ဖိုးစိန်

Unicode




မြေနီလမ်းမှာ ဖုန်တထောင်းထောင်းထနေသည်။ ရုံးဖွင့်ရက်ဖြစ်၍ ဘုရားဖူးကားအလာနည်းသောကြောင့် တစ်စီးစ နှစ်စီးစသာ ရှိသည်။ နေ့လည် ၁၂ ကျော်ပြီဖြစ်၍ နေကလည်း ပြင်းပြင်းပူနေလျက်။ ဘုရားဖူးအချို့ ဘုရားပေါ်က ပြန်ဆင်းလာကြပြီး ကားပေါ် အသီးသီးပြန်တက်သွားကြပြီ။ ခဏအကြာ ဆူဆူညံညံ အသံများနှင့်အတူ ဘုရားဖူးကားလည်း ပြန်ထွက်သွားသည်။

“ဘုတ်”



ဘုရားဖူးကားပေါ်မှ အမှိုက်ထုပ်တစ်ထုပ် လွှင့်ပစ်လိုက်သည်။ နေအပူရှိန်ကြောင့် မျက်လုံးများပြာနေသော ဖိုးစိန်တစ်ယောက် အမှိုက်ထုပ်ကို သေချာ ပြူးကြည့်ရသည်။ ထို့နောက် အမြန်ပြေးပြီး အမှိုက်ထုပ်ကို ဖောက်ကြည့်သည်။ ရေသန့်ဗူးခွံ ၃ ဗူး၊ အအေးဗူး ၂ ဗူးပါသည်။ ရေသန့်ဗူးခွံကို ဆာလာအိတ်ထဲထည့်လိုက်ပြီး အအေးဗူးခွံတွင်းသို့ ဖိုးစိန်ကြည့်လိုက်သည်။ ဖိုးစိန်မျက်နှာ တောက်ပသွားသည်။ ထို့နောက် အရိပ်ရသော ရာဘာတောထဲ ပြေးသွားပြီး သစ်တုံးတစ်တုံးပေါ် ဖိုးစိန်ထိုင်လိုက်ပြီး အကျီထဲ ဖွက်ထားသော အရာကို ထုတ်လိုက်သည်။ ခုနက အအေးဗူး ဖြစ်သည်။ အအေးဗူးထဲတွင် အအေး လက်ကျန် ကျန်နေသေးသဖြင့် ဖိုးစိန် အငမ်းမရ မော့သောက်လိုက်သည်။ ဗူးခွံကိုတော့ ဆာလာအိတ်ထဲ ပြန်ထည့်လိုက်ပြီ။

နေ့လည် ၁၂ ကျော်သော်လည်း ဖိုးစိန် ထမင်းမစားရသေး၊ ရေဆာနေသည်မှာလည်း ကြာပြီ။ ကောက်လို့ရသော ရေသန့်ဗူးခွံများကို ရောင်းပြီးမှသာ ဖိုးစိန် အိမ်ပြန်လို့ရမည်။ အခုလို အအေးဗူး လက်ကျန်လေးကတော့ ဖိုးစိန်အတွက် နတ်သုဒ္ဓါပင်။



မြေနီလမ်းဘေးတွင် သစ်သီးဝလံများ ခင်းကျင်းထားသည်။ ဘုရားဖူးကားမှ ဧည့်သည်များကတော့ ဒီလို လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်များကို သဘောကျကြစမြဲပင်။ ဘုရားဖူးကပြန်လာတိုင်း ဧည့်သည်တော်တော်များများ အိမ်ပြန်လက်ဆောင်ဝယ်သွားလေ့ရှိကြသည်။ သို့သော် covid 19 ရောဂါ စဖြစ်ကတည်းက ခရီးသွားများ နည်းလာသည်။ ခရီးသွားများကို မှီခိုရသော လုပ်ငန်းမှာလည်း လပေါင်းများစွာ ရပ်ထားရသဖြင့် အဆင်မပြေတော့ပါ။ အချို့မှာ ရောဂါ အနည်းငယ် လျော့ပါးလာသော်လည်း အဆင်မပြေခဲ့သော ကာလများက ချေးထားခဲ့ရသည့် ကြွေးမှီများကိုလည်း ပြန်ဆပ်ရသေးသည်။ ထိုအထဲတွင် ဖိုးစိန်၏ အမေ ပါ အပါအဝင်ဖြစ်သည်။



ရေသန့်ဗူးထည့်ထားသည့် ဆာလာအိတ်ကို ထမ်းလာသော ဖိုးစိန်ကို ဟင်းသီးဟင်းရွက်ရောင်းနေသော ဖိုးစိန် အမေက မြင်သွားသည်။

“ဟဲ့… ဖိုးစိန်.. ဘယ်လောက်ရပြီလဲ”

“သား မရေကြည့်ရသေးဘူး။ ၅၀၀ လောက်တော့ ရပြီထင်တယ်။”

“အေး.. ပြီးရော.. ၁၀၀၀ လောက် ရမှ အိမ်ပြန်ခဲ့..”

ဖိုးစိန် ခေါင်းငိုက်စိုက်နဲ့ ဆက်ထွက်သွားသည်။ အမေ့ ဘေးဆိုင်က ဒေါ်ကြီးပုစားနေသော ငါးပိရည်ကျိုနဲ့ ထမင်းနယ်ထားတာကိုကြည့်ပြီး ဖိုးစိန် ဗိုက်ပိုဆာလာသောကြောင့်ပင်။

“ဟဲ့ ညည်းကလည်း နေပူကြီးထဲ ကလေးကို.. ၅၀၀ ရ တော်ရောပေါ့”

“အာ.. မကြီးပုကလည်း ကျမလည်း မခိုင်းချင်ပါဘူး။ သူက ကျောင်းတက်ချင်တယ်တဲ့ တော်ရေ.. သူကျောင်းတက်ရင် သူ့ကျောင်းစားရိတ်က ကုန်ဦးမှာ.”

ဒေါ်ကြီးပု ငိုင်သွားသည်။

“အေး.. ဟုတ်သား ငါတို့လို တစ်နေ့လုပ်တစ်နေ့စားတွေ ကိုမြင့်နိုင်ကြီးကြောင့် အကြွေးက တင်နေရတဲ့ကြားထဲ ခရီးသွားပါးတော့ အရောင်းအဝယ်ကလည်းမကောင်း..ဟူး”

“ကိုမြင့်နိုင်ဆိုတာ ဘယ်သူကြီးတုန်း ဒေါ်ကြီးပု”… ဖိုးစိန် အမေက ခေါင်းကုတ်ရင်းမေးလိုက်သည်။

“Covid 19 ကို ခေါ်တာပါတဲ့တော်..ငါ အဝတ်သွားလျှော်ပေးတဲ့ အိမ်က ကလေးတွေက သင်ပေးထားတာ.. ငါက ကိုပိ နိုင်တီး လို့ ခေါ်လို့တဲ့။”

ဒေါ်ကြီးပုက ရယ်ရင်း ပြောလိုက်သည်။



“ဒေါ်ကြီးပုကတော့ လုပ်ပြီ” ..

ဖိုးစိန်အမေက ဟင်းရွက်များကို ပြန်စီရင်း သက်ပြင်းချလိုက်သည်။ ဒေါ်ကြီးပုက ဖိုးစိန်အမေကို ကြည့်လိုက်သည်။



“ဒါတောင် ကျောင်းတွေပိတ်ထားလို့ တော်သေးတယ် ဒေါ်ကြီးပုရယ်၊ ကျောင်းတွေဖွင့်ရင် ဖိုးစိန်က ကျောင်းတက်ချင်တယ်ပဲ ပူဆာမှာ.. အဲ့ဒါကြောင့် ကျောင်းတွေဖွင့်ရင် ကျောင်းထားပေးမယ်၊ အမေကတော့ ကျောင်းစားရိတ် မတက်နိုင်သေးလို့.. ကျောင်းတက်ချင်ရင် ကိုယ့်ဘာသာ ရှာပြီး စုထားလို့ ပြောထားတာ”



ဖိုးစိန်အမေက ထပ်ပြီးသက်ပြင်းချလိုက်သည်။



“ပြောလို့ပြောတာပါ ..ကျောင်းတွေဖွင့်ရင်တောင် ဖိုးစိန်ကို ကျွန်မ ကျောင်းထားနိုင်ပါ့မလားမသိဘူး”..

နေပူကြီးထဲ ဆာလာအိတ် ထမ်းပြီး တရွေ့ရွေ့သွားနေသော ဖိုးစိန်ကိုကြည့်ပြီး ဒေါ်ကြီးပု သက်ပြင်းချလိုက်သည်။






ဖိုးစိန် ဒီနေ့တော့ မနက်စောစော အိမ်မှထွက်လာသည်။ ဆာလာအိတ်ကို ခေါက်ပြီး ခါးကြားထဲ ထိုးထည့်ထားသည်။ ဂွပြဲနေသော ဘောင်းဘီကို အမေက ချုပ်ပေးထားပေမယ့် ချုပ်ရိုးများထပ်ပြေနေပြီ။ ခါးမျှော့ကြိုးများမှာလည်း ချောင်နေပြီ။ မြေနီဖုန်မှုန့်များကြား နေ့စဉ်သွားလာနေရသဖြင့် ဘောင်းဘီနဲ့ အကျီမှာ အနီရောင်သန်းနေပြီ။ ဖိုးစိန် ကိုယ်တိုင်လည်း အနီရောင်ဖြစ်နေပြီလားမသိပါ။ ဖိုးစိန် မနက်စောစော ထွက်လာရခြင်းမှာ ဘုရား တက်ချင်သောကြောင့်ပင်။ မနက်အစော ဘုရားပေါ်မှ ကြည့်လျှင် မြူတွေဆိုင်းနေတာကို မြင်ရသည်။ တခါတရံ မြူထူလျှင် အဝေးက ဖူးကြီးဆည်ကိုပင် မမြင်ရပါ။ ဒီနေ့တော့ ဖိုးစိန် ဘုရားပေါ် ရောက်ချိန်တွင် မြူကင်းနေပြီး ဘုရားပေါ်မှ ကြည့်လျှင် ရာဘာတောများမှာ သေးသေးလေးသာ မြင်ရသည်။ ဖိုးစိန် အမေ ဈေးရောင်းနေသော မြေနီလမ်းလေးမှာလည်း ကျဉ်းမြောင်းသယောင်ယောင်။ ဖိုးစိန် ဘုရားပေါ်မှ ရှုခင်းများကို ငေးကြည့်ရင်း ဘုရားရှိခိုးသံ သဲ့သဲ့ကြားလိုက်ရသည်။

ဖိုးစိန် ဘုရားပေါ် ပတ်ကြည့်ပြီးနောက် ဘုရားအတွင်းသို့ဝင်လိုက်သည်။ အလှူငွေကောက်ခံသော ဘုရားဂေါပကက တံမြက်စည်းလှည်းနေသည်။ အတွင်းမှာ အမျိုးသမီးတစ်ယောက် ဘုရားရှိခိုးနေသည်။ ဖိုးစိန် ထိုအမျိုးသမီးကို သိသည်။ ရွာထဲကတော့ ထိုအမျိုးသမီးကို ဆရာမလေးဟု ခေါ်ကြသည်။ ဆရာမလေးက ဖိုးစိန်တို့ရွာမှာ နေသော်လည်း ရွာထဲက ကျောင်းမှာ စာမသင်ပါ။ ဘာကြောင့်လဲ ဖိုးစိန်မသိပါ။ ဆရာမလေးကို တွေ့တော့ဖိုးစိန်ပျော်သွားသည်။ ဆရာမလေး ဘုရားရှိခိုးပြီးတာကို ဘုရားလှေကားထစ်ပေါ်ကနေ ဖိုးစိန် စောင့်နေဦးမည်။



ဆရာမလေး ဘုရားရှိခိုးပြီးပြီ။ ဖိုးစိန်က ဆရာမလေးကို ရပ်ကြည့်နေသည်ကို ဆရာမလေးက မြင်သွားပြီး ဖိုးစိန်ကို ပြန်ကြည့်နေသည်။

“ဘာပြောစရာရှိလို့လဲ.. ကလေး” ဆရာမလေးက မေးလိုက်သည်။

“ဟို….ကျနော် မေးစရာရှိလို့ပါ။” ဖိုးစိန်က ရှက်သရွံ့ရွံ့ ပြောလိုက်သည်။

ဆရာမလေးက ငြိမ်ပြီးနားထောင်နေသည်။

“ဆရာမလေး .. ကျနော် ကျောင်းတက်ရင် ဘယ်လောက်ကုန်မလဲ…”

ဆရာမလေး မျက်လုံးများပြူးကျယ်သွားသည်။ ဖိုးစိန်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။

ဖိုးစိန်က ဆရာမလေးကို ပြန်ပြူးကြည့်နေသည်။ ထို့နောက် ဖိုးစိန် ပြေးထွက်သွားသည်။

“ဟဲ့..သား..နေဦးလေ..”

ဆရာမလေးက လိုက်ခေါ်သော်လည်း ဖိုးစိန် က လှေကားထစ်များကို အလျင်အမြန်အပြေးဆင်းသွားပြီ။ ဆရာမလေးက တအံ့တဩ ငေးကြည့်နေသည်ကို ဖိုးစိန် မသိပါ။



ဖိုးစိန် မြေနီလမ်းပေါ်တွင် လမ်းလျှောက်လာသည်။ ဖိုးစိန်၏ မေးခွန်းကို ဆရာမလေး စိတ်ဆိုးသွားမှာစိုးသည်။



ရုံးပိတ်ရက်ဖြစ်သဖြင့် နံနက် ၆ နာရီ ကျော်ကျော်တွင် ဘုရားဖူးများ တစစ ရောက်လာကြပြီ။ ဒေါ်ကြီးပုနှင့် ဖိုးစိန် အမေမှာ ဟင်းရွက်များကို ခင်းကျင်းနေဆဲ၊ ထိုစဉ် လမ်းလျှောက်လာသော ဖိုးစိန်ကို တွေ့သွားသည်။



“ဟဲ့..ဖိုးစိန်.. ဘယ်တွေသွားနေတာလဲ.” ဖိုးစိန်အမေက မေးလိုက်သည်။

“သားဘုရားပေါ် တက်နေတာ” ..

“အမယ်လေးဟယ်.. ဘုရားဖူးတွေလာပြီ အလုပ်သွားစတော့လေ..”

ဖိုးစိန်က ခေါင်းငြိမ့်ပြလိုက်သည်။

ထိုစဉ် အနီးနားမှ ဆူဆူညံညံ အသံ ထွက်ပေါ်လာသည်။ ဖိုးစိန် အမေက ဟင်းသီးဟင်းရွက်စီရင်း လှမ်းကြည့်လိုက်ရင်း လူများ စုရုံးနေကြသည်ကို တွေ့လိုက်ရသည်။ ဖိုးစိန်ရော ဖိုးစိန် အမေပါ သွားကြည့်လိုက်ကြသည်။



“ဟဲ့.ဟဲ့ ဘာတွေဖြစ်နေကြတာတုန်း..” ဖိုးစိန်အမေက မေးလိုက်သည်။



“ ဟဲ့.. မြင့်သန်းသား ပိစိလေ… ဒီနေ့ ဘုရားဖူးကားကို လိုက်တောင်းတာ … ၁ သောင်းရတယ်တဲ့တော်ရေ..”

ဒေါ်ကြီးပု က ပိစိကို မေးငေ့ါပြရင်း ပြန်ဖြေလိုက်သည်။

“ ဟယ်.. အမယ်လေး ၁ သောင်းတောင်..”

“အေးဆို.. မြင့်သန်း ကို ကြည့် ပြုံးဖြီးနေတာပဲ…”


ဖိုးစိန်အမေက ဒေါ်ကြီးပုကို ပြောတာကို နားထောင်ရင်း ဒေါ်ကြီးမြင့်သန်း ဖက်ထားသော ပိစိကို ကြည့်လိုက်သည်။ ပိစိ ပျော်နေသည်။ ဒေါ်ကြီးမြင့်သန်းလည်း ပျော်နေသည်။ ဖိုးစိန်ကတော့ ပိစိ လက်ထဲက ၁ သောင်းတန်လေးကို သာ ငေးကြည့်နေမိသည်။







ဖိုးစိန် ရေသန့်ဗူးခွံ လိုက်ရှာနေရင်း မနေ့က ပိစိ နဲ့ ၁ သောင်းတန် အကြောင်းစဉ်းစားနေသည်။ ခုချိန်များ ၁ သောင်းတန် တစ်ရွက်ကောက်ရရင် ကောင်းမှာပဲ လို့ ဖိုးစိန် ရေရွတ်လိုက်သည်။ နေပြင်းလာသောကြောင့် ဖိုးစိန် သစ်ငုတ်တို တစ်ခုတွင် ထိုင်နားနေလိုက်သည်။

ဖိုးစိန်၏ မျက်နှာချင်းဆိုင်တွင် ကလေးများဆော့ကစားနေကြသည်။ ဖိုးစိန် နှင့် ရွယ်တူပင် ဖြစ်ကြသည်။ သူတိူ့ရော ကျောင်းမတက်ချင်ကြဘူးလားဟု ဖိုးစိန်တွေးမိသည်။ ဖိုးစိန် ရေသန့်ဗူးလိုက်ကောက်နေသည်မှာ ၃ လ ကျော်ပြီ။ သူငယ်ချင်းများနဲ့ မဆော့ရသည်မှာကြာပြီ။ ရွာရိုးကိုးပေါက်လျှောက်ရင်း ရေသန့်ဗူး ကောက်နေရသဖြင့် ဖိုးစိန် သူငယ်ချင်းများနဲ့တောင် တဖြည်းဖြည်း စိမ်းလာသလိုလို။ ဖိုးစိန်နဲ့ ရွယ်တူ ကလေးများမှာ ပုံပစ်တိုင်း ဆော့နေကြသည်။ ထိုကလေးများတွင် ပိစိ လည်းပါသည်။ ထိုစဉ် ….



“ဟေ့ကောင် သာအေး.. ကားလာပြီဟ..” ပိစိကလှမ်းအော်လိုက်သည်။ သာအေးတို့ ကစားနေရာမှ ချက်ချင်း ကားကို စောင့်ကြည့်နေကြသည်။ ပြီးနောက် ကားနောက် လိုက်ပြီး တာ့တာပြကြသည်။ ကားထဲမှ ပြတင်းပေါက် တံခါး ပွင့်လာပြီး ပိုက်ဆံ တစ်ရွက် လွှင့်သွားသည်။ ပိစိ နဲ့ သာအေးတို့အဖွဲ့ ထို ပိုက်ဆံကို လိုက်ကောက်ကြသည်။ ဒီတခေါက် သာအေး ရသွားသည်။ ပိုက်ဆံမှာ ၁ ထောင်တန် တစ်ရွက်ဖြစ်သည်။ သာအေးက ထိုပိုက်ဆံကို အိတ်ကပ်ထဲထည့်ပြီး ပုံ ဆက်ပစ်နေကြသည်။




ဖိုးစိန် သစ်ငုတ်တိုပေါ်မှာထိုင်ရင်း ထိုအဖြစ်ကို မယုံနိုင်အောင် ငေးကြည့်နေသည်။ ထို့နောက် သူ့လက်ထဲက ကိုင်ထားသော ရေသန့်ဗူးများနဲ့ ဆာလာအိတ်ကို‌ ကြည့်လိုက်သည်။ သာအေးတို့အဖွဲ့ ဆော့ရင်း နောက်ကားတစ်စီး လာတာကြောင့် ကားနောက်လိုက်ပြီး တာ့တာလိုက်ပြကြသည်။

ဖိုးစိန် မတ်တပ်ရပ်လိုက်သည်။ ဖိုးစိန်ရှိရာသို့ ကားတစ်စီး မောင်းလာသည်။ ဖိုးစိန် ဆာလာအိတ် အထုပ်လေးကို ချကာ…လက်ကလေး မြှောက်လိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းကာ တာ့တာပြလိုက်သည်။ ကားက ဖိုးစိန်ကို ကျော်သွားသည်။ ဖိုးစိန်ကို ကားနောက်ကို မလိုက်ပဲ ကားကို ငေးကြည့်နေသည်။ ထိုစဉ် ကားတံခါးပွင့်ပြီး လက်တစ်ဖက်ထွက်လာသည်။ ထို လက်ထဲတွင် ပိုက်ဆံ တစ်ရွက်ပါလာသည်။ ဖိုးစိန် ကားနောက်ကို အပြေးလိုက်သည်။ ကားထဲမှ ထို ပိုက်ဆံ လွှင့်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်တစ်လုံးလုံး ထသွားပြီး ဖိုးစိန် မြေကြီးပေါ်တွင် ဝပ်လျက် ထိုင်နေသည်။ ကျစ်ကျစ်ပါအောင်ဆုပ်ထားသော ဖိုးစိန် လက်ထဲတွင်တော့ ၅၀၀၀ တန် တစ်ရွက်။







ဖိုးစိန် အမေ ဟင်းရွက်များစီနေပြီး မျက်နှာမှာလည်း ပြုံးနေသည်။ ဒေါ်ကြီးပု က ဖိုးစိန် အမေကို ကြည့်ရင်း

“ အံမယ် ညဉ်းမျက်နှာက ဒီနေ့တော့ ပြုံးလို့ရွှင်လို့ပါလား…”

“ဟုတ်ပ ဒေါ်ကြီးရယ်.. ဖိုးစိန် မနေ့က ဘုရားကားတွေ လိုက်တောင်းတာ… ၆ ထောင်တောင် ရတယ်လေ။”

“ဟေ .. ၆ ထောင် တောင်..”

“ ပြီးတော့ ခေါက်ဆွဲကြော် တစ်ပွဲတောင် ပါသေးတာ ကြက်သားနိုင်းချင်းပဲ…ဘုရားထဲ အသားငါးသယ်လို့မရလို့ဆိုပြီး ဖိုးစိန်ကို ပေးတာတဲ့တော်ရေ..ကျုပ်ဖြင့် မနေ့က စားလိုက်တာ ကောင်းမှကောင်း ဒေါ်ကြီးပုရယ်..”

“ ညည်းတော့ ကံထ နေတာပဲ။ ဝမ်းသာတယ်အေ.. ဖိုးစိန်ကိုလည်း ဂရုစိုက်လိုက်ဦး…”

ဖိုးစိန် အမေက ပြုံးနေသည်။




ဖိုးစိန် မနေ့က သစ်ငုတ်တိုပေါ်မှာပဲ ထိုင်နေသည်။ မနက် ၈ နာရီ ထိုးပြီဆိုတော့ ဘုရားဖူးကားများ လာကြပြီ။ မနက်ကတည်းက ဖိုးစိန် ဘုရားဖူးကားများ တာ့တာပြပေမယ့် ပိုက်ဆံ မရသေးပါ။ သာအေး နဲ့ ပိစိ တို့တောင် ၂ ထောင် ကျော် ရကြပြီ။ ဖိုးစိန် ကားနောက်ကို အတင်းပြေးလိုက်ရဦးမည်။





ဖိုးစိန် အလုပ်အကိုင်ကောင်းနေသည်မှာ ၁ လ ကျော်ကြာပြီ။ ဖိုးစိန်၊ သာအေးနဲ့ ပိစိတို့မှာလည်း အတွဲမိနေပြီ။ ဖိုးစိန် ရေသန့်ဗူးခွံများကိုပင် မကောက်တော့ပေ။ ဖိုးစိန် အမေမှာလည်း ပျော်တပြုံးပြုံးဖြစ်နေသည်။ ဒီနေ့ ဖိုးစိန် မနက်စောစော ထွက်လာသည်။ ဘုရားဖူးကားတစ်စီးတွေ့သဖြင့် အမြန် ပြေးလိုက်ပြီး နှုတ်ဆက်သည်။ ထိုစဉ် ကားက ရပ်သွားသည်။ ဖိုးစိန်က ကားပြတင်းပေါက်နားမှာ ရပ်ပြီး ကားထဲသို့လှမ်းကြည့်လိုက်သည်။ ကားမောင်းတဲ့ ဦးလေးကြီးက ဖိုးစိန်ကို အော်လိုက်သည်။



“ဟေ့ကောင် သေချင်လို့ ကားနောက်ကို ပြေးလိုက်နေတာလား.. မနက်စောစော ဘုရားလာတာ အကုသိုလ်ဖြစ်တယ်။ မင်းတောင်းချင်ရင် တခြား နေရာ အေးဆေး သွားတောင်း…. ကားသမားတွေကို အမှုပတ်အောင် လာမလုပ်နဲ့..သူတောင်းစားလေးတွေ…”



ကားက မောင်းထွက်သွားပြီ။



ဖိုးစိန် ရင်ထဲ နင့်ကနဲ နေအောင် ခံစားလိုက်ရသည်။ ဖိုးစိန် ကြောင်ပြီး အတန်ကြာရပ်နေမိသည်။ ကားသမားဦးလေးပြောသွားသော စကားများက နားထဲ တဝဲလည်လည်။ ဖိုးစိန် မိမိ ကိုယ်ကို ပြန်တွေးကြည့်မိသည်။ ဖိုးစိန် အလုပ်လုပ်နေခြင်း ဖြစ်သည်။ ဖိုးစိန် သူတောင်းစားမဟုတ်ပါ. ။ ဒါမှ မဟုတ် တကယ်ပဲ ဖိုးစိန် သူတောင်းစား ဖြစ်နေပြီလား။

ဖိုးစိန် တနေကုန် ငိုင်နေသည်။ ကားနောက်ကို ပြေးလိုက်ချင်စိတ် မရှိတော့ပါ။ ဖိုးစိန် ကျောင်းတက်ချင်တာပဲသိသည်။ ညနေစောင်း နေဝင် သွားပြီ။ ဘုရားမှာလည်း လူပါးသွားပြီ။ ဖိုးစိန် ဘုရားပေါ် ဖြည်းဖြည်းချင်း တက်လာပြီး ဘုရားပေါ်စောင်းတန်းတွင် ငေးမောရင်း အတွေးလွန်နေသည်။ ထိုစဉ် ဖိုးစိန် ပုခုံးကို တစ်စုံတစ်ယောက်က ပုတ်လိုက်သည်။



“ဟင်…ဆရာမလေး”

ဆရာမလေးက ဖိုးစိန်ကို ပြုံးကြည့်နေသည်။



“ကိုယ်တော်ချော.. ဟိုနေ့က မေးချင်တာမေးပြီး ထွက်ပြေးသွားပြီးတော့ အခု ဘာတွေ အတွေးလွန်နေတုန်း”

ဖိုးစိန် ငိုင်နေသည်။

“ တောင်းပန်ပါတယ်.. ဆရာမလေး”

“ဟင် ဘာကို တောင်းပန်တာတုန်း။”

“ ကျနော် ဆရာမလေးကို လျှောက်မေးမိလို့။”

“သားက ဘာလို့ အဲ့လိုမေးတာလဲ။”

“ သား ကျောင်းတက်ချင်တယ်.. ဒါပေမယ့် သားမှာ ပိုက်ဆံမရှိဘူး။ အဲ့ဒါကြောင့် သားဘယ်လောက်ရှာရမလဲ မသိလို့ မေးကြည့်တာ”

“အမယ်လေး သားအဲ့လို ကျောင်းတက်ချင်တာကိုပဲ ဆရာမတို့က ပျော်နေတာ”

ဖိုးစိန် မျက်နှာလေး လင်းသွားသည်။

“ အဲ့နေ့က ဆရာမ သားနောက် လိုက်လာသေးတယ်။ သားရေသန့်ဗူး ကောက်နေတာ တွေ့လိုက်တယ်။ ဆရာမလည်း အလုပ်ရှိတော့ ရန်ကုန်ကို အမြန် သွားလိုက်ရလို့ မနှုတ်ဆက်လိုက်တာ”

ဖိုးစိန်က ဆရာမကို ငေးကြည့်နေသည်။

“ သား ဒီနေ့ရော ရေသန့်ဗူးကောက်ပြီးပြီလား”

“ ကျနော် ရေသန့်ဗူး မကောက်တော့ဘူး ဆရာမ..ဘုရားကားတွေကိုပဲ လိုက်တောင်းတယ်”

“ဟင်… အဲ့ဒါ အန္တရာယ်များလိုက်တာ.. မတော် ကား တွေဘာတွေ တိုက်သွားမှဖြင့်…”

ဖိုးစိန် ကားသမားဦးလေးကြီး၏ စကားကို ပြန်လည်ကြားယောင်ပြီး ခေါင်းငိုက်စိုက်ဖြစ်သွားသည်။ ခဏ အကြာ…



“ဆရာမ… ကျနော် သူတောင်းစားလား…”



“ဟောတော့…” ဆရာမ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဖိုးစိန် ကို ငေးကြည့်နေလိုက်သည်။



“ သားက ဘာလို့ ဘုရားကားတွေကို လိုက်တောင်းတာလဲ..” ဆရာမက မေးလိုက်သည်။



“ကျနော်ကျောင်းတက်ချင်လို့” … ဖိုးစိန်က ပြန်ဖြေလိုက်သည်။



“သားရဲ့ ရည်ရွက်ချက်ကသာ အရေးကြီးဆုံးပါ…” ဆရာမက ပြုံးပြုံးလေးပြန်ဖြေလိုက်သည်။ ခဏအကြာ



“သား စာသင်ချင်ရင်တော့ ဆရာမ စာသင်ပေးမယ်။ ဒါပေမယ့် ကားနောက်ကို လိုက်တော့ မတောင်းရတော့ဘူး”

ဖိုးစိန် အံ့ဩသွားသည်။ ဖိုးစိန် စာသင်ချင်သည်။

“ကားနောက်ကို လိုက်ပြီး တောင်းတာ တကယ့်ကို အန္တရာယ်များတယ်။ သားတို့ တခုခု ဖြစ်သွားမှာ ဆရာမကြောက်တယ်။ အဲ့တော့ သားစာသင်ချင်ရင် ဆရာမ သင်ပေးမယ်။ ဒါပေမယ့် ကားနောက်ကိုတော့ လုံးဝ လိုက်လို့မရဘူး။”




ဖိုးစိန် ဆရာမကို တအံ့တဩ ကြည့်နေမိလိုက်သည်။





ဖိုးစိန် ပျော်ပြီး ခုန်ပေါက်ကာ ပြန်လာသည်။ ဖိုးစိန် စာသင်ရတော့မည်။ ဆရာမလေးက တစ်ပတ် ၃ ရက် သင်ပေးမည် ပြောသည်။ စာအုပ်ဖိုးလည်း အလှူခံပေးမည်ဟု ပြောသည်။ ဖိုးစိန် ကားနောက် ပြေးလိုက်စရာ မလိုတော့ပါ။ ဖိုးစိန် အမေ့အတွက်တော့ တခြား အလုပ်တစ်ခု ရှာပြီး အကြွေးကူဆပ်ပေးမည်။ ဖိုးစိန် အတွေးများနဲ့ ပြေးလာရင်း အိမ်ကို ရောက်လာသည်။

အိမ်ရောက်တော့ အမေက ကွပ်ပျစ်ပေါ် ထိုင်နေရင်း ဖိုးစိန်ကို မေးလိုက်သည်။



“သားလေး ပြန်လာပြီလား… ဒီနေ့ ဘယ်လောက်ရလဲ..” ဖိုးစိန် ကို အမောတကော မေးလိုက်သည်။



“ ဒီနေ့ တော့ သား တပြားမှ မရဘူး အမေ.. ဒါပေမယ့်….” ဖိုးစိန် စကားမဆုံးခင် အမေက ထပ်ပြောလိုက်သည်။



“ဪ ဒီနေ့ ဘုရားဖူးနည်းလို့ ဖြစ်မှာပါလေ… သာအေးတို့ကတော့ ၇၀၀၀ လောက်ရတယ် ပြောတယ်။ နောက်ရက်တော့ သားလည်း ရမှာပါ။”



“အမေ့..သား နောက်နေ့ ကားနောက်မလိုက်တော့ဘူး..သားကို ရွာထဲက ဆရာမက စာသင်ပေးမယ်တဲ့…” ဖိုးစိန်က ဝမ်းသာအားရပြောလိုက်သည်။



ဖိုးစိန် အမေ မျက်နှာ ချက်ချင်းပြောင်းသွားသည်။



“ဘာ… ကားနောက် မလိုက်တော့ဘူး။ စာသင်မယ် ဟုတ်လား ဖိုးစိန်”

“ နင် အဲ့လို အရည်မရ အဖတ် မရ တာတွေပဲ စိတ်ဝင်စားနေလို့ ငါ့မှာ မနည်းကုန်းရုန်းရှာနေရတာ.. ဈေးရောင်းမကောင်းလို့ နင့်ကို အားကိုးရမလား အောက်မေ့တယ်။”

“ အမေ သား ရေသန့်ဗူးကောက်ပေးမယ်.. အမေ စိတ်မပူနဲ့” ဖိုးစိန် အ‌မေ ပိုဒေါသထွက်သွားသည်။



“ တနေ့လုံးလုံး ကောက်တောင် ၂၀၀၀ တောင် မကျန်တာ.. အခုဆို နင်သက်သာတယ်။ ကားလာမှ ပြေးလိုက်ရုံပဲ… ဒါတောင် နင်က အထွန့်တက်နေသေးတယ်။ ပိစိ တို့အမေ အကြွေးကျေသွားပြီ နင်သိလား.. နင်ဟာ ကိုယ့်အမေကိုယ်တောင် မသိတတ်တဲ့အကောင်… ဒီမှာ အဲဒီ့ ရေသန့်ဗူးကောက်နေရင် နင်ကျောင်းဘယ်တော့မှ တက်နိုင်မှာမဟုတ်ဘူး မှတ်ထား..”

ဖိုးစိန် အမေ အိမ်ထဲ ပြန်ဝင်သွားသည်။

ဖိုးစိန် မျက်ရည်များ ကျလာသည်။ ဖိုးစိန် ရင်ထဲ ခံစားရသည်။ ကျောင်းဘယ်တော့မှ တက်နိုင်မှာ မဟုတ်ဘူးဆိုသော အမေ့ စကားက ဖိုးစိန် နားထဲ ပဲ့တင်ထပ်နေသည်။






ဖိုးစိန် ဆရာမလေးနဲ့ မတွေ့တော့သည်မှာ ၃ ပတ်ကျော်ပြီ။ ဖိုးစိန် အမေနဲ့ စကားများပြီး နောက်တစ်နေ့ မနက် ကားနောက်ကို လိုက်တောင်းသည်။ ၂ သောင်းကျော်ရလိုက်သည်။ အမေက ဖိုးစိန်ကို စကားပြန်ပြောသည်။ အကြွေးကျေရင် ဖိုးစိန်ကို ကျောင်းထားပေးမည်ဟု ပြောသဖြင့် ဖိုးစိန် နေ့တိုင်း ကားနောက် အတင်းပြေးလိုက်သည်။ ဒီနေ့လည်း မနက်စောစော ဖိုးစိန် ဘုရားသို့ရောက်လာသည်။



“ဖိုးစိန်”

ဖိုးစိန်လှည့်ကြည့်လိုက်သည်။ အသံမှာ ဆရာမလေး ဖြစ်နေသည်။



“ သား ကားနောက်ကို ပြေးမလိုက်တော့ဘူးဆို”..ဆရာမလေး၏ အသံမှာ ဒေါသသံစွက်နေသည်။



ဖိုးစိန်က ဘာမှပြန်မဖြေပါ။ ဆရာမလေးကို ဘာမှ ပြန်မဖြေနိုင်ပါ။



“ ကားနောက်ပြေးလိုက်ရင် ဆရာမ စာမသင်ပေးဘူးလို့ ပြောထားတယ်လေ”



“သား ပိုက်ဆံအများကြီး မရှာနိုင်ရင် အမေက ကျောင်းမထားပေးဘူး ပြောလို့ပါ။”



ဆရာမလေး ဆွံ့ အသွားသည်။ ခဏအကြာ ဆရာမလေး မျက်နှာထားပြေလျော့သွားသည်။



“ဖိုးစိန်”



“ဖိုးစိန်…ဆရာမကို ကြည့်စမ်း”



ဖိုးစိန် မော့ကြည့်လိုက်သည်။



“ သား စာတတ်ချင်တာလား၊ ကျောင်းတက်ချင်တာလား” ဆရာမက မေးလိုက်သည်။



ဖိုးစိန် ကျောင်းစိမ်းအကျီလေးတွေကို သဘောကျသည်။ လွယ်အိတ်လေးတွေကိုလည်း သဘောကျသည်။ လမ်းထိပ်ကုန်စုံဆိုင်က စာရေးကိရိယာလေးတွေကိုလည်း ဖိုးစိန်လိုချင်သည်။ သူငယ်တန်းဖတ်စာလေးတွေကို ဖိုးစိန် မြင်ဖူးသည်။ သာအေးတို့ ဆီက တောင်းပြီး ကိုင်ကြည့်ဖူးသည်။ ဖိုးစိန် ကျောင်းလည်း တက်ချင်သည်။ သူငယ်တန်းစာများကိုလည်း ဖတ်တတ်ချင်သည်။ ပညာတတ်လျှင် မဆင်းရဲဟု ဖိုးစိန်ကြားဖူးသည်။ ဒါကြောင့် ဖိုးစိန် စာသင်ပြီး ပိုက်ဆံအများကြီးရှာချင်သည်။



“နှစ်ခုလုံး ဆရာမ…” ဖိုးစိန် အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။



“စီးပွားဆိုတာ.. အချိန်တန်ရင် ရှာရမယ်။ အခု သားအရွယ်က ပညာသင်ရမယ့်အရွယ်.. သား စာသင်ချင်ရင် ဆရာမ သင်ပေးမယ်။ စီးပွားရှာချင်ရင်လည်း တခြား ဟာ ဆရာမတို့ အတူစဉ်းစားကြမယ်။ ဒါပေမယ့် ကားနောက် ပြေးမလိုက်နဲ့တော့..”

ဖိုးစိန် ဆရာမ စကားကို နားထောင်နေသည်။ ထိုစဉ် ဖိုးစိန် အမေ ဟင်းရွက်များကို ခေါင်းပိုးပြီး ခပ်လှမ်းလှမ်းမှာ လမ်းလျှောက်လာနေသည်။ ဖိုးစိန် အမေ့ကို မြင်တာနဲ့ ဆရာမကို မော့ကြည့်ပြီး ပြေးထွက်သွားသည်။ ဆရာမက ဖိုးစိန်ကို ငေးကြည့်ပြီး သက်ပြင်းချကာ ဘုရားဘက်ကို လျှောက်သွားသည်။



ဖိုးစိန် အမေ့ဘေးတွင် ထိုင်ကာ ဘုရားဖူးများကို‌ ငေးကြည့်နေသည်။ အမေက ဈေးရောင်းနေသည်။ ဆရာမ၏ စကားများကိုလည်း နားထဲ ကြားယောင်နေသည်။



“မကြီး ငရုတ်သီးစိမ်း ၂၀၀ ဖိုးလောက်..”

ဖိုးစိန် အမေက ထုပ်စရာ စာရွက်ကုန်သွားသဖြင့် လိုက်ရှာနေသည်။ ထို့နောက် ဒေါ်ကြီးပုဆီ မေးလိုက်သည်။



“ဒေါ်ကြီးပု… စာရွက် ၃ ရွက်လောက်..ကျွန်မဟာ ကုန်သွားလို့”..



ဒေါ်ကြီးပုက ၄ ၅ ရွက် ထုပ်ပေးလိုက်သည်။ ဒေါ်ကြီးပုပေးသော စာရွက်များကို ကြည့်ကာ ဖိုးစိန် မျက်လုံးများပြူးကျယ်သွားသည်။ ဖိုးစိန်အမေက ငရုတ်သီးများကို စာရွက်နဲ့ ထုတ်ပေးနေသည်။ ထို့နောက် ဘုရားဖူးဈေးဝယ်က အမေ့ကို ပိုက်ဆံ ၅၀၀ ထုတ်ပေးသဖြင့် အမေက ၃၀၀ ပြန်အမ်းလိုက်သည်။ ဖိုးစိန်မှာ ထိုစာရွက်ပေါ်က မျက်နှာ မခွာ တအံ့တသဩ ကြည့်မိနေသည်။ ဈေးဝယ်က ကားပေါ် တက်သွားပြီး ကား မောင်းထွက်သွားပြီ။ ဖိုးစိန် ချက်ချင်းထကာ ကားနောက်ကို ပြေးလိုက်သွားသည်။ ဖုန်များ တထောင်းထောင်းထကာ ပတ်ဝန်းကျင် တစ်ခုလုံး နီရဲနေသည်။ ဖိုးစိန် မရပ်မနားပြေးလိုက်သည်။ ထိုစဉ် ကားရပ်သွားသည်။ ကားထဲမှ အဒေါ်ကြီးက ဖိုးစိန် အမေ ပြန်အမ်းသော ၃၀၀ ကို ဖိုးစိန်ကို ကမ်းပေးလိုက်သည်။ ဖိုးစိန်၏ မျက်လုံးများကတော့ ငရုတ်သီးထုတ်ထားသော စာရွက်ပေါ်မှာ… ဖိုးစိန် ကားထဲမှ ငရုတ်သီး ထုတ်ထားသော စာရွက် ကို ဖြည်ပြီး လုယူလိုက်သည်။ ကားပေါ်မှ ပေးသော ၃၀၀ ကို မယူပါ။ ဖိုးစိန် ကားနားမှ ပြေးထွက်လာသည်။ လက်ထဲတွင် စာရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ ဖိုးစိန် မရပ်မနားပြေးသည်။ ဖိုးစိန်စိတ်ထဲတွင် အတွေးများနဲ့ ပြည့်နေသည်။ ဖိုးစိန်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဖိုးစိန် နောင်တမရတော့ပါ။ ဖိုးစိန် အမေက ဖိုးစိန်ကို လှမ်းအော်နေသည်။ ဖိုးစိန် ဘာကိုမှ မကြားပါ။ ဖိုးစိန် လုပ်ရမှာ တခုတည်းသာရှိသည်။ ဖိုးစိန်ပြေးမည်။ ဖိုးစိန် ဘုရားဆီသို့ ပြေးမည်။ ဘုရားစောင်းတန်းများကို ဖြတ်ပြီး လှေကားပေါ်သို့ တက်သည်။ သာအေးတို့နဲ့ တိုက်မိပြီး ဖိုးစိန် လဲကျသွားသည်။ ဖိုးစိန် ပြန်ထ သည်။ ဘုရားလှေကားထစ်များကို ဖိုးစိန်တက်သည်။ ဘုရားပေါ်အရောက်တွင် ဖိုးစိန် တစ်စုံတစ်ရာကို လိုက်ရှာသည်။ ဘုရားပန်းကပ်နေသော ဆရာမလေးကို တွေ့သွားပြီး ဖိုးစိန် အပြေးရပ်လိုက်သည်။ မရပ်မနား ပြေးခဲ့သဖြင့် လှိုက်လှိုက်မောနေသည်။ ဖိုးစိန် ဆရာမလေးကို ပြုံးပြလိုက်သည်။ ဆရာမလေးက ဖိုးစိန်ကို တအံ့တဩကြည့်နေသည်။ ဖိုးစိန် က ဆရာမလေးကို ပြုံးပြီး လက်ထဲမှ စာရွက်လေးကို ပြလိုက်သည်။ ဆရာမက အံ့ဩသွားပြီး ထိုစာရွက်လေးကို လှမ်းကြည့်လိုက်သည်။ စာရွက်အပြဲနွမ်းနွမ်းလေးထဲက မထင်မရှား စာလုံးလေးတွေမှာတော့....



“ညအခါ လသာသာ ကစားမလား..နားမလား..”

စိန်ပန်း




Zawgyi




ေျမနီလမ္းမွာ ဖုန္တေထာင္းေထာင္းထေနသည္။ ႐ုံးဖြင့္ရက္ျဖစ္၍ ဘုရားဖူးကားအလာနည္းေသာေၾကာင့္ တစ္စီးစ ႏွစ္စီးစသာ ရွိသည္။ ေန႔လည္ ၁၂ ေက်ာ္ၿပီျဖစ္၍ ေနကလည္း ျပင္းျပင္းပူေနလ်က္။ ဘုရားဖူးအခ်ိဳ႕ ဘုရားေပၚက ျပန္ဆင္းလာၾကၿပီး ကားေပၚ အသီးသီးျပန္တက္သြားၾကၿပီ။ ခဏအၾကာ ဆူဆူညံညံ အသံမ်ားႏွင့္အတူ ဘုရားဖူးကားလည္း ျပန္ထြက္သြားသည္။


“ဘုတ္”




ဘုရားဖူးကားေပၚမွ အမႈိက္ထုပ္တစ္ထုပ္ လႊင့္ပစ္လိုက္သည္။ ေနအပူရွိန္ေၾကာင့္ မ်က္လုံးမ်ားျပာေနေသာ ဖိုးစိန္တစ္ေယာက္ အမႈိက္ထုပ္ကို ေသခ်ာ ျပဴးၾကည့္ရသည္။ ထို႔ေနာက္ အျမန္ေျပးၿပီး အမႈိက္ထုပ္ကို ေဖာက္ၾကည့္သည္။ ေရသန႔္ဗူးခြံ ၃ ဗူး၊ အေအးဗူး ၂ ဗူးပါသည္။ ေရသန႔္ဗူးခြံကို ဆာလာအိတ္ထဲထည့္လိုက္ၿပီး အေအးဗူးခြံတြင္းသို႔ ဖိုးစိန္ၾကည့္လိုက္သည္။ ဖိုးစိန္မ်က္ႏွာ ေတာက္ပသြားသည္။ ထို႔ေနာက္ အရိပ္ရေသာ ရာဘာေတာထဲ ေျပးသြားၿပီး သစ္တုံးတစ္တုံးေပၚ ဖိုးစိန္ထိုင္လိုက္ၿပီး အက်ီထဲ ဖြက္ထားေသာ အရာကို ထုတ္လိုက္သည္။ ခုနက အေအးဗူး ျဖစ္သည္။ အေအးဗူးထဲတြင္ အေအး လက္က်န္ က်န္ေနေသးသျဖင့္ ဖိုးစိန္ အငမ္းမရ ေမာ့ေသာက္လိုက္သည္။ ဗူးခြံကိုေတာ့ ဆာလာအိတ္ထဲ ျပန္ထည့္လိုက္ၿပီ။


ေန႔လည္ ၁၂ ေက်ာ္ေသာ္လည္း ဖိုးစိန္ ထမင္းမစားရေသး၊ ေရဆာေနသည္မွာလည္း ၾကာၿပီ။ ေကာက္လို႔ရေသာ ေရသန႔္ဗူးခြံမ်ားကို ေရာင္းၿပီးမွသာ ဖိုးစိန္ အိမ္ျပန္လို႔ရမည္။ အခုလို အေအးဗူး လက္က်န္ေလးကေတာ့ ဖိုးစိန္အတြက္ နတ္သုဒၶါပင္။




ေျမနီလမ္းေဘးတြင္ သစ္သီးဝလံမ်ား ခင္းက်င္းထားသည္။ ဘုရားဖူးကားမွ ဧည့္သည္မ်ားကေတာ့ ဒီလို လတ္လတ္ဆတ္ဆတ္ ဟင္းသီးဟင္း႐ြက္မ်ားကို သေဘာက်ၾကစၿမဲပင္။ ဘုရားဖူးကျပန္လာတိုင္း ဧည့္သည္ေတာ္ေတာ္မ်ားမ်ား အိမ္ျပန္လက္ေဆာင္ဝယ္သြားေလ့ရွိၾကသည္။ သို႔ေသာ္ covid 19 ေရာဂါ စျဖစ္ကတည္းက ခရီးသြားမ်ား နည္းလာသည္။ ခရီးသြားမ်ားကို မွီခိုရေသာ လုပ္ငန္းမွာလည္း လေပါင္းမ်ားစြာ ရပ္ထားရသျဖင့္ အဆင္မေျပေတာ့ပါ။ အခ်ိဳ႕မွာ ေရာဂါ အနည္းငယ္ ေလ်ာ့ပါးလာေသာ္လည္း အဆင္မေျပခဲ့ေသာ ကာလမ်ားက ေခ်းထားခဲ့ရသည့္ ေႂကြးမွီမ်ားကိုလည္း ျပန္ဆပ္ရေသးသည္။ ထိုအထဲတြင္ ဖိုးစိန္၏ အေမ ပါ အပါအဝင္ျဖစ္သည္။




ေရသန႔္ဗူးထည့္ထားသည့္ ဆာလာအိတ္ကို ထမ္းလာေသာ ဖိုးစိန္ကို ဟင္းသီးဟင္း႐ြက္ေရာင္းေနေသာ ဖိုးစိန္ အေမက ျမင္သြားသည္။


“ဟဲ့… ဖိုးစိန္.. ဘယ္ေလာက္ရၿပီလဲ”


“သား မေရၾကည့္ရေသးဘူး။ ၅၀၀ ေလာက္ေတာ့ ရၿပီထင္တယ္။”


“ေအး.. ၿပီးေရာ.. ၁၀၀၀ ေလာက္ ရမွ အိမ္ျပန္ခဲ့..”


ဖိုးစိန္ ေခါင္းငိုက္စိုက္နဲ႔ ဆက္ထြက္သြားသည္။ အေမ့ ေဘးဆိုင္က ေဒၚႀကီးပုစားေနေသာ ငါးပိရည္က်ိဳနဲ႔ ထမင္းနယ္ထားတာကိုၾကည့္ၿပီး ဖိုးစိန္ ဗိုက္ပိုဆာလာေသာေၾကာင့္ပင္။


“ဟဲ့ ညည္းကလည္း ေနပူႀကီးထဲ ကေလးကို.. ၅၀၀ ရ ေတာ္ေရာေပါ့”


“အာ.. မႀကီးပုကလည္း က်မလည္း မခိုင္းခ်င္ပါဘူး။ သူက ေက်ာင္းတက္ခ်င္တယ္တဲ့ ေတာ္ေရ.. သူေက်ာင္းတက္ရင္ သူ႔ေက်ာင္းစားရိတ္က ကုန္ဦးမွာ.”


ေဒၚႀကီးပု ငိုင္သြားသည္။


“ေအး.. ဟုတ္သား ငါတို႔လို တစ္ေန႔လုပ္တစ္ေန႔စားေတြ ကိုျမင့္ႏိုင္ႀကီးေၾကာင့္ အေႂကြးက တင္ေနရတဲ့ၾကားထဲ ခရီးသြားပါးေတာ့ အေရာင္းအဝယ္ကလည္းမေကာင္း..ဟူး”


“ကိုျမင့္ႏိုင္ဆိုတာ ဘယ္သူႀကီးတုန္း ေဒၚႀကီးပု”… ဖိုးစိန္ အေမက ေခါင္းကုတ္ရင္းေမးလိုက္သည္။


“Covid 19 ကို ေခၚတာပါတဲ့ေတာ္..ငါ အဝတ္သြားေလွ်ာ္ေပးတဲ့ အိမ္က ကေလးေတြက သင္ေပးထားတာ.. ငါက ကိုပိ ႏိုင္တီး လို႔ ေခၚလို႔တဲ့။”


ေဒၚႀကီးပုက ရယ္ရင္း ေျပာလိုက္သည္။




“ေဒၚႀကီးပုကေတာ့ လုပ္ၿပီ” ..


ဖိုးစိန္အေမက ဟင္း႐ြက္မ်ားကို ျပန္စီရင္း သက္ျပင္းခ်လိုက္သည္။ ေဒၚႀကီးပုက ဖိုးစိန္အေမကို ၾကည့္လိုက္သည္။




“ဒါေတာင္ ေက်ာင္းေတြပိတ္ထားလို႔ ေတာ္ေသးတယ္ ေဒၚႀကီးပုရယ္၊ ေက်ာင္းေတြဖြင့္ရင္ ဖိုးစိန္က ေက်ာင္းတက္ခ်င္တယ္ပဲ ပူဆာမွာ.. အဲ့ဒါေၾကာင့္ ေက်ာင္းေတြဖြင့္ရင္ ေက်ာင္းထားေပးမယ္၊ အေမကေတာ့ ေက်ာင္းစားရိတ္ မတက္ႏိုင္ေသးလို႔.. ေက်ာင္းတက္ခ်င္ရင္ ကိုယ့္ဘာသာ ရွာၿပီး စုထားလို႔ ေျပာထားတာ”




ဖိုးစိန္အေမက ထပ္ၿပီးသက္ျပင္းခ်လိုက္သည္။




“ေျပာလို႔ေျပာတာပါ ..ေက်ာင္းေတြဖြင့္ရင္ေတာင္ ဖိုးစိန္ကို ကြၽန္မ ေက်ာင္းထားႏိုင္ပါ့မလားမသိဘူး”..


ေနပူႀကီးထဲ ဆာလာအိတ္ ထမ္းၿပီး တေ႐ြ႕ေ႐ြ႕သြားေနေသာ ဖိုးစိန္ကိုၾကည့္ၿပီး ေဒၚႀကီးပု သက္ျပင္းခ်လိုက္သည္။







ဖိုးစိန္ ဒီေန႔ေတာ့ မနက္ေစာေစာ အိမ္မွထြက္လာသည္။ ဆာလာအိတ္ကို ေခါက္ၿပီး ခါးၾကားထဲ ထိုးထည့္ထားသည္။ ဂြၿပဲေနေသာ ေဘာင္းဘီကို အေမက ခ်ဳပ္ေပးထားေပမယ့္ ခ်ဳပ္႐ိုးမ်ားထပ္ေျပေနၿပီ။ ခါးေမွ်ာ့ႀကိဳးမ်ားမွာလည္း ေခ်ာင္ေနၿပီ။ ေျမနီဖုန္မႈန႔္မ်ားၾကား ေန႔စဥ္သြားလာေနရသျဖင့္ ေဘာင္းဘီနဲ႔ အက်ီမွာ အနီေရာင္သန္းေနၿပီ။ ဖိုးစိန္ ကိုယ္တိုင္လည္း အနီေရာင္ျဖစ္ေနၿပီလားမသိပါ။ ဖိုးစိန္ မနက္ေစာေစာ ထြက္လာရျခင္းမွာ ဘုရား တက္ခ်င္ေသာေၾကာင့္ပင္။ မနက္အေစာ ဘုရားေပၚမွ ၾကည့္လွ်င္ ျမဴေတြဆိုင္းေနတာကို ျမင္ရသည္။ တခါတရံ ျမဴထူလွ်င္ အေဝးက ဖူးႀကီးဆည္ကိုပင္ မျမင္ရပါ။ ဒီေန႔ေတာ့ ဖိုးစိန္ ဘုရားေပၚ ေရာက္ခ်ိန္တြင္ ျမဴကင္းေနၿပီး ဘုရားေပၚမွ ၾကည့္လွ်င္ ရာဘာေတာမ်ားမွာ ေသးေသးေလးသာ ျမင္ရသည္။ ဖိုးစိန္ အေမ ေဈးေရာင္းေနေသာ ေျမနီလမ္းေလးမွာလည္း က်ဥ္းေျမာင္းသေယာင္ေယာင္။ ဖိုးစိန္ ဘုရားေပၚမွ ရႈခင္းမ်ားကို ေငးၾကည့္ရင္း ဘုရားရွိခိုးသံ သဲ့သဲ့ၾကားလိုက္ရသည္။


ဖိုးစိန္ ဘုရားေပၚ ပတ္ၾကည့္ၿပီးေနာက္ ဘုရားအတြင္းသို႔ဝင္လိုက္သည္။ အလႉေငြေကာက္ခံေသာ ဘုရားေဂါပကက တံျမက္စည္းလွည္းေနသည္။ အတြင္းမွာ အမ်ိဳးသမီးတစ္ေယာက္ ဘုရားရွိခိုးေနသည္။ ဖိုးစိန္ ထိုအမ်ိဳးသမီးကို သိသည္။ ႐ြာထဲကေတာ့ ထိုအမ်ိဳးသမီးကို ဆရာမေလးဟု ေခၚၾကသည္။ ဆရာမေလးက ဖိုးစိန္တို႔႐ြာမွာ ေနေသာ္လည္း ႐ြာထဲက ေက်ာင္းမွာ စာမသင္ပါ။ ဘာေၾကာင့္လဲ ဖိုးစိန္မသိပါ။ ဆရာမေလးကို ေတြ႕ေတာ့ဖိုးစိန္ေပ်ာ္သြားသည္။ ဆရာမေလး ဘုရားရွိခိုးၿပီးတာကို ဘုရားေလွကားထစ္ေပၚကေန ဖိုးစိန္ ေစာင့္ေနဦးမည္။




ဆရာမေလး ဘုရားရွိခိုးၿပီးၿပီ။ ဖိုးစိန္က ဆရာမေလးကို ရပ္ၾကည့္ေနသည္ကို ဆရာမေလးက ျမင္သြားၿပီး ဖိုးစိန္ကို ျပန္ၾကည့္ေနသည္။


“ဘာေျပာစရာရွိလို႔လဲ.. ကေလး” ဆရာမေလးက ေမးလိုက္သည္။


“ဟို….က်ေနာ္ ေမးစရာရွိလို႔ပါ။” ဖိုးစိန္က ရွက္သ႐ြံ႕႐ြံ႕ ေျပာလိုက္သည္။


ဆရာမေလးက ၿငိမ္ၿပီးနားေထာင္ေနသည္။


“ဆရာမေလး .. က်ေနာ္ ေက်ာင္းတက္ရင္ ဘယ္ေလာက္ကုန္မလဲ…”


ဆရာမေလး မ်က္လုံးမ်ားျပဴးက်ယ္သြားသည္။ ဖိုးစိန္ကို ေျခဆုံးေခါင္းဆုံး အကဲခတ္လိုက္သည္။


ဖိုးစိန္က ဆရာမေလးကို ျပန္ျပဴးၾကည့္ေနသည္။ ထို႔ေနာက္ ဖိုးစိန္ ေျပးထြက္သြားသည္။


“ဟဲ့..သား..ေနဦးေလ..”


ဆရာမေလးက လိုက္ေခၚေသာ္လည္း ဖိုးစိန္ က ေလွကားထစ္မ်ားကို အလ်င္အျမန္အေျပးဆင္းသြားၿပီ။ ဆရာမေလးက တအံ့တဩ ေငးၾကည့္ေနသည္ကို ဖိုးစိန္ မသိပါ။




ဖိုးစိန္ ေျမနီလမ္းေပၚတြင္ လမ္းေလွ်ာက္လာသည္။ ဖိုးစိန္၏ ေမးခြန္းကို ဆရာမေလး စိတ္ဆိုးသြားမွာစိုးသည္။




႐ုံးပိတ္ရက္ျဖစ္သျဖင့္ နံနက္ ၆ နာရီ ေက်ာ္ေက်ာ္တြင္ ဘုရားဖူးမ်ား တစစ ေရာက္လာၾကၿပီ။ ေဒၚႀကီးပုႏွင့္ ဖိုးစိန္ အေမမွာ ဟင္း႐ြက္မ်ားကို ခင္းက်င္းေနဆဲ၊ ထိုစဥ္ လမ္းေလွ်ာက္လာေသာ ဖိုးစိန္ကို ေတြ႕သြားသည္။




“ဟဲ့..ဖိုးစိန္.. ဘယ္ေတြသြားေနတာလဲ.” ဖိုးစိန္အေမက ေမးလိုက္သည္။


“သားဘုရားေပၚ တက္ေနတာ” ..


“အမယ္ေလးဟယ္.. ဘုရားဖူးေတြလာၿပီ အလုပ္သြားစေတာ့ေလ..”


ဖိုးစိန္က ေခါင္းၿငိမ့္ျပလိုက္သည္။


ထိုစဥ္ အနီးနားမွ ဆူဆူညံညံ အသံ ထြက္ေပၚလာသည္။ ဖိုးစိန္ အေမက ဟင္းသီးဟင္း႐ြက္စီရင္း လွမ္းၾကည့္လိုက္ရင္း လူမ်ား စု႐ုံးေနၾကသည္ကို ေတြ႕လိုက္ရသည္။ ဖိုးစိန္ေရာ ဖိုးစိန္ အေမပါ သြားၾကည့္လိုက္ၾကသည္။




“ဟဲ့.ဟဲ့ ဘာေတြျဖစ္ေနၾကတာတုန္း..” ဖိုးစိန္အေမက ေမးလိုက္သည္။




“ ဟဲ့.. ျမင့္သန္းသား ပိစိေလ… ဒီေန႔ ဘုရားဖူးကားကို လိုက္ေတာင္းတာ … ၁ ေသာင္းရတယ္တဲ့ေတာ္ေရ..”


ေဒၚႀကီးပု က ပိစိကို ေမးေင့ါျပရင္း ျပန္ေျဖလိုက္သည္။


“ ဟယ္.. အမယ္ေလး ၁ ေသာင္းေတာင္..”


“ေအးဆို.. ျမင့္သန္း ကို ၾကည့္ ၿပဳံးၿဖီးေနတာပဲ…”



ဖိုးစိန္အေမက ေဒၚႀကီးပုကို ေျပာတာကို နားေထာင္ရင္း ေဒၚႀကီးျမင့္သန္း ဖက္ထားေသာ ပိစိကို ၾကည့္လိုက္သည္။ ပိစိ ေပ်ာ္ေနသည္။ ေဒၚႀကီးျမင့္သန္းလည္း ေပ်ာ္ေနသည္။ ဖိုးစိန္ကေတာ့ ပိစိ လက္ထဲက ၁ ေသာင္းတန္ေလးကို သာ ေငးၾကည့္ေနမိသည္။








ဖိုးစိန္ ေရသန႔္ဗူးခြံ လိုက္ရွာေနရင္း မေန႔က ပိစိ နဲ႔ ၁ ေသာင္းတန္ အေၾကာင္းစဥ္းစားေနသည္။ ခုခ်ိန္မ်ား ၁ ေသာင္းတန္ တစ္႐ြက္ေကာက္ရရင္ ေကာင္းမွာပဲ လို႔ ဖိုးစိန္ ေရ႐ြတ္လိုက္သည္။ ေနျပင္းလာေသာေၾကာင့္ ဖိုးစိန္ သစ္ငုတ္တို တစ္ခုတြင္ ထိုင္နားေနလိုက္သည္။


ဖိုးစိန္၏ မ်က္ႏွာခ်င္းဆိုင္တြင္ ကေလးမ်ားေဆာ့ကစားေနၾကသည္။ ဖိုးစိန္ ႏွင့္ ႐ြယ္တူပင္ ျဖစ္ၾကသည္။ သူတိူ႔ေရာ ေက်ာင္းမတက္ခ်င္ၾကဘူးလားဟု ဖိုးစိန္ေတြးမိသည္။ ဖိုးစိန္ ေရသန႔္ဗူးလိုက္ေကာက္ေနသည္မွာ ၃ လ ေက်ာ္ၿပီ။ သူငယ္ခ်င္းမ်ားနဲ႔ မေဆာ့ရသည္မွာၾကာၿပီ။ ႐ြာ႐ိုးကိုးေပါက္ေလွ်ာက္ရင္း ေရသန႔္ဗူး ေကာက္ေနရသျဖင့္ ဖိုးစိန္ သူငယ္ခ်င္းမ်ားနဲ႔ေတာင္ တျဖည္းျဖည္း စိမ္းလာသလိုလို။ ဖိုးစိန္နဲ႔ ႐ြယ္တူ ကေလးမ်ားမွာ ပုံပစ္တိုင္း ေဆာ့ေနၾကသည္။ ထိုကေလးမ်ားတြင္ ပိစိ လည္းပါသည္။ ထိုစဥ္ ….




“ေဟ့ေကာင္ သာေအး.. ကားလာၿပီဟ..” ပိစိကလွမ္းေအာ္လိုက္သည္။ သာေအးတို႔ ကစားေနရာမွ ခ်က္ခ်င္း ကားကို ေစာင့္ၾကည့္ေနၾကသည္။ ၿပီးေနာက္ ကားေနာက္ လိုက္ၿပီး တာ့တာျပၾကသည္။ ကားထဲမွ ျပတင္းေပါက္ တံခါး ပြင့္လာၿပီး ပိုက္ဆံ တစ္႐ြက္ လႊင့္သြားသည္။ ပိစိ နဲ႔ သာေအးတို႔အဖြဲ႕ ထို ပိုက္ဆံကို လိုက္ေကာက္ၾကသည္။ ဒီတေခါက္ သာေအး ရသြားသည္။ ပိုက္ဆံမွာ ၁ ေထာင္တန္ တစ္႐ြက္ျဖစ္သည္။ သာေအးက ထိုပိုက္ဆံကို အိတ္ကပ္ထဲထည့္ၿပီး ပုံ ဆက္ပစ္ေနၾကသည္။





ဖိုးစိန္ သစ္ငုတ္တိုေပၚမွာထိုင္ရင္း ထိုအျဖစ္ကို မယုံႏိုင္ေအာင္ ေငးၾကည့္ေနသည္။ ထို႔ေနာက္ သူ႔လက္ထဲက ကိုင္ထားေသာ ေရသန႔္ဗူးမ်ားနဲ႔ ဆာလာအိတ္ကို‌ ၾကည့္လိုက္သည္။ သာေအးတို႔အဖြဲ႕ ေဆာ့ရင္း ေနာက္ကားတစ္စီး လာတာေၾကာင့္ ကားေနာက္လိုက္ၿပီး တာ့တာလိုက္ျပၾကသည္။


ဖိုးစိန္ မတ္တပ္ရပ္လိုက္သည္။ ဖိုးစိန္ရွိရာသို႔ ကားတစ္စီး ေမာင္းလာသည္။ ဖိုးစိန္ ဆာလာအိတ္ အထုပ္ေလးကို ခ်ကာ…လက္ကေလး ေျမႇာက္လိုက္သည္။ ထို႔ေနာက္ လက္ကို ေဝွ႔ယမ္းကာ တာ့တာျပလိုက္သည္။ ကားက ဖိုးစိန္ကို ေက်ာ္သြားသည္။ ဖိုးစိန္ကို ကားေနာက္ကို မလိုက္ပဲ ကားကို ေငးၾကည့္ေနသည္။ ထိုစဥ္ ကားတံခါးပြင့္ၿပီး လက္တစ္ဖက္ထြက္လာသည္။ ထို လက္ထဲတြင္ ပိုက္ဆံ တစ္႐ြက္ပါလာသည္။ ဖိုးစိန္ ကားေနာက္ကို အေျပးလိုက္သည္။ ကားထဲမွ ထို ပိုက္ဆံ လႊင့္သြားသည္။ ပတ္ဝန္းက်င္တစ္ခုလုံး ဖုန္တစ္လုံးလုံး ထသြားၿပီး ဖိုးစိန္ ေျမႀကီးေပၚတြင္ ဝပ္လ်က္ ထိုင္ေနသည္။ က်စ္က်စ္ပါေအာင္ဆုပ္ထားေသာ ဖိုးစိန္ လက္ထဲတြင္ေတာ့ ၅၀၀၀ တန္ တစ္႐ြက္။








ဖိုးစိန္ အေမ ဟင္း႐ြက္မ်ားစီေနၿပီး မ်က္ႏွာမွာလည္း ၿပဳံးေနသည္။ ေဒၚႀကီးပု က ဖိုးစိန္ အေမကို ၾကည့္ရင္း


“ အံမယ္ ညဥ္းမ်က္ႏွာက ဒီေန႔ေတာ့ ၿပဳံးလို႔႐ႊင္လို႔ပါလား…”


“ဟုတ္ပ ေဒၚႀကီးရယ္.. ဖိုးစိန္ မေန႔က ဘုရားကားေတြ လိုက္ေတာင္းတာ… ၆ ေထာင္ေတာင္ ရတယ္ေလ။”


“ေဟ .. ၆ ေထာင္ ေတာင္..”


“ ၿပီးေတာ့ ေခါက္ဆြဲေၾကာ္ တစ္ပြဲေတာင္ ပါေသးတာ ၾကက္သားႏိုင္းခ်င္းပဲ…ဘုရားထဲ အသားငါးသယ္လို႔မရလို႔ဆိုၿပီး ဖိုးစိန္ကို ေပးတာတဲ့ေတာ္ေရ..က်ဳပ္ျဖင့္ မေန႔က စားလိုက္တာ ေကာင္းမွေကာင္း ေဒၚႀကီးပုရယ္..”


“ ညည္းေတာ့ ကံထ ေနတာပဲ။ ဝမ္းသာတယ္ေအ.. ဖိုးစိန္ကိုလည္း ဂ႐ုစိုက္လိုက္ဦး…”


ဖိုးစိန္ အေမက ၿပဳံးေနသည္။





ဖိုးစိန္ မေန႔က သစ္ငုတ္တိုေပၚမွာပဲ ထိုင္ေနသည္။ မနက္ ၈ နာရီ ထိုးၿပီဆိုေတာ့ ဘုရားဖူးကားမ်ား လာၾကၿပီ။ မနက္ကတည္းက ဖိုးစိန္ ဘုရားဖူးကားမ်ား တာ့တာျပေပမယ့္ ပိုက္ဆံ မရေသးပါ။ သာေအး နဲ႔ ပိစိ တို႔ေတာင္ ၂ ေထာင္ ေက်ာ္ ရၾကၿပီ။ ဖိုးစိန္ ကားေနာက္ကို အတင္းေျပးလိုက္ရဦးမည္။






ဖိုးစိန္ အလုပ္အကိုင္ေကာင္းေနသည္မွာ ၁ လ ေက်ာ္ၾကာၿပီ။ ဖိုးစိန္၊ သာေအးနဲ႔ ပိစိတို႔မွာလည္း အတြဲမိေနၿပီ။ ဖိုးစိန္ ေရသန႔္ဗူးခြံမ်ားကိုပင္ မေကာက္ေတာ့ေပ။ ဖိုးစိန္ အေမမွာလည္း ေပ်ာ္တၿပဳံးၿပဳံးျဖစ္ေနသည္။ ဒီေန႔ ဖိုးစိန္ မနက္ေစာေစာ ထြက္လာသည္။ ဘုရားဖူးကားတစ္စီးေတြ႕သျဖင့္ အျမန္ ေျပးလိုက္ၿပီး ႏႈတ္ဆက္သည္။ ထိုစဥ္ ကားက ရပ္သြားသည္။ ဖိုးစိန္က ကားျပတင္းေပါက္နားမွာ ရပ္ၿပီး ကားထဲသို႔လွမ္းၾကည့္လိုက္သည္။ ကားေမာင္းတဲ့ ဦးေလးႀကီးက ဖိုးစိန္ကို ေအာ္လိုက္သည္။




“ေဟ့ေကာင္ ေသခ်င္လို႔ ကားေနာက္ကို ေျပးလိုက္ေနတာလား.. မနက္ေစာေစာ ဘုရားလာတာ အကုသိုလ္ျဖစ္တယ္။ မင္းေတာင္းခ်င္ရင္ တျခား ေနရာ ေအးေဆး သြားေတာင္း…. ကားသမားေတြကို အမႈပတ္ေအာင္ လာမလုပ္နဲ႔..သူေတာင္းစားေလးေတြ…”




ကားက ေမာင္းထြက္သြားၿပီ။




ဖိုးစိန္ ရင္ထဲ နင့္ကနဲ ေနေအာင္ ခံစားလိုက္ရသည္။ ဖိုးစိန္ ေၾကာင္ၿပီး အတန္ၾကာရပ္ေနမိသည္။ ကားသမားဦးေလးေျပာသြားေသာ စကားမ်ားက နားထဲ တဝဲလည္လည္။ ဖိုးစိန္ မိမိ ကိုယ္ကို ျပန္ေတြးၾကည့္မိသည္။ ဖိုးစိန္ အလုပ္လုပ္ေနျခင္း ျဖစ္သည္။ ဖိုးစိန္ သူေတာင္းစားမဟုတ္ပါ. ။ ဒါမွ မဟုတ္ တကယ္ပဲ ဖိုးစိန္ သူေတာင္းစား ျဖစ္ေနၿပီလား။


ဖိုးစိန္ တေနကုန္ ငိုင္ေနသည္။ ကားေနာက္ကို ေျပးလိုက္ခ်င္စိတ္ မရွိေတာ့ပါ။ ဖိုးစိန္ ေက်ာင္းတက္ခ်င္တာပဲသိသည္။ ညေနေစာင္း ေနဝင္ သြားၿပီ။ ဘုရားမွာလည္း လူပါးသြားၿပီ။ ဖိုးစိန္ ဘုရားေပၚ ျဖည္းျဖည္းခ်င္း တက္လာၿပီး ဘုရားေပၚေစာင္းတန္းတြင္ ေငးေမာရင္း အေတြးလြန္ေနသည္။ ထိုစဥ္ ဖိုးစိန္ ပုခုံးကို တစ္စုံတစ္ေယာက္က ပုတ္လိုက္သည္။




“ဟင္…ဆရာမေလး”


ဆရာမေလးက ဖိုးစိန္ကို ၿပဳံးၾကည့္ေနသည္။




“ကိုယ္ေတာ္ေခ်ာ.. ဟိုေန႔က ေမးခ်င္တာေမးၿပီး ထြက္ေျပးသြားၿပီးေတာ့ အခု ဘာေတြ အေတြးလြန္ေနတုန္း”


ဖိုးစိန္ ငိုင္ေနသည္။


“ ေတာင္းပန္ပါတယ္.. ဆရာမေလး”


“ဟင္ ဘာကို ေတာင္းပန္တာတုန္း။”


“ က်ေနာ္ ဆရာမေလးကို ေလွ်ာက္ေမးမိလို႔။”


“သားက ဘာလို႔ အဲ့လိုေမးတာလဲ။”


“ သား ေက်ာင္းတက္ခ်င္တယ္.. ဒါေပမယ့္ သားမွာ ပိုက္ဆံမရွိဘူး။ အဲ့ဒါေၾကာင့္ သားဘယ္ေလာက္ရွာရမလဲ မသိလို႔ ေမးၾကည့္တာ”


“အမယ္ေလး သားအဲ့လို ေက်ာင္းတက္ခ်င္တာကိုပဲ ဆရာမတို႔က ေပ်ာ္ေနတာ”


ဖိုးစိန္ မ်က္ႏွာေလး လင္းသြားသည္။


“ အဲ့ေန႔က ဆရာမ သားေနာက္ လိုက္လာေသးတယ္။ သားေရသန႔္ဗူး ေကာက္ေနတာ ေတြ႕လိုက္တယ္။ ဆရာမလည္း အလုပ္ရွိေတာ့ ရန္ကုန္ကို အျမန္ သြားလိုက္ရလို႔ မႏႈတ္ဆက္လိုက္တာ”


ဖိုးစိန္က ဆရာမကို ေငးၾကည့္ေနသည္။


“ သား ဒီေန႔ေရာ ေရသန႔္ဗူးေကာက္ၿပီးၿပီလား”


“ က်ေနာ္ ေရသန႔္ဗူး မေကာက္ေတာ့ဘူး ဆရာမ..ဘုရားကားေတြကိုပဲ လိုက္ေတာင္းတယ္”


“ဟင္… အဲ့ဒါ အႏၲရာယ္မ်ားလိုက္တာ.. မေတာ္ ကား ေတြဘာေတြ တိုက္သြားမွျဖင့္…”


ဖိုးစိန္ ကားသမားဦးေလးႀကီး၏ စကားကို ျပန္လည္ၾကားေယာင္ၿပီး ေခါင္းငိုက္စိုက္ျဖစ္သြားသည္။ ခဏ အၾကာ…




“ဆရာမ… က်ေနာ္ သူေတာင္းစားလား…”




“ေဟာေတာ့…” ဆရာမ ပါးစပ္အေဟာင္းသားျဖစ္သြားသည္။ ဖိုးစိန္ ကို ေငးၾကည့္ေနလိုက္သည္။




“ သားက ဘာလို႔ ဘုရားကားေတြကို လိုက္ေတာင္းတာလဲ..” ဆရာမက ေမးလိုက္သည္။




“က်ေနာ္ေက်ာင္းတက္ခ်င္လို႔” … ဖိုးစိန္က ျပန္ေျဖလိုက္သည္။




“သားရဲ႕ ရည္႐ြက္ခ်က္ကသာ အေရးႀကီးဆုံးပါ…” ဆရာမက ၿပဳံးၿပဳံးေလးျပန္ေျဖလိုက္သည္။ ခဏအၾကာ




“သား စာသင္ခ်င္ရင္ေတာ့ ဆရာမ စာသင္ေပးမယ္။ ဒါေပမယ့္ ကားေနာက္ကို လိုက္ေတာ့ မေတာင္းရေတာ့ဘူး”


ဖိုးစိန္ အံ့ဩသြားသည္။ ဖိုးစိန္ စာသင္ခ်င္သည္။


“ကားေနာက္ကို လိုက္ၿပီး ေတာင္းတာ တကယ့္ကို အႏၲရာယ္မ်ားတယ္။ သားတို႔ တခုခု ျဖစ္သြားမွာ ဆရာမေၾကာက္တယ္။ အဲ့ေတာ့ သားစာသင္ခ်င္ရင္ ဆရာမ သင္ေပးမယ္။ ဒါေပမယ့္ ကားေနာက္ကိုေတာ့ လုံးဝ လိုက္လို႔မရဘူး။”





ဖိုးစိန္ ဆရာမကို တအံ့တဩ ၾကည့္ေနမိလိုက္သည္။






ဖိုးစိန္ ေပ်ာ္ၿပီး ခုန္ေပါက္ကာ ျပန္လာသည္။ ဖိုးစိန္ စာသင္ရေတာ့မည္။ ဆရာမေလးက တစ္ပတ္ ၃ ရက္ သင္ေပးမည္ ေျပာသည္။ စာအုပ္ဖိုးလည္း အလႉခံေပးမည္ဟု ေျပာသည္။ ဖိုးစိန္ ကားေနာက္ ေျပးလိုက္စရာ မလိုေတာ့ပါ။ ဖိုးစိန္ အေမ့အတြက္ေတာ့ တျခား အလုပ္တစ္ခု ရွာၿပီး အေႂကြးကူဆပ္ေပးမည္။ ဖိုးစိန္ အေတြးမ်ားနဲ႔ ေျပးလာရင္း အိမ္ကို ေရာက္လာသည္။


အိမ္ေရာက္ေတာ့ အေမက ကြပ္ပ်စ္ေပၚ ထိုင္ေနရင္း ဖိုးစိန္ကို ေမးလိုက္သည္။




“သားေလး ျပန္လာၿပီလား… ဒီေန႔ ဘယ္ေလာက္ရလဲ..” ဖိုးစိန္ ကို အေမာတေကာ ေမးလိုက္သည္။




“ ဒီေန႔ ေတာ့ သား တျပားမွ မရဘူး အေမ.. ဒါေပမယ့္….” ဖိုးစိန္ စကားမဆုံးခင္ အေမက ထပ္ေျပာလိုက္သည္။




“ဪ ဒီေန႔ ဘုရားဖူးနည္းလို႔ ျဖစ္မွာပါေလ… သာေအးတို႔ကေတာ့ ၇၀၀၀ ေလာက္ရတယ္ ေျပာတယ္။ ေနာက္ရက္ေတာ့ သားလည္း ရမွာပါ။”




“အေမ့..သား ေနာက္ေန႔ ကားေနာက္မလိုက္ေတာ့ဘူး..သားကို ႐ြာထဲက ဆရာမက စာသင္ေပးမယ္တဲ့…” ဖိုးစိန္က ဝမ္းသာအားရေျပာလိုက္သည္။




ဖိုးစိန္ အေမ မ်က္ႏွာ ခ်က္ခ်င္းေျပာင္းသြားသည္။




“ဘာ… ကားေနာက္ မလိုက္ေတာ့ဘူး။ စာသင္မယ္ ဟုတ္လား ဖိုးစိန္”


“ နင္ အဲ့လို အရည္မရ အဖတ္ မရ တာေတြပဲ စိတ္ဝင္စားေနလို႔ ငါ့မွာ မနည္းကုန္း႐ုန္းရွာေနရတာ.. ေဈးေရာင္းမေကာင္းလို႔ နင့္ကို အားကိုးရမလား ေအာက္ေမ့တယ္။”


“ အေမ သား ေရသန႔္ဗူးေကာက္ေပးမယ္.. အေမ စိတ္မပူနဲ႔” ဖိုးစိန္ အ‌ေမ ပိုေဒါသထြက္သြားသည္။




“ တေန႔လုံးလုံး ေကာက္ေတာင္ ၂၀၀၀ ေတာင္ မက်န္တာ.. အခုဆို နင္သက္သာတယ္။ ကားလာမွ ေျပးလိုက္႐ုံပဲ… ဒါေတာင္ နင္က အထြန႔္တက္ေနေသးတယ္။ ပိစိ တို႔အေမ အေႂကြးေက်သြားၿပီ နင္သိလား.. နင္ဟာ ကိုယ့္အေမကိုယ္ေတာင္ မသိတတ္တဲ့အေကာင္… ဒီမွာ အဲဒီ့ ေရသန႔္ဗူးေကာက္ေနရင္ နင္ေက်ာင္းဘယ္ေတာ့မွ တက္ႏိုင္မွာမဟုတ္ဘူး မွတ္ထား..”


ဖိုးစိန္ အေမ အိမ္ထဲ ျပန္ဝင္သြားသည္။


ဖိုးစိန္ မ်က္ရည္မ်ား က်လာသည္။ ဖိုးစိန္ ရင္ထဲ ခံစားရသည္။ ေက်ာင္းဘယ္ေတာ့မွ တက္ႏိုင္မွာ မဟုတ္ဘူးဆိုေသာ အေမ့ စကားက ဖိုးစိန္ နားထဲ ပဲ့တင္ထပ္ေနသည္။







ဖိုးစိန္ ဆရာမေလးနဲ႔ မေတြ႕ေတာ့သည္မွာ ၃ ပတ္ေက်ာ္ၿပီ။ ဖိုးစိန္ အေမနဲ႔ စကားမ်ားၿပီး ေနာက္တစ္ေန႔ မနက္ ကားေနာက္ကို လိုက္ေတာင္းသည္။ ၂ ေသာင္းေက်ာ္ရလိုက္သည္။ အေမက ဖိုးစိန္ကို စကားျပန္ေျပာသည္။ အေႂကြးေက်ရင္ ဖိုးစိန္ကို ေက်ာင္းထားေပးမည္ဟု ေျပာသျဖင့္ ဖိုးစိန္ ေန႔တိုင္း ကားေနာက္ အတင္းေျပးလိုက္သည္။ ဒီေန႔လည္း မနက္ေစာေစာ ဖိုးစိန္ ဘုရားသို႔ေရာက္လာသည္။




“ဖိုးစိန္”


ဖိုးစိန္လွည့္ၾကည့္လိုက္သည္။ အသံမွာ ဆရာမေလး ျဖစ္ေနသည္။




“ သား ကားေနာက္ကို ေျပးမလိုက္ေတာ့ဘူးဆို”..ဆရာမေလး၏ အသံမွာ ေဒါသသံစြက္ေနသည္။




ဖိုးစိန္က ဘာမွျပန္မေျဖပါ။ ဆရာမေလးကို ဘာမွ ျပန္မေျဖႏိုင္ပါ။




“ ကားေနာက္ေျပးလိုက္ရင္ ဆရာမ စာမသင္ေပးဘူးလို႔ ေျပာထားတယ္ေလ”




“သား ပိုက္ဆံအမ်ားႀကီး မရွာႏိုင္ရင္ အေမက ေက်ာင္းမထားေပးဘူး ေျပာလို႔ပါ။”




ဆရာမေလး ဆြံ႕ အသြားသည္။ ခဏအၾကာ ဆရာမေလး မ်က္ႏွာထားေျပေလ်ာ့သြားသည္။




“ဖိုးစိန္”




“ဖိုးစိန္…ဆရာမကို ၾကည့္စမ္း”




ဖိုးစိန္ ေမာ့ၾကည့္လိုက္သည္။




“ သား စာတတ္ခ်င္တာလား၊ ေက်ာင္းတက္ခ်င္တာလား” ဆရာမက ေမးလိုက္သည္။




ဖိုးစိန္ ေက်ာင္းစိမ္းအက်ီေလးေတြကို သေဘာက်သည္။ လြယ္အိတ္ေလးေတြကိုလည္း သေဘာက်သည္။ လမ္းထိပ္ကုန္စုံဆိုင္က စာေရးကိရိယာေလးေတြကိုလည္း ဖိုးစိန္လိုခ်င္သည္။ သူငယ္တန္းဖတ္စာေလးေတြကို ဖိုးစိန္ ျမင္ဖူးသည္။ သာေအးတို႔ ဆီက ေတာင္းၿပီး ကိုင္ၾကည့္ဖူးသည္။ ဖိုးစိန္ ေက်ာင္းလည္း တက္ခ်င္သည္။ သူငယ္တန္းစာမ်ားကိုလည္း ဖတ္တတ္ခ်င္သည္။ ပညာတတ္လွ်င္ မဆင္းရဲဟု ဖိုးစိန္ၾကားဖူးသည္။ ဒါေၾကာင့္ ဖိုးစိန္ စာသင္ၿပီး ပိုက္ဆံအမ်ားႀကီးရွာခ်င္သည္။




“ႏွစ္ခုလုံး ဆရာမ…” ဖိုးစိန္ အသံတိုးတိုးျဖင့္ ျပန္ေျဖလိုက္သည္။




“စီးပြားဆိုတာ.. အခ်ိန္တန္ရင္ ရွာရမယ္။ အခု သားအ႐ြယ္က ပညာသင္ရမယ့္အ႐ြယ္.. သား စာသင္ခ်င္ရင္ ဆရာမ သင္ေပးမယ္။ စီးပြားရွာခ်င္ရင္လည္း တျခား ဟာ ဆရာမတို႔ အတူစဥ္းစားၾကမယ္။ ဒါေပမယ့္ ကားေနာက္ ေျပးမလိုက္နဲ႔ေတာ့..”


ဖိုးစိန္ ဆရာမ စကားကို နားေထာင္ေနသည္။ ထိုစဥ္ ဖိုးစိန္ အေမ ဟင္း႐ြက္မ်ားကို ေခါင္းပိုးၿပီး ခပ္လွမ္းလွမ္းမွာ လမ္းေလွ်ာက္လာေနသည္။ ဖိုးစိန္ အေမ့ကို ျမင္တာနဲ႔ ဆရာမကို ေမာ့ၾကည့္ၿပီး ေျပးထြက္သြားသည္။ ဆရာမက ဖိုးစိန္ကို ေငးၾကည့္ၿပီး သက္ျပင္းခ်ကာ ဘုရားဘက္ကို ေလွ်ာက္သြားသည္။




ဖိုးစိန္ အေမ့ေဘးတြင္ ထိုင္ကာ ဘုရားဖူးမ်ားကို‌ ေငးၾကည့္ေနသည္။ အေမက ေဈးေရာင္းေနသည္။ ဆရာမ၏ စကားမ်ားကိုလည္း နားထဲ ၾကားေယာင္ေနသည္။




“မႀကီး င႐ုတ္သီးစိမ္း ၂၀၀ ဖိုးေလာက္..”


ဖိုးစိန္ အေမက ထုပ္စရာ စာ႐ြက္ကုန္သြားသျဖင့္ လိုက္ရွာေနသည္။ ထို႔ေနာက္ ေဒၚႀကီးပုဆီ ေမးလိုက္သည္။




“ေဒၚႀကီးပု… စာ႐ြက္ ၃ ႐ြက္ေလာက္..ကြၽန္မဟာ ကုန္သြားလို႔”..




ေဒၚႀကီးပုက ၄ ၅ ႐ြက္ ထုပ္ေပးလိုက္သည္။ ေဒၚႀကီးပုေပးေသာ စာ႐ြက္မ်ားကို ၾကည့္ကာ ဖိုးစိန္ မ်က္လုံးမ်ားျပဴးက်ယ္သြားသည္။ ဖိုးစိန္အေမက င႐ုတ္သီးမ်ားကို စာ႐ြက္နဲ႔ ထုတ္ေပးေနသည္။ ထို႔ေနာက္ ဘုရားဖူးေဈးဝယ္က အေမ့ကို ပိုက္ဆံ ၅၀၀ ထုတ္ေပးသျဖင့္ အေမက ၃၀၀ ျပန္အမ္းလိုက္သည္။ ဖိုးစိန္မွာ ထိုစာ႐ြက္ေပၚက မ်က္ႏွာ မခြာ တအံ့တသဩ ၾကည့္မိေနသည္။ ေဈးဝယ္က ကားေပၚ တက္သြားၿပီး ကား ေမာင္းထြက္သြားၿပီ။ ဖိုးစိန္ ခ်က္ခ်င္းထကာ ကားေနာက္ကို ေျပးလိုက္သြားသည္။ ဖုန္မ်ား တေထာင္းေထာင္းထကာ ပတ္ဝန္းက်င္ တစ္ခုလုံး နီရဲေနသည္။ ဖိုးစိန္ မရပ္မနားေျပးလိုက္သည္။ ထိုစဥ္ ကားရပ္သြားသည္။ ကားထဲမွ အေဒၚႀကီးက ဖိုးစိန္ အေမ ျပန္အမ္းေသာ ၃၀၀ ကို ဖိုးစိန္ကို ကမ္းေပးလိုက္သည္။ ဖိုးစိန္၏ မ်က္လုံးမ်ားကေတာ့ င႐ုတ္သီးထုတ္ထားေသာ စာ႐ြက္ေပၚမွာ… ဖိုးစိန္ ကားထဲမွ င႐ုတ္သီး ထုတ္ထားေသာ စာ႐ြက္ ကို ျဖည္ၿပီး လုယူလိုက္သည္။ ကားေပၚမွ ေပးေသာ ၃၀၀ ကို မယူပါ။ ဖိုးစိန္ ကားနားမွ ေျပးထြက္လာသည္။ လက္ထဲတြင္ စာ႐ြက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားသည္။ ဖိုးစိန္ မရပ္မနားေျပးသည္။ ဖိုးစိန္စိတ္ထဲတြင္ အေတြးမ်ားနဲ႔ ျပည့္ေနသည္။ ဖိုးစိန္ရဲ႕ ဆုံးျဖတ္ခ်က္ကိုလည္း ဖိုးစိန္ ေနာင္တမရေတာ့ပါ။ ဖိုးစိန္ အေမက ဖိုးစိန္ကို လွမ္းေအာ္ေနသည္။ ဖိုးစိန္ ဘာကိုမွ မၾကားပါ။ ဖိုးစိန္ လုပ္ရမွာ တခုတည္းသာရွိသည္။ ဖိုးစိန္ေျပးမည္။ ဖိုးစိန္ ဘုရားဆီသို႔ ေျပးမည္။ ဘုရားေစာင္းတန္းမ်ားကို ျဖတ္ၿပီး ေလွကားေပၚသို႔ တက္သည္။ သာေအးတို႔နဲ႔ တိုက္မိၿပီး ဖိုးစိန္ လဲက်သြားသည္။ ဖိုးစိန္ ျပန္ထ သည္။ ဘုရားေလွကားထစ္မ်ားကို ဖိုးစိန္တက္သည္။ ဘုရားေပၚအေရာက္တြင္ ဖိုးစိန္ တစ္စုံတစ္ရာကို လိုက္ရွာသည္။ ဘုရားပန္းကပ္ေနေသာ ဆရာမေလးကို ေတြ႕သြားၿပီး ဖိုးစိန္ အေျပးရပ္လိုက္သည္။ မရပ္မနား ေျပးခဲ့သျဖင့္ လႈိက္လႈိက္ေမာေနသည္။ ဖိုးစိန္ ဆရာမေလးကို ၿပဳံးျပလိုက္သည္။ ဆရာမေလးက ဖိုးစိန္ကို တအံ့တဩၾကည့္ေနသည္။ ဖိုးစိန္ က ဆရာမေလးကို ၿပဳံးၿပီး လက္ထဲမွ စာ႐ြက္ေလးကို ျပလိုက္သည္။ ဆရာမက အံ့ဩသြားၿပီး ထိုစာ႐ြက္ေလးကို လွမ္းၾကည့္လိုက္သည္။ စာ႐ြက္အၿပဲႏြမ္းႏြမ္းေလးထဲက မထင္မရွား စာလုံးေလးေတြမွာေတာ့....




“ညအခါ လသာသာ ကစားမလား..နားမလား..”


စိန္ပန္း

Comments

Post a Comment