ဆေးလိပ်
Unicode

လူတစ်ယောက်က
တစ်နေ့မှာ ဒီလိုပြောခဲ့တယ်။
ငါသာ ငါဘယ်နေ့အထိအသက်ရှင်မယ်ဆိုတာကိုသာ သိခဲ့ရင် ဒီလို နောင်တနဲ့သေရမှာမဟုတ်ဘူးတဲ့။
ခင်ဗျား လုံးဝမှားခဲ့တယ်ဗျာ လုံးဝမှားခဲ့တယ်။
အတိတ်ဆိတ်ဆုံးနဲ့ အလောင်ကျွမ်းဆုံးဆိုတာ ဆေးလိပ်ပဲတဲ့။
ဆေးလိပ်ဖွာရင်း ကျွန်တော်တွေးနေခဲ့သည်။ Facebookမှာဖတ်မိသွားသော
ဤစာသားကို
ယခု ကျွန်တော့် အနေအထားက ဆေးလိပ်ဆိုလျှင်…
ဆေးလိပ်တစ်လိပ်က နောက်တစ်လိပ်ကို သောက်နေခြင်း။
ထိုအတွေးကြောင့် ရယ်မိသွားသည်။စိတ်ဘယ်လောက်ထိခိုက်၊ထိခိုက် ရယ်စရာတစ်ခုခုတွေးနေနိုင်ခြင်းကား
ကျွန်တော့်အားသာချက်ပါပင်။ထိုအားသာချက် ကူကယ်ပေလို့ပင် နည်းနည်းနေသာနိုင်ခြင်းဖြစ်သည်ထင်ပါ၏။
ဆေးရုံကြီးက ယခုကျွန်တော့်မျက်စိထဲမယ် ကြည့်ဖူးသော သရဲကားတွေထဲက နေရာကြီးနဲ့တူသလိုလိုပင်
ရုပ်ရှင်ထဲမှသရဲတွေလို တရွေ့ရွေ့ဖြင့် သွားနေကြသော သူနာပြုတွေနှင့် ဆရာဝန်တွေနှင့်
ဆူဆူညံညံ ပတ်ဝန်းကျင်…။
ထိုသရဲများက ကျွန်တော့်ကိုခြောက်လှန့်နေကြခြင်းတော့ မဟုတ်။
လှောင်ပြောင်နေကြသလိုလို…။
အခန်းနံပါတ်၅၆၄…
ဘဝတွင် ထီထိုးလျှင်ပင် ယင်းနံပါတ်အား ရှောင်ပေသည်။အလွန်မုန်းပါသော နံပါတ်။နာကျင်မှုကလွဲ၍
ဘာမှမရှိသော နံပါတ်။
အခန်းထဲ လူနာကုတင်တွင် လှဲနေသည်မှာ ခန္ဓာကိုယ် သေးသေးလေး၊ ဆံပင်တွေက နက်မှောင်ပြီးရှည်သည်မှ
ခါးလောက်ရှိခဲ့ဖူးသည်။ခေါင်းကိုယမ်းလိုက်၍ ဆံပင်တွေလေထဲဝဲသွားလျှင် သိပ်ကဗျာဆန်သည်ဟု
ထင်ရပါ၏။ယခုတော့ သူ့ဆံပင်တွေလည်းမရှိတော့။
ဒါတွေကို ကြိုသိလျှင် ပိုကောင်းခဲ့မည်လား အပြောင်းအလဲဖြစ်ခဲ့မည်လား။
မသိနိုင်ပါ ပြောင်းလဲ၍ဖြစ်နိုင်လျှင် ဘာဖြစ်ဖြစ် အကုန်စွန့်လွှတ်မိမည်ထင်ပါလေသည်။
“ကိုနေထက်…ခေါ်နေပါတယ် ၅၆၄က လူနာက။”
သူနာပြုဆရာမအခေါ်ကား နားထဲ စူးရှစွာဝင်လာသည်။
"အိုး....ဘုရားသခင် ထပ်မငိုမိအောင် ခွန်အားပေးသနားပါတော့"
အခန်းထဲ ကျွန်တော်ဝင်သွားလိုက်သောအခါဝယ် သူမက မျက်လုံးပွင့်နေပြီ။ကျွန်တော့်ကိုမြင်ရတော့
သူ့မျက်လုံးလေးတွေက အရောင်တောက်သွားသလိုပင် သူမဝမ်းသာနေသည်ထင်ပါ၏။
ပထမဆုံး ဒီမျက်ဝန်းတွေကို ငေးကြည့်ပြီး စွဲလန်းခဲ့ရသည်မှာ အထက်တန်းကျောင်းတုန်းက
သက်ထား…။
သူမကစာသိပ်တော်သည်။ဆရာမတွေလည်းချစ်ကြ။သူငယ်ချင်းတွေလည်းပေါ။သူကိုလိုက်နေသည့်၊ကြိုက်နေသည့်
ယောင်္ကျားတွေကလည်း ပေါခြင်းသောခြင်း။ကိုယ့်လို ပေပေတေတေကောင်က အခွင့်အရေးနည်းသည်ဆိုရပေမည်။
သို့ပေမယ့်လည်း ကံကောင်းသည်မှာ ငယ်ငယ်ကတည်းက တစ်လမ်းထဲနေသည့်သူတွေဖြစ်ခဲ့ကြသည်။မိဘတွေချင်းလည်း
သိကြသဖြင့် သူနှင့်ခင်မင်ရင်းနှီးဖူးပါ၏။ဤလိုနှင့် သူနှင့်ကိုယ် ခင်မင်ကြသည်ဆိုသည်ကို
တချို့က သိသွားပြီးနောက် ကျေနပ်ပုံမရပေ။
“ဟေ့ကောင် မင်းထိုးမလား။”
အထက်တန်းကျောင်းမှာ ဤသို့သောစိန်ခေါ်သံမျိုးက မဆန်းပါပေ။ကောင်မလေးကိစ္စနှင့်ဖြစ်စေ
တခြားပဲဖြစ်စေ ယောင်္ကျားလေးများ ထိုးကြကြိတ်ကြ ဖြစ်တတ်ကြခြင်းမှာထုံးစံလိုပါပင်။
ထိုနေ့က ထိုးကြိတ်လာခဲ့လေရာ ဖူးယောင်ပြီးပြန်လာခဲ့သည်ကို သူမမြင်တော့ တအံ့တဩနဲ့ မျက်ဝန်းတွေမှာ
စူးစမ်းသည့် အကြည့်လေးတွေဖြစ်နေခဲ့သည်ကို မှတ်မိပါ၏။
“နင်ရန်ဖြစ်လာတာလား။”
“အေး။ဟုတ်တယ်။”
“ဘာကိစ္စနဲ့ဖြစ်ရတာလဲဟယ်။မျက်နှာလည်း ဖူးယောင်နေတာပဲ။”
ကျွန်တော်သူမကို စိုက်ကြည့်လိုက်သည်။
“မသိချင်ပါနဲ့။”
“နင့်အမေမြင်ရင် နင်အဆူခံရတော့မှာမလား။လာခဲ့ပါ ဆေးထည့်ပေးမယ်လေ။”
“ဟာ…ရပါတယ်။နေပါ အားနာပါတယ်။”
“အားနာစရာမလိုပါဘူး။ဆေးထည့်လိုက်လို့ မျက်နှာအယောင်ကျသွားရင် နင်ချော်လဲတာလို့ ရွှီးလို့ရတာပေါ့ဟယ်။”
သူမကား တော်တော်ဉာဏ်ကောင်းပေ၏။ဤသို့နှင့် ကျွန်တော်လည်း ငြင်းမနေတော့ပဲ လိုက်သွားလိုက်သည်။
ကျွန်တော့်မျက်နှာကို သူမလက်လေးနှင့် ထိမိသောနေရာတွေကား နောက်နေ့ မျက်နှာပင်မသစ်ပဲထားမိမလားမသိ။ကိုယ်ကြိုက်သည့်ကောင်မလေးလက်နှင့်ထိတာခံထားရသည့်
မျက်နှာကွဟုဆွဲခွာပြီး ရွှေပါချထားလိုက်ချင်ပါသေးသည်။အစရှိသဖြင့် ကျွန်တော်တွေးနေမိ၏။
“မပြောပြချင်ဘူးလား။ဘာလို့ရန်ဖြစ်တယ်ဆိုတာကို။”
သူမ ဖျတ်ကနဲပြောချလိုက်မှ အတွေးစပြတ်သွားရလေတော့သည်။
“နင်တို့မိန်းမတွေ အတော်စပ်စုတာပဲနော် တကယ်ပါပဲ။”
ထိုသို့ပြောလေတော့ သူ့လက်ညိုးနှင့် ပါးကိုအတင်းဖိချလိုက်လေသည်။
“အား…နာတယ်ဟဲ့။ဖြေးဖြေးလုပ်ပါ။”
“မပြောမချင်းမေးနေမှာနော်။”
“သိတော့ဘာလုပ်ဖို့လဲ။ယောင်္ကျားချင်းချင်း ကိစ္စတွေကို။”
“ယောင်္ကျားချင်းချင်းဆိုတော့ နင်ခြောက်နေတာလား။”
“အံမယ် ခြောက်စရာလား။ငါ့မှာ ကြိုက်နေတဲ့ကောင်မလေးတောင်ရှိသေး နင်ကလည်း။”
“ဟယ်…ဟုတ်လား။ဘယ်သူတုန်း။”
“နင်လေ ငတုံးမရဲ့ ဒါတောင်မသိဘူးလား။သိသာနေတာကို။”
ထိုသို့ပြောချလိုက်လေသောအခါ သူဘာမှဆက်မပြောတော့ပေ။ဆေးကိုလည်း လက်ထဲထည့်ပေးသွားသည်။ကိုယ့်ဘာသာလိမ်းဟု
ဆိုလိုပေ၏။ကျွန်တော်လည်း ဘာမှဆက်ပြောမနေတော့ပဲ ဆေးနည်းနည်းလိမ်းကာ ထပြန်လာခဲ့လိုက်ပါသည်။
အိမ်ရောက်လေတော့ စဉ်းစားလာသလို ချော်လဲလာသည်ဟုသာ ညာခဲ့လိုက်သည်။ဆေးထည့်ခဲ့ကြောင်းပြောပြီး
မြန်မြန်ကိစ္စဖြတ်လိုက်နိုင်ပါသည်။မပြတ်သောကိစ္စကမူ သူ့အကြောင်းတွေတွေးနေမိသည့်အကြောင်း။
တစ်ညလုံးအိပ်မပျော်နိုင်ခဲ့ပါပေ။တကယ်ပြောဖြစ်သွားသည့်ထိုအခိုက်အတန့်ကို ပြန်တွေးမိရင်း
လူလည်းရှက်ကိုးရှက်ကန်း ပြုံးစိစိနှင့်ပင်။လက်မခံမှာကိုကြောက်မိသည့်စိတ်လေးလည်းဖြစ်မိသေးပေသည်။
မနက်ဖြန်ကျောင်းတက်သောမနက်တွင် လူက အားအင်အပြည့်ပင်ဖြစ်နေပါလေ၏။သူမနှင့် မြန်မြန်တွေ့ချင်မိသည်သာဖြစ်သည်ကိုး။
သူမက ကျွန်တော့်ကိုတွေ့တော့ နည်းနည်းမျက်နှာညိုးနေသလိုထင်ရပေသည်။
“အဆင်ပြေရဲ့လား။”
ကျွန်တော်ဆီးကြိုပြီး မေးလိုက်မိသည်။သူမကတော့ ခပ်မဆိတ်။ကျောင်းကားလာမှာကို နှစ်ယောက်အတူတူထိုင်စောင့်နေကြရင်း
ကျွန်တော်သူမကို တစ်ချက်တစ်ချက်ခိုးကြည့်မိသည်။သူမက တစ်ခုခုကိုစဉ်းစားနေသလိုမျိုးပင်
ကျွန်တော် စိတ်ပူလာလေသည်။ဤလိုနှင့် ငြင်းလိုက်လျှင် ဟူ၍ စိတ်လှုပ်ရှားလာလေသည်။
“နင် မနေ့က နောက်နေတာမလားဟင်။”
ရုတ်တရက် သူပြောလိုက်တော့ လူက လန့်သွားသလိုမျိုးပင်။နောက်မှ သတိပြန်ကပ်ပြီး…။
“တကယ်ပြောတာ နောက်နေတာမဟုတ်ဘူး။ကျောင်းစကတည်းက နင့်ကိုငါကြိုက်တာ။”
သူမလက်လေးတွေက တစ်ခုခုကိုပြောနေသလိုမျိုး ဖြေးဖြေးချင်းတုန်လာလေသည်။
“နင် ချက်ခြင်း အဖြေပြန်ပေးစရာမလိုပါဘူး။တစ်သက်လုံးပြန်မပေးချင်တောင် ငါစိတ်မဆိုးဘူး
ငါကတော့ နင့်ကိုသဘောကျတယ်ဆိုတာကို သိစေချင်လို့ ပြောရုံပါပဲ။”
ကိုယ့်စကားကိုယ်ပြန်စဉ်းစားကြည့်လျှင် ဒါသည်ကိုယ့်ဘာသာကိုယ် Friend Zoneထဲ ဆွဲချမိခြင်းဟုဆိုရပေမည်။သို့ပေမယ့်လည်း
ထိုအချိန်တွင် ခေါင်းထဲပေါ်လာသည်မှာ ထိုစကားဖြစ်နေမိလေရာ ကျွန်တော် ငိုချင်လာသည်၊မျှော်လင့်လို့မှဖြစ်ရဲ့လားဟုတွေးမိလာ၏။
“ငါလည်း နင့်ကို သဘောကျပါတယ်။”
တစ်ကမ္ဘာလုံး ပန်းတွေပွင့်သွားသလို အချိန်လေးပါပင်။တိုက်တိုက်ဆိုင်ဆိုင် အဖြေရပြီးချိန်တွင်
မိုးတွေရွှာလာသည်။ကျောင်းကားလည်း ရောက်လာသည်။
သူမကလည်း ချက်ချင်းပြေးတက်သွားလေတော့သည်။ကြောင်တောင်တောင်နဲ့ကျန်ခဲ့သည်မှာ ကျွန်တော်။ကားက
ဟွန်းတီးလိုက်မှ သတိဝင်ပြီး တက်လာဖြစ်သည်။ထိုအဖြစ်ကို နောက်ဆုံးနားထိုင်ပြီး သူမက ထိုင်ရယ်နေပါသေးသည်။ကျွန်တော်လည်း
ဘေးကို အရဝင်ထိုင်လိုက်သည်။အခုတော့ အတူတူထိုင်ရတဲ့အချိန်တွေက ကြည်နူးစရာပါပင်။စကားလုံးတွေ၊ကဗျာတွေ၊သီချင်းတွေမလိုပါပေ
သူ့ဘာသာကို အလုပ်ဖြစ်နေပါ၏။
“ဟိုနေ့က ဘာလို့ရန်ဖြစ်တာလဲဟင်။”
အတော်ကိုသိချင်နေပုံရလေသဖြင့် ကျွန်တော်လည်းမနေသာပဲ ပြောလိုက်သည်။
“နင့်ကို ကြိုက်နေတဲ့ကောင်တွေက အများသားပဲလေ။အဲ့တော့လည်း ငြိကြရင် ရန်ဖြစ်ဘာဖြစ်တော့
ရှိတာ မဆန်းပါဘူး။”
သူမဘာမှမပြောခဲ့ပါ။ဒီအတိုင်းလေးပဲ အပြင်ဘက်ကို ကားပြတင်းပေါက်ကနေ ငေးကြည့်နေသည်။ထိုသို့ငေးကြည့်နေပုံလေးက
ပန်းချီကားလေးတစ်ချပ်နဲ့တူသည်ဟု ခံစားမိသည်။
ထိုနေ့များတွင်ကျောင်းတက်ရသည်မှာ တော်တော်ကိုပျော်ဖို့ကောင်းနေသ ည်ဟုထင်ရသည်။ဆရာမတွေစာသင်လျှင်ပင်
ထူးထူးခြားခြားပျင်းနေသလို မခံစားရ။အဖြေကောင်းပြန်ရသောခံစားချက်ကား ထူးတော့ထူးဆန်းပါ၏။
နေ့လည်မုန့်စားဆင်းချိန်တိုင်းတွင် သူမနှင့်အတူတူမုန့်စားဖြစ်သည်။စကားတွေပြောကြရင်းဖြတ်သန်းကြသော
ဤအချိန်ကာလလေးတွေကား အင်မတန်ပျော်ရပါ၏။တကယ်တမ်း ကျောင်းကရောင်းသောမုန့်များမှာ စား၍သိပ်ကောင်းသည်တော့မဟုတ်ပေ။ခြောက်ကပ်ကပ်အရသာတွေနှင့်
သို့ပေမယ့် သူ့မျက်နှာလေးကြည့်နေရင်း စားသောအခါ၌လည်း စားကောင်းနေသလိုလိုထင်မိပါ၏။
ယခုတော့ ထိုသိပ်လှသည်ဟု ထင်ခဲ့ဖူးသော ဤမျက်နှာကလည်း ညိုးနွမ်းလျက်။အရင်အတိုင်းရှိသေးသောအရာဆို၍
အမြဲတောက်ပနေတတ်သော မျက်လုံးလေးများသာကျန်တော့သည်။
ကျွန်တော်သူမအနားသွားထိုင်လိုက်ပါသည်။အသက်ရှုလိုက်လျှင်ပင် ရင်ထဲ အောင့်လာသလိုပင် ဤဆေးရုံအငွေ့အသက်တွေရှုရသည်ကိုက
မွန်းကြပ်ချင်စရာ။သို့ပေမယ့် သူမအားငယ်မည်စိုး၍ ကျွန်တော်သူမကို အကောင်းဆုံးပြုံးပြမိသည်။
“နင်မြန်မြန်နေကောင်းလာအောင် လုပ်နော် နေကောင်းရင် ရွှေတိဂုံဘုရားအတူတူသွားမယ်။ဟုတ်ပြီလား၊”
သူမခေါင်းလေးငြိမ့်ပါသည်။ထို့နောက် တောက်ပနေသောမျက်ဝန်းတွေထဲမှ ဆည်ပြိုသလို မျက်ရည်ဆက်တိုက်သူမကျလာခဲ့သည်။နှုတ်မှ
သူမဖြေးဖြေးလေးရေရွတ်နေခဲ့သည်မှာ
“တောင်းပန်ပါတယ်။ငါ…ငါ့ကြောင့်…ငါ…။
ကျွန်တော် သူမရဲ့ခြောက်သွေ့နေတဲ့နှုတ်ခမ်းလေးကို ဘယ်လက်ညိုးလေးဖြင့် အသာထိလိုက်ပါသည်။ဆေးလိပ်နံ့ရနေမှာစိုး၍
ဘယ်ဘက်ဖြင့်သာ ထိလိုက်မိသည်။ဆေးလိပ်နံ့ရလိုက်မိလျှင် သူမစိတ်မကောင်းပဲနေမည်ဆို၍ဖြစ်သည်။
“ဘဝမှာ နောင်တမရတဲ့အရာထဲမှာ နင့်ကိုချစ်ခဲ့တာက ထိပ်ဆုံးကပဲ။”
ကျွန်တော်ပြောလိုက်ပြီးနောက် နှုတ်ခမ်းလေးနှင့်ထိလိုက်သော ဘယ်လက်ညိုးလေးကို ကျွန်တော်နမ်းလိုက်ပါသည်။သူမကတော့
သဘောကျ၍ မျက်နှာလေးတောင် သွေးရောင်လေးပြန်လွှမ်းလာသလိုပါပင်။ဖြူနုသော သူမမျက်နှာဟာ
ဤသို့ကြည့်လိုက်တော့လည်း လှနေတာပါပင်။
“အန်တီတို့လည်းနေကောင်းတယ်မလားဟင်။”
သူမ အားယူပြီးမေးပါသည်။
“အင်း။နေကောင်းကြပါတယ် အားလုံး။”
“အင်း။တော်သေးတာပေါ့။ငါတစ်ယောက်နဲ့တင် နင်ဗျာများနေရှာမှာ။”
“အဲ့လိုမဟုတ်ပါဘူးဟယ်။ငါက နင့်ကို တွေ့ချင်တာပဲလေ။အခြေအနေလည်းသိချင်တာမလို့ပါ။”
“ဟဲ့။ငါ့ကို အမှန်အတိုင်းဖြေဟာ။ငါမေးမယ်။”
“အင်း။မေးလေ။”
“ငါမလှတော့ဘူးမလားအရင်လို။”
ကျွန်တော်သူမကို ကြည့်လိုက်သည်။ထို့နောက် ကျွန်တော်တို့ သမီးရည်းစားစဖြစ်ကတည်းက လုပ်နေကြအတိုင်း
နှာခေါင်းကို လက်လေးနှင့် ထိလိုက်ပြီး
“နင့်ကိုငါက လှတာကြည့်ကြိုက်တာမှမဟုတ်တာပဲလေ။ဒီအတိုင်းကို ချစ်တာ။”
သူမမျက်လုံးလေးက ထပ်၍ဝေ့ဝဲလာသလိုလိုပင်။ကျွန်တော်လည်း သူမနဖူးလေးကို အသာအယာနမ်းလိုက်သည်။ထို့နောက်တွင်တော့
ကျွန်တော့်ရင်ထဲက တဆစ်ဆစ်နာကျင်လာသမျှကိုဆက်သိမ်းထားဖို့ မဖြစ်နိုင်သလောက်ပင်ဖြစ်လာသည်။လူလည်း
ပစ်လဲပြီး သတိလစ်တော့မလား မှတ်ရသဖြင့်
“နင့်အမေရောက်လာတော့မယ်ထင်တယ်။ငါ ဖုန်းလှမ်းဆက်လိုက်ဦးမယ်နော်။”
သူမခေါင်းငြိမ့်လိုက်ပြီးသောနောက်တွင် အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။တံခါးကို ပိတ်လိုက်ပြီးတဲ့နောက်တွင်
ကျွန်တော်ဖုန်းကိုထုတ်ပြီး သက်ထားအမေကို ဖုန်းဆက်ကြည့်လိုက်သည်။
“ဟယ်လိုသား။သက်ထား ဘယ်လိုနေလဲသား။”
“အဆင်ပြေပါတယ်။အန်တီ…ကျွန်တော်တို့ စကားတောင် ပြောနေပါသေးတယ်။”
“အေးကွယ်။အန်တီလည်း ရောက်တော့မယ်။သား အလုပ်သွားရဖို့ ရှိသေးတယ်မလား။သွားရင် သွားလိုက်တော့လေ။သက်ထားကို
အန်တီဆက်ကြည့်လိုက်မယ်။”
အန်တီဖုန်းချသွားလေသည့်နောက်တွင်ကျွန်တော် အလုပ်အကြောင်းကိုစဉ်းစားမိသည်။အလုပ်ရှင်က
ဖြုတ်လိုက်သည်မှာ မနေ့ကတင် လောလောလတ်လတ်။အရေးကြီးအနေထားထဲရောက်နေသည်ဆိုကာမှ အလုပ်သမားလျှော့ချသည့်အထဲ
ကိုယ်ပါသွားသည်။သုံးလစာထုတ်ပေးပြီး ဖြုတ်လိုက်ကြ၏။ကျွန်တော်လည်း တံခါးကို ခေါင်းဖြင့်
တိုက်ကာ ထောက်ထားလိုက်မိသည်။ထို့နောက် အောက်သို့ထိုင်ချလိုက်ကာ မျက်ရည်များ တစ်ပေါက်ပြီးတစ်ပေါက်ကျလာရင်း။
ကျွန်တော်ဆက်တိုက် ကလေးလိုငိုနေခဲ့သည်။နားထဲမယ် ထပ်ခါထပ်ခါကြားနေမိသည်မှာ
“သူကြာကြာနေရတော့မှာမဟုတ်ဘူး။”
ဆရာဝန်၏ ပျော့ပျော့လေးပြောသော ထိုစကားက ယုံကြည်ချင်စရာမကောင်းပေ။
သူက ဘာအပြစ်များရှိပေသနည်း။ကျွန်တော့်တွင်ရှိသမျှ ပိုက်ဆံအားလုံးကို ရင်းပြီးသည်တောင်မှ
သူမအသက်ကို တစ်ရက်တောင် ပိုမဆွဲဆန့်နိုင်ရလေသလော။
တစ်ယောက်ယောက်များ…
တစ်ခုခုကများ…
ဤအခြေအနေကို ပြောင်းလဲလို့ရလျှင် ဘယ်အရာကိုမဆိုပြန်ပေးရပေးရ ပြောင်းလဲပစ်ချင်သည်ဟု
အကြိမ်ကြိမ်ဆုတောင်းခဲ့မိသည်။ဘေးပတ်ဝန်းကျင်က မည်သို့များထင်နေကြမည်တော့မသိပေ။ဂရုလည်းမစိုက်ပေ။
သို့ပေမယ့်လည်း ဆုတောင်းနေခြင်းကား လေကုန်ရုံထက် မထူး။တစ်နေ့ ပြည့်လာမည်ဟု မျှော်လင့်နေက
အရူးနှင့်သာတူဖို့ရှိတော့မည်။
ကျွန်တော် အမျိုးစုံ ခေါင်းထဲ လျှောက်တွေးနေခဲ့သည်။တခုတလေကမှ အကျိုးမရှိ၊မျှော်လင့်ချက်မဲ့သော
အတွေးဆိုသည်ထက် ဘာမှမပိုခဲ့ပေ။ဆေးလိပ်ဘူးကို ထုတ်လိုက်တော့ ကုန်နေပြီ။
အခုရင်ထဲရှိနေတာတွေကို မှုတ်ထုတ်ပစ်လိုက်ဖို့ လိုနေသလိုခံစားမိပါသည်။ဆေးလိပ်ဝယ်ရန်
ထွက်လာလိုက်သည်။
ဆေးရုံအပြင်ထွက်လာတော့ နေကတော်တော်ပြင်းနေပြီ။ကျွန်တော် လျှောက်လာသောလမ်းတလျှောက်မှာ
လူသူကင်းရှင်းလို့ပါပင်။သို့သော် အနီးအနားမှာ ဆေးလိပ်ဝယ်လို့ရလောက်မည့်ကုန်စုံဆိုင်သေးသေးလေးတောင်
မရှိလေတော့ ခက်ပေ၏။
တော်တော်လှမ်းလှမ်းလောက်ကိုသွားလိုက်မိပြီးနောက်တွင် ဘီယာဆိုင်တစ်ဆိုင်သွားတွေ့သည်။စဉ်းစားကြည့်လိုက်မိပါသေး၏။ဘီယာဆိုင်မှာ
ဆေးရုံနဲ့ အရမ်းမဝေးလေတော့ ဆိုင်တွင် ရန်ဖြစ်လို့ကွဲပြဲလာလာ၊မူးရူးပြီး အန်ဖတ်ဆို့မသေခင်ဖြစ်ဖြစ်
ဆေးရုံနှင့် နီးတော့ အလုပ်ဖြစ်တာပဲဟု ကိုယ့်ဘာသာတွေးပြီး နည်းနည်းပြုံးချင်သွားသည်။ဒါပေမယ့်
မပြုံးမိ။ပြုံးဖို့လည်း အားမရှိပါပေ။
“ဆေးလိပ်တစ်ဘူးပေးပါ။”
“ဘာတံဆိပ်သောက်မလဲ။အကို။”
“ရှိတာသာပေးကွာ။”
ကျွန်တော်မတ်တပ်ရပ်စောင့်နေချိန်မှာပင် မူးနေသည့်တစ်ကောင်က ဖြတ်လျှောက်ရင်း ဝင်တိုက်သွားသည်။ပုံမှန်ဆိုလျှင်
ဘာမှမပြောပဲနေမိလောက်ပါ၏။လက်ရှိကတော့ စိတ်သိပ်ရှုပ်ထွေးနေတဲ့အလျောက် ပါးစပ်က ဆဲလိုက်မိသည်။ထိုအမူးသမားကလည်း
ကျွန်တော်ဆဲလိုက်သည်နှင့် ချက်ခြင်းပင်လက်ကယဉ်ပေ၏။သူ့လက်သီးက နှာခေါင်းတည့်တည့်ကို
ထိုးလိုက်ရာ ကျွန်တော့်နှာခေါင်းက သွေးများပင်စီးကျလာ၏။မူးဝေသွားသည့်အလျောက် စိတ်ကလည်း
ထောင်းကနဲထလာရာ ချက်ခြင်းပြန်ထကာ ထိုအမူးသမားကို ပြန်ထိုးရန်ကြိုးစားလေသည်။
သို့သော် ထိုဆိုင်ရှိသူတို့၏ သဘောသဘာဝအတိုင်း ရန်ပွဲဆိုလျှင် ဝင်နွဲချင်လောက်အောင်
မူးရူးသွေးပူနေသူကများလေရာ နောက်ဆုံးတွင် ဆိုင်ဝန်ထမ်းများက ဝိုင်းဖျန်ဖြေကြ၍သာ ကျွန်တော်အသက်ရှင်လေတော့သည်။
ဆေးလိပ်ကို ပါးစပ်မှာ ခဲရင်း ပွန်းပဲ့စုတ်ပြတ်စွာ ပြန်ထွက်လာပြီးသည့်နောက်တွင် ခေါင်းမှာ
ဗလာကျင်းလျက်။ခြေလှမ်းများက တစ်နေရာဆီကိုသာဦးတည်နေခဲ့သည်။
“ကျွန်တော်သိပ်ပင်ပန်းသွားပြီ။”
ဘေးဘီကို ကြည့်လိုက်လျှင် မိုးကုပ်စက်ဝိုင်းကြီး၏ တဆုံးအထိ ကြည့်၍ မဆုံးနိုင်ပါလေသော
နွေကောင်းကင်ကြီးက တောက်ပလျက်။တိမ်တွေကလည်း နှေးနှေးလေးသာ ခရီးဆက်နေလျက်။ခပ်လှမ်းလှမ်းမှာက
ပျံနေသည့် ငှက် ငါးကောင်။ကျွန်တော်ပဲလည်း ဒီမှာသေသွားလျှင် ဘယ်ရောက်သွားလေမလဲ။ကြားဖူးတဲ့ဘာသာရေးအယူအဆတွေ၊အတွေးအခေါ်ပညာရှင်တို့၊ဒဿနပညာရှင်တို့
ဆွေးနွေးငြင်းခုန်ခဲ့သမျှတွေမှာ ဘယ်အရာက မှန်မည်နည်း။စူးစမ်းကြည့်ရန် အချိန်ကောင်းပါလား
ဟုတစ်ကိုယ်ထဲရေရွတ်လိုက်ရင်း ကျွန်တော့်ခန္ဓာကိုယ်ကို ရှေ့သို့ညွတ်ကိုင်းလိုက်လေသည်။
ကိုယ်တက်လာသော ၁၂ထပ်တိုက်ခရီးမှာ အတက်သာပင်ပန်းသော်လည်း အဆင်းကျ ပေါ့ပါးလှသည်။
ကျွန်တော်ယခုထိ နာကျင်ရသမျှခံစားချက်တွေ အကုန်လုံးကို ပစ်ချလိုက်ရသလို ပေါ့ပါးစွာပဲ
လွင့်မျောသွားသည်။
အရိုးရှင်းဆုံး ပြောရလျှင်…
ကျွန်တော် အားလုံးကိုစွန့်လွှတ်ရင်း ဤ၁၂ထပ်မှ ခုန်ချပစ်ခဲ့လိုက်သည်။
ဝိုးတိုးဝါးတားနဲ့ မြင်ရတဲ့ အနာဂတ်
မလျှောက်လို့လည်းမရ ရပ်လို့လည်းမရ
ဒါသည်ကိုက သေခြင်းတရား
တကယ်တမ်းတွင် သေခြင်းတရားသည်လည်း နာကျင်ပါ၏။
ချစ်ရသူတွေကိုမမြင်ရတော့သည့် ခံစားချက်မျိုး…
ကိုယ်မျှော်ကြည့်ခဲ့သောမိုးကောင်းကင်ကြီးမရှိခြင်း၊ကိုယ်ယုံကြည်အားကိုးပြီး ထောက်ထားသည့်
ဤမြေကြီးနဲ့ မထိစပ်တော့ခြင်း။
အရာအားလုံးပျောက်ဆုံးသွားပြီး ဗလာနတ္ထိ။
“ကဲ…မင်းငိုင်နေလို့ပြီးရင် လိုက်ခဲ့တော့။”
အသံဟုလည်းဆိုလို့ရနိုင်သလို အသံမဟုတ်ဟုလည်း ဆိုနိုင်ပေသည်။ရှင်းပြရခက်သော ထိုအသိပေးချက်မျိုးဖြင့်
အသိပေးခံရပြီးနောက် ကျွန်တော်အလိုလိုသာ ဆက်မျောသွားလိုက်မိသည်။ထို့နောက်တွင် ထိုစီးမျောမှုများ
ရပ်တန့်သွားပြီး ကျွန်ုပ်၌ အစောက ခန္ဓာကိုယ်ရှိစဉ်သိနေသည့် ခံစားချက်မျိုး ပြန်ခံစားလာရသည်။တိုတိုနှင့်လိုရင်း
ပြောရလျှင် နာကျင်မှုများ ရင်ထဲထိုးသိပ်ဝင်လာခြင်းဖြစ်၏။
ကျွန်တော် မျက်ရည်တွေဆက်တိုက်ကျလာရင်း အကူအညီရလိုရငြား ပတ်ပတ်လည်ကို လျှောက်ကြည့်နေခဲ့သည်။လူက
ကူရာကယ်ရာမဲ့နေသော ခံစားချက်များဖြင့် ပစ်လဲသွား၏။
“မင်းရှင်သန်ခဲ့ရတဲ့ဘဝက တန်ရဲ့လား။”
“ဘယ်လိုမေးခွန်းကြီးလဲ။ခက်လိုက်တာ။”
ပထမဆုံးကြားရသော ထိုအမေးစကားသည် ကျွန်တော့်အတွက် ဝမ်းနည်းစရာအဖြေပဲရှိနေလေသဖြင့် ရယ်မောပစ်လိုက်မိသည်။
“ခင်ဗျားက ဘာလဲ။သေမင်းလား။ဘုရားသခင်လား။”
“မင်းထင်တဲ့သူပဲ။မင်းသေမင်းလို့ထင်ရင် သေမင်းပေါ့။ဘုရားသခင်လို့ထင်တော့လည်း ဘုရားသခင်ပေါ့။မင်းဉာဏ်မှီသလိုပဲ
မှတ်ထားလိုက်။”
“ခင်ဗျားပုံစံလေးလည်း ပြဦးလေဗျာ။တစ်ဘဝလုံး ခင်ဗျားရှိမရှိကို သိချင်ကြ၊မေးခွန်းထုတ်ကြ၊ငြင်းခုန်ခဲ့ကြတာ။”
“မင်းမြင်ချင်သလိုပဲ မြင်ရလိမ့်မယ်လေ။”
ကျွန်တော် သဘောမပေါက်တော့ချေ။ဤသို့ဖြင့် ထထိုင်လိုက်ရင်း
“ဒါဖြင့် အစစ်အမှန်ပုံစံရယ်လို့ မရှိဘူးလား။ခင်ဗျားမှာ။”
“ဒါက မင်းဉာဏ်မှမမှီပဲကိုး။
“ဒါဖြင့် လူ့ဘဝတုန်းက သိချင်တာတွေ ဒီမှာမသိရဘူးပေါ့။ဒါဖြင့် ဟိုမှာ ဉာဏ်မှီသလောက် စဉ်းစားနေတဲ့သူတွေ
အချိန်ကုန်ရုံသက်သက်ဖြစ်နေတာပေါ့။”
“မင်းအနေနဲ့ စဉ်းစားနေမယ့်အစား လိုက်ခဲ့သင့်ပြီလို့ထင်တယ်။
“အင်း။ဟုတ်ပါတယ်။လူ့ဘဝပြန်မသွားရတော့ရင် ဒါတွေက ဘာအဓိပ္ပာယ်ရှိမှာလဲ။ဆုတောင်းတာတွေကရော
အလကားပဲလား။”
“မင်းက ဘာလိုချင်လို့လဲ။”
ကျွန်တော် မျက်ရည်တွေထပ်ကျလာပြန်သည်။
“ကျွန်တော့်မှာ ဆုတောင်းလို့ရလောက်တဲ့ အနေအထားမရှိဘူးမလားဟင်။”
“ကဲလာပါ။ဒီဝင်ပေါက်နေသာ ဝင်သွားလိုက်တော့။”
သူညွှန်ပြသည်ဟုလည်းဆိုနိုင်သလို ညွှန်ပြနေသလိုလည်း မဟုတ်ဟု ဆိုရဦးမည်။သူပြောသလိုဆို
သူရှိလည်းရှိသည် မရှိလည်းမရှိ။အင်း…စဉ်းစား၍ မမှီသောကိစ္စဖြစ်ကြောင်း သူပြောတာမှန်ပေသည်။
“လုပ်ပါဗျာ…။”
ကျွန်တော် တောင်းဆို၏။သူကား ခပ်မဆိတ်။တကယ်တမ်း သူဟုသာဆိုရသည်။ဘယ်သူ့ကိုမှမမြင်ရလေရာ
ဆုတောင်းရသည်မှာ တစ်မျိုးပင်။
“တစ်ယောက်ယောက်…ကူညီနိုင်မယ့်တစ်ယောက်ယောက်လောက်…ကူညီပါဗျာ။ဘာပေးရပေးရပါဗျာ။”
အရာအားလုံးမှာ ဆိတ်ငြိမ်နေလျက် မျှော်လင့်ချက်မဲ့သောခံစားချက်များသာ ထိုးဝင်လာခဲ့သည်။ကျွန်တော်လည်း
နောက်ဆုံးတွင် အသာအယာထကာ ထိုဝင်ပေါက်သို့ဖြတ်လျှောက်ခဲ့လိုက်သည်။
ကျွန်တော်ဟာ တခါတလေကျရင် ကျွန်တော်မဟုတ်တော့သလိုပါပဲ
ဒါမှမဟုတ်ရင် ကျွန်တော်ဆိုတာကို မရှိသလိုလိုပါပဲ။
ကျွန်တော်ဟာ ဘာလဲ။
“ထတော့လေ။အိပ်ပုပ်လေးရဲ့။”
ဤအသံကို ကျွန်တော် နားယဉ်နေသလိုလိုပင်။သက်ထားအသံပေလော။ကျွန်တော်စိတ်ကူးယဉ်သည်များလား။မျက်လုံးကို
ဖွင့်ကြည့်လိုက်တော့ မနက်ခင်းနေအလင်းရောင်က ပြတင်းပေါက်မှ ဝင်ရောက်လာသည်။
“ထတော့လေ။ဒီနေ့ အိမ်ပြင်ပေးမယ်လို့ ပြောထားတယ်မလား။”
ကျွန်တော်မှင်သက်ပြီး ကြည့်နေမိလေသည်။သက်ထား…။သူမက ကျွန်တော်ရှေ့တွင် ရပ်နေလျက်ရှိ၏။ကျွန်တော်သူမကို
ထကာ ဖက်ထားလိုက်မိသည်။
“အိပ်မက်မက်နေတာပဲ အစောကဟာတွေက။”
ကျွန်တော်ဝမ်းသာအားရပြောလိုက်ရင်း သူမကို ဖက်ထားသည်။ဝမ်းသာလှသဖြင့် ရယ်နေမိသည်။သက်ထားက
ကြောင်စီစီဖြင့် ပြန်ဖက်ထားပေးရင်း
“အိပ်မက်ဆိုးမက်လို့လား။အလန့်တကြားနဲ့။”
“အရေးမကြီးတော့ပါဘူး။အခု နင့်ကိုကောင်းကောင်းမွန်မွန်နဲ့ မြင်နေရပြီမဟုတ်လား။”
ကျွန်တော်ပြောလိုက်ရင်း သူမပါးလေးကို ရွှတ်ကနဲ့ နမ်းလိုက်မိသည်။စိတ်ထဲမှာ အစောက မြင်မက်ခဲ့သမျှတွေ၏
အစစ်အမှန်ခံစားချက်တွေလိုလိုတွေ မပျောက်သေးသော်လည်း နည်းနည်းစိတ်သက်သာရာ ရသွားသလိုပါပင်။
ကျွန်တော်ထလာသည့်အခါ အရာအားလုံးမှာ သစ်ဆန်းနေသည်။စိတ်ထင်၍လော။မသိချေ။ကျွန်တော် ခေါင်းတွေကိုက်လာသည်။
ကျွန်တော်လေ့လာလိုသော စိတ်ဖြင့် အခန်းထဲ ကြည့်လိုက်တော့ သက်ထားနှင့် ကျွန်တော်တို့
မင်္ဂလာဆောင်ဓါတ်ပုံကိုတွေ့ရသည်။ကျွန်တော်တို့ အိမ်ထောင်ပင်ကျပြီးကြပြီလော။ခေါင်းကကိုက်လာရင်း
စဉ်းစားလိုက်တော့ မင်္ဂလာဆောင်ကို မြင်လာသည်။နှစ်ဖက်မိဘဆွေမျိုးများကို နှုတ်ဆက်ကြခြင်း၊ဧည့်ခံကြခြင်း
ပြုလုပ်ကြသည်။
မူမမှန်သလိုပင်။အသစ်အဆန်းလည်းဖြစ်နေ သိပြီးသားတွေလည်းဖြစ်နေသော ဤခံစားချက်က တစ်မျိုးကြီးဖြစ်နေစေသည်။
အလုပ်…ယခုမှစဉ်းစားမိသည်။ကျွန်တော်ဘာအလုပ်လုပ်သနည်း။ထူးဆန်းပေ၏။ကျွန်တော် ထိုမျှလောက်အထိ
မေ့တတ်သွားလေသလော။အစောက အိပ်မက်ထဲက အရာအားလုံးကိုမှတ်မိသော်လည်း ယခုကျွန်တော်ဘယ်ရောက်နေသည်ကို
ကျွန်တော်မသိ။သက်ထားကိုသာ သိနေသည်။
သို့သော် နောက်ကျလို့မဖြစ်ဆိုသော အသိကလည်း ခေါင်းထဲပေါ်လာလေရာ မျက်နှာသစ်ရန် ရေချိုးခန်းရှိရာသို့သာလာခဲ့တော့သည်။တလျှောက်လုံး
အသစ်အဆန်းတွေနှင့်တူသော ခံစားချက်များကတော့ ပျောက်မသွားသေး။ဆေးရုံပေါ်မှာ ဆံပင်တစ်မွှေးတစ်မျှင်မှမရှိတော့ပဲ
လှဲနေသော သက်ထားနှင့် ဆေးလိပ်တွေဖွာနေသော ကျွန်တော်၊ဘီယာဆိုင်တွေ ထိုးကြိတ်ခံလာရခြင်း
အားလုံးက အိပ်မက်ဟုသာထင်သော်လည်း အစစ်အမှန်တွေဟုလည်း ထင်မိပြန်လေသည်။
သို့သော် ယခုလည်း ကြည့်လိုက်ပြန်တော့။မီးဖိုထဲ ချက်ပြုတ်နေသော သက်ထား၊ဤလှလှပပ ကွန်ဒိုခန်းလေးတို့ကလည်း
တစ်ခါမှမမြင်ဖူးသလိုခံစားရသော်လည်း ကျွန်တော့်မှတ်ဉာဏ်ထဲ၌ ယခုမြင်နေရသောအရာများအကြောင်းမှာ
အစီအစဉ်တကျပါပင်။
ကိုယ့်ကိုယ်ကို ရူးနေသလိုလိုခံစားရသည်မှာ ယခုလိုအချိန်မျိုးဖြစ်မည်ဟု ထင်မိလေသည်။ထပ်စဉ်းစားမနေတော့ပဲ
ရေချိုးခန်းထဲဝင်ကာ သွားတိုက်၊မျက်နှာသစ်ကာ မနက်စာစားရန် ပြင်ဆင်လေတော့သည်။
မနက်စာစားကြလေတော့ သက်ထားမျက်နှာကို ကြည့်ရင်း ကျွန်တော်ရင်ထဲကြည်နူးမိသည်။နတ်ကောင်းနတ်မြတ်များက
သက်ထားကို တန်ဖိုးထားရန် အိပ်မက်ပေးတာဖြစ်ရမည်ဟုတွေးကြည့်ရင်း ပြုံးမိ၏။
“အံမယ်။စားရင်းသောက်ရင်း ပြုံးလို့ပါလား။ဘာများဖြစ်လို့လဲ။”
“သက်ထားဟင်းချက်လက်ရာ ကောင်းတာကိုး။”
“ဟုတ်ပါပြီ။ဟုတ်ပါပြီ။မြှောက်နေလိုက်တော့ အဲ့မှာ။”
ပြောရင်း သူမရယ်နေ၏။
“အလုပ်က…။”
ဇဝေဇဝါနဲ့ ကျွန်တော်ရေရွတ်လိုက်မိသည်။စိတ်ထဲ မှတ်မိသလိုလို၊မမှတ်မိသလိုလိုနှင့် ဖြစ်လာသဖြင့်
မေးကြည့်လိုက်ချင်မိသည်။
“အလုပ်က…ရှင် သပိတ်မှောက်ခဲ့တယ်လေ။”
ကျွန်တော် ကြောင်တောင်တောင်ဖြစ်သွားသည်။သပိတ်မှောက်သည်။ကျွန်တော်ဘာကို သပိတ်မှောက်ခဲ့သနည်း။
“ဘာကိုပြောတာ…ကိုယ်နားမလည်ဘူး။”
ပြောလိုက်သည့် အခိုက်အတန့်လေးမှာပင် ကျွန်တော် ခေါင်းကိုက်လာသည်။အတင်းတိုးဝှေ့ဝင်လာသော
မှတ်ဉာဏ်များကို လက်ခံနေရသည်နှင့်တူလေသည်။
…စစ်တပ်မှ…အာဏာသိမ်းလိုက်ခြင်း…
…ဒီမိုကရေစီ ရရှိရေး တို့အရေး…
…CDMဝင်ကြမယ် ငါတို့တွေ…
ခေါင်းထဲ တန်းစီဝင်လာသမျှကို ရုပ်ရှင်တစ်ကားသဖွယ် မြင်လာရင်း ကျွန်တော်သဘောပေါက်လာသည်မှာ
ကျွန်တော်သည် သိပ္ပံရုပ်ရှင်တချို့မှာရိုက်ပြလေ့ရှိသကဲ့သို့ Timelineတစ်ခုခုထဲသို့
ဝင်ရောက်လာသည်လော။
သို့သော် ဘယ်လိုရောက်လာခြင်းဖြစ်သနည်း။ဘယ်လိုမှ မဖြစ်နိုင်သော အရာဟုပဲ တွေးမိသည်။၎င်းတို့ကား
ရုပ်ရှင်ဖြစ်ကြသည်မဟုတ်လော။
ဤသို့ဖြင့် ထိုးကိုက်လာသောခေါင်းကိုက်ဝေဒနာကြောင့် ကျွန်တော်လည်းပဲ မေ့လဲတော့မတတ်ဖြစ်လာ၏။
သက်ထားမှာ ကျွန်တော့်ကို စိတ်ပူလာလေသည်။ကျွန်တော်လည်း သူမအား ဘာပြန်ပြောရမည်မသိတော့ပေ။
စားလတ်စများကို ဤအတိုင်းသာထားခဲ့ပြီး ကျွန်တော်ရေချိုးခန်းထဲသို့ ဝင်သွားလိုက်မိသည်။မှန်ထဲတွင်
ကိုယ့်ကိုယ်ကို ပြန်ကြည့်ရင်း ဉာဏ်မှီသလောက် ပြန်သုံးသပ်ကြည့်၏။
ကျွန်တော်ထင်သကဲ့သို့ အိပ်မက်တစ်ခုမဟုတ်လျှင်…
အစစ်အမှန်သာဆိုလျှင်…
ကျွန်တော်ကား ထိုအချိန်က သေသွားခဲ့သည်ထင်ပါ၏။ထို့နောက် သေမင်းလော၊ဘုရားသခင်လော၊ဘာရယ်မသိပါသောအရာတစ်ခုရှေ့တွင်
ကျွန်တော်ဆုတောင်းမိခဲ့၏။
ထိုဆုပြည့်၍ ယခုဘဝသို့ရောက်နေခြင်းလော။
ဘဝသစ် (သို့) timelineတစ်ခု…
စဉ်းစားကြည့်လျှင် ယုတ္ထိရှိမရှိတော့ မသေချာပေ။သို့သော် ယခုအနေအထားကတော့ တကယ်ပဲ ဖြစ်နေပုံရပါသည်။
သက်ထားကို ဘယ်လိုရှင်းပြရမည်နည်း။ကျွန်တော်သက်ပြင်းချလိုက်မိ၏။ကျွန်တော်ကိုယ်တိုင်နားမလည်သော
ကိစ္စတစ်ခုကို သူမကိုရှင်းပြဖို့ရာ မစွမ်းသာပေ။သို့သော် သူမစိတ်ပူနေမည်သာ။
ကျွန်တော်အိတ်ကပ်ထဲက ဖုန်းကိုထုတ်လိုက်ရင်း ဦးစွာ ပြက္ခဒိန်ကို ဖွင့်လိုက်သည်။ယနေ့ကား
ဇွန်လ ၁၀ရက်နေ့ ၂၀၂၁ခုနစ် ဖြစ်၏။
“ဟူး…အသက်ရှုစမ်း။”
ကိုယ့်ကိုယ်ကို ပြောမိ၏။ယခုဖြစ်ပျက်နေသော အခြေအနေအသစ်မှာ ယုတ္ထိမရှိသလို လက်ခံနိုင်စရာမရှိသော်လည်း
ဤအတိုင်းသာဖြစ်နေပြီဆိုက ဆက်လက်ခံရုံသာရှိပေတော့မည်။
“ယောင်္ကျားအဆင်ပြေရဲ့လား။နေမကောင်းဘူးလားဟင်။”
ကျွန်တော်ကား ကျွန်တော်မဟုတ်တော့ပေ။ဤကမ္ဘာသစ်လော ဘဝသစ်လော Timelineအသစ်လောမှာ ရှိနေခဲ့သည့်
သူနေရာတွင် ဝင်ရောက်နေခြင်းသာဖြစ်၏။
ကျွန်တော်ဘာလုပ်ရမည်နည်း။ယခုမှန်ထဲမြင်နေရသော သူအဖြစ် ဆက်လုပ်ဆောင်ရမည်လော။သို့မဟုတ်
အရင်အချိန်က သူတစ်ယောက်လိုနေရမည်လော။မည်သည့်အရာတွေများ ကွာခြားသနည်း။
“ဟေ့ကောင်တွေ တံခါးဖွင့်စမ်း။”
ခက်ထန်သော အမိန့်ပေးသံ ထွက်ပေါ်လာပြီးနောက်တွင် ထပ်ဆင့်၍ ကြားလိုက်ရသည်မှာ သက်ထား၏အသံ…
“ယောင်္ကျား…ဟိုကောင်တွေ ရောက်လာပြီ။”
သူမ၏ ထိတ်လန့်စရာ အော်သံကို ကျွန်တော် အတိအကျ နားမလည်သော်ငြား ဒီအတိုင်း ငြိမ်နေ၍ မရသောပြဿနာဟုတော့
သတိထားမိသည်။အသိစိတ်ကဲ့သို့ ဦးနှောက်ထဲမှ အသံတစ်ခုကလည်း
“ပြေးတော့…မပြေးရင် သေလိမ့်မယ် ပြေး…ပြေး…။”
ဟု အော်ဟစ်နေလေရာ ကျွန်တော်လည်း သက်ထားနှင့် အတူ နောက်ဖေးပေါက် အရေးပေါ် လှေကားမှ ဆင်းပြေးလာခဲ့ကြသည်။
“ဒီဘက်ကို ပြေးသွားပြီ။လိုက်…။”
“ဒိုင်း…။”
အော်ဟစ်သံများ၊သေနတ်သံ၊ကျည်သံများအကြားတွင် ကျွန်တော် သက်ထားလက်ကိုဆွဲရင်းသာ ပြေးလာခဲ့သည်။လွတ်လောက်မည့်
ဘက်ကိုသာပြေးရခြင်းဖြစ်ပြီး ဦးတည်ချက်ဟူ၍ မတိကျပေ။သို့သော် စိတ်အတွင်းမှ ညွှန်ပြနေသော
အရာတစ်ခုခုရှိသယောင် ထင်ရ၏။ခန္ဓာကိုယ်က အသင့်ဖြစ်နေသလိုဖြစ်ပြီး အလိုလို ကွေ့ချိုးသွားသလို
ထင်ရလေသည်။
“ညာဘက်ကိုသွားရအောင်…။”
ပြေးလျက် သက်ထားက ပြော၏။ကျွန်တော်လည်း ဘာမှစဉ်းစားမနေတော့ပဲ ချက်ခြင်း ညာဘက်သို့ချိုးပြေး၏။အနောက်တွင်တော့
အော်ဟစ်လျက် ပစ်ခတ်လျက် လိုက်လာသော စစ်သားများ၏အသံက သောသောညံလျက် ခြောက်ချားစရာကောင်းလှ၏။
ရုတ်တရက် ကျွန်တော်ရောက်သွားသောနေရာကို ကြည့်လိုက်သောအခါ ဆေးရုံဟောင်းကြီးဖြစ်နေလေသည်။ကျွန်တော်
ကြောင်စီစီဖြစ်နေစဉ် သက်ထားက
“အဲ့မှာ ပုန်းမှဖြစ်မယ်။တခြားပြေးလမ်းမရှိတော့ဘူး။မိသွားလိမ့်မယ်။”
ကျွန်တော်တို့လည်း ထိုသရဲကားထဲက ဆေးရုံဟောင်းနှင့်တူသလိုလိုရှိသော နေရာထဲသို့ ဝင်ပြီး
ချောင်ကျကျ နေရာထဲ ပုန်းဖို့ကြိုးစားကြရသည်။
“တိုင်းပြည်ဆူပူအောင်လုပ်တဲ့ သစွာဖောက်တွေ၊ငါတို့သတိပေးတုန်း ထွက်လာခဲ့။မဟုတ်ရင် တွေ့တဲ့နေရာမှာ
ပစ်သတ်ပစ်မယ်။”
သူတို့၏ခြိမ်းခြောက်သံများကလည်း ပျံနှံ့သွားလျက်ပင်။
“ဟေ့ကောင်တွေ မင်းတို့တွေ ဒီထဲဝင်ရှာ။ငါတို့တွေ လူစုခွဲပြီးလိုက်လိုက်မယ်။”
ကြားနေရသောအသံအရ ဆေးရုံထဲ စစ်သားတစ်စုလောက်ကတော့ ဝင်ရှာတော့မည်သာပင်။ကျွန်တော်လည်း
အနားက ကျောက်သားတစ်ခုကို ခုခံရန် အသာယူထားလိုက်ရင်း ကျွန်တော်တို့ ပုန်းနေရာ ဆေးရုံကောင်တာကို
အသာအယာမှီထားလိုက်၏။
တစ်လှမ်းချင်း တက်လာသော ခြေသံများ…
လှမ်းထိုးသော ဓါတ်မီးအလင်းရောင်…
အချင်းချင်းတီးတိုးပြောနေသောစကား တစ်ဝက်တစ်ပျက်
“...မင်း…တက်…အောက်…ရှာမယ်။”
ကျွန်တော်ခြေသံကို နားထောင်ကြည့်ပါသည်။ခန့်မှန်းခြေ နှစ်ယောက်ကတော့ အောက်ထပ်တွင်ရှိပေလိမ့်မည်။ကောင်တာနားလာသည်မှာ
တစ်ယောက်ဖြစ်လျှင်တော့ လက်ထဲက ကျောက်သားဖြင့် အလစ်တိုက်၍ရလိမ့်မည်။ကံဆိုးလျှင်တော့
နောက်တစ်ယောက်က လှမ်းပစ်လိုက်နိုင်သည်။အနေအထားအရ မှန်း၍မဖြစ်နိုင်။ကံကိုသာ ပုံအပ်ရတော့မည်။
သက်ထားကို လက်ဟန်ဖြင့် အသံမထွက်ပဲ ငြိမ်ငြိမ်လေး အတွင်းထဲဝပ်နေရန်မှာလိုက်သည်။
ခြေထောက်၏ အစလေးကောင်တာနားပေါ်လာသည်နှင့် ချက်ခြင်းထကာ မျက်နှာကို ကျောက်သားဖြင့် ထုချလိုက်သည်။အငိုက်မိသွားသော
ထိုစစ်သားက နောက်ပြန်လဲကျသွားသည်။
သို့သော်ကံက ကျွန်တော့်ကို မျက်နှာသာမပေးလေရာ နောက်စစ်သားတစ်ယောက်က ရိုင်ဖယ်ဖြင့် ပစ်လိုက်လေသည်။
သတိကိုအမိရဆွဲထားရင်း လဲအကျတွင် ရိုင်ဖယ်ကို ဆွဲယူကာ လှည့်ပစ်သည်။ထိုစစ်သားကျသွားသည်နှင့်
သက်ထားကို လှမ်းအော်လိုက်သည်။
“ပြေးတော့သက်ထား။”
သက်ထားက ချက်ခြင်းထွက်လာကာ ကျွန်တော်အနားရောက်လာလေသည်။
“ယောင်္ကျား…သတိထားပါဦး။”
ကျွန်တော့်ခေါင်းတွေချာချာလည်လာသည်။သတိကို အတင်းဆွဲကပ်ရင်း
“ပြေးတော့။ပြေးတော့။မသေစေနဲ့။ကိုယ်လိုက်ခဲ့မယ်။”
သက်ထားကို တွန်းထုတ်ရင်း ရိုင်ဖယ်ဖြင့် လှေကားကို အသင့်လှမ်းချိန်ထားလိုက်သည်။ကိုယ်ကို
နောက်ကို ကပ်ရင်း အခန်းတံခါးတစ်ခုကို မှီထားရင်း ရိုင်ဖယ်ဖြင့် ပြန်ဆင်းလာမည့် စစ်သားများကိုစောင့်နေလိုက်သည်။သက်ထားလည်း
အမြန်ထကာ အသံတိတ်ငိုယိုရင်း ပြေးထွက်သွားသည်။
ရိုင်ဖယ်ကိုချိန်ထားရင်း စိတ်ထဲမှ ရုတ်တရက်တွေးမိသည်။
“ငါက နည်းနည်းလေးပိုကောင်းတဲ့ဘဝတစ်ခု…”
စစ်သားတစ်ကောင်ဆင်းလာသည်နှင့် လှမ်းပစ်လိုက်သည်။ယခုတော့ အခြေအနေကောင်းစွာ ထိမှန်သွားသေးသည်။ဘာကြောင့်ရယ်တော့မသိ
လက်တော်တော်တည့်နေလေသည်။ကျွန်တော်ကား ဤTimelineတွင် လက်ဖြောင့်လေသလော။မပြောတတ်ပါပေ။ယခုတော့
လွဲသည်နှင့် သေမည်ဖြစ်၍ အသေအချာသာချိန်ထားရလေတော့သည်။
“သက်ထားနဲ့ ပျော်ပျော်နေရဖို့ပဲ…”
အလုံးအရင်းဆင်းလာသောစစ်သားများ ဝိုင်းဝန်းပစ်ခတ်လေရာ ကျွန်တော်တစ်ယောက်ထဲ ပစ်၍ မနိုင်တော့ပြီ။တစ်ချက်ပြီးတစ်ချက်
စိုက်ဝင်လာသော ကျည်ဆံများနှင့်အတူ ရေတံခွန်အလားစီးလာသည့် သွေးများနှင့်အတူ သတိစွဲ၍မရနိုင်တော့ပေ။
“မျှော်လင့်မိတာပါကွာ။”
“ဘယ်နှယ့်လဲ။”
ဒီအသံကို ကျွန်တော်ရင်းနှီးနေသလိုလိုပင်။ကျွန်တော်အားယူပြီး မျက်လုံးဖွင့်ကြည့်တော့
အစောကစစ်သားတွေရော၊ဆေးရုံဟောင်းရောမရှိတော့ပေ။မျောလွင့်နေသော ကျွန်တော်ပဲရှိတော့သည်။
“တစ်ရက်တောင်မပြည့်ပါလားဗျ။နောက်တစ်ခေါက်သေလာတာကလည်း။”
ဘာမှပြန်ဖြေတော့မကြားရပေ။
“ကြည့်ရတာ သက်ထားနဲ့ကျွန်တော်နဲ့က မပေါင်းဖက်နိုင်တဲ့သူတွေဖြစ်ပုံပဲ ပေါင်းဖို့ကြိုးစားရင်
နာကျင်ရမယ့် သဘောပေါ့။ဟုတ်လားဗျ။”
“မင်း သဘောပေါက်သွားပြီပဲ။”
ပေါ့ပါးမှု…
ဒီခံစားချက်ကိုပျောက်ဆုံးနေခဲ့သည်မှာ ဘယ်လောက်တောင်ကြာခဲ့ပြီနည်း။
ကျွန်တော်အသံတစ်ခုခုကြားနေရသည်။ထိုအသံမှာ တော်တော်လေးရင်းနှီးနေသောအသံတစ်ခု…။
“ဟယ်…ဟုတ်လား။ဘယ်သူတုန်း။”
ရိုးရှင်းသော ဝတ်စုံလေးနှင့် သူမ…သက်ထား…။
ကျွန်တော်မျက်လုံးက အကြည့်များတောက်ပနေလောက်ပါသည်။ဤသည်ကို သူမသိမသိတော့မသိပါချေ။
“ကျောင်းက တစ်ယောက်ပါဟာ။နင်တော့မသိပါဘူး။”
“ဟုတ်လား။ပြကြည့်လေ။ချစ်စရာလေးပဲလား။”
“အေးဟ။တော်တော်ချစ်စရာကောင်းတယ်။”
ကျွန်တော့်နှုတ်က အလိုလိုပြောမိနေပါ၏။ဘာလို့ပါလိမ့်။
ထိုးကနဲ ကိုက်လာတဲ့ခေါင်းက တစ်ခုခုကိုပြေးတွေးမိနေပါစေသည်။
အဲ့နောက်မှာတော့…
ကျွန်တော်…ဆေးလိပ်သာ…သွားသောက်လိုက်ချင်မိပါ၏။
သူမဆီက ဆေးထည့်ပြီး အပြန်တွင် နေမင်းက ဝင်လုဆဲဆဲ…။ဆေးလိပ်သွားဝယ်ချင်သည်။သို့သော်ကျောင်းသားဝတ်စုံနဲ့
ဖြစ်နေ၏။
“မနက်ဖြန်မှပေါ့ အကုန်လုံးကို မှုတ်ထုတ်ပစ်လိုက်တော့မယ်။ဆေးလိပ်ငွေ့တွေနဲ့အတူပေါ့။”
#Tommy
လူတစ္ေယာက္က တစ္ေန႔မွာ ဒီလိုေျပာခဲ့တယ္။
ငါသာ ငါဘယ္ေန႔အထိအသက္ရွင္မယ္ဆိုတာကိုသာ သိခဲ့ရင္ ဒီလို ေနာင္တနဲ႔ေသရမွာမဟုတ္ဘူးတဲ့။
ခင္ဗ်ား လုံးဝမွားခဲ့တယ္ဗ်ာ လုံးဝမွားခဲ့တယ္။
အတိတ္ဆိတ္ဆုံးနဲ႔ အေလာင္ကြၽမ္းဆုံးဆိုတာ ေဆးလိပ္ပဲတဲ့။
ေဆးလိပ္ဖြာရင္း ကြၽန္ေတာ္ေတြးေနခဲ့သည္။ Facebookမွာဖတ္မိသြားေသာ ဤစာသားကို
ယခု ကြၽန္ေတာ့္ အေနအထားက ေဆးလိပ္ဆိုလွ်င္…
ေဆးလိပ္တစ္လိပ္က ေနာက္တစ္လိပ္ကို ေသာက္ေနျခင္း။
ထိုအေတြးေၾကာင့္ ရယ္မိသြားသည္။စိတ္ဘယ္ေလာက္ထိခိုက္၊ထိခိုက္ ရယ္စရာတစ္ခုခုေတြးေနႏိုင္ျခင္းကား ကြၽန္ေတာ့္အားသာခ်က္ပါပင္။ထိုအားသာခ်က္ ကူကယ္ေပလို႔ပင္ နည္းနည္းေနသာႏိုင္ျခင္းျဖစ္သည္ထင္ပါ၏။
ေဆး႐ုံႀကီးက ယခုကြၽန္ေတာ့္မ်က္စိထဲမယ္ ၾကည့္ဖူးေသာ သရဲကားေတြထဲက ေနရာႀကီးနဲ႔တူသလိုလိုပင္ ႐ုပ္ရွင္ထဲမွသရဲေတြလို တေ႐ြ႕ေ႐ြ႕ျဖင့္ သြားေနၾကေသာ သူနာျပဳေတြႏွင့္ ဆရာဝန္ေတြႏွင့္ ဆူဆူညံညံ ပတ္ဝန္းက်င္…။
ထိုသရဲမ်ားက ကြၽန္ေတာ့္ကိုေျခာက္လွန႔္ေနၾကျခင္းေတာ့ မဟုတ္။
ေလွာင္ေျပာင္ေနၾကသလိုလို…။
အခန္းနံပါတ္၅၆၄…
ဘဝတြင္ ထီထိုးလွ်င္ပင္ ယင္းနံပါတ္အား ေရွာင္ေပသည္။အလြန္မုန္းပါေသာ နံပါတ္။နာက်င္မႈကလြဲ၍ ဘာမွမရွိေသာ နံပါတ္။
အခန္းထဲ လူနာကုတင္တြင္ လွဲေနသည္မွာ ခႏၶာကိုယ္ ေသးေသးေလး၊ ဆံပင္ေတြက နက္ေမွာင္ၿပီးရွည္သည္မွ ခါးေလာက္ရွိခဲ့ဖူးသည္။ေခါင္းကိုယမ္းလိုက္၍ ဆံပင္ေတြေလထဲဝဲသြားလွ်င္ သိပ္ကဗ်ာဆန္သည္ဟု ထင္ရပါ၏။ယခုေတာ့ သူ႔ဆံပင္ေတြလည္းမရွိေတာ့။
ဒါေတြကို ႀကိဳသိလွ်င္ ပိုေကာင္းခဲ့မည္လား အေျပာင္းအလဲျဖစ္ခဲ့မည္လား။
မသိႏိုင္ပါ ေျပာင္းလဲ၍ျဖစ္ႏိုင္လွ်င္ ဘာျဖစ္ျဖစ္ အကုန္စြန႔္လႊတ္မိမည္ထင္ပါေလသည္။
“ကိုေနထက္…ေခၚေနပါတယ္ ၅၆၄က လူနာက။”
သူနာျပဳဆရာမအေခၚကား နားထဲ စူးရွစြာဝင္လာသည္။
"အိုး....ဘုရားသခင္ ထပ္မငိုမိေအာင္ ခြန္အားေပးသနားပါေတာ့"
အခန္းထဲ ကြၽန္ေတာ္ဝင္သြားလိုက္ေသာအခါဝယ္ သူမက မ်က္လုံးပြင့္ေနၿပီ။ကြၽန္ေတာ့္ကိုျမင္ရေတာ့ သူ႔မ်က္လုံးေလးေတြက အေရာင္ေတာက္သြားသလိုပင္ သူမဝမ္းသာေနသည္ထင္ပါ၏။
ပထမဆုံး ဒီမ်က္ဝန္းေတြကို ေငးၾကည့္ၿပီး စြဲလန္းခဲ့ရသည္မွာ အထက္တန္းေက်ာင္းတုန္းက
သက္ထား…။
သူမကစာသိပ္ေတာ္သည္။ဆရာမေတြလည္းခ်စ္ၾက။သူငယ္ခ်င္းေတြလည္းေပါ။သူကိုလိုက္ေနသည့္၊ႀကိဳက္ေနသည့္ ေယာက်ၤားေတြကလည္း ေပါျခင္းေသာျခင္း။ကိုယ့္လို ေပေပေတေတေကာင္က အခြင့္အေရးနည္းသည္ဆိုရေပမည္။
သို႔ေပမယ့္လည္း ကံေကာင္းသည္မွာ ငယ္ငယ္ကတည္းက တစ္လမ္းထဲေနသည့္သူေတြျဖစ္ခဲ့ၾကသည္။မိဘေတြခ်င္းလည္း သိၾကသျဖင့္ သူႏွင့္ခင္မင္ရင္းႏွီးဖူးပါ၏။ဤလိုႏွင့္ သူႏွင့္ကိုယ္ ခင္မင္ၾကသည္ဆိုသည္ကို တခ်ိဳ႕က သိသြားၿပီးေနာက္ ေက်နပ္ပုံမရေပ။
“ေဟ့ေကာင္ မင္းထိုးမလား။”
အထက္တန္းေက်ာင္းမွာ ဤသို႔ေသာစိန္ေခၚသံမ်ိဳးက မဆန္းပါေပ။ေကာင္မေလးကိစၥႏွင့္ျဖစ္ေစ တျခားပဲျဖစ္ေစ ေယာက်ၤားေလးမ်ား ထိုးၾကႀကိတ္ၾက ျဖစ္တတ္ၾကျခင္းမွာထုံးစံလိုပါပင္။
ထိုေန႔က ထိုးႀကိတ္လာခဲ့ေလရာ ဖူးေယာင္ၿပီးျပန္လာခဲ့သည္ကို သူမျမင္ေတာ့ တအံ့တဩနဲ႔ မ်က္ဝန္းေတြမွာ စူးစမ္းသည့္ အၾကည့္ေလးေတြျဖစ္ေနခဲ့သည္ကို မွတ္မိပါ၏။
“နင္ရန္ျဖစ္လာတာလား။”
“ေအး။ဟုတ္တယ္။”
“ဘာကိစၥနဲ႔ျဖစ္ရတာလဲဟယ္။မ်က္ႏွာလည္း ဖူးေယာင္ေနတာပဲ။”
ကြၽန္ေတာ္သူမကို စိုက္ၾကည့္လိုက္သည္။
“မသိခ်င္ပါနဲ႔။”
“နင့္အေမျမင္ရင္ နင္အဆူခံရေတာ့မွာမလား။လာခဲ့ပါ ေဆးထည့္ေပးမယ္ေလ။”
“ဟာ…ရပါတယ္။ေနပါ အားနာပါတယ္။”
“အားနာစရာမလိုပါဘူး။ေဆးထည့္လိုက္လို႔ မ်က္ႏွာအေယာင္က်သြားရင္ နင္ေခ်ာ္လဲတာလို႔ ႐ႊီးလို႔ရတာေပါ့ဟယ္။”
သူမကား ေတာ္ေတာ္ဉာဏ္ေကာင္းေပ၏။ဤသို႔ႏွင့္ ကြၽန္ေတာ္လည္း ျငင္းမေနေတာ့ပဲ လိုက္သြားလိုက္သည္။
ကြၽန္ေတာ့္မ်က္ႏွာကို သူမလက္ေလးႏွင့္ ထိမိေသာေနရာေတြကား ေနာက္ေန႔ မ်က္ႏွာပင္မသစ္ပဲထားမိမလားမသိ။ကိုယ္ႀကိဳက္သည့္ေကာင္မေလးလက္ႏွင့္ထိတာခံထားရသည့္ မ်က္ႏွာကြဟုဆြဲခြာၿပီး ေ႐ႊပါခ်ထားလိုက္ခ်င္ပါေသးသည္။အစရွိသျဖင့္ ကြၽန္ေတာ္ေတြးေနမိ၏။
“မေျပာျပခ်င္ဘူးလား။ဘာလို႔ရန္ျဖစ္တယ္ဆိုတာကို။”
သူမ ဖ်တ္ကနဲေျပာခ်လိုက္မွ အေတြးစျပတ္သြားရေလေတာ့သည္။
“နင္တို႔မိန္းမေတြ အေတာ္စပ္စုတာပဲေနာ္ တကယ္ပါပဲ။”
ထိုသို႔ေျပာေလေတာ့ သူ႔လက္ညိဳးႏွင့္ ပါးကိုအတင္းဖိခ်လိုက္ေလသည္။
“အား…နာတယ္ဟဲ့။ေျဖးေျဖးလုပ္ပါ။”
“မေျပာမခ်င္းေမးေနမွာေနာ္။”
“သိေတာ့ဘာလုပ္ဖို႔လဲ။ေယာက်ၤားခ်င္းခ်င္း ကိစၥေတြကို။”
“ေယာက်ၤားခ်င္းခ်င္းဆိုေတာ့ နင္ေျခာက္ေနတာလား။”
“အံမယ္ ေျခာက္စရာလား။ငါ့မွာ ႀကိဳက္ေနတဲ့ေကာင္မေလးေတာင္ရွိေသး နင္ကလည္း။”
“ဟယ္…ဟုတ္လား။ဘယ္သူတုန္း။”
“နင္ေလ ငတုံးမရဲ႕ ဒါေတာင္မသိဘူးလား။သိသာေနတာကို။”
ထိုသို႔ေျပာခ်လိုက္ေလေသာအခါ သူဘာမွဆက္မေျပာေတာ့ေပ။ေဆးကိုလည္း လက္ထဲထည့္ေပးသြားသည္။ကိုယ့္ဘာသာလိမ္းဟု ဆိုလိုေပ၏။ကြၽန္ေတာ္လည္း ဘာမွဆက္ေျပာမေနေတာ့ပဲ ေဆးနည္းနည္းလိမ္းကာ ထျပန္လာခဲ့လိုက္ပါသည္။
အိမ္ေရာက္ေလေတာ့ စဥ္းစားလာသလို ေခ်ာ္လဲလာသည္ဟုသာ ညာခဲ့လိုက္သည္။ေဆးထည့္ခဲ့ေၾကာင္းေျပာၿပီး ျမန္ျမန္ကိစၥျဖတ္လိုက္ႏိုင္ပါသည္။မျပတ္ေသာကိစၥကမူ သူ႔အေၾကာင္းေတြေတြးေနမိသည့္အေၾကာင္း။
တစ္ညလုံးအိပ္မေပ်ာ္ႏိုင္ခဲ့ပါေပ။တကယ္ေျပာျဖစ္သြားသည့္ထိုအခိုက္အတန႔္ကို ျပန္ေတြးမိရင္း လူလည္းရွက္ကိုးရွက္ကန္း ၿပဳံးစိစိႏွင့္ပင္။လက္မခံမွာကိုေၾကာက္မိသည့္စိတ္ေလးလည္းျဖစ္မိေသးေပသည္။
မနက္ျဖန္ေက်ာင္းတက္ေသာမနက္တြင္ လူက အားအင္အျပည့္ပင္ျဖစ္ေနပါေလ၏။သူမႏွင့္ ျမန္ျမန္ေတြ႕ခ်င္မိသည္သာျဖစ္သည္ကိုး။
သူမက ကြၽန္ေတာ့္ကိုေတြ႕ေတာ့ နည္းနည္းမ်က္ႏွာညိဳးေနသလိုထင္ရေပသည္။
“အဆင္ေျပရဲ႕လား။”
ကြၽန္ေတာ္ဆီးႀကိဳၿပီး ေမးလိုက္မိသည္။သူမကေတာ့ ခပ္မဆိတ္။ေက်ာင္းကားလာမွာကို ႏွစ္ေယာက္အတူတူထိုင္ေစာင့္ေနၾကရင္း ကြၽန္ေတာ္သူမကို တစ္ခ်က္တစ္ခ်က္ခိုးၾကည့္မိသည္။သူမက တစ္ခုခုကိုစဥ္းစားေနသလိုမ်ိဳးပင္ ကြၽန္ေတာ္ စိတ္ပူလာေလသည္။ဤလိုႏွင့္ ျငင္းလိုက္လွ်င္ ဟူ၍ စိတ္လႈပ္ရွားလာေလသည္။
“နင္ မေန႔က ေနာက္ေနတာမလားဟင္။”
႐ုတ္တရက္ သူေျပာလိုက္ေတာ့ လူက လန႔္သြားသလိုမ်ိဳးပင္။ေနာက္မွ သတိျပန္ကပ္ၿပီး…။
“တကယ္ေျပာတာ ေနာက္ေနတာမဟုတ္ဘူး။ေက်ာင္းစကတည္းက နင့္ကိုငါႀကိဳက္တာ။”
သူမလက္ေလးေတြက တစ္ခုခုကိုေျပာေနသလိုမ်ိဳး ေျဖးေျဖးခ်င္းတုန္လာေလသည္။
“နင္ ခ်က္ျခင္း အေျဖျပန္ေပးစရာမလိုပါဘူး။တစ္သက္လုံးျပန္မေပးခ်င္ေတာင္ ငါစိတ္မဆိုးဘူး ငါကေတာ့ နင့္ကိုသေဘာက်တယ္ဆိုတာကို သိေစခ်င္လို႔ ေျပာ႐ုံပါပဲ။”
ကိုယ့္စကားကိုယ္ျပန္စဥ္းစားၾကည့္လွ်င္ ဒါသည္ကိုယ့္ဘာသာကိုယ္ Friend Zoneထဲ ဆြဲခ်မိျခင္းဟုဆိုရေပမည္။သို႔ေပမယ့္လည္း ထိုအခ်ိန္တြင္ ေခါင္းထဲေပၚလာသည္မွာ ထိုစကားျဖစ္ေနမိေလရာ ကြၽန္ေတာ္ ငိုခ်င္လာသည္၊ေမွ်ာ္လင့္လို႔မွျဖစ္ရဲ႕လားဟုေတြးမိလာ၏။
“ငါလည္း နင့္ကို သေဘာက်ပါတယ္။”
တစ္ကမာၻလုံး ပန္းေတြပြင့္သြားသလို အခ်ိန္ေလးပါပင္။တိုက္တိုက္ဆိုင္ဆိုင္ အေျဖရၿပီးခ်ိန္တြင္ မိုးေတြ႐ႊာလာသည္။ေက်ာင္းကားလည္း ေရာက္လာသည္။
သူမကလည္း ခ်က္ခ်င္းေျပးတက္သြားေလေတာ့သည္။ေၾကာင္ေတာင္ေတာင္နဲ႔က်န္ခဲ့သည္မွာ ကြၽန္ေတာ္။ကားက ဟြန္းတီးလိုက္မွ သတိဝင္ၿပီး တက္လာျဖစ္သည္။ထိုအျဖစ္ကို ေနာက္ဆုံးနားထိုင္ၿပီး သူမက ထိုင္ရယ္ေနပါေသးသည္။ကြၽန္ေတာ္လည္း ေဘးကို အရဝင္ထိုင္လိုက္သည္။အခုေတာ့ အတူတူထိုင္ရတဲ့အခ်ိန္ေတြက ၾကည္ႏူးစရာပါပင္။စကားလုံးေတြ၊ကဗ်ာေတြ၊သီခ်င္းေတြမလိုပါေပ သူ႔ဘာသာကို အလုပ္ျဖစ္ေနပါ၏။
“ဟိုေန႔က ဘာလို႔ရန္ျဖစ္တာလဲဟင္။”
အေတာ္ကိုသိခ်င္ေနပုံရေလသျဖင့္ ကြၽန္ေတာ္လည္းမေနသာပဲ ေျပာလိုက္သည္။
“နင့္ကို ႀကိဳက္ေနတဲ့ေကာင္ေတြက အမ်ားသားပဲေလ။အဲ့ေတာ့လည္း ၿငိၾကရင္ ရန္ျဖစ္ဘာျဖစ္ေတာ့ ရွိတာ မဆန္းပါဘူး။”
သူမဘာမွမေျပာခဲ့ပါ။ဒီအတိုင္းေလးပဲ အျပင္ဘက္ကို ကားျပတင္းေပါက္ကေန ေငးၾကည့္ေနသည္။ထိုသို႔ေငးၾကည့္ေနပုံေလးက ပန္းခ်ီကားေလးတစ္ခ်ပ္နဲ႔တူသည္ဟု ခံစားမိသည္။
ထိုေန႔မ်ားတြင္ေက်ာင္းတက္ရသည္မွာ ေတာ္ေတာ္ကိုေပ်ာ္ဖို႔ေကာင္းေနသ ည္ဟုထင္ရသည္။ဆရာမေတြစာသင္လွ်င္ပင္ ထူးထူးျခားျခားပ်င္းေနသလို မခံစားရ။အေျဖေကာင္းျပန္ရေသာခံစားခ်က္ကား ထူးေတာ့ထူးဆန္းပါ၏။
ေန႔လည္မုန႔္စားဆင္းခ်ိန္တိုင္းတြင္ သူမႏွင့္အတူတူမုန႔္စားျဖစ္သည္။စကားေတြေျပာၾကရင္းျဖတ္သန္းၾကေသာ ဤအခ်ိန္ကာလေလးေတြကား အင္မတန္ေပ်ာ္ရပါ၏။တကယ္တမ္း ေက်ာင္းကေရာင္းေသာမုန႔္မ်ားမွာ စား၍သိပ္ေကာင္းသည္ေတာ့မဟုတ္ေပ။ေျခာက္ကပ္ကပ္အရသာေတြႏွင့္ သို႔ေပမယ့္ သူ႔မ်က္ႏွာေလးၾကည့္ေနရင္း စားေသာအခါ၌လည္း စားေကာင္းေနသလိုလိုထင္မိပါ၏။
ယခုေတာ့ ထိုသိပ္လွသည္ဟု ထင္ခဲ့ဖူးေသာ ဤမ်က္ႏွာကလည္း ညိဳးႏြမ္းလ်က္။အရင္အတိုင္းရွိေသးေသာအရာဆို၍ အၿမဲေတာက္ပေနတတ္ေသာ မ်က္လုံးေလးမ်ားသာက်န္ေတာ့သည္။
ကြၽန္ေတာ္သူမအနားသြားထိုင္လိုက္ပါသည္။အသက္ရႈလိုက္လွ်င္ပင္ ရင္ထဲ ေအာင့္လာသလိုပင္ ဤေဆး႐ုံအေငြ႕အသက္ေတြရႈရသည္ကိုက မြန္းၾကပ္ခ်င္စရာ။သို႔ေပမယ့္ သူမအားငယ္မည္စိုး၍ ကြၽန္ေတာ္သူမကို အေကာင္းဆုံးၿပဳံးျပမိသည္။
“နင္ျမန္ျမန္ေနေကာင္းလာေအာင္ လုပ္ေနာ္ ေနေကာင္းရင္ ေ႐ႊတိဂုံဘုရားအတူတူသြားမယ္။ဟုတ္ၿပီလား၊”
သူမေခါင္းေလးၿငိမ့္ပါသည္။ထို႔ေနာက္ ေတာက္ပေနေသာမ်က္ဝန္းေတြထဲမွ ဆည္ၿပိဳသလို မ်က္ရည္ဆက္တိုက္သူမက်လာခဲ့သည္။ႏႈတ္မွ သူမေျဖးေျဖးေလးေရ႐ြတ္ေနခဲ့သည္မွာ
“ေတာင္းပန္ပါတယ္။ငါ…ငါ့ေၾကာင့္…ငါ…။
ကြၽန္ေတာ္ သူမရဲ႕ေျခာက္ေသြ႕ေနတဲ့ႏႈတ္ခမ္းေလးကို ဘယ္လက္ညိဳးေလးျဖင့္ အသာထိလိုက္ပါသည္။ေဆးလိပ္နံ႔ရေနမွာစိုး၍ ဘယ္ဘက္ျဖင့္သာ ထိလိုက္မိသည္။ေဆးလိပ္နံ႔ရလိုက္မိလွ်င္ သူမစိတ္မေကာင္းပဲေနမည္ဆို၍ျဖစ္သည္။
“ဘဝမွာ ေနာင္တမရတဲ့အရာထဲမွာ နင့္ကိုခ်စ္ခဲ့တာက ထိပ္ဆုံးကပဲ။”
ကြၽန္ေတာ္ေျပာလိုက္ၿပီးေနာက္ ႏႈတ္ခမ္းေလးႏွင့္ထိလိုက္ေသာ ဘယ္လက္ညိဳးေလးကို ကြၽန္ေတာ္နမ္းလိုက္ပါသည္။သူမကေတာ့ သေဘာက်၍ မ်က္ႏွာေလးေတာင္ ေသြးေရာင္ေလးျပန္လႊမ္းလာသလိုပါပင္။ျဖဴႏုေသာ သူမမ်က္ႏွာဟာ ဤသို႔ၾကည့္လိုက္ေတာ့လည္း လွေနတာပါပင္။
“အန္တီတို႔လည္းေနေကာင္းတယ္မလားဟင္။”
သူမ အားယူၿပီးေမးပါသည္။
“အင္း။ေနေကာင္းၾကပါတယ္ အားလုံး။”
“အင္း။ေတာ္ေသးတာေပါ့။ငါတစ္ေယာက္နဲ႔တင္ နင္ဗ်ာမ်ားေနရွာမွာ။”
“အဲ့လိုမဟုတ္ပါဘူးဟယ္။ငါက နင့္ကို ေတြ႕ခ်င္တာပဲေလ။အေျခအေနလည္းသိခ်င္တာမလို႔ပါ။”
“ဟဲ့။ငါ့ကို အမွန္အတိုင္းေျဖဟာ။ငါေမးမယ္။”
“အင္း။ေမးေလ။”
“ငါမလွေတာ့ဘူးမလားအရင္လို။”
ကြၽန္ေတာ္သူမကို ၾကည့္လိုက္သည္။ထို႔ေနာက္ ကြၽန္ေတာ္တို႔ သမီးရည္းစားစျဖစ္ကတည္းက လုပ္ေနၾကအတိုင္း ႏွာေခါင္းကို လက္ေလးႏွင့္ ထိလိုက္ၿပီး
“နင့္ကိုငါက လွတာၾကည့္ႀကိဳက္တာမွမဟုတ္တာပဲေလ။ဒီအတိုင္းကို ခ်စ္တာ။”
သူမမ်က္လုံးေလးက ထပ္၍ေဝ့ဝဲလာသလိုလိုပင္။ကြၽန္ေတာ္လည္း သူမနဖူးေလးကို အသာအယာနမ္းလိုက္သည္။ထို႔ေနာက္တြင္ေတာ့ ကြၽန္ေတာ့္ရင္ထဲက တဆစ္ဆစ္နာက်င္လာသမွ်ကိုဆက္သိမ္းထားဖို႔ မျဖစ္ႏိုင္သေလာက္ပင္ျဖစ္လာသည္။လူလည္း ပစ္လဲၿပီး သတိလစ္ေတာ့မလား မွတ္ရသျဖင့္
“နင့္အေမေရာက္လာေတာ့မယ္ထင္တယ္။ငါ ဖုန္းလွမ္းဆက္လိုက္ဦးမယ္ေနာ္။”
သူမေခါင္းၿငိမ့္လိုက္ၿပီးေသာေနာက္တြင္ အခန္းထဲမွ ျပန္ထြက္လာခဲ့သည္။တံခါးကို ပိတ္လိုက္ၿပီးတဲ့ေနာက္တြင္ ကြၽန္ေတာ္ဖုန္းကိုထုတ္ၿပီး သက္ထားအေမကို ဖုန္းဆက္ၾကည့္လိုက္သည္။
“ဟယ္လိုသား။သက္ထား ဘယ္လိုေနလဲသား။”
“အဆင္ေျပပါတယ္။အန္တီ…ကြၽန္ေတာ္တို႔ စကားေတာင္ ေျပာေနပါေသးတယ္။”
“ေအးကြယ္။အန္တီလည္း ေရာက္ေတာ့မယ္။သား အလုပ္သြားရဖို႔ ရွိေသးတယ္မလား။သြားရင္ သြားလိုက္ေတာ့ေလ။သက္ထားကို အန္တီဆက္ၾကည့္လိုက္မယ္။”
အန္တီဖုန္းခ်သြားေလသည့္ေနာက္တြင္ကြၽန္ေတာ္ အလုပ္အေၾကာင္းကိုစဥ္းစားမိသည္။အလုပ္ရွင္က ျဖဳတ္လိုက္သည္မွာ မေန႔ကတင္ ေလာေလာလတ္လတ္။အေရးႀကီးအေနထားထဲေရာက္ေနသည္ဆိုကာမွ အလုပ္သမားေလွ်ာ့ခ်သည့္အထဲ ကိုယ္ပါသြားသည္။သုံးလစာထုတ္ေပးၿပီး ျဖဳတ္လိုက္ၾက၏။ကြၽန္ေတာ္လည္း တံခါးကို ေခါင္းျဖင့္ တိုက္ကာ ေထာက္ထားလိုက္မိသည္။ထို႔ေနာက္ ေအာက္သို႔ထိုင္ခ်လိုက္ကာ မ်က္ရည္မ်ား တစ္ေပါက္ၿပီးတစ္ေပါက္က်လာရင္း။
ကြၽန္ေတာ္ဆက္တိုက္ ကေလးလိုငိုေနခဲ့သည္။နားထဲမယ္ ထပ္ခါထပ္ခါၾကားေနမိသည္မွာ
“သူၾကာၾကာေနရေတာ့မွာမဟုတ္ဘူး။”
ဆရာဝန္၏ ေပ်ာ့ေပ်ာ့ေလးေျပာေသာ ထိုစကားက ယုံၾကည္ခ်င္စရာမေကာင္းေပ။
သူက ဘာအျပစ္မ်ားရွိေပသနည္း။ကြၽန္ေတာ့္တြင္ရွိသမွ် ပိုက္ဆံအားလုံးကို ရင္းၿပီးသည္ေတာင္မွ သူမအသက္ကို တစ္ရက္ေတာင္ ပိုမဆြဲဆန႔္ႏိုင္ရေလသေလာ။
တစ္ေယာက္ေယာက္မ်ား…
တစ္ခုခုကမ်ား…
ဤအေျခအေနကို ေျပာင္းလဲလို႔ရလွ်င္ ဘယ္အရာကိုမဆိုျပန္ေပးရေပးရ ေျပာင္းလဲပစ္ခ်င္သည္ဟု အႀကိမ္ႀကိမ္ဆုေတာင္းခဲ့မိသည္။ေဘးပတ္ဝန္းက်င္က မည္သို႔မ်ားထင္ေနၾကမည္ေတာ့မသိေပ။ဂ႐ုလည္းမစိုက္ေပ။
သို႔ေပမယ့္လည္း ဆုေတာင္းေနျခင္းကား ေလကုန္႐ုံထက္ မထူး။တစ္ေန႔ ျပည့္လာမည္ဟု ေမွ်ာ္လင့္ေနက အ႐ူးႏွင့္သာတူဖို႔ရွိေတာ့မည္။
ကြၽန္ေတာ္ အမ်ိဳးစုံ ေခါင္းထဲ ေလွ်ာက္ေတြးေနခဲ့သည္။တခုတေလကမွ အက်ိဳးမရွိ၊ေမွ်ာ္လင့္ခ်က္မဲ့ေသာ အေတြးဆိုသည္ထက္ ဘာမွမပိုခဲ့ေပ။ေဆးလိပ္ဘူးကို ထုတ္လိုက္ေတာ့ ကုန္ေနၿပီ။
အခုရင္ထဲရွိေနတာေတြကို မႈတ္ထုတ္ပစ္လိုက္ဖို႔ လိုေနသလိုခံစားမိပါသည္။ေဆးလိပ္ဝယ္ရန္ ထြက္လာလိုက္သည္။
ေဆး႐ုံအျပင္ထြက္လာေတာ့ ေနကေတာ္ေတာ္ျပင္းေနၿပီ။ကြၽန္ေတာ္ ေလွ်ာက္လာေသာလမ္းတေလွ်ာက္မွာ လူသူကင္းရွင္းလို႔ပါပင္။သို႔ေသာ္ အနီးအနားမွာ ေဆးလိပ္ဝယ္လို႔ရေလာက္မည့္ကုန္စုံဆိုင္ေသးေသးေလးေတာင္ မရွိေလေတာ့ ခက္ေပ၏။
ေတာ္ေတာ္လွမ္းလွမ္းေလာက္ကိုသြားလိုက္မိၿပီးေနာက္တြင္ ဘီယာဆိုင္တစ္ဆိုင္သြားေတြ႕သည္။စဥ္းစားၾကည့္လိုက္မိပါေသး၏။ဘီယာဆိုင္မွာ ေဆး႐ုံနဲ႔ အရမ္းမေဝးေလေတာ့ ဆိုင္တြင္ ရန္ျဖစ္လို႔ကြဲၿပဲလာလာ၊မူး႐ူးၿပီး အန္ဖတ္ဆို႔မေသခင္ျဖစ္ျဖစ္ ေဆး႐ုံႏွင့္ နီးေတာ့ အလုပ္ျဖစ္တာပဲဟု ကိုယ့္ဘာသာေတြးၿပီး နည္းနည္းၿပဳံးခ်င္သြားသည္။ဒါေပမယ့္ မၿပဳံးမိ။ၿပဳံးဖို႔လည္း အားမရွိပါေပ။
“ေဆးလိပ္တစ္ဘူးေပးပါ။”
“ဘာတံဆိပ္ေသာက္မလဲ။အကို။”
“ရွိတာသာေပးကြာ။”
ကြၽန္ေတာ္မတ္တပ္ရပ္ေစာင့္ေနခ်ိန္မွာပင္ မူးေနသည့္တစ္ေကာင္က ျဖတ္ေလွ်ာက္ရင္း ဝင္တိုက္သြားသည္။ပုံမွန္ဆိုလွ်င္ ဘာမွမေျပာပဲေနမိေလာက္ပါ၏။လက္ရွိကေတာ့ စိတ္သိပ္ရႈပ္ေထြးေနတဲ့အေလ်ာက္ ပါးစပ္က ဆဲလိုက္မိသည္။ထိုအမူးသမားကလည္း ကြၽန္ေတာ္ဆဲလိုက္သည္ႏွင့္ ခ်က္ျခင္းပင္လက္ကယဥ္ေပ၏။သူ႔လက္သီးက ႏွာေခါင္းတည့္တည့္ကို ထိုးလိုက္ရာ ကြၽန္ေတာ့္ႏွာေခါင္းက ေသြးမ်ားပင္စီးက်လာ၏။မူးေဝသြားသည့္အေလ်ာက္ စိတ္ကလည္း ေထာင္းကနဲထလာရာ ခ်က္ျခင္းျပန္ထကာ ထိုအမူးသမားကို ျပန္ထိုးရန္ႀကိဳးစားေလသည္။
သို႔ေသာ္ ထိုဆိုင္ရွိသူတို႔၏ သေဘာသဘာဝအတိုင္း ရန္ပြဲဆိုလွ်င္ ဝင္ႏြဲခ်င္ေလာက္ေအာင္ မူး႐ူးေသြးပူေနသူကမ်ားေလရာ ေနာက္ဆုံးတြင္ ဆိုင္ဝန္ထမ္းမ်ားက ဝိုင္းဖ်န္ေျဖၾက၍သာ ကြၽန္ေတာ္အသက္ရွင္ေလေတာ့သည္။
ေဆးလိပ္ကို ပါးစပ္မွာ ခဲရင္း ပြန္းပဲ့စုတ္ျပတ္စြာ ျပန္ထြက္လာၿပီးသည့္ေနာက္တြင္ ေခါင္းမွာ ဗလာက်င္းလ်က္။ေျခလွမ္းမ်ားက တစ္ေနရာဆီကိုသာဦးတည္ေနခဲ့သည္။
“ကြၽန္ေတာ္သိပ္ပင္ပန္းသြားၿပီ။”
ေဘးဘီကို ၾကည့္လိုက္လွ်င္ မိုးကုပ္စက္ဝိုင္းႀကီး၏ တဆုံးအထိ ၾကည့္၍ မဆုံးႏိုင္ပါေလေသာ ေႏြေကာင္းကင္ႀကီးက ေတာက္ပလ်က္။တိမ္ေတြကလည္း ေႏွးေႏွးေလးသာ ခရီးဆက္ေနလ်က္။ခပ္လွမ္းလွမ္းမွာက ပ်ံေနသည့္ ငွက္ ငါးေကာင္။ကြၽန္ေတာ္ပဲလည္း ဒီမွာေသသြားလွ်င္ ဘယ္ေရာက္သြားေလမလဲ။ၾကားဖူးတဲ့ဘာသာေရးအယူအဆေတြ၊အေတြးအေခၚပညာရွင္တို႔၊ဒႆနပညာရွင္တို႔ ေဆြးေႏြးျငင္းခုန္ခဲ့သမွ်ေတြမွာ ဘယ္အရာက မွန္မည္နည္း။စူးစမ္းၾကည့္ရန္ အခ်ိန္ေကာင္းပါလား ဟုတစ္ကိုယ္ထဲေရ႐ြတ္လိုက္ရင္း ကြၽန္ေတာ့္ခႏၶာကိုယ္ကို ေရွ႕သို႔ၫြတ္ကိုင္းလိုက္ေလသည္။
ကိုယ္တက္လာေသာ ၁၂ထပ္တိုက္ခရီးမွာ အတက္သာပင္ပန္းေသာ္လည္း အဆင္းက် ေပါ့ပါးလွသည္။
ကြၽန္ေတာ္ယခုထိ နာက်င္ရသမွ်ခံစားခ်က္ေတြ အကုန္လုံးကို ပစ္ခ်လိုက္ရသလို ေပါ့ပါးစြာပဲ လြင့္ေမ်ာသြားသည္။
အ႐ိုးရွင္းဆုံး ေျပာရလွ်င္…
ကြၽန္ေတာ္ အားလုံးကိုစြန႔္လႊတ္ရင္း ဤ၁၂ထပ္မွ ခုန္ခ်ပစ္ခဲ့လိုက္သည္။
ဝိုးတိုးဝါးတားနဲ႔ ျမင္ရတဲ့ အနာဂတ္
မေလွ်ာက္လို႔လည္းမရ ရပ္လို႔လည္းမရ
ဒါသည္ကိုက ေသျခင္းတရား
တကယ္တမ္းတြင္ ေသျခင္းတရားသည္လည္း နာက်င္ပါ၏။
ခ်စ္ရသူေတြကိုမျမင္ရေတာ့သည့္ ခံစားခ်က္မ်ိဳး…
ကိုယ္ေမွ်ာ္ၾကည့္ခဲ့ေသာမိုးေကာင္းကင္ႀကီးမရွိျခင္း၊ကိုယ္ယုံၾကည္အားကိုးၿပီး ေထာက္ထားသည့္ ဤေျမႀကီးနဲ႔ မထိစပ္ေတာ့ျခင္း။
အရာအားလုံးေပ်ာက္ဆုံးသြားၿပီး ဗလာနတၳိ။
“ကဲ…မင္းငိုင္ေနလို႔ၿပီးရင္ လိုက္ခဲ့ေတာ့။”
အသံဟုလည္းဆိုလို႔ရႏိုင္သလို အသံမဟုတ္ဟုလည္း ဆိုႏိုင္ေပသည္။ရွင္းျပရခက္ေသာ ထိုအသိေပးခ်က္မ်ိဳးျဖင့္ အသိေပးခံရၿပီးေနာက္ ကြၽန္ေတာ္အလိုလိုသာ ဆက္ေမ်ာသြားလိုက္မိသည္။ထို႔ေနာက္တြင္ ထိုစီးေမ်ာမႈမ်ား ရပ္တန႔္သြားၿပီး ကြၽႏ္ုပ္၌ အေစာက ခႏၶာကိုယ္ရွိစဥ္သိေနသည့္ ခံစားခ်က္မ်ိဳး ျပန္ခံစားလာရသည္။တိုတိုႏွင့္လိုရင္း ေျပာရလွ်င္ နာက်င္မႈမ်ား ရင္ထဲထိုးသိပ္ဝင္လာျခင္းျဖစ္၏။
ကြၽန္ေတာ္ မ်က္ရည္ေတြဆက္တိုက္က်လာရင္း အကူအညီရလိုရျငား ပတ္ပတ္လည္ကို ေလွ်ာက္ၾကည့္ေနခဲ့သည္။လူက ကူရာကယ္ရာမဲ့ေနေသာ ခံစားခ်က္မ်ားျဖင့္ ပစ္လဲသြား၏။
“မင္းရွင္သန္ခဲ့ရတဲ့ဘဝက တန္ရဲ႕လား။”
“ဘယ္လိုေမးခြန္းႀကီးလဲ။ခက္လိုက္တာ။”
ပထမဆုံးၾကားရေသာ ထိုအေမးစကားသည္ ကြၽန္ေတာ့္အတြက္ ဝမ္းနည္းစရာအေျဖပဲရွိေနေလသျဖင့္ ရယ္ေမာပစ္လိုက္မိသည္။
“ခင္ဗ်ားက ဘာလဲ။ေသမင္းလား။ဘုရားသခင္လား။”
“မင္းထင္တဲ့သူပဲ။မင္းေသမင္းလို႔ထင္ရင္ ေသမင္းေပါ့။ဘုရားသခင္လို႔ထင္ေတာ့လည္း ဘုရားသခင္ေပါ့။မင္းဉာဏ္မွီသလိုပဲ မွတ္ထားလိုက္။”
“ခင္ဗ်ားပုံစံေလးလည္း ျပဦးေလဗ်ာ။တစ္ဘဝလုံး ခင္ဗ်ားရွိမရွိကို သိခ်င္ၾက၊ေမးခြန္းထုတ္ၾက၊ျငင္းခုန္ခဲ့ၾကတာ။”
“မင္းျမင္ခ်င္သလိုပဲ ျမင္ရလိမ့္မယ္ေလ။”
ကြၽန္ေတာ္ သေဘာမေပါက္ေတာ့ေခ်။ဤသို႔ျဖင့္ ထထိုင္လိုက္ရင္း
“ဒါျဖင့္ အစစ္အမွန္ပုံစံရယ္လို႔ မရွိဘူးလား။ခင္ဗ်ားမွာ။”
“ဒါက မင္းဉာဏ္မွမမွီပဲကိုး။
“ဒါျဖင့္ လူ႔ဘဝတုန္းက သိခ်င္တာေတြ ဒီမွာမသိရဘူးေပါ့။ဒါျဖင့္ ဟိုမွာ ဉာဏ္မွီသေလာက္ စဥ္းစားေနတဲ့သူေတြ အခ်ိန္ကုန္႐ုံသက္သက္ျဖစ္ေနတာေပါ့။”
“မင္းအေနနဲ႔ စဥ္းစားေနမယ့္အစား လိုက္ခဲ့သင့္ၿပီလို႔ထင္တယ္။
“အင္း။ဟုတ္ပါတယ္။လူ႔ဘဝျပန္မသြားရေတာ့ရင္ ဒါေတြက ဘာအဓိပၸာယ္ရွိမွာလဲ။ဆုေတာင္းတာေတြကေရာ အလကားပဲလား။”
“မင္းက ဘာလိုခ်င္လို႔လဲ။”
ကြၽန္ေတာ္ မ်က္ရည္ေတြထပ္က်လာျပန္သည္။
“ကြၽန္ေတာ့္မွာ ဆုေတာင္းလို႔ရေလာက္တဲ့ အေနအထားမရွိဘူးမလားဟင္။”
“ကဲလာပါ။ဒီဝင္ေပါက္ေနသာ ဝင္သြားလိုက္ေတာ့။”
သူၫႊန္ျပသည္ဟုလည္းဆိုႏိုင္သလို ၫႊန္ျပေနသလိုလည္း မဟုတ္ဟု ဆိုရဦးမည္။သူေျပာသလိုဆို သူရွိလည္းရွိသည္ မရွိလည္းမရွိ။အင္း…စဥ္းစား၍ မမွီေသာကိစၥျဖစ္ေၾကာင္း သူေျပာတာမွန္ေပသည္။
“လုပ္ပါဗ်ာ…။”
ကြၽန္ေတာ္ ေတာင္းဆို၏။သူကား ခပ္မဆိတ္။တကယ္တမ္း သူဟုသာဆိုရသည္။ဘယ္သူ႔ကိုမွမျမင္ရေလရာ ဆုေတာင္းရသည္မွာ တစ္မ်ိဳးပင္။
“တစ္ေယာက္ေယာက္…ကူညီႏိုင္မယ့္တစ္ေယာက္ေယာက္ေလာက္…ကူညီပါဗ်ာ။ဘာေပးရေပးရပါဗ်ာ။”
အရာအားလုံးမွာ ဆိတ္ၿငိမ္ေနလ်က္ ေမွ်ာ္လင့္ခ်က္မဲ့ေသာခံစားခ်က္မ်ားသာ ထိုးဝင္လာခဲ့သည္။ကြၽန္ေတာ္လည္း ေနာက္ဆုံးတြင္ အသာအယာထကာ ထိုဝင္ေပါက္သို႔ျဖတ္ေလွ်ာက္ခဲ့လိုက္သည္။
ကြၽန္ေတာ္ဟာ တခါတေလက်ရင္ ကြၽန္ေတာ္မဟုတ္ေတာ့သလိုပါပဲ
ဒါမွမဟုတ္ရင္ ကြၽန္ေတာ္ဆိုတာကို မရွိသလိုလိုပါပဲ။
ကြၽန္ေတာ္ဟာ ဘာလဲ။
“ထေတာ့ေလ။အိပ္ပုပ္ေလးရဲ႕။”
ဤအသံကို ကြၽန္ေတာ္ နားယဥ္ေနသလိုလိုပင္။သက္ထားအသံေပေလာ။ကြၽန္ေတာ္စိတ္ကူးယဥ္သည္မ်ားလား။မ်က္လုံးကို ဖြင့္ၾကည့္လိုက္ေတာ့ မနက္ခင္းေနအလင္းေရာင္က ျပတင္းေပါက္မွ ဝင္ေရာက္လာသည္။
“ထေတာ့ေလ။ဒီေန႔ အိမ္ျပင္ေပးမယ္လို႔ ေျပာထားတယ္မလား။”
ကြၽန္ေတာ္မွင္သက္ၿပီး ၾကည့္ေနမိေလသည္။သက္ထား…။သူမက ကြၽန္ေတာ္ေရွ႕တြင္ ရပ္ေနလ်က္ရွိ၏။ကြၽန္ေတာ္သူမကို ထကာ ဖက္ထားလိုက္မိသည္။
“အိပ္မက္မက္ေနတာပဲ အေစာကဟာေတြက။”
ကြၽန္ေတာ္ဝမ္းသာအားရေျပာလိုက္ရင္း သူမကို ဖက္ထားသည္။ဝမ္းသာလွသျဖင့္ ရယ္ေနမိသည္။သက္ထားက ေၾကာင္စီစီျဖင့္ ျပန္ဖက္ထားေပးရင္း
“အိပ္မက္ဆိုးမက္လို႔လား။အလန႔္တၾကားနဲ႔။”
“အေရးမႀကီးေတာ့ပါဘူး။အခု နင့္ကိုေကာင္းေကာင္းမြန္မြန္နဲ႔ ျမင္ေနရၿပီမဟုတ္လား။”
ကြၽန္ေတာ္ေျပာလိုက္ရင္း သူမပါးေလးကို ႐ႊတ္ကနဲ႔ နမ္းလိုက္မိသည္။စိတ္ထဲမွာ အေစာက ျမင္မက္ခဲ့သမွ်ေတြ၏ အစစ္အမွန္ခံစားခ်က္ေတြလိုလိုေတြ မေပ်ာက္ေသးေသာ္လည္း နည္းနည္းစိတ္သက္သာရာ ရသြားသလိုပါပင္။
ကြၽန္ေတာ္ထလာသည့္အခါ အရာအားလုံးမွာ သစ္ဆန္းေနသည္။စိတ္ထင္၍ေလာ။မသိေခ်။ကြၽန္ေတာ္ ေခါင္းေတြကိုက္လာသည္။
ကြၽန္ေတာ္ေလ့လာလိုေသာ စိတ္ျဖင့္ အခန္းထဲ ၾကည့္လိုက္ေတာ့ သက္ထားႏွင့္ ကြၽန္ေတာ္တို႔ မဂၤလာေဆာင္ဓါတ္ပုံကိုေတြ႕ရသည္။ကြၽန္ေတာ္တို႔ အိမ္ေထာင္ပင္က်ၿပီးၾကၿပီေလာ။ေခါင္းကကိုက္လာရင္း စဥ္းစားလိုက္ေတာ့ မဂၤလာေဆာင္ကို ျမင္လာသည္။ႏွစ္ဖက္မိဘေဆြမ်ိဳးမ်ားကို ႏႈတ္ဆက္ၾကျခင္း၊ဧည့္ခံၾကျခင္း ျပဳလုပ္ၾကသည္။
မူမမွန္သလိုပင္။အသစ္အဆန္းလည္းျဖစ္ေန သိၿပီးသားေတြလည္းျဖစ္ေနေသာ ဤခံစားခ်က္က တစ္မ်ိဳးႀကီးျဖစ္ေနေစသည္။
အလုပ္…ယခုမွစဥ္းစားမိသည္။ကြၽန္ေတာ္ဘာအလုပ္လုပ္သနည္း။ထူးဆန္းေပ၏။ကြၽန္ေတာ္ ထိုမွ်ေလာက္အထိ ေမ့တတ္သြားေလသေလာ။အေစာက အိပ္မက္ထဲက အရာအားလုံးကိုမွတ္မိေသာ္လည္း ယခုကြၽန္ေတာ္ဘယ္ေရာက္ေနသည္ကို ကြၽန္ေတာ္မသိ။သက္ထားကိုသာ သိေနသည္။
သို႔ေသာ္ ေနာက္က်လို႔မျဖစ္ဆိုေသာ အသိကလည္း ေခါင္းထဲေပၚလာေလရာ မ်က္ႏွာသစ္ရန္ ေရခ်ိဳးခန္းရွိရာသို႔သာလာခဲ့ေတာ့သည္။တေလွ်ာက္လုံး အသစ္အဆန္းေတြႏွင့္တူေသာ ခံစားခ်က္မ်ားကေတာ့ ေပ်ာက္မသြားေသး။ေဆး႐ုံေပၚမွာ ဆံပင္တစ္ေမႊးတစ္မွ်င္မွမရွိေတာ့ပဲ လွဲေနေသာ သက္ထားႏွင့္ ေဆးလိပ္ေတြဖြာေနေသာ ကြၽန္ေတာ္၊ဘီယာဆိုင္ေတြ ထိုးႀကိတ္ခံလာရျခင္း အားလုံးက အိပ္မက္ဟုသာထင္ေသာ္လည္း အစစ္အမွန္ေတြဟုလည္း ထင္မိျပန္ေလသည္။
သို႔ေသာ္ ယခုလည္း ၾကည့္လိုက္ျပန္ေတာ့။မီးဖိုထဲ ခ်က္ျပဳတ္ေနေသာ သက္ထား၊ဤလွလွပပ ကြန္ဒိုခန္းေလးတို႔ကလည္း တစ္ခါမွမျမင္ဖူးသလိုခံစားရေသာ္လည္း ကြၽန္ေတာ့္မွတ္ဉာဏ္ထဲ၌ ယခုျမင္ေနရေသာအရာမ်ားအေၾကာင္းမွာ အစီအစဥ္တက်ပါပင္။
ကိုယ့္ကိုယ္ကို ႐ူးေနသလိုလိုခံစားရသည္မွာ ယခုလိုအခ်ိန္မ်ိဳးျဖစ္မည္ဟု ထင္မိေလသည္။ထပ္စဥ္းစားမေနေတာ့ပဲ ေရခ်ိဳးခန္းထဲဝင္ကာ သြားတိုက္၊မ်က္ႏွာသစ္ကာ မနက္စာစားရန္ ျပင္ဆင္ေလေတာ့သည္။
မနက္စာစားၾကေလေတာ့ သက္ထားမ်က္ႏွာကို ၾကည့္ရင္း ကြၽန္ေတာ္ရင္ထဲၾကည္ႏူးမိသည္။နတ္ေကာင္းနတ္ျမတ္မ်ားက သက္ထားကို တန္ဖိုးထားရန္ အိပ္မက္ေပးတာျဖစ္ရမည္ဟုေတြးၾကည့္ရင္း ၿပဳံးမိ၏။
“အံမယ္။စားရင္းေသာက္ရင္း ၿပဳံးလို႔ပါလား။ဘာမ်ားျဖစ္လို႔လဲ။”
“သက္ထားဟင္းခ်က္လက္ရာ ေကာင္းတာကိုး။”
“ဟုတ္ပါၿပီ။ဟုတ္ပါၿပီ။ေျမႇာက္ေနလိုက္ေတာ့ အဲ့မွာ။”
ေျပာရင္း သူမရယ္ေန၏။
“အလုပ္က…။”
ဇေဝဇဝါနဲ႔ ကြၽန္ေတာ္ေရ႐ြတ္လိုက္မိသည္။စိတ္ထဲ မွတ္မိသလိုလို၊မမွတ္မိသလိုလိုႏွင့္ ျဖစ္လာသျဖင့္ ေမးၾကည့္လိုက္ခ်င္မိသည္။
“အလုပ္က…ရွင္ သပိတ္ေမွာက္ခဲ့တယ္ေလ။”
ကြၽန္ေတာ္ ေၾကာင္ေတာင္ေတာင္ျဖစ္သြားသည္။သပိတ္ေမွာက္သည္။ကြၽန္ေတာ္ဘာကို သပိတ္ေမွာက္ခဲ့သနည္း။
“ဘာကိုေျပာတာ…ကိုယ္နားမလည္ဘူး။”
ေျပာလိုက္သည့္ အခိုက္အတန႔္ေလးမွာပင္ ကြၽန္ေတာ္ ေခါင္းကိုက္လာသည္။အတင္းတိုးေဝွ႔ဝင္လာေသာ မွတ္ဉာဏ္မ်ားကို လက္ခံေနရသည္ႏွင့္တူေလသည္။
…စစ္တပ္မွ…အာဏာသိမ္းလိုက္ျခင္း…
…ဒီမိုကေရစီ ရရွိေရး တို႔အေရး…
…CDMဝင္ၾကမယ္ ငါတို႔ေတြ…
ေခါင္းထဲ တန္းစီဝင္လာသမွ်ကို ႐ုပ္ရွင္တစ္ကားသဖြယ္ ျမင္လာရင္း ကြၽန္ေတာ္သေဘာေပါက္လာသည္မွာ ကြၽန္ေတာ္သည္ သိပၸံ႐ုပ္ရွင္တခ်ိဳ႕မွာ႐ိုက္ျပေလ့ရွိသကဲ့သို႔ Timelineတစ္ခုခုထဲသို႔ ဝင္ေရာက္လာသည္ေလာ။
သို႔ေသာ္ ဘယ္လိုေရာက္လာျခင္းျဖစ္သနည္း။ဘယ္လိုမွ မျဖစ္ႏိုင္ေသာ အရာဟုပဲ ေတြးမိသည္။၎တို႔ကား ႐ုပ္ရွင္ျဖစ္ၾကသည္မဟုတ္ေလာ။
ဤသို႔ျဖင့္ ထိုးကိုက္လာေသာေခါင္းကိုက္ေဝဒနာေၾကာင့္ ကြၽန္ေတာ္လည္းပဲ ေမ့လဲေတာ့မတတ္ျဖစ္လာ၏။
သက္ထားမွာ ကြၽန္ေတာ့္ကို စိတ္ပူလာေလသည္။ကြၽန္ေတာ္လည္း သူမအား ဘာျပန္ေျပာရမည္မသိေတာ့ေပ။
စားလတ္စမ်ားကို ဤအတိုင္းသာထားခဲ့ၿပီး ကြၽန္ေတာ္ေရခ်ိဳးခန္းထဲသို႔ ဝင္သြားလိုက္မိသည္။မွန္ထဲတြင္ ကိုယ့္ကိုယ္ကို ျပန္ၾကည့္ရင္း ဉာဏ္မွီသေလာက္ ျပန္သုံးသပ္ၾကည့္၏။
ကြၽန္ေတာ္ထင္သကဲ့သို႔ အိပ္မက္တစ္ခုမဟုတ္လွ်င္…
အစစ္အမွန္သာဆိုလွ်င္…
ကြၽန္ေတာ္ကား ထိုအခ်ိန္က ေသသြားခဲ့သည္ထင္ပါ၏။ထို႔ေနာက္ ေသမင္းေလာ၊ဘုရားသခင္ေလာ၊ဘာရယ္မသိပါေသာအရာတစ္ခုေရွ႕တြင္ ကြၽန္ေတာ္ဆုေတာင္းမိခဲ့၏။
ထိုဆုျပည့္၍ ယခုဘဝသို႔ေရာက္ေနျခင္းေလာ။
ဘဝသစ္ (သို႔) timelineတစ္ခု…
စဥ္းစားၾကည့္လွ်င္ ယုတၳိရွိမရွိေတာ့ မေသခ်ာေပ။သို႔ေသာ္ ယခုအေနအထားကေတာ့ တကယ္ပဲ ျဖစ္ေနပုံရပါသည္။
သက္ထားကို ဘယ္လိုရွင္းျပရမည္နည္း။ကြၽန္ေတာ္သက္ျပင္းခ်လိုက္မိ၏။ကြၽန္ေတာ္ကိုယ္တိုင္နားမလည္ေသာ ကိစၥတစ္ခုကို သူမကိုရွင္းျပဖို႔ရာ မစြမ္းသာေပ။သို႔ေသာ္ သူမစိတ္ပူေနမည္သာ။
ကြၽန္ေတာ္အိတ္ကပ္ထဲက ဖုန္းကိုထုတ္လိုက္ရင္း ဦးစြာ ျပကၡဒိန္ကို ဖြင့္လိုက္သည္။ယေန႔ကား ဇြန္လ ၁၀ရက္ေန႔ ၂၀၂၁ခုနစ္ ျဖစ္၏။
“ဟူး…အသက္ရႈစမ္း။”
ကိုယ့္ကိုယ္ကို ေျပာမိ၏။ယခုျဖစ္ပ်က္ေနေသာ အေျခအေနအသစ္မွာ ယုတၳိမရွိသလို လက္ခံႏိုင္စရာမရွိေသာ္လည္း ဤအတိုင္းသာျဖစ္ေနၿပီဆိုက ဆက္လက္ခံ႐ုံသာရွိေပေတာ့မည္။
“ေယာက်ၤားအဆင္ေျပရဲ႕လား။ေနမေကာင္းဘူးလားဟင္။”
ကြၽန္ေတာ္ကား ကြၽန္ေတာ္မဟုတ္ေတာ့ေပ။ဤကမာၻသစ္ေလာ ဘဝသစ္ေလာ Timelineအသစ္ေလာမွာ ရွိေနခဲ့သည့္ သူေနရာတြင္ ဝင္ေရာက္ေနျခင္းသာျဖစ္၏။
ကြၽန္ေတာ္ဘာလုပ္ရမည္နည္း။ယခုမွန္ထဲျမင္ေနရေသာ သူအျဖစ္ ဆက္လုပ္ေဆာင္ရမည္ေလာ။သို႔မဟုတ္ အရင္အခ်ိန္က သူတစ္ေယာက္လိုေနရမည္ေလာ။မည္သည့္အရာေတြမ်ား ကြာျခားသနည္း။
“ေဟ့ေကာင္ေတြ တံခါးဖြင့္စမ္း။”
ခက္ထန္ေသာ အမိန႔္ေပးသံ ထြက္ေပၚလာၿပီးေနာက္တြင္ ထပ္ဆင့္၍ ၾကားလိုက္ရသည္မွာ သက္ထား၏အသံ…
“ေယာက်ၤား…ဟိုေကာင္ေတြ ေရာက္လာၿပီ။”
သူမ၏ ထိတ္လန႔္စရာ ေအာ္သံကို ကြၽန္ေတာ္ အတိအက် နားမလည္ေသာ္ျငား ဒီအတိုင္း ၿငိမ္ေန၍ မရေသာျပႆနာဟုေတာ့ သတိထားမိသည္။အသိစိတ္ကဲ့သို႔ ဦးေႏွာက္ထဲမွ အသံတစ္ခုကလည္း
“ေျပးေတာ့…မေျပးရင္ ေသလိမ့္မယ္ ေျပး…ေျပး…။”
ဟု ေအာ္ဟစ္ေနေလရာ ကြၽန္ေတာ္လည္း သက္ထားႏွင့္ အတူ ေနာက္ေဖးေပါက္ အေရးေပၚ ေလွကားမွ ဆင္းေျပးလာခဲ့ၾကသည္။
“ဒီဘက္ကို ေျပးသြားၿပီ။လိုက္…။”
“ဒိုင္း…။”
ေအာ္ဟစ္သံမ်ား၊ေသနတ္သံ၊က်ည္သံမ်ားအၾကားတြင္ ကြၽန္ေတာ္ သက္ထားလက္ကိုဆြဲရင္းသာ ေျပးလာခဲ့သည္။လြတ္ေလာက္မည့္ ဘက္ကိုသာေျပးရျခင္းျဖစ္ၿပီး ဦးတည္ခ်က္ဟူ၍ မတိက်ေပ။သို႔ေသာ္ စိတ္အတြင္းမွ ၫႊန္ျပေနေသာ အရာတစ္ခုခုရွိသေယာင္ ထင္ရ၏။ခႏၶာကိုယ္က အသင့္ျဖစ္ေနသလိုျဖစ္ၿပီး အလိုလို ေကြ႕ခ်ိဳးသြားသလို ထင္ရေလသည္။
“ညာဘက္ကိုသြားရေအာင္…။”
ေျပးလ်က္ သက္ထားက ေျပာ၏။ကြၽန္ေတာ္လည္း ဘာမွစဥ္းစားမေနေတာ့ပဲ ခ်က္ျခင္း ညာဘက္သို႔ခ်ိဳးေျပး၏။အေနာက္တြင္ေတာ့ ေအာ္ဟစ္လ်က္ ပစ္ခတ္လ်က္ လိုက္လာေသာ စစ္သားမ်ား၏အသံက ေသာေသာညံလ်က္ ေျခာက္ခ်ားစရာေကာင္းလွ၏။
႐ုတ္တရက္ ကြၽန္ေတာ္ေရာက္သြားေသာေနရာကို ၾကည့္လိုက္ေသာအခါ ေဆး႐ုံေဟာင္းႀကီးျဖစ္ေနေလသည္။ကြၽန္ေတာ္ ေၾကာင္စီစီျဖစ္ေနစဥ္ သက္ထားက
“အဲ့မွာ ပုန္းမွျဖစ္မယ္။တျခားေျပးလမ္းမရွိေတာ့ဘူး။မိသြားလိမ့္မယ္။”
ကြၽန္ေတာ္တို႔လည္း ထိုသရဲကားထဲက ေဆး႐ုံေဟာင္းႏွင့္တူသလိုလိုရွိေသာ ေနရာထဲသို႔ ဝင္ၿပီး ေခ်ာင္က်က် ေနရာထဲ ပုန္းဖို႔ႀကိဳးစားၾကရသည္။
“တိုင္းျပည္ဆူပူေအာင္လုပ္တဲ့ သစြာေဖာက္ေတြ၊ငါတို႔သတိေပးတုန္း ထြက္လာခဲ့။မဟုတ္ရင္ ေတြ႕တဲ့ေနရာမွာ ပစ္သတ္ပစ္မယ္။”
သူတို႔၏ၿခိမ္းေျခာက္သံမ်ားကလည္း ပ်ံႏွံ႔သြားလ်က္ပင္။
“ေဟ့ေကာင္ေတြ မင္းတို႔ေတြ ဒီထဲဝင္ရွာ။ငါတို႔ေတြ လူစုခြဲၿပီးလိုက္လိုက္မယ္။”
ၾကားေနရေသာအသံအရ ေဆး႐ုံထဲ စစ္သားတစ္စုေလာက္ကေတာ့ ဝင္ရွာေတာ့မည္သာပင္။ကြၽန္ေတာ္လည္း အနားက ေက်ာက္သားတစ္ခုကို ခုခံရန္ အသာယူထားလိုက္ရင္း ကြၽန္ေတာ္တို႔ ပုန္းေနရာ ေဆး႐ုံေကာင္တာကို အသာအယာမွီထားလိုက္၏။
တစ္လွမ္းခ်င္း တက္လာေသာ ေျခသံမ်ား…
လွမ္းထိုးေသာ ဓါတ္မီးအလင္းေရာင္…
အခ်င္းခ်င္းတီးတိုးေျပာေနေသာစကား တစ္ဝက္တစ္ပ်က္
“...မင္း…တက္…ေအာက္…ရွာမယ္။”
ကြၽန္ေတာ္ေျခသံကို နားေထာင္ၾကည့္ပါသည္။ခန႔္မွန္းေျခ ႏွစ္ေယာက္ကေတာ့ ေအာက္ထပ္တြင္ရွိေပလိမ့္မည္။ေကာင္တာနားလာသည္မွာ တစ္ေယာက္ျဖစ္လွ်င္ေတာ့ လက္ထဲက ေက်ာက္သားျဖင့္ အလစ္တိုက္၍ရလိမ့္မည္။ကံဆိုးလွ်င္ေတာ့ ေနာက္တစ္ေယာက္က လွမ္းပစ္လိုက္ႏိုင္သည္။အေနအထားအရ မွန္း၍မျဖစ္ႏိုင္။ကံကိုသာ ပုံအပ္ရေတာ့မည္။
သက္ထားကို လက္ဟန္ျဖင့္ အသံမထြက္ပဲ ၿငိမ္ၿငိမ္ေလး အတြင္းထဲဝပ္ေနရန္မွာလိုက္သည္။
ေျခေထာက္၏ အစေလးေကာင္တာနားေပၚလာသည္ႏွင့္ ခ်က္ျခင္းထကာ မ်က္ႏွာကို ေက်ာက္သားျဖင့္ ထုခ်လိုက္သည္။အငိုက္မိသြားေသာ ထိုစစ္သားက ေနာက္ျပန္လဲက်သြားသည္။
သို႔ေသာ္ကံက ကြၽန္ေတာ့္ကို မ်က္ႏွာသာမေပးေလရာ ေနာက္စစ္သားတစ္ေယာက္က ႐ိုင္ဖယ္ျဖင့္ ပစ္လိုက္ေလသည္။
သတိကိုအမိရဆြဲထားရင္း လဲအက်တြင္ ႐ိုင္ဖယ္ကို ဆြဲယူကာ လွည့္ပစ္သည္။ထိုစစ္သားက်သြားသည္ႏွင့္ သက္ထားကို လွမ္းေအာ္လိုက္သည္။
“ေျပးေတာ့သက္ထား။”
သက္ထားက ခ်က္ျခင္းထြက္လာကာ ကြၽန္ေတာ္အနားေရာက္လာေလသည္။
“ေယာက်ၤား…သတိထားပါဦး။”
ကြၽန္ေတာ့္ေခါင္းေတြခ်ာခ်ာလည္လာသည္။သတိကို အတင္းဆြဲကပ္ရင္း
“ေျပးေတာ့။ေျပးေတာ့။မေသေစနဲ႔။ကိုယ္လိုက္ခဲ့မယ္။”
သက္ထားကို တြန္းထုတ္ရင္း ႐ိုင္ဖယ္ျဖင့္ ေလွကားကို အသင့္လွမ္းခ်ိန္ထားလိုက္သည္။ကိုယ္ကို ေနာက္ကို ကပ္ရင္း အခန္းတံခါးတစ္ခုကို မွီထားရင္း ႐ိုင္ဖယ္ျဖင့္ ျပန္ဆင္းလာမည့္ စစ္သားမ်ားကိုေစာင့္ေနလိုက္သည္။သက္ထားလည္း အျမန္ထကာ အသံတိတ္ငိုယိုရင္း ေျပးထြက္သြားသည္။
႐ိုင္ဖယ္ကိုခ်ိန္ထားရင္း စိတ္ထဲမွ ႐ုတ္တရက္ေတြးမိသည္။
“ငါက နည္းနည္းေလးပိုေကာင္းတဲ့ဘဝတစ္ခု…”
စစ္သားတစ္ေကာင္ဆင္းလာသည္ႏွင့္ လွမ္းပစ္လိုက္သည္။ယခုေတာ့ အေျခအေနေကာင္းစြာ ထိမွန္သြားေသးသည္။ဘာေၾကာင့္ရယ္ေတာ့မသိ လက္ေတာ္ေတာ္တည့္ေနေလသည္။ကြၽန္ေတာ္ကား ဤTimelineတြင္ လက္ေျဖာင့္ေလသေလာ။မေျပာတတ္ပါေပ။ယခုေတာ့ လြဲသည္ႏွင့္ ေသမည္ျဖစ္၍ အေသအခ်ာသာခ်ိန္ထားရေလေတာ့သည္။
“သက္ထားနဲ႔ ေပ်ာ္ေပ်ာ္ေနရဖို႔ပဲ…”
အလုံးအရင္းဆင္းလာေသာစစ္သားမ်ား ဝိုင္းဝန္းပစ္ခတ္ေလရာ ကြၽန္ေတာ္တစ္ေယာက္ထဲ ပစ္၍ မႏိုင္ေတာ့ၿပီ။တစ္ခ်က္ၿပီးတစ္ခ်က္ စိုက္ဝင္လာေသာ က်ည္ဆံမ်ားႏွင့္အတူ ေရတံခြန္အလားစီးလာသည့္ ေသြးမ်ားႏွင့္အတူ သတိစြဲ၍မရႏိုင္ေတာ့ေပ။
“ေမွ်ာ္လင့္မိတာပါကြာ။”
“ဘယ္ႏွယ့္လဲ။”
ဒီအသံကို ကြၽန္ေတာ္ရင္းႏွီးေနသလိုလိုပင္။ကြၽန္ေတာ္အားယူၿပီး မ်က္လုံးဖြင့္ၾကည့္ေတာ့ အေစာကစစ္သားေတြေရာ၊ေဆး႐ုံေဟာင္းေရာမရွိေတာ့ေပ။ေမ်ာလြင့္ေနေသာ ကြၽန္ေတာ္ပဲရွိေတာ့သည္။
“တစ္ရက္ေတာင္မျပည့္ပါလားဗ်။ေနာက္တစ္ေခါက္ေသလာတာကလည္း။”
ဘာမွျပန္ေျဖေတာ့မၾကားရေပ။
“ၾကည့္ရတာ သက္ထားနဲ႔ကြၽန္ေတာ္နဲ႔က မေပါင္းဖက္ႏိုင္တဲ့သူေတြျဖစ္ပုံပဲ ေပါင္းဖို႔ႀကိဳးစားရင္ နာက်င္ရမယ့္ သေဘာေပါ့။ဟုတ္လားဗ်။”
“မင္း သေဘာေပါက္သြားၿပီပဲ။”
ေပါ့ပါးမႈ…
ဒီခံစားခ်က္ကိုေပ်ာက္ဆုံးေနခဲ့သည္မွာ ဘယ္ေလာက္ေတာင္ၾကာခဲ့ၿပီနည္း။
ကြၽန္ေတာ္အသံတစ္ခုခုၾကားေနရသည္။ထိုအသံမွာ ေတာ္ေတာ္ေလးရင္းႏွီးေနေသာအသံတစ္ခု…။
“ဟယ္…ဟုတ္လား။ဘယ္သူတုန္း။”
႐ိုးရွင္းေသာ ဝတ္စုံေလးႏွင့္ သူမ…သက္ထား…။
ကြၽန္ေတာ္မ်က္လုံးက အၾကည့္မ်ားေတာက္ပေနေလာက္ပါသည္။ဤသည္ကို သူမသိမသိေတာ့မသိပါေခ်။
“ေက်ာင္းက တစ္ေယာက္ပါဟာ။နင္ေတာ့မသိပါဘူး။”
“ဟုတ္လား။ျပၾကည့္ေလ။ခ်စ္စရာေလးပဲလား။”
“ေအးဟ။ေတာ္ေတာ္ခ်စ္စရာေကာင္းတယ္။”
ကြၽန္ေတာ့္ႏႈတ္က အလိုလိုေျပာမိေနပါ၏။ဘာလို႔ပါလိမ့္။
ထိုးကနဲ ကိုက္လာတဲ့ေခါင္းက တစ္ခုခုကိုေျပးေတြးမိေနပါေစသည္။
အဲ့ေနာက္မွာေတာ့…
ကြၽန္ေတာ္…ေဆးလိပ္သာ…သြားေသာက္လိုက္ခ်င္မိပါ၏။
သူမဆီက ေဆးထည့္ၿပီး အျပန္တြင္ ေနမင္းက ဝင္လုဆဲဆဲ…။ေဆးလိပ္သြားဝယ္ခ်င္သည္။သို႔ေသာ္ေက်ာင္းသားဝတ္စုံနဲ႔ ျဖစ္ေန၏။
“မနက္ျဖန္မွေပါ့ အကုန္လုံးကို မႈတ္ထုတ္ပစ္လိုက္ေတာ့မယ္။ေဆးလိပ္ေငြ႕ေတြနဲ႔အတူေပါ့။”
#Tommy
Done 🍀
ReplyDeleteSuicideရော Grind Reaperရော Timelineတွေရော စုံနေတာပဲ။ စိတ်ဝင်စားဖို့ကောင်းတဲ့ storylineပဲ။
ReplyDelete🌸Done✅
ReplyDeleteWe must win
ReplyDeleteDone
ReplyDeleteDone 💪
ReplyDeleteDone
ReplyDelete
ReplyDeleteစိတ်ဝင်စားလို့ အဆုံးထိဖတ်ခဲ့ပါတယ်