ပြိဿ ကဆုန်
Unicode
ပြိဿ ကဆုန်
....၁....
" အရီးလေး... နေရီ ရှိလား...."
"ရှိပါ့တော် ရှိပ..မီးဖိုခန်းထဲမှာ... ဝင်သွားချေ..."
အိမ်ရှေ့ အဖီလေးထဲမှာ နှီးချောသပ်ရင်း ထိုင်နေသည့် အမေနှင့် စကားပြောသံကြားသည်မို့ မီးဖိုခန်းထဲကနေ ...
"အညိုလား.... အမေ အညိုရေ... ငါဒီမှာ အထဲဝင်ခဲ့လေ...."
".. ညကျ ကဆုန်ညောင်ရေသွန်းဖို့ ဘုရားသွားရအောင် လာခေါ်တာ နေရီ..."
" ငါ မလိုက်တော့ပါဘူးအညိုရယ်... အမေ့ ဝေယျာဝစ္စက ရှိသေးတယ်ဟ... ပြီးတော့ နှီး ထိုး ဖို့ အဖြူထည်တွေလဲ ကျန်သေးတယ် အညိုရဲ့..."
ပေါင်ကျိုးထားသည့်မို့ အကူအတွဲပါမှ လျှောက်နိုင်သည့်အမေ့အတွက် နဲ့ မပြီးသေးသည့်အလုပ်တွေအတွက် နေရီ ငြင်းလိုက်မိသည်။
" နင်ကလဲဟယ်.. ငါက နင့်ကိုစိတ်ပြေလက်ပျောက်ဖြစ်အော င် လာခေါ်တာပါဆို..... အမေ့ ဝေယျာဝစ္စတွေ ပြီးချိန်လောက်မှ သွားကြမယ်လေဟာနော်...."
" လိုက်သွားပါ သားရယ်... အမေ့ကို မပူပါနဲ့. .. တော်ကြာ အမေ့ကြောင့် ငါ့သားလေး ကုသိုလ်မရဘဲနေပါ့မယ်..."
အိမ်ရှေ့ကနေ နေရီတို့ ပြောသံကို အမေကြားရသည်ထင်သည်။
" အမေဖြစ်ပါ့မလား နေခဲ့လို့..."
"အိုး ဖြစ်ပါသတဲ့ရှင် ကဲ..ကဲ.. သမီးအညိုရေ ညကျရင် အမေ့ သားလေးကိုသာ လာခေါ်ဖြစ်အောင်ခေါ် လိုက်တော့..."
" ဟုတ်အရီးလေး.... အာ့ဆို သမီးပြန်လိုက်ဦးမယ်..."
....၂....
အမေ့ဆီက ခွင့်ပြုချက်ရပြီမို့ နေရီ ဝတ်ဖို့ အဝတ်စားပြင်ရသည်။ မွေးကတည်းက သန့်သန့်စင်စင် နေတတ်သူမို့ နေရီ့ပုံစံက ဆံပင်ဂုတ်ဝဲလေးနှင့် မိန်းကလေးတစ်ယောက်လို ညင်သာကြည်စင်သော ရုပ်ရည်ရှိပါသည်။
အတန်းပညာ တစ်ခုထိ တတ်မြောက်ထားပြီး ရပ်ရွာဓလေ့ရဲ့ လက်မှု ပညာယွန်းထည်လုပ်ငန်းကိုသာ အိုးမကွာ အိမ်မကွာ လုပ်ကိုင်ရသူမို့ နေရီ့အသွင်က မိန်းကလေးတစ်ယောက်နှယ် နုနယ်လှသည်။
မရမ်းနှင့်အဝါရောင် ဖောက်ထားသော ပုဆိုးကွက်စိပ်ကို ရှပ်အဖြူရောင်လေးနှင့်သာ တွဲဝတ်မည်ဟု တွေးလိုက်သည်။
ကိုယ်တိုင် လက်မှု အစစ်ဖြင့်ပြုလုပ်ထားတဲ့ အတာအိုးသဏ္ဍာန် ယွန်း ရေအိုးငယ်လေးနှင့် သပြေခက်အနည်းငယ်ပါလျှင် လုံလောက်ပြည့်စုံပြီဟုတွေးမိသည် ။
ပြင်ဆင် နေသော နေရီ့ ကိုကြည့်ကာ အမေပါပျော်နေမည်ထင်ပါသည်။
".. အမေ ရေချိုးတော့မလား... "
"အေးအေး... ချိုးတာပေါ့... "
ကော်ထိုင်ခုံအရှည်လေးကို ရေကျောက်ကန်နား ချကာ အမေ့ကိုတွဲခေါ်ရင်း ထိုင်စေလိုက်သည်။
" အမေ ဒီနေ့ခေါင်းလျှော်ရအောင်နော်.. . "
ကျန်းမာရေးမကောင်းသည့်တိုင် မညှပ်ဘဲ ထားခဲ့သည့် အဖြူတစ်ဝက်ရောစွက်နေသည့် အမေ့ဆံပင်အုံကို ဖြည်ချကာ ရေလောင်းလိုက်သည်။
အသင့်လျှော်ရန် စပ်ထားသည့် တရော်ကင်ပွန်း ခေါင်းလျှော်ရည် ကို ဖလားထဲ ထည့်ကာ တရော်စည်းကို အဝတ်ပုတ်သည့် အသားတုတ်တံ ဖြင့် ထုရိုက်ပြီး ကင်ပွန်းသီးတွေကို ကြေအောင် ချေကာ ပျစ်ချွဲချွဲရသည့်နှင့် အမေ့ဦးခေါင်းကို လျှော်ပေးလိုက်သည်။
" ငါ့သားလေး ကျန်းမာပါစေ ချမ်းသာပါစေကွယ်...."
"အမေပေးတဲ့ဆုတွေ ပြည့်မှာပါအမေရဲ့..ခုမျက်လုံး ခဏမှိတ်ထားဦး သား ရေလောင်းတော့မယ်နော်...."
နေရီ အပြုံးနှင့်သာပြောရင်း ဆက်လက်လုပ်ကိုင်လိုက်သည်။
ရေချိုးပြီးတော့ ခေါင်းကို ရေပြောင်အောင် သုတ်ပေးပြီး ကရမက်တုံးနှင့် သနပ်ခါးရောသွေးထားသည့် ကျောက်ပြင်ကို ယူကာ အမေ့ကျောပြင်က အစုအစုပေါက်နေသည့် မိတ်ဖု တွေကို လိမ်းကျံ ပေးလိုက်သည်။
အိုမင်းလျော့ရွဲနေသည့် အမေ့ရင်ဘတ် အစုံ ၊ လက်မောင်းတွေ ကိုလူးပေးကာ ဇရာကြောင့် ပျက်ဆီးသွားသည့် အမေ့ရင်သား ပျော့တွဲတွဲ တွေကို တူတူစို့ ခဲ့ကြသည့် မောင်နှမရင်းတွေကို သတိရလိုက်မိသည်။
" သား မင်းအကိုတွေဆီက ဘာသတင်းမှမရဘူးလား..."
"အင်းအမေ... အမေ့သားတွေ အဆင်မပြေရင် အမေ့ဆီရောက်လာမှာပါ အဆင်ပြေနေလို့သာ မလာကြတာနေမှာပါ...."
" အဲ့လိုလဲမပြောရဘူးလေ သားရယ်... အမေကတော့ မိခင်ဆိုတဲ့စိတ်နဲ့ပဲ အကုန်လုံးကို တန်းတူမျှတူ အချစ်တွေပေးခဲ့တာပါပဲ....ဒါပေမဲ့ အမေပြန်ရတာက ဟောဒီ့အမေ့သားငယ်လေး ဆီကနေပဲ ဆိုတော့ အမေ ရင်နာရပါတယ်သားရယ်...."
" အမေကလဲ.... အဲ့ဒါတွေ တွေးမနေပါနဲ့တော့နော်.... အမေ့သားတွေက လာချင်ရင်တောင် အမေ့ချွေးမတွေက လိုက်လာချင်ပါ့မလား..."
" အင်း.... မိသားစုကြားမှာ သူစိမ်းဖက် လာတဲ့အခါ တော့မိသားစုကပဲ နားလည်ပေးရမှာပါပဲ သားရယ်..."
" ထားပါတော့အမေရယ် သား ထမင်းခူးလိုက်ရတော့မလား... "
" သားရေချိုးရင် ချိုးလေ ပြီးမှတူတူစားကြတာပေါ့...."
မိခင်တစ်ယောက်အနေနဲ့ အသက်ကြီးမှ ချော်လဲရင်း ပေါင်ကျိုးရသည်မို့ မိမိကိုယ်ကို ဝဋ်နာ ကံနာဟုသာ တွေးရင်း ဖြေရသည်။
သားသုံးယောက်ထဲက အငယ်ဆုံးကလေးတစ်ယောက်သာ မိမိအနားမှာ ရှိနေသည်ကို မြင်ရတော့လဲ သားသမီးကံဇာတာ၊ အိုဇာတာ မကောင်းပြန်ပါလားဟူသည့် သတိကပါ ကပ်မိသည်။
အမေကရှိလျှင် ပေးရပေမဲ့ အမေကလိုရင် ငြူစူတတ်သည့် သားသမီးတွေကို မိခင်ဆိုသည့်စိတ်က အပြစ်မမြင်ရက်နိုင်ခဲ့ပါ ။ ခေတ်ရေစီးကြောင်း အသုံးစရိတ်အရက အဆင်ပြေသည်က ရှားသည်ဟုသာ ဖြည့်တွေးရသည်။
မနက်ဆို ရွာထဲက ယွန်းထည်ဆိုင်မှာ ယွန်းလုပ်ငန်း ( အဖြူထည်၊ သစ်ဆေးကိုင်၊ ကညစ်ထိုး၊ ယွန်းဆင်)အလုပ်တွေကို လုပ်ရင်း နေ့လည်ရေချိုး ထမင်းစားချိန်ဆို ပြန်လာကာ မအေကို ပြုစုလုပ်ကိုင်ပေးသည့် သားငယ်လေးကိုသာ သနားပိုမိသည်။
"အမေ ထမင်းစားလို့ရပြီ.... နေ့လည်ကျ သား အလုပ်ကိုသွားပြီး ပိုက်ဆံထုတ်ခဲ့ဦးမယ်နော်...."
"အေး အေး သား"
...၃...
" နေရီရေ.... အရီးလေး ချော်လဲလို့တဲ့.... "
အလုပ်ရှင် ယွန်းထည်ဆိုင်မှာ ပိုက်ဆံထုတ်ရန် စောင့်နေရင်း ကြားရသည့်စကားကြောင့် နေရီ ခေါင်းတွေ ကြီးသွားသည်။
"... ဟောတော်.. တို့အမေက ဘာတွေထလုပ်လို့ ချော်လဲရပြန်တာလဲ... အညိုရေ.. ငါပြန်နှင့်မယ် ငါ့ပိုက်ဆံလေး ထုတ်ယူခဲ့ဦးနော်...."
နေရီ ပြောရင်းမှာရင်း အိမ်ကို ပြန်ရန် ထလိုက်သည်။
" နေရီ ငါ့စက်ဘီးယူသွားလေ... ငါနောက်ကလိုက်ခဲ့မယ်...."
အညိုပြောသည်ကို ခေါင်းငြိမ့်ပြကာ ဟီးရိုး စက်ဘီးကြီးကို ဂျောင်းဂျိုင်း မြည်အောင်စီးရင်း အိမ်ကို ပြန်လာခဲ့သည်။
အိမ် ရောက်တော့ ဘေးဝိုင်းက ဒေါ်လေးမြတို့ ဒေါ်လေးချစ်တို့ပါ တွေ့ရသည်။
" အမေရယ်.... ဘယ်လိုဖြစ်ရတာလဲ... ဘယ်နားနာသွားသေးလဲ.... အလိုလိုမှ မသန်ပါဘူးဆို အမေရယ်... ဘာထ လုပ်ရတာလဲ...."
ပူပန်ဇော နဲ့ နေရီ အပြစ်တင်စကားတွေသာ ဆိုလိုက်မိသည်။
" အမေ အပေါ့အပါး ထသွားတာပါ သားရယ်... လက်ကိုင်တဲ့ တုတ်က ကျောက်ဖြာကို ချော်ပြီး လဲကျသွားတာနဲ့ မိချစ်တို့ မိမြတို့ကို အော်ရတော့တာပဲ...."
ကုတင်ခြေရင်းက ရေညှိနှင့် အခင်းငယ် ( ကျင်ငယ်ရည်) တွေစိုနေသာ့် ထမီကို မြင်လိုက်မှ အမေ့ကို သနားမိကာ နေရီ ဖက်လိုက်သည်။
" အမေရယ်... မသေကောင်းမပျောက်ကောင်း ကံကြီးပေလို့ပေါ့... သားမှယ အားကိုးစရာက အမေပဲရှိတာ အမေရဲ့... တခုခုဆို သားပဲ နာကျင်ရမှာ..."
အမေ့ကို ဖက်ရင်း ငိုရင်း ပြောနေမိသည်။
"... နေရီရယ်.. မငိုပါနဲ့တော့.... ဒွေးလေးတို့လဲ နောက်ဆို ဂရုစိုက်ပေးပါ့မယ်..."
" ကျေးဇူးပါ ဒွေးလေးတို့ရယ်...."
" ကဲကဲ... ဒွေးလေးတို့ ပြန်လိုက်ဦးမယ်... တခုခုဆို လှမ်းအော်လိုက်နော်...""
"ဟုတ် ဒွေးလေး..."
ဒွေးလေးတို့ ပြန်သည်နှင့် အညိုရောက်လာသည်။
" နေရီ ဒါနင့် လုပ်ခ... ဒွေးလေးရော ဘယ်လိုနေသေးလဲ..."
" သက်သာပါတယ် သမီးရယ်... နောက်ဖေးအသွားကို တုတ်ချော်ပြီးလဲကျသွားတာလေ.. ဒွေးလေးတော့ သေပြီ အောက်မေ့တာ ...."
" ဒွေး...ရယ် ကံကြီးလို့ပေါ့.. "
" အဲ့တာနဲ့ ဒွေးလဲ မိချစ်တို့ မိမြတို့ အော်ရတာပေါ့ သူတို့ကလဲ ကိုယ့်အလုပ်နဲ့ကိုယ်မလို့ မအားဘူးထင်ပအေ... ကဲ..နေစေတော့တိုပြီး တရွတ်တိုက် သွားရင်းထဖို့လုပ်တာ... ကန်တော့ပါရဲ့..မထနိုင်ဘဲ ထွက်ချင်နေတဲ့ဆီး က တဖြန်းဖြန်းပါကျရော...."
" အယ်..."
"မဖြစ်ချေဘူး မိချစ်... မိမြတို့ကို ထပ်ခေါ်တော့မှ မိမြကြားလို့ မိချစ်ပါ ရောက်လာလို့ တော်သေးတာပေါ့..."
အညို့ကို ပြန်ပြောပြနေသည့် စကားတွေကို နားထောင်ရင်း အမေ့ရဲ့အဖြစ်ပျက်ကိုသာ နေရီ သနားပိုမိသည်။ မသန်တော့သည့်သူတစ်ယောက် အတွက် အပေါ့အပါး ကအစ သားသမီးကို အားနာစိတ်တွေ အမေ့မှာ ရှိနေခဲ့သည်။
နောက်ဖေးကိစ္စဖြေရှင်းရန် အသားခုံကို အပေါက်ဖောက်ကာ ပုံးခံထားပေမဲ့ ငါ...အားမရပါဘူးအေ
ဟုဆိုကာ ရေအိမ်ရှိရာဆီပဲ တွဲပို့ရသည်။
" အင်းပါ ဒွေးလေးရယ် နောက်ဆို ဂရုစိုက်နော်... သမီးပြန်အုံးမယ်... နေရီ့ကို ညနေမှပဲ ဝင်ခေါ်တော့မယ်...."
" ငါမလိုက်တော့ပါဘူး အညိုရယ်.... အိမ်ကနေပဲ ညောင်ရေသွန်းလိုက်တော့မယ်..."
ခေါင်းရင်းရေအိုးစင်ပေါ်မှာတင် ထားသည့် သပြေခက်နှင့် ယွန်း ရေအိုးလေးကိုငဲ့ကြည့်ရင်းနေရီပြေ ာလိုက်သည်။
အမေ့အခြေနေကို သိသည်မို့ အညိုက အတင်းထပ်မခေါ်တော့ပဲ...
" အဲ့ဒါဆိုလဲ နက်ဖြန်မှ အလုပ်မှာတွေ့ကြမယ်လေ နေရီ...ဒွေးလေးကို သေချာဂရုစိုက်လိုက်ဦး"
....၄....
ညဝတ်ရန် ထုတ်ထားသည့် အဝတ်တွေကို ခြေရင်းက သံသေတ္တာထဲ ပြန်ထည့်ပြီး အမေ့ခြေရင်းမှာ ဝင်ထိုင်လိုက်သည်။
" အမေ... တကယ်သက်သာရဲ့လား... နာတာ
ကိုက်တာ မရှိဘူးမလားအမေ..."
"နာတော့မနာပါဘူးသားရယ်... အမေ့ရင်ထဲမှာ တစ်မျိုးကြီးပဲ... ရင်တုန်ပြီး အမေ့ခန္ဓာကိုယ် အစိတ်ပိုင်းတစ်ခုခု ပြုတ်ထွက်သွားသလိုပဲ...."
" အမေရယ်.... မနက်ကျ ဆေးခန်းသွားပြရအောင်နော်..."
"မနက်ကျ အခြေနေ ကြည့်ကြတာပေါ့ သားရယ်... ငါ့သားလေးလဲ မအေဒုက္ခိတ ကြီးနဲ့ဘယ်မှ မသွားမလာရတော့ဘူး..."
"အမေ ကျန်းကျန်းမာမာ နဲ့ရှိနေရင်ကို ပြည့်စုံပါပြီအမေရယ်..."
".. အမေ့... အမေ့...."
အမေ့ကို ခေါ်ရင်းဝင်လာသည်မို့ နေရီလှည့်ကြည့်လိုက်တော့ ကိုကြီးထွန်းခင်... ဖြစ်နေသည်။
" အမေချော်လဲ လို့ဆို.... ကျော်အေးပြောလို့ လာကြည့်တာ..."
" သက်သာပါတယ်သားရယ်.... "
" ဟေ့ကောင်... မင်းက အမေ့က်ို ဂရုမစိုက်ဘူးလား...."
" နေရီ လဲ ဂရုစိုက်နိုင်သလောက် လုပ်ပေးနေတာပါပဲ အကို... အကိုတို့ကရော သားတွေမဟုတ်ဖူးလား"
" ဟ ငါတို့က အဝေးမှာလေ.... တခုခုဆို မင်းကအနီးကပ်ရှိနေမလား မင်းတာဝန်ပေါ့..."
"တာဝန်ဆိုတာထက် သားသမီး ဝတ္တရားနဲ့အညီ နေရီပြုစု စောင့်ရှောက်နေတာပဲလေ... ခုမှ အသံကောင်းလာမဟစ်နေပါနဲ့အကိုရယ် နေမြဲသာနေပါ..."
"ကဲပါ.... တော်ကြပါတော့....သားတို့ရယ်..."
" မဟုတ်ဖူး အမေ...ဘယ်တော့ကမှ သားနေရာကနေ မတွေးပေးကြဘူး... သားအမေ့ကို ပြုစုရလို့ မငြိုငြင်ပါဘူးအမေရယ်... စိတ်လဲမပျက်ပါဘူး... ဒါကို တစ်တခါတစ်လေမှ လာတဲ့သူတွေက အပြစ်မြင်တော့ ခံပြင်းလွန်းလို့ပါ... ပြောပါ အကိုတို့ အမေ့အပေါ်ဘာတွေတာဝန်ကျေလဲ ပြောပြစမ်းပါ... ဘာတစ်ခုရော အမေ့အတွက်စဥ်းစားပေးဖူးလဲ... ဘာတစ်ခုရော အမေ့အတွက် လုပ်ကိုင်ပေးဖူးလဲ..."
" အမေတို့သားက တော်တော်စကားတတ်ပြီး ရိုင်းဆိုင်းလာပါရောလား အမေရဲ့... ငါတို့ က. ကိုယ်စီအိမ်ထောင်နဲ့မလို့ မအားလို့ မလုပ်ပေးနိုင်တာလေ မင်းကလူပျိုပဲ မင်းလုပ်ပေးလိုက်ပေါ့..."
" ကိုယ်စီအိမ်ထောင်နဲ့မလို့ မအားလို့ ဟုတ်လား... အမေက ကျရော မအားလို့ပါ... မကျွေးနိုင်လို့ပါဆိုပြီး သားတစ်ယောက်ဆီကို ခွဲခြားပစ်ပယ်ထားဖူးလား... အမေကရော အကိုတို့ အပေါ် မေ့မေ့လျော့လျော့နေခဲ့ဖူးလား... "
" တော်..... တော်... မင်းတော်လိုက်တော့ မင်းမတော်ရင် ငါဆွဲထိုးမိတော့မယ်...."
" လုပ်ပါ လုပ်ရင်လဲ ခံရမှာပါပဲ... တစ်နေ့နေ့ အကိုတို့ ရဲ့ သားသမီးတွေကနေ အမေ့ဝဋ်တွေမလည်ပါစေနဲ့ပဲ ဆုတောင်းပေးပါတယ်..."
နေရီ့ရဲ့ ခံစားချက်တွေကို အမေသိမည်ထင်ပါသည်။ အတားအဆီးမရှိသည့် နေရီ့စကားတွေကို အမေ မဟန့်တားခဲ့ပါ။
" တော်ပြီအမေရာ... သားပြန်တော့မယ်... နောက်ပဲ့ကောင်ရှိရင် အမေ့အိမ် ဘယ်တော့မှမလာတော့ဘူး..."
"အဟင်းး မလာပါနဲ့ သွားပါ... အေး.. အမေ မရှိခါကျမှ အမေ့ကို တမ်းတပြီးတော့ မငိုနဲ့ပေါ့.."
နေရီ ပြောချင်ရာပြောပြီး မီးဖိုခန်းထဲမှာပဲ ဝင်ထိုင်နေလိုက်သည်။
" လူးပါးဝတဲ့ ကောင်...."
******
" နေရီ.... သား.. အမေ အပေါ့သွားချင်တယ်..."
အကိုလဲ ပြန်သွားပြီထင်သည်။ ချက်ပြုတ်နေရင်း အမေ့အသံကြားသည်မို့ ထလာကာ အမေ့ကို တွဲပြီး ခုံပေါ်တင်ပေးလိုက်သည်။
" သားရယ်... မင်းအကိုကို အရမ်းမပြောပါနဲ့ သူတို့ခမျာလဲ အဆင်မပြေလို့နေမှာပါ...."
" မဟုတ်ပါဘူး အမေရယ်... မသိတတ်တဲ့သူက မသိကိုမသိတတ်တာပါ...."
" အင်း... ဟုတ်ပါတယ်လေ... အမေသွန်သင်ဆုံးမ ညံ့ခဲ့လို့ဖြစ်ရတာပါ...."
" အမေနဲ့မဆိုင်ပါဘူး အမေရယ်... အမေအဲ့လိုပြောတာက သားကပဲ အမေ့ကို အပြစ်တင်နေသလိုဖြစ်နေမှာပေါ့... "
" ကဲပါ... ဘာမှမတွေးနေနဲ့တော့ သားရယ်... အမေလဲ သူတို့အကြောင်းကို သိပေမဲ့မိခင်ဆိုတဲ့စိတ်က အပြစ်မတင်ရက်ခဲ့ဘူးး ကျွတ်.... ကျွတ်.... နာလိုက်တာ..."
" ဘယ်နားက နာတာလဲအမေ.. ပေါင်အရင်းကလား...."
" အင်း တစ်ချက် တစ်ချက် ဆစ်ကနဲ ဆစ်ကနဲ ကိုက်ကိုက်လာတာ... "
" ညကျ ရှောင်းပေါင်းရည်လေး လူးပေးမယ်နော် ...."
" အင်း... အမေ့ ကို တွဲပို့ပါဦး...."
ကုတင်ပေါ်ကို တွဲပို့ရင်းခြင်ထောင်ချကာ စောင်ပါးပါးခြုံပေးလိုက်သည်။
" အမေ နောက်ဖေးမှာ အဝတ်တွေ ရှိသေးတယ် လျှော်လိုက်ဦးမယ်... တခုခုဆို သားကိုလှမ်းခေါ်နော်..."
....၅....
အိမ်ရှေ့ စံပယ်ရုံဘေးက ကုလားထိုင်ပေါ်မှာ အမေကထိုင်နေသည်။ ကဆုန်လပြည့်ရဲ့ လရောင်အောက်မှာ ဓမ္မာရုံက ဓမ္မစကြာ ဝတ်အသင်းရဲ့ ဝတ်ရွတ်သံကို နေရီနားထောင်ကာ နှီးသင် နေရင်း
".. အမေ.. အဖေနဲ့ဘယ်လိုတွေ့ခဲ့ကြတာလဲဟင်.. ."
"သားအဖေက လူချောကွဲ့.... အမေတို့ ယွန်းဆိုင်မှာ သူက နှီးထိုး ( အချောသတ်ထားသောနှီးများကို မိမိပြုလုပ်လိုသည့် ပုံစံရအောင် ရစ်ခွေခြင်း) တာလေ။ အမေတို့က ယွန်းဆင် (ယွန်းထည်ပေါ်တွင် ဇာတ်လမ်းဇာတ်အိမ် ကနုတ်ပန်းများကို နီ၊ဝါ၊စိမ်း အရောင်ထည့်ရခြင်း) ရတာပေါ့... အဲ့မှာတွေ့ကြတာပဲ...."
" အင်း... အမေ... ကဆုန်လပြည့်နဲ့ အမေနဲ့အဖေ့မှာရော အမှတ်တရတွေရှိခဲ့ဖူးလား အမေ..."
" အင်း...အမှတ်တရအကြီးကြီးရှိခဲ့ တာပေါ့သားရယ်... အဲ့တုန်းက သမီးရည်းစားဘဝပေါ့ .... အမေတို့က သူငယ်ချင်းတွေစုပြီး မနူဟာ ဘုရားမှာ ညောင်ရေသွန်းမယ်ပေါ့... သားအဖေတို့ကလဲ လာကြမယ်ပေါ့ သားအဘွားက သားအဖေနဲ့သဘောမတူဘူးလေ အဲ့လိုတွေ တွေ့မှာသိတော့ အဘွားက မလွဎ်တော့ဘူး.... မလွှတ်တော့ အမေ့မှာ မသွားရသေးဘူးး အိမ်အလုပ်သာလုပ်နေရတာ စိတ်ကနင့် အဖေဆီမှာ..."
" အင်းအမေ..." နေရီမြင်ယောင်မိလိုက်သည်။
" အဲ့ဒါတဲ့ ဖြစ်ချင်ရာဖြစ်ဟဲ့ ဆိုပြီး ည ကိုးနာရီလောက်မှာ အမေ အိမ်ကနေရအောင်ထွက်ပြီး သားအဖေနောက်ကို တပါတည်း ကောက်ကောက်ပါအောင်လိုက်ခဲ့တာပါ ပဲ..."
" အမေနဲ့ အဖေကို အဘွားက ဘာလို့သဘောမတူတာလဲဟင်..."
" အဲ့ခေတ်က အရမ်းရှားပါးချိန်လေ သားရဲ့.... အမေ့ကို တင့်တောင်းတင့်တယ်မထားနိုင်မှာ ဆိုးလို့တူပါတယ်... သားအဖေက အလုပ်တော့ကြိုးစားပေမဲ့ အရွယ်မတိုင်ဘဲ ဆုံးသွားရတော့ အမေ့မှာ တစ်ယောက်ထဲပဲ ရုန်းကန်ခဲ့ရတယ်... အမေက... သားသမီးကံရော အိမ်ထောင်ရေးကံရော မကောင်းခဲ့တာပါသားရယ်...."
"သားရှိနေတာ အမေ့အတွက် ကံကောင်းခြင်းပဲမလားး အမေ..."
"အင်း ငါ့သားလေးက အမေ့ရဲ့ ကံကောင်းခြင်းလေးပါ... "
လေအေးတချက် တိုက်ခတ်လာသည့်အခါ စံပယ် ရနံ့တွေက မွှေးအီလာသည်။ ကဆုန်လရဲ့ ရာသီပန်းက စကားဝါပေမဲ့ နယုန်လရဲ့ ရာသီပန်းစံပယ်တွေပါ ပွင့်လျက်ရှိသည်။
" အမေ ဘာလို့ ကဆုန်လမှာ ညောင်ရေသွန်းရတာလဲ.."
" အမေသိတာကတော့ အမေတို့ ပုဂံခေတ်မှာ ကဆုန်လကို ကုဆုန် လို့ကျောက်စာတွေမှာ ရေးသားဖော်ပြကြတယ်တဲ့... ကု=ရေ ၊ ဆုန်= သွန်းလောင်းခြင်း ဖျန်းခြင်း တဲ့ သားရဲ့..... တကယ် တော့ ကံ့ကော်ပင်မှာ ဘုရားရှင်ပွင့်ရင် ဒါက ဗောဓိပင်ပေါ့... ညောင်ပင်မှာ ဘုရားပွင့်ရင် ကျ ဗောဓိပင်၊ ဗောဓိညောင်ပင်ပေါ့... "
" ကဆုန်လက နွေရာသီမှာ ဒုတိယ အပူဆုံးလဆိုတော့ မြစ်တွေ ချောင်း တွေမှာ ရေတွေခမ်းခြောက်ကြတယ်။ အဲ့ဒါမလို့ ကဆုန်လမှာ အပူလွန်ကဲပြီး ရေရှားချိန်မှာ ဗောဓိပင်တွေ မညှိုးနွမ်းအောင် ရေသွန်းလောင်းပွဲ ကျင်းပ လာကြတာတဲ့ သားရဲ့... ညောင်ရေသွန်းတဲ့အပြင် ရေနေသတ္တဝာလေးတွေကိုလဲ ရေခမ်းခြောက်ရာကနေ ဘေးလွတ်ရာကိုရွှေ့ပေးတဲ့ ဇိဝိတဒါနပါ လုပ်ကြတယ်တဲ့...."
" နောက်တစ်ခု သားမှတ်ထားရမှာက
မြန်မာ ဆယ်နှစ်လရာသီ မှာ ကဆုန်၊ ဝါဆို၊ ဝါခေါင်၊ သီတင်းကျွတ်၊တန်ဆောင်မုန်း၊ နတ်တော် လ ခြောက်မျိုးက သာသနာရေးကိုးကွယ် ယုံကြည်တာတွေနဲ့ သက်ဆိုင်တယ်တဲ့....သားရဲ့..."
" သားတို့ မြန်မာတွေရဲ့ ရိုးရာဓလေ့တွေက အရမ်းတန်ဖိုးကြီးတာပဲနော် အမေ"
"ဟုတ်တယ် သားရဲ့ ပျော်ပွဲရွှင်ပွဲတိုင်းက အဓိပ္ပါယ်အပြည့်နဲ့ ကျင်းပကြတယ်... ရိုးရာယဥ်ကျေးမှုကို ထိန်းသိမ်းကြတယ်... ဒါက အမေတို့ မြန်မာတွေပဲလေ..."
နေရီ ဂရုစိုက်မှတ်သားရင်း အမေ့ကို ကြည်ကြည်နူးနူးကြည့်လိုက်မိသည်။ လရောင် အောက်က အမေ့မျက်နှာပြင်သည် လဝန်းကြီးလို ကြည်ကြည်သာသာရှိသည်။အရည်လဲ့နေ သည့် မျက်ဝန်းစုံမှာ အဖေ့ကိုလွမ်းဆွတ်နေရော့သလား...။ အဝေးရောက်သားတွေကိုပဲ သတိရနေရော့သလား နေရီမခန့်မှန်းတတ်ပါ။
နေရီ့အတွက်ကတော့ အမေရှိလျှင် အားရှိရသည်။ အမေရှိတော့ လုံခြုံရသည်။ အမေရှိတော့ အကြောင်းစုံက်ို သိရခွင့်ရှိသည် ဆိုသည့်အတွေးတွေနဲ့ အတူ ရေအိုးစင်ပေါ်က ညောင်ရေသွန်းဖို့ ပြင်ထားသည့် ယွန်းအိုးလေးကို ငဲ့ကြည့်လိုက်သည်။
ညောင်ရေ မသွန်းလိုက်ရပေမဲ့နှင်းဆီနှင့် သပြေတွေက အိုးထဲမှာ လန်းဆန်းတုန်းပင်ဖြစ်သည်။ ထို့အတူ ယွန်းအိုးထဲက ရေစင်တွေကရော.... အေးချမ်းနေမည်ထင်ပါသည်။ ထို့အတူ သားသမီးဇော နှင့်ပူပန်ခဲ့ရသော အမေ့အတွက်လဲအေးချမ်းစေချင်ပါသည် ။
Zawgyi
ၿပိႆ ကဆုန္
....၁....
" အရီးေလး... ေနရီ ရွိလား...."
"ရွိပါ့ေတာ္ ရွိပ..မီးဖိုခန္းထဲမွာ... ဝင္သြားေခ်..."
အိမ္ေရွ႕ အဖီေလးထဲမွာ ႏွီးေခ်ာသပ္ရင္း ထိုင္ေနသည့္ အေမႏွင့္ စကားေျပာသံၾကားသည္မို႔ မီးဖိုခန္းထဲကေန ...
"အညိဳလား.... အေမ အညိဳေရ... ငါဒီမွာ အထဲဝင္ခဲ့ေလ...."
".. ညက် ကဆုန္ေညာင္ေရသြန္းဖို႔ ဘုရားသြားရေအာင္ လာေခၚတာ ေနရီ..."
" ငါ မလိုက္ေတာ့ပါဘူးအညိဳရယ္... အေမ့ ေဝယ်ာဝစၥက ရွိေသးတယ္ဟ... ၿပီးေတာ့ ႏွီး ထိုး ဖို႔ အျဖဴထည္ေတြလဲ က်န္ေသးတယ္ အညိဳရဲ႕..."
ေပါင္က်ိဳးထားသည့္မို႔ အကူအတြဲပါမွ ေလွ်ာက္ႏိုင္သည့္အေမ့အတြက္ နဲ႔ မၿပီးေသးသည့္အလုပ္ေတြအတြက္ ေနရီ ျငင္းလိုက္မိသည္။
" နင္ကလဲဟယ္.. ငါက နင့္ကိုစိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ လာေခၚတာပါဆို..... အေမ့ ေဝယ်ာဝစၥေတြ ၿပီးခ်ိန္ေလာက္မွ သြားၾကမယ္ေလဟာေနာ္...."
" လိုက္သြားပါ သားရယ္... အေမ့ကို မပူပါနဲ႔. .. ေတာ္ၾကာ အေမ့ေၾကာင့္ ငါ့သားေလး ကုသိုလ္မရဘဲေနပါ့မယ္..."
အိမ္ေရွ႕ကေန ေနရီတို႔ ေျပာသံကို အေမၾကားရသည္ထင္သည္။
" အေမျဖစ္ပါ့မလား ေနခဲ့လို႔..."
"အိုး ျဖစ္ပါသတဲ့ရွင္ ကဲ..ကဲ.. သမီးအညိဳေရ ညက်ရင္ အေမ့ သားေလးကိုသာ လာေခၚျဖစ္ေအာင္ေခၚ လိုက္ေတာ့..."
" ဟုတ္အရီးေလး.... အာ့ဆို သမီးျပန္လိုက္ဦးမယ္..."
....၂....
အေမ့ဆီက ခြင့္ျပဳခ်က္ရၿပီမို႔ ေနရီ ဝတ္ဖို႔ အဝတ္စားျပင္ရသည္။ ေမြးကတည္းက သန္႔သန္႔စင္စင္ ေနတတ္သူမို႔ ေနရီ႕ပုံစံက ဆံပင္ဂုတ္ဝဲေလးႏွင့္ မိန္းကေလးတစ္ေယာက္လို ညင္သာၾကည္စင္ေသာ ႐ုပ္ရည္ရွိပါသည္။
အတန္းပညာ တစ္ခုထိ တတ္ေျမာက္ထားၿပီး ရပ္႐ြာဓေလ့ရဲ႕ လက္မႈ ပညာယြန္းထည္လုပ္ငန္းကိုသာ အိုးမကြာ အိမ္မကြာ လုပ္ကိုင္ရသူမို႔ ေနရီ႕အသြင္က မိန္းကေလးတစ္ေယာက္ႏွယ္ ႏုနယ္လွသည္။
မရမ္းႏွင့္အဝါေရာင္ ေဖာက္ထားေသာ ပုဆိုးကြက္စိပ္ကို ရွပ္အျဖဴေရာင္ေလးႏွင့္သာ တြဲဝတ္မည္ဟု ေတြးလိုက္သည္။
ကိုယ္တိုင္ လက္မႈ အစစ္ျဖင့္ျပဳလုပ္ထားတဲ့ အတာအိုးသ႑ာန္ ယြန္း ေရအိုးငယ္ေလးႏွင့္ သေျပခက္အနည္းငယ္ပါလွ်င္ လုံေလာက္ျပည့္စုံၿပီဟုေတြးမိသည္။
ျပင္ဆင္ ေနေသာ ေနရီ႕ ကိုၾကည့္ကာ အေမပါေပ်ာ္ေနမည္ထင္ပါသည္။
".. အေမ ေရခ်ိဳးေတာ့မလား... "
"ေအးေအး... ခ်ိဳးတာေပါ့... "
ေကာ္ထိုင္ခုံအရွည္ေလးကို ေရေက်ာက္ကန္နား ခ်ကာ အေမ့ကိုတြဲေခၚရင္း ထိုင္ေစလိုက္သည္။
" အေမ ဒီေန႔ေခါင္းေလွ်ာ္ရေအာင္ေနာ္... "
က်န္းမာေရးမေကာင္းသည့္တိုင္ မညႇပ္ဘဲ ထားခဲ့သည့္ အျဖဴတစ္ဝက္ေရာစြက္ေနသည့္ အေမ့ဆံပင္အုံကို ျဖည္ခ်ကာ ေရေလာင္းလိုက္သည္။
အသင့္ေလွ်ာ္ရန္ စပ္ထားသည့္ တေရာ္ကင္ပြန္း ေခါင္းေလွ်ာ္ရည္ ကို ဖလားထဲ ထည့္ကာ တေရာ္စည္းကို အဝတ္ပုတ္သည့္ အသားတုတ္တံ ျဖင့္ ထု႐ိုက္ၿပီး ကင္ပြန္းသီးေတြကို ေၾကေအာင္ ေခ်ကာ ပ်စ္ခြၽဲခြၽဲရသည့္ႏွင့္ အေမ့ဦးေခါင္းကို ေလွ်ာ္ေပးလိုက္သည္။
" ငါ့သားေလး က်န္းမာပါေစ ခ်မ္းသာပါေစကြယ္...."
"အေမေပးတဲ့ဆုေတြ ျပည့္မွာပါအေမရဲ႕..ခုမ်က္လုံးခဏမွိတ္ထားဦး သား ေရေလာင္းေတာ့မယ္ေနာ္...."
ေနရီ အၿပဳံးႏွင့္သာေျပာရင္း ဆက္လက္လုပ္ကိုင္လိုက္သည္။
ေရခ်ိဳးၿပီးေတာ့ ေခါင္းကို ေရေျပာင္ေအာင္ သုတ္ေပးၿပီး ကရမက္တုံးႏွင့္ သနပ္ခါးေရာေသြးထားသည့္ ေက်ာက္ျပင္ကို ယူကာ အေမ့ေက်ာျပင္က အစုအစုေပါက္ေနသည့္ မိတ္ဖု ေတြကို လိမ္းက်ံ ေပးလိုက္သည္။
အိုမင္းေလ်ာ့႐ြဲေနသည့္ အေမ့ရင္ဘတ္ အစုံ ၊ လက္ေမာင္းေတြ ကိုလူးေပးကာ ဇရာေၾကာင့္ ပ်က္ဆီးသြားသည့္ အေမ့ရင္သား ေပ်ာ့တြဲတြဲ ေတြကို တူတူစို႔ ခဲ့ၾကသည့္ ေမာင္ႏွမရင္းေတြကို သတိရလိုက္မိသည္။
" သား မင္းအကိုေတြဆီက ဘာသတင္းမွမရဘူးလား..."
"အင္းအေမ... အေမ့သားေတြ အဆင္မေျပရင္ အေမ့ဆီေရာက္လာမွာပါ အဆင္ေျပေနလို႔သာ မလာၾကတာေနမွာပါ...."
" အဲ့လိုလဲမေျပာရဘူးေလ သားရယ္... အေမကေတာ့ မိခင္ဆိုတဲ့စိတ္နဲ႔ပဲ အကုန္လုံးကို တန္းတူမွ်တူ အခ်စ္ေတြေပးခဲ့တာပါပဲ....ဒါေပမဲ့ အေမျပန္ရတာက ေဟာဒီ့အေမ့သားငယ္ေလး ဆီကေနပဲ ဆိုေတာ့ အေမ ရင္နာရပါတယ္သားရယ္...."
" အေမကလဲ.... အဲ့ဒါေတြ ေတြးမေနပါနဲ႔ေတာ့ေနာ္.... အေမ့သားေတြက လာခ်င္ရင္ေတာင္ အေမ့ေခြၽးမေတြက လိုက္လာခ်င္ပါ့မလား..."
" အင္း.... မိသားစုၾကားမွာ သူစိမ္းဖက္ လာတဲ့အခါ ေတာ့မိသားစုကပဲ နားလည္ေပးရမွာပါပဲ သားရယ္..."
" ထားပါေတာ့အေမရယ္ သား ထမင္းခူးလိုက္ရေတာ့မလား... "
" သားေရခ်ိဳးရင္ ခ်ိဳးေလ ၿပီးမွတူတူစားၾကတာေပါ့...."
မိခင္တစ္ေယာက္အေနနဲ႔ အသက္ႀကီးမွ ေခ်ာ္လဲရင္း ေပါင္က်ိဳးရသည္မို႔ မိမိကိုယ္ကို ဝဋ္နာ ကံနာဟုသာ ေတြးရင္း ေျဖရသည္။
သားသုံးေယာက္ထဲက အငယ္ဆုံးကေလးတစ္ေယာက္သာ မိမိအနားမွာ ရွိေနသည္ကို ျမင္ရေတာ့လဲ သားသမီးကံဇာတာ၊ အိုဇာတာ မေကာင္းျပန္ပါလားဟူသည့္ သတိကပါ ကပ္မိသည္။
အေမကရွိလွ်င္ ေပးရေပမဲ့ အေမကလိုရင္ ျငဴစူတတ္သည့္ သားသမီးေတြကို မိခင္ဆိုသည့္စိတ္က အျပစ္မျမင္ရက္ႏိုင္ခဲ့ပါ ။ ေခတ္ေရစီးေၾကာင္း အသုံးစရိတ္အရက အဆင္ေျပသည္က ရွားသည္ဟုသာ ျဖည့္ေတြးရသည္။
မနက္ဆို ႐ြာထဲက ယြန္းထည္ဆိုင္မွာ ယြန္းလုပ္ငန္း ( အျဖဴထည္၊ သစ္ေဆးကိုင္၊ ကညစ္ထိုး၊ ယြန္းဆင္)အလုပ္ေတြကို လုပ္ရင္း ေန႔လည္ေရခ်ိဳး ထမင္းစားခ်ိန္ဆို ျပန္လာကာ မေအကို ျပဳစုလုပ္ကိုင္ေပးသည့္ သားငယ္ေလးကိုသာ သနားပိုမိသည္။
"အေမ ထမင္းစားလို႔ရၿပီ.... ေန႔လည္က် သား အလုပ္ကိုသြားၿပီး ပိုက္ဆံထုတ္ခဲ့ဦးမယ္ေနာ္...."
"ေအး ေအး သား"
...၃...
" ေနရီေရ.... အရီးေလး ေခ်ာ္လဲလို႔တဲ့.... "
အလုပ္ရွင္ ယြန္းထည္ဆိုင္မွာ ပိုက္ဆံထုတ္ရန္ ေစာင့္ေနရင္း ၾကားရသည့္စကားေၾကာင့္ ေနရီ ေခါင္းေတြ ႀကီးသြားသည္။
"... ေဟာေတာ္.. တို႔အေမက ဘာေတြထလုပ္လို႔ ေခ်ာ္လဲရျပန္တာလဲ... အညိဳေရ.. ငါျပန္ႏွင့္မယ္ ငါ့ပိုက္ဆံေလး ထုတ္ယူခဲ့ဦးေနာ္...."
ေနရီ ေျပာရင္းမွာရင္း အိမ္ကို ျပန္ရန္ ထလိုက္သည္။
" ေနရီ ငါ့စက္ဘီးယူသြားေလ... ငါေနာက္ကလိုက္ခဲ့မယ္...."
အညိဳေျပာသည္ကို ေခါင္းၿငိမ့္ျပကာ ဟီး႐ိုး စက္ဘီးႀကီးကို ေဂ်ာင္းဂ်ိဳင္း ျမည္ေအာင္စီးရင္း အိမ္ကို ျပန္လာခဲ့သည္။
အိမ္ ေရာက္ေတာ့ ေဘးဝိုင္းက ေဒၚေလးျမတို႔ ေဒၚေလးခ်စ္တို႔ပါ ေတြ႕ရသည္။
" အေမရယ္.... ဘယ္လိုျဖစ္ရတာလဲ... ဘယ္နားနာသြားေသးလဲ.... အလိုလိုမွ မသန္ပါဘူးဆို အေမရယ္... ဘာထ လုပ္ရတာလဲ...."
ပူပန္ေဇာ နဲ႔ ေနရီ အျပစ္တင္စကားေတြသာ ဆိုလိုက္မိသည္။
" အေမ အေပါ့အပါး ထသြားတာပါ သားရယ္... လက္ကိုင္တဲ့ တုတ္က ေက်ာက္ျဖာကို ေခ်ာ္ၿပီး လဲက်သြားတာနဲ႔ မိခ်စ္တို႔ မိျမတို႔ကို ေအာ္ရေတာ့တာပဲ...."
ကုတင္ေျခရင္းက ေရညႇိႏွင့္ အခင္းငယ္ ( က်င္ငယ္ရည္) ေတြစိုေနသာ့္ ထမီကို ျမင္လိုက္မွ အေမ့ကို သနားမိကာ ေနရီ ဖက္လိုက္သည္။
" အေမရယ္... မေသေကာင္းမေပ်ာက္ေကာင္း ကံႀကီးေပလို႔ေပါ့... သားမွယ အားကိုးစရာက အေမပဲရွိတာ အေမရဲ႕... တခုခုဆို သားပဲ နာက်င္ရမွာ..."
အေမ့ကို ဖက္ရင္း ငိုရင္း ေျပာေနမိသည္။
"... ေနရီရယ္.. မငိုပါနဲ႔ေတာ့.... ေဒြးေလးတို႔လဲ ေနာက္ဆို ဂ႐ုစိုက္ေပးပါ့မယ္..."
" ေက်းဇူးပါ ေဒြးေလးတို႔ရယ္...."
" ကဲကဲ... ေဒြးေလးတို႔ ျပန္လိုက္ဦးမယ္... တခုခုဆို လွမ္းေအာ္လိုက္ေနာ္...""
"ဟုတ္ ေဒြးေလး..."
ေဒြးေလးတို႔ ျပန္သည္ႏွင့္ အညိဳေရာက္လာသည္။
" ေနရီ ဒါနင့္ လုပ္ခ... ေဒြးေလးေရာ ဘယ္လိုေနေသးလဲ..."
" သက္သာပါတယ္ သမီးရယ္... ေနာက္ေဖးအသြားကို တုတ္ေခ်ာ္ၿပီးလဲက်သြားတာေလ.. ေဒြးေလးေတာ့ ေသၿပီ ေအာက္ေမ့တာ ...."
" ေဒြး...ရယ္ ကံႀကီးလို႔ေပါ့.. "
" အဲ့တာနဲ႔ ေဒြးလဲ မိခ်စ္တို႔ မိျမတို႔ ေအာ္ရတာေပါ့ သူတို႔ကလဲ ကိုယ့္အလုပ္နဲ႔ကိုယ္မလို႔ မအားဘူးထင္ပေအ... ကဲ..ေနေစေတာ့တိုၿပီး တ႐ြတ္တိုက္ သြားရင္းထဖို႔လုပ္တာ... ကန္ေတာ့ပါရဲ႕..မထႏိုင္ဘဲ ထြက္ခ်င္ေနတဲ့ဆီး က တျဖန္းျဖန္းပါက်ေရာ...."
" အယ္..."
"မျဖစ္ေခ်ဘူး မိခ်စ္... မိျမတို႔ကို ထပ္ေခၚေတာ့မွ မိျမၾကားလို႔ မိခ်စ္ပါ ေရာက္လာလို႔ ေတာ္ေသးတာေပါ့..."
အညိဳ႕ကို ျပန္ေျပာျပေနသည့္ စကားေတြကို နားေထာင္ရင္း အေမ့ရဲ႕အျဖစ္ပ်က္ကိုသာ ေနရီ သနားပိုမိသည္။ မသန္ေတာ့သည့္သူတစ္ေယာက္ အတြက္ အေပါ့အပါး ကအစ သားသမီးကို အားနာစိတ္ေတြ အေမ့မွာ ရွိေနခဲ့သည္။
ေနာက္ေဖးကိစၥေျဖရွင္းရန္ အသားခုံကို အေပါက္ေဖာက္ကာ ပုံးခံထားေပမဲ့ ငါ...အားမရပါဘူးေအ
ဟုဆိုကာ ေရအိမ္ရွိရာဆီပဲ တြဲပို႔ရသည္။
" အင္းပါ ေဒြးေလးရယ္ ေနာက္ဆို ဂ႐ုစိုက္ေနာ္... သမီးျပန္အုံးမယ္... ေနရီ႕ကို ညေနမွပဲ ဝင္ေခၚေတာ့မယ္...."
" ငါမလိုက္ေတာ့ပါဘူး အညိဳရယ္.... အိမ္ကေနပဲ ေညာင္ေရသြန္းလိုက္ေတာ့မယ္..."
ေခါင္းရင္းေရအိုးစင္ေပၚမွာတင္ထားသည့္ သေျပခက္ႏွင့္ ယြန္း ေရအိုးေလးကိုငဲ့ၾကည့္ရင္းေနရီေျပာလိုက္သည္။
အေမ့အေျခေနကို သိသည္မို႔ အညိဳက အတင္းထပ္မေခၚေတာ့ပဲ...
" အဲ့ဒါဆိုလဲ နက္ျဖန္မွ အလုပ္မွာေတြ႕ၾကမယ္ေလ ေနရီ...ေဒြးေလးကို ေသခ်ာဂ႐ုစိုက္လိုက္ဦး"
....၄....
ညဝတ္ရန္ ထုတ္ထားသည့္ အဝတ္ေတြကို ေျခရင္းက သံေသတၱာထဲ ျပန္ထည့္ၿပီး အေမ့ေျခရင္းမွာ ဝင္ထိုင္လိုက္သည္။
" အေမ... တကယ္သက္သာရဲ႕လား... နာတာ
ကိုက္တာ မရွိဘူးမလားအေမ..."
"နာေတာ့မနာပါဘူးသားရယ္... အေမ့ရင္ထဲမွာ တစ္မ်ိဳးႀကီးပဲ... ရင္တုန္ၿပီး အေမ့ခႏၶာကိုယ္ အစိတ္ပိုင္းတစ္ခုခု ျပဳတ္ထြက္သြားသလိုပဲ...."
" အေမရယ္.... မနက္က် ေဆးခန္းသြားျပရေအာင္ေနာ္..."
"မနက္က် အေျခေန ၾကည့္ၾကတာေပါ့ သားရယ္... ငါ့သားေလးလဲ မေအဒုကၡိတ ႀကီးနဲ႔ဘယ္မွ မသြားမလာရေတာ့ဘူး..."
"အေမ က်န္းက်န္းမာမာ နဲ႔ရွိေနရင္ကို ျပည့္စုံပါၿပီအေမရယ္..."
".. အေမ့... အေမ့...."
အေမ့ကို ေခၚရင္းဝင္လာသည္မို႔ ေနရီလွည့္ၾကည့္လိုက္ေတာ့ ကိုႀကီးထြန္းခင္... ျဖစ္ေနသည္။
" အေမေခ်ာ္လဲ လို႔ဆို.... ေက်ာ္ေအးေျပာလို႔ လာၾကည့္တာ..."
" သက္သာပါတယ္သားရယ္.... "
" ေဟ့ေကာင္... မင္းက အေမ့က္ို ဂ႐ုမစိုက္ဘူးလား...."
" ေနရီ လဲ ဂ႐ုစိုက္ႏိုင္သေလာက္ လုပ္ေပးေနတာပါပဲ အကို... အကိုတို႔ကေရာ သားေတြမဟုတ္ဖူးလား"
" ဟ ငါတို႔က အေဝးမွာေလ.... တခုခုဆို မင္းကအနီးကပ္ရွိေနမလား မင္းတာဝန္ေပါ့..."
"တာဝန္ဆိုတာထက္ သားသမီး ဝတၱရားနဲ႔အညီ ေနရီျပဳစု ေစာင့္ေရွာက္ေနတာပဲေလ... ခုမွ အသံေကာင္းလာမဟစ္ေနပါနဲ႔အကိုရယ္ ေနၿမဲသာေနပါ..."
"ကဲပါ.... ေတာ္ၾကပါေတာ့....သားတို႔ရယ္..."
" မဟုတ္ဖူး အေမ...ဘယ္ေတာ့ကမွ သားေနရာကေန မေတြးေပးၾကဘူး... သားအေမ့ကို ျပဳစုရလို႔ မၿငိဳျငင္ပါဘူးအေမရယ္... စိတ္လဲမပ်က္ပါဘူး... ဒါကို တစ္တခါတစ္ေလမွ လာတဲ့သူေတြက အျပစ္ျမင္ေတာ့ ခံျပင္းလြန္းလို႔ပါ... ေျပာပါ အကိုတို႔ အေမ့အေပၚဘာေတြတာဝန္ေက်လဲ ေျပာျပစမ္းပါ... ဘာတစ္ခုေရာ အေမ့အတြက္စဥ္းစားေပးဖူးလဲ... ဘာတစ္ခုေရာ အေမ့အတြက္ လုပ္ကိုင္ေပးဖူးလဲ..."
" အေမတို႔သားက ေတာ္ေတာ္စကားတတ္ၿပီး ႐ိုင္းဆိုင္းလာပါေရာလား အေမရဲ႕... ငါတို႔ က. ကိုယ္စီအိမ္ေထာင္နဲ႔မလို႔ မအားလို႔ မလုပ္ေပးႏိုင္တာေလ မင္းကလူပ်ိဳပဲ မင္းလုပ္ေပးလိုက္ေပါ့..."
" ကိုယ္စီအိမ္ေထာင္နဲ႔မလို႔ မအားလို႔ ဟုတ္လား... အေမက က်ေရာ မအားလို႔ပါ... မေကြၽးႏိုင္လို႔ပါဆိုၿပီး သားတစ္ေယာက္ဆီကို ခြဲျခားပစ္ပယ္ထားဖူးလား... အေမကေရာ အကိုတို႔ အေပၚ ေမ့ေမ့ေလ်ာ့ေလ်ာ့ေနခဲ့ဖူးလား..."
" ေတာ္..... ေတာ္... မင္းေတာ္လိုက္ေတာ့ မင္းမေတာ္ရင္ ငါဆြဲထိုးမိေတာ့မယ္...."
" လုပ္ပါ လုပ္ရင္လဲ ခံရမွာပါပဲ... တစ္ေန႔ေန႔ အကိုတို႔ ရဲ႕ သားသမီးေတြကေန အေမ့ဝဋ္ေတြမလည္ပါေစနဲ႔ပဲ ဆုေတာင္းေပးပါတယ္..."
ေနရီ႕ရဲ႕ ခံစားခ်က္ေတြကို အေမသိမည္ထင္ပါသည္။ အတားအဆီးမရွိသည့္ ေနရီ႕စကားေတြကို အေမ မဟန္႔တားခဲ့ပါ။
" ေတာ္ၿပီအေမရာ... သားျပန္ေတာ့မယ္... ေနာက္ပဲ့ေကာင္ရွိရင္ အေမ့အိမ္ ဘယ္ေတာ့မွမလာေတာ့ဘူး..."
"အဟင္းး မလာပါနဲ႔ သြားပါ... ေအး.. အေမ မရွိခါက်မွ အေမ့ကို တမ္းတၿပီးေတာ့ မငိုနဲ႔ေပါ့.."
ေနရီ ေျပာခ်င္ရာေျပာၿပီး မီးဖိုခန္းထဲမွာပဲ ဝင္ထိုင္ေနလိုက္သည္။
" လူးပါးဝတဲ့ ေကာင္...."
******
" ေနရီ.... သား.. အေမ အေပါ့သြားခ်င္တယ္..."
အကိုလဲ ျပန္သြားၿပီထင္သည္။ ခ်က္ျပဳတ္ေနရင္း အေမ့အသံၾကားသည္မို႔ ထလာကာ အေမ့ကို တြဲၿပီး ခုံေပၚတင္ေပးလိုက္သည္။
" သားရယ္... မင္းအကိုကို အရမ္းမေျပာပါနဲ႔ သူတို႔ခမ်ာလဲ အဆင္မေျပလို႔ေနမွာပါ...."
" မဟုတ္ပါဘူး အေမရယ္... မသိတတ္တဲ့သူက မသိကိုမသိတတ္တာပါ...."
" အင္း... ဟုတ္ပါတယ္ေလ... အေမသြန္သင္ဆုံးမ ညံ့ခဲ့လို႔ျဖစ္ရတာပါ...."
" အေမနဲ႔မဆိုင္ပါဘူး အေမရယ္... အေမအဲ့လိုေျပာတာက သားကပဲ အေမ့ကို အျပစ္တင္ေနသလိုျဖစ္ေနမွာေပါ့..."
" ကဲပါ... ဘာမွမေတြးေနနဲ႔ေတာ့ သားရယ္... အေမလဲ သူတို႔အေၾကာင္းကို သိေပမဲ့မိခင္ဆိုတဲ့စိတ္က အျပစ္မတင္ရက္ခဲ့ဘူးး ကြၽတ္.... ကြၽတ္.... နာလိုက္တာ..."
" ဘယ္နားက နာတာလဲအေမ.. ေပါင္အရင္းကလား...."
" အင္း တစ္ခ်က္ တစ္ခ်က္ ဆစ္ကနဲ ဆစ္ကနဲ ကိုက္ကိုက္လာတာ... "
" ညက် ေရွာင္းေပါင္းရည္ေလး လူးေပးမယ္ေနာ္ ...."
" အင္း... အေမ့ ကို တြဲပို႔ပါဦး...."
ကုတင္ေပၚကို တြဲပို႔ရင္းျခင္ေထာင္ခ်ကာ ေစာင္ပါးပါးၿခဳံေပးလိုက္သည္။
" အေမ ေနာက္ေဖးမွာ အဝတ္ေတြ ရွိေသးတယ္ ေလွ်ာ္လိုက္ဦးမယ္... တခုခုဆို သားကိုလွမ္းေခၚေနာ္..."
....၅....
အိမ္ေရွ႕ စံပယ္႐ုံေဘးက ကုလားထိုင္ေပၚမွာ အေမကထိုင္ေနသည္။ ကဆုန္လျပည့္ရဲ႕ လေရာင္ေအာက္မွာ ဓမၼာ႐ုံက ဓမၼစၾကာ ဝတ္အသင္းရဲ႕ ဝတ္႐ြတ္သံကို ေနရီနားေထာင္ကာ ႏွီးသင္ ေနရင္း
".. အေမ.. အေဖနဲ႔ဘယ္လိုေတြ႕ခဲ့ၾကတာလဲဟင္..."
"သားအေဖက လူေခ်ာကြဲ႕.... အေမတို႔ ယြန္းဆိုင္မွာ သူက ႏွီးထိုး ( အေခ်ာသတ္ထားေသာႏွီးမ်ားကို မိမိျပဳလုပ္လိုသည့္ ပုံစံရေအာင္ ရစ္ေခြျခင္း) တာေလ။ အေမတို႔က ယြန္းဆင္ (ယြန္းထည္ေပၚတြင္ ဇာတ္လမ္းဇာတ္အိမ္ ကႏုတ္ပန္းမ်ားကို နီ၊ဝါ၊စိမ္း အေရာင္ထည့္ရျခင္း) ရတာေပါ့... အဲ့မွာေတြ႕ၾကတာပဲ...."
" အင္း... အေမ... ကဆုန္လျပည့္နဲ႔ အေမနဲ႔အေဖ့မွာေရာ အမွတ္တရေတြရွိခဲ့ဖူးလား အေမ..."
" အင္း...အမွတ္တရအႀကီးႀကီးရွိခဲ့တာေပါ့သားရယ္... အဲ့တုန္းက သမီးရည္းစားဘဝေပါ့ .... အေမတို႔က သူငယ္ခ်င္းေတြစုၿပီး မႏူဟာ ဘုရားမွာ ေညာင္ေရသြန္းမယ္ေပါ့... သားအေဖတို႔ကလဲ လာၾကမယ္ေပါ့ သားအဘြားက သားအေဖနဲ႔သေဘာမတူဘူးေလ အဲ့လိုေတြ ေတြ႕မွာသိေတာ့ အဘြားက မလြဎ္ေတာ့ဘူး.... မလႊတ္ေတာ့ အေမ့မွာ မသြားရေသးဘူးး အိမ္အလုပ္သာလုပ္ေနရတာ စိတ္ကနင့္ အေဖဆီမွာ..."
" အင္းအေမ..." ေနရီျမင္ေယာင္မိလိုက္သည္။
" အဲ့ဒါတဲ့ ျဖစ္ခ်င္ရာျဖစ္ဟဲ့ ဆိုၿပီး ည ကိုးနာရီေလာက္မွာ အေမ အိမ္ကေနရေအာင္ထြက္ၿပီး သားအေဖေနာက္ကို တပါတည္း ေကာက္ေကာက္ပါေအာင္လိုက္ခဲ့တာပါပဲ..."
" အေမနဲ႔ အေဖကို အဘြားက ဘာလို႔သေဘာမတူတာလဲဟင္..."
" အဲ့ေခတ္က အရမ္းရွားပါးခ်ိန္ေလ သားရဲ႕.... အေမ့ကို တင့္ေတာင္းတင့္တယ္မထားႏိုင္မွာ ဆိုးလို႔တူပါတယ္... သားအေဖက အလုပ္ေတာ့ႀကိဳးစားေပမဲ့ အ႐ြယ္မတိုင္ဘဲ ဆုံးသြားရေတာ့ အေမ့မွာ တစ္ေယာက္ထဲပဲ ႐ုန္းကန္ခဲ့ရတယ္... အေမက... သားသမီးကံေရာ အိမ္ေထာင္ေရးကံေရာ မေကာင္းခဲ့တာပါသားရယ္...."
"သားရွိေနတာ အေမ့အတြက္ ကံေကာင္းျခင္းပဲမလားး အေမ..."
"အင္း ငါ့သားေလးက အေမ့ရဲ႕ ကံေကာင္းျခင္းေလးပါ... "
ေလေအးတခ်က္ တိုက္ခတ္လာသည့္အခါ စံပယ္ ရနံ႔ေတြက ေမႊးအီလာသည္။ ကဆုန္လရဲ႕ ရာသီပန္းက စကားဝါေပမဲ့ နယုန္လရဲ႕ ရာသီပန္းစံပယ္ေတြပါ ပြင့္လ်က္ရွိသည္။
" အေမ ဘာလို႔ ကဆုန္လမွာ ေညာင္ေရသြန္းရတာလဲ.."
" အေမသိတာကေတာ့ အေမတို႔ ပုဂံေခတ္မွာ ကဆုန္လကို ကုဆုန္ လို႔ေက်ာက္စာေတြမွာ ေရးသားေဖာ္ျပၾကတယ္တဲ့... ကု=ေရ ၊ ဆုန္= သြန္းေလာင္းျခင္း ဖ်န္းျခင္း တဲ့ သားရဲ႕..... တကယ္ ေတာ့ ကံ့ေကာ္ပင္မွာ ဘုရားရွင္ပြင့္ရင္ ဒါက ေဗာဓိပင္ေပါ့... ေညာင္ပင္မွာ ဘုရားပြင့္ရင္ က် ေဗာဓိပင္၊ ေဗာဓိေညာင္ပင္ေပါ့... "
" ကဆုန္လက ေႏြရာသီမွာ ဒုတိယ အပူဆုံးလဆိုေတာ့ ျမစ္ေတြ ေခ်ာင္း ေတြမွာ ေရေတြခမ္းေျခာက္ၾကတယ္။ အဲ့ဒါမလို႔ ကဆုန္လမွာ အပူလြန္ကဲၿပီး ေရရွားခ်ိန္မွာ ေဗာဓိပင္ေတြ မညႇိဳးႏြမ္းေအာင္ ေရသြန္းေလာင္းပြဲ က်င္းပ လာၾကတာတဲ့ သားရဲ႕... ေညာင္ေရသြန္းတဲ့အျပင္ ေရေနသတၱဝာေလးေတြကိုလဲ ေရခမ္းေျခာက္ရာကေန ေဘးလြတ္ရာကိုေ႐ႊ႕ေပးတဲ့ ဇိဝိတဒါနပါ လုပ္ၾကတယ္တဲ့...."
" ေနာက္တစ္ခု သားမွတ္ထားရမွာက
ျမန္မာ ဆယ္ႏွစ္လရာသီ မွာ ကဆုန္၊ ဝါဆို၊ ဝါေခါင္၊ သီတင္းကြၽတ္၊တန္ေဆာင္မုန္း၊ နတ္ေတာ္ လ ေျခာက္မ်ိဳးက သာသနာေရးကိုးကြယ္ ယုံၾကည္တာေတြနဲ႔ သက္ဆိုင္တယ္တဲ့....သားရဲ႕..."
" သားတို႔ ျမန္မာေတြရဲ႕ ႐ိုးရာဓေလ့ေတြက အရမ္းတန္ဖိုးႀကီးတာပဲေနာ္ အေမ"
"ဟုတ္တယ္ သားရဲ႕ ေပ်ာ္ပြဲ႐ႊင္ပြဲတိုင္းက အဓိပၸါယ္အျပည့္နဲ႔ က်င္းပၾကတယ္... ႐ိုးရာယဥ္ေက်းမႈကို ထိန္းသိမ္းၾကတယ္... ဒါက အေမတို႔ ျမန္မာေတြပဲေလ..."
ေနရီ ဂ႐ုစိုက္မွတ္သားရင္း အေမ့ကို ၾကည္ၾကည္ႏူးႏူးၾကည့္လိုက္မိသည္။လေရာင္ ေအာက္က အေမ့မ်က္ႏွာျပင္သည္ လဝန္းႀကီးလို ၾကည္ၾကည္သာသာရွိသည္။အရည္လဲ့ေနသည့္ မ်က္ဝန္းစုံမွာ အေဖ့ကိုလြမ္းဆြတ္ေနေရာ့သလား...။ အေဝးေရာက္သားေတြကိုပဲ သတိရေနေရာ့သလား ေနရီမခန္႔မွန္းတတ္ပါ။
ေနရီ႕အတြက္ကေတာ့ အေမရွိလွ်င္ အားရွိရသည္။ အေမရွိေတာ့ လုံၿခဳံရသည္။ အေမရွိေတာ့ အေၾကာင္းစုံက္ို သိရခြင့္ရွိသည္ ဆိုသည့္အေတြးေတြနဲ႔ အတူ ေရအိုးစင္ေပၚက ေညာင္ေရသြန္းဖို႔ ျပင္ထားသည့္ ယြန္းအိုးေလးကို ငဲ့ၾကည့္လိုက္သည္။
ေညာင္ေရ မသြန္းလိုက္ရေပမဲ့ႏွင္းဆီႏွင့္ သေျပေတြက အိုးထဲမွာ လန္းဆန္းတုန္းပင္ျဖစ္သည္။ ထို႔အတူ ယြန္းအိုးထဲက ေရစင္ေတြကေရာ.... ေအးခ်မ္းေနမည္ထင္ပါသည္။ ထို႔အတူ သားသမီးေဇာ ႏွင့္ပူပန္ခဲ့ရေသာ အေမ့အတြက္လဲေအးခ်မ္းေစခ်င္ပါသည္။
Done 🍀
ReplyDeleteသားလိမ္မာလေးနေရီ ♡
ReplyDeleteGood Luck 🍀
ပြိုင်ပွဲစာမူတွေက ပုံစံတွေလုံးဝမတူဘူး။ တစ်ယောက်တစ်မျိုးစီ ထူးခြားကြတယ်။ တစ်နေ့တစ်မျိုး ရသအမျိုးမျိုးပေးလို့ အရမ်းမိုက်။
ReplyDelete🤍🤎🤍
ReplyDeleteGood🌷
ReplyDeleteDone 💪
ReplyDeleteDone
ReplyDelete