အဖြူရောင် ချစ်ဇနီး
Unicode
အဖြူရောင်
ချစ်ဇနီး
လူတစ်ယောက်ကို
မြင်မြင်ချင်းချစ်မိဖို့ အချက် (၃) ချက်လိုတယ်။ နံပါတ် (၁) သူ့ပုံစံက ကိုယ့်ကို ရင်ခုန်စေရမယ်။
(၂) ကိုယ့်နှလုံးသားက နူးညံ့ပျော့ပျောင်းနေချိန်၊ တနည်းအားဖြင့် အချစ်နဲ့ထိတွေ့ဖို့
အဆင်သင့်ဖြစ်နေချိန် ဖြစ်ရမယ်။ (၃) ကိုယ့်မှာ အချိန်ပိုတွေ ရှိနေရမယ်ဗျာ။ ဘယ်စာအုပ်ထဲကမှ
မဟုတ်ဘူး။ ကျနော့်ကိုယ်တွေ့။
အဲ့ဒီမနက်က
မြို့ထဲကို ကျနော် ကားမောင်းလာခဲ့တယ်။ မီးပွိုင့်မိနေလို့ ဘေးက ကော်ဖီဆိုင်ကို ဘာရယ်မဟုတ်
ငေးကြည့်မိတယ်။ အဖြူရောင်ဝတ်စုံနဲ့ ကောင်မလေးကို တွေ့တယ်။ မီးပွိုင့်စိမ်းသွားပြီး
နောက်ကားတွေ ဟွန်းတီးကြတဲ့ထိ ကျနော့် သူ့ကို ကြည့်နေမိတယ်။ ကွေ့လာပြီး ပြန်လာရှာပေမယ့်
သူမရှိတော့။ ဘာပဲဖြစ်ဖြစ်လေ မြင်မြင်ချင်းချစ်မိဖို့ လိုနေတဲ့ နံပါတ် (၁) အချက်ကို
အဲ့ဒီမနက်က ကျနော် ရခဲ့ပါတယ်။
.........
ရန်ကုန်မြို့လူဦးရေက
၆သန်းကျော်မယ်။ လူစိမ်းတစ်ယောက်ကို ဒုတိယအကြိမ်ပြန်တွေ့ဖို့ ဖြစ်တန်ချေ ဘယ်လောက်ရှိမလဲ။
ဒါပေမယ့်ဗျာ။ ခင်ဗျားအမေက ဒေါ်မြဆိုပါစို့။ ဒေါ်မြရဲ့ သားမဖြစ်ခင်က သင်္ချာနည်းအရ ခင်ဗျားဟာ
ဒေါ်မြရဲ့သား ဖြစ်တန်ချေ အရမ်းနည်းတယ်။ ခုတော့ ခင်ဗျား ဒေါ်မြရဲ့ သားဖြစ်နေပြီ။ ဒီလိုပါပဲ။
ဖြစ်နေကြတာတွေဟာ ဖြစ်တန်ချေ အနည်းငယ်ထဲကနေ ဖြစ်လာကြတာတွေချည်းပဲ။
ခုလည်း
အငယ်မကို ဆေးကျောင်းလိုက်ပို့ရင်း အဖြူရောင် ကောင်မလေးကို ထပ်တွေ့လိုက်ရတယ်။ ရေစက်တွေ
မီးစက်တွေ အသာထား။ ကျနော်တော့ ပျော်သွားတယ်။ ကျောင်းကန်တင်းမှာ သူထိုင်နေတာ။
"တစ်ခုလောက်
ပြောလို့ ရမလား … ညီမ"
"ရှင်"
"ကျနော် ဒါန ပြုချင်လို့"
"ဘယ်လို၊
နားမလည်ဘူးရှင့်"
"ဪ
... ဒီလိုပါ။ ကျနော့်ကို
ကံတက်အောင် ယတြာချေဖို့ ဗေဒင်ဆရာက ပြောထားတာ။ ဒီမနက် ပထမဆုံး တွေ့တဲ့ အဖြူရောင် ဝမ်းဆက်နဲ့ ခပ်ချောချော ကောင်မလေး
တယောက်ကို အာဟာရဒါန ပြုပေးရမယ်ဆိုလို့။ အဲ့ဒါ ညီမ ကူညီလက်ခံပေးလို့ ရနိုင်မလား။"
ဘာပြောလို့
ပြောမိမှန်း မသိ။ ကြောင်တောင်တောင် ဆိုပေမယ့် pick up line တွေ ကျနော်မှ မကျွမ်းတာ။ သူကတော့ ကျနော့်ကို ကြည့်ပြီး အစက ခပ်တည်တည်၊ နောက်တော့ ဘာမှမပြောဘဲ
ခပ်ယဲ့ယဲ့ ပြုံးတယ်။
"ကျနော်ထိုင်မယ်နော်"
"ဟုတ်"
အခြေနေကောင်းတဲ့ သဘောပဲ။
"ကျနော့်နာမည် သက်နောင် ပါ"
"ကျမနာမည် ဖြူသဲ ပါ"
လာကြောင်နေတဲ့ ငနဲ တစ်ကောင် ဆိုတာ သူရိပ်တော့ရိပ်မိမှာ။ ကျနော်ဘာဆက်ပြောရမလဲ စဉ်းစားမရသေး။ သူဖတ်နေတဲ့ စာအုပ်လေးကို သတိထား
ကြည့်မိတယ်။ ‘COLORFUL BUTTERFLY’ တဲ့။ စကား လမ်းကြောင်း ပေါ်လာပြီ။
"ညီမ က လိပ်ပြာလေးတွေ သဘောကျတာလား"
"ညီမက အရောင်တွေ ကို သဘောကျတာပါ"
"ဪ
… ဘယ်အရောင်ကို အကြိုက်ဆုံးလဲ"
"အဖြူရောင်"
"ဘာဖြစ်လို့"
"အဖြူဆိုတာ အစွန်းအထင်းမရှိသေးတဲ့ မူလအရောင်လေ။ မကြိုက်တော့တဲ့အခါ
ကိုယ်ဆိုးချင်တဲ့ အရောင် စိတ်ကြိုက်ခြယ်လို့လည်း ရသေးတယ်။ ဒါပေမယ့် အဖြူနဲ့ အမဲ ရောနေတာတော့ မကြိုက်ဘူး။"
အရောင်အကြောင်းမို့
ထင်ပါရဲ့။ သူ့နှုတ်က သွက်လက်နေတယ်။ ကျနော်တော့ အရောင်တွေကို စိတ်မဝင်စားပါဘူး။ သူပြောနေတာလေးကိုပဲ
ငေးနေမိပါတယ်။
………
ဖြူသဲနဲ့
ကျနော် ချစ်သူဖြစ်ကြတော့ သူ့ကို ‘သဲ’ လို့ ကျနော် ခေါ်တယ်။ မကြာပါဘူး။ ‘သဲ’ ဆိုတာ အများဆိုင်
နာမ်စားမို့ ‘ဖြူ’ လို့ ခေါ်ပေးပါဆိုလို့ ‘ဖြူ’ လိုက်ရပြန်တယ်။ ကျနော့်ကိုတော့ ‘ကို’
လို့ပဲ သူခေါ်တယ်။ ဖြူ က နာမည်နဲ့ လိုက်တယ်။ အဖြူရောင်တွေ သိပ်ကြိုက်တယ်။ အဖြူရောင်
ဆေးချက်တွေနဲ့ ပန်းချီကား တစ်ခုကို သူ့အခန်းမှာ ကပ်ထားသေးတယ်။
“အဖြူရောင်တွေ
များလှပါလား ဖြူရယ်” လို့ ကျနော် တစ်ခါ ပြောဖူးတယ်။
“ငယ်ငယ်က
ဖြူတို့အိမ်မှာ အဖြူရောင် ကြောင်လေးတစ်ကောင် ရှိတယ်။ သူ့ကို ဖြူသိပ်ချစ်တာ။ သူနဲ့ဖြူ
တူတူဆော့ကြတယ်။ ဖြူဘယ်သွားသွား သူ နောက်ကလိုက်တယ်။ ဖြူရေချိုးရင်တောင် သူက ရေချိုးခန်း၀မှာ
စောင့်နေတာမျိူး။ ဒါပေမယ့် တနေ့ကျ သူပျောက်သွားတယ်။ ဖြူအိပ်လို့မရခဲ့ဘူး။ ဖေဖေတို့လည်း
ရှာပေးကြပေမယ့် သူ့ကို လုံးဝမတွေ့ရတော့ဘူး။ ပြောကြတာတော့ သူ့ကို အရက်သမားတွေက သတ်စားလိုက်ကြ
တာတဲ့။”
ကျနော်
ဖြူ့ပုခုံးကို ညင်ညင်သာသာ လှမ်းဖက်လိုက်တယ်။ ဖြူ ငိုမယ်ထင်ပေမယ့် မငိုပါဘူး။
“ကြောင်လေးကို
သတိရလို့ ဖြူ အိပ်မရခဲ့ဘူး။ ထမင်းလည်း စားမဝင်ဘူး။ ဒါနဲ့ ဖေဖေက တခြားကြောင်လေး တစ်ကောင်
မွေးဖို့ ဝယ်လာပေးတယ်။ မရပါဘူး။ နောက်ဆုံး နေရာတကာ အဖြူရောင်တွေ မြင်နေမှ အိပ်ပျော်စားဝင်
သလို ဖြစ်တော့တာ။”
................
မြင်မြင်ချင်း
ချစ်ခဲ့ရတဲ့ ဖြူ့ကို ကျနော် ချက်ချင်းဆိုသလိုပဲ လက်ထပ်လိုက်တယ်။ ကျနော်တို့ကြားမှာ
စိတ်ဆိုးစိတ်ကောက်ရုံကလွဲပြီး ပြဿနာ ကြီးကြီးမားမားလည်း
မရှိခဲ့ကြဘူးကိုး။ အလုပ်အကိုင်လည်း အတည်တကျ ရှိနေပြီဆိုတော့ နှစ်ဖက်မိဘတွေကလည်း
သဘောတူကြပါတယ်။ တစ်ခုပဲ။ ဖြူ့အဖေက ကျနော့်ကို အပြင်မှာ ခေါ်ပြီး နှစ်ယောက်တည်း စကားပြောဖို့
ချိန်းတယ်။ သူ့သမီးကို ရာသက်ပန် ပေါင်းနိုင်မှာလား၊ မြတ်မြတ်နိုးနိုး ထားမှာလား၊ ဒါတွေပြောမယ်
ထင်ခဲ့ပေမယ့် တကယ်ကျ အဲ့လိုမဟုတ်။
“ငါ့သမီးအကြောင်း
မင်းသေချာမသိသေးဘူး” လို့ သူစပြောတယ်။
“ခြောက်လနဲ့
လက်ထပ်ခဲ့တာ စောတယ်လို့ ကျနော်မထင်ပါဘူး။ ကျနော့် ဖြူ့ကို ချစ်တယ်။ သူ့အချစ်ကို ခံစားရတယ်။
ဒါကပဲ လက်ထပ်ဖို့ လုံလောက်နေပါပြီ” လို့ ကျနော် ပြန်ပြောလိုက်တယ်။
သူခေါင်းခါပါတယ်။
ပြီးတော့ ဂျက်ဒန်နီယယ် ပုလင်းကို ဖောက်ပြီး တစ်ခွက်ငှဲ့တယ်။ ကျနော့်ကို လှမ်းကြည့်တော့
လက်ကာပြလိုက်ပြီး ဟန်နီကန်ဘူးကိုပဲ သောက်နေလိုက်ပါတယ်။
“ငါ့သမီးက
အစွဲအလန်း ကြီးလွန်းတယ်။ မင်းသူ့ဆီက ထူးဆန်းတဲ့ အပြုအမူမျိူး ကြုံရပြီးပြီလား” လို့
ရေခဲတုန်းတွေကို ခွက်ထဲညှပ်ထည့်ရင်း သူပြောတယ်။
“ဘယ်လိုမျိူးလဲ
ဦး။ ကျနော်ပေးတဲ့ နှင်းဆီပန်းကို အဖြူမဟုတ်လို့ လဲခိုင်းတာမျိုး၊ ကျနော့်အင်္ကျီမှာ
မှင်ကွက်နေရင် နီးရာဆိုင်ကနေ အသစ်တစ်ထည် ချက်ချင်းဝယ်ဝတ် ခိုင်းတာမျိုး။ ဒါမျိုးလေးတွေတော့
ရှိပါတယ်။ ဒါပေမယ့် ကျနော့်အတွက် ဘာပြဿနာမှ မရှိပါဘူး ဦး။”
သူ
ခေါင်းတဆတ်ဆတ် ညိတ်ပြန်တယ်။ အရက်ခွက်ကို မော့ချလိုက်ပြီး သက်ပြင်းချတယ်။
“ပျောက်သွားတဲ့
သူ့ကြောင်လေးအကြောင်း မင်းသိလား။”
“ဟုတ်
သိပါတယ်။ အရက်သမားတွေ သတ်စားလိုက်တဲ့ ကြောင်လေးမလား။”
သူခေါင်းယမ်းပြန်တယ်။
ပြီးတော့ ဂျက်ဒန်နီယယ်တွေ ထပ်ငှဲ့ပြီး ရေခဲမပါဘဲ မော့ချပစ်တယ်။ ပြီးတော့ ဘာမှ မပြောတော့ဘဲ
အပြင်ဘက်ကို အတော်ကြာ ငေးနေတယ်။ သူ့သမီးကို သိပ်ချစ်ပုံပဲ။ ကျနော့်လက်ထဲ ထည့်ပေးလိုက်ရမှာကို
သူ အဆင်သင့် ဖြစ်သေးပုံ မရဘူး။
“ဦး
စိတ်ချပါ။ သူ ဒီထက်ပိုဆိုးတဲ့ အပြုအမူတွေ လုပ်လာခဲ့ရင်လည်း ကျနော် လက်ခံနိုင်မှာပါ။
ကျနော့် သူ့ကို သိပ်ချစ်တာပါဗျာ။”
ဖြူ့ဖေဖေကတော့
ဂျက်ဒန်နီယယ်တွေကိုပဲ တစ်ခွက်ပြီး တစ်ခွက် ဆင့်သောက်နေခဲ့ပါတယ်။
………..
ကျနော်က
တောင်တက် ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ လက်လီလက်ကားပေါ့။ တက္ကသိုလ်ကျောင်းသား
ဘ၀ကဆို ကျနော်က တောင်တက်အသင်း ခေါင်းဆောင်လေ။ ကျနော်တို့ မင်္ဂလာဆောင်ပြီး နေမယ့်အိမ်မှာလည်း
ဖြူ သိပ်ကြိုက်တဲ့ အဖြူရောင် အငွေ့အသက်တွေနဲ့ အတူ ကျနော်ဝါသနာပါတဲ့ တောင်တက် အထိမ်းအမှတ်
ပုဆိန် နှစ်လက်နဲ့ တောင်ထိပ်က အမှတ်တရပုံတွေ ကပ်ထားတယ်။ တောင်မတက်ဖြစ်တာတော့ ကြာပါပြီ။
ကျနော်တို့ရဲ့
မင်္ဂလာဦး လတွေက တကယ် ကျေနပ်စရာပါပဲ။ ကျနော် ဆိုင်သွားချိန်တွေဆို ဖြူက အိမ်မှုကိစ္စတွေ
လုပ်ရင်း စာတွေဖတ်နေတတ်တယ်။ အိမ်မှာပဲ အတူတူ ဖက်ရင်း TV ကြည့်ချင်ကြည့်မယ်။ အပြန်အလှန်
နှိပ်ပေးကြမယ်။ နှိပ်နေရင်း ကျနော့်ခေါင်းက ဆံပင်ဖြူတွေကို ဖြူက နှုတ်ပေးတတ်သေးတယ်။
တစ်ခါတလေလည်း ကျနော်တို့ ခရီးတွေထွက်ဖြစ်တယ်။ တောင်တက်ဖို့ ခေါ်ပေမယ့် ဖြူငြင်းလို့
မသွားဖြစ်ကြဘူး။ စိတ်ညစ်စရာ ရန်ဖြစ်စရာ မရှိကြတဲ့ ပျားရည်ဆမ်း ကာလများပေါ့။
စကားများမယ့်
များတော့ ဘာမဟုတ်တဲ့ ပြဿနာနဲ့ စတယ်။ အဲ့ဒီညက ဆိုင်လချုပ်တွေနဲ့ ကျနော် အလုပ်များနေတာ။
ဖြူက အပြန်အလှန် နှိပ်ပေးဖို့ ကျနော့်ကို ခေါ်တယ်။ ကျနော် မအားဘူးပြောတော့ ကျနော့်နားရောက်လာတယ်။
ကျနော့်ပုခုံးကို နှိပ်ရင်း ဆံပင်ဖြူတွေကို နှုတ်ဖို့ ကြိုးစားတယ်။ ကျနော် အလုပ်ကို
အာရုံစိုက်လို့ မရတော့ဘူး။ ဒီညတော့ မလုပ်ပါနဲ့ကွာ ဆိုတာကို သူစိတ်ဆိုးသွားတယ်။ ကျနော်လည်း
အလုပ်ပြီးအောင် ဆက်လုပ်နေလိုက်ပြီး ချော့မယ်လုပ်တော့ ဖြူက အိပ်ပျော်နေပြီ။
မနက်ရောက်တော့
ကျနော့်အတွက် လုပ်ပေးနေကျ မနက်စာကို သူလုပ်မပေးတော့ဘူး။ နိုးနေပေမယ့် အိပ်ရာပေါ်မှာ
လှဲနေတဲ့ သူ့ဘေးနား သွားပြီး ပြုံးပြရင်း ကျနော်ချော့လိုက်တယ်။
“ဖြူရယ်
… ညက ကို တကယ်အလုပ်များနေလို့ပါကွာ။ အလုပ်ပြီးတော့ ဖြူက အိပ်သွားရော။ စိတ်မဆိုးနဲ့တော့နော်”
ဖြူက
ကျနော့်ကို လှည့်မကြည့်ပါဘူး။ ကျနော့်သူ့ဘေးထိုင်ချပြီး သူ့ပုခုံးကို ကိုင်လိုက်မှ
ဆတ်ခနဲ ထထိုင်တယ်။ ပြီးတော့ ကျနော့်ခေါင်းကို လှမ်းကိုင်ပြီး ဆံပင်ဖြူတစ်ချောင်းကို
ဆွဲနှုတ်တယ်။
“ကျေနပ်ပြီ
အလုပ်သွားတော့” တဲ့။ တော်သေး။ စိတ်ဆိုးပြေသွားလို့။ သူ့နဖူးကို ဖွဖွနမ်းပြီး ကျနော်ထွက်လာခဲ့
လိုက်တယ်။ ဒါပေမယ့် သူစိတ်ဆိုး တကယ်မပြေခဲ့ပါဘူး။
………
ဒီ
ဆံပင်ဖြူ ပြဿနာက တော်တော်ဆိုးလာတယ်။ နေ့တိုင်း တစ်ချောင်းတစ်လေမှ မနှုတ်ရရင် သူစိတ်ကောက်ရော။
ဘာအလုပ်မှ မလုပ်တော့ဘူး။ ကျနော့်ကို စကားမပြောတော့ဘူး။ တစ်ရက် နှစ်ရက်ကနေ တစ်ပါတ် နှစ်ပါတ်
ဖြစ်လာတော့ ကျနော် ဒါကို ဖြေရှင်းမှ ရတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
“ဖြူ
… ကို ခုတလော ခေါင်းကိုက်လို့ ဆေးခန်းသွားပြတော့ ဆရာဝန်က မေးတာနဲ့ ဆံပင်ဖြူ နှုတ်တဲ့
ကိစ္စ ပြောလိုက်တယ်။ သူက ဆက်မနှုတ်ဖို့ တားတယ်ကွာ။ ဦးရေပြားထိတယ်တဲ့”
ဖြူ့မျက်နှာ
ချက်ချင်း ပျက်သွားပြီး “ဆရာဝန်က ဘာမို့လို့ သူ့စကား နားထောင်ရမှာလဲ” လို့ ပြောတယ်။
“သူက
ဆရာဝန်လေ။ ကျန်းမာရေးကိစ္စမှာ သူ့စကားကို ကိုတို့ နားထောင်ရမှာပေ့ါ” လို့ ကျနော် ချိုချိုသာသာပဲ
ပြန်ပြောလိုက်တယ်။
“နားမထောင်ရဘူး။
ဘယ်သူ့စကားမှ နားထောင်စရာ မလိုဘူး” လို့ သူ ရုတ်တရက် ထအော်တယ်။ သူဒီလိုဒေါသ ထွက်တာမျိုး
ကျနော် တစ်ခါမှ မတွေ့ဖူးဘူး။ ပြီးတော့ သူ ခေါင်းအုံးတွေကို လွှင့်ပစ်တယ်။ အိပ်ရာခင်းကို
ဆွဲခွါတယ်။ သူ့လက်မောင်းကို လက်သည်းတွေနဲ့ ကုပ်ခြစ်တယ်။ သွေးတွေတောင် ထွက်လာတယ်။ ကျနော်
ကြောင်ကြည့်နေမိရာက သူ့ကို နောက်ကနေ သိုင်းဖက်ပြီး ချုပ်ထားလိုက်ရင်း ‘စိတ်လျှော့
… ဖြူ … စိတ်လျှော့’ လို့ တဖွဖွ ရွတ်နေမိတယ်။ သူငြိမ်သွားလို့ ကျနော်လွှတ်ပေးလိုက်တော့
သူ ပြိုလဲကျသွားပြီး အိပ်ပျော်သွားတယ်။
ကျနော်
အခန်းထဲကနေ ခပ်ဖွဖွ ထွက်လာခဲ့ပြီး ဖြူ့ဖေဖေဆီ ဖုန်းခေါ်လိုက်တယ်။
“ဦး
… ဒီည ဖြူ ဒေါသထွက်တာကို ကျနော် တွေ့လိုက်ရတယ်။ ဦး ပြောမယ်လုပ်ပြီး မပြောဖြစ်ခဲ့တဲ့
ကိစ္စ တစ်ခုခု ရှိရင် ကျနော့်ကို ပြောပါ”
ဖြူ့ဖေဖေက
ငြိမ်နေတယ်။ ပြီးတော့ သက်ပြင်းတစ်ခုကို ချပြီး ပြောတယ်။ “ဒီလိုကွာ။ သူ့ကြောင်လေးကို
အရက်သမားတွေ သတ်လိုက်တာ မဟုတ်ဘူး။ သူကိုယ်တိုင် သတ်လိုက်တာပဲ။ ဘာကြောင့်လဲ ဘာဖြစ်လို့လဲ
ဦးမသိဘူး။ ဒါပေမယ့် သူကြောင်ကို သတ်လိုက်တာတော့ တကယ်။ ဒီနောက်ပိုင်းတော့ သူ ကြီးကြီးမားမား
ပြဿနာ ဘာမှ မရှာတော့ပါဘူး။ အဖြူရောင်တွေကို စွဲလန်းတာက လွဲရင် ကျန်တာ ပုံမှန်ပဲ”
ဦးစကားတွေ
ကြားပြီး ကျနော်မှင်သက်မိနေတယ်။ ကြောင်လေးကို ဖြူသတ်လိုက်တာတဲ့။
“တကယ်ကြီးလား
ဦးရယ်။ အဲ့ကြောင်လေးကို သူ တကယ်ပဲ သတ်လိုက်တာလား”
“ဟုတ်တယ်။
အဲ့တာ အမှန်ပဲ။ သူ့ကိုယ်သူတော့ ကြောင်လေးကို အရက်သမားတွေ သတ်လိုက်တယ်လို့ပဲ လက်ခံထားတာ။”
ကျနော်
ဖုန်းချလိုက်ပြီး အခန်းထဲပြန်ဝင်ရင်း အိပ်ပျော်နေတဲ့ ဖြူ့ကို သွားကြည့်မိတယ်။ ဒါပေမယ့်
ဖြူရှိမနေဘူး။ ဧည့်ခန်းထဲမှာ၊ ရေချိုးခန်းထဲမှာ၊ အိမ်ရှေ့မှာ၊ ဖြူ့ကို ကျနော် ရှာမတွေ့ဘူး။
ဧည့်ခန်းထဲကို တစ်ခေါက်ထပ်ကြည့်တော့ ကျနော်အလှချိတ်ထားတဲ့ ပုဆိန်ကြီးပါ ပျောက်နေတယ်။
ဖြူ ဘယ်ရောက်နေလဲ။ အိမ်ရှေ့မှာ ရုတ်တရက် လူရိပ်လိုလို တွေ့လိုက်လို့ ကျနော် ပြေးထွက်လိုက်တယ်။
ဒါ ကျနော့်အမှားပဲ။
ခုတော့
ကျနော့်မျက်လုံးတွေ တစ်ပါတ်ပြီး တစ်ပါတ် လည်ထွက်သွားတယ်။ ကျနော့်ခန္ဓာကိုယ်ကြီး ပြိုလဲကျသွားတာကို
အဝေးကနေ ကျနော်မြင်နေရတယ်။ အိုး … ကျနော့်ခန္ဓာကိုယ်မှာ ခေါင်းမပါဘူးပဲ။ ဖြူ့ခြေထောက်
ဖြူဖြူတွေ လှမ်းလာတာကို ကျနော်မြင်နေရတယ်။ ကျနော့်လက်တွေ ခြေတွေကို လှုပ်ကြည့်ပေမယ့်
ဟိုးအဝေးက ခန္ဓာကိုယ်မှာ သူတို့ဟာ မလှုပ်မယှက် ငြိမ်သက်နေကြ။ ဖြူ့လက်တွေ ကျနော့်မျက်လုံးရဲ့
အပေါ်ပိုင်းကို ဆွဲမလိုက်တာ ခံစားရတယ်။ ပြီးတော့ ကျနော့်ခေါင်းက ဆံပင်ဖြူတွေကို သူဆွဲနှုတ်နေပါတော့တယ်။
ကျနော့်မျက်လုံးတွေ ပြူးနေတာကို သူစောက်ဂရုတောင် မစိုက်။
……….
ကလောင်အမည်
- Global.
အျဖဴေရာင္ ခ်စ္ဇနီး
လူတစ္ေယာက္ကို ျမင္ျမင္ခ်င္းခ်စ္မိဖို႔ အခ်က္ (၃) ခ်က္လိုတယ္။ နံပါတ္ (၁) သူ႔ပုံစံက ကိုယ့္ကို ရင္ခုန္ေစရမယ္။ (၂) ကိုယ့္ႏွလုံးသားက ႏူးညံ့ေပ်ာ့ေပ်ာင္းေနခ်ိန္၊ တနည္းအားျဖင့္ အခ်စ္နဲ႔ထိေတြ႕ဖို႔ အဆင္သင့္ျဖစ္ေနခ်ိန္ ျဖစ္ရမယ္။ (၃) ကိုယ့္မွာ အခ်ိန္ပိုေတြ ရွိေနရမယ္ဗ်ာ။ ဘယ္စာအုပ္ထဲကမွ မဟုတ္ဘူး။ က်ေနာ့္ကိုယ္ေတြ႕။
အဲ့ဒီမနက္က ၿမိဳ႕ထဲကို က်ေနာ္ ကားေမာင္းလာခဲ့တယ္။ မီးပြိဳင့္မိေနလို႔ ေဘးက ေကာ္ဖီဆိုင္ကို ဘာရယ္မဟုတ္ ေငးၾကည့္မိတယ္။ အျဖဴေရာင္ဝတ္စုံနဲ႔ ေကာင္မေလးကို ေတြ႕တယ္။ မီးပြိဳင့္စိမ္းသြားၿပီး ေနာက္ကားေတြ ဟြန္းတီးၾကတဲ့ထိ က်ေနာ့္ သူ႔ကို ၾကည့္ေနမိတယ္။ ေကြ႕လာၿပီး ျပန္လာရွာေပမယ့္ သူမရွိေတာ့။ ဘာပဲျဖစ္ျဖစ္ေလ ျမင္ျမင္ခ်င္းခ်စ္မိဖို႔ လိုေနတဲ့ နံပါတ္ (၁) အခ်က္ကို အဲ့ဒီမနက္က က်ေနာ္ ရခဲ့ပါတယ္။
.........
ရန္ကုန္ၿမိဳ႕လူဦးေရက ၆သန္းေက်ာ္မယ္။ လူစိမ္းတစ္ေယာက္ကို ဒုတိယအႀကိမ္ျပန္ေတြ႕ဖို႔ ျဖစ္တန္ေခ် ဘယ္ေလာက္ရွိမလဲ။ ဒါေပမယ့္ဗ်ာ။ ခင္ဗ်ားအေမက ေဒၚျမဆိုပါစို႔။ ေဒၚျမရဲ့ သားမျဖစ္ခင္က သခၤ်ာနည္းအရ ခင္ဗ်ားဟာ ေဒၚျမရဲ့သား ျဖစ္တန္ေခ် အရမ္းနည္းတယ္။ ခုေတာ့ ခင္ဗ်ား ေဒၚျမရဲ့ သားျဖစ္ေနၿပီ။ ဒီလိုပါပဲ။ ျဖစ္ေနၾကတာေတြဟာ ျဖစ္တန္ေခ် အနည္းငယ္ထဲကေန ျဖစ္လာၾကတာေတြခ်ည္းပဲ။
ခုလည္း အငယ္မကို ေဆးေက်ာင္းလိုက္ပို႔ရင္း အျဖဴေရာင္ ေကာင္မေလးကို ထပ္ေတြ႕လိုက္ရတယ္။ ေရစက္ေတြ မီးစက္ေတြ အသာထား။ က်ေနာ္ေတာ့ ေပ်ာ္သြားတယ္။ ေက်ာင္းကန္တင္းမွာ သူထိုင္ေနတာ။
"တစ္ခုေလာက္ ေျပာလို႔ ရမလား … ညီမ"
"ရွင္"
"က်ေနာ္ ဒါန ျပဳခ်င္လို႔"
"ဘယ္လို၊ နားမလည္ဘူးရွင့္"
"ဪ ... ဒီလိုပါ။ က်ေနာ့္ကို ကံတက္ေအာင္ ယၾတာေခ်ဖို႔ ေဗဒင္ဆရာက ေျပာထားတာ။ ဒီမနက္ ပထမဆုံး ေတြ႕တဲ့ အျဖဴေရာင္ ဝမ္းဆက္နဲ႔ ခပ္ေခ်ာေခ်ာ ေကာင္မေလး တေယာက္ကို အာဟာရဒါန ျပဳေပးရမယ္ဆိုလို႔။ အဲ့ဒါ ညီမ ကူညီလက္ခံေပးလို႔ ရနိုင္မလား။"
ဘာေျပာလို႔ ေျပာမိမွန္း မသိ။ ေၾကာင္ေတာင္ေတာင္ ဆိုေပမယ့္ pick up line ေတြ က်ေနာ္မွ မကၽြမ္းတာ။ သူကေတာ့ က်ေနာ့္ကို ၾကည့္ၿပီး အစက ခပ္တည္တည္၊ ေနာက္ေတာ့ ဘာမွမေျပာဘဲ ခပ္ယဲ့ယဲ့ ျပဳံးတယ္။
"က်ေနာ္ထိုင္မယ္ေနာ္"
"ဟုတ္"
အေျခေနေကာင္းတဲ့ သေဘာပဲ။
"က်ေနာ့္နာမည္ သက္ေနာင္ ပါ"
"က်မနာမည္ ျဖဴသဲ ပါ"
လာေၾကာင္ေနတဲ့ ငနဲ တစ္ေကာင္ ဆိုတာ သူရိပ္ေတာ့ရိပ္မိမွာ။ က်ေနာ္ဘာဆက္ေျပာရမလဲ စဥ္းစားမရေသး။ သူဖတ္ေနတဲ့ စာအုပ္ေလးကို သတိထား ၾကည့္မိတယ္။ ‘COLORFUL BUTTERFLY’ တဲ့။ စကား လမ္းေၾကာင္း ေပၚလာၿပီ။
"ညီမ က လိပ္ျပာေလးေတြ သေဘာက်တာလား"
"ညီမက အေရာင္ေတြ ကို သေဘာက်တာပါ"
"ဪ … ဘယ္အေရာင္ကို အႀကိဳက္ဆုံးလဲ"
"အျဖဴေရာင္"
"ဘာျဖစ္လို႔"
"အျဖဴဆိုတာ အစြန္းအထင္းမရွိေသးတဲ့ မူလအေရာင္ေလ။ မႀကိဳက္ေတာ့တဲ့အခါ ကိုယ္ဆိုးခ်င္တဲ့ အေရာင္ စိတ္ႀကိဳက္ျခယ္လို႔လည္း ရေသးတယ္။ ဒါေပမယ့္ အျဖဴနဲ႔ အမဲ ေရာေနတာေတာ့ မႀကိဳက္ဘူး။"
အေရာင္အေၾကာင္းမို႔ ထင္ပါရဲ့။ သူ႔ႏႈတ္က သြက္လက္ေနတယ္။ က်ေနာ္ေတာ့ အေရာင္ေတြကို စိတ္မဝင္စားပါဘူး။ သူေျပာေနတာေလးကိုပဲ ေငးေနမိပါတယ္။
………
ျဖဴသဲနဲ႔ က်ေနာ္ ခ်စ္သူျဖစ္ၾကေတာ့ သူ႔ကို ‘သဲ’ လို႔ က်ေနာ္ ေခၚတယ္။ မၾကာပါဘူး။ ‘သဲ’ ဆိုတာ အမ်ားဆိုင္ နာမ္စားမို႔ ‘ျဖဴ’ လို႔ ေခၚေပးပါဆိုလို႔ ‘ျဖဴ’ လိုက္ရျပန္တယ္။ က်ေနာ့္ကိုေတာ့ ‘ကို’ လို႔ပဲ သူေခၚတယ္။ ျဖဴ က နာမည္နဲ႔ လိုက္တယ္။ အျဖဴေရာင္ေတြ သိပ္ႀကိဳက္တယ္။ အျဖဴေရာင္ ေဆးခ်က္ေတြနဲ႔ ပန္းခ်ီကား တစ္ခုကို သူ႔အခန္းမွာ ကပ္ထားေသးတယ္။
“အျဖဴေရာင္ေတြ မ်ားလွပါလား ျဖဴရယ္” လို႔ က်ေနာ္ တစ္ခါ ေျပာဖူးတယ္။
“ငယ္ငယ္က ျဖဴတို႔အိမ္မွာ အျဖဴေရာင္ ေၾကာင္ေလးတစ္ေကာင္ ရွိတယ္။ သူ႔ကို ျဖဴသိပ္ခ်စ္တာ။ သူနဲ႔ျဖဴ တူတူေဆာ့ၾကတယ္။ ျဖဴဘယ္သြားသြား သူ ေနာက္ကလိုက္တယ္။ ျဖဴေရခ်ိဳးရင္ေတာင္ သူက ေရခ်ိဳးခန္း၀မွာ ေစာင့္ေနတာမ်ိဴး။ ဒါေပမယ့္ တေန႔က် သူေပ်ာက္သြားတယ္။ ျဖဴအိပ္လို႔မရခဲ့ဘူး။ ေဖေဖတို႔လည္း ရွာေပးၾကေပမယ့္ သူ႔ကို လုံးဝမေတြ႕ရေတာ့ဘူး။ ေျပာၾကတာေတာ့ သူ႔ကို အရက္သမားေတြက သတ္စားလိုက္ၾက တာတဲ့။”
က်ေနာ္ ျဖဴ႕ပုခုံးကို ညင္ညင္သာသာ လွမ္းဖက္လိုက္တယ္။ ျဖဴ ငိုမယ္ထင္ေပမယ့္ မငိုပါဘူး။
“ေၾကာင္ေလးကို သတိရလို႔ ျဖဴ အိပ္မရခဲ့ဘူး။ ထမင္းလည္း စားမဝင္ဘူး။ ဒါနဲ႔ ေဖေဖက တျခားေၾကာင္ေလး တစ္ေကာင္ ေမြးဖို႔ ဝယ္လာေပးတယ္။ မရပါဘူး။ ေနာက္ဆုံး ေနရာတကာ အျဖဴေရာင္ေတြ ျမင္ေနမွ အိပ္ေပ်ာ္စားဝင္ သလို ျဖစ္ေတာ့တာ။”
................
ျမင္ျမင္ခ်င္း ခ်စ္ခဲ့ရတဲ့ ျဖဴ႕ကို က်ေနာ္ ခ်က္ခ်င္းဆိုသလိုပဲ လက္ထပ္လိုက္တယ္။ က်ေနာ္တို႔ၾကားမွာ စိတ္ဆိုးစိတ္ေကာက္႐ုံကလြဲၿပီး ျပႆနာ ႀကီးႀကီးမားမားလည္း မရွိခဲ့ၾကဘူးကိုး။ အလုပ္အကိုင္လည္း အတည္တက် ရွိေနၿပီဆိုေတာ့ ႏွစ္ဖက္မိဘေတြကလည္း သေဘာတူၾကပါတယ္။ တစ္ခုပဲ။ ျဖဴ႕အေဖက က်ေနာ့္ကို အျပင္မွာ ေခၚၿပီး ႏွစ္ေယာက္တည္း စကားေျပာဖို႔ ခ်ိန္းတယ္။ သူ႔သမီးကို ရာသက္ပန္ ေပါင္းနိုင္မွာလား၊ ျမတ္ျမတ္နိုးနိုး ထားမွာလား၊ ဒါေတြေျပာမယ္ ထင္ခဲ့ေပမယ့္ တကယ္က် အဲ့လိုမဟုတ္။
“ငါ့သမီးအေၾကာင္း မင္းေသခ်ာမသိေသးဘူး” လို႔ သူစေျပာတယ္။
“ေျခာက္လနဲ႔ လက္ထပ္ခဲ့တာ ေစာတယ္လို႔ က်ေနာ္မထင္ပါဘူး။ က်ေနာ့္ ျဖဴ႕ကို ခ်စ္တယ္။ သူ႔အခ်စ္ကို ခံစားရတယ္။ ဒါကပဲ လက္ထပ္ဖို႔ လုံေလာက္ေနပါၿပီ” လို႔ က်ေနာ္ ျပန္ေျပာလိုက္တယ္။
သူေခါင္းခါပါတယ္။ ၿပီးေတာ့ ဂ်က္ဒန္နီယယ္ ပုလင္းကို ေဖာက္ၿပီး တစ္ခြက္ငွဲ႕တယ္။ က်ေနာ့္ကို လွမ္းၾကည့္ေတာ့ လက္ကာျပလိုက္ၿပီး ဟန္နီကန္ဘူးကိုပဲ ေသာက္ေနလိုက္ပါတယ္။
“ငါ့သမီးက အစြဲအလန္း ႀကီးလြန္းတယ္။ မင္းသူ႔ဆီက ထူးဆန္းတဲ့ အျပဳအမူမ်ိဴး ၾကဳံရၿပီးၿပီလား” လို႔ ေရခဲတုန္းေတြကို ခြက္ထဲညႇပ္ထည့္ရင္း သူေျပာတယ္။
“ဘယ္လိုမ်ိဴးလဲ ဦး။ က်ေနာ္ေပးတဲ့ ႏွင္းဆီပန္းကို အျဖဴမဟုတ္လို႔ လဲခိုင္းတာမ်ိဳး၊ က်ေနာ့္အကၤ်ီမွာ မွင္ကြက္ေနရင္ နီးရာဆိုင္ကေန အသစ္တစ္ထည္ ခ်က္ခ်င္းဝယ္ဝတ္ ခိုင္းတာမ်ိဳး။ ဒါမ်ိဳးေလးေတြေတာ့ ရွိပါတယ္။ ဒါေပမယ့္ က်ေနာ့္အတြက္ ဘာျပႆနာမွ မရွိပါဘူး ဦး။”
သူ ေခါင္းတဆတ္ဆတ္ ညိတ္ျပန္တယ္။ အရက္ခြက္ကို ေမာ့ခ်လိုက္ၿပီး သက္ျပင္းခ်တယ္။
“ေပ်ာက္သြားတဲ့ သူ႔ေၾကာင္ေလးအေၾကာင္း မင္းသိလား။”
“ဟုတ္ သိပါတယ္။ အရက္သမားေတြ သတ္စားလိုက္တဲ့ ေၾကာင္ေလးမလား။”
သူေခါင္းယမ္းျပန္တယ္။ ၿပီးေတာ့ ဂ်က္ဒန္နီယယ္ေတြ ထပ္ငွဲ႕ၿပီး ေရခဲမပါဘဲ ေမာ့ခ်ပစ္တယ္။ ၿပီးေတာ့ ဘာမွ မေျပာေတာ့ဘဲ အျပင္ဘက္ကို အေတာ္ၾကာ ေငးေနတယ္။ သူ႔သမီးကို သိပ္ခ်စ္ပုံပဲ။ က်ေနာ့္လက္ထဲ ထည့္ေပးလိုက္ရမွာကို သူ အဆင္သင့္ ျဖစ္ေသးပုံ မရဘူး။
“ဦး စိတ္ခ်ပါ။ သူ ဒီထက္ပိုဆိုးတဲ့ အျပဳအမူေတြ လုပ္လာခဲ့ရင္လည္း က်ေနာ္ လက္ခံနိုင္မွာပါ။ က်ေနာ့္ သူ႔ကို သိပ္ခ်စ္တာပါဗ်ာ။”
ျဖဴ႕ေဖေဖကေတာ့ ဂ်က္ဒန္နီယယ္ေတြကိုပဲ တစ္ခြက္ၿပီး တစ္ခြက္ ဆင့္ေသာက္ေနခဲ့ပါတယ္။
………..
က်ေနာ္က ေတာင္တက္ ပစၥည္းေတြ ေရာင္းတဲ့ဆိုင္တစ္ဆိုင္ ဖြင့္ထားတယ္။ လက္လီလက္ကားေပါ့။ တကၠသိုလ္ေက်ာင္းသား ဘ၀ကဆို က်ေနာ္က ေတာင္တက္အသင္း ေခါင္းေဆာင္ေလ။ က်ေနာ္တို႔ မဂၤလာေဆာင္ၿပီး ေနမယ့္အိမ္မွာလည္း ျဖဴ သိပ္ႀကိဳက္တဲ့ အျဖဴေရာင္ အေငြ႕အသက္ေတြနဲ႔ အတူ က်ေနာ္ဝါသနာပါတဲ့ ေတာင္တက္ အထိမ္းအမွတ္ ပုဆိန္ ႏွစ္လက္နဲ႔ ေတာင္ထိပ္က အမွတ္တရပုံေတြ ကပ္ထားတယ္။ ေတာင္မတက္ျဖစ္တာေတာ့ ၾကာပါၿပီ။
က်ေနာ္တို႔ရဲ့ မဂၤလာဦး လေတြက တကယ္ ေက်နပ္စရာပါပဲ။ က်ေနာ္ ဆိုင္သြားခ်ိန္ေတြဆို ျဖဴက အိမ္မႈကိစၥေတြ လုပ္ရင္း စာေတြဖတ္ေနတတ္တယ္။ အိမ္မွာပဲ အတူတူ ဖက္ရင္း TV ၾကည့္ခ်င္ၾကည့္မယ္။ အျပန္အလွန္ ႏွိပ္ေပးၾကမယ္။ ႏွိပ္ေနရင္း က်ေနာ့္ေခါင္းက ဆံပင္ျဖဴေတြကို ျဖဴက ႏႈတ္ေပးတတ္ေသးတယ္။ တစ္ခါတေလလည္း က်ေနာ္တို႔ ခရီးေတြထြက္ျဖစ္တယ္။ ေတာင္တက္ဖို႔ ေခၚေပမယ့္ ျဖဴျငင္းလို႔ မသြားျဖစ္ၾကဘူး။ စိတ္ညစ္စရာ ရန္ျဖစ္စရာ မရွိၾကတဲ့ ပ်ားရည္ဆမ္း ကာလမ်ားေပါ့။
စကားမ်ားမယ့္ မ်ားေတာ့ ဘာမဟုတ္တဲ့ ျပႆနာနဲ႔ စတယ္။ အဲ့ဒီညက ဆိုင္လခ်ဳပ္ေတြနဲ႔ က်ေနာ္ အလုပ္မ်ားေနတာ။ ျဖဴက အျပန္အလွန္ ႏွိပ္ေပးဖို႔ က်ေနာ့္ကို ေခၚတယ္။ က်ေနာ္ မအားဘူးေျပာေတာ့ က်ေနာ့္နားေရာက္လာတယ္။ က်ေနာ့္ပုခုံးကို ႏွိပ္ရင္း ဆံပင္ျဖဴေတြကို ႏႈတ္ဖို႔ ႀကိဳးစားတယ္။ က်ေနာ္ အလုပ္ကို အာ႐ုံစိုက္လို႔ မရေတာ့ဘူး။ ဒီညေတာ့ မလုပ္ပါနဲ႔ကြာ ဆိုတာကို သူစိတ္ဆိုးသြားတယ္။ က်ေနာ္လည္း အလုပ္ၿပီးေအာင္ ဆက္လုပ္ေနလိုက္ၿပီး ေခ်ာ့မယ္လုပ္ေတာ့ ျဖဴက အိပ္ေပ်ာ္ေနၿပီ။
မနက္ေရာက္ေတာ့ က်ေနာ့္အတြက္ လုပ္ေပးေနက် မနက္စာကို သူလုပ္မေပးေတာ့ဘူး။ နိုးေနေပမယ့္ အိပ္ရာေပၚမွာ လွဲေနတဲ့ သူ႔ေဘးနား သြားၿပီး ျပဳံးျပရင္း က်ေနာ္ေခ်ာ့လိုက္တယ္။
“ျဖဴရယ္ … ညက ကို တကယ္အလုပ္မ်ားေနလို႔ပါကြာ။ အလုပ္ၿပီးေတာ့ ျဖဴက အိပ္သြားေရာ။ စိတ္မဆိုးနဲ႔ေတာ့ေနာ္”
ျဖဴက က်ေနာ့္ကို လွည့္မၾကည့္ပါဘူး။ က်ေနာ့္သူ႔ေဘးထိုင္ခ်ၿပီး သူ႔ပုခုံးကို ကိုင္လိုက္မွ ဆတ္ခနဲ ထထိုင္တယ္။ ၿပီးေတာ့ က်ေနာ့္ေခါင္းကို လွမ္းကိုင္ၿပီး ဆံပင္ျဖဴတစ္ေခ်ာင္းကို ဆြဲႏႈတ္တယ္။
“ေက်နပ္ၿပီ အလုပ္သြားေတာ့” တဲ့။ ေတာ္ေသး။ စိတ္ဆိုးေျပသြားလို႔။ သူ႔နဖူးကို ဖြဖြနမ္းၿပီး က်ေနာ္ထြက္လာခဲ့ လိုက္တယ္။ ဒါေပမယ့္ သူစိတ္ဆိုး တကယ္မေျပခဲ့ပါဘူး။
………
ဒီ ဆံပင္ျဖဴ ျပႆနာက ေတာ္ေတာ္ဆိုးလာတယ္။ ေန႔တိုင္း တစ္ေခ်ာင္းတစ္ေလမွ မႏႈတ္ရရင္ သူစိတ္ေကာက္ေရာ။ ဘာအလုပ္မွ မလုပ္ေတာ့ဘူး။ က်ေနာ့္ကို စကားမေျပာေတာ့ဘူး။ တစ္ရက္ ႏွစ္ရက္ကေန တစ္ပါတ္ ႏွစ္ပါတ္ ျဖစ္လာေတာ့ က်ေနာ္ ဒါကို ေျဖရွင္းမွ ရေတာ့မယ္လို႔ ဆုံးျဖတ္လိုက္တယ္။
“ျဖဴ … ကို ခုတေလာ ေခါင္းကိုက္လို႔ ေဆးခန္းသြားျပေတာ့ ဆရာဝန္က ေမးတာနဲ႔ ဆံပင္ျဖဴ ႏႈတ္တဲ့ ကိစၥ ေျပာလိုက္တယ္။ သူက ဆက္မႏႈတ္ဖို႔ တားတယ္ကြာ။ ဦးေရျပားထိတယ္တဲ့”
ျဖဴ႕မ်က္ႏွာ ခ်က္ခ်င္း ပ်က္သြားၿပီး “ဆရာဝန္က ဘာမို႔လို႔ သူ႔စကား နားေထာင္ရမွာလဲ” လို႔ ေျပာတယ္။
“သူက ဆရာဝန္ေလ။ က်န္းမာေရးကိစၥမွာ သူ႔စကားကို ကိုတို႔ နားေထာင္ရမွာေပ့ါ” လို႔ က်ေနာ္ ခ်ိဳခ်ိဳသာသာပဲ ျပန္ေျပာလိုက္တယ္။
“နားမေထာင္ရဘူး။ ဘယ္သူ႔စကားမွ နားေထာင္စရာ မလိုဘူး” လို႔ သူ ႐ုတ္တရက္ ထေအာ္တယ္။ သူဒီလိုေဒါသ ထြက္တာမ်ိဳး က်ေနာ္ တစ္ခါမွ မေတြ႕ဖူးဘူး။ ၿပီးေတာ့ သူ ေခါင္းအုံးေတြကို လႊင့္ပစ္တယ္။ အိပ္ရာခင္းကို ဆြဲခြါတယ္။ သူ႔လက္ေမာင္းကို လက္သည္းေတြနဲ႔ ကုပ္ျခစ္တယ္။ ေသြးေတြေတာင္ ထြက္လာတယ္။ က်ေနာ္ ေၾကာင္ၾကည့္ေနမိရာက သူ႔ကို ေနာက္ကေန သိုင္းဖက္ၿပီး ခ်ဳပ္ထားလိုက္ရင္း ‘စိတ္ေလၽွာ့ … ျဖဴ … စိတ္ေလၽွာ့’ လို႔ တဖြဖြ ရြတ္ေနမိတယ္။ သူၿငိမ္သြားလို႔ က်ေနာ္လႊတ္ေပးလိုက္ေတာ့ သူ ၿပိဳလဲက်သြားၿပီး အိပ္ေပ်ာ္သြားတယ္။
က်ေနာ္ အခန္းထဲကေန ခပ္ဖြဖြ ထြက္လာခဲ့ၿပီး ျဖဴ႕ေဖေဖဆီ ဖုန္းေခၚလိုက္တယ္။
“ဦး … ဒီည ျဖဴ ေဒါသထြက္တာကို က်ေနာ္ ေတြ႕လိုက္ရတယ္။ ဦး ေျပာမယ္လုပ္ၿပီး မေျပာျဖစ္ခဲ့တဲ့ ကိစၥ တစ္ခုခု ရွိရင္ က်ေနာ့္ကို ေျပာပါ”
ျဖဴ႕ေဖေဖက ၿငိမ္ေနတယ္။ ၿပီးေတာ့ သက္ျပင္းတစ္ခုကို ခ်ၿပီး ေျပာတယ္။ “ဒီလိုကြာ။ သူ႔ေၾကာင္ေလးကို အရက္သမားေတြ သတ္လိုက္တာ မဟုတ္ဘူး။ သူကိုယ္တိုင္ သတ္လိုက္တာပဲ။ ဘာေၾကာင့္လဲ ဘာျဖစ္လို႔လဲ ဦးမသိဘူး။ ဒါေပမယ့္ သူေၾကာင္ကို သတ္လိုက္တာေတာ့ တကယ္။ ဒီေနာက္ပိုင္းေတာ့ သူ ႀကီးႀကီးမားမား ျပႆနာ ဘာမွ မရွာေတာ့ပါဘူး။ အျဖဴေရာင္ေတြကို စြဲလန္းတာက လြဲရင္ က်န္တာ ပုံမွန္ပဲ”
ဦးစကားေတြ ၾကားၿပီး က်ေနာ္မွင္သက္မိေနတယ္။ ေၾကာင္ေလးကို ျဖဴသတ္လိုက္တာတဲ့။
“တကယ္ႀကီးလား ဦးရယ္။ အဲ့ေၾကာင္ေလးကို သူ တကယ္ပဲ သတ္လိုက္တာလား”
“ဟုတ္တယ္။ အဲ့တာ အမွန္ပဲ။ သူ႔ကိုယ္သူေတာ့ ေၾကာင္ေလးကို အရက္သမားေတြ သတ္လိုက္တယ္လို႔ပဲ လက္ခံထားတာ။”
က်ေနာ္ ဖုန္းခ်လိုက္ၿပီး အခန္းထဲျပန္ဝင္ရင္း အိပ္ေပ်ာ္ေနတဲ့ ျဖဴ႕ကို သြားၾကည့္မိတယ္။ ဒါေပမယ့္ ျဖဴရွိမေနဘူး။ ဧည့္ခန္းထဲမွာ၊ ေရခ်ိဳးခန္းထဲမွာ၊ အိမ္ေရွ႕မွာ၊ ျဖဴ႕ကို က်ေနာ္ ရွာမေတြ႕ဘူး။ ဧည့္ခန္းထဲကို တစ္ေခါက္ထပ္ၾကည့္ေတာ့ က်ေနာ္အလွခ်ိတ္ထားတဲ့ ပုဆိန္ႀကီးပါ ေပ်ာက္ေနတယ္။ ျဖဴ ဘယ္ေရာက္ေနလဲ။ အိမ္ေရွ႕မွာ ႐ုတ္တရက္ လူရိပ္လိုလို ေတြ႕လိုက္လို႔ က်ေနာ္ ေျပးထြက္လိုက္တယ္။ ဒါ က်ေနာ့္အမွားပဲ။
ခုေတာ့ က်ေနာ့္မ်က္လုံးေတြ တစ္ပါတ္ၿပီး တစ္ပါတ္ လည္ထြက္သြားတယ္။ က်ေနာ့္ခႏၶာကိုယ္ႀကီး ၿပိဳလဲက်သြားတာကို အေဝးကေန က်ေနာ္ျမင္ေနရတယ္။ အိုး … က်ေနာ့္ခႏၶာကိုယ္မွာ ေခါင္းမပါဘူးပဲ။ ျဖဴ႕ေျခေထာက္ ျဖဴျဖဴေတြ လွမ္းလာတာကို က်ေနာ္ျမင္ေနရတယ္။ က်ေနာ့္လက္ေတြ ေျခေတြကို လႈပ္ၾကည့္ေပမယ့္ ဟိုးအေဝးက ခႏၶာကိုယ္မွာ သူတို႔ဟာ မလႈပ္မယွက္ ၿငိမ္သက္ေနၾက။ ျဖဴ႕လက္ေတြ က်ေနာ့္မ်က္လုံးရဲ့ အေပၚပိုင္းကို ဆြဲမလိုက္တာ ခံစားရတယ္။ ၿပီးေတာ့ က်ေနာ့္ေခါင္းက ဆံပင္ျဖဴေတြကို သူဆြဲႏႈတ္ေနပါေတာ့တယ္။ က်ေနာ့္မ်က္လုံးေတြ ျပဴးေနတာကို သူေစာက္ဂ႐ုေတာင္ မစိုက္။
……….
ကေလာင္အမည္ - Global.
ကောင်းတယ်ဗျ ♡
ReplyDeleteGood Luck 🍀
Nice👍
ReplyDeleteDone 💪
ReplyDeleteCool! ဒီလို psychoနဲ့horrorရောထားတဲ့ ဇာတ်လမ်းမျိုး အရမ်းကြိုက်! 🖤
ReplyDelete🤍🤍🤍
ReplyDelete😬
ReplyDelete👍👍👍👍
ReplyDeleteအမလေး
ReplyDeleteကျောတောင်ချမ်းလာသလိုပဲဗျ😬😬😬