The Guys of Yangon,1939(Part 22)

The Guys of Yangon,1939(Part 22)
......................
အခန်း(၂၃)

                                        ……………………….

လမ်းမတော်ဖိုးတုတ် တို့သည် ညနေမှောင်ပျပျအချိန်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်သွားကြ၏။

မြို့ပျက်ကြီးလို ဖြစ်ေသော ရန်ကုန်ကို ရဲဘော်သုံးကျိပ်အဖွဲ့ဝင် သခင်ထွန်းအုပ် ၏ The Burma Baho Government လက်အောက်ခံ ပီပီစီ အဖွဲ့ အုပ်ချုပ်နေလေသည်။

လမ်းမတော်ဖိုးတုတ်၊ မသင်းမြ ၊ အုန်းဖေ နှင့် သူ့တပည့်မောင်ကြင် တို့သည် သဗ္ဗာန်ကို ကမ်းကပ်လိုက်သည် နှင့် ကမ်းပေါ်မှ အမိန့်ပေးသံကြားရသည်။

"ရပ်..ဘယ်သူတွေလဲဟေ့..လှေပေါ်က"

ဆိပ်ကမ်းအလင်းရောင်အောက်တွင် ရိုင်ဖယ်သေနတ်တစ်လက်ဖြင့် လှမ်းချိန်ထားသည်ကို တွေ့လိုက်ရသည်။
အုန်းဖေက လက်ကို မြှောက်ကာ  "ဒို့ဗမာ" ဟုအော်လိုက်သည်။

ရိုင်ဖယ်သမားက သေနတ်ပြန်ချသွားသည်။

"ဘယ်ကလာကြတာလဲကွ..ဘာလာလုပ်ကြတာလဲ"

"ကျွန်တော်တို့ လမ်းမတော်ရပ်ကွက်သားတွေပါ..ဟိုဘက်ကမ်းမှာ စစ်ပြေးနေရာက ပြန်လာကြတာပါ"

"အကုန်ဆင်းလာခဲ့"

လမ်းမတော်ဖိုးတုတ် က လွယ်အိတ်ထဲမှ ခြောက်လုံးပြူးကို အသင့်ပြင်ထားလိုက်၏။

ပျက်စီးနေသော ဆိပ်ကမ်းတွင် ယာယီထွန်းထားကြသည့် ကညင်ဆီမီးတိုင်အောက် လူခြောက်ယောက်ခန့်ကို တွေ့လိုက်ရသည်။

ခေါင်းဆောင်ဖြစ်သူ က ရိုင်ဖယ်သေနတ်အစုတ်တစ်လက်ကို လွယ်ထားပြီး အင်္ဂလိပ်စစ်တပ်မှ စစ်သားများ အကြမ်းဝတ်လေ့ရှိသော အိုဂျီအင်္ကျီ နှင့် ဘောင်းဘီဝမ်းဆက်ကို ဝတ်ထားသည်။

ခေါင်းတွင် ပန်ချာပီပုလိပ်များ ဆောင်းလေ့ရှိသည့် သက္ကလပ်ဦးထုတ်အဝိုင်းကို ဆောင်းထား၏။

သူ့နောက်မှ လူများမှာလည်း ဓါးရှည်များကိုယ်စီလွယ်ထားပြီး စစ်အင်္ကျီအစုတ်များဝတ်ထားပြီး ပုဆိုးဝတ်သူဝတ် ၊ စစ်ဘောင်းဘီဝတ်သူဝတ်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့်ဖြစ်သည်။

တူညီသောတစ်ချက်မှာ သူတို့အားလုံး၏ လက်မောင်းတွင် အနီရောင်လက်ပတ်များ ပတ်ထားကြခြင်းပင်။

''ဟေ့..အကုန် လက်ကို ခေါင်းပေါ်တင်ပြီး ထိုင်ကြစမ်း..မင်းတို့ကို မသင်္ကာဘူး"

လမ်းမတော်ဖိုးတုတ်တို့ အားလုံး လှေပေါ်မှ ဆင်းပြီး မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်လိုက်ကြသည်။

"ဟေ့..မင်းတို့ နာမည်နဲ့နေတဲ့ လိပ်စာတွေ ပြောကြစမ်း"

"ကျွန်တော်အုန်းဖေပါ..စစ်မဖြစ်ခင်က လမ်းမတော်စဉ့်အိုးတန်းထဲမှာ နေပါတယ်။ အခု ကျွန်တော်နေတဲ့အိမ် ဗုံးကျလို့ သရက်တောကျောင်းတိုက်ထဲက ဦးစန္ဒီမာကျောင်းမှာ နေပါတယ်"

အုန်းဖေက ခေါင်းမော့ပြီး စပြောလိုက်သည်။

"ဟာ..ဦးလေးအုန်း"

ထိုစဉ် လူအုပ်ထဲမှ လူငယ်တစ်ဦး ထွက်လာသည်။ လူငယ်က ခေါင်းငုံ့ထားသောလမ်းမတော်ဖိုးတုတ် တို့ လင်မယားကိုပါ တစ်ချက် ကြည့်လိုက်သည်။

"ဒါ..ကျွန်တော့် ဦးလေးကိုအုန်းဖေ နဲ့ ကျွန်တော်အမျိုးတွေပါ..ဗိုလ်စိန်..လူကောင်းတွေပါ..ကျွန်တော် အာမခံပါတယ်"

ဗိုလ်စိန်ဆိုသူက ရိုင်ဖယ်သေနတ်ကို လွယ်ပြီး ခါးထောက်ထားသည်။

"မင်း..အမျိုးတွေဆိုရင်တော့ ခေါ်သွားလိုက်..မောင်မောင်…. ထူးခြားတာရှိရင်..ငါ့လာသတင်းပို့..ကြားလား''

''ဟုတ်ကဲ့ပါ..ဗိုလ်စိန်"

"ကဲ..ဦးလေးတို့လာ..ကျွန်တော်လိုက်ပို့မယ်…လမ်းမှာ နောက်ထပ်စစ်ဆေးရေးအဖွဲ့တွေနဲ့ တွေ့နေရင်..ဒီလိုပဲ ဆက်ဖြစ်နေမယ်..ဦးလေးတို့ကလည်း မိုးချုပ်မှ လာကြတာကိုးဗျ..အန္တရာယ်က များပါဘိနဲ့.."

မောင်မောင် က ပြောပြောဆိုဆိုဖြင့် လမ်းမပေါ်သိုဦးဆောင်ကာ ခေါ်သွားသည်။

ခပ်ဝေးဝေးရောက်သောအခါမှ မောင်မောင် က

"ဆရာကြီးဖိုးတုတ် တို့၊ ဦးလေးအုန်းတို့ ..ပြန်တွေ့ရတာ..ဝမ်းသာပါတယ်ဗျာ.. တော်သေးတာပေါ့..ကျွန်တော်နဲ့တွေ့လို့.. ဆရာကြီးတို့ မလာခင် ပထမ လှေနဲ့လာတဲ့ မိသားစုလည်း ဒီကောင်တွေ ဒီလိုပဲ ဟောက်ပြီးရစ်နေလို့ ရွှေလက်ကောက်တစ်ကွင်း ထုတ်ပေးမှ လွှတ်ပေးလိုက်တယ်''

မောင်မောင် သည် လမ်းတော်ဖိုးတုတ်၏ တပည့် ကွယ်လွန်သူ ငညွန့်၏ တူဖြစ်ပြီး စစ်ကြိုခေတ်တွင် ဖိုးတုတ် ၏ တပည့်လူမိုက်များထဲမှ တစ်ယောက်ဖြစ်သည်။

''မောင်မောင်..မင်းက ဘယ်က ဘယ်လို ဒီထဲရောက်နေတာလဲ..ဒီကောင်တွေကရော ဘာတွေလဲ"

"ကျွန်တော်လည်း ဆရာကြီးတို့ မရှိတော့ ရန်ကုန်မှာ ယောင်လည်လည်ဗျ။ ဗုံးတွေကြဲတော် ရွှေတိဂုံဘုရား ပေါ်က စောင်းတန်းတွေမှာ သွားနေလိုက်..ကန်တော်မင်ထဲက ဘိုအိမ်တွေမှာ ရောင်းလို့ရမယ့် ပစ္စည်းလေး ဝင်မ လိုက်နဲ့ အသက်ဆက်နေရတာပဲ။ အခုတော့ အန္တရာယ်ကင်းအောင် ဘီအိုင်အေထဲ ဝင်ထားလိုက်တာပဲ"

"ခုန သေနတ်နဲ့ကောင် ဗိုလ်စိန် ဆိုတာ..ငါတွေ့ဖူးသလိုပဲကွ..မောင်မောင်"

"ဟာ..ဦးအုန်း ကလည်း…စကော့ဈေးထဲက အိုကေ မှာ ဆံပင်ညှပ်တဲ့ကောင် မောင်စိန်လေဗျာ.. ဘယ်ကနေ ဘယ်လို သခင်စိန်ဖြစ်သွားလဲ မသိဘူး…သခင်စိန် ဆိုပြီး ဘီအိုင်အေစစ်ရုံးထဲဝင်ထွက်နေတာ..အခု သခင်ထွန်းအုပ် ရဲ့ လက်စွဲ ဘီအိုအေဗိုလ် ဖြစ်နေပြီလေ''

"အခုက မင်းတို့က ဘာလဲ ဒီလှေဆိပ်ကို စောင့်တဲ့အဖွဲ့လား"

"ဘယ်က ဟုတ်ရမှာလဲ.. ဒီလှေဆိပ် က ဂျပန်က ဆာဂျင်အီမူရာ ဆိုတဲ့ တပ်စိတ်က စောင့်တာ၊ ဗိုလ်စိန် နဲ့ ကျွန်တော်တို့က ဒီမှာ ညဆို ဂျပန်တွေကို ချိုင်းနားစတန်းမှာဖွင့်ထားတဲ့ ဖာတန်းကို သွားခိုင်းပြီး ကျွန်တော်တို့ စောင့်ပေးပါ့မယ်ဆိုပြီး ဟိုဘက်ကမ်းက ပြန်လာသမျှလှေ ငွေညှစ်လွှတ်နေတာ"

"ဟာ..ချိုင်းနားစတန်း က ဘယ်ကဘယ်လို ဖာအိမ်ဖြစ်သွားတာလဲ"

"ဂျပန်ဝင်ပြီး သုံးရက်နေတော့ ဖြစ်သွားတာပဲ..ဆရာ..ပိုင်ရှင်လောက်ဝီ လည်း ဂျပန်သတ်လို့ သေရှာပြီ။ အရင် စက်ဆန်းထဲက ကိုကြက်ကြားတပည့် သန်းရွှေ က  ဂျပန်နဲ့ ဘာအပေးအယူလုပ်လိုက်လဲမသိဘူး..အဲ့ဒီ ဟိုတယ်ပေါ် သူ့ကောင်မ လေးငါးကောင်နဲ့ ဖာတန်းတက်ဖွင့်ထားတာပဲ"

သူတို့ ကျင်လည်ကျက်စားခဲ့ရာ ဌာနချုပ်ဖြစ်ခဲ့သော ချိုင်းနာစတန်း မှာ ဖာတန်းဖြစ်သွားပြီး ပိုင်ရှင်လောက်ဝီ အသတ်ခံရသည့်သတင်းကို ကြားရသည့်အခါ လမ်းမတော်ဖိုးတုတ်ရော၊ အုန်းဖေ ပါ စိတ်မကောင်း ဖြစ်သွားကြသည်။

"အခု ဂျပန်တွေက မလွယ်ဘူးဆရာ။ တရုတ်ဆို ချန်ကေရှိတ်လူဆိုပြီး သတ်တယ်။ ချိန်ကေရှိတ်လူ မဟုတ်ပါဘူးလို့ ငြင်းရင် ကွန်မြူနစ်မော်စီတုန်းလူပဲဖြစ်ရမယ်ဆိုပြီး သတ်တယ်။ ဘိုကပြားဆိုလည်း အင်္ဂလိပ်သူလျှိုဆိုပြီး သတ်တယ်။ ကျွန်တော်တို့ကတော့ ဘယ်လိုဖြစ်ဖြစ် ဒီလက်မောင်းပတ် အနီလေး ရှိရင် ဘေးတော့ ကင်းမှာပဲဆိုပြီး ဘီအိုင်အေထဲ ဝင်ထားလိုက်တာ..ဆရာကြီးရေ..ဒါတောင် ဂျပန်စစ်ဗိုလ်တွေက အပျင်းပြေ ဝင်ဝင်ပြီး ပါးရိုက်တာခံရသေးတယ်''

မကြာမီ လမ်းမတော်ဖိုးတုတ်တို့ တိုက်သို့ ရောက်ရှိလေသည်။ ဖိုးတုတ်တို့ကို ထားရစ်ကာ မောင်မောင်က ကမ်းနားသို့ ပြန်သွား၏။

ကျည်ဆံရာ အချို့တွေ့သော်လည်း တိုက်က အကောင်းပကတိ။

"မသင်းမြ နဲ့ အုန်းဖေ ဒီမှာ ခဏနေခဲ့ကွာ..ငါ နဲ့မောင်ကြင် နဲ့ အမေတို့ အိမ်အခြေအနေ သွားကြည့်လိုက်ဦးမယ်"

လမ်းမတော်ဆယ့်လေးလမ်းထဲသို့ လမ်းမတော်ဖိုးတုတ်နှင့် မောင်ကြင်တို့ ဝင်လာကြသည်။

ညဘက်ရောက်ပြီမို့ လမ်းက တိတ်ဆိတ်နေသည်။

တစ်ချက်တစ်ချက် ဒလဟိုဇီလမ်းဘက်ဆီမှ စစ်လောရီကားများ ဖြတ်သွားသံ သာ ကြားရ၏။

"ဟေ့..လူနှစ်ယောက်..ပါလာတဲ့ ငွေထားခဲ့ပြီး..သွားကြစမ်း"

မှောင်ရိပ်ထဲမှ တုတ်ကိုယ်စီဖြင့် တရုတ်သုံးယောက်ထွက်လာကြသည်။

ဖိုးတုတ်နှင့် မောင်ကြင် က ရပ်လိုက်၏။

ဖိုးတုတ်က လွယ်အိတ်ထဲမှ ခြောက်လုံးပြူးကို ထုတ်လိုက်ပြီး မောင်းတင်လိုက်ရာ တရုတ်သုံးယောက်ရပ်သွားသည်။

"ဟာ..ဆရာကြီးဖိုးတုတ်…ကန်တော့ပါနော်..ကန်တော့ပါ"

"ဘယ်သူများလဲလို့..အဖတ် ပါလား"

"ဟုတ်တယ်..ဆရာကြီးရေ..တရုတ်တန်းက ကျွန်တော်တို့မှာ သူများတွေလို စစ်ပြေးစရာနေရာလည်း မရှိ၊ ဒီရန်ကုန်ကလည်း မခွာချင်နဲ့..ဒီလိုပဲ..တွေ့တဲ့လူဆီ ခြောက်လှန့်စားနေရတာ''

အဖတ် သည် တရုတ်တန်းတွင် မှောင်ခိုဖွင့်ထားသည့် ဘိန်းခန်းတစ်ခုမှ အစောင့်လုပ်နေသည့် တရုတ်လူမိုက်ပေါက်စကလေး ဖြစ်သည်။

"အေး..မင်းတို့ကလည်း ခေတ်ပျက်ထဲမှာ..ဗိုလ်တက်လုပ်ချင်နေကြတော့…ရော့.ငါ့အိတ်ထဲတော့ ဆယ်ရူပီး ပဲပါတယ်။ အဲ့ဒါယူထားလိုက်ကြ။ မဟုတ်တဲ့လူတွေကိုလည်း လိုက်ပြီး ဒုက္ခပေးမနေကြနဲ့ဦး"

တရုတ်သုံးယောက်က ကုပ်ချောင်းချောင်းဖြင့် လှည့်ထွက်သွားကြသည်။

မိခင်ကြီး ဒေါ်ချစ်ပုအိမ်တွင်တော့ ပြတင်းပေါက်များကို ရိုက်ချိုးထားပြီး အတွင်းမှ ပစ္စည်းအချို့ကို ယူဆောင်သွားကြသည်ကို တွေ့ရသည်။

ထိုည တွင်ပင် အုန်းဖေနှင့် မောင်ကြင်က ဘုန်းကြီးကျောင်းမှ အဝတ်အစားထုတ်များယူကာ လမ်းမတော်ဖိုးတုတ် အိမ်တွင် ပြောင်းလာကြသည်။

………………………………………………………………………………………..

"ကိုဖိုးတုတ်..အမသင်းမြ..အမသင်းမြ"

နံနက်စောစောစီးစီး အော်ခေါ်သံကြောင့် ဖိုးတုတ်နှင့် မသင်းမြတို့ နိုးလာကြသည်။

အိမ်ရှေ့တွင် စံဘ နှင့် ထွန်းရင်က အထုတ်အပိုးများနှင့်။

အုန်းဖေ  တံခါးထဖွင့်ပေးသည်။

"ဟား..ကိုအုန်းလည်းရောက်နေတာကိုး…ဒီမှာ ကိုအုံး သူ့ကို သိတယ်မဟုတ်လား..ကျွန်တော့်ယောက်ဖလေ"

အုန်းဖေ က ထွန်းရင် ကို ကြည့်လိုက်ပြီး ပြုံးစိစိဖြစ်သွားသည်။

"သိပြီ..ဟိုတစ်ခါ ပီယာနိုမတဲ့ကောင်လေး..ဟေဟေး..ဘယ်လိုလဲကောင်လေး… ပီယာနိုတော်တော်တီးတတ်နေပြီလား ''

''ဘယ်ကသာဗျာ..အဲ့ဒီညနေပဲ အရက်နဲ့ လဲသောက်ပစ်လိုက်ပြီ"

"ဟား..ကောင်းရောဟေ့"

ခဏအကြာတွင် လမ်းမတော်ဖိုးတုတ်နှင့် မသင်းမြ အိမ်ပေါ်မှ ဆင်းလာကြသည်။

 "စံဘ အမေ နဲ့ ဘသိန်းရော..သူတို့အိမ်တန်းပြန်သွားတာလား"

"မပါလာဘူး…ကိုဖိုးတုတ်။ ကြီးချစ်ပု က နားအေးပါးအေး ဟိုဘက်ကမ်းမှာပဲ နေဦးမယ်တဲ့။ ဒီဘက်မှာ အခြေအနေနည်းနည်းတည်ငြိမ်မှ ပြန်လာမယ်တဲ့။ ကိုဘသိန်း ကလည်း ကြီးချစ်ပုကို စောင့်ပြီးနေခဲ့တယ်"

"အေး.အေး..ကောင်းပါတယ်ကွာ..ဒီမှာ အမေတို့အိမ်လည်း ဖျက်စီးခံထားရတယ်။ ငါပြင်ပြီး ပြုပြီးမှ သူတို့ကို လှမ်းခေါ်တာကောင်းပါတယ်။ ဒီမှာလည်း  အခြေအနေတွေက သိပ်ကောင်းသေးတာမဟုတ်ဘူး။ ဒါနဲ့ ထွန်းရင်က မင်းကို လိုက်ပို့တာလား"

"မဟုတ်ဘူး..ကိုဖိုးတုတ်..ဒီမှာ ကိုဖိုးတုတ်နဲ့အတူ အလုပ်လုပ်ဖို့လာတာ"

"ဟုတ်ပါတယ်..ကိုဖိုးတုတ်..အဖေက မှာလိုက်တယ်..မင်းဒီရွာမှာနေရင်တော့ ငါ့လို ရွာဓါးမြ ပဲ ဖြစ်မှာတဲ့.. ဖိုးတုတ် က မြို့မှာ အဆက်အသွယ်ကောင်းတယ်၊ လူအင်အားကောင်းတယ်။ မင်း မြို့တက်ပြီး ဒီကောင့်ဆီ မှာ အလုပ်လုပ်၊ ပြီးရင် မြို့ဓါးမြ ဖြစ်အောင်လုပ်တဲ့။ ပြီးတော့ ချောရင် က အဖေ့ကို ပြုစုဖို့ ကျန်ရစ်တယ်..ပြီးတော့ အဖေက မှာလိုက်သေးတယ်..ဒီကောင်စံဘ သူ့သမီးကို သစ္စာဖောက်ပြီး မြာပွေရင် ဖြစ်တဲ့နည်းတဲ့ သတ်ခဲ့တဲ့''

ထွန်းရင်စကားကြောင့် စံဘက ပြုံးစိစိဖြစ်သွားသည်။

"ဦးမြတ်လှကြီးကတော့ကွာ..ငါ့ခေါင်းပေါ် ဗြဟ္မာ့ဦးခေါင်းတွေ တင်ပေးလိုက်ပြီ..ကဲ..ကဲ..အေးပါကွာ.ထွန်းရ မင်းလည်း ငါ့ညီ ပါပဲ။ အခုလောလောဆယ်တော့ အိမ်မှာ လူများတော့  ကောင်းတာပေါ့။ နောက်ကျ အခြေအနေကြည့်ပြီး ငါ့အလုပ်တွေလည်း ပြန်စရမယ်''

''ဟုတ်ကဲ့..ကိုဖိုးတုတ်..အကို ကျွန်တော့်ကို ခိုင်းချင်ရာခိုင်းပါ။ ကျွန်တော်က ရန်ကုန်နေရပြီးတာပဲ''

"အေးပါ..ထွန်းရင်ရယ်..မင်းက ရောက်ကတည်းက ဓါးမြတိုက်မယ်၊ သတ်မယ်ဆိုတာချည်းပြောနေတော့ ငါ့မိန်းမ မသင်းမြတောင် မင်း..ကြောက်နေပြီ."

ရန်ကုန်မြို့၏ အခြေအနေမှာလည်း ယခင်ကနှင့် လုံးလုံးကွဲပြားနေသည်။

ဂျပန်တပ်များတဖွဲဖွဲ ရန်ကုန်သို့ ဝင်နေကြပြီး သခင်ထွန်းအုပ် အစိုးရ ကလည်း အုပ်ချုပ်ရေးကို နိုင်နင်းစွာ မအုပ်ချုပ်နိုင်ကြ။

စနစ်တကျမလေ့ကျင့်ရသေးသော ဘီအိုင်အေတပ်ဖွဲ့ဝင်တို့သည် မြို့လုံခြုံရေးကို ဂျပန်တပ်အချို့ နှင့် ပူးတွဲ တာဝန်ယူကြသည်။

သို့သော် ဘီအိုင်အေအဖွဲ့ဝင်များမှာ သေချာစိစစ်လက်ခံထားခြင်းမဟုတ်ပဲ အင်္ဂလိပ်ခေတ်တွင် ပြစ်ချက်ရှိသူ လူဆိုးလူမိုက်များ ပါ ရောထွေးပါဝင်နေခြင်းကြောင့် အချို့နေရာများတွင် ထိုသူများကပင် ဘီအိုင်အေအမည်ကို အလွဲသုံးစားလုပ်ကာ လုယက်မှုများ၊ ဓါးမြမှုများ ကျူးလွန်ကြသည်။

လူယက်မှုကျူးလွန်သူများကို ဂျပန်စစ်တပ်က မိပါက လှံစွပ်ဖြင့် နေရာတွင်ပင်ထိုးသတ်ပစ်ကြ၏။

သို့သော် ထိုဂျပန်စစ်သားများကိုယ်တိုင်က လုယက်မှု၊ မုဒိန်းမှုများကျူးလွန်လျင်မူ ပြည်သူလူထုမှာ ဘယ်သွားတိုင်ရမှန်း မသိတော့။

ရန်ကုန်မြို့ကို အနောက်ဖက်မှ ဝင်ရောက်လာကြတော့ မေဂျာဆာတိုး ၏ တပ်သည် ရန်ကုန်မြို့ လုံခြုံရေးနှင့် သန့်ရှင်းရေးကို ခေတ္တတာဝန်ယူလိုက်သည်။

မေဂျာဆာတိုးတပ်သည် ရန်ကုန်မြို့ ရပ်ကွက်များအတွင်း ဖာသိဖာသာနေကြသော လူများကို သေနတ်ဖြင့် ခေါ်ထုတ်ကာ  လမ်းမတွင်  ပြန့်ကျဲပုပ်ပွနေသော အလောင်းများကို ရှင်းလင်းသင်္ဂြိုလ်ခိုင်းကြသည်။

တစ်မြို့လုံးအနှံ့ ဒုက္ခပေးနေသည့် ကြွက်များ၊ ခွေးလေခွေလွင့်များကို ရှာဖွေသတ်ဖြတ်ခြင်း၊ ဗုံးဒဏ်ထိ အဆောက်အဦးများမှ ကျလာသည့် လမ်းပေါ်မှ အပျက်အစီးများ၊ ယာဉ်ပျက်များကို ဖယ်ရှားခြင်းများ ပြုလုပ်ကြရသည်။

ထိုအချိန်တွင် အင်္ဂလိပ်ခေတ်က ရှိခဲ့သော လူမှုရေးပြသနာများကို ယခု အုပ်ချုပ်ရေးပျက်ပြားချိန်မှာ ဖြေရှင်းကြသည့် ဓါးခုတ်ပွဲများ၊ လင်ယောက်ျားကို ဝိုင်းရိုက်သတ်ကာ ဇနီးသည်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်းများ လည်း ဖြစ်ပေါ်လာနေကြသည်။

မတ်လ (၁၆)ရက်နေ့၊ ညနေခင်း။

လမ်းမတော်ဖိုးတုတ်တို့ မိသားစုနှင့် တပည့်များသည် အုန်းဖေ ရှာဖွေဝယ်ယူလာသည့် သိုးသားဆီသွပ်ဗူး၊ စံဘယူလာသည့် ငါးရံခြောက်တို့ကို ဟင်းလုပ်ကာ ညစာစားနေကြလေသည်။

ထိုအချိန်တွင် အိမ်ရှေ့သို့ ကားတစ်စင်း ထိုးရပ်သံကြားလိုက်ရသည်။

စံဘက ထမင်းစားနေရာမှ ရပ်ကာ တံခါးထဖွင့်လိုက်သည်။

ကားပေါ်မှ ဂျပန်စစ်သားများ လက်နက်ကိုယ်စီဖြင့် ဆင်းလာကြသည်။

ရှေ့ဆုံးမှ ဂျပန်စစ်ဗိုလ်နှင့် လက်မောင်းတွင် ဘူးသီးငါးပေါင်းကြော်ဂျပန်စာများပါသည့် လက်ပတ်အနီ ပတ်ထားသော ဗမာတစ်ဦး ဆင်းလာကြသည်။

"ဒါ ဦးဖိုးတုတ်တို့ အိမ်လား..ခင်ဗျ"
ထမင်းစားဝိုင်းမှာ ရုတ်တရက်ရပ်တန့်သွားသည်။

လမ်းမတော်ဖိုးတုတ်က လက်ဆေးဇလုံတွင် လက်ကို နှစ်ဆေးလိုက်သည်။ထို့နောက် အနောက်ဘက်သို့ ဝင်သွားပြီး ရေဘုံဘိုင်မှ ဆပ်ပြာခဲဖြင့် ထပ်ဆေးလိုက်သည်။

ထို့နောက် အပြင်ပြန်ထွက်လာပြီး လက်သုပ်ပုဝါဖြင့် လက်ကို သုပ်ကာ

"ကျွန်တော်..ဖိုးတုတ် ပါ….ဘာများ ရှိလို့လဲခင်ဗျ"

"ကျွန်တော်က နိပွန်တပ်မတော်ရဲ့စကားပြန် မောင်စိန်ဒိုင်ပါ။ ဒါကတော့ နိပွန်တပ်မတော်၊ တပ်မ(၃၃)၊ အမှတ် (၂၁၄)ခြေလျင်တပ်ရင်းက စစ်မြေပြင်ထောက်လှမ်းရေးအရာရှိ  ဗိုလ်ကာဝါရှီမ လို့ ခေါ်ပါတယ်"

"ဟုတ်ကဲ့..ထိုင်ကြပါ..ထိုင်ကြပါ"

ဗိုလ်ကာဝါရှိမ နှင့် မောင်စိန်ဒိုင်တို့က ကုလားထိုင်များတွင် ဝင်ထိုင်သည်။

"ဦးဖိုးတုတ်..ဒီကို ပြန်ရောက်တာ ဘယ်နှစ်ရက်ရှိပြီလဲ"

"သုံးရက်ရှိပါပြီ..မောင်စိန်ဒိုင်"

စကားပြန်က ဂျပန်စစ်ဗိုလ်ကို ဂျပန်ဘာသာဖြင့် ရှင်းပြလိုက်သည်။

ဂျပန်စစ်ဗိုလ်က ခေါင်းငြိမ့်ပြီး ဂျပန်လို ပြန်ပြောသည်။

"ဒီလို ဦးဖိုးတုတ် ၊ ဦးဖိုးတုတ် ဟာ လွန်ခဲ့တဲ့ သုံးရက် ညဘက်က လမ်းမတော်ဆယ့်လေးလမ်းထဲမှာ လူသုံးယောက်ကို သေနတ်နဲ့ ထုတ်ချိန်ပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဗိုလ်ကာဝါရှိမ ဆီမှာ တိုင်ချက် ရထားပါတယ်တဲ့။ အဲ့ဒီသေနတ်ကို ဘယ်ကရပါသလဲဆိုတာ ဗိုလ်ကာဝါရှိမက သိချင်နေတယ်"

အိမ်ထဲတွင် ရှိသူအားလုံး မျက်စိမျက်နှာ ပျက်ကုန်ကြသည်။ ဗိုလ်ကာဝါရှိမ ဘေးတွင် ပါလာသော ဂျပန်စစ်သားများကလည်း ရိုင်ဖယ်သေနတ်များကို အသင့်အနေအထား ကိုင်ထားကြ၏။

လမ်းမတော်ဖိုးတုတ် က မူ အိန္ဒြေမပျက်။

"ကျွန်တော် အင်္ဂလိပ်ခေတ်က လိုင်စင်နဲ့ ကိုင်တဲ့သေနတ်ပါ"

စကားပြန်က ဘာသာပြန်ပေးလိုက်သည်။

"အဲ့ဒီလိုင်စင်ကို ပြလို့ရမလားတဲ့''

''စစ်ပြေးတုန်းက ဟိုရွှေ့ဒီရွှေ့နဲ့ ဘယ်နားပျောက်နေမှန်းမသိပါဘူး"

"ဦးဖိုးတုတ်ဟာ အင်္ဂလိပ်ခေတ်က လူဆိုးလူမိုက်တစ်ယောက်လို့ လာတိုင်တဲ့သူက ပြောလို့ သိရပါတယ်တဲ့..လူဆိုးလူမိုက်တစ်ယောက်ကို သေနတ်လိုင်စင်နဲ့ပေးကိုင်ရလောက်အောင်အထိ အင်္ဂလိပ်အစိုးရက မမိုက်မဲဘူးလို့ ထင်ပါတယ်တဲ့ဗျ''

ဖိုးတုတ် က သက်ပြင်းချလိုက်သည်။

"ဟုတ်ပါတယ်..ကျွန်တော် တရုတ်တန်းက မိတ်ဆွေတစ်ယောက်ဆီက ဝယ်ထားတာပါ"

ဂျပန်စစ်ဗိုလ် က မျက်ပေါက်များကျဉ်းသွားသည်အထိ ပြုံးလိုက်သည်။

"ဗိုလ်ကာဝါရှိမ က ဦးဖိုးတုတ်အနေနဲ့ အခု ရန်ကုန်ရဲ့ တရားဥပဒေစိုးမိုးရေးကို ကူညီပေးချင်တယ်ဆိုရင် အဲ့ဒီ သေနတ်ကို ဂျပန်တပ်မတော်လက်ကိုအပ်ပြီး..ဂျပန်တပ်မတော်ရဲ့ လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူဖို့ ခဏတော့ လိုက်ခဲ့စေချင်ပါတယ်တဲ့"

"ရပါတယ်..ရပါတယ်…ကျွန်တော် သေနတ် က အပေါ်ထပ်မှာ ထားတာမို့ တက်ယူလိုက်ပါဦးမယ်"

ဖိုးတုတ်က အိမ်ပေါ်သို့ တက်လိုက်သည်နှင့် ဂျပန်စစ်သားနှစ်ယောက်က သေနတ်အသင့်အနေအထား ဖြင့် နောက်မှ ပါလာသည်။

ဖိုးတုတ်က လွယ်အိတ်ထဲမှ သေနတ်ကို ယူလာပြီး အောက်သို့ ဆင်းလာသည်။

သေနတ်ထဲမှ ကျည်ခွံများကို ထုတ်ကာ ကာဝါရှိမ လက်သို့ အပ်လိုက်သည်။

"ကဲ..ဦးဖိုးတုတ်..သွားကြစို့"

"ကျွန်တော် အပေါ်ဝတ်အင်္ကျီလေး ထပ်ပါရစေဦး''

ဖိုးတုတ် က အနောက်ဘက် အိပ်ခန်းအရှေ့တွင် ချိန်ထားသော ကုပ်အင်္ကျီကို သွားကာ ယူဝတ်လိုက်သည်။

ထိုအချိန်တွင် အခန်းထောင့်တွင် ရပ်နေသော ထွန်းရင်က လေသံကလေးဖြင့် ကပ်ပြောသည်။

"အကို..ကျွန်တော့်ခြေရင်းမှာ ဓါးမတစ်ချောင်းယူထားတယ်..ကျွန်တော်ဟို ဂျပန်ကောင်ကို ဝင်ခုတ်မယ်..အကို သေနတ်ကို လုမလား"

ဖိုးတုတ်က ခေါင်းခါပြလိုက်သည်။

ထို့နောက် မသင်းမြ ဆီ သွားပြီး မသင်းမြ၏ ကျစ်ဆံမြီးကို ကိုင်ကာ သူ့မျက်နှာတွင် ပွတ်လိုက်သည်။

"အကို ပြန်လာခဲ့မယ်..မသင်းမြ..ပြန်လာခဲ့မယ်"

ထို့နောက် သူ့တပည့်များဘက်သို့ လှည့်ကာ

"အုန်းဖေ ၊ စံဘ မင်းတို့ ငါပြန်မလာမချင်း..ငါ့မိန်းမကို စောင့်ရှောက်ကြ၊ ဟိုကောင် ဂန္ဓမာသတင်းကိုလည်း နားစွင်ထားကြဦး..ငါလိုက်သွားလိုက်ဦးမယ်"

ဂျပန်စစ်သားတစ်ယောက်က ဖိုးတုတ်ကို လက်ပြန်ကြိုးတုတ်လိုက်သည်။

လမ်းမတော်ဖိုးတုတ်က ဂျပန်စစ်သားများ၏ ကားပေါ်သို့ ခပ်အေးအေးပင် တက်လိုက်သွား၏။

…………………………………………………………………………………………………………….

လမ်းမတော်ဖိုးတုတ် အား ယခင် ဘုရင်ခံအိမ်တော်နေရာတွင် ဖွင့်လှစ်ထားသော ဂွန်ဆေဘု(Gunseibu) ခေါ် ဂျပန်စစ်အုပ်ချုပ်ရေးရုံးသို့ ခေါ်ဆောင်သွားလေသည်။

လမ်းမတော်ဖိုးတုတ် အား အခန်းတစ်ခုထဲတွင် ထိုင်ခိုင်းထားကာ ဂျပန်စစ်သားများက အပြင်သို့ ပြန်ထွက်သွားကြ၏။

နာရီဝက်ခန့်အကြာတွင် တပ်ကြပ်အဆင့်ဂျပန်စစ်သားတစ်ဦး ဝင်လာသည်။

လက်ထဲတွင်လည်း လှံစွပ်အလွတ်တစ်ခုကို ကိုင်ထားသည်။

ဂျပန်စစ်သားက အရက်နံ့များလည်း ထောင်းထောင်းထနေ၏။

"အာယူ အင်္ဂလိ စပိုင်း..အာယူ ချိုင်းနိစ်စပိုင်း"

လမ်းမတော်ဖိုးတုတ်က မိမိအား သူလျှို၏ စွပ်စွဲနေကြောင်း နားလည်လိုက်သည်။

"နိုး..ဆြာ..အိုင်အမ်နော့စပိုင်"

"ခူးရကား..ယူအာ စပိုင်..ယူအာ စပိုင်"

ဂျပန်စစ်သားက ပြောပြောဆိုဆိုဖြင့် ဖိုးတုတ်၏ ရင်ဝကို စစ်ဖိနပ်ဖြင့် စောင့်ကန်လိုက်ရာ ဖိုးတုတ်သည် ကုလားထိုင်ပေါ်မှ နောက်သို့ လန်ကျသွားသည်။

ထိုအချိန်တွင် ဖိုးတုတ် အား ခေါ်ဆောင်လာသည့် ဂျပန်အရာရှိ ဗိုလ်ကာဝါရှိမ နှင့်  ဂျပန်စစ်ဗိုလ်တစ်ယောက်အခန်းတွင်းသို့ ဝင်လာသည်။

ဖိုးတုတ်အား စောင့်ကန်သော ဂျပန်တပ်ကြပ်မှာ သတိဆွဲကာ အလေးပြုလိုက်၏။

ဂျပန်စစ်ဗိုလ်က ဖိုးတုတ်ကို "ဆောရီး..ဆောရီး" ဟု ပြောကာ လာထူပေးလိုက်သည်။ ထို့နောက် လက်တွင် ချည်ထားသော ကြိုးများကို ဖြည်ပေးလိုက်၏။

ဂျပန်စစ်ဗိုလ် ကာဝါရှိမက ဖိုးတုတ်ကို ထူပြီးနောက် ဂျပန်တပ်ကြပ်ကို အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်ရာ တပ်ကြပ်မှာ သတိဆွဲထားလိုက်လေတော့သည်။

ဗိုလ်ကာဝါရှိမ  ဂျပန်တပ်ကြပ်အား ပါးကို ဘယ်ပြန်ညာပြန်ရိုက်လေသည်။ ပါးတစ်ချက်ရိုက်တိုင်း တပ်ကြပ်မှာ ဘေးသို့ ယိုင်ယိုင်သွားသော်လည်း သတိအမြန်ပြန်ဆွဲလိုက်ရသည်။ ဗိုလ်ကာဝါရှိမ က ဂျပန်တပ်ကြပ်၏ ရင်ဘတ်ကို ခြေထောက်နှင့် စောင့်ကန်လိုက်ရာ တပ်ကြပ်မှာ လဲကျသွား၏။ ထို့နောက် ကမန်းကတန်း ပြန်ထကာ သတိပြန်ဆွဲရပြန်သည်။

ထိုအချိန်တွင် စကားပြန် စိန်ဒိုင် ဝင်လာသည်။

"ကဲ..ဦးဖိုးတုတ်..ခင်ဗျားကို..လောလောဆယ်ရန်ကုန်လုံခြုံရေးတာဝန်ယူထားတဲ့ မေဂျာဆာတိုး ဆီ ကို ဆက်လွှဲပြောင်းပေးဖို့ ဂျန်နရယ်မီဒါ က နှုတ်မိန့်ပေးလိုက်တယ်။ ခင်ဗျား ကံကောင်းတာက မနေ့ကမှ ရန်ကုန်ကို ဝင်လာတဲ့ ကင်ပေတိုင်တွေလက်ထဲမရောက်တာပဲ။ ဒီကောင်တွေလက်ထဲ ရောက်သွားရင်တော့ ခင်ဗျား သေတာထက် အခြေအနေဆိုးသွားမယ်..ဦးဖိုးတုတ်ရေ..ကဲ..ဒီမှာ ခင်ဗျားကို လာခေါ်တဲ့ ဒုဗိုလ် ယိုနာကီ တဲ့။ သူနဲ့ လိုက်သွားပေတော့"

ဖိုးတုတ် ကား စိတ်ဒုံးဒုံးမချနိုင်သေး။

ဂျပန်များက သူ့ကို အလွှဲအပြောင်းလုပ်နေကြသည်။

ဒုဗိုလ်ယိုနာကီ သည် အသက် (၂၀)ဝန်းကျင်သာရှိဦးမည့် လူငယ်လေးဖြစ်သည်။

သူက ဖိုးတုတ်ကို ပြုံးပြသည်။ ယနေ့ ဖိုးတုတ် တွေ့ဖူးသမျှ ဂျပန်များထဲတွင် ယိုနာကီ သည် အယဉ်ကျေးဆုံး ပြုံးတတ်သူဖြစ်ပင်။

ယိုနာကီက ဂျပန်ဓါးရှည်တရမ်းရမ်းဖြင့် ထွက်သွားပြီး ဖိုးတုတ်က နောက်က လိုက်သည်။

လက်ကို ကြိုးမတုတ်သည့်အပြင် အခြားစစ်သားအစောင့်အရှောက်ပါ မပါတော့သည့် အတွက် စဖမ်းလာစဉ်ကထက် အခြေအနေ ပိုကောင်းသည် ဟု ဖိုးတုတ် တွေးမိလိုက်သည်။

ခဏအကြာတွင် စစ်ရုံးမှောင်ရိပ်တွင် ရပ်ထားသော ဂျပန်အလံတပ် ကားတစ်စီးကို တွေ့ရလေသည်။

ဒုဗိုလ်ယိုနာကီ က ကားနောက်ခန်းတံခါးကိုဖွင့်ပြီး ဖိုးတုတ်ကို တက်စေသည်။

ထို့နောက် သူက ဒရိုင်ဘာဘေးတွင် ဝင်ထိုင်လိုက်၏။

ကားက ဘုရင်ခံခြံဝန်းထဲမှ မောင်းထွက်သွားသည်။

အလုံလမ်းပေါ်သို့ ကွေ့ပြီးသောအခါ မှောင်ရိပ်ထဲတွင် ကားကို ရပ်လိုက်သည်။

ကားမောင်းသူ ဂျပန်စစ်သားသည် နားရွက်ဖုံးပိတ်ဦးထုတ်ကို ဝတ်ထားပြီး၊ လက်မောင်းတွင် နေဝန်းနီတံဆိပ် ပတ်ထားသည်။

ထိုသူက စီးကရက်ဗူးကို ထုတ်ကာ ဘေးတွင်ထိုင်နေသော ဒုဗိုလ်ယိုနာကီကို တစ်လိပ်ကမ်းကာ မီးခြစ်ဆံဖြင့် မီးညှိ့ပေးလိုက်၏။

ထို့နောက်  ဖိုးတုတ်ဆီသို့ စီကရက်တစ်လိပ်ကို လက်နောက်ပြန်ကမ်းပေးလိုက်ရင်း

"ကဲ..ဖိုးတုတ်..ချိုင်းနားစတန်းကတော့ ဖာတန်းဖြစ်သွားပြီ..ငါတို့ အခု ဘယ်မှာ သွားသောက်ကြမလဲ"

"ဟာ..ဂန္ဓမာ…"

ဖိုးတုတ်မှာ အံသြလွန်းသဖြင့် ပါးစပ်မှပင် အသံထွက်အော်မိလိုက်သည်။

ခက်ဇော်
 (Zawgyi)
The Guys of Yangon,1939(Part 22)
......................
အခန္း(၂၃)

                                        ……………………….

လမ္းမေတာ္ဖိုးတုတ္ တို႔သည္ ညေနေမွာင္ပ်ပ်အခ်ိန္တြင္ ရန္ကုန္ဆိပ္ကမ္းသို႔ ေရာက္သြားၾက၏။

ၿမိဳ႕ပ်က္ႀကီးလို ျဖစ္ေေသာ ရန္ကုန္ကို ရဲေဘာ္သုံးက်ိပ္အဖြဲ႕ဝင္ သခင္ထြန္းအုပ္ ၏ The Burma Baho Government လက္ေအာက္ခံ ပီပီစီ အဖြဲ႕ အုပ္ခ်ဳပ္ေနေလသည္။

လမ္းမေတာ္ဖိုးတုတ္၊ မသင္းျမ ၊ အုန္းေဖ ႏွင့္ သူ႔တပည့္ေမာင္ၾကင္ တို႔သည္ သဗၺာန္ကို ကမ္းကပ္လိုက္သည္ ႏွင့္ ကမ္းေပၚမွ အမိန႔္ေပးသံၾကားရသည္။

"ရပ္..ဘယ္သူေတြလဲေဟ့..ေလွေပၚက"

ဆိပ္ကမ္းအလင္းေရာင္ေအာက္တြင္ ႐ိုင္ဖယ္ေသနတ္တစ္လက္ျဖင့္ လွမ္းခ်ိန္ထားသည္ကို ေတြ႕လိုက္ရသည္။
အုန္းေဖက လက္ကို ေျမႇာက္ကာ  "ဒို႔ဗမာ" ဟုေအာ္လိုက္သည္။

႐ိုင္ဖယ္သမားက ေသနတ္ျပန္ခ်သြားသည္။

"ဘယ္ကလာၾကတာလဲကြ..ဘာလာလုပ္ၾကတာလဲ"

"ကြၽန္ေတာ္တို႔ လမ္းမေတာ္ရပ္ကြက္သားေတြပါ..ဟိုဘက္ကမ္းမွာ စစ္ေျပးေနရာက ျပန္လာၾကတာပါ"

"အကုန္ဆင္းလာခဲ့"

လမ္းမေတာ္ဖိုးတုတ္ က လြယ္အိတ္ထဲမွ ေျခာက္လုံးျပဴးကို အသင့္ျပင္ထားလိုက္၏။

ပ်က္စီးေနေသာ ဆိပ္ကမ္းတြင္ ယာယီထြန္းထားၾကသည့္ ကညင္ဆီမီးတိုင္ေအာက္ လူေျခာက္ေယာက္ခန႔္ကို ေတြ႕လိုက္ရသည္။

ေခါင္းေဆာင္ျဖစ္သူ က ႐ိုင္ဖယ္ေသနတ္အစုတ္တစ္လက္ကို လြယ္ထားၿပီး အဂၤလိပ္စစ္တပ္မွ စစ္သားမ်ား အၾကမ္းဝတ္ေလ့ရွိေသာ အိုဂ်ီအက်ႌ ႏွင့္ ေဘာင္းဘီဝမ္းဆက္ကို ဝတ္ထားသည္။

ေခါင္းတြင္ ပန္ခ်ာပီပုလိပ္မ်ား ေဆာင္းေလ့ရွိသည့္ သကၠလပ္ဦးထုတ္အဝိုင္းကို ေဆာင္းထား၏။

သူ႔ေနာက္မွ လူမ်ားမွာလည္း ဓါးရွည္မ်ားကိုယ္စီလြယ္ထားၿပီး စစ္အက်ႌအစုတ္မ်ားဝတ္ထားၿပီး ပုဆိုးဝတ္သူဝတ္ ၊ စစ္ေဘာင္းဘီဝတ္သူဝတ္ျဖင့္ ပုံသ႑ာန္အမ်ိဳးမ်ိဳးျဖင့္ျဖစ္သည္။

တူညီေသာတစ္ခ်က္မွာ သူတို႔အားလုံး၏ လက္ေမာင္းတြင္ အနီေရာင္လက္ပတ္မ်ား ပတ္ထားၾကျခင္းပင္။

''ေဟ့..အကုန္ လက္ကို ေခါင္းေပၚတင္ၿပီး ထိုင္ၾကစမ္း..မင္းတို႔ကို မသကၤာဘူး"

လမ္းမေတာ္ဖိုးတုတ္တို႔ အားလုံး ေလွေပၚမွ ဆင္းၿပီး ေျမျပင္ေပၚတြင္ ငုတ္တုတ္ထိုင္လိုက္ၾကသည္။

"ေဟ့..မင္းတို႔ နာမည္နဲ႔ေနတဲ့ လိပ္စာေတြ ေျပာၾကစမ္း"

"ကြၽန္ေတာ္အုန္းေဖပါ..စစ္မျဖစ္ခင္က လမ္းမေတာ္စဥ့္အိုးတန္းထဲမွာ ေနပါတယ္။ အခု ကြၽန္ေတာ္ေနတဲ့အိမ္ ဗုံးက်လို႔ သရက္ေတာေက်ာင္းတိုက္ထဲက ဦးစႏၵီမာေက်ာင္းမွာ ေနပါတယ္"

အုန္းေဖက ေခါင္းေမာ့ၿပီး စေျပာလိုက္သည္။

"ဟာ..ဦးေလးအုန္း"

ထိုစဥ္ လူအုပ္ထဲမွ လူငယ္တစ္ဦး ထြက္လာသည္။ လူငယ္က ေခါင္းငုံ႔ထားေသာလမ္းမေတာ္ဖိုးတုတ္ တို႔ လင္မယားကိုပါ တစ္ခ်က္ ၾကည့္လိုက္သည္။

"ဒါ..ကြၽန္ေတာ့္ ဦးေလးကိုအုန္းေဖ နဲ႔ ကြၽန္ေတာ္အမ်ိဳးေတြပါ..ဗိုလ္စိန္..လူေကာင္းေတြပါ..ကြၽန္ေတာ္ အာမခံပါတယ္"

ဗိုလ္စိန္ဆိုသူက ႐ိုင္ဖယ္ေသနတ္ကို လြယ္ၿပီး ခါးေထာက္ထားသည္။

"မင္း..အမ်ိဳးေတြဆိုရင္ေတာ့ ေခၚသြားလိုက္..ေမာင္ေမာင္…. ထူးျခားတာရွိရင္..ငါ့လာသတင္းပို႔..ၾကားလား''

''ဟုတ္ကဲ့ပါ..ဗိုလ္စိန္"

"ကဲ..ဦးေလးတို႔လာ..ကြၽန္ေတာ္လိုက္ပို႔မယ္…လမ္းမွာ ေနာက္ထပ္စစ္ေဆးေရးအဖြဲ႕ေတြနဲ႔ ေတြ႕ေနရင္..ဒီလိုပဲ ဆက္ျဖစ္ေနမယ္..ဦးေလးတို႔ကလည္း မိုးခ်ဳပ္မွ လာၾကတာကိုးဗ်..အႏၲရာယ္က မ်ားပါဘိနဲ႔.."

ေမာင္ေမာင္ က ေျပာေျပာဆိုဆိုျဖင့္ လမ္းမေပၚသိုဦးေဆာင္ကာ ေခၚသြားသည္။

ခပ္ေဝးေဝးေရာက္ေသာအခါမွ ေမာင္ေမာင္ က

"ဆရာႀကီးဖိုးတုတ္ တို႔၊ ဦးေလးအုန္းတို႔ ..ျပန္ေတြ႕ရတာ..ဝမ္းသာပါတယ္ဗ်ာ.. ေတာ္ေသးတာေပါ့..ကြၽန္ေတာ္နဲ႔ေတြ႕လို႔.. ဆရာႀကီးတို႔ မလာခင္ ပထမ ေလွနဲ႔လာတဲ့ မိသားစုလည္း ဒီေကာင္ေတြ ဒီလိုပဲ ေဟာက္ၿပီးရစ္ေနလို႔ ေ႐ႊလက္ေကာက္တစ္ကြင္း ထုတ္ေပးမွ လႊတ္ေပးလိုက္တယ္''

ေမာင္ေမာင္ သည္ လမ္းေတာ္ဖိုးတုတ္၏ တပည့္ ကြယ္လြန္သူ ငၫြန႔္၏ တူျဖစ္ၿပီး စစ္ႀကိဳေခတ္တြင္ ဖိုးတုတ္ ၏ တပည့္လူမိုက္မ်ားထဲမွ တစ္ေယာက္ျဖစ္သည္။

''ေမာင္ေမာင္..မင္းက ဘယ္က ဘယ္လို ဒီထဲေရာက္ေနတာလဲ..ဒီေကာင္ေတြကေရာ ဘာေတြလဲ"

"ကြၽန္ေတာ္လည္း ဆရာႀကီးတို႔ မရွိေတာ့ ရန္ကုန္မွာ ေယာင္လည္လည္ဗ်။ ဗုံးေတြႀကဲေတာ္ ေ႐ႊတိဂုံဘုရား ေပၚက ေစာင္းတန္းေတြမွာ သြားေနလိုက္..ကန္ေတာ္မင္ထဲက ဘိုအိမ္ေတြမွာ ေရာင္းလို႔ရမယ့္ ပစၥည္းေလး ဝင္မ လိုက္နဲ႔ အသက္ဆက္ေနရတာပဲ။ အခုေတာ့ အႏၲရာယ္ကင္းေအာင္ ဘီအိုင္ေအထဲ ဝင္ထားလိုက္တာပဲ"

"ခုန ေသနတ္နဲ႔ေကာင္ ဗိုလ္စိန္ ဆိုတာ..ငါေတြ႕ဖူးသလိုပဲကြ..ေမာင္ေမာင္"

"ဟာ..ဦးအုန္း ကလည္း…စေကာ့ေဈးထဲက အိုေက မွာ ဆံပင္ညႇပ္တဲ့ေကာင္ ေမာင္စိန္ေလဗ်ာ.. ဘယ္ကေန ဘယ္လို သခင္စိန္ျဖစ္သြားလဲ မသိဘူး…သခင္စိန္ ဆိုၿပီး ဘီအိုင္ေအစစ္႐ုံးထဲဝင္ထြက္ေနတာ..အခု သခင္ထြန္းအုပ္ ရဲ႕ လက္စြဲ ဘီအိုေအဗိုလ္ ျဖစ္ေနၿပီေလ''

"အခုက မင္းတို႔က ဘာလဲ ဒီေလွဆိပ္ကို ေစာင့္တဲ့အဖြဲ႕လား"

"ဘယ္က ဟုတ္ရမွာလဲ.. ဒီေလွဆိပ္ က ဂ်ပန္က ဆာဂ်င္အီမူရာ ဆိုတဲ့ တပ္စိတ္က ေစာင့္တာ၊ ဗိုလ္စိန္ နဲ႔ ကြၽန္ေတာ္တို႔က ဒီမွာ ညဆို ဂ်ပန္ေတြကို ခ်ိဳင္းနားစတန္းမွာဖြင့္ထားတဲ့ ဖာတန္းကို သြားခိုင္းၿပီး ကြၽန္ေတာ္တို႔ ေစာင့္ေပးပါ့မယ္ဆိုၿပီး ဟိုဘက္ကမ္းက ျပန္လာသမွ်ေလွ ေငြညႇစ္လႊတ္ေနတာ"

"ဟာ..ခ်ိဳင္းနားစတန္း က ဘယ္ကဘယ္လို ဖာအိမ္ျဖစ္သြားတာလဲ"

"ဂ်ပန္ဝင္ၿပီး သုံးရက္ေနေတာ့ ျဖစ္သြားတာပဲ..ဆရာ..ပိုင္ရွင္ေလာက္ဝီ လည္း ဂ်ပန္သတ္လို႔ ေသရွာၿပီ။ အရင္ စက္ဆန္းထဲက ကိုၾကက္ၾကားတပည့္ သန္းေ႐ႊ က  ဂ်ပန္နဲ႔ ဘာအေပးအယူလုပ္လိုက္လဲမသိဘူး..အဲ့ဒီ ဟိုတယ္ေပၚ သူ႔ေကာင္မ ေလးငါးေကာင္နဲ႔ ဖာတန္းတက္ဖြင့္ထားတာပဲ"

သူတို႔ က်င္လည္က်က္စားခဲ့ရာ ဌာနခ်ဳပ္ျဖစ္ခဲ့ေသာ ခ်ိဳင္းနာစတန္း မွာ ဖာတန္းျဖစ္သြားၿပီး ပိုင္ရွင္ေလာက္ဝီ အသတ္ခံရသည့္သတင္းကို ၾကားရသည့္အခါ လမ္းမေတာ္ဖိုးတုတ္ေရာ၊ အုန္းေဖ ပါ စိတ္မေကာင္း ျဖစ္သြားၾကသည္။

"အခု ဂ်ပန္ေတြက မလြယ္ဘူးဆရာ။ တ႐ုတ္ဆို ခ်န္ေကရွိတ္လူဆိုၿပီး သတ္တယ္။ ခ်ိန္ေကရွိတ္လူ မဟုတ္ပါဘူးလို႔ ျငင္းရင္ ကြန္ျမဴနစ္ေမာ္စီတုန္းလူပဲျဖစ္ရမယ္ဆိုၿပီး သတ္တယ္။ ဘိုကျပားဆိုလည္း အဂၤလိပ္သူလွ်ိဳဆိုၿပီး သတ္တယ္။ ကြၽန္ေတာ္တို႔ကေတာ့ ဘယ္လိုျဖစ္ျဖစ္ ဒီလက္ေမာင္းပတ္ အနီေလး ရွိရင္ ေဘးေတာ့ ကင္းမွာပဲဆိုၿပီး ဘီအိုင္ေအထဲ ဝင္ထားလိုက္တာ..ဆရာႀကီးေရ..ဒါေတာင္ ဂ်ပန္စစ္ဗိုလ္ေတြက အပ်င္းေျပ ဝင္ဝင္ၿပီး ပါး႐ိုက္တာခံရေသးတယ္''

မၾကာမီ လမ္းမေတာ္ဖိုးတုတ္တို႔ တိုက္သို႔ ေရာက္ရွိေလသည္။ ဖိုးတုတ္တို႔ကို ထားရစ္ကာ ေမာင္ေမာင္က ကမ္းနားသို႔ ျပန္သြား၏။

က်ည္ဆံရာ အခ်ိဳ႕ေတြ႕ေသာ္လည္း တိုက္က အေကာင္းပကတိ။

"မသင္းျမ နဲ႔ အုန္းေဖ ဒီမွာ ခဏေနခဲ့ကြာ..ငါ နဲ႔ေမာင္ၾကင္ နဲ႔ အေမတို႔ အိမ္အေျခအေန သြားၾကည့္လိုက္ဦးမယ္"

လမ္းမေတာ္ဆယ့္ေလးလမ္းထဲသို႔ လမ္းမေတာ္ဖိုးတုတ္ႏွင့္ ေမာင္ၾကင္တို႔ ဝင္လာၾကသည္။

ညဘက္ေရာက္ၿပီမို႔ လမ္းက တိတ္ဆိတ္ေနသည္။

တစ္ခ်က္တစ္ခ်က္ ဒလဟိုဇီလမ္းဘက္ဆီမွ စစ္ေလာရီကားမ်ား ျဖတ္သြားသံ သာ ၾကားရ၏။

"ေဟ့..လူႏွစ္ေယာက္..ပါလာတဲ့ ေငြထားခဲ့ၿပီး..သြားၾကစမ္း"

ေမွာင္ရိပ္ထဲမွ တုတ္ကိုယ္စီျဖင့္ တ႐ုတ္သုံးေယာက္ထြက္လာၾကသည္။

ဖိုးတုတ္ႏွင့္ ေမာင္ၾကင္ က ရပ္လိုက္၏။

ဖိုးတုတ္က လြယ္အိတ္ထဲမွ ေျခာက္လုံးျပဴးကို ထုတ္လိုက္ၿပီး ေမာင္းတင္လိုက္ရာ တ႐ုတ္သုံးေယာက္ရပ္သြားသည္။

"ဟာ..ဆရာႀကီးဖိုးတုတ္…ကန္ေတာ့ပါေနာ္..ကန္ေတာ့ပါ"

"ဘယ္သူမ်ားလဲလို႔..အဖတ္ ပါလား"

"ဟုတ္တယ္..ဆရာႀကီးေရ..တ႐ုတ္တန္းက ကြၽန္ေတာ္တို႔မွာ သူမ်ားေတြလို စစ္ေျပးစရာေနရာလည္း မရွိ၊ ဒီရန္ကုန္ကလည္း မခြာခ်င္နဲ႔..ဒီလိုပဲ..ေတြ႕တဲ့လူဆီ ေျခာက္လွန႔္စားေနရတာ''

အဖတ္ သည္ တ႐ုတ္တန္းတြင္ ေမွာင္ခိုဖြင့္ထားသည့္ ဘိန္းခန္းတစ္ခုမွ အေစာင့္လုပ္ေနသည့္ တ႐ုတ္လူမိုက္ေပါက္စကေလး ျဖစ္သည္။

"ေအး..မင္းတို႔ကလည္း ေခတ္ပ်က္ထဲမွာ..ဗိုလ္တက္လုပ္ခ်င္ေနၾကေတာ့…ေရာ့.ငါ့အိတ္ထဲေတာ့ ဆယ္႐ူပီး ပဲပါတယ္။ အဲ့ဒါယူထားလိုက္ၾက။ မဟုတ္တဲ့လူေတြကိုလည္း လိုက္ၿပီး ဒုကၡေပးမေနၾကနဲ႔ဦး"

တ႐ုတ္သုံးေယာက္က ကုပ္ေခ်ာင္းေခ်ာင္းျဖင့္ လွည့္ထြက္သြားၾကသည္။

မိခင္ႀကီး ေဒၚခ်စ္ပုအိမ္တြင္ေတာ့ ျပတင္းေပါက္မ်ားကို ႐ိုက္ခ်ိဳးထားၿပီး အတြင္းမွ ပစၥည္းအခ်ိဳ႕ကို ယူေဆာင္သြားၾကသည္ကို ေတြ႕ရသည္။

ထိုည တြင္ပင္ အုန္းေဖႏွင့္ ေမာင္ၾကင္က ဘုန္းႀကီးေက်ာင္းမွ အဝတ္အစားထုတ္မ်ားယူကာ လမ္းမေတာ္ဖိုးတုတ္ အိမ္တြင္ ေျပာင္းလာၾကသည္။

………………………………………………………………………………………..

"ကိုဖိုးတုတ္..အမသင္းျမ..အမသင္းျမ"

နံနက္ေစာေစာစီးစီး ေအာ္ေခၚသံေၾကာင့္ ဖိုးတုတ္ႏွင့္ မသင္းျမတို႔ ႏိုးလာၾကသည္။

အိမ္ေရွ႕တြင္ စံဘ ႏွင့္ ထြန္းရင္က အထုတ္အပိုးမ်ားႏွင့္။

အုန္းေဖ  တံခါးထဖြင့္ေပးသည္။

"ဟား..ကိုအုန္းလည္းေရာက္ေနတာကိုး…ဒီမွာ ကိုအုံး သူ႔ကို သိတယ္မဟုတ္လား..ကြၽန္ေတာ့္ေယာက္ဖေလ"

အုန္းေဖ က ထြန္းရင္ ကို ၾကည့္လိုက္ၿပီး ၿပဳံးစိစိျဖစ္သြားသည္။

"သိၿပီ..ဟိုတစ္ခါ ပီယာႏိုမတဲ့ေကာင္ေလး..ေဟေဟး..ဘယ္လိုလဲေကာင္ေလး… ပီယာႏိုေတာ္ေတာ္တီးတတ္ေနၿပီလား ''

''ဘယ္ကသာဗ်ာ..အဲ့ဒီညေနပဲ အရက္နဲ႔ လဲေသာက္ပစ္လိုက္ၿပီ"

"ဟား..ေကာင္းေရာေဟ့"

ခဏအၾကာတြင္ လမ္းမေတာ္ဖိုးတုတ္ႏွင့္ မသင္းျမ အိမ္ေပၚမွ ဆင္းလာၾကသည္။

 "စံဘ အေမ နဲ႔ ဘသိန္းေရာ..သူတို႔အိမ္တန္းျပန္သြားတာလား"

"မပါလာဘူး…ကိုဖိုးတုတ္။ ႀကီးခ်စ္ပု က နားေအးပါးေအး ဟိုဘက္ကမ္းမွာပဲ ေနဦးမယ္တဲ့။ ဒီဘက္မွာ အေျခအေနနည္းနည္းတည္ၿငိမ္မွ ျပန္လာမယ္တဲ့။ ကိုဘသိန္း ကလည္း ႀကီးခ်စ္ပုကို ေစာင့္ၿပီးေနခဲ့တယ္"

"ေအး.ေအး..ေကာင္းပါတယ္ကြာ..ဒီမွာ အေမတို႔အိမ္လည္း ဖ်က္စီးခံထားရတယ္။ ငါျပင္ၿပီး ျပဳၿပီးမွ သူတို႔ကို လွမ္းေခၚတာေကာင္းပါတယ္။ ဒီမွာလည္း  အေျခအေနေတြက သိပ္ေကာင္းေသးတာမဟုတ္ဘူး။ ဒါနဲ႔ ထြန္းရင္က မင္းကို လိုက္ပို႔တာလား"

"မဟုတ္ဘူး..ကိုဖိုးတုတ္..ဒီမွာ ကိုဖိုးတုတ္နဲ႔အတူ အလုပ္လုပ္ဖို႔လာတာ"

"ဟုတ္ပါတယ္..ကိုဖိုးတုတ္..အေဖက မွာလိုက္တယ္..မင္းဒီ႐ြာမွာေနရင္ေတာ့ ငါ့လို ႐ြာဓါးျမ ပဲ ျဖစ္မွာတဲ့.. ဖိုးတုတ္ က ၿမိဳ႕မွာ အဆက္အသြယ္ေကာင္းတယ္၊ လူအင္အားေကာင္းတယ္။ မင္း ၿမိဳ႕တက္ၿပီး ဒီေကာင့္ဆီ မွာ အလုပ္လုပ္၊ ၿပီးရင္ ၿမိဳ႕ဓါးျမ ျဖစ္ေအာင္လုပ္တဲ့။ ၿပီးေတာ့ ေခ်ာရင္ က အေဖ့ကို ျပဳစုဖို႔ က်န္ရစ္တယ္..ၿပီးေတာ့ အေဖက မွာလိုက္ေသးတယ္..ဒီေကာင္စံဘ သူ႔သမီးကို သစၥာေဖာက္ၿပီး ျမာေပြရင္ ျဖစ္တဲ့နည္းတဲ့ သတ္ခဲ့တဲ့''

ထြန္းရင္စကားေၾကာင့္ စံဘက ၿပဳံးစိစိျဖစ္သြားသည္။

"ဦးျမတ္လွႀကီးကေတာ့ကြာ..ငါ့ေခါင္းေပၚ ျဗဟၼာ့ဦးေခါင္းေတြ တင္ေပးလိုက္ၿပီ..ကဲ..ကဲ..ေအးပါကြာ.ထြန္းရ မင္းလည္း ငါ့ညီ ပါပဲ။ အခုေလာေလာဆယ္ေတာ့ အိမ္မွာ လူမ်ားေတာ့  ေကာင္းတာေပါ့။ ေနာက္က် အေျခအေနၾကည့္ၿပီး ငါ့အလုပ္ေတြလည္း ျပန္စရမယ္''

''ဟုတ္ကဲ့..ကိုဖိုးတုတ္..အကို ကြၽန္ေတာ့္ကို ခိုင္းခ်င္ရာခိုင္းပါ။ ကြၽန္ေတာ္က ရန္ကုန္ေနရၿပီးတာပဲ''

"ေအးပါ..ထြန္းရင္ရယ္..မင္းက ေရာက္ကတည္းက ဓါးျမတိုက္မယ္၊ သတ္မယ္ဆိုတာခ်ည္းေျပာေနေတာ့ ငါ့မိန္းမ မသင္းျမေတာင္ မင္း..ေၾကာက္ေနၿပီ."

ရန္ကုန္ၿမိဳ႕၏ အေျခအေနမွာလည္း ယခင္ကႏွင့္ လုံးလုံးကြဲျပားေနသည္။

ဂ်ပန္တပ္မ်ားတဖြဲဖြဲ ရန္ကုန္သို႔ ဝင္ေနၾကၿပီး သခင္ထြန္းအုပ္ အစိုးရ ကလည္း အုပ္ခ်ဳပ္ေရးကို ႏိုင္နင္းစြာ မအုပ္ခ်ဳပ္ႏိုင္ၾက။

စနစ္တက်မေလ့က်င့္ရေသးေသာ ဘီအိုင္ေအတပ္ဖြဲ႕ဝင္တို႔သည္ ၿမိဳ႕လုံၿခဳံေရးကို ဂ်ပန္တပ္အခ်ိဳ႕ ႏွင့္ ပူးတြဲ တာဝန္ယူၾကသည္။

သို႔ေသာ္ ဘီအိုင္ေအအဖြဲ႕ဝင္မ်ားမွာ ေသခ်ာစိစစ္လက္ခံထားျခင္းမဟုတ္ပဲ အဂၤလိပ္ေခတ္တြင္ ျပစ္ခ်က္ရွိသူ လူဆိုးလူမိုက္မ်ား ပါ ေရာေထြးပါဝင္ေနျခင္းေၾကာင့္ အခ်ိဳ႕ေနရာမ်ားတြင္ ထိုသူမ်ားကပင္ ဘီအိုင္ေအအမည္ကို အလြဲသုံးစားလုပ္ကာ လုယက္မႈမ်ား၊ ဓါးျမမႈမ်ား က်ဴးလြန္ၾကသည္။

လူယက္မႈက်ဴးလြန္သူမ်ားကို ဂ်ပန္စစ္တပ္က မိပါက လွံစြပ္ျဖင့္ ေနရာတြင္ပင္ထိုးသတ္ပစ္ၾက၏။

သို႔ေသာ္ ထိုဂ်ပန္စစ္သားမ်ားကိုယ္တိုင္က လုယက္မႈ၊ မုဒိန္းမႈမ်ားက်ဴးလြန္လ်င္မူ ျပည္သူလူထုမွာ ဘယ္သြားတိုင္ရမွန္း မသိေတာ့။

ရန္ကုန္ၿမိဳ႕ကို အေနာက္ဖက္မွ ဝင္ေရာက္လာၾကေတာ့ ေမဂ်ာဆာတိုး ၏ တပ္သည္ ရန္ကုန္ၿမိဳ႕ လုံၿခဳံေရးႏွင့္ သန႔္ရွင္းေရးကို ေခတၱတာဝန္ယူလိုက္သည္။

ေမဂ်ာဆာတိုးတပ္သည္ ရန္ကုန္ၿမိဳ႕ ရပ္ကြက္မ်ားအတြင္း ဖာသိဖာသာေနၾကေသာ လူမ်ားကို ေသနတ္ျဖင့္ ေခၚထုတ္ကာ  လမ္းမတြင္  ျပန႔္က်ဲပုပ္ပြေနေသာ အေလာင္းမ်ားကို ရွင္းလင္းသၿဂႋဳလ္ခိုင္းၾကသည္။

တစ္ၿမိဳ႕လုံးအႏွံ႔ ဒုကၡေပးေနသည့္ ႂကြက္မ်ား၊ ေခြးေလေခြလြင့္မ်ားကို ရွာေဖြသတ္ျဖတ္ျခင္း၊ ဗုံးဒဏ္ထိ အေဆာက္အဦးမ်ားမွ က်လာသည့္ လမ္းေပၚမွ အပ်က္အစီးမ်ား၊ ယာဥ္ပ်က္မ်ားကို ဖယ္ရွားျခင္းမ်ား ျပဳလုပ္ၾကရသည္။

ထိုအခ်ိန္တြင္ အဂၤလိပ္ေခတ္က ရွိခဲ့ေသာ လူမႈေရးျပသနာမ်ားကို ယခု အုပ္ခ်ဳပ္ေရးပ်က္ျပားခ်ိန္မွာ ေျဖရွင္းၾကသည့္ ဓါးခုတ္ပြဲမ်ား၊ လင္ေယာက္်ားကို ဝိုင္း႐ိုက္သတ္ကာ ဇနီးသည္ကို အုပ္စုဖြဲ႕ အဓမၼျပဳက်င့္ျခင္းမ်ား လည္း ျဖစ္ေပၚလာေနၾကသည္။

မတ္လ (၁၆)ရက္ေန႔၊ ညေနခင္း။

လမ္းမေတာ္ဖိုးတုတ္တို႔ မိသားစုႏွင့္ တပည့္မ်ားသည္ အုန္းေဖ ရွာေဖြဝယ္ယူလာသည့္ သိုးသားဆီသြပ္ဗူး၊ စံဘယူလာသည့္ ငါးရံေျခာက္တို႔ကို ဟင္းလုပ္ကာ ညစာစားေနၾကေလသည္။

ထိုအခ်ိန္တြင္ အိမ္ေရွ႕သို႔ ကားတစ္စင္း ထိုးရပ္သံၾကားလိုက္ရသည္။

စံဘက ထမင္းစားေနရာမွ ရပ္ကာ တံခါးထဖြင့္လိုက္သည္။

ကားေပၚမွ ဂ်ပန္စစ္သားမ်ား လက္နက္ကိုယ္စီျဖင့္ ဆင္းလာၾကသည္။

ေရွ႕ဆုံးမွ ဂ်ပန္စစ္ဗိုလ္ႏွင့္ လက္ေမာင္းတြင္ ဘူးသီးငါးေပါင္းေၾကာ္ဂ်ပန္စာမ်ားပါသည့္ လက္ပတ္အနီ ပတ္ထားေသာ ဗမာတစ္ဦး ဆင္းလာၾကသည္။

"ဒါ ဦးဖိုးတုတ္တို႔ အိမ္လား..ခင္ဗ်"
ထမင္းစားဝိုင္းမွာ ႐ုတ္တရက္ရပ္တန႔္သြားသည္။

လမ္းမေတာ္ဖိုးတုတ္က လက္ေဆးဇလုံတြင္ လက္ကို ႏွစ္ေဆးလိုက္သည္။ထို႔ေနာက္ အေနာက္ဘက္သို႔ ဝင္သြားၿပီး ေရဘုံဘိုင္မွ ဆပ္ျပာခဲျဖင့္ ထပ္ေဆးလိုက္သည္။

ထို႔ေနာက္ အျပင္ျပန္ထြက္လာၿပီး လက္သုပ္ပုဝါျဖင့္ လက္ကို သုပ္ကာ

"ကြၽန္ေတာ္..ဖိုးတုတ္ ပါ….ဘာမ်ား ရွိလို႔လဲခင္ဗ်"

"ကြၽန္ေတာ္က နိပြန္တပ္မေတာ္ရဲ႕စကားျပန္ ေမာင္စိန္ဒိုင္ပါ။ ဒါကေတာ့ နိပြန္တပ္မေတာ္၊ တပ္မ(၃၃)၊ အမွတ္ (၂၁၄)ေျခလ်င္တပ္ရင္းက စစ္ေျမျပင္ေထာက္လွမ္းေရးအရာရွိ  ဗိုလ္ကာဝါရွီမ လို႔ ေခၚပါတယ္"

"ဟုတ္ကဲ့..ထိုင္ၾကပါ..ထိုင္ၾကပါ"

ဗိုလ္ကာဝါရွိမ ႏွင့္ ေမာင္စိန္ဒိုင္တို႔က ကုလားထိုင္မ်ားတြင္ ဝင္ထိုင္သည္။

"ဦးဖိုးတုတ္..ဒီကို ျပန္ေရာက္တာ ဘယ္ႏွစ္ရက္ရွိၿပီလဲ"

"သုံးရက္ရွိပါၿပီ..ေမာင္စိန္ဒိုင္"

စကားျပန္က ဂ်ပန္စစ္ဗိုလ္ကို ဂ်ပန္ဘာသာျဖင့္ ရွင္းျပလိုက္သည္။

ဂ်ပန္စစ္ဗိုလ္က ေခါင္းၿငိမ့္ၿပီး ဂ်ပန္လို ျပန္ေျပာသည္။

"ဒီလို ဦးဖိုးတုတ္ ၊ ဦးဖိုးတုတ္ ဟာ လြန္ခဲ့တဲ့ သုံးရက္ ညဘက္က လမ္းမေတာ္ဆယ့္ေလးလမ္းထဲမွာ လူသုံးေယာက္ကို ေသနတ္နဲ႔ ထုတ္ခ်ိန္ၿပီး ၿခိမ္းေျခာက္ခဲ့တယ္လို႔ ဗိုလ္ကာဝါရွိမ ဆီမွာ တိုင္ခ်က္ ရထားပါတယ္တဲ့။ အဲ့ဒီေသနတ္ကို ဘယ္ကရပါသလဲဆိုတာ ဗိုလ္ကာဝါရွိမက သိခ်င္ေနတယ္"

အိမ္ထဲတြင္ ရွိသူအားလုံး မ်က္စိမ်က္ႏွာ ပ်က္ကုန္ၾကသည္။ ဗိုလ္ကာဝါရွိမ ေဘးတြင္ ပါလာေသာ ဂ်ပန္စစ္သားမ်ားကလည္း ႐ိုင္ဖယ္ေသနတ္မ်ားကို အသင့္အေနအထား ကိုင္ထားၾက၏။

လမ္းမေတာ္ဖိုးတုတ္ က မူ အိေျႏၵမပ်က္။

"ကြၽန္ေတာ္ အဂၤလိပ္ေခတ္က လိုင္စင္နဲ႔ ကိုင္တဲ့ေသနတ္ပါ"

စကားျပန္က ဘာသာျပန္ေပးလိုက္သည္။

"အဲ့ဒီလိုင္စင္ကို ျပလို႔ရမလားတဲ့''

''စစ္ေျပးတုန္းက ဟိုေ႐ႊ႕ဒီေ႐ႊ႕နဲ႔ ဘယ္နားေပ်ာက္ေနမွန္းမသိပါဘူး"

"ဦးဖိုးတုတ္ဟာ အဂၤလိပ္ေခတ္က လူဆိုးလူမိုက္တစ္ေယာက္လို႔ လာတိုင္တဲ့သူက ေျပာလို႔ သိရပါတယ္တဲ့..လူဆိုးလူမိုက္တစ္ေယာက္ကို ေသနတ္လိုင္စင္နဲ႔ေပးကိုင္ရေလာက္ေအာင္အထိ အဂၤလိပ္အစိုးရက မမိုက္မဲဘူးလို႔ ထင္ပါတယ္တဲ့ဗ်''

ဖိုးတုတ္ က သက္ျပင္းခ်လိုက္သည္။

"ဟုတ္ပါတယ္..ကြၽန္ေတာ္ တ႐ုတ္တန္းက မိတ္ေဆြတစ္ေယာက္ဆီက ဝယ္ထားတာပါ"

ဂ်ပန္စစ္ဗိုလ္ က မ်က္ေပါက္မ်ားက်ဥ္းသြားသည္အထိ ၿပဳံးလိုက္သည္။

"ဗိုလ္ကာဝါရွိမ က ဦးဖိုးတုတ္အေနနဲ႔ အခု ရန္ကုန္ရဲ႕ တရားဥပေဒစိုးမိုးေရးကို ကူညီေပးခ်င္တယ္ဆိုရင္ အဲ့ဒီ ေသနတ္ကို ဂ်ပန္တပ္မေတာ္လက္ကိုအပ္ၿပီး..ဂ်ပန္တပ္မေတာ္ရဲ႕ လိုအပ္တဲ့ စစ္ေဆးမႈကို ခံယူဖို႔ ခဏေတာ့ လိုက္ခဲ့ေစခ်င္ပါတယ္တဲ့"

"ရပါတယ္..ရပါတယ္…ကြၽန္ေတာ္ ေသနတ္ က အေပၚထပ္မွာ ထားတာမို႔ တက္ယူလိုက္ပါဦးမယ္"

ဖိုးတုတ္က အိမ္ေပၚသို႔ တက္လိုက္သည္ႏွင့္ ဂ်ပန္စစ္သားႏွစ္ေယာက္က ေသနတ္အသင့္အေနအထား ျဖင့္ ေနာက္မွ ပါလာသည္။

ဖိုးတုတ္က လြယ္အိတ္ထဲမွ ေသနတ္ကို ယူလာၿပီး ေအာက္သို႔ ဆင္းလာသည္။

ေသနတ္ထဲမွ က်ည္ခြံမ်ားကို ထုတ္ကာ ကာဝါရွိမ လက္သို႔ အပ္လိုက္သည္။

"ကဲ..ဦးဖိုးတုတ္..သြားၾကစို႔"

"ကြၽန္ေတာ္ အေပၚဝတ္အက်ႌေလး ထပ္ပါရေစဦး''

ဖိုးတုတ္ က အေနာက္ဘက္ အိပ္ခန္းအေရွ႕တြင္ ခ်ိန္ထားေသာ ကုပ္အက်ႌကို သြားကာ ယူဝတ္လိုက္သည္။

ထိုအခ်ိန္တြင္ အခန္းေထာင့္တြင္ ရပ္ေနေသာ ထြန္းရင္က ေလသံကေလးျဖင့္ ကပ္ေျပာသည္။

"အကို..ကြၽန္ေတာ့္ေျခရင္းမွာ ဓါးမတစ္ေခ်ာင္းယူထားတယ္..ကြၽန္ေတာ္ဟို ဂ်ပန္ေကာင္ကို ဝင္ခုတ္မယ္..အကို ေသနတ္ကို လုမလား"

ဖိုးတုတ္က ေခါင္းခါျပလိုက္သည္။

ထို႔ေနာက္ မသင္းျမ ဆီ သြားၿပီး မသင္းျမ၏ က်စ္ဆံၿမီးကို ကိုင္ကာ သူ႔မ်က္ႏွာတြင္ ပြတ္လိုက္သည္။

"အကို ျပန္လာခဲ့မယ္..မသင္းျမ..ျပန္လာခဲ့မယ္"

ထို႔ေနာက္ သူ႔တပည့္မ်ားဘက္သို႔ လွည့္ကာ

"အုန္းေဖ ၊ စံဘ မင္းတို႔ ငါျပန္မလာမခ်င္း..ငါ့မိန္းမကို ေစာင့္ေရွာက္ၾက၊ ဟိုေကာင္ ဂႏၶမာသတင္းကိုလည္း နားစြင္ထားၾကဦး..ငါလိုက္သြားလိုက္ဦးမယ္"

ဂ်ပန္စစ္သားတစ္ေယာက္က ဖိုးတုတ္ကို လက္ျပန္ႀကိဳးတုတ္လိုက္သည္။

လမ္းမေတာ္ဖိုးတုတ္က ဂ်ပန္စစ္သားမ်ား၏ ကားေပၚသို႔ ခပ္ေအးေအးပင္ တက္လိုက္သြား၏။

…………………………………………………………………………………………………………….

လမ္းမေတာ္ဖိုးတုတ္ အား ယခင္ ဘုရင္ခံအိမ္ေတာ္ေနရာတြင္ ဖြင့္လွစ္ထားေသာ ဂြန္ေဆဘု(Gunseibu) ေခၚ ဂ်ပန္စစ္အုပ္ခ်ဳပ္ေရး႐ုံးသို႔ ေခၚေဆာင္သြားေလသည္။

လမ္းမေတာ္ဖိုးတုတ္ အား အခန္းတစ္ခုထဲတြင္ ထိုင္ခိုင္းထားကာ ဂ်ပန္စစ္သားမ်ားက အျပင္သို႔ ျပန္ထြက္သြားၾက၏။

နာရီဝက္ခန႔္အၾကာတြင္ တပ္ၾကပ္အဆင့္ဂ်ပန္စစ္သားတစ္ဦး ဝင္လာသည္။

လက္ထဲတြင္လည္း လွံစြပ္အလြတ္တစ္ခုကို ကိုင္ထားသည္။

ဂ်ပန္စစ္သားက အရက္နံ႔မ်ားလည္း ေထာင္းေထာင္းထေန၏။

"အာယူ အဂၤလိ စပိုင္း..အာယူ ခ်ိဳင္းနိစ္စပိုင္း"

လမ္းမေတာ္ဖိုးတုတ္က မိမိအား သူလွ်ိဳ၏ စြပ္စြဲေနေၾကာင္း နားလည္လိုက္သည္။

"ႏိုး..ၾဆာ..အိုင္အမ္ေနာ့စပိုင္"

"ခူးရကား..ယူအာ စပိုင္..ယူအာ စပိုင္"

ဂ်ပန္စစ္သားက ေျပာေျပာဆိုဆိုျဖင့္ ဖိုးတုတ္၏ ရင္ဝကို စစ္ဖိနပ္ျဖင့္ ေစာင့္ကန္လိုက္ရာ ဖိုးတုတ္သည္ ကုလားထိုင္ေပၚမွ ေနာက္သို႔ လန္က်သြားသည္။

ထိုအခ်ိန္တြင္ ဖိုးတုတ္ အား ေခၚေဆာင္လာသည့္ ဂ်ပန္အရာရွိ ဗိုလ္ကာဝါရွိမ ႏွင့္  ဂ်ပန္စစ္ဗိုလ္တစ္ေယာက္အခန္းတြင္းသို႔ ဝင္လာသည္။

ဖိုးတုတ္အား ေစာင့္ကန္ေသာ ဂ်ပန္တပ္ၾကပ္မွာ သတိဆြဲကာ အေလးျပဳလိုက္၏။

ဂ်ပန္စစ္ဗိုလ္က ဖိုးတုတ္ကို "ေဆာရီး..ေဆာရီး" ဟု ေျပာကာ လာထူေပးလိုက္သည္။ ထို႔ေနာက္ လက္တြင္ ခ်ည္ထားေသာ ႀကိဳးမ်ားကို ျဖည္ေပးလိုက္၏။

ဂ်ပန္စစ္ဗိုလ္ ကာဝါရွိမက ဖိုးတုတ္ကို ထူၿပီးေနာက္ ဂ်ပန္တပ္ၾကပ္ကို အသံက်ယ္ႀကီးျဖင့္ အမိန႔္ေပးလိုက္ရာ တပ္ၾကပ္မွာ သတိဆြဲထားလိုက္ေလေတာ့သည္။

ဗိုလ္ကာဝါရွိမ  ဂ်ပန္တပ္ၾကပ္အား ပါးကို ဘယ္ျပန္ညာျပန္႐ိုက္ေလသည္။ ပါးတစ္ခ်က္႐ိုက္တိုင္း တပ္ၾကပ္မွာ ေဘးသို႔ ယိုင္ယိုင္သြားေသာ္လည္း သတိအျမန္ျပန္ဆြဲလိုက္ရသည္။ ဗိုလ္ကာဝါရွိမ က ဂ်ပန္တပ္ၾကပ္၏ ရင္ဘတ္ကို ေျခေထာက္ႏွင့္ ေစာင့္ကန္လိုက္ရာ တပ္ၾကပ္မွာ လဲက်သြား၏။ ထို႔ေနာက္ ကမန္းကတန္း ျပန္ထကာ သတိျပန္ဆြဲရျပန္သည္။

ထိုအခ်ိန္တြင္ စကားျပန္ စိန္ဒိုင္ ဝင္လာသည္။

"ကဲ..ဦးဖိုးတုတ္..ခင္ဗ်ားကို..ေလာေလာဆယ္ရန္ကုန္လုံၿခဳံေရးတာဝန္ယူထားတဲ့ ေမဂ်ာဆာတိုး ဆီ ကို ဆက္လႊဲေျပာင္းေပးဖို႔ ဂ်န္နရယ္မီဒါ က ႏႈတ္မိန႔္ေပးလိုက္တယ္။ ခင္ဗ်ား ကံေကာင္းတာက မေန႔ကမွ ရန္ကုန္ကို ဝင္လာတဲ့ ကင္ေပတိုင္ေတြလက္ထဲမေရာက္တာပဲ။ ဒီေကာင္ေတြလက္ထဲ ေရာက္သြားရင္ေတာ့ ခင္ဗ်ား ေသတာထက္ အေျခအေနဆိုးသြားမယ္..ဦးဖိုးတုတ္ေရ..ကဲ..ဒီမွာ ခင္ဗ်ားကို လာေခၚတဲ့ ဒုဗိုလ္ ယိုနာကီ တဲ့။ သူနဲ႔ လိုက္သြားေပေတာ့"

ဖိုးတုတ္ ကား စိတ္ဒုံးဒုံးမခ်ႏိုင္ေသး။

ဂ်ပန္မ်ားက သူ႔ကို အလႊဲအေျပာင္းလုပ္ေနၾကသည္။

ဒုဗိုလ္ယိုနာကီ သည္ အသက္ (၂၀)ဝန္းက်င္သာရွိဦးမည့္ လူငယ္ေလးျဖစ္သည္။

သူက ဖိုးတုတ္ကို ၿပဳံးျပသည္။ ယေန႔ ဖိုးတုတ္ ေတြ႕ဖူးသမွ် ဂ်ပန္မ်ားထဲတြင္ ယိုနာကီ သည္ အယဥ္ေက်းဆုံး ၿပဳံးတတ္သူျဖစ္ပင္။

ယိုနာကီက ဂ်ပန္ဓါးရွည္တရမ္းရမ္းျဖင့္ ထြက္သြားၿပီး ဖိုးတုတ္က ေနာက္က လိုက္သည္။

လက္ကို ႀကိဳးမတုတ္သည့္အျပင္ အျခားစစ္သားအေစာင့္အေရွာက္ပါ မပါေတာ့သည့္ အတြက္ စဖမ္းလာစဥ္ကထက္ အေျခအေန ပိုေကာင္းသည္ ဟု ဖိုးတုတ္ ေတြးမိလိုက္သည္။

ခဏအၾကာတြင္ စစ္႐ုံးေမွာင္ရိပ္တြင္ ရပ္ထားေသာ ဂ်ပန္အလံတပ္ ကားတစ္စီးကို ေတြ႕ရေလသည္။

ဒုဗိုလ္ယိုနာကီ က ကားေနာက္ခန္းတံခါးကိုဖြင့္ၿပီး ဖိုးတုတ္ကို တက္ေစသည္။

ထို႔ေနာက္ သူက ဒ႐ိုင္ဘာေဘးတြင္ ဝင္ထိုင္လိုက္၏။

ကားက ဘုရင္ခံၿခံဝန္းထဲမွ ေမာင္းထြက္သြားသည္။

အလုံလမ္းေပၚသို႔ ေကြ႕ၿပီးေသာအခါ ေမွာင္ရိပ္ထဲတြင္ ကားကို ရပ္လိုက္သည္။

ကားေမာင္းသူ ဂ်ပန္စစ္သားသည္ နား႐ြက္ဖုံးပိတ္ဦးထုတ္ကို ဝတ္ထားၿပီး၊ လက္ေမာင္းတြင္ ေနဝန္းနီတံဆိပ္ ပတ္ထားသည္။

ထိုသူက စီးကရက္ဗူးကို ထုတ္ကာ ေဘးတြင္ထိုင္ေနေသာ ဒုဗိုလ္ယိုနာကီကို တစ္လိပ္ကမ္းကာ မီးျခစ္ဆံျဖင့္ မီးညႇိ႔ေပးလိုက္၏။

ထို႔ေနာက္  ဖိုးတုတ္ဆီသို႔ စီကရက္တစ္လိပ္ကို လက္ေနာက္ျပန္ကမ္းေပးလိုက္ရင္း

"ကဲ..ဖိုးတုတ္..ခ်ိဳင္းနားစတန္းကေတာ့ ဖာတန္းျဖစ္သြားၿပီ..ငါတို႔ အခု ဘယ္မွာ သြားေသာက္ၾကမလဲ"

"ဟာ..ဂႏၶမာ…"

ဖိုးတုတ္မွာ အံၾသလြန္းသျဖင့္ ပါးစပ္မွပင္ အသံထြက္ေအာ္မိလိုက္သည္။

ခက္ေဇာ္

Comments

Post a Comment