကင္စြာ ေအာ္ဟစ္ရင္း ထြန္းရင္ ကိုက္ျဖတ္သြားခဲ့ေသာ သူ႔နား႐ြက္ကို အေမွာင္ထဲတြင္ ေသြး႐ူးေသြးတန္းျဖင့္ လိုက္ရွာေနေလသည္။
သို႔ေသာ္ ရွာမေတြ႕။
………………………………………………………………………………………………
ေဒါက္တာဘေမာ္ ၏ အိမ္သို႔ ဂ်ပန္စစ္ဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ကဝါဘီ ႏွင့္ ဗိုလ္ခ်ဳပ္အီစာမူရာတို႔ ေရာက္လာၾကသည္။
ေဒါက္တာဘေမာ္ကို ေတာင္းပန္ၾကၿပီးေနာက္ အမႈကို ေပၚေအာင္စစ္ေဆးေပးမည္ဟု ကတိေပးၿပီး ျပန္သြားၾကသည္။
လမ္းတြင္ ကဝါဘီက ဗိုလ္ခ်ဳပ္အီစာမူရာကို အႀကီးအက်ယ္ေဒါသထြက္ကာ ႀကိမ္းေမာင္းေတာ့သည္။
ယာကူဇာဂိုဏ္းဝင္ တစ္ဦးျဖစ္ေသာ စင္ကာပူအေျခစိုက္ ဂ်ပန္အရံတပ္ဖြဲ႕မွ ဗိုလ္ႀကီးအဆင့္ရွိ အဆာဟိ ႏွင့္ လမ္းမဘက္ထြက္ေျပးသြားေသာ ေမာင္ေမာင္တို႔ကို လက္ရဖမ္းဆီးရမိ၏။
ေဒါက္တာဘေမာ္၏ အိမ္အေနာက္ဖက္ လမ္းမေပၚတြင္ လမ္းေပ်ာက္ေနေသာ တမိုးဒါးကိုလည္း ဂ်ပန္ကင္ေပတိုင္အဖြဲ႕က ဖမ္းဆီးႏိုင္ခဲ့သည္။
ေဒါက္တာဘေမာ္ အား လုပ္ႀကံမႈသည္ ေနာက္တစ္ေန႔တြင္ ဂ်ပန္စစ္ဘက္ဆိုင္ရာႏွင့္ ဗမာျပည္အစိုးရအဖြဲ႕အၾကား လႈပ္ခတ္သြား၏။
ျမန္မာျပည္ဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး ဆာဝါဒါးသည္ ဂ်ပန္ျပည္သို႔ ေလယာဥ္ျဖင့္အသြားတြင္ ထိုသတင္းၾကားသျဖင့္ ယိုးဒယားမွ ခ်က္ခ်င္းျပန္လွည့္လာသည္။
ထို႔ေနာက္အမႈအေျခအေနကို အေသးစိတ္စစ္ေဆးၿပီးေနာက္ ဂ်ပန္သို႔ သြားကာ ဂ်ပန္အစိုးရ ႏွင့္ နန္းတြင္းသို႔ သတင္းပို႔လိုက္ေလေတာ့သည္။
ဂ်ပန္ဘုရင္တင္ေနာ္ေဟကာ မွာ ထိုသတင္းကို ၾကားၾကားခ်င္း နန္းရင္းဝန္တိုဂ်ိဳမွ တဆင့္ ေဒါက္တာဘေမာ္ထံ ဝမ္းနည္းေၾကာင္းႏွင့္ လုပ္ႀကံသူဂ်ပန္တို႔၏ လုပ္ရပ္ကို ျပစ္တင္ရႈံ႕ခ်ေၾကာင္း သဝဏ္လႊာ ေပးပို႔လိုက္ေလသည္။
လုပ္ႀကံမႈကို ႀကိဳးကိုင္သူ ဒုတိယဗိုလ္ခ်ဳပ္ႀကီးကဝါဘီမွာ အၾကပ္႐ိုက္ေနၿပီျဖစ္သည္။
ဗိုလ္ခ်ဳပ္အီဆာမူရာ ၏ တပည့္ျဖစ္သူ ဂ်ပန္လူမ်ိဳး အဆာဟိ ႏွင့္ တမိုးဒါးတို႔မွာ ယာကူဇာမ်ားျဖစ္သည့္အတြက္ ဂိုဏ္စည္းကမ္းအတိုင္း မိမိတို႔ကို မည္သူက လုပ္ႀကံခိုင္းေၾကာင္း တလုံးတပါဒမွ ထြက္ဆိုမည္မဟုတ္သည္ကို ယုံၾကည္သည္။
လမ္းမေတာ္ဖိုးတုတ္၏ တပည့္ ေမာင္ေမာင္ကိုမူ သူစိတ္မခ်။
ေမာင္ေမာင္မွာ အီစာမူရာႏွင့္ တိုက္႐ိုက္မေတြ႕ဖူး။ ေဖေဖာ္ဝါရီ ၅ ရက္ေန႔ကလုပ္သည့္ အစည္းအေဝးတြင္ ေအာ္ေစကိုးႏွင့္သာ ေတြ႕ခဲ့ဖူးသည္။ ေအာ္ေစးကိုး ကိုလည္း ဘယ္သူဘယ္ဝါမွန္း ေမာင္ေမာင္သိမည္မဟုတ္။
သို႔ေသာ္ ေမာင္ေမာင္က လမ္းမေတာ္ဖိုးတုတ္ခိုင္းသျဖင့္လုပ္ရပါသည္ဆိုလွ်င္ ကင္ေပတိုင္က ဖိုးတုတ္ကို သြားေရာက္ဖမ္းဆီးေတာ့မည္။
ဖိုးတုတ္ကို ဗိုလ္ခ်ဳပ္အီစာမူရာကိုယ္တိုင္က ေတြ႕ဆုံၿပီး လုပ္ႀကံေရးကိစၥေစခိုင္းခဲ့ျခင္းျဖစ္သျဖင့္ လုပ္ႀကံမႈကို ဂ်ပန္အမွတ္(၁၅)တပ္မေတာ္က စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း ေပၚေပါက္သြားႏိုင္၏။
ထို႔ေၾကာင့္ ဗိုလ္ခ်ဳပ္ႀကီး ကဝါဘီက အျခားသူမ်ား ဖိုးတုတ္ကို ဖမ္းမမိခင္တြင္ ဂ်ပန္စစ္တပ္မွ ဦးေအာင္ လက္စတုံးေဖ်ာက္ဖ်က္ပစ္ရန္ အီစာမူရာအား အမိန႔္လွမ္းေပးေတာ့သည္။
……………………………………………………………
ေဒါက္တာဘေမာ္ကိုလုပ္ႀကံမႈမေအာင္မျမင္ ျဖစ္ၿပီးသည့္ေနာက္ လမ္းမေတာ္ဖိုးတုတ္ သည္ ပုခုံးတြင္ ေသနတ္ရွပ္ထိေသာ ဒဏ္ရာျဖင့္ ေမာ္ေတာ္ကားဆီသို႔ ေရာက္ေအာင္ေျပးေလသည္။
ထို႔ေနာက္ ကားေပၚသို႔ တက္ကာ လက္တစ္ဖက္ျဖင့္ ကားကို ထိန္းေမာင္းၿပီး ဆယ့္ေလးလမ္းအိမ္သို႔ ျပန္သြား၏။
ဖိုးတုတ္က အိမ္တံခါးေသာ့ဖြင့္ၿပီး အထဲသို႔ ဝင္ကာ အေပၚထပ္မွ ေဆးေသတၱာကို သြားယူသည္။
ထိုအခ်ိန္တြင္ အိမ္ဝမွ အသံၾကားသျဖင့္ ဖိုးတုတ္က ျပတင္းေပါက္မွ အသာထြက္ၾကည့္လိုက္သည္။
ထြန္းရင္။
"ေဟ့ေကာင္..ထြန္းရင္..တံခါးကို ပိတ္ၿပီး အထဲကေန ေသာ့ခတ္ခဲ့"
ထြန္းရင္က အိမ္တံခါးေရာ၊ ၿခံဝန္းတံခါးကိုပါ ေသာ့ပိတ္ၿပီး အိမ္ေပၚသို႔ တက္လာသည္။
"ကိုႀကီးဖိုးတုတ္..ေတာ္ေတာ္ထိသြားတာလား"
"ပုခုံးစြန္းကို ေဖာက္ထြက္သြားတာကြ..ငါ့ကို ပတ္တီးေလးစည္းေပးပါဦးကြာ..ေသြးေတြက ထြက္ေနတုန္းပဲ"
ဘဘိုးျဖစ္လိုက္ေသာ က်ည္ဆံက ရွပ္မွန္သည္ဆိုေသာ္လည္း ပုခုံးႏွင့္ လက္ေမာင္းရင္းၾကားမွ အ႐ိုးကို ေဖာက္ထြက္သြားျခင္းျဖစ္သျဖင့္ ေသြးမ်ားက တစိမ့္စိမ့္ထြက္ေနဆဲပင္။
ထြန္းရင္က ဖိုးတုတ္ ၏ ဒဏ္ရာကို ပတ္တီးျဖင့္ စည္းေပးေနသည္။
ထိုအခ်ိန္တြင္ အိမ္ေရွ႕သို႔ ကားတစ္စီး ဆိုက္လာသံၾကားရသည္။
ထြန္းရင္က ဟထားေသာ ျပတင္းတံခါးမွ အသာသြားေခ်ာင္းလိုက္သည္။
ဂ်ပန္သုံးေယာက္က ေသနတ္ကိုယ္စီကို အသင့္အေနအထားကိုင္လ်က္ ဖိုးတုတ္၏ ၿခံထဲသို႔ ဝင္လာေနၾကသည္။
"ကိုႀကီးဖိုးတုတ္..အျပင္မွာ ဂ်ပန္သုံးေကာင္၊ ကားေပၚမွာလည္း ေနာက္ထပ္ သုံးေကာင္ေလာက္ပါေသးတယ္"
"ထြန္းရင္..ဒီအခ်ိန္မွာ ငါတို႔ အဖမ္းခံလို႔မရဘူး..ေနာက္ေဖးကေန ေျပးစို႔"
ဖိုးတုတ္ႏွင့္ ထြန္းရင္က အိမ္ေအာက္သို႔ ဆင္းကာ ေနာက္ေဖးေပါက္သို႔ ေျပးၾကသည္။ ေရွ႕မွ ဂ်ပန္မ်ားက အိမ္တံခါးကို ေသနတ္ဒင္ျဖင့္ ထုဖ်က္ေနသံၾကားရ၏။
အိမ္အေနာက္ဘက္သို႔ ေရာက္ေသာအခါ ၿခံစည္း႐ိုးအတိုင္း ပုန္းကြယ္ၿပီး ဆယ့္ငါးလမ္းဘက္သို႔ ေျပးရန္ ထြက္လိုက္စဥ္ ႐ိုင္ဖယ္ကိုင္ထားေသာ ဂ်ပန္တစ္ေယာက္က ဘတ္နက္ျဖင့္ ဖိုးတုတ္၏ လည္ၿမိဳကို ေထာက္ထားေလေတာ့သည္။
ထြန္းရင္က သူ႔လက္ေအာက္တြင္ ဖိမိထားေသာ အဂၤေတျပားျဖင့္ ဂ်ပန္၏ ေမ႐ိုးကို ပင္ထုလိုက္ၿပီး ဝင္လုံးလိုက္သည္။
"ကိုႀကီး ေျပးေတာ့..ေျပးေတာ့"
ဖိုးတုတ္က ဆယ့္ငါးလမ္းအတိုင္း ကမ္းနားလမ္းသို႔ ေျပးသည္။
ကမ္းနားလမ္းေပၚတြင္လည္း ၈်ပန္စစ္ကားတစ္စီးက ပိတ္ရပ္ကာ ရွာေဖြေနၾကေသာေၾကာင့္ ဖိုးတုတ္သည္ ဆယ့္ငါးလမ္းထိပ္ဘက္ရွိ ဗုံးဒဏ္ေၾကာင့္ တဝက္တပ်က္ၿပိဳက်ေနသာ တိုက္ပ်က္ႀကီး ထဲသို႔ ဝင္ခိုေနလိုက္ေတာ့သည္။
ထြန္းရင္က ဂ်ပန္ထံမွ ႐ိုင္ဖယ္ကို လုကာ လွံစြပ္ျဖင့္ ထိုးသတ္လိုက္သည္။
ထို႔ေနာက္..ဒါလဟိုဇီလမ္းဘက္သို႔ ေျပးကာ အေမွာင္ထုထဲ ေပ်ာက္ကြယ္သြားေတာ့သည္။
ေနာက္တစ္ေန႔ နံနက္။
လမ္းမေတာ္ဖိုးတုတ္ ၏ အိမ္ပတ္ခ်ာလည္တြင္ ဗိုလ္ခ်ဳပ္အီဆာမူရာ၏ အဖြဲ႕မ်ားက ေစာင့္ၾကည့္ေနၾကသည္။
ကမ္းနားတစ္ေလွ်ာက္ ေလွဆိပ္မ်ားတြင္လည္း ပုသိမ္ၫြန႔္ဘဘိုး၏ လူမ်ားက ဖိုးတုတ္၏ ဓာတ္ပုံကို ကိုင္လ်က္ လူဝင္ လူထြက္ေစာင့္ၾကည့္ေနၾက၏။
ဆိပ္ႀကီးဘက္သို႔ ကူးရန္ ထြက္လာေသာ ဖိုးတုတ္မွာ ပုသိမ္ၫြန႔္ဘဘိုး ႏွင့္ သူ႔လူမ်ား ကို ေလွဆိပ္တြင္ ေတြ႕ရသျဖင့္ ျပန္လွည့္လာခဲ့ေတာ့သည္။
ဖိုးတုတ္၏ လက္ေမာင္းမွ ဒဏ္ရာကလည္း ေဆာင္းရာသီမို႔ တဆစ္ဆစ္ကိုက္ခဲေနေလသည္။
ဗိုလ္ခ်ဳပ္အီဆာမူရာ ၏ လူမ်ား၊ ပုသိမ္ၫြန႔္ဘဘိုး၏ လူမ်ားက လမ္းမေတာ္ဖိုးတုတ္အား ရန္ကုန္ၿမိဳ႕အႏွံ႔ ဖိုးတုတ္ကို ေမႊေႏွာက္ရွာေဖြေနၾက၏။
ဖိုးတုတ္ ကား ေျပးေပါက္ ပိတ္ေနေခ်ၿပီ။
…………………………………………………………………………………………………..
ေဒါက္တာဘေမာ္ကို လုပ္ႀကံရန္ႀကိဳးပမ္းမႈတြင္ပါဝင္ေသာ အဆာဟိ၊ တမိုးဒါး၊ ေမာင္ေမာင္ တို႔ကို ဂ်ပန္စစ္ခုံ႐ုံး က စစ္ေဆးသည္။
ဂ်ပန္စစ္ဘက္က အမႈကို အျမန္စီရင္သည္။
အမႈတြင္ပါဝင္ေသာ အဆာဟိ ကို ေထာင္ဒဏ္(၁၅)ႏွစ္၊ တမိုးဒါးကို ေထာင္ဒဏ္ (၃)ႏွစ္ ခ်မွတ္ၿပီး စင္ကာပူသို႔ လႊဲေျပာင္းေပးခဲ့သည္။ စင္ကာပူအေရာက္တြင္ ေထာင္ဒဏ္မ်ားကို ပယ္ဖ်က္ၿပီး အမႈမွ ပလပ္ပစ္လိုက္သည္။
ေမာင္ေမာင္ ကိုကား အခင္းျဖစ္စဥ္တြင္ မည္သည့္အမႈမွ မက်ဴးလြန္ပဲ စကားျပန္လိုက္လုပ္ေပးခဲ့ျခင္းသာျဖစ္သည္ ဟု ဆိုကာ အမႈမွ တရားေသလႊတ္လိုက္၏။
ယင္းသည္လည္း ဗိုလ္ခ်ဳပ္အီစာမူရာ၏ အႀကံအစည္ပင္ျဖစ္သည္။
ေမာင္ေမာင္ကို လႊတ္ေပးလိုက္လွ်င္ ေမာင္ေမာင္သူ သူ႔ဆရာဖိုးတုတ္ ထံ ေသခ်ာေပါက္သြားမည္ဟု အီစာမူရာက တြက္သည္။
ထို႔ေၾကာင့္ ေမာင္ေမာင့္ကို လႊတ္ေပးကာ ေမာင္ေမာင္ေနာက္မွ ဂ်ပန္ႏွစ္ေယာက္ကို ေစာင့္ၾကည့္ေနေစေတာ့သည္။
ေမာင္ေမာင္က အခ်ဳပ္မွ လြတ္သည့္အခါ ဆယ့္ေလးလမ္းရွိ ဖိုးတုတ္၏ ေနအိမ္သို႔သြားသည္။ အိမ္တံခါးမ်ား ပိတ္ထားသည့္အခါ သူ႔ငွားရမ္းေနထိုင္သည့္ သိမ္ႀကီးေဈးေနာက္ဖက္မွ အခန္းသို႔ ျပန္သြားသည္။
ဂ်ပန္မ်ားက ေမာင္ေမာင့္အိမ္ကို ေစာင့္ၾကည့္ေနၾကသည္။
ေနာက္တစ္ေန႔တြင္ ေမာင္ေမာင္သည္ ေထာင္ႀကီးဝန္းအတြင္းရွိ ဘိန္းခန္းသို႔ သြားသျဖင့္ ဂ်ပန္မ်ား လိုက္ရျပန္သည္။
အျပန္တြင္ ဂ်ပန္မ်ား က တေကာက္ေကာက္ပါလာ၏။
ေနာက္တစ္ရက္တြင္လည္း ေမာင္ေမာင္သည္ ေထာင္ႀကီးဝန္းရွိ ဘိန္းခန္းသို႔ သြားျပန္သည္။
ဂ်ပန္မ်ားက ေမာင္ေမာင္ေန႔တိုင္းသြားေနေသာ ဘိန္းခန္းတြင္ ဖိုးတုတ္ ပုန္းေနႏိုင္ေၾကာင္း ေအာ္ေစးကိုးထံ သတင္းပို႔သည္။
ေအာ္ေစးကိုး ကိုယ္တိုင္ ကားျဖင့္ ေရာက္လာၿပီး ဂ်ပန္စစ္သားငါးေယာက္ႏွင့္အတူ ဘိန္းခန္းထဲသို႔ ႐ုတ္တရက္ ဝင္ခ်လာသည္။
ေမာင္ေမာင္ဝင္သြားသည္ ဆိုေသာအခန္းတြင္းသို႔ ဝင္လိုက္သည့္အခါ ေမာင္ေမာင့္ကို မေတြ႕ရေတာ့။
ဘိန္းေျပာင္းကို ပိုက္လ်က္ လည္ပင္းတြင္ ဓားထိုးခံရသည့္ဒဏ္ရာျဖင့္ ေသအံမူးမူးအေၾကာဆြဲေနေသာ တ႐ုတ္လူမိုက္ အဖတ္ ကိုသာ ေတြ႕လိုက္ရေတာ့သည္။
……………………………………………………………………………………….
ၾကည့္ျမင့္တိုင္သာဓုေက်ာင္းတိုက္။
ေန႔ဆြမ္းစားၿပီးခ်ိန္မို႔ အခ်ိဳ႕ဘုန္းေတာ္ႀကီးမ်ားက စာၾကည့္ေနၾကၿပီး အခ်ိဳ႕က တေရးတေမာက်ိန္းစက္ရန္ ျပင္ဆင္ေနၾကသည္။
ကပၸိယအိုႀကီးမွ ဆြမ္က်န္မ်ားကို ေရာနယ္ကာ ေက်ာင္းေဘးရွိ ေခြးသားအုပ္မႀကီးကို ခ်ေကြၽးေန၏။
ထိုအခ်ိန္တြင္ ယိုင္ထိုးေနေသာလူတစ္ေယာက္ ေက်ာင္းေရွ႕သို႔ ေရာက္လာသည္။
"ဆရာေတာ္ႀကီး..ရွိလား"
လမ္းပင္ အႏိုင္ႏိုင္ေလွ်ာက္ေနရေသာ ထိုသူ၏ အသံက တိုးတိမ္လြန္း၏။
ကပၸိယႀကီးက ထိုလူကို ေသခ်ာၾကည့္လိုက္သည္။
ျဖဴဖက္ျဖဴေလ်ာ္ျဖစ္ေနေသာႏႈတ္ခမ္းမ်ားက တဆတ္ဆတ္တုန္ရီေနသည္။
မ်က္တြင္းမ်ားက ေခ်ာင္က်ေနၿပီး ပါး႐ိုးက ေငါထြက္ေနေတာ့သည္။
ပခုံးႏွင့္လက္ေမာင္းၾကားတြင္ ေသြးစမ်ားျဖင့္ ေျခာက္ကပ္ေနေသာ ညစ္ထပ္ထပ္ ပက္တီးစ။
"ခင္ဗ်ား.ဦးဖိုးတုတ္..မဟုတ္လား..ဟာ..ဘယ္လိုျဖစ္လာတာလဲဗ်ာ"
"ဆရာေတာ္ႀကီးဆီ ပို႔ေပးပါဗ်ာ"
ကပၸိယႀကီးက ဖိုးတုတ္ကို တြဲလိုက္သည္။
"ဟာ..တစ္ကိုယ္လုံးလဲ ပူက်စ္ေနတာပဲဗ်ာ..လာ..လာ..ဦးဖိုးတုတ္"
လမ္းမေတာ္ဖိုးတုတ္က ေက်ာင္းေဆာင္၏ သစ္သားေလွကားေပၚသို႔ ကပၸိယႀကီးကို တြဲခိုကာ မနည္းအားျပဳတက္လာရသည္။
ေက်ာင္းေဆာင္ေပၚတြင္ စာၾကည့္ေနေသာ ဆရာေတာ္က သူ႔ေရွ႕တြင္ လက္ႏွစ္ဖက္ကိုေထာက္လ်က္ ေမာပန္းေနေသာ သူကို ၾကည့္လိုက္သည္။
"ကပၸိယႀကီးက သူက ဘယ္သူတုန္းဟဲ့"
"ဦးဖိုးတုတ္ေလ..ဘုရား"
"ဘယ္က ဦးဖိုးတုတ္လဲ"
"လမ္းမေတာ္ဆယ့္ေလးလမ္းထိပ္ကေလ..ဘုရား"
"ေအာ္..ဒကာမႀကီး မသင္းျမ ေယာက္်ားပဲ။ ဘယ္လိုျဖစ္တာလဲ.ဒကာႀကီးရယ္..ဘယ္လိုဒုကၡေတြမ်ား ျဖစ္လာတာလဲ..ဒကာမႀကီးေရာ"
လြန္ခဲ့သည့္ႏွစ္မ်ားက မသင္းျမတို႔ မိသားစု ကထိန္ခင္းလွ်င္ မသင္းျမ၏ ေယာက္်ား လူမိုက္ေခါင္းဆာင္ႀကီးကိုဖိုးတုတ္သည္ ေမာ္ေတာ္ကားအေကာင္းစားျဖင့္ တပည့္တပန္းမ်ားဝန္းရံလ်က္ ေက်ာင္းသို႔ လာေလ့ရွိသည္ကို သာဓုဆရာေတာ္ သတိထားမိသည္။
ယခုေတာ့ သူ႔ေရွ႕တြင္ ညစ္ပတ္ေပေရေနၿပီး အာဟာရျပတ္ေနပုံရသည့္ ဖိုးတုတ္ကို ျမင္သည့္အခါ ဆရာေတာ္မွာ အံၾသသြားရ၏။
"တပည့္ေတာ္ကို ဒီေက်ာင္းမွာ ခဏ ခိုေနခြင့္ျပဳပါ..ဘုရား"
"ေအးကြယ္..ဘုန္းႀကီးေက်ာင္းဆိုတာေတာ့ ဒုကၡသည္ဆိုရင္ လက္ခံထားရမွာပဲ..ဒကာႀကီး ဘာျဖစ္လာတယ္..ဘာျဖစ္ေနတယ္ဆိုတာကို ဘုန္းဘုန္းမေမးေတာ့ပါဘူး..ဒကာႀကီး အဆင္ေျပသေလာက္ေနပါ..စားေရးေသာက္ေရးကေတာ့ ကပၸိယႀကီးနဲ႔အတူတူပဲ စားေသာက္ေပါ့"
"တင္ပ..ဘုရား..ေက်းဇူးႀကီးပါတယ္..ဘုရား"
"ဦးဖိုးတုတ္က ဖ်ားလည္း ဖ်ားေနပါတယ္..ဘုရား"
"ဒါဆို ဦးဇင္းသုမန ဆီ ေခၚသြား။ သူက ဗိေႏၶာေလးဘာေလး ကြၽမ္းက်င္တယ္။ ေစာင့္ေရွာက္ေပးလိုက္ပါကြယ္။ တို႔ဒကာ ၊ ဒကာမေတြပဲ"
ကပၸိယႀကီးက ဖိုးတုတ္ အား ေဖးမကာ ထူလိုက္သည္။ ဖိုးတုတ္၏ ပခုံးဆီမွ အနာသည္ ရင္းလ်က္ရွိၿပီး ျပည္ပုတ္မ်ားျဖင့္ အနံ႔ပင္ထြက္ေနသည္။
လမ္းမေတာ္ဖိုးတုတ္ သည္ သူ႔အားအသည္းအသန္ရွာေဖြေနၾကေသာ ဂ်ပန္စစ္ဘက္ႏွင့္ ပုသိမ္ၫြန႔္ဘဘိုး ၏ လူမ်ားကို ရန္ကုန္ၿမိဳ႕တြင္း ႏွစ္ရက္တိတိ ေရွာင္ပုန္းခဲ့ရသည္။
ဂ်ပန္စစ္ဘက္ႏွင့္ ေနျပည္ေတာ္ရဲမ်ားကလည္း လမ္းမေတာ္ဖိုးတုတ္ ႏွင့္ ပတ္သက္ခဲ့ေသာ တပည့္မ်ား၊ လူမိုက္မ်ားကို ၿမိဳ႕အႏွံလိုက္လံဖမ္းဆီးေန၏။
လမ္းမေတာ္ဖိုးတုတ္ ေဘးနားတြင္ရွိခဲ့သည့္ အျခားတပည့္မ်ားမွာလည္း ဂ်ပန္ရန္ကို ေၾကာက္သျဖင့္ ရန္ကုန္ၿမိဳ႕ ေပၚတြင္ပင္ မေနရဲပဲ ထြက္ေျပးကုန္ၾကသည္။
ထြန္းရင္ သည္ ၾကည့္ျမင္တိုင္တစ္ဖက္ကမ္း၊ ဘလုတ္ၫြန႔္မွတဆင့္ ဆိပ္ႀကီး႐ြာသို႔ ျပန္ေရာက္သြားခဲ့ၿပီျဖစ္သည္။
စံဘက ဆိပ္ႀကီး႐ြာတြင္ ေရာက္ႏွင့္ေန၏။
ရန္ကုန္ဘက္ကမ္းသို႔ ကူးလာရန္လည္း လမ္းမေတာ္ဖိုးတုတ္ႏွင့္ ပတ္သက္သမွ်ကို ဂ်ပန္စစ္တပ္ေရာ၊ အစိုးရလက္ေအာက္ခံစစ္ရဲ ကပါ လိုက္လံ ဖမ္းဆီးေနသည္။
ဘဘိုးတို႔အဖြဲ႕ကလည္း ဖိုးတုတ္တပည့္မွန္သမွ် အေပ်ာက္ရွင္းသည့္ စနစ္ျဖင့္ ရန္ကုန္ကို သိမ္းပိုက္ထားသည္။
ထို႔ေၾကာင့္ ထြန္းရင္ႏွင့္ စံဘ တို႔မွာ ရန္ကုန္ဘက္ကူးရန္အေျခအေနကို ေစာင့္ၾကည့္ေနၾကရသည္။
လမ္းမေတာ္ဖိုးတုတ္အတြက္ စိတ္ပူေနၾကေသာ္လည္း ေမာင္ေမာင္ႏွင့္အတူ လုံၿခဳံရာတြင္ ရွိေနမည္ဟု ယူဆထားၾကသည္။
ေမာင္ေမာင္ ကား ပုသိမ္ၫြန႔္ဘဘိုးတို႔၏ အစေဖ်ာက္ခံရမည့္အေရးကို ေတြးမိၿပီး အဖတ္ကို ထိုးသတ္ခဲ့သည့္ သက္ေသခံဓားကို ကိုင္ကာ ေနျပည္ေတာ္ရဲတပ္တြင္ သြားေရာက္အဖမ္းခံလိုက္သည္။
လမ္းမေတာ္ဖိုးတုတ္ကိုယ္တိုင္လည္း ေဒါက္တာဘေမာ္ကဲ့သို႔ေသာ ႏိုင္ငံေရးသမားမ်ားအေပၚ ၾသဇာရွိသည္ သာဓုေက်ာင္းဆရာေတာ္ထံတြင္ ေဆးကုကာ ကိုယ္ေယာင္ေဖ်ာက္ေနရသည္။
လမ္းမေတာ္ဖိုးတုတ္၏ အင္ပါယာကား တစစီ ၿပိဳကြဲေနခဲ့ၿပီျဖစ္သည္။
ပုသိမ္ၫြန႔္ဘဘိုးကား ရန္ကုန္၏ သရဖူကို ယူရန္အသင့္ရွိေပၿပီ။
သို႔ေသာ္ လမ္းမေတာ္ဖိုးတုတ္ ေပ်ာက္ေနျခင္းက သူ႔အတြက္ ေနာက္ေက်ာမလုံသကဲ့သို႔ ခံစားေနရသည္။
၁၉၄၄ မတ္၊ ဧၿပီ၊ ေမလ သို႔ ပင္ တိုင္ခဲ့ၿပီ။
ေဒါက္တာဘေမာ္လုပ္ႀကံခံရမႈႏွင့္ပတ္သက္ၿပီး ဂ်ပန္စစ္႐ုံးခ်ဳပ္မွ ဗိုလ္ခ်ဳပ္အီစာမူရာ ကို အင္ဒိုနီးရွားရွိ ေဝးလံေခါင္းပါးေသာ ကြၽန္းတစ္ခုမွ ခံတပ္စခန္းကို ေျပာင္းေ႐ြ႕ပစ္ခဲ့သည္။
ျမန္မာျပည္စစ္ဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးကဝါဘီ ကို တိုက်ိဳသို႔ ျပန္ေခၚလိုက္ၿပီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးတာနာကာ က စစ္ဦးစီးခ်ဳပ္အျဖစ္ ေရာက္ရွိသည္။
တာနာကာ သည္ ႏိုင္ငံေရးထက္ စစ္တိုက္ေရးကိုသာ စိတ္ဝင္စားသူျဖစ္သျဖင့္ အိႏၵိယကို တိုက္ခိုက္ရန္သာ ဆႏၵေစာေန၏။
မၾကာမီ ျမန္မာျပည္သိမ္း အမွတ္(၁၅)ဂ်ပန္တပ္မေတာ္သည္ အိႏၵိယကို သိမ္းပိုက္ရန္အတြက္ မဏိပူရျပည္နယ္၊ အင္ဖာ တြင္ ၿဗိတိသွ်တပ္မ်ားအား အႀကီးအက်ယ္ထိုးစစ္ဆင္ႏႊဲသည္။
သို႔ေသာ္ အက်အဆုံးမ်ားစြာျဖင့္ ျပန္လည္ဆုတ္ခြာလာခဲ့ရ၏။ ကမာၻစစ္ပြဲတြင္လည္း အင္အားခ်ိန္ခြင္ညႇာေျပာင္းလဲသြားၿပီး အဂၤလိပ္ -အေမရိကန္ဦးေဆာင္သည့္ မဟာမိတ္တပ္ေပါင္းစုက အသာရေနၿပီ အီတလီ - ဂ်ာမနီ - ဂ်ပန္တို႔ ဝင္႐ိုးတန္းႏိုင္ငံမ်ား အရႈံးႀကီး ရႈံးလာေနၾကသည္။
ျမန္မာျပည္အထက္ပိုင္းတြင္ မဟာမိတ္ဗိုလ္ခ်ဳပ္ ဝင္းဂိတ္၏ တပ္မ်ားက တျဖည္းျဖည္း ေရွ႕တိုးလာၾကသည္။
ဂ်ပန္တို႔သည္ စစ္ပြဲကို ေနာက္ဆုံးအေနျဖင့္ ခုခံတိုက္ခိုက္ရန္ ျပင္ဆင္ေနၾကၿပီျဖစ္သည္။
ဗိုလ္ခ်ဳပ္အီစာမူရာမရွိေတာ့သျဖင့္ လမ္းမေတာ္ဖိုးတုတ္ ကို ရွာေဖြျခင္း ကိစၥ တစ္ခန္းရပ္သြားသည္။
ပုသိမ္ၫြန႔္ဘဘိုး သည္ ရန္ကုန္လူမိုက္ေလာက၏ ဘုရင္ျဖစ္လာသည္။
သို႔ေသာ္ျငား သူဘုရင္ျဖစ္လာခ်ိန္တြင္ ရန္ကုန္ ကား ဆင္းရဲမြဲေတမႈမ်ား၊ ငတ္ျပတ္မႈမ်ားႏွင့္သာ ျပည့္ႏွက္ေနခဲ့သည္။
အေျခအေနမ်ား ျပန္လည္တည္ၿငိမ္လာၿပီျဖစ္သျဖင့္ လမ္းမေတာ္ဖိုးတုတ္၏ ညီ ဘသိန္း၊ မိခင္ႀကီး ေဒၚခ်စ္ပု၊ ထြန္းရင္ ၊ စံဘ၊ ေခ်ာရင္ တို႔သည္ မသင္းျမ ႏွင့္အတူ ရန္ကုန္သို႔ ျပန္လာရန္ ျပင္ဆင္ေနၾကၿပီျဖစ္သည္။
…………………………………..
၁၉၄၄ ေမလ ၂ ရက္ေန႔။
မုတ္သုန္ကို ႀကိဳဆိုလိုက္သည့္ ေမဦးမိုး က တဖြဲဖြဲကေလး က်ေနသည္။
သာဓုေက်ာင္းေအာက္ အခန္းေလးဆီမွ ေခ်ာင္းသံတဟြတ္ဟြတ္ ကလည္း မိုးသံတေဖ်ာက္ေဖ်ာက္ႏွင့္ အၿပိဳင္။
ဦးဖိုးတုတ္ ကား ဦးဇင္းႀကီးသုမနေက်းဇူးျဖင့္ ပုခုံးက်ည္မွန္အနာ ေပ်ာက္ကင္းသြားေသာ္လည္း တီဘီေရာဂါ စြဲကပ္ေနေပၿပီ။
ႏွစ္ေပါင္းမ်ားစြာ ေသာက္လာသည့္ အရက္ဒဏ္ျဖင့္ အသဲေျခာက္ေရာဂါကိုလည္း ခံစားေနရကာ အိပ္ရာထဲ လဲေလ်ာင္းေနရသည္။
သာဓုေက်ာင္းဝန္းထဲသို႔ ကားတစ္စီး ဝင္လာသည္။ကားေပၚမွလူသုံးဦးဆင္းလာသည္။
ကပၸိယႀကီးက ဖိုးတုတ္အတြင္ ႀကိဳထားေသာ ဆန္ျပဳတ္ကို သပိတ္ထဲထည့္ကာ ေက်ာင္းေအာက္သို႔ ဆင္းလာ၏။
"ဦးေလး..ဒီေက်ာင္းမွာ လမ္းမေတာ္ဖိုးတုတ္ ရွိတယ္ဆို..ကြၽန္ေတာ္တို႔ သူ႔မိတ္ေဆြေတြပါ"
"ေၾသာ္..လာပါ..လာပါ..ဒီေအာက္ထပ္မွာ..ဦးဖိုးတုတ္ရွိပါတယ္"
ကပၸိယႀကီးက ဖိုးတုတ္ လွဲေနသည့္ အခန္းသို႔ ေခၚသြားသည္။
"ဆန္ျပဳတ္ရပါၿပီ..ဦးဘိုးတုတ္"
ကပၸိယႀကီးက ဆန္ျပဳတ္သပိတ္ကို ဖိုးတုတ္နေဘးတြင္ ခ်ေပးလိုက္သည္။
ဖိုးတုတ္က ဆန္ျပဳတ္ေသာက္ရန္ ထလိုက္စဥ္ ကပၸိယႀကီးေနာက္တြင္ပါလာေသာ ပုသိမ္ၫြန႔္ဘဘိုး ႏွင့္ သူ႔တပည့္ႏွစ္ဦး ကို ျမင္လိုက္ရေလေတာ့သည္။
ခက္ေဇာ္
Done 🍀
ReplyDelete😍☢️😍
ReplyDelete🍁🌸Done✅
ReplyDelete🌧️🌧️
ReplyDelete..🌱..
Done 💪
ReplyDelete💙
ReplyDeleteDone
ReplyDeletedone US
ReplyDelete